ပြောချင်တယ်
မွေးတဲ့ ခု၊ လ၊ ရက်၊ နာရီတွေ မသေချာတဲ့ပုဂ္ဂိုလ်တွေ ကို ဗေဒင်ဟောပါဆိုရင် တော် တော် ဂွကျပါတယ်။ ဒါပေမယ့် ဟောလို့ရပါတယ်။ အရှေ့တိုင်းမှာ နာဆထာဇာတကမ် လို့ခေါ်တဲ့ ဇာတာမရှိတဲ့ သူတွေ ကို ဟောပြောလို့ရတဲ့ စနစ်နဲ့ဆိုင်ရာကျမ်းတွေ ရှိပါတယ်။ တချို့ ကျမ်းတွေ ထဲက တကယ် ကောင်းပြီး တချို့ကျမ်းတွေ က လုပ်စားထားတာတွေ့ ရပါတယ်။
ဘာပဲပြောပြော မသိသေးရင် မတတ်သေးရင် ဖတ်ရမှာ ပဲ။ နောက်မှ ကြိုက်တာယူ မကြိုက်ရင် ဖယ်ထား ကြရပါမယ်။ နာဆထာဇာတာကုန်လို နာမည် ကြီးတဲ့ ကျမ်းတွေ ထဲမှာ ပရာသနာလို့ခေါ်တဲ့ ဟူးရာကျမ်းတွေ ထဲလည်း ပါပါတယ်။
ပရာသနကျမ်းတွေ ထဲမှာ ကမ္ဘာကျော်လောက်အောင် နာမည် ကြီးတဲ့ကျမ်းက ဆပဉ္စီးကား ဟူးရားကျမ်း ဖြစ်ပါတယ်။ သူ ကတော့ နံပါတ်တစ်ပေါ့။ ဂါထာ ၅၆ ခုနဲ့ အားလုံးကို ဟောပြောလို့ ရအောင် စီစဉ်ထားတာ ဖြစ်ပါတယ်။
ဟူးရားကျမ်းတွေ ထဲမှာ တကယ်ကြိုက်တဲ့ ကျမ်း ကတော့ ပရာသနာ မာဃ ဟူးရားကျမ်း ဖြစ်ပါ တယ်။ မြန်မာဘာသာပြန်ရရင် စာမျက်နှာ ၁၅၀၀ လောက်ထွက်လာပါမယ်။ ကောင်းတဲ့ကျမ်းကြီး ရယ်ပါ။ ဂွတ်ရှယ် ဖြစ်ပါတယ်…( မကြာခင်မှာ ဆရာကြီး ဒေါက်တာကံညွန့်က ပရာသနာ မာဃ ကျမ်းကို မြန်မာဘာသာနဲ့ ပြန်ဆိုထုတ်ဝေ လိမ့်မယ်လို့ သတင်းရထားပါတယ်)
ခု၊ လ၊ ရက် မသိပဲလာတဲ့ အချိန်အခါကို ဇာတာဖွဲ့ပြီး ဟောပြောတဲ့စနစ်ကို ဟူးရားဗေဒင် ဟောနည်းလို့ ခေါ်ပါတယ်။ အဲဒီ ဟူးရားဗေဒင်ကျမ်းပေါင်းများ စွာ ထဲမှာ ဟောဒီ ပရာသနာတန္တရ ဟူးရားကျမ်းလဲ ပါပါတယ်။
လာမေးတာနဲ့ ဟောလို့ရအောင် ဆင်ထားတဲ့ ဗေဒင်ကျမ်း ဖြစ်ပါတယ်။ ကောင်းပါတယ်… လွယ်လဲလွယ်ပါတယ်။ လူကြိုက်လည်း များ ပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ နာမည် ကြီးတဲ့ တဂျာကာစနစ်နဲ့ ပြုစုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျမ်းကို အရှေ့တိုင်းကရော၊ အနောက်တိုင်း ကပါ တလေးတစား ဖတ်ကြပါတယ်။
အောက်ခြေမှတ်ချက်တွေ ကို ကမ္ဘာကျော် နက္ခတ် ဗေဒင်ကျမ်းပြု ဆရာကြီး ဒေါက်တာ ဘီ ဗွီ ရာမန် က ရေး ထားပါတယ်။ ခိုင်မာပြီး တိကျတဲ့ ကျမ်းတစ်ကျမ်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပုံနှိပ် စာအုပ်အ ဖြစ် ထွက်ပေါ်လာခြင်း မရှိပါဘူး။
ခု၊ လ၊ ရက် ဘာမှ မသိသူတွေ ကို တိုင်ထူပြီး ထင်ရာဟောနေမယ့်အစား စနစ်တကျရှိတဲ့ ဟူးရားဗေဒင် ဟောနည်းစနစ်ကို သုတေသနပြုပြီး ဟောပြောလို့ ရအောင် ဒီကျမ်းကို ပြန်ဆိုပေးရတာ ဖြစ်ပါတယ်။ အားလုံးကျေနပ်လိမ့်မယ်လို့လဲ ယုံကြည်မိပါတယ်။
မူရင်းကျမ်းကို ငှားရမ်းခဲ့တဲ့ ဦးဘုန်းကြူဖေကို ကျေးဇူးတင်ပါတယ်။
ဆရာဒဂုန်
နိဒါန်းမိတ်ဆက်
ဟူးရားဗေဒင်ဟာ မုဟုတ္တ (၀ါ) အခါရွေးပေးခြင်း၊ ဗေဒင်နဲ့ မူလဇာတာ ဟောပြောမှု အခြေခံ ဗေဒင်နဲ့ မူလ ဇာတာဟောပြောမှု အခြေခံဗေဒင်လိုဘဲ အရေး ကြီးတဲ့ ဗေဒင်ပညာရပ်ထဲမှာ ပါဝင်ပါ တယ်။
အနာဂတ် ဖြစ်ရပ်တွေ ကို အဆုံးအဖြတ်ပေးရာမှာ အခြေခံအ ဖြစ် အသုံးကျပြီး မေးမြန်းမှု တစ်ခု အတွက် ဇာတာကို ချက်ချင်း ဖွဲ့ရပါတယ်။ ဟူးရားဗေဒင်မှာ ဆုံးဖြတ်တဲ့အခါ တိကျစေမှု အတွက်က လာမေးတဲ့ အချိန်ကို သိခွင့်ရခြင်း ဖြစ်ပါတယ်။
အမှန်မှာ မေးခွန်းမေးလာတဲ့အချိန်ဟာ ဆန္ဒပေါ်ပေါက်လာတဲ့ အချိန်(သို့ မဟုတ်) မေးမြန်း သူရဲ့ စိတ်ထဲပေါ်ပေါက်လာတဲ့အချိန် ဖြစ်ကာ များ စွာ အဓိပ္ပာယ်ရှိပါတယ်။ တကယ်လို့ အဖြေကို စိတ်အားထက်သန်စွာ လိုချင်လေ၊ မှန်ကန်တဲ့အဖြေကို ရချင်လေ မေးခွန်ဟာ လေးနက်မှု ရှိရလေ ဖြစ်ပါတယ်။ မေးချင်တဲ့ မေးခွန်းဟာ ခပ်ပေါ့ပေါ့ (သို့ ) သူများ မကောင်းကြံတဲ့ မေးခွန်းအပျင်းပြေမေးတဲ့ မေးခွန်း၊ အပျော်မေးတဲ့ မေးခွန်းဆိုရင်တော့ ဗေဒင်ဆရာက ဒီဟူးရားဗေဒင်ကို အသုံးမပြုဘဲနေနိုင်ပါ တယ်။
ဟူးရားဗေဒင်ဟာ စိတ်ထဲမှာ ပေါ်ပေါက်လာတဲ့ အတွေးနဲ့ ခဏအတွင်းမှာ အာရုံရတဲ့အ ဖြစ်တို့ကြားမှာ ဆက်နွယ်မှု ရှိတဲ့ အာရုံဖြင့် သိမြင်မှု ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဒီအာရုံဖြင့် သိမြင်မှု ဟာ အ ဖြစ်အပျက်တစ်ခုကို ကြိုပြီးတွက်ဆဖို့အတွက် သဲလွန်စတစ်ခုကို ရစေပါတယ်။ ဒါကြောင့် ဟူးရားဗေဒင်ဟာ အများ ဆုံးလက်တွေ့ ဆန်ပြီး အသုံးကျတဲ့ ပညာ၊ ဗဟုသုတ အခက်အလက် ဖြစ်ပါတယ်။
အခု ဒီကျမ်းဟာ ဟူးရားဗေဒင်ကျမ်းဟောင်းကြီး တစ်ဆူ ဖြစ်ပြီး နိလကန်ဒါဒေသညာဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ပြုစုရေး သားခဲ့တာ ဖြစ်ပါတယ်။ နက္ခတ်ဗေဒင်ပါရဂူတစ်ချို့က ဒီပြဿနာတံတျကျမ်း ဟာ သီးခြားကျမ်းကြီးရဲ့ အခန်းတစ်ခန်းသာ ဖြစ်ပါတယ်လို့ အဆိုရှိကြပါတယ်။ အဲဒီ ကျမ်းကြီးရဲ့ နောက်ဆုံးနှစ် ခန်း ကတော့ သံဃဏတံတျနဲ့ ၀ဿဖလ(၀ါ) နှစ် ပြန်ဒသာ ဟောနည်း ဖြစ်ပါတယ်။
ကျမ်းတစ်ဆူ ဖြစ်စေ၊ တစ်ခန်းတစ်ကဏ္ဍ ဖြစ်စေ၊ ဒီပြဿာနာတံတျကျမ်းဟာ ဟူးရားဗေဒင် ပညာနဲ့ အရေး ကြီးတဲ့အပိုင်း ပတ်သက်ပြီး ရှင်းလင်းလွယ်ကူစွာ ဖော်ပြထားပါတယ်။ ဟူးရားကျမ်း အမျိုးမျိုး ဖြစ်တဲ့…
