Cover

အခန်း(၁)

ယောကျာ်း၊ မိန်းမ။

အုပ်စုလိုက်၊ နှစ် ယောက် တွဲ ၊ တစ်ယောက် တည်း။

ရောင် စုံမီးဆလိုက်အောက်မှာ လှုပ်လှုပ်ရွရွ ခြေမြှော က်လက်မြှော က် တွန်းတွန်းထိုးထိုး။

စည်းချက်အလိုက် ကနေတာလည်းရှိသလို၊ မူးရူးရွဲပြ၍ ကချင်သလိုက နေတာလည်းရှိသည်။

ဒါတွေ ကိုနှိုင်းမရရှုပ်ယှက်ခတ်နေသည်လို့မမြင်။ကိုယ်ကိုယ်တိုင်ဝင်ကချင်ကလိုက်၊ ဘားမှာ ဝိုင်ထိုင်သောက်ချင်လိုက်။အတွဲ နှင့် မဟုတ်ဘဲဝါသနာအလျောက်လာကတတ်သော မိန်းကလေးချောချောလေးတွေ ကိုအီကလီသွားရောချင်ရောလိုက်။ကိုယ်ဆန္ဒရှိသလိုလွတ်လွတ်လပ်လပ်နေရတတာကို ပျော်မွေ့သည်။ ကိုယ်ဘဝမှာ ဘာအချုပ်အနှောင်ကန့်သတ်မှု တွေ မှမရရှိဘဲ။ငယ်စဉ်တည်းကဖေဖေသွားလေရာသူ့ကိုခေါ်သွားတတ်ခဲ့တာ။

“ယောကျာ်းဆိုတာမလုပ်တတ်တာမလုပ်ဘူးတာမရှိရအောင်လုပ်ကြည့်ရတယ်သား၊မကောင်း တာကောင်းတာအတွေ့ အကြုံရှာရတာ ပေါ့၊ဒါမှသူများ ဆီကသင်စရာမလိုအောင်ကိုယ်ကတတ်မြောက်ပြီး သား ဖြစ် နေမှာ ၊ဘယ်တော့မှ သူများ ကို ဘယ်လိုပျော်အောင်၊ အသက်ရှည်အောင်နေလဲ အဲဒါကိုကြည့်”

ဖေဖေသင်ပေးသော ပညာတွေ ကငယ်ငယ်ကအံဝင်ဂွင်ကျမှု မရှိသေး။သူ့အတွက် အပျော်သက်သက် သာ ဖြစ်သည်။

“ ရှင်နေချင်သလိုနေတာကို ကျွန်မမပြောဘူး၊ ဒါပေမဲ့ သားကိုအတတ်ကောင်းတွေ သင်မပေးပါနဲ့၊ လောင်းကစားဝိုင်း၊ စားသောက်ဆိုင်၊ ကာရာအိုကေ မကောင်းတဲ့နေရာစုံခေါ်သွားတာ ကျွန်မ မကြိုက် ဘူး၊သားကငယ်သေးလို့ ဘာမှန်းမသိသေးပေမယ့် အရွယ်ရောက်လာရင် ရှင်လို့ပဲ မကောင်းမှု မှာ ပျော်မွေ့ သွားလိမ့်မယ်”

“ ငါ့သား ငါ့လို ဖြစ်တာဘာထူးဆန်းလို့လဲ၊ မင်းလိုမျိုး ကိုယ့်ကိုယ်ကိုပဲချစ်တတ်တဲ့ လင်ယောကျာ်းနဲ့ သားသမီးကိုတန်ဖိုးထားရမှန်းမသိတဲ့စိတ်တွေ ဝင်မသွားရင် တော် ပြီ၊ မင်းလိုမိန်းမကြောင့် ငါကကိုယ့် ဘာသာအပျော်ရှာတတ်သွားတာ၊ ငါ့သားလည်း ဘယ်တော့မှ အထီးကျန်မ ဖြစ်စေရဘူး ညိုမီ၊ ငါ့သားပျော် အောင် နေတတ်ဖို့ဂရုစိုက်နေတာ”

ဒယ်ဒီနဲ့မာမီ ပဋိပက္ခကြားမှ ထိုစဉ်က သူဘာမှနားမလည်သေးပါ။ ဘာရယ်လို့မသိဘဲ၊ ဖေဖေ့ နောက်ကလိုက်ရတာ တွေ လက်ညိုးထိုးပူဆာစရတာ ၊ တောင်းသမျှရနေတာတွေ အတွက် သူပျော် နေခဲ့ သည်။

အလှအပမက်သော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေ လောက် သူ့ကိုဂရိုက်ရမှန်းမသိသည့် မေမေဥပေက္ခာတွေ ကိုလည်း သူနာကျင်ရမှန်းမသိခဲ့။

သူ ငါးနှစ် ကျော် ခြောက်နှစ် ရွယ်လောက်မှာ ပဲ

“ မယားငယ် အိမ်ပေါ်ခေါ်တင်လာမယ့်အထိတော့ ကျွန်မသည်းမခံနိုင်ဘူး ကိုမင်းထွဋ်ဆွေ၊ ပေါ်ပေါ်တင်တင်ခြေရှုပ်နေတာသိသိကြီးနဲ့ ကျွန်မဘာကြောင့် အောင်အည်းနေခဲ့တာလဲ အဲဒါကြောင့် အခု သားကလည်း ရှင်ပုံသွင်ကောင်းလို့ ကျွန်မဘာပြောပြောနားထောင်တာဂရုစိုက်တာမဟုတ်ဘူး”

“ အဲဒီ တော့ မင်းဘာလုပ်မှာ လဲငါ့ကိုပြော”

“ ကျွန်မ အိမ်ပေါ်ကဆင်းမယ်၊ မြန်မာပြည်မှာ လည်း မနေဘူး”

“ ဟား မင်းရည်စားဟောင်းက နိုင်ငံခြားမှာ ဆိုတော့၊မင်းနိုင်ငံခြားသွားနေချင်မှာ ပေါ့၊ ဟိုက အခုထိ အိမ်ထောင်မပြုဘဲ မင်းကိုစောင့်နေတာ၊သွားမင်းသွားချင်တဲ့နေရာသွား၊အေး ငါဆိုတဲ့ကောင်ကလည်း ဝမ်းဂိုးတူးကမ်းပဲနော်၊ မင်းအိမ်ပေါ်ကအခုဆင်းရင် နှစ် ယောက် လောက်အိမ်ပေါ်ခေါ်တင်လို့၇တယ်။”

“ သိတယ် မိန်းမတွေ ကို တန်ဖိုးထားရမှန်း မသိပေမယ့်၊မိန်းမမရှိရင်လည်း မနေနိုင်ဘူးဆိုတာ၊ဒီမယ် ကျွန်မကလည်း ရှင်ဘယ်လိုယောက် ကျာ်းမှန်း မသိခဲ့လို့ မိဘစကားကို နားမထောင်ခဲ့မိတာ၊ ဒီလို ရှုပ်ပွေနေတဲ့ ပိုင်းလုံးမှန်းသာသိရင် အစကတည်းက လျော်ကြေးပေးကွာပစ်လိုက်တယ်”

“ အား ဒီမိန်းမ”

ဗြုန်းဂွမ်းဒိုင်း ရိုက်ပုတ်ဆဲဆိုသံတွေ ကြားသည်။ အော်ဟစ်ကြိမ်းမောင်းတာတွေ ဆူညံနေသော်လည်း ဘယ်သူနိုင်လို့ ဘယ်သူရှုံးမှန်းတော့မသိ။

“ ဒယ်ဒီ မာမီရော၊ မာမီဘယ်သွားလဲဟင်”

“ မင်းမာမီက ဒယ်ဒီနဲ့သားကို မချစ်လို့ ဟိုးအဝေးကြီးကိုထွက်သွားပြီး အဲဒီ မှာ သူချစ်တဲ့သူရှိတယ်၊ သူချစ်တဲ့သူဆီကိုသွားနေမှာ ၊သားမငိုရဘူး၊မလွမ်းရဘူးနော်၊ဒယ်ဒီကသားကိုပျော်အောင်ထားမှာ ၊ လိုချင်တာ တွေ ဝယ်ပေးမှာ ”

သူ့ကိုဖက်၍ ပြောနေသော ဒယ်ဒီအသံက အက်ရှတုန်ယင်နေသလား၊ ငိုသံပေါက်နေသလား သူမခွဲခြားတတ်ခဲ့။ထိုနေ့ကနေရာအနှံ့ဒယ်ဒီချီပိုးခေါ်သွားတာပဲသူမှတ်မိနေသည်။စားစရာတွေ လည်းမျိုးစုံ အောင်စားလိုက်၏ ။ ကစားစရာပစ္စည်းတွေ လည်း သူ့အခန်းထဲမှာ အပြည့်။

“ မရ”

“ ဟင်”

“ ဘာငေါင်နေတာလဲ၊ငေါင်နေတာမင်းနဲ့မလိုက်ဘူး၊လာကွာသွားလှုပ်မယ်၊ဟိုဘက်မှာ အလန်းလေး တစ်ပွေတည်း”

သက်ပိုင်ဆွဲခေါ်မှ အတွေးစတွေ ပြတ်ကာ ဝိုင်ခွက်ကို တစ်ချက်တည်းမော့ပြီး ထလိုက်လာခဲ့သည်။

စိမ်းနီပြာဝါရောင် စုံမီးတွေ အောက်မှာ အဖြူရောင် နတ်သမီးကထင်သာမြင်သာအဝေ့အဝိုက်များ နှင့် ၊ ကိုယ်ဟန်သွယ်သွယ်လှုပ်ခတ်လေတိုင်းရွှေအိုရောင် ဆံနွယ်များ ကမျက်နှာပေါ်နွဲ့ခနဲ့ကျလိုက်၊ကျောဘက်ကိုခါခနဲရောက်သွားလိုက်။

ငြိနိုင်တာတွေ မျက်လုံးတစ်ချက်ကစားလိုက်သည့်အချိန်မှာ အားလုံးက အငြိမ်းဇယား။

“ နာမည် လေး သိချင်တယ်”

သူမရဲ့ စည်းချက်တွေ အတိုင်း လှုပ်လှုပ်လေးကပ်ကာ မေးတော့ရီဝေဝေမျက်ဝန်းများ တစ်ချက်ပင့် မောလာ၏ ။ချွေးစို့နေသော မျက်နှာလေးက ဝင်းဝင်းဝါဝါ။

အထာလား၊ဇယားလား သူအတည်မပြုနိုင်သေး။

“ ရှူးမဖြေဘူးလား၊ စိတ်ကောက်မှာ နော်”

ကောင်မလေးနှုတ်ခမ်းဖူးဖူးလေဲးပြုံးယောင်သမ်းသွား၏ ။

ဆံနွယ်တွေ ကိုနားရွက်နောက်မှာ သိမ်းညှပ်၍ ကနေခြင်းကိုရပ်တန့်ပစ်သည်။

“ ကနေတာ အရှိန်ပျက်တယ်၊ ဝေးဝေး သွားပါလား”

“ နာမည် လေးသိပြီးမှဆို ဝိုင်သောက်ရင်းနဲ့ စိတ်ကူးယဉ်လို့ရတာ ပေါ့၊ တစ်လုံးလောက်ပဲ ဖြစ် ဖြစ်”

“ အချစ်”

“ ဂွတ်(ဒ်)တယ်၊မောရင်လာနားနော်၊ဟိုနားမှာ ရှိတယ်”

သူမခို့တရို့ပြုံးကာ နားနားကပ်ပြောပြီးမှ လှည့်ထွက်လာခဲ့သည်။ဒီကောင်မလေးသေချာပေါက် လိုက်လာမှာ ။ ထင်သည့်အတိုင်းဆယ်မိနစ်ပြည့်အောင်ပင်မစောင့်လိုက်ရပါ။သူထိုင်နေသော ဆိုဖာခုံတခြမ်း က အိခနဲ ဖြစ်သွားလျက်…။

******


အခန်း(၂)

“ ခြူးရတီနာမည် လေးကလန်းတယ်၊လူနဲ့နာမည် နဲ့လိုက်တယ်၊ကျွန်တော် ကိုလည်း မှတ်ထားပါ နှိုင်းမရ”

“ လမ်းမှာ တွေ့ ရင်ရော ခေါ်လို့ရလား”

ပိုင်ရှင်ရှိသလားလို့ စပ်စုလိုက်တာနှင့် အတူတူပဲ ဖြစ်သည်။သူကနှုတ်ခမ်း ထောင့်စွန်းလေးတွေ ကွေး ညွတ်သွားရုံပြုံးလိုက်ပြီး

