နိဒါန်းစကား
လူ တစ်ယောက် ရဲ့ ဖြစ်ရပ်တွေ ကို နည်းအမျိုးမျိုးနဲ့ ယူဆဟောပြောတဲ့ ပညာရပ်တွေ ထဲမှာ ကြွေဗေဒင်ဟာလဲ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ နက္ခတ်နဲ့ပဲဟောဟော၊ ဂဏန်းတွေ နဲ့ပဲ ဟောဟော၊ ဖဲချပ်ကလေးတွေ နဲ့ပဲဟောဟော၊ သစ်ရွက်ကလေးတွေ နဲ့ပဲ ဟောဟော၊ ကြွေစေ့ကလေးတွေ နဲ့ဟောဟော လူ တစ်ယောက် ရဲ့ ကံနိမိတ်ကို ဖွင့်ပေးတာသာ ဖြစ်ပါတယ်။
မှန်သလား၊ မှားသလား၊ ဟုတ်နိုင်ပါ့မလား၊ ဖြစ်နိုင်ပါ့မလား မမေးနဲ့။ ယုံကြည်တဲ့သူတွေ အတွက် မုချမှန်ပါတယ်။ ဘာကြောင့် ဆိုတော့ ယုံတာကိုး။
ဒီစာအုပ်ဟာ အိန္ဒိယနိုင်ငံ ယူပီနယ်ဘရင်ဒရာမြို့က ထုတ်ဝေတဲ့ ရှေ့ ဖြစ်ဖတ်နည်းမျိုးစုံ ဆိုတဲ့ စာအုပ်ကြီးထဲက (သတ္တကောရီ ဇောတိသ) ဆိုတဲ့ အခန်းကို မှီငြမ်းပြုပြီး ရေး ထားတဲ့ (ခုနစ်စင်ကြယ် ကြွေဗေဒင်) ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ တော့ အင်မတန် နာမည် ကျော်ကြား လူသိများ ပါတယ်။ နောက်ပြီး နက္ခတ်ဗေဒင်ပညာကို မတတ်ကျွမ်းလှတဲ့ ဆရာတွေ ဟာ ဒီကြွေဗဒင်ကို ယုံကြည်စိတ်ချစွာ အသုံးပြုကြပါတယ်။
ကျွန်တော့် ညီငယ် မောင်လှမင်းဟာ နက္ခတ်ဗေဒင်သင် ရတာ ခက်ခဲတယ်လို့ ပြောတာနဲ့ ရော့အင့် ဒါကိုဖတ်ကြည့် လေ့လာကြည့်ဆိုပြီး ရေး ပေးရတာ ပါ။ ကျွန့်အနေနဲ့ ယုံကြည်သလားဆိုရင် မဆိုးပါဘူးလို့ ပြောချင်ပါတယ်။
အပျော်တမ်း လိုက်စားချင်လဲ လိုက်စားကြည့်ပါ။ စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။ ကျွန်တော့် ညီလေးအတွက် တစ်စုံတစ်ခု အတိုင်းအတာအထိ အသုံးဝင်ဖို့ ရေး ထားတာ ဖြစ်ပါတယ်။
ကြွေစေ့လေး (၇) စေ့နဲ့ လူ တစ်ယောက် ရဲ့ ဘ၀တစ်ခုလုံးကို သိနိုင်တဲ့ ပညာဆိုကတည်းက သိပ်မဆိုးပေဘူးပေါ့။
ကဲ … ကျွန်တော် တို့ ဆက်လေ့လာကြည့်ရအောင်။
ဆရာဒဂုန်
သိနိုင်သည့် အကြောင်းအရာများ
တကယ်လို့ ခင်ဗျားက ယုံကြည်တယ်ဆိုရင် ခင်ဗျားဆီ မှာ ရှိတဲ့ ကြွေစေ့ (၇) လုံးက အောက်ပါအကြောင်းအရာပေါင်း (၂၇၈) ချက်နဲ့ ပတ်သက်တဲ့ အကောင်းအဆိုး သုဘသုဘာတွေ ကို တိကျပြတ်သားစွာ ဆုံးဖြတ်ပေးနိုင်ပါတယ်။
(က) စီးပွားရေး အကျိုးပေး
၁။ လက်ကျန်လုပ်ငန်း တိုးတက်ဖို့နီးပြီလား။
