Cover

အခန်း (၁)

သော ကြာနှင့် အခြားဂြိုဟ်များ

ခက်ခဲ၍ ကျွမ်းကျင်စွာ လုပ်ရမည့် အလုပ်မှာ ဇာတာကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်ပြီး ၎င်းသည် ဂြိုဟ်တစ်လုံးပေါ်တွင် ဂြိုဟ်များ ၏ အကျိုးသက်ရောက်မှု ကို တန်ဖိုးဖြတ်ရာ၌ အကူအနေအထားလိုအပ် သည်။ အဓိကမှာ ဇာတာကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် အခြားမဟုတ်။ ဂြိုဟ်များ တစ်လုံးပေါ်တစ်လုံး လွှမ်းမိုးမှု အလွန်အရေး ပါ၍ ထင်ရှားသော ကဏ္ဍမှ ပါဝင်ခြင်းကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းပင် ဖြစ်သည်။

၎င်းပြင် ဂြိုဟ်များ ၏ အနေအထား ဆက်သွယ်မှု သည် အရေး ပါမှု လျော့နည်းခြင်းမဟုတ်။ ဤ အမြင်ကို နက်နက်နဲနဲလေ့လာရန် လိုအပ်သည်။ သမ္ဗန္ဓ ဖြစ်ခြင်းကို (ပရိသုယာသ)က လေးနက်စွာ ဖော်ပြထားသကဲ့သို့ ဂြိုဟ်များ ၏ သမ္ဗန္ဓသည် သက်ဆိုင်သည့်ဘာဝ၏ အကျိုးကို အမြဲပေးအပ်ပါသည်။ ထိုသမ္ဗန္ဓ၏ အကျိုးသက်ရောက်မှု သည် ပျားရည်နှင့် ထောပတ်ရောနှောလိုက်သကဲ့သို့ အဆိပ်အရော ဖြစ် သွားပါမည် ။

ဤအချက်သည် အလွန်အရေး ကြီးသော ဖော်ပြချက် ဖြစ်ပြီး လေးနက်သော ဂယက်ရိုက်များ ပျားရည်လိုချိုမည် ။ သို့ မဟုတ် အဆိပ် ဖြစ်မည် ဟု သွယ်ဝိုက်၍ ထောက်ပြထားသည်။ ၎င်းတို့အားလုံး သည် ဂြိုဟ်များ အပြန်အလှန် ဆက်သွယ်မှု ၊ ရာသီများ ၏ စဉ်းစားသည့်အခါ အရေး ကြီးသော အမြင်နှစ် ခု တွေ့ ရမည် ။

၎င်းတို့မှာ အတ္တမိခြင်းနှင့် ဂြိုဟ်အချင်းချင်း စစ်ပွဲ ဖြစ်သည်။ ဤအမြင်များ မှာ ဂြိုဟ်များ ကို တန်ဖိုး ဖြတ်ရာ၌ အလွန်အရေး ကြီး၏ ။ ၎င်းတို့ကို လျစ်လျူရှုထားလျှင် ဗေဒင်ဆရာများ ဘက်မှ ဆုံးရှုံးမည် ဖြစ် ပြီး မှားယွင်းဟောကြားခြင်း ဖြစ်သွားနိုင်သည် အကျဉ်းအားဖြင့် အားလုံးသော ဤအမြင်များ အထူး သဖြင့် သော ကြာသို့ ကိုးကားချက်များ ကို အသုံးပြု၍ အသေးစိတ်လေ့လာမည် ။

အတ္တမိခြင်း

နေ၏ ဆွဲငင်မှု ကြောင့် အင်္ဂါဂြိုဟ်သည် နေအား ၎င်း၏ လှည့်ပတ်လမ်းကြောင်းတွင် အလွန် လျင်မြန်စွာ ရွေ့လျားမည် ။ ဤအစီအစသ်၌ ၎င်းသည် နေနှင့် နီးကပ်သွားပြီး နေမှအကွာအဝေးတစ်ခု တွင် ဂြိုဟ်သည် ၎င်း၏ တောက်ပမှု (ရောင် ခြည်)လုံးဝပျောက်ကွယ်သွားမည် ။ ဤအကွာအဝေးသည် ချည်းကပ်ခြင်း သို့ မဟုတ် ဆုတ်သွားခြင်း ဖြစ်မည် ။

ဂြိုဟ်တစ်လုံး၏ ရောင် ခြည်သည် နေ၏ ရောင် ခြည်ဖြင့် ပူးဝင်သွားသည့်အ ဖြစ်ကို အတ္တမိခြင်း၊ သို့ မဟုတ် နေရောင် လွှမ်းဖုံးသည်ဟုခေါ်သည်။ လောင်ဂျီတွဒ်အတန်းကို အတ္တမိခြင်းအတန်းဟု သိကြ သည်။ ဤသည်မှာ ဗေဒင်နက္ခတ်၏ အမြင် ဖြစ်သည်။

အခန်း(၉)နှင့် (၁၀) (သူရိယသိဒ္ဓန္တ) ကျမ်းအလိုအရ ဂြိုဟ်များ သည် နေမှ အောက်ပါအတွင်း တွင် ရှိလျှင် အတ္တမိဟုခေါ်သည်။

တနင်္လာ ၁၂ံ အတွင်း။ အင်္ဂါ ၁၇ံ အတွင်း။ ဗုဒ္ဓဟူး (တိုက်ရိုက်) ၁၄ံ အတွင်း၊ (ဆုတ်ခြင်း) ၁၂ံ အတွင်း။ ကြာသပတေး ၁၁ံအတွင်း။ သော ကြာ(တိုက်ရိုက်) ၁၀ံ အတွင်း။ (ဆုတ်ခြင်း) ၈ံအတွင်း။ စနေ ၁၅ံ အတွင်း။

ယေဘုယျအားဖြင့် ဗေဒင်အရဂြိုဟ်တစ်လုံးကို တန်ဖိုးဖြတ်ရန်အလို့ငှာ နေ၏ မည် သည့်ဘက်၌ မဆို ၅ံအတွင်းဆိုလျှင် လုံးဝအတ္တမိလဂ်ဟု ယူဆသည်။ ဤအဆင့်ကို (မရိဌအ၀တ္တ)ဟုလည်းခေါ် သည်။ အကယ်၍ ဂြိုဟ်များ သည် ၁၀ံ အတွင်း၊ သို့ မဟုတ် ၁၀ံ ခန့် မည် သည့်ဘက်တွင် မဆိုရှိလျှင် သာမန်အတ္တမိခြင်း သို့ မဟုတ် အစိတ်အပိုင်း ဖြစ်သည်။ နေမှ ၁၅ံ လွန်သွားလျှင် မည် သည့်ဘက်၌ မဆို အတ္တမ ဖြစ်တော့။

ရှေးဆရာများ ၏ အမြင်

(သတ္တယဆာယာ)က (ဇာတာကသတ္တဆာယာ)်၌ ဖော်ပြရာတွင် အတ္တမိသည့်ဂြိုဟ်သည် မည် သည့်အားမှမရှိတော့။ အိမ်သည်အကယ်၍ ၎င်း၏ သခင် ထိုအခြေအနေရှိပါက အာဏာမရှိ။

(မန္တရေသာရ)က (မလဒိပကကျမ်းစာ ၁၃၀)၌ ၎င်း၏ အကျိုးသက်ရောက်မှု မှာ အဖိနှိပ်ခံထားရ ခြင်းနှင့် အလားတူသည်။ ဆိုလိုသည်မှာ အတ္တမိသည့်ဂြိုဟ်သည် နိစ်ဂြိုဟ်ရလဒ်များ ကိုပေးသည်။

(မဟာဒေ၀၏ ဇာတာတတွ) အတ္တမိသော ဂြိုဟ်တစ်လုံး၏ ဒသာသည် ပြဿနာ ဖြစ်စေပြီး မသင့်လျော်သော ရလဒ်များ ကို ဖြစ်စေမည် ။

(သာရ၀လိကျမ်းအခန်း ၄၀-စာ ၆၆၄မှာ ) ဘာသာပြန်ဂြဟ ဖော်ပြချက်၌ သော ကြာနှင့် စနေတို့ ၏ ပံ့ပိုးခြင်းဖြင့် သူ၏ အတ္တမိခြင်းကြောင့် ထုတ်နှုတ်ခြင်းကို မခံစားရ။

(ဇာတာပါရိဇာတက အခန်း ၁၁ - ဂါထာ ၃၄၊ ၁၈ သူက ဖော်ပြရာ၌ နေ၏ လင်းရောင် ခြည် ကြောင့် အတ္တမိသည့်အခါ ထင်ရှားကောင်းမွန်သည်ဟု သက်သေမပြနိုင်။ သူက ဆက်၍ အိမ်ရှိဂြိုဟ် သည် အကယ်၍ ၎င်း၏ သခင် ဖြစ်နေလျှင် ရှေ့သို့ မတိုင်းနိုင်ဟု ဆိုသည်။

(သိရိပတိ ပဒ္ဓတ္တိ)က ပြောဆိုရာ၌ သော ကြာနှင့်စနေတို့သည် အသက်ရှည်ခြင်းကို ထုတ် နှုတ်ရန်တွက်ချက်သည့်ကိစ္စ၌ အတ္တမမိသော

(ကာလီဒသာ)က (ဥတ္တရာကလအမြိတ္တကျမ်း)၌ ပြောဆိုရာတွင် သော ကြာနှင့် စနေ (၂/၁)မှ အပ အကယ်၍ ဂြိုဟ်သည် ကြတ်ခဲ့လျှင်၊ သူ၏ အသက်ရှည်ခြင်းမှာ ရုတ်လျော့သွားမည် ။ (၄/၁၁၅)၌ ၎င်းင်းကပြောဆိုရာတွင် ကြတ်နေသော ဂြိုဟ်သည်မြင်နေသော်လည်း လုံးဝမြင်ခြင်းမရှိ။ သော ကြာနှင့် စနေသည် ကြတ်သည့်တိုင်အောင် အင်အားဆုံးရှုံးခြင်းမရှိ။ ၎င်းပြင် အလွန်အရေး ကြီးသည့် ရေး သား လျက်ကို ဖော်ပြရာတွင် အတ္တမိသော ဂြိုဟ်သည် မည် သည့်ဘ၀ကိုမဆို ပိုင်ပြီး ၎င်းမှ ၈ တန့်၊ သို့ မဟုတ် နိစ်မိ (ဂြိုဟ်အသီးသီး၏ ) ၎င်းသည် ၂ တန့်ဘာဝမှ ၆ တန့် ဖြစ်ပြီး (အားကောင်းသည့်) သော မများ အမြင်ခံရလျှင် သို့ မဟုတ် ပူးလျှင် ဘာဝ၏ လက္ခဏများ လုံးဝပျောက်ကွယ်သွားမည် ။ ထို ဘာမဆိုသော မများ က ဘက်လုပ်ထားလျှင်ပင် ပျောက်ကွယ်မှု ကို အပြည့်အ၀ဖြည့်ဆည်းပေးနိုင်ခြင်း မရှိ။

အထက်တွင် တွေ့ မြင်ရသည့်အတိုင်း ရှေးပညာရှင်အများ မှာ (မန္တရေသွာရ)၏ အမြင် ဖြစ်သော အတ္တမိသည့်ဂြိုဟ်တစ်လုံးသည် နိစ်ရခြင်းနှင့် အလားတူသည်ကို လက်ခံသည်။ ဆိုလိုသည်မှာ ကိုးကား ခံရလျှင် ဂြိုဟ်သည် အားပျော့သွားသည်ဆိုသည့်အချက်အပေါ် သဘောတူညီမှု ရှိသည်ဟု ယူဆရ သည်။

မည် သို့ ဆိုစေ အသက်ရှည်ခြင်းကို ရုတ်လျော့ခြင်းအတွက် ပေါက်ကွဲခြင်းကို စဉ်းစားသည့်အခါ ယုတ်လျော့ခြင်းအတွက် လိုအပ်သော အတိုင်းအတာနှင့် ပတ်သက်၍ စဉ်းစားရာ၌ ခြားနားသည့်အယူ အဆကို တွေ့ ရသည်။ (မန္တကသာရ)က အကြံပြုရာတွင် အတ္တမိသော ဂြိုဟ်သည် ၎င်းနှစ် များ ၏ အရေ အတွက်ထက်ဝက်ဆုံးရှုံးမည် ။

အခြားသူတို့က အသက်ရှည်ရေး နှင့် ပတ်သက်၍ စနေနှင့် သော ကြာတို့ ထည့်သွင်းခြင်းမပြု။ မည် သို့ ဆိုစေ အတွေ့ အကြုံအရ သော ကြာသည် အတ္တမိလျှင် မည် သည့် ပါပလွှမ်းမိုးခြင်းကိုမှ မပေး။ အဘက်ဇန္ဒားသဂရိတ် ဇာတာတွင် နေ၏ အနေအထားမှာ (၁၂၃ံ ၃၅’) ဖြစ်ပြီး သော ကြာ၏ (၁၂၆ွ ၂၀’) ဖြစ်၍ သော ကြာ၏ အတ္တမိမှု အကွာအဝေး (၁၉ံ ၃၀’)၌ ဖြစ်သည်။ သော ကြာနှင့် တနင်္ဂနွေပူးခြင်းသည် အောင်မြေင်ကျော်ကြားမှု ကို ဖြစ်စေသည်။ ဗုဒ္ဓဟူးဒသာသော ကြာဘုတ္တိသည် ထင်ရှားစွာ အရေး ပါ၏ ။ ဤကာလအတွင်း၌ ပင် အလက်ဇန္ဒားက သူအစ်မတော် အိန္ဒိယနိုင်ငံတွင်းသို့ ၀င်ရောက်ကာ ပန်ဂျပ်ကို သိမ်းယူစေသည်။

အလားတူ (သျှံကရာအာကျရ်ဇ်ဇာတာ)တွင် (လဂ် ၆၀ံ ၂၂’)တနင်္ဂနွေ (၈ံ ၁၂’)သော ကြာ (၂၄ံ ၆’)၌ ရှိသည်။ သူ့၌ လောကသာယာမှု မရှိ၊ အစွန်းအထေးမရှိသော စင်ကြယ်မှု ကို ဖော်ပြသည်။ ၎င်းမှာ ကောင်းကင်မှဆင်းသက်လာသော သူ၏ အဓိကစွမ်းအားသော ကြာ၏ လွှမ်းမိုးခြင်းကြောင့် ဖြစ်သည်။ ဂြိုဟ်ကလည်း ၎င်းအပေါ် အကောင်းဆုံးတေးဖွဲ့၍ လူအမူအကျင့်ထဲသို့ ထိုးသွင်းဝင်ရောက်သွားခြင်း နှင့် ပြည့်စုံစေသည်။

ထို့ကြောင့် သာဓကအများ အပြားပေးနိုင်သည်မှာ သော ကြာသည် ဗုဒ္ဓဟူးကိစ္စမှာ ကဲ့သို့ အတ္တ မိခြင်းဖြင့် မပျက်စီးနိုင်။ ၎င်းအပြင် ရှေးပညာရှင်တို့က ဂြိုဟ်၏ ဒသာအတွင်း အတ္တမိမှု ၊ မလိုအပ်ဘဲ အချင်းများ မည် ။ ပဋိပက္ခ ဖြစ်မည် ။ ဇနီးနှင့် ကလေးများ ဒုက္ခ ဖြစ်မည် ။ ဇာတာရှင်သေခြင်းကို ရင်ဆိုင်ရ မည် ဟုဆိုသည်။ ဤကိစ္စနှင့် ဆက်စပ်၍ (ဟောရာသာရကျမ်း)၌ တွေ့ ရှိချက်မှာ အတ္တမိသော ကြာ ပါပ ဂြိုဟ်များ သည် တကယ့်လက်တွေ့ ၌ အများ အားဖြင့် ဤဥပဒေမှန်ကန်ကြောင်း မတွေ့ ရ။ အထက် ဥပမာ ၂ မှာ ဤအချက်ကို ညွှန်ပြလျက်ရှိသည်။

