Cover

အခန်း (၁)

ပုစွန်ဆိတ်ကလေးတွေ နဲ့

သူတို့ရဲ့ အဖေ ၊ အမေတွေ ဖတ်ဖို့

‘ပုစွန်ဆိတ်ကလေး ဘယ်လိုငယ်၊ ပင်လယ်ကူးတတ်တယ်’ ဆိုတာ ဆယ်ကျော် သက်အရွယ်တို့ ရင်ခုန်မှု နောက် ကောက်ကောက်ပါအောင် လိုက်တတ်ခြင်းကို တင်စားပြောဆိုတဲ့

နေရာမှာ သုံးပါတယ်။ မိဘတွေ က ဘယ်လိုပြောသလဲဆိုရင် ငါ့သမီးလေးလိမ္မာလှ နဲ့ ယောက် မ မြင်းစီးထွက်တယ်လို့ မချိတင်ကဲ ဆိုကြတယ်။ သား ဖြစ် ဖြစ်၊ သမီး ဖြစ် ဖြစ် ဆယ်ကျော်သက် အရွယ် ရောက်ရင် မိဘတို့ ရင်လေးရပါဘိ။ ကိုယ်ကသာ ကလေးထင်နေတာ၊ သူတို့က အကုန်လုံးသိ၊ ကိုယ့်ထက်တောင်သိနေကြတယ်။ သိစရာတွေ ကလည်း သူတို့လေးတွေ ဆီကို မြန်မြန်နဲ့လွယ် လွယ် ရောက်နိုင်တဲ့ခေတ်ကလာကိုး။

အပျိုဖော်ဝင်ရွယ်ဖို့ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တာ သဘာဝ ပါ။ ဒီအတွက် ကိုယ်ကတည့်မတ်ပေးဖို့ပဲ လိုတယ်။ အဲဒီ အရွယ် ပုစွန်ဆိတ်ကလေးတွေ က စွန့်စားချင် ကြတယ်၊ ပင်လယ်ကူးနိုင်ပါတယ်ဆိုတာကို ပြချင်ကြတယ်။ ဒီတော့ အရေး ကြီးလာတာက မိဘနဲ့ သားသမီးကြားမှာ ပွင့်လင်းဖို့ ဖြစ်လာပါပြီ။

ဒီတော့ Sex and relationships ခေါ် လိင်နှင့် ပေါင်းသင်းဆက်ဆံရေး အကြောင်း၊ ဆယ်ကျော်သက်တို့ကို ဘယ်လိုစပြောမလဲ။ အဓိကက ဒါတွေ နဲ့ ပတ်သက်ပြီး သူတို့မှာ ပြောစရာ ဘာရှိသလဲဆိုတာ ဦးစွာ စဉ်းစားပေးရမယ်။ သူတို့ သိထားနှင့်တာတွေ ပြောပြရင် သူတို့ကို အံ့သြ၊ အံ့အားသင့်သွားတာမျိုး၊ အရွယ်နဲ့မလိုက်အောင် သိရကောင်းလားဆိုတာမျိုး၊ သဘောမတွေ့ တာ မျိုး ကိုယ်က မပြုလုပ်ရပါဘူး။ ဒီတော့ အရေး ကြီးလာတာက -

(၁) ဘယ်သူတွေ နဲ့ သူငယ်ချင်း ဖြစ်နေလဲ

သူတို့လေးတွေ ရဲ့ သူငယ်ချင်းတွေ က ဘယ်လိုလူမျိုးတွေ လဲ။ ရုတ်တရက် အိမ်ထောင်ပြုလိုက်ရပြီး ကိုယ်ဝန်ရှိသူတွေ ပါနေခဲ့ရင် အဖေတို့၊ အမေတို့ ငယ်စဉ်ကဆို အသက် ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်ရမှာ ကို ကြောက်ကြတယ်လို့ ပြောပေးရမယ်။ Unintended pregnancy မလိုချင်ဘဲ ကိုယ်ဝန်ရလာခြင်းရဲ့ ဆိုးကျိုးတွေ ကို ပြောပြရမယ်။

(၂) ကြုံတိုင်း ၊ စကားစပ်မိတိုင်း ပြောပြရမယ်

တစ်ထိုင်တည်းမှာ အပြီးအစီး ပြောပြလိုက်ပြီး မသေမချင်းမှတ်ထားဆိုတာမျိုး

မလုပ်ဘဲ စကားစပ်မိတိုင်း၊ ကြုံလာတိုင်း ပြောပြရမယ်။ သို့မှသာ သူတို့လေးတွေ ရင်ထဲမှာ ရှိလာ တာတွေ ကို ‘အချိန်မရွေး ဖွင့်ပြောတိုင်ပင်နိုင်တာပဲ’ ဆိုတဲ့ ယုံကြည်စိတ် ဖြစ်ထွန်းမှာ ဖြစ်တယ်။

ကိုယ်က စကားစချင်ရင်လည်း လွယ်ပါတယ်။ တီဗွီကြည့်နေရင်း ကွန်ဒုံးကြော်ငြာ လာမယ်၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းအကြောင်း လာမယ်၊ မျိုးဆက်ပွားပညာပေး ဇာတ်လမ်းတွေ လာမယ်။ အဲဒီ ကနေ ကိုယ်က ရှင်းပြပြောပြနိုင်ပါတယ်။

(၃) သူတို့လေးတွေ ရဲ့ အဖြေတွေ ကိုလည်း နားထောင်ရမယ်

ကွန်ဒုံးတို့ ၊ သန္ဓေတားဆေးတို့ ဘယ်ကဝယ်လို့ရနိုင်ကြောင်း၊ ဘယ်လို ဝယ်ရ ကြောင်း သူတို့လေးတွေ သိနေရင် သူတို့ကို မဆူပါနဲ့၊ မှတ်ချက်ဆိုး မပေးပါနဲ့။ လိင်ကြောင့် ကူးစက်တတ်သော ရောဂါ များ အကြောင်းနဲ့ ကိုယ်ဝန်ရတတ်တဲ့ အကြောင်းတွေ ကို ပြောပြပါ။

(၄) ပတ်ဝန်းကျင်ဆီက သူတို့လေးတွေ ဘာတွေ သိလာခဲ့သလဲဆိုတာ

ကျောင်းကပဲ ဖြစ် ဖြစ်၊ ပညာပေးလုပ်ငန်းတွေ ဆီကပဲ ဖြစ် ဖြစ် မျိုးဆက်ပွား ကျန်းမာ ရေး အကြောင်းကို သူတို့လေးတွေ သိလာတတ်တယ်။ ဒီထဲမှာ သူတို့ နားမလည်နိုင်တာ ဘာတွေ ရှိနေလဲ၊ သူတို့အထင်ရောက်နေတဲ့ထဲမှာ မှားတာတွေ ပါနေလားဆိုတာကို ကိုယ်က အပြန်အလှန် ပြောဆိုခြင်းအားဖြင့် သိအောင် လုပ်ယူရမယ်။

(၅) သူတို့စိတ်ထဲ ဘာရှိလဲ

ဒီကိစ္စတွေ ကို ဗဟုသုတအ ဖြစ် သိနေတာကြောင့် သူတို့လေးတွေ ရဲ့ စိတ်ထဲမှာ ဘာတွေ ဖြစ်နေမလဲဆိုတာ အကဲခတ်ရလိမ့်မယ်။ သူတို့စွန့်စားချင်နေလား၊ လက်တည့်စမ်းချင်နေ ပြီလား၊ တစ်ယောက် ယောက် နဲ့ ချစ်သူရည်းစားတွေ ဖြစ်ပြီးချိန်းတွေ့ ချင်နေပြီလား။ ဒီနေရာမှာ အရေး ကြီးတာက ကိုယ်က တကယ်ရည်ရွယ်သူ၊ ကိုယ့်ကိုလည်း အမှန်တကယ်ရည်ရွယ်မယ့်သူနဲ့ တွေ့ ချိန်အထိ ကောင်းကောင်းမွန်မွန် ၊တန်ဖိုးရှိရှိ နေထိုင်သွားဖို့ သွန်သင်ရပါလိမ့်မယ်။

သားတို့၊ သမီးတို့ကို ပြောပြရှင်းပြတတ်ဖို့ မိမိတို့ကိုယ်တိုင် မျိုးဆက်ပွား ကျန်းမာ ရေး အကြောင်း သေသေချာချာသိထားရမယ်။

တစ်ခုထပ်ပြောချင်တာ ကိုယ့်သားကိုယ့်သမီးထဲမှာ ‘ဂေး’ ပါဝင်နိုင်တယ်၊ ‘လိင်စိတ် နှစ် ခွ’ ပါဝင်နိုင်တယ်။ အဲဒီ အတွက် အထူးသိထားသင့်တာတွေ ကို မိဘတွေ အနေနဲ့ လေ့လာသင့် တယ်။

မိန်းကလေးချင်း လိင်တူဆက်ဆံမှု ၊ ယောက်ျားလေးချင်း လိင်တူဆက်ဆံမှု ရှိနေ နိုင်တယ်။ ဒီအတွက် သတိရှိရမယ်။

အခြားသွန်သင်မှု

နေထိုင်မှု ၊ မိမိကိုယ်မိမိ တန်ဖိုးထားမှု ၊ လူပျိုဘဝ၊ အပျိုဘဝနဲ့ ချစ်သူဘဝကို တန်ဖိုး ထားထိန်းသိမ်းခြင်းဟာ ဘဝတစ်လျှောက်လုံးကို စည်းကမ်းတကျ လျှောက်လှမ်းဖို့ရာအတွက် အလေ့အကျင့်ကောင်းရနိုင်ကြောင်း သဘောပေါက်အောင် ပြောပြတတ်ရမယ်။ ဒါကြောင့် ပုစွန် ဆိတ်ကလေးတွေ စည်းကမ်းရှိဖို့မှာ ပုစွန်တုပ်ကြီးတွေ ဖြစ်တဲ့ မိဘအုပ်ထိန်းသူကဏ္ဍက အရေး ပါလှ ပါတယ်။

* * * * *


သားပျို သမီးပျို တို့ကို

ဘယ်လိုသွန်သင်မလဲ

ဆရာဝန် တစ်ယောက် အနေနဲ့ ပြောရမယ်ဆိုရင် ဆယ်ကျော်သက်ရွယ် သားပျို၊ သမီးပျိုတို့ မျိုးဆက်ပွားကျန်းမာရေး ပညာလို့ ယဉ်ကျေးစွာ ခေါ်ဆိုနေကြတဲ့ လိင်မှု ဆိုင်ရာ သိမှတ်စရာတွေ ကို သိထားသင့်တယ်လို့ ပြောချင်ပါတယ်။

ဒီကနေ့ကာလဆိုတာ လူကြီးမိဘတွေ က ရှေးရိုးအစဉ်အလာ၊ ယဉ်ကျေးမှု ရေး ရာ တွေ ကို သွန်သင်နေကြတဲ့နည်းတူ သားသမီးတွေ ကတော့ လူကြီးမိဘတွေ ရဲ့ စာအုပ်ကြီးအတိုင်း တွေ ကို ပျင်းရိပြီး သူတို့အချင်းချင်း အပေါင်းအသင်းမှသည် သိစရာတွေ ၊ အတွေ့ အကြုံသစ်တွေ ၊ ခံစားမှု အသစ်တွေ ရနေတတ်ကြတယ်။ ဒါကို မိဘတွေ က စိတ်တိုင်းမကျစွာ စိုးရိမ်ပူပန်တတ်ကြ ပြန်ပါတယ်။

သို့ သော် ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေ လိင်မှု ရှောင်ရှားတာဟာ ကိုယ်ဝန်ရှိသွားမှာ စိုးတာကြောင့် ၊ HIV/AIDS အပါအဝင် STDs ခေါ် လိင်မှတစ်ဆင့် ကူးစက် တတ်တဲ့ ရောဂါ တွေ ရမှာ စိုးတာကြောင့် ဖြစ်တယ်။

ယောက်ျားလေးတွေ ကတော့ အဲဒီ ရောဂါ တွေ ရမှာ စိုးတာရယ်၊ မသင့်လျော်တဲ့ မိန်းကလေး ဖြစ်ရင် ပြုမှား ဖြစ်မှားကြောင့် သေတစ်ပန်သက်ဆုံးတာဝန်ယူရမှာ စိုးတာကြောင့် ဖြစ်တယ်။

ဘယ်လိုပဲ ဖြစ် ဖြစ် ဆယ်ကျော်သက်အရွယ်မှာ လိင်မှု ကိစ္စမပြုတာ အကောင်းဆုံးပါ ပဲ။ ပြုမိခဲ့ရင်၊ ပြုလိုတဲ့ဆန္ဒရှိခဲ့ရင် ကွန်ဒုံးသုံးဖို့၊ မျိုးဆက်ပွား ကျန်းမာရေး ပညာပေးချက်များ အတိုင်း ကိုယ်ဝန်ကို ကာကွယ်ဖို့ ပြောပြထားကြပေမဲ့လည်း ဆယ်ကျော်သက်တို့ လိင်မှု ကို ရှောင်ကြဉ်သင့် တယ်။ ဒါဟာ ဘာကြောင့် လဲ ဆိုရင် အဓိကက သူတို့လေးတွေ ရဲ့ ‘အနာဂတ်’ အတွက် ဖြစ်တယ်။

ပြည်သူ့ကျန်းမာရေး ပညာနှင့် မိဘတို့၏ အစဉ်အဆက်သွန်သင်မှု တွေ က အပျိုစင်၊ လူပျိုစင်ဘဝကို တန်ဖိုးထားဖို့၊ ထိန်းသိမ်းဖို့ ထပ်ခါတလဲလဲ သွန်သင်သမျှ သူတို့က ဓာတ်ပြား ဟောင်းဖွင့်တယ်လို့ ထင်ကြတယ်။ ဒီတော့ လူပျိုဘဝ၊ အပျိုဘဝထိန်းဖို့ သွန်သင်သရွေ့က ဆယ် ကျော်သက်အားလုံးရဲ့ ထက်ဝက်လောက်ကိုပဲ သက်ရောက်မှု ရှိတယ်လို့ လေ့လာချက်တွေ အရ သိရတယ်။ ကျန်တစ်ဝက် ကတော့ ကိုယ့်စိတ်ခံစားမှု တွေ နိုးကြားတက်ကြွစွာ နဲ့ပဲ ခံစားမှု အသစ်၊ အတွေ့ အကြုံသစ်ကို ရှာကြံခံစားကြတယ်။ ဒါကိုပဲ ရာစုသစ်ခံစားမှု ခေတ်နှင့် အညီနေထိုင်ခြင်း၊ ဘဝအကြောင်း စောစီးစွာ သိရပြီး နောင်သော် ကောင်းကျိုးများ ကို ရွေးချယ်နိုင်ခြင်းလို့ သူတို့ ကိုယ်သူတို့ အထင်ရောက်နေတတ်ကြတယ်။ ဆယ်ကျော်သက်တွေ အဖို့ အဲဒီ လို တွေးထင်ချက် တွေ ကို မှန်တယ်လို့ မဆိုနိုင်ကြပါဘူး။