“ ဒီမှာ အမြဲဆုံနေကြမှာ ပဲ၊ခြူးက မီးရောင် စုံအောင်မှာ မြင်ရတာ ပိုပြီးလှတယ်”

“ အဲလိုငြင်းလိုက်တာက ပိုပြီးဆွဲဆောင်မှု ရှိလို့ပဲ၊တို့ကဒီနေရာကိုဝါသနာပါလို့ အပျော်ရောက် လာတာမဟုတ်ဘူး၊စိတ်ညစ်စရာရှိတဲ့အချိန်ပဲစိတ်ကိုပေါ့ပေါ့ပါးပါး ဖြစ်အောင်လာလွင့်တာ၊မင်း ကတော့ ဒီနေရာမှာ တက်စုံရွက်ကုန်ပျော်မွေ့နေလိုပဲ”

“ အဟင်း”

လက်မလေးထောင်ကာသူမပြောတာမှန်ကန်သည့်အကြောင်းထောက်ခံလိုက်၏ ။ ဒီနေရာမှာ ပဲမေ့ ထားတတ်ခဲ့သည့်အကြောင်းတော့ အားနာလို့မပြော ဖြစ်လိုက်ပေ။

သူရှေ့က ဝိုင်ခွက်လေးကသူမလက်ထဲရောက်သွားခဲ့ပြီး

“ ဝိုင်ကအရောင် အမျိုးမျိုနဲ့နော်၊အနီအဖြူအဝါခရမ်းအနံအရသာအရောင် တွေ လည်းမတူဘူး၊မရက ဝိုင်တစ်မျိုးတည်းကို စွဲစွဲမြဲမြဲသောက်တတ်တာလား”

“ ဟင်အင်း အမျိုးမျိုးကိုအရသာခံသောက်ကြည့်တာ၊အနံ့အရသာအရောင် တွေ မတူသလို ခံစားရ တာလည်း ဖီး(လ်)တစ်မျိုးစီပဲ ဒါနဲ့ခြူးရော ဘယ်ဟာကိုအနှစသက် ဆုံးလဲ၊ကျွန်တော့် လိုပဲ အမျိုးမျိုး စမ်းသပ် ကြည့်နေတာလား”

အထာနှင့် အလွှာတွေ ကို ဓာတ်ခွဲခန်းစမ်းသပ်နေမှန်းသူမလည်းသိပေလိမ့်မည် ။ တခြားမိန်းကလေး တွေ လို လောလီပေါ့ပျက်သော ဇယားမဟုတ်တာကိုတော့ သတိထားမိ၏ ။

မျက်လုံးအရောင် တွေ ၊ နှုတ်ခမ်းဖျားတွေ က အီစီကလီ အဆင်တွေ မဟုတ်။ သူ့မေးခွန်းကို မျက်ခုံး တစ်ချက်သာ ပင့်သွားလျက် လက်ထဲက ၀ိုင်ခွက်လေးကို စားပွဲပေါ်ပြန်ချလိုက်ပြီး

“တစ်မျိုးတည်းကို စွဲစွဲလမ်းလမ်း ဖြစ်ဖူးတယ်၊ အဲဒီ အတွက် ဆိုးကျိုးက ၊ ကိုယ်လိုသလောက် အမြဲတမ်း ပြန်မရနိုင်တာပဲ ၊ ပစ္စည်းပြတ်တဲ့အခါ ကိုယ်ဆာလောင်နေတဲ့အချိန်မှာ အဆင်သင့်ရှိမနေတဲ့အခါ အရမ်းစိတ်ပင်ပန်းရတယ် ၊ အဲဒါကြောင့် မရလိုပဲ အမျိုးမျိုးစမ်းသပ်ကြည့်ရင် ကောင်းမလားလို့ ၊ တစ်ခုမရှိရင်နောက်တစ်ခုနဲ့ ချက်ချင်း အစားထိုးလိုက်တဲ့အခါ နည်းနည်း စိတ်ပင်ပန်း သက်သာနိုင်တာပေါ့ ၊ မဟုတ်ဘူး လား”

သူ လက်မလေးထောင်ကာ ထောက်ခံမိလိုက်ပြန်၏ ။ သူနှင့် သူမရဲ့ အခြေအနေကို သက်ပိုင်ကနေ ရင်းက တစ်ချက်တစ်ချက် လှမ်းရှိုးနေသည်။

သူ့အတွက် စိုးရိမ်နေတာမျိုးမဟုတ်ဘဲ အားကျနေတာ ဖြစ်နိုင်၏ ။ ပြီးမှ တကယ်စွံတဲ့ကောင်ဟု ပခုံး ပုတ်ကာ သွားရေတများများ ပြောပေလိမ့်မည် ။

“မရ”

“ပြောလေ ခြူး”

“သွားကရအောင် ၊ သီချင်းသံမြူးလာတယ်”

“အိုကေ”

သူလက်ကမ်းပေးလိုက် သည့် အချိန်မှာ ခြူးရတီရဲ့ နုနုရွရွလက်ကလေး သူ့လက်ထဲရောက် လာသည်။ စိတ်ပါလက်ပါ မဟုတ်သော်လည်း ကရတာ တော့ အပေးအယူမျှ အဆင်ပြေနေသည်။

ရင်ဘတ်ချင်းထိကပ် ကနေပေမယ့် ရင်ခုန်သံမမြန်တာက အသေအချာ …။

******


အခန်း(၃)

“ဒေါက်”

“ဟာ”

ခေါင်းကို အခေါက်ခံလိုက်ရကတည်းက မေပန်းချီမှန်း တန်းခနဲသိလိုက်သည်။ သူ့လက်ကလည်း ငြိမ်နေတာမျိုး မဟုတ်ပါ။ ပိုးခနဲပက်ခနဲ သူမခေါင်းကို ပြန်ခေါက်လိုက်ပြီးသား ဖြစ်သွားသည်။

“အား နှိုင်း အစုတ်ပလုတ်”

နဖူးကို ပွတ်၍ မေပန်းချီ မျက်နှာလေး ရှုံ့မဲ့သွား၏ ။ ဖြူဝိုင်းကြည်လင်နေသော မျက်စောင်းကလေး ကလည်း ဒိုင်းခနဲ။

“လူကနေပေမယ့် ပညာကမနေမှန်း သိရဲ့ သားနဲ့ ဘာလို့အနောက်ကနေ ငါ့ခေါင်းကိုခေါက်တာလဲ”

“အံမယ် ကိုယ့်သူငယ်ချင်း ကိုယ်ခင်လို့ပေါ့”

“အေး ငါလည်း ခင်လို့ပြန်ခေါက်တာပေါ့ ၊ ငါ့သူငယ်ချင်း အချောအလှလေးကို နာကျင်စေလိုတဲ့စိတ် နဲ့ ခေါက်တာဟုတ်ပါ့မလား”

“ဟွန်း ပြောပုံကိုက မိန်းမကျမ်းကျေနေတဲ့ အထာနဲ့ ၊ ရွံစရာကြီး”

“ပန်းချီနော် အဲလိုမပြောနဲ့ ၊ တကယ်ဆွဲထိုးမှာ နော်”

“မဟုတ်လို့လား”

“ကဲ”

“အား”

“ဘာ ဖြစ်သွားလဲ”

“ငါ့နှာခေါင်း ပြတ်ပါပြီ သေနာ”

ချွန်မြမြနှာခေါင်းလေးက သူ ဆွဲလိမ်ပစ်လိုက်သဖြင့် နီရဲတွတ်သွားသည်။ နာကျင်လွန်းသဖြင့် မေပန်းချီ မျက်ရည်တွေ တောင် လည်ချင်ချင်။ သူမ လက်ထဲမှာ ကိုင်ထားသော ဖိုင်နှင့် သူ့ကျောကို ဗုန်းခနဲ ထုကာ

“သူများ သားသမီးကို ညှာညှာတာတာကို မရှိဘူး ၊ ကဲပြောစမ်းပါ ၊ မနေ့က ကျောင်းပိတ်တာ ဘယ်သွားနေတာလဲ ၊ အခွေဝယ်ထွက်မယ်ဆိုပြီး စက်ဘီးနဲ့ရောက်လာသေးတယ် ၊ နင့်အဖေလည်း မရှိ၊ နင် လည်းမရှိ ခြံတံခါးကြီးလည်း သော့ ခတ်လို့”

“ဟုတ်တယ် ခြံစောင့် ဦးမောင်ကြီးလည်း ရွာခဏပြန်သွားတယ်၊ ဒယ်ဒီက ထုံးစမ်းအတိုင်း ရုံးပိတ်ရက်လည်း အိမ်ကပ်တာမှမဟုတ်တာ ၊ တစ်ခါတလေ အိမ်ပြန်လာချင်မှလာတာ”

“နင်လည်း လမ်းမှာ ပဲ ပျော်တာမဟုတ်လား”

“ဖအေတူသားလေ ၊ နင်သိရဲ့ သားနဲ့ လာပါဟာ ကန်တင်းမှာ သက်ပိုင် စောင့်နေလိမ့်မယ် သွားရ အောင်”

“ဖယ်ပါ ငါ့ဘာသာသွားမယ်”

သူမလက်ကို ဆုပ်ကိုင်ခေါ်သော နှိုင်းမရလက်ကို မေပန်းချီးပုတ်ချလိုက်သည်။ နှိုင်းမရက ဘယ် တော့မဆို လက်ရဲဇက်ရဲ။ မပြောရဲမဆိုရဲတာလည်း မရှိသလို အားနာတတ်မှု လည်းမရှိ ၊ သူများ တွေ ဝေဖန်သလို အရိုင်းအစိုင်းကောင်လို့တော့ မသတ်မှတ်ချင်ပါ။ နှိုင်းမရနှင့် က ရှစ်တန်း စတက် သည့်နှစ် မှာ ဆုံတာ။ ကျောင်းသားသစ်ဆိုပြီး သူမတို့ကျောင်းကို ပြောင်းလာခဲ့သော နှိုင်းမရက ပေါ့တီးပေါ့ ပျက် ဘာကိုမှ အလေးအနက်မရှိ ၊ အစအနောက်ကလည်း သန်သလို ၊ လူချင်လူခင်လည်းများ သည်။ ဒါပေမယ့် မိန်းကလေးတွေ ကသာ သူ့ကိုခင်ပြီး ယောက်ျားလေးတွေ ကတော့ သူ့ကိုမျက်မုန်းကျိုးကြသည်။

“ဆောင့်ကြွားကြွား ဘ၀င်မြင့်နေတဲ့ကောင် ကြည့်လို့ကိုမရဘူး”

“မိန်းကလေးတွေ့ ရှေ့ဆို ရုပ်ကပြီတီတီနဲ့ ကျက်သရေကို မရှိဘူး”

အမျိုးမျိုးဝေဖန် သမုတ်မှု တွေ ကို နှိုင်းမရတို့က နည်းနည်း လေးတောင် ဂရုမစိုက်။ မကြားချင် မသိချင် ယောင်ဆောင်ပြီး နေလည်းနေတတ်လွန်းသည်။

ဒါပေမယ့် ကိုယ်ထိလက်ရောက် စော်ကားလာတာမျိုးဆိုလျှင် ကိုယ်ထိလက်ရောက် ပြန်တုံ့ပြန်လိုက် ရမှ ကျေနပ်တတ်သူ။ ထိုကောင်လေးအဖွဲ့နှင့် ချိန်းပွဲချသည်။ အတန်းပိုင်နှင့် ကျောင်းအုပ်ကြီးရဲ့ အပြစ်ပေးခံ ရသည်။

ရပ်ကွက်ထဲမှာ ရန် ဖြစ်လို့အုပ်ချုပ်ရေး မှူးရုံးခန်း ရောက်လို့ရောက်။ ဒါကြောင့် မို့လည်း နှိုင်းမရကို မိမနိုင်ဖမနိုင် ကောင်ဆိုးလေးရယ်လို့ သူမတို့ရဲ့ တစ်လမ်းကျော်မှာ နေမှန်း သိခဲ့ရခြင်းပင်။

ဒါပေမယ့် ခင်မင်ရင်းနှီးသွားခဲ့ရခြင်းက မိုးတွေ ရွာနေသော ကျောင်းပြန်နေ့တစ်ရက်။

“ဘယ်ပန်းချီရေး လို့ မမီ ဘယ်ပန်းချီရေး လို့ မမီတော့သည်”

“ဟဲ့ ကုလားစိုးသန်း ချီးပုံးထမ်း ၊ ငါ့ကိုဘာလို့ နောက်နေတာလဲ ၊ ငါ့ကိုမစနဲ့နော် ငါမကြိုက်ဘူး”