(က) စာပန္ဒ (တ) ဆပဉ္စိက
(ခ) လမ်ပကာ
(ဂ) ပြဿနာဂနာနာ
(ဃ) ပြဿနာ တူဇန
(င) ပြဿနာသိန္ဓူ
(စ) ပြဿနာစိန္တာမဏိ
(ဆ) ဘာဝနဒိပိက
(ဇ) ဗိနိဒြာမာလာ
(စ်) ကရိသွ်နိးယား
(ည) ပြဿနာမာဃစတဲ့ ကျမ်းတွေ ကို ရှေးပညာရှင် အသီးသီးက ပြုစုခဲ့ကြပါတယ်။
နောက်ဆုံးကျမ်း ဖြစ်တဲ့ ပြဿနာမာဃကျမ်းဟာ လိုရင်း အချက်တွေ နဲ့ ပြည့်စုံပြီး နားလည် လွယ်ကာ အသေးစိတ် ထုတ်ဖော်ရှင်းလင်းထားတဲ့ ဟူးရားကျမ်းကြီး တစ်အုပ် ဖြစ်ပါတယ်။ (မကြာခင် ပြဿနာမာဃကို အောက်ခြေမှတ်စုတွေ နဲ့ ပြည့်စုံစွာ ရေး သားထုတ်ဝေပါမယ်)
အခု ဘာသာပြန်ဆို ဖြစ်တဲ့ ပြဿနာတံတျဟာ အကြောင်းသုံးရပ်ပေါ်မူတည်ပြီး ဘာသာပြန်ရ တာ ဖြစ်ပါတယ်။ ပထမအချက်ဟာ ကျဉ်းပေမယ့် ပြည့်စုံပြီး လိုရင်းအချက်တွေ အားလုံးပါကာ နားလည် လွယ်လို့ပါ။ ဒုတိယအချက်က ကျမ်းဟောင်း ဖြစ်လင့်ကစား ရှင်းပြီး ခေတ်မှီတုန်းရှိလို့ပါ။ တတိယအချက်က လက်တွေ့ စမ်းသပ်ဟောပြောတဲ့အခါ အံဝင်ဂွင်ကျရှိလို့ပါ။
ဒီမူရင်းကျမ်း ပြုစုတဲ့ နိလာကန်ဒါဟာ တဂျကာစနစ်နဲ့ အခြားကျမ်းတွေ ပါ အထောက်အထား အရ ဗေဒင်ဆရာမျိုးရိုး ဖြစ်ပါတယ်။ သူ့အဖိုးဟာ စိန္တာမဏိဒေ၀ညာ ဖြစ်ပြီး ဖခင်ဟာ အနာထဒေ၀ညာ ဖြစ်ပါတယ်။ ရာမဒေ၀ညာရဲ့ ညီအရင်း ဖြစ်ပါတယ်။ အမျိုးအနွယ်အားဖြင့် ဂဂ္ဂရသေ့မျိုးဆက်မှ ဆင်းသက်လာသူ ဖြစ်ပါတယ်။
သူ့ရဲ့ ၀ဿဖလတံကျကျမ်း နောက်ဆုံးအခန်းမှာ ဒီကျမ်းကို သကသက္ကရာဇ် ၁၅၀၉ ခု အသစ် ဂျလဆန်း ၈ ရက်။ (၁၅၆၇ အေဒီ)မှာ ရေး သားခဲ့တယ်လို့ ဆိုပါတယ်။ ဝေဒပညာရှင်တွေ ကလဲ သူ့ကျမ်းတွေ ကို လက်ခံထားကြပါတယ်။ ဒီကျမ်းရေး ချိန်မှာ အသက် ၄၃-၄၄ နှစ် သာ ရှိပါသေး တယ်။
သူ့ရဲ့ ကျမ်းကြီးတွေ ဖြစ်တဲ့ သံဃတံတျနဲ့ ၀သတံကျ ကျမ်းတွေ ရဲ့ ပထမနှစ် ခန်းမှ တစ်ခန်းကို ၀ိသွာနာထဒေသညာရဲ့ မှတ်ချက်ဋိကာတွေ ကို သက္ကရာဇ် ၁၅၅၁ (အေဒီ ၁၆၃၉)မှာ ရေး ခဲ့ပုံရသလို သီးသန့်ရေး တယ်လို့ ဆိုနိုင်စရာရှိတဲ့ ပြဿနာတံတျမှာ မူ အဖွင့်ဋီကာတွေ ကို ရေး သားခြင်း မရှိပါ။
မူရင်းမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာမှာ ပြန်ဆိုသူရဲ့ အာဘော်ထက်ကျမ်းပြုဆရာရဲ့ ဦးတည်ချက်ကို ဦးစားပေးခဲ့ပါတယ်။ ဗေဒင်ပညာဆိုတာ ချိန်ဆမှု ပါတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပြီး ခေတ်မှီတိုးတက်နေတဲ့ အင်္ဂလိပ်ဘာသာကို ပြန်ဆိုတဲ့နေရာမှာ မူရင်းသတ္တထကျမ်းရင်းက အဆင့်မြင့် တဲ့ အာဘော်တွေ ကို လိုက်မှီအောင် မနည်းကြိုးစားရပြီး အခက်အခဲ အမျိုးမျိုး တွေ့ ရပါတယ်။
သတ္တထမှ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုခြင်းမရှိခဲ့ပါ။ သတ္တထဘာသာကို ကျွမ်းကျင်မှု မရှိတဲ့ အိန္ဒိယဗေဒင် ၀ါသနာရှင်တွေ နဲ့ ဟိန္ဒူနက္ခတ်ဗေဒင်ပညာကို လိုက်စားလာကြတဲ့ နိုင်ငံရပ်ခြားမှ ပညာရှင်တွေ အတွက်ပါ လွယ်ကူစွာ သိရှိနိုင်ဖို့၊ ပြဿနာဇာတာဟောစနစ်ဟာ လက် တွေ့ အသုံးဝင်တယ်ဆိုတာသိဖို့ ဦးစားပေးကြိုးပမ်းမှု ဟာ ဘယ်အတိုင်းအတာအထိ အောင်မြင်သလဲ ဆိုတာ စာဖတ်သူတို့က ဝေဖန်ဆုံးဖြတ်ပေးရပါလိမ့်မယ်။
ပြဿနာတံတျကို လေးပိုင်းခွဲထားပါတယ်။
(က) ပြဿနာဝိဓျရာ (၀ါ) ပဏာမနိဒါန်း
(ခ) ဘာဝပြဿနာ (၀ါ) ဘာဝအမျိုးမျိုးပေါ်မူတည်ပြီး ဖြစ်လာတဲ့ ပြဿနာ။
(ဂ) ၀ိဓိသျှပြဿနာ (၀ါ) အထူးပြဿနာ မေးခွန်းလွှာ။
(ဃ) ပရာကီနာကာဒြာ (၀ါ) နိဂုံးချုပ်မှတ်ချက်များ ဖြစ်ပါတယ်။
ပထမပိုင်းမှာ ဟူးရားဗေဒင်အသုံဝင်ပုံ၊ ဂြိုဟ်တွေ ရဲ့ ထူးခြားချက် အ၀တ္တာဂြိုဟ်တို့ရဲ့ သဘာဝတွေ ၊ ဘာဝအမျိုးမျိုးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ကို စူးစမ်းလေ့လာဖို့ ရှင်းပြထားပါတယ်။
ဒုတိယပိုင်း ကတော့ လိုရင်းအချက်တွေ နဲ့ ပြည့်စုံပြီး လွယ်လွင့်တကူ သိနိုင်ပါတယ်။ ၎င်းမှာ ဘာဝအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးရလဒကို အဆုံးအဖြတ်ပြုဖို့ ဂြိုဟ်ပူးယုဂ်တွေ ကို ဖော်ပြ ထားပါတယ်။
တတိယပိုင်း ကတော့ အိမ်ကထွက်သွားတဲ့ ပုဂ္ဂိုလ်သေတယ်၊ ရှင်တယ်၊ ပြန်လာဖို့ ရှိ၊ မရှိ ၊ ဖျား နာနေခြင်း ဟုတ်၊ မဟုတ်၊ လူနာဟာ နေကောင်းလာ၊ မလာ၊ ဖျားနာမှု ရဲ့ အခြေအနေ ရောဂါ အနုအရင့်၊ လုပ်ငန်းအသစ်ရ၊ မရ၊ အငြင်းပွားရတဲ့ကိစ္စတွေ ၊ တရားရင်ဆိုင်ရမှု ရဲ့ အောင်မြင်မှု ရဲ့ ကျ ဆင်းမှု များ ၊ သူခိုးခိုးခံရခြင်းနဲ့ ပစ္စည်းပျောက်ဆုံးခြင်းများ ၊ သူခိုးဟာ အသက်ဘယ်လောက်ရှိပြီး၊ ယောက်ျားလား၊ မိန်းမလား ဆိုတာတွေ သိနိုင်ပါတယ်။
ပျောက်ဆုံးတဲ့ ပစ္စည်းလုံးဝ ပြန်ရ၊ မရ နောက်ပိုင်း ရရင် ဘယ်ပုံဘယ်နည်းနဲ့ ရမလဲ၊ သားသမီး များ လက်ထပ်ရေး ကိစ္စများ ၊ အိပ်မက်၊ အစားအစာ၊ အသက်မွေးရမှု ၊ ရန် ဖြစ်ခြင်း၊ ထောင်ကျခြင်း၊ ပင်လယ်ရပ်ခြား ခရီးသွားခြင်း၊ သဘောင်္အခြေအနေ၊ အရောင်းအ၀ယ်၊ ကောက်ပဲသီးနှံ စိုက်ပျိုးခြင်း၊ စသဖြင့် တိကျတဲ့ ပြဿနာကိစ္စရပ်တွေ ကိုလဲ ဖြေနိုင်တဲ့ ဟောကိန်းတွေ ပါပါတယ်။
