Cover

စဉ်းစဉ်းစားစားတွေးစေ့ချင်

သားသမီးဦးရေကို ကန့်သတ်တယ်ဆိုတာ တတ်နိုင်ရင် လုပ်တာကောင်းကောင်းတာပေါ့။ သားသမီးမယူလိုသေးခြင်း၊ သားသမီးဝေးလိုခြင်းတို့ကို မိခင်လောင်း အတော် များများ ကျင့်သုံးနေ ကြပါတယ်။

ပါရဂူများ ကိုယ်တိုင်က အိမ်ထောင်အတွက် သားသမီးမွေးလာခဲ့ရင် သူတို့လေးတွေ အတွက် ကြိုတင်စီစဉ်သင့်လို့ လက်ထပ်တယ်ဆိုရင်ပဲ တိုက်ရိုက်ကိုယ်ဝန်ရှိသွားတာမျိုးကို မနှစ်သက် ၊ မ ထောက်ခံတာတွေ ရှိနေတတ်တယ်။

မိမိအိမ်ထောင်ပြုချိန်မှာ မိမိအသက်နဲ့ ခင်ပွန်းအသက် ဘယ်လောက်ရှိသလဲဆိုတာ အရေး ကြီးပါတယ်။ ကိုယ့်အသက် ၂၅၊ သူ့အသက် ၂၅ သို့ မဟုတ် ၃၀ လောက် ဖြစ်နေရင် အချိန်သိပ်မဆွဲ သင့်ပါဘူး။ တချို့က စီးပွားရေး ကြောင့် လို့ဆိုတယ်။ ငွေရှာပါရစေဦး၊ ငွေစုပါရစေဦး စသဖြင့်ပေါ့။ ဒါ့ကြောင့် နောက်တစ်နှစ် ၊ နှစ် နှစ် မှာ ရော ဘယ်လောက်စုမိမှာ မို့လို့လဲ။ ဒီတော့ စောစောယူလိုက် တာ ပိုကောင်းလိမ့်မယ်။

နောက်တစ်ခုက ပထမ တစ်ယောက် မွေးပြီး ဒုတိယကိုယ်ဝန်ကို အကြာကြီး အချိန်ယူတတ် ကြတာ ဖြစ်တယ်။ အများ အားဖြင့် ပေးကြတဲ့ အကြောင်းပြချက်က ပထမ တစ်ယောက် လက်လွတ် မှ (ကျောင်းထားမှ)ဆိုတော့ ညီအစ်ကိုမောင်နှမဆိုတာ အရွယ်ချင်းကွာရင် ကစားပုံ၊ ကစားနည်း၊ စားပုံ၊ စားနည်း၊ နေပုံထိုင်ပုံ ၊ နေထိုင်နည်း မတြူ ကတော့ဘူး။ အသက်ချင်း တစ်နှစ် ၊ တစ်နှစ် ခွဲ၊ နှစ် နှစ် ခွဲအပြင် ပိုပြီး မကွာဟသင့်ဘူး။ သို့ မှသာ ကစားဖော်ရမယ်။ ငြင်းခုံဖော်၊ ငြင်းခုံဖက် ဖြစ်မယ်။ ဆင်တူလေးတွေ ၀တ်ပေးထားရင်ချစ်စရာလေးတွေ လို့ မြင်သူတိုင်းက ဆိုလိမ့်မယ် စာဖတ်ဖော်၊ စာကျက်ဖော်ရလိမ့်မယ်။

မတိမ်းမယိမ်းအရွယ်လေးတွေ ကို တစ်ပြိုင်တည်း ကြည့်ရတာ ၊ ရှေ့ဆင့်နောက်ဆင့် ကျောင်းလွှတ်ရတာ က ပိုမကောင်းဘူးလား၊ တစ်ယောက် ကျောင်းလွှတ်ပြီးမှ နောက်ကိုယ်ဝန်ကိုယူ ရင် ကျောင်းတာဝန်က တစ်ဖက်၊ ကိုယ်ဝန်ကတစ်ဖက် ဘယ်လိုအဆင်ပြေနိုင်မှာ လဲ။ အကြီးလေးက ၁၀ နှစ် သားရောက်လို့ လေးတန်းတို့၊ ငါးတန်းတို့ရောက်ချိန်မှာ အငယ်ကို ကျောင်း စထားရရင် အလုပ်နှစ် မျိုး လုပ်နေရတာ နဲ့ မတူဘူးလား။ အဲဒီ မှာ ထည့်စဉ်းစားရမှာ က အကြီးလေး ရဲ့ အားလပ်ချိန်မှာ အကြီးလေးက အငယ်လေးကို ထိန်းနေရလိမ့်မယ်။ သားသမီးအရေအတွက် ကန့်သတ်တဲ့ကိစ္စမှာ အများ အားဖြင့် တစ်ယောက် တည်း မွေးကြတယ်။ များ ရင် နှစ် ယောက် ပဲ သုံး ယောက် မွေးသူတွေ ပင် နည်းသွားပြီ။

ညီအစ်ကို မောင်နှမရင်းချာဆိုတာ အလွန်အရေး ကြီးလှတယ်။ ဟိုတုန်းကလို ခုနှစ် ယောက် ၊ ရှစ်ယောက် မွေးရမယ်လို့ မဆိုလိုချင်သော်လည်း သုံးယောက် ဆိုတာ အနည်းဆုံးအရေ အတွက် ဖြစ်သင့်တယ်။ သားသမီး တစ်ယောက် တည်းသာ မွေးခွင့်ရှိတဲ့ နိုင်ငံကြီးတစ်နိုင်ငံရဲ့ စစ် တမ်းမှာ တစ်ဦးတည်းသော ရင်သွေးတို့ လူလားမြောက်လာတော့ အလွန်တစ်ကိုယ်ကောင်းဆန်ပြီး ညှာတာမှု အလွန်ကင်းကြသတဲ့ ။ နှစ် ယောက် ပဲဆိုရာမှာ ပင် တစ်ခုမှာ နှစ် သဘောတည်းပဲ အခြေပြု စဉ်းစားရတော့ မမှန်တတ်ဘူး။ မမျှတတတ်ဘူး။

ဆေးပညာမှာ Grandmultip ဆိုတာရှိတယ်။ ပဉ္စမမြောက်ကိုယ်ဝန်ဆောင်ခြင်းကို ခေါ်တာ။ အဲဒီ ၅ ကြိမ်မြောက်မွေးဖွားမှု ကို အန္တရာယ်ရှိသော မွေးဖွားမှု လို့ သတ်မှတ်တယ်။ မိခင်မှာ လည်း အန္တရာယ်ကင်းရအောင် ၅ ယောက် မမွေးချင်ရင်တောင် ၄ ယောက် တော့ မွေးပါဆိုရင် လည်း လက်ခံကြမှာ မဟုတ်တော့ သုံးယောက် တော့ စဉ်းစားစေချင်ပါတယ်။

ကျားမ ခွဲခြားစဉ်းစားရာမှာ မိန်းကလေးနှစ် ယောက် ပါသင့်တယ်။ သမီးမိန်းကလေး တစ်ယောက် တည်းပါနေရင် ဒီသမီးလေး ကြီးပြင်းပြီး အိမ်ထောင်ရက်သားကျတဲ့အခါ ယောင်းမ၊ ယောက် ခမဆိုတာနဲ့ ချည်း ရင်ဆိုင်ရလိမ့်မယ်။

နောက်တစ်ခုက ကံကံ၏ အကျိုး ဖြစ်တယ်။ သားသမီးအဖိတ်အစင်ကိစ္စလေးပါ။ နမိတ်မရှိ၊ နမာမ၇ှိလို့ မဆိုနဲ့နော်။ မွေးထားတာက တစ်ယောက် တည်း၊ နှစ် ယောက် တည်း၊ အဲဒီ ထဲမှာ တစ် ယောက် ယောက် က တစ်ခုခုကြောင့် ဖိတ်စင်သွားရင်ရောဆိုတာ စဉ်းစားစေချင်ပါတယ်။

သားသမီးဆိုတာ ရင်းနှီးမြှုပ်နှံမှု တစ်ခုပါ။ Human Resources လူ့စွမ်းပကား အရင်းအမြစ် ဆိုတာတွေ အနာဂတ်ရဲ့ နေရာကောင်းတွေ ဆီကို သားသမီးငယ်တို့ တိုးဝင်သွားကြမှာ ပါ။ ကောင်း ကျိုးမပေးတဲ့ သားသမီး ဖြစ်နေရင်ရောလို့ ပြန်မေးချင်နေသလား။ မိဘဆိုတာ ဘာပဲ ဖြစ် ဖြစ် မိဘ ဖြစ်တယ်လို့ လက်ခံရင် သားသမီးဆိုတာလည်း ဘာပဲ ဖြစ် ဖြစ် မိဘ ဖြစ်တယ်လို့ လက်ခံရင် သားသမီးဆိုတာလည်း ဘာပဲ ဖြစ် ဖြစ် သားသမီးပါပဲ။

ခုခေတ် တစ်ယောက် မွေး၊ နှစ် ယောက် မွေးကလေးတွေ အရွယ်ရောက်လာရင် လုပ်နိုင်ကိုင် နိုင်စွမ်းရှိတဲ့ အသက်အပိုင်းအခြား လူဦးရေ နည်းသွားနိုင်တယ်။ အသက်ကြီးပိုင်းတွေ က များ ပြီး လူလတ်ပိုင်းက နည်းရင် တစ်နှိင်ငံလုံးမှာ ပင် ဟန်ချက်မညီ ဖြစ်တတ်ပါတယ်။

“သားသမီးများများ မွေးပါ။ တာဝန်ယူဖို့ မပူပါနှင့်။ Don’t Say ‘no’ Pregnancy လို့ ကြွေး ကြော်နေရတဲ့ကာလ နောင်သက္ကရာဇ်တွေ ကြာရင် ရောက်လာမှာ သေချာပါတယ်။

PS - ဖြည့်စွက်စာလေး မှီဝဲရင်း စဉ်းစားစေချင်တယ်။

***


သားရင်း သမီးရင်း မဟုတ်ခြင်း

သားသမီးမွေးစားတယ်ဆိုခြင်းကို လွယ်လွယ် မဆုံးဖြတ်သင့်ပါ။ ဤသည်မှာ အရေး ကြီး သော ကိစ္စရပ် ဖြစ်သည်။ မိမိ၏ သွေးရင်းသားရင်း တူမသားချင်းကို သားသမီးအ ဖြစ်မွေးစားခြင်း၊ ဆွေမျိုးနီးစပ်တော် သူကို ခေါ်ယူမွေးစားခြင်း၊ မိမိနှင့် မည် သို့ မျှ သွေးမစပ်သူကို သားသမီးအ ဖြစ် မွေးစားခြင်းတို့အပြင် အမိမည် သူ၊ အဖမည် သူမှန်းမသိဘဲ တစ်နေရာရာတွင် စွန့်ပစ်ခံရသည့် က လေးကို သားသမီးအ ဖြစ် မွေးစားခြင်းဟူ၍ှရှိသည်။ အခြားလည်း အများ အပြားရှိပါဦးမည် ။

မည် သို့ ပင် ဖြစ်စေ မိမိဝမ်းဗိုက်နှင့်လွယ်၍ မွေးဖွားခြင်းမှ ဖြစ်သော သားသမီးမဟုတ်သည် ကား အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် သားသမီးဆိုသည်ထက် “မွေးစားသားသမီး”ဟူသော အခေါ် အဝေါ်နှင့် ပို၍ သင့်လျော်ပါသည်။

ထို့ပြင် မိမိတို့ လူနေမှု ၌ မွေးစားထားကြောင်း ထိုမွေးစားသားသမီး လုံးဝမသိရအောင် ဖုံး ဖိထားတတ်ကြသည်။ ပတ်ဝန်းကျင်သို့ လည်း ကိုယ်တိုင် ၀မ်းနှင့်လွယ်မွေးသော သားသမီးဟု ကြေ ညာသည်။ သို့ သော် ဖြစ်ရပ်မှန်သိသူတို့ မလွဲမသွေရှိနေရာ ထိုမိဘတို့အတွက် စိတ်မသက်သာဖွယ် ရာများ နှင့် တစ်သက်လုံး ဖိစီးတော့သည်။ အမှန်ကိုသိထားသော ပတ်ဝန်းကျင်က မိမိနှင့် မသင့် မြတ်အဆင်မပြေသော သူများ ဖြစ်နေပါက ပို၍ စိုးရိမ်စိတ်များ လိမ့်မည် ။

ထို့ပြင် မွေးစားသား သို့ မဟုတ် သမီးကို အိမ်ထောင်ရက်သားပြုပေးရသည့် တစ်နေ့တွင် တစ်ဖက်မိဘများ ကို ဤသို့ တစ်စပ်တည်း လိမ်လည်မည် လား။ ဆက်၍ လိမ်လည်မည် လား။ ဆက်လိမ်မည် ဆိုလျှင် ရာဇ၀တ်မှု သာ ဖြစ်သည်။ ဒီတော့ လက်ထပ်ပေးတော့မည် အချိန် ကိုယ့်မွေး စားသားသမီး ချစ်သူထားသည့် အရွယ်သို့ ရောက်သည်ဆိုပဲ သူတို့လေးတွေ ကို မွေးစားသားပါ။ မွေးစားသမီးပါဆိုသည်ကို အသိပေးသင့်ပါသည်။ ဤတွင် မည် သို့ အသိပေးမည် လည်းဆိုသည်က အရေး ကြီးသည်။

အမှန်တကယ် လုပ်သင့်လုပ်ထိုက်သော အလုပ်မှာ သားရင်းသမီးရင်းပါဟု မလိမ်လည်ဖို့ ဖြစ်သည်။ သို့ သော် ပို၍ အရေး ကြီးသည်မှာ ထိုကလေးကို မွေးစားတော့မည် ဆိုကတည်းက မိဘ များ ၊ ဆွေမျိုး ညီအစ်ကို မောင်နှမများ နှင့် ရင်းနှီးသော မိတ်ဆွေများ သို့ ကြေညာသင့်သည်။

မိမိတို့ လူနေမှု ၌ မူ မွေးစားခြင်းကို ကိုယ့်သဘောနှင့်ကိုယ်လုပ်ကြသည်။ ထို့နောက် ဖုံးဖိ ထားတော့သည်။ ဤတွင် ဖုံးဖိရသည်က မွေးစားမိသည့် မိဘများ နှင့် မလုံလောက်ဘဲ ဘာမဆိုင် ညာပေးရရာ၌ မွေးစားတုန်းကလည်း ကိုယ့်အသိပေးပြီး ကိုယ့်သဘောတူညီမှု ကို ရယူခဲခြင်းမရှိခဲ့။

လမ်းမှန်ကန်းမှန် မွေးစားမည် ဆိုလျှင်

၁။ မွေးစားတယ်၊ မွေးစားသား၊ မွေးစားသမီးဟူသော စကားလုံးကို မှန်မှန်ကန်ကန် သုံးစွဲရမည် ။ ဤတွင် အမြဲတစေ ထပ်ခါတလဲလဲသုံးရမည် ဟု မဆိုပါ။ သုံးသင့်သော အခါတိုင်းသုံး ရမည် ။

၂။ မွေးစားသား၊ မွေးစားသမီးတို့ပါဝင်သည့် ပုံပြင်များ ၊ ဇာတ်လမ်းများ ပြောပြပေးရမည် ။ ဤတွင် ငှက်ကလေးကို ကောက်ယူမွေးစားသော ပုံပြင်၊ ရှဥ့်ကလေးကို ကောက်ယူမွေးစားသော ပုံပြင် စသည်တို့နှင့် ယဉ်ပါးစေရမည် ။

၃။ မှတ်တမ်းစာအုပ်ထားရှိရမည် ။ သူကလေးကို မည် သို့ ရရှိ၍ မွေးစားခဲ့သည်။ မည် မျှချစ် သည်။ မည် သို့ ပြုစုစောင့်ရှောက်သည် စသည်ရေး မှတ်ရမည် ။

၎။ ကလေး၏ ပြောဆိုမှု များ ကြုံကြိုက်တိုင်း ထည့်သွင်းပြောပြရမည် ။ “သားက မေမေ့ဝမ်းထဲ က ထွက်လာတာလား”ဟု မေးလာလျှင် ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းကို နားလည်နိုင်သရွှေ့ ပြောပြပြီး “မေမေ့ဝမ်းထဲက မဟုတ်ဘူး။ သားမေမေဆိုတာ သပ်သပ်ရှိနေတယ်။ သူ့ဗိုက်ထဲက ထွက်လာပြီး မေမေတို့နဲ့ အတူလာနေတာ”ဟု ပြောပြရမည် ။ ကလေးက သိပ်နားမလည်ရင်လည်း ထားလိုက်ပါ။ သူ့ခေါင်းထဲကို အသိလေးတော့ ရောက်သွားပြီ ဖြစ်သည်။ ၅ နှစ် သားလောက်ရောက် တယ်ဆိုပဲ သိချင်စိတ်တွေ များ လာပြီး လက်ရှိဖေဖေ မေမေကို သူသိထားနှင့်လိမ့်မည် ။

၅။ စိတ်ရှည်ရမည် ။ မွေးစားတယ်ဆိုသော စကားလုံးကို ယဉ်ပါးသော်လည်း သားသမီးရခြင်း နှင့် ကိုယ်ဝန်ဆောင်ခြင်းကို နားမလည်နိုင်သေးပါ။ ဤသည်ကို စိတ်ရှည်ရှည်ထားရမည် ။ ဘာ ဖြစ် လို့မွေးစားတာလဲ။ မွေးစားတယ်ဆိုတာဘာလဲ သူများ တွေ နဲ့ မတူဘူးလား။ သူတို့က ဘာကြောင့် မွေးစားတာ မဟုတ်တာလဲ စသည့် တသီတတန်းမေးလိမ့်မည် ။ ဤသည်ကို စိတ်ရှည်ရန် ဖြစ်သည်။

“ဆောင်ရန်”။ ကလေးရဲ့ အပြစ်မဟုတ်ကြောင်း ပြောပြရမည် ။ မိဘရင်းများ က အကြောင်းကြောင်းကြောင့် ပေးအပ်လိုက်ရခြင်း ဖြစ်ကြောင်း သိစေရမည် ။

