Cover

ဒီစာအုပ် ဖြစ်မြောက်ရေး အတွက်

ဇောတိဟဝေဒမဂ္ဂဇင်း၊ နက္ခတ္တရောင် ခြည်မဂ္ဂဇင်း၊ ဂမ္ဘီရမဂ္ဂင်း၊ ရောင် ပြန်မဂ္ဂဇင်း၊ မနုစာရီမဂ္ဂဇင်း၊ စာရုပ်စုံမဂ္ဂဇင်း၊ မနောကြာဖြူမဂ္ဂဇင်း၊ မဟာမြိုင်မဂ္ဂဇင်း၊ မနောမယဂျာနယ်၊ ဝေဒစာကြည့်ဘဏ်ဂျာနယ်၊ နေလဂျာနယ်၊ ဂမ္ဘီရမြင်ကွင်းဂျာနယ်နဲ့ အတူ ဆရာကြီး ဦးကြံနွယ်၏ ကျမ်းများ ၊ သရဖူကိုးစောင်တွဲ ကျမ်းများ ၊ ဦးထင်ပေါ်၏ ကျမ်းများ ၊ တခြားလောကီပညာဆိုင်ရာ ဂမ္ဘီရစာအုပ် ပေါင်းတရာကျော်ကို အခြေခံပြီး ဗေဒင်ဆရာတွေ သိသင့်သိထိုက် မှတ်သင့်မှတ်ထိုက်တဲ့ မှတ်စုစာတမ်းအားလုံးကို ထုတ်နုတ်တင်ပြပေးထားပါတယ်။

ဒီစာအုပ်ကို ကျွန်တော် ရေး သားပြုစုထားတာလားဟုဆိုမူ ငြင်းပါတယ်။ စုစည်းတင်ပြသည်ဟု မှတ်ယူပေးပါ။ ပညာရှင်များ ၊ ၀ါသနာရှင်များ ၊ သုတေတီများ ရဲ့ ကျေးဇူးနဲ့ သူတို့မှတ်စုလေးတွေ ထဲက လက်ဝယ်ကြုံခွင့်ရတာ ဖြစ်လို့ ကျွန်တော် ကလွဲလို့ အားလုံးကို ကျေးဇူးတင်ကြပါ။ စုစည်းပေးတဲ့ ကျွန်တော့် ကို အသိမှတ်ပြုယုံပြုရင် ကျေနပ်ပါတယ်။

မင်္ဂလာရှိကြပါစို့

ဆရာဒဂုန်

ဗေဒင်ဆရာရဲ့ လွယ်အိတ်

ဘယ်သူပဲ ဖြစ် ဖြစ် လွယ်အိတ်လွယ်တဲ့သူရဲ့ လွယ်အိတ်ထဲမှာ နှိုက်ကြည့်ရင် လွယ်အိတ်လွယ်သူရဲ့ ကိုယ်ပိုင်မှတ်စုမှတ်တမ်းစာအုပ်လေးတအုပ်တော့ တွေ့ မှာ သေချာပါတယ်။ ဒီမှတ်စုထဲမှာ သူလုပ်ချင်တာတွေ မမေ့ချင်တာတွေ သိချင်တာတွေ မှတ်ထားတာ တွေ့ ရပါမယ်။

အခုလဲ ဗေဒင်ဆရာရဲ့ လွယ်အိတ်ထဲမှာ နှိုက်ကြည့်ရင် မှတ်စုစာအုပ်လေးတအုပ်တွေ့ ရပါမယ်။ အဲဒီ မှတ်စုစာအုပ်ထဲမှာ ဗေဒင်နဲ့ ပတ်သတ်ပြီးအတိုအထွာတွေ လဲတွေ့ မယ်။ မထူးတာတွေ လဲ တွေ့ မယ်။ ဆန်းတာတွေ လဲတွေ့ မယ်။ သိချင်တာတွေ လဲ တွေ့ မယ်။ သိပြီးသားတွေ လဲတွေ့ မယ်။ ဗေဒင်နဲ့ ဆိုင်တာတွေ လဲတွေ့ မယ်။ မဆိုင်တာတွေ လဲတွေ့ မယ်။

