Cover

စကားပြောနေသော ဖဲချပ်ကလေး

ကပ်ပြားကလေး (၅၂) ချပ်တွင် ဂဏန်းရေး ထားသော ဖဲချပ်ကလေးများ ကို ကြည့်မည် ဆိုလျှင် တန်ဖိုးမရှိသော်လည်း ဖဲဗေဒင်တွင် အထူးတန်ဖိုးရှိလေသည် ။ ငွေကြေးလုံးဝမပါဘဲ အပျင်းပြေကစားလျှင် အထူးပျော်စရာကောင်းသော ဖဲမှာ ဗေဒင်ကြည့်သော အနေနှင့် ကြည့်လျှင် တစ်မျိုး ဖြစ်ပါသည် ။ ဤနည်းက ကျွန်တော် လေ့လာမိသလောက်ဆိုလျှင် စိတ်အာရုံအပေါ်မူတည်ပါသည် ။ အထူးသဖြင့် အပျော်တမ်းသမားများ နှင့် အထူးလိုက်ဖက်သော နည်းလည်း ဖြစ်ပါသည် ။

ဤနည်းစနစ်များ မှာ နက္ခက်နှင့် မဆိုင်ပါ ။ ပညာ၏ အထာ (၀ါ) လျှို့ ဝှက်ချက်များ အပေါ်တွင် မူတည်ပါသည် ။ ပညာ၏ အထာကို သိလျှင် အလွန်လွယ်ကူပါသည် ။ စိတ်အာရုံခံစားမှုပေါ် မူတည်၍ အဟောများ ပြောင်းသွား သည်ကိုလည်း မြင်ဘူးပါသည် ။ ဟောသော သူသည် မည် မျှတော် နေသော်လည်း စိတ်အင်အား (Will Power) မရှိလျှင်လည်း ထင်သလောက် မှန်လိမ့်မည် မဟုတ်ပေ ။

စကားပြောနေသော ဖဲချပ်ကလေးများ နှင့် ဟောလိုသော ပုဂ္ဂိုလ်တိုင်းသည် အောက်ပါစည်းကမ်းချက်များ ကို လိုက်နာရမည် ဖြစ်သလို အောက်ပါနည်းစနစ် ဟောနည်းအတိုင်း ဟောရပါမည် ။ ဟောကိန်းများ မည် သည့်နည်းဖြင့် ထုတ်ထားသည်ကို ကျွန်တော် အကျယ်မရေး ချင်ပါ ။ သို့ သော်လည်း လူ့ အထာ ၊ လူ့ သဘာဝကို လေ့လာ၍ ရေး သည် ။ ဂဏန်းများ ၏ အင်အားကိုမှီး၍ (ဂဏန်းဗေဒင်နည်းမျိုး) လည်း ဟောပါသည် ။ အဟောနည်းများ ကို မိမိတို့ နောင်သမ္ဘာရင့်ဟောလျှင် တီထွင်ရပါသည် ။ သဘောတရားနားလည်အောင် ဖတ်ပါ ။

ဖဲတစ်ထုပ်ကို ဂျိုကာနှစ် ကောင်နှင့် ပါဆိုလျှင် (၅၄) ချပ်ရှိပါသည် ။ ဂျိုကာလွတ် (၅၂) ဖြစ်သည် ။ ဖဲတွင် အပွင့် (၄) မျိုးရှိပါသည် ။ ယင်းတို့ မှာ ညှင်း ၊ ထောင့် ၊ ဘိန့် ၊ ဖူး တို့  ဖြစ်ပါသည် ။ တစ်မျိုးလျှင် (၁) မှ (၁၀) အထိ ပါသည် ။ ဘုရင် ၊ ဘုရင်မ ၊ အိမ်ရှေ့ မင်းသား သုံးကောင်နှင့် ပေါင်းလျှင် တစ်မျိုးလျှင် ဖဲ (၁၃) ချပ်စီ ပါပါသည် ။ လေးမျိုးပေါင်းလျှင် (၅၂) ချပ် ဖြစ်ပါသည် ။

မိတ်ဆွေသည် တစ်စုံ တစ်ယောက် သော သူကို ဖဲဖြင့် ဗေဒင်ဟောလိုလျှင် လည်းကောင်း ၊ ဖဲဗေဒင်မေးလာလျှင် လည်းကောင်း ၊ မိတ်ဆွေတွင် အမြဲဆောင်ထားသည့် ဖဲထုပ်ကိုယူလိုက်ပါ ။ မိမိမှာ အမြဲတမ်းကိုင်သော ဖဲဖြင့် သာ ဟောကြားပါ ။ တွေ့ ရာဖဲဖြင့် မဟောပါနှင့် ။ ထို့ ပြင် ကစားပြီးသော ဖဲဖြင့် လည်း မဟောပါနှင့် ။ မိမိတွင် ရှိသော ဖဲသည် စုတ်သွားလျှင် သွားပါစေ လက်ရှိဖဲကို သုံးပါ ။ သို့ မဟုတ်ပါက အသစ်ဖဲဝယ်၍ ဟောပါ ။ မိမိဖဲကို လေးလေးစားစား သိမ်းထားပါ ။ နောက် မိမိမှာ တစ်သက်လုံး ဖဲဖြင့် လောင်းမကစားရ ။

မိမိအမြဲတမ်းကိုင်နေကျဖဲကို (၉) ကြိမ်တိုင်တိုင် ကုလားဖန်ထိုးပါ ။ သေသေချာချာရေတွက်ပြီး ကုလားဖန်ထိုးပါ ။ ကုလားဖန်ထိုးပြီးလျှင် ဖဲကိုနောက်ကျအတိုင်း ယပ်တောင်ဖြန့် ဖြန့် ပါ။ ဖြန့် ပြီး အောက်ချပါ။ ဗေဒင်မေးလိုသော ပုဂ္ဂိုလ်က သူ့ ဖာသာသူ့ စိတ်ကြိုက်ဖဲတစ်ချပ်ယူပါစေ ။ ဖဲကို မကြည့်ဘဲ ယူရပါမည် ။ မကြည့်ဘဲယူလိုက်သော ဖဲကို မိမိက တောင်းယူ၍ ကြည့်လိုက်ပါ ။ ဆိုကြပါစို့ ယူလိုက်သော ဖဲမှာ ဖူး(၅) ဖြစ်နေလျှင် အတွင်း၍ ပါသည့် ဖူး (၅)၏ ဟောကိန်းအတိုင်း ဟောရပါမည် ။

ဗေဒင်တွင် မည် သည့်ဗေဒင်ကို ဟောဟော အရေး ကြီးလိုအပ်ချက်မှာ ကိုယ်ကျင့်တရား ဖြစ်ပါသည် ။ ကျင့်စဉ်ပေါ် မူတည်ပါသည် ။ သစ္စာပေါ် မူတည်ပါသည် ။ ဗေဒင်ပညာရပ်မှာ သိပ္ပံနည်းကျသော်လည်း တရားထိုင်ခြင်း ၊ ပုတီးစိပ်ခြင်း ၊ စသဖြင့် စိတ်အင်အားကြီးမားလာအောင် မပြုလုပ်လျှင် မှန်သင့်သလောက် မမှန်ပေ။ ထို့ ကြောင့် ဗေဒင်ဟောမည် ဟု ဆုံးဖြတ်လျှင် တစ်နေ့ ပုတီး (၁၀) ပတ်စီ မှန်မှန်စိပ်သင့်ပါသည် ။ ဥပုသ်မှန်မှန် စောင့်သင့်ပါသည် ။ ယင်းသို့ ပြုလုပ်နေလျှင် မိမိတို့ ၌ ထူးထူးခြားခြား စိတ်အင်အားတစ်ခု လွှမ်းမိုးလာ၍ မိမိဟောသမျှပြောသမျှ မှန်နေသည်ကို တွေ့ ရပါမည် ။

လူတစ်ဦး တစ်ယောက် ၏ ကုသိုလ်ကံကြမ္မာသည် မည် သူကမှ ပြုပြင်နိုင်ခြင်း ၊ ပြောင်းလွှဲနိုင်ခြင်း မပြုလုပ်နိုင်ပါ ။ ကံဆိုးနေခြင်းကို လည်း ကံကောင်းအောင် မပြုလုပ်နိုင်ပါ ။ ကံကောင်းနေခြင်းကိုလည်း ကံဆိုးအောင် မပြုလုပ်နိုင်ပါ ။ ကုသိုလ်ကံသည် မိမိမွေးကတည်းက ပါလာသော အထုံတစ်ခု ဖြစ်ပါသည် ။ တစ်ခုရှိပါသည် ။ ကံဆိုးနေလျှင် ကံကောင်းအောင်မလုပ်နိုင်သော်လည်း လူကောင်းအောင် ကာယကံရှင်က ပြုလုပ်နိုင်ပါသည် ။ ဘုရားဟောအတိုင်း စေတနာသည် မူလမထမ ၊ ကံကြမ္မာသည် ဒုတိယ ဖြစ်ပါသည် ။ စိတ်ရင်းစေတနာနှင့် ပြုလုပ်နေသော သူသည် ကံဆိုးလျှင်လည်း များများ စားစား မခံရဘဲနည်းနည်း ပါးပါးနှင့် ကျိန်းကျေ သွားပါမည် ။ ကံကောင်းလျှင်လည်း အထူးတစ်ရှိန်ထိုး တိုးတက် သွားပါမည် ။ ထို့ ကြောင့် စေတနာသည် ကံတရားကို လွှမ်းမိုးထားပါသည် ။ လူတို့ ၏ လုပ်ကိုင်ခြင်းသည် ကံတရားဟု ပြောခြင်းမှာ မှန်ပါပေသည်။

ယခုဤ စာအုပ်ကိုဖတ်ပြီး အကောင်းများ ကိုဖတ်ကာ ကျေနပ်တင်းတိမ်မနေကြပါနှင့် ၊ အဆိုးများ ကို ဖတ်ပြီးလည်း ကြောင့် လန့် တုန်လှုပ်ချောက်ချား မနေကြပါနှင့် လောက၌ ကောင်းလျှင်ကောင်း မည် ၊ မကောင်းလျှင်ဆိုးမည် ၊ ဤ နှစ် ချက်သာရှိပါသည် ။ ဘ၀တွင့်  အတွင်းကျကျ သိရှိနားလည်ပြီး မကောင်းလျှင်ကောင်းအောင် ၊ ကောင်းလျှင် ပိုကောင်းအောင် ပြုပြင်ဖန်တီးကာ လူ့ သက်တမ်းအတွင်းလူထဲကလူ ဖြစ်ရန် ကြိုးစားကြပါဟု ပြောလိုပါသည် ။

•••


ပထမပိုင်း

ညှင်းဖဲအဟောများ အနာဂတ်ကို ကြိုတင်သိမြင်ခြင်းသည် အမှားအယွင်းများ ကိုကြိုတင်ပြင်ဆင်နိုင်ခြင်း ဖြစ်သည် ။

ညှင်းဖဲ (၁)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (၁) ဖြစ်နေလျှင် သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည် ။

ဤညှင်း ဖဲ (၁) ရသော သူတို့ သည် စိတ်ရင်းစေတနာ ကောင်းမွန်ပြီး သူများ ကို ကူညီလိုစိတ်ရှိသည် ။ လူတစ်ဖတ်သားအပေါ် အထူးအနစ်နာ အနွံတာခံလိုစိတ်ရှိတတ်သည် ။ မိမိကြောင့် စိတ်အနှောက်အယှက် မ ဖြစ်စေလိုသော သူများ လည်း ဖြစ်၏ ။ မိမိမှာ စိတ်ရင်း စေတနာကောင်းသလောက် မိမိတွေ့ နေရသော သူများ မှာ မိမိ၏ ဆန့် ကျင်ဘက်များ သာ ဖြစ်နေပါမည် ။ မိမိက ပြောစရာရှိလျှင်ပွင့်လင်းစွာ ပြောမည် ။ မိမိနှင့် ဆက်ဆံနေရသော သူများ မှာ ပါးစပ်က ချိုချိုနှင့် စိတ်ရင်းပုပ်သော သူများ ဖြစ်မည် ။ မိမိရှေ့တွင် တစ်မျိုး ကွယ်ရာတွင် တစ်ဖုံ ဆက်ဆံကြမည် ။ မိမိရှေ့တွင် မိမိကိုချီးကျူးပြီးမိမိကွယ်ရာတွင် မိမိအား ကြောက်တွန်းတတ်မည် ။ မိမိမကောင်းပြောကြမည် ။ မိမိကရိုးသား တည်ကြည်၍ အရာရာကို စဉ်းစားဆင်ခြင်ပြီး ပြုလုပ်တတ်သည် ။

သို့ သော် မိမိကတစ်ခုခုကို စိတ်ပျက်မိလျှင် မိမိလုပ်သမျှတလွဲတချော် ဖြစ်တတ်မည် ။ မိမိအဖို့ အရေး ကြီးဆုံးမှာ စိတ်ဓာတ်တက်ကြွနေရန် ဖြစ်သည် ။ မိမိအောင် မြင်မှုသည် မိမိစိတ်ဓာတ်အပေါ်မူတည်ပါသည် ။ မိမိက ပျော်ပျော်ပါးပါးလုပ်ရလျှင် မြွေနဂါးပင် ရင်ဆိုင်ဝံ့သော်လည်း စိတ်မပါဘဲလုပ်ရလျှင် တီကောင်ကိုပင် ကြောက်တက်မည် ။ မိမိမှာ စနစ်တကျ စီမံလုပ်ကိုင်တတ်သော ကြောင့် မိမိလုပ်သမျှတို့ သည် မိမိထင်သလောက် မအောင်မြင်တတ်သော်လည်း ပင်ပန်းမှု၏ အကျိုးကို ခံစားရပါမည် ။

မိမိမှာ လူရိုးစိတ်တို ဖြစ်သည် ။ ပြောစရာစကားများ ကို စိတ်ထဲဝှက်သိုမထားတတ်၍ မကြာခဏလူများ စု၏ အမြင်ကပ်ခြင်း ခံရမည် ။ မိမိပြောစရာကို ပွင့်လင်းစွာ ပြောတတ်မည် ။ မိမိအား သဘောကျလျှင် လက်မလွတ်တတ်ပါ ။ မိမိနှင့် ဆက်ဆံဖူးသူတိုင်း သဘောကျတတ်သော်လည်း မိမိနှင့် ပထမဆက်ဆံဖူးသူများ က မိမိကို အမြင်ကပ်ကြပါမည် ။ မိမိကို ကြီးကျယ်သည် ၊ လူပါးဝသည် ၊ အလိုက်မသိဟူ၍ ပြောကြပါမည် ။ အမှန်မှာ မိမိက အလွန်ရိုးသားပါသည် ။

မိမိမှာ ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းပါသည် ။ မိမိက ခင်မင်လျှင် အရိုးယူသူ အသားယူသူ ခင်မင်တတ်သည် ။ မိမိကမုန်းမိလျှင် ရန်သူ၏ နှလုံးသွေးနှင့် ခြေဆေးရမှ ကျေနပ်တတ်သူ ဖြစ်သည် ။ မိမိ၏ အပေါင်းအသင်းများ အပေါ်မိမိက အနစ်နာခံသလောက် မိမိအပေါ်မကောင်းတတ်ကြပါ ။ သို့ သော် မိမိကလည်း တစ်ယောက် တည်းဆိုလျှင် အလွန်ပျင်းရိ၍ မနေတတ်သော ကြောင့် အမြဲတမ်း အပေါင်းအသင်းရှာတတ်သဖြင့် မိမိဘ၀၌ မကြာခဏမိတ်ဆွေအပေါင်းအသင်းကြောင့် ဒုက္ခရောက်တတ်ပါမည် ။ နောင်တ ရနေတတ်ပါမည် ။

မိမိမှာ ငွေနှင့် နီးသော်လည်း မိမိမှာ ရသင့်ရထိုက်သော တန်ဖိုးကို မရတတ်ပါ ။ မိမိပင်ပန်းပြီး သူများ က ခံစားသွားမည် ။ မိမိက သိလျက်သားနှင့် ဂရုမစိုက်တတ်ပါ ။ မိမိ က ကြိုးစားပြီး ၊ ပင်ပန်းခံပြီး သူများ က နာမည် ယူသွားတတ်ပါသည် ။ မိမိက အလုပ်တစ်ခုကို မိမိအလုပ်ကို စေတနာနှင့် လုပ်တတ်ပါသည် ။ အပင်ပန်းခံ၍ လုပ်တတ်ပါသည် ။ သူများ အလုပ် ဖြစ်လင့်ကစား ကိုယ်ပိုင်ထက်ပို၍ အနစ်နာခံ၍ လုပ်တတ်ပါမည် ။ ကိုယ်ပိုင်အလုပ်ကို လုပ်တတ်ပါမည် ။

မိမိတွင် အထူးပျော့ညံ့ချက်တစ်ခုရှိပါသည် ။ ထိုပျော့ညံ့ချက်ကြောင့် မိမိဘ၀တစ်ခုလုံး အောင်မြင်သင့်သလောက် မအောင်မြင် ဖြစ်ခဲ့ရတတ်ပါသည် ။ ယင်းမှာ အားနာခြင်းနှင့် လိုက်လျောခြင်းများ ဖြစ်ပါသည် ။ ဤနှစ် ချက်ကိုသာ မိမိကပြတ်သားစွာ ရင်ဆိုင်နိုင်မည် ဆိုလျှင် မိမိဘ၀၌ အထူးအောင်မြင်ပါမည် ။

မိမိမှာ ငွေနှင့် နီးသော်လည်း မကြာခဏ ဘိုင်ကျနေပါမည် ။ မိမိမှာ တစ်သက်လုံး ပက်ပက်စက်စက် ဒုက္ခမရောက်တတ်ပါ ။ မိမိမှာ စိတ်ညစ်လာလျှင် စိတ်ဓာတ်ကျလာလျှင် မိမိကို ကူညီမည့် သူ ၊ မ , စမည့် သူ အမြဲတမ်းတွေ့ ရပါမည် ။ အပြင်က မိမိကို အထူးးအထင်ကြီးသော်လည်း လက်ထဲ၌ မကြာခဏ ဘိုင်ကျနေမည် ၊ ကြွေးတင်နေပါမည် ။ မိမိကငွေကို တ,လျှင်လည်း အမြဲရပါမည် ။ မိမိမှာ လခစားလုပ်လျှင် ပို၍ အောင်မြင်ပါမည် ။ အကျိုးရှိပါမည် ။ သို့ သော် မိမိအထက်အရာရှိများ အုပ်ချုပ်ရေး မှုးများ ကို ဖော်လံမဖားတတ်၍ လည်း နေရာကောင်းများ ၌ မိမိအား အမြဲတမ်းမေ့နေတတ်ပါမည် ။ မိမိမှာ သွားသွားလာလာ လုပ်ပေးပါ ။

အကယ်၍ မိမိက ကိုယ်ပိုင်အလုပ်လုပ်လျှင်လည်း တစ်သက်လုံး စပ်တူရှယ်ယာ မလုပ်ရ ။ မိမိကစပ်တူရှယ်ယာလုပ်လျှင် အောင်မြင်ပြီးမှ သူများ က ယူ သွားပါမည် ။ မိမိမှာ ထိုင်နေရသော အလုပ်နှင့် မကောင်းပါ ။ သွားသွားလာလာ လှုပ်လှုပ်ရှားရှားအလုပ်မျိုးနှင့် ကောင်းပါသည် ။ အထူးချမ်းသာရပါမည် ။ ကြီးပွားရပါမည် ။ စည်းစိမ်ဥစ္စာနှင့် နေရပါမည် ။ အိုဇာတာကောင်းသော ကြောင့် ငယ်ဇာတာပင်ပန်းသော်လည်း ပူစရာမရှိပါ ။ မိမိကံကြမ္မာမှာ အကောင်းကြီး မဟုတ်သလို အဆိုးကြီးလည်းမဟုတ်ပါ ။

မိမိမှာ ကံဆိုးခြင်းနှင့် ကံကောင်းခြင်းတို့ ကြားတွင် ရပ်တည်နေပါသည် ။ မိမိမှာ ကံကောင်းလိုက် ကံဆိုးလိုက် ဖြစ်မည် ။ အရမ်းတိုးတက်ပြီးမှ ပြန်အခြေမှန်သို့ ကျဆင်းသွားတတ်မည် ။ ငွေများ အဟောတိကရရှိပြီးမှ အလကား ရေလိုကုန်သွားမည် ။ မိမိမှာ မည် သည့်ကိစ္စကိုမဆို သေသေချာချာစဉ်းစား၍ ၊ ဆင်ခြင်၍ ၊ တိုင်းတာ၍ လုပ်ကိုင်ပါ ။ တစ်ခါတစ်ရံ မိမိဆုံးဖြတ်ချက်များ တက်တက်စင် လွဲနေတတ်သည် ။

မိမိမှာ ရည်ရွယ်ချက်ကောင်းပါသည် ။ စေတနာပါသည် ။ လူတစ်ဖက်သား၏ စွတ်စွဲပြောဆိုချက်များ ကို မကောင်းပြောချက်များ ကို မိမိက လုံးဝဂရုမစိုက်တတ်ပါ ။ မိမိစိတ်က ကိုယ်ကောင်းလျှင် ခေါင်းရွေ့ ဟူသော စိတ်ရှိပါသည် ။ မိမိက အမြဲတမ်း တက်တက်ကြွကြွ နေတတ်ပါမည် ။ ထိုင်နေရလျှင် အလွန်ပျင်းရိတတ်မည် ။ ငြီးငွေ့ တတ်ပါမည် ။ မိမိမှာ စိတ်ထက်မြက်သည် ။ ရိုးသားသည် ။ မိမိကလည်း သူများ ကို မတရားမလုပ် ၊ မိမိကို မတရားလုပ်လျှင်လည်း မခံတတ်ပါ ။

မိမိကို လူချစ်လူခင် ပေါများ ပါသည် ။ မိမိကို ယုံကြည်သူများ ပြားမည် ။ မိမိမှာ တိုင်းပြည်အကျိုး ၊ ရပ်ရွာအကျိုးများ ကို ဆောင်ရွက်ရမည် ။ များ သော အားဖြင့် အများ ၀န်ထမ်းဇာတာ ဖြစ်ပါသည် ။ မိမိမှာ ရပ်ရေး ရွာရေး တွင် ခေါင်းဆောင် ဖြစ်နိုင်ပါသည် ။ အကြီးအကဲ ဖြစ်နိုင်ပါသည် ။

မိမိမှာ အချစ်ရေး နှင့် အိမ်ထောင်ရေး တို့ နှင့် ပတ်သက်လျှင်မျှတသော စိတ်ရှိသည် ။ မိမိ၏ ချစ်သူအပေါ်တွင် လည်းကောင်း ၊ အိမ်ထောင်ဖက်ပေါ်တွင် လည်းကောင်း အသည်းနစ်အောင် ချစ်တတ်ပါမည် ။ အထူးကြင်နာမည် ၊ လိုက်လျောမည် ၊ သနားမည် ၊ ကရုဏာထားမည် ။ မိမိ၏ အိမ်ထောင်ဘက်များ နှာညှိုးလျှင် မနေနိုင် ၊ မထိုင်နိုင် ဖြစ်မည် ။ မိမိ၏ စိတ်တွင် ချစ်သူနှင့် အတူနေရလျှင် လောကအတိ အလှပကတိ ဖြစ်သည်ဟု ယူဆသူ ဖြစ်သည် ။ မိမိတို့ မှာ အထူးတည့်တတ်သော်လည်း မကြာခဏ တကျက်ကျက် ဖြစ်မည် ။ ဖြစ်ရခြင်းမှာ လည်း ရန်အကြီးအကျယ်မဟုတ်ပါ ။ တစ်ယောက် ကို တစ်ယောက် အနိုင်ယူရင်း စကားများ ကြရခြင်း ဖြစ်သည် ။ စကားများ ပြီး စိတ်ကောင်လျှင် မိမိကအမြဲတမ်းအောက်ကျခံ၍ ချော့တတ်ပါမည် ။ အရှုံးပေးတတ်ပါမည် ။ မိမိအိမ်ထောင်ရေး ကံကောင်းသလို မိန်းမနှင့် လည်း နီးပါသည် ။ မကြာခဏ မိန်းမများ တွေ့ နေရပါမည် ။ သို့ သော် မိမိက စိတ်မ၀င်စားတတ်ပါ ။ မိမိကို စိတ်ဝင်စားတတ်မည် ။ မကြာခဏ မိမိနောက်လိုက်ခြင်း ခံနေရတတ်သည် ။

မိမိမှာ ကြီးကြီးကျယ်ကျယ် ရောဂါ များ မရှိပါ။ မိမိသည် အလွန် ကျန်းမာရေး ကောင်းပါသည် ။ မိမိက အလုပ်မလုပ်ဘဲ ထိုင်နေရလျှင် ကျန်းမာရေး ချို့ တဲ့မည် ။ မိမိက အလုပ်လုပ်လေ၊ စိတ်ထက်ထက်မြက်မြက် ဖြစ်နေလေ ကျန်းမာရေး ကောင်းနေမည် ဖြစ်သည် ။ မိမိ၌ မကြာခဏ လေနာ ၊ ရင်နာ ၊ ဗိုက်နာ ၊ အစာမကြေ ရောဂါ ဖြစ်တတ်ပါသည် ။ မိမိအား သွေးနှင့် ပတ်သက်၍ ဒုက္ခပေးတတ်မည် ။ လိပ်ခေါင်း ၊ ဂရင်ဂျီနာ ၊ သွေးစုနာ စသည်ဖြင့် သွေးမသန့် ၍ ဖြစ်သော ရောဂါ များ ဖြစ်တတ်ပါသည် ။

မိမိမှာ ပညာရေး နှင့် ပတ်သက်၍ ကောင်းပါသည် ။ ဖြတ်ထိုးဉာဏ်ကောင်းသည် ။ နည်းနည်း ပြလျှင် များများ တတ်သော ဉာဏ်ရှိပါသည် ။ မိမိမှာ စာကိုဖတ်၍ နားမလည်တတ်ပါ ။ စာကိုကျက်ရပါမည် ။မိမိမှာ စာမေးပွဲဖြေခါနီး မှကျက်ပြီး စာများ ကို မေ့တတ်ပါမည် ။ မကြာခဏလည်း စာဖြေသော အခါ ရှန်းတတ်မည် ။ ထို့ ကြောင့် စာမေးပွဲဖြေပြီးမှ ဒါမဖြေမိလေခြင်းနှင့် ဖြစ်နေပါမည် ။ စာမေးပွဲနှစ် တိုင်း အောင်နိုင်ပါသည် ။ အသက် (၂၀) ကျော်မှာ အနည်းငယ် ပညာရေး ညံ့တတ်ပါသည် ။ စာမေးပွဲကျတတ်ပါမည် ။

မိမိဘ၀တွင် အသက်(၁)နှစ် ၊ (၃) နှစ် ၊ (၁၀) နှစ် ၊ (၁၆) နှစ် ၊ (၂၁) နှစ် ၊ (၂၅) နှစ် ၊ (၃၁)နှစ် ၊ (၃၆)နှစ် ၊ (၄၀) နှစ် ၊( ၄၈) နှစ် များ တွင် မိမိဘ၀၌ ထူးထူးခြားခြား အပြောင်းအလဲ ဖြစ်တတ်ပါသည် ။ အောင်မြင်ခြင်း ၊ ရှုံးနိမ့်ခြင်းကို ခံရပါမည် ။

မိမိနှင့် သင့်တော် သော ရတနာများ မှာ ပုလဲနှင့် ကျောက်ဖြူ ဖြစ်ပါသည် ။ မိမိ မှာ အမြဲတမ်း ဆောင်ထားပါ ။ ကျန်းမာရေး ချို့ တဲ့လျှင် ပတ္တမြားကို ဆောင်ထားပါ ။ ရွှေကိုမဆောင်ရ ။ ရွှေဆောင်လျှင် ကျန်းမာရေး ချို့ တဲ့ပါမည် ။

မိမိအတွက် အကောင်းဆုံးအရောင် မှာ တောက်ပြောင်ဝင်းပ သော အရောင် ဖြစ်ပါသည် ။ အနီရောင် ရဲရဲကြီးကို မ၀တ်ဆင်ရ ။

မိမိမှာ ကျန်းမာရေး မကောင်းလျှင် ၊ စီးပွားရေး ကျဆင်းနေလျင် ၊ အကြံအစည်များ ပြုလုပ်လျှင် ဘုရား၏ တနင်္ဂနွေထောင့်မှပန်းအဖြူသက်စေ့ ၊ ရေသက်စေ့ ၊ ဖရောင်းတိုင်သက်စေ့ လှူဒါန်းပါ ။

မိမိ၏ မကောင်းမှုများ ပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••


ညှင်းဖဲ (၂)

အကယ်၍ သင်နှုတ်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (၂) ဖြစ်နေလျှင်သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည် ။

ဤညှင်းဖဲ (၂) ရသော သူတို့ သည် အေးအေးဆေးဆေး နေတတ်မည် ။ ရိုးရိုးသားသား နေတတ်မည် ။ တည်တည်ကြည်ကြည်နေတတ်မည် ။ မိမိက လူတိုင်း လူတိုင်းကို ခင်မင်တတ်သော်လည်း မျက်နှာနာမှသော်လည်းကောင်း ၊ နှုတ်မှသော်လည်းကောင်း ကောင်းအောင်မပြောတတ်ပါ ။ ထို့ ကြောင့် မိမိအားလူများ က ဘ၀င်မြင့်သည် ၊ မာနကြီးသည် ၊ စိတ်ကြီးသည် ၊ ကြီးကျယ်သည်ဟု ထင်မြင်ပြောဆိုကြပါမည် ။ အမှန်မှာ မိမိကလုံးဝမာနမကြီးပါ ။ မိမိက သူများ နှင့် ရောရောနှောနှောနေ၍ မရပါ။ ဟေးလားဝါးလား လုပ်၍ မရပါ ။ ကလေးကလား မလုပ်တတ်ပါ ။ မိမိက ဟိုအိမ်သွား သည်အိမ်သွား ၀ါသနာမပါတတ်ပါ ။ မိမိဖာသာ အိမ်၏ ချောင်ထဲနေရလျှင်လည်း ပျော်နေတတ်ပါသည် ။

မိမိမှာ စိတ်ရင်းကောင်းမွန်၍ ထက်မြက်သည် ။ အရာရာကို ခွင့်လွှတတ်သော စိတ်ရှိသည် ။ သည်းခံသော စိတ်ရှိသည် ။ မိမိက သဘောကောင်းလျှင် အလွန်ကောင်းပြီး ၊ စိတ်ဆိုးမိလျှင် မိုးမမြင် ၊ လေမမြင် ဖြစ်သွားတတ်ပါသည် ။ အလုပ်တစ်ခုကို ပိပိရိရိ သေသေချာချာ လုပ်တတ်သော ကြောင့် လူကြီးများ ၏ အထင်အမြင်ကြီးခြင်းခံရမည် ။ သဘောကျခြင်းခံရမည် ။ ယုံကြည်အားကိုးခြင်း ခံရတတ်ပါသည် ။ သူများ မလုပ်နိုင်သော အလုပ်များ ၊ သူများ လက်လွှတ်ထားရသော အလုပ်များ ကို မိမိအား ခိုင်းတတ်မည် ။ မိမိကလည်း ယင်းကဲ့သို့ ခက်ခက်ခဲခဲအလုပ်များ ကို လုပ်ရမှသဘောကျကျေနပ်တတ်မည် ။ ထူးခြားအောင်မြင်အောင် စွမ်းဆောင်နိုင်မည် ။

မိမိ၏ စေတနာနှင့် အကျင့်စာရိတ္တမှာ နံပါတ်တစ် အတန်းအစားဟူ၍ မဆိုနိုင်သော်လည်း ပထမတန်းကောင်းပါသည် ။ စေတနာထားသော နေရာ ၊ ဂရုစိုက်သော နေရာ ၊ လိုက်လျောသော နေရာ ၊ ကူညီစောင့်ရှောက်သော နေရာများ တွင် မိမိကို သူများ က မမှီပါ ။ မိမိက ပီယ၀ါစာရှိသည် ။ စကားပြောလျှင်ချက်ကျကျ ပြောတတ်ပါသည် ။ မကွယ်ဝှက်ပဲ လိုရင်းရောက်အောင် ပြောတတ်သည် ။ သူများ စွဲသွားအောင် ပြောတတ်သည် ။

မိမိသည် အမြဲတမ်း အမှန်တရားဘက်မှ ရပ်တည်နေတတ်ပါသည် ။ ငွေကြေးလာဘ်လာဘ၊ ဂုဏ်သရေများ ကို ဂရုစိုက်တတ်မည် ။ သို့ သော် လူတစ်ဖက်သားကို မတရားမလုပ်တတ်ပါ ။ နစ်နစ်နာနာ မ ဖြစ်စေတတ်ပါ ။ မိမိက အမြဲတမ်း အထက်တန်းကိုမှန်းတတ်မည် ။ လက်ရှိဘ၀ကရုန်းကန် တိုးတက်အောင် ကြိုးစားနေမည် ။ မိမိ ဖြစ်လိုသော ဘ၀ ၊ ဖြစ်လိုသော အခြေအနေသို့ ရောက်တတ်မည် ။ သို့ သော်ကြာကြာမခံစားရတတ်ပါ ။ ဒုံရင်းသို့ ပြန်ရောက်မည် ။

မိမိမှာ လုံးဝမာနမရှိသော်လည်း အလုပ်နှင့် ပတ်သက်၍ မာနကြီးပါသည် ။ ပြိုင်ဆိုင်လိုသော စိတ်ရှိသည် ။ မိမိနှင့် တန်းတူများ ကို ကျော်လွှားအောင် ကြိုးစားတတ်မည် ။ မိမိ၏ ချစ်စရာကောင်းသော အပြုအမူတစ်ခှုမှာ မိမိကမှန်သည်ဟု ဆုံးဖြတ်ထားသော ကိစ္စတစ်ခုကို လှေခွက်ချည်းကျန် အလံမလှဲ အနိုင်ကျဲတတ်သော သတ္တိ ဖြစ်ပါသည် ။ သို့ သော် တစ်ဇွတ်တိုးစိတ်ကြောင့် လုပ်ပြီးမှ ၊ ဖြစ်ပြီးမှ နောင်တရနေပါမည် ။ မိမိက အလုပ်အပေါ်အထူးသံယောဇဉ်ကြီးသည် ။ ထိုင်နေရလျှင် အထူးပျင်းတတ်မည် ။ တစ်ခုခုလုပ်နေရမှ စဉ်းစားနေရမှ ကျေနပ်တတ်မည် ။ မိမိက မည် သည့်အလုပ်ကိုမဆို လုပ်လိုသော စိတ် ၊ လုပ်ရဲသော စိတ် ရှိပါသည် ။

မိမိဘ၀တွင် အလုပ်တစ်မျိုးတည်းနှင့် မသွားရပါ ။ မိမိဘ၀တစ်လျှောက်လုံး၌ အလုပ်လေးမျိုးမှ ခြောက်မျိုးအထိ ပြောင်းလဲလုပ်ရမည် ။ လခစားဆိုလျှင် နေရာပြောင်း ၊ ဌာနပြောင်းလုပ်ရမည် ။ ကိုယ်ပိုင်အလုပ်ဆိုလျှင်လည်း အမျိုးအစားမတူသော အလုပ်များ ကို ပြောင်းလဲလုပ်ရတတ်သည် ။ မိမိက မည် သည့်နေရာတွင် မည် သည့် အလုပ် လုပ်လုပ် အမြဲတမ်း အတိုက်အခံများ နှင့် တွေ့ ရမည် ။ ပြိုင်ဆိုင် သူများ နှင့် တွေ့ ရမည် ။နှောက်ယှက်သူများ ၊နှိမ်သူများ နှင့် တွေ့ ရမည် ။ သို့ သော် မိမိရန်သူမှန်သမျှကို နောက်ဆုံး မိမိကသာ နိုင်ရပါမည် ။ တိုက်ပွဲ၏ လမ်းခရီးတစ်ဝက်တွင် မိမိကအရှုံးပေး၍ ထွက်သွားတတ်မည် ။ လုံးဝအရှုံးမပေးရ ။ မိမိက အောင်နိုင်ရမည့်  ကံမျိုး ဖြစ်ပါသည် ။ ရန်သူ၏ လက်ပန်းမောင်ခတ်သံကို နားထောင်မည့်  အတူတူ မိမိကိုယ်မိမိ သတ်သေလိုက်ပါ ။ မိမိဘ၀၌ နောက်ဆုံးရောင် နီသည် မိမိအတွက် ဖြစ်စေရတတ်ပါသည် ။

