Cover

အခန်း(၁)

လုံမ

အကြင်နာလက်တစ်ကမ်း

အခန်း(၁)

“ရည်းစားတစ်ထောင် လင်ကောင် တစ်ယောက် တဲ့၊ ရည်းစားတွေ အများ ကြီးထားကြည့်မှ ဘယ်ယောက်ျားက ကောင်းတယ်၊ ဘယ်ယောက်ျားက မကောင်းဘူးဆိုတာ သိရမှာ ။ သိပြီဆိုရင် တော့ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို ခေါင်းခေါက်ပြီးရွေးပေတော့၊ နရီက ဥစ္စာပေါ ရုပ်ချော၊ အဆင့်အတန်းဆိုလည်း ပြောစရာမလိုဘူး။ အခုလည်း နာရီ့အနားမှာ ၀ပ်ဆင်းခယချင်နေတဲ့ ယောက်ျားတွေ အများ ကြီး မဟုတ်လား။ တစ်ယောက် ပြီး တစ်ယောက် ပြောင်းနေတာ အခုထိ စိတ်ကြိုက်မတွေ့ သေးဘူးလား နရီ”

မြှောက်ပင့်တာရော ရှင်းပြတာရော မေးခွန်းတွေ ရောစုံလင်စွာ ဖြင့် အဆုံးသတ်သွားချိန်မှာ ပန်းနရီ ခပ်မဲ့မဲ့လေးပြုံး၍ ဒေါ်ခင်နွဲ့တင်ကို မျက်လုံးလှန်ကြည့်သည်။

နေချင်သလိုနေခိုင်းတာဟာ သမီးရင်းသွေးသားရင်း မဟုတ်လို့လား၊ သမီးရင်း မြတ် သော် တာကိုတော့ ဘာကြောင့် ဗိုင်းကောင်းကျောက်ဖိထားရတာ လဲ။

မြတ်သော်တာက ပန်းနရီထက် တစ်နှစ် သာငယ်ပီး ကိုကိုပလ္လင်ဦး ကတော့ သူမထက် သုံးနှစ်ကြီးလေသည်။ ကိုကို ပလ္လင်ဦးဆိုလည်း ပညာစုံလို့ နိုင်ငံခြားမှာ ဘွဲ့လွန်သွားတက်သည်။

သုံးနှစ်တာကာလအတွင်းမှာ ကိုကိုက လုပ်ငန်းတွေ နှင့် ပတ်သက်လျှင်လည်း တော် တော် လေ့လာသင်ယူပြီးပြီဆို၏ ။ ကိုကိုသွားခါစကဆို သူမနှင့် ဆုန်းအဆက်အသွယ်မပြတ်၊

အီးမေးလ်ပို့။ အင်တာနက်နှင့် စကားပြော၊ ဒါဟာ အလွမ်းပြေနေ့တစ်ဓူဝကိစ္စ။

“သားပလ္လင်က ပညာရေး ကတစ်ဖက်၊ လုပ်ငန်းပိုင်းကို သင်တန်းတွေ တက်ပြီး လေ့လာ ရတာ တစ်ဖက်နဲ့ နရီကို အချိန်ပေးနေရတာ အရမ်းပင်ပန်းတယ်ကွယ်၊ နရီလေးက အလိုက်သိမှ ကိုကိုလည်း စိတ်သက်သာမှာ ပေါ့၊ နရီ့ဘက်ကစပြီး နည်းနည်း ချင်း အဆက်အသွယ် ဖြတ်ပေး နော် အဲဒါမှ ကိုကို စိတ်ဖြောင့်ဖြောင့်ပညာသင်နိုင်မှာ ပေါ့”

ပြောတာက ပညာသားပါပါ သံယောဇဉ်တွေ ကို ဖြတ်တောက်ခိုင်းလိုက်ခြင်းပင်။ ဒီကိစ္စ ဒလို ရှိသည်ဆိုတာ အစ ကတော့ နားမလည်ပါ။

မိမရှိ၊ ဖမရှိအတွယ်အတာကင်းသည့်ဘ၀မှာ ဦးလှိုင်မြင့်နှင့် ဒေါ်ခင်နွဲ့တင်တို့မိသားစုက ခိုကိုးရာ သံယောဇဉ်ရပ်ဝန်းတစ်ခု။

“လင်းထွဋ်ဆိုတဲ့ကောင်လေးက ရတနာဆိုင်ပိုင်ရှင်သားဆို၊ ပညာတတ်၊ အဆင့်အတန်း ရှိတဲ့ အသိုက်အ၀န်းကမို့ သူ့ကိုတော့ လက်မလွှတ်သင့်ဘူး။ အခု သူနဲ့တွဲ နေတုန်းမဟုတ်လား နရီ”

“ဟင်”

အတွေးနှင့် လွင့်ပါးနေဆဲ ဒေါ်ခင်နွဲ့တင်ရဲ့ နောက်ထပ်မေးခွန်းကြောင့် ဟင်းခနဲ အသိ ၀င်လာရ၏ ။

“သူ ကတော့ တော် တော် ဇွဲရှိတယ် ပြောရမယ်။ မတွဲ ချင်တော့ဘူးလို့ နာကျင်အာင် ပြောလည်း နောက်မဆုတ်ဘူး”

“အဲဒါ နည်းတဲ့ကုသိုလ်လား ခုခေတ်မှာ ယောက်ျားလေး တစ်ယောက် စွဲစွဲလမ်းလမ်း တွယ်ကပ်နေတယ်ဆိုတာ မရှိသလောက် ရှားသွားပြီ။ သူတို့အတွက် မိန်းမပေါတယ်လေ”

“အဲဒါ အချစ်မှ မဟုတ်ဘဲ မေမေတင်၊ မိန်းကလေးတွေ ကို အာသာဆန္ဒ ဖြေဖျောက်ရုံ လောက်သဘောထားတဲ့ ယောက်ျးတွေ ကို နရီမုန်းတယ်”

ဘယ်လိုလူမျိုးကို မုန်းတယ်၊ ဘယ်သူ့ကိုချစ်တယ်ဆိုတာတော့ နရီထည့်ပြောလို့ မ ဖြစ်ပေ။

ရင်ထဲမှာ ဆန္ဒတွေ ရှိနေတာက သပ်သပ်၊ မ ဖြစ်ချင်တာတွေ ကို လုပ်နေရတာ က သပ်သပ်။

“ပန်းနရီကို သမီးရင်း တစ်ယောက် လို ချစ်ပေးနိုင်တယ်၊ ချွေးမ တစ်ယောက် အ ဖြစ်တော့ မေမေ မသတ်မှတ်နိုင်ဘူး သား၊ သူ့မိဘတွေ က သားဖေဖေအသက်ကို ကယ်ခဲ့လို့ သားဖေဖေရဲ့ အသက်သခင် ကျေးဇူးရှင်ဆိုပေမယ့် မေမေတို့ဘက်က ပေးဆပ်ခဲ့ရတာ တွေ လည်း မနည်းပါဘူး။ ပန်းနရီ ငါးနှစ် သမီးအရွယ်ကတည်းက စောင့်ရှောက်လာခဲ့ရတာ ဘယ်လောက်များ ၊ ပန်းပန်လိုက် သလဲ။ သားခမြာ ညီမအရင်းကို ဂရုမစိုက်နိုင်ဘဲ ပန်းနရီကိုပဲ ထိန်းကျောင်းချော့မြူသည်းခံခဲ့ရ တယ်။ သူ့အပေါ် ဖေးမကြင်နာတာမျိုးတွေ မလုပ်ပါနဲ့။ သား မဆင်ခြင်နိုင်ရင်တော့ ပန်းနရီနဲ့ ဝေးတဲ့ နေရာကို အပြီးထွက်သွားကြဖို့ပဲရှိတယ်”

ဒီစကားတွေ နားနှင့် ဆက်ဆက်ကြားပြီးနောက်ပိုင်း ကိုကို့ကို မျက်နှာချင်းမဆိုင်ရဲတော့ လောက်အောင် ပန်းနရီ အခက်တွေ့ သွားခဲ့ရသည်။

ကိုကို့ကို အမြဲချွဲနွဲ့နေကျ ခံစားရသမျှတွေ တိုင်ပင်နေကျ ဘယ်သွားသွား ကိုကို့လက် မောင်းကို တွဲ ခိုပြီး သွားနေကျပါ။ အရွယ်ရောက်မှ ဘာကြောင့် စည်းခြားသွားရတာ လဲ။

ဒေါ်ခင်နွဲ့တင်က ကိုကိုရှေ့ဆို ပေါ်ပေါ်တင်တင် မဟုတ်ပေမယ့် ကွယ်ရာမှာ ဆိုလျှင် တော့

‘ဒီလို အနေအထိုင်တွေ မသင့်တော့ဘူး နရီ၊ သမီးကို သမီးအရင်းလိုချစ်လို့ မေမေတင် သတိပေးတာပါ။ ပတ်ဝန်းကျင်က ဘာမှ မတော် စပ်ဘူးဆိုတာ သိထားတဲ့အတွက် နရီလေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်၊ သွေးမတော် သားမစပ် တစ်အိမ်တည်းနေရတာ ကိုက ပတ်ဝန်း ကျင်က အထင်သေး၊ မေးငေါ့နေချင်ကြတာ၊ တစ်သက်လုံး အစ်ကိုရင်း တစ်ယောက် လိုပဲ သဘော ထားစေချင်တယ်”

ပစ်ပစ်ခါခါကြီး မဟုတ်သော်လည်း တိတိကျကျကြီးပင် သတိပေးခဲ့သည်။ ၀မ်းနည်းလို့ မျက်ရည်ကျပြီး ခိုဝင်စရာ ရင်ခွင်ကို ခဏပင် မတောင့်တရဲတော့ပါ။

ထို့နောက်ပိုင်း စိတ်ထင်သလို ပျော်ရာမှာ ပဲ နေခဲ့သည်။ ကိုကိုမဟုတ်သော ၊ တခြားသူတွေ နှင့် သွားချင်ရာသွား၊ လာချင်ရာလာကာ အိမ်ပင်မကပ်တော့။

ကိုကိုက တမင်တကာ ရှောင်တိမ်းနေမှန်းသိတော့

“ညီမလေး ဘာတွေ ဖြစ်နေတာလဲ ဘယ်တွေ သွားပြီး ဘာတွေ လုပ်နေတာလဲ ကိုကို ကျောင်း လည်းလိုက်ပို့မခိုင်းတော့ဘူး တင်းနစ်ကစားဖို့လည်း မခေါ်တော့ဘူး။ ထမင်းစားချိန် တောင် ကိုကိုရှိနေရင် ၀င်မစားတော့တာဘာ ဖြစ်လို့လဲ ကိုကို့ကို ဘာတွေ စိတ်ကောက်နေတာလဲ စိတ်ဆိုးစရာရှိနေလား။ ကိုကို့ကို ပွင့်ပွင့်လင်းလင်း ပြောပါ ညီမလေးရယ် ငယ်ငယ်ကတည်းက သူစိမ်းဆန်ရင် ကိုကို မနေတတ်တာ သိရဲ့ သားနဲ့”

အကြင်နာကြီးသည့် ကိုကိုစကားတွေ ကို သိမ်မွေ့စွာ မချေပနိုင်ခဲ့တာ ၀မ်းနည်းစရာ ကောင်းလှပါသည်။ မေမေတို့နှင့် အဆက်ဆံမပျက်အောင် သိုသိပ်စွာ ရေငုံနှုတ်ပိတ်နေနေမိတာ ကိုကို မသိစေချင်။

ဒီအိမ်မှာ ဖေဖေထွန်းနှင့် ကိုကိုကလွဲလျှင် သူမအပေါ် ဂရုစိုက်တန်ဖိုးထားမည့် သူမ ရှိ။

ဒါတွေ ဟာ တကယ်တော့ သူမရဲ့ ကံကြမ္မာနဲ့ပဲဆိုင်တာမို့….

•••

အခန်း(၁၀)

အခန်း (၁၀)

“ဘာ ပန်းနရီက အဲလိုပဲပြောသလား”

“ဟုတ်တယ် လက်ထပ်တာတော့ အရင်မလိုချင်သေးဘူး အကျဉ်းရုံးစေ့စပ်ရုံလောက်ဆို သူ ကျေနပ်တယ်တဲ့”

“ဟာ မဟုတ်သေးဘူး မဟုတ်သေးပါဘူး စေ့စပ်တယ်ဆိုတာလည်းလက်ထပ်ဖို့အတွက် ဘောင်ဝင်နေပြီပဲ ရည်းစားထားသလို အပျော်လုပ်လို့မှ မရတာ ”

“အဲဒါ သားတွေးပူရမယ့်ကိစ္စမဟုတ်ပါဘူး။ ပန်းနရီရဲ့ ကိုယ်ရေး ကိုယ်တာဆိုတော့ သူ့ဘ၀ အတွက် သူ့ဘာသာ ဆုံးဖြတ်ပါလိမ့်မယ်။ အခုလည်း သားကို တိုင်ပင်နေတာ မဟုတ်ဘူး မိသားစု အကုန်လုံးကို အသိပေးတဲ့သဘောပဲ”

ဒီစကားတွေ သူနားမထောင်ချင်၊ အားခနဲ အော်ကာ ၀ုန်းခဲ ခုန်ထွက်ပြေးလိုက်ချင်သည်။။

ပန်းနရီ ဘာသဘောနှင့် ဘာတွေ လျှောက်လုပ်နေတာလဲ။

“သူ့မှာ ဒီလိုဆန္ဒရှိနေရင် ကိုယ်တို့ အကောင်းဆုံး လုပ်ပေးရမှာ ပေါ့ တင်တင်ရယ် သူ အိမ်ထောင်ရက်သားကျမှ ကိုယ်တော့ တာဝန်ကျေတယ်လို့ အောက်မေ့တယ်”

“ဖေဖေတို့က လွန်ကိုလွန်ပါတယ် သူ့အဖေက အသက်ကယ်ပေးခဲ့လို့ဆိုပြီး တစ်သက်လုံး ပေးဆပ်လို့ကို မကုန်တော့ဘူး။ ကားဆိုလည်း သမီးရင်း ဖြစ်တဲ့ သော်တာကသုံးရတာ မဟုတ်ဘူး သူ့မှာ တော့ ကားလေးတ ၀ီဝီနဲ့ သူဌေးသမီးထက်တောင် သာသေးတယ်”

“သြော် သမီးရယ် အဲဒါတွေ ကို ဘာကြောင့်ဆိုတာ မေမေပြောပြထားသားပဲ ပန်းနရီက ဧည့်သည်ပါ။ မေမေတို့ ပိုင်ဆိုင်သမျှရပိုင်ခွင့်ရှိတာ သမီးတို့မောင်နှမပဲလေ သူသာ အိမ်ထောင်ကျ ရင် မေမေတို့နဲ့ မပတ်သက်အောင်နေလို့ရပြီပဲ သမီးရဲ့ ”

ထိုစကားကိုတော့ ဦးလှိုင်မြင့်မကြိုက်ပေ။ ချောင်းဟန့်သံပေး၍ မျက်ထောင့်နီကြီးနှင့် ကြည့် သည်။ သမီးစိတ်ဖြေသာအောင်ပြောလိုက်မိသော ဒေါ်ခင်နွဲ့တင်မှာ အခုမှ မှားမှန်းသိသည်။

“တင်တင် ဒီလိုစကားမျိုး ပန်းနရီရှေ့မှာ မဆင်မခြင် မပြောမိစေနဲ့ လူ တစ်ယောက် ကို တာဝန်ယူ ပြီဆိုရင် မသေမချင်း အဆုံးထိ တာဝန်ယူရမှာ ။ ကိုယ် သစ်တောဝန်ထမ်းဘ၀မှာ သူ့ အဖေသာ မကယ်ဘဲ ဆင်နင်းခံရလို့ သေရင် မင်းတို့သားအမိတွေ ဘယ်လိုဘ၀မျိုးရောက်သွား မယ် မပြောနိုင်ဘူးမင်းတို့ ဒီလိုနေရ စားရအောင် သူ့အဖေက အသက်စွန့်ကယ်သွားတာ”

“အခုရော တင်တင်က ဘာတွေ ငြိုငြင်နေလို့်လဲ သမီးငယ်လေ စိတ်ပြေအောင် ဖြေသိမ့် နေတာပါ။ သားသမီးနဲ့မခြား ပြုစုစောင့်ရှောက်လာခဲ့တာ ကိုလှိုင်သိပါတယ်”

