Cover

အခန်း (၁)

အင်္ဂါဂြိုဟ်

မူလ ၃ ဂါအပေါ် ကောဇာ ၃ ဂါက

၁၈၉။ စီးနင်းလျှင်- ရှိပြီး ဖြစ်တဲ့ ခွန်အားတွေ ကို အသုံးချဖို့ ပင်ပင်ပန်းပန်းအလုပ်တွေ ကို လုပ်ကိုင်ပါ။ အားကစားလုပ်ပါက အကျိုးရှိမယ်။ အဆောတလျင် ပြုလုပ်တတ်တာကြောင့် မတော် တဆ ထိခိုက်မှု မျိုး ကြုံတွေ့ ရတတ်ပါတယ်။ ရန်လိုလားတဲံ အပြုအမူတွေ ကို တန်ပြန်ရင်ဆိုင်ခြင်း မပြုပါနှင့် ။ လုပ်ငန်းသစ်များ ကို စတင်ဆောင်ရွက်နိုင်ပေမယ့် ဆန့်ကျင်မှု များ တွေ့ ရမယ်။ အဲဒီ အခါ မျိုးမှာ ထိုအခြေအနေကို လိမ်မာပါးနပ်စွာ ကိုင်တွယ်တတ်ဖို့ အရေး ကြီးပါတယ်။

၁၉၀။ ၃ တန့် ၁၁ တန့်ခံလျှင် - ခွန်အားဗလနှင့် ပြည့်စုံမယ်။ ကျန်းမာရေး ကောင်းမယ်။ အနုပညာလိုက်စားမှု ပြုလုပ်ပါက သင့်တော် ပါတယ်။ စုပေါင်းလုပ်ဆောင်ပါက အကျိုးခံစားရပါ မယ်။ မိမိကိုယ်မိမိ ယုံကြည်မှု ရှိလို့ စေ့စပ်ဆွေးနွေးမှု နှင့် အလုပ်ကိစ္စများ လုပ်ရာမှ အောင်မြင်မှု ရရှိ မယ်။ စကားစစ်ထိုးပွဲ ပါဖို့ စိတ်ဝင်စားမယ်။ ခရီးသွားဖို့ သင့်တော် ပါတယ်။

၁၉၁။ ကိန်းခံလျှင် - စိတ်ထင်ရာ တဇွတ်ထိုးလုပ်ခြင်းကို ရှောင်ပါ။ ပြုမူပါက စိတ်တိုပြီး သည်းမခံနိုင်ဘဲ ရန်သူတွေ ပေါ်လာမည် ။ စကားများ ရန် ဖြစ်မယ်။ စိတ်ထင်ရာ လုပ်တတ်တာကို ထိန်းထိန်းသိမ်းသိမ်း ပြုနိုင်က ကောင်းပါတယ်။ အလုပ်တစ်ခုခုလပ်နေပါ။ ကားမောင်းရာတွင် ဂရု စိုက်မောင်းနှင်ပါ။ ဒါမှမဟုတ် ယာဉ်တိုက်မှု ဖြစ်ပြီး ခွဲစိပ်ကုသ ဖြတ်တောက်ပြစ်ခြင်းမျိုး ကြုံမယ်။ ကျန်းမာရေး ချို့တဲ့မယ်။ စိတ်တည်ငြိမ်မှု မရပါ။

၁၉၂။ တြိကောဏခံလျှင် မိမိရဲ့ လုပ်ဆောင်ချက်တွေ ကို ပြင်းပြင်းထန်ထန် အင်တိုက်အား တိုက် ဖော်ပြရမဲ့ အချိန် ဖြစ်ပါတယ်။ ရန်လိုမှု မရှိပါက ဆောင်ရွက်ရန်ရှိတဲ့ ကာယာ၊ ဉာဏ အလုပ် များ ပြီးဆုံးသွားမယ်။ စီမံကိန်းသစ်များ ကို စတင်လုပ်ဆောင်ပါ။ အစစအဆင်ပြေပြီး လုပ်လျက်ရှိတဲ့ လုပ်ငန်းများ မှာ လဲ တိုးတက်မယ်။ စိတ်ချယုံကြည်မှု က လုပ်ငန်းရပ်များ ထိရောက်စွာ လုပ်ကိုင်နိုင် စေဖို့ အထောက်အကူပြုပါတယ်။ မိမိရဲ့ တန်ဖိုးကိုမြှင့်တင် အစစ်ဆေးခံလိုက်ပါ။

၁၉၃။ သမသတ်ခံနေလျှင်- ရန်မ ဖြစ်မိပါစေနဲ့။ အလုပ်ကို အားကျိုးမာန်တက် ကြိုးစားလုပ် ဆောင်ပါ။ မလိုအပ်ဘဲ သူများ ပေါ် လွှမ်းမိုးလိုခြင်းများ ၏ လုပ်ဆောင်ထင်မြင်ချက်တို့အပေါ် အဖျက်လုပ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်မှု မျိုး ရှောင်ပါ။ မနာလိုဝန်တိုခြင်း။ မကြေနပ်ခြင်းမျိုး မ ဖြစ်ပါစေ နှင့် ။ မိမိအကျိုးစီးပွားအတွက်သာ လုပ်ပါ။ ဘယ်သူ့ကိုမျှ မဆန့်ကျင်ပါနှင့် ။ တစ်ဘက်မှ ဆန့်ကျင် လာတာကို လျှို့ဝှက်မထားပါနှင့် ။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါ။ ငြိမ်းချမ်းစွာ အတူလက်တွဲ လုပ်ဆောင်ပါက အကျိုးရှိပါမယ်။

ကြာသပတေးဂြိုဟ်

မူလ ၅ ဂါအပေါ် ကောဇာ ၅ တေးက

၁၉၄။ စီးနင်းလျှင်- ကောင်စွာ နေထိုင်မယ်။ ရန်သူအပေါ် အကောင်းမြင်မယ်။ မြို့ရွာမှာ ခေါင်းဆောင်လူကြီး ဖြစ်မယ်။ ငွေကြေး အမြတ်အစွန်းရရှိမယ်။ ဉာဏ်ပညာရှိမယ်။ သိပ္ပံနှင့် အခြား ပညာရပ်အသစ်များ ကို လေ့လာလိုက်စားမယ်။ အခက်အခဲများ ကြုံတွေ့ ရပါက သမ္မာဒေ၀ နတ် ကောင်းနတ်မြတ်တို့ရဲ့ ကူညီစောင့်ရှောက်မှု ကို ရရှိမယ်။ ရဲရင့်မယ်။ မာနရှိမယ်။ လုပ်ရဲကိုင်ရဲရှိ မယ်။ အကျိုးရှိမဲ့ အချိန် ဖြစ်ပြီး အလုပ်ကြမ်းနှင့် လုပ်ငန်းလုပ်ဆောင်ရမယ်။ မလိုအပ်ဘဲ စွန့်စားမှု မပြုလုပ်ပါနှင့် ။ မိမိကိုယ်မိမိ ယုံကြည်ကိုးစားမှု လိုအပ်သည်ထက် မပိုပါစေနှင့် ။ လောင်းကစားရင် ကံကောင်းမယ်။ ငွေကြေးစွန့်စားလုပ်ကိုင်မှု တွင် အကျိုးခံစားရမယ်။ ကျန်းမာရေး ကောင်းမယ်။ ကလေးမွေးဖွားရလွယ်ကူမယ်။ လုပ်ငန်းသစ် စွန့်စားလုပ်ကိုင်ဖို့ မသင့်တဲ့အချိန် ဖြစ်ပါတယ်။ ကိုယ် လက်လေ့ကျင့်ခန်းများ ပြုလုပ်ပါ။

၁၉၅။ ၃ တန့် ၁၁ တန့်ခံလျှင် - ရဲရင့်စေမယ်။ မျှော်မှန်းချက်ကြီးကြီး ထားရှိစေမယ်။ စိတ်ဓာတ်မြင့်မားစေမယ်။ ဂုဏ်ပြုလေးစားခြင်း ခံရမယ်။ စွန့်စားပြီး မျှတမှု ရှိပြီး ကောင်းတဲ့အကျင့်ရှိ မယ်။ အကယ်၍ ကြာသပတေးဂြိုလ်မှာ အားနည်းခဲ့လျှင် မနာလိုဝန်တို ဖြစ်တတ်မယ်။ အလုပ်ကိုင် သစ်များ လုပ်ရန် စာချုပ်ချုပ်ဆိုရန် စေ့စပ်ဆွေးနွေးမှု ပြုလုပ်ရန် စီးပွားရေး လုပ်ရန် အခွင့်အလမ်း များ ပေါ်ထွက်လာမယ်။ အဖက်ဖက်မှ အောင်မြင်မှု ရရှိချိန် ဖြစ်တယ်။ အထက်လူကြီးတို့ဖြင့် ဆက် သွယ်မိကာ မိမိအတွက် အကျိုး ဖြစ်ထွန်းခြင်း၊ တရားဥပဒေ ရင်ဆိုင်ရပါက အခွင့်သာခြင်း၊ ကျန်းမာ ရေး ကောင်းခြင်း၊ ကျန်းမာရေး လိုက်စားမှု နှင့် ပတ်သက်လို့ လုပ်ဖို့ကောင်းတဲ့အချိန် ဖြစ်တယ်။

၁၉၆။ ကိန်းခံလျှင် - အောင်မြင်မှု ရမယ်။ အချိန်နှင့် စွမ်းအား ပြည့်ဖြိုးတဲ့ အချိန် ဖြစ်တယ်။ အားကစားမှာ စိတ်ဝင်စားမယ်။ သတိဝီရိယရှိမယ်။ မာနကြီးမယ်။ ခေါင်းမာပြီး ကောက်ကျစ်တဲ့သူ တွေ နဲ့ ပေါင်းဖော်မိမယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် မိမိလုပ်ဆောင်ချက်များ ကို မျက်ခြေ မပြတ်ပါစေနှင့် ။ အကယ်၍ ကြာသပတေးဂြိုဟ်မှာ အင်္ဂါဂြိုဟ်ထက်ပိုပြီး အားရှိခဲ့ပါက ကျော်ကြားမှု ရရှိနိုင်ပေမဲ့ ကံကောင်းမှာ လဲ မဟုတ်ဘူး။ တစ်ပါးသူရဲ့ မုန်းတီးမှု ခံရမယ်။ အနာဂါတ်မှာ လုပ် ဆောင်မဲ့ ကိစ္စရပ်တွေ အတွက် အစီအစဉ်ပြုလုပ်ပါ။ စိတ်ဓာတ်အရလည်းကောင်း၊ ကိုယ်အင်္ဂါ သန်စွမ်းမှု အရသော်လည်းကောင်း ရှိတဲ့ခွန်အားထက် ပိုမတွက်ပါနှင့် ။ မတော် တဆ ထိခိုက်မယ်။

၁၉၇။ တြိကောဏခံလျှင် - အလုပ်မျိုးစုံလုပ်ဖို့ ကောင်းတဲ့ကာလ ဖြစ်တယ်။ ကျန်းမာရေး ကောင်းမယ်။ အားကစားလိုက်စားမယ်။ ငွေရရှိရန် ကံကောင်းထောက်မမယ်။ မိမိစိတ်ဝင်စားတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်း စေ့စပ်ဆွေးနွေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်းစသည်တို့ အောင်မြင်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်မည့်  အချိန် ဖြစ်ပါတယ်။ မှန် ကန်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မယ်။ အကောင်းမြင်မယ်။ အောင်မြင်မှု ရရန် လုပ်ဆောင်ပါ။

၁၉၈။ သမသတ်ခံနေလျှင် - ကံကောင်းချိန် ဖြစ်ရင် ဖြစ်၊ ဒါမှမဟုတ်ရင်တော့ အဓိပ္ပာယ်မရှိ တာတွေ လုပ်မိလို့ ရန် ဖြစ်စကားများ ရမဲ့ အချိန် ဖြစ်ပါတယ်။ မိမိအကျိုးရှိရန်အတွက် လုပ်လျက်ရှိတဲ့ လုပ်ငန်းများ ကို ချဲ့ထွင်ဆောင်ရွက်နိုင်ပါတယ်။ တစ်ပါးသူအပေါ် သည်းမခံနိုင်လောက်အောင် လွှမ်းမိုးမှု ပြုလုပ်ပါက မိမိကို စွန့်ခွာသွားပြီး၊ အရေး ကြုံလာချိန်မှာ မကူညီတော့ပါ။ မိမိ၏ စွမ်းဆောင်နိုင်မှု ကို ရှိတာထက်ပိုမတွက်ပါနှင့် ။ လုပ်ငန်းခွင်တွင် လိုတာထက် ပိုမသုံးမိပါစေနှင့် ။ ပြုလုပ်မိပါက အကျိုးမခံစားရပါ။ နှိုင်းနှိုင်းချိန်ချိန် ဆောင်ရွက်ပါ။

စနေဂြိုဟ်

မူလ ၃ ဂါအပေါ် ကောဇာ စနေက

၁၉၉။ စီးနင်းလျှင် - ဆုံးဖြတ်ချက် ခိုင်မာမယ်။ မိမိလုပ်ရမယ့် နည်းလမ်းတစ်ခုကို ရွေးပြီးပါ က တုံးတိုက်တိုက် ကျားကိုက်ကိုက် ရှေ့သို့ ဆက်လက်ဆောင်ရွက်သွားတတ်တဲ့ လူမျိုး ဖြစ်တယ်။ ယုံကြည်မှု ကို လုံးဝသွေဖီသွားမယ့်သူမျိုး မဟုတ်ပါ။ အပေးအယူပြုလုပ်ခြင်း၊ နားလည်မှု ရယူခြင်း တို့ကို လုံးဝလက်မခံပါ။ ညီအစ်ကိုတို့ကြောင့် ဆုံးရှုံးနစ်နာမှု များ ပေါ်လာမယ်။ ရန်သူများ ရှိနေ မယ်။ ဒါပေမဲ့ အဲဒီ ရန်သူကို အောင်နိုင်မယ်။ စိတ်ဒုက္ခအမြဲရောက်နေမယ်။ ရန်လိုတဲ့ သဘောသ ဘာဝ ရှိပါတယ်။ ကွေ့ကောက်လုပ်ကြံပြောဆိုတတ်လို့ ဆုံးရှုံးမှု တွေ့ ရမယ်။ အမြင်ဆိုး မြင်ခဲ့သော် မိသားစုအတွင်း သေဆုံးမယ်။ ငွေကြေး ဆုံးရှုံးမယ်။ ဓားပြတိုက်ခြင်း ခံရမယ်။ ငွေကို စာချုပ် စာတမ်း ချုပ်ဆိုပြီးမှ ချေးပါ။ လိမ်ညာခြင်း၊ ခိုးယူခံရခြင်းတို့ကို အစဉ်သတိပြုပါ။ စိတ်တုန်လှုပ် ခြောက်ခြားပြီး စိတ်တိုနေမယ်။ သူများ ရဲ့ ပူးပေါင်းဆောင်ရွက်မှု ကို မရရှိတဲ့အခါ စိတ်တိုမယ်။ တခြားသူများ ရဲ့ လက်တုံ့ပြန်မှု ကို ခံရပြီး အကျိုးစီးပွားတို့ကို ဆိုးဆိုးရွားရွား ဖျက်ဆီးပြစ်ခြင်းခံရ မယ်။ အောင်မြင်မှု ကို ရရှိုဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ရမယ်။ လိမ္မာပါးနပ်စွာ နှင့် ပြဿနာအရပ်ရပ် ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။

၂၀၀။ ၃ တန့် ၁၁ တန့်ခံလျှင် - ခေါင်းမာမယ်။ သူရဲဘောကြောင်မယ်။ အင်္ဂါဂြိုဟ် အင်အား ရှိခဲ့ရင် လက်ခံနိုင်လောက်တဲ့ အဆင့်လောက်သာ ခေါင်းမာပါမယ်။ အကယ်၍ စနေဂြိုဟ်က အင်အားရှိရင် အမွေရရှိမယ်။ အသက်အရွယ်ကြီးသူတို့ရဲ့ စိတ်သဘောကောင်းမှု ကို အခွင့်ယူပြီး မိမိအခွင့်အရေး ကို ရယူမယ်။ စနေဂြိုဟ်အားနဲရင် တာရှည်မခံတဲ့ ဒုက္ခများ ကြုံတွေ့ မယ်။

ပင်ပင်ပန်းပန်းနှင့် ဇွဲရှိရှိ လုပ်ရမယ်။ လုပ်ငန်းတွေ ကို အစီအစဉ်ရေး ဆွဲခြင်း၊ ကိုယ်တိုင်ပါဝင် အသေးစိတ် ဂရုစိုက်ရမယ့် လုပ်ငန်းများ ကို လုပ်ဆောင်ပါ။ ရည်မှန်းချက်နှင့် အောင်မြင်မှု ကို ရရှိဖို့ စိတ်ရှည်ရှည်နှင့် လုပ်ပါ။

