Cover

အခန်း(၁)

“ဘာ ညည်းမှာ ကိုယ်ဝန်ရှိနေတယ် ၊ အဲဒါ ငါက ဘာလုပ်ပေးရမှာ လဲ ”

“ဟို ဟိုကျ ကျွန်မ”

“အေး ဘယ်ယောက်ျားနဲ့ ဘယ်လို ဖြစ်လို့ ကိုယ်ဝန်ရှိတယ်ဆိုတာတော့ ငါမသိဘူး ၊ ငါသိတာက အိမ်က အလုပ်တွေ တာဝန်ကျေ အောင် မလုပ်နိုင်ရင် အလုပ်ထွက် ၊ ဒါပဲ ”

ဒေါ်တင်တင်သော် ရာဇသံ ပြင်းထန်သည် ။ မျက်နှာက မာန်ချီလျက် မြရီကို လှည့်၍ တောင်မကြည့် ။

ဒီစကားပြောထွက်ဖို့ နေ့ ည မအိပ်နိုင်မစားနိုင် စဉ်းစားဆုံးဖြတ်ခဲ့ရသော မြရီက ဘာဆက်ပြောရမှန်းတောင်မသိအောင် မျက်ရည်တွေ တသွင်သွင် စီးကျလျက် ဒေါ်တင်တင်သော်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်၏ ။

“ဟဲ့ ဒါဘာလုပ်တာလဲ ၊ ငါ့ကို မျက်ရည်ခံထိုးဖို့ တော့ မစဉ်းစားနဲ့ နော် ၊ အလုပ်ကိုအလုပ်နဲ့ တူအောင် မလုပ်နိုင်တဲ့နေ့ ဒီအိမ်ပေါ်က ဆင်း အဲ မဟုတ်သေးဘူး ၊ ငါ့မှာ ယောက်ျားရော သားရော ရှိလို့ ညည်းကိုယ်ဝန်နဲ့ ထင်ယောင်ထင်မှား ဖြစ်ရင် သိက္ခာကျလိမ့်မယ် ၊ မနက်ဖြန် အထုပ်အပိုးပြင်ပြီး အိမ်ကထွက်တော့ ၊ ညည်းကို သုံးလစာ ပေးလိုက် မယ် ၊ ကျေနပ်တယ် မဟုတ်လား ၊ ညည်းနဲ့ ငြိစွန်းတဲ့ကောင်ကို တာဝန်ယူခိုင်းပေါ့ ”

“ မေ မေမေကြီးရယ် ကျွန်မပြောပါရစေ ”

ဒေါ်တင်တင်သော်က လက်ကာပြကာ ဆိုဖာခုံမှာ ဆောင့်ခနဲ ၀င်ထိုင်သည် ။ ဘာတွေ ဖြစ်ပြီး ဘာတွေ ပြောနိုင်သလဲဆိုတာ ဒေါ်တင်တင်သော် ကြိုသိနေ၏ ။ ဒီကိစ္စ ဒီလို ဖြစ်လာနိုင်သလားဆိုပြီး ဟိုအရင်ရက်တွေ ကတည်းက မြရီကို အိမ်ပေါ်က နှင်ချဖို့ စဉ်းစားခဲ့မိသေးသည် ။ ဒါပေမဲ့ လွန်လွန်ကျူးကျူးကိစ္စမျိုး မရှိလောက်ဘူးထင်၍ သားကို အိမ်ထောင်ချပေးဖို့ အရင်ဆုံး အပူတပြင်း စီစဉ်လိုက်ရသည် ။ သားကလည်း -

“ကျွန်တော် မေမေတို့ သဘောတူတဲ့ ခက်ခက်နွယ်နဲ့ လက်ထပ်ပါ့မယ် ၊ အလုပ်ကိစ္စနဲ့ မန္တလေးကို အမြဲလိုလိုရောက်နေတော့လည်း ကျွန်တော် တို့ ချင်း သံယောဇဉ်ရှိနေကြပါပြီ ၊ ဟို နားနဲ့ မနာ ဖ၀ါးနဲ့ နာပါ မေမေ ၊ လက်ထပ်ရမယ်ဆိုတာ သေချာနေလို့ သားတို့ ငြိစွန်းမိကြပါတယ် ၊ မင်္ဂလာပွဲကို မြန်မြန်စီစဉ်ပေးပါ ”

သားက အဲလို ပြောလာတော့ အရင်က အိမ်ဖော်မြရီနှင့် သံသယ၀င်ခဲ့မိတာတောင် သားအပေါ် စိတ်မကောင်း ဖြစ်ရသည်။

မြရီဆိုတာက လွန်ခဲ့သည့် သုံးနှစ် ၀န်းကျင်လောက်ကမှ အမိအဖတွေ မရှိ ခိုကိုးရာမဲ့ဘ၀ဖြင့် ပွဲစားတွေ ကတစ်ဆင့် မိမိတို့ အိမ်ကို ရောက်လာခဲ့တာ။ စရောက်သည့်နေ့ ကတည်းက ဒီမိန်းကလေးရဲ့ အလှကို သတိတော့ ထားမိသား။

တခြားသူတွေ ကို ရွက်ကြမ်းရေကျိုမဟုတ်။ မျက်ခုံးထူထူ ၊ နှာတံစင်းစင်း ၊ မျက်ဝန်းလှလှနှင့် အသားရေက ညိုသယောက် ထင်ရသော်လည်း ၀င်းဖန့် ဖန့် ညိုစိမ့်စိမ့်လေး ဖြစ်သည်။ အ၀တ်အစားနွမ်းနွမ်း ဖပ်ဖပ်လေးတွေ ၀တ်ရပေမယ့် ဖြူစင်သန့် ရှင်းမှုလေးရှိတာမို့ အမြဲလိုလို ကြည့်လို့ ကောင်းနေ၏ ။

ဒါကြောင့် မို့ သားက တခြားအလုပ်သမားတွေ ထက် မြရီဆိုသော သူမလေးကို စေတနာပိုသည် ၊ ဂရုတစိုက် ရှိသည် ။

အလုပ်များများ ခိုင်းတာမကြိုက် ၊ မန္တလေးကို မိမိအလုပ်ကိစ္စနှင့် ခိုင်းလို့ ပြန်လာတိုင်း လက်ဆောင်ပစ္စည်းလေးတွေ လည်း ၀ယ်လာတတ်သည်။ အလုပ်သမားတွေ ကို ဦးစားပေး မျက်နှာသာပေး ဆက်ဆံတာ မကြိုက်ပေမယ့် ကိုယ်တိုင်က မင်္ဂလာဈေးက အထည်ဆိုင်ကြီးတွေ မှာ ဦးစီးဦးဆောင် လုပ်နေရသည့်အတွက် သားဘာလုပ်လုပ် ဂရုမစိုက်နိုင်ခဲ့ ။ အခုတော့ အခြေအနေ ဘယ်လိုပုံစံမျိုးနှင့် ဘာတွေ ဖြစ်ကုန်ပြီမသိ။ အိမ်ထဲက အိမ်ပြင်မထွက်ရသော မြရီက ကိုယ်ဝန်ရှိနေပါပြီတဲ့။

