ချစ်သုံးလီ
''နေဝင်ရင် တိမ်တောက်လို့ပျိုကြောက်ဘွယ် သည်အချိန်မှိုင်းအုံ့လို့မှိန် ....''
နေဝင်ခဲ့ပြီ ဖြစ်သော်လည်း ညဘက်သို့ မရောက်သေးဘဲ တိမ်ရောင် မျိုးစုံတောက်ပလျက်ရှိသည့် မှု န်ရီရီ ညနေချမ်းကား စာဆိုနှင့် လျော်ညီစွာ လူတို့၏ စိတ်အာရုံကို တမျိုးတဖုံလှုပ်ရှားစေလေသည်။ ထို့ကြောင့် ပေလောမသိ၊ သမိုင်း ဘူတာရုံလမ်းကလေးကို လျှောက်လျက်ရှိသော ကျောင်းဆရာမ မမြနှစ် ၏ စိတ်အာရုံသည်လည်း မှု န်ဝေလျက်....။
''ဟင်.... အနှစ် - ပြန်လာပလား -နောက်ကျလိုက်တာ....''
ရင်းနှီးဖော်ရွေစွာ မေးလိုက်သည့်ယောက်ျားပျို တဦးအသံကြောင့် မမြနှစ် သည် တုန်လှုပ်သွားမိပြီးမှ ''ဟုတ်ကဲ့ နဲနဲနောက်ကျသွားတယ်ကိုစောလွင်''ဟု ဖြေလိုက်ကာ ခေါင်းငုံ့ပြီး လျှောက်လာလေ၏ ။
ကိုစောလွင်သည် နောက်ထပ်ဆက်မမေးတော့ဘဲ မမြနှစ် နှင့် ယှဉ်ကာ လိုက်ပါလာရင်း.... မကြာမကြာမမြနှစ် ကို ကြည့်ပြီး သက်ပြင်းကို မသိမသာ ချလျက်ရှိ၏ ။ အတော် ကြာအတွေးကိုယ်စီနှင့် တိတ်ဆိတ်စွာ လျှောက်လာကြရင်းမှ....
''အနှစ် စာအုပ် ရသလား....''
အားယူ၍ ထွက်လာဟန် တူသော ကိုစောလွင်၏ အသံ ဖြစ်လေသည်။
''ဟုတ်ကဲ့.... ရပါတယ်....''
''ဒါဖြင့် - စာဖတ်ပြီးပြီပေါ့နော်''
''..........''
မမြနှစ် ၏ စကားသံကား ပြန်မလာချေ။
''ဘယ်လိုလဲအနှစ် ရယ်- စာအုပ်ပြန်ပေးမှာ လား။ ယူထားမယ် မဟုတ်လား- ဟင်.... ယူထားမယ် မဟုတ်လား....''
ကိုစောလွင်၏ စကားသံသည်ငန်းဖမ်းနေသော လူမမာ၏ အသံကဲ့သို့ ဆက်ခါဆက်ခါ ထွက်ပေါ်၍ လာလေ၏ ။
''ဟုတ်-ဟုတ်ကဲ့၊ အခု- နေတော့အနှစ် သိမ်းထားပါ့မယ်....''
''ဟုတ်လား အနှစ် ရယ်.... အနှစ် သိမ်းထားမယ်လား.... အခုတင်သိမ်းမှာ လား.... ဝမ်းသာလိုက်တာအနှစ် ရယ်- ဒီစကားလေးကြားချင်လို့တမင်စောင့်နေတာ....''
ကိုစောလွင်ကား အားရပါးရခုန်ပေါက်တော့မတတ် ဝမ်းသာလျက်ရှိလေ၏ ။ သူတို့ နှစ် ယောက် သည်တဖြေးဖြေး 'ဦးကျော်ဒင်' ဟု ဆိုင်းဘုတ် တပ်ထားသည့် ခြံဝင်းနှင့် တကွသော အိမ်ကြီးရှေ့သို့ ရောက်လာကြလေ၏ ။
''ဟော.... အိမ်ရောက်ပြီ။ အနှစ် ဝင်ပါအုံးလား-ဒေါ်ကြီးလဲရှိမှာ ဘဲ''
''နောက်များ မှဝင်မယ် ကိုစောလွင်''
''သွားတော့မယ်လား- သွားလေသွားချင်ရင်လဲ''
မမြနှစ် သည် ဝင်းပကြည်လင်နေသော မျက်နှာကို မော့လျက် တောက်ပြောင်သည့် မျက်လုံးအစုံဖြင့် ကိုစောလွင်အား ကြည့်လိုက်ပြီး ဣနြေ္ဒရစွာ ထွက်သွားလေရာ၊ကိုစောလွင်တွင် အချစ်ရည် ရွှမ်းသည့်မျက်လုံးအစုံဖြင့် ကြည်နူး နှစ် သိမ့်စွာ ငေးမျှော်ရင်း ကျန်ရစ်ခဲ့တော့သည်။မမြနှစ် သည် ဝင်းခြံကြီး၏ တဖက်ရှိ မြေကွက်လပ်တခုအတွင်းသို့ ချိုးဝင်ကာ- ပျဉ်ထောင်အိမ်တခုဆီသို့ သွားရာလမ်းကလေး အတိုင်း လာခဲ့လေ၏ ။ အိမ်ထဲဆီမှ တအီအီနှင့် သာယာနာပျော်ဘွယ် မရှိသော တယောသံတသံသည် လေထဲတွင် ပျံဝဲလျက်ရှိ၏ ။မမြနှစ် သည် တံခါးကိုခေါက်လိုက်ရာ တယောသံ ရပ်သွားပြီးနောက်
''ဘယ်သူလဲ- မမကြီးလား- မမချစ်လား...... '' ဟူသော သာယာသည့်မိန်းမသံတသံ ထွက်လာလေ၏ ။
''ဟုတ်တယ်- သစ်သစ်၊ မမကြီးရယ်....''
ဂျောက်ကနဲမြည် သော မင်းတုံးသံနှင့် မရှေးမနှောင်းပင် တံခါးချပ် ပွင့်လာပြီး အသက် ၁၃-နှစ် ခန့်ရှိ ဆံထောက်ဖားဖားနှင့် မိန်းမငယ် တယောက် ထွက်လာ၏ ။
''မမကြီးတို့ကလဲ နောက်ကျလိုက်တာ၊ အစောကြီးထဲက အသစ်တယောက် ထဲရယ်။ တကတဲ ပျင်းလာတာဘဲ''ဟု စိတ်လိုက်မာန်ပါအသံဖြင့် မမြနှစ် အား ကြိုဆိုလေသည်။
''အေးကွယ်.... ဒီနေ့ ကျောင်းမှာ ဆရာ-ဆရာမ တွေ အစည်းအဝေးလုပ်နေတာနဲ့ နောက်ကျသွားတယ်''မမြနှစ် သည် ညီမငယ် မမြသစ်၏ ပခုံးကိုကိုင်ကာ အထဲသို့ ဝင်ခဲ့လေ၏ ။နေရောင် ကင်းမဲ့လျက် ရှိသည့်ညနေခင်းဝယ် မမြနှစ် တို့ အိမ်အတွင်းဘက်ကား- မှော င်မဲလျက်--
''ဟင်.... ဒီလောက် မှော င်နေတာကို မီးလဲမထွန်းဘဲကို'' ဟု မမြနှစ် သည် ညည်းတွားရာက မီးခလုတ်ကိုနှိပ်လိုက်လေ၏ ။
''အို.... အသစ် တယောက် ထဲရှိတာ မီးရောင် ရှိလို့ကော ဘာထူးမှာ လဲ-''
မမြသစ်သည် မျက်နှာကလေးကိုမော့၍ ပြောလိုက်၏ ။ ဖယောင်းတိုင်နှယ် ဆယ်အား မီးလုံး အောက်တွင် ထင်ရှားစွာ မြင်ရသော ဝါဝင်းသော မျက်နှာတွင် သူမ၏ မျက်လုံးအစုံကား- မွေးစကပင် ကြောင်တောင်ကန်း ဖြစ်ခဲ့လေသည်။ မမြနှစ် သည်မမြသစ်၏ မျက်နှာကို ကြည့်နေရာမှသက်ပြင်းတချက် ချလိုက်ပြီး-
''တယောက် ထဲ ပျင်းနေမှာ ဘဲနော်၊ ချစ်ချစ်တယောက် ရော ဘယ်သွားလဲ''ဟု မမြသစ်၏ နဖူးပေါ်မှဆံပင်များ ကို သိမ်းပေးရင်း- မေးလေ၏ ။
''မလာသေးဘူး''
''ဘာ.... မလာသေးဘူးလား-ဒီနေ့ စနေနေ့ဘဲ၊ နေ့တဝက် ပြန်ရမှာ ''
''ဒါဖြင့် ဘိုင်စကုတ် ကြည့်နေပြီထင်တယ်။ မေမေတော့ ဘကြီးကျော်တို့အိမ်က ပြန်မလာသေးဘူး။
''အင်း.... ချစ်ချစ်တယောက် လဲခက်တာဘဲ၊ ဒါဖြင့် ဒို့ထမင်းစားကြစို့ကွယ်''
''စားမယ်လေ.... မေမေတော့ဘကြီးကျော်တို့အိမ်မှာ စားလိမ့်မယ်ထင်တယ်....။ သစ်သစ်တို့ ဆီတောင်ဘကြီးကျော်တို့အိမ်က ဟင်းတွေ လာပို့ထားသေးတယ်''
''ဟုတ်လား.... ဒို့လဲ ဘာ ဖြစ် ဖြစ်ဘကြီးကျော်တို့ဆီကချည်းဘဲ၊ ရေရောမီးရော- စားစရာရော- အိုးအိမ်ကမြေက အစဘဲ''
ညီအမ နှစ် ယောက် သည် ပြောပြောဆိုဆိုနှင့် ထမင်းစားခန်းတွင်းသို့ ဝင်ခဲ့ကြလေ၏ ။
မကြာမီ ထမင်းစားသောက်ပြီးခဲ့သဖြင့် အိမ်ရှေ့ခန်းသို့ ထွက်လာကြသော အခါတွင် မှ မမြချစ် ပြန်ရောက်လာလေသည်။
''ဘူတာရုံ ကနေ အိမ်ရောက်အောင် ခပ်သုတ်သုတ် လစ်လာတာ။ဖားလိုက်တာ''
မမြချစ်သည် ပြောပြောဆိုဆိုကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး လက်နှစ် ဖက်ကို ဆန့်ကာ သမ်းလေ၏ ။
''ချစ်ချစ် ထမင်းစားချင်ရင် စားလေ- အဆင်သင့်ဘဲ၊ ဒို့တော့ အခုဘဲပြီးတယ်''
''ပြီးခဲ့ဘီ မမနှစ် ရဲ့ ၊ တရုပ်တန်းကတွတ်လာခဲ့တယ်'' ဟု မမြချစ်သည်အားရပါးရ ပြောပြီး- ထိုင်ရာမှ ထ,စဉ်တွင် -
''ဟင်.... ဘိုင်စကုတ်လဲကြည့်....တရုပ်တန်းကလဲ စားခဲ့ရဲ့ သားနဲ့....မောသလေး-ဘာသလေးနဲ့ မမချစ်တို့ ကတော့ သိပ်ပိုတာဘဲ....'' ဟူသော မနာလိုသံ ရောလျက် ရှိသည့် မမြသစ်၏ စကားသံကြောင့် မမြချစ်သည်ပြန်ထိုင်လိုက်ပြီး....
''ဘာပြောတယ်.... တခါတလေဘိုင်စကုတ်ကြည့်တာ ဘာ ဖြစ်လဲ....ဒီကလူက နေထွက်က နေဝင် အလုပ်လုပ်နေတဲ့ တပါးကျွန်၊ တခါတလေဒီလောက် ဇိမ်ကလေးမှ မယူရရင်အသက်တိုရချေရဲ့ ၊ ဘာညည်းက အပိုတွေ ပြောနေတာလဲ''ဟု ကက်ကက်လန်အောင် ရန်တွေ့ သံဖြင့် ပြောလိုက်ရာ.... မမြနှစ် မှာ မနေသာတော့ဘဲ-
''အို.... ဖြစ်မှ ဖြစ်ရတယ် ချစ်ချစ်ရယ်၊ ခလေးနဲ့မှ ဖက်ပြီး ရန် ဖြစ်တယ်လို့....''
''အင်း.... ခလေးကဖြင့် နေရာတကာ ပါပြီးတော့၊ မဟုတ်ပါဘူး....ဟောဒီ မိမြသစ်ဟာလေ- ချစ်ချစ်များ ဆိုရင် ဘယ်တော့ ဖြစ် ဖြစ် ပြောချင်တာချည်းဘဲ''
မမြချစ်သည် မမြနှစ် အား စကားပြန်ပြောနေရာမှ စားပွဲပေါ်ရှိ သတင်းစာတွင် (ကုမ္မာရီမမများ အဖို့ အဆင်ဆန်းကလေးတွေ ရောက်ပြန်ပြီ) ဟုရေး ထားသည့် ပိုးကုမ္ပဏီတခုမှ ကြော်ငြာကို စိုက်ကြည့်နေလေ၏ ။
အမလတ်နှင့် စကားများ ခဲ့သည့်မမြသစ်သည် စားပွဲပေါ်တွင် တင်ထားသော တယောအိမ်တွင်းမှ တယောကိုထုတ်ကာ- ပခုံးတွင် ညှပ်လိုက်လေ၏ ။
''သြော်- ဒါထက်.... သစ်သစ်ကိုဝမ်းသာစရာတခု ပြောရအုံးမယ်....၊မနက်ကလေ မမကြီး ကျောင်းသွားတော့ လမ်းမှာ တယောလဲ ထိုးတတ်တဲ့ အဆိုတော် မဧသက်နဲ့ တွေ့ ခဲ့တယ်။ သူနေတာကလဲ ဒီသမိုင်းရွာထဲမှာ ပဲတဲ့၊ အဲဒါ.... ကျမညီမလေးတယောသင်ချင်လို့ နေ့တိုင်း တနာရီနှစ် နာရီလောက် လာသင်ပေးပါလို့ပြောခဲ့တယ်''
''ဘာတဲ့လဲ.... သူက လာမတဲ့လား-''
''လာမယ်တဲ့၊ မနက်ဖြန်ကစပြီး လာမယ်တဲ့''
''ဟာ-- ကော်တာဘဲမမြသစ်သည် တယောကို စားပွဲပေါ်သို့ ချလိုက်ပြီး မမြနှစ် ကို ဖက်လိုက်ရင်း ''ဒါမှ- ဒို့မမကြီး'' ဟု ပြောလေ၏ ။
''သူက အလကား သင်ပေးမှာ တဲ့လား''
''မမကြီးနဲ့ ငယ်ငယ်က အတူတူကျောင်းနေခဲ့ဘူးတဲ့ သူငယ်ချင်းဘဲ။ပိုက်ဆံပေးမယ်ပြောလို့ ဘယ်ကောင်းမလဲ၊ ဒါပေမယ့်- လခအစား ဘာလေးညာလေး ဝယ်ပီး လက်ဆောင်ပေးရမှာ ပေါ့''
''ဟင်.... ဒါဖြင့် ဟန်ကျတာပေါ့၊သူ တော် တော် တယောထိုး ကောင်းတယ်နော်''
''ကောင်းတယ်.... ကောင်းတယ်-'ဖြေလျော့ခွေ'တို့ 'နှစ် ကိုယ်သစ္စာ'တို့'ချစ်သမျှကို'တို့ ဆိုတဲ့ ဓာတ်ပြားတွေ မှာ သူကိုယ်တိုင်ဆိုပီး တယောထိုးတာပေါ့''
''ဟင်.... ဒါဖြင့် သူသိပ်တော် တာပေါ့နော်။ ဒါထက် အဲဒီ 'ဖြေလျော့ခွေ'တို့ 'နှစ် ကိုယ် သစ္စာ'တို့ ဆိုတဲ့သီချင်းတွေ ဟာ ဘာကို ဆိုလိုတာလဲဟင်--''
''ဘုရားကို တိုင်တည်တဲ့ သီချင်းတွေ ပေါ့-ညီမရဲ့ ''
''ဘာ ဖြစ်လို့ တိုင်တည်ကြတာလဲမမကြီးရယ်''
''ကိုယ်ချစ်တဲ့သူနဲ့ နီးရအောင်ကိုယ့်အလိုဆန္ဒ ပြည့်ဝအောင်ပေါ့ကွယ်၊ ချစ်တဲ့သူနဲ့ ဝေးလို့ ဆွေးတာတွေ ကို ပြောရမယ့်လူ မရှိတော့....ဘုရားကို တိုင်တည်ရတာ ပေါ့''
''ဘုရားကို တိုင်တည်တော့....ဘုရားက ကယ်ရောတဲ့လား''
''ကယ်တယ် မကယ်တယ်....ကိုယ့်မှာ ခံစားနေရတဲ့ ဒုက္ခမီးကိုအေးလို အေးငြား တိုင်တည်ကြတာပေါ့၊ နေမကောင်းတဲ့လူဟာ အမယ်လေး- အမယ်လေးနဲ့ ညည်းနေရုံနဲ့ကျမ်းမာလာမယ် မဟုတ်ဘူးဆိုတာ သိပေမယ့်- ညည်းနေကြသလို ကဗျာဖွဲ့ပြီးညည်းကြတာပေါ့ကွယ်''
''အသစ်လဲ- ဘုရားကို ဆုတောင်းချင်တယ်''
''အလို- ဘယ်လိုများ ဆုတောင်းမလို့ပါလိမ့်''
''ကျမတို့လို မိန်းမချည်းဘဲ နေရတဲ့ အိမ်မှာ ကျမလို မျက်စေ့မမြင်တဲ့မိန်းမလေး မွေးလာလို့ အမြန်ပျောက်ကင်းအောင် ကယ်မတော် မူပါလို့- ဆုတောင်းမှာ ပေါ့- မမကြီးရဲ့ ''
''အို--''
မမြနှစ် ၏ အသံက ရှေ့ဆက်၍ ထွက်မလာတော့။ တွေ တွေ လေး ငေးနေသော မမြသစ်ကို စိုက်ကြည့် နေရာမှ-ရစ်ဝဲလာသည့် မျက်ရည်စ, များ ကို မသိမသာသုတ်ပြီး ''ဘာတွေ ပြောလိုက်တာလဲ သစ်သစ်ရယ်.... ညီမ ဘာအားငယ်စရာရှိသလဲကွယ်....၊ မမကြီးတယောက် လုံး ရှိသေးတဲ့ဥစ္စာ- မပူပါနဲ့၊ ကဲ- ကဲ- အိပ်တော့ ညဥ့်နက်လှပြီ....။ ချစ်ချစ်တယောက် တောင်ဘယ်အချိန်ကများ ဘယ်အချိန် အိပ်ရာထဲ ရောက်နေပါလိမ့်။ မမကြီးတော့မေမေ့စောင့်ရင်း.... ကျောင်းကအလုပ်တွေ လုပ်လိုက်အုံးမယ်...''ဟုသာယာ ညှင်းပျောင်းစွာ ပြောရင်း-သစ်သစ်အား အိပ်ခန်းသို့ ပို့ခဲ့ပြီး--ကုလားထိုင် တလုံးတွင် ထိုင်ကာ.....လွယ်အိတ်တွင်းမှ သင်စာ မှတ်တမ်းစာအုပ်ကို ထုတ်ယူလိုက်လေ၏ ။
ည ၈-နာရီကျော် ၉-နာရီ ခန့်မျှသာ ဖြစ်သော်လည်း ပတ်ဝန်းကျင်ကား တိတ်ဆိတ်လျက် ရှိလေရာ၊ မမြနှစ် တို့ အိမ်ကလေးမှာ မမြနှစ် ၏ ဖောင်တိန်ဖြင့် စက္ကူပေါ်တွင် ခြစ်နေသံသာ မထင်မရှား ထွက်ပေါ်လျက်ရှိလေသည်။ ထိုအခိုက် မနီးမဝေးဆီမှကြည်လင်ငြိမ့်ညောင်းသည့် ဓာတ်စက်ဖွင့်သံတသံသည် လေထဲသို့ ပျံဝဲ၍ လာလေ၏ ။
''ဟော.... 'နှစ် ကိုယ်သစ္စာ'....မမကြီး ကြားလား၊ ကိုလွင်တို့အိမ်ကဓာတ်စက်ဖွင့်သံ၊ အခုတလော ကိုလွင်ကြီးတယောက် ဘာ ဖြစ်နေလဲ မသိဘူး၊ မမကြီး ကြိုက်တဲ့ သီချင်းကိုဘဲခဏခဏ ဖွင့်နေတယ်''
အိပ်ရာသို့ ဝင်ခဲ့သော်လည်း အိပ်မပျော်သေးဟန် တူသော မမြသစ်၏ စကားသံကြောင့် မမြနှစ် သည် ရုတ်တရက် တုန်လှုပ်သွားမိရာက ဓာတ်စက်ဘေးတွင် ငေးမော နေရှာမည် ဖြစ်သော ကိုစောလွင်၏ ရုပ်သွင်ကိုပါထင်မြင်၍ လာလေ၏ ။ ဖောင်တိန်ကိုချလိုက်ပြီး အံဆွဲတွင်းမှ အထုပ်ကိုထုတ်ယူကြည့်မိလေ၏ ။
အထုပ်ကို ဖြေလိုက်သည့်အခါတွင် ထွက်ပြူ၍ လာသော အရာကား....သားရေနက် ဖုံးတွင် ရွှေစာလုံးဖြင့် ရေး ထားသော 'ရတနာ့ ကြေးမုံ'ဝတ္ထုစာအုပ် ဖြစ်လေသည်။ ထိုစာအုပ်အကြားတွင် မူ..... ပြာလဲ့လဲ့စာရွက်....