၂။ ဒီနှစ် စီးပွား ဖြစ်မလား။
၃။ လက်ရှိရထားတဲ့ပစ္စည်းဟာ မြဲပါ့မလား။
၎။ ဒီလက်စွပ်ကလေး ၀ယ်ချင်တယ် ကောင်းပါ့မလား။
၅။ ဒီရွှေကိုဝယ်မယ် ကောင်းမလား။
၆။ ဒီကုန်ပစ္စည်း ၀ယ်ပြီးရောင်းရင် မြတ်ပါ့မလား။
၇။ ဒီမြေကွက်ကို ရောင်းလိုက်ရင် မြတ်ပါ့မလား။
၈။ ဒီမြေကိုဝယ်ရင် ကောင်းပါ့မလား။
၉။ ကားဝယ်ရင် အဆင်ပြေပါ့မလား။
၁၀။ အခုလာရောင်းနေတဲ့ နာရီကိုဝယ်ရင် ကောင်းပါ့မလား။
၁၁။ ဒီပစ္စည်းကို လှောင်ထားရမှာ လား၊ ရောင်းလိုက်ရမလား။
၁၂။ ဒီနေရာမှာ စီးပွားရှာရင် ကောင်းမလား။
၁၃။ လာရောင်းနေတဲ့ ပစ္စည်းလေးဝယ်ရင် ဘယ့်နှယ်နေမလဲ။
၁၄။ သူပေးမယ်ဆိုတဲ့ ငွေကို တကယ်ပေးပါ့မလား။
၁၅။ ဒီနှစ် မိသားစု အေးချမ်းပါ့မလား။
၁၆။ အခုထက်များ ဆင်းရဲဦးမှာ လား။
၁၇။ ဒီနှစ် ကိုင်းလုပ်ရင် ကောင်းမလား။
၁၈။ ဒီနှစ် လယ်လုပ်ရင် ကောင်းမလား။
၁၉။ ဒီနှစ် ကို ဘယ်အရပ်သွားပြီး စီးပွားရှာသင့်သလဲ။
၂၀။ လာမဲ့နှစ် စီးပွားရေး ကောင်းပါ့မလား။
၂၁။ ဒီနေ့ ကံကောင်းသလား၊ ဆိုးသလား။
၂၂။ ဒီနေ့ ၀င်ငွေကောင်းပါ့မလား။
၂၃။ ဘယ်နေ့သားသမီးဟာ အကျိုးပေးမလဲ။
၂၄။ အခုဝယ်မဲ့ဆိုင်လေး အကျိုးပေးပါ့မလား။
၂၅။ အခုလုပ်မဲ့လုပ်ငန်းထဲမှာ ဘယ်နေ့တွေ ကိုသတိထားရ မလဲ။
၂၆။ ဒီလူနဲ့ စပ်တူလုပ်ရင် ကောင်းပါ့မလား။
၂၇။ ဒီနှစ် ထီပေါက်မလား။
၂၈။ ထီထိုးရင် ဘယ်ဂဏန်းတွေ နဲ့ ထိုးမလဲ။
၂၉။ ထီထိုးရင် ဘယ်အက္ခရာတွေ နဲ့ ထိုးရမလဲ။
၃၀။ ထီထိုးရင် ဘယ်နေ့ထိုးရမလဲ။
၃၁။ ထီထိုးပြီးရင် လက်မှတ်ကို ဘယ်မှာ ထားရမလဲ။
၃၂။ ထီထိုးဖို့ ဘယ်လိုအဓိဌာန်ဝင်ရမလဲ။
၃၃။ လက်ရှိလုပ်ငန်းမှာ ပဲ မြဲနေမှာ လား။
၃၄။ ဘယ်လိုအလုပ်နဲ့ အကျိုးပေးမလဲ။
၃၅။ အခုရှာနေတဲ့အလုပ်ဟာ မြန်မြန်ရမလား။
၃၆။ လုပ်ငန်းတိုးချဲ့ဖို့ စိတ်ကူးတယ်၊ ဘယ်နှယ်နေမလဲ။
၃၇။ လာဘ်ရွှင်အောင် ဘာလုပ်ရမလဲ။
၃၈။ လက်ရှိ လခစားကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ရင် ကောင်းမလား။
၃၉။ အမှု ထမ်းလုပ်ရင် ဘယ်ဌာနလိုဟာမျိုး လုပ်သင့်သလဲ။
၄၀။ ရပ်ထားတဲ့အလုပ် ပြန်စတင်နိုင်ပါ့မလား။
၄၁။ တေ့လွဲလွဲနေတဲ့ ကိစ္စတွေ ဘယ်တော့အောင်မြင်မလဲ။
