
“ကိုကြီးကျော် ကိုကြီးကျော် တို့ကိုကြီးကျော် မူးလည်းမူးတယ်၊ ရူးလည်းရူးတယ်၊ တို့ကိုကြီးကျော်”
“ဟဲ့ ဘာ ဖြစ်တာလဲ ဇော်ရဲ့ ”
လမ်းမတစ်ဖက်ခြမ်းက ဆိုင်းသံဗုံသံ နတ်ကနားပွဲကနေ အသံကြားလိုက်ရ၍ ခွန်းတုံ့ဇော် ကျွီခနဲ ကားလေးကို ဘရိတ်အုပ်ရပ်လိုက်သည်။ ဒါကို ဘာမှန်းမသိလိုက်သော မီမီခိုင်က ကားရှေ့ခန်းမှာ ရှေ့ထိုး နောက်ငင် ဖြစ်လျက် အလန့်တကြား အော်၏ ။
ခွန်းတုံ့ဇော်က မီမီခိုင်မေးတာကို ချက်ချင်း ပြန်မဖြေအားဘဲ ဆူညံပွက်လောရိုက်နေသော နတ်က နားပွဲရှိရာကိုသာ အာရုံရောက်နေသည်။
“ဇော် ဘာလဲဟ”
“နတ်ကနားပွဲလေ”
“အေးလေ ဘာ ဖြစ်လဲ၊ ငါလည်းကြားတာပဲ၊ ကိုယ့်ရပ်ကွက်ထိပ်မှာ လုပ်တာဆိုပေမယ့် တစ်ခါမှ တောင် မကြည့်ဖူးဘူး”
“ငါ ကြည့်ချင်တယ်”
“ဗုဒ္ဓေါ”
ပြောရင်းနှင့် ခွန်းတုံ့ဇော်ကားအောက်ဆင်းတော့ မီမီခိုင်လည်း ကပျာကယာ လိုက်ဆင်းရသည်။
“နင်ကလည်း နတ်ကနားပွဲကို အထူးအဆန်းလုပ်လို့၊ သင်တန်းမမီ ဖြစ်ဦးမယ်”
“ဒီနေ့ သင်တန်းမတက်တော့ဘူး၊ နတ်ကနားပွဲကြည့်မယ်”
“လုပ်ချလိုက်ပြန်ပြီ ဇော်ရယ်၊ ငါဖြင့် ကနားစီးချောတယ်လို့ ရပ်ကွက်ထဲမှာ ပြောနေကြတာတောင် စိတ်မ၀င်စားဘူး”
“အခု ဝင်စားလိုက်၊ အခု ငါနဲ့ အတူလိုက်မကြည့်ရင် နောက်နေ့သင်တန်းတက်ဖို့ နင့်ကို လာမခေါ် တော့ဘူး”
ခွန်းတုံ့ဇော်က ရုပ်တည်ကြီးနှင့် အကျပ်ကိုင်၏ ။ အဲဒီ လိုဇွတ်တရွတ် အနိုင်ယူတတ်တာလေးတွေ ရှိ သော်လည်းသည်းခံပြီး ပေါင်းသင်းနေရတာ ပင်။
ခွန်းတုံ့ဇော်နှင့် က ငယ်ပေါင်းမဟုတ်ပေမယ့် ကိုယ့်အပေါ် ပေးကမ်းစွန့်ကြဲ စေတနာသဒ္ဓါတရားတွေ ကောင်းလွန်း၍ အနစ်နာခံ ပေါင်းသင်းရတာ တန်ပါသည်။ ခွန်းတုံ့ဇော်က ဒီလိုမျိုးလေးတွေ ရှိပေမယ့် အနိုင် ကျင့်ချင်တာ၊ နှိမ့်ချဆက်ဆံချင်တာမျိုးလည်းမဟုတ်။
“ကဲ ကြည့်မယ်ဆိုလည်း ကားကို ကွမ်းယာဆိုင်မှာ အပ်ခဲ့ဦး၊ လူတောထဲတိုးရမှာ ကားကို သူခိုးခိုး ခံရရင် ခြေလျင်လျှောက်ရလို့ ဟုတ်ပေ့ ဖြစ်နေဦးမယ်”
“ပျောက်လည်း မေမေ့ကို နောက်တစ်စီး ပူဆာလိုက်မှာ ပေါ့”
“အေးပါ ရှင်တို့လို သူဌေးတွေ အတွက် ကားတစ်စီးလုံး ပျောက်တာ မထူးဆန်းပေမယ့် ကျုပ်တို့ ဆင်းရဲသားတွေ အတွက်တော့ ခုံဖိနပ်ပျောက်တာတောင် ရင်ကွဲနာကျရမယ့်အ ဖြစ်မျိုးပဲ”
“ပူမနေနဲ့ နင့်အတွက် ဆယ်ရံလောက်ဝယ်ပေးထားမယ်”
ခွန်းတုံ့ဇော် ခပ်ပေါ့ပေါ့ပင် ပြောထွက်သော်လည်း မီမီခိုင် ကတော့ စိတ်မချ၍ ကွမ်းယာဆိုင်ရာ ပြောဆို၍ ကားကိုအပ်ခဲ့ပြီးမှ ခွန်းတုံ့ဇော်နောက်က အပြေးလိုက်ရသည်။
“ဟဲ့ ဇော် နေပါဦးဟဲ့”
ခွန်းတုံ့ဇော်က ကိုယ်လုံးသေးသေးသွယ်သွယ်လေးဖြင့် လူအုပ်ကြားထဲ တိုးခွေ့ဝင်နေသည်မို့ မီမီခိုင် အော်ဟစ်တားဆီးရင်း နောက်ကထပ်ကြပ်မကွာ ကပ်လိုက်နေရသည်။
နတ်ကနားပွဲကို စိတ်ဝင်တစား ကြည့်နေကြသူများ က သူမတို့နှစ် ယောက် ကို မျက်စောင်းတထိုးထိုး။
“ဟယ် နတ်ကတော် အခြောက်က ချောလိုက်တာဟယ်”
ရှေ့ကိုရောက်သွားသော ခွန်းတုံ့ဇော်က မနေနိုင်မထိုင်နိုင် တအံ့တသြ ရေရွတ်သည်။ မီမီခိုင်က ခွန်းတုံ့ဇော် လက်မောင်းလေးကို ခပ်ကြိတ်ကြိတ် လိမ်ဆွဲလိုက်ပြီး
“တိုးတိုးပြောပါဟဲ့၊ အသံကြားလို့ သမီးတော် ကြီးအနား တိုးစမ်းဆိုပြီး လောင်းကြေးဆက်ခိုင်း၊ အရက်ဖိုးဆက်ခိုင်း လုပ်နေဦးမယ်”
“ဘာ ဖြစ်လဲ ဆက်မှာ ပေါ့”
“မနိုင်ပါလား ခွန်းတုံ့ရယ်၊ နင် ကတော့ တကယ်ပဲ၊ လက်လန်တယ်”
“အမလေး နယ်မှာ နေတုန်းက ဒီထက်တောင် ဆိုးသေးတယ်၊ နတ်ကနားပွဲသံကြားရင် အိမ်ကမေမေ ဟင်းချက်ဖို့ ဝယ်ထားတဲ့ဘဲဥတွေ ယူ၊ ဖေဖေသောက်ဖို့ ဝယ်ထားတဲ့ အရက်ပုလင်းတွေ ယူပြီး ဆက်သ တာပဲ၊ အဲဒီ အချိန်ကျရင် မေမေရိုက်လည်း ငါမငိုဘူး၊ ပျော်တောင်ပျော်သေးတယ်”
“အေး ကောင်းတယ်၊ အခုလည်း ပါသလောက် အကုန်ချွတ်ပေးခဲ့”
မီမီခိုင် အရွဲ့တိုက်ပြောလည်း ခွန်းတုံ့ဇော်တို့က မမှု ပေ။ တဖြည်းဖြည်း ရှေ့တိုးသွားရင်း ကနားစီး ကို ပြုံးပြုံးကြီး ငေးမောလို့နေသည်။
“အရက်သမားမှန်ရင်လေ ကိုကြီးကျော်ကို ချစ်ကြပါတယ်၊ ကြက်သမားမှန်ရင်လေ ကိုကြီးကျော်ကို ချစ်ကြပါတယ်”
အရက်ပုလင်းတစ်ဖက် ကြက်ကြော်တစ်ဖက်နှင့် စည်းလွတ်ဝါးလွတ်ကနေသော ကနားစီးရဲ့ မျက်လုံးများ က ခွန်းတုံ့ဇော်တို့ဘက်ရောက်လာသည်။ ခွန်းတုံ့ဇော်က လက်အုပ်လေးချီကာ ပြုံးဖြီးပြတော့ အနားထိုးလာ၏ ။
“ငါ့မောင်းမလေးက ချောသားပဲကွဲ့၊ ဘယ်အရပ်ကနေ လာတာလဲ”
“သင်တန်းလစ် အဲ”
မီမီခိုင် လက်ကုတ်လိုက်၍ ခွန်းတုံ့ဇော် လျှာတစ်လစ် ဖြစ်သွား၏ ။ နတ်က အကြားအမြင်ရတယ် ဆိုရင် ဘယ်ကလာတယ်ဆိုတာ မသိဘူးလား။ ချောတာလှတာကိုတော့ မြင်တတ်ပြီးတော့။
“ဘာများ သိချင်တာရှိလဲကွဲ့၊ လောင်းကြေးထပ်ရင် အမှန်အတိုင်း မိန့်မယ်ကွဲ့၊ အတားအဆီးရန်မှန် သမျှလည်း ဖယ်ရှားပေးမယ်”
“အဲဒါဆိုရင် ဒီကအပြန် မေမေမဆူအောင် စောင့်ရှောက်ပေးပါဘုရား”
ခွန်းတုံ့ဇော်က ကြိုးသိုင်းအိတ်လေးထဲက ငါးထောင်တန်နှစ် ရွက် ရင်ဘတ်ချိတ်ပေးရင်းပြောတော့ ကိုကြီးကျော်ကြီး ခေါင်းတဆတ်ဆတ်ညိတ်သည်။ နောက်လိုက် အခြောက် တစ်ယောက် က ကိုကြီးကျော် လက်ထဲက ကြက်ကြော်ကို လက်လွှဲယူလိုက်ပြီး စီးကရက်နှစ် လိပ်ပူးဆက်၏ ။
ဆေးလိပ်နံ့၊ အရက်နံ့ ရေမွှေးနံ့များ ကြောင့် မီမီခိုင် ခေါင်းတွေ မူးဝေအော့အန်ချင်လာသည်။ ခွန်းတုံ့ဇော်က ခေါင်းတွေ မူးဝေအော့အန်ချင်လာသည်။ ခွန်းတုံ့ဇော် ကတော့ ကိုကြီးကျော်က ရင်ဘတ်ချင်း အပ်၍ ကိုယ်ငွေ့လှုံနေတာကို ကျေနပ်ကြည်နူးလို့ပါ။
ခဏနေတော့ ကိုကြီးကျော် တခြားမိန်းမကြီးတွေ ဘက်ရောက်သွားသည်နှင့် ခွန်းတုံ့ဇော်လက်ကို မီမီခိုင် ဆွဲလိုက်သည်။
“သွားရအောင် ဇော်၊ တစ်သော င်းကြီးများ တောင် ထွက်သွားပြီ၊ နှမြောစရာကောင်းလိုက်တာ”
“နေစမ်းပါ၊ ခုန ကိုကြီးကျော်ဖက်တာ ရင်တွေ ခုန်နေလို့”
“ဟဲ့ဇော် အစုတ်ပလုတ်မ၊ နတ်က ဖက်တာပဲ ရင်ခုန်ရတယ်လို့၊ ပေါက်ကရဟယ်”
“သြော် နင်ကလည်း အဲဒါ တကယ် နတ်ဝင်နေတာမဟုတ်ဘူး၊ ကနားစီးချောချောလေးက တမင် အသားယူတာ”
“နင်က အဲဒါကို ကျေနပ်နေတာ အံ့သြပါရဲ့ ၊ ယောက်ျားစစ်စစ်လည်း မဟုတ်ဘဲနဲ့ အခြောက်ကြီး ကိုများ ”
“သူ တကယ်ချောတယ်ဟယ်၊ မျက်လုံးလေးတွေ က အရည်ကိုရွှန်းလက်နေတာပဲ၊ အရပ်အမောင်း ကလည်း အမြင့်ကြီးပဲ၊ အခြောက်နဲ့ တူတာ တစ်နေရာတောင် မတွေ့ ဘူး၊ ပြီးတော့ တိုးတိုးလေး မေးသေး တယ်၊ ဘယ်မှာ နေတာလဲတဲ့၊ နောက်တစ်ခေါက် လာဦးမှာ လားတဲ့”
“ဟဲ့ နင် ဘာပြန်ပြောလိုက်လဲ”
“နင် မသိလည်းရတယ်”
“ဟဲ့ ဘာမသိလည်းရတယ်လဲ၊ မရဘူးပြော”
“မပြောဘူး”
“ဇော်နော် နင် နတ်ကတော် အခြောက်ကို ဘာတွေ အရှုပ်ထုတ်လုပ်မလို့လဲ၊ နင် နတ်ကိုင်မှာ မကြောက်ဘူးလား”
“နတ်က ဘယ်လိုလုပ်ကိုင်မှာ လဲ၊ နတ်ကတော် က ကိုင်တယ်ဆို ဟုတ်သေး၊ ဟဲ့ ဒါနဲ့ အဲဒီ နတ်ကတော် နာမည် နင်သိလား”
မပြောလည်း သူ့ဘာသာ စုံစမ်းတော့မည် ဆိုတာ သိနေသည်မို့ မီမီခိုင် အခက်တွေ့ နေသည်။ လက်တို့ခေါ်လို့လည်းမရ။
ဆွဲခေါ်လို့လည်းမရ။ နတ်ကတော် ကလည်း နတ်ကောင်းကောင်းကတာမဟုတ်ဘဲ မျက်လုံးက ဒီဘက်ကိုပဲ ရောက်ရောက်နေတာ စီးကရက်နှစ် လိပ်ပူးသောက်လိုက်တာကလည်း မီးခိုးငွေ့တွေ မွှန်ထူလို့ တစွပ်စွပ် သောက်နေသော အရက်နံ့ကလည်း ခေါင်းတွေ မူးနောက်နေသည်။ ခွန်းတုံ့ဇော်က ဒါတွေ တောင် သတိမထားတော့ပါလား။
“ဇော် နင်သူ့နာမည် သိချင်တယ်မဟုတ်လား၊ အပြင်ရောက်ရင် ငါပြောပြမယ် သွားရအောင်”
“နင်ပြောချင်ရင် ဒီမှာ ပြော၊ မပြောချင်လည်း နေဟာ၊ သူတို့ ထမင်းစားနားတော့မှာ တဲ့၊ ငါ ခဏ စောင့်ကြည့်ဦးမယ်၊ နင် အဝတ်အစားလဲရင် မိန်းမလိုဝတ်မှာ လား၊ ယောကျာ်းလိုဝတ်မှာ လား”
“ ဖြစ်ရပြန်ပြီ ဇော်ရယ်၊ နင်တကယ့် အမွှေစိန်ပဲ”
မီမီခိုင် မတတ်သာသည့်အဆုံး စိတ်လျှော့လိုက်ရသည်။
ခွန်းတုံ့ဇော်က တစ်ခုခုဆုံးဖြတ်ပြီးလျှင် တဇွတ်ထိုး ရှေ့တိုး၍ သာ စဉ်းစားနေသူ။ အမှားအမှန်ကို သိပ်ခွဲခြားနေတတ်တာမျိုးမဟုတ်။ မိဘတွေ က လိုတရပြည့်စုံအောင် ရွှေပေါ်မြတင်ထားခဲ့လို့ ဒီလို စိတ်ကြီးဝင်နေတာလည်း ဖြစ်လိမ့်မည် ။
ခွန်းတုံ့ဇော်တို့ မွှေပုံများ တော့ တကယ်အလှန်။
