
အခန်း (၁)
“ဒေါက်”
“အား အီး ဆရာမ ၊ သားကို စုပုံချစ် ပေတံနဲ့ခေါက်တယ်”
ထွန်းထွန်းရဲ့ အော်ငိုသံက စာသင်ခန်းတစ်ခုလုံး စူးစူးဝါးဝါး ဟိန်းထွက်သွားသည်။ ပေတံကို လက်မှာ ခပ်တင်းတင်းဆုပ်ကိုင်းထားဆဲ စုပုံချစ်က အပြစ်လုပ်ထားသူ တစ်ယောက် လိုမဟုတ်။
“စုပုံချစ် လာစမ်း”
ဆရာမ ရဲ့ အော်ငေါက်သံကို ကြောက်ရွံ့တုန်လှုပ်သွားခြင်းလည်း မရှိ၊ လက်ကို လျော့တိလျော့ ရဲ ပိုက်လျက် ဆရာမ ရှေ့မှာ ပေစောင်စောင်လာရပ်သည်။
“ဘာ ဖြစ်လို့ ထွန်းထွန်းကို ပေတံနဲ့ခေါက်ရတာ လဲ ပြောစမ်း”
“သူ့ကို မေးကြည့်ပါ ဆရာမ ”
“ဟဲ့ နင့်ကိုမေးနေတာ နင်ဖြေရမှာ ပေါ့၊ နင် လုပ်ထားတာ မဟုတ်ဘူးလား”
“လုပ်ထားတာ ဟုတ်ပါတယ်၊ လုပ်ရတာ အကြောင်းရှိလို့ပါ”
“အေးလေ ဘာလို့လုပ်ရတာ လဲလို့ ဆရာမ မေးနေတာ၊ ဖြေမှပေါ့၊ ဟိုမှာ ကြည့်စမ်း၊ ခေါင်းမှာ ဘုထွက်သွားတယ်၊ သွေးစို့သွားတယ်၊ သူ့မိဘတွေ ပြဿနာလာရှာရင် ဘယ်လိုလုပ်မလဲ၊ စာသင်ခန်း ထဲမှာ အဲလိုရန်မ ဖြစ်ရဘူးဆိုတာ မသိဘူးလား၊ ဆရာမ ဆုံးမမထားဘူးလား ပြောစမ်း”
အော်ဟစ်ငိုဆဲ ထွန်းထွန်းကို မေးငေါ့၍ ဆရာမ က လေသံမာမာနှင့် ပြောသည်။ စုပုံချစ်က ထွန်းထွန်းကို လှည့်ကြည့်ပြီး နှုတ်ခမ်းကို ကိုက်ကာ အံကြိတ်၏ ။
“သမီးကွန်ပါဘူး သူခိုးလို့ပါ ဆရာမ ”
“ဟင် သူခိုးတာကို ဘယ်လိုလုပ်သိလဲ”
“သမီးက စာရေး ဖို့ ခဲတံနှိုက်ပြီး ခုံပေါ်တင်ထားတာပါ၊ ပြီးတော့ ကြည့်လိုက်တော့ သူက သမီးကွန်ပါဘူးကိုယူပြီး ခုံနဲ့ကွယ်ဖွင့်ကြည့်နေပါတယ်၊ အဲဒါနဲ့ သမီးက ပြန်တောင်းတာကို ငါလိုချင် တာရှိလို့ ကြည့်နေတာလို့ ပြောပါတယ်”
“အေးလေ သူလိုချင်တာ ယူပြီးရင် ပြန်ပေးမှာ ပေါ့၊ အဲဒါ ခိုးတာမှမဟုတ်တာ၊ သူငယ်ချင်းချင်း အဲလို မလုပ်ရဘူးလေ”
“တောင်းရင်တော့ ပေးမှာ ပေါ့ဆရာမ ရဲ့ ၊ အခု သူက သမီးမသိအောင် ယူလိုက်တာ၊ အဲဒါ ကြောင့် သမီးက ပေတံနဲ့ ခေါက်ပစ်လိုက်တာပေါ့”
“ကြည့်စမ်း ကြီးကြီးမားမား ပြဿနာလည်းမဟုတ်ဘူး၊ ဖြစ်တာကိုလည်း ဆရာမ ကို လာမတိုင်ဘူး၊ ငယ်ငယ်လေးရှိသေးတယ်၊ အဲလို လက်ရဲဇက်ရဲလုပ်ရသလား၊ နင့်မှာ အပြစ်မရှိဘူး လား၊ ရှိသလား စုပုံချစ်”
“မရှိပါဘူး ဆရာမ ၊ သမီးကွန်ပါဘူးကို ယူကိုင်လို့ သမီးလုပ်လိုက်တာပါ”
“ဘာ”
ဝန်မခံသော စုပုံချစ်ကို ဆရာမ ဆတ်ဆတ်တုန်အောင် ဒေါသ ဖြစ်သွားသည်။ ရုပ်ကလေး အရွယ်ကလေးနှင့် မလိုက်၊ မျက်နှာကြောတင်းတင်း အကြောမာလွန်းသော စုပုံချစ်ကို နောက် ဒါမျိုး မလုပ်ရဲအောင် နောင်ကြဉ်အောင် ခုံပေါ်တက်၍ လက်ပိုက်ခိုင်းပြီး ကြိမ်လုံးနှင့် ငါးချက်လောက် ရိုက် လိုက်သည်။
ပြီးတော့ တစ်နေကုန် ရပ်ခိုင်းထားကာ အပြစ်ပေး၏ ။ ဒါကိုလည်း စုပုံချစ်က နောက်မလုပ်တော့ ပါဘူးလို့ ဝန်ခံကတိမပေးသလို မျက်ရည်လည်း မကျပါ။
ညနေ ကျောင်းဆင်းချိန်ရောက်တော့ တစ်ဖက်ကျောင်းဆောင်သစ်ကြီးမှာ ခြောက်တန်းပညာ သင်ကြားနေသော တည်ကြည်ခန့်ဆီ အပြေးအလွှား အမြန်ရောက်အောင်သွားသည်။
“ဟာ ဘာ ဖြစ်လာတာလဲ ညီမလေး၊ အမောတကောနဲ့”
“မြန်မြန်လာစမ်းပါ ကိုကိုရယ်၊ ကျောင်းအပြင်ရောက်တာနဲ့ ပြောပါ့မယ်”
ဘုမသိဘမသိနှင့် စုပုံချစ်ဆွဲခေါ်ရာ ခပ်သုတ်သုတ်လိုက်လာရသည်။ ကျောင်းနှင့် ခပ်လှမ်းလှမ်း ကုက္ကိုပင်အောက်ရောက်မှ ခြေစုံရပ်တော့ တည်ကြည်ခန့်လည်း စက်ဘီးလေးဒေါက်ထောက်ကာ ရပ် လိုက်ရသည်။
“ဘာ ဖြစ်လာတာလဲညီမလး၊ ကိုကို့ကိုပြော”
စုပုံချစ်က တည်ကြည်ခန့်မေးတာ မဖြေဘဲ ခြေသလုံးတစ်ဝက်ထိ ဖုံးအုပ်ထားသော ကျောင်း စိမ်းစကပ်လေးကို စိတ်လိုက်မာန်ပါ ခပ်ဆောင့်ဆောင့် မပြသည်။
“ဟာ ဘာ ဖြစ်တာလဲ ညီမလေး၊ ဆရာမ ရိုက်လိုက်တာလား”
အနည်းငယ် အရှိုးရာထင်နေသော ဒဏ်ရာကိုကြည့်၍ တည်ကြည်ခန့် အထိတ်တလန့်ပင် မေးလိုက်မိသည်။
“ဟုတ်တယ် ထွန်းထွန်းကြောင့် အရိုက်ခံရတာ ”
“ဘာ ထွန်းထွန်းက ညီမလေးကို ဘာလုပ်လိုက်လို့လဲ”
“ညီမလေးပစ္စည်းကိုယူကိုင်လို့ ပေတံနဲ့ ခေါက်ပစ်လိုက်တာပေါ့၊ အဲဒီ ကောင် ဘုထွက်ပြီး သွေးစို့သွားတယ်၊ အဲလိုလုပ်ရမလားဆိုပြီး ဆရာမ က ရိုက်တာ၊ အဲဒီ ကောင်ကို လုံးဝ မကျေနပ်ဘူး”