၄၂။ ရုပ်ရှင်လုပ်ငန်းကိုလုပ်ရင် ကောင်းမလား။
၄၃။ အငြိမ့်ဇာတ်ထောင်ရင် ကောင်းမလား။
၄၄။ ကျောက်အရောင်းအ၀ယ်လုပ်ရင် ကောင်းမလား။
၄၅။ စစ်ဖက်၊ ရဲဖက်မှာ လုပ်ရင် ကောင်းမလား။
၄၆။ လခစားလုပ်ရင် ကောင်းမလား။
၄၇။ ကိုယ်ပိုင်လုပ်ငန်းလုပ်ရင် ဘယ်လိုနေမလဲ။
၄၈။ တေးဂီတနဲ့ ပတ်သက်တာလုပ်ရင်ကော ဘယ်နှယ့်လဲ။
၄၉။ စာပေလုပ်ငန်းလုပ်ရင် အဆင်ပြေပါ့မလား။
၅၀။ စာပေလုပ်ငန်းလုပ်ရင် အဆင်ပြေပါ့မလား။
၅၁။ လုပ်သလောက်အကျိုးမပေးတာ ဘာလုပ်ရမလဲ။
(ခ) အိမ်ထောင်ရေး ၊ အချစ်ရေး
၅၁။ ဒီမိန်းမကို ယူရတော့မှာ လား။
၅၂။ ဒီယောက်ျားနဲ့ဆက်ပေါင်းလို့ ကောင်းပါ့မလား။
၅၃။ ဒီမိန်းမနဲ့ကွာရင် ကောင်းမလား။
၅၄။ ဒီကောင်မလေးကို ကြံရင် ဘယ်နှယ့်နေမလဲ။
၅၅။ ဒီလင်မယားနှစ် ယောက် အဆင်ပြေပါ့မလား။
၅၆။ ဒီမိန်းမဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ရဲ့လား။
၅၇။ ဒီလင်မယားနှစ် ယောက် မြဲရဲ့လား။
၅၈။ ဒီခင်ပွန်းနဲ့ ရာသက်ပန် ရိုးမြေကျပေါင်းရပါ့မလား။
၅၉။ ကိုယ့်ချစ်သူနောက် လိုက်ပြေးမယ်၊ ဘယ်နှယ်နေမလဲ။
၆၀။ သူ့ကိုစာပေးချင်တယ်၊ အဆင်ပြေပါ့မလား။
၆၁။ သူမျက်မှာ များ တတ်သလား။
၆၂။ သူနဲ့ယူရင် လူကြီးတွေ က သဘောတူပါ့မလား။
၆၃။ သူက ကြင်နာတတ်ရဲ့လား။
၆၄။ ကိုယ်ယူမဲ့သူဟာ လူမျိုးနဲ့ဘာသာ တူပါ့မလား။
၆၅။ အိမ်ထောင်ဘယ်နှစ် ဆက်လဲ။
၆၆။ အိမ်ထောင်ဖက်ဟာ ကိုယ့်ထက်ငယ်မလား၊ ကြီးမလား။
၆၇။ ကိုယ်ရည်ရွယ်ထားတဲ့သူနဲ့ ရပါ့မလား။
၆၈။ သူဟာ တကယ်ပဲ မေတ္တာရှိရဲ့လား။
၆၉။ သူ့ကိုချစ်တယ်လို့ အဖြေပေးရတော့မလား။
၇၀။ ဘယ်တော့လောက် လက်ထပ်မလဲ။
၇၁။ လာပြောနေတဲ့ သူတို့နှစ် ယောက် က ဘယ်သူ့ကို ဦးစား ပေးရမလဲ။
၇၂။ အချစ်ရေး ဖြောင့်ဖြူးပါ့မလား။
၇၃။ အိမ်ထောင်ပြုပြီး သာယာပါ့မလား။
၇၄။ အိမ်ထောင်ဖက်ရဲ့ အခြေအနေက ဘယ်နှယ့်နေသလဲ။
၇၅။ လခစားနဲ့ကုန်သည် ဘယ်ဒင်းကို ယူသင့်သလဲ။
၇၆။ အိမ်ထောင်ဖက်ရဲ့ ဆွေမျိုးတွေ ၊ နှိပ်စက်မလား။
၇၇။ ယောက္ခမနဲ့မိဘ ဘယ်မှာ နေသင့်မလဲ။
၇၈။ သူပြောနေတဲ့စကားတွေ ဟာ တကယ်ပဲလား။
(ဂ) သားရေး သမီးရေး
၇၉။ ဒီယောက်ျားကလေး ရပါ့မလား။
၈၀။ ဒီမိန်းမ ကလေးရပါ့မလား။
၈၁။ ဒီကိုယ်ဝန်ဟာ သားလား၊ သမီးလား။