မမြနှစ် သည် စာရွက်ကို ဖြန့်ကြည့်မိလေ၏ ။
''အနှစ် ဟာ မောင်ရဲ့ အချစ်ကိုလက်ခံနိုင်မယ် ဆိုရင် ဒီစာအုပ်ကို'ချစ်လက်ဆောင်....' အ ဖြစ်နဲ့တသက်လုံး သိမ်းထားရုံပါဘဲ။ဝတ္ထုထဲက ဣန္ဒကုမ္မာရ မင်းသားကလေးနဲ့ ဝေဠုမြတ်စွာ မင်းသမီးလေးလို အချစ်စခန်းမှာ ရွှင်လန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်''မမြနှစ် သည် နောက်ဆုံး စာပိုဒ်ကိုဖတ်ရာက ကိုစောလွင်၏ အသနားခံနေသည့် မျက်နှာနှင့် အတူ မမြသစ်၏ သနားစဖွယ် ရုပ်သွင်နှင့် မိခင်အိုအပြင် မမြချစ်၏ ပုံသဏ္ဌာန် တို့ပါဝန်းရံ၍ မြင်ယောင်လာလေ၏ ။
နောက်ဆုံး၌ ကား အခြားသော သဏ္ဌာန်တို့မှာ တဖြည်းဖြည်း မှေး မှိန်၍ သွားကြကာ ကိုစောလွင်၏ ရုပ်သွင်သာလျှင် ထင်ရှားစွာ ကျန်ရစ်လေတော့သည်။ ထိုမှ မမြနှစ် သည်ပြူတင်းပေါက် အပြင်ဘက်ဆီသို့ ငေးမျှော်၍ ကြည့်လိုက်လေ၏ ။ အပြင်ဘက်၌ ကား လ,ရောင် ကြောင့် ထွန်းပြောင် ထိန်လင်းလျက် ရှိလေသည်။
''ဒေါက်-ဒေါက်-ဒေါက်''
အိမ်တံခါး ခေါက်သံကြောင့် မမြနှစ် သည် ကပျာကယာ စာအုပ်ကိုအံဆွဲတွင်းသို့ ထည့်လိုက်ပြီး ''မေမေ''ဟု လှမ်းခေါ်လိုက်လေ၏ ။
''အေး.... အနှစ် လား.... တံခါးဖွင့်ပါအုံး''
မမြနှစ် သည် တံခါးကို ဖွင့်လိုက်ရာအသက် ၅ဝ- နီးပါးရှိ မိန်းမကြီးတယောက် ဝင်လာလေ၏ ။
''မိုးချုပ် လိုက်တာ မေမေရယ်''
''အေးကွယ်.... ညည်းတို့ ဘကြီးကျော်က နေပါအုံး- နေပါအုံးနဲ့ဆွဲထားတာနဲ့ မပြန် ဖြစ်ဘူး။ တော် တော် ညဥ့်နက်သွားပြီ၊ သမီး မအိပ်သေးဘူးလား''
''မအိပ်သေးဘူး.... မေမေ....ကျောင်းက အလုပ်တွေ ကျန်သေးတာနဲ့ လုပ်နေတယ်''
''သိပ်လဲ အညောင်း မခံပါနဲ့....သမီးရယ်၊ ပင်ပန်းလှပါတယ်''
''လူငယ်တွေ အဖို့မှာ ပင်ပန်းတာဟာ ဆေးဘဲတဲ့ မေမေရဲ့ .... သမီးအတွက်တော့ အရေး မကြီးပါဘူး....။မေမေသာ ကျန်းမာရေး ဂရုစိုက်ပါ''
လိမ္မာရေး ခြားလှသော သမီးချစ်၏ စကားကို မိခင် ဒေါ်နှင်းဝေမှာ မည် သို့ မျှ မချေပနိုင်ရှာ။
''မေမေတော့ အိပ်တော့မယ်ကွယ်''ဟုသာ ပြောလိုက်ပြီး အိပ်ခန်းသို့ ဝင်ခဲ့လေ၏ ။ အိပ်ခန်းတွင်း၌ ကားမမြချစ်နှင့် မမြသစ်တို့ ယှဉ်လျက်အိပ်နေကြလေသည်။ ဒေါ်နှင်းဝေသည် သမီးချောနှစ် ယောက် အားကြည့်မိရာမှ ကွယ်လွန်သူကို သတိရမိလေသည်။
ကိုထွန်းခင်သာ ရှိပါက သူတို့တတွေ ယခုလို ဒုက္ခရောက်နိုင်မည် မဟုတ်ဟု တွေးမိသည်။
ဒေါ်နှင်းဝေ၏ ခင်ပွန်းသည်ဦးထွန်းခင်ရှိစဉ်က သူတို့တတွေ ၏ အခြေအနေ လွန်စွာ တောင့်တင်းခဲ့ကြ၏ ။ သစ်တောဝန်ထောက်တဦး ဖြစ်ခဲ့သော ဦးထွန်းခင်မှာ ငယ်ရွယ်စဉ်ကပင် အသောက်ဘက်တွင် ဝါသနာစွဲခဲ့၏ ။ ပင်စင်ယူလိုက်သည့် အခါ၌ ကား တိုက်တလုံးနှင့် ခြံတခြံသာကျန်တော့သည်။ သို့ ရာတွင် အသောက်ကို မဖြတ်ခဲ့။ ထိုမှ မမြနှစ် ဆရာ ဖြစ်သင်ကောလိပ်တွင် ဆရာ ဖြစ်သင်တန်းတက်နေကာ မမြချစ် ဆယ်တန်းသင်နေသည့်နှစ် တွင် ကိုးနှစ် သမီး အရွယ်မျက်မမြင် မမြသစ်နှင့် တကွ ဒေါ်နှင်းဝေတို့ကိုပါ စွန့်ခွာကာ သေရွာ မြန်းခဲ့၏ ။ မိန်းမသား-သားအမိ တတွေ စုကာ ဦးထွန်းခင် အလောင်းကိုကျနစွာ သင်္ဂြိုဟ်ခဲ့ကြ၏ ။ ဦးထွန်းခင်သေဆုံးသွားသော်လည်း မမြနှစ် ရော မမြချစ်ပါ- ကျောင်းတက်မြဲတက်ခဲ့ကြ၏ ။ သို့ သော်မမြနှစ် -ဆရာ ဖြစ် အောင်ပြီးသည်တွင် မူ တိုက်ရောခြံပါ အပေါင်ထား၍ ဦးထွန်းခင်၏ အလောင်းကို သင်္ဂြိုဟ်ခဲ့ရပုံ၊ ထိုငွေများ နှင့် ပင် မမြနှစ် ရော မမြချစ်ကိုပါကျောင်းဆက်နေစေကာ သားအမိတတွေ အလုပ်မရှိဘဲ ထိုင်စားနေခဲ့ပုံများ ကို မမြနှစ် သိရှိလာတော့သည်။
ညောင်ပင်ကြီး ပြိုအလဲတွင် အသိုက် အအုံပါ ပျက်စီး သဖြင့် ရပ်တည်ရာ မရတော့သည့် ငှက်အုပ်ပမာကြုံနေရရှာသော မိန်းမသားတစုအား သိကြား မ, သကဲ့သို့ ပေါ်၍ လာသူကား ပွဲစားကြီး ဦးကျော်ဒင်ဆိုသူပင် ဖြစ်လေသည်။ ဦးကျော်ဒင်-ဦးထွန်းခင်- ဒေါ်နှင်းဝေ တို့ကားငယ်ရွယ်စဉ်က တတန်းတည်း သင်၊တကျောင်းတည်း နေလာသူများ ဖြစ်လေသည်။ အရွယ်ရောက်လာသည့်အခါ၌ ကိုထွန်းခင်မှာ အစိုးရဘက်တွင် အလုပ်လုပ်ရင်း- မနှင်းဝေနှင့် အကြောင်းပါခဲ့၍ ကိုကျော်ဒင်မှာ မူကုန်သည်ပွဲစားအလုပ်ဖြင့် အသက်မွေးရင်း အိမ်ထောင်ပြုကာ လူချင်းကွဲခဲ့ကြ၏ ။ နှစ် ယောက် စလုံးပင်သားကြီး သမီးကြီးတွေ ဖြစ်လာတော့မှဒေါ်နှင်းဝေနှင့် ဦးကျော်ဒင်တို့ ဆုံမိကြလေသည်။ သို့ ဆုံမိကြသည့်အခါတွင် လည်း ဒေါ်နှင်းဝေမှာ မုဆိုးမဘဝ-ခိုကိုးရာမဲ့ စီးပွားပျက်အ ဖြစ်ဖြင့် ကြုံတွေ့ ရလေရာ၊ စီးပွားတက်သော်လည်း အိမ်ထောင် ပျက်ခဲ့သည့်ဦးကျော်ဒင်က မိမိပိုင် ခြံမြေတွင် လာရောက်နေထိုင်ရန် စီမံပေးကာဆွေမျိုး အရင်းအချာသဘွယ် ပြုစုစောင့်ရှောက်လေရာ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ဆိုသကဲ့သို့ ပင် ဒေါ်နှင်းဝေကလည်း ဦးကျော်ဒင် တည်ထောင်ထားသည့် ဆေးပြင်းလိပ်ခုံတွင် အုပ်ချုပ်စီမံပေးရလေတော့သည်။
''မေမေ အိပ်ပြီလား....''
အလုပ်ကိစ္စပြီးသဖြင့် အိပ်ရာသို့ ဝင်လာသော မမြနှစ် ၏ အသံကြောင့် ဒေါ်နှင်းဝေသည် အတွေးရပ်သွားပြီး.... ''မအိပ်သေးပါဘူး သမီးရယ်....၊ သမီးအိပ်တော့မလား......''ဟု ပြန်ပြောလိုက်လေ၏ ။ မကြာမီအသံတိုးတိုးနှင့် ဘုရားရှိခိုးသံ တသံသည် ညဥ့်၏ တိတ်ဆိတ်ခြင်းတွင် မင်းမူလျက်ရှိလေသည်။
အသက် ငါးဆယ်ကျော် မုဆိုးမကြီး ဒေါ်နှင်းဝေ၊ အသက်နှစ် ဆယ့်နှစ် နှစ် ခန့်ရှိ ကျောင်းဆရာမ - မမြနှစ် ၊အသက်ဆယ့်ကိုးနှစ် ခန့်ရှိ မိန်းမချောစာရေး မ-မမြချစ်၊ အသက်ဆယ့်သုံးနှစ် ခန့် မျက်မမြင် မိန်းမလှကလေးမမြသစ်၊ မိန်းမ- မိန်းမ- မိန်းမတို့ဖြင့် သာ စုဝေးနေထိုင်သဖြင့် မိန်းမလှရိပ်မြုံကလေးနှင့် တူလှသော အိမ်ငယ်ကလေးကား ထိန်လင်းစွာ သာနေသည့် လ, ရောင် အောက်တွင် ငြိမ်သက်စွာ တည်လျက်။
မိုးသက်လေနှင့် ညှင်းလေပြေ
''နောက်ဆုံးပေါ် ဆိုတဲ့ အဆင်ဆန်းကလေး ဝတ်ချင်လိုက်တာ....''
အဆင်ဆန်းကြော်ငြာ မြင်ခဲ့ရသည့်အချိန်မှစ၍ မမြချစ်တွင် ထိုအဆင်ဆန်းကိုသာ ချင်ခြင်းတပ်လျက် ရှိတော့သည်။ ''မဝယ်နိုင်သေး ပေမယ့်--အဆင်လေးတော့ ကြည့်ထား အုံးမှ''ဟူသော ကလေးဆံသည့် အတွေးဖြင့် နောက်စနေနေ့ညနေဘက်တွင် အလုပ်မှအပြန် ဗိုလ်ချုပ်ဈေးဘက်သို့ လှည့်ခဲ့လေသည်။ ပြာလဲ့လဲ့ အောက်ခံတွင် အရောင် စုံတင်ထားသည့် အဆင်ဆန်းကို သွားရည်ယိုမတတ် ကြည့်မိရာမှ၊တန်ဘိုးကို မေးပြန်ရာတွင် လည်း လခမထုတ်မချင်း ဖြစ်နိုင်သည့် တန်ဘိုးမဟုတ်လေရာ-- လုံချည်တထည်ကိုမှလိုချင်သည့် အချိန်တွင် မဝယ်နိုင်သော မိမိ၏ အ ဖြစ်ကို ဝမ်းနည်းမိကာ ညှိုးငယ်သော မျက်နှာဖြင့် ခပ်ငိုင်ငိုင်လျှောက်၍ လာခဲ့လေသည်။
''ဟေ့--ချစ်ချစ်.... ဘာငိုင်လာတာလဲ''
''ဟာ....မော်လီ....''
မမြချစ်သည် ငိုင်နေရာမှမော်လီ့ကိုငေး၍ ကြည့်မိလေ၏ ။
''မော်လီ--- မင်းဘယ်တုန်းကရန်ကုန်လာတာလဲ....''
''သုံးရက်လောက်ရှိပြီ။ လာပါကွာတခုခု စားကြရအောင်....''
သူတို့နှစ် ယောက် သည်ဆိုင်တဆိုင်အတွင်းသို့ ဝင်ကြလေသည်။
''ဘာ ဖြစ်လာတာလဲ ချစ်ချစ်၊မျက်နှာလဲ မကောင်းပါလား.....''
မမြချစ်သည် ဘာမျှ ပြန်မပြောဘဲမော်လီ၏ တကိုယ်လုံးကို- ခေါင်းမှခြေဖျားအထိ ကြည့်၍ နေလေသည်။ခေတ်ဆံစွာ ပြုပြင်ထားသည့်အမောက်၊ ဖြောင့်တန်းသည့် မျက်ခုန်း၊ပေါ်လွင်သည့် နှာတံ၊ ပန်းနုရောင် သန်းနေသည့် ပါးအို့၊ နီရဲသည့်နှုတ်ခမ်း၊ ပိုးအင်္ကျီအဖြူ၊ ကြည်ပြာရောင် ဘန်ကောက်လုံချည်၊ ရွှေရင်ထိုး-ရွှေလက်ကောက်--ရွှေဆွဲကြိုးမှစ၍ ....မော်လီ၏ တကိုယ်လုံးတွင် အဘိုးတန်ပစ္စည်းများ ဖြင့် သာ ဆင်ယင်ထား၏ ။ မမြချစ်သည် သူ၏ ခါးတွင် ရှိဂျော်ဂျက်လုံချည်ကို ကြည့်မိ၏ ။
မော်လီနှင့် မမြချစ်တို့သည် ကျောင်းတွင် နေစဉ်က အတူနေခဲ့ကြ၏ ။ ယခုမော်လီတွင် ပြောင်ပြောင် လက်လက်ရှိကာ မမြချစ်မှာ သူ့လောက် အဘိုးတန် မဝတ်နိုင်။
''ဟေ့-ဘာငိုင်နေတာလဲကွ၊ ဘာစိတ်ကောက်နေတာလဲ....''
