
''ဖြောင်း ဖြောင်း ဖြောင်း''
မျက်လှည့် အတတ်ပညာတွေ တစ်ခုပြီးတစ်ခု ပြပြီးတိုင်း ပရိသတ်ရဲ့ လက်ခုပ်သြဘာသံက ဟိုတယ်ကြီးအတွင်း အုန်းအုန်းထ ဆူညံနေသည်။ တစ်နေ့နှင့် တစ်နေ့ မရိုးအီအောင် ပြကွက်အသစ်အဆန်း တွေ တင်ဆက်နေသည်မို့လည်း ဟိုတယ်တွင် အနားယူအပန်းဖြေသူတွေ ၊ စားသုံးသူတွေ ကာစတန်မာတွေ သဘောကျနှစ် ခြိုက် အားပေးကြ၏ ။
''ဒီတစ်ခါ ကျွန်တော် တင်ဆက်ဖျော်ဖြေမှာ က ဖန်ပန်းအိုးလေးထဲက အရမ်းစကားတတ်တဲ့ သာလိကာလေးကို ခေါ်ထုတ်ပေးမှာ ပါ၊ ဟော ဒီပန်းအိုးလေးကို ကြည့်ပါခင်ဗျာ၊ အထဲမှာ ဘာမှမရှိဘူးနော်၊ သံသယဝင်ရင် ပရိသတ်ထဲက တစ်ယောက် စင်ပေါ်ကို လာပြီး စစ်ဆေး နိုင်ပါတယ်''
ဖန်ပန်းအိုးလေးကို ကြိမ်လုံးသေးသေးလေးနှင့် သက်တန့်ရောင် စဉ် အတွင်းအပြင် ခေါက်ပြလိုက်သည်။ တကယ်ကို အယုံအကြည်မရှိ ဟန်တူသော တစ်ယောက် က စင်ပေါ်တက်လာပြီး ဖန်ပန်းအိုးလေးကို မှော က်ချည်လှန်ချည် လှည့်ပတ်ကြည့်သည်။
''အစ်ကို ဒီပဝါလေးကိုရော တစ်ချက်လောက် ကြည့်ပါဦး''
သက်တန့်ရောင် စဉ်က အနီရောင် ပဝါလေးကို တဖျပ်ဖျပ် ခါပြီး ကိုင်ပြတော့ ထိုလူက ဆွဲယူကာ လှည့်ပတ်ကြည့်ပြန်၏ ။
''ဒီပန်းအိုးမှာ ရော ဒီပဝါလေးမှာ ရော ဘာမှမပါတာ အစစ်ကို ယုံပြီနော်၊ ကျွန်တော် က ဒီပန်းအိုးလေးကို ဒီပဝါလေးနဲ့ အုပ်ပြီး ငှက် ကလေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးမယ်ဆိုရင်ရော အစ်ကို ယုံမှာ လား''
''မင်းလုပ်ကြည့်လေ၊ ငါ စောင့်ကြည့်မယ်''
ယမကာအရှိန်နှင့် ရီဝေဝေ ဂျစ်ကန်ကန် မယုံသင်္ကာ ဖြစ်နေ သော လူကို အချိုသာဆုံး ပြုံးပြ၍ သက်တန့်ရောင် စဉ် ဖန်ပန်းအိုးလေး ကို ပဝါအနီလေးဖြင့် အုပ်လိုက်သည်။
ပြီးမှ တစ်ခုခုကို ရေရွတ်၍ ပဝါလေးကို ဖြည်းဖြည်းချင်း ဆွဲ လှပ်လိုက်၏ ။
''ရွှီး ဖြောင်း ဖြောင်း ဖြောင်း''
''ဟာ ဘယ်ကငှက်က ဖန်ပန်အိုးထဲက ထွက်လာတာလဲ''
''ထူးဆန်းလိုက်တာ''
''အံ့သြစရာပဲနော်၊ ဘယ်လိုလုပ်လိုက်တာလဲ မသိဘူး''
''အထက်လမ်း အောက်လမ်း တစ်ခုခုနေမှာ ပေါ့''
''ဖဲချပ်တွေ သံကြိုးကွင်းဆက်တာတွေ က ထားပါ၊ ဘာမှ မရှိ တဲ့ ဖန်ပန်အိုးထဲက ငှက်ကလေး ထွက်လာပြီး သူ့ပခုံးပေါ် နားနေတာ တော့ ဘယ်လိုလှည့်လိုက်မှန်းကို မသိတာ''
သက်တန့်ရောင် စဉ် ပခုံးပေါ်က ငှက်ကလေးကို ကြည့်၍ တစ် ယောက် တစ်ပေါက် ဝေဖန်ရင်း အံ့သြသူကအံ့သြ၊ ချီးကျူးသူက ချီးကျူး ဖြင့် ဘာထပ်လုပ်ပြဦးမလဲ စိတ်ဝင်စားနေကြသည်။ ခုနက သံသယစိတ် ဖြင့် အနားမှာ ရပ်စောင့်ကြည့်နေသော လူလည်း မျက်လုံးအစုံ ပြူးကျယ် ၍ အံ့သြတကြီး ဖြစ်နေသည်။ သူ မျက်လုံးမလွှဲ အာရုံစိုက်ကြည့်နေခဲ့တာ မဟုတ်ပါလား။
''ညီလေး အဲဒီ ငှက်လေးကို ခဏ ကိုင်ကြည့်လို့ ရမလား''
''သြော် ရပါတယ် အစ်ကို၊ တကယ့်ငှက်အစစ်ပါ၊ စကားလည်း ပြောတတ်တယ်၊ သူ့နာမည် မေးကြည့်ပါလား''
''ဟင် အေး မေးကြည့်ရတာ ပေါ့၊ ကဲ မင်းနာမည် ဘယ်သူလဲ''
''ဒိုလေး ဒိုလေး''
''ဟာ တကယ်ဟ၊ ဒိုလေးဆိုတော့ ဘောလုံးသမားပေါ့ ဟား ဟား တကယ့် အံ့မခန်းပဲကွာ၊ ယုံပြီဟေ့ ယုံပါပြီကွာ''
''ကျေးဇူးတင်ပါတယ်''
''ဖြောင်း ဖြောင်း ဖြောင်း''
ငှက်ကလေးက ကျေးဇူးတင်စကား ပြောလိုက်တော့ လက်ခုပ် သံတွေ ဆူညံသွားပြီး ဆုကြေးငွေတွေ အမြောက်အများ လက်ခံရရှိလိုက် သည်။ သက်တန့်ရောင် စဉ် ကျေနပ်အားရ ပျော်သွားသလို ငှက်ကလေး လည်း တောင်ပံတဖျပ်ဖျပ်နှင့် ပျော်နေသည်။
''အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဆုကြေးငွေတွေ ရလိုက်တဲ့ အတွက် ဒီငှက်လေးကိုလည်း ကျေးဇူးတင်ပါတယ်၊ ဒီငှက်လေးကို ကျွန်တော် ခေါ်ထားလို့ မရပါဘူး၊ သူ့ကိုဖျောက်ဖျက်ပစ်ရဦးမှာ ပါ၊ အဲဒီ တော့ ပရိသတ် ဖြစ်စေချင်တာကို ကျွန်တော် မေးပါ့မယ်၊ ငှက်ကလေး ကို ဒီအတိုင်း ဖျောက်ပစ်တာ ကြိုက်သလား၊ ငှက်ကလေး ဒီအတိုင်း ပျံသန်းသွားတာကို မြင်ချင်ပါသလား ခင်ဗျာ''
''ငှက်ပဲ ပျံရမှာ ပေါ့''
''သနားပါတယ် ဒီလိုကြီး မဖျောက်လိုက်ပါနဲ့၊ သူ့ဘာသာ ပျံခိုင်းလိုက်ပါ''
''ဟုတ်တယ် ဟုတ်တယ် ပျံခိုင်းလိုက်''
''ကဲ ပရိသတ်တွေ က ပျံခိုင်းနေတယ်၊ မင်းလည်း မင်းအသိုက် အမြုံရှိရာ ပျံချင်နေတယ် မဟုတ်လား၊ အိုကေ မပျံခင် ပရိသတ်ကြီး ကို နှုတ်ဆက်လိုက်ပါဦး''
''မင်္ဂလာပါ''
ငှက်ကလေး နှုတ်ဆက်ပြီးချိန်မှာ ပရိသတ်တွေ ဝေါခနဲ ဆူညံ သွားပြန်သည်။ သက်တန့်ရောင် စဉ်က ပခုံးပေါ်က ငှက်ကလေးကို လေလေးနှင့် မှု တ်လိုက်သည်နှင့် တောင်ပံတဖျပ်ဖျပ် ခတ်၍ ပရိသတ် ကြားကနေ ငှက်ကလေး ပျံပြေးသွား၏ ။
ဟေးခနဲ အော်သံနှင့်အတူ ပရိသတ်တွေ လည်ပြန်လိုက်ကြည့် ကြသည်။ အချိန်ကို ကြည့်လိုက်တော့ ညဆယ်နာရီ။
ဧည့်ခံဖျော်ဖြေပြီးလို့ သူ့ရဲ့ အိမ်ပြန်ချိန်လည်း ရောက်ပြီပဲ။
အလေ့အကျင့် လုပ်ပေးထားသော သာလိကာလေးက လမ်း တစ်ဝက်ကနေ သူ့ကို ကြိုနေပေလိမ့်မည် ။
''ဘယ်လောက် ကျေနပ်အားရစရာကောင်းလဲ ဘုံလေး တွေ့  ပြီလား''
နေမင်းရာဇာ ဟိုတယ်ပိုင်ရှင် ဦးဗလဇော်ရဲ့ ချီးကျူးမှု ကို တူမ ဖြစ်သူ သုခဘုံ အပြုံးလက်လက်ဖြင့် ခေါင်းညိတ် ထောက်ခံလိုက်သည်။
''လေးလေး ဟိုတယ်ကြီး အရင်ကထက် အောင်မြင်လာတာ သူ့ကြောင့် လို့ ပြောလို့ရတယ်ပေါ့''
''အမှန်ပဲ ဘုံ၊ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ တစ်ပြေးညီ လုပ်ငန်း အသစ်အသစ်တွေ လည်း တစ်ဟုန်ထိုး ပေါများ လာတယ်၊ ဟိုတယ်တွေ လည်း ဝန်ဆောင်မှု တွေ အမျိုးမျိုးနဲ့ အပြိုင်အဆိုင်တွေ ဖြစ်လာတယ်၊ ကျရှုံးတဲ့သူတွေ ရှိသလို ဒီထက် အောင်မြင်တဲ့သူတွေ လည်း ရှိတာပဲ၊ ဖျော်ဖြေရေး တွေ နဲ့ ဆွဲဆောင်စည်းရုံးကြ၊ ဝန်ဆောင်မှု တွေ ပေးကြပေါ့၊ လေးလေးလို မျက်လှည့်အတတ်ပညာနဲ့ တချို့ ဟိုတယ်တွေ လည်း ဝန်ဆောင်မှု ပေးတာ ရှိပါတယ်''
''လေးလေး ဒီလောက် ဂုဏ်ယူပြီး ပျော်နေပုံထောက်ရင် သူ များ တွေ ထက် လေးလေးက ပိုအောင်မြင်နေတယ် ထင်တယ်''
