Cover

အမှာ စာ

တနင်္လာဂြိုဟ် (စန္ဒာ)နှင့် တနင်္ဂနွေဂြိုဟ် (သူရိယ) တို့သည် လွန်စွာ ဒဏ္ဍာရီဆန်သော ဂြိုဟ်များ ဖြစ်ကြသည့် ၎င်းဂြိုဟ်နှစ် လုံးတို့သည် အလင်းရောင် ထုတ်လွှတ်နိုင်စွမ်းရှိသော ဂြိုဟ်များ ဖြစ် ပြီး ကျန်ဂြိုဟ်အားလုံးတို့မှာ အလင်းပိတ်ဂြိုဟ်များ ဖြစ်သည်။ သို့ ဖြစ်ရာ နက္ခတ္တဝေဒပညာရပ်၌ ၎င်းဂြိုဟ်နှစ် လုံးအကြောင်း မလေ့လာဘဲနှင့် ပြီးပြည့်စုံမည် မဟုတ်ချေ။ ကျွန်ုပ်၏ ကိုယ်ပိုင် အတွေ့ အကြုံအရဆိုရသော် တနင်္ဂနွေဂြိုဟ်နှင့် တနင်္လာဂြိုဟ်တို့ ကြတ်ခြင်းသည် (နေကြတ်ခြင်း၊ လကြတ်ခြင်း) ဒုက္ခအခက်အခဲတို့ကို ဖန်တီး ဖြစ်ပေါ်စေသည်ဟု ယုံကြည်မိသည်။

ထိုစာပုဒ်ကို ကျွန်ုပ်ရေး သားပြုစုခြင်းအကြောင်းရင်းမှာ တနင်္ဂနွေဂြိုဟ်နှင့် တနင်္လာဂြိုဟ်အ ကြောင်းကို လူသာမန်တို့ စိတ်ဝင်တစားသိနားလည်ကြစေရန် ဖြစ်သည့် တနင်္ဂနွေဂြိုဟ်သည် ဥစ်ဂြိုဟ် ဖြစ်နေသော်ငြားလည်း ဂြိုဟ်မြင်၊ ဂြိုဟ်ယှဉ်ပိုင်း၌ ရလဒ်ကောင်းများ ဖြစ်မလာပါချေ။ အလင်းလွတ် ဂြိုဟ်နှစ် လုံးအပါအ၀င် ဂြိုဟ်တိုင်း၊ ဂြိုဟ်တိုင်းသည် ရပ်တည်မှု အနေအထားနှင့် ကာရက (ပရိယာယ်) တို့အပေါ်တွင် အခြေခံထားပြီး ဘရိဂုနဒီကျမ်း၏ ဥပဒေသစည်းမျဉ်းများ ကို လေ့လာဆည်းပူးပါက သိမြင်ပေလိမ့်မည် ။

နက္ခတ္တဗေဒပညာရပ်တွင် တနင်္လာဂြိုဟ်သည် ဇာတာရှင်၏ အတွင်းအဇ္ဈတ္တကို ကိုယ်စားပြုပြီး တနင်္ဂနွေဂြိုဟ်သည်ဇာတာရှင်၏ ပြင်ပဗဟိန္ဓကို ကိုယ်စားပြုလေသည်။ ထို့အတူ တနင်္ဂနွေဂြိုဟ်သည် နေ့ကိုကိုယ်စားပြုပြီး တနင်္လာဂြိုဟ်သည် ညကို ကိုယ်စားပြုသည်။

ဝေဒပညာရပ်အကြောင်း သိရှိနားလည်ပါက တနင်္လာပိုင်ရာသီနှင့် ၎င်းရာသီ၏ အလုပ်လုပ်ပုံ တို့ကိုနားလည်ထားရမည် ဖြစ်သည်။ တနင်္လာပိုင်ရာသီသည် တနင်္ဂနွေပိုင်ရာသီကဲ့သို့ ပင် ထပ်တူထပ်မျှ အရေး ပါလေသည်။

တနင်္ဂနွေဂြိုဟ်သည် ဇာတာရှင်၏ အတ္တ၊ သိစိတ်၊ သဘာဝအစွမ်းသတ္တိတို့ကို ကိုယ်စားပြုပြီး တနင်္လာဂြိုဟ်သည် ဇာတာရှင်၏ မသိစိတ်၊ ခံစားမှု ၊ အတောင့်တဆုံးလိုအင်ဆန္ဒတို့ကို ကိုယ်စား ပြုသည်။ မိမိကိုယ်ကို ကောင်းစွာ သိရှိနားလည်ပါက မိမိဇာတာရှိ တနင်္လာဂြိုဟ်နှင့် တနင်္ဂနွေဂြိုဟ်တို့ အကြောင်း ၎င်းတို့၏ ဆောင်ရွက်ချက်များ အကြောင်း သိနားလည်ထားရပေမည် ။

ဖွားဇာတာ(သို့ ) တနင်္ဂနွေရာသီဆိုသည်မှာ ဇာတာရှင်ဖွားမြင်သည့်အချိန်တွင် တနင်္ဂနွေဂြိုဟ် ရောက်ရှိနေသော ရာသီ ဖြစ်သည့် တနင်္ဂနွေဂြိုဟ်သည် စိတ်နွမ်းနယ်သည့် အတ္တအတန့်တို့ကို စိုးမိုး ထားသည်။ သင်ဘယ်သူလဲ။ သင်ဘာလဲ။ ဆိုသည်မှာ အများ နှင့် မတူ သီးသီးသန့်သန့် ဖြစ်အောင် တနင်္ဂနွေဂြိုဟ်မှ ဖော်ပြထားသည်။