“ဟယ် ခန့်ချောကြီး”
နတ်ဝတ်နတ်စားတွေ ချွတ်ပြီး ရှပ်လက်ရှည်လည်ကတုံးအဖြူနှင့် အနက်ရောင် ယောပုဆိုးလေး လဲဝတ်လိုက်သော ကနားစီးကိုကြည့်၍ ခွန်းတုံ့ဇော် မနေနိုင်မထိုင်နိုင် ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်။ ထမင်းစားချိန်မှာ တချို့လူတွေ ပြန်သွားပြီ ဖြစ်ပေမယ့် ခွန်းတုံ့ဇော်တို့ ကတော့ ကလေးတွေ နှင့် အတူ ဆိုင်းဝိုင်းနားကနေ အတွင်းခန်းထဲကို လှမ်းမျှော်ကြည့်လျက်ရှိသည်။
“သူတို့ ထမင်းစာြး ကတော့မှာ ထင်တယ်၊ ပြန်ရအောင်ပါဟယ်၊ ရှက်စရာကြီး”
“ဘာလို့ ရှက်ရမှာ လဲ၊ သူများ ကလည်း ကြည့်နေတဲ့သူရှိတဲ့ဥစ္စာ”
“နင် တော် တော် ပြောရဆိုရ လက်ပေါက်ကပ်တာပဲ ဇော်၊ ရုပ်ရှင်မင်းသားမဟုတ်၊ ဇာတ်မင်းသား မဟုတ်၊ ပြီးတော့ ယောက်ျားစစ်လည်းမဟုတ်၊ နတ်ကတော် အခြောက်ကြီးကို အဲလောက်သဲကြီးမဲကြီး ဖြစ်နေရလား”
“ယောက်ျားစစ်စစ်ဆို အဲလောက်ပေါ်တင်ကြီး ငမ်းမလားဟဲ့၊ နတ်ကတော် အခြောက် အဲလောက် ကြီး ချောတာ မမြင်ဘူးလို့ပါ၊ ကြည့်ပါဦး၊ သူ့နှုတ်ခမ်းမွှေးနဲ့ ပါးမြိုင်းမွှေး အရာလေးတွေ က စိမ်းနေတာပဲ၊ မျက်ခုံးက ထူတန်းလို့၊ အသားအရေကလည်း ညိုစိမ့်စိမ့်နဲ့ ဆိုတော့ ယောက်ျားပီပီသသနဲ့ ဘယ်လောက် အကြည့်ခံလဲ၊ ပြီးတော့ သူကမိန်းမဆန်ဆန် ဝတ်တာမဟုတ်ဘူး၊ ကပြီးတာနဲ့ လဲဝတ်လိုက်တဲ့ အဝတ်အစား လေးက သန့်ပြန့်နေတာပဲ”
“မျက်နှာက မိတ်ကပ်တွေ ပြာနေတာ၊ နှုတ်ခမ်းနီနီဆိုးထားတာက ယောက်ျားနဲ့ တူလို့လား၊ နင်ဟာလေ စိတ်ဝင်တစားရှိပြီဆို အပြစ်ကို မမြင်တော့ဘူး၊ တက္ကသိုလ်တက်တုန်းကလည်း ရည်းစားမထား၊ သင်တန်းမှာ လည်း အလန်းလွန်းပြီး လန်ထွက်နေတဲ့ အဆင်လေးတွေ ရှိတာလည်း စိတ်မဝင်စား၊ ဘာလဲ အခြောက်ကြီးကိုမှ”
“ပြောလိုက်မှဖြင့် ငါက ချစ်ကြိုက်နေလို့လား၊ ချောလို့ခံစားနေတာ၊ မျက်စိအစာကျွေးနေတာ၊ ကျန်တာ ဘာမှမပါဘူး”
လက်တကာကာ ပြောနေရင်း ကနားစီး သူမတို့နား လျှောက်လာတာမြင်တော့ ပါးစပ်ပိတ်လျက် အံ့အားသင့်သွား၏ ။
သူမတို့ကြည့်နေသော မြင်သွားလို့ ဖြစ်မည် ။
ခပ်တွဲ တွဲ နှုတ်ခမ်းလေးမှာ အပြုံးရိပ်ထင်လျက်
“မပြန်ကြသေးဘူးလား၊ ထမင်းဝင်စားပါလားဟင်”
“ရှင် မစားတော့ပါဘူး၊ ဇော်တို့က ထမင်းစားပြီး ပြန်ကမှာ လားလို့ စောင့်နေကြတာ”
“ဇော်တဲ့လား”
“ခွန်းတုံ့ဇော်”
“သြော် နာမည် လေးက မိုက်တယ်”
ပြောလိုက်သော အသံလေးက သြသြချိုချိုလေး။ တရင်းတနှီး လာနှုတ်ဆက်တာ ရင်မှာ ကျေနပ်သွား သည်။
“မပြန်သေးရင် ဝင်ထိုင်ကြလေ၊ စားစရာတစ်ခုခု စီစဉ်ပေးပါမယ်”
“အဲလို ထိုင်လို့ရလားဟင်”
“ဟဲ့ ဇော်”
မီမီခိုင် လက်ကုတ်ဟန့်တားတာ နောက်ကျသွားသည်။ ကနားစီးနောက်ကနေ လိုက်ဝင်သွားတော့ ကိုယ်ပါ တွန့်ဆုတ်စွာ နှင့် လိုက်ဝင်ရ၏ ။
“ဟယ် မီမီခိုင် ဒီကို ဘာလာလုပ်တာလဲ”
“သြော် သူသူမီက သူငယ်ချင်းနဲ့ လိုက်လာတာ၊ သူ့သူက ဒီမှာ ”
“အင်း တို့က ဒီအဖွဲ့မှာ လေ၊ သူက တို့ရဲ့ ကနစီး ထွန်းသစ်စပေါ့၊ သူပဲတို့ကို ကိုယ်တော် လေးနဲ့ လက်ထပ်ပေးပြီး ရေစဉ်အုပ်ပေးတာ”
အခြောက် တစ်ယောက် နှင့် စကားဖောင်ဖွဲ့သွားသော မီမီခိုင်ကို ခွန်းတုံ့ဇော် မျက်စောင်းဝေ့သည်။
“အဲဒါ ဘာလဲ”
“တို့ရပ်ကွက်ထဲကပါ၊ ရိုးရိုးပဲခြောက်တယ်ထင်တာ၊ နတ်ကတတ်တာမသိဘူး၊ အခု နင်ရဲ့ ကနားစီး နာမည် သိလိုက်ရပြီမဟုတ်လား၊ ထွန်းသစ်စတဲ့”
“ဒီလောကမှာ တော့ အထွန်းမလို့ပဲ သိကြတာပါ၊ ဟဲ့ အထွန်းမ နင့်ဧည့်သည်တွေ ကိုယ်တော် ကြီး အကျ ကြက်ကြော်တွေ ချကျွေးလိုက်ရမလား”
“လုပ်လေ အချိုရည်ပုလင်းလည်းစွန့်လိုက်၊ နောက်မှ အသစ်လဲရအောင်”
နှစ် ယောက် လုံးနှင့် အသိမိတ်ဆွေ ဖြစ်သွားပြီး ခွန်းတုံ့ဇော်တို့ရှေ့မှာ စားစာရာတွေ ပုံသွား၏ ။ အစား ဆိုလို့ ကတော့ မီမီခိုင်တို့မရှောင်။ ကျန်တာသာ ရှက်သလို ရွံ့သလိုနှင့် အစားအသောက်မြင်လို့ ကတော့ ဟန်မဆောင်နိုင်ပေ။ ကြက်သားကြော်တွေ မဲ့ရွဲ့စားလိုက်၊ အချိုရည်တွေ သောက်လိုက်နှင့် ခွန်းတုံ့ဇော်ကို ပြန်အောင်ခေါ်ဖို့ မေ့သွား၏ ။
“ဇော်ရော စားလေ၊ အသစ်ပြန်ပြီး ဆက်သခိုင်းမှာ စိုးလို့လား”
နောက်ခန်းထဲပြန်ထွက်လာသော ထွန်းသစ်စပြောင်တော့ ခွန်းတုံ့ဇော် ခေါင်းယမ်းပြလိုက်သည်။
“မဟုတ်ပါဘူး ဇော်၊ ဇော် မစားတတ်လို့ပါ၊ အသစ်ပြန်ဆက်ရမယ်ဆိုလည်း ဇော်ဆက်မှာ ပေါ့၊ အထွန်းရော ထမင်းစားပြီး ပြန်ကမှာ လား”
“အင်း အခုမကသေးဘူး၊ ညနေမှကမှာ ၊ ကိုယ် နားနေတဲ့အချိန်မှာ သူသူတို့အလှည့်လေ၊ သူတို့ ထိန်းထားလိမ့်မယ်”
“ဘယ်နှစ် ရက်ကကြမှာ လဲဟင်”
“သုံးရက်နောက်နှစ် ကျန်သေးတယ်၊ ဇော် လာဦးမှာ လား”
“လာမှာ ပေါ့၊ ဇော် အရမ်းဝါသနာပါတယ်”
“ကျေးဇူးတင်ပါတယ်”
“ဘာလို့လဲ”
“ဝါသနာပါတယ်ဆိုလို့လေ၊ နတ်တွေ ကို ယုံကြည်လို့လား”
“အဲလိုလည်း မဟုတ်ဘူး၊ နတ်ကနားပွဲကတာကို ကြည့်ချင်တာ၊ နယ်မှာ နေတုန်းကဆိုရင် ဆိုင်းသံ ကြားရင်ကို ပြေးကြည့်တာ၊ အခုလည်း သင်တန်းသွားမတက်ဘဲ ဝင်ကြည့်တာပဲ”
“သြော် ခုနကပြောတာ တမင်စနောက်နေတယ်ထင်တာ၊ အမေမဆူအောင်လည်း လုပ်ပေးဆိုတာ ဒါကြောင့် ကိုး”
“တကယ် အဲလိုလုပ်ပေးလို့ ရလား”
ခွန်းတုံ့ဇော် ကလေးလိုပြောတော့ ထွန်းသစ်စတစ်ဖက်လှည့်ကာ ရယ်သည်။ ဒီကောင်မလေးကို စမြင်လိုက်ကတည်းက သတိထားမိတာ။ မျက်လုံးဝိုင်းဝိုင်း၊ အသားဖြူဖြူ၊ ကိုယ်လုံးသွယ်သွယ်လေးနှင့် ဝတ်ထားတာက တစ်ကိုယ်လုံး ကျပ်ကျပ်ကပ်ကပ်။
လူအုပ်ကြားကနေ အတင်းရှေ့ဆုံးရောက်အောင် တိုးဝင်လာပြီး၊ သူငယ်ချင်းနှစ် ယောက် သူကို ကြည့်၍ အတင်းပြောနေတာလည်း တတွတ်တွတ်။
မီမီခိုင်ဆိုသည့် ကောင်မလေးက ပြန်ချင်နေဟန်ရှိပေမယ့် ဇော်ဆိုသည့် ခွန်းတုံ့ဇော် ကတော့ ပေကပ်ကပ် ဂျစ်ကန်ကန်လေး ဖြစ်ဟန်တူသည်။
ဆံနွယ်လေးတွေ က ဂုတ်ပေါ်မရောက်တရောက် အဖြောင့်စင်းလေးနှင့် နှုတ်ခမ်းပါးလေးတွေ က ချစ်စရာလေးပင်။ အခွင့်အရေး ယူလိုစိတ်နှင့် မဟုတ်ပေမယ့် သူတမင်တကာ ရင်ချင်းအပ်၍ နတ်ဝင်သည်လို လုပ်လိုက်ချိန်မှာ ရှိန်းတိန်းဖိန်းတိန်းခံစားမှု က ထူးတော့ထူးဆန်းသည်။
ဘယ်သူနှင့် မှ သူ ဒီလိုမ ဖြစ်ဘူးခဲ့။ သူဒီအလုပ်ကို လေ့လာပြီး လုပ်လာခဲ့ရသည်မှာ သိတတ်စအရွယ် တည်းကလို့ ပြောလို့ရသည်။ သူ့ရဲ့ အဘွားက နတ်ကတော် မို့ အစဉ်အဆက် မျိုးရိုးကြောင့် ပဲပြောရမလား။
မေမေက အမွေဆက်ခံရမည် ဟု အမိန့်ထုတ်သည်။ တကယ်တမ်းက သူဒီအလုပ်ကို ဝါသနာမပါပါ။
“မေမေရယ် ကျွန်တော် တခြားအလုပ်ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ ယောက်ျားပီပီသသ လုပ်ကျွေး ပါမယ်၊ ပညာတတ်ကြီး ဖြစ်ချင်တယ်လို့လည်း မပူဆာပါဘူး၊ ဆင်းရဲရင်လည်း မညည်းညူပါဘူး၊ မိသားစု ပြည့်စုံကြွယ်ဝအောင် ကျွန်တော် ရှာကျွေးပါ့မယ်”
အဲလိုပြောသည့်အချိန်တိုင်း မေမေ သူ့ကို မျက်ထောက်နီကြီးနှင့် ကြည့်ပြီး ဒေါတသကြီး ပေါက်ကွဲ တတ်သည်။
“ထွန်းသစ်စ နင့်ကို ငါမွေးဖွားလာတာ၊ ငါ့အမေရဲ့ အမွေကို နင်ဆက်ခံဖို့ပဲဟဲ့ သိရဲ့ လား၊ ငါ့အမေက ဒီအလုပ်နဲ့ ငါတို့တစ်မိသားစုလုံးကို မတောင့်မတ မကြောင့် မကြ ရှာကျွေးလာတာ၊ အခု သူအသက်ကြီးပြီး အနားယူမှ ဖြစ်တော့မှာ ၊ သူ မသေခင် ဒီပညာကို နင်ရအောင် သင်ရမယ်၊ တတ်အောင်သင်ရမယ်၊ ဒီအလုပ်ကို မင်းမ ဖြစ်မနေလုပ်ကို လုပ်ရမှာ ”
ထိုအချိန်က သူရှစ်တန်းကျောင်းသားအရွယ်တောင် မရှိသေး။
ငယ်စဉ်ကတည်းကလည်း အဘွားနတ်တင်သွားရာ နတ်ကနားပွဲသွားကရာနေရာများ ကို မေမေ့ကို ကြောက်လန့်စိတ်နှင့် လိုက်ခဲ့ရသည်။ ကိုယ်တော် ကြီးကိုယ်တော် လေးနှင့် လက်ထပ်ခိုင်းပြီး အခြောက်စိတ် သွင်း၏ ။ သူ ဘယ်လိုမှ ရှောင်လို့မရ။ တိမ်းလို့မရ။ ဒါပေမဲ့ ကိုယ့်စိတ်ကို ကိုယ့်ဘာသာထိန်းသည်။ မေမေ့ ရှေ့မှာ မေမေ စိတ်ကျေနပ်အောင်နေပေးကာ ကွယ်ရာမှာ တော့ သူဟာ ယောက်ျား တစ်ယောက် အသွင်ဖြင့် ပင် နေခဲ့၏ ။
အခုဆို အဘွားဆုံးပြီးကတည်းက သူကနားစီး တစ်ယောက် ဖြစ်ခဲ့သည်။ မေမေတို့ကို ဒီအလုပ်နှင့် ပင် အသက်မွေးဝမ်းကျောင်းပြုရှာကျွေးခဲ့ရ၏ ။
“ဟဲ့ အထွန်းမ ဘာကြောင်ကြည့်နေတာလဲ၊ ဟိုကပြန်ဖို့ နှုတ်ဆက်နေတယ်လေ”
“ဟင် သြော် ဟုတ်ကဲ့”