စိတ်ဖိစီးမှု ကတော့ ရှိကြပါမည် ။ မွေးစားမှန်းသိသွားသော တစ်နေ့နေ့မှာ တစ်စိတ်တစ်ပိုင်း တော့ ဆုံးရှုံးရတတ်သည်ဟု နှလုံးသွင်းပါ။

သူကလေးရဲ့ မိရင်းဖရင်းအကြောင်းလည်း ပြောပြထားရမည် ။ ဤသို့ ပြောပြမထားလျှင် မွေးစားဖခင်ကို ဖခင်ရင်းဟု ထင်နေလိမ့်မည် ။

သူကလေးရဲ့ စိတ်ခံစားမှု ကိုလည်း ပြောပြစေ၍ အားပေးမှု ပြုရမည် ။

“ရှောင်ရန်”။ မချစ်လို့ ပစ်သွားတာဟု မပြောရ။ ဤသို့ ထင်သွားလျှင် ယခုမွေးစားမိဘ တွေ ကလည်း တစ်နေ့နေ့မှာ သူ့ကိုပစ်သွားလိမ့်မည် ဟု ထင်နိုင်သည်။

သူကလေးကို တမင် “ရွေး”ပြီး မွေးစားခဲ့တာဟု မပြောရ။ ဤသို့ ပြောပြလျှင် သူ့ကို မိရင်း ဖရင်းတွေ ထဲ မရွေးခဲ့ဆိုသည့် သဘောထင်သွားလိမ့်မည် ။ မိရင်းဖရင်းနှင့် အဆက်အသွယ်ရှိပါ။ ဆက်သွယ်ရမည် ။ သူ့မိဘအရင်းနှင့် တွေ့ ဆုံရန်မှာ သူကလေး၏ အခြေခံအခွင့်အရေး ပင် ဖြစ် သည်။

မွေးစားသားသမီးဟူသော စကားလုံးကို ချက်ချင်း ယဉ်ပါးလိမ့်မည် ဟု မမျှော်လင့်ပါနှင့် ။ အသက် ၇ နှစ် ၊ ၈ နှစ် အရွယ်ကလေးတို့ ဤသို့ သိရလျှင် တုန့်ပြန်သော ခံစားမှု တို့ ဖြစ်လာတတ် သည်။

နိဂုံး ။ ။

သားသမီးမွေးစားဖို့မှာ မလုပ်ကောင်းသော အလုပ်မဟုတ်ပါ။ ၀မ်းနဲ့လွယ်၍ မွေးပါသည်ဟု သားသမီးအားလည်းကောင်း၊ ပတ်ဝန်းကျင်အားလည်းကောင်း လိမ်လည်ဖုံးဖိထားခြင်းသည်သာ မလုပ်သင့်သော အလုပ် ဖြစ်ပါသည်။

***


ကိုယ်ခံအားစနစ်ကောင်းမွန်မှ

“မကြာမကြာ လက်ဆေးတဲ့အကျင့်လည်း ရှိပါရဲ့ ၊ ရှိတာမှ စနစ်တကျကို ဆေးတာပါ။ ချောင်းဆိုးရင်၊ နှာချေရင်လည်း အအုပ်အဆိုင်းလေးနဲ့ပါ။ လူထူထူကိုလည်း မ သွားပါဘူး။ အိမ်မှာ နေရင်း ဖြစ် ဖြစ်၊ အလုပ်ထဲမှာ ဖြစ် ဖြစ် အေးရင်ရှောင်တယ်။ သူများ ချောင်းဆိုးရင်၊ နှာချေရင်လည်း ရှောင်တာပဲ။ ဒီအပြင်ဘာတွေ ကို သတိထားရဦးမှာ လဲ” ကိုယ်ဝန်ရှိစ မိန်းမငယ် တစ်ယောက် ရဲ့ အမေးစကားပါ။ ကိုယ်ဝန်လနုနေလို့ ကူးစက် ရောဂါ တွေ ကို ကြောက်လှပါသတဲ့။ ကလေးကို ထိ ခိုက်မှာ စိုးသတဲ့။ သူ့အဖေကဆို “ပျာ”နေတာပဲတဲ့။ ဗေဒင်ကလည်း ဒီကလေးက ကောင်းကျိုးပေး မယ့်ကလေးတဲ့။ အဲဒီ လို ဟောထားသတဲ့။

မကောင်းလည်း မွေးရမှာ ပဲ၊ အဇာတသတ်ကို ကိုယ်ဝန်ရှိလာတော့လည်း ဝေဒေမိဖုရားကြီး ခင်ဗျာ မွေးလိုက်ရတာ ပါပဲ။ ကိုယ့်ဝမ်းထဲ ၀င်လာရင်တော့ ကောင်းကောင်းဆိုးဆိုးပေါ့။

ဒီတော့ Immune System ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကောင်းဖို့က လိုလာပြီ။

၁။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီး စိတ်ဖိစီးမှု တွေ ကိုလည်းရှောင်

စိတ်ဖိစီးမှု က ကိုယ်ခံအားကို ယုတ်လျော့ကျဆင်းစေတယ်ဆိုတာကို အထောက်အထားနှင့် တကွ တွေ့ ရှိထားပါတယ်။ ခက်တာက လူဟူသရွှေ့မှာ စိတ်ဖိစီးမှု ဆိုတာရှိတတ်ကြတာပါ။ အဲဒီ အပေါ်မှာ ကိုယ်က ဘယ်လိုသဘောထားသလဲဆိုတာမှာ မူတည်တယ်။ နည်းနည်း လေးကို ပုံကြီး ချဲ့တွေးယူပြီး များများ သည်းပြရင် ၀ိုင်းဂရုစိုက်ကြမှာ ပဲလို့ မထင်နဲ့နော်။ လုပ်လည်း မလုပ်အပ်ဘူး။ ကိုယ်ဝန်ကို အရင်းပြုပြီး အခွင့်အရေး မယူရဘူး။ ရသင့်ရထိုက်တဲ့ အခွင့်အရေး ကိုတော့ ရယူအပ်ပါ တယ်။ ဒါပေမယ့် ဗိုက်ကလေးပြပြီး နေရာရနေရင် မွေးလည်းပြီးရော ပွဲက ရပ်သွားလိမ့်မယ်။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရင် စိတ်ဖိစီးမှု တွေ လျော့တတ်တာလည်း သက်သေသာဓကနဲ့ ပြောတာ ဖြစ်တယ်။

လမ်းလျှောက်ခြင်းနဲ့ Spa တွေ မှာ အသင့်အတင့်လှုပ်ရှားမှု ပြုလုပ်ခြင်းလုပ်ရင် အသင့် လျော်ဆုံးပဲ။

ဖြည့်စွက်စာနဲ့ ဖြည့်စွက်ဆေးဝါးမပါလို့ မ ဖြစ်ဘူးနော်။

၂။ ကောင်းကောင်းစား၊ ကောင်းကောင်းနား

နားချိန်မှာ နားရမယ်၊ စားချိန်မှာ စားရမယ်၊ စနစ်တကျလုပ်ပုံမျိုး၊ စနစ်တကျနားပုံမျိုး ဖြစ်ရ မယ်။

ကောင်းကောင်းစားရမယ်ဆိုတာ အစားကောင်းချည်းစားနေတာကို ပြောတာမဟုတ်ဘူး။ စနစ်တကျအာဟာရ ပြည့်ပြည့်စားသောက်တာမျိုးကိုဆိုလိုတာ ဖြစ်တယ်။ နားတာမှာ လည်း လှိမ့် ချည်းနားနေလို့မ ဖြစ်ဘူး။ လှုပ်ရှားမှု များများ လုပ်ပြီး အထိုက်အလျောက် နားဖို့ကို ဆိုလိုတာပါ။

ကော်ဖီ ၊ လက်ဖက်ရည်တို့ကို ကိုယ်ဝန်ဆောင်ချိန်၊ ကလေးနို့တိုက်ချိန်မှာ ရှောင်ရလိမ့် မယ်။ အားလည်းရှိပြီး ဆရာဝန်များ ထောက်ခံတဲ့ ဖြည့်စွက်အာဟာရသောက်သုံးသင့်ပါတယ်။

၃။ ဘာကြောင့် ဖြည့်စွက်စာအကြောင်းချည်းပဲ ပြောနေရသလဲဆိုရင်

ကိုယ်ခံအားကောင်းဖို့ မိန်းမသားတို့ နေ့စဉ်စားသုံးမှု နဲ့ မလုံလောက်တဲ့အတွက် ဖြစ်တယ်။ အိမ်ထောင်မပြုခင် သို့ မဟုတ် ကလေးအကြီးမွေးပြီးချိန်မှာ မိန်းမအများ စုက ၀ိတ်ချတတ်ကြတယ်။ သန္ဓေတားဆေးတွေ သုံးထားတာမျိုးလည်းရှိတယ်။ အဲဒါတွေ မလုပ်ရင်တောင်မှ အစားကို သေ သေချာချာမစားဘူး။ စနစ်တကျ မစားကြဘူး။ ဘာအားဆေး သောက်နေတာလဲလို့ မေးကြည့်ရင် လည်း ဘာကိုမှ ဟုတ်တိပတ်တိ မသောက်ကြဘူး။ ပန်းဆေးနဲ့ သန္ဓေတားဆေးတော့ သောက် တတ်ကြတယ်။

ဒီတော့ ကိုယ်ဝန်ရှိချိန်မှာ သားဦးမဟုတ်ရင် အရွယ်လေးက ရနေပြီ။ သားဦး ကိုယ်ဝန် ဆောင်တွေ မှာ တောင်မှ ကလေးယူတာနောက်ကျပြီး အသက်တွေ က ရနေပြီ။

အဲဒီ တော့ ဟိုဟာလို ဒီဟာလို ဖြစ်ကုန်ပြီပေါ့။ မိန်းမဆိုတာ ဒီကျီလေးဝတ်ရင် ဒီလုံချည်နဲ့မှ လိုက်တယ်ဆိုတာလောက်တော့ သိတဲ့သူတွေ ချည်းပါပဲ။ အိမ်ထောင်ပြုချိန်၊ ကလေးယူချိန်၊ ကိုယ် ၀န်ဆောင်ချိန်တွေ လိုက်ဖက်မှု ရှိဖို့လည်း တွက်ချက်သင့်ပါတယ်။

မတွက်ချက်နေခဲ့မိရင်လည်း အချိန်မီပြင်ဆင်ရလိမ့်မယ်။ ကိုယ့်ဝမ်းထဲ ရောက်လာမယ့် ကလေးကို ကြိုတင်ပြီး ဂရုစိုက်သင့်တယ်။

အထက်ပါ သားဦးမိခင်လောင်းလေးပြောသလိုပါပဲ။ ဗေဒင်က ဟောထားတယ်။ ကောင်း ကျိုးပေးမယ့်ကလေးတဲ့။ ပိုပြီး အရေး ကြီးတာက မိမိကိုယ်တိုင်ကလည်း ကလေးကို ကောင်းကျိုး ဖြစ်စေမယ့် မိခင်လောင်း ဖြစ်ဖို့ပါပဲ။ ကောင်းကောင်းနေ ၊ ကောင်းကောင်းစား၊ ကောင်းကောင်းနား၊ ဖြည့်စွက်ဆေးဝါးနဲ့ ဖြည့်စွက်အစာများ လည်း လိုတယ်။

***


ကိုယ်ဝန်ဆောင်ရတာ ပျော်စရာပါ

ကိုယ်ဝန်ဆောင်ရခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ပျော်စရာကောင်းပါတယ်။ ကိုယ်ဝန် ဆောင်အကျီလှလှဆန်းဆန်းလေးတွေ ၀တ်ဆင်ပြီး လမ်းလျှောက်ရတာ မော်ဒယ်လ်တွေ ကက် ဝေါ့ခ်လျှောက်ရသလိုပါပဲ။ မွေးဖွားပြီးရင်တော့ ဒါတွေ မရှိတော့ဘူး။

မွေးထုတ်လိုက်တယ်ဆိုပဲ ကိုယ်ဝန်အလေးချိန်က လျော့သွားပြီး မွေးပြီး ပထမရက်သတ္တ ၆ ပတ်မှာ ပဲ အရာရာ တစ်သားတည်းကျသွားသလိုလိုပဲ။ ဒါပေမယ့် Muscle tone ခေါ်ကြွက်သား တင်းအားတွေ က ကိုယ်ဝန်မဆောင်ခင်ကလို ပြန်မ ဖြစ်တော့ပါဘူး။

မွေးဖွားပြီးစ မိခင်အသစ်စက်စက်အချို့ရဲ့ ပြောကြားချက်များ လက်ဆင့်ကမ်းချင်ပါတယ်။ စဦးပိုင်း ၃ လ အလေးချိန်လျော့သွားခြင်းက ရက်ပေါင်း ၉၀ ကြာတတ်တယ်ဟု ဆရာဝန်တစ်ဦးက ဆိုပါတယ်။ မိခင်များ ပြောကြားချက်မှာ -

ကျွန်မ ကိုယ်ဝန် ၃ ကြိမ်ရှိရာမှ ကိုယ်အလေးချိန် သိပ်မတတ်ပါဘူး။ ၉.၁ ကီလိုလောက် တက်ခဲ့တယ်။ ၁၁ ကီလိုလောက် တက်သင့်တယ်ဆိုလို့ ကျွန်မ စိတ်ပူခဲ့ရတယ်။ မွေးဖွားပြီးတော့ ကျွန်မ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ပါတယ်။

ခုကိုယ်ဝန်မှာ ၁၇ ကီလို အလေးချိန်တိုးခဲ့တယ်။ ကလေး ၃ ယောက် အမေ ဖြစ်ပါပြီ။ ကိုယ် ၀န်မဆောင်ခင်က ကိုယ်အလေးချိန်ကို ပြန်လည်ရအောင် ဆန့်ထုတ်လေ့ကျင့်ခန်းများ နဲ့ အနီရောင် အသားရှောင်၊ ဟင်းသီးဟင်းရွက်ပိုစားတဲ့ စနစ် ကျင့်သုံးတယ်။ စက်နဲ့ Cycling လည်း လုပ်တယ်။

ကျွန်မ ကတော့ ချောကလက်နဲ့ ကိတ်မုန့်တွေ ကြောင့် အလေးချိန်တိုးတာလို့ထင်တယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ပိုစားပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်းတွေ ယူပါ တယ်။ အငယ်ဆုံးကလေး အခါလည်ပါပြီ။

ပြန်လည် မတင်ကြပါစို့

သားအိမ်၊ သားအိမ်ခေါင်း၊ မိန်းမကိုယ်နဲ့ ၀မ်းဗိုက်တို့ဟာ မွေးဖွားပြီး ရက်သတ္တ ၆ ပတ်မှာ နဂိုအတိုင်း ပြန် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း မကူညီရင် ၀မ်းဗိုက်မှာ အဆီစု လိမ့်မယ်။

မွေးဖွားပြီး မ၀ဖြိုးချင်ရင် အသင့်အတင့်သော လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပါ။ မွေးဖွားအပြီး လေ့ကျင့်ခန်းယူခြင်းဟာ ၀မ်းဗိုက်နဲ့ ခါးတစ်ဝိုက်ကို သန်မာကျစ်လစ်စေပါတယ်။ ထို့ပြင် သွေးလှည့် ပတ်မှု ကောင်းမွန်စေတယ်။ သွေးကြောဖောင်းခြင်း၊ ကြွတ်တက်ခြင်း၊ ခြေချင်းဝက်ရောင် ရမ်းခြင်း၊ သွေးခဲငယ်များ ၊ သွေးကြောတွင် ဖြစ်ပေါ်စေခြင်းကိုပါ ကာကွယ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ လည်း စိတ်ဖိစီးမှု များ လျော့ကျစေတယ်။ စိတ်သက်သာရာ ရာစေတယ်။

အမာရွတ်များ

ဗိုက်ခွဲမွေးရင် အမာရွတ်ကျန်နေတတ်တယ်။ ဂရုစိုက်ရမှာ က ၀မ်းဗိုက်ကို အလွန်မပိစေ ဖို့ပဲ။ ချောင်းမဆိုးပါနဲ့။ ၀မ်းမချုပ်ပါစေနှင့်။ ဗိုက်စည်းတို့ ဗိုက်ချပ်ဘောင်းဘီတို့ဟာ အမာရွတ်ကို စွ ပေးသလို ဖြစ်စေတယ်။

လေ့ကျင့်ခန်းစမယ်ဆိုရင်

လေ့ကျင့်ခန်းယူမယ်ဆိုရင် ဘယ်လိုမွေးသလဲဆိုတာ ပြန်စဉ်းစားရမယ်။ ရိုးရိုးမွေးလို့ခေါ်တဲ့ Normal Labour ဆိုရင်တော့ ချက်ချင်း ပဲ လေ့ကျင့်ခန်းယူနိုင်တယ်။ ဗိုက်ခွဲမွေးတာဆိုရင် “လမ်း လျှောက်ခြင်း”သည်သာ အသင့်လျော်ဆုံး ဖြစ်တယ်။ ဗိုက်ခွဲမွေးတဲ့ အမာရွတ်က ၂ လဆိုရင် အသားကျတတ်ပါတယ်။ ဒါပေမယ့် အိုဂျီတွေ က ၈ လအထိ လေ့ကျင့်ခန်း မပြုလုပ်စေတတ်ပါ။ လမ်းလျှောက်ခြင်းမှအပ ဖြစ်တယ်။

ဗိုက်ခွဲမွေးတဲ့ မိခင် တစ်ယောက် ရဲ့ ပြောကြားချက်မှာ

ကျွန်မ ၂ ကြိမ်ဗိုက်ခွဲမွေးပါတယ်။ လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းက ကျွန်မအဖို့ အနည်း ငယ်ခက်ခဲခဲ့တယ်။ မွေးပြီး ၂ ပတ် ဆရာဝန်က လမ်းလျှောက်စေလို့ လျှောက်တာမှာ ပင် နာတယ်။ ၀မ်းဗိုက်လှုပ်ရှားမှု ပါဝင်တဲ့ လေ့ကျင့်ခန်းကို မယူစေခဲ့ပါဘူး။ ငါးစားရပါတယ်။ ပင်လယ်စာ ရှောင် ခိုင်းပါတယ်။

ဤတွင် Episiotomy ခေါ် မိန်းကိုယ်ချဲ့ခြင်း (ရိုးရိုးမွေးတွင် ) ဆိုရင်လည်း အနာမကျက် သေးဘဲ လေ့ကျင့်ခန်းမယူအပ်ပါဘူး။ အနာလုံးလုံးကျက်ပြီးရင်သော်မှ မပြုလုပ်သင့်သေးပါဘူး။