မွေးဖွားစဉ် တနင်္ဂနွေဂြိုဟ်ရပ်တည်နေသော ရာသီသည် ဘ၀၏ လိုအင်ဆန္ဒ၊ ဖြစ်ချင်သော အာသီသနှင့် လျှောက်လှမ်းရမည့်  ဘ၀လမ်းကြောင်းတို့ကို ပြဋ္ဌာန်းပေးထားသည်။ ထို့ပြင် ပုဂ္ဂလိက ဆိုင်ရာရိုးသားမှု ၊ ဖြူစင်မှု ၊ အကြည်ညိုခံရမှု ၊ သြဇာအာဏာရှိမှု ၊ သူတစ်ပါးအပေါ် လွှမ်းမိုးနိုင်မှု တို့ကိုလည်း ကိုယ်စားပြုလေသည်။

ထိုစာအုပ်ကို ပြုစုရသည့်ရည်ရွယ်ချက်မှာ တနင်္ဂနွေဂြိုဟ်၏ နက္ခတ္တဗေဒဆိုင်ရာ အယူအဆ များ နှင့် ခေတ်သစ်ဝေဒဥပဒေတို့ ဆက်နွယ်ပုံကို ဖော်ထုတ်တင်ပြလိုသော ကြောင့် ဖြစ်သည်။ ဤ စာအုပ်သည် ဗေဒင်ပညာကို လေ့လာလိုက်စားကြသူတို့နှင့် အောင်မြင်ခြင်း၏ အခြေခံအချက်များ အကြား ပေါင်းကူးတံတားတစ်ခု ဖြစ်စေလိမ့်မည် ဟု မျှော်လင့်မိပါသည်။

ထိုစာအုပ်သည် တနင်္ဂနွေ (သူရိယ) အကြောင်း အပြည့်အစုံရှင်းပြထားပြီး သာမာန်စာဖတ်သူ တို့ပင်လျှင် အလွယ်တကူနားလည်စေရန် ကြိုးစားအားထုတ်ထားပါသည်။ တနင်္ဂနွေဂြိုဟ်ရောက်ရှိရပ် တည်နေသော ရာသီနှင့် ပတ်သက်၍ အလုံးစုံသော အချက်အလက်တို့ကို ထည့်သွင်းဖော်ပြ ထားပါသည်။ လူတစ်ဦး တစ်ယောက် ၏ ဘ၀ကံကြမ္မာကို ဟောကြားရာ၌ မရှိမ ဖြစ်အချက် အလက် ဖြစ်သော ဂြိုဟ်နှင့် နက္ခတ်များ အကြားဆက်သွယ်မှု အပြန်အလှန်တို့ကိုလည်း တင်ပြထားပါ သည်။

စာဖတ်သူတို့ အလွယ်တကူသိမြင်စိမ့်သော ငှာ ဘ၀ (၁၂) ပါးပေါ်သို့ ကောဇာဂြိုဟ်အစီးအနင်း၊ တနင်္ဂနွေနှင့် တနင်္လာတို့၏ ဂြိုဟ်မြင်များ အကြောင်း၊ ထူလဒသာ၊ အကျိုးအပြစ်၊ ယတြာစသည့်တို့ကို လည်း ထည့်သွင်းပေးထားပါသည်။

ဤစာအုပ် ဖြစ်မြောက်အောင် အားပေးကူညီခဲ့ကြသော ကျွန်ုပ်၏ မိတ်ဆွေများ ဖြစ်ကြ သည့် ပင်ကုနှင့် တင်ကု၊ ဆာဂါးစာအုပ်တိုက်မှ သျှရီနရင်းဒါးဆာဂါးတို့အား အထူးကျေးဇူးတင်ရှိပါသည်။

ကျွန်ုပ်၏ မိခင် ဒေါက်တာခရစ်ရှနား၊ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦး ဖြစ်သူ ရီနူး၊ ကျွန်ုပ်၏ သမီး ဖြစ်သူ ဗျင်ဒါတို့ကို စာအုပ်ရေး သား ဖြစ်အောင် ကူညီခဲ့ကြသည့်အတွက် အထူးကျေးဇူးတင်မိပါသည်။

ကျွန်ုပ်၏ စာမူကြမ်းကို တည်းဖြတ်ပြင်ဆင်ပေးခြင်း၊ စာစီစာရိုက်ပြုလုပ်ပေးခြင်း၊ စာထုတ်ဝေ ဖြစ်အောင် အစစအရာရာကူညီပေးခြင်းတို့အတွက် မစ္စတာဆူပင်ဒါဆင်းနဂီကို ကျေးဇူးတင်ရပါသည်။

ယခင်စာအုပ်လေးအုပ်ကဲ့သို့ ယခု ပဉ္စမမြောက်စာအုပ်တွင် လည်း ကျွန်ုပ်၏ ဖခင် ဖြစ်သူ သျှရီကေးလာ့ရှ်ချန္ဒာကို ကျေးဇူးတင်ပါသည်။ ဖခင်သည် ကျွန်ုပ်ငယ်စဉ်ကပင်လျှင် ဗေဒင်ပညာ သင်ပေးခဲ့သူ ဖြစ်ပြီး သူ့ဘ၀တစ်ခုလုံးကို ဗေဒင်ပညာရပ်ထဲမြှပ်နှံထားသူ ဖြစ်သည်။

