Cover

အခန်း (၁)

“ပိုက်ဆံလေး ချခဲ့ပါ ၊ ပိုက်ဆံလေး ချခဲ့ပါ ”

“ပစ်ချခဲ့ပါ ၊ ပိုက်ဆံလေးပစ်ချခဲ့ပါ ”

စစ်ကိုင်းတောင် အဆင်းလမ်းမှာ ဘုရားဖူးကားတွေ နောက်က ကလေးလူကြီး အပြေးအလွှား လိုက်၍ အသံစာစာလေးတွေ ဖြင့် တောင်းရမ်းနေကြသည်။ သက်ကြီးရွယ်အိုတွေ ကတော့ ထိုသို့ ပြေးလွှား မလိုက်နိုင်၍ ခွက်ကလေးတွေ ချ ၊ သဘက်စောင်လေးတွေ အ၀တ်အပိုင်းအစလေးတွေ ရှေ့မှာ ခင်း၍ ဒီအတိုင်း ငုတ်တုတ်။ ဒီလိုအခြေအနေမျိုးက တောင်ပြုန်းပွဲတော် သွားရာ လမ်းတစ်လျှောက်မှာ လည်း မြင်တွေ့ နိုင်သည်။

လူကြီးတွေ က ဒီအတိုင်းငြိမ်နေသေးပေမယ့် ကလေးတွေ နှင့် လူလတ်ပိုင်း မိန်းကလေး ယောက်ျား လေးတွေ ကတော့ ဘုရားဖူးကားတွေ ဆီမှ ပစ်ချခဲ့သော ပိုက်ဆံတွေ ကို အလုအယက် တိုးကြိတ်၍ ကောက်ကြ၏ ။

အရက်မူးနေသော ကားသမား၊စိတ်မရှည် ကြမ်းတမ်းသော ကားသမားတွေ နှင့် ဆိုလျှင် ကလေး တွေ တိုက်မိခိုက်မိ အက်ဆီးဒင့် ဖြစ်မှာ မိဘတွေ မစိုးရိမ်ကြဘူးလား မသိ။

အခုလည်း ထိုအုပ်စုတွေ ထဲမှာ အသက်ကိုးနှစ် ဆယ်နှစ် အရွယ်ခန့်ရှိမည့်  ဖိုးထောင်လည်း အပါအ၀င်ပင်။ ဖိုးထောင်ခမြာ စာသင်ရတာ ကျောင်းတက်ရတာ ပျော်သော်လည်း အဖေ ဖြစ်သူ ဦးတင်ထွေး က အရက်ဖိုးရရန် တောင်ပေါ်ကို လွှတ်လိုက်ခြင်း ဖြစ်၏ ။

တောင်ပေါ်ကို ဘုရားဖူးကားတွေ ဆီက ပိုက်ဆံတောင်းဖို့ ရောက်လာရပြီဆိုတော့လည်း ကလေး ပီပီသူများ ထက် ပိုရဖို့စိတ်အား ထက်သန်ရေ၏ ။ပြီးတော့ ပိုက်ဆံအရနည်းလျှင် အဖေရဲ့ အရိုက်လည်းခံရမှာ ကြောက်လို့ပင် ။

“ပိုက်ဆံလေးတွေ ပစ်ချခဲ့ပါ ၊ ပိုက်ဆံလေးတွေ ချခဲ့ပါ ”

အော်ဟစ်ပြီး တော် ကြောအကွေ့ထိ ဆင်းလိုက်ရတာ အမော ။ ပြီးလျှင် အကွေ့နားထိ ပြန်တက် လာရသည် ။

ကားတွေ က ဒီလိုအကွေ့အဆင်းနားရောက်မှ အရှိန်လျှော့ မောင်းတတ်ကြတာမဟုတ် ။

အဆင်းလမ်းက ဖြောင့်နေပြီးဆိုလျှင်တော့ ဖရီးရိုက်၍ အရှိန်နှင့် မောင်းတတ်ကြသည်။

“ဖိုးထောင်”

“ဟာ မနောဂုဏ် မင်း ကျောင်းမတက်ဘူးလား ”

ကျောင်းစိမ်းဝတ်စုံလေး နှင့် လွယ်အိတ်လေးလွယ်ကာ အနားရောက်လာသော မနောဂုဏ်ကို ဖိုးထောင် နှင့် မနောဂုဏ်က သက်တူရွယ်တူ ။

စစ်ကိုင်းတောင်ခြေလေးက ရွာလေးမှာ အိမ်နားနီချင်း သူငယ်ချင်းဟု ပြောရမည် ။ ဒါပေမဲ့ ဘ၀ အခြေအနေချင်းကတော့ မတူပါ ။ဖိုးထောင်တို့ သားအဖက ဘ၀ပေး အခြေအနေအရ ဒီလိုမျိုးကျင်လည် နေရပြီး မနောဂုဏ်တို့က ဒီလိုမျိုးတောင်းစားသည့်မျိုးရိုးမဟုတ်ပေး ။ပြောရရင် မနောဂုဏ်လည်း မိစုံဖစုံနှင့် နေရပြီး ပြည့်စုံချမ်းသာနေတာတော့မဟုတ် ။

ဖအေ ဖြစ်သူက တရုတ်ပြည်ဘက်မှာ ကျောက်သွားလုပ်သလိုလို နှင့် ထောင်ကျနေတာ မနောဂုဏ် ကိုယ်ဝန်ရှိကတည်းက အလုပ်လုပ်ဖို့ ထွက်သွားခဲ့တာမို့ မနောဂုဏ် ဘယ်လိုပုံစံ ဘယ်လို အရွယ်ရောက် နေမည် ဆိုတာတောင် သိမှာ မဟုတ်ပေ။

အခုတော့ မိုးကုတ်က ပြောင်းလာတာလား ၊ မန္တလေးက ပြောင်းလာတာလားမသိဘဲ ဖိုးထောင် တို့ ရပ်ကွက်မှာ အိမ်ငှားနှင့် နေနေသည်။ မနောဂုဏ်အမေက ကောင်းမှု တော် ဘုရားက ကျောက်ပျဉ်တို့ သနပ်ခါးတုံးတို့ ၊ နှီးဖိနပ်တို့ရောင်းသော ဆိုင်မှာ နေ့စားဖြင့် အငှားလုပ်နေခြင်း ဖြစ်သည်။

“ဟာ ကားတွေ အများ ကြီး ဆင်းလာပြီကွ ၊ ဖိုးထောင် လာတောင်းရအောင် ”

မနောဂုဏ်က ဖိုးထောင်လက်ကိုဆွဲပြီး ကားတွေ နောက်က ပြေးလိုက်၏ ။ လွယ်အိတ်က စလွယ် သိုင်းလွယ်ထားသလို ကျောင်းစိမ်းပုဆိုးလေး နှင့် မနောဂုဏ်ကို ဘုရာဖူးဧည့်သည်တွေ က သနားကရုဏာ ဖြစ်ကြပြီး ငွေတွေ တော် တော် များများ ပစ်ချသွားကြ၏ ။

“ဟား ပိုက်ဆံတွေ အများ ကြီးကွ ၊ လာ ရေကြည့်ရအောင် ”

ဘုရားဖူးကားတွေ ရှင်းသွားတော့ သစ်ပင်ရိပ်မှာ ထိုင်ပြီး ပိုက်ဆံတွေ ရေတွက်ကြသည်။ ငါးဆယ်တန် တစ်ရာတန်တွေ ငါးရာစီမျှ ရလိုက်ကြ၏ ။

“ဟိတ်ကောင် ကျောင်းမတက်တော့ဘူးလားလို့ ၊ ငါမေးတာလည်း မဖြေဘူး ”

“မင်းမှမတက်တာ ၊ ငါ တစ်ယောက် တည်း ပျင်းလို့ပေါ့ကွ ၊ အဲဒါကြောင့် မင်းဆီလိုက်လာတာ ”

“မင်းအမေသိရင် အရိုက်ခံနေရဦးမယ် ၊ မင်းအမေက ငါနဲ့ အပေါင်းအသင်းလုပ်တာ မကြိုက်ဘူး မဟုတ်လား ”

“ငါ့မှာ မင်းပဲအဖော်ရှိတယ်လေ ၊ ဘယ်သူ့ကို အပေါင်းအသင်းလုပ်ရမှာ လဲ ”

“အဲဒါတော့ အဲဒါပေါ့ကွာ ၊ ငါလည်း မင်းလာတာ ပျော်ပါတယ် ၊ ငါ ကျောင်းမတက်ဘဲ ဒီရောက် နေရင် မင်းလိုက်လာမယ်ဆိုတာလည်း သိတယ်”

“မင်းအဖေက အရက်ဖိုးရှာခိုင်းလိုက်တာ မဟုတ်လား ၊ ကျောင်းဖွင့်တဲ့ရက်တော့ သူ့ဘာသာရှာ သောက်သင့်တယ် ”

“အရက်သောက်တော့ အသည်းတွေ အဆုတ်တွေ မှ သိပ်မကောင်းတာ ၊ အမောမခံနိုင်တော့ ဘယ်လိုလုပ် ပိုက်ဆံရမှာ လဲ ၊ အဲဒါကြောင့် ငါ့ကိုခိုင်းတာ ၊ ဒါနဲ့ မင်း ထမင်းစားပြီးပြီလား ”

“ဘယ်ပြီးဦးမှာ လဲ ၊ ကျောင်းမှာ မင်းကိုမတွေ့ တာနဲ့ အိမ်ကို မပြန်တော့ဘဲ ဒီကိုတန်းလာတာ ”

“ဒါဆို ဘုရားပေါ်တက်ပြီး ဆွမ်းတော် စွန့်ကျွေးမယ် ၊ ခဏစောင့် ”

“ဘုရားပေါ်က အဝေးကြီးပဲ ၊ မင်း မောနေမှာ ပေါ့ ”

“အေး ဟုတ်တယ် နီးနီးနားနား ဘုန်းကြီးကျောင်းတို့ မယ်သီလရှင်ကျောင်းတို့ကပဲ တောင်း ကျွေးမယ်”

“အေး ငါဒီမှာ ဆက်တောင်းထားလိုက်မယ် ၊ ဒီပိုက်ဆံတွေ လည်း မင်းယူသွား ”

မနောဂုဏ်က သူကောက်ရသမျှ ပိုက်ဆံတွေ ကိုယ့်အိတ်ကပ်ထဲ ထိုးထည့်ပေး၏ ။ မယူဘူးလို့ ပြောလည်း ဇွတ်ပေးမှာ ပင်။ ဒီငွေတွေ အိမ်ပါသွားလျှင် မနောဂုဏ်ကို ရိုက်သံဆူသံကြားရပြီဆိုလျှင် ဖိုးထောင်ဘယ်လိုမှ စိတ်မကောင်းနိုင် ။

ဒါပေမဲ့လည်း မနောဂုဏ်က လစ်ရင်လစ်သလို ဖိုးထောင်ဆီ ရောက်လာစမြဲပင် ။

“ မနောဂုဏ် ထမင်းရလာပြီကွ ၊ လာစားရအောင် ”

ဘုန်းကြီးကျောင်းက ရလာသော ထမင်းထုပ်ကို သစ်ပင်ရိပ်မှာ ပင် ချစားလိုက်ကြသည်။ ထမင်း နှင့် ဟင်းက အကြွင်းအကျန် ရောသမမွှေပြီးသားမို့ အရသာစုံကာ မြိန်ရေယှက်ရေ ပယ်ပယ်နယ်နယ် စား လို့ ကောင်းလှ၏ ။

“ဟာ အသားဖတ်တွေ ပါတယ်ကွ ၊ ဖိုးထောင် မင်း စားလိုက်”

“အာ မင်းစားပါ ”

“ ငါက အိမ်မှာ ဆို စားရတယ်ကွ ၊ ဆိုင်ရှင်က ဟင်းကျန်တွေ ပေးလိုက် ရင် အမေက အိမ်ကို ယူလာတယ် ၊ မင်းက တစ်ခါတလေ ညစာတောင် မစားရဘူးဆို”

“ အဖေက အမူးလွန်သွားရင် ထမင်းမှ မချက်နိုင်တာ မမူးလည်း ချက်တဲ့အချိန်တော့ သိပ်မရှိ ပါဘူး ၊ ထမင်းဟင်းရောင်းတဲ့ ဦးကြွက်နီဆိုင်မှာ ပန်းကန်တွေ သွားဆေးပေးပြီး ကိုယ့်ဝမ်းစာကိုယ့် ဘာသာ ဖြေရှင်းလိုက်ရတာ ပဲ ”

“မင်းက အဖေရှိပြီး အဲလို ဖြစ်တယ်နော် ၊ ငါကတော့ ငါ့အဖေပြန်လာရင် အဲလိုတွေ ဖြစ်မှာ မဟုတ်ဘူး”

