
(အမှာ စာ)
ထိုစာအုပ်ကို ခင်ပန်နှင်းက `ဘ၀´နှင့်ရေး သည်ဟု ဆိုထားပါသည်။ သူ့အဖေနှင့် သူတို့ ပြောဆိုကြသည့် စကားသံများ ကို ကျွန်တော် ကြားရပါသည်။ သူ့အဖေနှင့် သူတို့၏ အယူအဆများ ကို ကျွန်တော် သိရပါသည်။ သူ့အဖေနှင့်သူတို့ တစ်ဦးအပေါ်တစ်ဦး ထားကြသည့် မေတ္တာစေတနာတို့ကို ကျွန်တော် ခံစားရပါသည်။ ခင်ပန်နှင်း၏ ဘ၀တွင် အရေး ကြီးဆုံးနှင့် အလွှမ်းမိုးဆုံး လူ တစ်ယောက် သည် သူ့အဖေ ဖြစ်မည် ဟု ကျွန်တော် ထင်ပါသည်။
သူ့စာအုပ်ကို ဖတ်ပြီးသော အခါ....
ကျွန်တော့် အဖေနှင့် ကျွန်တော် ပြောကြဆိုကြမည့်  စကားသံများ ကို ကျွန်တော် ကြားချင်လာသည်။ ကျွန်တော် အဖေ၏ အယူအဆများ ကို ကျွန်တော် သိချင်လာပါသည်။ ကျွန်တော့်အဖေ၏ မေတ္တာ စေတနာတရားကို ကျွန်တော် ခံစားချင်လာပါသည်။ ကျွန်တော့် ဘ၀အတွက် အရေး အကြီးဆုံးနှင့် အလွှမ်းမိုးဆုံး လူ တစ်ယောက် သည် ကျွန်တော့် အဖေ ဖြစ်လျှင် ဘယ်လောက်ကောင်းလေမလဲ တွေး ဖြစ်ပြန်၏ ။
ကျွန်တော် လေးလသားအရွယ်ကတည်းက ဝေးကွာသွားခဲ့သော ကျွန်တော့် အဖေအတွက်.....
`သို့ .... ချစ်သော ဖေဖေ´´ လို့ ခင်ပန်နှင်လို ကျွန်တော် ရေး နိုင်ပါ့မလား။
`သို့..... စာဖတ်သူ
ဤ.... `သို့... ချစ်သော ဖေဖေ´ စာအုပ်ကို ကျွန်မ `ဘ၀´နှင့် ရေး ပါသည်။ ကျွန်မသည် သမီးများ ထံသို့ ဖခင်များ ထံမှ ရေး စာပေးစားများ ကို စာအုပ်အ ဖြစ် ဖတ်ရတိုင်းဖတ်ရတိုင်း သမီး တစ်ယောက် ထံမှ အဖေ တစ်ယောက် ထံသို့ ရေး သားခြင်းများ လည်း ရှိချင်ခဲ့ပါသည်။ ဤစာအုပ်သည် ကျွန်မဖေဖေအတွက် ကျွန်မ၏ နှလုံးသား သဘောထားများ ဖြစ်ပါသည်။ မရှိတော့ပြီ ဖြစ်သော ကျွန်မ၏ ဖေဖေ မဖတ်နိုင်တော့သော်လည်း ထင်ရှားရှိနေသေးသော အခြားအခြား ဖေဖေများ အတွက် သူတို့ သူတို့၏ သမီးများ ကိုယ်စား....
ဖြစ်ပါစေဟု ဆုတောင်းပါသည်။
ဖေဖေ
အဖေဆိုတာ
သမီး ဖြစ်သူအဖို့
နေလကမာ ဂြိုလ်ပေါင်းများ စွာ
ကြယ်တာရာ ဥက္ကာပျံ
အစုံအလင်ပါဝင်တဲ့
စကြာဝဠာ တစ်ခုပါပဲ....။
သမီး.......။
ဖေဖေ
အဖေဆိုတာ
ကျွန်မအဖို့
နွေဝတ်ဖို့၊ မိုးဝတ်ဖို၊ ဆောင်းဝတ်ဖို့
နွေးနွေးထွေးထွေး ဖြစ်စရာ
ကာကွယ်ရာ
လုံခြုံမှု ဖြစ်ရာ
အ၀တ်အထည်မျိုးစုံ ရှိနေနှင့်တဲ့
ဗီရိုတစ်လုံးနဲ့လည်း တူပါတယ်။
သမီး......။
ဖေဖေ
သားနဲ့သမီးဆိုရင်
သမီး ဖြစ်သူကို အဖေ ဖြစ်သူက
အချစ်ပိုတတ်တယ်ဆိုတာ
ကျွန်မအတွက် ဆု... ပါပဲ။
သမီး........။
ဖေဖေ
ဆွေမျိုးတွေ ကရော
ပတ်ဝန်းကျင်ကပါ
`သူ့အဖေက သူ့သမီးမှ သူ့သမီး´´......