နောက်ဆုံးအနေနဲ့ ဗရင်ဒါဗန်မြို့မှ ဘန်ကီဘီဟာရီဘုရား (သီရိကရိသျှအား) ကန်တော့ ပါသည်။ မြတ်ဘုရား၏ အားပေးမှု ကြောင့် ကျွန်ုပ်၏ ကြိုးစားအားထုတ်မှု များ အထမြောက်ခဲ့ခြင်း ဖြစ်ပါ သည်။

ဒေါက်တာရှပ်ကာအဒါဝေ

♥ ♥ ♥


တနင်္ဂနွေဂြိုဟ်(သူရိယ) အကြောင်း သိကောင်းစရာ

ကျွန်ုပ်သည် ဇာတာပေါင်းမြောက်များ စွာ တွေ့ မြင်ခဲ့ဖူးပြီး မနှစ် မြို့ဖွယ် ဘ၀င်မကျဖွယ်ရာ စည်းမျဉ်းအချို့ကို တွေ့ ခဲ့ရသည်။ ဥပမာအားဖြင့် သျှရီရမ်ချန္ဒရာဂျီး (ရာမမင်း) ၏ ဇာတာကို တင်ပြဆွေးနွေးပါသည်။

Cover

အထက်ပါဇာတာတွင် ရာဟုဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ တနင်္လာဂြိုဟ်တို့မှလွဲ၍ ကျန်ဂြိုဟ်အားလုံးတို့ ၏ အနေအထားမှာ ကောင်းမွန်ကြလေသည်။ ကျွန်ုပ်တို့အနေနှင့် ဂြိုဟ်အားလုံးတို့၏ အကျိုးအပြစ်ကို ညွှန်ပြပေးရန် လိုအပ်ပါသည်။

(ကျွန်ုပ်၏ တွေးခေါ်ယူဆချက်)

(၁) တနုဘာဝတွင် ကြာသပတေးနှင့် တနင်္လာဂြိုဟ်တို့ ရပ်တည်ခြင်း၏ အဓိပ္ပါယ်မှာ နယ်နှင် ဒဏ်ခံရခြင်း၊ မိခင် ဖြစ်သူ မုဆိုးမ ဖြစ်ခြင်း၊ ဇာတာရှင်၏ အသားရောင် ညိုမည်းခြင်းတို့ ဖြစ်လေသည်။

တနင်္လာဂြိုဟ်သည် သူပိုင်ရာသီ ကရကဋ်တွင် ရပ်တည်ပြီး၊ ကြာသပတေးဂြိုဟ် အဆင့်အတန်း မြင့်မားမှု သည် ဆိုးကျိုးတရားမြင်စေပါသလား။

(၂) စနေဂြိုဟ်ကိန်းအိမ်၌ ရပ်တည်မှု သည် ဖခင် ဖြစ်သူ စောစီးစွာ ကွယ်လွန်ခြင်း၊ မိထွေး ဖြစ်သူ နာကျင်ထိခိုက်ခြင်းတို့ကို ပြဆိုသည်။

(၃) အင်္ဂါဂြိုဟ် ရတန့်ဘာဝ၌ ရပ်တည်ခြင်းသည် သီတာဒေ၀ီမင်းသမီးအနိုင်ရရှိခြင်းကို ပြဆို သည်။ (သူမသဘောကျနှစ်သက် သူနှင့် ထိမ်းမြားလက်ထပ်ရန်) ရွေးချယ်ခွင့်ရရှိခြင်းကို ဆိုလိုသည်။

သီတာဒေ၀ီမင်းသမီးဆိုသည်မှာ မည် သူနည်း သူမ၏ မိဘအကြောင်း မည် သူတစ်စုံ တစ်ဦးမှ မသိကြချေ။ ဘုရင်ဇနက္ကက သူမကိုမွေးမြူစောင့်ရှောက်ခဲ့သည်။ (တရားဝင် မွေးစားခြင်း မ ဖြစ်နိုင်ဟု ကျွန်ုပ်ထင်မိသည်) သူမ၏ မိသားစုအကြောင်းနှင့် ပတ်သက်ပြီး သဲလွန်စမရှိနိုင်ပါချေ။ သူမသည် နှစ် ကြိမ်တိုင်တိုင်တောထဲသို့ အကြောင်းပြချက် မည် မည် ရရမရှိဘဲ စေလွှတ်ခံခဲ့ရသည်။ ထို့ပြင် ရာဝဏ(ဒဿဂီရိ) နေအိမ်တွင် ၆ လကြာနေထိုင်ခဲ့ရသည်။ (အင်္ဂါဂြိုဟ်၏ အကျိုးအပြစ် ပေးပုံကို သိလိုပါက ကျွန်ုပ်ရေး သားပြုစုသော (Mangal Vichara) အင်္ဂါကို ဆုံးဖြတ်မှု စာအုပ်ကို လေ့လာဖတ်ရှုစေလိုပါသည်။

(၄) ၁၀ တန့်တွင် တနင်္ဂနွေဂြိုဟ်ရပ်တည်ခြင်းသည် ထင်ပေါ်ကျော်ကြားသော မိသားစုဘ၀ ပိုင်ဆိုင်ခြင်းကို ပြဆိုသော်လည်း ဖခင်နှင့် အတူနေရသည့်အချိန် နည်းပါးခြင်းကိုညွှန်ပြသည်။

