Cover

အခန်း(၁)

ချစ်သဝဏ်လွှာ

မူမူနှင့် တယ်လီဖုံးဖြင့် စကားပြောပြီးသည့်အချိန်မှစ၍ ဖြူဖြူမှာ အလုပ်လုပ်၍ မဖြောင့်နိုင်လောက်အောင်ပင် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရ လေသည်။ မူမူထံမှကြားရသော စကားမှာ ''ဖြူဖြူကို စကားတစ် ခုပြောပြချင်တယ် ။ ဒါပေမဲ့ ဒီစကားက အခု ပြောလို့မ ဖြစ်ဘူး။ ညနေကျမှအိမ်ကိုလာပြီး ပြောပြမယ်။ ညနေကျရင်မူ မလာမချင်း ဘယ်ကိုမှ မ သွားပါနဲ့နော်''ဟူ၍ သာ ဖြစ်သော်လည်း ဖြူဖြူမှာ ထိုစကားစု၏ နောက် ၌ ဆက်တိုက်ကပ်ပါလာမည့် ကံကြမ္မာကို ကြိုတင် ၍ စဉ်းစားနေမိခဲ့လေ သည်။ ညနေတွင် မူမူထံမှ ကြားရမည့် စကားသည်မည် သို့ သော စကား ဖြစ်မည် ကို အသေအချာ မပြောနိုင်သော်လည်း ထိုစကားသည် မူမူ၏ ကိုယ်ကျိုးအတွက် သာလျှင် ဖြစ်ရမည် ဟူ၍ ကား ဖြူဖြူသည်နားလည် ထားပြီး ဖြစ်လေသည်။ မူမူနှင့် တွေ့ ရသူတိုင်း မူမူ့အား တစ်ခုခု ပေးလိုက် ရသည် မဟုတ်ပါလော။

မူမူနှင့် ဖြူဖြူကား ညီအစ်မတစ်ဝမ်းကွဲတော် ကြ၏ ။ တစ်အူတုံဆင်း ညီအစ်မအရင်းမှ မွေးဖွားခဲ့သူများ ဖြစ်ကြသော်လည်း အမူအကျင့်မှာ တစ်ဦးနှင့် တစ်ဦး နှိုင်းယှဉ်၍ မရနိုင်အောင်ကွာခြားလှပေသည်။

မူမူကား မြင်ရသူတိုင်း ငေးကြည့်ရလောက်အောင်မိမိကိုယ်ကို လှပစွာ ပြုပြင်တတ်သူ ဖြစ်၏ ။ စကားအပြောအဆိုကလည်း သွက်လက်၏ ။

မျက်နှာထား ချို၏ ။ ဖြူဖြူမှာ မူမူနှင့်  ပင်ကိုယ်ရုပ် ချင်းအားဖြင့် ခပ်ဆင်ဆင် တူသော်လည်း အပြုအပြင်မရှိ၊ စကားအရာတွင် လည်း သူတကာက မေးနိုင်ပြောနိုင် ပါမှ ခွန်းတုံ့ပြန်တတ် ၏ ။ အရုပ်ဆိုးသူ မဟုတ်သော်လည်း မည် သူကမှ ဂရုတစိုက် မကြည့်ရှုသည့် ရုပ်ရည် မျိုး ဖြစ် ၏ ။ ဖြူဖြူကိုယ်တိုင်ကလည်း မိမိ၏ ဘဝကို ကျေနပ် နေသူ ဖြစ်ရာ အခြားသူများ က ဂရုမထားခြင်းကိုလည်း အရေး မစိုက် ဘဲ တဖြည်းဖြည်းနှင့် ကိုယ့် ကိုယ် ကိုပင် လှပအောင် မပြင်ဆင်တော့ပေ။

မူမူကား မြင်ရသူတိုင်း ငေးကြည့်ရလောက်အောင်မိမိကိုယ်ကို လှပစွာ ပြုပြင်တတ်သူ ဖြစ်၏ ။ စကားအပြောအဆိုကလည်း သွက်လက်၏ ။