မော်လီက ခပ်ဆတ်ဆတ် အော်တော့မှ မမြချစ်သည်-''ကိုယ်လုံချည်တထည် ဝယ်မလို့ကွာ....''ဟု ပြောလိုက်လေ၏ ။
''ဝယ်ချင်တာ ဘယ်သူက ဘာပြောလို့လဲ''
''ဘယ်သူမှ ဘာမှမပြော ပေမယ့်၊ပိုက်ဆံ မရှိဘူး အမိရဲ့ ....''
''အောင်မယ်လေးကွာ ကိုယ်ဝယ်ပေးပါ့မယ်....ပူမနေပါနဲ့....၊ ကဲ....ကော်ဖီသောက်လိုက်ပါအုံး....''
မော်လီဝယ်ပေးမည် ဆိုက ဝယ်ပေးနိုင်လောက်ပေသည်။ မော်လီ၏ လက်တွင် ကိုင်ဆောင် ထားသည့်လက်ပွေ့သားရေအိတ်သည် ပင်လျှင်မမြချစ်လိုချင်လျက်နှင့် မဝယ်နိုင်ခဲ့သည့်အရာ ဖြစ်၏ ။ ဟိုယခင် ကျောင်းတွင် အတူနေကြစဉ်က မော်လီ့တွင် ရှိသမျှပစ္စည်းတို့သည် မမြချစ်တွင် လည်း ရှိခဲ့၏ ။ နေရာတကာတွင် သူမသာကိုယ်မသာ ဖြစ်ခဲ့သော်လည်း ယခုကားအခြေအနေချင်း ကွာခဲ့ကြပေပြီ။
''နေပါအုံး-ချစ်ချစ်က- အခု ဘယ်မှာ အလုပ်လုပ်နေလို့လဲ....''
''စာတိုက်ကြီးမှာ ....''
''ဟင်.... ပင်ပန်းတာနဲ့ ရတဲ့လခနဲ့ မကာမိပါဘူး။ ဟေ့-ဒီမှာ ချစ်ချစ်ကိုယ်နဲ့ လိုက်နေမလား....''
''ဘယ်ကိုလဲ၊ မော်လမြိုင်ကိုလား''
''ဒါပေါ့ကွ-ကိုယ့်အကိုတယောက် ကစတိုးဖွင့်ထားတယ်-အဲဒီ မှာ ထိုင်ပေါ့ကွစာရင်းကိုင် လိုနေတာနဲ့ အတော် ဘဲ....မင်းလဲပိုက်ဆံပေါပေါ သုံးရတာ ပေါ့....မင်း ရန်ကုန်မှာ လုပ်နေလို့ တလနဲ့တလ အလျင်မှမမှီဘဲ။ ဟိုမှာ ဆို....ကိုယ်နဲ့အတူ ကိုယ်ဝတ်ရင် ဝတ်ချင်း-စားရင်စားချင်းပေါ့ကွာ- ကျောင်းမှာ နေခဲ့တုန်းကလို လွတ်လွတ်လပ်လပ်''
မမြချစ်သည် ဘာမျှပြန်မပြောဘဲငေးနေလေ၏ ။
''ဟေ့-ဘာလဲ၊ အိမ်အတွက် စဉ်းစားနေတာလား....''
''အင်း....ဆိုပါတော့....''
''အော်....ဒါထက်- မမြနှစ် ကြီးတယောက် ကော- ကျောင်းဆရာမ ဘဲလား....''
''ဟုတ်တယ်....''
''အို-သူရှိနေသားဘဲကွာ-၊ ဘာပူစရာရှိလို့လဲ.... ဟိုကနေပြီး ငွေပို့ချင် ပို့ပေါ့ကွာ-၊ မင်း ဒီမှာ လုပ်ရတာ ပင်ပန်းတယ်-''
''ဒါပေမယ့်- မမနှစ် စိတ်က တမျိုးကွဲ့။ သူဘာပြောအုံးမလဲ မသိဘူး''
''အမယ်လေးကွယ်- အတူတူ ပူးနေပြီး- ဘိုင်ကျနေတာထက်တော့....တကွဲတပြားနေပြီး ထောက်ပံ့နေရတာ မကောင်းဘူးလား....''
မမြချစ်သည် ဘာမျှပြန်မပြောဘဲငေးနေလေ၏ ။
''အေးလေ- ချစ်ချစ်- အမကြီးကိုပြောပါအုံး၊လိုက်နိုင်မယ်ဆိုရင်တော့ကိုယ်တို့ သိပ်ပျော်စရာကောင်းမှာ ဘဲ-။ကဲ- အမိလိုချင်တယ်ဆိုတဲ့လုံချည် ဝယ်ကြစို့။ ဆင်တူပေါ့-ဟုတ်လား။ အေးကွာ- ကျောင်းမှာ တုန်းက နေခဲ့သလိုနေချင်သေးတော့....''
ထိုအချိန်တွင် ကောလိပ်ကျောင်းသား ကိုစောလွင်မှာ မမြနှစ် ကျောင်းလွှတ်ချိန် ဖြစ်သဖြင့် မြို့မကျောင်းဝ၌ စောင့်နေလျက်ရှိလေသည်။ ခါတိုင်းဆိုပါက စနေနေ့တွင် အတန်းဆင်းချိန်စောသဖြင့် ရုပ်ရှင်ရုံများ ဆီသို့ သွားရောက် ကြည့်ရှုလေ့ ရှိသော်လည်းဤစနေနေ့တွင် မူ မြှုံးပေါက်မှ ငါးစောင့်နေသည့် ဗျိုင်းအောက်ပမာ၊မမြနှစ် ထွက်အလာကို စောင့်မျှော်၍ နေမိလေ၏ ။
မကြာမီ ကျောင်းသားကျောင်းသူများ အသီးသီးထွက်လာကြလေသည်။ထိုနောက်တွင် မှ နံ့သာရောင် ပိုးအင်္ကျီနှင့် အဝါနုပေါ်တွင် အစိမ်းရောင် အတန်းကလေးများ ဖြတ်သန်းထားသည့် မန္တလေးလုံချည်တို့ ဆင်ယင်ထားသော မမြနှစ် ၏ ညိုနွဲ့သော ရုပ်သွင်အားမြင်ရလေတော့သည်။ နှစ် ယောက် သားမျက်နှာချင်း ဆိုင်မိသော အခါ တွင် သူတို့၏ မျက်လုံးအရောင် များ တောက်ပြောင်၍ လာကာ မျက်နှာတို့သည်ထိန်လင်းလျက်ရှိလေ၏ ။
လမ်းမတော် တလျှောက်နှစ် ယောက် သား ယှဉ်တွဲ ၍ လျှောက်လာကြသော်လည်း စကား တခွန်းမျှ မပြောကြ။လမ်းမတော် ဘူတာသို့ ရောက်သည့်တိုင်အောင် တိတ်ဆိတ်လျက်ပင် ရှိကြလေသည်။ စင်စစ် စကားပြောခြင်းဖြင့် တယောက် ၏ အချစ်ကို တယောက် သို့ ပို့ဆောင်သယ်ယူနိုင်သည် မဟုတ်။တုတ်တုတ်မျှမလှုပ်ဘဲ-- ဝမ်းထဲတွင် ကြိတ်မှိတ်ကာ တိတ်ဆိတ်စွာ နေခြင်းသည်ပင်လျှင် စင်ကြယ်သော အချစ်စိတ်ထားကို ထင်ရှားစွာ သိသာနိုင်ပေရာသူတို့၏ တိတ်ဆိတ်စွာ နေခြင်းမှာ ....
စကားအခွန်းပေါင်း သော င်းသိန်းမကအဘိုးတန်လှပေသည်။
''ဘာ ဖြစ်လို့လဲ.... ကိုလွင်၊ တိတ်ချက်သား ကောင်းလှချည့်လား....''
''ဟင်.... အနှစ် ကမှ ဘာမှမပြောဘဲ။ ကို- ဘယ့်နဲ့လုပ်ပြောရမလဲ....''
''အို- ဖြစ်မှ ဖြစ်ရတယ် ကိုလွင်ရယ်ဒီမှာ ဖြင့် တနေ့လုံး စာသင်ရတာ နဲ့မောနေပြီ။ ဆရာမ -ဆရာမ ဆိုပေမယ့်သက်သာတဲ့အလုပ်မဟုတ်ဘူး။ စာသင်နေတုန်းသာ စိတ်ဝင်စားနေလို့ ပင်ပန်းရမှန်းမသိပေမယ့်-ကျောင်းလွှတ်လိုက်လို့ အလုပ်ပြီးသွားတယ်ဆိုရင်ဘဲ....ရင်ထဲမှာ ဟာတာတာနဲ့ မောသလိုလို ဖြစ်ပြီး နုန်းနေတာဘဲ။ ဒါပေမယ့်....ခုလို-ကိုလွင်လာကြိုနေတာကို မမြှော်လင့်ဘဲတွေ့ ရတော့ မောတာတွေ ....ဘာတွေ သတိမရတဲ့အပြင် ဘာပြောရကောင်းမယ်ဆိုတာကိုတောင် မသိလို့ခက်နေတာ....''
သာယာဖြေးညှင်းစွာ တခွန်းချင်းထွက်ပေါ်လာသည့် မမြနှစ် ၏ စကားသံတို့ကား သီချင်းကြီး သီချင်းခံတို့အား တံတျာ ထပ်လောင်း၍ နတ်စောင်းညှင်းညှိသံပမာ ကိုစောလွင်၏ နားတွင်းသို့ ချိုအေး သာယာစွာ ဝင်ရောက်၍ လာလေ၏ ။
''ဒါကြောင့် မို့-ကိုလဲ--ကြံထားပါတယ်။ နောင်နှစ် ခါ ဘီအေအောင်လို့ကျောင်းကထွက်ရင် ဘာအလုပ်ဘဲ ဖြစ် ဖြစ် အလုပ်တခုခုမှာ ဝင်လုပ်ပီးအနှစ် နဲ့ မင်္ဂလာဆောင်မယ်-- အနှစ် ကို ဒီလို ပင်ပန်းတဲ့အလုပ်က ထွက်ခိုင်းမယ်.... ဒီအချိန် ထိအောင်တော့အတော် သည်းခံပီး စောင့်နေရမှာ ဘဲ''
ကိုစောလွင်၏ ကြည်နူး ဘွယ်ရာအနာဂတ်ရေး ကို မြှော်တွေးသည့်စကားကြောင့် မမြနှစ် သည် အားတက်မိလေ၏ ။
''ဒါပေမယ့်-အနှစ် မှာ ညီမလေးနဲ့မေမေ့ တာဝန်က ရှိသေးတယ်။ကိုလွင်နဲ့ ယူတယ် ဆိုပေမယ့် ဆရာမ အလုပ် ကတော့ ထွက်လို့ ဖြစ်မယ်မထင်ဘူး....''
''အို.... ကိစ္စမရှိပါဘူး အနှစ် ရာ၊အနှစ် တို့ တအိမ်သားလုံး ကို့တာဝန်ထား။ ကို့အလုပ်က လခနဲ့မလောက်ရင် ဘာသာပြန် ဝတ္ထုတွေ ဘာတွေ ရေး မယ်.... မကောင်းဘူးလား....''
''အို....ကိုလွင်-ဒီလို စိတ်ထားပြီးပင်ပင်ပန်းပန်း လုပ်လို့ ဘယ် ဖြစ်မလဲအနှစ် ဟာ ကိုလွင့်အတွက် ဆိုရင်အသက်ရော ခန္ဓာကိုယ်ပါ လိုရာသုံးဘို့အပ်နှင်းမယ့်သူပါ။ ဒါကြောင့် ....သေးဖွဲတဲ့ ကိစ္စကလေးတွေ မှာ ကိုလွင်ရဲ့ အချစ်ကို အလွဲသုံးစား မလုပ်ရက်ပါဘူး။ အနှစ် နဲ့ကိုလွင်နဲ့ အတူတူ နေကြရရင်လေ ကိုလွင်ရဲ့ ရည်ရွယ်ချက်ကိုကိုလွင်ရဲ့ နေရေး - အို- ကုန်ကုန်ပြောမယ်၊ ပိုလွန်းတယ်ဆိုရင်လဲ ဆိုတော့။ကိုလွင်နဲ့ ပတ်သက်လာရင် ဘာမဆိုလိုသေးတယ် မရှိရအောင် ဖန်တီးဘို့ကြံပြီးသားပါ''
ဘူတာရုံနှင့် မနီးမဝေး ပလက်ဖောင်းပေါ်တွင် ဖြစ်၍ သာ တော် တော့သည်။ တိရစ္ဆာန်ရုံ အတွင်း၊ဥယျာဉ်တခု အတွင်း၌ သာ မမြနှစ် ထိုစကားမျိုး ပြောလာပါက ဤမျှလိမ္မာရေး ခြား စကားချေငံလှသည့်မမြနှစ် အား ကိုစောလွင်သည် ယုယပိုက်ထွေးမိမည် ကား သေချာ လှပေသည်။
''ဒီလိုကြားရတာ - သိပ် ဝမ်းသာတာဘဲ အနှစ် ရာ၊ ကို- အခု ကြိုးစားနေတာတွေ ဟာလဲ ကောလိပ်ကျောင်းထွက် ဘီအေ- အမ်အေ-ဆိုတဲ့ ဂုဏ်တွေ ကို လိုချင်လို့ မဟုတ်ပါဘူးကွယ်။ အားလုံး အနှစ် အတွက်ချည်းဘဲ။ အခု ကြိုးစားသမျှတွေ ဟာ နောင်တနေ့ အနှစ် နဲ့ အတူနေရတဲ့ အခါကျရင် လူ့လောက အလယ်မှာ အနှစ် ရောကိုပါ တင့်တင့် တယ်တယ်ထယ်ထယ်ဝါဝါ ဖြစ်စေပြီး- အနှစ် ရဲ့ စိတ်ချမ်းသာမှု ကို ဖန်တီးနိုင်တဲ့ယောက်ျားတယောက် ဖြစ်ရစေမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါကွယ်။ ဆိုလိုတာ ကတော့ အနှစ် အတွက် ဆိုရင်ဘာမဆို ကိုလွင် လုပ်မယ်။ အနှစ် စိတ်ချမ်းသာဘို့ဆိုရင် ဘယ့်လောက်ပင်ပန်းတဲ့ အလုပ်မဆို ကို လုပ်မယ်။ခုနက ကိုပြောခဲ့တဲ့ ဘာသာပြန်စာအုပ်တွေ ရေး မယ်ဆိုတာက ကိုတို့အဖို့မှာ ငွေဝင် ကောင်းလေလေ၊ အနှစ် တို့အိမ်သားတွေ အတွက် သက်သာချောင်ချိလေလေ ဆိုသလို ဖြစ်အောင် ကြံတဲ့အကြံပါ''
မြေပိုင်ရှင် တဦး၏ သားအ ဖြစ်ပေါက်ဖွားလာခဲ့သဖြင့် လောက၏ ဆင်းရဲမှု စာတွေ့ မှတပါး နားမလည်ခဲ့သူတဦးက မိမိ၏ ကောင်းစားရေး ကို မြှော်တွေးကြံဆလျက် နေပြီ ဖြစ်ရာကိုစောလွင်၏ အချစ်ကို တွေးတောမိသည့် မမြနှစ် မှာ မည် သို့ ပြန်ကြားပြောဆိုရမည် ကို မသိတော့ဘဲ မျက်ရည်များ ပင် လည်လာမိလေသည်။
''ကို့စိတ်ထဲမှာ လေ အနှစ် နဲ့အခုလို နှစ် ယောက် ချင်း စကားပြောနေရရင် သိပ်ပြီးပျော်တာဘဲ၊ ခွန်အားသစ်တွေ လဲ တိုးလာသလိုဘဲ၊ ဒါကြောင့် အနှစ် နဲ့ ခဏခဏ နှစ် ယောက် ချင်းတွေ့ ချင်တယ်လို့ ပြောခဲ့တာပေါ့''
ကိုစောလွင်သည် စကားကို အဆုံးသတ်လိုက်လေ၏ ။
''အင်း-အနှစ် လဲ ဒီလိုဘဲနှစ် ယောက် ထဲ အမြဲနေချင်တာပေါ့။ ဒါပေမယ့် အခုလို နှစ် ယောက် ထဲ စကားပြောတာကိုလူတိုင်းလူတိုင်းက ခွင့်လွှတ်နိုင်တဲ့နေ့အထိတော့ ဒီလိုဘဲ သည်းခံနေရတော့မှာ ပေါ့။ အခု.... ကိုလွင်နဲ့ အနှစ် နဲ့အကြောင်းကို မေမေ့ရော- ညီမလေးတွေ ကိုရော ပြောပြရသေးတာ မဟုတ်ဘူး။ ဟော-ပြောဆို စေ့စပ်ပြီးတဲ့နေ့ကျတော့ ဘယ်သူ့ရှေ့မှာ မဆို ကိုယ်ပြောချင်ရာပြောပြီး နေနိုင်တာပေါ့''
မမြနှစ် သည် ကိုစောလွင်၏ မျက်နှာကို သေချာစွာ ကြည့်လိုက်ပြီး....