စနေဂြိုဟ်နှင့် တနင်္ဂနွေဂြိုဟ်တို့၏ နှိုင်းယှဉ်မှု ရလဒ်အရ ဇာတာရှင်သည် ဘုရင် ဖြစ်သည့်နေ့မှာ ပင်တောထဲသို့ နယ်နှင်ခံခဲ့ရသည်။ မိကြူယုဂ်အရ ဖခင်ကွယ်လွန်ခဲ့သည်။ အဆိုပါယုဂ်၏ အကျိုးမှာ ဖခင်ကွယ်လွန်ပြီးမှ ခံစားရလေသည်။ ဖခင်သက်ရှိထင်ရှားရှိချိန်တွင် ထီးနန်းမရရှိနိုင်ပေ။ တစ်ကွဲစီနေ ထိုင်ရသော သီတာမင်းသမီးသည် အသက်အရွယ်ရလာချိန်တွင် သူသား၏ လက်တွင်းသို့ ကျရောက်ခဲ့ ရသည်။ နောက်ဆုံးတွင် မုဆိုးဖို ဖြစ်သွားရခြင်းသည် စနေဂြိုဟ်နှင့် တနင်္ဂနွေဂြိုဟ်တို့၏ ဆိုးကျိုးပေးမှု အရမြင်သည်။

♥ ♥ ♥


အခန်း(၁)
အခြေခံနက္ခတ္တဝေဒ

ထိုအခန်းတွင် ရာသီများ အကြောင်း၊ ရာသီသခင်အကြောင်း၊ ရာသီ ၁၂ ပါးတွင် ဂြိုဟ်အသီးသီး ရပ်တည်မှု အရ အင်အားကောင်းခြင်း၊ အင်အားနည်းခြင်းအကြောင်းတို့ကို ပြဆိုပေးပါသည်။

အိန္ဒိယနက္ခတ္တဝေဒတွင် ရာသီစက်ဝန်းကို အစိတ်အပိုင်း ၁၂ ခု မညီမမျှ ပိုင်းခြားထားပြီးတစ်စု လျှင် ၃၀ ဒီဂရီအကျယ်အ၀န်းရှိလေသည်။ ထိုအစိတ်အပိုင်း တစ်ခုကို ရာသီဟုခေါ်သည်။

ရာသီ (၁၂) ပါး

(၁) မိဿ မတ်၂၁ မှဧပြီ ၂၀ ထိ

(၂)ပြိဿ ဧပြီ ၂၁ မှ မေ ၂၀ ထိ

(၃)မေထုန် မေ ၂၁ မှ ဇွန် ၂၀ ထိ

(၄)ကရကဋ် ဇွန် ၂၁ မှ ဇူလိုင်၂၀ ထိ

(၅)သိဟ် ဇူလိုင် ၂၁ မှ သြဂုတ် ၂၀ ထိ

(၆)ကန် သြဂုတ် ၂၁မှ စက်တင်ဘာ ၂၀ ထိ

(၇)တူ စက်တင်ဘာ ၂၁ မှ အောက်တိုဘာ ၂၀ ထိ

(၈)ဗြိစ္ဆာ အောက်တိုဘာ ၂၁ မှ နိုဝင်ဘာ ၂၀ ထိ

(၉)ဓနု နိုဝင်ဘာ ၂၁ မှ ဒီဇင်ဘာ ၂၀ ထိ

(၁၀)မကာရ ဒီဇင်ဘာ ၂၁မှ ဇန်န၀ါရီ ၂၀ ထိ

(၁၁)ကုမ် ဇန်န၀ါရီ ၂၁ မှ ဖေဖော်ဝါရီ ၂၀ ထိ

(၁၂)မိန် ဖေဖော်ဝါရီ ၂၁ မှ မတ် ၂၀ ထိ

ရာသီ (၁၂)ပါး

(၁)(၁) မိဿ အင်္ဂါဂြိုဟ်

(၂)ပြိဿ သော ကြာဂြိုဟ်

(၃)မေထုန် ဗုဒ္ဓဟူးဂြိုဟ်

(၄)ကရကဋ် တနင်္လာဂြိုဟ်

(၅)သိဟ် တနင်္ဂနွေဂြိုဟ်

(၆)ကန် ဗုဒ္ဓဟူးဂြိုဟ်

(၇)တူ သော ကြာဂြိုဟ်

(၈)ဗြိစ္ဆာ အင်္ဂါဂြိုဟ်

(၉)ဓနု ကြာသပတေးဂြိုဟ်

(၁၀)မကာရ စနေဂြိုဟ်

(၁၁)ကုမ် စနေဂြိုဟ်

(၁၂)မိန် ကြာသပတေးဂြိုဟ်

ဥစ်ရာသီ

ဂြိုဟ်အသီးသီးတို့သည် ရာသီစက်ဝန်းရှိ အမှတ်တစ်ခုတွင် အမြင့်ဆုံးစွမ်းအား ရရှိကြ လေသည်။ အဆိုပါအမြင့်ဆုံးစွမ်းအားရရှိသော ရာသီအိမ်ကို ဥအိမ်ဟုခေါ်သည်။