အိမ်မှာ က ဒရိုင်ဘာရှိသည် ၊ ခြံစောင့်ရှိသည် ။

သူတို့ တွေ နှင့် ဆိုလျှင် ကိစ္စမရှိ ၊ အုပ်ထိန်းသူပုံစံမျိုးနှင့် ကောင်းကောင်းမွန်မွန် လက်ထောက်ပေးလိုက်လို့ ရပါသည် ။

ဒါပေမယ့် အသက်အရွယ်မမျှသော ဒီလူတွေ နှင့် ရော ဖြစ်နိုင်ပါ့မလား။ ဖြစ်ခဲ့သည်ဆိုလျှင်လည်း သူတို့ ချင်းအကြောင်းပါ မှားယွင်းခဲ့ကြသည့်ကိစ္စ မိမိကို လာပြောပါ့မလား။

အခု မြရီပြောလာမည့် စကားတွေ ကို လက်ခံနားထောင် ပေးရမည် လား ၊ ပြတ်ပြတ်သားသား ငြင်းဆန်နှင်လွှတ်လိုက်ရမည် လား ၊ ဝေခွဲရခက်နေဆဲ မြရီက မျက်လုံးလေးပင့်လှန်မော့ကြည့်လာသည် ။

“မပြောလို့ မ ဖြစ်လို့ ပြောပါရစေ မေမေကြီးရယ် ၊ ဒီ ဒီကိုယ်ဝန်က ကိုကိုလေးနဲ့ ”

“မြရီ”

စူးခနဲ မာထန်တင်းပြတ်စွာ အော်လိုက်ပေမယ့် မြရီက တွန့် ဆုတ်တွေ ဝေတော့မည့်  ပုံမပေါ်ပါ။ မပြောမ ဖြစ်တော့သည့် အခြေအနေမို့ အားတင်း စိတ်လျှော့ထားရဟန် တူသည် ။

“ကျွန်မ အတန်တန် ငြင်းဆန်ခဲ့ပါတယ် ၊ ရှောင်တိမ်းခဲ့ပါတယ် ၊ သူ သူက လက်ထပ်မှာ ပါလို့ ပြောပြီး ”

“ ဖြစ်နိုင်ပါ့မလားအေ ၊ အဆင့်အတန်း ဂုဏ်ဒြပ်ကိုပဲ စဉ်းစားကြည့်ပါဦး ၊ ညည်းမို့ လို့ မတန်မရာမှန်းပြီး ဘ၀တစ်ခုလုံး ပုံအပ်ရသလား ၊ အခု ငါ့သားက မန္တလေးက အဆင့်အတန်းတူ ၊ ဂုဏ်ဒြပ်တူ သူဌေးသမီးနဲ့ လက်ထပ်ပြီးပြီလေ ၊ ညည်းအကြောင်း တွေးတောင်တွေးမှာ မဟုတ်တော့ဘူး ၊ ဘာလဲ ညည်းက လျော်ကြေးလိုချင်လို့ လား ၊ နစ်နာကြေး တောင်းချင်တာလား ”

“မ မဟုတ်ပါဘူး မေမေကြီးရယ် ၊ ဒီကလေးလေးအတွက် ဖခင်နေရာမှာ တာဝန်ယူစေချင်လို့ ပါ”

“အိုအေ တော် စမ်းပါ ၊ ညည်းလို မနေတတ် မထိုင်တတ် ဣနြေ္ဒသိက္ခာမဲ့ ကိုယ့်ဘ၀ ကိုယ့်အဆင့် နားမလည် မိန်းကလေး တစ်ယောက် ရဲ့ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းရမှန်းမသိတဲ့ သူအတွက် ဘာတာဝန်ယူစရာလိုသလဲ ၊ ညည်းကို ထိုက်သင့်သလောက် ပေးလွှတ်လိုက်မယ် ၊ ညည်းဒီအိမ်ပေါ်က အမြန်ဆင်း ”

“မေ မေမေကြီး”

“ငါ့သားနဲ့ ခက်ခက်နွယ်က ဒီတစ်ပတ်အတွင်း ရန်ကုန် ပြန်လာတော့မှာ ၊ အိမ်ထောင်ဦးမှာ ဘာအရှုပ်အရှင်း ဘာပြဿနာမှ မ ဖြစ်စေချင်ဘူး ၊ ညည်းလည်း ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်တဲ့ သင်ခန်းစာ ရသွားတာပေါ့ ၊ ဒီလောက်နဲ့ နောင်တမရလို့ ဆက်မိုက်ဦးမယ်ဆိုလည်း ညည်းထိုက်နဲ့ ညည်းကံပေါ့ ၊ နောက်မှတ်ထား မိန်းကလေးဆိုတာ ကိုယ့်ရဲ့ မိန်းကလေးဂုဏ်သိက္ခာ ကိုယ်ကျင့်တရားကို ထိန်းသိမ်းရတယ် ၊ ကိုယ့်ကိုယ်မှ မထိန်းနိုင် တာဝန်မယူနိုင်ရင် ဘယ်သူက အမိုက်ခံတာဝန်ယူမှာ လဲ ၊ အေး ယောက်ျားဆိုတာ လွယ်လွယ်ရတဲ့ မိန်းကလေး ဘယ်တော့မှ အထင်မကြီးဘူး သိပြီလား ”

ဒေါ်တင်တင်သော်က စကားကုန်ပြောပြီး မျက်နှာလွှဲဖို့ ထရပ်၏ ။ ဒူးကတုပ်ထိုင်နေလျက်က ဒေါ်တင်တင်သော့် ခြေသလုံးကို မြရီဖက်တွယ်တားဆီးလိုက်သည် ။

“တောင်း တောင်းပန်ပါတယ် မေမေကြီးရယ်၊ ဒီတစ်ကြိမ် ဒီတစ်ခါပဲ ကျွန်မကို ခွင့်လွှတ်ပေးပါ ၊ နားလည်ပေးပါ ၊ ကျ ကျွန်မ ကိုကိုလေးနဲ့ တွေ့ ပြီးမှ သွားပါရစေ ၊ သူ့ ဘက်က ကတိစကားတွေ အတွက် သူတာဝန်ယူမယ် ထင်ပါတယ် ၊ သူပြောလာမယ့် စကားတွေ ကို ကြားပါရစေဦး ၊ နားထောင်ပါရစေဦး မေမေကြီးရယ် ”