စတုတ္ထပိုင်း ကတော့ ငွေကြေးရရှိမှု အထွေထွေ အကျိုးခံစားမှု ၊ အကျိုးခံစားရမဲ့ အချိန်စိတ်ထဲ ဖြစ်နေခြင်းကို အတတ်ပြောခြင်း၊ မိန်းမများ ကိစ္စ စုံစမ်းမှု ၊ မိန်းမတွေ နဲ့ ကျွမ်းဝင်မှု ၊ ရာသီဥတုနဲ့ ကောက်ပဲသီးနှံတို့ရဲ့ အခြေအနေတွေ ကို တင်ပြထားပါတယ်။
နိဂုံးမှာ တဂျကာ ဗေဒင်ပညာမှာ ဂြိုဟ်မြင့် အယူအဆများ ၊ ပုဂ်များ နဲ့ ပတ်သက်တဲ့ ဗဟုသုတ များ ကို ရှင်းပြပြီး နိဂုံးချုပ်ထားပါတယ်။ တင်ပြပုံ အားလုံးဟာ လိုရင်းအချက်နဲ့ ပြည့်စုံပြီး နားလည်လွယ် ပါတယ်။ တချို့အပိုင်းကလေးတွေ မှာ နိဂုံးချုပ်စရာ တစ်ချို့ပါပါတယ်။
ဥပမာ ဒုတိယပိုင်းမှာ လက်ထပ်ရေး ကိစ္စ၊ သားသမီးကိစ္စကို တင်ပြထားသလို၊ တတိယအပိုင်း မှာ လဲ ဒီကိစ္စကို အသေးစိတ်ပြန်လည် ဖော်ပြထားပါတယ်။
ဖော်ပြထားချက်တစ်ခုလုံးမှာ ဟူးရားဗေဒင်ဟောပြောမှု ကို စနစ်တကျ တင်ပြယုံသာမက၊ အသုံးချမယ့် ဗေဒင်ဆရာရဲ့ စဉ်းစားတွေးခေါ်မှု ပေါ် မူတည်ပြီး စာအုပ်ထဲမှာ မပါတဲ့ အကြောင်းအရာ တွေ ကိုသော်မှ ဖော်နိုင်ပါလိမ့်မယ်။
ဒီစာအုပ်ထဲမှာ သုံးတဲ့ဂြိုဟ်မြင်ဂြိုဟ်ယှဉ်၊ အတွေးအခေါ်တွေ က တဂျကာစနစ်အတိုင်း ဖြစ်ပါ တယ်။ ဂြိုဟ်မြင်ရဲ့ မြင်အားကို အရှင်းဆုံးစကားနဲ့ ဖော်ပြထားပါတယ်။
၆၀ အံသာအမြင်၊ ၉၀ အံသာအမြင်၊ ၁၈၀ အံသာအမြင်၊ ၁၂၀ အံသာအမြင်၊ ၀ အံသာအမြင် (ဂြိုဟ်ပူးမှု )တို့ ဖြစ်ပါတယ်။ တိုက်ရိုက်မြင်တဲ့အမြင် ကတော့ အတိုင်းအဆမရှိပါ။
ဒါပေမဲ့ ဂြိုဟ်တွေ ရဲ့ ဒိသအမြင်တွေ လဲ ရှိပါသေးတယ်။ တနင်္ဂနွေက ၁၅ အံသာ၊ တနင်္လာက ၁၂ အံသာ၊ အင်္ဂါက ၇ အံသာ၊ ဗုဒ္ဓဟူးက ၇ အံသာ၊ ကြာသပတေးက ၉ အံသာ၊ သော ကြာက ၇ အံသာ၊ စနေက ၉ အံသာ ဖြစ်ပါတယ်။ ကိန်းအမြင်နဲ့ သမသတ်အမြင်တွေ ဟာ အကျိုးမပေးတဲ့ အခြား အမြင်တွေ က အကျိုးပေးပါတယ်။
မှတ်ချက်၊….။ (ဒီဂြိုဟ်မြင် အယူအဆတွေ ဟာ အနောက်တိုင်းဂြိုဟ်မြင် အယူအဆနဲ့ တူညီပါ တယ်။
သော မဂြိုဟ်နဲ့အတူရှိတဲ့ ဂြိုဟ်တွေ က ကောင်းပြီး ပါပဂြိုဟ်နဲ့ အတူရှိတဲ့ဂြိုဟ်တွေ က ကောင်း ကျိုးမပေးဘဲ၊ ကြာသာပတေးနဲ့ သော ကြာပူးရင် ကောင်းကျိုးပေးတယ်လို့ ဆိုချင်တာပါ။
ဟူးရားဗေဒင်မှာ ဂြိုဟ်တွေ ဟာ ဦးဆောင်သူတွေ ဖြစ်ပါတယ်။ ဥပမာ ၃ တန့်သခင်ဟာ ညီအစ်ကိုများ ကို ညွှန်းပြသူ ဖြစ်ပါတယ်။
တကယ်လို့ ၃တန့်သခင်ဟာ စနေ ဖြစ်ပြီး ကြာသပတေး ဖြစ်နေပြီး ဆက်သွယ်မှု ရှိခဲ့ရင် ညီ (၅ တေးရဲ့ ကာကရ) အစ်ကို နှစ် ယောက် ရဲ့ အခြေအနေကို မေးရင် မသင့်မတင့် ဖြစ်နေတယ်လို့ ဆိုနိုင် ပါတယ်။
(မှတ်ချက်) ညီ (၅ တေးရဲ့ ကာရက) ဖြစ်တဲ့ ၅ တေးကို ဂြိုဟ်ဆိုး စနေက ဆက်သွယ်ထားလို့ မပြေလည်ဘူးလို့ ဆိုနိုင်ပါတယ်။
တဂျကာစနစ်အရ ယုဂ်တွေ ဟာ တိတိကျကျရှိလှပါတယ်။ ဒီထက်အသေးစိတ်သိချင်ရင်တော့ ကျနော်ပြုစုတဲ့ ၀ဿဖလ (နှစ် ပြန်ဒသာဟောနည်း) ကျမ်းကို ရှာဖွေဖတ်ကြည့်ပါ။ အဲဒီ မှာ တဂျကာ စနစ် အပြည့်အစုံ ပါပါတယ်။
ဆရာကြီး နီလာကန်ဒါက ဂြိုဟ်တွေ ရဲ့ ဆိုလိုရင်း (ပရိယာယ်)တွေ ကို စနစ်တကျရှင်းပြထား တဲ့အတွက် ပြဿနာ မာဃ၊ ကရိသျှနီးယားစတဲ့ ကျမ်းတွေ ကို ဖတ်ကြည့်ထားသလို ပြည့်စုံပြီး ဖြစ်ပါ တယ်။
ဟူးရားဗေဒင်ထဲမှာ လေ့လာထိုက်တဲ့ ကောင်းတဲ့အချက်တွေ တော် တော် လေး ပါပါတယ်။ လဂ်သခင်ဟာ အမြဲတန်းမေးလာတဲ့ သူကို ညွှန်ပြပါတယ်။ ဒါပေမဲ့ လဂ်နဲ့အတူ ရပ်တဲ့ဂြိုဟ်တွေ ကလဲ အရေး ကြီးပါတယ်။ ဖြစ်ရပ်တစ်ခုကိုပြောပြရာမှာ တော့ အဓိက ဇာတ်ကောင် ကတော့ ဖြစ်ရပ်ရဲ့ မူလ အခြေခံ ဘာဝသခင်သာလျှင် ဖြစ်ပါတယ်။
ဥပမာ လက်ထပ်ခြင်းကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ၇ တန့်သခင်ဟာ အဓိက ဖြစ်ပေမဲ့ ၇ တန့်ဘာဝနဲ့ ဆက်သွယ်တဲ့ ဂြိုဟ်တွေ လဲ အရေး ပါလာပါသေးတယ်။
ကျန်းမာရေး ကိစ္စဆိုရင် ၆ တန့်သခင်၊ ငွေကြေးကိစ္စဆိုရင်၂ တန့်သခင်၊ မြေယာနဲ့ မရွှေ့ ပြောင်းနိုင်တဲ့ ပစ္စည်းကိစ္စဆိုရင် ၄ တန့်ဘာဝသခင်စသဖြင့် ပေါ့လေ ဘာဝပရိယာယ်သိရင် သိသလောက်ဟောပြောနိုင်ပါတယ်။ ဆရာ ဖြစ်သူရဲ့ အတွေးအခေါ်ရင့်သန်ရင် ရင့်သန်သလောက်ပိုပြီး တိတိကျကျပြောနိုင်ပါတယ်။
တကယ်လို့ မေးတဲ့သူက သူ့ညီရဲ့ မိန်းမ (သူ့ရဲ့ ခယ်မ) အကြောင်းကို သိချင်ရင် ၃တန့် ဘာဝ (ညီဘာဝ)ရဲ့ ၇တန့် ဖြစ်တဲ့ ၉ တန့်ဘာဝသခင်ကို ကြည့်ရပါဦးမယ်။ သူငယ်ချင်း တစ်ယောက် ရဲ့ ပစ္စည်းအခိုးခံရတာ နဲ့ ပတ်သက်လို့ သိချင်ရင် ၁၁တန့်(သူငယ်ချင်းဘာဝ)မှ ၄ တန့် ဖြစ်တဲ့ ၂ တန့် ဘာဝကို ကြည့်ရပါမယ်။
လက်ထပ်တဲ့ကိစ္စကို လာမေးရင် လဂ်သခင်နဲ့ ၇ တန့်သခင်တို့ဟာ တစ်လုံးကို ကိန်းအမြင် (၉၀ အံသာအမြင်)နဲ့ မြင်ထားကြရင် အခက်အခဲ တွေ့ ရပေမဲ့ ကျော်လွှားသွားနိုင်မှာ သံသယ ဖြစ်စရာ မရှိပါဘူး။
တနင်္လာဟာ မေးသူ (သို့ ) သူ့ကိုယ်စားလှယ်ရဲ့ ကိစ္စကို အမြဲတန်း ဖော်ပြတတ်ပါတယ်။ အဖြေမှန်ကို ဆုံးဖြတ်နိုင်ဖို့အတွက် ဘက်စုံမှ လေ့လာကြည့်ရှုပြီး ချိန်ဆရပါတယ်။ ဒါမှလဲခု အဖြေမှန် ပေးနိုင်မှာ ဖြစ်ပါတယ်။
