
အခန်း(၁)
လုံမ(ရန်ကုန်တက္ကသိုလ်)
အချစ်ညွှတ်ကွင်း
အခန်း (၁)
“အိ ကတော့ ကိုသော်နဲ့ လက်ထပ်ပြီးလည်း ကိုယ်သော့်အိမ်ကို လိုက်မနေနိုင်ဘူးနော်”
“ဟင်”
“ကိုသော့်သမီး ရတုမှီစရိုက်နဲ့ အိနဲ့ ဘယ်လိုမှ ဖြစ်မှာ မဟုတ်ဘူး”
“ဒါဆို ကိုယ်က သမီးလေးကို တစ်ယောက် တည်း ထားခဲ့ရမှာ လား”
“အရင်ကရော ကိုယ်သော့်မျက်စိအောက်မှာ စောင့်ရှောက်ခဲ့လို့လား။ နိုင်ငံခြားမှာ ပဲ အနေ များ ပြီး ဗိုင်းကောင်းကျောက်ဖိ မအုပ်ချုပ်ခဲလို့ လွတ်ချင်တိုင်းလွတ်နေတာ၊ အခုမှ မိထွေးနေရာ ကနေ စည်းကမ်းလုပ်ဖို့ အရမ်းနောက်ကျနေပြီ ကိုသော်၊ ဆေးပေးမီယူ ကျန်တဲ့သက်တမ်းတစ် လျှောက် အိမ်ထောင်ရေး သုခကို မခံစားခရဘဲ လင်ပါသမီးကို ပြုစုပျိုးထောင်ရုံနဲ့ အချိန်တွေ အကုန်မခံနိုင်ဘူ။ ကိုသော် စဉ်းစားပါ။ အိကို လက်ထပ်မှာ လား၊ လက်မထပ်ဘူးလား”
ဒေါ်အိအိပိုင် အတိအကျမေးနေသည်။ ခေါင်းယမ်းလိုက်ဖို့ ဆန္ဒမရှိသော်လည်း ခေါင်းညိတ် လိုက်ဖို့လည်း ၀န်လေးနေ၏ ။
တကယ်တမ်း ဒေါ်အိအိပိုင်ကို တစ်ပင်လဲလျှင် တစ်ပင်ထူအိမ်ထောင်ဖက်အ ဖြစ် ရွေးချယ်ခဲ့ တာက သမီးလေးအတွက် မိခင်နေရာမှ ဆုံးမသွန်သင်စောင့်ရှောက်စေချင်လို့ဆိုပေမယ့် ကိုယ် တိုင်ကလည်း လေးစားတန်ဖိုးထား မြတ်နိုးနေမိလို့ပင်။
ငယ်ကအချစ် အနှစ် တရာ မမေ့သော ဆိုသလို တက္ကသိုလ်မှာ ကွင်းအ ဖြစ် ထင်ရှားခဲ့ဖူးသော အိအိပိုငကို ရင်ထဲက တိတ်တခိုးစိတ်ဝင်စားခဲ့ဖူး၏ ။
ဒါပေမဲ့ ချစ်သူအ ဖြစ် တွဲ နေခဲ့သော သမီးတို့ အမေနှင့် ကျောင်းပြီးလျှင် လက်ထပ်ဖို့ ကတိစကားတွေ ကျွံခဲ့ပြီးပြီ ဖြစ်သည်။ နှစ် ဖက်မိဘတွေ ကို လည်း အသိပေးပြီးပြီမို့ အိအိပိုင်အလှကို အဝေးကသာ ယောက်ျားတို့သဘာဝ စိတ်ဝင်စားခဲ့ရ သည်။
နောက်မှသိရတာ က နောက်ဆုံးနှစ် မှ ကျောင်းပြောင်းလာတက်သော အိအိပိုင်ကလည်း လက်ထပ်ပြီစ ပူပူနွေးနွေး အိမ်ထောင်သည် တစ်ယောက် ဖြစ်နေတာပင်။
ထိုအချိန်က နောက်ဆုံးနှစ် ကျောင်းသားကြီးတွေ ဖြစ်သည့် သူတို့ယောက်ျားလေးတွေ အာ လုံး ဣနြေ္ဒကြီး၍ နှမြောတသလို့ မဆုံးကြ၊ ခုတော့လည်း ဒုတိယဘ၀ သက်တမ်းအလွန်မှာ စီးပွား ရေး လုပ်ငန်းရှင်တွေ အ ဖြစ်နှင့် ပြန်ဆုံကြသည်။
ဆြုံ ကတော့လည်း ဘ၀တစ်ခုအပြောင်းအလဲမှာ အိမ်ထောင်ဖက်တွေ မရြှိ ကတော့။ လင်ယောက်ျားဆုံးပြီးခါစမှာ ယောင်လည်လည် ဖြစ်နေရှာသော အိအိပိုင်ကို အကူအညီပေးရင်းနှင့် ရင်းနှီးပတ်သက်လာခဲ့တာတောင် သုံးနှစ် စွန်းခဲ့ပြီပဲ။
“ ကိုယ် အိကို လက်ထပ်ပါရစေ အိရယ်၊ ကိုယ့်ဘ၀က အိမ်ထောင်ဖက်ဆုံးပြီးကတည်းက စီးပွားရေး ထဲမှာ ပဲ နစ်မြုပ်ပြီးနေခဲ့ရတာ ပါ။ ရင်းနှီးမြှုပ်နှံမှု ကလည်း နိုင်ငံခြားမှာ ပဲများ တော့ မြန်မာ ပြည်ကိုလည်း သိပ်မနေ ဖြစ်ဘူး။ ဖြစ်နိုင်ရင် ဘ၀လက်တွဲ ဖော်လေးနဲ့ အေးအေးချမ်းချမ်းနေချင်ပြီ”
သူ ထိုသို့တောင်းဆိုသော အိအိပိုင် မငြင်းဆန်ခဲ့။ သူမဘက်မှာ လည်း အားကိုးအားထား လင်ယောက်ျား ကောင်း တစ်ယောက် လိုအပ်နေသည်။ စီးပွားရေး လောကထဲမာ မိန်းမသားတစ် ယောက် တည်း ကြာရှည်ရပ်တည်ဖို့ဆိုတာ သိပ်မလွယ်။
“အိမှာ သမီးလေး တစ်ယောက် ရှိတယ် ကိုပိုင်၊ ဒါပေမဲ့ အရင်ကတည်းက သူ့အဘွားတွေ ဆီမှာ ပို့ထားခဲ့ရတာ ။ အိတို့က စီးပွားရေး အလုပ်တွေ နဲ့ မအားမလပ် ဖြစ်နေတော့ သူ့ကို လိမ္မာရေး ခြားရှိအောင် သွန်သင်ဆုံးမ ကြည့်ရှုစောင့်ရှောက်ဖို့ အချိန်မရဘူးလေ။ အခုတော့ သူ့အဘွား လည်း ဆုံးသွားပြီ။ အိမ်မှာ လည်း တစ်ယောက် တည်း ဖြစ်နေတော့ ပြန်ခေါ်ထားရမယ်။ သမီးလေး က သူ့အဘွားတွေ ၊ ကြီးကြီးတွေ နဲ နေခဲ့ရလို့ အရမ်းကိုနူးညံ့သိမ်မွေ့ပြီး မိန်းမပီသလွန်းတယ်။ အိမ်အလုပ်ဆိုလည်း အိမ်ဖောင်ငှားစရာမလိုအောင် တစ်ယောက် တည်း နိုင်နိုင်နင်းနင်း သိမ်းကျုံး လုပ်တာပဲ။ အိ အရမ်းစိတ်ချမ်းသာရတယ်”
အိပြောပြတော့ အိသမီးနဲ့ ကိုယ့်သမီးနဲ့က ဆန့်ကျင်ဘက်ပါပဲလို့ မပြော ဖြစ်။ အိမ်ပြန် ရောက်တိုင်း သမီးရဲ့ ဆိုးသွမ်းမငတွေ ကို နားနဲ့မဆံ့အောင် ကြားရသည်။
အဒေါ် ဖြစ်သူကိုလည်း ပမာမခန့်၊ ဖအေ ဖြစ်သူကိုလည်း လေးလေးစားစားမရှိ။ ကျောင်းပြီး ဘွဲ့ရလို့လည်း ဘာအလုပ်အကိုင်မှ စိတ်မ၀င်စား၊ မအေချန်ထားရစ်သည့် အမွေအနှစ် ၊ သူ့ရဲ့ ထောက်ပံ့မှု ၊
ဒါတွေ နှင့် ဘ၀ကို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ဖြတ်သန်းနေသည်။ တစ်ခါတစ်ရံ ကိုယ့်ဘက် အမြင်မတော် လို့ ပြောမိရင်
“ဖေဖေ့မျက်စီအောက်မှာ အချိန်ပြည့်မြင်နေရတာ မှ မဟုတ်တာ။ စိတ်မပူပါနဲ့ ဖေဖေ၊ ခဏ တစ်ဖြုတ် ပြန်လာချိန်လေးမှာ စိတ်ချမ်းသာသာနေပြီးသာ ပြန် သွားပါ။ ရင်ခွင်ပိုက် ကလေး ဘ၀ကတည်းက ဖေဖေ ဂရုစိုက်မှု တွေ မခံစားခဲ့ရလို့ အခုလို စိုးရိမ်သလိုလိုနဲ့ ပြောရင် မနေတတ် တော့ဘူး”
အရွဲ့တိုက်စကားနှင့် နှုတ်လှန်ထိုးပြီး သူ အိမ်မှာ ရှိသည့်ရက်တွေ မှာ ဘယ်တော့မှ အိမ်မ ကပ်တတ်ပါ။
ဒါကြောင့် လည်း သွေးနီးပေမယ့် အနေဝေးခဲ့သည်။ ကိုယ်က မေတ္တာမပေးတတ်လို့ ဥပေ က္ခာ ပြုသလို ဖြစ်ခဲ့သည်လား။ သမီးကပဲ ဆန့်ကျင်အရွဲ့တိုက်ရတာ ကို ပျော်မွေ့နေသည်လား မသိ။
ဘာ ဖြစ် ဖြစ် ဖခင်ဝတ္တရားကျေဖို့ လိုအပ်နေသလို ခံစားမိသော်လည်း အခုမှ သမီးကိုစည်းရုံး သိမ်သွင်းဖို့ မတတ်နိုင်။ ဒါကို သူကိုယ်တိုင် လက်မြှော က်အရှုံးပေးထားတာကိုလည်း အိသိသည်။ ပတ်ဝန်းကျင်က ဝေဖန်ရှုတ်ချမှု တွေ ကိုလည်း အိကြားသည်။
ထို့ကြောင့် အိက သူ့ကို ပြတ်ပြတ် သားသား စိန်ခေါ်နေခြင်း ဖြစ်ပါ၏ ။
သူ့အိမ်ကို လိုက်မနေနိုင်ပါဘူးတဲ့။
သမီးစရိုက်နှင့် အဆင်မပြေနိုင်တာကို သိပေမယ့် သမီးအုပ်ထိန်းမှု မဲ့ ပိုဆိုးသွားမှာ ကို တော့ စိုးရိမ်သည်။
“အိမေးတဲ့ မေးခွန်းက အဲလောက်တောင် အဖြေရခက်နေလား ကိုသော်”
“ဟင်… မ.. မဟုတ်ပါဘူး အိရဲ့ ”
“ဘာမဟုတ်တာလဲ၊ တန်းခနဲမဖြေနိုင်ဘဲ စဉ်းစားနေတာ ဘယ်လောက်ကြာပြီလဲ အိကို လက်မထပ်နိုင်ဘူးဆိုရင်တော့ အချိန်ရသေးတယ်နော်”
“အိရယ် ကိုယ်စဉ်းစားနေတာက”
“ဖယ်ပါ ကလေးကလား”
မချင့်မရဲ ပခုံးလေးကို ဖက်မိတော့ အိက မူနွဲ့စွာ ဖြင့် ခပ်လွန့်လွန့်လေး ရုန်းသည်။ ဦးမင်း မြတ်သော် ပိုတိုးကာ ဖက်ထားလိုက်၏ ။
“သမီးအတွက် သက်သက်ပဲ အိကို ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်ဘ၀တစ်သက်လုံး အတွက် တန်ဖိုးထားမြတ်နိုးခဲ့တာပါ။ ဒါပေမဲ့ သမီးကို ပစ်စလက်ခတ်ထားခဲ့သလိုကြီး”
“အဲဒါက ဆင်ခြေဆိုရင် အိကို ဒီအတိုင်းထားခဲ့လိုက်ပါ။ ကိုသော့်သမီးအကြောင်းလည်း ကိုသော် သနေတာပဲ။ အိမ်ထောင်ရေး အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတာ မျိုးကို အိ မလိုလား ဘူး။ အိမှာ သမီး တစ်ယောက် ပါလို့တောည့ ကိုယ်ချင်းစာပါတယ်။
ဒါပေမဲ့ အိသမီးက ကိုယ့်သော့် သမီးလို မဟုတ်ဘူး။ သိမ်မွေ့နူးညံ့တယ်၊ ဗိုင်းကောင်း ကျောက်ဖိ မိန်းကလေးပီသတယ်။ ကိုယ် သော်အပေါ်လည်း လိုလားမှု ရှိသလို လေးစားမှု လည်း ရှိတယ်”
“ကိုယ်နားလည်ပါတယ်။ အိသမီးလေး ဆည်းဆာညိုနဲ့ ကိုယ့်သမီး ရတုမှီရဲ့ ကွာခြား ချက်တွေ ကို ကိုယ့်အိမှာ အိတို့သားအမိလိုကနေဖို့ ဘယ်လိုမှ မ ဖြစ်နိုင်တာကိုလည်း ကိုယ်သိ တယ်။ ပွင့်ပွင့်လင်လင်း ၀န်ခံရရင် အိတို့သားအမိနဲ့ အတူတူနေရတဲ့အချိန်က ကိုယ့်အတွက် မိ သားစုဘ၀လေးကို ရသလိုပဲ။ အိမ်ကိုရောက်ရင်တော့ သမီးကြည့်ပြီး အရမ်းမောပန်းရတယ်။ သားအဖ သံယောဇဉ်နဲ့ နွေးထွေးမှု လည်း မရှိဘူး”
“’ဒါဆိုလည်း ကိုယ်သော့်သမီး လိုအပ်တဲ့အချိန်မှ ခဏတစ်ဖြုတ်သွားပေးလိုက်ပေါ့။ အမှတ်မရလည်း ကိုသော့်သမီးက လွမ်းမယ့်ပုံမပေါ်ပါဘူး။”
“အင်း…ကိုယ်လည်း အိသဘောအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ။ ကိုယ်တို့ အမြန်ဆုံး လက် ထပ်ကြယမယ် အိ”
အိ အပြုံးလေးနှင့် ခေါင်းညိတ်ကျေနပ်လက်ခံပြီးလို့ တစ်ပတ်အတွင်းမှာ ပင် နှစ် ဖက် အသိုက်အ၀န်းမိတ်ဆွေများ နှင့် ညစာစားပွဲလေးဧည့်ခံကာ အသိအမှတ်ပြု လက်ထပ်လိုက်ကြ သည်။
နှစ် ဖက်က သမီးပျိုများ ရှိနေသလို လေးဆယ်ကျော်ဆိုသည့် အသက်အရွယ်လည်းရ၊ နောက်အိမ်ထောင်ပြုကြတာမို့ မင်္ဂလာပွဲ ခမ်းနားကြီးကျယ်စွာ မလုပ် ဖြစ်ဘဲ ရုံးတက်လက်မှတ်ထိုး ရုံလေးဖြင့် တရားဝင်အကြင်လင်မယားအ ဖြစ်သို့ ရောက်ခဲ့ကြ၏ ။
“ကိုမင်းမြတ်သော်တို့က ကံကောင်းတယ်ဗျာ။ အလုပ်အကိုင်စီးပွားဘက်ကလည်း ဖြစ်၊ ဇနီးအချောအလှပေးကိုလည်း ရတော့ ဂုဏ်မြောက်နေပြီဗျ”
“ဒေါ်အိအိပိုငက အားကိုးရပြီဆိုတော့ နားလို့ရပြီပေါ့လေ။ လင်ရွေးကောင်းတယ် ပြောရ မှာ ပဲ။ ဦးမင်းမြတ်သော်က မုဆိုးဖိုမ ဖြစ်ခင်ကတည်းက အပျိုတွေ ၀ိုင်းဝိုင်းလည်နေတာနော်။ ငေရှာ ကောင်းတော့ ဒေါ်အိအိပိုင်တို့ လက်ခမောင်းခတ်ပြီပေါ့….”
“အသက်ကြီးပေမယ့် နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်ပါတယ်ဗျာ။ ကိုသော်ကြီးအတွက် မအိ ခိုင် ပါရမီဖြည့်ဘက်ကောင်း ဇနီးကောင်း ဖြစ်မှာ ပါ။ အပိုင်ရပြီဆိုပြီး ပေါ့တော့မပေါ့နဲ့။ မအိခိုင်က အရွယ်တင်နိုပျိုလွန်းလို့ အခုအချိန်အထိ စိတ်ကူးယဉ်တဲ့သူတွေ များ တယ်နော်”
လွတ်လွတ်လပ်လပ် စနောက်နေကြတာမို့ ဆယ်ကျော်သက်လေးတွေ လို ရင်တွေ ခုန်င်း ပျော်လည်း ပျော်ခဲ့ကြသည်။
တိတ်တဆိတ် ဟန်းနီးမွန်းပင် ထွက်ခဲ့ကြသေး၏ ။
အရွယ်တင် နုပျိုမှု ဖြင့် တက်ကြွဖျတ်လတ်နေကြသည်မို့ တချို့မိတ်ဆွေအပေါင်းအသင်း တွေ က အားကျကြသည်။
ဂုဏ်ယူချီးမွမ်းကြသည်။
သမီးကို အသိမပေးသေးတာက စိတ်အနှောင့်အယှက် ဖြစ်မှာ စိုးလို့ပါ။
အိ အငြိုအငြင်လည်း မခံချင်ဘူးလေ။ ဒါပေမဲ့သမီးကို ဖွင့်ပြောထားမှလည်း ဖြစ်မှာ ပါ။
ထိုအချိန်မှာ သမီးပေါက်ကွဲလည်း နားလည်ပေပြီ ချော့မော့ဖျောင်းဖျရုံပင်။
သမီးလက်ခံမှာ လား၊ အသိအမှတ်ပြုမှာ လားဆိုတာ ကတော့။
************
အခန်း(၂)
အခန်း (၂)
“လုပ်သင့်လား၊ မလုပ်သင့်ဘူးလား တိုင်ပင်တာ မဟုတ်ဘူး။ ဒါ လုပ်ပြီးသွားပြီလို့ အသိ ပေးရုံပဲ မဟုတ်လား။ ဖေဖေ ဘာလုပ်လုပ် ရတု စိတ်မ၀င်စားဘူး ဖေဖေ။ စိတ်ဝင်စားအောက် အောင်လည်း ဖေဖေနဲ့ ရတုကြားမှာ နွေးထွေးမှု တွေ မရှိဘူး”
“သမီး”
“ရတုပြောတာ မှားနေလို့လား၊ ဖေဖေက အပြင်မှာ ပဲ ပျော်မွေ့နေတဲ့သူ။ မေမေ့အသက် ကို မီအောင် ပြန်မလာနိုင်ဘဲ အလုပ်ရှုပ်ပြနေတဲ့ ဖေဖေ့ကို အဲဒီ နေ့ကတည်းက ရတုစိတ်ထဲမှာ ထုတ်လိုက်ပြီးသားပါ”
“သမီး အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဖေဖေ အကြိမ်ကြိမ် ရှင်းပြပြီးပြီ”
“ဟင့်အင်း.. ဆင်ခြေပေးတတ်တဲ့သူကို ရတု အမုန်းဆုံးပဲ။ လိမ်ညာလှည့်ပတ်တတ်တဲ့သူ က ဆင်ခြေကို ယုံကြည်အောင် လှလှပပ ဖွဲ့နွဲ့သုံးနှုန်းတတ်တယ်။ မဟုတ်တာလုပ်တော့မယ်ဆို ရင် အရှက်မရှိ မျက်နှာချိုသွေးတတ်ကြတယ်။ အဲဒီ လူတွေ မှာ သစ္စတရားဆိုတာ နားမလည်ဘူး။ ဖေဖေ ဘယ်အချိန်ကတည်းက အိမ်ထောင်ရေး ဖောက်ပြန်နေချင်လည်း မသိပေမယ့် မေမေ လည်း ရှိမှမရှိတော့တာ ဖေဖေ အကြိုက်လုပ်ပါ”
ရတုမှီက အပြီးသတ်ပြော၍ မျက်နှာလွှဲသည်။ သက်ပြင်းတွေ ချကာ သမီးရဲ့ စွပ်စွဲချက်တွေ အတွက် ရင်မှာ နင့်နေအောင် ခံစားရ၏
အပြင်မှာ လွတ်လပ်စွာ ပျော်မွေ့ချင်လို့မဟုတ်ဘဲ စီးပွားရေး တစ်ခုမှာ ပဲ အာရုံစိုက်ကြိုးစား နေခဲ့တာ သမီး နားလည်မပေးပါလား။
ဒါပေမဲ့ အိမ်မှာ ထက် အပြင်မှာ ပိုပြီး စိတ်ချမ်းသာတာမို့ အိမ်ပြန်ချိန်တွေ နည်းတာ ကတော့ အမှန်ပဲ။
အိမ်ပြန်ရောက်လည်း အလုပ်ကို အကြောင်းပြ၍ လက်ပ်တော့ရှေ့ကနေ မထတတ်။ အ ချိန်ကုန်လျှင် အိပ်ရာဝင်သည်။
မိသားစုအပေါ် နွေးနွေးမှု တွေ ၊ သာယာမှု တွေ ၊ မပေးတတ်တာ မချစ်လို့တော့ မဟုတ်။
သမီးအမေကလည်း သူ့အပေါ် အချိန်ပြည့် ဂရုတစိုက်ရှိခဲ့တာမှ မဟုတ်တာ။ ကိုယ့်ဘက်က စကားပြောစရာရှိလျှင်တောင် လောင်းကစားဝိုင်းကနေ တော် ရုံနှင့် အိမ်ပြန်လာတတ်တာ မဟုတ်။ အရှုံးအနိုင် ငြင်းခုန်မှု တွေ ဖြင့် ဖုန်းဆက်ရတာ တောင် အဆင်မပြေ။
လောင်းကစားဝိုင်အပေါ်မှာ စွဲလမ်းလွန်းပြီး လင်ယောက်ျားနှင့် သမီးရဲ့ ဂုဏ်သိက္ခာကို ထောက်ထားရမှန်းမသိဘဲ ရဲစခန်းအချုပ်သံတိုင်တွေ ကြားမှာ လည်း ၀င်ချည်ထွက်ချည်။
သူမ မိဘဘက်က ပေးကမ်းထားသည့် အမွေအနှစ် တွေ နှင့် သူကလည်း အလျှံပယ် ရှာပေး နိုင်သည်မို့ သူမအတွက်က သုံးဖြုန်းမကုန်နိုင် ဖြစ်နေခဲ့သည်။
လောင်းကစားအတွက်ဆို အအိပ်ပျက်၊ အစားပျက်ခံသည်။ မိသားစုထက် ဖဲရိုက်ဖော် အပေါင်းအသင်း မိတ်ဆွေတွေ ကို ပိုမက်၏ ။
ဒါကြောင့် သမီးက သမီးအမေဘက်က အစ်မနှစ် ၀မ်းကွဲလောက်တော် သော အန်တီချိုနှင့် သာ အနေများ သည်။ အန်တီချိုဆိုတာကလည်း သမီးကို ကောင်းကောင်းဆုံးမသွန်သင်တတ်တာ မျိုးမဟုတ်။
သမီးရင်ထဲ နာကျင်မှု တွေ ခိုအောင်းနေအောင် တစိမ့်စိမ့်သွေးထိုးတတ်သူမျိုးပင်။
“ညည်းအဖေက ညည်းကို ဂရုစိုက်တာမဟုတ်ဘူး ညည်းအမေကလည်း ညည်းကို သူ့ဖဲ ချပ်တွေ လောက် မချစ်ဘူး။ ညည်းလည်း လုပ်ချင်တာလုပ်၊ ဘ၀မှာ ပျော်သလိုနေတာ အကောင်း ဆုံးပဲ။ သူငယ်ချင်းတွေ နဲ့ သုံးလေးရက်ခရီး ပျော်ပွဲစားထွက်မယ်ဆိုရင် ငါ့ကို အသုံးစရိတ်များများ လေး ပေးခဲ့။ ဘယ်သူမှ မရှိရင် ငါလည်း ပျင်းလို့ရွာကို ခဏပြန်ဦးမယ်”
သွေးထိုးမျြောက်ပင့်ပြောပြီးမှ ဟိုလူဆီက တစ်မျိုး၊ ဒီလူ့ဆီက တစ်မျိုး ငွေကို အမျိုးမျိုး လှည့်ပတ်တောင်း၍ နယ်မြို့လေးမှာ ရှိသော ဆွေရင်းမျိုးရင်း တူ၊ တူမတွေ ကို ပြည့်ပြည့်စုံစုံ ထောက်ပံ့တတ်သည်။
မိသားစု စည်းလုံးညီညွတ်မှု မရှိ။ ၀ါးအစည်းပြေသလို ဖြစ်နေသည်မို့ သွေးထိုးလှုံ့ဆော် အကျင့်ယုတ်ခံရတာ လည်း ဘာမှ မပြောသာပေ။ သမီးက ထိုစကားတွေ ကို နားယဉ်ပါးနေပြီး မိဘ တွေ ကို ကလန်ကဆန် ဆန့်ကျင်ရဲလာတာ ဆန်းတော့ မဆန်း။
မိဘတွေ ကသာ ဆုံးမသွန်သင် စည်းရုံးသိမ်းသွင်းတတ်ဖို့ လိုအပ်နေတာ။ ဒါပေမဲ့…
“ဖေဖေ ဒီမှာ ညမအိပ်ဘူး မဟုတ်လား။ ပြန်တော့လေ”
“ဟင် အေး…”
မာဆတ်ဆတ် သမီးနှင့် လွှတ်တာကြောင့် အတွေးတွေ တိခနဲပြတ်တောက်လျက် သမီး မျက်နှာလေးကို လှည့်ကြည့်မိသည်။
နုဖတ်ဝင်းဝါရွှန်းစိုနေသော မျက်နှာလေးနဲ့ မလိုက်။ အေးခဲ တည်တင်းမှိုင်းမှု န်နေခြင်းက ရင်ထဲက ဆန္ဒအချို့ကို သိုဝှက်ထိန်းချုပ်ထားရဟန်တူသည်။
“သမီး ကျန်းမာရေး ဂရုစိုက်ပါ”
“စကားအသစ်အဆန်းပဲ ဖေဖေ၊ ရင်ထဲ မရောက်ပါဘူး၊ ပါးစပ်ဖျားက ၀တ္တရားကျေ ထွက် လာတဲ့စကားနဲ့ မနှစ် သိမ့်ပါနဲ့။ နောက်မိသားစုဆီ စိတ်ဖြောင့်ဖြောင့်သာ သွားပါ”
ဟင်းခနဲ သက်ပြင်းချ၍ ထရပ်လိုက်ရသည်။ သူဘာပြောပြော အကောင်းမထင်သည့်သမီး ကို အပြစ်လည်း မြင်မနေချင်တော့ပါ။
“နောက်မိသားစုက ငြိုငြင်မယ်ဆိုရင် ဘာထောက်ပံ့မှု မှ မပေးပါနဲ့ ဖေဖေ”
သမီးက သူနဲ့အတူ ဗြုန်းခနဲ ထရပ်၍ ပြောသည်။ သူက ကျောပေးထားပြီးမှ မျက်နှာချင်း ဆိုင်ပြန်လှည့်ကာ.