“ဟုတ်သားပဲ၊ ဘာလို့ သူက ညီမလေးကပစ္စည်းကို ယူကိုင်ရတာ လဲ၊ အဲဒီ လိုလုပ်တုန်း ညီမလေးက ဆရာမ ကို တိုင်လိုက်ရင်ပြီးရော”
“အရင်တစ်ခါတုန်းက တိုင်သားပဲ၊ အဲဒီ တုန်းက နောက်တစ်ခါ အဲလိုသူများ ပစ္စည်း ယူမကိုင်ရ ဘူးနော်ဆိုပြီး သွန်သင်ဆုံးမရုံနဲ့ ပြီးသွားတာ”
“ဒါ ကတော့ ဆရာမ တွေ ရဲ့ တာဝန်ဝတ္တရားအရလောက်ပဲ လုပ်မှာ ပေါ့၊ ခိုးတာမဟုတ်ဘဲနဲ့ ရိုက် လို့မရဘူးလေ ညီမလေးရဲ့ ”
“ညီမလေး ကတော့ ခွင့်မတောင်းဘဲ အဲလိုယူကိုင်တာ မကြိုက်ပါဘူး၊ အဲဒါကြောင့် နောက်မ လုပ်ရဲအောင် ဆော်ထည့်လိုက်တာပေါ့၊ ဒါပေမဲ့ ဆရာမ အရိုက်ခံလိုက်ရတာ မကျေနပ်သေးဘူး၊ သူကလည်း ဆရာမ အရိုက်မခံရဘူးဆိုပြီး ဆက်လုပ် နေဦးမှာ ”
“အဲဒီ တော့”
“သူ ကျောင်းဝင်းထဲက ထွက်လာရင် ကိုကို ကြိမ်းမောင်းလိုက်”
“ဟင် ကိုကိုက ဘယ်လို ကြိမ်းမောင်းပေးရမှာ လဲ”
တည်ကြည်ခန့်စကားကိုကြားတော့ စုပုံချစ် ခြေလေးဆောင့်ကာ နှုတ်ခမ်းစူသည်။
“ကိုကိုကလည်း ညီမလေးကို နောက်ဒါမျိုးမလုပ်ရဲအောင် ပြောရမှာ ပေါ့၊ လိုအပ်ရင် လက်သီးနဲ့ ထိုးသင့်ရင်လည်း ထိုးရမှာ ပဲ”
“ ဖြစ်ပါ့မလားကွာ၊ ကိုကိုကအကြီး၊ သူကအငယ်၊ ကြီးနိုင်ငယ်ညှင်း ဖြစ်သွားရင် မကောင်းပါဘူး”
“ကိုကိုက ညီမလေးကို မချစ်ဘူးပေါ့လေ၊ ညီမလေးဘက်က ရပ်တည်မပေးချင်ဘူးပေါ့”
“ဟာ အဲလိုမဟုတ်ပါဘူး ညီမလေးရယ်၊ ကိုကို ပြောပေးပါ့မယ်၊ စိတ်မဆိုးနဲ့ စိတ်မကောက် နဲ့နော်၊ ကိုကိုက ညီမလေးကို အရမ်းချစ်ပါတယ်ကွာ”
စုပုံချစ် မျက်နှာညိုမှာ ကို မခံနိုင်ပါ။
အသားလေး ဝင်းဝင်းစိုစို၊ ပါးဖောင်းဖောင်းလေးနှင့် ဘိုမလေးကော်ပတ်ရုပ်လေးလို ချောမောလှပလွန်းသော စုပုံချစ်လေးကို ညီမအရင်းလေးလို တည်ကြည်ခန့် ချစ်မြတ်နိုးရပါသည်။
ငယ်ငယ်လေးကတည်းက မေမေ့ဗိုက်ထဲကနေ ညီမလေး တစ်ယောက် လောက် လိုချင်တာ အရူးအမူး။
သူများ မိသားစုတွေ လို ညီမလေးကို ထိန်းကျောင်းချီပိုးချော့မြူချင်၏ ။ သူ သုံးနှစ် သားအရွယ် လောက်မှာ မေမေ နောက်ရင်သွေးလေး လွယ်ပိုးရတော့ မေမေ ဗိုက်ပူပူလေးကို တရှုံ့ရှုံ့နမ်းမွှေးပြီး ဆုတောင်းမိသည်။ တကယ်တမ်း မွေးလာတော့ ညီလေး တည်မြဲခန့် ဖြစ်နေသည်။
“မေမေကလည်းဗျာ သားက ညီမလေးလိုချင်တာပါဆို၊ ဘာလို့ ညီမလေး မမွေးတာလဲ၊ ညီလေးမလိုချင်ဘူး၊ ဗိုက်ထဲပြန်သွင်းလိုက်”
“ဩော် သားလေးရယ်၊ အဲလိုလုပ်လို့ ဘယ်ရမှာ လဲ၊ မေမေ့ဗိုက်ထဲက ထွက်လာတာကို ညီလေး ဖြစ် ဖြစ် ညီမလေး ဖြစ် ဖြစ် သား ချစ်ရမှာ ပေါ့၊ ဘယ်သူ ဖြစ် ဖြစ် သားအဖော်ရတော့ပေါ့ကွယ်၊ နော် သားလေး”
ကလေးအတွေးနှင့် သူ့ရဲတောင်းဆိုမှု ကို မေမေက အရယ်အပြုံးနှင့် သူ့ကို ထွေးပွေ့ကာ ချော့မြူဖျောင်းဖျသည်။ ဒါပေမဲ့ ညီမလေးအရမ်းလိုချင်နေသော သူက ညီလေးကို နှစ် နှစ် ကာကာ ရင်ထဲအသည်းထဲက မချစ်ခဲ့ပေ။
အိမ်ချင်းကပ်လျက်က ဦးထင်ကျော်နှင့် ဒေါ်ယမင်းပျိုက မွေးသော စုပုံချစ်လေးကိုသာ ချီပိုး ပွေ့ဖက်၍ အချစ်ပိုခဲ့သည်။
အိမ်ရောက်လို့ မေမေတို့က ထိန်းခိုင်းလျှင်လည်း သနပ်ခါးလိမ်း၊ ပန်းပန်ပေးလျက် စုပုံချစ် အင်္ကျီလေးတွေ ကို ယူဝတ်ပေးကာ မိန်းကလေးလို ပြင်ဆင်ပေးခဲ့သည်။
“သားကြီးရယ်၊ ညီလေးကို အဲလိုမလုပ်ရဘူးလေ သားရဲ့ ၊ ညီလေးကို အဲလိုလုပ်ရင်ကြီးလာ တော့ မိန်းမရှာ ဖြစ်သွားမှာ ပေါ့ သားရဲ့ ”
“မသိဘူးဗျာ မေမေကမှ ညီမလေး မွေးမပေးတာ၊ သား ကတော့ ညီမလေးလို လုပ်မှာ ပဲ အဲလို မလုပ်ရရင် ညီလေးကို ထိန်းမပေးတော့ဘူး၊ချစ်လည်း မချစ်တော့ဘူး”
သူ ဂျစ်ကန်ကန်နှင့် စိတ်ဆိုးမာန်ဆိုးပြောတော့ မေမေတို့ စိတ်လျှော့သွားပြီး ရေငုံနှုတ်ပိတ်နေ လိုက်ကြသည်။ မနေလို့လည်း မ ဖြစ်။
ဘွားဘွားက မြေးဦးမို့ မငြိုမငြင် မတောင့်မတ ပြည့်စုံအောင်ထားပြီး အလိုလိုက်ခဲ့သည် မဟုတ်လား။
ဘယ်သူ့ကြောင့် သူမျက်ရည်ကျရတယ်၊ စိတ်ညစ်ရတယ်ဆိုလျှင် အဲဒီ လူ နေစရာမရှိအောင် ဆူပူမာန်မဲ ကြိမ်းမောင်းနေတော့တာ။
ဘွားဘွား အာဏာကိုတော့ ဘယ်သူမှ မလွန်ဆန်ရဲကြ၊ မဆန့်ကျင်ရဲကြ။
သေဆိုသေ၊ ရှင်ဆိုရှင် ဩဇာညောင်းသူ။
