Cover

ကြယ်ပွင့်လွှာ

'ကွယ်ပျောက်သွားတဲ့ နေမင်းကြီးကို မမြင်ရလို့...အခုလိုသာငိုလို့မစဲ မျက်ရည်လည်ရွဲနဲ့ ဖြစ်နေရင်...တလက်လက်တောက် ပနေတဲ့ ကြယ်တွေ ကိုပါ မမြင်ရဘဲ နေရမှာ ပေါ့...'

* * * * *


ညစာ ထမင်းစားပွဲ ကျင်းပသည့် အိမ်မှလိုက်ပို့သော မော်တော် ကားသည် ကိုသက်ပန်၏ အိမ်ရှေ့သို့ ရောက်လာသည့်အခါတွင် ကား နေလုံးပျောက်ကာ ညဘက်သို့ ပင် ကူးပြောင်း၍ နေချေပြီ။

ကိုသက်ပန်သည် လေးလံသော ခြေလှမ်းတို့ဖြင့် အိမ်ပေါ်သို့ တက်ခဲ့ကာ အိပ်ခန်းတွင်းသို့ ဝင်ခဲ့လေ၏ ။ အိပ်ခန်းတွင်းသို့ ရောက်တော့မှ ကုတင်ပေါ်တွင် ထိုင်ကာ ခြေထောက်မှဆက်ကဆုံးဘိနပ်ကို ချွတ်လိုက်ပြီး မွေ့ရာပေါ်ဝယ် ခြေပစ်လက်ပစ် လှဲချလိုက်လေ၏ ။

ထမင်းစားပွဲပေါင်း များ စွာ ပင် တက်ဖူးခဲ့သော်လည်းဤတစ်ကြိမ်လောက် စိတ်နှလုံး မချမ်းမြေ့သည့် ထမင်းစားပွဲမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ အခမ်းအနား ပြင်ဆင်ပုံ၊ တည်ခင်းကျွေးမွေးသည့် ဟင်းလျာတို့မှာ အခြားအခြားသော ထမင်းစားပွဲများ နှင့် မည် သို့ မျှ ပိုမိုထူးခြားခြင်းလည်း မရှိ။ ညံ့ဖျင်းခြင်းလည်းမရှိသဖြင့် စိတ်နှလုံး မချမ်းမြေ့ ဖြစ်ရသည်မှာ ညစာထမင်းစားပွဲကြောင့် မဟုတ်ကြောင်း အတိအကျဆိုနိုင်ပေသည်။ သို့ ဖြစ်ပါကထမင်းစားပွဲကအပြန်တွင် ဤသို့ လျှင် ကုတင်ထက်ဝယ် ခြေပစ်လက်ပစ် စိတ်မောလူမော ဖြစ်လာရလောက်အောင် ဖြစ်လာရသည်မှာ အဘယ်ကြောင့် ပေနည်း။

ကိုသက်ပန်သည် မွေ့ရာမှထကာ အပေါ်အင်္ကျီနှင့် ရှပ်အင်္ကျီကို ချွတ်၍ ချိတ်ထားလိုက်ပြီး ကုတင်ခြေရင်းရှိ ချည်လုံချည်ကို ဝတ်ကာ ခါးမှ ဗန်ကောက်လုံချည်ကို ချွတ်ချလေ၏ ။မှော င်ထဲတွင် စမ်းတဝါးဝါး လုပ်နေပြီး အတော် ကြာမှ မီးခလုတ်ကို နှိပ်လိုက်ရာ တစ်ခန်းလုံး ထိန်လင်း၍ သွားလေ၏ ။

မှော င်နေရာမှ ရုတ်တရက် လင်းလာသဖြင့် လေးလံသည့်ရင်ခွင်ပင်လျှင် ရှင်းသွားလေပြီဟု ထင်မိလေ၏ ။ သို့ သော်ညစ်နွမ်းနေသည့် အာရုံတို့ကား ကြည်လင်၍ မလာသဖြင့် စာအုပ်စင်ဘက်သို့ သွားကာ စာအုပ်တစ်အုပ်ကို ဆွဲယူကြည့်မိလေ၏ ။ စာရေး စားပွဲပေါ်တွင် စာအုပ်ကို ကိုင်ကာ အတန်ကြာငိုင်နေပြီးမှ ကိုသက်ပန်သည် လက်တွင်းရှိ စာအုပ်ကို စားပွဲပေါ်သို့ ပြန်ချလိုက်ကာ သက်ပြင်းချလိုက်လေ၏ ။ သက်ပြင်းချလိုက်ပြီး၍ ပြန်ရှူလိုက်သော ဝင်သက်လေနှင့် အတူ လေးလံထိုင်းမှိုင်းစေသည့်အရာများ သည် ရောနှော၍ ဝင်လာကြကာ၊ ကိုသက်ပန်၏ စိတ်အာရုံကို တဖန်ပြန်လည်၍ မှိုင်းမှုံညစ်နွမ်းကြစေပြန်လေသည်။

