Cover

(မိတ်ဆက်စကား)

ဗေဒင်ပညာဆိုတဲ့ စကားလုံးလေး လေးလုံးရှိလို့သာ၊ ငါးလုံးများ ဖြစ်ခဲ့ရင်ဘယ်လောက်ဇာချဲ့ ကြမလဲလို့ စဉ်းစားမိတာ အခါခါပါ။

နက္ခတ်ဗေဒင်ပညာဟာ လူ့ကံကြမာကိုဖတ်တဲ့ ပညာရပ်တွေ ထဲမှာ အရမ်းနေရာယူထား ပါတယ်။နည်လမ်းအမျိုးမျိုး၊ စနစ်အဖုံဖုံ၊ ဟောကိးတွေ က များ မှများ အပါးပါးဆိုတဲ့ အထဲကပါပဲ။

မြန်မာလူမျိုးနဲ့ နဒီဗေဒင်ပညာနဲ့ နည်းနည်း ဝေးကြပေမယ့် ဆရာကြီးဒေါက်တာဘိုလေးက ဓရုဝနဒီနဲ့ သတရိသျှီနဒီ ကျမ်းနှစ် ကျမ်းကို ထုတ်ပေးခဲ့ဖူးလို့ နားတော့ယဉ်စပြုနေပါပြီ။ အခု ကျွန်တော် အိန္ဒိယကာူလာတဲ့ နကတ်ဗေဒင်ကျမ်းမျိုးစုံထဲက ကမ္မဇီဝဏလို့ခေါ်တဲက ဓနယုဂ်စာအုပ် နဲ့ အံသာနဒီလို့ခေါ်တဲက အံသာအရဟောရတဲ့ စာအုပ်နှစ် အုပ်ကို စီစဉ်ပေးလိုက် ရပါတယ်။

အဲဒီ နှစ် အုပ်စလုံးဟာ နဒီဗေဒင်ပညာတွေ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အံသာအပေါ်အခြေခံပြီး ဟောထားတဲ့ စာအုပ်ပါ။

ကိုယ့်ဇာတာထဲက ဂြိုဟ်တွေ ရပ်တည်တဲ့ အံသာအပေါ်ကြည့်ပြီးဟောရတဲ့နည်းပါ။ အင်မတန်ရှားပါးပါ တယ်။

ဒီနည်းလမ်းကို ဆင်းဆတစ်ပွိုင့်လို့ခေါ်ပါတယ်။ အိန္ဒိယလိုတော့ ဗိန္ဒိုအံသာလို့ခေါ်တယ်။ မြန်မာလိုတော့ နဒီဗေဒင်အဟောလို့ပဲခေါ်ရမှာ ပါ။

ဒီနည်းကို သုံးဖို့က သိပ်မခက်ခဲပါဘူး။ ဂြိုဟ်တစ်လုံးရဲ့ ပရိယာယ် ကိုသိထားရပါမယ်။ အဲဒီ ဂြိုဟ် ပရိယာယ်နဲ့ အံသာအရ ဖြစ်လာတဲ့ ပရိယာယ် နှစ် ခုကိုပေါင်းစပ်တာပါပဲ။ စရိုက်နဲ့ ဗီဇကိုတော့ အသေးစိတ်ဟောနိုင်ပါတယ်။ နောက်တော့ ကောဇာမှာ ရောက်လာတဲ့ ဂြိုဟ်ကောင်း ဂြိုဟ်ဆိုးတွေ ပေါ်လည်းမူတည်ပြီး ဟောနိုင်ပါလိမ့်မယ်။

အံသာတစ်ခုမှာ အဟောတစ်ခုသာ ဖြစ်ပါတယ်။ ဒီနည်းက အလွယ်လေးဟောလို့ရတယ်။ ကောဇာလည်းဟောလို့ရပါတယ်။ အဟောရွှင်တာပေါ့။ အံသာကို အခြေခံပြီး ဟောစာတန်းရေး လို့ လည်းရပါတယ်။ အံသာအဟောလို့ ပြောလည်းရပါတယ်။

ဂြိုဟ်တစ်လုံးဟာ အံသာတစ်ခုပေါ်ရောက်ရင် ဂြိုဟ်ဟာ မူလပရိယာယ်အရ အဟောထွက်လာ ပါလိမ့်မယ်။ အံသာရဲ့ ပရိယာယ်အရအစောကို သိနိုင်ဖို့အတွက် ဒီစာအုပ်လေးကို စီစဉ်ပေးရတာ ပါ။

မကြားဘူးသေးတော့ နည်းနည်း တော့စိမ်းမယ်။ ပြီးရင် ရင်းနှီးသွားရင် အလုပ်လုပ်လို့ရလာပါ လိမ့်မယ်။ ဒါကိုက ကျွန်တော့ရဲ့ ဆနပါ။ ခင်ဗျားတို့အတွက်ပါ။

အရှေ့တိုင်းက သ၀ယ်လာတဲ့ စာအုပ်တွေ ထဲက ကောင်းနိုးရာရာ ထုတ်နုတ်ရေး ပေးတာပါ။ လူတိုင်းတတ်မြောက်ဖို့ပါ။ ဒီလောက်ဆိုရင်ပဲ ကျေနပ်လှပါတယ် ။

မင်္ဂလာရှိပါစေ။

ဆရာဒဂုန်

၁၊၁၁၊၂၀၀၀

* * * * *


အခန်း (၁)

မိဿရာသီ

ဝံ - ၁ံ အတွင်း ။ ။ ဒီလိုအံသာမှာ မွေးဖွားလာခဲ့တဲ့ လူဟာရည်မှန်းချက်ကြီးမားစွနဲ့ အမြဲတမ်းအပင်ပန်းခံပြီး လုပ်တတ်တဲ့လူပါ။ အလုပ်နဲ့ လက် မပြတ်တမ်းအမြဲတမ်းအားကြိုးမာန်တက် ဆောင်ရွက်တတ်သူလည်း ဖြစ်ပါတယ်။ ဇွဲကောင်းပြီးတော့ ခံနိုင်ရည်လည်းရှိပါတယ်။