၂၀၁။ ကိန်းခံလျှင် - ရန်ညှိုးထားမယ်။ သစ္စာဖောက်မယ်။ စနေဂြိုဟ်ဟာ အင်္ဂါဂြိုဟ်ထက် အားကောင်းရင် အန္တရာယ်အတွင်း တွန်းပို့ခြင်းခံရပြီး ဒုက္ခခံစားရမှာ ဖြစ်ပါတယ်။ ဇာတာရှင်မှာ ပြင်းပြင်းထန်ထန် ထိခိုက်မယ်။ အမြင့်မှလိမ့်ကျမယ်။ အထိုးအနှက်ခံရမယ်။ အဆိပ်သင့်မယ်။ မိမိ ကိုယ်မိမိ သေကြောင်းကြံပြီး သေမယ်။ ဒါကြောင့် နှေးနှေးနှင့် မှန်မှန်ပဲ လုပ်ပါ။ ဂရုစိုက်လုပ်လေ အောင်မြင်မှု ရလေ ဖြစ်မှာ ပါ။ မိဘ အလုပ်ရှင်နှင့် မိမိရိုသေလေးစားသူများ က စိတ်ဓာတ်ကျအောင် လုပ်မယ်။ စိတ်တိုခြင်း၊ စိတ်ဆိုးခြင်းကို ရှောင်ပါ။ ဒီကာလဟာ အခက်အခဲ အပြည့်ရှိနေတာမို့ အစစ အရာရာကို သတိထားဆောင်ရွက်ရမဲ့ အချိန် ဖြစ်ပါတယ်။

၂၀၂။ တြိကောဏခံလျှင် - စိတ်ရှည်မယ်။ ခက်ခဲပြီး တိကျမှု ရှိတဲ့ အလုပ်တွေ ကို လုပ်ချင် မယ်။ ကျွမ်းကျင်မှု လိုအပ်ပြီး အာရုံစူးစိုက်လုပ်ကိုင်ရမဲ့ အလုပ်တွေ ကို ရှောင်ပါ။ တစ်ဟုန်ထိုး နာမည် ကြီးပြီး (သို့ ) တစ်ခါတည်းကြီးပွားမယ့် လုပ်ငန်းများ ကို မလုပ်ကိုင်ပါနှင့် ။ ဂရုစိုက်လုပ်ကိုင်ရ မဲ့ လုပ်ငန်းတွေ ကို လုပ်ဆောင်ရင် အောင်မြင်မှု ကို ရရှိပါမယ်။

၂၀၃။ သမသတ်ခံနေလျှင် - သည်းခံနိုင်မှု ရှိရမယ်။ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှား ရပါတယ်။ တစ်ပါးသူတွေ နှင့် ဆက်ဆံရာမှာ စိတ်သဘောထား မတိုက်ဆိုင်မှု တွေ ကြုံတွေ့ ရမယ်။ စိတ်တိုမယ်။ တစ်ပါးသူတွေ ရဲ့ လုပ်ဆောင်ချက်တွေ ကို ထိုက်ထိုက်တန်တန် ပြန်လည်တုံ့ပြန်ချင် မယ်။ လုပ်ဆောင်ရာမှာ နှေးကွေးမယ်။ သူများ တွေ ကို စိတ်ဆိုးစေမယ်။ ရန် ဖြစ်စေမယ်။ ဒါကြောင့် လုပ်ဆောင်ချက်တွေ ကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုအပ်ပါတယ်။ တစ်ပါးသူတွေ က အဆက် အသွယ် ဖြစ်တောက်လိုက်လို့ အထီးကျန် ဖြစ်နေမယ်။ လုပ်ငန်းတွေ ကို ကိုင်တွယ်လုပ်ဆောင်ရာမှာ အောင်မြင်ရရမယ်။ သူများ ရဲ့ ရန်လိုတဲ့ အပြုအမူတွေ ဟာ အောင်မြင်မှု အတွက် အတားအဆီးတွေ ဖြစ်နေမယ်။ တင်းမာမှု တွေ ကို ရှောင်ရှားပြီး သက်သက်သာသာ နေထိုင်နိုင်အောင်ကြိုးစားပါ။

ရာဟု၊ ကိတ်ဂြိုဟ်

မူလ ၃ ဂါအပေါ် ကောဇာ ရာဟု၊ ကိတ်က

၂၀၄။ စီးနင်းလျှင် - အားကစားနှင့် ကိုယ်ကာယ လေ့ကျင့်မှု တွေ ကို စိတ်ဝင်စားမယ်။ အလို ဆန္ဒတွေ နိုးကြားနေမယ်။ ရှေ့ရေး အတွက် ညီအစ်ကိုမောင်နှမတွေ ထံက အကူအညီ ရပါမယ်။

၂၀၅။ ၃ တန့် ၁၁ တန့်ခံလျှင် - သြဇာအာဏာရဖို့ ထောက်ခံမှု မရနိုင်ပါ။ လုပ်ငန်းခွင်မှာ ပြဿနာတွေ ကြုံတွေ့ ရမယ်။ မိမိဆောင်ရွက်နေတဲ့ လုပ်ငန်းခွင် အသိုင်းအ၀ိုင်းမှာ လူကြိုက်နည်း မယ်။ အထူးသဖြင့် လူမကြိုက်ဘူး။ တရားသေ၀ါဒကို စွဲကိုင်ထားမယ်။

၂၀၆။ ကိန်းခံလျှင် - ကျန်းမာရေး ကောင်းမယ်။ လွတ်လွတ်လပ်လပ် နေမယ်။ ညီအစ်ကို တွေ့ ကို၎င်း၊ ညီအစ်ကိုတွေ မှ၎င်းရမယ့် အကူအညီမှာ အရေး ကြီးပါတယ်။

၂၀၇။ တြိကောဏခံလျှင် - ရက်စက်မယ်။ ခပ်ပြတ်ပြတ်လုပ်မယ်။ သည်းမခံနိုင်ရင် ကျန်းမာ ရေး ချို့တဲ့မယ်။ ရာဂစိတ် ပိုမိုအားသန်စေမယ်။

၂၀၈။ အမှတ် (၂၀၆) ပါအတိုင်း ဖြစ်ပါတယ်။

၂၀၉။ သမသတ်ခံလျှင် - လုပ်ဆောင်ချက်နှင့် စိုးရိမ်ကြောက်လန့်မှု တို့ကို ဟန်ချက်ညီနေဖို့ လိုတယ်။ သွေးလည်ပတ်မှု နှင့် သွေးနှင့် ပတ်သက်တဲ့ အခက်အခဲတွေ ဟာ ကြုံတွေ့ နေကြပြဿနာ ရပ်တွေ ဖြစ်တာမို့ မဆန်းတော့ပါဘူး။ မိမိရဲ့ ခန္ဓာကိုယ်စွမ်းအားကို တလွှဲလုပ်မိတတ်ပါတယ်။

ယူရေး နပ်(စ)ဂြိုဟ်

မူလ ၃ ဂါအပေါ် ကောဇာ ယူရေး နပ်(စ) က

၂၁၀။ စီးနင်းလျှင် - ရုတ်တရက် စိတ်ပျက်ဖွယ် ကြုံတွေ့ ရတတ်ပါတယ်။ ၀ုန်းဝုန်းဒိုင်းဒိုင်း လုပ်တတ်ပြီး မမျှော်လင့်ဘဲ ထိခိုက်မှု မျိုးကို ကြုံတွေ့ ရပါမယ်။ ကိစ္စရပ်တော် တော် များများ ဟာ မမျှော်လင့်ဘဲ ဖြစ်ပျက်တတ်တာမို့၊ လုပ်ကိုင်ရမဲ့ လုပ်ငန်းတွေ မှာ အခက်အခဲကြုံတွေ့ ရပါမယ်။ အထက်လူကြီးနှင့် အာဏာပိုင်တွေ နှင့် ဆက်ဆံရေး အဆင်မပြေလှပါဘူး။ စိတ်ထင်တိုင်း ၀ုန်းဒိုင်း ကြဲတတ်တာကြောင့် သတိလက်လွှတ် ဖြစ်ပြီး မတော် တဆထိခိုက်မှု မျိုးကို ကြုံတွေ့ ရပါမယ်။ အန္တရာယ်ရှိတဲ့ ချွန်ထက်တဲ့ လက်နက်ကိရိယာ၊ သံ၊ သံမဏိနှင့် လုပ်ထားတဲ့ ကရိယာတွေ ကို ကိုင်တွယ်ပြုလုပ်ခြင်း မပြုလုပ်သင့်ပါဘူး။

၂၁၁။ ၃ တန့် ၁၁ တန့်ခံလျှင် - အတွေ့ အကြုံသစ်တွေ အလုပ်သစ်တွေ ကြောင့် အနားယူဖို့ အချိန်မရဘဲ စိတ်တိုနေမယ်။ ထိန်းသိမ်းလို့မရတဲ့ စိတ်ထင်သလို လုပ်တတ်တာကြောင့် နေ့စဉ် လုပ်ဆောင်နေရတဲ့ လုပ်ငန်းတွေ မှာ အနှောက်အယှက်ကြုံတွေ့ ရပါမယ်။ စိတ်ထဲ ဖြစ်ပေါ်နေတာကို ခံစားတွေးတောတာကြောင့် မကြာခဏ အပြောင်းအလဲတွေ ဖြစ်နေသလို အားကိုးအားထားလဲ မပြုလို့မရပါဘူး။ မိတ်ဆွေသစ်တွေ တွေ့ ရပါမယ်။ ကန့်သတ်ချုပ်ချယ်မှု တွေ မကြိုက်တာကြောင့် အမှားတွေ တွေ့ ရမယ်။ ဒါကြောင့် မိမိလုပ်နေကြထက် မတူတဲ့ဆောင်ရွက်မှု မျိုး လုပ်ဆောင်ပါ။

၂၁၂။ ကိန်းခံလျှင် - အနားမနေဘဲ စိတ်ထင်တိုင်းကြဲမဲ့ ကာလ ဖြစ်တယ်။ ကန့်သတ်ချုပ် ချယ်မှု တွေ ကို ဆန့်ကျင်တွန်းလှမယ်။ ပြောင်းလွှဲသွားတဲ့ အခြေအနေအရ မိမိမိသားစုအတွင်းရှိ အသက်ကြီးဝါကြီးလူကြီးတွေ ကို ဆန့်ကျင်ရတာ ကြောင့် ခါတိုင်းထက်ပိုပြီး ဒေါသထွက်မိမယ်။ ဘ၀ မှာ လုပ်ငန်းဆောင်တာတွေ ကစဥ့်ကလျား ဖြစ်ပေါ်စေမှာ မို့ အပြောင်းအလွဲ ဖြစ်ပေါ်လာမှာ ဖြစ် တယ်။ အခွင့်အရေး သစ်တွေ မှာ ပိုမိုလွတ်လွတ်လပ်လပ် နေထိုင်နိုင်မယ်။ ဒါပေမဲ့ အခြေအနေသစ် တစ်ရပ်ကို ယခင်တုန့်ပြန်မှု အဟောင်းတွေ နှင့် မကိုင်တွယ်မိဖို့ လိုပါတယ်။ စိန်ခေါ်မှု အသစ်တွေ ကို အဖြေသစ်ရှာဖွေလုပ်ဆောင်ရမှာ ဖြစ်တယ်။

၂၁၃။ တြိကောဏခံလျှင် - အလုပ်သစ်တွေ နှင့် တွေ့ ရမယ်။ တချို့လုပ်ငန်းတွေ ဟာ မမျှော် လင့်ဘဲ ပေါ်လာတာကြောင့် စိတ်လှုပ်ရှားမယ်။ ပုဂ္ဂိုလ်ရေး အရ ကြီးပွားတိုးတက်စေမှာ ဖြစ်တယ်။ အတွေ့ အကြုံဟောင်းတွေ ကို ထားခဲ့တော့ စွန့်စားမှု တွေ လုပ်ရမယ်။ ချုပ်ချယ်ကန့်သတ်မှု တွေ အပေါ် အဓိပ္ပာယ်မရှိ၊ ပြောဆိုတိုက်ခိုက်ခြင်းမျိုး မပြုလုပ်သင့်ပါ။ ကြီးပွားတိုးတက်ရေး ကိုပဲ ကြိုးစား ပါ။

၂၁၄။ သမသတ်ခံနေလျှင် - ပထမဦးဆုံး သဘောချင်း မတိုက်ဆိုင်တဲ့ လူတွေ ကို ရင်ဆိုင် ရမယ်။ တာဝန်ဝတ္တရားတွေ ကို ယူရမယ်။ ဘယ်သူတွေ့ တွေ့ ၊ တွေ့ တဲ့လူကို ဒေါသထွက်လိုက်ရမှ နေသာထိုင်သာ ရှိသွားမယ်။ ဒါမှမဟုတ် စိတ်တိုနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သည်းမခံနိုင်တာ တွေ ကို အများ ဆုံးကြုံတွေ့ ခံစားဖို့ မျှော်လင့်ထားပါ။ ရန်သူတွေ ၊ ပြိုင်ဘက်တွေ ကြောင့် ဆုံးရှုံးနစ် နာမှု တွေ ရပြီး ကစဥ့်ကလျား ဖြစ်မယ်။ ချုပ်ချယ်ကန့်သတ်မှု က လွတ်မြောက်ဖို့ လုပ်မယ်။ ဒါကြောင့် ဘ၀ကို ရည်မှန်းချက်အသစ်နဲ့ ဦးတည်စေမှာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကျရင်တော့ အချိန်ကောင်းကို ရောက်ပါပြီ။ ဆန့်ကျင်တာတွေ ဘေးချိပ်ပြီး လုပ်ချင်တာတွေ ကို လွတ်လွတ်လပ်လပ် လုပ်လို့ရသ လို၊ အရေး ကြီးတဲံ စိန်ခေါ်မှု တွေ ကိုလဲ ရဲရဲကြီး ရင်ဆိုင်လိုက်ပါ။

နက်ပကျွန်းဂြိုဟ်

မူလ ၃ ဂါအပေါ် ကောဇာ နက်ပကျွန်းက

၂၁၅။ စီးနင်းလျှင် - စိတ်တိုနေမယ်။ တစ်ခုခုကို အလိုမကျ ဖြစ်နေမယ်။ စိတ်ဓာတ်ကျပြီး တစ်ခုမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဘာတစ်ခုမှ စိတ်တိုင်းမကျ ဖြစ်နေပါတယ်။ တစ်ဖက်လူအပေါ် နိုင်ထက်စီးနင်း လုပ်လိုမှု တွေ ရှောင်ပါ။ မိမိကိုယ်မိမိ လှည့်စားမှု ကြောင့် ထွက်ပေါ်လာရတဲ့ မကောင်းတဲ့လုပ်ဆောင်ချက်တွေ လုပ်မိမယ်။ သုံးသပ်ဝေဖန်ပါ။ လုပ်ငန်းသစ်များ စတင်မလုပ်ပါ နှင့် ။ အလှူခံလုပ်ငန်း၊ ဆေးရုံမှာ ကူညီလုပ်ပေးခြင်း၊ ဘာသာရေး လုပ်ငန်းနှင့် ဘာသာရေး ကျင့်စဉ် စတဲ့ လုပ်ငန်းတွေ ကုကိ လုပ်ပါ။ ကိုယ်ကျိုးတွက် လုပ်ပါက အောင်မြင်မှု မရရှိပါ။ ကူးစက် ရောဂါ ဖျားနာ ရောဂါ များ ကို ဂရုပြုပါ။

၂၁၆။ ၃ တန့် ၁၁ တန့်ခံလျှင် - မိတ်ဆွေအပေါင်းအသင်းနှင့် အိမ်နီးနားချင်းတို့ကို ကူညီပါ။ ငွေကောက်ခြင်း၊ ဆေးရုံတွင် လုပ်အားပေးခြင်းတို့မှာ ၀င်ရောက်လုပ်ကိုင်ရလို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်မယ်။ ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းအမျိုးတို့မှာ လည်း အလားတူ ၀င်ရောက်လုပ်နိုင်ပါ တယ်။ သက်တောင့်သက်သာအနားယူနေထိုင်ပြီး၊ တရားထိုင်ဖို့ ကောင်းတဲ့အချိန် ဖြစ်ပါတယ်။ မှော် အတတ်နှင့် ရှေ့ ဖြစ် ဟောပြောခြင်းတို့ကို လေ့လာလိုက်စားသင့်တယ်။ စိတ်ကျေနပ်မယ်။