“ဟုတ်ပါတယ် ဒီလိုစကားမျိုး ပန်းနရီကြားသွားရင် ဘယ်ကောင်းပါ့မလဲ။ သူ အိမ်ထောင် ကျသွားလည်း လိုအပ်တာတော့ ဖြည့်ဆည်းပေးဆပ်နေရဦးမှာ ပဲ။ ကိုယ်က ကုမ္ပဏီမှာ ပဲ အချိန် ကုန်နေတော့ မင်းမှာ တာဝန်အပြည့်ရှိတယ်။သမီးငယ်လည်း စကားပြောဆင်ခြင်”

ဦးလှိုင်မြင့် တင်းတင်းမာမာ ပြောတော့ ဒေါ်ခင်နွဲ့တင်နှင့် ပန်းမြတ်သော်တာက ငြိမ်ကုတ် သွားကြသည်။

ပလ္လင်ဦးက စကားဝိုင်းထဲ ၀င်မပါတော့ပေမယ့် ရင်ထဲမှာ ဗလောင်ဆူလို့ပါ။

“သားကရော နာနာနဲ့ကိစ္စ ဘယ်လိုလဲ၊ သူတို့ဘက်က သား ပြန်ရောက်ပြီဆိုကတည်းက ကမ်းလှမ်းနေတာ နာနာမနက်ဖြန် နယ်ကနေ ကွင်းဆင်းလေ့လာပြီး ပြန်ရောက်မယ်။ လူငယ်ချင်း တွေ့ ပြီး ညှိနှိုင်းကြဦးပေါ့”

“ဟုတ်ကဲ့”

ဖေဖေ့စကားကို လက်ခံလိုက်တာမျိုး မဟုတ်ပေမယ့် မပယ်ရှားဝံ့။ ဖေဖေက ဒီအိမ်ရဲ့ အိမ်ဦးနတ် အိမ်ထောင်ဦးစီး၊ အနေတည်အေးဆေးသလို မိဘ၀တ္တရားလည်း ကျေသည်။ သားသမီး တွေ က စံနမူနာယူရလောက်အောင် ဂုဏ်သက္ခလည်း ရှိ၏ ။

“အေး ဒါဆို လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး သားကို တာဝန်တစ်ခုလွှဲပေးစရာရှိတယ်။ မြောက် ဒဂုံက တိုက်ခန်းတွေ ရောင်းမထွက်ဘူး။ ပြောရရင် အဲဒီ ဘက်က ရင်းနှီးမြှုပ်နှံထားတာတွေ အရှုံး ပေါ်နေတယ်ပေါ့။ တချို့ ကတော့ ကြော်ငြာအားကောင်းကောင်းနဲ့ မီဒီယာတွေ နဲ့ ပူးပေါင်းပြီး ရောင်းထုတ်နေကြတယ်”

“ကံစမ်းမဲ အစီအစဉ်နဲ့လည်း အဆင်ပြေနိုင်ပါတယ် ဖေဖေ။ ငွေအမြန်ပေါ်ချင်ရင် အဲဒီ ဘက် မှာ ထပ်ပြီး ရင်းနှီမြှုပ်နှံလိုက်မှ အဆင်ပြေလိမ့်မယ်ထင်တယ်”

“ဟုတ်ပြီး အဲဒီ ကိစ္စ သားကို အားကိုးရမယ်။သား စလုပ်ကြည့်ကွာ နာနာအဖေ ဦးတင်ကို ကလည်း ဒီလိုကိစ္စတွေ ကလူငယ်တွေ က ပိုအမြင်ရှိတယ်လို့ ပြောနေတာ။ ဒါပြီးမှ မြို့ထဲက ကွန်ဒို ကို ဆက်လုပ် နိုင်မှာ ။ ၀န်ထမ်းတွေ အများ ကြီးနဲ့ လုပ်ငန်းရပ်ဆိုင်းထားရတာ မျိုး မ ဖြစ်ချင်ဘူး”

“ဟုတ်ကဲ့ သားလုပ်ကြည့်ပါမယ် ဖေဖေ လူကြီးတွေ ယုံကြည်မှု ရှိတယ်ဆိုရင် သားလည်း အားရှိတာပေါ့။ အခုပဲ မြောက်ဒဂုံက တိုက်ခန်းကိုသွားကြည်လိုက်ပါ့မယ်”

“အဲလောက်လည်း အရေး မလိုပါဘူး သားရယ်။ သားကို စ၀င်ဝင်ချင်းတာဝန်ကြီးပေးမိသ လို ဖြစ်နေပြီလားမသိဘူး”

“ရပါတယ် ဖေဖေ လူတွေ စိတ်ဝင်စားနိုင်မယ့် နည်းလမ်းကိုသာ မိတ်ဆွေတွေ နဲ့ တိုင်ပင် ပြီး ရှာချင်လို့ပါ”

“အဲဒါဆို ဖေဖေအံ့ဆွဲထဲက တိုက်ခန်းသော့ တွေ ယူသွားပြီး သား အခန်းဖွဲ့စည်းပုံတွေ ကို သားမကြိုက်ရင် ပြန်ပြင်လို့ရတာ ပေါ့”

“ဟုတ်ကဲ့ ဖေဖေ”

ဖေဖေ့ဆီက သော့ တွဲ ယူပြီး ကားကိုမောင်းကာ ထွက်လာခဲ့သည်။ မွန်းကြပ်ပူလောင်နေမှု တွေ ၊ ပြေပျော်လိုပြေပျောက်ငြား ကားလျှောက်မောင်း၍ စိတ်ကိုဖြေရမည် ။

ဟင့်အင်း ပန်းနရီကို အရင်ဆုံးရှာမှာ ။

လင်းထွဋ်နှင့် စေ့စပ်မှာ သူမ စိတ်ပါလက်ပါ လက်ခံလိုက်တာမ ဖြစ်နိုင်။ မေမေတို့ ဖိအား ပေးလွန်းလို့ ဒီလို အလွယ်တကူ ဆုံးဖြတ်ပစ်လိုက်တာ ဖြစ်မည် ။

ကိုကိုတို့နှစ်ယောက် ဘာလို့ ပေါင်းဖက်ခွင့်မကြုံ၊ ချစ်လျက် မဆုံဆည်းရတာ လဲ။

မင်းကို ကိုကို လက်လွှတ်အဆုံးအရှုံးခံလိုက်တော့မှာ လား ပန်းနရီရယ်။

•••

အခန်း(၂)

အခန်း (၂)

အဆုံးမသတ်သေးသော စကားအတွက် ခေါ်ခင်နွဲ့တင် ကျေနပ်သေးဟန်မတူ။ ဆန္ဒရှိသလို လုပ်ခွင့်မရသော သူမရဲ့ ၀ဋ်ကြွေးလား။

“လင်းထွဋ်နဲ့ ချိန်းထားလို့ နရီ အပြင်သွားလိုက်ဦးမယ် မေမေတင်”

“သြော် အေးအေး အပြန်တော့ သိပ်နောက်မကျစေနဲ့ကွယ်၊ နရီ အဖေထွန်းက ရုံးပိတ်ရက် ဆို မိသားစု ထမင်းလက်ဆုံ စားချင်တာ”

ရင်ထဲက မပါသည့် လောကွတ်စကားတွေ မှန်း သိနေသည်မို့ အင်းအဲပင် မလုပ်မိဘဲ ထွက် လာခဲ့သည်။ သူမ အိမ်ပြန်နောက်ကျလို့ ဘယ်အချိန်တုန်းက စိတ်ပူဖူးလို့လဲ။

စိတ်အလိုဆန္ဒနှင့် ဆန့်ကျင်စွာ လင်းထွဋ်ဆီရောက်လာခဲ့တော့ သူမ မျက်နှာလေးက ပန်းသွေးရောင် ဖျော့ဖျော့နှင့် တင်းမာအေးစက်နေခဲ့သည်။

“မျက်နှာက မလန်းဘူး ဘာတွေ ကွိုင်လာတာလဲ ပန်း”

“ကိုယ်ရေး ကိုယ်တာကိစ္စပါ လင်းထွဋ်နဲ့ မဆိုင်ဘူး”

‘ကိုယ့်ရဲ့ စိုးရိမ်မှု တွေ ကို သူစိမ်းဆန်တဲ့စကားတွေ နဲ့ ပယ်မချလိုက်နဲ့ကွာ ကိုယ့်ချစ်သူလေး မျက်နှညှိုးနေတာကို ကိုယ်ဘယ်လို ကြည့်ရက်မှာ လဲ”

“ခုချိန်မှာ လာနွဲ့မနေနဲ့ လင်းထွဋ် မျက်နှာတင် မလန်းတာ ဟုတ်ဘူး စိတ်ပါ နွမ်းတာ လင်းထွဋ်ကိုဘာမှ မရှင်းပြချင်ဘူး”

“ကိုယ် ဘာလုပ်ပေးရမလဲ ရုပ်ရှင်သွားကြည့်မလား။ ကန်တော် ကြီးသွားမလား”

“သွားတော့မယ် လင်းထွဋ်မလိုက်ခဲ့နဲ့”

“ဘာ”

“ကန်တော် ကြီးမှာ ညိုညိုနဲ့ချိန်းထားတယ် သူ့အမေကို အထူးကုဆေးခန်းလိုက်ပို့ပြီးမှ လာမှာ မို့ လင်းထွဋ်ဆီ အရင်ထွက်လာခဲ့လိုက်တာ”

“ကိုယ့်ကို ချစ်သူ တစ်ယောက် လိုရောသတ်မှတ်သေးရဲ့ လားပန်း”

“ကျွတ်”

ကျွတ်ခနဲ စိတ်မရှည်သံပြုလျက် ပန်းနရီ ခေါင်းလေး ချာခနဲ ရမ်းသွားသည်။ ရင်ဘတ်ထဲ မထည့်ခဲ့တာက အမှန်။

ဒါကို အမှန်အတိုင်း ပြောလည်း နောက်ဆုတ်မသွားသည့် လင်းထွဋ်ကို သူမ အနည်းငယ် တော့ အဖုအထစ် ဖြစ်လာသည်။

သူဘက်က်အလေးနက်မရှိတာကို ဒီလောက်ထိ တွယ်ကပ်နေတာမကြိုက်။

ကိုယ်က အပျင်းပြေဆိုရင် သူ့ကိုလည်း အပျော်သဘောထားပြီး နောက် တစ်ယောက် နှင့် တွဲ လိုက်စေချင်၏ ။

မင်းရည်းစားတွေ အများ ကြီးထားခဲ့တာ ကိုသိတယ်၊ ကိုယ်လည်း မင်းထက်မနည်း လောက်ပါဘူး။ ဒါပေမဲ့ ကိုယ်တို့က ကစားနေရမယ့်အရွယ်တွေ မဟုတ်တော့ဘူး အတည်တကျ လက်ထပ်သင့်နေပြီ”

ထိုစကားပြောသော နေ့က သူမကြီးအကျယ် ပေါက်ကွဲခဲ့သည်။ ကိုယ်က အချစ်ကို ယောင် ၀ါးစွာ စမ်းသပ်နေတာ။

လက်ထပ်သင့်သူကို အပင်ပန်းခံ ပန်းကုံးစွပ်ဖို့ ရွေးချယ်နေတာမှ မဟုတ်တာ။ တစ်ယောက် ယောက် ကို မချစ်မိအောင် ကြိုးစားဖို့။

“လင်းထွဋ်”

“ဟင်”

သူမ စူးခနဲကြည့်ကာခေါ်တော့ လင်းထွဋ်ကိုယ်ရှိန်သတ်၍ မျက်ခုံးပင့်ပြီးထူး၏ ။

“ရှင့်ကို ပန်းချစ်တယ်လို့ ပြောဖူးလား”

“ဟမ် အာ ဒါပေမဲ့”

“ရည်းစားပဲ ထားချင်တာ၊ ချစ်သူမတော် ဘူးလို့ ရှင့်ကိုပြောဖူးတယ် ထင်ပါတယ်”

“ဘာထူးလဲ ချစ်သူနဲ့ ရည်းစား”

“ရောချဖို့ မကြိုးစားနဲ့ လင်းထွဋ်၊ ထွက်ပေါက်တစ်ခုအနေနဲ့ အပျော်ရည်းစားထား နေတာကို ဘာကြောင့် ဆိုတာ ရှင်လည်း သိပါတယ်။ ရှင် စိတ်မရှည်ရင် ညောင်းတော့၊ နရီဆိုတဲ့ မိန်းမ အပင်ပန်းခံပြီး ဘယ်ယောက်ျားကိုမှ မဆွဲထားဘူး”

“ပန်းနရီ”

ပြောဆိုသည့်သဘောနှင့် မေးဆတ်ထူးလိုက်သည်။ ကိုကို့ကို သတိရသည့်နေ့ဆိုလျှင် လင်းထွဋ်ကို ပြေလည်အောင်ပင် မဆက်ဆံချင်။

လင်းထွဋ် မျက်နှာကလည်း သုန်မှု န်နေကာ..

“ကိုယ့်ကို တခြားသူတွေ ကို မင်းထားချင်တိုင်းထားလို့တော့ မရဘူး ပန်း၊ မပြေလည်တာ ရှိ ညှိယူပါ။ မနှစ်သက် တာရှိရင် ကြိုပြောပါ၊ ကိုယ်လည်း ဘယ်မိန်းမကိုမှ အောက်ကျခံဖူးတာ မရှိ ဘူး။ အထာနဲ့ နေခဲ့တာ”

အဲဒါ ဘာလုပ်ရမှလဲ ဒီနေ့ နရီလေနေတယ်နော် ရစ်နေတာဆိုရင်တော့ ဘယ်တော့မှ ပြေလည်လာစရာ အကြောင်းမရှိဘူး”

“သြော် ပန်းရယ်”

ပန်းဘက်က တကယ်တင်းမာပြီဆို လင်းထွဋ် ဘာပြောရမှန်း မသိအောင် နဖူးကိုပွတ် ခေါင်းကိုကုတ်ဖြင့် ခြေမကိုင်မိ လက်မကိုင်မိပါ။

ပန်းနရီကိုတခြားမိန်းကလေးတွေ ကို အပျော်သဘောထားလို့ မရတာ က သူ့ရဲ့ ကံဇာတာပဲ ဖြစ်သည်။ ကျောင်းမှာ ကတည်းက ပန်းနရီ ရည်းစားများ မှန်းသူသိသည်။ ဂုတ်အောက်မရောက်တ ရောက်မှာ အမြဲလို နွဲကျနေတတ်သော ဆံနွယ်များ က ကာလာတွေ တစ်မျိုးပြီးတစ်မျိုးနှင့် ပန်းနရီက လူသိများ ပေါ်ပြူလာ ဖြစ်ခဲ့သည်။

သူမအပြုံးကို ပေါပေါသီသီ မမြင်ရတာ လည်း ထူးခြား၏ ။ အမြဲလို တင်းတင်းစေ့ထားတတ် သော နှုတ်ခမ်းလေးက စိုရဲနုထွေးနေကာ ရွှန်းကော့နေသော မျက်တောင် အရည်ကြည်လဲ့လဲ့ တောက်ပနေသော မျက်နက်ဝန်း နဖူးပြေပြေ ပါးပြင်ပြည့်ပြည့် လည်တိုင်ကြော့ကြော့ နှင့် ပန်းနရီ ရဲ့ အလှက ဘယ်နေရာမှ အပြစ်ပြောစရာမရှိပေ။

အ၀တ်အစားဆိုလည်း အရောင် မရွေး၊ ဖစ်ဆိုက်ကိုယ်ကပ်လေးတွေ ၀တ်တတ်၍ အမြဲတမ်း လန်းနေသည်ဟု မှတ်ချက်လို့ရသည်။

ဒါပေမယ့် ရည်းစားတွေ အများ ကြီးထားနေတာက ရင်ထဲမှာ ရှိနေသော တစ်ယောက် ကို မောင်းထုတ်ချင်လို့တဲ့။

ဘယ်ရည်းစားကို ထားထား၊ ထိုစကားပြောဖို့ မမေ့ပေ။

ဒါကြောင့်လည်း ထားထား ထိုစကားပြောဖို့ သူမအနားမှာ ကြာရှည်မမြဲတာ။ ဘယ်သူတွေ သူမရဲ့ သစ္စာစကားအတွက် ခံနိုင်ရည်ရှိပါ့မလဲ။

ယောက်ျားတွေ က မိန်းမတွေ ထက် အတ္တကြီးတာ ပန်းနရီသိသင့်သည်။ ကိုယ့်မှာ တော့ ဒီလို မဟုတ်။

သူမ မျက်နှာလေးကို ငြိုငြင်မခံနိုင်လောက်အောင် ဖြည့်ဆည်းပေးဆပ်ချစ်ချင်လှသည်။ အေးစက်စက် အလေးအနက်မရှိတာလေးကိုပဲ စွဲလမ်းနေကာ လက်ထပ်ဖို့အထိ ရည်ရှယ်ထားမိ သည်။

ခုလည်း သူကပဲ အလျော့ပေးရတော့မည် ပေါ့။

“ပန်း”

“မပြောနဲ့တော့ သွားတောမယ်”

“နေပါဦး”

သူမ လက်ကလေးကို ဖမ်းဆွဲထားမိချိန်မှာ ပန်းနရီက ဖျတ်ခနဲရုန်းခါလိုက်သည်။

“မင်း ညိုညိုဆီ သွားမှာ မဟုတ်လား။ ကိုယ်မတားတော့ပါဘူး။ တစ်ပတ်တစ်ခါ တွေ့ ခွင့် လေးတော့ မရုပ်သိမ်းလိုက်ပါနဲ့ ကျောင်းပြီးသွားကတည်းက အရမ်းဝေးကွာသွားသလို ခံစားရ တယ်။ အခု ကိုယ်က ဒယ်ဒီအလုပ်မှာ ၀င်လုပ်နေရတယ်။ ခရီးထွက်ရတဲ့အခါတွေ လည်းရှိတော့ အမြဲတမ်းတွေ့ ဖို့ဆိုတာ သိပ်မလွယ်တော့ဘူး။ ကိုယ့်ကို ချစ်သူ တစ်ယောက် လို တန်ဖိုးမထားနိုင် သေးဘူးဆိုရင်တောင် လက်ထပ်ဖို့တော့ စဉ်းစားထားပါ”

ကျွတ်ခနဲ အသံမပြုတော့ဘဲ မျက်စောင်းဝင့်ကာ ခြေဆောင့်၍ ထွက်လာခဲ့သည်။

အနှောင့်အယှက်ကင်းသော အရပ်ဆီကို….