“သူ ညည်းကို ဘာတာဝန်မှ မယူနိုင်လို့ တိုင်းသိပြည်သိ လက်ထပ်မင်္ဂလာပွဲ ကျင်းပပြီးပြီလေ ၊ ညည်းက ဘာကိုမျှော်လင့်နေဦးမှာ လဲ ၊ သူတို့ အိမ်ထောင်ရေး ကို ပြိုကွဲစေချင်တာလား ၊ ငါတို့ ဂုဏ်သိက္ခာကို အဖတ်ဆယ်မရအောင် လုပ်ချင်တာလား ၊ ဒီမယ် ညည်းကို နစ်နာကြေးအ ဖြစ် ငွေဆယ်သိန်းပေးလိုက် မယ် ၊ ညည်းဟာညည်းအဲဒီ ကလေးကို မွေးချင်မွေး ၊ ဖျက်ချချင်ချ ၊ ငါတို့ နဲ့ မဆိုင်ဘူး ၊ ပတ်သတ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ညည်း ဒီထက်ပိုနစ်နာစရာတွေ ဖြစ်လာမယ် ၊ မနက်ဖြန်မနက် ညည်းမျက်နှာကို မမြင်ချင်ဘူး ၊ ရှင်းပြီလား ”

ဗီရိုအံဆွဲထဲက ငွေဆယ်သိန်းယူ၍ မြရီရှေ့ ပစ်ပေါက်ပေးခဲ့ပြီး ဒေါ်တင်တင်သော် လှည့်ထွက်သွားသည် ။ မြရီ ဘာလုပ်ရမှာ လဲ ၊ ဘယ်လို ဆုံးဖြတ်ရမှာ လဲ ။

ဒီငွေဆယ်သိန်းနှင့် သူမဘ၀ကို တန်ဖိုးဖြတ်လိုက်ကြတာလား ။

သူမရဲ့ ငယ်ရွယ်စဉ် မသိစိတ်မိုက်မဲမှုက ရင်သွေးလေးကို ထိခိုက်နစ်နာစေခဲ့ပြီလား ။

တကယ်ဆို ဒီအမှားက -

အခန်း(၂)

“နင် ဘာလို့ အဲလို မိုက်မဲရတာ လဲ မြရီရယ် ၊ ငါတို့ ကိုရော ဘာ ဖြစ်လို့ ဖွင့်ပြော မတိုင်ပင်ခဲ့တာလဲ ”

“ ကိုကိုလေးက ဘယ်သူ့ ကိုမှ မပြောရဘူးဆိုလို့ ပါ မမအိရယ် ၊ သူပြောသမျှ ယုံခဲ့ နားထောင်ခဲ့မိတာ ကျွန်မ အမှားပါ ”

“ အဲဒါ အတွေ့ အကြုံမရှိ တွန်းလှန်ရဲတဲ့ သတ္တိမရှိတဲ့ မိန်းကလေးကို အခွင့်ကောင်းယူ စော်ကားတာပဲ ၊ မိဘတွေ က မောက်မာတယ် ၊ အဆင့်အတန်း ခွဲတယ်ဆိုတာ သိနေရဲ့နဲ့ ဘာလို့ များ နှိုင်းမဟာနဲ့ ပတ်သက်ရတာ လဲကွယ် ၊ နှိုင်းမဟာကရော လူကောင်း တစ်ယောက် လား ၊ အိမ်မှာ မိန်းကလေးတွေ တစ်ယောက် ပြီး တစ်ယောက် ခေါ်လာတာတွေ့ နေရဲ့နဲ့ အပြင်မှာ ဘယ်လောက်ပွေရှုပ်မယ်ဆိုတာ မခန့် မှန်းတတ်ဘူးလား ၊ အခု ဘယ်လိုလုပ်ကြမလဲ မြရီ ”

မခင်အိမေးခွန်းကို မြရီ မဖြေနိုင်ပါ ။ ငွေဆယ်သိန်းကို ကြည့်ပြီး အခုထိ မြရီ ဘာလုပ်ရမှန်းမသိ ။

ဒေါ်တင်တင်သော်က မိုးလင်းတာနဲ့ သူမမျက်နှာကို မမြင်ချင်ပါတဲ့ ။ သူမမှာ ခိုကိုးစရာ အမိအဖမှ မရှိတာ ။

ရွာမှာ ရှိသော ဆွေမျိုးသားချင်းဆိုတာကလည်း ၀မ်းကွဲဦးလေး ၊ အဒေါ်တွေ မို့ သူမကို နားလည်စာနာလက်ခံပေးမှာ မဟုတ်။ ဒီပုံစံမျိုးနှင့် ပြန်ရောက်လာလို့  ကတော့ အသိအမှတ်ပြုဖို့ စဉ်းစားမည် မထင် ။

“ကျွန်မ ကိုကိုလေး ပြန်လာတဲ့အထိ စောင့်ကြည့်ချင်တယ် မမအိရယ် ၊ အငယ်အနှောင်းဘ၀နဲ့ နေရနေရပါ ။ ဒီရင်သွေးလေးမှာ အဖေခေါ်စရာ ရှိရင်တော် ပါပြီ ။ အထောက်အပံ့ လိုချင်လို့ လည်း မဟုတ်ပါဘူး ၊ မွေးလာမယ့်ကလေးကို ကျွန်မ ရှာဖွေလုပ်ကိုင်ကျွေးမွေးနိုင်မှာ ပါ ”

“အဲလောက် ဆန္ဒပြင်းပြနေရင်လည်း ငါတစ်ခုတော့ အကြံဉာဏ်ပေးကြည့်မယ် မြရီ ၊ တောင်ဒဂုံမှာ ငါ့အစ်မ ၀မ်းကွဲရှိတယ် ၊ အဲဒီ အိမ်မှာ ခဏနေ ၊ ငါက နှိုင်းမဟာပြန်လာရင် ငါ့အစ်မက တစ်ဆင့် ညည်းဆီကို ဖုန်းဆက်ပြောမယ် ၊ ညည်းအဲဒီ အချိန်မှ ဒေါ်တင်တင်သော် မသိအောင် တွေ့ ကြည့်ချင်ရင် တွေ့ ကြည့်ပေါ့”

“ကျေး ကျေးဇူးတင်ပါတယ် မမအိရယ် ၊ ကျွန်မ အဲလိုလုပ်ကြည့်ချင်ပါတယ် ”

မခင်အိစကားကို မြရီ ၀မ်းသာအားရ လက်ခံကာ နောက်ဆုံးမျှော်လင့်ချက်လေးဖြင့် မခင်အိအစ်မအိမ်မှာ သွားစောင့်နေရသည် ။ နောက်သုံးလေးရက်လောက်နေမှ မခင်အိအိဆီက ဖုန်းလာသည် ။