“သူတို့က အဲလောက် သဘောထား မသေးသိမ်ကြပါဘူး သမီး၊ သူတို့ကလည်း ပြည့်စုံ ချမ်းသာသူတွေ ပါ”
“သူတို့နဲ့နေရင် စိတ်လည်းချမ်းသာနိုင်တယ် မဟုတ်လား။ ဖခင်ဝတ္တရားကျေချင်တယ်ဆို ပြီး အလည်အပတ် မလာခဲ့ပါနဲ့။ ခုလို စိတ်အနှောင့်အယှက် ဖြစ်စရာတွေ များ လာရင် သံယောဇဉ် တွေ ပြတ်တောက်သွားမှာ စိုးလို့”
ဖေဖေ လှည့်မထွက်ခင်မှာ အပေါ်ထပ်ကို တဒုန်းဒုန်း ပြေးတက်ခဲ့သည်။ ဖေဖေ နောက် အိမ်ထောင်ပြုလိုက်ပြီလို့ ပြောကတည်းက ရင်ထဲမှာ ၀မ်းနည်းဆို့နင့်နေခဲ့တာ။
ကြိုတင် တိုင်ပင်ခဲ့တာမျိုး မဟုတ်ဘဲ ၀တ္တရားကျေ အသိပေးရုံသက်သက်ဖြင့် တန်ဖိုးထား ချင်ယောင် မဆောင်သင့်ပါ။
ဘယ်တုန်းကမှ ဂရုစိုက်မခံခဲ့ရပေမယ့် တခြားမိသားစုနှင့် ပျော်နေတော့မှာ ကို ရင်ထဲက မခံ စားနိုင်ပါ။
မိသားစုအပေါ် ဥပေက္ခာတွေ နှင့် စိမ်သက်ခဲ့ပြီးမှ တခြားမိသားစုနှင့် နွေးထွေးစွာ နေတော့ မှာ ကို ဘယ်လိုမှ လိုလားလက်ခံဖို့ စိတ်ကူးမရပါ။
ဒါပေမဲ့ ဘာတတ်နိုင်မှာ လဲ ဒီထက်ပိုပြီး ပေါက်ကွဲပြလောက်အောင်လည်း မရင်းနှီးပါ။ အဖေ ဆိုသော အသိရှိပေမယ့် အနေဝေးသလို သွေးလည်း စိမ်းလှသည်။
တစ်ယောက် ထည်း နေတတ်အောင် လေ့ကျင့်ရင်းဖြင့် လူတွေ ကိုတောင် သဟဇာတ ဖြစ် အောင် မဆက်ဆံတတ်တောင် ကြာခဲ့ပြီပဲ။
“ဒေါက်….ဒေါက်…… ရတု”
“နောက်အိမ်ထောင်ပြုလိုက်ပြီတဲ့”
“လွယ်လွယ်လေးပါလား။ ငါ့ကိုတောင် မတိုင်ပင်ဘူး”
“သမီးတစ်ယော်ကိုတောင် အသိပေးရုံပေးတာ။ အန်တီချိုကို အရေး တယူလုပ်ပြောနေပါ့ မလား”
“ငါကလည်း အရေး ပေးခံချင်လို့ မဟုတ်ပါဘူး။ ညည်းအတွက် စိတ်ပူတာပါ။ ဒီလောက် တောင် မိဘတွေ က ဥပေက္ခာပြုခံနေရတာ ညည်းကံကြမ္မာကိုက”
“ဟင့်အင်း… လူတွေ က အသုံးမကျတာ။ ကံကြမ္မာကို အပြစ်ပုံချလို့ မ ဖြစ်ဘူး။ အန်တီချို လည်း ရတုအတွက် စေတနာသန့်သန့်နဲ့ စိတ်ပူပေးချင်ယောင်မဆောင်ပါနဲ့။ နေသလိုသာ နေပါ”
“ဟင်”
ပြောပြီး မျက်နှာလွှဲသွားလိုက်တာ လည်တောင်နင်သွားသည်။ ငွေရေး ကြေးရေး ကြောင့် စကားဦးသမ်းနေတာပါ။
ဘက်တော် သားအ ဖြစ် စည်းရုံးပြီးမှ လိုအပ်တာတောင်းလို့ အဆင်ပြေမှာ မဟုတ်လား။ ခု တော့ မိမိကိုတောင် အလိုမကျတော့ဘူးတဲ့လား။
“သမီးဘာ ဖြစ်နေတာလဲကွယ်။ သမီးအဖေ ပြောခဲ့တာတွေ စိတ်ထဲက ထုတ်ပြီး တစ်ည လုံး အိပ်မရမယ့်အတူတူ အပြင်သွားချင်ရင်သွားလေ”
ညမှော င်နေပြီ အပြင်တွေ ဘာတွေ မထွက်နဲ့ဟု စိုးရိမ်ပူပန်နေတာမျိုး မဟုတ်သည့် အန်တီ ချိုကို ရတုမျက်လုံးတစ်ချက် လှန်ကြည့်လိုက်ကာ နှုတ်ခမ်းပါးလေးလည်း တွန့်ကွေးမဲ့ရွဲ့သွား၏ ။
စိတ်မကောင်း ဖြစ်နေတာကို သိ၍ စိတ်ထွက်ပေါက်ရအောင် လိုက်လျောပေခြင်း ဖြစ်နိုင် သလို၊ လိုအပ်တာရှိ၍ မျက်နှာချိုသွေးတာလည်း ဖြစ်နိုင်သည်။
မတိုက်တွန်းလည်း ဒီည စိတ်ထွက်ပေါက်ရှာဖို့ စိတ်ကူးပြီးသားပါ။ ဘာမှ ချက်မနေနှင့် ။ စားချင်တာ ၀ယ်စားဆိုပြီး ငွေတစ်ထပ်ထုပ်ပေးကာ ရေချိုးခန်းတွင်းဝင်ခဲ့သည်။
ရေပန်းအောက်မှာ ခေါင်းထိုး၍ အကြာကြီး ရေစိမ်ချိုးပစ်လိုက်၏ ။ အပူတွေ များ နေသော ခန္ဓာကိုယ်က အချိန်ကြာသည့်တိုင်အောင် အေးစိမ့်မလာခဲ့ပါ။
အတွယ်အတာ မရှိသော ဘမှာ ကြုံသလို နေလာခဲ့ရင်းဖြင့် ။
************
အခန်း (၃)
“ဟိုမှာ တွေ့ လား၊ တစ်ပွေတည်း လန်းနေတာ”
“ခရမ်းရောင် လေးနဲ့ ကဲနေတာလား”
“မဟုတ်ဘူး အနီရောင် ဖျော့ဖျော့ ကိုယ်ကျပ်ပေါ်မှာ အနက်ရောင် ဝေ့စ်ကုတ်နဲ့ ကောင် မလေး၊ ၀တ်လိုက်ရင် အသည်းကွဲရောင် နဲ့ အနီရောင် ရင့်ရင့်တွေ ချည်းပဲ။ စိတ်အာဟာရမပြည့်လို့ အရိုင်းဆန်နေသလိုမျိုး”
သက်ထွန်းစကားကြောင့် စိတ်ဝင်စားကာ ဆလိုက်မီးရောင် စုံကြားမှာ မျက်လုံးဝေ့ရှာကြည့် မိသည်။ တွေ့ ပါပြီ။ ကုတ်ပေါ်မှာ ကနွဲ့ကလျ ၀ဲခါနေသော ဆံနွယ်လိမ့်ခွေခွေများ ကို တလွင့်လွင့် ယမ်းခါအောင် တွန့်လိမ်ကောက်ကွေး ကနေသော ကောင်မေလေး။
ဆံနွယ်များ နှင့် ဆုံးအုပ်နေတာမို့ မျက်နှာကို မမြင်ရပေမယ့် ပေမီဒေါက်မီ အရပ်အမောင်း ကြောင့် လူအများ ကြာမှာ ထင်းခနဲ ပေါ်လွင်နေသည်။
ကနေတာက ပရမ်းပတာနိုင်သော်လည်း စည်းချက်အတိုင်း ယိမ်းနွဲ့နေတာမို့ သူများ တွေ ထက် ကြည့်ကောင်းနေသည်။
“သူ့နာမည် က ရတုမှီတဲ့၊ တစ်ပတ်တစ်ခါ ပုံမှန်လာပြီး ကတတ်တယ်။ တစ်ခါတစ်လေ ကြားရက်တွေ ရောက်လာရင်လည်း သီချင်းကြမ်းကြမ်းတွေ ဖွင့်ခိုင်းပြီး အသကုန်ကဲတာ”
“လွတ်နေတာလား”
“အထိန်းအကွပ်မရှိတာ မ ဖြစ်မယ်။ ဒါပေမဲ့ သူ့အနားကို ဘယ်ယောက်ျားလေးမှ ကပ်တာ မကြိုက်ဘူးနော်။ ဘယ်သူ့ကိုမှလည်း အားနာရမှန်းသိတာ မဟုတ်ဘူး။ သူ့စတိုင်လ်ကို ယောက်ျား တွေ ဟတ်ထိတယ်ကွ”
မဟာမိတ်နိုက်ကလပ်ပိုင်ရှင်ရဲ့ သား ဖြစ်သူ သက်ထွန်းက သူ့ကို သေသေချာချာ ရှင်းပြ နေသည်။ သူက ဒီနေရာကို သုံးလေးလရှိလို့တောင် တစ်ခါရောက်တာတာမျိုး မဟုတ်။
ကျန်းမာရေး အတွက် လှုပ်ရှားဖို့ဆိုတာလည်း အိမ်မှာ ထရန်းနင်းခန်းရှိသည်။ ကန်တော် ကြီး တစ်ပတ်လောက် ပတ်ပြေးလိုက်လည်း လုံလောက်သည်။
ဖေဖေ့ကန်ထရိုက်တိုက်တွေ မှာ စီမံအုပ်ချုပ်မှု အပိုင်း တာဝန်ယူထားတာမို့ ဧည့်သည်တွေ ၊ မိတ်ဆွေတွေ နှင့် စားပွဲသောက်ပွဲရှိမှသာ သက်ထွန်း ဆိုင်ကိုရောက်လာတတ်တာ ဖြစ်၏ ။
ဒီနေ့လည်း ဧည့်သည်တွေ နှင့်အတူ လာခဲ့တာပါ။ ဒါပေမဲ့ ဧည့်သည်တွေ ပြန်သွားပေမယ့် သူ ကျန်ခဲ့သည်။ သက်ထွန်းက လက်တို့ကာ ကပွဲခန်းမထဲ ခေါ်လာခဲ့၏ ။
ဘီယာဘားလေးမှာ ထိုင်ရင်း ရတုမှီအကြောင်း စိတ်ဝင်တစားပြောသည်။
“ဟင်…”
တီလုံးသံအပြောင်းမှာ လက်နှစ် ဖက်ဖြင့် ဆံနွယ်တွေ ကို နောက်လှန်သိမ်းပစ်လိုက်၍ ဖူးရွ ၀င်းဖန်နေသော မျက်နှာလေးက ထင်းခနဲ လင်းလက်တောက်ပသွားသည်။
ထူတန်းမည်းနက်နေသော မျက်လုံး၊ ရှည်ကော့သော မျက်တောင်များ ရဲ့ အောက်က ၀ိုင်း စက်ညို့ရီနေသော မျက်နက်ဝန်းများ ။
အ၀တ်အစားအရောင် နှင့် လိုက်ဖက်မှု ရှိအောင် ဆေးတင်ထားသော နှုတ်ခမ်းဖူးဖူးလေ။ သွယ်ပျောင်းကြော့ရှင်းသော လည်တိုင်။
အရာအားလုံးက ညို့အားပြင်းလျက် မူးမေ့သွားစေလောက်အောင် ဆွဲဆောင်အားကောင်း ခဲ့နေခဲ့သည်။ ဒါပေမဲ စိုရဲအိထွေး ချိုလွင်သော နှုတ်ခမ်းလေးမှာ အပြုံးတစ်စမှ ရှိမနေပါ။
“သူ ဘာ ဖြစ်နေတာလဲ”
“တစ်ခုခုကို အလိုမကျလို့ စိတ်တိုင်းမကျလို့ မကျေနပ်လို့ အပျော်တွေ ပျောက်ဆုံး နေလို့”
“မင်းကလည်း မသေချာတာတွေ များ လိုက်တာ”
သူတို့ပြောနေဆဲမှာ ဘားကောင်တာက ကုတ်တစ်ဘူးယူပြီး ထိုင်ခုံအမြင့်ပေါ် ခပ်ကြွားကြွား တက်ထိုင်သည်။ ပြီးမှ စကတ်အတိုလေးကို လုံခြုံအောင် ခြေချင်းချိတ်၍ ကုတ်ဘူးလေးကို နှုတ် ခမ်းဖျားမှာ ရွရွလေးတေ့ကပ်သောက်သည်။ ဘယ်ယောက်ျားသားကိုမှ မျက်လုံးတစ်ချက် ဝေ့ မကြည့်။
အာသာငမ်းငမ်း ဖြစ်နေကြသည့်ယောက်ျားတွေ ကိုလည်း ဂရုမစိုက်။ အဖော်မရှိဘဲ ဒီလိုနေ ရာကို ရောက်လာရဲတာကိုက သူ့အတွက် စိတ်ဝင်စားဖွယ် ဖြစ်နေသည်။
“ဟိတ်ကောင် မိုးကာ ဘယ်လဲ”
သက်ထွန်းစကားကို သူ ဂရုမစိုက်နိုင်၊ စိတ်အာရုံတို့က သူမဆီမှာ သာ နစ်မြေလျက် ခြေ လှမ်းတို့က အလိုအလျှောက် သူမနားကို ရွေ့လျားသွားကြသည်။
“ကျွန်တော် ဒီမှာ ခဏထိုင်မယ်နော်”
သူ့ရဲ့ ခွင့်တောင်းမှု က သူမကို မျက်ခုံးတစ်ချက် ပင့်သွားစေလျက် လှောင်ပြုံးတစ်ခု အပိုဆု ရလိုက်သည်။
“တခြားမှာ ထိုင်စရာနေရာတွေ အများ ကြီး ဘာလို့ ကျွန်မအနားမှာ ခွင့်တောင်းပြီး လာ ထိုင်ရတာ လဲ”
“ဗျာ”
ဒီလို ပက်ခဲ မတူမတန် ပြောလိုက်မည် ဟု မထင်မိပါ။ မျက်နှာတစ်ခုလုံး ရှိန်းဖိန်းနီမြန်း သွား သော်လည်း စက္ကန့်ပိုင်းအတွင်း ဣနြေ္ဒရရ တောက်ပစွာ ပြုံးလိုက်နိုင်သည်။
“ကျွန်တော် ခင်ဗျားနဲ့ မိတ်ဆွေ ဖြစ်ချင်လို့”
သူ့ကို ငကြောင်ဟု တွေးထင်သွားသလိုမျိုးဖြင့် နှုတ်ခမ်းလေးပွင့်ဟသွားလျက် လှောင်ပြုံးပြုံ သည်။
“ဒီနေရာကို တစ်ယောက် ထည်း ရောက်လာလို့ အထင်သေးပြီး ရောချင်တာလား”
“ဟာ ဆောရီး၊ အဲလိုသဘောမျိုး မဟုတ်ပါဘူး။ ခင်ဗျားကို အထင်သေးတဲ့အရိပ် အယောင်တွေ ကျွန်တော် မျက်လုံးထဲမှာ တွေ့ နေရလို့လား”
“ဟန်ဆောင်တဲ့သူတွေ က ပိုပြီးသိုဝှက်တတ်တယ်။ ကောက်ကျစ်မှု မှာ ကျွမ်းကျင်နေတဲ့သူ တွေ ပေါ့”
မာဆတ်ဆတ် သူမအပြောက သူ့ကိုနည်းနည်း မှ အယုံအကြည်မရှိတာ သိသာနေသည်။ သူက သတ္တိမွေးကာ သူမနှင့် ကပ်လျက်ခုံမှာ ၀င်ထိုင်လိုက်သည်။
သူမရဲ့ အပြုံးတစ်စ မဲ့ခနဲ ဖြစ်သွားပေမယ့် ခါးခါးသီးသီးနှင့် မလွှတ်တာမို့ သူက ရဲတင်းစွာ ပင် ပြုံးပြလိုက်သည်။
“တစ်စုံ တစ်ယောက် ကြောင့် သိမ်းကျုံးဝေဖန်ပစ်လိုက်တာဆိုရင်လည်း ကျွန်တော့်ကို ခြွင်း ချက်ထားပေးပါလားဗျ”
“ဘာတွေ အခက်အခဲရှိနေလို့လဲ”
“ကျွန်တော် ခင်ဗျားနဲ့ မိတ်ဆွေ ဖြစ်ချင်လို့ပါလို့ ပြောပြီးပြီလေ။ ကျွန်တော့်နာမည် မိုးကာ လို့ခေါ်ပါတယ်။ ကျောင်းပြီးလို့ ဖေဖေ့လုပ်ငန်းမှာ ၀င်လုပ်နေတယ်”
“ဟင်း… ဟင်း”
သူမ ပါစပ်လေးပိတ်ကာ အသံထွက်ရယ်ချလိုက်တော့ သူ ကြောင်စီစီဖြင့် ရှက်ရွံ့ထူပူ သလို ပင် ဖြစ်သွား၏ ။
“ခင်ဗျား ဘာရယ်တာလဲ”
“ရှင့်ကို ဘယ်သူက မိတ်ဆွေအ ဖြစ် လက်ခံပါမယ်ပြောလို့ရှင်က ကိုယ်ရေး ရာဇ၀င်တွေ ပြောနေရတာ လဲ။ ကျွန်မ ဘယ်သူနဲ့မှ မိတ်ဆွေမ ဖြစ်ချင်ဘူး”
“ဘာ ဖြစ်လို့လဲဟင်”
“ဘယ်လိုလူမျိုးကိုမှ မယုံကြည်တတ်လို့”
ချိုသော အပြုံးမှာ ရင်းနှီးလိုဟန်တွေ မရှိပါ။ ဒါပေမဲ့ အပျင်းပြေနေသလို နဂိုကလောက် မျက်နှာလေး တင်းမာမနေတာ ကတော့ သူ့အတွက် အားဆေး ဖြစ်သည်။
ငြိမ့်ညောင်းသော သံစဉ်များ နှင့် သူမ စည်းချက်ကို ညည်းညူနေတာလေးက သူ့ရင်ကို ညှင်းသွဲ့သွဲ့ လှုပ်ရှားနေစေသည်။ ဘာကိုမှ မရှက်မကြောက် ဂရုမစိုက်တတ်တာကိုက သူမရဲ့ ထူးခြားမှု ဖြစ်မည် ။
သူကလည်း မိန်းကလေးတိုင်းကို ခပ်ကြောင်ကြောင် ရောနှောမိတ်ဆက်ပြီး ပတ်သက်ဖို့ ကြိုးစားတတ်သည့်လူမျိုးမဟုတ်ပါ။ စိတ်ရဲ့ စေ့ဆော်မှု ကြောင့် သူမအနားကို ရောက်လာခဲ့ခြင်းပင်။
“ရှင် သွားမကဘူးလား”
ကနေကြသည့်လူတွေ ကို မေးငေါ့ပြပြီး သူမမေးသည်။ သူက ပခုံးနှစ် ဖက် စုံတွန့်ပြကာ.