၈၂။ သားသမီးကော အကျိုးပေးမလား။
၈၃။ ဒီကလေးကို မွေးစားရင် ဘယ်နှယ့်နေမလဲ။
၈၄။ ဒီကိုယ်ဝန်ဟာ လွယ်လွယ် မွေးနိုင်ပါ့မလား။
၈၅။ ကလေးဘယ်နှစ် ယောက် ယူသင့်သလဲ။
၈၆။ သားသမီးတွေ ထဲက ဘယ်နေ့ သားသမီးက အကျိုးပေး မလဲ။
(ဃ) တပည့်လက်သား
၈၇။ ဒီလူဟာ တပည့်ကောင်း ဖြစ်ပါ့မလား။
၈၈။ တပည့်မွေးတာ ကောင်းရဲ့လား။
၈၉။ ဒီမိန်းမကို အလုပ်ပေးရင်ကောင်းမလား။
၉၀။ ကိုယ်ကခိုင်းလိုက်တာ အဲဒီ လူဟာ စိတ်ချရပါ့မလား။
၉၁။ အိမ်မှာ တပည့်မြဲပါ့မလား။
၉၂။ ယောက်ျားနဲ့မိန်းမ ဘယ်သူက အကျိုးပေးမလဲ။
၉၃။ တပည့်လက်သား တော် လှန်နေတာ ဘာလုပ်ရမလဲ။
၉၄။ ဘယ်နေ့ သားတပည့်လက်သားကို ခေါ်ရမလဲ။
(င) ပေါင်းသင်းဆက်ဆံရေး
၉၅။ ဒီလူဟာ သိက္ခာရှိရဲ့လား။
၉၆။ ဒီလူဆီမှာ အလုပ်လုပ်ရင် ကျွန်တော် ထွန်းကားပါ့မလား။
၉၇။ ဒီလူဟာ အုပ်ချုပ်မှု မှာ တော် ရဲ့လား။
၉၈။ အခု လာမိတ်ဖွဲ့တဲ့ သူဟာ မိတ်ဆွေစစ် ဟုတ်ရဲ့လား။
၉၉။ ထွက်သွားတဲ့ တပည့် ပြန်လာပါ့မလား။
၁၀၀။ ဒီလူကို အားကိုးချင်တယ် ဖြစ်ပါ့မလား။
၁၀၁။ ဒီလူကို ကယ်ထားရင် ဖြစ်မလား။
၁၀၂။ ဒီလူကို လက်ခံရင် ကောင်းမလား။
၁၀၃။ ဒီလူကို အိမ်ပေါ်ခေါ်ထားရင် ကောင်းမလား။
၁၀၄။ ဒီလူဟာ သစ္စာရှိရဲ့လား။
၁၀၅။ သူ့ကို ယုံကြည်ရရဲ့လား။
၁၀၆။ ဒီလူနဲ့ တာရှည်ပေါင်းလို့ ကောင်းမလား။
၁၀၇။ ဘယ်နေ့ သားသမီးတွေ နဲ့ ပေါင်းသင်းရမလဲ။
၁၀၈။ ဒီလူကို မိတ်ဖွဲ့သင့်သလား။
(စ) အကြံအစည်နဲ့ လုပ်ဆောင်မှု
၁၀၉။ သူပေးတဲ့ အကြံအတိုင်း လုပ်ရမလား။
၁၁၀။ သူ့ကိုအားကိုးရင် ဖြစ်မလား။
၁၁၁။ ဒီအခွင့်အရေး သူ့ကို ပေးရင်ကောင်းမလား။
၁၁၂။ သူပြောတဲ့ စကားဟာ အမှန်ပဲလား။
၁၁၃။ ဒီအမျိုးသမီးနဲ့ ဆွေးနွေးရင် အဆင်ပြေပါ့မလား။
၁၁၄။ သူ့ကိုတိုင်ပင်ချင်တာ သူလက်ခံမှာ လား။
၁၁၅။ သူ့ကိုမြှော က်ပေးရင် လုပ်ပါ့မလား။
၁၁၆။ ဒီလူဟာ ကိုယ့်ဘက်ကပေးရင် ကောင်းလား။
၁၁၇။ ဒီကိစ္စကို ကူညီပေးရင် ကောင်းမလား။
၁၁၈။ အခုအချိန်မှာ စကားပြောရင် အဆင်ပြလောက်ပြီလား။
၁၁၉။ ကိုယ်ပြောစကား သူနားထောင်မှာ လား။
၁၂၀။ ကိုယ့်အကြံကို သူသိပါမလား။
၁၂၁။ ဟောဒီလူရဲ့ စကားအတိုင်း လိုက်နားရင် ကောင်းမလား။