ကိုယ်ဝန်ဆောင်ရတာ ပျော်စရာပါ

၉ လကြာ သန္ဓေသားကို လွယ်ထားရခြင်းသည် ဘ၀တစ်လျှောက်လုံး ခန္ဓာကိုယ်ထဲမှာ သယ်ပိုးရတာ မဟုတ်ပါ။ ပြန်လည် ကျစ်လစ်သန်စွမ်းရေး ဆီသို့ ရင်သွေးလေးနဲ့အတူ ကြိုးပမ်းနိုင် ပါတယ်။

***


အိုဂျီနှင့် တွေ့ ဆုံခြင်း အနုပညာ

(၁) ကိုယ့်ကိုယ်ဝန်၊ ကိုယ့်ကျန်းမာရေး အကြောင်း သိချင်တာတွေ တွေးဖို့၊ အိုဂျီကို မကြောက်ပါ နှင့်။

(၂) သိချင်သရွေ့ ၊ ကျေကျေနပ်နပ် မသိရသေးမချင်း၊ ရှေ့ဆက်လုပ် စရာ၊ နောက်ပြန်ပြရမယ့် ရက်ချိန်း၊ သောက်ရမယ့်ဆေး၊ စားပုံသောက်ပုံ အကုန် စိတ်တိုင်းကျ မသိရသေးမချင်း အိုဂျီ၏ စမ်းသပ်ခန်းထဲမှ မထွက်ပါနှင့်။

(၃) ပထမအိုဂျီကို စိတ်ထဲမှာ ဘ၀င်မကျရင် Second Opinion ခေါ် နောက်ထပ် အိုဂျီတစ် ယောက် ထပ်မံ ရွေးချယ်ခွင့်ရှိကြောင်း မိမိကိုယ်မိမိ သိရမည် ။

ဤသည်မှာ မိမိ၏ အခွင့်အရေး ဖြစ်သည်။ လွှဲစာတောင်းခံနိုင်သည်။ ဆေးမှတ်တမ်း ပြည့်စုံ စွာ ရယူနိုင်သည်။

(၄) မိမိကို စမ်းသပ်ခန်းထဲမှ အမြန်ထွက်သွားစေပြီး နောက်လူနာ တစ်ယောက် မြန်မြန်ဝင်လာ စေလိုသော အမူအရာရှိသည့် အိုဂျီ ဖြစ်ပါက သင့်အနေနှင့် နောက်အိုဂျီပြောင်းပြသင့်ပါ သည်။

ပထမအိုဂျီသည် သင့်ကို အချိန်မပေးလိုသော ကြောင့် ဖြစ်သည်။ သင့်အတွက် အချိန်မသုံး လိုသော ကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိအား အချိန်ပေးပြီး စိတ်ရှည်လက်ရှည်စမ်းသပ်၍ သိလိုသမျှ ဖြေဆိုပေးသော အိုဂျီကို ရှာဖွေသင့်သည်။

(၅) Therapeutil trust ဆိုသည်မှာ ဆေးကုသမှု ပေးသူနှင့် ခံယူသူကြားယုံကြည်မှု ဖြစ်သည်။ ဆရာဝန် လူနာဆက်ဆံရေး မှာ အရေး တကြီး ပါဝင်သည်။ ဤယုံကြည်မှု မရှိလျှင် ဆရာ ၀န်ရော လူနာပါ အကျိုးမရှိ။

(၆) အိုဂျီအပါအ၀င် ဆရာဝန်ဟူသ၍ လူနာကို ကြောက်ရန်မလို၊ မျက်နှာလိုက်ရန်လည်းမလို၊ ညီမျှသော စိတ်စေတနာထားရှိအပ်ပါသည်။

အိုဂျီလို့ ခေါင်းစဉ်တပ်လိုက်ရသော်လည်း ဆရာဝန်အမျိုးအစားအားလုံးနှင့် အကျုံးဝင်ရုံသာ မက၊ ဗေဒင်ဆရာနှင့် ဗေဒင်မေးသူများ ကြားမှာ လည်း အသုံးတည့်မည့်  အနုပညာ ဖြစ်ပါသည်။

***


ရွှေရောင် ဒိုင်ယာရီ

မိခင်အကြောင်းလေးလည်း ကြားဖြတ်ပြောပြပါဦးလို့ တောင်းဆိုလာကြတဲ့အတွက် ဒီစာမူ ကိုရေး လိုက်တာပါ။ ကျွန်မရဲ့ အမေကို အမေ့မြေးလေးကျွန်မရဲ့ ၀မ်းထဲမှာ လွယ်ထားရပြီလို့ ပြော လိုက်တော့ အမေက ကျွန်မကို နေ့စဉ်မှတ်တမ်းစာအုပ်တစ်အုပ်ပေးထားတယ်။ ကျွန်မရဲ့ ဘ၀မှာ ထူးခြားပြီး အမှတ်တရ ဖြစ်ဖွယ် ကိုယ်ဝန်ဆောင်ကာလများ အကြောင်း မှတ်တမ်းရေး စေချင်ပါသ တဲ့။ ဒါမှသာ ကလေးမွေးဖွားပြီး ကြီးပြင်းလာခဲ့ရင် ဒါ သား/သမီးကို ကိုယ်ဝန်ရှိစဉ်က မေမေ့နေ့စဉ် မှတ်တမ်းဆိုပြီး ပြသနိုင်အောင်ပါတဲ့။

ဒီတော့ ကျွန်မဘာတွေ ရေး ရမလဲ။ စိတ်ကူးစိတ်သန်းတွေ ၊ ခံစားချက်တွေ ၊ မျှော်လင့်ချက် တွေ ရေး ရမှာ ပေါ့။ သို့ သော် ၀မ်းထဲက သန္ဓေသားလေး အပေါ်မှာ ထားရှိတဲ့ မေတ္တာသည်လည်း တိကျသေချာတဲ့ မေတ္တာ ဖြစ်မှာ ပေါ့။

ဒိုင်ယာရီမှာ Ultrasound အဖြေစာရွက်ကလေးလည်း ရိုက်တဲ့ ရက်စွဲမှာ ကပ်ထားရမယ်။ အိုဂျီဆီသွားစဉ်က တွေ့ ကြုံရတဲ့ ကိုယ့်လို ကိုယ်ဝန်ဆောင်တွေ နဲ့ နှုတ်ဆက်ခဲ့တာ။ စကားပြောခဲ့ တာကိုလည်း ရေး မှတ်ရမယ်။ ဖခင်လောင်း ၊ ခင်ပွန်းသည်က ဘာလေးဝယ်ကျွေးတာ၊ ဘာလေး ၀ယ်ပေးတာကိုလည်း ရေး မှတ်ထားရမယ်။

ဘယ်ကစရေး ရမလဲ စဉ်းစားလိုက်တာ၊ စာရေး တယ်ဆိုတာ မလွယ်ပါဘူး။ စရေး နိုင်ဖို့ Tips ခေါ် စိတ်ကူးအစအနလေးတွေ ကို အကြံပြုမယ်။

ဘယ်ကစရေး ရမလဲ စဉ်းစားလိုက်ရတာ ။ စာရေး တယ်ဆိုတာ မလွယ်ပါဘူး။ စရေး နိုင်ဖို့ Tips ခေါ် စိတ်ကူးအစအနလေးတွေ ကို အကြံပြုမယ်။

ဖောင်ပိတ်သတင်း ဖြစ်တယ်

ကိုယ်ဝန်ရှိပြီ ဖြစ်ကြောင်း စသိရပုံ၊ ဘယ်လိုစသိရသလဲ။ ခင်ပွန်းနဲ့အတူ ရှိစဉ်မှာ လား။ ဆေးခန်းကနေ လှမ်းဖုန်းဆက်ပြောရတာ လား။ “ကိုယ်ဝန်ရှိပြီ”လို့ ကြေညာလိုက်ချိန်မှာ ခင်ပွန်း၊ အိမ်သား၊ မိသားစုဝင်များ ၊ ရင်းနှီးတဲ့သူငယ်ချင်းတို့ရဲ့ တုန့်ပြန်မှု များ ကို ရေး ထားရမယ်။

ခန္ဓာကိုယ်ပြောင်းလဲမှု အကြောင်း

ခန္ဓာကိုယ်ရဲ့ ပြောင်းလဲလာခြင်းများ ကို ရေး မှတ်ရမယ်။ ဆရာဝန်ဆီသွားတဲ့နေ့၊ ဆရာဝန် က ဘယ်လိုပြောတာဆိုတာတွေ ကိုလည်း ရေး မှတ်ထားရမယ်။ ကလေးရဲ့ နှလုံးခုန်သံလေး စကြား တာကဘယ်သို့ ၊ ကြံကြံဖန်ဖန်တွေ စားချင်စိတ် ဖြစ်တဲ့အကြောင်း ဘာတွေ စားမိကြောင်း၊ အန်ချင် နေတာ၊ အနံ့ဆိုရင် မခံချင်တာ ပျို့ပျို့လာတာ၊ အဲဒါတွေ ကို မှတ်တမ်းရေး ရမယ်။

နာမည် လေးစဉ်းစားမိတဲ့အကြောင်း

ဘယ်လိုနာမည် ပေးမလဲဆိုတာလေး စိတ်ကူးမိကြတာချည်းပါပဲ။ သားလား၊ သမီးလား၊ ကြို မသိရနိုင်ချိန်မှာ စိတ်ကူးမိတဲ့ နာမည် လေးတွေ ၊ သားလား၊ သမီးလား ကွဲပြားပြီးချိန်မှာ ဘယ်နေ့ သားသမီးဆိုရင် ဘယ်လိုနာမည် ဆိုတာ ခင်ပွန်းနဲ့ ပြောဆိုကြတာ။ သူ့စိတ်ကြိုက်က ဘယ်လိုနာ မည် မျိုး ။ အဲဒီ ထဲကနေ သားသမီးရွေးချယ်ကြတာ။ ဘယ်နာမည် ဆိုတာကအစ ဒိုင်ယာရီထဲမှာ ရေး ပါ။

ဗိုက်ထဲမှာ ကန်ကျောက်နေတတ်တဲ့အကြောင်း

သူကလေးအထဲမှာ ငြိမ်ငြိမ်နေလေ၊ တွေ့ ချင်စိတ်ပြင်းထန်လေလေပါပဲ။ သားဦးကိုယ်ဝန် ဆိုရင်တော့ ခံစားချက်တွေ က အသစ် ဖြစ်မယ်။ အပြင်မှာ ကလေးအကြီးတွေ ရှိနေရင်တော့ ကလေးအကြီးတွေ နဲ့ မျှဝေခံစားရင်း သူတို့လေးတွေ လည်း မျှဝေတတ်ရအောင် သွန်သင်မှု တွေ အကြောင်း ထည့်ရေး ရလိမ့်မယ်။

ကိုယ့်ရဲ့ မိခင်လောင်းဘဝ

ကလေးလေးက ဘယ်သူနဲ့တူမလဲ။ သူနဲ့တူရင် ဘယ်လို၊ ကိုယ်နဲ့တူရင် ဘယ်လိုဆိုတာ မျိုးလေးတွေ ကလေးလေးကို မမွေးမီ မိမိနှင့် မိမိခင်ပွန်းသည်၏ ဘ၀၊ ကလေးအကြီးများ နှင့် ဖြတ် သန်းခဲ့ရသော ဘ၀ စတဲ့ အကြောင်းလေးများ ကို ရေး မှတ်ရမယ်။

ကိုယ်အမြဲတမ်းဂရုစိုက်ပြီး မလွတ်တမ်းစောင့်ကြည့်လေ့ရှိတဲ့ TV အစီအစဉ်တွေ ကိုလည်း ရေး မှတ်ထားနိုင်တယ်။ ကြိုက်တဲ့သီချင်းတွေ ၊ ဖတ် ဖြစ်တဲ့ စာအုပ်တွေ ၊ ကိုယ်တက်ခဲ့တဲ့ သင်တန်း တွေ အကြောင်း ရေး မှတ်ပါ။

ဒီအချိန်ဟာ ကလေးယူဖို့ သို့ မဟုတ် ကလေးထပ်ယူဖို့ အသင့်လျော်ဆုံး အချိန်ပဲဆိုတဲ့ မှတ်ချက်လည်း ထည့်ရေး ပါ။

အဲဒီ မှတ်တမ်းကို သိထားရမယ်။ ကလေးကြီးလာ၊ အရွယ်ရောက်လာတော့ ဖတ်ကြည့်စေ ရင် ကြီးစွာ သော နှစ် ခြိုက်မှု ဖြစ်စေတဲ့အပြင် သူ့ကိုယ်သူ မြတ်နိုးတန်ဖိုးထားစိတ်ပါ ပေါ်ပေါက်မှာ သေချာပါတယ်။

***


နာမည် လေးရွေးရအောင်

အခုတလော ကိုယ့်ရင်သွေးက ယောက်ျားလေးလား ၊မိန်းကလေးလားဆိုတာ ကြိုသိနှင့်တဲ့ ကာလဆိုတော့ နာမည် လေးပေးဖို့ စဉ်းစားစိတ်ကူးမိကြတယ်။

နေ့သင့်နံသင့် စဉ်းစားကြတာများ တယ်။။ အချို့ကလည်း နေ့သင့်နံသင့်မဟုတ်တဲ့နည်းနဲ့ စဉ်းစားတယ်။

ဥပမာ မင်းသိင်္ခဆိုရင် တနင်္ဂနွေသား ဖြစ်တယ်။ ဒါကြောင့် အညွန့် ဖြစ်တဲ့ တနင်္လကို အဆုံး မှာ ထားပြီး တနင်္လာက စလို့ လာ - ဂါ - ဟူး - ကြာ (၄)ခုမြောက် ကြာသပတေး (မင်းနဲ့) (၅)ခု မြောက် သော ကြာ (သ)မှသည် မင်းသိင်္ခ ဖြစ်လာတယ်။ တချို့ နေ့နံနဲ့စတယ်။ အင်္ဂါသမီးဆို စ၊ ဆ၊ ဇ၊ ဈ၊ ည တချို့က နေ့နံနဲ့မယူဘဲ အဓိပ္ပယ်နဲ့ယူတယ်။ ဥပမာ - သတ္တိရှိစေချင်လို့ သတ္တိ၊ လှစေ ပစေချင်လို့ ပပ၀င်း အဲဒီ လိုမျိုးပေါ့။

အကြံလေးပြုချင်တာက ဘယ်နည်းပဲသုံးသုံး အဖေနာမည် လေးတော့ နောက်မှာ ထားစေ ချင်တယ်။ ဦးခင်မောင်ရဲ့ သား ဖြစ်လို့ သတ္တိမောင်၊ သို့ မဟုတ် သတ္တိခင်မောင်၊ သမီး ဖြစ်လို့ ပပ၀င်းမောင်၊ ပပခင်မောင် အဲဒါမျိုးလေး ဖြစ်စေချင်ပါတယ်။

တချို့က အမေနာမည် ပါ ထည့်ချင်ကြတယ်။ အမေနာမည် က ယုယုလှိုင်ဆိုပါစို့။ အဲဒါဆိုရင် အမေနာမည် ကို ရှေ့ဆုံးမှာ ထားစေချင်ပါတယ်။ ဒါမှမဟုတ် အဖေနာမည် ရဲ့ ရှေ့မှာ ထားလည်းရပါတယ်။ ဥပမာ - ပပလှိုင်မောင်၊ ပပယုမောင် တစ်မျိုးမျိုးပေါ့။ လှိုင်ပပမောင်လည်း ဖြစ် တယ်။ ယုပပမောင်လည်း ဖြစ်တယ်။

စိတ်ကူးမိတာလေးတွေ ပြောပြတာပါ။ ဒီမှာ က ပေးထားသမျှ နာမည် တွေ given name ပဲ ဖြစ်နေတယ်။ ဥပမာ - ညီအစ်မတွေ ပေါ့။ နီနီနုနွယ်၊ ကြည်ကြည်စုသွယ်၊ ရီရီယုနွယ်ဆိုရင် နာမည် (၄)လုံးစလုံး given name ချည်း ဖြစ်နေတယ်။ First name, Middle name , Last name လို့ ခွဲ ကြတယ်။ နိုင်ငံတကာမှာ ပါ။ ပေးထားတဲ့ စိတ်ကူးအရဆိုရင် Last Name မှာ အဖေနာမည် ၀င်သွား ပြီး ရှေ့နာမည် ကို First name မှာ ဖြစ် ဖြစ် First နဲ့ Middle name မှာ ဖြစ် ဖြစ် ထည့်လိုက်ရမယ်။

ဒါမှမဟုတ်ရင် ကိုယ့်ရှိသမျှနာမည် အားလုံး given name မှာ ပဲ ဖြည့်လိုက်ရလိမ့်မယ်။ လေ ယာဉ်ပေါ်မှာ White card ဖြည့်တာမျိုး။ အင်တာနက်ပေါ်မှာ ပုံစံတစ်ခုခုဖြည့်တာမျိုးမှာ “ကြောင် “ မသွားအောင်ပါ။ လဲ့သဇင်ဆိုရင် အဲဒီ နိုင်ငံတကာ ပုံစံတွေ မှာ ဖြည့်တိုင်း given name မှာ ပဲ ဖြည့် လိုက်ရတယ်။ နော်ကဆုံးအလုံးတစ်လုံးပါပြီး အဖေနာမည် လည်း ဖြစ်ရင်တော့ ဖြည့်နိုင်ပါလိ့မ်မယ်။ ဥပမာ - လဲ့သဇင်ရဲ့ အဖေနာမည် ပါ ထည့်မှည့်ခဲ့လို့ လဲ့သဇင်ကျော်ဆိုပါစို့။ ဒါဆိုရင် Last name မှာ “ကျော်”ဖြည့်နိုင်ပါတယ်။

ဥပမာ - သမီးလေးကို လပြည့်နေ့မှာ မွေးလို့ “လပြည့်”လို့ နာမည် ပေးပါရော။ အဲဒါ given name ပဲ။ သူ့အဖေနာမည် ကို နောက်ကထည့်လိုက်။ လပြည့်ဇော်ဆိုပါစို့ ဖြစ်သွားမယ်။ ဒီတော့ အမည် ကလည်း ကိုးလလွယ် ဆယ်လမွေးခဲ့ရလို့ ကိုယ့်နာမည် ပါချင်ရော၊ ဒီတော့ ရှေ့က ထည့်ရင် ရပါတယ်။ မွန်းလပြည့်ဇော် ဖြစ်သွားမယ်။ အမေက မွန်းမွန်း အဖေက ကိုဇော်ဆိုပါစို့။