မေးလာတဲ့မေးခွန်းတွေ ဟာ အမြဲတမ်း သူတို့နဲ့ သက်ဆိုင်တဲ့ ဘာဝများ နဲ့ ဂြိုဟ်များ တည်ရာ အခြေအနေများ နဲ့ (သို့ ) ဘ၀များ နဲ့ ဆက်စပ်နေတဲ့ ဘာဝသခင်တွေ အ ဖြစ် ဆက်သွယ်နေရပြီး ဂြိုဟ် တစ်လုံးရဲ့ ပရိယာယ်အနေနဲ့ရော ဘာဝသခင်တစ်လုံးနဲ့ ပရိယာယ်အနေနဲ့ပါ နှစ် မျိုး ဝေဖန်ရမှာ ဖြစ်ပါ တယ်။
ဂြိုဟ်တစ်လုံးက တခြားဂြိုဟ်တစ်လုံးရဲ့ အမြင်ခံရမှ လွတ်လာတဲ့အခါ ပထမဂြိုဟ်ထက် နှေး ကွေးသွားပြီး အဲဒီ ဂြိုဟ်က ပျော်ရွှင်မှု ကို ရစေပါတယ်။ လူ တစ်ယောက် မှ တစ်ဆင့် မေးမြန်းလာတာကို အဲဒီ ဂြိုဟ်ပျော်ရွှင်မှု ကိုလဲ ထည့်သွင်းစဉ်းစားရပါတယ်။
မေးခွန်းတစ်ခု အိမ်ထောင်ရေး နှင့် ပတ်သက်ပြီး မေးမြန်းလာမယ်ဆိုရင် တကယ်လို့ ဗုဒ္ဓဟူး ဂြိုဟ်ဟာ ၇ တန့်သခင် ဖြစ်ကာ ပျော်ရွှင်မှ ဂြိုဟ်တစ်လုံး ဖြစ်သွားပြီး ၁ တန့်သခင်နဲ့ဆက်သွယ်နေရင် တခြားအမြင်လဲ ကောင်းရင် လိုအင်ဆန္ဒပြည့်စုံမယ်လို့ ဆိုနိုင်ပါတယ်။ အမြင်ဆိုးနေရင်တော့ ဆုံးရှုံးမှု (သို့ ) စိတ်ပျက်စရာ တစ်ခုပေါ်လာမယ်လို့ ဆိုနိုင်ပါတယ်။
ဇာတာဖွဲ့ပြီး ဗေဒင်ဟောတဲ့ ပညာရပ်ထဲမှာ ဟူးရားဗေဒင်လဲတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ အခက်အခဲတစ်ခုက အချိန်အကန့်အသတ်ကို သိဖို့ပါ။ ဖြစ်ရပ်တစ်ခုမှာ တော့ သိနေပြီး ဘယ်တော့ ဖြစ်မလဲ၊ ဘယ်အချိန်မှာ ဖြစ်မှာ လဲဆိုတာ သိနိုင်ဖို့ပါ။ ကျမ်းတွေ ခပ်များများ မှာ ဟူးရားဗေဒင်ပညာရဲ့ စည်းမျဉ်းဥပဒေများ စွာ ဖော်ပြကြတာကို ယုံမှားသံသယရှိဖွယ်ရာ မရှိပေမဲ့ အားလုံးတိတိကျကျ စိတ်ချ ယုံကြည်အားကိုးပြီး သုံးလို့မ ဖြစ်တာတော့ အမှန်ပါ။
ကျွန်တော် ရဲ့ အမြင် ကတော့ မေးလာတဲ့အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ဖို့ပါ။ ဆိုကြပါစို့ ကလေးမွေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးလာတဲ့အချိန်မှာ အမျိုးသမီးဟာ ကိုယ်ဝန်အရင့်အမာနဲ့ ဖြစ်နေရင် လဂ်သခင်နဲ့ ဦးဆောင်ဂြိုဟ် (ဘာဝသခင်) တို့ဟာ တစ်လုံးနဲ့တစ်လုံး ၂အံသာအကွာမှာ ရှိနေရင် ကျွန်တော် တို့ စိတ်ချလက်ချ ပြောနိုင်တဲ့ အချက်က (၂)ပါတ်အတွင်း မျက်နှာမြင်မယ်ဆိုတဲ့ အချက်ပါ။ ကောဇာဂြိုဟ် ပြောင်းနေမှု ပေါ်မူတည်ပြီး မွေးရက်ကို ပင် သတ်မှတ်နိုင်ပါတယ်။
ဘယ်ကိစ္စမဆို ကောဇာဂြိုဟ်ပြောင်းရွှေ့မှု ပေါ်မူတည်ပြီး စရ၊ ထိရ၊ ဒွေးဒဟရာသီသဘာဝကို အခြေခံပြီး လပိုင်း၊ ရက်ပိုင်းတွေ ကို ဆုံးဖြတ်ရပါမယ်။ ကရိသျှနီးယားကျမ်းရဲ့ အလိုအရဆိုရင် လဂ်နဲ့ ဘာဝသခင်ဂြိုဟ်တွေ က နက္ခတ်တစ်ခုကို စီးရင် ထိရလဂ် ဖြစ်က နေ့အရေအတွက်ကို ညွှန်ပြတယ် စရလဂ်၊ ဒွေးဒဟလဂ် ဖြစ်ရင် နေ့အရေအတွက်ဟာ ၂ ဆ(သို့ ) ၃ ဆ ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။
အဲဒီ ကျမ်းကပဲ အခြားနည်းလမ်းတစ်ခုကို ဖော်ပြထားပါသေးတယ်။ လဂ်နဲ့ ဦးဆောင်ဘာဝ ပိုင်ရာသီတို့ရဲ့ ကြားရာသီအရေအတွက်ကို ရေတွက်ပြီး ၁၂ နဲ့ မြှောက်ပါ။ ရလဒ်ဟာ နေ့များ ၊ လများ (သို့ ) နှစ် များ ကို စရ၊ ထိရ၊ ဒွေးဒဟလဂ်အတိုင်း ရလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီဖော်ပြချက်တွေ က ကျေနပ်စရာ သိပ်မရှိပါဘူး။
နဲနဲ့ါးပါးယုတ္တိတန်ပြီး၊ ကျေနပ်စရာရှိတဲ့ နည်းလမ်းတစ်ခု ကတော့ လဂ်သခင်နဲ့ ဆက်သွယ်တဲ့ ဦးဆောင်သူ ဘာဝသခင်တို့ ရပ်တည်မှု ကြားအံသာ အရေအတွက်များ ကို စရ၊ ထိရ၊ ဒွေးဒဟရာသီ အလိုက်သုံးသပ်ပြီး နေ့များ ၊ ရက်များ (သို့ ) လများ အ ဖြစ် ပြန်လည်ဆုံးဖြတ်တဲ့နည်းပဲ ဖြစ်ပါတယ်။
ပိုပြီး တိကျတဲ့ စနစ် ကတော့ မေးမြန်းတဲ့အချိန်ရဲ့ ဇာတာခွင်ကို သဿဖလ(နှစ် ပြန်ဒသာ) စနစ်နဲ့ ဇာတာဖွဲ့ကာ ဝေဖန်သုံးသပ်ရန် ဖြစ်ပြီး ၀ဿဖလ ဒသာကာကရပြီး အချိန်ကာလရလာတဲ့ အခါ ဘယ်အချိန် ဖြစ်မလဲဆိုတာ ၁၂ လအတွင်းရက်သတ်မှတ်ဖို့ ဖြစ်ပါတယ်။
များ သော အားဖြင့် ဖြစ်ရပ်တစ်ခုခုခ ဖြစ်မှာ ကို မုချဧကန် ပြောနိုင်ပေမဲ့ ဘယ်တော့ ပေါ်ပေါက် လာမလဲဆိုတဲ့ အချိန်ကို တိတိကျကျ တွက်ချက်ဖို့ မလွယ်ပါ။ ခန့်မှန်းခြေပဲ ရပါလိမ့်မယ်။ ဒါပေမဲ့ ဗေဒင်ဆရာရဲ့ ကိုယ်တွေ့ အတွေ့ အကြုံအရ ခန့်မှန်းခြေရက်တွေ ဟာ အံဝင်ဂွင်ကျ ဖြစ်လာခြင်း ရှိတတ်ပါတယ်။
ဟူးရားဗေဒင်ဟာ ဟောကိန်းထုတ်တဲ့ နည်းစနစ်တစ်ရပ် ဖြစ်ပြီး ၎င်းဟာ မေးမြန်းချိန် ဖြေရမဲ့ အဖြေမျိုးစေ့ကို အချိန်အခါနဲ့ ပြသခြင်းပင် ဖြစ်ပါတယ်။
ဗေဒင်ဆရာက သူ့ရဲ့ ဟူးရားဇာတာကို ဟောပြောတော့မယ်ဆိုရင် မိမိယုံကြည်ကိုးကွယ်ရာ နတ်တို့ကို အကူအညီရယူသင့်ပါတယ်။ (ဘာသာရေး ကို ယုံကြည်လေးစားသင့်တယ်။ သမာဓိ ရှိသင့် တယ်လို့ ဆိုလိုတာပါ) အကျင့်စာရိတ္တလဲ ကောင်းရလိမ့်မယ်။