လေ့လာချက်အရ ၁၈ နှစ် အရွယ် သားပျို၊ သမီးပျိုဦးရေရဲ့ ထက်ဝက်ခန့်ဟာ ခေတ်ပေါ်နည်းပညာများ မှတစ်ဆင့် ဆန့်ကျင်ဘက်လိင်နဲ့ ပြောဆိုဆက်ဆံရာမှာ စွန့်စွန့်စားစားပြုရ တဲ့ ပျော်ရွှင်မှု တွေ ကို မြည်းစမ်းနေကြတယ်။

မိဘတွေ ထဲမှာ မိဘအများ စုက သားတွေ ၊ သမီးတွေ ကို ဆယ်ကျော်သက်အရွယ် မှာ ထိန်းသိမ်းစေချင်ကြပါတယ်။ မိဘစကားနားထောင်ပြီး ကျောင်းစာကိုသာ အာရုံစိုက်စေချင် ကြတယ်။

အဲဒီ မှာ ဆရာဝန် တစ်ယောက် အနေနှင့် တစ်ခုပြောချင်တာက တချို့မိဘတွေ ဟာ သားပျို၊ သမီးပျိုကို ၁၀ တနိးကု ‘ဒီ’ တွေ နဲ့ အောင်ပြီး တက္ကသိုလ်ကောင်းကောင်း တက်ခွင့်ရပြီး ရင် ကျေနပ်ပြီး ကြိုက်တာလုပ်ခွင့်ပြုကြတယ်။ ၁၀ တန်းကို ‘ဒီ’ တွေ တသီကြီးအောင်ရုံမျှနှင့် ၊ တက္ကသိုလ်မြင့်မြင့်ရောက်ရုံမျှနှင့် ဘဝရဲ့ ပန်းတိုင်ကို ရောက်မယ်လို့ သေချာပေါက်မပြောနိုင် သေးပါဘူးလို့ အဲဒီ မိဘတွေ ကို ဆရာဝန် တစ်ယောက် အနေနဲ့ သတိပေးချင်ပါတယ်။

၁၀ တန်းအောင်ပြီး တက္ကသိုလ်ရောက်သွားရင် လွတ်လပ်ခွင့်ပေးသင့်တာ မှန်ပါ တယ်။ ဒါပေမဲ့ အတိုင်းအဆမရှိတဲ့ လွတ်လပ်ခွင့်မျိုးတော့ မဟုတ်ပါဘူး။ ၁၀ တန်းအောင်ကြတာ အငယ်ဆုံးအသက် ၁၆ နှစ် သာ ရှိပါသေးတယ်။ အရေး အကြီးဆုံးနဲ့ တည့်မတ်ပေးဖို့ အလိုအပ်ဆုံး အသက်အရွယ် ဖြစ်တယ်ဆိုတာကို မိဘတို့ သိစေချင်ပါတယ်။ ၁၆ နှစ် ဆိုတာ ဘာမှန်းညာမှန်း မသိ သေးတဲ့ အရွယ်ပါပဲ။ လိင်မှု ပြုမိတဲ့ ဆယ်ကျော်သက်တွေ နဲ့ စကားပြောကြည့်လိုက်တော့မှ သုံးပုံ တစ်ပုံဦးရေက သေသေချာချာသိပြီး ပြုကျင့်မိတာ မဟုတ်ပါဘူး၊ နေရင်းထိုင်ရင်း ဒီလိုပဲ ဖြစ်သွားတာပါလို့ ပြောတယ်။ လေးပုံတစ်ပုံ ကတော့ ကြိုတင် စိတ်ကူးထားတာတော့ မရှိဘူး၊ ဒါပေ မဲ့ ဒါဟာ လိင်မှု ပြုကျင့်မိတာမှန်းတော့ သိတယ်လို့ ဆိုတယ်။

ဒီထက်အရေး ကြီးတဲ့တွေ့ ရှိချက်တွေ ရှိပါသေးတယ်။ ဆယ်ကျော်သက်ရွယ်မှာ လိင်မှု ကိစ္စ ထိန်းသိမ်းရင် ခန္ဓာကိုယ်ကျန်းမာရေး နဲ့ စိတ်ကျန်းမာရေး ပိုမိုပြည့်စုံကောင်းမွန်ပြီး လူမှု စီးပွားရေး လောကထဲကို ဆက်လက်လျှောက်လှမ်းတဲ့အခါမှာ လည်း တက်ကြွပျော်ရွှင်အောင်မြင် တဲ့ ဘဝကို ရရှိကြောင်း စာရင်းဇယားများ နဲ့ အတိအကျ တွေ့ ရှိရပါတယ်။

ကျောင်းနေချိန် ၊ တက္ကသိုလ်တက်ချိန်မှာ ထိန်းထိန်းသိမ်းသိမ်း နေထိုင်တဲ့ ဆယ် ကျော်သက် ( ၁၃ နှစ် အရွယ်မှ ၁၉ နှစ် အရွယ်) တွေ ကျောင်းမှာ တက္ကသိုလ်ပညာထူးချွန်ကြတဲ့ အပြင် လူမှု ရေး ဘဝအောင်မြင်ရေး မှာ လည်း ထက်သန်တဲ့ ရည်မှန်းတဲ့ပန်းတိုင်ကိုလည်း ရောက်ရှိ တတ်ကြပါတယ်။ ဘွဲ့လွန်ပညာများ ကိုလည်း ဆက်လက် သင်ကြားနိုင်ကြပြီး ထူးချွန်သူတွေ လည်း ဖြစ်သွားတတ်ကြတယ်။ ဒါ အမှန်တကယ်တွေ့ ရှိချက်တွေ ဖြစ်တယ်။ ယုံအောင် ညာပြော တာ၊ ပိုပြောတာ မဟုတ်ပါဘူး။ ဆယ်ကျော်သက်တို့သဘာဝ မှာ လူကြီးတွေ က လိုရာဆွဲပြော တယ်၊ ညာပြီးသိမ်းသွင်းတယ်လို့ ထင်တတ်ကြလို့ ပြောရတာ ။

ထပ်မံတွေ့ ရှိချက် ၈ ချက်ရှိပါတယ်။ အဲဒီ ၈ ချက်က သားတို့ သမီးတို့ မွေးရာပါမဟုတ်နိုင်တဲ့ Personality ခေါ် ကိုယ်ရည်ကိုယ်သွေးနဲ့ Behavioral traits အပြုအမူ ဆိုင်ရာအချက်တွေ ပါ။ သူတို့ကို သင်ကြားရမယ်၊ သွန်သင်ရမယ်၊ နေအိမ်မှာ ၊ ကျောင်းမှာ ၊ မှန်မှန် နားသွင်းရမယ်။ အဲဒီ ၈ ချက် ကတော့ ……

၁။ ဘဝရှေ့ရေး ၊ ဘဝရည်မှန်းချက်နဲ့ အောင်မြင်မှု ပန်းတိုင်တွေ ရဲ့ အရေး ကြီးပုံများ ၊

၂။ ငယ်စဉ်အရွယ် လတ်တလောကြုံရတတ်တဲ့ စိတ်လှုပ်ရှားမှု များ ၊ စိတ်ကစားချင်တာလေး များ ၊ သာယာမှု လေး၊ ရင်ခုန်စရာလေးတွေ ကို ဆယ်ကျော်သက်အရွယ်မှာ ထိန်းသိမ်းနိုင် ခဲ့ရင် နောင်သော် ထိုမျှမက ဘဝတစ်လျှောက်လုံးအတွက် သေတစ်ပန်သက်ဆုံး အဓိပ္ပာယ်သက်ရောက်တဲ့ စိတ်ပျော်ရွှင်ကျေနပ်မှု များ တွေ့ ရတတ်ကြောင်း၊

၃။ အလုပ်တစ်ခုခု၊ ကြိုးပမ်းမှု တစ်ခုခု၊ ကိုယ်စိတ်မြှုပ်နှံပြီး ပြုလုပ်ရတာ တစ်ခုခုမှာ အချိန်သုံးဖို့

၎။ ခုလို ဆယ်ကျော်သက်ရွယ်မှာ အလေ့အကျင့်ကောင်း၊ အပြုအမူကောင်းကို လေ့ကျင့်ပြုမူ ခဲ့ရင် အနာဂတ်မှာ များ စွာ အကျိုးရှိနိုင်ကြောင်း

၅။ စိတ်ဆန္ဒတွေ ၊ စိတ်ပြင်းပြစွာ ဆာလောင်မွတ်သိပ်မှု တို့ကို ထိန်းတတ်ဖို့၊

၆။ အပေါင်းအသင်းတို့ ဆွဲဆောင်ရာမှာ နားမယောင်ဖို့၊

၇။ မိဘဂုဏ်ကျေးဇူးနဲ့ လူမှု ရေး စံနှုန်းမြင့် နေထိုင်ပြုမူမှု တို့ကို တန်ဖိုးထားဖို့၊

၈။ မိမိကိုယ်မိမိ တန်ဖိုးထားရန်၊ မိမိ၏ ဂုဏ်သိက္ခာ၊ မိဘဂုဏ်သိက္ခာ၊ ဆွေမျိုး ဥာတိ ဂုဏ်သိက္ခာကို စောင့်သိဖို့၊

ဆယ်ကျော်သက်တို့ကို မျိုးဆက်ပွားကျန်းမာရေး ပညာပေးတယ်ဆိုတာ တကယ်ဆိုရင် မျိုးဆက်ပွားကိစ္စထက်မက ပိုမိုကျယ်ပြန့်ပါတယ်။

မိဘများ အောင်မြင်ပါစေ။

* * * * *


အခန်း (၂)

လက်ထပ်ဖို့

ရည်ရွယ်သည် ဖြစ်စေ …

ချစ်သူတွေ ဖြစ်ကြပြီဆိုရင်လည်း ကြောက်စရာ ရောဂါ တွေ ရှိ ၊မရှိ သိထားသင့်ပြီ။

လက်မထပ်ခင် ကျန်းမာရေး စစ်ဆေးသင့်တယ်ဆိုပေမဲ့ ချစ်သူအ ဖြစ် ရည်ရွယ်ပြီးဆိုကတည်း

သူ့ရဲ့ ကျန်းမာရေး အနေအထားကို တစေ့တစောင်း သိသင့်ပြီ။

ချစ်သူဘဝ၊ သို့မဟုတ် အိမ်ထောင်သည်ဘဝအစ ဦးပိုင်းမှာ ကြီးစွာ သော စိတ်ဖိစီး

မှု ၃ မျိုးရှိသတဲ့။

၁။ ချစ်သူမှာ နာတာရှည် ရောဂါ ရှိနေခြင်း။

၂။ ကြွေးမြီရှိခြင်း၊

၃။ မိမိတို့အိမ်ထောင်မှာ မှီခိုနေထိုင်မည့် သူတွေ ရှိ နေခြင်း တို့ ဖြစ်ပါတယ်။

အိမ်ထောင်သည်ဘဝအစပိုင်းဆိုပေမဲ့ အိမ်ထောင်သက်တမ်းလေးရလာမှ အဲဒီ ၃

မျိုးထဲက အမျိုးမျိုးကြုံတွေ့ ရရင်လည်း စိတ်ဖိစီးမှု တော့ ရှိတာပါပဲ။ ဒါပေမဲ့ အိမ်ထောင်ဦးကာလ

တွေ မှာ အဲဒါတွေ ပါလာရင် ပိုပြီး စိတ်ဖိစီးမှု ခံစားရတတ်ပါတယ်။

အိမ်ထောင်ပြုတော့မယ်ဆိုရင် HIV အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ

တွေ ကို ထိန့်လန့်ကြ၊ ကြောက်ကြတယ်။ သို့သော် အသည်းရောင် ‘ဘီ’ လို၊ ‘စီ’ လို ၊ တီဘီအဆုတ်

နာ ရောဂါ လို ဝေဒနာတွေ သည်လည်း ထိတ်စရာပါပဲ။

ဒီတော့ ခေါင်းစဉ်တင်ခဲ့သလိုပဲ လက်ထပ်ဖို့ ရည်ရွယ်သည် ဖြစ်စေ၊ မရည်ရွယ်သည်

ဖြစ်စေ သွေးလေး၊ ဆီးလေး စစ်ပြီး ဓာတ်မှန်လေးတော့ ရိုက်သင့်တာပေါ့။ သွေးစစ်ဖို့က ESK စစ်

ရမယ်၊ CP စစ်ရမယ်၊ HIV အတွက် အသည်းရောင် ဘီ နဲ့ စီ အတွက် စစ်ရမယ်။

အခြားသော ကင်ဆာလို ရောဂါ မျိုးရှိနှင့် ရင် ESK မှာ ဦးစွာ ပြတတ်တယ်။ ဓာတ်မှန်

စစ်ချက် ကတော့ အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါ များ ရှိ၊ မရှိ သိရအောင်ပါ။ USD ခေါ် အာထရာ

ဆောင်းလေးရိုက်ရင်လည်း ကောင်းတာပါပဲ။ အကျိတ်တို့ အလုံးတို့ကို မြင်နိုင်တာပေါ့။

ဆီးစစ်ရတာ ကတော့ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါ ၊ ဆီးလမ်းကြောင်းဆိုင်ရာ

တွေ က ဆီးစစ်ခြင်းမှာ ပြတတ်လို့ပါ။ အဲဒါတွေ က လက်မထပ်ခင်မှာ စစ်ရမှာ ပါ။ ကဲ …လက်ထပ်ပြီး

ကြပြီး ၆ လ တစ်နှစ် အကြာမှာ ဆေးစစ်မိပြီး သူ့မှာ ရောဂါ တစ်ခုခုရှိနေပါပြီတဲ့ … ဘာလုပ်မလဲ။

လက် ထပ်စဉ်က မရှိတဲ့ ရောဂါ က ခုမှ ရှိလာတာ။

ဒီတော့အကြံပြုချင်တာ ကတော့ သူ့ကို ချစ်ခင်စွာ ပြုစုဖို့ပဲ၊ တတ်နိုင်သလောက်

ဆေးကုမှု ပေးဖို့။ အထူးသဖြင့် ကြင်နာသင့်တယ်၊ ဂရုစိုက်သင့်တယ်၊ ကိုယ်ချစ်လို့ လက်ထပ် ခဲ့တဲ့ သူပဲ ၊ သူလည်းဒီ ရောဂါ ဘယ် ဖြစ်ချင်ပါ့မလဲ၊ တချို့မှာ က ကိုယ့်ကွယ်ရာမှာ ဖောက်ပြန်လို့ HIV လို ရောဂါ ရှိလာတာမျိုးဆိုရင်လည်း ခွင့်လွှတ်သည်းခံပြီး ဆက်လက်ပေါင်းသင်းဖို့ပဲ ဖြစ်တယ်။ ကိုယ့်ကို ရောဂါ မကူးစက်ရအောင်တော့ သတိရှိသင့်တယ်။ HIV မှသာ မဟုတ်ပါဘူး။ တီဘီ အဆုတ်နာလိုမျိုးမှာ လည်း ကူးစက်တတ်တာပါပဲ။