၂၁၇။ ကိန်းခံလျှင် - သူများ နှင့် ဆက်ဆံရာတွင် သံသယ၀င်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မချင့် မရဲ ဖြစ်ခြင်းတို့ကို ခံစားရမယ်။ သူများ နှင့် ရင်ဆိုင်တွေ့ ဆုံစကားများ ရန် ဖြစ်မယ်။ သူတို့ရဲ့ အကြံ ပေးလုပ်ဆောင်ချက်တွေ ကြောင့် စိတ်ဓာတ်ကျပါမယ်။ ဆုံးဖြတ်ချက်ကို ခေါင်းအေးအေးနှင့် စဉ်းစား ဆုံးဖြတ်ပါ။ ဆန့်ကျင်မှု တွေ တွေ့ တဲ့အခါ ဆုံးဖြတ်ချမှတ်ထားတာတွေ ကို ပြောင်းလွှဲ ဖြစ်မယ်။ စိတ် အေးသက်သာစွာ နေပါ။ အရေး တကြီး ပင်ပင်ပန်းပန်း လုပ်ဆောင်ရမဲ့ အလုပ်တွေ ကို ရှောင်ပါ။ ဆုံးရှုံးမှု ကြုံမယ်၊ လိုတာထက်ပိုပြီး ကာယအင်အားကို မသုံးပါနှင့် ။ ယားယံခြင်း၊ ကူးစက် ရောဂါ အအေးမိခြင်း၊ ဖျားနာခြင်းတို့ ဖြစ်တတ်ပါတယ်။

၂၁၈။ တြိကောဏခံလျှင် - တစ်ပါးသူကို ကူညီလိုစိတ်ရှိမယ်။ ဘာသာရေး ကျင့်စဉ်တွေ လုပ်ဖို့ ကောင်းတဲ့အချိန် ဖြစ်ပါတယ်။ မိမိလုပ်ချင်တာတွေ ကို နည်းနည်း လောက်သာ လုပ်နိုင်တယ် လို့ ထင်နေမယ်။ မိမိကိုယ်ကျိုးစွန့်လွှတ်ပြီး တစ်ပါးသူကို ကူညီတတ်တဲ့ စိတ်စေတနာကို ဒီအချိန် အတွင်း ပြရမှာ ဖြစ်ပါတယ်။ ဇာတာရှင်အနေနှင့် ဘာသာရေး အသင်းအဖွဲ့များ ၊ တရားစခန်းနှင့် အလှူခံအသင်းအဖွဲ့တွေ မှာ ပါဝင်လုပ်ဆောင်သင့်တယ်။

၂၁၉။ သမသတ်ခံနေလျှင် - စိတ်ဓာတ်ကျနေမယ်။ မိမိပေါင်းသင်းဆက်ဆံနေရတဲ့ သူတွေ ရဲ့ ရိုးသားမှု ၊ စိတ်ချယုံကြည်မှု တို့ကို အစဉ်သတိရှိပါစေ။ ကျန်းမာရေး ကို ဂရုစိုက်ပါ။ ကာယဉာဏ အပေါ် ပင်ပန်းမှု မ ဖြစ်ပါစေနှင့် ။ အရေး ကြီးတဲ့လုပ်ငန်း ဆုံးဖြတ်ချက်ကိုလုပ်ဖို့ မကောင်းသေးပါ။ အထင်လွဲပြီး တစ်ဦးပေါ်တစ်ဦး မယုံသင်္ကာ ဖြစ်ကာ ဒေါသထွက်၊ စိတ်ဆိုးရမယ်။ အရက်မသောက် ရ။ ခွဲသွားတတ်ပါသည်။ တစ်ဦးတည်းလုပ်ရင် အကျိုးရှိမယ်။ အများ ကောင်းကျိုးအတွက် လုပ်ရတဲ့ လုပ်ငန်းတွေ က စိတ်သက်သာမှု ကို ပေးမယ်။

* * * * *


ပလူတိုဂြိုဟ်

မူလ ၃ ဂါအပေါ် ကောဇာ ပလူတိုက

၂၂၀။ စီးနင်းလျှင်- မျှော်မှန်းချက်ဟူသမျှကို ပြင်းပြင်းထန်ထန် နှိုးကြွပေးစောမှာ ဖြစ်တယ်။ သူများ အပေါ် သြဇာအာဏာလွှမ်းမိုးဖို့ မပြုပါနှင့် ၊ မိမိအား တိုက်ခိုက်ခံရမယ်။ အပြောင်းအလွှဲများ တဲ့ ပင်ပင်ပန်းပန်း လုပ်ရမဲ့ လုပ်ငန်းများ ကို လုပ်သင့်တယ်။ မိမိရဲ့ စိတ်ပါဝင်စားမှု ကို သူများ နား လည်စေဖို့ လုပ်သင့်တယ်။

၂၂၁။ ၃ တန့် ၁၁ တန့်စီးလျှင် - အရေး ကြီးတဲ့ ရည်မှန်းချက်တွေ ကို လုပ်ဖို့ အချိန်ကောင်း ဖြစ်တယ်။ သူများ နဲ့ ပူးပေါင်းဆောင်ရွက်ရင်ပိုမိုထိရောက်မယ်။ အောင်မြင်မယ်။ မလိုအပ်ဘဲ ဆရာ မလုပ်ပါနှင့် ။

၂၂၂။ ကိန်းခံလျှင် - ကြောက်ခမန်းလိလိ အားပြိုင်ရမယ်။ သဘောကွဲလွဲမှု တွေ ဖြစ်မယ်။ မျှော်မှန်းချက်ကြီးသလောက် တိုးတက်မှု ရှိမယ်။ သူများ ရဲ့ နှောက်ယှက်ခြင်းကို ကြုံတွေ့ ရမယ်။ သေသေချာချာ မသုံးသပ်ဘဲ လုပ်ကိုင်မှု မှန်သမျှ အောင်မြင်မှု မရနိုင်ပါဘူး။ သူများ ကို မတရားလုပ် ရင် ကိုယ့်မှာ ပျက်စီးမယ်။

၂၂၃။ တြိကောဏခံလျှင် - မျှော်မှန်းချက်ကြီးမယ်။ ရေရှည်အစီအစဉ်တွေ ရေး ဆွဲထား မယ်။ အဲဒါတွေ ပြီးဆုံးအောင် ဆောင်ရွက်နိုင်ဖို့ အင်အားတွေ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ မိမိ ကောင်းကျိုးနှင့် အများ ကောင်းကျိုးတွက်လုပ်ပါ။ သူများ အကျိုးဆောင်၍ ကိုယ့်အကျိုး အောင်မြင် ပါမယ်။

၂၂၄။ သမထခံနေလျှင် - အလိုဆန္ဒတွေ ကို ပြီးပြည့်စုံအောင် လုပ်ရင်လုပ်၊ မလုပ်ရင်တော့ ဆန့်ကျင်မှု တွေ တွေ့ ရပါမယ်။ ကိုယ့်ထက်ဆင်းရဲတဲ့ သူများ က ဆန့်ကျင်လိမ့်မယ်။ တစ်ပါးသူကို ကူညီတတ်ပါစေ။ တစ်ဦးတည်း လုပ်လိုတဲ့ အတ္တစိတ်ကို ဖျက်ပြစ်ပါ။ အများ က ဆန့်ကျင်လာမှာ ဖြစ်လို့ သူများ ကို မိမိရရပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်ဖို့ အစဉ်သတိရှိပါစေ။ ကိုယ်ထိလက်ရောက် စော်ကားခံရမယ်။ သူများ ကို ဒေါသထွက်အောင် မလုပ်ပါနှင့် ။

* * * * *


သော ကြာဂြိုဟ်

လှပတဲ့ သော ကြာဂြိုဟ်ဟာ ကောင်းကျိုးပေးမယ့် ဖက်စပ်လုပ်ကိုင်ရတဲ့သူတွေ ကို ညွှန်ပြ နေပါတယ်။ လင်ယောက်ျား၊ ဇနီးမယားနှင့် စီးပွားရေး လုပ်ဖော်ကိုင်ဖက် စသည်တို့ ဖြစ်ပါတယ်။ အလှအပ၊ အိနြေ္ဒ၊ ကောင်းသော အကျင့်စရိုက်၊ ခင်မင်ရင်းနှီးတတ်ခြင်း၊ ရိုးသားမှု ၊ ပစ္စည်းဥစ္စာ၊ အနုပညာခံစားမှု ၊ စာပေခံစားမှု ၊ ကခုန်တီးမှု တ်၊ သီချင်းဆိုခြင်း၊ ပျော်ရွှင်မှု ၊ အပျော်အပါး လိုက်စား ခြင်း၊ အချစ်ရေး ၊ ချစ်တင်းနှီးနှောမှု (သို့ ) အိမ်တွင်းရေး ၊ လက်ထပ်ထိမ်းမြားခြင်း၊ ကာယဂုဏ်ခံစား မှု ၊ အလိုရမ္မက်၊ ကာမဂုဏ်လိုက်စားမှု ၊ သက်သက်သာသာ နေထိုင်ခြင်း၊ ဖက်စပ်လုပ်ကိုင်လို့ ဖြစ် စေ၊ လောင်းကစားဆန်ဆန် လုပ်ရပ်များ ကြောင့် ဖြစ်စေ၊ ငွေကြေးရှာဖွေ လုပ်ကိုင်စားသောက်ခြင်း၊ အမွှေးနံ့သာကြိုက်နှစ်သက် ခြင်း၊ ယာဉ်၊ ရထား၊ သတ္တိရှိမှု ၊ မိမိကိုယ်မိမိ ယုံကြည်ကိုးစားမှု ၊ သဘော ကောင်းခြင်း၊ အားကစားလိုက်စားခြင်း၊ ပျော်ပျော်ရွှင်ရွင်နေတတ်ခြင်း၊ အနုပညာခံစားမှု ရှိခြင်း၊ တရားဥပဒေစောင့်ထိန်းခြင်း၊ မိရိုးဖလာအတိုင်း နေထိုင်ခြင်း၊ ငွေကြေးတောင့်တင်းခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်း၊ ကျန်းမာရေး ကောင်းခြင်း၊ စိတ်ကူးစိတ်သန်းပေါများ ၊ ကြွယ်ဝခြင်းများ တစ်ဖက်သူ ကို ဆွဲဆောင်နိုင်တဲ့ ရုပ်ရည်ရှိခြင်း။

တကယ်လို့ သော ကြာဂြိုဟ်မှာ အမြင်ဆိုးကို ခံရပါက ရုပ်ဆိုးမယ်။ တဏှာရာဂခက်ထန် မယ်။ မကောင်းတဲ့ အကျင့်စရိုက်ရှိမယ်။ ရှုးရှုးရှားရှား၊ ၀ုန်းဝုန်းဒိုင်းဒိုင်း နေထိုင်တတ်မယ်။ အိမ် တွင်းရေး မကောင်းပါ။ ကွဲကွာနေထိုင်ရမယ်။ ကွားရှင်းပြတ်စဲရမယ်။ မကောင်းသတင်းကျော်ကြား မယ်။ သွားပုတ်လေလွင့် ဖြစ်ပေါ်မယ်။ ယာဉ်တိုက်မှု ဖြစ်ပြီး ယာဉ်ရထား ဆုံးရှုံးမယ်။ ဇနီး၊ မယား၊ သေဆုံးမယ်။ ခင်ပွန်းယောက်ျားနှင့် အစုစပ်လုပ်ကိုင်သူ သေဆုံးမယ်။ လူအများ နှင့် ကာမဂုဏ် လိုက်စားမယ်။ တဏှာရာဂကြီးမယ်။ တစ်ပါးသူတွေ နှင့် တိတ်တိတ်ပုန်း ချစ်တင်းနှီးနှောမယ်။ ငွေ ရေး ကြေးရေး ဆုံးရှုံးမယ်။ အိမ်တွင်းရေး ပူပင်သော ကတွေ့ ရမယ်။ ကြေကွဲဝမ်းနည်း ပူဆွေးရမယ်။ အချစ်ရေး ၊ စိတ်ပျက်စရာများ ကြုံတွေ့ ရမယ်။ ဘ၀မှာ အကျနာမယ်။ ငွေစာရင်း မှားယွင်းမှု ရှိရ မယ်။ တရားဥပဒေ ရင်ဆိုင်တွေ့ ရမယ်။ အကျင့်စာရိတ္တ ချို့ယွင်းမယ်။ တရားရေး ဆိုင်ရာ ဒုက္ခကြုံ တွေ့ ရမယ်။ ကံဆိုးမယ်။ သိက္ခာကျမယ်။ အရှက်ရမယ်။ မလိုလားအပ်တဲ့အကျင့်ရှိမယ်။

သော ကြာဂြိုဟ်နှင့် ဆိုင်တဲ့ ရောဂါ များ ဖြစ်တဲ့ ကာလသား ရောဂါ ၊ အဖုအလုံးပေါက်မယ်။ ကျောက်ကပ်၊ ဆီးကျောက်တည်မယ်။ မျက်စိ ထိခိုက်မယ်။ သားမျိုးစေ့နှင့် ပတ်သက်လို့ ရောဂါ ဖြစ် မယ်။ အင်္ဂါဇာတ်အားနဲမယ်။ အတူတကွ နေထိုင်ရင်း ပြဿနာပေါ်မယ်။ လည်ချောင်းနှင့် ပတ်သက် ပြီး ရောဂါ ရမယ်။ အစာကြေလမ်းကြောင်းပတ်သက်ပြီး ရောဂါ ခံစားရမယ်။ စိတ်ထိခိုက်လွယ်မယ်။ သွေးကင်ဆာ ဖြစ်မယ်။ ပန်းနာရင်ကြပ် ဖြစ်မယ်။ စီပလပ် ပိုးရှိမယ်။ ဂနိုကျမယ်။ ရာသီပန်းပွင့်ရာမှာ ပြဿနာကြုံတွေ့ ရပြီး ခလေးပျက်ကျခြင်းမျိုး ကြုံတွေ့ ရမယ်။

ခန္ဓာကိုယ် အစိတ်အပိုင်းနှင့် ပတ်သက်ရင် ရင်သား၊ မျိုးစေ့၊ လည်ပင်း၊ မျက်စိ၊ သွား၊ သားအိမ်၊ လိင်အင်္ဂါဇာတ်၊ သုတ်၊ ရေ၊ ကျောက်ကပ်၊ လည်ပင်း၊ ပါး ဖြစ်တယ်။

တနင်္ဂနွေဂြိုဟ်

မူလ ၃ ဂါအပေါ် ကောဇာ ၁ နွေက

၂၂၅။ စီးနင်းလျှင် - အပေါင်းအသင်း ၀င်ဆန့်ခြင်း၊ ချစ်ခင်စုံမက်ခြင်း ခံရမယ်။ ကျန်းမာရေး ကောင်းမယ်။ ဧည့်ခံပြုစုရာမှာ တာဝန်ကျေပွန်မယ်။ အပျော်ခရီးထွက်ရမယ်။ အမျိုးသမီးများ ထက် အမျိုးသားများ နှင့် ဆက်ဆံရလို့ ပိုမိုအကျိုးရှိမယ်။ ဒါပေမဲ့ အမျိုးသား အမျိုးသမီး နှစ် ဦးစလုံးနှင့် ဆက်ဆံရေး ကောင်းပါမယ်။ တည်ထွင်ကြံဆရတဲ့ အလုပ်တွေ လုပ်ပါက ပိုပြီးကောင်းတယ်။

၂၂၆။ ၃ တန့် ၁၁ တန့်ခံလျှင် - အများ နှင့် စုပေါင်းလုပ်ကိုင်ရင် ကောင်းပါတယ်။ မိတ်ဆွေ အပေါင်းအသင်းများ နဲ့ နေထိုင်ခြင်းဖြင့် အကျိုး ဖြစ်ထွန်းစေပါမယ်။ အခွင့်အရေး ရရှိမယ်။ ငွေရေး ကြေးရေး အကျိုးရှိမယ်။ သူများ နဲ့ စိတ်သဘော တိုက်ဆိုင်မယ်။ မိတ်သစ်ဆွေသစ်ရမယ်။ အထက် လူကြီးအာဏာပိုင်များ မှ အထင်ကြီးပြီး အခွင့်အရေး ပေးမယ်။

၂၂၇။ ကိန်းခံလျှင် - အခက်အခဲနဲနဲတော့ ကြုံတွေ့ ရမယ်။ လုပ်ငန်းလုပ်တာထက်၊ မိမိကို မိမိ ပျော်ပျော်ရွှင်ရွှင် နေလိုမယ်။ လူမှု ရေး ၊ အချစ်ရေး ကောင်းတယ်။ မကောင်းသတင်းထွက်မယ်။ တိုက်ခိုက်ရင်ဆိုင်တွေ့ ဆုံတာထက် နားလည်မှု ရယူပါ။ မကောင်းမှု ဘက်လုပ်ဖို့ ဆွဲဆောင်မှု တွေ ကို ဂရုပြုရှောင်ပါ။