(၁) တနင်္ဂနွေဂြိုဟ် တူရာရာသီ

(၂)တနင်္လာဂြိုဟ် ဗြိစ္ဆာရာသီ

(၃)အင်္ဂါဂြိုဟ် ကရကဋ်ရာသီ

(၄)ဗုဒ္ဓဟူးဂြိုဟ် မိန်ရာသီ

(၅)ကြာသပတေးဂြိုဟ် မကာရရာသီ

(၆)သော ကြာဂြိုဟ် ကန်ရာသီ

(၇)စနေဂြိုဟ် မိဿရာသီ

တစ်ရာသီတွင် ဂြိုဟ်တစ်လုံး၏ ရပ်တည်မှု ကြာမြင့်ချိန်

(၁) တနင်္ဂနွေဂြိုဟ် ၃၁ ရက်

(၂) တနင်္လာဂြိုဟ် ၂ ၁/၄ ရက်

(၃)အင်္ဂါဂြိုဟ် ၄၅ရက်

(၄)ဗုဒ္ဓဟူးဂြိုဟ် ၃၀ ရက်

(၅)ကြာသပတေးဂြိုဟ် ၁ နှစ်

(၆) သော ကြာဂြိုဟ် ၃၀ ရက်

(၇)စနေဂြိုဟ် ၂ နှစ် ၆လ

(၈)ရာဟုဂြိုဟ် ၁ နှစ် ၆လ

(၉)ကိတ်ဂြိုဟ် ၁ နှစ် ၆လ

ရာသီတို့၏ သဘာဝများ

လှုပ်ရှားခြင်း တည်ငြိမ်ခြင်း(ထိရ) မငြိမ်မသက် ဖြစ်ခြင်း

မိဿရာသီ ပြိဿရာသီ မေထုန်ရာသီ

ကရကဋ်ရာသီ သိဟ်ရာသီ ကန်ရာသီ

တူရာသီ ဗြိစ္ဆာရာသီ ဓနုရာသီ

မကာရရာသီ ကုမ်ရာသီ မိန်ရာသီ

လ၊ တိထီနှင့် ရက်တို့၏ အဓိပ္ပာယ်များ

ဖွားမြင်သော လ(မာသ)၏ အဓိပ္ပာယ်များ

အိန္ဒိယရှေးဟောင်း ဟိန္ဒူနက္ခတ္တစနစ်အရ ဇာတာရှင်ဖွားမြင်သော လအလိုက် ယေဘုယျ ထူးခြားချက်တို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

စဉ် အိန္ဒိယ(မာသ) မူလအဟော

(၁) စိတ္တရ(Chaitron) ဤလတွင် မွေးဖွားသူသည်ယေဘုယျအပျိုကြီးများ ဖြစ်ကြပြီး

အကြောင်း သိနားလည်ကြလေသည်။

(၂) ၀ိသာခါ (Vaisakha) ဤလတွင် မွေးဖွားသူသည် အစွမ်းအစပြည့်စုံပြီး အဆင်း

တင့်တယ်ကာ အ၀တ်အစားခုံမင်သည်။ ရှေ့ရေး ကို ကြိုတင်သိမြင်သည့် အမှန်တရားကို ရှာဖွေသူ ဖြစ်သည်။ အသက်ရှည်မည် ။

(၃) ဇေဋ္ဌ (Jyeshta) ဤလတွင် မွေးဖွားသူသည် မွေးရာပါ အရည်အချင်းပြည့်စုံပြီး

တစ်ခုမလုပ်ကိုင်မီ ၎င်းတို့အကျိုးကိုအရင်တွက်ဆလေ့ရှိသည်။

(၄) အဒြ (Chaitron) ဤလတွင် မွေးဖွားသူသည် ဘ၀အခက်အခဲများ ကြုံတွေ့ ရလိမ့်

မည် ။ ရောဂါ ထူပြောလိမ့်မည် ။

(၅) သရ၀ဏ် (shravans) ဤလတွင် မွေးဖွားသူသည်ထင်ပေါ်ကျော်ကြားသူ၊ ဘာသာရေး

ကိုင်းရှိုင်းသူ၊ ပျော်ရွှင်စရာမိသားစုဘ၀ပိုင်ဆိုင်သူ ဖြစ်လိမ့်မည် ။

ဤလတွင် မွေးဖွားသူသည် ချောမောလှပခြင်း၊ အမျိုးသမီးများ နှင့် နှစ်သက် ခြင်း၊ သား ယောက်ျားလေးဖွားမြင်ခြင်းတို့ ဖြစ်စေသည်။

(၆) ဘဒြာပိုဒ် (Bhadrapadha) ဤလတွင် မွေးဖွားသူသည် ချောမောလှပခြင်း၊ အမျိုးသမီးများ

နှင့် နှစ်သက် ခြင်း၊ သားယောက်ျားလေးဖွားမြင်ခြင်းတို့ ဖြစ်စေ သည်။

(၇) အဿဝဏီ(Aswami) ဤလတွင် မွေးဖွားသူသည် အကြင်နာတရားရှိခြင်း၊ အခြွေအရံ နှင့် ပြည့်စုံခြင်း၊ အမျိုးသမီးတို့၏ ချစ်ခင်နှစ်သက် ခြင်း တို့ကြုံရစေလိမ့်မည် ။

(၈) တြတ္တိကာ (Kartika) ဤလတွင် မွေးဖွားသူသည် စကားကြွယ်ခြင်း၊ စိတ်အပြောင်းအလဲ မြန်ခြင်း၊ အထီးကျန်ခြင်းတို့ ဖြစ်စေသည်။