ဒါပေမယ့် စည်းကမ်းတော့ မရှိတတ်ပါဘူး။ စည်းကမ်းစနစ်ကျကျမနေတတ်တဲ့သူပါ။ သူများ က သြဇာပေးတာကိုလည်းမခံချင်တတ်တဲ့သူလည်း ဖြစ်ပါတယ်။ ကိုယ့်အသိတရားနဲ့ ကိုယ် နေထိုင်လုပ် ကိုင်တတ်သူလည်း ဖြစ်ပါတယ်။ မဟုတ်မခံစိတ်ရှိပြီးတော့ မာနကြီးတတ်သူမျိုးပါ။ စိတ်တိုလွယ်၊ ဒေါသကြီးလွယ်တဲ့သူပါ။.

ဘ၀တိုက်ပွဲမှာ တော့ ရန်ပါမှအကျိုးပေးတတ်တဲ့ ကံပါပါတယ်။ ထက်ထက်မြက်မြက်ရှိသူ၊ သွက်သွက်လက်လက်ရှိသူ ဖြစ်ပါတယ်။ ခွန်အားဗလမာန်၊ မာနနဲက အမျက်ဒေါသတို့ကို အခြေခံ ထားလေ့ရှိသူ ဖြစ်ပါတယ်။

၁ံ - ၂ံ အတွင်း ။ ။ ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးလွန်းတယ်၊ စိတ်လွတ်လပ်မှု ကို မြတ်နိုး တတ်သူလည်း ဖြစ်ပါတယ်။ တစ်ယူသန် ဖြစ်ပြီးတော့ ကိုယ့်အမြင် ကိုယ့်အသိနဲ့ တစ်ဖက်စွန်းကို ရောက်နေတတ်သူလည်း ဖြစ်ပါတယ်။ ကိုယ့်အရည်အသွေးကို အများ က လက်ခံလာအောင် အမျိုးမျိုးကြိုးစားတတ်သူလည်း ဖြစ်ပါတယ်။ လူစွမ်းကောင်းဝါဒနဲ့ တစ်ကိုယ်တော် စွမ်းရည်ကို သိပ်ပြချင်တတ်သူပါ။ ကိုယ့်ကိုကိုယ် ဘာကောင်ဆိုတာသိပ်ပြီးတော့ ပြချင်တတ်သူ ဖြစ်ပါတယ်။

၂ံ - ၃ံ ။ ။ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နေတတ်သူ တစ်ယောက် ဖြစ်ပါ တယ်။ အများ နဲ့ ပြေလည်အောင်ဆက်ဆံတတ်ပြီး လိုက်လျောညီထွေ ဖြစ်အောင်နေတတ်ထိုင်တတ် သူပါ။ အားလုံးအပေါ်မှာ မေတ္တာတရားနဲ့ ဆက်ဆံပြီး အဆင်ပြေညီညွတ်မှု ကို ရယူတတ်သူလည်း ဖြစ်ပါတယ်။ အများ ကချီးကျူးထောပဏာပြုတာကို ခံယူပြီးသဘောကျတတ်သူလည်း ဖြစ်ပါတယ်။ ဘယ်တော့မှ ရိုင်းရိုင်းစိုင်းစိုင်းပြုမူဆောင်ရွက်တတ်သူ မဟုတ်ပါ။ စိတ်ဓာတ်အခြေခံ ကတော့ အင်မတန်ပျော့ပြောင်းနူးညံ့တတ်သူ ဖြစ်ပါတယ်။ သဘောထား သေးသိမ်ပြီးတော့ အခွင့်အရေး ယူတတ်တဲ့ အပေါင်းအသင်းတွေ က အမျိုးမျိုးနှောက်ယှက်တာကိုခံရတတ်ပါတယ်။ ဘ၀မှာ စည်းစိမ် နဲ့ နေရတတ်ပါတယ်။

၃ံ - ၄ံ အတွင်း ။ ။ အမူအယာကြမ်းတမ်းပြီးတော့ မယဉ်ကျေးလှသော်လည်း နှလုံးသား ကတော့ ဖြူစင်တတ်ပါတယ်။ သဘောထားလည်းကြီးပါတယ်။ ဒါပေမယ့် ဆင်ခြင်မူက တော့ နည်းပါးတတ်ပါတယ်။ ပစည်းဥစ္စာတွေ အပေါ်မှာ အပေါင်းအသင်းများ အကြောင်းပြု ၍ ပျက်စီးရ တတ်ပါတယ်။ ဘ၀မှာ အခက်အခဲမျိုးစုံနဲ့ တွေ့ ရတတ်ပါတယ်။

စိတ်သဘောထား ကတော့ အများ နဲ့ ဆက်ဆံတဲ့အခါမှာ ဖြစ်စေ ကိုယ့်မိသားစုနဲ့ ဆက်ဆံတဲ့ အခါမှာ ဖြစ်စေ စိတ်နှလုံးဖြူစင်သန့်ရှင်းစွာ ပြုမူပြောဆိုနေထိုင်တတ်သူ ဖြစ်ပါတယ။ အပြော ကတော့ နည်းနည်း ဆိုးပါတယ်။ ဟောဟောဒိုင်းဒိုင်း ကြမ်းကြမ်းတမ်းတမ်းကြီး နေထိုင်တတ်ပါတယ်။ အရာရာကို ခွင့်လွှတ်တတ်သူလည်း ဖြစ်ပါတယ်။ စိတ်သဘောထားအင်မတန်ကြီးကျယ်မြင့်မြတ်သူ ဖြစ်ပါတယ်။ အကောင်းမြင်ဝါဒနဲ့ အမြဲနေတတ်သူ ဖြစ်ပါတယ်။