''ဟား ဟား ဘုံ ခန့်မှန်းတာ တော် လိုက်တာကွယ်၊ မောင် ရောင် စဉ်ရဲ့ မျက်လှည့်ပညာကို ဧည့်သည်တွေ သဘောကျနှစ် ခြိုက်အား ပေးတာ ဘုံ လက်တွေ့ မြင်ပြီ မဟုတ်လား၊ မောင်ရောင် စဉ်ရဲ့ ရုပ်ရည် ကလည်း ဆွဲဆောင်မှု ရှိတယ်လို့ ပြောရမယ်၊ ဒီခေတ် ရုပ်ရှင်မင်းသား တွေ ငိုင် သွားလောက်မယ့် စတိုင်မျိုးပဲ''
''ဟုတ်တယ် လေးလေး''
ဒါကိုတော့ သုခဘုံ အလျင်အမြန် ထောက်ခံလိုက်မိသည်။ မဟာနဖူးပြေပြေ၊ မျက်ခုံးထူထူ နှာတံစင်းစင်းနှင့် မထူမပါး ပိရိသေသပ် နေသော နှုတ်ခမ်းလေးက ရဲရဲစိုကာ ဆွဲဆောင်မှု ရှိလွန်းသည်။ ဝင်းဝါ နေသော အသားအရည်က ကုတ်အင်္ကျီတွေ စတိုင်ဘောင်းဘီတွေ နှင့် ဘယ်လိုအရောင် ဝတ်ဝတ် လိုက်ဖက်နေပြီး မြင့်မားသည့် အရပ်အမောင်း ကြောင့် ငေးကြည့်ချင်လောက်အောင် ကြည့်ကောင်းသည်။
ဆံပင်များ က နက်မှော င်နေသော်လည်း ဂုတ်ထောက်လုနီးပါး မှာ စင်းစင်းပျော့ပျော့လေးမို့ ယောက်ျားရင့်မာကြီးလို တောင့်တင်းသန်မာ ပေမယ့် မိန်းမချော ချောသူလို့လည်း သတ်မှတ်လို့ရသည်။
အသံလေးက သြရှဝါညက် သိမ်မွေ့လွန်းကာ တစ်ဖက်သားကို သိမ်းသွင်းနိုင်သည့် အစွမ်းသတ္တိတွေ အပြည့်နှင့် ဖြစ်၏ ။
''ဘုံလေး ဘာတွေ တွေးနေတာလဲ''
''ဟင် ဘာရယ် မဟုတ်ပါဘူး လေးလေးရယ်၊ အဲဒီ မျက်လှည့် ဆရာလေးကို လေးလေး အားကိုးနေတာ အံ့သြလို့ပါ၊ အခု လေးလေး ဘာကြောင့် အားကိုးတယ်ဆိုတာ လက်တွေ့ သိလိုက်ရတော့ ပိုပြီးတောင် အံ့သြမိသေးတယ်၊ တည်းခိုအနားယူတဲ့ ဧည့်သည်တွေ တင်မဟုတ်ဘူး လာရောက် စားသုံးသူတွေ နဲ့ ဟိုတယ်ကြီးက တော် တော် အောင်မြင်နေ တာပဲ''
''ဟုတ်တယ် အဲဒါကြောင့် ဘုံလေးကို လေးလေး ပြန်ခေါ်တာ ပေါ့ကွယ်၊ ဒီအောင်မြင်မှု တွေ က ဘုံလေးကို လက်ဆင့်ကမ်းပေးရမှာ မဟုတ်လား၊ ဘုံလေးလည်း ပညာပြည့်စုံနေပြီဆိုတော့ ဒီလုပ်ငန်းကို လေ့လာစေချင်တယ်''
''ဘုံ နားလည်ပါတယ် လေးလေး၊ ဒါပေမဲ့ ဘုံ ကတော့ အခု ပျော်သလို နေဦးမှာ နော်၊ ဟိုမှာ နေခဲ့သလို လွတ်လွတ်လပ်လပ်အတိုင်းပဲ''
''ဟုတ်ပါပြီဗျာ ဘုံလေး သဘောပါ၊ လေးလေး ကတော့ ဘုံ လေးကို ဖြည့်ဆည်းရုံသက်သက်ပါ''
''ဟင်း ဟင်း အဲဒါကြောင့် လေးလေးကို ချစ်တာ''
လက်မောင်းကြီး တစ်ဖက်ကို ယီးလေးခိုကာ ချွဲနွဲ့လိုက်သည် နှင့် ဦးဗလဇော် ကြည်နူးပီတိ ဝေကာ ပြုံးနေခဲ့သည်။
ဘဝမှာ သုခဘုံလေး တစ်ယောက် သာ တွယ်တာစရာ ရှိ သည်မို့...။
''သုခဘုံပါ''
''ဟုတ်ကဲ့ ကျွန်တော် သက်တန့်ရောင် စဉ်ပါ''
ယဉ်ကျေးမှု နှင့် ဦးညွတ်မိတ်ဆက်လိုက်သော်လည်း သုခဘုံက အနောက်တိုင်းဆန်ဆန် လက်ဆွဲနှုတ်ဆက်ချင်ဟန် တူသည်။
ဦးဗလဇော်ကို အားတုံ့အားနာ မျက်နှာပူပေမယ့် သုခဘုံ အနေခက်မသွားအောင် လက်ကမ်းပေးလိုက် ရ၏ ။
သူ့မျက်နှာကို အပြုံးလွင်လွင်ဖြင့် ငေးစိုက်ကြည့်ရင်း သုခဘုံက သူ့လက်ကို တော် တော် နှင့်မလွှတ်။
ဦးလေး တစ်ယောက် ရှေ့မှာ ရဲတင်းခြင်းက မြန်မာဓလေ့စရိုက် နှင့် ဆန့်ကျင်စွာ ။
''ထိုင်ဦး မောင်ရောင် စဉ်၊ ဧည့်ခံဖျော်ဖြေပွဲကိစ္စ ပြီးသွားပေမယ့် စကားပြောဖို့တော့ အချိန်ရသေးတယ် မဟုတ်လား''
''ဟုတ်ကဲ့ အန်ကယ်''
''အေးကွာ မင်းရဲ့ လုပ်ဆောင်ချက်တွေ ကို အန်ကယ် အားရ ကျေနပ်တယ်၊ တဖြည်းဖြည်းနဲ့ အပြင်ဧည့်သည်တွေ လည်း များ လာတယ်၊ အနားယူတည်းခိုဖို့လာတဲ့ ကိုယ့်ဆီက ဧည့်သည်၊ နိုင်ငံခြားသား ဧည့် သည်တွေ ဆီကလည်း လက်ခံမှု အားပေးမှု အရမ်းကောင်းတယ်၊ မင်း ကလည်း ပညာစွမ်းတွေ တစ်မျိုးပြီးတစ်မျိုး ထုတ်ပြနေတာကိုးကွ''
''ဟုတ်ကဲ့ အန်ကယ်အတွက်ရော ကျွန်တော့် အတွက်ရော အကျိုးရှိအောင် ပညာတွေ လေ့လာသင်ယူပြီး ကြိုးစားသွားမှာ ပါ''
''ရှင် ဒီပညာတွေ ကို နိုင်ငံခြားမှာ သွားသင်လာခဲ့တာလား''
''မဟုတ်ပါဘူး ဖေဖေ့ရဲ့ ပညာအမွေပါ၊ ဖေဖေ မသေခင် ကျွန်တော့် ကို ပညာစုံ သင်ပေးသွားတယ်၊ အခုခေတ် ပဉ္စလက် မျက်လှည့် အတတ်ပညာက အရင်တုန်းက လူတွေ ကို ဘယ်မီလိမ့်မလဲ၊ ဒါပေမဲ့ အရင်က မျက်လှည့်ဆရာတွေ ဟာ လမ်းဘေးမှာ ပဲ အသုံးချခွင့်ရခဲ့တာပါ၊ ဒီဘက်ခေတ်လို စင်ပေါ်မှာ ထင်ထင်ပေါ်ပေါ် မရှိဘူး၊ ကြိုးစားတတ် မြောက်မှု တွေ ကိုလည်း ချီးမြှောက်စားမယ့်သူ မရှိဘူး''
''အခုတော့ နိုင်ငံတကာမှာ လည်း ဒီမျက်လှည့်ပညာက တော် တော် ကို တိုးတက်လာတာကွ၊ လူတွေ က အမြင်ကျယ်လာတာလား၊ အတတ်ပညာတစ်ခုကို အားပေးရမှန်း သိလာတာလားတော့ မသိဘူး၊ လက်ခံမှု ရှိလာတာ ပညာရှင်တွေ အတွက် ဝမ်းသာစရာပေါ့''
''ဟုတ်ကဲ့ အန်ကယ်၊ အရင်က ဖေဖေ မျက်လှည့်ပွဲလိုက်သွား ရင်းနဲ့ ထမင်းနပ်မမှန်တဲ့ ရက်တွေ တောင် ရှိပါတယ်၊ လမ်းဘေးမှာ မျက်လှည့်ပွဲပြ ဆေးရောင်းတာ၊ လူအထင်သေးတာလည်း ခံရပါတယ်၊ အဆင့်အတန်းမြင့် သူတောင်းစားလို့ မခေါ်ရုံတမယ်ပါပဲ''
''ဟား ဟား အဲလိုတောင်မှလားကွ''
ဦးဗလဇော်က ဟက်ဟက်ပက်ပက် ရယ်ရင်း ရောင် စဉ်ရဲ့ ပွင့်လင်းမှု ကို သဘောကျနေ၏ ။ သုခဘုံက ရောင် စဉ်မျက်ဝန်းတွေ ထဲ စူးစူးနစ်နစ် ကြည့်ကာ
''အခုခေတ်က ဘယ်လိုအတတ်ပညာရှင် ဖြစ် ဖြစ် အဆင့်အ တန်း မြင့်လာပါပြီ၊ လုပ်ပိုင်ခွင့်တွေ နဲ့ လူတွေ လက်ခံအောင် ကိုယ့်ပညာကို ချပြလို့ရတယ်၊ အရည်အချင်းရှိရင် အားပေးတဲ့သူတွေ လည်း ရှိတယ်၊ အဓိကက ကိုယ့်ရဲ့ ကြိုးစားမှု ပဲ''
''ဟုတ်ပါတယ် အဲဒါကြောင့် ဖေဖေ့ပညာအမွေအပြင် ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာက သင်ဆရာ မြင်ဆရာတွေ ဆီကနေ ကျွန်တော် ပညာတွေ ထပ်လေ့လာ ဆည်းပူးသင်ယူနေတာပါ'' ''ဒီဟိုတယ်မှာ လုပ်ရတာ ရော အဆင်ပြေရဲ့ လား'' ''ဟုတ်ကဲ့ အများ ကြီး အဆင်ပြေပါတယ်၊ အလုပ်ချိန်က ညနေ ခြောက်နာရီက ညဆယ်နာရီအထိဆိုတော့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း မေမေနဲ့လည်း အတူနေရတယ်၊ အရင်က ကျွန်တော် နယ်တွေ ထွက်နေတော့ မေမေ့ကို တစ်ယောက် တည်း ထားခဲ့ရတာ '' ''ရှင်က အမေ တစ်ယောက် တည်း ရှိတာလား၊ မွေးချင်း မောင် နှမတွေ ရော''
''ဟင့်အင်း ကျွန်တော် တစ်ဦးတည်းသော သားပါ၊ ဖေဖေ မရှိတော့ မေမေ့ကို ကျွန်တော် ပဲ ရှာဖွေကျွေးမွေးနေရတာ ပေါ့''