“ကျွန်တော် ၀ါသနာ ပါဘူးဗျ။ ကလည်း ကမတတ်ဘူး”
“ဒါဆို မိန်းကလေးတွေ ကို ကြောင်ချင်လို့ ဒီနေရာရောက်နေတာလား”
“အား ခင်ဗျားပြောလိုက်တာ တစ်လုံးတစ်ခဲပဲ။ ကျွန်တော် က ဘူကြောင်ကြောင်နေတဲ့ ကောင် မဟုတ်ပါဘူး။ ဒါက သူငယ်ချင်းဆိုင်လေ။ မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ တစ်ခါတစ်ရံ ရောက်လာတတ်တယ်။ တစ်ခါတစ်လေတော့လည်း ဟိုဘက်က ကာရာအိုကေခန်း သီချင်းလေး ဘာလေး လာဟစ်တာပေါ့”
“ဟိုဘက်မှာ ကာရာအိုကေခန်း ရှိသေးတယ် ဟုတ်လား”
“အင်း.. သီးသန့် အလုံပိတ်ပဲ ဆိုချင်လို့လား”
“သချင်းတော့ မဆိုတတ်ပါဘူး။ ဒါပေမဲ့ ရင်ထဲရှိတာတွေ အကုန်ထုတ် ပစ်လိုက် ချင်တယ်”
“ကျွန်တော် လိုက်ပို့မယ်လေ”
သူမက ခေါင်းမညိတ် ခေါင်းမခါနှင့် ဆုံလည်ထိုင်ခုံရှည်လေးပေါ်က ခုန်ဆင်းသည်။ သူက ကာရာအိုကေခန်းဘက်ကို စိတ်ပါလက်ပါ ဦးဆောင်သွားမိ၏ ။
သူမက ဘာစကားတစ်ခွန်းမှ မပြောဘဲ သူ့နောက်လိုက်လာခဲ့ပြီး ကာရာအိုကေထဲ အရောက်မှာ သူမဘာသာ သီချင်းခွေရွေး၍ ကျယ်ကျယ်လောင်လောင်ပင် ဖွင့်သည်။
သူက နာဝင်ပီ ချိုမြစွဲမက်ဖွယ်ကောင်းမည့်  သူမအသံလေးကို နားထောင်ဖို့အတွက် ဆိုဖာ ခုံရှည်မှာ ကျောကပ်မှီ၍ အဆင်သင့် ဖြစ်နေသည်။
သီချင်းက ဒီဂျေပွတ်ထားသည့် ရပ်ပ်ပါသီချင်းမို့ သူ မနှစ်သက် မကြိုက်လှသော်လည်း သူမအသံချိုချိုလေးအတိုင်း စီးမျောခံစားရမည် ။
“အား ဘာလဲဟ”
သူ ယောင်ယမ်း၍ ပင် ထအော်မိ၏ ။
ဒေါသတွကြီး ရန် ဖြစ်နေသော သီချင်းစာသားက မြူးကြွသော တီးလုံးနှင့် ဘယ်လိုမှ မလိုက် ဖက်။ ပိုဆိုးသည်က သံသေးသံကြောင် ကပေါက်တိကပေါက်ချာ သူမအသံပင်။
မိုက်ခ်ကိုင်ပြီး အိုက်တင်လုပ်၊ ပဲများ နေနေတာက တကယ့်ပရော်ဖက်ရှင်တယ်လ်အဆို တော် ကြီးအတိုင်း၊ အသံထွက်လာတာ့ စိတ်ညစ်လောက်အောင် နားဝင်ဆိုးလှသည်။
သူကဲ့ရဲ့ လှောင်ပြုံးပြုံးနေမမိတာကို သူမက ဂရုမစိုက်ပါ။ မိုက်ခ်ကို လက်နှစ် ဖက်ဖြင့် စုံကိုင် ကာ ကဆုန်ပေါက်အော်နေသည်။
ဘာတွေ ခံစားပြီး ဖွင့်ထုတ်ပေါက်ကွဲနေသည်မသိပေမယ့် သူမအသံကို နားထောင်ကာ ရယ်ချင်နေမိသည်။ သူမကိုယ်သူမ အသံကောင်းလှသည်ဟု ထင်နေလားမသိ။ သီချင်းတစ်ပုဒ် အပြီးမှာ သူမကိုယ်သူမ လက်ခုပ်တီး၍ အားပေးနေသေးသည်။
“ဟား ဟား ဟား ဟား”
စိတ်မထိန်းနိုင်စွာ အော်ကြီးဟစ်ကျယ် ရယ်ချမိတော့ သူမမျက်စောင်းက သူ့ဆီ ဒိုင်းခနဲ ရောက်လာ၏ ။
“ပြောင်သလို၊ လှောင်သလိုနဲ့ နားမထောင်ချင် အပြင်ထွက် သွားပါလား”
“ဟာဗျား မင်းကိုလည်း လိုက်ပို့ရသေးတယ်။ ဘာလိုနှင်လွှတ်တာလဲ ဟင်း ဟင်း ဟင်း မင်းအသံက နားထောင်လို့ ကောင်းပါတယ်”
“လာမြှော က်မနေနဲ့ ကိုယ့်ကိုယ်ကို သိတယ်”
သူမက မိုက်ခ်ကို ကိုင်ထားကာ မိုခ်နှင့် ပင်ပြောသည်။ ကလေးဆန်တာလား၊ အရှက်နည်း နည်းမှ မရှိတာလား။ မသိပေမယ့် သူ ကတော့ လွတ်လပ်ပေါ့ပါးစွာ ချစ်မြတ်နိုးစွာ စတိုင်လ်လေးဟု ရူးရူးမိုက်မိုက် ယူဆပစ်လိုက်ပါသည်။
သူမ စကတ်တ၀ဲဝဲလေး တစ်ခါခါနှင့် သီချင်းနောက်တစ်ပုဒ်ပြီးမှ မောပန်းသွားသလို ဆိုဖာ ခုံပေါ် ခြေပစ်လက်ပစ်မှီထိုင်ချလိုက်သည်။ သူ့ကို သူမလက်ထဲက မိုက်ခ်လး ထိုးပေးကာ
“ရှင်လည်း ဆိုချင်ဆိုလေ”
“ဟင့်အင်း ကျွန်တော် ဒီနေ့ စိတ်ပျက်နေတယ် မဆိုချင်ဘူး”
“အင်း ဟုတ်တယ်။ ကျွန်မလည်း စိတ်ပျော်နေတဲ့နေ့ဆို သီချင်းမဆို ဖြစ်ဘူး”
“အခု ဘာတွေ တင်းနေလို့ လျှော့နေတာလဲ”
“ရှင် မစပ်စုနဲ့လေ။ ကိုယ်ရေး ကိုယ်တာ ပြောပြရလောက်အောင် ရှင်နဲ့ကျွန်းမ ရင်းနှီးသေး လို့လား။ အခု ကျွန်မစိတ်ထဲ ပေါ့သွားပြီပြန်တော့မယ်”
ကောက်ခါငင်ခါ ထပြန်ဖို့လုပ်တော့ မိုက်ခ်ကြီးကိုင်ထားလျက် ယောင်တောင်တောင် ဘာ လုပ်ရမှန်းပင်မသိ ဖြစ်သွား၏ ။ ဘာကြောင့် ဒီမိန်းကလေးက အားမနာတတ်ရတာ လဲ။
သူလည်း မိုက်ခ်ကို ပစ်ချလျက် သူမနောက်ကို လိုက်လာခဲ့သည်။ သူကမ ကားပါကင်နား အရောက်မှာ နောက်လှည့်ကြည့်၍
“ရှင်ရော ပြန်တော့မလို့လား”
“မဟုတ်ဘူး မင်းနောက်လိုက်မလို့”
“ဘာ”
“သြော် မင်းနဲ့ ရင်းနှီးချင်တယ်ဆိုရင် မင်းအိမ်ကိုတော့ သိထားသင့်တယ် မဟုတ်လား”
“ရှင်တို့ယောက်ျားတွေ မိန်းမပိုးဖို့အတွက်တော့ အချိန်ပေးတတ်ကြတယ်နော်”
“ဗျာ”
သူမ အဲလောက် ပွင့်လင်းလိမ့်မည် ဟု မထင်မိပါ။ ရှိုးတိုးရှန့်တန်း ဖြစ်သွားပေမယ့် သူက ထိုစကားကို နှစ်သက် သဘောကျသွားသည်။ သူမ ထိုသို့ လက်ခံသဘောပေါက်ထားလျှင် သူ့ အတွက် ထပ်မံကြိုးစားဖို့ အခွင့်အရေး ရှိနေသည်ပဲ။
“ကျွန်တော် ခင်ဗျားနာမည် ကိုတော့ သိထားတယ်နော်။ ရတုမှီ မဟုတ်လား။ ကျွန်တော့်  နားမည် ကို မိုးကာ”
“နာမည် လည်း မလှဘဲနဲ့ ပြောတာ နှစ် ခါရှိသွားပြီ”
“သြော် ခင်ဗျား မှတ်ထားတယ်လား။ ကျွန်တော် က မေ့မေ့ပျောက်ပျောက် ဖြစ်သွားသလား လို့ပါ”
“ဟင်း ဟင်း ရှင်က စကားပြော လူရည်လည်သားပဲ၊ အတွေ့ အကြုံမနည်းတော့ဘူး ထင် တယ်”
“ဘုရားစူး၊ မိုးကြိုးပစ်၊ မိန်းမလေး တစ်ယောက် နဲ့ ဒီလောက်ကြာကြာ တစ်ခါမှ စကားကြာ ကြာ မပြောဖူးပါဘူး။ ”
သူမက ဟာသတစ်ပုဒ်ကြားရသလို တစ်ခစ်ခစ်ရယ်ပြီး ကားပေါ်ထတက် ကားစက်နှိုး သည်။
သူမကားက ပြိုင်ကားသဖွယ် နောက်အမိုးဖွင့် ကားအနီရဲရဲလေး ဖြစ်သည်။ ကြော့ကြော့ မော့မော့ သူမအသွင်နှင့် လိုက်ဖက်ကာ ကြွားကြွားရွားရွား ခေတ်မီဆန်းသစ်လွန်း၏ ။
“ကျွန်တော် လိုက်ခဲ့မယ်နော်”
သူမက ဘာအဖြေမှ ပြန်မပေးပါ။ ကားလေးကို ရှောခနဲ မောင်းထွက်သည်က ကားမောင်း ကျွမ်းကျင်ကြောင်း သိစေလိုဟန်ရှိသည်။
ကွယ်တစ်လှည့် ပျောက်တစ်လှည့်။
မီးရောင် တွေ လင်းထိန်နေသော လမ်းမတစ်လျှောက် လူတွေ ၊ ကားတွေ ရှုပ်ယှက်ခတ် လျက် ပျော်စရာပင်ကောင်းနေသေး၏ ။ သူမကားလေးကို အမီလိုက်ရင်း သူ့ရင်ထဲ ပေါ့ပါးလတ် ဆတ်မြူးကြွနေသည်။
“ဟာ ဘာလုပ်တာလဲ”
လူကုံထံရပ်ကွက်ရဲ့ အနက်ရောင် ခြံဝင်းတံခါးကြီးရဲ့ ရှေ့မှာ ရတုမှီကားလေး ထိုးရပ်သွားပြီး ရတုမှီကားပေါ်က ဆင်းကာ မှိးရေထဲ ထွက်ရပ်နေသည်။
ဆံနွယ်တွေ နှင့် ကိုယ်ခန္ဓ္ဓာတစ်ခုလုံး ခဏချင်းမှာ ပင် မိုးရေတွေ စိုရွှဲသွား၏ ။ ဒီမိန်းကလေး ဘာတွေ အရူးထပြန်ပြီလဲ။ ထီးလည်းမရှိ၊ မိုးကာလည်းမပါ။ သူပါအရူး ထ၍ ကားပေါ်က ဆင်းရတော့မည် လား။
“ဟိတ်မင်းဘာလုပ်နေတာလဲ”
ကားကိုမှီ၍ လက်ပိုက်ရပ်နေသော သူမအနားသို့ ရောက်လာကာ သူမေးတော့ မိုးရေ စက် တွေ ပွတ်သပ်သုတ်ပြီး -
“မိုးရေချိုးနေတာ ရှင် မမြင်ဘူးလား”
“အအေးပတ်မှာ ပေါ့ကွ၊ ညလဲ မှော င်နေပြီ၊ မင်းအိမ် မင်းပြန်ပါလား”
“ဒါ ကျွန်မအိမ်ပဲလေ၊ ၀င်ချင်တဲ့အချိန် ၀င်သွားလို့ရတယ်၊ မိုးကအချိန်မရွေး ရွာနေတာ မဟုတ်ဘူး၊ ရွာတဲ့အချိန် ချိုးရတာ ”ဒီမိန်းကလေးစိတ်က နော်(လ်)မယ်မှ ဟုတ်ပါရဲ့ လား။ မိုးရေ စက်တွေ ကို ပါစပ်ကိုဟ၍ ခံသောက်လိုက်၊ ကားကို လှည့်ပတ်ကာ ခုန်ပေါက် ဆော့ကစား လိုက် ဖြင့် လွတ်လွတ်လပ်လပ် ပျော်ရွှင်နေသလိုပင်။
သူလည်း စိတ်တွေ လူပ်ရှားလာကား လက်နှစ် ဖက်ကို ဆန့်တန်း၍ မိုးပေါ်ကို မျက်နှာ မော့  ကာ မိုးရေ စက်တွေ အားရပါးရသောက်သုံးနေ မိသည်။
“ရှင်ဘာအရှုးထတာလဲ”
“ဘာကွ”
“ကျွန်မက မိုးရွာရင် မိုးရေစက်တွေ ကို အဖော်လုပ်နေကြမို့ ထားလိုက်ပါတော့၊ ရှင်က”
“အေး ဟုတ်တယ်၊ အလေ့အကျင့်မရှိလို့ နည်းနည်း တော့ ချမ်းနေပြီကွ၊ မင်းအိမ်ရှေ့ လည်း ရောက်နေပြီ၊ ကိုယ်ကိုကော်ဖီပူပူလေး တစ်ခွက်လောက် တိုက်ပါလား”
“တိုက်တော့ တိုက်ချင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ စိတ်ထဲမှာ အခုမိုးရေထဲမှာ နေချင် တာကလွဲပြီး သဒ္ဓါတရား မရှိဘူး ဖြစ်နေတယ်၊ ရှင်ပြန်သင့်ပြီ ထင်တယ်”
“ဟင် နှင်လွှတ်ပြန်ပြီ၊ ဒီထိအောင်လိုက်ပြီး မင်းနဲ့အတူ ဒုက္ခခံနေတာကို အား မနာ တတ်ဘူး လားကွာ”
“အားနာတတ်တဲ့လူက ပျော့ညံ့တာနဲ့ အတူတူပဲတဲ့၊ ကျွန်မ အဲလိုလူမျိုး ဖြစ်မှာ စိုးလို့ ဘယ် သူကိုမှ အားမနားဖူးဘူး”
“ဟာ မင်းစကားတွေ က အဆန်းပဲ၊ ကော်ဖီတစ်ခွက်လောက် တိုက်တာနဲ့ မင်း ပျော့ညံ့တဲ့ လူတစ်ယောက် ဖြစ်မသွားနိုင်ပါဘူးကွာ”
“ရှင် အရမ်းငတ်ကြီးကျနေရင်လည်း လိုက်ခဲ့”
ဆောင့်အောင့်ပြောကာ ခြံတံခါးကို ရီမုတ်ဖြင့် ဖွင့်ပြီး ကားလေးကို မောင်း၍ ခြံဝင်းထဲ ၀င်သွားခဲ့သည်။ ရင်မှာ အောင့်သက်သက်ဖြင့် အခံရ ခက်လှသော်လည်း မိုးအေးအေးမှာ သူမဖျော်တိုက်သော် ကော်ဖီပူပူတစ်ခွက်ကို ဘာကြောင့် သောက်ချင်မှန်းမသိ။
သူမရဲ့ ဂျစ်ပစီဆန်သော စရိုက်များ က သူ့ရင်ဘတ်တစ်နေရာမှာ ဆွဲထုတ်လွှင်ပစ်လို့ မ ရ အောင် ငြိတွယ်လျက်။
************
အခန်း(၄)
ကားမောင်းဝင်လာခဲ့သည် ကွန်ကရစ်လမ်းတလျှောက်ရဲ့ လမ်းဘေးဝဲယာမှာ တချို့လူကုံ ထံအိမ်တွေ လို အလှစိုက်ပြိုးထားတတ်ကြသည့် ပန်းပင်၊ ပန်းအိုး ဘာမှမဲမင်တွေ့ ရ။
သရက်ပင်ပုပု၊ မာလာကာပင်ပုပုလေးတွေ ကလည်း အလေ့ကျပေါက်နေသလို ပြုပြု ပြင်ပြင်မရှိ။ လုံးချင်တိုက်ကလေးရဲ့ ဒက်ကဒေးရှင်းကလည်း စိတ်ဝင်စားဖွယ်ရာ မကောင်းဘဲ ဧည့်ခန်းကျယ်ရဲ့ ပြင်ဆင်မှု ကလည်း ဗရုတ်ဗရက် နိုင်လွန်းသည်ဟု ထင်မိသည်။အိမ်ရဲ့ ပရိဘောဂ
တွေ က သူ့နေရာနှင့် သူ မဟုတ်သလို ဖုန်သဲ အလူးလူးဖြင့် သန့်ရှင်တောက်ပြောင်ခြင်းမရှိ
“ဘာတွေ လျှောက်စပ်စုနေတာလဲ ဧည်သည်ကဧည်သည်လိုနေ ဒီအိမ်မှာ အိမ်ဖော်တစ်
ယောက် မှ မရှိတော့ ဖြစ်သလိုပဲ”
“မင်းမှာ လူကြီးမိဘတွေ ကော မရှိဘူးလား”
ဆိုဖာခုံတစ်လုံးမှာ မသိုးမသန့်နှင့် ၀င်ထိုင်ရင်း မေးမိတော့ သူမက လက်ကိုင်အိတ် လေး ကိုတစ်နေရာမှာ လှမ်းပစ်တင်ပြီး -
“အမေ့ဘက်က နှစ် ၀မ်းကွဲလောက်တော် တဲ့ အဒေါ် တစ်ယောက် ရှိတယ်၊ ဒါပေမဲ့ သူ့ အ မျိုး တွေ ရှိတဲ့နယ်ကို ပြန်သွားတာ တစ်ရက်နှစ် ရက်လောက် ကြာမလားမသိဘူး”
“ဒီအိမ်ကြီးမှာ မင်း တစ်ယောက် တည်နေတာပေါ့၊ မကြောက်ဘူးလား”
“ကြောက်တတ်ရင် နှစ် ခါပြန်သေရမှာ ပေါ့၊ ထိုင်ငိုနေလို့ရော ဘယ်သူက အဖော်လုပ် ပေးမှာ လဲ၊ သြော် ရှင့်ကို ကော်ဖီတိုက်ဖို့”မေ့နေတယ်၊ ခဏလေးစောင့်နော်၊ အ၀တ်အစားလဲပြီး ယူပေးမယ်”
သူမက သူ့ကို ဒီအတိုင်းထားခဲ့ကာ အပေါ်ထပ်ကိုတစ်ဒုန်းဒုန်းပြေးတတ်သွားသည်။ သူက ဟိုဒီ လျှောက်ကြည့်ရင်း တစ်ယောက် တည်းခြောက်သွေ့စွာ နေနေရသော သူမဘ၀ကို စာနာ သနားနေမိသည်။ ဒါကြောင့် အပြင်မှာ ပျော်သလိုနေနေခြင်းလား။
“ရော့ ရေနွေးက အရင်နေ့က လက်ကျန်ဆိုတော့ သိပ်မပူဘူး၊ အခုတည်ရမှာ စိတ်မပါဘူး ၊ ကြာလည်း ကြာမှာ ဆိုတော့ ဒီအတိုင်းပဲ သောက်လိုက်တော့”
ဖန်ခွက်လေးထဲမှာ ရေနွေးဖြူထည့်၍ ထိုဖန်ခွက်လေးပေါ် ကော်ဖီမစ်ထုပ်လေး တစ်ထုပ် တင်ကာ စားပွဲပေါ် ချပေးတော့ သူအံ့အားသင့်သွားသည်။
နို့ဆီတွေ သကြားတွေ နက်(စ်) ကော်ဖီပုလင်းတွေ ဘာညာတွေ မဟုက်ဘဲ ၀တ္တရာကျေ ဒီအတိုင်းပဲပေါ့။ သူမလည်း နေ့စဉ် ဒီလိုပဲ သောက်နေတာပေါ့။
ဖြစ်ကတတ်ဆန်း နေတတ်လွန်းတာ သူမရဲ့ အကျင့်ဝသီဘော်လား၊ ပျင်းရိညံ့ဖျင်းချင်းလား။ ဘာပဲ ဖြစ် ဖြစ် သူ့စိတ်အာရုံက ကော်ဖီခွက်လေးမှာ မရှိတော့ဘဲ ပိုးပျော့ဂါဝန်ဖြူ လွလွလေး လဲဝတ်လာသော သူမရဲ့ အလှမှာ သာ ရစ်မှုးလျက်ရှိလေသည်။
ပြောင်တင်းဝင်းဖန့်နေသော မျက်နှာလေးမှာ ဘာမှလိမ်းခြယ်ထားခြင်း မရှိပေမယ့် နှုတ်ခမ်းဆိုးဆေး အနီရောင် တင်ထားသော နှုတ်ခမ်းဖူးဖူးလေးက စွဲညို့အားတွေ ကောင်း နေ ခဲ့သည်။
အင်္ကျိင်္ီက လက်ပြတ်လယ်ဟိုက်လေးမို့ စိမ်းဖန့်ဝင်းဝါနေသော လည်တိုင်ကြော့ကြော့နှင့် လက်မောင်းသားတစ်လျှောက် မေ့မေ့မူးမူးကြည့်နေပြီးမှ အသက်ရှူသံပြင်းကာ ဆတ်ခနဲ မျက်နှာ လွဲလိုက်ရသည်။
မိန်းကလေး တစ်ယောက် ကို မျက်စိအစာကျွေးပြီး ဒီလောက်အရသာခံ အခွင့်အရေး ယူပြီး ကြည့်မနေသင့်ပါ။ မိကောင်းဖခင် သားသမီးပီသစွာ စိတ်ရိုင်းကို အသိစိတ်နှင့် ချွန်းအုပ်ရသည်။
“ကော်ဖီမွှေဖို့ ဇွန်းမရှိဘူးလား”