(၉) မိဂသီ(Margasira) ဤလတွင် မွေးဖွားသူသည် နေရာအနှံ့ဘုရားဖူး ဘုရားဖူး ခရီးထွက်ရ ခြင်း၊ စွယ်စုံတတ်ကျွမ်းခြင်း၊ သာသနာပြုရခြင်းတို့ ဖြစ်စေသည်။

(၁၀) ဖုသျှ (Pushya) ဤလတွင် မွေးဖွားသူသည် မကောင်းမှု ကို လျှို့ဝှက်စွာ ပြုတတ်သူ ဖြစ်ပြီး ဘ၀အခက်အခဲတို့ကြုံရလိမ့်မည် ။

(၁၁) မာဃ (Magha) ဤလတွင် မွေးဖွားသူသည် တရားအားထုတ်သူ၊ အဘိဓမ္မာ လိုက်စား သူ ဖြစ်ပြီး လောကအကြောင်း သိမြင်နှံ့စပ်သူ ဖြစ်သည်။

(၁၂) ဖလဂုဏီ(Phalguni) ဤလတွင် မွေးဖွားသူသည် အလွန်ကံကောင်းသူ၊ ပျော်ရွှင်စရာ မိသားစု ဘ၀ပိုင်ဆိုင်သူ ဖြစ်သည်။

တီထီတို့၏ လွှမ်းမိုးမှု

မူလဇာတာတွင် တနင်္ဂနွေဂြိုဟ်နှင့် တနင်္လာဂြိုဟ်တို့၏ အနေအထားကို တွေ့ မြင်ရပေလိမ့် မည် ။ တနင်္ဂနွေဂြိုဟ်နှင့် တနင်္လာဂြိုဟ်တို့၏ အံသာကို ဦးစွာ ရှာဖွေပါ။ တီထီတစ်လုံးသည် ၁၂ အံသာရှိသော ကြောင့် တနင်္ဂနွေဂြိုဟ်နှင့် တနင်္လာဂြိုဟ်တို့၏ အကွာအဝေးအံသာကို ၁၂ ဖြင့် စားသော် တိထီရက်ကို ရရှိပေလိမ့်မည် ။

တီထီရက် တီထီအမည် အဟော

၁ရက် ပထမတိထီ ဤရက်တွင် ဖွားမြင်ပါက ဇနီးကောင်းရအံ့။ မိသားစု

ဘ၀ပျော်ရွှင်စရာ ဖြစ်အံ့။

၂ရက် ဒုတိယတိထီ ဤရက်တွင် ဖွားမြင်ပါက အမှန်တရားမြတ်နိုးသူ ဖြစ်အံ့။

အများ ၏ ချစ်ခင်ခြင်းခံရတဲ့ လက်နက်ကျွမ်းကျင်အံ့။

၃ရက် တတိယတိထီ ဤရက်တွင် ဖွားမြင်ပါက အကျင့်ပျက်ယွင်းအံ့။ အကျင့်ပျက် မယားရအံ့။ သူတစ်ပါးနစ်နာအောင်ပြုအံ့။

၎ရက် စတုတ္ထတိထီ ဤရက်တွင် ဖွားမြင်သော် လောဘကြီးအံ့။ အများ ကို

မကူညီတတ်အံ့။ လျှို့ဝှက်တတ်အံ့။

၅ရက် ပဉ္စမတိထီ ဤရက်တွင် ဖွားမြင်သော်ဉာဏ်ပညာတတ်အံ့။ အသက်

ရှည်အံ့။ ကိုယ်ကျင့်သီလ ပြည့်စုံအံ့။

၆ရက် ဆဋ္ဌမတိထီ ဤရက်တွင် ဖွားမြင်သော် သားယောက်ျားလေး မွေးဖွား

အံ့။ အာရုံခံစားမှု လွန်ကဲအံ့။ မိတ်ဆွေများ ပြားအံ့။

၇ရက် သတ္တမတိထီ ဤရက်တွင် ဖွားမြင်သော် ကြွယ်ဝအံ့။ စာရိတ္တကောင်း

အံ့။ အကြီးအကဲတို့ကို ရိုသေအံ့။

၈ရက် အဋ္ဌမတီထီ ဤရက်တွင် ဖွားမြင်သော် အိမ်ထောင်ဖက်အပေါ်

သစ္စာရှိအံ့။ အသိအမြင်နှံ့စပ်အံ့။ စကားပြေကောင်းအံ့။

၉ရက် န၀မတိထီ ဤရက်တွင် ဖွားမြင်သော် သတ္တိကောင်းအံ့။အလိုရမ္မက်

ကြီးအံ့။ အနုပညာဝါသနာပါအံ့။

၁၀ရက် ဒသမတိထီ ဤရက်တွင် ဖွားမြင်သော် စီးပွားရေး တွင် အကြီးအကျယ် အောင်မြင်အံ့။ သိပ္ပံပညာရပ်တွင် ထူးချွန်အံ့

၁၁ရက် ဧကဒသမတီထိ ဤရက်တွင် ဖွားမြင်သော် စည်းမျဉ်း၊ စည်းကမ်းမလိုက် နာသူ ဖြစ်အံ့။ သူတစ်ပါးတိုးတက်မှု အပေါ်မနာလိုသူ၊ မိန်းမလိုက်စားသူ ဖြစ်အံ့။