ဥပမာ လူ တစ်ယောက် နေမကောင်း ဖြစ်နေလို့ သေ၊ မသေ လာမေးတဲ့ကိစ္စမှာ လွယ်လင့် တကူ မဖြေသင့်ပါ။ မယုတ်မလွန်ဘဲ ဖြေရပါမယ်။ လာမေးတဲ့သူက အဲဒီ နေမကောင်းနေတဲ့ လူသေခဲ့ ရင် ဘယ်လိုအကျိုးရှိမလဲဆိုတာ သိချင်လို့ လာမေးတာလားကိုလဲ သိရပါမယ်။ တစ်စုံတစ်ခု ကောင်း ဖို့အတွက် နောက်တစ်စုံတစ်ခု ဆိုးမဲ့ အဖြေမျိုး မပေးမိဖို့ အင်မတန်မှ အရေး ကြီးပါတယ်။
ဒါကြောင့် ဗေဒင်ပညာရှင်တွေ ဟာ လူ့အသိုင်းအ၀န်းနဲ့ သူ့ပညာအပေါ် သစ္စာရှိဖို့ လိုပါတယ်။ တစ်ဖက်သား ထိခိုက်အောင် နစ်နာအောင်၊ ကြောက်လန့်အောင်၊ ဒီပညာရပ်ကို အသုံးမချသင့်ပါ။ ဟူးရားဗေဒင်ပညာကို စတင်သင်ကြားတတ်မြောက်ပြီးခါစ လူများ အဖို့ ပြဿနာဇာတာကို အထူး ဂရုစိုက်ပြီး ဖွင့်ဆိုသင့်ပါတယ်။
ကျွန်တော် တတ်နိုင်စွမ်းရှိသမျှနဲ့ ပြဿာနတံတျကျမ်းကို ပြုစုထားပေးပါတယ်။ ဘယ်လောက် အသုံးကျတယ်ဆိုတာ ကိုယ်တိုင်လေ့လာ ဝေဖန်ပါ။ တကယ်လို့ ချို့ယွင်းချက်များ တွေ့ ခဲ့ရင် ခွင့်လွှတ်ဖို့ တောင်းပန်လိုပါတယ်။ ဒီစာအုပ်ဟာ စာဖတ်သူအတွက် အကျိုးတစ်စုံတစ်ရာ ရှိတယ်ဆိုရင် ကျွန်တော့်အနေနဲ့ ပင်ပန်းခံရကျိုး နပ်ပါပြီ။
ဘီ ဗွီ ရာမန်
၈-၈-၁၉၆၉
ဘန်ဂလို
အခန်း(၁)
ဟူးရားဗေဒင်အရေး ပါပုံများ
ဂါထာ(၁-၂) ဗေဒင်ဆရာတွေ ရဲ့ အယူအဆအရ ပြောရမယ်ဆိုရင် လူသားအားလုံး နတ်သိကြားတွေ ရဲ့ လှုံ့ဆော်မှု ကြောင့် မိမိတို့ရဲ့ လက်ရှိအခြေအနေ ကံကြမ္မာအကောင်းအဆိုးကို သိချင်ကြပါတယ်။
တစ်ချိန်က ဗိဿနိုးနတ်ဘုရားထံ ဗြဟ္မာမင်းကြီးက ၎င်းအား ဟူးရားဗေဒင်သင်ပေးဖို့ ချဉ်းကပ် ခဲ့ပါတယ်။
မှတ်ချက်
ဟူးရားဗေဒင် အရေး ပါပုံကို ဒီဂါထာ ၂ ပိုဒ်ထဲမှာ လေးလေးနက်နက် ဖော်ပြထားပါတယ်။ လူတိုင်းဟာ နတ်ဒေ၀(၀ါ) အတွင်း ဆန္ဒစိတ်ရဲ့ တိုက်တွန်းမှု နဲ့ လတ်တလော ပစ္စုပ္ပန်ကာလမှာ ကြုံတွေ့ နေရတဲ့ ပြဿနာရပ်တွေ နဲ့ ပတ်သက်လို့ သိချင်ကြတဲ့အတွက် ဗေဒင်ပညာရှင်ထံ အကူအညီ တောင်းကြပါတယ်။
အတိတ်ဘ၀ အကျိုးပေးကံကြောင့် ပစ္စုပ္ပန်ဘ၀မှာ ကြုံလာရခြင်း ဖြစ်တဲ့အတွက် လက်ရှိအနေ အထားမှာ ယုတ္တိအရှိဆုံး ဖြစ်တဲ့ ဟူးရားဗေဒင်ပညာရပ်ကို မူတည်ပြီး တွက်ချက်ကာ အနာဂတ် အကြောင်းကို ဟောပြောရပါမယ်။
ဘယ်လိုဗေဒင်မေးရမလဲ
ဂါထာ(၃) ဗေဒင်မေးချင်တဲ့ ပုဂ္ဂိုလ်ဟာ နံနက်စောစော (နေထွက်ပြီးကာလ နေမွန်းမတည့်မီ အတွင်း)မှာ သစ်သီးအမျိုးမျိုး၊ ပန်းများ ၊ ငွေများ ကို ယူလာပြီး အရှေ့အရပ်ကို မျက်နှာပြုထိုင်ပြီး ဗေဒင် ဆရာကို ပထမဆုံးကန်တော့ကာ နိမိတ်ကောင်းတဲ့ မေးခွန်းတစ်ခုကိုသာ ပညာလဲ ပြည့်ဝပြီး ကြည်ကြည်လင်လင်ရှိကာ သမာဓိရှိတဲ့ ဗေဒင်ဆရာတစ်ဦးထံ ဗေဒင်မေးရမယ်။
မှတ်ချက်
ရှေးဟောင်းမူအရ ဗေဒင်မေးတဲ့ ပုဂ္ဂိုလ်ဟာ သာမန်လူ ဖြစ်စေ၊ ဘုရင့်သားသမီး ဖြစ်စေ၊ ဗေဒင် ဆရာ တစ်ယောက် ကို မေးမြန်းမယ်ဆိုရင် တစ်စုံတစ်ရာသော နည်းနာစည်းကမ်းတွေ ကို လိုက်နာရပါ တယ်။
နံနက်စောစော ဗေဒင်မေးတာဟာ အကောင်းဆုံးပါပဲ။ ပန်းများ ၊ သစ်သီးများ ၊ နိမိတ်ကောင်းခြင်းကို ရည်ညွှန်းပါတယ်။ ပညာရှင်စစ်မှန်တဲ့ ဗေဒင်ပညာရှင် တစ်ယောက် ဟာ (ဒေ၀ညာ) (၀ါ) ဘုရားသခင်ရဲ့ အလိုဆန္ဒကို အဓိပ္ပါယ်ဖော်ထုတ်သူတစ်ဦး (ကံတရားကို တင်ကြိုသိမြင်နိုင်စွမ်းရှိသူ) တစ်ဦး ဖြစ်ရပါတယ်။
ဒါကြောင့် ကြည်ညို၊ ရိုသေ၊ နိမ့်ချစွာ နဲ့ မေးမြန်းရပါတယ်။ ကြည်လင်ရွှင်ပြနေတဲ့ ဗေဒင်ဆရာ ကိုသာ မေးသင့်ပါတယ်။ ဒီစာပိုဒ် (၃) ဟာ ၀ရာဟမိဟိရ ရသေ့ကြီးက ဖော်ပြခဲ့တဲ့ စာပိုဒ်တွေ ပါ။
စစ်မှန်တဲ့ ဗေဒင်ပညာရှင်
ဂါထာ(၄) ရှေးဟောင်းနှောင်း ဖြစ် ဗဟုသုတကြွယ်ဝပြီး အတွက်အချက်ပညာရပ်မှာ ကျွမ်းကျင်တဲ့ ဗေဒင်ပညာရှင် တစ်ယောက် ရဲ့ အဆုံးအဖြတ်(ဟောပြောမှု များ )ဟာ မမှားနိုင်ပါ။
မှတ်ချက်
ဒီခေတ်မှာ သံဒိဌပြက္ခဒိန်များ တွက်ချက်ပြီးမှ ပြောပြစရာမလိုပါ။ ခေတ်မှီကမ္ဘာဂြိုဟ်သွား ပြက္ခဒိန်တွေ လည်း ရှိနေပြီ ဖြစ်လို့ အဲဒီ ဗေဒင်ဆိုင်ရာ ပြက္ခဒိန်များ အတိုင်း တွက်ချက်ရုံပါပဲ။ ဒီစာပိုဒ်ကို ဗြို့ဟဇ်ဇာတကကျမ်းကို အဖွင့်ဋီကာမှာ ရေး ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ ဗြို့ဟဇ်ဇာတက အယူအဆတွေ ပါလာတာ သတိပြုမိပါတယ်။
ဂါထာ(၅) ပညာရှင်ကို ရိုသေခြင်း၊ နှိမ့်ချခြင်းဟာ အောင်မြင်မှု ရှိတဲ့ အောင်မြင်မှု များ တဲ့ အကျိုးသက်ရောက်မှု များ သာ ဖြစ်ပါတယ်။
မှတ်ချက်
ဘုရားသခင်၊ သိဝနတ်ဘုရားရဲ့ အဆိုအမိန့်အရဆိုရင် စိတ်သဘောထားသေးသိမ်တဲ့သူ၊ ဘ၀င်မြင့်တဲ့သူ၊ ဘုရားကို မယုံကြည်တဲ့သူ၊ ဒေါသကြီးတဲ့သူ၊ အပြုအမူအားဖြင့် ရိုင်းစိုင်းတဲ့သူကို ဗေဒင်ဟောပြောပေးခြင်း မပြုရလို့ဆိုခဲ့ပါတယ်။ ဒီအဆိုအမိန့်ဟာ ဇာတကန၀ကျမ်းမှာ ပါပါတယ်။
ဗေဒင်မေးသူအကြောင်း
ဂါထာ(၁) ဗေဒင်မေးတဲ့သူဟာ ရိုးသားမှု ရှိမရှိကို သိချင်ရင် ပြဿနာဇာတာမှာ လဂ်ကို အရင် ကြည့်ရပါမယ်။ လဂ်ဟာ ဘယ်လောက်အားရှိသလဲဆိုတာ သိရပါမယ်။ ပြီးမှ ဗေဒင်ဆရာက အကောင်းအဆိုး၊ အမြင်အယှဉ်တွေ ကို လေ့လာကာ ဟောပြောရပါမယ်။
ဂါထာ(၂-၄) (က) လဂ်နဲ့စန်းပူးနေမယ်။ စနေဟာ ကိန်းအိမ်မှာ ရပ်နေမယ်။ ဗုဒ္ဓဟူးဟာ နေရောင် လွှမ်းမိုးနေမယ်ဆိုရင်….