“အောင်မာ နင်ရော ငါ့ကိုကုလားစိုးသန်း ချီးပုံးထမ်းလို့ ဘာလို့ခေါ်တာလဲ ၊ ငါလည်းမကြိုက်ဘူး။”

“သြော နင်အခုစလို့ ငါပြန်ပြောတာလေ ၊ ငါကဘယ်တော့မှ စပြီးသူများ ကို မနောက်ဘူး”

“ငါ့က နင်အရမ်းလှလို့ ချစ်စရာကောင်းလို့”

“ကြည့်စမ်း ကြည့်စမ်း လူလေးက လက်တောက်လောက် ၊ အမွေးကဖြင့် မစုံသေးဘူး ၊ နှာဘူးစကား တွေ လာပြောနေတယ် ၊ အတန်းပိုင်နဲ့တိုင်မယ် ကျောင်းအုပ်ကြီးနဲ့တိုင်မယ်”

“တိုင်ရဲတိုင်ကြည့်လေ ဒါအတန်းထဲမှာ မဟုတ်ဘူး။ ကျောင်းအပြင် ရောက်နေပြီ ၊ မိန်းကလေးကို ယောက်ျားလေးက ရည်းစားစကားပြောတာ ဘာ ဖြစ်လဲ ၊ နင့်ကိုငါချစ်တယ်”

“တောက်”

ကြက်တောင်နှစ် ဖက်စည်းလေး ခါခနဲ ဖြစ်သွားအောင် မျက်စောင်းထိုးလျက် တက်ခေါက်ပြီး ခါးထောက်လိုက်သည်။

မဲမဲကြုတ်ကြုတ် ကုလားစိုးသန်းက သွားကြီးဖွေးဖွေးနှင့် သူမရှေ့မှာ ပြီတီတီ။ မိုးရွာရွာနှင့် မို့ ကျောင်း ဆင်းချိန်မှာ ကျောင်းသူကျောင်းသားတွေ ဟိုပြေးဒီပြေး ဖြစ်သွား၍ လူကအနည်းငယ်ရှင်းနေ၏ ။

မိုးမရွာလောက်ဘူးမှတ်၍ ထီးမယူလာမိတာကြောင့် တစ်ကိုယ်လုံး မိုးရေတွေ စိုရွှဲလို့ စိတ်တိုနေရ သည့်အထဲ စိုးသန်းရဲ့ ကုလားကြက်တူရွေးလို့ အပြုအမူကို သူမ မုန်းတီးသွားသည်။

“ဗုန်း”

“ဟာ နင်ဘာလုပ်တာလဲ”

ရင်ဘတ်ကို ဗုန်းခနဲ အထုခံလိုက်ရတော့ ကုလားစိုးသန်း ဒေါသ ဖြစ်သွားဟန်တူ၏ ။ သူမလက် ဆတ်ခနဲ လိမ်ချိုးလိုက်သည်။

“အား အံမယ်လေး လွှတ်စမ်းငါ့လက်ကိုလွတ်”

“ငါ့ကိုပြန်တောင်းပန်မှ လွှတ်မယ် တောင်းပန်စမ်း”

“အောင်မာ ဘာလို့တောင်းပန်ရမှာ လဲ အား နာတယ် နာတယ်”

“ဟိတ်ကောင်”

“ခွပ် ခွပ်”

“ဟင်”

ကျားဟိန်းသံကဲ့သို့ အသံမျိုးဖြင့် အနားရောက်လာသူကနှိုင်းမရ။ ဘာမပြောညာမပြော ဆွဲထိုးချ လိုက်တာ ကုလားစိုးသန်း ပုံပျက်ပန်းပျက် ပစ်လဲကာ မျော့မျော့ခွေခွေလေး ဖြစ်သွားသည်။

“အလကားကောင် မိန်းကလေး တစ်ယောက် ကို ဗလအားကိုးနဲ့ အနိုင်ကျင့်ရဲတယ်၊ မင်းသတ္တိရှိရင် ငါနဲ့ဘယ်နေ့ ဘယ်နေရာမှာ ဖိုက်မလဲ ၊ ကြိုက်တဲ့အချိန်စိန်ခေါ်လိုက် ကြားလားနွား”

မကျေမချမ်းပြောပြီး သူမဘက်ကိုလှည့်ကာ လက်ကလေးကို ဆောင့်ခနဲ ဆွဲခေါ်သည်။

“လာဟိုဘက်လမ်းမှာ နေတာမဟုတ်လား ငါလိုက်ပို့မယ်”

“အား”

“ဘာ ဖြစ်တာလဲ”

“ခုနက လိမ်ချိုးခံထားရတာ နာလို့”

“အား ဒီကောင်”

“ဟဲ့ ဟဲ့ မလုပ်နဲ့ သူလည်းဟိုမှာ ထတောင်မထနိုင်တော့ဘဲနဲ့”

သူမကပင် သူ့ကိုပြန်ဆွဲခေါ်လာခဲ့ရသည်။နှိုင်းမရမဟုတ်မခံဒေါသကြီးတတ်တာအခုမှလက်တွေ့ သေ ချာ သိ၏ ။ကူညီတတ်သည့်စိတ်ကလေးက ခင်ဖို့ကောင်းပါသည်။ဒါကြောင့် လည်း နောက်နေ့ကစလို့ ကျောင်းသွားဖော်လို ရင်နှီးခင်မင်ခဲ့ကြတာ။

“ပန်းချီဟာ ဒီမှာ ငုတ်တုတ်မေ့လို့၊ဘာမှလည်းမမှာ ဘဲနဲ့ဘာငေါင်နေတာလဲ၊ပဲ့ပါ့ကွာ”

“ဟင် အေး”

အခုမှ အတွေးကနိုးထကာ၊ကင်န်တင်းထဲရောက်လို့ ထိုင်နေရပြီးမှန်း သတိထားမိသည်။သက်ပိုင်က စပ်ဖြဲဖြဲ။

“ပန်းချီက ရည်းစားအကြောင်းတွေးနေတာထင်တယ်၊မင်းကဘာလို့ဖျက်ပိုးသွားလုပ်တာလဲ”

“ဟုတ်လား ပန်ချီး၊နင့်မှာ ရည်စားရှိနေပြီလား”

“နင်အသိဆုံး ဖြစ်မှာ ပေါ့”

“ဘာငါ့လွှဲချတာလဲ၊အရင်ကလို နင့်ကိုအကြိုအပို့လုပ်နေတာမှမဟုတ်တာ၊ကျောင်းရောက်မှတွေ့ ပြီး လမ်းမှာ နင်ဘာ ဖြစ်လဲ ငါဘယ်လိုလုပ်သိမှာ လဲ”

“အေးဟေ့ ဟုတ်တယ်၊ငါ့မှာ ရည်းစားနှစ် ယောက် တောင်ရှိတယ်”

“ တစ်ယောက် က ကုလားစိုးသန်း ချီးပုံထမ်းမဟုတ်လား”

“ကောင်စုတ် လျှောက်ပြောတော့မယ်”

သူမအတွေးနှင့် တိုက်ဆိုင်နေသည်မို့ စိတ်ဆိုးဖို့သတိမရဘဲရယ်လိုက်မိသည်။

“ငါလည်းနင်နဲ့စခင်တဲ့အဲဒီ အကြောင်းစဉ်းစားနေတာ၊ငယ်ငယ်က အရမ်းရယ်စရာကောင်းတာ ပဲနော်၊ ၊အဲဒီ ကုလားစိုးသန်းကြီးဘယ်ရောက်သွားလဲမသိဘူး”

“ဘာလဲသတိရနေတယ်ပေါ့၊အဲဒီ အချိန်တုန်းကသာ သူ့အချစ်ကိုလက်ခံပြီး လက်ထက်လိုက်ရင်ကု လားလေးတွေ ၊ကုလားမတွေ မွေးနေလောက်ပြီ”

“နှိုင်းမသာကောင်အစုတ်ပလုတ်အရမ်းညစ်ပတ်တယ်”

နှိုင်းမရနောက်ကျောကို မေပန်းချီ တအုန်းအုန်းထုပစ်လိုက်သည်။သူပြောချင်တာပြောရပြီဆို နှိုင်း မရက ကိုယ်ထိလက်ရောက်ပြန်ပြီးတုံ့ပြန်တတ်ပါ။တဟဲဟဲနှင့် သဘောတွေ ကျနေတတ်သည်။ ရယ်စရာ တွေ ပြောဆိုစနောက်ပြီးမှ အစားအသောက်တွေ မှာ စားကြသည်။

“ဟိတ်ကောင် ဟိုမှာ မေသော်”

မမြင်ချင်ယောင်ဆောင်သွားသလားထင်လိုက်ပေမယ့် မေသော်က သူတို့အဖွဲ့ကို တကယ်မမြင်ဘဲ ကျော်သွားတာ ဖြစ်သည်။

“ငါလိုက်သွားဦးမယ်၊ပန်းချီကို အတန်းထဲရောက်အောင်လိုက်ပို့လိုက်နော် သက်ပိုင်”

အားနာပါးနာ နှုတ်ဆက်ဖော်ပင်မရဘဲ ချိုမိုင်မိုင်နောက်ကနှိုင်းမရ အပြေးလိုက်သွားသည်။ သူမရင် ဘတ်နေရာက ကျဉ်းခနဲ၊တခြားမိန်းကလေး တစ်ယောက် နှင့် နှိုင်းယှဉ်ခံရလျှင် သူမက နှိုင်းမရအ တွက်ဘာ မှအရေး မပါ။

ငါဘယ်ကောင်မလေးနဲ့ချိန်ထားလို့ ဘယ်သူနဲ့ရုပ်ရှင်ကြည့်မလို့ဆိုတာမျိုးနှင့် သူမကိုကြုံတဲ့နေရာမှာ ထားပစ်ခဲ့တတ်တာ၊ တစ်ယောက် ယောက် နှင့် ကြုံသလိုမှာ ပစ်ခဲ့တတ်တာ။

တကယ်တမ်းက သူငယ်ချင်း တစ်ယောက် လို အလေးအနက်ရှိတတ်တာလေးကလွှဲလျှင် နှိုင်းမရ ဘက်က ဒီထက်မပိုခဲ့။

သူမကရော။

ဟင်အင်းတစ်ခါမှတော့ ဘယ်လိုဘယ်ညာစိတ်ကူးမယဉ်ခဲ့ဘူးပါ။မိန်းကလေးတွေ နှင့် တွဲ သွား တွဲ လာရှိသည့်အချိန်တွေ မှာ ပဲ၊ဘာကြောင့် မှန်းမသိဝမ်းနည်းတတ်ခဲ့တာ။

ဒါပေမဲ့ နှိုင်းမရကခင်ဖို့ကောင်းတာကလွဲလျှင် လူရှုပ်လူပွေ။ဂျလေဘီ ငပွေလေးပါ။

သူမအတွက် ကောင်းဆိုးလေး တစ်ယောက် ပေါ့….။

******


အခန်း(၄)

“ဆိုးတယ်ဆိုကတည်းက မကောင်းတာအ သိသာကြီးပဲ၊သမီးကို အဲဒီ ကောင်လေးနဲ့ အပေါင်း အသင်းမလုပ်ပါနဲ့လို့ မေမေဘယ်နှစ် ခါပြောရမလဲ”

“သမီးတို့က ရိုးရိုးသားသားခင်တာပါ မေမေရယ်”

“ဆန်းဆန်းပြားပြား ဖြစ်နေသလားလို့ ညည်းကိုငါမေးနေတာမဟုတ်ဘူး၊ ဖြစ်တယ်ဆိုလည်း အ ဖြစ်မခံ နိုင်ဘူး၊အခုဟာကတွဲ သွားတွဲ လာလုပ်နေတယ်၊ရည်းစားမဟုတ်လည်း အဲဒီ ဥာဉ်မကောင်းတဲ့ ကလေကချေနဲ့ ပတ်သက်နေရင်ညည်းနာမည် ပျက်မှာ ပဲ”

“မေမေကလည်း”

“ညည်း ဆင်ခြေမပေးနဲ့ မိပန်းချီ”

စိတ်လိုက်မာန်ပါစားပွဲခုံကို ထုချေလိုက်သည့်အတွက် ကော်ဖီခွက်တွေ ဘောက် ဘင်ခတ်သွား သည်။သူမဆူဆောင့်ကာ ငိုချလိုက်ချင်ပေမယ့် ဝန်ခံလိုက်သလို ဖြစ်မှာ စိုးတာကြောင့် ၊မုန့်တစ်ခုကို ကောက် ဝါးနေလိုက်၏ ။

ဖြေရှင်းသမျှကို ဆင်ခြေပေးသည်ဟု ထင်နေမှတော့ ဒီအတိုင်းပါစပ်ပိတ်နေလိုက်တာ အကောင်ဆုံး။