၂၂၈။ တြိကောဏခံလျှင် - ပျော်ရွှင်မယ်။ သူများ အထင်ကြီးမယ်။ အပန်းဖြေနေထိုင်ပါ။ ပျော်ပျော်ရွှင်ရွှင် နေပါ။ မိတ်ဆွေများ နှင့် နေထိုင်ဖို့ ကောင်းတယ်။ ဒါကြောင့် မိမိချစ်သူနှင့် စိတ် တိုင်းကြ နေထိုင်ပြီး အနားယူပါ။ တည်ထွင်ရတဲ့ လက်မှု ပစ္စည်းလုပ်ငန်းရပ်မှာ အောင်မြင်မှု ရမယ်။ အကျိုးရှိမယ်။

၂၂၉။ သမသတ်ခံနေလျှင် - ဆက်ဆံရေး မှာ ပြေလည်မယ်။ ပျော်ရွှင်စွာ နေရမယ်။ တစ်ပါး သူတို့ကို ချစ်တင်းနှီးနှောလိုမယ်။ မိတ်ဆွေဖွဲ့လိုမယ်။ တစ်ခုခုကို လွန်ကဲအောင် လုပ်ဆောင်မယ်။ အပျင်းကြီးမယ်။ စည်းကမ်းမဲ့နေထိုင်မယ်။ အလုပ်လုပ်ကိုင်လိုစိတ်မရှိဘူး။ အဲဒီ စိတ်ကို ထိန်းသိမ်း တတ်ဖို့ လိုတယ်။ အလိုရမ္မက်၊ အစားအသောက်တို့ကို ထိန်းထိန်းသိမ်းသိမ်း ထားရှိပါ။ အချစ်စိတ် တွေ တက်ကြွနေမယ်။ ဆက်ဆံရေး အသစ်ဟာ ပျောက်သွားမယ်။

တနင်္လာဂြိုဟ်

မူလ ၆ ကြာအပေါ် ကောဇာ ၂ လာက

၂၃၀။ စီးနင်းလျှင် - သော ကြာဂြိုဟ်ကသစ်မူပြီး တနင်္လာဂြိုဟ်က ကောင်းတဲ့အမြင် ဖြစ်ရင် တည်ငြိမ်မှု မရှိပါ။ ဒါပေမဲ့ ကံကောင်းနေပါတယ်။ သဘောကောင်းမယ်။ စိတ်ဆိုးလွယ်မယ်။ မိမိရဲ့ အရေး ပါမှု ၊ ဂုဏ်သိက္ခာတို့ကို တနင်္လာဂြိုဟ်မှာ ဂြိုဟ်ဆိုးအမြင်ခံရပါက တည်ငြိမ်မှု မရှိဘဲ ရူးကြောင် ကြောင် ဖြစ်နေမယ်။ စကားများ မယ်။ ကြွားဝါတတ်မယ်။ မဆင်မချင် ကတိတွေ ပေးမယ်။ အဲဒီ ကတိက၀တ်တွေ ကို စိတ်မှလိုလိုလားလား မဟုတ်သကဲ့သို့၊ ကတိအတိုင်း လုပ်ပေးနိုင်မှာ လဲ မဟုတ်ပါဘူး။ နေရာအတည်တကျ မရှိဘူး။ စိတ်ပျက်စရာကောင်းတာတွေ ရှောက်လုပ်တတ် မယ်။

အကယ်၍ တနင်္လာဂြိုဟ်မှ ကသစ်ဂြိုဟ် ဖြစ်ပြီး သော ကြာဂြိုဟ်မှာ ဂြိုဟ်အမြင်ကောင်း ခံယူ ပါက ယောက်ျားဆိုရင် မိန်းမဆန်မယ်။ မိန်းမဆိုရင် ယောက်ျားဆန်တတ်ပေမယ့် ချစ်စရာ ကောင်း တဲ့သူပါ။ တည်ကြည်ခန့်ငြားမယ်။ နားလည်မှု ရှိမယ်။ အနုပညာရပ်တွေ မှာ လည်း လိမ္မာကျွမ်းကျင်မှု ရှိမယ်။ နှစ်သက် ဖွယ်ကောင်းတဲ့ အမူအရာတွေ ရှိမယ်။ အသိုင်းအ၀ိုင်းနှင့် နေတတ်မယ်။ မိမိနှင့် ပတ်သက်လာရင် အကောင်းတွေ ကိုပဲ တင်ပြတတ်ပါတယ်။ ဘာတစ်ခုကိုမှ လေးလေးနက်နက် မထားဘူး။ ချစ်ခင်လေးစား ခံရခြင်းနဲမယ်။ အကယ်၍ သော ကြာဂြိုဟ်မှာ အမြင်ဆိုးခံရပါက အလို ရမ္မက်ကြီးမယ်။ ဆင်ခြင်တုံတရား မရှိဘူး။ ရူးရူးပေါပေါနှင့် သတိလက်လွှတ်နေတတ်မယ်။

ကောင်းတဲ့ဂြိုဟ် အမြင် ဖြစ်ရင် စီးပွားရးလုပ်ငန်းမှာ ကျွမ်းကျင်မှု ရှိမယ်။ အများ ကြည်ညိုမှု ခံရပြီး အကြံဉာဏ်ကောင်း ပေးနိုင်သူ ဖြစ်မယ်။ ကျန်းမာရေး ကောင်းမယ်။ အ၀တ်အစားနှင့် အပျော် အပါးကို ခုံမင်နှစ်သက် မယ်။ အမြင်ဆိုးကို ခံရပါက လက်ထပ်သည့်နေမှစလို့ ဒုက္ခများ ကြုံတွေ့ ရ မယ်။ မိခင်နှင့် စကားများ မယ်။ မိမိအနီးဝန်းကျင်မှာ ရှိတဲ့ လူတွေ ကို ချစ်ချစ်ခင်ခင် ရှိမယ်။ စိတ်ကူး ယဉ်မယ်။ မိမိချစ်သူနှင့် နှစ် ယောက် ထဲ နေချင်တယ်။ အိမ်နှင့် ပတ်သက်တဲ့ စည်းစိမ်ချမ်းသာခံစား ရမဲ့ အချိန် ဖြစ်တယ်။ အိမ်တွင်းရေး မှာ စိတ်တူကိုယ်တူ ဖြစ်နေမယ်။ အလွန်အကျွံ ပြုလုပ်ခြင်း ရှောင်ပါ။

၂၃၁။ ၃ တန့် ၁၁ တန့်ခံလျှင် - တနင်္လာဂြိုဟ်ရဲ့ ကောင်းတဲ့ဂြိုဟ်အမြင်ခံရမှု အပေါ် မူတည် ပြီး ဂုဏ်ပြုခံရခြင်း ပစ္စည်းဥစ္စာရရှိခြင်းတို့ကို ဖြစ်စေပါမယ်။ လူအများ ကြား ရေပန်းစားမယ်။ တည်ငြိမ်မှု မရှိဘဲ ခပ်ကြောင်ကြောင် ဖြစ်နေတတ်သော်လည်း အမျီုးသမီးများ ကြောင့် အကျိုးခံစား ရမယ်။ တနင်္လာဂြိုဟ်မှာ ကောင်းတဲ့ အမြင်ရှိရင် ဖြစ်တောင့် ဖြစ်ခဲ ကြီးကျယ်တဲ့လုပ်ရပ်များ ကို လုပ် ကိုင်ရမယ်။ အသစ်အဆန်းများ နှင့် အကျိုးမရှိဘဲ စဉ်းစားမှု မျိုး လုပ်မယ်။

ချစ်ခြင်းခံရမယ်။ စောင့်ရှောက်ခံရမယ်။ မိမိချစ်သူနှင့် မိတ်ဆွေများ ရဲ့ ပြုစုစောင့်ရှောက် ခြင်း ခံရမယ်။ မိခင်အပါအ၀င် အမျိုးသမီးများ နှင့် ဆက်ဆံရေး ကောင်းမွန်မယ်။ အများ နှင့် ဆက်ဆံ ရလို့ ကောင်းကျိုးချမ်းသာ ခံစားရမယ်။

၂၃၂။ ကိန်းခံလျှင် - အော်ကြီးဟစ်ကျယ် ရန်လိုမယ်။ ပျင်းရိမယ်။ သဘောာထားသေးသိမ် မယ်။ အတောင်းအရမ်း ထူမယ်။ မိုက်မဲမယ်၊ မတည်မငြိမ် ဖြစ်မယ်။ တလွှဲမာန ကြီးပြီး အသိဉာဏ် ခေါင်းပါးစေပါမယ်။ အကယ်၍ တနင်္လာမှာ အားရှိရင် ရန်သူရဲ့ နှိပ်စက်မှု ကို ခံရမယ်။

ဆန့်ကျင်ဘက်လိင်များ ၊ အရူးအမူးချစ်လိုစိတ်များ ပေါ်မယ်။ သ၀န်တိုတတ်ရင် အမေအပါ အ၀င် အားလုံးနှင့် စိတ်ဆိုးရန် ဖြစ်ရမယ်။ အထင်အမြင်လွဲပြီး စိတ်နာမယ်။ အမျိုးသမီးများ ဓမ္မတာ လာချိန်တွင် အခက်အခဲကြုံမယ်။

၂၃၃။ တြိကောဏခံလျှင် - အိမ်တွင်းရေး ၊ ကိုယ်ရေး ကိုယ်တာ ကိစ္စအတွက် ကောင်းတဲ့ အချိန် ဖြစ်တယ်။ အားလုံးကို ၀မ်းသာစွာ ဆက်ဆံမယ်။ ကြင်ကြင်နာနာ ဆက်ဆံမယ်။ ကူညီတတ် ပြီး၊ ကောင်းစွာ ဆက်ဆံမယ်။ အလိုဆန္ဒမှာ ပြင်းထန်မယ်။ အချစ်ရေး နှင့် ပတ်သက်လို့ စိတ်သ ဘောထားတိုက်ဆိုင်မှု ရှိပြီး ပိုမိုခိုင်မြဲမည် ။ မိမိချစ်သူနှင့် နှစ် ယောက် ထဲသာ နေပါ။ အများ စုနှင့် ဆက်ဆံခြင်း လုပ်ငန်းလုပ်ခြင်းတို့ကြောင့် အကျိုးခံစားရမယ်။ အိမ်ကိုပြန်လည်မွမ်းမံခြယ်သပြီး နေထိုင်ဖို့ ကောင်းတယ်။ အချိန် ဖြစ်ပါတယ်။ လောင်းကစားမှု မပြုလုပ်ပါနှင့် ။

၂၃၄။ သမသတ်ခံလျှင် - ဘာတစ်ခုကိုမှ လွန်လွန်ကျူးကျူး မလုပ်ပါနှင့် ။ ချစ်ခင်မှု ကို ခံရ မယ်။ အမျိုးသမီးများ နှင့် ဆက်ဆံရေး မှာ အဆင်ပြေပြီး စိတ်ချမ်းသာမယ်။ မိမိချစ်ခင်သူနှင့် ထွေး ထွေးနွေးနွေး ဆက်ဆံရမယ့်အချိန် ဖြစ်ပါတယ်။

ဂြိုဟ်တို့ရဲ့ အမြင်ဆိုးကိုခံရပါက တာဝန်ယူဆောင်ရွက်ရတာ တွေ ကို ရှောင်ပါ။ ကျော်မ ကောင်း ကြားမကောင်း ဖြစ်မယ်။ မိမိကိုယ်မိမိ အထင်ကြီးလွန်းလို့ မလိုလားအပ်တဲ့ အချစ်ရေး များ ပေါ်ပေါက်လာမယ်။ တရားလွန်လာပါက မိခင်နှင့် ချစ်သူနှင့် ပါ စကားများ ရန် ဖြစ်ရမယ်။ ပျင်းရိ မယ်။ မတည်ငြိမ်ဘူး မိုက်မဲမယ်။ ခြေဦးတည့်ရာ လျှောက်သွားနေပြီး စိတ်ဓာတ် ယုတ်ညံ့မယ်။ စည်းမရှိ၊ ကမ်းမရှိ ပေါက်လွှတ်ပဲစားနေထိုင်မယ်။

* * * * *


အခန်း (၂)

ဗုဒ္ဓဟူးဂြိုဟ်

မူလ ၆ ကြာအပေါ် ကောဇာ ၄ ဟူးက

၂၃၅။ စီးနင်းလျှင် - လူအများ ကြည်ညိုလေးစားမယ်။ ထင်ပေါ်ကျော်ကြားမယ်။ သြဇာ အာဏာရှိမယ်။ ချမ်းသာမယ်။ သူများ နှင့ ဆွေမျိုးများ ကို ကူညီမယ်။ သော ကြာမှာ ကသစ်ဂြိုဟ် ဖြစ်ပြီး ဗုဒ္ဓဟူးမှာ အမြင်ကောင်းကို ခံရရင် တည်ကြည်ခန့်ငြားမယ်။ သနားကြင်နာစိတ်ရှိမယ်။ စကားပြော ကျွမ်းကျင်လိမ္မာမယ်။ ဉာဏ်ပညာရှိပြီး ကံကောင်းမယ်။ ဗုဒ္ဓဟူးဂြိုဟ် အားနည်းပါက (အတ္တမိရင်) နှမြောတွန့်တိုမယ်။ လိမ္မာပါးနပ်မယ်။ ဖိနှိပ်ခံရမှု မှ လွတ်မြောက်ပြီး ရိုသေကျိုးနွံမှု ရှိမယ်။

ဗုဒ္ဓဟူးဂြိုဟ်က ကသစ်ဂြိုဟ် ဖြစ်ပြီး သော ကြာဂြိုဟ်မှာ ကောင်းတဲ့အမြင်ကို ခံရပါက ယဉ် ကျေးသိမ်မွေ့မယ်။ ဉာဏ်ပညာရှိပြီး ကြာင်နာတဲ့နှလုံးသားရှိမယ်။ ချစ်ခင်တတ်မယ်။ ယဉ်ကျေး သိမ်မွေ့မယ်။ ကြာင်နာသနားတတ်မယ်။ အိနြေ္ဒသိက္ခာရှိမယ်။ ဖြောင့်မှန်မယ်။ အပြစ်ကင်းစင်မယ်။ သော ကြာဂြိုဟ်မှာ ဂြိုဟ်အမြင်ဆိုးကို ခံရပါက ဇာတာရှင်မှာ လှပမယ်။ ယဉ်ကျေးသိမ်မွေ့မယ်။ တစ်ဖက်ချစ်သူကို လိုတာထက်ပိုမို လိုက်လျောမှု ရှိမယ်။ ဒါကြောင့် ချစ်သူပျာက်စီးမယ်။ ဂီတ၌ လိမ္မာကျွမ်းကျင်မယ်။

စိတ်ကောင်းနှလုံးကောင်း ရှိတာကြောင့် အများ နှင့် ဆက်ဆံရေး ပြေလည်မယ်။ လူမှု ရေး ကောင်းမယ်။ ခင်မင်တတ်မယ်။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် နေတတ်မယ်။ တည်ထွင်နိုင်မှု ဉာဏ်ပညာရှိမယ်။ ဂီတ၊ ကဗျာ အထက်တန်းအနုပညာကို တတ်မြောက်မယ်။ အပျော်ခရီးသွားဖို့ ကောင်းတဲ့အချိန် ဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေးမှုြ့ပုဖို့ အချိန်ကောင်း ဖြစ်တယ်။ အမျိုးသမီးအသုံး အဆောင်များ ရောင်းပါက အကျိုးရှိမယ်။ ဧည့်ခံဖျော်ဖြေခြင်း၊ ငွေရင်းနှီးစိုက်ထုတ်ပေးခြင်းဖြင့် အကျိုးရှိမယ်။

၂၃၆။ ၃ တန့် ၁၁ တန့်ခံလျှင် - ယဉ်ကျေးမယ်။ တည်ကြည်ခန့်ငြားမယ်။ ၀ိဇ္ဇာသိပ္ပံပညာရပ် များ အကျိုးခံစားရမယ်။ ပညာရှိပြီး ယဉ်ကျေးမယ်။ မိတ်ဆုံစားပွဲပြုလုပ်ဖို့ အချိန်ကောင်း ဖြစ်ပါ တယ်။ နေ့စဉ် ပတ်ဝန်းကျင်အခြေအနေမှာ ခါတိုင်းထက်ပိုပြီး အဆင်ပြေမယ်။ အရောင်းအ၀ယ် လုပ်ငန်းဆောင်တာ ကိစ္စအ၀၀ ကောင်းမည် ။ အပျော်ခရီး ထွက်သင့်တယ်။ ပျော်ပွဲရွှင်ပွဲများ သွား သင့်တယ်။ အဝေးသို့ ခရီးထွက်သင့်တယ်။