ကိုသက်ပန်သည် အိပ်ရာပေါ်တွင် လှဲလိုက်ပြန်လေ၏ ။

တိတ်ဆိတ်လှသည့်အခန်းတွင်းဝယ် ညနေက ကြားခဲ့ရသော ပုဂံသံ၊ ခွက်သံ၊ ရယ်သံ၊ စကားပြောသံ၊ သီချင်းဆိုသံများ သည်မသဲမကွဲ ကြားယောင်မိရာမှ တဖြည်းဖြည်း ဆူညံလာသည်ဟုထင်ရလေ၏ ။ ဆူညံနေသည့်အသံတွေ ကြားမှ ပြတ်သားစွာ ထွက်ပေါ်လာသည့်စကားတစ်ခွန်းကို ကိုသက်ပန်သည် ကြားရပြန်လေသည်။

'ပျောက်ကွယ်သွားခဲ့တဲ့ နေမင်းကြီးကို မမြင်ရလို့ အခုလိုသာ ငိုလို့မစဲ မျက်ရည်လည်ရွဲနဲ့ ဖြစ်နေရင် တလက်လက်တောက်ပနေတဲ့ ကြယ်တွေ ကိုပါ မမြင်ရဘဲ နေရမှာ ပေါ့...'

ပြောလိုက်သူမှာ ငယ်စဉ်ကပင် ခင်မင်ခဲ့သည့် မင်းကတော် မမြင့်လေး ဖြစ်လေသည်။ သူ၏ စကားမှာ အခြားသူများ အဖို့တွင် မည် သို့မျှ ထူးခြားခြင်းရှိနိုင်မည် မဟုတ်သော်လည်းကိုသက်ပန်ကဲ့သို့ တစ်ယောက် အကြောင်း တစ်ယောက် သိထားသည့် ငယ်ပေါင်းမိတ်ဆွေတစ်ဦးအဖို့တွင် မူ ရင်ထဲ၌ ဟာကနဲ ဖြစ်လာရာမှ အသဲနှလုံးတွေ ပါ တဒိတ်ဒိတ်ခုန်လာစေတော့သည်။

မမြင့်လေးပြောမှပင် သတိရမိတော့သည်။

စင်စစ် ထိုစကားလုံးများ သည် မမြင့်လေးကိုယ်ပိုင်ဥာဏ်ဖြင့် ပြောလိုက်သည့် စကားလုံးများ မဟုတ်ဘဲ ဘင်္ဂါလီကဗျာဆရာကြီး ရာဘင်ဒြာနာသ်တဂိုး ရေး သည့် 'Stray birds' 'လေလွင့်နေသော ငှက်များ ' ဟူသော စာအုပ်ထဲမှ စာပိုဒ်တစ်ပိုဒ်ကိုကိုသက်ပန်၏ ဘဝနှင့် တိုက်ဆိုင်နေသဖြင့် ထုတ်ဟလိုက်ခြင်း ဖြစ်ပေသည်။

'ဟုတ်တယ်...မမြင့်လေးပြောတာ ဟုတ်တယ်...ငါဟာ ပျောက်ကွယ်သွားခဲ့တဲ့ နေမင်းကြီးကိုသာ တဖန်တလဲလဲကြေကွဲနွမ်းလျစွာ တမ်းတမိတဲ့အတွက် မျက်လုံးအစုံမှာ မျက်ရည်တွေ နဲပသာဝေနေပြီး ကိုယ့်ရှေ့မှော က်မှာ တလက်လက်တောက်နေတဲ့ ကြယ်ပြောင်တွေ ကိုပါ မမြင်ရဘဲ မှော င်အတိကျခဲ့တယ်။ အမှော င်တိုက်ထဲမှာ ပဲ နှစ် ချိုက်စွာ မိန်းမောနေမိခဲ့တယ်...'

ကိုသက်ပန်၏ ဝိညာဉ်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေသော ကိုသက်ပန်၏ ကိုယ်ခန္ဓာမှ ခွာကာ လွန်ခဲ့သည့်ဆယ် နှစ် ဆီသို့ ပြန်လည်ပြေးသွားလေတော့သည်။

ထိုစဉ်က အရေး များ ကို ပြန်လည်တွေးတောလိုက်ပါကယခုပင်လျှင် အသဲနှလုံး တဒိတ်ဒိတ်ခုန်ကာ တစ်ခုလုံး တထိတ်ထိတ်နှင့် တုန်လာလေတော့သည်။

* * * * *




ဝန်ဇင်းချစ်သူများ သန်းဆွေ ၏ “ ကြယ်ပွင့်လွှာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်သဝဏ်လွှာ

ဆုထူးရွယ်

ချစ်သုံးလီ