တကယ်တော့လည်း ကိုယ့်သားသမီးကို နာမည် ပေးတာ ကိုယ်ပိုင်ခွင့် ဖြစ်ပါတယ်။ ကိုယ် ကြိုက်သလိုပေးနိုင်တယ်။ ဒါပေမယ့် လိုက်ဖက်မှု ရှိရပါလိမ့်မယ်။ သမီးမိန်းကလေးကိုပေးရင် မိန်း ကလေးနဲ့ လိုက်တဲ့နာမည် ဖြစ်ရမယ်။ သားယောက်ျားလေးကို ပေးရင် ယောက်ျားလေးနဲ့လိုက်တဲ့ နာမည် ဖြစ်ရမယ်။

နောက်ပြီး အရွယ်သုံးပါးစလုံးမှာ ဆီလျော်တဲ့ နာမည် ဖြစ်ရမယ်။ငယ်တုန်းမှာ သာ လိုက်ဖက် တဲ့ ၊ အလွန်လှပတဲ့ နာမည် မျိုး မ ဖြစ်ရဘူး။ သူတို့လေးတွေ အသက်ကြီးသွားရင်လည်း တင့်တယ် တဲ့တယ်တဲ့ နာမည် ဖြစ်ရမယ်။

အရေး ကြီးတာက လူခေါ်တဲ့နာမည် ဖြစ်ရမယ်။ နာမည် ဆိုတာ ကိုယ်ပိုင် ဖြစ်ပေမယ့် သူများ က ခေါ်ဖို့ ဖြစ်တယ်။ ခေါ်ရတဲ့သူအတွက် လွယ်ကူရမယ်။ ကိုယ့်သားသမီးကို အချစ်လွန်ပြီး တင်စား လွန်းအားကြီးလို့ သည်းသည်းလှုပ်ခေါ်ရခက်တဲ့ နာမည် ဖြစ်နေရင် အလွယ်ခေါ်ကြတဲ့ နာမည် အတိုကောက် ဖြစ်သွားလိမ့်မယ်။

နာမည် များ မှတဆင့် အသက်အရွယ်ကို ခန့်မှန်းနိုင်တာ နာမည် ပေးပုံက ခေတ်အလိုက် ပြောင်းလဲလာလို့ပါပဲ။ ဥပမာ ဒေါ်ပုတို့ ဒေါ်တုတ်တို့ဆိုရင် အသက် ၈၀ ပဲ ။ ခင်စန်းဝင်တို့ ခင်မောင် ကြီးတို့ဆိုရင် အသက် ၅၀၊ ၆၀ လောက်ပဲ။ အသက် ၈၀ ဒေါ်တုတ်ကွယ်လွန်ပြီးလို့ သူ့ရဲ့ မြေး တီ ကျွတ်တွေ မွေးဖွားလာရင် အိမ့်မှူးရွှေစင်တို့၊ သက်စိုးပိုင်၊ ခက်မာတို့၊ ဖြူသင်းလဲ့၊ သန္တာကျော်တို့ ဖြစ်ကုန်ရော၊ အဲဒါမျိုးမှာ ဖြူသင်း ဖြစ်မလာ။ လဲ့သန္တာကျော် ဖြစ်သွားမလား။ ဒါမှမဟုတ် အိမ်မှာ ခေါ်တဲ့နာမည် ပုတု လို့ပဲခေါ်ြ ကတော့မလား။ စဉ်းစားမိစေချင်တာပါ။ နောက်ပြီး ကိုယ်ပေးလိုက် တဲ့နာမည် က ပြောင်းပြန်လုပ်လိုက်ရင် နောက်ဆရာ ၊ ပြောင်စရာ အဓိပ္ပာယ် ဖြစ်သွားတာမျိုး မ ဖြစ် ရပါဘူး။

***


မေမေ့မေတ္တာချစ်တေး

မိခင် ဖြစ်သူနဲ့ သားသမီး ဖြစ်သူကြားမှာ ရှိတဲ့ နှောင်ကြိုးဟာ ဘာနဲ့မှနှိုင်းလို့ မရပါဘူး။ ရင်သွေးငယ်တိုင်းဟာ မိခင်ကို သိပ်တွယ်တာပါတယ်။ နို့ချိုတိုက်ကျွေးတာ။ ချော့သိပ်တာ၊ စကား ပြောတာကစလို့ သူတို့လေးတွေ ရင်ထဲမှာ စွဲထင်နေတယ်။

မိခင်ရဲ့ ဆဋ္ဌမအာရုံ

သားသမီးနဲ့ပတ်သက်လာရင် မိခင်တွေ ဟာ အရိပ်အကဲကို သိလွန်းတယ်။ ဘာလုပ်လာ တယ်။ ဘာ ဖြစ်လာတယ်ဆိုတာကို ပြောပြမှမဟုတ်ဘဲ သိနေတတ်တယ်။ ဒါမျှမက စိတ်ခံစားမှု အရ Emotionally နှင့်ခန္ဓာကိုယ်အရ Physically ရင်သွေးတို့ရဲ့ လိုအပ်ချက်ကို သိသိနေတတ်တယ်။ ဒါဟာ Sacrifices ခေါ် စွန့်လွှတ်အနစ်နာခံနေရတာ တွေ နဲ့ ဆက်စပ်နိုင်ပါတယ်။ ကိုယ်ဝန်လွယ်ရ တယ်။ အသက်နဲ့ရင်း မွေးရတယ် စသည့် စွန့်လွှတ်ရတာ တွေ အများ ကြီးပါ။

အခမဲ့ ဖြစ်ကြရခြင်း

မိခင် တစ်ယောက် ဟာ ရင်သွေး တစ်ယောက် ကို စွန့်ပစ်ဖို့ဆိုတာ မ ဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ငွေကြေးကြောင့် ၊ လူမှု ရေး ကြောင့် မိသားစုပြဿနာကြောင့် စသည့်ဤကိစ္စမျိုးရှိလာကြရင် ရင် သွေးလေးတို့မှာ ခံစားချက်တွေ တစ်သီကြီးလိုအပ်နေကြတယ်။ နွေးထွေးမှု လိုအပ်မယ်၊ ပျိုး ထောင်ပေးမှု လိုမယ်။ အဲဒီ လို ကလေးမျိုးတွေ ဟာသူတို့နဲ့ တထွေးတနွေးနေရင် သိပ်နှစ်သက် တယ်။ နီးကပ် နွေးထွေးမှု သူတို့လေးတွေ မှာ မရှိဘူး။ သူတို့လေးတွေ ကို အကာအကွယ်ပေးဖို့၊ မွေးမြူဖို့ သူတို့မှာ လိုအပ်တယ်။ မိခင်နဲ့နေရင် ရင်သွေးတိုင်း မွေးရာပါ အခွင့်အရေး အနေနဲ့ ရနိုင် သော်လည်း မိခင်မရှိတဲ့ ကလေးတွေ မှာ တော့ စိတ်ကူးကြည့်ရုံပဲ ကြည့်နိုင်ပါတယ်။

အမေကို စိတ်ကူးကြည့်ခြင်း

သူတို့လေးတွေ ဟာ “အပစ်ပယ်ခံတွေ ”လို့ သူတို့ကိုယ်သူတို့စဉ်းစားတယ်။ ငါတို့အမေက ငါ့ကို ပစ်ခဲ့တယ်။ သူများ တွေ ရဲ့ အမေ ကတော့ သူများ တွေ ကို ပစ်မသွားဘူး။ ဒါသူတို့စိတ်ကူးလေ့ ရှိတာပါ။

မိဘများ ကွာရှင်းလို့ ဖြစ်စေ၊ အခြားအကြောင်းကြောင့် ဖြစ်စေ သူတို့လေးတွေ မှာ သူတို့ကိုယ် သူတို့ အပြစ်တစ်ခုလို ခံစားကြရတယ်။

(ဖေဖေမေမေနဲ့ အတူနေတုန်းက ဖေဖေနဲ့ မေမေ အမြဲရန် ဖြစ်နေတာပဲ။ ပိုက်ဆံမရှိလို့တဲ့။ ငါ့ကျောင်းစရိတ်ကြောင့် တဲ့။ ငါ့ကြောင့် ပေါ့နော်) အဲဒီ လိုကလေးမျိုးက သူတို့အချင်းချင်း ပြောနေ တဲ့စကားသံပါ။ မွေးစကတည်းက စွန့်ပစ်ခံရရင်တော့ သူတို့လေးတွေ ဟာ အမေဆိုတာကို စိတ်ကူး နဲ့ ပုံဖော်နေတတ်ကြတယ်။ အချို့ အဲဒီ လို ကလေးမျိုးတွေ ကြီးပြင်းလာရင် မေမေက ကျွန်တော့် ကို ကျွန်မကို ပစ်ချင်လို့ ပစ်သွားတာ မ ဖြစ်နိုင်ဘူးလို့ ဆိုတတ်ကြတယ်။

မေမေ့အတွက် အမှတ်တရများ

အမေမဲ့ မိန်းကလေးတစ်ဦးရှိခဲ့ဖူးတယ်။ သူဟာ သူ့အမေက သူ့ကို ၆ လတစ်ကြိမ်၊ ၁ နှစ် တစ်ကြိမ် လာတွေ့ တယ်။

အိုက်စကရင်မ်ဝယ်ကျွေးတယ်။ ကစားစရာ ၀ယ်ပေးတယ်။ အင်္ကျီလှလှလေးဝယ်ပေး တယ်၊ ကစားကွင်းခေါ်သွားတယ်လို့ ပြောနေတတ်ကြတယ်။ ဒါပေမယ့် သူကလေးရဲ့ အမေက ဘယ်တုန်းကမှ သူကလေးကို လာမတွေ့ ခဲ့ပါဘူး။

ခုအဲဒီ မိန်းကလေး အရွယ်ရောက်ပြီး အိမ်ထောင်ရက်သားကျလို့ သားသမီးများ ပင် ရနေပါ ပြီ။ သားသမီးဆိုတာ အစားအစာကျွေးရုံ၊ ပညာသင်ပေးရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ကိုပေးဖို့ မေတ္တာ၊ နွေးထွေးမှု ၊ ထိန်းကျောင်းမှု တွေ ရှိသေးတယ်။ အမေ့ကိုတွေ့ ခဲ့၊ သိခဲ့တယ်လို့ စိတ်ထဲမှာ ပုံ ဖော်ခဲ့ပေမယ့် အမေကို ဘယ်လိုမှန်းတောင်မှ မသိပါဘူး။ မမြင်ဖူးပါဘူးလို့ ပြောလာပါတယ်။

အခြား အမေမဲ့ကလေးတစ်ဦး ကတော့ အမေ့ကိုပြန်တွေ့ ရရင် တန်ခိုးနဲ့ စိတ်တုံး ဖြစ်အောင် လုပ်ပစ်ပြီး၊ ဆွဲကြိုးလုပ်ပြီး ဆွဲထားလိုက်မယ်လို့ ဆိုတယ်။

အမေ့တာဝန်

ကိုယ်ဝန်ဆောင်မိခင်တွေ ရဲ့ မျက်နှာတွေ ဟာ ၀င်းပနေတတ်တယ်။ မျက်လုံးတွေ လက်နေ တတ်တယ်။ အမေ ဖြစ်ဖူးမှ မိန်းမဘ၀ပြည့်စုံတယ်လို့ ဆိုတဲ့သူတွေ ရှိပါတယ်။

ကိုယ်ဝန်ဆိုတာက ၉ လ ကြာရင် မွေးထုတ်ပစ်လိုက်ရတာ ပဲ။ မွေးထွက်လာတာချည်းပါပဲ။ ဒါပေမယ့် အမေ တစ်ယောက် ရဲ့ တာဝန်ဆိုတာ အဆုံးမရှိပါဘူး။

တစ်ကျော့နှစ် ကျော့တေးကိုသီပါဆို

အဲဒီ ဇာတ်ကားကို ကြည့်ဖူးကြမှာ ပါ။ ခုထိလည်း နှစ် စဉ် ရုပ်သံက လာနေဆဲပါ။

အချစ်ငတ်သူတွေ တစ်ပုံတစ်ပင် တွေ့ ရပါမည် ။ ချစ်တတ်သူအဆွေ … ဂုဏ်အင်ဟာ ဒါပဲ အသည်းတွေ ခွဲဝေပေးနိုင်ရပါမည် )ဇာတ်ဝင် သီချင်းပါ စာသားတစ်ပိုဒ်ပါ။ အမေမဲ့ သူလေးတွေ ကို တွေ့ ရရင် ပေးနိုင်သလောက် မေတ္တာခွဲဝေပေးလိုက် ပါ။

ကိုယ်ဝန်ဆောင်အလှအပနှင့်ကျန်းမာရေး

ကိုယ်ဝန်ကြီးနဲ့ ပါဆို လှစရာမလိုဟု မစဉ်းစားစေချင်ပါ။ မိမိသည် မကြာမီ မိခင် ဖြစ်တော့ မည် ။ မိမိ၏ ခင်ပွန်းလည်း ဖခင် ဖြစ်လာလိမ့်မည် ။ သို့ ဖြစ်ပါသဖြင့် မိမိ၏ ကိုယ်ဝန်ဆောင်ကာလမှာ အလွန်ပင် အဓိကကျလှရာ သာမန်ထက်ပို၍ လှဖို့ပဖို့၊ ကျန်းမာဖို့လိုအပ်ပါသည်။ မကျန်းမာရင် မည် သို့ လှနိုင်ပါမည် နည်း။

မိခင်ကောင်း ဖြစ်ချင်တယ်ဆိုရင် ကလေးကိုချည်း၊ ဂရုစိုက်နေလို့မရပါ။ မိမိကိုယ်မိမိလည်း ဂရုစိုက်ရမည် ။ သားကို သခင် ဘုရားဟူသော စကားကိုချည်းပဲ တစ်သဝေမတိမ်း မလိုက်နာပါနှင့်။ မိမိ၏ ကျန်းမာရေး က ပို၍ အရေး ကြီးပါသည်။ “အမေကြီး”လို့ ခေါ်ခေါ်လာတိုင်း သူတို့ ဝေယျာဝစ္စ တွေ နှင့်ချည်း အချိန်မကုန်ပါစေနှင့်။

“မိခင်ဘ၀”ဆိုတာ မိမိအတွက် စွန့်လွှတ်ပြီး အိမ်ထောင်တစ်ခုလုံးအတွက်သာ မြှုပ်နှံထား သင့်သော ဘ၀ကို ဆိုလိုသည်မဟုတ်ပါ။ ကြံ့ခိုင်မှု ရှိဖို့ အလိုအပ်ဆုံးမှာ မိမိ ဖြစ်သည်။ ကိုယ်ဝန် ဆောင်ဘ၀နှင့် မိခင်အသစ်စက်စက် ကာလတွေ မှာ စွန့်လွှတ်အနစ်နာခံမှု တွေ ကို မလိုအပ်ဘဲလုပ် လျှင် နောင်တစ်ချိန်မှာ “စိတ်ခါးသီးမှု ”ခံစားရတတ်သည်။

မိမိခန္ဓာကိုယ်ကို မိမိဂရုစိုက်

ကိုယ်ဝန်ဆောင်တယ်ဆိုရင်ပဲ၊ မွေးဖွားပြီးတယ်ဆိုရင်ပဲ မိမိ၏ အခန်းကဏ္ဍသည် ကြီးကျယ် လာပါပြီ။

အရေး ကြီးတာ အိပ်ရေး ၀ဖို့ပဲ ။ အိပ်ရေး ၀မှသာ ကိုယ်ဝန်ဆောင်မိခင်အတွက် စိတ်ရော ကိုယ်ပါ နားနေမှု ရပါမည် ။ အိပ်ရေး ၀မှသာ ကိုယ်ဝန်ဆောင်မိခင်အတွက် စိတ်ရောကိုယ်ပါ နားနေမှု ရပါမည် ။ ဤတွင် မွေးဖွားပြီးချိန်မှာ လည်း ဆက်လက် အိပ်ရေး ပျက်ဖို့ အားထုတ်ထားရပါမည် ။

ရေသောက်ဖို့က တစ်နေ့ကို ၈ ဖန်ခွက်မျှ သောက်သင့်သည်။ အမျှင်များ သော အစားအစာ တို့သည် အူမကြီး၏ လုပ်ငန်းဆောင်တာကို အားပေးသည်။ ဗီတာမင် C.E နှင့် ဇင့်ဓာတ်၊ ဆီလီကာဓာတ်တို့က အသားအရေကျန်းမာမှု ကို အထောက်အကူပြုပါလိမ့်မည် ။ ရေချိုးစဉ် မိမိ ကိုယ်မိမိ နှိပ်နယ်ခြင်းပြုလျှင် ခန္ဓာကိုယ်၏ သွေးသား သွေးလာများ ကောင်းမွန်သည်။ ထို့နောက် တစ်ကိုယ်လုံးကို သံလွင်ဆီ သို့ မဟုတ် ဘော်ဒီလိုးရှင်းတစ်မျိုးမျိုးကို လိမ်းသင့်သည်။ မိမိ၏ အသားအရေသည် အာဟာရပြည့်ဝပြီး စိုပြည်မှု ရှိမှ ကိုယ့်ဝမ်းတွင်းရှိ သန္ဓေသားမှာ လည်း စိုပြည်ပြီး ကျန်းမာမှု ရရှိပါလိမ့်မည် ။ မွေးဖွားပြီးရင်လည်း ဤအတိုင်းပဲ ဆက်လုပ် နေရပါမည် ။ သို့ မှသာ စိုပြည်တင့်တယ်သော နို့တိုက်မိခင် ဖြစ်ပါလိမ့်မည် ။ ဖြစ်နိုင်ပါက ကိုယ်ဝန်ဆောင်ဘ၀မှာ ရော ၊ မွေး ဖွားပြီးကာလမှာ ပါ Spa သို့ သွား၍ ရေနွေးစိမ်ခြင်း၊ အသာအယာ နှိပ်နယ်ခံယူခြင်းများ ပြုပါလျှင် ခန္ဓာကိုယ်ကျန်းမာရေး မုခရရှိရုံမျှမက စိတ်လန်းဆန်းမှု က လက်တလောအကျိုး ဖြစ်စေသည်။

