(စာရေး သူ၏ အမှာ စာ)
ဤစာအုပ်သည် ၁၀ တန့်ဘာဝနှင့် ပတ်သက်၍ စနစ်တကျလေ့လာမှု ပြုထားသော စာအုပ် ဖြစ်သည်။ပြုစုရေး သားရာ၌ ရှေးဟောင်းစာအုပ်အတော် များများ နှင့် ခေတ်သစ်စာအုပ်များ ကို ပါ ဖတ်ရှုလေ့လာပြီး ရေး သားထားပါသည်။ အဓိကရည်ရွယ်ချက်မှာ နက္ခတ္တဗေဒပညာရပ်ကို သိပံ္ပနည်းကျ လေ့လာမှု ပြုနိုင်ရန် ဖြစ်ပါသည်။ မည် သည့်သိပ္ပံပညာ ရပ်များ ကိုမဆို လေ့လာရာတွင် လက်တွေ့ စမ်းသပ်ချက်များ ၊ အစဉ်တစိုက် လေ့လာမှုများ နှင့် နောက်ဆုံးကောက်ချက်ချမှုများ ပေါ် အခြေခံကြရပါသည်။
သိပံ္ပ္ပဘာသာရပ်တိုင်းမှာ မိမိရှေ့မှ လုပ်ဆောင်သွားသော သူများ ၏ အခြေခံများ ကို ပိုမိုကျယ်ပြန့်စွာ ကြီးထွားလာစေရန် ပြုလုပ်ရခြင်းပင် ဖြစ်ပါသည်။ ထိုသူများ မှာ မိမိတို့၏ ဘ၀တစ်ခု လုံးကို လေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် ပြန်လည်ပိုချပေးခြင်းဟူသော ကိစ္စရပ်များ ဖြင့် သာ ကုန်ဆုံးစေခဲ့ကြပါသည်။
ကျွန်ုပ်တို့အနေဖြင့် ဟိုခေတ်အခါက ပညာရှင်များ ၏ ရေး သားပို့ချချက်များ ကို ထုတ်ဖော်ရေး သား သွားပါမည် ။
ထိုသူများ ချမှတ်ပေးခဲ့သော နည်းဥပဒေသများ မှ ကန့်သတ်ချက်များ ဖြင့် သာ တည်ရှိခဲ့ပါသည်။ ထိုခေတ်ထိုအခါ၌ တည်ရှိခဲ့သော အလုပ်အကိုင်များ မှာ ယ္ခုခေတ်အခါကဲ့သို့ များများ စားစား သိပ်မရှိလှပါ။ ထို့ကြောင့် ထိုကိစ္စရပ်များ နှင့် ပတ်သက်၍ အသစ်တစ်ဖန် ပြန်လည်လေ့လာခြင်း၊ သုတေသနပြုခြင်း၊ ရရှိသော ရလဒ်ကိုခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး မှတ်ချက်ချမှတ်ကြရပါသည်။ဤကဲ့သို့ ပြုလုပ်ခြင်းဖြင့် အားရကျေနပ်မှု မရှိသဖြင့် အနောက်တိုင်း စာရေး သူများ ၏ သုတေသနပြုချက်နှင့် ထင်မြင်ချက်များ ကိုပါ ထပ်လောင်း ဖော်ပြခဲ့ပါသည်။
ကျွန်ုပ်တို့အနေဖြင့် ထိုဘာသာရပ်နှင့် ပတ်သက်၍ှ ဆရာတစ်ဆူ ဖြစ်ကြကုန်သော ရှေ့တိုင်းနှင့် အနောက်တိုင်းမှ စာရေး သူများ ၏ စာအုပ်တော် တော် များများ ကိုလည်း စုဆောင်းခဲ့ကြရပါသည်။နက္ခတ္တဗေဒအခြေခံစည်းမျဉ်းများ ကို ထင်ထင်ရှားရှား လေ့လာနိုင်စေရန်အလို့ငှာ၊ နမူနာဇာတာတော် တော် များများ ကိုလည်း ထည့်သွင်းဖေါ်ပြထားပါသညါ။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းဖြင့် နက္ခတ္တဗေဒပညာရပ်၏ မှန်ကန်သော အခြေခံစည်းမျဉ်းများ ကို ပိုမိုထင်ရှားစွာ ပေါ်ထွက်စေမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် ရိုးသားစွာ ပြောရမည် ဆိုသော် ထိုကဲ့သို့ ပြုလုပ်ပေးခြင်းဖြင့် လေ့လာသူများ အား ဆက်လက်လေ့လာ သုတေသနပြုလိုစိတ်များ ကို နှိုးဆွပေးနိုင်လိမ့်မည် ဟု မျှော်လင့်မိပါသည်။