မည် သို့ ဆိုစေ။ သော ကြာသည် တနင်္ဂနွေနှင့် သမ္ဗန္ဓ ဖြစ်လျှင် ဇာတာရှင်အား ဥာဏ်ကောင်းစေ မည် ။ မြတ်နိုးစေမည် ။ အောင်မြင်သော သရုပ်ဆောင် ဖြစ်စေမည် ။ ပူနွေးသော နှလုံးသား ပျော်ရွှင်စေ ပြီး ချစ်ခင်သော အနေအထားရှိမည် ။ ယဉ်ကျေးသိမ်မွေ့မည် ။ အနုပညာဝါသနာရှိမည် ။ တနင်္ဂနွေ သည် အခြေခံအားဖြင့် သော ကြာ၏ ရန်သူ ဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်ရေး အတွက်မကောင်း။ ဤ သမ္ဗန္ဒသည် သူ့အားပေါ်ပြူလာ ဖြစ်စေမည် ။ အောင်မြင်စေမည် ။

အထက်ပါအရ ဇာတာခွင်အများ အပြား အတွေ့ အကြုံအရ အောက်ပါတို့ကို ညွှန်ပြသည်။

(က) အတ္တမိခြင်းသည် အဆိုးကြီးမဟုတ်။ ကြီးကျယ်သော ဖိစီးခြင်းမဟုတ်။

(ခ) အတ္တမိသော ဂြိုဟ် ပေါက်ကွဲသော်လည်း အားကောင်းသည့် သော မအမြင်ခံရလျှင် ရှိနေသော စွမ်းအားဆုံးရှုံးခြင်းမရှိ။

(ဂ) ဗုဒ္ဓဟူး၊ စနေနှင့် သော ကြာတို့သည် အတ္တမိခြင်း၏ အပြစ်အနာအဆာမှ လက်တွေ့  ကင်းလွတ်နိုင်သည်။

(ဃ) အတ္တမိသော ဂြိုဟ်များ ၏ သာမန် ဖြစ်ခြင်းနှင့် ပတ်သက်၍ အထက်ပါအတိုင်း အတ္တမိခြင်း သဘောကို ဆွေးနွေးခဲ့သည်။ ၎င်းပြင် (ဂြဟယုဒ္ဓ)အမည် ဖြင့် အလွန်အရေး ကြီးသော ဖြစ်ပေါ်သေး သည်။

အထက်ဖော်ပြသည့်အတိုင်း တနင်္လာမှအပ မည် သည့်ဂြိုဟ်မဆိုနေ၏ (၅ံ’) အတွင်း (ဗေဒင် ကိစ္စအတွက်)မည် သည့်ဘက်၌ မဆိုရှိလျှင် အတ္တမိသည်ဟု ဆိုနိုင်သည်။ သိုပသော် အင်္ဂါ။ သော ကြာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် စနေသည် တစ်လုံးနှင့် တစ်လုံး (၅ံ)အတွင်းရှိလျှင် (ဂြဟယုဒ္ဓ) သို့ မဟုတ် ဂြိုဟ်အချင်းချင်း စစ်ပွဲဟု ခေါ်သည်။ ထိုစစ်ပဲါသည် အခြားစစ်ပွဲများ နည်းတူ ဂြိုဟ်အချို့က အနိုင်ရပြီး အချို့ပျောက်ပျက်သွားသည်။ ဇာတာရှင်၏ မည် သည့်အိမ်၌ မဆို (ဂြဟယုဒ္ဓ)အကျိုးသက်ရောက်မှု ရှိ သည်။

(ဂြဟယုဒ္ဓ)သည် ထူးခြားသော နက္ခတ္တဗေဒ၏ သဘော ဖြစ်သည်။ တကယ်တမ်းအားဖြင့် ဂြိုဟ် များ အတွင်း စစ်ပွဲဆိုသည်မှာ မရှိပါ။ နက္ခတ်နှစ် လုံးနီးကပ်စွာ သမ္ဗန္ဓ ဖြစ်သည့်အတွက် သူတို့၏ တောက်ပသော ရောင် ခြည်၊ ခန့်ငြားမှု နှင့် ထိရောက်မှု တို့သည် တစ်နည်းနည်း ဖြင့် ထိခိုက်သွားသည်။

(ဂြဟယုဒ္ဓ)၌ အကယ်၍ ဂြိုဟ်တစ်လုံးသည် ပျောက်သွားခြင်း၊ သို့ မဟုတ် ရှုံးသွားခြင်းဆိုသည် မှာ ထိုဂြိုဟ်သည် မည် သည့်သော မအကျိုးများ ကိုမှ ပြီးပြည့်စုံရန် တတ်နိုင်စွမ်းခြင်းမရှိတော့။ သို့ မဟုတ် တစ်ပါးသူအား ပြင်းထန်စွာ သော ဒုက္ခကို ဖြစ်စေမည် ။ နက္ခတ်ဗေဒကျမ်း၌ အောက်ပါ အတိုင်း (၅)ပိုင်းခွဲထားသည်။

၁။ သမန ဖြစ်နေသော ဂြိုဟ်နှစ် လုံးမှာ တစ်လုံးနှင့် တစ်လုံး (၅ံ)အတွင်းရှိ နက္ခတ်တစ်ခု တည်း၌ ရှိမည် ။ သို့ သော် (၃ံ)အတွင်းမဟုတ်။ သူတို့သည် တူညီသော သို့ မဟုတ် ခြားနားသော န၀င်း၌ ရှိနိုင်သည်။

၂။ ဂြိုဟ်နှစ် လုံး၊ သို့ မဟုတ် နှစ် လုံးထက်ပိုပြီး တစ်လုံးနှင့် တစ်လုံး (၅ံ)အတွင်းရှိမည် ။ သို့ သော် နက္ခတ်ခြားနားမည် ။

၃။ ဂြိုဟ်ငါးလုံးအနက် မည် သည့်နှစ် လုံးမဆို တစ်လုံးနှင့် တစ်လုံး (၃ံ)အတွင်းရှီမည် ။ သို့ သော် (၁ံ)အလွန်၌ ရှိပြီး တူညီသော သို့ မဟုတ် ခြားနားသော န၀င်း၌ ရှိလင့်ကစား နက္ခတ်တစ်ခုတည်း တွင် ရှိမည် ။

၎။ ဂြိုဟ်ငါးလုံးအနက် နှစ် လုံးသည် တစ်လုံးနှင့် တစ်လုံး (၅ံ)အတွင်းရှိမည် ။ ဤနှစ် လုံး အနက် တစ်လုံးသည် ရှေ့သို့ ရွေ့လျားနေပြီး နောက်တစ်လုံးမှာ နောက်ဆုတ်နေမည် ။

၅။ ဂြိုဟ်နှစ် လုံးသည် တစ်လုံးနှစ် တစ်လုံး (၁ံ) ထက်နည်းသည့် အကွာအဝေး၌ ရှိမည် ။

(ဂြဟယုဒ္ဓ)သည် ဆုံးရှုံးသွားသည့်ဂြိုဟ်နှင့် ထိုဂြိုဟ်ပိုင်ဆိုင်သည့်အိမ်များ ၏ ထင်ရှားမှု ကို အကျိုးသက်ရောက်စေသည်ဟုဆို၏ ။ သို့ သော် ဂြိုဟ်အသီးသီးက ထောက်ပြသည့် ထင်ရှားချက်ကို လည်း အကျိုးသက်ရောက်စေသည်။ သူတို့နှစ် ဦးက အိမ်ကိုပိုင်ခြင်း၊ ပူးယှဉ်ခြင်း။ သို့ မဟုတ် အမြင်ခံရ ခြင်း ဖြစ်လျှင် ဆိုးဆိုးရွားရွား ပျက်စီးပြီး ပြင်ဆင်၍ မရသော ဆုံးရှုံးခြင်း ဖြစ်မည် ။

ယခု မေးခွန်းထွက်ပေါ်လာသည်မှာ မည် သည့်ဂြိုဟ်ကနိုင်ပြီး မည် သည့်ဂြိုဟ်က ပျောက်ကွယ် သွားသနည်းဆိုသည့် အချက် ဖြစ်သည်။ ဤသည်မှာ အလွန်ခက်ခဲသော အလုပ် ဖြစ်ပြီး ကြယ်များ ကြည့် ရှုလေ့လာသော အတွေ့ အကြုံများ စွာ လိုအပ်သည်။ နက္ခတ်ကသင့်လျော်ပြီး လက်တွေ့ မှန်ကန်သော ရလဒ်များ ကို ပေးမည် ဟု ယူဆပါသည်။

အင်္ဂါနှင့် ကျန်သော ဂြိုဟ်များ သည် တူညီသော လောင်ဂျီတွဒ်ရှိခဲ့လျှင် ယုဓ သို့ မဟုတ် ဂြိုဟ် အချင်းချင်းစစ်ပွဲ ဖြစ်ပါသည် ။ ထိုအခါ လဒ်တီတွဒ်ချင်း မတူညီပါ။ ဂြိုဟ်နှစ် လုံးတွင် မြောက်ဘက်ပိုကျ သော ဂြိုဟ်က အနိုင်ရသည်။ အောက်ပါကိစ္စများ တွင် ဖြစ်နိုင်ချေနှစ် ခုသုံးခုရှိသည်။

(က) ဂြိုဟ်နှစ် လုံးစလုံး မြောက်လဒ်တီတွဒ်၌ ရှိမည် ။ ဆိုလိုသည်မှာ ၎င်းတို့နှစ် ဦးစလုံးသည် ကြတ်ခြင်း၏ မြောက်ဘက်၌ ရှိမည် ။ ထိုအခါ လဒ်တီတွဒ်ပိုကြီးသည့်ဂြိုဟ်က အနိုင်ရသူ ဖြစ်သည်။

(ခ) ဂြိုဟ်နှစ် လုံးစလုံးသည် တောင်လဒ်တီတွဒ်၌ ရှိမည် ။ ဆိုလိုသည်မှာ ၎င်းတို့နှစ် ဦးစလုံး သည် ကြတ်ခြင်း၏ တောင်ဘက်တွင် ရှိမည် ။ မြောက်ဘက်တွင် ပိုကျသော ဂြိုဟ်ဆိုလိုသည်မှာ လဒ်တီတွဒ်နည်းသူနိုင်သည်။

(ဂ) ဂြိုဟ်များ သည် တစ်လုံးက မြောက်လဒ်တီတွဒ်တွင် ရှိပြီး အခြားတစ်လုံးက တောင်လဒ် တီတွဒ်တွင် ရှိလျှင် ပထမမြောက်လဒ်တီတွဒ်ရှိ ဂြိုဟ်က အနိုင်ရမည် ။

သော ကြာပြောင်းပြန် ဖြစ်ခြင်းက အကြောင်းကိစ္စ ဖြစ်သည်။ ဆိုလိုသည်မှာ အခြားဂြိုဟ်၏ တောင်ဘက်တွင် ရှိခဲ့လျှင် သော ကြာသည် နိုင်သူ ဖြစ်၏ ။

အထက်ပါ အကဲဖြတ်ရောတွင် အခက်အခတြွေ့ နိုင်သည်။ အဘယ်ကြောင့် ဆိုသော် ကြတ်ခြင်း မှ ဂြိုဟ်၏ အကွာအဝေး ဖြစ်သည့် လဒ်တီတွဒ်ကို လိုအပ်သော ကြောင့် ဖြစ်သည်။ ဂြိုဟ်များ ၏ လဒ်တီ တွဒ်သည် နက္ခတ္တဗေဒ၌ ယေဘုယျအားဖြင့် ကိုးကားခြင်းမရှိ။ သို့ သော် အနောက်တိုင်းအမြင်၌ ပေး ထားပါသည်။ မည် သို့ ဆိုစေ အများ အားဖြင့် ဂြိုဟ်များ ၏ လဒ်တီတွဒ်များ ကို ပေးထားပါသည်။ ဤပြဿနာကို ဖြေရှင်းရန် (ပီဟက်ဗ်ယား)ဆိုသည့် ကျော်ကြားသော နက္ခတ်ဗေဒပညာရှင်က ဖြတ် လမ်းနည်းကို အကြံပြုထားပါသည်။ အောက်ပါအတိုင်း ဖြစ်သည်။

အကယ်၍ မည် သည့်ရာသီ၌ မဆို ကုမ်ဒုတိယပိုင်းတစ်ဝက်မှ ကန်ပထမပိုင်းတစ်ဝက်၌ နေရာ ယူလျှင် လဒ်တီတွဒ်အရှည်ဆုံးသွားနိုင်သည့် ဂြိုဟ်က အနိုင်ရပြီး အပြန်အလှန် ဖြစ်သည်။

Cover

(၂၂-၁၀-၁၉၂၁) ၁၁ N၀၀ ၇၆ E ၁၅ ၂၁ နာရီ၊ ၃၇ မိနစ် (ပထမ)၌ မွေးဖွားသည်။

ရာသီလဂ် (၂ ရာသီ ၇ံ ၁၂’)၊ ဗုဒ္ဓဟူး (R) (၆ ရာသီ ၂၃ံ ၁၀’)၊ ကြာသပတေး (၅ ရာသီ ၁၃ံ ၈’)၊ သော ကြာ(၅ ရာသီ ၉ံ ၈’)၊ စနေ (၅ ရာသီ ၉ံ ၁၆’)၊ ရာဟု (၅ ရာသီ ၂၄ံ ၁၆’)။ ရာဟု၏ အလေးချိန် (SY ၅ m 28 d)က သော ကြာနှင့် စနေတို့သည် တစ်ခုနှစ် တစ်ခု (၁ံ) ရှိကြောင်း မြင်နိုင်သည်။ သော ကြာကနိုင်သူ ဖြစ်ပြီး စနေပျောက်သွားမည် ။

သို့ သော် နှစ် လုံးစလုံးသည် တစ်လုံးတစ်လုံး (၅ံ) အကြား ကြာသပတေးနှင့် ပဋိပက္ခ ဖြစ်နေ မည် ။ သို့ သော် ခြားနားသော နက္ခတ်၌ ရှိသည် ဖြစ်၍ (Bhedam) အမျိုးအစားအောက်ကျရောက်မည် ။ ကြာသပတေးသည် (၁၃ံ ၈)ရှိသည့်အတွက် အနိုင်ရပြီး အခြားနှစ် လုံးတို့ ရှုံးသွားသည်။ ဇာတာရှင် သည် ဗုဒ္ဓဟူးဒသာနှင့် ဗုဒ္ဓဟူးဘုတ္တိ၌ အုပ်ချုပ်သူ ဖြစ်သည်။ သူသည် မအောင်မြင်ဆုံး ဖြစ်ပြီး တရား မ၀င်သော ငွေအများ အပြား စုပုံရရှိမည် ။ နာမည် ကောင်းမရနိုင်။ မကောင်းသော အကြံပေးများ ရှိ၍ ကောင်းစွာ အုပ်ချုပ်ခြင်းမပြုတတ်။ အုပ်ချုပ်သူမဟုတ်တော့။

* * * * *


အခန်း (၂)

သော ကြာနှင့် တနင်္ဂနွေ

သော ကြာသည် တနင်္ဂနွေ၏ မည် သည့်ဘက်တွင် မဆို (၄၈ံ) ဖြစ်ပြီး ဤသော ကြာကို ခွဲခြမ်း၍ မရနိုင်တော့။ ညနေပိုင်း၌ အနောက်မိုးကုတ်စက်ဝန်း၊ တနင်္ဂနွေနောက်(၁၆ံ)၌ ရှိမည် ။ အရှေ့မိုးကုတ် စက်ဝန်း၌ တနင်္ဂနွေရှေ့ (၉ံ)ရှိကြောင်း မြင်နိုင်သည်။ ညနေပိုင်းတွင် မြင်နိုင်သည့်အခါ သော ကြာသည် ၈ တန့်နှင့် ၉ တန့်၌ ရှိသည်။ နံနက်ခင်း၌ ရှိမည် ။

ဤနည်းဖြင့် တနင်္ဂနွေနှင့် သော ကြာအကြား (၄၈ံ) ကိုခွဲခြားသည့်အကန့်အသတ်ကြောင့် ၃/၁၁ တန့် တစ်ခုတည်း ဖြစ်နိုင်သည်။ တနင်္ဂနွေနှင့် သော ကြာသည် တစ်လုံးနှင့် တစ်လုံး ၃ တန့်၊ သို့ မဟုတ် ၁၁ တန့်နေရာ၌ ရှိမည် ။

