
အခန်း(၁)
လုံမ
အလင်းမဲ့ည
အခန်း(၁)
“နာမည် က”
“ခွင်း”
“တစ်လုံးတည်းလား”
“အနှောင်အဖွဲ့အတွယ်အတာမရှိဘူးဆိုတဲ့ သင်္ကေတပါ”
ဦးဥာဏ်က စကားအပိုအလိုမပြောမိစေနှင့်ဟု သေချာမှာ ထားပေမယ့် တင်းကျပ်နေ သော ရင်ဘက်ကြီး အသက်ရူလို့ရအောင် အထွန့်တက်မိသည်။
မျက်ခုံးနှစ် ခု ထိစပ်အောင် မျက်မှော င်ကြုတ်လိုက်တဲ့ ဒေါ်မြနန္ဒာက ဆေးရောင် တင် ထားတဲ့ နှုတ်ခမ်းလေး တွန့်ကွေးကျအောင် မဲ့လိုက်၏ ။
အနားမှာ သူ့လိုပဲ ဒူးနှစ် ဖက်ထောက်ထိုင်နေတဲ့ ဦးဥာဏ်က မသိမသာ သူ့ပခုံးစွန်းကို တိုက်ပြီး သတိပေးသည်။
“မြနန္ဒာစံအိမ်ကြီးမှာ ဘယ်လိုအလုပ်မျိုး ရမယ်ထင်လို့ သူ့ကိုခေါ်လာတာလဲ ဦးဥာဏ်”
သူ့ကိုမမေးတော့ဘဲ စကားမြှားဦးက ဦးဥာဏ်ဘက်ကို ပစ်လွှတ်လိုက်သည်။ ဦးဥာဏ် အဖြေတို့က တုန်တုန်ယင်ယင်။
“ဒီ ဒီလိုပါ မြကလေး။ ဦးဥာဏ်က အသက်ကြီးပြီဆိုတော့ ဦးဥာဏ်မောင်းတဲ့ကားကို စီးရမှာ မြကလေးတို့ စိတ်တိုင်းကျမှာ မဟုတ်တော့ဘူးလေ။ အမြဲတမ်းးတုံ့နှေးလေးကန်နေ တာ။ ဦးဥာဏ်လည်း ကိုယ့်ကိုယ်ကိုယ် အားမရဘူး။ အဲဒါကြောင့် ရွာမှာ သူ့အဖေဆုံးသွားလို့ စိတ်လေနေတဲ့ ဦးဥာဏ်ရဲ့ တူလေးကို ခေါ်လာခဲ့တာပါ။ ဖြစ်နိုင်မယ်ဆိုရင် သူ့ကို ကားမောင်း သင်ပေးပြီး ဦးဥာဏ်နေရာမှာ အစားထိုးစေချင်ပါတယ်။ ဦးဥာဏ်ကိုတော့ ခြံစောင့်နေရာမှာ တာဝန်ပေးပါကွယ်”
ဦးဥာဏ်အရှည်ကြီးရှင်းပြပြီးချိန်မှာ စူးစိန်းလက်တောက်နေတဲ့ ဒေါ်မြနန္ဒာမျက်ဝန်း တို့က သူ့တစ်ကိုယ်လုံးကို ခြုံငုံသုံးသပ်နေသည်။
“အသက်က”
“ဆယ့်ကိုးနှစ် ”
“အတန်းပညာ”
တစ်ခွန်းချင်းမေးနေတာ စိမ်းပြတ်သည်။
အဆင့်အတန်းခွဲခြားလိုခြင်းဆိုတာ အပေါ်အောက်ထိုင်နေရကတည်းက သိသာနေ ပေမယ့် ခန္ဓာတစ်ခုလုံး သေးငယ်ကျုံ့ဝင်အောင် ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကိုတော့ အားပြိုင်ကာ ရင်ဆိုင်ကြည့်ပစ်လိုက်ချင်သည်။ ဒါပေမယ့် …
“ဆယ်တန်းဖြေရမယ့်နှစ် မှာ အဖေကျန်းမာရေး မကောင်းလို့် ကျောင်းထွက်လိုက်ပါ တယ်”
“ဘာအလုပ်လုပ်ဖူးလဲ”
“ဟို သူက”
“ဦးဥာဏ်ကို ကျွန်မမေးနေတာမဟုတ်ဘူး။ သူဖြေလိမ့်မယ်”
“ရွာမှာ ရှိတဲ့ အလုပ်ကြမ်းမှန်သမျှ ကျွန်တော် အကုန်လုပ်ဖူးပါတယ်။ ပိုက်ချ၊ ငါးဖမ်း၊ ကုန်ထမ်း၊ အိမ်သာကျင်းတူတာကအစ”
“ရပြီ၊ ဒီကားမောင်းတဲ့အလုပ်ကိုရော မင်းဝါသနာပါရဲ့ လား”
“ကျွန်တော် ကြိုးစားမှာ ပါ ။ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျတဲ့ဘ၀မှာ ကျင်လည်ခဲ့ရ တာပဲ”
ဟွန့်ခနဲ မျက်နှာကိုမော့ကာ မဲ့လိုက်ခြင်းက လှောင်ပြောင်လိုခြင်းလား။ အထင်သေး ရှုတ်ချလိုခြင်းလား။
ဝေခွဲဖို့လည်း သူမကြိုးစားချင်ပါ။
ရင်ထဲမှာ အနာတရသေးသေးလေးမှ မဟုတ်ဘဲလေ။
“ဦးဥာဏ် သူ့ကို ကားမောင်းသင်ပေးလိုက် ပါ။ လိုင်စင်ရတာ နဲ့ ဦးဥာဏ် အနားယူလို့ရ တယ်။ နေဖို့ ကတော့ ဦးဥာဏ်နဲ့အတူတူ နောက်ဖေးတန်းလျားမှာ ပဲ ထားလိုက်ပါ။ အရေး ကြီး တာက မြနန္ဒာစံအိမ်ကြီးရဲ့ စည်းကမ်းတွေ ကို သူသိအောင် နားလည်အောင် လိုက်နာတတ် အောင် ဦးဥာဏ် သင်ပေးနိုင်ရမယ်။ အပြစ်တစ်ကြိမ်ကျူးလွန်မိရင် လစာထဲက သုံးပုံတစ်ပုံ ငွေကြေးဖြတ်မယ်။ သုံးကြိမ်ဆိုရင် အလုပ်ထုတ်မယ်။ အဲ အပြစ်ကင်းရင်တော့ အပိုဆု ဘောက်ဆူးရမှာ ပေါ့။ နားလည်တယ်နော်။ မင်းသွားလို့ရပြီ။ ဦးဥာဏ်ခဏနေခဲ့”
မော့မကြည့်ဘဲ နောက်ခြေသုံးလှမ်းဆုတ်ပြီးမှ မြနန္ဒာစံအိမ်ကြီးထဲက သူထွက်ခဲ့ရ သည်။
ကိုယ်နေရမယ့် နောက်ဖေးအလုပ်သမား တန်းလျားကို ရောက်အောင် ခြေလှမ်းကျဲ ကြီးတွေ နှင့် သူလှမ်းလာခဲ့သည်။
တန်းလျားလေးရဲ့ ရှေ့ကွပ်ပျစ်မှာ ခြေကုန်လက်ပန်းကျကာ ဗြုန်းခနဲ ထိုင်ချလိုက်ရင်း မြနန္ဒာစံအိမ်ကြီးရဲ့ ကျောပြင်ကို နာကြည်းစွာ ခပ်စိမ်းစိမ်း ကြည့်ပစ်လိုက်၏ ။
ဘာကြောင့် ဒီအိမ်ကြီးက သူနှင့် မသက်ဆိုင်ရတာ လဲ။
“မင်းအမေရင်းရှိတဲ့နေရာကို မင်းကို ဦးဥာဏ်ခေါ်သွားမယ်။ ဒါပေမယ့် ဒီအိမ်နဲ့ ဒီအမေ ဟာ မင်းနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ မင်းအောက်မေ့ထားရမယ် လူလေး”
“ဘာ့ကြောင့် လဲ ဦးဥာဏ်”
“တစ်နေ့နေ့တော့ ဒီအကြောင်းတွေ ကို ဦးဥာဏ်မင်းကို ပြောပြဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် အခုချိန်မှာ မင်းသိထားရမှာ က မင်းဟာ မင်းအမေ မုန်းဆီးရွံရှာစက်ဆုပ်နေတဲ့ မင်း အဖေရဲ့ သား တစ်ယောက် ဖြစ်နေခဲ့တယ်”
“ဒါဆိုရင် အဖေ တစ်ယောက် တည်း မွေးလို့ရခဲ့တာမှ မဟုတ်တာ။ ကျွန်တော် က အမေ့ ရဲ့ အသွေးအသားတွေ နဲ့လည်း တည်ဆောက်ခဲ့တာပဲလေ။ လူ ဖြစ်လာမှ အစွန့်ပစ်ခံရတာ တရားသလား။ ရင်သွေး တစ်ယောက် အနေနဲ့ သူ ချစ်နေသင့်တာပေါ့ ဦးဥာဏ်”
“မချစ်လို့ဘဲ မွေးပြီးပြီးချင်း ရက်သားလေးနဲ့ မင်းကိုထားရစ်ခဲ့တာ ဖြစ်မှာ ပေါ့ လူလေး ရယ်။ ဒီအကြောင်းတွေ ဂဃနဏ ဦးဥာဏ်သိရတဲ့အထဲမှာ မင်းအမေ မင်းကို ချစ်နေလား မချစ်နေလားဆိုတာတော့ ဦးဥာဏ် သေချာမသိပါဘူး။ ဒါပေမယ့် မင်းအဖေကို မုန်းတဲ့ အမုန်း တွေ မင်းအပေါ် ကျိန်စာသင့်ခဲ့တာ ကတော့ အမှန်ပဲ။ ဒါကြောင့် မင်းအမေပိုင်ဆိုင်တဲ့ မြနန္ဒာ စံအိမ်ကြီးကို မင်းရောက်တဲ့အခါ မင်းဟာ ဒေါ်မြနန္ဒာရဲ့ သား တစ်ယောက် အ ဖြစ် အသိပေးလို့ မရဘူး။။ ဘာ့ကြောင့်လဲဆိုတော့ တခြားအကြောင်းအရာတွေ လည်း ရှိနေသေးတယ်”
“ဘာလဲ ဦးဥာဏ်”
သက်ပြင်းရှိုက်ပြီး လေးပင်သွားတဲ့ဦးဥာဏ်စကားအဆက်ကို သူစိတ်မရှည်။
စိတ်လောကြီးစွာ စကားဖြတ်မေးတော့ သွေးမတော် သားမစပ်ပေမယ့်သံယောဇဉ်ကြီး စွာ သူ့ခေါင်းလေးကို ဦးဥာဏ် ဖွဖွပွတ်သပ်နေသည်။