“သူတို့ ပြန်လာကြပြီ ညပိုင်း နှိုင်းမဟာက သူငယ်ချင်းတွေ ကို ဘက်ချလာနိုက်လုပ်ဖို့ ဆိုလား ကျွေးဖို့ မွေးဖို့  တစ်ယောက် တည်း အပြင်ထွက်လိမ့်မယ် ၊ ခက်ခက်နွယ်က ခရီးပန်းလို့ မလိုက်တော့ဘူး ပြောတယ် ၊ သူပြန်လာမယ့်အချိန် ဖြစ် ဖြစ် ၊ လမ်းထိပ်ကနေ စောင့်ပြီး ပြောကြည့်ချင် ပြောလေ ၊ လွယ်မယ်တော့ မထင်ဘူး မြရီ ၊ သူ့ မိန်းမ မန္တလေးသူကလည်း အချောသားဟဲ ၊ ပညာတတ် ဆွေကြီးမျိုးကြီးထဲကဆိုတော့ ဣနြေ္ဒရရနဲ့ ယဉ်ယဉ်ကျေးကျေးလေးရယ် ၊ ကြိုးတော့ ကြိုးစားကြည့်ပေါ့ဟယ် ”

မခင်အိအိအသံ အားမပါလှပေမယ့် နှိုင်းမဟာ ကားဝင်လာနိုင်သော လမ်းထိပ်မှာ မြရီ အချိန်ကုန်အောင် စောင့်ကြည့်သည် ။ မီးရောင် ဝေးဝေး လူရှင်းသော ရေတမာပင်အောက်လေးမှာ ထိုင်စောင့် နေမိတာမို့ တချို့ ဖြတ်သွားဖြတ်လာ ကားတွေ ပေါ်က သူမကို စူးစမ်းသလိုဖြင့် လည်ပြန်လှည့်ကြည့်သွားကြသည် ။

ဘယ်လိုပဲ ထင်ထင် ၊ ဘာ ဖြစ် ဖြစ် သူမ ဂရုမစိုက်နိုင်ပါ ။ လက်ဆွဲအိတ်လေးကို ရင်မှာ ပိုက်ပြီး ရင်သွေးလေးအတွက် ဇွဲရှိရှိနှင့် အားတင်းရသည် ။

“ဟင်”

ညဥ့် ဆယ့်နှစ် နာရီကျော် တစ်နာရီဝန်းကျင်လောက်မှ နှိုင်းမဟာရဲ့ မီးရောင် လေး လက်ခနဲ မြင်ရသည် ။ သူမ အရဲတိုးကာ ကားလမ်းမပေါ် တည့်တည့်ရပ်နေလိုက်၏ ။

“ကျွီ”

နှိုင်းမဟာ ကားက ခပ်လှမ်းလှမ်းမှပင် သူမကို မြင်သွားပုံရပြီး ဘရိတ်အုပ်ရပ်လိုက်သည် ။ ပြီးတော့ ကားတံခါးကို ချပ်ခနဲ ဖွင့်၍ ဆင်းလာ၏ ။

“မင်း ဘာလုပ်နေတာလဲ မြရီ”

“ကျွန်မ ကိုကိုလေးကို စောင့်နေတာပါ ”

“ဘာပြောစရာရှိသေးလို့ လဲ ၊ မေမေက မင်းကို ငွေပေးလိုက် ပြီဆို ”

“ဟုတ် ဟုတ်ပါတယ် ၊ ဒီငွေက မြရီအတွက် အရေး မကြီးပါ ဘူး ကိုကိုလေးရယ် ၊ ရင်သွေးလေးအတွက်ပဲ ”

“ခက်တာပဲ မြရီ ၊ အဲဒီ ငွေက မင်းကလေးမွေးဖို့ မလုံလောက်ဘူးလား ၊ မိဘတွေ သဘောတူတဲ့ ခက်ခက်နွယ်နဲ့ ကိုယ် လက်ထပ်လိုက်ရပြီ မင်းကိုယ့်ဆီက ဘာမှ မတောင်းဆိုပါနဲ့ ၊ ကိုယ့်ကို နားလည်ပေးပါ ”

“ကျွန်မက အညတရမို့ ငွေနဲ့ ဆုံးဖြတ်လိုက်တာလား ၊ ကိုကိုလေး မူးပြီး ပြန်လာတဲ့ညက ကျွန်မတို့ မှားခြဲ့ ကတော့ ပြဿနာ ဖြစ်လာရင် ကိုကိုလေး တာဝန်ယူပါ့မယ်လို့ ကတိပေးခဲ့တယ် မဟုတ်လား ”

“ဒီလို ရင်သွေးလေးရမယ်လို့ တော့ ကိုယ် ဘယ်ထင်ပါ့မလဲ မြရီရယ် ၊အခု ကိုယ်လက်ထပ်ပြီးပြီလေ ၊ ဒီလို လုပ်ရုံအပြင် ကိုယ်ဘာမှမတတ်နိုင်ပါဘူး ၊ ကိုယ် တရားဝင်လက်ထပ်ထားတဲ့ မိန်းကလေးအပေါ် သစ္စာရှိရတော့မယ် ”

နှိုင်းမဟာဆီက တာဝန်မဲ့စကားတွေ ထပ်ခါထပ်ခါ ကြားနေရသည့် အတွက် မြရီရင်ထဲ နာကျင်လာသည် ။ မျက်ရည်တွေ ကို ကြမ်းတမ်းစွာ ပွတ်သုတ်ပြီး အကြည့်စူးစူးနှင့် နှိုင်းမဟာကို တုံ့ ပြန်ကြည့်လိုက်ပြီး သူမ အံကြိတ်သည် ။

“ဒါ နောက်ဆုံး တာဝန်မဲ့စကားလား ကိုကိုလေး”

“ကိုယ့်ဘက်က မျိုးရိုးသိက္ခာ , ခက်ခက်နွယ်ဘက် မျိုးရိုးဂုဏ်သိက္ခာအတွက် ကိုယ် ဒီစကားအပြင် မပြောနိုင်တော့ပါဘူး ၊ မေမေပေးလိုက်တဲ့ ငွေနဲ့ မလုံလောက်ရင် ကိုယ်ထပ်ပေးပါ့မယ် ”