နက္ခတ်ဗေဒင်အရ ညနေခင်း၌ သော ကြာသည် အနောက်ဘက်တနင်္ဂနွေနောက် (၁၆ံ)တွင် မြင့် တက်လာမည် ။ ဤအနေအထားသည် မြင့်မားသော အနေအထား ဖြစ်၍ ကာမဆန္ဒပြင်းထန်ပြီး မြင့်မား သော အနေအထား ဖြစ်၍ ကာမဆန္ဒပြင်းထန်ပြီး မြင့်မားသော ခံစားချက်များ နှင့် ပြည့်စုံမည် ။ သူသည် တနင်္ဂနွေရှေ့ (၉ံ)၌ ရှိသည့်အခါ ဤအနေအထားသည် ဗဟုသုတနှင့် နာမ်တရားကို ပေးပါသည်။ ဇနီး၊ ဥစ္စာပစ္စည်းနှင့် အလုပ်အကိုင်ကိုလည်း ဖြစ်စေပါသည်။

စောစောက ဖော်ပြခဲ့သည့်အတိုင်းရှေးပညာရှင်အများ သည် လျှပ်စစ်မီးလုံးကဲ့သို့ နေ၀င်ရီတ ရောအလင်းရောင် ၌ အနောက်ဝင်ရိုးစွန်းမှ တောက်ပစွာ မြင့်တက်လာသော ဤကြယ်ကို မှတ်သား ကြပါသည်။ တစ်ခါတစ်ရံ စိန်ကဲ့သို့ ထွန်းလင်းတောက်ပပါသည်။ မျိုးပွားစနစ်၏ ၈ တန့်၌ ရှိသဖြင့် ထုတ်ဖော်ပြသချက်အများ သည် ၇ တန့်နှင့် ၈ တန့်၏ လက္ခဏများ ကို ကိုယ်စားပြုသည်။

မည် သို့ ဆိုစေ ဤနေရာ၌ သော ကြာသည် စိတ်အားတက်ကြွမှု နှင့် ကာမဆန္ဒကို ပို၍ ဖြစ်စေ သည်။ အရှေ့အရပ်သို့ ၀င်ရောက်သည့် သော ကြာသည် ဗဟုသုတ၊ နာမ်လောက၊ ဇနီး၊ စည်းစိမ်ဥစ္စာ တို့နှင့် ပို၍ သက်ဆိုင်သည်။ ဆိုလိုသည်မှာ ကောင်းခြင်းဟူသမျှ ဖြစ်သည်။ အနောက်ဘက်မှ မြင့်တက် လာသည့် သော ကြာမှာ မူ အများ အားဖြင့် ပါပအခန်းကဏ္ဍမှ အသုံးတော် ခံပြီး အရှေ့ဘက်သို့ ၀င်ရောက်သွားသည့်အခါ အများ အားဖြင့် သော မအခန်းကဏ္ဍမှ ပါဝင်သည်။ တနင်္လာနှင့် ဆက်နွှယ်သော အနေအထားအသီးသီးတို့၏ အခန်းကဏ္ဍကို ကျွန်ုပ်တို့လေ့လာပါမည် ။

မည် သို့ ဆိုစေ သော ကြာနှင့် တနင်္ဂနွေပူးသည် ယေဘုယျအားဖြင့် အောက်ပါရလဒ်များ ကို ဖြစ်ပေါ်စေကြောင်း ရှေးပညာရှင်များ က ဖော်ပြကြသည်။

ကောင်းသော အယူအဆများ အဆိုကျွမ်းကျင်ခြင်း၊ တူရိယပစ္စည်းများ နှင့် လက်နက်အသုံးပြု ခြင်း၊ မျက်စိအမြင်ချွတ်ယွင်းခြင်း။ မိတ်ဆွေကောင်းများ ရှိခြင်း၊ သရုပ်ဆောင်ခြင်း၊ နပမန်းလုံးခြင်းနှင့် လက်နက်များ မှ ငွေဝင်ခြင်း၊ လက်နက်ဖြင့် စွဲဆိုခြင်း၊ အကျဉ်းကျခြင်း။ ပြဇာတ်တွင် လူရွှင်တော် အ ဖြစ် သရုပ်ဆောင်ခြင်း၊ နပမ်းလုံးခြင်းဖြင့် ငွေဝင်ခြင်း၊ သရုပ်ဆောင်ငြခ်းတို့ ဖြစ်နိုင်သည့်အလုပ်များ ဖြစ် သည်။

မျက်စိအားနည်းခြင်း။ အခြားမိန်းမများ နှင့် ဆက်ဆံခြင်းဖြင့် ငွေဝင်ခြင်း၊ သရုပ်ဆောင်ခြင်းဖြင့် ၀င်ငွေရှာလာခြင်း၊ အဆို၊ တူရိယပစ္စည်းလက်နက်အသုံးပြုခြင်းတို့၌ ဗဟုသုတရှိမည် ။ မျက်စိအမြင် အားနည်းမည် ။ ဇနီးနှင့် မိတ်ဆွေကောင်းများ ရှိမည် ။ ဥာဏ်ကောင်းမည် ။ အဆွေအမျိုးများ နှင့် ဇနီး ကြောင့် လေးလေးစားစား ဆက်ဆံရေး ရှိမည် ။

အခြားသော အမြင်များ

တနင်္ဂနွေနှင့် သော ကြာတို့ နက္ခတ်တစ်လုံးတည်း၌ ပူးနေ၏ (နေ၏ ၁၀ံ အတွင်း)ရှိလျှင် ဘ၀၌ ပျော်ရွှင်မှု ကင်းခြင်း၊ ဒုက္ခများ ခြင်းရှိမည် ။ ၎င်းသည် ရှိသင့်သော ဥာဏ်အတိုင်းအတာနှင့် စွမ်းအင်ကိုမရ ရှိစေသဖြင့် ဇာတာရှင်အား စိတ်မတည်ငြိမ် ဖြစ်စေမည် ။ ကောင်းသော အမူအကျင့်၊ သိမ်မွေ့မှု ကို ပျက်စီးစေမည် ။ သူ၏ မိတ်ဆွေအပေါင်းအသင်းများ ၊ သူ၏ ရှင်သန်မှု ၊ ပုဂ္ဂလိကတိုးတက်မှု ၊ ပျော်ရွှင်မှု အတွက် အားထားရသော ချစ်သူခင်သူများ ၏ အရည်အချင်းအရ ဇာတာရှင်အား ပုံဖော်ထားမည် ။

အသုံးမ၀င်သော ဇိမ်ခံမှု အပေါ် ငွေသုံးသည့်အတွက် စာရိတ္တပျက်ပြားမည် ။ အရည်အသွေး၊ ပုံမှန်ရည်မှန်းချက်များ ထိခိုက်မည် ။ သော ကြာနှင့် တနင်္ဂနွေပူးခြင်းဖြင့် သူတို့အားပျော့စေမည် ။ ဖိစီးခံရ စေမည် ။

ဂုဏ်ကျဆင်းမည် ။ မိန်းမများ ကို ပစ်ပယ်ခြင်း၊ သို့ မဟုတ် ကာမစွမ်းအားခမ်းခြောက်စေမည် ။ အိမ်ထောင်ပြုရေး နှင့် ပတ်သက်၍ ကံမကောင်း၊ ဇနီးနှင့် တစ်နည်းမဟုတ် တစ်နည်းကွာရှင်းခြင်း ဖြစ်နိုင် သည်။ ဖိစီးခံရသည့် သော ကြာသည် တနင်္ဂနွေ (ဖခင်၏ ကာရက)နှင့် ပူးပါက တနင်္ဂနွေအားကောင်း လျှင် သို့ မဟုတ် အားကောင်းသည့် သော မအမြင်ခံထားရခြင်းမရှိလျှင် ဖခင် စောစီးစွာ ကွယ်လွန်မည် ။

ဤဂြိုဟ်ပူးသည် အိမ်ထောင်ရေး ပျော်ရွှင်မှု ကို အဟန့်အတားကြီး ဖြစ်စေ၍ ကာမဖောက်ပြန် ခြင်းကို ဖြစ်စေမည် ။ ကာမကျူးသည့်အတွက် ဆီး ရောဂါ ၊ အဖြူကျ ရောဂါ ၊ ဆီးချို ရောဂါ ဖြစ်မည် ။ ဇာတာရှင်အား ရမ်းကားစေမည် ။ မကောင်းသည့်မိတ်ဆွေများ မြှော က်ပင့်ပေး၍ မိမိပိုင်ဥစ္စာများ ကို ဖျက်ဆီးမည် ။ မိုက်မဲရမ်းကားသည့် အပြုအမူကြောင့် လူဆိုးလူမိုက် ဖြစ်သွားစေမည် ။

(ပရာဿနမာယမာယ) အလိုအရ၊ အကယ်၍ တနင်္ဂနွေနှင့် သော ကြာသည် ၅ ။ ၇၊ သို့ မဟုတ် ၉၊ တန့်မှာ ရပ်လျှင်၊ ဇာတာရှင်သည် အိမ်ထောင်ရေး ပျော်ရွင်မှု မရှိပါ။ ဤအပူးသည် ၁၊ ၃၊ ၅၊ ၇၊ ၉ နှင့် ၁၁ တန့်၌ ရှိလျှင် သာမန်ရာသီနှင့် ထပ်တူ ဖြစ်၍ အိမ်ထောင် ၂ ဆက် ဖြစ်မည် ။

ပထမဇနီး၏ ဘ၀အတွင်း ဇာတာရှင်သည် ငွေကြေးပြဿနာ။ ကာယဒုက္ခ၊ စိတ်မတည်ငြိမ်ခြင်း များ နှင့် ရင်ဆိုင်ရမည် ။ ဒုတိယအိမ်ထေင်ကျသည့်အခါ ပြဿနာများ အားလုံးနှင့် ဒုက္ခအပေါင်းချုပ်ငြိမ်း သွားမည် ။ ပတ်ဝန်းကျင်အခြေအနေ လုံးဝပြောင်းလဲသွားမည် ။

အ၀တ်အစား၊ တေးဂီတနှစ်သက် မည် ။ ပရိယာယ်ကြယ်ဝမည် ။ ထို့ကြောင့် ဤသူများ ၏ အမူ အကျင့်က နှလုံးသားမရှိသော အချစ်၊ ကမ္ဘာကြီးနှင့် ကင်းကွာမည် ။ ဇနီးကောင်းရှိပြီး ရိုးသားသော အမူ အရာအကျင့်ရှိမည် ။

သော ကြာ- တနင်္ဂနွေက အိမ်အသီးသီး၌ ရောက်ခြင်းမဟော

(၁) အပြောအဆိုကြမ်းတမ်းမည် ။ သားနည်းမည် ။ လက်နက်တိုက်ကို ၀ါသနာပါမည် ။ ကြောက်တတ်မည် ။ ပြဿနာ ဖြစ်မည် ။ စိတ်ဝင်စားမှု မရှိတတ်။

(၂) အမူအရာကြမ်းတမ်းမည် ။ ရာဂကြီးသူများ ကို နှစ်သက် မည် ။ ရန်သူများ မည် ။ သတ္တိ မရှိ။ တက်ကြွမှု မရှိ။

(၃) သားမရှိ။ စိတ်တိုမည် ။ အမြဲဆင်းရဲနွမ်းပါးမည် ။ နိုင်ငံခြားတိုင်းပြည်ကို နှစ်သက် မည် ။ အလွန်ကြွားဝါမည် ။

(၄) အရက်သမား၊ ပြဿနာများ စွာ ရှိမည် ။ အောက်တန်းကျမည် ။ မကောင်းသော လုပ်ရပ် များ နှင့် အကျွမ်းဝင်မည် ။ စိတ်ဆန္ဒအလိုလိုက်မည် ။ ကာမရာဂကြီးမည် ။

(၅) မိုက်မဲမည် ။ အားပျော့ခြင်းကြောင့် ဒုက္ခတွေ့ မည် ။ ပြဿနာထူပြားမည် ။ မနာလိုစိတ်ရှိ မည် ။ ကာမဂုဏ်လိုက်စားမည် ။ သျှတ္တရကျမ်းကျေမည် ။

(၆) ရောဂါ ခံစားရမည် ။ အရှက်မရှိ၊ အရုပ်ဆိုးမည် ။ စိတ်ဆင်းရဲမည် ။ အနှောင့်အယှက်များ မည် ။

(၇) အခြားသူအပေါ် မှီခိုနေမည် ။ ၀န်ဆောင်လိုစိတ်ရှိမည် ။ ဆွေမျိုးများ ၊ ညီအစ်ကိုများ က ပစ်ပယ်မည် ။ အနှောင့်အယှက်တွေ့ မည် ။ ဆင်းရဲမွဲတေမည် ။

(၈) မတရားသည့်နည်းဖြင့် ချမ်းသာမည် ။ ရုပ်ဆိုးမည် ။ မကောင်းသည့်နိုင်ငံနှင့် ပတ်သက်ပြီး ကာမဂုဏ်လိုက်စားသည့်သူကို အလုပ်အကျွေးပြုမည် ။ မကောင်းသည့်အလုပ်ကိုလုပ်မည် ။ ဆုံးရှုံး မည် ။

(၉) ဆရာအရည်အချင်းရှိမည် ။ ဥာဏ်ကောင်းမည် ။ ကုသိုလ်ကောင်းမှု ပြုလုပ်လိုစိတ်ရှိ မည် ။ ကျော်ကြားမည် ။ ချမ်းသာမည် ။ ကောင်းသော မိတ်ဆွေများ ရှိမည် ။

(၁၀) မာနကြီးသူအ ဖြစ် ထင်ရှားမည် ။ မကောင်းသော အလုပ်များ လုပ်မည် ။ ကံကောင်းမည် ။ သိမ်မွေ့မည် ။ သတ္တိရှိမည် ။ အခြေခံစည်းမျဉ်းဥပဒေနှင့် စည်းကမ်းဥပဒေဗဟုသုတရှိမည် ။

(၁၁) ကောင်းသော ဇနီး၊ မိတ်ဆွေများ ရှိမည် ။ ဘုရင်နှင့် လူကြီးလူကောင်းများ ချစ်ခင်မည် ။ ကြီးပွားချမ်းသာခြင်းကို ခံစားရမည် ။

သော ကြာနှင့် တနင်္ဂနွေတို့၏ ဆက်သွယ်မှု အနေအထားများ

သော ကြာသို့ ၁၂ တန့်ရှိ တနင်္ဂနွေ

ဇနီးက ခင်ပွန်းအား ချုပ်ကိုင်မည် ။ သူမက ခင်ပွန်းအားချစ်ခြင်း၊ မြတ်နိုးခြင်းဖြင့် ချည်နှောင် ထားမည် ။ သူမသည် တည်ငြိမ်မည် ။ မှန်တမ်းလုပ်မည် ။ ပညာရှိမည် ။ ကောင်းသော အိမ်ရှင်မ ဖြစ်မည် ။ တင်းမာမှု ၊ ဖိအားတို့ကြောင့် အနှောင့်အယှက်မ ဖြစ်။ ရောင့် ရဲပြီး ခင်ပွန်း ဖြစ်သူအား အ ဖြစ်နိုင်ဆုံးပြုစု မည် ။ အိမ်တွင်း၌ သာ စီမံခန့်ခွဲ၍ ခင်ပွန်း၏ အကျိုး ဖြစ်မှု ကိုသာ စဉ်းစားလုပ်ဆောင်မည် ။ အခက်အခဲ များ ရှိလင့်ကစား သူမသည် ငြီးတွားမှု မရှိ။ အလုပ်ကြိုးစား၍ မိသားစုအားလုံးအပေါ် မေတ္တာထားရှိ မည် ။

လူတိုင်းနှင့် ခင်မင်မည် ။ သည်းခံမည် ။ ပညာတတ်မည် ။ ကလေးများ ကို မြတ်နိုးမည် ။ ခင်ပွန်း ဖြစ်သူ၏ အလုပ်၌ အကြံဥာဏ်ကောင်းများ ပေးမည် ။ သူမသည် အနည်းငယ်အသုံးကြီးမည် ။ ဂြိုဟ်ပူး ပေါင်းခြင်းအရ စီးပွားရေး လုပ်ငန်းနှင့် ၀န်ထမ်းလုပ်ငန်း၌ တိုးတက်မှု ရှိမည် ။ ပုဂ္ဂလိကစီးပွားရေး လုပ် ငန်းကြောင့် နာမည် ရမည် ။ ငွေရမည် ။ အလေးစားခံရမည် ။