''အနှစ် ကိုတော့ ကိုလွင် ယုံစေ့ချင်တယ်။ အနှစ် ကိုလွင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုလွင် တနေ့ သိမှာ ပါဘဲ။ ဟို....ကိုလွင်တို့ဆီပြောင်းလာစကတဲက ကိုလွင်ရဲ့ သိက္ခာကို လေးစားတယ်။ ကိုလွင်ရဲ့ စေတနာကို ကြည်ဖြူတယ်၊ သဘောထားကို အားရတယ်။ကိုလွင်ဆီက စာလာတော့ ကိုလွင်ဟာငြင်းထိုက်တဲ့ လူမဟုတ်ဘူး ဆိုတာသိလို့ လက်ခံခဲ့တယ်။ နောက်ပြီး အနှစ် တို့ရဲ့ အချစ်စစ်အချစ်မှန်တွေ ကို ဘယ်ကံတရားကမှလဲ ဖျက်ဆီးလို့ ရမှာ မဟုတ်ပါဘူး။ စင်ကြယ်တဲ့ အချစ်ရေစင်ဟာ အနှစ် တို့အဖို့ သာယာမှု ကိုဖန်တီးနိုင်လိမ့်မယ် လို့လဲ ယုံကြည်တယ်''
အချစ်စစ် အချစ်မှန်၊ စင်ကြယ်တဲ့အချစ် စသော မမြနှစ် ၏ စကားလုံးတို့ကား ကိုစောလွင်၏ စိတ်နှလုံးကိုချောက်ချား စေတော့သည်။
ကိုစောလွင်၏ ဘခင် ဦးကျော်ဒင်၏ ခြံဝင်းသို့ မမြနှစ် တို့ ပြောင်းရွှေ့လာစကပင် ကိုစောလွင်သည် မမြနှစ် ၏ ညိုနွဲ့နွဲ့ရူပါရုံ ရေယဉ်ကြောဝယ်နစ်မျောမိခဲ့၏ ။ ညီအမ သုံးယောက် အနက် မမြနှစ် နှင့် သာ မကြာမကြာဆုံတွေ့  ရသည်သာ မက၊ မမြနှစ် ၏ စာပေလိုက်စားပုံ၊ ဗဟုသုတ စုဆောင်းပုံများ ကို သိရသော အခါ သာ၍ ပင်လေးစားခင်တွယ်မိခဲ့၏ ။ ဝါသနာတူပညာရှင်- အယဉ်တကာ့ထွဋ်ချာအလိမ္မာအိုး မမြနှစ် အား လေးစားခြင်း၊ သနားခြင်း၊ ကြည်ဖြူခြင်း၊ ခင်တွယ်ခြင်း တို့ ရောပြွမ်းအပ်သော အချစ်ဖြင့် ချစ်ခဲ့သည်ဟု ဆိုစေကာမူယခုကဲ့သို့ နီးကပ်စွာ နေရသည့်အခါ၌ အဖို-အမ သဘာဝ လှုံ့ဆော်မှု တွင် သာယာကြည်နူးမိရာ၊ မိမိ အချစ်မှာ မမြနှစ် ပြောသကဲ့သို့ စင်ကြယ်သော အချစ်မှ ဟုတ်ပါလေစဟုတွေးမိသဖြင့် ကိုစောလွင်မှာ ဤသို့ ချောက်ချားမိခြင်း ဖြစ်လေသည်။
''ဟော....ကိုလွင်၊ ရထားတောင်လာနေပြီ''
ပကတိ ချိုသာလှသဖြင့် မမြနှစ် ၏ အသံသည် ကိုစောလွင်၏ အတွေးအား အဝေးသို့ လွင့်စင်စေခဲ့ပေပြီ။
''ဟင်.... သမီး၊ ဒီနေ့တော့ပြန်လာတာ စောလှချည်လား....''
ဒေါ်နှင်းဝေသည် ခါတိုင်းနေ့များ ကဲ့သို့ မိုးချုပ်ခြင်းမရှိဘဲ၊ စောစောပြန်ရောက်လာသည့် မမြချစ်အား ဆီးကြိုနှုတ်ဆက်လေ၏ ။
''ဟုတ်ကဲ့....၊ ဒီနေ့ မေမေ့ကိုပြောစရာရှိလို့၊ တမင် စောစော ပြန်လာတာ မေမေ''
မမြချစ်သည် အင်္ကျီနှင့် ထမီတို့ကိုပင် မလဲလှယ်တော့ဘဲ လက်တွင် အထုပ်တခုကို ကိုင်ကာ ဒေါ်နှင်းဝေအနီးသို့ ဝင်၍ ကပ်ပြီးမှ....
''ဒီနေ့လေ.... ချစ်ချစ် ကျောင်းနေဖက် သူငယ်ချင်း- မော်လမြိုင်ကမော်လီဆိုတာနဲ့ တွေ့ ခဲ့တယ်။ ချစ်ချစ် အခုလို စာတိုက်ကြီးမှာ အလုပ်လုပ်နေတယ်ဆိုတာသိတော့- ပင်ပန်းတယ်တဲ့။ သူနဲ့အတူလိုက်ပြီးတော့သူတို့အကို ဖွင့်ထားတဲ့စတိုးမှာ လုပ်ရအောင်တဲ့။ အဲဟိုမှာ ဆိုရင် လခလဲကောင်းတယ်တဲ့။ နောက်ပီး-သူကလဲချစ်ချစ်နဲ့ အတူနေချင်သတဲ့။ သူနဲ့အတူလုပ်တဲ့ အရင်စာရေး မကလဲအိမ်ထောင် ကျသွားလို့ လူလိုနေသတဲ့။ အဲဒါ.... မေမေ ဘယ့်နှယ်သဘောရသလဲလို့ လာမေးတာ...ပြန်ချင်တဲ့အခါ ပြန်လာနိုင်ပါတယ်တဲ့....''
''ဟိုတုန်းက- သမီးနဲ့ အတူတူအိမ်လိုက်လိုက်လာတဲ့- မော်လီမဟုတ်လား....။အခု သူတို့က မော်လမြိုင်မှာ ကိုး။ တကယ်ဆိုတော့အမေ့စိတ်ထဲမှာ သမီး ဒီလို ပင်ပင်ပန်းပန်း လုပ်နေတာကို ဘယ်ကြည့်ရက်နိုင်ပါ့မလဲ....။ အခုလို သက်သက် သာသာနဲ့ နေရမယ့်နေရာမျိုးကို သမီးသွားချင်တယ်ဆိုရင်....မေမေ ကတော့ စိတ်ချပြီးသားပါကွယ်....သွားနိုင်ပါတယ်.... ဒါပေမယ့်....''
ဒေါ်နှင်းဝေ၏ စကားမဆုံးမီမမြချစ်သည် ဝမ်းသာ အားရစွာ ဒေါ်နှင်းဝေ၏ ခါးကို- ဖက်လိုက်ကာ''မေမေရာ.... စိတ်ချပါ....''ဟုပြောပြီး၊ ထခုန်တော့မတတ် ဖြစ်နေလေ၏ ။
''ဒါပေမယ့်.... အို-ဒီလို ကမျောသော ပါး လုပ်လို့ မပြီးဘူး။ ချစ်ချစ်ဟာ အမကြီးကိုလဲ တိုင်ပင်ပါအုံး''
''ဟင်.... မမနှစ် ကို ပြောရအုံးမယ်....''
မမြချစ်၏ မကြည်လင်သော အသံကို အနားတွင် ထိုင်ကာ အစအဆုံးနားထောင်နေသူ မမြသစ်မှာ ကောင်းစွာ ကြားလိုက်ရလေသည်။အတော် ကြာသော အခါ မမြနှစ် ပြန်လာလေတော့သည်။
''ကဲ- မမကြီး၊ တနေ့လုံး ပင်ပန်းလာတာ ရေချိုးကြစို့လား....''
မမြသစ်သည် ပြန်လာခဲ့သည်မှာ ယခုအထိ တိတ်ဆိတ်စွာ အမောဖြေနေခဲ့သူ မမြနှစ် အား ရေချိုးရန်တိုက်တွန်းခဲ့သည်သာမက၊ ရေချိုးခန်းသို့ ပင် အတူတွဲ၍ ရေချိုးရန် လိုက်ပါလာခဲ့လေတော့သည်။ ရေချိုးခန်းအတွင်းသို့ ရောက်ခဲ့ကာ မမြနှစ် ၏ ရေလောင်းပေးခြင်းကို ခံယူနေရာမှမမြသစ်သည် စကား စ, လေသည်။
''မမကြီး.... ဒီနေ့လေ- မမချစ်ရယ်.... အစောကြီးပြန်လာပြီး မေ မေ့ကိုပြောနေတယ်။ မော်လမြိုင်ကသူ့သူငယ်ချင်း မော်လီဆိုတာနဲ့-ဒီနေ့တွေ့ ခဲ့သတဲ့။ အဲဒါ မော်လီကမမချစ် စာတိုက်မှာ လုပ်တာ ပင်ပန်း ပြီးလခနဲလို့တဲ့။ သူတို့ မော်လမြိုင် ကသူ့အကို ဖွင့်ထားတဲ့ စတိုးမှာ အတူအလုပ်လုပ်ရအောင်.... လိုက်ခဲ့ပါဆိုလို့ လိုက်သွားချင်တယ်တဲ့။မေမေက ကောင်းသားဘဲ ဆိုတာနဲ့အခု အခန်းထဲမှာ ....အင်္ကျီတွေ ထမီတွေ ခေါက်နေတယ်။။ နောက် သုံးရက်နေရင် သွားမယ်တဲ့--''
ထိုစကားတို့ကို ကြားရသည့်အခါ မမြနှစ် မှာ မိမိ၏ အိမ်သားတစု၏ အရေး ကို မတွေးဘဲ- မိမိတကိုယ်ကောင်းအတွက် အိမ်မှထွက်ရန်ကြံသည့် မမြချစ်၏ စိတ်ထားအတွက် အစဉ်းစားရ ခက်မိလေ၏ ။ယခုတလော မမြချစ်၏ စိတ် လှုပ်ရှားပြောင်းလဲနေပုံကို အကဲခတ်မိသော်လည်း မိမိကိုယ်တိုင် ကိုစောလွင်၏ အချစ်ရေး ဖြင့် လုံးထွေး ရစ်ပတ်ခြင်း ခံနေရသော ကြောင့် ညီမများ ကိုပင် ဂရုမစိုက်နိုင်ခဲ့ခြင်းအတွက် မိမိကိုယ်ကို အပြစ်တင်မိလေသည်။
ထို့ကြောင့် -မမြသစ်အား မည် သို့ မျှ ပြန်မပြောဘဲနေကာ ရေကိုသာလောင်း၍ ချိုးနေလေ၏ ။ ထိုအခိုက်-ဇက်ကို ကိုင်စမ်း နေသော မမြသစ်သည်
''ဟင်....မမကြီး၊ ဇက်ကြောတွေ ကလဲ တင်းလိုက်တာ--၊ သစ်သစ်နှိပ်ပေးမယ်'' ဟု ပြောလိုက်ရာ--
''အောင်မယ် သစ်သစ် နှိပ်တတ်လို့လား''
''တတ်လို့ရယ်တော့ ဘယ်ဟုတ်မလဲ မမကြီးရဲ့ ။ မေမေ ပြောပြ သင်ပြထားတာတွေ မှတ်ထားပီး၊ မမကြီးဇက်ညောင်းပြေပါစေလို့- နှိပ်ပေးမယ်ပြောတာ--''
မမြနှစ် သည် မမြသစ်၏ စကားကြောင့် ရင်ထဲတွင် နင့်ကနဲ ဖြစ်သွားလေ၏ ။
''နောက်ပီး- သစ်သစ်လေ....၊အနင်းအနှိပ် တတ်ချင်တယ်။ တကယ်ဆိုတော့ တယောတို့ ဘာတို့က လူချမ်းသာတွေ အတွက်သာ ဖြေဖျော်နိုင်မှာ ....။ ဆင်းရဲပြီး အလုပ်ပင်ပန်းတဲ့လူတွေ ကျတော့ နင်းနှိပ်ပေးမှကောင်းတာ။ ဒီတော့မှ- မျက်စိမမြင်ပေမယ့်-- လူတိုင်းက ခင်မင်မယ်မဟုတ်လား....''
''အို....သစ်သစ်....။ ဘာတွေ ပြောနေတာလဲ ခလေးရယ်...။ ဒီလိုအားငယ် စရာတွေ မပြောစမ်းပါနဲ့ကွယ်။ မမကြီးပြောခဲ့ဘီ မဟုတ်လား။မမကြီး တသက်မှာ - ညီမလေးနဲ့ဘယ်တော့မှ မခွဲဘူး။ ညီမလေး စိတ်ချမ်းသာအောင် ဘာမဆို ဖန်တီးမယ်....။အခု ညီမလေးမျက်စိတောင်မွေးကတဲက မမြင်တဲ့ ဝမ်းတွင်းပါမို့....ကုမရလို့နေရတာ ....။ ကုလို့များ ရမယ်ဆိုရင်လေ.... မမကြီး ကိုယ်ကို ရောင်းပြီး ကုမယ်....။ ဒါတွေ တွေးပြီး- ဝမ်းမနဲပါနဲ့ကွယ်....''
မမြနှစ် သည် ပြောပြောဆိုဆို--မမြသစ်၏ နဖူးပြင်အား နမ်းရှုံ့လေ၏ ။
ညီမနှစ် ယောက် ရှိသည့် အနက်တယောက် မှာ အိမ်မှထွက်ခွာရန် ကြံနေကာ၊ ကျန်တယောက် မှာ မူ.... လူတကာနှင့် ဝင်ဆန့်အောင် ကြံဆောင်နေ၏ ။ သူတို့တတွေ ဤသို့ ကြံဆောင်နေကြခြင်း၏ - အကြောင်းမှာ ....
အိမ်ထောင်၏ မပြည့်စုံမှု ကြောင့် မဟုတ်ပါလော။ ထိုသို့ မပြည့်စုံခြင်းမှာ လည်း အမကြီး ဖြစ်သော မိမိ၏ တာဝန် မကျြေ>ွပန်ခြင်း၊ ပြည့်စုံအောင်မဆောင်ရွက်နိုင်ခြင်း ကြောင့် လားဤသို့ ကြံကြသည်ဟု တွေးမိသည့်အခါတွင် မမြနှစ် မှာ စိတ်မချမ်းမသာ ဖြစ်မိပြန်လေသည်။
ရေချိုးပြီး၍ ညစာထမင်းပွဲ ပြင်တော့မှ ဒေါ်နှင်းဝေသည် မမြချစ်၏ စကားကို ဖောက်သည် ချလေ၏ ။မမြနှစ် ထံမှ မည် သို့ သော အဖြေထွက်လာလိမ့်မည် နည်းဟု-- မမြချစ်သည်နားစွင့်၍ နေစဉ်....မမြနှစ် က....သိပြီးပါဘီ.... မေမေ၊ မေမေ သဘောတူရင်တော့.... အနှစ် ဘာမှမပြောလိုပါဘူး။ ဒါပေမယ့်- အနှစ် စိတ်ထဲ ကတော့..... တယ်မကောင်းဘူး....''ဟု ပြောလိုက်ရာ၊ မမြချစ်မှာ ချက်ချင်း ပင်....
''ဒါဖြင့် .... မမနှစ် သဘောမတူဘူးပေါ့။ ဟုတ်လား....'' ဟု မေးလိုက်ကာ၊ နှုတ်ခမ်း စူထားလေ၏ ။''သဘောမတုဘူးလို့ မဆိုလိုပါဘူး၊ ချစ်ချစ် စဉ်းစားကြည့်စမ်း....အခုလုပ်နေတဲ့ အလုပ်ဟာ.... အခုနေပင်ပန်းပေမယ့်လဲ.... နောင်- စာတိုက်ဗိုလ်တို့ ဘာတို့ ဖြစ်နိုင်တဲ့အထိတက်လမ်းရှိတယ် မဟုတ်လား။
ကုမ္ပဏီမှာ စာရေး လုပ်တယ်ဆိုတာကဘယ်တော့မှ စာရေး ဘဝက မတက်နိုင်ဘူး။ မော်လီတို့က ဘယ့်လောက်ခင်တယ်ဆိုပေမယ့်.... မမ အဖို့မှာ တော့- ချစ်ချစ်တခြားသွားနေတာကိုနဲနဲမှ စိတ်မချဘူး။ ဘာဘဲ ပြောပြောနေ့ခင်းအလုပ်ထွက်လုပ်လိုက်ကြ၊ ညကျရင် ညီအမတတွေ စုပြီး-ရယ်လိုက်မောလိုက် ပျော်ပျော်ပါးပါး နေရတာ မကောင်းဘူးလား။ မမ စိတ်ထဲမှာ ချစ်ချစ်ကို တသက်လုံး အလုပ်လုပ်ခိုင်းမှာ မှ မဟုတ်ဘဲ။ မမကြီးကျောင်း တကျောင်းကျောင်းမှာ ကျောင်းအုပ်ကြီး ဖြစ်အောင် ကြိုးစားနေတယ်။ ကျောင်းအုပ်ကြီး ဖြစ်လို့လခ ကောင်းလာရင် ချစ်ချစ်တို့ကိုအိမ်မှာ ဘဲ အေးအေး ထားမယ်....။မေမေလဲ အိုလှပြီ။ ဒါကြောင့် မို့ ဒီအိမ်ကခွာပြီး တခြားကို သွားမယ်ဆိုတဲ့ဝမ်းနည်းစရာတွေ ပြောမနေဘဲ၊ အိမ် မှာ ဘဲနေပါလားကွယ်။ ဘယ်သူဘဲ ဖြစ် ဖြစ်ဘယ်နေရာဟာ ဘယ့်လောက်ကောင်းတယ်ဆိုဆို၊ ကိုယ့်အိမ်ထက်မသာပါဘူးကွယ်။ ဟုတ်လား.... ချစ်ချစ်၊ စဉ်းစားစမ်းပါ ညီမရယ်....''''အို....သိပါတယ်.... မမရယ်။ချစ်သိပါတယ်။ မမနှစ် က ချစ်ချစ် လုပ်တာ ပြောတာဆိုရင် ဘယ်တော့မှအကောင်းထင်တာ မဟုတ်ဘဲ။တော် ပါဘီ။ နောက်များ ကိစ္စရှိရင်ဘယ်သူ့မှ မတိုင်ပင်တော့ဘူး။ ချစ်ချစ် ခလေးလေး မဟုတ်ပါဘူး။ မမရယ်....။ကိုယ့်အကြောင်း ကိုသိပါတယ်....''