•••

အခန်း(၃)

အခန်း (၃)

“သူ့ကိုချည်း တစ်ဖက်သတ် အပြစ်မြင်မနေနဲ့ နင်လည်း အပြစ်ကင်းတာမှ မဟုတ်တာ။ လက်ခုပ်က နှစ် ဖက်တီးမှ မြည် တယ်ဆိုပေမယ့် နင်က နင့်ခံစားမှု ကိုပဲ ဦးစားပေးပြီး လင်းထွဋ်ကို အသုံးချနေတာ”

“သူမခံနိုင်ရင် ရွေ့လို့ရတာ ပဲ ငါက ဆွဲထားလို့လား”

“ခက်တယ် နရီရယ် နင့်အတွက် အပျော်တွေ က အဲလောက်တောင်ရှားနေလား။ ရည်းစာ ထားမှ စိတ်ဖြေသာတယ်ဆိုတာကြီးက မ ဖြစ်သင့်ပါဘူး”

“အဲလို ရည်းစားတွေ ထားကြည့်တာ တစ်ယောက် ယောက် ကို ချစ်သွားမိမလားလို့ပါ”

“ဘာ”

နားလည်ပြီးသလောက်ရှိပေမယ့် ညိုညိုစိမ့်က ကြောင်တောင်တောင်နှင့် ဘာခနဲ လုပ်၏ ။ ပန်းနရီက လူမရှိသော ကန်ရေပြင်ဘက်ကို ငေးနေရာမှ ညိုညိုစိမ်းဘက် ချာခနဲလှည့်၏ ။

“ကိုကို ပြန်လာတော့မယ်”

“ဟင်”

“ဒီအချိန်မှာ တစ်ယောက် တစ်ယောက် ကို အသည်းနင့်အောင် ချစ်ပြီး ကို့ကိုကို မေ့ထား နိုင်ရင်ကောင်းမယ်”

“တကယ် မမေ့နိုင်လည်း စွန့်စားဖို့ စဉ်းစားပေါ့ဟယ်”

“အသိဉာဏ်နဲ့ထိန်းချုပ်နေရတဲ့လူ တစ်ယောက် ဖြစ်နေတာ ဒီတစ်ကြိမ် ဘာလို့ ရင်နာနေမိ မှန်း မသိဘူး။ ပြီးတော့ မိန်းမ တစ်ယောက် ဖြစ်နေတာကိုရောပေါ့။ အရာရာ မသင့်တော် တာတွေ များ လွန်းတယ်”

“သူ့မိဘတွေ က မွေးစားတယ်ဆိုတာလည်း စာချုပ်စာတမ်းနဲ့မှ မဟုတ်တာ။ အဲလောက် အထိ စောင့်စည်းစရာလိုလို့လား ကိုကိုက နင့်ဘက်က အမြဲကာကွယ်ဂရုစိုက်ပြီး ချစ်နေရင် ပြီးပြီ ပေါ့”

“ရင်ဖွင့်ခွင့်တောင် သာခဲ့လို့လား ညိုရယ် ကိုယ်စီ ရင်ထဲက အသိအမှတ်ပြုပြီး ဒီထက် မရင်းနှီးအောင် ဆင်ခြင်နေရတာ အဟန့်အတား တံတိုင်းကြီးက က ထုထည်ခိုင်ခံ့လွန်းလို့ပေါ့ ကြမ်းကြမ်းတမ်းတမ်း နှင်ချရင် ပုန်ကန်ပြီး စိန်ခေါ်လို့ရတယ်။ အခုဟာက ရှေ့တည့်တည့်မှာ မျက်ခြေပြတ်မခံဘဲ သိမ်သိမ်မွေ့မွေ့နဲ ချည်နှောင်ထားတာ”

ရင်နာပေမယ့် ဖြေသာအောင်ပြောရင်း မျက်ရည်ဝဲမလို ဖြစ်လာ၏ ။ သက်ပြင်း မောတို့ ရှိုက်ထုတ်ဖို့တောင် အင်အားမရှိ။

“နင် လမ်းမှန်တစ်ခုတော့ ရွေးသင့်ပြီ နရီ၊ အခုကျောင်းလည်းပြီးပြီ။ စိတ်တည်ငြိမ်အောင် အလုပ်တစ်ခုခု လုပ်ပါလား။ ရည်းစားတွေ လျှောက်ထားပြီး လေလွင့်နေတာထက်စာရင် လူကြား လို့ ကောင်းသေးတာပေါ့”

“မေမေတင်က မွေးစားသမီးကို ခိုင်းစားတယ်လို့ ပတ်ဝန်းကျင်က မေးငေါ့မှာ စိုးရိမ်တယ် တဲ့၊ ကိုကို့ကိုတော့ သွေးရင်းသားရင်းမို့ နိုင်ငံခြား ကျောင်းတက်ခိုင်းတယ်ဆိုပေမယ့်လည်း အလုပ် လုပ်ရင်း ကိုယ့်စရိတ်ကိုယ် ရှာခိုင်းတာ၊ ကိုကိုက ကုမ္ပဏီမှာ တင်းခနဲ အလုပ်ဝင်နိုင်အောင် သင်တန်းတွေ လည်း တက်ရသေးတယ်”

“မြတ်သော်လည်း ကျောင်းပြီးတာနဲ့ ချောင်းသာဟိုတယ်ဇုန်မှာ တစ်ခါတည်း အလုပ်သွား လုပ်ခိုင်းမှာ တဲ့လေ။ ကိုကိုပြန်လာရင်လည်းဒီကဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ မှာ အလုပ်ဝင် ခိုင်းမှာ ငါ့ကိုသာ မခိုင်းရက်တာတဲ့။ အဲဒီ တော့ ငါက ဘာလုပ်ရမှာ လဲ အကြောက်အကန်ကို တားဆီးနေတော့”

“တကယ့်စေတနာအမှန်ရော ဟုတ်ရဲ့ လားဟယ်”

ညိုညိုစိမ့်က ရင်ပူလာသလို ကုတ်အအေးဘူးနှစ် ဘူး ထပ်မှာ ၍ ဖန်ခွက်ထဲကိုထည့်ကာ ပန်းနရီရှေ့ တိုးပေးပြီးသူကိုယ်တိုင်လည်း တစ်ကျိုတ်တည်း မော့သောက်ချလိုက်သည်။

“မုန်းလို့လား မသိပေမယ့် အိမ်မှာ လည်း ငါ့ကို ဘာအလုပ်မှ ခိုင်းတာ မဟုတ်ဘူး။ မြတ် သော်တာကိုတော့ ကျောင်းပိတ်ရက်တွေ မှာ မီးဖိုချောင်သင်တန်း တက်ခိုင်းတယ်၊ အိမ်မှာ လည်း ၀င်ချက်ခိုင်းတယ်။ အိမ်အလုပ်တွေ လည်း သူတို့သမီးကိုပဲ ခိုင်းတာ၊ ငါ့ကိုတော့ အားငယ်မှာ စိုးလို့ တဲ့။ ဘာအလုပ်မှ မခိုင်းဘူး”

“နင့်ကို ဖူးဖူးမှု တ်အလိုလိုက် ချစ်နေတယ်လို့ နင်ထင်နေလား။ စကားပုံတစ်ခု ကြားဖူး တယ်။ သားသမီးကိုချစ်ရင် အလိုမလိုက်ပါနဲ့၊ နာနာရိုက် နာနာခိုင်းပါတဲ့လေ။ ဒါမှ အပိုးကျိုးပြီး လောကဓံအကြောင်းနားလည်မယ် ကိုယ့်ကိုယ်ကို ရပ်တည်ရဲတဲ့သတ္တိတွေ လည်း ရှိလာမယ်တဲ့”

“အလုပ်လုပ်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာမယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ သူတို့ဆန္ဒ မရှိတာကို ငါ မဆန့်ကျင်ချင်ဘူး။ မှီခိုလာခဲ့တဲ့ဘ၀တစ်လျှောက်လုံးမှာ ငါ တစ်ခါမှ မလွန်ဆန်ဘူး တာ”

“အေးလေ တွေးရတော့ ခက်သားပဲ၊ သူတို့က ကိုယ့်ဘ၀ကို မတိုးတက်စေချင်ရင် အခု ချက်ချင်း ကန်ထုတ်လို့ရရဲ့ နဲ့၊ နင့်အဖေကျေးဇူးတရားတွေ ထောက်ထားပြီး အရိပ်တကြည့်ကြည့် စောင့်ရှောက်နေကြတာ အတွေးမှားရင် ငရဲကြီးမှာ တောင်စိုးရတယ်။ ကိုကိုပြန်ရောက်ရင် ဘာလုပ် သင့်တယ်ဆိုတာလောက်တော့ တိုင်ပင်ကြည့်ပါလား”

ပန်းနရီလဲ့လဲ့လေး ပြုံးလိုက်ပြီး အအေးခွက်ကို ကောက်မော့၏ ။ ပြီးမှ ဆတ်ခနဲ ပြန်ချ ကာ ထိုင်ခုံကို ခပ်တောင့်တောင့်လေး ကျောကပ်မှီ၍ ..

“ကိုကို့ကို ဘယ်လိုရှောင်တိမ်းရမလဲ စဉ်းစားနေတာ မေမေတင်က ငါ့ကို ကိုကိုပြန်ရောက် မလာခင် လက်ထပ်စေချင်နေတယ်ထင်တယ်၊ ငါတို့နှစ် ယောက် သံယောဇဉ်ကို မေမေတင် သိတယ်လေ။ ကိုကိုက ပြန်လာလည်း ငါ့ဘက်က ကာကွယ်ပေးနေဦးမှာ ပဲ အဲဒါတော့ ငါလည်း သိတယ်”

“နင့်ကို ဒေါ်ခင်နွဲ့တင် ယောက်ျားကလည်း ဂရုစိုက်မှု ရှိတယ်မဟုတ်လား”

“ဖေဖေလှိုင်က စိတ်ရင်းအမှန်ဆုံးပဲ ထင်တယ်။ သူ့အသက်သခင်ကျေးဇူးရှင်ရဲ့ သမီးဆိုပြီး လိုလေသေးမရှိအောင် ပံ့ပိုးခဲ့ပါတယ်။ အဲဒါကိုလည်း ဒေါ်ခင်နွဲ့တင်ရော မြတ်သော်တာရော သိပ် အစာမကြေဘူး။ မြတ်သော်တာက လူငယ်ဆိုတော့ ပိုပြီးမနာလိုစိတ်ပြင်းတယ်”

“နင် အရမ်းမွန်းကြပ်နေမှာ ငါ ကိုယ်ချင်းစာပါတယ် ဒါပေမဲ့ ထွက်ပေါက်ရှာတဲ့နည်းလမ်းမ မှာ စေချင်ဘူး။ နင် အရမ်းနာမည် ပျက်နေပြီ”

“မေမေတင်ကို ဘာလို့ ငါ့ကိုမဆုံးမတာလဲလို့ မေးကြည့်ချင်တယ်”

“မွေးစားသမီးမို့ ချုပ်ချယ်တယ်လို့ အထင်ခံရမှာ စိုးလို့ လွှတ်ထာတာမှ မသိတာ”

သူမအတွေးကို ညိုညိုက ဒက်ထိပြော၏ ။ မငြင်းဆန်နိုင်တာ ကတော့ ကိုယ်လည်း ဒီလို ခံစားမိလို့ ဖြစ်သည်။

မငြိုမငြင်ပြုစုစောင့်ရှောက်ခဲ့တာကိုက နည်းတဲ့ကျေးဇူးတရားတွေ လား။ ကိုယ့်အဖေ ကျေး ဇူးတွေ ရှိခဲ့သည်ဆိုလည်း ကိုယ်က ပြန်တင်ရမည့်  ကျေးဇူးတွေ က တစ်သက်လုံးဆပ်လို့ ကျေတော့ မည် မထင်။

ကျွေးမွေးပြုစုရုံတင်မဟုတ်။ ပညာတွေ သင်ပေးခဲ့သည်။ လူ့အောက်မကျအောင် ထားခဲ့ သည်။ သူစိမ်းပြင်ပြင် နှိမ့်ချဆက်ဆံခဲ့တာလည်းမရှိ။

“ဟူး”

“သက်ပြင်းတွေ ဘာတွေ ချလို့ နင်ဘာအတွက် အဲလောက်တောင် စိတ်ပင်ပန်းနေရတာ လဲ ပေါ့ပေါးပါးပါး နေစမ်းပါဟယ်၊ နင့်ကိုကို ပြန်ရောက်တာနဲ့ မိသားစုကြားမှာ နင် အရမ်းမွန်းကြပ်နေ တော့မယ်ဆိုတာ ငါ ကိုယ်ချင်းစာမိပါတယ်။ ဒါနဲ့ လင်းထွဋ်နဲရော အဆင်ပြေလား”

“ငါ ဘယ်သူနဲ့ ဘယ်လောက်တွဲ တွဲ ဘယ်လောက်ကြာကြာ အဆင်ပြေဖူးလို့လဲ”

“မြတ်မင်းက နင့်ကို ကားတင်ပြေးဖို့ကြိုးစားဖူးသေးတာပဲ မဟုတ်လား။ အဲဒါတောင် လင်းထွဋ်က မငြိုငြင်ဘဲ နင့်ကို သည်းခံနေတာ တကယ်လို့ ဖြစ်နိုင်ပါတယ်။ နင့်ကိုကိုနဲ့မှ မ ဖြစ်နိုင် တာ။ လင်းထွဋ်ကို လက်ထပ်ဖို့ စဉ်းစားပါလား”

ပန်းနရီ တွေ ခနဲ ဖြစ်ကာ အဝေးကိုငေးသည်။ ညနေဆည်းဆာအလှကို သူမ မခံစားနိုင်။ နေက အနောက်ကိုဝင်ကာ မှန်သလား မှားသလား။

အရှေ့နေထွက်တာကရော လူသားတွေ ကို အပူဓာတ်တွေ ပေးရုံပဲလား။

သူမအတွက် သီးသန့်သာဆိုလျှင်…

•••

အခန်း(၄)

အခန်း (၄)

“ဒီနေ့ သားကြီးပြန်ရောက်မှာ နရီလေး ဒီနေ့ ဘယ်မှမသွားနဲ့တော့နော် ပျင်းရင် ဖေဖေလှိုင် နဲ့ လေယာဉ်ကွင်းလိုက်ခဲ့ပေါ့”

“ဟင့်အင်း”

ဦးလှိုင်မြင့်စကားကြားတော့ ပန်းနရီ ပျာပျာသလဲလဲ ခေါင်းခါလိုက်သည်။ ဒေါ်ခင်နွဲ့တင်နှင့် မြတ်သော်တာရဲ့ မလိုလားသည့် မျက်ဝန်းများ ကြောင့် ပါ။

