Cover

အခန်း (၁)

“ဗြုန်း”

“ဒုန်း”

“ဟာ ကားနဲ့တိုက်သွားတာ လူ တစ်ယောက် လုံးကို တည့်တည့်ကြီးကို တိုက်ပစ်တာ”

“အဲဒါ လူသတ်မှု ၊ သေစေလိုတဲ့ဆန္ဒနဲ့ တမင်တကာ တိုက်သတ်တာ။ အဲဒီ ကားကို ရပ်ခိုင်း၊ မောင်းပြေးရင် ကားကို စိစိညက်ညက် ကြေအောင်ထုပစ်”

“ဟေး ဟေး”

“ဝိုင်းကွာ လက်သည်မပေါ်အောင် ကျုံးပစ်”

ထိုအသံကြောင့် တော့မုတ်။ ဝါးနှစ် ပြန်လောက် အရှိန်နှင့် မောင်းပြီးမှ ညာသံပေး၍ လက်ဖက်ရည်ဆိုင်ထဲက ပြေးထွက်လိုက်လာသည့် လူအုပ်ကြီးရှိရာ ကားကို ဘက်(ခ်) ပြန်ဆုတ် လာခဲ့၏ ။

နောက်ပြန်ဆုတ်လိုက်တာလည်း ကြောက်ကြောက်လန့်လန့် တလှိမ့်ခြင်းမဟုတ်။

အရှိန်နှင့် ဘက်(ခ်) ပြန်ဆုတ်လာရင်း လူအပ်ကြီးနားမှာ ပင် ကားကို ကျွီခနဲ ဘရိတ်အုပ်၍ ရပ်ပစ်လိုက်သည်။

ပြီးမှ ကားတံခါးကို ချပ်ခနဲဖွင့်၍ မျက်နှာကိုမော့ချီလျက် ကြွရွစွာ ဆင်းလိုက်၏ ။

“ဟာ လှလိုက်တာ”

“ကိုရီးယားမင်းသမီးထက်တောင် လန်းသေးတယ်”

“ရုပ်ရှင်မင်းသမီးတွေ ထိုင်ငိုလောက်ပါလား”

အားလုံးရဲ့ ပါးစပ်ဖျားက အာမေဋိတ်သံတချို့နှင့် တီးတိုးအသံတွေ ထွက်လာ၏ ။ လက်ဖက်ရည်ဆိုင်ထိုင်တတ်သည့် အရွယ်ရောက် ယောက်ျားသားများ မို့ ပါးစပ်အဟောင်းသား မင်တက်မိသွားကြတာ မဆန်း။

“ဒါ ဘယ်လိုလုပ်မှာ လဲ၊ ခင်ဗျားကားနဲ့ တိုက်ပစ်တာ ဟိုလူက သေသလား၊ ရှင်သလား မသိ ဘူး”

“တာဝန်မယူရင်တော့ ရုံးရောက်ဂတ်ရောက် ဖြစ်သွားမယ်နော်”

“ဒီမှာ သက်သေတွေ အများ ကြီးရှိတယ်၊ အမှု မ ဖြစ်ချင်ရင် ပြေလည်အောင်ရှင်း”

ရင့်ကြောသော နှစ် ယောက် ဆီက တပ်လှန့်သံတွေ ထွက်လာ၏ ။ ထိုလူနှစ် ယောက် ကို မေ့ကမ္ဘာ စူးစူးရဲရဲ ကြည့်ပစ်လိုက်သည်။

သူမရဲ့ အကြည့်တွေ ကြောင့် ထိုလူတွေ မလုံမလဲ မျက်လုံးလွှဲသွားကြ၏ ။

“ဒီလောက်တောင် စိုးရိမ်နေရင် အဲဒီ လူသေသလား၊ ရှင်သလား အရင်သွားထူကြည့်ပါ လား၊ ဘာလို့ ကျွန်မနောက် ပြေးလိုက်နေကြတာလဲ”

“မင်း တာဝန်မဲ့ပြီး မောင်းပြေးမှာ စိုးလို့ပေါ့ကွ”

“မေ့ကမ္ဘာဆိုတဲ့ မိန်းမက လုပ်ရဲရင် ခံရဲတယ်၊ ဘာမှ သွေးကြောင်စရာမလိုဘူး၊ ဘာကြောင့် ဒါမျိုးလုပ်တယ်ဆိုတာရော သိချင်သေးလား”

“မင်းကားနဲ့ တမင်တကာတိုက်သွားတာ လူတိုင်းမြင်တယ်”

“ကျန်တဲ့လူတွေ အထင်လွဲအောင် ပုဒ်မကြီးကြီးတပ်ဖို့ မကြိုးစားပါနဲ့၊ ဒါဆိုရင် ကျွန်မကားနဲ့ တိုက်လိုက်တဲ့လူနဲ့ တစ်ဖွဲ့တည်းလို့ ယူဆလိုက်မယ်”

“ဘာ မင်း”

ကျန်တဲ့လူတွေ ရဲ့ မျက်လုံးများ က ထိုလူနှစ် ယောက် ဆီ စုပြုံသွား၏ ။

“မေ့ကမ္ဘာကို အချဉ်မှတ်ပြီး အရူးကွက်လာမနင်းနဲ့၊ လိမ်စားချင်ရင် တောပြန်၊ ချူစားချင်ရင် အသက်ကြီးကြီး အဘွားကြီးကိုရှာ”

“တောက် မင်းဘာတွေ လာပြောနေတာလဲ၊ ဒါ လူသတ်မှု ကွ”

“သွားကြည့်လိုက်ပါဦး၊ သွေးမှထွက်ရဲ့ လားလို့၊ ပွန်းပဲ့သွားတဲ့အတွက်တော့ ဆေးဖိုးဝါးခ ပေးခဲ့ပါ့မယ်၊ အဝေမတည့်ရင်တော့ ကိုယ့်ပြဿနာကိုယ်ရှင်းကြပေါ့”

“ဟာ ဒီမိန်းမ တော် တော် အကြောတင်းတာပဲ”

“စမ်းကြည့်ကွာ၊ မဟန်ရင် ရဲစခန်းတိုင်”

တစ်ယောက် တစ်ပေါက် ရှိနေဆဲ ကားနဲ့တိုက်ပစ်လိုက်၍ ပစ်လဲသွားသည့် ရဲဇော်က ခေါင်း ကို လက်နှစ် ဖက်ဖြင့် အုပ်ကိုင်ကာ ရှုံ့ရှုံ့မဲ့မဲ့ဖြင့် ထလာသည်။

“တွေ့ တယ် မဟုတ်လား၊ ရှင်တို့လူ လူစွမ်းကောင်းလုပ်ပြီး ကားရှေ့မှာ ပိတ်ရပ်နေတာ အမြင်ကတ်ပုဒ်မနဲ့ အသေတိုက်သတ်ပစ်လိုက်လို့ရတယ်၊ ဘာလဲမသိ ဖွန်ကြောင်တာ ရိုးရိုးတန်း တန်း မဟုတ်ဘူး၊ လုပ်ရက်ရင် လုဆိုပြီး အချစ်သက်သေတွေ လာပြနေတယ်၊ မှတ်ထား မေ့ကမ္ဘာ ဘဝမှာ ဘယ်ယောက်ျားကိုမှ သနားညှာတာဖို့ စိတ်ကူးမရှိဘူး၊ နောက်တစ်ခါဆို နောက်ဘဝ ကူး သွားမယ်”

စကားလုံးများ နဲ့ မျက်လုံးများ က အစိမ်းရောင် သမ်းလျက် တစ်ထောင်တန်တစ်အုပ်ဆွဲထုတ် ပစ်ပေါက်ပေးခဲ့သည်က မတန်မရာ။

“တောက် ဒါ သက်သက်စော်ကားသွားတာ”

“ယောက်ျား တစ်ယောက် ကို ပြန်မချစ်နိုင်ရင် မချစ်နိုင်ဘူး ပြောပါလား၊ မင်းက ချစ်သက်သေတွေ ဘာတွေ သွားကြောင်တာ၊ လူတွေ ကြားထဲ ဂွမ်းတာပေါ့”

“ တစ်ယောက် ချင်း တွေ့ တာ မာနကြီးပြနေတာ၊ လူတွေ ကြားထဲဆို ရှက်ပြီး လက်ခံမလား လို့ လုပ်တာပေါ့၊ အရမ်းလှတဲ့ မိန်းကလေးက ဒီလို ရက်စက်မယ် မထင်လို့”

“မေ့ကမ္ဘာဆိုတာ ရာဇဝင်ကြီးနဲ့ကွာ၊ဒါပေမဲ့ ဒီကိစ္စ လုံးဝအစာမကြေဘူး၊ တစ်နေ့နေ့ အပီကျွေးမယ်”

မေ့ကမ္ဘာကားလေး မရှိတော့ပေမယ့် ကြိမ်းမောင်းသံတွေ က တိတ်ဆိတ်မ သွားပါ။

မေ့ကမ္ဘာဆိုတာ ဘယ်လိုမိန်းမမျိုးလဲ။

♦ ♦ ♦

အခန်း (၂)

“အံ့ပါရဲ့ ဟယ်၊ ညည်း အဲလိုလုပ်ပစ်ခဲ့တယ် ဟုတ်လား မေ့၊ တစ်ခုခု ဖြစ်သွားပြီး ပြဿနာ တက်တော့ ဘယ်လိုလုပ်မလဲ”

“သေသွားရင်လည်း အသက်လျော်ကြေးပေးလိုက် မယ်၊ မေ့က ယောက်ျားတွေ ကို ကြောက် တတ်တဲ့ မိန်းမမဟုတ်ဘူး”

“သိပါတယ် ယောက်ျားမုန်းတီးရေး ဝါဒနဲ့ အစွန်းရောက်နေတယ်ဆိုတာ ဒါပေမဲ့ ယောက်ျား တိုင်းက ယုန်သူငယ် မဟုတ်ဘူး၊ အကြောက်အလန့်မရှိတဲ့ မုဆိုးတွေ ၊ တစ်နေ့နေ့ သတ်ကွင်းထဲ ရောက်သွားတဲ့ သားကောင် ဖြစ်သွားမယ်နော် မေ့ကမ္ဘာ”

ဆူညံအောင် ကြေးစည်ထုနေသော ကြီးမေကို မေ့ကမ္ဘာ မကျေမနပ် မျက်စောင်းဝေ့မိသွား ၏ ။ အသက်ကြီးလို့ စိုးရိမ်တတ်လာတာ အပြစ်မမြင်ပေမယ့် ယောက်ျားတွေ နဲ့ ပတ်သက်ပြီး ခြိမ်း ခြောက်တာမျိုးကိုတော့ မေ့ကမ္ဘာ သည်းမခံချင်။

“အခုလုပ်ရပ် မေ့ မမှားဘူး ကြီးမေ၊ သူတို့ ဖွန်ကြောင်ပြီး အရူးကွက်နင်းနေတာကို မေ့က ရှောင်ကွင်းပြီး အပြုံးမပျက် ပြန်လာခဲ့ရမှာ လား၊ ဝေးသေးတယ်၊ အထင်ကြီးစရာမရှိတဲ့ ယောက်ျား တွေ ကို ဟန်ဆောင်ပန်ဆောင် လိုက်လျောဖို့ကို ဆန္ဒမရှိတာ”

“ခက်တော့တာပဲ မေ့ရယ်၊ ဖအေကြောင့် ရည်းစားဟောင်းကြောင့် ယောက်ျားတွေ ကို မုန်းတီးဖို့ ရာဇဝင်ရှိလာခဲ့တယ်ဆိုပေမယ့် အစွန်းရောက်တာတော့ မကောင်းဘူး”

“မှတ်တမ်းကျန်နေခဲ့လည်း မေ့ကမ္ဘာရာဇဝင် သမိုင်းဝင်သွားတာပေါ့ ကြီးမေ၊ ယောက်ျား တွေ ရဲ့ အသုံးချခံ ဘယ်တော့မှ မ ဖြစ်စေရဘူး”

သစ္စာဆိုသလို သန္နိဋ္ဌာန်ချထားသော တူမလေးကို ဒေါ်နွယ်နီ ဘယ်လိုမှ ဖျောင်းဖျအပြစ်ဆို ရမှန်း မသိတော့ပါ။ တခြားနေရာတွေ မှာ မိမိရဲ့ ဆိုဆုံးမမှု တွေ နာခံလိုက်လျောမှု ရှိပေမယ့် ယောက်ျားတွေ နှင့် ပတ်သက်လျှင် မိမိ ဘာပြောပြော အသုံးမဝင်။

ဒါကလည်း မေ့ကမ္ဘာဘက်က စဉ်းစားမည် ဆိုလျှင် ဖြစ်သင့်တာပဲလို့ ဖြေတွေးလျှင် ရနိုင်ပါသည်။ ဘာ ဖြစ်လို့လည်းဆိုတော့ ယောက်ျားတွေ နှင့် ပတ်သက်ပြီး နာကြည်းမှု တွေ ရှိခဲ့သည် ပဲ။

ဒါပေမဲ့ ဖြစ်နိုင်လျှင် ဒါတွေ ကို မေ့ပစ်လိုက်စေချင်တာပါ။

“ပြီးခဲ့တာတွေ လည်း ပြီးခဲ့ပြီ၊ မေ့သင့်တာတွေ မေ့ပစ်လိုက်ပါတော့ မေ့ရယ်၊ အတိတ်ကို အာဃာတတွေ နဲ့ အဆုံးထိ သယ်သွားမလို့လား၊ကိုယ်ပဲ ပင်ပန်းမှာ ပေါ့ကွယ်”

ထိုသို့ ဖျောင်းဖျတော့ မျက်လုံးလေးတွေ နီရဲကာ ခေါင်းကို သွက်သွက်ခါအောင် ခါရမ်း၍

“မေ့ထားသင့်တဲ့အရာတွေ ထဲမှာ ဒီအကြောင်းမပါဘူး ကြီးမေ၊ အာဃာတတွေ နဲ့ အမုန်း အ ဖြစ် ပြောင်းလဲရင် မေ့ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆိုတာ ကြီးမေ သိပါတယ်”

“ကြီးမေက မေ့လေးပင်ပန်းတာကို မကြည့်ရက်လို့ပါ၊ ဒီအတွေးကို အဆုံးမသတ်သ၍ မေ့လေး စိတ်သက်သာမှာ မဟုတ်ဘူး”

“အဲဒီ မသက်သာတဲ့စိတ်ကို လွယ်ပိုးပြီး ရပ်တည်နိုင်အောင် ကြိုးစားနေရတာ ကြီးမေ အကြောင်းမဲ့သက်သက် ယောက်ျားတွေ ကို မေ့ မုန်းတီးနေတာ မဟုတ်ဘူး၊ မေ့အပေါ်မှာ ဖေဖေကောင်းခဲ့သလား၊ မင်းဉာဏ်ဆိုတဲ့လူ ကောင်းခဲ့သလား၊ မေမေ့နောက် ယောက်ျားကရော”

“မေ့”

“မေ့ကမ္ဘာ ဘယ်ယောက်ျားကိုမှ အထင်မကြီးဘူး၊ ယောက်ျားမရှိရင် ဘဝမှာ ရပ်တည်မရ တော့တဲ့ပုံစံမျိုးနဲ့ အားကိုးရှာခဲ့တဲ့ မမဘဝကရော အခု ဘယ်လို ဖြစ်နေလဲ၊ သူ့သားသမီး အတွက် သူ့ယောက်ျားအတွက် ငွေကို ကြုံသလို ရှာဖွေရုန်းကန်နေရတာ မဟုတ်ဘူးလား၊ ဒီဘဝထဲက ရုန်းထွက်ခဲ့ပါဆိုတော့လည်း သံယောဇဉ်အနှာင်အဖွဲ့တွေ နဲ့ အကြောင်းအမျိုးမျိုးပြ၊ ဆင်ခြေတွေ ပေးပြီး နစ်မွန်းခံနေတယ်၊ အခု ဘယ်ယောက်ျားကိုမှ အားမကိုးဘဲ ကိုယ့်ဘာသာ ရပ်တည်နေတဲ့ မေ့ကမ္ဘာက ရူးနေလို့လား”

