Cover

အခန်း (၁)

“ဘုန်းသမ္ဘာကို ကျော်ကွာရှင်းတော့မယ် ဖေဖေနဲ့ မေမေ”

“ဟင်”

“ဘာ”

သမီးလင်ယောက်ျားနဲ့ ကွာရှင်းမှာ ကို ၀မ်းနည်းသည့်စိတ်နှင့် အံ့သြထိတ်လန့်သွားကြတာ မဟုတ်။ မ ဖြစ်မနေ တိုက်တွန်းနေခဲ့သော ကိစ္စကြီးမို့ သက်ပြင်းတွေ ချ၍ စိတ်သက်သာသွားကြ သလိုပင်။

“အစောကြီးကတည်းက အဲလို ဖြစ်သင့်တာ။ သမီးက ခေါင်းမာနေခဲ့တာကိုး၊ နှစ် ဖက်လုံး စိတ်ဆင်းရဲနေခဲ့ကြတာ ကြာပြီပဲကွယ်။ သမီးခုလို ဆုံးဖြတ်လိုက်တာ ကောင်းပါတယ်”

“ဖေဖေတို့ ကတော့ သမီးလေး အိမ်ထောင်ကျရင် အိမ်ထောင့်တာဝန်တွေ ထိန်းသိမ်းရင်းနဲ့ ပြုပြင်ပြောင်းလဲသွားမယ်ထင်ခဲ့တာ။ အဲဒါကြောင့် လည်း မောင်ဘုန်းသမ္ဘာနဲ့ ပေးစားခဲ့ကြတာပါ။ ဒါ ပေမယ့် အိမ်ထောင်ရေး မသာယာခဲ့တော့ သူ့ကိုလည်း အားနာမိပါတယ်”

“ဖေဖေတို့က ဘုန်းသမ္ဘာဘက်ကပဲ နာနေကြတာ မဟုတ်လား။ သူ့ဘက်ကရော ကျော့် အပေါ် လင့်ဝတ္တရားကျေခဲ့လို့လား။ ကုမ္ပဏီကိစ္စအကြောင်းပြပြီး ကျော့်ကို ဘယ်အချိန်တုန်းက နွေး ထွေးမှု ပေးခဲ့လဲ။ ကြင်နာခဲ့လဲ”

“ဒါက သမီးဘက်က နားလည်မှု မပေးနိုင်တာ မဟုတ်လား။ တကယ်ဆို ဖေဖေတို့ ကုမ္ပဏီ အောင်မြင်တိုးတက်ဖို့ ကြိုးစားနေတာလေ။ သမီးကသာ အပျိုစင်ဘ၀ကအတိုင်း အပြောအဆို အနေအထိုင် မဆင်ခြင်ခဲ့တာ။ ဖေဖေတို့ အတန်တန်တားခဲ့ပါတယ်။ ဒီလိုမလုပ်ဖို့၊ ဒီလိုမနေဖို့၊ မိဘ စကားကိုရော စေတနာနဲ့ မေတ္တာနဲ့ ကောင်းစေချင်လို့ ပြောတာပါလို့၊ သမီး နားထောင်ဖူးသလား ၊ နာခံဖူးသလား”

ဖေဖေရဲ့ အပြစ်တင်သံ နှောနေသော စကားတွေ ကို ရတီကျော်မဲ့ပြုံးနှင့် ခေါင်းကို ဆတ်ခနဲ ခါ၍ တုံ့ပြန်လိုက်၏ ။ ဖေဖေနဲ့ မေမေက ဘယ်တုန်းကမှ ဖေးဖေးမမ ညှာတာခြင်းမရှိပါ။

လင်မယားစကားများ လည်း သမက် ဖြစ်သော ဘုန်းသမ္ဘာဘက်က။

“သူ့ဘက်က အလျှော့ပေးချော့မြူနေရအောင် သမီးကလမ်းမှန်နေလို့လား။ လင်ယောက်ျား ကုမ္ပဏီက ပြန်လာတဲ့အချိန် သမီးအိမ်မှာ မရှိဘူး။ ညဥ့်နက်သန်းခေါင် ကာရာအိုကေသွားတယ် ၊ နိုက်ကလပ်တက်တယ်။ ဒီကြားထဲ လောင်းကစားချိန်းဝိုင်း မိုးလင်းပေါက်၊ လင်ယောက်ျားရယ်လို့ ရော ကြင်ကြင်နာနာပြုစုဖူးလား၊ ယုယဖူးလား၊ တစ်ခါတစ်ရံ ၀တ္တရားကျေ ထမင်းဝိုင်းအတူတိုင်စား တာကလွဲပြီး ထမင်းတစ်ပန်းကန်ရော ခူးကျွေးဖူးလား။ အိမ်ဖော်တွေ ရှိနေတာပဲလို့ စကားလွှဲမချနဲ့ အိမ်ထောင်ဦးစီးလင်ယောက်ျားဆိုတာ အမြဲမှတ်ထား။ အဲလိုမိန်းမမျိုးကို ဘယ်လောက်ပဲ ကိုယ့် ထက်မြင့်မြင့် ဘယ်ယောက်ျားမှ ကြာရှည်သည်းခံနိုင်မှာ နားလည်ပေးနိုင်မှာ မဟုတ်ဘူး”

“ဘာမှ သွေးမတော် သားမစပ် သူစိမ်းမိန်းမ တစ်ယောက် ကို တစ်ဘ၀လုံး အနစ်နာခံ လုပ်ကျွေးတယ်ဆိုတာ၊ အဲဒီ မိန်းမရဲ့ ပြုစုယုယခံချင်လိှု့ပေါ့ သမီး။ ခြေဆုပ်လက်နယ်ပြုစုရတယ်။ အ၀တ်အစားဝတ်တာ ၊ သွားမှု လာမှု ကအစ ဂရုစိုက်ပေးရတယ်။ မနက်အိပ်ယာထ၊ ညအိပ်ရာဝင် ချိန်၊ အနားယူတဲ့အချိန်တွေ မှာ လည်း နွေးထွေးမှု ပေးတတ်ရတယ်။ သမီး အဲဒီ တာဝန်တွေ ၊ ၀တ္တရား တွေ ကျေခဲ့ဖူးသလား။ မေမေတို့က ဇွတ်အတင်း မ ဖြစ်မနေယူရမယ်ဆိုပြီး လက်ထပ်ပေးစားခဲ့တာ မဟုတ်ဘူးနော်။ ဖြစ်သင့်တယ်ထင်လို့ ပြောတဲ့အချိန်မှာ ။ သမီးစိတ်လိုလက်ရ ခေါင်းညိတ်လက်ခံ ခဲ့တာ”

ထိုစကားကိုတော့ ရတီကျော် မငြင်းပါ။ ဖေဖေပိုင်သော ကုမ္ပဏီမှာ သူ့အဖေရဲ့ ရှယ်ယာ အနည်းစုနှင့် လုပ်ငန်းခွင်ဝင်လာသည့် ဘုန်းသမ္ဘာကို သူမမြင်မြင်ချင်း စိတ်ဝင်စားခဲ့သည်။

အနေအထိုင်မှန်ကန်ပြီး တည်ကြည်ခန့်ညားသော သူ့ရုပ်သွင်ကလည်း သူမကို ဆွဲဆောင် ညှို့ယူနိုင်ခဲ့၏ ။ ဒါကြောင့် လည်း လုပ်ငန်းခွင်မှာ အားကိုးရသော ဘုန်းသမ္ဘာနှင့် ဖေဖေမေမေတို့က လက်ထပ်ပေးချင်ကြောင်းပြောတော့ သူမ ဘာမှ စဉ်းစားမနေတော့ဘဲ လက်ခံခဲ့မိတာပါ။

တကယ်လည်း အိမ်ထောင်ဦးအစမှာ ဘုန်းသမ္ဘာမျက်နှာကို အရိပ်တကြည့်ကြည့်နှင့် သူမ ကျေနပ်ခဲ့သည်။ ကြည်နူးခဲ့သည်။

အေးစက်စက် ဘုန်းသမ္ဘာအပြုအမူများ ကိုလည်း သူ့စတိုင်(လ်)ပဲဟု ဖြေသိမ့်တွေးနိုင်ခဲ့၏ ။ ဖေဖေတို့ကလည်း လုပ်ငန်းမှန်သမျှ ဘုန်းသမ္ဘာနှင့် လွှဲအပ်ထားလျက် ယုံကြည်မှု တွေ တိုးကာ အား ကိုးခဲ့သည်။

ဒါတွေ ကြောင့် ကုမ္ပဏီကြီးက တိုးတက်အောင်မြင်မှု တွေ ရှိခဲ့သလို ဘုန်းသမ္ဘာအရှိန်အ၀ါ ကလည်း နေ့ချင်းညချင်း ကြီးမားခဲ့သည်။ ဒါပေမယ့် ရတီကျော် လျစ်လျူရှု မနှစ် မြို့နိုင်သည့် အခြေ အနေတွေ တော့ ဖြစ်လာခဲ့သည်။

သူမရှေ့မှာ အရယ်အပြုံးမရှိခဲ့သော ဘုန်းသမ္ဘာက လုပ်ငန်းတူ မိတ်ဆွေတွေ နှင့် ပတ်ဝန်း ကျင်အသိုင်းအ၀ိုင်းရှေ့မှာ တော့ အလွန်အကျွံဝတ္တရားကျေ၊ တာဝန်သိဖော်ရွေလွန်းသည့် လူတစ် ယောက် ပင်။

ထိုလူတွေ အတွက် အချိန်ပေးနိုင်သလို ၀န်ထမ်းတွေ အပေါ်လည်း သြဇာညောင်းကာ လူချစ်လူခင်ပေါများ လှသည်။

“ကိုယ် ဒီနေ့ ကိုသိန်းရွှေတို့နဲ့ ဒင်နာစားဖို့ ချိန်းထားလို့ ။ မင်းနဲ့ ရှိုးပွဲလိုက်ကြည့်နိုင်မှာ မဟုတ်တော့ဘူး။ မင်းသူငယ်ချင်းတွေ နဲ့ပဲ သွားလိုက်ပါ”

ရုပ်ရှင်ကြည့်ဖို့၊ ဂီတဖျော်ဖြေပွဲသွားဖို့၊ သူမသူငယ်ချင်းတွေ ရဲ့ ပါတီ၊ မင်္ဂလာဆောင်၊ အထိမ်း အမှတ် ဘာပဲရှိရှိ အမျိုးမျိုးဆင်ခြေပေးတတ်လွန်းသည်။ ကြာလာတော့ ဒါတွေ ကို သည်းမခံနိုင်ဘဲ ပေါက်ကွဲမှု တွေ အစပျိုးလာ၏ ။

နေ့စဉ်နေ့တိုင်း လိုအပ်မှု တွေ ဖြည့်ဆည်းမပေးနိုင်သော ဘုန်းသမ္ဘာကို ရတီကျော်ဘယ်လို မှ အကောင်းမမြင်နိုင်တော့ပါ။

“နင့်ယောက်ျားက နင့်ကို ဇနီးမယား တစ်ယောက် လိုရော သဘောထားရဲ့ လား ကျော်ရယ်။ နင်တို့ကို နှစ် ယောက် တွဲ ဘယ်တော့မှ မတွေ့ ရဘူး။ နင့်ကို မချစ်လို့များ ဥပက္ခာပြုထားတာလား။ တခြား တစ်ယောက် ကိုမြင်ပြီး အထင်လွဲမှာ စိုးလို့ ပွဲတက်မယားလို လူသိရှင်ကြား ပွဲမထုတ်တာ လည်း ဖြစ်နိုင်တယ်နော်”

“သူက ကိုယ့်လောက်လည်း ချမ်းသာတာမဟုတ်ဘူး။ ကိုယ့်မိဘအရှိန်အ၀ါကြောင့် လူလူ သူသူ ခေါင်းမော့နေနိုင်တာကို အဲလိုတော့ အကျောမခံနဲ့နော် ကျော်။ ဒီလိုလူမျိုးကို ယောက်ျားရေ ဆို ရေပါပြီးသား။ ငါးခြောက်ဆို ဖုတ်ပြီးသား ဖြစ်နေအောင် အပိုးချိုးထားနိုင်မှ တော် ကာကျမယ်။ မမြင်ဖူး မူးမြစ်ထင်၊ ကိုယ့်ကိုကျော်ပြီး အပေါ်ခုန်တက်မသွားစေနဲ့။ ရတီကျော် အပျိုဘ၀က ဘယ် လိုနေခဲ့လဲ ပါဝါပြလိုက်စမ်းပါ”

သူငယ်ချင်းတွေ က သူမဘက်က နာလိုခံခက် ဖြစ်ကာ မြှော က်ပေးကြ၏ ။ သူမကလည်း ဘုန်းသမ္ဘာကို ခပ်ချဉ်ချဉ်ရှိတာနှင့် စိတ်ထင်တိုင်း အရွဲ့တိုက်ပစ်လိုက်သည်။ သူငယ်ချင်းတွေ နဲ့ အမြဲလို အချိန်ကုန်နေတတ်ပြီး အရင်ကထက် လွတ်လပ်မှု ရှာကာ ပိုကဲခဲ့၏ ။

“ဒါက အိမ်ထောင်ရှင်မိန်းမ တစ်ယောက် အိမ်ပြန်ချိန်လား။ အရင်ကတည်းက မင်း ဘယ်လို မိန်းမလဲဆိုတာ သိနေလို့ လက်မထပ်ချင်ခဲ့တာ။ အေး ဖေဖေနဲ့ မင်းမိဘတွေ ဆန္ဒကြောင့် လက် ထပ်ခဲ့တော့လည်း မင်းအချိုးတွေ ပြောင်းသွား မလားထင်ခဲ့တယ်။ အခုတော့ မင်းက ပိုပြီးတောင် တန်ဖိုးမဲ့နေပါလား”

“တန်ဖိုးဆိုတဲ့စကားကို ရှင်ဘယ်လိုသတ်မှတ်ထားလဲ ဘုန်းသမ္ဘာ၊ တန်ဖိုးထားတဲ့သူရှိမှ တန်ဖိုးတက်မှာ ပေါ့။ ရှင်ကရော ဇနီးမယားဆိုပြီး ဘယ်နှစ် ခါ အရေး တယူရှိဖူးလဲ။ ကျော်ဆန္ဒတွေ ကိုရော ဘယ်နှစ် ခါ လိုက်လျောဖြည့်ဆည်းပေးဖူးလဲ။ ရှင်ပြောသလို ကျော် အရင်ကတည်းက အပြင်မှာ အပျော်ရှာလာတာ။ အဲဒီ အချိန်တုန်းကလည်း ကျော့်ကို ဂရုမစိုက်နိုင်အောင် ဖေဖေရော မေမေရော စီးပွားဘက်မှာ နစ်မြုပ်နေကြလို့။ အခု ရှင်လည်း ရှင့်တာဝန်တွေ လောက် ကျော့်ကို ဂရု မစိုက်နိုင်ဘူး မဟုတ်လား။ ဒါဆို ကျော် ဘာလုပ်လုပ်၊ ဘယ်လိုနေနေ မမြင်ချင်ယောင်ဆောင်၊ မသိချင်ယောင်ဆောင်နေလိုက်ပါ”

အချေအတင် စကားများ ရန် ဖြစ်တိုင်း သူမ အနိုင်ပိုင်းချေပနိုင်ဖို့ပဲ စဉ်းစားခဲ့သည်။

ဒီလိုနှင့် သူမနှင့် ဘုန်းသမ္ဘာရဲ့ အိမ်ထောင်ရေး က ပဋိပက္ခရန်ပွဲက ပေါက်ကွဲမှု တွေ ပြင်း ထန်ကာ အနေစိမ်းအက်ကြောင်းထင်လာခဲ့သည်။

ခုလို ကွဲဖို့ ဖြတ်ဖို့တွေ ဖြစ်လာတော့ ဖေဖေနှင့် မေမေတို့က တားဆီးပိတ်ပင်ဖျောင်းဖျဖို့ မလုပ်ဘဲ ဘုန်းသမ္ဘာကို အားနာလို့ဆိုကာ တိုက်တွန်းအားပေးမှု တွေ တောင် လုပ်လာခဲ့သည်။

သူများ ပျော်ဖို့ သူမ လွယ်လွယ်နဲ့ ကွာရှင်းမပေးနိုင်ပါ။

“ဘုန်းသမ္ဘာက နောက်ဝန်ထမ်းအသစ်ခေါ်ထားတဲ့ စာရေး မလေး ပုန်းညက်ဖြူနဲ့ ရင်းနှီးပတ် သက်နေကြပြီ သမီး၊ သမီးကမှ ဇနီးမယားကောင်းတာဝန် မကျေပွန်ခဲ့တာ။ သူ လွတ်လွတ်လပ် လပ် ဆုံးဖြတ်ပါစေတော့ကွယ်။ ယောက်ျားဆိုတာ အပျော်ရှာမှာ ၊ သာယာမှု ရှာမှာ ပဲ။ သမီးလည်း စိတ်ကြိုက်နေချင်သလိုနေလို့ရအောင် သူ့ကို ကွာရှင်းပေးလိုက် ပါ”