(ခ) လဂ်နဲ့ စန်းကို အင်္ဂါနဲ့ ဗုဒ္ဓဟူး မြင်ခဲ့ရင်
(ဂ) လဂ်ကို ပါပဂြိုဟ်တစ်လုံး ဆက်သွယ်ာထားရင်
(ဃ) ၇တန့်သခင်ကို ကြာသပတေးနဲ့ သော ကြာက အမြင်ဆိုးနဲ့မြင်ထားရင် မေးလာတဲ့ ပြဿနာဟာ မရိုးသားက အမြင်ဆိုးနဲ့ မြင်ထားရင် မေးလာတဲ့ ပြဿနာဟာ မရိုးသားဘူး။
(က) သော မဂြိုဟ်တစ်လုံးက လဂ်နဲ့ ဆက်သွယ်ထားရင်
(ခ) အင်္ဂါ(သို့ ) ပုဏ္ဏစန်းနဲ့ ကြာသပတေးတို့ဟာ လဂ်ကို မြင်ထားရင်
(ဂ) ၇ တန့်သခင်ကို ဗုဒ္ဓဟူးနဲ့ ကြာသပတေးကောင်းတဲ့ အမြင်နဲ့ မြင်ထားရင် မေးလာတဲ့သူဟာ သိချင်လို့ ရိုးသားစွာ မေးမြန်းခြင်း ဖြစ်ပါတယ်။
မှတ်ချက်
ဂြိုဟ်ပူးယုဂ်တွေ က ရှင်းနေတဲ့အတွက် ပိုပြီးဋီကာဖွင့်စရာ မလိုပါ။ ဗေဒင်ပညာနဲ့အသက်မွေး တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ သတိပြုမယ့် အချက်တစ်ချက်က လူတချို့ဟာ ဗေဒင်ဆရာကို ရယ်စရာ တစ်ခု အနေနဲ့ မေးတာမျိုး၊ ပညာစမ်းချင်လို့ မေးတာမျိုးတွေ လဲ ရှိတတ်ပါတယ်။ အဲသလို မရိုးသားမှု ၊ ရည်ရွယ်ချက်ကို ဗေဒင်ဆရာကသိရင် (သို့ ) ထင်ရင် (သို့ ) မြင်ရင် လုံးဝ မဟောပေးသင့်ပါ။ ပညာစမ်း တဲ့ မေးခွန်းတွေ ကိုလည်း လက်သင့်ခံပြီး ဖြေနေစရာ မလိုပါ။
တဂျကာစနစ်အရ ဗုဒ္ဓဟူးဟာ တနင်္ဂနွေရဲ့ ရှေ့နောက် ၁၄ အံသာအတွင်းမှာ ရှိရင် နေရောင် လွှမ်းမိုးခံတယ်လို့ အဆိုရှိပါတယ်။ အမြင်မှာ လဲ ကိန်းအမြင်တွေ က ကောင်းပြီး ကြိကောဏအမြင်တွေ က မကောင်းပါ။ ကြာသပတေးက ၇ တန့်ကိန်းအမြင်နဲ့ မြင်ရင်တော့မကောင်းပါ။
မေးခွန်းတစ်ခွန်းထက်ပို၍ မေးမြန်းမှု ကို ဖြေခြင်း
ဂါထာ(၅-၆) ပထမမေးခွန်းကို လဂ်မှာ လည်းကောင်း၊ ဒုတိယမေးခွန်းကို စန်းမှလည်းကောင်း၊ တတိယမေးခွန်းကို တနင်္ဂနွေမှ လည်းကောင်း၊ စတုတ္ထမေးခွန်းကို ကြာသပတေးမှလည်းကောင်း၊ ပဉ္စမ မေးခွန်းကို ဗုဒ္ဓဟူး(သို့ ) သော ကြာ(အားရှိရာဂြိုဟ်)မှလည်းကောင်း ဦးစားပေးစဉ်းစားပြီး ဖြေနိုင်ပါတယ်။
အဓိက ကတော့ လဂ်ကို ပထမဆုံး စဉ်းစားရပါမယ်။ တကယ်လို့ မေးခွန်းတစ်ခုထဲကိုသာ ဖြေရမယ်ဆိုရင် အဟောမှားစရာ မရှိပါ။
မှတ်ချက်
ကျမ်းပြုဆရာပြောချင်ပုံက တကယ်လို့ အဟောမှန်စေချင်ရင် မေးခွန်းတစ်ခုထဲသာမေးပါစေ လို့ ဆိုချင်တာပါ။ သတ်မှတ်ထားတဲ့ ခဏတာလေးအချိန်အတွင်းမှာ မေးခွန်းတွေ အများ ကြီး မေးခဲ့ရင် အဲဒီ မေးခွန်းတွေ ကို အောက်ပါအတိုင်း ဖြေရပါမယ်။
မေးခွန်း ကြည့်ရန်
ပထမ လဂ်ရပ်တည်တဲ့ရာသီ
ဒုတိယ စန်းရပ်တည်တဲ့ရာသီ
တတိယ တနင်္ဂနွေရပ်တည်တဲ့ရာသီ
စတုတ္ထ ကြာသပတေးရပ်တည်တဲ့ရာသီ
ပဉ္စမ ဗုဒ္ဓဟူး(သို့ ) သော ကြာရပ်တည်တဲ့ရာသီ
(၄ဟူး(သို့ ) ၆ကြာမှာ အားရှိတဲ့ဂြိုဟ်ကို ဦးစားပေးပြီး ကြည့်ရပါမယ်)
ဆရာကြီး နိလကန်ဒါက ပြဿနာ စိန္တာမဏိကျမ်းမှ ကိုးကားပြီး သူ့အမြင်ကို ထောက်ခံရာမှာ ဟူးရားဇာတာတစ်ခုထဲမှာ မေးခွန်းတစ်ခုထဲသာ ဖြေရမယ်လို့ ဆိုပါတယ်။ အဲဒီ ကျမ်းရဲ့ အဆိုအရ အားလုံးကို တွက်ချက်မှု ပြုပြီး မေးခွန်းတစ်ခုထဲကိုသာ ဖြေရပါမယ်လို့ မိန့်ဆိုခဲ့ပါတယ်။
ဂြိုဟ်တို့၏ အ၀တ္တများ
ဂါထာ(၇) ဗေဒင်ပညာရှင်ဟာ ဒိပတစတဲ့ဂြိုဟ်ရဲ့ အ၀တ္တ ၁၀ ပါးကို ခွဲခြားပြီး ဟောမယ်ဆိုရင် အဲဒီ အဟောဟာ မမှားနိုင်တော့ပါ။
မှတ်ချက်
အ၀တ္တ ၁၀ ခုရှိပါတယ်။ ဂြိုဟ်တစ်လုံးဟာ-
(က) ဥုစ်ရရင် ဒိပတ
(ခ) နိစ်မူရင် ဒိန
(ဂ) မိတ်အိမ်မှာ ရပ်ရင် မုဒိတ
(ဃ) မိမိအိမ်မှာ ရပ်ရင် သွတ
(င) ညံ့တဲ့ဘာဝမှာ ရပ်ရင် သုပတ
(စ) ကောင်းတဲ့အရပ်မှာ ရပ်ရင် နိပိဒိတ
(ဆ) နေရောင် ဖုံးလွှမ်းရင် မုချိတ
(ဇ) နိစ်ဆင်းဂြိုဟ် ဖြစ်ရင် ပရိဟိန
(ဈ) ဥုစ်တက်ဂြိုဟ် ဖြစ်ရင် သုဗိတ
(ည) မိတ်ဝဂ္ဂများ ရရင် အဓိဗိတ။
အ၀တ္တရဲ့ အကျိုးပေးများ
ဂါထာ (၈-၁၀) ပြဿနာဇာတာမှာ ဂြိုဟ်တွေ ဟာ အ၀တ္တအမျိုးမျိုးမှာ ရပ်တည်ရင် အောက်ပါ အကျိုးသက်ရောက်မှု တွေ ဖြစ်တတ်ပါတယ်။
(က) ဒိပတ - အောင်မြင်ခြင်း။
(ခ) ဒိန - ကြေကွဲဝမ်းနည်းရခြင်း။
(ဂ) သွတ - ကျော်ကြားခြင်း။
(ဃ) မုဒိတ - စည်းစိမ်ချမ်းသာ၊ စိတ်ချမ်းသာခြင်း။
(င) သုပတ - ရန်သူကြောင့် ၀မ်းနည်းကြောက်ရွံ့ရခြင်း။
(စ) နိပိဒိတ - ငွေကြေးဆုံးပါးခြင်း။
(ဆ) မုချိတ - မအောင်မြင်ခြင်း။
(ဇ) ပရိတိန - ငွေကြေးဆုံးပါးခြင်း။
(ဈ) သုဗိတ - နိုင်ငံရေး ဆိုင်ရာ အောင်မြင်မှု ။
(ည) အဓိဗိတ - တန်ဖိုးရှိတဲ့ ဆက်သွယ်မှု များ ။
မှတ်ချက်
အထက်ပါ စာပိုဒ်များ မှာ ဂြိုဟ်တစ်လုံးရပ်တည်မှု အရ အားရှိမှု ၊ အကျိုးပေးကို ဖော်ပြထားပါ တယ်။ ဘာသာပြန်ချက်ထဲမှာ ခေတ်အခြေအနေများ နဲ့ လိုက်ညီအောင် ဖော်ပြထားပါတယ်။ ဥပမာ သုဗိတဂြိုဟ်တစ်လုံးရရင် ဆင်၊ မြင်း၊ ရွှေတွေ ကို ပိုင်ဆိုင်စေတယ်လို့ အဆိုရှိပါတယ်။
ဘာသာပြန်ရမှာ ဒီခေတ်ထဲ ဆင်၊ မြင်း၊ ပိုင်ဆိုင်မှု သိပ်ရှားပါးသွားပြီ ဖြစ်တဲ့အတွက် ပို့ဆောင်ရေး ယာဉ်ပိုင်ဆိုင်မှု ဆိုတဲ့ စကားလုံးကို အသုံးပြုထားပါတယ်။