“ဘာ ဖြစ်လို့လဲ သမီးရဲ့ သမီးကိုကိုက သူ့ကိုလာကြိုရင် နရီလေးကို ခေါ်ခဲ့ပါလို့ ဖေဖေလှိုင် ဆီ ဖုန်းဆက်ထားတာ”

“ဟို နရီချိန်းထားတာ ရှိပါလို့ ဖေဖေလှိုင်၊ ဒီနေ့ အိမ်ပြန်တာတောင် နောက်ကျမယ် ထင် တယ်”

ဦးလှိုင်မြင့်က မျက်ခုံးပင့်ပြီး ကော်ဖီခွက်ကို ပြန်ချကာ

“သမီးက ကိုကိုပြန်လာမှာ မပျော်ဘူးလားကွယ်၊ သားကြီးက သမီးကိုတွေ့ ချင်လွန်းလို့ တဖွဖွကို မှာ ရှာတာ။ သမီးကိစ္စက အရေး ကြီးလို့လား”

“သြော် ကိုလှိုင်ရယ် နရီလေးက အရေး ကြီးကိစ္စရှိလို့နေမှာ ပေါ့ အိမ်ပြန်ရောက်လည်း တွေ့ ရမှာ ပဲဥစ္စာ၊ သားကြီးက လေယာဉ်ကွင်းလိုက်လာဖို့ မှာ ရတယ်ဆို နရီစိတ်အနှောင့်အယှက် ဖြစ်အောင် ဇွတ်မပြောပါနဲ့”

“မမနရီက ရည်းစားနဲ့ ချိန်းထားလို့ အပျက်မခံနိုင်တာ ဖြစ်မှာ ဟိုနေ့က အအေးဆိုင်မှာ တွေ့ တာ နောက် တစ်ယောက် မဟုတ်လား။ မမနရီ မြတ်မင်းဆိုတဲ့လူနဲ့ပြတ်ပြီးမှ တွဲ တာလား မပြတ်ခင်ကတည်းက ဇာတ်လမ်းလား”

“ဟဲသမီး ဖေကြီးရှေ့မှာ ”

အလိုက်မသိသလို အပုတ်ချချင်တာလိုလိုနှင့် တမင်တကာပြောနေသော မြတ်သော်တာကို ဒေါ်ခင်နွဲ့တင်က ဟန်ဆောင်ကာ မာန်မဲဟန့်တား၏ ။

ဒီကိစ္စအကြောင်းက အမြဲလိုလိုမို့ ပန်းနရီ ထူးပြီး မျက်နှာပျက်မသွားတော့ပါ။ ဖေဖေလှိုင်ရှေ့မှာ မျက်နှာပူ အားနာမိပေမယ့် ကိုယ့်ဘက်က ဆင်ခြေပေးစရာလည်း မရှိ။

ခေါင်းကို ဖျတ်ခနဲ ငုံ့ချလိုက်ရင်း အသံတိတ်ငြိမ်သက်နေလိုက်သည်။

“သမီး နာရီအတည်တကျ လက်ထပ်သင့်တဲ့သူရှိရင် ဖေဖေလှိုင်တို့ကို ပွင့်ပွင့်လင်းလင်း ပြောနော်၊ မိဘနရာကနေ အကောင်းဆုံးလုပ်ပေးမှာ ပါ”

“တင်တင်လည်း အဲဒါပြောတာပေါ့ ကိုကိုလှိုင်ရယ်၊ ရည်းစားထားတာလည်း ထားပေါ့ သင့်တော် ရာလူဆိုလည်း သင့်တော် တဲ့အရွယ်ရောက်နေပါပြီ”

“နရီ အခုလောလောဆယ် လက်ထပ်ဖို့ စိတ်ကူးမရှိသေးပါဘူး”

“ဒါဆိုလည်း ကျောင်းပြီးနေပြီပဲ အလုပ်လေးတစ်ခုခုလောက် လုပ်ပါလားကွယ် ဖေဖေလှိုင် ဆောက်လုပ်ရေး ကုမ္ပဏီမှာ သမီးဝါသနာမပါရင် ဖေဖေလှိုင် မိတ်ဆွေတွေ ရဲ့ ကုမ္ပဏီမှာ ပြောပေး မယ်လေ သမီးရဲ့ ”

“အိုဖေကြီးကလည်း နရီလေးကို အလုပ်လုပ်ခိုင်းမှာ တော့ တင်တင်သဘောမတူဘူးနော် ပတ်ဝန်းကျင်က မွေးစားသမီးကို ခိုင်းစားတယ်လို့ မြင်သွားရင် ကောင်းပါ့မလား။ သွားလေသူ သူ့အဖေကလည်း တမလွန်ကနေ သူ့သမီးလေးကို ဘယ်ဒီလိုခိုင်းတာ ကြည့်ရက်ပါ့မလဲ”

“အင်းဟုတ်ပါတယ် ဦးကျော်ဇောကို နောက်ဆံမတင်းအောင် ကိုယ်အထပ်ထပ် ကတိပေး ခဲ့တာ နရီလေးကို တစ်သက်လုံး သမီးရင်လေးလို စောင့်ရှောက်ပါ့မယ်လို့ပေါ့”

“တင်တင်ကလည်း အဲဒါပြောတာပါ နရီလေးကို ဘာအလုပ်မှမခိုင်းရက်လို့ အိမ်မှု ကိစ္စနဲ့ ပတ်သက်တာတောင် သမီးသော်တာကိုပဲ သင်ပေးတာ နရီလေးအပေါ် လင်ကောင်းသား ကောင်း ရသွားတဲ့အထိ တာဝန်ကျေချင်တယ်”

“အေးပါကွယ် မင်းဘက် သားသမီးရင်းနဲ့မခြား မေတ္တာပေးနိုင်တာကို ကိုယ်က ကျေးဇူးတင် နေတာပါ နရီလေး အဖေသာ ကိုယ့်အသက်ကို မကယ်တင်ခဲ့ဘူးဆိုရင် ဒီအချိန်မှာ မင်းတို့နဲ့ ဒီလို မျိုးနေနိုင်မှာ မဟုတ်ဘူး။ ဒီလိုစည်းစိမ်ဥစ္စာနဲ့လည်း နေနိုင်မှာ မဟုတ်ဘူး နရီလေးအတွက် အဆုံး ထိ တာဝန်ကျေရမယ်”

ဦးလှိုင်မြင့်က အလေးအနက်ပါ အားနာရလောက်အောင်လည်း ဦးလှိုင်မြင့် ဖြည့် ဆည်းပေး ခဲ့တာ သူမအသိဆုံး။ မြတ်သော်တာက မိန်းမပီသစွာ ၀န်တိုစိတ်ရှိတာလည်း သိနေသည်။

ဒေါ်ခင်နွဲ့တင်က လူကြီးစိတ်နှင့် နားလည်မှု ရှိသော်ငြားလည်း သားသမီးထက်မပိုနိုင်တာ ကတော့ မိဘ တစ်ယောက် ရဲ့ အတ္တတွေ ပဲ ဖြစ်မှာ ပေါ့။

ထိုနေ့က ကိုကို့ကို လေယာဉ်ကွင်းသွားကြိုသည့်အခါမှာ မိသားစုနှင့် အတူ မလိုက် ဖြစ်ခဲ့။ လင်းထွဋ်ကို ဖုန်းနှင့် လှမ်းချိန်းကာ တစ်နေကုန်လျှောက်လည်ပစ်လိုက်သည်။ ကစားကွင်းမှာ ကလေး တစ်ယောက် လိုပင် ခုန်ပေါက်အော်ဟစ်ကစားပစ်လိုက်၏ ။

“မင်းတစ်ခုခု ဖြစ်လာတယ်မဟုတ်လား ပန်း၊ မင်းတစ်ခုခု ကို ခံစားရတိုင်း ဒီလိုလုပ်တတ် တာ ကိုယ်သိနေတယ်”

“သိရင်လည်း အေးဆေးနေပါလား လင်းထွဋ်ရယ်၊ နရီနဲ့ အတူရှိနေပေးတာ စိတ်မပါရင် ပြန်တော့၊ နရီ တစ်ယောက် တည်းပဲနေမယ်”

“ညနေတောင်စောင်းနေပြီ မင်းက တစ်ယောက် တည်း ဘာလုပ်နေမှာ လဲ ကိုယ်ကရော စိတ်ချပြီထားခဲ့မယ် ထင်လား”

“အဲဒါ ရှင့်သဘောပဲ လင်းထွဋ် နရီက ကိုယ်စိတ်ပါတာတောင် လုပ်ခွင့်မရှိလို့ လုပ်ချင်တာ တွေ လုပ်ရင်း ဖြစ်သလိုနေနေတာ”

“မင်းစိတ်ဆန္ဒတွေ အားလုံး ကိုယ့် တစ်ယောက် တည်း ပုံပေးရင်ကောင်းမှာ ပဲ၊ ကိုယ် လည်း မင်းဘ၀တစ်ခုလုံး ဖြည့်ဆည်းခွင့်ရချင်တယ်”

“ရှင် အခု နရီကို လက်ထပ်နိုင်မလား”

“ဘာ”

“ဆော ဆောရီး ဘာမှမဟုတ်တော့ဘူး”

ပျာပျာသလဲလဲ လက်ကာရင်း လင်းထွဋ် အနားက ရှောင်ထွက်လာခဲ့သည်။ မ ဖြစ်သင့်တာ တွ တွေးတောရင်း အချစ်မပါတဲ့ အိမ်ထောင်ရေး ကိုတော့ ပစ်စလက်ခတ် မလုပ်ချင်။

နှလုံးသားက နုပေမယ့် မာကျောခြင်းဆိုတာကို ကိုကိုနဲ့ပတ်သက်ပြီး တောင့်တချင်သည်။

အချစ်ဆိုတာ နူးညံ့ခြင်းလား၊ သိမ်မွေ့ခြင်းလား။

ရည်းစားတွေ အများ ကြီး ထားဖူးပေမယ့် ချစ်ဖူးခဲ့တာမှ မဟုတ်တာ။

ကိုကိုရဲ့ အကြင်နာတွေ ကိုပဲ ရင်ခုန်ခဲတာပါ။

ဒါဟာ အချစ်လား။ အချစ်တဲ့လား။

•••

အခန်း(၅)

အခန်း (၅)

“ဒီအချိန်လောက်ဆို ပင်ပန်းပြီး ကိုကို အိပ်နေရောပေါ့”

အတွေးနှင့် ကားကိုစက်သံမပေးဘဲ မောင်းဝင်လာရင်း ခြံထောင့်မှာ ပင် ရပ်ထားလိုက် သည်။ တိတ်ဆိတ်စွာ ကားအောက်ဆင်းကာ သစ်ခွရုံလေးဘက်လျှောက်လာခဲ့၏ ။ ထိုနေရာလေး မှာ ကိုကိုနှင့်အတူ ထိုင်နေကျ ဒန်းလေးအဖြူရောင် လေးရှိသည်။

ငယ်စဉ်က လသာရက်များ မှာ ထိုဒန်းလေးပေါ် ထိုင်နေသော ကိုကို့ပေါင်ပေါ် ခေါင်းအုံး ၍ လမင်းကြီးကို ငေးကြည့်ရင်း ကြယ်တွေ ကို အတူတူ ရေတွက်ခဲ့ကြဖူးသည်။ အရွယ်လေး ရောက် လာတော့ ပန်းရနဲ့တွေ ကို ရှူရှိုက်ရင်းဖြင့် ရောနှောကာ ကိုကို့ ကိုယ်သင်းရနံ့ကို လည်း ရှူရှိုက်ခဲ့ ဖူး သည်။

“ပန်းနရီ”

“ဟင်”

နာမည် အပြည့်စုံခေါ်တတ်တာဆိုလို့ ကိုကို တစ်ယောက် သာ ရှိသည်။ မပြောင်းလဲသေး သော ကိုကို့ ကိုယ်သင်းရနဲ့လေး။

“ကိုကို”

သူမ မတ်ခနဲ ထရပ်လိုက်ပြီသား ဖြစ်သွားသည်။ သစ်ခွရုံလေးရဲ့ အရိပ်ကြောင့် တောင့် တင်း ခန့်ထည့်သော ကိုကိုရုပ်သွင်က မသဲမကွဲ။

ရှေ့ဆက်တိုးလာသော အခါ လရောင် ကြောင့် ကိုကို ပို၍ ချောမွတ်ခံ့ညားလာတာ သိသိ သာသာ မြင်လိုက်ရ၏ ။

မြင့်မားသော အရပ်အမောင်း၊ ၀င်းဝါသော အသားအရည်သေသပ်စွာ နောက်လှန်ဖြီး သင် ထားတတ်သော ဆံပင်နှင့် ဖက်ရှင်ကျကျ ၀တ်စားထားတတ်တာက ကိုကို့စတိုင်လ်။

“ဒါက မိန်းကလေး တစ်ယောက် ရဲ့ အိမ်ပြန်ချိန်လား”

ချိုလွင်သြရှနေသော အသံလေးက အကြင်နာလွှမ်းကာ စိုးရိမ်မှု အပြည့်၊ ငေါက်ငမ်းပြီး အပြစ်တင်ပါလား ကိုကိုရယ်။

တကယ်ဆို အကြာကြီး ဝေးနေရတာ ကိုကို့ရင်ခွင်ကို ပြေးဝင်ပြီးလက်ကမ်းကြိုဆိုသင့်တာ။

အရွယ်လွန် မရိုးသားခြင်းရဲ့ စည်းတစ်ခုခြားခြင်းလား။

“ပန်းနရီ ညီမလေး”

ကိုကိုက လက်ကိုဆွဲကာ ဒန်းလေးပေါ်မှာ ယှဉ်တွဲထိုင်စေသည်။ ပခုံးပေါ်က သိုင်းဖက် သလို ဆံနွယ်တွေ ကို ဖွဖွသပ်တင်ပေး၏ ။

“အရွယ်ရောက်လေ ဆိုးလေပါလား ရည်းစားဘယ်နှစ် ယောက် တောင်ရှိနေပြီလဲ”

ကိုကို့မေးခွန်းအတွက် အံ့သြမသွားမိ။ သတင်းပေးလျက်ရှိလို့ဆိုတာ အတိအကျသိ သည်။ ကောင်းစေချင်လို့ တိုင်တောတာမျိုး မဟုတ်တာလည်း သိနေတာပါပဲ။

“ကိုကို ဘယ်အချိန်ပြန်သွားဦးမှာ လဲ”

“အပြီးပြန်လာတာ”

စကားလွှဲကာ ပြန်မေးတော့ ကိုကိုက သက်သော င့်သက်သာပဲ ပြန်ဖြေသည်။ မျက်နက်ဝန်း လေး ထောင့်ကပ်သွားရင်း သက်ပြင်းတစ်ရှိုက်ကာ လေးပင်စွာ တိုးထွက်လာ၏ ။

“လေယာဉ်ကွင်းကို ညီမလေး လိုက်လာမယ်ထင်တာ”

“လိုက်မလာ ဖြစ်လောက်ဘူးဆိုတာ ကိုကိုသိနေတယ် မဟုတ်လား”

ပလ္လင်ဦး အသံတိတ်သွား၏ ။ ဆံနွယ်တွေ ဆီမှ လက်ကိုပြန်ရုပ်ပြီး လက်ဖ၀ါးနုနုလေးကို သွေးချေဥမတတ် ဖိဆုပ်ညှစ်ပတ်လိုက်၏

“သူစိမ်းဆန်တဲ့ အနေအထားမျိုး စည်းခြားသွားရတာ ဘယ်သူ့မှာ အပြစ်ရှိနေလဲ”

“နှလုံးသားမှာ ပေါ့ ကိုကို၊ နရီတို့ ရိုးသားခဲ့ရင် ဒီနေ့လို အပြစ်ဒဏ်ခံရမှာ မဟုတ်ဘူး။ စိတ်ခံစားမှု တွေ ထိန်းချုပ်နိုင်ခဲ့ရင်ပေါ့”

“အင်း ဟုတ်တယ်နော်”

ဒါကိုတော့ သူ အလျင်အမြန်ပင် ထောက်ခံလိုက်မိသည်။ သူက ဒုတိယနှစ် ညီမလေးက ဆယ်တန်းအောင်သော နှစ် ၊ ထိုအချိန်က လူကြီးတွေ သတိထားမိလောက်သည့် အနေအထားမျိုး ဖြစ်သွားခဲ့သည်။