၁၂၂။ အခု ဖြစ်နေတဲ့ အခြေအနေက မှန်ရဲ့လား။
၁၂၃။ သူပေးမယ်ဆိုတဲ့ စကားဟာ အမှန်ပဲလား။
၁၂၄။ အခွင့်အရေး ရမရ ဘယ်တော့သိမလဲ။
၁၂၅။ ဒီပစ္စည်း သူ့ကို ပေးလိုက်ရမလား။
၁၂၆။ သူတို့လာတာ ကျွန်တော် အတွက် အ၀င်တော် ပါတယ် နော်။
၁၂၇။ ကြားချင်တဲ့ သတင်း ကြားပါ့မလား။
၁၂၈။ ဒီနေရာမှာ နေရင် သူနဲ့လွတ်မလား။
၁၂၉။ ဒီလူနဲ့ ရင်ဆိုင်ရင် အောင်မြင်ပါမလား။
၁၃၀။ ယှဉ်ပြိုင်လုပ်ရင် ကိုယ်ကနိုင်ပါ့မလား။
၁၃၁။ သူနဲ့ ရန် ဖြစ်လို့ ကောင်းမလား။
၁၃၂။ သူအထင်အမြင်လွဲတာ အမြင်မှန်ရပါမလား။
(ဆ) ဘာသာရေး
၁၃၃။ တရားထိုင်ရင် တရားရပါ့မလား။
၁၃၄။ ပုတီးစိပ်ရင် ဘာကိုစိပ်ရမလဲ။
၁၃၅။ ဘုရားထုရင် ဘယ်အသားကို ထုရမလဲ။
၁၃၆။ ဘယ်နံပါတ်နဲ့ ဆရာတော် ကို ကိုးကွယ်ရမလဲ။
(င) ရောဂါ နှင့် ဆေး
၁၃၇။ ကျန်းမာရေး ကောင်းမလား။
၁၃၈။ အသက်အန္တရာယ်ရှိမလား။
၁၃၉။ အခု ဖြစ်နေတဲ့ဝေဒနာဟာ နာတာရှည်လား၊ ယာယီလား။
၁၄၀။ ဒီလူနာနဲ့ ဆေးစူးပါ့မလား။
၁၄၁။ အခုပေးတဲ့ဆေးနဲ့ အနာတည့်ပါ့မလား။
၁၄၂။ ဒီဆရာဝန်နဲ့ကုရင် ကောင်းပါ့မလား။
၁၄၃။ ဒီ ရောဂါ ဟာ ခွဲစိတ်ကုသရမှာ လား။
၁၄၄။ ဒီ ရောဂါ ကြောင့် ဘာအစာရှောင်ရမလဲ။
(စ) မွေးမြူရေး
၁၄၅။ ဒီခွေးလေးကို မွေးရမလား။
၁၄၆။ မွေးမြူရေး လုပ်ရင် အကျိုးပေးမလား။
၁၄၇။ ဒီနွားလေးမွေးရင် အဆင်ပြေမလား။
၁၄၈။ ၀င်လာတဲ့ တိရစ္ဆာန်လေးဟာ ကိုယ့်အတွက် ကောင်းပါ့မလား။
(ဆ) နိမိတ်
၁၄၉။ အခုပြတဲ့နိမိတ်ဟာ အကောင်းလား အဆိုးလား။
၁၅၀။ ဒီအိပ်မက်ဟာ ကိုယ့်အတွက် အကျိုးပေးမလား။
၁၅၁။ သူများ ပေးတဲ့ ပစ္စည်းလေး ဆောင်ထားရင် အကျိုးခံစား ရမလား။
၁၅၂။ အခုကောက်ရတဲ့ပစ္စည်းလေး ဆောင်ထားရင် ဘယ်နှယ့် နေမလဲ။
(ဇ) ကုသိုလ်ကောင်းမှု
၁၅၃။ ဒီအလုပ်မှာ ကုသိုလ်ကောင်းမှု လုပ်ရင်ကောင်းမလား။
၁၅၄။ အလှူအတန်းလုပ်ရပါ့မလား။
၁၅၅။ ဘယ်လိုအလှူမျိုး လှူရပါ့မလဲ။
၁၅၆။ လက်ရှိစီစဉ်နေတဲ့ အလှူပြီးမြောက်ပါ့မလား။
၁၅၇။ ကြီးကြီးကျယ်ကျယ် ကထိန်ခင်းချင်တယ်၊ ကောင်းပါ့မလား။
၁၅၈။ ကလေးတွေ ကို ရှင်ပြုပေးချင်းတယ်၊ ဘယ်နှယ့်လဲ။
၁၅၉။ အခုပဉ္ဇင်းဝတ်ရင် ကောင်းမလား။
၁၆၀။ ဘုရားတည်ချင်တယ် အောင်မြင်ပါ့မလား။
၁၆၁။ အဓိဌာန်ဥပုသ်စောင့်မယ် ရမလား။