ထိုအချိန်က ဖေဖေ သူမကို ရွဲ့ပြောသလား။ အတည်ပြောသလားတောင် မဝေခွဲနိုင်ဘဲ ဆတ်ဆတ်တုန်အောင် ဒေါသတွေ ဖြစ်ခဲ့ရသည်။ ယောက်ျားတွေ ထိုသို့ အပျော်ရှာ၊ သာယာမှု ရှာ၊ အိမ်ထောင်ရေး ဖောက်ပြန်တာ အပြစ်မရှိဘူးလား။

မိန်းမတွေ ကိုတော့ လက်ညှိုးထိုးမလွဲ အပြစ်တင်တက်ပြီး ကိုယ့်အပြစ်ကိုယ်လည်းမြင် အောင်ကြည့်တတ်မှ ဖြစ်မည် ။ သူမ ၀ုန်းဒိုင်းကျဲကာ ပုန်းညက်ဖြူဆိုသော မိန်းမကို ကုမ္ပဏီမှာ အရှက်သွားခွဲပစ်လိုက်၏ ။

“မယားကြီးငုတ်တုတ်ရှိနေတာတောင် ကြောင်တောင်နှိုက်ရဲအောင် နင့်မိဘတွေ က သင် ပေးထားတယ်ပေါ့ ဟုတ်လား။ မျိုးရိုးရှိလို့ ဖောက်ပြန်ရဲတာ နင့်တို့အတွက် မထူးဆန်းပေမယ့် ငါက တော့ ဘုန်းသမ္ဘာကို ဘယ်တော့မှ ကွာရှင်းပေးမှာ မဟုတ်ဘူးသိလား။ အငယ်အနှောင်းဘ၀နဲ့ မသဒ္ဓါရေစာ၊ ပေးစာကမ်းစာ ကျေနပ်တယ်ဆိုလည်း နင့်သဘောပေါ့။ အေး ဘယ်နေရာတွေ့ တွေ့  အရှက်ခွဲခံရမယ်ဆိုတာလည်း မမေ့နဲ့”

သူမထိုသို့ အုတ်အော်သော င်းနင်း ပွဲကြမ်းပြီးသည့်နောက်မှာ ပုန်းညက်ဖြူ အရှက်လွန်ကာ အလုပ်ထွက်သွားသည်ဟုကြားခဲ့ရသည်။ ဘုန်းသမ္ဘာကလည်း သူမကို အကြီးအကျယ် ပြဿနာရှာ တိုက်ခိုက်ခဲ့သည်။

သူမဂရုမစိုက်ပါ။ မှု လည်း မမှု ပါ။

ကိုယ့်ယောက်ျားနှင့် ပတ်သက်နေသော မိန်းမ တစ်ယောက် ကို သူမ ဒီလိုအနိုင်ပိုင်း တိုက်ခိုက်အရှက်ခွဲထားမှ နောက်မဆက်ဆံရဲတော့မှာ မဟုတ်လား။

ဒါပေမယ့် ဇာတ်လမ်းက သူမတွေးထင်ထားသလို ဒီမှာ တင် ပြတ်တောက်မသွား။ ပို၍ အခြေအနေဆိုးကာ ဘုန်းသမ္ဘာက ကွာရှင်းခွင့်ရဖို့ နည်းအမျိုးမျိုးနှင့် ကြိုးစားလာသည်။ ဖေဖေတို့ ဆီကိုတောင် ပွင့်ပွင့်လင်းလင်း အသိပေးကာ အားမနာတမ်း တောင်းဆိုလာပြန်၏ ။

ဖေဖေမေမေတို့ကလည်း သူမကို အကြိမ်ကြိမ်ဖျောင်းဖျ နားချသည်။ ကြည်ကြည်ဖြူဖြူကွာ ရှင်းပေးလိုက် ပါတဲ့လေ။

သူမဘက်က ရပ်တည်မပေးကြသော ဖေဖေနှင့်မေမေကို နာကြည်းမုန်းတီးမှု တွေ မရှိခဲ့ သော်လည်း အသည်းဆတ်ဆတ်ခါအောင်နာကျင်မိတာ အမှန်ပင်။ တကယ်ဆို သူမ မှားမှားမှန်မှန် အိမ်ထောင်ပျက် တစ်ခုလပ် ဖြစ်အောင် အားမပေးသင့်။

ခုလိုဆုံးဖြတ်ချက်တွေ နှင့် ကွာရှင်းတော့မည် လို့ပြောလိုက်သည့်အချိန်မှာ လည်း တစ်ဦး တည်းသော သမီးလေးအတွက် ၀မ်းနည်းကြေကွဲစိတ်မကောင်း ဖြစ်မနေသင့်ဘူးလား။

“ဒီကွာရှင်းမှု မှာ ကျော့်ဆန္ဒကို ဖေဖေတို့ တစ်ခုတော့ လိုက်လျောပေးရမယ်”

“ဘာ ဘယ်လို”

“ဘာကို လိုက်လျောရမှာ လဲ သမီး”

အတန်ကြာ ငြိမ်သက်သွားသော ရတီကျော်ဆီက စကားသံကြောင့် ဦးသူရကျော်နှင့် ဒေါ်ခင်ချိုဆတ် ဆတ်ခနဲ ခေါင်းထောင်သွားကာ မေးခွန်းပြန်ထုတ်ကြ၏ ။ ရတီကျော် မျက်နှာလေး မှု န်မှိုင်းတည်တင်းနေကာ ……………..

“ဘုန်းသမ္ဘာကို ကုမ္ပဏီက ထုတ်ပယ်ပေးပါ”

“ဟင် ဘာ ဘယ်လိုလဲ သမီး”

“ကိုယ့်သားမက်မဟုတ်တော့တဲ့လူကို ထုတ်ပယ်ခိုင်းတာ အကြောင်းပြချက်ပေးစရာ လို သေးလို့လား ဖေဖေ”

“အဲဒါ တစ်ကဏ္ဍလေး သမီးရယ်၊ မောင်ဘုန်းသမ္ဘာက ဖေဖေတို့အတွက် အရမ်းကို အားကိုးရတဲ့ လူတော် လူစွမ်းကောင်း တစ်ယောက် ပါ။ ဖေဖေတို့ ကုမ္ပဏီက သူ့ကြောင့် ပိုပြီး တိုး တက်လာတာလေ သမီးရဲ့ ”

“အဲဒီ အောင်မြင်မှု တွေ က ကျော့်ထက် အရေး ကြီးသလားဖေဖေ။ ကျော်နဲ့ ကွာရှင်းလည်း ဘုန်းသမ္ဘာက ဖေဖေတို့အတွက် အရေး ပါတုန်းပဲလား”

“စီးပွားရေး နဲ့ လူမှု ရေး ကို ခွဲခြားမြင်တတ်ဖို့ကောင်းတယ် သမီး။ ကိုယ့်အသက်ထက် သားသမီးက တန်ဖိုးရှိပေမယ့် လူနေမှု ဘ၀အတွက် ဘာအပြစ်တွေ ရှိလို့ ဖေဖေတို့က ထုတ်ပယ် လိုက်ရမှာ လဲ”

“ဒါ ကတော့ ဖေဖေတို့ သဘောပဲလေ။ ဘုန်းသမ္ဘာလည်း ကွာရှင်းချင်တယ်။ ဖေဖေတို့က လည်းတိုက်တွန်းနေတယ်။ အဲဒါကြောင့် ကျော်က ကွာရှင်းပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါပေမယ့် ကျော့်ဆန္ဒကို မလိုက်လျောဘူးဆိုရင်”

ရတီကျော့်စကားတွေ ရှေ့ဆက်မလာသော်လည်း အဆုံးသတ်ကိုတော့ ဦးသူရကျော်တို့ သေချာသိနေသည်။ သူမ ဖြစ်ချင်တာ မ ဖြစ်ရလျှင် သူများ တွေ ဆန္ဒလည်း ဖြည့်ဆည်းမပေးဘူးဆို သည့်သဘောပေါ့။

မိဘကိုတောင် ဆန့်ကျင်ရဲသည့် သမီး။

ရင်တွေ နာသော်လည်း ကိုယ့်သွေးသားမို့။

x x x

အခန်း (၂)

“သမီးဘက်က တောင်းဆိုမှု ကတော့ အဲဒါပဲ မောင်ဘုန်းသမ္ဘာ။ သမီးရဲ့ လုပ်ရပ်အတွက် မင်းကို အန်ကယ်တို့ အရမ်းအားနာတယ်”

“အန်ကယ်တို့ကိုလည်း ကျွန်တော် က ပြန်ပြီး အားနာပါတယ်။ ခုကိစ္စကလည်း ရတီကျော့် ဘက်က တောင်းဆိုတာ မမှားပါဘူး။ သူနဲ့ကွာရှင်းပြီးရင် သူ့အဖေကုမ္ပဏီမှာ ဘယ်လုပ်စေချင်ပါ့ မလဲ”

“အန်ကယ် ကတော့ မင်းကို မစွန့်လွှတ်ချင်ဘူး မောင်ဘုန်းသမ္ဘာ၊ မင်းအဖေနဲ့ ထားခဲ့တဲ့ ကတိစကားတွေ လည်းရှိတယ်။ မင်းရဲ့ ကြိုးစားမှု တွေ ကိုလည်း အန်ကယ်အားကိုးတယ်။ ဒါပေမယ့် သမီးဆီက လွတ်မြောက်မှု မရလို့ မင်းစိတ်ဆင်းရဲနေတာကိုလည်း အန်ကယ်မကြည့်ရက်ဘူး”

ဆုံးဖြတ်ချက်ချရ ခက်သလို။ ဦးသူရကျော် သက်ပြင်းရှိုက်တော့ ဘုန်းသမ္ဘာ အနေရခက်စွာ မျက်နှာလွှဲလိုက်ရ၏ ။ တကယ်ဆို သူလည်း ဆုံးဖြတ်ရခက်စွာ စိတ်ပင်ပန်းနေပါသည်။

ဦးသူရကျော်တို့အပါအ၀င် ကုမ္ပဏီကြီးနှင့် ၀န်ထမ်းတွေ ကို သူ သံယောဇဉ်တွယ်ကာ မခွဲ ခွာချင်။ အောက်ခြေ၀န်ထမ်းကစပြီး နေရာတစ်ခုရလာအောင် စိတ်ဆန္ဒတွေ နစ်မြုပ်ကာ ကြိုးစားခဲ့ ရတာ မဟုတ်ပါလား။

ဝန်ထမ်းအဆင့်ဆင့်ရဲ့ စေတနာသန့်သန့် ကူညီပံ့ပိုးမှု ကြောင့် ပညာစုံတက်ကာ အောင်မြင် မှု တွေ လည်း ရခဲ့သည်။ ဦးသူရကျော်ရဲ့ အားပေးမှု ကြောင့် လူမှု ဆက်ဆံရေး လည်း ထည်ဝါအဆင် ပြေခဲ့၏ ။

ရှယ်ယာအနည်းစုပိုင်ဆိုင်သော သူ့ကို ဦးသူရကျော်ရဲ့ နေရာပေးပံ့ပိုးမှု က ဆပ်မကုန်နိုင် သည့် ကျေးဇူးတရားတွေ ပင်။ ဒါတွေ ကြောင့် လည်း ဦးသူရကျော်ရဲ့ သမီး ခင်ရတီကျော်နှင့် လက် ထပ်ဖို့တောင်းဆိုလာခဲ့သည့်အချိန်မှာ သူ မငြင်းဆန်ခဲ့တာပါ။

“အန်ကယ့်သမီးက အရမ်းဆိုးတယ် မောင်ဘုန်းသမ္ဘာရယ်။ ဒါကလည်း သူ့ကို အန်ကယ်တို့ ဗိုင်းကောင်းကျောက်ဖိ မဆုံးမနိုင်ခဲ့လို့ပါ။ အပြိုင်အဆိုင်ခေတ်ကြီးထဲမှာ စီးပွားရေး ကို သူများ တွေ ရဲ့ နောက်ကျမကျန်ခဲ့အောင် ကြိုးစားနေခဲ့ရတာ ကိုးကွ။ ကိုယ့်ဘက်က လိုအပ်ချက်တွေ ရှိနေတော့ အခုမှ သမီးကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်လို့လည်း မ ဖြစ်ပြန်ဘူး။ ဒါပေမယ့် အိမ်ထောင်ရက် သား ကျသွားရင် သမီးလေး ပြောင်းလဲသွားတယ်ထင်တယ်။ အဲဒါကြောင့် မင်းကို အန်ကယ် တောင်းဆိုရတာ ပါ”

ဦးသူရကျော် ထိုသို့ ပြောလာတာကို သူ ဘယ်လိုငြင်းဆန်ရမလဲ။ ဖေဖေမသေခင်ကလည်း ဦးသူရကျော်တို့ ကျေးဇူးတရားတွေ မမေ့ဖို့ အထပ်ထပ်မှာ သွားခဲ့တာ။

ဒီလိုနှင့် ရတီကျော်ကို မျက်စိစုံမှိတ်လက်ထပ်ခဲ့ပြီးချိန်မှာ ………………….

“အန်ကယ် ဘယ်လို ဖြစ်စေချင်သလဲ။ အန်ကယ် ဖြစ်စေချင်သလို ကျွန်တော် လုပ်ပါ့မယ်”

ဒီတစ်ခါလည်း ဦးသူရကျော်ဆန္ဒကို ရှေ့တန်းတင်မိပြန်၏ ။ ရင်ထဲမှာ ဆန္ဒတစ်ခု သက်သက်ရှိနေသော်လည်း အားနာသင့်သည်မဟုတ်လား။

ဦးသူရကျော် သက်ပြင်းရှိုက်သံက အသက်ရှူကျပ်နေသလို မချိမဆန့်ပါ။

“အန်ကယ် ကတော့ ဒီတစ်ခါ မင်းရဲ့ ဆန္ဒကို ပြတ်ပြတ်သားသား သိချင်ပါတယ်။ မောင်ဘုန်း သမ္ဘာ၊ တစ်ဖက်မိန်းကလေးက သမီးနဲ့ ကွာရှင်းပြတ်ဆဲပြီးမှ လက်ထပ်နိုင်မယ်လို့ ပြောထားတယ် မဟုတ်လား”

“ဟုတ်ပါတယ် အန်ကယ်”

“တစ်ခုကို လိုချင်ရင် တစ်ခုကို စွန့်လွှတ်ရမှာ ။ မင်းဆုံးဖြတ်ချက်က အရေး ကြီးတယ် မောင် ဘုန်းသမ္ဘာ၊ မင်း ဘာကို ရွေးချယ်ချင်လဲ”

“ရတီ့ကို ကွာရှင်းပြီး ပုန်းညက်ဖြူကို လက်ထပ်ချင်ပါတယ်။ ကုမ္ပဏီက အလုပ်တွေ ကို လည်း ဒီထက်အောင်မြင်အောင် ကြိုးစားချင်သေးတယ်။ ဒါပေမယ့် အားလုံးကို လောဘကြီးလို့မှ မ ဖြစ်ဘဲ။ ကျွန်တော် ကုမ္ပဏီက ထွက်ပါ့မယ် အန်ကယ်”

ဘုန်းသမ္ဘာရဲ့ သံယောဇဉ်နှင့် ခက်ခက်ခဲခဲ ဆုံးဖြတ်မှု တွေ မြင်ရပြန်တော့ ဦးသူရကျော် စိတ်မကောင်း ဖြစ်ရပြန်သည်။ တကယ်ဆို ဒီလိုလူကို ဒီလိုပုံစံမျိုးဖြင့် မဆုံးရှုံးသင့်။ သမီးရဲ့ မိုက်မဲ မှု ကြောင့် မောင်ဘုန်းသမ္ဘာ အချစ်သစ်ရှာတာတောင် စိတ်မဆိုးနိုင်။

ယောက်ျားချင်း ကိုယ်ချင်းစာတယ်လို့ပဲ ပြောမလား။ ဇနီးမယားကောင်း တာဝန်ဝတ္တရား မကျေပွန်သော မိန်း တစ်ယောက် ကို ဘယ်ယောက်ျားမှ ကြာရှည်သည်းခံမပေါင်းချင်တာ နားလည် ပေးမိ၏ ။ သမီးပြောင်းလဲလာနိုင်မလားဆိုပြီး လက်ထပ်ပေးခဲ့မိတာကိုက ကိုယ်မှားတာ။

သမီးက ငယ်ငယ်ကတည်းက ဆန့်ကျင်ဘက်နှင့် အရွှဲ့တိုက်နေရမှာ ကျေနပ်တာ။ မိန်းမ ဆန်ဆန် ဣနြေ္ဒရရ ဖြစ်အောင်။ သူ့အမေ နာမည် လေး အဖျားဆွတ်ပြီး ခင်ရတီဟု နာမည် ပေးခဲ့ တာတောင် …..