သူသူ ပခုံးပုတ်ပြောမှ အတွေးက လန့်နိုးရ၏ ။ ခွန်းတုံ့ဇော်တို့က နေရာက ထရပ်လို့တောင်နေပြီ။
“ဇော်တို့ ညနေမှ တစ်ခေါက်လာခဲ့ပါမယ်၊ အထွန်းတို့လည်း တစ်ရေး တမော အိပ်နားချင်မှာ ပေါ့”
“သြော် ဟုတ်ကဲ့၊ ကျွန်တော် ရှေ့ထိ လိုက်ပို့ပါမယ်”
“နေပါစေ မီတို့ဘာသာ သွားလိုက်ပါမယ်”
“ပို့ပါစေဟဲ့၊ အထွန်း ဇော်တို့ကားနားအထိ လိုက်ပို့နော်”
ခွန်းတုံ့ဇော်စကားကြောင့် ထွန်းသစ်စ အပြုံးလွင်လွင်လေးနှင့် လိုက်ပို့၏ ။ ခွန်းတုံ့ဇော်က မြင့်မားသော ထွန်းသစ်စအရပ်ကြီးကို ခြေဖျားလေးထောက်၍ ကိုင်းကြည့်သည်။
“ဘာ ဖြစ်တာလဲ”
“ကိုယ့်ကိုယ်ကိုယ် အရပ် အဲလောက်ပုမယ်မထင်ဘူး၊ အထွန်းနဲ့ မှ ကိုယ့်အရပ်အမောင်းက မြေကြီးထဲပုဝင်သွားသလိုပဲ၊ ဟိုနည်းနည်း လောက် ခါးကုန်းပြီးလျှောက်ပါလားဟင်၊ အထွန်းကိုကြည့်ပြီး လမ်းလျှောက်ရတာ လည်ပင်းညောင်းလို့”
ထွန်းသစ်စ ပြုံးလိုက်မိပြန်သည်။ ဒီကောင်မလေးက တကယ့်ကို ကလေးလေး တစ်ယောက် လို ဟန်ဆောင်မှု ကင်းလွန်းသည်။ မျက်နှာလေးကလည်း ဖွေးနုသန့်စင်ပြီး အပြစ်ကင်း၏ ။
ချစ်စရာကောင်မလေးကို သူအလိုလိုက်စွာ ခြေထောက်တွေ ကွေးညွှတ်၍ ပုပေးလိုက် ၏ ။
“ဟင်း ဟင်း အခုမှ အထွန်းမျက်နှာကို သေချာမြင်ရတော့တယ်၊ အဲဒီ မိတ်ကပ်တွေ သာ ဖျက်လိုက်ရင် အရမ်းကြည့်ကောင်းမှာ သိလား”
“မိတ်ကပ်မပါတဲ့မျက်နှာကို ကြည့်ချင်တယ်ပေါ့”
“အင်း ကြည့်ချင်တယ်”
“ညနေ ပြန်လာမယ်ဆို၊ အဲဒီ အချိန်ဆို မျက်နှာမှာ မိတ်ကပ်တွေ မရှိတော့ပါဘူး”
“ညနေကျ မ ကတော့ဘူးလား”
“ခြောက်နာရီလောက်ဆို အိမ်ပြန်မှ ဖြစ်မှာ ၊ ည ရှစ်နာရီလောက် တစ်ခေါက်လာရမှာ ပေါ့”
“ဟဲ့ ဇော်၊ ညနေ ငါမလိုက်နိုင်ဘူးနော်၊ အမေ့ကို ဆေးခန်းလိုက်ပို့ရမှာ ”
“အေးပါဟယ်၊ ငါကလည်း နင့်ကို ဇွတ်မခေါ်ပါဘူး၊ အထွန်းနဲ့ ခင်နေပြီဥစ္စာ၊ တစ်ယောက် တည်း လာလည်း မကြောက်ပါဘူး နော် အထွန်းရာ”
“အင်း အင်း ဟုတ်တယ်၊ ကျွန်တော် ရှိတာပဲ၊ ကြောက်စရာမလိုပါဘူး”
ခွန်းတုံ့ဇော်တို့ နှလုံးပီတိ ဂွမ်းဆီထိသလို ကျေနပ်သွားသည်။ သူမက အဲလို အလိုလိုက် အလျှော့ပေးသူကိုမှ စိတ်ရောကိုယ်ရောနှစ် ၍ ခင်တွယ်တတ်တာ။
“ပြန်မယ်နော် အထွန်း၊ ညနေမှလာမယ်”
လက်လေးပြကာ နှုတ်ဆက်ထွက်သွားသော ကောင်မလေးရဲ့ ကားကို သူမျက်စိတဆုံး လိုက်ငေး ကြည့်နေမိသည်။ ရင်မှာ ဘာကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်မိသွားလဲမသိပါ။ သူ အများ ဆုံး ဆက်ဆံပေါင်း သင်းရသည်က ယောက်ျားလေးတွေ ပင်။ ကြီးငယ်ရွယ်လတ် ဆိုဒ်စုံ၊ အလွှာစုံ။
အချစ်တော် ထားဖို့ မြှူဆွယ်စည်းရုံးကြသူတွေ ရှိသလို အထင်သေးကာ စမ်းသပ်နှိမ့်ချချင်သူတွေ လည်းရှိ၏ ။
ကိုယ်က စိတ်မပါသော်လည်း ဒီလောကမှာ ကျင်လည်နေရသူမို့ အလိမ္မာသုံးကာ ဥာဏ်ရှိရှိနှင့် ရှောင်ရှားရသည်။
ဒါဟာ သူ့ရဲ့ ၀ဋ်ကြွေးတစ်ခုလား။
ဒီဝဋ်ကြွေးတွေ မြန်မြန်ကျေပါစေ ဆုတောင်းနေပါသော်လည်း…..။
“ဒါက ဘယ်ကိုသွားဦးမလို့လဲ သမီး၊ ညနေသင်တန်းလည်း ရှိတာမဟုတ်ဘဲနဲ့ ၊ အိမ်ကပ်ပါဦးလား”
“အာ မေမေကလည်း သူငယ်ချင်း တစ်ယောက် အမေကို ဆေးခန်းလိုက်ပို့ပေးရမှာ မို့ပါ၊ ဇော် နည်းနည်း နောက်ကျမယ်နော် မေမေ”
“ဟဲ့ မိဇော် နေဦး”
ပြောရင်းဆိုရင်း ကားသော့ လေးကိုင်ကာ ကသော ကမျော လှမ်းထွက်ဖို့ပြင်လိုက်စဉ်မှာ မေမေက အလျင်အမြန်ပင် သူမလက်လေးကို ဖမ်းဆွဲထား၏ ။
“ထိုင်ဦး မိဇော်၊ ဘာလဲ မိန်းကလေး ဖြစ်ပြီး လတ်လျားလတ်လျားနဲ့ ၊ မေမေ လုံးဝမကြိုက်ဘူး၊ ညည်း အဖေကို ဖုန်းလှမ်းဆက် တိုင်လိုက်ရမလား”
“မေမေကလည်း”
“မေမေကမလည်းနဲ့ ၊ မိဘနှစ် ပါးလုံးက အလိုလိုက်ထားလို့ သမီးစည်းပျက်ကမ်းပျက် ဖြစ်လွန်း နေတယ်၊ ဆယ်တန်းမှာ လည်း ဆရာဝန် ဖြစ်မလားလို့ မျှော်လင့်ချက်ထားခဲ့ပေမယ့်၊ ရိုးရိုးဘွဲ့တစ်ခုပဲရတယ်၊ အခု ဟိုသင်တန်း ဒီသင်တန်း လျှောက်တက်နေပြီး စက်ရုံမှာ လည်း ဘာအကူအညီမှမရဘူး၊ တစ်ခါတလေ ဖေဖေနဲ့ စက်ရုံလိုက်သွားပြီး လေ့လာပါတော့လား”
“ဇော်က အချိန်တစ်ခုစောင့်နေတာပါ မေမေရဲ့ ၊ စက်ရုံမှာ မန်နေဂျာတွေ ရော လူယုံတော် တွေ ရော ရှိနေတဲ့ဥစ္စာ၊ နောက်တော့ ဖေဖေ့ကို အိမ်မှာ အေးအေးဆေးဆေး အနားယူခိုင်းပြီး ဇော်တာဝန်ယူပါမယ့်”
ဒါ ကတော့ ဒီလိုပြောမိတိုင်း သမီးရဲ့ လက်သုံးစကားပင်။ နောက်တော့မှ ဟိုအချိန်မှ ဒီအချိန်မှနဲ့ အလုပ်နဲ့ ပတ်သက်ပြီး နည်းနည်း မှကို အလေးအနက်မရှိ။
ဖအေ ဖြစ်သူကလည်း ဦးစားပေး အလိုလိုက်ချစ်လိုက်တာမှ တုန်လို့။
“သမီးက ငယ်ပါသေးတယ်၊ ကျောင်းပြီးတာတောင် ရည်းစားသနာ ဘာသံမှကြားရတာ မဟုတ်ဘူး၊ အဲဒါကြောင့် ကိုကျော်ဆင့်တို့ဘက်က ချွေးမလေးဆိုပြီး ဖူးဖူးမှု တ် တန်ဖိုးထားနေကြတာပေါ့၊ သူ့သား ဆရာဝန် ဖြစ်ရင် သမီးက အိမ်ထောင်ပြုရတော့မှာ ၊ ဒီကြားထဲ သူ့စိတ်ကြိုက် ပျော်သလိုနေပါစေ”
ကိုယ့်ကိုတောင် ဒီလို တရားချသေးတာမို့ ဖအေနှင့် ခြိမ်းခြောက်လည်း သမီးက သိပ်မမှု ပေ။ ဖေကြီး ကတောင် ဘာမှမပြောဘနဲ့ ဟု မိမိကိုတောင် အပြစ်ပြန်တင်ချင်သူ။
မိမိ ကတော့ မိခင်စိတ်နှင့် ဟိုလမ်းမသွားနဲ့ ဒီလမ်းမသွားနဲ့ စိုးရိမ်ပူပန်နေရတာ ၊ သားယောက်ျားလေး သာဆိုလျှင် စက်ရုံမှာ လည်း သူ့အဖေ မျက်နှာလွှဲရနိုင်သည်။ ဒီလိုမျိုးလည်း ပူပန်နေရမှာ မဟုတ်။
“မေမေ”
“ဟင်”
သူမပြောတာ ဘာမှပြန်မပြောဘဲ မေမေငြိမ်နေတော့ စိတ်မရှည်စွာ မေမေ့ကို ဆောင့်ခနဲ ခေါ်လိုက် သည်။ မေမေက မျက်လွှာပင့်ကြည့်လာကာ
“ဆင်ခြေတွေ အမျိုးမျိုးပေးပြီး ထွက်တော့မှာ ပဲမဟုတ်လား၊ သွားသွား ဖေကြီးမရောက်ခင် မြန်မြန်ပြန် လာခဲ့”
ဟုတ်ကဲ့လို့ ကတိမပေးရဲ။ အခုက ထွန်းသစ်စဆီသွားမှာ ။ နေ့လယ်ပြန်လာကတည်းက မိတ်ကပ် တွေ နတ်ကတော် အဝတ်အစားတွေ နှင့် မြင်တွေ့ ရတာ ရင်ထဲမှာ ဝမ်းနည်းသလိုလို၊ နှမြောသလိုလို။
တခြား နတ်ကတော် အခြောက်တွေ ကတာခုန်တာ၊ မိတ်ကပ်လိမ်းတာကိုတော့ ဒီလိုမျိုး ခံစားမှု မ ဖြစ် တဲ့အပြင် သဘောတောင်ကျသေးသည်။ မိန်းကလေးတွေ ထက်ပိုပြီး နုကြနွဲ့ကြသည်မဟုတ်လား။
စကားပြောတော့လည်း ချွဲပျစ်သိမ်မွေ့လို့၊ မိန်းမတို့ဣနြေ္ဒ ရွှေပေးလို့မရဆိုတာ သူတို့ဆီမှာ သာ တွေ့ ရတာ ဖြစ်၏ ။ ဒါကြောင့် မို့ သူတို့တွေ ကို သူများ တွေ လို အထင်သေးတာမျိုးတွေ မရှိဘဲ ခင်မင်သဘော ကျမိတာပင်။
“လမ်းဆုံက ဂျမ်းဘုံတဲ့ဟေ့၊ ထန်းရေမြူအိုးလေးနဲ့ ကြက်အသည်းအမြစ်လေး စားရမှ ကျေနပ်မယ် ဟေ့”
ကားလေးကို မနက်က ကွမ်းယာဆိုင်မှာ ပင် အပ်ထားခဲ့ပြီး နတ်ကနားပွဲထဲ တိုးခွေ့ဝင်လာခဲ့တော့ ထွန်းသစ်စ အမေဂျမ်းဝင်၍ ခေါင်းတခါခါ ဆေးလိပ်တဖွာဖွာဖြင့် ညစ်တီးညစ်ပတ်တွေ ပြောကာ ကလိုက် သောက်လိုက်။
အထိန်းတော် တွေ ကိုလည်း အရက်တွေ တိုက်၊ ဆိုင်းသမားတွေ ကိုလည်း အရက်တွေ တိုက်၊ အကလည်းကောင်းတော့ ရင်ဘတ်မှာ လည်း တစ်ထောင်တန်တွေ ငါးထောင်တန်တွေ ချိတ်ဆွဲလို့။
ဒီအ ဖြစ်ကိုမြင်ရတာ ၊ အရင်လို ရင်ထဲမှာ ပျော်မနေ။ ဒီလိုနတ်ကတော် လုပ်တာ မျိုးရိုးကြောင့် လား၊ ဝါသနာပါလို့လား။ ဒါမှမဟုတ်
“နတ်ကတော် လုပ်တာ အချောင်နေ အချောင်စားရလို့တဲ့၊ ငိုစားရယ်စားထဲမှာ သူတို့လည်းပါတယ်၊ လူတွေ ကို လိမ်ညာတဲ့နေရာမှာ ပညာသားပါတယ်၊ အသိဉာဏ်နည်းတဲ့သူတွေ ကတော့ သူတို့ကို အဟုတ် မှတ်ကိုးကွယ်နေကြတာပေါ့၊ ကပေါက်တိကပေါက်ချာ လျှောက်ပြောရင်းက အပေါက်အလမ်းတည့်တည့် သွားရင် လူတွေ က ယုံကြည်သွားတော့တာပဲ၊ တကယ်တမ်းက ကိုယ်လုပ်မှကိုယ်ရတာ ၊ ကိုယ်သာမလုပ်ရင် သူတို့က လာကျွေးမှာ လား”
အပြန်လမ်းမှာ မီမီခိုင်ပြောတော့ သူမ စိတ်ဆိုးမာန်ဆိုး လိမ်ဆွဲပစ်လိုက်မိသည်။ လူဆိုတာ ကိုယ်ကျွမ်းကျင်ရာနှင့် အသက်မွေးဝမ်းကျောင်းပြုရတာ ပဲမဟုတ်လား။ သူများ က ဒါလုပ်လို့ ကြီးပွားပေမယ့် ကိုယ်က လိုက်လို့မှမ ဖြစ်တာ။ အသိုက်အဝန်း အသိမိတ်ဆွေဆိုတာမျိုး အရင်းအနှီးအထောက်အပံ့ဆိုတာ မျိုးတွေ ရှိဦးမှ။
“ခွန်းတုံ့ဇော် ဒီရှေ့လာလေ”
“သြော် သူသူ”
သူသူက ဘယ်လိုက ဘယ်လိုမြင်သွားသည်မသိဘဲ နတ်ကသည့်အဝတ်အစားကြီးနှင့် သူမကို လာခေါ်သည်။ မနက်က မီမီခိုင်စားထားသည့် ကြက်ကြော်နှင့် လိမ္မော်ရည်တွေ အတွက် ဆက်သမည့်  ကတိစကားရှိတာကြောင့် သူမရှေ့တိုးထွက်လိုက်လာခဲ့သည်။