မမြချစ်သည် ပြောပြောဆိုဆိုထမင်းစားပွဲမှ ထလေရာ၊ အနားတွင် ထိုင်နေသည့် မမြသစ်က ''အို.... မမချစ်ကလဲ.... မမကြီးက အကောင်းပြောတဲ့ဥစ္စာ....''ဟု ပြောသည့်တိုင်မမြချစ်ကား ဂရုမထားချေ။
''ဟင်.... ချစ်ချစ်--ဒါ- စိတ်ဆိုးစရာ မဟုတ်ပါဘူးကွယ်။ ချစ်ချစ်ရဲ့ ဆန္ဒကို မမနှစ် မတားဆီးရသေးပါလားကွယ်။ ချစ်ချစ်စဉ်းစားဘို့ ပြောတာ။ ချစ်ချစ် ဒီလောက် သွားချင်ရင်သွားနိုင်ပါတယ်။ ဟိုမှာ က ဒီအိမ်ထက်သာမယ် ထင်ရင်လဲ သွားပေါ့။ဒါပေမယ့်.... ဘာမဆို စဉ်းစားပြီးမှဆုံးဖြတ်တတ်အောင် ပြောပြတာပါ....''
''ချစ်ချစ်လဲ အများ ကြီး စဉ်းစားပြီးမှ ဆုံးဖြတ်တာပါ။ အရမ်းမလုပ်ပါဘူး....''
''အေးလေ.... ချစ်ချစ် ဒီလို စဉ်းစားပြီးမှ ဆုံးဖြတ်တာဆိုရင်တော့....ကဲ-- ချစ်ချစ်သဘောပေါ့ကွယ်။ မမတာဝန်ကုန်ဘီ....''
ဤတွင် မှ ဒေါ်နှင်းဝေမှာ မနေသာတော့ဘဲ....'' သွားပါစေ- သမီးရယ်....။ သူ စိတ်ချမ်းသာရင် ကျေနပ်တာဘဲ။ တို့အတွက် မပူပါနဲ့ကွယ်''ဟုဝင်ပြောလေတော့သည်။''ဒါပေမယ့် တခုတော့ မှာ လိုက်ပါရစေ ညီမရယ်--။ တကယ်လို့ ဟိုမှာ နေတုန်း ချစ်ချစ်ကိုယ်တိုင် မဆုံးဖြတ်မဝေခွဲနိုင်တဲ့ ကိစ္စတွေ ပေါ်လာရင်မမကြီးကို လာတိုင်ပင်ဘို့ မမေ့နဲ့နော်....။ ဟုတ်လား- ဒါဘဲ....''
ထိုနေ့ညတွင် မမြနှစ် မှာ တော် တော် နှင့် အိပ်မပျော် နိုင်တော့ရှာ။ငယ်စဉ်ကပင် ကပြားမ ကလေးတွေ နှင့် ပေါင်းကာ ရဲတင်း ဖျတ်လတ်၍ ခေတ်ဆန်လွန်းသည့် မမြချစ်အားတစောင်းလှည့်၍ ကြည့်နေမိ၏ ။ အလှပြင်မှု တွင် မရောင့် ရဲ နိုင်ခဲ့သည့် မမြ ချစ်၊အပျော်အပါးတွင် စိတ်ဝင်စား သည့်မမြချစ်။ ဆင်းရဲဒုက္ခကို မခံလို သည့်မမြချစ်။ သူကား အသက် ၁၉နှင့် မျှသာရှိသေးရာ ထိုမျှအသက် အရွယ်တွင် မဆိုစလောက်သော ဗဟုသုတအတွေ့ အကြုံကလေးနှင့် ရပ်ဝေးတရွာသို့ ခွဲခွာသွားရန် ကြံနေ ခြင်းမှာ ဝဠာပြင်တွင် ထင်သလို ပျံ သန်းနေသည့်ခိုကန်းကလေးနှင့် တူ နေတော့သည်ဟုစဉ်းစား မိသော အခါ.... မမြနှစ် မှာ သက်ပြင်းကိုသာ ချမိလေတော့သည်။
''အို.... မျက်စိမမြင်သည့် ခိုကလေးသည်ကား ဘယ်ဆီ ဘယ်စခန်းသို့ မျှော်မှန်း ရော်ရမ်းကာ ပျံသန်းလေဘိသနည်း။ တောအထပ်ထပ်၊ တောင်အသွယ်သွယ်- လယ်ပြင်အထွေထွေတို့ကြောင့် ၊ အဆုံးအစကိုပင် မထင်မြင် မခန့်မှန်းနိုင်သည့် လောကအလယ်ဝယ် သင်ကား ဘယ်ဌာနီသို့ ရည်ရွယ်ဘိသနည်း။ ဤတောတောင်-ရေ-မြေ ဟူသမျှ တို့သည်သင်နားလိုရာ အရပ်တွင် နားရန် ဖန်တီးလျက် ရှိသော်လည်း မိုးသက်မုန်တိုင်းကား သင့်အား သနား ညှာတာလိမ့်မည် မထင်''
တနေ့ကုန် တရက်ကြူး၍ မုတ်သုန်လေသွင်းကာ မြူးသည့် ဝါဆိုဦးသို့ တိုင်ခဲ့လေပြီ။
''ကဲ.... ဒီဝါဆိုမှာ .... ပုသိမ်ကဦးလေးတွေ သွားကန်တော့ရမယ်။ဟုတ်လား မောင်စောလွင်....'' ဟူသော ဦးကျော်ဒင်၏ အမိန့်အရ၊ဝါဆိုလ, ကျောင်းပိတ်ရက် ကျပါက၊ပုသိမ်သို့ သွားတော့မည် ဖြစ်သော ကိုစောလွင်မှာ လွန်စွာ စိတ်ပျက်နေမိ၏ ။ ဦးကျော်ဒင်၌ ကိုစောလွင်နှင့် ကိုလှခင် ဟူ၍ သားနှစ် ယောက် ရှိသော်လည်း- သားကြီး ကိုလှခင်မှာ မော်လမြိုင်မှ ဆန်စက် သူဌေး သမီးတယောက် နှင့် အိမ်ထောင်ကျနေ သဖြင့် မော်လမြိုင်တွင် ပင် နေထိုင်လျက်ရှိရကား၊ သားငယ် ကိုစောလွင်နှင့် သာ နီးကပ်စွာ နေရသဖြင့် အရာရာအလိုလိုက်ထားခဲ့ရာ- ကိုစောလွင်မှာ ယခုအခါတွင် ဦးကျော်ဒင်၏ စကားကို ပယ်ဖျက်ခြင်းငှာ မစွမ်းနိုင်ရှာ။ထို့ကြောင့် ပင် စိတ်ညစ်ညစ် ရှိတိုင်းဓာတ်စက်တွင် ဓာတ်ပြားများ ကိုမရပ်မနားဘဲ တချပ်ပြီးတချပ် ဖွင့်နေမိလေရာ တိတ်ဆိတ်လျက် ရှိသော ညခင်းမှာ ဓာတ်စက်သံဖြင့် ဆူညံလျက်ရှိလေသည်။
တိုင်ကပ်နာရီသည် ရှစ်ချက်မြည် လိုက်လေ၏ ။ အတန်ကြာသော အခါတရှပ်ရှပ်မြည် သော ခြေသံနှင့် တကွမမြနှစ် ဝင်လာလေ၏ ။
''မိုးချုပ်လိုက်တာ- အနှစ် ရာ....အခုမှ လာရသလား....''
ကိုစောလွင်သည် ခရီးရောက်မဆိုက် အပြစ်တင်လိုက် လေ၏ ။
''သစ်သစ်ကို ခေါ်တာ မလိုက်ဖူးငြင်းနေတာနဲ့ မိုးချုပ် သွားတယ်။အစောချည်း ကတည်းက လာမလို့ပါဘဲ''
''အော်.... ဖြစ်မှ ဖြစ်ရတယ်။ ဒါထက် သစ်သစ် တယောက် အခုတလော ဘာ ဖြစ်နေတာလဲ-မသိဘူး။ကိုနဲ့ ပတ်သက်လာရင် ဘုတုတုနဲ့အရင်နဲ့ကို မတူဘူး။ မေးပေမယ့်ပြောချင်မှ ပြောတယ်....''
''ဒါလား.... ဒါက-- အို ရှင်းရှင်းပြောရရင် သူ့စိတ်ထဲမှာ အနှစ် ကိုသူတယောက် ထဲဘဲ ခင်ချင်တယ်။ချစ်ချင်တယ်။ သူများ မချစ်စေချင်ဘူးဆိုတဲ့ ခလေးစိတ် မကုန် သေးလို့ပါ....''
မမြနှစ် သည် စကား အဆုံး၌ ကုလားထိုင်တွင် ထိုင်ကာ ငေး၍ နေလေ၏ ။
''ဟင်.... ဘာဆိုင်လို့လဲ....။ကိုတို့ရဲ့ အချစ်ကိစ္စဟာ-- သူတို့ နှောင့်ယှက်ဘို့မှ မဟုတ်ဘဲ။ အခုလဲ သူ့ကိုစိတ်ဒုက္ခမပေးဘူး၊ နောင်ကိုလဲ ပေးမှာ မဟုတ်တဲ့အပြင် ပိုပြုစုမှာ ကိုဘာစိုးရိမ်းစရာလိုသလဲ....''
''ဒါပေမယ့်.... သူ့ခမျာ အနှစ် ကို အားကိုးနေရှာတာ''
''အော်.... ဒါဖြင့် .... လက်စသတ်တော့ သူ့အမကြီးကို သူ များ ဘုန်းမှာ စိုးလို့ကိုး.... ''ဟု ကိုစောလွင်သည် ညည်းတွားရင်း၊ မမြနှစ် ကို သေချာစွာ ကြည့်မိလေ၏ ။ တပတ်ရှိုဆံထုံးတွင် အဖြူရောင် နှင်းဆီပွင့်ကိုပန်ကာ သနပ်ခါးရေကြဲ လိမ်းကျံထားသည့် မျက်နှာ၊ ရောင် စုံပွင့်ရိုက်အင်္ကျီနှင့် အပြာရောင် တိုဘရက်ကိုးထမီတို့ကို ဆင်မြန်းထားသည့် မမြနှစ် ၏ ကိုယ်ခန္ဓာကို ရွှန်းရွှန်းစားစားကြည့်နေရာမှ ''ဒီကဖြင့် သူ့အမကြီးကို တခါမှ သေသေချာချာ မချစ်ဘူးသေးဘဲနဲ့များ - လူကို.... လူကို....စကားမပြောဘဲနေလို့....''ဟု ပြောပြောဆိုဆို မမြနှစ် အား ရင်ခွင်သို့ ဆွဲဝင်သိမ်းပိုက်လိုက်လေ၏ ။
''အို.... ကိုလွင်.... ဒီလိုမလုပ်နဲ့ကွယ်....''
မမြနှစ် သည် ကိုယ်ကိုလှည့်၍ ရုန်းလိုက်ပြီး ''ဓာတ်စက်ဖွင့်မှာ ဖွင့်ပါ။ဓာတ်စက် နားထောင် ရအောင်သွားမယ်ဆိုပြီး ပြောလာတာ။ ဓာတ်စက်ဖွင့်သံမကြားရင် ဂွကျနေအုံး မယ်''ဟုပြောရလေ၏ ။
ဤတွင် မှ ကိုစောလွင်မှာ ကဗျာကယာ အရှက်ပြေ ဓာတ်စက်ကို ဖွင့်ရလေတော့သည်။ ဂရုဏာ မကင်းသည့်မမြနှစ် မှာ ခပ်ရွရွထိုင်နေရာမှ ''အနှစ် ကို စိတ်မဆိုးနဲ့နော်'' ဟု တောင်းပန်ပြီးမှ ''ဘာပြောမလို့ ခေါ်တာလဲ....''
''ဖားသားကြီးက ကိုကို ပုသိမ်သွားပြီး ဦးလေးတို့ကို ကန်တော့ရမယ်တဲ့။ အဲဒါပြောမလို့....''
''ကောင်းသားဘဲ။ ကျောင်းပိတ်တုန်း လယ်ရတာ ၊ ဟန်ကျတာပေါ့''
မမြနှစ် ၏ အေးဆေးလှသော အသံကြောင့် ကိုစောလွင်မှာ အံ့အားသင့်သွားပြီး ''ဒီလိုဆိုတော့ အနှစ် နဲ့ဘုရားသွားဘို့ ကြံထားတာ ဘယ် ဖြစ်တော့မလဲ.... သိပ်ခက်တယ်'' ဟုခလေးငယ်ကဲ့သို့ ပြောနေလေရာ''အို- အနှစ် လဲ ဒီလိုဘဲပေါ့။ ဒါပေမယ့် စစ်ထဲ လိုက်ရတာ မှ မဟုတ်ဘဲ။သုံးလေးရက်နေ ပြန်လာမှာ ဘဲ မဟုတ်လား''ဟု ခပ်ရွှတ်ရွှတ် ပြောလိုက်ရာကိုစောလွင်မှာ ပြုံး၍ နေရလေသည်။
အခြား မိန်းမပျိုသာ ဆိုပါကမောင်မယ်ယှဉ်တွဲ ကာ ဆင်နွှဲကြသည့်ဝါဆိုပွဲသို့ သူများ နည်းတူ သွားရန်ပူဆာမည် ဖြစ်သော်လည်း ယခုမှာ မူပူဆာဘို့ ဝေးစွ။ ရပ်ဝေးသို့ ပင် အေးအေးဆေးဆေး သွားခိုင်းနေလေရာကိုစောလွင်မှာ ပြုံး၍ သာ နေသော် လည်းစိတ်ထဲတွင် ဘာလိုလို ဖြစ်မိ လေသည်။နောက်တနေ့နံနက်မူ ကိုစောလွင်မှာ ပုသိမ်သို့ သွားရလေသည်။ မမြနှစ် ကား အိမ်အလုပ်ကိစ္စများ ကို လုပ်ရင်းဥပုသ်စောင့်ခြင်းဖြင့် သာ အချိန်ကုန်ရရှာလေသည်။ ထိုမှ မမြသစ်ကို ခေါ်ကာ ကိတ်မုံ့များ ဖြင့် ဦးကျော်ဒင်အား ကန်တော့ရန် လာပြန်လေသည်။''အို အနှစ် တို့ ညီအမ ပါလား။
အနှစ် တို့လို မိန်းခလေးမျိုးတော့ရှားပါတယ်။ တနေ့-တနေ့ ကျောင်းသွားပြီး သူများ လဲ သင်ပေးသေးတယ်။ကိုယ်ကလဲ သင်ယူသေးတယ်။ အိမ်ရောက်ပြန်တော့လဲ အိမ်အလုပ် မလစ်စေရ။ မိဘ တာဝန်ကိုလဲ ကြေပြွန်အောင်လုပ်သေး.... အင်း ဒီလို မိန်းခလေးမျိုးများ မွေးထားရရင် ဟား--ဟား-- ဘယ့်လောက် ဟန်ကျလိုက်မလဲ။ ချစ်ချစ် ကတော့ မော်လမြိုင်သွားပြီး အလုပ်လုပ်နေ။ တယ်တော် တဲ့ညီအမတွေ ။ အေး- ငယ်ငယ်ရွယ်ရွယ်မှာ ပင်ပင်ပန်းပန်း လုပ်တာဟာ မမှားဘူး။ ဒါမှ ကြီးတော့ သက်သာမယ်''
ဦးကျော်ဒင်၏ စကားသံများ ကားမမြနှစ် အဖို့တွင် ရှက်ခြင်းနှင့် ရြော>ွပမ်းသည့် ဝမ်းသာစရာ ဖြစ်စေသော် လည်းမမြသစ်မှာ နစ်မြို့ခြင်း မရှိ နိုင်ခဲ့။
ကိုလွင့်- အချစ်ဆုံး-အနှစ် ....ကိုတော့ မနေ့ကဘဲ ပုသိမ်ရောက်တယ်။ဒီကနေ့ပြန်ချင်လှပြီ။နေပါအုံး ဆိုလို့သာ နေရတယ်။နည်းနည်း လေးမှ မပျော်ဘူး။လူကြီးတွေ ဟာ ဘာမှ အလိုက် ကန်းဆိုးမသိတတ်ဘူး။ ကိုတော့ အနှစ် ကိုသိပ် လွမ်းတာဘဲ....။ အနှစ် ရောမလွမ်းဘူးလား.... ဟင်.... ဟင်...မလွမ်းဘူးလား....။
ဒီအချိန်ဆို ဘုရား ပေါ်မှာ လူတွေ ပြည့်နေမှာ ဘဲ နော်......။ကိုသာရှိရင်အနှစ် နဲ့ အတူ ဘုရားသွားပြီး ဖူးရ-ဘယ့်လောက် ပျော်စရာ ကောင်းလိုက်မလဲ- လို့ အခုတော့ မိုးကလဲ တစိမ့်စိမ့် ကိုနဲ့အနှစ် နဲ့ ဆွေးနွေးဘူးခဲ့တဲ့ နတ်ရှင်နောင်ရဲ့ မိုးဘော ရတုတခုကိုသွားသတိရမိတယ်။
''စက်ခြည်လျှံဝေ၊ ကျူးသံခြေနှင့် ၊ ရွာစေမလင်း၊ ဖြည်းလေသွင်းက၊ ရင်တွင်းငြိမ့်မျှ၊ ချမ်းစိမ့်လှ၏ ။ သိင်္ဂရည်လေး၊ ပြစ်မျိုးဝေးနှင့် ၊ ပိုက်ထွေးတူစုံ၊ ပျော်ရတုံမူ၊ မခြုံသော်မျှ၊ လုံလှတော့မည် ၊ မှတ်သည်ကိုသာ၊ ဖော်ကွာနှောင့်နှေး၊ ချစ်သူဝေးခဲ့၊ တွေး၍ ခြုံလည်း၊ မလုံချမ်းမြဲ၊ လွမ်းဆေးကြဲသည်။ သည်းထဲကိုသာ ချွေတော့သည်....''တဲ့။
မှတ်မိတယ်-မဟုတ်လား...။ကိုလဲနတ်ရှင်နောင် ရတုတွေ ထဲကဒီဟာပါမှ သုံးလေးပုဒ်လား ရတယ်၊ လာပြီး တိုက်ဆိုင်နေလို့ရေး ထည့်လိုက်တာဘဲ....။တကယ်လွမ်းလာတော့ ဘာတွေ ရေး ရမှန်းတောင် မသိတော့ဘူး.... ။အင်း.... ဘယ်တော့များ မှ တူ နှစ် ကိုယ် နီးရပါ့မလဲ.... နော်....၊ရှေ့နှစ် ဝါဆိုကျရင်တော့ အခုလိုလွမ်းရတော့မှာ မဟုတ်ဘူး ထင်ပါရဲ့။ နှစ် ယောက် သား ဘုရားတွေ ဖူး လူကြီးတွေ ကန်တော့အို.... သိပ်ပျော်မှာ ဘဲနော်....။အော်.... ဒါထက်.... ကို- ဟိုနေ့ညက စိတ်ထဲမှာ ဘယ်လို ဖြစ်သွားမှန်း မသိလို့ ဣနြေ္ဒပျက်မိတာကို စိတ်မဆိုးနဲ့ ဝေဠုမြတ်စွာ လေးရယ်၊ စိတ် မဆိုးဘူး ဆိုတာတော့ ယုံပါတယ်။ ဒါပေမယ့်....ရိုင်းတယ် ထင်မှာ စိုးလို့ တောင်းပန်တာဘဲ။
ကဲ.... ရေး စရာလဲ မရှိဘူး....။တော် ပြီ- လပြည့်ကျော် ၂- ရက်လောက် ကျရင်တော့ ပြန်ရောက်လာပါလိမ့်မယ်....။ မောင်တော် ဣန္ဒကုမ္မာဖြင့် လွမ်းလှပြီ။'အနှစ် အချစ်ဆုံးဆိုတဲ့ကိုလွင်'မမြနှစ် သည် စာကို အဆုံးအထိဖတ်ပြီးသော အခါ အသာ အယာခေါင်းညိတ်မိရာမှ သက်ပြင်း မသိမသာ ချမိလေ၏ ။ အံဆွဲတွင်းမှ စာအုပ်တခုကို ထုတ်ယူ ပြန်လေသည်။ထိုစာအုပ်ကား.... မိမိ အချစ်စခန်း၏ လမ်းစကို ဖော်ခဲ့သည့် ချစ်လက်ဆောင်စာအုပ် 'ရတနာ့ကြေးမုံ' ဝတ္ထု။သူသည် လက်တွင်းမှ စာရွက်ကိုစာအုပ်တွင်းသို့ ညှပ်လိုက်ပြီး၊ စာအုပ်ကို ယုယစွာ ပိုက်ထားမိလေ၏ ။
''မမကြီး.... ငြိမ်ချက်သားကောင်းလှချည်လား.... ဘာလုပ်နေတာလဲ''
ပြောပြောဆိုဆို- အနားသို့ မမြသစ် ကပ်လာလေရာ....၊ မမြနှစ် တွင် ရုတ်တရက် လန့်သွားပြီးမှ ''စာဖတ်နေတယ်- ညီမလေး''
''ဘာစာအုပ်လဲ- ဘာအကြောင်းလဲ....''