မိမိမှာ ငယ်ဇာတာတွင် မှန်တန်း ဖြစ်တတ်သော်လည်း အရွယ်လတ်တွင် အနည်းငယ်ပင်ပန်းပါမည် ။ ကြိုးစားရပါမည် ။ ကသီလင်တ ဖြစ်ရတတ်ပါသည် ။ ဒုက္ခရောက်ရတတ်ပါသည် ။ ထိုအချိန်ပိုင်းမှာ မိမိအသက် (၃၂) နှစ် မှ (၃၆) နှစ် အတွင်း ဖြစ်ပါသည် ။ ယင်းအသက်ပိုင်း ကျော်သွားလျှင် မိမိတွင် ပြန်၍ ကောင်းလာပါမည် ။ မိမိဘ၀၌ ထူးထူးခြားခြား အပြောင်းအလဲနှစ် ကြိမ် ဖြစ်ပါမည် ။ အကောင်းဆုံးတစ်ကြိမ်နှင့် အဆိုးဆုံးတစ်ကြိမ် ဖြစ်သည် ။ ကျန်အချိန်များ မှာ ဒုက္ခနှင့် သုခကိုေ၇ာယှက်ဒွန်တွဲ ခံစားရပါမည် ။ အကောင်းအဆိုးနှစ် မျိုးစလုံးကို ခံရပါမည် ။

မိမိမှာ သူများ ကို တစ်သက်လုံးငွေမပေးရ ၊ ငွေချေးသော လုပ်ငန်းမလုပ်ရ ၊ ငွေတိုးလုပ်ငန်းမလုပ်ရ ။ မိမိက သူများ ကို ငွေချေးလျင် ၊ ငွေပေးလျှင် မည် သည့်အခါမျှ ပြည့်ပြည့်၀၀ ပြန်မရတတ်ပါ ။ ငွေရေး ကြေးရေး ကို လက်လွှတ်ပေးလျှင်လည်း တစ်ခါတည်း ရေစက်ချပြီးသာ အမျှဝေလိုက်ပါ ။ ပြန်ရနိုင်သော ကိန်း မရှိပါ ။ မိမိမှာ သူများ က ငွေတောင်းလျှင်လည်း အလွန်လက်လွယ်တတ်ပါသည် ။ အားနာတတ်၍ ပေးတတ်မည် ။ တစ်ခါနှစ် ခါ တောင်း၍ မှ ပြန်မရလျှင် စိတ်ပျက်ပြီး ဆက်မတောင်းတတ်ပါ ။

သူများ ကို မယုံကြည်ရ ၊ ယုံကြည်မိလျှင်လည်း မိမိဘ၀၌ နောင်တရနေတတ်ပါမည် ။ မိမိမှာ လူယုံသတ်၍ သေရသော ကံမျိုး ဖြစ်ရတတ်ပါသည် ။ မိမိအလွန်ချစ်ခင်သော ၊ အားကိုးသော ၊ ယုံကြည်သော သူက မိမိကို စော်ကားသွားတတ်သည် ။ ဖောက်ပြန်သွားတတ်သည် ။ မိမိကို ဘက်ကန်သွားတတ်ပါသည် ။ မိမိဘ၀ အောင်မြင်ရေး သည် မိမိကိုယ်ကိုသာ အားကိုးပါ ။ မိမိကလည်း သူများ ကိုအထင်ကြီးပါ ။ လုပ်စရာ ၊ ကိုင်စရာများ ကို မိမိကိုယ်တိုင်လုပ်ပါ ။ မိမိကလည်း သူများ ကို အထင်မကြီးတတ်သော်လည်း အခြေအနေအရ သူများ ကို ခိုင်းတတ်ရမည် ။ အထူးသတိထား၍ ခိုင်းပါ ၊ စေပါ ။ အခြေအနေ ကတော့ သူများ ကြောင့် မိမိဒုက္ခရောက်ရတတ်ပါသည် ။ ပြဿနာဝင်တတ်ပါသည် ။ အရှုပ်အရှင်းများ ဖြေရှင်းနေရတတ်ပါသည် ။

မိမိမှာ တပည့်လက်သားများ နှင့် သားသမီးများ အတွက် လုံးဝအကျိုးမရှိပါ ။ သူတို့ ဖာသာ ကံဇာတာကောင်း၍ အောင်မြင်လာပါမည် ။ မိမိက မည် မျှဆင်းရဲတွင်းနစ်နေနေ သားသမီးအားကိုးလိုသော စိတ် တစ်စိုးတစ်စေ့မှ မရှိတတ်ပါ ။ သားသမီးများ ကိုလည်း မည် မျှမိုးပျံအောင် ထူးချွန်နေပါစေ မိမိကအမြဲအထင်သေးတတ်မည် ။ မိမိမှာ သားသမီးနှင့် တပည့်လက်သားများ အတွက် အမြဲတမ်း စိတ်ပူနေရတတ်သည် ။ မိမိက သားသမီးများ ကို အမွေအနှစ် ပေးပြီးမှသေရသော ကံဇာတာ ဖြစ်ပါသည် ။ မိမိမှာ အိုဇာတာအထူးကောင်းပါသည် ။

မိမိက မည် သည်အလုပ်လုပ် လုပ်လုပ်ကောင်းပါသည် ။ အကျိုးပေးပါမည် ။ လက်လွဲရသော အလုပ်နှင့် သူများ အားကိုးရသော အလုပ်မျိုးများ မလုပ်ရ ။ မိမိကိုယ်တိုင် မကျွမ်းကျင်သော အလုပ်များ မလုပ်ရ ။ သူများ အားကိုးရသော အလုပ်များ နှင့် မကျွမ်းကျင်သော အလုပ်များ ကိုလုပ်လျှင် အထူးဆုံးရှုံးပါမည် ။ အကျိုးမဲ့တတ်ပါသည် ။

မိမိမှာ ပညာရေး ကောင်းပါသည် ။ စာမေးပွဲလွယ်လွယ် အောင်မြင်ပါမည် ၊ ပညာရေး ထက် အလုပ်ကိုပိုမိုစိတ်ဝင်စားမည် ။ မိမိကြိုးစားသလောက် ပညာကိုသင်ကြားရပါမည် ။ မိမိဘ၀တွင် ပညာလည်းသင် ၊ အလုပ်လည်းလုပ်တတ်ပါမည် ။ မိမိစိတ်ထင်ရာ လုပ်တတ်ပါမည် ။ ပညာကို တန်ဖိုးမထားတတ်ပါ ။

မိမိမှာ အိမ်ထောင်ရေး နှင့် အချစ်ရေး တို့ ၌ (True Love) အချစ်စစ် ၊ အချစ်မှန်နှင့် ချစ်တတ်ပါမည် ။ နှစ် နှစ် ကာကာ ချစ်တတ်မည် ။ ချစ်သူအပေါ် အလိုလည်းမလိုက်တတ်ပါ ။ တင်းကြပ် ပိတ်ပင်ခြင်းလည်း မရှိတတ်ပါ ။ မိမိမှာ အိမ်ထောင်ပြုပြီးမှ မှားသည်ဟု ထင်တတ်သည် ။ အိမ်ထောင်ပြုစောတတ်ပါသည် ။ မိမိက ယူရလျှင် လည်း ကိုယ်ချစ်၍ ယူရတတ်သည် ။ သနား၍ ယူရတတ်သည် ။

အိမ်ထောင်ဖက်က မိမိအပေါ် ချစ်ခင်လေးစားတတ်သော်လည်း အားမလိုအားမရ ဖြစ်တတ်မည် ။ သူမကိုယ်တိုင် အလုပ်လုပ်လို တတ်မည် ။ မိမိက ခွင့်မပြုတတ်ပါ ။ မကြာခဏ အခြားယောက်ျား များ နှင့် နှိုင်းယှဉ်၍ ပြောဆိုတတ်မည် ။ မိမိကလည်း မခံချင် ဖြစ်တတ်မည် ။

မိမိမှာ ကျန်းမာရေး နှင့် ပတ်သက်၍ ရောဂါ ဘယကင်းဝေးတတ်မည် ။ ရောဂါ ဖြစ်လျှင်လည်း အိပ်ရာထဲလဲရတတ်ပါသည် ။ မိမိက ခံစားရလျှင်လည်း ရင်ထဲမှာ ၀ှက်ထားတတ်၍ မိမိဝေဒနာကို သူများ က မသိကြတတ်ပါ ။ ရောဂါ ကျွမ်းမှာ ဝေဒနာလွန်ကဲမှ သူများ က သိရပါမည် ။ မိမိမှာ ခေါင်းနှင့် ပတ်သက်၍ ဥပါဒ်ပေးတတ်ပါသည် ။ ခေါင်းကိုက် ၊ ခေါင်းမူး ၊ ဇက်လေး ၊ မျက်စေ့နာ ၊ သွားကိုက် ၊ နားကိုက်စသဖြင့် ဖြစ်တတ်ပါသည် ။ အခြား ရောဂါ များ မရှိတတ်ပါ ။

မိမိဘ၀တွင် အသက် (၃) နှစ် ၊ (၆) နှစ် ၊ (၁၅) နှစ် ၊ (၁၉) နှစ် ၊ (၂၂) နှစ် ၊ (၂၃) နှစ် ၊ (၃၇)နှစ် ၊ (၃၉) နှစ် ၊ (၄၁) နှစ် ၊ (၄၆) နှစ် ၊ (၅၆) နှစ် များ တွင် မိမိဘ၀၌ ထူးထူးခြားခြား အပြောင်းအလဲ ဖြစ်တတ်ပါသည် ။ အောင်နိုင်ခြင်းနှင့် ရှုံးနိမ့်ခြင်းများ ကို ခံစားရပါမည် ။

မိမိနှင့် သင့်တော် သော ရတနာများ မှာ ငွေ ၊ ကျောက်နီ ၊ ဥဿဖရားများ ဖြစ်ပါသည် ။ အနီရောင် ကျောက်ဟူသမျှ ကောင်းပါသည် ။ မိမိအတွက် လာဘ်ရွှင်မည် ၊ ငွေရမည် ၊ အောင်မြင်မည် ၊ အကြံအစည်များ အထမြောက်ပါမည် ။

မိမိအတွက် အကောင်းဆုံးအရောင် မှာ အ၀ါရောင် ၊ အနီရောင် နှင့် အရောင် နုများ ဖြစ်ပါသည် ။

မိမိမှာ ကျန်းမာရေး မကောင်းလျှင် ၊ စီးပွားရေး ကျဆင်းလျှင် ၊ အကြံအစည်များ ပြုလုပ်လျှင် ဘုရားတွင် ပန်းမျိုးစုံလှူပါ ။ ငါးသက်စေ့ လှူပါ ။ မိမိမကောင်းမှုများ ပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••


ညှင်းဖဲ (၃)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (၃) ဖြစ်နေလျှင် ၊ သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည် ။

ဤညှင်းဖဲ ရသော သူတို့ သည့် စေတနာကောင်း၍ အတောင်းခံရသော လူစားများ ဖြစ်ပါသည် ။ မိမိက သူများ အရေး ကို ကိုယ့်အရေး လို စေတနာနှင့် ပါဝင်တတ်သော ကြောင့် အများ ၏ အမြင်ကပ်ခြင်းနှင့် အထင်ကြီးခြင်းများ ကို ခံရပါမည် ။ မိမိမှာ သဘောကျသော သူတစ်ဝက်နှင့် သဘောမကျသူတစ်ဝက်ကြားတွင် နေရတတ်ပါသည် ။ မိမိဘ၀ တစ်သက်လုံးသည် အများ အကျိုးဆောင်နေရတတ်မည် ။ အများ အတွက် စေတနာ့ ဝန်ထမ်း လုပ်ပေးနေရတတ်ပါသည် ။ သူများ ကိစ္စများ တွင် ၀င်၍ လုပ်ရလွန်းသော ကြောင့် မိမိမှာ ဘ၀တစ်လျှောက်လုံးတွင် ရန်သူနှင့် မိတ်ဆွေများ အကြားတွင် ချာချာလည်နေရတတ်သည် ။

မိမိသည် အရာရာကို စိတ်ဝင်စားတတ်သည် ။ အရာရာတွင် စပ်စုတတ်သည် ။ နေရာတကာတွင် ၀င်၍ ပြောဆိုလုပ်ကိုင်တတ်သဖြင့် အများ ကသနားပြီး အထင်အမြင်သေးကြပါမည် ။ မိမိ၏ ၀ါသနာကိုလည်း တစ်သက်လုံးမစွန့် လွှတ်တတ်ပါ ။ မိမိမှာ ရပ်ရေး ၊ ရွာတာတွင် ဦးဆောင်တတ်မည် ။ ခေါင်းဆောင်လုပ်တတ်မည် ။ မိမိကို အများ က နွားသဘောနှင့် ခိုင်းနေသော ကြောင့် မိမိကမသိပါ ။ မိမိကလည်း ကိုယ်ရေး ကိုယ်တာကိစ္စထက် အများ ကိစ္စကို ဦးစားပေးတတ်မည် ။ အိမ်က သားမယားထက် အများ ကိုပိုမို၍ ခင်တွယ်တတ်မည် ။ မိမိဘ၀မှာ အိမ်ထောင်ပြုပြီး မယားကတဆူဆူ ၊ သားက တပူပူနှင့် အချိန်ကုန်နေရပါမည် ။

မိမိက အရာရာတွင် ဂုဏ်ယူလိုတတ်မည် ။ မိမိလုပ်ခဲ့သမျှ စွမ်းဆောင်ခဲ့သမျှတို့ ကို မြိန်ရေရှက်ရေ ပြောတတ်မည် ။ ဂုဏ်ယူပြီး ပြောတတ်မည် ။ မိမိအနည်းငယ် ကြွားဝါပြောဆိုခြင်းကို ၀ါသနာပါမည် ။ မိမိလုပ်ခဲ့သည်က နည်းနည်း ၊ မိမိပြောသည်က များများ ဖြစ်နေမည် ။ မိမိမှာ အစွမ်းမရှိမဟုတ် ရှိပါသည် ။ သို့ သော် မိမိ၏ စွမ်းရည်များ သတ္တိများ လိုအပ်သော နေရာ၌ အသုံးမချတတ်ပါ ။

မိမိမှာ အပြောအဆို ယဉ်ကျေးသိမ်မွေ့ မည် ။ ပီယာဝါစာရှိပါသည် ။ ကိုယ့်ကိုယ်ကို မြှော က်ပင့်၍ ပြောဆိုတတ်မည် ။ လူတစ်ဖက်သား ယုံကြည်လောက်အောင် ကျလောက်အောင် ပြောဆိုတတ်မည် ။ မိမိက စကားပြောပွဲများ ၊ ဟောပြောပွဲများ တွင် အထူးအပြောကောင်းမည် ။ ဟန်အမူအရာကောင်းမည် ။ အထူသဖြင့် အမြဲတမ်း အများ အကျိုးအကြောင်းကို ပြောဆိုတတ်သော လူစား ဖြစ်သည် ။ မိမိမှာ အပြောလွန်သော ကြောင့် မိမိ၏ စကားများ သည် သင်္ကြန်အမြောက်ဆံလို ဖြစ်စေမည် ။ မိမိ၏ အရည်အသွေးများ ကို ပြလိုပါလျှင် နည်းနည်း ပြောပြီး များများ လုပ်ပါ ။ ပါးစပ်ထက် လက်များ ကို ၊ ဦးနှောက်များ ကို အသုံးချပါ ။ မိမိပြလိုသော အစွမ်းသတ္တိများ သည် အလိုလိုပေါ်ပေါက်လာပါမည် ။

မိမိမှာ ငွေရေး ကြေးရေး နှင့် ပတ်သက်၍ အကြွေးကြောက်တတ်သော်လည်း မိမိဘ၀တစ်လျှောက်လုံးနှင့် မကင်းတတ်ပါ ။ အကြွေးနှင့် လုံးပတ်လည်နေတတ်မည် ။ မိမိမှာ မကြာခဏ စာရင်းထဲမှာ ငွေရှိနေပြီး ကပ်စေးနဲသလို ၊ စေးကုတ်သလိုရှိသော်လည်း လက်တွေ့ တွင် လုံးဝကပ်စေးမနဲတတ်ပါ။ မိမိတစ်ခုကို ယူချင်လျှင် မည် မျှတန်ဖိုးကြီးသော်လည်း မရ , ရအောင်ဝယ်တတ်မည် ။ မိမိမှာ စည်းမရှိ ၊ ကမ်းမရှိ လုပ်တတ်၍ မကြာခဏ ဘိုင်ကျ ၊ ကြွေးတင်တတ်သော်လည်း မိမိက အမှတ်မရှိတတ်ပါ ။ မိမိမှာ ငွေနှင့် နီးပါသည် ။ အမှန်တကယ်ဒုက္ခရောက်လာလျှင် အလိုလို ကူညီမည့် သူ ၊ မ, စမည့် သူများ နှင့် တွေ့ ရပါမည် ။

မိမိမှာ စည်းကမ်းတကျ ၊ စဉ်းစားဆင်ခြင် တိုင်းတာလုပ်ကိုင်ရမည် ဆိုလျှင် မိမိဘ၀၌ ထိပ်တန်း ဖြစ်နိုင်ပါသည် ။အလုပ်တစ်ခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ ။ တစ်ခုတည်းကိုသာ ဇောက်ချလုပ်ကိုင်ပါ ။ သူများ အိမ်မှ မီးထက် မိမိမီးကို ပို၍ ဂရုစိုက်ပါ ။ မိမိမှ လုပ်စရာကိုင်စရာများ ကို မြန်မြန်ထက်ထက်လုပ်ကိုင်ပါ ။ သူများ နောက်မှ ပြေးခြင်းထက် မိမိက ရှေ့ကပြေးရအောင် ကြိုးစားပါ ။ မိမိမှာ အထူးအောင်မြင်ပါမည် ။ ဖြစ်လိုသော ဘ၀ ၊ ရောက်လိုသော ခရီးသို့ ရောက်ရပါမည် ။

မိမိမှာ ကိုယ်ပိုင်အလုပ်နှင့် အကျိုးပေးပါသည် ။ မိမိက အပြောအဆိုလှပ၍ လူတစ်ဖက်သား၍ အသဲနှလုံးကို ဆွဲကိုင်လှုပ်ကိုင်နိုင်သော အစွမ်းရှိပါသည် ။ မိမိမှာ ပွဲစားအလုပ် ၊ အရောင်းအ၀ယ်အလုပ်များ ကို ပြုလုပ်ပါ ။ လခစားလုပ်မည် ဆိုလျှင်လည်း အုပ်ချုပ်ရေး ဘက် ၊ စီမံခန့် ခွဲရေး ဘက်တွင် လုပ်ကိုင်ပါ ။ စာရင်းနှင့် ကျောင်းဆရာ အလုပ်မလုပ်ရ ။ လုပ်လျှင်လည်း လုံးဝအကျိုးမရှိတတ်ပါ ။ မိမိဘ၀ကို မိမိနစ်မွန်းသည်နှင့် အတူတူ ဖြစ်မည် ။

မိမိက မည် သည့်အလုပ်ကိုမဆို မလုပ်ခင်ကတည်းက အလွန်ကြောက်နေတတ်မည် ။ အောင်မြင်ပါ့မလား ၊ ထမြောက်ပါ့မလား ဟူသော ဒွိဟစိတ် ဖြစ်နေတတ်ပြီး ၊ မလုပ်ရဲ ဖြစ်နေမည် ။ အမှန်တကယ်လက်တွေ့ လုပ်သော အခါ၌ သူများ အတွက် ခက်ခဲနေသော အလုပ်များ ပင် မိမိအတွက် လွယ်နေပါမည် ။ အဆင်ပြေပါမည် ။ မိမိကြိုးစားမှုသည် မိမိအောင်မြင်မှုပင် ဖြစ်သည် ။ အဆင်ပြေပါမည် ။ မိမိကြိုးစားမှုသည် မိမိအောင်မြင်မှုပင် ဖြစ်သည် ။ မိမိတစ်ခါတစ်ရံထင်ရာလုပ်ပြီး ၊ တစ်ခါတစ်ရံ စဉ်းစားဆင်ခြင်ပိုင်းဖြတ်တတ် လုပ်တတ်မည် ။ မိမိမှာ အဖက်ဖက်တွင် ကောင်းသော်လည်း စိတ်မတည်ငြိမ်သော ကြောင့် မိမိဘ၀၌ အောင်မြင်သင့်သလောက် မအောင်မြင် ဖြစ်တတ်သည် ။

မိမိက တစ်နေ့ ရွှေ ၊ တစ်နေ့ ငွေ လူတန်းစား ဖြစ်မည် ။ တစ်ခုခုကို လုပ်နေလက်စနှင့် နောက်တစ်ခုကို ပြောင်းလိုက ပြောင်းတတ်မည် ။ မိမိမှာ နှစ် ရှည်စွာ လုပ်ကိုင်ရသော စီမံကိန်းဆန်ဆန် အလုပ်များ နှင့် မကောင်းပါ ။ ချက်ချင်း လက်တွေ့ အကျိုးအမြတ် ဖြစ်နိုင်သော အလုပ်များ နှင့် ကောင်းပါသည် ။ ကြာရှည်လုပ်ရသော အလုပ်မျိုးဆိုလျှင် ခဏသာစိတ်ပါပြီး နောက်ပိုင်း လျော့ရဲရဲ ဖြစ်သွားမည် ။ မိမိက စိတ်မပါ ဖြစ်သွားမည် ။

မိမိက စပ်တူလုပ်နိုင်သော်လည်း မိမိက ဦးဆောင်လုပ်ပါ ။ သူများ ကို ယုံကြည်၍ လွဲမထားပါနှင့် ။ မိမိမှာ တစ်သက်လုံးလောင်းကစားနှင့် အကျိုးမပေးပါ ။ မိမိမှာ ဆယ်ချီကစားလျှင် ရှစ်ချီလောက်မှာ ရှုံးနေတတ်မည် ။ မိမိမှာ ကံတရားထက် ဉာဏ်ဝီရိယကို အားကိုးရပါမည် ။ မိမိမှာ ကံကောင်းသူမဟုတ်သော်လည်း ဉာဏ်နှင့် ၀ီရိယ ပထမတန်းကောင်းတတ်ပါသည် ။ သို့ ကြောင့် မိမိမှာ အခြေအနေဆိုးသို့ မရောက်နိုင်ပါ ။ ပြဿနာရပ်များ မှာ အလိုလို ပြေလည် သွားပါမည် ။ မိမိမှာ စိတ်ချမ်းသာရမည် ။

မိမိမှာ ဆွေမျိုးညာတိ အကျိုးမရှိပါ ။ မိမိကသာ ကောင်းနေရမည် ။ မိမိအပေါ် ပြန်မကောင်းတတ်ပါ ။ မိမိတွင် တကယ့်အရေး အကြောင်းများ ၌ ဆွေမျိုးညာတိ ညီအစ်ကိုမောင်နှမထက် အခြားလူစိမ်းများ က ကောင်းနေတတ်မည် ။ မိမိတွင် ပြဿနာ ဖြစ်လျင် ဆွေမျိုးညာတိများ က ရှောင်တတ်ပြီး စားစရာရှိလျှင် ဦးဦးဖျားဖျား ထိပ်မှ စားတတ်သူများ ဖြစ်ပါမည် ။

မိမိမှာ အိမ်ထောင်ရေး နှင့် ပတ်သက်၍ ကောင်းပါသည် ။ အိမ်ထောင်ကောင်းနှင့် ရတတ်ပါသည် ။ မိမိအပေါ် ကြင်နာသော ၊ လိုက်လျောသော ၊ ချစ်ခင်သော ၊ သနားသော အိမ်ထောင်နှင့် ရပါမည် ။မိမိကလည်း မိန်းမကို အထူးအလိုလိုက်မည် ။ မိန်းမမျက်နှာညှိုးလျှင် မနေနိုင် ၊ မထိုင်နိုင် ဖြစ်မည် ။ အပြင်က မိမိကို မိန်းမက နိုင်သည် ။ သြဇာပေးသည်ဟူ၍ ပြောဆိုကြပါမည် ။ ထင်မြင်ကြပါမည် ။ လက်တွေ့ မှာ မိမိကသာ မိန်းမကို နိုင်နေရပါမည် ။ မိမိစကားကိုသာ မိန်းမက နားထောင်နေပါမည် ။ မိမိမိန်းမ၏ အမှန်တရားများ ကို ပြောတတ်မည် ။ မိမိအပေါ် စေတနာနှင့် ပြောတတ်သည်ကို မိမိက သိသော ကြောင့် မိန်းမစကား နားထောင်သင့်သော နေရာများ ၌ နားထောင်တတ်ပါမည် ။

မိမိမှာ မကြာခဏ ခရီးထွက်ရပါမည် ။ မိမိဘ၀၏ လေးပုံတစ်ပုံမှာ ခရီးဖြင့် အချိန်ကုန်တတ်ပါသည် ။ မိမိကလည်း တစ်နေရာထိုင်နေမည့် အစား ဟိုသွားချင် ၊ သည်သွားချင် ၊ ဖြစ်နေတတ်ပါမည် ။မိမိမှာ သားကြီး ၊ သမီးကြီးအတွက် စိတ်စက်မကောင်း ဖြစ်ရတတ်ပါသည် ။ မိမိမှာ သားကြီး ၊ သမီးကြီး အကျိုးမရှိတတ်ပါ ။

မိမိမှာ ကျန်းမာရေး နှင့် ပတ်သက်၍ ငယ်စဉ်မှာ ချုချာတတ်ပါသည် ။ ကွယ်လွန်သော အခါ၌ နာတာရှည်မခံရတတ်ပါ ။ မိမိမှာ ၀မ်းဗိုက်က အထူးဥပါဒ်ပေးပါသည် ။ အခြား ရောဂါ ကြီးများ မရှိပါ ။ လေနာ ၊ ရင်နာ ၊ အစာမကြေ ဖြစ်မည် ။ အစာအိမ်ကို ဒုက္ခပေးတတ်ပါမည် ။ ကံဆိုးသော အချိန်နှင့် ဆုံလျှင် ဗိုက်ခွဲရခြင်း ဖြစ်တတ်ပါသည် ။ မိမိမှာ ကျန်းမာရေး ကောင်းပါသည် ။

မိမိဘ၀တွင် အသက် (၁၀) နှစ် ၊ (၂၁) နှစ် ၊ (၃၀) နှစ် ၊ (၄၀) နှစ် ၊ (၅၀) နှစ် ၊(၆၀) နှစ် ၊ (၇၀) နှစ် များ တွင် မိမိဘ၀၌ ထူးထူးခြားခြား အပြောင်းအလဲများ ဖြစ်တတ်ပါသည် ။ အောင်နိုင်ခြင်းနှင့် ဆုံးရှုံးခြင်းများ ခံစားရတတ်ပါသည် ။

မိမိနှင့် သင့်တော် သော ရတနာများ မှာ ရွှေ ဖြစ်ပါသည် ။ ရွှေကို အမြဲတမ်းဆောင်ထားပါ ။ လက်စွပ်များ ၀တ်သော အခါ ကျောက်မပါစေဘဲ ရွှေသက်သက်ဝတ်ပါ ။ ကျန်းမာရေး မကောင်းလျှင် ဘုရားတွင် ရွှေချလှုပါ ။

မိမိအတွက် အကောင်းဆုံးအရောင် မှာ မီးခိုးရောင် နှင့် မှိုင်းနေသော အရောင် များ ဖြစ်ပါသည် ။ မိမိမှာ လုပ်ငန်းကိုင်တာ အဆင်မပြေလျှင် ဆွတ်ဆွတ်ဖြူသော အရောင် ကို ၀တ်၍ ကြံစည်ပါ ။ အထူးအောင်နိုင်ပါသည် ။

မိမိမှာ ကျန်းမာရေး မကောင်းလျှင် ၊ စီးပွားရေး အဆင်မပြေလျှင် အကြံအစည်များ ပြုလုပ်လိုလျှင် ဘုရား၏ စနေထောင့်မှာ ထီး ၊ တံခွန် ၊ ကုက္ကားများ တစ်မျိုးလျှင် (၃) ခုစီ လှုပေးလိုက် ပါ ။ မိမိမှာ မကောင်းပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••


ညှင်းဖဲ (၄)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (၄) ဖြစ်နေလျှင် ၊ သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည် ။

ဤညှင်းဖဲ (၄) ရသော သူတို့ သည် စိတ်ထက်မြက်သည် ။ တိကျမှန်ကန်သည် ။ ရဲရင့်ပြတ်သားသည် ။ စိတ်ကြီးသည် ။ လုပ်ကိုင်ရဲသည် ။ သူများ က မတရားလုပ်လျှင် လုံးဝမခံတတ်ပေ ။ မိမိကလည်း သူများ ကို နိုင်ထက်စီးနင်းမလုပ်တတ်ပါ ။ မိမိမှာ လူများ စု၏ သဘောကျခြင်းခံရမည် ။ အထင်ကြီးခြင်းခံရမည် ။ အားကိုးယုံကြည်ခြင်းခံရတတ်သည် ။ မိမိက ခပ်တည်တည်နေတတ်မည် ။ ဟိုရောရော ဒီရောရော မလုပ်တတ်ပါ ။ မိမိနှင့် မဆိုင်သော ကိစ္စများ ကို မျက်နှာလွှဲနေတတ်မည် ။ မိမိသဘောကျလျှင် မည် မျှအောက်ကျခံရသော်လည်း အရေး မကြီးတတ်ပါ ။ မိမိသဘောမတူလျှင် မျက်နှာ ကြည့်ရန်နေနေသာသာ အရိပ်ကိုပင် မမြင်လိုသူ ဖြစ်မည် ။

မိမိမှာ စိတ်ကြီးပြီး လက်စားချေစိတ်ရှိသည် ။ မိမိကို အပ်နှင့် လာလုပ်လျှင် မိမိကပြန်၍ ပုဆိန်နှင့် ပြန်လုပ်ရမှ ကျေနပ်တတ်မည် ။ ထို့ ကြောင့် မိမိ၌ ရန်သူနည်းပါးတတ်ပါမည် ။ မိမိမှာ လူချစ်လူခင် ပေါများ တတ်မည် ။ မိမိက ပေးစရာရှိလျှင် ပေးပြီး ကျွေးစရာရှိလျှင် ကျွေးကာ ဖာသိဖာသာနေတတ်မည် ။ အရေး ကြီးလာလျှင် မိမိက အမြဲတမ်း ရှေ့တန်းမှ ရောက်နေတတ်ပါမည် ။မိမိမှာ အများ စု၏ အားကိုးရာ ဖြစ်တတ်သလို အများ ၏ အထင်ကြီးခံရပြီး အနည်းစု၏ အမြင်ကပ်ခံရတတ်ပါသည် ။

မိမိမှာ ရန်သူနည်းတတ်သော်လည်း လက်သီးပုန်းပြနေသူများ နှင့် တွေ့ ရမည် ။ မိမိကလည်း ပွင့်ပွင့်လင်းလင်းမှာ ကြိုက်မည် ။ ပြတ်သားမှ သဘောကျမည် ။ သူများ လို မထိခလုပ်လုပ်လျှင်မခံချင်တတ်ပါ ။ သူများ က မသိမသာ စော်ကားတတ်မည် ။ အများ မျက်စေ့၌ သူများ လုပ်ခြင်းကိုမမြင်ဘဲ မိမိလုပ်သည်ကိုသာ မြင်တတ်ကြမည် ။ အမှန်မှာ မိမိကမလုပ်လျှင်လည်းနေရာ လုပ်လျှင်လက်လွန်သွားတတ်သည် ။

မိမိမှာ အလုပ်တစ်ခုကို သွေးအေးအေးနှင့် လုပ်တတ်မည် ။ သေသေချာချာစီမံကိန်းများ ချပြီး လုပ်တတ်မည် ။ သူများ လို အခု ချက်ချင်း လုပ် အခုဖျက်ဟူသော လူစားမဟုတ်ပါ ။ သို့ ကြောင့် မိမိလုပ်သော အလုပ်များ မှာ များ သော အားဖြင့် အောင်မြင်ပြီး မိမိ၏ ပင်ပန်းရကျိုးနပ်ပါသည် ။ မိမိက အလုပ်တစ်ခုကို လုပ်တော့မည် ဟု ဆုံးဖြတ်သည်နှင့် တစ်ပြိုင်နက် ပို၍ ပို၍ သေချာအောင် ၊ တိကျအောင် ၊ မှန်ကန်အောင် စဉ်းစားဆင်ခြင်တိုင်းတာ လုပ်တတ်မည် ။

မိမိမှာ အတိုက်အခံပေါင်းများ စွာ ရှိသည် ။ ရန်သူပေါင်းများ စွာ ရှိသည် ။ သို့ သော် ရန်သူများ က မိမိကို ဗြောင်မစော်ကားရဲပါ ။ ကွယ်ရာမှ စော်ကားနေတတ်မည် ။ မိမိအား မကောင်းပြောကြမည် ။ မကောင်းကြံကြမည် ။ မိမိအား ဂျောက်တွန်းကြမည် ။ မိမိအား စွပ်စွဲ ပြောဆိုတတ်မည် ။ သွားပုပ်လေလွင့် ပြောခြင်း ခံရမည် ။ မိမိမှာ လည်း သာမန်ဆိုလျှင် အောင်မြင်ဖို့ မလွယ်ကူတတ်ပါ ။ အတိုက်အခံများ နှင့် တွေ့ ရလေ မိမိအရည်အသွေးများ ပေါ်ထွက်လာလေ ဖြစ်တတ်မည် ။ မိမိမှာ တိုက်ရလေ နာမည် ကျော်လာလေ ၊ သတင်းကြီးလာလေ ဖြစ်မည် ။ သို့ သော် အနီးကပ်ရန်သူကို သတိထားပါ ။ မိမိမှာ အဝေးရန်သူက မတတ်နိုင်သော်လည်း အနီးကပ်ရန်သူက လုပ်သွားတတ်မည် ။ အထူးသတိထားရန် လိုအပ်ပါသည် ။

မိမိမှာ စိတ်သဘောကောင်းသည် ။ စေတနာကောင်းသည် ။ တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်မည် ။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံပါသည် ။ မိမိမှာ အလုပ်အကိုင်တွင် နာမည် ကြီးမည် ။ သတင်းကြီးမည် ။လူများ စု အထင်အမြင်ကြီးခြင်း ခံရပါမည် ။ မိမိမှာ လခစားလုပ်လျှင် ငါးနှစ် တစ်ကြိမ် ၊ ခြောက်နှစ် တစ်ကြိမ် ရာထူးတိုးတက်သွားမည် ။ မိမိမှာ အချင်းချင်းများ နှင့် လက်အောက်ငယ်သားများ ထက် အထက်အရာရှိများ ၊ လူကြီးများ နှင့် ပို၍ တည့်ပါမည် ။ မိမိကို အချင်းချင်းက မနာလိုနေတတ်မည် ။ လူကြီးများ က မိမိကို အထင်ကြီးမည် ။ အမြင်ကြီးမည် ။ သဘောကျမည် ။ ယုံကြည်လေးစားတတ်မည် ။ သူများ မလုပ်နိုင်သော အလုပ်များ ကို မိမိအား ခိုင်းတတ်မည် ။ မိမိကလည်း ရအောင်လုပ်နိုင်စွမ်းရှိပါသည် ။