ဒါ ကတော့”

ဒေါ်နွယ်နီ စကားမဆက်နိုင်ပါ။ မေ့ကမ္ဘာက ဒီလိုစကားမျိုးတွေ ပြောအားရှိအောင် ကြိုးစား နိုင်ခဲ့သူပါ။

ဘဝမှာ နာကြည်းစရာတွေ ကြုံတွေ့ ခံစားရင်း စိတ်ဒဏ်ရာကြီးမားခဲ့သူမို့ အစွန်းရောက် တာကို ဒေါ်နွယ်နီ အပြစ်မတင်ရက်ပါ။

“သမီးနှစ် ယောက် အရွယ်မရောက်သေးဘူး၊ မင်းတို့လင်မယား ကွဲကြကွာကြရင် သူတို့ လေးတွေ ဒုက္ခရောက်မှာ ပေါ့ကွယ်၊ ကလေးတွေ မျက်နှာထောက်ထားပြီး မင်းတို့ ညှိနှိုင်းဆွေးနွေး ကြပါဦး”

“ဘာမှ ဆွေးနွေးစရာ မလိုတော့ဘူး မမနွယ်၊ ဒီသမီးနှစ် ယောက် ဒီအရွယ်ရောက်လာတဲ့အထိ သူ့ဘက်က မယားဝတ္တရား ဘာကျေခဲ့သလဲ၊ အလှအပပြင်တယ်၊ ဈေးဝယ်ထွက်တယ်၊ အပျော်အပါးမက်တယ်၊ ယောက်ျားကို ငွေရှာကောင်းလို့ အသုံးချရုံလောက် သဘောကောင်း ထားတာ”

“အဲလိုတော့လည်း မဟုတ်ပါဘူး၊ မူမူက အပျိုကတည်းက လှချင်ပချင်တာ မင်းသိသားနဲ့၊ မြို့ကျောင်းတက်နိုင်တဲ့ တောသူဋ္ဌေးရဲ့ သမီး၊ မင်းပဲ မြတ်နိုးလှချည်ရဲ့ လို့ အရယူခဲ့တာ မဟုတ်ဘူးလား၊ သူ့ဘက်က အမွေအနှစ် တွေ နဲ့ စီးပွား ဖြစ်ထွန်းနေတာ သူ ဘာပူပင်တော့မှာ လဲ”

“အဲဒါကို ကျွန်တော် မကြိုက်တာ သူပါလာတဲ့ အမွေအနှစ် နဲ့ အရင်းအနှီးလုပ်ထားတာဆိုပြီး ခိုင်းနွားတစ်ကောင်လောက်ပဲ ကျွန်တော့် ကို သဘောထားတာ၊ ကျွန်တော် သာ ကြိုးစားမှု မရှိဘဲ ထိုင်ဖြုန်းလိုက်မယ်ဆိုရင် ဒီအခြေအနေမျိုး တိုးတက်လာပါ့မလား၊ အရင်ကတည်းက အခြေကြီး အနေကြီး မြို့အထာကို အထင်ကြီးတတ်တဲ့ မိန်းမကို ယူခဲ့မိတာကိုက မှားတာ”

ကိုယ့်မောင်က ဖျောင်းဖျလို့မရအောင် အပြစ်မြင်နေတာမို့ ကလေးတွေ ကို သနားပြီး ယောင်းမ ဖြစ်သူ မူမူကို ချော့မော့စည်းရုံးပြန်တော့လည်း

“မမမူမောင်က သူ့ကိုယ်သူ ထင်တစ်လုံးနဲ့ ဘဝင်မြင့်နေတာ၊ မူမူတို့က သူရှာကျွေးမှ စားရ မယ့်ဘဝလား၊ ငါ ဒီလိုလုပ်လို့ ဒီလို ဖြစ်လာတာဆိုပြီး မာန်တက်နေတဲ့သူကို မူမူတို့က မေးလိုက်ချင်တယ်၊ ဘယ်သူ့ပစ္စည်းဥစ္စာနဲ့ မာန်တက်နေတာလဲလို့”

“လင်နဲ့မယားဆိုတာ အဲလိုမပြောရဘူးလေ မူမူရယ်၊ သူပင်ပန်းတဲ့အခါ ပြောမှားဆိုမှားရှိမှာ ပါပဲ၊ ကိုယ်က အမောပြေ ပင်ပန်းသလားဆိုပြီး အအေးလေးတစ်ခွက်လောက် လက်ကမ်းလိုက်ရင် ကျေနပ်မယ့်သူမျိုးပါ”

“အို အိမ်မှာ အိမ်ဖော်တွေ ထားတာ ဘာလုပ်ဖို့လဲ၊ ကိုယ့်အတွက်ကိုယ်တောင် ကော်ဖီတစ် ခွက်၊ အအေးတစ်ခွက် ဖျော်မသောက်ဘူးပဲနဲ့ သူ့ကို မျက်နှာလိုမျက်နှာရ ဘာလုပ်ပေးစရာလိုလဲ၊ သူပြန်လာတဲ့အချိန် အိမ်မှာ မရှိတာ မင်းဘာကိစ္စရှိလို့လဲလို့ အရေး တယူမေးဖူးလို့လား၊ ဘာ ဖြစ် တယ် ညာ ဖြစ်တယ်ဆိုပြီး ဆူပူမာန်မဲဖို့ပဲတတ်တာ၊ သူကျတော့ အလုပ်ကို အကြောင်းပြ၊ အိမ်ပြန် လာချင်မှ လာတယ်”

“ဒါကလည်း တကယ် အလုပ်ကိစ္စ အရေး ကြီးလို့ပဲ နေမှာ ပေါ့”

“အိမ်တွင်းအောင်းပြီး သူပြောတိုင်း ယုံနေတာ အံ့ဩပါရဲ့ မမနွယ်နီရယ်၊ မိန်းမတစ် ယောက် နဲ့ သွားသွားလာလာ တပူးတွဲ တွဲ လုပ်နေတာ ဒီမျက်စိနဲ့ မြင်တာပါ၊ ချောင်ပိတ်ဖမ်းရင် သိက္ခာကျမှာ စိုးလို့ လွှတ်ထားတာ၊ သဘောထားကြီးကြီး နားလည်ပေးစရာအကြောင်းကို မရှိဘူး၊ သူ့ကိုယ်သူ အထင်ကြီးနေတဲ့ယောက်ျား၊ ဒီကခွာရင် ဘာ ဖြစ်မလဲ အကြောင်းသိရအောင်၊ ကွာရှင်း ဖို့ ဆုံးဖြတ်ပြီးသား၊ ဘာအကြောင်းနဲ့မှ နောက်မဆုတ်ဘူး”

ကိုယ့်အတွေ ကိုယ့်မာနတွေ ကိုပဲ ဦးစားပေးကာ သမီးနှစ် ယောက် ကို ဘယ်သူမှထည့်မ တွက်ကြပါ။

ထင်ကျော်က သူ ရသင့်ရထိုက်တာတွေ ယူပြီး မယားငယ်ဖြင့် နယ်စပ်ဘက်မှာ ကုန်ကား တစ်စီးထောင်၍ ကိုယ်လွတ်ရုန်းသွားသလို မူမူက သူ့ထက်ငယ်သော ကောင်လေးနှင့် နောက်အိမ် ထောင်ပြုလိုက်သည်။

ထိုအချိန်က မေ့ကမ္ဘာတို့ ညီအစ်မက လူမမယ်သာသာ၊ ကိုယ်က ဒီကလေးတွေ မျက်နှာ ထောက်ထားကာ မူမူအိမ်မှာ ကျန်ရစ်ရင်း…။

♦ ♦ ♦

အခန်း (၃)

“ဒီအကြောင်းတွေ ထပ်ပြောမနေနဲ့တော့ ပျို့မောင်၊ မင်း ရန်ကုန်ကို သွားကိုသွားရမယ်၊ တောမှာ နေလို့ မင်းဘဝ ဘာတိုးတက်မှာ လဲ မင်းအဘွားက ငါ့ကို သေချာအပ်ခဲ့တာ”

“ဘဘုန်းရယ် ဘွားလေး အပ်ခဲ့တာကို ဘဘုန်း တာဝန်ကျေပြီးပြီလေ၊ ရွာမှာ ဆယ်တန်းထိ ပညာသင်ပေးတယ်၊ မြို့ကောလိပ်မှာ အဝေးသင်နဲ့ ဘွဲ့လည်းရပြီးပြီ”

“အေး မင်းဘွဲ့သာရတယ်၊ ဘာအလုပ်အကိုင် မယ်မယ်ရရရှိလဲ၊ ရွာကျောင်းမှာ ကျောင်းဆရာဝင်လုပ်ဆိုတော့လည်း ဝါသနာမပါဘူး၊ တောင်ပိုင်းဆန်စက်မှာ စာရေး လုပ်ဆိုတော့ လည်း ပျင်းစရာကြီးတဲ့၊ ရွာကဈေးကားတွေ ထော်လာဂျီတွေ နဲ့ ထွန်စက်တွေ ကိုပဲ တက်ခွနေတယ်”

“ဘဘုန်းကလည်း တပည့်တော် က စိတ်ရောကိုယ်ရော လှုပ်ရှားနေရတဲ့ အလုပ်မျိုးပဲ စိတ်ပါတာ”

“တော် စမ်း”

ဘဘုန်းက ကြိမ်လုံးကို ကြမ်းပြင်မှာ ဗြောင်းခနဲရိုက်ချရင်အော်တော့ ပျိုတို့မောင် ဆတ်ခနဲ တုန်ကာ အသံတိတ်သွားရသည်။ ဘဘုန်းကို မကြောက်ပေမယ့် ကြိမ်လုံးကိုတော့ မကြောက်လို့ မ ဖြစ်။

အပြစ်ရှိလျှင် တစ်ကိုယ်လုံး အရှိုးရာထင်အောင် ဆုံးမတတ်သူပါ။ တစ်ရွာလုံးအပေါ် ဩဇာ ညောင်းသူမို့ ဘယ်သူမှ တုတ်တုတ်မျှမလှုပ်ရဲ။ သူလက်လှမ်းမှီသမျှ အကူအညီတောင်းကြည့်တော့

“ပျိုတို့မောင်ရယ် နင့်ကိုတစ်ရွာလုံးက ချစ်နေကြတာ ဘယ်သူက သွားစေချင်မှာ လဲ၊ နင်က ရွာမှာ မရှိမ ဖြစ်၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ၊ ရွာမှာ ရပ်ရေး ရွာရေး သာရေး နာရေး တက်တက် ကြွကြွနဲ့နင့်ကို ဖြစ်နိုင်ရင် ရွာကနေ ဘယ်မှကိုမခွာစေချင်ဘူး”

“မင်းက တောသားသာဆိုတယ်၊ နုနုဖတ်ဖတ် ချောချောလှလှလေးမို့ ရွာက ကွမ်းတောင်ကိုင် တွေ အသည်းကွဲကျန်ခဲ့မှာ သေချာတယ်၊ ဒါပေမဲ့ ဘဘုန်းစီမံတာတွေ ကို ဘယ်သူက လွန်ဆန်ရဲမှာ လဲ၊ ကြိမ်လုံးကို ပြလိုက်တာနဲ့ ဘယ်သူမှ မတားဆီးရဲတာ နင်သိသားနဲ့”

“ငါတို့ စိတ်မကောင်းပါဘူး၊ ရွာကို သတိရရင် ခဏခဏ ပြန်လာခဲ့ပေါ့ဟယ်”

သူ့ကိုချစ်ကြပေမယ့် ဘဘုန်းကို ပိုပြီးကြောက်ကြတာကြောင့် ကြိုတင်တောင် နှုတ်ဆက်မှာ တမ်းခြွေနေလိုက်ကြသေးသည်။

မူလတန်းကနေ အထက်တန်းအထိ ဖွံ့ဖြိုးတိုးတက်စည်ကားလာသော ရွာလေးကို ပျိုတို့မောင် မခွဲချင်ပါ။ ခင်တွယ်စရာ အမိအဘရှိလို့လည်းမဟုတ်၊ သူ့ကိုမွေးစားခဲ့သော ဘွားလေး လည်း ရှိတော့တာမဟုတ်။

ဒါပေမဲ့ သူကဒီရွာမှာ ကြီးပြင်းခဲ့သည်။ ဒီမြေ၊ ဒီရေ ဒီလူတွေ ကြောင့် သူ့ဘဝရှင်သန်ခဲ့သည်။

“ဟိတ်ကောင်”

“ဘ ဘုရား”

ဗြုန်းခနဲ ကြိမ်လုံးနှင့် ထိုးကာ အော်လိုက်ပြန်တာမို့ တဆတ်ဆတ် တုန်သွားရပြန်၏ ။

“မင်းက ငါပြောတာ အာရုံမစိုက်ဘဲ ဘာတွေ တွေးနေတာတုန်း”

“မတွေးပါဘူးဘုရား၊ ဘဘုန်းပြောတာ နားထောင်နေတာပါ”

“အေး အဲဒါဆို သေချာနားထောင်၊ ငါ့ကိုရဟန်းခံပေးခဲ့တဲ့ မင်းဘွားလေးက မင်းကို တောမှာ မကြီးပြင်းစေချင်ဘူး၊ မင်းက မြို့မှာ ပဲ နေသင့်တဲ့ အဆင့်အတန်းမျိုးတဲ့၊ သူပညာစုံတဲ့အခါ ကျရင် ဘဘုန်းလည်း အသက်ကြီးပြီမို့ နောက်ဆံမတင်းရအောင် စီမံပေးလိုက် ပါလို့ တဖွဖွမှာ ခဲ့ တယ်”

“တင်ပါ့ တပည့်တော် သိပါတယ် ဘုရား”

“အေး သိရင် မင်းရော ကျွေးကျေးဇူးဆပ်တဲ့အနေနဲ့ သူ့စကားကို နာခံရမှာ မဟုတ်ဘူးလား”

“ဒါပေမဲ့ ဒီရွာလေးကို တပည့်တော် သံယောဇဉ်တွယ်နေပါတယ်၊ လူတွေ ကိုလည်း မခွဲချင် ဘူး ဘုရား”

“ဒါက မြို့မရောက်ခင် ပြောတဲ့စကားပါ၊ ဟိုရောက်လို့ ပျော်သွားရင် ဒီကဟာတွေ သတိတောင်ရမှာ မဟုတ်ဘူး”

“တပည့်တော် က ကိုယ် ကျင်လည်ခဲ့တဲ့ဘဝကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး ဘုရား၊ ပြီးတော့ ဘဘုန်းအသက်ကြီးလို့ ကျန်းမာရေး မကောင်းတဲ့အချိန်မှာ အနားမှာ အနီးကပ်ပြုစုခွင့်ရ ချင်ပါတယ်”

ဘဘုန်းက ပျိုတို့မောင် ဘယ်လိုပြောပြော ချောင်းဟန့်ကာ ခေါင်းယမ်း၏ ။ ကြိမ်လုံးကို ကြောက်လန့်အောင် ခပ်ဆဆလုပ်ထား၍