“ မင်းအမေလည်း တော် ပါတယ် ၊ မင်းကို ကျောင်းလည်းထားပေးတယ် ၊ ထမင်းလည်း အောင် ရှာကျွေးတယ် ၊ မုန့်ဖိုးလည်း ပေးတယ်”

“မင်းရော အမေ မရှိချင်ဘူးလား”

“ရှိချင်တာပေါ့ကွ ၊ အမေက ငါ့ကို မွေးပြီးပြီးချင်းဆုံးလို့ အမေ့နို့လည်း မဆိုခဲ့ရဘူး ၊ အမေ့ မျက်နှာလည်း မမြင်ဖူးခဲ့ဘူး ၊ အမေသာရှိရင် မင်းအမေလိုပဲ ငါ့ကို ဒီလိုမျိုးတောင်းစားခိုင်းမှာ မဟုတ်ဘူး ထင်တယ်နော်”

“အင်း ဟုတ်မှာ ပေါ့ ၊ ဒါပေမဲ့ မင်းအဖေကလည်း မင်းကိုခိုင်းချင်လို့ ခိုင်းတာမဟုတ်လောက်ပါဘူး ။ မင်းကိုမွေးပြီးတာနဲ့ သူ့မိန်းမဆုံးသွားလို့ ဂြိုလ်ကောင်လေးဆိုပြီး အငြိုးနဲ့ ခိုင်းနေတာဆို ”

“ရွှာထဲမှာ တော့ အဲလိုပြောနေကြတာပဲ ၊ အမေသေတာလည်း ငါ့ကြောင့် ၊ အဖေ အရက်သမား ကြီး ဖြစ်တာလည်း ငါ့ကြောင့် တဲ့ ။ ငါလည်းဘာမှလုပ်ရတာ မဟုတ်ဘဲနဲ့ ဘာလို့ငါက ဂြိုလ်ကောင် ဖြစ်ရတာ လဲ မသိဘူးနော်”

ဥာဏ်မီသလောက် စဉ်းစားကြည့်ရင်း ဘာကြောင့် ဆိုတာ ဖိုးထောင်နားမလည်နိုင် ။ သူလည်း ဘ၀ရဲ့ ဒုက္ခဆိုတာ မွေးကတည်းက ခံစားလာခဲ့ရတာ ပဲ ။ သူ ဒီလို ဖြစ်တာရော ဘယ်သူ့ကို တရားခံလို့ စွပ်စွဲရမလဲ ။

“ဟာ ဘုရားဖူးကားတွေ ဆင်းလာပြန်ပြီကွ ၊ ဖိုးထောင် ထ ထ ထမင်းထုပ်တွေ ထားလိုက်တော့ ”

“ပိုက်ဆံလေးတွေ ပစ်ချခဲ့ပါ ခင်ဗျာ ၊ ပစ်ချခဲ့ပါ ”

* * * * * *


အခန်း (၂)

“ပိုက်ဆံလေးတွေ ပစ်ချခဲ့ပါခင်ဗျာ ၊ ပစ်ချခဲ့ပါ ”

“ဟင်”

အိပ်ရာထဲမှာ စူးစူးဝါးဝါး အော်လျက် ယောင်နေသော မနေဂုဏ်အသံကြောင့် ဒေါ်သူဇာနွယ် လန့်နိုးသွားရသည်။

ကြည့်စမ်း ဒီကောင်လေး ဒီနေ့ ကျောင်းမတက်ဘဲ ဖိုးထောင်နဲ့ သွားတောင်းနေပြန်ပြီပေါ့ ။

“ဖြန်း ဖြန်း ”

“အား အား သား အိပ်နေတာကို မေမေဘာလို့ ရိုက်နေတာလဲ ”

“ထစမ်း မနောဂုဏ် ထစမ်း ၊ ညနေက ငါမေးတော့ ကျောင်းတက်တယ် ၊ အဲဒီ ကို မ သွားပါဘူးဆို ၊ အခုကျတော့ စိတ်စွဲပြီးတောင် ယောင်လို့ပါလား ၊ ဟဲ့ ငါပြောနေတယ် ၊ ထစမ်းလို့ ၊ အခုမှ အိပ်ချင်ယောင် ဆောင်မနေနဲ့ ၊ ထစမ်း”

လက်မောင်းရင်းကနေ ဆွဲကိုင်ထူလိုက်တာမို့ မနောဂုဏ် မျက်လုံးဝ ပွတ်သပ်၍ အိပ်ချင်မူးတူး ထထိုင်လိုက်ရသည်။ မေမေက နောက်ကျောကို အုန်းခနဲ ထုလိုက်ကာ

“နင်တော် တော် သူတောင်းစား ဖြစ်ချင်နေတယ်ပေါ့ ဟုတ်လား မနောဂုဏ် ”

“မဟုတ်ပါဘူး”

“ဘာမဟုတ်ပါဘူးလဲ ၊ နင် ငါ့ကို မှန်မှန်ပြောစမ်း ၊ နင် ဒီနေ့ကျောင်းမတက်ဘူးမဟုတ်လား ”

“ဟုတ် ဟုတ်ကဲ့ ဖိုးထောင် ကျောင်းမတက်တာနဲ့ ”

“ဘာ နင့်ကိုငါ ဘာပြောထားလဲ ၊ သူတို့က တောင်းစားတဲ့ မျိုးရိုးမို့ ကျောင်းမတက်လည်း ဘာမှမ ဖြစ်ဘူး ၊ ပညာမတတ်လည်း ဘာမှမ ဖြစ်ဘူး ၊ အလုပ်မလုပ်လည်း တောင်စားရုံ နဲ့ ထမင်းဝတယ် နားလည်လား ”

“သူတို့က တောင်းစားတဲ့ မျိုးရိုးမဟုတ်ပါဘူး မေမေ ၊ သူ့ အဖေက ဂြိုဟ်ကောင်လို့ သတ်မှတ်ပြီး တမင်တကာ သူ့အရက်ဖိုးအတွက် ခိုင်းစားနေတာပါ ”

“ဘာ ဖြစ် ဖြစ် သူတောင်းစားက သူတောင်းစားပဲ ၊ နင့်ကိုငါ အငတ်ထားလို့လား ပြောစမ်း မနောဂုဏ် ၊ ဆိုင်ရှင်က ကလေးကိုခေါ် မလာပါနဲ့ဆိုလို့ ကျောင်းလည်းတက်လို့ရအောင်ဆိုပြီး နင့်ကိုအိမ်မှာ ထားခဲ့တာ ၊ တစ်နေ့ တစ်နေ့ နင် ကျောင်းရောတက်ပါ့မလား ၊ အဲဒီ ကလေးနဲ့ သားကိုအဆက်ဖြတ်ခိုင်း၏ ။

ဒါပေမဲ့ မိမိက မိဘတွေ အတွက် သမီးကောင်းလိမ္မာမ ဖြစ်ခဲ့ပေ။ အသက်တမျှချစ်သော ကိုအောင်မြတ်ကို မခွဲမခွာ မဖြတ်တောက်နိုင်၍ မန္တလေးက ကိုအောင်မြတ်အပေါင်းအသင်းတွေ ရှိရာ မျက်စိစုံမှိတ်၍ ခိုးရာလိုက်ခဲ့သည်။

လင်မယားနှစ် ယောက် ကြုံရာကျဘမ်း မောင်တစ်ထမ်းမယ်တစ်ရွက် မမောနိုင်မပမ်းနိုင် အလုပ် ကြိုးစားခဲ့ကြ၏ ။ ရှေ့ဘ၀ ခရီးလမ်းဖြောင့်တန်းဖို့ပါ ။

ဒါပေမဲ့ လောကဓံကို ဖြတ်သန်းဖို့ အဲလောက်မလွယ်ကူလှပေ။ ဒီလို နှင့် သား မနောဂုဏ်ကို ကိုယ်ဝန်ရှိစဉ်မှာ တော့

“ကိုယ်တို့ ဒီအတိုင်းနေလို့ မ ဖြစ်တော့ဘူး နွယ် ၊ ကိုယ်တို့နှစ် ယောက် နေဖို့စားဖို့က ဘယ်လိုနေနေ စားစား ဖြစ်ပေမယ့် ရင်သွေးလေး အတွက်တော့ ကိုယ်တို့ ရည်ရွယ်ချက်ထားမှ ဖြစ်မယ်”

“ဘယ်လိုရည်ရွယ်ချက်မျိုးလဲ ကိုအောင် ”

“ရင်သွေးလေးကို ကိုယ်တို့လို မဆင်းရဲအောင်ပေါ့ ၊ ကလေးရတဲ့အထိ ကိုယ်တို့ဘ၀ မတိုးတက်ဘူးဆိုရင်လည်း မင်းမိဘတွေ ရဲ့ အထင်သေးစရာ ဖြစ်ဦးမယ် ၊ အဲဒါကြောင့် တရုတ်ပြည်ဘက်ကို ကိုယ်အလုပ် သွားလုပ်ချင်တယ် နွယ် ”

“ဟင် တရုတ်ပြည်ကြီးတောင် ဘာသွားလုပ်မှာ လဲ ”

“ကျောက်တွင်းသားဘ၀တုန်းက မိတ်ဆွေအပေါင်းအသင်းတွေ ရှိတယ် ၊ သူတို့က နယ်စပ်က တစ်ဆင့် ကျောက်ကုန်ကူးနေကြတာ ၊ အရင်တည်းက ကိုယ့်ကိုခေါ်ပါတယ် ၊ ကိုယ်က နွယ်ကိုမခွဲနိုင်လို့ တစ်ဖက်နိုင်ငံသွားပြီး မစွန့်စားခဲ့တာ ၊ အခုတော့ မကြိုးစားလို့ မ ဖြစ်တော့ဘူး ၊ နွယ်နဲ့ ရင်သွေးလေး လူ့အောက်မကျအောင် လူတန်းစေ့နေနိုင်အောင် အမွေဖြတ်အဆက်ဖြတ်ထားတဲ့ ဆွေမျိုးသားချင်း မိသားစုတွေ အထင်ကြီးလာအောင် ကိုယ်သွားမှ ဖြစ်မယ် နွယ်”

ထိုသို့ ရည်ရွယ်ချက်ကြီင်္းမားစွာ ဖြင့် မနောဂုဏ်ကို ကိုယ်ဝန်လွယ်ပိုးထားရသည့် အချိန်မှာ စွန့်စွန့်စားစား ထွက်သွားခဲ့တာ ။ အဲဒီ အချိန်က မန္တလေးမှာ မိမိကျန်နေခဲ့ခြင်း ဖြစ်၏ ။

ဒါပေမယ့် သိပ်မကြာလိုက် သားကိုမွေးခါနီး ဖွားခါနီး အချိန်မှာ ပဲ ကိုအောင်မြတ် ကျောက်မှော င်ခို ပြဿနာ နှင့် ထောင်ကျသွားသည်ဆိုသော သတင်းဆိုးကို ကြားရသည်။ ဘယ်လိုအမှု ကြီးမို့ ဘယ်နှစ် နှစ် ထောင်ကျ မည် ဆိုတာတော့ မိမိမသိ ။

ထိုသတင်းကိုကြားတော့ မိဘတွေ က သမီး ဖြစ်သူ ဒုက္ခရောက်နေမှာ သိ၍ မိုးကုတ်ကနေ လာခေါ်ဖို့ လုပ်ကြသည်။ မိမိသတ္တိ ဘယ်လောက်ကောင်းသလဲဆိုတော့ ကိုအောင်မြတ် ပြန်လာလျှင် သဘောမတူဘဲ ပြန်ခွဲနေဦးမှာ စိုးရိမ်သဖြင့် ဆွေမျိုးသားချင်း မိဘတွေ အဆက်ပြတ်သွားအောင် ယခုနေသော စစ်ကိုင်း တောင်ခြေရွှာလေးမှာ အိမ်အငှားဖြင့် ခိုအောင်းနေခဲ့ခြင်းပင် ။

အခုဆို သားလေးတောင် အသက်ရှစ်နှစ် အရွယ် ရောက်နေပြီး ကိုအောင်မြတ်ကတော့ အခုထိ သတင်းအစအန မရသေးပေ ။ ထောင်ကလွတ်ပြီလား ၊ ထောင်ကျနေတုန်းလား ။ မြန်မာပြည် ပြန်ရောက်လို့ မိမိတို့သားအမိကိုပဲ ရှာနေသလား ။ ဟိုဘက်မှာ ပဲ အလုပ်တွေ လုပ်နေသလား ။