“ငါ့မြေးကြီးကိုတော့ ဘယ်သူမှ လက်ဖျားနဲ့ထိမယ်၊ ကန့်လန့်တိုက်မယ် မကြံကြနဲ့နော်၊ အမွေ တစ်ပြားမှ မရဘဲ ဖြစ်သွားမယ်၊ ငါ့မြေးကိုပဲ အကုန်ပေးခဲ့မှာ ”
ထိုသို့ ကြိမ်းမောင်းထားတာမို့ ဖေဖေနှင့် မေမေရော၊ ဒေါ်လေးတို့လင်မယားရော သူ့ကို ဖူးဖူးမှု တ်ထားကြသည်။
သူကလည်း ဘွားဘွားအားကိုးနှင့် ဘယ်သူ့ကိုမှ မကြောက်၊ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်။
အဲ သူဂရုစိုက်တာ အလေးအနက်ထားတာ တစ်ယောက် ပဲ ရှိသည်။
သူက စုပုံချစ်။
အချိန်ရှိတိုင်း အဲဒီ အိမ်ဘက်ကိုရောက်နေကာ စုပုံချစ်လေးအနားက မခွာ။ စုပုံချစ်လေး ကျောင်းနေအရွယ်ရောက်တော့ သူက သုံးတန်း။
ဒါတောင်မှ ကျောင်းဆင်းချိန်တွေ ဆိုလျှင် စုပုံချစ်လေးအတန်းကို အရင်ဆုံးသွား၊ မုန့်တွေ ဝယ်ကျွေး။
ကျောင်းဆင်းချိန်ဆိုလည်း သူမအိမ်က လာကြိုစရာမလိုဘဲ စက်ဘီးနှင့် တင်ခေါ်။ အိမ်ရောက် တော့ စာပြပေး၊ အတူတူ ကစားနှင့် သူ့မှာ အားလပ်တယ်လို့မရှိ။
ညီလေးဆိုတာ သူ့ရဲ့ သွေးရင်းသားရင်းလို့ သဘောမထားမိတာ ဒီနေ့အချိန်ထိ။
စုပုံချစ်လေးအတွက်ဆို ဘာပဲလုပ်ရလုပ်ရ။
ဒီနေ့ကိစ္စအတွက်လည်း စုပုံချစ် လုပ်ရပ် တရားသလား၊ မတရားသလား သူ မတွေး။
ထွန်းထွန်းဆိုသည့်ကောင်လေး၊ ကျောင်းဝင်းအပြင် ထွက်အလာကို လည်တဆန့်ဆန့် စောင့်ကာ…။
x x x
အခန်း (၂)
“ကဲ အဲဒါ ဘယ်လိုလုပ်ပေးမှာ လဲ၊ ကျွန်မသားကို ရှင်တို့သားက ကြီးနိုင်ငယ်ညှင်း နိုင်ထက်စီးနင်း လုပ်လိုက်တယ်တဲ့လေ၊ သူတို့ရွယ်တူချင်း စကားများ ရန် ဖြစ်တယ်ဆို ထားပါတော့၊ အခုတော့ ခုနစ်တန်းကျောင်းသားကြီးက လေးတန်းကလေးကို ကျောင်းအပြင်မှာ စောင့်ပြီး ထိုးလွှတ် လိုက်တာ ကောင်းသလား၊ ဘယ်လိုများ ဆိုဆုံးမထားလည်း မသိပါဘူးတော် ”
ထွန်းထွန်းအမေက တည်ကြည်ခန့်ကို မျက်စောင်းတထိုးထိုးနှင့် မကျေမချမ်း ပြောနေသည်။ မေမေက သူ့ဘက်ကို လည်လိမ်ကာ စောင့်ကြည့်၏ ။
“တည်ကြည်ခန့် သူတို့ပြောတာတွေ ဟုတ်သလား၊ ထွန်းထွန်းဆိုတဲ့ကောင်လေးကို နင် ထိုးလွှတ်လိုက်တယ်ဆို၊ ဘာ ဖြစ်လို့ လုပ်လိုက်တာလဲ၊ ဘာကြောင့် လဲ”
မေမေက သူ့မျက်လုံးတည့်တည့်ကို စိုက်ကြည့်ကာ မေးသည်။ တည်ကြည်ခန့် ရှုတင်းတင်း ခေါင်းငိုက်စိုက်လုပ်ကာ တုံဏိုဘာဝေ။
“ဟဲ့ ဖြေလေ၊ ဟိုက ပြောနေတာ ဟုတ်သလားလို့”
“ဟုတ်လို့ ငြိမ်နေတာပေါ့၊ မိဘတောင် မကြောက်မရွံ့ မေးတာ မဖြေတဲ့ကလေးက ကျွန်မ တို့သားကို မလုပ်ရဲဘဲ နေပါ့မလား၊ ဆုံးမသွန်သင်မှု နည်းလို့ ဒီအရွယ်လေးကတည်းက လက်ရဲဇက်ရဲ အနိုင်ကျင့်တတ်တာ၊ ကြီးလာရင် လူဆိုးသူခိုးတောင် ဖြစ်ဦးမယ်”
“အဲလိုတော့ မပြောပါနဲ့ ညီမရယ်၊ သူများ သားသမီးကို မှိုချိုး၊ မျှစ်ချိုးပြောရင် ကိုယ့်သား သမီးလည်း အဲလို ဖြစ်တတ်ပါတယ်၊ လူကြီးတွေ တောင် မှားသေးတာ၊ ဘာမှနားမလည်သေးတဲ့ ကလေးက မှားမှာ ပေါ့”
“ဩော် ဒီအရွယ်က ကလေးဆိုရင် သူ့ထက်ငယ်တဲ့ ကျွန်မသားမှားတာကျ ဒီလို လက်တုံ့ပြန် ရမှန်း သိသတဲ့လား၊ စုပုံချစ်ပစ္စည်းကိုယူကိုင်တာ သူနဲ့ဘာဆိုင်လို့လဲ”
“ဟင် စုပုံချစ်ကြောင့် ရန် ဖြစ်ခဲ့တာလား၊ သား၊သားကို မေမေဘာပြောထားလဲ၊ သားကို မေမေ ဘယ်လိုဆုံးမသွန်သင်ထားလဲ၊ သား မမှတ်မိဘူးလား ဟင်”
“ညည်း ဘာပြောပြော ကလေးက မှတ်မိမှာ လား၊ ငါ့မြေးကို ညည်း ဘာမှ ဆူပူမာန်မဲစရာ မလိုဘူး”
အိမ်ပေါ်ထပ်က ဘွားဘွားဆင်းလာပြီမို့ တည်ကြည်ခန့် အားကိုးရသွားသည်။ အားလုံးကို ပေ စောင်စောင်ကြည့်ကာ ဘွားလွားနောက်မှာ ဝင်ကပ်လိုက်၏ ။ သူ ခေါင်းတိုးခွေ့လိုက်ပြီဆို သူ့ရှေ့ကနေ ဘွားဘွား မားမားမတ်မတ် ရပ်တည်ပေးလိမ့်မည် ။
“ဟို တစ်ယောက် ကရော င့ါအိမ်ကိုလာပြီး ဘာလို့ အာကျယ်ပါကျယ် လုပ်နေတာလဲ၊ ညည်း ဘယ်လောက်လျော်ကြေးလိုချင်သလဲ ပြော၊ ငါ့မြေးကို ဘာမှ ဝေဖန်ပုတ်ခတ်နေစရာ မလိုဘူး”
“အဲလို ငွေကြေးနဲ့ပိုင်းဖြတ်ပြီး နစ်နာအောင်မလုပ်ပါနဲ့ ကြီးကြီးရယ်၊ ကျွန်မက ကလေးအရွယ် မို့ ရုံးရောက်ဂတ်ရောက် မ ဖြစ်စေချင်လို့ ကလေးကို လာပြီး ဆုံးမခိုင်းနေတာပါ”
“အောင်မာ ရုံးတွေ ဂတ်တွေ ရောက်ကြည့်ပါလား၊ ဖြစ်ချင်ရာ ဖြစ် ငါ့မြေးအတွက် အသက်ချင်း လဲပစ်မယ် သိလား၊ ရော့ လျော်ကြေး၊ ဒါယူပြီး ပြန်တော့၊ နောက်တစ်ခါ ငါ့မြေးနဲ့လွတ်ကင်း အောင်နေကြ”