ရေနွေးထဲမှာ ကော်ဖီထုပ်ဖောက်ထည့်ပြီး သူမေးတော့ သူမက ရှုံ့ရှုံ့မဲ့မဲ့ ခေါင်း ယမ်း ပြ သည်။
“ရှိတော့ရှိပါတယ်၊ မီးဖိုချောင်ထဲ တစ်ခေါက်ပြန်သွားယူရမှာ ပျင်းစရာကြီး၊ အိတ်ခွံ လေးကို သေးသေးလေးလိပ်ပြီး မွှေလိုက်လည်း ရတာ ပဲ၊ ရှင်ကဇီဇာကြောင်လိုက်တာ၊ ဧည့်သည် ဆိုတာ အိမ်ရှင်ကျွေးသလို စားသောက်ပြန်တာ၊ နောက်တစ်ခေါက်လာလည်ဖို့ အခွင့်အရေး ရှိတယ်၊ မနေတတ်မထိုင်တတ်ဆိုရင်တော့ ခွက်ကိုပြန်ချပြီး အခု ဂိုးတော့”
“အဲလိုဧည့်ဝတ်ကျေတဲ့ အိမ်ရှင်မျိုး ခုတစ်ခါပဲ တွေ့ ဖူးတယ်”
ရယ်ဟဟနှင့် စနောက်လိုက်တော့ သူမနှုတ်ခမ်းဖူးဖူးလေး ပြုံးယောင်သမ်းလာသည်။ သူက အေးစက်စက်ကော်ဖီလေးကို ရှုံ့းမဲ့သောက်ကာ-
“ထမင်းဟင်းကျတော့ ဘယ်သူချက်တာလဲ၊ မင်းချက်တာလား”
“ဟင့်အင်း၊ အချက်အပြုတ် အဖွပ်အလျှော် အိမ်သန့်ရှင်းရေး ဘာတစ်ခုမှ ၀ါသနာမပါဘူး၊ အန်တီချို အိမ်မှာ ရှိတဲ့နေ့လည်း ချက်ချင်မှချက်တာဆိုတော့ အပြင်မှာ ၀ယ်စား ဖြစ်တာများ တယ်၊ အိမ်မှာ ခေါက်ဆွဲထုပ်တွေ ဘာတွေ ရှိတော့ အလွယ်ခေါက်ဆွဲပြုတ် စားလိုက်တဲ့ နေ့တွေ လည်းရှိတာပဲ”
“သြော်”
ဘ၀ကို အလွယ်တကူ ပေါ့ပေါ့တန်တန် ဖြတ်သန်းနေသော ရတုမှီကိုကြည့်၍ သူ သက်ပြင်းရှည်ကြီး မှု တ်ထုတ်လိုက်မိသည်။ စည်းကမ်းမရှိသော နေထိုင်မှု မျိုးဖြင့် သူမ ဘယ်လို မိဘမျိုရဲ့ လက်ထဲမှာ ကြီးပြင်းခဲ့တာလဲ။
“မင်းမိဘတွေ ဆုံးသွားတာကြာပြီလား”
“ယောကျာ်းတန်မဲ့ စပ်စုလွန်းတာ ကျွန်မ မကြိုက်ဘူး မိုးကာ၊ သူများ ပြောမှ နားထောင် ပေးတာက လူ့ယဉ်ကျေးမှု မဟုတ်ဘူးလား”
စကားကြီး စကားကျယ်နှင့် ချေပဖို့တော့ သူမက အားမနာတမ်း ကျွမ်းကျင်လေသည်။ သူကနဖူးပေါ်လက်နောက်ပြန်တင်ကာ မချိသွားဖြဲ ဆလံသလိုက်ပြီး-
“ဆောရီးပါ ရတု၊ ကျွန်တော် က ရတုနဲ့ပတ်သက်ရင် သိချင်တာတွေ များ နေလို့ပါ”
“အလေးအနက် ခံစားကြည့်ဖို့တော့ မ ဖြစ်နိုင်ပါဘူး ဘယ်လိုနေထိုင် ပြုမူတယ်ဆိုတာ လေ့လာချင်လို့ မဟုတ်လား၊ အင်း ရှင်မြင်တဲ့ အတိုင်းပဲနော်၊ ကျွန်မမှာ မိန်းမပီသတာ ဘာ တစ်ခှုမရှိဘူး၊ နေချင်သလိုနေတယ်၊ စားချင်သလိုစားတယ်၊ ဘ၀ကို ဖြစ်သလို ဖြတ်သန်းပြီ ပျော် သလိုနေတာ”
ဒါဟာအပြစ်တစ်ခုလို့ သူဘာကြောင့် မခံစားမိတာလည်းမသိချေ။ စိတ်ဒဏ်ရာ တစ်ခု ကြောင့် လောကကြီးကို အရွဲ့တိုက်နေတာဟု ဖြေသိပ်တွေးလိုက်မိ၏ ။
သူမက တဘက်စောင်လေးဖြင့် မိုးရေစိုထားသော ဆံနွယ်တွေ ကို ခပ်ဖွဖွသုတ်ကာ-
“ကော်ဖီလေး တစ်ခွက်ကို လည်နင်အောင်မျိုချမနေနဲ့၊ အချိန်နာရီကြည့်ပြီး ပြန်သင့်ပြီး လို့တွေးပါလား”
“အင်း ကျွန်တော် ပြန်တော့မှာ ပါ၊ နောက်အိမ်လာလည်ဖို့ ခွင့်ပြုနော်”
“အချိန်မရွေးလာလည်လို့တော့ မရဘူး၊ ကျွန်မ ပျင်းတဲ့အခါ လိုအပ်တဲ့အခါမျိုးဆိုရင်တော့ မိတ်ဆွေ တစ်ယောက် အ ဖြစ် လက်ခံပါမယ်”
သူက ထိုစကားလေးကို ကြည်နှုးလက်ခံကာ ပြန်လာခဲ့သည်။ သူမကအိမ်ရှေ့ထိ လိုက်ပို့တာမျိုး၊ လက်ပြနှုတ်ဆက်တာမျိုးမရှိပါ။ သူ ဧည့်ခန်းအရောက်မှာ ပင် ဆိုဖာခုံလေးပေါ် ပစ်လှဲပြီး တီဗွီကြည့်ကာ သက်သော င့်သက်သာ ကျန်ခဲ့သည်။
ဒီလောက်တောင် ချမ်းသာကြွယ်ဝပါလျက် ခြွေရံသင်းပင်း နည်းပါးရတာ လဲ။
မေတ္တာတွေ ၊ နွေးထွေးမူတွေ ခေါင်းပါးသော အရပ်မှာ သူမအထီကျန်စွာ တစ်ယောက် တည်း နေထိုင်နေရခြင်းများ လား။ ဘာ ဖြစ် ဖြစ်သူမအကြောင်းက သူ့ရင်ထဲမှာ မှတ်မှတ်ထင်ထင် အလေးအနက် ခိုအောင်းအမြစ်တွယ်နေသည်။
သူ့ရဲ့ အိမ်ပြန်ချိန်သည် ဟိုအရင်နေ့တွေ လို တာဝန်ဝတ္တရားများ နှင့် ၀န်ထုပ်ဝန်ပိုး ဖြစ်မနေဘဲ ပေါ့ပါးလန်းဆန်းတက် ကြွနေသည်။ အချစ်ရဲ့ စေ့ဆော်မှု ကြောင့် သူ့ရဲ့ နှလုံးသားများ က နွေးဖြားယိမ်းထိုးလျက်။
************
အခန်း(၅)
“ဟယ် သား မိုးရေတွေ စိုရွဲလို့၊ ကားနဲ့ပြန်လာတဲ့သူက ဘယ်လို ဖြစ်တာလဲသားရယ်”
မေမေ့ရဲ့ စိုးရိမ်ပူပန်မူက မေတ္တာတွေ အပြည့်အ၀နှင့် ဖြစ်သည်။ သူက အတက်
ချီကေ့စ်လေးကို စားပွဲပေါ်လှမ်းတင်လိုက်ပြီး မေမေ့ပါးကို ရွှတ်ခနဲနမ်း၍ -
“ဧည့်သည်တွေ နဲ့ စားသောက်ထွက်လာပြီးမှ ကားပါကင်အကူးမှာ မိုးရေစိုသွားတာပါ မေ မေရဲ့ ”
“ကားပါကင် အကူးလေးမှာ တောင် မိုးရေက အဲ့လောက်ရွှဲနစ်နေရလား သားရယ်၊ ဟိုတယ်ဝန်ထမ်းတွေ က ကားပေါ်ရောက်အောင် ထီနဲ့လိုက်မပို့ဘူးလား၊ မ ဖြစ်သေးပါဘူး၊ မိုးကအစိုးရတာ မဟုတ်ဘူး၊ သားကားထဲမှာ မေမေ ထီတစ်ချောင်းနဲ့ဲမိုးကာအင်္ကျီထည့် ပေး ထား မယ်နော်သား”
“သားကလေး မဟုတ်တော့ပါဘူး မေမေရယ်၊ မိုးစိုတာနဲ့ဘာမှ မ ဖြစ်နိုင်ပါဘူး”
“ဖျားနာပြီး ကျန်းမာရေး မကောင်း ဖြစ်တတ်တာပေါ့ သားရယ်၊ ကဲပါ စကားများ မနေနဲ့ အ၀တ်အစားလဲပြီး ပြန်ဆင်းလာခဲ့သား၊ ကော်ဖီပူးပူးလေးဖျော်ပြီး မေမေစောင့်နေမယ်”
“သား နည်းနည်း ပင်ပန်းလာလို့ အနားယူတော့မယ်လေ မေမေရဲ့ ”
“မေမေပြောစရာရှိလို့ပါကွယ်၊ သားဖေဖေ ဟိုတယ်တစ်ခုဆောက်ဖို့ နယ် ခရီး ထွက်သွား တုန်းပြောရမှာ ”
“ဘာကိစ္စမို့လဲ မေမေ”
“ပြီးရင် နားထောင်ရမှာ ပေါ့၊ အအေးပတ်မှားစိုးလို့ အ၀တ်အစားသွားလဲချည်ပါ”
မေမေ တွန်းထိုးလွှတ်ထာကြောင့် အပေါ်ထပ် ပြေးတက်လာကာ အ၀တ်အစား မြန် မြန် လဲရသည်။ မိုးဓာတ်နှင့် စိမ့်စိမ့်လေးအေးနေတာမို့ ရှပ်အင်္ကျီလက်ရှည်၊ ပုဆိုးကွက် စိမ်း လေး ၀တ် ၍ ပြန်ဆင်းလာခဲ့ရသည်။
“ရော့သား နွေးသွားအောင် ကော်ဖီလေးသောက်လိုက်”
မေမေက သူ့ရှေ့ကို ကော်ဖီခွက်လေး တွန်းပို့ကာ သူ့မျက်နှာကို ပြုံးပြုံးကြီးကြည့်၍ -
“သားမှာ ချစ်သူတွေ ဘာတွေ ရှိနေပြီလား”
“ဗျာ ဘာ ဘာ ဖြစ်လို့လဲမေမေ”
“မေမေ မေးတာပဲဖြေပါ သားရယ်၊ သားမှာ ရှိလား မရှိဘူးလား”
“အခုတော့ မရှိသေးပါဘူးမေမေ”
“အခု မရှိဘူးဆိုတော့ ရည်ရွယ်ထားပြီး နောက်ချစ်သူတော် ရမယ့်သူတော့ ရှိနေတယ် ပေါ့”
“အဲ့လိုလည်း မဟုတ်ပါဘူး၊ ဒါနဲ့ဘာ ဖြစ်လို့ သားကို အဲဒီ အကြောင်းမေးနေရတာ လဲ”
သူတကယ်ကို နားမလည်နိုင် ဖြစ်နေသည်။ သူ့ရဲ့ အိမ်ထောင်ရေး ကိစ္စ၊ အချစ်ရေး ကိစ္စနှင့် ပတ်သက်ပြီး ချုပ်ချယ်ကန့်သတ် ပိတ်ပင်တားဆီတားမျိုး၊ သားသမီးဆန္ဒမပါဘဲ မိဘသြဇာ အာဏာဖြင့် သဘောတူပေးစားတာမျိုး မ ဖြစ်စေနဲ့ဟု ဖေဖေ့အမှာ စကားကြောင့် မေမေတစ်ခါမှ ဒီလိုမျိုးမမေးဘူး၊ မပြောဘူးပါ။ အခု ဖေဖေမရှိသည့် အချိန်မှာ မေးနေတာက ထူးတော့ ထူးဆန်းသည်။
မေမေ့အပြုံးမှာ သူ့ကိုပြောဖို့ စကားလုံးတွေ အဆင်သင့်စုဆောင်းထားဟန်ရှိသည်။
“သားကိုမေမေ အိမ်ထောင်ချပေးချင်တယ် သား၊ သားမှာ ချစ်သူမရှိဘူးဆိုရင် မေမေ့ စကားကိုနားထောင်ရမယ်နော်”
“ဟာ မေမေ”
“သားအရွယ်မလွန်ခင် အိမ်ထောင်ပြုပေးဖို့ မေမေတို့မှာ တာဝန်ရှိတယ်သား မေမေတို့အိမ်မှာ ချွေးမတွေ မြေးတွေ နဲ့ ဆိုဘယ်လောက် ပျော်စရာကောင်းမလဲ တွေးကြည့်စမ်း”
“ဟင့်အင်း သားအိမ်ထောင်မပြုချင်သေးဘူး မေမေ၊ အဲလိုကိစ္စတွေ ဖေဖေက အတင်း အကျပ်မလုပ်ဖို့ ပြောထားတယ်နော်”
“အဲဒါကြောင့် မို့ သားဖေးဖေးမရှိတဲ့ အချိန်မှာ မေမေပြောနေရတာ ပေါ့ သားရယ်၊ မေမေ ငယ်သူငယ်ချင်း မိတ်ဆွေ တစ်ယောက် နဲ့ စကားတွေ လွန်ထားတယ်သား၊ မေမေ့ သား လေး လိ မ္မာ တဲ့အကြောင်း၊ တော် တဲ့အကြောင်းလည်းကြွားထားတယ်”
“အာ မေမေကဗျာ ဘယ်လိုမိန်းကလေးမှန်းလည်းမသိဘဲနဲ့ သားစိတ်မ၀င်စားဘူး”
ကော်ဖီခွက်ကို တစ်ရှိန်ထိုးမော့သောက်ချရင်း သူပြောတော့ မေမေက ထပ်မံပြုံးလိုက်ကာ-
“မမြင်ရခင်က ဘူးမခံလိုက်ပါနဲ့ သားရယ်၊ မြင်တွေ့ စကားပြောပြီးသွားရင် အဲ့လိုပြော လိုက် မိတာ မှားပါရောလားလို့ သားနောင်တရမှာ သေချာတယ်”
မေမေ့ ချွေးမတော် ချင်သည့်မိန်းကလေးက တော် တန်ရုံတော့ မ ဖြစ်နိုင်။ မေမေ က လူ တစ် ယောက်ကို စံချိန်စံညွန်တွေ နှင့် သက်မှတ်တတ်တတ်သူ မဟုတ်ပါလား။
သူငြိမ်သက်ကာ နားထောင်နေတော့-
“အိပိုင် သမီးလေးက သိပ်ကို ယဉ်ကျေးသိမ်မွေ့ပြီး မိန်းမကောင်းပီသတဲ့၊ ဗိုင်း ကောင်း ကျောက်ဖိ မိန်းကလေးမျိုး သားရဲ့ ၊ တော် တော် လေးကို မြန်မာဆန်တယ်၊ မဟာ လည်း ဆန်တယ်၊ မိန်းမပီသတယ်”
မေမေ့ ချီးမွမ်းခန်းက သူနှုတ်ခမ်းမှာ လှောင်ပြုံးတစ်ခု ဖြစ်ထွန်းစေသည်။ ဒီဘက်ခေတ်မှာ ဒီလိုမိန်းကလေးမျိး ရှိပါ့မလား။
မေမေက သူမျက်နှာအနေအထားကို ဂရုစိုက်ပုံမပေါ်ပဘဲ စိတ်အားထက်သန်စွာ -
“မေမေလေး အဲဒီ သမီးလေးကို သိပ်ကိုသဘောကျသွားခဲ့တာ မေမေ့စိတ်ထဲမှာ ငါ့သားလေးရဲ့ အိမ်ထောင်ဖက်က ဒီမိန်းကလေးပဲ ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အထိ၊ သူကလေးက မေမေ့ကို ဆွဲဆောင်နှိင်ခဲ့တာ၊ သားမြင်ရင် တကယ်ကို သဘောကျသွားမှာ ပါ”
“မေမေ ပိုလွန်နေတာမဟုတ်ဘူးလား”
“သြော် ကိုယ်သားကို မေမေကအပိုတွေ ပြောပါ့မလားသားရဲ့ အဲဒီ မိန်းကလေးက ခုခေတ်မှာ လုံးဝမရှိနှိင်တော့တဲ့ ရှားပါရတနာတစ်ပါး ဖြစ်သွားပြီ၊ ပညာလည်း တော် တယ်၊ အဆင့်အတန်း ဂုဏ်ဒြပ်ရှိတဲ့ အသိုက်အ၀န်းကလည်း ဖြစ်တယ်၊ အထူးခြားဆုံးက တင်ပါကျော်ကျော်ရှိတဲ့ ဆံပင်ရှည်ကြီးပဲ၊ ပျော့အိပြောင်လက် မည် နက်နေတာပဲနော်၊ အ၀တ် အစားဝတ်တာကလည်း ရင်ဖုံးရင်စေ့လက်စကလေးတွေ နဲ့ ရိုးရိုးယဉ်ယဉ် ပါတိတ်လေး တွေ ပဲ ၀တ်တာ၊ မျက်နှာလေးကလည်း သနပ်ခါးမှု န်ဖွေးဖွေးလေး လိမ်းထားတာကလွဲပြီး ဘာမှမခြယ် မသဘဲနဲ့ကိုလှတာနော်”
“မေမေ့ ချွေးမမတော် ရခင်ကတည်းက ညွန်လွန်းနေပြီနော်”
“အပိုတွေ ဟုတ်လား၊ မဟုတ်လားဆိုတာ သားကိုယ်တိုင်သွားကြည့်တော့ တွေ့ ပါလိမ် မယ်၊ မေမေ သဘောအကျဆုံးက အိမ်မှု ကိစ္စတွေ အားလုံး ကျွမ်းကျင်နိုင်နင်းတာ့ပဲ သား၊ တစ်အိမ်လုံး သူ့ခြေ သူ့လက်ချည်ပဲ၊ နေရာအနှံ့ ပြောင်လက်နေတာကလည်း ဖုန်တစ်စက်မှ မရှိတာနော်၊ အချက်အပြုတ် တော် လွန်းတာကလည်း မေမေတောင် မမီဘူး တကယ်ကို သားရဲ့ အိမ်ထောင်ဖက်အ ဖြစ် မေမေသဘောကျတာပါ”
သူ့ပခုံးကို စုံတွန့်ကာ ထရပ်တော့ မေမေကသူ့လက်ကို ဆွဲ၍ ပြန်ထိုင်ခိုင်းသည်။
“မေမေပြောလို့ မပြီးသေးဘူးလေသားရဲ့ မေမေမေးတာဖြေခဲ့ဦမှပေါ့၊ လက်ခံမယ် မဟုက်လား သား၊ မေမေ ဟိုဘက်ကို အကြောင်းပြန်လိုက်တော့မယ်နော်”
“သား စဉ်းစားဦးမယ်မေမေ”
“စဉ်းစားစရာ တွေ ဝေစရာ မလိုတဲ့မိန်းမကောင်း မိန်းမမြတ် အရည်အချင်းတွေ နဲ့ ပြည့်စုံတဲ့သူလေးပါ သားရယ်၊ ဒီလို အဖိုးတန်မိန်းကလေးကို မေမေချွေးမတော် ပါရစေသားရယ်၊ ဒီလိုဣနြေ္ဒသိက္ခာတွေ နဲ့ ကြင်နာယုယတတ်မယ့် မိန်းကလေးလို့လည်း မေမေယုံကြည်တယ်၊ မေမေပြောတာတွေ မယုံရင် အဲဒီ အမ်ကို တစ်ခေါက်လောက် သွားကြည့်လိုက်ပါ၊ လေ့လာအ ကဲခတ်ပြီး ရင်းနှီးခင်မင်အောင် ကြိုးစားကြည့်ပါ”
“မေမေရာ”
“ဆင်ခြင်မပေးဘဲ ဆည်းဆာညိုလေးကို တွေ့ ဖြစ်အောင် တွေ့ ကြည့်လိုက်ပါ၊ မေမေသူ တိုကို သားလာမယ့်အကြောင်း ဖုန်းဆက်အသိပေးထားလိုက်မယ်၊ ဆည်းဆာညိုချက်တဲ့ ထမင်း ဟင်းကိုစားပြီး ဆည်းဆာညိုနဲတွေ့ြှပီးမှ မေမေ့ကို အကြောင်းပြန်ပါ”
မေမေက တိကျပြတ်သားစွာ ဆိုသည်။ မေမေရဲ့ တည်ကြည်လေးနက်မှု တို့ကြောင့် သူ့ မျက်စိထဲမှာ ထိုမိန်းကလေးရဲ့ ပုံသဏ္ဍာန် အပြုအမှု များ ကို မြင်ယောင်ကြည့်မိ၏ ။
ရှည်လျှာနက်မှော င်သန်စွမ်းသော ဆံနွယ်ရှည်ကြီးနှင့် ဣနြေ္ဒရှင် မဟာဆန်သော မိန်းမချော တစ်ယောက် ပေါ့လေ။ မေမေကဟိုအရင်ကတည်းက ဘာပြောပြော အပိုအလိုမရှိ တိကျပြတ်သားသူမို့ မမြင်တွေ့ ခင်ကပင် ယုံကြည်ရမလိုပါ။
ဒါပေမဲ့ သူကလည်း မေမေသားမို့ မြစ်ထဲမှာ ရေရှိသည်ဆိုလျှင်တောင် ပြေးကြည့်ဦးမည့်  သူမို့ လက်တွေ့ ကျကျ ထိုအိမ်ကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“ဒီကိစ္စမေမေနဲ့ သား နှစ် ယောက် တည်းရဲ့ လျှိုဝှက်ချက်နော်၊ သားကျေနပ် လက်ခံ တယ်ဆိုမှ သားဖေဖေကို အသိပေးမှာ ၊ သားဖေဖေက သားရဲ့ အိမ်ထောင်ရေး ကို သားဘာသာ စိတ်ကြိုက်ရွေးချယ်ခိုင်းထားတာဆိုတော့ မေမေက အတင်းအကျပ် တိုက်တွန်း တာမျိုး ဖြစ်ရင် ပြတ်ဿနာတတ်မှာ စိုးတယ်”