ခင်ပွန်း တစ်ယောက် ၊ သို့မဟုတ် ဇနီး တစ်ယောက် ကို ခွင့်မလွှတ်နိုင်တဲ့ ၉၆ ပါး ရောဂါ ကြောင့် စိတ်ပျက်ရတာ ၊ စိတ်ကွက်တာမျိုး မရှိသင့်ပါဘူး။

သို့ သော် ချစ်သူအ ဖြစ် ရည်ရွယ်ရင်၊ အိမ်ထောင်ဖက်အ ဖြစ် ရည်ရွယ်ပြီဆိုရင် ကျန်းမာရေး စစ်ဆေးသင့်တယ်။

လက်ထပ်ပြီးမှ ၊ အိမ်ထောင်တစ်ခု ဖြစ်တည်ပြီးမှ ကိုယ့်အိမ်ထောင်ဖက်မှာ ရောဂါ တစ်ခုခု ဖြစ်လာရင် ဘယ်လို ရောဂါ မျိုးပဲ ဖြစ် ဖြစ် ပြုစုသင့်တယ်။ ပိုပြီး ကြင်နာသင့်တယ် ဆိုတာ လေးတော့ ပြောပါရစေ။

* * * * *


“ချစ်သူဘဝ” ဆိုတာ

တစ်ဖန် ပြန်၍ မရနိုင်သော

အချိန်ပိုင်းကလေး ဖြစ်သည်။

ဘဝ တစ်သက်တာ၏

အမှတ်တရ ဖြစ်ဖွယ်

အကောင်းဆုံးလည်း ဖြစ်သည်။

ချစ်သူဘဝကို လိုအပ်သည့်

စည်းကမ်းအတိုင်းအတာအတွင်းမှာ ပဲ

ထိန်းသိမ်းခြင်းသည် …..

* * * * *


လှပစွာ ပျံသန်းတတ်သော …

Teenage Pregnancy ခေါ် ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ဆောင်ခြင်းကို ကျန်းမာရေး ပညာရှင်များ က ကန့်ကွက်ကြသည်။ Teen ဆိုသည်မှာ (၁၃ နှစ် ) ရွယ်မှသည် Nine- teen (၁၉ နှစ် ) အရွယ်ထိ ဖြစ်ပေရာ အသက် ၂၀ ရွယ်ဆိုလျှင်တော့ ကိုယ်ဝန်ဆောင်နိုင်သည်ဟု ယူဆနိုင်ပါသည်။

မိန်းကလေးများ ၊ ယောက်ျားလေးများ ချစ်သူရှိတတ်ကြသည်က ဆယ်ကျော်သက် အရွယ်များ အများ စု ဖြစ်နေသည်။ မျိုးဆက်ပွား ကျန်းမာရေး ပညာရပ်အနေနှင့် ကိုယ်ဝန်မရှိ အောင်ကာကွယ်နည်း၊ နေထိုင်နည်းတွေ ၊ ပညာပေးနေသည်။ ထိုအကြောင်းအရာများ ၏ အထက် တွင် ရှိနေသည့် အဓိကကိစ္စမှာ မိမိ၏ အပျိုစင်ဘဝ၊ လူပျိုဘဝကို ထိန်းသိမ်းဖို့ ဖြစ်သည်။ ထို့ထက် ပို၍ ဆိုရပါမူ ချစ်သူဘဝကို လှပဖို့၊ အမှတ်တရ ဖြစ်ဖို့ ဖြစ်သည်။ ချစ်သူမိန်းကလေးကို လက်မထပ် မီ မခြွေမိဖို့ ဖြစ်သည်။ သူကလေး၏ အပျိုစင်ဘဝကို တန်ဖိုးထားဖို့ ဖြစ်သည်။

‘ချစ်သူဘဝ’ ဆိုတာ တစ်ဖန် ပြန်၍ မရနိုင်သော အချိန်ပိုင်းကလေး ဖြစ်သည်။ ဘဝတစ်သက်တာ၏ အမှတ်တရ ဖြစ်ဖွယ်အကောင်းဆုံးလည်း ဖြစ်သည်။ ချစ်သူဘဝကို လိုအပ် သည့် စည်းကမ်းအတိုင်းအတာအတွင်းမှာ ပဲ ထိန်းသိမ်းခြင်းသည် မိမိဘဝကို မိမိတန်ဖိုးထားခြင်း လည်း မည် သည်။ ချစ်သူမိန်းကလေး၏ အပျိုစင်ဘဝကို တန်ဖိုးထားသည်နှင့် တစ်ပြိုင်နက် မိမိ၏ လူပျို ဘဝကိုလည်း မိမိတန်ဖိုးထားရာ သို့လည်း ရောက်သည်။ ထိုမှ ဘဝတစ်လျှောက်လုံး မိမိ ဘဝိကု မိမိ တန်ဖိုးထားတတ်သော အလေ့အကျင့်ကောင်း ရရှိစေသည်။ အတိုင်းအဆနှင့် စည်း စနစ်ကို လေးစားလိုက်နာတတ်သော အလေ့အထလည်း ဖြစ်စေသည်။ သူတစ်ပါးတို့၏ ဘဝများ ကို စာနာတတ်သော မေတ္တာစိတ်ကိုလည်း ဖြစ်ထွန်းစေသည်။

ချစ်သူဘဝဆိုတာ ကန္တာရ ဘဝထဲက အိုအေစစ် ဖြစ်သည်။ အရွယ်ရောက်စ အပျို၊ လူပျို လေးတွေ ဖြစ်လာကြပြီဆိုရင်ပဲ သူတို့လေးတွေ ရဲ့ ရင်ထဲ၊ ဘဝင်ထဲမှာ အချစ်ခံစားမှု ဆိုတာ ပေါ်ပေါက်လာတတ်သည်။ အချစ်ခံစားမှု ပေါ်ပေါက်လာချိန်သည် ဘဝရှေ့ရေး အတွက် ပြင်ဆင် နေချိန် ဖြစ်နိုင်သလို မိဘတို့၏ ချွေးနည်းစာဖြင့် ပညာသင်ယူနေကြသော အရွယ်လည်း ဖြစ်ပေ လိမ့်မည် ။ ထိုအရွယ်၊ ထိုကာလတို့၌ မည် သို့ ပြုမူနေထိုင်သလဲဆိုသည်က အောင်မြင်ကြီးပွား သော ဘဝရရှိဖို့ရာအတွက် အဆုံး အဖြတ်ကောင်း ဖြစ်တတ်သည်။

ယောက်ျားလေး တစ်ယောက် မှာ မိန်းကလေးသူငယ်ချင်း ဘယ်နှယောက် ရှိသလဲ၊ ထိုမိန်းကလေး သူငယ်ချင်းတွေ က ဘယ်လို အမျိုးအစားတွေ လဲ၊ ဒီထဲကနေ ချစ်သူ ဖြစ်ဖို့ ဘယ်လို ရွေးချယ်မလဲ၊ ဘာကြောင့် ရွေးချယ်သလဲ၊ ဘယ်လို ချစ်ရေး ဆိုသလဲ၊ ချစ်သူ ဖြစ်ကြပြီးသော် ချစ်သူ ဘဝဆက်ဆံရေး မှာ ဘယ်လို အနေအထားရှိသလဲ၊ မိဘတွေ ကို ဘယ်ပုံစံနဲ့ အသိပေးသလဲ၊

နှစ် ဖက်မိဘ သဘောတူညီချက်ရဖို့ ဘယ်လိုကြိုးပမ်းသလဲ။ ဒီအတောအတွင်း နေထိုင်သွားလာမှု ၊ ပြောဆိုပြုမူ ဆက်ဆံမှု ။

ချစ်သူဘဝကို အကောင်းဆုံးစီမံခန့်ခွဲသူ ယောက်ျား တစ်ယောက် သည် မိသားစု ဘဝတစ်ခုကိုလည်း အကောင်းဆုံးစီမံခန့်ခွဲတတ်သူ ဖြစ်လိမ့်မည် ။

သို့ဆိုလျှင် မိန်းကလေး၏ အခန်းကဏ္ဍ အနေအထား ကွယ်ပျောက်နေပြီလားဟု မေးစရာ ရှိလာပါမည် ။

မိန်းကလေးတို့၏ ဘဝမှာ ‘ဖက်’ သာ ဖြစ်သည်။ ဘယ်ပေါ်ကိုသာကျကျ ‘ဖက်’ ပဲ ပေါက်ရသည်။ သို့ ပေမဲ့ မိန်းကလေးများ တို့ ကိုယ့်စိတ်ကို အလို မလိုက်မိဖို့လိုသည်။ မိဘကွယ်ရာ မှာ စည်းမဲ့ကမ်းမဲ့ မ ဖြစ်စေရ၊ မိဘ မသိအောင် ဘာကိုမ မကျူးလွန်ရ။ ၁၄ -၁၅ - ၁၆ နှစ် ရွယ် သားသမီးတို့ ချစ်သူထားတာကို မိဘဆီမှာ ဘယ်ပြောကြလိမ့်မလဲ။ ဒီတော့ မိဘတွေ က သိရ အောင် ကြိုးပမ်းသင့်သည်။ သားငယ်၊ သမီးငယ်တို့ကလည်း ချစ်သူရှိတာ၊ ချစ်သူတွေ ဖြစ်နေကြ တာကို ချစ်သူဘဝမှာ ပဲ လှလှပပထားရှိအပ်သည်။ မထိန်းသိမ်း၊ မစဉ်းစားတာမျိုး ဘာကိုမှ မပြု လုပ်ပါနှင့် ။ ထို့ပြင် သမီးငယ်များ ဖြစ်နေပါက ချစ်သူယောက်ျားလေးသည် ဘယ်လိုမိဘမျိုး၊ ဘယ် လိုအခြေအနေမျိုးမှ လာသူလဲ၊ ဘယ်လိုလူစားမျိုးလဲ၊ စည်းကမ်းရှိရဲ့ လား၊ အရည်အချင်းကောင်း ရှိရဲ့ လား၊ ကိုယ်ရည်ကိုယ်သွေးကောင်းရှိရဲ့ လားဆိုတာ လေ့လာတတ်ရမည် ။

မည် သို့မျှလက်ခံနိုင်ဖွယ်မရှိသော ယောက်ျားဆိုးဆိုးလေး ဖြစ်နေပါက ဝတ္ထုတွေ ထဲမှာ ပါသလို ပြုပြင်ယူမည် ၊ ပုံသွင်းယူမည် ၊ ကိုယ့်အချစ်နှင့် သူ့ကို အကောင်းတိုင်း ဖြစ်စေမည် စသည်ဖြင့် စိတ်ကူးမယဉ်ပါနှင့် ၊ မစွန့်စားပါနှင့် ။ လောကကြီးမှာ ဘယ်သူ့ဘယ်သူမှ ပြုပြင် လို့မရပါ။

* * * * *


ချစ်မှု ရေး ရာနှင့် ပတ်သက်၍

မိန်းမတွေ ပြုမိတတ်သော အမှား ၆ မျိုး

အမှား(၁)။ ။ နိုးထနိုးကြွစေရန် ပြုမူမှု မရှိခြင်း (မိန်းကလေးကစတဲ့ အခါ စပါ)

စိတ်ပါလက်ပါရှိဖို့ စတင်နိုးထစေရာတွင် မိန်းမတို့ပျက်ကွက် လေ့ရှိသည်။ အများ အားဖြင့် ယောက်ျားတွေ ကသာ ပြုမူတတ်ကြသဖြင့် မိန်းမတို့သည် ရိုးသားမှု ကြောင့် လည်းကောင်း၊ ရှက်ရွံ့မှု ကြောင့် လည်းကောင်း၊ အထင်သေးမည် စိုးသဖြင့် လည်းကောင်း၊ ဤသို့ ပြုရန် ပျက်ကွက်တတ်သည်။ အမှန်တကယ်မှာ မိန်းမလည်း ယောက်ျားတွေ လိုပဲ လိင်စိတ်ရှိကြ ပါသည်။ ထို့ကြောင့် တစ်ခါတစ်ရံပဲ ဖြစ် ဖြစ်၊ အကြိမ်အချို့ပဲ ဖြစ် ဖြစ် မိန်းမသားက စတင်နှိုးဆွ သော အခါမျိုး ရှိတတ်သည်။ ထူးခြားမှု လည်း ရရှိနိုင်သည်။

အမှား (၂)။ ။ ကိုယ့်ရုပ်ကိုယ့်ခန္ဓာအတွက် စိတ်မချခြင်း (အကျဉ်းတန် ချစ်သူပင် ဖြစ်နေပါစေ)

‘ကိုယ့်မျက်နှာ ဘယ်ပုံကြီးမှာ ဖြစ်နေပြီလဲ၊ ဆံပင်တွေ ပွပြီး ဘာကြီးနဲ့တူနေ ပြီလဲ၊ ဗိုက်ကြီးက သိပ်ပူပြီး ရုပ်ဆိုးနေပြီထင်တယ်၊ ဘယ်နားက အမာရွတ်ကိုတော့ သူတွေ့ သွားတော့ မှာ ပဲ’ ….. စသည်များ ဖြစ်သည်။ အချို့ ဇနီးမောင်နှံတွေ ဆိုရင် အိပ်စက်ချိန်၌ မိမိ ဇနီးကို ခင်ပွန်း ဖြစ်သူက အရာအားလုံးကို ခွင့်လွှတ်လိုက်လျောစေချင်တတ်ကြသည်။ ငယ်သူတွေ ဆိုလျှင် ယောက်ျားလေးတို့သည် မိန်းကလေး၏ ကျန်းမာမှု ပြည့်စုံခြင်း၊ ငယ်ရွယ်ခြင်းနှင့် သားသမီးမွေးဖွား နိုင်ဟန် ရှိ မရှိကို စိတ်ဝင်စားသည်။ သားကောင်းမိခင်ပီသသော အသွင် သဏ္ဌာန်ရှိရမည် ။ ပြည့် ပြည့်ဖြိုးဖြိုး ရှိပြီး မိမိ၏ လိင်စိတ်ကို လန်းကြွစေသော ပြင်ပခန္ဓာကိုယ်ဖွဲ့စည်းပုံကို ဆိုလိုသည်။

အမှား(၃)။ ။လိင်ကိစ္စဆိုတာ ယောက်ျားတွေ ကိစ္စပါဟု ထင်ခြင်း

(မိန်းမသည်လည်း အသည်းနဲ့ပါ)