''ရှင်က သားလိမ္မာပဲ၊ ဘုံ ကတော့ အဖေ အမေ မရှိပေမယ့် လေးလေးအပေါ် ခုထိ ဆိုးတုန်း''
သုခဘုံက ဦးဗလဇော် ပခုံးလေးပေါ် မှီနွဲ့ရင်း ချွဲချွဲနွဲ့နွဲ့ ပြော သည်။ ဦးဗလဇော်က သုခဘုံ ဆံနွယ်လေးတွေ ကို ဖွဖွလေး သပ်တင်ပေးကာ
''အန်ကယ် ကတော့ ဘုံလေး ဆိုးတယ်လို့ မယူဆပါဘူးကွာ၊ အန်ကယ့်ဘဝမှာ လည်း ဒီတူမလေး တစ်ယောက် ပဲ ရှိတာ မဟုတ်လား၊ သူ့အတွက် ဖြည့်ဆည်းနိုင်ဖို့ပဲ၊ ငွေတွေ ကို ကုန်းရုန်းရှာနေတာ၊ နိုင်ငံခြား မှာ လည်း လောင်းကစားဝိုင်းနဲ့ တွဲ ဖွင့်ထားတဲ့ ဟိုတယ်တစ်ခုမှာ ရှယ်ယာ ဝင်ထားတယ်၊ ဘုံလေးကိုလည်း ဆယ်တန်းအောင်ပြီးကတည်းက နိုင်ငံခြားကျောင်း တက်ခိုင်းခဲ့တာ၊ သူ ဘာပဲ ဖြစ်ချင် ဖြစ်ချင် အန်ကယ် အကုန်လုပ်ပေးမှာ ပဲ''
''ဒါဆို လေးလေး ဝယ်ထားတဲ့ ကားကို ဘုံ မကြိုက်ဘူး၊ နောက်ကားအသစ်လဲပေး''
''ဒါလေးများ ပြောစရာလားကွယ်၊ ဘုံလေး စိတ်ကြိုက်ရွေး ဝယ်ပါ၊ လေးလေးက ဘုံလေး ပြန်ရောက်ရောက်ချင်း စီးစရာမရှိမှာ စိုးလို့ ဝယ်ထားလိုက်တာ''
ချမ်းသာပြည့်စုံသည့် လူတွေ များ ကျတော့ ကားထည်လဲ ပြောင်း စီးရမှာ တောင် ဝန်မလေးပါလားဟု တွေးမိရင်း ဦးဗလဇော်ရဲ့ လိုက်လျော နိုင်မှု ကိုလည်း အံ့သြမိသည်။
ခုချိန်ထိ အိမ်ထောင်မရှိ လူပျိုကြီး တစ်ယောက် အ ဖြစ် နေခဲ့ပြီး သုခဘုံအပေါ်မှာ ဦးလေး တစ်ယောက် တာဝန် ဝတ္တရားတင်မက အမိ အဘ မေတ္တာတွေ ပါ အပြည့်အဝ ပေးနိုင်ခဲ့သည်။
အခုရော သူ့ကိုဘာကြောင့် နှင့် ခေါ်တွေ့ ရတာ လဲ။
သုခဘုံနှင့် မိတ်ဆက်ပေးရုံသက်သက်ပဲလား။ သူ့လက်က နာရီ ကို မြှောက်ကြည့်တော့ ဦးဗလဇော်က သဘောပေါက်ကာ
''မောင်ရောင် စဉ်က အိမ်ပြန်နောက်ကျလို့ အမေ စိတ်ပူမှာ စိုးရိမ်နေပြီ ထင်တယ်''
''ဟုတ်ကဲ့ မေမေက အရမ်းနောက်ကျရင် စိတ်ပူတတ်လို့ပါ''
''အေးကွ ဒါဆိုရင်တော့ နောက်ကျရင် စိတ်မပူအောင် မင်း အမေကို ကြိုပြောထားဖို့ လိုပြီထင်တယ်''
''ဗျာ ဘာ ဖြစ်လို့လဲ အန်ကယ်''
''သြော် ဒီလိုကွ၊ ဘုံလေးက တောင်းဆိုလို့ပါ၊ သူက အခုမှ မြန်မာပြည် ပြန်ရောက်လာတော့ သူငယ်ချင်း အပေါင်းအသင်း အဖော် မရှိဘူးလေ၊ အတိုချုံ့ပြောရရင် မင်း တာဝန်ချိန်မဟုတ်လည်း ဒီဟိုတယ်က အမြဲတမ်း ဝန်ထမ်းသဘောမျိုးနဲ့ ဘုံ လိုအပ်တဲ့အချိန်တွေ မှာ ရှိနေပေး ဖို့ပါ''
''ဟာ အဲဒါ မ ဖြစ်ဘူး ထင်တယ် အန်ကယ်တို့ တန်ရာတန် ကြေး ပေးမယ်ဆိုတာ သိပေမယ့် ကျွန်တော် လောဘမကြီးချင်ဘူး အန်ကယ်၊ မေမေ့အတွက် အချိန်ပေးရဦးမှာ ပါ၊ ရောင့် ရဲတင်းတိမ်မှု နဲ့ပဲ မေမေ့ကို စိတ်ချမ်းသာအောင် ထားချင်တယ်''
လိုအပ်တာထက် သုခဘုံ နှုတ်ခမ်းပါးလေးတွေ တွန့်ခနဲ မဲ့ကွေး သွား၏ ။ ဒီလိုလောဘနည်းသူတွေ ကြောင့် တချို့သော လူတွေ ဆင်းရဲတွင်း က မလွတ်မြောက်နိုင်သေးတာပင်။
သူမ ဆန္ဒကို လိုက်လျောပေးချင်နေသော လေးလေးက ရောင် စဉ်ရဲ့ ငြင်းဆန်မှု ကို လက်ခံချင်ဟန် မတူ။
''ဒီလိုလုပ်ပါ မောင်ရောင် စဉ်၊ မင်းအမေနဲ့ တိုင်ပင်ချင်ရင် တိုင်ပင်ကြည့်လိုက်ပါဦး၊ မင်းတို့အတွက် အဆင်ပြေနေတယ်ဆိုပေမယ့် မပြည့်စုံသေးတာကို အန်ကယ် သိထားပါတယ်၊ မင်းကို အလုပ်ချိန် အပြည့် တောင်းဆိုနေတာ မဟုတ်ပါဘူး၊ ဘုံလေးလိုအပ်ရင် ပြောတာပါ''
သူ အားမနာတမ်း ခေါင်းခါငြင်းဆန်ပစ်လိုက်ချင်သည်။
မိန်းမ တစ်ယောက် လိုအပ်သည့်အချိန် အသုံးချခံရတာ မျိုး မ ဖြစ်ချင်ပါ။ တင်တင်စီးစီး ထိုမိန်းမအကြည့်စူးစူးကိုလည်း မကြိုက်။
ရဲတင်းလွန်းတာလား၊ ဖော်ရွေလွန်းတာလား။
ခွဲခြားမရဘဲ မရင်းနှီးချင်တာက သူ့ဆန္ဒသက်သက် ဖြစ်မည် ။
''ဒီလိုလုပ်ပါရစေ အန်ကယ်၊ အလုပ်သဘောအရ ငွေရေး ကြေးရေး နဲ့ မဟုတ်ဘဲ တစ်ခါတစ်ရံ လူမှု ရေး အရ ကူညီလိုက်ရတာ မျိုး ဆိုရင် ဖြစ်နိုင်ပါတယ်၊ အမြဲတမ်းဆိုရင် ဝန်ပိသွားမှာ စိုးလို့ပါ''
''ရှင်က လေးလေး ဆန္ဒကို ဆန့်ကျင်နေတာလား''
''အမိန့်ပေးတာမျိုး မဟုတ်သေးလို့ ကျွန်တော် ဒီလောက်ထိ လက်ခံပေးဖို့ စဉ်းစားလိုက်တာပါ၊ ကျွန်တော် က ကျွန်တော် တာဝန်ယူ ထားတဲ့ အလုပ်ကိုပဲ တာဝန်ကျေအောင် ကြိုးစားချင်တာ''
''ငွေမရှိဘဲ မာနရှိတာ အံ့သြစရာပဲ''
''ကျွန်တော် ဘယ်သူ့ကိုမှ မှီခိုနေတာ မဟုတ်တဲ့အတွက် ကိုယ့်မာနာနဲ့ကိုယ် နေနိုင်ပါတယ်၊ ဟို ကျွန်တော့် ကို ခွင့်ပြုပါဦး အန်ကယ်''
''သြော် အေး နောက်နေ့မှ ဆုံမယ် မောင်ရောင် စဉ်''
သုခဘုံကို တစ်ချက်မှ လှည့်မကြည့်ဘဲ ဦးဗလဇော်ဆီမှာ ခွင့် တောင်းပြီး ထွက်လာခဲ့သည်။
အရောင် လက်နေသော သုခဘုံ မျက်ဝန်းတွေ ကို ရှောင်ထွက် လာခဲ့ရတာ နည်းနည်း စိတ်သက်သာသလို ရှိသည်။
ဒီမိန်းမ ဘာကြောင့် သူ့ကို စိုးမိုးချင်နေရတာ လဲ။
မရိုးစင်းသော မျက်လုံးများ က သူ့စိတ်တွေ ကို ကသိကအောက် ဖြစ်စေလျက်...။
''ရွှီ''
လေချွန်သံ ပေးလိုက် သည်နှင့် ကုက္ကိုပင်ပေါ်ကနေ သာလိကာ လေး သူ့ပခုံးပေါ် လာနားသည်။ သူက ဦးခေါင်းလေးကို ချစ်စနိုးနှင့် ဖွဖွလေး သပ်ပြီး နမ်းလိုက်၏ ။
သာလိကာလေးကလည်း သူ့ပါးစပ်ကို နှုတ်သီးလေးနှင့် ပွတ် သပ် နမ်းသည်။
''ငါ နောက်ကျလို့ မင်းစိတ်ဆိုးနေမယ် ထင်တာ၊ ဗိုက်ဆာနေပြီ မဟုတ်လား၊ အိမ်မြန်မြန်ပြန်ကြမယ်နော်''
''အိုကေ အိုကေ''
သာလိကာလေးက မပီတပီ ပြောရင်း အပျော်လွန်ကာ တောင်ပံတဖျပ်ဖျပ် ခပ်သည်။ တခြား မျက်လှည့်ဆရာတွေ က ခိုဖြူလေးတွေ အသုံးပြုသော်လည်း သူ ကတော့ အစိမ်းနှင့် အနီ ရောယှက်ထားသော သာလိကာလေးကိုသာ ပွဲထုတ်ခဲ့သည်။
ထိုသာလိကာလေးကို စတွေ့ စဉ်က အပျံသင်စအရွယ်မှာ အမိအဘ ဆွေမျိုးအသိုက်အဝန်းတွေ နှင့် ကွဲပြီး သစ်ပင်ပေါ်က ပြုတ်ကျလာ ဟန်တူသည်။ မြေပြင်မှာ အကျနာသွားသော သာလိကာလေးကို သူ တယုတယ ကောက်ယူလာပြီး ဆေးကုပြုစုစောင့်ရှောက်လာခဲ့ရတာ ။
''သားရယ် သူ ကျန်းမာလာရင် သူ့ကို ကောက်တွေ့ တဲ့နေရာ မှာ ပြန်လွှတ်ပေးလိုက် ပါကွယ်၊ မိတကွဲ ဖတကွဲနဲ့ သနားစရာ ကောင်း ပါတယ်၊ တိရစ္ဆာန်ကို သံယောဇဉ် အရမ်း ဖြစ်လွန်းရင်လည်း မကောင်း ဘူး၊ သူ့သဘာဝ နဲ့သူ နေပါစေ''