မိမိမှာ မည် သည့်အလုပ်ကို လုပ်လုပ် ကောင်းပါသည် ။ အဆင်ပြေပါသည် ။ ကိုယ်ပိုင်အလုပ်လုပ်မည် ဆိုလျှင် ဆေး ဖြစ်စေ ၊ ဆေးလိပ် ဖြစ်စေ ၊ အလှကုန် ဖြစ်စေ ထုတ်လုပ်ပါ ။ မိမိမှာ တည်ထွင်ထုတ်လုပ်မှုဖြင့် နာမည် ရတတ်ပါမည် ။ လခစားလုပ်မည် ဆိုလျှင်လည်း တိုးတက်မြန်သော ရေတပ် ၊ မီးရထား ၊ ဘဏ္ဍာရေး စသဖြင့် နေရာများ တွင် လုပ်ကိုင်ပါ ။ မိမိအတွက် အထူးအကျိုးရှိပါမည် ။

မိမိသည် လူတစ်ဖက်သား မည် မျှပင် မိုးပျံအောင် တော် နေပါစေ လုံးဝအထင်မကြီးတတ်ပါ ။ သူများ ကိုလည်း မယုံတတ်ပါ ။ မိမိမှာ လုပ်စရာများ ကို မိမိကိုယ်တိုင်လုပ်ရမှ ကျေနပ်တတ်မည် ။ သူများ နှင့် ဆက်သွယ်လုပ်ရလျှင်လည်း မိမိအားမရတတ်ပါ ။ သဘောလည်း မကျတတ်ပါ ။

မိမိက အားလုံးသော ဒုက္ခကို ဒိုင်ခံ၍ ခံနိုင်ရည်ရှိသော်လည်း စိတ်ညစ်ခံ၍ မရပါ ။ မိမိက နည်းနည်း ပါးပါး စိတ်ညစ်မိလျှင် မိမိ၏ ကျန်းမာရေး ရော ၊ မိမိ၏ စီးပွားရေး ပါ ကျဆင်းတတ်မည် ။ မိမိက တက်တက်ကြွကြွနေရလေ မိမိဘ၀၌ အောင်မြင်လေ ဖြစ်တတ်ပါသည် ။ မိမိမှာ ကံကိုလည်း ယုံကြည်တတ်သည် ။ မိမိမှာ ရသလောက်နှင့် တင်တိမ်ရောင့် ရဲတတ်မည် ။ ဖြစ်သလိုနေတတ်ပြီး လောကကြီးကို ရသလိုပြေလည်စွာ ဆက်ဆံတတ်ပါမည် ။ မိမိမှာ လောဘမရှိပါ ။ စိတ်ထဲက လောဘရှိသော်လည်း လက်တွေ့ ၌ ရောင့် ရဲတင်းတိမ်နိုင်စွမ်းရှိသည် ။ ရသမျှ ကုသိုလ်ကံဟူ၍ နေတတ်မည် ။

မိမိလက်ရှိ အခြေအနေနှင့် မိမိရည်ရွယ်ချက်မှာ မတန်သလို ဖြစ်နေတတ်မည် ။ မိမိမှာ ပြင်းထန်သော ရည်ရွယ်ချင်ကြီးကို ထားတတ်သည် ။ ကြီးကြီးကျယ်ကျယ်ကြံတတ်မည် ။ မိမိမှာ အကြံကြီးလွန်း၍ တစ်ခါတစ်ရံ မိမိလုပ်သော အလုပ်များ သည် ဘေးချော်သွားတတ်ပါသည် ။ မိမိက အလုပ်တစ်ခုကို သေလျှင်မြေကြီး ၊ ရှင်ရွှေထီးဟူသော စိတ်ဖြင့် လုပ်တတ်မည် ။ သို့ ကြောင့် အောင်မြင်လျှင် လည်း သူများ အံ့အားသင့်ယူရမည် ။ မအောင်မြင်လျှင်လည်း သူများ အံ့သြနေရပါမည် ။

မိမိမှာ ပညာရေး သာမဟုတ် ၊ မည် သည့်ပညာကိုမဆို စိတ်ဝင်စားသည် ။ မိမိကိုတတ်အောင် ကြိုးစားတတ်မည် ။ မိမိကတစ်ခုခုကို လိုချင်လျှင် မရရအောင် ယူတတ်သော ဇွဲရှိသည် ။ မိမိမှာ ပညာကို မိမိလိုသလောက် သင်ကြားနိုင်မည် ။ အကယ်၍ အခြေအနေက မပေးလျှင်လင်း မိမိက အလုပ်လုပ်ရင်းနှင့် သင်ကြားတတ်ပါသည် ။ မိမိမှာ စာကိုကျက်ခြင်းထက် နားလည်သဘောပေါက်အောင် ဖတ်တတ်မည် ။ မိမိမှာ သဘောတရား၌ အထူးကျွမ်းကျင်တတ်မည် ။ မိမိက အလွန်ဉာဏ်ကောင်းပါသည် ။ မိမိကို တစ်ခုခု ပြောထားလျှင် တစ်သက်လုံးမမေ့တတ်ပါ ။ မိမိမှာ စာမေးပွဲများ ၌ လွယ်လွယ်အောင်ပါမည် ။

မိမိမှာ အချစ်ရေး နှင့် အိမ်ထောင်ရေး တွင် မိမိအားနိုင်သော မိန်းမကို ရတတ်မည် ။ မိမိ၏ သဘောကျမနေတတ်သော မိန်းမကိုရတတ်မည် ။ မိမိက ရှေ့ဆိုလျှင် မိမိမိန်းမက အနောက်ဟုဆိုလိမ့်မည် ။ မိမိနှင့် အမြဲတမ်း ဆန့် ကျင်ဘက်လုပ်တတ်သဖြင့် မိမိမှာ အိမ်ထောင်ရေး ကောင်းသည်ဟု မဆိုနိုင်ပါ ။ မိမိက မိန်းမအပေါ်အထင်သေးသည် ။ အမြင်သေးသည် ။ ရိုးသည် ၊ အသည် ၊ နသည် ဟူ၍ ထင်တတ်မည် ။ မိမိကိုလည်း မိမိမိန်းမက အခြားယောက်ျားများ နှင့် နှိုင်းယှဉ်၍ ပြောဆိုတတ်မည် ။ မိမိက မည် မျှတော် နေသော်လည်း မိမိအား မိန်းမက အားမလိုအားမရ ဖြစ်မည် ။ မိမိမိန်းမှာ သဘောကောင်းပါသည် ။ သို့ သော် အလွန်ပါးစပ်ဆိုးပါသည် ။ မိမိအထာကို နားမလည်တတ်ပါ ။ မိမိက မိန်းမအတွက် စိတ်ညစ်နေရတတ်မည် ။

မိမိမှာ ကျန်းမာရေး နှင့် ပတ်သတ်၍ အကောင်းကြီးမဟုတ်သော်လည်း အဆိုးကြီးလည်း မဟုတ်ပါ ။ မိမိမှာ ကျန်းမာရေး သင့်တင့်စွာ ကောင်းပါသည် ။ မိမိဘ၀၌ သုံးကြိမ်သာ ကြီးကြီးကျယ်ကျယ်ခံစားရပါမည် ။ မိမိ၌ အခြား ရောဂါ ကြီးများ မရှိပါ ။ သွေးလေမညီညွတ်သော ရောဂါ ဖြစ်ပါသည် ။ မကြာခဏ လေနာ ၊ ဗိုက်နာ ၊ အစာမကြေ ၊ ခေါင်းကိုက် ၊ အပူများ ထွက် ၊ ခြေတစ်ဖက် ၊ လက်တစ်ဖက်နာများ ဖြစ်တတ်ပါသည် ။ မိမိမှာ ကျန်းမာရေး ကောင်းလိုပါက တစ်နေ့ လျှင် တစနာရီစီ တရားထိုင်ပါ ။ ပြင်းပြင်းထန်ထန်မဟုတ်ပါ ။ ကမ္မဋ္ဌာန်းဘာာဝနာမူပါ ။ ပုတီးစိပ်ပါ ။ မိမိမှာ သုံးလအတွင်း ကျန်းမာရေး ကောင်းလာပါမည် ။

မိမိနှင့် သင့်တော် သော ရတနာများ မှာ ကျောက်စိမ်း ၊ အပြာရောင် ကျောက် ၊ မိုးပြာရောင် ကျောက် ၊ ပုလဲ ၊ စိန်များ နှင့် ကောင်းပါသည် ။ မိမိအတွက် အထူးလာဘ်ရွှင်ပါမည် ။ မိမိမှာ စီးပွားရေး ကျဆင်းနေလျှင် ကျောက်စိမ်းကိုဆောင်၍ လုပ်ကိုင်ပါ ။ မိမိမှာ ကျန်းမာရေး ကျဆင်းနေလျှင် အပြာရောင် ကျောက်ကို ဆောင်ထားပါ ။ မိမိမှာ ကျန်းမာရေး ကောင်းမွန်လာပါမည် ။

မိမိနှင့် သင့်တော် သော အရောင် မှာ ကြက်သွေးရောင် ၊ အနီရောင် ၊ ပန်းရောင် များ ဖြစ်ပါသည် ။ အ၀ါဖောက်အနီကိုလည်း သုံးနိုင်ပါသည် ။ အစိမ်းရောင် လုံးဝမသုံးရ ။ မိမိအိမ်ရှေ့မှာ အုန်းပင်စိုက်ထားပါ ။ အထူးလာဘ်ရွင်၍ ငွေရပါမည် ။ အထူးမင်္ဂလာရှိပါမည် ။

မိမိမှာ ကံဇာတာညံ့လျှင် ၊ စီးပွားရေး အဆင်မပြေလျှင် ၊ ကျန်းမာရေး မကောင်း ဖြစ်နေလျှင် ၊ အကြံအစည်များ လုပ်လိုလျှင် ဘုရား၏ စနေထောင့်မှာ ပန်းအနီ (၁၀) ပွင့် ၊ ဖရောင်းတိုင် အနီ (၁၀) တိုင် ၊ ရေ (၁၀) ခွက်လှူပါ ။ မိမိညအိပ်သော အခါ အိပ်ရာခေါင်းရင်းမှာ ညအုန်းသီးတစ်လုံးထား၍ အိပ်ပါ ။ မနက်မိုးလင်း လျှင် အိမ်၏ အရှေ့ဘက်တွင် ပစ်ပါ ။ မိမိတွင် မကောင်းများ ပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••


ညှင်းဖဲ (၅)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (၅) ဖြစ်နေလျှင် ၊ သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါ အတိုင်း ဖြစ်ပါလိမ့်မည် ။

ဤညှင်းဖဲ (၅) ရသော သူတို့ သည် အားမနာတတ်ဘဲ ပွင့်လင်းလွန်းတတ်သူများ ဖြစ်ပါသည် ။ မိမိမှာ ရိုးသားတည်ကြည်၍ အသက်ငယ်ငယ်ကြီးကြီး လူကြီးစိတ်ရှိပါသည် ။ အလုပ်တစ်ခုကို ပိရိပိုင်နိုင်မှ လုပ်တတ်မည် ။ သေသေချာချာလုပ်တတ်သော ကြောင့် မိမိမှာ အောင်မြင်တတ်ပါသည် ။ မိမိက တစ်ခုခုကို လိုချင်တပ်မက်လာလျှင် မ ဖြစ်မနေ အရိုးကျေကျေ အရေခန်းခန်းယူတတ်သည့် ဇွဲရှိပါသည် ။ မိမိသတ္တိနှင့် ဇွဲကြောင့် မိမိမှာ မကြာခဏ အောင်ပန်းဆွတ်တတ်ပါမည် ။ တစ်ခါတစ်ရံ မိမိ၏ တစ်ဇွတ်ထိုးစိတ်ကြောင့် မိမိ၌ အမှားအယွင်းများ လုပ်မိနေတတ်မည် ။

မိမိမှာ တည်ကြည်ပါသည် ။ ရိုးသားပါသည် ။ အေးဆေးပါသည် ။ မိမိပုံပန်း သဏ္ဍာန်မှာ အမြဲတမ်းရှေ့တွင် ပြေးနေတတ်အောင် လည်း အတွင်းစိတ်မှာ အေးဆေးစွာ စဉ်းစားတတ်မည် ။ ဆင်ခြင်တတ်မည် ။ မိမိမှာ တိုးတက်သော အမြင်နှင့် ခေတ်မီသော အမြင်များ ရှိပါသည် ။ မိမိစိတ်မှာ အမြဲတမ်းသူများ နှင့် မတူစေဘဲ ထူးထူးခြားခြား တည်ထွင်လိုတတ်မည် ။ မိမိက ဒုတိယဖိုးစိတ် မ ဖြစ်ချင်ပါ ။ မူလပထမ ဖိုးစိန်သာ ဖြစ်ချင်တတ်သည် ။

မိမိက စိတ်နှလုံးကောင်း စေတနာနှင့်ပြည့်စုံသည် ။ သူများ ကို လိုက်လျောတတ်မည် ။ အားနာတတ်မည် ။ ခင်မင်တတ်မည် ။ ချီးကျူးစရာရှိလျှင် အားရပါးရဂုဏ်ပြုတတ်ပြီး ၊ ကဲ့ရဲ့စရာရှိလျှင် အားမနာတမ်း ခွေးပြော ၊ ၀က်ပြော ပြောတတ်မည် ။ ထို့ ကြောင့် မိမိကို လူများ က ချစ်ကြောက်ရိုသေ၍ လေးစားတတ်ပါမည် ။ မိမိလုပ်ရည်ကိုင်ရည်ကို သိကြပါသည် ။ မိမိစွမ်းရည်ကို သိကြပါသည် ။

မိမိက အမြဲတမ်း အလုပ်အကိုင်များ ကို အကြံအစည်များ ကို လျှို့ ဝှက်လုပ်ကိုင်တတ်မည် ။ သူများ မသိအောင် လုပ်ကိုင်တတ်မည် ။ မိမိမအောင်မြင်ခင် သူများ မသိအောင် လျှိုထားတတ်မည် ။ မိမိလိုရာရောက်မှ မိမိ ဖြစ်လိုသော အခြေအနေရောက်မှ လူသိရှင်ကြားဖွင့်ဟပြောတတ်မည် ။ မိမိမှာ လုပ်၍ မအောင်မြင် ဖြစ်ခဲ့သော ကိစ္စပေါင်းများ စွာ ရှိသော်လည်း မိမိ၏ အရာရာလျှို့ ဝှက်မှုကြောင့် မိမိသိက္ခာမကျဘဲ ကိစ္စပြီးစီးတတ်မည် ။ မိမိက လုပ်တော့မည် ဟေ့ဆို လျှင် ဒိတ်ဒိတ်ကျဲမှ ကိုင်တတ်မည် ။ သူများ လို မစို့ မပို့ မလုပ်တတ်ပါ ။

မိမိမှာ ကောင်းတော့မည် ဆိုလျှင် ဘုရားတကာက အရှုံးပေးရမည့်  သူတော် ကောင်းကြီး ဖြစ်သလို ၊ မိမိက မိုက်တော့မည် ဆိုလျှင် သူများ ထက် ရက်ရက်စက်စက် မိုက်ကန်းတတ်မည် ။ မိမိဘ၀ကို ပြုပြင်ဖန်တီးရာ၌ သူများ ကို အားမကိုးရတတ်ပါ ။ မိမိက အားကိုးရမည် ဟု ကြံရွယ်ထားတိုင်း ထိုသူများ က မိမိကို ဘက်ကန်၍ သွားတတ်မည် ။ မိမိ၏ အောင်မြင်မှုသည် မိမိဖာသာကြိုးစား၍ ပင်ပန်းခံ၍ တိုးတက်လာရပါမည် ။ မိမိမှာ ကိုယ့်ဒူးကိုယ်ချွန် ဖြစ်ပါသည် ။ မိမိဘ၀၌ မည် သူ့ ကိုမျှ အားမကိုးရတတ်ပါ ။ ဆွေမျိုးညာတိ ၊ ညီအစ်ကိုမောင်နှမ ၊ သားမယား အားလုံးကို အားမကိုးရတတ်ပါ ။ အထူးသဖြင့် မိတ်သင်္ဂဟများ ကို အားမကိုးရတတ်ပါ ။ မိမိ၏ မိတ်ဆွေများ ၌ ကောင်းသော သူက နည်းပါးပြီး ၊ ပေးတုန်းယူ ၊ ကျွေးတုန်းစား ၊ နောက်ရန်သူများ နှင့် တွေ့ နေရတတ်မည် ။

မိမိမှာ တစ်သက်လုံး အပေါင်းအသင်းများ ၏ အကူအညီများ လည်း ရတတ်သလို အပေါင်းအသင်းကြောင့် လည်း ဒုက္ခအမျိုးမျိုး တွေ့ ရတတ်ပါမည် ။ နာမည် ပျက်ရမည် ။ စွပ်စွဲခံရမည် ။ အပြောအဆိုခံရမည် ။ မယုံသင်္ကာ ဖြစ်ခံရမည် ။

မိမိမှာ ရိုးသားတည်ကြည်သလို လူတိုင်းလည်း ရိုးသားမည် ၊ တည်ကြည်မည် ဟု ထင်မြင်တတ်ပါမည် ။ အမှန်မှာ မဟုတ်ပါ ။ မိမိကောင်းသလို မကောင်းတတ်ပါ ။ မိမိက မည် သည့်ကိစ္စကိုမဆို တစ်စိတ်တစ်ဝမ်းနှင့် လုပ်မည် ။ ညီညီညွတ်ညွတ် လုပ်တတ်မည် ။ မိမိက အလုပ်တစ်ခုကို ပင်ပင်ပန်းပန်း လုပ်တတ်မည် ။ မအောင်မြင်မချင်း မ ဖြစ်မနေလုပ်တတ်မည် ။ မိမိမှာ အလွန်ဇွဲကြီးပါသည် ။ မိမိက စိတ်ဝင်စားလျှင် အရေး မကြီးသော်လည်း အထူးအရေး ကြီးသော အလုပ် ဖြစ်လာတတ်သည် ။ မိမိက စိတ်မ၀င်စားလျှင် သိန်း နှင့် ငွေရမည် ဆိုသော်လည်း ဂရုမစိုက်ပါ ။ မိမိက အသေးစိတ် ကစပြီး စိတ်ဝင်စားတတ်မည် ။ မိမိက စိတ်တက်ကြွစွာ လုပ်တတ်မှုကြောင့် အနည်းဆုံး ပင်ပန်းရကျိုး နပ်တတ်ပါသည် ။ အကျိုးအာနိသင်များ ခံစားရတတ်ပါသည် ။

မိမိရိုးရာဓလေ့ထုံးစံများ ကို ရိုသေလေးစားတတ်သူ ဖြစ်မည် ။ မိမိ၏ ဘာသာရေး ကို အထူး ရိုသေကိုင်းရှိုင်းတတ်မည် ။ မိမိက ဘာသာရေး အယူဝါဒနှင့် ပတ်သက်လျှင် တယူသန်တတ်သည် ။ မိမိကသာမှန်သည်ဟု ယူဆတတ်သည် ။ မိမိသဘောကျလျှင် တစ်မျိုး ၊ သဘောမကျလျှင် တစ်မျိုး ဖြစ်တတ်သည် ။

မိမိမှာ တစ်သက်လုံး သူများ ကို ငွေမချေးရ ။ သူများ အတွက် ခံဝန် ခံတန်း မလုပ်ရ ။ သူများ အတွက် တာဝန်ခံလျှင် မိမိမှာ တာဝန် ဖြစ်နေတတ်မည် ။ မိမိမှာ သူများ အတွက် နာမည် ပျက်ရတတ်သည် ။ သူများ အတွက် အစွပ်စွဲ ခံရတတ်သည် ။ သူများ နှင့် ပတ်သက်လျှင် မကောင်းပါ ။ မိမိမှာ မိမိဖာသာ တစ်ယောက် တည်းနေလျှင် ပိုကောင်းပါသည် ။

မိမိက မည် မျှစေတနာနှင့် ဆက်ဆံသော်လည်း မိမိစေတနာကို မသိသူများ က များ ပါသည် ။ မိမိက အကောင်းပြော၍ မှ အကောင်းမထင် ၊ မိမိစေတနာကို ဝေဒနာထင်တတ်ပါသည် ။ မိမိ၏ စေတနာကို မကြာခဏ စော်ကားခံရတတ်ပါသည် ။ မိမိက ပင်ကိုယ်အားဖြင့် ရိုးသားစင်ကြယ်ပါသည် ။ ယင်းကို သူများ က အထင်လွဲပြီး မိမိကို ရိုးသည် ၊ အသည် ၊ နုသည် ၊ လူရည်မလည် အကင်းမပါး ဟူ၍ ထင်မြင်ကြပါမည် ။ အမှန်မှာ မိမိကအလွန်လျှင်ပါမည် ။ ပါးလိုက်သည်က ရွှေပြားစက္ကူကမှ အရှုံးပေးရမတတ် ပါးပါသည် ။ သို့ သော် မိမိက အမြဲတမ်း မသိချင်ဟန်ဆောင်နေတတ်မည် ။ အခွင့်အရေး ရလာမှ ထိုအခွင့်အရေး ကို သုံးတတ်သူ ဖြစ်ပါသည် ။

မိမိမှာ အမြဲတမ်း အလုပ်နှစ် ခု လုပ်နေရတတ်ပါသည် ။ မိမိဘ၀တစ်လျှောက်လုံးမှာ လည်း အလုပ် ငါးမျိုး ၊ ခြောက်မျိုး လုပ်ရတတ်သည် ။ မိမိက တစ်ချိန်တစ်ခါက စဉ်းစားခဲ့ဖူးသော အလုပ်များ ၊ ကြံရွယ်ခဲ့ဖူးသော အလုပ်များ ကို ပြန်၍ အစပျိုးလိုစိတ်ရှိပါသည် ။ မိမိက အားမတန်မှာ မာန်ကိုလျော့သော ၊ လက်မြှော က်လိုသော သူ တစ်ယောက် မဟုတ်ပါ ။ မ ဖြစ် ဖြစ်သည့်နည်းဖြင့် ရုန်းကန်လှုပ်ရှားလိုသူ ဖြစ်ပါသည် ။

မိမိမှာ ပညာရေး နှင့် ပတ်သက်၍ ကောင်းပါသည် ။ စိတ်ရှည်လက်ရှည် ပညာကို သင်ယူတတ်မည် ။ အတန်းပညာကို အထင်ကြီးသည် ။ ဘွဲ့ ဒီဂရီ ရယူလိုစိတ် ရှိပါသည် ။ မိမိက စာကိုအထူးကြိုးကြိုးစားစား ကျက်မှတ်တတ်မည် ။ မရ , ရအောင် ဖတ်တတ်မည် ။ မိမိက စာမေးပွဲတွင် ဂုဏ်ထူးများ ရနိုင်သော ကံဇာတာ ဖြစ်ပါသည် ။ သို့ သော် မိမိက စာမေးပွဲတွင် ဂုဏ်ထူးများ ရနိုင်သော ကံဇာတာ ဖြစ်ပါသည် ။ သို့ သော် မိမိက စာမေးပွဲတွင် ရှန်းတတ်ပါမည် ။ မေ့တတ်ပါမည် ။ မိမိမှာ အတွက်အချက် ၊ ဂဏန်း ၊ ရူပဗေဒများ အတွက် အနည်းငယ်အခက်အခဲ တွေ့ ရပါမည် ။ မိမိမှာ ကျက်စာနှင့် ကောင်းပါသည် ။

မိမိမှာ အိမ်ထောင်ရေး နှင့် ပတ်သက်၍ ယောက္ခမအရ ကံဆိုးသူဟူ၍ ဆိုရပါမည် ။ မိမိ၏ မိန်းမ ကောင်းသလောက် အိမ်ထောင်ဖက်ဆွေမျိုးညာတိများ က မကောင်းပါ ။ မိမိက မည် မျှစေတနာထားသော်လည်း မိမိစေတနာကို ဝေဒနာထင်ကြပါမည် ။ မိမိက အနစ်နာခံလေ မိမိကို စော်ကားလေ ဖြစ်မည် ။ မိမိအိမ်ထောင်ဖက်နှင့် အိမ်ထောင်ပြုပြီးမှ မိမိနှင့် သဘောမတူ ဖြစ်မည် ။ မိမိအား မကြာခဏ စီး၍ ပြောမည် ။ နှိမ်၍ ပြောမည် ။ မိမိ၏ မိန်းမက မိမိအပေါ် အထူးအနစ်နာခံတတ်ပါသည် ။ အနွံနာခံ တတ်ပါသည် ။ မိမိကို အထူး ချစ်လည်း ချစ်ပါသည် ။ မိမိစိတ်ညစ်ရမည့်  အရေး ၊ စိတ်မကောင်း ဖြစ်ရမည့်  အရေး များ ကို အမြဲတမ်းရှောင်တတ်ပါမည် ။မိမိတို့ မှာ ကိုယ့်ဖာသာနေလျှင် အလွန်ကောင်းပါသည် ။ မိမိတို့ မှာ တစ်ဖက်ဖက်သော မိဘများ နှင့် နေလျှင် နှစ် ယောက် စလုံးစိတ်ညစ်ရပါမည် ။ ကိုယ့်ဖာသာကိုယ် အိမ်ခွဲနေလျှင် ကောင်းပါသည် ။ အထူး စိတ်ချမ်းသာပါမည် ။

မိမိမှာ ကျန်းမာရေး နှင့် ပတ်သက်၍ မုတ္တ ရောဂါ ၊ မီးယပ် ရောဂါ ၊ သားအိမ် ရောဂါ ၊ ကလသား ရောဂါ များ ကို အထူးသတိပြုပါ ။ မိမိတွင် မကြာခဏအနာလေးများ ပေါက်တတ်ပါမည် ။ အပူများ နေတတ်သည် ။ မိမိမှာ ကျန်းမာရေး ကျဆင်းနေလျှင် ဘုန်းကြီးသက်စေ့ ငှက်ပျောသီးလှုပါ။ မိမိဝတ်ပြီးသား အ၀တ်ဟောင်းတစ်ထည်ကို အမှန်တကယ်ဝတ်စားမည့်  ဆင်းရဲသော သူ တစ်ယောက် ကို ပေးလှုလိုက်ပါ ။

မိမိဘ၀တွင် အသက် (၈) နှစ် ၊ (၁၆) နှစ် ၊ (၂၄) နှစ် ၊ (၃၂) နှစ် ၊ (၄၀) နှစ် ၊ (၅၆) နှစ် ၊ (၆၄) နှစ် များ တွင် မိမိဘ၀၌ ထူးထူးခြားခြားအပြောင်းအလဲများ ဖြစ်တတ်ပါသည် ။ အောင်မြင်ခြင်းနှင့် ဆုံးရှုံးခြင်းများ ကို ခံစားရတတ်ပါသည် ။ အကောင်းအဆိုးများ ကို ခံစားးရပါမည် ။

မိမိနှင့် သင့်တော် သော ရတနာများ မှာ နီလာ ၊ ပတ္တမြား ၊ စိန် ၊ ရွှေများ ဖြစ်ပါသည် ။ မိမိနှင့် အမြဲတမ်း ဆောင်ထားပါ ။ မိမိကျန်းမာရေး မကောင်း ဖြစ်လျှင် နီလာကို အမြဲတမ်း ဆောင်ထားပါ ။ မိမိမှာ ငွေ ၊ ဘော်များ ကို ဆောင်လျှင် အမြဲတမ်း ကျန်းမာရေး ချို့ တဲ့တတ်မည် ။

မိမိအတွက် အကောင်းဆုံးနှင့် အသင့်တော် ဆုံး အရောင် မှာ အရောင် နုနုလေးများ ဖြစ်ပါသည် ။ အရောင် ပြေပြေများ လည်း ကောင်းပါသည် ။ မိမိမှာ ကျန်းမာရေး ချို့ တဲ့လျှင် ပန်းနုရောင် ကို ရှောင်ပါ ။ အ၀ါရောင် ကိုဆောင်ပါ ။

မိမိမှာ အကြံအစည်များ ပြုလုပ်လိုသော အခါ ၊ စီးပွားရေး ကျဆင်းနေသော အခါ ၊ ကျန်းမာရေး မကောင်းသော အခါ ဘုရားတွင် ပန်းအမျိုးမျိုး တစ်ထောင်လှူလိုက်ပါ ။ ဖရောင်းတိုင် သက်စေ့လှူပါ ။ မိမိမှာ မကောင်းပြေပြီး ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••

ညှင်းဖဲ (၆)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (၆) ဖြစ်နေလျှင် ၊ သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည် ။

ဤညှင်းဖဲ (၆) ရသော သူတို့ သည် ရင့်ကျက်သော စိတ်ရှိသည် ။ လူကြီးလူကောင်းဆန်သည် ။ အရာရာတွင် သိမ်မွေ့ နူးညံ့စွာ နေထိုင်စားသောက် ပြောဆိုတတ်မည် ။လူတစ်ဖက်သားကို အမြဲတမ်း အားပေးတတ်မည် ။ စိတ်အားငယ်နေသော သူကို အားတက်အောင်ပြောတတ်ပြီး တက်ကြွနေသော သူကို ထူးချွန်အောင် ပြောဆိုတတ်သော အစွမ်းမှာ မိမိ၏ ပင်ကိုယ်ဗီဇပင် ဖြစ်ပါသည် ။

မိမိက လူတစ်ဖက်သားကို တစ်ခါလောက်သိရုံနှင့် ရင်းနှီးအောင် ပြုလုပ်တတ်မည် ။ မိမိကို သဘောကျတတ်မည် ။ ထို့ ကြောင့် မိမိ၌ မိတ်ဆွေပေါများ တတ်မည် ။ အပေါင်းအသင်း များ ပြားတတ်မည် ။ မိမိမှာ မိတ်ဆွေအပေါင်းအသင်များ ထံမှ အကူအညီအမျိုးမျိုး ရတတ်ပါမည် ။ မိမိတွင် စစ်မှန်သော မိတ်ဆွေကောင်းများ စွာ ရှိတတ်သလို မိမိအား စိတ်အနှောင့်အယှက်ပေးတတ်သော မိတ်ဆွေ များ လည်း များ စွာ ရှိမည် ။ မိမိက လူ တစ်ယောက် ကို မည် သူခင်ခင် ၊ အများ ဆုံး သုံးလေးနှစ် သာ ခင်တတ်မည် ။ နောက်ထပ် အသစ်အသစ်တွေ့ မည့်  မိတ်ဆွေသစ်များ ကို ခင်မင်သွားတတ်မည် ။ မိမိနှင့် ကြာရှည်ပေါင်း၍ မရပါ ။ မိမိကလည်း ကြာရှည်မပေါင်းတတ်ပါ ။

မိမိမှာ စိတ်ရင်းကောင်းပါသည် ။ အပြောအဆို အနေအထိုင်များ ကို အထူး သတိထားတတ်သည် ။ ပြောသင့်သော စကား ၊ ဆိုသင့်သော စကားများ ကိုသာ ပြောတတ်ဆိုတတ်ပါမည် ။ မိမိက သူများ အိမ်တွင် အရမ်းစားသောက်၍ မရပါ ။ မိမိစိတ်တွင် မိမိအိမ်၌ ဆားနှင့် စားလိုပါသည် ။ သူများ အိမ်၌ ကြက်သားနှင့် မစားလိုတတ်ပါ ။ မိမိက အနေအထိုင် အ၀တ်အစားကို အလွန်ဂရုစိုက်တတ်မည် ။ သန့် သန့် ရှင်းရှင်းနှင့် မိမိနှင့် လိုက်သော အရောင် များ ကို ၀တ်ဆင်တတ်ပါမည် ။

•••


ညှင်းဖဲ (၇)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (၇) ဖြစ်နေလျှင် ၊ သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့် မည် ။

ဤညှင်းဖဲ (၇) ရသော သူတို့ သည် မိမိစိတ်ထဲတွင် ရည်ရွယ်ထားသော အလုပ်ကိစ္စဟူသမျှကို လုံးဝမလုပ်လိုက်ပါနှင့် ။ အောင်မြင်လိမ့်မည် မဟုတ်ပေ ။ အကြောင်းမှာ မိမိစိတ်ထဲတွင် စီမံထားသော ကိစ္စအ၀၀တို့ ကို လက်တွေ့ုလုပ်သော အခါတွင် လွဲနေတတ်မည် ။ မိမိက ကြံရွယ်စဉ်ကတစ်မျိုး လက်တွေ့ လုပ်သော အခါ တစ်မျိုး ဖြစ်မည် ။ သို့ အတွက် မိမိကြံထားသော အလုပ်များ ထက် လက်ငင်းအကြံပေါ်၍ လုပ်ရသော အလုပ်များ မှာ ပိုမို၍ အောင်မြင်ပါမည် ။ အကျိုးပေးတတ်ပါမည် ။

မိမိမှာ လက်တွေ့ ပိုင်းနှင့် စိတ်ကူးယဉ်ပိုင်းများ ၍ စိတ်ကူးယဉ်ပိုင်းက များ နေတတ်မည် ။ အလွန်စိတ်ကူးယဉ်တတ်ပါသည် ။ ဖြစ်လိုသော အကြောင်းအရာများ ကို သေချာစွာ လေထဲတွင် တိုက်အိမ်ဆောက်နေတတ်သော လူစား ဖြစ်သည် ။ ထို့ ကြောင့် မိမိလုပ်ရမည့်  အလုပ်များ မှာ မိမိမှန်သည်ထက် နောက်ကျစွာ ဖြစ်တတ်သော ကြောင့် ထင်သလောက်အကျိုးမခံစားရတတ်ပါ ။ မိမိမှာ မကြာသင့်သလောက် ကြာနေတတ်ပါသည် ။ အလုပ်တစ်ခုကိုလုပ်စရာရှိလျှင် ထက်ထက်မြန်မြန်လုပ်ပါ ။ သွက်သွက်လုပ်ပါ ။ မိမိက တစ်ကိုယ်ကောင်းသမား မဟုတ်သော်လည်း အကျိုးမရှိလျှင် မလုပ်တတ်ပါ ။ မိမိအတွက် အနည်းဆုံး ပင်ပန်းခံရမှ လုပ်တတ်မည် ။

ကိုယ့်အတွက် အခွင့်အရေး မရလျှင် လုံးဝမလုပ်တတ်သူ မဟုတ်ပါ ။ အလုပ်တိုင်းလည်း အကျိုးမရှိ , ရှိအောင် ကြိုးစားတတ်မည် ။ သဘောကောင်းပါသည် ။ စိတ်ရင်းဖြူစင်ပါသည် ။ မိမိနှင့် ရင်းရင်းနှီးနှီး ပေါင်းသင်းလာလျှင် မိမိက အနည်းငယ်နှိမ်ချတတ်သည် ။ လူတစ်ဖက်သားကို အနိုင်ရမှ ကျေနပ်တတ်မည် ။ အမြဲတမ်း အထက်စီးက ပြောတတ်သော စိတ်ရှိပါသည် ။ ကောင်းသော အကွက်များ ရှိသော ကြောင့် မိမိအား လူချစ်လူခင်ပေါများ တတ်သလို သောက်မြင်ကပ်သူလည်း ပေါများ တတ်ပါမည် ။