ဘာဆိုဘာမှန်းမသိအောင် အဆက်အသွယ်တွေ က ပြတ်တောက်နေခဲ့သည်။

ဒါပေမဲ့ တစ်နေ့နေ့တော့ ကိုအောင်မြတ် နှင့် ပြန်ဆုံမည် ဆိုသည့်အတွေးများ စိတ်ကူးယဉ်မှု များ ကြောင့် မိမိဘ၀မှာ ရှင်သန်ရာရနေသေးသည်။

ကိုအောင်မြတ်ရော မိမိတို့သားအမိ နှင့် ပြန်ဆုံရလျှင် ဘယ်လောက်များ ပျော်ရွှင်ဝမ်းသာ လိုက် မလဲ ။

“မေမေ”

“ဟင်”

သားရဲ့ ခေါ်သံကြားမှ အတွေးစတွေ ပြတ်ကာ မျက်ရည်တွေ သုတ်လိုက်ရ၏ ။ သတိရတော့ ကြိမ်လုံးလေးကို ပြန်ကောက်မိလျက်သား ဖြစ်သွားသည်။

“နင် နောက်တစ်ခေါက် အဲဒီ ကောင်လေးနဲ့ ပေါင်းပြီး အဲဒီ အလုပ်တွေ လုပ်ဦးမလား ”

မေးခွန်းကအစက ပြန်ရောက်လျက် တင်ပါးပေါ် ကြိမ်လုံးစာတစ်ချက် အကျွေးခံလိုက်ရပြန်၏ ။ မနောဂုဏ်က ခေါင်းမာစွာ ဖြင့် ထိုမေးခွန်းကို မဖြေ ။ ကစားဖော် ကစားဖက် အပေါင်းအသင်းဆိုတာ ဖိုးထောင် တစ်ယောက် တည်းရှိတာမို့ မေမေလစ်ရင်လစ်သလို ဖိုးထောင်ဆီသွား ဖြစ်နေဦးမှာ ပါပဲ ။

ဒါဟာ သူ့ရဲ့ ဘ၀ငယ်လေး ။

* * * * * *


အခန်း (၃)

“ကြားလား ဟိုဘက်အိမ်မှာ ဟိုကောင်လေးကို ရိုက်နေတဲ့ အသံ မင်းဘာလို့ အဲဒီ ကောင်လေးကို ခေါ်သွားတာလဲ”

“ကျွန်တော် မခေါ်ပါဘူး ၊ သူ့ဘာသာ ကျွန်တော် ကျောင်းမတက်လို့ တောင်ပေါ်လိုက်လာတာ”

“တောက် ဒီမိန်းမ တော် တော် ကြီးကျယ်တာပဲ၊ သူ့ဘာသာ ဘယ်နေရာက ဘယ်လို တန်ဖိုး ကြီးတဲ့ဥက ပေါက်ဖွားပေါက်ဖွား အခုဒီရွာလေးမှာ လာနေတယ်ဆိုရင် ဒီရွာကလူတွေ ကို အထင် သေးလို့ ဘယ်ရမလဲ၊အခုသူကရော ဘယ်လောက်ချမ်းသာနေလို့လဲ၊ သူများ ဆီမှာ နေ့စားအလုပ်သမား လုပ်နေတာပဲ ”

“ဒါပေမဲ့ သူတို့မှာ စုမိဆောင်းမိ ငွေတော် တော် များများ ရှိနေပြီလို့ပြောတယ် အဖေ ၊ ဒီရွာလေး ကနေ တခြားနေရာကို ပြောင်းနေဖို့ ငွေစုနေတာတဲ့ ”

“အဲဒါ ကောင်းတယ် ၊ သူတို့သားအမိ ဒီမှာ မရှိတော့ဘူးဆိုရင် အကုသိုလ် ကင်းတာပေါ့ကွ ၊ မဟုတ်ရင် မင်းနဲ့ပေါင်းလို့ ဟိုကလေးကိုပြောဆိုရိုက်နေတာ နားငြီးတယ် ”

အဖေလည်း တစ်ခါတလေ အရက်မူးပြီး အော်ချင်အော် ၊ ဆဲချင်ဆဲနေတာ သူများ တွေ အတွက် အကုသိုလ်များ နေတာပါပဲဟု ပြောလိုက်ချင်သော စကားကို ပါးစပ်ဖျားရောက်မှ ဖိုးထောင်ပြန်မျိုချ လိုက် သည်။ အရက်သမားဆိုတာ ကိုယ့်ကိုယ်ကိုသာ အကောင်းမြင်တတ်ကြသူတွေ မဟုတ်လား ။

“ကျွန်တော် ဦးကြွက်နီ ထမင်းဆိုင်သွားတော့မယ် အဖေ ၊ ဗိုက်ဆာလာလို့ ပန်းကန်တွေ ကူဆေးပေးချည်ဦးမယ် ”

“နေဦး ငါ့ကို အရက်တစ်ပုလင်းလောက် ၀ယ်ပေးခဲ့ဦး ”

“ကျွန်တော် ပြန်လာတုန်းက တစ်ပုလင်း ၀ယ်လာခဲ့သေးတယ် ၊ ကုန်ပြီလား အဖေ ”

“ကုန်တော့မယ် အလျင်မမီမှာ စိုးလို့ ၀ယ်ခိုင်းတာ ၊ မင်းကလျှာကိုရှည်တယ် ”

“အဖေက ရေဆာလည်းအရက် ၊ အရက်ဆာလည်းအရက်ပဲ သောက်နေတော့ ကျန်းမာရေး ထိခိုက်တာပေါ့ ။ နည်းနည်း လောက် လျှော့ပါလား အဖေ”

“မင်းက ငါ့သား ၊ ငါက မင်းအဖေ ၊ ငါ့ကိုဆရာမ လုပ်နဲ့ ”

“မဟုတ်ပါဘူး ကျွန်တော် က အဖေ ကျန်းမာရေး ထိခိုက်လို့ စေတနာနဲ့ပြောတာပါ ”

“အပိုတွေ မပြောစမ်းပါနဲ့ကွာ ၊ ကျောင်းတက်ရက်ပျက်ပြီး တောင်ပေါ်သွားရလို့ မင်းဒီစကားပြော တာ မဟုတ်လား ၊ မင်းကို ဒီအရွယ်ရောက်အောင် ငါရှာကျွေးလာတာပါကွ ”

“ကျောင်းမနေခင် စကားမပီကလာ ပီကလာအရွယ်လေးတည်းက မအေမရှိလို့ ဒုက္ခရောက် နေရတယ်၊ နို့ဖိုးလေး သနားပါဆိုပြီး ကျွန်တော့် ကို ရုပ်ပြတောင်းစားလာခဲ့တာမဟုတ်လား”

“အဲလိုပဲ လုပ်ရမှာ ပေါ့ကွ ၊ မင်းက ဂြိုလ်ကောင်လေ ၊ ငါ့မိန်းမသေရတာ မင်းကြောင့် ၊ မင်းကို မွေးခဲ့လို့ သေရတာ ”

“ကျွန်တော် က လူ့ဘ၀ကို လာချင်လှပါပြီဆိုပြီး ဇွတ်အတင်းမွေးခိုင်းခဲ့လို့လား အဖေရယ် ၊ အဖေတို့မှာ မွေးဖို့ဖွားဖို့ ပိုက်ဆံမရှိလို့အရပ်လက်သည်နဲ့ မွေးပြီး သွေးလွန်သေဆုံးခဲ့တာဆို ကျွန်တော့် မှာ ဘာအပြစ်ရှိလို့ ဂြိုဟ်ကောင် ဖြစ်ရမှာ လဲ ၊ တကယ်ဆို အိမ်ထောင်ပြုတော့မယ် ဆိုကတည်းက ငွေကြေး စုဆောင်းခဲ့ရမှာ ”

“ဟား မင်း တော် တော် စကားတတ်နေပါလား ဖိုးထောင်၊ဟိတ်ကောင် ဘာပဲ ဖြစ် ဖြစ် မင်းက ဂြိုဟ်ကောင်ပဲ ၊ ငါခိုင်းတာလုပ် ၊ ငါ့စကားနားထောင် ၊ ဒါပဲ အရက်သွားဝယ်ချည်သွား ”

“ဟုတ်ကဲ့ အဖေ ”

ဒီလိုနာခံမှု မရှိလျှင် အဖေပိုပြီးပွဲကြမ်းလာနိုင်တာမို့ အရက်ဝယ်ပေးဖို့ဖိုးထောင် ခေါင်းငိုက်စိုက် နှင့် ထွက်လာခဲ့ရသည်။ တစ်နေ့တာတောင်းရမ်းလို့ ရလာသော ပိုက်ဆံများ က အဖေအရက်ဖိုးအတွက်ချည်း ကုန်ရတာ များ ၏ ။ ကျောင်းစရိတ်လိုလျှင် ဒီထက်အပင်ပန်းခံ တောင်းပါမှ အဆင်ပြေနိုင်သည်။ တကယ်ဆို ဒီအလုပ်ကို ဖိုးထောင် မလုပ်ချင်ပါ ။

သူများ တွေ လို ကျောင်းကောင်းကောင်းတက် ၊ အစားကောင်းကောင်းစားပြီး အဆင့်အတန်း မြင့်မြင့် နေချင်သည်။

အခုတော့ ဒီမိဘတွေ က ပေါက်ဖွားပြီး ဒီအလုပ်ကို မလုပ်ချင်ဘဲ လုပ်နေရ၏ ။ အလေးအပင် ထမ်းပိုးရတာ မျိုးမဟုတ်ဘဲ ငွေရလွယ်နေသည် မဟုတ်လား ။

ဘုရားဖူးကားတွေ ပေါ်ပါလာသော လူတွေ က သနားကရုဏာသက်ပြီး သဒ္ဓါတရားထက်သန်စွာ ပစ်လှူခဲ့သမျှ အလုအယက်ပြေးကောက်ကြရင်း ငွေတွေ ကို ရေတွက်ကာ ပျော်ရွှင်ရတာ ဘ၀တစ်ခုပင်။

မကျေနပ်သော်လည်း ဒီဘ၀မှာ ရောင့် ရဲနေရရင်းဖြင့် … ။

* * * * * *


အခန်း (၄)

“ရွှတ် ရွှတ် မနောဂုဏ် ”

“ဟင်”

အသံခပ်အုပ်အုပ်ဖြင့် အိမ်အတွင်း ချောင်းမြောင်းကြည့်ကာ ခေါ်လိုက်တော့ စာကျက်နေရာမှ ဟင်ခနဲ ခေါင်းလေးလည်သွားပြီး အိပ်နေသော မအေကို တစ်ချက်ကြည့်လိုက်၏ ။ ပြီးမှ ခြေသံဖွဖွလေးဖြင့် အိမ်အောက်ဆင်းလာသည်။

“မင်းအမေ အိပ်သွားပြီးလား ”

“အင်း ဈေးရောင်းရတာ ပင်ပန်းလို့ထင်တယ် ၊ ငါ့ကို စာကျက်ရမယ်လို့ ဒဏ်ပေးပြီး အိပ်ပျော် သွားတယ် ”

“မင်း အရိုက်ခံရသေးတယ် မဟုတ်လား ”

“ထုံးစံအတိုင်းပေါ့ ငါက နေ့လယ်က မင်းအတွက်တောင်းပေးရင်း ပြေးလွှားနေတော့ ပင်ပန်းပြီး စောစောအိပ်ရာဝင်တယ် ၊ အဲဒါအမေ ကြားသွားအောင် ယောင်မိတယ် ထင်ပါတယ် ၊ နှိုးပြီးတော့ကို ရိုက်တော့တာပဲ ၊ ပြီးတော့ မအိပ်ရတော့ဘူးဆိုပြီး စာကျက်ခိုင်းနေတာ ၊ မင်းကရော ဘယ်ကပြန်လာတာလဲ”

“ထုံးစံအတိုင်းပေါ့ ဦးကြွက်နီ ထမင်းဆိုင်မှာ ပန်းကန်ဆေးပေးပြီး ထမင်းစားလာတာ ၊ ဟော မင်းအမေ ချောင်းဟန့်သံကြားတယ် ၊ နိုးလာရင် ဒုက္ခပဲ ၊ ငါသွားတော့မယ် ”

“အဲလို ချောင်းဟန့်ပေမယ့် မနိုးပါဘူး ၊ ငါ လိုက်ခဲ့မယ် ၊ မင်း ဘယ်သွားမလို့လဲ ”

“ဟိုဘက်ရပ်ကွက်မှာ ဘုရားဈေးရှိတယ် ၊ လျှောက်ပတ်မလို့ ”

“ငါလည်း လိုက်မယ်”

“အေး ခဏပေါ့ ”

မနောဂုဏ်က ဖိုးထောင်ရှေ့က အရင်ထွက်သည် ။ ထိုအချိန်မှာ မနောဂုဏ် ခြေထောက်လေးက ထော့ကျိုးလေး ဖြစ်နေတာကို ဖိုးထောင်သတိထားမိသွား၏ ။