၂၃၇။ ကိန်းခံလျှင် - စကားအငြင်းအခုံ ဖြစ်မယ်။ လေးနက်တဲ့စကားမပြောရ။ ခက်ခဲရှုပ် ထွေးတဲ့ ပြဿနာနှင့် စေ့စပ်ဆွေးနွေးမှု လုပ်ဖို့ ကောင်းတဲ့ ရက်မဟုတ်ပါ။ ကိုယ်စိတ်နှစ် ပါးလုံးပါတဲ့ လုပ်ငန်းဆောင်ရွက်တာမျိုး ရှောင်ပါ။ အနုပညာပြပွဲ လုပ်ဖို့ အချိန်ကောင်း ဖြစ်တယ်။ ကပွဲများ ၊ သီချင်းကို ဖြေဖျော်ခြင်းများ ကို စိတ်အပြောင်းအလွှဲ ဖြစ်ဖို့ လုပ်သင့်တယ်။ အချစ်ရေး နှင့် ငြင်းခုံမှု ကို ရှောင်ပါ။ ရန် ဖြစ်ရမယ်။

၂၃၈။ တြိကောဏခံလျှင် - ယေဘူယျအားဖြင့် စိတ်ရွှင်ရွှင်လန်းလန်းရှိမယ်။ စာရေး ဆက် သွယ်ခြင်း၊ တင်ပြဆွေးနွေးခြင်း၊ အဆင့်အတန်းမြင့်သော ပညာရပ်ဆိုင်ရာ စကားများ ပြောဆိုခြင်း၊ မိမိထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုဖို့ အချိန်ကောင်း ဖြစ်တယ်။ ခရီးထွက်စဉ် မိတ်ဆွေသစ် တစ်ယောက် နဲ့ တွေ့ မယ်။ စာချုပ်ချုပ်ဆိုခြင်း၊ စီးပွားရေး ပြုလုပ်ခြင်း၊ စေ့စပ်ဆွေးနွေးခြင်းတို့ကို လုပ်ရင် အကျိုးရှိမယ်။ အနားယူနေထိုင်ဖို့ ကောင်းတဲ့နေ့ ဖြစ်တယ်။

၂၃၉။ သမသတ်ခံလျှင် - အချစ်ရေး ၊ မိတ်ဆက်စာရေး ဖို့ ကောင်းတယ်။ စာချုပ်ချုပ်ဖို့ ကောင်းတယ်။ ခံစားမှု တွေ လျော့နည်းသွားဖို့ ချစ်ခင်သူနှင့် မိမိကြုံတွေ့ နေရတဲ့ ပြဿနာများ ကို တိုင်ပင်ဆွေးနွေးသင့်တယ်။ စိတ်ခံစားနေရမှု နှင့် ပတ်သက်ပြီး သတိရှိရှိနှင့် အခြေအနေကို ဆင်ခြင်ပြီး ပြုလုပ်ပါ။

သော ကြာဂြိုဟ်

မူလ ၆ ကြာအပေါ် ကောဇာ ၆ ကြာက

၂၄၀။ စီးနင်းလျှင် - အချစ်သစ်ကို တွေ့ မယ်။ ထင်မြင်ချက်တွေ ကို ပြောပြပြီး ဆက်ဆံရေး များ ကို ဆက်လုပ် ပါ။ အလှအပပစ္စည်းများ လက်ခံရရှိခြင်း၊ အ၀တ်အစား၊ ဂီတနှင့် ပတ်သက်တဲ့ ပစ္စည်း၊ စာပေတို့လည်း ရမယ်။ ပျော်ပွဲရွှင်ပွဲသွားဖို့ အချိန်ကောင်း ဖြစ်တယ်။ အများ တကာမှ ပံ့ပိုး ကူညီမှု ရရှိမယ်။

၂၄၁။ ၃ တန့် ၁၁ တန့်ခံလျှင် - အေးအေးဆေးဆေး နေရမဲ့အချိန် ဖြစ်ပါတယ်။ မိတ်ဆွေနှင့် ဆက်ဆံရေး ဟာ တစ်သဘောထဲ ဖြစ်မယ်။ ဆက်ဆံရေး အချစ်ရေး မှာ အောင်မြင်မှု ရမယ်။ အလှ အပကို ချစ်မြတ်နိုးပြီး ကောင်းတဲ့ပတ်ဝန်းကျင်ကို ရောက်မယ်။ သွက်သွက်လက်လက်နှင့် ပျော် ပျော်ရွှင်ရွှင်ရှိမယ်။ အပန်းဖြေခရီးထွက်ရတာ ကြောင့် စိတ်ပျော်ရွှင်မှု ရမယ်။ ငွေရေး ကြေးရေး အပေး အယူလုပ်ရာမှာ အကျိုးရှိမယ်။ စေ့စပ်ဆွေးနွေးခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းကြောင့် အကျိုးခံစားရ မယ်။

၂၄၂။ ကိန်းခံလျှင် - ယေဘူယျအားဖြင့် ကောင်းတဲ့အချိန် ဖြစ်ပါတယ်။ တစ်ယောက် တည်း နေမဲ့အစား အပေးအယူလုပ်ပြီး သင့်တင့်အောင် နေထိုင်ပါ။ စိတ်စေတနာ ကောင်းတွေ ကို အခွင့် အရေး ယူသွားမဲ့လူ ပေါ်လာမယ်။ ကျန်းမာရေး ကို ဂရုစိုက်ပါ။ အသုံးအစွဲကြီးခြင်း၊ မိမိကိုယ်မိမိ စဉ်းစားနေခြင်းဖြင့် အချိန်ကုန်လွန်စေမယ်။ ပစ္စည်းဝယ်ခြင်းကို ရှောင်ပါ။

၂၄၃။ တြိကောဏခံလျှင် - ဆက်ဆံရေး ကောင်းပါတယ်။ ဒါပေမဲ့ တစ်ယောက် ထဲ မလှုပ် ရှားနှင့် ။ ငွေကြေး ရရှိမယ်။ တစ်ဖက်လူကို ဆွဲဆောင်နိုင်မယ်။ ဒုက္ခကင်းဝေးပြီး သာယာဖြောင့်ဖြူး တဲ့ အချိန် ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် လိင်နှင့် ဆက်ဆံရာတွင် စိတ်ကူးယဉ်ဆန်ဆန် လုပ်မယ်။ အပန်းဖြေခရီး ဂီတတေးသီချင်းနှင့် အလှအပပစ္စည်းကို စိတ်ဝင်စားမယ်။

အင်္ဂါဂြိုဟ်

မူလ ၆ ကြာအပေါ် ကောဇာ ၃ ဂါက

၂၄၄။ စီးနင်းလျှင်- စိတ်ထဲတွင် အလောသုံးဆယ် ဖြစ်နေမယ်။ ခွင့်လွှတ်မယ်။ မိန်းမလိုက် စားမယ်။ ကံကောင်းပါတယ်။ ကောင်းတဲ့ဂြိုဟ်မြင်ကိုခံရရင် ကသစ်ဂြိုဟ် ဖြစ်ရင် အများ ချစ်ခင်လေး စားမှု ကို ခံရမယ်။ သော ကြာဂြိုဟ်မှာ အမြင်ဆိုးကိုခံရရင် အောက်တန်းကျမယ်။ ရိုးသားမှု မရှိဘူး။ ဆင်ရဲမွဲတေနေမယ်။

သော ကြာဂြိုဟ်မှာ ကသစ်ဂြိုဟ် ဖြစ်ပြီး အင်္ဂါဂြိုဟ်မှာ ကောင်းတဲ့ဂြိုဟ်မြင်ကို ခံရရင် မာန ကြီးမယ်။ အလိုရမက်ပြင်းထန်မယ်။ ရန်လိုမယ်။ သတ္တိရှိပြီး ကံကောင်းမယ်။ နားလည်မှု ရှိပြီး အောင်မြင်မယ်။ အင်္ဂါဂြိုဟ်မှာ ဂြိုဟ်အမြင်ဆိုးကို ခံရရင် ကောက်ကျစ်မယ်။ ရက်စက်မယ်။ အမျိုး ခင်မယ်။ ခိုးဝှက်တတ်မယ်။

ကာမဆန္ဒစိတ် အလွန်နိုးကြားပြီး ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမယ်။ ချစ်သူနှင့် နှစ် ဦး စလုံး ကျေနပ်အားရမယ်။ တစ်ပါးသူတွေ နှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်မယ်။ ကူညီမယ်။ လူများ ကို ဆွဲဆောင်နိုင်စွမ်းရှိမယ်။ သူများ ရဲ့ ချစ်ခင်လေးစားမှု ခံရမယ်။ အနုပညာနှင့် စပ်ဆိုင်တဲ့ ကိစ္စများ လုပ်ရမယ်။ အလှအပပစ္စည်း အသစ်အဆန်းများ လက်ခံရရှိမယ်။

၂၄၆။ ၃ တန့် ၁၁ တန့်ခံလျှင် - မာနကြီးမယ်။ ရမက်ထန်မယ်။ ဒေါသကြီးပြီး ရှူးရှူးရှားရှား လုပ်တတ်မယ်။ အန္တရာယ်များ တဲ့ စွန့်စားမှု ကို လုပ်ကိုင်လိုမယ်။ အကယ်၍ အင်္ဂါဂြိုဟ်မှာ အမြင် ကောင်းကို ခံရပါက အောင်မြင်မှု ရရှိပြီး အင်္ဂါဂြိုဟ်မှာ အမြင်ဆိုးကို ခံရပါက မိမိမိုက်ပြစ်ကို မိမိခံရ မယ်။ ဂြိုဟ်နှစ် လုံးစလုံး အမြင်ဆိုး မြင်ခံရပါက ညစ်ညစ်ညမ်းညမ်း ပြောဆိုတတ်မယ်။ စည်းမဲ့ ကမ်း မဲ့ နေထိုင်မယ်။

အချစ်ရေး အသစ် ဆက်ဆံမှု ပြုပါ။ မိတ်ဆွေများ နှင့် ဆက်ဆံရေး ကောင်းမွန်လာမယ်။ တီထွင်ကြံဆမှု ပြုလုပ်က အကျိုးရှိမယ်။ အမျိုးသမီးများ နှင့် ခပ်ပျော်ပျော် ဇိမ်ခံနေရမယ့် အချိန် ဖြစ် တယ်။ လုပ်ငန်းသစ်များ တွင် ငွေရင်းနှီးမြှုပ်နှံထားမှု မှ အကျိုးခံစားရမယ်။

၂၄၇။ ကိန်းခံလျှင် -ဇာတာရှင်ဟာ အောက်တန်းကျမယ်။ လူသတ်မှု ကျူးလွန်မယ်။ အဆုံး စွန် ကောက်ကျစ်စဉ်းလဲမယ်။ ပြည့်တန်ဆာလို အမျိုးသမီးမျိုးကို ချစ်ခင်စုံမက်မယ်။ စိတ်ထားမမှန် ဘူး။ ရန်လိုမယ်။ သိက္ခာကျမယ်။

တစ်ပါးသူ မိမိချစ်ခင်သူ အပါအ၀င်တို့နှင့် အထင်အမြင်လွှဲပြီး စကားများ မယ်။ စိတ်ကြမ်း ကိုယ်ကြမ်းကို မကြိုက်နှစ်သက် ပါ။ မိတ်ဆွေသစ်ရှာရန် အချိန်မကျသေးပါ။

၂၄၈။ တြိကောဏခံလျှင် - တစ်ပါးသူကို ကူညီလိုမယ်။ ပြီးတော့ ကာမဆန္ဒစိတ် နိုးကြွလာ စေမယ်။ ဆန့်ကျင်ဘက်လိင်တွေ နှင့် မိတ်ဆွေ ဖြစ်ပြီး ဆွဲဆောင်မှု ရှိမယ်။

၂၄၉။ သမသတ်ခံနေလျှင် - တီထွင်မှု နှင့် အလိုဆန္ဒကို နိုးကြွစေမယ်။ နှစ် ဦးနှစ် ဖက် နားလည်မှု ရှိရှိ ချစ်တင်းနှီးနှောရမယ့် အချိန် ဖြစ်ပါတယ်။ အဆက်အသွယ်များ ကို သတိပြုပါ။ ထိုသူ တို့မှာ အလိုကို ရုတ်ချည်း သဘောပေါက်နားလည်မှု မရှိတာကြောင့် ကွဲကွာရတတ်မယ်။

ကြာသပတေးဂြိုဟ်

မူလ ၆ ကြာအပေါ် ကောဇာ ၅ တေးက

၂၅၀။ စီးနင်းခံလျှင် - အလုပ်အကိုင်ပါ အဆင်ပြေမယ်။ ဘယ်လိုဆက်ဆံရေး မျိုးမဆို ကောင်းကျိုးပေးမယ်။ လုပ်ငန်းပုဂ္ဂိုလ်ရေး ရာ လူမှု ရေး ရာနှင့် ရင်းရင်းနှီးနှီး ဆက်သွယ်ရမှာ လဲ ကောင်းပါတယ်။ ငွေရေး ကြေးရေး နှင့်ဆိုရင် မိုးပေါ်က အထုတ်ကြီး ပြုတ်ကြလာသလို မမျော်လင့် ဘဲ ရုတ်တရက် ရရှိခံစားရမှာ ဖြစ်ပါတယ်။ သုံးဖြုံးပစ်တာမျိုး ရှောင်ပါ။ ပါတီပေးတာတို့၊ မွေးနေ့လုပ် တာတို့တွက် အောင်မြင်မှု ရရှိမှာ ဖြစ်ပါတယ်။ အချစ်ရေး နှင့် ပတ်သက်ပြီး ဆက်ဆံရေး ကောင်းမှာ ဖြစ်ပါတယ်။ လက်ထပ်ရပါမယ်။ အသိဉာဏ်ရှိမယ်။ ကျော်ကြားမယ်။ အရိုအသေခံရဖို့ အမြဲသတိ ရှိနေမယ်။ သက်တောင့်သက်သာ နေထိုင်ရပြီး လေးစားမှု ခံရမယ်။

အပျော်ရွှင်ရဆုံး အချိန် ဖြစ်မယ်။ ဆက်ဆံရေး မှာ ရင်းရင်းနှီးနှီးရှိပြီး စိတ်ချမ်းသာမယ်။ သော ကြာဂြိုဟ်ဟာ ကသစ်ဂြိုဟ် ဖြစ်ခဲ့ရင်တော့ ဇာတာရှင်ဟာ အလွန့်အလွန်ကို အဆင်ပြေမယ်။ မိန်ရာသီမှာ စီးခဲ့ရင် သူတော် ကောင်း ဖြစ်မယ်။ ဂုဏ်ပြုခံရမယ်။ ဘာသာတရားကိုင်းရှိုင်းမယ်။ ချမ်သာကြွယ်ဝမယ်။ အများ ချစ်ခင်ခြင်း ခံရမယ်။ အကယ်၍ သော ကြာဂြိုဟ်ဟာ အမြင်ကောင်း ကို ခံရလျှင် အလိုရမက်နောက် ကောက်ကောက်ပါအောင် လိုက်နေတတ်ပြီး ထင်ပေါ်ကျော်ကြားမှာ မဟုတ်ပါဘူး။ မိန်းမကောင်းရရှိမယ်။ အရည်အချင်း ကောင်းတွေ ရှိမယ်။

၂၅၁။ ၃ တန့် ၁၁ တန့်ခံလျှင် - မြင့်မြတ်မယ်။ ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲတတ် မယ်။ အကျင့်သိက္ခာရှိမယ်။ ဂုဏ်ပြုခြင်း ခံရမယ်။ အကယ်၍ ကြာသပတေးဂြိုဟ်အားရှိလျှင် ချမ်း သာမယ်။ စိတ်လှုပ်ရှားမှု ရှိမယ်။ ၀မ်းသာရမယ်။ အားနည်းပြီး အမြင်ဆိုး မြင်ခံရလျှင် ယုံလွယ်မယ်။ သတိထားဆင်ခြင်ခြင်း မရှိဘူး။