အနည်းငယ် ကြွားဝါတတ်သော ၀ါသနာရှိတတ်သည် ။ မရှိသည်ကိုလည်း ရှိသည်ဟူ၍ လည်းကောင်း ၊ ရှိသည်ကို မရှိဟူ၍ လည်းကောင်း အမျိုးမျိုး ပြောင်းလဲပြောတတ်မည် ။ နည်းနည်း လုပ်ပြီး များများ မပြောတတ်သော်လည်း လုပ်ခဲ့သော အလုပ်များ အတွက် အမြဲတမ်း ဂုဏ်ယူ၍ ပြောဆိုတတ်ပါမည် ။ လူများ စုရှေ့တွင် အလွန်ဂုဏ်ယူတတ်မည် ။ မိမိကိုယ်ကို အလွန်ချီးကျူးခံလိုသော စိတ် ရှိပါသည် ။ အများ ၏ သဘောကျခြင်း ၊ အထင်အမြင်ကြီးခြင်း ၊ လေးစားလာခြင်း ၊ ယုံကြည်လာခြင်းများ ကို ခံယူလိုတတ်မည် ။ သို့ သော် မိမိကို အများ က သနားချစ်ခင်ပြီး အထင်သေးကြပါမည် ။ လုပ်ကိုင်မှုမှာ ရိုးသားလှ၍ အများ က မိမိကို အားမရတတ်ပါ ။ မိမိကအလှည့်အပတ် နားမလည်တတ်ပါ ။ ဒါဆိုဒါသာ သိတတ်မည် ။ မိမိကလည်း သူများ အထင်ကြီးအောင် လုပ်တော့လုပ်ပါသည် ။ သူများ က အထင်မကြီးသည်ကို သိရှိခြင်းမရှိပါ ။

ပျော်ပျော်နေသေခဲသမား ဖြစ်ပါသည် ။ မည် မျှစိတ်ညစ်နေသော်လည်း မျက်နှာတွင် မပေါ်တတ်ပါ ။ အမြဲတမ်း ပျော်သလိုနေတတ်မည် ။ ဖြစ်နိုင်လျှင် လုံးဝအပူအပင် အကြော့အကြများ မထားတတ်ပါ ။ မသိသူများ က မိမိတွင် ဒုက္ခမရှိဟု ဆိုကြပါမည် ။ စိတ်ကငိုသော်လည်း လူကမငိုတတ်ပါ ။ အသဲကွဲရင်နုန်းနုန်း လူ ကတော့ အမြဲတမ်း ပြုံးနေတတ်ပါမည် ။ မိမိ၏ ပြဿနာများ ကို စိတ်ထဲက ဖြေရှင်းတတ်မည် ။ သူများ လို ဟိုလူအကူအညီတောင်း ၊ သည်လူအကူအညီတောင်း မလုပ်တတ်ပါ ။ သို့ ကြောင့် မိမိမှာ သူများ ၏ အထင်ကြီးမှုကို ခံနိုင်ပါမည် ။

မိမိ၏ အောင်မြင်မှုသည် ကံကြမ္မာထက် မိမိကြိုးစားမှုပေါ်တွင် မူတည်ပါသည် ။ မိမိအား ကုသိုလ်ကံထက် ဉာဏ်နှင့် ၀ီရိယများ က ပိုမို ဖေးမထားတတ်သည် ။ မိမိက အလုပ်တစ်ခုကို မ ဖြစ်မနေလုပ်တတ်မည် ။ ဇွဲနှင့် လုပ်တတ်မည် ။ အပင်ပန်းခံတတ်မည် ။ မိမိက ကြိုးစားမှုဖြင့် အောင်မြင်တတ်မည် ။ မိမိမှာ အလုပ်မရှိလျှင် အလွန်ပျင်းရိနေတတ်မည် ။ မိမိက ထိုင်နေရလျှင် ကျန်းမာရေး ချို့ တဲ့တတ်မည် ။ မိမိက သွားသွားလာလာ လှုပ်လှုပ်ရှားရှား လုပ်ရမှ ပျော်သည် ။ မိမိမှာ ဆိုင်ထိုင်ရောင်းခြင်း ၊ စာရင်းအင်း တွက်ချက်ခြင်း ၊ ကျောင်းဆရာလုပ်ခြင်းများ မကောင်းပါ ။ မိမိအတွက် အကျိုးမပေးတတ်ပါ ။ မိမိက ပွဲစားအလုပ် ၊ အုပ်ချုပ်ရေး အလုပ် ၊ ဆရာလုပ်ရသော အလုပ် ၊ သြဇာပေးရသော အလုပ်မျိုး ၊ မကြာခဏ ခရီးထွက်ရသော အလုပ်မျိုးနှင့် ကောင်းပါသည် ။

မိမိသည် အပေါင်းအသင်း မိတ်သင်္ဂဟများ ကို အလွန်ခင်မင်တတ်မည် ။ မိမိက မိတ်ဆွေသူငယ်ချင်းများ နှင့် ရင်းရင်းနှီးနှီးပေါင်းသင်း နေထိုင်တတ်မည် ။ ဟေးလားဟားဟား လုပ်လိုတတ်မည် ။ မိမိက လူများ စုနှင့် စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင်နေရလျှင် စိတ်ချမ်းသာတတ်သည် ။ မိမိက မည် သူ့ ကိုမဆို ပြေပြေပြစ်ပြစ် ဆက်ဆံတတ်မည် ။ မိမိတွင် အပေါင်းအသင်း များ တတ်ပါသည် ။ သို့ သော် မိမိသဘောကျ ရွေးချယ်ပြီး ပေါင်းသင်းတတ်မည် ။ အနွံတာ ခံတတ်မည် ။ လိုအပ်သော အကူအညီမှန်သရွေ့ မ ဖြစ် ဖြစ်အောင် လုပ်ပေးတတ်သော စိတ်ရှိပါသည် ။

မိမိ ကောင်းနေပါလျက်နှင့် မိမိ၏ မိတ်ဆွေသူငယ်ချင်း များ က မိမိကို ချလိုသော စိတ် ၊ မကောင်းသော စိတ် ၊ ဂျောက်တွန်းလိုသော စိတ်များ နှင့် ပေါင်းသင်းနေကြောင်း သိလိုက်လျှင် အလွန်စိတ်အားငယ်တတ်မည် ။ ဖြေဆည်မရ ဖြစ်တတ်မည် ။ ၀မ်းနည်းတတ်မည် ။ စိတ်မကောင်း ဖြစ်တတ်မည် ။ မိမိက ဒေါသကြီးနေတတ်မည် ။ မည် သို့ မျှ သည်းခံ၍ မရအောင် ဖြစ်တတ်ပါမည် ။ နောက်ဆုံးမိမိက သည်းခံ၍ ပြန်ပေါင်းတတ်မည် ။ မိမိက တစ်ယောက် တည်းနေရလျှင် အလွန်ပျင်းရိတတ်မည် ။

မိမိက အလုပ်ရဲတတ်မည် ။ မည် သည့်အလုပ်ကိုမဆို လုပ်တတ်မည် ။ မိမိက ဇီဇာမကြောင်တတ်ပါ ။ သို့ သော် မိမိမှာ အစားအစာတွင် ဇီဇာကြောင်တတ်မည် ။ အကောင်းကြိုက်တတ်မည် ။ ထူးထူးခြားခြားလေး လုပ်စားတတ်မည် ။ မိမိကိုယ်တိုင် မီးဖိုချောင်အလုပ်ကို စိတ်ပါလက်ပါတတ်မည် ။ အစားကိုလည်း ဇိမ်နှင့် အရသာခံ၍ စားတတ်ပါမည် ။ မိမိမှာ အားလုံးကောင်းပါသည် ။ သို့ သော် မိမိ၌ အပြစ်အနည်းငယ်ရှိပါသည် ။

မိမိမှာ အိပ်လျှင်တော် ရုံနှင့် မနိုးတတ်ပါ ။ မိမိမှာ အအိပ်ကြီးသည် ။ မအိပ်လျှင်လည်း ခုနှစ် ညမအိပ်ဘဲ နေနိုင်သော ဇွဲလည်း ရှိပါသည် ။ အိပ်မိလျှင်လည်း အအိပ်ကြီးနေတတ်မည် ။ မိမိမှာ အစားလည်းကြီးပါသည် ။ အကောင်းစားတတ်သလို အစားလည်း ကြီးတတ်မည် ။ မိမိမှာ လူများ ထက် မိမိကိုယ်ကျိုး ဆောင်ရွက်တတ်မည် ။ မိမိရရှိသော အခွင့်အရေး ကို လှလှပပ အကျိုးရှိအောင် သုံးတတ်မည် ။ မိမိက အလုပ်အကိုင်၌ အထူးလာဘ်မြင်တတ်ပါသည် ။ အလွန် သွက်တတ်ပါသည် ။

မိမိမှာ အိမ်ထောင်ရေး နှင့် ပတ်သက်၍ မိန်းမကောင်းနှင့် ရတတ်ပါသည် ။ မိမိအပေါ် သနားသော ၊ ကြင်နာသော ၊ အနစ်နာ ခံသော ၊ အနွံတာခံသော သည်းခံသော မိန်းမနှင့် ရရတတ်မည် ။ မိမိ၏ မိန်းမမှာ သူ့ ကိုယ်သူအတွက် မပူလှပါ ၊ မိမိအတွက် အမြဲတမ်း ပူနေတတ်မည် ။ ပူ၍ လည်း မကြာခဏပါးစပ်က ပြောနေတတ်မည် ။ မိမိက သူ၏ စေတနာကို နားမလည် ဖြစ်မည် ။ မိမိ၏ မိန်းမက တည်ကြည်ပါသည် ။ ပြတ်သားပါသည် ။ ဟင်းဆိုလျှင် မရပါ ။ မိမိက မိန်းမရှေ့တွင် သူတော် ကောင်း လုပ်နေတတ်မည် ။ မိန်းမကွယ်ရာတွင် ထင်ရာလုပ်တတ်မည် ။

မိမိက ထင်ရာလုပ်ပြီးလည်း နောက်ဆုံး မိမိမိန်းမကို ပြောတတ်မည် ။ မိမိက ဘာလုပ်လုပ် မိန်းမကလည်း သည်းခံတတ်မည် ။ မိမိမှာ ငွေထက်မိန်းမများ နှင့် နီးစပ်ပါသည် ။ မိမိက မစဘဲ မိမိကို စတင်ပါမည် ။ မိမိကလည်း သနား၍ ပါတတ်ပါမည် ။

မိမိမှာ မိန်းမနှစ် ယောက် နှင့် နေရသော ကံ ဖြစ်ပါသည် ။ မိမိမိန်းမက ပထမအလွန်စိတ်ဆိုးပါမည် ။ နောက်ဆုံး မိမိမျက်နှာ ကြောင့် မိမိအား သည်းခံတတ်ပါမည် ။ မိမိမှာ သားသမီး အလွန်ချစ်တတ်ပါမည် ။ ကလေးအလွန်ချစ်တတ်ပါမည် ။

မိမိမှာ ကျန်းမာရေး နှင့် ပတ်သက်၍ ရောဂါ ကြီး မရှိတတ်ပါ ။ မိမိ၌ ဆီးရေး ဂါ ဖြစ်တတ်ပါမည် ။ ဆီးချို ၊ ကျောက်ကပ် ၊ ညောင်းကျ စသဖြင့် ရောဂါ များ ဖြစ်တတ်ပါမည် ။ မိမိ၌ ခေါင်းကိုက်နှင့် သွားကိုက် ရောဂါ ရှိတတ်ပါမည် ။ မိမိမှာ ရောဂါ မ ဖြစ်လျှင်လည်း နေရာ ၊ ရောဂါ ဖြစ်လျှင်လည်း အိပ်ရာထဲလဲတတ်မည် ။ မိမိမှာ ကျန်းမာရေး မကောင်း ဖြစ်လျှင် ဘုရား၏ ဒူးတော် ၊ ရင်တော် များ ၌ ရွှေချပေးပါ ။ မြစိမ်းရောင် ဘုရားကို ကိုးကွယ်ပါ ။

မိမိဘ၀တွင် အသက် (၁၂) နှစ် ၊ (၂၄) နှစ် ၊ (၃၆) နှစ် ၊ (၄၁) နှစ် ၊ (၄၈) နှစ် ၊ (၅၆) နှစ် ၊ (၆၄) နှစ် များ ၌ မိမိဘ၀တွင် ထူးထူးခြားခြား အပြောင်းအလဲများ ဖြစ်တတ်ပါသည် ။ မိမိဘ၀၌ ကောင်းကျိုးဆိုးကျိုးများ ခံစားရတတ်ပါမည် ။

မိမိနှင့် သင့်တော် သော ကျောက်မျက်ရတနာများ မှာ အပြာရောင် ကျောက်နှင့် စိန်ဝါများ ဖြစ်ပါသည် ။ မိမိမှာ အမြဲဆောင်ထားပါ ။ မိမိလက်စစွပ်ဝတ်လျှင် ကျောက်ကို သနီရောင် မလုပ်ရပါ ။ အပြာရောင် ကျောက်ကို လုပ်ရပါမည် ။

မိမိမှာ ခရီးယာယီ အလွန်ဝါသနာ ပါတတ်မည် ။ မိမိက အိမ်ထဲကုပ်နေလျှင် ပျင်းတတ်မည် ။ မိမိက ဒေသန္တရဗဟုသုတလိုက်စားတတ်မည် ။ ထူးထူးဆန်းဆန်းများ ကို သဘောကျတတ်မည် ။ မိမိမမြင်ဘူးသော အရာများ ၊ မကြားဖူးသော အရာများ ကို လိုက်စားတတ်မည် ။ မိမိက ခရီးသွားရလျှင် အလွန်ပျော်ရွှင်တတ်မည် ။ သို့ သော် ကြာကြာနေရလျှင်လည်း ပျင်းရိလာတတ်ပါမည် ။

မိမိနှင့် သင့်တော် သော အရောင် များ မှာ အပြာနုရောင် ၊ ဖက်ဖူးရောင် ၊ ကြက်ဥနှစ် ရောင် များ ဖြစ်ပါသည် ။ မိမိမှာ အနီရောင် ကိုရှောင်ပါ ။

မိမိမှာ ကျန်းမာရေး ကောင်းမကောင်းလျှင် ၊ စီးပွားရေး ကျဆင်းနေလျှင် ၊ အကြံအစည်များ ပြုလုပ်လိုလျှင် ဂဏန်းသက်စေ့လှုပေးလိုက် ပါ ။ သံဃာတော် သက်စေ့ ဆွမ်းကပ်ပါ ။ မကောင်းပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••


ညှင်းဖဲ (၈)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (၈) ဖြစ်နေလျှင် ၊ သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည် ။

ဤညှင်းဖဲ (၈) ရသော သူတို့ သည် ရဲရင့်ပြတ်သား၍ ဆုံးဖြတ်ချက်တိုင်း ၏ အကျိုးများ ကို ပြည့်ပြည့်၀၀ ခံစားရသူ ဖြစ်သည် ။ မည် သည့်အလုပ်ကိုမဆို ခေါင်းမရှောင်တတ်ဘဲ အမြဲတမ်း ရှေ့တန်းမှနေ၍ လုပ်တတ်သော ကြောင့် အများ ၏ အထင်အမြင်ကြီးခြင်း ခံရမည် ။ ယုံကြည်လေးစားခြင်း ခံရတတ်သည် ။ အားကိုးခြင်း ခံရတတ်သည် ။ သို့ သော် မိမိတို့ သဘောမကျလျှင် မည် မျှအကျိုးရှိစေကာမူ မလုပ်တတ်သော အကျင့်ရှိသော ကြောင့် မကြာခဏ မိမိတို့ အတွက် အကျိုးရှိသော အလုပ်များ မှာ လွတ်သွားတတ်ပါသည် ။

အလုပ်တစ်ခုကို စိတ်ပါဝင်စားမိလျှင် မ ဖြစ်မနေ လုပ်တတ်သော စိတ်ရှိပါသည် ။ မည် သည့်ပညာရပ်ကိုမဆို စိတ်ပါဝင်စား တတ်ပါသည် ။ အားလုံးကို နည်းနည်း စီ လေ့လာတတ်သော ၀ါသနာရှိတတ်သည် ။ မိမိက ပညာရပ်ကို ဖြစ်စေ ၊ အလုပ်ကို ဖြစ်စေ ချစ်ခင် မြတ်နိုးတတ်သည် ။ အမြဲတမ်း ခေါင်းမရှောင်ဘဲ ရှေ့ဆောင်လုပ်တတ်မည် ။ သို့ သော် အများ ကသဘောကျသလို အထင်လည်းကြီးတတ်မည် ။ မိမိမှာ ဇွဲရှိပါသည် ။ ၀ီရိယရှိပါသည် ။ မ ဖြစ်မနေ လိုလားတတ်သော စိတ် လုပ်လိုစိတ် ရှိပါသည် ။ သို့ ကြောင့် မိမိမှာ ပညာကုန်လုံကြွယ်ဝပြီး လောကဗဟုသုတပြည့်စုံသူ ဖြစ်မည် ။ မည် သည့် အလုပ်ကိုလုပ်လုပ် အနည်းနှင့် အများ အကျိုးကျေးဇူး ရှိတတ်ပါသည် ။ မိမိမှာ လုပ်ရကျိုးနပ်ပါသည် ။

အမှန်မှာ မိမိလိုလူမျိုးသည် ကိုယ်ပိုင်အလုပ်လုပ်လျှင် ကောင်းပါသည် ။ ကိုယ်ပိုင်အလုပ်လုပ်လျှင်လည်း မိမိ၏ လုပ်အားတန်ဖိုးကို ပြည့်ဝစွာ ခံစားရပါမည် ။ ကျေးဇူးခံရပါမည် ။ မိမိလုပ်သမျှ မိမိအတွက် ဖြစ်ပါမည် ။ အကယ်၍ လခစား ဖြစ်လျှင် မိမိအတွက် အကောင်းကြီးမဟုတ်ပါ ။ အလုပ်တစ်ခုကို မ ဖြစ်မနေလုပ်တတ်မည် ။

လုပ်လက်စ အလုပ်ကို လက်စမသတ်ရမချင်း မအိပ်မနေလုပ်တတ်သော ဇွဲရှိမည် ။ မိမိက သူများ အလုပ်ပင် ဖြစ်ပါစေ ကိုယ့်အလုပ်လို လုပ်တတ်မည် ။ မိမိသာ အပင်ပန်းခံပြီး လုပ်နေတတ်မည် ။ အမှန်မှာ မိမိမှာ အလုပ်အပေါ် နွားကျပါသည် ။

မိမိကို အချင်းချင်း က ချော့မော့၍ ခိုင်းတတ်မည် ။ သူတို့ က ရေသာခိုပြီး မိမိကို သာ အတင်းဇွတ်ခိုင်းနေတတ်ပါသည် ။ မိမိက ပင်ပန်းခံပြီး နောက်ဆုံး သူများ က နာမည် ရသွားတတ်မည် ။ မိမိမှာ ပန်ပန်းရုံသာ အဖတ်တင်နေတတ်ပါသည် ။ သို့ ကြောင့် မိမိမှာ လခစားနှင့် မကောင်းပါ ။ ကိုယ်ပိုင်အလုပ်နှင့် အထူးကောင်းပါသည် ။ ကိုယ်ပိုင်အလုပ်မှာ လည်း ထိုင်၍ လုပ်ရသော အလုပ်မျိုးစ စာရင်းအလုပ်မျိုး ၊ ကျောင်းဆရာအလုပ်မျိုး နှင့် မကောင်းပါ ။ မိမိမှာ စိတ်မပါတတ်ပါ ။ မိမိနှင့် အကောင်းဆုံးအလုပ်မှာ သွားလာလှုပ်လှုပ်ရှားရှားလုပ်ရသော အလုပ်မျိုး ဖြစ်သည် ။ သူများ ကို သြဇာပေးရသော အလုပ်မျိုး ၊ ကုန်ထုတ်လုပ်သော အလုပ်မျိုး ၊ ဆေးပစ္စည်းဆေးလိပ်ထုတ်လုပ်သော အလုပ်မျိုး ၊ ပွဲရုံအလုပ်မျိုးများ နှင့် ကောင်းပါသည် ။ မိမိကလုပ်လျှင်လည်း စိတ်ပျော် သွားပါမည် ။ လခစားလုပ်နေလျှင် မိမိဘ၀နှင့် ကုသိုလ်ကံ ကို ရောင်းချထားသည်နှင့် အတူတူ ဖြစ်ပါမည် ။ ကိုယ်ပိုင်အလုပ် လုပ်ကိုင်ပါ ။

မိမိမှာ အလုပ်တစ်ခုကို မလုပ်ခင် အလွန်စဉ်းစားပါမည် ။ အလွန်တွေ ဝေနေပါမည် ။ မိမိဖာသာ မဆုံးဖြတ်နိုင် ဖြစ်ပါမည် ။ မိမိမလုပ်ခင် အလွန်ကြောက်တတ်ပါမည် ။ အလွန်တွေ ဝေနေပါမည် ။ မိမိဖာသာ မဆုံးဖြတ်နိုင် ဖြစ်ပါမည် ။ မိမိမလုပ်ခင် အလွန်ကြောက်တတ်ပါမည် ။ အလွန်တွေးတောတတ်ပါမည် ။ မိမိစိတ်တွင် အလုပ်တစ်ခုမလုပ်ခင် ဖြစ်ပါ့မလား ၊ အောင်မြင်ပါ့မလား ၊ အကျိုးကျေးဇူးခံစားရပါ့မလား ဟူသော စိတ်များ လွှမ်းမိုးနေပြီး တော် ရုံအလုပ်မျိုးကို မလုပ်ရဲတတ်ပါ ။ တကယ်လက်တွေ့ လုပ်တော့မည် ဆိုလျှင်လည်း အများ က အံ့အားသင့်ယူရပါမည် ။ မိမိဖာသာ အံ့အားသင့်နေရပါမည် ။ မိမိ၏ ကုသိုလ်ကံမှာ မလုပ်ခင်မအောင်မြင်ခင် အများ အထင်သေး အမြင်သေး ဖြစ်ပြီး အောင်မြင်ထိရောက်သွားလျှင် အများ မယုံကြည်နိုင်လောက်အောင်ပင် အံ့အားသင့် သွားလောက်အောင် ဖြစ်တတ်ပါမည် ။

မိမိမှာ စိတ်သဘောကောင်းသည် ။ စေတနာကောင်းသည် ။ အများ အကျိုးဆောင်ရွက်လိုစိတ်ရှိသည် ။ အများ က အကူအညီတောင်လျှင်လည်း မ ဖြစ်မနေ ကူညီတတ်သော စိတ်ရှိတတ်သည် ။ ထို့ ကြောင့် မိမိ၏ မိသားစုများ ၏ စိတ်ထဲ၌ မကြာခဏပင် မိမိက သူများ အတွက် သေသည် ။ သူများ အတွက် လုပ်သည် ။ ဂရုစိုက်သည် ။ အိမ်သားများ ကို ဂရုမစိုက် ပြစ်ထားသည်ဟု ထင်မြင်ယူဆတတ်ပါမည် ။ အမှန်မှာ မဟုတ်ပါ ။ မိမိက ပါးစပ်ချိုချိုနှင့် အချိုသတ်နေသူ တစ်ယောက် မဟုတ်ပါ ။ အသည်းထဲက အူထဲက ချစ်ခင်ကြင်နာတတ်သူ ဖြစ်ပါသည် ။

သို့ ကြောင့် အပြင်ဘမ်းနှင့် အနေနှင့် ကြည့်လျှင် အေးတိအေးစက် မထုံတတ်သေးနှင့် အားမရအောင်ဖြစတ်တတ်သော်လည်း မိမိသဘောကို လက်တွေ့ အတွင်းကျကျ သိသူများ က အလွန်သဘောကျတတ်ပါမည် ။ မိမိကို ဘေးကကြည့်လျှင် အကဲခတ်လျှင် ရိုးမည် ၊ အေးသည် ၊ လူရည်မလည် ၊ အကင်းမပါး ၊ လောကသဘာဝ နားမလည် ဟူ၍ ထင်ကြပါမည် ။ အမှန်မှာ မိမိကိုယ်၌ အေးစက်စက် ဖာသိဖာသာနေတတ်သော ကြောင့် ဖြစ်ပါသည် ။ မိမိက အပြင်ဘမ်းတွင် ပျော့ညံ့ဟန်ရှိသော်လည်း လက်တွေ့ ၌ မီးခဲထက်ဆိုးတတ်ပါသည် ။ အမှန်မှာ မိမိရုပ်သဏ္ဍာန်မှာ မြွေပွေးဟန် ဖြစ်ပါ၏ ။

မိမိကလည်း သူများ စိတ်ညစ်အောင် စိတ်စက်မကောင်း ဖြစ်အောင် ၊ အားငယ်အောင် မလုပ်တတ် ၊ မပြောတတ်သလို မိမိကို ပြောဆိုလုပ်ကိုင်လျှင်လည်း သဘောမကျတတ်ပါ ။ မိမိစိတ်မှာ မိမိအသားထိလျှင် မြင့်မိုရ်တောင်ကို ဒူးနှင့် တိုက်ရတိုက်ရ ဂရုမစိုက်တတ်ပါ ။ သို့ ကြောင့် မိမိမှာ လခစားလုပ်လျှင် မကြာခဏ အထက်လူကြီးများ နှင့် ရန် ဖြစ်နေရတတ်သည် ။ စကားပြောနေရတတ်ပါသည် ။ မိမိကို အမျက်ထားတတ်သည် ။

မိမိက ဖော်လံဖားခြင်း ၊ မျက်နှာရလုပ်ခြင်းများ မရှိပါ ။ မိမိစိတ်မှာ တာဝန်ကျေပွန်လျှင်ပြီး၏ ဟူသော စိတ်ရှိ၏ ။ သို့ ကြောင့် အခွင့်အရေး များ ရခါနီး ၊ ရာထူးလခတိုးခါနီး များ ၌ အမြဲတမ်း မိမိကို ချန်ထားကြတတ်မည် ။ မိမိထက် ရာထူးငယ်များ ၊ လုပ်သက်နည်းသူများ က မိမိကို ကျော်သွားတတ်မည် ။ မိမိက အလွန်ဒေါသ ထွက်မည် ။ အလုပ်က ချက်ချင်း ထွက်လိုစိတ် ဖြစ်လာတတ်မည် ။

မိမိမှာ ပညာရေး နှင့် ပတ်သက်၍ ဉာဏ်ကောင်းသော်လည်း ပျင်းရိတတ်ပါသည် ။ ပေါ့ပေါ့ဆဆ သင်တတ်မည် ။ မိမိစိတ်ထဲက အလွန်အမှတ်ကောင်းကောင်း လိုချင်တတ်သော်လည်း လက်တွေ့ ၌ မကြိုးစားတတ်ပါ ။ မိမိမှာ ပညာရေး ၌ ကြိုးစားသလောက် လွယ်လွယ်အောင်မြင်တတ်ပါမည် ။ မိမိမှာ စာကို ချက်ချင်း ရတတ်သလို ချက်ချင်း မေ့တတ်ပါမည် ။ မိမိမှာ စာမေးပွဲဖြေပြီးမှ ဒါမဖြေမိလေခြင်း ၊ ဟိုဟာ မဖြေမိလေခြင်း နှင့် နောင်တရတတ်ပါမည် ။ မိမိမှာ မေ့တတ်ခြင်းမဟုတ်ပါ ။ ရှန်းတတ်ခြင်း ဖြစ်ပါသည် ။ မိမိ၌ သင်္ချာဘာသာနှင့် ရူပဗေဒ ဘာသာရပ်များ ၌ အခက်အခဲများ တွေ့ ရတတ်ပါသည် ။ မိမိမှာ အတွက်အချက်များ နှင့် မကောင်းပါ ။ ကျက်စာများ နှင့် ကောင်းပါသည် ။

မိမိဘ၀၌ မည် သည့်အလုပ်ကိုလုပ်လုပ် အမြဲတမ်း အနှောက်အယှက်များ ၊ အပျက်အစီးများ ၊ အတိုက်အခံများ ၊ ဂုဏ်ပြိုင်သူများ နှင့် တွေ့ ရပါမည် ။ မိမိက ဤသို့ တွေ့ လျှင် အလွန်အားငယ်တတ်ပါမည် ။ စိတ်ဓာတ်ကျတတ်ပါမည် ။ သို့ သော် မိမိဘ၀တစ်လျှောက် လုံးတွင် ဤသို့ အပြိုင်အဆိုင်များ တွေ့ ရပါမှ အောင်မြင်တတ်ပါမည် ။ အတိုက်အခံများ တွေ့ ရလေ မိမိသွေးကြွလာလေ ဖြစ်ပြီး မိမိအစွမ်းများ သူများ အားပိုမို၍ ပြနိုင်ပါမည် ။

မိမိမှာ မကြာခဏ ခရီးယာယီသွားရတတ်မည် ။ မည် သည့်အလုပ်ကိုလုပ်လုပ် တစ်ဘ၀လုံး ငါးကြိမ် ၊ ခြောက်ကြိမ် ၊ ပြောင်းလဲ လုပ်ရတတ်မည် ။ မိမိမှာ မကြာခဏ အိမ်တွင် မပျော် ဖြစ်နေမည် ။ပျင်းရိနေတတ်မည် ။ ထို့ ကြောင့် ခရီးထွက်လိုတတ်မည် ။ သို့ သော် ခရီးထွက်ပြီးလည်း မပျော်တတ်ပါ ။ (၁၈) ရက် သွားမည် ဟု ပြောသွားလျှင် (၇) ရက်နှင့် ပြန်လာတတ်မည် ။ မိမိ၏ လက်ဝါးပြင်၌ လည်း ကောင်း ၊ ဂြိုလ်ခွင်၌ လည်းကောင်း နိုင်ငံခြားသွားရန် အမှတ်အသား များ ပါနိုင်ပါသည် ။

မိမိမှာ အိမ်ထောင်ရေး နှင့် ပတ်သတ်၍ မိမိအပေါ် ကောင်းသော မိန်းမနှင့် ရတတ်မည် ။ မိမိအပေါ် စေတနာထားသော မိန်းမနှင့် ရတတ်ပါသည် ။ မိမိအပေါ် အထူးအနစ်နာခံသော မိမိအနွံတာခံသော မိန်းမနှင့် ရတတ်ပါသည် ။ မိမိ၏ ဇနီးမှာ သူ့ အတွက်မပူတတ်ပါ ။ မိမိအတွက် ၊ မိမိ၏ သားသမီးအတွက် ပူနေတတ်မည် ။ မိမိ၏ မိန်းမက သဘောကောင်းပြီး ပြတ်သားပါသည် ။ အမြဲတမ်း မိန်းမက မှန်နေတတ်သော ကြောင့် မိမိက မိန်းမကွယ်ရာသာ ထင်ရာလုပ်တတ်မည် ။ မိန်းမရှေ့တွင် သူတော် ကောင်း ဟန်ဆောင်နေတတ်ပါမည် ။

မိမိမှာ ကျန်းမာရေး ကောင်းပါသည် ။ ထိုင်နေရလျှင် ၊ အလုပ်မရှိလျှင်သာ ကျန်းမာရေး မကောင်း ဖြတ်တတ်မည် ။ မိမိ၌ သွေးနှင့် ပတ်သက်သော ရောဂါ များ ၊ သွေးစုနာ ၊ သွေးအားနည်း ရောဂါ ၊ လိပ်ခေါင်း ၊ ဘရင်ဂျီနာ စသဖြင့် များ ဖြတ်တတ်ပါမည် ။ ရောဂါ ပေးသော်လည်း ဘေးအန္တရာယ်မရှိပါ ။ မိမိမှာ အလုပ်လုပ်ရလေ ကျန်းမာရေး ကောင်းတတ်ပါမည် ။ မိမိကံမှာ အသက်ကြီးလေ လူပျိုနှင့် ပိုတူလာလေ ဖြစ်မည် ။ စိတ်ပျို ၊ ကိုယ်နု သွက်လက်ပေါ့ပါး တတ်မည် ။

မိမိဘ၀တွင် အသက် (၁၆) နှစ် ၊ (၂၂) နှစ် ၊ (၂၈) နှစ် ၊ (၃၀ ) နှစ် ၊ (၃၄) နှစ် ၊ (၄၀) နှစ် ၊ (၄၈ ) နှစ် ၊ (၅၂) နှစ် ၊ (၅၆) နှစ် များ ၌ ထူးထူးခြားခြား အပြောင်းအလဲများ ဖြစ်တတ်ပါသည် ။ မိမိဘ၀၌ ကောင်းကျိုးနှင့် ဆိုးကျိုးများ ကို ခံစားရပါမည် ။

မိမိနှင့် သင့်တော် သော ကျောက်မြက် ရတနာများ မှာ စိန်နှင့် ရွှေများ ဖြစ်ပါသည် ။ ငွေထည်ပစ္စည်းများ နှင့် မကောင်းပါ ။ သံမဏိ (စတီးလ်) များ နှင့် လည်း မကောင်းပါ ။

မိမိနှင့် သင့်တော် သော အရောင် မှာ ဖြော့တော့သော အရောင် များ ဖြစ်ပါသည် ။ ဘုရားတွင် ပန်းမျိုးစုံတင်ပေးပါ ။ မကောင်းပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းးပါလိမ့်မည် ။

•••


ညှင်းဖဲ (၉)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (၉) ဖြစ်နေလျှင် ၊ သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည် ။

ဤညှင်းဖဲ (၉) ရသော သူတို့ သည် ဘ၀တစ်သက်လုံး ဆံထုံးထုံး ၊ ဆီစိုက် ၊ အဆဲခံဘ၀ ဖြစ်ပါမည် ။ မိမိတို့ ဘ၀မှာ ပေးကားပေးရမည် ။ ကျွေးကားကျွေးရမည် ။ အသွားသာရှိပြီး အပြန်မရှိသော သူတို့ နှင့် သာ လုံးလည်ပတ်နေရပြီး ထိုသူများ ကြောင့် ဘ၀နာရသော သူများ ဖြစ်ရတတ်ပါသည် ။ ကောင်းလှချည်ရဲ့ ၊ အားကိုးရကောင်းတန်ရဲ့ ၊ ယုံကြည်လောက်ပါရဲ့ဟူ၍ ထင်တစ်လုံးနှင့် ပေါင်းသင်းဆက်ဆံလာခဲ့သော မိမိ၏ ဆွေမျိုးညာတိများ ၊ အပေါင်းအသင်းများ ၊ မိတ်သင်္ဂဟများ မှာ မိမိတကယ် တန္တု လက်တွေ့ ဒုက္ခမိုး ဖြိုင်ဖြိုင်ရွာသော အခါမှ သိပါမည် ။ မိမိကို နောက်ကျောပေး ရန်နေနေသာသာ သူတို့ ၏ အရိပ်ကိုပင် အနင်းခံလိမ့်မည် မဟုတ်ပါ ။

ထီးနှင့် ဖိနပ်၏ ကျေးဇူးကို နေပူရှိန်ပြင်းပြင်း အောက်၌ သွားလာကာမှ သိသလို မိမိ၏ မိတ်ဆွေသင်္ဂဟ ၊ ဆွေမျိုးညာတိများ အကြောင်းကိုလည်း မိမိ၏ ဒုက္ခ ၊ မိမိ၏ ပြဿနာရှိကာမှ သိပါလိမ့်မည် ။ မိမိ၏ အားနာမှု ၊ မိမိ၏ လိုက်လျောမှု ၊ မိမိ၏ ခင်မင်မှုတို့ ၏ ရလာဒ်မှာ မိမိ၏ စိတ်စက်မကောင်းရမှု ၊ စိတ်ညစ်ရမှုပင် ဖြစ်ပါသည် ။ ထို့ ကြောင့် မိမိမှာ အပေါင်းအသင်းနည်းနိုင်သလောက် နည်းခြင်းသည် မိမိဘ၀ အောင်မြင်မှုပင် ဖြစ်ပါလိမ့်မည် ။ သို့ သော် မိမိ၏ စိတ်မှာ ခွေးမြီးကောက် ကျည်တောက်စွပ်ပင် ဖြစ်ပါမည် ။ မိမိမှာ ပျော်ပျော်ရွှင်ရွှင်နှင့် ပေါင်းသင်နေထိုင်ရမှ ပျော်ရွှင်တတ်မည် ။ မိမိမှာ ပျော်ပျော်ရွှင်ရွှင်နှင့် ပေါင်းသင်းနေထိုင်ရမှ ပျော်ရွှင်တတ်မည် ။ စိတ်ပျော်တတ်မည် ။ မိမိက တစ်ယောက် ထီးထီးနေရလျှင် အလွန် ပျင်းရိတတ်မည် ။ မိမိ၏ အားနည်ချက်ကပင် မိမိအတွက် ဒုက္ခပေးလျက်ရှိပါသည် ။