ဒါကြောင့် မို့ မနောဂုဏ် လက်ကို လှမ်းဆွဲထားလိုက်ကာ

“မနောဂုဏ် မင်းခြေထောက်က ဘာ ဖြစ်တာလဲ ”

“အမေ ကြိမ်လုံးနဲ့ ရိုက်တာ ၊ အကြောပေါ်ကျသွားလို့ကွ ၊ နာလည်းနာတယ် ၊ စပ်လည်းစပ်တယ်”

“မှန်းစမ်း ငါကြည့်ရအောင် ”

မနောဂုဏ် ရှေ့မှာ ဒူးလေးထောက်ကာ ဖိုးထောင်စိတ်ထဲမကောင်း ဖြစ်သွား၏ ။

“အရှိုးရာတောင် ထင်လို့ကွာ ၊ မင်းအမေက သွေးစို့အောင်တောင် ရိုက်ရသလား ၊ နေဦး ငါ ဆနွင်းယူပြီး သိပ်ပေးမယ်”

ဖျတ်ခနဲဆို အိမ်ဘက်ပြန်ပြေးပြီး ဖိုးထောင် ဆနွင်းသွားယူ၏ ဒါပေမဲ့ ထမင်းချက်မစားသော အိမ်မှာ ဘယ်လိုလုပ် ဆနွင်းရှိမှာ လဲ ။

“အိမ်မှာ ဆနွင်းအကပ်အသတ်ရှိမလားလို့ သွားကြည့်တာ မရှိဘူးကွ ၊ မင်းအိမ်မှာ တော့ ရှိမှာ ပေါ့ ၊ သွားယူလိုက်ပါလား ”

“မလိမ်းတော့ပါဘူးကွာ ၊ ထားလိုက်ပါ ”

“အာ ထားလို့ဘယ် ဖြစ်မလဲ ၊ အနာရင်းလိမ့်မယ် ၊ မင်း မယူရင် ငါသွားယူလိုက်မယ် ”

“မေမေ နိုးသွားလိမ့်မယ် ”

“မနိုးအောင် သွားမှာ ပေါ့ကွာ ၊ ဒီနားမှာ ခဏလေးစောင့်နေနော်”

မနောဂုဏ်အတွက် စိုးရိမ်၍ ဖိုးထောင် ဇွတ်ထွက်လာခဲ့သည်။ မနောဂုဏ်အမေ မနိုးအောင် မီးဖိုခန်းဘက် ခြေသံဖွဖွဖြင့် ၀င်လာခဲ့ ချိန်မှာ ပဲ

“ဟင် သူခိုး သူခိုး ”

မနောဂုဏ် အမေရဲ့ အသံကြောင့် ဖိုးထောင်တစ်ကိုယ်လုံး ဆတ်ဆတ်တုန်သွားသည်။ ကြောက်အားလန့်အားဖြင့် လက်အုပ်လေးချီမိကာ

“မဟုတ်ပါဘူး ၊ ကျွန်တော် သူခိုးမဟုတ်ပါဘူး အဒေါ်”

“ဘာမဟုတ်တာလဲ ၊ နင့် ငါ့အိမ်ပေါ်တက်လာပြီး ဘာခိုးမလို့လဲ ပြောစမ်း သူခိုးလေး ”

ပေစုတ်စုတ် ဖိုးထောင်ပုံစံကို ကြည့်ပြီး ဒေါ်သူဇာနွယ် ရွံ့ရှာစွာ အော်မေးလိုက်သည် ။ ဖိုးထောင်က ကတုန်ကယင် ပုံစံလေးဖြင့် ဆနွင်းမှု န့်အိုးကို လက်ညှိးထိုးပြပြီး

“မနောဂုဏ် ဒဏ်ရာကို ဆနွင်းမှု န့်သိပ်ဖို့လာယူတာပါ ”

“ဘာ”

“အဒေါ်ရိုက်လိုက်တာ သူ့ခြေထောက်မှာ အရှိုးရာနဲ့ သွေးစို့သွားတယ် အဲဒါ”

“ဘယ်မှာ လဲ မနောဂုဏ် ၊ သူ့ကိုငါ စာကျက်ခိုင်းထားတာ ၊ မင်းကဘယ်လိုတွေ့  ”

“သူ့ကို ရိုက်သံကြားလို့ လာကြည့်တာပါ ၊ စိတ်မကောင်းလို့ ”

“မလိုပါဘူး ၊ ငါ့သားကို မင်းနဲ့မပေါင်းသင်းစေချင်လို့ ငါရိုက်တာ ၊ မင်းသာ မပတ်သက်ရင် ငါ့သားကို ငါရိုက်စရာ ဘာအကြောင်းမှမရှိဘူး ၊ မင်းလို သူတောင်းစား နဲ့ ပေါင်းရင် ငါ့သား သူတောင်းစား ဖြစ် သွားမှာ စိုးလို့ သိရဲ့ လား ”

“အဲလိုကြီးတော့ မပြောပါနဲ့ အဒေါ်ရယ် ၊ ကျွန်တော် တို့က သူတောင်းစားမျိုးရိုးမို့ တောင်းစား နေကြတာ မဟုတ်ပါဘူး ၊ အမေလည်းမရှိ အဖေကလည်း ကျန်းမာရေး မကောင်းလို့ ”

“တောင်းစားတာ သူတောင်းစားပေါ့ ၊ ဘာဆင်ခြေတွေ ပေးနေတာလဲ သူတောင်းစား အစုတ် ပလုတ်ရဲ့ ၊ အခု သူခိုးကျင့်သူခိုးကြံတောင် ကြံတတ်နေပြီ ”

“ကျွန်တော့် ကို ပြောချင်သလိုပြောပါ အဒေါ်ရယ် ၊ မနောဂုဏ်ကိုတော့ မရိုက်ပါနဲ့နော် ”

“နင်နဲ့အပေါင်းအသင်းလုပ်နေရင် ငါ့သားကို ရိုက်ဆုံးမရမှာ ပဲ ”

“မနောဂုဏ်မှာ တခြားအဖော်မရှိလို့ပါ ၊ ကျောင်းမှာ ဆိုလည်း ”

“အဲဒါ နင်နဲ့ပေါင်းနေလို့ အခေါ်အပြော မလုပ်ကြတာလေ ၊

နင်က တကယ့်ကို ဂြိုဟ်ကောင်ပဲ ၊ ငါကလေ ငါ့သားလေးကို အဆင့်အတန်းမြင့်မြင့်ထားမှာ ၊ ပညာတတ်ကြီး လူချမ်းသာကြီး ဖြစ်အောင် ကြိုးစားမှာ ၊ တကယ်လို့ သူ့အဖေပြန်လာခဲ့ရင် ဒီလိုနေရာမျိုးမှာ နေမယ်များ ထင်နေလား ”

“ဗျာ”

မနောဂုဏ်နှင့် တစ်နေ့နေ့မှာ ဝေးရမည် ဆိုသော အတွေးကြောင့် ရင်မှာ တလှိုက်လှိုက် နင့်သီးသွား သည် ။ သူ့ဘ၀မှာ အဖော်ဆိုလို့ မနောဂုဏ် တစ်ယောက် တည်း ရှိတာပါ။သူ့ဘ၀ကို နားလည်ပေးပြီး အပေါင်းအသင်းလုပ်တာဆို့လည်း မနောဂုဏ် တစ်ယောက် သာ ရှိသည်။

“ဟဲ့ ကောင်လေး ဘာ ဖြစ်တာလဲ ၊ သွားတော့ နောက်တစ်ခါ ငါ့အိမ်ပေါ် ဘာအကြောင်းရှိရှိ မတက်ခဲ့နဲ့ ၊ ရွံလွန်းလို့ သွား သွား ”

“ဟုတ်ကဲ့ သွားပါမယ် ၊ မနောဂုဏ်ကိုတော့ မရိုက်ပါနဲ့နော် ”

“ငါ့သားကို ငါ ငုံထားမတတ် ချစ်ပေမယ့် နင် နဲ့ ပတ်သက်ရင်တော့ ရိုက်ဆုံးမရမှာ ပဲ ၊ အဲလိုမျိုး ငါ့သားကို ရိုက်ရလေ နင့်ကိုပိုမုန်းလေပဲ သိလား ”

ကျိန်စာတိုက်သလို ပြောလိုက်တာ တကယ်ကို ရင်ထဲက အမုန်းတရားတွေ နှင့် ပါ ။ ဒီကောင်လေး ကို ဘယ်ဘ၀က ရေစက်ကြောင့် မှန်းမသိ ဘဲ သူတောင်းစားဆိုတာ နှင့် အမုန်းကြီး မုန်းနေမိသည်။

ဒါကလည်း သားကိုချစ်သော စိတ်ကြောင့် ဖြစ်မှာ ပါ ။ ဒီလိုကလေးမျိုးနှင့် သားကို အပေါင်းအသင်း မ ဖြစ်စေချင် ။ တကယ်ဆိုဒီလို နေရာမျိုးမှာ ကို မနေသင့်။

ကိုအောင်မြတ် ဘယ်ရောက်နေလဲ ၊ ဘာတွေ ဖြစ်နေလဲ ၊ ကျွန်မတို့သားအမိ ဒီနေရာမှာ ပုန်းအောင်းနေတာ ရှင့်ကြောင့် ပါ ။ ရှင်ပြန်လာရင် ရှင်နဲ့ အတူတူ မနေရမှာ စိုးလို့လေ ။

ကျွန်မတို့ သားအမိ ဘယ်အချိန်ထိ စောင့်ရမှာ လဲ ကိုအောင်မြတ်ရယ် ။

* * * * * *


အခန်း (၅)

“စောင့်နေရတာ ကြာပြီလား မနော ”

“မကြာသေးပါဘူး ၊ မင်းက ဘာလို့ဒီနေ့မှ ငါ့ကိုလာခဲ့ပါလို့မှာ ရတာ လဲ ၊ အရင်နေ့တွေ ကတော့ ကျောင်းပျက်ပြီး ဒီကိုလိုက်လာမှာ အရမ်းစိုးရိမ်ပြီးတော့ ”

မနောဂုဏ် စကားကြောင့် လက်ကို နောက်ပစ်၍ ဆုပ်ကိုင်လာသော မင်းသားကြိုးဆွဲရုပ်လေးကို ရှေ့ကိုထုတ်ကာ မနောဂုဏ်လက်ထဲ ထည့်ပေးလိုက် သည်။

“ဒါလေးကို မင်းကိုပေးချင်လို့ တစ်ညလုံး အရုပ်ချိုးနေတာကွ”

“ငါ့ကိုပေးဖို့ ဘာလုပ်ဖို့လဲ”

“အမှတ်တရပေါ့ကွာ”

“မင်းကလည်း ဘာအမှတ်တရလဲ ၊အဝေးကြီးခွဲရမယ့်သူတွေ ကျနေတာပဲ၊အမြဲတွေ့ နေရတာ ပဲကို ”

ဖိုးထောင် ခဏငြိမ်သွားပြီး မနောဂုဏ် လက်ကိုဆွဲ၍ အရိပ်ကောင်းသော သစ်ပင်ကြီးအောက် သွားထိုင်လိုက်သည်။

“အတူရှိနေတဲ့အချိန်တွေ ရှိရင် ဝေးကွာရတဲ့အချိန်တွေ လည်း ရှိမှာ ပဲ ၊ ငါပေးတာက တန်ဖိုးမရှိလို့ မယူချင်တာလား”

“မဟုတ်ပါဘူး ဖိုးထောင်ရ ၊ မင်းပေးတဲ့အမှတ်တရကို တန်ဖိုးမရှိလည်း ငါကမယူချင်ဘဲ နေပါ့မလား၊ ဒါပေမဲ့ ဒီလိုတစ်ခါမှမပေးဘူးတော့ တစ်မျိုးကြီးပဲ ၊ ဒါမင်းကိုယ်တိုင်တကယ်ထိုးတာလား ”

“အဖေက လက်မှု ပညာတတ်တယ်လေ ၊ ငါမမွေးခင်က ဒီလိုအရုပ်မျိုးတွေ ချိုးပြီးအမေကို ရောင်းကျွေးခဲ့တာတဲ့ ၊ သူတောင်းစားမျိုးရိုးမဟုတ်တာကို ပြောချင်တာပါ။ ဒါပေမဲ့ ငါ့ကိုမွေးပြီးအမေ ဆုံးသွားတဲ့အချိန်မှာ အဖေက အရက်သမားကြီး ဖြစ်သွားပြီး ဒီအရုပ်ချိုးတဲ့ အလုပ်ကိုမလုပ်တော့ဘဲ လွယ်လွယ်ငွေရမယ့် ဒီလိုတောင်းစားတဲ့ဘ၀မှာ နစ်မျောပစ်တယ်”