“အဲဒီ ခင်ဆိုတဲ့ နာမည် က မိန်းမဆန်ပြီး အရမ်းနူးညံ့လွန်းတယ်။ ဖေဖေနာမည် နဲ့ အဆုံး သတ်ပြီး ရတီကျော်လို့ ပြောင်းပေး ဖေဖေရာ။ ကျော်က ခင်တွေ မေတွေ နဲ့ မနွဲ့ချင်ဘူး”

သမီးဆန္ဒအတိုင်း လေးတန်းနှစ် မှာ သတင်းစာထဲက နာမည် ပြောင်းပေးခဲ့တာ။ လက်ခုပ် လက်ဝါးတီးကာ ပျော်နေခဲ့သည်။ ထိုအချိန်ကတည်းက မိဘတွေ ကို ဆန့်ကျင်တတ်တာ သိခဲ့ဖို့ ကောင်း၏ ။

အရွယ်မရောက်ခင် ထိန်းကျောင်းချုပ်ကိုင်ဖို့ သတိမရဘဲ ချစ်စရာဟု မြင်ခဲ့တာက ဒီနေ့ နောင်တရစရာအကြောင်းမျိုး ဖြစ်လာခဲ့တာပင်။ ဒါကို ကိုယ်မနိုင်မှ မောင်ဘုန်းသမ္ဘာလက်ထဲ လွှဲ ပြောင်းထည့်ကြည့်ဖို့ ကြိုးစားခဲ့မိတာလည်း ကိုယ့်ရဲ့ ညံ့ဖျင်းမှု ပါပဲလား။

“အန်ကယ် တစ်ခုတော့ ပြောချင်တယ် မောင်ဘုန်းသမ္ဘာ မင်းအချိန်နည်းနည်း လောက် ပေးပါ။ သမီးကို အန်ကယ်ထပ်ပြီး ဆွေးနွေးကြည့်ပါ့မယ်။ ကုမ္ပဏီက မထွက်ဘဲ ကွာရှင်းခွင့်ရ အောင်”

“ကျော်ဘယ်လိုကိစ္စကိုမှ အရှုံးမပေးတတ်တာ အန်ကယ်သိရဲ့ သားနဲ့၊ မိဘတွေ ကိုရော၊ ကျွန်တော့် ကိုရော အားနာရမှန်း၊ ထောက်ထားရမှန်း နားလည်တာမဟုတ်ဘူး။ ကျွန်တော် သူ့ဆီက ကွာရှင်းစာချုပ်ပဲ လိုချင်ပါတယ် အန်ကယ်၊ ပုန်းညက်ဖြူနဲ့လည်း လက်မထပ်လို့မ ဖြစ်တော့တဲ့ အခြေအနေမို့ပါ”

“ဟင် ဒါဆို”

“ဟုတ်ကဲ့၊ သူ့မှာ ကိုယ်ဝန်ရှိနေပါပြီ အန်ကယ်၊ သူတို့ရပ်ကွက်ရုံးမှာ လက်မှတ်ထိုး လက် ထပ်ထားရပါတယ်။ ကိုယ့်ရင်သွေးထက် ဘာရာထူး ဂုဏ်ဒြပ်ကိုမှ မက်မောလို့မရတော့ပါဘူး။ ကျွန် တော့်မှာ အန်ကယ်သင်ပေးထားတဲ့ အစွမ်းအစတွေ ရှိပါတယ်။ ကျွန်တော် ပိုင်ဆိုင်တဲ့ ရှယ်ယာတွေ ထုတ်ပြီး အသစ်က ပြန်စပ့ါမယ်”

“အေးလေ မင်းလို အရည်အချင်းရှိတဲ့ လူ တစ်ယောက် က အခုမှ အသစ်ပြန်စလည်း ခပ်မြန် မြန်တိုးတက်အောင်မြင်လာမယ်ဆိုတာ အန်ကယ်သိပါတယ်။ ဒါပေမယ့် မင်းကို လက်လွှတ်ဆုံးရှုံး လိုက်ရတဲ့အတွက်တော့ အန်ကယ်စိတ်မကောင်းပါဘူး”

“ကုမ္ပဏီမှာ ကျွန်တော့် ထက် အရည်အချင်းရှိတဲ့သူတွေ အများ ကြီးရှိပါသေးတယ် အန်ကယ်။ သံယောဇဉ်တွေ ထဲမှာ နစ်မွန်းလို့ မ ဖြစ်တော့တဲ့ အခြေအနေမို့ ကျွန်တော့် ကို နားလည် ပေးပါ”

ဦးသူရကျော် စိတ်မကောင်းစွာ အသံတိတ်သွား၏ ။ ကိုယ့်မှာ တော့ မြေးချီချင်လိုက်တာ အရူးအမူး။

အမွေအနှစ် တွေ ပေးဖို့ မျိုးဆက်လိုချင်တာတောင် သမီးက လွတ်လွတ်လပ်လပ် မနေရမှာ စိုးလို့ ခါးခါးသီးသီးငြင်းဆန်ခဲ့တာ။

“အိမ်ထောင်တစ်ခုခိုင်မြဲဖို့ ရင်သွေးရှိမှ ဖြစ်မှာ တဲ့လား။ ကလေးနှစ် ယောက် သုံးယောက် နဲ့ တစ်ခုလပ် ဖြစ်နေကြတာ ဘာကြောင့် လဲ။ သူ့စိတ်ကို ကလေးမွေးပေးပြီး မချည်နှောင်ချင်ဘူး ဖေဖေ။ သူလည်း သူနေချင်သလိုနေ၊ ကျော်လည်း ကျော်စိတ် ကျော့်ကို နေချင်သလိုနေမယ်”

သမီးအတွေးအခေါ်အယူအဆက တစ်ဖက်စွန်းရောက်နေမှန်းသိသော်လည်း ဒီထက်လည်း ပြောခွင့်မသာခဲ့။ ထို ပဋိပက္ခတွေ နှင့် ဘယ်အချိန်အဆုံးသတ်မလဲဆိုတာပဲ တထိတ်ထိတ်စောင့် ကြည့်နေခဲ့ရင်းနှင့်……….

အခုတော့ ဒီဘက်မှာ ပြိုကွဲပျက်စီးပြီး တစ်ဖက်မှာ တော့ မောင်ဘုန်းသမ္ဘာ အေးအေး ချမ်း ချမ်းပျော်ပျော်ရွှင်ရွင်နေနိုင်ပေတော့မည် ထင်သည်။

အရာရာအကောင်းတွေ ချည်း ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးသင့်လား။ သမီးရော ထို သတင်းအတွက် ပျော်နိုင်မှာ လား။ သူ့ဆီက မရတာ တွေ ပုန်းညက်ဖြူဆီက အကုန်ရနေတာတွေ ကို သာ……………..

x x x

အခန်း (၃)

“ဘာ … သမီးမှာ ကိုယ်ဝန်ရှိနေတယ်။ ဟုတ်လို့လား။ မ ဖြစ်နိုင်တာ”

“ကျော်က ဘာအတွက် ညာရမှာ လဲ မေမေ”

“ဘာလို့ အစက မပြောတာလဲ သမီးရယ်။ တကယ်သာ သမီးမှာ ကိုယ်ဝန်ရှိနေရင် မောင် ဘုန်းသမ္ဘာနဲ့ ဘယ်လိုလုပ်ကွာရှင်းလို့ ဖြစ်မှာ လဲ။ ဟင့်အင်း မ ဖြစ်ဘူး။ မွေးလာတဲ့ မေမေတို့ မြေး လေး အဖေခေါ်စရာမရှိလို့ မ ဖြစ်ဘူး”

“ကျော် ကတော့ ဘုန်းသမ္ဘာနဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ပြီးပြီ မေမေ”

“မေမေ”

“ဒီရင်သွေးရှိတယ်ပြောလိုက်တာနဲ့ ဘုန်းသမ္ဘာက ဘာတွေ ပြောင်းလဲလာမှာ မို့လဲ။ ပုန်း ညက်ဖြူကို စွန့်လွှတ်မလား။ ကျော်ကို ကြင်နာလာနိုင်သလား”

“သမီး”

ရတီကျော်ရဲ့ ပေါက်ကွဲမှု မှာ ဒေါ်ခင်ချိုဆက် ဘာပြောရမှန်းမသိအောင် ကသော င်းကနင်း ဆူဝေသွားသည်။ သမီးဘာကြောင့် အခုမှ ဒီကိစ္စကို ပြောရတာ လဲ။

ရင်သွေးလေး လွယ်ထားရမှန်းသာ အစောကြီးကတည်းက သိခဲ့လျှင် ဒီလိုကွာရှင်းဖို့ တိုက် တွန်းမိမှာ မဟုတ်။

“သမီးရယ် ပြန်စဉ်းစားပါဦး၊ မေမေတို့ မောင်ဘုန်းသမ္ဘာကို တောင်းပန်ပေးပါ့မယ်။သူလည်း သမီးမှာ ရင်သွေးလေး လွယ်ထားရမှန်းသိရင် ဒီလို ဆုံးဖြတ်မှာ မဟုတ်ပါဘူး”

“ကျော် မျက်ရည်ခံမထိုးချင်ဘူး မေမေ။ ဒီလို လူမျိုးကို မေမေတို့လည်း တောင်းပန်ပေးစရာ မလိုဘူး”

“ဒါဆိုလည်း အဖေခေါ်စရာမရှိမယ့်အတူတူ ရင်သွေးလေးကို လူ့လောကထဲကို မခေါ်ပါနဲ့ လား သမီးရယ်”

“ဘာ မေမေက ဒီကလေးကို ဖျက်ချခိုင်းနေတာလား”

“ကလေးအတွက်ပါ”

“ဟင့်အင်း ဒီကလေးကို ကျော်ရအောင်မွေးမယ် ။ ကိုယ့်ရင်သွေးကို ဖျက်ချတာမျိုး ကျော် မလုပ်ဘူး မေမေ။ အဖေခေါ်စရာမရှိတာ အရေး မကြီးပါဘူး။ ဒီကလေးက ဘုန်းသမ္ဘာရင်သွေးစစ် စစ်ဆိုတာပဲ လူတွေ သိဖို့ အရေး ကြီးပါတယ်”

ရတီကျော့်အပြုံးက အတ္တတို့နှင့် အဆိပ်သင့်နေ၏ ။ ဆုံးဖြတ်ပြီးပြီမို့ ဘယ်သူ ဘာပြောပြော ဂရုစိုက်ဖို့ စိတ်ကူးမရှိ။

ဘုန်းသမ္ဘာကို တိုက်ခိုက်ဖို့ လက်နက်ကောင်းတစ်ခုပဲ မဟုတ်လား။ မေမေနှင့် စကားဖြတ် ကာ ပုန်းညက်ဖြူနှင့် ချိန်းဆိုထားသည့်နေရာကို အချိန်နောက်ကျပြီးမှ ရောက်လာခဲ့သည်။

ပုန်းညက်ဖြူက ဟိုတယ်တစ်ခုရဲ့ သီးသန့်ခန်းလေးထဲမှာ တိတ်ဆိတ်စွာ ထိုင်လို့ ….

“စောင့်နေရတာ စိတ်ညစ်သွားလား။ သေချာအောင် အိုဂျီဆီဝင်ပြီး စမ်းသပ်နေတာနဲ့ နောက်ကျသွားတာ”

“ရှင်”

ပုန်းညက်ဖြူ မျက်လုံးလေး ကလယ်ကလယ် ဖြစ်သွားတာကို အရသာခံကြည့်ပြီးမှ မထီတရီ မဲ့ပြုံးနှင့် ထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။

“မင်းနားမရှင်းတာလား။ အံ့သြသွားတာလား။ တို့က ဒီကိုယ်ဝန်ကို အကြောင်းပြပြီး ဘုန်း သမ္ဘာကို အပိုင်ချည်တော့မှာ ပဲလို့ မထင်လိုက်နဲ့နော်။ မင်းမွေးလာမယ့်ကလေးက အဖေခေါ်စရာ ရှိပြီး တို့ကလေးက အဖေခေါ်စရာမရှိလည်း တို့မပူဘူး။ ဘုန်းသမ္ဘာက တို့ဘ၀အတွက် အရေး မပါ သလို၊ အသုံးလည်း မလိုဘူးလေ”

“ရှင်”

မလိုအပ်တာ၊ အရေး မပါတာတွေ ကြောင့် ဂရုစိုက်မှု တွေ မရှိခဲ့လို့ ဘုန်းသမ္ဘာရဲ့ စိတ်ဆင်းရဲ စရာအကြောင်းတွေ ကို သိထားခဲ့ပေမယ့် မင်းမွေးလာမယ့်ကလေးက အဖေခေါ်စရာရှိပြီးဆိုသည့် စကားအတွက်တော့ အနည်းငယ်အံ့အားသင့်ကာ စိတ်ကသိကအောက်လည်း ဖြစ်ရသည်။

“ရတီကျော့်အဖေကို အရမ်းအားနာလို့ မင်းနဲ့မယူမ ဖြစ်တော့တဲ့ အခြေအနေလို့ ပြောလိုက် တယ်။ မင်းမှာ ရင်သွေးလေး လွယ်ထားရပြီး ရပ်ကွက်ရုံးမှာ လက်ထပ်ပြီးပြီလို့ပေါ့။ ရတီကျော်ဆီ က ကွာရှင်းခွင့်ရဖို့ အရေး ကြီးတယ် မဟုတ်လား။ ရတီကျော်နဲ့နေရတဲ့ မွန်းကျပ်မှု တွေ ထဲက ကိုယ် ရုန်းထွက်ချင်နေပြီ ဖြူရယ်။ သူ့ရှေ့မှာ အသုံးမကျတဲ့လူ တစ်ယောက် အ ဖြစ်နဲ့ လူပိုသက်သက် မ ဖြစ်ချင်တော့ဘူး”

ဘာကြောင့် ပြောခဲ့တယ်ဆိုတာ ဘုန်းသမ္ဘာ ပြောပြပြီးမှ။ မဟုတ်ပါဘူးလို့ရော ဘယ်လိုငြင်း ရမလဲ။ ရတီကျော်မှာ ရင်သွေးလေးရှိတာ သိရင်ရော ဘုန်းသမ္ဘာဒီလိုပြောပါ့မလား။

အဆင်မပြေသော အိမ်ထောင်ရေး ၀ဲဂယက်မှာ ပျော်ပျော်မပျော်ပျော် ရင်သွေးမျက်နှာ ထောက်ပြီး ကူးခပ်နေမှာ ပဲပေါ့။

“ရှင် ရှင် ရင်သွေးလေး လွယ်ထားတာ ဘုန်းသမ္ဘာသိလားဟင်”

“သူသိအောင်ပြောပြီး ဘာလုပ်ရမှာ လဲ။ တို့မပြောလည်း ဒါအမှန်တရားဆိုတော့ တစ်နေ့နေ့ သူသိသွားမှာ လဲလေ။ မယားကြီးငုတ်တုတ်နဲ့ အိမ်ထောင်ရေး ဖောက်ပြန်နေတဲ့ လူ တစ်ယောက် ကို ကြည်ကြည်ဖြူဖြူလက်ခံပေးနေတဲ့ မင်းလည်း အခုသိသွားပြီဆိုတော့ ဘုန်းသမ္ဘာကို နောက်ဆုတ် ပေးမှာ မို့လား။ တို့မှာ ဘုန်းသမ္ဘာရင်သွေး လွယ်ထားလို့ မင်းတို့ ဖောက်ပြန်မှု တွေ အဆုံးသတ်သွား ရင်တော့ ပြော ဖြစ်ချင်လည်း ပြော ဖြစ်မှာ ပေါ့”

ပြောပြီးပြုံးလိုက်သည့် ရတီကျော့် နှုတ်ခမ်းပါးတို့မှာ အညိုရင့်ရင့် ဆိုးဆေးတင်ထားတာ ကြောင့် အဆိပ်ရည်တွေ ဖိတ်စင်ကျနေသလို ထင်ရ၏ ။ ပုန်းညက်ဖြူ သွေးခုန်နှုန်းမမှန်စွာ တုံ့ပြန် ပြောဖို့ နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်အောင်အားယူနေပြီးမှ…………….