၁၂ရက် ဒွါဒသမတီထိ ဤရက်တွင် ဖွားမြင်သော် အမျိုးသမီးတို့အကြားရေ

ပန်းစားအံ့။ ကြွယ်ဝချမ်းသာတဲ့ ရန်သူများ အံ့။

၁၃ရက် တေရသမတီထိ ဤရက်တွင် ဖွားမြင်သော် ဆွေမျိုးများ အံ့။ စိတ်နှလုံး

ဖြူစင်အံ့။ ကျန်းမာရေး ကောင်းအံ့။

၁၄ရက် စုန္ဒသမတိထီ ဤရက်တွင် ဖွားမြင်သော် ကြံ့ခိုင်သန်မာတဲ့ အရည်

အချင်းကောင်း။ ကိုယ်ပိုင်ပစ္စည်းဥစ္စာကို မက်မောတွယ်

တာအံ့။

၁၅ရက် ပုဏ္ဏမီတိထီ ဤရက်တွင် ဖွားမြင်သော် ဆံပင်ရှည်အံ့။ အသက် ၈၀

အထိနေရအံ့။ အရာရာကို တာဝန်ယူရအံ့။

၁၅ရက် အမွှာသီ ဤရက်တွင် ဖွားမြင်သော် ရန်အပေါင်းကိုအနိုင်ရအံ့။

(လကွယ်) ဘ၀တွင် ပြည့်စုံအံ့။

မွေးနေ့အဟောများ

တနင်္ဂနွေနေ့ ဤနေ့တွင် ဖွားမြင်သော စကားကြွယ်အံ့။ သတ္တိကောင်းအံ့။ ခရီးသွားရအံ့။

တနင်္လာနေ့ ဤနေ့တွင် ဖွားမြင်သော် သိမ်မွေ့အံ့။ တည်ကြည်အံ့။ အမှန်တရားမြတ်နိုးအံ့။

အရည်အချင်းကောင်းပြည့်စုံအံ့။ ဘာသာရေး ကိုင်းရှိုင်းအံ့။

အင်္ဂါနေ့ ဤနေ့တွင် ဖွားမြင်ပါက ဒေသကြီးအံ့။ သတ္တိရှိအံ့။ တာဝန်ကျေပွန်အံ့။ မိန်းမ

လိုက်စားအံ့။

ဗုဒ္ဓဟူးနေ့ ဤနေ့တွင် ဖွားမြင်သော် ပြေပြစ်တင့်တယ်အံ့။ အသိပညာမြင့်မားအံ့။

ကြာသပတေးနေ့ ဤနေ့တွင် ဖွားမြင်သော် အကြင်နာတရားရှိအံ့။ ကိုယ်ချင်းစာတရား ရှိအံ့။လက်တွေ့ ဆန်အံ။

သော ကြာနေ့ ဤနေ့တွင် ဖွားမြင်ပါက အဖြူရောင် အ၀တ်အစားကို နှစ်သက် တဲ့ လက်တွေ့  သမား ဖြစ်အံ့။

စနေနေ့ ယေဘုယျအားဖြင့် ဤနေ့တွင် ဖွားမြင်သူတို့သည် ဆင်းရဲကြပ်တည်းအံ့။ ခါးကိုင်းအံ့။ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းအံ့။ စိတ်ခံစားမှု ကို ဦးစားပေးသူ ဖြစ်အံ့။

နက္ခတ်များ

နက္ခတ်ဗေဒပညာရပ်တွင် ရာသီစက်ဝန်းတစ်ခုလျှင် ၃၆၀ ဒီဂရီရှိသည်။ ၎င်းရာသီစက်ဝန်းထဲ တွင် နက္ခတ် ၂၇ လုံးရှိလေသည်။ ထို့ကြောင့် နက္ခတ်တစ်လုံးလျှင် ပိုင်နက်အကျယ်အားဖြင့် ၁၃ ဒီဂရီ ၂၀ မိနစ် ဖြစ်သည်။

နက္ခတ်များ နှင့် ဆက်နွယ်လို့ ကောဇာဂြိုဟ်အစီးအနင်း၊ ဂြိုဟ်မြင်၊ ဂြိုဟ်ယှဉ် တို့ကို ဟောဆိုခြင်းသည် အခြားသော နည်းစနစ်တို့ထက် တိကျမှန်ကန်မှု ရှိလေသည်။

သင်သည်မည် သည့်နက္ခတ်နှင့် ယှဉ်ပြီးမွေးပါသနည်း။

သင်သည်မည် သည့်နက္ခတ် ဖြစ်ကြောင်း အောက်ပါဇယာအရ သိရှိနိုင်လေသည်။ သင်ဖွားစဉ် တနင်္လာဂြိုဟ် ရပ်တည်သည့်အနေအထားကို အံသာလိတ္တာ အတိအကျသိရှိပါက ဇယား၏ တတိယကော်လံ၌ ရှာဖွေကြည့်ပါ။ တတိယကော်လံရှိ အံသာလိတ္တာတို့၏ အောက်တန်ဖိုးအရ သင်ဇာတာရှိ တနင်္လာဂြိုဟ်တည်နေရာကို နှိုင်းယှဉ်ခြင်းဖြင့် စန်းစီးနက္ခတ်ကို သိမည် ဖြစ်သည်။