၎ံ - ၅ံအတွင်း ။ ။ ထူးခြားတဲ့ အသစ်အဆန်းတွေ ကို တီထွင်တတ်သူ သမရိုးကျလုပ် တတ်သူမျိုး ဖြစ်ပါတယ်။ အရာရာကို အထူးပင်ကြိုးစားလုပ်ကိုင်တတ်တဲ့သူ ဖြစ်တော့ နောက်ဆုံးမှာ တော့ ဘ၀အခြေအနေပိုင်ပိုင်နဲ့ အာမခံချက်ရှိတဲ့ဘ၀မျိုးကို ပိုင်ဆိုင်ရရှိတတ်ပါတယ်။ ဘ၀အကျိုးပေးအရ ဘေးအန္တရာယ်ထူပြောတဲ့ အလုပ်အကိုင်မျိုး စွန့်စားမှု အများ အပြားကို ကျော်လွှား ရတတ်ပါတယ်နောက်ပိုင်းမှာ တော့ အခြေအနေအရပ်ရပ်ကြောင့် မဟုတ်ဘဲ လုံ့လ၀ီရိယတွေ နဲ့ အောင်မြင်မှု ကိုရရှိတတ်သူ ဖြစ်ပါတယ်။

ဘ၀တွင် မရေမရာ ဖြစ်ရာမှ သူမတူအောင်ကြိုးစားတတ်သူ ဖြစ်လို့ အောင်မြင်ခြင်း၊ ပြီးပြည့်စုံ ခြင်းနှင့် ဘ၀ကိုရရှိပိုင်ဆိုင်ရသူ ဖြစ်ပါတယ်။

၅ံ - ၆ံ အတွင်း ။ ။ အရာရာမှာ သြဇာတက္ကမနဲ့ ပြည့်စုံသူ သူတစ်ပါးအပေါ် လမ်းညွှန်မှု ပေးနိုင်တဲ့သူ ဖြစ်ပါတယ်။ လူအများ အပေါ်မှာ သြဇာလွှမ်းမိုးနိုင်ပြီး အုပ်ချုပ်သူလူတန်းစားဘ၀နဲ့ ရပ်တည်နေထိုင်ရတတ်ပါတယ်။ အရာရာမှာ အမြော်အမြင်ကြီးပြီး ရေရှည်တွေးခေါ်တတ်တဲ့သူလည်း ဖြစ်ပါတယ်။ ရေရှည်ကို တွေးမြင်တတ်ပြီးတော့ လူတိုင်းနှင့် လည်း သင့်တင့်အောင် ပေါင်းသင်ဆက်ဆံ တတ်ပါတယ်။

အရာရာကို အောင်မြင်မှု ရရှိတတ်သူ ဖြစ်ပေမယ် အလုပ်တစ်ခုကိုလုပ်ကိုင်တဲ့နေရာမှာ တော့ အခက်အခဲအကျပ်အတည်းတွေ ဒုက္ခတွေ နဲ့ ရင်ဆိုင်တွေ့ ကြုံရတတ်သူပါ။ ဘယ်လိုပင် အခက် အခဲမျိုးစုံနဲ့ တွေ့ နေရတတ်ပေမယ့် နောက်ဆုံးမှာ တော့ အခက်အခဲဟူသမျှကို အောင်မြင်ကျော်လွှား သွားနိုင်တဲ့ အရည်အသွေးရှိတတ်ပါတယ်။ ဘဝတွင် အခြေတကျအထက်တန်း ကျကျ နေထိုင်ရတတ် ပါတယ်။ စည်းစိမ်ဥစ္စာ ရတနာရွှေငွေနဲ့ ပြည့်ဝချမ်းသာစွာ နေထိုင်ရတတ်ပြီး အများ အပေါ်မှာ သြဇာ လွှမ်းမိုးနိုင်သူ ဖြစ်ပါတယ်။

၆ံ - ၇ံ အတွင်း ။ ။ အရာရာမှာ သတိရှိတတ်သူပါ။ သတိလက်လွတ်မ ဖြစ်တတ်ဘဲ အလုပ်တစ်ခုကို စေ့စေ့စပ်စပ်အကွက်ချပြီး လုပ်ကိုင်စီစဉ်တတ်သူ ဖြစ်ပါတယ်။ အနည်းငယ် ကောက်ကျစ်စဉ်းလဲတတ်သူလည်း ဖြစ်ပါတယ်။

ကိုယ်ကဘာအလုပ်ကိုပဲလုပ်လုပ် အကျိုးအမြတ်ခံစားခွင့် ကိုယ့်အတွက် အကျိုးရှိ၊ မရှိ အရင်တွေးပြီး ကိုယ့်အတွက်ကျန်မှ၊ အကျိုးအမြတ်ရှိမှ အလုပ်တစ်ခုကို လုပ်တတ်သူပါ။ ကိုယ့်အတွက် အခွင့်အရေတစ်ခုမှ မရခဲ့ရင် ဘာအလုပ်ကိုမှ မလုပ်ကိုင်တတ်ပါဘူး။ ဖြစ်ပေါ်လာသမျှ ဘေးဒုက အန္တရာယ် များ ကို လိမ္မာပါးနပ်စွာ ရှောင်ကွင်းပြီးတော့ ကိုယ့်အကျိုးအမြတ်ကို ရအောင်ယူတတ်တဲ့ စွမ်းရည်ရှိတဲ့သူ ဖြစ်ပါတယ်။