အခုမှ ထွန်းသစ်စလည်း မြင်သွားဟန်ရှိပြီး
“သမီးတော် ကြီး ရောက်လာပြီလားဟဲ့၊ အမေက သမီးကို မျှော်နေတာကွဲ့၊ အိမ်က ထွက်လာရတာ ရော အဆင်ပြေရဲ့ လား”
ဒါက နတ်ကမေးတာ မဟုတ်ဘူးဆိုတာ သူမသိသည်။ သူမလည်း ပြောင်ချော်ချော် ဖြေလိုက်ဖို့ စဉ်းစားပေမယ့် တခြားပရိသတ်ဧည့်သည်တွေ ရှိနေတာမို့ ပြုံးစိစိနှင့် သာ ခေါင်းညိတ်ပြပြီး သူ့ရင်ဘတ်မှာ ငါးထောင်တန်လေးရွက်ချိတ်ပေးလိုက် သည်။
ထွန်းသစ်စက ရင်ဘတ်ချင်းဆွဲကပ်၍ သပြေပန်းတခါခါဖြင့်
“သမီးမှာ အနှောင့်အယှက်တွေ ရှိရင် လမ်းဆုံက ဂျမ်းဘုံအမေရှင်းပေးရင် ကျေနပ်တယ် မဟုတ်လား ဟေ့”
“ကျေနပ်ပါတယ် အမေ”
“အေး အေး တပေါင်းတန်ခူး အကြောင်းထူးစေရမယ်ဟေ့၊ ဘယ်သွားသွား ဘယ်လာလာ အမေနဲ့ အဖေ ကြည်ဖြူကျေနပ်အောင် အမေတော့ ပေးမယ်ဟေ့ သမီးရေ”
“အားကိုးပါတယ် အမေ၊ အမေ စောင့်ရှောက်မှ သက်သာရာရမှာ ပါ၊ အပြန်ကျ အမေကိုယ်တိုင် လိုက်ပို့ရင် ပိုပြီးအန္တရာယ်ကင်းတာပေါ့”
“ဟေ့ အေး အေး ပို့ရတာ ပ၊ ပို့ရတာ ပ၊ ငါ့သမီး စိတ်ချမ်းသာစေရမယ်ဟေ့၊ အမေ ကျွေးမှစား၊ အမေ ခြုံမှလုံတယ်ဆိုရင် အမေကလည်း အမေ့ဟာနဲ့ အုပ်ထားရတာ ပေါ့အေ၊ ငါ့သမီး ဒီလိုပြောတာ အမေ ကျေနပ်တယ်ဟေ့ သမီးရေ”
အတိုင်အဖောက်ညီနေတာကို သူသူက အထာတော့ကျနေပြီး နုတ်ထွက်ချင်လည်း ထွက်တော့ဟု တီးတိုးသတိပေး၏ ။
ခဏနေတော့ သူသူ့ကို နင်ထိန်းထားဟုပြောပြီး နတ်ပြန်ကြွ၍ ထွန်းသစ်စ နောက်ခန်းထဲဝင်ကာ အဝတ်အစားလဲသည်။ မျက်နှာက မိတ်ကပ်တွေ ကိုလည်း မျက်နှာသစ်ဆပ်ပြာနှင့် ရေဆေးချပစ်၏ ။
ခွန်းတုံ့ဇော်က ထွန်းသစ်စကို တစေ့တစောင်း အကဲခတ်ပြီး ကားနားကနေ သွားစောင့်နေလိုက် သည်။
“ဇော်”
ကနွဲ့ကလျဟန်တွေ ပျောက်ပြီး လက်ထဲမှာ အထုပ်အပိုးတွေ ဆွဲလျက် ထွန်းသစ်စ ရောက်လာသည်။ စပို့ရှပ်အဖြူစင်းလက်တို၊ ပုဆိုးကွက်စိပ်အဝါနုလေးဖြင့် ထွန်းသစ်စက ရှင်းသန့်ကာ ခံ့ညားနေသည်။
“လက်ထဲက ဘာတွေ လဲ”
“ဖေဖေ့အတွက် အရက်နဲ့ အိမ်ကလူတွေ အတွက် ကြက်ကြော်”
“ဟင် အဲဒါတွေ အိမ်သယ်တယ်”
“အင်း သယ်ရတာ ပေါ့၊ ဒီလို နတ်ပွဲရှိတဲ့အချိန်ပဲ၊ ဖေဖေက အရက်အကောင်းစားသောက်ရတာ ၊ ကလေးတွေ လည်း ကြက်ကြော်ကောင်းကောင်းစားရတာ ပေါ့ကွာ”
“အထွန်းမှာ ညီလေး ညီမလေးတွေ ရှိတယ်ပေါ့”
“ရှိတယ် ညီမလေးက ဆယ်တန်း၊ ညီလေးက ရှစ်တန်း၊ ဖေဖေ ကတော့ အသက်ကြီးပြီဆိုတော့ အလုပ်သိပ်မလုပ်နိုင်တော့ဘူးလေ၊ မေမေက ဖေဖေ့ထက်ငယ်ပေမယ့် အိမ်ထောင်မှု ကိစ္စတွေ နဲ့ မအားလပ် တော့ အိမ်ရဲ့ စားဝတ်နေရေး ပညာရေး ကျန်းမာရေး က ကိုယ့်တာဝန်တွေ ချည်းပဲ”
ရင်ဖွင့်တာလား၊ အသိပေးတာလား မသိပေမယ့် ကြားရတာ တော့ စိတ်သက်သာစရာမရှိပေ။ အိမ်အထိ ကားနဲ့ လိုက်ပို့လို့ရော သင့်တော် ပါ့မလား။ အစက နတ်ကတော် အခြောက်မို့ ကိစ္စမရှိပေမယ့် အခုက တကယ့်ကို ယောက်ျားစစ်စစ်ကြီးလို ဖြစ်နေတော့ …….။
“ဇော် ပြန်တော့မှာ လား၊ ဟိုနားက လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ပါဦးလား၊ ကိုယ်တိုက်ပါ့မယ်”
“အထွန်းက အချိန်ရလို့လား”
“ကိုယ်ကစောထွက်လာတာပါ ဖြစ်ပါတယ်၊ သူတို့လည်း ညနေစာစားဖို့ နားတော့မှာ လေ၊ ညရှစ် နာရီလောက်မှ ပြန်စမှာ ”
“တစ်ညလုံးလား”
“ဆယ်နာရီလောက်ဆို ပြီးပါပြီ”
“သုံးရက်ကြီးတောင်ဆိုတော့ အထွန်းတို့ ပင်ပန်းမှာ ပဲနော်”
“အရင်ကဆို ခုနစ်ရက် ခုနစ်လီ ကနားပေးကြတာ၊ အခုတော့ ထိုင်ကနားတောင် တစ်နှစ် တစ်ခါ ပေးတဲ့သူ ရှားသွားပြီ၊ ဒီပွဲကလည်း သူတို့သား သဘောင်္ပေါ်တက်ရအောင်ဆိုပြီး အဓိဠာန်နဲ့ ပေးတာ”
“အဲလိုလုပ်လိုက်တော့ သဘောင်္ပေါ်တက်ရရောလား”
“ဇော် ကတော့ မေးတော့မယ် အယူသီးတဲ့သူတွေ ကြောင့် ကိုယ်တို့လို လူမျိုးတွေ လုပ်စားလို့ ဖြစ်နေတာပေါ့၊ နတ် ကတော့ သဘောင်္ပေါ်ဆွဲတင်တာမျိုး တတ်နိုင်ပါ့မလား၊ ကြိုးစားမှု နဲ့ အရည်အချင်းရှိမှ တိုက်ဆိုင်တာမျိုးလည်း ဖြစ်သွားတာပေါ့၊ မ ဖြစ်တော့လည်း အမှားလုပ်မိထားသလိုလို ဘာလိုလို အပြစ်ရှာရ တာပဲ”
သူပွင့်လင်းစွာ ပြောတော့ ခွန်းတုံ့ဇော် ရယ်သည်။ သူက လက်ဖက်ရည်ဆိုင်လေးကို ဦးဆောင်ကာ သွားတော့ ခွန်းတုံ့ဇော်နောက်ကနေ လိုက်လာ၏ ။
“ဇော် ဘာသောက်မလဲ”
“ကော်ဖီတစ်ခွက်ပဲ၊ မေမေက အပြင်မှာ စားသောက်လာရင်ဆူမှာ ”
“မိဘတွေ ကို အရမ်းကြောက်ရလား”
“အဲလိုလည်းမဟုတ်ပါဘူး၊ စေတနာနဲ့ ဆုံးမသွန်သင်တာသိနေတော့ နာခံရတာ လက်ခံရတာ မျိုး တွေ လည်း ရှိတာပေါ့၊ ဖေကြီးနဲ့ မေမေက ခွန်းတုံ့ကို အရမ်းချစ်ကြတာ”
“အဲဒါကို အခွင့်ကောင်းယူပြီး ဇော်ကလန်ကဆန်လုပ်တာပဲ မဟုတ်လား”
“အယ် အထွန်း ဘယ်လိုလုပ်သိလဲ၊ နတ်ဝင်နေတာလည်း မဟုတ်ဘဲနဲ့ ”
“ဇော်ပုံစံကိုကြည့်ပြီး ပြောတာပါ၊ ဇော်က ကလေးဆိုးလေးလိုပဲ”
“အဲလို မပြောပါနဲ့ ၊ ဟုတ်တယ်”
ဘာရယ်မဟုတ် နှစ် ယောက် သား ရယ်မိကြသည်။ စားပွဲထိုးလေး လာချပေးသော ကော်ဖီခွက်ကို ထွန်းသစ်စက ဇွန်းလေးနှင့် သေချာမွှေပြီးမှ ခွန်းတုံ့ဇော်ရှေ့တိုးပေး၏ ။
“ဇော် သောက်လေ”
“အင်း ဟိုလေ မေးမလို့”
“ဘာမေးမှာ လဲ၊ မေးလေ”
“နတ်ကတုန်းက အထွန်းအရက်တွေ သောက်တယ်လေ၊ မမူးဘူးလား၊ နတ်ကသောက်လို့ မူးတာ တွေ ၊ သူတို့ ယူသွားတာလားဟင်”
“ဟား ဟား အရက်ကိုဖျက်တာ ရေတဲ့၊ နတ်ကိုဖျက်တာ လူတွေ ကွ၊ တကယ့် နတ်အစစ်က အရက် သောက်ပါ့မလား၊ ကောင်းတာလုပ်လို့ ကောင်းတဲ့ဘုံဘဝမှာ နေနေကြတာပါ၊ ရိုးရာအစွဲနဲ့ လူတွေ ရဲ့ ယုံကြည်မှု ကနေ၊ တစ်မျိုးပြောရရင် ဓလေ့ထုံးစံလို ဖြစ်နေတာပေါ့၊ ကိုယ့်အနေနဲ့ တော့ ဘယ်လိုပုဂ္ဂိုလ်မျိုးပဲ ဖြစ် ဖြစ် မေတ္တာပို့၊ ကိုယ်လုပ်တဲ့ကုသိုလ်တွေ အမျှအတန်းပေးဝေ၊ အဲလိုမျိုးပဲ ဖြစ်စေချင်တယ်၊ ကိုးကွယ်မှု တွေ တစ်ဖက်စွန်းမရောက်စေချင်တာပါ၊ လူတွေ ကြောင့် နတ်တွေ က အရက်သမား ဖြစ်၊ ကြက်သမား ဖြစ်နဲ့ ပြီးတော့ အရက်သောက်တဲ့ မိန်းမနတ်တွေ ကို ဗုဒ္ဓဘာသာနဲ့ မကိုက်ညီဘူးဆိုပြီး အပြစ်ပြောရမလား၊ သူတို့ စွန့်တဲ့အရက်တွေ ကို မိန်းမတွေ သောက်နေကြတယ်၊ အဲဒါ မကောင်းဘူး”
စကားတွေ အများ ကြီးပြောပြီး မောသွားဟန်ဖြင့် ထွန်းသစ်စက ရှေ့မှာ ရှိသော ကော်ဖီခွက်လေးကို ကောက်မော့၏ ။ သူမ ကတော့ လုပ်နေသော အလုပ်နှင့် ထွန်းသစ်စ ပြောနေတာတွေ က သဟဇာတမ ဖြစ်ဘူး ဟု ထင်မြင်မိ၏ ။
“ဒါဆို အထွန်းက ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ၊ သူများ တွေ ပြောသလို လိမ်ညာစားနေတာလား”
“အဲလိုလည်း မဟုတ်ဘူး၊ ကိုယ်ဒါမျိုးမလုပ်ချင်ပါဘူး၊ ဘာ ဖြစ်လို့လဲဆိုတော့ ကိုယ်ငယ်ငယ်က ဆရာတွေ အချင်းချင်းပြောသံကြားဖူးတယ်၊ နတ်ကတော် တွေ ကြောင့် ကလေးတွေ အတုခိုးမှားတော့မှာ ပဲတဲ့၊ အရက်သောက်၊ ကြက်တိုက်၊ ဆေးလိပ်သောက်၊ လောင်းကြေးတင်ခိုင်းနဲ့ ၊ ပြီးတော့ ဒီလိုမကောင်း တာတွေ လုပ်တာတောင် နတ်ပြည်ရောက်သေးတာလို့ အတွေးမှား အသိမှားတော့မှာ ပဲတဲ့လေ”
“အဲလိုတွေ သိရဲ့ နဲ့ အထွန်း ဒီလိုတွေ လုပ်နေတာ၊ ဇော်တော့ နားမလည်နိုင်အောင်ပဲ”
“ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းမကျလို့ပေါ့ ဇော်ရယ်၊ ဒီဘဝက ကိုယ်ရုန်းထွက်လို့လည်း ရမှာ မဟုတ် တော့ပါဘူး”
“ဘာ ဖြစ်လို့လဲဟင်”
မေမေ့ကြောင့် ပါလို့ အမှန်အတိုင်း ဝန်ခံသင့်ရဲ့ လား။ မိသားစု အတွင်းရေး တွေ ဖွင့်ချလောက်အောင် ထိ ခွန်းတုံ့ဇော်နှင့် မရင်းနှီးသေးပါ။ အခုတောင် ဒီကောင်မလေးရဲ့ ချစ်စရာကောင်းသော အပြုအမူ အပြော အဆို စတိုင်လေးတွေ ကို နှစသက် သာယာနေလို့။
“ဒီလိုပဲပေါ့ ဇော်ရယ်၊ ကိုယ့်အိမ်ရဲ့ စားဝတ်နေရေး ကိစ္စဝစ္စတွေ က ကိုယ့်တာဝန်တွေ ချည်းပဲဆိုတော့”
“တခြားလုပ်စရာအလုပ်တွေ ရှိသားပဲ”
“ကိုယ့်မှာ ပညာမရှိဘူး၊ အရင်းအနှီးမရှိဘူး၊ ပြီးတော့ ဘွားဘွားရဲ့ ပညာအမွေကို မေမေက ကိုယ့်ကို လက်ဆင့်ကမ်း သင်ယူခိုင်းခဲ့တာ၊ ကိုယ် ဘာအကြောင်းပြချက်နဲ့ မှ ရုန်းထွက်လို့မရဘူးဆိုပါတော့”
“ဟွန်း ရင်မောစရာကြီး”
ချို့တဲ့ခြင်းဆိုတာ သူမနှင့် စိမ်းသက်လွန်းတာမို့ ကြားရတာ တောင် ခံနိုင်ရည်မရှိပေ။ ထွန်းသစ်စ အပေါ် စာနာသနာစိတ်လေးလည်း ဝင်မိတာ