တစ်ထောင်တန်အထပ်လိုက် လက်ထဲရောက်သွားသည်နှင့် ထိုမိန်းမ ခေါင်းတဆတ်ဆတ် ညိတ်ကာ နောက်ပြန်လှည့်သွားသည်။
သူ့အတွက်ဆို ဘွားဘွားက ဒီလိုမျိုး ရှေ့ကနေ မားမားမတ်မတ် ရဲဝံ့စွာ ရပ်တည်ရဲသူပါ။
“မေမေကလည်း အဲဒါတွေ ကြောင့် ခက်နေတာ၊ လာတိုင်တဲ့သူရှေ့မှာ ကိုယ့်ကလေးကို နည်း နည်းပါးပါး ဆုံးမပေးဦးမှပေါ့၊ အဲဒါမှ ခံရတဲ့သူဘက်က ကျေနပ်မှာ မေမေရဲ့ ”
“ဟဲ့ အခုလည်း ငွေပေးလိုက် လို့ ကျေနပ်သွားပြီလေ၊ တန်ရာတန်ကြေးမကလို့ အိမ်ရောက်ရင် ပျော်တော် ပျော်နေဦးမှာ ”
“ဒါ ကတော့ ဒါပေါ့။ ဒါပေမဲ့ မေမေ့မြေးကိုလည်း ဆုံးမထားဦးမှ ဖြစ်မယ် မေမေ၊ ဟိုကပြောသွား တာ မေမေကြားတယ် မဟုတ်လား၊ မိမဆုံးမ၊ ဖမဆုံးမ သားသမီးလို့ ကျိန်ဆဲသွားတာ ဘယ်လိုလုပ်ကောင်းတော့မှာ လဲ၊ တစ်ခါလည်းမဟုတ် နှစ် ခါလည်းမဟုတ်၊ ကိုယ့်ကြောင့် ဖြစ်လိုက်၊ စုပုံချစ်ကြောင့် ဖြစ်လိုက်နဲ့ မေမေရှိလို့ ငွေနဲ့ဖြေရှင်းနိုင်တယ်ဆိုပေမယ့် မေမေ ဆုံးတဲ့အခါ”
“အမယ်လေး ညည်းက ငါ့ကို သေစာရင်းတောင် သွင်းနေပြီပေါ့၊ အဲဒါကြောင့် ချွေးမဆိုတာမျိုး ကို အိမ်ဦးခန်းတင်မထားနဲ့၊ ခေါင်းပေါ် ချီးပါခံရမယ်လို့ ပြောကြတာ၊ အခု ငါ့သား အစွမ်းအစနဲ့ ညည်း ဒီလိုနေရတာ လား၊ ငါ့ကြောင့် နေရတာ လား ပြောစမ်းပါဦး”
ထိုမေးခွန်းက ဖြေစရာမလိုအောင် ရှင်းနေသည်။ တကယ်တမ်း အိမ်ထောင်ကျစကတည်းက မိမိယောက်ျား ဦးစိုးခန့်က မယ်မမယ်ရရ အလုပ်ကို ကြိုးစားပမ်းစား လုပ်ခဲ့တာမျိုး မရှိပါ။
အမေ ဖြစ်သူရဲ့ ပွဲရုံကို သွားတစ်လှည့် မသွားတစ်လှည့်၊ အာရုံမရသလို ခုချိန်ထိ ဖိဖိစီးစီးမရှိ။
မိသားစုအပေါ်မှာ လည်း အလေးအနက်မဟုတ်။ သားနှစ် ယောက် မွေးထားတာတောင် အပျော်ခရီးထွက်ရတာ ၊ နိုက်ကလပ်တက်ရတာ ၊ နိုင်ငံခြား အလည်အပတ်သွားရတာ နှင့် မအေ ဖြစ်သူ ဒေါ်စိန်ရွှေက သားသမီး ဘာလုပ်လုပ် လူပျိုလူလွတ်ဘဝတွေ ကတည်းက ဘာမှပိတ်ပင်တားဆီးခဲ့တာ ပြောဆိုဆုံးမခဲ့တာမဟုတ်။
စီးပွားရေး ကို အချိန်ရှိသမျှ ကုန်းရုန်းရှာရင်း လိုအပ်သမျှသာ ဖြည့်ဆည်းခဲ့သည်။ ချွေးမတွေ သမက်တွေ က သူ့သားသမီးတွေ ကို မငြိုင်ငြင်အောင်လည်း လိုအပ်မှု မရှိစေရ။
ရော့ရွှေ၊ ရော့ငွေ။
ဩဇာတိက္ကမ ကြီးသူမို့ ဘယ်သူကရော ပါးစပ်ဟရဲ၊ ငြိုငြင်ရဲမှာ လဲ။
အခု သားကြီးကိစ္စကိုပဲကြည့်၊ သမီး ဖြစ်သူက အိမ်ထောင်အရင်ကျပြီး သားသမီးမမွေးတော့ မိမိရဲ့ သားက မြေးဦး ဖြစ်နေကာ ဘွားအေရဲ့ အလိုလိုက်ပစားပေးခြင်းခံရပြီး ဘယ်သူ့ကိုမှ ရိုသေ လေးစား ကြောက်ရွံ့ရမှန်းမသိ၊ ဘဝင်မြင့်နေသည်။
ညီငယ်လေးကိုလည်း သံယောဇဉ်တွယ်ရမှန်း မသိ။
ညီမလေး မွေးမပေးလို့ဆိုပြီး စိတ်ကောက်ကာ မွေးကင်းစ စုပုံချစ်လေးဆီမှာ ပဲ အချိန်ကုန် သည်။ နေ့ည အနားကမခွာဘဲ လိုအပ်သမျှ ဘွားအေဆီက မုန့်ဖိုးတောင်းကာ အကုန်ဝယ်ပေး၏ ။
အိမ်ရောက်မှ ညီငယ်လေးကို မိန်းကလေးလို ပြင်ဆင်ပေးသည်ဆိုပေမယ့် စုပုံချစ်လောက် တော့ အချစ်မပိုခဲ့ပါ။ ဒီအရွယ်ရောက်လာသော်လည်း အချစ်မလျော့။ ပုံစံမပြောင်း၊ အားကောင်း မောင်းသန်မဟုတ်ပေမယ့် ရန်များ ချင်လာတာလည်း စုပုံချစ်ကြောင့် ။
ကိုယ်က မ ဖြစ်သင့်တာ မ ဖြစ်အောင် ဆုံးမမယ်ဆိုတော့လည်း ဘွားအေက ရှေ့က ကာဆီး ပိတ်ပင်ရုံတင်မက၊ မိမိကိုယ်တောင် အပြစ်တင်မာန်မဲ ဆူပူကြိမ်းမောင်းနေသေးသည်။ ဒါတင်ပဲလား၊ နောက်မပြောရဲအောင် ခြိမ်းခြောက်တာက ရှိသေး။
အခုလည်း ပြောသမျှ ဆိုသမျှ ငြိမ်ကုတ်နားထောင်ရုံမှလွဲ၍ ဘာမှ စောဒကတက်ခွင့်မရှိ။
မျက်မှော င်ကုတ်ပြောနေရာက တည်ကြည်ခန့်ပခုံးကို ဖက်ကာ ဆိုဖာခုံမှာ ဝင်ထိုင်လိုက်ပြီး
“ငါ ဒီလိုမေးတော့ ညည်း မဖြေနိုင်တော့ဘူး မဟုတ်လား၊ အစကတည်းက အဲလို အမေးမခံ ရအောင် ဆင်ခြင်သင့်တယ်၊ ညည်းတို့အပေါ် ငါ့ဘက်က ဘာလိုအပ်မှု ရှိခဲ့သလဲ၊ ညည်းတို့ ပြည့်ပြည့် စုံစုံနဲ့ အခန့်သားထိုင်စားနေရာတာ မဟုတ်ဘူးလား၊ ငါ့ဘက်က တောင်းဆိုတာလည်း ငါ့မြေးကြီးကို အလိုလိုက်ချစ်ပေးဖို့ပါပဲအေ၊ ဒါလေးတောင် ညည်းတို့က မလိုက်လျောပေးနိုင်ဘူးလား”