မျက်နှာထား ချို၏ ။ ဖြူဖြူမှာ မူမူနှင့်  ပင်ကိုယ်ရုပ် ချင်းအားဖြင့် ခပ်ဆင်ဆင် တူသော်လည်း အပြုအပြင်မရှိ၊ စကားအရာတွင် လည်း သူတကာက မေးနိုင်ပြောနိုင် ပါမှ ခွန်းတုံ့ပြန်တတ် ၏ ။ အရုပ်ဆိုးသူ မဟုတ်သော်လည်း မည် သူကမှ ဂရုတစိုက် မကြည့်ရှုသည့် ရုပ်ရည် မျိုး ဖြစ် ၏ ။ ဖြူဖြူကိုယ်တိုင်ကလည်း မိမိ၏ ဘဝကို ကျေနပ် နေသူ ဖြစ်ရာ အခြားသူများ က ဂရုမထားခြင်းကိုလည်း အရေး မစိုက် ဘဲ တဖြည်းဖြည်းနှင့် ကိုယ့် ကိုယ် ကိုပင် လှပအောင် မပြင်ဆင်တော့ပေ။

ဖြူဖြူနှင့် မူမူတို့သည် သက်တူရွယ်တူများ ဖြစ်ကြ၏ ။ တစ် ကျောင်းတည်း၌ ပင်အတူနေ၍ အတူတကွ ကြီးပြင်းလာကြသူများ လည်း ဖြစ်၏ ။ သို့ ရာတွင် ¤င်းတို့ နှစ် ယောက် ကြုံတွေ့ ရလေသမျှ ကိစ္စအဝဝတို့ ၌ ရှေ့ဆောင်စီမံသူမှာ မူမူသာလျှင် ဖြစ်ခဲ့လေသည်။ အရွယ် ရောက်လာကြသော အခါ၌ မူမူတွင် သာ ချစ်သူ ခင်သူ ရည်းစားစာ ပေးသူတို့ဖြင့် ပြည့်နှက် ၍ နေခဲ့၏ ။ ဖိတ်ကြားလေသမျှ ပွဲလမ်းတကာကို မလွတ်တမ်း တက်ခဲ့သူမှာ မူမူသာလျှင် ဖြစ်ခဲ့၏ ။ တစ်ခါတစ်ရံ ဖြူဖြူ တစ်ယောက် လိုက် ပါ၍ လာတတ်သော်လည်း မူမူထိုင်လျှင်ထိုင်ခြင်း၊ ထလျှင်ထခြင်း ထက်ချပ် မကွာ ပြုမူ၍ နေတတ်သဖြင့် ''သြော် မူမူတို့က ဒီည အရပ်ပါ တစ်ခါတည်း ခေါ်လာခဲ့တာကိုး''ဟူ၍ ပင် အခြားသူများ ၏ နောက်ပြောင် ခြင်းကို ခံခဲ့ရလေသည် ။ မိမိထက် မူမူ့အား လူတကာက အရေး ပေးသည် ကိုလည်း ဖြူဖြူမှာ မနာလိုဝန်တိုခြင်း မ ဖြစ်မိခဲ့ပါ။ မူမူ လို မိန်းကလေး တစ်ယောက် ကို လူတွေ က ဒါလောက် ချစခင် ကြတာဟာ မလွန်ပါဘူး။ချစ်ခင်ထိုက်လို့ ချစ်ခင်ကြတာပဲဟုသာ မှတ်ချက်ချခဲ့ရာက မူမူ့ကို အကြောင်းပြု၍ မိမိ၌ မိတ်သင်္ဂဟ တိုးပွားလာရသည် ကိုပင် ကျေးဇူးတင်နေမိလေသည်။