“သမီးလေး ပန်းနရီ ဂုဏ်ထူးသုံးခုနဲ့ ဆယ်တန်းအောင်လို့ ဖေဖေက အိမ်မှာ ပါတီပွဲလေး လုပ်ပေးမယ်၊ ကားတစ်စီးလည်း လက်ဆောင်ပေးမယ်”

“ဟေး ဒါမှ တို့ဖေဖေလှိုင်ကွ”

ဟေးခနဲ လက်ခုပ်လက်ဝါးတီး၍ ပန်းနရီအပျော်လွန်နေသည်။ ဖုဖုဖောင်းဖောင်းပါးပြင်လေး နှင့် ရဲစိုနေသော အောက်နှုတ်ခမ်းတွဲ တွဲ လေးနှင့် ပန်းနရီက အပြစ်ကင်းစင်ကာ ကလေးဆန်ဆန် ချစ်စရာကောင်းလွန်းလှသည်။

အပျိုပေါက်လှသွေးကြွယ်ချိန်မို့ ပြင်တတ်ဆင်တတ် ရှိုးထုတ်တတ်တာလည်း လွန်သည်။

ထိုညက ကော့တေးနှစ် ခွက်သောက်ကာ ရီဝေေ၀ ဖြစ်နေသော သူက အဖြူရောင် ဂါဝန် လေးနှင့် ကြွရွစွာ လှသွေးကြွယ်နေသည့် ပန်းနရီကိုကြည့်လို့မရခဲ့ပေ။

“ကိုကိုတို့ တက္ကသိုလ်မှာ ညီမလေးလောက်လှတဲ့ သူ တစ်ယောက် မှ မတွေ့ ဖူးဘူး။ ကိုကို့ကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တဲ့ အလှဘုရင်မတွေ ၀ိုင်းဝိုင်းလည်နေတာ ဘာ ဖြစ်လို့ ညီမ လေးလောက် ချစ်စရာကောင်းတဲ့ မိန်းကလေး မတွေ့ ရတာ လည်း မသိဘူး”

ဟင် ကိုကို့အနားမှာ မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်နေတယ်ဟုတ်လား။ ကိုကိုဘယ်သူ့ကို မှ စိတ်မ၀င်စားရဘူး။ မချစ်ရဘူးနော် ညီမလေးကိုပဲ ချစ်ရမယ်။ ဂရုစိုက်ရမယ် သူများ တွေ နဲ့ ရည်းစားတော် ရင် ကိုကို့ကို ညီမလေးလိုက်သတ်မှာ ”

သ၀န်တိုတတ်သော ပန်းနရီလေးကို သူဖက်ပွေ့ကာ အငမ်းမရ နမ်းပစ်လိုက်သည်။

“ကိုကိုချစ်တာ ညီမလေးပဲ ကိုကို ဘယ်သူ့ကို စိတ်ဝင်စားရမှာ လဲ ကိုကို့ညီမလေးကိုလည်း ကိုကိုက ဘယ်သူ့ကိုမှ မပေးနိုင်ဘူး ကျောင်းပြီးလို့ အလုပ်ဝင်ရင် ညီမလေးကို ကိုကို လက်ထပ် မယ်”

ထိုအ ဖြစ်အပျက် ထိုစကားတွေ ကို ကြားသွားမြင်သွားသူက မေမေ၊ ထို့နောက်ပိုင်း ခါးခါး သီးသီး တားဆီးတာမျိုး မဟုတ်ပေမယ့် သိမ်မွေ့စွာ ဖြင့် သိမ်သွင်းပိတ်ပင်ခဲ့သည်။

“မေမေတို့က သူ့ကိုစောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ သိမ်းပိုက်လို့ လူကြားမကောင်းဘူး သား မရိုးမသား ညစ်နွမ်းတဲ့စိတ်တွေ ကို ထုတ်ထားလိုက်ပါ၊ ပန်းနရီဟာ တခြားယောက်ျားနဲ့ လက်ထပ်မယ့် သားရဲ့ ညီမလေးပဲ”

စည်းခြားသွားရသည့်အကြောင်းရင်းက မွေးစားညီမ ကျေးဇူးရှင်ရဲ့ သမီး ဖြစ်နေလို့တဲ့

“ကိုကို ဟိုမှာ ချစ်သူတွေ ဘာတွေ ရခဲ့ပြီလား”

“ဟင်”

အတွေးလွန်နေဆဲမှာ ပန်းနရီရဲ့ အမေးကြောင့် ခေါင်းကို ဆတ်ခနဲ ခါလိုက်ရသည်။

“ချစ်သူရှာဖို့သွားတာမှ မဟုတ်ဘဲ။ ပညာသင်ရင်း အတွေ့ အကြုံရှာရင်း”

“ပညာလည်းစုံ ကြင်ယာလည်းစုံ ပြန်လာခဲ့ရမှာ ”

“ပန်းနရီ”

“ဒါမှ မေမေတင်တို့ စိတ်ချမ်းသာမှ မဟုတ်လား။ အခုတော့ စိုးရိမ်စိတ်တွေ နဲ့ အိပ်မပျော်နိုင် ဖြစ်နေတော့မယ်”

အရွဲ့တိုက်တာ မဟုတ်ပေမယ့် အတွန့်တက်စကားကို ကိုကိုနားလည်ဟန်ဖြင့် သူမဘက် ကို ငဲ့စောင်းကြည့်၏ ။

“ရည်းစားတွေ အများ ကြီးထားရတဲ့အကြောင်းအရင်းက”

“ကိုကို့ကို မေ့ချင်လို့”

ဒီလိုဖြေချင်လိုက်ပေမယ့် ကိုကို စိတ်မကောင်း ဖြစ်သွားမှာ စိုး၍ မျက်နှာကိုတစ်ဖက်လှည့် ကာ လက်လှမ်းမီသော သစ်ခွပန်းတစ်ပွင့်ကို ခူး၍ ခပ်ဝေးဝေး ရောက်အောင် လွှင့်ပစ်လိုက်၏ ။

“ကိုကိုမရှိတဲ့အချိန်မှာ ညီမလေး စိတ်အလိုလိုက်တာ မှားတယ်”

“ဒါဆို နရီက ဘာလုပ်ရမှာ လဲ”

“ရည်းစားတွေ ထားနေတာမဟုတ်ဘူးလို့ ကိုကို့ကို ဘာလို့ ၀န်မခံတာလဲ ဘယ်သူ ဘာပြော ပြော ညီမလေးကိုစကားကိုပဲ ကိုကိုယုံချင်တာ”

“သတင်းတွေ အတိအကျကြားထားရင် ဒါအမှန်တရားလို့ လက်ခံလိုက်ပါ ကိုကို၊ ပန်းနရီက မြင့်မြတ်တဲ့ မိန်းကလေးမှ မဟုတ်ဘဲ”

“မင်းအခု အဲလိုလုပ်လို့ မရတော့ဘူး ကိုကို ပြန်ရောက်လာပြီ ကိုကို့စကားကို နားထောင်ရ မယ်”

“ကိုကို့မှာ ဘာတာဝန်မှ မရှိပါဘူး။ နရီကို ဂရုမစိုက်ပါနဲ့ ကိုကို၊ နရီနေချင်သလို နေတာ ကိုကို့ကို မထိခိုက်ရင် ပြီးတာပဲမဟုတ်လား”

“ထိခိုက်တယ်ကွ မင်းသတင်းတွေ ကြားပြီး ဟိုမှာ မအိပ်နိုင် မစားနိုင် ဘယ်လောက် ဖြစ် ခဲရလဲ။ မင်းဘာတွေ လျှောက်လုပ်နေလဲလို့ ငါ့မှာ ရူးမတတ်ပဲ မင်းကိုမေးချင် ပြောချင်တာတွေ အများ ကြီးမင်းဘက်က မဟုတ်ပါဘူးလို့ ပြောင်ပြောင်တင်းတင်း ငြင်းဆန်တဲ့ စကားကိုလည်း အငမ်းမရ ကြားချင်နေတယ်”

“ဘာထူးမှာ လဲ ကိုကို”

“ဘာ”

ဖြတ်ရိုက်ခံလိုက်ရသလို ကျဉ်ခနဲ မျက်နှာလည်သွား၏ ။ ပခုံးလေးကို ဆွဲလှည့်ကာ မျက်နှာချင်းဆိုင် ဖြစ်လာသော သူမ မျက်ဝန်းတွေ ထဲ တည့်တည့်စူးစူးပင် ကြည့်ပစ်လိုက်သည်။

“ကိုကိုနဲ့ပတ်သက်ပြီး မင်းမှာ ဘာစိတ်တစ်ခုမှ မရှိတောဘူးလား။ ကိုကိုက မင်းဘ၀ အတွက် အရေး ပါဆုံးပါဆို”

“ဒါတွေ က အတိတ်မှာ ကျန်ခဲ့ပြီ ကိုကို၊ ဒီအိမ်မှာ ခိုကပ်နေသရွေ့ ကိုကို့ချစ်သူတော် ခွင့် ဘယ်တော့မှ ရှိလာမှ မဟုတ်ဘူး။ သွေးသားရင်းခြားမတော် ပေမယ့် ကျေးဇူးတရားက စည်းခြားပြီး သားပါ ကိုကို၊ အနေနီးလို့ ငြိတွယ်ခဲ့တယ်ဆိုလည်း ဒါဟာရှေ့ဆက်မတိုးသင့်တဲ့ ကျိန်စာပဲ”

“မင်းစကားတွေ အရမ်းတတ်လာတယ် ပန်းနရီ ကိုကို မင်းကို လွမ်းနေခဲ့တယ်”

နရီလည်း အဲလိုပါပဲလို့ ရင်ဖွင့်ခွင့်ရချင်၏ ။ ရင်ခွင်ကျယ်မှာ ခိုဝင်ကာ အားရပါးရ ရှိုက်ငို ပစ်လိုက်ချင်သည်။

“စကားကျယ်ကျယ် မပြောပါနဲ့ မေမေတင်တို့ မအိပ်သေးဘူးထင်တယ်”

“မေမေ ဒီအချိန် မအိပ်တတ်တာ မင်း သိပါတယ်။ စကားတွေ မလွှဲနဲ့ ပန်းနရီ မင်းရော ကိုကို့ကို လွမ်းနေခဲ့တယ် မဟုတ်လား ဖြေပါ”

“နရီ မေ့အောင်ကြိုးစားရင်းနဲ့ မလွမ်းတတ်အောင်လည်း လေ့ကျင့်နေခဲ့တယ်”

“ဒါဟာ အမှန်တရားမဟုတ်တာ မင်းမျက်ဝန်းလေးတွေ က သက်သေခံနေပါတယ် ပန်းနရီ ကိုကို့ကို မင်းတစ်ရက်မှ မမေ့ခဲ့ဘူးမဟုတ်လား”

“နရီကိုဘာလို့ ချောင်ပိတ်ရိုက်သတ်နေတာလဲ နရီ မဖြေချင်တာကို မရမက မေးပြီး ကိုကို ဘာတာဝန်ယူနိုင်လို့လဲ။ မေမေတင် တို့ မငြိုငြင်အောင် နရီ နေပါရစေ ကိုကို သွားပါတော့ အိမ်ထဲဝင်ပါတော့”

ကိုကိုသက်ပြင်းရှိုက်သံက သူမရင်ကို နာကျင်စူးရှနေစေ၏ ။ ကိုကိုနဲ့ပတ်သက်ရင် နှလုံး သားက အဲလောက်တောင် ခံနိုင်ရည်မရှိတာ ကိုကို။

“ကိုကို မသွားရင် နရီသွားမယ်”

ဒန်းလေးပေါ်က ဖျတ်ခနဲ ခုန်ဆင်းကာ ထရပ်တော့ ကိုကိုက သူမကိုယ်လေးကို သိမ်းကြုံး ဖက်ပွေ့လိုက်သည်။

“ပန်းနရီ မင်းကို ကိုကိုချစ်တယ်”

“ဟင့်အင်း”

ရုန်းထွက်ပေမယ့် ကိုကိုက လွတ်မြောက်ခွင့်မပေ။ နဖူးဆံစံပါးပြင်လည်တိုင်အနှံ့ တရှိုက် မတ်မတ် နမ်းသည်။ နောက်မှ နှင်းဆီငုံနှုတ်ခမ်းဖူးဖူးလေး ထိုအထိအတွေ့  အနမ်းများ ကြောင့် သူက ခဏတာမျှ မိန်းမူးပျော်ဝင်သွားခဲ့သည်။

ဆယ်တန်းအောင်စာရင်းထွက်သော နေ့ကထက် ရင်ခုန်သံတွေ ဗြောင်းဆန်းနေ၏ ။

“ချစ်တယ် အရမ်းချစ်တယ် ပန်းနရီ”

“ဟင့်အင်း”

အချစ်ဆိုသော စကားကိုကြားတော့ သူမ ထိတ်လန့်စွာ ပင် ကိုကို့ကို တွန်းထိုးဖယ်ခွာပစ် လိုက်သည်။ ထိုစကားစုနှစ် လုံးထဲမှာ သူမနစ်မျောလို့မ ဖြစ်။

“မပြောနဲ့ မပြောပါနဲ့ ကိုကို၊ အဲဒီ ချစ်တယ်ဆိုတဲ့စကား နရီကို ထပ်မပြောပါနဲ့ ကိုကို့ အချစ် ကို နရီလက်ခံလို့မ ဖြစ်ဘူး သာယာလို့မ ဖြစ်ဘူး နရီတို့ နီးဖို့ကြိုးစားရင် အဝေးဆုံးကိုရောက်သွား ကြမှာ ကိုကို သိတယ်မဟုတ်လား”

“မေမေ့ကို ရင်ဆိုင်မယ်ဆိုရင်ရော”

“ဟင့်အင်း နရီမှာ ချစ်သူရှိတယ်”

“ဘာ”

“နရီချစ်သူနဲ့ လမ်းသစ်ကိုလျှောက်ဖို့ နရီ ကြိုးစားနေပါတယ် ဒီမိသားစုမေတ္တာကို လိုအပ် နေသရွေ့ ကိုကို့အချစ်ကို လက်မခံမိအောင် ကြိုးစားရမှာ ပဲ။ ကိုကို နားလည်ပေးပါ”

တိုးတိတ်သော စကားသံလေးရဲ့ အဆုံးမှာ ပလ္လင်ဦး ဒန်းလေးပေါ် ဖင်ထိုင်ကျသွား၏ ။

မိဘအသိုက်အ၀န်းမရှိသည့် ဘ၀မှာ ပန်းနရီက သူတို့မိသားစုရဲ့ မေတ္တာတွေ နဲ့ပဲ ရှင်သန်ခဲ့ရ ရှာသည်။

သူ့ရဲ့ ဖေးမမှု တွေ ဟာ ငယ်စဉ်ကပဲ အကျုံးဝင်ပြီး အခုနောက်ပိုင်းမှာ ဖေဖေကလွဲ၍ မေမေ ရော ညီမလေးမြတ်သော်တာရော ပန်းနရီအပေါ် သိပ်မလိုက်လာြး ကတော့။

“ကျေးဇူးတရားကြောင့် သာ ခေါ်မွေးစားထားရတာ မျိုးရိုးက သန့်တာမဟုတ်ဘူး။ သူ့အဖေ က ရိုးသားပေမယ့် အမေလုပ်သူက လင်ငယ်တွေ တစ်ယောက် ပြီး တစ်ယောက် ယူတယ်။ မကောင်း တာလည်း လုပ်စားလိုက်သေတယ်။ နောက်ဆုံးကြည့်ပါဦး လူကြားလို့မကောင်းတဲ့ ရောဂါ နဲ့ သေသွားရတာ ။ ပန်းနရီမှာ ရော ဒီသွေးက ဆင်းသက်လာတော့ ဒီအကျင့်စရိုက် မရှိဘူးလို့ ပြော လို့ရမလား။ ရိုးရိုးရှင်းရှင်း အထောက်အပံ့ ပြုစုစောင့်ရှောက်နိုင်ပေမယ့် သားနဲ့ ဟိုလိုဒီလို ပတ်သက် လာမှာ တော့ တင်တင် လုံးဝခွင်မပြုနိုင်ဘူး”

ဖေဖေ့ကို ပြောနေသော မေမေ့အသံက ယတိပြတ်ဆုံးဖြတ်ထားသလိုပါ။ ပန်းနရီ ဂုဏ် သိက္ခာကြောင့်လိုလိုနဲ့ အနေအထိုင် ဆင်ခြင်ခိုင်းတာလည်း ခဏခဏ။

သားနဲ့သာ ပတ်သက်ကြည့် အဲဒီ အချိန်ကျရင် ပန်းနရီကို အိမ်ပေါ်က နှင်ချဖို့လည်း ၀န်မလေးဘူးဟု ကြိမ်းဝါးသံကိုလည်း ကြားရသည်။