ထိုဘာသာရပ်များ နှင့် ပတ်သက်၍ ပညာရှင်များ အကြားတွင် ၀ိဝါဒ ကွဲပြားမှု များ ရှိုခဲ့ပါသည်။ အကယ်၍ ကွဲလွဲချက်များ ကို ညွှန်ပြခဲ့ပါက ထိုအယူအဆသစ်များ မှာ လက်ခံနိုင်ဖွယ်အချက်များ ဖြစ်ပါက ၀မ်းပန်းတသာ မှတ်တမ်းတင်ထားရမည် သာ ဖြစ်ပါသည်။
အိုပီ-ဗားမား
(မြန်မာပြန်သူ၏ အာသီသ)
အိန္ဒိယနိုင်ငံမှာ ဗေဒင်ပညာလေ့လာပြီး အိမ်အပြန် မြန်မာပြည်အတွက် မြန်မာပြည်က ဗေဒင်ဝါသနာရှင်တွေ အတွက် ကျွန်တော် နက္ခတ်ဗေဒင်ဆိုင်ရာ စာအုပ်စာတမ်းတွေ အများ ကြီး ၀ယ်လာခဲ့ပါတယ်။ဖတ်ဖို့ သိဖို့သင့်တဲ့ စာအုပ်တွေ ကို ပညာရှင်အသီးသီးကိုပေးပြီး ဘာသာပြန်စေခိုင်းကာ စာအုပ်အ ဖြစ်ထုတ်ဝေပေးခဲ့ပါတယ်။
ယူလာတဲ့ စာအုပ်တွေ ထဲက
က။ မူရင်းရှေးကျမ်းရင်းကြီးတွေ
ခ။ မူရင်းကျမ်းရင်းတွေ ကို အခြေခံပြီး ပြန်ရေး ထားတဲ့ကျမ်းတွေ
ဂ။ ခေတ်ပေါ်သုတေသနကျမ်းတွေ ပါပါတယ်။
ဃ။ ဖတ်ချင်လို့ယူလာတဲ့ကျမ်းတွေ ပါပါတယ်။
ဒီစာအုပ်ဟာ ကျွန်တော် ဖတ်ချင်လို့ယူလာတဲ့ ကျမ်းတွေ ထဲမှာ ပါပါတယ်။ ကျွန်တော် ကြိုက်လို့ ယူလာခဲ့တာပါ။ အသက်မွေးဝမ်းကျောင်းတဲ့အလုပ်ကို ဗေဒင်ပညာနဲ့ သုံးသပ်ပြထားတဲ့ကျမ်း ဖြစ်ပါတယ်။ ကျမ်းရင်းက အိန္ဒိယရူပီး သုံးရာကျပ် ပေးခဲ့ရပါတယ်။
လက်တွေ့ သုတေသန ပြုထားပြီး သဘာဝကျကျ စဉ်းစားပြထားတဲ့ကျမ်းကောင်းတစ်အုပ် ဖြစ်ပါတယ်။ ရှားပါးတဲ့ ကျော်ကြားတဲ့ ဇာတာတွေ အများ ကြီး ပါဝင်ပါတယ်။
လူတိုင်း အသက်မွေးဝမ်းကျောင်းခြင်းနဲ့ ပတ်သက်လို့ သိချင်ကြတာချည်းပါပဲ။ ကျွန်တော် လဲ သိချင်ပါတယ်။ ကျွန်တော့် လိုပဲ သိချင်တဲ့သူတွေ အတွက် ဒီစာအုပ်ကလေးကို မြန်မာပြန်ဆိုပြီး ထုတ်ဝေလိုက်ရပါတယ်။
အချို့ဇာတာတွေ ဟာ ကျွန်တော် တို့အတွက် မလိုအပ်တဲ့အတွက်ချန်ထားခဲ့တာကလွဲလို့ တစ်အုပ်လုံးကို သဘောပေါက်အောင် ပြန်လည်ရေး ထားပါတယ်။ ဒီစာအုပ်ရေး တဲ့အချိန် ၀ိုင်းဝန်းကူညီကြတဲ့ မိတ်ဆွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒီစာအုပ်ကို ကြိုက်နှစ်သက် ရင် မူလစာရေး ဆရာ အိုပ-ီဗားမားကို ကျေးဇူးတင်ကြပါ။
ပြန်လည်ပြောပြတဲ့နေရာမှာ သိပ်သဘောမတွေ့ ရင်တော့ ကျွန်တော် ညံ့လို့ပဲလို့ မှတ်ယူပါ။ အိုပီ-ဗားမားကို မြန်မာစာဖတ်သူနဲ့ မိတ်ဆက်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။
မင်္ဂလာရှိပါစေ
ဆရာဒဂုန်
၁-၁၂-၂၀၀၀