မိန်းမတွေ က ချစ်မြတ်နိုးမှု ကိုသာ စိတ်ဝင်စားပြီး ယောက်ျားဆိုတာက လိင်ကိစ္စမျှ သာ စိတ်ဝင်စားသည်ဟု မထင်သင့်ပါ။ ဤသို့ ဆိုကြခြင်းများ ရှိခဲ့သည်။ လူ့ယဉ်ကျေးမှု အစဉ် အလာကြီးထဲမှာ ကြီးစွာ သော အမှားအယွင်းရှိသည်။ မိန်းမတွေ လိင်ကိစ္စကို ဦးစားမပေးဆိုခြင်း နှင့် ယောက်ျားဆိုတာ ‘ချစ်ခြင်းမေတ္တာ အဓိကမဟုတ်၊ ခန္ဓာကိုယ် အဓိက’ ဟူသော အယူအဆ ဖြစ် သည်။

အမှား(၄)။ ။ ယောက်ျား ဖြစ်သူကို အမြဲစိတ်တွေ နိုးထနေသည်ဟု မြင်ခြင်း

(ကိုကို ယောက်ျားမဟုတ်လား)

ဤသို့ မြင်မိလျှင် မှားပါသည်။ ဆယ်ကျော်သက်ယောက်ျားလေးတွေ မှာ အချိန် မရွေး အသင့် ဖြစ်နေတတ်သော်လည်း အရွယ်လတ်ယောက်ျားတို့ ဆိုပါက မိသားစုအရေး ၊ အလုပ် အကိုင်၊ ကြွေးမြီ စသည်တို့ ဖိစီးမှု ကြောင့် ကိုယ်ထင်သလို အချိန်မရွေး စိတ်မပါတတ်ပါ။

အမှား(၅) ။ ။ မိန်းမ ဖြစ်သူက ဦးဆောင်မှု မပြုမိခြင်း (ပွင့်ပွင့်လင်းလင်း)

လိင်မှု ကိစ္စကြောင့် ပွင့်ပွင့်လင်းလင်း ပြောကြပြီဆိုရင် တစ်ယောက် နှင့် တစ်ယောက် ကြိုက်ပုံချင်းမတူကြခြင်းသည် အပြန်အလှန် စိတ်ပျက်ဖွယ် ဖြစ်နေတတ်သည်။ ကာလကြာစုံတွဲ များ ၌ ပင် ကျန်ခဲ့သည် ရှိခဲ့သည်။

‘မိန်းမတွေ ကိုယ့်စိတ်ကျေနပ်မှု အတွက် ကိုယ်တိုင်ပြုမူသင့်တယ်၊ဘယ်ယောက်ျား

ကမှ အဲဒီ မိန်းမရဲ့ အထွတ်အထိပ်စိတ်ကျေနပ်မှု ကို ရှာဖွေကြိုးစားဖန်တီးနေတာမျိုး လုပ်ပေးနိုင် မယ် မထင်ဘူး’

မိန်းမတွေ သည် ကိုယ့်စိတ်ကျေနပ်မှု ကို ကိုယ်ကမှ ခွင့်မပြုရင် တစ်ဖက်သား ယောက်ျားက မည် သို့မှ သိနိုင်မှာ လဲ။ မသိနိုင်ပါ။

အမှား (၆) ။ ။ သူက တစ်ခုခုပြောလိုက်တဲ့အခါ ကိုယ်က မလိုလားခြင်း

(အနားကပ်ကာ တိုင်တိုင်ပင်ပင်)

ယောက်ျား ဖြစ်သူက လိုချင်ရာတစ်ခုခု ပြောလိုက်ရာတွင် မိန်းမက ငြူစူငြင်းဆန် ခြင်းကို ဆိုသည်။ လိင်ကိစ္စပြုကြရာတွင် အထူးအဆန်းလေးတချို့ ရှိချင်ကြသည်မှာ ဓမ္မတာ ဖြစ်သည်။ ဤသို့ အထူးအဆန်းလေးကို ယောက်ျား ဖြစ်သူက တောင်းဆိုလာခြင်းသည် ‘ကိုယ့်ကို မကျေနပ်လို့၊ ကိုယ်နှင့် နေရတာ သဘောမကျလို့ အသစ်ရှာချင်လို့’ မဟုတ်ပါ။ ကိုယ့်စိတ်နှင့် ဘယ်လိုမှ သဘောမကျ လက်မခံနိုင်သော အပြုအမူကို ပြုမူလိုပါသည်ဟု ဆိုလာလျှင် ဘာကြောင့် လဲ ဆိုတာ ရှင်းသွားရအောင် မေးမြန်းသင့်သည်။ ဘယ်လိုပဲ ဖြစ် ဖြစ် ကိုယ့်စိတ်ထဲမှာ မသက်မသာခံစားရလျှင်သော်မှ လိုက်လျောသင့်သည်ကား အမှန်။

‘ကဲ …. ပွင့်ပွင့်လင်းလင်းလေးပေါ့နော်’

စာရေး ဆရာ၊ ဒါရိုက်တာလည်း ဖြစ်ပြီး ဘာသာရေး လည်း လိုက်စားသူ ဆရာကြီး တစ်ဦးရဲ့ စာအုပ်တစ်အုပ်မှာ ဆိုထားသည်။ မိန်းမတို့ဣနြေ္ဒ ထိန်းသိမ်းအပ်သည် မှန်သော်လည်း မိမိ၏ ကာမပိုင်ခင်ပွန်းနှင့် ပေါင်းသင်းဆက်ဆံရာမှာ ပြည့်တန်ဆာမလေးကဲ့သို့ ပင် ပြုမူသင့်ပါ သည် …… တဲ့။

အသည်းစွဲတယ်၊

အသည်းကွဲတယ်၊ အသည်းခိုက်တယ်။

ဟတ်ထိတယ်ဟူ၍

အသည်းနှလုံး heart ကို

ဦးတည်နေကြသော်လည်း

တကယ်တမ်းဆိုရင်

အသည်းနှလုံးရဲ့ ကဏ္ဍက

“အချစ်” မှာ နည်းပါးပါတယ်။

* * * * *


အခန်း (၃)

အချစ် နှင့်

ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခု

လူ့ဦးနှောက်မှာ Cerebral Cortex ဆိုတာ ရှိတယ်။ အဲဒီ Cerebral Cortex က အချစ်နဲ့ လုံးဝသက်ဆိုင်နေတယ်။ Cerebral Cortex နဲ့ ပတ်သက်ပြီး သီအိုရီတစ်ခု ရှိတယ်။ Cerebral Cortex သည် အနံ့ အသက်ဆိုင်ရာ အာရုံတွေ ကို ထိန်းချုပ်တယ်။ အနံ့အသက်အာရုံ နဲ့ ပတ်သက်တဲ့ အာရုံကြောကြီးများ နဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းဟာ အနံ့အသက်ကြောင့် ထူးခြား သော ပြင်းပြင်းထန်ထန် ခံစားမှု တွေ ကို ဖြစ်စေတယ်။ ဒါကြောင့် အနံ့အသက် သည် အလွန် အင်အားပြင်းသော အကျိုးအကြောင်းတစ်ခု ဖြစ်တယ်လို့ စိတ်ပညာပါရဂူတို့က ဆိုသည်။

အဲဒီ စိတ်ပညာပါရဂူတွေ ကပဲ ထပ်လောင်းဖြည့်စွက်ပြောကြားသေးတယ်။ ‘အချစ် ဆိုတာ ကာလတစ်ခုကြာမှသာ ဖြစ်လာတတ်တာမျိုးပဲ။ တပ်မက်ခြင်းသည်သာ မြင်မြင်ချင်းမှာ ဖြစ်လာတတ်တာ ဖြစ်တယ်’ ဆိုပဲ။ ဒီလိုသာဆို အံ့သြစရာတစ်ခုက မျက်စိကမြင်တာထက် နှာခေါင်းကရတဲ့ရနံ့က ပိုထူးခြားနေတတ်တယ်ပေါ့။

တစ်စုံ တစ်ယောက် ကလေးသည် နုသွဲ့လှပစွာ ဖြင့် လူတွေ အများ ကြီးရှိတဲ့ အခန်းကို ဖြတ်လျှောက်တယ်။ အားလုံးရဲ့ အာရုံက သူ့ဆီမှာ ။ သူကလေး ဖြတ်သွားအပြီးမှာ ပျော့ခွေကျန် ရစ်ခဲ့ကြတယ်။ ဒါ …မြင်မြင်ချင်း အချစ်လို့ ခေါ်သလား။

မိမိတို့သည် အသည်းစွဲတယ်၊ အသည်းကွဲတယ်၊ အသည်းခိုက်တယ်၊ ဟတ်ထိတယ် ဟူ၍ အသည်း နှလုံး heart ကို ဦးတည်နေကြသော်လည်း တကယ်တမ်းဆိုရင် အသည်းနှလုံးရဲ့ ကဏ္ဍက ‘အချစ်’ မှာ နည်းပါးပါတယ်။

အချစ်နဲ့ ပတ်သက်တဲ့ ပြုမူမှု ၊ စိတ်ခံစားမှု ကိစ္စအဝဝဟာ ‘ဦးနှောက်’ နဲ့ သက်ဆိုင် ကြောင်းတွေ့ ရှိပါတယ်။

ဦးနှောက်ထဲမှာ ပဲ ဆွဲဆောင်မှု ရှိတာလေး၊ လှတာလေး၊ ပတာလေး၊ ကြွကြွရွရွ ရှိတာလေးတွေ အကြောင်း အချက်ပြတယ်။ ဒါကြောင့် အချစ်နဲ့ ပတ်သက်တဲ့ ကိစ္စတို့ဟာ ဦးနှောက် ထဲမှာ ပဲ ဖြစ်ပျက်တယ်။

အနံ့အသက်၊ သို့မဟုတ် ရနံ့သည် လူ၏ စိတ်ကို ဦးစွာ နှိုးဆွသည်တဲ့ အယူအဆက အသစ်တော့မဟုတ်ဘူး။

ကမ္ဘာဦးကျမ်းမှာ ပါတဲ့ ရှောလမုန် သီချင်း နှင့် စကားလုံးများ ကတည်းက ပါဝင်ခဲ့ သည်။ ‘အဖရိုဒိုက်နတ်သမီး’ ရေချိုးရာမှာ လည်း အမွှေးအကြိုင်များ ပါတယ်။

စိတ်ပညာပါရဂူ ကတော့ Pheromones ခေါ် ‘ဖီရိုမုန်း’ ခေါ် ဟော်မုန်း တစ်မျိုး အကြောင်း ပြောတယ်။ အဲဒီ ဟော်မုန်းဆိုတာ လူ့ခန္ဓာကိုယ်မှ ထွက်တာ ဖြစ်ပြီး အခြားသူတွေ ရဲ့

ဦးနှောက်အပေါ် သက်ရောက်တယ်။ အဲဒီ သက်ရောက်မှု ကနေ ဆွဲဆောင်မှု ဆိုတာ ဖြစ်လာတယ်။

အဲဒီ ဆွဲဆောင်မှု ဟော်မုန်း (Pheromones) ကို ၁၉၅၀ ခုနှစ် များ မှာ ပြင်သစ်လူမျိုး ဆရာဝန် ဂျက်ကီမက်နန်ဆိုသူက တွေ့ ရှိတယ်။ အဲဒီ ဆရာဝန်က ဘယ်လို တွေ့ ရှိသလဲဆိုရင် သူ့ရဲ့ လက်ထောက်အမျိုးသမီးနဲ့ သူ Exaltohyde အမည် ရှိ တစ်ခုခုအနီးမှာ ရှိစဉ် ပြင်းစွာ သော အပြန်အလှန်ဆွဲဆောင်မှု တွေ ခံစားကြရတယ်။ အဲဒီ ကနေ အဲဒီ ပြင်သစ်ဆရာဝန်ဟာ တိရစ္ဆာန် တွေ ရဲ့ စမ်းသပ်ရာမှာ တိရစ္ဆာန်တွေ ကလည်း ဒီလိုပဲ ဆန့်ကျင်ဘက်လိင်နဲ့ အပြန်အလှန် နှိုးဆွ နိုင်ကြသတဲ့။ (လူနဲ့ နွား မခြားအတူတူဆိုတာနဲ့ တော် တော် ဆင်တူတာပါ …. အယ်ဒီတာ)

မိမိကိုယ်ကထွက်တဲ့ ‘ဖီရိုမုန်း’ Pheromones ကို မိမိ မသိနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီ ဖီရိုမုန်းဟာ လူ တစ်ယောက် အဖို့ Fingerprint ခေါ် လက်ဗွေလိုပဲ။ တစ်ယောက် နဲ့ တစ်ယောက် ဘယ်လိုမှ မတူဘူး ။ လူ တစ်ယောက် စီအတွက် သီးသန့်စီ ရှိတယ်။ လူဦးရေ သန်း(၆၀၀၀) အတွက် အမျိုးပေါင်း သန်း (၆၀၀၀) ရှိတယ်။ သဘာဝ ရဲ့ အံ့ဖွယ်လက်ဆောင်ပါပဲ။ မိမိရဲ့ ဖီရိုမုန်းက တစ်ဖက်သားကို ဆွဲဆောင်ရာမှာ လည်း မတူကြဘူး။

ဂျာမန်မျိုးဆက်ပွားပါရဂူ တစ်ယောက် ရေး သားချက်မှာ ပါဝင်တာလေးပြောပြပါ မယ်။ ပြင်သစ်လူမျိုး စိုက်ပျိုးရေး သမားတစ်ဦးက ပြောသတဲ့။ သူနှစ်သက် တဲ့ အမျိုးသမီးကိုတွေ့  ရင် သူသုံးနေကျလက်ကိုင်ပဝါနဲ့ အမျိုးသမီးမျက်နှာကို မျက်နှာသုတ်စေတာမျိုးလုပ်ရင် အဲဒီ အမျိုးသမီးက သူ့ကို ခင်တွယ်သွားရောတဲ့။ သဘောက ကိုယ်နံ့ပေါ့နော်၊ ဖီရိုမုန်းရနံ့ပေါ့။

ခက်တာက မိန်းမတွေ ပဲ။ မိန်းမဆိုတာ သဘာဝ အရ တော် တော် ခက်တဲ့ အမျိုးအစား ဖြစ်တယ်။ ဖီရိုမုန်းကို တုံ့ပြန်နိုင်တာမှာ မိန်းမတွေ က ပိုပြင်းထန်သတဲ့။ ဘယ်ရက်ပိုင်း တွေ မှာ လဲဆိုရင် လတစ်လရဲ့ မျိုးဥကြွေတဲ့ရက် (Ovulation) မှာ တဲ့။