အစာတွေ သိပ်မစားနဲ့

ကိုယ်ဝန်ရှိနေလို့ ၊ နို့တိုက်နေလို့ နှစ် ဆစားရမည် ဟူသော ယုံတမ်းစကားရှိရာ နှစ် ယောက် စာအတိအကျတော့ မည် သည့်ကိုယ်ဝန်ဆောင်၊ မည် သည့်သားသည်အမေမှ စားနိုင်လိမ့်မည် မ ဟုတ်ပေ။ စားသင့်သော အာဟာရဓာတ်တွေ ကို ပြည့်ပြည့်၀၀ ရရှိရန်နှင့် Supplement ခေါ်ထပ်မံ ဖြည့်စွက်ရန် လိုသော ဖြည့်စွက်ဆေးဝါး ဖြည့်စွက်စာတို့ လုံလောက်စွာ ရရန်လိုပါသည်။

မှန်ကြည့်မိတိုင်း ကိုယ့်ဗိုက်ကလေးကိုယ်ကြည့်ပြီး ကျေနပ်တတ်ကြသည်။ ကိုယ့်အသား အရေနှင့်ကိုယ် စိုပြည်တင့်တယ်မှု ကိုလည်း သေသေချာချာကြည့်ဖို့ လိုပါသည်။ ပိန်ကျသွားသ လား ၊ ၀ဖောင်းလာပြီး ဖောများ ဖောနေပြီလား…. ဤတွင် အရေး ကြီးသည်က Regular AN Care ခေါ် မှန်မှန် ကိုယ်ဝန်အပ်နှံဖို့ ဖြစ်သည်။

အသင့်အတင့် စားသောက်မှု မှန်မှန်ပြုသင့်သည်။ အချိုတွေ ကို လျှော့စားပါ။ ကယ်လိုရီ အစာတွေ ကို ဆင်ခြင်စားသောက်ရမည် ။ ရုတ်တရက် အများ ကြီးလျှော့ချလိုက်ပါက ပြန်လည်ဖြည့် စွက်စားသောက်ရမည် ။ နို့တိုက်မိခင် ဖြစ်ပါက နေ့စဉ် ကယ်လိုရီ ၁၈၀၀ မှ ၂၀၀၀ လိုအပ်သဖြင့် အစားအစာကို အလွန်အမင်း လျှော့စားရန်မသင့်လျော်ပါ။

ကိုယ်လက်လှုပ်ရှားမှု

လမ်းလျှောက်ခြင်းကား အကောင်းဆုံး ဖြစ်သည်။ ကိုယ်ဝန်ဆောင်ကာလမှ လမ်းလျှောက် ကြသော်လည်း မွေးဖွားပြီးရင် မလျှောက် ဖြစ်ကြရာ ဤအချက်ကိုလည်း တွက်ဆသင့်သည်။

သူငယ်ချင်းတွေ ကိုလည်း မေ့မပစ်နဲ့

ကိုယ်ဝန်ဆောင်ကာလကတည်းကပင် အများ အားဖြင့် လောကကြီးနှင့် ဆက်ဆံရေး ကျဲကုန်တတ်သည်။ ဖုန်းလေးနဲ့ပဲ ဖြစ် ဖြစ် ကိုယ့်သူငယ်ချင်း ၊ ကိုယ့်မိတ်ဆွေ၊ ကိုယ့်လုပ်ဖော်ကိုင် ဖက်တွေ နှင့် စကားပြောဆိုပါ။ ကိုယ်ဝန်ရှိသည်နှင့် ကိုယ့်ဗိုက်ရယ်၊ ကိုယ့်ခင်ပွန်းရယ်၊ကိုယ်ရယ်၊ ကိုယ်အိုဂျီရယ် .. ဤမျှလောက်ပဲ ကျင်လည်နေရတာ မျိုး မ ဖြစ်ပါစေနှင့်။

မွေးဖွားပြီးရင်လည်း ဆက်ဆံရေး တွေ ဝေးမသွားသင့်ပါ။ မိခင်ချည်းသာနေရာယူသော မိဘ နှင့် ကြီးပြင်းရသော ကလေးသည် မိဘနှစ် ဦးစလုံးမျှဝေ တာဝန်ယူသော မိဘနှင့် ကြီးပြင်းရသော ကလေးထက်ပို၍ စိတ်လုံခြုံမှု မရတတ်ပါ။

ကိုယ်ဝန်ဆောင်ဘ၀မှာ တော့ ကိုယ့်ကို ၀ိုင်းဦးစားပေးကြပြီး မွေးဖွားလည်းပြီးရော ကလေး ဆီ အာရုံစိုက်ကြတာမျိုးလည်း မ ဖြစ်သင့်ပါ။ ထို့ထက်ပို၍ မ ဖြစ်သင့်သည်မှာ မိမိကိုယ်တိုင်ကပါ မိမိ ထက် မိမိရင်သွေးကိုချည်း ဂရုစိုက်ပုံမျိုးမပြုလုပ်မိဖို့ ဖြစ်သည်။

***


အချိန်တွေ ခိုးလို့ စိတ်ချမ်းသာအောင် နေကြစို့

ကျွန်မတို့ ဌာနေမှာ ကိုယ်ဝန်ဆောင်များ ဟာ သားဖွားခွင့် ခံစားကြရပါတယ်။ မမွေးမီ တစ်လခွဲ၊ မွေးပြီးတစ်လခွဲ စုစုပေါင်း သုံးလ မီးဖွားခွင့် ခံစားကြရပါတယ်။ တွက်နည်း ကတော့ ကမ္ဘာ့ သိနည်းပါပဲ။ နောက်ဆုံးရာသီရဲ့ ပထမရက် L.M.P (First day of Last Menstrual Period) မှ သည် ၉ လနှင့် ၇ ရက်ထည့်ပေါင်းရင် ခန့်မှန်းမွေးရက် Expected Date of Delivery E.D.D ရပါ တယ်။ ဆိုလိုချင်တာက ကိုယ်ဝန်ဆောင်မိန်းမ တစ်ယောက် ဟာ ကိုယ်ဝန်စရှိကတည်းက ခွင့်မရကြ တာပဲ။ ကိုယ်ဝန်တစ်ဖက်နဲ့ အလုပ်လုပ်နေကြရတဲ့ ၀န်ထမ်းကိုယ်ဝန်ဆောင်မိန်းမတို့ အချိန်ကို ဘယ်လိုခိုးပြီး စိတ်ချမ်းသာအောင် နေရမယ်ဆိုတာပါပဲ။

၁။ ရသမျှ၊ မျက်စိတစ်မှိတ်အချိန်လေးမှာ အသာလေး အာရုံယူပြီး ထွက်သက်၊ ၀င် သက်မှတ်လိုက်ပါ။ Mini Meditation လို့ခေါ်ပါတယ်။ စက္ကန့် ၃၀ ပဲ ဖြစ် ဖြစ်၊ စက္ကန့် ၂၀ ပဲ ဖြစ် ဖြစ် ရသမျှ ခဏလေးကို ကိုယ့်အတွက် အသုံးချလိုက်ရင် စိတ်ဖိစီးမှု တွေ လျော့ကျ သွားပါလိမ့်မယ်။

၂။ မေတ္တာစိတ်နဲ့ ယှဉ်တွေးပါ။

မေတ္တာပွားကြတယ်ဆိုတာ လူပြောအများ ဆုံး စကားလုံးပါ။ ဒါပေမယ့် တကယ် ကျင့်သုံးကြရဲ့ လား။ မေတ္တာသုတ် ဖတ်ကြသရွှေ့သာ တကယ်မေတ္တာထားရင် လောကကြီးဟာ ဒီလိုတောင် ဖြစ်မနေဘူး။ တခြားအချိန်တွေ မှာ ကြိုက်သလို မစ္ဆရိ ယစိတ်ပွားချင်ပွား၊ ကိုယ်ဝန်ဆောင်ချိန်မှာ တော့ မေတ္တာစိတ် မွေးရလိမ့်မယ်။

လိုင်းကားပေါ်မှာ ကိုယ်က မတ်တပ်ရပ်ရပြီး တခြားယောက်ျားကြီးတွေ ထိုင်နေတာ တွေ့ လို့ နေရာမဖယ်ပေးရကောင်းလားလို့ စဉ်းစားရင် အကုသိုလ်စိတ် ဖြစ်မယ်။ ဒီ တော့ သြော်ထိုင်ကြပါစေလေ။ ကိုယ်ရယ်၊ ကိုယ့်ကလေးရယ် ကုသိုလ်ရတာ ပေါ့လို့ တွေးယူလိုက်။

၃။ ပြဿနာတွေ ကိုရှင်း။

မွေးဖို့ဖွားဖို့က တစ်ဖက်၊ စုဆောင်းရတာ က တစ်ဖက်၊ မွေးချိန်ဖွားချိန် အဖော် အလှော်စီစဉ်ရတာ က တစ်ဖက်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းသုံးခုမေးရလိမ့် မယ်။ အလုပ်တွေ ပိုပြီး ပြီးစီးရအောင် ဘာလုပ်မလဲ။ ဒီအပတ်ထဲမှာ ကိုယ့်ကိုယ် ကိုယ် ဘယ်လိုဂရုစိုက်နေမလဲနဲ့ ပိုပြီး ပျော်ရွှင်စိတ် ဖြစ်အောင် ဘာလုပ်ရမလဲ။ ဒါတွေ ကို ချက်ချင်း ဖြေဖို့ မဟုတ်ဘူး။ အဲဒီ မေးခွန်းတွေ စိတ်ထဲမှာ ရှိနေရင် အဖြေ တွေ လည်း တွေ့ လာလိမ့်မယ်။

၎။ ရတဲ့အချိန်ကို ရသလိုအသုံးပြုပါ ။

ကားစောင့်ရင်းဖုန်းဆက်စရာရှိတာ ဆက်ခြင်း၊ အိုဂျီနဲ့ပြဖို့စောင့်ရင်းဆိုရင်တော့ ဘုရားစာရွတ်နေတာကောင်းလိမ့်မယ်။ တချို့အဓိပတိကားစီးရင်းသွားကြားထိုးသ တဲ့။

၅။ အကြောဆန့်လှုပ်ရှားမှု ကိုလည်း ရတဲ့အချိန်မှာ လုပ်ရမယ်။

ပခုံးနှစ် ဖက်ကို နားရွက်ဆီထိ ဆွဲတင်ထားပြီး ၅ စက္ကန့်ထားပြီး ပြန်ချလိုက် ခြေတစ် ဖက်တည်းပေါ်ရပ်တဲ့ လေ့ကျင့်ခန်းက ခြေတစ်ဖက်ကို မလိုက်၊ မတဲ့အခါ နည်း နည်းပဲ မသိမသာနှစ် လက်မ၊ သုံးလက်မလောက် စက္ကန့်အနည်းငယ် ကြာကြာနေ၊ ပြီးရင် တစ်ဖက်ပြောင်းလုပ်။ အချိန်ခိုးလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်တယ်။

၆။ အထက်ဖော်ပြပါ ၅ မျိုးစလုံ့း မလုပ်နိုင်ဘူးဆိုရင် အလုပ်တွေ များ လွန်းလို့ ယားလို့ တောင်မကုတ်နိုင်ဘူး။ ဗိုက်ကတစ်ဖက် အလုပ်ကတစ်ဖက် ဘာမှအပိုအချိန်မရဘူး လို့ ဆိုကြတဲ့ ကိုယ်ဝန်ဆောင်မမတွေ ရှိတယ်။ သဘောက အဲဒါလေးတွေ ကို အလုပ်လို့ မသတ်မှတ်တာက စတာပဲ။ လုပ်သင့်တာလေးကို လုပ်နိုင်စွမ်းရှိပေမယ့် မလုပ်နိုင်ဘူးလို့ ကြိုတင်ဆုံးဖြတ်စွန့်လွှတ်ခြင်းဟာ ဆုံးရှုံးမှု လို့ခေါ်တယ်။ ကြားအ ချိန်၊ စောင့်ဆိုင်းချိန်ဟာ ဘ၀ရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်။

***


နောက် တစ်ယောက် မြန်မြန်ယူဖို့

ကလေးယူဖို့ပြောတာပါ။ သားသမီး တစ်ယောက် နဲ့ တစ်ယောက် ကြားမှာ အသက် ၃ နှစ် ကွာသင့်တယ်လို့ ဆိုတယ်။ အမြင်က ကလေးရဲ့ အသက် ၂ နှစ် ၂ နှစ် ခွဲလောက်မှာ နောက်ကိုယ် ၀န်စဉ်းစားသင့်ပါပြီ။ ထို့ပြင် စာဖတ်သူသည် ယခု သီတင်းကျွတ်မှာ အိမ်ထောင်ပြုမည့် သူ ဖြစ်နေ ရင် အသက်ကလေးရနေရင် ကလေးယူဖို့ အချိန်မဆွဲသင့်ပါဘူး။ ဒီတော့ မြန်မြန်ကိုယ်ဝန်လွယ်နိုင် အောင် နည်းလမ်းလေး ၇ သွယ် အကျဉ်းချုပ် တင်ပြလိုက်ရပါတယ်။

၁။ ဗီတာမင်များ သောက်သုံးရမယ်။ ဖောလစ်အက်ဆစ်ပါဝင်ရမယ်။ ဒီတော့ ဗီတာမင် နဲ့ ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ ဖြည့်စွက်စာများ လည်း အကျုံးဝင်ပါတယ်။

၂။ ကိုယ့်အကြောင်း ကိုယ်သိရမယ်။ မိန်းမတိုင်းမှာ သိခြင်းတရား ၂ မျိုးရှိတယ်။ ကိုယ့် ရင်သားအကြောင်း ကိုယ်သိရမယ်။ ရင်သားအလုံးအကျိတ်အတွက် ဖြစ်တယ်။ နောက်သိခြင်းက ကိုယ့်ရာသီစက်ဝိုင်းကိုသိရမယ်။ အထူးသဖြင့် သားဥကြွေရက် (Ovalation Period)အကြောင်း ဗဟုသုတရှိရမယ်။ ဆင်းတတ်တဲ့ အဖြူတွေ ကျဲ ရင် ၀မ်းဗိုက်အောက်ပိုင်း မအီမသာ ဖြစ်ရင် ဒါကိုယ်ဝန်ရှိနိုင်တဲ့ရက်ပဲ။ ရာသီစက် ၀ိုင်းကို မှတ်ရင် ပထမရက်သည် Day One ဖြစ်တယ်။ ပြီးတဲ့ ရက်မဟုတ်ဘူးနော်။ Day Nine ခေါ် ၉ ရက် မြောက်ကစလို့ သတိရှိရမယ်။ ဒါကလည်း ပုံသေမဆိုနိုင် ပြန်ပါ။ အပြောင်းအလဲတွေ ရှိတတ်တယ်။ အဲဒီ မှာ တစ်ခုပြောချင်တာ မိန်းမအများ အပြားဟာ သူတို့ရဲ့ “တားဆေး”သုံးနေတတ်ကြတာပဲ။ ဘ၀ဆိုတာ အပျို ဖြစ်သည် မှ သွေးဆုံးချိန်ကို ဆိုတာပါ။ အဲဒါမျိုးတွေ က ရာသီစက်ဝိုင်းကို ကမောက်ကမ ဖြစ် စေတယ်။ သန္ဓေတားနည်းအသွယ်သွယ်တွေ သုံးစွဲခဲ့ခြင်းက “ကစားပွဲ”မှာ ထင် ယောင်ထင်မှားတွေ ဖြစ်စေတတ်ပါတယ်။ “ကစားပွဲ”လို့သုံးတာ ခေတ်စားနေလို့ သုံးလိုက်ရတာ ပါ။ ဒီတော့ သင်သည် ယခုပင် သန္ဓေတားနည်းများ ကို ရပ်လိုက်ပါ က ယခု ချက်ချင်း ပဲ ကိုယ်ဝန်အတွက် စတင်ကြိုးပမ်းနိုင်ပါပြီ။ ကဲ “ကစားပွဲ”စပြီ။

၃။ အလွန်အကျွံမကစားနဲ့။ ယုန်ကလေးတွေ လို ကစားလိုချင်တိုင်း အကြိမ်ကြိမ်ကစား နေရင်လည် ကလေးမရတတ်ဘူးနော်။ အကြိမ်များ ရင် ဖိုသုတ်ရည်ကျဲသွားပြီး သုတ်ပိုးနည်းသွားတတ်တယ်။ သားဥကြွေရက်အတွင်း တစ်ရက်ခြားတစ်ကြိမ်သာ ကစားပါ။ သားဥက ၄ ရက်စောင့်တယ်။ သုတ်ပိုးက ၇၂ နာရီဆိုတော့ ၃ ရက် အသက်ရှင်နိုင်တယ်။ သတိပြုရမှာ ခင်ပွန်းကို ခါးနဲ့ ခါးအောက်ပိုင်း ကျပ်တည်းတဲ့ အ၀တ်အစား ၀တ်ဆင်စေခြင်း၊ ဆဲလ်ဖုန်းကို ခါးမှာ ချိတ်ခြင်း၊ ဘောင်းဘီအိတ်ထဲ မှာ ဖုန်းထားတတ်ခြင်း၊ ပဲပိစပ် Soy အစားအသောက် ရှောင်စေခြင်း၊ မကစားမီ အချိန်အကြာကြီး ရေနွေးစိမ်ရေချိုးခြင်း မပြုအပ်။

၎။ မပါမပြီး ဆရာကြီး …. စိတ်ဖိစီးမှု မရှိရပါဘူး။ နှစ် ဦးလုံး ၀ိုင်နီတစ်ခွက်စီသောက်ရင် ပိုအကျိုးရှိပါတယ်။

၅။ ဘ၀နေထိုင်မှု ပုံစံ ကောင်းမွန်ရမယ်။ ကိုယ်လက်လှုပ်ရှားမှု ပေါ့။ သူလည်း မပါမပြီး ဆရာကြီးပဲ။ သို့ သော် ပိန်ချင်ဇော၊ လှချင်ဇောနဲ့ အလွန်အကျွံလုပ်ရင် သားဥကြွေ ခြင်းကို အဟန့်အတား ဖြစ်စေပါတယ်။ ပီကျူထရီဂလင်းဟန့်တားလို့ ဖြစ်တယ်။ ခန္ဓာကိုယ်အလေးချိန်လျှော့ပါ။ လမ်းလျှောက်ပါ။ ဆေးလိပ်မသောက်ရ။ ဖြည့်စွက် အာဟာရလည်း သုံးဆောင်ပါ။