“အဲလိုမဟုတ်ပါဘူး မေမေရယ်၊ မေမေကို လွန်ဆန်နေတာလည်း မဟုတ်ပါဘူး၊ စုပုံချစ် အတွက်ဆိုရင် သားကြီးက အနစ်နာခံလွန်းလို့ပါ”
“ဟဲ့ ဒါရော ဘာပြောစရာလိုလဲ၊ သူတို့တွေ အရွယ်ရောက်လာရင် ငါကပေးစားဖို့တောင် စီစဉ် ထားတာ။ အခုလို သံယောဇဉ်ကြီးကြီးနဲ့ ကာကွယ်ပေးနေတာ ဘယ်လောက်ကောင်းလဲ”
“ဟင် မေမေက”
“အေး ဟုတ်တယ်၊ အဲဒီ ကိစ္စ စုပုံချစ်တို့ မိဘတွေ ကိုတောင် အသိပေးနားဖောက်ပြီးပြီ၊ သူတို့အရွယ်ရောက်လာရင် ငါ့မြေးကြီးနဲ့ပဲ လက်ထပ်ပေးဖို့ပေါ့၊ ငါ့မြေးကြီး တခြားမိန်းမလည် မိန်းမရှုပ် တွေ နဲ့ တွေ့ သွားလို့မ ဖြစ်ဘူး။ စုပုံချစ်တို့မိသားစုဆိုတာ စီးပွားရေး အဆင်ပြေလှတယ်မဟုတ်ပေမယ့် အကြောင်းသိ ဓာတ်သိ စိတ်ရင်းရိုးသားတဲ့သူတွေ ”
“ဒါတော့ နွဲ့လည်း သိပါတယ် မေမေ၊ မေမေစီစဉ်ထားတာကို နွဲ့ဆန့်ကျင်တားဆီးတာမျိုး လည်း မလုပ်ပါဘူး။ ကလေးတွေ ငယ်ငယ်ရွယ်ရွယ် စိတ်ကစားမှာ တော့ စိုးရိမ်တယ်”
“အဲဒီ အတွက်တော့ တွေးမပူပါနဲ့၊ အရွယ်မရောက်ခင်မှာ ငါက အမှားအယွင်း အ ဖြစ်ခံပါ့မလား၊ ဒီကိစ္စတွေ က သူတို့ နိုင်ငံခြားထွက်သွားဖို့ ငွေရင်းစိုက်ထားတာနဲ့ အလောင်းအစားလုပ်ထားတာ”
“ရှင် ဘယ်လိုမေမေ”
ဒေါ်နွဲ့ကေခိုင် နားမလည်နိုင်အောင် ဖြစ်သွားသလို တည်ကြည်ခန့်လည်း စိတ်ဝင်တစား ခေါင်းထောင်လာသည်။
“စုပုံချစ်အဖေက နိုင်ငံခြား အလုပ်သွားလုပ်မလို့လား ဘွားဘွား”
“စုပုံချစ်အဖေ တစ်ယောက် တည်းမဟုတ်ဘူး၊ မိသားစုလိုက် သွားကြမှာ ”
“ဗျာ ဒါ ဒါဆို ညီမလေးလည်း နိုင်ငံခြားလိုက်သွားမှာ ပေါ့”
ငိုသံပါကြီှးနှင့် တည်ကြည်ခန့် အထိတ်တလန့်မေးတော့ ဒေါ်စိန်ရွှေက နှစ် သိမ့်သလို တည် ကြည်ခန့် ပခုံးလေးကို ခပ်ဖွဖွ ထွေးဖက်ကာ-
“သူ့မိဘတွေ က လုပ်ငန်းတွေ မှာ အရှုံးပေါ်လို့ စီးပွားရေး အဆင်မပြေ ဖြစ်နေကြတယ်လေ၊ အရင်းအနှီးထည့်ပြီး ဘယ်လောက်ပဲ ကြိုးစား၊ ကြိုးစား အောင်မြင်လာစရာလည်း အကြောင်းမရှိတော့ ဘူး။ သူတို့နေတဲ့ အိမ်ကြီးကလည်း ပေါင်ထားပြီးသားတဲ့၊ အတိုးနဲ့တွက်ရင် ငွေပိုတောင် ထွက်လာ တော့မယ် မထင်ဘူး”
“ဟင် အဲလိုတောင် ဖြစ်သွားကြတာလား၊ လုပ်ငန်းတွေ က မအောင်မြင်တာကို သိပေမယ့် အဲ လောက်ကြီး ဖြစ်နေပြီလို့ မထင်မိဘူး”
“အေး ငါလည်း ငါ့ဆီကို ငွေရေး ကြေးရေး အကူအညီလာတောင်းမှ သေချာသိရတာ ၊ သူတို့က နိုင်ငံခြားမှာ ရှိတဲ့ အစ်ကိုဆီကိုလိုက်ပြီး ဟိုမှာ ပဲ လုပ်ငန်းလုပ်တော့မယ်တဲ့လေ၊ နောက်မှ ငါ့ကို အရစ် ကျ ပြန်ဆပ်ပါရစေလို့ ပြောတယ်”
“အဲလိုလုပ်တာကောင်းပေမယ့် ညီမလေးကို သားမခွဲနိုင်ဘူး ဘွားဘွား၊ ညီမလေးကို ခေါ်ထား လိုက်ပါလားဟင် ဘွားဘွား”
တည်ကြည်ခန့် ဣနြေ္ဒမရစွာ မျက်ရည်လည်ရွဲနှင့် တောင်းဆိုသည်။ မြေးကိုချစ်ပေမယ့် ဒီကိစ္စ က ဒေါ်စိန်ရွှေ ကိုယ့်သဘောနှင့် ကိုယ် လိုက်လျောပေးလို့ ဖြစ်တာမျိုး မဟုတ်ပါ။
“သူတို့သမီးလေး တစ်ယောက် တည်းကို ဘယ်လိုလုပ် ထားခဲ့မှာ လဲကွယ်၊ မြေးလေးအတွက်က အဘွား စဉ်းစားပြီးသားပါ၊ မြေးတို့ ပညာရေး တွေ ဆုံးခန်းတိုင်တာနဲ့ သူတို့လည်း ပြန်လာမယ်၊ မြေးတို့ ကိုလည်း လက်ထပ်ပေးမယ်”
“အဲဒါက အဝေးကြီးလိုသေးတာကို ဘွားရယ်၊ ညီမလေးကို သား မခွဲနိုင်ဘူး။ ညီမလေးမရှိရင် သား မနေတတ်ဘူး”
“ဩော် မြေးရယ်၊ မြေးမှာ ညီမလေးမရှိလည်း ညီလေး ရှိသေးတယ်လေ ဟိုကသူစိမ်း၊ ညီလေး က ကိုယ့်သွေးသားအရင်း မဟုတ်ဘူးလား”
“သားမှ ညီလေး မလိုချင်တာ၊ ညီမလေးကိုပဲ ချစ်တယ်”
“အဲလို မ ဖြစ်နိုင်တာကိုတော့ ဇွတ်အတင်းမပူဆာနဲ့ မြေးလေး၊ မြေးလေးသာ အရွယ်ရောက်နေ ပြီဆိုရင် အဘွားက အခု ချက်ချင်း တောင် စုပုံချစ်နဲ့ ပေးစားလိုက်သေးတယ်၊ အခုက မြေးလေးက ဆယ့်သုံးနှစ် ၊ စုပုံချစ်လေးက ကိုးနှစ် ရှိသေးတာ၊ ညီလေးကိုပဲ ညီမလေးလိုသဘောထားပြီး ပြုပြင်ချစ် ပေါ့ကွယ် နော် မြေးလေး”
အဘွား ဘယ်လိုပဲ နှစ် သိမ့်ဖျောင်းဖျနေပါစေ၊ ညီလေးက ဘယ်တော့မှ ညီမလေး ဖြစ်မလာနိုင်၊ သူချစ်တာက စုပုံချစ်ဆိုသော ညီမလေး။
x x x
အခန်း (၃)
“ညီမလေး”
“ကိုကို”