မေမေက ထိုသို့ သတိ ခဏ ခဏ ပေးနေ၍ နေကောင်းလာ သည့်အချိန်မှာ မခွဲချင် ခွဲချင်နှင့် စိတ်မကောင်းကြီးစွာ သူ ပြန်လွှတ် ပေးခဲ့သည်။ ဒါပေမဲ့ နေဝင်ချိန်မှာ သာလိကာလေး သူ့အိမ်ကို ပြန် ရောက်လာပြီး သူ့ပခုံးပေါ်မှာ နားသည်။
''လူစော်နံလို့ သူ့အမျိုးအနွယ်တွေ လက်မခြံ ကတော့တာ ဖြစ် မယ်၊ ပြန်လာတော့လည်း သနားပါတယ် သားရယ်၊ ငယ်ကလည်း ငယ်သေးတယ်၊ သူ့ကို ကောင်းကောင်း ပြုစုလိုက်ပါ သားရယ်၊ သူတို့လို သာလိကာတွေ က သင်ပေးရင် တတ်လွယ်တယ်၊ သံယောဇဉ်လည်း ကြီးတတ်ကြတယ်''
မေမေ့စကားကြောင့် သူ ပျော်သွားသည်။ သူလည်း မွေးချင်း မောင်နှမ မရှိ ကြီးပြင်းခဲ့ရသူမို့ သာလိကာလေးကို ကိုယ်ချင်းစာကာ ယုယ ထွေးပွေ့ ဂရုစိုက်ခဲ့သည်။ အစားအသောက်စားတော့လည်း အတူ တူ၊ ဖေဖေ သင်ပေးခဲ့သည့် ပညာတွေ လေ့ကျင့်တော့လည်း အတူတူ။
သူ့အတွက် အနီးကပ် မိတ်ဆွေကောင်း အဖော်ရခဲ့သည်။ ခုဆို ဒိုလေးလည်း သူနဲ့အတူတူ စီးပွားရှာနေသည်ဟု ပြောလို့ရသည်။ ဒိုလေးက သူ သင်ပေးထားသော စကားတွေ လည်း ပြောတတ်သလို လိမ္မာပါးနပ်မှု လည်း ရှိသည်။
အိပ်ရာထချိန် အလုပ်သွားချိန်ကိုလည်း သတိပေးတတ်သူပါ။
''ရှူး ခဏလေး အိတ်ထဲဝင်နေစမ်း ဒိုလေး၊ ရှေ့ကလူ သုံးယောက် က မူမမှန်ဘူးကွ''
အမှော င်ရိပ်ထဲက လူသုံးယောက် ရဲ့ လှုပ်ရှားမှု သဏ္ဌာန်က မသင်္ကာစရာမို့ ဒိုလေးကို လွယ်အိတ်ထဲထည့်ကာ ရှောင်ကွင်းလျှောက်လိုက်သည်။
ဒီရပ်ကွက်ကို ပြောင်းလာတာ မကြာသေးတာမို့ ဘယ်လိုလူတွေ ဆိုတာ သူ မခန့်မှန်းနိုင်။
''ဟာ ဘယ်လိုလူတွေ လဲ''
ကိုယ်က အလိုက်တသိ ရှောင်တိမ်းနေပေမယ့် ထိုလူသုံးယောက် က ခြေကားရား လက်ကားရားဖြင့် လမ်းပိတ်ထားသလို ဖြစ်နေတာမို့ သူ နည်းနည်း တော့ တင်းသွားသည်။
အမှော င်အားကိုးပြီး လူမိုက်လုပ်ချင်နေသည့် သူတွေ လား။
''ညီလေး အစ်ကိုတို့က သူတောင်းစားတွေ တော့ မဟုတ်ဘူး၊ ဒါပေမဲ့ သဒ္ဓါသလောက် လှူဒါန်းခဲ့ဖို့ မေတ္တာရပ်ခံပါတယ်''
''ဟုတ်တယ် ကြည်ကြည်ဖြူဖြူ စွန့်ကြဲခဲ့ရင် အိမ်ကို မိမွေး တိုင်း ဖမွေးတိုင်း ပြန်ရောက်ဖို့ အာမခံတယ်''
''ခင်ဗျားတို့က တောင်းနေတာ မဟုတ်ဘူးဆိုပေမယ့် ဓားမြ တိုက်နေသလိုပဲ၊ ခြေတွေ လက်တွေ အကောင်းချည်းပဲဥစ္စာ၊ ကိုယ့်ဘာသာ ရှာဖွေစားသောက်ကြပါလား၊ သူများ သွေးနဲ့ချွေးနဲ့ ရှာလာတာကို အခုလို လူမိုက်လုပ် မိုက်ကြေးခွဲနေတာ မရှက်ကြဘူးလား''
အရှက်မရှိ တောင်းရဲတာ ဆေးသမားတွေ ဖြစ်ရမည် ။ သူ ခပ်တင်းတင်း ပြန်ပြောတော့ သွေးဆူသွားကြဟန် တူ၏ ။ တစ်ယောက် က လွယ်အိတ်ကို လာဆွဲပြီး ကျန်နှစ် ယောက် က ထိုးဖို့ကြိတ်ဖို့ လုဖို့ပြင်၏ ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သူတစ်ပြန် ကိုယ်တစ်ပြန် ထိုးကြိတ်ရမှာ ဝန်မလေးသော်လည်း အိတ်ထဲရောက်နေသည့် ဒိုလေးကို ငဲ့ညှာရမည် မို့ သူ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ အိတ်ကို ဆောင့်ခနဲ ပြန်ဆွဲလိုက် လျှင် ဒိုလေး နာသွားမလား။
''မကြည်ဖြူချင်ဘူး ထင်တယ်၊ ပါသမျှ လုကွာ''
''ရေရှိမှ ငါတို့လိုချင်တာ ဝယ်လို့ရမှာ ''
''ခင်ဗျားတို့နော် သည်းခံနေတာ အဟုတ်မမှတ်နဲ့''
''အာ ပြောနေကြာတယ် ချ''
ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်မို့ လွယ်အိတ်ကို ထိန်းရင်း ပြန်ခုခံရသည်။ ထိုလူတွေ က လူမိုက်တွေ ပီပီ အတွေ့ အကြုံရှိဟန်တူသည်။ ဒိုလေးကို ငဲ့ညှာနေရ၍ ကိုယ့်ကိုယ်ကို အနာကျင်ခံနေရ၏ ။
ထိုအချိန်မှာ ဝင်းတံခါးတစ်ခု ဂျုန်းခနဲ ပွင့်သွားပြီး ပျဉ်ချောင်း တစ်ချောင်း ကိုင်ကာ မိန်းကလေး တစ်ယောက် ပြေးထွက်လာသည်။
''အဲဒါ ဘာ ဖြစ်နေကြတာလဲ၊ ရဲတိုင်ရမှာ လား၊ ဒီတုတ်နဲ့ အရိုက်ခံချင်ကြလား''
''အောင်မာ မိန်းကလေးက လူစွာ လာလုပ်နေတယ်၊ ဝင်ရှုပ်ရင်တော့ မိန်းကလေးရေ ဘာရော ရှောင်မနေနဲ့ ချကွာ''
''ရဲတိုင်ချိန်မရအောင် လုပ်မှ ဖြစ်မယ် ဆော်ပစ်''
ရန်ပွဲက သုံးယောက် နှစ် ယောက် ဖြစ်သွားပြီး ကောင်မလေးက လက်စွမ်းထက်လှသည်မို့ ထိုလူတွေ အထိနာသွားကြသည်။ ထို့နောက် မဟန်နိုင်မှန်းသိ၍ ဆေးသမားတွေ ကမူးရှူးထိုး ထွက်ပြေးသွားကြသည်။
သက်တန့်ရောင် စဉ်က ဒူးထောက်ထိုင်ကာ အိတ်ကလေးကို ဖြဲ၍ ဒိုလေးကို အရင်ထုတ်ကြည့်မိသည်။ ကောင်မလေးက အနားကပ် လာကာ
''ရှင် ဘာ ဖြစ်သွားသေးလဲ၊ ဟင် ငှက်ကလေးပါလား''
မီးအလင်းရောင် တွေ ရှိသော်လည်း အမှော င်ရိပ်ကျနေသည်မို့ အခုမှ ငှက်ကလေးကို မြင်သွားဟန် တူသည်။ သူ့နည်းတူ ဒူးထောက် ထိုင်ချလိုက်ပြီး
''ငှက်ကလေး အိတ်ထဲမှာ မွန်းနေတာ ထင်တယ်၊ ငြိမ်လို့ပါ လား''
''ဒီကောင်က ရုန်းရင်းဆန်ခတ် ရန်တွေ ဘာတွေ သတ်ရင် အရမ်းကြောက်တတ်တာ၊ အဲဒါကြောင့် ကျွန်တော် အိတ်ထဲ ထည့်ထား တာပေါ့၊ သူ့ကို ညှာနေရတာ နဲ့ ကျွန်တော် လည်း ထင်တိုင်း မလုပ်နိုင်ဘူး''
''ဟင် ရှင့်နှာခေါင်းမှာ သွေးတွေ ထွက်နေတယ်''
''အင်း ကျွန်တော် ထိသွားတယ်၊ ရပါတယ် ကိစ္စမရှိဘူး ဒီက ညီမကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော့် ကြောင့် အိပ်ရေး ပျက်သွားပြီ''
''ကျွန်မတို့က ဒီအချိန် မအိပ်သေးပါဘူး၊ ရှင့်ဒဏ်ရာ ကြည့် ရအောင် ကျွန်မတို့ ကျောင်းထဲ ခဏလိုက်ခဲ့ပါလား''
ကျောင်းဆိုမှ မျက်စောင်းထိုးလောက်မှာ ရှိသော အဆောက် အဦးကို လှမ်းကြည့်မိစဉ်မှာ ဘုန်းကြီးကျောင်းကြီး ဖြစ်နေမှန်း သိလိုက်ရသည်။
''ဒီက ညီမက ဘုန်းကြီးကျောင်းမှာ နေတာလား''
''မဟုတ်ပါဘူး၊ ဘုန်းဘုန်းရဲ့ မိဘမဲ့ ပရဟိတ ကျောင်းမှာ နေတာပါ၊ အဲဒီ က ကလေးတွေ ကို ကျွန်မက စာသင်ပေး၊ ဝေယျာဝစ္စ လုပ်ပေးတာပေါ့၊ ဟိုဘက်အခြမ်းမှာ လေ အေးရိပ်သာ မိဘမဲ့ပရဟိတ ကျောင်း၊ ရှင်က ဒီရပ်ကွက်က မဟုတ်ဘူး ထင်တယ်''
''ဟုတ်ကဲ့ ကျွန်တော် ဒီရပ်ကွက်ကို ပြောင်းလာတာ သုံးလေး ရက် ရှိပါသေးတယ်၊ ဒီနားကနေ ဖြတ်သွားပေမယ့် ကျွန်တော် သတိမထားမိဘူး ဖြစ်သွားတာ''
''ကဲ စကားတွေ များ နေတာနဲ့ သွေးတွေ က အရမ်းထွက်နေပြီ၊ ငှက်ကလေးလည်း အကြောက်ပြေအောင် တစ်ခုခု လုပ်ပေးချင်တယ်၊ အမြန်လာပါ''