***


ခွဲမွေးချင်ကြတဲ့ မိခင်လောင်းတွေ

လွန်ခဲ့သော ဆယ်စုနှစ် ကာလကတည်းကပင် Caesarean Section (CS)ခေါ် ဗိုက်ခွဲမွေး ခြင်းတို့ ခေတ်စားလာခဲ့သည်။ W.H.O၏ ၁၉၈၅ ခုနှစ် ကြေညာချက်တွင် ၁၀မှ ၁၅ ရာခိုင်နှုန်း ဗိုက် ခွဲမွေးလျှင် မည် သည့်ဒေသမှာ ပင် ဖြစ်စေ သင့်လျော်မှု မရှိဟု ဆိုထားသည်။ သို့ သော် မိခင်နှင့် ကလေးကျန်းမာရေး အတွက် ဗိုက်ခွဲမွေးရခြင်းများ စွာ ရှိပေရာ ကျန်းမာရေး ၀န်ဆောင်မှု အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်ရသည်။

လေ့လာတွေ့ ရှိချက်အရ ကိုယ်ဝန်ဆောင်မိခင် ၁၈၂၈ ဦး မွေးဖွားခြင်းတွင် ရိုးရိုးမွေးခြင်းက ၁၂၁၃ ရှိခဲ့ပြီး ၂၄၂ ဦးမှာ ရွေးချယ်ဗိုက်ခွဲမွေးခြင်းနှင့် ၃၇၃ ဦးမှာ အရေး ပေါ်ခွဲစိတ်မွေးရခြင်းများ ဖြစ်နေသည်။

ယင်းအနက် မိခင် ၆၂ ဦး (၃.၃၉ ရာခိုင်နှုန်း)၌ အကြီးစားနောက်ဆက်တွဲ ရောဂါ ရခြင်းတွေ တွေ့ ရပြီး ၁၄၆ ဦး(၇.၉၈ ရာခိုင်နှုန်း)မှာ အသေးစားနောက်ဆက်တွဲ ရောဂါ များ တွေ့ ရသည်။ မွေး ဖွားမိခင်နှင့်ပတ်သက်သော နောက်ဆက်တွဲ ပြဿနာတို့မှာ အရေး ပေါ် ခွဲမွေးခြင်း ၌ ပိုမိုတွေ့ ရပြီး ၅ ဦးမှာ သားအိမ်ထုတ်လိုက်ရခြင်း၊ ၂၇ ဦးမှာ မီးတွင်းသွေးလွန်ခြင်းနှင့် ၃ ဦးမှာ အနာမကျက်ခြင်း များ ဖြစ်သည်။ မီးတွင်းသွေးလွန်သော မိခင်များ ကို သွေးသွင်းကုသခဲ့ရသည်။

ဖျားခြင်း၊ ဆီးကျခြင်း၊ ဆီမသွားနိုင်ခြင်း စသည်တို့လည်း တွေ့ ရသည်။ မွေးစကလေးအနေ နှင့် ၁၈ ဦး၊ (၀.၉၈ ရာခိုင်နှုန်း)သာ မွေးစကလေး အကြီးစားပြဿနာများ တွေ့ ရပြီး အရေး ပေါ် ခွဲမွေးရသော ကလေးများ တွင် ပိုတွေ့ ရသည်။

ထို့ကြောင့် လိုအပ်မှသာ ဗိုက်ခွဲမွေးပြီး ကျွမ်းကျင်သူဆရာဝန်နှင့် သေချာစွာ ဆွေးနွေးရန် လိုအပ်သည်။

ဗိုက်ခွဲမွေးပါက ၃ ကြိမ်သာ ခွဲမွေးရသည်ဟု ယူဆခဲ့သည်။ သားဦးကတည်းက သားသမီး ၃ ဦးသာရနိုင်သည်။ ၂ ကြိမ်ခွဲမွေးပြီးသူ မိခင်များ ကို သားကြောဖြတ်ရန် လျှောက်လွှာတင်စေပြီး တတိယအကြိမ်ခွဲမွေးသည်နှင့် Bilateral tubectomy ခေါ် သားကြောဖြတ်ခြင်း ပြုလုပ်လိုက် သည်။

အချို့မိခင်တို့မှာ သားဦးကို ခွဲမွေးရသော်လည်း နောက်ကိုယ်ဝန်များ ကို ရိုးရိုးမွေးသည်။ ချီး ကျူးဖွယ် ဖြစ်သည်။ ခုတော့ ရိုးရိုးမွေးကြရင်ပဲ ချီးကျူးနေရပါတော့သည်။

***


သက်သက်လွတ်စားတဲ့ မိခင်လောင်းတို့အတွက်

သက်သက်လွတ်စားနိုင်တယ်ဆိုတာ နည်းနည်း နောနော ပါရမီမဟုတ်ပါ။ ဒေါက်တာလဲ့ဆို ရင် ငယ်ငယ်က အဘွားတို့၊ အဒေါ်တို့ သက်သက်လွတ်စားတော့ လိုက်စားခဲ့ဖူးတာပဲရှိတယ်။ ကြီး လာတော့ မစား ဖြစ်တော့ဘူး။ သက်သက်လွတ်စားလေ့ရှိတဲ့ ခင်ပွန်းနဲ့ကျတော့လည်း သူ့ကို သက် သက်လွတ်မစား ဖြစ်အောင် အမျိုးမျိုးအကြံဆောင်တော့တာပဲ။ ဒါကြောင့် ခင်ပွန်းလည်း သူ့မွေးနေ့ တစ်နေ့မှာ ပဲ သက်သက်လွတ်စားသူ ဖြစ်သွားရတော့တာပဲ။ သက်သက်လွတ်စားတယ်ဆိုတာ စင် ကြယ်ပါတယ်။ ခင်ပွန်း ဖြစ်သူအနေနဲ့ ဇနီးက သက်သက်လွတ်စားသူ ဖြစ်ရင် အားပေးရမယ်။ လိုအပ်တဲ့ အာဟာရပြည့်ဝဖို့ ကူညီရမယ်။ အရေး ကြီးတာက စကိုယ်ဝန်ဆောင်တယ်ဆိုရင် သား ဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ရမယ်။ သက်သက်လွတ်စားတာ ဘယ်လောက်ကြာပြီ။ ခု ကိုယ်ဝန် ရှိ နေပါပြီ။ အထူးအာဟာရ လိုအပ်ချက်ရှိနေပါသလား။ အဲဒီ လို မေးရမယ်။

ဒီတော့ ဆရာဝန်က ပြန်မေးနိုင်တာတွေ ရှိလာပြီ။ အချို့ သက်သက်လွတ်စားသူတွေ က နို့နဲ့နို့ထွက်ပစ္စည်း (နို့၊ ဒိန်ခဲ၊ ထောပတ်) စားတယ်။ ဥမစားဘူး၊ အဲဒီ လို လူတွေ ကို Lacto Vegetarians လို့ခေါ်တယ်။ အဲဒီ လို သူတွေ အတွက် ဆရာဝန့် နို့နဲ့ နို့ထွက်ပစ္စည်းပိုစားဖို့၊ နေ့စဉ် ဘယ်ရွှေ့ဘယ်မျှစားဖို့။ နောက်ပြီး စားနေကျ ဟင်းသီးဟင်းရွက်ကို နေ့စဉ်ဘယ်လောက်၊ သစ်သီး ဘယ်လောက်တိုးစားဖို့အပြင် ဖြည့်စွက်စာတွေ စားသောက်ဖို့ ညွှန်ကြားလိမ့်မယ်။

သက်သက်လွတ်စားသူ နောက်အုပ်စုဟာ ဟင်းသီးဟင်းရွက် အားလုံးစားတဲ့အပြင် နို့၊ နို့ ထွက်ပစ္စည်းနဲ့ ဥပါစားတယ်။ ဥဆိုတာ အကာက Albumin ခေါ်တယ်။ ပရိုတိန်းဓာတ် ဖြစ်တယ်။ အနှစ် ကတော့ ကိုလက်စထရောများ တော့ မိခင်လောင်းရဲ့ သွေးတွင်းအဆီဓာတ်အခြေအနေပေါ် မူတည်ပြီး စားသင့်မစားသင့်ဆရာဝန်က ညွှန်ကြားလိမ့်မယ်။ သူတို့ကို Lacto –ovo – vegetarians လို့ခေါ်တယ်။

တချို့သက်သက်လွတ်တွေ က ငါးစားတယ်။ နို့နဲ့ဥစားတယ်။ ဟင်းသီးဟင်းရွက် ကတော့ ပါပြီးသားပေါ့။ Pesco – vegetarians လို့ခေါ်တယ်။ အဲဒီ လို ကိုယ်ဝန်ဆောင်မိခင်တွေ ဆိုရင် ဆရာဝန်အနေနဲ့ ညွှန်ကြားရတာ အခက်အခဲမရှိဘူး။ ငါးမှာ အိုမီဂါ (၃)အဆီပါဝင်တဲ့အပြင် ငါး လေးတွေ စားရင် ကယ်လ်ဆီယမ်လည်း ရတတ်လို့ပဲ။

ခြေလေးချောင်းသားရှောင်သူတွေ ရှိတယ်။ ဟင်းသီးဟင်းရွက် ငါး၊ ကြက်သား၊ ဥ၊ နို့နှင့် နို့ ထွက်ပစ္စည်း၊ပဲအမျိုးမျိုး၊ အစေ့အဆံ၊ အနှံအမျိုးမျိုးစားတယ်။ သူတို့တွေ ရှောင်တာ Red Meat ပဲ။ နို့တိုက်သတ္တ၀ါသားပေါ့။ သူတို့တွေ ကို Semi – vegetarians လို့ခေါ်တယ်။ သူတို့တွေ က ဆရာဝန် စိတ်သက်သာရာအရဆုံးအုပ်စုပဲ။ သို့ သော် မိခင်လောင်း ဖြစ်နေတဲ့အတွက် ဖြည့်စွက်စာနဲ့ ဖြည့်စွက် ဆေးဝါး ကတော့ လိုအပ်တာပါပဲ။

ဆရာဝန် ခေါင်းအခဲရဆုံးအုပ်စုနှစ် အုပ်စုရှိသေးတယ်။ Fruitarians ခေါ် အသီးအစေ့အဆံ မျှသာ စားတယ်။ နောက်အုပ်စုက Vegans လို့ခေါ်တယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အစေ့ အဆံအနှံ၊ ပဲအမျိုးမျိုး၊ ခွံမာသီးမျှသာစားတယ်၊ ဥရှောင်တယ်။ နို့ရှောင်တယ်။ ငါး၊ ကြက်သားနဲ့ အခြားအသားတွေ ရှောင်တယ်။ အဲဒီ အုပ်စုတို့အတွက် အထူးဆေးဝါးနဲ့ အထူးဖြည့်စွက်စာ မ ဖြစ် မနေလိုအပ်ပါတယ်။

ဟင်းသီးဟင်းရွက်က ပြည့်ဝဆီပါဝင်မှု နည်းပါးတဲ့အပြင် ကိုလက်စထရော လုံးဝကင်းစင်ပါ တယ်။ သက်သက်လွတ်စားသူဟာ ၀မ်းမှန်မှန်သွားတတ်ပါတယ်။ သွေးတွင်းသကြားဓာတ် အနိမ့် အမြင့်ကို ထိန်းပေးတယ်။ ဟင်းသီးဟင်းရွက်ဟင်းလျာတွေ က ကယ်လိုရီနည်းပါးပါတယ်။ သက် သက်လွတ် အစားအစာမှာ ပါဝင်မှု နည်းပါးတာတွေ မရှိပါဘူး။ ရှိပါတယ်။ သက်သက်လွတ်စားသူ မိခင်လောင်းတို့ ထပ်မံလိုအပ်တဲ့ ဖြည့်စွက်မှု က Essential fatty acid (အထူးသဖြင့် DHA)လို တယ်။ ဖြည့်စွက်စာ လိုအပ်တယ်။

ဗီတာမင်တွေ ထဲမှာ ဗီတာမင် B 12 ပါဝင်မှု က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ ထဲမှာ ချို့ တဲ့တယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် အရေး တကြီးလိုအပ်တဲ့ သံဓာတ်ဆိုရင် တိရစ္ဆာန်ထွက် အစားအသောက်တွေ မှာ ပါဝင်တယ်။ ဟင်းသီးဟင်းရွက်မှာ လည်း ပါဝင်မှု ရှိပေမယ့် နည်းပါတယ်။ ဒါပေမယ့် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ မှာ ဗီတာမင် စီပါဝင်တယ်။

နောက်ပြီး သက်သက်လွတ် မိခင်လောင်းတွေ မှာ ဇင့်ဓာတ်လိုအပ်မှု ရှိပါတယ်။ ဒီအတွက် ဖြည့်စွက်စာ လိုအပ်ပါတယ်။

ကယ်လိုရီ လိုအပ်ချက် ကတော့ မိခင်လောင်းတို့အတွက် ပိုပြီးလိုတတ်ပါတယ်။ အစေ့အနှံ ၊ ခွံမာသီး၊ ထောပတ်သီး၊ မြေပဲ စတာတွေ မှလည်းရရှိပေမယ့် သေချာတာက ဖြည့်စွက်စာ စားသင့် တယ်။

သက်သက်လွတ်စားသူများ မဟုတ်ပေမယ့် ကိုယ်ဝန်စရှိတယ်ဆိုရင် စားပုံသောက်ပုံက တော့ စနစ်တကျသိထားသင့်ပါတယ်။ စာအုပ်စာတမ်းတွေ ဖတ်ပါ။ အခုခေတ်မှာ ဖတ်စရာတွေ ပေါ ပါတယ်။ ဒါပေမယ့် သားဖွားမီးယပ် ဆရာဝန်ဆီမှာ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

နယ်မှာ နေသူတွေ ဆိုရှု မိမိနဲ့နီးတဲ့ အထွေထွေ ရောဂါ ကုဆရာဝန်ဆီမှာ အကြံဥာဏ်ယူ ရမယ်။

ဖြည့်စွက်စာ၊ ဖြည့်စွက်ဆေးဝါးဆိုတာ အိမ်ထောင်ပြုပြီးတယ်ဆိုပဲ စတင်သောက်သုံးထား ရင်တော့ ပိုပြည့်စုံတာပေါ့။

မိခင်လောင်းတွေ ကျန်းမာမှ

ချမ်းမြေ့တဲ့မိသားစု ဖြစ်လာမှာ ပါ။

***


မွေးကင်းစကလေးငယ် ၆ လမတိုင်မီ

၆ လသားမတိုင်မီ ရေတိုက်ခြင်းသည် ကျန်းမာရေး အန္တရာယ်များ ကို သိသိသာသာပင် ပေါ်ပေါက်လာစေနိုင်ပါတယ်။

ရေကို ဖြည့်စွက်တိုက်ကျွေးခြင်းကြောင့် အဟာရချို့တဲ့မှု အန္တရာယ်ကို တိုးပွားစေသည်။

အာဟာရတန်ဖိုး အနည်းငယ်မျှသာပါဝင်သော သို့ မဟုတ် လုံးဝမပါဝင်သော အရည်တစ်ခု ခုဖြင့် မိခင်နို့အား အစားထိုးခြင်းသည် မွေးကင်းစကလေး၏ အဟာရပြည့်ဝမှု အနေအထား ၊ အသက်ရှင်သန်မှု ၊ ကြီးထွားမှု နှင့် ဖွံ့ဖြိုးမှု တို့အပေါ်တွင် ဆိုးကျိုးများ သက်ရောက်စေနိုင်ပါသည်။ ရေကို ဖြစ်စေ၊ အခြားအရည်များ ကို ဖြစ်စေ အနည်းအပါးမျှသာ သောက်သုံးခြင်းကြောင့် မွေးကင်းစ ကလေးငယ်၏ ဗိုက်ကို ပြည့်သွားစေကာ အာဟာရဓာတ်အပြည့်ပါဝင်သော မိခင်နို့အား စို့ချင်စိတ် ကို လျော့ပါးသွားစေနိုင်ပါသည်။ လေ့လာချက်များ အရ ၆ လသားမတိုင်မီ ရေကိုဖြည့်စွက်တိုက် ကျွေးခြင်းကြောင့် မိခင်နို့စို့ခြင်းအား ၁၁ ရာခိုင်နှုန်းအထိ လျော့ကျသွားစေကြောင့် တွေ့ ရှိရပါ သည်။ မွေးဖွားပြီးစ ပထမဆုံး ရက်သတ္တပတ်တွင် ဂလူးကို့စ်ဖျော်ထားသော ရေကိုတိုက်ခြင်း ကြောင့် ကိုယ်အလေးချိန်ကျဆင်းမှု ကို ပိုမို ဖြစ်စေနိုင်ပြီး ဆေးရုံတွင် ပိုကြာကြာနေရတတ်လေ့ရှိ သည်။

ရေကို ဖြည့်စွက်တိုက်ကျွေးခြင်းကြောင့် ဖျားနာမှု အန္တရာယ်ကို တိုးပွားစသည်။

ရေနှင့် ဖြည့်စွက်အစာများ သည် ရောဂါ ဖြစ်စေသော ပစ္စည်းများ (ပိုးမွှားများ )ကို သယ် ဆောင်လာတတ်ပါသည်။ အထူးသဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှု နှင့် အိမ်သာသန့်ရှင်းမှု အားနည်းလှ သော ပတ်ဝန်းကျင်များ တွင် ၀မ်းပျက်ဝမ်းလျော ရောဂါ ကို ဖြစ်စေနိုင်သည့် ဇီဝပစ္စည်းများ (ပိုးမွှား များ နှင့်) မွေးကင်းစကလေးငယ်များ ထိတွေ့ နိုင်သည့် အန္တရာယ်က ပိုမိုကြီးမားလာပါသည်။ ဖွံ့ဖြိုး မှု အနည်းဆုံးနိုင်ငံများ တွင် လူငါးယောက် တွင် နှစ် ယောက် နှုန်းမှာ ရေကောင်းရေသန့်ကို သောက် သုံးနိုင်ခြင်း မရှိပါ။ မွေးကင်းစ ကလေးငယ်အတွက် မိခင်နို့ကမူ လုံလောက်စွာ အလွယ်တကူရရှိ နိုင်သော ရေကောင်းရေသန့်သာ ဖြစ်ပါသည်။