အသက်အရွယ်ကြီးပြင်း၍ လာကြလေလေ နှစ် ယောက် သား၏ ကွာခြားချက်မှာ ကျယ်ဝန်းနက်ရှိုင်း၍ လာလေလေ ဖြစ်ခဲ့၏ ။ ကျောင်းမှထွက်၍ အလုပ်ကိုယ်စီ လုပ်ကိုင်၍ နေကြရသည့်ဘဝသို့ ရောက် ခဲ့သည် တွင် လည်း မူမူသာလျှင်လူသိများ ၍ ထင်ရှားခဲ့သော်လည်း ဖြူဖြူမှာ မူမဂ္ဂဇင်းစာအုပ်မျက်နှာဖုံးမှ မိန်းမရုပ်ပမာ ချောင်ထိုးထားခြင်း ခံခဲ့ရလေသည်။ အလုပ်သမားဘဝဖြင့် မူမူမှာ ဖြူဖြူထက်လခကောင်းသော်လည်း အမြဲတမး ဘိုင်ကျ နေသူမှာ မူမူသာလျှင် ဖြစ်ခဲ့ကာ၊ မကြာခဏ ဖြူဖြူကပင် ချေးငှားပေးကမ်းခဲ့ရသည်သာ ဖြစ်လေသည်။

ယနေ့ညနေတွင် လည်း မူမူသည် ဖြူဖြူထံသို့ လာဦးမည် ဟု သူ၏ အလုပ်တိုက်မှနေ၍ တယ်လီဖုန်းဆက် ထားရာ ဖြူဖြူမှာ ဘာကိစ္စများ ပါလိမ့်ဟု ရင်တထိတ်ထိတ်ဖြင့် သာ နေခဲ့ရလေသည်။

သို့ နှင့် ရုံးဆင်းချိန် တိုင်ခဲ့သဖြင့် အိမ်သို့ အမြန် ပြန်ကာ မူမူအားစောင့်၍ နေခဲ့ရာ ညနေ ငါးနာရီခွဲလောက်တွင် မှ မူမူ ရောက်လာလေတော့သည်။

''ဒီမှာ ဖြူဖြူ... အိပ်ခန်းထဲကို သွားရအောင် ကွယ် ။ ပြောစရာကအရေး ကြီးလို့ပါ'' မူမူသည် ရောက်လျှင်ရောက်ချင်း ဖြူဖြူအား အိပ်ခန်းထဲအထိခေါ်သွားပြီးမှ ဖြစ်ကြောင်း ကုန်စင် ကို ပြောပြလေ တော့သည်။

''ကိစ္စက ဒီလို ဖြူဖြူရဲ့ ။ အခု မူနဲ့ လူ တစ်ယောက် နဲ့ ကြိုက်နေ ကြတယ်။ အဲဒီ လူက ဖြူ သိတဲ့လူမဟုတ်ဘူး။ အဲ့ဒါ အခု သူက မန္တလေးကို အလုပ် ပြောင်းသွား ရတယ်။ အစတုန်း ကတော့ မူတို့မှာ တွေ့ ရတာ လွယ်တယ်။ ဖြစ်ပုံက မူတို့အလုပ် က မန်နေဂျာကလည်း မူ့ကို ချိတ်တိတ်တိတ် ဆိုတော့ သူလာလည်တာကိုတောင် တယ်မကြိုက် ချင်ဘူး။ မူကလည်း သူတို့ဆီမှာ အလုပ် လုပ်နေရတာ ဆိုတော့ သူ့အကြိုက် လိုက်ပြီး နေနေရတာ ပေါ့။ သူနဲ့ တွေ့ ချင်ရင် တခြားမှာ ပဲ ချိန်းတွေ့ ရတယ်။ သြော်- ဖြူဖြူကလည်း ဖြူသတဲ့လူထဲက မဟုတ်ပါဘူး ဆုနေမှပဲ။ လူကို စိုက်ကြည့်နေ ပြန်ပါပြီ။ ကိုသိန်းအောင်လည်း မဟုတ်ဘူး။ ကိုတင်မောင်ညွန့်လည်း မဟုတ်ဘူး။ ဒီပြင်လူပါ။ ဒီလောက်တောင်သိ ချင်ရင် လည်း သူ့နာမည် ကို ကိုမြင့် လို့ မှတ်ထားလေ။ အဲဒါ အခု သူက မန္တလေးက နေပြီး မူ့ဆီကို စာရေး လိမ့်မယ် ။ မူ့မှာ အိမ်လိပ်စာနဲ့လည်း စာထည့်ခိုင်းလို့ မ ဖြစ်ဘူး။ အလုပ်တိုက်ကို ထည့်ခိုင်းရမှာ ကလည်း မန်နေဂျာက ဘာဘာညာညာတွေ ပြောနေရင် မူနဲ့ စကားများ နေရလမ့် မယ်။ ဒါနဲ့ ဖြူဖြူတို့ ရုံးလိပ်စာကို ပေးလိုက် ရတယ်။ ဖြူဖြူ့နာမည် နဲ့ပဲ လာလိမ့်မယ်။ သူ့စာ တွေ လာရင် ဖြူဖြူ သိမ်းပေးဖို့ အခု လာပြောတာ ပါ''