အင်အားကို သုံးပြီး ရန်ရှာတတ်တဲ့ အပြုအမူမျိုး၊ အမြတ်ထုတ်တာမျိုးတော့ တကယ့်ကို ၀ါသနာမပါတတ်ပါ။ တကယ့်ပါးပါးနပ်နပ်နဲ့ ရှောင်ပြီး ပရိယာယ်သုံးပြီးအန္တရာယ်ကင်းအောင်နေတတ် တဲ့သူပါ။ သတိကြီးကြီးထားပြီး ဘေးဒုက္ခ ကို ရှောင်နိုင်သူ ဖြစ်သလို ဖြတ်ထိုးဥာဏ်၊ တင်္ခနုပတ္တိဥာဏ်နဲ့ အန္တရာယ်အသွယ်သွယ်ကို ရှောင်ကွင်းနိုင်တဲ့ဇာတာရှင်ပါပဲ။

၇ံ - ၈ံ အတွင်း ။ ။ ထစ်ခနဲဆို ဒေါသကအရင်ထွက်တော့တာပါပဲ။ စိတ်ဆိုးတာ လည်းသိပ်မြန်တတ်ပါတယ်။ စိတ်ကလဲခပ်ဆတ်ဆတ်သမားပါ။ မိမိနေထိုင်ရတဲ့ ပတ်ဝန်းကျင်မှာ လည်း အဆင်ပြေညီညွတ်အောင်မနေတတ်မထိုင်တတ်ပါ။ အရာရာကို ပတ်ဝန်းကျင်နဲ့ ၊ သူတစ်ပါးနဲ့ ၊ အမြဲတမ်းယှဉ်ပြိုင်ပြီးဂုဏ်တု၊ ဂုဏ်ပြိုင်နေထိုင်ရတာ ၊ သူတစ်ပါးနဲ့ ယှဉ်ပြိုင်နေထိုင်ရတာ ကို ၀ါသနာပါပါတယ်။ သူတစ်ပါးရဲ့ အေးချမ်းသာယာမှု ကိုမနာလိုမရှုစိမ့် ဖြစ်ပြီးတော့ နှောင့်ယှက်တတ် သူလည်း ဖြစ်ပါတယ်။

အဲ့ဒီလိုပျော့ညံ့ချက်တွေ ကြောင့် ဘ၀မှာ အန္တရာယ်ထူပြောနေတတ်ပါတယ်။ အမြဲလိုလို သတိလက်လွတ်ပြုမူဆောင်ရွက်တတ်တာကြောင့် ဘေးဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်တွေ့ ကြုံနေရတတ်ပါ တယ်။

ဘယ်အရာမဆို စဉ်းစဉ်းစားစားမလုပ်ဘဲ စိတ်မြန်လက်မြန် ပြုမူဆောင်ရွက်တတ်လို့ ဘ၀မှာ အေးအေးချမ်းချမ်းမနေရတတ်ပါ။ ပူပင်သော ကတွေ နဲ့ ပဲလူ ဖြစ်နေရတတ်ပါတယ်။

၈ံ - ၉ံ အတွင်း ။ ။ ဘ၀မှာ မိမိကိုယ်ကို အမြဲတစေယုံကြည်တတ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ ဇွဲလုံလ၀ီရိယတွေ နဲ့ အောင်မြင်မှု ကိုရယူတတ်တဲ့လူမျိုး ဖြစ်ပါတယ်။ အများ က မိမိအပေါ်လေးစား ကြည်ညိုပြီး အားကိုးနေတတ်ကြပါတယ်။ အများ ရဲ့ ကောင်းကျိုးကိုလိုလားပြီး ကိုယ်ကျိုးမဖက်စိတ် စေတနာကောင်းမွန်စွာ နဲ့ အကူအညီပေးနေရတတ်တဲ့ ၀ါသနာလည်း ပါသူ ဖြစ်ပါတယ်။ အများ က ကိုယ့်အပေါ်မှာ ယုံကြည်အားကိုအားထားပြုမှု ကို ခံရတတ်ပါတယ်။

ဒီလိုဇာတာရှင်တွေ ဟာ ကောင်းရင်လည်းသူများ ထက်ကောင်းသလို ဆိုးပြီဆိုရင်လည်း သူများ ထက်ဆိုးတတ်သူပါပဲ။

အခက်အခဲဘေးဒုက္ခ အန္တရာယ်တွေ နဲ့ ရင်ဆိုင်ရတဲ့အခါမှာ ခေါင်းအေးအေးထားပြီး တည်ငြိမ်စွာ နဲ့ ဖြေရှင်းရင်ဆိုင်ရတတ်သူ ဖြစ်ပါတယ်။ ရဲစွမ်းသတိ အပြည့်ရှိတဲ့ဇာတာရှင်တွေ ပါ။

အတ္တလွန်ကဲမှု မရှိသလို မာန်မာနတရားလည်းအင်မတန်မှ ကင်းရှင်းသူ ဖြစ်ပါတယ်။ အများ နဲ့ ဆက်ဆံတဲ့နေရာမှာ လည်း မကြာခဏအထင်မှား၊ အမြင်မှားခံရတတ်တဲ့သူ ဖြစ်ပါတယ်။ ရဲဝံ့စွန့်စားပြီး သေသေချာချာ တိတိကျကျ စီစဉ်တတ်မှု တွေ ကြောင့် ဘ၀မှာ အောင်မြင်မှု များ နှင့် တွေ့ ကြုံ နေရတတ် ပါတယ်။

လူတစ်ဖက်သားရဲ့ အခက်အခဲကိစ တွေ ကိုလည်းအတိုင်းအဆမထားဘဲ လိုလိုလားလား ကူညီဖြေရှင်းပေးတတ်သူ ဖြစ်ပါတယ်။ မေတ္တာတရားထားတဲ့ နေရာမှာ လည်း နှောင်ကြိုးမဲ့ မေတ္တာဖြင့် နေထိုင်တတ်သူပါ။