တွေ့ ရတာ အားလုံး ကတော့ ဗေဒင်ဆရာအတွက်တနည်းမဟုတ်တနည်း အသုံးကျလို့ မှတ်ထားတာတွေ ပဲ ဖြစ်တယ်။ ဗေဒင်ဆရာလာရင် သိထိုက်တာလေး ဗေဒင်ဝါသနာရှင်တွေ သိဖို့ကောင်းတဲ့ စာတိုစာစ အတိုအထွာတွေ ချည်းပဲဆိုတာတော့ ငြင်းလို့ရမှာ မဟုတ်ပါဘူး။

သိပြီးသားတွေ အတွက်လဲ ထပ်သိခွင့်ရသလို မသိရသေးသူတွေ အတွက်လဲ အသစ်သိခွင့်ရတာ ဖြစ်ပါတယ်။ သိသိယောင်နဲ့ သိယောင်ကား ဖြစ်ကာ သိမေ့မေ့နေကြသူတွေ အားလုံး နွေးပြီးသား ဖြစ်တာကိုက ဒီစာအုပ်ရဲ့ ထူးခြားချက်ပါပဲ။

ဆရာဒဂုန်

ပြောစရာတွေ တော့ ဖြစ်ကုန်ပြီ

ဒဂုန်တို့ရဲ့ လောကများ သြချလောက်တယ်။ ဗေဒင်စာအုပ်တွေ ကို စက်နဲ့ လှမ်းထုတ်တာ ကျနေတာပဲ။ ဟိုစာရေး ဆရာလည်း ဒဂုန်ကို ရှဲဒိုးအရေး ပေး၊ ဒီဗေဒင်ဆရာကလည်း ဒဂုန်နောက်က ရေး ပေး၊ ဟိုကျမ်းပြုဆရာလည်း ဒဂုန်ကြိုက်တဲ့ အကြောင်းအရာတွေ ကို ရှာဖွေရခိုင်းနဲ့ လူညွန့်ခူးစားနေတဲ့ ဒဂုန်၊ လူလည်လုပ်နေတဲ့ ဒဂုန်၊ ကိုယ်ကျိုးရှာနေတဲ့ ဒဂုန်၊ ဒီလိုလူမျိုးဗေဒင်လောကကနေ သံပုံးခေါက်ပြီးတော့ ထုတ်သင့်တယ်။

ကြားရတာ တွေ များ နေပြီ၊ ပြောတဲ့လူတွေ ဟာ ကျွန်တော့စာအုပ်ကို မဖတ်မိပဲ၊ မဖတ်ပါပဲ၊ ကျွန်တော့် ကို ဝေဖန်နိုင်မှာ မဟုတ်ဘူး။ ဖတ်တဲ့အတွက်ကိုလည်း ကျွန်တော့်ကို ဝေဖန်နေကြသူတွေ သွားပုတ်လေလွင့်ပြောနေကြတဲ့လူတွေ ကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ သူတို့ဘက်က ဟာကွက်ကို ကာကွယ်ချင်လို့ ကျွန်တော့်ကို အပုတ်ချနေတာ ဖြစ်ပါမယ်။ ဒါကြောင့် သနားရုံမှတပါး သူတို့ကို ပေးစရာ ဘာမှမရှိပါ။