“ငါ့အတွက် မပူနဲ့၊ တစ်ရွာလုံးက ငါ့ကိုပစ်မထားဘူး၊ မင်းသာ ရန်ကုန်သွားဖို့ပြင်ထား”

“တ တပည့်တော် တစ်ယောက် တည်းလား”

“မဟုတ်ဘူး ခင်အေးလည်းလိုက်မှာ ”

“ဗျာ အ အပျိုကြီး မခင်အေးကို ပြောတာလား”

“ဟုတ်တယ် အဲဒီ မင်းသွားနေရမယ့်အိမ်က အိမ်အကူ တစ်ယောက် ကိုလည်းခေါ်ထားလို့ အင်အေးကို ထည့်လွှတ်မှာ ၊ ခင်အေးမှာ လည်း အမိအဘမှမရှိဘဲ၊ အဒေါ်မိသားစုကို ကောက်စိုက် ပျိုးနှုတ် လုပ်ကျွေးနေတာ မတရားတော့ဘူး ထင်လို့”

“ဗျာ”

“ဟုတ်တယ်လေ၊ သူ့အဒေါ် ယောက်ျားသာဒင်က ဘာအလုပ်လုပ်လို့လဲ၊ ထန်းတက်သလို လိုနဲ့ ထန်းရည်လေး တမြမြ၊ ကြက်ကတိုက်ချင်သေး၊ မိဘမဲ့တူမလေးကို ခိုင်းစားနေတာ၊ ခင်အေး က သူ့ဘာသာ ပျော်သလိုနေတတ်လို့ တော် သေးတာပေါ့”

အဲဒါတော့ ဟုတ်သည် မခင်အေးက ဘယ်လောက်ပင်ပန်းပင်ပန်း ညည်းညူခြင်းမရှိ၊ ဟေးလားဝါးလား ပျော်ပျော်နေတတ်သူပါ။ ရွာထဲမှာ အမျိုးသမီးခေါင်းဆောင် အပျိုထိန်း၊ လှချင် လိုက်တာလည်း စက်စက်ယို၊ ရန်ကုန်မြို့တော် ကြီးကို သွားချင်လိုက်တာလည်း ရွရွတက်။

“ငါ့တစ်သက်နဲ့တစ်ကိုယ် ရန်ကုန်ရောက်ဖူးရင် သေပျော်ပါပြီဟယ်၊ ဗီဒီယိုထဲမှာ မြင်ဖူးတာ ဘယ်လောက် ခမ်းနားလိုက်သလဲ၊ တိုက်ကြီးတွေ မှ အမြင့်ကြီး၊ ကစားကွင်းတွေ မှာ ဟိုဟာဒီဟာ အမြင့်ကြီးတွေ စီးတာမှ အသည်းတုန်အူတုန်နဲ့၊ ရွာဘုရားပွဲလာတဲ့ ရဟန်တွေ ထက်တောင် မြင့် သေးတော် ၊ ငါ ရန်ကုန်ရောက်လို့ ကတော့ အဲဒီ လိုနေရာတွေ သွားပြီး အပြတ်ကဲပစ်မယ်”

ဘယ်သူ့ကိုတွေ့ တွေ့  အဲဒီ လို ကြုံးဝါးတတ်သူပါ။ ရန်ကုန်တက် အလုပ်လုပ်သူတွေ ကို လည်း အားကျတတ်သည်။

“နင်တို့ ဘာအလုပ်လုပ်ကြတာလဲ၊ ငါ့ကိုခေါ်ပါဟယ်၊ ငါလည်း လုပ်ချင်လို့ပါ၊ ရွာမှာ နေရင် ဘယ်တော့မှ အပျိုကြီးဘဝက ကျွတ်မှာ မဟုတ်ဘူး၊ ရွာနားကမြက် ရွာနွားမစားဆိုသလို ဘယ်သူ ကမှ ငါ့ကို အဖက်မလုပ်ကြဘူး၊ ငါ့ရုပ်က အဲလောက်လည်း ဆိုးတာမဟုတ်ဘဲနဲ့”

ရန်ကုန်သွားချင်လိုက်တာတော့ အကြောင်းအမျိုးမျိုးနှင့် ပါ။ အခုတော့ ဘဘုန်းက သူနဲ့ အတူ ရန်ကုန်ကို ထည့်လွှတ်မည် တဲ့။ ဒီအကြောင်း မခင်အေးရော သိပြီးပြီလား။

ရန်ကုန်သွားဖို့ အဖော်ပါသည်ဆိုတော့ သိပ်တော့မဆိုးပါ။

♦ ♦ ♦

အခန်း (၄)

မခင်အေးကို ဘုန်းကြီးကျောင်းကနေ ရွာထဲကို ထွက်လာခဲ့သည်။ ဟော တွေ့ ပါပြီ၊ ရွာထိပ် ညောင်ပင်အောက်မှာ မခင်အေးတို့ အမျိုးသမီးတစ်စု။

“ပျိုတို့မောင် လာဟဲ့ လာဟဲ့။ ဒီမှာ နင့်အကြောင်းပြောနေကြတာ”

“ကျုပ်က မခင်အေးအကြောင်းမေးဖို့လာတာ၊ ဘဘုန်းက ရန်ကုန်လွှတ်မယ်ဆိုတာ မခင်အေး သိပြီးပြီလား”

“သိပြီးပြီပေါ့ဟဲ့၊ ဘဘုန်းက ဒွေးလေးကို ခေါ်ပြောတာ၊ အိမ်မှာ တိုက်ပွဲတောင် ဖြစ်လိုက် သေးတယ်။ ဒီမှာ ဆို ငါ ဝင်ငွေရှာပေးနိုင်လို့ သူတို့စားဝတ်နေရေး အဆင်ပြေနေတာတဲ့။ အခု ရန်ကုန်အလုပ်သွားလုပ်မှာ ဆိုတော့ တစ်နှစ် စာ ငွေကြိုထုတ်ပေးနိုင်မလားတဲ့လေ”

“ဟာ အဲဒါတော့ မခင်အေးဒွေးလေးက လွန်တာပေါ့၊ သူများ ဆီလုပ်သွားလုပ်တာ၊ လခကြို ယူရင် ဘယ်လိုအထင်သေးပြီး အနှိမ်ခံရမယ်ဆိုတာ မသိဘူးလား၊ ဒီမှာ ခိုင်းစားနေတာပဲ တော် ပြီ ပေါ့”

“အေးလေ ငါတို့လည်း အဲဒါပြောနေတာ၊ ဒီကိစ္စ ဘဘုန်းကို ငါတို့တိုင်မှ ဖြစ်မယ်”

“သူ့ကလေးတွေ လည်း အရွယ်ရောက်လို့ ခိုင်းစားလို့ရနေပါပြီ၊ သက်သက်မဲ့ မခင်အေးကို အနိုင်ကျင့်ပြီး ခိုင်းစားချင်နေတာ၊ လူပါးဝတာအသိသာကြီး၊ ဟိုရောက်ရင် ပြန်လည်းမလာနဲ့၊ ငွေ လည်း မပို့နဲ့ မခင်အေး”

“ဟုတ်တယ် အဲဒီ အတိုင်းလုပ်”

အားပေးအားမြှော က် လုပ်နေကြပေမယ့် အားလုံးရဲ့ မျက်နှာမှာ ခွဲခွာရမှာ မို့ စိတ်မကောင်း ဖြစ်နေကြသည်။

“နင်တို့ကို သွားလည်းသွားစေချင်တယ်၊ ခွဲရမှာ လည်း စိတ်မကောင်းဘူးဟယ်၊ ငါတို့တွေ နင်တို့ကို သတိရနေတော့မှာ ”

“နင်တို့နှစ် ယောက် က ရွာမှာ ဆို ထူးခြားထင်ပေါ်တဲ့ ရွာဆော်တွေ ၊ ငါတို့တကယ် ပျင်းနေ ကြမှာ ”

“ဟိုမှာ ကောင်းစားပြီး ရွာနဲ့ငါတို့ကိုတော့ မေ့မသွားကြနဲ့နော်”

“မေ့စရာလား၊ ကိုယ့်မွေးရပ်မြေကို မေ့ချင်းမေ့ ပျိုတို့မောင်တော့ မပြောတတ်တော့ဘူး”

“အေးဟဲ့ ပျိုတို့မောင်က ပြောလို့မရဘူး၊ သူက တောမှာ သာကြီးပြင်းတာ မြို့သားအသွေး အရည်နဲ့ မြို့စိတ်ပေါက်သွားမှာ ပဲ၊ ဟုတ်တယ်မဟုတ်လား ပျို့မောင်”

ပျို့မောင်ဘက် စကားမြားဦးက လှည့်လာသည်။

တကယ်တော့ ပျိုတို့မောင်ဆိုတာ ဒီရွာက အမည် ပေး ကင်ပွန်းတပ်ပေးလိုက် တာပါ။ အဖေ အမေဆိုတာ ဘယ်သူမှန်းမသိ။ ဒေါ်ဂျမ်းစိန်ဆိုသော ဘွားလေးက မြို့ဈေးကအပြန် မီးရထား ဘူတာဟောင်းတစ်ခုမှာ ယောင်လည်လည် ငိုကြွေးနေရှာသည့် သူ့ကို သနားလို့ခေါ်လာပြီး မွေးစား ခဲ့တာတဲ့၊ နှစ် နှစ် သားအရွယ်ဆိုတာ ငယ်သေးတာမို့ သူ့နာမည် ကောင်းကောင်းမပြောတတ်။

ဘာ ဖြစ်လို့ အဲဒီ နေရာရောက်နေတာလဲဆိုတာလည်း သေချာမသိ။ ရွာကိုရောက်တော့ အသားဖြူဖြူဖွေးဖွေး ရုပ်ရည်သန့်ပြန့်သော သူ့ကို တစ်ရွာလုံးက ဝိုင်းချစ်ကြ၍ ပျိုတို့မောင်ဟု စရင်း နောက်ရင်း ခေါ်ကြသည်။

အပျိုကြီးဘွားလေးကလည်း ချစ်လိုက်တာမှ တုန်လို့။

အိမ်ထောင်မပြုဘဲနှင့် ကို သူ့ကိုပြုစုစောင့်ရှောက်ခဲ့သည်။

“ဒီအရွယ်ကြီးကျမှ အိမ်ထောင်ပြုဖို့လည်း မစဉ်းစားပါဘူး၊ဒီသားလေးက ငါ့အတွက် ဘုရား သိကြားတွေ က ပေးလိုက် တာ၊ ဒီသားလေး ဘဝကောင်းစားအောင် ငါ ကြိုးစားရမယ်”

ဒေါ်ဂျမ်းစိန်က ပြောသည့်အတိုင်း ကြိုးစားခဲ့ပါသည်။

အရင်ကလို ရွာကထွက်သည့် အသီးအရွက်တွေ မြို့ဈေးသွားရောင်းရုံတင်မဟုတ်ဘဲ ရွာက အလုပ်တွေ ကိုလည်း မမောမပန်း လုပ်သည်။

ချောင်းထဲ ဖားရှာငါးရှာကအစ ယောက်ျားသား တစ်ယောက် လိုပင် ရုန်းကန်ခဲ့၏ ။ ဒါကြောင့် လည်း အတန်အသင့် အဆင်ပြေကာ ပျိုတို့မောင်ကို ရှင်ပြုပေးနိုင်သည်။

ဒါပေမဲ့ ထိုပင်ပန်းခဲ့သည်ဒဏ်တွေ ကြောင့် အသက်ငါးဆယ်အရွယ်မှာ ပင် ရောဂါ မျိုးစုံနှင့် ဆုံးပါးသွားခဲ့သည်။ မဆုံးခင်မှာ ပျိုတို့မောင်ကို နောက်ဆံတင်း စိတ်မချ ဖြစ်ပြီး ရွာဦးကျောင်းဆရာ တော် ဘဘုန်းကြီးဆီမှာ သေချာအပ်နှံခဲ့သည်။ ခုဆို ပျိုတို့မောင် အဝေးသင်နှင့် ဘွဲ့လည်းရပြီးပါ ပြီ။ အရွယ်အားဖြင့် လည်း လူပျိုကြီး ဖြစ်နေပါပြီ။ ဘွားလေးဒေါ်ဂျမ်းစိန်သာ စာနာစိတ်နှင့် မမွေးမြူခဲ့၊ ပြုစုပျိုးထောင်မှု မရှိခဲ့ဘူးဆိုလျှင် သူ့ဘဝ ဘယ်သော င်ဘယ်ကမ်း ဘယ်ပုံစံမျိုးနှင့် မျောလွင့်နေမည် မသိ။

အခုရော ရန်ကုန်ရွှေမြို့တော် က ဘယ်သူ့ဆီကိုသွားလို့ ဘာတွေ လုပ်ရမှာ လဲ။

“ဟို မခင်အေးနဲ့ ကျုပ်က တစ်အိမ်တည်း နေရမှာ လား၊ ဘယ်သူ့အိမ်ကိုသွားမှာ လဲဟင်၊ ကျွန်တော် လည်း မခင်အေးလို အိမ်ဖော်ပဲ လုပ်ရမှာ ပဲလား”

“ဟောတော် နင်ဘာမှမသိဘူးလား၊ ပျိုတို့မောင်၊ ဘဘုန်းက ဘာမှမပြောရသေးဘူးလား”

“ရန်ကုန်သွားရမယ်ပဲပြောတာ၊ ဘယ်သူ့အိမ် ဘာလုပ်ရမယ်ဆိုတာတော့ ဘာမှမပြောသေး ဘူး”

“ဩော် အေး သွားခါနီး မှ ပြောမလို့နေမှာ ပေါ့၊ ငါ့ကိုတော့ အခုသွားရမယ့်အိမ်က ဘဘုန်း ကြီးနဲ့ အမျိုးမကင်းဘူး ပြောတာပဲ၊ အိမ်အကူ တစ်ယောက် လောက် ရှာခိုင်းနေတာ ကြာပြီတဲ့။ ရန်ကုန်တက် အလုပ်လုပ်ချင်တဲ့သူရှိရင် လွှတ်လိုက်ပါလို့ ပြောထားတာတဲ့လေ၊ ဘဘုန်းက လူမှု ကိစ္စထဲ မပါချင်လို့ မသိသလိုနေနေတာ၊ အခု ဒေါ်လေးတို့ မတရားလွန်းတာသိပြီး ဝဋ်ကျွတ်စေချင် လို့ လွှတ်လိုက်တာနေမှာ ”

“ဟုတ်ပါပြီ မခင်အေးကိစ္စ ကျုပ်ကျတော့ ဘာလုပ်ရမှာ လဲ”

“ဟဲ့ ယောက်ျားလေးအလုပ် အဆင်ပြေရာလုပ်ခိုင်းမှာ ပေါ့၊ ဟိုတောင်မရောက်သေးဘူး၊ တွေးပူမနေပါနဲ့၊ နင်ကယောက်ျားလေး၊ ဒေါင်ကျကျ ပြားကျကျ ဘာမှမ ဖြစ်ပါဘူးဟဲ့”

မခင်အေးက စိတ်မရှည်သလို ပျိုတို့မောင်ကို အော်သည်။ ပျိုတို့မောင်မျက်နှာက ရှုံ့မဲ့လို့ပါ။

ပုဆိုးကွက်စိပ်ကို ခပ်တိုတိုဝတ်ထားပြီး ခါးပုံစက ဒူးနားရောက်လုလု အရှည်ကြီးနှင့် အင်္ကျီ လက်ရှည်က ခေါက်တင်လိပ်ထားတာ အတိုအရှည်မညီပါ၊ ဆံပင်က ဂုတ်ထောက်လုနီးပါး ဘုတ် သိုက်၊ အဝတ်အစားများ ကလည်း သစ်လွင်တောက်ပခြင်းမရှိတာမို့ ဝင်းဝါသော အသားအရေက ပေါ်လွင်မှု မရှိပေ။