(အဲဒီ ရက်တွေ မှာ မိန်းမတိုင်း စိတ်တို စိတ်ဆတ်လွယ်တယ်၊ ဒါကိုပဲ ရောပြီး အမှတ် ယူတာ ဖြစ်နိုင်တယ်။ သို့သော် အပျိုဖော်ဝင်ရွယ်သမီးငယ်ရှိတဲ့ မိဘများ ဆင်ခြင်ဖို့က ကိုယ့်သမီး လေးကို ဘယ်လိုရက်တွေ မှာ ယောက်ျားလေးတွေ နဲ့ ခင်မင်သွားလာခြင်းမှ ကန့်သတ်ဖို့ ဖြစ်တယ်။ အယ်ဒီတာ )

စိတ်ကျန်းမာရေး ပါရဂူက ထပ်ပြောပြန်တယ်။ ဖီရိုမုန်းမျှသာ မဟုတ်ပါဘူး။ လူ တစ်ယောက် ရဲ့ ဟန်ပန် အသွင်အပြင်ကလည်း စိတ်လှုပ်ရှားသွားရအောင် ဆွဲဆောင်နိုင်တတ် ပါသတဲ့။ ဒါကြောင့် လည်း မြင်မြင်ချင်း အချစ်ဆိုတာ ရှိနိုင်ပါသတဲ့။

ဒါပေမဲ့ မြင်မြင်ချင်းမှာ ပဲ ကွယ်လွန်တာ ကြာပြီ ဖြစ်တဲ့ ကျေးဇူးရှင်နဲ့တူလိုက်တာ၊ အဖေနဲ့ တူလိုက်တာဆိုတာမျိုးဆိုရင်တော့ မြင်မြင်ချင်းအချစ် မပေါ်ပေါက်နိုင်တော့ဘူးပေါ့။ သီးခြားဆန်တဲ့ ခံစားမှု ဖြစ်ခဲ့ရင်တော့ ချစ်ချင်လည်း ချစ်သွားမှာ ပေါ့။

ကဲ ချစ်ကြပြီဆိုပါစို့၊ အချစ်နွံ့မှာ နစ်ပြီ၊ ဟတ်ထိပြီ၊ ဘယ်လိုပြောပြော ရပါတယ်။

ကိုယ်ခံစားရသလို သူခံစားချင်မှ ခံစားရမယ်။ ကိုယ်က ည အိပ်မပျော်နိုင်ဘဲ သူ့မျက်နှာလေး မြင်ယောင်နေချိန်မှာ သူက ဘယ်နေရာတွေ မှာ ပျော်နေမလဲဆိုတာ ဘယ်သိနိုင်မှာ လဲ။

အဲဒါကိုက စိတ်ကျန်းမာရေး ပါရဂူ (ဒေါက်တာ ဒေးဗစ်လူးဝစ္စ) က ဘာဆက်ပြော သလဲဆိုရင် မည် သူမဆို ချစ်မိသွားပြီဆိုရင် ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေ ပိုအလုပ်လုပ်ပြီး မိန်းမောစေသော အာနိသင်တွေ ဖြစ်တာကနေ အချစ်စိတ်တွေ အထွတ်အထိပ်ရောက်ရောတဲ့။

ဒေါက်တာဒေးဗစ်လူးဝစ္စကပဲ တစ်ခု သတိပေးတယ်။ အာရုံကြောများ ဆိုင်ရာ ဓာတု ပစ္စည်းအနိမ့်အမြင့် Neuro – chemical level အရ ‘သံယောဇဉ်’ ဆိုတာ ဆေးစွဲသလို စွဲစေ တယ်ဆိုပဲ။ သံယောဇဉ်ကို attachment လို့ ဆိုထားတယ်။အဲဒီ Neuro – chemical substances တွေ ဟာ ဦးနှောက်ထဲမှာ လျှံတက်လာပြီး အင်အားတွေ ကို ဖြစ်စေသလို ပျော်ရွှင်ကျေနပ်မှု တွေ ကို လည်း ဖြစ်စေသတဲ့။ စွဲစေတတ်တဲ့ ဆေးဝါးတွေ နဲ့ အာနိသင်ချင်း တူလှပါသတဲ့။ အဲဒီ လို မျိုးကို Love junkie လို့ခေါ်သတဲ့။

ဒီတော့ ဘာ ဖြစ်မလဲ၊ ‘သူကလေး’ က သံယောဇဉ်တွေ ဖြတ်သွားပြီဆိုရင် ကိုယ့်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တာ၊ စားမဝင် အိမ်မပျော် ဖြစ်တာ၊ နုံးခွေတာ၊ ဒါတွေ ဟာ ဆေးဖြတ် သလို ခံစားမှု မျိုး ဖြစ်နေတယ်လို့ ဒေါက်တာ ဒေးဗစ်လူးဝစ္စက ပြောပြတာပေါ့။

ဦးနှောက်က စိတ်ပြေရာ၊ စိတ်ဖြေရာတွေ ကို ရှာဖွေပြီး ‘ယင်း’ ဖြေရတော့တာပေါ့။ သူနဲ့ အတူ ရှိဖူးတဲ့နေရာ၊ သူ့စာတွေ ၊ သူ့ဓာတ်ပုံတွေ ၊ သူ့အသံ၊ သူ့အိမ်နား ခြေအေး ဝမ်းရောင် လျှောက်သွား။ အဲဒီ တော့မှ စောစောက Neuro – chemical substance က နည်းနည်း လေး ထွက်လာပြီး စိတ်ပြေပျောက်တယ်ပေါ့။ (အချစ်ဟာ မီးလား ဆိုတာပဲ ကြားဖူးတယ်၊ အချစ်ဟာ ဘိန်းလားဆိုတာ တစ်ခါမှ မကြားဖူးပါဘူး ….အယ်ဒီတာ)

သို့သော် စမ်းသပ်တွေ့ ရှိချက်အရ စိတ်ကျန်းမာရေး ဆရာဝန်ကြီးများ နဲ့ ဆေးပညာ ဆရာဝန်ကြီးများ ရဲ့ တွေ့ ရှိချက် ဖြစ်လို့ လက်ခံရပါလိမ့်မယ်။ ခုလို ကြိုင်တင်သိထားတော့ သတိ ထားရမှာ ပေါ့။ သတိလေးနဲ့ ကိုယ့်စိတ်ကို ထိန်းနိုင်တာပေါ့။ ကဲ ….. ဒီတော့ အသည်းကွဲတယ်လို့ ဆိုမယ့်အစား ဦးနှောက်တွေ ထိခိုက်နေပြီလို့ ပြောမှသာ ဆေးပညာအရ မှန်ကန်မယ်ဆိုပဲ။ ချစ်သူ အတွက် ပိုစ့်ကတ်ပေါ်မှာ အသည်းပုံလေးအစား ဦးနှောက်လေး ထည့်ပေးလိုက် ရင် မှန်တော့ မှန်ပါရဲ့ ။ ကိုယ်တော့ ဂေါက်နေပြီ ဂေါက်နေပြီလို့များ အဓိပ္ပာယ် ဖြစ်သွားမယ်ဆိုရင်တော့ … ဒုက္ခ။

* * * * *


ဒုတိယအရွယ်နှောင်းပိုင်း

ဝေဒနာ

Money, Power & Sex လို့ ရိုးစကား ရှိတယ်။ လူမှာ အရေး တကြီးလိုအပ်တတ် တာပေါ့နော်။ ဘယ်သူ့ရဲ့ အဆိုအမိန့်လဲလို့တော့ မမေးနဲ့။ အရေး ကြီးတာက အကြောင်းအရာပဲ။ ငွေ၊ တန်ခိုး ပါဝါနဲ့ ချစ်မှု ရေး ရာလို့ အဓိပ္ပာယ်ရတယ်။

တချို့ကလည်းငွေရှိရင် ကျန် ၂ မျိုးလုံး အလိုလိုရှိလာသတဲ့။ တချို့ကလည်း အရေး အကြီးဆုံးက တန်ခိုးပါဝါတဲ့၊ သူ့နောက်မှာ အရာအားလုံး ရှိသတဲ့။

ပြောရမယ်ဆိုရင် အရေး ကြီးတာက ‘လူ’ ပါပဲ။ လူကသာ ဒီ ၃ မျိုးကို ကြိုးစားရယူ နိုင်တာပါ။ ဘယ်အရာ အရေး ကြီးဆုံးလဲဆိုတာကို လူက ဆုံးဖြတ်ပါလိမ့်မယ်။ အဲဒီ မှာ ‘ဇရာ’ ခေါ် Aging Process ကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။ ဒီတော့ ဇရာကို ဟန့်တားနိုင်ဖို့ ကြိုးစားတယ် ဆိုတာ ရှိလာတယ်။ မလွန်ဆန်နိုင်တာ က သတ်သတ်၊ ဟန့်တားဖို့ကြိုးစားတာက သတ်သတ်ပဲ။

ဇရာပိုင်းဝင်တဲ့အရွယ်ဆိုတာမှာ အငြင်းပွားနိုင်တယ်။ ယောက်ျားဆိုရင် ၄၀ ကစပြီး မိန်းမလည်း ဒီလောက်ပါပဲ။ ဒါကို ဒုတိယအရွယ်နှောင်းပိုင်းလို့ ဆိုရခြင်း ကတော့ ပထမအရွယ်ကို မွေးစမှသည် အိမ်ထောင်ကျသည်ထိ သတ်မှတ်လိုက်ပါ။

အိမ်ထောင်ပြုပြီးရင် မည် သူမဆို ဒုတိယအရွယ်ပဲ။ ၂၀ လည်း ဒုတိယအရွယ်ပဲ။ ၃၀ လည်း ဒုတိယအရွယ်ပဲ။ အိမ်ထောင်ကျသည်မှ ဒုတိယအရွယ်စလိုက်တာ အသက် ၄၀ လောက်ကို ဒုတိယအရွယ် ခပ်နှောင်းနှောင်းလို့ ဆိုနိုင်ပြီး တတိယအရွယ်လို့သာ မှတ်။ ကဲ သတ်မှတ်ချက်တွေ ကို ထားလိုက်၊ ဘယ်လိုစဉ်းစားဆင်ခြင်ရမလဲဆိုတာ အရေး ကြီးတယ်။ ရည်မှန်းသူ ရွေးချယ်တဲ့ နေရာမှာ …..

(၁) စံနှုန်းမြင့်ရည်ရွယ်သူ ဖြစ်ရမယ်။

အမျိုးမျိုး ချိန်ထိုးစဉ်းစားရွေးချယ်ရလိမ့်မယ်။ ဆယ်ကျော်သက်ချစ်သူ ရွေးတာ အရွယ်ရောက်လို့ အိမ်ထောင်ဖက်ရွေးတာထက် ပိုအရေး ကြီးတယ်။ ကိုယ်နဲ့ အစစအရာရာ ကီးကိုက်ရမယ်၊ လိုက်ဖက်ရမယ်။ ဒီနေရာမှာ ဦးအရွယ် ဒယ်ဒီအရွယ်က အရူးထပြီး ချာတိတ်မလေးကို ရွေးတာ၊ မမအရွယ် အန်တီအရွယ်က အရူးထပြီး မောင်လေးကို ရွေးတာမျိုးနဲ့ လုံးလုံးဆန့်ကျင်တယ်။ ဒါ အရူးထတာ မဟုတ်ဘူး။ ဘဝအတွက် ယုံကြည်အပ်သူ၊ တိုင်ပင်သူနဲ့ မိတ်ကောင်းရှာတာ ဖြစ်တယ်။ ဂျက်ကလင်းကနေဒီ အိုနာစစ်ဆိုတဲ့ နာမည် ကို ကြားဖူးလား။ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီရဲ့ ဇနီးဂျက်ကလင်းလေ။ ကနေဒီကွယ်လွန်တော့ ဂရိသူဌေး

ကြီး အိုနာစစ်နဲ့ လက်ထပ်တယ်။ အိုနာစစ်ကွယ်လွန်ပြီးတော့ အထီးကျန်ဘဝနဲ့ တော် တော် ကြောကြာနေပြီ Maurice ဆိုသူနဲ့ ချစ်သူ ဖြစ်ကြ တယ်။ သူကွယ်လွန်တော့ Maurice လက်ကို ကိုင်ပြီး ကွယ်လွန်ခဲ့တာ။ ဆိုချင်တာက ကိုယ်နဲ့ တင့်တောင့်တင့်တယ် ဖြစ်မယ့် အဖော်ကို ရွေးချယ်တတ်ဖို့ပဲ။

(၂) သူ့လိုအပ်ခြင်း ၊ လိုချင်ခြင်းကို ဂရုစိုက်ရမယ်။

သူ့ရဲ့ လိုအပ်ချက်က ဘာ၊ ကိုယ့်ရဲ့ လိုအပ်ချက်က ဘာဆိုတာ အလေးဂရုပြု ရလိမ့်မယ်။ အထက်ပါ အမှတ် ၁ မှာ စရွေးပြီးကတည်းက စံနှုန်းမြင့် ကိုက်ညီရမယ်လို့ စထားတယ် လေ။ ကိုက်ညီမှု မှန်ရင် နားလည်မှု ပေးနိုင်ရမှာ ပေါ့။

(၃) နှစ် ဦးနှစ် ဖက်မှာ ရှိတဲ့ ပြောင်းလဲခြင်းတွေ ကို အပြန်အလှန်လေ့လာဖို့ အချိန်ယူရမယ်။

ဘယ်လိုပြောင်းလဲမှု တွေ နဲ့ ရင်ဆိုင်နေကြရတယ်ဆိုတာကို အပြန်အလှန် ပွင့်လွင်း ရလိမ့်မယ်။ သူ့စိတ်ထဲမှာ ရှိတာဘာ၊ ကိုယ့်စိတ်ထဲမှာ ရှိတာဘာ ၊ ကိုယ့်စိတ်က ဘယ်လို စိတ် အားငယ်ချိန်၊ စိတ်ညစ်ချိန်မှာ သူနဲ့ စကားပြောချင်တတ်တာ၊ ရင်ဖွင့်ချင်တတ်တာ။ သူ့မှာ လည်း ဘယ်လိုရှိမလဲ၊ ဒါလည်း စဉ်းစားရမယ်။ စရွေးကတည်းက စံနှုန်းမြင့် (High Priority) ဆိုတာ ပြဿနာ မရှိနိုင်ပါဘူး။ တွေ့ ကရာတွေ ကို အထင်ကြီးပြီး ရွေးမိရင် ကိုယ်ပဲ တန်ဖိုးမဲ့ ဖြစ်တတ်တယ် ဆိုတာ သတိရှိပါ။