သော ကြာသို့ ၁၁ တန့်ရှိ တနင်္ဂနွေ

ဤအပူးသည် ယခင်အပူးလောက်မကောင်း။ ဤအပူးအရ ဇနီးသည်စိတ်အလိုလိုက်မည် ။ မိသားစုကိုဂရုမစိုက်။ ရန် ဖြစ်တတ်မည် ။ ဤအချက်များ ရှိသော်လည်း လင်မယား ၂ ယောက် မှာ တစ်ဦးကိုတစ်ဦး နှစ် နှစ် ကာကာ ချစ်ကြမည် ။ ၀န်ထမ်းလုပ်ငန်းတွင် ရာထူးတက်ခြင်း၊ ကျခြင်းရှိမည် ။ အလုပ်တစ်ခုကို စွန့်စားပြီး နောက်တစ်ခုလုပ်မည် ။ ဇနီး၌ အစ်ကိုအစ်မမရှိ။ ဇနီး၏ မိဘများ မှာ လူ ကောင်းများ ဖြစ်၍ အကူအညီပေးမည် ။ ဥစ္စာပစ္စည်းများ ပင် ၎င်းတို့ထံမှ ရရှိမည် ။

သော ကြာသို့ ၂ တန့်ရှိ တနင်္ဂနွေ

သော ကြာ ဤအနေအထားသည် ဇနီး ဖြစ်သူအသုံးအဖြုန်းကြီးမည် ။ ရန် ဖြစ်တတ်မည် ။ အိမ်တွင်းရေး ၌ စည်းကမ်းမရှိ။ ၀န်ထမ်းအလုပ်၊ သို့ မဟုတ် စီးပွားရေး လုပ်ငန်း၌ ကျော်ကြားမည် ။

သော ကြာသို့ ၃ တန့်ရှိ တနင်္ဂနွေ

ဤသော ကြာအနေအထားအရ လဒ်များ မှာ အထက်၌ ဖော်ပြခဲ့သော ၁၁ တန့်ရှိ သော ကြာနှင့် အများ အားဖြင့် တူညီပါသည်။ ဇာတာရှင်သည် ဇနီး၏ အစ်ကိုအား ကူညီရမည် ။ ဇနီး ဖြစ်သူမှာ ကိုယ် ကာယအားဖြင့် ၊ သဘာဝအားဖြင့် ယောက်ျားဆန်မည် ။ ပညာတတ်မည် ။

သော ကြာနှင့် တနင်္လာ

သော ကြာ-တနင်္လာသမ္ဗန္ဓ

(က) မွှေးသော ပန်း၊ ကောင်းသော ပစ္စည်းများ ၊ အ၀တ်အစားများ ကို နှစ်သက် မည် ။ စီးပွားရေး ၌ အကြံကောင်း၊ ဥာဏ်ကောင်းရှိမည် ။ စွဲလမ်းမည် ။ စက်မှု လုပ်ငန်း ဗဟုသုတရှိမည် ။

(ခ) စက်ပစ္စည်းနှင့် ကျောက်လုပ်ငန်း၌ ကျွမ်းကျင်မည် ။ ရက္ကန်းလုပ်ငန်း၊ အ၀တ်ဖာထေး ခြင်း၊ အရောင် ဆိုးခြင်း၊ ချုပ်လုပ်ခြင်း၊ အ၀တ်အထည်ရောင်းဝယ်ရေး လုပ်ငန်း၌ ကျွမ်းကျင်မည် ။

(ဂ) ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း၌ ကျွမ်းကျင်မည် ။ အောက်တန်းကျသော သဘာဝရှိ မည် ။ ရန် ဖြစ်တတ်မည် ။ အ၀တ်အစားမပြည့်စုံ။

(ဃ) အ၀တ်အစား ရောင်းဝယ်ရေး ကျွမ်းကျင်မည် ။ စွဲလမ်းမှု မရှိ။ စည်းကမ်းဥပဒေ ဗဟုသုတရှိမည် ။ ပန်းလှလှ၊ အ၀တ်လှလှကို နှစ်သက် မည် ။

အခြားသူတို့၏ အယူအဆများ

တနင်္လာနှင့် သော ကြာသမ္ဗန္ဓ ဖြစ်လျှင်၊ မျှတသော အမြင်ရှိမည် ။ အလှအပကို ချစ်မြတ်နိုးမည် ။ ရှုမြင်လိုစိတ်မြင့်မားမည် ။ တိုးတက်အဆင့်မြင့်လာပြီး ဇိမ်ခံခြင်းကို မြတ်နိုးလာမည် ။ စိတ်ခံစားမှု ကို ထိန်းချုပ်ပြီး စိတ်အေးမည် ။ စုစည်းမည် ။ ဘ၀အစပိုင်း၌ ပျော်ရွှင်မှု မရှိ။ ရက္ကန်းအလုပ်နှင့် အရောင်း အ၀ယ်ကျွမ်းကျင်မည် ။ ဇာတာရှင်သည် အနုပညာဆန်မည် ။ အပေါင်းအသင်းဆန့်မည် ။ ပေါ်ပြူလာ ဖြစ်မည် ။

ဤသမ္ဗန္ဓသည် ထိရောက်မှု ရှိမည် ။ တနင်္ဂနွေ၏ ရှေ့ (၆၀ံ)ထိရှိမှသာ ပြည့်ဝသော ရလဒ်ကို ပေး မည် ။ ဤသူများ သည် စိတ်ကူးယဉ်မည် ။ တေးဂီတမြတ်နိုးမည် ။ ချစ်ရေး ကြိုက်ရေး ၀ါသနာရှိမည် ။

အလွန်ဇိမ်ခံသော ဘ၀သို့ ရှေ့ရှုမည် ။ သူတို့သည် ဇနီး ဖြစ်သူအား ကာမဆက်ဆံရာ၌ ကာမ ဆန္ဒပြည့်ဝစေရေး အတွက် မဟုတ်ဘဲ ချစ်စိတ်ကြိုက်စိတ်ဖြင့် ဆက်ဆံခြင်း ဖြစ်သည်။ တေးဂီတ၊ အက၊ ပန်းချီ စသည်တို့ကို နှစ်သက် မည် ။

အိနြေ္ဒသိက္ခာနှင့် နေမည် ။ လင်နှင့် မယားတစ်ဦးကိုတစ်ဦး ချစ်ကြမည် ။ အိမ်ထောင်ဘ၀ပျော်ရွှင် မည် ။ သူတို့ချစ်ကြခြင်း၌ အဆင့်အတန်းတူညီမှု စိတ်ဓာတ်လေးစားမှု ဖြင့် ချစ်ကြခြင်း ဖြစ်သည်။ လင် နှင့် မယားချစ်ခြင်းနှင့် ပတ်သက်၍ ဦးစားပေးစဉ်းစားပုံ မတူကြပါ။ သော ကြာနှင့် ကြာသပတေးအပူး၌ တည်ရှိသကဲ့သို့ စိတ်အဆင်ပြေသော အတွေးမရှိ။ စိတ်အဆင်ပြေသော အတွေးဟုဆိုရာ၌ သူတို့သည် ဝေးကွာသော အရပ်၌ သီးခြားရှိနေကြသော်လည်း တွေးခေါ်ပုံတူကြခြင်းကို ဆိုလိုသည်။

ကြာသပတေးနှင့် သောာကာသမ္ဗန္ဓ ဖြစ်ခြင်း၏ အချစ်သည် ထိုသို့ သော စိတ်အဆင်ပြေသည့် အတွေးများ ရှိပြီး လင်နှင့် မယား တစ်ဦးကိုတစ်ဦး ချစ်ကြမည် ။ ကာမဆန္ဒအချို့ရှိမည် ။ ဘ၀မှာ ပျော်ရွှင် မည် ။ ၀န်ထမ်းအလုပ်၊ စီးပွားရေး အလုပ်များ အောင်မြင်မည် ။ ကြာသပတေး-သော ကြာအပူး၌ ကောင်း သော ရလဒ် အနည်းငယ်ရှိပါသည်။ သို့ သော် ကလေးများ အတွက်မကောင်း၊ ကာမရာဂကြီးမည် ။

ကလေးများ သည် ပျော်ပါးခြင်း။ သာယာမှု ရှာခြင်း၊ ပျင်းရိခြင်း၊ စာရိတ္တချွတ်ယွင်းခြင်း၊ အကျင့် ပျက်ခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ ကာမကျူးခြင်းရှိမည် ။

သော ကြာ-တနလ်ာအရှေ့၌ အပူး

အထက်တွင် ရှင်းပြရာ၌ သော ကြာသည် နေ၏ နောက်၌ ၊ သို့ မဟုတ် ရှေ့၌ (၉ံ)ရှိလျှင် နံနက် ချိန်ခါ အရှေ့ဝင်ရိုးစွန်း၌ မြင်တွေ့ နိုင်သည်။ ဤအနေအထားတွင် တည်ရှိရာမှာ လဂ်၌ ၁၂၊ သို့ မဟုတ် ၁၁ တန့်၌ ဖြစ်မည် ။ ဤဂြိုဟ်အပူးသည် ယေဘုယျအားဖြင့် ကောင်းသော ရလဒ်ကိုပေးပြီး စိတ်၏ အဆင့်မြင့်လှုပ်ရှားမှု ကို ဖော်ပြပါသည်။

ဤဂြိုဟ်ပူးတွင် ဇာတာရှင်သည် တည်ငြိမ်မည် ။ ဥပဒေကို ဘယ်အခါမှ ချိုးဖောက်မည် မဟုတ်။ မကောင်းသည့်လုပ်ရပ်များ ကို ရှောင်ရှားမည် ။ အငြင်းပွားခြင်းမရှိ။ မူးယစ်ဆေးစွဲခြင်းကို အဝေးမှ ရှောင် ရှားမည် ။ ဇိမ်ကျကျဘ၀ကို နှစ်သက် မည် ။ စကားပြောရာ၌ ဟာသရှိမည် ။ အ၀တ်အစားကောင်း ကောင်းကို ၀တ်ဆင်မည် ။

အမျိုးသမီးများ နှင့် ကာမဆက်ဆံရန်ကို စိတ်မ၀င်စားပါ။ သူ့အပေါ် အများ က ယုံကြည်အား ထားနိုင်သည်။ မည် သည့်အလုပ်၌ မဆို ကိုယ်လက်ပင်ပန်းသည့် အလုပ်ရှောင်ရှားမည် ။ နိုင်ငံခြားတိုင်း ပြည်၌ နေထိုင်ရန်နှစ်သက် မည် ။ ဇိမ်ကျကျ၊ ပျော်ပျော်ရွှင်ရွှင်ဘ၀၌ စံစားရမည် ။ လူအများ နှင့် ပူးပေါင်း ဆောင်ရွက်မှု မရှိ။

ဇနီး ဖြစ်သူမှာ ချစ်စရာ၊ မြတ်နိုးစရာကောင်းမည် ။ ကိုယ်အချိုးအစားမျှတ၍ လှပသူ ဖြစ်မည် ။ လေးစားအပ်သူ ဖြစ်ပြီး ကမ္ဘာ့ဗဟုသုတပြည့်စုံမည် ။ သူမသည် ဇိမ်ကျသော ဘ၀ကို နှစ်သက် မည် ။

ကလေးမွေးဖွားရာ၌ အခက်အခဲရှိမည် ။ လင်မယားတန်းတူရည်တူ ဆက်ဆံ၍ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြမည် ။ သီချင်းဆိုခြင်း။ တူရိယာတီးမှု တ်ခြင်း၊ ကခုန်ခြင်း၊ ပန်းချီဆွဲခြင်း၊ သရုပ်ဆောင်ခြင်း အစရှိသည်တို့၌ ကျွမ်းကျင်မည် ။

သော ကြာ-တနင်္လာ အနောက်ဘက်ရှိအပူး

စောစောပိုင်းက ဖော်ပြခဲ့သည့်အတိုင်း သော ကြာသည် တနင်္ဂနွေ၏ ရှေ့၊ သို့ မဟုတ် နောက် (၁၆ံ)၌ ရှိပြီး ညနေခင်းအခါ အနောက်ဝင်ရိုးစွန်း၌ တွေ့ မြင်နိုင်သည်။ ဤအနေအထား၌ သော ကြာ သည် ၈ တန့်နှင့် ၉ တန့်၌ တည်ရှိသည်ဟုဆိုပြီး ရလဒ်များ မှာ အများ အားဖြင့် ကံဆိုး ဖြစ်ကြမည် ။ ဤ နေရာ၌ ရာဂရမက်၊ ကာမဆန္ဒ အနေအထား ဖြစ်ပေါ်လာပုံမှာ မကောင်းမှု ပြုသည့်ဘက် ယိမ်းယိုင်နေ မည် ။

ဤသို့ ဖြင့် တနင်္လာသည် အနောက်ဝင်ရိုးစွန်း၌ မြင့်တက်လာသည့် သော ကြာနှင့် သမ္ဓန္ဓ ဖြစ်ရာ တွင် ဇာတာရှင်ကို ပြဿနာလုပ်သူ၊ သုံးဖြုန်းသူ၊ မိန်းမများ နှင့် ပေါင်းသင်းငွေအကုန်သုံးပစ်မည် ။ အများ အယူအကဆို ဂရုမစိုက်၊ ညအခါ လျှောက်လည်ပြီး မိန်းမများ နှင့် ကာမဆက်ဆံမည် ။ သူတို့ သည် ဘယ်နေရာမှာ မှ အတည်တကျမနေထိုင်။ တည်ငြိမ်မှု မရှိ၍ ယုံကြည်အားထား၍ မရ။

ဘာမှစဉ်းစားဆင်ခြင်လုပ်ကိုင်ခြင်းမရှိဘဲ တစ်နေကုန်တစ်နေခမ်း အချိန်ဖြုန်းနေသူများ ဖြစ် သည်။ မနက်ဖန်အတွက် မစဉ်းစား၊ တစ်နေ့ပျော်ဖို့သာ အရေး ကြီးသူများ ဖြစ်မည် ။ ဇနီး ဖြစ်သူက အိနြေ္ဒ မရ။ ယောက်ျားရောမိန်းမပါ ကာမရာဂကြီးသူများ ဖြစ်သည်။ ဤသူများ အတွက် အချစ်ဆိုသည်မှာ ကာမဆက်ဆံခြင်းဟု ယုံကြည်သူများ ဖြစ်သည်။ ဇနီး ဖြစ်သူကို ကာမဖြေဖျော်ရေး အတွက်သာ သဘောထားကြမည် ။

ပုဂ္ဂလိကစီးပွားရေး ကြောင့် နာမည် ရမည် ။ ကျော်ကြားမည် ။ အိမ်ထောင်ပြုနောက်ကျ၏ ။ သို့ မဟုတ် အိမ်ထောင် ၂ ဆက် ဖြစ်မည် ။ ဇနီး ဖြစ်သူ အသားမည်းမည် ။ အိမ်ထောင်တစ်ဆက်တည်း ဖြစ် ပြီး ကလေးမရလျှင် ၀န်ထမ်းအလုပ်၌ တိုးတက်မှု သိပ်မရှိ။ ဤသူများ သည် ငယ်စဉ်ဘ၀မှစ၍ ကာမ စိတ်ဓာတ်ပြင်းထန် ဖြစ်၍ ပညာရေး မပြည့်စုံ။

အထက်တွင် တွေ့ မြင်ရသည့်အတိုင်း သော ကြာ၏ အရှေ့နှင့် အနောက် အနေအထားသည် တနင်္လာနှင့် မတူညီသော ရလဒ်များ ကို ဖြစ်စေမည် ။ ထို့ကြောင့် ယခု အရှေ့နှင့် အနောက်တွင် မြင်တွေ့  သည့်သော ကြာအတွက် တနင်္လာမှ အိမ်အသီးသီးရှိ သော ကြာ၏ တည်နေရာကို စဉ်းစားကြပါမည် ။

အိမ်အသီးသီးရှိ သော ကြာနှင့် တနင်္လာ

လောလောဆယ်၌ အရှေ့ သို့ မဟုတ် အနောက်ရှိသော ကြောင့် ဆက်စပ်သော အပူးများ ၊ အနောက်သို့ မဟုတ် အရှေ့ရှိ သော ကြာ၏ အနေအထားအမြင်ကို ချဲ့ထွင်ရန် အထွေထွေရလဒ်များ အား ကျွန်ုပ်စဉ်းစားမည် မဟုတ်ပါ။

အိမ်အသီးသီးရှိ သော ကြာ-တနလ်ာရလဒ်များ

(၁) ဇာတာရှင်သည် လိင်ကို နှစ်သက် မည် ။ ဆွဲဆောင်နိုင်သော မျက်နှာရှိမည် ။ ကျော်ကြား မည် ။ ဘာသာရေး လုပ်ငန်းများ ကိုလုပ်မည် ။ ဘုရင်နှင့် ချစ်ခင် ရင်းနှီးမည် ။ ပြည့်တန်ဆာနှင့် ပေါင်းသင်း ရခြင်းကြောင့် ပျော်ရွှင်မည် ။ ခန့်ငြားမည် ။ လူကြီးသူမများ နှင့် ပြေလည်မည် ။