၁၆၂။ သာသနာပြုပုဂ္ဂိုလ် ဖြစ်နိုင်ပါ့မလား။
(ည) ငွေကြေးချေးငှားမှု
၁၆၃။ သူ့ကိုငွေချေးရင် ဖြစ်မလား။
၁၆၄။ သူ့ဆီက ငွေချေးချင်တယ် ရမလား။
၁၆၅။ အကြွေးသွားတောင်ချင်တယ် ရမလား။
၁၆၆။ ဖေဖေနဲ့ မေမေဆီက သွားတောင်းတဲ့အကူအညီ ရပါ့မလား။
၁၆၇။ ငွေချေးတာ ဘယ်တော့လောက် တောင်းရမလဲ။
၁၆၈။ မိဘအမွေအနှစ် ရပါ့မလား။
၁၆၉။ ဘယ်တော့ ကြွေးကျေမလဲ။
၁၇၀။ မိဘအမွေအနှစ် ကို အေးအေးရမလား၊ ပြဿနာနဲ့ ရမလား။
(ဋ) အရပ်ဒေသအကျိုးပေးမှု
၁၇၁။ ဒီမှာ ခဏနေရင် ကောင်းမလား။
၁၇၂။ ဒီအရပ်တို့များ နဲ့ သင့်တော် ရဲ့လား။
၁၇၃။ ဒီမှာ အိမ်ဆောက်ရင် ကောင်းပါ့မလား။
၁၇၄။ ဒီအရပ်မှာ နေရင် ကြီးပွားပါ့မလား။
၁၇၅။ ဒီအရပ်က ပြောင်းရပါ့မလား။
၁၇၆။ ဒီမှာ ရေတွင်းရေကန်တူးရင် ကောင်းပါ့မလား။
၁၇၇။ ဘယ်အရပ်ဟာ ကိုယ့်အတွက် အကျိုးပေးသလဲ။
၁၇၈။ ဒီအရပ်ကလူတွေ က ဖော်ရွှေရဲ့လား။
၁၇၉။ ဒီအရပ်လာပြီး ဆေးကုရင်ပျောက်မလား။
၁၈၀။ ဒီအရပ်ကိုသွားပြီး ပစ္စည်းဝယ်ရင် ရမလား။
(ဌ) မိုးလေ၀သ
၁၈၁။ အခုစွေတဲ့မိုး ဘယ်တော့စဲမလဲ။
၁၈၂။ ဒီနှစ် ရေကြီးမလား။
၁၈၃။ ဒီနှစ် မိုးကောင်းမလား။
၁၈၄။ ဒီနှစ် ချမ်းပါ့မလား။
(ဍ) ပစ္စည်းပျောက်ရှမှု
၁၈၅။ ပျောက်သွားတဲ့ငွေလေး ရပါ့မလား။
၁၈၆။ ပျောက်သွားတဲ့ရွှေ ပြန်ရပါ့မလား။
၁၈၇။ ပျောက်သွားတဲ့လက်စွပ် ပြန်ရမလား။
၁၈၈။ ပျောက်သွားတဲ့နာရီလေး ပြန်ရပါ့မလား။
၁၈၉။ ဒီနှစ် ကို လူလိမ်ခံရဖို့ ရှိသလား။
၁၉၀။ ပျောက်သွားတဲ့ခွေးလေး ပြန်တွေ့ ပါ့မလား။
၁၉၁။ ပျောက်သွားတဲ့ အ၀တ်အစားသေတ္တာ ပြန်ရပါ့မလား။
၁၉၂။ လက်လွန်နေတဲ့ အဖိုးတန်စ္စည်းလေး ပြန်ရပါ့မလား။
(ပ) ခရီးယာယီ
၁၉၃။ ထွက်သွားတဲ့သူ ပြန်လာပါ့မလား။
၁၉၄။ အိမ်ကထွက်သွားတဲ့ အမျိုးသမီး ပြန်လာပါ့မလား။
၁၉၅။ ခရီးသွားနေတဲ့သူ လာခါနီး ပြီလား။
၁၉၆။ လိုက်ပြီးခေါ်ရင် သူ့ကိုမှီပါ့မလား။
၁၉၇။ အခုသွားတာ တွေ့ ရပါ့မလား။
၁၉၈။ သွားပြီးခေါ်ခိုင်းတာ ဒီလူလိုက်ပါ့မလား။
၁၉၉။ တို့များ ရည်ရွယ်ထားတဲ့သူ ရောက်ခါနီး ပြီလား။
၂၀၀။ သွားနေတဲ့ခရီးက အမြန်ပြန်လာနိုင်မှာ လား။
၂၀၁။ အခုသွားမဲ့ခရီးဟာ ကြမလား။
၂၀၂။ သွားချင်တဲ့နေရာကို သွား ဖြစ်မလား။