“မေမေက အပြစ်လွတ်အောင် ရှောင်ချင်တာဆိုရင် သားလည်းမသွားတော့ဘူးနော်”
“ဟင်း ဟင်း အဲလိုတော့ မလုပ်လိုက်ပါနဲ့သားရယ်၊ ခုခေတ်မှာ ခြောက်ပစ်ကင်း သဲလဲစင် မိန်းကလေးက ရှားပါးနေပြီး မဟုတ်လား၊ မေမေက မေမေ့သားလေး နောင်ရေး စိတ်အေးချင်လို့ပါ၊ မတော် တာတွေ နဲ့လည်း တွေ့ မှာ စိုးတယ်”
“သားနားလည်ပါတယ် မေမေရယ်၊ မေမေစိတ်ချမ်းသာအောင် သားမနက် ဖြန်သွား လိုက် ပါ့မယ်”
မေမေက ကျေနပ်ဝမ်းသာစွာ ပြုံးပြီး သူ့ပါးလေးကို ဖွဖွနမ်းမွေးကာ-
“ကျေးဇူးတင်ပါတယ် သားရယ်၊ မေမေ့သားက သားလိမ္မာလေးဆိုတာ မေမေသိပါ တယ်”
“ကျေးဇူးတင်စရာလား မေမေရယ်၊ မိန်းကလေး တစ်ယောက် ကို လေ့လာရတာ သား အတွက် အပန်းမကြီးပါဘူး၊ သဘောကျတော့လည်းမေမေ့ ဆန္ဒအတိုင်းယူလိုက်ယုံးပေါ့”
ခပ်ပေါ့ပေါ့ လွယ်လွယ်ပင် မေမေ့ကို ပြောလိုက်သည်။ နောက်မှ ကိုယ်မနှစ်သက် လျှင် မေမေပြောသည့် အရည်အချင်းတွေ နှင့် မပြည့်စုံလျှင် ဆင်ခြေပေး၍ ငြင်းလိုက်ရုံပေါ့။
ဒါဟာ လက်ရှိအချိန်မှာ ဖြစ်ပေါ်နေသည့် သူ့ရဲ့ ဆန္ဒသက်သက်သာ။
************
အခန်း(၃)
အခန်း(၆)
မနက်မိုးလင်းတော့ ညက မေမေပြောသည့်စကားများ ကို ပြန်ကြားယောင်သည်။ မြန်မာ ဆန်ဆန် ကျက်သရေရှိသည့် မိန်းကလေး တစ်ယောက် အိမ်ကို သူသွားရမည် ပဲ။
ရေမိုးချိုး သန့်စင်ကာ စတစ်ကော်လာရှပ်အင်္ကျီအဖြူရောင် နှင့် အပြာရောင် ကွက်စိပ် ပုဆိုး လေးတွဲ ၀တ်လိုက်ပြီး ဆံပင်ကို ခေါင်းလိမ်းဆီဖြင့် သေသပ်ပုံကျစွာ ဖြီးသင်လိုက်သည်။ ရေမွှေးကို အနံ့မရိုင်းအောင် ပါးပါးလေး ဆွတ်လိုက်သည်။
သူ အထွက်အလာမှာ မေမေက အောင်မြင်အောင် ကြိုးစားဟု သတိပေးသည်။
မေမေပေးလိုက် သော လိပ်စာက သိပ်ခက်ခက်ခဲခဲ မရှာလိုက်ရပါ။ အဆင်သင့် ဖွင့်ထားသော ခြံဝင်းတံခါးကနေ သူ့ကားလေးကို ငြိမ်ညောင်းစွာ မောင်းဝင်လာခဲ့သည်။
အရင်ဆုံး ပန်းရောင် စုံ ဖြစ် လှပ ဆန်းကျယ်သော ပန်းဥယျဉ်လေးကို မြင်တွေ့ ရသည်။
ပန်းရောင် စုံ ဖူးပွင့် ဝေဆာနေသည်မှာ ဥယျဉ်မှူးကောင်း တစ်ယောက် ရဲ့ ပြုစုပျိုးထောင်မှု ကြောင့် ဖြစ်မည် ။ ပန်းခင်းတွေ နားမှာ ထီးအမိုးရိပ်နှင့် ထိုင်ခုံလေးတွေ လည်း ရှိ၏ ။
ထိုနောက်မှာ လှပချစ်စဖွယ်ကောင်းသော ချောကလက်ရောင် တစ်ထပ်တိုက်ပုလေးကို သူရောက်လာ၏ ။ တစ်ထပ်တိုက်လေးဆိုပေမဲ့ ရှေ့အကျယ်မှာ စတုဂံပါကေးများ အပြည့် ခင်း ထားပြီး လသာဆောင်လို ထိုင်ခုံများ စာပွဲများ လည်း ချထားသည်။
ထိုလသာဆောင်ရဲ့ နောက်မှာ တော့ အင်ကြင်းကျောက်များ နှင့် ပုံ ဖော်ထားသည့် ရေတံခွန် အသေးစားလေး ရှိနေပြီး စမ်းရေစီသံသဲ့သဲ့ကိုလည်း ကြားရ၏ ။
ကဗျာဆန်ဆန် ဖွဲ့စည်းတည်ဆောက်ထားသည့် အိမ်လေးမို့ သူ့ရင်ထဲအေးမြ ကြည်လင်၍ ချစ်မြတ်နိုးသွားခဲ့သည်။ တိုက်လေးရဲ့ ရှေ့မှာ သူ့ကားလေးထိုးရပ်လိုက်သည်နှင့် မေမေ့အရွယ် အမျိုးသမီးကြီး တစ်ယောက် အပြုံးတစ်ဝေေ၀ဖြင့် သူ့ကို ကြိုဆိုနေသည်။
“မောင်မိုးကာ ရောက်လာပြီးလားကွယ် သားအမေဖုန်းလှမ်းဆက်ထားလို့ ခြံတံခါးတောင် ဖွင့်ထားတာကွဲ့၊ လာမောင်မိုးကာ”
ရှေ့ကဦးဆောင်၍ သူ့ကိုဧည့်ခန်းထဲခေါ်သွားသည်။ ဧည်ခန်းလေးမှာ အလွန်သပ်ရပ် သန့်ရှင်းနေကာ ပါကေးခင်းများ က ကိုယ့်အရိပ်ကိုယ်မြင်ရလောက်အောင် သန့်စင်တောက် ပြောင်နေလျက် ဖုန်တစ်စက်မှ မရှိပေ။
နန်းဆန်သော ကျွန်းကုလာထိုင်များ ဖြင့် မြန်မာဆန်လှစွာ ခင်းကျင်းထားသည်။ နံရံတွင် မြန်မာရူခင်းဆေးရေး ပန်းချီကားချပ် ကြီးများ နှင့် ၀င့်ဝင့်ထည်ထည် ရှိလွန်းတာကြောင့် သူ့တစ်ကိုလုံးရှိ သွေးတွေ တောင် မြန်မာသွေး မြန်မာစိတ်ဖြင့် လူပ်ချားသွေးပူးလာသည်။
မြင်မြင်သမျှအရာအားလုံးက အိမ်ထောင်မှု ထိန်းသိမ်းတတ်သူတစ်ဦရဲ့ စနစ်တကျ စီမံထိန်း သိမ်းတတ်မှု ၊ စည်းကမ်းရှိမှု များ ကြောင့် ဖြစ်မည် ။
ဧည့်ခန်းစာမေးပွဲပေါ်က ပန်းအိုးလေးထဲက ပန်ရောင် စုံလေးသည်လည်း ပညာရှင်ဆန်စွာ သင်ယူပြီမှ အလှဖော်ထားဟန် တူသည်။
“သမီးရေ ထွက်ခဲ့ပါဦးကွယ်”
ဒေါ်အိအိပိုင်၏ အသံနောက်တွင် ဧည့်ခန်းဆီ လှမ်းဝင်လာသော အလွန်သိမ် မွေ့ ညင်သာ သည့် ခြေဖမိုးဖြူဖြူလေးများ ကို စတင်မြင်ရပါသည်။
ဆင်စွယ်ရောင် ရင်စေ့လက်စကလေးနှင့် အဖြူရောင် အပွင့် အခက် သေး သေး လေး တွေ ပါသော ပါတိတ်ထဘီလေး တွဲ ဖက်ဝတ်ဆင်ထားပြီး အထူးခြားဆုံး ဆွဲဆောင်မှု အရှိဆုံးက တင်ပါဖုံးအုပ်လုနီးပါးရှိသည့် ပျော့အိမည် နက်ဝဲခါနေသော ဆံနွယ်များ ဖြစ်သည်။
ဒီအတိုင်း ဖြန့်ချထားပြီး ကျွန်းဆက်တီခုံကြီးပေါ် ထိုင်လိုက်ချိုန်မှာ ဆံနွယ်တွေ ကို လက်နှစ် ဖက်ဖြင့် ရင်ဘက်ရှေ့ သိမ်းယူပွေ့ပိုက်ထားပုံးက တယုတယ ဣနြေ္ဒကြီးလွန်းလှသည်။ ညိုမလိုနှင့် သနပ်ခါးရေကျဲလေး လိမ်းထား၍ ၀င်းဖန့်ဖန့်လေး မြင်လိုက်ရချိန်မှာ သူ့ရင်ထဲ အလွန်ငြိမ်းချမ်းအေးမြလှသော စမ်းချောင်လေး စီးဆင်းသွားသလို ခံစားလိုက်ရ၏ ။
မိတ်ကပ်လိုင်နာ ဘာအခြယ်အသမှ မရှိသော်လည်း သူမအလှက ပြည့်ဝ လင်းထိန်နေ သော လမင်းကြီးတစ်စင်းလို ကျက်သရေတစ်မျိုးဖြင့် ခန့်ညားသိမ်မွေ့နေသည်။
သမီးရေ မောင်မိုးကာက မေမေပြောထားတဲ့ မေမေ့ သူငယ်ချင်း နှင်းမြသူရဲ့ သားပေါ့၊ ကျောင်းပြီး ဘွဲ့ရပြီး သူ့အဖေ အလုပ်တွေ မှာ ၀င်ကူလုပ်ပြီး၊ မောင်မိုးကာ အန်တီ့သမီးလေးက ဆည်းဆာညိုပါ
“ဟုတ်ကဲ့တွေ ရတာ ၀မ်းသားပါတယ် ခင်ဗျာ”
“ကျွန်မကလည်း ထပ်တူပါရှင်၊ ဘာကြိုက်တတ်မှန်းမသိပေမယ့် မေမေက ဧည် သည် လာမယ်ဆိုလို့ ကြိုးစားပြီးတော့ ဖွယ်ဖွယ်ရာရာ ချက်ထားပါတယ်၊ ထမင်း စား ပြီး မှပြန်ပါနော်”
ယဉ်ကျေးချိုသာသော စကားသံလေးကြောင့် အသံဘက်မှာ အပြစ်ကင်းတာကိုလည်း အသိအမှတ်ပြုလိုက်ရသည်။
သူမ၏ ဣနြေ္ဒမှာ သိပ်တင်းမာအေးစက်ခြင်းဘက်လည်းမရောက်၊ ရဲတင်း ပွင့်လင်း ဖော်ရွေလွန်တာလည်း မဟုတ်ဘဲ အလျှော့အတင်း သဘာဝကျကျ အေးချမ်းငြိမ်းမြစွာ ဖြစ်သည်။
မျက်နှာဝန်းလေး ပင့်အကြည့်မှာ ရိုးစင်းခြင်းနှင့် တည်ငြိမ်ရင့်ကျက်ခြင်းတို့ ရောယှက်လျက် ပေါ့ပျက်ပျက် ကလက်တက်တက် ဟန်ဆောင်မှု များ မရှိချေ။
ထိုအချိန်ခဏလေးမှာ ပူနွေးရီဝေ ညို့အားပြင်သော ရတုမှီ အလှနှင့် နှိုင်းယှဉ်ချိန်ဆ တွေးကြည့်မိကာ ရင်တွေ ထဲက တဆတ်ဆတ် ခါသွားသည။်
ဆုံးတွေ့ ခွင့်ရသော မိန်းမနှစ် ယောက် ရဲ့ အလှက ကွာခြားချက်တွေ နှင့် ။ ရတုမှီက စူးရှထက် မြက် အင်အားပြင်းသည့်အလှ ဆည်းဆာညိုက သိမ်မွေ့နူးညံ့ညင်သာခြင်းတို့ဖြင့် သိမ်း သွင်းညို့ယူနိုင်သည့်အလှ။
“ကဲ ခြံ့ထဲက သမီးရဲ့ ပန်းပင်တွေ ကို လိုက်ပြရင်း အေးအေးဆေးဆေး စကား ပြော ကြပါလားကွယ်၊ ပြီးမှထမင်းစားကြတာပေါ့ကွယ် သြော် မောင်မိုးကာ ခြံထဲက သီးပင် စားပင်တွေ ကသမီး ဥယျဉ်မှူးလုပ်ထားတာကွဲ့၊ လေ့လာရင်းနဲ့ခြံထဲမှာ စကားပြောကြပါ”
ထိုစကားကြောင့် သူမကိုလေးစား အထင်ကြီးသွားမိ၏ ။ ခြံတစ်ခုလုံးကို အလှဆင် ထိန်း သိမ်းယုယနိုင်သည်ဆိုတာ နည်းတဲ့အနုပညာမဟုတ်ပေ။
ခြံဝင်းလေးထဲအရောက်မှာ သူက ပန်းရနံ့လေးတွေ ကို တစ်ဝကြီး ရှူရှိုက်လိုက်သည်။
“ဒီပန်းခင်းကြီး တစ်ခုလုံး ဆည်းဆာညို တစ်ယောက် တည်း ဥယျဉ်မှူး လုပ်ထားတာ လား”
“ဟုတ်ကဲ့၊ ကျွန်မက ပန်းတွေ ကိုချစ်တယ်၊ ဂရုစိုက်ယုယ ပြုစုရတာ ကိုလည်း ၀ါသနာ ပါတယ်”
“တကယ်တော့ဗျား၊ ကျွန်တော် ဆိုရင် အိမ်မှာ ရှိတဲ့ ပန်းအိုးနှစ် အိုးသုံးအိုးလောက် ကိုတောင် နေ့စဉ် ရေမလောင်း ဖြစ်ဘူး။ အဟင်း ပန်းလေးတွေ ကို ပြုစုယုယတတ်သူက စိတ်နှလုံးသားလည်း နှုးညံ့သိမ်မွေ့တယ်လို့ ပြောကြတယ်”
သူမကတည်ငြိမ်အေးမြစွာ ပြုံးနေပါသည်။
စံပယ်၊ နှင်းဆီ၊ သစ်ခွမျိုးစုံ၊ ပိန်းပန်းများ ၊ ဂန္ဓမာအမျိုးစုံလင်လှစွာ ကြည့်နေဆဲမှာ သူမကခြံအနောက်ဘက်ကို ကွန်ကရစ်လမ်းလေးအတိုင်း လျှောက်သွားလေသည်။ သူလည်း သူမနောက်ကလိုက်လာကာ အံ့သြရပြန်သည်။
“သီးပင်စားပင်တွေ စိုက်ထားတာလေ၊ တကူးတကဈေးသွားဝယ်စားစရာ မလိုတော့ ဘူး ပေါ့၊ ဘာပဲစားချင်စာချင် လတ်လတ်ဆတ်ဆတ် ခူးချက်စားရုံပဲပေါ့၊
ကိုမိုးကာပြန်ရင် အန်တီ အတွက် လက်ဆောင်ထည့်ပေးလိုက် ပါ့မယ်”
သူမရဲ့ အရည်အချင်းများ ကို ရင်သန့်ရူမော အံ့သြရပါသည်။
ဒီဘက်ခေက်မှာ အဲလို အပင် ပန်းခံ ကျွမ်းကျင်လိမ္မာသော မိန်းကလေးတွေ ရှားပါးကုန် ဖြစ်နေပြီမို့ သူ့အတွက် တန်ဖိုးကြီး ရတနာ တစ်ပါးကိုရှာပေးခဲ့ခြင်းပင်။
ဒီလိုမိန်းကလေးမျိုးကို လယ်လိုယောကျာ်းကရော ဟင့်အင်းဟု ငြင်းဆန်ပါမည် လဲ။ ဆည်းဆာညိုက သူ့ဘ၀ရဲ့ ပျော်ရွင်ကျေနပ်မှု တွေ ပေးနိုင်စွမ်သော အိမ်ထောင်ရေး သုခတွေ ပေး နိုင်စွမ်းသော အရည်အချင်း အစွမ်းအစရှိသည့် မိန်းကလေးဟု သူမှတ်ချက် လက်ခံ လိုက်သည်။
“ကိုမိုးကာ ပျင်းနေပြီလား”
“ဗျာ မပျင်းပါဘူး၊ ပန်းခင်းလေးက ရနံ့သင်းသင်းလေးကို ရှူရိုက်ရတာ တစ်မျိုး၊ စိမ်းလန်း စိုပြေနေတဲ့ သီးပင်စားပင်လေးကို ခံစားနေရတာ တစ်မျိုးနဲ့ ကျွန်တော့ရင်ထဲမှာ တလှပ် လှပ်နဲ့ ကြည်နှုးနေသလိုလိုကြီး ဖြစ်နေတယ်ဗျ၊
ပြီးတော့ ဆည်းဆာညို အဲလောက် လုပ်နိုင် လွန်း တာ ကိုလည်း အံ့သြနေတယ်၊ တခြားမိန်းကလေးတွေ လို ကျောင်းပြီး ဘွဲ့ရတာ နဲ့ အလုပ်တွေ ဘာတွေ လျှောက်တာ သင်တန်း တတ်တာတွေ မလုတ်ဘူးလား”
“အင် အစ ကတော့ ကျောင်းဆရာမ အလုပ်ကို ၀ါသနာပါလို့ မာစတာတက်ဖို့ စဉ်းစားသေး တယ်၊ ဒါပေမဲ့ အဲဒီ ဘက်မှာ တာဝန်ကျေအောင်လုပ်နေရင် အိမ်ထောင်မှု ကိစ္စတွေ လစ်ဟင်းနိုင် တယ်လေ၊
မေမေကလည်း အိမ်ထောင်ပြုဖိုပဲ တိုက်တွန်းနေတာဆိုတော့ ကျွန်မက သမီးလိမ္မာ တစ် ယောက် ဖြစ်ဖို့နဲ့ ဇနီးမယား တစ်ယောက် ဖြစ်ဖို့ပဲ ကြိုးစားရတော့တာပေါ့”
သူ့ရင်ထဲ လှိုက်ခနဲပင် ရှိန်းမြထူပူသွားရ၏ ။ သေချာပေါက်သူနှင့် လက်ထပ်ရဖို့တွေးကာ ပြင်ဆင်နေခဲ့လေသလား။
“အချိုန်ကြာနေရင် ထမင်းဟင်းတွေ ပြန်နွှေးနေရလိမ့်မယ် ထမင်းသွားစားရအောင်နော် ကိုမိုးကာ”
“ဟုတ်ကဲ့၊ ကျွန်တော် တို့ အသက်တွေ လည်း သိပ်ကွာတာမှမဟုတ်တာ၊ ရင်းနှီး လွယ် အောင် မိုးကာလို့ပဲခေါ်ပါ၊ အဲ ကျွန်တော် ကတော့ ဆည်းဆာ ညိုလို့အပြည့်အ၀ခေါ်မယ်နော်”
“အဟင်း ရှင်သဘောပါ”
မခို့တရို့လေး ပြုံးလိုက်ပေမယ့် ဟန်ဆောင်ပဲများ မူနွဲ့လိုက်ခြင်း ဟုတ်ဟန်မတူပါ။ တိုက်လေးထဲကို ပြန်ရောက်ကာ ထမင်းပွဲကို သူမကိုယ်တိုင် ခူးခပ်ပြင်ဆင်သည်။
ဟင်းပွဲများ က အသားငါးဆီပြန်၊ ဟင်းရည်သောက်နှင့် အတို့အမြုပ်များ လည်းပါသည်။ ဆည်ဆာညိုက သူမအမေနှင့် သူ့ထမင်းပန်းကန်ထဲကို ဟင်းတွေ ဦချပြီးမှ စားသောက်လေ၏ ။ ဟင်းတစ်ခွက်တိုင်းရဲ့ အရသာက အချိုအငန် အစပ်အဟပ်တည့်ကာ သူ့လျှာဖျားမှာ စွဲထင်အ ရသာရှိလွန်းလှသည်။
“မိုးကာ ကျွန်မလက်ရာ စားလို့ကောင်းရဲ့ လားဟင်”
“အရမ်းကောင်းလွန်းလို့ ဆွေမျိုးမေ့ပြီး ဘာပြောရမှန်းမသိကို ဖြစ်နေတာဗျ၊ မေမေ့ လက်ရာထက် ကောင်တယ်လို့ ပြောရင် မေမေက ကျွန်တော့်ကို ရိုက်တော့ မယ်ထင်တယ်ဗျ”
“ဟင်း ဟင်း အဲလောက်မမြောက်လည်း ကိုမိုးကာ အိမ်လာလည်တိုင်း ချက်ကျွေးဖို့ စဉ်းစားတာပါ၊ ထမင်းဟင်းတွင် မဟုက်ဘူး၊
မှုန့်ပဲသရေစာစားချင်ရင်လည်း ကျွန်မလုပ်တတ်ပါ တယ်၊ တစ်ခေါက်တစ်မျိုး မရိုးရအောင် ကျွန်မလုပ်ကျွေးပါ့မယ် ”
“အဲဒါဆို ကျွန်တော် ခဏခဏ လာလည် ဖြစ်တော့မယ်ထင်တယ် ကျွန်တော် က မုန့်သရေ စာကြိုက်ပေမဲ့ အပြင်ကသိပ်မ၀ယ်စား ဖြစ်ဘူး၊ မေမေလုပ်ကျွေးမှ စားရတာ ”
“လာ ဖြစ်အောင်သာလာခဲ့ပါ မောင်မိုးကာရယ်၊ သမီးလေးက သူ့အန်ကယ် အိမ်မှာ ရှိတဲ့ ရက်ဆိုလည်း မုန့်အမျိုးမျိုးနဲ့ အသုတ်မျိုးစုံ လုပ်ကျွေးနေကျကွဲ့၊
မောင်မိုးကာ တစ်ယောက် အ တွက်နဲ့ ထူးပြီးပိုမလုပ်ရပါဘူး”
“ဟုတ်ကဲ့ ခဏခဏ လာ ဖြစ်မှာ သေချာပါတယ် အန်တီ”
တကယ်ရောက်မရောက်မသိပေမယ့် သူ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြောမိခဲ့တာ ဖြစ် သည်။