အခန်း (၁)
ယခုပြောပြမည့်  အကြောင်းအရာများ မှာ လူတိုင်းသိကျွမ်းပြီး ဖြစ်ချင် ဖြစ်နိုင်ပါသည်။ မသိသေးသူအတွက် အသစ်အဆန်း ဖြစ်သည်။သို့ အတွက် အခြေခံသဘောတရား အချို့ ကိုမိတ်ဆက်ပေးလိုပါသည်။
နက္ခတ်ဗေဒင်ပညာရပ်တွင် သုံးသော ဂြိုဟ်မှာ
အိန္ဒိယနက္ခတ်ဗေဒင်စနစ်တွင် တနင်္ဂနွေဂြိုဟ်မှ ရာဟုဂြိုဟ်အထိသုံးကြပြီး ကျန်ဂြိုဟ်လေးလုံးကို အရံအ ဖြစ်သာ သုံးကြပါသည်။
ရာသီမှာ ၁၂ ရာသီရှိပါသည်။ ထိုရာသီများ မှာ ပုံသေများ ဖြစ်ကြပါသည်။ ဤစာအုပ်တွင် အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားတွင် ယနေ့လက်ခံသုံးစွဲနေသော ဤအချက်ကို လိုက်နာရေး သား ဖေါ်ပြ သွားပါမည် ။ စာဖတ်သူများ အနေဖြင့် ထိုနည်းနှစ် ခုစလုံးကို အကျွမ်းတ၀င် ဖြစ်နေဖို့ လိုအပ်ပါသည်။
ထိုနက္ခတ် ၂၇ လုံးကို ဂြိုဟ်ကြီး ၉လုံးမှ စိုးမိုးထားပါသည်။ ဂြိုဟ်တစ်လုံးသည် အံသာ ၁၂၀ စီဝေးသော နက္ခတ် ၃ လုံးကို စိုးမိုးပါသည်။ကိတ်ဂြိုဟ်သည် အသာဝဏီ၊ မာဃနှင့် မူလနက္ခတ်များ ကို ပိုင်ဆိုင်ပါသည်။
သော ကြာဂြိုဟ်မှာ ဘရဏီ၊ ပြုပ္ပဖလဂုဏီနှင့် ပြုပ္ပါသဋ်နက္ခတ်စသည်ဖြင့် အသီးသီးစိုးမိုးပါသည်။ အသာဝဏီနက္ခတ်မှာ မိန်ရာသီ ၀ အံသာအစပြု၍ ရာသီစက်ဝန်း၏ ၁၃ အံသာ ၂၀ လိတ္တာကို ပိုင်ဆိုင်ပါသည်။ ထိုသတ်မှတ်ချက်များ မှာ နက္ခတ်ဗေဒင် ရှေ့ ဖြစ်ဟောပြောရာတွင် အလွန်အရေး ကြီးပါသည်။ နက္ခတ်တစ်လုံးမှာ န၀င်း ၄လုံးကို ပိုင်ဆိုင်ပါသည်။ န၀င်းတစ်လုံးမှာ ရာသီစက်ဝိုင်း၏ ၃ အံသာ ၂၀ လိတ္တာကို ပိုင်ဆိုင်ပါသည်။ ဂြိုဟ်များ တည်ရှိရာတကယ့်အနေအထား အတိအကျကို လာဟီးရီး ဂြိုဟ်သွားပြက္ခဒိန်တွင် အလွယ်တကူ ကြည့်ရှုတွေ့ မြင်နိုင်ပါသည်။
ထိုဂြိုဟ်များ ကို ဂြိုဟ်အသီးသီး၏ နက္ခတ်၊ နက္ခတ်သခင်စသည်တို့ဖြင့် ပုံစံတွင် ရေး သွင်းထားရပါမည် ။
န၀င်းစက်
အဖြေမှန်ရရှိရန် န၀င်းစက်မှာ အရေး ပါပါတယ်။ ရာသီစက် တစ်ခုထဲနှင့် အဖြေမှန်ကို မရရှိနိုင်ပါ။ ၀ဂ္ဂုတ္တမန၀င်းစီးသော ဂြိုဟ်မှာ အလွန်အရေး ပါပါသည်။ ၀ဂ္ဂုတ္တမန၀င်းစီးသော ဂြိုဟ်မှာ အလွန်အရေး ပါပါသည်။ဝဂ္ဂုတ္တမန၀င်းစီးထားသော လဂ်မှာ ဇာတာရှင်အား ကံကောင်းစေပါသည်။ ရာသီမှာ အားနည်းသော်လည်း၊ န၀င်းစက်တွင် ကောင်းသော အနေအထားတွင် တည်ရှိနေပါက ထိုဂြိုဟ်မှာ အားရှိလာပါမည် ။ ဂြိုဟ်တစ်လုံးမှာ ရာသီတစ်ခုတွင် နိစ်ခံနေငြားသော်လည်း န၀င်းတွင် ဥုစ်အ ဖြစ် ရပ်တည်နေတတ်ပါသည်။ ဒါကြောင့် ထိုဂြိုဟ်ကို ဂြိုဟ်ဆိုးတစ်ခုအနေဖြင့် ယူဆ၍ မရပါ။ အနည်းငယ် လေ့ကျင့်ယုံမျှဖြင့် စာဖတ်သူမှာ န၀င်းစက်တွင် ကြည့်ခြင်းအားဖြင့် ထိုဂြိုဟ်၏ နက္ခတ်သခင်ကို အလွယ်တကူသိရှိနိုင်ပါသည်။ ဒါကြောင့် ရာသီစက်ကို န၀င်းစက်ဖြင့် အမြဲတန်း တွဲ ဘက်ထားသင့်ပါသည်။