စဉ် နက္ခတ် ရာအံလိ နက္ခတ်သခင်ဂြိုဟ်

(၁) အံသ၀နီ ၀၀ ၀၀ ၀၀ ကိတ်

(၂)ဘရဏီ ၀၀ ၁၃ ၂၀ သော ကြာ

(၃) ကြတ္တီကာ ၀၀ ၂၆ ၄၀ တနင်္ဂနွေ

(၄)ရောဟနီ ၀၁ ၁၀ ၀၀ တနင်္လာ

(၅)မိဂသီ ၀၁ ၂၃ ၂၀ အင်္ဂါ

(၆) အဒြ ၀၂ ၀၆ ၄၀ ရာဟု

(၇)ပုန္နဖုသျှ ၀၂ ၂၀ ၀၀ ကြာသပတေး

(၈) ဖုသျှ ၀၃ ၀၃ ၂၀ စနေ

(၉) အသာလိသ ၁၃ ၁၆ ၄၀ ဗုဒ္ဓဟူး

(၁၀)မာဃ ၀၄ ၀၀ ၀၀ ကိတ်

(၁၁)ပြဗ္ဗာဖလဂုဏီ ၀၄ ၁၃ ၂၀ သော ကြာ

(၁၂)ဥတ္တရဖလဂုဏီ ၀၄ ၂၆ ၄၀ တနင်္ဂနွေ

(၁၃)ဟဿတ ၀၅ ၁၀ ၀၀ တနင်္လာ

(၁၄)စိတ္တရ ၀၅ ၂၃ ၂၀ အင်္ဂါ

(၁၅)သွာတိ ၀၆ ၀၆ ၄၀ ရာဟု

(၁၆)၀ိသာခါ ၀၆ ၂၀ ၀၀ ကြာသပတေး

(၁၇)အနုရာဓ ၀၇ ၀၃ ၂၀ စနေ

(၁၈)ဇေဋ္ဌ ၀၇ ၁၆ ၄၀ ဗုဒ္ဓဟူး

(၁၉)မူလ ၀၈ ၀၀ ၀၀ ကိတ်

(၂၀)ပြုဗ္ဗာသဠ် ၀၈ ၁၃ ၂၀ သော ကြာ

(၂၁)ဥတ္တရာသဠ် ၀၈၂၆ ၄၀ တနင်္ဂနွေ

(၂၂)သရ၀ဏ် ၀၉ ၁၀ ၀၀ တနင်္လာ

(၂၃) ဓနသိဒ္ဓ ၀၉ ၂၃ ၂၀ အင်္ဂါ

(၂၄)သတ္တဘိသျှ ၁၀ ၀၆ ၄၀ ရာဟု

(၂၅)ပြုဗ္ဗာဘဒြပိုဒ် ၁၀ ၂၀ ၀၀ ကြာသပတေး

(၂၆) ဥတ္တရဘဒြပိုဒ် ၁၁ ၀၃ ၂၀ စနေ

(၂၇)ရေ၀တီ ၁၁ ၁၆ ၄၀ ဗုဒ္ဓဟူး

အိန္ဒိယနက္ခတ္တဝေဒပညာရပ်တွင် နက္ခတ်အသီးသီးတို့သည် သက်ဆိုင်ရာ အမည် များ ရှိကြ သည်။ ၎င်းတို့ကို အနောက်တိုင်းနက္ခတ်ပညာရှင်များ သိရှိစေရန် အတွက် ညွှန်းဆိုရမည် ဆိုသော အောက်ပါအတိုင်း ဖြစ်သည်။

စဉ် နက္ခတ်အမည် နက္ခတ္တဗေဒအမည်

၁ အသ၀နီ Beta Arietis

၂ ဘရဏီ 35 Arietis

၃ ကြတ္တိကာ Eta Tauri

၎ ရောဟိနိ Aldebaran

၅ မိဂသီ Lambda Orionis

၆ အဒြ Alpha Orionis

၇ ပုန္နဖုသျှ Beta Geminorium

၈ ဖုသျှ Delta Cancri

၉ အသလိသ Alpha Hydroe

၁၀ မာဃ Regnlus

၁၁ ပြုဗ္ဗဖလဂုဏီ Delta Leonis

၁၂ ဥတ္တရဖလဂုဏီ Beta Leonis

၁၃ ဟဿတ Delta Corvi

၁၄ စိတ္တရ Spica Virginis Vegus

၁၅ သွာတိ Arcturus

၁၆ ၀ိသာခါ Alpha Librond

၁၇ အနုရာဓ Delta Dcorpio

၁၈ ဇေဠ Antares

၁၉ မူလ Lambda Scorpio

၂၀ ပြုဗ္ဗာသဠ် Delta Sagitlari

၂၁ ဥတ္တရာသဠ် Sigma Sagitlari

၂၂ သရ၀ဏ် Alpha Aguilee

၂၃ ဓနသိဒ္ဒ Beta Delphinum

၂၄ သတ္တဘိသျှ Lambda Aquilee

၂၅ ပြုဗ္ဗာဘဒြပိုဒ် Alpha Pegasi

၂၆ ဥတ္တရာဘဒြပိုဒ် Gamma Pagasi

၂၇ ရေ၀တီ Zeta Piscum

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ဆရာဒဂုန် ၏ “ တနင်္ဂနွေဂြိုဟ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပရာသန်တန္တရ

ခုနစ်စဉ်ကြယ် ကြွေဗေဒင်

သောကြာဂြိုဟ် (Venus)