(၂) ဇာတာရှင်သည် သိမ်မွေ့မည် ။ မြင့်မြတ်မည် ။ ဘုရင်သို့ မဟုတ် ၀န်ကြီး ဖြစ်မည် ။ မိတ် ဆွေကောင်းအများ ရှိမည် ။ သားရလိုစိတ်ရှိမည် ။

(၃) အဆင့်မြင့်သို့ တက်ရန် လုပ်တတ်ကိုင်တတ်ရှိမည် ။ မိုက်မဲမည် ။ စိတ်ဆင်းရဲစရာ အများ တွေ့ မည် ။ သိမ်မွေ့ခြင်းကိုပစ်ပယ်မည် ။ မြေယာမရှိ။ ၀င်ငွေမများ ။

(၄) အမျိုးသမီးများ ကြောင့် ပျော်ရွှင်ရမည် ။ ရေနှင့် ပတ်သက်ပြီး ငွေဝင်မည် ။ စီးပွားဥစ္စာရရှိ မည် ။ လူအများ ချစ်ခင်မည် ။ စည်းစိမ်ဥစ္စာအများ အပြားခံစားရမည် ။ အလေးစားခံရမည် ။ ချမ်းသာ ကြွယ်ဝမည် ။ မိတ်ဆွေအများ ရှိမည် ။ သားကောင်းရှိမည် ဖြစ်ပြီး မိသားစု၌ မြင့်မြတ်သူ ဖြစ်မည် ။ အမြဲ တမ်းယဉ်ကျေးသူ ဖြစ်မည် ။

(၅) အလွန်ဥာဏ်ကောင်းမည် ။ ပျော်တတ်မည် ။ ပျော်မည် ။ သမီးများ မည် ။ ဇနီးနှင့် ချစ်ခင် ခင်ရှိမည် ။

(၆) ခန္ဓာကိုယ်ကြီး ဖြစ်ရှိနေရုံသာ ဖြစ်မည် ။ ရောဂါ ဝေဒနာများ ခံစားရမည် ။ ရန်သူများ က ထိခိုက်စေမည် ။ ငွေဖြုန်းတီးမည် ။ မကောင်းမှု များ ကျူးလွန်မည် ။ လိမ်လည်ကောက်ကျစ်မည် ။

(၇) ဇနီးကောင်းရှိမည် ။ စည်းစိမ်ခံစရာ။ သာယာဘွယ်ရာများ ရှိမည် ။ ကောင်းသော သူများ နှင့် ခြံရံထားမည် ။ အလွန်ပျော်ရွှင်မည် ။ ဥာဏ်ကောင်းမည် ။ အမျိုးသမီးများ နှင့် ပူးပေါင်းမည် ။ ဥစ္စာ ရတနာမများ လှ။ သားများများ မရှိ။ ပညာတတ် ဖြစ်ပြီး မင်းစိုးရာဇာမျိုးနွယ် ဖြစ်မည် ။ ဇနီးကောင်းရှိမည် ။

(၈) သူများ အပေါ် မကောင်းကြံမည် ။ သတ္တိမရှိ၊ မကောင်းမှု ကို စဉ်းစားမည် ။ ကံကောင်း သော်လည်း အခြားသူများ ကို အပြစ်တင်လေ့ရှိမည် ။

(၉) လူကြီးများ ချစ်ခင်မည် ။ ကောင်းသော ညီအစ်ကိုများ နှင့် သားရှိမည် ။ ယဉ်ကျေးသိမ်မွေ့ မည် ။ ညီအစ်ကိုများ နှင့် အဆွေအမျိုးများ က နှစ်သက် မည် ။ ရောဂါ များ ခံစားရမည် ။ ရိုးရိုးသားသားမရှိ သည့် အမျိုးသမီးနှင့် လက်ထပ်မည် ။ ကြွယ်ဝမည် ၊ မိထွေးရှိမည် ။ ၀န်ကြီးများ အထိန်းသိမ်းခံရမည် ။

(၁၀) ဘုရင် သို့ မဟုတ် ၀န်ကြီး ဖြစ်မည် ။ ခွင့်လွှတ်တတ်သည့်အတွက် ကျော်ကြားမည် ။ စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာမည် ။ ဂုဏ်ရှိမည် ။ အမိန့်သြဇာပေးသူ ဖြစ်ပြီး လူအများ နှင့် နေမည် ။ အဓိက အလုပ်မှ စိုက်ပျိုးရေး ဖြစ်မည် ။ ဘုရင်ကဲ့သို့ ပျော်ရွှင်ပြီး မင်းစိုးရာဇာဂုဏ်ပြုခံရမည် ။

(၁၁) ရောဂါ ကင်းမည် ။ ကျန်းမာမည် ။ ဗဟုသုတကြွယ်မည် ။ ကလေးများ မှာ လူကောင်းများ ဖြစ်ပြီး ခန့်ငြားသူများ ဖြစ်မည် ။ အမှန်တရားကို နှစ်သက်မည် ။ ချမ်းသာမည် ။ မျက်လုံးကောင်းမည် ။ ဇနီး၏ ချစ်ခင်မှု ရမည် ။

(၁၂) ငွေမရှိ၊ အသုံးကြီး၍ ဒုက္ခရောက်မည် ။ ကျေးကျွန်၊ ကာမဂုဏ်လိုက်စားမည် ။ ဘာသာ ရေး မကိုင်းရှိုင်း၊ မုန်းတီးမှု အပြည့်ရှိမည် ။ စိတ်အလိုလိုက်မည် ။

အနောက်၌ မြင်တွေ့ ရသည့်သော ကြာ

သော ကြာ-တနင်္လာ၊ ဤကိစ္စ၌ သော ကြာသည် နေ၏ ရှေ့ (၁၆ံ)၌ ရှိမည် ။ ဤသောာကာ-တနင်္လာအပူးသည် တနင်္ဂနွေ၏ ရှေ့၌ ရှိမည် ။

တနင်္လာသို့ ၂ တန့်ရှိသော ကြာ

ဤအပူး၌ တနင်္လာသည် တနင်္ဂနွေနှင့် သော ကြာအကြားတွင် ရှိမည် ။

တနင်္လာသို့ ၃ တန့်ရှိ သော ကြာ

ဤအပူး၌ တနင်္လာသည် တနင်္ဂနွေရှေ့ ၃ နေရာ၌ ရှိမည် ။

အထက်ပါဂြိုဟ်ပူးနှစ် ခုစလုံး၌ တနင်္လာသည် တနင်္ဂနွေနှင့် ပို၍ နီးသည့်အတွက် သော ကြာနှင့် တနင်္လာ၏ ရလဒ်များ ရရှိရုံမျှမက တနင်္ဂနွေ၏ ရလဒ်များ ပါ အတူရရှိမည် ။ ထို့ကြောင့် ဂြိုဟ်သုံးလုံးစလုံး ၏ ရလဒ်များ ကို ရရှိမည် ။

တနင်္လာသို့ ၄ တန့်ရှိ သော ကြာ

အကယ်၍ ဤယောဂသည် လဂ် ၄ တန့်၊ ၇ တန့်၊ ၁၀ တန့်များ မှ ကိန်း၌ ရှိလျှင် မိခင်၏ စာရိတ္တ သံသယ ဖြစ်ဖွယ်ရှိပြီး အခြားသူများ နှင့် ပတ်သက်၍ ဂရုမစိုက်။ သူမသည် စာရိတ္တယိုယွင်းခြင်းမဟုတ်။ အိမ်ထောင်ပြုနောက်ကျမည် ။ ဇာတာရှင်၏ အိမ်ထောင်ဘ၀ပျော်ရွှင်မှု မရှိ။ ကိုယ်ပိုင်စီးပွားရေး လုပ်ရန် ကြိုးစားမည် ။

စုပေါင်းလုပ်သည်ထက် အကျိုးအမြတ်ပိုရှိမည် ဆိုသည့် အမြင်အရ အများ နှင့် မလုပ်။ သို့ သော် သူတို့သည် အသုံးစရိတ်ကာမိရုံမျှရမည် ။ ဤအပူးအရ ယေဘုယျအားဖြင့် အိမ်ထောင်မပြုဘဲရှိမည် ။ အိမ်ထောင်နှောင်ကြိုး အတည်းမခံလိုသော ကြောင့် ဖြစ်မည် ။ သို့ မဟုတ် စိတ်ကြိုက်မိန်းကလေးကိုသာ အိမ်ထောင်ပြုလို၍ ဖြစ်မည် ။ ၀န်ထမ်းအလုပ်နှင့်ပတ်သက်၍ သော ကရှိမည် ။

တနင်္လာမှ ၅ တန့်ရှိ သော ကြာ

ဇနီးကောင်း ဖြစ်မည် ။ လှပချောမောမည် ။ လေးစားဖွယ်ကောင်းမည် ။ ကိုယ်အချိုးအစား ပြေပြစ် မည် ။ သူမသည် အလှအပလုပ်ငန်းနှင့် ပတ်သက်၍ ကျွမ်းကျင်မည် ။ သို့ သော် ကလေးမရဘဲ ဖြစ်မည် ။ ကလေးမွေးဖွားလျှင်လည်း ကာမကျူးသူ ဖြစ်ပြီး မိဘနာမည် ပျက်မည် ။ ဇာတာရှင်သည် ၀န်ထမ်းလုပ် ငန်း၌ အနှောင့်အယှက်မရှိ တိုးတက်မည် ။ အိမ်ထောင်ဘ၀ ပျော်ရွှင်မည် ။ အကယ်၍ ဤဂြိုဟ်ပူးသည် ပုလ္လိင်ရာသီ၌ ရှိလျှင် ပညာရေး ပြည့်စုံမည် ။

တနင်္လာမှ ၆ တန့်ရှိ သော ကြာ

ဇနီး ဖြစ်သူ အနည်းငယ် အသားမည်းမည် ။ ကာမဆက်ဆံရေး ၌ တော် သဖြင့် ခင်ပွန်း ဖြစ်သူကို ကာမဂုဏ်ခံစားစေမည် ။ ဘ၀င်မြင့်မည် ။ အနည်းငယ် ရန် ဖြစ်တတ်မည် ။ သို့ သော် ကြင်နာတတ်မည် ။ အိမ်ထောင်ပြု နောက်ကျမည် ။ လုပ်ငန်း၌ ရာထူးတိုးခြင်းကျခြင်း ၂ မျိုးစလုံး ရင်ဆိုင်ရမည် ။ စွပ်စွဲခံရ ခြင်းကြောင့် ဇနီး စောစောသေမည် ။ သူမသည်လည်း မုဆိုးမ လည်း ဖြစ်နိုင်သည်။

တနင်္လာမှ ၇ တန့်ရှိ သော ကြာ

ဤအနေအထား၌ တနင်္လာသည် အရှေ့ဘက်တွင် ရှိပြီး သော ကြာက အနောက်ဘက်မှာ ရှိမည် ။ ဤအနေအထားအား အကျင့်စာရိတ္တများ စွာ ယိုယွင်းစေမည် ။ ဇနီးထံမှ သာယာမှု မရှိ။ အလုပ် အမျိုးမျိုးလုပ်မည် ။ တစ်သက်လုံး အိမ်ထောင်မပြုဘဲလည်းနေမည် ။ သို့ မဟုတ် မိန်းမအများ နှင့် တရား မ၀င်ဆက်ဆံမည် ။ တစ်ခုလပ်များ ၊ ခိုးပြေးခြင်းနှင့် ဇနီးဖြင့် နေ့စဉ်ရန် ဖြစ်ခြင်းမှာ ဤဂြိဟ်ပူး၏ ရလဒ် အချို့ ဖြစ်သည်။

(နောက်ဆုံးရှင်းရလျှင် ပါဝင်သည့်အိမ်အသီးသီးနှင့် ပတ်သက်၍ ထိုအနေအထား၏ ရလဒ် များ ကိုပေါင်းထည့်မှ သင့်လျော်သည့်ရလဒ်များ ကို ရပါမည် ။)

တနင်္လာမှ ၈ တန့်ရှိ သော ကြာ

မိန်းမကောင်း၊ သို့ မဟုတ် ကြာရှည်အသက်ရှင်မနေရပါ။ သူမသည် အမြဲတမ်းဖျားနာနေမည် ။ သို့ မဟုတ် ဒုတိယအိမ်ထောင်ပြုမည် ။

တနင်္လာမှ ၉ တန့်ရှိ သော ကြာ

အလုပ်၌ သာမန်တိုးတက်မှု ရှိမည် ။ နောက်ဆုံး၊ သို့ မဟုတ် အိုမင်းလာသည့်အခါ ဘာမှကျန်ရှိ တော့မည် မဟုတ်ပါ။ အိမ်ထောင်ပြုနောက်ကျမည် ။ ပထမဇနီးနှင့် ကလေးများ အသက်မရှင်။ ဒုတိယ ဇနီးမှ ကလေးများ အဖတ်တင်မည် ။ ဇနီး ဖြစ်သူမှာ ကမ္ဘာ့အမြင်ရှိမည် ။ ကလေး ၇-၈ ယောက် ရပြီး သတ်လတ်ပိုင်း ရောက်လာသည့်အခါ ၎င်း၏ ဆွဲဆောင်မှု အလှ၊ ကိုယ်ကာယအားလုံး ယိုယွင်းကုန် မည် ။

တနင်္လာမှ ၁၁ တန့်ရှိ သော ကြာ

ငယ်ရွယ်စဉ်အစပိုင်း၌ စီးပွားရေး လုပ်ငန်းအခြေမကျသေး။ ငွေအကျိုးအမြတ်မရှိ ဖြစ်မည် ။ သား များ စွာ ရှိမည် ။ စိတ်ကျန်းမာရေး ယိုယွင်းမည် ။ လူလတ်ပိုင်းအရွယ်လွန်မှ နေသားတကျ ဖြစ်မည် ။ အသက်ကြီးသည့်အခါ ဌာနအချို့မှ ဥစ္စာပစ္စည်း အကျိုး ဖြစ်ထွန်းမည် ။

တနင်္လာမှ ၁၂ တန့်ရှိ သော ကြာ

ဝန်ဆောင်မှု နှင့် စီးပွားရေး လုပ်ငန်းများ မှ ငွေအမြောက်အများ အကျိုးအမြတ်ရရှိမည် ။ စုဆောင်း မှု နည်းမည် ။ ကျော်ကြားမည် ။ အိမ်ထောင်ဘ၀ ပျော်ရွှင်မှု မရှိ။

တနင်္လာနှင့် ပတ်သက်၍ သော ကြာအား အနောက်ဘက်တွင် မြင်နိုင်သည့် သော ကြာ၏ တည် နေရာအသီးသီးကို ကျွန်ုပ်တို့ကိုင်တွယ်ခဲ့ပါသည်။

ယခု သော ကြာအရှေ့ဘက်တွင် ရှိသည့်အခါ (သော ကြာသည် တနင်္ဂနွေ၏ နောက် သို့ မဟုတ် ရှေ့ ၉ံ ၌ ရှိခြင်း) အလားတူယောဂကို ကျွန်ုပ်တို့ စဉ်းစားပါမည် ။ အတိုချုပ်အားဖြင့် သော ကြာသည် တနင်္ဂနွေ၏ နောက်တွင် ရှိသည့်အခါ တနင်္လာနှင့် ပတ်သက်ပြီး သော ကြာ၏ အနေအထားကို ကျွန်ုပ် တို့စဉ်းစားပါမည် ။ အတိုချုပ်အားဖြင့် သော ကြာသည် တနင်္ဂနွေ၏ နောက်တွင် ရှိသည့်အခါ တနင်္လာ နှင့် ပတ်သက်ပြီး သော ကြာ၏ အနေအထားကို ကျွန်ုပ်တို့ စဉ်းစားမည် ဖြစ်သည်။

တနင်္လာမှ ၂ တန့်ရှိ သော ကြာ

ကောင်းသော ဇနီးရှိမည် ။ အသုံးအဖြုန်းများ မည် ။ မိသားစုအားချစ်ခြင်း မြတ်နိုးခြင်းရှိမည် ။ သူမ ၏ ကုသိုလ်ကံကြောင့် စီးပွားရေး ၊ သို့ မဟုတ် ၀န်ထမ်းအလုပ်၌ တိုးတက်မှု ရှိမည် ။