န၀င်းတစ်ခုမှာ ၃ အံသာ ၂၀ လိတ္တာ ကျယ်ဝန်းပါသည်။ မိဿရာသီ၏ ပထမန၀င်းမှာ အင်္ဂါ ဖြစ်ပြီး၊ ဒုတိယန၀င်းမှာ သော ကြာ စသည်ဖြင့် အသီးသီး၏ အမည် များ ကို အစဉ်လိုက်ခေါ်ဆိုသွားကြပါသည်။
ထိုနည်းအရ ပြိဿ၊ ကန်နှင့် မကာရတို့၏ ပထမန၀င်းမှာ မကာရ ဖြစ်ပါသည်။
မေထုန်၊ တူနှင့် ကုမ်ရာသီတို့၏ ပထမန၀င်းမှာ တူရာသီ ဖြစ်ပါသည်။ကရကဋ်၊ ဗြိ စ္ဆာနှင့် မိန်ရာသီတို့၏ ပထမန၀င်းများ မှာ ကရကဋ်ရာသီ ဖြစ်ပါသည်။ သိဟ်၊ ဓနုနှင့် မိဿရာသီတို့၏ ပထမန၀င်းများ မှာ မိဿရာသီ ဖြစ်ပါသည်။
ဂြိုဟ်များ ၏ တကယ်အံသာလိတ္တာကို တွက်ချက်ကြည့်ခြင်းဖြင့် န၀င်းစက်ကို တွက်ချက်ရယူနိုင်ပါသည်။
ဘာဝစက်
ဘာဝစက်ကို အတိအကျ တွက်ချက်ရယူရန် လိုအပ်ပါသည်။ဘာဝများ ၏ ဘာဝသန္တိကို လာဟီးရီး၊ ရာဖေးစသော ဂြိုဟ်သွားပြက္ခဒိန်များ ကိုအသုံးပြုပြီး အတိအကျတွက်ချက် ရယူနိုင်ပါတယ်။ ရာသီစက်မှာ တစ်ခါတရံတွင် လွဲမှားမှု ကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ရာသီစက်တစ်ခုထဲအနေဖြင့် မလုံလောက်ပါ။
လဂ်မှာ ရာသီတစ်ခု၏ အစ (သို့ ) အဆုံးနေရာတွင် တည်ရှိနေသည့်အခါမျိုးတွင် ဘာဝစက်ကို အသုံးမပြုပဲ ဘာဝတစ်ခုတွင်းရှိ ဂြိုဟ်တစ်လုံး၏ တကယ်အနေအထားကို ရရှိရန် မလွယ်ကူပါ။
ဘာဝတစ်ခု၏ တိကျသော ဘာဝသန္တိတစ်ခုအတွင်း တည်ရှိနေတာဂြိုဟ်တစ်းလုံးမှာ ထိုဘာဝ၏ အကျိုးတရားကို အပြည့်အ၀ ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။ အကယ်၍ ဂြိုဟ်တစ်လုံးမှာ ဘာဝတစ်ခု၏ အဆုံးနေရာတွင် တည်ရှိခဲ့ပါက အနည်းငယ်မျှလောက်သော အကျိုးကိုသာ ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။ အခြားအနေအထားတွင် မူ ကျွန်ုပ်တို့အနေဖြင့် အချိုးကျ တွက်ချက်သည့် နည်းစနစ်အရ အကျိုးသက်ရောက်မှု ကို မှန်းဆရယူရပါမည် ။
ဘာဝစက် ပြင်ဆင်မှု ကို နက္ခဗေဒဆိုင်ရာ စံထားအသုံးပြုသော လက်စွဲကျမ်းများ ကို မှီငြမ်းပြု၍ တွက်ချက်ရယူရပါမည် ။ ရာဖေး၏ ဘာဝကောက်ကိန်းစာအုပ်မှာ အလွန်တိကျမှန်ကန်မှု ရှိပါသည်။ (သို့ ) လာဟီးရီးရာမန် စသူတို့၏ ဘာဝကောက်ကိန်းစာအုပ်ကိုလည်း အသုံးပြုနိုင်ပါသည်။
ဂြိုဟ်အမြင်များ