“ရှင်တို့ လူချမ်းသာတွေ က ငွေစကားပဲ ပြောတတ်သလား ဦးနှိုင်းမဟာ ၊ ကျွန်မက ရှင်တို့ ရဲ့ စည်းစိမ်ချမ်းသာ ငွေကြေးတွေ ကို မက်မောလို့ တွယ်ကပ်နေတာ မဟုတ်ပါဘူး ။ ရင်သွေးအတွက် အောက်ကျခံနေတာ ၊ မာနကို ရောင်းစားနေတာလည်း မဟုတ်ဘူး ၊ ရှင့်ဘက်က ဒီစကားပဲ ပြောတတ်သလို ကျွန်မဘက်ကလည်း ဘာမှ တောင်းဆိုစရာ မရှိတော့ပါဘူး ၊ ဒါပေမဲ့ ကျွန်မနဲ့ ထပ်မဆုံအောင် ဒီနေ့ ကစပြီး ဆုတောင်းထားပေတော့ ဦးနှိုင်းမဟာ ၊ ဒီသံသရာထဲမှာ ပြန်ဆုံရင် ကျွန်မရဲ့ မုန်းတီးနာကြဉ်းမှုတွေ က ရှင်တို့ လူချမ်းသာတွေ ကို လက်တုံ့ ပြန်ရမှ ကျေနပ်နိုင်လိမ့်မယ် ”

အကြည့်စိမ်းတို့ ဖြင့် သူမ ကျိန်စာ တိုက်ပစ်ခဲ့၏ ။ နော်လှည့် မကြည့်ခဲ့သော ခြေလှမ်းတွေ က ဦးတည်ရာမဲ့နေပေမယ့် မြန်ဆန် သွက်လက်နေသည် ။

ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာတာလား ။ ညဥ့်နက်နက်မှာ အုံ့ မှိုင်းမဲညစ်နေသော မိုးသားပြင်က ၀ုန်းဝုန်းဒိုင်းဒိုင်း ရွာချလာသည် ။ မိုးရေစက်တွေ ကြောင့် ရှေ့မှာ ဘာမှမမြင်ရ ။ ဒါပေမဲ့ သူမခြေလှမ်းတွေ တုံ့ နှေးရပ်တန့် မသွား ။

ဒီနေရာ ဒီဝန်းကျင်ရဲ့ အဝေးဆုံးကို ရောက်ချင်နေသည် ။ ဒီလူတွေ ရဲ့ အဝေးဆုံးကို ရောက်သွားရင်ရော သူမစိတ်ဖြေသာနိုင်ပါ့မလား ။ ဟင့်အင်း သူမရင်တစ်ခုလုံး မွမွကြေလျက် သွေးစိမ်းရှင်ရှင် ပန်းထွက်နေသည် ။

သွေးမတိတ်သော ဒဏ်ရာတွေ ကို ပေးလိုက် တာက ဒေါ်တင်တင်သော် နှင့် နှိုင်းမဟာ ။

ဒီအချိန်မှာ ထိုဒဏ်ရာအတွက် လက်တုံ့ ပြန်ဖို့ သူမမှာ ခွန်အားမရှိ ။ သွေးစက်တွေ က မျက်ရည်တွေ အ ဖြစ် ပြောင်းလဲကာ မိုးရေတွေ နှင့် ရောပြီး အမြင်အာရုံတွေေ၀၀ါးနေ၏ ။

ဥပေက္ခာမျက်လုံးတွေ

တာဝန်မဲ့ စကားတွေ

မျက်ဝန်းထဲမှာ တဖျပ်ဖျပ် မြင်ယောင်၏ ။ နားထဲမှာ ဆင့်ကဲ ဆင့်ကဲ ကြားယောင်နေသည် ။

“ဂျိန်း ဂျလိန်း”

“ကျွီ”

“အား”

အခန်း(၃)

“အား”

ဒေါ်မိုးမဒီခင် စူးစူးဝါးဝါး လန့် ဖျပ်ကာ အော်လိုက်၏ ။ နဖူးစပ်မှ ဇောချွေးတွေ ပြန်နေသည်။ အိပ်ရာခုတင်ဘေးမှာ ထားသော ခုံရှည်လေးပေါ်က ရေဖန်ချိုင့်လေးထဲကရေတွေ ဖန်ခွက်လေးထဲ ထည့်၍ တုန်တုန်ယင်ယင် မော့သောက်လိုက်ရ၏ ။

ချွေးလည်းမတိတ် ၊ ရင်တုန်လည်းမပျောက် ။ အိပ်မက်က ယောင်ယမ်းစွာ လန့် နိုးလာသည် ။

ဟင့်အင်း ။ ဒါဟာ အိပ်မက်မဟုတ် တကယ့်အ ဖြစ်အပျက်ပါ ။ အတိတ်က နှစ် တွေ ဘယ်လောက်ကြာသွားသွား သူမရဲ့ နီးနီးလေးမှာ ရှင်သန်အမြစ်တွယ်နေဆဲ ဖြစ်သည် ။

အနှစ် နှစ် ဆယ်ကျော် အသက်ရှူလာခဲ့သည့် သက်တမ်းတစ်လျှောက် သူမ ဘယ်လိုမှ မေ့ပျောက်လို့ မရခဲ့ ။

အတိတ်ကို အတိတ်မှာ ထားရစ်ခဲ့ဖို့ သူမရဲ့ အမုန်းအငြိုးတွေ က ခွင့်ပြုမပေးခဲ့ ။

ဒေါ်တင်တင်သော်နှင့် နှိုင်းမဟာ ကတော့ မြရီဆိုသော အိမ်ဖော်မလေးကို မေ့မေ့ပျောက်ပျောက် ဖြစ်နေလောက်သည် ။

မြရီဆိုသော မိန်းကလေးက မျိုးရိုးဂုဏ် ရတနာဆိုင်ပိုင်ရှင်ကြီး ဒေါ်မိုးမဒီခင် ဖြစ်နေတာကိုလည်း တွေးတောင် တွေးမိကြမှာ မဟုတ် ။ မိမိတောင် ကိုယ့်ရဲ့ ကံကြမ္မာအပြောင်းအလဲကို ဒီနေ့ ဒီအချိန်ထိ မယုံမရဲ အံ့သြနေဆဲ မဟုတ်ပါလား ။

“ဒေါက် ဒေါက်”

တံခါးခေါက်သံကြောင့် အတွေးအာရုံက လန့် ဖျပ်နိုးထလာ၏ ။ တိုင်ကပ်နာရီကြီးကို မော့ကြည့်မိတော့ မနက်ရှစ်နာရီကိုတောင် ညွှန်ပြနေသည် ။

“မာမီ မာမီ မနက်စာအားလုံး ပြင်ဆင်ပြီးပါပြီ ၊ မာမီ နေမကောင်းလို့ ဆင်းမလာသေးတာလားဟင် ၊ စူး အခန်းတံခါးဖွင့်ပြီး ၀င်ခဲ့ရဦးမလား ၊ စူး ဘာလုပ်ပေးရမလဲ မာမီ”