ချိန်းဆိုမထားပါဘဲ အိမ်နှစ် အိမ်ရှေ့က ဗာဒံပင် ခုံတန်းလေးမှာ ဆုံ ဖြစ်ကြ၏ ။ စုပုံချစ် မျက်နှာ လေးက ငိုမဲ့မဲ့နှင့် ညှိုးနွမ်းနေသည်။
ခွဲခွာဖို့ ရှေ့ပြေးနိမိတ်တွေ ကို ကြိုသိနေခဲ့ပြီလား။
တည်ကြည်ခန့် မျက်ဝန်းအိမ်မှာ လည်း မျက်ရည်တွေ ဝဲလို့၊ သံယောဇဉ် မျက်ဝန်းမှာ ငြိတွယ်မှု တွေ ဖြင့် ။
“ညီမလေးတို့ နိုင်ငံခြားသွားတော့မှာ ဆို”
“ဟုတ်တယ် ကိုကို၊ ညီမလေးတို့ ခွဲရတော့မယ်၊ ညီမလေးကို သတိရနေနော်”
“သတိရတာ ထက် ကိုကို ကျန်နေခဲ့နိုင်ပါ့မလား မသိဘူး ညီမလေးရယ်၊ ကိုကို တစ်ယောက် တည်း ပျင်းနေတော့မှာ ”
“ခန့်မင်းရှိသားပဲ ကိုကိုရယ်၊ ခန့်မင်းက ကိုကို့ကို ချစ်သားနဲ့၊ ညီမလေးမရှိတဲ့အချိန် ခန့်မင်းကို အဖော်လုပ်ပေါ့”
“ကိုကိုက ညီမလေးကိုပဲ ချစ်တာ၊ ညီလေးက အပျင်းပြေ အဖော်ရတယ်ဆိုပေမယ့် ညီမလေး လိုတော့ ခံစား ချက်ချင်း လည်း မတူဘူး။ အလေးအနက်လည်း မရှိဘူးလေ၊ ဘွားဘွားကိုပြောပြီး ညီမလေးတို့နဲ့ ကိုကို လိုက်လာခဲ့မယ်”
“ဟင် ဘွားဘွားက ကိုကို့ကို အရမ်းချစ်တာ ဘယ်ထည့်ပါမလဲ၊ ပြီးတော့ ဖေဖေတို့ကလည်း တာဝန်ခံပြီး ခေါ်မယ် မထင်ဘူး ကိုကို၊ စီးပွားရေး ကြောင့် သာ သွားရတာ ၊ မြန်မာပြည်ကို မခွဲချင်ဘူးတဲ့၊ အလုပ်တွေ ကြိုးစားလုပ်ပြီး အဆင်ပြေရင် အမြန်ဆုံး ပြန်လာမယ်လို့ ပြောတယ်”
“ကိုကိုတို့ ဘယ်လောက်အကြာကြီးထိ ခွဲရမလဲ မသိဘူး ညီမလေးရယ်၊ ညီမလေး ဖေဖေနဲ့မေမေသာ ခွင့်ပြုမယ်ဆိုရင် ဘွားဘွားကို ရအောင်ပြောပြီး လိုက်လာခဲ့ချင်တယ်”
မ ဖြစ်နိုင်မှန်း သိလျက်နှင့် တည်ကြည်ခန့် ဇွတ်အတင်းပြောနေသည်။ အကြောင်းအရာတစ်ခုခု ကို စိတ်ဆန္ဒပြင်းပြပြီဆိုလျှင် တည်ကြည်ခန့် ရှေ့နောက်စဉ်းစားဖို့ သတိမရ။
ဖြစ်ချင်တာကိုသာ ဦးစားပေးပြီး ဘယ်သူ့ကိုမှ ငဲ့ညှာရမှန်းလည်း မသိ။
ဒါတွေ က တည်မြဲခန့်နှင့် မတူသော အချက်တွေ ပင်။
တည်မြဲခန့်က အငယ် ဖြစ်ပေမယ့် မျှမျှတတတွေးတတ်ပြီး သူများ ရဲ့ ဆန္ဒကိုသာ ဦးစားပေးတတ် သည်။
တည်ကြည်ခန့် အနိုင်ကျင့်သမျှလည်း ကြည့်ဖြူစွာ နှင့် လိုက်လျောတတ်သူပါ။
သူမအပေါ်လည်း တည်ကြည်ခန့်ထက် အနွံတာခံ သည်းခံတတ်ကာ အစ်ကို ဖြစ်သူမသိအောင် တွယ်တာခဲ့သူပါ။
“ချစ်ချစ် နင် ဟိုးအဝေးကြီးက နိုင်ငံခြားကို သွားတော့မယ်ဆိုရင် ငါ နင့်အတွက် လက်ဆောင် ပေးလိုက် မယ် သိလား”
“ဟင် နင်က ဘာလက်ဆောင်ပေးမှာ လဲ”
“ရောင် စုံခဲတံလေးတွေ နဲ့ ဆွဲထားတဲ့ ပန်းချီကားလေးပါ၊ နင်နဲ့ကိုကို ကစားနေကြရင် ငါ့ကိုမှ မခေါ်တာ၊ အဲဒီ အချိန်ဆို ငါက ငါ့အခန်းထဲမှာ အရုပ်တွေ ရေး ပြီး တစ်ယောက် တည်းဆော့ရတာ ဟ၊ အဲဒီ ထဲက တစ်ပုံ နင့်ကိုပေးလိုက် မယ်၊ နင်ပြန်မလာမချင်း အမှတ်တရ သိမ်းထားနော်”
ဘာပုံမှန်းမသိပေမယ့် သွားခါနီး ရင် ပေးမည် ဟု ပြောသွားသည်။ ကိုကို ကတော့ အမှတ်တရ လက်ဆောင်ပေးလိုက် မည် ဆိုသည့် စကား ခုထိမပြောသေးပါ။
သူ ဖြစ်ချင်တာကိုသာ ဇွတ်အတင်းအကျပ်ပြောလျက် မျက်နှာတစ်ခုလုံး ညှိ့ညှို့မှိုင်းမှိုင်း။
ဒီလိုတော့လည်း စုပုံချစ် မကြည့်ရက်၊ ကိုကိုက သူမအပေါ်အများ ကြီး စောင့်ရှောက်ပေးခဲ့ သည်။ ခန့်မင်းအိမ်က ကိုကိုရဲ့ ခြယ်လှယ်မှု ကြောင့် နွဲ့နွဲ့နှောင်းနှောင်း ပျော့တိပျော့ဖတ် နေတတ်သူမို့ အရေး ကြုံလျှင် ကိုကို့ကိုပဲ အားကိုးခဲ့ရတာ ပါ။ ကိုကိုလိုက်လာ ဖြစ်လျှင် ဟိုကိုရောက်လို့ သူစိမ်းတွေ အလယ်မှာ အနိုင်ကျင့်ခံရတာ မျိုး မ ဖြစ်တော့ဘူးပေါ့။
“မေမေတို့ကို လိုက်ပြောကြည့်မလားဟင် ကိုကို၊ လိုက်ရတယ်ဆိုရင် ကိုကိုနဲ့ညီမလေး မခွဲရ တော့ဘူးပေါ့”
“ဟုတ်တယ် ပြောကြည့်လို့ရရင် ဝမ်းသာစရာပေါ့၊ လာ သွားမယ် ညီမလေး”
စုပုံချစ် လက်ကိုတင်းတင်းဆုပ်ကိုင်၍ စုပုံချစ်တို့ ခြံဝင်းထဲ ဝင်လာခဲ့ကြသည်။ အိမ်အဝင်ဝ မှာ ပင် စုပုံချစ် မိဘတွေ နှင့် ဆုံတော့ ခေါင်းလေးတွေ ငုံ့လျှိုး၍ ခြေလှမ်းတုံ့သွားရ၏ ။
“ဩော် သမီးလေး ဘယ်ပျောက်သွားလဲ အောက်မေ့နေတာ၊ တည်ကြည်နဲ့ တွေ့ နေတာကိုး၊ အေး အိမ်မှာ နေခဲ့ကြဦးကွာ၊ အန်ကယ်တို့ လေယာဉ်လက်မှတ်ဝယ်ဖို့ သွားလိုက်ဦးမယ်”
“ဗျာ ဟို အန်ကယ်တို့ နိုင်ငံခြားသွားဖို့အတွက်လား”