(၄) အနေအထားသစ်၊ အချိန်သစ်မှာ တွေ့ ဆုံပါ။

နံနက်ပိုင်းဆိုတာ စိတ်သစ်ကိုယ်သစ် ရှိပြီး ခွန်အားသစ်များ လည်း ရှိတတ်တဲ့ အချိန်ဆိုလို့ အဆိုရှိတယ်။ သို့ သော် နှစ် ဦးနှစ် ဖက် အဆင်ပြေကျေနပ်မယ့် အချိန်ကိုလည်း ရွေးနိုင် ပါတယ်။ တစ်ယောက် က အလွန်အလုပ်များ နေစဉ် တစ်ယောက် က တောင်းဆိုတာမျိုး မရှိသင့်ပေ မဲ့ တချို့ကျတော့ အလုပ်များ စဉ်၊ စိတ်လျော့ကိုယ်လျော့ ဖြစ်တတ်သူတွေ ရှိတယ်။ အရေး ကြီးတာ က တစ်ယောက် ကို တစ်ယောက် စိတ်မညစ်ညူးစေဖို့နဲ့ စိတ်အနှောင့်အယှက်ပေးရာ မရောက်ဖို့ပဲ။

(၅) အလျင်မလိုပါနှင့် ။

စကားဆိုခြင်း၊ ယုယကြင်နာပြခြင်း၊ တိုင်ပင်နှီးနှောခြင်း အချိန်ကြာကြာ လိုအပ်တတ်တယ်ဆိုတာ သတိရှိရမယ်။ အမျိုးသားတွေ ဘက်က သတိရှိဖို့ပါ။ မိန်းမသားတွေ ဘက် ကလည်း အလျင်မလိုဖို့ ပြောပြရမယ်။ ချစ်သူမိတ်ဆွေပဲ ခေါ်ခေါ်၊ မိတ်ဆွေချစ်သူလို့ပဲ ပြောပြော မိတ်ဆွေရှိတဲ့ စကားလုံးပါနေပြီး ဖြစ်လို့ မိတ်ဆွေကဏ္ဍလည်း ရှိရလိမ့်မယ်။ ပိုလို့တောင်မှ အရေး ကြီးပါသေးတယ်။

အသက်ကြီးလာတာ၊ ရောဂါ တစ်မျိုးမျိုး ရှိလာတာ၊ အငြိမ်းစားယူရတာ စတဲ့ ဘဝ ပုံစံပြောင်းလဲခြင်းတို့ဟာ စိတ်ဆန္ဒစွမ်းအားလျော့ ကျတာကို ဖြစ်တတ်တယ်။ ယောက်ျားဆိုရင် သူ့အကြောင်းနဲ့၊ မိန်းမဆိုရင်လည်း သူ့အကြောင်းနဲ့သူ၊ စိတ်ကျဝေဒနာတွေ ရှိနေတတ်တယ်။ ဒါကြောင့် လည်း စာနာစဉ်းစားပေးတတ်တဲ့ မိတ်ဆွေလိုအပ်တာ ဖြစ်တယ်။ ယောက်ျားတို့ သုံးစွဲစရာ ဆေးဝါးတွေ အမျိုးမျိုးရှိပါတယ်။ OTC ခေါ် အလွတ်ဝယ်လို့ရတာ မဟုတ်ပေမဲ့ ဒီမှာ က ထင်သလို ဝယ်နေတတ်ကြတဲ့ အတွက် ဝယ်ပြီးရင် ဆေးခန်း တစ်ခန်းခန်းကို ဝင်ရမယ်၊ ဆရာဝန်နဲ့ တိုင်ပင် ရမယ်။ နိုက်ထရိတ်ခေါ် လျှာအောက်မှာ ငုံရတဲံ နှလုံး ရောဂါ ဆေးသောက်သုံးနေရသူဆိုရင် အထူး သတိရှိရမှာ ဖြစ်တယ်။

မိန်းမတွေ ကတော့ မိန်းမပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတို့ရှိတတ်ပေမဲ့ မိမိကိုယ်မိမိ ဘာလိုအပ်ချက်ရှိတာဆိုတာ သိကြသူတွေ ပဲ။

ယောက်ျားတွေ ဒီကိစ္စတွေ အတွက် ဆေးခန်းလာပြီး ဆရာဝန်နဲ့ တိုင်ပင်တာ မကြာ ခဏ ရှိတတ်ပေမဲ့ မိန်းမ ကတော့ ကိုယ်ဝန်မရှိရအောင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆိုရင်တော့ လာတတ် ကြတယ်။ အခြား ကတော့ ဆရာဝန်ဆီ မလာတတ်ကြဘူး။ ရှက်လို့လည်း ဖြစ်မယ်၊ လူသိမှာ စိုးလို့ လည်း ဖြစ်မယ်။ ဆရာဝန်ရဲ့ စိတ်ထဲမှာ ကဲ့ရဲ့ နေမှာ စိုးလို့လည်း ဖြစ်လိမ့်မယ်။

အဲဒီ လိုချစ်သူမိတ်ဆွေ၊ သို့မဟုတ် မိတ်ဆွေချစ်သူထားမိလို့ ဆရာဝန်နဲ့ တွေ့ ဆုံလိုပါက ရွယ်တူ မိန်းမဆရာဝန် သို့မဟုတ် ယောက်ျားသားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ တိုင်ပင်ပါ။

အသက်ငယ်ငယ်အမျိုးသမီးဆရာဝန်တွေ ဆိုရင် ဆေးပညာပိုင်း၊ ဇီဝကမ္မဗေဒပိုင်းနဲ့ မတွေးဘဲ လူ့သဘာဝ ယေဘုယျနဲ့တွေးပြီး ကဲ့ရဲ့ တတ်ကြတယ်။

အခက်အခဲရှိရင် Health Care ဂျာနယ်မှတစ်ဆင့် မေးမြန်းပါက နားလည် ပေးနိုင် တဲ့ ဆရာဝန်ထံ မေးမြန်းပြီး ပြန်လည်ဖြေကြားပေးပါ့မယ်။

* * * * *


ဒီအရွယ်ရောက်မှတော့

ရင့်ပြီ၊ အံတိုပြီ၊ ပြန်ရွေးတတ်ပြီ၊

စကားစမြည် လေးအဆင်ပြေနိုင်သူကို

ကိုယ်က “ရှိုး” တတ်ပြီ။

ထိန်းထိန်းသိမ်းသိမ်းတော့

ရှိရတာ ပေါ့နော် ….. တဲ့။

တက်သာဆုတ်သာ

“ရှိုး” တတ်ဖို့ လိုသတဲ့။

* * * * *


ရွှေပေးလို့မရတဲ့ မိန်းမဣနြေ္ဒ

မိန်းမ တစ်ယောက် အဖို့ စိတ်တူ ကိုယ်တူ ယောက်ျား တစ်ယောက် နဲ့ စကားပြော ဖြစ် ဖို့က ထိုမိန်းမနဲ့ ဘဝရှင်သန်ရေး Grow – up မှာ ပါဝင်ပါတယ်။

အသက် ၃၅ နှစ် အရွယ် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ အေးဂျင့်အမျိုးသမီး တစ်ယောက် က ဘာပြောလဲဆိုရင် ‘အပြန်အလှန် မဆွဲဆောင်နိုင်ဘဲနဲ့တော့ အချိန်တွေ မဖြုန်းချင်ပါဘူး။ အလုပ်က တစ်ဖက်လေ။ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ယောက်ျား တစ်ယောက် ဆိုရင်တော့ စကားလေး စမြည် လေး ပြောရတာ လူမှု ဘဝ (Social Life) တစ်ခုပါပဲ’ တဲ့။

အခြားမိန်းမ တစ်ယောက် ကတော့ သူလိုကိုယ်လို သာမန် ယောက်ျား တစ်ယောက် ဆိုရင်တော့ စိတ်မဝင်စားဘူး။ အချိန်မပေးချင်ဘူးတဲ့။ ဒါဖြင့် ဘယ်လိုလူမျိုးလဲလို့ ထပ်မေးတော့ လေယာဉ်မှူး ဖြစ်ရမယ်တဲ့။ (မိန်းမတွေ များ ရယ်ရတယ်နော်၊ လေယာဉ်မှူးထဲမှာ သူလိုကိုယ်လို လောက်မဟုတ်တာတွေ အများ ကြီးပဲ) လေယာဉ်မှူးထဲမှာ လည်း ခပ်တုံးတုံးတွေ ရှိတတ်တာပဲတဲ့။

(ဒီလိုတော့ သိသားပဲ) ။ စာရေး ဆရာမ တစ်ဦးက ဆန်းတယ်ဗျ။ သူတွေ့ ဆုံ မိတ်ဖွဲ့စကားပြောချင် တဲ့ယောက်ျားက တက္ကသိုလ်ဘုန်းနိုင်၊ ဗန်းမော်တင်အောင်၊ ခင်နှင်းယု၊ ကြည်အေး၊ မြန်သန်းတင့် စာအုပ်အကြောင်းတွေ ပြောဆိုနိုင်ရမယ်တဲ့။ ရွေးကောက်ပွဲ ဥပဒေကိုလည်း စိတ်ဝင်စားရမယ်တဲ့။ အိုဘားမား ဘာတွေ လုပ်နေတယ်ဆိုတာလည်း သိရမယ်တဲ့။ ရုပ်ရှင်အကြောင်းလည်း နှံစပ်ရမယ် ဆိုတော့ … အမယ်လေးဗျာ လို့သာ အော်ချင်တော့တယ်။

ဆက်ပြောသေးတယ်။ ဒီအရွယ်ေ၇ာက်မှာ တော့ ရင့်ပြီ၊ အံတိုပြီး ပြန်ရွေးတတ်ပြီ၊ စကားစမြည် လေး အဆင်ပြေနိုင်သူကို ကိုယ်က ‘ရှိုး’ တတ်ပြီ။ ထိန်းထိန်းသိမ်းသိမ်း တော့ရှိရ တာပေါ့နော် … တဲ့။ တက်သာဆုတ်သာ ‘ရှိုး’ တတ်ဖို့ လိုသတဲ့။ ဒါပေမဲ့ ဒါဟာ တော် တော် သိမ်မွေ့ တဲ့ ကိစ္စဗျ။ ရွှေပေးလို့မရတဲ့ ဣနြေ္ဒကို တစ်စွန်းတစ်စ လှစ်ဟပြရတာ ဖြစ်တယ်။

ကဲ ဒီတော့ ဘယ်လိုတွေ့ ဆုံမလဲ

‘ပထမအကြိမ်ဆုံတွေ့ ခြင်းအတွက် Weekend ခေါ် စနေ၊ တနင်္ဂနွေက ကြီးလေး လွန်းပါတယ်။ စနေ ၊ တနင်္ဂနွေကို အရင်းအနှီး မလုပ်သင့်ဘူးဆိုတဲ့ စနေနေ့ ညပိုင်းလောက်ဆိုရင် အကောင်းဆုံးပဲ’ တဲ့။ ‘ စကားစမြည် လေး မိနစ် ၂၀ လောက်၊ ကော်ဖီဆိုင်တစ်ခါထိုင်လောက်ဆို ရင်ပဲ တစ်ယောက် အကဲ တစ်ယောက် သိပြီ’ တဲ့။ အရိပ်အကဲကို ပြောတာ။

ဒဿနိကပညာရှင် အမျိုးသမီး (၄၅ နှစ် ) ကတော့ ဘယ်လိုပြန်ရှင်းပြလဲ ဆိုရင် မိန်းမတို့ဣနြေ္ဒ ရွှေပေးလို့မရဆိုတာ ထိန်းထန်း သိမ်းသိမ်း သပ်သပ်ရပ်ရပ် အနားသတ်ရှိဖို့ ကို

ပြောတာတဲ့။ ဣနြေ္ဒကြီး တစ်ခွဲသားနဲ့ နေရာတကာ မှာ မျက်လွှာချနေဖို့ ပြောတာ မဟုတ်ဘူးတဲ့။ ပျော်နိုင်တယ်၊ ရယ်နိုင်တယ်။ မြူးကြွလန်းဆန်းတဲ့ လုပ်ရပ်တွေ လည်း လုပ်နိုင်ပါတယ် ၊ ချိန်းတွေ့  နိုင်ပါတယ်၊ ခံစားနိုင်ပါတယ်။ အဲဒါတွေ မှာ ပင် ဣနြေ္ဒရှိခြင်းကို ဆိုပါသတဲ့။ ခက်တာက မိန်းမသား ဆိုတာ ထိန်းသိမ်းရ ခက်ခဲတဲ့ ကိစ္စရပ်တွေ သဘာဝ အရ ရှိနေတတ်တယ်တဲ့။

နှစ် ယောက် စလုံးရဲ့ နေအိမ်နဲ့ သိပ်နီးတဲ့ ကော်ဖီဆိုင်ကိ မရွေးချယ်မိပါစေနဲ့တဲ့။ ( နောက်ကြောင်းမအေးဘူးထင်ပါ့။ အစ်ကိုတို့၊ ဦးလေးတို့ ရှိမှာ စိုးပုံရ)

အဓိကက အလုပ်ထဲက ၊ ကိုယ့်ဆွေမျိုးထဲကသူတွေ ရောက်လေ့ရောက်ထ မရှိတဲ့ ကော်ဖီဆိုင်မျိုး ဖြစ်ရမယ်ဆိုတော့ (ဆင်ခြေဖုံးကလူတွေ ဆူးလေကို လာ၊ ဆူးလေကလူတွေ ဆင်ခြေဖုံးကို သွားပေါ့)

ပထမအကြိမ် စကားစမြည် ပြောခြင်းက စိတ်လှုပ်ရှားမှု တွေ ရှိနေတတ်လို့ စိတ် အနှောင့်အယှက်ကင်းတဲ့နေရာမျိုးကို ရွေးရမယ်တဲ့။ သူကပဲ ဘာဆက်ပြောသေးလဲဆိုတော့ ခုအသက်အရွယ် စကားပြောဖော်ယောက်ျားလေးမိတ်ဆွေနဲ့ ချိန်းပြီး စကားစမြည် ဟိုရောက် ဒီရောက် ပြောရတာ ဘာသီးသီးမယ်မှန်း မသိတဲ့ အပင်ကို စိုက်ကြည့်ရသလိုပဲတဲ့ (အပင်ဆိုကတည်းက ကောင်းကျိုးတော့ ပေးမှာ ပါ။ ဥပမာ - သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး )

ဘယ်လိုဝတ်ဆင်မလဲ

မိမိကိုယ်မိမိ စိတ်ဝင်စားမှု (Self conscious) ကို ပံ့ပိုးပေးရာရောက်တဲ့ သပ်ရပ်ကျ နပြီး သက်သော င့်သက်သာပုံစံ ဝတ်စားဆင်ယင်ပုံမျိုး ဖြစ်ရမယ်။