“ဒါဆို ဒီပညာကို မင်းတတ်တာက ”

“တစ်ခါတစ်ရံ အမေ့ကို သတိရတဲ့အခါ အဖေက အရက်မှုးရင်းနဲ့ အရုပ်ချိုးတယ်လေ ၊ ငါကအဖေ့ပညာကို ခိုးသင်ထားတာ ၊ အဲဒါကြောင့် မင်းအတွက် ထိုးပေးနိုင်တာပေါ့”

“ကျေးဇူးတင်ပါတယ်ကွာ ၊ ငါအမှတ်တရ သိမ်းထားမှာ ပါ၊ နောက်တော့ ငါလည်း မင်းကိုပြန်ပေးမယ်”

“တခြားတန်ဖိုးရှိတာ မပေးပါနဲ့ကွာ ၊ မင်းဆီက ငါ့ဘ၀ကို နားလည်ပေးတတ်တဲ့ ခင်မင်မှု ရရင်ပဲ ကျေနပ် နေပါပြီ”

“ငါ မင်းကို အရမ်းခင်ပါတယ်ကွာ ”

ဖိုးထောင် ပခုံးကို မနောဂုဏ် ဖက်တွယ်ထားလိုက်သည်။ ထိုအချိန်မှာ လူကောင်ထွားထွား နှင့် သူတို့ နှစ် ယောက် ကို အမြဲလိုအနိုင်ကျင့်တတ်သေည ကိုပေစိက အနားရောက်လာပြီး

“ဟိတ်ကောင် မင်းလက်ထဲက ဘာလဲ”

“ရုပ်သေးရုပ်လေးပါ ၊ ကျွန်တော့်ကို ဖိုးထောင် လက်ဆောင်ပေးတာ”

“ဟုတ်လား ဖိုးထောင် ၊ င့ါကိုလည်း တစ်ရုပ်ပေးစမ်း”

“အာ ဘာလို့ပေးရမှာ လဲ ၊ ကျွန်တော် က မနောဂုဏ်ကို ခင်လို့ပေးတာဗျ”

“အောင်မာ မင်းက ငါ့ကိုမပေးတာ မခင်လို့ပေါ့လေ”

“အဲလိုတော့လည်း မဟုတ်ပါဘူး ၊ ကိုပေစိက ကျွန်တော် တို့ကို အနိုင်ကျင့်ချင်တာကိုးဗျ၊ ပိုက်ဆံ တွေ ရရင်လည်း လုတယ်”

“အေး အခုလည်း မင်းမပေးရင် လုရမှာ ပဲ”

“ဟာ ကိုပေစိ မလုနဲ့နော် ၊ မယူရဘူး ”

မနောဂုဏ် လက်ထဲက အရုပ်ကို လှမ်းဆွဲယူနေသော ကိုပေစိရှေ့က ဖိုးထောင်ပိတ်ကာ ရပ်လိုက် သည်။အသက်သိပ်မကွာပေမယ့် လူကောင်ထွားသော ကိုပေစိက ဖိုးထောင်ကိုယ်ကို ဆွဲဖယ်၍ မနော ဂုဏ်လက်ထဲက အရုပ်ကိုလု၏ ။

“ကိုပေစိ ခင်ဗျားနော် ၊ မယူရဘူး ၊ ဖိုးထောင် လုပ်ပါဦး”

“ဟိတ်လူကြီး လွှတ် ဖယ်”

“အာ ခွေးကောင်လေး ”

ဖိုးထောင် ကိုက်ဆွဲတာကို နာကျင်သွားသော ကိုပေစိက နှစ် ယောက် လုံးကို အားနှင့် ဆောင့်တွန်း လိုက်ချိန်မှာ

“အား”

“ဟာ မနောဂုဏ် ”

ပက်လက်လန်ကျသွားသော မနောဂုဏ်ခေါင်းက အောက်ကကျောက်အစွန်းနှင့် ထိသွားတာမို့ ဖိုးထောင် လူးလဲထကာ ဆွဲထူလိုက်ရသည်။ မြေကြီးပေါ်လက်ထောက်မိလို့ နာကျင်သွားတာပင် ဖိုးထောင် ဂရုမစိုက်နိုင် ။

“ဟာ ခင်ဗျားကြောင့် မနောဂုဏ် နောက်စေ့က သွေးတွေ ထွက်လာပြီ ၊ ခင်ဗျားကို လူကြီးနဲ့ တိုင်မယ်”

“တိုင်ရဲတိုင်ကြည့် ၊ မင်းတို့ နှစ် ယောက် လုံးကို အသေသတ်ပစ်မယ် ခွေးကောင်လေးတွေ ”

ကိုပေစိ စိတ်ဆိုးဆိုးနှင့် သူတို့ကို မျက်စောင်းထိုးကာ ထွက်သွား၏ ။ဖိုးထောင်ခမြာ မနောဂုဏ်အတွက် စိုးရိမ်ကာ ပြူးပြူးပျာပျာ

“မင်းခေါင်းပေါက်သွားတာ မင်းအမေသိရင် ဆူတော့မှာ ပဲကွာ ၊ ငါ ဘယ်လိုလုပ်ပေးရမလဲ”

“နည်းနည်း လေးပါကွ ၊ မေမေ မသိလောက်ပါဘူး ”

“မသိဘဲနေမလားကွာ ၊ ဒဏ်ရာရသွားတာကို လာပါတောင်အောက်က ဆေးဆိုင်မှာ ပလာစတာဝယ်ပြီး ကပ်လိုက်ရအောင်”

“သိပ်မနာပါဘူးကွ ၊ မင်းရော ဘယ်ထိသွားသေးလဲ ”

“လက်ဖျံ နည်းနည်း နာတာ ”

“အဲဒါဆို ပြန်မဆင်းနဲ့တော့လေ ၊ ပိုက်ဆံမရရင် မင်းအဖေက မင်းကို ရိုက်မှာ ပေါ့”

“ရိုက်ရိုက်ကွာ မင်းအတွက်က ပိုအရေး ကြီးတယ် ”

“အဲဒါဆို မင်းအတွက် ဒဏ်ကြေလိမ်းဆေး ၀ယ်လိမ်းလိုက် မဟုတ်ရင် ငါမလိုက်ဘူး”

“အေးပါကွာ လိမ်းပါ့မယ့် ”

သံယောဇဉ်တွေ နှင့် သဘောတူညီမှု ယူလိုက်ကြပြီး တောင်အောက်ပြန်ဆင်းခဲ့ကြသည်။ တောင်း ရလာသော ပိုက်ဆံလေးတွေ ကို ပလာစတာနှင့် လိမ်းဆေးဘူးဝယ်လိုက်တာကြောင့် လက်ကျန် ပိုက်ဆံလည်း တစ်ပြားမှ မရှိတော့ ။

ဒါပေမဲ့ တစ်ယောက် နှင့် တစ်ယောက် သံယောဇဉ် ငြိတွယ်မှု တွေ ကရုစိုက်မှု များ ကြောင့် တရစ်ရစ် တိုးပွားလာကြသည်။ ဖိုးထောင်က အဖေနှင့် မနောဂုဏ်က အမေ ဖြစ်သူနှင့် ဘယ်လိုရင်ဆိုင်ရမည် ဆိုတာ တော့ … ။

******

အခန်း (၆)

“ဖြန်း ဖြန်း ”

“ဖောင်း ဖောင်း ”

အဖေရဲ့ လက်ပြန်ရိုက်ချက်တွေ လက်သီးထိုးချက်တွေ ကို ဖိုးထောင်အံကြိတ်၍ ခံနေလိုက်သည်။ ဒီနေ့ မနောဂုဏ်နှင့် သာ အချိန်ကုန်သွား၍ အဖေ့အတွက် အရက်ပုလင်းဝယ်မလာနိုင်ဘူး မဟုတ်လား။

“မင်းက င့ါကိုပမာမခန့် ဂရုမစိုက်လုပ်တာလားကွ ဖိုးထောင်၊ ဒီကောင်လေး ခေါင်းပေါက်တာ မင်းနဲ့ဘာဆိုင်လို့လဲ ”

“ဆိုင်တာပေါ့ အဖေ ၊ ကျွန်တော် က သူ့အပေါ်ကနေ ကျသွားလို့ သူပိုနာသွားတာ ၊ နောက်စေ့က သွေးတောင်ထွက်တယ်”

“ထွက်ထွက်ပေါ့ ထွက်တော့ ဘာ ဖြစ်လဲ ၊ သူ့အမေက ပိုက်ဆံရှိတယ် ၊သူ့ဘာသာ ကုလိမ့်မပေါ့။ ငါက ဘယ်ကပိုက်ဆံနဲ့ အရက်သောက်ရမှာ လဲ ၊ ဟိတ်ကောင် ပြောစမ်း”

“အဖေရာ တစ်ရက်တလေ ”

“ဟိတ်ကောင် တစ်နေ့မသောက်ရရင် တစ်နေ့မနေနိုင်ဘူးကွ မင်းဓါးမြတိုက်မှာ လား ၊ ခိုးမှာ လား ၊ သွား ပိုက်ဆံရှာချည်”

“ဗျာ”

အဖေဒီလောက်ထိ သူ့အပေါ်မေတ္တာမဲ့လိမ့်မည် မထင်တာကြောင့် ၀မ်းနည်းတုန်လှုပ်သွားသည်။ ဂြိုဟ်ကောင်လို့ သတ်မှတ်ခံရသော သူ့ကိုအဖေအဲလောက်တောင် ဥပေက္ခာပြုနိုင်တာလား။ အဖေ့ဆီက နောက်ထပ်ရက်စက်သော စကားတွေ မကြားရအောင် ဦးကြွက်နီထမင်းဆိုင်ကို ထွက်လာခဲ့သည်။ ဦးကြွက်နီ ထမင်းဆိုင်လည်း လူအနည်းငယ်ရှင်းနေ၏ ။

“ဦးကြွက်နီ”

“ဘာလဲကွ”

“ကျွန်တော် ပန်းကန်တွေ လာဆေးတာ”

“ဒီနေ့ လူမကျဘူးကွ ၊ ထမင်းစားချင် စားသွား ၊ ပန်းကန်တော့ သိပ်ဆေးစရာမရှိဘူး”

“အိုးတွေ ခွက်တွေ တော့ ရှိတယ်မဟုတ်လား ၊ ရေလည်းဆွဲပေးပါ့မယ်ဗျာ ၊ ကျွန်တော့် ကို ထမင်း မကျွေးဘဲနဲ့ အရက်တစ်ပုလင်းဖိုးလောက်ပဲပေးပါ”

“မင်း တောင်ပေါ်မသွားဘူးလား ”

“သွားတယ် အဆင်မပြေမလာခဲ့လို့ပါ ”

“သြော် အဲဒါကြောင့် ကိုး ၊ မင်းအဖေ ထိုးလွှတ်လိုက်တယ်ထင်တယ် ၊ ပါးချိတ်လည်း ရောင် လို့ပါလားကွ ၊မင်းလည်း ၀ဋ်ကြွေးပဲကောင်လေး၊ကဲပါကွာ လုပ်စရာရှိတာလုပ်ပြီး ထမင်းလည်းစားသွား ပိုက်ဆံလည်း ပေးလိုက် မယ် ဟုတ်ပြီလား“

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦးကြွက်နီ ”

ဦးကြွက်နီလည်းသူ့အပေါ်နားလည်ပေးပြီး သဘောကောင်းသူပင်။သူကလည်း စေတနာပါပါဖြင့် အားလုံးလုပ်ကိုင်ပေးလိုက် ပြီး ဦးကြွက်နီ ပုံထည့်ပေးလာသော ထမင်းပန်းကန်ကိုယူ၍

“ဒီနေ့ ထမင်းစားရမှာ တောင် အားနာလိုက်တာ ဦးကြွက်နီရယ် တကယ်ဆိုအရင်နေ့တွေ လိုပဲ ပိုက်ဆံမယူဘဲ လုပ်ပေးချင်တာပါ”

“ရပါတယ်ကွ တစ်ခါတလေပဲ ၊ မင်းနေ့တိုင်းလုပ်ပေးတာတွေ က ပိုက်ဆံပေးရလည်း တန်ပါတယ်၊ ဒါနဲ့ ကျောင်းရော ကောင်းကောင်းတက် ဖြစ်ရဲ့ လား ကောင်လေး”

“စာမေးပွဲအောင်ရုံလောက်တော့ ကြိုးစားနိုင်ပါတယ်၊ကျောင်း ပျက်ရက်တွေ များ လို့ဆရာက ခေါ်ဆူရင်လည်း အဖက အုပ်ထိန်သူနေရာကနေ ကျောင်းအုန်ကြီးကို သွားတွေ့ တာမှမဟုတ်တာ ၊ စာမေးပွဲနာနီးရင် အသေအလဲ စာကျက်ရတာ ပေါ့”