“မအေက ဒင်းလူတန်းစေ့နေနိုင်ဖို့၊ပင်ပင်ပန်းပန်းကုန်းရုန်းကြိုးစားနေတာ၊ဒင်းက ပညာကိုဖြောင့်ဖြောင့်တန်းတန်းကောင်းကောင်းမွန်မွန်သင်ပြီး မအေကို စိတ်ချမ်းသာအောင်မထားချင်ဘူး”

“မီးက ဘာလုပ်နေလို့လဲ”

“မေးပြန်ပြီးဘာလုပ်လို့လဲ၊ဘာ ဖြစ်လို့လဲနဲ့ အဲဒီ ဟာလေးနဲ့အပေါင်းအသင်းလုပ်တာ မကြိုက်ပါဘူးဆို၊ ညည်းဆင်ခြင်ပါလား၊ကိုယ့်ကားနဲ့ကိုယ်ကျောင်းတက်တာပဲ ဘာအဖော်လိုလို့လဲ၊ညီမဝမ်းကွဲယမင်းဇော်ကို ခေါ်ထားဆိုတော့လည်း မဟုတ်ဘူး”

“မယမင်းက မီးနဲ့အတန်းမှမတူတဲ့ဟာကို”

“ဟဲ့ သူ့အတန်းကိုဝင်ပို့ဝင်ခေါ်၊အတူသွားအတူပြန်လို့ ဖြစ်နေတာပဲ၊ဟိုမှာ နေတော့လည်း ကျောင်း စရိတ် ထောက်ရတာ အတူတူ၊အိမ်မှာ ဆိုလက်တိုလက်တောင်းတောင်ခိုင်းလို့ရသေးတယ်”

“မေမေ့ သဘောပဲမေမေရာ၊မေမေ့အမျိုးတွေ ကကောင်းတာလည်း မဟုတ်ဘဲနဲ့”

“ဘာ”

“ဟုတ်တယ်လေတောင်းရင်လည်းပေးနေတာကို၊မီးအဝတ်အစားတွေ ယူဝတ်တယ်၊ပိုက်ဆံဆိုလည်း ခိုးတာတစ်မျိုး၊တောင်းတာတစ်မျိုး၊ကင်န်တင်းတွေ ဘာတွေ မှာ ဆုံပြီးဆို တစ်ဝတပြဲစား သွားတာ၊မီး မှာ ပိုက်ဆံအပိုပါလား မပါလားမသိ”

ဒါတော့လည်းဟုတ်သည်။မရှိတာတွေ များ လွန်းတော့လောဘမသတ်နိုင်မရောင့် ရဲနိုင်။ဘယ်လောက်ပေးပေး၊ထောက်ပံ့ထောက်ပံ့ပြည့်စုံတယ်ဆိုတာမရှိ။

အမြဲလိုအပ်တယ်ဆိုတာချည်းပင်။ဒါပေမဲ့ အစ်မ ဖြစ်သူရဲ့ သားသမီးတွေ မို့ ဥပေက္ခာပြုလို့ မ ဖြစ်ပေ။

အင်းခနဲ သက်ပြင်းချမိရင်း

“မေမေပြောတာနားထောင်ဦးမေပန်းချီ၊သူတို့တွေ ကသမီးလြို ပြည့်စုံအောင်မနေလို့ ဒီလို ဖြစ်နေတာပါ၊ မမကအိမ်ထောင်ရေး ကံမကောင်းဘူး၊လင်ကအရက်သမား၊လက်ကြောတင်းအောင်လုပ်ကိုင်မကျွေးဘူး၊အဲဒီ တော့သားသမီးတွေ ကိုပြည့်စုံအောင်မထားနိုင်ဘူးပေါ့၊ဒါပေမဲ့အိမ်ထောင်မကျခင်ကမေမေ့အပေါ် အစ်မကြီး ပီပီသသတာဝန်ကျေခဲ့တယ် သမီး၊သူမှာ ဆယ်တန်းတောင်ဆက်မဖြေဘဲ မေမေ့ကိုအလုပ်လုပ်ပြီး ကျောင်း ထားခဲ့တယ်။ဖေဖေ့ဆေးပင်စင်ကမိသားစုစားဝတ်နေရေး ကို အပြည့်အဝတာဝန်ယူနိုင်ခဲ့တာမှ မဟုတ်တာ”

“အခုကြီးကြီးမှ မရှိတော့တာ”

“ဟုတ်ပါတယ်၊အဲဒါကြောင့် မေမေ့မှာ တာဝန်ပိုရှိလာတာပေါ့၊ဖအေအရက်သမားက မမမရှိလို့ အရက် မသောက်တော့ဘူး ဆိုပေမယ့် မိသားစုစားဝတ်နေရေး လောက်ငအောင်တော့ ရှာမပေးဘူး၊လို အပ်မှတော့ တယ်၊တောင်းပြီးရင်လည်း စည်းနဲ့ကမ်းနဲ့မသုံးဘူး”

“အဲဒါနည်းနည်း ဆုံးမ သွန်သင်ပါလား မေမေ”

“မအေမရှိတော့လို့ အားငယ်နေကြတာ၊စည်းကမ်းသွားတင်းကျပ်ရင် နှိမ်သလိုဖိအား ပေးသလို ဖြစ် သွားမှာ သမီး၊ကိုယ့်မျက်စိအောက်မှာ ခေါ်ထားနိုင်ရင်တော့ တစ်မျိုးပေါ့၊အဲဒါကြောင့် မေမေက ယမင်း ကိုခေါ်ထားချင်တာ”

ခုန ကတော့ နှိုင်းမရနှင့် စိတ်မချသလိုလို။

အကြောင်းအရာတွေ လွဲကုန်ပြီဟု သတိပေးလိုက် လည်း နှိုင်းမရနှင့် အကြောင်းက အစပြန်ပေါ်လာဦး မည် ။မသိသလိုနေလိုက်ကာ၊ခေါင်းတစ်ချက်ညိတ်လိုက်ပြီး

“ပြုပြင်ဆုံးမလို့ရမယ်ထင်ရင်မမေခေါ်ထားချင်လည်းခေါ်ထားပေါ့၊စည်းကမ်းနဲ့နေတတ်အောင်တော့မေမေကြိုပြောထား”

“အရိုင်းအစိုင်းတွေ တော့မဟုတ်ပါဘူးကွာ၊ဖအေကအရက်သမား၊မအေကသူ့အလုပ်နဲ့သူဆိုတော့၊ ဆုံးမသွန်သင်အားနည်းခဲ့လို့ပါ၊သမီးကလည်း သူစိမ်းဆန်ဆန်မဆက်ဆံပါနဲ့၊ သူတို့မှာ ဆင်းရဲချိုတဲ့တဲ့ အားနည်းချက်ရှိတယ်၊သမီးက မိဘကံကောင်းလို့ ပြည့်စုံအောင်နေနိုင်ခဲ့တာ၊နှိမ်ချသလို မ ဖြစ်ပါစေနဲ့”

“ဆင်းရဲတာအပြစ်မဟုတ်ဘူး၊ကိုယ်ကျင့်တရားအားနည်းချက်ရှိတာကိုပဲ ဆင်ခြင်တတ်ဖို့ လိုတယ်၊ ဆရာ တစ်ယောက် က ပြောဖူးတယ်၊ဆင်းရဲတဲ့သူတွေ ဟာ ပိုက်ဆံမရှိလို့ ကတိမတည်တာ မဟုတ်ဘူး ကတိမတည်လို့ပိုက်ဆံမရှိကြတာတဲ့၊ဘာပဲလုပ်လုပ်၊ကိုယ်ကျင်တရားကကောင်းဖို့ကတိတည်ဖို့ပဲလိုတယ်၊ ဆင်းရဲချို့တဲ့လေ ကိုယ်ကျင့်တရားကောင်းလေပဲတဲ့”

“အေးပါ မေမေနားလည်အောင် ပြောထားပါ့မယ်၊ယမင်းကလည်း သူ့ထက်အငယ်မို့ သမီးကို ချစ်ပါတယ်၊အရွယ်ရောက်လာတော့လှချင်ပချင်တာပဲရှိတာပါ၊ကဲ သမီးဖေကြီးကို စာရင်းတွေ လုပ်နေတာ မပြီးသေဘူးလား၊ ပွဲရုံသွားရအုန်းမှာ နဲ့ ကောင်ဖီတွေ အေးကုန်မယ်လို့သွားခေါ်ချည်ဦး သမီး”

“ဟုတ်ကဲ့”

နေရာကသူမလှစ်ခနဲ ထပြေးလာခဲ့သည်။ နှိုင်းမရနှင့် ပတ်သက်သော အကြောင်းအရာကို ပြန် ပြောင်းသွား မှာ စိုးလို့ပါ။ဘာပြောပြော သူမကလည်း ရှေ့မှာ ဆိုပြန်မပြော နားမထောင်။

တခြားအရာတွေ ထက်နှိုင်းမရနှင့် ပတ်သက်လျှင် သူမကလည်းသွေးအေးအေးနှင့် ခေါင်းမာတတ် သည်။

ဒါကိုတော့ မေမေ သိလို့မ ဖြစ်။

******

အခန်း(၅)

“မသိလို့မဟုတ်ဘူး၊မသိချင်ယောင်ဆောင်လို့မရတော့တာ ဒယ်ဒီ၊အပြင်မှာ ဘယ်လောက်ရှုပ်ရှုပ်၊ အိမ်ကိုတော့ အထုပ်လိုက်သယ်မလာပါနဲ့၊အပြင်မှာ ပဲ ပြီးအောင်ရှင်းခဲ့ပါ”

“အဲလို ယတိပြတ်ပြောလို့ မရတောဘူးသား၊ဘယ်သူ့ကို ဖြစ် ဖြစ် အတည်ယူဖို့ ဆုံးဖြတ်ပြီးတွဲ ခဲ့တာ မဟုတ်ပေမယ့် ဒီ တစ်ယောက် က”

နှိုင်းမရခေါင်းခါသည်။ဘယ်လိုပြောပြောလက်မခံနိုင်။သူစိမ်းမိန်းမ တစ်ယောက် ကို အိမ်ပေါ်ခေါ် တင်ထားလျှင် သားအဖချင်းတောင်စိတ်ဝမ်းကွဲ၊သွေးကွဲနိုင်သည်မို့ သူဒီကိစ္စကို အလျှော့ပေးလို့မ ဖြစ်။

“အရင်လိုပဲတိုက်ခန်းတစ်ခုခုမှာ ထားပြီး ဖြေရှင်းချင်ဖြေရှင်းလိုက်ပါ ဒယ်ဒီ၊မာမီနဲ့အတူနေခဲ့တဲ့အိမ်ကို ဘယ်မိန်းမကိုမှ ခေါ်မလာခဲ့ပါနဲ့”

“ဒယ်ဒီပြောတာသေချာနားထောင်ဦးသား၊အပျော်တွဲ ခဲ့တာတွေ အဲလိုလုပ်ရတာ မထူးဆန်းဘူး၊ ကိုယ့်ဆန္ဒပြည့်ဝဖို့ဆို သူတို့ဆန္ဒဖြည့်ဆည်းပေးလိုက် ရုံပဲ၊အခုက ဒယ်ဒီလည်းအသက်ကြီးပြီ၊ အတည်တကျ လက်ထပ်”

“ဒယ်ဒီဘာသာ ဘယ်လိုပဲလက်ထပ်ထပ်၊ဒီအိမ်ကိုခေါ်မလာစေချင်တာဒယ်ဒီ၊ဘဝကိုအလေးအနက် တည်ဆောက်ဖို့စဉ်းစားထားလည်း ဒယ်ဒီ ဘာသာတခြားနေရာမှာ နေဖို့ ကြည့်စီစဉ်ပါ”

“အဲလိုလုပ်လိုက်ရင် ဒီအိမ်ကြီးမှာ သား တစ်ယောက် တည်း ဖြစ်နေမှာ ပေါ့သားရယ၊် သားကိုပစ်စ လက်ခတ် မထားရက်ဘူး၊ဒယ်ဒီစိတ်မချဘူးသား”

“အဲဒါဆို မယူနဲ့ပေါ့”

နှိုင်းမရကကလေး တစ်ယောက် လိုပင်အသည်းပုံဖက်လုံးလေးကိုပိုက်၍ နှုတ်ခမ်းစူကာပြောသည်။ သားကိုချစ်သော စိတ်နှင့် ပြုံးလိုက်မိသော်လည်း ဒီကိစ္စကို သားလက်မခံနားလည်လာသည်အထိ အတိုက် အခံ ရှင်းဖို့လိုပြီဟု တွေးလိုက်မိသည်။