၉ံ - ၁၀ံ အတွင်း ။ ။ ဘ၀မှာ ထူးထူးခြားခြားအောင်မြင်တတ်ပါတယ်။ ရာထူး အန္တရ၊ အိုးအိမ်ဥစ္စာ ရတနာများ နဲ့ ပြည့်စုံစွာ နေထိုင်ရတတ်ပါတယ်။ အရာရာမှာ ရဲရဲဝံ့ဝံ့ ပြောဆိုတတ်သူ ဖြစ် ပါတယ်။ သူမတူအောင်လည်းစွန့်စားပြီး အလုပ်တစ်ခုကို လုပ်ကိုင်တတ်သူလည်း ဖြစ်ပါတယ်။

ပြောစမှတ်တွင် ကျန်ရစ်အောင် တိုးတတ် ဖြစ်ထွန်းမှု မျိုးကို ရရှိခံစားရတဲ့သူ ဖြစ်ပါတယ်။ လူအများ အံ့သြချီးမွမ်းမှု ခံရတတ်ပါတယ်။ အောင်မြင် ဖြစ်ထွန်းမှု တိုးတက်ကြီးမားချမ်းသာမှု နဲ့ ဘ၀မှာ ခံစားနေရတတ်သူ ဖြစ်ပါတယ်။

မည် မျှပင်အနှောင့်အယှက် ဒုက္ခမျိုးစုံနဲ့ တွေ့ ကြုံနေရစေကာမှု မ ဖြစ် ဖြစ်အောင် ကျော်လွှား၍ အောင်မြင်မှု ကိုရအောင် ကြိုးစားလုပ်ကိုင်တတ်သူလည်း ဖြစ်ပါတယ်။ အခက်အခဲမှန်သမျှကို အမြဲဇွဲ ကောင်းကောင်းနဲ့ လုပ်ကိုင်ပြီး အောင်မြင်မှု ရရှိတဲ့ကံ ပါပါတယ်။

၁၀ံ - ၁၁ံ အတွင်း ။ ။ စိတ်သဘောထား ကတော့ အလွန်အင်မတန်နူးညံ့ပျော့ပျောင်းတတ်သူ ဖြစ်ပါတယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာ ရှိတတ်ပါတယ်။ နေတာ၊ ထိုင်တာ၊ ပြောတာ၊ ဆိုတာက အစ လူတစ်ဖက်သားအပေါ်မှာ ကြင်ကြင်နာနာ ပြောဆိုတတ်သူ ဖြစ်ပါတယ်။

လူအများ အပေါ် အကြင်နာပြည့်ဝစွာ မေတ္တာတရားကို အခြေခံထားပြီးဆက်ဆံတတ်ပါတယ်။ ဘယ်အလုပ်ကိုပဲလုပ်လုပ် ကိုယ့်အတွက် အကျိုး ဖြစ်ထွန်းမှု ကို မကြည့်ဘဲ အနစ်နာခံပြီး ဆောင်ရွက်လုပ်ကိုင်တတ်သူလည်း ဖြစ်ပါတယ်။

မိမိနှင့် ဆက်ဆံနေထိုင်ရတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအပေါ် မှာ မေတ္တာတရားနှင့် ကြင်နာ ယုယစွာ အမြဲတစေ ပြောဆိုနေထိုင်ပြီး အေးချမ်းမှု ၊ သာယာမှု ရှိအောင် ပြုလုပ်ဆောင်ရွက်တတ် သူလည်း ဖြစ်ပါတယ်။ လူတစ်ဖက်သားစိတ်ချမ်းသာမှု ရရှိနေရင် ကျေနပ်တတ်တဲ့လူမျိုး ဖြစ်ပါတယ်။

၁၁ံ - ၁၂ံ အတွင်း ။ ။ အပေါင်းအသင်းတွေ အပေါ်မှာ လိုက်လျောညီထွေ ဖြစ်အောင် ဆက်ဆံ တတ်သူ ဖြစ်ပါတယ်။ အလျော့ပေးအနစ်နာခံပြီး ဆက်ဆံပေါင်းသင်းနေထိုင်တတ်သူ ဖြစ်ပါတယ်။ ကိုယ့်ဘက်မှာ ဘာအကျိုးမ မမျှော်လင့်ဘဲ ကူညီပံ့ပိုးတတ်သူလည်း ဖြစ်ပါတယ်။ ကိုယ်သာ အနစ်နာခံတတ်တဲ့ အကျင့်ရှိသူ ဖြစ်ပါတယ်။

အလှူအတန်းဒါနပြုလုပ်ရာမှာ လည်း အင်မတန်မှ ရက်ရောတတ်သူ ဖြစ်ပါတယ်။ အလှူရေ စက် လက်နှင့် မကွာ ပေးကမ်းစွန့်ကြဲနေတတ်သူ ဖြစ်ပါတယ်။ သဒ္ဓါတရားနဲ့ စေတနာထားတတ်သူပါ။ စိတ်သဘောထားကလည်း အင်မတန်နူးညံ့သိမ်မွေ့ပါတယ်။ စစ်စစ်ကုပ်ကုပ်မလုပ်တတ်ဘဲ လက်ဖွာ တတ်သူပါ။

ကိုယ့်အိုးကိုယ့်အိမ်ကိုယ့်နိုင်ငံတော် ကို အလွန်ခင်တွယ်တတ်သူပါ။ ကိုယ့်မိသားစုအတွင်းမှာ သာသာယာယာ ကြည်နူးစွာ နဲ့ နေထိုင်ချင်တဲ့စိတ်မျိုးရှိတတ်သူပါပဲ။ ကွယ်ရာမှာ အပျော်မရှာတတ်ပါ။