ဒါပေမဲ့ မျက်ခုံးကောင်းကောင်း၊ နှာတံစင်းစင်း၊ မေးရိုးကျကျ ပိရိသေသပ်သော နှုတ်ခမ်း အစုံတို့ကြောင့် ပျိုတို့မောင်က ယောက်ျားပီသသည့် လူချော တစ်ယောက် ပင်။

ရှုံ့မဲ့လိုက်တာတောင် ပြုံးသယောင်ထင်ရသော ထူးခြားသည့် ပျိုတို့မောင်ကို

“ကဲ့ ပျို့မောင် နင်ဘာမှတွေးမထားနဲ့၊ နင်အားမငယ်အောင် မခင်အေး တစ်ယောက် လုံး ပါနေတာပဲ”

“ဟုတ်တယ် ပျို့မောင် မှဲ့တစ်ပေါက် မစွန်းစေနဲ့လို့၊ နင်ရွာကိုပြန်လာရင် မိမွေးတိုင်းဖမွေး တိုင်း ဖြစ်ဖို့ မခင်အေး တာဝန်ယူမှာ ပါ၊ ဟုတ်တယ်နော် မခင်အေး”

“အေး အေး ဟုတ်ပါတယ်၊ ငါ့တာဝန်ပါ”

တစ်ယောက် တစ်ပေါက် မှာ တမ်းခြွေခြင်းကို မခင်အေးက ခေါင်းတညိတ်ညိတ် အာမခံနေ သည်။

ဘာ ဖြစ် ဖြစ် သူ မသွားချင်သော ရန်ကုန်ကို သွားကိုသွားရတော့မှာ ပါ။

မခင်အေးကို အားကိုးပြီးတော့ပေါ့လေ။

♦ ♦ ♦

အခန်း (၅)

“ဘယ်တော့လာမှာ တဲ့လဲ ကြီးမေ”

“ဒီအပတ်ထဲ လွှတ်လိုက်မယ်လို့ ပြောတာပဲ”

“သေချာလို့လား၊ ကြီးမေ ပြောထားတယ်ဆိုတာဖြင့် ကြာလှပြီ၊ ဒီကြားထဲ အလုပ်သမား သုံးယောက် လောက် ပြောင်းသွား တာ နည်းတဲ့အချိန်လား”

စိတ်မရှည် ယုံကြည်မှု မရှိသော မေ့ကမ္ဘာမျက်နှာက အလိုမကျခြင်းတွေ နှင့် ။ ဒေါ်နွယ်နီက ကိတ်မုန့်ပန်းကန်လေး မေ့ကမ္ဘာရှေ့ တိုးပေးကာ

“အရင်က နင်တို့ကိစ္စတွေ ထဲ ဝင်မပါချင်ဘူးလို့ ဘုန်းကြီးက အပြတ်ပြောခဲ့တာပါ။ အခုဟာ က သူပို့လိုက်မယ်ဆိုပြီး အရင်ဆက်သွယ်တာ တကယ်ပို့မလို့ ဖြစ်မှာ ပေါ့”

“အဲဒါတော့ ရောက်လာမှပဲ သေချာသိရမှာ ပဲ၊ ရောက်လာရင်လည်း တစ်အိမ်လုံးအလုပ် မခို မကပ်ဘဲ လုပ်နိုင်တဲ့လူမျိုးမှ ဖြစ်မှာ ”

“ကိုယ့်ရွာက လူတွေ ကတော့ အလုပ်ကို လက်ကြောမတင်းတဲ့သူ မရှိလောက်ပါဘူး မေ့ ရယ်၊ ဒီမှာ သာ ပွဲစားတွေ ကတစ်ဆင့် ရောက်လာတဲ့ အလုပ်သမားတွေ က ငွေကြိုယူပြီး ထွက်ပြေး တဲ့သူနဲ့၊ ပွဲစားနဲ့ပေါင်းပြီး ကြံရာပါလုပ်သွားတဲ့သူနဲ့၊ ဟိုဟာဒီဟာ မလုပ်တတ်ဘူး ဆင်ခြေပေးတဲ့ သူနဲ့ တကယ်ကို စိတ်ဆင်းရဲဖို့ကောင်းတာ”

“အဲဒီ လို လူမျိုးတွေ ဘယ်တော့မှ ကြီးပွားမှာ မဟုတ်ဘူး၊ ဆင်ခြေပေးတဲ့ပါးစပ် ထမင်းငတ် တတ်တယ်၊ လက်ကြောမတင်းတဲ့သူ ဘယ်တော့မှ မကြီးပွားနိုင်ဘူးဆိုတာ သူတို့မသိကြလို့ပါ၊ ကဲ အဲဒါတွေ ထား၊ ဒီနှစ် ရော ကြီးမေ ရွာပြန်ပြီး ကုသိုလ်လုပ်ဦးမှာ လား”

“လုပ်ချင်တာပေါ့အေ၊ ရွာမှာ အဲဒီ မောင်ဝမ်းကွဲ ဘုန်းကြီးတစ်ပါးပဲရှိတော့တာ၊ မေ့ကမ္ဘာကို ကြီးမေက ရွာကိုတစ်ခေါက်လောက်တော့ ရောက်စေချင်သေးတယ်၊ ဆွေမှန်းမျိုးမှန်း သိစေချင်လို့ ပါ”

“ဟင့်အင်း”

မေ့ကမ္ဘာ ဆတ်ခနဲ ခေါင်းကိုရမ်းပစ်သည်။ အရသာခံ မသောက်တတ်သော ကော်ဖီခွက်ကို တစ်ကျိုက်တည်း မော့သောက်၍ ပန်းကန်ကို အသံမြည် အောင် ပစ်ချလိုက်ပြီး

“ဘဘုန်းကြီးကို ဖေဖေတို့ ကြီးမေတို့ကအစ ကြောက်ရွံ့လေးစားရတယ်ပြောလို့ တွေ့  တော့တွေ့ ဖူးချင်ပါတယ်၊ ဒါပေမဲ့ ဘယ်သူ့ကိုမှ မခင်တွယ်ချင်ဘူး၊ လှူဖို့တန်းဖို့တော့ ကြီးမေ စိတ်ကြိုက်သုံးပါ”

“အေး အဲဒီ အတွက် မငြိုငြင်တာကို ကျေးဇူးတင်ပါတယ်၊ ဘုန်းကြီးကလည်း ညည်းကိုမမြင် ဘူးပေမယ့် ထင်ကျော်သမီးက မဆိုးဘူးလို့ ချီးမွမ်းရှာပါတယ်၊ အမိအဘကို အားမကိုးဘဲ ကိုယ့် ဘာသာ ကြီးစားရပ်တည်နိုင်တာကိုလည်း လေးစားပါတယ်တဲ့”

“ဟင် ဘဘုန်းကို ကြီးမေက အကုန်ပြောပြထားတာလား”

“အင်း အဲလိုပဲ ပြောပါတော့၊ ငါ့မှာ တိုင်ပင်စရာ ဆွေးနွေးစရာ ဒီဘုန်းကြီး တစ်ယောက် ပဲရှိ တာ၊ ညည်းအဖေနဲ့အမေ ကွဲကြကွာကြ ဖြစ်နေတုန်းကလည်း သူကိုယ်တိုင်ကြွလာပြီး ညှိုနှိုင်းစေ့စပ် ပေးဖို့ ရန်ကုန်လာရကောင်းမလား ကြီးမေကို မေးသေးတာ၊ ညည်းအဖေနဲ့အမေက ဘုန်းကြီးမက လို့ သိကြားမင်းဆင်းတားတောင် လက်လျှော့မယ့်ပုံ မပေါ်ကြလို့ ငါကပဲ မလာနဲ့လို့ ကြိုပြောထား လိုက်တာ၊ ဘုန်းကြီးစိတ်တိုလို့ ခြေပါလက်ပါ ဖြစ်လာရင် ကျော်မကောင်းကြားမကောင်း ဖြစ်ကုန်မှာ စိုးလို့”

“အဲလောက် ကြောက်ရမယ့်သူရှိတာတောင် ဖေဖေရော၊ မေမေရော သူတို့ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်သွားကြတယ်နော်၊ အံ့ဩဖို့ကောင်းလိုက်တာ”

“ဘုန်းကြီးက အနီးကပ်မှ ရှိမနေတာကိုကွယ်၊ အဲဒီ အချိန်က နယ်လှည့်ဓမ္မစရိယလုပ်နေလို့ ဒီအကြောင်းတွေ ကို ဂဃနဏလည်း ဘုန်းကြီး မသိဘူးလေ၊ သူသာ အချိန်မီသိလိုက်ရင်လည်း အိမ်ထောင်ကွဲအိမ်ထောင်ပျက် အ ဖြစ်ခံမှာ မဟုတ်ပါဘူး၊ ကံကြမ္မာကိုပဲ လွှဲချရတော့မှာ ပေါ့၊ ဘယ်သူမပြု မိမိမှု ပဲ မဟုတ်လား”

“ကိုယ်အမှားလုပ်တိုင်း ကံကြမ္မာကိုပဲ လွှဲချနေကြတာ မကောင်းပါဘူး ကြီးမေ၊ မှားတာကို မှားတယ်လို့သိပြီး ဆင်ခြင်တတ်မှ နောင်တဆိုတာ မရှိမှာ ပါ၊ နောင်တလည်း မရတတ်ဘူးဆိုရင် တော့ ကိုယ် ဖြစ်ကိုယ်ခံကြပေါ့”

“မရှိတော့တဲ့ မိဘတေါကို ကိုယ်လည်းနောင်တရအောင် အပြစ်ယူမနေပါနဲ့တော့ကွယ်၊ အခု ညည်းအဖေဆုံးတာ နောက်ဆုံးအနေနဲ့ သွားမတွေ့ လိုက်ရလို့ မေ့လေး နောင်တရနေတယ် မဟုတ်လား”

လှပသော မေ့ကမ္ဘာ နှုတ်ခမ်းလေး ပြုံးမဲ့မဲ့လေး ဖြစ်သွား၏ ။ ဝမ်းနည်းရိပ်ကြောင့် လား၊ နာကြည်းရိပ်ကြောင့် လား မသိ။ မျက်ဝန်းလေးများ ကတော့ နီရဲလို့ပါ၏ ။

“နောင်တဆိုထာထက် နာကြည်းမှု တွေ မပျောက်သေးဘူးဆိုတာက ပိုမှန်လိမ့်မယ်ထင် တယ်၊ မေမေနဲ့ကွာရှင်းပြီး ထွက်သွားကတည်းက မေ့ကို သမီးအ ဖြစ် သတ်မှတ်လို့လား၊ တစ်ခေါက်မှ လာမတွေ့ ဘူး၊ တစ်ခါမှ သတိရတယ်လို့ ဖုန်းမဆက်ခဲ့ဘူး၊ မေမေဆုံးတုန်း ကရော ငါ့သမီးလေး အားငယ်နေမလားဆိုတဲ့ ကရုဏာစိတ်နဲ့ ဖေဖေ နှစ် သိမ့်ဖို့ ရောက်လာခဲ့သလား၊

“အဲဒီ အချိန်တုန်းက သူ့မှာ လည်း စီးပွားကျ အိမ်ထောင်ရေး အဆင်မပြေလို့ ကျန်းမာရေး ထိခိုက်နေတယ် ပြောတယ်လေ”

“မေတ္တာမဲ့တဲ့သူအတွက် ဒါတွေ က အကြောင်းပြချက်သက်သက်ပါ၊ တကယ့်နွေးထွေးမှု မေတ္တာစိတ်သက်သက်က ရွှေမလို၊ ငွေမလိုဘူး ကြီးမေ၊ အဲဒီ တုန်းက မေမေ နောက်အိမ်ထောင် ဖြုန်းလို့ မေ့တို့လည်း ယဲ့ယဲ့ပဲကျန်ခဲ့တာ မဟုတ်လား။ မျက်စိသူငယ်၊ နားသူငယ် ဖြစ်နေတဲ့ မေ့တို့ ညီအစ်မကို ဘယ်သူက အားပေးခဲ့သလဲ၊ နှစ် သိမ့်ဖျောင်းဖျခဲ့လဲ”

ပြောရင်းနှင့် ခံစားချက်များ ပွင့်ထွက်ကာ မေ့အသံတွေ အက်ရှတုန်ယင်နေသည်။ မနက်စာ စားခြင်းက အဓိပ္ပာယ်မဲ့စွာ အရသာပျက်နေသည်။

ဒီလို ရင်ဖွင့်ပေါက်ကွဲတိုင်း တော် ပါတော့လို့ တားဆီးမရတတ်တာမို့ ဒေါ်နွယ်နီ ဟန့်တား ခြင်း မပြုရဲပါ။ မရတတ်တာမို့ ဒေါ်နွယ်နီ ဟန့်တားခြင်း မပြုရဲပါ။ ဒါကြောင့် စိတ်မသက်သာစွာ နားထောင်ပေးနေရခြင်းပင်။

“မမက ကိုယ်လွတ်ရုန်းထွက်ဖို့ ယောက်ျားယူတယ်၊ မိဘတွေ မရှိတော့လို့ အားကိုးရှာဖို့တဲ့၊ အခု ကလေးနှစ် ယောက် ကိုရော၊ သူ့ယောက်ျားကိုရော သူရှာကျွေးနေရတာ မဟုတ်ဘူးလား၊ အရက်မသောက်၊ ဖဲမရိုက်၊ မိန်းမမလိုက်စားပေမယ့် ဦးဆောင်မှု မရှိတဲ့ ယောက်ျားကို ကလေးတွေ မျက်နှာကြောင့် ဆိုပြီး သည်းခံပေါင်းနေတယ်”

“အဲဒါ သူဆုံးဖြတ်တာ မှန်တာပေါ့ကွယ်၊ စိတ်လိုက်မာန်ပါ ကွာရှင်းလိုက်ရင် ကလေးတွေ က မေ့တို့ညီအစ်မလို ကဆင့်ကလျား ဖြစ်သွားမှာ ပေါ့၊ အဖေခေါ်စရာမရှိတဲ့ဘဝက ဘယ်လောက်မျက် နှာငယ်ရလဲ”

“ဒီ အဖေဆိုတာကရော ဘယ်လောက် အားကိုးစရာကောင်းလို့လဲ၊ လူတန်းစေ့ နေနိုင် အောင် ရှာဖွေကျွေးသလား၊ မိသားစုအပေါ် နွေးထွေးမှု ရှိသလား၊ မိန်းမတွေ ကသာ မိသားစုဂုဏ် သိက္ခာထောက်၊ ကလေးတွေ မျက်နှာထောက်နဲ့ ဘဝတစ်ခုလုံး မြှုပ်နှံထားရတာ ၊ အားကိုးရှာချင်လို့ ယောက်ျားယူတာ ဘာအဓိပ္ပာယ်ရှိလဲ၊ အလကား ယောက်ျားတွေ ”

ယောက်ျားတွေ မုန်းတီးရခြင်းအကြောင်းက ဝေးဝေးသွားရှာစရာမလို၊ ဖအေရဲ့ ဥပေက္ခာပြု မှု ၊ ပထွေးရဲ့ ပရောပရီ မရိုးမသား ကြံစည်မှု နှင့် အစ်မယောက်ျားရဲ့ တာဝန်မကျေမှု တို့ကို မေ့ကမ္ဘာ အတွက် မှတ်တမ်းတွေ ဖြစ်နေသည်။ မေ့မပျောက်သွားအောင် သေချာသိမ်းဆည်းသိုဝှက်၍ အာဃာတတစ်ခုလို အမြစ်တွယ်နေခဲ့၏ ။