ကိုယ်လည်းဘယ်မိန်းကလေးကိုမှအတည်တကျလက်ထပ်ယူဖို့အထိ အလေးအနက်ရှိခဲ့ဖူးတာတော့ မဟုတ်ပါ။

လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး နေရတာ ကိုပဲကြိုက်သည်။ဒါပေမဲ့ အခုတွဲ ဖြစ်နေသည့် မိန်းကလေး ရဲ့ ဘဝက အလွန်သနားစရာကောင်းသည်။

ငယ်ရွယ်သွက်လက်ထက်မြက်လှသူလေး။စကားအပြောအဆိုချိုသာသလို ဆင်းရဲနွမ်းပါးသူမို့ အောက် သက်ကျေမှု လည်းရှိနိုင်သည်။

ပြီးတော့ ကိုယ့်အသက်အရွယ်။

ဒီထက်ဟိုင်းသွားလျှင် ဆေးပေးမီးယူဆိုတာမျိုးတောင် ကောင်းကောင်းရှာတွေ့ ဖို့ မလွယ်တော့။

“ဟင်း”

မချစဘူးသက်ပြင်းချမိတော့ သားက မျက်လုံးစွေကြည့်၏ ။ဦးမင်းထွဋ်ဆွေ မချိ့တရိပြုံးလိုက်ကာ

“သားဒီတစ်ခါတော့ ဒယ်ဒီကိုနားလည်ပေးပါ၊ဒယ်ဒီအိမ်ထောင်ပြုပြီး အေးအေးဆေးဆေး နေချင် တယ်”

“ဒယ်ဒီကို အိမ်ထောင်မပြုလို့ သားပြောနေလို့လား၊ဒယ်ဒီဘယ်လိုဆင်ခြေတွေ ပေးပြီး လက်ထပ်ထပ် အဲဒါသားနဲ့မဆိုင်ဘူး၊သားပြောတာက ဒီအိမ်ကို ဘယ်သူ့ကိုမှ ခေါ်မလာနဲ့၊မာမီ့အမွေအနှစ် တွေ ဘယ်သူမှ မောင်ပိုင် အစီးမခံနိုင်ဘူး ဒယ်ဒီ”

“သား တစ်ယောက် တည်း ခံစားချင်တာလား”

“ဗျာ ဒယ်ဒီဘာပြောလိုက်တယ်၊သားကဒါတွေ ကို မက်မောလို့ ဒီလိုပြောတယ်ထင်နေတာ လား၊အဲဒါဆိုလည်း ဒယ်ဒီ့သဘောပဲဒယ်ဒီကြိုက်သလိုသာလုပ်တော့”

“သား”

ကဗျာကယာတားဆီးလိုက်သော်လည်း သားကပြန်စောင်းတောင်မခတ်ပေ။ သားစိတ်ဆိုးသွားပြီး ဖြစ်မှာ ။

ဘယ်လိုချောမော့ ဖျောင်းဖျရမလဲ၊ ဟိုဘက်ကို စကားကျွံထားတာတွေ ကလည်း ရှိနေသည်။ သားနဲ့ လည်း စကားပြောအဆင်မပြေ။ စိတ်တွေ လေးလံစွာ ကားနဲ့ ထွက်လာခဲ့ပြီး၊ ကားပေါ်ရောက်မှ ယမင်းဆီကို ဖုန်းဆက်ချိန်းရသည်။

မျှော်စင်ကျွန်းထဲက စားသောက်ဆိုင်များ ပင် ချိန်းလိုက်ပြီး ရုံးကိုဝင်၍ မန်နေဂျာကို မှာ စရာရှိတာ မှာ ခဲ့ရသေး၏ ။

“ကိုကြီး”

အရင်ရောက်နှင့် နေသော ယမင်းက အပြုံးနှင့် ကြိုသည်။ ဒါတွေ ကြောင့် သူအမောပြေနေရတာ ။

“ယမင်း ဘာမှလည်း မမှာ သေးပါလား”

“ကိုကြီးဖုန်းဆက်တော့ ယမင်းအိမ်မှာ မနက်စာ စားနေတာ၊ ကိုကြီးလာမှ သောက်မယ်ဆိုပြီး ကော်ဖီတစ်ခွက်မှာ ထားတယ်”

အဲလို ခြိုးခြံချွေတာတတ်တွေ ကြောင့် ဒီမိန်းကလေးကို အထင်ကြီးမိတာ။ အချို့ မိန်းကလေးတွေ ကို ဟိုဟာဝယ်ပေး၊ ဒီဟာဝယ်ပေးနှင့် လောဘနဲ့ သာ ချည်းကပ်တတ်သည်။

“ကိုကြီးရော ဘာစားမလဲ မှာ လေ”

“ဟင့်အင်း ကိုကြီးလည်း သားနဲ့ မနက်စာစားခဲ့ပါပြီ၊ ယမင်းလိုပဲ ကော်ဖီတစ်ခွက်ပေါ့”

ယမင်းက အလိုက်တသိပင် ကိုယ့်အတွက် စားပွဲထိုးလေးကို လှမ်းခေါ်ကာ မှာ ပေးသည်။ အစားအသောက် ရောက်လာလျှင်လည်း တစ်ရှူးလေးနှင့် သုတ်ပေးတာကအစ ဂရုတစိုက်ရှိလွန်းသည်။

ကိုယ်ကအသက်ကြီးပေမယ့် အသက်နှစ် ဆယ်နီးပါးငယ်သော သူမကို ဦးစားပေး အလိုလိုက်ရတယ် ဆိုတာ သိပ်မရှိ။

ဒါကြောင့် မို့လည်း လက်ထပ်ဖို့အထိ အလေးအနက် ရည်ရွယ်ခဲ့မိတာ။

“ကိုကြီး ဒီနေ့မျက်နှာ မကောင်းပါလား၊ နေမကောင်းဘူးလားဟင်”

“ကောင်းပါတယ်၊ သားနဲ့ စကားပြော အဆင်မပြေ ဖြစ်လာလို့”

“ဟိုနေ့က ယမင်းနဲ့ လက်ထပ်ဖို့ သားကိုဖွင့်ပြောတိုင်ပင် ကြည့်တယ်ဆိုတာ အဆင်မပြေခဲ့တာလား ကိုကြီး”

“ဟုတ်တယ် သားက လက်မခံဘူး၊ ခါးခါးသီးသီးပဲ လက်ထပ်တာကို ကန့်ကွက်တာမဟုတ်ဘူးနော်၊ တခြားမှာ သွားနေ အိမ်ကိုခေါ်မလာခဲ့နဲ့ တဲ့”

“ယမင်းက ဘယ်မှာ နေနေ၊ ဘယ်လိုနေရနေရ ဖြစ်ပါတယ်၊ ကိုကြီးက ကိုကြီးသားကို စိတ်မချဘူး ဆိုလို့”

“ကိုကြီးရဲ့ မေတ္တာပါ၊ ဒါပေမဲ့ သားကိုသူ့အမေထားခဲ့တဲ့ အမွေအနှစ် တွေ ကြောင့် လားလို့ မေးမိတယ်၊ အဲဒါကိုသား တော် တော် စိတ်ဆိုးသွားတာ”

“သူ့အမေနဲ့ တရားဝင်ကွာရှားထားတာတော့ ဟုတ်ပါတယ်နော် ကိုကြီး”

“ဟုတ်ပါတယ် ကွာရှင်းပြီးမှ နိုင်ငံခြားကို ထွက်သွားတာပါ၊ ဟိုကိုရောက်ပြီး သိပ်မကြာခင်မှာ ပဲ နောက်အိမ်ထောင်ပြုလိုက်တယ်လို့ ကြားတယ်”

“သူပိုင်ဆိုင်မှု တွေ ရက်ရက်ရောရော ထားပစ်ခဲ့တာတော့ အံ့သြစရာပဲနော်၊ တချို့မိန်းမတွေ လို နစ်နာကြေး ဘာညာလည်းတောင်းတာ မဟုတ်ဘူး”

“သူ့မိဘတွေ ဘက်က ချမ်းသာတယ်လေ၊ ဒီလောက်ကို ဘယ်မက်မောပါ့မလဲ၊ ပြီးတော့ ပညာလည်းတတ်၊ စီးပွားရေး လည်းလုပ်တတ်ကိုင်တတ်ရှိတယ်၊ အဲဒါကြောင့် လည်း သူမောက်မာနိုင်အား ရှိတာပေါ့၊ ဘယ်သူ့ကိုမဆို မတူမတန်ဘဲ ဆက်ဆံချင်တာ”

“ကိုကြီးအပေါ် အဲလိုပဲလား”

“အဲလိုပဲ၊ မိဘတွေ က ကိုကြီးတို့ဘက်က မပြည့်စုံမှန်းသိပေမယ့် ရိုးသားတာကို သဘောကျပြီး သူတို့သမီးနဲ့ လက်ထပ်ပေးစားခဲ့တာ၊ အဲဒါကိုသူက ပိုင်းလုံးလို့စွပ်စွဲပြီး နှိမ့်ချစော်ကားတယ်၊ ကိုကြီးက မခံချင်တော့ နေချင်သလိုနေပစ်လိုက်တယ်၊ အိမ်ထောင်ရေး အဆင်မပြေလေ အပြင်မှာ အပျော်ရှာလေပဲ၊ မိန်းမ တစ်ယောက် ကို အောက်ကျခံပေါင်းဖို့ စိတ်ကူးမရှိဘူး”

“ယမင်းအပေါ်ရော အဲလိုမာနနဲ့ ဆက်ဆံမှာ လားဟင်”

တိုးလျစွာ မဝံ့မရဲအမေးကို သူကရုဏာသက်သွားရသည်။ ကြင်နာစွာ ယမင်း လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး

“ကိုကြီးက အရွယ်လွန်နေပါပြီကွာ၊ ယမင်းအပေါ် အဲလို လုပ်ရက်ပါ့မလား၊ ယမင်းနဲ့ လက်ထပ်ဖို့ သားကို ရအောင်ဖျောင်းဖျမှာ ပါ၊ အခုတော့ မလောပါနဲ့ ဦးနော်၊ ယမင်းကို အားတော့နာပါတယ်”

“ရပါတယ်ကိုကြီးရယ်၊ ယမင်းက ဘာပြောနိုင်မှာ လဲ ကိုကြီးထားရာနေ စေရာ သွားပါ၊ သား တစ်ယောက် အဖေကို ချစ်မိမှတော့ ငြိုငြင်ကန့်ကွက်တာကို ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာ ပေါ့”

ဝမ်းနည်းအားငယ်ဟန်လေးနှင့် ပြောတော့ ရင်မှာ ထိခိုက်စိတ်မကောင်း ဖြစ်သွားရသည်။

မျက်ရည်ကြည်တွေ ဝေ့ဝဲနေသော ထိုကောင်မလေးကို ဘယ်လို နှစ် သိမ့်အားပေးရမှန်းပင် မသိတော့။

“ယမင်း ရှော့ပင်သွားမလား ကြိုက်တာယူလေ ကိုကြီးဝယ်ပေးမယ်”

“ကလေးကို မုန့်ပေးကြိုက်သလို ဟိုဟာဒီဟာ ဝယ်ပေးမယ်ဆိုပြီး မနှစ် သိမ့်ပါနဲ့ ကိုကြီးရယ်၊ ယမင်းက ကိုကြီးဆီက ဘာကိုမှ လိုချင်လို့ မက်မောလို့မဟုတ်ပါဘူး။ ဝဋ်ကြွေးတစ်ခုကြောင့် ကိုကြီးကို ချစ်မိသွားခဲ့တာပါ”

“ယမင်းလေးရယ် အဲဒါတွေ ကြောင့် ယမင်းကို ကိုကြီးတန်ဖိုးထားမိတာပါ၊ လက်ထပ်ဖို့ အမြန်ဆုံးကြိုးစားပါ့မယ်ကွယ်”

ပခုံးပေါ် မေးလေးတင်ကာ သိမ့်သိမ့်လေးငိုရှိုက်သလို ဟန်လုပ်နေရသော်လည်း ယမင်းသော်တာ နှုတ်ခမ်းပါးတို့မှာ ကျေနပ်သော အပြုံး တို့ ဖြစ်ထွန်းသွားလေသည်။

ဒါတွေ ဟာ မာယာတွေ နှင့် သွေးဆောင်သိမ်းသွင်းနေခဲ့တာဟု ဆိုခဲ့ပါလျှင် …။

******


အခန်း(၆)