လှေကြီးထိုးရိုးရိုးဝါဒကို ကြိုက်နှစ်သက် တတ်သူ ဖြစ်ပြီး အမြဲတစေ ရိုးရိုးအေးအေးနေထိုင် တတ်သူပါ။

၁၂ံ - ၁၃ံ အတွင်း ။ ။ ဘ၀တစ်လျှောက်လုံးမှာ အခက်အခဲများ စွာ နဲ့ ကြုံတွေ့ ရတတ် တဲ့ကံပါပါတယ်။ အနှောင့်အယှက်ပေးခံရတဲ့ကံ ပါပါတယ်။ အဟန့်အတားပြုမူခံရတဲ့ကံ ပါပါတယ်။ အခက်အခဲအနှောင့်အယှက်အဟန့်အတားတွေ အမျိုးမျိုးကို ကြုံတွေ့ ပြီးမှ နောက်ဆုံးမှာ တော့ အောင်မြင်မှု မျိုးနဲ့ ရရှိခံစားရမယ့်ဘ၀ ကို ရရှိတတ်ပါတယ်။

အောင်မြင်၊ အကျိုး ဖြစ်ထွန်းမှု ရရှိပြီဆိုရင်လည်း အများ တကာက အံ့သြရ လောက်အောင် အောင်မြင်တိုးတက်တဲ့ဘ၀ မျိုးကို ပိုင်ဆိုင်ရတတ်သူပါပဲ။

တစ်ခုထူးခြားတာ ကတော့ ဘ၀မှာ သက်ရှိထင်ရှားရှိစဉ်မှာ အသက်ရှင်တုန်းမှာ တော့ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတတ်ပြီးနေရတတ်ပြီးတော့ သေပြီးတဲ့အခါမှာ ကျော်ကြားရ တတ်တဲ့ကံပါပါတယ်။ သေလည်းပြီးရောကောင်းသတင်းများ နဲ့ ကျော်ကြားနေတတ်ပါတယ်။

သာမာန်မထင်မရှားဘ၀မှာ မနည်းရုန်းကန်ကြိုးစားပါမှ အောင်မြင်တတ်သူ ဖြစ်ပါတယ်။

လုပ်ရမယ့်ကံ၊ ကြိုးစားပါမှ စံရမယ့်ကံပါတဲ့သူလို့ပြောရမှာ ဖြစ်ပါတယ်။ အပင်ပန်းခံပြီး မနားမနေကြိုးစားနေရတတ်သူ ဖြစ်ပါတယ်။

၁၃ံ- ၁၄ံ အတွင်း ။ ။ ဒီလိုအံသာအတွင်းမှာ မွေးဖွားလာတဲ့သူ ကတော့ ဘ၀ခရီးလမ်းမှာ တစ်ကိုယ်တည်း အထီးကျန်ဆန်စွာ နေသွားတတ်ရပါတယ်။ ဆွေမျိုးမိတ်သင်္ဂဟ ဘယ်လောက်ပဲ များများ ရှိစေကာမူ ဆွေမျိုးများ က ၀ိုင်းပယ်ခြင်းခံရတတ်တဲ့ ကံပါသူ ဖြစ်ပါတယ်။

ပျော်ရွှင်မှု တွေ ကင်းမဲ့ပြီး ခြောက်သွေ့လွန်းတဲ့ဘ၀နဲ့ နေသွားရတတ်ပါတယ်။ အများ ရဲ့ လျစ်လျူရှုခြင်းမျိုးကိုလည်းခံရတတ်ပါတယ်။ ကိုယ့်မှာ ဘယ်လောက်ပဲဒုက္ခရောက်နေပါစေ အများ ကရော၊ ဆွေမျိုးသားချင်းတွေ ကပါ သိသိကြီးနဲ့ လျစ်လျူရှုနေတာကိုခံရတတ်ပါတယ်။ ကြောင်တောင်ကြည့်ခံရတဲ့ကံပါသူ ဖြစ်ပါတယ်။

ဘ၀မှာ ဘယ်လောက်ထိအောင်ဆိုဝါးကြမ်းတမ်းတဲ့အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါစေ ကူညီပံ့ပိုးမယ့် သူတွေ ကတော့ တစ်ယောက် မျှမရှိပါဘူး။ နောက်ဆုံးစိတ်ဓာတ်ကျပြီး ခြေဦးတည့်ရာကို လျှောက်သွားပြီး ဆင်းရဲနွမ်းပါးစွာ နဲ့ ဘ၀ကိုနိဂုံးချုပ်ရတတ်ပါတယ်။

၁၄ံ - ၁၅ံ အတွင်း ။ ။ အရာရာမှာ ဆုံးဖြတ်ချက်မှားယွင်းတတ်ပါတယ်။ ကိုယ့်ရဲ့ ယုံကြည်ချက် ကို အလေးမထားဘဲ သူတစ်ပါးရဲ့ အကြံဥာဏ်ကိုဦးစားပေးမိလို့ဆုံးဖြတ်ချက်လုပ်ရပ်တွေ မှားယွင်းပြီး ဘ၀မှာ မိမိမျှော်လင့်ထားသလိုအကျိုးခံစားမှု မရရှိတတ် ဖြစ်နေတတ်ပါတယ်။

မှန်ကန်တဲ့၊ သရုပ်မှန်တဲ့၊ ယုတ္တိရှိတဲ့၊ အဓိပ္ပါယ်ရှိတဲ့ အတွေးအခေါ်ဆုံးဖြတ်ချက်မထားတတ်မိ လို့ ဒုက္ခရောက်ရတဲ့ကံပါပါတယ်။ မကြာခဏအလိမ်အညာခံရတတ်ပါတယ်။ သူတစ်ပါးအပေါ်၊ တစ်ဖက်သားအပေါ်ယုံကြည်တတ်သူ ဖြစ်လို့ အလိမ်ခံရတဲ့အ ဖြစ်မျိုးတွေ နဲ့ ကြုံတွေ့ နေရတတ်တာ ပါပဲ။