သူ အိမ်အပြန်မှာ စိုက်ခင်းလေးထဲက အသီးအနှံအရွက်တွေ နှင့် ဘုရားတင်ဖို့ပန်းတွေ ၊ ခြင်းကြီးအပြည့် ဆည်းဆာညိုလက်ဆောင်ထည့်ပေးလိုက် သည်သူ့ကားလေးခြံအပြင် ရောက် တဲ့အထိ သူမပြုံးပြုံးလေးနှင့် လက်လေးပြကာ ကျန်ရစ်ခဲ့သည်၊။
အလေးအနက် အပြန်အလှန် တန်ဖိုးထားသည့် ပြယုဂ်လေလား။
ရတုမီုနှင့် ဆည်းဆာညိုရဲ့ ကွာခြားချက်က အဆမတန် နှိုင်းယုဉ်လို့မရအောင် သိသာ နေ သည်။ တိုက်ဆိုင်မှု ရှိတိုင်း ရတုမီုကိုသတိရနေမိတာ ဘာကြောင့် မှန်းမသိ။
တကယ်ဆို ဒီလိုအချိန်မျိုးမှာ ဆည်းဆာညိုအကြောင်းတွေးပဲ တွေးနေသင့်သည်။ အရာ ရာအဘက်ဘက်က အရည်အချင်းပြည့်စုံဝလွန်းသည်။
ဆည်းဆာညိုကို အိမ်ထောင်ဖက်လက် ခံရမှာ သူ့အတွက်ဂုဏ် ယူကျေနပ်စရာ ကောင်းပါသည်။
ဒါပေမဲ့ ဗရုတ်ဗရက် ပြင်းပြင်းထန်ထန် လှရက်နှိင်လွန်းသည့်ရတုမီုဆိုသည့် ကြိုးတစ်စ ကလည်း သူ့ရင်တစ်ခြမ်းမှာ ခပ်တင်းတင်း ငြိလျက်။
************
အခန်း(၇)
“မင်းအမေ ကျေနစ်နေမှာ ပေါ့”
“ကျေနပ်ရုံတင် မဟုတ်ဘူး၊ ဆည်းဆာညိုပေးလိုက် တဲ့ လက်ဆောင်ပစ္စည်တွေ ကြည့်ပြီး ဂုဏ်ယူကျေနကပ်နေတာကွ၊ ချွေးမလောင်းရွေးတာ တော် တယ်ဆိုပြီတော့လေ”
“မင်းပြောပြတဲ့ အတိုင်းဆို တကယ်လည်း တော် ပါတယ်၊ မိန်းမပီပီသသနဲ့ အိမ်ထောင် ထိန်းသိမ်းနှိင်တဲ့ အရည်အချင်းလည်းရှိတယ်၊ လှတာကလည်း ရွက်ကြမ်းရေကျို မဟုတ်ဘူး၊ မဟာဆန်ဆန်ဆိုတော့ မင်းနဲ့ ဆိုရင် တော် ၀င်သွားပြီပေါ့ကွာ”
သက်ထွန်းစကားကြောင့် မိုးကာ ဟက်ဟက်ပက်ပက် ရယ်ချလိုက်၏ ။ ကိုယ်က ၀တ်တာ စားတာ မြန်မာဆန်လွန်းတာမဟုတ်ပေမယ့် ဟော့ဟော့ရမ်းရမ်းလည်း မဟုတ်ပေ။
စတိုင်(လ်)ပန်းနှင့် စပို့ရှပ်၊ တီရှပ်၊ တီရှပ်များ ၀တ်တတ်သလို ပုဆိုးကွက်စိပ်ရောင် စုံကို ထည်လဲဝတ်၍ ဆံပင်ကိုလည်း ခုခေတ်ကောင်လေးတွေ လို ဂျယ်(လ်)နှင့် ထောင် ထား တာ မျိုး မ ဟုတ်ဘဲ ခေါင်းလိမ်းဆီနှင့် ပုံကျသေသက်စွာ ဖြီးသင်ထားတတ်သည်။
ဒါကြောင့် လည်း ဖေဖေလုပ်ငန်းမိတ်ဆွေ လူကြီးလူကောင်းတွေ နှင့် တွဲ ဖက် အလုပ်လုပ် ရတာ အဆင်ပြေနေခြင်း ဖြစ်သည်။
“ရတုမှီ ဒီနေ့မလာဘူးထင်တယ်နော်”
“ဟ ဘာလဲ၊ ဆည်းဆာညိုအကြောင်း ပြောနေရင်းနဲ့ ဘယ်လိုလုပ် ရတုမှီအကြောင်း ကောက်ခါ ငင်ကာ ရောက်သွားရတာ လဲ”
“အင်း ထူးတော့ထူးဆန်းတယ်ကွ၊ ဆည်းဆာညိုတို့ အိမ်ရောက်တော့လည်း ရတုမှီ အကြောင်းတွေး ဖြစ်တယ် အလွဲတွေ ကွာဟချက်တွေ ကို နှိုင်းယှဉ်မိတာထင်ပါတယ်”
“အဲလိုနှိုင်းယှဉ်မိတော့ ဆည်းဆာညိုက မင်းဘ၀အတွက်တန်ဖိုးကြီး ဆုလာပ် ဆိုတာ ပိုပြီးသေချာသွားတာပေါ့၊ ဟုတ်လား ”
ခေါင်းမညိတ် ခေါင်းမခါ သူတွေ ဝေငေးငိုင်သွား၏ ။ အဖြေက ဦးနှောက်ထဲမှာ ရှိသော်လည်း မျက်လုံးတို့က ကပွဲခန်းမထဲ ၀င်လာသော ရတုမှီဆီ စူးနစ်မှင်တက်မိနေသည်။
အပျော့သားအသည်းကွဲရောင် ကိုယ်ကျပ်လေးနှင့် အနက်ရောင် ဘောင်ဘီရှည်အကျပ် လေးက သူမကိုယ်ခန္ဓာ ကောက်ကြောင်းလေးကိုရှင်းရှင်းလင်းလင်း ထင် သာမြင်သာစေလျက် အချိုးအဆစ်ကျန လှပလွန်းသည်။
မြူးကြွသော စည်းချက်အတိုင်း ကိုယ်ခန္ဓာလေးတလူပ်လူပ် ဖြစ်နေပေမ.ယ့် မျက်နက်ဝန်း လေးက သူ့ဆီဝေ့ခနဲ ရွေ့လျားလာလျက်ခေါင်းညိတ်ခေါ်သည်။
သူက သက်ထွန်းကိုတောင် ဘာမှပြောမနေနိုင်ဘဲ ကပျာကသီ ထလာခဲ့သည်။ ရတုမှီနား ရောက်သွာတော့ သူမက သူ့လက်ကိုဆွဲ၍ သူမနည်းတူး ကခိုင်းသည်။
မကျွမ်းကျင်ပေမဲ့ သူမနည်းတူ အလိုက်သင့်လေး တစ်လူပ်လူပ် နေပေးလိုက် သည်။
“ရှင်ဒီကို ရောက်နေမယ် မထင်ဘူး၊ ဧည့်သည်တွေ နဲ့မှ တစ်ခါတစ်ရံ လာတတ်တာဆို”
“အခုတစ်ခါ မင်းနဲ့တွေ့ ရမလားလို့ တကူးတက လာခဲတာ”
“ကျွန်မကို ဘာ ဖြစ်လို့တွေ့ ချင်တာလဲ”
“အတိအကျ ပြောဖို့တော့ ခက်တယ်၊ စိတ်အလိုဆန္ဒအတိုင်းရောက်လာတာတော့ ၀န်ခံ ပါတယ်”
“ကျွန်မလည်း အဲလိုပဲ၊ ဘယ်ယောကျာ်းလေးနဲ့မှ တွဲ မကဘူးပေမယ့် ရှင်နဲ့တွဲ က ကြည့် ချင်စိတ်ပေါက်ပြီး ရောက်လာတာ”
“တစ်ခြားဝေဒနာတွေ နဲ့ ရောက်လာတာ မဟုတ်ဘူးပေါ့”
“ရှင့်အကြောင်းတွေးရင် ဒဏ်ရာနည်းနည်း သက်သာသလိုပဲ”
သူမရဲ့ ပွင့်လင်းမူများ က သူ့ရင်ကို ဆွဲကိုင်လူပ်ယမ်းနေသလို ရှိ၏ ။ ကနေ့ချိန်မှာ ထိတွေ့ မှု များ က သူ့သွေးတွေ ကို ဆူပွက်ယိမ်းထိုးနေစေသည်။့
စကားပြောနေရင်းနဲ့ ကနေတာမို့ သူမက ဘာမှ ထူးထူးခြားခြား ခံစားမှု မရှိသလိုပါ။ သူ့ အပေါ် လဲပြိုခြင်းမရှိဘဲ စည်းချက်မှန်မှန် ကတတ်နေသည်က သူမရဲ့ ကျွမ်းကျင်မှု ကြောင့် ဖြစ် မည် ။
ခဏအကြာမှာ သူမက သူ့လက်တွေ ကို လွှတ်ချလျက်အနာယူ အပန်းဖြေသည့် ထိုင်ခုံလေးတွေ ဘက် သွားထိုင်သည်၊ သူကကောင်တာမှာ ကုတ်နှစ် ဘူးသွားယူပြီး သူမကိုတစ်ဘူး လက်ကန်းပေးလိုက် ၏ ။
“မင်းကိုတွေ လိုက်ရင် အမြဲတမ်း တစ်ယောက် တည်းပဲ အဖော်မရှိတာလား၊ အဖော် မထား တာလား”
“စိတ်ကုန်လို့ တစ်ယောက် တည်းနေတာ၊ အဖော်ဆိုတာ စိတ်ချင်းမတူရင် ကွိုင်ရှိတယ်၊ ပြတ်ဿနာဖြေရှင်းရတာ နဲ့ အပျော်ဆိုတာကိုလည်း ခံစားချိန်မရဘူး”
“မင်းကထားခဲ့တာလား၊ ကျန်ရစ်ခဲ့တာလား”
သူ့မေးခွန်းကြောင့် သူမဆီက ခပ်စွေစွေ မျက်စောင်းတစ်ချက် ရလိုက်၏ ။
“အမေး အမြန်းထူတဲ့ယောကျာ်းတွေ ဆိုး ကျွန်မအရမ်းမုန်းတာပဲ၊ ဒါပေမဲ့ ရှင့်ကိုတော့ ပြောပြချင်ပါတယ်၊ ကျွန်မရည်းစား တစ်ယောက် ထားဖူးတယ်၊ သူ့မိဘတွေ က ကျွန်မလို မိန်းက လေးနဲ့ သဘောမတူဘူး ဒါကို သူက မခွဲနိုင်ဘူးဆိုပြီး ဟိုဟာပြင်ခိုင်း ဒီလိုနေခိုင်းနဲ့ ကဂျီက ဂျောင်ကျဖို့ ကြိုးစားတယ်၊ ကျွန်မက စိတ်မရှည်ဘူး အဆက်ဖြတ်လိုက်တယ်ဆိုပါတော့၊ ဒါပေမဲ့ သူက ထားရစ်ခဲ့တာနဲ့ အတူတူပဲ”
“ဘာ ဖြစ်လို့လဲ”
“သူတို့မိသားစုတိုင်းထွာသတ်မှတ်ထားတဲ့ အရည်အချင်းတွေ နဲ့ ပြည့်စုံတဲ့ မိန်းကလေးကို လက်ထပ်လိုက်တယ်လေ၊ အဲဒီ မင်္ဂံလာပွဲကို တက် ဖြစ်အောင် တက်ဖို့ကိုတောင် ကျွန်မကို ဖိတ် သေးတယ်”
“အဲလိုတော့ဘယ်လုပ်သင့်မလဲ”
သူထောက်ခံလိုက်တော့ သူမက ခပ်မဲ့မဲ့ပြုံးလျက် -
“ရှင်တို့ယောကျာ်တွေ က အိမ်ထောင်ဖက်ရွေးချယ်ပြိဆိုရင် စံချိန်စံညွန်းတွေ နဲ့ တိုင်းတာ ချိန်စက်တတ်ကြတယ်နော် ကိုယ်ကိုယ်တိုင်က အပြစ်မကင်းချင်နေမယ် ခြောက်ပစ်ကင်းသဲလဲစင် မိန်းမမျိုးမှလက်ထပ်ချင်ကြတာလား”
“ဗျာ”
“ရှင်လည်းယောက်ျားထဲက ယောကျာ်း တစ်ယောက် ပဲလေး လောဘကြီးရင့်ကြီး မဟုတ် ရင် အတ္တကြီးတဲ့သူ ဖြစ်ရမယ်၊ ဟုတ်တယ်မဟုတ်လား”
သူခပ်မြန်မြန် ခေါင်းယမ်းမပြ ဖြစ်ပါ။
ဒါပေမဲ့ ဟန်ဆောင်ချင်း အတတ်ပညာတို့နှင့် ပြုံးလိုက်နိုင်သည်။
“ဘာလို့ကျွန်တော့ကို တစ်ခြားယောကျာ်းတွေ နဲ့ နှိုင်းယှဉ်ကြည့်ရတာ လဲ ရတုမှီ၊ လူချင်း တူပေမယ့် အသက်ရှူးချင်း ကွာတတ်ကြပါတယ်”
“အဲဒါလောဘကြီးတဲ့ ယောက်ျားမဟုတ်ပါဘူးလို့ ၀န်ခံတာမ ဖြစ်နိုင်ဘူးမဟုတ်လား၊ အဟင်း လွတ်လက်မူကို ခုံမင်ပြီး ဘ၀ကိုအလေးအနက် မတွေးတတ်တဲ့ မိန်းကလေးကို ဘယ်သူမှ လက်ခံမပေးချင်တာ ဆန်းတော့ မဆန်းပါဘူး၊ အဲဒါကြောင့် လည်း ကျွန်မဘာသာ တစ်ယောက် တည်းနေဖို့ ဆုံးဖြတ်ထားတာ”
“အခုရော ကျွန်တော့် ကို မိတ်ဆွေအပေါင်းအသင်းအ ဖြစ် မသက်မှတ်ချင်ဘူးဆိုတဲ့ သ ဘော လား”
သူမက ခပ်ဟဟရယ်လျက် ကုက်အအေးဘူးလေးကို တစ်ဘူးလုံးကုန်အောင် မော့
သောက်သည်။
ပြီးမှ ဘူးခွံလေးကို အမှိုက်ပုံးထဲ သေချာတည့်တည့်မတ်မတ်ချိန်၍ လှမ်းပစ်သည်။ ကလေး ဆန်ဆန် သူမအပြုအမူလေးက သူ့ရင်ကို လူပ်လူပ်ခတ်ခတ် ငြိတွယ်သွားစေသည်။
စိုရဲအိထွေနေသော သူမနှုတ်ခမ်းလေးမှာ အအေးစက်ပေးနေတာမို့ တစ်သျှုးစလေးယူ၍ သူမလက်ထဲ ထည့်ပေးမိ၏ ။ သူမက ဖြစ်သလို ပွတ်သပ်သုတ်ပြီး တစ်သျှုးစလေးကို လုံးချေ၍ အမှိုက်ပုံးထဲ လှမ်းပစ်ထည့်ပြန်သည်။
“မင်းကကွာ”
ဒီတစ်ခါ အမှိုက်ပုံးလေးထဲမရောက်ဘဲ အောက်ကျသွားတာမို့သူက ခပ်သုတ်သုတ် ပြေး ကောက်ကာ အမှိုက်ပုံးထဲထည့်ပေးလိုက် ရသည်။
“လုပ်မပေချင် ဒီအတိုင်းနေလိုက်တာမဟုတ်ဘူး၊ ဘာလို့အော်တာလဲ”
“ဆော်ရီး စကားပြောရင်း မင်းဆော့်နေတယ် ထင်လို့ပါ”
“အဲဒါ ရှင်စိတ်မရှည်ဘူးဆိုတဲ့ သက်သေပဲ”
“မဟုတ်ပါဘူးကွာ”
“ဟုတ်ပါတယ်”
“မဟုတ်ပါဘူးဆို”
သူ့အသံက စိတ်မရှည်သလို ဆောင့်ဆောင့် အောင့်အောင့် ဖြစ်သွားတော့ သူမက ရယ်ဟ ဟနှင့် လှောင်ပြုံးပြုံးလိုက်သည်။
သူလည်းမအောင့်အီနှိင်စွာ လွတ်လွတ်လပ်လပ် ရယ်ချလိုက်၏ ။
“ရှင်ကဘာရယ်တာလဲ”
“မသိဘူးကွ၊ မင်းနဲ့ အဲလိုစကားနိုင်လုပြီး စကားပြောနေရတာ ပျောသလိုလိုပဲ”
“ရှင့်မှာ အဖေရော အမေရော ရှိလားဟင်”
“ဟင် ဘာရယ်”
မျက်နှာလေးက တည်တင်းအေးစက်သွားပြီး အဆက်အစပ်မရှိ၊ မပွင့်တပွင့်မေးလိုက်တာမို့ သူကနားမလည်စွာ ပြန်မေးလိုက်ရ၏ ။ သူမဘက်ခပ်တိုးတိုး သက်ပြင်းရိုက်သံကြားလိုက်ရပြီး -
“ တစ်ယောက် မှ နောက်အိမ်ထောင် မပြုကြဘူးလား”
“မပြုပါဘူး”
“လောင်းကစားရော မလုပ်ကြဘူးလားဟင်”
“မလုပ်ပါဘူး”
“ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရော ရှိကြလား”
“အင်းပေါ့”
“ရှင်တို့ မိသားစုလေးက အရမ်းကို ပြောစရာကောင်းမှာ ပဲနော်”
သူမစိတ်ဒဏ်ရာကို သူ ခန့်မှန်းမိလိုက်သလို ဖြစ်သွား၏ ။ ထိုဒဏ်ရာတွေ က အဆိတ်သင့် ကာ ဒီလို ဖြစ်နေခဲ့တာလား။
“မင်းမှာ မိဘနှစ် ပါးလုံး မရြှိ ကတော့ဘူးလား”
သူမဘ၀လေးကို စိတ်ဝင်စားကာ သူက မေးခွန်းပြန်ထုတ်မိ၏ ။ သူမစိတ်လိုလက်ရ ရှိနေချိန်မို့လားမသိ၊ မျက်စောင်းမထိုးပါ၊ နှုတ်ခမ်းမမဲ့ပါ။
“အင် နှစ် ယောက် လုံး မရှိတော့ဘူးလို့ ပြောရမလားဘဲ၊ အမေမသေခင်က လောင်းကစားနဲ့ အချိန်ကုန်တယ်၊ ဖေဖေ အလုပ်ကို အကြောင်းပြပြီး အိမ်မကပ်ဘူး၊ မိသားစုဆုံ ရင်လည်း နွေးထွေးမှု မရှိ ခြောက်ကပ်ကပ်ကြီးပေါ့၊ အခုဖေဖေက နောက်မိသားစုရှာပြီး အဲဒီ ဘ၀မှာ ပျော်မွှေနေတယ်”
“ရင်မောစရာကြီးပါလား”
“နေသားကျနေပါပြီ၊ တစ်ယောက် တည်းနေတတ်အောင် လေးကျင့်ရင်းနဲ့ အထီး ကျန် မှန်းတောင် ကိုယ့်ကိုယ်ကိုယ် သတိမထားမိတော့ဘူး၊ ပျော်သလို ဖြစ်သလို နေနေ လို့လေ”
“ကိုယ့်ဘ၀ကို ဖျက်ဆီသလို ဖြစ်မှာ ကိုရော မစိုးရိမ်ဘူးလား”
“ပျက်ဆီသွားတဲ့ အထိမ ဖြစ်အောင်တော့ ကိုယ့်ကိုယ်ကိုယ် ထိန်နေတာပါပဲ၊ ဒါပေမဲ့ တစ်ခါတလေ မခံစားနိုင်တော့ဘူးဆိုရင် စိတ်လွတ်လွတ်သွားတယ်”
“မင်းအရမ်းစိတ်ပင်ပန်းနေမှာ ပဲနော်”
“သနားတာလာ ကိုယ်ချင်းစာနာတာလား”
“တစ်ခုမှမဟုတ်ဘူး မင်းဘ၀ပျက်ဆီသွားမှာ ကို စိုးရိမ်တာ”
သူမကပခုံးလေးတွေ လူပ်ခါအောင် တသိမ့်သိမ့်ရယ်ပြီး သူ့မျက်နှာကို မျက်ခုံတစ်ချက် ပင့်ကြည့်၏ ။
“ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားရင် ဘယ်သူကမှ ကိုယ့်ကိုတန်ဖိုးမထားချင်မှာ မဟုတ်ဘူးဆိုတာ ကျွန်မသိတယ် ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ၊ မိဘဆိုဆုံးမမှု ကင်းဝေးတဲ့ဘ၀မှာ အပြစ်ကင်းအောင်နေဖိုလည်း စိတ်ကူးမရှိတော့ဘူး၊ ပစ္စည်းဥစ္စာပြည့်ဝသလိုနဲ့ မေတ္တာ တွေ ချို့ တဲ့ နေ တာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြည့်စုံဖို့လည်း မကြိုးစားချင်တော့ဘူး”
“အဲဒီ ဘ၀မှာ ပျော်အောင်နေတာ မင်းအတွက် ဘာအကျိုးရှိလဲ”
“ကျွန်မပျော်တယ်လေ၊ ကျွန်မကြူံသလို မနေတတ်ရင် အထီကျန် ရောဂါ နဲ့သေမှာ ပဲ”
“မင်းကို ကိုယ်အဖော်လုပ်ပေးမယ်”
“ဘာ”
လွှတ်ခနဲထွက်သွားသည့် ကိုယ့်စကားကိုယ် ဘရိတ်အုပ်ဖို့မမီလိုက်။ ထွက်သွားသည့်စကား အတွက် တာဝန်ယူရတော့မည် ဆိုတာလည်း သူ့ကိုယ်သူသိသည်။
သူမမျက်နှာလှလှလေးကို ခပ်ငေးငေးကြည့်ကာ-
“မင်းလိုအပ်ရင် မင်းအနားမှာ ကိုယ်ရှိနေပေးချင်ပါတယ်၊ မင်းနှင်မထုပ်သရွေ့ ကိုယ်ဘယ် မှမသွားဘူး”
“ရှင် စိတ်ကူးရင်ပြီး ပြောနေတာ မဟုတ်လား”
“မင်းကဘယ်လို ထင်မြင်ယူဆနေတာလဲ”