အိမ်လေးအတွင်းထဲ လှမ်းဝင်လိုက်သည်နှင့် အရက်နံ့က ထောင်းခနဲ။

ပစ္စည်းပစ္စယတွေ ဖုန်အလူးလူးနှင့် ဖြစ်နေကာ ဘယ်ဟာမှ တောက်ပြောင်သန့်ရှင်းမှု မရှိ။

“ဟာ ဒေါ်လေး လာလည်တယ်၊ သားကျောင်းသွားတော့မလို့ မုန့်ဖိုးပေး”

လွယ်အိတ်နှင့် ထွက်လာသော ငြိမ်းကိုက အရင်ဆုံးလက်ဝါးဖြန့်၏ ။ ဘာကိစ္စနဲ့ ဘာကြောင့် လာ တယ်ဆိုတာ မမေး။ မသိတတ်တာကို မသိတတ်ဘူးလားဟု ပြောနေတော့ရော ဘာထူးမှာ လဲ။

ဆလင်းဘက်(ဒ်)အိတ်ထဲက တစ်ထောင်တန်ဆယ်ရွက်လောက် ဆွဲထုတ်ပြီး လှမ်းပေးကာ

“မင်းအဖေရော”

“အရက်နာကျလို့ အခန်းထဲမှာ လူးလှိမ့်နေတယ်၊ ဒေါ်လေးလာတာသိရင်တော့ နလံထမှာ ပါ အရက်ဖိုးပေးခဲ့ရင်ပေါ့”

“ယမင်းရော”

“အပြင်သွားမလို့ထင်တယ်၊ အလှပြင်နေတယ်”

“လှမ်းအော်လိုက်စမ်းဟယ်၊ နံစော်နေလို့ အနံ့တွေ မခံနိုင်ဘူး၊ အိမ်အပြင်က စောင့်မယ်”

နှာခေါင်းပိတ်ထားလို့လည်း မကောင်းတာမို့ နှာခေါင်းတရှုံ့ရှုံ့လုပ်မိရင်း၊ အိမ်ရှေ့အပြင်မှာ ထိုင် စောင့်ရသည်။ ယမင်းက အရေး တယူတန်းခနဲ ထွက်မလာပါ။

ခဏအကြာ အလှပြင်လို့ပြီးမှ

“ဒေါ်လေး ဘာထွေပါလာသေးလဲ”

ဆန်အိတ်နဲ့ ဆီပုံးပါတယ်၊ ငြိမ်းကို ကျောင်းမသွားခင် ကားပေါ်က သယ်ခိုင်းလိုက်ဦး”

“ဟဲ့ ငြိမ်းကို ကျောင်းသွားတော့မယ့်ဟာကို နောက်ဖေးမှာ မျိုဆို့လို့မပြီးတော့ဘူး၊ ကားပေါ်က ပစ္စည်းတွေ သွားချဦးဟေ့”

အော်လိုက်ဟစ်လိုက်တာလည်း မိန်းကလေးပီပီသသ သိမ်မွေ့မှု မရှိပါ။ အဒေါ်ရှေ့မှာ မို့ ဆင်ခြင် ရမှန်းလည်း မသိ။

“ဟင်းချက်စရာတွေ ပါသေးတယ်၊ ချက်သွားဦးလေ ညည်းက အပြင်သွားမလို့လား”

“ဟုတ်တယ် ကိစ္စရှိလို့ဒေါ်လေး၊ အရက်တစ်ပုလင်းလောက်တိုက်လိုက်ရင် အဖေ ထချက် နိုင်ပါတယ်”

စီစဉ်လိုက်တာလည်း ယူလာတဲ့သူကို ကျေးဇူးတင်အားနာရမှန်းမသိ ပေါ့ပျက်ပျက်ပင်။ ဒီလိုအထာ တွေ အချိုးတွေ သိလျက်နှင့် ကိုယ်တိုင်က မနေနိုင် မထိုင်နိုင် လားပေးမိတာ။

“ကဲ ညည်းသွားစရာရှိတယ်ဆိုလည်း ငါပြောတာတော့ သေချာနားထောင်ဦး”

“ပြောပါ အချိန်ရပါသေးတယ် ဒေါ်လေးရဲ့ ”

“အေးပါ အချိန်ရတယ်ဆိုလို့ တော် သေးတာပေါ့၊ ဒါနဲ့ ညည်းက အပြင်သွားမလို့ဆိုတော့ ကျောင်းမတတ်ဘူးလား၊ နောက်ဆုံးနှစ် ကို ကျောင်းစာရော ကြိုးစားရဲ့ လား”

“အောင်မှာ ပါ၊ ဒေါ်လေးစိတ်မပူနဲ့ ၊ နောက်နှစ် ကျရင် ယမင်းအတွက် ကျောင်းစရိတ်မထောက်ပံ့ ရပါဘူး”

“ဟင်”

ကိုယ်ပြောတာ ဒီသဘောမဟုတ်မှန်း သိသိကြီးနဲ့ ငေါ့လိုက်တာကို စိတ်ထဲအောင့်မျက် သွားသော် လည်း မဖြေရှင်းတော့ဘဲ သက်ပြင်းသာ ချမိသည်။

မိဘဆုံးမမှု သွန်သင်မှု နည်းပါးသော ကလေးတွေ မှာ ဒီလိုအပြစ် အနာအဆာရှိနိုင်တာပဲ မဟုတ် လား။

“ယမင်း ညည်းဒေါ်လေးတို့အိမ်မှာ လာနေတော့”

“ရှင်”

“အခု ညည်းကိုလာခေါ်တာ၊ အခုအိမ်မှာ ညည်းရှိနေတော့ရော အိမ်အလုပ်ဘာမှမလုပ်ဘဲ၊ ဖအေ အရက်သမား ချက်ကျွေးတာပဲ ဖြစ်သလိုစားနေကြတာပဲ မဟုတ်လား၊ ဟိုကလည်း မသောက်ရ မနေနိုင် ဘဲ အားနည်းချက်ကြောင့် ညည်းတို့မောင်နှမကို မခိုင်းရဲ မပြောရဲဘဲ ချက်ပြုတ်ကျွေးနေရတယ်”

“ဒါ ကတော့ ယမင်းတို့က ကျောင်းသွားနေတာ သူဒီလောက်တော့ လုပ်ရမှာ ပေါ့၊ ဆိုက်ကားနင်း တယ်ဆိုတာလည်း သူ့အရက်ဖိုး သူရှာတာ၊ အိမ်စရိတ်ထောက်ပံ့နိုင်တာမှ မဟုတ်တာ၊ ဒီလောက်တော့ လုပ်ရမှာ ပေါ့”

“အေး ဖအေကိုတောင်ညည်းတို့ အဲလိုပြောရဲတယ်နော်၊ ဖအေက အရက်သမားကြီးဘာကြီး ဘယ်လိုပဲ ဖြစ်နေနေ မလေးမစားမလုပ်ရ မပြောရဘူး မယမင်း၊ ဖအေက ဖအေပဲ ငရဲကြီးတတ်တယ်”

“အမှန်တရားပြောတာပဲ ဒေါ်လေးကည်း”

“ထားပါတော့ ငါပဲမှားပါတယ်၊ အခုဒေါ်လေးပြောတာတော့ နားထောင်ရမယ်”

“အား မလိုက်ချင်ပါဘူး ဒေါ်လေးရာ၊ ပန်းချီပုံစံက သိပ်ဟုတ်တာမဟုတ်ဘူး၊ ကျောင်းမှာ ဆုံရင်တောင် အစ်မဝမ်းကွဲရယ်လို့ အရေး တယူ ဖော်ဖော်ရွေရွေ ရှိတာမဟုတ်ဘူး၊ အိမ်လာရင်လည်း သူ့ပစ္စည်းဆို ဟိုဟာဒီဟာ ကိုင်တာကြိုက်တာ မဟုတ်ဘူး၊ ဒေါ်လေးသမီးက ယမင်းတို့ ဆင်းရဲတယ်ဆိုပြီး မတူမတန် အရမ်းနှိမ်ချင်တာ”

“အဲလိုမဟုတ်ပါဘူးကွယ် သူက စည်းကမ်းရှိတာပါ၊ သူ့ပစ္စည်းသူလည်းတန်ဖိုးထားတယ်၊ ယမင်းတို့ က ဖိနပ်ဆိုလည်း ဒေါ်လေးဆီကို တစ်ရန်ပြီးတစ်ရန် ပူဆာတာ၊ သူက ဖိနပ်တစ်ရန်ကို ငါးလခြောက် လစီးတာ အလှပြင်ပစ္စည်း တစ်ခါဝယ်ပြီဆို တစ်သက်လုံးသုံးရော”

“ဒေါ်လေးကလည်း သမီးဆို အပြစ်ကိုမမြင်ဘူး၊ ယမင်းတို့ကလည်း သူ့ပစ္စည်းကို စည်းကမ်းမဲ့သုံးချင် လို့ သုံးနေတာမဟုတ်ပါဘူး၊ မသုံးဘူး မဝတ်ဘူး မစားဘူးလို့ မက်မောသလို ဖြစ်နေတာပါ၊ မိဘတွေ ကမှ ယမင်းတို့ကို ပြည့်စုံအောင် မထားခဲ့တာ”

အခုလိုပြောတော့လည်း စိတ်မကောင်း ဖြစ်ရပြန်သည်။

ပြည့်စုံအောင်မထားနိုင်သည့် မိဘတွေ မှာ အပြစ်ရှိနေသည်ပဲ။

“အဲဒီ ကိစ္စသမီးကို ဒေါ်လေးပြောထားပါတယ်ကွယ် ဒေါ်လေးမျက်စိကွယ်ရာမှာ ယမင်းတို့ကို ဒီအတိုင်းလွှတ်ထားရတာ စိတ်မချဘူး။ ယမင်းသတင်းတွေ ဒေါ်လေးသဲ့သဲ့ကြားတယ်၊ အသက်ကြီးကြီး လူ တစ်ယောက် နဲ့ ယမင်း ပတ်သက်နေတယ်ဆို”

“ပန်းချီ ပြောတာလား”

“ပန်းချီက သိတောင်မသိပါဘူး၊ ဒီကြောင်းဒေါ်လေးကို တစ်ခါမှလည်း မပြောဖူးဘူး၊ ပန်းချီက သူ့ဘာသာနေတတ်တာ ယမင်းလည်း သိသားနဲ့ ”

“သိပါတယ်၊ မိဘအရှိန်အဝါနဲ့ ကြီးကြီးကျယ်ကျယ်နေနိုင်တယ် ဆိုတာ”

မအေရှေ့မှာ တောင် ထေ့ငေါ့ရွဲ့စောင်းပြောရဲနေတာမို့ သမီး ပန်းချီအပေါ် မလိုမုန်းထားစိတ်ရှိတာ သိသာနေသည်။ အနိမ့်အမြင့်၊ အပူနဲ့ အအေး၊ သဟဇာတမညီမျှတာကို လူငယ်သဘာဝ မလိုစိတ်တော့ ရှိနိုင်တာပဲ။

“ကဲပြောပါ ဒေါ်လေးအိမ် လိုက်နေမှာ လား၊ ယမင်းဒေါ်လေး အိမ်လိုက်နေလည်း ငြိမ်းကိုတို့သားအဖ ကို ဒီလိုပဲ ထောက်ပံ့ပေးမှာ ပါ”

“ယမင်း စဉ်းစားဦးမယ်”

“ဘာကိုစဉ်းစားမှာ လဲ၊ တခြားတိုင်ပင်စရာရှိနေလို့လား ယမင်း”

ဒေါ်လေး မေးခွန်းကိုဟုတ်တယ်ဟု မဖြေနိုင်သလို မဟုတ်ဘူးဟုလည်း မငြင်းနိုင်ပါ။

လိုက်သွားဖို့တွေ ဝေနေခြင်းက ဒေါ်လေးအုပ်ချုပ်မှု အောက်မှာ လွတ်လွတ်လပ်လပ် မနေရမှာ စိုး လို့ပင်။

တစ်ဖက်က လိုက်သွားဖို့ ဆန္ဒရှိနေခြင်းကလည်း တွေ့ ဖို့ဆုံဖို့ ခက်ခဲသွားလျှင် လက်ထပ်ဖို့ ဦးမင်းထွဋ်ဆွေ ဇွတ်တရွတ် ဖြစ်လာနိုင်သည်။ ကိုယ့်ဘက်က အလျှော့ပေးနေလို့ သားကို အကြောင်းပြပြီး သွေးအေးနေတာ ။

“ ဆုံးဖြတ်ရ အဲလောက်ခက်နေတာ။ ဟို တစ်ယောက် ကို နောက် ဆံတင်းနေလို့လား ယမင်း ”

“ မဟုတ်ပါဘူး ဒေါ်လေးရဲ့ ”