“မြနန္ဒာမှာ မင်းနဲ့ မတိမ်းမယိမ်းအရွယ် သားသမီးနှစ် ယောက် ရှိတယ်”
“ဗျာ မေ မေမေက နောက်အိမ်ထောင်ပြုလိုက်တာလား”
“ဆိုပါတော့ မင်းနဲ့ မင်းအဖေကို စိတ်နာနာနဲ့ ဥပေက္ခာပြုပြီး မြနန္ဒာစံအိမ်ကို သူပြန်ေ၇ာက်လာတဲ့အချိန်မှာ သူ့အစ်မ မြမာလာမှာ ယုယဆိုတဲ့ သမီးလေး မွေးပြီး ဆုံးသွားရှာ တယ်။ သားကြီး ပိုက်ထွေးနဲ့ မြမာလာ ယောက်ျား မောင်အုပ်စိုးတို့အပြင် ရက်သားအရွယ် ယုယဆိုတဲ့ သမီးလေးတို့ဟာ သနားစဖွယ် ကျန်ရစ်ခဲ့တာပေါ့ကွယ် ။ အဲဒီ အချိနိမှာ မင်းကို နို့ မတိုက်ရဘဲ မြနန္ဒာနို့ရည်တွေ က တစိမ့်စိမ့်ထွက်နေရာတယ်။ နောက်တော့ တအဲ့အဲ့ အငိုမတိတ်တဲ့ ယုယလေးကို မြနန္ဒာက နို့ချိုတိုက်ကျွေးပြီး ပြုစုယုယခဲ့တယ်။ ယုယဆိုတဲ့ နာ မည် လေးကိုလည်း မြနန္ဒာပဲ ချစ်စနိုးခေါ်ခဲ့တာ”
အမေ့နို့ကို စို့ခွင့်မရခဲ့တဲံ သူ့ထက် ထိုအချိန်ကတည်းက ယုယဆိုတဲ့ ကောင်မလေးက ကံကောင်းခဲ့တာပေါ့။
မနာလိုစိတ်နှင့် မမြင်ဖူးသေးတဲ့ ထိုကောင်မလေးကို မုန်းတီးမိသည်။
ကောင်မလေးရဲ့ အစ်ကို ဖြစ်တဲ့ ပိုက်ထွေးဆိုတဲ့ ကောင်လေးလည်း မေမေ့မေတ္တာရိပ် အောက်မှာ နွေးထွေးလုံခြုံစွာ နေခဲ့ရမည် ပေါ့။
ခွင်းဆိုတဲ့သူကသာ ဆင်းရဲမွဲတေ အဆင့်အတန်းမဲ့စွာ နှင့် ကြီးမားခဲ့ရတာ ။ အရက်ချိုး ကပ်နေတဲ့ ဖခင်ကြီးအတွက် အရက်ဖိုး ၊ စားဝတ်နေရေး ၊ ပညာရေး အားလုံးအရွယ်နှင့် မလိုက် အောက်ခြေသိမ်းအလုပ်ပေါင်းစုံ လုပ်ပြီး ရုန်းကန်ခဲ့ရတာ ။
ကံကြမ္မာကြီးက ခုချိန်ထိလည်း သူ့ကို မျက်နှာသာမပေးသေးပါ။
အရက်ကြောင့် အသည်းခြောက် ရောဂါ နှင့် အဖေဆုံးပါးခါနီး တော့ ဖုန်းနံပါတ်တစ်ခုရေး ပေးပြီး ဖုန်းဆက်ခိုင်းသည်။ နောက်နေ့မှာ အဖေ ဖုန်းဆက်ခေါ်ခိုင်းလိုက်တဲ့ ဦးဥာဏ် ချက် ချင်းရောက်လာ၏ ။
အဖေနှင့်ဦးဥာဏ် စကားအနည်းအကျဉ်းပြောပြီးချိန်မှာ အဖေသူ့ကို စိတ်ချလက်ချ ပြုံး ကြည့်နေရင်း အသက်ထွက်သွားသည်။
အဖေတစ်ခု သားတစ်ခု ဘ၀နှင့် တွယ်တာခဲ့ရသော အဖေကို မျက်စိအောက်မှာ ဆုံး ရှုံးလိုက်ရပြီဆိုတော့ ယောက်ျားတန်မဲ့ သူလူးလိမ့်ကာ ငိုမိသည်။
ဦးဥာဏ်က ဖက်ပွေ့ကာ သူ့ကို နှစ် သိမ့်အားပေးခဲ့သည်။
“မင်းအဖေကို ဆုံးရှုံးလိုက်ရပေမယ့် မင်းအမေ တစ်ယောက် လုံး လူ့လောကကြီးထဲမှာ ရှိနေပါသေးတယ်ကွာ”
တဲ့ ။ ထိုစကားပြောတော့ အံ့သြ၀မ်းသာမိတာမဟုတ်ဘဲ ထိတ်လန့်တုန်လှုပ်သွားမိတာ အမှန်။
ဘယ်အချိန်မေးမေး ။ မင်းအမေသေပြီလို့ပဲ အဖေပြောခဲ့တာ မဟုတ်ပါလား။
ဒါကြောင့် လည်း အမေဆိုတဲ့ အသိရှိပေမယ့် သေပြီဆိုတော့ အဖေလောက် တမ်းတမ်း တတ ဖြစ်မိခြင်းမရှိ။
ခုတော့ နန်းတော် တမျှ ခမ်းနားကြီးကျယ်လှသော မြနန္ဒာစံအိမ်ကြီးရဲ့ အရှင်သခင်မက သူ့ရဲ့ အမေတဲ့။
စံအိမ်ကြီးထဲကို ခြေလှမ်းချဖို့တောင် အရှိန်အ၀ါကြောင့် နောက်တွန့်ချင်နေသည်။
“လူလေး ဒီအိမ်ကြီးက မင်းအမေရဲ့ အိမ်၊ သိမ်ငယ်စရာ မလိုဘူးဆိုပေမယ့် ထည်ထည် ၀ါဝါ၊ ထင်ထင်ပေါ်ပေါ် နေလို့မရဘူး။ ကိုယ်က သူ့ရဲ့ ၀န်ထမ်းအ ဖြစ်နဲ့ ရင်ထဲက သိနေတဲ့ အမေကို စောင့်ရှောက်နိုင်အောင်ကြိုးစား။ မင်းအမေ မြနန္ဒာမှာ အိမ်တွင်း ဓားပြတိုက်ခံနေရ တယ်။ သူ့အစ်မယောက်ျား ဦးအုပ်စိုးကို အမေအဖေရဲ့ ဆန္ဒအရ လက်ထပ်လိုက်ရတဲ့အတွက် ပိုင်ဆိုင်မှု တွေ အားလုံး ခွဲဝေယူရတော့မယ်။ ဦးအုပ်စိုးက နောက် အငယ်အနှောင်းထားပြီး သားကြီးကလည်း လူဆိုးလေး ဖြစ်နေတော့ အကြံတူဥာဏ်တူ အမွေခွဲချင်နေကြတယ်။ စိတ် ဆင်းရဲသော ကတွေ နဲ့ ယုယလေးကိုပဲ မင်းအမေ အဖော်လုပ်နေရရှာတာ။ ကိုယ့်ကို ပစ်ထား ခဲ့တဲ့ အမေရယ်လို့ အပြစ်မမြင်ဘဲ သားကောင်း တစ်ယောက် အနေနဲ့ မင်းအမေကို စောင့် ရှောက်နိုင်အောင် ကြိုးစားပါ လူလေးရယ်”
ထိုစကားတွေ က ခြံဝင်းတံခါးအ၀င်ဝမှာ ပဲ ဦးဥာဏ် သူ့ကို နားချခဲ့တာ။
နာကြည်းမှု နှင့် လက်တုံ့ပြန်မှာ စိုး၍ သိမ်းသွင်းခဲ့ခြင်းလား။ အမှန်တကယ် မေမေ စိတ်ဒုက္ခရောက်နေလို့ အကူအညီတောင်းခြင်းလားဆိုတာ သူမသိ။
ရင်ထဲက အနာတရတစ်ခုနှင့် အနည်းအကျဉ်းတော့ မေမေ့ရှေ့မှာ သူပေါက်ကွဲခဲ့မိ သည်။
အခု ဦးဥာဏ်ကို ခေါ်ထားလိုက်တာ ဘာတွေ များ ပြောစရာရှိလို့လဲ။
ဖေဖေရဲ့ မျက်လုံး။ မျက်ခုံး မေမေ့ရဲ့ အသားအရေ အလိုမကျလျှင် မဲ့သွားတတ်တဲ့ နှုတ်ခမ်း။ သူပိုင်ဆိုင်ထားတဲ့ ထိုအရာတွေ သည် အဖေနှင့် မေမေကို ဆင်ဆင်တူသည်မို့ သံသယတွေ များ ရှိနေသည်လား။
ဦးဥာဏ် ကတော့ ကြိုတင်တွေးထားသည်မို့ လှည့်ပတ်ပြီး ဖြေတတ်မှာ ပါ။
ဒီအဖေ ဒီအမေက မွေးသည့်သားမို့ ပုံစံတူတာ အပြစ်လား။ ဟိုအရင်ကတည်းက ဂုဏ် ယူတတ်ခဲ့သည်မို့။
* * * * * * *
အခန်း(၂)
“အဲဒီ ရုပ်ရည်ကြောင့် ဦးဥာဏ်ရဲ့ တူအရင်းဟုတ်ရဲ့ လားလို့ ငါ့ကိုမေးတယ်”
“ဦးဥာဏ် ဘာပြန်ပြောလိုက်လဲ”
“သြော် ခွင်းရဲ့ အဖေနဲ့ အမေက ချောတယ်။ ဦးဥာဏ်က မွေးချင်းထဲမှာ ရုပ်အဆိုးဆုံး ပဲလို့ အပြောင်အပျက်စကားပြောလိုက်ရတာ ပေါ့”
“တကယ်လည်း ဦးဥာဏ်က ရုပ်ဆိုးပါတယ်။ နဖူးကပြောင်ပြောင်၊ ကိုယ်ခန္ဓာက ထွား ထွားကျိုင်းကျိုင်း အသားကမည်းမည်းနဲ့ တောသားကြီးနဲ့တူတယ်”
“ခွေးကောင်၊ ငါ့ကိုများ ပြောလိုက်တာ တစ်တစ်ခွခွ”
သူ့ရဲ့ အစအနောက်စကားကြောင့် ဦးဥာဏ်က သူ့နဖူးသူပွက်ကာ ရှက်ကိုးရှက်ကန်း ရယ်ရင်း ဆဲသည်။
ပြီးမှ ရေနွေးတစ်ခွက်ငှဲ့သောက်၍ သူ့ကို ခပ်စူးစူးကြည့်၏ ။