“ဒီအလုပ်နဲ့ ကရော အဆင်ပြေရဲ့ လား အထွန်း”
“ဒီအလုပ်ကလည်း အမြဲတမ်း အဆင်ပြေနေတာမဟုတ်ပါဘူး၊ အရင်တုန်းကလို နတ်ကနားပွဲ အမြဲ ပေးနေကြတာမှ မဟုတ်တာ၊ ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးမှာ ဒီအပျော်တွေ နဲ့ သာယာယုံကြည်တဲ့ သူတွေ နည်းသွားတယ်၊ မှေးမှိန်သွားတယ်ဆိုပါတော့၊ ဒါပေမဲ့ အရိုးစွဲယုံကြည်နေတဲ့သူတွေ လည်း ရှိသေး တာကြောင့် တော် ပြုံးပွဲချိန်နဲ့ ဒီလိုကနားပွဲလုပ်တဲ့သူတွေ နဲ့ ဆိုရင် အဆင်ပြေသေးတယ်လို့ပဲ ပြောရမလား”
“ဟိုလေ အထွန်းတို့လို အခြောက်တွေ ”
“ဘာ”
“အဲ မိန်းမရှာတွေ ပြောတာ”
“ဇော်ကလည်း”
တခြားသူတွေ အဲလိုပြောတာ ဘယ်လိုမှမနေပေမယ့် ခွန်းတုံ့ဇော်ဆီက ဒီလိုအသံကြားရတော့ ရှက်ရွံ့ထူပူကာ မျက်နှာတစ်ခုလုံး နီမြန်းနေသည်။ ဒီကောင်မလေး တကယ်ကို အလိုက်ကန်းဆိုးမသိ။ ဘာကိုပြောချင်တာလည်း မသိတာကြောင့်
“ပြောမယ့်ဟာကို မြန်မြန်ဒဲ့ပြောကွာ၊ အဲဒီ နာမ်စားကြီးကို အသုံးမပြုဘဲ”
“အဲဒါ အဓိကကို”
“ကဲ ပြောကွာ”
“ဟို အလှပြင်ဆိုင်တို့ ဒီဇိုင်နာတို့ အဲဒါမျိုးတွေ လုပ်ပါလားဟင်၊ အထွန်းတို့လို လူမျိုးတွေ က အဲဒီ ဘက်မှာ လည်း ပညာရှင်တွေ ရှိတာပဲ၊ တချို့ဆို အရမ်းတောင် ချမ်းသာအောင်မြင်နေကြပြီ”
“ကိုယ့်ကို အဲလို အတတ်ပညာတွေ မေမေကမှ သင်ခွင့်မပေးခဲ့တာ၊ တခြားအလုပ်ပင်ပန်းချင် ပင်ပန်းပါစေ၊ လုပ်မယ်ဆိုတာလည်း ခွင့်မပြုဘူး”
“ဘယ်လိုကြီးလဲ”
“ကိုယ်လည်း အဲလို ခဏခဏတွေးတယ်၊ မေမေ ဖြစ်ချင်တာက ဘယ်လိုလဲပေါ့၊ ဒါပေမဲ့ ဒါတွေ က မေမေ့ ဒေါသတွေ အောက်မှာ အဆုံးသတ်သွားမြဲပါ၊ အဲဒါကြောင့် ဒီဘဝမှာ ပဲ ပျော်အောင်နေလိုက်တော့တာ”
ဘာကြောင့် များ ရင်ထဲမှာ ထိခိုက်ခံစားမိသွားလဲ မသိပေ။ ဆန္ဒနှင့် ဆန့်ကျင်စွာ ရပ်တည်နေရသော ထွန်းသစ်စဘဝလေးကို ကရုဏာစိတ်တို့ ယိုဖိတ်မိတာတော့အမှန်။
တွေ့ ကြတာ မကြာသေးပါဘဲ ဝေဒနာအရိပ်တို့ ဆထက်တပိုး တိုးပွားလာတာ ရှေးဘဝအတိတ် ကြောင့် လား။
ရှင့်ဘဝအကြောင်းတွေ တစ်စွန်းတစ်စမကျန် သိချင်လိုက်တာ။
အချိန်တွေ ရဲ့ စေ့ဆော်မှု ကြောင့် သူမလက်က နာရီလေးကို မြှောက်ကြည့်ရ၏ ။
“ပြန်ချင်ပြီလား ဇော်”
“အင်း”
“ဒါဆို ပြန်တော့လေ၊ နောက်ရက်တွေ ဇော်လာဦးမယ် မဟုတ်လား”
“အင်း”
“ကိုယ် ပြန်လိုက်ပို့ရဦးမလား”
“အင်း အဲ ရပါတယ်၊ ဟိုအထွန်းက ဒီကိုပြန်လာရဦးမှာ မဟုတ်လား၊ နောက်နေ့မှ ဇော်လာခဲ့မယ် လေ ဇော်”
“ဟုတ်ပါပြီ ကိုယ် မျှော်နေမယ်”
လမ်းခွဲရခြင်းရဲ့ အဓိပ္ပါယ်က ရင်မှာ လစ်ဟာရခြင်းဆိုတာ အခုမှ သိ၏ ။ ကားလေးကို လှိမ့်ထွက်စဉ်မှာ ခွန်းတုံ့ဇော် လက်လေးကို မသိမသာ လှုပ်၍ တာ့တာပြသည်။
ကလေးဆန်သော ထိုကောင်မလေးကို တမေ့တမော ငေး၍ လက်ကလေးပြမိ၏ ။ သူရော ကလက် တက်တက် ကလေးဆန်သွားခဲ့ပြီလား။ သူ ကတော့ ဒီအ ဖြစ်အပျက်လေးကို ကြည်နူးစွာ ဖြင့် ….။
“ဟာ ကိုကိုကြီး ပြန်လာပြီ၊ လက်ထဲမှာ အရက်ပုလင်းလည်းပါတယ်၊ ကြက်ကြော်လည်းပါတယ်”
ညီငယ်က သူ့လက်ထဲက အထုပ်တွေ ကို လာဆွဲ၏ ။ မေမေက ထုံးစံအတိုင်း မျက်နှာတည်တင်း သုန်မှု န်လျက် ခပ်လွှဲလွှဲလုပ်ထားသလို ညီမလေးက မကျေမနပ် မျက်စောင်းဝင့်၏ ။
“ကိုကို နတ်ပွဲကပြီး ပြန်လာတာလား”
“သြော် အင်း ဟုတ်တယ် ညီမလေး၊ ဘော်ဒါက အလည်ပြန်ရောက်နေတာလား၊ အပြန်သုံးဖို့ ပိုက်ဆံယူသွားဦးလေ”
“ကိုကိုရယ် အဲဒါကြီး မကပါနဲ့ လား၊ သူငယ်ချင်းတွေ က နင့်အစ်ကိုက အခြောက်ကြီး၊ နတ်က တော် ကြီးလို့ စကြနောက်ကြရင် ကြာဖြူသိပ်ရှက်တာပဲ”
“ညီမလေးရယ် ကိုကိုလည်း တခြားအလုပ်ပြောင်းလုပ်ချင်ပါတယ်၊ အိမ်ရဲ့ စားဝတ်နေရေး ၊ ညီမလေး တို့ရဲ့ ပညာရေး ကြောင့် ပါ၊ ဒီအလုပ်က ဝင်ငွေကောင်းတော့ ဒီလိုအဆင်ပြေပြေလေး နေနိုင်တာပေါ့ကွာ၊ နော် ညီမလေး အဲဒါကြောင့် ပါ”
“ဟင့်အင်း အဲဒီ အလုပ်လုပ်မှ ညီမလေးကျောင်းတက်ရမှာ ဆို မတက်တော့ဘူး ကိုကို၊ ညီမလေး ကျောင်းထွက်မယ်၊ အလုပ်လုပ်မယ်၊ ကိုကိုနဲ့ တူတူ ဈေးရောင်းတာ ဖြစ် ဖြစ် လုပ်မယ်”
“ညီမလေးရယ် ဟို”
“မိကြာဖြူ”
မေမေ့အသံ ခပ်စူးစူးကြောင့် သူစကားစဆက်လို့မရအောင် တိတ်ကျသွားရသည်။ မေမေက ညီမလေးနှင့် သူရှေ့ဖျတ်ခနဲ ရောက်လာကာ
“ညည်းက ကလေးအရွယ်ရှိသေးတာ၊ ဘာအလုပ်လုပ်မယ့်အကြောင်း ပြောနေတာလဲ၊ ထွန်းသစ်စ လုပ်နေတဲ့အလုပ်က ဘာမရိုးသားတာရှိလို့ ရှက်တယ်ပြောရတာ လဲ ပြောစမ်းပါဦး၊ ဒါ ညည်းတို့အဘွားရဲ့ ပညာလေ၊ သူမှဆက်မထိန်းရင် မိဘရဲ့ အသက်မွေးဝမ်းကျောင်းကို စော်ကားသလို ဖြစ်နေမှာ ပေါ့”
“ဒါတော့ ဒါပေါ့ မေမေရယ်၊ ကိုကိုက ယောက်ျားရင့်မာကြီးပါ၊ ဝါသနာလည်းပါတာမဟုတ်ဘူး”
“ဟဲ့ ဝါသနာပါတာ ရွေးလုပ်နေရင် ထမင်းငတ်သွားမှာ ပေါ့၊ အသက်ကြီးနေတဲ့ သောက်တာကလွဲရင် ဘာအလုပ်လုပ်နိုင်လို့လဲ၊ ဒီပညာလေးတတ်ထားလို့ ထမင်းဝနေတာ၊ ပုန်မကန်နဲ့ ”
“ကြာဖြူ ပုန်ကန်နေတာ စော်ကားနေတာ မဟုတ်ဘူး မေမေ၊ ကိုကို ဒီအလုပ်ကို မလုပ်ချင်ဘဲ လုပ်နေရတာ ဘယ်လောက်သနားဖို့ ကောင်းလဲ၊ ကြာဖြူတို့ တစ်မိသားစုလုံးအတွက် ရုန်းကန်နေရတာ ပင်ပန်းပါတယ်”
“ဒါဆို ငါအလုပ်ထွက်လုပ်ရမလား၊ ညည်းတို့ အကုန်လုံးကို ငါရှာကျွေးပါ့မယ်၊ အိမ်မှာ ဝေယျာဝစ္စ အိမ်ဖော်လိုလည်း လုပ်မယ်၊ အပြင်ထွက်ပြီးလည်း အလုပ်လုပ်မယ်”
“မေ မေမေရယ် မဟုတ်တာ၊ ညီမလေး သွားသွား၊ အခန်းထဲသွားတော့၊ ကိုကို နောက်ပြီး မုန့်ဖိုး လာပေးမယ်နော်”
ညီမလေးကို လက်ဆွဲကာ အခန်းထဲလိုက်ပို့ပြီးမှ မေမေ့ရှေ့မှာ ပြန်လာထိုင်ရသည်။ မေမေက သူ့ကို ခပ်စိမ်းစိမ်းပင် မျက်စောင်းဝင့်၏ ။
“မင်းက ဒီအလုပ်ကို ဘယ်လောက်တောင် ဝါသနာမပါဘူး၊ မလုပ်ချင်ဘူး ညည်းညူထားလို့ ကြာဖြူက အတိုက်မခံ လုပ်နေရတာ လဲ ထွန်းသစ်စ”
“အဲလို မပြောမိပါဘူး မေမေရယ်၊ မေမေ့ကို ကျွန်တော် ပြောနေတာတွေ ကြားလို့ ဖြစ်မှာ ပါ၊ အရွယ် လေးလည်းရလာတော့ သူငယ်ချင်းတွေ ကြားမှာ ရှက်လို့ ဖြစ်ပါလိမ့်မယ် မေမေ”
“ထားပါတော့ မင်းက ညည်းညူမိတာမဟုတ်ဘဲ၊ ငါ့ကိုပြောတုန်း ကြားတယ်ပဲထားပါ၊ ခုနက ကိုကိုလည်း ဘယ်လုပ်ချင်ပါ့မလဲဆိုတဲ့ စကားကရော ဘာလဲ၊ တခြားအလုပ်ပဲ လုပ်ချင်တယ်ဆိုတာကရော မင်းမလုပ်ချင်ဘဲ ငါက အဓမ္မအမိန့်ပေးခိုင်းနေတယ်ပေါ့၊ ဒီလိုမျိုး ကြာဖြူကိုပြောချင်တာလား”
“မေမေရယ်”
“မင်းလုပ်မကျွေးချင်ဘူးဆိုရင် မသဒ္ဓါဘူးဆိုရင်လည်း နေလိုက် ထွန်းသစ်စ၊ ငါ့ဘာသာ ခုနက ပြောသလိုပဲ”
သူ မေမေ့လက်ကို ဖျတ်ခနဲပင် ဆုပ်ကိုင်လိုက်သည်။ မေမေသည်သို့ အရွဲ့တိုက်တော့မယ်ဆို သူလက်လျှော့ရမြဲပါ။
“မေမေ အဲလိုတွေ မပြောပါနဲ့ ၊ ကျွန်တော် ဒီအလုပ်ကိုလုပ်ပြီး မေမေတို့ကို ပြည့်စုံအောင်ထားမှာ ပါ၊ ရော့ မေမေ ဒီနေ့ငါးသော င်းလောက်ရခဲ့တယ်၊ နောက်နှစ် ရက်လည်း ကျန်သေးတော့ ဒီလ အိမ်စရိတ်တော့ အဆင်ပြေ သွားပါပြီ၊ ပွဲငှားလို့ သပ်သပ်ရတဲ့ဟာကို မေမေဆွဲကြိုးလေးပြန်ရွေးပေးမယ်နော်”
“ဟိတ်ကောင် မင်းက မင်းအမေကိုပဲ ပေးနေတယ်၊ ငါ့ဖို့ရော မပါဘူးလားကွ”
ဖေဖေက ဒယီးဒယိုင်ဖြင့် အိမ်ထဲဝင်လာပြီး ပြောသည်။ ဖေဖေ့ကို အလျင်အမြန်ပင် တွဲ ကူလိုက် ရကာ
“ဖေဖေဖို့လည်း အရက်ပုလင်းအကောင်းစား ပါပါတယ် ဖေဖေကြက်ကြော်လည်းပါတယ်၊ ကျွန်တော် ပွဲပြင်ပေးမယ်နော် ဖေဖေ”
“အေး အဲလို လုပ်စမ်းပါ၊ ဒီနေ့ ဘောလုံးပွဲကောင်းတယ်ဆိုလို့ ဘောလုံးပွဲသွားထိုးရင်းနဲ့ မစိန် ဆိုင်မှာ နှစ် ရာဖိုး ဝင်သောက်လာခဲ့တယ်၊ အရက်ကလည်း ရေအတိုင်းပဲ၊ မူးလည်းမမူး၊ ဘာအရသာမှလည်း မရှိ၊ အေးဘောလုံးပွဲထိုးဖို့ ပိုက်ဆံလေးလည်း ပေးခဲ့ဦးနော် သား”
သူ ခေါင်းညိတ်ပြရင်း အိတ်ကပ်ထဲမှာ ချန်ထားသော တစ်ထောင်တန်သုံးရွက် ထုတ်ပေးလိုက် ရသည်။ ဖေဖေက အာလေးလျှာလေးဖြင့် သူ့ပခုံးကိုပုတ်ကာ သာဓုခေါ်၏ ။ ဖေဖေ့အတွက် အရက်ပုလင်းနှင့် ဖန်ခွက်ချပြီး ကြက်သားဖတ်လေးတွေ ပါ ထွင်ပေးလိုက် သည်။
မေမေ့ထက် အသက်ဆယ်နှစ် လောက်ကြီးသော ဖေဖေက ပိုပြီးအိုစာ၏ ။ ဒါပေမဲ့ အလုပ်ပင်ပင် ပန်းပန်းသာ မလုပ်နိုင်တာ၊ အရက်တော့ သောက်နိုင်သေးသည်။ မေမေနဲ့ ဆိုလည်း တကျက်ကျက်။ အလှ မာန်တွေ ရှိနေသေးသော မေမေ့ကို ဖေဖေစိတ်မချနိုင် ဖြစ်နေတာပဲ ဖြစ်မည် ထင်၏ ။ မေမေကလည်း တကယ် ချစ်လို့ လက်ထပ်ထားတာနှင့် မတူလောက်အောင်ကို အနေစိမ်းသည်။