ရတာ နှင့် နှစ် သိမ့်ရောင့် ရဲနေတယ်။ မိတ်ဆွေတွေ နှင့် အေးအေးချမ်းချမ်း နေထိုင်တတ် မယ်။ ဆွေမျိုးတွေ နှင့် ချစ်ချစ်ခင်ခင်နေတတ်ပြီး ထိုသူတွေ ကြောင့် အကျိုးခံစားရမယ်။ နိုင်ငံခြား ငွေရင်းနှီးမြှုပ်နှံမှု မျိုးကဲ့သို့သော ငွေရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ကောင်းသော အချိန် ဖြစ်ပါတယ်။ ဆေးဝါးနှင့် ဥပဒေတို့ကို လုပ်ဆောင်ရန်သင့်တယ်။ စိတ်ထာမြင့်မြတ် ဖြောင့်မတ်သူတို့မှ သဘော ကျတယ်။ စည်းကမ်းမရှိတာ။ စိတ်ပါလက်ပါ မလုပ်တတ်တာက အားနည်းမှု ပါပဲ။

၂၅၂။ ကိန်းခံလျှင် - မာနကြီးမယ်။ အပေါ်ယံ ပေါင်းသင်းဆက်ဆံမှု ပြုလုပ်မယ်။ မရိုးသား ပါ။ ငွေကိုသုံးဖြုန်းပစ်မယ်။ ရမက်ကြီးပြီး စိတ်ထားမမှန်ပါ။ အကယ်၍ သော ကြာဂြိုဟ် ကသစ်ဂြိုဟ် ဖြစ်နေပါက ဉာဏ်ထိုင်းမယ်။ ဆင်းရဲမယ်။ သူရဲဘောကြောင်မယ်။ မနာလို ၀န်တို ဖြစ်မယ်။ ရန်ညှိုး ဖွဲ့လိုမယ်။ အစားအသောက်ကို သတိထားပါ။ မလိုအပ်ဘဲ ဈေးဝယ်ခြင်း မပြုပါနှင့် ။ ငွေရင်းနှီး မြှုပ်နှံရန် ကောင်းပါတယ်။ စိတ်ကူးပေါ်တိုင်း ထမလုပ်ပါနှင့် ။ မာနထောင်လွှားခြင်းနှင့် စကားများ ရန် ဖြစ်ခြင်း ရှောင်ပါ။

၂၅၃။ တြိကောဏခံလျှင် - လူမှု ဆက်ဆံရေး တွေ လုပ်မယ်။ ပျင်းရိမယ်။ ကိုယ်အတွေးနှင့် ကိုယ် ကျေနပ်နေမယ်။ ပျော်ပွဲရွှင်ပွဲနှင့် ဧည့်ခံပွဲတွဟာ စိတ်ကူးယဉ်မှု တွက် ကောင်းပါတယ်။ အပျော်ခရီးထွက်ရင် ကောင်းတယ်။ အဓိက ငွေရင်းနှီးမြှုပ်နှံမှု လုပ်သင့်တဲ့အချိန် ဖြစ်တယ်။ လုပ်ငန်းသစ် စတင်မဆောင်ရွက်ရ။

၂၅၄။ သမသတ်ခံနေလျှင် - ဆန္ဒပြခံရမယ်။ စိန်ခေါ်ခံရမယ်။ တရားစွဲခံရပြီး ဂုဏ်သိက္ခာကျ မယ်။ စိတ်ဆိုးရမယ်။ သတိလက်လွှတ် ဖြစ်တာတာကြောင့် မလုပ်သင့်တာတွေ လုပ်မိမယ်။ ပြစ်တင် ခြင်းခံရမယ်။ အမှားတွေ လုပ်မယ်။ နောက်မှ နောင်တရပြီး တပြစ်တောက်တောက် ဖြစ်နေမယ်။ သာယာမှု တွေ ၊ ပျော်ရွှင်မှု တွေ မှာ နစ်မြုပ်နေတတ်မယ်။ ပြီး အနားယူနေထိုင်ပါ။ အကျိုးရှိမယ့် အဆက်အသွယ်တွေ ပေါ်လာပါမယ်။

စနေဂြိုဟ်

မူလ ၆ ကြာအပေါ် ကောဇာ စနေက

၂၅၅။ စီးနင်းလျှင် - ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ရမယ်။ ဘ၀ကို ပျော်ရွှင်စွာ နေထိုင်သွားမယ်။ ပေးအပ်လာမဲ့ တာဝန်နှင့် ၀တ္တရားများ ကို ကျေပွန်စွာ ထမ်းဆောင်မယ်။ မိမိချစ် ခင်သူနှင့် ယာယီ (သို့ ) အမြဲ ခွဲခွာနေရမယ်။ သစ္စာရှိမယ်။ အနုပညာခံစားမှု ရှိမယ်။ သက်တောင့် သက်သာဘ၀မှာ နေထိုင်ရမယ်။ ခရီးအဆက်မပြတ် သွားနေမယ်။ ယာဉ်၊ ရထား၊ ပိုင်ဆိုင်မယ်။ အချစ်ကို ထိန်းသိမ်းမြိုသိပ်ထားမယ်။ စကားနည်းမယ်။ အမြဲသတိရှိမယ်။ အသက်ကြီးသူရဲ့ အကြံ ဉာဏ်ကြောင့် အကျိုးခံစားရမယ်။

၂၅၆။ ၃ တန့် ၁၁ တန့်ခံလျှင် - ပေါင်းသင်းဆက်ဆံရေး ကောင်းမယ်။ အေးအေးဆေးဆေး နေတတ်မယ်။ လိမ်မာပါးနပ်မယ်။ သတ္တိသိပ်မရှိဘူး။ အရာရာကို အလေးအနက်ထားပြီး ခပ်တွန့် တွန့်နေမယ်။ ရှက်တတ်ပြီး အိနြေ္ဒရှိမယ်။ အကယ်၍ စနေဂြိုဟ်မှာ အမြင်ကောင်းကို ခံရပါက တရားစွဲရာမှာ အနိုင်ရမယ်။ အကယ်၍ စနေဂြိုဟ်မှာ အားနည်းခဲ့ရင် လုပ်သမျှ အကျိုး ဖြစ်ထွန်း မယ်။ ချစ်သူနှင့် ဆက်ဆံရေး ကောင်းမယ်။ စီးပွားရေး လုပ်ငန်းမှာ ကံကောင်းတယ်။ အနုပညာနှင့် သက်ဆိုင်တဲ့ပစ္စည်းနှင့် အလှအပဆိုင်ရာ ပစ္စည်းများ ဖြစ်ပါက ပိုအကျိုးပေးမယ်။ စည်းကမ်းရှိဖို့ လိုတယ်။

၂၅၇။ ကိန်းခံလျှင် - မပွင့်လင်းခြင်။ အေးတိအေးစက်နိုင်ခြင်းတို့ကြောင့် တစ်ဦးနှင့် တစ်ဦး အထင်လွှဲမှားမယ်။ အခက်အခဲ (သို့ ) ရန် ဖြစ်ရမယ်။ စိတ်ဓာတ်ကျမယ်။ ဖြည့်စွက်ပေးဖို့ အခက် အခဲရှိမယ်။ တစ်ကိုယ်ကောင်းဆန်မယ်။ ဆက်ဆံရေး မပြေပြစ်ဘူး။ အများ ၀ိုင်းပယ် ထားမှု ခံရမယ်။

၂၅၈။ တြိကောဏခံလျှင် - တည်ငြိမ်ပြီး အားထားလောက်မယ်။ ကြုံတွေ့ ရတဲ့ ပြဿနာ များ ကို ဆွေးနွေးတိုင်ပင်ပါ။ (သို့ ) စကားများ ရန် ဖြစ်မယ်။ စီးပွားရေး နှင့် ပေါင်းသင်းဆက်ဆံရေး အတွက် ကောင်းတယ်။ ဆက်ဆံရေး ကောင်းတယ်။ တာရှည်ခိုင်မြဲမယ်။ မိတ်ဆွေနှင့် ချစ်သူ အကြား အဆင့်အတန်း အရည်အချင်းကွာဟချက် ပြဿနာတစ်ရပ် ပေါ်ပေမယ့် ပြဿနာမဟုတ် ပါဘူး။

၂၅၉။ သမသတ်ခံနေလျှင် - ချစ်သူမှ အတတ်နိုင်ဆုံး လိုက်လျောမှု များ ပြုလုပ်ပေးပါ။ အေးတိအေးစက်နိုင်မယ်။ ခံစားမှု သိပ်မပြင်းပါစေနှင့် ။ အထူးသဖြင့် လူငယ်များ ကြားမှာ ဖြစ်ပေါ် လာတတ်ပါတယ်။

ရာဟုဂြိုဟ်

မူလ ၆ ကြာအပေါ် ကောဇာ ရာဟုက

၂၆၀။ စီးနင်းလျှင် - ပေါင်းသင်းဆက်ဆံရေး တွင် လူကြိုက်များ မယ်။ ပေါင်းသင်းဆက်ဆံ ရေး မှာ မျော်မှန်းထားသလို ဖြစ်လာမယ်။ လူကြိုက်များ လာမယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ နှင့် အသိမှတ်ပြုခံရတာ ကို ကြုံတွေ့ မယ်။ အိမ်ထောင်မရှိလျှင် လက်ထပ်ရမယ်။ အိမ်ထောင်ရှိရင် သဘောထား ကွဲလွဲချက်များ ပြေလည်သွားမယ်။

၂၆၁။ ၃ တန့် ၁၁ တန့်ခံလျှင် - ချစ်ဖွယ်ကောင်းတဲ့ အမျိုးသမီးအား သဘောကျနေမယ်။ ငွေရေး ကြေးရေး နှင့် ပတ်သက်လို့ ကံကောင်းကြမယ်။ မှီခိုအားထားလောက်သူ ဖြစ်စေမယ်။

၂၆၂။ ကိန်းခံလျှင် - အချစ်ရေး နှင့် ပတ်သက်ပြီး အဆက်အသွယ်ပြတ်တောက်မယ်။ လုံးဝ ငြင်းပယ်ခြင်းမဟုတ်သော်လည်း ကျော်လွှားသွားရမယ်။ အဟန့်အတားတစ်ခု ဖြစ်ပေါ်မယ်။ သ၀န် တိုပြီး နိုင်ထက်စီးနင်းလုပ်မယ်။

၂၆၃။ တြိကောဏခံလျှင်- ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရာမှာ စိတ်သဘောခြင်းတိုက် ဆိုင်မယ်။ ဇိမ်ခံပစ္စည်းကြောင့် ငွေကြေးအမြတ်အစွန်းရမယ်။ ပျော်ပွဲရွှင်ပွဲလုပ်ပါ။ ဆက်ဆံရေး အသစ်ဟာ ခိုင်မြဲမယ်။ အလွန်အကျွံမလုပ်ရ။

၂၆၄။ သမသတ်ခံနေလျှင် - စိတ်ချမ်းသာမှု မပေးစွမ်းနိုင်ပါ။ စိတ်ထိခိုက်လွယ်မယ်။ သဘောကျနေတာကို ထုတ်ဖော်ပြောဆိုနိုင်ဖို့ အခွင့်မရရှိသေးပါ။ မီးခဲပြာဖုံးပြဿနာရပ်များ မိမိ ဖက်မှ အနစ်နာခံမှု ကြောင့် အကျိုးခံစားရမယ်။

ကိတ်ဂြိုဟ်

မူလ ၆ ကြာအပေါ် ကောဇာ ကိတ်က

၂၆၅။ စီးနင်းလျှင်- လူမှု ဆက်ဆံရေး ကို စိတ်ဝင်စားမှု မရှိပါ။ မထုံတက်သေးနေမယ်။ စိတ်ခံ စားမှု အပြည့်ရှိမယ်။ စိတ်ကူးယဉ်ပြီး အနုပညာဆန်တဲ့အတွေးခေါ်တွေ ဖြစ်လာမယ်။ စီးပွားရေး မှာ ငွေရေး ကြေးရေး အခက်အခဲရှိလို့ နှေးကွေးနေမယ်။ လက်ထပ်ဖို့ မသင့်သေးပါ။ လက်ထပ်ခဲ့ပါက အိမ်တွင်းရေး မသာယာမှု များ ဖြစ်မယ်။ ထိပ်တိုက်ရင်ဆိုင်မှု မှန်သမျှကို ကြိုးစားရှောင်ပါ။

၂၆၆။ ၃ တန့် ၁၁ တန့်ခံလျှင် - ငွေရေး ကြေးရေး အချစ်ရေး နှင့် ငွေရင်းနှီးမြှုပ်နှံလုပ်တဲ့ လုပ်ငန်းတွေ အတွက် သတိထားလုပ်ရမဲ့အချိန် ဖြစ်တယ်။ ငွေရေး ကြေးရေး နှင့် ပတ်သက်လို့ အရှုံး ပေါ်နိုင်ပါတယ်။ စိတ်ကူးယဉ် သာယာမှု တွက် အချိန်ကောင်းမဟုတ်ပါ။ စေ့စပ်ဆွေးနွေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်းတို့ကို မလုပ်သင့်ပါ။ အပျော်ခရီးထွက်ရာမှာ စိတ်သဘောထားခြင်း မတိုက်ဆိုင်မှု ဖြစ်လာမယ်။

၂၆၇။ ကိန်းခံလျှင် - အချစ်ရေး ၊ ဆက်ဆံရေး ပြိုကွဲမယ်။ လုပ်ငန်းခွင်နှင့် စီးပွားရေး လုပ်ငန်း များ တွင် အခက်အခဲကြုံတွေ့ ရမယ်။ လက်မထပ်သင့်ပါ။ ကျန်းမာရေး ချို့တဲ့ပြီး သ၀န်တိုစေမယ်။

၂၆၈။ တြိကောဏခံလျှင် - အတိုင်းအတာတစ်ခုထိ အချစ်ရေး မှာ ကောင်းတယ်။ ငွေပေး ငွေယူပြုလုပ်ခြင်းနှင့် ကုန်ကျစရိတ်များ ကို သတိပြုရမယ်။ အိမ်တွင်းရေး မှာ တစ်ကျက်ကျက်မ ဖြစ် စေဖို့ရယ် ခွဲမနေရဖို့ သတိထားကိုင်တွယ်ပါ။

၂၆၉။ သမသတ်ခံနေလျှင် - ချစ်သူနှင့် ပြဿနာတက်မယ်။ ငွေရေး ကြေးရေး ကိစ္စ အဆင် မပြေပါ။ အလွန်စိတ်ထိခိုက်လွယ်ပြီး ပြဿနာတွေ ကို မျိုသိပ်ထားရမယ်။ သော ကများ ပြီး နေမထိ ထိုင်မသာ ဖြစ်နေရလိမ့်မယ်။

ယူရေး နပ်(စ)ဂြိုဟ်

မူလ ၆ ကြာအပေါ် ကောဇာ ယူရေး နပ်(စ)က

၂၇၀။ စီးနင်းလျှင်- မမျှော်လင့်ဘဲ ပြဿနာတွေ ပေါ်လာမယ်။ အချစ်ရေး ၊ တီထွင်မှု နှင့် ပတ်သက်လို့ စိတ်လှုပ်ရှားမယ်။ အချစ်ရေး မှာ အဆင်မပြေပါ။ အိမ်တွင်းရေး အခြေအနေမှာ ပဲ အဆင်မပြေမှု ကြုံတွေ့ နေမယ်။ စိတ်တိုမယ်။ မမျှော်လင့်ဘဲ ပြဿနာတွေ ပေါ်လာမယ်။ ရုတ်တ ရက် ငွေရေး ကြေးရေး နှင့် ပတ်သက်ပြီး အကျိုးခံစားရမယ်။

၂၇၁။ ၃ တန့် ၁၁ တန့်ခံလျှင် - ဆွဲဆောင်မှု ရှိတဲ့ မိတ်ဆွေသစ်များ ရမယ်။ ဒါပေမယ့် တာရှည်မခံပါ။ အချစ်ရေး ကို ကြုံတွေ့ မယ်။ သ၀န်မတိုရ သာယာမှု ရှာဖို့ ကောင်းတဲ့အချိန် ဖြစ် တယ်။ ပါတီတို့ မိတ်ဆုံစားပွဲတို့ လုပ်ဖို့ စိတ်ဝင်စားမယ်။

၂၇၂။ ကိန်းခံလျှင်- အချစ်ရေး မှာ ရန် ဖြစ်ပြီး မုန်းတီးမှု နဲ့ အဆုံးသတ်ရမယ်။ ချစ်သူအပေါ် စိတ်မရှည်တာတို့ ငြင်းခုန်ပြောဆိုတို့ မလုပ်ရ။ နှစ် ဦးနှစ် ဖက် နားလည်မှု ကောင်းကောင်းရနိုင်ပါ တယ်။ အခြေအနေအရ ကျင့်သုံးနေထိုင်တတ်မှု မရှိရင် အနှောင့်အယှက်တွေ ပိုမိုကြုံတွေ့ ရမယ်။ ဆန့်ကျင်ဘက်လိင်များ နဲ့ ဖက်လှဲတကင်းနေချင်မယ်။ ငွေအသုံးအဖြုန်းကို ဆင်ခြင်ပါ။