အားလုံး စီစဉ်ပြီးမှ လာ၍ ပြောသော မူမူ၏ စကားကို ဖြူဖြူမှာ ငြင်းဆန်၍ မရနိုင်တော့ပြီ။ မူမူနှင့် ပတ်သက်၍ လာပါက ငြင်းဆန်၍ ရသည့်အခါဟူ၍ လည်း ရှိခဲ့ဖူးသည် မဟုတ်ပေ။

''ကဲ- ဒါပါပဲ ဖြူဖြူရယ်။ သူ မန္တလေးကို မနေ့ကတည်းက ထွက်သွားပြီ။ ဒီတော့ နက်ဖြန် မဟုတ်တောင် သဘက်ခါတော့ စာလာလိမ့်မယ် ထင်တယ်။ အဲဒါ ဖြူကြည့်ပြီး လုပ်ပေးစမ်းပါနော်။ ကဲ- ထွက်ကြစို့ ဦးလေးကြီး အော်နေဦးမယ်''

•••

အခန်း(၂)

မူမူ ပြောသွားသည့်နေ့မှာ ပင် ဖြူဖြူ့ထံသို့ စာတစ်စောင် ရောက်လာလေသည်။ စာအိတ်မှာ လေယာဉ်ဖြင့် ပို့သော စာအိတ် ဖြစ် သဖြင့် မြင်ရုံနှင့် ပင် ကိုမြင့် ထံမှစာဟု ဖြူဖြူသည်သိပြီး ဖြစ် ၏ ။ စာအိတ် အဖုံးပေါ်တွင် ယောကျာင်္းလက်ရေး ဖြင့် ရေး ထားသော မိမိ၏ အမည် နှင့်  လိပ်စာကိုကြည့်ကာ ရင်ထဲတွင် ဖိုကနဲ ဖြစ် သွားမိသဖြင့်  စာအိတ်ကို အလုပ်စားပွဲ အံဆွဲထဲသို့ ကမန်းကတန်း ထိုးသွင်းလိုက် ရလေသည်။

နေ့လယ် ရုံးဆင်းချိန်ရောက်တော့မှ တစ်ယောက် တည်း ချန်နေခဲ့ပြီး မူမူ့ထံ တယ်လီဖုန်း ဆက်ရလေသည်။ အံဆွဲထဲမှစာကို လက်ကိုင်အိတ် ထဲသို့ ပြောင်း၍ ထည့်ရလေသည်။ အလုပ်မှဆင်း၍ မူမူ မလာမချင်း ဤချစ်သဝဏ်လွှာအား ဖြူဖြူသည်ထိတ်လန့်ခြင်း ကြီးစွာ ဖြင့် သိမ်းထားရ ပေတော့မည် ။