''ရတနာ့ကြေးမုံဆိုတဲ့ ဝတ္ထုပါ။ညီမလေးနားထောင်မလား-။ မမကြီးဖတ်ပြမယ်-''
''နားထောင်မှာ ပေါ့ မမကြီးရဲ့ ။မမကြီးဟာလေ-- ဘာမဆို အလိုက်သိပ် သိတာဘဲနော်။ ဒါကြောင့် သစ်သစ်က ချစ်တာ- သိရဲ့ လား....''
ပုသိမ်မှ ပြန်လာသော ကိုစောလွင်သည် ခြံဝင်းသို့ အဝင်တွင် အညောင်းပြေ လမ်းလျှောက်နေသော မမြသစ်နှင့် ရင်ဆိုင်တိုးမိလေ၏ ။
''ဟော.... သစ်သစ်၊ ကိုလွင်လေခုဘဲ ပုသိမ်က ပြန်လာတယ်'' ဟု ခယ်မလောင်းကလေးအား ရယ်သွမ်းသွေးလိုက်သော်လည်း မမြသစ်မှာ မူဂရုမစိုက်သည့်ပမာ ''ဟုတ်ကဲ့'' ဟုသာပြောလေ၏ ။
''အားလုံး နေကောင်းကြရဲ့ လား''ဟု မေးသည့်အခါတွင် လည်း-''ကောင်းသားဘဲ'' ဟူသော စကားတခွန်းသာ ဆိုကာ- စမ်းစမ်း စမ်းစမ်းနှင့် ဆက်၍ လျှောက်သွားသဖြင့် ကိုစောလွင်မှာ အူကြောင်ကြောင် ဖြစ်သွားလေ၏ ။
အိမ်တွင်းသို့ ဝင်လာသော အခါဒေါ်နှင်းဝေအား တွေ့ ရပြန်လေသည်။''ဟော- မောင်စောလွင်- ပြန်လာမှကိုး။ ကိုကျော်ဒင်တော့ ပွဲရုံသွားဘီ။ဒေါ်ဒေါ်ဘဲ ရှိတယ်''
ကိုစောလွင်ကား ဒေါ်နှင်းဝေ၏ စကားကို မကြားလို။ သူကြားလိုသည်မှာ မမြနှစ် ၏ သတင်းသာ ဖြစ်လေရာ-''ဒေါ်ဒေါ်တို့ အိမ်သားတွေ နေကောင်းကြရဲ့ လား-'' ဟု ကဗျာကယာမေးလေတော့၏ ။
''အော- အားလုံးဘဲ နေကောင်းကြပါတယ်ကွယ်''
အားလုံး ဆိုပါက မမြနှစ် လည်းပါသည်ကို ကိုစောလွင် သိပြီး ဖြစ်လေသည်။
နောက်တနာရီခန့်ကြာသော အခါကိုစောလွင်မှာ အထုပ်တခုကို ပိုက်ကာမမြနှစ် တို့ အိမ်သို့ ထွက်လာခဲ့လေသည်။ခပ်သုတ်သုတ် ပြေးတက်လာသည့်ကိုစောလွင်မှာ အပြင်ဘက်တွင် ထိုင်နေသော မမြနှစ် အား အဆင်သင့်ပင်တွေ့ ရလေသည်။
''အနှစ် ....''
''ဟင်- ကိုလွင် ပြန်လာပြီလား-''
ကိုစောလွင်သည် လက်တွင်းမှစက္ကူဖြင့် ပတ်ထားသော ပစ္စည်းကိုစားပွဲပေါ်သို့ တင်လိုက်ပြီး၊ မမြနှစ် အနီးတွင် ကပ်ထိုင်လိုက်လေ၏ ။
''ကိုယ်-- စာပေးလိုက် တာရလား-''
''ရသားဘဲ....''
''ဘာလို့- စာမပြန်သလဲ''
''အို- ဒီလောက် ရက်ကလေးနဲ့များ စာပြန်နေရအုံးမလား-''
မမြနှစ် သည် မယောင် မလည်နှင့် ကိုစောလွင် အနီးမှခွာရန် ထလိုက် ရာအကင်းပါးသည့် ကိုစောလွင်က-
''အနှစ် -ဒီမှာ လက်ဆောင်ရလာတယ်-''ဟု ပြောကာ၊ စားပွဲပေါ်မှအထုပ်ရှည်ကို ဖြေလိုက်လေရာ၊ ပုသိမ်ထီးတလက် ထွက်၍ လာ၏ ။
''အို--ဒုက္ခရှာလိုက်တာ-''စသော စကားသံမျိုးထွက်မလာဘဲ- အေးစက်စက်နှင့် ပင် ငေးကြည့်နေသော မမြနှစ် ကို တွေ့ ရလေ- ကိုစောလွင်တွင် အားမလို အားမရ ဖြစ်မိလေ၏ ။ ထိုကြောင့် ပင်-
''အနှစ် ဘာ ဖြစ်လို့လဲ....။နေမကောင်းဘူးလား....''မေးမိလေရာမမြနှစ် က--
''ကောင်းသားဘဲကိုလွင်၊ ဘာ ဖြစ်လို့လဲ--'' ဟု ဧဧပင်ဖြေနေသဖြင့် -
''မဟုတ်ဖူး။ အနှစ် ကို ကြည့်ရတာ တမျိုးဘဲ''ဟု ပြောတော့မှ၊ သွားကလေးများ ပေါ်ရုံမျှ ပြုံးလိုက်ပြီး''ဘာမှ မ ဖြစ်ပါဘူး''ဟု ဖြေရာက....''သစ်သစ်ရေ....'' ဟု လှမ်းခေါ်လိုက်ရာ ကိုစောလွင်မှာ ရုတ်တရက် ထ, ကာမမြနှစ် ၏ ပခုံး နှစ် ဖက်ကို ဆွဲယူလိုက်လေ၏ ။
''အို.... ကိုလွင်။ ဒီလို မလုပ်ပါနဲ့ကွယ်-''
မမြနှစ် သည် စိတ်လိုက်မာန်ပါကိုစောလွင်၏ ရင်ပတ်ကို တွန်းလိုက်သဖြင့် ကိုစောလွင်မှာ နောက်သို့ ယိုင်သွားလေသည်။ ထိုအခိုက်''ဘာလဲ မမနှစ် ၊ ဘယ်သူလာနေလဲ- အကိုလွင်လား--'' ဟူသော အသံဖြင့် မမြသစ်ပါ ဝင်လာလေ၏ ။ဤတွင် မှကိုစောလွင်မှာ ဣနြေ္ဒရစွာ နေရလေ၏ ။ မိမိအထင်နှင့် လွဲခဲ့သော မမြနှစ် အား ကျွဲမြီးတိုမိလေသည်။''ဟောဒီမှာ - သစ်သစ်၊ အကိုလွင်က လက်ဆောင်ဝယ်လာတယ်''ကိုစောလွင်ကား ကြာရှည် ဆက်လက်၍ မနေလိုတော့သဖြင့် မကြာမီနှုတ်ဆက်ကာ ပြန်လေတော့သည်။
********
'မမနှစ် သို့ '
ညီမချစ်ရိုသေစွာ အကြောင်းကြားပါသည်။ ယခုမှ စာထည့်သည်ကို ခွင့်လွှတ်စေလိုပါသည်။ညီမအတွက် စိတ်မပူစေလိုပါအရာရာတွင် မငြိုငြင်ရအောင်မော်လီနှင့် တကွ မော်လီအကိုနှင့် ယောင်းမတို့ကပါဂရုစိုက်ပါသည်။အလုပ်မှာ လည်း မများ လှပါ။နေထိုင်ရေး ဆိုလျှင်လည်း ချစ်ချစ်နှင့် မော်လီမှာ တခန်းထဲ အတူအိပ်ကြပါသည်။ တအိမ်လုံးတွင် မော်လီတို့ အိမ်သားများ အပြင်အစေခံများ နှင့် ပါမှ ၆- ယောက် သာ ရှိပါသည်။
လွန်ခဲ့တဲ့ဝါဆိုလပြည့်နေ့က၊မမနှစ် ဥပုသ်စောင့်နေမယ့် အချိန်မှာ ချစ်ချစ်တို့ ဝါဆိုပန်း ခူးထွက်ခဲ့ပါသည်။ လွန်စွာ မှ ပျော်စရာကောင်းပါသည်။ ဝါဆိုပန်းတွေ ကို ကျိုက်သလံ္လဘုရားမှာ ကပ်ပြီးမမနှစ် တို့ နေကောင်းအောင်လည်းဆုတောင်းပါသည်။
မမနှစ် မှာ လိုက်သော စကားတို့ကို တနေ့မှမမေ့ပါ။ ယနေ့တိုင်ချစ်ချစ်ကိုယ်တိုင် မဝေခွဲနိုင်လောက်သည့် ကိစ္စ မပေါ်ပေါက်သေးပါ၍ အကြံတောင်းစရာလည်း မရှိသေးပါ။
တအိမ်သားလုံး ကျန်းမာကြပါစေ။ သစ်သစ် တယောက် လဲတယော....
''ဟလို.... မရွှေချစ်၊ ဘာတွေ ရေး နေတာလဲ'' ချစ်ချစ်သည် စာရေး နေရာမှ မော်လီအား လှည့်ကြည့် လိုက်ပြီး-''မမနှစ် ဆီ ရေး တာပါကွာ''
''ဘာတွေ များ လဲကွ။ ဝါဆိုပန်းခူးရင်း.... ကိုခင်ဦးနဲ့တွေ့ တာလား''
မော်လီသည် ရီရီမောမော ပြောရင်း ချစ်ချစ်အနီးသို့ ကပ်ပြီးထိုင်လိုက်လေ၏ ။
''မဆန်းပါဘူးကွာ.... ယောက်ျားလေးတယောက် က ကြိုက်တယ်လို့ပြောပြီး....ဖက်နမ်းတာ အဆန်းမှတ်လို့....''
မမြချစ်သည် စာကို အဆုံးသတ်ပြီးစာအိတ်ထဲသို့ ထည့်ရင်း ပြောလေ၏ ။''ဒါထက်-ကိုတို့ ကျောင်းမှာ တုန်းကအကြောင်းတွေ သတိမရဘူးလား။တနေ့တနေ့ ငနဲတွေ ဆီက စာတွေ ဖတ်နေရတာ နဲ့ အချိန်ကုန်တာဘဲ။ ဒါပေမယ့်-ဟို ကိုညွန့်ကြည်မှတ်မိသေးလားဆယ်တန်းက ငနဲဟာလေ။ သူနဲ့ကျတော့ တိရစ္ဆာန်ရုံကအပြန် ကန်တော် ကြီး အလယ်ကျွန်းမှာ ထိတာဘဲ။ ပထမတော့ တော် တော် လန့်တယ်၊ နောက်တော့လဲ မဆန်းပါဘူးကွာ'' မော်လီသည် ပြောပြောဆိုဆို မမြချစ်ကိုအားရပါးရ နမ်းလိုက်လေ၏ ။
''ဟိုးဆရာ.... ဇာတ်တူသားချင်းအမိ ကြည့်လုပ်။ ကိုယ်လဲ....ကျောင်းတုန်းက ဆရာမြင့်ပေါ့.... ဘိုင်စကုတ်ပြမယ်ဆိုပြီး ဈေးဦးဖောက်သွားတာ''သူတို့ နှစ် ယောက် ကား ဗမာပြည်ဖွားကလေးတွေ ဖြစ်ကြသော်လည်းအနောက်တိုင်း သူတို့၏ ပေါင်းသင်းဆက်ဆန်ရေး စနစ်ကို ကျင့်ကြံတာလိုက်နာ....နေသူများ ဖြစ်လေရာယောက်ျားနှင့် တွဲ သည်။ အတူသွားသည်။ လက်ပွန်း တတည်း နေသည်စသော ကိစ္စများ မှာ သူတို့အဖို့အဆန်းမထင်။ ယောက်ျားဟူသည်သူတို့ အတွက် စွဲမြဲပြီး တွယ်တာရန်အကြောင်းမရှိ။ ကစားစရာဟု ထင်မှတ်ကြ၏ ။ ထို့ကြောင့် မည် သည့်ယောက်ျားကမဆို ရုပ်ရှင်ပြမည် ဆိုကလိုက်ရန်ဝန်မလေး။ သူတို့အဖို့ လှလှဝတ်-ဝဝစား၊ ပျော်ပျော် နေရလျှင်ကျေနပ်သည်။ ယောက်ျားများ တွင် လွတ်လပ်စွာ ပျော်ရွှင်နိုင်မှု ရှိသကဲ့သို့ သူတို့သည်လည်း ချုပ်ချယ်မှု ကို အလိုမရှိသည်အတိုင်း ထင်ရာစိုင်း နေကြခြင်း ဖြစ်လေရာ ဘက်ညီသည့် သူငယ်ချင်းများ ဖြစ်လေတော့သည်။
''အေးကွာ.... လင်မယူဘဲနဲ့ ပျော်ပျော်နေရတာ ကောင်းပါတယ်ကွာ။လင်ယူထားရင်-ကိုတို့ ထင်သလို နေရမှာ မဟုတ်ဘူး။ သူ့စကားနားထောင်နေရမှာ အခုတော့ သွားချင်ရာသွားနေချင်သလိုနေ ဘယ်သူကမှ မချုပ်ချယ်ဘူး။ ကဲ-ဒီကနေ့ ကားသစ်လဲတယ်တဲ့။ ညကျရင်.... ရုပ်ရှင် သွားရအောင်''
မမြချစ်သည် ထိုင်ရာမှ ထ, ကာမော်လီ၏ ခါးကို ဖက်လိုက် လေ၏ ။မော်လီလည်း အင်္ဂလိပ် သီချင်းတပိုဒ်ကို လေချွန်ရင်း လိုက်ပါသွားလေသည်။
ရမ္မက်လှိုင်း
ရှစ်ခန်းနယ်ခွင်-ထက်ကောင်းကင်ဝယ်- မင်းလွင်ဆိုင်း၍ သင်တိုင်းလွှမ်းခြုံ- မိုးသားအုံနေ၏ ။ တမှု န်မှု န်တဖွဲဖွဲနှင့် ရွာနေသည့် မိုးကား၊ မစဲနိုင်အောင်ရှိတော့သည်။
တနင်္ဂနွေနေ့ ဖြစ်သည့်ပြင် ဒေါ်နှင်းဝေရော-မမြသစ်ပါ ဦးကျော်ဒင်၏ အိမ်သို့ သွားနေကြသဖြင့် တယောက် ထဲကျန်ရစ်ခဲ့သော မမြနှစ် မှာ ဝါသနာအတိုင်း စာအုပ်ကို အဖော်လုပ်ရန်အံဆွဲကို ဖွင့်လိုက်လေ၏ ။ စာအုပ်တွေ အကြားမှ ရတနာကြေးမှုံစာအုပ်ကိုတွေ့ ရသော အခါ- ကိုစောလွင်အားသတိရမိသဖြင့် စာအုပ်ကို ဖွင့်လိုက်မိပြန်သည်။ စာရွက်ခေါက်များ မှာ ဣနြေ္ဒရစွာ တည်နေကြ၏ ။
စာအချို့မှာ ရုပ်ရှင်၊ တိရစ္ဆာန်ရုံစသည်တို့၌ နှစ် ဦးတွေ့ ရန် ချိန်းသော စာများ ဖြစ်၍ စာအချို့မှာ ချိန်းရာသို့ ငြင်းပယ်သဖြင့် စကားနာထိုးစာများ ဖြစ်လေ၏ ။ ရန်ကုန်သွားချိန်- ပြန်ချိန်တွင် သာ- အတူ အတွေ့ ခံကာ၊ လွတ်လပ်စွာ တွေ့ ဆုံခွင့်ကိုမူ မပေးဘဲ နေသဖြင့် ကိုစောလွင်၏ မကျေနပ် ဖြစ်နေသည့် မျက်နှာတို့ကို မြင်ယောင်မိလေ၏ ။
ထိုအအခိုက် ''အနှစ် ....''ဟူသော အသံနှင့် တကွ တက်လာသော ကိုစောလွင်အား- မမြှော်လင့်ဘဲ တွေ့ ရလေရာမမြနှစ် မှာ ရင်ထဲတွင် တုန်လှုပ်သွားမိလေ၏ ။
''အနှစ် တယောက် ထဲ ရှိမယ်ထင်လို့- ကိုလာခဲ့တာ''
ကိုစောလွင်သည် မမြနှစ် ၏ အနီးတွင် ဝင်၍ ထိုင်လိုက်လေ၏ ။
''ဘာလာလုပ်တာလဲ-ကိုလွင်....နှစ် ယောက် ထဲ ဒီလိုနေတာ မကောင်းပါဘူးကွယ်....''