ကိုယ်အားကိုယ်ကိုးတတ်ဖို့၊ ကိုယ်မှာ ရှိတဲ့ ဥာဏ်ရည်ဥာဏ်သွေးအရည်အချင်း၊ အရည်အသွေး တွေ ကိုမှန်မှန်ကန်ကန်သုံးစွဲပြီး အလုပ်လုပ်ကိုင်မယ်ဆိုရင်တော့ ကိုယ်မျှော်လင့်ထား တဲ့ ကောင်းကျိုးချမ်းသာတွေ နဲ့ ရရှိခံစားရတတ်သူ ဖြစ်ပါတယ်။ အဓိ ကတော့ ကိုယ့်ရဲ့ အသိဥာဏ်ကို ချင့်ချိန်သုံးစွဲတတ်ဖို့ပါပဲ။

၁၅ံ - ၁၆ံ ။ ။ လူလောက လူ့သဘာဝနဲ့ ပတ်သက်တဲ့ သဘာဝတရားသဘောကို အင်မတန်မှ စိတ်ဝင်စားတတ်သူ ဖြစ်ပါတယ်။ သဘာဝတရားကို အခြေခံတဲ့ အတွေးအခေါ်အမြော် အမြင်တွေ နဲ့ စဉ်းစားဆင်ခြင်ပြီး သဘာဝတရားရဲ့ ကောင်းကျိုးချမ်းသာကို ရယူတတ်သူ ဖြစ်ပါတယ်။

အတွေးအခေါ်ပညာရှင် ဖြစ်တတ်သူ ဖြစ်ပါတယ်။ သဘာဝရဲ့ လှည့်စားချက်၊ သဘာဝရဲ့ ဖြစ် ပျက်တတ်တဲ့ မမြဲသော အနိစ္စတရားတွေ ကို သိမြင်သုံးသပ်၍ နေတတ်သူ ဖြစ်ပါတယ်။

တစ်ဦးတည်း အေးအေးချမ်းချမ်းနေထိုင်ချင်တဲ့စိတ်ရှိသူ ဖြစ်ပါတယ်။ လူအများ နဲ့ ရောရောနှော နှောမနေတတ်ပါ။ တရားရှိသူ၊ တရားရှာသူဘ၀နဲ့ တစ်ယောက် တည်းအေးချမ်းသာယာမှု ရှိအောင် စီစဉ်ပြီး ဘ၀ကို နေသွားတတ်သူ ဖြစ်ပါတယ်။

သဘာဝနဲ့ ပက်သက်တဲ့ သမိုင်းရေး ရာ ၀ါဒသဘောထားများ ကိုလေ့လာလိုက်စားပါက ထူးချွန်သူ ဖြစ်ပါတယ်။

၁၆ံ - ၁၇ံ ။ ။ ဒီလိုအံသာအတွင်းမှာ မွေးဖွားလာတဲ့သူတွေ အဖို့ ကတော့ ဖြစ်ပျက်တတ် တဲ့ သဘာဝ၊ ဖြစ်လိုက်ပျက်လိုက်နဲ့ အတည်တကျမရှိတဲ့ ဖောက်လွဲဖောက်ပြန် လောကဓံတရားသဘော ကိုတရားကျကျ နားလည်စွာ လက်ခံ ထားသူများ ဖြစ်ပါတယ်။ ဘယ်ဟာမတည်မြဲ ဖောက်လွဲဖောက် ပြန်ဆိုတာကို အမြဲတမ်းပြောင်းလဲဖောက်ပြန်နေတဲ့ သဘာဝတရားကို လေ့လာဂရုစိုက်နေတတ်သူပါ။

တစ်ခါတစ်ရံ ကိုယ်ကျိုးကိုသာကြည့်တတ်ပြီးတော့ အင်မတန်မှ တကိုယ်ကောင်းဆန်တဲ့ ပြုမူချက် တွေ ၊ လုပ်ရပ်တွေ လုပ်တတ်ပါတယ်။ စည်းစိမ်ဥစ္စာ၊ ရတနာတွေ အပြည့်အ၀ရယူပြီးတော့ ကာမဂုဏ်စိတ်ပိုင်းမှာ လည်း အင်မတန်မှ ကြီးမားပြင်းထန်သူ ဖြစ်ပါတယ်။

အသုံးနှင့် အဖြုန်းနှစ် ပိုင်းရှိတဲ့နေရာမှာ မလိုအပ်ဘဲ ဖြုန်းတီး ဖြစ်တာများ နေတော့ ဘ၀မှာ ငွေမ မြဲတတ်ပါ။

၁၇ံ - ၁၈ံ အတွင်း။ ။ ဒီလိုအံသာအတွင်းမှာ မွေးဖွားလာတဲ့လူတွေ ကတော့ လူတိုင်းနှင့် သင့် တင့်အောင်ပေါင်းတတ်တယ်။ ရောက်တဲ့အရပ်မှာ ပျော်အောင်နေတတ်တယ်။ ရှိတာလေးနဲ့ လှအောင်ဝတ်တတ်တယ်။ ရတာ လေးနဲ့ ၀အောင်စားတတ်တဲ့ ရွှေပြည်အေးသမားတွေ ပဲ။ တွေ့ တဲ့ သူနဲ့ မိတ်ဆွေ ဖြစ်လွယ်ပါတယ်။ အလိုက်သင်လိုက်လျောညီထွေ ဖြစ်အောင် ပေါင်းသင်းဆက်ဆံ တတ်သူ ဖြစ်ပါတယ်။