“ဒါတွေ ကြောင့် ဖိုးရိုးဖားရား ဖြစ်နေတဲ့ မင်းဆံပင်ရှည်တွေ ကို ငါတမင်မညှပ်ခိုင်းတာ၊ အ၀တ်အစားစုတ်စုတ်ပြတ်ပြတ်တွေ ၀တ်ခိုင်းတာ မင်းရဲ့ နဂိုပုံပန်းသဏ္ဍာန်ပျောက်နေလို့ တော် သေးတာပေါ့ကွ။ မင်းရုပ်က မင်းအဖေနဲ့ တော် တော် ဆင်တယ်။ နှုတ်ခမ်းတွေ မေးစေ့နဲ့ နှာတံရယ် အသားအရည်ရယ် ကတော့ မင်းအမေနဲ့ချွတ်စွပ်ပဲဟေ့။ င့ါမှာ မင်းကို ခေါ်သာ ခေါ်လာရတာ ရင်ထဲမှာ တထိတ်ထိတ်နဲ့။ နောက်လည်း အပြုအမူ၊ အနေအထိုင် ဆင်ခြင်ပါ ကွာ၊ ပြောတာဆိုတာလည်း စောစောကလို လက်တို့သတိပေးရတာ မျိုးတွေ မ ဖြစ်စေနဲ့”
“ကိုယ့်ရဲ့ ခံစားချက်ကို နည်းနည်း လေးတောင် ထုတ်ဖော်ပြခွင့်မရှိဘူးလား ဦးဥာဏ် ။ အမေ တစ်ယောက် ပါလို့ မြင်တွေ့ နေရတာ လည်း အမေလို့ ခေါ်ခွင့်မရှိဘူး။ စွန့်ပစ်သွားရက် တဲ့ မိန်းမကြီးပါလားလို့ အပြစ်တင်လို့လည်း မရဘူး။ ပြီးတော့ အမေ တစ်ယောက် ရဲ့ အစေ အပါးတဲ့ ။ ကျွန်တော့် ရင်ထဲကိုလည်း ၀င်ကြည့်ပါဦး ဦးဥာဏ်”
ဦးဥာဏ်က သက်ပြင်းရှိုက်ကာ သူ့ပခုံးကို ဖွဖွဖက်လာသည် ။ ၀မ်းနည်းစိတ်နှင့် ငိုချ လိုက်ချင်သော်လည်း ရှိုက်သံပျောက်ပြီး မျက်ရည်တွေ သာ စီးကျလာ၏ ။
“လူလေး ကံကြမ္မာဆိုတာ ကြောက်စရာကောင်းတယ်။ အတုံ့အလှည့်ရှိရင် ပေးဆပ်ရ တယ်။ ရနေတဲ့ဘ၀ကို လူလေးမှာ အဖေမရှိတော့ဘူးဆိုပေမယ့် တစ်ကောင်ကြွက်တစ်မျက် နှာ အထီးကျန်စရာလိုလို့လား။ မြနန္ဒာစံအိမ်ကြီးရဲ့ အရှင်သခင်မဟာ အမေပါလို့ မင်းရင်ထဲ မှာ ကိုးကွယ်လို့ရတယ်လေ။ ကြမ်းတမ်းခဲ့တဲ့ ဘ၀ဟာ သူတို့တွေ ကြောင့် မဟုတ်ဘူး။ မင်းရဲ့ အတိတ်ကံကို ပေးဆပ်ရတာ တွေ ကြောင့် ပဲ။ တစ်နေ့နေ့မှာ အမျိုးမြတ်တဲ့သားပါလို့ ဂုဏ်ယူ နိုင်တဲ့နေ့ဆိုတာလည်း ရှိချင်ရှိလာနိုင်တယ်။ လူလေး အားမလျှော့နဲ့။ စိတ်ဓာတ်မကျနဲ့။ ဦး ဥာဏ် တစ်ယောက် လုံး မင်းအနားမှာ ရှိနေမယ် လူလေး”
“အပြစ်သုံးခါလုပ်ရင် အလုပ်လုပ်ခံရမယ်တဲ့။ ဦးဥာဏ်ရော ကျွန်တော် ရော အလုပ် ဖြုတ်ခံရရင် ဘယ်လိုလုပ်မလဲ”
သူပြောလိုက်တော့ ဦးဥာဏ်က မျက်ခုံးပင့်ကြည့်သည်။
“အလုပ်ထုတ်ခံရလောက်တဲ့အပြစ်တွေ ကျူးလွန်ဖို့ မင်းကြိုတင်စဉ်းစားထားသလား လူလေး”
“အဲလိုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငွေကြေးချမ်းသာတဲ့ သူတွေ က သူတစ်ပါးကို အပြစ်ရှာတဲ့နေရာမှာ တစ်ဖက်ကမ်းခက်တယ် မဟုတ်လား။ အမေမို့ ကျိုးနွံနာခံနိုင်တယ်ထား။ သူ့ယောက်ျားနဲ့ သားနဲ့သမီးကို ကျွန်တော် ဘယ်လိုအင်အားနဲ့ သည်းခံနိုင်မလဲ ဦးဥာဏ်”
ဒီတစ်ချက်ကိုတော့ဦးဥာဏ်လည်း စိုးရိမ်မိသည်။
ပိုက်ထွေး၊ ယုယဆိုတဲ့ မောင်နှမနှစ် ယောက် ရှိသည့်အနက် အကြီးကောင် ပိုက်ထွေး က ဂျစ်ကန်ကန်၊ မိုက်တိမိုက်ကန်း။
ဖအေတူသားမို့ လောင်းကစား ၀ါသနာထုံသလို၊ မိန်းမကိစ္စနှင့် အသောက်အစား အပျော်အပါးကလည်း အဖေထက် သားတစ်လကြီး ဆိုတာမျိုး။
“ တစ်ယောက် က လင်ကံမကောင်းလို့ နောက် တစ်ယောက် ကို စည်းကမ်းတင်းကြပ်မိ ပါတယ်။ လင်နောက်လိုက်ပြေးတဲ့အထိ တောင် မိဘမျက်နှာ အိုးမည်းသုတ်ရက်တယ်ကွယ်။ စဉ်းစားကြည့်ပါဦး မောင်ဥာဏ်ရယ်။ မြနန္ဒာ လင်နောက်လိုက်သွားတာ ခုချိန်ထိ ဘာသတင်း အစအနမှ မရဘူး။ တော် တော် မိုက်လုံးကြီးတဲ့ သမီး၊ သူသာ သေချာဖွင့်ပြောခဲ့ရင် သူ့အစ်မ မြမာလာလိုပဲ မကောင်းကောင်း မျက်စိစုံမှိတ်ပြီး ကိုယ့်သမီး ကိုယ့်မေတ္တာရိပ်မှာ ပဲရှိအောင် ပေးစားရမှာ ပေါ့”
မြနန္ဒာရဲ့ အမေ ဒေါ်မြမြဇင် ထိုစကားတွေ ပြောတဲ့အချိန်က မြနန္ဒာနှင့်ထွန်းလူ ခိုးရာ လိုက်ပြေးဖို့ အလိုတူအလိုပါ ကြံရာပါလို ဖြစ်နေခဲ့သည့် ဦးဥာဏ် စိတ်မကောင်းခဲ့။
တကယ်ဆို ထွန်းလူနှင့် ခိုးရာလိုက်ဖို့ မြနန္ဒာကို တိုက်တွန်းခဲ့မိတာမဟုတ်ပေမယ့် ။ ထွန်းလူဆီရောက်အောင် သူကိုယ်တိုင် သွားပို့ပေးခဲ့မိတာပင်။
ထွန်းလူက ရိုးသားအေးဆေးသူမို့ သူကိုယ်တိုင်လည်း ထွန်းလူကို ခင်မင်ခဲ့သည်။
ကိုယ်က မြနန္ဒာရဲ့ သီးသန့်ဒရိုင်ဘာမို့ သူတို့တွေ ချိန်းတွေ့ တိုင်း ကိုယ်မသိဘူးဆို တာမရှိ။
ကိုယ်က ကြားဝင်ချိန်းချက်ပေးရတာ မျိုးတောင် လုပ်ခဲ့ဖူးသည်။ ဒါပေမယ့် သစ္စာရှိ လူယုံ တစ်ယောက် လို မြမြဇင်ကို တိုင်တန်းအသိပေးဖို့ ၀န်လေးခဲ့သည်။
မြမာလာလို လူရှုပ်လူပွေယောက်ျားကိုရမှာ စိုးပြီး မြနန္ဒာကို တင်းတင်းကျပ်ကျပ် အုပ် ချုပ်ထိန်းသိမ်းနေသည်ဆိုတော့ လျှို့ဝှက်ထားမိသည်ဆိုက အမှန်ပင်။
ဒါကြောင့် လည်း မြနန္ဒာ ခိုးရာလိုက်တော့မည် ဟု လူကြီး တစ်ယောက် လို ကိုယ့်ကို အသိပေးလာတော့ ရေငုံနှုတ်ပိတ်နေပေးခဲ့မိသည်။
ထွန်းလူရဲ့ မွေးရပ်မြေလေးကို သွားကြမည် ဟု သိထားသော်လည်း ဘယ်ရွာလဲ။ ဘယ်မြို့လဲ မေးမထားမိ။
နောက်တော့ ဒေါ်မြမြဇင်က အချစ်ဆုံးသမီးတွေ မို့ ခွင့်လွှတ်ပါသည်။ နားလည်နိုင်ပါ သည်ပြောလာသော အခါ ကိုယ့်မှာ ဘယ်သွားရှာပေးလို့ ရှာပေးရမှန်း မသိ။ စိတ်သော က ရောက်ခဲ့ရသည်။
ဒီလိုနှင့် နှစ် နှစ် ပတ်ဝန်းကျင်လောက်မှာ မြနန္ဒာ တစ်ယောက် တည်း အိမ်ကိုပြန်ရောက် လာသည်။
ထွန်းလူအကြောင်းလည်း အမေးမခံ။ မွေးခဲ့တဲ့ ရင်သွေးလေးက သားလား။ သမီးလား တစ်ခွန်းမှမပြော။
နာကြည်းရိပ် ယှက်သန်းနေသော မျက်နှာလေးက အမြဲတမ်း မာမှု န်မှိုင်းလျက်။ ဘယ်သူ့ကိုမှလည်း အလိုမကျ။
ဒါပေမယ့် မွေးကင်းစအရွယ် မြမာလာရဲ့ သမီးလေးကိုတော့ နို့ချိုတိုက်ကျွေး ပြုစု ယုယခဲ့သည်။
ပိုက်ထွေးလေးကိုလည်း သား တစ်ယောက် လို အချစ်ပိုခဲ့သည်။ ထိုအခြေအနေလေးကို ဥမကွဲသိုက်မပျက် ဖြစ်စေချင်သော ဒေါ်မြမြဇင်က မြမာလာယောက်ျားအုပ်စိုးကို သဘော မတွေ့ ခဲ့ပေမယ့် မြေးကလေးတွေ မျက်နှာမငယ်ရအောင် မြနန္ဒာနှင့် ထပ်မံပေးစားခဲ့သည်။ မြနန္ဒာကလည်း တူနှင့်တူမလေးအတွက် ငြင်းဆန်မှု မရှိ လက်ခံခဲ့သည်။
အကျိုးအကြောင်းက မြနန္ဒာအတွက် အဆင်ပြေနေသော်လည်း ထွန်းလူနှင့် ခွင်းအ တွက်တော့….