အခု သူလုပ်ကိုင်ပေးနေတာတောင် နှာခေါင်းတရှုံ့ရှုံ့ပါ။
“နင့်အဖေလည်း အဲဒီ အရက်တွေ သောက်ပြီး မြန်မြန်သေမှအေးမှာ ၊ ငါ့ကံကိုက ဆိုးတာပါ၊ ဒင်းတို့ တွေ ကြောင့် ဒီလို အရက်သမားသက်ကြားရွယ်အိုကြီးနဲ့ ယူရတာ ”
ဘယ်သူ့ကို ရည်ရွယ်ပြောတာမသိပေမယ့် အဲဒီ ဒင်းတို့ဆိုတာ ကတော့ အခါအခွင့်ကြုံတိုင်း ကြိတ် မနိုင်ခဲမရ ဒေါသတွေ ဖြစ်နေမြဲပင်။ ဖေဖေ့ကိုလည်း ထိုသို့စကားလုံးများ ဖြင့် ကြိမ်းမောင်းပြောဆိုသော်လည်း ဖေဖေက မသိချင်ယောင်ဆောင်ကာ နားဝေတိမ်တောင် နေတတ်သည်။
ဒါပေမဲ့ အရက်အရမ်းမူးလာလျှင် ဖေဖေလည်း ဗလုံးဗထွေးပြန်ပေါက်ကွဲတတ်၏ ။ သူ ကတော့ ထိုအချိန်ဆို အသံဗလံတွေ ကြားပြီး စိတ်မညစ်ရအောင် ညီလေးနှင့် ညီမလေးကို အဝေးတစ်နေရာ ဆွဲခေါ် သွားရသည်။
အခုလည်း ဖေဖေ့ရဲ့ တုံ့ပြန်အကြည့်စိမ်းကြောင့် မေမေနှင့် ပြဿနာ ဖြစ်မလား တွေးပူမိ၏ ။
“အချိန်တွေ တောင် ကြာခဲ့ပြီ၊ အဲဒါတွေ ကို မေ့ထားလို့မရသေးဘူးလား မာလာဆွေ၊ ငါနဲ့ ပေါင်းသင်းလို့ ကလေးတွေ ဒီအရွယ်ရောက်နေတာတောင် အတိတ်ကို တူးဆွချင်တုန်းပဲလား”
“မေ့မှာ စိုးလို့ကို ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေခဲ့တာ၊ ကျွန်မဘဝတစ်ခုလုံး ဂျွမ်းထိုးမှော က်ခုံ ကပြောင်းကပြန် ဖြစ်အောင် လုပ်တဲ့သူတွေ ကို လက်စားချေရမှ ကျေနပ်နိုင်မှာ ”
“အခုရော မင်းလက်စားချေနေတာ မဟုတ်ဘူးလား၊ ထွန်းသစ်စက”
“ကိုကျော်ငွေ တော် ပြီ တော် ပြီ ရှင် ဘာမှဆက်မပြောနဲ့ တော့၊ မူးရင် အိပ်ရာထဲဝင်နေ၊ ထွန်းသစ်စ မင်းလည်းပြန်သွားရဦးမှာ မဟုတ်လား၊ နင့်ညီမကို မုန့်ဖိုးပေးပြီးရင်သွားတော့”
“ဟုတ်ကဲ့”
မေမေ့ရဲ့ သြဇာအပြည့်နှင့် အမိန့်သံအဆုံးမှာ သူညီမလေးအခန်းဘက် ထလာခဲ့ရသည်။ သူရှိနေ လျှင် မေမေတို့ ရန်ပွဲက အဆုံးသတ်သွားမြဲ။ မေမေက အော်ဟစ်ရပ်တန့်ပစ်လိုက်တာရှိသလို ဖေဖေက အရက်ခွက်ကို ဆက်တိုက်ကောက်မော့၍ သက်ပြင်းတွေ ချနေတာလည်း ရှိ၏ ။
“ညီမလေး”
တံခါးခေါက်တာ ညီမလေး အခန်းထဲဝင်လာခဲ့သည်။ ညီမလေးက စာကျက်နေတာမဟုတ်ဘဲ စာကြည့်စားပွဲခုံနားမှာ ငြိမ်သက်စွာ ထိုင်လျက်ရှိသည်။
“ညီမလေးအတွက် မုန့်ဖိုးတစ်သော င်း”
“မယူချင်ဘူး ကိုကို”
စားပွဲပေါ်တင်ပေးသော ပိုက်ဆံကို ညီမလေးက သူ့လက်ထဲပြန်ထည့်၏ ။ သူစိတ်မကောင်း ဖြစ်ကာ ညီမလေးလက်ထဲ ပြန်ထည့်၍ ညီမလေးလက်ကို ဆုပ်ကိုင်ထားလိုက်၏ ။
“ဘာ ဖြစ်လို့လဲ ညီမလေးရယ်၊ ကိုကို စိတ်မကောင်းအောင် မလုပ်ပါနဲ့ ”
“ကိုကို မလုပ်ချင်တဲ့ ဒီအလုပ်ကရတဲ့ငွေကို ညီမလေး မသုံးချင်ဘူး ကိုကို”
“မဟုတ်တာဘဲကွာ၊ ဒီအလုပ်ကို ကိုကို ဝါသနာမပါဘူးဆိုပေမယ့် အသက်မွေးဝမ်းကျောင်းအနေနဲ့ က ဒီပညာဘဲတတ်တာ၊ ပြီးတော့ဘွားဘွားရဲ့ လက်ဆင့်ကမ်းအမွေလေ၊ မေမေကလည်း ဆန္ဒရှိနေတာ ကိုကိုဆက်ထိန်းရမှာ ပေါ့ ညီမလေးရဲ့ ၊ ဒါမှ တစ်မိသားစုလုံးကို တာဝန်ယူနိုင်မှာ ”
“ဒါကို ညီမလေး နားလည်ပါတယ်၊ ဒီလိုလုပ်မှ ပြည့်စုံတာထက် တခြားအလုပ်ကိုလုပ်လို့ အဆင် မပြေလည်း ညီမလေး စိတ်ချမ်းသာနိုင်မယ်ထင်တယ် ကိုကို၊ သူငယ်ချင်းတွေ ကြားမှာ လည်း အရှက်ရတယ်၊ ပတ်ဝန်းကျင်ကလည်း ကိုကို့ကို ယောက်ျားတွေ တရုန်းရုန်းနဲ့ ဘယ်နေ့အေကိုက်တယ် ကြားရမလဲမသိ ဘူးဆိုပြီး အထင်အမြင်သေး ဖြစ်နေကြတာ”
“ကိုကိုလည်း အဲဒီ သိမ်ငယ်မှု ကြောင့် ဒီဘဝကြီးက ရုန်းထွက်ချင်တာပါ၊ ကိုယ့်ရဲ့ စိတ်က ဘယ်လောက်ပဲရိုးသားပါစေ၊ ပတ်ဝန်းကျင် ကတော့ ဒီအတိုင်း မြင်နေကြမှာ ပဲ၊ ဒါပေမဲ့ ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ပါဘူး ညီမလေးရယ်”
“ကိုကို့မှာ ရည်းစာတွေ ဘာတွေ မရှိဘူးလား”
“ဟင် ဘယ် ဘယ်လိုရည်းစားကိုပြောတာလဲ”
“ကိုကိုက ယောက်ျားကြီးပဲဥစ္စာ၊ မိန်းကလေးရည်းစားကိုပြောတာပေါ့၊ အဲလို မိန်းကလေးရည်းစား ကိုယ့်ကိုလည်း တကယ်ချစ်တယ်ဆိုရင် ခိုးပြေးပြီး ယူလိုက်”
“ဘာ ဖြစ်လို့လဲ ညီမလေးရ”
ညီမလေး ဘယ်လိုအတွေးတွေ နှင့် ပြောနေလဲ သူနားမလည်၊ ညီမလေးက သူ့ကို ခုံတစ်လုံးမှာ ထိုင်စေကာ
“ကိုကို မိန်းမယူပြီး အိမ်ကထွက်သွားရင် ကိုကို ဒီဝဋ်ကြွေးက ကျွတ်ပြီပေါ့”
“ညီမလေးရယ် ကိုကိုဒီလိုလုပ်လိုက်ရင် ဒီမိသားစု ဘယ်လိုနေကြ စားကြမလဲ၊ ညီမလေးနဲ့ ညီလေး ပညာရေး တစ်ပိုင်းတစ်စ ဖြစ်သွားမယ်၊ ဖေဖေနဲ့ မေမေလည်း အသက်ကြီးမှ အနေဆင်းရဲအစား ဆင်းရဲ ဖြစ် သွားမှာ ပေါ့၊ ကိုကို ကိုယ်လွတ်ရုန်းမထွက်ရက်ပါဘူး ညီမလေးရယ်”
“ကိုကိုရယ် ကိုကို တစ်ယောက် တည်း ပေးဆပ်နေရတာ ”
ထွန်းသစ်စကိုဖက်ကာ အိမ့်ကြာဖြူ မျက်ရည်ကျသည်။ မေမေ့ရဲ့ ဆူပူမာန်မဲမှု တွေ ၊ မကောင်းမြင်မှု တွေ ကို အမြဲလို သည်းခံနေရသော ကိုကို့ကို ကြာဖြူသနားလှပါသည်။ ငယ်စဉ်ကတည်းက မေမေရော ဖေဖေရော ကိုကို့ကို မျက်နှာသာမပေးကြ၊ သူမတို့ မောင်နှမနှစ် ယောက် အပေါ်လည်း အနစ်နာခံခိုင်းသည်။ ကျောပိုးပြီး ကျောင်းလိုက်ပို့ခိုင်းလို့ ကိုကိုကျောင်းနောက်ကျရတာ လည်း အကြိမ်ကြိမ်။
သူမတို့ကို ကိုကိုငြိုငြင်လျှင် ကိုကို့ကို လူးလှိမ့်နေအောင် မေမေရိုက်သည်။ အငယ်တွေ အပေါ် ဒီလောက်တောင် သည်းမခံနိုင်ဘူးလားတဲ့။
သူများ မိဘတွေ ဆိုလျှင် သားဦးမြေးဦးကို ချစ်လိုက်ကြတာမှတုန်လို့၊ ဦးစားပေးအလိုလိုက်ကြလို့ ဆိုးမိုက်သွားသည့်သူတွေ တောင် ရှိကြသေးတာမဟုတ်လား။
အခုတော့ ကိုကို့ကို သူမတို့လောက် ဖေဖေနှင့် မေမေ မချစ်ကြတာလဲ။ မိသားစုအတွက် ဘာလို့ ဒီအလုပ်နှင့် အသက်မွေးဝမ်းကျောင်းပြုပြီး ရုန်းကန်ပေးဆပ်ခိုင်းနေတာလဲ။
ဒါဟာ ဝဋ်ကြွေးတစ်ခုသာ မဟုတ်ခဲ့ဘူးဆိုလျှင် ကိုကို လွတ်မြောက်နိုင်ပါစေ။
“နင် ဘာတွေ ဆုတောင်းနေတာလဲ ဇော်၊ နင် လုပ်နေပုံက အခိုက်အတန်း ရင်းနှီးမှု မဟုတ်ဘူး၊ သံသရာရှည်ရှည် ပတ်သက်ချင်နေတာပဲ”
“ငါက ဘာလုပ်လို့လဲ”
“ဟဲ့ တစ်ခါသွား တစ်ခါတွေ့ တော် ပြီပေါ့၊ အခုက ဒီနတ်ကနားပွဲမပြီးမချင်း မနက်သွား ညနေသွား၊ ပြီးတော့ အိမ်အပြန်ကိုစောင့်ပြီး ဆိုင်တစ်ဆိုင်မှာ စကားတွေ ပြော၊ လိုက်ပို့ခိုင်း၊ နင်တို့ ဘယ်အခြေအနေထိ ရင်းနှီးပတ်သက်နေကြပြီလဲ ဇော်”
မီမီခိုင် မေးခွန်းကို မဖြေဘဲ ခွန်းတုံဇော် ဟီးခနဲ ရယ်ချ၏ ။ မီမီခိုင်က ဒေါသ ဖြစ်ကာ မျက်စောင်း ဝင့်သည်။
“ယောက်ျားမဟုတ် မိန်းမမဟုတ် နတ်ကတော် အခြောက်ကို နင်ဘာလို့ ပတ်သက်ချင်နေရတာ လဲ ဇော်ရယ်၊ သူနဲ့ ခင်ရလို့ ကိုယ့်အတွက် ဘာတွေ အကျိုးအမြတ်ရမှာ မို့လဲ”
“ငါဘယ်အချိန်တုန်းက လူ တစ်ယောက် ကို အကျိုးအမြတ်ကြည့်ပြီး ခင်ဖူးလို့လဲ”
ခွန်းတုံ့ဇော်က မေးခွန်းပြန်ထုတ်တော့ မီမီခိုင် အနေခက်သွားရသည်။ ခွန်းတုံ့ဇော်က စိတ်ရင်း စေတနာကောင်းပြီး အခွင့်အရေး သမားမဟုတ်ပါ။ မိမိအပေါ်တောင် ကျောင်းစရိတ်ကအစ အစစအရာရာ ပေးကမ်းထောက်ပံ့နေသူ။
မပြည့်စုံတဲ့သူဆိုပြီး နှိမ့်ချဆက်ဆံတာမျိုးလည်း မရှိ။
“ဒါပေမဲ့ ငါပြောတာက အဲဒီ အခြောက်မှာ ဘာတွေ အထင်ကြီးစရာရှိမှာ လဲ၊ ပတ်ဝန်းကျင်အမြင်မှာ ယောက်ျားလေးနဲ့ တွဲ တာလည်းမဟုတ်၊ မိန်းကလေးချင်း အချစ်တော် ထားတာလည်း မဟုတ်၊ ချူမြှိုက်စား တာအပြင် အခွင့်အရေး ယူရင် နင်ပဲနစ်နာမှာ ”
“ချူမြှိုက်စားတယ်ဆိုတာက”
“ပိုင်းလုံးလုပ်တယ်လေ၊ နင်က သူဌေးသမီး၊ ဟိုက အဆင်မပြေလို့ ဒီအလုပ်လုပ် စားနေတာ”
“လူ တစ်ယောက် အကြောင်းကို ဂဃနဏမသိဘဲ၊ အဲလောက်အထင်မသေးပါနဲ့ မီမီ၊ ဒီအလုပ်လုပ် နေကြပေမယ့် လူတိုင်းမရိုးသားတဲ့သူတွေ ချည်း မဟုတ်ပါဘူး၊ ဘဝမှာ လူ ဖြစ်လာတာချင်း တူကြပေမယ့် အခြေအနေအဆင့်အတန်းတွေ က တစ်တန်းတစ်စားတည်း မဟုတ်ကြပါဘူး၊ ကိုယ်ရောက် လာခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ အခြေအနေအတိုင်း ရုန်းကန်ရင်ဆိုင်နေကြရတာ ပါ”
“နင် သူ့အကြောင်း ဘယ်လောက်သိထားလို့လဲ ဇော်”
ပြူးဝိုင်းနေသော ခွန်းတုံ့ဇော် မျက်ဝန်းလေး ရီဝေဝေနှင့် မှေးကျဉ်းသွား၏ ။ ထိုင်ခုံမှာ ကျော ကပ်ကာ ရှေ့က ကော်ဖီခွက်ကို အရသာခံ၍ ခပ်မျှဉ်းမျှဉ်းသောက်ပြီး စားပွဲပေါ်ပြန်ချသည်။