ဒါဟာ မေ့ကမ္ဘာရဲ့ ယောက်ျားတွေ ကို မုန်းတီးရသော ရာဇဝင်။

♦ ♦ ♦

အခန်း (၆)

“ကဲ ကျွန်တော် တို့ကား ဂိတ်ဆုံးကိုရောက်ပါပြီ၊ ခရီးသည်များ လိုရာခရီးကို ဆက်နိုင်ကြပါပြီ ခင်ဗျာ”

စပယ်ရာရဲ့ ကျယ်ကျယ်လောင်လောင် အသံကြားမှ ငိုက်မြည်းလာသော ခရီးသည်တွေ အားလုံး တအင်းအင်း တအဲအဲ အသက်ဝင်လာကြသည်။ ထိုအထဲမှာ တစ်လမ်းလုံး တစ်ရေး မှ မှေး မရဘဲ ပြုးကျယ်နေသည့် မျက်လုံးအစုံဖြင့် ပတ်ဝန်းကျင်အသစ်ကို အံ့ဩတကြီး ဖြစ်လာခဲ့သော မအေးသန်းနှင့် ပျိုတို့မောင်က ကားပေါ်ကဆင်းဖို့ မဝံ့မရဲ ဖြစ်နေကြသည်။

“ဟဲ့ ပျို့မောင် ကိုယ့်အထုပ်တွေ ကိုယ်စစ်ဦး၊ သူများ တွေ က အထုပ်တွေ ဆွဲပြီး ဆင်းသွား ကြတာ တွေ့ လား”

“ဩော် မခင်အေးကလည်း ကျုပ်တို့က ဘာအထုပ်တွေ အများ ကြီးပါလို့လဲ၊ လက်ဆွဲအိတ် တစ်အိတ်စီနဲ့ လက်ဆောင်ပေးဖို့ ခြင်းတစ်ခြင်းပဲ ပါတာပဲဥစ္စာ၊ ဒီမှာ ရှိပါတယ်”

“အေး အေးပါ၊ ဟိုမှာ ကားအောက်ဆင်းသွားတဲ့လူတွေ ကို ဘာလို့ ဆွဲရုန်းခေါ်နေကြတာလဲ မသိဘူးနော်”

“တက္ကစီသမားတွေ နေမှာ ပေါ့ မခင်အေးရယ်၊ ကျုပ် ကတော့ သူတို့နဲ့မလိုက်ဘူးနော်၊ ကျုပ် တို့ကို မတော် တဲ့နေရာခေါ်သွားပြီး ဓားပြတိုက်တော့ ဘယ်လိုလုပ်မလဲ၊ လိုင်းကားပဲ တိုးစီးမယ်”

“နင် လိုင်းကားစီးရဲတယ်ပေါ့”

“ဘာလို့ မစီးရဲရမှာ လဲ၊ မြို့ကျောင်းသွားတက်တုန်းက ဒီလိုပဲ စီးရတာ ကို”

“အဲဒါဆိုရင်တော့ နင့်ပဲ အားကိုးရတော့မှာ ပေါ့၊ ငါတို့ လူမကွဲအောင်နေမှ ဖြစ်မှာ နော်၊ ငါ တစ်ယောက် တည်း ကျန်ခဲ့ရင် အော်ငိုမှာ ”

ကားပေါ်ကမဆင်းဘဲ စကားတွေ ပြောနေသော သူတို့နှစ် ယောက် ကို ကားသမားတွေ လာ ကြည့်ကာ

“ဟာ ခင်ဗျားတို့ ဘာလုပ်နေတာလဲ၊ ဆင်းကြလေ”

“ဟုတ် ဟုတ်ကဲ့ ဆင်းပါပြီ”

သူတို့နှစ် ယောက် ကားပေါ်ကဆင်းလိုက်ရင်ပဲ တက္ကစီသမားတွေ စုပြုံရှေ့တိုးလာကြသည်။

“ဘယ်ကိုသွားမှာ လဲ ဈေးညှိပေးမယ်နော်”

“ကျွန်တော့် ကားက ကားသန့်ပါ၊ လိုရာခရီးကို ချောချောမောမော ရောက်စေရမယ်”

“ကားပေါ်ရောက်မှ ဈေးစကားပြောပါ၊ ကျွန်တော့် ကားပေါ်တက် လာ”

သူတို့ခြင်းတွေ အိတ်တွေ ကို ဟိုကဆွဲ၊ ဒီကဆွဲနှင့် မခင်အေးနှင့် ပျိုတို့မောင် မျက်လုံးပြူး မျက်ဆံပြူး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

မခင်အေးက စိတ်မရှည် ဖြစ်ကာ အားနှင့် ဆောင့်ဆွဲယူတော့ ကားသမားက လွှတ်ပေလိုက် ၏ ။

“အမယ်လေး”

“ဟာ မခင်အေး”

မခင်အေး ပက်လက်လန်ကာ အိတ်နှင့် ခြင်းက အပေါ်က ပိသွား၏ ။ ပျိုတို့မောင် အလျင်အ မြန် ဆွဲထူလိုက်ပြီး ထိုလူတွေ ကို ရင်ဆိုင်လိုက်သည်၏ ။

“ခင်ဗျားတို့က ဘာတွေ လဲ၊ ကျုပ်တို့ကို တောသားတွေ ဆိုပြီး အချဉ်ဖမ်းနေတာလား၊ မစီးဘူး၊ ဘယ်သူ့ကားမှ မစီးဘူးသိပြီလား။

ကျုပ်တို့ ငဒူတွေ မဟုတ်ဘူး၊ လိုင်းကားစီးမှာ ရှင်းပြီလား၊ လာ မခင်အေး သွားမယ်”

အိတ်တစ်ဖက် ခြင်းတစ်ဖက်ဖြင့် ထိုလူတွေ ကို တွန်းထိုးထွက်လိုက်တော့ မခင်အေး ရှုံ့မဲ့ကာ အိတ်ဆွဲ၍ ပြေးလိုက်လာသည်။

“ဟဲ့ နေပါဦး ပျို့မောင်ရဲ့ ၊ ငါ့ တစ်ယောက် တည်း ကျားဆွဲခံနေရပါဦးမယ်”

“ဒီလောက် မြို့ပေါ်မှာ လူတွေ များ နေတာ၊ ဘယ်ကျားက လာဆွဲမှာ လဲ”

“ငါပြောတာက တိရစ္ဆာန်ကျားကို မဟုတ်ဘူးဟဲ့၊ ခုနကလူတွေ ကိုပြောတာ၊ ဆွဲစားမယ့်ပုံစံက တိရစ္ဆာန်တွေ ထက်တောင် ပိုဆိုးသေးတယ်”

“ကျုပ်တို့ကို အူလည်လည် ငကြောင်တွေ မှတ်လို့ သွေးတိုးစမ်းတာပါ၊ ဘယ်ရမလဲ တောသားဆိုပေမယ့် ငအတွေ မှ မဟုတ်တာ”

အားကောင်းမောင်းသန် ကြိမ်းမောင်းနေသော ပျိုတို့မောင်ကို မခင်အေး အထင်ကြီး လေးစားသွားသည်။

“အေး ငါ့မောင်နဲ့ လာရတာ တော့ မခင်အေး အားရှိသွားပြီ။ ဒီလောက် လူရေလည်နေတာ ဘဘုန်းပေးလိုက် တဲ့ လိပ်စာအတိုင်း နင်သွားတတ်တယ်ပေါ့”

“အဲဒါတော့ ဘယ်သိမလဲ”

“ဟင် နင်သိလို့ လိုင်းကားတိုးစီးမယ်ပြောတာ မဟုတ်ဘူးလား”

“အာ ဒါ ကတော့ ပါးစပ်ပါ ရွာရောက်ပါတယ်၊ လိပ်စာပြပြီး မေးမြန်းသွားရမှာ ပေါ့၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ မခင်အေးရဲ့ ”

“ဟေ ဘာ ဘာလဲ”

မခင်အေး စိတ်ဝင်တစား မျက်နှာလေး မော့သွား၏ ။

ပျိုတို့မောင်က လမ်းဘေးမှာ အိတ်တွေ ခြင်းတွေ ချကာ ခြေလှမ်းရပ်ပစ်လိုက်ပြီး

“ကျုပ်တို့ အခုသွားမယ့်အိမ်က ကျုပ်တို့ရောက်သွားပြီးတာနဲ့ အပြင်ကို ထွက်ခွင့်ရှိမှာ မဟုတ်တော့ဘူးဗျ။ အဲဒါကြောင့် ကျုပ်တို့ ဘုရားလေးဘာလေး လည်ပတ်ဖူးပြီးမှ သွားကြရင် မကောင်းဘူးလား”

“အေး ဟုတ်တယ်၊ နင့်အကြံကောင်းတယ်၊ အခု ငါတို့သွားမယ့်အိမ်က ဘယ်လိုလူမျိုးတွေ နဲ့ တွေ့ ရမယ်ဆိုတာ မသိနိုင်ဘူး၊ အလုပ်လုပ်ရပြီဆိုလည်း လွတ်လပ်မှု ရှိတော့မှာ မဟုတ်ဘူး၊ ငါတို့ အဲဒီ အားရအောင်လည်ပတ်ပြီးမှ အဲဒီ အိမ်ကိုသွားကြမယ်”

“သောက်ရမ်းမိုက်တဲ့ အစီအစဉ်ပဲဗျာ၊ လာပါ မခင်အေး၊ လက်ဝါးချင်းရိုက်လိုက်ပါဦး”

အတိုင်အဖောက်ညီညီ လက်ဝါးခြင်းရိုက်ပြီး ဟိုလူဒီလူမေး၍ လိုင်းကားဂိတ်သို့ ရောက်လာ ကြသည်။

“မခင်အေး ဟိုလူ တစ်ယောက် ပြောလိုက်တာ လေးဆယ့်သုံး မှန်လုံကားကြီးတွေ က ရွှေတိဂုံ ရောက်တယ်တဲ့၊ “အေးပါ ဟောဟိုမှာ လေးဆယ့်သုံးတဲ့ အဲဒီ ကားတွေ ဖြစ်မယ်၊ ငါတို့ မေးကြည့်ရအောင်”

ကိုးရိုကားရားနိုင်လှသော သူတို့နှစ် ယောက် ကို လူတချို့က လည်ပြန်ကြည့်၍ ပြုံးစိစိ လုပ်သွားကြသည်။ သူတို့နှစ် ယောက် ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ပါ။

အိတ်တွေ ခြင်းတွေ မနိုင့်တနိုင်ဆွဲရင်း လေးဆယ့်သုံးဟီးနိုးဘတ်စ်ကားကြီးနား ရောက်လာ ကြသည်။

“အစ်ကိုကြီး ဒီကားက ရွှေတိဂုံဘုရားကြီးနား ရောက်တယ်ဆို ဟုတ်သလားဗျ”

“အေး ဗဟန်းသုံးလမ်းဆင်းပြီး လမ်းလျှောက်သွားရင် ရောက်ပါတယ်၊ လိုက်မယ်ဆို ကားပေါ်တက်လေ၊ထွက်တော့မှာ ”

“ဟုတ်ကဲ့ ကျုပ်တို့ လိုက်မှာ ပါ၊ မခင်အေးလာ ကားပေါ်တက်”

နှစ် ယောက် သားကားပေါ်ရောက်တော့ လူ တစ်ယောက် မှ မရှိ၍ မခင်အေးနှင့် ပျိုတို့မောင် မျက်လုံးချင်းဆုံသွားသည်။

“ဟဲ့ ကြည့်လည်းလုပ်ဦး၊ ရန်ကုန်လိုင်းကားက လူအပြည့်အသိပ်နဲ့ တိုးခွေ့စီးရတာ ဆို၊ အခု ကားပေါ်မှာ လူလည်းမရှိပါလား၊ ဒရိုင်ဘာနဲ့စပယ်ရာပေါင်းကြီး လုပ်ကြံမလို့လား မသိဘူး”

“နေ့လယ်ကြောင်တောင်တော့ ဒီကားကြီးတွေ က ဘာမှမလုပ်နိုင်ပါဘူး၊ လုပ်လည်း ကျုပ်မှာ ဗလနဲ့ဇနဲ့ ရှိပါတယ်”

သူတို့ပြောနေတာတွေ ရိပ်ဖမ်းသံဖမ်း ကြားသွားသော စပယ်ရာက နောက်လှည့်ကြည့်ကာ

“ခင်ဗျားတို့ကို ဘယ်သူက ဘာမှမလုပ်ဘူး၊ နေရာရချင်ရင် ထိုင်ခုံလေးတွေ မှာ ထိုင်ထား၊ ဒါ ဂိတ်အထွက်မို့လို့၊ ဟိုဘက်ရောက်ရင် ခင်ဗျားတို့အပေါ် လူတွေ ပိကျလာမယ်၊ ဆူးလေဆူးလေ လိုက်မလား”

“ဟဲ့ ဆူးလေတဲ့ အော်နေတယ်၊ ဆူးလေ လိုက်သွားမလား၊ ဆူးလေးမှာ လည်း ဘုရားရှိ တယ်”

“လိုက်လေ၊ ပြီးမှရွှေတိဂုံသွားလည်း ရတာ ပဲ”

စိတ်တူကိုယ်တူ ဆုံးဖြတ်ချက်ချလိုက်ကြသည်။ လူလည်လုပ်မခံရအောင် မျက်နှာကြော တွေ လည်း တင်းထားလိုက်၏ ။

“ဟဲ့ ဟဲ့ ဘယ်လို ဖြစ်တာလဲ”

မှတ်တိုင်တစ်ခုရောက်တိုင်း လူတွေ က တစ်ပြုံတမ တိုးခွေ့တက်လာကြတာမို့ မခင်အေးတို့ ပျော်သလိုလို ထိတ်လန့်သလိုလို ဖြစ်လာကြသည်။

စပယ်ယာကအော် သူဆင်းငါတက်နှင့် ဆူးလေရောက်တော့ မေးမြန်းကာ ဆူးလေဘုရား ဘက် လျှောက်လာကြသည်။

“အမယ်လေး ကားတွေ ကလည်း တီဗီထဲမှာ ကြည့်ရတာ ထက်တောင် များ ပါသေးလား၊ ရန်ကုန်ဆိုတာ ဒါကြီးပါလားနော်၊ အေးမြတို့ မိစိန်တို့ မရောက်ဖူးသေးဘူး၊ ခင်အေးတို့တော့ လူပြောများ တဲ့ ရန်ကုန်ရွှေမြို့တော် ကြီးကို ရောက်ဖူးပြီဟေ့”

“ကျုပ်လည်း အတူတူပါပဲဗျ၊ ကပ်ကြွားမနေပါနဲ့၊ မခင်အေး မျဉ်းဝါကြားထားတဲ့နေရာက သူများ တွေ ကူးသလို လိုက်ကူးမှ ဖြစ်မယ်၊ လမ်းမှားကူးရင် ဒဏ်ငွေရိုက်ခံရတယ်တဲ့ဗျ”

“အေးပါဟဲ့ ငါ အဲလောက် မဒူပါဘူး၊ ဗီဒီယိုရုံမှာ သေချာကြည့်ထားတာပါ၊ မရောက်ဘူးတာ ပဲရှိတယ်၊ မလုပ်ရဲတာတော့ မရှိပါဘူး”