“အေး မင်းအဖေလိုလူမျိုးကတော့ ရှားပါတယ်ကွာ ၊ သား တစ်ယောက် တည်း မွေးထားတာကို ၊ ရှေ့ရေး နောင်ရေး ဘာတစ်ခုမှမကြည့်ဘူး၊နေ့စဉ် အရက်သောက်နေရလောက်ဖို့ပဲ တွေးနေတာကိုး ၊ဒီလိုအဖေမျိုးနဲ့ နေနေလို့ကတော့ မင်းဘယ်တော့မှ လူ ဖြစ်မှာ မဟုတ်ဘူး ဖိုးထောင်”

“ဒါဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဦးကြွက်နီ”

“ပိုက်ဆံချမ်းသာတဲ့သူ တစ်ယောက် က မွေးစားရင် လိုက်သွားပေါ့ကွာ ၊ ပြည့်ပြည့်စုံစုံလည်း နေရမယ် ၊ ပညာတတ်ကြီးလည်း ဖြစ်မယ်”

“ကျွန်တော် လို တောင်းစားနေတဲ့ကလေးကို ဘယ်သူကမွေးစားချင်မှာ လဲဗျာ”

“ကိုယ့်ကံဆိုတာ ပြောရမလားကွ ၊ မင်းကဖအေကို မငြိုမငြင်လုပ်ကျွေးနေတာပဲ ၊ ကံကောင်းတဲ့ အချိန်ဆိုတာ ရှိချင်ရှိမှာ ပေါ့ ”

“ဟား ဦးကြွက်နီ ပြောမှ ကျွန်တော် အားတွေ ရှိလာပြီ ၊ အဲအခုတော့ ကံဆိုးလိုက်ဦးမယ် ၊ ကျွန်တော့်  ပိုက်ဆံပေးတော့နော် နောက်ကျရင်အဖေ ပြဿနာရှာနေဦးမှာ စိုးလို့”

“အေးပါကွာ အရက်တစ်ပုလင်းဖိုး ယူသွား”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦးကြွက်နီ”

ဦးကြွက်နီဆီက ပိုက်ဆံယူပြီး အရက်ဆိုင်မှာ အရက်ဝင်ဝယ်၍ အိမ်ပြန်ပြေးလာခဲ့ရသည်။

အဖေ့ကို အရက်ပုလင်းပေးပြီး မနောဂုဏ်တို့ အိမ်ဘက်ဘာ ဖြစ်နေလဲဆိုတာလည်း နားစွင့်မိ၏ ။ ကိုယ့်ထက် မလျှော့သော ပဋိပက္ခတွေ နဲ့ပဲ ဖြစ်မှာ ပါ ။

* * * * * *

အခန်း (၇)

သားကိုကြည့်၍ ဒေါ်သူဇာနွယ် ချုံးပွဲချကာ ငိုလိုက်ချင်သည်။

ဘာလို့များ ဖိုးထောင်ဆိုသော ကလေးကိုသား ဒီလောက်ခင်တွယ်နေရတာ လဲ။ အသိုက် အ၀န်း ကောင်းထဲကလည်းမဟုတ်၊ကိုယ့်ထက်တော် တာတတ်တာမျိုးလည်းမရှိ၊ဒီအမေကမကြိုက်ပပါဘူးလို့ပြော ထားပါလျက်နဲ့ ။

“မေမေ့ကို မင်းမသနားတော့ဘူးလား မနောဂုဏ် ၊ မေမေက မင်းအတွက် သူများ ဆီမှာ အလုပ် သွားလုပ်နေရတာ ၊မင်းကဒီကောင်လေးနဲ့ ပတ်သက်ပြီးခဏခဏ ဒီလိုမျိုးတွေ ဖြစ်နေရင် မေမေဘယ်လိုလုပ် စိတ်ဖြောင့်မှာ လဲ ”

“ဖိုးထောင်ကလည်း သနားစရာကောင်းပါတယ် မေမေ ၊ သူ့ကိုအပေါင်းအသင်းလုပ်ချင်တဲ့သူ မရှိဘူး။ သား တစ်ယောက် ပဲ ရှိတာ ၊ နောက်ပြီးသူက သားအပေါ် အနွံတာခံတယ်၊သံယောဇဉ်ကြီးတယ် ”

“ဒီလိုမျိုးရိုးမသန်တဲ့ ကလေးတွေ က အကျင့်စာရိတ္တနဲ့ဥာဉ်တွေ မကောင်းတတ်ကြဘူး၊ သားအဖေ က သားမမွေးခင် ကိုယ်ဝန်ရှိနေတဲ့ အချိန်တည်းက သားဘ၀လေး မြင့်မားကောင်းစားစေချင်တဲ့ မေတ္တာတွေ နဲ့ နိုင်ငံရပ်ခြားထိအောင် ငွေရှာထွက်သွားတယ်၊ ကံမကောင်းလို့ ဘယ်ရောက်ပေါက်မှန်း မသိပေမယ့် တကယ်လို့များ မေမေတို့ဆီပြန်လာခဲ့ရင် ဒီလိုရပ်ကွက်မှာ နေ ၊ ဒီလိုအတန်းတွေ နဲ့ ပေါင်းနေတာသိပြီး ဘယ်လောက်များ စိတ်မကောင်း ဖြစ်ရင်နာလိုက်ရှာမလဲ”

“ဖိုးထောင်လည်း လူ တစ်ယောက် ပါပဲ ၊ ဒီလောက်ထိတော့ အဆင့်အတန်းမခွဲသင့်ပါဘူး ၊ သူက သူ့အဖေ မကောင်းလို့ ဒီလို ဖြစ်နေရတာ ပါ”

“သား”

ဖိုးထောင်ဘက်က ရှေ့နေလိုက်ပေးနေသော သားကိုလေသံ ခပ်မာမာဖြင့် ဟန့်လိုက်ပြီး

“သားသမီးဆိုတာ မိဘစကား နားထောင်ရတယ်၊သားက လူလိမ္မာ ဖြစ်ချင်လား ၊ လူမိုက် ဖြစ် ချင်လား”

“လူလိမ္မာ ဖြစ်ချင်ပါတယ်”

“အေး လူလိမ္မာ ဖြစ်ချင်ရင် မေမေ့စကားကို နားထောင်ရမှာ ပေါ့၊မေမေက ဖိုးထောင်နဲ့ မပေါင်းစေ ချင်ရင် မပေါင်းရဘူးနော်၊သားကဆရာဝန်ကြီးအရမ်း ဖြစ်ချင်တာဆို၊အခုကတည်းက အောင်မှတ် ကောင်း ကောင်း ရအောင် စာတွေ ကြိုးစားရမှာ ပေါ့ ၊ မေမေ ပြောတာ နားလည်လားသား”

“နားလည်ပါတယ်၊ဒါပေမဲ့ဖေဖေမရှိဘဲမေမေလုပ်ခလစာလေးနဲ့သားကိုဘယ်လိုလုပ် ဆရာဝန် ဖြစ်အောင် လုပ်ပေးနိုင်မှာ မို့လဲ”

“သားဖေဖေ ပြန်လာမှာ ပါ ၊ သေချာပေါက်ကို ပြန်လာမှာ ပါ၊မေမေလေ ကောင်းမှု တော် ဘုရားကြီး မှာ ဈေးရောင်းရင်းနဲ့ နေ့တိုင်းဆုတောင်းတယ် ၊ မေမေတို့ မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ဆုံရပါစေလို့ပေါ့”

“ဖေဖေက ဘာလို့အခုအချိန်ထိ သားတို့ကိုလာမရှာတာလဲ မေမေ”

“မေမေက ဆွေမျိုးသားချင်းတွေ ပြန်ခေါ်မှာ ကြောက်ပြီး သူထားခဲ့တဲ့နေရာမှ မနေခဲ့လို အဆက် အသွယ်တွေ ပြတ်သွားတာပေါ့ကွယ်၊ ဒါပေမဲ့ သားဖေဖေရောက်လာမှာ ပါ။ အဲဒါကြောင့် သားကစာ တွေ ကြိုးစားပြီး မေမေ့စကားကို နားထောင်ပါနော်သား ”

“ဟုတ်ကဲ့”

မေမေ စိတ်ချမ်းသာအောင် မနောဂုဏ် ခေါင်းညိတ်ကတိပေးလိုက် ရသည်။ ဒါပေမယ့် ဖိုးထောင်ကို တိတဆိတ် သံယောဇဉ်ကြီးနေမိဦးမှာ ပါ ။ မေမေက သူ့ခေါင်းလေးကို ကြင်နာစွာ ပွတ်သပ်ပြီး

“လိမ္မာလိုက်တာ သားရယ်၊ နောက်ရက်တွေ ကျရင် အိမ်မှာ ပဲနေနော် ၊ မနက်ကျရင်လည်း သား အနာကို ဆေးခန်းမှာ ဆေးထည့်ပေးပြီးမှ မေမေအလုပ်သွားမယ် သိလား၊မေမေ့စကားကို နားထောင်ရင် သား ဖြစ်ချင်တဲ့ ဆရာဝန်ကြီး ဖြစ်မှာ သားရဲ့ နော်”

စိတ်မပါတပါခေါင်းညိတ်ပြသော သားကိုရင်ခွင်မှာ ပွေ့ဖက်ရင်းသားအဖေကို အလွမ်းဖြေရသည်။ သားကို ဒီလိုမျိုး ချော့တစ်လှည့် ခြောက်တစ်လှည်း စည်းရုံးသိမ်းသွင်းမှပါ ။

တခြားနည်းနှင့် သံယောဇဉ်တွေ ကို ဖြတ်တောက်ပစ်လို့မှမရတာ ။

ကျွန်မတို့ သားအမိကို ဒီနေရာကနေ အမြန်လာခေါ်ထုတ်ပါတော့ ကိုအောင်ရယ် ။

* * * * * *

အခန်း (၈)

“ဟဲ့ မနွယ် ဘုရားဖူးကားတွေ ၀င်လာပြီ ၊ဘာတွေ တွေးပြီးငေးနေတာလဲ ၊ အခုတလော စိတ်နဲ့ ကိုယ်နဲ့ကို မကပ်ပါလား”

“သြော် မဟုတ်ပါဘူး မမမြ၊ အိမ်မှာ သားကနေမကောင်းဘဲ တစ်ယောက် တည်း ကျန်ခဲ့လို့ စိတ်မချ ဖြစ်နေတာပါ၊ဟိုလေ ကျွန်မတစ်ခုလောက် ပြောချင်လို့”

ဘာလဲဟူသည့်သဘောဖြင့် ဆိုင်ရှင်မမမြက မေးငေါ့၏ ။ သူဇာနွယ် သနပ်ခါးတုံးတွေ စီနေရင်းမှ မမမြအနား လျှောက်လာခဲ့သည်။

“ဒီလိုပါ ကျောင်းပိတ်ရက်ကျရင် သားလေးကို ဆိုင်ခေါ်လာချင်လို့ပါ၊ အိမ်မှာ ထားရတာ အပေါင်း အသင်းမှား မှာ စိုးလို့”

“ ဖြစ်မလားအေ့၊သားပါလာရင်သားကိုဂရုစိုက်နေရတာ နဲ့ငါ့ဆိုင်ကိုကောင်းကောင်းရောင်းနိုင်ပါ့မလား ၊ ဒီအရွယ်က အပေါင်းအသင်းမှားတောင် အရက်သမားဖဲသမား ဖြစ်မသွားနိုင်ပါဘူး ”

“အဲလိုမ ဖြစ်ပေမယ့် သားက ငယ်သေးတော့ အတွေးမှားချင်တယ် ၊ ထိန်းကျောင်းမယ့် ဖအေမရှိ တော့ ကျွန်မတာဝန်တွေ ချည်း ဖြစ် နေလို့ပါ မမမြရယ် ”

“အဲဒါတော့ အဲဒါပေါ့၊ဒါပေမယ့် အိမ်နားနီးချင်းနဲ့ပဲ အပ်ထားခဲ့ပါ ၊ ငါ့ဆိုင်ခေါ်လာရင် လူဝင်တော် တာ မတော် တာ ရှိသေးတယ်၊ငါ့ဆိုင်ရောင်းမကောင်းရင် ညည်းကို တစ်ပြားမှ ပေးနိုင်မှာ မဟုတ်ဘူး”

“ဟုတ်ပါပြီ မမမြရယ် ၊ ကျွန်မ မခေါ်တော့ပါဘူး ”

ပြောကြည့်တိုင်း တစ်ခါမှ အဆင်မပြေတာမို့ ဒီအတိုင်းပဲ လက်လျှော့လိုက်ရပြန်သည်။သားကို စိတ်မချပေမယ့် ၀မ်းစာအတွက်ဆိုင်ရှင်ကျေနပ်မှ ဖြစ်မှာ မဟုတ်လား ။