မွေးကင်းစကလေးငယ်တစ်ဦးအား မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းထက် ရေ၊ လက်ဖက်ရည်နှင့် ဆေးဖက်ဝင်အပင်တို့ဖြင့် ဖော်စပ်ထားသော အရည်များ အား မိခင်နို့အပြင် ထပ်မံတိုက်ကျွေးခြင်းက ကလေးငယ်၏ အသက်အရွယ်ပေါ်တွင် မူတည်ပြီး ၀မ်းပျက်ဝမ်းလျှော ရောဂါ ကို နှစ် ဆ၊ သုံးဆလောက်ပိုမိုခံစားရနိုင်ဖွယ် ရှိပါသည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါ မပြင်းထန်ပါက မိခင်နို့အား အကြိမ်ရေ ပိုမိုတိုက်ကျွေးသင့်ပါ တယ်။ အတန်အသင့်မှ ပြင်းထန်သော ၀မ်းပျက်ဝမ်းလျှော ရောဂါ ကို ကလေးငယ် ခံစားနေရပါမူ ပြုစု စောင့်ရှောက်သူများ အနေဖြင့် ကလေးအရွယ်တွင် ဖြစ်ပွားသော နာမကျန်းမှု များ အား ဘက်စုံ စီမံခန့်ခွဲရေး လမ်းညွှန်ချက်များ တွင် ပါရှိသည့်အတိုင်း ကျန်းမာရေး လုပ်သား သို့ မဟုတ် ဆရာဝန်၏ အကြံဥာဏ်ကို အမြန်ဆုံး ရယူသင့်သလို မိခင်နို့ကိုလည်း ဆက်လက်တိုက်ကျွေးနေသင့်ပါသည်။ ရေဓာတ်ခမ်းခြောက်နေသော မွေးကင်းစကလေးငယ်များ အနေဖြင့် ပါးစပ်မှ တိုက်ကျွေးရသော ရေ ဓာတ်ပြန်လည်ဖြည့်စွက်ကုထုံး (Oral Rs – Hydratn Therapy ORT )ကို လိုအပ်နိုင်ပါသည်။ သို့ ရာတွင် အဆိုပါ ကုထုံးအား ဆရာဝန် သို့ မဟုတ် တတ်ကျွမ်းနားလည်သူက အကြံပြုသည့်အခါမှ သာ တိုက်ကျွေးရန် ဖြစ်သည်။

၆ လသားအထိ အဘယ်ကြောင့် မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ပါသနည်း။

ကလေးငယ်၏ အသက်ရှင်သန်မှု ၊ ကြီးထွားမှု နှင့် ဖွံ့ဖြိုးမှု အတွက် အကျိုးကျေးဇူးများ ရရှိ ကြောင်း သိပ္ပံနည်းကျ ခိုင်လုံသော အထောက်အထားများ အပေါ်တွင် အခြေခံပြီး နိုင်ငံတကာ လမ်းညွှန်ချက်များ က ၆ လသားအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ကြောင်း အကြံပြု ထားပါသည်။ မွေးဖွားပြီး ပထမ ၆ လတာအတွင်း ကလေးငယ်တစ်ဦးလိုအပ်သော ခွန်အားနှင့် အဟာရဓာတ်များ အားလုံးကို မိခင်နို့မှ ရရှိပါသည်။ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းသည် ၀မ်းပျက်ဝမ်းလျော ရောဂါ နှင့် နမိုးနီးယားအဆုပ်ရောင် ရောဂါ တို့ကဲ့သို့ ကလေးငယ်များ တွင် အ ဖြစ် များ သော ဖျားနာမှု များ ကြောင့် မွေးကင်းစများ သေဆုံးခြင်းကို လျှော့ချပေးနိုင်သည်။ ကလေးငယ်များ ဖျားနာနေရာမှ မြန်မြန်ပြန်နေကောင်းလာစေသည်။ ထို့ပြင် သားဆက်ခြားခြင်းကို လည်း အထောက်အပံ့ ဖြစ်စေနိုင်သည်။

မိခင်နို့တွင် ရေ ၈၈ ရာခိုင်နှုန်းပါဝင်သည်။

မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးထားသော မွေးကင်းစကလေးငယ် တစ်ဦး သောက် သုံးသော မိခင်နို့မှ ရေပါဝင်မှု အတိုင်းအဆသည် မွေးကင်းစများ လိုအပ်သော ရေပမာဏကို ဖြည့် တင်းပေးပြီး ဘေးအန္တရာယ်ကင်းရှင်းအောင်လည်း အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပေးနိုင် ပါသည်။ အမိဝမ်းမှ ကျွတ်စကလေးငယ်တစ်ဦးသည် နို့ဦးရည်မည် သော ပထမဦးဆုံးစထွက်သည့် အ၀ါရောင် သမ်းသော မိခင်နို့ထဲမှ ရေအနည်းငယ်မျှကိုသာ ရရှိမည် ဖြစ်သည့်အတိုင်း ကလေးငယ် မှာ မွေးဖွားလာကတည်းက ရေဓာတ်အပိုပါရှိခဲ့သည် ဖြစ်သဖြင့် မည် သည့်ရေကိုမျှ ဖြည့်စွက်တိုက် ကျွေးရန်မလိုအပ်ချေ။ ရေဓာတ် အများ အပြားပါရှိသော နို့ရည်မှာ တတိယ သို့ မဟုတ် စတုတ္ထ မြောက်နေ့တွင် ထွက်လာပါသည်။

ကဲ .. မိခင်လောင်းတို့ရေ လိုက်နာဖို့ အရေး ကြီးတယ်နော်…။

***


မိခင်နို့တစ်မျိုးတည်းသာ တိုက်ပါ

ရေမတိုက်ပါနှင့်

မွေးစမှ ၆ လသားအရွယ်အထိ ဖြစ်ပါသည်။ မိခင်နို့တစ်မျိုးတည်းသာ တိုက်ပါ။ ရေလုံးဝ မတိုက်ပါနှင့်။

မိခင်နို့နှင့် ထပ်တူတူသော နို့ သို့ မဟုတ် နှို့မှု န့်ကို မည် သည့်နည်းပညာကမှ ပြုလုပ်ထုတ် လုပ်နိုင်မည် မဟုတ်ပါ။ ပြုလုပ်နိုင်ပြီပဲ ထားဦးတော့။ ကိုယ်ခံအားနှင့် မေတ္တာသည် မိခင်နို့တွင် သာ ပါပါသည်။

ကလေးငယ်ကို အမိဝမ်းတွင်းမှ အပြင်သို့ မွေးဖွားပြီးသည်နှင့် စောနိုင်သမျှစောစော မိခင် နို့တိုက်ပါ။ ၂၄ နာရီထက်ပို၍ နောက်မကျပါစေနှင့်။

နို့ဦးရည် Colostrum တွင် မိခင် ဖြစ်သူ တစ်သက်လုံးစုဆောင်းလာသမျှ “ကိုယ်ခံအား”များ ပါဝင်သည်။ အချို့လွဲမှားသော ရိုးရာဓလေ့တို့တွင် နို့ဦးရည်ကို ညှစ်ပစ်ကြရာ ကလေးအဖို့ လုံးဝ နစ်နာရသည်။

ကလေးငယ်အား စောနိုင်သမျှ စောစော မိခင်နို့တိုက်ခြင်း၊ ၆ လအရွယ်အထိ မိခင်နို့တစ် မျိုးတည်းသာ တိုက်ခြင်းနှင့် ရေလုံးဝမတိုက်ခြင်းအားဖြင့် အခါလည်အောက် ကလေးသေနှုန်း လျော့နည်းမည် ။ ၅ နှစ် အောက် ကလေးသေနှုန်းလျော့မည် ။

ဤတွင် ၂၀၁၀ ခုနှစ် ကမ္ဘာ့ မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် (သြဂုတ်လ ၁ ရက်မှ ၇ ရက်)တွင် အများ ပြည်သူ သိရှိရေး အတွက် လုပ်ဆောင်လျက်ရှိရာ လုပ်ငန်းအဆင့် ၁၀ ဆင့်ရှိ သည်။ ယင်းတို့မှာ -

၁။ မိခင်နို့တိုက်ကျွေးရေး မူဝါဒကို စာဖြင့် ရေး သားချမှတ်ထားပြီး ကျန်းမာရေး စောင့် ရှောက်မှု ၀န်ထမ်းများ အားလုံးထံ ပုံမှန် လုပ်ငန်းအနေဖြင့် ဆက်သွယ်အသိပေး ခြင်း။

၂။ ကျန်းမာရေး စောင့်ရှောက်မှု ၀န်ထမ်းများ အားလုံးကို ယင်းမူဝါဒအကောင်အထည် ဖော်ရေး အတွက် လိုအပ်သော ကျွမ်းကျင်မှု အတွက် လေ့ကျင့်သင်တန်းပေးခြင်း၊

၃။ ကိုယ်ဝန်ဆောင်အမျိုးအစား အားလုံးကို မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူး များ နှင့် ဆောင်ရွက်ပုံ အသိပေးပြောကြားခြင်း။

၎။ ကလေးမီးဖွားအပြီး မိနစ် ၃၀ အတွင်း နို့စတင်တိုက်နိုင်ရန် မိခင်များ ကို အကူအညီ ပေးခြင်း။

၅။ မိခင်များ အား နို့တိုက်ပုံ ပြသခြင်းနှင့် မွေးစကလေးများ နှင့် မိခင်များ ကင်းကွာ၍ နေသည့်အခါ ဆက်လက်၍ နို့တိုက်ကျွေးနိုင်ရန် ပြသခြင်း။

၆။ ဆေးဝါးကုသမှု ခံယူနေရသည့်အချိန်မှလွဲ၍ မွေးစကလေးများ အား မိခင်နို့မှတစ်ပါး အခြား အစာရေစာ မည် သည့် အရည်ကိုမျှ မကျွေးခြင်း။

၇။ မိခင်များ နှင့် မွေးစကလေးများ ၂၄ နာရီလုံးလုံး အတူရှိနေနိုင်ရန် တစ်ခန်းတည်း ထားသော အလေ့အကျင့်ကို ကျင့်သုံးစေခြင်း။

၈။ ကလေးနို့စို့လိုသည့်အခါတိုင်း နို့တိုက်ရန် အားပေးခြင်း။

၉။ မိခင်နို့စို့နေသော ကလေးသူငယ်များ အား ချိုလိမ်များ ၊ အခြားစို့စရာ ပစ္စည်းများ မပေးခြင်း။

၁၀။ မိခင်နို့တိုက်ကျွေးခြင်းကို ပံ့ပိုးသည့်အဖွဲ့များ ဖွဲ့စည်းတည်ထောင်စေပြီး မီးဖွားပြီး နောက် ဆေးရုံဆေးခန်းမှ ဆင်းသော အခါ ယင်းအဖွဲ့များ သို့ စေလွှတ်ခြင်းတို့ ဖြစ် သည်။

မွေးဖွားပြီး ပထမ ၆ လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းကို မြှင့်တင်ပေး ရမည် ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဖြင့် အရေး ပါသော အာဟာရဓာတ်များ ရရှိသည့် ကြီးမားသော ကျန်းမာရေး အကျိုးကျေးဇူးများ ခံစားရမည် ဖြစ်ပြီး နမိုးနီးယားကဲ့သို့ သော အသက် ဆုံးရှုံးမှု ဖြစ်စေနိုင်သည့် ရောဂါ များ မှ ကာကွယ်ခြင်းဖြင့် ကြီးထွားမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ကို ပြုစုပျိုး ထောင်ပေးနိုင်ပါသည်။ ၆ လပြည့်ပြီးနောက် အသက် ၂ နှစ် နှင့် နောက်ပိုင်းတွင် ဆက်လက်၍ မိခင် နို့တိုက်ကျွေးပြီး အန္တရာယ်ကင်းရှင်းကာ သင့်တင့်လျှောက်ပတ်သော အစားအစာများ ကိုလည်း ဖြည့်စွက်ကျွေးမွေးခြင်းဖြင့် ကလေးသူငယ်များ အတွက် အကောင်းဆုံးအစာ အာဟာရကျွေးမွေး ခြင်း ဖြစ်စေပါသည်။

ဤတွင် ကလေးသေးသေးလေး ဖြစ်သော်လည်း ရေမငတ်ဘဲ နေမလား၊ ရေတော့သောက် ချင်တယ်လို့ မပြောတတ်ရှာဘူးလေ၊ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ ရေတော့ ပေါင်းစပ်တိုက်သင့် တယ်ဟု အရိုးစွဲလာသော အယူအဆကို လက်ကိုင်ထားသူများ ရှိသည်။ ဆရာဝန်အချို့ပင် ပါဝင် နိုင်သည်။

မိခင်နို့တွင် ရေပါဝင်မှု ၈၃ ရာခိုင်နှုန်းဟု ဆိုသည်။ နို့စို့တိုင်း ရေလည်းရရှိနေသည်။ ကလေး အတွက် လိုအပ်သည်တို့အားလုံး မိခင်နို့မှာ ပါဝင်ပါသည်။ All – in – one သာမက More – than – All – in – one ဟုပင် ဆိုနိုင်သည်။

Exclusive Breastfeeding ဟူသော စကားရပ်ကို ရှင်းပြလိုပါသည်။ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ကို ဆိုလိုခြင်း ဖြစ်သည်။ ရေမတိုက်ရ။

မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဆိုသည်မှာ မိခင်နို့မှတစ်ပါး အခြားဘာကိုမှ မတိုက် ကျွေးခြင်းကို ဆိုလိုပါသည်။

၆ လသားအထိ မည် သည့်ရေ၊ အရည်များ ၊ လက်ဖက်ရည်၊ ကော်ဖီများ ၊ သဘာဝအပင်များ ဖြင့် ဖျော်စပ်ထားသော အရည်များ ၊ အစားအစာများ ကိုမှ မတိုက်ကျွေးခြင်းကို ဆိုလိုသည်။

***


ဘေဘီလေးရဲ့ ပထမများ

ဘေဘီလေးတို့ရဲ့ ဘ၀ဖြတ်သန်းမှု ကို မိဘတို့ မေ့မရတာ မျိုး ရှိတတ်တယ်။ ဥမာ - ပထမ အပြုံး၊ ပထမခြေတစ်လှမ်းနှင့် ပထမစကားပြောတတ်ခြင်းတို့ ဖြစ်တယ်။ ဘေဘီလေး အဲဒီ လို ကြီးပြင်းလာတယ်ဆိုရင်ပဲ မိတွေ ဖတွေ ပျော်ကြတယ်။ ဒါဟာ လုပ်ယူလို့ ရတာ မျိုးမဟုတ်တဲ့ သဘာဝအရ ကြီးပြင်းမှု ပဲ။ ဒါပေမယ့် ကလေးအထူးကု ဆရာဝန်ဆီခေါ်သွားတာမျိုး၊ ဆံပင်ညှပ် Saloon ဆီ ခေါ်သွားတာမျိုးကိုတော့ ပထမဆုံး လုပ်ပေးနိုင်ပါတယ်။ ပထမအချို့ကို ဖော်ပြပေး လိုက်ပါတယ်။

ပထမစားသောက်ခြင်း

အသက် ၄ လနဲ့ ၆ လကြားမှာ ပထမ အစာစားတတ်ကြတယ်။ အစာပျော့ပျော့ပေါ့။ Semi – Solid Food လို့ခေါ်တယ်။ စောနိုင်သမျှ စောစော ကျွေးကြည့်သင့်တယ်။ နောက်ကျရင် ငြင်း ဆန်လိမ့်မယ်။ တွန်းပစ်တာမျိုး လုပ်တတ်ကြတယ်။ သူကလေး ထိုင်နေမယ်။ ဇွန်းကို စောင့်မယ်။ ပါးစပ်ဟပေးမယ်။ မျိုချမယ်။ သတိထားသင့်တာက ညနေစောင်းမှာ အစာအဖက်တွေ မကျွေးပါနဲ့။

ပထမဆံပင်ညှပ်ခြင်း

ဘေဘီလေးက ကတ်ကြေးတို့၊ ဘလိတ်ဓားတို့ကို ကြောက်မှာ သေချာတယ်။ ဒီတော့ ဘယ်လိုလုပ်ပေးရမလဲဆိုရင် အမေလုပ်သူ၊ အဖေလုပ်သူ ဆံပင်သွားညှပ်တိုင်း ၊ ဆံပင်ပြင်တိုင်း သူကလေးကို ခေါ်သွားဖို့ပဲ။ Stylist ခေါ် ဆံပင်ပြုပြင်ပေးသူကိုပြုံးပြစေရမယ်။ နှုတ်ဆက်ရမယ်။ ရင်းနှီးထားရမယ်။ ဒီတော့ သူလည်းဆံပင်ညှပ်စေတဲ့အခါ မခဲယဉ်းတော့ဘူးပေါ့။

ပထမသွားဆေးကုခန်းသို့ သွားရောက်ခြင်း

သွားဆေးကုခန်းဆိုသော်လည်း အထွေထွေကုဆေးခန်း၊ ကလေးအထူးကုဆေးခန်းတွေ ပါဝင်ပါတယ်။ ဒီနေရာမှာ ဖြစ်နေတဲ့အကျင့်ဆိုးရှိတယ်။ “မဆော့နဲ့၊ ဆော့ရင် ဆေးထိုးခိုင်းလိုက် မယ်” “မဆိုးရဘူး။ ဆိုးရင် သွားနှုတ်ခိုင်းလိုက်မယ်”ဆိုတာမျိုး လုပ်တတ်ကြတယ်။ သွားဆရာဝန် တို့ အထွေထွေကုဆရာဝန်တို့အဖို့ အောင့်သက်သက်နဲ့ပေါ့။ ဆရာဝန်များ ဒီပြဿနာကို ချက်ချင်း ရှင်းပါ။