ကောင်မလေးက ငှက်ကလေးကို ပွေ့ပိုက်၍ ရှေ့က ထွက်သွားသည်မို့ ရောင် စဉ် ကပျာကယာ ထလိုက်လာခဲ့ရသည်။
ဂေဟာလေးက ဘုန်းကြီးကျောင်း ဝင်းကြီးထဲမှာ ဆိုပေမယ့် ဘုန်းတော် ကြီးကျောင်းနှင့် တော် တော် အလှမ်းဝေးသည်။ သစ်ပင်ကြီးငယ် တွေ အုံ့အုံ့ဆိုင်းဆိုင်းနှင့် သီးပင်စားပင်တွေ လည်း စိုက်ပျိုးထားဟန် တူသည်။
ပရဟိတကျောင်းကြီးက ကြီးကြီးမားမားနှင့် နှစ် ထပ်အဆောင် ကြီး ဖြစ်၏ ။ တစ်ဖက်မှာ ထမင်းစားဆောင်ကြီးလည်း ရှိသလို လူနေ အဆောင်ပုံစံမျိုးတွေ လည်း တွေ့ ရသည်။
''ဒီမှာ ခဏထိုင်ဦးနော်၊ ကျွန်မ ဆေးအိတ်သွားယူလိုက်ဦးမယ်''
ကွပ်ပျစ်လေးမှာ ထိုင်ခိုင်းပြီး သူ့လက်ထဲကို ဒိုလေးကို ထည့်၍ အဆောင်တစ်ခုအတွင်း ကောင်မလေး ဝင်သွားသည်။
ပြန်ထွက်လာတော့ ဆေးအိတ်နှင့်အတူ အဒေါ်ကြီး တစ်ယောက် ပါ ပါလာသည်။
''ဒီအစ်ကိုလေ ဒေါ်ကြီးရဲ့ ၊ လူသုံးယောက် က ဝိုင်းရိုက်တာနဲ့ ကူညီလိုက်ရတာ ၊ ဒီနေ့မှ အမှိုက်တွေ မီးရှို့နေရင်းနဲ့ အသံဗလံတွေ ကြားလို့ ထွက်ကြည့်မိလိုက်တာ တော် သေးတာပေါ့''
''အေးကွယ် ကံကောင်းလို့ပေါ့၊ ဒီနားက ညဆို လူနည်းနည်း ပြတ်တယ်၊ အမြဲတမ်းတော့ မဟုတ်ပါဘူး၊ တစ်ခါတစ်ရံ အရက်သမား၊ ဆေးသမားတွေ က နည်းနည်း ပြဿနာ ရှာချင်တယ်''
''သူက ဒီရပ်ကွက် ပြောင်းလာတာ မကြာသေးတော့ မျက်နှာ စိမ်းဆိုပြီး ဂွင်ဖမ်းကြည့်တာ ဖြစ်နိုင်ပါတယ်၊ အစ်ကိုက ဘယ်လမ်းကို ပြောင်းလာတာလဲ''
''ခရေဖြူလမ်း အိမ်နံပါတ် ဆယ့်လေးမှာ ပါ''
''သြော် သိပ်မဝေးဘူးပဲ၊ နှစ် လမ်းကျော်လောက်ဆို ရောက်ပြီ ပေါ့၊ စပ်စုတယ်လို့တော့ မထင်နဲ့နော်၊ အစ်ကိုက ဘာအလုပ်လုပ်လို့ ဒီအချိန်မှ ပြန်လာတာလဲ''
''မြို့ထဲက ဟိုတယ်တစ်ခုမှာ မျက်လှည့်ဆရာ လုပ်တယ်၊ ကျွန်တော့် ရဲ့ အိမ်ပြန်ချိန်က ဒီအချိန်ပဲ''
''မျက်လှည့်ဆရာ''
ကောင်မလေးက သံယောင်လိုက်ရင်း သူ့မျက်နှာက ဒဏ်ရာ ဒဏ်ချက်တွေ ကို ဆေးလိမ်းပေး၏ ။ နှာခေါင်းက သွေးတွေ ကိုလည်း ညင်ညင်သာသာ သုတ်ပေးသည်။ သူက ဒိုလေး အကြောက်ပြေအောင် ရင်မှာ ထွေးဖက်ပွေ့ပိုက်ထားရင်း ကောင်မလေးမျက်နှာကို အကဲခတ်မိ၏ ။ ပြင်ဆင်မှု မရှိတာကြောင့် လားတော့ မသိ။ ညိုညက်ညက် အသားအရေနှင့် ရွက်ကြမ်းရေကျို အလှလောက်ပဲ ရှိသည်။ အဝါရောင် ချည်သား လက်စကလေးနှင့် အပွင့်အခက် သေးသေးနုတ်နုတ် ထဘီ လေးက ရိုးယဉ်မှု များ နှင့် ။
ဒါပေမဲ့ ရိုးသားဖြူစင် ပွင့်လင်းဟန်တူသော သူမ မျက်နှာလေး က အေးချမ်းမှု များ နှင့် ကြည်လင်လန်းဆန်းလို့ပါ။
''ကျွန်တော့် နာမည် သက်တန့်ရောင် စဉ်ပါ၊ ဒီက အဒေါ်နဲ့ ညီမကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော့် ကို ခွင့်ပြုပါဦးနော်၊ အိမ်မှာ မေမေ စိတ်ပူနေမှာ စိုးလို့ပါ''
''အေးကွယ် အေး၊ အဒေါ်တို့က နယ်မြေခံတွေ ဆိုတော့ လိုတဲ့ အကူအညီရှိရင် ပြောပါ၊ ဘုန်းဘုန်းကလည်း ဒီလမ်းကို မီးချောင်း အပြည့်သွယ်မယ်လို့ ပြောထားတော့ နောက်ဆို ဒီလိုမျိုး အန္တရာယ်လည်း ကြုံတော့မှာ မဟုတ်ပါဘူး''
''ဟုတ်ကဲ့ ခင်ဗျ၊ ကျေးဇူးတင်ပါတယ်''
''အေး အဒေါ်နာမည် လည်း မှတ်ထား ဒေါ်ခင်သက် တဲ့၊ သူလေး ကတော့ မဟူရာဖြူ၊ ဒီဂေဟာမှာ သူ မရှိမ ဖြစ်လောက်အောင် အရည်အချင်း ရှိတယ်''
''ဒေါ်ကြီးကလည်း ပြောတော့မယ်၊ ဒီနေရာကလွဲရင် သွားစရာ မရှိလို့ကို ဖြူက ဒီမှာ နေရမှာ ပါ''
ကောင်မလေးရဲ့ ဘဝအစိတ်အပိုင်းလေးကို အမှတ်တမဲ့ သိ လိုက်ရသည့်အတွက် စိတ်မကောင်း ဖြစ်သွားမိသည်။
သုခဘုံ ဘဝနှင့်ဆိုလျှင် မိုးနှင့်မြေလို ကွာခြားလွန်းပါလား။ အိမ်ပြန်လမ်းမှာ ခြေလှမ်းမှန်မှန်နှင့်....။
''အချိန်တွေ နောက်ကျလို့ စိတ်ပူလိုက်ရတာ သားရယ်၊ မေမေ မေးစမ်းပြီးတောင် ဟိုတယ်ကို လိုက်လာတော့မလို့''
မေမေက မအိပ်နိုင်အောင် စိတ်ပူလျက် သက်တန့်ရောင် စဉ် တို့ ဝင်လာတာ မြင်တော့ အပေါက်ဝကို အပြေးအလွှား လာကြိုသည်။ သူ့မျက်နှာက ဒဏ်ရာကို မြင်တော့ ပိုပြီး ထိတ်လန့်သွား၏ ။
''ဘယ်လို ဖြစ်လာတာလဲ သားရယ်၊ တစ်ခုခု ဖြစ်နေပြီလို့တော့ မေမေ ထင်သားပဲ''
''စိတ်မပူပါနဲ့တော့ မေမေရယ်၊ သား ပြန်ရောက်လာပြီပဲ၊ ဘာ ဖြစ်လာတယ်ဆိုတာ သား ပြောပြမယ် မေမေ ထိုင်ပါ''
ဆက်တီခုံလေးပေါ် မေမေ့ကို တွဲ ထိုင်ခိုင်းလိုက်ပြီး သူပါ ဝင် ထိုင်လိုက်သည်။ အခုမှ စိတ်သက်သာသွားသလိုနှင့် ဒိုလေးက စားပွဲပေါ် မှာ တောင်ပံတဖျပ်ဖျပ်။
''သားက ဒီရပ်ကွက်မှာ မျက်နှာစိမ်းလို ဖြစ်နေတော့ လူ သုံးယောက် က ပညာစမ်း ရန်ရှာချင်တဲ့ သဘောပါ၊ အဲဒါ ကောင်မလေး တစ်ယောက် က ဝင်ကူပေးတာ မေမေရဲ့ ''
''ဟင် ကောင်မလေး တစ်ယောက် က ဝင်ကူပေးတယ်''
''ဟုတ်တယ် ဝင်ကူပေးရုံတင် မကဘူး၊ သူတို့ မိဘမဲ့ဂေဟာ ထဲ ခေါ်သွားပြီး သားဒဏ်ရာတွေ ကို ဆေးတောင် ထည့်ပေးလိုက် သေး တယ်''
''အမလေး သူတော် ကောင်းနဲ့ တွေ့ ခဲ့တာပါလား သားရယ်၊ ဒါနဲ့ မိဘမဲ့ဂေဟာ ဆိုတာ''
''ရပ်ကွက်ထိပ်က ဘုန်းကြီးကျောင်းကြီးလေ မေမေရဲ့ ၊ သား လည်း ဖြတ်တာ သွားနေတာ အမှတ်တမဲ့ပဲ၊ ဒီနေ့မှ သေသေချာချာ သိခဲ့တာ၊ အဲဒီ ကောင်မလေးက အဲဒီ မှာ နေပြီး စာလည်း သင်ပေးတယ်၊ ဝေယျာဝစ္စတွေ လည်း အကုန်လုပ်တယ်တဲ့''
''သြော် ဟုတ်လား၊ စိတ်ရင်းစေတနာ ကောင်းရှာသားပဲ၊ မေမေလည်း အိမ်မှာ နေရင်းနဲ့ ဟိုလူပြော၊ ဒီလူပြော ကြားရတာ တော့ မရှိဆင်းရဲသားတွေ ကို အဲဒီ ဘုန်းဘုန်းက ကြည့်ရှုစောင့်ရှောက်တယ် ဆိုလား''
''နိုင်ငံတော် က ထောက်ပံ့လို့ပေါ့ မေမေရယ်၊ ဘုန်းကြီးတစ်ပါး တည်းတော့ ဘယ်လိုလုပ် နိုင်နင်းမှာ လဲ၊ အဲလို ပရဟိတ လုပ်ငန်းတွေ ပေါ်ပေါက်ထွန်းကားလာတာ ကုသိုလ်လည်းရ ကောင်းလည်း ကောင်း ပေမယ့် တချို့ လူတွေ ရေသာခိုချင်စိတ်တွေ ဖြစ်သွားမှာ လည်း စိုးရိမ် ရတယ်''
''ဘာ ဖြစ်လို့လဲ သားရဲ့ ''
''တချို့က မှီခိုစရာရှိရင် မှီခိုပြီး အလုပ်မလုပ်ချင်ကြဘူးလေ၊ တချို့မိဘတွေ ကလည်း တာဝန်မဲ့ပြီး ဒီလို နေရာတွေ မှာ စွန့်ပစ်ချင်ကြ တယ်၊ လူတိုင်း အလုပ်ကိုယ်စီ ဝင်ငွေကိုယ်စီ တာဝန်ကိုယ်စီနဲ့ဆိုရင် ဒီလိုကိစ္စတွေ ဖြစ်လာပါ့မလား''