ညနေဘက်တွင် ကား မူမူသည်ပန်းခြံတွင်းမှ လိပ်ပြာကလေး ပမာ သွက်လက် ရွှင်မြူးစွာ ရောက်လာလေသည်။ ထိုမှ နှစ် ယောက် သားအိပ်ခန်းတွင်းသို့ ဝင်ခဲ့၏ ။ မူမူက စာအိတ်ကို ဖောက်ကာ စာကို အစအဆုံး ဖတ်ပြီးနောက် 'ဖတ်ကြည့်စမ်းပါဦး ဖြူဖြူရယ်။ မူ့လူက စာရေး ဘယ်လောက်တော် သလဲဆိုတာ သိရအောင် 'ဟု ပြောကာ ဖြူဖြူ၏ လက်တွင်း သို့ စာရွက်ကို ထည့်လေတော့သည်။

''မဖတ်ချင် ပါဘူး မူမူရာ။ ကိုယ့ စာကို ကိုယ့် ဖာသာကိုယ် ဖတ်စမ်းပါ''

''သြော်- ဖြူကလဲ ဖတ်စမ်းပါလို့ ပြောနေမှပဲ။ ဒီက ကိုယ့် လူစာရေး တော် ကြောင်း ကြွားတဲ့ဟာကိုပဲ။ ဖတ်ကြည့်စမ်းပါဦး ဖြူရဲ့ ''

မူမူမှာ ပြောရင်းဆိုရင်းက စာရွက်ကိုသာ ဇွတ်အတင်း ထိုးပေးနေလေရာ ဖြူဖြူမှာ မနေသာတော့ဘဲ ဖြန့လျက်သား ဖြစ်နေသော စာရွက်ကို ငုံ့၍ ကြည့်မိလေတော့သည်။

''မောင်အသက်မူမူ

မူမူနှင့် ခွဲခွာကာ ခရီးထွက်၍ လာရာတွင် မောင်၏ ဝိညာဉ်မှာ မူ့အနီးတွင် ကျန်ရစ်ခဲ့သည်ဟု မောင်ထင်မိပါသည်။ မူ့အပါးမှ ခွာခဲ့သည့်အချိန်မှစ၍ ယခုတိုင်အောင် မိနစ်နှင့် အမျှမူ့အကြောင်းကိုသာ စဉ်းစား နေမိပါသည် ဟုဆိုလျှင် မူ ယုံနိုင်မည်မထင်၍ ထိုအကြောင်းကို မောင် မရေး လုတော့ပါ။မူ နားလည်ထားစေလိုသည့် အချက်ကား မူနှင့် မောင်တို့အကြားဝယ် မည် မျှရှည်လျားသော ကန္တာရခရီး ခြားနေစေကာမူ မောင်၏ ကွဲအက်နာကျင်နေသော အသည်းနှလုံးကိုကား မူသာလျှင် ပိုင်ဆိုင် လျက် ရှိပါသည် ဆိုသော အချက်ပင် ဖြစ်ပါသည်။

မူ့အသက် မောင်''

ဖြူဖြူသည် စာဆုံးသွားသော အခါ မူမူ၏ မျက်နှာကို လှမ်းကြည့် ကာ ရှက်သွေးဖြန်းကနဲ ထမိလေသည်။ သို့ သော မူမူကမူ မထူးခြားဟန် ဖြင့် စာရွက်ကို ယူကာ တစ်ခေါက်ပြန်၍ ဖတ်ပြီးနောက်လက်ကိုင်အိတ်ထဲသို့ လုံးထွေးကာ ထည့်လိုက် လေသည်။

•••


ဝန်ဇင်းချစ်သူများ သန်းဆွေ ၏ “ ချစ်သဝဏ်လွှာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ခရောင်းတော

ရေပြင်ပေါ်မှ လရောင်

ဆုထူးရွယ်