ပြောသော ပြောတာ၊ အဖြူမျဉ်းကြားမှာ မတ်တပ်ရပ်ရင်း နောက်ကကားက ဖြတ်မောင်း သွားလိုက်၊ ရှေ့ကိုကော့တက်သွားလိုက်၊ ရှေ့ကကားက ဖြတ်လိုက် နောက်ကို ဖင်ကြီးကုန်သွား လိုက်ဖြင့် မခင်အေးပုံစံက ကိုးရိုးကားရား ရယ်စရာပင် ကောင်းသေတော့။

“ဟဲ့ ဟဲ့ ဘုရားကိုလှမ်းမြင်နေရပြီ၊ အဲဒါ ဆူးလေဘုရား ဟုတ်ရဲ့ လား”

ဟုတ်ပါတယ်၊ ဂျာနယ်ရောင်းတဲ့ကောင်လေးက လက်ညှိုးထိုးပြီး ပြတယ်လေ၊ အဲဒီ ကို မြန်မြန်ရောက်အောင် လျှောက်စမ်းပါ၊ အော်ကျယ်အော်ကျယ်ပြောနေရင် တောသားမှန်း လူသိ သွားပါဦးမယ်”

ပျိုတို့မောင်က မခင်အေးကို ခပ်ကြိတ်ကြိတ် သတိပေးသည်။

“ဒီမှာ ဖိနပ်လေးတွေ အပ်သွားလို့ရပါတယ်ရှင်၊ ယူသွားချင်ရင်လည်း ကြွပ်ကြွပ်အိတ်လေး တွေ ထဲထည့်ပြီး အလှူငွေသဒ္ဓါသလောက် လှူဒါန်းနိုင်ပါတယ်”

အိတ်တွေ ခြင်းတွေ နဲ့မို့ ဖိနပ်ကို အပ်ထားဖို့ ဆုံးဖြတ်လိုက်ပြီး လက်နှင့် ပုတ်ပြသော သေတ္တာပုံးလေးပေါ် ပြိုင်တူတင်လိုက်ကြသည်။

“ဟယ် အဲဒါ ဘာလုပ်ကြတာလဲ၊ ဘာလို့ အလှူခံပုံးပေါ် ဖိနပ်လာတင်ကြတာလဲ”

အော်နေသူက သူတို့ဖိနပ်တွေ ကို ပုံပေါ်ကနေ အောက်ကိုကပျာကယာ ပစ်ချလိုက်သည်မို့ သူတို့ အံ့အားသင့်သွားကြသည်။

“ဟင် ပုံးကိုပုတ်ပြနေတာ ဖိနပ်တင်ခိုင်းနေတာ မဟုတ်ဘူးလား”

“ဘာဟုတ်ရမှာ လဲ၊ ရှင်တို့ ဖိနပ်ထည့်ဖို့ ကြွပ်ကြွပ်အိတ်ယူရင် အလှူခံထည့်ဖို့ ပုံးကိုပြနေ တာ၊ တကယ်ပါပဲနော် ဘယ်လိုလူတွေ နဲ့ လာတွေ့ နေကြတယ် မသိပါဘူး”

စိတ်တိုပြီးအော်နေပေမယ့် ထိုနားက လူတွေ ရဲ့ မျက်နှာက ပြုံးစိစိ ဖြစ်နေကြသည်။ သူတို့ နှစ် ယောက် လည်း ရှက်ရွံ့ထူပူသွားကြ၏ ။

“မသိလို့ပါနော်၊ တကယ်ကို အလှူခံပုံးမှန်း မသိလို့ပါ၊ ကန်တော့ ကန်တော့”

“မသိလို့ မှားသွားတာပါ၊ ငရဲကြီးကုန်တော့မှာ ပဲ၊ ရော့ ရော့ အလှူငွေပါ ကြွပ်ကြွပ်အိတ်နဲ့ပဲ ထည့် သွားပါတော့မယ်”

အလှူငွေ မြန်မြန်ထည့်၍ ကသုတ်ကရက်ပင် ဘုရားပေါ်တက်ကာ ရှိခိုးလိုက်ရသည်။

“ကဲ ငါတို့တော့ ကိုယ့်ကိုယ်ကိုယ် လည်ချင်ယောင်ဆောင်နေတာ မဟာအမှားကြီးကို ကျူးလွန်မိတာပဲ၊ ရွှေတိဂုံဘုရား သွားဦးမှာ လား”

“သွားမှာ ပေါ့ တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည် နောက်မမှားတော့ဘူးပေါ့”

ခပ်မြန်မြန် ဘုရားကန်တာ့ပြီး ရွှေတိဂုံသွားဖို့ ပြန်ထွက်လာခဲ့ကြသည်။

“ရွှေတိဂုံက ဒီကပြန်ထွက်တဲ့ လေးဆယ့်သုံးကားပဲ စီးရမှာ တဲ့။ အခု အဲဒီ နေရာကို ဘယ်လို ပြန်လျှောက်ရမလဲ မသိဘူး၊ မျက်စိတွေ လည်နေပြီ”

“ပါးစပ်ပါ ရွာရောက်တာ အလကားထားခဲ့တဲ့ စကားပုံမဟုတ်ပါဘူး၊ ဒီလိုပဲ မေးမြန်းသွားရင် ရောက်မှာ ပေါ့”

နှစ် ယောက် သား ဟိုလူမေး ဒီလူမေးဖြင့် လေးဆယ့်သုံးပြန်စီးကာ ရွှေတိဂုံဘုရားရောက် သွားကြသည်။

“ဖိနပ်တွေ ကို ကြွပ်ကြွပ်အိတ်နဲ့ ထည့် သွားပါနော်၊ လက်နဲ့ကိုင်ရင်း ဘုရားရှိခိုးတဲ့အခါ မသန့် ဖြစ်နေပါလိမ့်မယ်”

“ဟဲ့ ကြားလား၊ အဲဒါ အိတ်ဖိုး အလှူငွေတောင်းနေတာပဲ၊ နင့်မှာ အကြွေရှိတယ်မဟုတ် လား၊ ပေးလိုက် ပေးလိုက် အိတ်နဲ့ဆွဲရတာ အဆင်ပြေတယ်”

နှစ် ရာတန်တစ်ရွက် ထုတ်ပေးလိုက် တော့ အိတ်ပေးသည်ကလေးတွေ ခုန်ပေါက်ကာ ပျော် သွားကြသည်။

“အမောပြေ အအေးလေးတွေ သုံးဆောင်သွားကြပါဦးနော်၊ ဒါမှ အပေါ်ရောက်ရင် ဘုရား ကောင်းကောင်း ဖူးနိုင်မှာ ပါ”

“အစ်ကိုကြီး အစ်မကြီး အအေးလေး သုံးဆောင် သွားပါ”

ပူနေမောနေချိန်မှာ အအေးဒါနပြုသည်ထင်၍ ရင်ထဲကသာဓုခေါ်ရင်း မခင်အေးနှင့် ပျိုတို့ မောင် အအေးနှစ် ဘူးဆီ ဆင့်သောက်လိုက်ကြသည်။

ပြီးမှ အအေးဘူးကမ်းပေးသော ကလေးနှစ် ယောက် ကို ပြုံးကြည့်၍ ဘုရားပေါ်တက်ဖို့ အိတ်တွေ ခြင်းတွေ ကောက်မလိုက်၏ ။ ထိုအချိန်မှ ကလေးနှစ် ယောက် က သူတို့သွားလို့မရအောင် လက်ကိုဆွဲထား၍

“အစ်ကိုကြီးနဲ့အစ်မကြီး အအေးဖိုး ပေးခဲ့ကြဦးလေ”

“ဟင် နင်တို့ ဒါနပြုတာ မဟုတ်ဘူးလား”

“အလုအယက်တိုက်နေတာ ကုသိုလ်ရအောင် တိုက်နေတယ်ထင်တာ”

“မဟုတ်ပါဘူး အအေးတစ်ဘူး ငါးရာပါ၊ လေးဘူးဆိုတော့ နှစ် ထောင်”

“ဟမ် ဗုဒ္ဓေါ၊ အအေးတစ်ဘူး ငါးရာကြီးများ တောင် နင်တို့ဟာဟုတ်ရဲ့ လား၊ ငါတို့ရွာမှာ ဆို ဒါမျိုးအအေးဘူးလေးတွေ ငါးဆယ်တစ်ရာပဲ ပေးရတာ ပါ”

“အာ အစ်မကြီးတို့ကလည်း ကျွန်တော် တို့က ဘုရားရှေ့မှာ လိမ်ညာရောင်းပါ့မလား၊ ကုသိုလ်ရချင်လို့ဘုရားဖူးတက်မယ့်သူတွေ အမောပြေအောင် ရေခဲတောင် စိမ်ထားတာ”

“ဩော် ဟုတ်လား သာဓု သာဓု”

စကားပြောကောင်းသော ကလေးတွေ ကို သူတို့ ဘာမှမချေပနိုင်ြ ကတော့ပါ။ နှမြောစွာ နဲ့ပင် ငွေနှစ် ထောင် ထုတ်ပေးလိုက် ပြီး ဘုရားပန်း၊ ဇွတ်ထိုးရောင်းနေသော သူတွေ ကို ရှောင်ကွင်း၍ ဘုရားပေါ် တက်ခဲ့ရသည်။

“ဟဲ့ ကောင်းသေးလား၊ နောက်တစ်ခါ မမှားတော့ပါဘူးဆို၊ ကိုလူလည်ကြီးရဲ့ ”

“ဒါ မှားတာမဟုတ်ဘူး၊ ရန်ကုန်ရောက်တဲ့ အတွေ့ အကြုံ သင်ခန်းစာရလိုက်တာလို့ အောက်မေ့ပါ၊ လာပါဗျာ ဘုရားပေါ်ရောက်နေပြီ၊ အကုသိုလ်အများ စမ်းပါနဲ့၊ ကိုယ်အလို့ ကိုယ်ခံရ တာ”

“ရွာကလူတွေ ပြန်ပြောပြရင် ရယ်ကြမှာ နော် ပျို့မောင်”

“အဟားခံရမယ့်ကိစ္စ ဘာလို့ပြန်ပြောနေမလဲ၊ ကိုယ့်အထာနဲ့ကိုယ်နေစမ်းပါ မခင်အေးရဲ့ ”

“နောက်မမှားဘူးလို့ ပြောဦးမလား”

“အမှားဆိုတာ အတွေ့ အကြုံပဲ၊ ရှက်စရာမှမဟုတ်တာ၊ နောက်တစ်ခါ ဒါမျိုးနဲ့ ပျိုတို့မောင် ကို အချဉ်ဖမ်းလို့ မရတော့ဘူး”

“ပြောပြန်ပြီဟယ်၊ နင်ကလည်း ကဲပါ ဒီအထုပ်တွေ ခြင်းတွေ နဲ့ ဘုရားပေါ်တက်ရမယ်ဆို သေရချည်ရဲ့ ၊ တစ်နေရာမှာ အပ်ထားခဲ့ရအောင် မကောင်းဘူးလား”

“မကောင်းဘူး ကိုယ့်အမျိုးအဆွေ ဓာတ်သိအကြောင်းသိတွေ လည်း မရှိဘဲနဲ့ ဘယ်သူ့ကို ယုံရမှာ လဲ မတတ်နိုင်ဘူး၊ ဒီလိုပဲ ဆွဲတက်”

ပျိုတို့မောင် ပုဆိုးကို တိုသထက်တိုအောင် ပြင်ဝတ်၍ ခါးပုံစကို ရှည်ရှည်ဆွဲထုတ်ပြီး အထုပ်နှင့် ခြင်းကိုဆွဲကာ ရှေ့ကတက်သည်။ မခင်အေးမှာ နောက်ကနေ လျှာတစ်လစ်ထွက်နေ၏ ။

“မခင်အေး အရမ်းမောနေပြီလား၊ ဟိုမှာ မြင်လား၊ သူများ တွေ ဓာတ်လှေကားနဲ့ တက်သွား တာ၊ သက်သော င့်သက်သာပဲ၊ ကျုပ်တို့လည်း အဲလိုတက်ရအောင်”

“ဟင် အမလေး အဲ အဲဒါကြီးနဲ့ တက်မယ်၊ ဘုရား ဘုရား ခေါင်း ခေါင်းတွေ မူးလိုက်တာ၊ ဒူး ဒူးတွေ လည်း တုန်လာပြီ တက်ဖို့မပြောနဲ့ ကြည့်ကိုမကြည့်ရဲဘူး”

မခင်အေးက အထုပ်ကိုချကာ မျက်လုံးစုံမှိတ်သည်။

ဒူးတုန်ကာ မျက်စိမျက်နှာပျက် ရှုံ့မဲ့နေသော မခင်အေးကိုကြည့်၍ တချို့ဘုရားဖူးဧည့် သည်တွေ က တခစ်ခစ် ရယ်သွားကြ၏ ။

တကယ်ဆို ပျိုတို့မောင်လည်း ဟိတ်ဟန်လုပ်နေရပေမယ့် တလှိမ့်လှိမ့်တက်နေသော စက်လှေကားကိုကြည့်၍ ကြက်သီးတွေ ထိနေသည်။ သူ ခါးပုံစကနေ မတော် တရော် ညှပ်ပါသွား လျှင် မတွေးဝံ့စရာ။

သူများ တွေ ကတော့ ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ အခက်အခဲမရှိ တက်သွားလိုက်ကြ တာ။

ယောက်ျားပဲ အားကျမခံ လုပ်ကြည့်မှ။

“ကဲ့ မခင်အေး ကျုပ် ကတော့ ခင်ဗျားလို မကြောက်ဘူး၊ တက်ကြည့်မယ်”

“ဟမ် နင်က ငါ့ကိုထားခဲ့မလို့လား၊ မ မလုပ်ပါနဲ့ဟယ် ငါ မနေရဲဘူး၊ ရိုးရိုးလှေကားကပဲ အပင်ပန်းခံ တက်ရအောင်ပါဟယ် နော်”

“မခင်အေးက တောကျတယ်ဗျာ၊ သူများ တွေ မြင်ရင် အထင်သေးခံနေရပါဦးမယ်၊ ကျုပ် စမ်းတက်ပြမယ်၊ မခင်အေး စောင့်ကြည့် လှေကားဆုံးရင် မခင်အေးကို ပြန်လာခေါ်မယ် ဟုတ်ပြီ လား”

ဟိတ်ဟန်ထုတ်ကာ ဓာတ်လှေကားထစ်လေးတွေ ပေါ် သူများ တွေ တက်သလို ပျိုတို့မောင် စွပ်ခနဲ တက်ချလိုက်၏ ။

“အား အမလေး လုပ်ကြပါဦး ကယ်ကြပါဦး”

ငယ်သံပါအော်ရင်း ပျိုတို့မောင် ခြေကားယား လက်ကားယား ပြုတ်ကျတော့မှာ မို့ နိုင်ငံခြား သားတစ်ဦးက ဖမ်းဆွဲ၍ ထိန်းပေးလိုက် ၏ ။ မခင်အေးမှာ အောက်ကနေကြည့်ရင်း ဘုရားတနေရ သည်။

ပျိုတို့မောင်က အပေါ်ရောက်တော့ သူများ တွေ လို အေးအေးသက်သာ မဆင်းဘဲ ဝုန်းခနဲ ကားယားကြီးခွကာ ခုန်ဆင်းသည်။ပြီးမှ မခင်အေးကို လက်လှမ်းပြကာ ရိုးရိုးလှေကားကနေ ပတ်၍ ပြန်ဆင်းလာ၏ ။