သက်တန့်ရောင် စဉ် စကားကို ဒေါ်နှင်းရည်ချို လေးလေးပင်ပင် ခေါင်းယမ်းသည်။
''သား ပြောတာ မှန်ပေမယ့် ဘဝအခြေအနေတွေ မတူတာ ကိုလည်း နားလည်ပေးရမယ် သား၊ ဆင်းရဲချမ်းသာ ကွာခြားချက်က ကံကြမ္မာနဲ့လည်း ဆိုင်တယ်၊ ဒီဘဝမှာ စိတ်ဓာတ်ယုတ်ညံ့ရင် နောင်ဘဝ မှာ ဒီ့ထက်ပိုဆိုးမယ်၊ တချို့က ငါ ကောင်းတာလုပ်နေတာတောင် ကောင်းတာ မ ဖြစ်ဘူးဆိုပြီး တွေးတတ်ကြသေးတယ်၊ မျိုးစေ့ဆိုတာ အခုချ အခုအပင်ပေါက်လို့လား၊ ရေလောင်းပေါင်းသင် စိတ်ရှည်ရှည် ထားမှ သူ့အချိန်တန်ရင် အသီးအပွင့် ဖြစ်လာမှာ ပေါ့၊ ဒီလို ဘဝမျိုးကို ဘယ်သူ နေချင်ပါ့မလဲ''
သူ့ခေါင်းလေးကို ဖွဖွပွတ်သပ်ပေးရင်း မေမေက ရှင်းပြသည်။ သူလည်း နားလည်သင့်သလောက် နားလည်ပေမယ့် မေမေ့လောက် တော့ သဘောထား မပြည့်ဝသေးပါ။
ကိုယ့်ကိုယ်ကို ပင်ပင်ပန်းပန်း ရှာဖွေစားသောက်ရတာ မညည်း ညူပေမယ့် အငတ်အပြတ်ခံပြီး အလုပ်မလုပ်ချင်သူတွေ ကိုတော့ အရမ်း မုန်းသည်။ လုပ်လည်း မထူးပါဘူးဆိုပြီး ဗိုက်မှော က် အိပ်နေသူတွေ မှာ မျှော်လင့်ချက်တို့ ပန်းတိုင်တို့ မရှိလို့ မဟုတ်ပါလား။
တက်ကျိုးလျှင် လက်ထိုးလှော်ရမှာ လူ့ဘဝပင်။
''ကဲ မေမေ့စကားတွေ နားထောင်လို့ ကောင်းပေမယ့် သားတို့ ဗိုက်ဆာလာပြီ၊ ထမင်းစားတော့မယ် မေမေ၊ ဒိုလေးလည်း တော် တော် ဆာနေလောက်ပြီ''
''အေး အေး မေမေ ထမင်းပွဲပြင်လိုက်မယ်၊ သား ခြေလက် ဆေးလိုက်ဦးလေ၊ အဝတ်အစားလေးပါ လဲလိုက် သား၊ ပေရေနေတာပဲ''
''ဟုတ်ကဲ့ မေမေ''
အိမ်ရှေ့ ရေစည်ပိုင်းရှိရာ သူ သွားတော့ ဒိုလေးပါ ရေချိုးဖို့ လိုက်လာသည်။ ဒိုလေးက ရေအလွန်ကြိုက်သည်။
မေမေ ရေချိုးလျှင် လိုက်ချိုး၊ သူချိုးလျှင် လိုက်ချိုးနှင့် သန့်သန့် ပြန့်ပြန့် နေတတ်၏ ။ ထမင်းဆိုလည်း ငရုတ်သီးစပ်စပ်နှင့် နယ်ကျွေး လျှင် အရမ်းစား၏ ။ ကြက်တူရွေး အမျိုးအနွယ်စပ်တာမို့ ငရုတ်သီးစိမ်း တောင့်၊ ခရမ်းချဉ်သီး၊ အသီးအနှံအားလုံး သူ့အိမ်လေးထဲမှာ အပြည့် ထည့်ပေးထားရသည်။
''ဟိတ်ကောင် ငါ ရေမချိုးဘူး၊ ငါ့ကို ရေစင်အောင်မလုပ်နဲ့''
ဒိုလေးက တောင်ပံ တဖျပ်ဖျပ်ခတ်၍ ရေစင်အောင် လုပ်နေ သည်မို့ ငေါက်လိုက်ရသည်။ ဒီကောင်က စိတ်ကြည့်နေလျှင် စချင်နောက် ချင်၏ ။ သူ ခြေလက်ဆေးပြီးတော့ ဒိုလေးက သူ့ပခုံးပေါ် တက်လိုက် လာသည်။
''မင်း အရမ်း ရေသာခိုတယ် သိလား''
''ကျေးဇူးတင်ပါတယ်''
''အေးပါ မင်းက အဲလိုလေး ပြောပြီး ငါ့ကို နှပ်ချနေတာ၊ ထမင်းစားခါနီး ငါးအရိုးထွင် ကျွေးအောင်လို့မဟုတ်လား''
''ကဲပါ သားရယ်၊ ဒိုလေးအကြောင်း သိရဲ့ နဲ့ ပြောနေသေးတယ် ထမင်းလာစားကြ သား''
''ဟင် မေမေလည်း မစားရသေးဘူးလား''
''သားတို့ကို စောင့်နေတာပေါ့ကွယ်၊ မေမေ ဘယ်တုန်းက ထမင်းအရင်စားနှင့်ဖူးလို့လဲ''
''ဒီလို အရမ်းနောက်ကျတဲ့နေ့တော့ မစောင့်ပါနဲ့ မေမေရယ်၊ မေမေ အစာအိမ်ပြန်အောင့်နေပါဦးမယ်၊ ဒါမှမဟုတ် မုန့်တစ်ခုခု စားထား ပါနော် မေမေ''
''အေးပါ သားရယ် အေးပါ၊ ဒါနဲ့ ဒီဟိုတယ်က သူဌေးရဲ့ တူမ နိုင်ငံခြားက ပြန်ရောက်လာပြီဆို၊ သဘောကောင်းရဲ့ လား သား''
မေမေက မေးမှ သုခဘုံကို သတိရပြီး ရောင် စဉ် လည်နင်သွား ၏ ။ ရေတစ်ခွက်နှင့် လည်ချောင်းရှင်းပြီးမှ
''သဘောကောင်းလား မကောင်းလား၊ သေချာတော့ ဆက်ဆံ မကြည့်ရသေးပါဘူး၊ ဒါပေမဲ့ ငွေရှိတဲ့ အသိုက်အဝန်းကပဲ မာနကြီးမှာ ကတော့ သေချာပါတယ်''
''ဒါတော့ ဒါပေါ့ကွယ်၊ ကိုယ်က ဝန်ထမ်းဆိုတော့လည်း သည်းခံ ရမှာ ပေါ့၊ ဒီဟိုတယ်လေး ရောက်မှ မေမေတို့လည်း အိမ်ငှားဘဝကနေ အိမ်ပိုင်လေး ဝယ်နိုင်လာတာ မဟုတ်လား၊ ကိုယ် ကျော်ကြားအောင်မြင် တာလည်း သူတို့ကြောင့် ဆို မမှားဘူးလေ သားရဲ့ ၊ အရင်က ကိုယ် ကြိုးစားတိုင်း ဖြစ်ခဲ့တာမှ မဟုတ်တာ''
''ဟုတ်ပါတယ် သားကလည်း ဒါကြောင့် ဦးဗလဇော်ကို ကျေးဇူး တင်ပြီး အလုပ်တွေ ပိုကြိုးစားနေတာပေါ့၊ သူတို့လည်း သားကြောင့် ပိုပြီး အောင်မြင်လာကြပါတယ်''
''ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပေါ့ကွယ်၊ စေတနာထားရင် တုံ့ပြန် မှု ကောင်းမှာ ပဲ''
''ဒါပေမဲ့ အချိန်ပြည့်ဝန်ထမ်း ခေါ်တာကိုတော့ သား ငြင်းလိုက်တယ် မေမေ''
''ဘာ ဖြစ်လို့လဲ သား''
သူ အမှန်အတိုင်း ပြောလို့ ဖြစ်ပါ့မလား။ မိန်းမ တစ်ယောက် စိုးမိုးပတ်သက်မှာ မခံချင်လို့ပါဆိုလျှင် မေမေက သူ့ကို တစ်ယူသန်လိုက်တာ သားရယ်လို့ အပြစ်ပြောပေလိမ့်မည် ။
တကယ်ဆို တင်စီးရင့်ကြောလွန်းသော ထိုမိန်းမ မျက်ဝန်းတွေ ကိုလည်း သူ မကြိုက်ပါ။
ပြီးတော့ မေမေ့အနားမှာ အမြဲလိုလို အဖော်လုပ်ပေးချင်သည်။ ဖေဖေ ဆုံးပါးပြီးကတည်းက မေမေနဲ့သူ့ဘဝ သွေ့ခြောက်အထီးကျန်ခဲ့ ရတာ မဟုတ်ပါလား။
တစ်ယောက် ကို တစ်ယောက် ဖေးမဖြေသိမ့်ရင်း အဆင်မပြေမှု များ စွာ ကို အားတင်းရင်ဆိုင်ခဲ့ကြသည်။
ဒါသည်ပင် ဖြတ်တောက်ဝေးကွာမရသည့် မေတ္တာနှောင်ကြိုး တွေ ဖြစ်သည်။
''သား မေမေ မေးတာ မဖြေဘဲ ဘာတွေ တွေးနေတာလဲ၊ ဒိုလေးတောင် ထမင်းစားပြီးသွားပြီ''
''သြော် ဟုတ်ကဲ့ သားက နေ့ရော ညရော အလုပ်လုပ်နေရင် မေမေ အရမ်းအထီးကျန်သွားမှာ ပေါ့၊ နေရာစိမ်းမှာ မေမေ ပျင်းနေမှာ လည်း စိုးရိမ်တယ်''
''သားရယ် မေမေက အသက်ကြီးပြီ၊ ပုတီးစိပ်နေလို့ ရပါတယ်၊ အခွင့်အရေး ဆိုတာ နှစ် ခါပြန်မရနိုင်ဘူး သား၊ အိုးပိုင်အိမ်ပိုင်လေးနဲ့ နေနိုင်ပြီဆိုပေမယ့် မေမေက သားကို ဒီထက်ပိုပြီး အောင်မြင်တိုးတက် စေချင်တာ၊ ချမ်းသာပြည့်စုံတဲ့ သူဌေးကြီးလည်း ဖြစ်စေချင်တယ်''
''ဒါ ကတော့ ကြိုးစားနေတဲ့သူ တစ်ယောက် အတွက် ရှေးဘဝကံ အကျိုးပေးနဲ့ ဆက်စပ်မိရင် ဖြစ်လာမှာ ပေါ့၊ အခုတော့ မေမေနဲ့ အိုးမကွာ အိမ်မကွာ နေရင်း မေမေ့ကို ပြုစုခွင့်ရတာ သား ကျေနပ်တယ်''
''ဟင်း ဟင်း တယ်လည်း ပိုတဲ့သား၊ မေမေလည်း သားနဲ့ ဒီလိုနေရတာ ကျေနပ်ပါတယ် သားရယ်၊ အခုတောင် သား အိမ်ပြန် နောက်ကျတာနဲ့ ရင်တွေ ပူနေရတာ သားရဲ့ ၊ ဘုရားစာတွေ ဆိုပြီး ဆုတောင်းရတာ လည်း အမော''