“ဦးဥာဏ်”
“ဟင် ဟင် လူလေး။ ဘာပြောမလို့လဲ”
“ဟာ ဦးဥာဏ်ရာ ကျွန်တော် မေးပြီးတာဖြင့် ကြာလှပြီ။ ဦးဥာဏ်က ဘာမှ ပြန်မပြော ဘဲ ငေးငိုင်နေတာကို”
“သြော် .. အေး အေး ဦးဥာဏ် အတွေးလွန်သွားလို့ပါ။ ကဲပါလူလေးရယ်။ မင်းအမေရဲ့ သားနဲ့သမီးအကြောင်း ဘာမှ ခေါင်းထဲထည့်စဉ်းစားမနေနဲ့ ကြုံလာတဲ့အခါ အဆင်ပြေအောင် နေနိုင်ဖို့သာ ကြိုးစား။ အခုအချိန်မှာ လူလေးက ဘေးလူကွ။ ဟိုတုန်း ကတော့ အမေ့မျက်နှာ မြင်ရရှု ကျန်တာတွေ ကျေနပ်နိုင်မှာ ပါဆို”
“လက်တွေ့ မှာ မနာလိုစိတ်ကင်းအောင် နေနိုင်ဖို့က ခဲယဉ်းမယ်ထင်တယ် ဦးဥာဏ်”
သူ့ရင်ထဲက မှန်သော သစ္စာစကားကို နှုတ်က ဖွင့်ဟလိုက်မိသည်။
ကြမ်းတမ်းစွာ နေခဲ့ရတဲ့ နုံချာချာဘ၀အတွက် မဟုတ်။ အမေ့မေတ္တာရိပ်နှင့်ကင်းကွာ နေသော အပယ်ခံသား တစ်ယောက် အ ဖြစ်မို့ပါ။
အရိုင်းဆန်ဆန် အိပ်မက်တွေ ကိုသာ မက်ခွင့်ရသော ခွင်းဘ၀က
* * * * * * *
အခန်း (၃)
“မာမီ သားကို မုန့်ဖိုးပေး”
“ဟယ် တစ်နေ့ကမှ သားကို မာမီ နှစ် သိန်းပေးထားတယ်လေ ကုန်ပြီလား သားရယ်”
“အာ မာမီရာ ဒီခေတ်မှာ နှစ် ပုံးလောက်ကို ရေရှည်စီမံကိန်းနဲ့ ချွေတာသုံးနေရဦးမှာ လား။ ကိုယ်ပေါ်က ကာလာကိုလည်း အရောင် တင်ရတယ်။ ပေါင်းသင်းတဲ့ ဘော်ဒါတွေ က လည်း အမြင့်တွေ ချည်းပဲ။ ကလပ်တစ်ညသွားလိုက်ရင် ဒီရေလောက်က ချက်ချင်း ခန်းတယ်။ လုပ်ပါ မာမီရယ် ။သားသူငယ်ချင်း မွေးနေ့ရှိလို့ပါ”
ဒေါ်မြနန္ဒာ သက်ပြင်းရှိုက်မိသော်လည်း မီးခံသေတ္တာသော့ ကိုတော့ ကိုင်မိလျက်သား ဖြစ်နေသည်။
အခန်းတွင်းပြန်ဝင်ကာ ထောင်တန်နှစ် အုပ်ဆွဲထုတ်လာပြီး သားကို ပေးလိုက် တော့ သားမျက်နှာက ရှုံ့ရှုံ့မဲ့မဲ့။
“နှစ် ပုံးတည်းလား မာမီ။ ဘယ်နှစ် ရက်မှ လန်းလို့ရမှာ မဟုတ်ဘူး။ မြန်မြန်ကုန်လို့ မြန် မြန်တောင်းတော့လည်း နားရှော့ခ်ရိုက်ခံရဦးမယ်။ တစ်ခါတည်း လုံလုံလောက်လောက် ပေး ပါလား။ မာမီရာ”
“သားရယ် တက္ကသိုလ်ကျောင်းသားအရွယ်မှာ တစ်လကို ငွေဆယ်သိန်းလောက် သုံး ဖြုန်းနေတာ မလွန်လွန်းဘူးလား။ သားအဖေကလည်း လောင်းကစားနဲ့ တခြားကိစ္စတွေ နဲ့ ငွေ သုံးလို့မလောက်နိုင်ဘူး။ စီးပွားရေး ကျတော့လည်း မာမီလောက် စွမ်းစွမ်းတမံမရှိလှဘူး။ မာမီ က မင်းတို့ သားအဖဖြုန်းဖို့ တမင်းသက်သက် အပန်ပန်းခံငွေရှာနေရသလိုပဲ။ နည်းနည်း ပါး ပါး မာမီကိုလည်း နားလည်ပေးကြပါဦး”
“ကျစ်”
ပိုက်ထွေးက စိတ်မရှည်သလို ကျစ်ခနဲ အသံပြုကာ တိုနံ့နံ့ဆံပင်တွေ ကို ဆွဲသပ်၍ ငွေနှစ် သိန်းအုပ်ယူပြီး ထွက်သွားသည်။ လက်မှိုင်ချပြီး သက်ပြင်းရှိုက်မိတဲ့ ဒေါ်မြနန္ဒာအနား ယုယ၀င်ထိုင်ကာ …
“စိတ်ညစ်နေပြီလား မာမီ။ ကိုကိုကတစ်မျိုး။ ဒယ်ဒီကတစ်မျိုးနဲ့”
“စိတ်ညစ်တာထက် စိတ်ကုန်စပြုနေတာ သမီး။ ဒီထက်ပြောမိပြန်ရင်လည်း အလုပ် ကြီးအကိုင်ကြီး ခွဲလုပ်မယ်ဆိုပြီး အမွှေခွဲခိုင်းကြဦးမယ်။ မာမီလုပ်နေရတဲ့လုပ်ငန်းတွေ ပြိုကွဲ ပျက်စီးမှာ စိုးလို့ မာမီသည်းခံနေရတာ ။ ဘယ်လို ၀ဋ်ကြွေးများ ပါလာလဲ မသိပါဘူးကွယ်”
“မာမီစိတ်ရော ၊ လူရော ပင်ပန်းနေမှာ ပဲနော်။ ယု ကျောင်းပြီးရင် မာမီအလုပ်တွေ ကို ကူ လုပ်ပေးမှာ ပါ”
“ကျေးဇူးတင်ပါတယ် သမီးရယ်။ သမီးလေး ယု မာမီံကို နားလည်ပေးနေလို့ မာမီ ဖြေ သာနေတာပါ”
ဒေါ်မြနန္ဒာရင်ထဲက စကားကို ဆိုမိခြင်းပါ။
ဦးအုပ်စိုးနှင့် သားပိုက်ထွေးကြောင့် ရင်တွေ ထဲမှာ အဆမတန်နာကျင်နေရပေမယ့် သမီးလေးယုရဲ့ နှစ် သိမ့်စကားတွေ နှင့် အသက်ရှင်နေရတာ မဟုတ်ပါလား။
ဖယ်ခွာလို့လည်းမရ။ တုတ်နှောင်ထားလို့လည်းမ ဖြစ်နိုင်နှင့် ဆုပ်လည်းဆူး၊ စားလည်း ရူးဘ၀မှာ ရှယ်ယာဝင်ထားတဲ့ ဘဏ်လုပ်ငန်းတွေ ရော၊ ပွဲရုံလုပ်ငန်းတွေ ပါ သူမ တစ်ယောက် တည်း အပင်ပန်းခံ ရုန်းကန်နေခဲ့ရသည်။
ဦးအုပ်စိုးက အယောင်ပြလောက်သာ လုပ်ငန်းတွေ အပေါ် အလေးထားတတ်ပြီး လောင်းကစားနှင့် မိန်းမကိစ္စတွေ ကိုတော့ အရေး တယူရှိလှသည်။
ဒါတွကို ရွံမုန်းစိတ်နှင့် ဖေဖေနှင့် မေမေ ဆုံးပါးပြီးကတည်းက ဦးအုပ်စိုးအပေါ် လင်စိတ်သားစိတ်ကုန်ကာ အခန်းခွဲအိပ်ခဲ့၏ ။
အဲဒီ နောက်မှာ ဦးအုပ်စိုးက ပွေလို့ရှုပ်လို့ ကောင်းခဲ့ကာ ငါမိန်းမထပ်ယူရင် အမွေခွဲပေး ဖို့ ပြင်ဆင်ထားဟု စိန်ခေါ်ခဲ့သည်။
ဒီအချိန်အထိ အကောင်အထည်မပေါ်သေးတာကိုပဲ ကျေးဇူးတင်ရမည် လား။
အမြန်ဆုံးထွက်သွားအောင် ယတြာချေ နှင်ထုတ်ရမည် လားပင် မသိ။
“ဒီအမွေတွေ ကို ဝေပုံကျနဲ့ ခွဲပေးဖို့ဆိုတာ နင့်မိဘတွေ လက်ထက်၊ နင့်အစ်မ မြမာလာ ရှိစဉ်တုန်းက နင်တို့မှာ ပွဲရုံလုပ်ငန်းတစ်ခုပဲရှိတာလေ။ အခုမှ ရတနာမျိုးစုံ အရောင်းအ၀ယ် ပွဲစားလုပ်လို့ရလာတဲ့ အမြတ်အစွန်းတွေ ၊ ပွဲရုံမှာ နင့်ရဲ့ ကြိုးစားမှု ကြောင့် ရလာတဲ့ အမြတ် အစွန်းတွေ အားလုံး ဘဏ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားသမျှ နင့်လက်ထက်ပွား ၊ နင့်ပိုင်ဆိုင် မှု တွေ ပဲဟာ။ နင်စေတနာရှိမှ နင်ပေးချင်မှ သူတို့ရမှာ ပေါ့။ တွေးပူမနေနဲ့ ၊ တကယ်တောင်း လာရင် တရားရုံးကနေ ပွဲရုံလုပ်ငန်းရဲ့ အချိုးအစားကိုပဲ ခွဲပေးလိုက် ။ လူအား ၊ ငွေအားအရင်း အနှီး သူတို့ ဥစ္စာ တစ်ပြားမှ ပါတာမဟုတ်ဘူး”
သူငယ်ချင်း ဖြစ်သူ မိုးသီတာက ထိုအတိုင်း အကြံဥာဏ်ပေးသည်။ အမွေထိန်းရှေ့နေ ကြီး ဦးလှအောင်ကလည်း
“ဒေါ်မြမြဇင် မသေချင်က အမွေလွှဲသေတမ်းစာအရဆိုရင် နောက်ပိုင်း ပိုင်ဆိုင်မှု တွေ က တကယ်အလုပ်လုပ်တဲ့သူနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲရုံလုပ်ငန်းက ရင်းနှီးမြှုပ်နှံ မှု ကို လက်ရှိအနေအထားထိ အကျိုးအမြတ်ခွဲဝေယူရမှာ တော့ မျှတမှု ရှိရမှာ ပေါ့လေ။ ကျန်တာ တော့ မြနန္ဒာစိတ်တိုင်းကျ သဘောအတိုင်းပါပဲ။ တရားနည်းလမ်းကျ အန်ကယ်လ်စီမံဆောင် ရွက်ပေးပါ့မယ်။ ဦးအုပ်စိုး လုပ်ငန်းတွေ အပေး ဂရုမစိုက်ဘဲ မြနန္ဒာ တစ်ယောက် တည်း ပင်ပန်း ဆင်းရဲခံနေရတယ်ဆိုတာ အန်ကယ်လ်တို့ သိနေတာပဲ”