ဂြိုဟ်အားလုံးသည် မိမိတည်ရှိရာ ဘာဝမှ ၇ တန့်ဘာဝအား ဂြိုဟ်အမြင်ရှိပါသည်။ စနေ ကြာသပတေးနှင့် အင်္ဂါဂြိုဟ်တို့မှာ ၀ိသေသအမြင်ထူးများ ရှိကြပါသည်။ စနေဂြိုဟ်သည် ၃ တန့်၊ ၁၀ တန့်အား၎င်း၊ ကြာသပတေးဂြိုဟ်သည် ၅ တန့်နှင့် ၉ တန့်အား၎င်း၊ အင်္ဂါဂြိုဟ်သည် ၄ တန့်နှင့် ၈ တန့် အား အထူးဂြိုဟ်အမြင်ဖြင့် မြင်ကြပါသည်။ ထိုအထူးအမြင်မှာ အားအပြည့်အ၀ရှိပြီး အလွန်အရေး ကြီးပါသည်။
ဝရာဟ မိဟိရ အပါအ၀င် အခြားရှေးပညာရှိတို့ အလိုအရ အားလုံးသော ဂြိုဟ်များ မှာ ၃ တန့်နှင့် ၁၀ တန့်အား ၁/၄ အားဖြင့် မြင်ကြပါသည်။၅ တန့်နှင့် ၉ တန့်အား ၁/၂ အားဖြင့် မြင်ကြ ပြီး ၄ တန့်နှင့် ၁၀ တန့်အား ၃/၄ အားဖြင့် မြင်ကြပါသည်။ ဆိုလိုသည်မှာ စနေဂြိုဟ်မှာ ၃ တန့်နှင့် ၁၀ တန့်အားအပြည့်မြင်ပြီး ကျန်ဂြိုဟ်များ မှာ ၁/၄ အားဖြင့် မြင်ကြပါသည်။ ထိုနည်းတူစွာ ပင် ကြာသပတေးဂြိုဟ်မှာ ၅ တန့်နှင့် ၉ တန့်အားအပြည့်မြင်ပြီးကျန်ဂြိုဟ်များ မှာ ၁/၂ အားဖြင့် သာ မြင်ကြပါသည်။ အင်္ဂါဂြိုဟ်မှာ ၄ တန့်နှင့် ၈တန့်အား အားအပြည့်မြင်ပြီး ကျန်ရှိသော ဂြိုဟ်များ မှာ ၃/၄ အားဖြင့် မြင်ကြပါသည်။
သော မဂြိုဟ် ဖြစ်သော ကြာသပတေး၊ သော ကြာ၊ တနင်္လာနှင့် သော မဂြိုဟ် ဗုဒ္ဓဟူးတို့၏ အမြင်ကို ခံယူရသော ဘာဝများ မှာ ကောင်းသော အကျိုးကို ခံစားရပါမည် ။
သော မဂြိုဟ်အချင်းချင်း အပြည့်မြင်ခြင်းသည် ကောင်းကျိုးကို ဖြစ်ပေါ် ဖြစ်ပါသည်။
မိမိပိုင်ဘာဝကို ပြန်မြင်သော ဂြိုဟ်များ မှာ ထိုဘာဝ၏ အကျိုးကို ပိုမို ဖြစ်ထွန်းစေပါသည်။ ထိုကဲ့သို့ သော အခြေအနေတွင် ထိုအတန့်ဘာဝများ မှာ ပိုမိုကြီးထွားတိုးတက်မှု ကို ဖြစ်စေပါသည်။
ပရိသုယသဆရာ အလိုအရမူ ဂြိုဟ်တစ်လုံးသည် မိမိပိုင်အိမ်တွင် ရပ်တည်ခဲ့လျှင် မိမိပိုင်အိမ်ကို မြင်ခဲ့လျှင်သော်၎င်း၊ ထိုအတန့်ဘာဝကိုစည်ပင်ကြီးပွားစေပါသည်ဟု မိန့်ဆိုခဲ့ပါသည်။
ကျွန်ုပ်တို့အနေဖြင့် အောက်တွင် ဖေါ်ပြထားသော ဇာတာခွင်ကိုလေ့လာကြည့်ကြရအောင်။
ဤဇာတာတွင် သော ကြာ၊ ဗုဒ္ဓဟူးနှင့် အင်္ဂါဂြိုဟ်သုံးလုံးတို့သည် ၇ တန့်ဘာဝအား မြင်ကြပါသည်။
ကြာသပတေးဂြိုဟ်မှ လဂ်ကို လှမ်းမြင်ပါသည်။ ၁၁ တန့်ဘာဝသည်သိဟ်ရာသီ ဖြစ်ပြီး ၃ တန့်ဘာဝသည် ဓနုရာသီ ဖြစ်ပါသည်။
အင်္ဂါဂြိုဟ်မှာ ၇ တန့်၊ ၈ တန့်နှင့် ၄ တန့်ရာသီတို့အား မြင်ပါသည်။ စနေဂြိုဟ်မှာ လည်း ၈ တန့်ဘာဝ၊ ၄ တန့်ဘာဝ၊ ၁၁ တန့်ဘာဝ သိဟ်ရာသီတို့ကို မြင်ပါသည်။
တနင်္လာဂြိုဟ်မှာ ၄ တန့်ဘာဝကို မြင်ပြီး၊ တနင်္လာဂြိုဟ်မှာ ၆ တန့်ဘာဝကို မြင်ပါသည်။