“မလိုဘူး ဆင်းလာခဲ့မယ် ၊ ကော်ဖီတွေ မအေးစေနဲ့ ၊ ပြန်နွှေးထား ”

နူးနူးညံ့ညံ့ စိုးရိမ်တကြီး သမီးအသံကို သူမ လေသံမာမာနှင့် တုံ့ ပြန်လိုက်သည် ။ ဟုတ်ကဲ့ ဟု တိုးတိတ်သော အသံလေးနှင့် ခြေသံသဲ့သဲ့ ကို ကြားရ၏ ။

နှိုင်းမဟာ သွေးသားကို သူမ နူးညံ့သိမ်မွေ့ စွာ မဆက်ဆံနိုင်ပါ ။ ရင်ကလွယ် မွေးခဲ့ရတာ တောင် စူးတစ်ချောင်းလို နာကျင်ခဲ့ရသည်မို့ မေ့ပျောက်မသွားအောင် နာမည် ကို စူးစူးဟု အမည် တွင် စေခဲ့သည် ။ မျိုးရိုးဂုဏ်ကို အကြောင်းပြခဲ့သော နှိုင်းမဟာရဲ့ စကားတွေ အမြဲသတိရ နာကြဉ်းနေချင်၍ မိမိရဲ့ ရတနာဆိုင်ကြီးကိုလည်း မျိုးရိုးဂုဏ်ဟု တိုင်တည်ပေးခဲ့၏ ။

သေရာပါ ဒဏ်ရာတွေ ကြောင့် တစ်သက်လုံး နာကြဉ်းမုန်းတီးနေချင်၍ ပါ ။

“ဟို မာမီ ကော်ဖီပြန်နွှေးထားပါတယ် ။ အသားညှပ်ပေါင်မုန့် ရှိတယ် ၊ ကိတ်ရှိတယ် ၊ ကြက်ဥဟပ်ဖရိုက်လည်း လုပ်ထားပါတယ် ၊ မာမီ ဘာစားချင်သေးလဲဟင် ”

သူမ ပြင်ဆင်ပြီး အောက်ထပ်ဆင်းလာတော့ စူး ပျာပျာသလဲ မေးသည် ။ သူမက မျက်နှာကို တင်းထားပြီး ခုံတစ်လုံးမှာ ၀င်ထိုင်လျက် -

“ရတယ် ဘာမှ မစားတော့ဘူး ၊ ကော်ဖီပဲ သောက်မယ် ၊ ဆိုင်သွားရင်းနဲ့ မှ တစ်ခုခု ၀ယ်စားလိုက်တော့မယ် ”

“ဟို မာမီ နေ့ လယ်စာရော ဘာဟင်းနဲ့ စားချင်သလဲဟင် ၊ စူးဈေးသွားပြီး ကောင်းကောင်းဝယ်ခဲ့မယ် ”

“ဒီနေ့ ဧည့်ခံပွဲသွားစရာရှိတယ် ၊ နေ့ လယ်စာ စား ဖြစ်မှာ မဟုတ်ဘူး ၊ လာမပို့ နဲ့ ၊ အပြင်သွားစရာရှိတာကို အေးအေးဆေးဆေးသွား ၊ သြော် အပြန်နောက်ကျမယ်ဆိုရင် ဖုန်းကြိုဆက်ထားနော် ၊ ငါက အပြင်မှာ တစ်ခုခုစားလာလို့  ဖြစ်တယ် ၊ မမခိုင်က ဟိုတယ်စာ တွေ အပြင်စာတွေ ကြိုက်တာမဟုတ်ဘူး ၊ သူ့ ဟာသူ တစ်ခုခု လုပ်စားလိမ့်မယ် ”

“ဟုတ်ကဲ မာမီ”

နှုတ်ခမ်းလေး လှုပ်ရုံ ပြောသွားသော မာမီစကားတွေ အတွက် စူးနာလည်ရခက်စွာ ကျန်ရစ်ခဲ့သည် ။ စူးဖျော်ထားသော ကော်ဖီကို လည်း တစ်ခွက်ကုန်အောင်ပင် မသောက် ။

စူးချက်ပြုတ်ထားတာကိုလည်း တစ်ခါမှ ဟက်ဟက်ပက်ပက် စားသောက်တတ်တာမျိုး မရှိပါ ၊ ဟိုဟင်းကငန်တယ် ၊ ဒီဟင်းက ပေါ့တယ်နှင့် အကြောင်းအမျိုးမျိုးနှင့် အပြစ်ရှာတတ်သည် ။

အိမ်မှာ အိမ်အကူအလုပ်သမား တစ်ယောက် မှ ခေါ်မထားတာမို့ အိမ်သန့် ရှင်းရေး ၊ အ၀တ်လျှော် မီးပူတိုက် ၊ စူး ဘာပဲလုပ်လုပ် စိတ်တိုင်းမကျ ။

ဘယ်နေရာမှာ ဖုန်တွေ သဲတွေ ရှိတယ် ။ မီးပူတိုက်တာ ခေါက်ရိုးမကျဘူး ။ အ၀တ်လျှော်တာ မဖြူဘူးနှင့် တစ်နေ့ တစ်မျိုးမရိုးရအောင် ဆူပူမာန်မဲဖို့ မမေ့။

ဒါပေမဲ့ စူး ဘယ်နေရာသွားသွား ၊ ဘာပဲလုပ်လုပ် ၊ ဘယ်အချိန်မှ ပြန်လာလာ ၊ ဘာ ဖြစ်လို့ လဲ ဘာကြောင့် လဲ စိုးရိမ်ပူပန်မှုမရှိ ၊

အော်ငေါက်အပြစ်တင်ခြင်းမရှိ ၊

ကြီးကြီးခိုင်က သတိပေးတားမြစ်ရင်တောင်

“လူငယ်ဆိုတာ အိမ်မှာ နေရတာ ထက် အပြင်မှာ နေရတာ ပိုပြီးနှစသက် ကြတယ် ၊ လွတ်လပ်မှုနဲ့ ပျော်ရွင်မှုက အိမ်မှာ မရှိဘူး ၊ နေစမ်းပါစေ ၊ သူ့ ကိုယ်သူ ထိန်းသိမ်းနိုင်တဲ့အရွယ်ပါ ၊ မှားတော့လည်း မှော က်အိပ်ပေါ့ ၊ စိတ်ပူပြရင် အနေရခက်သွားလိမ့်မယ် ”တဲ့ စေတနာနဲ့လား။ အရွဲ့တိုက်ပြောတာလား မသိပေမယ့် ထိုကိစ္စအတွက် မာမီကို ကျေးဇူးတင်မိတာတော့ အမှန်ပင် ။ စူးဘ၀က မာမီပြောသလို အိမ်မှာ လွတ်လပ်ပျော်ရွှင်ရတာ မှာ မဟုတ်ဘဲ ။