“အိမ်ထောင်ရေး ဖောက်ပြန်နေတယ်ဆိုတဲ့ စကားကို ပြန်ရုတ်သိမ်းပေးပါလား ရတီကျော်။ အိမ်ထောင်ရေး အဆင်မပြေရင် ဘယ်ယောက်ျားမဆို ရုန်းထွက်ချင်ကြတာပါပဲ။ ကျွန်မကလည်း ဘုန်းသမ္ဘာပစ္စည်းအရှိန်အ၀ါကို မက်မောလို့ လက်ခံခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ နာကျင်မှု တွေ ကို ဖြေသိမ့်ပေးချင်တာ”

“ဒါက မယားငယ်လုပ်ချင်တဲ့သူတွေ ရဲ့ အကြောင်းပြချက်ပါ။ ခြံခုန်ချင်တဲ့ ယောက်ျားတွေ ရဲ့ ငိုချင်းရှည်ကို ဂရုဏာသက်သွားကြတာလေ။ ဟင်း ဟင်း တစ်သက်လုံး ပျော်နိုင်ပါစေလို့ ဆု တောင်းပါတယ် ပုန်းညက်ဖြူ”

“ဟင့်အင်း ၊ ရှင့်မှာ ရင်သွေးလေးလွယ်ထားရမှန်းသိလျက်နဲ့ ကျွန်မရှေ့ဆက်တိုးဖို့ မကြိုး စားတော့ပါဘူး။ ဘုန်းသမ္ဘာလည်း အဲလိုပဲ ဖြစ်မှာ ပါ”

“တို့ ကတော့ မင်းကို သနားအောင် ငိုမပြဘူးနော်။ ဒီကိုယ်ဝန်ကြောင့် ဆိုပြီး မသဒ္ဓါရေစာငဲ့ ညှာမှု ကိုလည်း မလိုချင်ဘူး။ ဘုန်းသမ္ဘာက မင်းကိုယ်ဝန်ကိုပဲ ဂရုစိုက်ချင်မှာ ပေါ့ မဟုတ်ဘူးလား”

“ဟင့်အင်း၊ မဟုတ်ဘူး။ ဟို”

“တို့ နိုင်ငံခြားသွားဖို့ ဆုံးဖြတ်ပြီးပါပြီ။ တစ်လင်ကွာ တစ်ခုလပ်ဘ၀နဲ့ ဒီမှာ မျက်နှာငယ်ငယ် နဲ့ ကလေးမမွေးချင်ဘူး။ မင်းတို့ကို အရှုံးပေးပြီး ထွက်သွားတာမဟုတ်ဘူးနော်။ ရတီကျော် ပြန်လာ တဲ့နေ့အထိ မင်းတို့ ကျန်းကျန်းမာမာနဲ့ စောင့်နေကြပါ”

စိန်ခေါ်သွားတာလား။ ခြိမ်းခြောက်သွားတာလား။ မသိနိုင်ပေမယ့် ချေပဖို့ စကားလုံးတွေ လည်း ဆွံ့အနေကြ၏ ။ ဘုန်းသမ္ဘာကို ချစ်ခဲ့မိတာ အိမ်ထောင်ရေး တစ်ခုကို ပြိုကွဲအောင်လုပ်မိသလို ဖြစ်သွားပြီလား။ ရတီကျော့်အတွက် မဟုတ်တောင် ရင်သွေးလေးကိုတော့ ငဲ့ညှာသင့်သည် ထင် သည်။

ရတီကျော် နှုတ်မဆက်ပဲ ထရပ်တော့ ပုန်းညက်ဖြူ အထိတ်တလန့်ပင် ထရပ်လိုက်မိ၏ ။

“ပြင်ဆင်ဖို့ အချိန်ရှိပါသေးတယ် ရတီကျော်၊ ဒီရင်သွေးကြောင့် ပြောင်းလဲလာနိုင်တာတွေ ကို မျှော်လင့်ကြည့်ပါဦးလား”

“ငါ တားဆီးခဲ့တဲ့အချိန်တွေ တုန်းက မင်းတို့ နောက်ဆုတ်ခဲ့ကြလို့လား မျက်နှာပြောင်ပြောင် ရှေ့တိုးခဲ့ကြတာ အရှက်မှ မရှိကြဘဲ”

“ဘယ်လောက်ပဲချစ်ချစ် ရင်သွေးအတွက်တော့ စွန့်စားကြမှာ ပါ။ သည်းမခံနိုင်လောက် အောင် ဖြစ်ခဲ့တဲ့ ရှင့်အပြစ်တွေ ကိုလည်း ပြန်မြင်ကြည့်ပါဦး”

“ငါ့ တစ်ယောက် တည်း အပြစ်တွေ ကိုပဲ ဘုန်းသမ္ဘာက ပြောထားသလား။ လင်ယောက်ျား တစ်ယောက် ရဲ့ ဥပေက္ခာကို မင်းမခံစားဘူးလို့ပါ ပုန်းညက်ဖြူ၊ မင်းအမြဲတမ်း ကံကောင်းပါစေလို့ ငါ ဆုတောင်းပါတယ်”

ရဲရင့်သွက်လက်နေသော ခြေလှမ်းတွေ နှင့်ပြန်ထွက်လာခဲ့သည်။ ဘုန်းသမ္ဘာနှင့် ပုန်းညက် ဖြူကို အရှုံးမပေးချင်ပါ။ အာဃာတတွေ အမြစ်တွယ်လျက် လက်တုံ့ပြန်ဖို့သာ ကြိုးစားချင်၏ ။

အချိန်ဘယ်လောက်ထိ စောင့်ရမလဲဆိုတာတော့……………

x x x

အခန်း (၄)

“တကယ်ပြောတာလား ဖြူ၊ ရတီကျော်မှာ တကယ်ကိုယ်ဝန်ရှိနေတာလား”

“တွယ်ကပ်ချင်လို့ လိမ်ညာပြောနေတယ်ဆိုရင် တော် သေးတာပေါ့ ကိုဘုန်းရယ် ။ အခုဟာ ကဒီကလေးကို အကြောင်းပြပြီး မျက်ရည်ခံမထိုးဘူး။ အောက်ကျမခံဘူးဆိုတဲ့၊ နိုင်ငံခြားထွက်သွား ဖို့ အားလုံးအဆင်သင့် ဖြစ်နေပြီတဲ့”

“ဟာ တောက်”

ဘုန်းသမ္ဘာ အရူးမီးဝိုင်းခံရသလို ဖျပ်ဖျပ်ခါ ဆတ်ဆတ်တုန်သွား၏ ။

ရတီကျော် ဒီလို ဖြစ်အောင် လုပ်လိုက်တာမှန်းသိသိကြီးနှင့် …..

“ကွာရှင်ခွင့်တောင်းထားတာကို ပြန်ရုတ်သိမ်းလိုက်ပါ ကိုဘုန်း၊ ဘာပဲ ဖြစ် ဖြစ် ရင်သွေးလေး မျက်နှာထောက်ပြီး ရတီကျော်ကို အတတ်နိုင်ဆုံး သည်းခံလိုက်ပါ”

“ဖြူကရော”

“ကျွန်မ ရှင့်ကို ချစ်ခဲ့ပါတယ်ကိုဘုန်း၊ အိမ်ထောင်ရေး အဆင်မပြေလို့ စိတ်ဆင်းရဲနေရတဲ့ ရှင့်ကို ဖြည့်ဆည်းမှု တွေ နဲ့လည်း အားကိုးချင်ခဲ့ပါတယ်။ ဒါပေမယ့် အဖေခေါ်စရာမရှိ ဖြစ်သွားမယ့် ရင်သွေးလေးအတွက်တော့ လူပီသဖို့ လိုလိမ့်မယ် ထင်တယ်”

ထိုနားလည်မှု တွေ ကြောင့် ဖြူကို လေးစားတွယ်တာမိခဲ့သော သူ့စိတ်တွေ က ဒီတစ်ခါ မပြတ်မသားတွေ ဝေသွားခဲ့ရ၏ ။ ကိုယ့်သွေးသားဆိုသော အသိစိတ်နှင့် သူ့သက်ပြင်းတွေ မလက် ဆတ်ပါ။

“ဘာကိုမှ နောက်ဆံတင်းပြီး စဉ်းစားမနေပါနဲ့ ကိုဘုန်း၊ ရတီကျော်နဲ့ ပြန်ဆွေးနွေးကြည့်ပါ။ ကျွန်မမှာ ရင်သွေးလေးရှိလို့ ရပ်ကွက်ရုံးမှာ လက်ထပ်ပြီးပြီပြောထားတာလည်း စိတ်မလုံဘူး။ တကယ်ဆို ကျွန်မရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်တယ်။ ရတီကျော့်ဆီက ကွာရှင်းမပေးမချင်း ရှင့်ကို လက်မထပ်ပါဘူးလို့ ပြောထားခဲ့တာ မဟုတ်လား”

“မင်းကို ကိုယ်တန်ဖိုးထားရုံနဲ့ မလုံလောက်ဘူးလား ဖြူ။ အခြေအနေအရ မပြောမ ဖြစ်လို့ ပြောရတာ ပါ။ ကျော် အတိုက်အခံလုပ်နေခဲ့တာလည်း ဖြူသိသားပဲ။ အခုလည်း ကွာရှင်းခွင့်ပေး တော့မယ်ဆိုမှ ရင်သွေးရှိတယ်ဆိုတာ ဖွင့်ပြောတယ်။ ဒါ ဘာသဘောလဲ”

“ကိုဘုန်း ဂရုမစိုက်တာ သိစေချင်တဲ့သဘော ဖြစ်ချင် ဖြစ်မှာ ပေါ့။ သူဂရုမစိုက်တာ ၊ ကိုဘုန်းကို သိစေချင်တာမျိုးလည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီအချိန်က မာနပြိုင်ရမယ့် အချိန်မဟုတ်တော့ဘူး ကိုဘုန်း။ ရတီကျော်မှာ ဘယ်လိုဆန္ဒတွေ ပဲရှိနေနေ ဖခင် တစ်ယောက် ရဲ့ တာဝန်ဝတ္တရားတွေ ရှိနေပြီ။ ကိုဘုန်းပြောဖူးတယ်လေ နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ အသိုက် အမြုံလေး လိုချင်တယ်ဆို”

ဘုန်းသမ္ဘာငိုင်ခနဲ ဖြစ်သွားကာ တစ်ချိန်တည်း သက်ပြင်းတွေ လည်း ရှိုက်ထုတ်မိ၏ ။ အဆ မတန်လေးပင်သော အရာတွေ နှင့် ဖိချေခံထားရသော ရင်ဘက်ကြီးက အသက်ရှူဖို့တောင် ခက် ခက်ခဲခဲ။ သွေးသားဆိုသော သံယောဇဉ်က တစ်ဖက်၊ ပုန်းညက်ဖြူနှင့်ပြည့်စုံသာယာသည့် မိသား စုလေးကို ထူထောင်ချင်တာက တစ်ဖက်။

“ကိုယ်ဒီနေ့ ဖြူကို အိမ်ပြန်လိုက်မပို့တော့ဘူးနော်။ ဦးသူရကျော်နဲ့ ဆွေးနွေးကြည့်ဦးမှ ဖြစ်မယ် ထင်တယ်။ ဦးသူရကျော်တို့ကရော ရတီကျော် ကိုယ်ဝန်ရှိနေတာ ဘာလို့ ဖုန်းကွယ်ထား ထားရတာ လဲ”

“မသိခဲ့လို့ တိုက်တွန်းနေတာရော မ ဖြစ်နိုင်ဘူးလား။ ကိုဘုန်းကို ဘယ်လောက်ပဲ ကိုယ် ချင်းစာတယ်ပြောပြော မြေးအတွက်တော့ တားဆီးချင်ကြမှာ ပါ”

“အေးလေ သူတို့လည်း ရတီကျော်စိတ်ကို နားမလည်နိုင်ကြပါဘူး။ ရတီကျော် ဘာတွေ ဖြစ်ချင်နေတာလဲဆိုတာ ကိုယ်လည်း သေချာမသိဘူး။ ဘာပဲ ဖြစ် ဖြစ် ကိုယ့်ကို နားလည်ပေးပါဖြူ”

ခေါင်းညိတ်အပြမှာ ပုန်းညက်ဖြူ မျက်ရည်စက်အချို့ လွင့်စဉ်ကျတာ သတိထားမိ၏ ။ အကြင်နာ ဖွဖွ သုတ်မပေးမိအောင် ချာခနဲ လှည့်ထွက်လာခဲ့သည်။

နောက်ဆံတင်းသော်လည်း ခုအချိန်မှာ ရင်သွေးလေးက အဓိက ဖြစ်နေ၏ ။

“ဟော မောင်ဘုန်းသမ္ဘာ ဒီနေ့ အစောကြီး ပြန်လာပါလား။ လာထိုင်ကွာ”

ကားပေါ်က ဒရောသော ပါဆင်းကာ ဧည့်ခန်းထဲဝင်လာသော ဘုန်းသမ္ဘာကို ဦးသူရကျော် က ဆိုဖာခုံကို မေးငေါ့ပြ၍ ထိုင်ခိုင်းသည်။ ဦးသူရကျော်မှာ ရော ပြောစရာ အဆင်သင့်ရှိနေသည့် သဘောလား။

“ကျော် ကျော့်မှာ ကိုယ်ဝန်ရှိနေတယ်ဆို အန်ကယ်”

သူအလောတကြီးမေးတော့ ဦးသူရကျော် လေးတွဲ့ စွာ သက်ပြင်းရှိုက်ရင်း တစ်ဆက်တည်း ခေါင်းညိတ်ပြ၏ ။

“သမီးအမေပြောတာ မယုံလို့ အန်ကယ်ကိုယ်တိုင် မေးကြည့်တော့လည်း ဟုတ်တယ်တဲ့”

“အန်ကယ်တို့ အစကတည်းက ကြိုသိနေတာ မဟုတ်ဘူးပေါ့”

“သိခဲ့ရင် မင်းနဲ့ကွားရှင်းပေးဖို့ တိုက်တွန်းခဲ့ပါ့မလားကွာ၊ တကယ့်ကို သူ့အပြစ်က ကိုယ့် အပြစ် ဖြစ်အောင် ဒုက္ခပေးတဲ့ကလေးပါ။ သူ့အမေဆို စိတ်ထိခိုက်ပြီး အိပ်ယာထဲလဲလို့ နေ့လည်က ဆရာဝန်ခေါ်ပြီး ဆေးကုလိုက်ရတယ်”

“အခု ကျော် ဘယ်သွားလဲ အန်ကယ်”

“နိုင်ငံခြားထွက်ဖို့ကိစ္စ လုံးပန်းနေတယ်လေ။ ခုထိ အိမ်ပြန်မလာသေးဘူး။ ခုန ကတော့ ဖုန်းဆက်တယ်။ သူငယ်ချင်း တစ်ယောက် အိမ်မှာ အိပ်မယ်တဲ့”

“ဗျာ ကျော်က ဒီကိုယ်ဝန်ကြီးနဲ့ နိုင်ငံခြားထွက်မလို့တဲ့လား။ အန်ကယ်တို့ မတားဘူးလား ဟင်၊ ဟို ကျွန်တော့်  ကျော့်ဆီက ကွာရှင်းခွင့်မတောင်းတော့ပါဘူး။ ပုန်းညက်ဖြူနဲ့လည်း လက်မ ထပ်တော့ပါဘူး အန်ကယ်”

“မင်းရဲ့ ဆုံးဖြတ်မှု အတွက် အန်ကယ်လေးစားပါတယ်။ ဒါပေမယ့် သမီး ကတော့ သူ့ဆုံး ဖြတ်ချက်ကို ပြင်မှာ မဟုတ်တော့ဘူး”

“ဗျာ”

ဦးသူရကျော်က ကျွန်းစားပွဲအောက်က အံဆွဲကိုဖွင့်၍ စာချုပ်တစ်စောင် သူ့ရှေ့ချပေး၏ ။ လက်လှမ်းမယူလိုက်သော်လည်း ထိတ်ခနဲတော့ သိလိုက်သည်။

“မင်းပေးထားတဲ့ကွာရှင်းစာချုပ်မှာ သမီး လက်မှတ်ထိုးပြီးသွားပြီ မောင်ဘုန်းသမ္ဘာ သူတစ် ခုယူသွားတယ်။ မင်းအတွက် တစ်ခုထားခဲ့တယ်။ ဒီကြားထဲမှာ မင်းနဲ့ မျက်နှာချင်းမဆိုင်ချင်တော့ ဘူးတဲ့။ အားတော့နာပါတယ်ကွာ၊ သူနိုင်ငံခြားမသွားခင်မှာ ကုမ္ပဏီကိစ္စတွေ ပြတ်အောင် လုပ်ပေး လိုက်ပါလို့လည်း အန်ကယ့်ကို တောင်းဆိုထားတယ်”