''အနှစ် - ကို-ဒီလိုလာတာမကြိုက်ဘူးလားဟင်.... မကြိုက်ဘူးလား''
မမြနှစ် သည် စကား မပြန်နိုင်ရှာအမှန်မှာ ကိုယ့်ချစ်သူနှင့် ပူးပူးကပ်ကပ် နေလိုသည်သာ ဖြစ်သော်လည်း မမြနှစ် မှာ မတော် တဆ မှော က်မှားမိမည် စိုး၍ သာ တားရသည် ဖြစ် ရာမည် သို့ မျှ စကားမပြန်နိုင်ရှာ....
''ဘယ်လိုလဲ- အနှစ် - ကိုလွင်ကိုမယုံလို့လား''
အပြင်ဘက်၌ ကား-မိုးသည်မဲသည်ထက် မဲလာကာ သည်းစွာ ရွာသွန်းလျက် ရှိလေရာ မမြနှစ် ၏ အိမ်အတွင်းမှာ မှော င်မဲလျက် ရှိလေသည်။
''ယုံပါတယ်- ကိုလွင်ရယ်....ဒါပေမဲ့....''
မမြနှစ် ၏ အသံသည် မိုးသံလေသံအကြားမှ အေးဆေးစွာ ထွက်ပေါ်လာ၏ ။
''ဘာ-ဒါပေမဲ့လဲ အနှစ် ရယ်....အနှစ် ကို ကြည့်ရတာ က ကို့ အချစ်ကိုဘဲ မယုံသလိုလို လှိုက်လှိုက်လှဲလှဲဘယ်တော့မှ မရှိဘူး- လက်ထပ်ကြပါစို့ရဲ့ ဆိုလဲ-အေးစက်စက်နဲ့''
''အဲဒါ ခက်တာဘဲ- အချစ်ဆိုတာကလဲ ဒုဒယ် ပမာနရှိတဲ့ အရာဝတ္ထုမဟုတ်ဘဲ မမြင်နိုင်တဲ့ စေတသိက်တွေ ဆိုတာ ကိုလွင် နားလည်အောင်ဘယ်လိုပြရမှာ လဲ''
ကိုစောလွင်သည် မမြနှစ် ၏ စကားကို အဖြေရခက်သလို ဖြစ်သွားပြီးမှ-
''ဘာ.... ဒါဖြင့် - ဝါဆိုဦးတုန်းက လက်ထပ်ဖို့ ပြောတာကို ငြင်းပယ်ရတာ ကရော- ဘယ်လို သဘောလဲ''
''အို-ဒါ ကတော့ ကိုယ်ဘယ်လိုဘဲအိမ်ထောင်ပြုချင်ပေမဲ့ ကိုယ်နဲ့ ဆက်သွယ်နေရတဲ့သူ- ကိုယ့်အပေါ်မှာ မှီခိုအားထားနေရသူတွေ ကိုလဲ ငဲ့ရသေးတာကိုး- တော် တော် ကြာ လက်ထပ်ပြီးတော့မှ ကိုယ်တယောက် သာပျော်ရပြီး- တခြားသူတွေ အတွက်အနှောက်အယှက် ဖြစ်နေရမယ်ဆိုရင် မခက်ဘူးလား။ နောက်ပြီး-ကိုလွင်မှာ လဲ ကျောင်းနေတုန်းရှိသေးတယ်....
''ဟင်.... ဒါဖြင့် - အနှစ် က အချစ်ထက် အိမ်သူ-အိမ်သားကို လေးစားတယ် အရေး ထားတယ် ဆိုပါတော့''
''နို့.... အနှစ် ရဲ့ အ ဖြစ်ကိုလဲကြည့်အုံးမှပေါ့ ကိုလွင်ရယ်။ မေမေဆိုလဲ အသက်ကြီးပြီ။ ညီအမ ၂-ယောက် ရှိပြန်လဲ တယောက် က ကိုယ့်စိတ်ချမ်းသာမှု လောက်သာ ကိုယ်ရှိပြီး-အိမ်မှု တာဝန်ကို ပေလာယျကံ- လုပ်ထားတဲ့သူ။ ကျန်တယောက် ကျပြန်တော့လဲ ဘယ်လိုမှ အသုံးချလို့ မရတဲ့မျက်မမြင်....
''ဒီတော့ သူတို့တတွေ ရဲ့ တာဝန်ကိုတခြား လူတယောက် အပေါ် ခွဲဝေပေးရမယ် ဆိုတာလဲ မ ဖြစ် နိုင်ဘူး။အမှန်ကို ဆိုရရင် စောလွန်းပါသေးတယ် ကိုလွင်ရယ်''
ထက်ကောင်းကင်ကား မိုးချိမ်းသံဖြင့် ဆူညံလျက် မိုးရေအောက်ရှိ အိမ်ငယ်အတွင်း၌ ကား-ငယ်ရွယ်သူ နှစ် ဦးတို့၏ မေတ္တာနှင့် ကိလေသာ စစ်ပွဲဆင်ယင်လျက်။
''ဒါထက်- အနှစ် က - ဒါလောက်တောင် စဉ်းစားနေရအောင်- အနှစ် နဲ့ ကိုယ့်ကို သဘောမတူတဲ့လူများ ရှိနေသေးလို့လား''
''သဘောမတူနိုင်စရာ အကြောင်းတော့မရှိပါဘူး။ မေမေ့ကိုလဲ မပြောရသေးပါဘူး''
''ဒီလောက်တောင် ဝင်ထွက်နေမှသူတို့လဲ ရိပ်မိမှာ ပေါ့ အနှစ် ရယ်။ဒါကြောင့် မို့-ဒါကြောင့် မို့'' ဟု ကိုစောလွင်သည် ပြောပြောဆိုဆို- မမြနှစ် ၏ အနီးသို့ ကိုယ်ချင်းကပ်ကာ ရပ်လိုက်ပြန်လေသည်။
ဤတွင် မမြနှစ် က အနားမှခွာတော့မည် ပြုလိုက်ရာ ကိုစောလွင်က မမြနှစ် အား မိမိ၏ ရင်ခွင်တွင်းသို့ အတင်းဆွဲယူလိုက်တော့လေ၏ ။
''အို.... ကိုလွင်ကလဲ ပြောရင်းဘဲခက်တော့တာဘဲနော်''
စိတ်မရှည်ဟန်ဖြင့် ညည်းညူလိုက်သော မမြနှစ် ၏ အသံကြောင့် ကိုစောလွင်သည် ရင်ဝကို အကန် ခံရသည့်ပမာ- အောင့်ကနဲ ဖြစ်သွားရာမှ အရှက်သွေးဖြာလာသဖြင့် မျက်နှာ မှာ လည်းနီလျက် မမြနှစ် အားလွှတ်လိုက်လေ၏ ။မမြနှစ် နှင့် ဆုံခဲ့တိုင်း မိမိ ကသာအရေး တယူပြုကာ ယုယ သော်လည်းမမြနှစ် တွင် မူ ကျောက်ရုပ်ပမာ မတုန်မလှုပ်နှင့် ခပ်ခွာခွာ နေတတ်ခဲ့သည်သာချည်း ဖြစ်ခဲ့လေရာ ကိုစောလွင်မှာ သူ၏ အပြုအမူများ အတွက် သူ့လိပ်ပြာကိုပင် ပြန်၍ ရှက်မိလေသည်။ထိုမှ သူ၏ အရှက်မှာ 'ငါချစ်သလိုမှ ချစ်ပါလေစ'ဟူသော တွေးတောယုံမှားမှု နှင့် ပေါင်းဆုံ မိသော အခါဒေါသတရားသည် ဖြစ်ပွား၍ လာလေ၏ ။
ဒေါသ၏ နောက်ဆွယ်ဝယ် အာလျအခိုးတို့ လွှမ်းမိုးလျက် ရှိပြန်ရာ၊ကိုစောလွင်၏ ပတ်ဝန်းကျင်မှာ အမှော င်ထုသာ လွှမ်းမိုးလျက်ရှိတော့သည်။
ဤတွင် ဖြစ်လိုရာ ဖြစ်စေတော့ဟုယူဆမိရာကမည် သို့ ပြုလိုက်မိသည်မသိ၊''အို-တယ်ခက်တာကိုး-သွား သွား၊ကိုလွင် ပြန်တော့-ပြန်တော့'' ဟူသော မမြနှစ် ၏ စကားသံကို ကြားရပြန်ရာအနာပေါ်တွင် ခဲကျသည့်ပမာ ဆတ်ဆတ်ခါ နာကျည်းမိကာ-
''ဘာ- ပြန်တော့ ဟုတ်လား- ပြန်မယ်- ပြန်မယ်''ဟု ပြောလိုက်ပြီးလျှင်ဒေါသငွေ့ လျှံနေသော မျက်လုံးများ ဖြင့် အနှစ် အား တချက်မျှ ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောတော့ဘဲ အခန်းထဲမှ ချာကနဲ လှည့်ထွက်သွား လေတော့သည်။
မမြနှစ် မှာ ရုတ်တရက် ငိုင်နေရာမှ''ကိုလွင်-ကိုလွင်'' ဟု လှမ်းခေါ်သော်လည်း ကိုစောလွင်မှာ နောက်သို့ လှည့်မကြည့်တော့ဘဲ မိုးသဲသဲ ထဲတွင် ပင်ဖြတ်၍ သွားလေ၏ ။
ကိုစောလွင်နှင့် မမြနှစ် တို့ အထင်အရှား အချစ်လမ်းစခဲ့သည်မှာ ခြောက်လကျော်ကျော် ကြာခဲ့ပေပြီ။ တခါမျှအနှောင့်အယှက်နှင့် ရင်မဆိုင်ခဲ့ရ။စိတ်ပူစရာ မကြုံခဲ့ရဘဲ အချစ်စခန်းမှာ ဧချမ်းခဲ့၏ ။
စင်စစ်အားဖြင့် အချစ်ဟူသည်မှာ ပျော်ရွှင်ဘွယ်ရာသက်သက် မဟုတ်ဘဲဒုက္ခဖြင့် ရောပြွမ်းလျက်သာရှိ၏ ။ အချစ်ကိစ္စဝယ် ဒုက္ခ-သော ကတို့ကို ပဓာနမပြု ဂရုမစိုက်ဘဲ စွဲမြဲစွာ ခံနိုင်မှသာလျှင်အချစ်၏ အရသာကို ဒင်ပြည့်-ကျပ်ပြည့် ခံစားနိုင်ပေလိမ့်မည် ။ သို့ ဖြစ်ပါက ကိုစောလွင်၏ ရမ္မက်ဇောသည်မိမိတို့၏ အချစ်ရေပြင်အား လှိုင်းဂယက်တို့ဖြင့် ထူပြော စေတော့မည် လော။ ဤအတိုင်းသာဆိုပါက မကြာမီလက်ထပ်မှ တော် ချိမ့်မည် ။မမြနှစ် သည် လေးကန်သော ခြေလှမ်းများ ဖြင့် အခန်းတွင်းသို့ ဝင်ခဲ့လေ၏ ။
''ထွီ-မိန်းမပီပီ-မာန ကြီးလို့- ဒီလောက် မာနကြီးတဲ့မိန်းမ ဘာလုပ်ဖို့လဲ။ ဒီလိုမိန်းမမျိုးနဲ့ အိမ်ထောင်ပြုလို့ ဘယ်မှာ ဟန်ကျတော့မလဲ။ အခုကတည်းက ဒီလောက်ချော့နေရရင် လင်မယား ဖြစ်တော့ သာပြီးမခက်လား''
ကိုစောလွင်ကား- လွန်စွာ ပင်ဒေါပွလျက်ရှိတော့၏ ။
''ဒီလိုဆို-ပြန်တော့တဲ့။ ဘာ ဖြစ်လဲမသွားဘူးပေါ့။ ဟင်း-ဒီ ကတော့ ချစ်လိုက်ရတာ - အချိန်နဲ့ အမျှ သူ့အကြောင်း စဉ်းစားလို့ သူ ကတော့ရက်ရက်စက်စက်''
ကိုစောလွင်သည် ပါးစပ်မှသာဤသို့ ရေရွတ်နေသော်လည်း ရင်တွင်း၌ မူ ဝမ်းနည်းခြင်းနှင့် နောင်တရခြင်းတို့သည် တိုးဝှေ့လျက်ရှိကြ၏ ။ သို့ ရာတွင် မိမိက စတင်၍ မိန်းမတယောက် အား ဦးခေါင်းငုံ့ကာ မတောင်းပန်လို။ ဟိုယခင်က ကိုစောလွင်ဆိုပါကဤကိစ္စမျိုးတွင် စတင်၍ ဝန်ချကောင်းဝန်ချလိမ့်မည် ဖြစ်သော်လည်း၊ ယခုကိုစောလွင်မှာ ရမ္မက်သွေး ဆူပွက်လျက်ရှိလေရာ မိန်းမ တယောက် ထံတွင် အောက်ကျခံ နေစရာမလိုဟု ယူဆမိသည်သာမက ငယ်စဉ်ကပင် မိတဆိုးသားထွေး အ ဖြစ်ဖြင့် လူတကာ၏ အချီအမ အယုအယကို ခံရင်းကြီးပြင်းလာခဲ့ကာ ဘခင်၏ အမြှောက်စားခံရသည့် သားတယောက် အ ဖြစ် နေလာရသူ ဖြစ်ရာ၊ တင်းမာစွာ နေလိုစိတ်သာပေါ်ပေါက်ခဲ့လေသည်။ထို့ကြောင့် ပင် တရက်၊ နှစ် ရက်၊သုံးရက်၊ ခုနစ်ရက်သို့ သာ တိုင်ခဲ့သည်။မမြနှစ် ကား တောင်းပန်ရန် ပေါ်မလာခဲ့။
''သူတကယ်ဘဲ စိတ်ဆိုးတာဘဲနော်။ နောက်ထပ် မတွေ့ ဘဲ နေရင်ကောင်းမယ်ဆိုတဲ့ အတိုင်း နေတာဘဲကိုး။ ဒီလောက်တောင် စိတ်ထားကြီး တဲ့သူ့အဖို့မှာ - ငါလိုအကောင်ဟာနွားသာသာဘဲ ရှိတယ်။ စိတ်ပြောင်းမြန်လှတဲ့ အနှစ် ပါလားကွယ်။ တော် ပါပေတယ်- အနှစ် ရယ်။ ကို-ချစ်ခဲ့သမျှအခုတော့ စိမ်းကားလှချည့်လားကွယ်တော် ပြီ-တော် ပြီ''
ကိုစောလွင်ကား အရူးပမာဦးခေါင်းကိုသာ အခါခါ ကုတ်မိတော့သည်။
''အမယ်.... ဒီနေ့ သော ကြာနေ့ပါလား-ဟင်- ၁၃ ရက်-''မမြနှစ် သည် ပြက္ခဒိန်ကို ကြည့်ပြီးရယ်လေ၏ ။ သူ၏ စိတ်ထဲကမူ ''ဒီနေ့သော ကြာ၊ နက်ဖြန်ခါစနေ၊ သဘက်ခါဆို တနင်္ဂနွေ။ တနင်္ဂနွေနေ့ကျပါကမိမိကပင် ၁၅ ရက်ခန့် ကွဲနေခဲ့သော ကိုစောလွင်ထံသို့ သွားကာ အကျိုးအကြောင်းရှင်းလင်းပြောပြ တောင်းပန်ပြီး-လူကြီးတွေ ကို အသိပေး၍ ဤသီတင်းကျွတ်တွင် ပင် လက်ထပ်ရန်ပြောမည် -ဟူသော အတွေးတို့သည်စီရရီ ပေါ်လျက်ရှိလေ၏ ။ ထို့ကြောင့် ပင်- ဂရုတစိုက် ပြက္ခဒိန်ကို ကြည့်မိသည်တွင် မဖွယ်ရာသော နေ့ရက်ကိုတွေ့ ရသဖြင့် ရယ်မိခြင်း ဖြစ်လေသည်။
''ဘာများ သဘောကျနေတာလဲမမကြီးရဲ့ ''
မမြသစ်သည် တယောကို ပိုက်ရင်းမမြနှစ် ရှိရာသို့ လာလျက် ရှိလေ၏ ။
''မဟုတ်ပါဘူး၊ တိုက်ဆိုင်တတ်တာကို ရယ်ချင်လို့ပါ''
''ဘာများ လဲ- မမကြီးရဲ့ ''
''ဒီနေ့- သြဂုတ်လ ၁၃-ရက်နေ့မဟုတ်လား၊ နောက်ပြီး သော ကြာနေ့။၁၃-ရက် သော ကြာနေ့ဟာ အနောက်နိုင်ငံအယူအဆနဲ့ဆိုရင် ကံမကောင်းတဲ့ ပြဿဒါးနေ့၊ နောက်ပြီး ဗမာမှာ ဆိုရင် အခုလို တော် သလင်းလမှာ သော ကြာနေ့ဟာ ပြဿဒါး....၊
ဒါကြောင့် ဒီနေ့ဟာ အဆိုးတွေ စုနေပါလားလို့ တွေးပြီး ရယ်မိတာပါ''မမြနှစ် သည် မမြသစ်အား စိတ်ရှည်လက်ရှည် ရှင်းပြလေ၏ ။သို့ ရာတွင် မမြသစ်ကမူ မကျေနပ်သံ ကလေးဖြင့်
''ပြဿဒါးနေ့ ဆိုပေမယ့် သစ်သစ်အဖို့မှာ တော့ ပျော်စရာနေ့ပါလား'' ဟုပြောပြီး.... ''မမကြီး- ဒီနေ့လေ....မမကြီးကြိုက်တယ်ဆိုတဲ့ သီချင်းထဲကနှစ် ကိုယ်သစ္စာ ပတ်ပျိုးကို စတက်ပေးမယ်လို့ မမသက်က ပြောသွားတယ်''
''သြော်.... ဒါကြောင့် .... ဒီနေ့အစောကြီး တယောကိုင်နေတာကိုး။အေး.... အေး.... ကြိုးစား မမကြီးတော့ ကျောင်းသွားရအုံးမယ်..... ။ပြဿဒါးမကလို့ ဘာကြီး ဖြစ် ဖြစ် မမကြီးမယုံပါဘူး''
ထိုနေ့၌ မမြနှစ် မှာ ကျောင်းတွင် စာသင်နေရသော်လည်း စိတ်မပါချေ။
''သဘက်ခါသူနှင့် တွေ့ ပါက....'' ဟုအစချီကာ- ''စိတ်မဆိုးပါနဲ့ ကိုလွင်ရယ်၊ အနှစ် ဟိုတုန်းက တကယ်စိတ်ဆိုးတာ မဟုတ်ပါဘူး''ဟု တောင်းပန်ပါက နဖူးကျယ်ကျယ်၊ မေးရိုးထွားထွား၊ နားရွက် ကားကားနှင့် ကိုစောလွင်က နဖူးရေကို တွန့်ကာမည် သို့ပြောလိမ့်မည် နည်း။သို့ မဟုတ်သူ့ ရှေ့မှော က်သို့ ရောက်က ဘာစကားတခွန်းမျှ မပြောနိုင်ဘဲ ငိုင်နေမည် လော.... ဟု အစီအစဉ် မရှိသည့် အတွေးတို့ဖြင့် သာ အချိန်ကုန်ခဲ့ လေတော့သည်။
သို့ သော်.... အိမ်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် ခရီးရောက်မဆိုက်ကြားလိုက်ရသည့် သတင်းကား....ရင်တွင်းရှိ အူ-အသည်း-နှလုံး တို့ပင်ပျက်ပြုန်း ကြွေကျလုမတတ် ကြုံရရှာလေသည်။
''ဒီနေ့တော့ ကိုကျော်ဒင်တို့ အိမ်မှာ ဆူသွားတာဘဲ''ဟု ဒေါ်နှင်းဝေပြောနေစဉ် ''ဘာ ဖြစ်လို့လဲ မေမေ''ဟု မေးခဲ့သည်တွင် ''မောင်စောလွင်တယောက် အိမ်က ထွက်သွားလို့''ဟူသော အဖြေသံကို ကြားရသည့်အခါ ''ဟင်.... '' ဟုသာ ညည်းနိုင်တော့သည်။
''ကိုကျော်ဒင်ဖြင့် ပျာယာခတ်သွားတာဘဲ၊ မနေ့ကတည်းက ကျောင်းကပြန်မလာဘူးတဲ့။ ဒီနေ့- သူ့ သူငယ်ချင်းတယောက် မနက်က လာပြောတော့မှသိရတယ်။ ပုသိမ်သံကြိုးရိုက်လိုရိုက်၊ မော်လမြိုင်က မောင်လှခင်တို့ဆီသံကြိုးရိုက်ပြီး၊ ချက်ခြင်း အကြောင်းပြန်ဖို့ မေးနဲ့ အို.... ရှုပ်ထွေးသွားတာ ဘဲ၊ညနေကျမှ မော်လမြိုင် ရောက်နေ ပြီဆိုတဲ့သံကြိုးလာတော့မှ စိတ်အေး ကြရတယ်။တကယ်ဆိုတော့ ဒီသူငယ် လေးဟာသိမ်သိမ်မွေ့မွေ့နဲ့ လူအေးလူကောင်းလေးဘဲ။ အခုတလောမှာ သာ အပေါင်းအသင်းဖျက်တယ် ထင်ပါရဲ့ ''
''ဟင်း....''