“အမယ်လေး ငါ့မှာ ရင်တွေ တုန်လို့ သေတော့မှာ ပဲ၊ နင်ရော ဘယ်လိုခံစားရလဲ ပျို့မောင်၊ အတွေ့ အကြုံသစ်ပဲ မဟုတ်လား၊ နောက် မမှားတော့ပါဘူးနော်”

“ဟဲ ဟဲ ကျုပ်လည်း လိပ်ပြာလွင့်ပြီကိုမှတ်တာ၊ ဒါပေမဲ့ နိုင်ငံခြားသားကြီး ဖမ်းထိန်းလိုက် တော့လည်း စီးလို့ကောင်းသားပဲဗျ၊ အမြင့်ကို ဈာန်နဲ့ကြွသွားသလိုပဲ မခင်အေး၊ စီးကြည့်ပါလား”

“မလုပ်ပါနဲ့ဟယ်၊ အူတွေ အသည်းတွေ ကလီစာတွေ တုန်ရလွန်းလို့ သေးတောင်ထွက် တော့မယ်၊ နင့်ကိုကြည့်ပြီး ဒီမှာ ဒူးတုန်တာတောင် မပျောက်သေးဘူး၊ နေဦး ငါတို့ဟိုအိမ်သွားဖို့ အရမ်းနောက်ကျနေပြီထင်တယ်၊ ဒီကနေပဲ ဘုရားရှိခိုးလိုက်မယ်၊ နောက်မှလာဖူးဖို့ အခွင့်အရေး ရ ရင် ဖူးတော့မယ်ဟယ်နော်”

မျက်နှာငယ်လေးနှင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသော မခင်အေးကို သနားစဖွယ် ကြည့်၍ ပျိုတို့မောင် ဟန်ကြီးပန်ကြီး ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။

“အေးလေ မခင်အေး အရမ်းကြောက်လန့်နေတော့လည်း ဒီကပဲ လှည့်ပြန်ကြတာပေါ့၊ ကျုပ် ကတော့ ဘာမှမကြောက်ဘူးနော်၊ အတွေ့ အကြုံရှာနေတာ၊ ကဲလာ ရွှေတိဂုံကြီးကို ရည်မှန်း ပြီး ရှိခိုးရအောင်”

“အေး အေးပါ”

စက်လှေကားခြေရင်းကနေ ဘုရားကိုရည်မှန်း၍ ရှိခိုးလိုက်ကြသည်။ ဘယ်သူတွေ ဘယ်လို ထင်ထင် ပြုံးစိစိလုပ်သွားသွား ဘယ်သူ့ကိုမှ ဂရုမစိုက်။

ပြီးမှ ဟိုအိမ်ကိုသွားဖို့ ခြေလှမ်းတွေ နောက်ပြန်ဆုတ်ရင်း..။

♦ ♦ ♦

အခန်း (၇)

တက္ကစီသမားကို မယုံမကြည် အရိပ်တကြည့်ကြည့် သတိထားနေသာ သိနေသော တက္ကစီ သမားကလည်း သူတို့ကို မျက်မုန်းကျိုးနေ၏ ။

“ကဲ ရောက်ပြီ၊ ခင်ဗျားတို့လိပ်စာအတိုင်းဆို ဒီအိမ်ပဲဆင်းတော့”

“ဟင် သေချာလို့လား”

“သေချာပါတယ်၊ ဟိုမှာ လေ အိမ်နံပါတ် နှစ် ဆယ့်ရှစ်၊ လမ်းနာမည် ရော၊ ရပ်ကွက်ရော အမှန်အကန်ပဲ၊ ပိုက်ဆံသာပေး၊ ဘယ်သူမှလိမ်ညာမတောင်းဘူး၊ ဘာလဲမသိ လူကိုမယုံသင်္ကာ သူခိုးကြည့်ကြည့်နေတယ်”

“အောင်မယ် ရှင်တို့ရန်ကုန်သားတွေ ကို ပစ်ယုံလို့ ဖြစ်မလား၊ တောသားငအတွေ ဆိုပြီး လုလည်လုပ်သွားတော့ ဘယ်လိုလုပ်မလဲ”

မခင်အေးက အသံကျယ်ကျယ်နှင့် မျက်စောင်းတွေ ပစ်ထိုး၏ ။ ပျိုတို့မောင်က မျက်ခုံးပင့် နှုတ်ခမ်းမဲ့ကာ ထောက်ခံသည်။

“ကဲပါဗျာ အခု ခင်ဗျားတို့ကသာ လူလည်လုပ်ပြီး ပြောနေကြတာပါ၊ ပိုက်ဆံပေးပြီးသာ ဆင်းပါတော့၊ ခင်ဗျားတို့ကို လိုက်ပို့မိတာ တကယ်မှားပါတယ်၊ ကားခလည်း ဈေးဆစ်လိုက်တာ အလကားနီးနီးပဲ၊ တောသားလူလည်လုပ်ခံရတာ ကျွန်တော့် ဘဝအတွက် ဒီတစ်ခါ မှတ်တမ်းပါပဲ”

“ဟင်းဟင် တောသားတွေ မအဘူးဆိုတာ သိသွားပြီမဟုတ်လား၊ အဲလို ချီးမွမ်းခံရတာ တန်သွားပြီ၊ ကဲ လာ ဆင်းပေးလိုက် မခင်အေး”

အခုမှ ပိုက်ဆံပေးပြီး နှစ် ယောက် သား ဆင်းလိုက်ကြသည်။ ကားသမားက ပါးစပ်က ပွစိပွစိ ရေရွတ်ပြီး ဝူးခနဲ မောင်းထွက်သွား၏ ။

“ဟဲ့ ကားတံခါးက အလုံပိတ်အမြင့်ကြီး အထဲကို ဘာမှလည်း မမြင်ရဘူး၊ ဘယ်လိုလုပ်ကြ မလဲ”

“ဘာလုပ်ရမလဲ၊ အော်ခေါ်ကြည့်ရမှာ ပေါ့”

“ဩော် အိမ်နဲ့ခြံတံခါးက ဒီလောက် အလှမ်းဝေးတာ ကြားပါ့မလား”

“မကြားဘူးဆိုရင် တံခါးကို နှစ် ယောက် ပြိုင်တူ ထုမယ် လာ”

“ဝမ်း တူး သရီး အိမ်ရှင်တို့”

“တစ် နှစ် သုံး အိမ်ရှင်တို့”

သံပန်းတံခါးကြီးကို တဗုန်းဗုန်းထုသံနှင့် မညီမညာအော်သံတို့က ဝုန်းဒိုင်းကျဲ ဆူညံသွား သည်။

ခဏကြာမှ ဝင်းတံခါးဖွင့်သံ ဂျောက်ခနဲ ကြားလိုက်ရ၏ ။

“ဟဲ့ ဘယ်လို ဖြစ်နေကြတာလဲ၊ ဘယ်သူတွေ လဲ၊ ဘာလို့ မကြားဝံ့မနာသာ အော်ဟစ်ထု ရိုက်နေကြတာလဲ”

မိန်းမကြီး တစ်ယောက် အော်ဟစ်ပြောကာ ထွက်လာတော့ မခင်အေးက ထိုမိန်းမကြီးကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ဝမ်းသာအားရ လက်ခုပ်တီးကာ ထအော်၏ ။

“ရွာ ရွာက ဘုန်းကြီးကျောင်းကို ကုသိုလ်လာလုပ်တဲ့ ဂျီးတော် မဟုတ်လား”

“ဘယ်ရွာကလည်း ဘာတွေ ပြောနေတာလဲ”

“ဩော် ကျုပ်တို့ ညောင်ပင်သာရွာကလေ ဂျီးတော် ရဲ့ ၊ ဘဘုန်းကြီးက လွှတ်လိုက်တာ”

“ဟင် ဘဘုန်းကြီးလွှတ်လိုက်မယ်ဆိုတာ နင်တို့တွေ လား”

“ဟုတ်တယ်လေ ဂျီးတော် ရဲ့ ၊ ဂျီးတော် ဘုန်းကြီးကျောင်းမှာ ကုသိုလ်လုပ်တုန်းက ကျုပ်တို့ အမျိုးသမီးအဖွဲ့တွေ တာဝန်ယူလုပ်ပေးတာ ဂျီးတော် မမှတ်မိဘူးလား၊ ကျုပ်ရုပ်ကို သေချာကြည့် ပါဦး”

“အေး အေး အများ နဲ့ဆိုတော့ သိပ်တော့ မမှတ်မိဘူး၊ ဘဘုန်းက လူလွှတ်ပေးမယ်တော့ ပြောထားတာပဲ၊ လာလေ အထဲကို နေဦး ဟိုကောင်လေးကရော”

“ဘဘုန်း ထည်လွှတ်လိုက်တာပဲ၊ ကျုပ်နဲ့အတူတူတဲ့”

“ဟင် သောက်ကျိုးနည်းတော့မှာ ပဲ”

ဒေါ်နွယ်နီ ရင်ဘတ်ဖိတော့ ပျိုတို့မောင်နှင့် မခင်အေး အံ့အားသင့် ဖြစ်သွားကြသည်။ ပျိုတို့ မောင်ကို ဘာလို့ မလိုမလား ဖြစ်ရတာ လဲ”

“ဘဘုန်းက သူ့အတွက် စာရေး ပေးလိုက် ပါတယ် ဂျီးတော် ”

“အေး အဲဒီ ဂျီးတော် ဆိုတာကြီးကလည်း နားထောင်ရဆိုးလိုက်တာ၊ ငါ့တူမ ခေါ်ခေါ်သလို ကြီးမေ ဖြစ် ဖြစ် ခေါ်စမ်းပါ”

“ဟုတ်ကဲ့ ဂျီးတော် ၊ အဲ ကြီးမေ”

“ငါ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး၊ မေ့ကမ္ဘာတော့ အိမ်မှာ မရှိဘူး၊ လာ လာ နင်တို့ အိမ် ထဲဝင်ကြ၊ စကားပြောရအောင်”

ဒေါ်နွယ်နီ ခွင့်ပြုလိုက်သည်နှင့် ခမ်းနားထည်ဝါလှသော အိမ်ကြီးထဲသို့ ပျိုတို့မောင်တို့ ရောက်လာခဲ့ကြသည်။ ခြံဝင်းထဲမှာ သစ်ပင်ပန်းမာန်တွေ စုံလင်လှပေမယ့် ပြုပြင်ထားခြင်း မရှိတာ ကြောင့် လားမသိ၊ စိမ်းလန်းစိုပြည်မှု တော့ မရှိပေ။

ဧည့်ခန်းကျယ်ကြီးထဲမှာ ဆိုဖာခုံကြီးတွေ က တခမ်းတနား၊ ဒါပေမဲ့ ဧည့်ခန်းနံရံတွေ မှာ ဘာဓာတ်ပုံ ပန်ချီကားမှ ချိတ်ဆွဲခြယ်သထားခြင်း မရှိ။

“ထိုင်ကြ ဘုန်းပေးလိုက် တဲ့စာကို ပြပါဦး”

“ဟုတ်ကဲ့”

မခင်အေးက လက်ဆွဲအိတ်ထဲ ထည့်ယူလာသည့် စာကို ထုတ်ပြသည်။ ဒေါ်နွယ်နီက ဆွဲယူဖြန့်ဖတ်၏ ။

ဒကာမကြီး

ပျိုတို့မောင်က ဘုန်းကြီး တာဝန်ယူစောင့်ရှောက်ထားရတဲ့ ကလေးပဲ၊ ဘွဲလည်းရပြီးပြီ။ ဒကာမကြီးတို့အိမ်မှာ သင့်တော် ရာ အလုပ်လုပ်ခိုင်း၍ စောင့်ရှောက်ပေးပါ၊ အကြောင်းတစ်စုံတစ် ရာနှင့် လက်မခံဘူးဆိုတာ မ ဖြစ်ပါစေနဲ့၊

မခင်အေးကလည်း ရိုးသားတဲ့သူမို့ သူ့ကိုလည်း အပ်ပါတယ်။

ဘုန်းကြီး

“ဟင်”

ဘုန်းကြီးစာက တိုတိုလေးဆိုပေမယ့် ဒေါ်နွယ်နီ သက်ပြင်းက အရှည်ကြီး ဖြစ်သွား၏ ။ ဘုန်းကြီး ကတော့ လေးပင်သော တာဝန်ကြီးကို မိမိခေါင်းပေါ် ပုံချလိုက်သည်။

မခင်အေးက ကိစ္စမရှိ၊ မိမိတို့အိမ်မှာ တကယ်ကို လိုအပ်နေတာ။ ပြဿနာက ပျိုတို့မောင်။

မေ့ကမ္ဘာ ယောက်ျားလေးဆို ဘာကြီး ဖြစ်နေနေ ဘယ်သူ့အမိန့် ဖြစ် ဖြစ် လက်ခံမှာ မဟုတ်။

ဒီကလေးတွေ ကို ရှင်းပြဖို့ ခက်တော့မည် ထင်သည်။

“ဒီမှာ မင်းတို့ကို ကြီးမေ ပြောပြမယ် သေချာနားထောင်၊ ဒီအိမ်ပိုင်ရှင်က ကြီးမေတူမ မေ့ကမ္ဘာ”

“မေ့ကမ္ဘာ”

နာမည် လေးက အထူးအဆန်းမို့ ပျိုတို့မောင် သံယောင်လိုက် ရေရွတ်မိသွား၏ ။

“အေး သူက ယောက်ျားတွေ ဆို အရမ်းမုန်းတီးတာ၊ သူ့ကုမ္ပဏီမှာ လည်း ယောက်ျားလေး အလုပ်သမား မခန့်ဘူး၊ လုံခြုံရေး ဝန်ထမ်း၊ ကားဒရိုင်ဘာကအစ မိန်းကလေးတွေ ချည်းပဲ”

“ဟင် အဲဒါဆို”

“ဟုတ်တယ် ပျိုတို့မောင်ကို မေ့ကမ္ဘာ လက်ခံနိုင်မှာ မဟုတ်ဘူး။ ခါးခါးသီးသီး ငြင်းဆန်ပြီး ပြန်လွှတ်မှာ ”

“ဟယ် အဲဒါဆို ကျုပ်လည်းမနေဘူး၊ ဂျီးတော် အဲ ကြီးမေ”

“အဲလိုဆိုလို့ ကတော့ ကျုပ်ကို အလိုမရှိတဲ့နေရာ ကျုပ်ကရော ဘာလို့နေမှာ လဲ၊ အစကတည်းက လာချင်တာမဟုတ်ဘူး၊ ရွာပြန်မယ်”

“နေ နေကြပါဦးကွယ်၊ မင်းတို့ အဲလိုအလောသုံးဆယ် မဆုံးဖြတ်ကြပါနဲ့၊ မင်းတို့သာ ရွာပြန် သွားရင် ဘုန်းကြီးက ငါတို့ကို အပြစ်တင်မှာ ၊ ဆွေခန်းမျိုးခန်းဖြတ်လိုက်ရင် ဒုက္ခများ ရချည်ရဲ့ ကွယ်၊ ကြီးမေ စဉ်းစားမိတာလေးကို နားထောင်ကြပါဦး”

ဒေါ်နွယ်နီ ပျာပျာသလဲ ဖြစ်သွားတော့ ပျိုတို့မောင်တို့ ငြိမ်သက်သွားကြသည်။ ဒေါ်နွယ်နီက ယောက်ျားပီသသော ပျိုတို့မောင်ရုပ်သွင်ကိုကြည့်ကာ

“မင်း မိန်းမလျှာစိတ်ပေါက်နေတဲ့ ပုံစံ လုပ်ရမယ်”

“ဗျာ”

“ဟင် ဘယ်လိုကြီးလဲ”