“ အေး ဒေါ်လေး ကတော့ အသက်ကြီးသူနဲပ လုံးဝသဘောမတူနိုင်ဘူးနော် ယမင်း၊ အရွယ်မမျှရင် အိမ်ထောင်ရေး မှာ ပြဿနာ ဖြစ်နိုင်တယ်။ လူပျိုလူလွတ် မဟုတ်ရင် ပိုဆိုးပြီပေါ့။ အခု စဉ်းစားဆင်ခြင် နိုင်မှ တော် ကာကျမယ်”

“ ဟုတ်ကဲ့ ဒေါ်လေးအိမ် ယမင်းလိုက်ခဲ့ပါမယ်။ အဲဒီ ကနေ ကျောင်းတက်ရမှာ ဆိုရင် မောင်လေးနဲ့ အဖေ့ကို တွေ့ ဖို့ တစ်ပတ်တစ်ခါတော့ အိမ်ပြန်မယ်နော် ”

မောင်နှင့် အဖေအတွက် ဘာ ဖြစ် ဖြစ် စိတ်တစ်ခု အေးသွားရသည်မို့ ကျေနပ်မိတာတော့ အမှန်။

******


အခန်း(၇)

“မှန်လား မှားလားတော့မသိဘူး။ ဒီကိစ္စ လက်မခံနိုင်တဲ့အကြောင်း ဒယ်ဒီကို အပြတ်ပြော လိုက်မယ်”

“ မင်းဒယ်ဒီက ဘာ ဖြစ်တာလဲ။ ဒီအချိန်ထိ အနှောင်အဖွဲ့ကင်းကင်းလွတ်လွတ်ကြီးနေလာပြီးမှ ဘာလို့ ချည်နှောင်ခံချင်နေတာလဲ”

“ မသိဘူး၊ အမိဖမ်းခံရလို့နေမှာ ပေါ့။ ဒယ်ဒီလို လူအိုကြီးကို အချစ်သီးသန့်နဲ့ ရွေးချယ်လက်ခံတာ တော့ မ ဖြစ်နိုင်ဘူး။ ဇယားတွေ ပါလာရင် ငါနဲ့ငြိမှာ “

“ ကြားနေရတာ တော့ မင်းဒယ်ဒီ နွယ်နေတာ ငယ်ငယ်ချောချောလေးတဲ့နော်၊ အရင်ဟာတွေ တုန်း က ခေါက်ထားနိုင်တယ်။ ဒီ တစ်ယောက် ဒီအဆင့်ထိ တက်လာနိုင်တာ အိမ်ပေါ်ရောက်ရင်တော့ မင်းမချောင်ဘူး”

သက်ပိုင်ခြိမ်းခြောက်ပြောတာ မ ဖြစ်နိုင်။ ဒီလို ဖြစ်နိုင်သည်ဆိုတာ သူလည်း ခန့်မှန်းတွေးထားပြီးသား ပါ။

ဒါကြောင့် လည်း အခြေအနေကို ကြိုတင်သိပြီးကန့်ကွက်နေတာ။

”ဒါပေမယ့် ဒယ်ဒီက ရှေ့ဆက်တိုးဖို့ ပြင်ဆင်ပြီးသား ဖြစ်မယ်၊ ဇွတ်အတိုက်အခံလုပ်နေတာ ဆင် ခြေတွေ တစ်မျိုးပြီးတစ်မျိုးနဲ့ပေါ့ကွာ၊ ငါလည်း စိတ်မရှည်လို့ ဒယ်ဒီ့သဘောပဲလို့ ပြောလိုက်သေးတယ်။”

“ မင်းဒယ်ဒီစိတ်ကြိုက် ဖြစ်သွားမှာ ပေါ့ အဲလို အရွဲ့တိုက်ပြောတာကို အမှန်လို့ တွေးချင်တွေးနေမှာ ”

“ ငါ ဘာလုပ်ရမလဲ၊ မသိချင်ယောင်ဆောင်နေရမလား။ ရှောင် ပေးရမလား။ ”

“ အဲလို လုပ်လို့ ကတော့ ဟိုတစ်ဖက်က ဆင်တဲ့ချောက်ထဲ မင်းတန်းခနဲ ပြုတ်ကျသွားမှာ ပဲ၊ တကယ်လို့ ဖြစ်ခဲ့ရင်တောင် မင်းအဲဒီ အိမ်ကနေ မခွာသင့်ဘူး။ မိထွေးငယ်ငယ် မောင်ပိုင်စီးသွားမှ မင်းတို့ ဟတ်ထိပြိးကျန်ခဲ့မှာ ”

“ တောက် အခုလို အချိန်မှာ တွေးကြည့်ရင် မာမီကို စိတ်နာတယ် ”

“ ဘာ ဖြစ်ရပြန်တာလဲ ”

“ မေမေသာ နိုင်ငံခြားမသွားဘဲ ဒယ်ဒီနဲ့လည်း မကွာရှင်းခဲ့ဘူးဆိုရင် ဒီနေ့လိုကိစ္စမျိုး ရှိလာမှာ မဟုတ်ဘူး ”

“ သြော် ဘာများ လဲလို့ အတိတ်က ဆွေးနေပြီး ငယ်ကျိုးငယ်နာပြန်ဖော်မနေပါနဲ့ ဟိုက သူ့မိသားစု နဲ့ ပျော်နေပြီး မင်းချုပ်ကိုင်ရမှာ က မင်းဒယ်ဒီပဲ ”

ဒါတော့ ဟုတ်သည်။ အခုတလော ဒယ်ဒီ သူ့ကို သိပ်ဂရုစိုက်ခြင်း အလေးအနက်ထားခြင်းမရှိ၊

သူ့စကားတွေ လည်း မအောင်မြင်။အရင်ကလို လုပ်ငန်းက အစ ဆွေးနွေးတိုင်ပင်ခြင်းလည်း မရှိတော့ မိန်းကလေး တစ်ယောက် နှင့် လက်ထပ်ဖို့သာ ပြင်းပြနေသည်။

“ အဲဒီ မိန်းမအကြောင်း စုံစမ်းရအောင်ကွာ၊ အသက်ကြီးကြီး ဘိုးတော် တွေ ကို စပွန်ဆာယူ ပိုင်းလုံးလုပ်တတ်တဲ့ မိန်းကလေးမျိုးဆိုရင် လျော်ကြေးပေးပြီး ကင်းကင်းရှင်းရှင်း နေခိုင်းမယ်။ ငါ့လို သား တစ်ယောက် ရှိနေတဲ့အတွက် ချုစားလို့မရဘူးဆိုတာ သိအောင်ပြောမယ် ”

“ မင်းဒယ်ဒီမွှန်နေပြီဆိုရင် အဲလိုလုပ်လည်း အလကားပဲ။ ဟိုဘက်က စည်းရုံးသိမ်းသွင်းတာကောင်း လို့ မင်းဒယ်ဒီ ဒီလောက်ထိ အတိုက်အခံ လုပ်နေတာ အသိသာကြီးပဲ၊ ဖြစ်နိုင်ရင် လိုက်လျောလိုက် ”

“ အာ ”

“ အဲဒါဆို မင်း ဒယ်ဒီကို ချုပ်ကိုင်နိုင်သလား ”

နှိုင်းမရ ဖြည်းလေးစွာ ခေါင်းရမ်းပြမိတော့ သက်ပိုင်ပြုံး၏ ။

သူ့ပခုံးကိုလည်း ပုတ်လိုက်သေးကာ

“ မင်းလည်း လုပ်ချင်ရာလုပ် အရွဲ့တိုက်ပါလား ”

“ နိုက်ကလပ်သွားရအောင် ”

“ ဒီနေ့တော့ မကဘူး၊ ဘားထိုင်မယ် ”

သက်ပိုင်မငြင်း။ အလွယ်တကူပင် ထလိုက်လာကာ နန်းတော် ကလပ်ကို ရောက်လာခဲ့ကြသည်။

ဒီနေ့ အရင်နေ့တွေ ထက် လူစည်၏ ။

“ ဟိတ်ကောင် ဟိုမှာ မင်းမဒီ ”

သက်ပိုင်မေးငေါ့ပြတော့ ခြူးရတီ လှမ်းကြည့်နေတာနှင့် အကြည့်ချင်းဆုံ၏ ။ ၀ိုင်ခွက်ကို ကောက်ကိုင် ပြီး သူမအနားလျှောက်လာခဲ့သည်။

“ထပ်ဆုံပြန်ပြီနော် ၊ဒီနေ့ စိတ်ညစ်စရာရှိလို့ ရောက်လာတာ လား”

ခြူးရတီ မချိတရိ ပြုံးလျက် ခေါင်းညိတ်ပြ၏ ။

“ တီးလုံးငြိမ်လွန်းတယ် စိတ်မပါဘူး ”

သူ့ကို မျက်နှာလွှဲကာ ဆိုဖာထိုင်ခုံတွေ ရှိရာ သွားထိုင်တော့ သူ လိုက်လာပြီး ၀င်ထိုင်လိုက်သည်။ နှစ် ယောက် ထိုင်ခုံ ကျဉ်းကျဉ်းကျူတ်ကျူတ် လေးတွေ မို့ သူမအနား သူထိုင်ချလိုက်သည့်အခါမှာ အသားချင်း ထိထွေ့ပူးယှက်သွား၏ ။

ခြူးရတီ မျက်ခုံတစ်ချက် ပင့်သွားသော်လည်း ယောင်္ကျား တစ်ယောက် နှင့် ထိတွေ့ လိုက်ရလို့ ရှိန်းတိန်းဖိန်းတိန်း ဖြစ်သွားခြင်း၊ အနေခက်သွားခြင်းမရှိ အရောင် တင်ထားသော နှုတ်ခမ်းလေး တလှုပ်လှုပ်ခတ် ခတ် ပြုံးသွားတာပင် မြင်လိုက်ရသေးသည် ။

“ မြင်ရတာ မလန်းတော့ တစ်မျိုးပဲ ”

“ ဒါဆို ဟိုအထဲကို သွားကလေ ”

“ မင်းကို အဖော်လုပ်ပေးပါ့မယ် ရင်ဖွင့်စရာရှိ ဖွင့်လေ ”

“ အဲလောက် မရင်းနှီးကြသေးဘူးထင်တယ်။ တို့အိမ်က မိသားစုကိစ္စပါ။ မင်းနဲု့ မဆိုင်ပါဘူး၊ ”

“ တစ်ယောက် သော သူ အတွက် စိတ်ပင်ပန်းနေရတာ မဟုတ်လား ”

“ အဲဒါကလည်း ကြာလာတော့ မိသားစု ကိစ္စလောက်အရေး မပါတော့ပါဘူး။. သူထားခဲ့တဲ့နေရာမှာ ပုံပျက်ပန်းပျက် မကျန်ခဲ့တာဘဲ တော် သေးတယ်။ တို့က အသည်းနုပေမယ့် ခံနိုင်ရည်ရှိအောင်တော့ ကြိုးစားနိုင်တယ်။ ”

ခြူးရတီ ဣနြေ္ဒကြီးလွန်းနေသည်။ သနားဂရုဏာသက် လောက်အောင်လည်း သူမ မျက်နှာက ပျော့နွဲ့မနေ။

“ မင်းပုံစံကြည့်ရတာ အသက်အရွယ်နဲ့ မလိုက် ရင့်ကျက်နေသလိုပဲ ဒါပေမယ့် အဲဒီ လို ရင့်ကျက်နေ တာကလည်း ဒီနေရာနဲ့ မလိုက်ဖက်ဘူး ”

“ ပြောပြီးပြီလေ ပျော်လို့ ၀ါသနာပါလို့ ရောက်လာတာ မဟုတ်ဘူး ”

“ ဟုတ်သားပဲ ၊ကျွန်တော် မေ့သွားတယ်။ ဒီလိုလုပ်လေ ကာရာအိုကေ ခန်းဘက်သွားပြီး သီချင်းအော်ဟစ်ဆိုလိုက်ပါလား။ ရင်ထဲမှာ တင်းကြပ်နေတာတွေ ဖြည်ချလိုက်ရင် အနည်းအများ ပေါ့သွားတာပေါ့ ”

“ ဟင်း ဟင်း မရက အရမ်းအလိုက်သိပြီး ဂရုစိုက်တတ်တာ ပဲ ”

သူမ နွဲ့နွဲ့လေး သူ့ပခုံးပေါ် မသိမသာ မှီတွယ်လာသည်။ သူ စိမ်းအဆင့်ထက် ကျော်လွန်သွားပြီဆို သည့် သဘော။