ဆိုတဲ့ မှတ်ချက်အောက်မှာ
ကျွန်မကြီးပြင်းလာခဲ့ပါတယ်။
ထို့တူစွာ
သူ့အဖေက....
သူ့သမီးပြောမှရတယ်
..... ဆိုတဲ့ မှတ်ချတ်နဲ့
ဖေဖေနေထိုင်ခဲ့ပါတယ်။
သမီး........။
ဖေဖေ
ဖေဖေအသက် - ၂၀ မှာ
ကျွန်မလူ ဖြစ်ခဲ့ပါတယ်။
အသက် - ၂၀ သာ ကွာတဲ့ အဖေနဲ့သမီး
စိတ်ချင်းနီးတာ
မထူးဆန်းပါဘူးနော်။
သမီး........။
ဖေဖေ
ဗန်းမော်တင်အောင်ရဲ့ ချစ်ဝဏ္ဏ၀ါဗွေ
မြသန်းတင့်ရဲ့ ထားကျွန်မလင်
တက္ကသိုလ်ဘုန်းနိုင်ရဲ့ ...
သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် ခိုင်
..... တို့ကို ကြိုက်တာချင်းမှာ
ဖေဖေနဲ့ကျွန်မ တူခဲ့ကြတယ်။
အောင်လင်းရဲ့ အရိုင်းစံပယ်ကို
ကျွန်မကြိုက်မိတာ
ဖေဖေ မနှစ်သက် ဘူး။
`ကိုဘခက်´ လို
ဘုကျကျ ပစ္စည်းမဲ့လူစားမျိုးကို
ကျွန်မအထင်ကြီးမိမှာ
ဖေဖေစိုးရိမ်လို့ ဖြစ်မယ် ဆိုတာ
ကျွန်မ..... အခုမှ တွေးမိပါတယ်။
သမီး........။
ဖေဖေ
ကျွန်မ အောက်ျက်တဲ့ ကျောင်းစာတွေ ကို
ဖေဖေလည်း အလွတ်ရနေတယ်။
စာမေးပွဲမေးခွန်းလွှာကို ကြည့်ပြီး
ကျွန်မ.... ဖြေနိုင်ခဲ့ပြီဆိုတာ
ဖေဖေ.... ကျွန် မပြောမိကတည်းက
သိနေတယ်.....။
သမီး........။
ဖေဖေ
သမီးက သိပ်ဉာဏ်ကောင်းတာပဲလို့
ဖေဖေ တစ်လျှောက်လုံးပြောခဲ့ပါတယ်။
ဒါကြောင့် ....
သိပ်မသိတာ သိပ်မမှတ်မိတာတွေ နဲ့
ကြုံရင်တောင်
ဖေဖေ ပြောတာကို တွေးတွေးပြီး
သိသွားတယ်၊ မှတ်မိသွားတယ်။
သမီး........။
ဖေဖေ
ဖေဖေဆိုတာ ကျွန်မကို
မွေးကတည်းက အထင်ကြီးလာသူပဲ။
ကျွန်မကို အထင်ကြီးယုံစားသူစာရင်းမှာ
ဖေဖေသည်
ထုထည်အကြီးမားဆုံးနဲ့
ကာလအရှည်ဆုံး လူ တစ်ယောက် ပဲ။
သမီး........။
ဖေဖေ
ကျွန်မ..... ပညာတတ်သာ ဖြစ်ပြီး
ငွေကြေးချမ်းသာမှု ဖြစ်လိမ့်မယ်မဟုတ်ဘူး
ဆိုတာ....