အိမ်မှာ ချက်ပြုတ်ဖွပ်လျှော် အိမ်သန့် ရှင်းရေး ဘာပဲလုပ်လုပ် အပြစ်လွတ်တာမှ မဟုတ်တာ ၊ မာမီ မျက်စိအောက်မှာ ဆိုလျှင် အလိုလိုသိမ်ငယ်နေရပြီး စိတ်ပေါ့ပါး သွက်လက်တက်ကြွမှုတွေ ပျောက်ဆုံးနေခဲ့ရသည် ။

ဒါကြောင့် လည်း စူးအိမ်မှာ မနေချင် ။ မာမီရတနာဆိုင်ပိတ်လို့ အိမ်မှာ အနားယူသော နေ့ ဆိုလျှင် ပိုဆိုးသည် ။

ရည်းစားလိုလို အတွဲ လိုလို ယောက်ျားလေးဘော်ဒါတွေ နှင့် တစ်နေကုန် အချိန်ကုန် အချိန်ဖြုန်းနေတတ်ပြီး မာမီအိပ်ရာဝင်ချိန်လောက်မှ စူး အိမ်ပြန်လာတတ်သည် ။ ထိုအချိန် ထိုနေ့ မျိုးမှာ မာမီ ဘယ်တော့မှ စိတ်ပူစိုးရိမ်ပြီး စောင့်မနေတတ်ပါ ။

ကြီးကြီးခိုင်ကသာ မအိပ်နိုင် မစားနိုင် ဖျပ်ဖျပ်ခါနေပြီး -

“ဘာလို့ အဲလောက်ကြီး အိမ်ပြန်နောက်ကျရတာ လဲ စူးလေးရယ် ၊ မိန်းကလေး တစ်ယောက် အိမ်ပြန်ရမယ့် အချိန်လားကွယ် ၊ ဒီလိုမျိုးကိစ္စကို စူးအမေ ဘာမှ မပြောဘူးဆိုပေမယ့် ကြီးကြီးခိုင် ကတော့ မကြိုက်ဘူးနော် သမီး ၊ မိုးမဒီခင်ကိုလည်း ဘယ်လိုနားလည်ရမှန်းမသိတော့ပါဘူး ၊ တခြားကိစ္စတွေ ဘာလုပ်လုပ် အကောင်းမြင်ရမှန်းမသိဘူး ၊ အပြစ်မလွတ်ဘူး ၊ သမီးအပျိုလေး ဒီလိုမျိုး သွားလာနေတာကျတော့ ခွင့်ပြုသတဲ့ ၊ အံ့ပါရဲ့ကွယ် ၊ စူးအဖေသာ ရှိလိုက်စေ ချင်တော့တယ် ”

ကြီးကြီးခိုင်က ဖေဖေ့ကို တပြီး မျက်ရည်ကျသည် ။ စူးလည်း ဖေဖေ့ကို သတိရ တမ်းတစိတ်နှင့် မျက်ရည်ကျ၏ ။

ဖေဖေရှိစဉ်က မာမီမှာ ဒီလို ဥပေက္ခာတွေ သိပ်မများ ဟု ထင်မိသည် ။ အိမ်မှုကိစ္စတွေ မှာ သူမကို မိန်းကလေးမို့ နိုင်နင်းအောင် သင်ပြခိုင်ခဲ့တာဆိုပေမယ့် မာမီက ဦးဆောင်လုပ်ပြသွားခဲ့တာ ဖြစ်သည် ။

“မိန်းကလေးဆိုတာ ဒီအရွယ်ကတည်းက အိမ်ထောင်မှု ထိန်းသိမ်းတတ်ရတယ် ၊ သိမ်းထုတ်သေချာရတယ် ၊ အိမ်အကူအလုပ်သမား တစ်ယောက် ကို ခေါ်မယ်ဆိုရင် ကိုယ့်ရဲ့စိတ်က အလုပ်သမားရှိတာပဲဆိုပြီး ပေါ့သွားမယ် ၊ ငွေလည်းကုန်တယ် ၊ အဲဒါကြောင့် အရည်အချင်းပြည့်ဝတဲ့ မိန်းကလေး ဖြစ်ချင်တယ်ဆိုရင် ဒါတွေ ကို တတ်အောင်သင် သိအောင်လုပ်”

ပြောခဲ့တာက ထိုအတိုင်းဆိုသော်လည်း အရည်အချင်းပြည့်ဝသည့် မိန်းကလေး ဖြစ်အောင် ပညာကိုတော့ အပြည့်အ၀ သင်ပေးခဲ့တာမဟုတ် ။

“ရိုးရိုးဘွဲ့ လက်မှတ်တစ်ခုခုရရင် တော် ပြီပေါ့ ၊ ဖအေက ဆရာဝန်ကြီးမို့ ဆရာဝန် ဖြစ်အောင် ကြိုးစားချင်တယ်ဆိုပေမယ့် ပါရမီပါမှ ကံပါမှ ဖြစ်မှာ ၊ သေလုမျောပါး ကြိုးစားလည်း ဆယ်တန်းမအောင်တဲ့သူ တွေ တစ်ပုံကြီး ၊ အဲဒါကြောင့် သိပ်ဖိဖိစီးစီး လုပ်မနေပါနဲ့ ပင်ပန်တယ် ”

မာမီစကားကို နားထောင်ပြီး သူမ၀ါသနာ ပါ ဖြစ်ချင်ခဲ့သော ဆရာဝန် တစ်ယောက် ဖြစ်အောင် မကြိုးစားခဲ့ ။

တက္ကသိုလ်ဝင် အဆင့်နှင့် သာ တင်းတိမ်ခဲ့ပြီး ထူးချွန်ချင်စိတ်လည်း မရှိခဲ့ ။ ဖေဖေ ကတော့ စူး ဆယ်တန်းအောင်စာရင်းမထွက်ခင် ဆုံးပါးသွားခဲ့တာမို့ သူမ ဆရာဝန်လိုင်း မရတာ တောင် သိလိုက်မှာ မဟုတ် ။

“စာမကြိုးစားတာ ဆေးလိုင်းအောင်မှတ်ရအောင် မဖြေနိုင်တာာ ညည်းအဖေသိရင် စိတ်ဆိုးလိမ့်မယ် ။ စိတ်မကောင်း ဖြစ်လိမ့်မယ် ၊ ဘာမှ မပြောနဲ့ ။ အောင်စာရင်းထွက်မှ သူ့ ဟာသူ သိသွားတာ ပိုကောင်းတယ် ”