“ဟုတ်တယ်လေ၊ ပတ်စပို့(စ်) ကိစ္စတွေ က အားလုံးပြီးပြီ၊ လေယာဉ်လက်မှတ်ရပြီးတာနဲ့ ထွက်ဖို့ စီစဉ်နေတာ”
“ကျ ကျွန်တော့် အတွက်ပါ လေယာဉ်လက်မှတ် ဝယ်လို့မရဘူးလား အန်ကယ်”
“ဘာလုပ်ဖို့လဲကွ”
“ညီမလေးနဲ့ မခွဲနိုင်လို့ ကျွန်တော် လိုက်ချင်လို့ပါ”
“အာ အဲဒါ ဘယ်လိုလုပ် ဖြစ်မှာ လဲ တည်ကြည်ရယ်၊ မင်းအဘွားက ဘယ်ခွင့်ပြုပါ့မလဲ၊ တကယ်လို့ ခွင့်ပြုခဲ့ရင်တောင် အန်ကယ်တို့ မင်းကိုခေါ်သွားလို့ မ ဖြစ်ပါဘူး၊ အန်ကယ်တို့က စီးပွားရေး သွားလုပ်ကြမှာ ၊ အောင်မြင်ဖို့ ကြိုးစားနေတာနဲ့ မင်းကိုလည်း တာဝန်ယူနိုင်မှာ မဟုတ်ဘူး”
“ကျွန်တော့် ကြောင့် တာဝန်မကြီးစေရပါဘူး။ ငွေရေး ကြေးရေး ကအစ ဘွားဘွားက ပိုပိုလျှံလျှံ ထောက်ပံ့နိုင်ပါတယ်”
ထိုစကားကိုကြားတော့ ဦးထင်ကျော် မျက်ခုံးပင့်ကာ စိတ်ဝင်စားသွားသည်။ တည်ကြည်ခန့် ကိုသာ စည်းရုံးနိုင်လျှင် ငွေတွင်းကြီး ပိုင်ဆိုင်ရသလို ဖြစ်သွားမှာ မဟုတ်ပါလား။
“မင်းအဘွားကို ပြောကြည့်ပြီးလား တည်ကြည်”
“မပြောရသေးဘူး အန်ကယ်”
“ဒါဆိုပြောကြည့်ရင် ပြောကြည့်လေ၊ မင်းအဘွားထည့်မယ်ဆိုရင် ပညာရေး က ပိုပြီး အဆင့် အတန်းမြင့်တာပေါ့ကွာ”
“တ တကယ်နော် အန်ကယ်၊ ညီမလေး ကိုကို ဘွားဘွားကို သွားပြောလိုက်မယ်၊ အန်ကယ် လေယာဉ်လက်မှတ် နောက်မှ ဝယ်လို့ရတယ်မဟုတ်လားဟင်၊ ပတ်စပို့(စ်) ကိစ္စလည်း အဆင်ပြေပါ့ မလား”
“ကဲပါကွာ၊ မင်းပဲ မင်းအဘွားကို ရအောင်ပြောကြည့်ပါဦး၊ ကျန်တာ အန်ကယ့်တာဝန်ထား”
“ဟုတ်ကဲ့ အန်ကယ်”
စုပုံချစ် လက်ကလေးကိုလွှတ်၍ တည်ကြည်ခန့် လှစ်ခနဲ ပြေးထွက်သွားသည်။ မျက်စိတဆုံး ကြည့်ကာ ဦးထင်ကျော် သာသာလေး ပြုံုးလိုက်သည်။
အသက်ရှင်ဖို့အတွက် ကောင်ရိုးမျှင်တစ်စကို ဘယ်လိုပဲ ဆွဲရဆွဲရ။
x x x
အခန်း (၄)
“ဒါ ဘယ်လိုမှ မ ဖြစ်နိုင်ဘူး မြေး၊ ဘွား လုံးဝခွင့်မပြုနိုင်ဘူး၊ သူစိမ်းတရံဆံက ဘွားတို့လို မျိုးမြေးကို ဘယ်သူက ဂရုစိုက်မှာ လဲ၊ စောင့်ရှောက်မှာ လဲ”
“သားကိုသား ရပ်တည်နိုင်ပါပြီ ဘွားဘွားရယ်၊ ကလေးလေး မဟုတ်တော့ပါဘူး”
“အမယ်လေး ဒီအရွယ်က ကလေးမဟုတ်တော့ဘူးတဲ့လား၊ နို့နံ့တောင် မပျောက်သေးဘဲနဲ့ ဘွားအရိပ်က ထွက်ခွင့်မပြုနိုင်ပါဘူးကွယ်၊ မြေးကို ဘွားပြောပြီးသားနော်၊ မြေးအရွယ်ရောက်တာနဲ့ စုပုံချစ်လေးနဲ့ စီစဉ်ပြီးသားလို့၊ အခု မ ဖြစ်နိုင်တာတွေ တောင်းဆိုမနေနဲ့”
“ဘွားကဗျာ”
ဘွား ခါးခါးသီးသီးငြင်းတော့ တည်ကြည်ခန့် စိတ်ပျက်ညစ်ညူးစွာ မျက်ရည်တွေ ဝဲတက်လာ သည်။ ဒီလိုနှင့် ညီမလေးနဲ့ ခွဲရတော့မှာ လား။
“ဘွားရယ် သားကို လိုက်သွားခွင့်ပြုပါ၊ ဟိုမှာ ဆိုရင် ပညာရေး ကို အဆင့်အတန်းမြင့်မြင့် သင်ယူလို့ရတယ်၊ တချို့မိဘတွေ ဆိုလည်း ဒီလိုပဲ သားသမီးတွေ ကို နိုင်ငံခြားမှာ ကျောင်းထားနေကြ တာပါ၊ ဘွားလည်း ဒီလိုပဲ သဘောထားပေါ့”
“အမယ်လေး အဲဒါ ဘာအထင်ကြီးစရာရှိလို့လဲ၊ ဒီမှာ လည်း နိုင်ငံခြားကျောင်းတွေ ရှိနေတာ၊ မြေး ဘယ်ကျောင်းတက်ချင်လဲ၊ ဘာလုပ်ချင်လဲ ဘွာံးကိုပြော၊ ဘွား အကုန်လုပ်ပေးမယ်”
“ဟင့်အင်း ညီမလေးနဲ့ပဲ အတူတူ နေချင်တာ”
“တည်ကြည်ခန့် မ ဖြစ်နိုင်တာကို မတောင်းဆိုနဲ့လို့ ဘွားပြောပြီးပြီနော်၊ သွေးရင်းသားရင်း မိသားစုကိုပစ်ပြီး မင်းက သူစိမ်းတွေ နဲ့ လိုက်နေချင်လို့ ဖြစ်မလား၊ သူစိမ်းကရော မင်းကို ဘယ်လိုတာဝန်ယူပြီး ဘယ်လောက်ကောင်းမှာ မို့လဲ၊ ဘွားရှင်းရှင်းပဲပြောမယ် စုပုံချစ်တို့နဲ့ လုံးဝလိုက်ရ ဘူး”
“ကျစ် ဘွားရာ”
အံကြိတ်လိုက်သည်မို့ သွားကြားထဲက တိုးထွက်လာသော အသံက ခပ်ပြင်းပြင်း ကျစ်ခနဲ မြည် သွားသည်။
ခဏနေမှ အပေါ်ထပ်အိပ်ခန်းရှိရာ ခြေသံတဒုန်းဒုန်းဖြင့် တက်လာခဲ့သည်။ ဘွားကို လုံးဝ မကျေနပ်။
ဗြုန်းဒိုင်းနှင့် အိပ်ခန်းတံခါးကို ဆောင့်တွန်းဖွင့်ကာ ဝင်ခဲ့တော့
“ဟင်”
တစ်ခန်းထဲ အတူတူနေရသော တည်မြဲခန့်က စာကြည့်စားပွဲရှေ့မှာ တစ်စုံတစ်ရာကို အာရုံစိုက်လျက်ရှိသည်။ ဒီအချိန်က တည်မြဲခန့် စာကြည့်တတ်သည့်အချိန်မဟုတ်။
“မင်းဘာလုပ်နေတာလဲ”