ကျွန်မငယ်ငယ်ကတည်းက ဖေဖေကြိုသိခဲ့တယ်....။
အဲဒါ.... ဘာ ဖြစ်လို့လဲ ဖေဖေ။
ထို့တူစွာ ... ကျွန်မသည်
ချစ်ခြင်းအရာမှာ
ပေးဆပ်ဖို့ ပေးဆပ်ဖို့
ဖြည့်ဆည်းပေးဖို့သာ စိတ်ထက်သန်တဲ့
`အပေးသမား´ သာ ဖြစ်မယ်ဆိုတာကိုလည်း
ဖေဖေကြိုတွက်ခဲ့ပါတယ်။
သမီး........။
ဖေဖေ
ဖေဖေက သိပ်ချစ် သိပ်အထင်ကြီး သိပ်ယုံလို့
ကျွန်မ.... အမေ့အမေတ္တာရနိုင်အား
နည်းပါးသွားတာလား မသိနိုင်ပါဘူး
သမီး........။
ဖေဖေ
ကျွန်မအပျို ဖြစ်စေ
အပျိုလိုအလှပြင်ထားတဲ့နေ့က
ဖေဖေ့မျက်နှာမှာ
အလိုမကျရိပ်တွေ ထင်နေခဲ့တာ...
ကျွန်မခုထိ မှတ်မိနေတုန်းပဲ။
သမီး........။
ဖေဖေ
ကျွန်မ.... ယောက်ျားလေးအပေါင်းအသင်းများ တာ....
ဖေဖေမကန့်ကွက်ဘူး။
အလိုမကျ မ ဖြစ်ဘူး
သမီး........။
ဖေဖေ
ကျွန်မ သိပ်ပြီး စိတ်ကူးယဉ်တတ်တယ်ဆိုတာ
ဖေဖေသိနေတယ်။
အဲဒီ အတွက်... ဖေဖေ မနှစ်သက် ပေမယ့်
ကျွန်မကို ပြုပြင်ဖို့
ဖေဖေမကြိုးစားပါဘူး။
ကျွန်မစိတ်ကျဉ်းကျပ်မှာ ကို
ဖေဖေစိုးရိမ်တတ်တယ်။
သမီး........။
ဖေဖေ
ဖေဖေ့ကို ကျွန်မ တစ်ခါတစ်ခါ
စိတ်ကွက်မိတယ်။
မေမေ့စကားအတိုင်း
ဖေဖေတစ်ခါတလေ
တွေးထင်ပြုမူလိုက်တဲ့ အချိန်တွေ မှာ ပေါ့။
သမီး........။
ဖေဖေ
ကျွန်မ ဆယ်တန်းကျောင်းသူ ကာလမှာ
ကျွန်မ စာကြည့်စားပွဲက
ရည်စားစာတစ်စောင်တွေ့ လို့
ဖေဖေ ကျွန်မကို ဆူခဲ့တာ
ကျွန်မ မမေ့ဘူး။
သမီး........။
ဖေဖေ
အဲဒီ ရည်းစားစာ ကိစ္စက
ကျွန်မအဖို့ အပယိကပါ။
အဲဒါကို.... ဖေဖေအကြာကြီး
အသည်းအသန် စိတ်ဓာတ်ကျခဲ့တယ်။
သမီး........။
ဖေဖေ
အချစ်ရေး ရာမှာ
ကျွန်မ.....
စိတ်အင်အား နည်းပါးပျော့ညံ့သူ ဖြစ်တယ်လို့
ဖေဖေကျွန်မကို
ဘာကြောင့် ကြိုအကဲခတ်နိုင်ပါသလဲ ဖေဖေ။
သမီး........။
ဖေဖေ
ကျွန်မ အထက်တန်းကျောင်းတက်စဉ်
ကာလမှာ ....
ဖေဖေ ဖြတ်သန်းကျော်ဖြတ်နေတဲ့ ဘ၀ခရီးက
အဆင်ပြေပြီး နှစ်သက် စရာ ကောင်းတယ်လို့
ကျွန်မ ထင်ပါတယ်။
သမီး........။
ဖေဖေ
မေမေက ဖေဖေ့ကို လွှမ်းမိုးတဲ့အခါတွေ
အတော် များများ ရှိပေမယ့်။
အိမ်ရဲ့ အရေး ကြီးတဲ့
ဆုံးဖြတ်ချက်တွေ မှာ တော့...
ဖေဖေ့အပေါ် မူတည်နေတာကို
ကျွန်မ နှစ်သက် ပါတယ်။
သမီး........။
ဖေဖေ
ကျွန်မငယ်ငယ်လေး ငယ်သွားလဲစက
သွားတိုက်ဆေးဘူးလေးနဲ့
သွားပွတ်တံ သေးသေးလေး....