၂၇၃။ တြိကောဏခံလျှင် - ရုတ်တရက် ပေါ်လာတဲ့ ဆက်ဆံရေး အသစ်ဟာ ခဏလေးနဲ့ ပြီးဆုံးသွားမယ်။ မိမိချစ်သူနှင့် မ ဖြစ်စဖူး အပြောအဆို အနေအထိုင်များ ပြုမူပြောဆိုနေထိုင်မယ်။ မမျှော်လင့်တဲ့ကိစ္စတစ်ခုကြောင့် ဖြစ်နေတဲ့အခြေအနေပေါ်မှာ သက်တောင့်သက်သာ နေထိုင်နိုင် မယ်။ မစွန့်စားရ။

၂၇၄။ သမသတ်ခံနေလျှင်- အချစ်ရေး ကိစ္စပေါ်လာမယ်။ မတည်မြဲပါ။ မကြုံစဖူး ပျော်ရွှင်မှု မျိုးခံစားရမယ်။ စေ့စပ်ကြောင်းလမ်းခြင်းကို ပြုလုပ်ရမယ်။ အိမ်တွင်းရေး နှင့် အချစ်ရေး မှာ စိတ်ထိ ခိုက်မှု များ ရုတ်တရက် ပေါ်လာမယ်။

နက်ပကျွန်းဂြိုဟ်

မူလ ၆ ကြာအပေါ် ကောဇာ နက်ပကျွန်းက

၂၇၅။ စီးနင်းလျှင်- မျှော်မှန်းထားသလို ဖြစ်မလာလို့ အချစ်ရေး မှာ စိတ်ပျက်မယ်။ အလှ အပကို ခံစားတတ်မယ်။ ငွေပေးငွေယူကိစ္စများ မလုပ်ပါနှင့် ။ အနုပညာနှင့် ပတ်သက်ပြီး ဖန်တီးနိုင် မယ်။ အချစ်ကြောင့် အကျိုးခံစားရမယ်။

၂၇၆။ ၃ တန့် ၁၁ တန့်ခံလျှင် - စိတ်ကူးယဉ်မယ်။ အလှအပတွေ ကို ဖော်ထုတ်လိုမယ်။ ဂီတနှင့် ကဗျာကို ၀ါသနာပါမယ်။ အပျော်အပါးခရီးသွားလိုမယ်။ မိမိချစ်သူထံမှ စိတ်ချမ်းမြေ့စရာ စိတ်ကျေနပ်မှု တွေ ရလာမယ်။

၂၇၇။ ကိန်းခံလျှင် - မိမိချစ်သူနှင့် ဆက်ဆံရာမှာ အခြေအနေမှန်ကို မသိနိုင်ဘူး။ အပျော် တမ်း အချစ်အတွက် အချိန်ကောင်း ဖြစ်တယ်။ မျှော်လင့်ထားသလို ကျေနပ်မှု ပေးနိုင်မှာ မဟုတ်ပါ။ အမြဲတန်းမိတ်ဆွေ ဖြစ်ရမဲ့ သူနဲ့ကြုံတွေ့ မယ်။ အဆိုးဆုံး ကတော့ အချစ်ရေး ရာမှာ ကွဲပြားရန် ဖြစ်ပြီး စိတ်ပျက်စရာတွေ ကြုံတွေ့ မယ်။

၂၇၈။ တြိကောဏခံလျှင် - အလုပ်လုပ်ဖို့ မကောင်းသေးပါဘူး။ ဆက်ဆံရာမှာ ကူညီယိုင်း ပင်းမှု နှင့် ကိုယ်ချင်းစာနာမှု တွေ ကြုံတွေ့ ရမယ်။ သူများ အကျိုးကို လုပ်နေရမယ်။ တီထွင်မှု ဆိုင်ရာ လုပ်ငန်းမှာ အောင်မြင်မယ်။

၂၇၉။ သမသတ်ခံနေလျှင် - မိမိချစ်သူနှင့် ဆက်ဆံရာမှာ သတိထားပါ။ စိတ်ကူးယဉ်နေလို့ ကောင်းတဲ့အချိန်မျိုး မဟုတ်ဘူး။ စိတ်ပျော်ရွှင်ရမဲ့အချိန် ဖြစ်တယ်။ အရှိကိုအရှိအတိုင်း မသိနိုင်ခဲ့ တာကြောင့် မိမိချစ်သူဟာ မိမိထင်သလို သစ္စာမရှိတာကို အခုတွေ့ ရှိရမယ်။

ပလူတိုဂြိုဟ်

မူလ ၆ ကြာအပေါ် ကောဇာ ပလူတိုက

၂၈၀။ စီးနင်းလျှင် - မကြုံစဖူးထူးကဲတဲ့ အချစ်အရသာကို ခံစားရမယ်။ သတိမရှိဘူးဆိုရင် ပြဿနာကြုံတွေ့ ရမယ်။ ဆက်ဆံရေး တွေ မှာ အနှောင့်အယှက်ကြုံမယ်။ မိမိချစ်သူကို သ၀န်တိုပြီး ပိုင်စိုးပိုင်နင်းပြုတာကြောင့် အထင်အမြင်လွှဲမှု တွေ ကြုံမယ်။

၂၈၁။ ၃ တန့် ၁၁ တန့်ခံလျှင် - အချစ်ရေး မှာ ဆက်ဆံရေး တွေ ပိုလာပြီး ချစ်တင်းနှီးနှောမှု အဆင့်အထိ ပေါ်လာနိုင်တယ်။ မိမိခံစားမှု နှင့် မိမိဆက်ဆံရေး ကို နားလည်မှု ရှိပါ။

၂၈၂။ ကိန်းခံလျှင် - အများ နဲ့ဆက်ဆံရလို့ ခံစားမှု အတွေ့ အကြုံများ ရနိုင်တယ်။ စကားများ ရန် ဖြစ်ရပြီး ဆက်ဆံရေး ပြိုကွဲသွားနိုင်တယ်။ အခြေအနေနှင့် လိုက်လျောညီထွေ ဆက်ဆံနိုင်ဖို့ လိုတယ်။ ငွေရေး ကြေးရေး နှင့် စာချုပ်ချုပ်ဆိုဖို့ မကောင်းသေးပါ။

၂၈၃။ တြိကောဏခံနေလျှင် - အချစ်ရေး နှင့် ဆက်ဆံရေး မှာ ပိုမိုနက်ရှိုင်းလာမယ်။ စွဲလန်း တဲ့ ဆက်ဆံရေး သစ်တစ်ရပ် ပေါ်လာပါမယ်။ အနုပညာရပ်နှင့် သက်ဆိုင်တဲ့ အလုပ်ကိုလုပ်ပါ။

၂၈၄။ သမသတ်ခံနေလျှင် - လက်ရှိဆက်ဆံရေး မှာ အခက်အခဲတွေ ကြုံတွေ့ မယ်။ သ၀န် တိုခြင်း၊ အပြစ်တစ်ခုခုလုပ်မိတယ်လို့ ခံစားခြင်း၊ အမြင်ဆိုးမြင်ခြင်းတို့ကို ခံစားရမယ်။ စကားပြော ဆင်ခြင်ပါ။ ကောင်းသော ပြောင်းလွှဲခြင်းမျိုး ကြုံတွေ့ မယ်။

ကြာသပတေးဂြိုဟ်

စိတ်ဝင်စားစရာကောင်းတဲ့ ကြာသပတေးဂြိုဟ်ဟာ သော မဂြိုဟ်တစ်လုံး ဖြစ်ပြီး ကလေး တွေ ကို ကိုယ်စားပြုရည်ညွှန်းပါတယ်။ ရက်ရက်ရောရော ပေးကမ်းမှု ၊ ပညာရေး တွင် စိတ်ပါဝင်စား မှု ၊ ဥပဒေ၊ ဘာသာရေး ၊ ဘိုးတော် မယ်တော် ကဲ့သို့ သော ပုဂ္ဂိုလ်များ ၊ ဒဿနိကဗေဒ၊ ဘဏ်တိုက်၊ နိုင်ငံခြားရှိ ကုမ္ပဏီများ ၊ လေကြောင်းဖြင့် ခရီးသွားလာခြင်း၊ ခရီးဝေး၊ မှော်အတတ်ပညာ၊ နိုင်ငံခြား တွင် နေထိုင်ခြင်း၊ ဥပဒေရိုသေလေးစားမှု ၊ ရိုးသားဖြောင့်မတ်မှု ၊ အမှန်တရားကို သဘောကျခြင်း၊ တာဝန်ကျေပြွန်မှု ၊ ရိုသေလေးစားခြင်း၊ ဂုဏ်သတင်းကျော်ကြားခြင်း၊ ဂုဏ်ရှိခြင်း၊ ဘာသာတရား ကိုင်းရှိုင်းခြင်း၊ တွေးခေါ်ဆင်ခြင်နိုင်ခြင်း၊ အမွေဆက်ခံရရှိခြင်း၊ ပညာရေး နှင့် ဘာသာရေး ဆိုင်ရာ အသင်းအဖွဲ့များ အမေရရှိခြင်း၊ ပညာရေး နှင့် ဘာသာရေး ဆိုင်ရာ အသင်းအဖွဲ့များ အမေရရှိခြင်း၊ ကိုယ်ခံပညာတတ်မြောက်ခြင်း၊ ဓနဥစ္စာပြည့်စုံခြင်း၊ လှပခြင်း၊ ငွေရေး ကြေးရေး နှင့် ဓနဥစ္စာအကျိုး ခံစားရခြင်း၊ သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တို့ရဲ့ ကြည့်ရှုစောင်မခြင်းခံရခြင်း၊ အာဏာ၊ ရာထူး ရာခံ နိုင်ငံခြားသားများ နှင့် အဆက်အသွယ်ပြုလုပ်ခြင်း၊ စာအုပ်ထုတ်ဝေခြင်း၊ (သော ကြာဂြိုဟ် အမြင်ရှိခဲ့ပါက) လုပ်ငန်းမှာ ကံကောင်းစေမယ့် အစုစပ်လုပ်ကိုင်ရခြင်း၊ တရားမျှတမှု ကို လိုလား ခြင်း၊ ထုတ်လုပ်မှု တိုးချဲ့လုပ်ကိုင်ခြင်းတို့ ဖြစ်တယ်။

ကြာသပတေးဂြိုဟ်မှာ အမြင်ဆိုးကိုခံရပါက ကိစ္စရပ်တစ်ခုကို တစ်ဖက်စွန်းအလွန်အကျွံ လုပ်ကိုင်တတ်မယ်။ လွတ်လွတ်လပ်လပ် နေထိုင်လိုမယ်။ ရက်ရက်ရောရော ပေးကမ်းတတ်မယ်။ အသုံးအဖြုန်း ကြီးမယ်။ သတိလက်လွတ် နေထိုင်တတ်မယ်။ အရာရာကို လိုတာထက်ပိုပြီး အကောင်းမြင်တတ်မယ်။ စကားငြင်းခုန်တတ်မယ်။ လောင်းကစားမယ်။ အကြွားသန်မယ်။ စိတ်လှုပ်ရှားမှု ကြောင့် ဖျားနာလို့ သေဆုံးမယ်။ တရားစွဲဆိုခံရမယ်။ သဘောထားကွဲလွဲမယ်။ မိုက်မဲ မယ်။ ရန်လိုမယ်။ လူကြိုက်နည်းမယ်။

တနင်္ဂနွေဂြိုဟ်

မူလ ၅ တေးအပေါ် ကောဇာ ၁ နွေက

၂၈၅။ စီးနင်းလျှင် - ကျန်းမာရေး ကောင်းမယ်။ အရာရာကို ကောင်းတဲ့ရှုဒေါင့်ကနေရှုမြင် မယ်။ တိကျတဲ့ အကျိုးခံစားရမယ်။ အစစအရာရာလုပ်သမျှ အဆင်ပြေမယ်။ ဘာမှမလုပ်ရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ လုပ်ငန်းသစ်တွေ စတင်လုပ်ကိုင်မယ်။ မိမိဆောင်ရွက်တဲ့ လုပ်ငန်း တွေ ကို ချဲ့ထွင်လုပ်ရမယ်။ ခရီးသွားလို့ အကျိုးခံစားရမယ်။ လေ့လာမှု ပြုလုပ်ဖို့ အချိန်ကောင်း ဖြစ် ပါတယ်။ မိတ်ဆွေသစ်တွေ တွေ့ ရမယ်။ လွတ်လပ်မှု ကို ခါတိုင်းထက်ပိုခံစားနိုင်မယ်။ တစ်ခုခုကို အလွန်အကျွံမလုပ်ရ။ အသုံးအစွဲမကြီးပါစေနဲပ။ ငွေကြေးရင်းနှီးမြှုပ်နှံမှု မလုပ်ပါနှင့် ။

အမြင်ဆိုးကို ခံရပါက အဖေနှင့် သား အတူနေထိုင်ပါက ခွဲခွာနေရမယ်။ အလှူငွေလက်ခံ ခြင်း၊ လာဘ်ပေးမှု လက်ခံခြင်းကြောင့် မကောင်းကျိုးခံရမယ်။ အဖေနှင့် သားများ အကြောင်းတစ်ခုခု ကြောင့် အတူမနေနိုင်ခဲ့ရင် ဖခင်ရဲ့ အိပ်ယာ၊ ကုတင်ကို အသုံးချခြင်းဖြင့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ။ ရွှေ၊ ဂုံဂမံတို့ကို အိပ်ယာမှာ ဆောင်ထားခြင်းဖြင့် ကံကောင်းစေမယ်။

၂၈၆။ ၃ တန့် ၁၁ တန့်ခံလျှင် - သတ္တိရှိပြီး မောက်မာမယ်။ တနင်္ဂနွေဂြိုဟ်အားရှိရင် ကံကောင်းမယ်။ အရာရှိ၊ အရာခံနှင့် အာဏာပိုင်များ ရဲ့ လေးစားခြင်းခံရမယ်။ တနင်္ဂနွေဂြိုဟ် အား နည်းခဲ့ရင် အကျိုးမခံစားရပါ။ တနင်္ဂနွေဂြိုဟ်မှာ အမြင်ဆိုးကို အဆိုးရွားဆုံး ခံရပါက ရုန်းရင်းဆန် ခတ် ဖြစ်ဖို့ ဇာတာရှင်မှာ သေဆုံးမယ်။ (သို့ ) သေလောက်အောင် ထိခိုက်ဒဏ်ရာရမယ်။

အာဏာပိုင်တွေ နဲ့ ဆက်သွယ်ရာမှာ ကောင်းတယ်။ အရည်အချင်းရှိရင် တိုးတက်မှု ရ အောင် လုပ်သင့်ရမယ့်အချိန် ဖြစ်တယ်။ မိတ်ဆွေတွေ နှင့် ပျော်ပျော်ရွှင်ရွှင် နေရမယ်။ အစီအစဉ် ရေး ဆွဲခြင်း၊ စေ့စပ်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ပါ။ ရက်ရက်ရောရောပေးကမ်းမယ်။ သည်းခံတတ် မယ်။ မမျှော်လင့်တဲ့ ငွေရမယ်။ ငွေရေး ကြေးရေး ကောင်းပါတယ်။

၂၈၇။ ကိန်းခံလျှင် - မာနကြီးမယ်။ မာန်မာနထောင်လွှားမယ်။ ကြွားဝါပြောဆိုမယ်။ အသုံး အစွဲကြီးမယ်။ ဥစ္စာပစ္စည်းအားလုံးနီးပါး သုံးဖြုန်းပစ်မယ်။ စိတ်ထားမမှန်ဘူး။ အရက်သေစာ သောက်စားမယ်။ လောင်းကစားမယ်။ မကောင်းမှု ဟူသမျှတွေ ကို အထင်ကြီးမယ်။ ကံဆိုးမယ်။ အောက်တန်းကျမယ်။ စည်းစနစ်နဲ့ ထိန်းထိန်းသိမ်းသိမ်း နေထိုင်မယ်ဆိုရင်တော့ တိုးတက်ကြီးပွား ဖို့ အခွင့်အရေး ရမယ်။ အတ္တလွန်ကဲပြီး မာန်မာန ထောင်လွှားမှု လို့ ဒုက္ခရောက်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချစွာ နေထိုင်ပါ။

ဆိုးတဲ့အမြင်ခံရသော် တရားဥပဒေနှင့် သော်လည်းကောင်း၊ တရားရေး ရာနှင့် ဆိုင်တဲ့ လူတွေ နှင့် သော်လည်းကောင်း၊ စကားများ မယ်။