အရင်တော့မသိဘူး၊ ယနေ့အထိ ဘယ်ပုဂ္ဂိုလ်ကမှ ရှဲဒိုးမရေး ပေးခဲ့ပါ။ အရေး လည်း မခံပါ။ ကျွန်တော့် ဘာသာစာအုပ်တွေ ကို အပင်ပန်းခံပြီး ရေး ခဲ့ပါတယ်။ ကျွန်တော် က ငွေမချမ်သာပေမယ့် အချိန်ချမ်းသာပါတယ်။ အခြားသူတွေ လို လက်ဖက်ရည်ဆိုင်မှာ မထိုင်ပါ။ ကွမ်းယာဝါးပြီး အိပ်ငိုက်မနေပါ။ဆေးလိပ်သောက်ပြီး အချိန်မဖြုန်းပါ။ အရက်သောက်ပြီး ဟေးလားဝါးလား မလုပ်ပါ။ ဖဲရိုက်ပြီး ချဲတွက်ပြီး အချိန်မဖြုန်းပါ။ နေ့စဉ်စာမျက်နှာ ၁၅ မျက်နှာ အထက်ကို ရေး ပါတယ်။ တလအတွင်း စာအုပ်တအုပ် အပြီးရေး ပါတယ်။ တချို့စာအုပ်တွေ ကို မထုတ်ပဲ သိမ်းထားလို့ နှစ် ချို့နေတာ ကြာပါပြီ။

ကျွန်တော် အကြောင်းအရာပေးပြီး ရေး စေတဲ့ စာရေး ဆရာကို သူ့နာမည် နဲ့ ပဲ သူ့ကို ထုတ်ဝေပေးခဲ့ပါတယ်။ သူရေး တဲ့ စာကို ကိုယ့်နာမည် နဲ့ တခါမှ မထုတ်ဝေဖူးပါ။ ဒါကျွန်တော့်  သစ္စာပါ။

ကျွန်တော် နဲ့ တကယ်လက်တွဲ နေတဲ့ လူတွေ က ကျွန်တော့်စိတ်ကို သိပါတယ်။ ကျွန်တော့် လို အလုပ်မလုပ်တဲ့လူတွေ အခွင့်အရေး မသာတဲ့ လူတွေ လုပ်နိုင်စွမ်းအား မရှိတဲ့လူတွေ ကတော့ သူတို့နဲ့ နှိုင်းပြီး ကျွန်တော့် ကို အမျိုးမျိုး အပုပ်ချမှာ ပေါ့လေ ကျွန်တော် မမှု ပါဘူး။ အကောင်းပြောလည်း ကျွန်တော် မတုန်လှုပ်သလို မကောင်းပြောရင်လည်း ကျွန်တော် အပြုံးအပျက်ပါ။

အချို့ပုဂ္ဂိုလ်တွေ ဆိုရင် ကျွန်တော် နဲ့ အရမ်းရင်းနှီးတာ ကျွန်တော် မြင်ပါတယ်။ ကံအကြောင်းမကောင်းလို့ အခွင့်အရေး ရလာလေ သူတို့မနာလိုစိတ်နဲ့ မရှုစိမ့် ကျွန်တော့် ကို စကားတောင် မပြောတော့ပါ။ နှစ် ပေါင်းနှစ် ဆယ်ကျော် ခင်မင်လာတဲ့ မိတ်ဆွေတွေ က တကယ်တော့ မရစိမ့် ဖြစ်ပြီး မခေါ်မပြောနိုင် ဖြစ်ပြီး ကျွန်တော့် နားက စွန့်သွားကြ သူတို့နဲ့ စိတ်တူသူတွေ နဲ့ ပေါင်းသင်းနေကြပါတော့တယ်။

ကောင်းပါတယ်။ စောစောသိရတော့ ၀မ်းလည်းသာပါတယ်။ ဒီစာအုပ်လည်း ထွက်ပါပြီ။ သိပ်မကြာခင်မှာ ကျွန်တော့် ကို လက်ညှိုးထိုးပြစရာ စာအုပ်တအုပ်ရလာပြီ။ ပြောကြပါစေ။ ဘယ်သူ့ကို မှမေတ္တာမပျက်ပါ။

အားလုံးကျန်းမာချမ်းသာကြပါစေ။

ဆရာဒဂုန်

သိဒ္ဓိဆယ်ပါးဂါထာတော်

ဒီဂါထာဆယ်ပုဒ်ကို သိဒ္ဓိဆယ်ပါးဂါထာလို့ သူတော် စင်တွေ က မည် ခဲ့တယ်။ မနက်နဲ့ ညနေ တခေါက်စီ ရွတ်ဆိုပြီး ဆုတောင်းပါ။