ဝယ်ပေးဖူးတဲ့ ဖေဖေက
ကျွန်မ စက်ဘီးစီးတတ်တော့
တင်တောင်.... တင်တောင်....
မောင်ဗမာစက်ဘီးလေး
ဝယ်ပေးတယ်။
သမီး........။
ဖေဖေ
ကျွန်မရဲ့ အတန်းတင်စာမေးပွဲကာလတွေ မှာ
ကျွန်မစာမေးပွဲခန်း သွားခါနီး
ကျွန်မရဲ့ Crest ဖောင်တိန်လေးကို
မင်ထည့်ပေးတယ်။
ကျွန်မရဲ့ Fortis နာရီလေးကို
အချိန်ကိုက်ပြီး သံပတ်ပေးပေးတယ်။
နောက်ပြီး ကျွန်မကို ဖေဖေရဲ့ Releigh
စက်ဘီးနောက်မှာ တင်နင်းပြီး
ကျောင်းကို လိုက်ပို့တယ်။
သမီး........။
ဖေဖေ
ကျွန်မ စာမေးပွဲအခန်း ၀င်ခါနီး အထိ
တွက်လို့မရနိုင်တဲ့
Algebra ပုစ္ဆာတစ်ပုဒ်အတွက်
ဖေဖ ကျွန်မနဲ့အတူ
ဗျာများ ခဲ့တယ်။
သမီး........။
ဖေဖေ
ကျွန်မဖေဖေ့ကို မကြိုက်မိတာတစ်ခုက
သမီးကို ပညာတွေ သင်ပေးတာ
ဖေဖေတို့ အားကိုးချင်လို့ မဟုတ်ဘူးလို့
ထပ်ခါတလဲလဲ ပြောနေတာကိုပါပဲ။
သမီး........။
ဖေဖေ
ကျွန်မ မနှစ်သက် မိတာ
သမီးရှာစာကို ဖေဖေတို့
မမျှောကိုးဘူးလို့
ပြောတာလည်း ပါပါတယ် ဖေဖေ။
သမီး........။
ဖေဖေ
မိဘက ယုံစားအားကိုခြင်းမခံရတဲ့
သားသမီးတွေ ဟာ
ဘ၀ကို မယုံရဲစိတ် စိတ်မချစိတ်နဲ့
လျှောက်လှမ်းသူ
ဖြစ်တတ်ပါတယ် ဖေဖေ။
သမီး........။
ဖေဖေ
ကျွန်မ မကြိုက်တာ
သမီးကို ပညာတွေ သင်ပေးပြီးရင်
ဖေဖေတို့ ၀တ္တရားပြီးပြီဆိုတာလည်း ပါတယ်။
သမီး........။
ဖေဖေ
ပညာတတ် ဖြစ်ရင်
ဖြစ်ချင်တာ အကုန် ဖြစ်ပြီး
လိုချင်တာ အကုန်ရလိမ့်မယ်လို့
ဖေဖေ ထင်ခဲ့တာကိုလည်း
ကျွန်မ.... မကြိုက်ပါဘူး။
သမီး........။
ဖေဖေ
သားသမီးဆိုတာ
မိဘက ကိုယ့်ကိုယုံစားအားကိုတယ်
ဆိုတာကို
လိုချင်ကြပါတယ်။
သမီး........။
ဖေဖေ
ကျွန်ယုံရင် တစ်ဖက်ပဲကန်းတယ်
သားသမီးယုံရင် စုံလုံးကန်းတယ်လို့
ဖေဖေ တစ်ခါတစ်လေ ပြောလိုက်ရင်
ကျွန်မ စိတ်မကောင်း ဖြစ်ရပါတယ် ဖေဖေ။
သမီး........။
ဖေဖေ
ပညာတွေ တတ်ရင်
ပညာပဲရတယ်.... ကျန်တာတွေ ကို
မရနိုင်ပါဘူး၊ မရတတ်ပါဘူးလို့
ကျွန်မ.... ဖေဖေ့ကို ချွန်းတုံ့ပြန်ပါရစေ။
သမီး........။
ဖေဖေ
ပညာတတ် တစ်ယောက် သည်
ကံကောင်းသူ တစ်ယောက် လည်း ဖြစ်တယ်လို့
သေချာပေါက် တွက်လို့မရပါဘူးဖေဖေ။
သမီး........။
ဖေဖေ
ပညာ.... ဆိုတာကနေ
ပြည့်စုံတဲ့ ရပ်တည်မှု ဆိုတာရရှိဖို့
အဆင့်တွေ အများ ကြီးကို ဖြတ်ကျော်ပြီး
အခက်အခဲတွေ အများ ကြီးကိုလည်း
တိုက်ခိုက်ရပါတယ်....