“ကျွန်မလိုမိန်းကလေးကို ဘယ်ယောကျာ်းမှ အချိန်ကြာကြာ စိတ်ရှည်မယ်မထင်ဘူး၊ ကျွန်မကလည်း တစ်ခါခံဖူးထားလို့ ဘယ်ယောကျာ်းမှ မယုံဘူး၊ အဲဒါကြောင့် မို့ ကိုယ့်မာနနဲ့ ကိုယ် တစ်ယောက် တည်း နေနေတာ လောဘကြီးတဲ့ယောကျာ်းတွေ ကို မုန်းတယ်”
နှာခေါင်းရူံ့ ပြီးပြောနေတာက တကယ်ကို ရွံရှာမုန်းတီးနေသလိုပင်။ သူက လောဘ မ ကြီးပေမဲ့ အတ္တကင်းသည့် ယောကျာ်း တစ်ယောက် တော့ မဟုတ်ပါ။
ပစ်စလက်ခတ်နိုင်လွန်းသော သူမဘ၀လေးကို တည့်တည့်မတ်မတ် လမ်း ကြောင်း ပြ ပေး ချင်သည်။
သူမ လက်သင့်ခံ မခံဆိုတာ ကတော့ သူမအပိုင်းပဲ ဖြစ်၏ ။
“မင်း အိမ်ပြန်တော့မယ်ဆို ကိုယ်လိုက်ပို့မယ်လေ”
“ကျွန်မမှာ ကားပါတာပဲ ဥစ္စာ၊ ရှင်လိုက်ပို့စရာ မလိုပါဘူး၊ ပြီးတော့ ကျွန်မပြန်လည်း မပြန် ချင်သေးဘူး”
“မိန်းကလေး တစ်ယောက် တည် ဒီထက်အချိန်လွန်အောင် နေလို့ ဘယ်ကောင်းမလဲကွ၊ ဒီနေ့ မိုးမရွာပေမယ့် စိမ့်စိမ့်လေးအေးနေတယ်၊ မင်းအိမ်ရောက်ရင် ကိုယ် ကော်ဖီဖျော်တိုက် မယ်လေ”
“ရှင်တကယ်ပြောတာလား”
သူစိတ်ပါ လက်ပါ ခေါင်းညိတ်ပြတော့ သူမမျက်နှာလေးဝမ်းသာရွင်ပျသွား၏ ။ သူ့လက် မောင်းတစ်ဖက်ကို ခပ်ဆတ်ဆတ်ရိုတ်ကာ-
“သူကော်ဖီ ဖျော်တာအရမ်းတော် လိမ့်လို့ ကျွန်မယုံကြည်တယ် သိလား၊ ကျွန်မက သူများ ဖျော်တိုက်တာဆိုရင် ကောင်းကောင်း မကောင်းကောင်း အရမ်းသောက်ချင်တာ၊ ငယ်ငယ်တုန်းက မေမေဖျော်တိုက်တဲ့နို့ကိုသောက်ရတာ အရမ်းအရသာရှိတာပဲ၊ ဖေဖေ၀ယ်လာဖူး တဲ့မုန့်ကို စားရတာ လည်း ဒီနေ့ထိ မမေ့ဘူး”
ပေးဆပ်ချစ်မည့်  မေတ္တာတရားတွေ ကို သူမ တောင့်တနေတာများ လား။ သူကရော ဘာ ကြောင့် လိုက်လျောဖြည့်ဆည်းချင်နေရတာ လဲ။
တကယ်ဆို မသိသလိုနေလိုက်ပြီး ခပ်ကင်းကင်း ဆက်ဆံမိဖို့ ကောင်းသည်။ ခုတော့ သူမမျက်နှာလေး လန်းဆန်းဝင်းပနေတာကိုမြင်ပြီး သူ့ရင်မှာ ကြည်နူးချမ်းမြေ့နေရသည်။
ခန်းမထဲက အတူတူ တွဲ ထွက်လာခဲ့ရတာ ကိုလည်း ကျေနပ်ဂုဏ်ယူသလို ဖြစ်နေခဲ့၏ ။ သူမမယုံကြည်တဲ့ ယောကျာ်တွေ ထဲမှာ သူမှမပါတော့ဘဲလေ မင်းကို ကိုယ် ဖြားယောင်း သွေး ဆောင်ခဲ့တာ မဟုတ်ဘူးနော်၊ ရိုးရိုးသားသား ငြိတွယ်သွားခဲ့တာ။
************
အခန်း(၈)
“ကော်ဖီကို ခါးခါးလေးကြိုက်လား၊ ချိုချိုလေးကို ကြိုက်လား ရတု”
“ရှင်ကြိုက်သလိုဖျော်၊ ရှင်ဖျော်တဲ့ကော်ဖီကို သောက်ရရင်တော် ပြီ”
သူရေနွေးတည်နေဆဲမှာ သူမက ထိုင်ခုံမှာ တင်ပျင်ခွေထိုင်ရင်း သူဖျော်ပေးမည့်  ကော်ဖီ တစ်ခွက်ကို ဘယ်လို ပုံစံမျိုး ဖြစ် ဖြစ် တောင့်တနေဟန်ရှိသည်။
သူကမီဖိုချောင် ကိစ္စများ ကို မေမေနှင့် ကူလုပ်ပေးနေကြမို့ ကော်ဖီမဖျော်ခင်မှာ အရင်ဆုံး မီးဖိုခန်းတစ်ခန်းလုံး ရှင်းလင်းသန်င့်္စင်လိုက်သည်။
ဆေးရမည့်  ပန်းကန်ခွက်ယောက် များ ကိုလည်း ဘေစင်မှာ ဆေးကြော သုတ်သင်လိုက် ၏ ။ရတုမှီအဒေါ်ဆိုတာမရှိလို့ တစ်အိမ်လုံး ပစ်စက်လက်ခတ် ဗြုတ်စဗျင်းတောင်း ဖြစ်နေတာလား မသိ။
သူမ ကတော့ ဘာတစ်ခုမှ မလုပ်တာသေချာသည်။ ပရိဘောဂများ အလှပန်းအိုးများ ကအစ ဘာတစ်ခုမှ သူ့နေရာနှင့် သူမရှိ။မြင်မြင်သမျှမှာ ရူပ်ထွေးပွေလီညစ်ပတ်ပေရေနေသည်။ လူ အနေ နည်းသည့် အပေါ်ထပ်မှာ ဆိုလျှင် ဒီထက်ပိုဆိုးလိမ့်မည် ထင်၏ ။
“တိုက်တွေ ကားတွေ နဲ့ မင်တို့ ဒီလောက်ချမ်းသာနေတာ အိမ်အကူ တစ်ယောက် လောက် ငှားပါလားကွ”
သူကကော်ဖီ ဖျော်နေရင်းနှင့် မနေနှိင်စွာ ပြောတော့ သူမက နှာခေါင်းလေးရူံ့ကာ-
“အရင်ကတစ်ပတ်တစ်ခါ အိမ်သန့်ရှင်းရေး လုပ်ဖို့ အလုပ်သမားခေါ်ထားသေးတယ်၊ အန်တီချိုကလည်း မေမေမရှိကတည်းက ဘာမှ လုပ်တာကိုင်တာမှ မဟုတ်တာ၊ တစ်ခုခုခိုင်း တော့မယ်ဆို အခကြေးငွေ များများ ပေးရတယ်၊ အခုလည်း တစ်ပတ်တစ်ခါ သန့့််ရှင်း ရေး အလုပ် သမား ခေါ်နေရင် ပိုက်ဆံကုန်မယ့်အစား သူ့ကိုပေးတဲ့၊ သူလုပ်မယ်ပေါ့လေ၊ ပြောလို့သာပြောတာ တစ်အိမ်လုံးလည်း လုပ်နိုင်တာ မဟုတ်ဘူး၊ လက်ထဲငွေရပြီဆိုရင်တော့ ပဲခူးက သူ့အမျိုးတွေ ဆီ ပြန်ပေးရော”
“အဲလိုသွားပေးနေရင်း ဒီအိမ်ကြီးတစ်အိမ်လုံးမှာ မင်း တစ်ယောက် တည်း ရှိတာပေါ့၊ မင်း နေရဲတာ အံ့သြဖို့ကောင်းလိုက်တာ”
“ဘာအံ့သြစရာရှိလဲ၊ ရတုမှီဆိုတာ မွေးကတည်းက တစ်ယောက် တည်းပဲ၊ ငယ်ငယ်ကဆို ကြောက်လွန်းလို့ ဘယ်သူမှပြန်မလားမချင်း ချောင်တစ်ချောင်မှာ ကပ်ပြီးတစ်နေကုန် ငိုနေရ တာ”
“ဟာမင်းမိဘတွေ က သမီးလေး တစ်ယောက် တည်းကို အဲလိုပစ်စလက်ခတ်ထားရစ်ခဲ့တာ ပဲလားကွာ၊ အိမ်မှာ ကလေး တစ်ယောက် တည်း တစ်ခုခု ဖြစ်ရင် ဘယ်လိုလုပ်မလဲ”
သူကတကယ်ပင် အထီးကျန်သိမ်ငယ်နေရှာမည့်  သူမဘ၀လေးကို တွေးကာ သနား သွား မိသည်။ ကော်ဖီခွက်လေးကို သူမရှေ့ချပေးပြီး ၀င်ထိုင်လိုက်သည်။
သူမက ဣနြေ္ဒမရစွာ ကော်ဖီခွက်လေးကို လှမ်းယူပြီးတစ်ကျိုက်နှစ် ကျိုက် မော့ သောက် သည်။
“ဟား ပူပူလေးနဲ့ မွှေးမွှေးလေး၊ အရသာရှိလိုက်တာ၊ ရှင့်ကို အဲလိုအတတ်ပညာတွေ ဘယ် သူသင်ပေးတာလဲဟင်”
“ကိုယ့်မေမေပေါ့ အိမ်အကူအလုပ်သမားတွေ ရှိပေမယ့် ကိုယ်တွေ လည်း တတ်ထားသင့် တယ်တဲ့၊ ဘ၀ဆိုတာ နိမ့်ချည် တစ်လှည့်၊ မြင့်ချည်တစ်ခါဆိုတော့ ဘယ်လို အကြောင်းကံမျိုးနဲ့ ဘယ်လိုဘ၀မျိုးရောက်မယ်ဆိုတာ မသိနိုင်ဘူး၊ အဲဒါကြောင့် လူရယ်လို့ ဖြစ် လာရင် အသေးအမွှား ကနေ အကြီးအမားဆုံးကိစ္စတွေ အထိ ကိုယ့်ဘာသာ ရင်ဆိုင်ရဲရတယ်၊ ကိုယ့်အား ကိုယ်ကိုးနိုင်ရ မယ်၊ ကိုယ့်တာဝန် ကိုယ်ယူနိုင်ရမယ်တဲ”့
သူ့စကားတွေ ကို သူမက အထူးအဆန်းသဖွယ် နားထောင်နေပြီး ကော်ဖီခွက်လေးကို စား ပွဲ ပေါ် ပြန်ချလိုက်၏ ။
“အဲလိုဂရုစိုက်မှု ဆုံးမသွန်သင်မှု ရှိတဲ့ မိဘတွေ နဲ့ နေရတာ ရှင်အရမ်းကံကောင်း တာပဲနော်”
“ကံဆိုးခြင်း ကံကောင်းခြင်းက ကိုယ့်ရဲ့ ကံတရားနဲ့လည်းဆိုင်တယ်၊ ကိုယ့်ရဲ့ ကံကို ပြု ပြင်ဖို့ဆိုတာလည်း ကိုယ်နဲ့ပဲဆိုင်တယ်၊ မိဘမေတ္တာမရဘူး၊ ကံမကောင်းဘူးဆိုပြီး ကိုယ် စိတ် ထင်ရာလုပ်၊ ကိုယ်နေချင်သလိုနေလိုက်ရင် ကိုယ့်ဘ၀ပဲ ပျက်စီးမှာ ပေါ့”
“ရှင် ကျွန်မကို ဆုံးမနေတာလား”
“နာခံချင်မှ နာခံပါ၊ တချိုက ဘ၀ကို ဖြစ်သလိုရေစုန်မျောနေချင်ကြတယ်၊ ချမ်းသာပြည့်စုံ နေလို့ မင်းဘ၀က ဒီအတိုင်းရှိနေသေးတာ၊ ဆင်းရဲတဲ့သူဆိုရင် မင်းဘ၀ တွေးတောင် မတွေးရဲ တော့ဘူး”
သူကနှာခေါင်းကိုရူံ့၊ ပခုံးကိုတွန့်ပြောတော့ သူမက ဟက်ဟက်ပက်ပက် ရယ်ချသည်။
“ရှင့်စကားတွေ နားထောင်ရတာ ၊ ရှင်နဲ့စကားတွေ ပြောနေရတာ အပျင်းပြေတယ်သိလား၊ အရင်ကအိမ်ပြန်လာရင် တစ်ယောက် တည်းသွေ့သွေ့ခြောက်ခြောက်နဲ့ အထီးကျန်နေသလိုပဲ”
“အေးပေါ့၊ တစ်အိမ်လုံး တိတ်ဆိတ်ခြောက်ကပ်နေတာပဲနော်၊ မင်းအဒေါ်ဆိုတာကရော ဘယ်အချိန်ပြန်လာမှာ လဲ”
“ရောက်နေပြီ ဖြစ်မယ်၊ အိမ်ရှေ့မှာ ဖိနပ်တွေ့ ခဲ့တယ်”
“ဘာပြန်ရောက်နေပြီး၊ ခုချိန်ထိ ဘာလို့ မတွေ့ ရတာ လဲ”
“ဒီလိုပဲလေ ပြန်ရောက်တဲ့နေ့ဆို ပင်ပန်းလို့ဆိုပြီး အခန်းထဲက အခန်းပြင် ထွက်တော့တာ မဟုတ်ဘူး၊ ကျွန်မဘယ်ချိန် ပြန်ရောက်လဲ၊ ဘယ်သွားလဲ သူပူပန်စရာမှ မလိုတာ”
“ဟာကွာ မင်းဘ၀က အဲလိုကြီးလား၊ မင်းအဖေကရောမင်းကို တစ်ခေါက်မှတောင် လာမ ကြည့်ဘူးလား”
သူမမျက်ဝန်းလေး ချာခနဲလည်သွားကာ အတန်ကြာငြိမ်သက်သွား၏ ။ စိတ်ဂနာမငြိမ်သလို စားပွဲခုံလေးကိုလည်း တစ်ဒေါက်ဒေါက်ခေါက်ကာ-
“ဟိုမိသားစုအိမ်မှာ ဖေဖေ ဘယ်လိုနေမလဲ သိချင်လိုက်တာ၊ ကျွန်ဆီကို တစ်ခါမှ မဆက်သွယ်သေး၊ မလာသေးဘူး၊ လာရင်လည်း ကျွန်မက စကားကောင်းကောင်းမပြောလို့ လား ချင်မှာ မဟုတ်ပါဘူး”မလာတာလည်း ကောင်းပါတယ်၊ ငွေ ကြေး ထောက်ပံ့ရုံနဲ့ ဖခင် ၀ တ္တ ရား ကျေပြီလို့ ယူဆနေတဲ့ဖေဖေကိုလည်း ကျွန်မမတွေ့ ချင်ဘူး။
“ရတုက သူစိမ်းဆန်လို့ အနေဝေးသွားတာ မဟုတ်ဘူးလား”
“မိဘတွေ က မမှားဘူး၊ သမီး ဖြစ်တဲ့ ကျွန်မက မှားနေတယ်လို့ ရှင်ဆိုလိုတာလား၊ လူငယ်တွေ ရဲ့ အမှာ က လူကြီးတွေ ကြောင့် ရော မ ဖြစ်နိုင်ဘူးလား”
သူဘာဖြေရမှန်းမသိပါ။ မိသားစုဘ၀ရဲ့ လိုအပ်ချက်က ဘယ်လိုအရာက အဓိကလဲ။
နားလည်မှု လား၊ ပြည့်စုံမှု လား၊ နှစ် ခုလုံးလည်း ဖြစ်နိုင်သည်။
သူ့မှာ က နားလည်းမှု ရော ပြည့်စုံမှု ရော မေတ္တာရော ဘာလိုအပ်မှု မှ မရှိ။
“ဘယ်သူမှားမှား ကိုယ်ကမှာ အောင်မနေဘူးဆိုရင် ကိုယ်စိတ်ချမ်းသာတာပဲလေ၊ ကိုယ့် ဘ၀ပျက်ဆီလေလွင့်သွားတဲ့အထိတော့မမိုက်ပါနဲ့ကွာ”
“နိုက်ကလပ်သွားတာ ပျက်စီးနေတဲ့ သူတွေ ချည်းပဲလား”
“မဟုတ်ပါဘူးကွာ၊ ကိုယ် အဲလိုသဘောမျိုးပြောတာမဟုတ်ပါဘူး၊ ကိုယ်လည်း အဲဒီ ကို ရောက်တာပဲ၊ ကျန်းမာရေး အတွက် သွားကနေတဲ့သူတွေ လဲရှိတယ်၊ မွန်းကျပ်မှု တွေ ကို ဖောက် ထုတ်ပစ်ချင်လို့သွားတဲ့ သူတွေ လည်းရှိတာပဲ၊ များ သော အားဖြင့် လူကုံထံမိသားစု အသိုက်အ၀န်းက ခေက်မီချင်လို့ အဆင့်အတန်းမြင့်ချင်လို့ သွားကြတာများ တယ် ဒါ အထင်သေး စရာမဟုတ်ပါဘူး”
“ဒါဆိုရင် ရှင်ကျွန်မကို ဘာလို့ပျက်ဆီးမှာ စိုးရိမ်တယ်ပြောနေရတာ လဲ၊ လူတွေ ဘယ်လို ထင်မြင်ယူဆနေတယ်မသိပေမယ့် ကျွန်မကိုယ်ကျင့်တရားက အလက်ကြီးရှိသေးတယ်၊ အရပ်မ သောက်ဘူး၊ ဖဲမရိုက်ဘူး၊ လောင်းကစားမလုပ်ဘူး၊ ရည်းစားထည်လဲတွဲ ပြီး ပန်းခြံ တွေ မှာ မထိုင်ဘူး၊ ရုပ်ရှင်မကြည့်ဘူး”
လက်ချောင်းလေးတွေ တစ်ခုချင်းချိုး၍ ရေတွက်ဆင်ခြင်ပေးနေတာက ကလေးဆန်ဆန် အပြစ်ကင်းလှသည်။
စကားတွေ ပြောလိုက် ကော်ဖီသောက်လိုက်ဖြင့် သူမမျက်နှာလေး ကြည်လင်လန်းဆန်း နေ၏ ။ ထိုအပြုံးလေးများ ကို ရိုးသားခြင်းသင်္ကေတများ ဖြင့် တန်ဆာဆင်၍ တစ်သက်လုံး မြတ်နိုးယုယစွာ ဖြည့်စည်းပေးဆပ်ခွင့် ရခြင်လှသည်။
လူတွေ နှင့် သဟဇာတရှိအောင် မနေတတ်သော သူမလေးကို လိုက်လျှော ညီထွေ ဖြစ် အောင် ပံ့ပိုးကူညီချင်သည်။
နွေးထွေးချင်း မေတ္တာတွေ ကင်းဝေးနေရှာသည့် သူမဘ၀လေးကို ပြီးပြည့်စုံမှု တွေ ဖြစ် ခြုံလွှမ်းထားလိုက်ချင်၏ ။
ဒါဟာငြိတွယ်မှု တစ်ခုကြောင့် ဆိုလျှင် အချစ်လား မေတ္တာလား အဖြေတစ်ခုခု ထွက်မှာ သေချာ၏ ။
ထိုနေ့ကညဆယ်နာရီကျော်မှ အိမ်ပြန်လာ ဖြစ်သည်။ ဒီတစ်ခါတော့ သူ့ကား လေး အနား ထိသူမလိုက်ပို့ကာ-
“နောက်နေတွေ ရော ကျွန်မကို ကော်ဖီဖျော်တိုက်ချင်စိတ် ရှိရဲ့ လား”
ဟု ပြောင်ပြောင်တင်းတင်း မေး၏ ။ သူက ခေါင်းတဆက်ဆက်ညိတ်၍ လူကြီးတစ် ယောက် ရဲ့ အပြုံးမျိုးဖြင့် -
“အင်ဖျော်တိုက်မှာ ပေါ့ မင်းက ကိုယ့်ရဲ့ ကလေးလေး ဖြစ်သွားပြီပဲ ဆန်းဒေးကျရင် ကိုယ်ဈေးဝယ်လာခဲ့မယ်၊ မင်းစားချင်တာ ချက်ကျွေးမယ်၊ မင်းက ဘေးကနေ ကူလုပ်ပေးပေါ့”
“တကယ် ရှင်တကယ်ပြောတာနော်၊ ကတိ ကတိမိတ္တူ”
သူမက ကိုးရီယားကားတွေ ကြည့်သည်ထင်ရဲ့ ။
လက်ချင်းဆုပ် လက်မချင်းထိ၍ ကတိမိတ္တူ လုပ်လိုက်ရသေးသည်၊ သူ ကားပေါ် က နေ လက်ပြတော့ ကလေးလေးလို ခုန်ပေါက်လက်ပြ၍ ကျန်ရစ်ခဲ့သည်။
ပထမအကြိမ်ဆုံစဉ်ကလို ဆက်ဆံရခက် စကားပြောအစဉ်မပြေသည့် မိန်းကလေး မဟုတ်တော့သည့်အတွက် ရတုမှီဟာ မာကျောချင်ယောင်ဆောင်နေသည့် စိတ်ပျော့ညံ့ နှုးညံ့ လွန်းသူ တစ်ယောက် ဟု သူသိလိုက်ရသည်။
မင်းအတွက်လူစွမ်းကောင်း တစ်ယောက် ဖြစ်ချင်တယ် ရတုမှီ။
************
အခန်း (၉)
“ညကလာသွားတဲ့ ကောင်လေးက ညည်းရည်းစားလား”
“ဟင် အန်တီချို သိနေတယ်။ ဒါနဲ့များ ဘာလို့ထွက်မလာတာလဲ အန်တီချိုရယ်၊ အဲဒီ လူ သာ လူဆိုး ဖြစ်ပြီး ရတုကို ရန်ရှာရင် အန်တီချို မသိယောင်ဆောင်နေမှာ ပဲလား”
“သြော် စကားပြောရင် အဆင်ပြေအောင်မပြောဘူး။ လူပုံကိုကြည့်ရုံနဲ့ လူဆိုးလူကောင်း ငါခွဲခြားတတ်ပါတယ်။ ညည်းကို မတော် တရော် လုပ်တောတွေ့ ရင် ငါထွက်ရိုက်မှာ ပေါ့၊ အခုက ရည်ရည်မွန်မွန်လေးမို့ အပေါ်ထပ်ပြန်တက်ပြီး အနားယူနေတာ။ တစ်ခေါက် တစ်ခေါက် ပြန်ရရင် အရမ်းပင်ပန်တာပဲဟယ်။ လူတစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို လှုပ်ကို မလှုပ်နိုင်ဘူး”
နေမြင်မှ အိပ်ရာထလာပြီးရှုံ့ရှုံ့မဲ့မဲ့ ညည်းညူနေတော့ အန်တီချိုကို ရတုမှီ စိတ်ကုန်သလို နှာခေါင်းရှုံ့ကြည့်လိုက်သည်။