တနင်္လာမှ ၃ တန့်ရှိသော ကြာ

ဇနီးက ခင်ပွန်း ဖြစ်သူအား ချစ်မည် ။ လေးစားမည် ။ မိသားစုများ ကို တာဝန်ယူဖြေရှင်းမည် ။ ကြောက်၍ ပြုလုပ်ခြင်း ဖြစ်မည် ။ သူမသည် သာမန်ကုသိုလ်ကံကောင်းသူ ဖြစ်မည် ။ ခင်ပွန်းအတွက် တိုးတက်မှု များများ စားစားမရှိ။ သို့ သော် အိမ်ထောင်ဘ၀ပျော်ရွှင်မည် ။

တနင်္လာမှ ၄ တန့်ရှိသော ကြာ

လင်မယားနှစ် ဦးစလုံး ကာမရာဂကြီးမည် ။ ကမ္ဘာ့ဗဟုသုတရှိမည် ။ အိမ်အကျိုးကို ရှေ့ရှုမည် ။ စီးပွားရေး သို့ မဟုတ် ၀န်ထမ်းအလုပ်၌ ချောမွေ့မည် ။ အဘက်ဘက်မှ ပျော်ရွှင်မည် ။ ဇနီး ဖြစ်သူမှာ အသားအနည်းငယ်မည်းမည် ။ တနင်္လာသည် ၄ တန့်အိမ်၌ ရှိပြီး သော ကြာသည် ၇ တန့်အိမ်၌ ရှိလျှင် ဇနီးအသားမည်းမည် ။ အိမ်ထောင်ရေး လုပ်ငန်းကျွမ်းကျင်မည် ။ ဤယောဂက သူ့အား စီးပွားရေး သမား ဖြစ်စေမည် ။

တနင်္လာမှ ၅ တန့်ရှိသော ကြာ

လင်မယားနှစ် ယောက် စလုံး လိင်ကိစ္စအားမသန်။ သွေးအေးမည် ။ သို့ သော် တစ်ဦးကိုတစ်ဦး ချစ်ကြမည် ။ နှစ် ဦးစလုံး အာရုံစိုက်မှု စိတ်ဓာတ်နှင့် အပြန်အလှန်ချစ်ကြ၍ နေအိမ်ကိုတည်ဆောက် မည် ။ ဇနီးကောင်း ဖြစ်မည် ။ ကောင်းသော ကလေးများ ရမည် ။ အင်ဂျင်နီယာအလုပ်၊ ရုပ်ရှင်ပညာ၊ ၀ိုင် ယာလက်၊ သို့ မဟုတ် ရေဒီယိုအစရှိသည်ကြောင့် အကျိုးအမြတ်ရမည် ။

တနင်္လာမှ ၆ တန့်ရှိသော ကြာ

ချောမောလှပသော ဇနီး၊ အားကျစရာကောင်းမည် ။ သို့ သော် တသီးတခြား နေလိုသည့် သဘာဝရှိမည် ။ တည်ငြိမ်မည် ။ စာနာစိတ်ရှိမည် ။ ခင်ပွန်းကိုလေးစားမည် ။ ဇနီး ဖြစ်သူလူတ်ပိုင်းအရွယ် ဖြစ်၍ ကလေးအနည်းငယ်ရှိမည် ။ ခင်ပွန်းနှင့် ကလေးများ အပေါ် ဂရုစိုက်မည် ။ အိမ်မှု ကိစ္စပိုင်နိုင်မည် ။ ဇနီးကစော၍ ကွယ်လွန်နိုင်သည်။ အိမ်ထောင်စောစောကျနိုင်သည်။

တနင်္လာသို့ ၇ တန့်ရှိသော ကြာ

ဤကိစ္စ၌ သော ကြာသည် အရှေ့ဘက်၌ ရှိပြီး တနင်္လာက အနောက်ဘက်တွင် ရှိမည် ။ ခင်ပွန်း က တက်ကြွသော ဆန္ဒမရှိ။ ဇနီးကရှိသည်။ ဤဂြိုဟ်ပူး၌ သူမက ခင်ပွန်း ဖြစ်သူအား ပျော်ရွှင်စွာ ထား မည် ။ ဇနီးအသားမည်းမည် ။ မိသားစုအတွင်း ညှိနှိုင်းနိုင်မည် ။ အိမ်တွင်းရေး ဂရုစိုက်မည် ။ ဤဂြိုဟ်ပူး၌ ယေဘုယျအားဖြင့် ကောင်းမည် ။ ကျေနပ်လောက်သော ရလဒ်များ ရှိမည် ။

တနင်္လာသို့ ၈ တန့်ရှိသော ကြာ

သာမန်ဇနီး၊ ဇနီးနှင့် မိသားစုဘ၀ကို တည်ဆောက်သော်လည်း ဖောက်ပြန်သော စိတ်ရှိမည် ။ ဇနီးအသက်ရှည်မည် ။ သူမသည် မိသားစုဘ၀၌ ပျော်ရွှင်၍ နေအိမ်ကိုဂရုစိုက်မည် ။

တနလာင်္သို့ ၉-တန့်ရှိသော ကြာ

မကောင်းသော အကျင့်မရှိ။ စာဖတ်ခြင်းအပြင် စိတ်ဝင်စားမှု မရှိ။ ဇနီး၊ သားသမီး၊ စီးပွားရေး လုပ်ငန်း၊ နေအိမ်အတွက်ပဲလုပ်မည် ။ အခြားဘာမှ ဂရုမစိုက်။

တနလာင်္သို့ ၁ဝ-တန့်ရှိသော ကြာ

လှပသော ဇနီး၊ သို့ သော်ကာမအာရုံသိပ်မရှိ။ ၂-လသို့ မဟုတ် ၄-လကြာ ကာမဆက်ဆံခြင်းမရှိ သော်လည်း ငြီးငြူမှု မရှိ။ သို့ သော် ခင်ပွန်းကသူမနှင့် ပျော်ရွင်မည် ။ လင်ယောက်ျား၏ ရက်စက်မှု ကို သည်းခံနိုင်သည်။ ဤဂြိုဟ်ပူး၌ ဇနီးက ကြိုးနွံလျှင်၊ စီးပွားရေး ၌ တိုးတက်မှု မရှိ။ အခြေခံလိုအပ်သည့် ပြဿနာ ဖြေရှင်းခြင်းမရှိ။ အမြဲစိတ်သော ကရှိမည် ။ သူတို့သည် ဝန်ထမ်းအလုပ်ဖြင့် သာ ကိုက်ညီ သည်။

တနလာင်္သို့ ၁၁-တန့်ရှိသော ကြာ

ဤအနေအထား၌ အသက် (၂၄) နှစ် တွင် စီးပွားရေး လုပ်ငန်း၊ သို့ မဟုတ်၊ ဝန်ထမ်းအလုပ်၌ အခြေချမိမည် ။ ငွေအများ အပြားဝင်မည် ။ စီးပွားဥစ္စာစုဆောင်းမိမည် ။အိမ်တွင်းရေး ဘဝ ပျော်ရွင်မည် ။ သားလိုချင်သည့် သော ကရှိမည် ။

တနလာင်္သို့ ၁၂-တန့်ရှိသော ကြာ

အိမ်ထောင်ကျပြီးနောက် ငွေကြေးပြဿနာရှိမည် ။ အလုပ်ဝင်ရန် စိုးရိမ်မည် ။ ဝင်ငွေထက် ထွက်ငွေပိုများ သော်လည်း၊ အိမ်ထောင်ဘဝပျော်ရွင်မည် ။

မှတ်ချက်။ ။ တနလာင်္မှ ၇-တန့် သော ကြာ၏ ရလဒ်များ ကိုအနောက်နှင့် အရှေ့ရှိသော ကြာဖြင့် အထက်၌ ညွှန်ပြခဲ့သည်။ သော ကြာနှင့် တနလာင်္ကအိမ်များ ကိုရပ်လျှင် ထိုအချက်ကို မည် ကဲ့သို့ ချဲ့ထွင်နိုင်ကြောင်း မေးခွန်းထွက်ပေါ်လာသည်။ တစ်ခုတည်းသော နည်းမှာ အိမ်များ ၏ ရလဒ်များ ကို ပူးပေါင်းထည့်ပေးလိုက်ခြင်း ဖြစ်သည်။ အထက်မှပြဆိုသော ရလဒ်များ မှာ ၊ သော ကြာ သည်အရှေ့ဘက်တွင် ရှိသည်၊ သို့မဟုတ်အနောက်ဘက် တွင် ရှိသည်ဆိုသည့် အချင်ပေါ် တည်သည်။

တနလာင်္သည် ၄-တန့်တွင် ရှိလျှင်၊ သော ကြာတွင် ရှိမည် ။ ရလဒ်များ မှာ မိဘများ သာယာမှု သိပ် မရှိ။ ပညာရေး မပြည့်စုံ။ အိမ်ထောင်မပြုဘဲနေမည် ။ သို့ မဟုတ် အိမ်ထောင်ပြုနောက်ကျမည် ။ ဇနီး ကြောင့် ကာမဆန္ဒပြည့်ဝမည် ။ ပျော်ရွှင်မည် ။ ဇနီးအသက် (၄၅ံ-၄၈)နှစ် အတွင်း ကွယ်လွန်မည် ။ သို့ မဟုတ် အိမ်ထောင်နှစ် ဆက် ဖြစ်မည် ။ ကလေးရရန် ခက်ခဲမည် ။

သို့ မဟုတ် ၃ ကြိမ် ကလေးပျက်ကျပြီးမှ ၁ယောက် တင်မည် ။ လူမှု ဆက်ဆံရေး သိပ်မကောင်း၊ နေဖို့လောက်ရုံသာငွေဝင်မည် ။ ကိုယ်ပိုင်စီးပွားရေး လုပ်မည် ။ အထက်ပါ သော ကြာအနေနှင့် အနောက် ရှိရလဒ်များ ကို ပေါင်းထည့်ရန် ၀န်ဆောင်မှု မရှိ။ ပူးပေါင်းရလဒ်များ ကို တန်ဖိုးဖြတ်ရမည် ။

* * * * *


အခန်း (၃)

သော ကြာ-အင်္ဂါ

သော ကြာ-အင်္ဂါပူးခြင်းရလဒ်များ ကို ရှေးပညာရှင်တို့က အောက်ပါအတိုင်း ဖော်ပြသည်။

(က) ကောက်ကျစ်မည် ။ လိမ်မည် ။ ရာဂကြီးပြီး မိန်းမများ နှင့် လိင်သာယာမှု ကို နှစ်သက် မည် ၊ မာနကြီးမည် ။ အားလုံးနှင့် ရန်လိုမည် ။

(ခ) သိုးကျောင်းသား၊ နဘမ်းသမား၊ ကျွမ်းကျင်သူ၊ သူတစ်ပါးမယားကြာခိုသူ။ ကစား သမား၊ သို့ မဟုတ် လူလိမ်။

(ဂ) အရည်အချင်းကြောင့် လူအများ ၏ ခေါင်းဆောင် ဖြစ်မည် ။ ဗေဒင်ဆရာ။ လောင်းကစား ခြင်း၊ လိမ်ပြောခြင်းကို နှစ်သက် မည် ။ ဘ၀င်မြင့်မည် ။ သူတစ်ပါးမယားကြာခိုမည် ။ အများ ၏ လေးစား ခြင်းခံရမည် ။

(ဃ) မိန်းမများ နှင့် ကာမသာယာမှု ကို နှစ်သက် မည် ။ လောင်းကစားခြင်း၊ လိမ်ပြောခြင်း၊ ကောက်ကျစ်ခြင်းရှိမည် ။ မာနမရှိ။ အားလုံးနှင့် ရန်လိုမည် ။

(င) သိုးကျောင်းသား၊ နပမ်းသမား။ လောင်းကစားသမား၊ ကျွမ်းကျင်မည် ။ သူတစ်ပါးမိန်းမ ကြာခိုမည် ။

အခြားအယူအဆများ

သော ကြာနှင့် အင်္ဂါက သိုးကျောင်းသား၊ နပမ်းသမား၊ လောင်းကစားသမား ကျွမ်းကျင်အလုပ် သမား ဖြစ်မည် ။ ကောက်ကျစ်မည် ။ ဓာတ်သတ္တုလုပ်ငန်း၌ စိတ်ဝင်စားမည် ။ အင်္ဂါစွမ်းအင်ကြောင့် သမ္ဗန္ဓ ဖြစ်ပြီး ချစ်ခြင်း၊ လှပသော အရာကို သဘောကျခြင်း စသည့်အရည်အသွေးကို အားဖြည့်ပေး သည်။ စိတ်ထိခိုက်လွယ်မည် ။ သည်းမခံတတ်။ သို့ သော် မကြာမီစိတ်ပြေသွားမည် ။ ပရိသတ်ကို ချစ် မည် ။ စွန့်စားမည် ။ ကြမ်းတမ်းမည် ။ မက်မောမည် ။

သော ကြာနှင့် အင်္ဂါသမ္ဗန္ဓ ဖြစ်ခြင်း၊ သို့ မဟုတ် သော ကြာဂြိုဟ်နှင့် အင်္ဂါပူးခြင်း၊ အကယ်၍ သော ကြာနှင့် အင်္ဂါသည် ၇ တန့်၌ ပူးပြီး ပါပအမြင်ခံရလျှင် ခံစားချက်ကို စိုးမိုးသည်။ အိမ်ထောင်ရေး ပြဿနာ ၌ အင်္ဂါက အခြားသော ဂြိုဟ်များ ထက် အဆိုးကြီးကို ဖြစ်စေသည်မှာ ထင်ရှားသည်။

သော ကြာပေါ်သို့ အင်္ဂါ၏ လွှမ်းမိုးမှု မှာ သတ္တိရှိပြီး လက်နက်မပါလျှင် ဇာတာရှင်သည် ကာမ ရမက်ကြီးပြီး ကာမဖောက်ပြန်မည် ။ (ဗြို့ဟင်ဇာတက)အလိုအရ ဤဂြိုဟ်ပူးသည် ကာမဖောက်ပြန်သူ၊ လောင်းကစားသူအ ဖြစ် ညွှန်ပြသည်။ သူ့ရမက်ကို ဖြေဖျောက်ရန် ဘသာဝမဟုတ်သည့်နည်းမျာကို အသုံးပြုမည် ။ အမျိုးသမီးဇာတာတွင် အကယ်၍ အင်္ဂန၀ါးလဲလှယ်ကြလျှင် သူမသည် ဖောက်ပြန်မည် ။

အင်္ဂါနှင့် သော ကြာပူးခြင်း၊ သို့ မဟုတ် ၎င်းတို့အပြန်အလှန်မြင်ခြင်းကြောင့် အိမ်ထောင်ဘ၀ ကွဲ ကွာခြင်းကို ညွှန်ပြသည်။

ထိုကဲ့သို့ သော ဂြိုဟ်ပူး လဂ်မှ ၂ တန့် သို့ မဟုတ် ၇ တန့်၌ ရှိလျှင် မိဿရာသီဖွား မိန်းကလေး အတွက် အန္တရာယ်မရှိပါ။ သို့ သော် အင်္ဂါသည် အိမ်ထောင်ပြုခြင်း၏ အလှ ဖြစ်သည်။ သော ကြာမှ အင်္ဂါ ၏ အချို့သော အနေအထားသည် သက်ဆိုင်ရာဘ၀ကြင်ဖော်ကို ပယ်ရှားမည် ။ ဤသည်ကို (ကုဇ ဒေါသ)ဟုခေါ်သည်။

တစ်ခါတစ်ရံ စာရိတ္တဖောက်ပြား၍ ကြမ်းတမ်းသော အမူအကျင့်ကိုလည်း ညွှန်ပြသည်။ ကခြင်း၊ ဆိုခြင်းကို အလွန်ခုံမင်ပြီး အိမ်ထောင်ပြုစော၍ ပျော်ရွှင်မှု မရှိ။ ပူနွေးသော ခံစားမှု ။ ထိန်းချုပ်မှု မရှိသော ဆန္ဒ၊ သို့ မဟုတ် အလွန်ပြင်းထန်သော သဘာဝရှိမည် ။