“ဒီနှီးဖိနပ်လေးတွေ ဘယ်လောက်ပါလဲ ”

“ဟဲ့မနွယ် ဈေးဝယ်က ဖိနပ်မေးနေတယ် သွားလိုက်ဦး ၊ ငါဒီဘက်မှာ သနပ်ခါးတုံးရောင်းထား လိုက်မယ်”

“ဟုတ်ကဲ့ မမမြ ”

ကောင်းမှု တော် ဘုရားကြီးမှာ မမမြ ဆိုင်က အကြီးဆုံးမို့ဘုရားဖူးဈေးဝယ်တွေ အများ ဆုံး လာကြသည်။ ချွေးစိုစိုရှိလှတာမို့ ဆံပင်တွေ ကို နောက်လှန်သိမ်းပြီး ဈေးဝယ်ကို ဖိနပ်တွေ ပြဖို့ ပြင်ရ၏ ။

“ဟင် နင် နင် သူဇာနွယ် မဟုတ်လား ”

“ဟယ် ကို ကိုကြီးထွန်းတင်”

မိုးကုတ်ဘက်မှာ တစ်ရွာတည်းနေဖူးကြသူတွေ ပြန်ဆုံရတာ မို့ သူဇာနွယ် ထိတ်ခနဲပင် ဖြစ်လို့ သွားသည်။ မိဘတွေ ဆုံးသွားလို့ ကိုအောင်မြတ်နှင့် လမ်းခွဲဖို့မပြောကြတော့ပေမယ့် ကျန်သော ဆွေမျိုး သားချင်းတွေ ကလည်း ကိုအောင်မြတ်နှင့် သဘောတူကြတာမှ မဟုတ်တာ ။

ဒါပေမဲ့ ကိုကြီးထွန်းတင်ကတော့ သူမတို့ နှစ် ယောက် ကြားမှာ အောင်သွယ် တစ်ယောက် ဖြစ်ခဲ့တာပါ။

ကိုကြီးထွန်းတင်က တအံ့တသြပင် ဖြစ်နေကာ

“သူဇာနွယ် နင် ဘယ်လိုများ ခြေရာဖျောက်နေတာလဲ ၊ မန္တလေးအနှံ့ မိုးကုတ်ပြင်ဦးလွင် ငါနှံ့နေ အောင် ရှာကြည့်သေးတယ်”

“အဲ အဲဒါနောက်မှမေးပါ ၊ အခုရွာက ဘယ်သူတွေ ပါသေလဲ ဟင်”

“ငါ့မိသားစုနဲ့လာတာ ၊ဟိုဘက်မှာ ကလေးတွေ ဓါတ်ပုံရိုက်နေကြတာနဲ့ ၊ သူတို့အမေ ကျန်ခဲ့တယ် ၊ ငါက နှီးဖိနပ်ဝယ်ချင်လို့ ဒီဆိုင်ရောက်လာရင်း နင့်ကို ကံကောင်းလို့တွေ့ ရတယ် ၊ သူဇာနွယ် ကဲပြောပါ ဦး ဒါက နင့်ဆိုင်လား”

“မဟုတ်ပါဘူး ဒီဆိုင်မှာ နေ့စားနဲ့ ၀င်လုပ်နေတာပါ ၊ ရွာကလူတွေ ကို မပြောလိုက်ပါနဲ့နော်”

“အေး ရွာကလူတွေ ကို မပြောနဲ့ဆို မပြောဘူး ၊ အောင်မြတ်ကိုတော့ ပြောရမှာ ပေါ့ ”

“ရှင် ကို ကိုအောင်မြတ်နဲ့ ကိုကြီးထွန်းတင် တွေ့ ကြလို့လား ။

သူ သူ ဘယ်မှာ လဲဟင် ထောင်ကလွတ်ပြီလား ”

“လွန်ခဲ့တဲ့ နှစ် နှစ် ကျော်လောက်တည်းက လွတ်တာ ၊ ငါ မူဆယ်ဘက် အလုပ်သွားလုပ်တော့ တွေ့ တာဟ ၊ထောင်ကလွတ်လွတ်ချင်း မန္တလေးမှာ နင့်အကြောင်း စုံစမ်းတာ ၊ အဆက်အသွယ်မရလို့တဲ့ဟ”

“သူ သူ ဒီကိုပြန်လာသေးလို့လား ”

“မန္တလေးကို ရောက်တယ် ၊ ရွာကိုတော့ နင်မရှိဘူးဆိုတော သိလို့သူမလာဘူး၊အဲဒါနဲ့ ဟိုကိုပြန် သွားတာနေမှာ ပေါ့ ။ ငါနဲ့တွေ့ တော့ တောင် ဒီကောင်တော် တော် အဆင်ပြေနေပြီ ၊ ငွေများများ စုဆောင်းပြီးမှ မြန်မာပြည် ပြန်လာတော့မယ်တဲ့”

“ဟုတ် ဟုတ်လား ၀မ်းသာလိုက်တာ ကိုကြီးထွန်းတင်ရယ် ”

သူဇာနွယ် ၀မ်းသာလွန်းပြီး ရင်တွေ တလှပ်လှပ်ဖြင့် မျက်ရည်တွေ တောင် လည်နေသည်။ ကိုအောင်မြတ် အကြောင်း တစ်စွန်းတစ်စ ဖြစ် ဖြစ် သိနေရပြီမဟုတ်လား။

“ဟိုလေ ကိုကြီးထွန်းတင် နဲ့ အခုနောက်ပိုင်း အဆက်အသွယ်ရသေးလားဟင်”

“ဒီကောင် ငါ့ဆီကို တစ်လတစ်ခါ ဖုန်းဆက်ပြီး နင့်အကြောင်းစုံစမ်းတယ် ၊ သားလေး မွေးတယ်လို့ ငါပြောလိုက်တော့ ပိုပြီးတွေ့ ချင်နေမှာ ပေါ့ဟာ ၊ ဒါပေမဲ့ နင့်အကြောင်း ဘယ်လိုမှ စုံစမ်းမရတော့ ငါ ငါလည်း ဘာပြောရမှန်းမသိဘူး ။ ပြန်လာပြီး ကိုယ့်ဘာသာရှာပါလားလို့ ငါပြောလိုက်သေးတယ် ၊ ရည်မှန်းချက်တွေ ပြည့်ရင်တော့ သူမ ဖြစ်မနေ ပြန်လာရှာမှာ ပါတဲ့လေ”

“မိသားစု လူတန်းစေ့နေနိုင်ရုံဆို တော် ပြီပေါ့ ကိုကြီးထွန်းတင်ရယ် ၊ အခုသားတစ်သက်ဆို ကိုးနှစ် လောက်တောင် ကျွန်မတို့ခွဲနေရတာ ”

“သူလည်း ဘယ်ခွဲချင်မလဲဟ ၊ ငါ့ကိုတွေ့ တော့ သူ ငိုတောင်ငိုတယ် ၊ ဒါပေမယ့် ထောင်ထဲမှာ အဆက်အသွယ်ကောင်းတွေ ရလာတယ်ထင်ပါရဲ့ ၊ မိသားစုအတွက် ရုန်းကန်လိုက်ဦးမယ်ဆိုပြီး အားတင်း နေရှာတာ ”

“အ အခု သူ့ကို ကျွန်မ ဘယ်လိုဆက်သွယ်ရမလဲဟင် ”

“ဒီက ဆက်သွယ်လို့တော့ မရနိုင်ဘူးဟ ၊ ဒီကောင်တစ်လတစ်ခါ ငါ့ဆီဖုန်းဆက်ရင် ဟိုနိုင်ငံ နံပါတ်တွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းနေတာ ၊ နေဦး ဟိုတစ်လောကမှ ဒီကောင်ဆက်ထားတာဆိုပေမယ့် သိပ်မကြာခင် ပြန်ပြီးဆက်သွယ်လာမှာ ပါ ။ ဒီတစ်ခါဆိုရင် နင့်ကိုတွေ့ ပြီလို့ ငါပြောလိုက်မယ်လေ ၊ နင်က ဘယ်မှာ နေတာလဲ ငါလာပြောမယ်”

“ဟင်”

သူမ နေသော နေရာကိုသိလျှင် ရွာကလူတွေ ကဲ့ရဲ့ စရာ ဖြစ်မှာ စိုး၍ ဘယ်လိုဖြေရမည် ဆိုတာ အလျင်အမြန် စဉ်းစားလိုက်ရသည်။

ပြီးမှ

“ဒီဆိုင်မှာ ကျွန်မ အမြဲရှိမှာ ပဲ ၊ ဒီဆိုင်က ဖုန်းနံပါတ် ကျွန်မပေးလိုက် မယ် ၊ သူနဲ့ အဆက်အသွယ် ရရင် ကျွန်မဆီဆက်ခိုင်းလိုက်ပါ။ဆိုင်ပိုင်ရှင် မမမြကိုလည်း ကျွန်မပြောထားလိုက်မယ်”

“အေး အဲဒါဆို ပိုကောင်းတာပေါ့ ၊ ဒီကောင်က အလုပ်တွေ တအားကြိုးစားနေတာ ၊ နင်တို့သား အမိအတွက်ပဲ၊နင်လည်း နောက် အိမ်ထောင်တွေ ဘာတွေ မပြုပါဘူးနော်”

“ဘာလို့ ပြုရမှာ လဲ ကိုကြီးထွန်းတင်ရယ် ၊ သူ့ကို ကျွန်မတို့သားအမိနှစ် ယောက် သစ္စာရှိရှိမျှော် ကိုးပြီး စောင့်နေကြတာပေါ့”

“အေးပါ ဒီကောင်ကြီးလည်း ဒီသတင်းကြားပြီး အရမ်းပျော်မှာ ၊ သူက သူ့သားလေး ဘယ်အသက် အရွယ်ရောက်ပြီ ၊ ဘယ်လိုပုံစုံဆိုတာ တွေးပြီးမှန်းပြီး ကြည်နူးနေတာ ၊အတွေ့ နောက်ကျတာတော့ ငါလည်း စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ မိသားစုပြန်ဆုံရတော့မယ်ဆိုပြီး နင်လည်း ပျော်နိုင်ပါပြီ ဟုတ်တယ် မဟုတ် လား”

သူဇာနွယ် ၀မ်းသာအားရ လှိုက်လှိုက်လှဲလှဲကို ခေါင်းညိတ်ပြလိုက်သည်။ ဒီအပျော်က ဘာနှင့် မှ နှိုင်းယှဉ်လို့မရ ။

“ဟဲ့ မနွယ် ဈေးဝယ်နဲ့စကားပြောတာ အဲလောက်ပဲကြာရသလား ၊ ဒီဘက်မှာ ကျောက်ပျဉ်ဈေး မေးနေတယ် ၊ လာပြောဦး”

“ဟုတ်ကဲ့ မမမြ ခဏလေး”

မမမြ လှမ်းအော်တာကြောင့် ကိုကြီးထွန်းတင်ကိုဖိနပ်မြန်မြန်ရောင်းပြီး စကားစဖြတ်လိုက်ရသည်။ ကိုကြီးထွန်းတင်က သူ့ဖုန်းနံပါတ်ကိုပေးသွားပြီး ဒီဆိုင်လိပ်စာနှင့် ဖုန်းနံပါတ်ကိုလည်း ယူသွား၏ ။

မမမြက ဈေးဝယ်ရှင်းသွားမှ မိမိအနားရောက်လာကာ

“ညည်းယောက်ျား အမျိုးတွေ လား မနွယ် ”

“အင်း ရပ်ဆွေရပ်မျိုးတွေ ပါ ၊ ကိုအောင်နဲ့ အဆက်အသွယ်ရှိတဲ့အကြောင်း ပြောနေတာ၊ ဒီတစ်ခါ ဖုန်းလာတာနဲ့ ကျွန်မနဲ့ဆက်သွယ်ပေးမယ်တဲ့ ”

“အဲဒါကြောင့် ပြုံးပျော်နေတာပေါ့လေ၊အေးပါအေအဲလိုအသံကြားရတော့ငါလည်းစိတ်ချမ်းသာပါတယ် ၊ ညည်းကံကောင်းတော့မှာ ပါ”

“အဲလိုပြောပေးလို့ ကျေးဇူးတင်ပါတယ် မမမြ”

ဒီနေ့ ဈေးရောင်းရတာ သူဇာနွယ် မျက်နှာ ပြုံးပန်းဝေနေလျက်သွက်လက်တက်ကြွနေသည်။ ဒီအကြောင်းကို သားလေးကိုလည်း အမြန်ပြေးပြောချင်လှ၏ ။