ကျွန်မ.... မိန်းကလေးပါ ဖေဖေ။
သမီး........။
ဖေဖေ
`ဖေဖေ´ နဲ့တူတဲ့ ယောက်ျားကို
ကျွန်မ ရှာဖွေမိပါတယ်...
ဒါ..... မှားပါသလား။
သမီး........။
ဖေဖေ
ကိုယ်ကလည်း ချစ်ပြီး
ကိုယ့်ကိုလည်း ချစ်တဲ့
ယောက်ျား တစ်ယောက် ရဲ့
ပြောစကားကို
ကျွန်မနားထောင်ချင်တယ်
ချစ်လို့ထားတဲ့ စည်းကမ်းတွေ ကို လိုက်နာရတာ
ကျွန်မ ပျော်တယ်။
အဲဒါ... အဖေနဲ့နီးတဲ့ သမီး ဖြစ်တဲ့
အတွက်ပေါ့။
သမီး........။
ဖေဖေ
ကိုယ့်ထက်ငယ်သူ
ကိုယ်နဲ့ရွယ်တူထက်
ကိုယ့်ထက် အထိုက်အလျောက် အသက်ကြီးပြီး
ကိုယ့်ကို အတန်အသင့် လွှမ်းမိုးနိုင်တယ်
ထင်ရသူမျိုးကိုမှ
ကျွန်မ စိတ်ဝင်စားတတ်တာ
ဖေဖေ့ကို ချစ်ခင်ယုံစားတဲ့ အရှိန်ကြောင့် ပါ။
သမီး........။
ဖေဖေ
ချစ်မိတဲ့ ယောက်ျား တစ်ယောက် ကို
ချစ်ခင်ယုံစား အထင်ကြီးပြီး
အရေး တယူ ထားချင်တတ်တာလည်း
ဖေဖေ့မေတ္တာရိပ်ရဲ့ အစွန်းထွက် ဖြစ်စဉ်ပါပဲ
သမီး........။
ဖေဖေ
ကျွန်မတို့ ဖအေတူသမီး
သူ့အဖေနဲ့ တစ်ပုံစံတည်းပဲလို့
ပြောကြသူတွေ
အမြဲရှိနေပါတယ်။
သမီး........။
ဖေဖေ
ကျွန်မ... လမ်းစတွေ ပျောက်ပြီး
စိတ်ပျက်အားငယ်မိရင်
သူ့အဖေနဲ့ တထေရာတည်းပဲလို့ ပြောမယ့်
သူတွေ ကို လိုက်ရှာပါတယ်။
သမီး........။
ဖေဖေ
ဖေဖေ့အပေါ် မေမေလွှမ်းမိုးနိုင်မှု က
အိမ်ရဲ့ အဓိကမကျတဲ့ ကိစ္စတွေ မှာ သာ
ရှိနိုင်ပေမယ့်၊ အဓိကမကျတဲ့ ခေါင်းစဉ်
ခပ်သေးသေးတွေ ကများ ပြီး၊ အဓိကကိစ္စတွေ က
တစ်မျိုးနှစ် မျိုးသာ တစ်ကြိမ်မှာ ရှိတတ်ပါတယ်။
အဲဒီ အတွက် မေမေ့လွှမ်းမိုးမှု တွေ
သိပ်များ တဲ့ကာလမှာ
ဖေဖေ့လူဆိုပြီး
ကျွန်မ နေရာမရနိုင်ခဲ့ပါဘူး ဖေဖေ။
သမီး........။
ဖေဖေ
ကျွန်မ အထက်တန်းကျောင်းသူကာလမှာ
ဖေဖ့ကို မေမေက အလုပ်ထဲက မိန်းမ တစ်ယောက် နဲ့
စွပ်စွဲတယ်။
မေမေစွပ်စွဲသလို ဖြစ်နိုင်တယ်လို့
ကျွန်မထင်မိတာ
ဖေဖေ့ကို ကျွန်မအထင်ကြီးလို့ပါ ဖေဖေ။
သမီး........။
![]() ဘေဘီလေးရဲ့ အဖေတွေ အမေတွေ ဖတ်ဖို့ | ![]() မျက်စိမှိတ်ပြီး ပြောလိုက်မယ် | ![]() သို့ ....ချစ်သူ |