ဂြိုဟ်တွေ လဲ ထူးခြားစွာ အားရှိမှု အထက်ဖော်ပြပါ အကျိုးကို ပေးတာ ဖြစ်ပါတယ်။ ဥပမာ- လူ တစ်ယောက် ကနေ မကောင်းတာနဲ့ ပတ်သက်လို့ မေးတဲ့နေရာမှာ သုဗိတအ၀တ္တထဲ အဲဒီ ဂြိုဟ်ရှိခဲ့ရင် ရွှေဝင်မယ်လို့ မဟောရဘဲ ကျန်းမာရေး ကောင်းမယ်လို့သာ ဟောရပါမယ်။ မေးမြန်းတဲ့ သဘာဝအပေါ် မူတည်ပြီး အဓိပ္ပာယ်ကောက်ယူနိုင်ပါမယ်။
ဂြိုဟ်ပရိယာယ်များ
ဂါထာ(၁၁) တနင်္ဂနွေဟာ အရှေ့အရပ် သတွသဘာဝ၊ မင်း၊ မင်းရဲ့ တန်ခိုးအာဏာ၊ ဖခင်၊ ချတ္တိယမျိုးရိုး၊ အပူရှိန်၊ သွေးနီရောင် ၊ စိတ်မတည်ငြိမ်မှု ၊ ပျားရည်ရောင် မျက်လုံးများ ၊ သလိပ်၊ ချွဲ၊ ဓာတ် သတ္တုများ ၊ သတ္တိ၊ ဆံပင် စတဲ့ အမွှေးအမျှင်ပါးလွှာနဲ့ါးမှု တို့ကို ကာရက ပြုထားပါတယ်။
ဂါထာ (၁၂) တနင်္လာစာ ချွဲ၊ သလိပ်၊ မိုးရာသီ၊ နူးညံ့ပျော့ပျောင်းမှု ၊ မိခင်၊ နို့၊ အဖြူရောင် ၊ သတွ သဘာဝ၊ သက်ရှိသတ္တ၀ါများ ၊ ကုန်သည်မျိုးနွယ်၊ စက်ဝန်း၊ လေး၊ ဆွဲဆောင်မှု ရှိတဲ့ မျက်လုံးတို့ကို ကာရက ပြုထားပါတယ်။
ဂါထာ (၁၃) အင်္ဂါဟာ ၀ိမာနဥတု (ဂျွန်လ၊ ဇူလိုင်လ) ချတ္တိယမျိုးနွယ်၊ သွေးနီရောင် ၊ တောင် အရပ် စစ်ဦးစီးချုပ်၊ စိတ်မငြိမ်မှု ၊ နုပျိုမှု ၊ ဓာတု(ဓာတ်သတ္တုများ )၊ အဖြူရောင် (ပုလဲသဏ္ဍာန်) မျက်လုံးများ ရက်စက်မှု ၊ သည်းခြေနဲ့ ပတ်သက်တဲ့ဝေဒနာ၊ မြေပိုင်ဆိုင်မှု တို့ကို ကာရက ပြုထားပါ တယ်။
ဂါထာ (၁၄) ဗုဒ္ဓဟူးက သရတဥတု (အောက်တိုဘာ၊ နိုဝင်ဘာ) အရပ် အမောင်းရှည်မှု ၊ မြုံမှု ၊ အစွမ်းနည်းမှု ၊ မူလဓာတ် (ဇီဝ)၊ မုချအမွေရခြင်း၊ စာရေး သားမှု ၊ မြောက်အရပ်၊ သုဒြမျိုး၊ လေဖောင်းပွမှု ၊ ချွဲ၊ သလိပ်၊ သည်းခြေ၊ ဝေဒနာတို့ကို ကာရက ပြုထားပါတယ်။
ဂါထာ (၁၅) ကြာသာပတေးဟာ သတွသဘာဝဓနဥစ္စာ၊ အအေးမိခြင်း၊ ချွဲ၊ သလိပ်မဲမှု ၊ အရပ်ရှည်မှု ၊ ၀န်ကြီးချုပ်၊ ဗြဟ္မဏဇာတ်၊ ယောက်ျားလိင်၊ မွန်းလွဲကာလ၊ အရှေ့မြောက်အရပ်နဲ့ ပျား ရည်ရောင် မျက်လုံးတို့ကို ကာရက ပြုထားတယ်။
ဂါထာ (၁၆) သော ကြာဟာ ငြိမ်းချမ်းမှု ၊ ဗြဟ္မဏဇာတ်၊ အမျိုးသမီးများ လက်အောက်ခံ တပည့် လက်သားများ ၊ ၀န်ကြီးချုပ်၊ စိတ်မငြိမ်မှု ၊ အဖြူရောင် ၊ အရှေ့တောင်၊ ချွဲ၊ သလိပ်ခဲမှု ၊ ချဉ်တဲ့အရသာ၊ ကောက်ကွေ့တဲ့ဆံပင်တွေ ကို ကာရက ပြုထားပါတယ်။
ဂါထာ (၁၇) စနေဟာ အမည်းရောင် မကောင်းတာလုပ်ချင်စိတ်၊ အားနည်းမှု ၊ အိုမင်းရင့်ရော်မှု ၊ မြုံမှု ၊ မူလစိတ်၊ ထိတွေ့ စမ်းသပ်လို့မရတဲ့ အရာဝတ္ထုများ ၊ ပေါ့ဆမှု သိသိရဥတု (မတ်နဲ့ ဧပြီလ)၊ လေ၊ ရက်စက်တဲ့စိတ်၊ အနောက်အရပ်၊ လေထခြင်း၊ ဝေဒနာတို့ကို ကာရက ပြုထားပါတယ်။
ဂါထာ (၁၈) ရာဟုဟာ ဓာတု၊ ဆံပင်၊ အမွှေးအမျှင်၊ အသီးအရွက်၊ မူလနဲ့ စနေကာရက တွေ ရယ် လဂ်(သို့ ) ဗုဒ္ဓဟူးရဲ့ ကိန်းအိမ်မှာ ရပ်တည်ရင် အားရှိစေမှု ကို ကာရက ပြုထားပါတယ်။
မှတ်ချက်
ဂြိုဟ်တွေ ရဲ့ ကာရကတွေ ကို နေရာမှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ သူတို့ဟာ ခိုးမှု ၊ အသက်မွေးဝမ်းကျောင်း၊ အလုပ်၊ ထွက်ပြေးတိမ်းရှောင်နေသူများ ၊ ကျန်းမာရေး ချို့တဲ့နေသူများ နဲ့ ပတ်သက်လို့ မေးခွန်းအမျိုးမျိုးကို ဖြေဆိုရာမှာ အသုံးဝင်ပါတယ်။ အခြားအတွက် ဗေဒင်ကျမ်းတွေ မှာ ပါတဲ့ ဂြိုဟ်ရဲ့ ကာရကတွေ ကိုလဲ အသုံးပြုနိုင်ပါတယ်။
အထက်ပါ ကာရကတွေ ကို ဖြည့်စွက်တဲ့အနေနဲ့ အောက်ပါ ကာရကတွေ ကိုလဲ မှတ်သားနိုင်ပါ တယ်။
၁ နွေ။ ။ နန်းတော် ၊ မင်းစိုးရာဇာ၊ အဆက်အနွယ်၊ ရွှေပန်းတိမ်လုပ်ငန်း၊ ဆေးဝါး၊ နှလုံးနဲ့ မျက်စိ ရောဂါ ၊ မာန်မာန၊ လွတ်လပ်လိုစိတ်၊ လူ့သဘာဝ၊ ဖခင်ရဲ့ အမွေအနှစ် ဘိုးစဉ်ဘောင်ဆက် အမွေ။
၂ င်္လာ။ ။ စိုက်ပျိုးရေး ၊ ပုလဲ၊ အမျိုးသမီး၊ မျက်လုံး၊ မင်းစိုးရာဇာ၊ သင်္ဘောသား၊ ရေမှာ ပေါက်တဲ့ အပင်များ ၊ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ရောဂါ များ ၊ အဆစ်အမြစ်ယောင်ခြင်း၊ စိတ် ရောဂါ ။
၃ င်္ဂါ။ ။ မီး၊ မီးတင်ရှို့တတ်တဲ့ ဓလေ့၊ ကာမဂုဏ်ဆန္ဒ၊ ၀န်လိုစိတ်၊ အခက်အခဲမှား၊ ကြွားဝါမှု ၊ ရန် ဖြစ်ခြင်း၊ ရာဇ၀တ်မှု ကျူးလွန်တဲ့ အပြုအမူများ ၊ ပုန်ကန်ထကြွဖို့ လှုံ့ဆော်မှု ၊ ရိုင်းစိုင်းမှု ၊ ခိုးဝှက်မှု ၊ စိတ်ထဲ ပြင်းထန်စွာ ခံစားရမှု ၊ သတ္တိ၊ ခွဲစိတ်ကုသတဲ့ ဆရာဝန်သမားတော် ကြီးများ ၊ ဆံပင်ညှပ်သူများ ၊ ဓာတုဗေဒပညာရှင်၊ စစ်မြေပြင်ဖွားခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းသွားအောင်ဒဏ်ရာရမှု ၊ ထိခိုက်ဒဏ်ရာအမျိုးမျိုး၊ သွေးထွက်သံယိုကိစ္စများ ၊ ခွဲစိတ်ကုသမှု များ ၊ အနာပဆုတ် ရောဂါ ၊ ဂရင်ဂျီနာ၊ လိပ်ခေါင်း၊ ကျောက်ကပ်၊ ဆီးအိမ်၊ ကျောက်တည်ခြင်းများ ။
၎ ဟူး ။ ။ စာပေရေး သားမှု အတွက်အချက်၊ ကဗျာလင်္ကာ၊ ဗိသုကာလက်ရာ၊ ဖြတ်ထိုးဉာဏ်၊ မြုံခြင်း၊ လျှက်တပြက် ဟာသဉာဏ်၊ စာရင်းအင်းလုပ်ကိုင်သူများ ၊ များ သော စာရင်းပြုစု ရာမှ ကျွမ်းကျင်သူများ ၊ ကုန်သည်၊ ကူးသန်းရောင်းဝယ်မှု ၊ စကားပြောကောင်းခြင်း၊ အတင်းပြောသူ၊ သိက္ခာကျခြင်း၊ ဆရာကိစ္စများ ဆက်သွယ်မှု များ ၊ အာရုံကြောပျက်စီးမှု ၊ ထိုင်းမှိုင်းခြင်း၊ သတင်းစာများ ၊ သံအမတ်များ ၊ စာရေး ၊ ဗေဒင်ဆရာ၊ ဒူလာမီးယပ်၊ အာရုံကြော ရောဂါ များ ၊ ဦးနှောက် ရောဂါ များ ၊ မှတ်ဉာဏ်ချို့တဲ့မှု ၊ ဆွံ့အမှု ။