၂၈၈။ တြိကောဏခံလျှင် - အတွေ့ အကြုံသစ်တွေ ရမယ်။ ကျန်းမာရေး ကောင်းပြီး နေထိုင် လို့ကောင်းမယ်။ ခြေလျင်တောင်တက်အလိုက် ကွင်းဆင်းရတဲ့ လုပ်ငန်းတွေ လုပ်ရင် အကျိုးရှိမယ်။ အစားအစာကို လိုအပ်တာထက် ပိုမစားပါနှင့် ။ မတော် တဆထိခိုက်မှု ကို သတိထားပါ။ ငွေရေး ကြေးရေး အတွက် အချိန်ကောင်း ဖြစ်ပါတယ်။ ခရီးသွားဖို့ သင့်တော် တယ်။

၂၈၉။ သမသတ်ခံနေလျှင် - တိုးချဲ့လုပ်ရင် အောင်မြင်မှု ရှိမယ်။ အစိုးရနှင့် အာဏာပိုင်တို့ က အခွင့်အရေး ပေးမယ်။ ဘာသာရေး မှာ တိုးတက်မယ်။ ရုပ်ကြမ်းဝါဒကို ကျင့်ကြံလိုတယ်။ ငွေရေး ကြေးရေး အကျိုးခံစားရမယ်။

အမြင်ဆိုးကို ခံရပါက အာဏာပိုင်များ နှင့် အဆင်မပြေပါ။ မိမိကိုယ်မိမိ အထင်ကြီးလွန်း မယ်။ မာန်မာနမထောင်လွှားပါနှင့် ၊ ရှယ်ယာလုပ်ရင် နှစ် ဦးနှစ် ဖက်ကြီးပွားမှု ကို စဉ်းစားပါ။

တနင်္လာဂြိုဟ်

မူလ ၅ တေးအပေါ် ကောဇာ ၂ လာက

၂၉၀။ စီးနင်းလျှင် - မိသားစုကို ဦးဆောင်ရမယ်။ ချမ်းသာမယ်။ ရန်သူတွေ ကို အောင်နိုင် မယ်။ စိတ်အပြောင်းအလွဲမြန်မယ်။ ကလေးမွေးဖွားမယ်။ ကောင်းမွန်တဲ့ အမူအရာရှိပြီး ဘာသာ တရား လိုက်စားမယ်။ တစ်ပါးသူကို ကူညီမယ်။ ဒါပေမယ့် လျှို့ဝှက်စွာ နေရမယ်။ ညီအစ်ကိုများ နှင့် ချစ်ချစ်ခင်ခင်နေရမယ်။ စိတ်အေးချမ်းသာနေရမယ်။ သက်တောင့်သက်သာ နေရမယ်။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တို့ရဲ့ စောင်မမှု ကို ခံရမယ်။

ရိုးသားဖြောင့်မတ်မယ်။ ငွေကို ရက်ရက်ရောရော ပေးမယ်။ အိမ်တွင်းရေး သာယာမယ်။ မိမိအိမ်ကို ပိုမိုလှပတင့်တယ်အောင် မွမ်းမံခြယ်သမယ်။ မြေယာနှင့် ပတ်သက်ရင် ငွေရင်းနှီးမြှုပ်နှံ ပါ။ အမျိုးသမီးများ နှင့် ပတ်သက်ပြီး လာဘ်လာဘရမယ်။ အဆီများ တဲ့ အစားအစာများ ကို ရှောင် ပါ။

အမြင်ဆိုးခံရရင်၊ ငွေရေး ကြေးရေး အခက်အခဲကြုံတွေ့ ရပြီး စိတ်ပူပင်သော က ရောက်ရ မယ်။

၂၉၁။ ၃ တန့် ၁၁ တန့်ခံလျှင် - အပြုသဘော အကောင်မြင်ဝါဒ ကျင့်သုံးမယ်။ သူများ ၏ အလိုသို့ လိုက်လျောတတ်မယ်။ အပြောင်းအလွှဲလုပ်တတ်တယ်။ အမြင်ဆိုးတို့မှ ကင်းပါက ကံကောင်းမယ်။ ခရီးသွားရမယ်။ အမျိုးသမီးများ က သဘောကျမယ်။ လက်ထပ်ပါက ထိုလက်ထပ် ပွဲမှာ ကောင်းတယ်။ မိတ်ဆွေ၊ ဆွေမျိုး၊ မိသားစုများ နဲ့ ဆက်ဆံရေး ပြေလည်မယ်။ ဘာသာရေး ကျင့်စဉ်များ ပြုလုပ်ပါ။ လုပ်ငန်းရင်ပများ အောင်မြင်မယ်။

၂၉၂။ ကိန်းခံလျှင်- အပြောင်းအလွှဲ လုပ်လိုမယ်။ အမျိုးသမီးရဲ့ မုန်းတီးခြင်း ခံရပြီး ဆုံးရှုံး မယ်။ မိမိနှင့် မိမိချစ်သူတို့၏ တင်းမာမှု မ ဖြစ်အောင် နေပါ။ လူမှု ဆက်ဆံရေး ကောင်းပြီး ရက်ရက် ရောရော ပေးကမ်းမယ်။ တစ်ပါးသူကို ကူညီတတ်မယ်။

၂၉၃။ တြိကောဏခံလျှင် အရာရာကို အကောင်းဘက်မှ ရှုမြင်တတ်မယ်။ ရက်ရက်ရော ရော ပေးကမ်းမယ်။ တစ်ပါးသူကို ကူညီလိုမယ်။ စီးပွားရေး မှာ များ စွာ အကျိုး ဖြစ်မယ်။ အမျိုးသမီးနဲ့ ပတ်သက်ရင် အကျိုးရှိမယ်။ ဘာသာတရားကိုင်းရှိုင်းမယ်။

၂၉၄။ သမသတ်ခံနေလျှင် - စိမ်းချမ်းသာမယ်။ ဆက်ဆံရာမှာ အဆင်ပြေပြီး အကျိုးခံစား ရမယ်။ စည်းကမ်းမရှိ အစားအသောက် လွန်ကြူးခြင်းရှောင်ပါ။ တာဝန်ယူ ဦးဆောင်လုပ်ရမယ့် လုပ်ငန်းမျိုး ရှောင်ပါ။ စေတနာသဒ္ဒါတရားထက်သန်ပြီး စိတ်ကောင်းစေတနာကောင်းနဲ့ ပေးကမ်း မယ်။ အခွင့်အရေး ယူတတ်ပေမယ့် ဘာပြဿနာမှ မ ဖြစ်ပါ။

ဗုဒ္ဓဟူးဂြိုဟ်

မူလ ၅ တေးအပေါ် ကောဇာ ၄ ဟူးက

၂၉၅။ စီးနင်းလျှင် - ငွေရမယ်။ ကံကောင်းတယ်။ ရန်သူအပေါ် အောင်နိုင်မယ်။ ဘာသာ တရားကိုင်းရှိုင်းမယ်။ လုပ်ရည်ကိုင်ရည်ကောင်းတဲ့သူ ဖြစ်မယ်။ အကင်းပါးမယ်။ အမြော်အမြင်ကြီး ပြီး ရေရှည်စီမံကိန်းများ ချမှတ်နိုင်မယ်။ အရာရာကို ၀ါဒနှင့် ကြည့်ပြီး ဆုံးဖြတ်ချက်ချမယ်။ အက အခုန်ဝါသနာထုံမယ်။ ဂီတ၊ အမွှေးနံ့သာနှင့် အမျိုးသမီးများ ကို စိတ်ဝင်စားမယ်။ စာပေလေ့လာပါ။ တရား ဖြစ်ရင် နိုင်မယ်။ ဘာသာရေး ကို လိုက်စားမယ်။ ဘာသာရေး နှင့် ဒဿနိကဗေဒကို စိတ်ဝင် စားမယ်။ အဆက်အသွယ်လုပ်ရင် ကံကောင်းစေမယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ချဲ့ထွင်မလုပ် နဲ့။

၂၉၆။ ၃ တန့် ၁၁ တန့်ခံလျှင် - သီလ သမာဓိရှိမယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင် မယ်။ သူတစ်ပါးကို ချစ်ခင်ကြင်နာ သနားတတ်တဲ့ စိတ်ရှိမယ်။ အမြင်ဆိုးကို ခံရရင်၊ ကောင်းကျိုး ပေးနိုင်မှု မှာ နည်းသွားမယ်။ ငွေရေး ကြေးရေး အမြတ်အစွန်းရဖို့ စေ့စပ်ဆွေးနွေးခြင်း၊ စီးပွားရေး လုပ်ငန်း၊ စာချုပ်ချုပ်ဆိုခြင်းနှင့် အရောင်းအ၀ယ်လုပ်ရန် ကောင်းတဲ့အချိန် ဖြစ်တယ်။ သဘောထား ကွဲလွဲမှု တို့ကို ၀င်ဖျန်ဖြေပေးပါ။ စာရေး ဆက်သွယ်ကံ အကျိုးရှိမယ်။

၂၉၇။ ကိန်းခံလျှင် - ထင်မြင်ယူဆချက်တွေ ကို သူများ အပေါ် အတင်းအဓမ္မ ရိုက်မသွင်းပါ နှင့် ။ ဝေဖန်ပြောဆိုတဲ့စကားများ ဖြစ်စေကာမူ သေသေချာချာ နားထောင်ပါ။ ဆုံးဖြတ်ချက်ချခြင်း၊ အစီအစဉ်ရေး ဆွဲခြင်း၊ စေ့စပ်ဆွေးနွေးခြင်းဖြင့် အရာရာကို အောင်မြင်မယ်။ ကောင်းတဲ့စိတ်ကို ထားပါ။ ရန် ဖြစ်ခြင်း၊ ရင်ဆိုင်ကြုံတွေ့ ခြင်းမျိုး ရှောင်ပါ။

၂၉၈။ တြိကောဏခံလျှင် - ထင်မြင်ချက်ကိုပြောဖို့ ကောင်းတဲ့ကာလ ဖြစ်တယ်။ အရိုအသေ ပေးခြင်းခံရမယ်။ ဘာသာရပ်အသစ်များ လေ့လာရမယ်။ လုပ်ငန်းများ ကို စနစ်တကျပြန်လည်စု စည်းလုပ်ရမယ်။ ကံကောင်းမယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်မယ်။ ကြင်နာသနားတတ် တယ်။

၂၉၉။ သမသတ်ခံနေလျှင် - ပြီးဆုံးအောင်လုပ်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်။ အလုပ်မှာ အသေးစိပ်အချက်အလက်များ ကို သေချာစွာ လေ့လာပါ။ အပေါ်ယံကြည့်၍ ဆုံးဖြတ်လုပ်ကိုင်ခြင်း မပြုပါနဲ့။ ညှိုနှိုင်းဆွေးနွေးလုပ်က ပိုကောင်းတယ်။

ရန် ဖြစ်ချင်မယ်၊ စိတ်ဆင်းရဲရမယ်။ အလိမ်ခံရမယ်။ နားလည်မှု မရှိခြင်း၊ စိတ်ထင်ရာ စွတ် လုပ်တတ်ခြင်း၊ တည်ငြိမ်မှု မရှိခြင်း၊ ကမြောသော ပါးနှင့် ရူးရူးမိုက်မိုက် လုပ်တတ်မယ်။ အမြင်ဆိုး ကြောင့် မှားယွင်းတဲ့ ယူဆချက်များ ပေါ်လာစေမယ်။

သော ကြာဂြိုဟ်

မူလ ၅ တေးအပေါ် ကောဇာ ၆ ကြာက

၃၀၀။ စီးနင်းလျှင် - မိမိချစ်သူနှင့် ဆက်ဆံရေး မှာ ပိုမိုတိုးတက်ကောင်းမွန်မယ်။ အချစ်ရေး သစ်များ ပေါ်လာမယ်။ မြင့်မြတ်တဲ့ စိတ်ထားရှိတယ်။ အသုံးအဖြုန်း လွန်ကဲမယ်။ အစား အသောက် လွန်ကျူးလို့ ကျန်းမာရေး ကို ထိခိုက်မယ်။ လူအများ ရဲ့ ရိုသေလေးစားဂုဏ်ပြုခြင်းကို ခံရမယ်။

အကျင့်သီလရှိမယ်။ ဂုဏ်သိက္ခာရှိမယ်။ ဘာသာတရား အလွန်ရိုသေမယ်။ စိတ်အေးချမ်း သာ နေထိုင်တတ်ပြီး ချစ်ခင်တတ်သူ ဖြစ်မယ်။

၃၀၁။ ၃ တန့် ၁၁ တန့်ခံလျှင် - သူများ ကို ခင်မင်တတ်မယ်။ အမှန်တကယ် ကံကောင်းပါ မယ်။ ချမ်းသာကြွယ်ဝပြီး ဂုဏ်သတင်းကျော်ကြားမယ်။ သော ကြာဂြိုဟ် အင်အားနည်းပါက အမှု မဲ့ အမှတ်မဲ့ နေထိုင်မယ်။ သာယာမှု အပျော်အပါးကို လိုက်စားမယ်။

မိတ်ဆွေဖွဲ့ခြင်း၊ အချစ်ရေး ၊ ရည်မှန်းချက်မရှိဘဲ သက်သက်သာသာနေလိုခြင်း၊ တစ်ပါးသူ နှင့် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံခြင်း၊ အချစ်သစ်ရရှိခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်စုံမက်ခြင်း၊ အနားယူနေထိုင်ခြင်း၊ အပျော်အပါး အပန်းဖြေခြင်းနှင့် လုပ်ငန်းရပ်များ အကြောင်း၊ အကျိုးအမြတ် ခံစားရခြင်း၊ ရိုးသားမှု ရှိခြင်း၊ တစ်ပါးသူကို သနားကြင်နာတတ်ပြီး မြှော်စားဂုဏ်ပြုခြင်း၊ ဇိမ်ခံ ဂုဏ်ပြုခြင်း၊ အဲဒီ ပစ္စည်းအတွက် ငွေကြေးသုံးစွဲတတ်တာကို ပြတယ်။

၃၀၂။ ကိန်းခံလျှင်- စိတ်မတည်ငြိမ်ခြင်း၊ လိုက်စားပျော်ပါးလိုမယ်။ ရွှင်ရွှင်ပြပြရှိမယ်။ တွေး ခေါ်တတ်မယ်။ စိတ်ပျက်မယ်။ ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေမယ့် အပျော်အပါးနောက် တကောက်ကောက်လိုက် ရာဂကြီးပြီး၊ အုတ်ရောရော ကျောက်ရောရော နေထိုင်တတ်မယ်။

၃၀၃။ တြိကောဏခံလျှင် - ခပ်ပေါပေါနေထိုင်တတ်မယ်။ လူမှု ဆက်ဆံရေး ကောင်းမယ်။ ချစ်သူ မိတ်ဆွေများ နှင့် အချိန်ဖြုန်းနေထိုင်မယ်။ သာယာမှု ရှာဖွေတတ်ပြီး အချိန်ကုန်လွန်မယ်။ အစားအသောက်လွန်ကျူးခြင်း ရှောင်ကြဉ်ပါ။ အချစ်သစ်ပေါ်ပေါက်လာပြီး ဆန့်ကျင်ဘက်လိင်များ နှင့် ကြည်နူးပျော်ပါးလိုမယ်။ ငွေရေး ကြေးရေး အခြေအနေကောင်းတယ်။

၃၀၄။ သမာသတ်ခံနေလျှင် - ပေါင်းသင်းဆက်ဆံရေး ၊ အပေးအယူမျှမယ်။ ဆန့်ကျင်ဘက် လိင်နှင့် သိသိသာသာ ဆက်ဆံရေး ကောင်းမွန်တယ်။ ငွေကြေးဥစ္စာ ဖြုန်းတီးမယ်။ အချိန်ကုန် ငွေကုန်ပြီး အကျိုးမရှိတဲ့ အလုပ်ွေ ရှောင်ကြဉ်ပါ။ အလုပ်ကို အာရုံစိုက်လုပ်ကိုင်ပါ။ ချစ်သူနှင့် ဆက်ဆံရေး မှာ မပြေလည်တာတွေ တွေ့ ရှိရမယ်။ အစားအသောက် ဆင်ခြင်ပါ။

* * * * *




ဝန်ဇင်းချစ်သူများ ဆရာဒဂုန် ၏ “ ကောင်းကင်ပေါ်ကဂြိုဟ် လူသားတွေကိုဘာတွေလုပ်ပေးသလဲ (ဒုတိယတွဲ) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပရာသန်တန္တရ

အသက်မွေးဝမ်းကျောင်းမှုဗေဒင်ပညာ

ဗေဒင်ဆရာရဲ့လွယ်အိတ် အမှတ်(၁၀)