ထိုနည်းအတိုင်း ဂြိုဟ်အမြင်ကို စဉ်းစားကြရပါမည် ။
အနောက်တိုင်းဂြိုဟ်အမြင်များ
အနောက်တိုင်းသားများ မှာ ဂြိုဟ်အမြင်ကို တစ်မျိုးတစ်ဖုံ ယူဆကြပါသည်။ ထိုသူများ ၏ ယူဆပုံကိုလည်း သိရှိထားရန်လိုအပ်ပါသည်။ ထိုသူတို့မှာ ဂြိုဟ်တစ်ခုနှင့် တစ်ခု အမြင် ဖြစ်ပေါ်သော ထောင့်များ ကို စဉ်းစားဆုံးဖြတ်ကြပါသည်။
(၁) ဂြိုဟ်ပူးခြင်း(Conjunction)-သော မဂြိုဟ်များ ပူးခြင်းသည် ကောင်းသော အကျိုးကို ဖြစ်ပေါ်စေပါမည် ။ ပါပနှင့် သော မဂြိုဟ်နှစ် လုံးတို့ပူးရာတွင် ပါပဂြိုဟ်၏ ကောင်းကျိုးနှင့် သော မဂြိုဟ်၏ ကောင်းကျိုးများ ပါဆုံးရှုံးမှု ဖြစ်ပေါ်စေပါမည် ။
(၂) ဂြိုဟ်ပြိုင်အမြင် (Parallel)-ဂြိုဟ်တစ်လုံးသည် အခြားဂြိုဟ်တစ်လုံးနှင့် တစ်ခုတည်းသော အံသာအထက်၊ အောက်၊ မျက်နှာချင်းဆိုင်အရပ်တွင် တည်ရှိသော အခါကို ဆိုလိုပါသည်။
(၃) သမသတ်အမြင် (၁၈၀ အံသာ) ပါပဂြိုဟ်နှစ် လုံး သမသတ်အမြင်ကို အမြင်ဆိုးယူ၍ သတ်မှတ်ပါသည်။
(၄) ၁၂၀ အံသာအမြင် အလွန်အားကြီးသော ဂြိုဟ်အမြင် ဖြစ်ပါသည်။ အလွန်ကောင်းကျိုးပေးပါသည်။
(၅) ၆၀ အံသာအမြင် (Ferhile) ထိုဂြိုဟ်အမြင်မှာ လဲပဲ အလွန်ကောင်းကျိုးပေးပါသည်။
(၆) ၉၀ အံသာအမြင် (Square) ဂြိုဟ်အမြင်ဆိုး ဖြစ်ပါသည်။
(၇) ၁၃၅ အံသာအမြင် (Sesquiquadrehe) ဂြိုဟ်အမြင်ဆိုး ဖြစ်ပါသည်။
(၈) ၁၄၄ အံသာအမြင် (Biquitile) ဂြိုဟ်အမြင်ကောင်း ဖြစ်ပါသည်။
(၉) ၄၅ အံသာအမြင် (Senisquare) ဖြစ်ပြီး ဂြိုဟ်အမြင်ဆိုး ဖြစ်ပါသည်။ ၂၂ ၁/၂ အံသာ၏ မြောက်ရကိန်း (multiple of 22 ½) ကိုဂြိုဟ်အမြင်ဆိုး ၁၈ အံသာ၏ မြောက်ရကိန်းကို၊ ၉၀ အံသာအမြင်မှလွဲ၍ ဂြိုဟ်အမြင်ကောင်းဟု သတ်မှတ်ပါသည်။ ၃၀ အံသာ၏ မြောက်ရကိန်းကိုဂြိုဟ်အမြင်ကောင်းဟု သတ်မှတ်ထားပါသည်။
နက္ခတ်အနေအထား
မွေးဖွားမည့် ဂြိုဟ်များ ၏ တိကျသော အံသာများ ကို စံအနေဖြင့် သတ်မှတ်ထားသည့် ဂြိုဟ်သွားပြက္ခဒိန်များ ဖြင့် တွက်ချက်ရပါမည် ။ အယနမှာ လာဟီရီးမှ ဖြစ်ရပါမည် ။ တိကျ၍ ဖြစ်ပါသည်။ ထို့နောက် ဂြိုဟ်များ မှာ မည် သည့်နက္ခတ်ပေါ်တွင် စီးနင်းလျှက်ရှိကြောင်းကို ရှာဖွေရပါမည် ။ထို့နောက်နက္ခတ်သခင်များ ကိုပါ မှတ်သားထားရပါမည် ။ ဂြိုဟ်များ နှင့် နက္ခတ်သခင်များ အကြားတွင် အလွန်နီးကပ်သော ဆက်နွယ်မှု များ ရှိနေပါသည်။ ဒသာစားစဉ်ကာလအတွင်းတွင် ဇာတာရှင်မှာ နက္ခတ်သခင်၏ အကျိုးပေးကို ခံစားရမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့မှာ ရာသီဇာတာသာရှိပြီး နက္ခတ်သခင်ကို ပြစ်ပယ်ထားပါကပြီးပြည့်စုံမည် မဟုတ်ပါ။ နက္ခတ်သခင်ကို ချန်လှပ်ထားခဲ့ပါက အကြောင်းအရာတော် တော် များများ ကို ရှင်းလင်းနိုင်မည် မဟုတ်ပါ။ နက္ခတ်သျှတ္တရပညာရပ်အတွက်၊ နက္ခတ်သခင်များ ၏ ဘာဝသန္တိများ ပေါ် သက်ရောက်မည့် အကျိုးများ ကိုပါ တွက်ချက်၍ မှတ်တမ်းတင်ထားရပါမည် ။