“ယောက်ျားစစ်စစ်ကြီးမဟုတ်ရင် မေ့ကမ္ဘာ လက်ခံပေးအောင် ကြီးမေပြောနိုင်မှာ ပါ”

“အာ အဲဒါတော့ မ ဖြစ်ဘူးထင်တယ်၊ ကျုပ်က ယောက်ျားစစ်စစ်ကြီးဗျ၊ နှုတ်ခမ်းမွှေးတို့ ပါးမြိုင်းမွှေးတို့ကို အရမ်းမက်မောတာ”

“အဲဒါလည်း ခဏပါပဲ၊ မေ့ကမ္ဘာက ယောက်ျားတွေ နဲ့ပတ်သက်ရင် အစွန်းရောက်တဲ့စိတ် လေးရှိလို့ သူလက်ခံပေးလာတဲ့အချိန်ထိ သိုသိုသိပ်သိပ် သည်းခံပေးပါ၊ ကြီးမေ တောင်းဆိုတာပါ ကွယ်”

“တောသားစစ်စစ် ယောက်ျားရင့်မာကြီးက မိန်းမလျှာအခြောက် လုပ်ရမယ်ဆိုတာ ရယ်စရာကြီးပါဗျာ၊ မြို့သားတွေ လို ကျုပ်က နွဲ့နွဲ့နှောင်းနှောင်းလည်း နေတတ်တာ မဟုတ်ဘူး”

ပျိုတို့မောင်က သူ့ကိုယ်သူ ငုံ့ကြည့်ပြီး ခေါင်းတရမ်းရမ်း ငြင်းဆန်နေသည်။ မခင်အေးမှာ လည်း ရွာလည်းမပြန်ချင်၊ ပျိုတို့မောင် ဘဝပြောင်းရမှာ ကိုလည်း စိတ်မကောင်း ဖြစ်နှင့် ဘယ်လိုဆုံး ဖြတ်ရမှန်း မသိပေ။

“ဟို ကြီးမေရယ်၊ ပျို့မောင် မိန်းမလျှာမလုပ်ဘဲ ဒီအိမ်မှာ နေလို့ရမယ့် နည်းလမ်းမရှိတော့ဘူး လား”

“မရှိလို့ပေါ့ကွယ်၊ ရှိရင် ကြီးမေ ဒီလိုပြောပါ့မလား၊ ဖြစ်နိုင်ရင် ဒီအိမ်ကြီးမှာ ယောက်ျားစစ် စစ် တစ်ယောက် တော့ လိုအပ်နေတာပါ၊ အားကိုးအားထား လုံခြုံမှု ရဖို့ပေါ့ကွယ်”

“မေ့ကမ္ဘာက ဘာအလုပ်လုပ်တာလဲဟင်”

“အရင် ကတော့ သူများ ကုမ္ပဏီမှာ မားကတ်တင်း မန်နေဂျာ နောက်ပိုင်း အဆက်အသွယ် တွေ ရလာတော့ ရင်းနှီးမြှုပ်နှံမှု တွေ နဲ့ ကိုယ်ပိုင်စက်ရုံအထိ ဖြစ်လာအောင် ကြိုးစားခဲ့တယ်”

“ဟင် ဘာလုပ်တာလဲ တော် လိုက်တာ”

“အထည်ချုပ်စက်ရုံပဲ ပြောပါတော့၊ ကိုယ့်ဘာသာ ဒီဇိုင်းထွင်ပြီး နိုင်ငံခြားရောက်အောင် ပို့နိုင်ထဲအထိ အောင်မြင်လာပြီလေ၊ ပထတော့ သူများ စက်ရုံက အထည်တွေ ကိုယူပြီး အလုပ် သမားတွေ ငှားချုပ်တာ”

“အရောင်းဝန်ထမ်းဘဝကနေ ကြိုးစားလာတာ ကတော့ ချီးကျူးစရာပါပဲ။ ဒါပေမဲ့ ယောက်ျားတွေ ကို အသားလွတ်မုန်းနေတာကြီးက လွန်တာပေါ့”

မခံချိမခံသာ ပြောနေသော ပျိုတို့မောင်ကို ဒေါ်နွယ်နီက တောင်းပန်သော မျက်ဝန်း များ နှင့် ကြည့်သည်။

“သူ့မျာ ခံစားချက်တွေ ၊ နာကြည်းချက်တွေ ရှိလို့ပါ၊ နောက်တော့ ကြီးမေ တဖြည်းဖြည်း ပြောပြပါ့မယ်၊ မင်းတို့လည်း အလိုလိုသိလာတာမျိုးလည်း ရှိမှာ ပါ၊ အခုသာ ကြီးမေပြောတာကို လက်ခံပေးပါကွယ်”

“ပျို့မောင် ကြီးမေ ဒီလောက်ပြောနေမှတော့ စဉ်းစားပေးလိုက် ပါဟယ်၊ အဆင်မပြေဘဲ ရွာပြန်သွားရင်လည်း ကဲ့ရဲ့ ခံရမှာ ၊ နင်က ရွာဘုရားပွဲမှာ ဆိုရင် မိန်းမလိုဝတ်ပြီး ကဖူးတာပဲ မဟုတ် လား”

“အဲဒါက အပျော်လုပ်တာ၊ အခုဟာက”

“နင်က အတွေ့ အကြုံအရမ်းရှာချင်တဲ့သူမဟုတ်လား၊ ဒါလည်း အတွေ့ အကြုံအသစ်လို့ သဘောထားလိုက်ပေါ့ဟယ်၊ ဘဘုန်းက ဒီအတိုင်းပြန်လာရင် သူ့ကျောင်းကို အဝင်ခံမယ် ထင်လား၊ ကြိမ်လုံးစာပဲ မိလိမ့်မယ်”

ဘဘုန်း ကြိမ်လုံးသံကြားတော့ ပျိုတို့မောင် တွေ ဝေသွားရသည်။ အရိုက်ခံရမှာ ထက် သူ့စကား နားမထောင်လို့ ငြိုငြင်မှာ တော့ ကြောက်ပါသည်။

ဘွားလေးမရှိကတည်းက ဘဘုန်းက သူ့ဘဝရဲ့ ကယ်တင်ရှင် ကျေးဇူးရှင်ပါပဲ။

“အဲလိုလုပ်တယ်ပဲ ထားပါဦး၊ ကျုပ်က ဒီအမွှေးအမျှင်နဲ့ အဝတ်အစားက ဘယ်လိုလုပ် မှာ လဲ”

“အဲဒီ အတွက်တော့ မပူနဲ့၊ မေ့ကမ္ဘာက ညမိုးချုပ်လောက်မှ ပြန်လာမှာ ဆိုတော့ အချိန်ရ သေးတယ်၊ ဗြူတီပါလာကို ကြီးမေ လိုက်ပို့မယ်၊ မင်းဆံရှည်ကြီးကို ဖြောင့်လိုက်၊ အမွှေးအမျှင်တွေ ရိတ်လိုက်ရင် မိန်းမလျာရုပ်တော့ ပေါက်လာမှာ ပါ၊အဝတ်အစားလေးနဲ့ ပြုပြင်လိုက်ရင်လည်း အဆင်ပြေမှာ ပါကွယ်”

ရွေးချယ်စရာလမ်း ကတော့ အဆုံးသတ်သလောက် ရှိနေသည်။ ဒီအတွေ့ အကြုံကြီးက ဖုန်းကညာတစ်ပါး လုံးရာကပြားရတော့မည့်  အ ဖြစ်မျိုး၊

ဒါပေမဲ့ ဒါဟာ အဆုံးသတ်မဟုတ်။

ခေတ္တခဏ ပြောင်းလဲခြင်း အတွေ့ အကြုံ အသစ်အဆန်းပဲ မဟုတ်ပါလား”

♦ ♦ ♦

အခန်း (၈)

“ဘာမဟုတ်တာလဲ ကြီးမေ၊ မခင်အေးဆိုတဲ့ တစ်ယောက် က ခေါ်တာက ထားပါတော့၊ ဒီ တစ်ယောက် ကို ဘဘုန်းက ဘာလို့ထည့်လွှတ်လိုက်တာလဲ၊ ပုံစံက အခြောက်ဆိုပေမယ့် ယောက်ျားက ယောက်ျားပဲလေ၊ မေ့ မကြိုက်ဘူး လက်မခံနိုင်ဘူး”

နွဲ့နှောင်းခွေခေါက်စွာ ထိုင်နေသော ပျိုတို့မောင်ကို မျက်စောင်းထိုး၍ မေ့ကမ္ဘာ အားမနာ တမ်းပြောနေသည်။ တစ်နေ့တည်း သင်ပြထားရတာ မို့ အထာမကျစွာ အိုဗာများ နေသလို ဖြစ်နေ၍ ပဲလား၊ မခံချင်စိတ်တို့က တပ်လှန့်နှိုးဆော်နေပေမယ့် ပျိုတို့မောင် ဣနြေ္ဒရရ ငြိမ်သက်နေရတာ မစားသာ။

ဒေါ်နွယ်နီက မျက်နှာချိုသွေးကာ ကိုယ်ကို မတ်မတ်ပြင်ထိုင်လိုက်ပြီး

“ဘဘုန်းရဲ့ စီမံမှု ဆိုတော့ ပစ်စလက်ခတ် ငြင်းဆန်ဆုံးဖြတ်လို့တော့ မရဘူး မေရယ်၊ ဒီကလေးရှိလို့လည်း မေ့အတွက် ဘာအနှောင့်အယှက်၊ ဘာအန္တရာယ်မှ မ ဖြစ်စေရပါဘူး”

“အန္တရာယ်ပေးနိုင်တဲ့သူ ဟုတ်လား မဟုတ်လားဆိုတာ ဘာကိုကြည့်ပြီး ဆုံးဖြတ်မှာ လဲ ကြီးမေ၊ ဖောက်ပြန်တတ်တဲ့ယောက်ျား၊ သစ္စာမရှိတဲ့ယောက်ျားတွေ က အစပိုင်းမှာ ပိုပြီးကောင်းပြ တတ်ကြပါတယ်၊ မေ့ ဘယ်သူ့ကိုမှ မယုံဘူး”

“မယုံလို့ရတယ်၊ လက်မခံဘို့ မရဘူး မေ့၊ သူ့ကို မေ့နဲ့ကင်းကင်းရှင်းရှင်းနေဖို့ ကြီးမေ ပြောထားပါမယ်၊ နောက်မှ စိတ်တိုင်းမကျဘူးဆိုရင် ဘဘုန်းကို အကြောင်းတစ်ခုခုပြပြီး သူ့ကို ပြန်လွှတ်သင့်ရင် လွှတ်ရမှာ ပေါ့၊ အခုတော့ ဘဘုန်းဆန္ဒကို ငြင်းဆန်လို့ လုံးဝမ ဖြစ်ဘူး၊ ငါ့ဘက်က ညည်းဆီကို ဒီတစ်ခုပဲ တောင်းဆိုတာပါ”

ဒေါ်နွယ်နီ ခပ်ကြမ်းကြမ်းပြောလာတော့ မေ့ကမ္ဘာ တွေ ခနဲ ဖြစ်သွားရသည်။ ကြီးမေက သူမ ဖြစ်ချင်သည့်အတိုင်း လိုက်လျောနေထိုင်ခဲ့သည့်သူပါ။

အကျယ်တဝင့် အတိုက်အခံ ဖြစ်အောင်လည်း မနေ၊ မိဘတွေ နှင့် ပတ်သက်သည့်ကိစ္စ ကိုတောင် အတတ်နိုင်ဆုံး ဖေးမနားလည်ပေးခဲ့သူ။

မိတ်ကပ်အဖွေးသား၊ ဆံပင်ကို ဘီးကုတ်နှင့် နောက်လှန်ထားသည့်လူကို မေ့ကမ္ဘာ စောင်းငဲ့ကာ မျက်လုံးလှန်ကြည့်လိုက်သည်။ မိန်းမလျာအခြောက်ဆိုပေမယ့် သူများ တွေ လို နွဲ့နွဲ့ နှောင်းနှောင်း ကနွဲ့ကလျ မဟုတ်ဘူးဟု ထင်မိ၏ ။ မျက်လွှာချထားတာကလည်း ပေကလပ် ပေကလပ်”

“နာမည် ဘယ်လိုခေါ်လဲ”

“ဟင်”

“နာမည် ဘယ်လိုခေါ်လဲလို့ မေးနေတာ”

“ပျို ပျိုတို့မောင်”

“ဘာ”

သူမ အော်လိုက်တော့ မခင်အေးနှင့် ဒေါ်နွယ်နီ မျက်လုံးအစုံ ပြုးသွားသလို ပျိုတို့မာင်က ပခုံးတွန့်ကာ တုန်တက်သွား၏ ။

“မောင် မောင့်နာမည် က ဘာ ဖြစ်လို့လဲ”

ညောင်နာနာအသံ တမင်လုပ်ပြောနေရပေမယ့် ပီပြင်မှု မရှိတာမို့ ဩရှရှ၊ ပြာတောက် တောက်။

“နာမည် က တင်စီးတာလား။ တောကျတာလား”

“အဲဒါက အဓိကျလို့လား၊ ဘာအလုပ်လုပ်ရမယ်ဆိုတာပဲ ပြောပါ၊ သေချာလုပ်ပါ့မယ်”

“ဟုတ်သားပဲ မေ့ရယ်ခြံထဲမှာ မာလီမခေါ်ဘဲ ပစ်စလက်ခတ်ထားလို့ မြင်လို့ရှုလို့ မကောင်း ဖြစ်နေတာတွေ အဲဒါတွေ အရင်လုပ်ခိုင်းပါလား”

“ဒီပုံစံနဲ့ သူ လုပ်နိုင်ပါ့မလား၊ လုပ်တတ်ပါ့မလား၊ သူ့လိုလူမျိုးက အလှပြင်ဆိုင်ပဲ ပို့ရမှာ ”

မေ့ကမ္ဘာ ပြောတာကို ပျိုတို့မောင် ကြက်သီးထသွားသည်။ အမြင်ကတ်ကတ်နှင့် သူ့ကို တကယ်ပို့လိုက်လျှင် ဒုက္ခ၊ ဒီမိန်းမ ဒီလောက်ထိ ယောက်ျားတွေ ကို မုန်းနေတာ ထူးတော့ ထူးဆန်း ၏ ။

မျက်နှာလေးက နုနုဖတ်ဖတ်နှင့် ရှင်းသန့်ချောမွေ့လို့ပါ။ မျက်လုံးအရောင် များ က ပြာလဲ့လဲ့ နှင့် စူးရှတောက်ပပြီး အနီရောင် ဝတ်စုံရင့်ရင့်က ထက်မြက်မှု တို့ကို ဖော်ညွှန်းနေသည်။ မှီခိုမှု နှင့် နောက်လိုက်လုပ်တတ်သည့် စရိုက်လက္ခဏာမျိုးမဟုတ်သော ကာရိုက်တာပင်။

တစ်ချက်တစ်ချက် စူးရှသော မျက်ဝန်းများ ကို မှေးကျဉ်းပစ်တတ်ခြင်းက ဘယ်သူ့ကို ယုံကြည်မှု မရှိသည့် သိုသိပ်ခြင်းများ လား။

ဘာ ဖြစ် ဖြစ် သူ့ကို နှင်မထုတ်တော့တာ သေချာသလောက် ဖြစ်နေပြီမို့..။

♦ ♦ ♦



ဝန်ဇင်းချစ်သူများ လုံမ ၏ “ မေ့ဖို့မလွယ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အရောင်မဲ့သင်္ကေတ

ရင်ခုန်သံ အဓိပ္ပါယ်

အချစ်ညွတ်ကွင်း