ပန်းနရီကို တိုက်ရိုက်ကြိမ်းဝါးမှု တွေ ရှိခဲ့ဖူးသလား မသိပေမယ့် ဆင်ခြင်တုံတရားနှင့် ထိမ်း သိန်းလိုက်ရတာ တော့ သူ့ တစ်ယောက် တည်း မဟုတ်တာ သေချာသည်။

ပန်းနရီလည် ဘာထူးလို့လဲ။

သူနဲ့မျက်နှာချင်းမဆိုင်ရအောင် လေယာဉ်ကွင်းကို လာကြိုခဲတာမဟုတ်။ အိမ်နောက်ကျ မှပြန်လာပြီး ခြံဝင်းထဲမှာ ပဲ တိတ်ဆိတ်စွာ ထိုင်နေခဲ့တာ။

အနမ်းတွေ ကိုတောင် ကြည်ဖြူစွာ လက်မခံတော့တာ ဒီမေတ္တာရိပ်က ကွယ်ပျောက်သွားရ မှာ စိုးလို့ပဲ မဟုတ်လား။

ဒါပေမယ့် ဒီမိန်းကလေးကို သူ ဒီလိုနေခွင့်မပြုနိုင်ပါ။

ဘယ်သူတွေ နဲ့ ဘယ်လိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ။

•••

အခန်း(၆)

အခန်း (၆)

“ပန်းနရီက မနက်စာစားဖို့ ဆင်းမလာဘူးလား။ အိပ်ရာက မထသေးဘူး ထင်တယ် သွားခေါ်လိုက်ပါ ညီမလေး”

မနက်စာ စားချိန်မှာ ပန်းနရီက ရောက်မလာ၍ တမျှော်တမျှော် ဖြစ်နေရင်းက မနေနိုင်စွာ ညီမလေးကို ခေါ်ခိုင်းလိုက်သည်။ မြတ်သော်တာက နှုတ်ခမ်းလေးကိုတွန့်မဲ့ကာ…

“ဘုရင်မကြီး တစ်ဝိုင်းတည်းစားဖို့ မတူတန်သလိုဘဲ ဟိုဘက်လမ်းထဲမှာ နန်းကြီးသုပ် ဆိုင်အသစ်ဖွင့်တာ ကောင်းတယ်ဆိုပြီး အစောကြီးထထွက်သွားလေရဲ့ မေမေက အိမ်အလုပ် တွေ မခိုင်းတော့ ဘယ်အချိန် ဖြစ် ဖြစ် သူ့အတွက် ထွက်ပေါက်ရနေတာပေါ့ မြတ်လည်း သူ့လိုမျိုး သူများ အိမ်မှာ ဘော်ကြော့နေချင်လိုက်တာ ဟွန်း”

“သြော်သမီးလေးရယ် သူက ဒီအိမ်က မိသားစုနဲ့ သွေးမတော် တော့ သူစိမ်းလေ၊ အဲဒီ သူစိမ်း ကို အလုပ်တွေ လုပ်ခိုင်းလို့ ဖြစ်ပါ့မလားကွယ်၊ သူ့ခမြာ မေမေတို့မိသားစုကို ခိုကိုးနေရရှာတာပါ။ အိမ်အလုပ်တွေ ဖိဖိစီးစီး ခိုင်းလို့ ဘယ်ကောင်းပါ့မလဲ။ သူနေချင်သလို စိတ်ချမ်းသာသလို နေပါ စေ သမီးက အဲလို စိတ်ပုတ်ရဘူးနော်”

ညီမလေးကို မေမေက ဆုံးမနေတာလား သူ့ရှေ့မှာ ပန်းနရီကို သူစိမ်းဆိုတာ သိစေချင် တာလား။

ဖေဖေ့ရှေ့မှာ မို့ ပန်းနရီကို ငဲ့ညှာစာနာပြုနေတာလား ဘာကြောင့်ဆိုတာ ခွဲခြမ်းစိတ်ဖြာ မနေချင်တော့ဘဲ ကော်ဖီခွက်ကို ဂွပ်ခနဲ မော့သောက်၍ ထထွက်လာခဲ့သည်။

ဒီလောက်အထိတော့ သူ့အပေါ် ပန်းနရီ အစိမ်းသက်သက် ရှောင်မနေသင့်ပါ။

ကားယူမနေတာ့ဘဲ ခြေလျင်လျှောက်၍ ထွက်လာခဲ့သည်။ ဟိုဘက်လမ်းဆိုပေမယ့် ဘယ်နေရာ ဘယ်ဆိုင်ဆိုတာ သူမသိ။ နန်းကြီးသုပ်ဆိုင်အသစ်တဲ့။

ပန်းနရီက ငယ်ငယ်လေးကတည်းက နန်းကြီးသုပ်ဆို အသေကြိုက်သည်။ သူ ကတော့ တီ ကောင်နှင့် တူသည်ဆိုပြီး မြင်ရုံနဲ့တောင် ကြက်သီးထတတ်သူပင်။

ဒါပေမယ့် ပန်းနရီ နန်းကြီးသုပ်စားတိုင်း မရှုံ့မမဲ့ငေးမောနေတတ်တာ သူ့အကျင့်။

“ဟင် ပန်းနရီ”

တစ်လမ်းလမ်းပေါ်မှာ ခေါင်းငိုက်စိုက်နှင့် လျှောက်လှမ်းသွားနေသော ပန်းနရီကို မြင်လိုက် ရသည်နှင့် သူရင်တွေ ဖျတ်ခနဲ ခုန်သွား၏ ။

သရီးကွာတား အ၀ါရောင် လေးနှင် တီရှပ်အဖြူလေး ၀တ်ထားကာ ရှူးဖိနပ်ကိုစိးပြီး ပေါ့ ပေါးပါးပါး လျှောက်သွားနေပေမယ့် ပတ်ဝန်းကျင်ကို မေ့လျော့လောက်အောင် သူမ စိတ်နှင့် ကိုယ်နှင့် ကပ်ဟန်မတူ။

“ပန်းနရီ”

“ဟင်ကိုကို”

“ညီမလေး ဘယ်လျှောက်သွားမလို့လဲ”

လက်ကလေးကို ဖမ်းဆွဲကာမေးတော့ ဖျတ်ခနဲ ပြန်ရုန်း၍ မျက်လွှာတစ်ချက် ပင့်ကြည့်ပြီး ဆက်လျှောက်သည်။

သူက ယဉ်တွဲ ကာကပ်လျှောက်ရင်း သူမ မျက်နှာလေးကို စောင်းငဲ့ကာ ကြည့်လာ ဖြစ် ၏ ။

“ကိုကိုမရှိတုန်း မင်းထင်သလိုနေလာခဲ့တာ အမှန်ပဲ လားညီမလေး”

ညီမလေးခေါ်လိုက် ပန်းနရီခေါ်လိုက်နှင့် အမြဲလို ရောထွေးနေတတ်သော ကိုကို့စကား ကြောင့် သူမအခိုက်အတန့်တော့ ကျဉ်ခနဲ ခံစားလိုက်ရသည်။ ဒါပေမဲ့ ခြေလှမ်းတွေ ကို မရပ်တန့် ဘဲ ဆက်လျှောက်နေမိသည်။

“ဘာလို့ လိုက်လာတာလဲ ကိုကိုတို့မိသားစု ပျော်ပျော်ရွှင်ရွှင် မနက်စာစားပြီး ကျန်ခဲ့ပါ လား။ သိသွားရင် တစ်မျိုးထင်ခံနေရဦးမယ်”

“ကိုကို့ကို ဒီလိုမျို ရှောင်နေရမယ်လို့ မေမေက ပြောထားတာလား”

“ဟင့်အင်း”

“ညီမလေး မြတ်သော်တာကလား”

“ဟင့်အင်း”

“ တစ်ယောက် ယောက် က ပြောမထားဘဲ မင်းကိုကို့ကို ဒီလိုမျိုး သူစိမ်းမဆန်နိုင်ပါဘူး”

“နရီ ချစ်သူက မကြိုက်ဘူး”

“ပန်းနရီ”

“အဲဒီ လို ဒေါသတွေ နဲ မအော်ပါနဲ့ကိုကို၊ နရီ ဘာလုပ်လုပ် မသိချင်ယောင်ဆောင် ပေးပါ။ ကိုကိုလည်း ကိုကို့လမ်း ကိုကိုလျှောက်ရမှာ ၊ နရီလည်း ကိုယ့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်ပါရစေ”

“မင်းဘာတွေ ပြောနေတာလဲ ကိုကို့အပေါ် ဘာလို့ ဒီလောက်တောင်စိမ်းသွားရတာ လဲ အနှစ် နှစ် ဆယ်ကျော် အတူနေ သံယောဇဉ်က အဲဒီ လို ဖြတ်တောက်ပစ်ဖို့ လွယ်သလား”

“မေမေတင်က ကိုကို့ကို ဘာမှမပြောသေးဘူထင်တယ်”

“ဘာကိုလဲ”

သူ မသိလို့ပြန်မေးလိုက်ခြင်းကို ပန်းနရီက ဘယ်လိုအတွေးပေါက်သွားသည်မသိ ဘဲ ခြေလှမ်းတွေ တုံ့ခနဲရပ်၍ သူ့ကို စွေစောင်းကာ ကြည့်၏ ။

“သန္တာကိုနဲ့ ကိုကို့ကို လက်ထပ်ပေးမှာ ဆို”

“ ဘာသန္တာ နာနာကိုပြောတာလား အဲဒါ ကိုကို့သူငယ်ချင်းလေအရင်က အိမ်ကို ခဏခဏ လာလည်တတ်တာ မင်းလည် သိသားပဲ ဒီထက်ပိုပြီး ဘာအကြောင်းမှ မရှိဘူး။ မေမေလည်း ဘာအကြောင်းမှ ပြောမထားဘူး”

“ကိုကိုပြန်ရောက်တဲ့အထိမ်းအမှတ်နဲ့ ဒီနေ့ နေ့လယ်စာ အဲဒီ အိမ်မှာ ထမင်းစားဖို့တောင် စီစဉ်ပြီးနေမှ ကိုကိုရယ်”

သ၀န်တို မနာလိုဟန်လေးစွက်ကာ အသံလေးက တုန်ယင်လို့ပါ။ ဒါ တကယ်လို့ သူ သိထားသည့်ကိစ္စမဟုတ်။

“ကိုကိုတောင် မသိသေးဘဲ မင်းက ဘယ်လိုလုပ် တပ်အပ်သေချာသိနေတာလဲ ပန်းနရီ”

“မနက် မေမေတင် ပြောလိုက်တာ”

“ဘာ”

“နာနာက အဆင့်အတန်းရှိတဲ့ အသိုက်အ၀ိုင်းက ဖြစ်ပြီး ဆရာဝန် တစ်ယောက် ဖြစ်လို့ ကိုကို့ ကို ညီမလေး တစ်ယောက် အနေနဲ့ သဘောတူတယ် မဟုတ်လားလို့တောင် နရီကို မေးသေး တယ်”

“ဟား”

ဟားခနဲ အော်၍ ကိုယ့်နဖူးကိုယ် လက်ဝါးနှင့် ပစ်ရိုက်ပစ်လိုက်သည်။ မေမေက သူ့ကိုမပြော သေးပေမယ့် ပန်းနရီကို အသိပေးထားဟန်တူသည်။

ဘာကြောင့် ဆိုတာ သဘောပေါက်ပေမယ့် သူလက်ခံနိုင်သည့်ကိစ္စမဟုတ်။

“အဲဒါကြောင့် ဆိုရင် ညီမလေး စိတ်ချနေပါ ကိုကို ဘယ်တော့မှ နာနာကို လက်ထပ်မှာ မဟုတ်ဘူး။ နာနာက ကိုကို့ကို စိတ်ဝင်စားတယ် လူကြီးချင်းလည်း ဟိုအရင်ကတည်းက သဘော တူခဲ့တယ်။

ဒါပေမဲ့ ကိုကိုက ဘယ်လိုလူမျိုးရဲ့ ထောင်ချောက်ထဲကိုမှ ၀င်မယ့်ကောင် မဟုတ်ဘူး”

“အဲဒါ ကိုကိုကိစ္စပါ ကိုကိုလက်ခံသည် ဖြစ်စေ လက်မခံသည် ဖြစ်စေ နရီနဲ့ ဘာမှ မဆိုင် ပါဘူး နရီလည်း နရီချစ်သူနဲ့ လက်ထပ်မှာ ဆိုတော့ အချိန်တန်ရင် သူ့အလိုလို ပြီးဆုံးသွားမယ့် အကြောင်းအရာတွေ ပါ”

“မင်းတွဲ နေတဲ့ကောင်တွေ ကို မင်းတကယ်ချစ်လို့လား”

မချစ်ဘူးဟု ရင်ထဲက တုန်အက်စွာ အော်မြည် နေပေမယ့် လက်တွေ့ မှာ ခေါင်းကို တဆတ် ဆတ် ညိတ်ပြလိုက်သည်။

“အိမ်ထောင်ဘက်အထိ ရွေးချယ်ထားပြီဆိုကတည်းက နရီဘ၀တစ်ခုလုံးအတွက် အရေး ပါ လို့ပေါ့။ ကိုကိုမရှိတဲ့အချိန်အတွင်းမှာ နရီအများ ကြီးပြောင်းလဲသွားတယ်လို့ ကိုကိုထင်မှာ ပဲ နော်။ လူ့စိတ်ဆိုတာ တသမတ်တည်း တည်မြဲနေတတ်တဲ့ အရာမှ မဟုတ်တာ၊ ပျော်သလိုနေရင်းနဲ့ တကယ့် အချစ်စစ်ကို တွေ့ သွားနိုင်တာပဲ မဟုတ်လား”

“မင်း တကယ်ပြောနေတာလား”

“ဒါ နောက်ရမယ့်ကိစ္စမှ မဟုတ်တာ။ အဲဒါကြောင့် နရီကို အရမ်းဖိအားတွေ ပေးပြီး မချုပ် ကိုင်ပါနဲ့ ကိုကိုလည်း မိဘစကားကို နားထောင်ပါ”

“အေးလေ မင်းတောင်မှ မင်းသဘောနဲ့ မင်းနေမယ်ဆိုရင် ကိုကို့ကိုလည်း ဘယ်သူ့ စကားကိုမှ နားထောင်ပါလို့ ကန့်သတ်ချက် တွေ မထုတ်ပါနဲ့ ကိုကိုလည်း နေချင်သလို နေမှာ ”

“ကိုကို”

“ထားပါ မင်းနဲ့ကိုကို အဲဒီ အကြောင်းတွေ ခဏလောက် မဆွေးနွေးပဲနေရအောင် အခု မင်း နန်းကြီးသုပ် ထွက်စားတာ မဟုတ်လား စားပြီးပြီလား”

“မစားရသေးဘူး ဆိုင်ရှာမတွေ့ တာနဲ့ ရွာလည်နေတာ”

“မရှာ ဖြစ်တဲ့ လျှောက်သွားနေတာလို့ ပြောစမ်းပါကွာ လာကိုကို ကူရှာပေး မယ် ပြီးရင် ညနေလောက်မှ အိမ်ပြန်မယ် ဒါဆို နာနာတို့ အိမ် နေ့လယ်စာ လိုက်စားစရာ မလိုတော့ဘူးပေါ့”

“အာ ဘယ် ဖြစ်မှာ လဲ ကိုကိုနေခဲ မလိုက်ခဲ့နဲ့”

သူ့ကိုချန်ထားကာ ရှေ့က ပန်းနရီ ခပ်သုပ်သုပ် လျှောက်သည်။ သူထပ်ကြပ်မကွာ လိုက်လာရင်း..