ဂြိုဟ်များ ၏ ၀ဂ္ဂများ
၁။ ရာသီ ၃၀ အံသာ အစိတ်အပိုင်း ဖြစ်ပါသည်။ ဥပမာ- မိဿ၊ ပြိဿ စသည်တို့ ဖြစ်ပါသည်။
၂။ ဟောရတ် ရာသီကို အညီအမျှ လိုင်းတားထားသော အပိုင်းများ ဖြစ်ပါသည်။ ၁၅ အံသာအကျယ်အ၀န်းရှိုပါသည်။ မရာသီတွင် ပထမ ဟောရတ်ကို တနင်္ဂနွေဂြိုဟ် စိုမိုးပြီး ဒုတိယဟောရတ်ကို တနင်္လာဂြိုဟ်စိုးမိုးပါတယ်။ စုံရာသီမှာ ၊ မရာသီ၏ ဆန့်ကျင်ဘက် ဖြစ်ပါသည်။
၃။ တြင်း ရာသီတစ်ခုကို သုံးပိုင်းထားသော အစိပ်အပိုင်းများ ဖြစ်ပါသည်။တြင်းများ ကို ၁ တန့်သခင်၊ ၅ တန့်သခင် နှင့် ၉ တန့်သခင်တို့မှ အသီးသီးစိုးမိုးကြပါသည်။
၎။ န၀င်းက ရှင်းလင်းပြသပြီး ဖြစ်ပါသည်။
၅။ ဒွါဒသင်း ရာသီတစ်ခုကို ၁၂ အိမ် အညီအမျှ ပိုင်းထားပါသည်။ သက်ဆိုင်ရာ ရာသီသခင်မှ အစပြု၍ ကျန်ရှိသော ရာသီသခင်များ အစဉ်လိုက်စိုးမိုးပါသည်။
၆။ တိံသင်းကောင်းသော ၀ဂ္ဂအတွင်း တည်ရှိသော ဂြိုဟ်များ မှာ အားရှိကြပါသည်။
ကျွန်ုပ်တို့၏ ရှေးခေတ်သူတော် စင်တို့မှာ စက်များ ကိုပါ ပြုစုထားရန်မိန့်ကြားခဲ့ကြပါသည်။
အတန့်ဘာဝများ ၏ အကျိုးတရားများ
၁ တန့်ဘာဝမှာ မိမိကိုယ် အတ္တ၊ ပုံသ ဏ္ဍန်၊ ကျော်ကြားမှု ၊ ကျက်သရေ၊ ပတ်ဝန်းကျင်၊ အကျင့်စရိုက်၊ အသားအရည်၊ အရည်အချင်း၊ ပျော်ရွှင်မှု ၊ စိတ်ဆင်းရဲမှု ၊ အားရှိမှု ၊ အားနဲမှု ၊ ၀ါသနာဗီဇနှင့် လူတစ်ဦး၏ သဘောထား။
၂ တန့်ဘာဝမှာ ပစ္စည်းဥစ္စာ စုဆောင်းထားခြင်း၊ ချမ်းသာကြွယ်မှု ၊ မိသားစု၊ မျက်နှာ၊ ပါးစပ်၊ အခြေခံပညာရေး ၊ ပညာမျက်စိ၊ အစားအစာ၊ မိမိဘာသာရပ်တည်နိုင်မှု ၊ စကား၊ အစာ၊ မာရကအိမ် ဘဏ်လက်ကျန်ရှင်းတမ်း၊ စာချုပ်စာတန်း၊ လွှဲပြောင်းနိုင်သော မတည်ရင်းနှီးမှု ။
၃ တန့်ဘာဝမှာ ညီ၊ ညီမများ ၊ စိတ်ထက်သန်မှု ၊ အလုပ်အကိုင်၊ ခရီးတို၊ သတ္တိ၊ လက်ဖျား၊ နားရွက်ဖျား၊ ပခုံးများ ၊ အိမ်နီးချင်း၊ ညာဘက်နားရွက်၊ စာရေး ခြင်း၊ ဆက်သွယ်မှု ပြုလုပ်ခြင်း၊ ပုံနှိပ်ခြင်း၊ တည်းဖြတ်ခြင်းစသည်တို့ ဖြစ်ပါသည်။
၎ တန့်ဘာဝမှာ မိခင်၊ ယဉ်ရထား၊ ဘ၀အစပိုင်း၊ ပတ်ဝန်းကျင်၊ မိခင်၊ အိမ်မှအမွေပစ္စည်း၊ မြေယာ၊ အဆုတ်၊ ပညာရေး ၊ ဆွေမျိုး၊ မိတ်ဆွေဖွဲ့ခြင်း၊ မြေအောက်ရှိနေရာများ ၊ စိုက်ပျိုးရေး စသည်တို့ ဖြစ်ပါသည်။