ဒီလိုမခြောက်ရဘူး။ ဆရာဝန်ဆိုတာ ကလေးခြောက်စရာမဟုတ်ဘူးလို့ ပြောပါ။ အားမနာ ပါနဲ့။ အဲဒီ လိုပြောမယ့်အစား သားလေး နေမကောင်းရင် ဦးဦးဒေါက်တာဆီ လာရမယ်နော်။ အန်တီ ဒေါက်တာ ဆေးကုပေးမှာ နော်။ ဆေးသောက်ရင် ဦးဦးတို့ အန်တီတို့က သောက်ဆိုမှ သောက်ရ မယ်နော် စသည်ဖြင့် ပြောဆိုပါ။ (အနာဂတ်မှာ စပ်ဆေးအားကိုးတတ်တဲ့ မျိုးဆက်သစ်မ ဖြစ်ဖို့) သွားဆရာဝန်ဆီကို ၂ နှစ် အရွယ် လောက်မှာ ခေါ်လာရတတ်ပါတယ်။ ငယ်သွား (နို့သွား) လဲချိန် မှာ ဖြစ်တယ်။ ပထမအကြိမ် သွားရောက်စဉ်မှာ ကလေးနဲ့ ဆရာဝန်ရင်းနှီးစေဖို့ အဓိက ဖြစ်တယ်။ ကလေးက ကြောက်ပြီဆိုပါစို့ ။ သွားဆရာဝန်သုံး ထိုင်ခုံကို ပြပြီး ချော့ရမယ်။ ဒီမှာ ထိုင်ခုံကြီး နိမ့် လိုက်မြင့်လိုက် စီးလို့ရတယ်။ သားပျော်တယ်မဟုတ်လား စသည်။ လေယာဉ်ပျံကြီးလိုပဲ ပျော်စရ မယ်။ ကျောင်းမထားမီအရွယ် ၂ နှစ် အတွင်း သွားဆရာဝန်ထံ ၃ - ၄ ကြိမ် ခန့် သွားရောက်သင့် တယ်။

ပထမရန် ဖြစ်ပြီ

အသက် ၅ နှစ် ၊ ၆ နှစ် အရွယ်မှာ ကျောင်းနေဖက် သူငယ်ချင်းဆိုတာ အရေး ကြီးလှပါတယ်။ လောကကြီးနဲ့ဆက်စပ်မိဖို့၊ မိမိကိုယ်မိမိ စွမ်းရည်ရှိကြောင်း ခံစားမိဖို့ ကစားခြင်းနှင့် သူငယ်ချင်းရှိ ခြင်းများ လိုအပ်ပါတယ်။ ၆ နှစ် အထိ သူငယ်ချင်းမရှိသေးဘူးဆိုရင် သူငယ်ချင်းရှာပေးရမယ်။

ကျောင်းမှာ ရန် ဖြစ်ပြီး ငိုယိုပြန်လာရင် မဆူမိဖို့ပဲ။ အကျိုးအကြောင်းမေးရမယ်။ ကလေးဆို တာ စိတ်ပြေလွယ်တယ်။ ရန် ဖြစ် စကားများ ပြီး လူကြီးတွေ လို စိတ်ဓာတ်ကျမနေတတ်ဘူး။ မေ့ သွားပြီး တခြားတစ်ခုခု လုပ်နေလိမ့်မယ်။

ပထမရက်ရှည်ခရီးသွားခြင်း

သူကလေးအဖို့ ဘ၀နဲ့ချီပြီး မှတ်မိနေတတ်တဲ့ အကြောင်းအရာပဲ။ ပြတိုက်သွားတာ မိဘ စိတ်ကူးပဲ။ ကလေးရဲ့ ရွေးချယ်မှု မဟုတ်ဘူး။ ၃ နှစ် သားအရွယ်နဲ့ ၆ နှစ် သားအရွယ်တို့ ခရီးသွားပုံ အကြိုက်ချင်း မတူတတ်ဘူး။ လေယာဉ်ခရီးဆိုရင် Check –in လုပ်ရာမှာ သူကလေးအနားမှာ ရှိရ မယ်။ ကားခရီးစဉ်ဆိုရင်လည်း လမ်းတစ်လျှောက်သူကလေးအတွက် ကစားစရာ၊ စားစရာအစုံ အလင်ပါရမယ်။ ဓာတ်ပုံလေးတွေ ရိုက်ပေးရမယ်။ အယ်လ်ဘမ်လေး လုပ်ပေးထားရမယ်။

ပထမရေကူးခြင်း (ရေကူးသင်ခြင်း)

အထူးသဖြင့် ရေကြောက်တဲ့ကလေးဆိုရင် ရေကူးကန်ကို စောစောပို့ပေးရမယ်။ ဖြစ်နိုင်ရင် ၄ နှစ် ၅ နှစ် အရွယ်ရောက်မှသာ ရေကူးစသင်ပါ။ သို့ မှသာ လှုပ်နိုင်ရှားနိုင်တဲ့ ကိုယ်ခန္ဓာရှိပြီ ဖြစ်လို့ အန္တရာယ်လည်း ကင်းနိုင်ပါမယ်။

သူကလေးကို “အားကစားမှာ စိတ်ပါဝင်စားမှု ”လည်း ဖြစ်စေတယ်။ ကျွမ်းကျင်တဲ့ ရေကူး နည်းပြ ဖြစ်ဖို့တော့ လိုလိမ့်မယ်။ အချို့ ရေကူးနည်းပြတွေ “တစ်မိနစ်နဲ့ ရောက်အောင်ကူးရမယ်” စသဖြင့် မတင်းကျပ်သင့်တာတွေ မှာ တင်းကျပ်တတ်ကြတယ်။ ကျွမ်းကျင်တဲ့ ကလေးသူငယ် ရေကူးနည်းပြသီးသန့်ရှိသင့်တယ်။

ပထမညီအစ်ကို မောင်နှမနှင့် ရန် ဖြစ်ခြင်း

ညီအစ်ကိုချင်း၊ မောင်နှမချင်း နေရာလုဘက် numerouno လို့ သဘောထားတတ်ကြတာ အသေအချာပါပဲ။ ဒါဟာ နောက်ထပ်ကလေးအငယ် ရှိလာဖို့ဆိုရင် ကြိုပြီး ခံစားထားနှင့်တာ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်လို့ အချို့စိတ်ပညာရှင်တွေ က ပြောတယ်။ သူဟာ အမြဲတမ်းဗိုလ် မ ဖြစ်နိုင်ဘူးလို့ သိစေရာလည်း ရောက်ပါတယ်။

မိဘများ အနေနဲ့ ဆင်ခြင်စရာ ၂ ချက်ရှိတယ်။

- နားလည်နိုင်သမျှ ကြိုတင်ရှင်းပြပြောပြထားရမယ်။

- သူ့ကို ပစ်ထားတာမျိုး မရည်ရွယ်သော်လည်း ဂရုမစိုက်မိတာမျိုး မ ဖြစ်ပါစေနှင့်။

ဖြစ်တတ်ကြလို့ပါ။ ကိုယ်မသိလိုက်ဘဲ ဖြစ် ဖြစ်သွားတတ်တယ်။ ကလေးအငယ် အိပ်နေစဉ် ဖြစ် ဖြစ် သူကလေးနဲ့ အတူနေတာ အတူကစားတာမျိုး မပျက်မကွက်လုပ်ရမယ်။

ဘေဘီလေးတို့အတွက် လှပတဲ့ ပထမများ ဖြစ်ပါစေ။ ဖြည့်စွက်စာလေးနဲ့ အတူ ဆင်ခြင် ရအောင်ပါ။

***


U 5 ခေါ် ၅ နှစ် အောက် ကလေးကို အာဟာရဖွံ့ဖြိုးဖို့

ငါးနှစ် အောက် အရွယ်ကလေးတို့ကို Pre – school children လို့လည်း ခေါ်ခဲ့ကြတယ်။ ခုတော့လည်း သုံးနှစ် အရွယ်ကတည်းက မူကြိုကို ပို့ပြီိဆိုသော်လည်း Pre –school age လို့ပဲ အကြမ်းဖျင်းခေါ်ကြတယ်။

MDG ဆိုတာ ကြားဖူးလား။ ထောင်စုနှစ် ဖွံ့ဖြိုးမှု ပန်းတိုင်လို့ပဲ အလွယ်မှတ်လိုက်ပါ။ Millenium Development Goal ပါတဲ့။ ကမ္ဘာနှင့်ချီ ကျင့်သုံးနေကြသော MDG ရဲ့ အမှတ် ၄ က အသက် ၅ နှစ် အောက် ကလေးသူငယ် သေဆုံးမှု နှုန်းကို ၁၉၉၀ ပြည့်နှစ် မှ ၂၀၁၅ ခုနှစ် အကြား တွင် သုံးပုံနှစ် ပုံလျှော့ချရန်လို့ ပါဝင်ပါတယ်။

အသက်ငါးနှစ် အောက်ကလေးတို့ အာဟာရဖွံ့ဖြိုးဖို့

ဖြည့်စွက်စာကျွေးပါ။ ကလေး၏ အသက် ၆ လပြည့်လျှင် မိခင်နို့နှင့်အတူ အခြားအစာ များ စတင်ဖြည့်စွက်ကျွေးရမယ်။ ဆန်ပြုတ် ဖြစ်စေ၊ ထမင်းပျော့ပျော့ ဖြစ်စေ ၊ ဆီအနည်းငယ်ထည့်ကျွေး ရမယ်။ ဥ၊ ငါး၊ အသည်း၊ အသား၊ ပဲနှင့် ဟင်းသီးဟင်းရွက်များ ကို ပျော့ပျောင်းနူးနပ်အောင်ချက်ပြီး တဖြည်းဖြည်းအကျင့်လုပ် ကျွေးရတယ်။ ငှက်ပျောသီးမှည့်၊ သင်္ဘောသီးမှည့် အသီးအနှံ စုံအောင် ကျွေးမှသာ ကလေးငယ်အဖို့ အာဟာရဓာတ်များ ပြည့်ပြည့်၀၀ရရှိပြီး ပုံမှန်ကြီးထွားနိုင်မယ်။

ငါးနှစ် အောက်ကလေး အစာမကြာခဏကျွေး

တစ်နေ့ကို ထမင်းသုံးကြိမ်ကျွေးရမယ်။ အာဟာရပြည့်ဝတဲ့ မုန့်ပဲသရေစာများ ခဏခဏ ကျွေးရမယ်။

နေမကောင်းခဲ့ရင်

အစာပိုကျွေးရမယ်။ အစာပျော့ပျော့ကို ခဏခဏကျွေးရမယ်၊ အရည်များများ တိုက်ရမယ်။ မိခင်နို့ဆက်တိုက်ရမယ်။ ၀မ်းလျှောဝမ်းပျက်ရင် ဓာတ်ဆားရည်တိုက်ရမယ်။

ဗီတာမင်အေ

ဗီတာမင်အေ ပြည့်ဝပါက ပုံမှန်ကြီးထွားဖွံ့ဖြိုးတယ်။ အမြင်အာရုံကောင်းမွန်ပြီး မျက်လုံး ကြည်လင်တောက်ပတယ်။ မကြာခဏ ဖျားနာခြင်းမ ဖြစ်ဘူး။ ဖျားနာရင်လည်း ပြင်းထန်လေ့မရှိ ဘူး။ ဗီတာမင်အေချို့တဲ့ပါက ကြက်မျက်သင့် ရောဂါ ရတတ်တယ်။ မျက်ဖြူသားနဲ့ မျက်ကြည်လွှာ ခြောက်သွေ့ပြီး အနာ ဖြစ်တတ်တယ်။ အပြင်တိမ်စွဲပြီး မျက်စိကွယ်တတ်တယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် ကန်စွန်းရွက်၊ ကင်းပုံရွက် ၊ ဟင်းနုနယ်ရွက်စသည့် အ၀ါရောင် ၊ အနီရောင် သစ်သီးသစ်ဥများ ၊ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ ရွှေဖရုံသီး၊ ရွှေဝါ ကန်စွန်းဥ၊ မုန်လာဥနီ စသည့် အသည်းနှင့် ဥအမျိုးမျိုး၊ နို့အမျိုးမျိုးတို့ဟာ ဗီတာမင်အေ ကြွယ်ဝပါ တယ်။ မွေးဖွားပြီး တစ်ရက်နှစ် ရက်အတွင်း ထွက်တဲ့ မိခင်ရဲ့ နို့ဦးရည်မှာ လည်း ဗီတာမင်အေ အများ ကြီးပါဝင်ပါတယ်။ အသက် ၆ လမှ ၁ နှစ် အထိ ကလေးတွေ ကို ဗီတာမင်အေ ယူနစ်တစ် သိန်း “အား”ဆေးလုံးတစ်လုံးတိုက်ရမယ်။ အသက် ၁ နှစ် မှ ၅ နှစ် ထိ ကလေးတွေ ကို ဗီတာမင်အေ နှစ် သိန်း “အား”ဆေးလုံးကို ၆ လတစ်ကြိမ် တိုက်ရမယ်။

ဗီတာမင်ဘီဝမ်း

ဗီတာမင် ဘီဝမ်းချို့တဲ့မှု ကြောင့် သူငယ်နာ (ဘယ်ရီဘယ်ရီ) ရောဂါ ၊ ထုံနာစို၊ ထုံနာခြောက် ရောဂါ နှင့် ဦးနှောက်ပျက်၍ မှတ်ဥာဏ်ချို့ယွင်း စိတ်ဖောက်ပြန်ခြင်းများ ဖြစ်နိုင်ပါတယ်။

ပဲအမျိုးမျိုး၊ အသား၊ မောင်းထောင်းဆန်၊ လုံးတီးဆန်၊ ပျော့ကြိတ်ဆန်၊ ပေါင်းဆန်များ မှာ ဗီတာမင် ဘီဝမ်းကြွယ်ဝစွာ ပါဝင်တယ်။

ဗီတာမင် ဘီဝမ်းချို့တဲ့မှု မ ဖြစ်စေရန် ဆန်ကို အလွန်ဖြူအောင်ကြိတ်ခွဲ၍ မစားပါနှင့်။ ဆန် ကို ၂ ကြိမ်ခွဲ၍ မစားပါနှင့်။ ဆန်ကို ၂ ကြိမ်ထက်ပို၍ မဆေးပါနှင့်။ ထမင်းရည်မငှဲ့ဘဲ ရေခန်းချက် စားရမယ်။

နို့စို့ကလေးငယ်တွေ မှာ သူငယ်နာ (ဘယ်ရီဘယ်ရီ) ရောဂါ ဖြစ်ပွားရခြင်းက နို့တိုက်မိခင် ဗီတာမင် ဘီဝမ်းချို့တဲ့လို့ ဖြစ်တယ်။ သူငယ်နာ (ဘယ်ရီဘယ်ရီ) ရောဂါ မ ဖြစ်ရအောင် ကိုယ်ဝန် ဆောင်နဲ့ နို့တိုက်မိခင်တို့ အစားမရှောင်ရန်၊ အာဟာရ ပြည့်ဝတဲ့ အစားအစာများ ကို စုံလင်မျှတစွာ စားရန် အရေး ကြီးပါတယ်။

သန်ကောင် ရောဂါ

သန်ကောင် ရောဂါ ကြောင့် အာဟာရချို့တဲ့ခြင်း၊ ကြီးထွားမှု နှေးကွေးခြင်း၊ သင်ယူနိုင်စွမ်း ကျဆင်းခြင်းတို့ ဖြစ်တတ်ပါတယ်။ အသက် ၂ နှစ် မှ ၅ နှစ် ကလေးများ နှင့် မူလတန်းအရွယ် ကလေးတို့ကို ၆ လတစ်ကြိမ် သန်ကောင်ချဆေးတိုက်ရမယ်။

သံဓာတ်အာဟာရ

သံဓာတ်အာဟာရချို့တဲ့ပါက မောပန်းရင်တုန် အားအင်ကုန်ခန်း၍ ချည့်နဲ့မယ်။ အလုပ်ကို လည်း ကောင်းကောင်း၊ မလုပ်နိုင်တော့ပါဘူး။ ဒါ့အပြင် နှုတ်ခမ်း၊ လျှာ၊ မျက်ခွံနှင့် အသားအရေ တွေ လည်း ဖြူဖပ်ဖြူရော် ဖြစ်မယ်။

သွေးအားနည်းလွန်းရင် နှလုံးပျက်ယွင်းပြီး အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ကိုယ်ဝန် ဆောင်စဉ်သွေးအားနည်းရင် ပေါင်မပြည့်ကလေးမွေးမယ်။ မီးဖွားချိန်နှင့် မီးဖွားပြီးရင် သွေးထွက် လွန်ပြီး မိခင်အသက်အန္တရာယ် ဖြစ်တတ်တယ်။ အသား၊ အသည်း၊ သွေးခဲ၊ ပဲအမျိုးမျိုးနှင့် အစိမ်း ရင့်ရောင် ဟင်းရွက်၊ ကန်စွန်းရွက်၊ ကင်းပုံရွက်၊ ဟင်းနုနယ်ရွက် စသည်တို့မှာ သံဓာတ်ကြွယ်ဝ တယ်။ အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အစိမ်းရင့်ရောင် ဟင်းရွက်တွေ ကို ရောနှောချက်ပြုတ်စားသောက် ရင် သံဓာတ်စုပ်ယူမှု ကို အားကောင်းစေနိုင်ပါတယ်။

ချဉ်ရည်ဟင်းချက်စားခြင်း၊ အချဉ်တည်စားခြင်း၊ အသုပ်များ တွင် အချဉ်ညှစ်စားခြင်း၊ ထမင်းစားပြီး အချဉ်ဓာတ်ပါဝင်တဲ့ သစ်သီးများ စားပေးခြင်းက သံဓာတ်စုပ်ယူမှု ပိုကောင်းစေ တယ်။

ထမင်းစားစဉ်၊ ထမင်းစားပြီး လက်ဖက်သုပ်၊ လက်ဖက်ရည်သောက်သုံး စားသုံးခြင်းက သံဓာတ်စုပ်ယူမှု ကို အဟန့်အတား ဖြစ်စေပါတယ်။

သံဓာတ် ကတော့ ကလေးတို့အတွက်သာမက မိခင်များ အတွက်လည်း ဆက်စပ်ပါဝင်နေ ပါတယ်။

***




ဝန်ဇင်းချစ်သူများ ဒေါက်တာ ခင်ပန်းနှင်း ၏ “ ဘေဘီလေးရဲ့ အဖေတွေ အမေတွေ ဖတ်ဖို့ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သို့ ....ချစ်သူ

မျက်စိမှိတ်ပြီး ပြောလိုက်မယ်

သို့... ချစ်သောဖေဖေ