“အရင်ကလည်းဒီလိုပဲ မင်းစားချင်တာ မင်းသွားချင်တာ သွားနေတာပဲ ကိုကို လိုက်ပို့ပေး နေကြပဲဥစ္စာကို မင်း ရည်းစားတွေ့ သွားလည်း ကိုကိုအကောင်းဆုံး ဖြေရှင်းနိုင်ပါတယ်”

“ကိုကို”

“မင်းအော်လည်း အပိုပဲ ကိုကိုကဆုံးဖြတ်ပြီးရင် မပြတ်တတ်တာ နောက်မဆုတ်တတ် တာ မင်းသိတယ်မဟုတ်လား မင်းချစ်သူဆိုတဲ့ ကောင် ဘယ်လိုလူစားမျိုးလဲ ကိုကိုတွေ့ ကြည့်ဦးမှာ မျက်လုံးထဲမှာ အဆင်မပြေရင် မင်းကို ဘယ်သူဘာပြောပြော စောင့်ရှောက်ပေးဦးမှာ ပန်းနရီ”

“ကျွတ် ကိုကိုရာ နရီကို ဖိအားတွေ မပေးပါနဲ့ နရီ မွန်းကြပ်လို့ သေတော့မယ် နရီအ ကြောင်းနဲ့ နရီ ဘာ ဖြစ် ဖြစ် ဥပေက္ခာပြု မျက်နှာလွှဲနေစမ်းပါ။ နရီ ဘယ်သူ့အမုန်းမှ အမုန်းမ ခံချင်ဘူး”

“ကိုကို ရင်ဆိုင်မယ်လို့ ပြောသားပဲ”

“တော် ပါတော့ ကိုကိုရယ် ကိုကို ရင်ဆိုင်ျင်လည်း နရီ ကတော့ ရင်မဆိုင်ရဲဘူး။ အားလုံး ရဲ့ ကျေးဇူးတရားတွေ ကို နရီဒီနေ့အထိ ရပ်တည်နေနိုင်တာ၊ စိတ်ခံစားမှု တစ်ခုအတွက် နရီ ဘယ် တော့မှ ဖေဖေလှိုင်နဲ့ မေမေတင်တို့ကို စိတ်ဆင်းရဲအောင် မလုပ်ဘူး”

“ဘာမှ မပြောနဲ့တော့ကွာ ကိုကိုလည်း မင်းထက် ခေါင်းမာတဲ့ ကောင်ပဲ၊ ဒီနေ့တစ်နေ့ မင်းနဲ့အတူနေမယ်သိကြားမင်း ဆင်းဖျက်တောင် မရတော့ဘူး”

“အာ ကိုကို”

မလှုပ်သာအောင် မငြင်းသာပါ။ လက်ဆွဲခေါ်ရာတွန့်ဆုတ်စွာ လိုက်ပါရင်း ဆန္ဒတွေ လည်း မပြတ်သားစွာ …

•••

အခန်း(၇)

အခန်း (၇)

“အဲဒါကြောင့် တစ်နေကုန် နင့်ကိုကိုနဲ့ အတူ ရှိနေခဲ့တယ်ဆိုပါတော့”

“ဘယ်လိုမှ ခွာထုတ်မရလို”

“နင် မပြတ်မသားလုပ်နေရင် ဒီထက်ပိုခံစားရမယ် နရီ”

“ငါ့ဆန္ဒတွေ ကိုက ကိုကိုနဲ့ အတူရှိနေချင်တာ။ ဘယ်လိုလုပ်ရမလဲ ရုန်းထွက်ဖို့ ကြိုးစား ရင်း နွံနစ်နေတာ”

“ဒေါ်ခင်နွဲ့တင်က အဲဒီ အကြောင်း မသိဘဲ နေမလား ဒေါသတွေ ကြီးပြီး ပြဿနာရှာနေမှာ ပေါ့”

“မသိဘူး ကိုကို့ကို အရင်ပြန်ခိုင်းပြီး ငါက နင့်ဆီထွက်လာခဲ့တာ။ ကိုကိုက အပြောခံစရာရှိ ရင် သူပဲ ခံမယ်တဲ့ ငါ့ကို ကာကွယ်ပေးချင် တဲ့ပုံပါပဲ”

“ရင်မောတယ်ဟယ်နင့်အကြောင်းကြားရတာ ငါ့ကို ကြေးအိုးတစ်ပွဲလောက်တိုက်ဦး”

ဘာမှမဆိုင်ပါဘဲ ညိုညိုစိမ်းက အစားဘက် အာရုံ ပြောင်းသွား ၏ ။ သူမ ကတော့ ဘာမှ စား ချင်စိတ်မရှိဘဲ အအေးတစ်ခွက်သာ မှာ သောက်လိုက်သည်။

“ဟဲ့ ဟိုမှာ လင်းထွဋ် ဆိုင်ထဲဝင်လာပြီ”

ကြေးအိုးပူပူမှု တ်သောက်ရင်း ဆိုင်ထဲဝင်လာသော လင်းထွဋ်ကို ညိုညိုစိမ်းက အရင်မြင် သည်။ လင်းထွဋ်က ခုံတစ်လုံးဆွဲကာ ၀င်ထိုင်ရင်း မျက်နှာက သုန်မှု န်နေသည်။

“ပလ္လင်ဦး ပြန်ရောက်လို့ ကိုယ့်ကိုတောင် အဆက်အသွယ်လုပ်ဖို့ မေ့နေတာလား”

အထေ့အငေါ့စကားနှင့် လင်းထွဋ်က ပန်းနရီရှေ့က အအေးခွက်ကို ဂွပ်ခနဲမော့သောက်၏ ။

အဲလို စည်းမရှိတာကို ပန်းနရီမကြိုက်ပေ။ လင်းထွဋ်သောက်ထားသော လက်ကျန်ခွက်ကို လင်းထွဋ်ဘက် တိုးရွှေ့လိုက်ပြီး စားပွဲထိုးလေးကို နောက်တစ်ခွက် ထပ်မှာ လိုက်၏ ။

လင်းထွဋ် အောင့်သီးအောင့်သက်နှင့် ပင် မချိပြုံးပြုံးလိုက်ရသည်။

“ချစ်သူချင်းကို ပန်းက အရမ်းသူစိမ်းဆန်တာပဲ သူများ တွေ ဆို အချစ်ရဲ့ ပြယုဂ်လေးတွေ လှပနေအောင် တစ်ခွက်တည်းကို နှစ် ယောက် သောက်ပြီး ကြည်နူးမှု တွေ နဲ့”

“ညို့ရှေ့မှာ စကားပြောဆင်ခြင်ပါ လင်းထွဋ် သမီးရည်းစားဆိုပေမယ့် နင်နဲ့ငါက စည်း လွတ် ၀ါးလွတ် ပြောလောက်အောင်အထိ မရင်းနှီးဘူးနော် ရုပ်ရှင်အတူကြည့်ရုံ၊ ပန်းခြံ အတူသွားရုံ စားသောက်ဆိုင် အတူထိုင်ရုံကလွဲပြီး ဘာအခွင့်အရေး မှ မပေးခဲ့ဖူးတာ နင်အသိ”

“အဲဒီ လောက်နဲ့ ကျေနပ်နေတာကိုက မင်းကို ကိုယ်သိပ်ချစ်လို့ဆိုတာ မင်း မေ့ထားလို့ မရဘူး ပန်း၊ တစ်ယောက် နဲ့ တစ်ယောက် လေးစားယုံကြည်မှု တွေ နဲ့ ကိုယ် ရှေ့ဆက်ချင်တယ် ဟိုနေ့က မင်းရဲ့ မွေးစားအမေတောင် ကိုယ့်မိဘတွေ နဲ့ ညစာအတူစားရင်း ဆုံ ဖြစ်ကြတယ်”

“ဘာ”

“ဘယ်လိုကြောင့် ဆုံ ဖြစ်တယ်ဆိုတာ ကိုယ်မသိဘူး။ ဆုံ ဖြစ်လိုက်မှပဲ တစ်ချိန်က မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်နေကြတယ်တဲ့။ သားတို့ရှေ့ရေး စိတ်အေးရပြီလို့တောင် ကိုယ့်မာ မီက ပြော နေသေးတယ်”

လင်းထွဋ်က အားရကျေနပ်စွာ နှင့် ပြောနေသည်။ မေမေတင်က ဘာအကြောင်းနှင့် လင်း ထွဋ် မိဘတွေ ကို သွားတွေ့ တာလဲ။ လင်းထွဋ်မိဘတွေ ကရော ဘာကြောင့် သားတို့ရှေ့ရေး စိတ်အေးရပြီ ပြောနေတာလဲ။

သူမမှာ တော့ မေးခွန်းတွေ နှင့် အတွေးတွေ ရှုပ်ယှက်ခတ်သွား၏ ။

ကိုကိုနှင့် အနေဝေးအောင် လင်းထွဋ်နှင့် တွန်းပို့ဖို့ အစီအစဉ်ဆွဲနေခြင်းလား၊ ဒီလောက် ဆင်ခြင်နေတာတောင် စိတ်မချနိုင် ဖြစ်နေတာ တကယ်ကို မလိုလားလို့ဆိုတာ သေချာ၏ ။

သူမကရော မေတ္တာတွေ ကျေးဇူးတရားတွေ ကို မိုက်မဲစွာ တွန်းလှန်နိုင်သည့်သတ္တိရှိရဲ့ လား။

ဟင့်အင်း ကိုကို့အချစ်တစ်ခုတည်းကြောင့် ကျန်ခဲ့တဲ့လူတွေ ကို စိတ်ဆင်းရဲမှု ၊ မပေးရက်၊ မိဘသဖွယ် ပေးဆပ်စောင့်ရှောက်ခဲ့တာနည်းတဲ့ ကျေးဇူးတရားတွေ လား။

“ငါ့ကို အိမ်ပြန်လိုက်ပို့ပါလား လင်းထွဋ် ငါ ကားပါမလာဘူး”

“သြော် အင်း ပန်းဆန္ဒရှိရင် ကိုယ်က အဆင့်သင့်ပါ အခုပြန်တော့မလား”

“ဟင့်အင်း ရုပ်ရှင်ကြည့်ပြီးမှ အခုအိမ်မပြန်ချင်သေးဘူး”

“အိုကေ ကိုယ် ရုပ်ရှင်ကြည့်လက်မှတ် လှမ်းမှာ လိုက်မယ်”

တက်ကြွပြုံးရွှင်သော လင်းထွဋ်မျက်နှာကိုကြည့်၍ မပျော်ရွှင်နိုင်သော ကိုယ့်ရဲ့ စိတ်က ကသိကအောက်ပင် ဖြစ်ရ၏ ။

မချစ်မနှစ်သက် သော သူ ဘာတွေ လုပ်လုပ် ဘယ်လိုမှ အကောင်းမြင်လို့မရတာ ဓမ္မတာပဲ လား။ ဂရုစိုက်တန်ဖိုးထားပြီး ပျာပျာသလဲ ဖြစ်နေရင်လည်း အမြင်ကတ်စရာကောင်းသည်ဟုပဲ တွေးလို့ရသည်။

ကိုကို့ကိုဆိုရင်တော့ ပြုံးနေနေ မဲ့နေနေ မာန်ငေါက်နေနအပြစ်တွေ ပြောနေနေ မြင်နေ သမျှ ကြာနေသမျှ အရာရာဟာ အချစ်တွေ ဖြင့် သာယာနေတော့တာ။

•••

အခန်း(၈)

အခန်း (၈)

“ဒီကိစ္စက ဖြစ်ကို မ ဖြစ်သင့်တာ သား၊ မနက်ကတည်းက ပန်းနရီနောက်လိုက်သွားပြီး တစ်နေကုန် သားတို့အတူတူရှိနေတာ မဟုတ်လား။ မဟုတ်ပါဘူးလို့ ငြင်းရင် သား ဆင်ခြေပေး တာပဲ ဟုတ်ပါတယ် ဆိုရင် မေမေ့ဆန္ဒကို ဆန့်ကျင်တာ သားလည်း မှားတယ် ပန်းနရီလည်း မှား တယ်”

ငြိမ်သက်နေခြင်းဟာ ၀န်ခံတာလို့ ယူဆသွားမှာ စိုး၍ သက်ပြင်းတွေ ရှိုက်ထုတ်ရင်း ဆိုဖာ ခုံမှာ ၀င်ထိုင်လိုက်၏ ။ တစ်နေကုန် စိတ်မောစွာ မျှော်နေဟန်ရှိသော မေမေက စိတ်ဂနာမငြိမ်သေး ပုံ မပေါ်။

“မေမေဘာလို့ ဒီလောက်တောင် ကျွန်တော် နဲ့ နရီကို စိတ်မချနိုင် ဖြစ်တာလဲ ကျွန်တော် မရှိခင် နရီလေးကို ဖိအားတွေ ပေးထားတယ် ထင်တယ် နရီ ကျွန်တော့် အပေါ် စိမ်းစိမ်းကားကား ရှောင်နေတာ မေမေသိတယ် မဟုတ်လား”

“သိပါတယ် ဒါပေမဲ့ မေမေတို့ရှေ့မှာ မို့ ဆင်ခြင်နေတာ ကွယ်ရာမှာ အခု ဘယ်အခြေအနေ ထိ ရောက်ခဲ့ပြီလဲ။ မျက်ရည်ခံထိုး အလွမ်းတွေ သယ်မနေဘူးလား”

“မေမေ”

“ယောက်ျားတွေ ကို ဘယ်လိုသိမ်းသွင်းစည်းရုံးရမယ်ဆိုတာ သူ့အမေဆီက အမွေအကုန်ရ ထားတယ် သား။ အစဉ်အမြဲ ဘ၀တစ်သက်တာ ရည်ရွယ်ထားတာလည်း မဟုတ်ဘဲနဲ့ တစ် ယောက် ပြီး တစ်ယောက် ကစားနေတာ အဲဒါ မိန်းမကောင်း တစ်ယောက် ရဲ့ အကျင့်စရိုက်လား”

“မေမေဘာလို့ မဆုံးမတာလဲ ဘာလို့ လျစ်လျူရှုထားတာလဲ”

“ဘာ”

“မေမေ့အုပ်ချုပ်ပုံအောက်မှာ မေမေ့ထိန်းသိမ်းသွန်သင်မှု အောက်မှာ ကြီးပြင်းလာခဲ့တဲ့ ကလေးပါ။ ညီမလေး မြတ်သော်တာနဲ့ ဘာကြောင့် ကွာခြားသွားတာလဲ။ ဘာလို့ မတူရတာ လဲ။ သားသမီးအရင်း မဟုတ်လို့ဗိုင်းကျောက်ဖိ လူအထင်ကြီးမခံရအောင် ပစ်စလက်ခတ် ဖြစ်ချင်ရာ ဖြစ် လွှတ်ထားတာမဟုတ်လား မေမေ”

“ပလ္လင်ဦး”

စားပွဲခုံကို ဗြန်းခနဲ ပုတ်ကာ ဒေါ်ခင်နွဲ့တင် ဒေါသတစ်ကြီး အော်ပစ်လိုက်သည်။ သားတစ် ခါမှ ဒီလိုခံမပြောဖူးတာမို့ အသည်းဆတ်ဆတ်ခါအောင် နာ၏

ဒါ မိခင် တစ်ယောက် ကို ဝေဖန်အပြစ်တင်သင့်တဲ့စကားလား။

“မျိုးရိုးဗီဇမတူရင် အကျင့်စရိုက်တွေ လည်း မတူနိုင်ဘူး ပလ္လင်ဦး၊ ကိုယ့်သားသမီးအရင်းဆို ရင် ရိုက်ပုတ်ဆုံးမသွန်သင်လို့ရတယ်။ မနာခံရင် သတ်ပစ်လို့လည်းရတယ်။ သူက သူစိမ်း၊ ကျေးဇူးရှင်သမီးဆိုပြီး မင်းအမေက လေသံမာမာတောင် အပြောခံခဲ့တာမဟုတ်ဘူး”

“အိမ်ထောင်မှု ထိန်းသိမ်းဖို့ အချက်အပြုတ်သင်တာတို့ကို မြတ်နိုးသော်တာ တစ်ယောက် တည်းခိုင်းတာကရော ပန်းနရီက ၀ါသနာမပါဘူးမလုပ်နိုင်ဘူး ပြောလို့လား မေမေ၊ အဲဒါတွေ တတ်ရင် မိန်းမကောင်း မိန်းမမြတ်ပီသသွားမှာ စိုးလို့လား”

“ပလ္လင်ဦး မင်း ဘာတွေ နားလည်လို့ ငါ့ကို ဒီလိုတွေ ပြောနေရတာ လဲ။ ပန်းနရီ ဘယ်လိုများ သွေးထိုးလွှတ်လိုက်လို့လဲ ငါ့မှာ တော့ သူ့ကို မပြောရက်မဆိုရက် သမီးရင်းနဲ့မခြား ပြုစု စောင့် ရှောက်ခဲ့လိုက်ရတာ ။ ငယ်စဉ်ကဆို ချီးသုတ်သင် သေးသုတ်သင်နဲ့ နေမကောင်းလည်း ရင်ခွင်ပိုက် ပြီး ဆေးရုံဆေးခန်း ပြေးခဲ့ရတာ ပညာဆိုလည်း လူ့အောက်မကျအောင်သင်ပေးခဲ့တာ။ ပတ်ဝန်း ကျင်က သမီးရင်းလိုယုံကြည်လောက်အောင်ကို ငါ့ဘက်က ဂရုစိုက်ပေးဆပ်ခဲ့တယ်။ ဒါတောင်မှ ငါက ပန်းနရီကို ဥပေက္ခာပြု ပစ်စလက်စ ဖြစ်ချင်ရာ ဖြစ် လွှတ်ထားတာတဲ့လား။ အံမယ်လေး ရင်နာလိုက်ရာ ပလ္လင်ဦးရယ် ဒေါ်ခင်နွဲ့တင် ရင်ဘတ်ကိုပုတ်ကာ မျက်ရည်ပါကျ၏ ။ မေမေ အခုပြော နေတာတွေ က အမှန်ပင်။