၅ တန့်ဘာဝမှာ သားသမီး၊ သင်ကြားမှု ၊ ဥာဏ်ပညာထက်မြက်ခြင်း၊ဦးစီးလုပ်ဆောင်ခြင်း၊ စွန့်စားလုပ်ဆောင်ခြင်း၊ ပညာရေး ၊ ခွဲခြားဝေဖန်ပိုင်းခြားနိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။
၆ တန့်ဘာဝမှာ ရန်သူ၊ သူခိုးခိုးခံရခြင်း၊ ရောဂါ ဝေဒနာ၊ အကြွေး၊ ထိခိုက်ဒဏ်ရာရခြင်း၊ အနာ၊ စိတ်ထဲနေမထိထိုင်မထ ဖြစ်ခြင်း၊ ပူပင်သော က၊ မိခင်ဘက်မှ ဦးလေး၊ တရားရုံး၊ အစေအပါး၊ ဇာတာရှင်၏ အလုပ်၊ အလုပ်ကြမ်း၊ ကျန်းမာရေး ၊ ဆေးဝါးကုသမှု စသည်တို့ ဖြစ်ပါသည်။
၇ တန့်ဘာဝမှာ စပ်တူလုပ်ကိုင်သူ၊ ဇနီး၊ လင်ယောက်ျား၊ ကုန်သွယ်မှု ၊ ခရီးသွားသော ပစ္စည်းဥစ္စာများ ပြန်လည်ရရှိခြင်း၊ အဓိကခွန်အား၊ စပ်တူလုပ်စဉ် အောင်မြင်မှု ရ- မရ စသည်တို့ ဖြစ်ပါသည်။
၈ တန့်ဘာဝမှာ အသက်ရှည်မှု ၊ သေဆုံးခြင်း၊ တရားဥပဒေ၊ သိက္ခာကျခြင်း၊ ရာထူးကျခြင်း၊ သတ်ဖြတ်ခြင်း၊ ရှုံးနိမ့်ခြင်း၊ စော်ကားခံရခြင်း၊ ၀မ်းနည်းကြေကွဲခြင်းနှင့် နှောင့်နှေးကြန့်ကြာမှု များ ဖြစ်ပါသည်.
၉ တန့်ဘာဝမှာ ကောင်းမှု ကုသိုလ် ပြုလုပ်ခြင်း၊ ကုသိုလ်ကံ၊ ဥစ္စာဓန၊ အထက်တန်းပညာရေး ၊ ဖခင်၊ ယောက် ဖ၊ ခယ်မ၊ မရီး၊ ညီမယောက်ျား အလှူပေးခြင်း၊ ဘုန်းကြီးရဟန်း၊ ဘာသာရေး ယုံကြည်မှု ၊ ခရီးဝေးသွားခြင်း၊ တီထွင်ကြံဆခြင်း၊ ဥပဒေတို့ ဖြစ်ပါသည်။
၁၀ တန့်ဘာဝမှာ အလုပ်အကိုင်ရာထူး၊ ဂုဏ်သရေ၊ အစိုးရ၊ ဘ၀အဆင့်အတန်း၊ အောင်မြင်မှု ၊ လေးစားခံရခြင်း၊ ဘုရားဖူးခရီးသွားခြင်း၊ ကျော်ကြားမှု ၊ အာဏာရှိမှု ၊ ထိမ်းချုပ်နိုင်မှု ၊ အဆင့်အဆန်း၊ဓလေ့ထုံးစံ၊ အဆင့်နှင့် သက်ဆိုင်သည့် သက်မွေးဝမ်းကျောင်း၊ ကုန်သွယ်မှု ၊ ဖခင်ထံမှ အမွေရရှိသော အသိုင်းအ၀ိုင်း။
၁၁ တန့်ဘာဝမှာ လုပ်ငန်းနှင့် ပတ်သက်သည့် အကျိုး၊ အမြတ်၊ ၀င်ငွေ၊ အတိုး၊ မိတ်ဆွေများ ၊ အဆောင်အယောင်၊ ကူးသန်းရောင်းဝယ်၍ မြတ်စွန်းခြင်း၊ ငွေရရှိခြင်း။
၁၂ တန့်ဘာဝမှာ ကုန်ကျငွေ၊ ကံဆိုးခြင်း၊ ခြေထောက်၊ ခွဲခွာနေရခြင်း၊ သီလရှိခြင်း၊ ကိုးကွယ်ခြင်း၊ ဘုရားကျောင်း။
ဂြိုဟ်တစ်လုံးမှာ မိတ်ရာသီတွင် ရပ်တည်နေသော အခါအင်အားရှိပြီးကောင်းကျိုးကို ဖြစ်စေပါသည်။
ရန်သူ၏ ရာသီတွင် ရောက်ရှိနေပါက၊ အားနည်းပြီး သက်ဆိုင်ရာရာသီဘာဝအလျှောက် ဆိုးကျိုး ဖြစ်ပေါ်စေပါသည်။
![]() နိမိတ်ဖတ်ဗေဒင် | ![]() ဗေဒင်ဆရာရဲ့လွယ်အိတ် အမှတ်(၁၀) | ![]() ခုနစ်စဉ်ကြယ် ကြွေဗေဒင် |