၁။ ဗုဒ္ဓေါ မေ သရဏံ အညံနတ္တိ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဓမ္မော မေ သရဏံ အညံနတ္တိ

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃော မေ သရဏံ အညံနတ္တိ

သံဃံ သရဏံ ဂစ္ဆာမိ။

ဧတေန သစ္စ၀ဇ္ဇေန သော တ္တိ မေ ဟောတု

ဇယမင်္ဂလံ။


၂။ ဒိဝါသပတိ အာဒိစ္စော၊

ရတ္တိမာ ဘာတိ စန္ဒိမာ

သန္နဒ္ဓေါ ခတ္တိယော တပတိ၊

ဈာယီ တပတိ ဗြာဟ္မဏော

အထသဗ္ဗ မဟောရတ္တိံ

ဗုဒ္ဓေါ တပတိ တေဇသာ

ဧတေန သစ္စ၀ဇ္ဇေန သော တ္တိ မေ ဟောတု

ဇယမင်္ဂလံ။


၃။ သိရသ္မိံ မေ ပဉ္စဗုဒ္ဓေါ

နလာဋေ ဗြဟ္မ ဒေ၀တာ

စက္ခုနြေ္ဒ က္ကန္ဒောရာဇာ

မုခေ ဒေ၀ီ သူရဿတီ

ဟဒယေ နရာယနဉ္စ

ဟတ္တေစ ပရမေသွာရော

ဥရေ ပိဿနု ဒေ၀ါစ

ဧတေ ဒေ၀ါ မဟိဒ္ဓိကာ

မဟာဒေ၀ါ နုဘာဝေန

သဗ္ဗ ကမ္မာနိ သိဒ္ဓိ မေ

မေတ္တာ စတ္တေန မံသဗ္ဗေ

သြလောကေတု ဒိနေ ဒိနေ။


၎။ ဧဟိမိတ္တံ ဟိတံပုညံ၊

ယထာယာစိ ကတံဖလံ

ဧဟိနန္ဒ ပိယာပုတ္တာ၊

ပိယာသီရိ ပိယာပိယာ

သုဝဏ္ဏ ရ ဒွေဖလံ၊

သြောင်း ကာယ ဓန သိမာမတ္တာယ

သဟဿ ပရိဝါရာယ၊ ၀ိသာခါယ၊

ဗောဓိသတ္တာယ

သဗ္ဗ နာဂရေ သဗ္ဗ ဇာနာနံ စိတ္တံ

ဘ၀တိ မမ သန္တိကေ ဧဟိ ဧဟိ

သြောင်း ဗုဒ္ဓံဝါ ဓမ္မံဝါ သံဃံဝါ

ရာဇိ ရာဇဿ ကုမာရီ ကုမာရဿ

သြောင်း ဧဟိဧဟိ ဗလံကပ်

အဃောရံ ဃောရ ရူပေန

သိရသာ ဗုဒ္ဓ ၀န္ဒနာ

သဗ္ဗ ဒုက္ခာ အဟံ မုဉ္စာ

အဃော ရာဇာ အနုမောဒနာ။


၅။ ရှင်သီဝလိ ဘုန်းရှိမြတ်စွာ ရဟန္တာ

ထိပ်မှာ မြတ်ဖျား ကိုယ်တော် ထား

နားမှာ ကိုယ်တော် ကျိန်း

ခပ်သိမ်းလိုရာ ကာယ၀စီ မနောချီ

သုံးလီသြကာသ

ရိုသေမြတ်နိုး ကျွန်ရှိခိုး တန်ခိုးကိုယ်တော် ပ

အရာခပ်သိမ်းအောင်မြင်ငြိမ်းစေသတည်။


၆။ ဥုမ် သူရဿတီ ဒေ၀ါနံ ရုက္ခာ

ဒေ၀ါနံ အာကာသ ဒေ၀ါနံ

အာလောက ဒေ၀ါနံ အမစ္စရာဇာနံ

ဗြဟ္မဏာနံ သဗ္ဗက္ကတ္ထိနံ သဗ္ဗပုရိသာနံ သဗ္ဗ