ရတီကျော် ပြတ်သားလွန်းလှချည်လား။ သူ ဘာတွေ မှားခဲ့လို့လဲ။ သူ့ဘက်က ဘာတွေ စမှားခဲ့လို့လဲ”

သူမကို ဥပက္ခာပြုခဲ့တာတွေ ကြောင့် လား။ ပုန်းညက်ဖြူကို ချစ်ခဲ့တာကြောင့် လား။

ဒါတွေ က သူမရဲ့ ဂရုမစိုက်မှု တွေ နှင့် စရိုက်ဆိုးတွေ ၊ မယားဝတ္တရား မကျေပွန်ခဲ့တာတွေ ကြောင့် ထွက်ပေါက်ရှာမိခဲ့တာပါ။ သူအရင်စမှားခဲ့တာမှ မဟုတ်တာ။

“ကျော် ကျော်က အန်ကယ်တို့ကိုရော၊ ကျွန်တော့် ကိုရော အရွဲ့တိုက်နေတာ အန်ကယ်။ ကလေးကို နိုင်ငံခြားမှာ သွားမွေးပြီး သူဘာလုပ်မှာ လဲ။ ကွာရှင်းခွင့်လက်မှတ်ထိုးပေးပြီးမှ ကိုယ်ဝန်ရှိ နေတဲ့အကြောင်းပြောတာကရော ဘာသဘောလဲ။ ကျွန်တော် ကို့ကို တစ်သက်လုံး နောင်တရ အောင် ချိုးလိုက်တာ အန်ကယ်”

“ဘယ်တတ်နိုင်မှာ လဲ မောင်ဘုန်းသမ္ဘာရယ် ။ သူ့ကို ဘယ်သူမှ တရားပြနားချလို့လည်း မရဘူး။ သူလုပ်ချင်တာတွေ လုပ်လာပြီး မှားတယ်လို့လည်း မထင်ဘူး။ လောကမှာ မမှားဘူးတဲ့ သူ ဆိုတာ မရှိပါဘူး။ မှားမှန်းသိလို့ ပြင်တဲ့သူက အမှန်ကိုရောက်နိုင်တယ်။ ကိုယ်မမှားဘူးလို့ယုံကြည် နေတဲ့သူက ဘယ်တော့မှ အမှန်တရားဆိုတာ ရှိတော့မှာ မဟုတ်ဘူး”

“အဲလိုပုံစံမျိုးနဲ့ ကျွန်တော် တို့ လက်လျော့လိုက်ရမှာ လား အန်ကယ်၊ ကျွန်တော့် ကို နာ ကြည်းတယ်ဆိုပြီး ကလေးကို သူတစ်ခုခုလုပ်ပစ်လိုက်ရင်”

“ဟင့်အင်း အဲလိုတော့ လုပ်မှာ မဟုတ်ပါဘူး။ သူ့အမေက အဖေခေါ်စရာမရှိမှာ စိုးလို့ဆိုပြီး ကလေးကို ဖျက်ချခိုင်းတာတောင် အဲလိုမလုပ်နိုင်ဘူး။ ရအောင်မွေးမှာ တဲ့လေ”

“ကျော့်ကို ဘယ်လိုတွေးပြီး နားလည်ပေးရမှန်းမသိတော့ဘူး အန်ကယ်”

ညည်းညူမိရင်း ဆိုဖာခုံမှာ ကျောကပ်သွားကာ ဘုန်းသမ္ဘာအရုပ်ကြိုးပြတ် ခြေကုန်လက် ပန်းကျသွားသည်။

အရင်လိုပဲ သူများ ၀မ်းသာအောင် ကွာရှင်းမပေးနိုင်ဘူးလို့ အော်ဟစ်ပေါက်ကွဲလိုက်ပါတော့ လား။ သွေးသားမွေးချင်းမောင်နှမမရှိခဲ့သူမို့ ပျော်ရွှင်စရာကောင်းသည့် မိသားစုဘ၀လေးကို သူလို လိုချင်ချင်တောင့်တခဲ့ဖူးပါသည်။ အကြိမ်ကြိမ်လည်း ရတီကျော်ကို ကလေးယူဖို့ ပြောခဲ့ဖူး၏ ။

“အိမ်ထောင်ရက်သားကျလို့ မပြောင်းလဲရင် သားသမီးရလာရင် မိခင်စိတ်နဲ့ ပြောင်းလဲ လာ နိုင်ပါတယ်။ သမီးကို အဲဒီ ကိစ္စစည်းရုံးကြည့်ပါ မောင်ဘုန်းသမ္ဘာ။ အန်တီတို့လည်း သမီးကို ဖျောင်း ဖျနားချကြည့်ပါ့မယ်”

“ဟုတ်တယ် မောင်ဘုန်းသမ္ဘာ သားသမီးရလာရင်တော့ သမီး ဆက်မမှားနိုင်တော့ ပါဘူး။ အချိန်မှန် အိမ်ပြန်လာမယ်။ အိမ်မှာ အနေမြဲမယ်။ ပြီးတော့ မင်းအပေါ်လည်း ကလေးအဖေအ ဖြစ် နဲ့ လေးလေးစားစားလည်း ဆက်ဆံလာနိုင်တယ်။ ဦးသူရကျော်နှင့် ဒေါ်ခင်ချိုဆတ်လည်း ကလေး ယူဖို့ တိုက်တွန်းမှု တွေ ရှိခဲ့သလို လိုချင်တောင့်တရူးသွပ်ကြတာ သူအသိ၊ ထိုအချိန်တွေ ကတော့ ရတီကျော် ခါးခါးသီးသီး ငြင်းဆန်ဆန္ဒပြခဲ့ပြီးမှ……………..

“ကျွန်တော် ကျော်နဲ့ တွေ့ ပြီး ဆွေးနွေးကြည့်ပါရစေ အန်ကယ်၊ ကျွန်တော့်  ရင်သွေးကို လွယ်ပြီး သူ အဝေးထွက်သွားလို့ မ ဖြစ်ဘူး”

“ကွာရှင်းပြီးမှ ဘာတွေ ထပ်တောင်းဆိုလို့ရဦးမှာ လဲ မောင်ဘုန်းသမ္ဘာ ။ သူလျစ်လျူရှုလိုက် ပြီပဲ။ ပုန်းညက်ဖြူနဲ့သာ စိတ်ချမ်းသာသာ လက်ထပ်လိုက်ပါတော့။ ဒီကလေးကြောင့် ဆိုပြီး ထပ်ပြီး အနစ်မွန်းမခံပါနဲ့တော့ကွာ။ သမီးရဲ့ ဆိုးဝါးမှု တွေ အတွက် အန်ကယ်ကပဲ တောင်းပန်ပါတယ်။ အန်ကယ် ကတော့ မင်းလို လက်ရုံးတစ်ဆူပြုတ်သွားလို့ တကယ့်ကို စိတ်မကောင်းဘူး”

ဦးသူရကျော်လည်း ဒီစကားပြောဖို့လောက်ပဲ တတ်နိုင်တော့တာထင်၏ ။

သူ့မှာ လည်း ရှေ့ဆက်စရာ စကားမရှိတော့ပါ။ တိတ်ဆိတ်သွားသော ဧည့်ခန်းကျယ်ကြီးထဲ မှာ အချိန်နာရီနေ့ရက် နှစ် လတွေ ကို ၀ါးမျိုနေသည့် တိုင်ကပ်နာရီကြီးဆီက တချက်ချက် သတိပေး သံမှ လွဲ၍ ။

x x x

အခန်း (၅)

နှစ် နှစ် ဆယ်အလွန်။

မြန်မာပြည်ပြန်ရောက်တော့မှ ပဏ္ဏာပျိုဘ၀မှာ သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေ ရှားပါးလွန်းလှသည်။ နိုင်ငံခြားမှာ နေတုန်းကဆိုလျှင် ကျောင်းလာတက်သည့် ၊ လုပ်ငန်းလာလုပ် သည့် မြန်မာတွေ နှင့်တွေ့ လျှင် မြန်မာမဟုတ်လားဆိုပြီး ဇွတ်အတင်းရောနှောကာ မိတ်ဆွေဖွဲ့ ၊ တစ်ရင်းတနှီးဖြင့် သူမ ပျင်းစရာအချိန်မရှိသလောက်ပင်။

အခုတော့ မာမီက အိမ်ထဲက အိမ်ပြင်မထွက်ဘဲ တစ်ထီးတစ်နန်း။ အိမ်အကူဝန်ထမ်းတွေ ကလည်း သူမနှင့် ရွယ်တူဆိုတာမရှိ။

“ပျို့ကို မြန်မာပြည်ပြန်ရောက်ရင် ဒယ်ဒီနဲ့လည်း တွေ့ ပေးမယ်။နေရာအနှံ့လည်း လိုက်ပို့ မယ်ဆို မာမီရဲ့ ၊ မာမီက ဘာတစ်ခုမှလည်း မလုပ်ပေးသေးဘူး”

သူမချွဲနွဲ့ပူဆာတော့ စိမ်းညှို့နေသော မျက်ဝန်းများ နှင့် မျက်လွှာပင့်ကြည့်ကာ ……

“မသေမချင်း ဒီမှာ နေရတော့မှာ ၊ အချိန်တွေ ရှိပါသေးတယ်”

ဟု တိပြတ်အေးဆေးစွာ ပြောခဲ့၏ ။ ထို့နောက် မေးခွန်းမထုတ်ရဲတော့ဘဲ ပျင်းရိခြောက် သွေ့စွာ တပိန်ပိန်တလိမ်လိမ်နေခဲ့ရသည်။ ဘာကြောင့် သူမကို အပြင်ထွက်ခွင့်မပေးသေးတာလဲ။

“ပျိုပျို မမကြီးက ခေါ်နေပါတယ်။ ဧည့်ခန်းထဲကို လာခဲ့ပါတဲ့”

“သြော် အိုခေ”

မာမီခေါ်သည်ဆို၍ မကျင်မြရှေ့ကနေ ဧည့်ခန်းထဲ ပြေးဝင်လာခဲ့သည်။ မာမီက သူခေါ် လိုက်လျှင် သူ့ရှေ့ကို ရောက်နှင့် နေမှ ကြိုက်သည်။ ဘာကြောင့် ပါလို့ ဆင်ခြေပေးတာ မခန့်လေး စားလုပ်တာနှင့် အတူတူပဲတဲ့။

“ပျိုရောက်ပါပြီ မာမီ”

ရှေ့မှာ မားမားမတ်မတ်လက်ပိုက်ရပ်နေတာတောင် မော့မကြည့်တာမို့ အသံပေးလိုက် ရ သည်။ အခုမှ ပြောင်လက်တောက်ကြွနေသည့် ကျွန်းဆက်တီခုံကြီးကို မေးငေါ့ပြ၏ ။

“နေ့နေ့ညည ခြံထဲမှာ လမ်းသလားနေတာ ဘာ ဖြစ်လို့လဲ”

“ပျင်းလို့ပါ မာမီ”

ထိုင်ချမလို့ တိုးလိုးတန်းလန်းမှာ မေးလိုက်တာမို့ တိုပြတ်ပြတ်ပင် အဖြေပေးမိ၏ ။ သူမ ထိုင်ချပြီး မျက်လွှာပင့်အကြည့်မှာ မျက်မှော င်ကြုတ်သွားသည့် မာမီ့အလိုမကျမှု ကို အရင်ဆုံး တွေ့  ရသည်။

“ပျင်းလို့ဆိုတာ ဆင်ခြေပေးတာလား ပဏ္ဏာပျို၊ အိမ်ထဲမှာ ဖျော်ဖြေရေး ပစ္စည်းတွေ အပြည့်ရှိနေတာ။ ညည်းရဲ့ အားလပ်ချိန်တွေ အတွက် အသုံးမ၀င်ဘူးလား။ ဒါဆို ငါအကုန်လွှင့်ပစ် လိုက်တော့မယ်”

“မ မလုပ်ပါနဲ့ မာမီ၊အဲလိုမဟုတ်ပါဘူး။ ပျိုက မြန်မာပြည်ကို ရောက်လာကတည်းက ပျော် နေတာပါ။ ဟို ဒယ်ဒီ့ကို တွေ့ ရမယ်ဆိုပြီး မတွေ့ ရသေးလို့”

“အချိန်မတန်သေးဘူးလို့ ငါပြောနေတာပဲ။ အနှစ် နှစ် ဆယ်လောက် စောင့်လာခဲ့ပြီးမှ သည်း မခံနိုင်တော့ဘူးလား”

“မ မဟုတ်ပါဘူး ပျိုက”

“အနှစ် နှစ် အလလ ကွဲကွာနေလို့ ၀မ်းသာအားရတွေ့ ဆုံမှု မျိုးလည်း မဟုတ်ဘဲ ညည်း ဘာလို့ အလောတကြီး ဖြစ်နေတာလဲ ။ မြန်မာပြည်ကို ဘာကြောင့် ပြန်လာတယ်ဆိုတာ ညည်းသိ တယ်နော်”

“ဟုတ် ဟုတ်ကဲ့ သိပါတယ်။ သူများ မိသားစုနဲ့ ပျော်ရွှင်နေတဲ့ ဖေဖေ့ကို နောင်တရအောင် ၊ စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်ဖို့ပါ”

“လက်စားချေဖို့ လိုသေးတာလည်း ထည့်ပြောလေ။ ညည်းအဘိုးအဘွား ဖြစ်တဲ့ ငါ့မိဘတွေ စီးပွားပျက်အောင်၊ စိတ်ကျ ရောဂါ နဲ့ အချိန်မတန်ခင် သေအောင်လုပ်ခဲ့တာလည်း ညည်းအဖေပဲ”

မာမီ့အသံတွေ မာထန်တင်းပြတ်နေတာမို့ ပဏ္ဏာပျိုကိုယ်လေး တုန်ခါချွေးစို့နေသည်။ နိုင်ငံ ခြားမှာ ကတည်းက ဒယ်ဒီအကြာင်းပြောပြီး မာမီ ဒေါသ ဖြစ်ပေါက်ကွဲသည့်အချိန်တိုင်း ပဏ္ဏာပျို သွေးလန့်ကြောက်ရွံ့ခဲ့ရတာ ပါ။

“ညည်းအဖေနဲ့တွေ့ တဲ့အချိန်မှာ အပျော်တွေ မလိုဘူး။ နွေးထွေးမှု တွေ မလိုဘူး။ ဒါပေမယ့် ဟန်ဆောင်ပြုံးတတ်ရမယ်။ ဒါလည်း ညည်းကို အကုန်သင်ပေးထားပြီးသားပါ။ ညည်းအဖေက မေတ္တာစစ်နဲ့ မထိုက်တန်တဲ့ လူ တစ်ယောက် ပဲ”

“ဒယ်ဒီနေတဲ့နေရာကို စုံစမ်းပြီးပြီလား မာမီ”

“ဟိုမှာ ကတည်းက သိထားလို့ ဒီရပ်ကွက်မှာ နေဖို့ ရွေးချယ်လိုက်တာပေါ့”

“ဟင်”

“ဟုတ်တယ် ။ ဒီရပ်ကွက်ရဲ့ တစ်နေရာမှာ သူဌေးကြီး ဦးဘုန်းသမ္ဘာအ ဖြစ် နွေးထွေးတဲ့ မိသားစုဘ၀ကိုပါ ပိုင်ဆိုင်ထားတယ်။ သူ့မှာ မင်းဘဏ္ဍာဆိုတဲ့ သား တစ်ယောက် ရှိတယ်။ ဒါပေမယ့် သူ့သားအရင်းမဟုတ်ဘူး။ သူ့မိန်းမ ပုန်းညက်ဖြူ သားသမီးမရနိုင်တာကို လူသိမခံဘဲ တိတ်တိတ် လေး မွေးစားထားတာ”

“ဟို လူသိမခံဘူးဆို မာမီက ဘယ်လို”

မာမီရဲ့ စူးခနဲ အကြည့်ကြောင့် မေးခွန်းက အဆုံးမသတ်ဘဲ ဇတ်ကလေးပုဝင် မျက်လွှာ ချလိုက်ရ၏ ။

“မာမီကိုပြန်ပြီးမစပ်စုနဲ့ ပဏ္ဏာပျို၊ ငါပြောတာကိုပဲ နားထောင်၊ ငါခိုင်းတာပဲလုပ်၊ ငါစိတ်တိုင်း မကျရင် ညည်းကို နိုင်ငံခြားပြန်ပို့မယ်ဆိုတာကို မမေ့နဲ့”

“ဟုတ် ဟုတ်ကဲ့”

“အေး င့ါမိဘတွေ ဆုံးတုန်းကတောင် ငါပြန်မလာဘဲ အခုမှ ဘာကြောင့် ငါမြန်မာပြည်ပြန် လာတယ်ဆိုတာ ညည်းသိတယ်မဟုတ်လား။ င့ါမိဘတွေ ရဲ့ အသက်၊ ဆုံးရှုံးနစ်နာသွားရတဲ့ ပိုင်ဆိုင် မှု ၊ နောက်ပြီး ငါမရခဲ့တဲ့ အိမ်ထောင်တစ်ခုရဲ့ သာယာမှု ၊ ညည်းမရခဲ့တဲ့ ဖခင် တစ်ယောက် ရဲ့ မေတ္တာတရား”

“ဒယ်ဒီက နောက်မိသားစုနဲ့ ပစ္စည်းဥစ္စာတွေ ပြည့်စုံတယ်။ မိသားစုဘ၀ရဲ့ ပျော်ရွှင်မှု တွေ လည်းရနေတယ် မဟုတ်လား”

“အေး ဟုတ်တယ်။ ညည်းလို သမီးရင်း တစ်ယောက် ကို ငါ့ကို မုန်းတဲ့စိတ်နဲ့ ဥပေက္ခာပြုပြီး သွေးမတော် သားမစပ်တဲ့ မွေးစားသားကို ငုံထားမတတ် သည်းသည်းလှုပ်ချစ်နေတယ်လေ။ ဒါက မ ဖြစ်သင့်တဲ့ကိစ္စပဲ။မဟုတ်လား။ ညည်း ဘယ်လောက်တောင် ဖခင်မေတ္တာတရားငတ်ခဲ့လဲ။ တွေး တွေးပြီးတော့ နာကြည်းတတ်အောင် ကြိုးစားပါ”

“ဒေါ်ပုန်းညက်ဖြူက မာမီ့လက်ထဲကနေ ဒယ်ဒီကို လုယူသွားတာပေါ့နော်”

မာမီ နာနာကျင်ကျင်ပြုံးရင်း ခေါင်းယမ်းလိုက်ကာ …..