မိမိမှာ စိတ်ရင်းစေတနာကောင်း တတ်ပါသည် ။ စိတ်သဘောထား နူးညံ့သိမ်မွေ့ ပြီး ယဉ်ကျေးတတ်သည် ။ အမြဲတမ်း ချိုချိုသာသာပြောဆိုတတ်ပြီး တစ်ဖက်သား စိတ်ချမ်းသာအောင် ပြောဆိုလုပ်ကိုင်တတ်သော စိတ်ရှိသည် ။ မိမိစိတ်ထဲမှာ မိမိစိတ်ချမ်းသာလို အများ ကိုလည်း စိတ်ချမ်းသာစေချင်သည် ။ မိမိက လူတစ်ဖက်သား၏ စိတ်ရင်းစေတနာကို သိတတ်သည် ။ သူများ ၏ အလိုကို နားလည်တတ်သည် ။ သူများ အထာကို သိလွန်း၍ မိမိတွင် ကုန်ဆုံးခဲ့သည် ကလည်း များ လှပါသည် ။

မိမိဘ၀တွင် ဒုက္ခအမျိုးမျိုး ကိုလည်း ခံစားရတတ်သလို သုခအမျိုးမျိုးကိုလည်း ခံစားခဲ့ရတတ်ပါသည် ။ မိမိဘ၀မှာ အောက်သက်ကျေပြီး တက်လာရသော ကြောင့် မည် မျှဒုက္ခရောက်သော်လည်း မပူမပင် မကြောင့် မကြတတ်သလို ၊ မည် မျှဝမ်းသာပျော်ရွှင်မြူးတူးဖွယ်ရာ တွေ့ သော်လည်း တုန်လှုပ်ချောက်ချားတတ်သူ မဟုတ်ပေ ။ သို့ ကြောင့် မိမိပတ်ဝန်းကျင်က မိမိမိသားစုများ က မိမိကို မကြာခဏ အပူမရှိသူ ၊ ပေါ့ပေါ့ဆဆနေသူ ၊ အိမ်၏ ဒုက္ခကို မသိသူဟူ၍ မြည် တွန် တတ်ပါသည် ။ အမှန်မှာ မိမိမှာ ဒုက္ခနှင့် သုခအကြောင်း တိုတောင်းစွာ အရသာခံစားပြီး ဖြစ်သမျှအကောင်းဟူသော စိတ်နှင့် နေခြင်းသာ ဖြစ်သည် ။

မိမိမှာ အပြင်ဘမ်းကကြည့်သော် အားမရဖွယ်ရာ ၊ ပျင်းရိဖွယ်ရာ ၊ အထင်သေးဖွယ်ရာ ဖြစ်သော်လည်း မိမိ၏ စိတ်ရင်းကို သိသော သူများ က မိမိ၏ အစွမ်းကို သိသော သူများ က မိမိကို အလွန်အထင်ကြီးတတ်ပါမည် ။မိမိမှာ အပြင်ဘမ်းအနေနှင့် ဝေဖန်လျှင် တန်ဖိုး မရှိသော်လည်း အတွင်းကျကျ ဝေဖန်မှသာလျှင် မိမိ၏ တန်ဖိုးကို သိမည် ဖြစ်သည် ။ မိမိ၏ ပုံပန်းသဏ္ဍာန်မှာ ပျင်းရိထိုင်းမှိုင်းဟန်ရှိသော်လည်း လက်တွေ့ ပိုင်း၌ မိမိမှာ အလွန်ပေါ့ပါးလျှင် မြန်ဖျတ်လတ်ပါသည် ။ အလုပ်တစ်ခုကို သွက်လက်ချက်ချာစွာ လုပ်တတ်ပါမည် ။ မိမိမှာ အလုပ်အကိုင်တွင် အလွန်စိတ်မြန်ကိုယ်မြန် ရှိပါသည် ။

မိမိမှာ မည် သည့်အလုပ်ကို လုပ်လုပ် စိတ်ပါဝင်စားစွာ လုပ်ကိုင်တတ်မည် ။ သေချာကျနစွာ လုပ်ကိုင်တတ်မည် ။ ထို့ ကြောင့် လည်း မိမိလုပ်သမျှ အလုပ်များ မှာ အနည်းနှင့် အများ အကျိုးရှိတတ်ပါသည် ။ သို့ သော် မိမိမှာ လူတစ်ဖက်သားအပေါ် အလွန်အားနာတတ်ပါမည် ။ လိုက်လျောတတ်ပါမည် ။ ကိုယ်ချင်းစာနာတတ်ပါမည် ။ သည်းခံတတ်ပါမည် ။ သို့ တွက် မိမိရရှိမည့်  အခွင့်အရေး များ မိမိရရှိသင့်သော အခွင့်အရေး များ ကို သူများ အား စေတနာနှင့် ပေးတတ်မည် ။ မိမိလုပ်ပြီး သူများ ၌ အကျိုးရှိကာ မိမိ၌ ဗလာကျန်ရစ်ခဲ့တတ်သည် ။

မိမိက မည် သည့်အခါ၌ မဆို အလုပ်လုပ်သူများ နှင့် စပ်တူ မလုပ်ရ ။ သူများ နှင့် ရှယ်ယာမလုပ်ရ ။ မိမိက သူများ နှင့် လုပ်လျှင် မကောင်းပါ ။ မိမိလုပ်ပြီး သူများ က အကျိုးခံစားရတတ်ပါမည် ။ နောက် စာရင်းအလုပ်နှင့် မကောင်းပါ ။ မိမိမှာ အုပ်ချုပ်ရသော အလုပ် ၊ စီမံခန့် ခွဲရသော အလုပ်မျိုးများ နှင့် ကောင်းပါသည် ။ ရေရှည်စီမံကိန်းများ ချ၍ လုပ်နေမည့် အတူတူ ရေတိုစီမံကိန်းများ လုပ်လျှင် ပို၍ အကျိုးပေးပါမည် ။ မိမိမှာ ကြာရှည်ဆွဲ၍ လုပ်နေရလျှင် ပို၍ အကျိုးပေးပါမည် ။ မိမိမှာ ကြာရှည်ဆွဲ၍ လုပ်နေရလျှင် စိတ်မရှည်တတ်ပါ ။

မိမိက အလုပ်တစ်ခုကိုမလုပ်ခင် စဉ်းစားလွန်းတတ်သလောက် ၊ တွေးတောလွန်းတတ်သလောက် တကယ်အလုပ်လုပ်သော အခါ အလွန်မြန်ဆန်ပါမည် ။ သို့ သော် ကြာရှည်လုပ်ရလျှင် စိတ်မပါဘဲ လုပ်နေရင်းတန်းလန်းနှင့် နောက်တစ်ခုသို့  ပြောင်းသွား တတ်၍ လက်ရှိအလုပ်မှာ မိမိအတွက် နစ်နာရတတ်ပါသည် ။ သို့ ကြောင့် အလုပ်တစ်ခုကိုမလုပ်ခင် အလွန်စဉ်းစားပါ ။ ကြာကြာလုပ်ရမည့်  အလုပ်မျိုးဆိုလျှင် ဝေးဝေးရှောင်ပြီး လတ်တလောလုပ်ရမည့်  အလုပ်ဆိုလျှင် သွက်သွက်ကလေးသာလုပ်ပါ ။

မိမိမှာ ရိုးသားဖြောင့်မတ်ပါသည် ။ အလှည့်အပတ် နားမလည် တတ်ပါ ။ သို့ သော် မိမိက မည် မျှရိုးရိုးသားသား ဆက်ဆံပြောဆို သော်လည်း အများ က မိမိကို လိမ်သည် ၊ ညာသည် ၊ ကောက်ကျစ်သည် ၊ အခွင့်အရေး ယူသည်ဟူ၍ ထင်မြင်ကြပါမည် ။ ဤသို့  ဖြစ်ရခြင်းမှာ မိမိက ရိုးသားစွာ ပြောဆိုပြီး ပွင့်လင်းစွာ လုပ်ကိုင်တတ်သဖြင့် တစ်ခါတစ်ရံ အတိမ်းအစောင်း ဖြစ်သွားပြီး အများ ၏ အထင်အမြင်သေးခြင်းကို ခံရတတ်ပါ ၏ ။မိမိကို သူများ က နှမ်းတစ်စေ့တင်သော်လည်း သဘောမကျတတ်ပါ ။ မိမိကလည်း သူများ ကို မစတတ်ပါ ။ မိမိကို စလျှင်လည်း မကြိုက်တတ်ပါ ။ မိမိမှာ လူရိုးစိတ်တိုသမား ဖြစ်သည် ။ မိမိမှာ မကြာခဏ မတတ်ဘဲ ဆရာလုပ် ခြင်းခံရတတ်သည် ။ ထို့ ကြောင့် အလွန်ဒေါသထွက်တတ်မည် ။ အောင့်သက်သက် ခံရတတ်မည် ။ မခံချင်ဘဲ သည်းခံရတတ်မည် ။

မိမိမှာ အလုပ်၌ သော်လည်းကောင်း ၊ ငွေကြေး၌ သော်လည်းကောင်း လောဘကြီးပါသည် ။ စိတ်ထဲက လောဘကြီးသလောက် အလိုကြီးသလောက် ၊ လက်တွေ့ ၌ ရသမျှနှင့် တင်းတိမ်နေရတတ်မည် ။ မိမိမှာ ငွေစု၍ မရတတ်ပါ ။ မိမိမှာ ကပ်စေးနည်းသော်လည်း အဟောတိကံ ငွေကုန်ကြေးကျများ နေတတ်မည် ။ မိမိက ငွေတစ်ရာ စုမည် ဟု ရည်ရွယ်လျှင် တစ်ရာ့ငါးဆယ်လောက် ကုန်နေတတ်မည် ။ မိမိမှာ ဒုတိယအရွယ်ကုန်ခါနီး လောက်မှစ၍ ငွေစုနိုင်ပါမည် ။ မိမိမှာ မကြာခဏ ငွေစုပုံစုလိုက် ထွက်နေပါမည် ။

မိမိမှာ ပညာရေး နှင့် ပတ်သက်၍ တစ်နှစ် တစ်တန်း မှန်မှန်အောင်ပါမည် ။ သို့ သော် မိမိက ပညာကို အထင်မကြီးပါ ။ ပညာဖြင့် အလုပ်လုပ်လိုစိတ် မရှိတတ်ပါ ။ ပညာကို ပေါ့ပေါ့ဆဆသင်တတ်မည် ။ သို့ သော် မိမိမှာ အလွန်ဉာဏ်ကောင်းပါသည် ။ ဖြတ်ထိုးဉာဏ်ကောင်းပါသည် ။ မိမိမှာ နည်းနည်း ပြလျှင် များများ တတ်သိနားလည်သော ဦးနှောက်ရှိပါသည် ။ မည် သည့်ပညာရပ်တွင် မဆို တတ်သည့်လိုစိတ် ၊ သိချင်စိတ်ရှိသော ကြောင့် ပညာရပ်တိုင်း၌ နားလည်တတ်ပါသည် ။

မိမိမှာ အိမ်ထောင်ရေး နှင့် ပတ်သက်၍ မိမိပူနေရသော အိမ်ထောင်ဖက်နှင့် ရတတ်ပါသည် ။ မိမိ အားမလိုအားမရ ဖြစ်သော အထင်သေးသော အိမ်ထောင်ဖက်နှင့် ရတတ်ပါမည် ။ မိမိအိမ်ထောင် ဖက်မှာ ပေါ့တိပေါ့ဆ နေတတ်မည် ။ ကလေးဆန်ဆန်နေတတ်မည် ။ အပူအပင် အကြောင့် အကြမရှိ နေတတ်မည် ။ ဒုက္ခမသိ နေတတ်မည် ။ မိမိမှာ အိမ်ထောင်ဖက်အတွက် အမြဲတမ်းပူနေရမည် ။ မိမိက သနားစိတ် ၊ ကြင်နာစိတ်ကြီးမားပါသည် ။ အလွန်ဒေါသထွက်လှ်ျ လက်ပါတတ်ပါမည် ။ မိမိတို့ မှာ မကွဲတတ်သော်လည်း မကြာခဏတကျက်ကျက် ဖြစ်နေရတတ်ပါမည် ။

မိမိမှာ ကျန်းမာရေး နှင့် ပတ်သက်၍ လေနှင့် ပတ်သက်၍ သတိထားရပါမည် ။ မိမိမှာ ၀မ်းဗိုက်မကောင်းတတ်ပါ ။ မကြာခဏ လေနာ ၊ ရင်နာ ဖြစ်မည် ။ လေထိုးတတ်မည် ။ အစာအိမ် ဒုက္ခပေးတတ်ပါမည် ။ ရောဂါ ရသော်လည်း ဘေးမရှိတတ်ပါ ။

မိမိဘ၀တွင် အသက် (၁၀) နှစ် ၊ (၁၅) နှစ် ၊ (၂၀) နှစ် ၊ (၂၅) နှစ် ၊ (၃၀) နှစ် ၊ (၃၅) နှစ် ၊ (၄၀) နှစ် ၊ (၄၅) နှစ် ၊ (၅၀) နှစ် ၊ (၅၅) နှစ် များ ၌ မိမိဘ၀တွင် ထူးထူးခြားခြား အပြောင်းအလဲများ ဖြစ်တတ်ပါသည် ။ မိမိဘ၀၌ ကောင်းကျိုးနှင့် ဆိုးကျိုးများ ကို ခံစားရပါမည် ။

မိမိသင့်တော် သော ကျောက်မျက်ရတနာများ မှာ နီလာ ၊ ကျောက်ဖြူနှင့် မှိုင်းထသော ကျောက်များ ဖြစ်ပါသည် ။ မိမိမှာ ကျန်းမာရေး မကောင်း ဖြစ်လျှင် ကျောက်နီကို ရှောင်ပါ ။ မိမိမှာ အနီရောင် နှင့် မကောင်းပါ ။ အနီရောင် ၀တ်လျှင် လာဘ်တိတ်မည် ။ ကျန်းမာရေး မကောင်း ဖြစ်တတ်မည် ။ မိမိမှာ ငွေရစရာရှိ၍ သော်လည်းကောင်း ၊ အလုပ်အကိုင်အတွက် စကားပြောစရာရှိလျှင်သော်လည်းကောင်း ၊ ကျောက်ဖြူကိုဆောင်၍ ပြောဆိုလုပ်ကိုင်ပါ ။ အထူးအောင်မြင်တတ်ပါမည် ။

မိမိနှင့် သင့်တော် သော အရောင် များ မှာ အ၀ါရောင် ၊ ရွှေရောင် ၊ လိမ္မော်ရောင် များ ဖြစ်ပါသည် ။ အထူးသဖြင့် အ၀ါရောင် ပစ္စည်းများ ကို ဆောင်၍ လုပ်ကိုင်လျှင် အထူးကောင်းပါသည် ။

မိမိမှာ ကျန်းမာရေး မကောင်း ဖြစ်လျှင် ၊ စီးပွားရေး ကျဆင်းနေလျှင် ၊ အလုပ်အကိုင်အဆင်မပြေ ဖြစ်နေလျှင် ၊ ကံဆိုးနေလျှင် ဘုရား၏ မွေးနံမှ ထီး ၊ တံခွန် ၊ ကုက္ကား (၅) ခုစီ လှုဒါန်းပါ ။ ဘုရားကို ရွှေချပေးပါ ။ မကောင်းပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••


ညှင်းဖဲ (၁၀)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (၁၀) ဖြစ်နေလျှင် ၊ သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါအတိုင်း ဖြစ်ပါ လိမ့်မည် ။

ဤ ညှင်းဖဲ (၁၀) ရရှိသော သူတို့ သည် ရိုးသားပွင့်လင်းပြီး စိတ်သဘော ကောင်းသူများ ဖြစ်ကြပါသည် ။ ယဉ်ကျေးသိမ်မွေ့ ပြီး ချိုသာသော စိတ်ရှိသည် ။ လူများ ကို ခင်မင်တတ်ပြီး စိတ်သဘောကောင်းတတ်ပါသည် ။ အမြဲတမ်း အေးအေးဆေးဆေး နေပြီး ငြိမ်းငြိမ်းချမ်းချမ်းနေလိုသော စိတ်ရှိတတ်သည် ။ မည် မျှပြဿနာကြီးကြီးသွေးအေးအေးနှင့် ကိုယ်ပိုင်ဆုံးဖြတ်တတ်သော စိတ်ရှိပါသည် ။ မည် သည့်အလုပ်မဆို သွေးအေးအေးနှင့် လုပ်ကိုင်တတ်သော စိတ်ရှိသည် ။ မိမိမှာ လုပ်ရည်ကိုင်ရည်ရှိသလောက် အရည်အချင်းနှင့် ပြည့်စုံသူလည်း ဖြစ်ပါသည် ။

မိမိ၏ ထက်မြက်စူးရှသော အရည်အသွေးများ မှာ မိမိ၏ ပင်ကိုယ်ကြောင့် ပေါ်ထွက်မလာတတ်ပါ ။ မိမိ၏ ပင်ကိုယ်စိတ်သဘာဝမှာ အေးအေးနေတတ်မည် ။ ရိုးရိုးနေတတ်မည် ။ ဖာသိဖာသာ နေတတ်မည် ။ မထုံတတ်သေး နေတတ်မည် ။ ဟိုရောရော သည်ရောရာ ၀ါသနာမရှိတတ်ပါ ။ ဟေးလား ၀ါးလား ၀ါသနာမရှိတတ်ပါ ။ မိမိဖာသာ အိမ်၏ ချောင်ထဲနေရသော်လည်း ပျော်နေတတ်သော စိတ်ရှိမည် ။ အမှန်မှာ မိမိမှာ မည် သည့်အလုပ်ကိုမဆို အေးတိအေးစက်နှင့် စဉ်းစားဆင်ခြင်တိုင်းတာပြီး လုပ်ကိုင်နေတတ်မည် ။ လူများ လို စိတ်မြန်ကိုယ်မြန် ၀ုန်းဝုန်းဒိုင်းဒိုင်း မလုပ်တတ်ပါ ။ လနောက် မိမိ က ကောင်းမကောင်း အကျိုးရှိ ၊ မရှိ အလွန် စဉ်းစားတတ်မည် ။ မိမိ၏ အရည်အချင်းများ မှာ မိမိပတ်ဝန်းကျင်ကြောင့် ထက်မြက်စွာ ထွက်ပေါ်လာပါမည် ။

မိမိက မဟုတ်မခံစိတ်ရှိသည် ။ မခံချင်စိတ်ကြောင့် ကြိုးစားတတ်မည် ။ မိမိက သူများ အကြောမခံလိုသူ ဖြစ်သလို မိမိထက် သူများ တော် သည်ဟူ၍ လည်း မကြားချင်သူ ဖြစ်သည် ။ မိမိကသာ သူများ ထက်ပို၍ ပို၍ အောင်မြင်အောင် ၊ ထင်ရှားအောင် ကြိုးစားတတ်မည် ။ မိမိက အမြဲတမ်း အနိုင်ရယူလိုသူ ဖြစ်ပါသည် ။ အနိုင်ရအောင်လည်း မ ဖြစ်မနေကြိုးစားတတ်သူ ဖြစ်ပါသည် ။ မိမိဘ၀၌ သူများ အထင်မသေးအောင် မ ဖြစ်မနေ လုပ်တတ်ပါမည် ။ မိမိမှာ မ ဖြစ်သည်က မရှိသလို မလုပ်နိုင်သည်က မရှိပါ ။

မိမိ၏ အောင်မြင်ရေး ၊ ကျော်ကြားရေး ၊ ထင်ရှားရေး များ မှာ မိမိပတ်ဝန်းကျင်၌ မူတည်ပါသည် ။ မိမိမှာ မည် သည့်အလုပ်ကို လုပ်လုပ် အမြဲတမ်း အစကနဦး၌ အတိုက်အခံအမျိုးမျိုး ၊ အဖျက်အဆီးအမျိုးမျိုး ၊ အနှောက်အယှက်အမျိုးမျိုးကို တွေ့ ရတတ်ပါသည် ။ မိမိမှာ မကြာခဏ သပုတ်လေလွင့် အပြောခ့ရပါမည် ။ ဂျောက်တွန်းခံရတတ်မည် ။ သို့ သော် မိမိကို မည် သူက မည် သို့ လုပ်ပါစေ ၊ နောက်ဆုံး မိမိကသာ မှန်သည် ၊ မိမိကသာ ဟုတ်သည်ဟူ၍ ဖြစ်သွားတတ်ပါမည် ။ မိမိကို နှောက်ယှက်သူများ ၊ ပြိုင်ဆိုင်သူများ ၊ အတိုက်အခံ လုပ်သူများ သည် နောက်ဆုံး မိမိကို သာ အရှုံးပေးကြရပါမည် ။ မိမိကို တောင်းပန်ကြရပါမည် ။ မိမိကို မကောင်းကြံသြူများ သည် မိမိရှေ့တွင် မကောင်း ဖြစ်သွားမည် ကို တွေ့ ရပါမည် ။ မိမိက မည် သူ့ ကိုမဆို စေတနာထားပါ ။ အများ ကို မေတ္တာပို့ သပါ ။ မိမိ၏ မေတ္တာနှင့် အတူ မိမိကို မကောင်းလုပ်သူများ ပါ သွားပါလိမ့်မည် ။ မိမိမှာ မခံချင်သူ ဖြစ်ရာ မိမိအတိုက်အခံလုပ်လေ မိမိ၏ အရည်အချင်းပေါ်လာလေ ဖြစ်တတ်မည် ။ သို့ ကြောင့် မိမိမှာ ပူစရာမရှိတတ်ပါ ။

အားလုံးကောင်းသော်လည်း တစ်ခါတစ်ရံ ရည်ရွယ်ချက်မဲ့အလုပ်များ လုပ်နေတတ်မည် ။ ဦးတည်ချက်မရှိဘဲ လုပ်နေတတ်မည် ။ တစ်ခါတစ်ရံ အကျိုးမရှိမှန်း သိရက်သားနှင့် ဇွတ်လုပ်တတ်မည် ။အများ က အထင်အမြင်ကြီးရေး အတွက် မိမိ၏ အခွင့်အရေး များ ကို စွန့် လွှတ်တတ်မည် ။ မိမိ၏ စိတ်မှာ သူများ လုပ်ပြီးသား အလုပ်များ ကို မလုပ်ချင်တတ်ပါ ။ ပထမ လိုချင်သော အတ္တသမား ဖြစ်ပါသည် ။ တစ်ခါတစ်ရံ ဒုတိယရလျှင် မိမိကိုယ်မိမိ အပြစ်တင်မဆုံး ဖြစ်နေတတ်မည် ။ မိမိ၏ စိတ်မှာ သူများ မလုပ်နိုင်သော အလုပ်များ သူ များ မကြံစည်နိုင်သော အလုပ်မျး ၊ သူများ အံ့အားသည့်စေမည့်  အလုပ်များ ၊ သူများ လက်မြှော က်ထားရသော အလုပ်များ ကို မိမိအကျိုးရှိ ၊ မရှိ ဇွတ်လုပ်တတ်မည် ။

တစ်ခါတစ်ရံ အရမ်းအကျိုးရှိသွားတတ်ပြီး ၊ တစ်ခါတစ်ရံ အလွန်ဆုံးရှုံးသွားတတ်ပါမည် ။ အလုပ်တစ်ခုကို ဇွဲနှင့် လုပ်မည် ။ ၀ီရိယနှင့် လုပ်တတ်မည် ။ မ ဖြစ်မနေလုပ်တတ်မည် ။ အပြီးသတ်မလုပ်ရလျှင် ညအိပ်မပျော်တတ်သူ ဖြစ်သည် ။ မပြီးမချင်း ထိုင်ရာမထ လုပ်တတ်ပါမည် ။ သို့ သော် လုပ်မည် လုပ်မည် နှင့် ကြာနေတတ်သည်က ဆိုးလှပါသည် ။ မိမိမှာ လုပ်လျှင်လည်း အများ က အံ့အားသင့်ရမည် ဖြစ်သလို မလုပ်လျှင်လည်း အများ က အပြစ်တင်ရမည် ဖြစ်သည် ။ အမှန်မှာ အိပ်ပျော်နေ သော နဂါးကြီးလို ဖြစ်ပါသည် ။

မိမိမှာ ငွေနှင့် နီးပါသည် ။ အများ က ငွေယူပါ ၊ အလုပ်လုပ်ပါ ၊ စပ်တူလုပ်ပါနှင့် ငွေကြေး , မ စတတ်မည် ။ မိမိကလည်း လုပ်တတ် မည် ။ လုပ်ပြီးမှ နောင်တရပြီး စိတ်ညစ်နေရမည် ။ စပ်တူမလုပ်ရ ။ စပ်တူလုပ်လျှင်လည်း အကျိုးမရှိတတ်ပါ ။ မိမိက ပျိုးထောင်ရမည် ။ အောင်မြင်အောင်လုပ်ရမည် ။ နောက် မိမိက စွန့် ပစ်၍ သွားရမည် ။ လုပ်ပြီးမှ နောက်ဆုံး သူများ က အကျိုးရှိနေပါမည် ။ ရေထမ်းရောင်းရောင်း ၊ ကွမ်းယာရောင်းရောင်း သူများ နှင့် စပ်တူမလုပ်ပါနှင့် သီးခြားလုပ်ပါ ။ ကိုယ်ပိုင်လုပ်ပါ ။

မကြာခဏ ငွေကြေးများ ရတတ်ပါမည် ။ ဘေးပေါက်ရပါမည် ။ လာဘ်ရွင်၍ ငွေရသော်လည်း ငွေမမြဲတတ်ပါ ။ ငွေရလွယ်သလောက် ငွေကုန်လွယ်နေတတ်မည် ။ အဟောတိက ငွေကုန်တတ်မည် ။ စိတ်ထဲက ကပ်စေးနဲပါသည် ။ စိတ်ထဲက စည်းကမ်းရှိသော်လည်း လက်တွေ့ ၌ စည်းကမ်းမရှိတတ်ပါ ။ မိမိလိုချင်လျှင် မည် မျှ တန်ဖိုး ဖြစ်နေပါစေ မရ , ရအောင် ၀ယ်တတ်မည် ။ အလွန်လောဘကြီးတတ်ပါသည် ။ သို့ သော် လက်တွေ့ ၌ ရသမျှနှင့် တင်းတိမ်နေ တတ်မည် ။

တစ်သက်လုံး ငွေချေးလုပ်ငန်း မလုပ်ရ ၊ လက်လွတ် ငွေမချေးရ ။ မိမိ က အလွန်လွယ်ပါသည်။ တစ်ယောက် ယောက် က အကူအညီတောင်လျှင် အိတ်ထဲက ထုတ်ပေးတတ်ပါမည် ။ နောက်ကို ပြန်မကြည့်ဘဲ အမြဲတမ်း ရှေ့ကိုသာကြည့်တတ်သူ ဖြစ်ရာ တစ်ခါတစ်ရံ အလွန်ပြဿနာ ဖြစ်တတ်ပါသည် ။ သူများ ကို ငွေလက်လွတ်ပေးလျှင် မည် သည့်အခါမျှ ပြည့်ပြည့်၀၀ ပြန်မရတတ်ပါ ။ အလွန်စိတ်ညစ်ပြီးမှ ရပါမည် ။ သို့ သော် တစ်ခါတည်းဆုံးရှုံးသွားခြင်း မရှိပါ ။ အလွန်စိတ်စက်မကောင်းပြီးမှ ပြန်ရတတ်ပါမည် ။ သူများ အတွက် တာဝန်ခံလျှင် ၊ ခံဝန် ၊ ခံတန်းလုပ်လျှင်လည်း သူများ အတွက် အလျော်ပေးရတတ်ပါမည် ။ အထူးသတိပြုပါ ။ ငွေချေးသူများ ကို မယုံကြည်ရ ။ လက်တစ်လုံးခြား အလိမ်ခံရတတ်ပါသည် ။ အထူးဂရုစိုက်ပါ ။ ငွေအတွက် မကြာခဏ စိတ်ညစ်ရပါမည် ။

ပညာရေး နှင့် ပတ်သက်၍ အနည်းငယ်မေ့တတ်ပါသည် ။ ချက်ချင်း ဖတ်လျှင် ချက်ချင်း မှတ်မိသော်လည်း ၊ ကြာသွားလျှင် မေ့တတ်ပါမည် ။ ကျက်စာထက် တွက်စာများ ကို ပို၍ ၀ါသနာပါတတ်မည် ။ စာမေးပွဲအောင်တတ်ပါမည် ။ ကြိုးစားသလောက် အောင်မြင်တတ်ပါမည် ။ အသက် (၂၁) နှစ် ကျော်သွားလျှင် ပညာရေး တွင် စိတ်မပါ ဖြစ်တတ်မည် ။ ကြိုးစားလျှင် ဘွဲ့ ဒီဂရီရတတ်ပါမည် ။

အိမ်ထောင်ရေး နှင့် ပတ်သက်၍ ယောက္ခမအိမ်တက် သမက်မျက်နှာငယ်ဘ၀နှင့် နေရတတ်ပါသည် ။ မိန်းမဘက်ဆွေမျိုးများ က ၀င်ရောက်စွက်ဖက်ခြင်း ခံရပါမည် ။ မခံချင် ဖြစ်မည် ။ မည် မျှစေတနာ နှင့် အကောင်းလုပ်သော်လည်း အကောင်းမထင်တတ်ပါ ။ စေတနာကို ဝေဒနာ ထင်နေတတ်မည် ။ မကြာခဏမိန်းမနှင့် တိုက်ပေးပါမည် ။ အကောင်းဆုံးမှာ မိမိတို့ လင်မယားနှစ် ယောက် တည်း နေခြင်း ဖြစ်ပါသည် ။ မိမိဘက်က ဆွေမျိုးများ နှင့် နေလျှင် မိန်းမနှင့် စကားများ ရတတ်သလို ၊ မိန်းမဘက်က ဆွေမျိုးနှင့် စိတ်ညစ်၍ အိမ်က ဆင်းပြေးရတတ်ပါသည် ။ လင်ကိုယ်မယား နှစ် ယောက် နေလျှင် တစ်ယောက် ကို တစ်ယောက် အလွန် သည်းခံကြပြီး အလွန်သင့်မြတ်ကြပါမည် ။

ကျန်းမာရေး နှင့် ပတ်သက်၍ မျက်စေ့အားနည်းတတ်ပါသည် ။ မျက်မှန်တပ် ရတတ်ပါသည် ။ မကြာခဏ ခေါင်းကိုက် ၊ ခေါင်းမူး ၊ ဇက်လေးများ ဖြစ်တတ်မည် ။ မကြာခဏ အစာမကြေ၍ ဗိုက်နာ ၊ လေထိုး ၊ လေအောင့်များ ဖြစ်တတ်ပါမည် ။ သို့ သော် အသက်ဘေးရန် မရှိတတ်ပါ ။ ရောဂါ ပေးသော်လည်း ဘေးဥပါဒ် အန္တရာယ် မရှိတတ်ပါ ။

မိမိဘ၀တွင် အသက် (၉) နှစ် ၊ (၁၈) နှစ် ၊ (၂၇) နှစ် ၊ (၃၆) နှစ် ၊ (၄၅) နှစ် ၊ (၅၆) နှစ် ၊ (၇၂) နှစ် ၊ (၉၄) နှစ် များ တွင် ထူးထူးခြားခြား အပြောင်းအလဲများ ဖြတ်တတ်ပါသည် ။ ကောင်းကျိုးနှင့် ဆိုးကျိုးများ ကို ခံစားရပါမည် ။

သင့်တော် သော ကျောက်မြက်ရတနာများ မှာ ဥဿဖယား ၊ ကျောက်စိမ်း ၊ နီလာများ ဖြစ်ပါသည် ။ အကြံအစည်များ ပြုလုပ်သော အခါ ၊ ကျောက်စိမ်းကိုဆောင်၍ ပြုလုပ်ပါ ။ ချစ်သူရည်းစားကို မိမိဘက်ပါစေလိုလျှင် နီလာလက်စွပ် လက်ဆောင်ပေးပါ ။ အမြဲတမ်း သတိရနေပြီး မိမိလိုရာရောက်နိုင်၏ ။ ကျန်းမာရေး ချို့ တဲ့နေလျှင် ကျောက်ဖြူမှအပ အခြားကျောက်များ ဆောင်ထားပါ ။

သင့်တော် သော အရောင် များ မှာ အပြာရောင် နှင့် စိမ်းပုပ်ရောင် များ ဖြစ်ပါသည် ။ အထူးသဖြင့် အ၀ါရောင် ကို ရှောင်ပါ ။ မိမိအတွက် ကောင်း၏ ။

ကျန်းမာရေး မကောင်းလျှင် ၊ စီးပွားရေး အဆင်မပြေ ဖြစ်လျှင် ၊ အကြံအစည်များ ပြုလုပ်လျှင် ပန်းအပွင့် (၁၀၀) လှူပါ ။ ပုတီးသက်စေ့လှူပါ ။ မကောင်းပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••


ညှင်းဖဲ (ကုလား)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (ဘုရင်) ဖြစ်နေလျှင် ၊ သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည် ။

ဤညှင်းဖဲ (ဘုရင်) ရရှိသော သူများ သည် သြဇာအာဏာ နှင့် ပြည့်စုံပြီး လူကြီး ဖြစ်ရသော ကံဇာတာ ဖြစ်ပါသည် ။ အရာရာ၌ ရှေ့ဆောင်ဦးရွက်လုပ်ရပြီး အများ ၏ ရိုသေလေးစားခြင်း ၊ အားကိုးယုံကြည်ခြင်းများ ခံရသော ကံဇာတာ ဖြစ်ပါသည် ။ အများ ၏ အထင်အမြင်ကြီးခြင်းခံရပြီး အများ ၏ လေးစားခြင်းခံရသော သူ ဖြစ်တတ်ပါသည် ။ သဘောကောင်းသည် ။ စေတနာကောင်းသည် ။ အများ အတွက် ကိုယ်ကျိုးစွန့် ၍ လုပ်တတ်သော စိတ်ရှိပါသည် ။ မိမိကို တစ်ယောက် ယောက် က အကူအညီတောင်လျှင် မ ဖြစ်မနေလုပ်ကိုင်ပေး တတ်မည် ။ လူအား ၊ ငွေအား ၊ စိတ်အားဖြင့် ကူညီလုပ်ကိုင်ပေးတတ်မည် ။ အိမ်သူအိမ်သားများ ထက် သူများ အပေါ်ပို၍ ကောင်းနေတတ်မည် ။ အများ ၀န်ထမ်းဇာတာဟု ခေါ်ရပါသည် ။