“နင် ဘာမှမသိလို့ အဲလောက်စဉ်းစားနေရတာ မဟုတ်လား၊ နင် သူနဲ့ ပတ်သက်ပြီး ရှေ့မဆက် ပါနဲ့ တော့ဟာ၊ အခြောက်နဲ့ ပတ်သက်နေတာ လူမြင်လည်းမတော် ပါဘူး၊ လူကြားလို့လည်း မကောင်း ပါဘူး”
“သူလည်း လူ တစ်ယောက် ပဲလေ၊ ဘာလို့ လူလူချင်း ပတ်သက်တာ မသင့်တော် ဘူး၊ ကြားလို့ မကောင်းဘူး ပြောရတာ လဲ၊ လူတန်းစားခွဲတဲ့ အရင်းရှင်ထဲမှာ ငါမပါဘူး မီမီ၊ ငါက သူ့ဘဝကို စိတ်ဝင်စား တယ်၊ ဒီအလုပ်ကို မလုပ်ချင်ဘဲ လုပ်နေရတဲ့သူ့အခြေအနေကို ဘယ်လိုပြောင်းလဲပေးရင် ကောင်းမလဲလို့ စဉ်းစားနေတယ်”
“ဗုဒ္ဓေါ တကယ်ကြီးလား၊ ဇော်၊ သူ့ကို အဲလိုတောင် စိတ်ရောက်နေပြီလား”
ကိုယ်ကို မတ်မတ်ပြင်ထိုင်၍ ခွန်းတုံ့ဇော် ခေါင်းညိတ်၏ ။
“ဟုတ်တယ် သူ ကနားပွဲပြီးလို့ နောက်နေ့မှာ သူ့ကို အဲဒီ အကြောင်းပြောဖို့ စဉ်းစားထားတာ”
“ဇော် နင့်မိဘတွေ ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး၊ နင့်မှာ ရော သူ့ကိုပြုပြင်ပြောင်းလဲပေးရလောက် အောင် ငွေရှိလို့လား၊ နင့်မိဘတွေ ဆီက တောင်းမှရမယ့်ဟာကို”
“လုပ်ငန်းတစ်ခုအတွက် အရင်းအနှီးထောင်ပေးလောက်အောင်တော့ မဟုတ်ဘူးပေါ့ဟ၊ သူ ဘာလုပ်ချင်လဲ၊ သူ့ဆန္ဒကို မေးကြည့်မှာ ၊ သူ့မှာ တခြားဆန္ဒမရှိဘူးဆိုရင်လည်း မရမက တိုက်တွန်းမှာ ပဲ”
“ဇော် နင်ပင်ကိုရိုးသားတဲ့စိတ်မဟုတ်တော့ဘူး၊ နင် သူ့ကို စိတ်ဝင်စားနေလား”
“သူ့ဘဝကို စိတ်ဝင်စားတာပါဆို”
“အပေါ်ယံဆို နင် အလေးအနက်ခံစားနေပါ့မလား၊ နင်မှ အထူးအဆန်း နတ်ကတော် အခြောက် အတွက်များ အချိန်ကုန်ခံနေရတယ်လို့၊ နင့်ဘဝ လိုတရနေနေရတာ ၊ ဒိတ်ဒိတ်ကြဲ လူတန်းစားတွေ ကိုပဲ ခေါင်းခေါက်ရွေးစမ်းပါ၊ ဒါနဲ့ နင့်အဖေသူငယ်ချင်းရဲ့ သား ဆရာဝန်လောင်းမိုးကျော်နဲ့ နင်စေ့စပ်ရတော့မှာ မဟုတ်လား၊ ဒေါက်တာ ဖြစ်ရင်လက်ထပ်ပေးမှာ ဆို”
“မသိပါဘူး၊ အဲဒီ ကောင်ကို ငါကြည့်လို့မရဘူး၊ ကြီးကျယ်လွန်းလို့”
“ဟဲ့ ချောပါခန့်ပါတယ်ဟဲ့”
ဒါကိုတော့ မီမီခိုင်ပြောတာ ခွန်းတုံ့ဇော် မငြင်းနိုင်ပေ။ မိုးကျော်က ယောက်ျားပီသပြီး ကြည့်ကောင်း သူပါ။ ဆယ်တန်းမှာ အမှတ်ကောင်းလို့ ဆေးကျောင်းတက်ခွင့်ရပြီး သူ့ကိုယ်သူ လူတော် လူတတ်ကြီးလို ဘဝင်မြင့်နေသူ။
သူမနှင့် ဆို ဘယ်တော့မှ မျက်နှာကြောမတည့်။ သူမက လူလူချင်း အဆင့်အတန်းခွဲ အထာကိုင်လျှင် အရမ်းမုန်းသည်။ အိမ်လာလျှင် သူသန့်ပြန်တာ သိစေချင်လို့ အိုဗာတွေ များ နေပြီဆို၊ သူမကလည်း အားမနာတမ်း ရှုံ့မဲ့ပြဖို့ ဝန်မလေး။
“ဟဲ့ မျက်နှာကြီး ရှုံ့မဲ့နေတာ ဘာ ဖြစ်လို့လဲ”
“အဲဒီ ကောင်ကို အမြင်ကတ်လို့”
“ကိုယ် တစ်နေ့လက်ထပ်ရမယ့်လူပဲ၊ ကြည့်လို့ရအောင် ကြိုးစားထား၊ ဟိုဟာဒီဟာနဲ့ အရှုပ်အရှင်း ကင်းအောင်လည်းနေ”
မီမီခိုင်က ထွန်းသစ်စနှင့် ယုံကြည်ဟန်မတူ၊ အစက ဒီလောက်မဟုတ်ပေမယ့် အခုတော့ မိုးကျော်ကို လက်ထပ်ဖို့ တိုက်တိုက်တွန်းတွန်းနှင့် သဘောတူနေပြန်သည်။
သူမက အမြင်ကတ်ကတ်နှင့် အရွဲ့တိုက်ဖို့ စိတ်ကူးလိုက်ကာ
“ဖေကြီးနဲ့ မေမေသဘောတူတာကို မယူဘူး၊ ငါချစ်တဲ့သူကို ငါယူမှာ ”
“နင်က ဘယ်သူ့ကိုချစ်နေတာလဲ”
“ဒါ ကတော့”
“မသေချာသေးတဲ့ အနေအထားမှာ ရပ်တန်းက ရပ်ချင်ရပ်၊ နောက်ဆုတ်ချင်ဆုတ်၊ အချိန်မီပါသေး တယ် ဇော်၊ နင် ဒီနေ့ကစပြီး ထွန်းသစ်စကို သွားမတွေ့ နဲ့ တော့”
“ဘာ ဖြစ်လို့လဲ”
“ဒီလောက်ပြောနေတာတောင် နင် မဝေးနဲ့ ဟာ”
“ငါ့ကို အဲလိုတားရင် ငါ ပိုလုပ်ချင်တယ်”
“ဘာဟဲ့”
ခပ်တည်တည် မင်သေသေနှင့် ပြောလိုက်တာမို့ မီမီခိုင် အလန့်တကြားပင် ဖြစ်ရ၏ ။ ကိုယ်က ဇွတ် အတင်းတားလို့ပဲ၊ အရွဲ့တိုက်တာ ရှေ့တိုးတော့မည့် အ ဖြစ်မျိုးပဲ မဟုတ်လား။ ကိုယ့်ကြောင့် ဆိုတာမျိုးနှင့် အပြစ်လွှဲချတာတော့ မခံနိုင်။
ခွန်းတုံ့ဇော်က ပြောလျှင်ပြောသည့်အတိုင်း လုပ်တတ်သူ။
“ဇော် နင် မစဉ်းစား မဆင်မခြင်တော့ မလုပ်နဲ့ ဟာ၊ သူနဲ့ အတူတူ ကနေတဲ့သူသူဆိုတဲ့ အခြောက် ကိုသိတယ်မဟုတ်လား”
“အင်း”
“အေး သူသူ နာမည် အရင်းက အောင်သူတဲ့၊ သူက ငါတို့ရပ်ကွက်ထဲမှာ နေတာ၊ ထွန်းသစ်စ အကြောင်း အကုန်သိတယ်၊ သူတို့ချင်းတွဲ လာတာ ငယ်ငယ်တည်းကလို့ပဲ ပြောရမလားပဲ”
“အဲဒါ ဘာ ဖြစ်လဲ”
“ဟဲ့ ထွန်းသစ်စအကြောင်းမေးလို့ မြန်းလို့ရတာ ပေါ့၊ သူ့မိသားစုအခြေအနေ၊ သူ့ရဲ့ စိတ်နေ သဘောထား၊ အချူဇယား၊ ပိုင်းလုံး ကလိန် ကကျစ် ဖြစ်နေရင်တော့ နင့်မိဘတွေ အထိ ငါအမုန်းခံပြီး အသိပေးရလိမ့်မယ်ဇော်၊ ဘာမဟုတ်တဲ့သူနဲ့ ကိုယ့်သူငယ်ချင်းကို အမှားမခံနိုင်ဘူး”
ဒါကိုတော့ ခွန်းတုံ့ဇော် ငြိမ်သက်စွာ ပင် နားထောင်နေသည်။ သူမကို စေတနာနှင့် သတိပေး နေတာမို့ အတိုက်အခံ ကလန်ကဆန်ကြီး မလုပ်ချင်လို့ပါ။ ထွန်းသစ်စ ရိုးသားပါစေလို့ ဆုတောင်း ရင်းနဲ့ ပေါ့။
နတ်ကနားပွဲသိမ်းညက အရင်နေ့တွေ ထက် နောက်ကျလှသည်။ သူမ နာရီတကြည့်ကြည့်နှင့် ဖြစ်နေပေမယ့် စိတ်ရှည်ရှည်သာ စောင့်နေမိ၏ ။
သမီး ဘယ်ဝင်နေတာလဲ၊ အိမ်မှာ ဖေကြီး ပြန်ရောက်နေပြီ၊ မြန်မြန်ပြန်လာခဲ့တော့”
“အရမ်းနောက်ကျပြီး စိတ်ပူအောင်လုပ်မနေနဲ့ ၊ သမီး ဖေကြီးစိုးရိမ်တတ်တာ သိရဲ့ သားနဲ့ ”
မေမေ့ဆီက ဖုန်းခဏခဏ ဆက်သည်။ အခု စက်ပိတ်ထားလိုက်မှ နားအေးသွားတာ။ ဒီလောက် အချိန်နောက်ကျနေတော့ မီမီခိုင်ကို အကူအညီတောင်းရသည်။
“နင့်အမေ ဆေးရုံတင်လိုက်ရလို့ နောက်ကျမယ်လို့ ငါ့ကို ပြောပေး၊ နောက်ဆို နင့်စကား နားထောင်မယ်၊ မကူညီလို့ ကတော့ နင်နဲ့ တစ်သက်လုံး မခေါ်တော့ဘူး၊ ငါ လုပ်ချင်တာလုပ်မှာ ”
အဲလို အကျပ်ကိုင်လိုက်တော့ မီမီခိုင် ဖျပ်ဖျပ်ခါသွားသည်။ မီမီခိုင်လည်း သူမကို စိတ်ရင်းအမှန်နှင့် နှစ် နှစ် ကာကာ ခင်သည့်သူပါ။ သူမမခေါ်မပြော စိတ်ကောက်မှာ ကို သေလောက်အောင်ကြောက်သည်။
“ဇော်”
“သြော် သူသူ”
“အထွန်းမက ခဏစောင့်ဦး၊ ပြီးတော့မယ်တဲ့ သိလား၊ အဝတ်အစားတွေ ပစ္စည်းတွေ သိမ်းပြီး သူ့အိမ်ကို ကားနဲ့ တင်ပေးလိုက် ဖို့ လုပ်နေတယ်”
“ဟုတ်လား၊ သူသူကရော သိမ်းပြီးပြီလား”
“အို သူသူဟာက ဘယ်လောက်ရှိမှာ လဲ၊ ဟိုဟာ ဒီဟာ ကောက်ထည့်လိုက်တာနဲ့ ပြီးပြီပေါ့”
သူသူက ခွန်းတုံ့ဇော် ထိုင်နေသော ခုံတန်းလျာလေးမှာ ယပ်တောင် တဖျပ်ဖျပ်ခပ်ရင်းပြောသည်။
“ဒါတွေ အားလုံးက အထွန်းပစ္စည်းတွေ ပေါ့နော်၊ နတ်ရုပ်တွေ ရော ပြောတာလေ”
“ကနားစီးဆိုတော့ ဒါတွေ ပိုင်ရတာ ပေါ့”
“ဒါဆို အထွန်းတို့ အရမ်းချမ်းသာတာပဲလား”
“ဟင့်အင်း ဒါတွေ အားလုံးက သူ့အဘွားရဲ့ အမွေပဲပြောရမှာ ပေါ့၊ အဲဒီ အဘွားရှိတုန်းက သူတို့ မိသားစု ပြေလည်တယ်ပြောရမလားပဲ၊ လူတန်းစေ့နေနိုင်စားနိုင်တယ်၊ နောက်တော့ အဘွားကျန်းမာရေး မကောင်းတော့ ဆေးကုလိုက်ရတာ နဲ့ ကုန်တာ၊ အခု အထွန်းက ကနားစီးလုပ်၊ ပွဲမရှိတဲ့အချိန်ဆိုရင် အပြင်နတ်လိုက်ဟောနဲ့ ၊ မိသားစုတာဝန်ကို အပြည့်အဝယူနေရတာ ”
“အဖေ အမေက ဘာမှမလုပ်ကြဘူးလား”
“သူ့အဖေကြီးက အသက်ကြီးပြီလေ၊ အရက်ပဲသောက်နိုင်တာ၊ ဘာမှမလုပ်နိုင်ဘူး၊ အမေက ငယ်သေးပေမယ့် အိမ်မှာ ဝတ်ဝတ်စားစား ကြွားကြွားဝါဝါ နေတာ၊ အထွန်းအပေါ်လည်း ကြင်ကြင်နာနာ မရှိပါဘူး၊ အငယ်တွေ ကို အနွံတာမခံရင်လည်း ရိုက်ပုတ်ပြဿနာရှာတော့တာပဲ”
သူသူက ညည်းညူကာပြောရင်း ထွန်းသစ်စကို သနားနေဟန်ရှိသည်။ နားထောင်နေရသော သူမရင်ထဲမှာ လည်း ဆို့ကျပ်လှိုက်မောလို့နေသည်။
“အထွန်းဘဝကြီးကလည်းနော်၊ မိသားစုအတွက် တစ်ယောက် တည်း ရုန်းကန်နေရတာ ပင်ပန်းမှာ ပဲ၊ သူ့ညီနဲ့ ညီမကရော လိမ္မာရဲ့ လား”
“အငယ်ကောင်လေးက ဆိုးတယ်၊ မုန့်ဖိုးနဲ့ ကျောင်းစရိတ်လောက် ငအောင်ပေးရတာ ခက်ခဲရတဲ့ အထဲ၊ အရွယ်လေးရောက်လာတော့ သုံးဖို့ဆွဲဖို့ အဝတ်အစားဝယ်ဖို့နဲ့ အစ်ကိုကို ရန်လုပ်တောင်းတော့ တာပဲ၊ မိဘတွေ က အလိုလိုက်ထားတော့ အစ်ကိုကို အနိုင်ကျင့်တာပေါ့”
“အကြီးမလေးကရော”
