ငယ်ချစ်ဆွေ
ကျွန်တော် ၏ အသက် ၁၆ နှစ် အရွယ်ကပင် ကျွန်တော် သည် ငယ်ချစ်ဆွေနှင့် ဆုံတွေ့ ခဲ့ရပါသည်။ ငယ်ချစ်ဆွေမှာ မူ၁၄ နှစ် သမီးမျှသာ ရှိပါသေးသည်။
ထိုစဉ်က ကျွန်တော် သည် ရွာအပြင်ဘက်ရှိ ချောင်းကလေးဖြတ်ကူးထားသော တံတားငယ်တခု၏ ဤမှာ ဘက်မှဟိုမှာ ဘက်သို့ ဖြတ်ကျော်၍ အသွား ဆွေကလည်း တံတားငယ်၏ ဟိုမှာ ဘက်မှ ဤမှာ ဘက်သို့ ဖြတ်ကျော်၍ အလာ..တံတားထက်တွင် ဆုံခဲ့မိကြခြင်း ဖြစ်လေသည်။ ရုတ်တရက်ဆုံတွေ့ မိကြခြင်း ဖြစ်သဖြင့် ကျွန်တော် ရော ဆွေပါ အံ့အားသင့်ကာ ရပ်တန့်နေမိပါသည်။ တံတားငယ်နှင့် မနီးမဝေးတွင် ရှိ ပန်းဘဲဖိုမှတူထုသံသာလျှင် ဆိတ်ငြိမ်လျက်ရှိသော လောကဓာတ်ဝယ် ပျင်းရိငြီးငွေ့ဘွယ်ရာ ထွက်ပေါ်လျက်ရှိလေသည်။ အဘယ်ကြောင့် မသိ၊ ဤတူထုသံကို ကြားရသည့်အခါ ရင်ထဲတွင် ဟာကနဲ ဖြစ်မိကာ အဘယ်ကို လွမ်းရမည် မသိဘဲ ဝမ်းနည်သလိုလို ဖြစ်ခဲ့ရပါသည်။
ထိုနေ့က ဆွေ၏ လမ်းလျှောက်ဟန်၊ ဆွေ၏ အမူအရာ၊ဆွေ၏ အင်္ကျီနှင့် ထမီရောင် စသည်တို့မှာ ယနေ့တိုင် ကောင်းစွာ မှတ်မိလျက် ရှိပါသေးသည်။ ကျွန်တော် သည် ဆွေ၏ အနီးသို့ တိုး၍ သွားကာ ချစ်မြတ်နိုးစွာ ဖြင့် ဆွေ၏ လက်ဖျားနှစ် ဘက်ကိုဆွဲယူကိုင်တွယ်မိ၏ ။ ကျွန်တော် သည် ဆွေနှင့် ထိုအချိန်ကမှစတင်တွေ့ ခဲ့ရခြင်း ဖြစ်သော်လည်း ရဲတင်းလှသော ကျွန်တော် ၏ အပြုအမူအတွက် လက်ရွံ့တွန့်ဆုတ်လိုစိတ် အနည်းငယ်မျှမပေါ်ခဲ့။ ဆွေကလည်း ထိတ်လန့်ရွံ့ရှာသည့် အမူအရာကို မပြခဲ့။ ပြုံးရွှင်ကြည်လင်စွာ ပင် ကျွန်တော် ၏ အပြုအမူကို ခံယူခဲ့၏ ။ထိုအခါက ကျွန်တော် သည် ဆွေ၏ တကိုယ်လုံးကို ပွေ့ဘက်နမ်းရှုံ့စေကာမူ ဆွေသည် ငြင်းဆန်လိမ့်မည် မထင်ခဲ့။
ဆွေနှင့် တွေ့ ခဲ့ကြစဉ်က ကျွန်တော် ၏ ရင်ထဲတွင် ဖြစ်ပေါ်လာခဲ့သော အချစ်မှာ မောင်နှမချစ် မဟုတ်ခဲ့။ သို့ သော်ရင်ထဲ၌ ပူပန်တောက်လောင်ခြင်း မရှိသဖြင့် သမီးရည်းစားချစ်လည်း မဟုတ်ခဲ့။ မောင်နှမချစ်နှင့် သမီးရည်းစားချစ် နှစ် ခုအကြားတွင် ရှိ၍ ထိုအချစ်တခုထက် သာလွန်၍ မြင့်သော အချစ်မျိုး ဖြစ်၏ ။
ဆွေသည် ကျွန်တော် ဆွဲခေါ်ရာနောက်သို့ ရုန်းကန်ခြင်းမရှိဘဲ လိုက်လာ၏ ။ မိတ်ဟောင်းဆွေဟောင်းများ ပမာ ထွေရာလေးပါးစကားလက်ဆုံကျခဲ့ကြ၏ ။ ဆွေက ကျွန်တော့် အား'ကိုလွင်' ဟု ခေါ်၏ ။ ဤနာမည် မှာ ကျွန်တော် ၏ နာမည် မဟုတ်သော်လည်း ကျွန်တော် က ကျေနပ်နှစ် သိမ့်စွာ ထူးခဲ့၏ ။ ကျွန်တော် ကလည်း ဆွေအား 'ဖြူဖြူ' ဟု ခေါ်ခဲ့၏ ။