သူမဘက်မှ အားပေးမယ့်သူတွေ ရှိနေပေမယ့် ကိုယ့်သား ကိုယ့်သမီး အရင်းတွေ လို အချစ်ပို သံယောဇဉ်ပိုခဲ့ရသော ပိုက်ထွေးနှင့် ယုယဆိုတဲ့ တူလေးနှင့် တူမလေးကို မြနန္ဒာ ပစ် စလက်ခတ် ဥပေက္ခာ မပြုဝံ့ပါ။
သမီးလေးယုယဆိုလျှင် သူမနို့ချိုတိုက်ကျွေးမှု ကြောင့် ကြီးပြင်းရှင်သန်လာခဲ့တာ မ ဟုတ်ပါလား။
ဒါကြောင့် လည်း သမီးလေးက သူမအပေါ် နားလည်မှု ရှိသည်။ ငဲ့ညှာသနားတတ် သည်။
သားကြီး ကတော့ ဘာအကြောင်းမှ ဆွေးနွေးလို့မရ ။ တိုင်ပင်လို့လည်းမရ။
အတန်းပညာမြင့်မားလာလေ သုံးဖြုန်းတဲ့ ငွေပမာဏက ကြီးမားလာလေ။
သွန်သင်ဆုံးမတဲ့အတိုင်းနာခံဖို့မပြောနှင့် နားညည်းတယ်၊ နားပူတယ်ဟုတောင် အပြစ်ပြန်မြင်တတ်သူ။ အဖေထက် သားတစ်လကြီးတယ်ဟု ဂုဏ်ပြုခံချင်နေသလား။ ဖအေ ကိုမီအောင် အားသွန်ခွန်စိုက် ကြိုးစားနေလေသလား။
ဘာပဲ ဖြစ် ဖြစ် ဆွေရယ်မျိုးရယ်ဆိုလို့ သူတို့တွေ ပဲ အရင်းအချာရှိတာမို့ သူတို့တွေ နှင့် အတိုက်အခံမလုပ်ချင်။
သက်တမ်းစေ့နေခွင့်ရလျှင်တောင် ဘ၀ကို အေးအေးချမ်းချမ်းနှင့် ကုန်ဆုံးချင်သည်။
ထိုအတွေးတွေ နှင့် အိပ်မပျော်သည့်ညတိုင်း တိုက်ကြီးဘေးက ဂျပန်မြတ်ခင်းစိမ်းလေး ပေါ်မှာ ဒရင်းဘတ်ဒ်လေးချပြီး ပတ်လက်လှန်၍ မိုးကောင်းကင်ကြီးကို မော့ကြည့်ကာ တစ်စုံ တစ်ရာကို သူမ မရေမရာ တမ်းတနေတတ်သည်။
ထိုအချိန်မျိုးမှာ ကုတ်ချောင်းချောင်းနှင့် မ၀ံ့မရဲ သူမအနားကို ဦးဥာဏ် ရောက်လာ တတ်၏ ။
“မောင်ထွန်းလူနဲ့ မွေးထားခဲ့တဲ့ ရင်သွေးလေးကို သတိရနေတာလား မြကလေး။ သူတို့ ဘယ်လိုနေနေလဲ သိချင်ရင် ဦးဥာဏ် သွားခေါ်ပေးမယ်လေ”
“ဘာတွေ လာပြောနေတာလဲ ဦးဥာဏ်၊ ထွန်းလူဆိုတဲ့အသံကို ကျွန်မ မကြားချင်ဘူး။ သူ့ကို အမုန်းတွေ ၊ နာကြည်းမှု တွေ နဲ့ မေ့နိုင်အောင် ကြိုးစားနေတာ၊ ရင်သွေးဆိုတာကို တောင် ဖြူသလား၊ မည်းသလား၊ ကျွန်မ မှန်းမကြည့်မိဘူး။ နောက်တစ်ခါ အဲဒီ အကြောင်း လာပြောမယ်ဆိုရင် အလုပ်တစ်ခါတည်းထွက်သွားဦးဥာဏ်”
သူမ ပြတ်ပြတ်သားသား ပြောလိုက်မှ ဦးဥာဏ် နောက်တစ်ခါမလာခဲ့တော့တာ ဖြစ်သည်။
တကယ်တမ်း ထွန်းလူဆိုတဲ့အသံကို သူမ မကြားချင်။ အချစ်ကြီးလို့ အမုန်းအမျက် ကြီးတာ စူဠသုဘဒ္ဒါလို မိန်းမမျိုးတဲ့လား။
ခေါ်စမ်းပါစေ။ ထိုအမည် သညာနှင့် သူမအချစ်တွေ ကို သက်သေထူသွားမည် ။
ခွင့်လွှတ်လိုက်လျှင်လည်း သူမ ထွန်းလူကို ချစ်ရာရောက်ပါဦးမည် လား။ ပျော့ညံ့ တွေ ဝေတတ်တဲ့ မိန်းမမျိုးက အရောင် ပြောင်လွယ်သည်။ အချစ်ကို အပေါ်ယံပါးပါးလေးသာ တန်ဖိုးထားကြ၏ ။
သူမ ကတော့ မောင့်ကို နှလုံးသားနှင့်ရင်းကာ အသည်းနင့်အောင်ချစ်ခဲ့ရသူမို့ ဘယ် တော့မှ ခွင့်မလွှတ်ဘဲ နာကြည်းမှု တွေ သာ စုဆောင်းထုတ်ပိုးရင်း တစ်သက်စာ ချစ်သွားချင် သည်။
မုန်းနေ၊ နာကြည်းနေသ၍ သတိရနေမည် ။
အချစ်တစ်ခုတည်းသာဆိုလျှင် မေ့ချင်မေ့သွားနိုင်သည် မဟုတ်ပါလား။
ကျွန်မ မောင့်ကို မမေ့ချင်ဘူး
သတိရတော့ နာကြည်းတယ်။ မုန်းနေတော့ မေ့လို့မရဘူး။
ဘယ်တော့မှလည်း
* * * * * * *
အခန်း (၄)
“ဘယ်သွားမလို့လဲလူလေး”
“ဟိုမှာ မေမေ တစ်ယောက် တည်း ထိုင်နေတယ်။ ဦးဥာဏ်ပဲပြောထားတယ်လေ။ မေမေက အရမ်းစိတ်ညစ်တဲ့အခါမျိုးမှ အဲဒီ နေရာလေးမှာ ထိုင်တတ်တာဆို ။ ကျွန်တော် မေမေ့ကို တစ်ခုခုပြောပြီး နှစ် သိမ့်ချင်တယ် ဦးဥာဏ်”
“မင်းဒီအိမ်ကြီးမှာ မနေတော့ဘဲ အလုပ်ထွက်ချင်လို့လား လူလေး။ ဦးဥာဏ်လို လုပ် သက်အရင့်ဆုံး အရင်းနှီးဆုံးဝန်ထမ်း တစ်ယောက် ကိုတောင် အားနာတတ်တာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ် နေသာသလို နေတတ်သလို နေပါလူလေးရယ်”
“လရောင် အောက်မှာ စိတ်ညစ်ညူးနေသလို မျက်နှာလေး ညိုးနွမ်းနေတဲ့ မေမေ့ကို မြင်တော့ ကျွန်တော် ဘယ်လိုနေတတ်မှာ လဲ ဦးဥာဏ်ရယ် ရင်ထဲမှာ ဆူးစူးနေသလို ခိုးလိုး ခိုးလုနဲ့ စိတ်လည်းမကောင်းဘူး”
“မင်းအမေကို မုန်းတယ်၊ နာကြည်းတယ်ဆို ခုတော့ ဘယ်လိုလဲ။ မြင်တွေ့ နေရတာ နဲ့ အရမ်းချစ်နေပြီမဟုတ်လားကွ၊ လာပါကွာ၊ ဒီနားက ကြည့်နေတာ မင်းအမေမြင်သွားရင် မကောင်းပါဘူး။ ကွပ်ပျစ်ပေါ်ထိုင်ရင်း စကားပြောရအောင် ၊ လာလူလေး”
မေမေ့ကို မြင်တွေ့ နိုင်တဲ့ ပန်းအိုးလေးတွေ နားကနေ ဦးဥာဏ်ဆွဲခေါ်ရာ သူလိုက်သွား ရသည်။ ကွပ်ပျစ်ပေါ်ထိုင်မိမှ ရေး နွေးငှဲ့နေရင်း ဦးဥာဏ်က မေးငေါ့၍ ထပ်မေးသည်။
“မုန်းတယ်၊ နာကြည်းတယ်၊ ချစ်တယ်ဆိုတာ သတ်သတ်စီ တကန့်စီပဲ ဦးဥာဏ်ရာ၊ ဟို တုန်းက မေမေသေပြီဆိုတဲ့ အသိနဲ့ မုန်းတာ၊ နာကြည်းတာတွေ မရှိဘူး။ မွေးထုတ်ခဲ့တဲ့ မိခင် တစ်ယောက် အနေနဲ့ အချစ်တွေ ပဲ ရှိခဲ့တယ်။ ခုတော့သားအရင်းကိုစွန့်ပစ်ပြီး တူတွေ ၊ တူမ တွေ ကို မေတ္တာအပြည့်အ၀ ပေးနေတာ မြင်ရတော့ ကျွန်တော့်ရင် မနာဘဲ နေပါ့မလား။ ကျွန်တော် နဲ့ ဖေဖေ့ကို ဘယ်လို အပြစ်တွေ ကြောင့် ဥပက္ခာပြုခဲ့တယ်ဆိုတာ ကျွန်တော် သိ ချင်လိုက်တာ ဦးဥာဏ်၊ ဦးဥာဏ်သိသလောက် ကျွန်တော့် ကို ပြောပြပေးပါလားဟင်”
ဦးဥာဏ် သက်ပြင်းရှိုက်ကာ ခေါင်းယမ်းလိုက်ပြီး။
“မင်းသိရင် ဝေဒနာတွေ သက်သာမှာ မို့လား လူလေး”
“အနည်းဆုံးတော့ မေမေ့အပေါ်မုန်းတဲ့ အမုန်းတွေ ချေဖျက်နိုင်မယ် မဟုတ်လား”