မမြနှစ် သည် ဘာမျှ မပြောနိုင်ဘဲသက်ပြင်းကိုသာ ချမိလေ၏ ။
''ငါမှားတယ်၊ ငါစောစောကသွားပြီး ရှင်းလိုက်ရင် အေးသွားမှာ ။သူ- အခုတော့ စိတ်ကောက်သွားပြီ-။စိတ်ညစ်သွားပြီ။ ငါ့ကို တကယ် ချစ်တဲ့လူရဲ့ စိတ်ကို ထိခိုက်အောင် လုပ်မိပြီ။ သူ- ကိုယ့်အိမ်မှာ တောင် မနေနိုင်အောင် ဖြစ်သွားပြီ''
နောင်တနှင့် ဝမ်းနည်းခြင်း တို့၏ လှုပ်ရှားခြင်းဒဏ်ကြောင့် ရင်တွင်း ဝယ်ဗလောင်ဆန်ကာ လျှံ၍ ကျလာ သော မျက်ရည်တို့ကို မိခင်နှင့် ညီမတို့မသိစေရဘဲ လက်ထဲရှိ ပုဝါငယ်ဖြင့် သုတ်မိလေတော့သည်။
''အလို..... ကိုစောလွင်ကြီး ပါလား''
ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်ပြီးပြုံးနေသော မိန်းမပျိုအား စိုက်ကြည့်ကာ- ကိုစောလွင်သည် စိတ်ထဲတွင် ဝေသွားလေ၏ ။ ဤမျှ ဝေးကွာလှသော အရပ်တွင် မိန်းမချော တဦးကဤသို့ ရင်းနှီးစွာ နှုတ်ဆက်နေသည်မှာ အံ့သြဘွယ်ရာ ကောင်းတော့သည်ဟုထင်မိလေ၏ ။
''ဟဲ-ဟဲ- မမှတ်မိဘူးထင်တယ်''
ဟု မိန်းမပျိုက ရယ်မောကာ ပြောတော့မှ သတိရလာဟန်ဖြင့် ''ချစ်ချစ်မဟုတ်လား''ဟု မေးရလေသည်။ဒေါ်နှင်းဝေ၏ သမီးများ အနက်အချောဆုံးဟု ကျော်ကြားခဲ့သူအားအတော် ကြာ ကွဲကွာနေပြီးမှ ပြန်တွေ့ ရခြင်း ဖြစ်လေရာ လွန်စွာ ပင် လှလျက်ရှိသည်ကို တွေ့ ရလေသည်။
''ကိုလွင် ရောက်တာ ဘယ်နှစ် ရက်ရှိသလဲ''
''ဒီနေ့ပါနဲ့ ၃-ရက်ရှိပြီ''
''ကို....ဒီကို ဘာလာ လုပ်တာလဲ....''
''အကိုလှတို့ဆီ လာတာ''
''သြော်.... ပွဲရုံဖွင့်ထားတဲ့ ကိုလှခင်ကြီးလား''
''ဒါထက် ချစ်ချစ်ကရော ဒီနေရာကို ဘာလာလုပ်တာလဲ။ ဘယ်နားမှာ နေလို့လဲ''
ကိုစောလွင်သည် သူ့ကို ဆက်မေးနေမည် စိုးသဖြင့် စကားလွှဲ၍ မေးလေ၏ ။
''မော်လီတို့နဲ့ နေတယ်။ အခုမော်လီတို့- မုဒုံဘက်က သူတို့ ဆွေမျိုးတယောက် ဆုံးလို့ သွားနေကြတာ-ဒီနေ့ပါနဲ့- လေးရက်ရှိပြီ။ ချစ်ချစ်သာ ကောင်းကောင်း နေမကောင်းတာနဲ့ နေရစ်ခဲ့တယ်။ ဒီနေ့တော့ပျင်းပျင်းရှိတာနဲ့ ရုပ်ရှင်ကြည့်မလားလို့။ ကိုလွင်ရော ကြည့်မလို့မှု တ်လား-လာလေ''
ကိုစောလွင်သည် ဘာမျှပြန်မပြောတော့ဘဲ၊ မမြချစ်ဆွဲခေါ်ရာနောက်သို့ သာ လိုက်သွားမိလေသည်။ ရုပ်ရှင်ရုံတွင်းသို့ ရောက်သည့်အခါ၊ သူတို့ နှစ် ယောက် သည် ကုလားထိုင်ချင်းယှဉ်၍ ထိုင်ကြလေ၏ ။ ချက်ချင်း လိုပင် မီးများ မှိတ်ခါ ရုပ်ရှင်ကား ပြလေတော့သည်။ညပွဲ ဖြစ်ရကား ရုံတွင်းမှာ လွန်စွာ မှော င်မဲလျက်ရှိလေသည်။
''ချစ်ချစ်တို့တော့ ခဏခဏဘဲလာကြည့်ကြတာဘဲ'' ဟု မမြချစ်ကစကားစသော်လည်း ကိုစောလွင်မှာ တိတ်ဆိတ်စွာ ပင် ရုပ်ရှင်ကားမှာ အင်္ဂလိပ်ကား ဖြစ်ကာ ဇာတ်လမ်းမှာ ချစ်ခန်း ကြိုက်ခန်း နမ်းရှုံ့သည့်အခန်းတို့ဖြင့် သာ ပြည့်နှက်လျက်ရှိလေသည်။ မကြာမကြာ ကိုစောလွင်၏ သက်မချသံသည် မမြချစ်၏ နားတွင်းသို့ ဆူညံစွာ ဝင်ရောက်၍ လာလေ၏ ။ တခါတရံတွင် လည်းကိုစောလွင်၏ လက်သည် မမြချစ်၏ လက်ပေါ်လာ၍ ကျသော အခါ မမြချစ်မှာ ငြိမ်၍ သာနေလေသည်။ထိုမှ ရုပ်ရှင်ပြီးသဖြင့် အပြင်သို့ ထွက်ခဲ့လေသည်။
''ဟာ ဆာလိုက်တာ''
မမြချစ်၏ စကားသံကို ကြားတော့မှ ကိုစောလွင်ကပါ
''ဟာ- ကိုလဲ ညစာတောင် မစားရသေးပါလား'' ဟု ပြောလေ၏ ။''ဟင်- ညစာ မစားရသေးဘူး-ဟုတ်လား။ အို-ဒါနဲ့တောင် ဘာမှမပြောဘူး။ ကဲ- အတော် ဘဲ၊ မြင်းရထားစီးရအောင်''
မမြချစ်သည် ပြာပြာသလဲ- မြင်းရထားကို ခေါ်ကာ 'တရုပ်ဟော်တယ်'တခုသို့ မောင်းခိုင်းလေ၏ ။ မြင်းရထားပေါ်၌ ကိုစောလွင်သည် မမြချစ်နှင့်
ပူးကပ်စွာ နေရသော အခါ စိတ်ထဲ တွင် သာယာကြည်နူး သယောင် ယောင်နှင့် ရင်ထဲ၌ ဖို၍ နေလေ၏ ။ ထို့ကြောင့် ပင်စကားတခွန်းမျှ မပြော ဘဲ၊လိုက်ပါလာလေ၏ ။ မိုးသက် လေသည်သံလွင်မြစ်ကို ဖြတ်သန်း၍ လာရသဖြင့် အေးစိမ့်နေ၏ ။
မကြာမီ သူတို့သည် ဟော်တယ်တခုပေါ်သို့ တက်ကြလေသည်။ ချက်ချင်းပင် ထမင်းကြော်- အစုံကြော်-ဟင်းလျာတို့နှင့် ဘရန်ဒီတဖလ်ခွက်ပါစားပွဲပေါ်သို့ ရောက်လာလေ၏ ။
''ကဲ-ကိုလွင်....သောက်''
မမြချစ်သည် ပယင်းရောင် တောက်နေသည့် ဘရန်ဒီဖလ်ခွက်ကို ကိုစောလွင်၏ ရှေ့သို့ တိုးပေးလိုက် လေ၏ ။
''ဟင့်အင်း ချစ်ချစ်၊ ကို- မသောက်ဘူး၊ တခါမှလဲ မသောက်ဖူးဘူး....''
ဟု ကိုစောလွင်က အလန့်တကြားငြင်းပယ်လိုက်သော်လည်း....
''ခေတ်ကို နောက်ပြန် ဆွဲမနေပါနဲ့ကိုလွင်ရယ်....။ ကိုလွင့်ကြည့်ရတာ လဲမှိုင်တိုင်တိုင်နဲ့။ နောက်ပြီး- မိုးရွာလိမ့်မယ်ထင်တယ်- အေးစိမ့်စိမ့်နဲ့။ လူလန်းသွားအောင် သောက်စမ်းပါ''ဟုအတင်းထိုးပေးနေရုံမျှမက....
''ယောက်ျားလေး အရက်သောက်တာ မဆန်းပါဘူး''ဟု ပြောနေပြန်သဖြင့် စိတ်အရှုပ်မှ သက်သာလိုသက်သာငြား အသာဆွဲယူ၍ သောက်မိလေသည်။
ဤတွင် မှ သူတို့ နှစ် ယောက် သည်စားသောက်ဖွယ်ရာများ ကို မြိန်ရှက်စွာ စားကြလေသည်။ စားသောက်ပြီးစီးသော အခါ မမြချစ်ကပင်ပိုက်ဆံရှင်း၍ ပေးလိုက် လေသည်။ကိုစောလွင်ကား ခေါင်းကိုပင် မထူချင်လောက်အောင်- မူးနောက်လျက်ရှိလေသည်။
''ကဲ သွားကြစို့'' ဟု မမြချစ်ကခေါ်သဖြင့် သာ လိုက်လာရသော်လည်း မလဲအောင် ဟန်ဆောင်၍ လိုက်လာရလေ၏ ။
''ကဲ- ကိုလွင်၊ ဘယ်ကိုပြန်မလဲ''
''မပြန်ဘူး- ချစ်ချစ်နဲ့ဘဲ လိုက်ခဲ့မယ်။ ပြန်လို့လဲ မ ဖြစ်တော့ဘူး''
မမြချစ်သည် ခေါင်းငိုက်စိုက် ကျနေသော ကိုစောလွင်ကို ကြည့်ကာပြုံးလိုက်ပြီးမှ အိမ်တွင် အစေခံမကြီးမှတပါး မည် သူမျှမရှိသည်ကို သတိရသဖြင့် ခေါင်းကိုညိမ့်၍ နေလေ၏ ။မြင်းရထားသည် ကိုစောလွင်နှင့် မမြချစ်တို့အား တင်ဆောင်ကာ၊မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက်မောင်းနှင်၍ လာလေ၏ ။ ကောင်းကင်ဝယ်- မိုးသားတို့မှာ အုံ့မှိုင်းလျက်ရှိကာ- အေးမြသော မုတ်သုန်လေမှာ ဝှေ့ရမ်းလျက် ရှိလေသည်။ကိုစောလွင်ကား- ဘာမျှမပြော ဘဲခေါင်းကို ငိုက်စိုက်နှင့် သာ လိုက်ပါလာ၏ ။ သူ၏ မျက်စိရှေ့တွင် ရှိသမျှပစ္စည်းတို့မှာ ချာချာလည်နေသဖြင့် မျက်စိကို မှိတ်ထားလေ၏ ။ သူ၏ နံဘေးရှိ ညက်ညောသော အတွေ့ ကိုကြည်နူးမိလေ၏ ။ တချက်တချက်မြင်းရထားက လှုပ်လိုက်သော အခါကိုစောလွင်၏ ခေါင်းသည် မမြချစ်၏ ရင်ခွင်သို့ ကပ်၍ သွားလေ၏ ။ မမြချစ်ကား ဘာမျှမထူးခြားသကဲ့သို့ လိုက်ပါလျက် ရှိလေ၏ ။မြင်းရထားသည် ဒိုင်းဝန်းကွင်းရပ်ကွက်ရှိ- တိုက်ခံအိမ်တအိမ်ရှေ့သို့ ထိုးရပ်လိုက်လေ၏ ။ မမြချစ်သည်မြင်းရထားခပေးပြီး ကိုစောလွင်ကိုတွဲကာ အိမ်ထဲသို့ သွင်းခဲ့လေ၏ ။ထိုအခိုက် မိုးသည် တဖွဲဖွဲ ရွာ၍ လာလေ၏ ။
''ဟင်း- ဟင်း.... မူးလိုက်ထာချစ်ရယ်''
မမြချစ်သည် မူးနေသော ကိုစောလွင်အား အစေခံမကြီး၏ အကူအညီဖြင့် အိပ်ခန်းထဲသို့ သွင်းလေ၏ ။
''ဟား အံချင်လိုက်ထာ- ဟား-ဝေါ့''
မမြချစ်သည် ကိုစောလွင်၏ ကျောကို နှိပ်ရင်း ''မအေးရေ ဆေးလိုက်ပါနော်''ဟု မှာ မိလေ၏ ။
''ချစ်ချစ်-ချစ်ချစ် ကို့ကို ပစ်မထားနဲ့ကွယ်။ ဟင်း မူးလိုက်ထာ။ အံမယ်လေး.... ဒီမှာ နေပါ ချစ်ချစ်ရယ်....ချစ်ချစ်''
''ကိုလွင်''
''ချစ်-ကိုလွင့်ကိုစိတ်မဆိုးနဲ့ကွယ်။ကိုလွင်လေ မူး- မူးတယ်- အချစ်ရယ်ချစ်ချစ်''
''ကိုလွင်....''
''ချစ်....ချစ်....ချစ်ချစ်''
တဖွဲဖွဲ ရွာနေသည့် မိုးကြောင့် တစိမ့်စိမ့်အေးနေသည့် ရာသီ၊ မှုံမှိုင်းရီမှော င်လျက်ရှိသည့် လောကဓာတ်၊တိတ်ဆိတ်ငြိမ်သက်လှသည့် ပတ်ဝန်းကျင်ဝယ်၊ အရက်ဆေးကြောင့် ၊ ရမ္မက်သွေးကြွကာ သတိကင်းစင်နေသည့်ကိုစောလွင်နှင့် သဘောလွယ်သူ မမြချစ်တို့အဘို့ကား.... အလင်းရောင် ပျောက်ကွယ်ကာ မှော င်အတိကျလျက်ရှိတော့သည်။
ဆုထူးရွယ် | ငယ်ချစ်ဆွေ | ပွင့်ဦး |