မာမီသင်ပေးထားသည့်အတိုင်း သူမမှ ဖေဖေကို ပြောမပြခဲ့တာ ၊ ဖေဖေ ဘယ်လိုလုပ်သိမှာ လဲ ။ ထိုအချိန်က ကလေးအတွေးနှင့် သူမက စာမကျက်ရတာ စိတ်ဖိစီးမှု မရှိခဲ့ရတာ ကို ပျော်နေခဲ့ပြီး မာမီကိုတောင် ကျေးဇူးတင်ခဲ့သည် ။

အဲဒီ နောက်ပိုင်း ဖေဖေဆုံးပြီးချိန်မှာ တော့ မာမီရဲ့ ဥပေက္ခာများ ၊ စိမ်းသက်မှုများ ကို စူး သိသိသာသာ ခံစားလာရသည် ။

“အပြင်မှာ ဟိုသင်တန်းဒီသင်တန်း ဘာပဲတက်ချင်တက်ချင် တက်လို့ ရတယ် ၊ လိုအပ်တဲ့ငွေ ငါ့ဆီက လက်ဝါးမဖြန့် နဲ့ ၊ မီးခံသေတ္တာထဲက ကြိုက်သလို ယူသုံး ၊ ဒါပေမဲ့ အိမ်အလုပ်တွေ တော့ တစ်ခုမှ မလစ်ဟင်စေနဲ့ နော် ၊ ငါငြိုငြင်လို့ အိမ်ပေါ်က နှင်ချရင် အဆင်သင့် ဖြစ်အောင် အားကိုးစရာ ယောက်ျား တစ်ယောက် လည်း ရှာထား”တဲ့ ၊ စကားလုံးများ မှာ ညင်သာပျော့ပျောင်းမှု မပါ ။ အပျော်အပျက် စနောက်တာမျိုးလည်းမဟုတ် ။

အေးစက်သော မျက်လုံးစိမ်းများ နှင့် တင်းထန်မာကျောစွာ ပြောခဲ့တာ ဖြစ်သည် ။ စေတနာနှင့် ပညာစုံတတ်စေချင်တာလား ။

အိမ်မှာ သူမကို အချိန်ပြည့် မမြင်ရအောင် လွတ်လပ်ခွင့်ပေးလိုက် တာလား ၊ စူး မစဉ်းစားချင်ပါ ။

အိမ်မှာ မွန်းကျပ်ပိတ်လှောင်နေသမျှ အပြင်မှာ လွတ်လပ်စွာ နေခွင့်ရတာ ကို စိတ်ချမ်းသာသည် ။ အချိန်ဖြုန်း ငွေဖြုန်း ပစ်စလက် ခတ်နေရတာ ကို ပျော်သည် ။

“ဒါ ဘယ်သွားဦးမလို့ လဲ စူး”

စူး ၀တ်စားပြင်ဆင်ပြီး ထွက်လာတော့ ကြီးကြီးခိုင်က ဧည့်ခန်းဝကနေ ဆီးကြိုပြီးမေးသည် ။ စူးက စလင်းဘက်ခ်လေးကို ညာဘက်ပခုံးမှာ ပြောင်းလွယ်လျက် -

“မာမီက ထမင်းမစားဘူးတဲ့ ၊ ဈေးသွားစရာလည်းမလိုဘူး ၊ ချက်စရာလည်း မလိုဘူးလေ ကြီးကြီးခိုင်ရဲ့ ၊ အိမ်အလုပ်တွေ လည်း အားလုံးပြီးပြီဆိုတော့ သင်တန်းတက်ချင်တက် , မတက်ချင်လည်း အချိန်ကုန်အောင် ဝေလေလေလုပ်ရုံပဲပေါ့ ”

“အေး ညည်းလေးတို့ သားအမိနဲ့ တော့ ငါ အသက်တိုမှာ ပါ မိစူးရယ် ၊ မအေ နားချလို့ မရ , သမီး ပြောဆိုဆုံးမလို့ မရနဲ့ ဘယ်လို ရည်ရွယ်ချက်တွေ နဲ့ ဘ၀ကို ဇော်ထိုးစဉ်းစားနေလဲ မသိတော့ဘူး ၊ တကယ်ဆို ကျောင်းပြီးနေတဲ့သမီး ,ဣနြေ္ဒရရ ဂုဏ်ရှိရှိလေး ဖြစ်အောင် ရတနာဆိုင်မှာ လက်လွှဲထိုင်ခိုင်းပါတော့လား ၊ တခြား ၀န်ထမ်းတွေ တောင် ခေါ်ထားရသေးတာ ကိုယ့်သမီးဆိုတော့ ယုံကြည့်အားကိုးလို့ ရတာ ပေါ့ ”

“နိုး နိုး အဲဒီ ကိစ္စ မာမီကို မတိုက်တွန်းလိုက်ပါနဲ့ နော် ၊ မာမီရှေ့မှာ အချိန်ပြည့်နေရရင် အသက်ရှူကျပ်ပြီး သေသွားလိမ့်မယ် ၊ ဒါမှမဟုတ် ဘာပြောလိုက်မလဲ ၊ ဘယ်လိုအပြစ်ရှာလိုက်မလဲဆိုပြီး နှလုံး ရောဂါ ရမှာ သေချာတယ် ၊ သွားပြီနော် ကြီးကြီးခိုင် ၊ အိမ်ပြန်နောက်ကျရင် စိတ်ပူပြီး စောင့်မနေနဲ့ ”

စူးက သမင်မလေးကို ဖျတ်လတ်ပေါ့ပါးစွာ ပြေးထွက်သွားသည် ။

ခေါင်းတယမ်းယမ်း သက်ပြင်တချချဖြင့် ဒေါ်မိမိခိုင် ရင်မောစွာ ကျန်ရစ်ခဲ့၏ ။ လွဲမှားနေသော အုပ်ထိန်းမှုအောက်မှာ စူးစူးဘ၀ လေး ရေတိမ်နစ် ပျက်စီးသွားမှာ စိုးရိမ်၏ ။

မိုးမဒီခင်ရဲ့ ရင်တွင်းဆန္ဒအမှန်တွေ ကို ဒေါ်မိမိခိုင် ဘယ်လိုမှ နားမလည်နိုင် ။ သမီး ဖြစ်သူကို အိမ်မှာ ဆိုလျှင် အစေအပါး အိမ်ဖော် တစ်ယောက် လို ဆက်ဆံပြီး အပြင်မှာ ထင်သလိုနေဖို့ လွတ်လပ်ခွင့် ပေးထားတာက ဘယ်လိုသဘောများ လဲ ။

စူးစူးလေးသာ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်လျှင် ။



ဝန်ဇင်းချစ်သူများ လုံမ ၏ “ ပန်းနုရောင်နိဒါန်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အလင်းမဲ့ည

မကြုံဖူးလို့ချစ်မိတာပါ

အကြင်နာ လက်တစ်ကမ်း