ကိုယ်ပိုင်အလုပ်ကို လုပ်လုပ် ၊ အစိုးရလခစားလုပ်လုပ် ၊ အမြဲတမ်းသူများ ကို စေတနာဝန်ထမ်း ကူညီနေရတတ်ပါမည် ။ ထိုသို့ စေတနာဝန်ထမ်း ကူညီတတ်သော ကြောင့် လည်း မိမိဘ၀၌ ဘေးဒုက္ခရောက်လာလျှင် ကူညီမည့် သူများ ၊ မစမည့် သူများ နှင့် တွေ့ ရတတ်ပါမည် ။ အောက်သက်လည်း ကြေတတ်ပါသည် ။ မိမိမှာ ဒုက္ခကို ကမ်းဆုံးအောင် ခံစားရဖူးတတ်သလို သုခကိုလည်း ထိပ်ဆုံးရောက်အောင် ခံစားခဲ့ရတတ်ပါသည် ။ အထက်ဆိုလျှင် ဘ၀ဂ်သာရှိပြီး အောက်ဆိုလျှင် အ၀ီစိသာ ရှိပါသည် ။ ထို့ ကြောင့် မည် မျှဒုက္ခရောက်ရောက် ၊ မည် မျှ ချမ်းသာသူ ဖြစ် ဖြစ် မတုန်လှုပ်တတ်ပါ ။ ဖြစ်လေရာဘ၀၌ ပျော်သလို နေတတ်ပါမည် ။

ဘ၀တစ်ခုလုံး၌ မီးခွက်တစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဖြစ်နေရတတ်မည် ။ သဘောကျသူများ ၊ အထင်ကြီးသူများ ၊ ယုံကြည်အားကိုး၍ လေးစားသူများ ရှိတတ်သလို မကောင်းကြံသူများ ၊ ရှုံ့ ချသူများ ၊ အထင်သေးသူများ ၊ ဂျောက်တွန်းလိုသူများ ၊ အကျိုးလိုသလိုလိုနှင့် နောက်ကျော ဓားနှင့် ထိုးလိုသူများ လည်း ရှိတတ်ပါသည် ။ အထင်အမြင်ကြီးသူများ က သူတို့ ၏ အားကိုးရာ ၊ ယုံကြည်ရာ ၊ အကြံပေးရာ များ ဟု ထင်မြင်တတ်ကြပါမည် ။ အထင်သေးသူများ က နေရာတကာ ၀င်၍ ရှုပ်သူ ၊ မဆိုင်ရာဝင် ဓားနှင့် ချိုင်သူ ၊ သြဇာပေးလွန်းသူ ၊ လေသမား ဖြစ်သူဟူ၍ ထင်မြင်ပြောဆိုကြတတ်ပါမည် ။ သို့ သော် သဘောကျသူ များ တတ်ပါမည် ။

မိမိက ကောင်းလျှင် မှန်သည် ၊ သေချာသည်ဟု ဆုံးဖြတ်ထင်မြင်သော အလုပ်များ ကို မည် သူကလာ၍ ဖျက်ဖျက် ဇွတ်လုပ်တတ်မည် ။ မှန်သည်ထင်လျှင် တစ်လောကလုံးနှင့် ရင်ဆိုရဲသူ ဖြစ်သည် ။ မှားသည်ဆိုလျှင်လည်း တစ်လောကလုံး၏ တံတွေးခွက်တွင် ပက်လက်မျောမျော ဂရုစိုက်သူမဟုတ်ပါ ။ မိမိ၏ စိတ်မှာ ချီးမွန်း (၇) ရက် ၊ ကဲ့ရဲ့ (၇) ရက် ဟူ၍ စိတ်ရှိတတ်သည် ။ တစ်ခါတစ်ရံလည်း နောင်တများ ရတတ်ပါမည် ။ သို့ သော် ထိုအမှားများ ကို ဆင်ခြင်ပြီး အမှန်သို့ ရောက်အောင်လည်း ပြုပြင်ဖန်တီးနိုင်သော အစွမ်း ရှိပါသည် ။

မိမိမှာ အ၀ိဇ္ဇာတရားများ မည် မျှဖုံးလွှမ်းနေသော်လည်း နောက်ဆုံး အမှန်တရား၏ သစ္စာကို ရှာဖွေတွေ့ ရှိတတ်မည် ။ မိမိက သဘောကောင်းလွန်းတတ်၍ မိမိထံမှလည်း စားမည် ၊ မိမိ၏ အခွင့်အရေး များ လည်း ယူမည် ၊ မိမိပေးသည်ကိုလည်း ညာယူတတ်မည် ။ နောက်ဆုံး မိမိကို လူ့ ငနွားကြီးဟူ၍ လည်း အထင်ခံရတတ်မည် ။ မိမိက လူတစ်ဖက်သားကို အလွန်အားနာတတ်မည် ။ သနားတတ်မည် ။ မိမိရှေ့တွင် မျက်နှာညှိုးလျှင် မိမိမှာ မနေနိုင်မထိုင်နိုင် ဖြစ်တတ်မည် ။ မိမိ၏ အားနည်းချက်ကြောင့် မိမိတွင် မကြာခဏနာမည် ပျက်ရတတ်မည် ။ ငွေကြေးအကုန်အကျများ နေတတ်မည် ။ အများ ၏ အထင်အမြင်သေးခြင်း ခံရပါမည် ။

မိမိက အလုပ်တစ်ခုကို မ ဖြစ်မနေလုပ်တတ်မည် ။ လုပ်မည် ဟု ဆုံးဖြတ်လျှင်လည်း ဖြစ်အောင်လုပ်တတ်မည် ။ မိမိစိတ်သဘောကောင်းသလောက် မိမိအပေါ်ပြန်မကောင်းကြတတ်ပါ ။ မိမိက ၀မ်းနည်းစရာရှိလျှင် အလွန်ဝမ်းနည်းတတ်မည် ။ ပျော်စရာရှိလျှင် အလွန်ပျော်တတ်မည် ။ မိမိက မိမိကိုယ်ထက် အများ အတွက် ပူပင်ကြောင့်ကြ နေတတ်မည် ။ မိမိကုယ်အတွက် မပူတတ်ပါ ။ မိမိသားသမီး ၊ မိမိတပည့်လက်သား မိမိ၏ အိမ်ထောင်ဖက်များ အတွက် ပူနေတတ်မည် ။ သူတို့ ၏ ပင်ကိုယ်အရည်အချင်း မည် မျှရှိရှိ မည် မျှမိုးပျံအောင်တော် နေတော် နေ မိမိကအထင်သေးပြီး အားမလို အားမရ ဖြစ်တတ်ပါသည် ။ မိမိက အထင်သေးတတ်မည် ။ မကြာခဏ ရိုးသည် ၊ အသည် ၊ နသည် ၊ လူရည်မလယ် ၊ အကင်းမပါးဟူ၍ ထင်မြင်ပြီး ပူနေတတ်ပါမည် ။

မိမိမှာ ကိုယ်ပိုင်အလုပ်လုပ်လျှင် ကောင်းပါသည် ။ သို့ သော် လခစားလုပ်လျှင်လည်း မဆိုးပါ ။ မိမိမှာ အုပ်ချုပ်ရေး ပိုင်းများ ၌ လုပ်လျှင် ပို၍ ကောင်းပါသည် ။ ကျောင်းဆရာလုပ်လျှင်လည်း ကောင်းပါသည် ။ သို့ သော် မိမိက စိတ်မပါတတ်ပါ ။ မလုပ်ချင်တတ်ပါ ။ မိမိမှာ သြဇာပေးရသော နေရာ ၊ အာဏာဖြင့် ခိုင်းရသော နေရာများ ၌ အလုပ်လုပ်လျှင် ပို၍ ကောင်းပါသည် ။ မိမိမှာ ပညာရပ်ပိုင်းဆိုင်ရာ၌ ကျွမ်းကျင်တတ်ပါသည် ။ မိမိမှာ စက်မှုပညာ ၊ လက်မှုပညာ ၊ များ ၌ ကျွမ်းကျင်ပြီး ဆရာတစ်ဆူပမာ ဖြစ်တတ်ပါသည် ။

မိမိမှာ မည် သည့် ပညာရပ်ကိုမဆို သင်ကြားလျှင် ခဏလေးနှင့် တတ်ပါမည် ။ မှတ်ဉာဏ်ကောင်းပါသည် ။ နည်းနည်း သင်လျှင် များများ တတ်သော ဦးခေါင်းရှိပါသည် ။ မိမိက ပညာဟူသမျှကို စိတ်ပါဝင်စားတတ်မည် ။ လေ့လာလိုက်စားတတ်မည် ။ မည် သည့် ကိစ္စကိုမဆို သေချာသည် ၊ စိစစ်သည် ၊ တိကျသည် ၊ ပြတ်သားသည် ၊ ရဲရင့်သည် ။ ပြတ်သားလွန်း၍ မိမိမှာ လက်အောက်ငယ်သားများ မှ မကြာခဏ အမြင်ကပ်ခံရတတ်ပါသည် ။ မိမိမှာ တပည့်တပန်းမမြဲ တတ်ပါ ။ မိမိအတွက်လည်း စိတ်မချရတတ်ပါ ။ မိမိ၏ ပစ္စည်းဥစ္စာများ မှာ တပည့်လက်သားများ ကြောင့် ဆုံးရှုံးရတတ်ပါသည် ။ မိမိ၏ ကံဇာတာမှာ ကျွန်ကိုယုံ၍ စုံလုံးကန်းရသော ကံမျိုး ဖြစ်ပါသည် ။

မိမိမှာ ဆွေမျိုးညာတိများ အပေါ် သြဇာအာဏာနှင့် ပြည့်စုံတတ်ပါသည် ။ မိဘဖက်မှ ဆွေမျိုးနီးစပ်တော် သော သူများ ထံမှ အမွေအနှစ် များ ရတတ်ပါသည် ။ လူကြီးသူကြီး ဖြစ်ရတတ်ပါသည် ။ ညီအစ်ကိုမောင်နှမများ အကျိုးရှိသော်လည်း မိမိကသာ ပေးနေကျွေးနေရပါမည် ။မိမိမှာ ကိုယ့်ဒူးကိုယ်ချွန် ဇာတာ ဖြစ်ပါသည် ။ မိမိကိုယ်တိုင် ကြိုးစားမှုဖြင့် မိမိဖာသာ အောင်မြင်ရမည် ဖြစ်ပါသည် ။

မိမိ ပညာရေး ကို မိမိဖာသာ ဖျက်ဆီးတတ်သူ ဖြစ်ပါသည် ။ ပညာကို လုံးဝအထင်မကြီးတတ်ပါ ။ စိတ်မပါတတ်ပါ ။ အပြင်ဘမ်းအနေနှင့် စိတ်ပါသလိုရှိသော်လည်း လက်တွေ့ တွင် စိတ်မပါတတ်ပါ ။ ထို့ ကြောင့် အတန်းပညာသင်ချိန်တွင် မကြာခဏ စာမေးပွဲကျနေတတ်မည် ။ သို့ သော် မိမိက အနည်းငယ်ကြိုးစားရုံနှင့် လည်း အောင်မြင်တတ်ပါသည် ။ မိမိက ပညာမာနရှိပါသည် ။ မ ဖြစ်မနေကြိုးစားတတ်သော ဇွဲနှင့် သတ္တိလည်း ရှိပါသည် ။ ပညာသင်ချိန်တွင် ကြင်ယာမရှာလိုက်ပါနှင့် ။ မိမိမှာ မိန်းမနှင့် နီးပါသည် ။ မိမိက မစဘဲ မိမိကို လိုက်စတတ်မည် ။ မိမိလုပ်ပုံ ၊ ကိုင်ပုံ ၊ သွားလာပုံများ မှာ စိတ်ဝင်စားစရာအတိ ဖြစ်ပါသည် ။ မကြာခဏ မိန်းမအနှောက်အယှက်ရှိပါသည် ။

မိမိမှာ ပညာသင်ရင်းတန်းလန်း ၊ အလုပ်လုပ်၍ ကောင်းနေရင်းတန်းလန်းနှင့် မိန်းမယူရတတ်ပါသည် ။ မိဘသဘောမတူဘဲ ဇွတ်ယူတတ်ပါမည် ။ အကယ်၍ မိဘကသဘောတူ၍ ပေးစားလျှင် လည်း မိမိက မယူချင်ဘဲ အောင့်သက်သက်နှင့် ယူရပါမည် ။ စိတ်စက်မကောင်းဘဲ ယူရတတ်ပါမည် ။ မိမိမှာ မိမိသဘောကျယူလျှင် ပို၍ ကောင်းပါသည် ။ သို့ သော် သနား၍ ၊ လိုက်လျော၍ ယူရလျှင် မိမိထက် အဆင့်အတန်းနိမ့်သော ၊ အရည်အချင်းမရှိသော ၊ ဂုဏ် ၊ ပညာနိမ့်သော မိန်းမနှင့် ရတတ်ပါမည် ။ မိန်းမယူပြီး လေးနှစ် ကျော်သွားလျှင် အလွန်ကောင်းပါမည် ။ အထူးကြီးပွားချမ်းသာပါမည် ။ အလွန်တိုးတက်ကောင်းမွန်သော ဘ၀သို့ ရောက်ရတတ်ပါမည် ။

မိမိမှာ ကျန်းမာရေး နှင့် ပတ်သက်၍ ကောင်းပါသည် ။ ရောဂါ ကြီးများ မရှိတတ်ပါ ။ မိမိမှာ ဒေါင်ဒေါင်မြည် ကျန်းမာရေး ကောင်းတတ်သော်လည်း အလုပ်မလုပ်ဘဲထိုငနေရလျှင် နေထိုင်မကောင်း ဖြစ်မည် ။ ပျင်းရိလွန်းပြီး ဖြစ်တတ်ခြင်း ဖြစ်ပါသည် ။ မိမိမှာ အိုဇာတာ၌ နှလုံး ရောဂါ ဖြစ်တတ်ပါသည် ။ သို့ သော် သေဆုံးသော အခါ နှလုံး ရောဂါ ဖြင့် မသေနိုင်ပါ ။ ဝေဒနာကို ကြာရှည်မခံရတတ်ပါ ။ မိမိကိုယ်ကိုယ် ဂရုမစိုက်လျှင် မုတ္တ ရောဂါ ၊ သားအိမ် ရောဂါ များ ဖြစ်တတ်ပါမည် ။ အပျော်အပါးလိုက်စားလျှင် ဆီးပူညောင်းကျ ၊ ကာလသား ရောဂါ များ ဖြစ်တတ်ပါမည် ။ အထူးသတိပြုပါ ။ မကောင်းပါ ။

မိမိဘ၀တွင် အသက် (၁) နှစ် ၊ (၁၀) နှစ် ၊ (၁၉) နှစ် ၊ (၂၈) နှစ် ၊ (၃၇) နှစ် ၊ (၄၆) နှစ် ၊ (၅၅) နှစ် ၊ (၆၄) နှစ် ၊ (၇၃) နှစ် များ တွင် ထူးထူးခြားခြား အပြောင်းအလဲများ ဖြစ်တတ်ပါသည် ။ မိမိဘ၀၌ အကောင်း အဆိုးများ ကို ခံစားရတတ်ပါသည် ။

မိမိနှင့် သင့်တော် သော ကျောက်မြတ်ရတနာများ မှာ ပုလဲနှင့် ပတ္တမြား ဖြစ်ပါသည် ။ န၀ရက်ကိုးသွယ် လက်စွပ်ကို အမြဲတမ်း ၀တ်ဆင်ထားပါ ။ မိမိမှာ အထူးလာဘ်ရွှင်ပြီး ငွေရပါမည် ။ မိမိမှာ ရွှေနှင့် မကောင်းပါ ။ ရွှေဝယ်မိလျှင် အလိုလိုထွက်တတ်ပါမည် ။ မိမိလက် နှင့် ရွှေ ၊ ကျောက်များ မ၀ယ်ရ ။ မိမိ၏ မိန်းမကို ၀ယ်ခိုင်းပါ ။

မိမိနှင့် သင့်တော် သော အရောင် မှာ စိမ်းမြမြအရောင် ၊ နီညိုညိုအရောင် များ ဖြစ်ပါသည် ။ မိမိက အမြဲတမ်း ဆောင်ထားရမည့်  အရောင် များ မှာ အနီရောင် ဖြစ်ပါသည် ။ မိမိအတွက် လာဘ်ကောင်းသော အရောင် လည်း ဖြစ်ပါသည် ။ အမြဲတမ်းဆောင်၍ အလုပ်အကိုင် အကြံအစည်များ ပြုလုပ်ပါ ။

အကြံအစည်ပြုလိုလျှင် ဥပုဒ်သက်စေ့စောင့်ပါ ။ သတ်သတ်လွတ်စားပါ ။ မကောင်းပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••

ညှင်းဖဲ မိဖုရား

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (မိဖုရား) ဖြစ်နေလျှင် ၊ သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည် ။

ဤ ညှင်းဖဲ (မိဖုရား) ရရှိသော သူတို့ သည် အနုပညာဆန်ဆန်လုပ်ကိုင်တတ်မည် ။ အရာရာကို အိပ်မက်လို သဘောထားလိုသူများ ဖြစ်ကြပါသည် ။ မည် သည့်ကိစ္စမဆို ပြီးစလွယ်လုပ်တတ်မည် ။ စိတ်ပါဝင်စားစွာ လုပ်တတ်မည် ။ မိမိမှာ မ ဖြစ်နိုင်သည့်ကိစ္စကို ပို၍ လုပ်ချင်နေတတ်မည် ။ သို့ သော် လွယ်လွယ်နှင့် ရသော ငွေကြေးကို အလွန်မက်မောတတ်မည် ။ မိမိမှာ ငွေရမည် ဆိုလျှင် မ ဖြစ် ဖြစ်သည့်နည်းဖြင့် မရ , ရအောင် ရှာဖွေတတ်မည် ။ စည်းကမ်းကြီး ၊ ကန့် သတ်ချက်ကြီး များ ကို ရွံရှာတတ်မည် ။ အရာရာကို လွတ်လွတ်လပ်လပ်နေလို ၊ လုပ်လိုတတ်မည် ။ မိမိကလည်း အများ ကို သြဇာမပေး ။ ဆရာမ လုပ် ။ အကြံမပေး ။ မိမိကို သြဇာပေးလျှင် အလွန်မုန်းတိးရွံရှာတတ်မည် ။

မိမိစိတ်မှာ လက်ရှိအခြေအနေမှ အမြဲတမ်းရှေ့သို့ တိုးတက်အောင် ကြိုးစားတတ်မည် ။ မည့် သည့်ဘ၀သို့ ရောက်ရောက် ဘ၀င်မြင့် ခြင်းမရှိပေ ။ ရောက်လေရာတွင် အများ နှင့် တည့်အောင် ပေါင်းသင်း တတ်မည် ။ အများ သဘောကျအောင် နေထိုင်တတ်မည် ။ အများ ကို လိုက်လျောတတ်မည် ။ အများ ကို ယဉ်ကျေးချိုသာစွာ ပြောဆိုဆက်ဆံတတ်မည် ။ သို့ ကြောင့် မိမိမှာ မိတ်ဆွေကောင်း ပေါများ တတ်မည် ။ လူချစ်လူခင်ပေါများ တတ်မည် ။ မိမိမှာ အပေါင်းအသင်းများ ကြောင့် အကျိုးကျေးဇူးရှိတတ်မည် ။ မိမိကို ကူညီ မ,စ တတ်မည် ။

မိမိမှာ အလုပ်မလုပ်ခင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာသို့ သွားနေတတ်သူ ဖြစ်သည် ။ အလုပ်မလုပ်ခင် အလွန်ကြောက်တတ်မည် ။ မိမိလုပ်လျှင် ဖြစ်ပါ့မလား ၊ အောင်မြင်ပါ့မလား ဟူသော ဒွိဟစိတ်က အလွန်ကြီးနေတတ်မည် ။ နောက် လုပ်မည် ၊ လုပ်မည် နှင့် ကြာညောင်းနေတတ်၍ လည်း ပေါ်ပင်အလုပ်ပေါင်းများ စွာ လက်လွတ်သွားတတ်မည် ။ မိမိကလုပ်လျှင် မြန်ဆန်ပါသည် ။ မလုပ်လျှင် မည် မျှကြာနေသည်ကို မိမိဖာသာ မသိတတ်ပါ ။ မိမိက ဥပဒေပြင်ပ အလုပ် ဖြစ် ဖြစ် ၊ တရားဝင် အလုပ်များ ဖြစ် ဖြစ်လုပ်လျှင် အလွန်တင်းစွာ လုပ်တတ်မည် ။ မကြောက်မရွံလုပ်တတ်မည် ။ မလုပ်ခင်ကသာ ကြောက်နေတတ်မည် ။

မိမိက အိမ်၏ အကျိုး ၊ အရပ်၏ အကျိုး ၊ ရွာ၏ အကျိုး ၊ တိုင်းပြည်၏ အကျိုးများ ကို ထမ်းဆောင်လိုစိတ် ရှိပါသည် ။ အထူးသဖြင့် အရပ်တွင် အလွန်ပေါ်ပြူလာ ဖြစ်ပါမည် ။ မိမိက လုံးဝမတရားမှုကို သဘောကျသူမဟုတ်ပါ ။ သို့ ကြောင့် မိမိအရပ် ၊ မိမိရွာ ၊ မိမိတိုင်းပြည်များ ၌ မတရား ဖြစ်နေလျှင် မိမိက ဆတ်ဆတ်ထိမခံ ဖြစ်ပြီး ရှေ့တန်းထွက်လိုတတ်မည် ။ မိမိကို အများ က သဘောကျပါမည် ။ အထင်ကြီးပါမည် ။ မိမိက မိမိအနိုင်ရရေး အတွက် တရားသည် ဖြစ်စေ ၊ မတရားသည် ဖြစ်စေ ရအောင်အနိုင်ယူတတ်မည် ။ မိမိစိတ်မှာ အနိုင်ရရေး သာ အဓိက ဖြစ်ပါသည် ။

မိမိကို အပြင်ဘမ်းကကြည့်လျှင် လုံးဝအထင်ကြီးစရာမရှိပါ ။ မိမိက ပေါ့ဆစွာ နေတတ်မည် ။ ပြီးစလွယ်နေတတ်မည် ။ ရိုးရိုးအေးအေးနေတတ်မည် ။ ဖာသိဖာသာ နေတတ်မည် ။ မိမိ၏ ပုံပမ်းမှာ ရိုးအ၍ လူရည်မလည်သော ပုံမျိုး ဖြစ်သည် ။ သို့ သော် မိမိ၏ လုပ်ရည်ကိုင်ရည်ကိုသိသော သူများ က မိမိကို အလွန်အထင်အမြင် ကြီးတတ်ကြပါမည် ။ မိမိက အလုပ်တစ်ခုကို လျင်မြန်ဖြတ်လတ်စွာ လုပ်တတ်မည် ။ သွက်လက်ချက်ချာစွာ လုပ်တတ်မည် ။ အမှန်မှာ မိမိသည် ရေမြွေဟန်ဆောင်နေသော မြွေပွေး ဖြစ်ပါသည် ။

မိမိမှာ လခစားလုပ်လုပ် ကိုယ်ပိုင်အလုပ် လုပ်လုပ် ကောင်းပါသည် ။ လခစားလုပ်လျှင်လည်း ငါးနှစ် တစ်ခါ ခြောက်နှစ် တစ်ခါ ရာထူးတိုးပါမည် ။ လခတိုးပါမည် ။ လခစားလုပ်လျှင် ဖြစ်စေ ၊ ကိုယ်ပိုင် အလုပ် လုပ်လျှင် ဖြစ်စေ တစ်ဘ၀လုံး ခြောက်ကြိမ်ထက်မနည်း ပြောင်းလဲလုပ်ရမည် ။ နေရာပြောင်း ၊ ဌာနပြောင်း ဖြစ်ရမည် ။ ကုန်သည် အလုပ်လုပ်ပါ ။ ပွဲစားသဘော မလုပ်ပါနှင့် ကုန်ထုတ်လုပ်မှုလုပ်ပါ ။ မိမိမှာ အကျိုးရှိပါသည် ။ မိမိမှာ မည် သည့်အလုပ်ကို လုပ်လုပ်ကောင်းပါသည် ။

မိမိမှာ ဖြစ်စေချင်သည်ကများ ၊ လုပ်နေချင်သည်က များ နေတတ်၍ တစ်ခါတစ်ရံ အလွန်စိတ်ရှုပ်နေတတ်မည် ။ မိမိမှာ အကြောင်းကြီးငယ်မရှိဘဲ စိတ်ညစ်နေတတ်မည် ။ မိမိမှာ တစ်ခါတစ်ရံ ကလေးဆန်နေတတ်မည် ။ မိမိမှာ အလကားနေရင်း စိတ်တို၍ ဒေါသကြီးနေတတ်မည် ။ တစ်ခါတစ်ရံ ကလေးကလား လုပ်နေတတ်မည် ။ မိမိမှာ သူများ ကိုလည်း မတရားမလုပ်တတ်ပါ ။ မိမိကြောင့် သူများ စိတ်ညစ်နေလျှင် မနေနိုင်မထိုင်နိုင် ဖြစ်တတ်မည် ။

မိမိမှာ ငွေရလွယ်သလို ငွေကုန်ကြေးကျများ နေတတ်မည် ။ မိမိက အပိုဝင်ငွေရအောင် မရှာတတ်ပါ ။ သဘောမှာ လာဘ်ယူခြင်း များ ကို ကြောက်တတ်မည် ။ မိမိက စိတ်ထဲက လောဘကြီးသော်လည်း လက်တွေ့ ၌ ရသမျှနှင့် တင်းတိမ်နေတတ်မည် ။ မိမိက သူများ ကို မယုံကြည်ရ ။ သူများ ကို လက်လွတ်ငွေမပေးရ ။ သူများ ကို ငွေပေး၍ အလုပ်မခိုင်းရ ။ မိမိကသူများ ကို ငွေပေးလျှင် ၊ ငွေပေး၍ အလုပ်ခိုင်းလျှင် မိမိမှာ ဆုံးရှုံးရတတ်ပါမည် ။ မိမိမှာ သူများ ကငွေရှိသည် ၊ ချမ်းသာသည် ဟူ၍ အထင်အမြင်ကြီးကြပါမည် ။ လက်တွေ့ ၌ မကြာခဏဘိုင်ကျပြီး ကြွေးတင်နေတတ်ပါမည် ။ မိမိမှာ စာရင်းထဲမှာ ငွေရှိပြီး လက်ထဲ၌ ဘိုင်ကျနေတတ်မည် ။ သို့ သော် ငွေနှင့် နီးစပ်သော ကြောင့် အရေး အကြောင်းရှိလာလျှင် အမြဲတမ်း ငွေရေး ကြေးရေး အတွက် စိတ်မပူရတတ်ပါ ။ ကူညီ မစမည့် သူများ အလိုလိုရောက်လာကြပါမည် ။

မိမိက အပျော်အပါး ၀ါသနာပါတတ်ပါသည် ။ မိမိက စိတ်ထဲက ငိုသော်လည်း အပြင်ဘမ်း၌ ရယ်မောနေသူ ဖြစ်ပါသည် ။ မိမိက ဖြစ်လေရာဘ၀၌ ပျော်နေတတ်မည် ။ မိမိကို အိမ်သူအိမ်သားများ က အပူမရှိသူ ၊ ပေါ့ဆသူ ၊ ပြီးစလွယ်နေပြီး ရသမျှနှင့် တင်းတိမ်သူ ၊ ဘောဘမရှိသူဟူ၍ ထင်မြင်ပြောဆိုနေကြပါမည် ။ မိမိက အမြဲတမ်းစိတ်နှင့် အလုပ်လုပ်နေတတ်သူ ဖြစ်ပါသည် ။ မိမိက တစ်ခုခုကို လိုချင်တပ်မက်မောလျှင် အလွန်အာရုံကြီးတတ်သည် ။ မရမချင်း ရအောင်ကြိုးစားတတ်မည် ။ လိုချင်သော အရာကိုလည်း ရအောင်ယူတတ်သော အစွမ်းရှိတတ်ပါသည် ။

မိမိအတွက် အကောင်းဆုံးအကြံမှာ မိမိက မည် သည့်အလုပ်ကို လုပ်လုပ် ခပ်မြန်မြန်ဆုံးဖြတ်ပြီး ခပ်သွက်သွက်အလုပ် လုပ်ကိုင်ပါ ။ ပေါ်ပင်အကျိုးရှိမည့်  အလုပ်များ ကို လုပ်ကိုင်ပါ ။ သူများ ကို မယုံကြည့်ရ ။ အားနာခြင်း ၊ လိုက်လျောခြင်းမရှိရ ။ အလကား စေတနာနှင့် လုပ်ပေးနေရသော အလုပ်ကိုလည်း ရှောင်ပါ ။ မိမိမှာ မကြာခဏ စေတနာဝန်ထမ်းလုပ်နေရတတ်သည် ။ နောက်တစ်ခုမှာ မိမိမှာ အလွန်စိတ်ကူးယဉ် မနေပါနှင့် ။ မိမိမှာ မကြာခဏ အိပ်ပျော်နေတတ်သူ ဖြစ်သည် ။ မိမိမှာ အိပ်ရာမှနိုးလျှင် အလွန်ကြောက်စရာ ကောင်းပါသည် ။

မိမိမှာ ပညာရေး ကောင်းပါသည် ။ အကျိုးရှိပါမည် ။ ပညာဖြင့် အလုပ်လုပ်ရတတ်မည် ။ မိမိမှာ ကာယလုပ်သားထက် ဉာဏ်လုပ်သား ဖြစ်ရတတ်ပါသည် ။ မိမိမှာ ပညာသင်ချိန်၌ ပညာကို စိတ်မ၀င်စားတတ်ပါ ။ အလုပ်လုပ်ချိန်မှသာလျှင် ပညာရေး ကို တစ်ဖန် ပြန်လည်စိတ်ပါလာတတ်သည် ။ မိမိက ကြိုးစားမည် ဆိုလျှင် ဘွဲ့ ဒီဂရီရတတ်ပါသည် ။ မိမိမှာ ပညာရေး ကို အထင်မကြီးတတ်ပါ ။ မိမိပညာရေး ထက် စီးပွားရေး ကို ပိုမိုစိတ်ဝင်စားတတ်မည် ။ ပညာသင်ယူရင်း တန်းလန်းနှင့် အလုပ်လုပ်လိုစိတ် ဖြစ်နေတတ်မည် ။

မိမိမှာ အိမ်ထောင်ရေး နှင့် ပတ်သက်၍ ကောင်းပါသည် ။ မိန်းမကောင်းရပါမည် ။ မိမိမှာ မိမိသဘောကျမယူရ ။ မိမိ၏ မိဘ၊ လူကြီးများ စပ်ပေးသော မိန်းမကို ယူပါ ။ အထူးကြီးပွားပါမည် ။ မိမိမှာ မိန်းမယူပြီးမှ ပို၍ အကျိုး ဖြစ်ထွန်းပါလိမ့်မည် ။ မိမိ၏ မိန်းမ မှာ မိမိအပေါ် ပထမတန်းကောင်းပါသည် ။ အထူးအနစ်နာ အနွံတာခံတတ်ပါသည် ။ သို့ သော် အနည်းငယ်စိတ်တိုတတ်မည် ။ စိတ်ကောက် နေတတ်မည် ။ အပြင်က မိမိကို မိန်းမနိုင်သည်ဟု ပြောကြပါမည် ။ လက်တွေ့ ၌ မိမိကသာ မိန်းမကိုနိုင်နေရမည် ။ မိမိက မိန်းမအပေါ် အနည်းငယ် ချုပ်ချယ်လိုတတ်သည် ။ တင်စီး၍ နှိမ်၍ ပြောဆိုတတ်မည် ။ အနိုင်ယူလိုတတ်သည် ။ မိန်းမက မိမိကိုချစ်ခင်ပြီး အမြင်ကပ် တတ်သည် ။

မိမိမှာ ကျန်းမာရေး နှင့် ပတ်သက်၍ အလုပ်အလွန်ပင်ပန်းလျှင် ကျန်းမာရေး မကောင်း ဖြစ်တတ်မည် ။ မိမိမှာ ရောဂါ ကြီးများ မရှိပါ ။ ရောဂါ ပေးသော်လည်း အသက်ဘေးရန်မရှိပါ ။ မိမိမှာ မည် သည့်ဝေဒနာကိုမဆို ကြာရှည်မခံစားရတတ်ပါ ။ မကြာခဏ ရာသီဖျား ရောဂါ လေးများ ဖြစ်တတ်ပါသည် ။ တုတ်ကွေး ၊ အနာစိမ်း စသဖြင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်တတ်သော ဝေဒနာများ ကို ခံစားရတတ်ပါသည် ။

မိမိဘ၀တွင် အသက်(၂) နှစ် ၊ (၁၁) နှစ် ၊ (၂၀) နှစ် ၊ (၂၉) နှစ် ၊ (၃၈)နှစ် ၊ (၄၇) နှစ် ၊ (၅၆) နှစ် ၊ (၅၉) နှစ် များ ၌ ထူးထူးခြားခြား အပြောင်းအလဲများ ဖြစ်တတ်ပါသည် ။ မိမိဘ၀၌ ကောင်းကျိုးနှင့် ဆိုးကျိုးများ ကို ခံစားရပါမည် ။

မိမိနှင့် သင့်တော် သော ကျောက်မြက်ရတနာများ မှာ ရွှေနှင့် ငွေ ဖြစ်ပါသည် ။ မိမိနှင့် အမြဲတမ်းဆောင်ထားပါ ။ လက်စွပ်ဝတ်သော အခါ ရွှေကွပ်ထားသော နီလာလက်စွပ်ကို ၀တ်ဆင်ပါ ။ မိမိမှာ ကျန်းမာရေး ညံ့ဖျင်းလျှင် ဘုရား၏ ဒူးတော် ၊ ရင်တော် များ ၌ ရွှေချပေးပါ ။ ငွေခေါင်းလောင်း လှူပါ ။

မိမိနှင့် သင့်တော် သော အရောင် များ မှာ ကြည်ပြာရောင် နှင့် မိုးသားရောင် များ ဖြစ်ပါသည် ။ မိမိအတွက် လာဘ်ကောင်းပါသည် ။

မိမိကျန်းမာရေး ညံ့နေလျှင် ၊ စီးပွားရေး ကျဆင်းနေလျှင် ၊ အကြံအစည်များ ပြုလုပ်လိုလျှင် ကိုးရက်ဥပုသ်စောင့်ပါ ။ ဘုရားကိုးဆူလုပ်ပါ ။ တစ်နေ့ လျှင် ပုတီးကိုးပတ်စိပ်ပါ ။ မကောင်းပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••


ညှင်းဖဲ (အိမ်ရှေ့မင်းသား)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ညှင်းဖဲ (အိမ်ရှေ့မင်းသား) ဖြစ်နေလျှင် ၊ သင့်ဘ၀တစ်ခုလုံး အခြေအနေအရပ်ရပ်တို့ သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည် ။

ဤညှင်းဖဲ (အိမ်ရှေ့မင်းသား) ရရှိသော သူတို့ သည် အမြဲတမ်း အတိုက်အခံဘ၀ဖြင့် တိုးတက်ကြီးပွားရသော ဇာတာမျိုး ဖြစ်ပါသည် ။ သာမန် ရိုးရိုးသားသားနေရုံနှင့် မိမိဘ၀မှာ တိုးတက်လာနိုငစရာ အကြောင်းမရှိပါ ။ မိမိမှာ အေးအေးဆေးဆေးနေလျှင် အကျိုးမရှိတတ်ပါ ။ မိမိမှာ အပြိုင်အဆိုင်များ လေ ၊ အတိုက်အခံများ လေ အောင်မြင်လေ ဖြစ်တတ်ပါမည် ။ မိမိ၏ ကုသိုလ်ကံမှာ ရှုံးတော့ မလိုနှင့် နောက်ဆုံးနှာတစ်ဖျားဖြင့် အနိုင်ရတတ်သော ကုသိုလ်ကံ ဖြစ်ပါသည် ။ မိမိမှာ အလွန်စိတ်ဓာတ်ကျပြီးမှ ၊ စိတ်အားငယ်ပြီးမှ အောင်ပွဲဆက်ခံရသော ကံ ဖြစ်၏ ။