သော ကြာနှင့် အင်္ဂါအပူးသည် ဖြေလွှတ်ခြင်းမရှီခဲ့လျှင် ဆန္ဒကိုအမြင့်ဆုံး လှုံ့ဆော်နိုင်ပြီး သား ကောင်ကို ခန္ဓာကိုယ်အာဖြင့် အားနည်းသွားစေမည် ။ လွယ်လင့်တကူပဲ အတွင်းကျသွားစေမည် ။ သူ တို့သည် ဘ၀ကို စုပ်ယူသူများ ဖြစ်သည်။ သော ကြာသည် ၇ တန့်သို့ မဟုတ် တနင်္လာ၌ ရှိမည် ။

သော ကြာအပူးသည် သန့်စင်ခြင်းနှင့် အလှအပမြတ်နိုးခြင်းကို ခွဲခြားစေမည် ။ သို့ သော် သော ကြာ၊ အင်္ဂါ၊ အထူးသဖြင့် အိမ်ထောင်ရေး အဆင်ပြေနိုင်သော ပြဿနာကို ထည့်သွင်းစဉ်းစားရာ၌ ဂုဏ်သရေရှိခြင်း။ အနှစ် သာရရှိခြင်း၊ ချမ်းသာကြွယ်ဝခြင်းတို့ မပါရှိ။

သော ကြာ၏ အနေအထား၊ သို့ မဟုတ် မိဿ၊ သို့ မဟုတ် ဗြိစ္ဆာ၊ သို့ မဟုတ် သော ကြာအပေါ် အင်္ဂါ၏ အမြင်တို့သည်လည်း အချို့သော ဒီဂရီ၌ ကိုယ်ကျင့်သိက္ခာ တည်ငြိမ်ရေး အတွက် လိုအပ်ခြင်း မရှိ။ အမှန်အားဖြင့် အင်္ဂါနှင့် သော ကြာသမ္ဗန္ဓ ဖြစ်လျှင် သို့ မဟုတ် အပြန်အလှန်မြင်ခြင်း၊ သို့ မဟုတ် ရာသီ၊ သို့ မဟုတ် န၀င်းရှိအိမ်များ လဲလှယ်ခြင်းက ဇာတာရှင်အား ကာမဖောက်ပြန်ရန်ပြဆိုသည်။

သော ကြာပါဝင်သော အခြားကဏ္ဍရှိပါသေးသည်။ သော ကြာသည် ပူးသည့်ဂြိုဟ်အား ပျော့ ပြောင်းစေမည် ။ သူညွှန်ပြသည့် မြတ်နိုးသော ဘ၀ကို သူ့အမြင်က ကြီးထွားစေသည်။ ဂြိုဟ်၏ သဘာဝ ကို လှုံ့ဆော်၍ အဆင်ပြေခြင်း ဖြစ်လာစေမည် ။ ဤသို့ ဖြင့် အင်္ဂါနှင့် သော ကြာအကြား၊ သင့်လျော်သော အမြင်က မြတ်နိုးမှု ကို ပူနွေးစေမည် ။ တက်ကြွစေမည် ။

သော ကြာ၏ သန့်စင်ခြင်းကို အခါအားလျော်စွာ ကြမ်းတမ်းစေမည် ။ တေးဂီတ၊ အကကို မြတ်နိုးမည် ။ ဇာတာရှင် ချစ်မြတ်နိုးသည်များ မှ ခွဲခြားစေမည် ။ ကိုယ်ပိုင်ခံစားမှု နှင့် လွတ်လပ်ခြင်းကို မြတ်နိုးမည် ။ ဤဂြိုဟ် ၂ လုံးသမ္ဗန္ဓ ဖြစ်ခြင်းကြောင့် ချစ်တတ်သော အရည်အသွေး၊ အလှနှင့် ဘ၀ကို ခံစားခြင်းတို့ ပို၍ ပေါက်ကွဲစေကြောင်း တွေ့ ရမည် ။ အချို့သော ဂုဏ်သရေရှိမှု များ ယိုယွင်းနေမည် ။ ဇာတာရှင်သည် ထိခိုက်လွယ်မည် ။ တဏှာရမက်ကြီးမည် ။ ဆွဲဆောင်မှု နှင့် စွမ်းအားရောထွေးနေမည် ။

တနင်္ဂနွေနှင့် ဆက်နွယ်သော အင်္ဂါနှင့် သော ကြာ

အင်္ဂါသော ကြာအပူးသည် တနင်္ဂနွေရှေ့မှရှိလျှင် အနောက်အရပ်၌ ညနေခင်းအခါတွင် မြင်တွေ့ ရမည် ။ ဤဂြိုဟ်အပူးအနေအထားသည် ဤကာလ၌ အလွန်ဆွဲဆောင်မှု ရှိမည် ။ အင်္ဂါ၏ အရောင် သည် ကြေးရောင် ဖျော့ဖျော့အ ဖြစ် မြင်ရမည် ။ အလားတူပင်၊ ဤဂြိုဟ်ပူးသည် တနင်္ဂနွေ နောက်၌ ရှိလျှင် နံနက်ခင်းတွင် အရှေ့ဝင်ရိုးစွန်း၌ တွေ့ မြင်နိုင်သည်။ ဤအနေအထား၌ အင်္ဂါဂြိုဟ်မှ အရောင် သော ကြာပေါ် ကျရောက်ရာတွင် နှင်းဆီရောင် ဖြစ်ပြီး အလွန်လှပပါသည်။ ဤအနေအထား ၂ ခုရှိ သော ကြာ-အင်္ဂါအပူးကို ကျွန်ုပ်တို့ စဉ်းစားကြရအောင်။

တနင်္ဂနွေရှေ့၌ ရှိသည့် သော ကြာ - အင်္ဂါ

သော ကြာ - အင်္ဂါ အပူးသည် တနင်္ဂနွေရှေ့၌ ရှိလျှင် အောက်ပါရလဒ်များ ကို ဖြစ်စေမည် ။

ဇနီး ဖြစ်သူ အလွန်လှပမည် ။ အရည်အချင်းနှင့် ပြည့်စုံမည် ။ အနက်ဘက်သို့ များ သည့် ကြေးနီ အသားရောင် ရှိမည် ။ နှာတံပေါ်မည် ။ ဆွဲဆောင်မှု ရှိမည် ။ မျက်လုံးကျယ်မည် ။ ဆံပင်နက်မည် ။ ရင်သား ထွားမည် ။ အရပ်အမောင်းကောင်းမည် ။ သူမသည် အလွန်ခေါင်းမာမည် ။ ကြောက်ရွံ့ခြင်းမရှိ။

အချစ်ရေး ကျွမ်းကျင်မည် ။ သူမကိုယ်နှိုက်က ကာမဂုဏ်လိုက်စားပြီး ခင်ပွန်း ဖြစ်သူလည်း ပါဝင် လာရန် ဆွဲဆောင်မည် ။ ခင်ပွန်း ဖြစ်သူအပေါ် တဏှာကြောင့် မဟုတ်ဘဲ အလွန်ချစ်မြတ်နိုးမည် ။ သူမ ၏ အကြည့်သည် မြတ်နိုးခြင်းကို မြှင့်တင်ပြီး ကာမဆန္ဒ ဖြစ်စေရန် လှုံ့ဆော်ပေးမည် ။ ချစ်နှီးနှောခြင်း တစိတ်တဒေသအ ဖြစ် ရန် ဖြစ်မည် ။ အခက်အခဲ ဒုက္ခကြုံတွေ့ သည့်အခါ တည်ငြိမ်မှု မရှိ။ ဇိမ်ကျသည့် ဘ၀ရှိမည် ။ ပျော်ရွှင်တတ်မည် ။

စကားများများ ပြောမည် ။ ခင်ပွန်းအပေါ် သြဇာလွှမ်းနေစေမည် ။ အိမ်မှု ကိစ္စကျွမ်းကျင်မည် ။ အိမ်ကိုခင်မည် ။ အိမ်တွင်းအရေး ကိစ္စများ တွင် ပရိယာယ်ကြွယ်ဝမည် ။ ခင်ပွန်း ဖြစ်သူလည်း ချစ်ရေး ကြိုက်ရေး ၀ါသနာရှိမည် ။ ကာမဂုဏ်လိုက်စားမည် ။ ဂရုတစိုက် ဆက်ဆံတတ်မည် ။

ဤဂြိုဟ်ပူးသည် မိဿ၊ ပြိဿ၊ တူ၊ မကာရ၊ ကွမ်၊ မိန်အတွက် ထိရောက်မှု မရိ။ ဤလဂ်များ ၌ ပါပ၏ ရလဒ်ဆိုးများ သာ ဖြစ်ပေါ်စေမည် ။ ဤအပူးသည် မေထုတ်နှင့် ကုမ်လဂ်များ အတွက် ကလေး နည်းစေမည် ။

အခြားလဂ်များ အတွက် သာမန်ရလဒ်များ သာ ဖြစ်မည် ။ အားလုံးခြုံလိုက်လျှင် ဤအပူးသည် အချစ်ရေး ၊ အိမ်ထောင်ရေး ။ ချစ်ရေး ကြိုက်ရေး နယ်ပယ်၌ အမြင်များ အပေါ်မူတည်၍ လှပသော ရလဒ် များ ကိုပေးပါမည် ။ အခြားနယ်ပယ်များ တွင် မူ ရလဒ်များ သိပ်မကောင်းလှ။

ပါပရလဒ်များ

ဝန်ဆောင်မှု လုပ်ငန်း၌ တိုးတက်မှု မရှိ။ အလုပ်၌ အထက်တန်းသို့ ရာထူးတိုးမြှင့်ခြင်းမရှိ။ ငွေရေး ကြေးရေး အခြေအနေမှာ ပျော်ရွှင်စရာနည်းပြီး ၀မ်းနည်းစရာ ဖြစ်မည် ။ အချို့သော ရာသီရှိ ဤအပူး သည် ကလေးများ အကျိုးမပေး။ မိသားစုတွင်းအရေး ပါ၍ အားထားရသူသေဆုံးမည် ။ ဇာတာရှင်၏ စာရိတ္တချွတ်ယွင်းမည် ။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း၌ ကျော်ကြားမှု မရှိ။ အခက်အခဲများ ကြားမှ ငွေရှာရ မည် ။ သို့ သော် အသုံးများ သည့်အတွက် ဒုက္ခတွေ့ မည် ။

တနင်္ဂနွေနောက်ရှိ သော ကြာ - အင်္ဂါ

ဤအနေအထား၌ ဇာတာရှင်သည် ဇနီးကောင်းကိုရမည် ။ သို့ သော် ဆွဲဆောင်မှု မရှိ။ အရပ် အမောင်းမကောင်း။ ၀မည် ။ မျက်လုံးလှမည် ။ ကြီး၍ နီမည် ။ ဆံပင်များ မည် ။ နက်မည် ။ ရှည်မည် ။ တောက်သည်။ မျက်နှာဝိုင်းမည် ။ နှာခေါင်းပေါ်မည် ။ သည်းမခံတတ်။ ကာမရာဂကြီးမည် ။ အိမ်ထောင် ရှင်ကောင်း ဖြစ်မည် ။ ဧည့်သည်များ ကို လေးစားမည် ။

သို့ သော် - လင်ယောက်ျားအပေါ် လေးစားမှု မရှိဘဲ နှိမ့်ချမည် ။ ဤသို့ ဖြစ်သော်လည်း သူမက ခင်ပွနာ်းအားချစ်မည် ။ အခြေအနေဆိုးလျှင် ဒုက္ခ ဖြစ်လျှင်၊ စာရိတ္တယိုယွင်းလာမည် ။ ရောဂါ ကြောင့် ဖြစ် စေ၊ ခြုံ၍ ဖြစ်စေ - ကလေးမရရှိ။ ဇနီး တစ်ယောက် အနေဖြင့် အသုံးအဖြုန်းများ သည့်အတွက် ငွေစုမိ မည် မဟုတ်။ ခင်ပွန်း ဖြစ်သူမှာ ဇနီးရှိပါလျက် အခြားမိန်းမများ နှင့် ပျော်ပါးမည် ။ ဤကိစ္စနှင့် ပတ်သက်၍ ဇနီးက ငြိုငြူပြစ်တင်ခြင်းမရိ။

ဤပါယ်အပူးသည် အရှေ့၊ သို့ မဟုတ် အနောက် မည် သည့်နေရာ၌ ရှိသည် ဖြစ်စေ၊ ဤအပါယ် အပူး၏ လက္ခဏာရပ်အနေဖြင့် အချို့သော ရလဒ်များ ရှိမည် ။ ဤအပူးနှင့် ပတ်သက်သည့် လက္ခဏာ ရပ်များ မှာ အောက်ပါအတိုင်း ဖြစ်ပြီး စောစောကဖော်ပြချက်များ ပါ ပူးပေါင်းထည့်ပေးပါ။

(၁) အိမ်ထောင်မပြု။

(၂) အိမ်ထောင်ပြုလျှင်လည်း နောက်ကျမည် ။

(၃) အိမ်ထောင်ပြုပြီး ဇနီးအသက်ရှင်လျက်ရှိလျှင် ကလေးအတွက် ကံမကောင်း။

(၄) အလုပ်၌ အခက်အခဲရှီမည် ။ ရာထူးတိုးခြင်းလည်းမရှိ။

(၅) ကာယဒုက္ခ၊ ငွေကြေးဒုက္ခရှိမည် ။

(၆) ကျန်းမာရေး ယိုယွင်းလာမည် ။

(၇) မိသားစုတွင်းအရေး ပါအရာရောက်သူ ကွယ်လွန်မည် ။

(၈) အိမ်ထောင်မပြုလျှင် ပြင်ပမိန်းမများ နှင့် ပျော်ပါးမည် ။

တနင်္လာ - အင်္ဂါ။ တနင်္လာ- သော ကြာအပူးများ သည် ထင်ရှားသော အချစ်ကိစ္စ၊ အိမ်ထောင် ရေး ကိစ္စပြောကြသည်များ ရှိသည်။ သို့ သော် ဤနယ်ပယ်တွင် သော ကြာ-အင်္ဂါ အပူး၏ ရလဒ်များ မှာ အလွန်ခြားနားသည်။ စောစောက ဖော်ပြရာ၌ တနင်္လာပူးပေါင်းလာသည့် သို့ မဟုတ် အမြင်ခံရသည့် ဂြိုဟ်အပေါ် ပျော့ပျောင်းသော အကျိုးကို ဖြစ်စေမည် ။ တနင်္လာက သိက္ခာကို ထည့်သွင်းမည် ။ သို့ သော် လက္ခဏမှာ သုန်မှု န်ပြီး ပြောင်းလဲတတ်မည် ။ အင်္ဂါသည် အနောက်ဘက်တွင် ပူးလျှင် တဏှာရမက်ကြီး မှု ၊ ကာမရာဂခံစားမှု ၊ တောင့်တင်းမှု ကို ဖြစ်စေသော ဂြိုဟ် ဖြစ်သည်။ မည် သို့ ဆိုစေ သော ကြာနှင့် အင်္ဂါ အပူးများ မှ ဖြစ်ပေါ်လာသော ရလဒ်များ ကို ကျွန်ုပ်တို့နှိုင်းယှဉ်ကြည့်ရအောင်။

တနင်္လာ - အင်္ဂါ

ကြောက်၍ ၊ မတတ်သာ၍ ဇနီးကခင်ပွန်းကို ချစ်မည် ။ ခင်ပွန်းက ရာဂကြီးမည် ။ အမျိုးသမီးများ နှင့် အပေါင်းအသင်းလုပ်လိုမည် ။ ဤအပူးအရ ခင်ပွန်းကဇနီးကို ချစ်ရာ၌ တိရစ္ဆာန်ကိုချစ်သည်နှင့် ပို၍ တူမည် ။ ဇနီးမှာ လေးစားခြင်းမရှိ။ စာရိတ္တကို ယိုယွင်းစေမည် ။

တနင်္လာ - သော ကြာ

လင်မယားနှစ် ယောက် ၏ အချစ်မှာ အများ ၏ အမြင်တွင် ပြည့်စုံမည် ။ ယေဘုယျအားဖြင့် တစ်ဦးကိုတစ်ဦး ချစ်ကြမည် ။ ဤအပူးသည် လင်နှင့် မယား အတူတကွ ပျော်ရွှင်စွာ ရှိသည်ဟု အများ အမြင်၌ ယူဆရလောက်အောင် ဖြစ်သည်။