ကျွန်တော် တို့နှစ် ယောက် သည် တဖြည်းဖြည်းနှင့် ရွာနှင့် ဝေးလာကာ လယ်တဲကြီးတခုအနီးသို့ ရောက်လာ၏ ။ လယ်တဲမှာ တိတ်ချက်သားကောင်းလှသဖြင့် ကျွန်တော် တို့နှစ် ယောက် သည် လယ်တဲအတွင်းသို့ ဝင်၍ ကြည့်ကြ၏ ။ လယ်တဲအဝင်ဝရှိကွပ်ပျစ်ပေါ်၌ ကောက်ညှင်းပေါင်း အပြည့်ထည့်၍ ထားသော ဇလုံတလုံးနှင့် ငါးခြောက်ကြော်တပန်းကန်၊ လဘက်ရည်ကြမ်းအိုးတလုံးနှင့် လဘက်ရည်ပန်းကန်လုံးနှစ် လုံးကို တွေ့ ရ၏ ။ကောက်ညှင်းပေါင်းမှာ အငွေ့တထောင်းထောင်းထနေကာ ငါးခြောက်ကြော်မှာ လည်း ပူပူနွေးနွေး မွှေးမွှေးကြိုင်ကြိုင်ပင် ရှိနေ၏ ။ လက်ဘက်ရည်ကြမ်းအိုးမှာ လည်း လဘက်ရည်ကြမ်းအပြည့်ပူပူလောင်လောင်ကြီး ရှိနေ၏ ။ ကွပ်ပျစ်ဒေါင့်တနေရာ၌ ကြောင်တကောင်သည် အိပ်၍ နေ၏ ။
ကျွန်တော် က လဘက်ရည်ကြမ်းအိုးကို ငှဲ့နေစဉ် ဖြူဖြူက ''ကိုလွင် ဒီမှာ ခဏနေအုန်းနော်...၊ ဖြူဖြူအခုဘဲလာခဲ့မယ်။ မီးဖိုချောင်ဘက်မှာ ဘယ်သူတွေ များ ရှိသလဲ၊ သွားကြည့်ချင်လို့'' ဟုဆိုကာ မီးဖိုဆောင်ဘက်သို့ ထွက်၍ သွား၏ ။ ကျွန်တော် သည် ကွပ်ပျစ်တွင် ဝင်၍ ထိုင်ကာ လဘက်ရည်ကြမ်းကိုသောက်ရင်း ဖြူဖြူပြန်လာမည့် အချိန်ကို စောင့်၍ နေခဲ့၏ ။အချိန်အတော် ကြာအောင် စောင့်သော်လည်း ဖြူဖြူမလာသဖြင့် ကျွန်တော် သည် မီးဖိုဆောင်ဘက်သို့ လိုက်သွားမိ၏ ။ ဖြူဖြူကိုကား မတွေ့ ခဲ့ရ။ သို့ နှင့် မီးဖိုဆောင်မှ လယ်တဲနောက်ဖေးဘက်သို့ ထွက်လာသော အခါ ကျွန်တော် ရောက်နေသော နေရာမှာ လယ်တောမဟုတ်ဘဲ သင်္ချိုင်း ဖြစ်နေသည်ကို တွေ့ ရလေ၏ ။မြေပုံနှင့် အုတ်ဂူများ ကိုသာ တွေ့ ခဲ့ရ၏ ။ မိုးကုတ်စက်ဝိုင်းအောက်တွင် ပျောက်ကွယ်လုဆဲဆဲ ဖြစ်နေသော နေဝန်း၏ မှု န်ရီရီအလင်းရောင် အောက်ဝယ် မြေပုံများ နှင့် အုတ်ဂူများ အကြားသို့ ရောက်နေသော ကျွန်တော် မှာ စိတ်ချောက်ချား၍ လာ၏ ။ မြေပုံများ နှင့် အုတ်ဂူများ အကြားတွင် ပြေးသွားရင်းက ဖြူဖြူ၏ နာမည် ကို အော်၍ ခေါ်မိ၏ ။ အော်ရင်း ခေါ်ရင်း ပြေးရင်းက ညဥ့်ဘက်သို့ ကူးကာ အမှော င်ထု ကြီးမားလာသဖြင့် လမ်းကိုပင် မမြင်တော့။
ထိုအချိန်တွင် အိပ်ရာမှ လန့်၍ နိုးခဲ့ရလေသည်။ အိပ်ရာထဲတွင် ငုတ်တုတ်ထိုင်ရင်းက အိပ်မက်ထဲ၌ ဆွေ့အား ဆုံးရှုံးခဲ့ရသည့်အ ဖြစ်ကို တွေးမိကာ နှမြောပူပန်မိခဲ့လေသည်။ အမှန်မှာ ထိုအိပ်မက်ကို မက်နေချိန်က ကျွန်တော် ၏ အသက်မှာ ၁၆နှစ် မဟုတ်ဘဲ ၁၈ နှစ် ကျော်ကျော် ရှိခဲ့လေပြီ။ ကျွန်တော် နေသော ဒေသမှာ လည်း တောရွာမဟုတ်ဘဲ ရန်ကုန်မြို့ရှိ အထက်တန်းကျောင်း တကျောင်း၌ ကျောင်းအိပ် ကျောင်းစားနေခဲ့ခြင်း ဖြစ်၏ ။
ကြယ်ပွင့်လွှာ | ချစ်သုံးလီ | ချစ်ကြွေးမပြေ |