အနားကပ်ကာ မေးလိုက်တော့ တည်မြဲခန့် ဆတ်ခနဲတုန်သွားလျက် တည်ကြည်ခန့်ကို မော့ ကြည့်သည်။
“ချစ်ချစ်ကို ပန်းချီကားလက်ဆောင်ပေးမလို့၊ ဘာပုံပေးရင်ကောင်းမလဲဆိုပြီး ဆွဲပြီးသားပုံလေး တွေ ကို ပြန်စစ်ကြည့်နေတာ”
“အောင်မာ မင်းက ကြီးကြီးကျယ်ကျယ်နဲ့ ပန်းချီဆွဲတတ်လို့လား”
“ကျောင်းမှာ လည်း ရောင် စုံခဲတံလေးတွေ နဲ့ ပန်းချီဆွဲရတာ ပဲဥစ္စာ၊ အရမ်းကြီးမလှပေမယ့် ချစ် ချစ်ကြိုက်မှာ ပါ”
“ဟိတ်ကောင် ချစ်ချစ်လို့ မခေါ်နဲ့လို့ ငါ ဘယ်နှခါပြောရမလဲ၊ သူ့နာမည် အရင်းက ပျိုခေတ်၊ ပျိုခေတ်လို့ပဲခေါ်”
“ဟုတ် ဟုတ်ကဲ့ ကိုကို”
တင်းမာပြတ်တောက်စွာ တည်ကြည်ခန့် အော်လိုက်တာမို့ တည်မြဲခန့် အသံတွေ တုန်ပျာသွား သည်။ တည်ကြည်ခန့်ကို မော့မကြည့်ရဲလောက်အောင် တည်မြဲခန့် ကြောက်ရတာ ပါ။
ပုံဆွဲထားသော စာရွက်လေးကို သူ့လက်ထဲက ဆောင့်ဆွဲယူလိုက်တော့လည်း အတိုက်အခံ လုပ် ပြန်ဆွဲမယူရဲ။
“ဩော် ဒါက ငါတို့သုံးယောက် ပုံကိုဆွဲထားတာပေါ့လေ၊ ငါနဲ့ချစ်ချစ်က ဒန်းလေးပေါ်မှာ ထိုင် ရယ်နေပြီး မင်းကစားပွင့်ပင်အောက်မှာ ပန်းတွေ ကောက်နေတာ”
“ဟုတ်တယ်လေ ကိုကိုနဲ့ချစ်၊ အဲ ပျိုခေတ်က အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ကစားပြီး ကျွန်တော် က တစ်ယောက် တည်း အဖော်မဲ့နေရတာ မဟုတ်လား၊ ကိုကိုတို့က ကျွန်တော် နဲ့မှ မကစားတာ”
ရောင် စုံခဲတံလေးများ ဖြင့် အထီးကျန်မှု ကို ပုံဖော်ထားပေမယ့် တည်ကြည်ခန့်က ငဲ့ညှာမှု မရှိ၊ သရော်လှောင်ပြောင်သလို ဟက်ခနဲ ရယ်သည်။
“ဒါ သဘဝကျသားပဲ၊ ငါ့ညီမလေးက ဒန်းလေးပေါ်မှာ ထိုင်ပြီး ပြုံးရယ်နေတယ်၊ ဒီပုံလေးကို ငါ ညီမလေးကို အမှတ်တရ လက်ဆောင်ပေးလိုက် မယ်”
“ဟာ ဒီပုံက ပျိုခေတ်ကို ကျွန်တော် လက်ဆောင်ပေးမလို့”
“မလိုပါဘူးကွာ၊ ညီမလေးက မင်းကို ငါ့လောက် မခင်ပါဘူး၊ ဒီပုံထဲကအတိုင်းပဲ ခပ်ဝေးဝေးမှာ ပဲ နေစမ်းပါ၊ ဒီပုံကိုလည်း ငါဆွဲတယ်လို့ပဲ ပြောရမယ် ကြားလား တည်မြဲ”
“ဗျာ ဟုတ် ဟုတ်ကဲ့”
စောဒကတက်ပြီး မတောင်းဆိုရဲ၊ မငြင်းဆန်ရဲပါ။
ဘွားရဲ့ အာဏာစက်အောက်မှာ ဖေဖေ မေမေတို့ကလည်း မပြောရဲ၊ မဆိုရဲ၊ မဆုံးမရဲတာမို့ ကိုကိုက ဘယ်သူ့ကိုမှ မကြောက်၊ ထင်တိုင်းကြဲရဲသည်။
သူ့အပေါ်လည်း မညှာတာပါ။
ကြီးနိုင်ငယ်ညှင်းဆိုတာထက် မိန်းကလေး တစ်ယောက် လို ပုံသွင်းခဲ့တာက ပိုဆိုးသည်။ မိတ်ကပ်လိမ်းခိုင်းသည့်အချိန်ရှိသလို တစ်ခါတစ်ရံ စုပုံချစ် အင်္ကျီအဝတ်အစားတွေ ယူလာပြီး ဝတ်ခိုင်းတတ်၏ ။ ထိုသို့ ဝတ်ပြပြီးသည့်အချိန်မှာ လည်း
“ဟာ မင်းက ပုံမလာပန်းမလာ တကယ့် ဂေါက်ပဲကွာ၊ ညီမလေးကမှ အရမ်းကြည့်လို့လှပြီး ချစ်စရာကောင်းတာ၊ နွဲ့နွဲ့နှောင်းနှောင်း ပိန်ပိန်ပါးပါးလေး ဖြစ်အောင် အစားလည်းလျှော့စားဦး၊ ငါ့ရှေ့မှာ အစားအသောက်များများ စားတာ တွေ့ လို့ ကတော့ မင်း မလွယ်ဘူးမှတ်”
ထိုသို့ ကြိမ်းမောင်းထား၍ အစားအသောက် မက်မောသော သူ့မှာ ဆင်ခြင်ထိန်းသိမ်းစား သောက်နေရသည်။
ဖေဖေ မေမေတို့က မေးလျှင်လည်း တည်မြဲခန့် အမှန်အတိုင်း မဖြေရဲပါ။
“သား ခုနလေးကမှ မုန့်တွေ စားထားလို့ မေမေရဲ့ ၊ အခု ဗိုက်မဆာသေးဘဲနဲ့ မေမေတို့နဲ့ အတူတူစားချင်လို့ သားက ဝင်စားတာ”
“သားက ထမင်းစားချိန်နီးနေတာကို စည်းကမ်းမှမရှိပဲကွယ်၊ ထမင်းစားမှ အား ဖြစ်တာ လူ ကောင်ထွားတာ သားငယ်ရဲ့ ၊ ကြီးလာမှ ဗလမရှိ၊ ဇမရှိ ဖြစ်ရင် ကောင်မလေးတွေ က ဂျီပုံးလို့ ခေါ်ပြီး ကဲ့ရဲ့ ကြမှာ ပေါ့”
မေမေတို့က တကယ်မှတ်ပြီး စိုးရိမ်ပိုကြပေမယ့် ကိုကို ကတော့ ဒီလိုမဟုတ်ပါ။ မဲ့ကာရွဲ့ကာ လှောင်သလို ပြောင်သလိုဖြင့် ။
“သူက မိန်းမယူမှာ မှ မဟုတ်တာ၊ မိန်းမတွေ အထင်ကြီးခံရဖို့ မလိုပါဘူး။ ယောက်ျားယူမှာ လို့ ပြောလိုက်လေ ညီလေးရဲ့ ”
ဟုတိုက်တွန်းကာ သူ့ကိုလိုသလို ပုံသွင်း၊ ဖန်တီးနေတာလည်း ဘယ်သူမှ ဘာမှမပြောနိုင်၊ ဒါဟာ သူ့ရဲ့ ကံကြမ္မာလား။
ကိုကိုရဲ့ ကံကောင်းခြင်းလား။
ဘာပဲ ဖြစ် ဖြစ် သူ ကတော့ ကိုကို့ရဲ့ အဖြည်ခံဘဝဖြင့် …။
x x x
![]() အကြင်နာ လက်တစ်ကမ်း | ![]() အနာတရလေပြည် | ![]() သက်တမ်းရင့် သမုဒယ |