“ညည်းအဖေက လိုလိုချင်ချင် လက်ထပ်လိုက်တာပါ။ ပုန်းညက်ဖြူက ညည်းအဖေ စိတ်မပါဘဲ လုယူရဲလောက်အောင် အရှက်နည်းတဲ့မိန်းမတော့မဟုတ်ဘူး။ ဒါပေမယ့် အိမ်ထောင် ရေး ဖောက်ပြန်ချင်တဲ့လူ တစ်ယောက် ရဲ့ ပလီပလာသနားအောင်ပြောတဲ့စကားတွေ ကိုတော့ ရုန်း မထွက်နိုင်ခဲ့ဘူး။ မိန်းမမာယာသဲကိုးဖြာတဲ့ ခြံခုန်ချင်တဲ့ယောက်ျားတွေ ရဲ့ မာယာက အဲဒီ သဲကိုးဖြာ ကို တစ်ရာရာခိုင်နှုန်းအပြည့်နဲ့ ထပ်မြှော က်ရလိမ့်မယ်”

မာမီက မဲ့ရွဲ့ကာပြောရင်း အေးအေးစိမ့်စိမ့် ညင်းသွဲ့သွဲ့ရယ်၏ ။ ရယ်လည်းလှ၊ မဲ့လည်းလှ နေသော မာမီ့ကို ပဏ္ဏာပျို ငေးငေးလေး ကြည့်နေ ဖြစ်သည်။ စကားလုံးတိုင်းက ဒယ်ဒီအတွက် အမုန်းတရားတွေ ချည်း ဖြစ်နေသော်လည်း သိပ်တော့ မထူးဆန်းတော့ပါ။

ငယ်စဉ်ကတည်းက ပုံပြင်တစ်ပုဒ်လို ပြောပြေနေကျပဲလေ။

“ညည်းအဖေနဲ့တွေ့ ဖို့ စိတ်ပြင်ဆင်ပြီးပြီလား”

“ဟုတ်ကဲ့”

“ရည်ရွယ်တဲ့ တိုက်ဆိုင်မှု မျိုးနဲ့ မင်းဘဏ္ဍာကို အရင်ဆုံးဆုံစည်း ဖြစ်အောင် ကြိုးစားပါ။ အဲဒီ ကောင်လေးက သံစဉ်တွေ နဲ့ ဆွဲဆောင်ထားတဲ့ကော်ဖီရှိုးလေးတစ်ခု ဖွင့်ထားတယ်။ ဘုန်းသမ္ဘာနဲ့ အသွေးအသားရင်းနှီးမှု မရှိတော့ စရိုက်မတူဘူး။ ဘုန်းသမ္ဘာလို အတ်စ်စပို့၊ အင်ပို့ ကုမ္ပဏီလုပ်ငန်း ကြီးတွေ ကို ၀ါသနာမပါဘူးတဲ့လေ ဟင်းဟင်း”

မာမီက ဘာကိုသဘောကျပြီး ရယ်လိုက်မှန်းမသိပေမယ့် သူမရင်ထဲမှာ တော့ စူးစူးနင့်နင့် နာကျင်ခံစားနေရပါသည်။ ဒယ်ဒီ့အချစ်တွေ ရနေသော ဒေါ်ပုန်းညက်ဖြူနှင့် မင်းဘဏ္ဍာကို သူမ မကျေနပ်ပါ။

မာမီက ဒယ်ဒီလည်း အပြစ်မကင်းဟု စွပ်စွဲပေမယ့် ဒေါ်ပုန်းညက်ဖြူသာ သူများ မိသားစုကို မဖြိုခွဲခဲ့လျှင် သူမ အဖေမဲ့ မေတ္တာငတ်စွာ ကြီးပြင်းခဲ့ရမှာ မဟုတ်။ ထိုအမုန်းတရားတွေ နာကြည်းမှု တွေ ကြောင့် မာမီကလည်း သူမအပေါ် နူးညံ့နွေးထွေးမှု မပေးခဲ့ဘူး မဟုတ်လား။

အာဃာတတွေ နှင့် အမြဲတမ်း အေးစက်မာကျောပြီး လက်တုံ့ပြန်ပေးဖို့ တစ်ခုပဲ အားသွန် ခွန်စိုက် အားပေးနေခဲ့တာ။

“ညည်းအဖေမိသားစုကို လက်တုံ့ပြန်ချင်လို့ ညည်းကို ပိုးမွေးသလို မွေးခဲ့တာ”

ဟုတောင် ပြောခဲ့သေးတာ။ ထိုအာဃာတတွေ သာ မရှိခဲ့ဘူးဆိုလျှင် ရင်မှာ လွယ်ခဲ့ရသော သန္ဓေသားဘ၀မှာ တင် ဖျက်ချခဲ့မလား မသိ။

ဘာပဲ ဖြစ် ဖြစ် ဒီလိုရှင်သန်လာခဲ့ရသည့် ကျေးဇူးတရားတွေ ကြောင့် မာမီရဲ့ အမုန်းတရား သူမရဲ့ နာကြည်းမှု တွေ အတွက် ဒယ်ဒီ့မိသားစုဘ၀ ပျော်ရွှင်မှု ကို ဖျက်ဆီးသဂြိုဟ်ပစ်ရမည် ။

စစ်ဆင်ရေး ဗျူဟာ ဘယ်နေ့စရမလဲ။

ဒီနေ့လား၊ မနက်ဖြန်လား၊ နောက်တစ်နေ့လား။

x x x

အခန်း (၆)

သံစဉ်ကမ္ဘာကော်ဖီရှိုးလေးက နိုင်ငံခြားမှာ တောင် မမြင်တွေ့ ခဲ့ဘူးသော အဆင်တန်ဆာ ဒီဇိုင်းများ နှင့် ဖြစ်သည်။ သစ်ပင်ကြီးငယ်တွေ အုပ်အုပ်ဆိုင်းဆိုင်းအောက်မှာ နေ့ခင်းဘက်မှာ တောင် အမှော င်ထုရအောင် စွမ်းဆောင်ထားနိုင်၏ ။

စားပွဲဝိုင်းတစ်ခုစီတစ်ခုစီမှာ ဘွန်ဆိုင်းပင်လေးတွေ အကာအရံ ကွယ်ထားလျက် ရောင် စုံမီး လေးတွေ မှိတ်တုတ်မှိတ်တုတ်မှာ သံစဉ်လေးတွေ စီးမျောခံစားလို့ရအောင် ဖန်တီးထားသည်။

ပေါ့ပ်သီချင်းချိုချိုလေးတွေ ရဲ့ ညည်းညူသံကို ကြားရသော်လည်း ဘယ်ကဆိုနေမှန်းလည်း မသိပါ။

“အာ ဘာလဲဟ”

အနုပညာမြောက်စွာ လှပလျှို့ဝှက်လွန်းသော ဆိုင်လေးရဲ့ ပြင်ဆင်မှု ကို ခံစားနေမိပြီး အချိန်အတန်ကြာသည့်တိုင်အောင် သူမစားပွဲဝိုင်းလေးဆီ စားပွဲထိုး တစ်ယောက် မှ ရောက်မလာ တော့ အနည်းငယ်တော့ တင်းသွားမိ၏ ။

ကျန်တာအားလုံးကောင်းပြီး ဆက်ဆံရေး ညံ့ဖျင်းသည့်သဘောလား။

သူမ စိတ်မရှည်စွာ သစ်တုံးပြတ်ပုံစံ ထောင့်ချိုးမညီသည့် စားပွဲလေးကို တဗုန်းဗုန်းပုတ်ကာ အော်လိုက်တော့ ဟိုးခပ်လှမ်းလှမ်းရှိသော ကဗျာဆန်ဆန် တည်ဆောက်ထားသည့် သစ်လုံးအိမ် လေးထဲက သန့်သန့်ပြန့်ပြန့် လူငယ် တစ်ယောက် ပြေးထွက်လာသည်။

“ဒီကညီမ ဘာကိစ္စရှိလို့လဲ”

“ဘာကိစ္စရှိရမလဲ၊ ဒီမှာ ကော်ဖီသောက်ဖို့လာတာ၊ စားပွဲထိုး တစ်ယောက် မှ ရောက်မလာလို့ အော်တာပေါ့၊ နင်ကဘာလို့ ငါ့ကိုလာမေးနေတာလဲ”

“ဗျာ ညီမ အရေး အကြောင်းကိစ္စရှိလို့ စားပွဲခုံကို ပတ်လိုက်တာ မဟုတ်ဘူးလား၊ အဲဒီ စားပွဲ လေးကိုပုတ်ရင် ကျွန်တော် တို့ဆိုင်ထဲကို အရေး ပေါ်တီးလုံးမြည် တယ်လေ၊ အဲဒါကြောင့် ကျွန်တော် ထွက်လာတာပါ၊ ကျွန်တော် တို့ဆိုင်မှာ စားပွဲထိုး မရှိပါဘူးခင်ဗျာ”

“ဘာ စားပွဲထိုးမရှိရင် ဘာလို့ဆိုင်ဖွင့်နေသေးလဲ”

“ဗျာ အဲ”

ဝဏ္ဏဇော် ခေါင်းကုတ်ကာ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွား၏ ။ တစ်ခေါက်မှ ရောက်မလာ ဘူးသော ဧည့်သည်အသစ်ဆိုတာ သိသော်လည်း သူတို့ သံစဉ်ရှိုးကော်ဖီဆိုင်လေးရဲ့ အထာကို သိထားလို့ ရောက်လာတာလို့တော့ ထင်ထားမိသည်။

အခုက ဘာအထာမှမသိသော အလွတ်ကြီးမို့ သေချာရှင်းပြဖို့ လိုအပ်နေသည်ထင်၏ ။

“ဟို ဒီလိုပါညီမ၊ ဟိုးမှာ သစ်လုံးအိမ်လေးလို့ မြင်နေရတဲ့ မှန်ကောင်တာလေးမှာ နိုင်ငံတ ကာအကြိုက်၊ မြန်မာပြန်အကြိုက် ကိုယ်တိုင်ဖျော်သောက်လို့ရအောင် ကော်ဖီမျိုးစုံ စီစဉ်ထား ပါတယ်၊ ဟင်း ဟင်း ကော်ဖီဘူဖေးပေါ့ ခင်ဗျာ၊ အခု ဒီက ညီမထိုင်နေတဲ့ ထိုင်ခုံလေးတွေ မှာ လည်း လျှို့ဝှက်ချက်တွေ ရှိသေးတယ်၊ ကိုယ်ကြိုက်တဲ့သံစဉ်ကို ကိုယ်တိုင်ဖွင့်လို့ရတဲ့ နည်းဗျူဟာပေါ့”

“ဟင်”

သူမ အံ့ဩစိတ်နှင့် ပျာယိပျာယာပင် ထိုင်ခုံလက်တန်းလေးအောက်ကို ငုံ့ကြည့်မိ၏ ။ အနီ ရောင် ခလုတ်လေးတစ်ခုကို နှိပ်ကြည့်မိတော့ ပထမသံစဉ်ပျောက်သွားကာ နောက်သံစဉ်တစ်မျိုး ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။

သီချင်းသံမဟုတ်ဘဲ သံစဉ်တီးလုံးတွေ ရဲ့ ဆွဲဆောင်ဖြားယောင်းမှု က အိပ်မွေ့ချခံထားရ သည့် ခံစားမှု မျိုး၊

“နေ့ခင်းကြီးကို ညအ ဖြစ် အမှော င်ချထားတာကရော”

“ဒါက ကျွန်တော် တို့ဆိုင်ပိုင်ရှင် မင်းဘဏ္ဍာရဲ့ အိုင်ဒီယာပါပဲ၊ ဒီဆိုင်ထဲကို ဝင်လာလာချင်း ရေတံခွန်တွေ ၊ စိမ့်စမ်းရေတွေ ၊ ကျေးငှက်တွန်သံလေးတွေ ၊ ကြိုးတံတားလေးတွေ နဲ့ တောအုပ်လေး ထဲ ရောက်လာတဲ့ ခံစားမှု မျိုး ခံစားရတယ်မဟုတ်လား”

“အင်းလေ အဲဒီ ဖီး(လ်) ကို ခံစားချင်လို့ ရှင်တို့ဆိုင်ထဲကို ရောက်လာတာပဲ”

“အခုလို စိတ်ဝင်စားရောက်လာတာ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော် တို့လည်း အစက ဆိုင်စဖွင့်တော့ အောင်မြင်မယ်တောင် မထင်ဘူး၊ မင်းဘဏ္ဍာအိုင်ဒီယာက အရမ်းစိတ်ကူးယဉ်ဆန် နေသလားလို့လေ၊ တကယ်တော့ ထိုင်ခံတိုင်းမှာ လူရှိတာ ညီမမြင်တဲ့အတိုင်းပဲလေ၊ စားပွဲဝိုင်းတစ် ခုနဲ့တစ်ခုက လှမ်းတော့ ကိုယ့်သံစဉ်နဲ့ကိုယ် ငြိမ့်နေရတဲ့ အရသာကို လူကြီးလူငယ် သဘောကျနေ ကြတာ၊ ပင်ပန်းမှု တွေ ပြောပျောက်တဲ့ဆိုင်လေးဆိုပြီး အားပေးတဲ့သူ များ လာတဲ့သဘောပေါ့”

“ဟွန်း”

စကားကြောရှည်ကာ ရှင်းပြနေသော လူကို သူမ စိတ်မရှည်စွာ အတွင်းကျိတ် မျက်စောင်း ထိုးပစ်လိုက်၏ ။ ပိုက်ဆံပေးပြီး ကော်ဖီလာသောက်တာပဲ ကိုယ်တိုင်ဖျော်ရဦးမတဲ့။

အာကောင်းတာရှိလို့လဲ။

စိတ်အရင်းအတိုင်းပြောရလျှင် သူမ ကော်ဖီကို လုံးဝမကြိုက်ပါ။

အဆီပိုမရှိသော ခန္ဓာကိုယ်လေး ဖြစ်အောင် အဆီအစိမ့်အချိုဆိုလည်း မစားသောက်ဘဲ ထိန်းခဲ့သည်။

အသားငါးကို အချိန်အဆနှင့် စားတတ်အောင်လည်း တမင်တကာ အလေ့အကျင့်လုပ်ထား ပြီး အလှအပ ထိန်းခဲ့၏ ။ အခုတော့ ကော်ဖီ ဘယ်လိုဖျော်သောက်ရမှန်းမသိသော သူမအတွက် အခက်အခဲတွေ့ နေကာ…