“သူလေးက သိတတ်တယ်၊ ကြာဖြူတဲ့ နာမည် လေးကလည်း သိမ်မွေ့တယ်၊ လူလေးကလည်း လှတယ်၊ အစ်ကို ဖြစ်သူ ဒီအလုပ်လုပ်ပြီး အနစ်နာခံနေတာလည်း မကြိုက်ဘူး၊ ဒါပေမဲ့ မအေကို မလွန်ဆန် နိုင်ပါဘူး၊ ဒေါ်မာလာဆွေက အသက်ကြီးတဲ့ သူ့ယောက်ျား ဦးကျော်ငွေကြီးအပေါ်တောင် သြဇာ ညောင်းတယ်၊ အရက်မမူးတဲ့အချိန်ဆို တုတ်တုတ်တောင် လှုပ်ရဲတာ မဟုတ်ဘူး”
“သြော် အထွန်း”
သူမတို့စကားကောင်းနေဆဲမှာ ထွန်းသစ်စ အိတ်လေးလွယ်ကာ အနားရောက်လာသည်။ မျက်နှာမှာ ခုနက လိမ်းခြယ်ထားသော မိတ်ကပ်တွေ လည်း မရှိတော့။ ပုဆိုးအညိုရောင် အကွက်ကျဲ၊ တီရှပ် ပန်းရောင် ဖျော့ဖျော့နှင့် ဆံပင်တွေ ကို အပြောင်နောက်လှန်ဖြီးသင်ထားတော့ ယောက်ျားပီပီသသ ကြည့် ကောင်းနေသည်။
“သူသူ မင်း ငါ့အကြောင်းတွေ ဖောက်သည်ချနေတာလား”
“အမှန်တွေ ကို ပြောနေတာပါရှင်၊ မိန်းကလေးသာ ဖြစ်ခဲ့ရင် အထွန်းမကိုယူပြီး မောင်တစ်ထမ်း မယ်တစ်ရွယ် လုပ်ကိုင်ကျွေးပါတယ်လို့”
“တော် ပါ မင်းရဲ့ အဆင်လေးတွေ အတွက်ပဲ သုံးပါ ဖြုန်းပါ”
“အံမယ်လေး အဲဒါတော့ မပူနဲ့ ၊ ကိုယ့်ပျော်ရွှင်မှု အတွက် ကိုယ်ရှာတာ၊ လူ့ဘဝမှာ နေပျော်တယ်၊ အထွန်းသာ မိသားစုအတွက် ရုန်းကန်ပြီး ဘယ်သူကမှ အကောင်းမြင်ခံရတာ မရှိဘူး”
“သူသူ မင်းပါးစပ်ပိတ်တော့၊ အခုတစ်ခါတည်း လိုက်မှာ လား၊ မလိုက်ဘူးလားပြော”
“နေပါစေ တို့ဘာသာ ပြန်ပါ့မယ်၊ ဒီမှာ ဇော်က လာစောင့်နေတာ၊ ကန့်လန့် ကန့်လန် မလုပ်ချင် ဘူး”
“အေး အဲလို အလိုက်သိတာ ကျေးဇူးတင်တယ်၊ လာ ဇော် သွားရအောင်”
ထွန်းသစ်စက ဖျတ်ခနဲပင် လက်ဆွဲခေါ်၏ ။ သူမရင်တွေ ပရမ်းပတာ ဆတ်ဆတ်ခုန်သွားတာ ဒီနတ်ကတော် မသိပါလား။
“ကားနဲ့ ပြန်မယ် သူ့ကိုလိုက်ပို့မယ်လို့ပြောရတာ တစ်မျိုးကြီးပဲ၊ ဆိုင်တစ်ဆိုင်မှာ တစ်ခုခုစားပါလား ဇော်၊ ကိုယ်ကျွေးပါ့မယ်”
စားချင်လို့တော့ မဟုတ်ပေမယ့် အထွန်းနှင့် ကြာကြာနေခွင့်ရမည့်  အချိန်လေးကိုတော့ သူမတောင့် တပါသည်။ ပေါ့ပါးစွာ ပင် ကားလေးကို ရှောခနဲ မောင်းထွက်လာခဲ့ရင်း အထွန်းကို ငဲ့စောင်းကြည့်မိ၏ ။ မိတ်ကပ်များ ကို ဆပ်ပြာနှင့် မျက်နှာသစ်လာခဲ့သည်မို့ နှုတ်ခမ်းမွှေးပါးမြိုင်းမွေးအရာများ က စိမ်းစိမ်းမြမြ။
မျက်နှာတစ်ခုလုံးကလည်း ဖွေးသန့်စင်နေသော မပွင့်တပွင့်အပြုံးများ က ဆွဲဆောင်မှု အရှိဆုံး ဖြစ်မည် ထင်၏ ။
မျက်ဝန်းညို ကြည်လဲ့လဲ့လေးက ကြင်နာတတ်မည့် အရိပ်အရောင် များ ဖြင့် သူမဘက်ကို အနည်းငယ် ယိမ်းနွဲ့လာသည်။
“မင်းကိုယ့်ကို ဘာလို့ ခင်တာလဲ ဇော်”
“ဟင်”
“သြော် ကိုယ်လိုကောင်ကို ဘယ်သူမှ အရေး တယူ လူရာသွင်းပြီး မဆက်ဆံချင်ကြဘူးလေ၊ နတ်ကတော် အခြောက်ဆိုတဲ့ ဂုဏ်ပုဒ်က လူအထင်ကြီးစရာမှမဟုတ်ဘဲ”
ဇော် ကတော့ လူထဲက လူ တစ်ယောက် လို့ မြင်ပါတယ်၊ ဘယ်လိုလူတန်းစားကိုမှ အထင်သေး စရာလို့ မထင်ဘူး။
“ဘ၀အကြောင်းတွေ မင်းသိပ်မသိသေးဘူးထင်တယ်၊ ဂုဏ်ဒြပ်တွေ ကို ခုံမင်တဲ့သူတွေ က အဆင့်အတန်း ခွဲခြားတတ်လာကြတာချည်းပဲ၊ ကိုယ့်ကို ခုလို လူ တစ်ယောက် လို ဆက်ဆံပြီးခင်မင်ပေးတာ ကျေးဇူးတင်ပါတယ်”
“ဇော်ကို အဲဒါတွေ မပြောပါနဲ့၊ အခု ဇော်ပြောတာ နားထောင်ပေး၊ ဟိုရှေ့က အအေးဆိုင်မှာ ရပ်လိုက် မယ်နော်”
ခွန်းတုံဇော်က သူမဘာသာပြော၍ အအေးဆိုင်ရှေ့မှာ ကားလေးထိုးရပ်လိုက်သည်။ လူရှင်းသည် ဆိုသော်လည်း ၀ါးပင်အပုအရိပ်များ ဖြင့် ဆိုင်လေးက အေးချမ်းပါသည်။
စားပွဲဝိုင်း သုံးလေးဝိုင်းမှာ စုံတွဲ တချို့ တွေ့ ရ၏ ။
“ထိုင်လေ အထွန်း၊ ဘာသောက်မလဲ”
“ဇော် မှာ ပါ ကိုယ်က ပွဲသိမ်းနေ့ဆိုတော့ သောက်တာရော စားတာရော များ သွားလို့ ဗိုက်တော် တော် တင်းနေတာ”
“ဒါဆို ဇော် ဖချာကလက်မစ်ရှိတ် တစ်ခွက်ပဲ မှာ လိုက်မယ်”
ခွန်းတုံ့ဇော်က စားပွဲထိုးလေးကိုမှာ လိုက်ပြီး ချွေးစို့နေသော မျက်နှာလေးကို ပန်းနုရောင် လက်ကိုင်ပ၀ါလေးဖြင့် ခပ်ဖွဖွတို့သုတ်သည့်အခါ ၀င်းဝင်းဝါ၀ါ မျက်နှာလေးက ပို၍ လှပနေ၏ ။ ခေတ်ရှေ့ ပြေးနေသော မိန်းကလေးဆိုပေမဲ့ ခွန်းတုံ့ဇော်က အ၀တ်အစားဝတ်တာတော့ မရိုင်းပေ။
အနက်ရောင် ကိုယ်ကျပ်လေးကို ရှော့ပန်အတိုလေးနှင့် တွဲ ၀တ်ထားပြီး ကြိုးသိုင်းအိတ်ရှုံ့လေးကို စလွယ်သိုင်းလွယ်ထားတာမို့ ကလေးဆန်ဆန် အပြစ်ကင်းလှသည်။
ပါးပြင်ပြည့်ပြည့်မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းပါးလေးနှင့် တကယ်ကို ချစ်စရာကောင်း၏ ၊
“ဘာကြည့်နေတာလဲ”
“ဟင် ဘာမှမဟုတ်ပါဘူး ဟို”
“သိပါတယ် ဇော့်အလှကို အထွန်း မင်တက်သွားတာ မဟုတ်လား”
ခက်လေပြီ။ ဒီကောင်မလေး သူ့အလှသူ ဘ၀င်မြင့်တာက ပွင့်လင်းလွန်းပါလား။ သူ တကယ်ကို မျက်နှာဟိုလွှဲဒီလွှဲ လုပ်ပြီး ရှက်သွားခဲ့တာ။
“မျက်နှာကြီးက အီးမှန်သွားသလို နီရဲရှုံ့မဲ့သွားတာပဲ၊ ဘာ ဖြစ်တာလဲ ဇော်ကစတဲ့ဥစ္စာကို”
“တော် ပြီကွာ တခြားဟာပြော”
ရှက်ရမ်းရမ်းကာ ငေါက်ဆတ်ဆတ် ပြောတော့ ခွန်းတုံ့ဇော်ကရယ်မိသည်။ မိန်းမ တစ်ယောက် နှင့် ထိတွေ့ ဆက်ဆံရလို့ ဒီလို ဖြစ်သွားခြင်းက မိန်းမရှာအခြောက်စိတ် ၀င်နေခြင်းမဟုတ်ဘူးဆိုသည့် သက်သေ ပဲမဟုတ်လား။
သူမ ရင်တွေ လှိုက်လှိုက်နွေးလို့ပါ။
“အထွန်း တခြားအလုပ်လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ဇော် ကူညီချင်လို့ပါ”
“ဘာ”
“ဟိုလေ ယောကျာ်းလေးလုပ်တဲ့အလုပ်တွေ အများ ကြီးပဲအထွန်းရယ်၊ နောက်ဆုံး လက်သမား လုပ်လုပ်၊ ပန်းရံလုပ်လုပ်၊ ဆိုက်ကားနင်းနင်း တင့်တယ်တာပဲမဟုတ်လား၊ ယောကျာ်းလေး ဖြစ်ပြီး နတ်ကတော် လုပ်နေတာ အထွန်း စိတ်ထဲမှာ လည်း သိမ်ငယ်တယ်မဟုတ်လား”
“ကိုယ်လည်း မလုပ်ချင်ပါဘူး”
“အဲဒါကြောင့် ပြောတာ၊ အထွန်း ကားမောင်းမလား၊ ကုမ္ပဏီတစ်ခုခုမှာ ၀င်လုပ်မလား၊ ဇော် အသိ မိတ်ဆွေတွေ ဆီမှာ ပြောပေးမယ်၊ ဒါမှမဟုတ် ဇော်တို့အိမ်နဲ့ စက်ရုံမှာ လည်း”
“မေမေ ခွင့်ပြုမှာ မဟုတ်ဘူး ဇော်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မေမေ့ကို အတိုက်အခံလုပ် အခွင့် အရေး တောင်းဆိုလို့ မရဘူး၊ မေမေက ဒီနတ်ကတော် အလုပ်ပဲ လုပ်စေချင်တာ”
“ဒီထက် ၀င်ငွေကောင်းတဲ့အလုပ်ဆိုရင်ရော”
“ ဖြစ်မှာ မဟုတ်ပါဘူး”
“ဒါဆို ဒီအလုပ်ပဲ တစ်သက်လုံး လုပ်မှာ လား”
တိကျသော အမေးမှာ ခေါင်းခါဖို့ တွေ ဝေနေသလို ခေါင်းညိတ်ဖို့လည်း မပြတ်သားပေ။
“တစ်နေ့နေ့လွတ်မြောက်ဖို့ ရုန်းထွက်ဖို့ ကိုယ် ကြိုးစားကြည့်မှာ ပါ”
“တစ်နေ့နေ့ ဆိုတာကြီးက မသေချာမရေရာနဲ့၊ အထွန်း ဘာလို့ ကိုယ့်ဘ၀ကိုယ် မစီမံနိုင်ရတာ လဲ”
“မိဘစကားဆိုတာ လွန်ဆန်လို့ကောင်းတာမှ မဟုတ်ဘဲ ဇော်ရယ်”
“ကောင်းတာဆိုရင်တော့ ဟုတ်ပါတယ် အခုက”
“ရိုးသားတဲ့အသက်မွေးဝမ်းကြောင်းပညာပဲ မဟုတ်လား၊ မေ့မေ့ဆန္ဒဆိုရင် ငယ်ငယ်တည်းက ကိုယ် မလွန်ဆန်ရဲခဲ့ဘူး”
“သူသူပြောတယ်၊ မိဘတွေ နဲ့ ညီလေး တစ်ယောက် ရဲ့ အနွံတာကို လူးလှိမ့်နေအောင် ခံနေရ တာဆို”
သူသူ ပြောထားတာ ဖြစ်မှာ ပဲဟု နားလည်လိုက်ကာ၊ မရုတ်မလွန် ခေါင်းညိတ်ပြလိုက်ရ၏ ။
“ကိုယ် အနစ်နာခံရတယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး၊ မိသားစုအပေါ်မှာ တာဝန်ကျေဖို့ပဲ ကိုယ်ကြိုးစားချင်တယ်၊ မိဘကျေးဇူးဆိုတာ ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြစ် ဖြစ် ဆပ်ရမှာ ပဲမဟုတ်လား”
“ကျေးဇူးမဆပ်နဲ့လို့ ပြောနေတာမှ မအဟုတ်တာ”
”ကိုယ် နားလည်ပါတယ်၊ မင်း ဖြစ်စေချင်တာတွေ ကိုယ်သိတယ်၊ ဒါပေမဲ့ မိသားစုအတွက် ကိုယ့်ရဲ့ ဆန္ဒတွေ ကို စတေးထားရတာ ပါဇော်၊ ဇော် မခင်ချင်ဘူးဆိုရင်တောင် ဒီအတိုင်း နေလိုက်ရတော့မယ့် ဘ၀ပါ”
“သြော်”
သူမ ၀မ်းနည်းစွာ တိုးတိတ်သော အာမေဍိတ်သံလေး ထွက်သွားရသည်။ သည့်သို့ ဆုံးဖြတ် ချက်များ ဖြင့် ဟန့်တားလောက်အောင် သူမက အရေး မပါသေးပါလား။
ဒီလိုတော့ အ ဖြစ်မခံနိုင်ပါ။ သူမ ထွန်းသစ်စကို ခင်သည်။ ဒီထက်ပိုသော ခံစားမှုများ ဖြင့် ငြိတွယ် မိပြီဆိုတာလည်း ကိုယ့်ကိုယ်ကိုယ်ဝန်ခံမိ၏ ။
သူမ ဘာလုပ်ရမလဲ။ ရပ်တန့်လိုက်ဖို့ အချိန်မီပါသေးလျက် ရှေ့တိုးဖို့သာ ဆန္ဒတွေ စောနေခဲ့သည်။
ဒါဟာ ဇော်ဘက်ကအရှုံးဆိုလျှင်တောင် ကျေနပ်လိုက်ချင်ပါရဲ့ အထွန်းရယ်။
![]() အကြင်နာလက်တစ်ကမ်း | ![]() ရှိုက်သံကင်းမဲ့ဇုန် | ![]() ခြားနားခြင်းနိယာမ |