“ဒါဆိုရင်တော့ မင်းအမေ ဒီအိမ်ကြီးကို ပြန်ရောက်လာပြီး သုံးနှစ် လောက်အကြာမှာ မင်းအဖေနဲ့ ဦးဥာဏ် အဝေးပြေးဂိတ်မှာ အမှတ်တမဲ့ဆုံတုန်းက ပြောပြခဲ့တဲ့အကြောင်းလေး ကို ဦးဥာဏ်မင်းကို ပြန်ပြောပြမယ်လူလေး။ ဒီလိုကွ၊ မင်းအဖေက လူချစ်လူခင်လည်း ပေါ တယ်။ သူတစ်ပါးကို ကိုယ်ကျိုးစွန့်ကူညီတတ်တာလည်း မင်းသိမှာ ပေါ့။ အဲဒီ အကျိုးဆက်က အိမ်ထောင်ရေး ပြိုကွဲခဲ့ရတဲ့ အဓိက တရားခံပဲ”
ဦးဥာဏ်က ငှဲ့ထားတဲ့ရေနွေးတစ်ခွက်မော့သောက်ပြီးမှ စကားဆက်သည်။ စကားသံ တွေ က ပုံရိပ်ထင်ကာ ရုပ်ရှင်ပိတ်ကားပေါ်မှာ ကြည်လင်ပြတ်သားစွာ ပြန်မြင်ယောင်မိ သလို မျိုးဖြင့်။
* * * * * * *
အခန်း(၅)
“မင်းအပြောအဆိုတွေ အရမ်းရင့်သီးရိုင်းစိုင်းနေပြီ မြကလေး၊ ပတ်ဝန်းကျင် ကြားမ ကောင်းအောင် လေလံမတင်နဲ့၊ မင်းယောက်ျား ကိုယ်တိုင်ပြောနေတဲ့ စကားကိုပဲ မင်းယုံ ကြည်ရမှာ ပေါ့”
“ယုံကြည်စေချင်ရင် သက်သေပြနိုင်မှ ဖြစ်မှာ ပေါ့ မောင်၊ မောင့်မျက်နှာ တစ်ရွာ ထင်ပြီး ဆင်းရဲစုတ်ပြတ်နေတဲ့ တောချုံအုံကြားမှာ မြကလေး လိုက်နေခဲ့တာပါ။ မြကလေးရဲ့ အဆင့်အတန်း ဂုဏ်ဒြပ်နဲ့ ဒီနေရာ၊ ဒီဒေသမှာ နေနေတယ်ဆိုတာ မောင့်ကို သိပ်ချစ်လို့လေ။ ခုတော့ လင်ကောင်မပေါ် ဗိုက်ကြီးနေတဲ့ သူငယ်ချင်းရဲ့ ညီမကို အဖေနာမည် ခံပြီး တာဝန် ယူ မယ်ဆိုတော့ မြကလေးရဲ့ ဂုဏ်သိက္ခာကိုလည်း မောင်ထည့်စဉ်းစားပါဦး”
“မြကလေးရယ် မောင့်သူငယ်ချင်းမိသားစု အရှက်ရသိက္ခကျရမယ့် အခြေအနေရောက် နေလို့ မောင်ကူညီဖို့ဆုံးဖြတ်ရတာ ပါ။ ဒါကလည်း မွေးဖွားခါနီး ဆဲဆဲ အလေးအမေနဲ့ ကလေး အသက်ကို ကယ်တင်ရာလည်းရောက်ပါတယ်။ ဖအေနေရာမှာ လက်မှတ်ကလေးထိုးပေးရုံနဲ့ မောင်တို့ကို ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။ မွေးဖွားပြီးတာနဲ့ ဘာတာဝန်မှလည်း ယူစရာမလိုပါ ဘူး။ အခု မောင်အဲဒီ ရွာကို သွားလာပေးနေတယ်ဆိုတာလည်း သူတို့ အမျိုးအဆွေတွေ ကြား မှာ ကိုယ်ဝန်ရှိနေတဲ့ မောင့်သူငယ်ချင်းရဲ့ ညီမလေး လူမြင်ကောင်းအောင်၊တင့်တယ်အောင် လို့ပါ။ မောင်မြကလေးကို စိတ်ဆင်းရဲအောင် ပြောနေတာ မဟုတ်ပါဘူးကွာ”
“မပြောနဲ့တော့၊ မကြားချင်ဘူး”
ထွန်းလူရဲ့ ဖြေရှင်းမှု ကို စူးစူးဝါးဝါးအော်၍ မြကလေး ပိတ်ပင်တားဆီးလိုက်သည်။
ဟိုအရင်ရက်တွေ ကလည်း လှည်းကြုံ၊ ကားကြုံလိုက်ပြီး အဲဒီ ရွာကို သွားနေခဲ့တာ မြကလေး သတိမထားမိခဲ့။
ရွာထဲမှာ ဟိုနေရာ ၊ ဒီနေရာ တိုးတိုးကျိတ်ကျိတ် အတင်းပြောနေတာတွေ နားထဲ ပြန် ရောက်မှ မောင့်ကို မေးကြည့်ခဲ့ရသည်။ မောင်ဖြေရှင်းတဲ့ စကားနှင့် ကြားရတဲ့ သတင်းက တခြားစီ။
“သူတို့တွေ ပြောသလို မောင် အငယ်အနှောင်းထားနေတာ မဟုတ်ဘူး။ မြကလေး။ ကျေးဇူးရှိခဲ့ဖူးတဲ့ သူငယ်ချင်းရဲ့ အခက်အခဲကို ကူညီနေတာ။ အစကတည်းက မြကလေးကို ဖွင့်ပြောပြဖို့ စဉ်းစားမိပေမယ့် မြကလေး ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူးဆိုတာ မောင်သိနေ တယ်။ ပြီးတော့ ကလေးမွေးဖွားပြီးတာနဲ့ ဒီကိစ္စတွေ က သူ့အလိုလိုပြီးသွားမှာ ပဲလေ။ သူတို့ ဘာသာ ချစ်သူရည်းစားထားပြီး မှားယွင်းခဲ့တာဆိုရင် မောင်ကြားဝင်ပြီး နာမည် အပျက်မခံပါ ဘူး။ အခုဟာက တစ်နယ်တစ်ကျေးမှာ အလည်အပတ်သွားရင်း ဆွေရိပ်မျိုးရိပ်မကင်းတဲ့ သူနဲ့ ဖြစ်ခဲ့ကြတာတဲ့ ။ ပြီးတော့ ဒါဟာ သတို့သားပါလို့ ပွဲထုတ်မပြ၀ံ့တဲ့သူ ဖြစ်နေခဲ့တယ်။ ဖြစ်မှာ ပေါ့ လျော်ကြေးရလိုက်တာလည်း လူသိမခံဝံ့တဲ့အ ဖြစ်မျိုးနဲ့ ။ သူငယ်ချင်းက မောင့်ကို အကူ အညီတောင်းခဲ့တာပါ။ မောင့်ရဲ့ ကိုယ်ကျင့်တရားကို ယုံကြည်တယ်ဆိုရင် ဒီကိစ္စကို နားလည် ပေးပါ မြကလေးရယ်”
ထိုစကားလုံးတစ်လုံးတည်းနှင့် မောင့်ကိုယုံကြည်ပေးခဲ့ပြီး မြကလေး ကြိတ်မှိတ်သည်း ခံခဲ့ရသည်။
ဒါပေမယ့် သန္ဓေတည်ရင့်မာလာသော ကိုယ်ဝန်ကို တစ်ဖက် မိန်းကလေးလောက် ဂရု စိုက်မခံရသည့်အတွက် မခံစားနိုင်တော့တာ အမှန်ပင်။
နေ့ဆိုးတစ်ခုကို ရောက်လာသည့်နေ့မှာ တော့
မြကလေး
သန္တာခင်မွေးဖွားဖို့အတွက် မြို့ဆေးရုံမှာ ခွဲစိတ်ရမယ်လို့ပြောတယ်။ အဲဒါ လင် ယောက်ျားရဲ့ သဘောတူခွင့်ပြုချက် လက်မှတ်ထိုးပေးဖို့ အရေး တကြီး မြို့ဆေးရုံကို မောင် လိုက်သွားရပါတယ်။ အမြန်ဆုံး မောင်ပြန်လာနိုင်အောင် ကြိုးစားမှာ ပါ။
မြကလေးရဲ့
်ချစ်သော မောင်
အလူးအလိမ့်ဗိုက်နာရင်း မောင့်ရဲ့ စာတိုလေးကို ဖတ်လိုက်ပြီးချိန်မှာ တက်တစ်ချက် ခပ်ပြင်းပြင်းခေါက်လို့ အံကြိတ်လိုက်မိသည်။
ချစ်လို့၊ မြတ်နိုးလို့ တရားဝင်လက်ထပ်ယူထားတဲ့ မိန်းမရဲ့ မွေးဖွားဖို့အချိန်ကိုတောင် မောင်မေ့လျော့နေခဲသလား။ မြို့ဈေးကို ထွေလာဂျီနှင့် ဈေးကြိုသွားရင်းက အိမ်ပြန်မလာနိုင် လောက်အောင် သန္တာခင်ဆိုတဲ့ မိန်းကလေးက အရေး ပါအရောရောက်နေခဲ့သလား။
မြကလေး ဒီလောက်အထိ သဘောထားမကြီးနိုင်ပါ။
မောင့်ကို နားလည်မပေးနိုင်ပါ။
အရပ်လက်သည်နှင့် အသက်လုပြီး မွေးခဲ့ရတဲ့ ရင်သွေးလေးခုနှစ် ရက် ပြည့်တဲ့နေ့ အထိမောင်ပြန်ရောက်မလာတော့ မြကလေးရဲ့ ဆုံးဖြတ်ချက်တို့ သွေးဆူပေါက်ကွဲလျက် ပြတ်သားနေခဲ့ပြီ။
ဒီဘ၀ဒီမျှသာဆိုတဲ့ ခံစားမှု က ခဏတာအတွက် မဟုတ်။ နာကြည်းမှု တွေ နှင့် တစ်ဘ၀ စာမုန်းတီးခဲ့တာ ဖြစ်သည်။ နောင်သံသရာထိ လှည့်မကြည့်ချင်တော့တဲ့ စိမ်းပြတ်မှု တွေ နှင့် သားလေးကိုတောင် သံယောဇဉ်ပြတ်တောက်စွာ ထားရစ်ခဲ့သည်။
မောင့်ကိုချစ်မိခဲ့သည့် အသွေးအသားတွေ အားလုံး ဖြစ်နိုင်လျှင် ထိုနေရာမှာ ပဲ ဖောက် ထုတ်ပစ်ခဲ့ချင်သည်။
“မောင်ထွန်းလူ ပြန်လာမှ ဖြစ်သင့်တာကို ဆုံးဖြတ်ပါလားကွယ်။ ဟိုမှာ အရေး အ ကြောင်းရှိနေလို့ ပြန်မလာနိုင်တာ ဖြစ်မှာ ပါ။ ရက်သားအရွယ် ဒီကလေးလေးကို အဒေါ် မစောင့်ရှောက်နိုင်လို့ မဟုတ်ပါဘူး ကလေးကို ဒီလိုကြီး ပစ်ပစ်ခါခါ လုပ်ပစ်ခဲ့လို့တော့ မ ဖြစ် ဘူးလေ။ ဟို ..”