မိမိက မည် သူကိုမျှ အကူအညီပေး၍ မည် မျှစေတနာထားသော်လည်း ထိုနာမည် ကောင်းမှာ မပေါ်ဘဲ မိမိ၏ မကောင်းများ ၊ မိမိ၏ ပျော့ကွက်များ သာ ပေါနေတတ်ပါမည် ။ သို့ သော် ထိုပျော့ကွက်များ ၊ ထိုမကောင်းများ ကြောင့် လည်း မိမိ၏ အရည်အသွေးများ အလိုလိုပေါ်ပေါက်လာတတ်ပါမည် ။ မိမိက သဘောကောင်းသလို အလွန်လည်း စေတနာကောင်းပါသည် ။ ထိုစေတနာကို အမြဲဝေဒနာ အလုပ်ခံရတတ်ပါမည် ။ မိမိကို ပတ်ဝန်းကျင် က မကောင်းထင်ကြပါမည် ။ အထင်သေးကြပါမည် ။ နောက်ဆုံး မိမိမှန်သည် ဖြစ်ပြီး မိမိကိုသာ လာရောက်၍ တောင်းပန်ကြရပါမည် ။

မိမိမှာ အမြဲတမ်း ရောက်ရာနေရာ၌ လူယုံတော် ဖြစ်ရတတ်ပါမည် ။ မိမိမှာ အလုပ်အကိုင်၌ အချင်းချင်းနှင့် မကောင်းတတ်ပါ ။ အချင်းချင်း၏ ပြိုင်ဆိုင်တိုက်ခိုင်ခြင်း အမြဲတမ်း ခံနေရတတ်ပါမည် ။ မနာလို ဖြစ်ကြတတ်မည် ။ မိမိက မည် မျှရိုးရိုးသားသား ၊ ကြိုးကြိုးစားစား နေသော်လည်း ၊ မည် မျှ ဖြေးဖြေးနှေးနှေး အေးအေးဆေးဆေးနေသော်လည်း ပတ်ဝန်းကျင်က အကောင်းမထင်တတ်ပါ ။ မိမိကို ရှိုးကြီးသည် ၊ ဟန်ကြီးသည် ၊ မာနကြီးသည် ၊ ဘ၀င်မြင့်သည် ၊ ၀မရှိဘဲ ၀ိလုပ်သည် ၊ လူကြီးများ ကို မျက်နှာလိုမျက်နှာရ လုပ်သည် ။ ဖော်လံဖားသည်ဟု ထင်မြင်ခြင်း ခံရတတ်ပါသည် ။ အမှန်မှာ မိမိမှာ လုံးဝဖော်လံဖားခြင်း ၊ မျက်နှာလိုမျက်နှာရလုပ်ခြင်း မရှိပါ ။ မိမိက မည် သူနှင့် မဆို ခပ်တည်တည် နေတတ်ပါမည် ။

မိမိကို အထက်လူကြီးများ က ယုံကြည်မည် ။ အားကိုးမည် ။ အထင်အမြင်ကြီးမည် ။ သူများ မလုပ်နိုင်သော အလုပ်များ ကို ခိုင်းစေတတ်မည် ။ မိမိကလည်း မ ဖြစ် ဖြစ်အောင် လုပ်တတ်မည် ။ သူများ မလုပ်နိုင်သော နေရာများ ၊ သူများ လက်မြောက်ထားသော အရပ်များ ၌ မိမိကိုစေလွတ်၍ ခိုင်းစေတတ်ပါမည် ။ မိမိ၏ က့တရားမှာ သူများ တိုက်လေ ၊ မိမိနာမည် ကြီးလေ ၊ သတင်းကြီးလေ ၊ ဂုဏ်ကြီးလေ ဖြစ်တတ်မည် ။ မိမိက အချင်းချင်းနှင့် မည် မျှစေတနာထား၍ ဆက်ဆံသော်လည်း အကောင်းမထင်တတ်ပါ ။ မိမိစေတနာကို အမြဲတမ်း ဝေဒနာထင်နေကြတတ်ပါမည် ။

မိမိမှာ အလုပ်တစ်ခု၌ အလွန်ဇွဲရှိပါမည် ။ အ ဖြစ်မနေလုပ်တတ်ပါမည် ။ မအိပ်မနေ လုပ်တတ်မည် ။ လုပ်မည် ဟူ၍ ဆုံးဖြတ်ထားသော ကိစ္စတစ်ခုကို အကျိုးရှိရှိ ၊ မရှိရှိလုပ်တတ်ပါမည် ။ မိမိက အလွန်စိတ်မြန် ကိုယ်မြန်ရှိပါသည် ။ ကြာရှည်လုပ်ရသော အလုပ်မျိုးနှင့် မကောင်းပါ ။ ပေါ်ပင်အလုပ်မျိုးနှင့် ကောင်းပါသည် ။ မိမိ၏ အလွန်ဆိုးဝါးသော အားနည်းချက်တစ်ခုရှိပါသည် ။ မိမိမှာ ကြိုးစားသင့်သော အချိန်၌ မကြိုးစားဘဲ အချိန်လွန်ပြီးမှ ကြိုးစားတတ်သော ၀ါသနာပင် ဖြစ်ပါသည် ။ မိမိက လုပ်စရာ အခွင့်အရေး များ ရသော အခါ မလုပ်တတ်ပါ ။ အခွင့်အရေး ကုန်ပြီးမှ လုပ်တတ်သော စိတ်ရှိပါသည် ။ ထို့ ကြောင့် မိမိ၏ ရသင့်ရထိုက်သော အခွင့်အရေး များ မှာ အလကားနေရင်း ဆုံးရှုံးရတတ်ပါသည် ။

မိမိ၏ ရည်ရွယ်ချက် အထမြောက်ရန်အတွက် မည် မျှတရားသည် ဖြစ်စေ ၊ မတရားသည် ဖြစ်စေ လုပ်တတ်မည် ။ မိမိက လိုချင်လျှင် ရအောင်ယူတတ်မည် ။ မိမိကို အများ က အလွန်အထင်အမြင်ကြီးစေချင်ပါသည် ။ အလွန်ဂုဏ်သိမ် ၊ အသရေမြင့်စေလိုသော စိတ်ရှိပါသည် ။ မိမိက အလွန်သိက္ခာထိန်းတတ်သော စိတ်ရှိသည် ။ အများ ရှေ့၌ ပြောသင့်သော စကား ၊ မပြောသင့်သော စကားများ ကို အလွန်ရွေး၍ ပြောဆိုတတ်မည် ။ မိမိမှာ ကိုယ်လွတ်ရုန်းတတ်သော စိတ်ရှိသည် ။ ပြဿနာ ဖြစ်လာလျှင် မိမိက အမြဲတမ်း တန်ဆာခံထားတတ်သော ၀ါသနာရှိပါသည် ။

မိမိမှာ လက်ရှိအခြေအနေ အမြဲတမ်း တိုးတက်အောင် ကြံစည်လုပ်ကိုင်တတ်မည် ။ ဘ၀ကို အမြဲတမ်း တိုက်ပွဲဆင်နေတတ်သူ ဖြစ်ပါသည် ။ မိမိက တုံးတိုက်တိုက် ၊ ရေတိုက်တိုက် လုပ်တတ်မည် ။ မှားပြီးမှလည်း နောင်တရနေတတ်သော ၀ါသနာရှိတတ်မည် ။ မိမိ၏ ပင်ကိုယ်စိတ်သဘောမှာ နူးညံ့သိမ်မွေ့ ပြီး လူကြီးလူကောင်း စိတ်ရှိပါသည် ။ မိမိမှာ မျိုးချစ်စိတ်ဓာတ်ရှိတတ်သည် ။ တိုင်းပြည် ချစ်တတ်မည် ။ လူမျိုးကို ချစ်တတ်မည် ။ အနည်းငယ် အငြင်းအခုန်သန်တတ်မည် ။ အနိုင်ယူလိုစိတ်ကြီးတတ်သည် ။

စကားပြောကောင်းပြီး တစ်ဖက်သားကျလောက်အောင် ဆွဲဆောင်ပြီး ပြောဆိုနိုင်စွမ်း ရှိပါသည် ။ မိမိက ပြောစရာရှိလျှင် သာသာနှင့် နာနာပြောဆိုတတ်မည် ။ ကြားရသော တစ်ဖက်သားမှာ အမြဲတမ်း အောင့်သက်သက် ဖြစ်သွားတတ်ပါမည် ။ မိမိမှာ ထိုင်နေလျှင် အလွန်ပျင်းနေတတ်မည် ။ တစ်ခုခုလုပ်ရမှ ပျော်နေတတ်မည် ။ မိမိက ဖြစ်သလိုနေပြီး ၊ ဖြစ်လေရာဘ၀၌ ပျော်နေတတ်မည် ။ စိတ်ထဲက ပူပင်ကြောင့်ကြ တတ်သော်လည်း နှုတ်ဖျားမှ ပျော်ပါးစွာ နေတတ်မည် ။

မိမိ ဒုက္ခမည် မျှရောက်နေပါစေ သူများ မသိစေတတ်ပါ ။ မိမိက အိမ်သူအိမ်သားများ ကိုပင် မိမိ၏ ဒုက္ခကို ခွဲဝေမပေးတတ် သူ ဖြစ်ပါသည် ။ သို့ ကြောင့် မိမိ၏ အိမ်သားများ မှာ မိမိ၏ ဒုက္ခအမှန်ကို မသိကြဘဲ အမြဲတမ်း ဘော်ကြော့်နေတတ်မည် ။ ပေါ့ပေါ့နေပေါ့ပေါ့စား လုပ်နေကြတတ်မည် ။ မိမိက အလွန်ဒေါသထွက်နေတတ်မည် ။ မိမိက အိမ်သူအိမ်သားများ အပေါ် အလွန်လိုက်လျော်၍ အလိုလိုက်တတ်မည် ။ နောက်မှ နောင်တရနေတတ်ပါမည် ။

မိမိစိတ်က ပိုင်းဖြတ်ပြီးလျှင် နောက်ကို မည် သည့်အခါမှ လှည့်ကြည့်တတ်သော ၀ါသနာမရှိတတ်ပါ ။ မိမိက သည်းခံစရာ ရှိလျှင် သူများ ထက်သည်းခံတတ်ပြီး ၊ လုပ်စရာရှိလျှင် သူများ ထက် ရက်ရက်စက်စက် လုပ်တတ်သူ ဖြစ်သည် ။ မိမိကို တစ်စုံ တစ်ယောက် က မတရားလုပ်ထားလျှင် အမြဲတမ်း လက်စားချေရန် စိတ် ဖြစ်နေတတ်မည် ။ အလွန်ရန်ညှိုးကြီးပါသည် ။ မိမိက ပြန်မလုပ်ရမချင်း မအိပ်နိုင် ၊ မစားနိုင် ဖြစ်နေတတ်ပါမည် ။ မိမိကို အပ်နှင့် ထွင်းလျှင် မိမိက ပေါက်ဆိန်နှင့် ပြန်ထွင်းရမှ ကျေနပ်တတ်ပါသည် ။ ထို့ ကြောင့် မိမိက လွန်နေမည် ။ မိမိလုပ်သည်ကို မြင်ပြီး သူများ လုပ်သည်ကို မမြင် ဖြစ်နေတတ်ပါမည် ။

အိမ်ထောင်ရေး နှင့် ပတ်သက်၍ သူချစ်ကို မရဘဲ ကိုယ်ချစ်ကို ရှာရတတ်မည် ။ အသည်းနင့်အောင် ချစ်ရသော သူက မိမိကို သစ္စာဖောက်တတ်မ် ။ ချစ်သူအပေါ် အလွန်အလိုလိုက် တတ်မည် ။ အလွန်ယုံကြည်တတ်မည် ။ ချစ်သူပြောသမျှ နားဝမှာ ချိုဆိမ့်တတ်သူ ဖြစ်ရာ မိမိမှာ ထို့ ကြောင့် ပင် စိတ်ဒုက္ခရောက်ရတတ်သည် ၊ စိတ်ဆင်းရဲရတတ်သည် ။ အကယ်၍ မိမိမှာ မိန်းမ ဖြစ်လျှင် လည်း ချစ်သူစကား အယုံလွယ်ပြီး လိုက်သွားတတ်၍ ဒုက္ခရောက်ရတတ်သည် ။ အထူး သတိထားပါ ။

မိမိသဘောကျ မယူဘဲ လူကြီးမိဘ သဘောကျယူပါ ။ စိတ်ချမ်းသာရတတ်သည် ။ မိမိက မိန်းမများ အပေါ် အထူးအရှက်အကြောက် အိနြေ္ဒကြီးတတ်မည် ။ မစရဲ ဖြစ်နေတတ်မည် ။ မိမိက မည် သည့် မိန်းမကိုယူသူ အမြဲတမ်း အထင်သေးနေတတ်ပါမည် ။မကြာခဏ ပါးစပ်က ဖွင့်ပြောနေကြပါမည် ။ မိန်းမကြောင့် စိတ်ဆင်းရဲ တတ်ပါမည် ။ မိမိသဘောကျမနေ ဖြစ်နေမည် ။ မိမိကို တော် လှန်နေတတ်မည် ။ ထင်ရာလုပ်နေမည် ။ အပြင်ဘန်းက မိမိက မိန်းမကို နိုင်သည်ဟု ထင်ရသော်လည်း လက်တွေ့ ၌ မိမိကသာ မိန်းမစကား နားထောင်နေရတတ်ပါမည် ။ မိမိဘက်က ဆွေမျိုးများ ကပင် မိမိအား မကြာခဏအပြစ်တင် ပြောဆိုကြပါမည် ။

မိမိမှာ ကျန်းမာရေး ကောင်းသည်ဟု မဆိုနိုင်သော်လည်း မကောင်းဟူ၍ လည်း မပြောနိုင်ပါ ။ မိမိမှာ ကျန်းမာရေး မှန်မှန်ကောင်းပါသည် ။ ရောဂါ ကြီးလည်း မရှိပါ ။ ရောဂါ ပေးသော်လည်း ဘေးဥပါဒ်အန္တရာယ် မရှိတတ်ပါ ။ မိမိမှာ စိတ်ဆင်းရဲလျှင် စိတ်ရှုပ်လျှင် ကျန်းမာရေး ကျဆင်းတတ်မည် ။ အခြားမဲ့၌ ရောဂါ မပေးတတ်ပါ ။ မကြာခဏ အပရိက ရောဂါ လေးများ ဖြစ်တတ်ပါမည် ။

မိမိအသက် (၇) နှစ် ၊ (၁၆) နှစ် ၊ (၂၅) နှစ် ၊ (၃၄) နှစ် ၊ (၄၃) နှစ် ၊ (၅၂) နှစ် ၊ (၆၁) နှစ် များ ၌ ထူးထူးခြားခြား အပြောင်းအလဲများ ရှိပါသည် ။ ကောင်းကျိုးနှင့် ဆိုးကျိုးများ ကို ခံစားရပါမည် ။ မိမိ၌ ငယ်ဇာတာညံ့ပါသည် ။ အိုဇာတာ ပထမတန်းကောင်းပါသည် ။ အိုဇာတာတွင် အလှူအတန်းများ ပေးရတတ်မည် ။ ထီများ ပေါက်ရတတ်မည် ။ အိမ်ပိုင်ယာပိုင်နှင့် နေရသော ကံဇာတာ ဖြစ်ပါသည် ။ သားသမီးများ ကို အမွေအနှစ် ပေးပြီးမှ သေရတတ်ပါမည် ။

မိမိနှင့် သင့်တော် သော ကျောက်မြက်ရတနာများ မှာ ကျောက်စိမ်းနှင့် ပုလဲများ ဖြစ်ပါသည် ။ နီလာမကောင်းပါ ။ မိမိမှာ နီလာလက်စွပ် ၀တ်လျှင် နေထိုင်မကောင်း ဖြစ်တတ်မည် ။ အမြဲတမ်း ပုလဲဝတ်ဆင် ထားပါ ။ ပုလဲမရက ကျောက်ဖြူကို ၀တ်ဆင်ထားနိုင်ပါသည် ။

မိမိနှင့် သင့်တော် သော အရောင် မှာ အဖြူနှင့် စစ်သမီးရောင် (အစိမ်းပုတ်) များ ဖြစ်ပါသည် ။ မိမိက အကြံအစည်များ ပြုလုပ်သော အခါ၌ လည်းကောင်း ၊ စီးပွားရေး များ ပြုလုပ်သော အခါ၌ လည်းကောင်း ၊ ဆိုးဘုတ်များ တင်သော အခါ၌ အစိမ်းပုတ်ရောင် ခံပြီး အဖြူဖြင့် ရေး ပါ ။ အထူးကောင်းပါမည် ။ ကျန်းမာရေး ချို့ တဲ့လျှင် အနီရောင် ကို ခေါင်းအုံးစွပ်လုပ်၍ အုံးပါ ။ အထူးကောင်းပါသည် ။

မိမိမှာ ကံဇာတာညှိုးနွမ်းနေလျှင်လည်းကောင်း ၊ စီးပွားရေး အဆင်မပြေလျှင်လည်းကောင်း ၊ ကျန်းမာရေး မကောင်း ဖြစ်နေလျှင် လည်းကောင်း ဘုရားတွင် ပန်းအပွင့် (၁၀၈) ပွင့် လှူပါ ။ ပန်းရောင် စုံ ဖြစ်သည် ။ မိမိမှာ မကောင်းပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

ဒုတိယပိုင်း

ထောင့်ဖဲအဟောများ ဖြစ်ခြင်းတရားများ နှင့် ပျက်ခြင်းတရားကိုစိုးမိုးနိုင်သူကား ဘုရားမှတစ်ပါး မည် သူမျှမရှိပါ

ထောင့်ဖဲ (၁)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ထောင့်ဖဲ (၁) ဖြစ်နေပါလျှင် သင့်ဘ၀တစ်ခုလုံး ဖြစ်ရပ်အထွေထွေတို့ သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည် ။

ဤ ထောင့်ဖဲ (၁) ရရှိသော သူတို့ သည် သဘောထားသေးသိမ်ပြီး ငါမှတစ်ပါး ငါ့ဒူးမှ မယုံကြည်ဟူသော လူစားမျိုး ဖြစ်တတ်ပါသည် ။ မိမိမှာ မည် သူကိုမှ မယုံကြည်တတ်ပါ ။ မည် သူ့ ကိုမှလည်း အားမကိုး တတ်ပါ ။ သူများ က မည် သို့ မိုးပျံအောင် တတ်နေသော်လည်း တစ်စက်ကလေးမှ အထင်မကြီးသူလည်း ဖြစ်ပါသည် ။ မိမိကိုယ်ကို မိမိအထင်ကြီးပြီး လုပ်ကိုင်စရာများ ကို မိမိကိုယ်တိုင် လုပ်ကိုင်လိုက်ရမှ ကျေနပ်နှစ် သိမ့်မည် ။ သူများ ကို မယုံကြည်တတ်ဘဲ ၊ သူများ ကို မခိုင်းစေတတ်သော ကြောင့် နေရာတကာတွင် မိမိမှာ ပင်ပန်းနေရတတ်မည် ။ မိမိကသာလုပ်နေရတတ်မည် ။

မိမိက ယုံကြည်ချက် အလွန်ပြင်းပြတတ်သည် ။ ကိုယ့်ကိုယ်ကို ယုံကြည်တတ်သည် ။ ငါလုပ်လျှင် ဖြစ်ရမည် ဟူသော စိတ်ကြောင့် မ ဖြစ်မနေ လုပ်တတ်သော စိတ် ရှိပါသည် ။ ရဲတင်း ဖြတ်လပ်ပြီး အစွမ်းသတ္တိနှင့် ပြည့်စုံပါသည် ။ အေးအေးဆေးဆေး နေတတ်မည် ။ တည်ငြိမ်ပြီး တစ်ခုတည်းကိုသာ တစ်စူးတစ်စိုက် လုပ်တတ်သော စိတ်ရှိပါသည် ။ မိမိမှာ တယူသန်ပါသည် ။ မိမိက မှန်သည်ဟု ဆုံးဖြတ်လျှင် ဘုရားသော်မှ ချွတ်၍ မကျွတ်သော စိတ်ရှိသည် ။ တိကျပြတ်သားပြီး စည်းကမ်းကြီးသော ကြောင့် တော် ရုံလူများ နှင့် ပေါင်းသင်း၍ မရပါ ။ မိမိကလည်း လူတိုင်းနှင့် မပေါင်းသင်တတ်ပါ ။ အမှန်မှာ ဘ၀င်မြင့်၍ မဟုတ်ပါ ။ မိမိက စည်းကမ်းရှိခြင်းသာ ဖြစ်ပါသည် ။

မိမိမှာ သစ္စာရှိသည် ။ စေတနာပါသည် ။ သူများ အလုပ်ကိုပင် ကိုယ့်အလုပ်လို လုပ်တတ်မည် ။ စိတ်ဆောင်၍ လုပ်တတ်သော ကြောင့် များ သော အားဖြင့် မိမိလုပ်သမျှတို့ သည် အောင်မြင်ရတတ်ပါသည် ။ မိမိမှာ ပင်ပန်းခံရခြင်း၏ အကျိုးကို ခံစားရပါမည် ။ သို့ သော် မိမိက အားမနာပါနှင့် ၊ မိမိက လူတစ်ဖက်သားကို အလွန်အားနာတတ်ပါသည် ။ လိုက်လျောတတ်ပါသည် ။ စေတနာကောင်းနေတတ်ပါသည် ။ ထို့ ကြောင့် လည်း မိမိရရှိမည့်  အခွင့်အရေး များ ကို သူများ အား ပေးပစ်တတ်သော ကြောင့် မိမိမှာ အခွင့်အရေး အမျိုးမျိုး ဆုံးရှုံးရတတ်ပါသည် ။

မိမိမှာ ကိုယ့်ဒူးကိုယ်ချွန်ဇာတာ ဖြစ်ပါသည် ။ မိမိဖာသာ အောင်မြင်ရေး ၊ တိုးတက်ရေး ၊ ကြီးပွားရေး ၊ ကျော်ကြားရေး များ အတွက် မိမိဖာသာ ကြိုးစားရပါမည် ။ သူများ ကြောင့် အချောင် ဖြစ်မလာတတ်ပါ ။ မိမိမှာ အခွင့်အရေး ကြောင့် အောင်မြင်လာခြင်းမဟုတ်ဘဲ နဖူးမှ ချွေးခြေမကျအောင်လုပ်ပြီး အခါခပ်သိမ်းကြိုးစားအလားထုတ်ပြီး အောင်မြင်လာရခြင်း ဖြစ်ပါသည် ။ သို့ သော် မိမိကိုမှီး၍ လူပေါင်းများ စွာ တို့ သည် အောင်မြင်ကြပါမည် ။ ကျော်ကြားကြပါမည် ။ ထင်ရှားကြပါမည် ။ မိမိမှာ မူ သူများ ကိုအားကိုးလျှင် ပိုမို၍ ပင်ကျဆုံး ရတတ်ပါသည် ။

မိမိဖာသာ လုပ်သမျှ မိမိအကျိုးကျေးဇူးရှိမည် ဖြစ်သည် ။ မိမိမှာ မိဘကိုလည်း အားကိုး၍ မရ ၊ ညီအစ်ကိုမောင်နှမဆွေမျိုးညာတိကိုလည်း အားကိုး၍ မရ ။ တပည့်လက်သား ၊ သားသမီးများ ကိုလည်း အားကိုး၍ မရ ။ မိမိဖာသာကြိုးစား၍ မိမိအောင်မြင်မှုကို ပြုပြင်ဖန်တီးရပါမည် ။ မိမိမှာ အောက်သက်ကျေတတ်ပါသည် ။ အမျိုးမျိုးသော အနစ်နာခံမှုတို့ ကို ခံပြီးမှ ယနေ့ လက်ရှိဘ၀ကို ရောက်ရှိလာခြင်း ဖြစ်ပါသည် ။

မိမိကိုယ်ပိုင် အလုပ်လုပ်လျှင် မကောင်းပါ ။ မကြာခဏ ငွေကြေးအလိမ်ခံနေရမည် ။ လက်လှည့်ငွေများ ပါသွားတတ်မည် ။ အားနာပြီး လိုက်လျောနေတတ်လွန်းသော ကြောင့် မကြာခဏ စေတနာ့ ဝန်ထမ်း ဖြစ်နေရတတ်ပါမည် ။ မိမိမှာ ခေါင်းကောင်းသော်လည်း မေ့တတ်သော ဦးနှောက် ဖြစ်ပါသည် ။ ထားပြီးမေ့ ၊ ပေးပြီးမေ့ ၊ သွားပြီးမေ့နေတတ်ပါမည် ။ သို့ ကြောင့် အထူးသတိထားပါ ။ မိမိ၌ မကြာခဏ အထားမှား၍ ၊ အပေးမှား၍ ပစ္စည်းဥစ္စများ ပျောက်တတ်ပါသည် ။

မိမိမှာ ငွေနှင့် အနည်းငယ်ဝေရတတ်ပါသည် ။ မိမိက တစ်ကျပ်မှန်းလျှင် ငါးမူးလောက်သာ အကျိုးရှိနေတတ်ပါမည် ။ မကြာခဏ ရမည် ရမည် ဖြစ်ပြီးမှ မရ ဖြစ်နေတတ်သည် ။ သူများ ကလည်း ပေးမည် ဟူ၍ ကတိပေးပြီး မရ ဖြစ်နေတတ်မည် ။ သူများ ကို ငွေကြေးများ ပေးပြိးလည်း ပြန်မရ ဖြစ်နေတတ်မည် ။ နည်းနည်း ပါးပါးငွေများ ကို ရေစက်ချအမျှဝေ၍ အလှူလုပ်နေရမည် ။ ပြန်ရလမ်း မရှိတတ်ပါ ။ မိမိက အလွန်အကြွေးကြောက်တတ်ပါသည် ။ သို့ သော် မိမိမှာ အကြွေးနှင့် မကင်းတတ်ပါ ။ မိမိက သူများ ထံမှ အလကားမလိုချင်တတ်ပါ ။ သူများ ကိုလည်း အလကားမပေးချင်တတ်ပါ ။ သူ့ တန်ရာတန်ဖိုး ပေးလိုစိတ်ရှိပါသည် ။

မိမိက တစ်ခါတစ်ရံ နည်းနည်း ပါးပါးနှင့် ကိစ္စပြီးရမည့်  အရေး ၌ ကြီးကြီးကျယ်ကျယ် လုပ်နေတတ်မည် ။ လွယ်ရမည့်  နေရာမှာ ခက်နေပြီး ၊ ခက်ရမည့်  နေရာမှာ လွယ်နေတတ်ပါသည် ။ မိမိက အပ်နှင့် ထွင်းရမည့် နေရာမှာ ပေါက်ဆိန်နှင့် ထွင်းနေတတ်သော ကြောင့် မကုန်သင့်သော အချိန်များ အလကားကုန်နေတတ်မည် ။ မိမိက အမြဲတမ်း ကြီးကြီးကျယ်ကျယ် ကြံစည်တတ်မည် ။ ကြီးကြီးကျယ်ကျယ် လုပ်ကိုင်တတ်မည် ။ လက်ရှိအခြေအနေမှ ပို၍ တိုးတက်အောင် လုပ်ကိုင်တတ်မည် ။

မိမိစိတ်မှာ အမြဲတမ်း အောက်ကို မိမိငုံ့ ကြည့်ပြီး အထက်ကို အမြဲတမ်း တက်လှမ်းနေသူ ဖြစ်မည် ။ ဘ၀တူများ ကို ကြင်နာသနားတတ်မည် ။ ဘူဇွာများ ကို ရွံတတ်မည် ။ မိမိက အခွင့်အရေး ကောင်းများ ကို မယူတတ်ပါ ။ ရိုးရိုးသားသား သဘောကျတတ်မည် ။ အမှန်တရားကို သဘောကျပြီး အမြဲ အမှန်တရားဘက်မှ ရပ်တည်နေတတ်သော စိတ်ရှိပါမည် ။

မိမိမှာ စိတ်ထင်လျှင်တစ်မျိုး ၊ မထင်လျှင်တစ်မျိုး ဖြစ်မည် ။ မိမိသဘောကျလျှင် ခြေထောက်မှဖက်၍ နေတတ်မည် ။ မိမိသဘော မကျလျှင် မိုးပေါ်က သိကြားပင် ဖြစ်ပါစေ လုံးဝဂရုမစိုက်တတ်ပါ ။ မိမိက ပျော်ရွင်စွားနေတတ်မည် ။ လွတ်လပ်မှုကို သဘောကျမည် ။ အမြဲတမ်းစိတ်ကို ရွှင်ရွှင်လန်းလန်းထား၍ လုပ်ကိုင်တတ်မည် ။ စိတ်ညစ်မိလျှင်တော့ မပြေတော့ပါ ။ ဒေါသထွက်မိလျှင်လည်း မပြေတော့ပါ ။ ခွင့်လွှတ်စရာရှိလျှင် အလွန်ခွင့်လွှတ်တတ်မည် ။

မိမိမှာ ပတ်ဝန်းကျင်စကားကို အနည်းငယ်ယုံကြည်တတ်မည် ။ နားယောင်တတ်မည် ။ မိမိကို မြောက်ပင့်ပြောဆိုလျှင် သဘောကျတတ်မည် ။ ပတ်ဝန်းကျင်ကြောင့် မိမိ၏ အေးချမ်းသော ဘ၀၌ အနှောက်အယှက် ဖြစ်လာရတတ်ပါသည် ။ မိမိ၏ သာယာသော ဘ၀မှာ ညစ်နွမ်းရတတ်ပါသည် ။ အထူးသတိထားပါ ။ ဘေးဘယာ ဝေးကွာစေရန် မိမိကိုယ်ကို ပြုပြင်ပါ ။

မိမိမှာ ပညာရေး နှင့် ပတ်သက်၍ ကြိုးစားအားထုတ်မှုပေါ်တွင် မူတည်၍ အောင်မြင်တတ်ပါမည် ။ မိမိက အပင်ပန်းခံသဘောက် အကျိုးရှိတတ်ပါသည် ။ မိမိက ပညာရေး တွင် ပျင်းပျင်းပေါ့ပေါ့နှင့် သင်ကြားတတ်မည် ။ မိမိ၏ အိမ်ကပင် အထင်သေးကြရတတ်ပါသည် ။ မိမိမှာ ဖတ်စတွင် အလွန်ခေါင်းကောင်းပါသည် ။ ကြာလျှင် အားလုံးမေ့တတ်ပါမည် ။ စာမေးပွဲဖြေပြီးမှ ဒါမဖြေမိလေခြင်း ၊ ဟိုဟာ မဖြေမိလေခြင်း နှင့် နောင်တရတတ်ပါသည် ။ မိမိမှာ အတွက်အချက် မကောင်းပါ ။ ဉာဏ်စမ်းများ ထဲ၌ အခက်အခဲတွေ့ နေရတတ်ပသည် ။ ကျက်စာဖြင့် ကောင်းပါသည် ။ သိပ္ပံဖက်ရလျှင်လည်း ကျောင်းဆရာစာရင်းဖက်တွင် ဖြတ်တတ်ပါမည် ။

မိမိမှာ အိမ်ထောင်ရေး ကောင်းပါသည် ။ မိမိအပေါ် အနစ်နာခံသော မိန်းမနှင့် ရတတ်ပါမည် ။ မိမိက အနိုင်ရတတ်ပါမည် ။ မိမိစကားမြေ၀ယ်မကျ နားထောင်သော မိန်းမနှင့် ရတတ်ပါမည် ။ မိမိ၏ ဆွေမျိုးများ အပေါ် မည် မျှအနစ်နာခံသော်လည်း အကောင်းမထင်တတ်ကြပါ ။ မိမိတို့ မှာ အိမ်ခွဲနေလျှင် အလွန်ကောင်းပါသည် ။ ယူစတွင် မိဘများ သဘောမတူ၍ လည်းကောင်း ၊ မိဘက သဘောမကျ၍ လည်းကောင်း ယူရတတ်မည် ။ ယူပြီးမှ အထူးသာယာတတ်မည် ။ ဘက်ညီသော အိမ်ထောင်ဖက်နှင့် ရတတ်ပါသည် ။ မိန်းမကို အားမလိုအားမရ ဖြစ်တတ်ပါသည် ။ အထင်သေးတတ်ပါမည် ။ မိမိကိုလည်း မကြာခဏ ဟိုယောက်ျား ၊ ဒီယောက်ျား များ နှင့် နှိုင်း၍ ပြောဆိုတတ်မည် ။

မိမိမှာ ကျန်းမာရေး နှင့် ပတ်သက်၍ ရောဂါ ကြီးများ မရှိပါ ။ ရောဂါ ပေးသော်လည်း ဘေးအန္တရာယ် မရှိပါ ။ မိမိမှာ ကျန်းမာရေး ကောင်းပါသည် ။ မိမိမှာ အပင်ပန်းမခံလျှင် ၊ စိတ်ဒုက္ခရောက်နေလျှင် ကျန်းမာရေး မကောင်း ဖြစ်နေတတ်မည် ။မိမိ၌ သွေးလေ မညီညွတ်သော ရောဂါ များ ဖြစ်တတ်ပါသည် ။

မိမိအသက် (၃) နှစ် ၊ (၁၂) နှစ် ၊ (၂၁) နှစ် ၊ (၃၀) နှစ် ၊ (၃၉) နှစ် ၊ (၄၈) နှစ် ၊ (၅၇) နှစ် ၊ (၆၆) နှစ် များ တွင် ထူးထူးခြားခြား အပြောင်းအလဲများ ဖြစ်တတ်ပါသည် ။ အကောင်းအဆိုးများ ခံစားရတတ်ပါသည် ။

မိမိနှင့် သင့်တော် သော ကျောက်မြက်ရတနာများ မှာ စိန်နှင့် ကြောင် ဥဿဖယားများ ဖြစ်ပါသည် ။ ကျောက်ဖြူများ လည်း ကောင်းပါသည် ။ မိမိမှာ လက်စွပ် ၊ လက်ကောက် ၊ လည်ဆွဲများ လုပ်လျှင် စိန်ဖြင့် ပြုလုပ်ပါ ။ စိန်မတတ်နိုင်က ကျောက်ဖြူများ နှင့် လုပ်ပါ ။

မိမိနှင့် သင့်တော် သော အရောင် များ မှာ ခိုရောင် နှင့် ခရမ်းရောင် များ ဖြစ်ပါသည် ။ မိမိအတွက် အထူးလာဘ်ကောင်းပါသည် ။ သင့်တော် ပါသည် ။

မိမိမှာ ခရီးသွားလျှင် အရှေ့အရပ်ကို များများ သွားပေးပါ ။ မိမိအတွက် အထူးလာဘက်လာဘ ရွှင်ပါမည် ။ မိမိကို ကူညီမစမည့် သူများ ပေါ်ပေါက်လာပါမည် ။ မိမိမှာ အရှေ့အရပ်တွင် နေထိုင်သူထံမှ စုပုံစုလိုက် ငွေရတတ်ပါသည် ။

မိမိမှာ စီးပွားရေး ကျဆင်းနေလျှင်လည်းကောင်း ၊ ကျန်းမာရေး မကောင်းလျှင် လည်းကောင်း ၊ အကြေံအစည်များ ပြုလုပ်လိုလျှင်လည်းကောင်း မိမိ၏ ၀တ်စုံဟောင်းတစ်စုံကို အမှန်တကယ် ၀တ်ဆင်မည့်  ဆင်းရဲသော သူ တစ်ယောက် ကို လှူဒါန်းပါ ။ မိမိမှာ မကောင်းပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••


ထောင့်ဖဲ (၂)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ထောင့်ဖဲ (၂) ဖြစ်နေပါလျှင် သင့်ဘ၀တစ်ခုလုံး ဖြစ်ရပ်အထွေထွေတို့ သည် အောက်ပါအတိုင်း ဖြစ်နေပါလိမ့်မည် ။