''အဲဒါကြောင့် ပြောတာပေါ့၊ သား တစ်နေကုန် မရှိရင် မေမေ လွမ်းနေရမှာ စိုးလို့ပါဆို''
''ဖိုးချွဲလေး အရမ်းပို''
''ဖိုးချွဲ ဖိုးချွဲ''
သားအမိနှစ် ယောက် ကြည်နူးမှု ကို ဒိုလေးက အားပေးအား မြှောက်နှင့် ပီပီသသ လိုက်အော်သည်။ ဒေါ်နှင်းရည်ချို ပခုံးပေါ်တက် လိုက်၊ ရောင် စဉ် ပခုံးပေါ် တက်လိုက်ဖြင့် ဒိုလေးလည်း ပျော်နေ၏ ။
ကြည်နူးနွေးထွေးသည့် ဒီအသိုက်အမြုံ ဘဝလေးထဲ ဘယ်သူမှ တိုးဝင်ဖျက်ဆီးဖို့ မလွယ်။
''မေမေ သား ဈေးသွားတော့မယ်၊ မေမေ ဘာစားချင်လဲ၊ မှာ လိုက်လေ''
''သား ကြိုက်တာ ဝယ်ခဲ့ပါကွယ်၊ မေမေက သားကြိုက်တာဆို ကြိုက်ပြီးသားပဲ၊ သြော် ဒိုလေးအတွက် မာလကာသီး အမှည့်လေးတွေ တွေ့ ရင် ဝယ်ခဲ့ပါ သားရယ်၊ ငရုတ်သီးတောင့်လည်း ကုန်နေပြီ သား''
''ဟုတ်ကဲ့ ဒီကောင် တော် တော် အစားပုတ်တာပဲ၊ ဒီတစ်ခါ ကုလားအော်သီးကို ဝယ်လာခဲ့မယ်''
''အကျင့်ပုပ် အကျင့်ပုပ်''
အမြင့်တန်းပေါ်ကနေ ဒိုလေး အော်တော့ လက်သီးဆုပ်ထောင်ပြကာ ဈေးခြင်းဆွဲပြီး ထွက်လာခဲ့သည်။ မနက်စာကို မေမေ ကြော်ကျွေး သည့် ထမင်းကြော် စားပြီးသည်နှင့် ဒီလိုပဲ မေမေ့ကို ဈေးဝယ်ပေးနေကြ ပါ''
ပြန်ရောက်လျှင် မေမေ့ကို ထမင်းဟင်း ကူချက်၊ အိမ်သန့်ရှင်းရေး လုပ်၊ ပြီးလျှင် တစ်ရေး တမော အိပ်။
အိပ်ရာနိုးလျှင် ရေမိုးချိုး ဟိုတယ်သွား။ ဒါက သူ့ရဲ့ နေ့တဓူဝ ကိစ္စ။ တခြားသော အပျော်မရှာဘဲ မေမေနှင့် ဒီလိုနေရတာ သူ့ဘဝအတွက် ပြည့်စုံနေသည်ဟု ခံစားရသည်။
''ဟင် ညက ကောင်မလေး''
ဈေးထောင့်ချိုးလေးမှာ မဟူရာဖြူ ဆိုသော ကောင်မလေးကို ဈေးခြင်းကြီးဆွဲလျက် ဈေးဝယ်နေတာ မြင်လိုက်ရသည်။ ညက အ ဖြစ်အပျက်က တကယ်ပင် ကျေးဇူးတင်စရာ ကောင်းသည်မို့ မဟူရာဖြူ အနား ခပ်သုတ်သုတ်ပင် လျှောက်သွားမိသည်။
ညက မဟူရာဖြူသာ ဝင်မကူလျှင် သူရော ဒိုလေးရော ဆိုးဆိုး ဝါးဝါး တစ်ခုခု ဖြစ်သွားနိုင်သည်။
''မဟူရာဖြူ''
''ဟင် ကိုရောင် စဉ်၊ ဈေးလာဝယ်တာလား''
''ဟုတ်ကဲ့ ဒီဈေးကို ကျွန်တော် မနက်တိုင်း ရောက်ပါတယ်၊ အရင်နေ့တွေ က မဟူရာဖြူကို မတွေ့ သလိုပဲ''
''မျက်မှန်းတန်းမိမှ တွေ့ တယ် မတွေ့ ဘူး သတိထားမိမှာ ပေါ့၊ ညကမှ သိတဲ့လူတွေ ဈေးလာလား မလာလား ဘယ်လိုလုပ် သတိထားမိမှာ လဲ''
''ဟုတ်သားပဲနော်၊ ကျွန်တော် စကားပြော လောသွားတယ်၊ မဟူရာဖြူက နေ့တိုင်း ဈေးလာဝယ်တာပဲလား''
''အင်း ဂေဟာအတွက် နေ့တိုင်း လာဝယ်ရတာ ပေါ့''
''အချိန်ရရင် တစ်ခုခု ဧည့်ခံပါရစေ၊ ညကကိစ္စ အရမ်း ကျေးဇူးတင်လို့ပါ''
''ကျေးဇူးတင်စရာ မလိုပါဘူး၊ ကျွန်မက ကျွန်မရှေ့က အမြင် မတော် ရင် ဒီလိုပဲ ဝင်ကူညီတတ်တယ်''
''ဘယ်လိုပဲ ဖြစ် ဖြစ် မိတ် ဖြစ်ဆွေ ဖြစ်ပေါ့၊ နောက် အကူအညီ လိုရင်လည်း တောင်းလို့ကောင်းအောင်''
သူ နောက်ပြောင်လိုက်တော့ မဟူရာဖြူ ခပ်ညင်းညင်းရယ် သည်။ ပြီးမှ အနီးအနားက မုန့်ဟင်းခါးဆိုင်လေးကို မေးငေါ့ပြကာ
''အဲဒီ ဆိုင်က မုန့်ဟင်းခါး အရမ်းကောင်းတယ်၊ ဈေးနဲ့မနီး မဝေး အဲဒီ မှာ ပဲ ထိုင်ကြတာပေါ့''
မဟူရာဖြူက ဈေးခြင်းကြီးကို ဆိုင်မှာ အပ်၍ ရှေ့ကလျှောက်သည်။ သူလည်း ထိုဆိုင်မှာ ပင် ဆွဲခြင်းအပ်ထားခဲ့လိုက်၏ ။
''ပဲကြော်နဲ့ တစ်ပွဲပေးပါ၊ ဟင် ရှင်ကရော မစားဘူးလား မှာ လေ''
''ကျွန်တော် အိမ်က ထမင်းကြော် စားခဲ့တယ်၊ ကော်ဖီတစ်ခွက်ပဲ ပေးပါ ညီလေး''
စားပွဲထိုးလေးကို မှာ လိုက်ပြီး ရေနွေးခွက်လေးတွေ ကို တစ်သျှူး စလေးနှင့် သုတ်ကာ သူမအတွက် ရေနွေးငှဲ့ပေးလိုက် သည်။ သူမက နွေးထွေးသွားသလို ခံစားမှု ဖြင့် သူ့ကို တစ်ချက်ငေးကြည့်၏ ။
''ရှင် ယောက်ျားလေး ဖြစ်ပြီး ဈေးတွေ ဘာတွေ လာဝယ်တယ် နော်၊ အံ့သြစရာပဲ''
''မေမေက အသက်ကြီးပြီ၊ သွားရင်းလာရင်း လမ်းမှာ တစ်ခုခု ဖြစ်မှာ စိုးလို့ ကျွန်တော် ကိုယ်တိုင်ပဲ ဈေးဝယ်ပေးတာပါ၊ အိမ်ရောက်ရင် လည်း မေမေ့ကို ကူချက်ပေးတယ်''
''ရှင်က သားလိမ္မာလေးပဲ၊ မိဘမေတ္တာအပြည့်အဝရလို့ ကျေးဇူးပြန်ဆပ်နေတာ ဖြစ်မယ်''
''အဲလို ပြောရင်လည်း ရတယ်၊ နှစ် ယောက် တစ်ဘဝမို့ မေမေ့ ကို ငဲ့ညှာချင်တာပါ၊ တခြားသွေးရင်းလည်း မရှိတော့ တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန် ဂရုစိုက် ဖြစ်ကြတယ်''
''ကြည်နူးစရာ ကောင်းလိုက်တာနော်၊ သားသမီးအပေါ် အဲလို မေတ္တာတွေ ပေးနိုင်တဲ့ မိဘတွေ လည်း ရှိသေးသားပဲ''
''ဗျာ''
ရောင် စဉ် နားမလည်သလို ဖြစ်သွား၏ ။ မိဘတွေ နှင့်ပတ်သက် ပြီး မဟူရာဖြူမှာ နာကြည်းချက်တွေ ရှိနေလား။
မဟူရာဖြူက ဟန်ဆောင်မှု ကင်းစွာ မုန့်ဟင်းခါးကို နှစ် ဇွန်း သုံးဇွန်း ခပ်စားပြီးမှ သူ အအေးခံပေးထားသော ရေနွေးကို မော့သောက် သည်။ ခဏနေတော့ တစ်သျှူးစလေးနှင့် ပါးစပ်ကို တို့သုတ်ပြီး
''ရှင်က ဘာကို အံ့သြသွားတာလဲ၊ ကောင်းတဲ့မိဘတွေ ရှိသေး တယ်ပြောလို့လား''
''မကောင်းတဲ့ မိဘဆိုတာ ရှိလို့လားဗျာ၊ ကျွန်တော် တို့လို သားသမီးတွေ ကို မွေးဖွားဖို့ သူတို့အသက်ကို ရင်းထားခဲ့ရတာ ပါ၊ လောက ကြီးမှာ မိဘအရိပ်လောက် အေးချမ်းတာ မရှိဘူး''
''ဒါဆို မိဘမဲ့ဂေဟာဆိုတာ ဘာလို့ ရှိလာတာလဲ''
''ဟင်''
''မိဘတွေ သေပြီး ကျွေးမွေးစောင့်ရှောက်ပေးမယ့်သူ မရှိလို့ မိဘမဲ့ဂေဟာကို ရောက်လာတဲ့ ကလေးက တချို့တစ်ဝက်ပဲ ရှိတယ်၊ ကျန်တချို့တစ်ဝက်က တာဝန်မဲ့တဲ့ မိဘတွေ ကြောင့် ''
အဆုံးမသတ်သေးသော စကားရဲ့ အစွန်အဖျားမှာ သက်ပြင်းငွေ့ငွေ့တို့ ရှိုက်ခနဲ ပါလာတာ သတိထားမိသည်။
''အဲလို တာဝန်မဲ့တဲ့ မိဘတွေ ကြောင့် ကျွန်မ ဒီဂေဟာကို ရောက်လာခဲ့တာ''
''ဗျာ''
''ဒီမှာ စေတနာဝန်ထမ်း လုပ်နေတာ ဘဝတူတွေ ချင်း ကိုယ်ချင်းစာလို့၊ ဘုန်းဘုန်းရဲ့ ကျေးဇူးကို ပြန်သိတတ်ချင်လို့၊ ပြီးတော့ မှီခိုစရာ အတွယ်အတာလည်း မရှိလို့ပါ''
''စိတ်မကောင်းလိုက်တာဗျာ ကျွန်တော် ဟို''