လက်သည်ဒေါ်မြမေရဲ့ စကားကို အဆုံးသတ်တဲ့အထိ နားထောင်ချင်စိတ်မရှိ ။ ခေါင်း ကိုငုံ့ယမ်းကာ အနှီးထုပ်ထဲက ကလေးလေးကို မကြည့်မိအောင် ကြိုးစားလိုက်သည်။
“ကလေးကို အကြောင်းပြပြီး သူလိုလူမျိုးနဲ့ ရေစက်မဆုံချင်တော့ဘူး ဒေါ်ကြီး ။ သူစိမ်း တစ်ယောက် ကိုတောင် သိက္ခာအကျခံ ၊ ကိုယ်ကျိုးစွန့် ကူညီနိုင်သေးတာ။ သူ့ရင်သွေး ကို သူဂရုစိုက်ပါလိမ့်မယ်။ ပြန်လာရင်သာ မြနန္ဒာဆိုတဲ့ မိန်းမကို မပတ်သက်မိအောင် ကြိုး စားပါလို့ ပြောလိုက်ပါ။ သေတဲ့အထိ သူ့မျက်နှာကို မမြင်ချင်ဘူး။ သူ့အသံကိုလည်း မကြား ချင်တော့ဘူး။ အဲဒါဟာ သူ့လို လူမျိုးကို ရူးရူးမူးမူး စွန့်စားပြီး ချစ်ခဲ့မိတဲ့ မြနန္ဒာရဲ့ နောက်ဆုံး သစ္စာစကားပဲ”
ယတိပြတ်ဆုံးဖြတ်ချက်တွေ နှင့် နောက်လှည့်မကြည့်စတမ်းထွက်လာခဲ့သည်။
မှော င်မိုက်သော ညတွေ နှင့် လသာသော ညတွေ ဘယ်လိုပြောင်းပြောင်း ထွန်းလူကို မုန်းတဲ့အမုန်းတွေ မဟာကမ္ဘာတည်စေသော်။
* * * * * * *
အခန်း (၆)
“ဒါဆို ဖေဖေမှားတာပေါ့ ဦးဥာဏ်ရ၊ သွေးမတော် ၊ သားမစပ် မိန်းမ တစ်ယောက် အတွက် မိသားစုကို ဥပက္ခာမပြုသင့်ဘူးပေါ့။ ကျွန်တော့် ကို မွေးရင်းဖွားရင်း မေမေဘယ် လောက်တောင် ခံစားနေခဲ့ရမလဲ”
သူ့အပြောကြောင့် ဦးဥာဏ်က ဟက်ခနဲရယ်သည်။
“မင်းတောင် အကြောင်းစုံမသိရဘဲ မင်းအဖေမှားတယ်လို့ ထင်နေရင် မြနန္ဒာ ခုချိန်ထိ တစ်ဖက်သက်မုန်းတီးနာကြည်းနေတာ ဆန်းမှမဆန်းပဲကွာ။ ဒါပေမယ့် မင်းအဖေ ခြေတစ် ဖက်ပြတ် ဒုက္ခိတ ဘ၀ရောက်ခဲ့တာ ဘာ့ကြောင့် လို့ ထင်နေလဲ”
“ကျွန်တော် အရွယ်မရောက်ခင်က မေးဖူးတာ ကားအက်ဆီးဒင့်ကြောင့် လို့ ပြောတာပဲ”
“အေး ဟုတ်တယ်၊ သန္တာခင် ကလေးမီးဖွားဖို့အတွက် မြို့ဆေးရုံကိုလာရင်းနဲ့ ဖြစ်ခဲ့ တာ။ အဲဒါကြောင့် လ်ညး မင်းအမေမင်းကို မွေးတဲ့အချိန်မှာ အချိန်မီ ပြန်ရောက်မလာခဲ့တာ ပေါ့။ ကံကြမ္မာက ဆိုးပါတယ်။ မင်းအဖေ သန္တာခင်ဆီကိုလည်း မရောက်လိုက်ဘူး။ သူဆေးရုံ တက်နေတဲ့ အချိန်မှာ သန္တာခင်နဲ့ ရင်သွေးလေး ဆုံးသွားတဲ့အကြောင်း အရူးမီးဝိုင်းနဲ့ သူ့အစ် ကိုလာပြောမှ သိလိုက်ရတယ်။ နောက်တစ်ခေါက် မင်းကို မွေးပြီဆိုတဲ့အကြောင်းလည်း သူပဲ လာပြောတာ။ ဒါပေမယ့် မင်းအဖေက သူ ဒီလိုမျိုးကြီး ဒုက္ခိတ ဖြစ်သွားရတာ ကို မင်းအမေ မြနန္ဒာမီးတွင်းထဲမှာ သိသွားမှာ စိုးလို့ အသိမပေးခဲ့ဘူး။ သူ့အပေါ်လည်း ဒီလောက်ကြီးစိတ်နာ နေမယ် မထင်ဘူးလေ။ ဒီလိုနဲ့ ဆေရုံကဆင်းပြီး အိမ်ပြန်ရောက်တော့ မင်းကို ပွေ့ပိုက်ထား တဲ့ အရပ်လက်သည် ဒေါ်မြမေရဲ့ ပြောစကားအရ သူ့ခမျာ အရုပ်ကြိုးပြတ် ဖြစ်ခဲ့ရရှာတယ်”
ဦးဥာဏ်က ပြောရင်းနှင့် အသံတွေ အက်ကွဲတုန်ယင်လာကာ ရေနွေးတစ်ခွက်ကို ကမန်းကတန်းငှဲ့၍ တဖူးဖူးမှု တ်သောက်ရင်း အာရုံပြောင်းသည်။
သူ ကတော့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ရစ်ဝိုင်းလာသော်လည်း သိချင်စိတ်စောစွာ နှင့်
“ဖေဖေက မေမေ့ကို လိုက်မခေါ်ဘူးလား ဦးဥာဏ်၊ ဖေဖေချော့ရင် မေမေစိတ်ကျေနပ် ပြီး ပျော့ပျောင်းသွားမှာ ပါ”
“မင်းအဖေက သူ့ဘ၀သူ အားငယ်နေတယ်။ ဒုက္ခိတဘ၀နဲ့ မထိုက်တန်ပါဘူးလေဆို ပြီး မင်းအမေထားရစ်ခဲ့တဲ့အတိုင်း ဘ၀ကို အရှုံးပေးလိုက် တော့တာပဲ။ ဒါပေမယ့် သူနိုင်တဲ့ ခွန်အားလေးနဲ့ မင်းကို လုပ်ကိုင်ကျွေးခဲ့ရှာတာပဲ မဟုတ်လား။ ငါနဲ့ အဝေးပြေးကွင်းမှာ တွေ့  တော့ ရွာကထွက်တဲ့ ပဲတွေ ၊ နှမ်းတွေ ပွဲစားလုပ်ပြီး လာပို့တာတဲ့။ ချိုင်းထောက်တစ်ဖက်နဲ့ ချွေးဒီးဒီးကျလို့ ။ စိတ်မကောင်းလိုက်တာကွာ။ အဲဒီ အချိန်ကတည်းက အရက်သမားကြီး ဖြစ် နေပြီထင်တယ်။ အရက်ဆိုင်မှာ ငါ့ကိုခေါ်ပြီး အဲဒီ အကြောင်းတွေ ရင်ဖွင့်သွားတာကွ၊ ငါလည်း မြနန္ဒာကို ပြောပြဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် အချိန်တွေ ကြာလေ မင်းအမေမြနန္ဒာက ခါးခါးသီးသီး ဖြစ်လေပဲ။ သုံးပွင့်ဆိုင် ရင်နာရတဲ့ ဇာတ်လမ်းကြီးပါကွာ။ ဘယ်သူမှ မမှားခဲ့ဘဲ နဲ့”
ဦးဥာဏ် မချိတင်ကဲရေရွတ်သည်။
သူက ပင့်သက်တစ်ရှိုက်နှင့် မျက်ရည်တွေ ကို သွန်ချပစ်လိုက်၏ ။ ဖေဖေ့အတွက်၊ မေမေ့အတွက်၊ သူ့အတွက်။
“မင်းအခု မင်းအဖေ၊ မင်းအမေ ဘယ်သူ့ကို မုန်းနေသေးလဲ”
“ဟင့်အင်း၊ ဘယ်အချိန်တုန်းကမှ ဘယ်သူ့ကိုမှ မမုန်းပါဘူး။ ကျွန်တော့် ကိုယ်ကျွန် တော် စိတ်တိုင်းမကျတာက သူများ တွေ လောက် အချစ်မခံရလို့ပါ။ ဒါဟာ ကံတရားဆိုရင် အဲဒီ ကံတရားကြီးကို ကျွန်တော် မုန်းတယ်”
ဦးဥာဏ်က သက်ပြင်းရှိုက်ကာ မေမေထိုင်နေတဲ့ နေရာလေးကို မေးငေါ့ပြသည်။
“မေမေကိုမှ မမြင်ရတာ ဦးဥာဏ် ဘာကိုပြနေတာလဲ”
“မင်းအမေထိုင်နေတဲ့ဘက်ကို ယုယလေးသွားနေတာကို ပြတာ။ မင်းအမေကို ယုယ အဖော်လုပ်ပေးလိမ့်မယ်။ အချိန်တွေ ဘယ်လောက်ကြာကြာ မင်းအမေ စိတ်သက်သာတဲ့အ ချိန်အထိ အနားမှာ ယုယလေးရှိနေမှာ ပဲ”
“အဲဒီ ကောင်မလေးက မေမေ့အပေါ် တကယ်ကောင်းတာလား ဦးဥာဏ်”
မယုံသင်္ကာနှင့် သူမေးတော့ ဦးဥာဏ်က ပြုံးပြုံးကြီးနှင့် သူ့ခေါင်းကို ဖတ်ခနဲ လှမ်းပုတ် သည်။
“မင်းက ဘာကို စိုးရိမ်နေတာလဲ။ အဲဒီ ကောင်မလေးကို တော့ မနာလိုမ ဖြစ်နဲ့နော်။ စိတ်သဘောထားလေး ဖြူစင်ပါတယ်။ ကျောင်းပြီးတာနဲ့ မင်းအမေအလုပ်တွေ ကို ၀ိုင်းကူ လုပ်ပေးမှာ ။ အခုတောင် ကျောင်းပိတ်ရက်တွေ ဆိုရင် ပွဲရုံကို လိုက်သွားတတ်တယ်။ ဘဏ် ကိစ္စ ကတော့ အရေး ကြီးတဲ့ရက်တွေ မှာ မြနန္ဒာကိုယ်တိုင် ရုံးထိုင်မှ ဖြစ်တာ”
“ဦးအုပ်စိုးနဲ့ သူ့သားကြီးကရော”
“သူတို့ ကတော့ သုံးဖို့ဖြုန်းဖို့ လူပိုသက်သက်ပေါ့”
“မြနန္ဒာမှာ သူတို့ရဲ့ ၀ဋ်ကြွေးတွေ ပါလာတယ်ထင်တယ်။ ရေစက်မကုန်သရွေ့ ပေးဆပ် ပေဦးပေါ့ကွာ”
လက်သီးဆုပ်မှာ တင်းခနဲ ဖြစ်လျက် ဦးအုပ်စိုးနှင့် ပိုက်ထွေးမျက်နှာကို မြင်ယောင်ကာ အံကြိတ်လိုက်သည်။
မေမေ့မှာ ဘယ်လိုရန်သူမျိုးမှ မရှိစေရ။
အသက်နှင့်လဲပြီး ကာကွယ်စောင့်ရှောက်မည် ။
မေမေသိသိ၊ မသိသိ။
သူက ဒေါ်မြနန္ဒာရဲ့ သား မဟုတ်ပါလား။
* * * * * * *
အခန်း (၇)
“ဦးဥာဏ် မာမီက ပွဲရုံသွားတော့မယ် ကားအဆင်သင့်လုပ်ထားပါတဲ့”