ဤ ထောင့်ဖဲ (၂) ရရှိသော သူတို့ သည် ရင့်ကျက်တည်ကြည်သော စိတ်ရှိသည် ။ ခံနိုင်ရည်ရှိသည် ။ သည်းခံတရားနှင့် ပြည့်စုံတတ်သည် ။ ဒုက္ခအမျိုးမျိုးကိုလည်း ခံနိုင်ရည်ရှိသည် ။ မိမိဘ၀၌ အမျိုးမျိုးသော ခံစားမှုတို့ ကို ခံခဲ့ရတတ်သည် ။မိမိပ၌ ရည်ရွယ်ရင်းမှ တစ်ပါး အခြားကိစ္စများ ကို ပြုလုပ်တတ်မည် ။ ဒါလုပ်မည် ဟု ဆုံးဖြတ်ထားပြီး မလုပ် ဖြစ်ဘဲ အခြားကိစ္စများ ပြုလုပ်တတ်မည် ။ အလုပ်ကို ရိုသေတတ်မည် ။ သေချာပြီး တိကျပြတ်သားသည် ။ သူများ ကိုလည်း အားနာမှုမရှိပေ ။

မိမိက ပြောစရာရှိလျှင် ပွင့်လင်းစွာ ပြောတတ်မည် ။ မည် သူ၏ မျက်နှာမှ မထောက်တတ်ပါ ။ အမြဲတမ်း အမှန်ပြောဆိုတတ်သော ကြောင့် မိမိမှာ လူချစ်လူခင် ပေါများ သလို ၊ မုန်းသော သူလည်း များ ရတတ်ပါသည် ။ အမြဲတမ်း အလုပ်နှစ် ခုကို ဒွန်တွဲ လုပ်တတ်မည် ။ အကြံနှစ် မျိုးလုပ်တတ်မည် ။ နေရာနှစ် နေရာ ၊ အလုပ်နှစ် မျိုး ပြိုင်လုပ်ရတတ်သည် ။ အမြဲတမ်း စိတ်ဒွိဟ ဖြစ်နေတတ်မည် ။ မကြာခဏ ဒါလုပ်ရနိုးနိုး ၊ ဟိုဟာ လုပ်ရနိုးနိုး ဖြစ်နေတတ်မည် ။ သို့ သော် လုပ်ရမည့်  အလုပ်တစ်ခုကို မ ဖြစ်မနေ လုပ်တတ်မည် ။ အပြီးသတ် လုပ်တတ်မည် ။

အပင်ပန်းခံနိုင်ပြီး အလွန်ဇွဲရှိပါသည် ။ အလုပ်နှင့် လက်နှင့် ပြတ်၍ မနေတတ်ပါ ။ အလုပ်မလုပ်ရလျှင် ၊ ထိုင်နေရလျှင် ပျင်းရိလွန်းပြီး ကျန်းမာရေး မကောင်း ဖြစ်နေတတ်မည် ။ မိမိမှာ စီးပွားရေး လုပ်လျှင်လုပ် ၊ မလုပ်လျှင် သူများ အတွက် စေတနာ့ ဝန်ထမ်း လုပ်ပေးနေတတ်မည် ။ ထို့ ကြောင့် မိမိ၏ အိမ်သားများ က မကြာခဏ သူများ ကျွန် ၊ သူများ နွားကြီးဟူ၍ ပြောဆိုကြပါမည် ။ အိမ်သားများ က မိမိတို့ အပေါ်၌ မကောင်းဘဲ သူများ အပေါ်ကောင်းသည်ဟူ၍ အထင်လွဲပြီး ပြောဆိုနေကြပါမည် ။ မိမိကလည်း မှန်သင့်သလောက် မှန်ပါသည် ။ သူများ အပေါ် မျက်နှာချိုသွေားသလောက် အိမ်သူအိမ်သားများ ကို စီး၍ ပြောမည် ။ နှိမ်၍ ပြောမည် ။ ဘုပြောနေတတ်မည် ။

မိမိက အမြဲတမ်း လှုပ်လှုပ်ရှားရှားနေတတ်မည် ။ ထိုင်၍ မနေတတ်ပါ ။ အလကားနေရင်း ဟိုသွားချင် ၊ ဒီသွားချင် ဖြစ်နေတတ်မည် ။ အငြိမ်မနေနိုင် ဖြစ်မည် ။ အပြင်ဘမ်းအနေနှင့် စိတ်မြန်ကိုယ်မြန်ရှိသလောက် လက်တွေ့ အလုပ်လုပ်စရာရှိလျှင် အမြဲတမ်း သူများ နောက်က ဖြစ်နေတတ်မည် ။ အမှန်မှာ စဉ်းစားလွန်ပြီး မလုပ်ရဲသော ကြောင့် ဖြစ်ပါသည် ။ အကျိုးမရှိသော်လည်း တစ်ခါတစ်ရံ ဇွတ်လုပ်ချင်တတ်မည် ။ စမ်းကြည့်ချင်တတ်မည် ။ အများ က အထင်သေးသော အလုပ်များ ၊ အများ က မလုပ်သော အလုပ်များ ကို လုပ်တတ်မည် ။ မိမိ၌ အကျိုးရှိတတ်သလို တစ်ခါတစ်ရံ အကြီးအကျယ်ဆုံးရှုံးတတ်မည် ။ သို့သော် မိမိက နောင်တရသော်လည်း ခဏသာ ဖြစ်မည် ။ ပြန်၍ ပြန်၍ လုပ်နေတတ်မည် ။ ခွေးမြီးကောက်ကျည်တောက်စွပ်သဘောသာ ဖြစ်ပါမည် ။ မိမိက လုပ်လျှင် ဖြစ်ပြီး အကျိုးရှိအောင် လုပ်တတ်မည် ။ မလုပ်လျှင်သာ ထိုင်နေရတတ်မည် ။ အများ ကြောင့် လည်း အကျိုးမဲ့ရာ ရောက်တတ်သည် ။

စိတ်ကူးစိတ်သန်းကောင်းတတ်သည် ။ တီထွင်စိတ်ရှိပြီး တိုးတက်သော အယူအဆများ ရှိပါသည် ။ လျင်မြန်ဖျတ်လတ်ပြီး ကွက်ကျော်မြင်တတ်ပါသည် ။ မိမိမှာ စိတ်ပျော်ရွင်မှ အောင်မြင်တတ်ပါမည် ။ တစ်ခါတစ်ရံ အလကားနေရင်း စိတ်အားငယ် နေတတ်မည် ။ စိတ်မပျော် ဖြစ်နေတတ်မည် ။ အားကိုးရှာနေတတ်မည် ။ မိမိ၏ အတွင်းရေး များ ကို သူများ အား ပြောဆိုတတ် ၏ ။ကိုယ်ရေး ကိုယ်တာ ကိစ္စများ ကို သူများ အားပြောဆိုပြီး အကူအညီတောင်တတ်မည် ။

မိမိက တစ်ခုခု စိတ်မကောင်း ဖြစ်နေလျှင် ၊ စိတ်ညစ်နေလျှင် ပြဿနာ ဖြစ်နေလျှင် အားကိုးရှာတတ်ပါမည် ။ မိမိမှာ အပေါင်းအသင်း များ တတ်မည် ။ မိတ်ဆွေပေါများ တတ်ပါမည် ။ မိမိအတွက် ကောင်းသော သူပေါင်းများ စွာ ရှိတတ်သလို မိမိအား ဒုက္ခပေးသွားသူပေါင်းလည်း များ တတ်ပါသည် ။ သို့ သော် များ စွာ သော မိတ်ဆွေ များ ကို မိမိ အားကိုးရာ ဖြစ်ပါမည် ။

မိမိမှာ လခစားကိုလုပ်လုပ် ၊ ကိုယ်ပိုင်အလုပ်ကို လုပ်လုပ် မည် သည့်အခါမှ အောက်ကျနောက်ကျ မ ဖြစ်ရတတ်ပါ ။ မျက်နှာ မငယ်ရတတ်ပါ ။ မိမိမှာ အမြဲတမ်း တန်းတူ ဖြစ်ရတတ်မည် ။ မိမိမှာ အရည်အချင်းနှင့် ပြည့်စုံသူ ဖြစ်သည် ။ မိမိကို အများ တို့ က ယုံကြည်အားကိုးတတ်မည် ။ လေးစားတတ်ကြပါမည် ။မိမိကလည်း အမြဲတမ်း စေတနာထားတတ်ပါမည် ။ မိမိက အနည်းငယ် တယူသန်တတ်ပါသည် ။ ကိုယ်မှန်သည်ဟူ၍ ဆုံးဖြတ်ထားလျှင် မည် သူက မည် သို့ ဖြောင်းဖြသော်လည်း မရပါ ။ အငြင်းအခုံ ၀ါသနာ ပါမည် ။ မိမိမှာ အမြဲတမ်း ပြိုင်ဆိုင်လိုစိတ်ရှိပါသည် ။

မိမိထက်သာသော သူကို အမြဲတမ်း ပြိုင်လိုစိတ်ရှိပါသည် ။ မိမိမှာ မာနကြီးပါသည် ။ စည်းကမ်းရှိသည် ။ မိမိက တစ်ခုခုကို သင်ယလျှင် လွယ်လင့်တကူ တတ်မြောက်တတ်မည် ။ ပညာအမျိုးမျိုး ကို စိတ်ပါတတ်မည် ။ မိမိက အားလုံးတတ်မည် ။ သို့ သော် ပြည့်စုံစွာ ဆရာ ဖြစ်မဟုတ်ဘဲ ဟိုတစ်ဝက် ဒီတစ်ဝက် ဖြစ်မည် ။ ဟိုစပ်စပ်ဒီစပ်စပ် ဖြစ်မည် ။ တတ်တော့ တတ်ပါမည် ။ မိမိထက် ပညာတတ်သူ ၊ ဂုဏ်ရှိသူ ၊ မိမိဆွေမျိုးထဲမှ ထူးချွန်သူများ ကို အမြဲအားကျတတ်ပြီး သူတို့ လို ဖြစ်အောင် ကြိုးစားတတ်မည် ။

ဂုဏ်ပကာသနကို မြတ်နိုးတတ်မည် ။ အရာရာကို စိတ်ပါဝင်စားတတ်မည် ။ လေ့လာလိုက်စားတတ်မည် ။ မိမိက ပညာမာနရှိပါသည် ။ မည့် သူ့ ကိုမှလည်း အထင်မကြီးတတ်ပါ ။ မိမိကသာ မတတ်တတ်အောင် ကြိုးစားတတ်ပါမည် ။ မိမိက စွဲလမ်းကြီးသည် ။ တစ်ခုခုကို စွဲလမ်းမိလျှင် မမေ့တတ် ဖြစ်နေမည် ။ အလွန်အကျူး ဖြစ်နေတတ်မည် ။ မိမိက လိုချင်လျှင်လည်း မရ , ရအောင်လုပ်တတ်မည် ။ မိမိက လိုချင်ဆန္ဒ ဖြစ်လျှင် တရားသည် ဖြစ်စော ၊ မတရားသည် ဖြစ်စေ အရယူတတ်မည် ။ အချစ်ရေး တွင် လည်း တစ်ယောက် ဆို တစ်ယောက် ရွှေရင်နစ်အောင် ချစ်တတ်မည် ။

မိမိမှာ ခရီးယာယီသွား၍ စီးပွားမရှာရ ။ ရှာလျှင် အကျိုးမရှိပါ ။ ခရီးသွားလာပြီး အရောင်းအ၀ယ်လုပ်လျှင် မိမိထင်သလောက် အကျိုးမရှိပါ ။ အစိုးရ၏ ဥပဒေနှင့် ကင်းသော အလုပ်များ ကိုမလုပ်ရ ။ ဆယ်ခေါက်လုပ်လျှင် ခုနစ်ခေါက်မှာ အဖမ်းခံရတတ်သည် ။ အကျိုးမရှိပါ ။ မိမိမှာ တရားသော အလုပ်ဖြင့် အကျိုးပေးပါမည် ။ ငွေနှင့် နီးပါသည် ။ ငွေရလွယ်ပါမည် ။ မိမိမှာ ချမ်းသာရသော ကံဇာတာ ဖြစ်ပါသည် ။ မိမိမှာ ငွေစုနိုင်ပါမည် ။ စည်းနှင့် ကမ်းနှင့် စုတတ်ပါသည် ။ တစ်ခါတစ်ရံလည်း ငွေကိုအကြောင်းကြီးငယ်မရှိဘဲ ဖြုန်းတတ်မည် ။ ငွေအသုံးလည်း မကြီးတတ်ပါ ။

မိမိမှာ ပညာရေး ထက် စီးပွားရေး ပိုမိုကောင်းပါသည် ။ ပညာရေး တစ်ပိုင်းတစ်စ ဖြစ်နေတတ်မည် ။ မိမိက ပညာကို စိတ်မ၀င်စား ဖြစ်နေတတ်မည် ။ ပညာထက်အလုပ်ကို စိတ်ပါနေတတ်မည် ။ ပညသင်ရင်းနှင့် အလုပ်လုပ်တတ်မည် ။ မိမိက စီးပွားရေး အထူးဝါသနာ ပါတတ်မည် ။ သို့ သော် စီးပွားရေး လုပ်ရင်းနှင့် ပညာသင်လိုစိတ် ဖြစ်လာပြီး ပညာသင်တတ်ပါမည် ။

မိမိမှာ အိမ်ထောင်ရေး မှာ ကောင်းပါသည် ။ တစ်ပွင့်တည်းပန်မယ်ဟူသော အချစ်မျိုး ဖြစ်ပါသည် ။ ချစ်သူအပေါ် ၊ အိမ်ထောင်ဖက်အပေါ် အထူးအသဲစွဲ ချစ်တတ်မည် ။ ထူးထူးခြားခြား ချစ်တတ်ပါမည် ။ မိမိ၏ အချစ်မှာ တစ်ဖက်သတ်အချစ်မျိုး ဖြစ်ပါသည် ။ မိန်းမ အပေါ် အမြဲတမ်း မသင်္ကာ ဖြစ်တတ်မည် ။ အခြား ယောက်ျားများ နှင့် စကားပြောလျှင်လည်း သဘောမကျ ၊ ရယ်ရယ်မောမော နေလျှင်လည်း သဘောမကျ ၊ ရောနှောနေလျှင်လည်း သဘောမကျ ဖြစ်ပြီး မကြာခဏ စွပ်စွဲပြောဆိုတတ်မည် ။ မိမိမှာ သ၀န်တိုတတ်မည် ။ ယုံမှားထင်မှားနှင့် မကြာခဏ စကားများ နေတတ်ပါမည် ။ မိန်းမက တည်ကြည်ပါသည် ။ သို့ သော် အိနြေ္ဒမရှိတတ်ပါ ။ စိတ်ကလည်း ဖောက်ပြန်တတ်ခြင်းမဟုတ်ပါ ။ မိမိတို့ မှာ မကြာခဏ တကျက်ကျက် ဖြစ်နေမည် ။ ခဏသာ ဖြစ်ပြီး ပြန်တည့် သွားပါမည် ။ တစ်ယောက် ယောက် က အလျော့ပေးလိုက် လျှင် ပြန်တည့် သွားပါမည် ။

မိမိမှာ ကျန်းမာရေး ကောင်းပါသည် ။ ရောဂါ ကြီးမရှိပါ ။ ရောဂါ ပေးသော်လည်း ဘေးဥပါဒ်အန္တရာယ်မရှိပါ ။ မိမိက အလုပ်မလုပ်လျှင် ၊ ထိုင်နေရလျှင် ၊ အပျင်းကြီးနေရလျှင် ကျန်းမာရေး မကောင်း ဖြစ်နေမည် ။ မိမိမှာ လေ ရောဂါ ဖြစ်တတ်သည် ။ အစာမကြေ ဖြစ်မည် ။ လေနာ ၊ ရင်နာ ၊ ဘိုက်နာ ဖြစ်မည် ။ ခေါင်းကိုက် ၊ ခေါင်းမူး ၊ ဇက်လေး ဖြစ်မည် ။ ရောဂါ ကြီးမရှိပါ ။ အသက်ကြီးသော အခါ နှလုံးသွေးအားနည်းတတ်ပါသည် ။ အသက်ဘေးမရှိပါ ။ သေသော အခါ နှလုံး ရောဂါ ဖြင့် သေမည် ။

မိမိဘ၀တွင် အသက် (၅) နှစ် ၊ (၁၄) နှစ် ၊ (၂၃) နှစ် ၊ (၃၂) နှစ် ၊ (၄၁) နှစ် ၊ (၅၀) နှစ် ၊ (၆၉) နှစ် များ တွင် ထူးထူးခြားခြား အပြောင်းအလဲ များ ဖြစ်တတ်ပါသည် ။ အကောင်းအဆိုးများ ကို ခံစားရပါမည် ။ ထိုနှစ် များ ၌ အထူးသတိဝီရိယဖြင့် လုပ်ကိုင်ပါ ။ ဂရုစိုက်ပါ ။

မိမိနှင့် သင့်တော် သော ကျောက်မြက်ရတနာများ မှာ ရွှေနှင့် ပတ္တမြား ဖြစ်ပါသည် ။ မိမိမှာ သမဏိလက်စွပ်များ ကို မ၀တ်ပါနှင့် ။ လက်ထဲ၌ သံမဏိ (စတီးလ်) လက်စွပ်များ ကို ၀တ်ဆင်လျှင် မိမိ ကျန်းမာရေး မကောင်း ဖြစ်ပါမည် ။ ပတ္တမြားမှာ မိမိအတွက် အကောင်းဆုံး လာဘ်လာဘ ရွှင်စေသော ကျောက် ဖြစ်ပါသည် ။ အကယ်၍ ပတ္တမြား မတတ်နိုင်လျှင် ကျောက်နီကို ဆောင်ထားပါ ။

မိမိနှင့် သင့်တော် သော အရောင် များ မှာ စပ်ရောင် များ ဖြစ်ပါသည် ။ အစိမ်း ၊ လိမ်မော် ၊ ခရမ်းစသဖြင့် ဖြစ်ပါသည် ။ အနီရောင် နှင့် လုံးဝမကောင်းပါ ။ အနက်ရောင် လည်း မကောင်းပါ ။ အကောင်းဆုံးမှာ လိမ္မော်ရောင် ဖြစ်၏ ။

မိမိမှာ အကြံအစည်များ ပြုလုပ်သော အခါ ၊ စီးပွားရေး ကျဆင်းနေသော အခါ ၊ အလုပ်အကိုင်အဆင်မပြေသော အခါ ငှက်ပျောသီး လတ်လတ်ဆတ်ဆတ် ကိုးဖီးကို ဘုရားလှူပါ ။ အဓိဋ္ဌာန်ပုတီးစိပ်ပါ ။ မိမိမှာ မကောင်းပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••


ထောင့်ဖဲ (၃)

အကယ်၍ သင်နှိုက်ယူလိုက်သော ဖဲမှာ ထောင့်ဖဲ (၃) ဖြစ်နေပါလျှင် သင့်ဘ၀တစ်ခုလုံ ဖြစ်ရပ်အထွေထွေတို့် သည် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည် ။

ဤ ထောင့်ဖဲ (၃) ရသူတို့ သည် ပျော့ညံ့ညံ့နှင့် ကြောက်စရာကောင်းသော သူ ဖြစ်ပါသည် ။ မိမိတို့ မှာ ထစ်ကနဲဆိုလျှင် အလွန်ဒေါသထွက်လွယ်သည် ။ ဟင်းဆိုလျှင် မည် သူကမှ ချော့၍ မရတော့ပါ ။ သဘောကောင်းလျှင် အလွန်ကောင်းပြီး ၊ ရက်စက်လျှင် သူများ ထက်ပို၍ ရက်စက်သူ ဖြစ်သည် ။ မိမိကို မသိသူများ က အလွန်အထင်သေးစရာ ကောင်းပါသည် ။ မိမိက အမြဲတမ်း အေးတိအေးစက် နေတတ်မည် ။ ဖာသိဖာသာ နေတတ်မည် ။ အမြဲတမ်း ရိုးရိုးသားသားနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်ပါမည် ။

မိမိမှာ အရည်အသွေးရှိသော်လည်း အလွန်လျှို့ ဝှက်စွာ နေတတ်မည် ။ အများ က အထင်သေးလေ ၊ ဂရုမစိုက်လေ သဘောကျလေ ဖြစ်တတ်မည် ။ မိမိက မည် သည့်အလုပ်ကိုလုပ်လုပ် သူများ ကို အားမကိုးဘဲ မိမိကိုယ်တိုင် ၀င်၍ ကြဲတတ်မည် ။ ကိုယ်တိုင်လုပ်မည် ။ မည့် သည့်အလုပ်ကိုလုပ်လုပ် တကိုယ်တော် လုပ်တတ်မည် ။ သူများ ကို အားကိုးလျှင်လည်း အောင်မြင်သင့်သလောက် မအောင်မြင်ဘဲ ဖြစ်နေတတ်မည် ။ မိမိက သူများ လို မည် မျှတော် တော် အထင်မကြီးတတ်ပါ ။ သူများ ကိုလည်း စီး၍ ပြောခြင်း ၊ နှိမ်၍ ပြောခြင်း မရှိပါ ။ သူများ ကိုလည်း အထင်မသေးပါ ။ အလွန်ကင်းကင်းရှင်းရှင်း နေတတ်ပါမည် ။

မိမိက ပျော်ရွှင်မိလျှင်လည်း ဟက်ဟက်ပက်ပက် ပျော်ပစ်တတ်သလို ၊ ၀မ်းနည်းမိလျှင်လည်း ဖြေမဆည်အောင် ၀မ်းနည်းတတ်မည် ။ မိမိက ဟိုဟိုသည်သည် မလည်တတ်ပါ ။ အမြဲတမ်း ခေါင်းက အလုပ်လုပ်နေမည် ။ စိတ်ကူးကောင်းသည် ။ အမြဲတမ်း စိတ်ကူးနေတတ်မည် ။ မိမိအတွက်အကျိုးမရှိလျှင်လည်း အလုပ်မလုပ်တတ်သလို ၊ လူများ ကိုလည်း အကျိုးမဲ့အောင် မလုပ်တတ်ပါ ။ သူများ ကို အနှောက်အယှက်မပေးတတ်သလို ၊ မိမိဝင်၍ သြဇာပေးလျှင် ၊ ဆရာလုပ်လျှင် ၊ အနှောက်အယှက်ပေးလျှင် အလွန်စိတ်ဆိုးတတ်မည် ။ မိမိက စိတ်ဆိုးမိလျှင် သားစဉ်မြေးဆက်မုန်းနေတတ်မည် ။ အလွန်အညှိုးကြီးပါသည် ။

မိမိက ပြတ်သားစွာ ကင်းရှင်းစွာ နေသော်လည်း အမြဲတမ်း ဟိုလူကလာ၍ အကူအညီတောင် ၊ သည်လူကလာ၍ အကူအညီ တောင်း ဖြစ်နေတတ်မည် ။ မိမိက ပွင့်လင်းစွာ ဗြောင်ပြောတတ်သော ကြောင့် အများ က မိမိမှာ ဘ၀င်မြင့်သည် ၊ စိတ်ကြီးသည် ၊ ကြီးကျယ်သည် ၊ လူပါးဝသည်ဟူ၍ ထင်ကြတတ်ပါမည် ။ မိမိ၏ ကံဇာတာမှာ အများ က အထင်ကြီးပြီး သောက်မြင်ကပ်ခံရသော ကံဇာတာ ဖြစ်ပါသည် ။

မိမိစိတ်ထဲတွင် မည် မျှသံသယ ဖြစ်သော်လည်း ပါးစပ်က မပြောတတ်ပါ ။ မိမိမှာ ယုံကြည်လျှင်လည်း အလွန်ယုံကြည်တတ်သည် ။ အားကိုးမိလျှင်လည်း အလွန်အားကိုးတတ်မည် ။ မိမိအပေါ် နည်းနည်း မကောင်းလျှင်လည်း နောက်တစ်ခါ မျက်နှာကြည့်၍ မရတော့ပါ ။ မိမိက အလွန်စိတ်ထက်မြက်ပါသည် ။ အလွန်တိကျ ပါသည် ။ မိမိက တိတိကျကျ သဘောကျသည် ။ အမှန်တရားဘက် က ရပ်တည်နေတတ်သော စိတ်ရှိပါသည် ။

မိမိက အလုပ်တစ်ခုကို အသေးစိတ်လေ့လာပြီးမှ လုပ်ကိုင်တတ်မည် ။ သေချာမှ ၊ ပိရိမှ ၊ တိကျမှ လုပ်ကိုင်တတ်မည် ။ လုပ်မည့်  အလုပ်ကိုလည်း မိမိ၏ အကျိုးကျေးဇူးကို မရည်စူးဘဲ စေတနာကို အဓိကထား၍ လုပ်ကိုင်တတ်မည် ။ မိမိက မည် သည့်အလုပ်ကိုမဆို ခပ်သွက်သွက် လုပ်ကိုင်တတ်မည် ။ မည် သည့်အလုပ်ကိုမဆို တိကျသေချာမှ သဘောကျတတ်မည် ။ မိမိကိုယုံ၍ ပုံအပ်သော အလုပ်များ အတွက် မိမိမှာ အမြဲတမ်း စိတ်ထဲမှ ပူပန်သော က ရောက်နေတတ်မည် ။ မိမိက အလုပ်တစ်ခု မအောင်မြင်မခြင်း ကြောက်နေတတ်မည် ။ အောင်မြင်ပြီးမှ စိတ်အေးသွားတတ်မည် ။

မိမိက အမြဲတမ်း ရည်ရွယ်ချက်ကြီးကြီးထား၍ အလုပ်ကိုကြီးကျယ်စွာ လုပ်ကိုင်တတ်မည် ။ မိမိက မည် သည့်အလုပ်ကိုမဆို စိတ်ပါဝင်စားတတ်မည် ။ အလုပ်ဇံ ရွေးနေတတ်သူလည်း မဟုတ်ပါ ။ မိမိမှာ အနုပညာဆန်နေတတ်ပါမည် ။ အမြဲတမ်း စီးပွားရေး လုပ်မည် ။ မိမိက စိတ်ကူးယဉ်လောကတွင် လှည့်ပတ်နေသူလည်း မဟုတ်ပါ ။အမြဲတမ်း လက်တွေ့ ဆန်ဆန်လုပ်ကိုင်တတ်မည် ။ အပြင်ဘမ်းတွင် ရိုးအသည် ထင်ရသော်လည်း လက်တွေ့ ၌ ဂျင်ပေါ်က ထုံး ဖြစ်ပါသည် ။ အခွင့်အရေး ကို ကောင်းစွာ ယူတတ်ပါမည် ။ ထိုရရှိလာမည့်  အခွင့်အရေး များ ကို မိမိကသူများ အား အားနာပါးနာနှင့် ပေးတတ်ပါမည် ။

မိမိက ပွင့်နေသော တံခါးမှ ၀င်တတ်သော်လည်း ပြန်မပိတ် တတ်သူ ဖြစ်သည် ။ မိမိက အမြဲတမ်း လျှို့ ဝှက်တတ်သော်လည်း အလွန်ဝမ်းနည်းသော အခါ၌ လည်းကောင်း ၊ အလွန်ဝမ်းသာသော အခါ၌ လည်းကောင်း မိမိအကြောင်းများ ကို ဖွင့်ဟပြောဆိုတတ်ပါမည် ။ မိမိမှာ ခင်မင်စရာကောင်းသော သူ ဖြစ်ပါသည် ။ မိတ်ဆွေသင်္ဂဟ များများ မထားတတ်ပါ ။ လူတိုင်းနှင့် မပေါင်းတတ်ပါ ။ မိမိပေါင်း သင်းသော မိတ်ဆွေများ မှာ မိမိအတွက်လည်း အလွန်ကောင်းတတ်ပါမည် ။ မိမိကလည်း အသက်သေသည်အထိ သစ္စာရှိတတ်ပါမည် ။ မိမိက ခင်မင်မိလျှင် အသည်းကိုယူ မီးပူနှင့် ကင်ကင် ၊ အသားကိုများ စားချင်ကစား ၊ အသက်ကိုပ်င ယူချင်ကယူဟူသော လူစားမျိုး ဖြစ်ပါသည် ။

မိမိမှာ ငယ်ဇာတာ အနည်းငယ်ညံ့ပါသည် ။ ငယ်ဇာတာတွင် အထူးပင်ပန်းခဲ့ရတတ်ပါသည် ။ အထူးကြိုးစားခဲ့ရတတ်သည် ။ မိမိက အောက်သက်ကြေပါသည် ။ မိမိက ငယ်ဇာတာညံ့သလောက် အိုဇာတာ အထူးကောင်းပါသည် ။ အိမ်ပိုင်ယာပိုင်နှင့် နေရတတ်သည် ။ အလှူအတန်းများ ပေးရတတ်မည် ။ အိုဇာတာပထမတန်း ကောင်းပါသည် ။ ထိုက်သော သားသမီးများ ကို အမွေအနှစ် ပေးပြီးမှ သေရပါမည် ။ အထူးစည်းစိမ်ဥစ္စာများ နှင့် ပြည့်စုံစွာ နေရပါမည် ။

မိမိမှာ ရန်သူပေါများ တတ်ပါသည် ။ အလုပ်အကိုင်တိုင်း၌ ရန်သူရှိတတ်ပါ၏ ။ ထိုရန်သူများ ကို မိမိက အနိုင်ရပါမည် ။ ပထမပိုင်း၌ မိမိမှာ ရှုံးသလို ဖြစ်တတ်ပါမည် ။ နောက်ဆုံး မိမိကသာ အနိုင်ရပါမည် ။ မိမိ၏ အနီးကပ်ရန်သူမှာ အခြားမဟုတ်ပါ ။ မိမိစိတ်ပင် ဖြစ်ပါသည် ။ မိမိမှာ စိတ်ဓာတ်ကျလျှင် ဘ၀တစ်ခုလုံးကျ တတ်ပါမည် ။ မိမိမှာ အောင်မြင်သော ကံဇာတာပါသော ကြောင့် နောက်ဆုံး မိမိကသာ မှန်သည် ၊ ဟုတ်သည်ဟူ၍ အနိုင်ရတတ်ပါမည် ။ မိမိမှာ ဆွေမျိုးညာတိများ ၏ ရနှ်ရှိပါ၏ ။

မိမိမှာ ငွေရေး ကြေးရေး အတွက် ၊ အမွေအနှစ် များ အတွက် အနည်းငယ်စကားပြောရတတ်ပါသည် ။ ပြဿနာများ ဖြေရှင်းရတတ်ပါသည် ။ အရှုပ်အရှင်းများ ရှိပါသည် ။ မိမိကလည်း ငွေရေး ကြေးရေး ဆိုလျှင် အလွန်ကြောက်တတ်ပါသည် ။ မိမိကသာ အလျော့ပေး တတ်ပါမည် ။ မိမိမှာ ငွေနှင့် နီးပါသည် ။ ငွေရလွယ်တတ်ပါသည် ။ ငွေကုန်လည်း လွယ်တတ်ပါသည် ။ စိတ်ထဲက ငွေစုလိုသော်လည်း လက်တွေ့ ၌ ငွေမစု ဖြစ်တတ်ပါ ။ မိမိမှာ မကြာခဏ စာရင်းထဲ ငွေရှိပြီး လက်ထဲဘိုင်ကျနေတတ်ပါမည် ။

မိမိမှာ အိမ်ထောင်ရေး နှင့် ပတ်သက်၍ သူများ ကို အားမကိုးဘဲ နှစ် ယောက် သား တဲအိုပျက်မှာ နေရနေရ ၊ ရွှေဘုံပေါ်မှာ စံရစံရ နှစ် ယောက် ထဲနေလျှင် အလွန်ကောင်းပါသည် ။ မိမိဖက်က ဆွေမျိုးသားချင်းများ ၀င်လာလျှင် ၊ မိန်းမဖက်က သားချင်းများ ၀င်လာလျှင် သာယာနေသော မိမိတို့ မိသားစုမှာ အလိုလို ငရဲခန်းသို့ ရောက်သွားကြပါမည် ။ စိတ်နွမ်းကိုယ်ကြေ ၊ စိတ်လေပင်ပန်း မလန်းဆန်း ဖြစ်နေရပါမည် ။ သူများ ၀င်လာလျှင် မကောင်းတတ်ပါ ။ မိမိဖက်က မိန်းမကို အကောင်းမထင်တတ်သလို ၊ မိန်းမဖက်ကလည်း မိမိကို မကောင်း ပြောနေကြပါမည် ။ မိမိတို့ မှာ စိတ်ပျက်ရုံ ၊ စိတ်ညစ်ရုံ စိတ်မကောင်းရုံအပ အခြားမရှိတတ်ပါ ။ မိမိတို့ ဖာသာနေလျှင် ထမင်းရေသောက်ရသော်လည်း ပျော်မည် ။ ကြက်ပေါင်ကိုက်ရသော်လည်း ရွှင်မည် ဖြစ်သည် ။ အကယ်၍ ဆွေမျိုများ နှင့် နေလျှင် ရွှေငွေ ကျောက်သံ ပတ္တမြား ပုံပေါ်တွင် နေရနေရ ၊ စိန်ခြယ်မွှန်းပြီး ရွှေလင်ပန်းဖြင့် စားရသော်လည်း စိတ်ညစ်နေရပါမည် ။

မိမိမှာ ကျန်းမာရေး ကောင်းပါသည် ။ လူပင်ပန်းခံနိုင်ပါသည် ။ စိတ်ပင်ပန်းလျှင် ကျန်းမာရေး ချို့ တဲ့ပါမည် ။ စိတ်မကောင်း လျှင် လူပါနေမကောင်း ဖြစ်ပါမည် ။မိမိ၏ ကံမှာ စိတ်သာအဓိက ဖြစ်ပါသည် ။ သို့ သော် မိမိ၌ အပရိက ရောဂါ ကလေးများ ဖြစ်တတ်ပါသည် ။ ရောဂါ ပေးသော်လည်း ဘေးဥပါဒ် မရှိတတ်ပါ ။ မိမိ၌ မကြာခဏ လေနာ ၊ ရင်နာ ၊ ဗိုက်နာ ဖြစ်တတ်မည် ။ လေ ရောဂါ ဒုက္ခပေးမည် ။ အစာအိမ် ရောဂါ ဖြစ်တတ်ပါမည် ။ အကြောအဆစ်အမြစ် ကိုက်တတ်ပါသည် ။

မိမိဘ၀တွင် အသက် (၄) နှစ် ၊ (၁၃)နှစ် ၊ (၂၂) နှစ် ၊ (၃၁) နှစ် ၊ (၄၁) နှစ် ၊ (၄၉) နှစ် ၊ (၅၈) နှစ် ၊ (၆၇) နှစ် များ တွင် ထူးထူးခြားခြား အပြောင်းအလဲများ ဖြစ်တတ်ပါသည် ။ အကောင်းအဆိုးများ ဖြစ်လာပါလိမ့်မည် ။ ထိုနှစ် ပိုင်းများ ၌ အထူးသတိပြု၍ ဂရုစိုက်လုပ်ကိုင်ပါ ။ ကောင်းလျှင်အရမ်းကောင်းမည် ။ ဆိုးလျှင် အရမ်းဆိုးမည် ။ သတိပြုပါ ။

မိမိမှာ စီးပွားရေး ကျဆင်းနေလျှင် ၊ ကျန်းမာရေး မကောင်း ဖြစ်နေလျှင် စပယ်ပန်းအပွင့် (၁၀၈) ပွင့်လှူပါ ။ မကောင်းပြေ၍ ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းပါလိမ့်မည် ။

•••




ဝန်ဇင်းချစ်သူများ ဆရာဒဂုန် ၏ “ နိမိတ်ဖတ်ဗေဒင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တနင်္ဂနွေဂြိုဟ်

ဗေဒင်အမေး ဗေဒင်အတွေး

ကောင်းကင်ပေါ်ကဂြိုဟ် လူသားတွေကိုဘာတွေလုပ်ပေးသလဲ (ဒုတိယတွဲ)