၂၀၃။ အဝေးရောက်နေတဲ့သူဟာ အေးအေးချမ်းချမ်းပဲလား။
၂၀၄။ ရေလမ်းခရီးသွားချင်တယ် ဖြစ်မလား။
၂၀၅။ ဘယ်အရပ်ကို ခရီးထွက်ရမလဲ။
၂၀၆။ ဒီလူနဲ့ ခရီးထွက်လို့ကောင်းမလား။
၂၀၇။ ဒီနှစ် ခရီးယာယီသွားရဖို့ ရှိသလား။
၂၀၈။ အခုသွားမဲ့ခရီးလမ်းမှာ အန္တရာယ်ရှိမလား။
၂၀၉။ ဒီခရီးသွားတာ အဆင်ပြေပါတယ်နော်။
၂၁၀။ နိုင်ငံခြားခရီးသွားရမှာ လား။
၂၁၁။ ပညာတော် သင် သွား ဖြစ်မလား။
၂၁၂။ လုံးဝနိုင်ငံခြားသွားနေတာ ကောင်းမလား။
(ဏ) အမှု ကိစ္စဆောင်ရွက်မှု
၂၁၃။ သူ့ကိုခိုင်းရင် ဒီအမှု ပြီးသွားမလား။
၂၁၄။ ဒီအမှု မှာ သူအဆင်ပြေနိုင်ပါ့မလား။
၂၁၅။ သူက ဒီအမှု လုပ် ဖြစ်ပါ့မလား။
၂၁၆။ ဒီအမှု ရဲ့အခြေအနေက ဘယ်လိုလဲ။
၂၁၇။ အခုတွေ့ နေရတဲ့အမှု နိုင်ပါ့မလား။
၂၁၈။ အခုလောက်နဲ့ အမှု ကိစ္စတွေ ပြီးသွားမလား။
၂၁၉။ အချုပ်ခံရတဲ့သူဟာ လွတ်ခါနီး ပြီလား။
၂၂၀။ ဒီအမှု သွားပြိုင်ရင် ကောင်းမလား။
၂၂၁။ ဒီအမှု က ကွင်းလုံးကျွတ်လွတ်မလား။
၂၂၂။ ဒီအမှု ဟာ ငွေဒဏ်လား၊ ထောင်ဒဏ်လား။
၂၂၃။ အမှု အခင်း ကြုံတွေ့ နိုင်မလား။
၂၂၄။ ဒီလူကို တရားစွဲချင်တယ် ဘယ်နှယ့်လဲ။
၂၂၅။ ဒီအမှု ကို ကြေအေးရင် ကောင်းမလား။
၂၂၆။ ဘယ်နေ့သားရှေ့နေ ငှားရမလဲ။
၂၂၇။ အမှု စတင်ရင် ဘယ်ရက်ပိုင်းပိုကောင်းမလဲ။
၂၂၈။ ဒီအမှု ကြာမလား မြန်မလား။
၂၂၉။ သက်သေတွေ က ကိုယ့်သဘောအတိုင်း ထွက်ဆိုပါ့မလား။
၂၃၀။ ဒီနှစ် အချုပ်အနှောင် အမှု အခင်းခံရဖို့ရှိလား။
၂၃၁။ အခုရန် ဖြစ်တာ ဘယ်သူ့အမှားလဲ။
၂၃၂။ တရားဆိုင်တဲ့အခါ ဘာဆောင်သွားရမလဲ။
(တ) လတ်တလောကိစ္စများ
၂၃၃။ လုပ်နေတဲ့ကိစ္စတွေ ဘယ်အဆင့်ရောက်နေပြီလဲ။
၂၃၄။ ခိုင်းလိုက်တဲ့အတိုင်း အဆင်ပြေခဲ့ပါမလား။
၂၃၅။ သူ့ကိုပေးလိုက် ရင် ဒီကိစ္စပြီးသွားမှာ လား။
၂၃၆။ လုပ်လာတဲ့ကိစ္စတွေ အောင်မြင်ပါ့မလား။
၂၃၇။ ရည်ရွယ်ထားတဲ့ကိစ္စတွေ ထမြောက်ပါတယ်နော်။
၂၃၈။ ဒီကိစ္စကိုလိုက်ရင် အောင်မြင်ပါ့မလား။
၂၃၉။ အခုလုပ်နေတဲ့ကိစ္စတွေ ဘာ ဖြစ်ဦးမလဲ။
၂၄၀။ အခုလုပ်နေမဲ့ကိစ္စအတွက် ဒီလူကို ကယ်လို့ရမလား။
၂၄၁။ အခုသွားလုပ်မဲ့ အကြံအစည်ဟာ အောင်မြင်ပါ့မလား။
၂၄၂။ ဒီပြဿနာတွေ ကို ဖြေရှင်းရင် ပြေလည်ပါ့မလား။