ဘောဂါနံ သဗ္ဗလာဘာနံ သဗ္ဗဓနာနံ ဧဟိဧဟိ

ဗလံကပ်။


၇။ သူရဿတီ ဒေ၀ီစ မေမာတာ

မာတာစ မေသူရဿတီ ဒေ၀ီ

မနုကမ္မံ ဥပါဒါယ လာဘံ ဒေဟိ

ဓနံဒေဟိ ပီယံဒေဟိ မေ သူရဿတီ ဒေ၀ီ။


၈။ ဥုမ် စည်ပင်သာယာ ရပ်ရှစ်မျက်နှာက

ရွှေငွေစည်းစိမ် ဥစ္စာမှန်သမျှ

လာဆရာလာ ၀င်ဆရာဝင် ချဉ်းဆရာချဉ်း

ကပ်ဆရကပ်စေ၊


၉။ ဥုမ် တုဌေဟီ တုဌေဟိ မမ တုဌေဟိ

ပိယေတိ ပိယေတိ မမ ပိယေတိ

သိန္နေဟံ သိန္နေဟံ မမ သိန္နေဟံ

ရာဇစိတ္တံ ပိယံ မှိုင်းမှိုင်း

ဒေ၀စိတ္တံ ပိယံ မှိုင်းမှိုင်း

က္ကတ္ထိစိတ္တံ ပိယံ မှိုင်းမှိုင်း

ပုရိသစိတ္တံ ပိယံ မှိုင်းမှိုင်း

မနုဿစိတ္တံ ပိယံ မှိုင်းမှိုင်း

သဗ္ဗစိတ္တံ ပိယံ မှိုင်းမှိုင်း

ဥုမ် ဧဟိ ဧဟိ ချဉ်းဆရာချဉ်း

ကပ်ဆရာကပ်။


၁၀။ သဗ္ဗဟိတ မင်္ဂလာနိ၊

ပုညာဘိ သီရိ သော ဘဏီ

သူရဿတီစ မေမာတာ နိစ္စံ ရက္ခုန္တု

မံ သဒါ။

ဂါထာကို ပီပီသသ မှန်မှန်ကန်ကန်နဲ့ မနှေးလွန်း မမြန်လွန်း အနေတော် ရွတ်ဖတ်ပါ။ အသံထွက် ပုဒ်ပါဌ် အဖြတ်အတောက် မှန်အောင်ရွတ်ပါ။

နံနက်စောစော (၅) နာရီမှ နံနက် (၇)နာရီ အတွင်းတကြိမ်၊ ညငြိမ်သက်တဲ့အချိန် တကြိမ် ရွတ်ဆိုပါ။

အနန္တငါးပါးအား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ ကပ်လှူပြီး တထိုင်တည်း အပြီးတိုင် ကပ်လှူပူဇော်ပါ။

(၁၀)ဂါထာရှိရာမှာ တပုဒ်(၂၇)ခေါက်နှုန်း နဲ့ ဂါထာ (၁၀)ပုဒ်လုံး တထိုင်တည်းနဲ့ ရွတ်ဆိုပူဇော်ပါ။ ရွတ်နိုင်ရင် တပုဒ်ကို (၅၄) ခေါက်နှုန်းနဲ့ ဂါထာ (၁၀)ပုဒ်လုံးဆုံးအောင် တထိုင်တည်းရွတ်ပါ။



ဝန်ဇင်းချစ်သူများ ဆရာဒဂုန် ၏ “ ဗေဒင်ဆရာရဲ့လွယ်အိတ် အမှတ်(၁၀) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နိမိတ်ဖတ်ဗေဒင်

ကောင်းကင်ပေါ်ကဂြိုဟ် လူသားတွေကိုဘာတွေလုပ်ပေးသလဲ (ဒုတိယတွဲ)

သောကြာဂြိုဟ် (Venus)