၅ တေး။ ။ ဗြဟ္မဏလူမျိုး၊ ဝေဒပညာရှင် (ဗေဒင်မဟုတ် ဘာသာရေး ကျမ်းများ ကို ဆိုလိုတာပါ)၊ ဘုန်းတော် ကြီးများ ၊ ကလေး၊ အလှူအတန်း၊ ကြည်ညိုလေးစားမှု ၊ ရိုသေမှု ၊ တည်ကြည် ခန့်ညားခြင်း၊ တရားသူကြီး၊ ၀န်ကြီးများ ၊ ဘာသာရေး ၏ ခေါင်းဆောင်များ နဲ့ အသင်းဌာနများ ၊ အသည်း ရောဂါ များ ၊ ဆီးချို ရောဂါ ၊ ရင်ခုန်ခြင်း၊ လေထိုးလေအောင့် ဖြစ်ခြင်း။
၆ ကြာ။ ။ တောက်ပမှု ၊ အကျင့်ကောင်းများ ၊ ကြေးစားအဆိုတော် များ ၊ ကချေသည်များ ၊ တေးဂီတကခုန်မှု ၊ ချစ်ခြင်းမေတ္တာ၊ ဖက်ရှင်အလှအပ၊ သန့်ရှင်းမှု ဂရုဏာတရား၊ အရည်အချင်းကောင်း များ ၊ ဒုစရိုက်လုပ်ငန်း၊ ခန့်ညားတဲ့ အိပ်ယာခမ်းနားများ ၊ ဟော်တယ်များ ၊ အရက်သေစာ၊ တေးဂီတ သမားများ ၊ ပန်းထိုးသူများ ၊ ဇနီးမယား၊ ရေမွှေးများ ၊ နွားအုပ်၊ အလှပြင်ဆိုင်များ ၊ ကာမစပ်ယှက်မှု နဲ့ သက်ဆိုင်မှု ၊ မကျေနပ်မှု များ ၊ ဖြစ်သလိုနေထိုင်မှု နဲ့ ရာဂကြီးမှု ကြောင့် ရရှိတဲ့ ရောဂါ များ ၊ အားအင် ဖြစ်စေ တဲ့ အဓိက အစိတ်အပိုင်းများ ၊ အူကျ ရောဂါ ။
စနေ။ ။ အလုပ်ကြမ်း၊ အုပ်စိုးခြင်း၊ ပန်းရံလုပ်ငန်း၊ ချုပ်တည်းမှု ၊ စောင့်ထိန်းလွန်းတဲ့ အနေအထိုင်မျိုး၊ ဆံပင်၊ တောင်းရမ်းခြင်း၊ သတ္တုတူးဖော်ခြင်း၊ သံဖြူလုပ်ငန်း၊ အလုပ်ရုံလုပ်သားများ ၊ သို့ မဟုတ် မလုပ်ချင်မကိုင်ချင်တဲ့ ရောဂါ ၊ အသားဝါ ရောဂါ ၊ သွေးယိုသွေးထွက် ဖြစ်မှု ၊ ရေသိုလှောင်ခန်း၊ အိမ်သာ၊ ညစ်ပတ်တဲ့ အ၀တ်စ။
ရာဟုဟာ စနေရဲ့ ကာရက၊ ကိတ်ဟာ အင်္ဂါရဲ့ ၇တန့် တူပါတယ်။
ဘာဝကာရက အမျိုးမျိုး
ဂါထာ (၁၉) ၁ တန့်ဟာ လူတစ်ဦး တစ်ယောက် ရဲ့ စိတ်ပျော်ရွှင်မှု ၊ အသက်ရှည်ခြင်း၊ အသက် အရွယ်၊ မျိုးရိုးဗီဇ၊ ကျန်းမာရေး ၊ အနေအထား၊ စိတ်သဘော၊ ၀မ်းနည်းစရာ၊ ပုံပန်းသဏ္ဍာန်၊ အသား အရေ။
ဂါထာ (၂၀) ၂ တန့်ဟာ ပုလဲ၊ အဖိုးတန် ကျောက်မျက်ရတနာများ ၊ ဓာတ်သတ္တုများ ၊ ပစ္စည်း ဥစ္စာ၊ အ၀တ်အစား (မြင်းများ နဲ့ လမ်းများ ကို အသုံးချပြီး အလုပ်လုပ်မှု )
ဂါထာ (၂၁) ၃ တန့်ဟာ ညီအစ်မ၊ ညီအစ်ကိုများ ၊ အစေခံ၊ နိမ့်ကျတဲ့ အလုပ်တွေ ကို လုပ်ကိုင် ကြသူများ ။
ဂါထာ (၂၂) ၄ တန့်ဟာ ထွန်ယက်စိုက်ပျိုးတဲ့မြေ၊ အပင်ငယ်များ ၊ ဖုံးအုပ်နေတဲ့ နေရာများ ၊ သစ်ပင်ဝါးပင်များ ၊ ပြည့်နှက်နေတဲ့ မြေ၊ အထူးဆေးဝါးများ ၊ မြှပ်နှံထားတဲ့ ရတနာပစ္စည်းများ ၊ အက်ကွဲ ကြောင်းများ ။
ဂါထာ (၂၃) ၅ တန့်ဟာ ကိုယ်ဝန်၊ သားသမီး၊ လှည့်လည်သွားလာခြင်းများ ၊ ညှို့ဓာတ်၊ ပြုစားခြင်း၊ ဂါထာ၊ မန္တာန် ပြန်ဖြေမှု ၊ စာတတ်မြောက်မှု ၊ လေ့လာမှု ၊ အသိဉာဏ်ဟောပြောခြင်း၊ ဆွေးနွေးခြင်းများ ။
ဂါထာ (၂၄) ၆ တန့်ဟာ သူခိုးတွေ ရဲ့ ရန်ကိုကြောက်ရွံ့ရခြင်း၊ ရန်သူများ တိုက်ခိုက်မှု များ ၊ မြည်းများ ဆိုးဝါးရက်စက်တဲ့ အပြုအမှု များ ၊ မိခင်ဘက်မှ ဦးလေး၊ စိုးရိမ်မှု နဲ့ အဆီးအတား၊ ကျေးကျွန်။
ဂါထာ (၂၅) ၇ တန့်ဟာ အရောင်းအ၀ယ် အလုပ်ကိစ္စ ဆောင်ရွက်စီမံမှု ၊ ငြင်းခုံမှု ၊ ခရီးသွား ခြင်း၊ ဇနီး (သို့ ) လင်ယောက်ျား။
ဂါထာ (၂၆) ၈ တန့်ဟာ လမ်းဘေးမှ အမင်္ဂလာဈ မြစ်ကို ဖြတ်ကူးခြင်း၊ တောင်ကုန်းများ ၊ ရန်သူများ ကြောင့် ဖြစ်ပေါ်တဲ့ဒုက္ခ၊ ပျောက်ဆုံးတဲ့ ပစ္စည်း၊ ဆိုးဝါးတဲ့ အကျင့်၊ စစ်ပွဲ၊ ရောဂါ ၊ ခြေပုန်းခုတ် တဲ့ စရိုက်များ ။
ဂါထာ (၂၇) ၉ တန့်ဟာ သံနဲ့ပြုလုပ်တဲ့ ရေလှောင်ကန်၊ ရေအိုင်၊ ကိုးကွယ်ခြင်း ခံရသူများ ၊ ဘာသာရေး ၊ အလေးအနက်ထားခြင်း ခံရမှု ၊ ဂဏန်းသင်္ချာ၊ အဓိဋ္ဌာန်ပြုမှု ၊ ဘုရားဖူးခြင်း၊ တည်ကြည် ဖြောင့်မတ်မှန်ကန်ခြင်း။
ဂါထာ (၂၈) ၁၀ တန့်ဘာဝမှာ အစိုးရ၊ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာ၊ ချီးကျူးခံထိုက်သည့် အပြုအမှု များ ၊ အရည်အချင်းများ ၊ ရာထူးအခြေအနေ၊ ဖခင်၊ မရှိမ ဖြစ်တဲ့ အရာဝတ္ထုများ ၊ မိုးရွာခြင်း၊ ကောင်းကင်ဆိုင်ရာ၊ သိမြင်နိုင်စွမ်းအား သဘာဝ အကြောင်းချင်းရာများ ။
ဂါထာ (၂၉) ၁၁ တန့်ဘာဝဟာ ဆင်မြင်းစီးသူများ ၊ အ၀တ်အစားများ ၊ အရေး ကြီးတဲ့ အစား အစာ၊ ရွှေ၊ သမီး၊ ဓနဥစ္စာ ရရှိခံစားမှု ။
ဂါထာ (၃၀) ၁၂ တန့်ဟာ ငြင်းဆန်မှု ၊ တာထွက်ခြင်း၊ စံစား၊ ခံစားမှု ၊ အလှူအတန်း၊ စိုက်ပျိုးရေး အဖွဲ့အစည်းဆိုင်ရာ ကုန်ကျစရိတ်။
မှတ်ချက်
ဘာဝကာရကတွေ ဟာ ပရာဿရနက္ခတ် ဗေဒင်ကျမ်းတွေ မှာ ပါတဲ့ အယူအဆတွေ နဲ့ သိပ်မကွာပါဘူး။ ၉ တန့်ဘာဝကို သခင်ကာရကဆိုပြီး ယူကြပေမဲ့ ဒီမှာ ၁၀ တန့်ဘာဝကို ဖခင် ကာရကလို ညွန်ပြထားတာက စိတ်ဝင်စားစရာပါ။
သကျကျာရ်ရာရဲ့ (ဒရုဝနဒီ) နက္ခတ်ဗေဒင်ကျမ်းမှာ ဘာဝရိယာယ်တွေ ကို အသေးစိတ် ရေး ထားခဲ့ပါတယ်။ အဲဒီ ကျမ်းကို ရှာဖွေဖတ်သင့်ပါတယ်။ ဟူးရာဗေဒင်မှာ ကာရက ပရိယာယ်အသုံးချ တဲ့နေရာမှ မိမိအတွေ့ အကြုံများ အရ အသုံးပြုတာ အင်မတန် ကောင်းမွန်ပါတယ်။
***
![]() နဒီဗေဒင်ကျမ်း | ![]() စီးပွားရေးဗေဒင် | ![]() အသက်မွေးဝမ်းကျောင်းမှုဗေဒင်ပညာ |