“ဟို ရှင် ပျို့ကို တစ်ခုကူညီလို့ရမလား၊ ပျိုကလေ အခု နားထောင်ရတဲ့ သံစဉ်လေးကို အရမ်းခံစားလို့ကောင်းနေလို့ ကော်ဖီတစ်ခွက်လောက် ဖျော်ယူလာပေးပါလား”

“အာ အဲဒါတော့ မ ဖြစ်ဘူးထင်တယ်၊ ကျွန်တော် ဖျော်လာတာ ဒီကညီမမကြိုက်ရင် မင်း ဘဏ္ဍာက ကာစတန်မာ စိတ်ညစ်အောင်၊ ဖောက်သည်ပျက်အောင် လုပ်ရလားဆိုပြီး ကျွန်တော့် ကို စိတ်ဆိုးမှာ ပေါ့၊ သူငယ်ချင်းတွေ ဆိုပေမယ့် အားမနာတမ်း အလုပ်လည်းဖြုတ်ပစ်နိုင်တယ်”

“ကဲပါ ဘယ်လိုပဲ ဖြစ် ဖြစ် ရှင့်ကို စိတ်လည်း မဆိုးစေရဘူး၊ အလုပ်လည်း မဖြုတ်စေရဘူး၊ ပျို နေ့တိုင်း လာအားပေးမယ်လေ၊ မ ဖြစ်ဘူးလား”

“ဗျာ တကယ်”

ဝဏ္ဏဇော်မျက်နှာ ပြုံးဖြီးသွားကာ သေချာအောင်လည်း လက်ညှိုးလေးထောင်၍ ထပ်မေး၏ ။ ပဏ္ဏာပျို လွင့်လွင့်ပြုံးကာ ခေါင်းညိတ်ပြပြီး…

“အမြဲတမ်း ကော်ဖီဖျော်ပေးမယ်ဆိုရင်ပေါ့”

“ဗျာ အမြဲတမ်း၊ နေ နေဦးနော် အဲဒါဆိုရင်တော့ မင်းဘဏ္ဍာနဲ့ တိုင်ပင်လိုက်ပါဦးမယ်နော်၊ ကျွန်တော် တစ်ယောက် တည်းသဘောနဲ့ မ ဖြစ်လို့ပါ နော်”

ဝဏ္ဏဇော် အနည်းငယ်ကျွတ်ကျဲလျက် မင်းဘဏ္ဍာဆီ ပြန်ပြေးလာခဲ့သည်။

“အဲလောက် အကြာကြီး ဘာတွေ ငြိနေတာလဲ ဝဏ္ဏ၊ ငါတောင် ထလိုက်လာတော့မလို့”

“လိုက်လာခဲ့ပြီးရောကွာ၊ ငါတစ်ယေက်တည်း လေနေတာ”

“ဘာတဲ့လဲ”

“ကော်ဖီဖျော်ပေးပါတဲ့”

“ဟင် ဆိုင်ရဲ့ ထုံးစံကို မပြောခဲ့ဘူးလား”

“ပြောခဲ့တယ်၊ အဲလိုလုပ်ပေးရင် မင်စိတ်ဆိုးမှာ အလုပ်ထုတ်မှာ လို့လည်း ပြောတာပဲ၊ အဲဒါကို သူနေ့တိုင်းလာအားပေးရင် မ ဖြစ်ဘူးလားတဲ့၊ ဟို အမြဲတမ်းဖောက်သည် ဖြစ်သွားမှာ ပဲကွာ၊ တစ်ယောက် တလေ အဲလိုလုပ်ပေးလိုက် ရင် မကောင်းဘူးလား”

မင်းဘဏ္ဍာ ခေါင်းကို ဆတ်ခနဲခါကာ ထိုင်ခုံပေါ်က ခုန်ဆင်းလိုက်ပြီး ထူတန်းမည်းနက်နေ သည့် မျက်ခုံးလေးနှစ် ခု တွန့်ချိုးသွားကာ…

“သူ တစ်ယောက် တည်း လုပ်ပေးရတာ မခဲယဉ်းဘူး၊ တခြားလူတွေ ကပါ အဲလိုလုပ်ပေးပါဆို ရင် ငါတို့ အလုပ်ရှုပ်မသွားနိုင်ဘူးလား၊ နောက် မနိုင်နင်းတော့ရင် စားပွဲထိုးတွေ ဘာတွေ ခေါ်ရတာ့  မယ်၊ အဲလို ဖြစ်တာနဲ့ စားပွဲထိုးတွေ က ဟိုဟာဒီဟာ အော်ဟစ်မှတော့ လမ်းဘေးလက်ဖက်ရည် ဆိုင် ဖြစ်မသွားဘူးလား”

“ဟုတ်တော့ ဟုတ်ပါတယ်”

“ဟုတ်တယ်ဆိုရင် လိုအပ်သလောက် ဖြေရှင်းပြခဲ့လေ၊ ငါက ဒီအလုပ်ကို စီးပွား ဖြစ်လုပ်နေ တာ မဟုတ်ဘူးနော်၊ ဝါသနာနဲ့ လုပ်နေတာ၊ အဲဒီ မိန်းကလေး တစ်ယောက် ဖောက်သည်မရလည်း ငါ့အတွက် ဘာမှမ ဖြစ်ဘူး”

ဝဏ္ဏဇော် အခုမှ ဘေးကျပ်နံကျပ် ပိုပြီး စိတ်ရှုပ်သွားရ၏ ။ မင်းဘဏ္ဍာပြောသည့်အတိုင်း ဟို ကောင်မလေးကို တစ်ခေါက်ပြန်ပြောရဦးမှာ လား။

ပက်ပက်စက်စက်လှလွန်းသော ကောင်မလေးကို ပစ်ပစ်ခါခါ မပြောရက်ပါ။

“မင်းလဏ္ဍာ မင်းကဆိုင်ရှင်ပဲ၊ မင်းသွားပြောလိုက်ပါလားကွာ၊ မင်းက စကားပြောလည်း တတ်ပါတယ်၊ ပိုအဆင်ပြေတာပေါ့”

“အောင်မာ မြှော က်သလို ပင့်သလိုနဲ့ ငါ့ကိုလာပြီး ချောက်တွန်းနေတယ်၊ ဒီလိုကိစ္စတွေ မှ မဖြေရှင်းတတ်ရင် မင်းလိုကောင်ကို ငါက ဘာလို့ လစာပေးခိုင်းရမှာ လဲ၊ သွား သွား မင်းဘာသာ သွားပြော”

မင်းဘဏ္ဍာတွန်းလွှတ်နေသော်လည်း ဝဏ္ဏဇော် တွန့်ဆုတ်တွန့်ဆုတ်နှင့် ကြောက်ကန်ကန် ကာ ခြေလှမ်းမရွေ့ ဖြစ်နေသည်။

“သွားလေ၊ ဘာ ဖြစ်နေတာလဲ၊ ဖွန်ကြောင်ပြီး မပြောရက် ဖြစ်နေတာ မဟုတ်လား”

“ပြောရက်စရာလားလို့လည်း မင်းလှမ်းရှိုးကြည့်လိုက်စမ်းပါဦးကွာ၊ ကောင်မလေးက ရေ လည်လန်းတာ၊ ဂစ်တာရှိတ်ကိုယ်လေးနဲ့ ဝတ်စားထားတာလည်း အလန်ပဲနော်၊ မင်းက သံစဉ်တွေ နဲ့ ပျော်မွေ့ချင်တဲ့ကောင်ပဲ၊ သွားညှိကြည့်ပါလား”

“ဟိတ်ကောင် ငါ မင်းလို ဖွန်ကြောင်မဟုတ်ဘူး၊ အရူးမဟုတ်ဘူး၊ မင်းကိစ္စ မင်းရှင်း”

“သူငယ်ချင်းရာ လုပ်ပါကွာ၊ ဒီတစ်ခါ ငါ့ကို လစာဖြတ်ရင်ဖြတ်ပါ၊ ငါ တကယ်မပြောရက်လို့”

ဝဏ္ဏဇော် အကဲပိုလွန်းနေတာမို့ သူ့မျက်လုံးအစုံ ထိုကောင်မလေးဆီကို ဝေ့ခနဲရောက်သွား ၏ ။ ရင်ဘတ်တစ်နေရာမှာ သိမ့်ခနဲ သံစဉ်တွေ အနိမ့်အမြင့်မညီ လှိုင်းထန်သွားကာ…

x x x

အခန်း (၇)

“စကားပြောလို့ အဆင်ပြေအောင် နာမည် လေး ပြောပါလား”

“ပဏ္ဏာပျို”

“ပဏ္ဏာပျို”

ထပ်တူသံယောင်လိုက်ကာ ရေရွတ်မိရင်း ရင်မှာ သိမ့်ခနဲ လှုပ်ခါသွားရပြန်၏ ။ ထူးခြားလွန်း သော အလှမှာ အသားအရေက ဝင်းနှစ် စိုပြည်နေကာ ဆေးရောင် တင်မထားသော နှုတ်ခမ်းဖူးဖူး လေးက သဘာဝ အတိုင်း ရဲရဲစိုနေသည်။

ဆံနွယ်တွေ ကတော့ အနားကပ်မြင်ရမှ ခရမ်းရောင် သမ်းနေတာကို သေချာတွေ့ ရပြီး ပခုံး လေးအောက်မှာ နွဲ့နွဲ့ခါခါ။ ရေညှိစိမ်းရောင် ကိုယ်ကျပ်လက်ပြတ်လေးကို ဝတ်ထားပေမယ့် ကလက်လွန်းသည်၊ လျှပ်ပေါ်လော်လီလွန်းသည်ဟု မထင်ရက်အောင် သူမနှင့် လိုက်ဖက်နေကာ မျက်စိမလွှဲချင်အောင် ဖြစ်ရ၏ ။

မျက်တောင်ရှည်ကော့ကော့လေးများ ဝန်းရံခနေသော မျက်နက်ဝန်းက ဘာကိုမှ ဂရုမစိုက် ဟန် ရွှန်းစိုတောက်ပအသက်ဝင်နေသည်။ စုံတွဲ အများ စုသာ လာထိုင်တတ်သော သူ့ဆိုင်လေးကို တစ်ယောက် တည်း ထီမထီဟန် လာထိုင်ရဲတာကလည်း သူမရဲ့ ထူးခြားသည့်စတိုင်(လ်) တစ်မျိုး ဖြစ်မည် ။

“ကဲ ရှင့်နာမည် မေးပြီး ဘာမှလည်း မပြောပါလား၊ ခုန တစ်ယောက် ကို ကော်ဖီဖျော်ပြီး လာပို့ဖို့မှာ လိုက်တာ၊ ဘာ ဖြစ်လို့ လာမပေးသေးတာလဲ၊ ရှင်တို့ဆိုင်က ဆက်ဆံရေး ညံ့လှချည်လား”

“ဗျာ ဟို ဟို ဒီလိုပါခင်ဗျာ၊ ကျွန်တော် တို့ရဲ့ ဆိုင်ရဲ့ ကိုယ်တိုင်ဖျော်သောက်ရတဲ့ကော်ဖီ တစ်ခွက်က ပိုပြီး ဆွဲဆောင်မှု လည်းရှိ၊ ထူးခြားမှု လည်း ရှိပါတယ်ခင်ဗျာ၊ နိုင်ငံတကာ စိတ်ကြိုက် ကော်ဖီမျိုးစုံ ရပါတယ်”

“အဲဒါ ရှင့်တပည့်လား၊ သူငယ်ချင်းလား ဟို တစ်ယောက် ပြောပြီးသွားပြီလေ၊ ကာစတမ်မာ စိတ်တိုင်းကျဝန်ဆောင်မှု ပေးချင်တာဆိုရင် ပျို့အတွက် ကော်ဖီတစ်ခွက်သာ ပို့လိုက်ပါ”

“ဒီလိုလုပ်ပါလားဗျာ၊ ပဏ္ဏာပျိုကို ကော်ဖီခွက်ကြီးကိုင်ပြီး လာပို့မယ်ဆိုရင် တခြားလူတွေ က လည်း အဲလိုဝန်ဆောင်မှု တွေ နဲ့ ဖြည့်ဆည်းခိုင်းမှာ စိုးလို့ပါ၊ ကျွန်တော် တို့ဆိုင်မှာ စားပွဲထိုးလည်း မခေါ်ထားဘူး၊ တခြားဝန်ထမ်းတွေ လည်း မရှိလို့ပါ”

“ဘာလဲ ပျိုက စားပွဲထိုးဝင်လုပ်ပေးရဦးမှာ လား”

“မ မဟုတ်ပါဘူး၊ ပျို ပျိုကိုယ်တိုင်ဖျော်မသောက်ချင်ဘူးဆိုရင်လည်း ကောင်တာကို ခဏလောက်တော့ လိုက်လာခဲ့ပါ၊ ကျွန်တော် ဖျော်ပေးပါ့မယ်၊ ပျိုအကြိုက်သာ ပြောလေ”

“အင်း အဲဒါမဆိုးပါဘူး၊ အမှန်အတိုင်းပြောရရင် ပျို ကော်ဖီမသောက်တတ်ဘူး၊ ဒီဆိုင်လေး ကို သဘောကျလို့ လာထိုင်တာ၊ ဒီကနာမည် ”

“မင်းဘဏ္ဍာပါ”

သိနေပါလျက် မေးလိုက်မိသော်လည်း မပွင့်တပွင့်အဖြေနှင့် လွင့်ခနဲအပြုံးမှာ သူမ တဒင်္ဂ မှင်တက်ငေးမောမိသွားသည်။ ယောက်ျားအများ စုမှာ ရှားပါးသော နှုတ်ခမ်းရဲရဲလေးက ပိရိသေ သပ်မှု ရှိပြီး မေးဖျားအလယ်မှာ အချိုင့်လေး ဖြစ်နေခြင်းက သူ့ရဲ့ ဆွဲဆောင်မှု ဖြစ်ဟန်တူ၏ ။

အဝတ်အစားက ခေတ်ရေစီးကြောင်းအတိုင်း အော်(လ်)တာရှပ်တွေ ရှော့ပန်တွေ နဲ့ဆိုပေ မယ့် ဒီလူဝတ်မှ ပို၍ ကြည့်ကောင်းနေသလိုပင်။ မျက်ဝန်းများ က စူးရှရှနှင့် ညှို့ရီလို့။

“ရှင် ကော်ဖီကောင်းကောင်းဖျော်တတ်သလား မင်းဘဏ္ဍာ”

“ဩော် အင်း ကျွန်တော် သောက်တဲ့ပုံစံမျိုးဆိုရင်တော့ ဖျော်တတ်ပါတယ်၊ ကျွန်တော် ဒီဆိုင်လေးဖွင့်ဖို့ ဘယ်မှာ မှ သင်တန်းမတက်ခဲ့ဘူးဗျ၊ ကျွန်တော့် ရင်ထဲမှာ ဖီး(လ်) ရှိလို့ ထလုပ် လိုက်တာ၊ ပတ်ဝန်းကျင်အရှုပ်အရှင်းကင်းကင်းနဲ့ ငြိမ်ငြိမ်လေးနေရတာ ကိုလည်း ဝါသနာပါတယ် လေ၊ ဒီဆိုင်ကိုလာတဲ့သူတွေ ကလည်း ကျွန်တော် တို့လို လူတွေ များ မယ်ထင်တယ်”

“အင်း ရှင့်စိတ်ကူးလေး ကောင်းပါတယ်၊ ဟိုတယ်ကြီးတွေ ရဲ့ တိတ်ဆိတ်ခမ်းနားမှု မျိုးက တစ်မျိုးကောင်းသလို ရှင့်ဆိုင်လေးရဲ့ ဆွဲဆောင်မှု ကလည်း အနုပညာမြောက် ကဗျာဆန်လွန်းပါ တယ်၊ သွားမယ်လေ၊ ရှင်ဖျော်ပေးမယ့် ကော်ဖီကို ပျို အရသာခံသောက်ကြည့်ပေးမယ်”

“ဩော် ဟုတ်ကဲ့”

သူမတိုက်တွန်းမှ သတိရကာ ဆိုင်လေးဘက်သို့ ထွက်လာခဲ့သည်။ သူမက သူ့နောက်က နေ လှပသော ခြေလှမ်းများ ဖြင့် ကြွရွစွာ လိုက်ပါလာ၏ ။

ဝဏ္ဏဇော်က မျက်တောင်တဖျပ်ဖျပ်နှင့် ပြူးနေအောင်ကြည့်ကာ သူမအတွက် ကော်ဖီဖျော် ပေးနေသော သူ့အနားကပ်လာပြီး