သားလေးက သူ့အဖေကို ဘယ်လောက်တောင် တောင့်တနေလိုက်လဲ ။မိသားစုတွေ ပြန်ဆုံတော့မှာ ဘယ်လောက်မှ မလိုတော့ပါလား ။

ဘ၀မှာ ဒီလိုစိတ်ချမ်းသာ ပျော်စရာကောင်းသော နေ့ဆိုတာ မိမိအတွက် မရှိလောက်တော့ဘူး ထင်ခဲ့ပေမယ့် အခုတော့ …။

* * * * * *

အခန်း (၉)

“တ တကယ်ပြောတာလား မေမေ ၊ သားတို့ ဖေဖေနဲ့တွေ့ ရတော့မှာ ပေါ့”

“ဟုတ်တယ်သားရဲ့ ၊ဖေဖေကအရမ်းကိုချမ်းသာနေပြီတဲ့မေမေနဲ့သားအတွက်အလုပ်တွေ ကြိုးစားပြီး ငွေတွေ ရှာထားတာ ၊ မေမေတို့ ဒီရွာလေးမှာ နေစရာမလိုတော့ဘူး သား”

“ဟင်”

ဝမ်းသာအားရ ဖြစ်နေရင်းက မနောဂုဏ် မျက်နှာလေးညှိုးကျသွားသည် ။ မပျော်နိုင် ဖြစ်ရတာ ဖိုးထောင်ကို ခွဲထားခဲ့ရမှာ စိုးလို့ပါ။

“သားတို့ ဒီကနေ ပြောင်းရမှာ မဟုတ်လား မေမေ”

“ဒီနေရာက ဆင်းရဲတဲ့လူတွေ နေတာလေသားရဲ့ ဖေဖေက မေမေတို့ကို လာခေါ်ရင် လိုက်သွားရမှာ ပေါ့ ၊ ဖေဖေရယ် မေမေရယ် သားရယ် အတူတူနေရတော့မှာ ၊ သား မပျော်ဘူးလား ”

“ပျော်ပါတယ် ၊ ဖေဖေက ဘယ်တော့ လာခေါ်မှာ လဲ ”

“ဒီကြားထဲပဲ ဆက်သွယ်လာမှာ ပါ ၊ သိပ်မကြာတော့ပါဘူး ၊ သားက ဖေဖေ့ကို အရမ်းတွေ့ ချင် နေပြီလား”

“တွေ့ ချင်တာပေါ့ မေမေ ၊ ဖေဖေ့မျက်နှာကို တစ်ခါမှ မမြင်ဘူးတာ”

“ဟုတ်ပ့ါသားရယ်၊မေမေတို့ကခိုးရာလိုက်ပြေးရင်းနဲ့ရုံးတက်လက်မှတ်ထိုး လက်ထပ်လိုက်တာဆိုတော့ အမှတ်တရ ဓါတ်ပုံလည်းတွဲ မရိုက် ဖြစ်ဘူး ။ ဒါပေမဲ့ အခုတွေ့ ရဖို့ နီးလာပြီပဲ သားရဲ့ ၊သားကလေ သားဖေဖေနဲ့ ရုပ်နည်းနည်း ဆင်တယ်”

“ဟုတ်လား မေမေ ၊ ဟိုလေ ဖေဖေက ငွေတွေ အများ ကြီးရှာထားတယ်ဆိုတော့ သားဆရာဝန်လုပ် ဖို့ ဆေးကျောင်းတက်လို့ရတာ ပေါ့နော် ’’

“အင်းပေါ့ တိုက်ကြီးနဲ့လည်း နေရမယ် ၊ ကားအကောင်းစားကြီးကိုလည်း စီးရမယ် ၊ ဆေးကျောင်း တက်ရင် သားကိုယ်တိုင်ကား မောင်းသွားရမှာ ”

“ဖိုး ဖိုးထောင်ကလည်း ဆရာဝန်ကြီး သိပ် ဖြစ်ချင်တာ ၊ ကျောင်းမှန်မှန်မတက်ရပေမယ့် ဥာဏ်ကောင်းတော့ စာတွေ လိုက်နိုင်တယ် တစ်ခါတလေသား နားမလည်တာတေါကို သူ့ကိုမေးရတယ် ”

“သား”

မိသားစုအကြောင်း ပျော်ရွှင်စရာတွေ ပြောနေရင်းဖြင့် ဖိုးထောင် ဂြိုဟ်ကောင်လေးအကြောင်း ပါလာတာမို့ သူဇာနွယ်စိတ်မကြည်စွာ သားလို့ဟန့်လိုက်သည်။ သားက မျက်နှာငယ်လေးဖြင့်

“သားက ကံကောင်းတော့မှာ ဆိုတော့ သူ့ကိုသနားလို့ပါမေမေ ၊ ဖိုးထောင်နဲ့သားက ရည်ရွယ် ချက်ချင်း တူလို့ ပေါင်းမိသွားတာ သူရော သားရောဆရာဝန်ကြီး သိပ် ဖြစ်ချင်ကြတာလေ”

“တော် တော့သား ၊ သူက ဘယ်လိုအဆင့်အတန်းမို့ ဆရာဝန် ဖြစ်ဖို့ မျှော်မှန်းနေရတာ လဲ ၊ ဒီမယ် သူ့ကို သံယောဇဉ်အပြတ်ဖြတ်နော် သူ့အကြောင်းတွေးပြီး ခံစားနေတာမျိုး မေမေ မမြင်ချင်ဘူး ကြားလား”

“ဟုတ်ကဲ့ပါ မေမေ ”

မေမေ စိတ်ကျေနပ်သွားအောင် လေးပင်စွာ ခေါင်းညိတ်လိုက်ရပေမယ့် မနောဂုဏ် စိတ်အာရုံ တွေ ကတော့ ဖိုးထောင်ဆီကို ရောက်သွားသည်။

မေမေ့နားက ထလာကာ ကျောင်းလွယ်အိတ်ထဲမှာ ထည့်ထား ဖြစ်သော ဖိုးထောင်ပေးထားသည့် ရုပ်သေးရုပ်လေးကို ထုတ်ကြည့်မိ၏ ။မေမေက မျက်စောင်းထိုးကာ လှမ်းကြည့်ပြီးမှ မျက်နှာလွှဲသွားသည်။

“ဖိုးထောင်ရယ် မင်းကိုလည်း ငါလက်ဆောင်တစ်ခုခုပေချင်လိုက်တာ ”

အသံထွက်ကာ ရေရွတ်မိရင်း ကစားစရာတွေ ထည့်ထားသော စက္ကူပုံးလေးကို သွန်ချလိုက်သည်။ အဖော်မဲ့သော သူ့ကိုအပျင်းပြေအောင် ကစားစရာတွေ မေမေ၀ယ်ပေးထားတာပါ။ ထိုအထဲမှ တကူးကူး ကူးဟု ချိုးကူသံ မှု တ်လို့ရသော ရွံ့နှင့် လုပ်ထားသည့် အကောင်းလေးကိုတော့ သူ အနှစ်သက် ဆုံး ဖြစ် သည်။ဒါလေးကို မှု တ်နေရလျှင် လွမ်းစရာကောင်းသလို အပျင်းလည်းပြေပါသည်။

အခုအချိန်မှာ တော့သူ့အတွက်ဒါလေးကတန်ဖိုးအရှိဆုံးပါ။ငါမင်းကို ဒါလေးလက်ဆောင်ပေးခဲ့မယ် ဖိုးထောင်။

* * * * * *

အခန်း (၁၀)

မနောဂုဏ် ပေးနေတာကို လှမ်းယူနေသော ဖိုးထောင်ရဲ့ လက်တွေ ကတုန်ကယင် ဆတ်ဆတ် တုန်နေသည်။ တစ်နေ့နေ့ ဒီလိုခွဲခွာရမည့်  အတိတ်နိမိတ်တွေ ရှိနေမှန်းသိပါလျက် မျက်ရည်တွေ က ချက်ချင်း ၀ဲတက်လာသည်။

“ဒီချိုးရုပ်လေးကတန်ဖိုးတော့မရှိပါဘူးကွာ၊နောက်ဖေဖေနဲ့တွေ့ ပြီးမှလက်ဆောင်ကောင်းကောင်း ၀ယ်ပေးတော့မယ်နော်”

“ရပါတယ် မနောဂုဏ်ရာ ၊ ဒါလေးကို မှု တ်ရင်းနဲ့ ငါအလွမ်းဖြေမှာ ပေါ့ကွ ၊ မင်း ဘယ်နေရာကို ရောက်ရောက် ငါ့ကို သတိရမယ်ဆိုရင် ငါကျေနပ်ပါပြီကွာ ၊ ဒါနဲ့ မင်းတို့ အဖေက ဘယ်အချိန်လာခေါ်မှာ လဲ”

“မသိသေးဘူး မေမေ့ဆီကို အရင်ဆုံး အဆက်အသွယ်လုပ်လိမ့်မယ်လို့ ပြောတယ်”

“အဝေးကြီးကို ပြောင်းသွား ကြတော့မှာ ပေါ့နော်”

“အဲဒါလည်း ငါမသိဘူး ၊ ဒီနေရာမှာ မနေဘူး ၊ ဖေဖေလာခေါ်လိမ့်မယ်လို့ မေမေပြောတာ ၊ အဲဒါကြောင့် မင်းနဲ့ခွဲရမှာ ငါစိတ်မကောင်းဘူး”

“ငါလည်း စိတ်မကောင်းပါဘူး ၊ ဒါပေမယ့် မင်းအတွက် ၀မ်းသာတယ် ၊ မင်းအမေက ဒီလိုနေရာမှာ နေချင်တာမှ မဟုတ်တာ ၊ ပြီးတော့ မင်းရဲ့ ရည်မှန်းချက်တွေ ပြည့်တော့မယ်နော်”

“ဘာကိုလဲ”

“မင်း ဆရာဝန်ကြီး ဖြစ်ချင်တယ်ဆို ၊ ဆရာဝန် ဖြစ်ချင်ရင် ငွေနဲ့ဝယ်မှရမယ်လို့ ကြားဖူးတယ်ကွ ၊ငါလိုလူကတော့ အိပ်မက်တောင် မက်ခွင့်မရှိပါဘူးကွာ ”

“ဖိုးထောင်ရာ”

စိတ်မကောင်းစွာ ဖိုးထောင်ပခုံးကို ဖက်တွယ်ရင်းဖြင့် မနောဂုဏ် မျက်ရည်ဝဲမိသည်။ဒါပေမဲ့ ကျန်ခဲ့မည့်  ဖိုးထောင်ကို နှစ် သိမ့်ဖို့အားမွေးရသည်။

“ဟိုလေ ဒီချိုးရုပ်လေးကို မှု တ်ကြည့်ပါလား ၊ တကူးကူး ကူးလို့ အော်သံလေးက အရမ်း သာယာတာကွ ၊ ကိုယ်မှု တ်လိုက်တဲ့ အသံက ပျော့ပျောင်းသလောက် သာယာတဲ့အသံလေးထွက်တယ် ၊ ငါ ငယ်ငယ်ကဆော့ရင် ဒါလေးကို အသံအနိမ့်အမြင့် နဲ့ မှု တ်တာကွ ၊ ငါ့အစားနည်းနည်း တော့ မင်း အပျင်း ပြေမှာ ပါ”

“ကျေးဇူးတင်ပါတယ်ကွာ ၊ ဒါလေးကို ငါ့အတွက် အဖော်အ ဖြစ် ထားပေးခဲ့လို့ပါ ”

“အေးပါ ငါကလည်း ငါ့ကို မင်းသားရုပ်သေးရုပ်လေး ပေးလို့ကျေးဇူးတင်တယ် ၊ ငါ သွားလေရာ ယူသွားမယ်ဆိုပြီး ကျောင်းလွယ်အိတ်ထဲတောင် ထည့်လာတာကွ ဒီမှာ ”

မနောဂုဏ်က လွယ်အိတ်ထဲက ရုပ်သေးရုပ်လေးကို ထုတ်၍ ပြသည်။ မင်းသားရုပ်လေးက ပြုံးနေပေမယ့် ကြိုးဆွဲသလို ကရမှာ ကြိုးတွေ က ရှုပ်ယှက်ခတ်နေ၏ ။

ဒီပတ်ဝန်းကျင်လေးက “ပိုက်ဆံလေးတွေ ပစ်ချခဲ့ပါလို့ ” လူကြီးလူငယ်ကလေးတွေ ရဲ့ အပြေး အလွှား အော်သံလေးတွေ ဆူညံလို့ … ။

******


ဝန်ဇင်းချစ်သူများ လုံမ ၏ “ မျက်ရည်မြစ်ဖျား ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပြောဖို့လိုသေးလား

အရောင်မဲ့သင်္ကေတ

အသည်းကွဲအောင်လက်မှတ်