''စိတ်မကောင်းဘူးဆိုတာတော့ လက်ခံတယ်၊ သနားလိုက်တာ လို့ စုတ်တသပ်သပ် ဖြစ်နေရင်တော့ ကျွန်မ မကြိုက်ဘူး၊ ဒီလောကမှာ ဆင်းရဲရဲ ချမ်းသာသာ အပူအပင်ကင်းတဲ့သူ ဘယ်သူရှိလို့လဲ၊ ကံစီမံရာ အတိုင်း လူတွေ ကျင်လည်နေကြတာ၊ ကိုယ်လိုချင်တဲ့ ဘဝမျိုး ဘယ်သူ ကမှ ဖန်ဆင်းမပေးနိုင်ဘူး''
''အဲဒါ ကတော့ မှန်ပါတယ်၊ ကိုယ့်ဘဝကို ကိုယ့်ဘာသာ ဖန် ဆင်းရမှာ ပေါ့၊ ဖြစ်လာသမျှ အဆိုးအကောင်းကိုလည်း ကိုယ်ပဲ ခံစားရမှာ ၊ ဒါနဲ့ စပ်စုတယ်လို့ မထင်ပါနဲ့၊ မဟူရာဖြူမှာ မိဘတွေ ကို နာကြည်းရတဲ့ အကြောင်းရင်းများ ရှိနေလား၊ မိဘမဲ့ဂေဟာကို ဘာကြောင့် ရောက်လာ ရတယ်ဆိုတာပေါ့၊ မိတ်ဆွေတွေ ဖြစ်နေပြီပဲ၊ ဖေးမပေးလို့ ရအောင်ပါ''
သြရှဝါညက်နေသော တောင်းဆိုမှု မှာ ကရုဏာရိပ်တို့ စွန်းထင်း နေသည်။ ရေနွေးထပ်ဖြည့်ပေးနေသော ဂရုစိုက်မှု များ က အကြင်နာကြီး တတ်ကြောင်း သက်သေ ဖြစ်၏ ။
ဒါဟာ ယောက်ျား တစ်ယောက် ရဲ့ ပထမဦးဆုံး အလေးအနက် ရှိခြင်းကို ခံစားရခြင်းပင်။
''ကျွန်မ အမေက ကျွန်မ ငါးနှစ် သမီးအရွယ်မှာ ဆုံးပါးသွား တယ်၊ မှတ်မှတ်ရရ ရှိခဲ့တာက အဲဒီ အချိန်ကတည်းက မေမေက ကျွန်မ ကို ဂရုမစိုက်နိုင်ဘဲ အဖေ့ကို တသသ အောက်မေ့နေခဲ့တယ် ဆိုတာပဲ''
''မဟူရာဖြူ အဖေကရော''
''မသိဘူး အဖေဆိုတာ သေပြီလား၊ ရှင်နေသေးလား၊ ဘယ်သူ လဲဆိုတာ ကျွန်မ မသိဘူး၊ တကယ်ဆို ရင်နဲ့လွယ်မွေးခဲ့တဲ့ သမီးအတွက် ဘယ်လိုနည်းနဲ့ ဖြစ် ဖြစ် မေမေ အသက်ရှင်ပေးရမှာ ၊ ကျွန်မအတွက် တွေးပြီး ကြံ့ကြံ့ခံ ရပ်တည်ပေးရမှာ မဟုတ်ဘူးလား၊ အခုတော့ ရပ်ကွက် ကောင်းလို့ မိဘမဲ့ဂေဟာ ရောက်ခဲ့ရတယ်၊ အရင်က မိဘမဲ့ကျောင်းဆို တာလည်း ချို့ချို့တဲ့တဲ့ပါပဲ၊ အခုမှ နိုင်ငံတော် ရဲ့ ကျေးဇူးကြောင့် အရာရာ ပြည့်စုံအဆင်ပြေလာတာ''
''မဟူရာဖြူ အဖေဆိုတာ သက်ရှိထင်ရှား ရှိနေသေးရင် မဟူရာ ဖြူကို လာရှာမှာ ပါ၊ လူ့လောကမှာ မရှိတော့တဲ့ မိဘတွေ ကို နာကြည်း မနေပါနဲ့လား မဟူရာဖြူရယ်၊ သူတို့ကို အပြစ်မြင်နေရင် ကိုယ်ပဲ ပင်ပန်း တာပေါ့''
''အခုလို ဖေးမနားလည်ပေးတာ ကျေးဇူးတင်ပါတယ် ကို ရောင် စဉ်၊ ကျွန်မလည်း အဲလို ဖြေတွေးပြီး ရောင့်ရဲနေခဲ့တာပါ၊ ဒါပေမဲ့ တစ်ခါတလေ မိဘမေတ္တာကို အရမ်းအောက်မေ့ပြီး လိုချင်တောင့်တမိတာ ကျွန်မ မှားသလား၊ ဘဝတူတွေ နဲ့ အတူနေရင်း သူတို့ကို ကိုယ်ချင်းစာ ပြီးလည်း နာကျင်ရတယ်၊ ရှင်က အမေ့ရဲ့ မေတ္တာကို အပြည့်အဝ ရနေလို့ ဒါမျိုးကို ခံစားတတ်မှာ မဟုတ်ဘူး''
ကြားရတာ နှင့် ဒီရင်မှာ နာကျင်နေပါပြီဟု မပြော ဖြစ်။ ဝမ်းနည်းနေသော်လည်း ညှိုးငယ်မှု မရှိသော မျက်နှာလေးက လောကဓံ ကို အံတုရင်ဆိုင်ခဲ့ရလို့ ရင့်ကျက်နေတာ ဖြစ်မည် ။
စားပွဲပေါ် တင်ထားသော သူမ လက်ကလေးကို ထွေးဆုပ် နှစ် သိမ့်ချင်သည့် ဆန္ဒတို့ ဖြစ်ပေါ်လာတာ ထူးဆန်း၏ ။ ဒါပေမဲ့ မဟူရာဖြူ က အသနားခံချင်သည့် မိန်းကလေး မဟုတ်။
ကယောင်ကတမ်း ကော်ဖီခွက်ကို ဂွပ်ခနဲ မော့သောက်ပြီးမှ စားပွဲပေါ် ပြန်ချကာ
''အဲဒီ ဝေဒနာမျိုး မရှိပေမယ့် ကျွန်တော့် မှာ လည်း ဒဏ်ရာ ဒဏ်ချက် မကင်းပါဘူး၊ ဒီဟိုတယ်မှာ မလုပ်ခင်က ဝမ်းစာအတွက် နယ်တွေ ထွက်ရတယ်၊ အဲလို အချိန်တွေ မှာ ကျွန်တော် လည်း ဂရုတစိုက် နဲ့ နွေးထွေးမှု တွေ ပေးတတ်တဲ့ မေမေ့မေတ္တာတွေ ကို တောင့်တမိတာပဲ၊ နယ်မှာ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ မျက်ရည်ကျမိတဲ့အချိန်တွေ တောင် ရှိတယ်၊ မေမေလည်း အဲလို ခံစားရတာ ပဲလို့ ကျွန်တော် ပြန်လာတဲ့ အချိန်ကျရင် ပြောပြတယ်''
''အမေတစ်ခု သားတစ်ခု ဘဝမှာ အရမ်းနွေးထွေးမှု ရှိတာပဲ နော်''
''ဟုတ်တယ် အဲဒါကြောင့် အခုဆို ဟိုတယ်မှာ ညပိုင်းအလုပ် ဝင်ပြီး မေမေ့ကို အနီးကပ်ပြုစုစောင့်ရှောက်နေတာပေါ့၊ မဟူရာဖြူကို လည်း ကျွန်တော့် အိမ်ကို ဖိတ်ခေါ်ပါတယ်၊ အရင်းအချာ မဟုတ်ပေမယ့် မေမေ့မေတ္တာကို ခံစားလို့ ရအောင်ပါ''
မဟူရာဖြူ ရင်ထဲ လှိုက်ခနဲ ဖြစ်သွား၏ ။ နွေးထွေးမှု နှင့် မေတ္တာ ဆိုသော ဝေါဟာရမှာ သူမနှင့် ရင်းနှီးတာ မဟုတ်ပါဘဲ သက်တန့်ရောင် စဉ်က ခံစားစေချင်လို့ပါတဲ့။
ချက်ချင်း ခေါင်းညိတ်မိတာ ထိုမေတ္တာတွေ ကို ခံစားကြည့်ချင် လို့ပဲ ဖြစ်သည်။
''ကျွန်မ အချိန်အားရင် လာလည် ဖြစ်မှာ ပါ၊ ဆွေမျိုးတစ် ယောက် ယောက် အိမ်မှာ အဲလို အလည်သွားချင်တဲ့ဆန္ဒမျိုးတွေ ခဏ ခဏ ဖြစ်ပေါ်ဖူးတယ်၊ မရှိဘဲ တောင်းတမိတာလေ၊ ထမင်းချိုင့်လေးတွေ ဆွဲ အလုပ်ဆင်းပြီး အိမ်ပြန်ချိန်တွေ မှာ အဖေ အမေလို့ အားရပါးရ ခေါ်ပြီး အိမ်ပြန်ချင်တယ်၊ ဒါပေမဲ့ ကျွန်မမှာ အဖေ အမေ မရှိဘူး၊ အိမ်မရှိဘူး၊ ဒီဂေဟာမှာ သူစိမ်းတွေ ကို အဖော်လုပ်ပြီး ပျော်အောင်နေ နေရတာ ''
''မဟူရာဖြူရယ်''
သူ့ရင်ထဲက နင့်နင့်သီးသီး ခံစားလိုက်ရပါသည်။ ငွေကြေး မပြည့်စုံတာထက် အဖေ အမေ ခေါ်စရာ မရှိတာက ဘဝမှာ အဆိုးဆုံး ဖြစ်မည် ။ အညိုရောင် မျက်ဝန်းအိမ်ထဲက မျက်ရည်စတွေ ကို တယုတယပင် သုတ်ပေးချင်လာ၏ ။
ဒါပေမဲ့ မသင့်တော် တာမို့ ပင့်သက်တရှိုက်နှင့် မျက်လုံးတွေ ကို ဟိုလွှဲဒီလွှဲ လုပ်လိုက်ရသည်။
''ဈေးဝယ်ဖို့ နောက်ကျနေမယ်၊ ကျွန်တော် ကူဝယ်ပေးရဦး မလား မဟူရာဖြူ''
''ဟင့်အင်း ရပါတယ်၊ ဆိုင်တွေ ကို စာရင်းပေးလိုက် ရင် သူတို့ က ဂေဟာအရောက် ပို့ပေးကြပါတယ်၊ တခြား လိုအပ်တာလေး နည်း နည်းပါးပါးပဲ ဝယ်ရမှာ ပါ''
''သြော် ဒါဆို ကျွန်တော် တို့ အတူတူ ဝယ်ကြမယ်လေ''
မဟူရာဖြူက အပြုံးလေးနှင့် ခေါင်းညိတ်ပြသည်။ မုန့်ဟင်းခါး ဆိုင်လေးက ထလာပြီး ဈေးထဲမှာ နှစ် ယောက် အတူ ဈေးတွေ ဆစ်၊ ဈေးတွေ ဝယ်ရသည့် ခံစားမှု က ဘယ်လိုခံစားမှု လို့ ပုံဖော်ရမှန်းမသိဘဲ တလှိုက်လှိုက် ကြည်နူးနေမိ၏ ။
သူမရဲ့ ရိုးသားပွင့်လင်းမှု လေးတွေ ကိုလည်း အနီးကပ် လေ့လာ လို့ ရနေသည်။
မဟူရာဖြူ ဆိုတာ အဖြူနှင့်အနက်ရဲ့ ရောယှက်ပေါင်းစပ် ဖွဲ့စည်းထားသော သယံဇာတအ ဖြစ်...။
![]() အကြင်နာလက်တစ်ကမ်း | ![]() မေ့ဖို့မလွယ် | ![]() လက်ကလေးရဲ့မီးပြတိုက် |