ငယ်စဉ်အတိတ်က ပန်းနရီဘ၀ နွေးထွေးမှု များ ဖြင့် ပျော်ရွှင်စရာကောင်းခဲ့ပါသည်။ မိဘ မဲ့တစ်ကောင်ကြွက်လေးမို့ မျက်နှာမငယ်ရအောင် ဖေးမမှု တွေ ဖြင့် ပြုစုစောင့်ရှောက်ခဲ့ကြသည်။

အခုမှ ဒါတွေ ဟာ သူ့အထင်တွေ မှန်မှ မှန်ရဲ့ လား။

“ဒါဆိုရင်လည်း နရီကို အရမ်းကြီး မတင်းကျပ်ပါနဲ့ မေမေ သူ့ခမြာ အနေကျပ်အစားကျပ် နဲ့ အိမ်ကိုတောင် မကပ်ရဲတော့တဲ့အထိ ဖြစ်နေပြီ”

“ဟဲ့ အဲဒါက သူကိုယ်တိုင် ရည်းစားသနားကိစ္စတွေ ကြောင့် အိမ်မကပ်ကတာ”

“မေမေ ဒါတွေ သိရင် မဆုံးမသင့်ဘူးလား ညီမလေး မြတ်နိုးသော်တာဆိုရင် မေမေ ဒီလို ကြည့်နေနိုင်မလား”

“အဲဒါ ခက်တာ သွေးမတော် သားမစပ်ကို ဆုံးမသွန်သင်မိရင် အနိုင်ကျင့်ချုပ်ချယ်တယ် အထင်ခံရဦးမယ် မသိချင်ယောင်ဆောင်နေတော့ ကိုယ့်သားသမီးမဟုတ်လို့ လျစ်လျူရှုနိုင်တာ လားတဲ့။ ဒါကြောင့် မင်းလှေမျောလည်း မဆယ်နဲ့။ ခြေနှစ် ချောင်းလည်း မကယ်နဲ့လို့ ရှေးစကားပုံ ရှိခဲ့တာ မင်းအဖေ အသက်ကို ကယ်တင်ခဲ့တဲ့သူရဲ့ သမီးမို့ ပန်းနရီကို ပြုစုစောင့်ရှောက်ခဲတာ ငါ မှားသွားပြီ ပလ္လင်ဦး”

“အဲလိုလည်း မဟုတ်ပါဘူး။ မေမေ ကျွန်တော် ပြောချင်တာက”

“တော် ပြီ သား ပန်းနရီဘက်က ခံစားပြီး မေမေ့ကို တိုက်ခိုက်နေတာတွေ ရပ်တန်းက ရပ်ပါတော့။ မေမေ ရှင်းရှင်းပဲပြောမယ် သား သန္တာကိုနဲ့ လက်ထပ်ပြီးရင် ဒီကိစ္စတွေ ဖြစ်ဖို့ အကြောင်းမရှိတော့ဘူး”

“ဗျာ ဘာ ဘာကိုပြောတာလဲ မေမေ”

ခန္ဓာကိုယ်က မတ်ခနဲ ဖြစ်လျက် မျက်လုံးအစုံက နားမလည်စွာ ပြူးကျယ်သွားသည်။ ဒေါ်ခင်နွဲ့တင်က ဆိုဖာခုံကို ကျောကပ်မှီ၍ ခြေချင်းချိတ်ထိုင်ကာ..

“သားကုမ္ပဏီမှာ ရုံးထိုင်တာနဲ့ သန္တာကိုနဲ့ လက်ထပ်ရမယ်။ သားတို့သူငယ်ချင်း လည်း ရင်းနှီးပြီးသားပဲ ပြီးတော့ သန္တာကိုအဖေရဲ့ ပူးပေါင်းမှု ကြောင့် ၀န်ထမ်းဘ၀က ထွက်ပြီး သားအဖေ ကုမ္ပဏီထောင်နိုင်ခဲ့တာ ဂုဏ်ဒြပ်အဆင့်အတန်း မေမေတို့ထက်သာတယ်”

“အဲဒါကို ကျေးဇူးတင်သင့်တယ်ဆိုပြီး ကျေးဇူးဆပ်ခိုင်းမလို့လား သန္တာကို ကျွန်တော် ခင်ပါ တယ်။ ဒါပေမဲ့ ဘယ်လိုထောက်ထားစရာ တွေ ပဲရှိရှိ သန္တာကို ကျွန်တော် လက်ထပ် ဖြစ်မှာ မဟုတ်ဘူး မေမေ”

“ပန်းနရီကြောင့် လား”

“မေမေ”

“ပန်းနရီကို ချွေးမအ ဖြစ် မေမေ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး သား သူလည်း သူနဲ့ အဆင့်အတန်း တူတဲ့သူကို ရွေးချယ်လိမ့်မယ်”

“အဆင့်အတန်းဆိုတာ”

“မင်းဘာပြောချင်တာလည်း ငါ နားလည်တယ်။ သမီး တစ်ယောက် ယောက် လို သတ်မှတ် ထားတဲ့အတွက် သူ့ကို နိမ့်ကျတဲ့သူနဲ့ အ ဖြစ်မခံပါဘူး။ အခု သူနဲ့ကြိုက်နေတဲ့ လင်းထွဋ်ဆိုတဲ့ ကောင်က မေမေ့မိတ်ဆွေရဲ့ သား ဖြစ်နေတယ်။ လူကြီးချင်းစကားပြောကြည့်တော့လည်း သူ့ကို တန်ဖိုးထားသားပဲ မွေးစားသမီးမှန်းသိပေမယ့် မေမေတို့ အရှိန်အ၀ါကြောင့်လားတော့မသိဘူး ပန်းနရီကို ချွေးမတော် ချင်ပါတယ်တဲ့လေ။ သူတို့သားကလည်း သူတို့ကို အသိပေးထားလို့ လက်ထပ်ဖို့အထိ ရွေးချယ်ထားတာ ဖြစ်နိုင်တယ်လို့ ပြောတယ်”

“မေမေ အတင်းအကျပ် စီစဉ်ဖို့ လုပ်နေတာ မဟုတ်ပါဘူးနော်”

မယုံမကြည်စိတ်မချ ဖြစ်နေသော သားကို ခပ်စူးစူးကြည့်၍ မျက်စောင်းပင် ရွယ်မိသည်။ ပန်းနရီအပေါ် ဒီလောက်အထိ အလေးအနက်ရှိလွန်းတာ ရင်ထဲမကောင်းနိုင်ပေ။

သားကို အရင်လက်ထပ်ပေးရမလား။ ပန်းနရီကို အရင်လက်ထပ်ပေးရမလား။

အမြန်ဆုံးတစ်ခုခုစီစဉ်မှ ဖြစ်မည် ။

သားနဲ့ ပန်းနရီ သူ့အလိုလို ဝေးသွားဖို့ဆိုတာ….

•••

အခန်း(၉)

အခန်း (၉)

“မင်းမြင်ပြီလား ပလ္လင်ဦး အချိန်မတော် မှ ပြန်လာတဲ့ ပန်းနရီကို လိုက်ပို့မယ် သူ့ချစ်သူ ရှိတယ်”

မေမေက ခြံပြင်ကို မေးငေါ့ကာပြ၏ ။ အချိန်လွန်လို့ပြန်ရောက်မလာသေးသော ပန်းနရီကို ဂနာမငြိမ်စွာ မျှော်နေမိသည့်သူက အရင်ဆုံးမြင်တာပါ။

ဒါပေမယ့် မသိချင်ယောင်ဆောင်ကာ သူမျက်နှာလွှဲနေလိုက်သည်။ တခြားယောက်ျား တစ် ယောက် ကို ချစ်ရည်ရွှန်းသော မျက်လုံးများ နှင့် ကြည့်ပြီး ကြည်နူးနေတာကို မခံစားနိုင်။

သူနဲ့တစ်နေကုန်အတူရှိနေချိန်မှာ စိုးရွံ့မှု တွေ ဖြင့် စိတ်မပါသလို အေးစက်စက် ဖြစ်နေခဲ့ သော သူမက အခုတော့ ပြုံးလို့ပျော်လို့ကြည်နူးလို့ပါလား။

“ပန်းနရီ တွဲ တဲ့အထဲမှာ ဒီကောင်လေးက အကြာဆုံးပဲထားတယ်။ သူ့အရင် သုံး၊ လေးယောက် က ခဏတဖြုတ်နဲ့ ကွဲသွားတာ အိမ်အထိလိုက်ပို့တာမျိုးလည်း သိပ်မရှိဘူး။ ဒီတစ် ယောက် ကို ပန်းနရီကတကယ် အလေးအနက် ဖြစ်နေလို့နေမှာ ”

“ဒီလောက်သိထားတာတောင် မေမေ ဒီလိုနေနိုင်တာတော့ လွန်ပါတယ်။ ညီမလေးကို တော့ ဟိုမထွက်ရ ဒီသွားနဲ့ ဗိုင်းကောင်းကျောက်ဖိ ဆုံးမသွန်သင်ထားတယ်မဟုတ်လား ညီမလေးကလည်း ပြားပြားဝပ်ပြီး ဣနြေ္ဒရှိလိုက်တာ မိန်းမကောင်းပီပီသသ အချက်အပြုတ် အိမ် သန်ရှင်းရေး နဲ လိမ္မာလိုက်တာလည်း တကယ်ကို တန်ဖိုးရှိတယ် ပန်းနရီလည်း အဲလို မိန်းကလေး ဆို ဘယ်လောက်ကောင်းမလဲ”

သူ့ရဲ့ တောင့်တမှု ကို မေမေက အလေးအနက် မရှိပါ။ ခြေလှမ်းမှန်မှန် လျှောက်ပြီး အိမ်ထဲ ၀င်လာသော ပန်းနရီကိုသာ ခြေဆုံးခေါင်းဆုံးကြည့်ပြီး…

“မိုးလင်းကတည်းက ပျောက်သွားလိုက်တာ ဘယ်သွားမယ် ဘယ်လာမယ် ဘယ်လောက် ကြာမယ် ဆိုတာလောက်တော့ လေးစားသမှု နဲ့ အိမ်ကို နည်းနည်း ပါးပါး အသိပေးသင့်တာပေါ့”

“မေမေတင်တို့ စိုးရိမ်နေမယ်ဆိုရင် နောက်တစ်ခါ အသိပေးပြီးမှ သွားပါ့မယ်”

“အေး အခုတစ်ခါတည်း မေမေတင် ပြောစရာရှိတယ် ဧည့်ခန်းမှာ ခဏထိုင်ဦး သားအပေါ် တက် နားတော့လေ”

အတိအလင်းရှောင်ခိုင်းပြီမို့ ပလ္လင်ဦး မနေသာ။ ပန်းနရီကို တစ်ချက်မျှစောင်းငဲ့ကြည့်ပြီး အပေါ်ထပ်တက်သွားရသည်။ ပန်းနရီကို မေမေဘာတွေ ပြောမလို့လဲ။

“ဒီအတိုင်း နေတာ မသင့်တော် ဘူး ထင်တယ် နရီ”

“လင်းထွဋ်နဲ့ လက်ထပ်သင့်ပြီလို့ ပြောမလို့လား”

“သြော် နရီသိပြီးပြီပဲ ဟိုကလေးက ပြောလိုက်ပြီထင်တယ်။ ဟုတ်တယ် နရီ။ ရည်းစား တွေ အများ ကြီး ထားပြီးပြီပဲ။ ယောက်ျားတွေ အကြောင်း သိသင့်သလောက် သိပြီးရောပေါ့ မောင်လင်း ထွဋ်က မျိုးရိုးလည်းကောင်းတယ်။ အဆင့်အတန်းလည်းရှိပါတယ်”

“သူ့အကြောင်း ဘာလို့စုံစမ်းနေတာလဲ မေမေတင်။ နရီလက်ထပ်မယ့်သူကို နရီဘာသာ ရွေးချယ်ပါ့မယ် နရီကိုသူ့ကိုတွဲ တာ လက်ထပ်ဖို့ ရည်ရွယ်ချက် မရှိသေးဘူး”

ဒီလောက်ထိ အရွဲ့တိုက်ငြင်းဖို့ ဆန္ဒမရှိပေမယ့် ကိုကိုနဲ့ စိတ်မချလို့ စီစဉ်နေတာကိုတော့ အနည်းငယ်ခံပြင်းနေမိသည်။

ကျေးဇူးတရာကို နားလည်သည်။ မေတ္တာတွေ ကို နားလည်သည်။ ကွာဟချက်တွေ ကို ချိန် ဆက်ပြနေတာကိုတော့ မာနတို့က လက်မခံချင်။ ဒေါ်ခင်နွဲ့တင်က လည်း သွေးအေးအေးနှင့် အဆုံး ထိပို့ဖို့ စီစဉ်ပြီးဟန်တူသည်။

“နရီ စဉ်းစားပါဦး နရီ ဒီလိုလုပ်နေတာ မေမေတင်တို့ မိသားစု ဂုဏ်သိက္ခာလည်း ထိခိုက် တယ်။ သမီးနောင်ရေး လည်း အမည်းစက် ဖြစ်သွားနိုင်တယ် မဟုတ်လား”

“အစကတည်းက ဒီလိုနေ ဒီလိုထိုင်လို့ ဆုံးမခဲ့ရင် နရီ နာမည် ပျက်စရာအကြောင်းရှိ မှာ မဟုတ်ပါဘူး။ မေမေတင်တို့ကို နရီ ကျေးဇူးမတင်လို့ ပြောနေတာ မဟုတ်ဘူးနော် လိုအပ်ရင် နရီ အဆောင်မှာ ပြောင်းနေပါ့မယ်”

“အို ဒါတော့ သမီးဖေဖေလှိုက် လုံးဝခွင့်ပြုမှာ မဟုတ်ဘူး။ သူက သမီးအိမ်ထောင်ရက် သားကျသည်အထိ တာဝန်ယူချင်တာ အခု မောင်လင်းထွဋ်နဲ့လက်ထပ်ရင် ကိုးမိုင်ဘက်က ခြံ ၀င်းကျယ်နဲ့ တိုက်တစ်လုံး လက်ဖွဲ့ပေးမှာ တဲ့။ အဲဒါ မောင်လင်းထွဋ်မိဘတွေ က သဘောကျ နေကြတယ်။ သူတို့ဘက်က လုပ်ငန်းတစ်ဝက်ခွဲပေးမယ် စီးဖို့ကားက သမီးတို့ မေမေတင်တို့ ပေးထားပြီးသားဆိုတော့”

ခရေစေ့တွင်းက စီစဉ်ပါရောလားလို့ အံ့သြရသေး၏ ။ ပေးကမ်းတာတွေ ရက်ရောလွန်း တော့ စေတနာဆိုးလို့ သတ်မှတ်ရမှာ တောင် မ၀ံ့မရဲ။

ဒါပေမဲ့ ဒီအိမ်ကနေ ဖယ်ခွာပြီး ကိုကိုနဲ့မပတ်သက်စေချင်တာက ယုံမှားသံသယ ဖြစ်စရာ မလိုအောင် မှန်နေပေလိမ့်မည် ။ သူမ ဘာလုပ်ရမလဲ။

နောက်မှ မှားလည်း မှော က်အိပ်ရုံပဲဟုတွေးကာ လင်းထွဋ်နှင့် ကိစ္စ မျက်စိစုံမှိတ် ခေါင်း ညိတ်လိုက်ရတော့မလား။ အတွေးထဲမှာ တောင် မပြတ်မသားနဲ့။

အဲဒါ ကိုကို့ကို ချစ်လို့ပါ ကိုကို။

•••


ဝန်ဇင်းချစ်သူများ လုံမ ၏ “ အကြင်နာ လက်တစ်ကမ်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အနမ်းများနှင့် ရှေ့ ဆက်ခွင့်ပြုပါ

မကြုံဖူးလို့ချစ်မိတာပါ

ရင်ခုန်သံ အဓိပ္ပါယ်