အသက်က ၂၃ နှစ် အရွယ် မဟုတ်တော့တဲ့အတွက် တော် တော် ကြီးကို ဂရုစိုက်ရ လိမ့်မယ်။ အခု အသက်အရွယ်မှာ အစွမ်းကုန် ပြင်ဆင်ခြင်းဟာ မိမိကိုယ်မိမိ မယုံကြည်ခြင်း၊ သို့မဟုတ် ယုံကြည်မှု လွန်ကဲခြင်းကို လှစ်ပြနေသလိုပဲ။ ရင်အပေါ်ပိုင်းနဲ့ လည်ပင်းပိုင်းကို ဖုံးအုပ်တဲ့ အင်္ကျီမျိုး၊ တံတောင်ဆစ်ကို မမြင်ရတဲ့အင်္ကျီမျိုး၊ ခါးမှာ မတင်းကျပ်တဲ့ အင်္ကျီမျိုး ဖြစ်သင့်တယ်တဲ့။

ခုကာလက လုံချည်ဆိုရင်လည်း ၃ ထပ်စကတ်လုံချည်၊ စကပ်အရှည်၊ ဘောင်းဘီစသည်ဖြင့် ဝတ်လေ့ရှိတဲ့အတွက် မှာ ချင်တာက ထိုင်ရာထရာမှာ တင်းကျပ်လွန်းခြင်း၊ လိပ်ဝင်သွားခြင်း၊ တိုတက်သွားတတ်တာ၊ ရှည်ထွက်လာတတ်တဲ့ အဝတ်အထည်မျိုး မ ဖြစ်ပါစေနှင့် လို့ ဆိုတဲ့အတွက် ဒီဇိုင်နာများ အတွက် tips ရနိုင်ပြီး လူကြီးလူကောင်း၊ အမျိုးသား မိတ်ဆွေတစ်ဦးနှင့် ကော်ဖီဆိုင် မှာ ပထမဆုံး ချိန်းဆိုရာအတွက် ဝတ်သင့်တဲ့ ဒီဇိုင်းဆိုပြီး ထွက်သင့်ပြီ။ ရင်ဖိုစရာအလှအပ လက်ကျန်တို့ကိုလည်း လှစ်ပြရာရောက်သော ဘာညာပေါ့။

ဘာအကြောင်းတွေ ပြောမလဲ

‘ကြီးမားနက်နဲတဲ့ အကြောင်းအရာတွေ မ ဖြစ်ပါစေနဲ့၊ ရယ်စရာပါရမယ်။ ဒါပေမဲ့ ဟာသချည်းလည်း မ ဖြစ်ပါစေနဲ့’ လို့ မိန်းမ တစ်ယောက် က ဆိုတယ်။

လူကို ဆိုက်ကို test (psycho test) personality test (ကိုယ်ရည်ကိုယ်သွေး စစ်ချက်) ယူသလို ပြောပုံဆိုပုံမျိုးဆိုရင် နောင်သော် ‘တာ့တာ’ ပဲတဲ့။ အရေး ကြီးတာ ကိုယ်ကလည်း သူ့ကို အဲဒီ လို မဆက်ဆံသင့်တာပဲ။ ‘စကားစမြည် ’ ပါဆိုမှ အင်တာဗျူး ဝင်သလို ဘယ်သူခံစားချင်မှာ လဲ။ ပုဂ္ဂလိကပြဿနာတွေ ကိ လုံးဝမဖော်ထုတ်သင့်ဘူးလို့လည်း ဆိုတယ်။ အဲဒါက မိန်းမတွေ သိထားသင့်တာ၊ စကားပြောဖော် ရှာလာကတည်းက ရင်ဖွင့်ချင်လို့ဆိုတော့ ‘ဟာ နားထောင်ပေးသူ ရှိပြီ’ ဆိုပြီး ရင်ထဲရှိတာတွေ ပြောတော့တာပဲ။

ပထမအကြိမ် ဆုံတွေ့ ခြင်း (First date) မှာ (၁) ငွေကြေးပြဿနာမပြောရ၊ (၂) အံ့သြစရာတွေ့ အကြုံ၊ (၃) ရောဂါ အကြောင်း၊ (၄) အလုပ်ထဲက ပြဿနာ၊ (၅) ကလေးတွေ အကြောင်း မပြောရ။ ဒါဆိုရင် ဘာပြောရမလဲဆိုတော့ Small talk ခေါ် သေးသေးဖွဲဖွဲ စိတ်ရွှင်လန်း စရာလေးတွေ ပဲ ဖြစ်ရမယ်။ အထီးကျန်ခံစားမှု ကို ပါးပါးလေးပဲ လှစ်ပြရမယ်တဲ့။ ဥပမာ ကိုယ့်ချည်း ဆိုတော့လည်း အေးဆေးပဲ ဆိုတာမျိုး။

အဆုံးအဖြတ် ဘယ်လိုပေးမလဲ

အဲဒီ မှာ ကိုယ်က ဖြတ်ချင်ပေမဲ့ သူက လိုလားနေတတ်တာတွေ ၊ ကိုယ်က လိုလား သော်လည်း သူက ပြောင်းလဲသွားတာတွေ ကြုံရတတ်တယ်။ တချို့ပထမအကြိမ်မှာ သဘောမ တွေ့ တတ်ကြသော်လည်း နောင်သော် နွေးထွေးသွားတတ်ကြတယ်။ သတိပြုသင့်တာ ချိန်းဆို တွေ့ ဆုံရာမှာ ‘ကိုယ့်အခွင့်အရေး ကို ကံကောင်းစေဖို့’ ဖြစ်တယ်။ ဒါပေမဲ့ ရွှေပေးလို့မရတဲ့ ဣန္ဒြ ကို ဘာမဟုတ်တာလေးနဲ့ မှားယွင်းဖလှယ်မှု မပြုမိဖို့ပဲ။

* * * * *


အခန်း (၄)

ဟောင်းမြင်းလာတတ်သော …..

အသစ်အသစ်လည်း ပြန် ဖြစ်တတ်သော

ဟောင်းတိုင်း မကောင်းတဲ့အထဲမှာ အချစ်လည်း ပါတယ်လို့ ‘သို့ ချစ်သူ’ ဆိုတဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးခဲ့တယ်။ ခု အဲဒါကို စွဲကိုင်ပြီးတော့ အိမ်ထောင်သည် မိန်းမ တစ်ယောက် က ရင်ဖွင့်လာပါတယ်။ မှတ်သားစရာတွေ ပါနေလို့ ရေး သားဖော်ပြလိုက်ရပြန်ပါတယ်။

ကျွန်မတို့ရဲ့ အိမ်ထောင်သက်တမ်း ၄ နှစ် ရှိပါပြီ။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ အနှစ် ၄၀ လောက်လို့ ထင်နေမိပါတယ်။ တစ်နေ့ တစ်နေ့ ကလေးတွေ ဝေယျာဝစ္စတွေ ချည်းပါပဲ။ လင်မယားချင်း ကိုယ်လက်နှီးနှောမှု တော့ရှိပါရဲ့ ၊ သို့ သော် ဘဝဆိုတာကြီးလောက် အရေး မပါတဲ့ အခြေအနေပါ။ ကျွန်မရဲ့ ခင်ပွန်းမှာ ဘာအမှားအယွင်း ဘာချို့ယွင်းချက်မှ မရှိပါဘူး။ ဒါပမဲ့ ကျွန်မရဲ့ ငြီးငွေ့မှု က အဆုံးအစွန်ကို ရောက်နေပါပြီ။

သူက သိပ်ငြိမ်သက်အေးဆေးပါတယ်။ ငြိမ်းချမ်းပါတယ်။ မငြိမ်မသက်၊ မငြိမ်းချမ်း နိုင်တာက ကျွန်မပါ။ သူရဲ့ တည်ငြိမ်မှု ကြောင့် ကျွန်မ မုန်းလာပါပြီ။ သူဟာ တည်ငြိမ်ရုံမျှမက ဥာဏ်ရည်ကောင်းမွန်ပြီး တာဝန်သိတဲ့ ယောက်ျား တစ်ယောက် ပါ။

ကျွန်မတို့လက်ထပ်ပြီး ပျားရည်ဆမ်းကာလပြီးတယ်ဆိုပဲ တကယ့်ဘဝထဲ ဝင်ခဲ့ရ တယ်။ အားလပ်ရက်တွေ မှာ အိမ်အလုပ်တွေ ၊ ပြေးရ လွှားရတာ တွေ ၊ အတိုအထွာ အလုပ်တွေ နဲ့ ပြည့်နှက်နေခဲ့တယ်။ ကျွန်မတို့နှစ် ယောက် ကြားမှာ ငွေရေး ကြေးရေး ကလည်း ပြဿနာတစ်ခုပါ။ လက်မထပ်ခင်မှာ ရှိခဲ့တဲ့ ကျွန်မတို့ရဲ့ ကြွေးမြီတွေ ကို သူဆပ်ပေးခဲ့တယ်။ ဒါပေမဲ့ သူဟာ ဘာကိုမှ မဝယ်ချင်၊ မခြမ်းချင်သူ ဖြစ်နေတယ်။ ဘာတစ်ခုမှ အသစ်ထပ်မပေးဘူး။ ကျွန်မ ဝယ်ရင်လည်း မကြိုက်ဘူး။ တစ်ရက်မှာ သူသူ့ပိုက်ဆံတွေ ကို တစ်ပြား နှစ် ပြား ရေနေတယ်။ ကျွန်မလည်း စိတ်ပေါက်ပေါက်နဲ့ အကုန် လွှင့်ပစ်လိုက်တယ်။ ကျွန်မ သူ့ဆီက စိတ်လှုပ်ရှားစရာ နွေးထွေးမှု တွေ ကိုလိုချင်ပါတယ်။ ဒါပေမဲ့ မရခဲ့တာက ကျွန်ကို ရူးသွပ်စေတယ်။

အကောင်းတွေ အတိတ်မှာ ကျန်ခဲ့တဲ့အခါ

သူရော ကျွန်မရော နှစ် ယောက် စလုံးဟာ သိပ်ပြီး သီးခြားဆန်တဲ့ ခံစားမှု တွေ ဖြစ်နေပါတယ်။ သူ ကတော့ ကျွန်မက အိမ်ထောင်ရေး မှာ နေရာယူလွန်း သတဲ့။ ကျွန်မ သဘော ချည်းပဲတဲ့။ ဒါတောင်မှ သူ့ကို ငြီးငွေ့သေးသတဲ့၊ အဲဒီ လို ပြောတယ်။

လင်မယားနှစ် ယောက် ကြားမှာ အရေး ကြီးတာက Loving & Sharing ချစ်မှု နှင့် မျှဝေခံစားမှု ဖြစ်တယ်။ ခု အဲဒီ နှစ် ခုစလုံး မရှိပါဘူး။ တစ်ယောက် က စလို့ နောက် တစ်ယောက် ရဲ့ လိုအပ်ချက်ကို ဖြည့်ပေးရမယ်လို့တော့ ဆိုကြပါတယ်။

မျှော်လင့်ခြင်းလက္ခဏာများ

ကျွန်မ သူ့ကို ရွေးချယ်စဉ်က မျှော်လင့်ချက်တွေ ပါတယ်ဆိုတာ ကျွန်မ မငြင်းပါ။ လင်ကိုယ်မယားဆိုတာ Possionate intensity ခေါ် ချစ်ခြင်း၊ နှစ်သက် ခြင်း၊ ခုံမင်ခြင်း အနက်နှင့် တည်ဆောက်ထားတာပါ။ ကျွန်မရဲ့ စိတ်ပျက်ခြင်း ချုံနွယ်မှာ သည်းမခံခြင်းဆူးတွေ စူးနေပါပြီ။ Strong feelings ခေါ် အင်အားကောင်းသော ခံစားချက်လည်း လင်နဲ့ မယားကြားမှာ လိုအပ်ပါ တယ်။ ဒါတွေ ရှိမှသာ မျှော်လင့်ခြင်းများ ရှိမှာ ပါ။ ဒါတွေ မရှိတော့ ကျွန်မက ဘာကိုမျှော်လင့်ရ မှာ လဲ။

အဲဗျာ ကျွန်တော် ခင်မောင်မောင်လေးရဲ့

အကြံပြုချက်တွေ ပြောပြရတော့မှာ ပေါ့

Possionate intensity နှင့် Strong feelings ချစ်၍ ချစ်ကြင်နာခြင်းနှင့် အားကောင်းတဲ့ ခံစားချက်များ ၊ Loving & Sharing ချစ်ခြင်းနှင့် မျှဝေ ခံစားချက်များ ဒီစကားလုံးတွေ သုံးသပ် သွားပါတယ်။ ဒီစကားလုံးတွေ ပဲ ပြန်သုံးပြီး အကြံပြုရမှာ ပါ။

သူတို့လင်မယားကြားမှာ ခံစား ချက်ချင်း မတူဘူး၊ ခံယူ ချက်ချင်း လည်း မတူဘူး။ ဥာဏ်ရည်ချင်းလည်း မတူဘူး။ ဒါ အဓိက ဖြစ်နေတယ်။ ခင်ပွန်း ဖြစ်သူရဲ့ လူကြီးလူကောင်းဆန်မှု ၊ ဥာဏ်ရည်မြင့်မားမှု တွေ က ဇနီးမှာ ဆွဲဆောင်နိုင်ခဲ့ပေမဲ့ နောက်တော့ ငြီးငွေ့လာတယ်။

အိမ်ထောင်ရေး ဆိုတာ အလိုလို အဆင်ပြေသွားတတ်တာမျိုး မဟုတ်ဘူးဗျ။ အဆင်ပြေမှု ကို ကြိုးစားပေးရတတ်တယ်။ အထူးသဖြင့် အဲဒီ လို မတူညီတဲ့ အိမ်ထောင်ရေး တွေ မှာ ပေါ့။ ခင်ပွန်းက ငြိမ်သက်တဲ့ပုံစံ၊ ဇနီးက တက်ကြွတဲ့ပုံစံ ဖြစ်နေတယ်။ ခင်ပွန်းက စတင်ပြီး အဆင်ပြေမှု ကို ပြသရလိမ့်မယ်။ အရေး တကြီး အကြံပြုလိုတာက ခရီးထွက်လိုက်ပါ။ ပြည်ပ ဆိုရင် ပိုသင့်လျော်မယ်။ ဖြစ်နိုင်ရင် ကလေးတွေ ကို အဘိုးအဘွားဆီမှာ အပ်ခဲ့ပါ။ မ ဖြစ်နိုင်ရင်လည်း ခေါ်ဆောင် သွားပါ။