သူထရပ်တော့ သူမလည်း သူ့လက်ကို တွဲ ခိုကာ ထရပ်၏ ။

ရင်းနှီးသည့်အဆင့်မှာ သူ့ဘက်က တဏှာစိတ်မပါ။

ဒါပေမယ့် သူမကို စိတ်ပြေပျောက်စေချင်သည့် စေတနာဖြင့် ----

******


အခန်း(၈)

“ အဲဒါ ဘာလုပ်နေတာလဲ။ ”

အသံစူးစူးလေးဖြင့် အနားရောက်လာသော မေပန်းချီကို ဂရုမစိုက်သလို ယမင်း မျက်လုံးတစ်ချက် သာ လှန်ကြည့်၏ ။

“ ဘာ ဖြစ်လို့လဲ နင့်ဟာတွေ ကို ကိုင်တောင် မကြည့်ရဘူးလား ”

“ အခုကိုင်ကြည့် ရုံတင်ဟုတ်လို့လား။ ရေမွှေးတွေ ဆွတ်၊မိတ်ကပ်တွေ လိမ်းနဲ့ ဗီရိုထဲက မီးအ၀တ် တွေ လည်း ဖွထားသေးတယ် ”

“ သြော် ငါ သွားစရာရှိလို့ ဘယ်ဟာနဲ့လိုက်မလဲ စမ်းဝတ်ကြည့်တာပါ။ အင်္ကျီအရောင် နဲ့လိုက် အောင် မိတ်ကပ်အရောင် လည်း ရွေးရသေးတယ်၊ နှုတ်ခမ်းနီရော ခရမ်းရောင် ရှိတယ် မဟုတ်လား ”

“ မယမင်း ”

“ ဟဲ့ အော်မနေနဲ့ လာရွေးပေးစမ်း၊ နင့်အခန်းထဲမှာ ရှိသမျှ အကုန် ဒိတ်အောက်နေတာပဲ တကယ် ”

မေပန်းချီ အတော် လေး စိတ်ညစ်စိတ်လေသွားသည်။ သူများ အိမ် လာနေပြီး မနေတတ် မထိုင်တတ် အလိုက်ကမ်းဆိုးမသိ။ သူမက သန့်ရှင်းရေး လုပ်ဖို့တောင် စိတ်တိုင်းမကျလို့ အိမ်အကူမိန်းကလေးကို ခိုင်းတာမဟုတ် ။

ကိုယ့်ဘာသာ အိပ်ရာခင်း၊ စောင်ခေါင်းအုံးက အစ ခန်းဆီးနှင့် လိုက်ဖက်အောင် အရောင် ရွေးချယ်ပြီး တစ်ပတ်တစ်ခါ လဲတာ။ အခန်းထဲမှာ ရှိသော ပရိဘောဂတွေ လည်း ဖုန်တစ်စက်မှ မတင်စေရ။

မိန်းကလေးဆိုတာ ဘယ်လောက်ပဲ ပြည့်စုံချမ်းသာနေပါစေ စည်းနဲ့ကမ်းနဲ့ မိန်းမပီပီသသ အားလုံး တတ်မြောက် သင်ယူရမည် ဟု မေမေက ဆုံးမသွန်သင်ဖူးသည်။

အခု တူမတွေ ကိုတော့ မေမေဘယ်လိုမှ ဆုံးမ သွန်သင် မအုပ်ချုပ်နိုင်တော့ဘူးလား။ သူမရဲ့ တစ်သီးတစ်သန့် အိပ်ခန်းအတွင်းမှာ တစ်ခန်းလုံး ရှုပ်ပွညစ်ပတ်လို့နေသည်။

“ မယမင်း ကိုယ့်အခန်းကိုယ် ပြန်ပါတော့။ မယမင်း အခန်းထဲ မှာ လည်း မေမေ အကုန်ဝယ်ထည့် ပေးထားတာပဲ ”

“ အသစ်တွေ မဟုတ်ပါဘူးအေ ၊ အ၀တ်အစားတွေ က ညည်းမ၀တ်ချင်တော့တဲ့ အကျတွေ ပါ။ ပစ္စည်းတွေ လည်း ပါကင်ပိတ်တွေ မဟုတ်ပါဘူး။ ညည်းမသုံးချင်တဲ့ဟာတွေ ပဲ ဖြစ်မှာ အိပ်ရာခင်းကအစ ညည်းလို သန့်ရှင်းတောက်ပြောင်နေတာ မဟုတ်ဘူး၊ ဒေါ်လေးတို့များ သမီးနဲ့တူမကို သိသိသာသာ ခွဲခြားတာပဲ အရမ်းလွန်တယ် ”

ကျေးဇူးမတင်တတ်သော ပါးစပ်က ထွက်ပဲထွက်ရဲလွန်းသည်။ ကူဖော်လောင်ဖက် ရမလား ခေါ်ထား မိသော မေမေခမြာ တူမ တစ်ယောက် ဘာအလုပ်မှ မလုပ်ဘဲ အိပ်လိုက်စားလိုက် ၊တီဗီကြည့်လိုက် အလှပြင်လိုက် ဘော်ကြော့နေနေတာကို ဘာမှမပြောနိုင်ပေ။

သူမ ကတော့ ဒီလောက် စည်းပျက်ကမ်းပျက် ဖြစ်နေတာကို မပြောဘဲ မနေနိုင်ပါ။ သူမအခန်းထဲမှာ မဟုတ်ဘဲ မမြင်ကွယ်ရာမှာ ဆိုလည်း တော် သေး။ အခုတော့

“ ကဲ မယမင်း အခန်းထဲက ထွက်ပါတော့ ၊ သွားပါတော့ ”

အခန်းဝအထိ လက်ဆွဲခေါ်ထုတ်တော့ လက်ကို ဖျတ်ခနဲ ရုန်းထွက်ရင်း ယမင်း ဆတ်ဆတ်ခါသွား သည်။ မျက်နှာတစ်ခုလုံး နီရဲနေကာ

“ နင် ငါ့ကို မတူမတန် သူခိုးသူဝှက် ဆွဲထုတ်သလို လာမလုပ်နဲ့၊ နင် ငါ့ကို အဲလိုဆက်ဆံလို နင့်ကို ငါမုန်းတာသိလား။ ဆွေမျိုးရင်းချာ ရယ်လို့ တန်းတူသဘောထားမခံရဘူး။ နင်က ပြည့်စုံအောင် ဖြည့်ဆည်း ပေးနိုင်တဲ့ မိဘတွေ ကြောင့် နင် ကြီးကျယ်နေနိုင်တာပါ။ အေး ငါလည်း နင်တို့ထက် ချမ်းသာတဲ့ သူကို ယူပြီး အဲလိုနေပြမယ် ”

“ မယမင်း နှိမ့်ချတယ်လို့ထင်လည်း မတတ်နိုင်ဘူး။ မီးက စည်းကမ်းနဲ့နေတာ၊ သန့်သန့်ရှင်းရှင်းနေ တာ အခု မယမင်း လုပ်တာ ကြည့်ပါဦး၊ တစ်ခန်းလုံး ရှုပ်ပွနေတာပဲ”

“ ငါသာ ပိုက်ဆံရှိတဲ့ သူဌေး တစ်ယောက် ဖြစ်သွားရင် ဒါတွေ အားလုံး အိမ်ဖော်က ရှင်းပေးသွားမှာ ၊နင်လည်း ဘာမှပြောနိုင်မှာ မဟုတ်ဘူး၊ ငါ ပိုက်ဆံမရှိလို့ ချို့တဲ့လို့ အပြောခံနေရတာ အငယ်က မလေးမစား နှိမ်ချဆက်ဆံတာကို ခံနေရတာ ”

“ ပိုက်ဆံရှိတောင် စည်းကမ်းမဲ့လို့တော့ မ ဖြစ်ဘူး၊ မယမင်း လူရယ်လို့ ဖြစ်လာရင် သူ့စည်းကမ်း ဘောင်ထဲမှာ ကိုယ်ကျင့်တရားကောင်းအောင် နေရမှာ ပဲ ”

” ကိုယ်ကျင့်တရားမကောင်းရအောင် ငါက နင့်ပစ္စည်းတွေ ငွေတွေ ခိုးဖွက်နေလို့လား ”

” မီးပြောတာ အဲလိုမဟုတ်ဘူး မယမင်း ”

“ အဲဒီ သဘော သက်ရောက်နေတယ်လေ။ အဲဒါကြောင့် ဒီအိမ်ကို မလာချင်တာ။ ငါတို့က ဆင်းရဲတော့ အမြဲမျက်နှာငယ်ရတယ်။ ငါ ချမ်းသာအောင် လုပ်ပြမယ် သိလား မေပန်းချီ ”

စကားပြောနေဆဲမှာ ယမင်း ဖုန်းလေးမြည် လာတာကြောင့် မေပန်းချီ အခန်းထဲက ဆောင့်အောင့် ကာထွက်လာခဲ့သည်။ အ၀င်ဖုန်းနံပါတ်ကို မြင်လိုက်ရသည့်အခါမှာ တော့ ယမင်းနှုတ်ခမ်းလေး တွန့်ကွေးပြုံးမဲ့သွား၏ ။

“ ဟဲလို ကိုကြီး ”

“ ယ ယမင်း ဘယ်ပျောက်နေတာလဲကွာ ကိုကြီးဆီလည်း မလာဘူး၊ ဖုန်း်လည်း ဆက်လို့မရလို့ ကိုကြီး စိတ်ပူနေတာ”

“ ဒေါ်လေးက ယမင်းကို ဟိုအသံ ဒီအသံကြားလို့ဆိုပြီး သူ့အိမ်မှာ ခေါ်ထားတယ် ။ဘယ်မှလည်း ပေးမလွှတ်ဘူး ကျောင်းသွားရင်တောင် သူ့သမီးကားနဲ့ထည့်လွှတ်တာ ကိုကြီးရဲ့ ၊ ယမင်းလည်း ကိုကြီးကို လွမ်းပါတယ်။ ဒါပေမဲ့ ယမင်တို့က ချို့တဲ့တော့ ပိုက်ဆံရှိတဲပသူတို့ရဲ့ စီမံမှု ကို မလွန်ဆန်ရဲဘူးလေ ”

“ ယမင်းရယ် ကိုကြီး ဘယ်လိုလုပ်ရမလဲ၊ယမင်းကို မတွေ့ ရတာ ကိုကြီးရင်ထဲ ဟာတာတာနဲ့ ဘယလိုမှ မနေနိုင်ဘူးကွာ ”

“ ကိုကြီးလည်း ကိုကြီးသားကိုမှ မလွန်ဆန်နိုင်တာ၊ ဘာတတ်နိုင်မှာ လဲ ကိုကြီးရယ်၊ ယမင်း ကတော့ သူများ အငြိုငြင်ခံဘ၀နဲ့နေလာခဲ့ရတော့ ကိုကြီးသား ငြိုငြင်မှာ ကို မခံစားရဲတော့ပါဘူး ။ ဒီအတိုင်းပဲ ယမင်းတို့ လမ်းခွဲ ”

“ ယမင်း ယမင်း အဲလိုမပြောပါနဲ့ ကွာ၊ ကိုကြီးသားကို ကိုကြီး ပြေလည်အောင် ညှိနှိုင်း ဆွေးနွေးဖို့ ကြိုးစားနေပါတယ်။ နောက်ဆုံးသူလက်မခံလည်း ကိုကြီး ကတော့ ယမင်းကို လက်ထပ်မှာ ပဲ သိလား ယမင်း၊ ကိုကြီးကို တစ်ခါလောက်တော့ လာတွေ့ ပါဦးကွာနော်”

“အင်းပါယမင်းကြိုးစားပါမယ်၊ သူများ အိမ်မှာ နေရတော့အနေကျပ်အစားကျပ်နဲ့ အရမ်းမျက်နှာငယ် ရတာ ၊ ယမင်းလည်း ဒီဘ၀ကြီးထဲက ရုန်းထွက်ချင်လာပြီ ကိုကြီးရယ် ဒါပေမဲ့”

စကားလုံးတွေ ကို အဆုံးထိ မပြောတော့ဘဲဖြတ်တောက်ပစ်လိုက်ပြီး ရှိုက်သံတို့ဖြင့် ရင်နင့်စေလိုက်၏ ။ မျက်ရည်တို့က သံကွန်ချာတစ်ခု ဖြစ်လျှင် ဦးမင်းထွဋ်ဆွေကို အမိအရဖမ်းအုပ်ဖို့ပင်….။

******


ဝန်ဇင်းချစ်သူများ လုံမ ၏ “ လက်ကလေးရဲ့မီးပြတိုက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သက်တမ်းရင့် သမုဒယ

အရောင်မဲ့သင်္ကေတ

မင်းအတွက်ဆို