“သြော် .. အေး အေး ၊ အဆင်သင့်ပဲ ယုယလေး”
ညင်သာသော အသံလေးက မာနမရှိ။ ဦးဥာဏ်ဘေးမှာ ရှိတဲ့သူ့ကိုအပြုံးနှင့် အသိ အမှတ်ပြုခဲ့ပြီး သူမ ကားအဖြူလေးပေါ်တက်ကာ မောင်းထွက်သွားသည်။
အရပ်မနိမ့်မမြင့် ကျောလယ်လောက်ရှိတဲ့ ဆံနွယ်တွေ နှင့် ၀ိုင်းစက်ကြည်လဲ့နေသော မျက်ဝန်း၊ ရှည်ကော့သော မျက်တောင်များ က ၀င်းဝါနုဖက်နေသော အသားအရေတို့နှင့် လိုက်ဖက်ကာ ဖြူစင်ရိုးရှင်းသော အသွင်အပြင်တို့ကို သိသာစေသည်။
“ဦးဥာဏ် ကျွန်တော့် ကား ရေဆေးပြီးပြီလား”
“သြော် အေး ။ ဆေးပြီးပြီ မောင်ပိုက်ထွေး”
“ဒီနေ့ လမ်းကြောင်းရှိတယ်။ ဘယ်အချိန်ပြန်ရောက်ရောက် ကားကို ရေပြန်ဆေးပေးဖို့ မမေ့နဲ့”
လူကြီးကို မခန့်လေးစား မာရေကျောရေပြောသွားတာက ဆွဲထိုးချင်စရာ တစ်ကိုယ် လုံးဖန်စီပစ္စည်းတွေ ရှုပ်ယှက်ခတ်လျက် ဆံပင်တို့က ထိုးထိုးထောင်ထောင်။
မိုးဖွဲဖွဲကျနေချိန်မှာ မျက်မှန်အမည်းကြီးတပ်လို့ စတိုင်လ်ထုတ်နေခြင်းလား။
မာ့ခ်တူးကားကို ကိုယ်တိုင်မောင်းပြီး ပိုက်ထွေးလည်း ထွက်သွားပြန်သည်။
ဟော မေမေ။
နဖူးပြေပြေကို ပြောင်သိမ်းလျက် နောက်က ဆံထုံးမြင့်မြင့်မှာ စိန်ဆံထိုးတစ်ခုပန်ကာ အပွင့်အခက်တွေ နှင့် လှပလွန်းသော ၀မ်းဆက်ကလေးကို ၀တ်ဆင်ထားသည်။
ငွေမင်ရောင် လက်ကိုင်အိတ်ကို လက်တစ်ဖက်မှာ ဟန်ပါပါချိတ်ဆွဲလျက် ကြွကြွရွရွ လှမ်းလာပုံက ဣနြေ္နကြီးစွာ ထည်ဝါးလွန်းသည်။
“ဦးဥာဏ် သူ့ကို လမ်းတွေ ကျွမ်းကျင်မှု ရှိအောင် ခေါ်ခဲ့လိုက်လေ”
ဦးဥာဏ်က ကပျာကယာခေါင်းညိတ်ကာ ကားတံခါးဖွင့်ပေးသည်။ မေမေကားပေါ် ရောက်မှ ဦးဥာဏ်ဘေးက သူထိုင်လိုက်ရသည်။
ဦးဥာဏ်ပြောသမျှ နားထောင်ရင်း ကားဘက်မှန်မှတဆင့် မေမေ့မျက်နှာလေးကို တိတ် တဆိတ် ခိုးခိုးကြည့်နေမိသည်။
မေမေ ကတော့ သတိထားမိမှာ တောင် မဟုတ်ပါ။
ငါ့သားလေး ဘယ်အရွယ်ရောက်နေပြီလဲ။ ဘယ်လိုများ နေသလဲဟု ခန့်မှန်းမိမှာ လည်း မဟုတ်။
သံယောဇဉ်တစ်စွန်းတစ်စနှင့် တမ်းတနေလိမ့်မည် ဟုလည်း မထင်။ လုံးဝသတိမရဘဲ နေနိုင်တာက ဒီမှာ ရှိနှင့်နေတဲ့ အနှောင်အဖွဲ့တွေ ကြောင့် များ လား။
“ဦးဥာဏ် ကျွန်မကို ပွဲရုံလိုက်ပို့ပြီးရင် ဦးဥာဏ်တူအတွက် စင်တာတစ်ခုခုမှာ သင့် တော် တဲ့ အ၀တ်အစား လိုက်ဝယ်ပေးလိုက် ဦး။ ကျွန်မရဲ့ ဒရိုင်ဘာလုပ်မယ့်သူက ဒီလောက် စုတ်ပြတ်ပြတ်ကြီးဆို ဘယ် ဖြစ်မှာ လဲ”
သူ့ကိုယ်ပေါ်က ပေရေညစ်ပတ်နေသော အ၀တ်အစားတို့ကို ကြည့်၍ မေမေပြော လိုက်ခြင်း ဖြစ်သည်။
ပွဲရုံရှေ့အရောက်မှာ ကားပေါ်က မဆင်းသေးပဲ။လက်ကိုင်အိတ်ထဲက ထောင်တန် အထပ်လိုက်ဆွဲ၍ ဦးဥာဏ်လက်ထဲ ထိုးထည့်သည်။
“ဒါက လခနဲ့မဆိုင်ဘူး။ ဦးဥာဏ်တူမို့ စေတနာနဲ့ပေးတာ ဦးဥာဏ်လို အလုပ်အပေါ် ကျိုးနွံမှု မရှိ၊ လေးစားမှု မရှိရင်တေနာ့ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။ အစစအရာရာကို ဦးဥာဏ် သင်ပေးထားတယ်မဟုတ်လား”
“ဟုတ်ကဲ့။ မြကလေးစိတ်တိုင်းကျ ဖြစ်လာစေရပါမယ်”
သူ့ကို မျက်လုံးတစ်ချက်ဝေ့ကြည့်ပြီး မေမေ ပွဲရုံတွင်းဝင်သွားသည်။ ဦးဥာဏ်က ကားလေးကို ရှောခနဲလှိမ့်ထွက်ကာ အနီးစပ်ဆုံး စင်တာတစ်ခုရှေ့မှာ ကားရပ်လိုက်၏ ။ ကား စက်ရပ်လိုက်သော်လည်း ကားအောက်ကိုမဆင်း။ သူ့ဘက်လှည့်ကြည့်ပြီး သက်ပြင်းရှိုက် သည်။
“ဘယ်လိုလုပ်မလဲ။ လူလေးမှာ အ၀တ်အစား သေသေသပ်သပ်နဲ့ သန့်သန့်ပြန့်ပြန့်နေ လိုက်မယ်ဆိုရင် မင်းအမေ မင်းကို အကဲဖမ်းမိသွားနိုင်တယ်နော်။ မင်းက မင်းအဖေနဲ့ရော မင်းအမေနဲ့ရောဆင်ဆင်တူနေတာကွ”
“နာမည် တူမရှား လူတူမရှားဆိုတာ ရှိပါတယ် ဦးဥာဏ်ရာ၊ မေးလာရင် မင်သေသေနဲ့ အဖေနာမည် လွှဲပြောင်းပြောလိုက်မှာ ပေါ့။ ဒီလောက်ကြီးလည်း မေမေအရေး တယူအလေး ထားမယ် မထင်ပါဘူး။ ဦးဥာဏ် တွေးပူမနေပါနဲ့”
“အေးလေ။ မင်း ဖြစ်တယ်ဆိုလည်း ပြီးရောပေါ့။ အလုပ်ထုတ်ခံရရင် မျိုးဆက်ပြတ် သွားမှာ ။ တစ်ချက်မှ မမှားစေနဲ့ ငါ့ကောင်”
ဦးဥာဏ် သတိပေးစကားက မေမေ့ကို အကြောက်လွန်နေတာပဲ ဖြစ်လိမ့်မည် ။
သူ ကတော့ မေမေ့ကို မကြောက်ပါ။
အရှိန်အ၀ါကြီးလွန်းတာကို သိသည်။ စည်းကမ်းကြီးလွန်းပြီး အနေတည်တာကိုလည်း သိနေ၏ ။
ဒါပေမယ့် မြင်မြင်ချင်း ရင်းနှီးကျွမ်းဝင်နေသလို ထင်မှတ်မိတာက သွေးက စကားပြော တာ ဖြစ်လိမ့်မည် ။ ခွင်းရဲ့ တစ်ဦးတည်းသော မေမေ။
ဖေဖေနှင့်သူ့ကို ချစ်လို့ ထားရစ်ခဲ့တယ်ဆိုတာ သူယုံကြည်နေပြီ။ ဖေဖေကလည်း သေ ဆုံးတဲ့အချိန်အထိ မေမေ့ကို မုန်းသွားခဲ့တာမှ မဟုတ်တာ။
သူ့ကို ဖွင့်ပြောမပြခဲ့ပေမယ့် အရက်တွေ အရမ်းမူးတဲ့အချိန်တိုင်း ငြိမ်သက်သွားပြီး နာမည် တစ်ခုကို တဖွဖွတီးတိုးရေရွတ်လျက် ငေးငိုင်နေတတ်တာမဟုတ်လား။ ထိုအချိန်က သေဆုံးသွားတဲ့ မေမေ့ကို တမ်းတနေခဲ့သည်ဟုသာ သူသိထားခဲ့သည်။
တကယ်တော့ ဥပေက္ခာပြု စိမ်းကားရက်သည့် မေမေ့အချစ်တွေ ကို တောင့်တနေခဲ့တာ ပဲ။
ထိုမျှော်လင့်ချက်တွေ နှင့် ဒုက္ခိတဘ၀၊ အရက်သမားကြီး ဘ၀ရဲ့ နေ၀င်ချိန်တွေ ကို မေမေ ခုချိန်ထိ မသိသေး။ သိသွားခဲ့လျှင် မေမေ ဘယ်လိုခံစားရမှာ လဲ။ စိတ်မကောင်း ဖြစ်ရုံ ပဲလား။
ဝမ်းနည်းကြေကွဲနေမလား။ သူ့ကိုရော သား တစ်ယောက် အ ဖြစ် အသိအမှတ်ပြုပါ့မ လား။
“မင်းဒီအိမ်ကြီးမှာ နေချင်တယ်ဆိုရင် မြနန္ဒာရဲ့ သားအ ဖြစ် ဘယ်တော့မှ မသိစေနဲ့။ မြနန္ဒာလည်း လက်ခံမှာ မဟုတ်ဘူး။ အမွေလိုချင်လို့ လူလုံးထွက်ပြတယ်လို့ ထင်ကြမှာ ”
ဦးဥာဏ်က ထိုသို့ သတိပေးထားသည်။
“သူတို့ ထင်သလို မဟုတ်ဘူးဆိုတာ ခုခံကာကွယ်ဖို့ မင်းမှာ ဘယ်လိုကြွယ်ဝမှု မျိုးမှ မရှိတာ အမြဲတမ်းသတိရနေပါ”ဟုလည်း ပြော၏ ။
တကယ်လည်း သူက ပစ္စည်းမဲ့ မေတ္တာငတ်နေတဲ့ကောင်ပါ။ ဘာကိုမှ မမတ်မောပါဘူး။ မေမေ့မေတ္တာရိပ်ကိုပဲ ခိုလှုံချင်တာပါဟု ပြောလျှင်ရော ဘယ်သူက ယုံကြည်ပေးမှာ လဲ။
မိုးမြေစကြ၀ဠာအားလုံးကို တိုင်တည်လိုက်ချင်သည်။
မေမေ့ကိုပဲခွင်းချစ်တာပါ။
* * * * * * *
![]() ခြားနားခြင်းနိယာမ | ![]() ရှိုက်သံကင်းမဲ့ဇုန် | ![]() အနမ်းများနှင့် ရှေ့ ဆက်ခွင့်ပြုပါ |