“စကားကြီးစကားကျယ်ပြောသွားတဲ့ကောင် အခုတော့လည်း မင်းကိုယ်တိုင် ဖျော်ပေးနေရ ပြီ မဟုတ်လား”

“ကော်ဖီခွက်ကို သူကိုယ်တိုင် လိုက်ယူတယ်လေကွာ၊ ဒီလောက်ဝန်ဆောင်မှု လေးတော့ လုပ်ပေးရမှာ ပေါ့၊ ရုပ်ကလေးကို အားနာလို့ ဟင်း ဟင်း”

“ခွေးကောင်”

ဝဏ္ဏဇော်က သူ့ကို ပျစ်ပျစ်နှစ် နှစ် ဆဲပြီး သူမအနားကို ပြန်ရောက်သွား၏ ။

“ဒီကောင့်လက်ရာကို စွဲသွားရင် နေ့တိုင်းလာအားပေးနော် ပျို၊ ကျွန်တော် တောင် တခြား အလုပ်မရှာဘဲ ဒီကောင့်ဆိုင်မှာ သည်းခံလုပ်နေတာသာကြည့်၊ တစ်နေကုန် ကော်ဖီနံ့လေးကိုရှူပြီး တစ်ခါတစ်လေ ထမင်းတောင် မစား ဖြစ်ဘူး”

“ပျို ကတော့ ကော်ဖီထက် ထမင်းကိုပိုကြိုက်တယ်၊ နောက်တော့ မပြောတတ်ဘူး”

သူမရဲ့ အနှောင့်အသွားမလွတ်သော စကားကို မင်းဘဏ္ဍာ ဘယ်လိုသဘောပေါက်သွား သည်မသိ။ ကော်ဖီခွက်လေး သူမလက်ထဲ ကမ်းပေးလိုက် ပြီး…

“ကျွန်တော် တို့ဆိုင်က ကော်ဖီသောက်မိသွားရင် တခြားဘယ်လောက်ကောင်းတာတွေ ပဲ ဖြစ် ဖြစ် မက်မောချင်တော့မှာ မဟုတ်ပါဘူး၊ မဖိတ်ခေါ်ဘဲနဲ့တောင် ခဏခဏလာချင်စိတ် ပေါက် သွားမှာ ပါ၊ ဩော် ကျွန်တော့် လက်ရာ သောက်ကြည့်ပါဦး၊ ကော်ဖီနံ့ပြင်းပြင်းလေးနဲ့ ခါးခါးစိမ့်စိမ့် လေး၊ ကျွန်တော် ဖေးဘရိတ်လေ၊ ပျိုတော့ ကြိုက်ပါ့မလား မသိဘူး”

“ကော်ဖီမကြိုက်ပါဘူးဆိုမှ အနံ့နဲ့ဒုက္ခပေးနေတော့ နှစ် ခွက်လောက် ဆင့်သောက်မှ ဖြစ် တော့မယ် ထင်တယ်၊ ဒါကုန်ခါနီး ရင် နောက်တစ်ခွက်လောက် ဖျော်ထားပေးဦးနော်”

“ဗျာ”

သူမက ပြောပြီး ကြွကြွရွရွလေး လှမ်းထွက်လာခဲ့သည်။ နောက်ရက်တွေ အတွက်လည်း စရံ သတ်ခဲ့ပြီးပြီမို့ မင်းဘဏ္ဍာတို့သူငယ်ချင်းနှစ် ယောက် စိတ်ဝင်စားမှု ပေါင်းများ စွာ နှင့် ကျန်ရစ်ခဲ့ပေ လိမ့်မည် ။

သူမလိုချင်တာ ဒါပါပဲ။

တစ်ကြိမ်တစ်ခါတည်းနှင့် သူမကို မင်းဘဏ္ဍာ မှတ်မှတ်ရရ ရှိသွားစေချင်တာ။

နောက် တဖြည်းဖြည်း ရင်ထဲထိ တိုးခွေ့ဝင်သွားလို့ရအောင်။

x x x

အခန်း (၈)

”သားကော်ဖီဆိုင်လေးရော အခြေအနေတိုးတက်မှု ရှိရဲ့ လား သား”

“အိုကေပါတယ် ဖေဖေ၊ စိတ်သက်သာ လူသက်သာပြီး အကျိုးအမြတ် များများ ရပါတယ်၊ ဒီလကုန်ရင် ဝဏ္ဏဇော်ကိုတောင် လခတိုးပေးမယ် ပြောထားတယ်”

“တိုးပေးရမှာ ပေါ့ သား၊ ဝဏ္ဏဇော်က သားအတွက် အားကိုးရပါတယ်၊ ငွေရေး ကြေးရေး လည်း စိတ်ချရတယ်၊ ခုလို ဆန်းဒေးရက် အိမ်ပြန်လာရင်လည်း သူ တစ်ယောက် တည်း ဆိုင်မှာ လွှဲ ထားလို့ရတာ ပဲ”

“ဖြူ ကတော့ သား ဒီအလုပ်ကိုလုပ်နေတာ သိပ်သဘောမကျဘူး ကိုဘုန်း၊ ဆန်းဒေးတစ် ရက်ပဲ အိမ်ပြန်လာတော့ သားနဲ့ခွဲနေရတာ မဟုတ်လား၊ ရှိတာမှ သားအမိသားအဖသုံးယောက် ၊ ကိုဘုန်းကလည်း ဒီတစ်ရက်ကလွဲရင် ကုမ္ပဏီမှာ အချိန်ကုန်ပြီး ညမှ အိမ်ပြန်လာတယ် သားကဆို နေ့ရောညရောပဲ၊ ဖြူ တစ်ယောက် တည်း အရမ်းအထီးကျန်တယ်”

“ဩော် ဖြူရယ် လုပ်ငန်းတွေ လုပ်နေကြတာလေကွာ၊ ရေခြားမြေခြားလည်း မဟုတ်ပါဘူး၊ ကိုယ့်ကုမ္ပဏီကို လိုက်လာလာ၊ သားဆိုင်ကိုပဲ သွားနေနေ၊ ရနေတာပဲဥစ္စာ၊ အဲဒါကျလည်း အိမ် အလုပ်တွေ နဲ့ မအားလပ်ပါဘူးလို့ အကြောင်းပြဦးမလို့မဟုတ်လား၊ သားအတွက် မိချို ထမင်းသွား ပို့တဲ့အခါ တစ်ခါတစ်ရံ လိုက်သွားပေါ့ကွာ”

“ဟွန်း ပြောတတ်ပါ့”

ဒေါ်ပုန်းညက်ဖြူဆီက လှလှပပလွင့်ဝဲတတ်လာသော မျက်စောင်းလေးကို ဦးဘုန်းသမ္ဘာ မြတ်မြတ်နိုးနိုးကြည့်ကာ ကျေနပ်နေသည်။ အသက်အရွယ်တွေ လေးဆယ်ကျော်ငါးဆယ်အတွင်း ရောက်လာကြသော်လည်း ငယ်မူငယ်သွေးတွေ မပျောက်ကြသေးသလို အချစ်တွေ လည်း ရုတ် လျော့မသွားကြသေးပါ။

ကိုယ်တောင်းတလိုအပ်နေသော နွေးထွေးသည့် မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့ရသည်မို့ လည်း ဘဝရဲ့ အပျော်ဆုံးအချိန်တွေ ဖြတ်သန်းခဲ့ရသည်။ အတိတ်ကို မေ့လျော့ထားနိုင်ခဲ့တာ လည်း သားလေးတစ်သက်ပင် ရှိပြီမဟုတ်လား။

ဖြူရဲ့ နားလည်မြတ်နိုးမှု တွေ ကြောင့်လည်း သူ့ဘဝ ပြောင်းလဲခဲ့ရတာ ။ ဒါကြောင့် မိသားစု လေးက သူ့ဘဝအတွက် အရေး ကြီးဆုံး တန်ဖိုးအရှိဆုံးပင်။

“ကဲ ဒီနေ့ ကိုယ်တို့သားအဖသုံးယောက် ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပြီးပြီဆိုတော့ ဘုရားတွေ သွားဖို့ လျှောက်လည်ဖို့ပဲ ရှိတော့တာပေါ့၊ တစ်ပတ်တစ်ခါ ဒီနေ့ဒီရက်လေးမှာ မိသားစု တစ်နေကုန် အတူတူပျော်ရတာ ပဲ၊ ဖြူက ကျန်တဲ့ရက်တွေ အတွက် စိတ်မကောင်းမ ဖြစ်နဲ့ ဟုတ်ပြီ လား”

“ကိုဘုန်းသားကိုလည်း ပြောထားနော်၊ ဘာအကြောင်းရှိရှိ၊ ဘယ်လောက်အလုပ်များများ ၊ ဒီလိုနေ့တစ်ရက်ကိုတော့ အိမ်ကိုရောက်အောင် ပြန်လာလို့၊ ဟိုတစ်ပတ်ကတောင် ဝဏ္ဏတစ် ယောက် တည်းမို့ ပြန်ပါမယ် လုပ်နေတာ”

“အဲလိုတော့ မလုပ်နဲ့လေ သားရဲ့ ၊ ဝဏ္ဏကိုလည်း နားလည်အောင် ပြောပြီးသားပဲဥစ္စာ၊ သန့်ရှင်းရေး လုပ်တဲ့ ကိုသော င်းနဲ့အတူတူ အိပ်လို့ရတာ ပဲ၊ ဒီတစ်ရက်လေးကိုတော့ ဖေဖေတို့မိသား စုလေးအတွက် ရိုးရာမပျက်စေနဲ့ကွာ၊ ဖေဖေဆို ဒီနေ့လေးကို မြန်မြန်ရောက်ပါစေလို့ မျှော်နေရ တာ”

“သားလည်း အဲလိုပါပဲ ဖေဖေ၊ ဒါပေမဲ့ ကော်ဖီဆိုင်လေးက အရင်ကထက် ပိုအောင်မြင် လာပြီး ဆန်းဒေးတစ်ရက်က လူပိုကျတယ်၊ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်တော့ အတွဲ တွေ တော် တော် များ တာ ဖေဖေရ၊ သားတောင် အားကျတယ်”

“ဘာကွ”

“သားနော်”

မိဘနှ်ပါးရဲ့ သံပြိုင်ဟန့်တားသံကြောင့် မင်းဘဏ္ဍာ ပြုံးဖြဲဖြဲ ဖြစ်သွားရ၏ ။ ကော်ဖီခွက်ကို တစ်ငုံခန့်ငုံပြီး ပြန်ချလိုက်ကာ….

“ဘာမှမဟုတ်ပါဘူး၊ သားက ဖေဖေနဲ့မမေ့ကို အလကားစတာ၊ ချစ်လို့”

“အပြောင်အပျက်ပဲ ဖြစ် ဖြစ်၊ အတည်ပဲ ဖြစ် ဖြစ် သားမှာ ချစ်သူရည်းစားရှိပြီဆိုရင်တော့ ဖေဖေတို့ကို အရင်ဆုံးကြိုပြောပါသား၊ ဖေဖေတို့ လေ့လာမယ်၊ စုံစမ်းမယ်၊ သင့်တော် တယ်ဆိုမှ ဖေဖေတို့ လက်ထပ်ပေးနိုင်မယ် သား၊ ဖေဖေက ခံမှန်ဖူးတဲ့စာသူငယ်ပါ၊ သားကို ဖေဖေ့လို အ ဖြစ်မ ခံနိုင်ဘူး”

“ဟုတ်တယ် သားလေး၊ အိမ်ထောင်တစ်ခုကို ဘယ်တော့မှ ပေါ့ပေါ့လွယ်လွယ်မတွေးနဲ့၊ တစ်သက်လုံး ပေါင်းသင်းရမယ့်သူ ဖြစ်လို့ လူရွေးမှားလို့လည်း မ ဖြစ်ဘူး၊ ဆင်းရဲချမ်းသာတာထက် အကျင့်စာရိတ္တကောင်းဖို့ မိန်းမပီသဖို့ အရေး ကြီးတယ်”

“ဖေဖေနဲ့မေမေကလည်း သားမှာ တကယ်မရှိသေးပါဘူး၊ ရှိလာခဲ့ရင်လည်း ဖေဖေမေမေ တို့လိုချင်တဲ့ အရည်အချင်းတွေ နဲ့ ပြည့်စုံမှ သားကရွေးချယ်မှာ ပါ၊ ဟို အဲလိုအရည်အချင်းတွေ နဲ့ ပြည့်စုံပြီး သားမချစ်ရင်လည်း လက်ထပ်မှာ မဟုတ်ဘူးနော်၊ မိဘချင်းသဘောတူတာတွေ ဘာတွေ နဲ့လည်း ရှေးရိုးဆန်ဆန် သားကိုမချုပ်ကိုင်နဲ့”

သူ့ရဲ့ အပြောကို သဘောကျကာ ဖေဖေက သူ့ပခုံးကို ဆုပ်ဖက်၍ ပြံးရယ်လိုက်ပြီး…

“အဲလိုကိစ္စမျိုး ဖေဖေတို့ဘက်က မရှိစေရပါဘူး၊ မချုပ်ကိုင်ဘူးဆိုတာ စိတ်ချပါသား ရယ်၊ဒါပေမဲ့ သားချစ်လို့ ရွေးချယ်လိုက်တဲ့ မိန်းကလေးကို ဖေဖေတို့ လက်မခံနိုင်ဘူးဆိုရင်တော့ ငြင်းဆန်ခြင်း၊ ပယ်ချခြင်းကိစ္စတွေ တော့ အာမမခံနိုင်ဘူးနော် သား၊ ဖေဖေ ကြိုပြောထားတာပါ၊ သားကို ဖေဖေ အရမ်းတန်ဖိုးထားလို့”

“သား နားလည်ပါတယ် ဖေဖေ၊ သားလည်း ခေတ်လူငယ် တစ်ယောက် ပဲ၊ ဘယ်လိုမိန်း ကလေးကို ချစ်သူတော် ရမယ်၊ ရွေးချယ်ရမယ်ဆိုတာ သေဘာပေါက်ပြီးသားပါ၊ ကဲ သားတို့ စကား ကောင်းနေကြတာ သွားကြမယ်လေ၊ ဘုရားကပြန်ရင် ဟော့ရှော (3) ကြည့်ဖို့ သား ရုပ်ရှင်လက် မှတ်ဝယ်ထားတယ် အိုကေနော် ဖေဖေ”

“အိုကေပါသားရယ်၊ အိုကေပါ၊ သားသဘော သားဆန္ဒအတိုင်း ဖေဖေတို့က နောက်ကပါပြီးသား၊ ဟုတ်တယ်နော် ဖြူ”

“ဟုတ်ပါပြီရှင်၊ ဒီအဖေနဲ့ ဒီသား လိုက်လည်းလိုက်ပါ့”

အရယ်အပြုံးများ နဲ့ ကားတစ်စီးအပေါ် အတူတူတက်လိုက်ကြသည်။ ဒီတစ်ပတ်က သူကား မောင်းရမည့် အလှည့်။

နောက်တစ်ပတ်က ဖေဖေ၊ ဟိုးနောက်တစ်ပတ်က မေမေ။ ထိုသို့ တစ်ပတ်တစ်ခါ အလှည့် ကျကားမောင်းပြီး လည်ရတာ ပင် သူတို့မိသားစုလေးအတွက် ပျော်စရာပင်။

သွားချင်ရာတွေ လျှောက်သွား၊ စားချင်တာတွေ စားဖြင့် တခြားမိသားစုတွေ မရနိုင်သော နွေးထွေးမှု မျိုးကို ပိုင်ဆိုင်ထားကြတာ၊ ဒီနေ့ဒီရက်လေးကို တန်ဖိုးလည်း ထားကြသည်။ သူက ကလေးဘဝကတည်းက ဖေဖေနှင့် မေမေက အလေ့အကျင့်လုပ်ပေးထားခဲ့သည်တဲ့။

ဘယ်လောက်များ နွေးထွေးမှု တွေ ဖြင့် ပျော်စရာကောင်းလိုက်သလဲ။ ဖေဖေကလည်း ကုမ္ပဏီအလုပ်တွေ ကို မေ့ထားသည်။

မေမေကလည်း အိမ်အလုပ်တွေ ကို မေ့ထားသည်။

သူလည်း သူ့ရဲ့ ကော်ဖီဆိုင်ကို မေ့ထားသည်။

ဟင့်အင်း တစ်ချက်တစ်ချက် တစ်ယောက် ယောက် ကို သတိရသလိုလို။

x x x



ဝန်ဇင်းချစ်သူများ လုံမ ၏ “ အနမ်းများနှင့် ရှေ့ ဆက်ခွင့်ပြုပါ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နှောင်ဖွဲ့မီး

အခမဲ့ ရင်ပြင်

အချစ်ညွတ်ကွင်း