ခရီးမထွက်ခင် အမျိုးသားဆရာဝန် တစ်ဦးထံမှာ ဖွင့်ပြောအကူအညီတောင်းပါ။ သူက လိုအပ်တဲ့ ဆေးဝါးတချို့ ညွှန်ကောင်းညွှန်ပါလိမ့်မယ်။ ခရီးစဉ် တစ်လျှောက်မှာ ဒီကိစ္စ တစ်ခုပဲ အရေး တကြီးပုံစံမျိုးလည်း မ ဖြစ်ပါစေနှင့် ၊ အမှတ်တရစားသောက်တာ၊ အမှတ်တရ ဈေးဝယ်တာ၊ ဇနီးနဲ့ လိုက်ဖက်တာလေး ဝယ်ခြမ်းပြီး ခရီးစဉ် အမှတ်တရ လက်ဆောင်ပေး တာမျိုး ပြုလုပ်သင့်လှတယ်။ စကားစပြီးပြောရင် ကိုယ်တို့စသိစဉ်က၊ စချစ်ကြစဉ်က၊ လက်ထပ်ခွင့် တောင်းစဉ်က၊ ဟန်းနီးမွန်းခရီးတုန်းက စသည်ဖြင့် ပြောဆိုရလိမ့်မယ်။

ခရီးစဉ်က ပြန်လာပြီးရင်လည်း ဒုံးရင်း ဒုံရင်း မ ဖြစ်ပါစေနဲ့။ သစ်နေပါစေ။ ချစ်မှု ရေး ရာများ လည်း ဆက်လက်လိုအပ်ပါတယ်။

ချစ်ခြင်းချည်နှောင်မှု တွေ မြဲမြံဖို့ ပွင့်လင်းရမယ်။ မေးခွန်း (၃) ခုကို နေ့စဉ် အပြန် အလှန်မေးပြီး အပြန်အလှန်ဖြေရမယ်။ ဒီနေ့ ရှင့်ကို ၊ မင်းကို ပြောရမှာ အကြောက်ဆုံး အကြောင်း အရာတစ်ခုက ဘာလဲ သိလား ဆိုတဲ့ မေးခွန်း၊ ပြန်လည်ခံစားချင်တဲ့ ခံစားမှု က ဘာလဲသိလား၊ နောက်ဆုံးကတော့ ဒီနေ့ မင်းကို၊ ရှင့်ကို ဘယ်လိုမျိုး ချစ်စေချင်နေသလဲ သိလား။

အဲဒီ မေးခွန်းတွေ ပါပဲ။ အပြန်အလှန်ဖြေကြရာမှသည် နားလည်မှု တွေ ရလာလိမ့် မယ်။ ခိုင်မြဲခြင်း ကြိုးစကိုလည်း ရှာတွေ့ ရပါလိမ့်မယ်။

အနာဂတ်အတွက်

ငွေကြေးကိစ္စပါဝင်နေတဲ့အတွက် သုံးစွဲမှု ၊ ဝယ်လိုခြင်းလိုတာတွေ မှာ ညှိနှိုင်းရမယ်၊ လိုက်လျောရမှု ရှိရမယ်။ ရှေ့ရေး မျှော်တွေးပြီး၊ ဝယ်ခြမ်းစုဆောင်းတာမျိုး၊ လင်ငင်းကာလ အတွက် လိုအပ်ချက်ကြောင့် ဝယ်ခြမ်းတာမျိုး ရှိရမယ်။

Emotional openness ခေါ် စိတ်ထဲရှိတာ ဖွင့်ပြောဖို့တော့ လိုတယ်နော်။ အဲဒီ အတိုင်း လိုက်နာကြမယ်ဆိုရင် တစ်ချိန်တစ်ခါမှာ ထိုဇနီးသည်ထံမှ ကျွန်မရဲ့ ရွေးချယ်လက်ထပ်မှု ဟာ အကောင်းဆုံး ဖြစ်နေမှန်း ကျွန်မ ခုမှ သိလာရတယ်လို့ ပြောလာမှာ မုချ။

* * * * *


တိုင်တိုင်ပင်ပင်ရှိဖို့ လိုလာပြီ။

ဆရာမြို့မငြိမ်းရေး တဲ့

နှစ် ယောက် တည်း နေချင်တယ်

သီချင်းထဲက စာသား တစ်ပုဒ်လိုပဲ။

နှစ် ယောက် သား

သောက်စားစို့လား မောင်ရယ်

လောကကြီးကို မေ့ပြီး

ပစ်နိုင်တယ်ဆိုတာ …..။

* * * * *


အနားကပ်ကာ

တိုင်တိုင်ပင်ပင်

တိုင်တိုင်ပင်ပင် ရှိသင့်တာဗျ။ ပွင့်ပွင့်လင်းလင်းလည်း ပြောအပ်တယ်။ အဲဒါ ဘာလဲ ဆိုတော့ Sexual Health ခေါ် လိင်မှု ကျန်းမာရေး အကြောင်း ဖြစ်ပါတယ်။ ယဉ်ယဉ်ကျေးကျေး ခေါ်ရင်တော့ Reproductive Health မျိုးဆက်ပွား ကျန်းမာရေး ပေါ့။ သို့ ပေမဲ့ မျိုးဆက်ပွားက ဆယ်ကျော်သက်တွေ နဲ့ ပိုဆိုင်တယ်ဗျ။ လူကြီးတွေ အဖို့က Sexual Health နဲ့ ပိုသင့်လျော်ပါ တယ်။

WHO ရဲ့ အဓိပ္ပာယ် သတ်မှတ်ချက်အရ Sexual Health ဆိုတာ ရောဂါ မရှိရုံ၊ ချို့ယွင်းချက်မရှိရုံ၊ အပြည့်အဝစွမ်းဆောင်နိုင်ရုံ သာမက လိင်နှင့် ပတ်သက်လာရင် ကိုယ်၊ စိတ်၊ ခံစားမှု နဲ့ လူမှု ရေး အခြေအနေမှာ ပါ ကျန်းမာခြင်းကို ခေါ်ပါတယ်။ ထို့ပြင် လိင်မှု ကိစ္စနှင့် ပတ်သက်ရင် ဝိုင်းပယ်ခံရခြင်း၊ ခွဲခြားဆက်ဆံရခြင်း၊ အကြမ်းဖက်ခံရခြင်း၊ တိုက်တွန်းခြိမ်းခြောက် ခံရခြင်းများ မှ ကင်းလွတ်ရမယ်။ ပြီးနောက် အပြုမြင်ဖြင့် လေးစားမှု ရှိရှိ ချဉ်းကပ်ပုံလည်း ဖြစ်ရ မယ်။ Safe sex ခေါ် လုံခြုံစိတ်ချရပြီး စိတ်ပျော်ရွှင်မှု လည်း ရှိရမတဲ့။ အဲဒါမျိုးမကိုမှ Sexual Health လို့ခေါ်သတဲ့။

ဒီတော့ တိုင်တိုင်ပင်ပင် ရှိဖို့ လိုလာပြီ။ ဆရာမြို့မငြိမ်းရေး တဲ့ နှစ် ယောက် တည်း နေချင်တယ် သီချင်းထဲက စာသားတစ်ပုဒ်လိုပဲ။ နှစ် ယောက် သား သောက်စားစို့လား မောင်ရယ်၊ လောကကြီးကို မေ့ပြီး ပစ်နိုင်တယ်ဆိုတာ။ ‘ဘောက်ခါး’ ဆိုတာ Disxussion ခေါ်မလား၊ ဒိုင်ယာ လော့ခ် ခေါ်မလား၊ တိုင်ပင်တာ ကို ပြောတာ။ ဒီတော့ ဘာတွေ ပွင့်လင်းပြီး ဘယ်လိုတိုင်ပင်မလဲ။

စမ်းချင်တယ်ဆိုရင် ကမ္ဘာ့အပြင်ထွက်လို့ … လို့ သီချင်းထဲမှာ ပါပေမဲ့ ကမ္ဘာ့အပြင် တော့လည်း မဟုတ်ဘူးပေါ့။ နှစ် ဦးသား တစ်ကမ္ဘာတည်နိုင်တဲ့ နေရာမျိုးမှာ တိုင်ပင်ရမယ်။

ဘာအကြောင်းတွေ ပြောမလဲ။

Safe Sex ပေါ့ဗျာ။ ကူးစက် ရောဂါ များ မရှိကြောင်း အပြန်အလှန် သက်သေပြုနိုင် ရမယ်။ ဒါ အရေး ကြီးပါတယ်။

နောက်ပြီး ကိုယ်ဝန်မရှိစေရး အတွက် သန္ဓေ တားနည်းတစ်မျိုးမျိုး လိုအပ်တယ်။ အရေး ကြီးတာမှာ ကိုယ့်အဖော်ရဲ့ Sexual history ခေါ် လိင်မှု ရာဇဝင်ကို ဂဃနဏ သိသင့်တယ်။ ဒီတော့ ဆေးတွေ ဘာတွေ စစ်ဖူးလား၊ STDs အတွက် လို့ မေးရလိမ့်မယ်။ ရှိနေတယ်ဆိုရင် ဆေး ကုလိုက်ကြရအောင် လို့ပါ ဆက်ပြောရမယ်။ ကာကွယ်ဖို့လိုရင်လည်း အကာအကွယ်သုံးနိုင်အောင် လို့ပါ ထည့်ပြောမှ ဖြစ်မယ်။

ဆက်ပြောရမယ့်စကားလုံးတွေ

ယောက်ျားကောင်းဆိုတာ မိန်းမတို့ကို နှစ်သက် ဖွယ် ဖြစ်အောင် ပြောတတ်ဆိုတတ် သူကို ခေါ်တယ်။ ဒီကိစ္စမှာ မှ မဟုတ်ပါဘူး။ ဘယ်ကိစ္စမှာ ဖြစ် ဖြစ်ပါ။ မိန်းမကောင်းဆိုတာ ယောက်ျား ဖြစ်သူက ပြောလာဆိုလာသမျှကို နှစ်သက် စွာ နားထောင်တတ်ပြီး လိုအပ်စွာ တုံ့ပြန် ပြောဆိုတတ်သူကို ခေါ်တယ်။ ဒီနေရာမှာ ယောက်ျား မိန်းမဆိုတာ လင်မယားတို့၊ ချစ်သူတို့ မှ မဟုတ်ဘူး။ ဘယ်ယောက်ျား၊ ဘယ်မိန်းမမဆို၊ ဘယ်အကြောင်းအရာကိုမဆို စကားစမြည် ပြောရင် အဲဒီ အတိုင်း ဖြစ်ရပါမယ်။ ဒါဟာ Civilization လို့လည်းခေါ်တယ်။ Sexual ethics လို့လည်း ခေါ်တယ်။

ဒီနေရာမှာ ချစ်သူတွေ ဖြစ် ဖြစ်၊ နားလည်မှု ပေးနိုင်တဲ့ အဖော်ပဲ ဖြစ် ဖြစ် ကြုံတွေ ရကြ ရတတ်တာ၊ ဒီလို နှီးနှောမှု မပြုခင်က ပြောရဆိုရ ဆက်ဆံရတာ ကောင်းတယ်၊ အဆင်ပြေတယ်။ ပြီးလည်းပြီးရော ရှိရင်းစွဲခင်မင်မှု တို့ မေတ္တာတို့ လျော့ပါးသွားတယ်လို့ ဆိုကြသူတွေ ရှိတယ်။ ဒါဟာ တိုင်တိုင်ပင်ပင် မရှိခဲ့လို့ ဖြစ်တယ်။

တစ်ဦးဦးမှာ အလိုမကျတာ၊ လိုအပ်တာရှိရင် ပွင့်လင်းသင့်ပါတယ်။ မပွင့်မလင်း ဖြစ်နေရင် ကြာလာပါက ပြဿနာ ကြီးထွားတတ်ပါတယ်။ ဒါလည်း ဒီကိစ္စမှာ မှ မဟုတ်ပါဘူး။ ကိစ္စ တိုင်းမှာ ပါ။

ဒီနေရာမှာ ခက်နေကြတာတစ်ခု ရှိတယ်။ လိမ်လည်သွားသူ၊ သစ္စာဖောက်သွားသူ က တစ်ယောက် ၊ အဲဒီ တစ်ယောက် ကလည်း ဘယ်ရောက်သွားမှန်း မသိတော့ဘူး၊ သွားပြီ။ သို့သော် ခံစားမှု တွေ အရောင် ဝင်သွားပြီး နောက်ထပ်တွေ့ သမျှကို ‘ရှင်တို့ ယောက်ျားတွေ ’ ပြောလိုပြော၊ ‘မင်းတို့ မိန်းမတွေ ’ ဆိုလိုဆို လုပ်တတ်ကြသူတွေ ရှိတယ်။ သူ့ကို လှည့်စားသွား တာက ကိုယ်လည်း မဟုတ်၊ ကိုယ်လည်း မသိ။ အဲဒီ လူက သွားပြီ။ ကိုယ့်မှာ အခြောက်တိုက် စွပ်စွဲ သလို အပြောခံရတာ ။ အဲဒါ မိန်းမတွေ ပို ဖြစ်တတ်တယ်။

ယောက်ျားတွေ မှာ က ဘယ်လို ဖြစ်သလဲဆိုတော့ ယုံလွန်းလို့ ဘဝလုံး ပုံအပ်ထားပြီး ဘာညာသာရကာ လုပ်နေတယ်၊ သူ့ဘဝ ပုံအပ်တာ ကိုယ်နဲ့ကျမှ မဟုတ်တာ၊ ကိုယ့်ရှေ့မှာ အဲဒီ လိုပဲ ဘဝပုံ ပုံအပ်ခဲ့တာ များ လှမှတဲ့။

နိဂုံးချုပ်ရရင် မိန်းမတွေ ပဲ ညာလည်း ညာတတ်တယ်။ အညာလည်း ခံရတတ် တယ်။ မပွင့်လင်းရဲတာလည်း သူတို့ပဲ။ ဒါပေမဲ့လည်း မိန်းမဆိုတာ မရှိမကောင်း ရှိမကောင်းလို့ မဆိုအပ်ပါဘူး။ ရှိတော့ ရှိနေရမယ်တဲ့။ ရှိနေအပ်မယ်။ ရှိနေအပ်တယ်။ သူတို့ညာတာကို ကျွန်တော် တို့မယုံဖို့၊ သူတို့ကို ကျွန်တော် တို့က မညာဖို့၊ သူတို့မှာ လည်း ပြောစရာရှိတာပြောစရာရှိ

မှာ ပဲ။ ရင်ဖွင့်ချင်မှာ ပဲ။ အဲဒါမျိုးကို နားလည်ပေးဖို့ပါပဲ။

စကားလက်ဆုံ ဝင်ပြောရုံနဲ့ပင် အရသာထူး၊ ရူးတယ်လို့ ဆိုချင်ဆို၊ ကျိန်စေချင် ကျိန်ပါ့မယ်တဲ့။ အဲဒါ မိန်းမတွေ ရဲ့ ပျော့ပျောင်းခြင်းပါပဲ။

* * * * *




ဝန်ဇင်းချစ်သူများ ဒေါက်တာ ခင်ပန်းနှင်း ၏ “ မျက်စိမှိတ်ပြီး ပြောလိုက်မယ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဘေဘီလေးရဲ့ အဖေတွေ အမေတွေ ဖတ်ဖို့

သို့... ချစ်သောဖေဖေ

သို့ ....ချစ်သူ