၂၄၃။ အခုကြားနေရတဲ့ပြဿနာဟာ ဖြစ်ဦးမှာ လား။
၂၄၄။ စုံစမ်းထားတဲ့ကိစ္စလေးရဲ့ အခြေအနေ ဘယ်လိုလဲ။
၂၄၅။ အခုသွားတဲ့ကိစ္စ ချောချောမောမော အောင်မြင်မှာ လား။
၂၄၆။ လုပ်နေတဲ့ကိစ္စတွေ ဟာ ကြာမှာ လား၊ မြန်မှာ လား။
၂၄၇။ လက်ရှိပြဿနာတွေ ကို ဖြေရှင်းရတော့မလား။
၂၄၈။ အခုရင်ဆိုင်နေရတဲ့ ပြဿနာဟာ ဘယ်လိုနေဦးမလဲ။
၂၄၉။ ဖြစ်နေတဲ့ကိစ္စ ပြီးသွားပြီလား။
၂၅၀။ ဒီကိစ္စတွေ ကို ကြံဖို့ ဘယ်သူကိုလွှတ်ရမလဲ။
၂၅၁။ ဖြစ်နေတဲ့ကိစ္စတွေ အရှုံးပေးရတော့မလား။
၂၅၂။ အခုလုပ်နေတဲ့ကိစ္စကို ရှေ့ဆက်ရမလား၊ နောက်ပြန် ဆုတ်ရမလား။
၂၅၃။ အခုအခြေအနေ ပြောင်းဖို့ရှိသလား။
၂၅၄။ အခုလုပ်မယ့်ပွဲဟာ အေးအေးဆေးဆေး ပြီးသွားမှာ လား။
၂၅၅။ ကွဲနေတဲ့သူနဲ့ ပြန်တွေ့ ရပါ့မလား။
၂၅၆။ သွားယူနေတဲ့ပစ္စည်း ရပါ့မလား။
၂၅၇။ အခုတွေ့ တဲ့ လူကြီးနဲ့ လူငယ် ဘာကွာသလဲ။
၂၅၈။ ဒီနေ့ကစားရင် နိုင်ပါ့မလား။
၂၅၉။ ဒီလူ အရပ်ရှစ်မျက်နှာ ဘယ်အရပ်မှာ ရှိမလဲ။
၂၆၀။ ညက အိပ်မက်ရဲ့သဘော နိမိတ်က ဘယ်လိုလဲ။
(ထ) ရာထူး၊ ပညာရေး
၂၆၁။ ဌာနတွင်းဆိုင်ရာစာမေးပွဲ အောင်ပါ့မလား။
၂၆၂။ ဒီရာထူး ကျွန်တော် တက်မလား။
၂၆၃။ လက်ရှိနေရာမှာ မြဲပါ့မလား။
၂၆၄။ ထုချေလွှာတောင်းတဲ့ကိစ္စ လွယ်လွယ်နဲ့ပြီးပါ့မလား။
၂၆၅။ ရာထူးချခံရတာ ပြန်အလုပ်ရပါ့မလား။
၂၆၆။ ဒီပညာသင်ရင် တတ်ပါ့မလား။
၂၆၇။ ဖြေရမဲ့စာမေးပွဲ အောင်ပါ့မလား။
၂၆၈။ ဖြေပြီးတဲ့စာမေးပွဲ အောင်ပါ့မလား။
၂၆၉။ ဖြေရမဲ့စာမေးပွဲမှာ ဘယ်ဘာသာကို သတိထားရမလဲ။
၂၇၀။ စာမေးပွဲသွားဖြေတဲ့အခါ ဘာအရောင် ၀တ်ရမလဲ။
၂၇၁။ စာကျက်တဲ့အခါ ဘယ်အရွက်ဆောင်ပြီး ကျက်ရမလဲ။
၂၇၂။ ရာထူးတက်ဖို့နီးပြီလား။
(ဒ) အထွေထွေ
၂၇၃။ ကိုယ်နဲ့ ဘယ်ကျောက်နဲ့ အကျိုးပေးမလဲ။
၂၇၄။ အမြဲတမ်း ဘယ်လိုအရောင် မျိုးဝတ်ရမှာ လဲ။
၂၇၅။ စိတ်တည်ငြိမ်အောင် ဘာလုပ်ရမလဲ။
၂၇၆။ အန္တရာယ်ကင်းအောင် ဘယ်လိုနေရမလဲ၊ ဘာလုပ်ရ မလဲ။
၂၇၇။ ဘာယတြာတွေ ချေရမလဲ။
၂၇၈။ စာမေးပွဲသွားဖြေတဲ့အခါ ဘာပန်းပန်ရမလဲ။
![]() ပရာသန်တန္တရ | ![]() သောကြာဂြိုဟ် (Venus) | ![]() ကောင်းကင်ပေါ်ကဂြိုဟ် လူသားတွေကိုဘာတွေလုပ်ပေးသလဲ (ဒုတိယတွဲ) |