“အဲဒါကြောင့် ခဏခဏ မသွားနဲ့လို့ ပြောနေတာပေါ့ အန်တီချိုရယ်။ အန်တီချိုက မသွား ခင်လည်း လက်ဆောင်တွေ ဘာတွေ သွားဝယ်နေတာနဲ့ အိမ်မကပ်ဘူး။ ပြန်လာတော့လည်း ပင် ပန်းလို့ဆိုပြီး သုံး၊ လေးရက်လောက် ဘာမှလုပ်နိုင်တာ မဟုတ်ဘူး”
“အောင်မယ် ညည်းက ငါ့ကို အိမ်ဖော်လို သဘောထားနေသလား။ ငါ့ညီမရှိတုန်းက လည်း ငါ ဘယ်လို နေခဲ့တယ်ဆိုတာ ညည်းသိပါတယ်။ ဘာအလုပ်ပင်ပင်ပန်းပန်း လုပ်ခဲ့ရလို့လဲ။ ထမင်း ဟင်းဆိုလည်း ချက်ရတာ မဟုတ်ဘူး။ ဟိုတယ်တွေ ၊ စားသောက်ဆိုင်တွေ သွားဝယ် ပေးလိုက်ရုံပဲ။ သူဖဲနိုင်လာတဲ့နေ့ဆို မြိုးမြိုးမြက်မြက်ရသေးတယ်။ အခုမှ ငါက ညည်းရဲ့ မသထာ ရေစာကို စားနေရတာ ပါ”
ကော်ဖီတွေ ဖန်ခွက်ကြီးနှင့် အပြည့်ဖျော်ပြီး အန်တီချို ဆောင့်ဆောင့်အောင့်အောင့် ဖြစ် နေသည်။ သူစားချင် သောက်ချင်တာ အလျှံပယ် လုပ်စားတတ်ပြီး သူမအတွက်တော့ တစ်ခါမှ စားမလား၊ သောက်မလား မေးမြန်းပြီး လုပ်မပေးတတ်ပါ။
သူမက ဒါချက် ဟိုဟာလုပ်ဆိုပြီး ငွေကြေးအပိုအလျှံပေးခိုင်းမှာ လုပ်ပေးတတ်တာမျိုး ဖြစ် သည်။
ဒီလိုတာဝန်မသိတတ်၊ မကြင်နာတတ်သည့် သူမျိုးကို သူမအနားမှာ မေမေဘာကြောင့် စိတ်ချလက်ချ ထားရစ်ခဲ့တာလဲ။ ဒါပေမဲ့ ဟိုအရင်ကတည်းကလည်း ဖေဖေမေမေတို့က သူမအ ပေါ် ဥပေက္ခာများ နှင့် သာ-
“ဒီနေ့ ညည်းအပြင်ထွက်ဦးမှာ မဟုတ်လား။ ငါ ကြက်ဆီထမင်းစားချင်လို့ ပိုက်ဆံ ထားခဲ့ ဦး”
“ဟင် အန်တီချို မသွားခင်က အိမ်အသုံးစရိတ်ဆိုပြီး နှစ် သိန်းပေးထားတယ်လေ။ အိမ်မှာ လည်း ဘာမှဝယ်မထားခဲ့ဘူး။ အန်တီချိုသုံးဖို့က သပ်သပ်ပေးထားတာပါ”
“ပါသွားတော့လည်း ကုန်တာပေါအေ။ လောက်တောင် မလောက်ဘူး။ ဟိုလူက ဟိုဟာ ၀ယ်ပေးပါဦး၊ ဒီလူက ကျူရှင်တက်ချင်လို့၊ အသက်ကြီးတဲ့ အဖေနဲ့အမေက ကောင်းကောင်းလေး စာချင်နဲ့ ငါ့မှာ လည်း အပူတွေ များ လွန်းပါတယ်။ မသွားမိရင်အကောင်းသား”
ဒါက ပြန်လာတိုင်း ပြောနေကျစကားပင်။ နောက်ငွေလေး နည်းနည်း စုမိတာနဲ့ အဖေနဲ့ အမေက အသက်ကြီးပြီ။ နေကောင်းပါ့မလား။ ဘယ်တူ၊ တူမလေးက စာမေးပွဲမှဖြေနိုင်ရဲ့ လား။ သူု တို့ မိဘတွေ က မုန့်ဖိုးမှ ပေးနိုင်ရဲ့ လားနှင့် ပူပန်မှု များ လိုက်တာ မနေနိုင် မထိုင်နိုင်။ ဒီမှာ ရှိတဲ့ သူကိုတော့ ဂရုစိုက်ရမှန်းလည်း မသိ။ အားနားရမှန်းလည်း မသိ။
ကိုယ်ကပဲ လူပိုသက်သက်လား၊ အသုံးချခံသက်သက်လား။ သူမ စားချင်သောက် ချင် စိတ် မရှိတော့ဘဲ ဧည့်ခန်းဘက် ထွက်လာခဲ့သည်။ အိမ်မှာ နေလျှင် တစ်နေကုန် အကုသိုလ်များ ရ တော့မည် ထင်၏ ။
ဆိုဖာခုံရှည်ကြီးပေါ် ပက်လက်လှန်လှဲချလိုက်ရင်း ညက မိုးကာဖျော်တိုက်သည့် ကော်ဖီ နံမွှေးမွှေးလေးကို သတိရမိသည်။ ကော်ဖီက ခါးတာလည်း မဟုတ်၊ ချိုတာလည်း မဟုတ် စိမ့်သက် သက်လေး ဖြစ်၏ ။
ယောက်ျားလေး ဖြစ်ပြီး ကော်ဖီလည်း ဖျော်တတ်သည်။ မီးဖိုတစ်ခန်းလုံးလည်း ခဏလေး အတွင်းမှာ သန့်ရှင်းတောက်ပြောင်အောင် လုပ်ပေးခဲ့၏ ။
စကားပြောသည့်အသံလေးက သြရှ ၀ါညက်နေပြီး တည်ငြိမ်လေးနက်မှု နှင့် ဆွဲဆောင်မှု ရှိ သည်။
အ၀တ်အစားဝတ်တာကအစ မဟော့ရမ်းဘဲ လူကြီး လူကောင်းဆန်သည်။ ထူတန်းစိမ်း ညို့သော မျက်ခုံး၊ တင်းတင်းစေ့ပိရိသေသပ်သည့် နှုတ်ခမ်းလေးနှင့် လေးထောင့်ဆန်ဆန် မေးရိုး ကျကျလေးက ယောက်ျားပီသမှု ကို ဖော်ညွန်းသည်။ မြင့်မားသော ကိုယ်နေဟန်ထားနှင့် စတိုင်လ် ပန်တွေ နက်ခ်တိုင်တွေ နှင့် ဆိုတော့ စမတ်ကျကာ ကြည့်ကောင်းလွန်း၏ ။
ဘယ်သူ့ကိုမှ ယုံကြည်မလွယ်သော သူမက မိုးကာကို ဘာကြောင့် ရင်းနှီးပတ်သက် လွယ်လိုက်တာလဲ။ သူမအပေါ် ဂရုစိုက်တတ် စိုးရိမ်တတ်တာလေးတွေ ကို သာယာလိုက်မိတာ များ လား။
ဆုံဆည်းမှု က ကဗျာဆန်ဆန်မဟုတ်။
မိုးကာက အရင်ဆုံးမိတ်ဆက်လာကာ သူမက သူ့ရဲ့ ရင်းနှီးမှု အပေါ် စီးမျောခံစားမိလိုက် တာ။
ဒါဟာ ရိုးသားမှု မဟုတ်တာ သိသိကြီးနှင့် -
“မီးဖိုခန်းထဲမှာ သန့်ရှင်းတောက်ပြောင်နေလို့ အံ့သြနေတာ၊ ညည်းလုပ်တာ မဟုတ်ဘူး မဟုတ်လား”
ရှောင်ထွက်လာခါမှ ဧည့်ခန်းထဲထိ လိုက်လာပြီးပြောသည်။ သူမက ဗြုန်းခနဲ ထထိုင်လိုက် ကာ-
“ဧည့်သည်က အမြင်မတော် လို့ လုပ်ပေးသွားတာ ဘာ ဖြစ်လို့လဲ”
“အေး အဲလို အမြင်မတော် လို့ လုပ်ပေးမယ့် ဧည့်သည်ခဏခဏလာရင် ပိုကောင်းတာပေါ့။ ဘယ်နေ့လာဦးမှာ တဲ့လဲ”
“မသိဘူး”
“ညည်းနဲ့ အဲဒီ ကောင်လေး ပတ်သက်မှု ကရော ဘယ်လိုအခြေအနေလဲ”
“မသိဘူး”
“ဟဲ့”
သူမ အမြင်ကတ်ကတ်နှင့် ဘုကန့်လန့်တိုက်ဖြေနေတော့ အန်တီချို မကျေမနပ် ဖြစ်သွား ဟန်တူ၏ ။ မျက်စောင်းကြီးဝင့်ကာ ဟဲဟု အကျယ်ကြီးအော်သည်။ သူမက မထီမဲ့မြင် ပေးစောင်း စောင်း လုပ်နေလိုက်၏ ။
“စကားကို ကောင်းကောင်းပြောစမ်း ရတုမှီ၊ ယောက်ျားလေးက အိမ်အထိတောင် ပါလာ တာ ရိုးရိုးသားသားတော့ မ ဖြစ်နိုင်ဘူး။ ဘာလဲ ညည်းတို့ ချစ်သူရည်းစားတွေ လား၊ လက်ထပ်ကြ တော့မှာ လား။ ညည်းလို မိန်းကလေးကိုတော့ ဘယ်ယောက်ျားလေးရဲ့ မိဘမှ သဘောတူမှာ မဟုတ်ဘူး။ ကြည့်လည်း လုပ်နော်။ နှစ် ခါကွဲတဲ့အသည်း မနာဘဲရှိပ့ါမလား ဖြစ်နေဦးမယ်”
“အန်တီချို”
“ပြော”
အန်တီချိုရဲ့ မခိုးမခန့်နှင့် သူမကိုအထင်သေးသည့်အပြုံးတို့ကြောင့် သူမ မခံမရပ်နိုင် ဆွေ့ ဆွေ့ခုန်သွား၏ ။
“ရတုက ဘာတွေ ဖြစ်နေလို့လဲ။ ဘယ်လိုကိုယ်အကျင့်တရားတွေ ပျက်စီးနေလို့လဲ”
“အိမ်ထောင်မှု မထိန်းနိုင်၊ လမ်းပေါ်မှာ လတ်လျားလတ်လျား အချိန်ကုန်နေတတ်တဲ့ မိန်းကလေးကို ဘယ်လိုလူက အထင်ကြီးမှာ လဲ ရတုရဲ့ ။ ငါက စေတနာနဲ့ ပြောတာပါ”
“တော် ပါတော့ အန်တီချိုရယ် ရတုကို ဘယ်အချိန်တုန်းကမှ မပူပန်ခဲ့ဘူး။ စေတနာမထား ခဲ့ဘူးဆိုတာ ရတုသိပါတယ်။ ရတုဘယ်လိုနေနေ ဘာ ဖြစ် ဖြစ်လည်း ရတုရှေ့က ရပ်တည်ခဲ့တာ မရှိခဲ့ပါဘူး။ အန်တီချို ဘာစားမှာ လဲ၊ ဘာဝယ်မှာ လဲ၊ ရတုပေးပါ့မယ်၊ ရတုကို ဘာမှမပြောပါနဲ့ တော့”
ငွေကို မမြင်လျှင် အမျိုးမျိုး ပူညံပူညံ နားဒုက္ခပေးနေဦးမှာ သိနေတာမို့ မီးခံသေတ္တာထဲက တစ်ထောင်တစ်အုပ် သွားယူပြီး ပေးလိုက်ရသည်။
သူမလည်း ရေမိုးချိုး အလှပြင်ကာ အပြင်ကို ထွက်လာခဲ့၏ ။ ဦးတည်ရာမရှိပါ။ ရည်ရွယ် ချက်မရှိပါ။
လေသင့်ရာ လွင့်မျောဖို့ ကံကြမ္မာရဲ့ စီးမျောမှု အတိုင်း။
************
အခန်း (၁၀)
“ပြောလိုက်လေ သားရဲ့ ၊ သားအဖေကို သားက မိန်းမယူတော့မှာ လို့”
“ဗျာ”
“သြော် သားအဖေကို မေမေ အကုန်ပြောထားပြီးပါပြီး၊ အိအိပိုင်ရဲ့ သမီး ဆည်းဆာညို လေးကိုသားက သဘောကျနေပြီ လက်ထက်ပေးဖို့ အမြန်ဆုံး စီစဉ်ရတော့မှာ လို့”
“ဟုတ်လား သား၊ သားအမေပြောတာ တကယ်လား”
ဖေဖေကသူ့ကိုသေချာအောင် ထပ်မေးနေ၏ ၊ သူဘာဖြေရမှန်းမသိ၊ ခေါင်းကိုသာ စုံကုတ် နေမိသည်။
ဖေဖေက ပြုံးပြုံးကြီးနှင့် သူ့ပခုံးကို လှမ်းပုတ်ကာ-
“ဒါက ရှက်စရာ မဟုတ်ပါဘူးသားရယ်၊ သားသဘောကျတယ်ဆိုရင် ဖေဖေက သဘော တူပြီးသာပါ၊ မိဘတွေ သဘောတူလို့ ယူလိုက်ရတာ ထက် သားကလည်း နှစ်သက် တယ်ဆိုတော့ ပိုကောင်းတာပေါ့၊ သားမေမေက အိအိပိုင်သမီးလေးဆိုတာနဲ့ သူသမီးလေးရဲ့ အလှကို ဖေဖေ ပုံဖော်ကြည့်ပြီးပါပြီ၊ အမေတူသမီးလေဆိုရင် ယဉ်ယဉ်လေးနဲ့ချောမှာ ကွ၊ ဟုတ်တယ်မ ဟုတ် လားသား”
“ဟုတ် ဟုတ်ကဲ့”
“အေး ဖေဖေတို့က သားရဲ့ အိမ်ထောင်ရေး ကို အတင်းအကျပ် မစွက်ဖက်ဘူးဆိုပေမယ့် ယဉ်ကျေးလိမ္မာ အမျိုးကောင်းသမီးလေးနဲ့တော့ ဖြစ်စေချင်တာပေါ့ သားရယ်၊ အိအိပိုင်က နောင်အိမ်ထောင်ပြုထားပေမယ်၊ အဲဒီ နောက်အိမ်ထောင်ကလည်း ဖေဖေတို့တက္ကသိုလ် တစ်ခု တည်းတတ်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ပါ။ ဖေဖေ ကတော့ သားအတွက် စိတ်အေးသွားပြီကွာ”
“အောင်မယ်လေး ကျွန်မက သားအတွက် ပိုပြီးတောင် စိတ်ချမ်းသာပါသေးတယ်။ သား လေးက ဥစ္စာပေါ၊ ရုပ်ချောတဲ့သူဆိုတော့ သမက်ဖမ်းချင်တဲ့သူ အိမ်ထောင်ဖက်ဖမ်းချင်တဲ့သူက ပုံလို့၊ မတော် တာတွေ နဲ့ တွေ့ မှာ စိုးလို့ နေ့တိုင်း ရင်တထိတ်ထိတ်နဲ့ နေရတာ ။ ခုတော့ ဆည်းဆာ ညိုလေးက ကျွန်မလိုချင်တဲ့ ချွေးမ တစ်ယောက် ရဲ့ စံချိန်စံညွှန်းတွေ အပြည့်ပဲ။ သြော် ဒီနေ့ သား နားရက် မဟုတ်လား။ အိအိပိုင်က ဖုန်းဆက်ထားသေးတယ်။ သူတို့အိမ်ကို ထမင်းစားလာခဲ့ပါ တဲ။ ဆည်းဆာညိုလေးက သားအကြိုက် လက်စွမ်းပြထားတယ် ထင်ပါရဲ့ ကွယ်”
“ဗျာ ဟိုသားအပြင်မှာ အလုပ်ကိစ္စတစ်ခုချိန်းထားတယ် မေမေ”
ပထမဆုံးအကြိမ် မုသားက အသံတွေ တောင် တုန်ပျာနေသည်။ ရတုမှီကို ပေးခဲ့သည့် ကတိကို သူ မဖောက်ဖျက်ချင်ပါ
ဖေဖေက ဘောင်ခတ်ထားသည့် မျက်မှန်ပေါ်က သူ့ကိုကျော်ကြည့်ကာ-
“ကိုထွန်းဝေတို့နဲ့ သာကေတဘက်က တိုက်ခန်းတွေ လေလံဆွဲဖို့ကိစ္စလား၊ သား အဲဒါ ဖေဖေ သွားလိုက်လို့ ဖြစ်ပါတယ်။”
“ မ မဟုတ်ပါဘူး။ တခြားကိစ္စပါ ဖေဖေ။ တက္ကသိုလ်မှာ န်းတုန်းက သူငယ်ချင်းတွေ နဲ့ ဆရာ ကန်တော့ပွဲအတွက် ဆွေးနွေးတိုင်ပင်ကြဖို့ပါ”
“သြော် အေ အဲဒါဆိုရင်တော့ သွားရမှာ ပေါ့။ ဘယ်အချိန်လောက်ပြီးမယ်ဆိုတာတော့ သားခန့်မှန်းလို့ ရတယ် မဟုတ်လား။ အဲဒီ ကအပြန် ဆည်းဆာညိုလေးဆီ ၀င်လိုက်ပေါ့။ နေ့လယ် စားမီမှာ ပါ”
“ဟုတ်သားပဲ သားရဲ၊ ဆည်းဆာညိုလေးဆီ မေမေ ဖုန်းကြိုဆက်ထားလိုက်မယ်။ အလုပ် ကိစ္စကြောင့် လာတာနောက်ကျမယ်လို့”
“ဟုတ် ဟုတ်ကဲ့၊ အဲလိုပဲ ပြောထားလိုက်ပါ မေမေ”
အခြေအနေကြည့်၍ ဖေဖေမေမေတို့ရဲ့ ဆန္ဒအတိုင်း ခေါင်းညိတ်လက်ခံလိုက်ရသည်။ ရတုမှီဆီသွားရမည့်  အကြောင်းကိစ္စ ပျက်မသွားရတာ ဘဲ ကျေးဇူးတင်ရမည် ။
“သြော် ဖေဖေ ချောင်းသာက မုန်တိုင်းဒဏ်ခံ ဟိုတယ်ဆောက်ဖို့ကိစ္စ အဆင် ပြေရဲ့ လား”
“အင်း မြေနေရာတော့ ရခဲ့ပြီ သားရဲ့ ၊ အဆောက်အအုံပုံကြမ်းအတွက်တော့ တစ်ခေါက် သွားကြည့်ရဦးမယ် ထင်တယ်။ စနစ်တကျ ရေရှည်စီမံကိန်းအတိုင်း ခိုင်ခံ့အောင် လုပ်ရမှာ ။ ကန် ထရိုက်တွေ ကလည်း သူ့ထက်ငါ အပြိုင်အဆိုင် နာမည် ကောင်းရအောင် ကိုယ့်ကုမ္ပဏီ အောင်မြင် အောင်လုပ်ကြမှာ ။ ဖေဖေ ကတော့ ဒီနှစ် မှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ အတွက် နိုင်ငံ တကာ အဆင့်မီ ဟိုတယ် ဖြစ်အောင် ကြိုးစားမယ်သား။ ငွေအကုန်အကျများ မှာ ကြောက်နေရင် မုန်တိုင်းဒဏ် မခံနိုင်တာနဲ့ နောက်ထပ်ငွေနှစ် ဆလောက် ထပ်ကုန်နိုင်တယ်”
“ဒါပေါ့ ဖေဖေ၊ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ တွန့်ဆုတ်နေရင် အောင်မြင်မှု လည်း မရဘူး။ ငွေ ရင်းလည်း ပိုများ တယ်။ တစ်ခါစိုက်ပျိုးရုံနဲ့ တစ်သက်လုံး စားနိုင်အောင် ကိုယ့်ဘက်က ကြိုးစား အားထုတ်ဖို့ လိုအပ်တာပေါ့။ အခု ဒီမှာ ဆောက်လုပ်နေတဲ့ ကန်ထရိုက်တိုက်တွေ တောင် စံချိန် စံညွန်း မမီလို့ ပြိုကျပျက်စီးတော့ စိတ်လည်းပင်ပန်းရတယ်။ ငွေအရင်းအနှီးလည်း နှစ် ဆထပ်ကုန် တယ်။ ကုမ္ပဏီတွေ လည်း နာမည် ပျက်ရတယ်။ အဲဒါ ရေရှည်မကြည့်တတ်တဲ့ စီးပွားရေး အမြော် အမြင်မရှိတဲ့ တစ်နပ်စားညဏ်လုပ်ငန်းရှင်တွေ ပဲ”
စီးပွားရေး လုပ်ငန်းကိစ္စတိုင်ပင်နေသည့် သားအဖနှစ် ယောက် ကိုမေမေက ပြုံးပြုံးကြီး ကြည့်နေကာ-
“ကဲ ဒီသားအဖနှစ် ယောက် လုပ်ငန်းကိစ္စ ဆွေးနွေးတိုင်ပင်မယ်ဆိုလည်း ညကျမှ လုပ်ကြ လေ။ သားကလည်း သွားစရာရှိတယ်။ ဖေကြီးကလည်း အစည်းအဝေးတက်ရဦးမယ်ဆို၊ စကား ပြောနေတာနဲ့ ကော်ဖီတွေ လည်း အေးကုန်ပြီ။ မြန်မြန်းစားကြ၊ သောက်ကြ”
မေမေလောဆော်မှ ကမန်းကတန်း စားသောက်ပြီး ရတုမှီဆီ သွားဖို့ ပြင်ဆင်ရသည်။ ထိုသို့ ရတုမှီအကြောင်း ခေါင်းထဲရောက်လာသည်နှင့် ရင်တွေ တသိမ့်သိမ့်လှုပ်ခတ်နေသည်။ ဒီကောင်မလေးက သူ့ရင်ထဲထိ ထဲထဲဝင်ဝင် နေရာယူရသည်ပဲ။ မင်းအလှတစ်ခုတည်းကြောင့် တော့ မဟုတ်လောက်ပါဘူး ရတုမှီ။
************
![]() ပန်းနုရောင်နိဒါန်း | ![]() ခြားနားခြင်းနိယာမ | ![]() သက်တမ်းရင့် သမုဒယ |