သော ကြာ - အင်္ဂါ

ကာမရေး ရာ၊ နှစ် လိုဖွယ်အပြုအမူနှင့် အချစ်သည် ဇနီးအတွက်သာ အကန့်အသတ်ရှိမည် ။

အထက်ပါဂြိုဟ်အပူးများ အားလုံးမှ ထွက်ပေါ်လာသည်မှာ အိမ်တွင်းရေး ကိစ္စများ နှင့် ပတ်သက် ပြီး ပူပန်သော ကမရှိပါ။ အားလုံးသော အထက်ပါအပူးထဲမှာ ထွက်ပေါ်လာသည့်အဓိက အရေး ကြီးဆုံး မှာ ကာမဆန္ဒပြည့်ဝခြင်းပင် ဖြစ်၏ ။ ဒုက္ခများ နှင့် စိတ်ဖိစီးခြင်းများ ရှိလျှင် အချစ်မရှိတော့။ အိမ်၌ တစ်စုံ တစ်ခုကိစ္စပြီးစီးသွားသည့်အခါ ဤဇနီးများ သည် အိမ်ကိစ္စကို အိမ်နီးနားချင်းများ အား ထုတ်ပြောလိမ့် မည် ။

ဤသို့ ဖြင့် ဤဂြိုဟ်အပူးများ ကြောင့် ဇနီးများ သည် သူတို့ခင်ပွန်းများ ၏ သိက္ခာကို ဂရုစိုက်ခြင်း မရှိ၍ ဆန့်ကျင်သော အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သည်။ ဇနီးများ ကိုယ်တိုင်က သူတို့ယောက်ျား များ အကြောင်းကို ဖော်ထုတ်သဖြင့် တကယ့်အချစ်ဟု ဘယ်သို့ ပြောဆိုနိုင်မည် နည်း။ သို့ ဖြစ်၍ ဤအပူး များ ကြောင့် လင်နှင့် မယားအကြား တကယ့်အချစ်ကို မေးခွန်းထုတ်စရာမလို။

၂ တန့် သို့ မဟုတ် သော ကြာသို့ ၁၂ တန့်ရှိအင်္ဂါ

ဇနီးသည်အသုံးအဖြုန်းများ ၍ ငွေမစုမိနိုင်။ ခင်ပွန်းက ငွေလုံလောက်စွာ မရရှိ။ တစ်နည်းနည်း ဖြင့် မိသားစုရပ်တည်နေမည် ။ လင်မယားအကြား ချစ်ကြမည် မှာ သံသယ ဖြစ်စရာမလို။ သို့ သော် ဇနီး က ခင်ပွန်းနှင့် ရန် ဖြစ်မည် ။ ခရီးသွားဖော်အနေဖြင့် သူတို့အတူတကွ နေထိုင်ခြင်း ဖြစ်သည်။ ဘ၀အစော ပိုင်းတွင် ပျက်စီးမှု များ မည် ။ ဘ၀နောက်ပိုင်းကျမှသာ ငွေကြေးအခြေအနေတိုးတက်မည် ။

အင်္ဂါသည် သော ကြာမှ ၆ တန့်၌ ရှိခြင်း

ဤဂြိုဟ်ပူး၌ အင်္ဂါ-သော ကြာအပူးကြောင့် ဖြစ်ပေါ်ရသော ရလဒ်အားလုံးရှိမည် ။ အများ အားဖြင့် ကြမ်းတမ်းသည့်သဘာဝရှိမည် ။ ၅ တန့်နှင့် ၁၁ တန့်အိမ်များ မှအပ၊ အခြားနေရာအားလုံး၌ ရလဒ်ဆိုးများ ဖြစ်စေမည် ။ ဤအပူးသည် ၅ တန့်နှင့် ၁၁ တန့်၌ ရှိလျှင် ကလေးမွေးဖွားခြင်းမှအပ အားလုံးရလဒ်ကောင်းများ ဖြစ်မည် ။

အိမ်အသီးသီးရှိသော ကြာ - အင်္ဂါ အပူး

(၁) ဇိမ်ကျသော ဘ၀ကို နှစ်သက် မည် ။ စိတ်ကူးယဉ်မည် ။ မြတ်နိုးမည် ။ ကိုယ်ကျိုးမပါ ၀န်ဆောင်မည် ။ အခြားသူတို့၏ ဒုက္ခကိုတာဝန်ယူမည် ။ အားကိုးအားထားပြုနိုင်သည်။ အိမ်ထောင် ၂ ဆက် ဖြစ်နိုင်သည်။ အချို့မိသားစု၌ အိမ်ထောင် ၁ ဆက်တည်းဖြင့် စီးပွားချမ်းသာပြည့်စုံမည် ။

အစောပိုင်းနှစ် များ ၌ မည် သည့်လုပ်ငန်းတစ်ခုမှာ မှ အခြေမချနိုင်။ နောက်ပိုင်းရောက်မှ အချို့ အခြေချမိမည် ။ ဇနီး၏ ကုသိုလ်ကံကြောင့် အစားအစာ၊ အ၀တ်အထည်ချို့တဲ့မှု မရှိ၊ ဇနီး၏ ကုသိုလ်ကံ ကြောင့် အစားအစာ၊ အ၀တ်အထည်ချို့တဲ့မှု ၊ ဇနီးကခင်ပွန်းအား အလွန်ချစ်မည် ။ ကလေးမရနိုင်သော အခက်အခဲတစ်ခုခုကြောင့် သော်လည်းကောင်း၊ ဇနီး၏ ချွတ်ယွင်းချက်ကြောင့် သော်လည်းကောင်း ကလေးမရခြင်း ဖြစ်မည် ။

(၂) မိဘအမွေရှိသော်လည်း ဇာတာရှင်ကအားလုံး ဖြုန်းတီးပစ်မည် ။ ငယ်ရွယ်စဉ်က ငွေ အချို့ဝင်မည် ။ သို့ သော် အားလုံးသုံးပစ်မည် ။ မနက်ဖန်အတွက် အလေးမပြု။ စုထားသော ငွေမရှိ။ သူ့ ကြိုးစားမှု ကြောင့် ရွှေ့ပြောင်းနိုင်သော ။ မရွှေ့ပြောင်းနိုင်သော ဘာပစ္စည်းမှမတည်ဆောက်နိုင်။ သူကြိုးစား၍ ရသည့်ငွေထိန်းမထားနိုင်။ အသက် ၄၈ နှစ် ပြည့်ပြီးမှ ငွေအချို့စုနိုင်မည် ။ လူတွေ က စွပ်စွဲ ကြသည်ကို ဇနီးက သံသယဖြင့် ကြည့်မည် ။ ဇာတာရှင်သည် ချောမောမည် ။ လေ ရောဂါ ရှိမည် ။ ဥာဏ် မရှိ။ ပေါင်းသင်းရခက်မည် ။ ကလေးနည်းမည် ။ ဖြောင့်မှန်ခြင်းမရှိ။

(၃) ဇာတာရှင်သည် လက်မှု ပညာကျွမ်းကျင်မည် ။ လှပမည် ။ ဘာသာရေး ကိုင်းရှိုင်းမည် ။ ဘုရားလှည့်လည်ဖူးခြင်းကို နှစ်သက် မည် ။ အဆိုတော် မည် ။ ညီအစ်ကိုမောင်နှမကောင်းများ ရှိသည်။ အိမ်ထောင်ပြုပြီးနောက် လင်မယားရန် ဖြစ်မည် ။ ဇနီးက ခွဲခွာသွားမည် ။ ဇာတာရှင်က မည် သည့်အလုပ် မဆို လုပ်မည် ။ သို့ မဟုတ် မည် သည့်နည်းနှင့် မဆို ငွေရှာပြီး မိန်းမနှင့် ပတ်သက်၍ အားလုံးသုံးပစ်မည် ။

(၄) ဇာတာရှင်သည် ထူးခြားသည့်ကျွမ်းကျင်မှု ရှိမည် ။ အကျင့်စာရိတ္တမကောင်း။ သူ့အတန်း အစား၌ သူ့လိုလူမျိုးမရှိ။ ရာဂကြီးည်။ တရားစာပေဗဟုသုတမရှိ။ အစာကြောင့် ဒုက္ခ ဖြစ်မည် ။ မိဘ အမွေရမည် ။ အမွေကို တိုးတက်အောင်လုပ်မည် ။ ကလေးနှင့် ပတ်သက်၍ ပါပရလဒ် ဖြစ်မည် ။

ဤဂြိုဟ်ပူးသည် ဇာတာခွင်၌ မေထုန်၊ တူ၊ ကုမ်လဂ်များ ရှိလျှင် ကလေးနှင့် ပတ်သက်၍ ပါပ ရလဒ်ရမည် ။ အခြားလဂ်များ ၌ ဤဂြိုဟ်ပူးရှိလျှင် ကလေး ၁ ယောက် - ၂ ယောက် ရနိုင်သည်။ ဖခင် ထက် မိခင်အသက်ရှည်မည် ။ ဤဂြိုဟ်ပူးကြောင့် ဇာတိမြို့ကို စွန့်၍ အခြားမြို့သို့ ပြောင်းရွှေ့နေထိုင် မည် ။

(၅) ဤနေရာရှိဂြိုဟ်ပူးသည် ကျွမ်းကျင်မှု တစ်ခုတည်းကို ဖြစ်စေ၍ ၎င်းမှ နာမည် ကျော် ကြားမည် ။ လက်မှု ပညာ၊ ပန်းချီ၊ ဆေးသုတ်သူ၊ အဆိုတော် ၊ တူရိယာတီးမှု တ်သူ သို့ မဟုတ် ကဗျာစပ် သူ ဖြစ်မည် ။ ကလေးမွေးဖွားသော်လည်း သေသွားမည် ။ အသက်ကြီးသည့်အခါ ကလေးများ ပျော်ရွှင်မှု မရှိ။ ဇနီးအသက်ရှည်မည် ။ ရန်လိုစိတ်များ ရှိမည် ။ အောက်တန်းကျသူတို့၏ လွှမ်းမိုးခြင်းခံရမည် ။ ဗြဟ္မဏမြင့်မြတ်သူတို့အား လေးစားမှု မရှိ။

(၆) ခန္ဓာကိုယ်တွင် အပူ သို့ မဟုတ် အနာစိမ်းများ ကြောင့် ဝေဒနာခံစားရမည် ။ အသက် ၂၈ မှ ၃၆ အတွင်း အခြေအနေဆိုးရွားမည် ။ ထိခိုက်ဒဏ်ရာရခြင်း။ သို့ မဟုတ် ပြဿနာများ နှင့် ကြုံတွေ့  မည် ။ အခြားမိန်းမများ ကို စွဲလန်းနေမည် ။ မိန်းမများ က လွှမ်းမိုးမည် ။ အပြစ်ကျူးလွန်မည် ။ ဥာဏ် ကောင်းမည် ။ ကာမဂုဏ်လိုက်စားသူများ နှင့် ပေါင်းသင်းမည် ။ ဝေဒပညာဗဟုသုတမရှိ။

(၇) ဤဂြိုဟ်ပူးသည် မိဿ၊ ပြိဿ၊ တူနှင့် ဗြိစ္ဆာလဂ်များ မှအပ စာရိတ္တယိုယွင်းစေမည် ။ သူ၏ ဆွဲဆောင်မှု ကြောင့် အခြားသူတို့၏ မိန်းမများ က ၎င်းတို့ဘာသာသူ့ဆီသို့ လာကြမည် ။ ၀န်ထမ်း သို့ မဟုတ် စီးပွားရေး လုပ်ငန်း၌ တိုးတက်မည် ။ ဖော်ပြခဲ့သော လဂ် ၄ မျိုးမှာ ၇ တန့်၌ ကျရောက်လျှင် စာရိတ္တယိုယွင်းခြင်းမရှိ။ ဤနေရာ၌ အပူး၏ ရလဒ်များ အားလုံးကို ရရှိမည် ။ ပရိသတ်က ခေါင်းဆောင် ကို ဖယ်ရှားလျှင် ဆင်းရဲမွဲတေမည် ။ ခန္ဓာကိုယ်အစိတ်အပိုင်း ဖယ်ရှားခံရမည် ။ အခြားသူများ ကြောင့် စိတ်ဆင်းရဲမည် ။ ဓလေ့ထုံးစံနှင့် ဘာသာတရားကို မယုံကြည်။

(၈) ဇနီးမှာ ဆင်းရဲသည့်မိသားစုမှ ဖြစ်မည် ။ သို့ မဟုတ် အိမ်ထောင်ပြုသည့်ကာလ၌ သူမ ဖခင်ကွယ်လွန်မည် ။ ဇာတာရှင်သည် ထိခိုက်အန္တရာယ်ကြောင့် သေမည် ။ ကာမကျူးမည် ။ ဘ၀င်မြင့် မည် ။ နာမည် ဆိုးရမည် ။

(၉) အသက်(၂၆)နှစ် ရောက်မှ ကုသိုလ်ကံကောင်းမည် ။ မိန်းမများ အကျိုးအမြတ်ဖြင့် ကံ ကောင်းမည် ။ မိမိဇနီးသော်လည်းကောင်း၊ အခြားသူတို့၏ ဇနီးသော်လည်းကောင်း ဖြစ်မည် ။ အခြား နိုင်ငံများ ၌ ကံမကောင်း။ ကလေးရရှိရန်ခက်ခဲမည် ။ ဧည့်သည်များ ကို ကြိုဆိုဂုဏ်ပြုမည် ။ သူသည် ခန့် ချောမည် ။ ကြည့်၍ ကောင်းမည် ။ မိသားစုအတွင်း အလေးစားခံရပြီး စည်းကမ်းရှိသူ ဖြစ်မည် ။

(၁၀) သားနှင့် ပတ်သက်၍ အကြောင်း ၂ ခုကြောင့် စိတ်ဆင်းရဲမည် ။

(က) သားမဖွား၍ ဖြစ်မည် ။

(ခ) မွေးပြီး သေသွားမည် ။

ဝန်ထမ်းအလုပ်၌ ကောင်းစွာ အောင်မြင်မည် ။ ငွေအများ အပြားရမည် ။ မိဘပျော်ရွှင်မှု မရ။ အစား အသောက်အမျိုးမျိုးနှင့် ပြည့်စုံမည် ။ ဘုရားကျောင်းကန်ကောင်းကောင်း၌ နေထိုင်ခြင်းကို နှစ် သက်မည် ။ ပျော်တတ်မည် ။ ယဉ်ကျေးသိမ်မွေ့မည် ။

(၁၁) ဤနေရာ၌ ဤဂြိုဟ်ပူးကဇာတာရှင်အား လာဘ်စားသူတစ်ဦး ဖြစ်စေမည် ။ အကျဉ်း ကျခံရနိုင်သည်။ လိုချင်သော အကျိုးအမြတ်ကို ရရှိရန် ကြိုးစားမှု အများ အပြား လုပ်ရပါမည် ။ ယေဘု ယျအားဖြင့် လိုချင်သည်များ ကိုရမည် မဟုတ်ပါ။ လုံခြုံမှု ပင် ဖယ်ရှားခံရမည် ။ အခြားမိန်းမများ ၏ အလိမ် ခံရသည့်အတွက် သိက္ခာကျမည် ။ ဇနီးရှိပါလျက် အခြားမိန်းမများ နှင့် ဖောက်ပြန်မည် ။ ဇာတာရှင်သည် အလွန်ကြွယ်ဝချမ်းသာလိုမည် ။ ခွင့်လွှတ်တတ်မည် ။ မင်းစိုးရာဇာတို့၏ ဂုဏ်ပြုခြင်းခံရမည် ။

(၁၂) ဤနေရာရှိ ဂြိုဟ်ပူးသည် မိန်းမ ၂ ယောက် ရစေမည် ။ ဒုတိယအိမ်ထောင်နှင့် ပို၍ ပျော် ရွှင်မည် ။ စည်းကမ်းအလွန်ကြီးမည် ။ အသုံးအစွဲကြီးမည် ။ ပျော်တတ်မည် ။ စကားပြောချိုသာမည် ။ စည်းစိမ်ဥစ္စာသိပ်မများ ။ သားကြောင့် ဒုက္ခတွေ့ မည် ။ ကျန်းမာရေး ချို့တဲ့မည် ။ ကျေးဇူးသိတတ်မည် ။ ယဉ်ကျေးမည် ။

* * * * *




ဝန်ဇင်းချစ်သူများ ဆရာဒဂုန် ၏ “ သောကြာဂြိုဟ် (Venus) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပရာသန်တန္တရ

ကောင်းကင်ပေါ်ကဂြိုဟ် လူသားတွေကိုဘာတွေလုပ်ပေးသလဲ (ဒုတိယတွဲ)

ဗေဒင်ဆရာရဲ့လွယ်အိတ် အမှတ်(၁၀)