လူတိုင်းနှင့် တိုင်ပင်နေထိုင်တတ်သူ ဖြစ်သလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေတတ်သူ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်စွာ တိုင်ပင်နေပြီး အေးချမ်းသာယာတဲ့ ဘ၀အခြေအနေကို ဖန်တီးနိုင် စွမ်းရှိသူပါ။ အများ ရဲ့ အားကိုးမှု ၊ ယုံကြည်မှု ၊ ချစ်ခင်လေးစားမှု ၊ ရိုသေမှု ကိုခံစားရရှိသူ ဖြစ်ပါတယ်။ ညီညွတ်စွာ တိုင်ပင်ဆွေးနွေးမှု ကို အထူးခုံမင်နှစ်သက် တတ်သူ ဖြစ်ပါတယ်။

၁၈ံ - ၁၉ံ အတွင်း ။ ။ ဒီလိုအံသာအတွင်းမှာ မွေးဖွားလာတဲ့ ဇာတာရှင်တွေ ဟာ ဘ၀မှာ ဦးတည်ချက်၊ ရည်ရွယ်ချက်ဆိုလို့ မယ်မယ်ရရ မရှိတတ်ပါဘူး။ ကြုံသလိုနေ၊ ကြုံသလိုစား၊ ဘာတစ်ခု မှ အလေးထားတတ်တဲ့စိတ်မရှိပါဘူး။ ခံယူချက်၊ ရည်မှန်းချက်လည်းမထားတတ်ကြပါ။

ဘယ်အရာ၊ ဘယ်ကိစ္စမျိုးမဆိုကိုယ့်ဖို့လောက်သာ ရှေ့တန်းတင်ပြီးစဉ်းစာတတ်တဲ့၊ ကိုယ့်ဖို့လောက်သိတဲ့ အတ္တသမားပါ။ ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့ ၀ါဒကို လက်ကိုင်ထား တတ်တဲ့လူမျိုးပါ။

ရွှေငွေပစည်းဥစ္စာကိုလည်း တကယ်မက်တတ်တဲ့လူစားမျိုး ဖြစ်နေတတ်လို့ ဘ၀မှာ အေးအေး ချမ်းချမ်းနဲ့ မနေရတတ်ပါ။ အမြဲတစေပူပင်သော ကဗျာပါဒတွေ နဲ့ စိုးရိမ်စိတ် ဖြစ်နေပြီး နေတတ်သူပါ။

ဘယ်အရာ၊ ဘယ်ကိစ္စမျိုးမဆို ကိုယ်ရဖို့လောက်သာကိုယ်သိတဲ့လူမျိုးတွေ ပါပဲ။

၁၉ံ -၂၀ံအတွင်း ။ ။ စွန့်စားတတ်တဲ့ဥာဉ်ရှိတဲ့သူပါ။ အရာရာကို စွန့်လွှတ်စွန့်စားနေထိုင် တတ်သူပါ။ စူးစမ်းရှာဖွေခြင်းနဲ့ ပတ်သက်တဲ့ခရီးမျိုးကို သွာဖို့သိပ်ကို ၀ါသနာပါတတ်သူပါ။ အရာရာကို စူးစမ်းလေ့လာတတ်သူ ဖြစ်ပါတယ်။

ကိစ္စတိုင်း၊ အလုပ်တိုင်းကိုမိမိနားလည်အောင် လေ့လာသင်ယူတတ်ပါတယ်။ ဘယ်ပညာရပ် မဆို တတ်သိနားလည်အောင်သင်ယူလိုတဲ့စိတ်မျိုးရှိသူ ဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲမျိုး၊ ရန်သူတွေ ရဲ့ အနှောင့်အယှက်ပေးမှု ကို အမြဲတစေခံတတ်ပါတယ်။ ဘယ်လိုပဲရန်သူ အန္တရာယ် တွေ များ နေစေကာမူ ရဲရင်တဲ့သတ္တိနဲ့ အရာရာကို အောင်မြင်မှု ရရှိအောင် ကျော်လွှားနိုင်သူ ဖြစ်ပါတယ်။ ရဲရင့်ခြင်းနှင့် အတူ အကြောက်အလန့်ကင်းမဲတဲ့သူ ဖြစ်ပါတယ်။ မကြောက်တတ်၊ မလန့်တတ်ပါ။ ဖြစ်ကာမှ ဖြစ်ရော သိပ်ပြီးမကြောက်မလန့်နဲ့ လုပ်ရဲတဲ့သတ္တိမျိုးရှိတတ်သူ ဖြစ်ပါတယ်။

ရပ်ဝေးမြေခြားတိုင်းတစ်ပါး၊ နိုင်ငံခြား စသည့်ဝေးလံတဲ့နေရာဒေသမှာ သွားရောက်ပြီး အလုပ်လုပ်ရတတ်ပါတယ်။ အောင်မြင် ဖြစ်ထွန်းပြီး အကျိုးစီးပွားဥစ္စာ ဖြစ်ထွန်းတဲ့ကံပါပါတယ်။

၂၀ံ - ၂၁ံ အတွင်း ။ ။ ဒီလိုအံသာအတွင်းမှားမွေးဖွားလာတဲ့ သူဟာ မိမိအပေါ်ဘယ်လိုပင် မှားမှားယွင်းယွင်း ရိုင်းရိုင်းစိုင်းစိုင်း စော်ကားနေစေကာမူ အင်မတန်မှ သဘောထားကြီးစွာ သည်းခံ ခွင့်လွှတ်တတ်သူ ဖြစ်ပါတယ်။

သဘောထားကြီးကြီး ထားတတ်သူ၊ ခွင့်လွှတ်တတ်တဲ့စိတ်ကောင်း၊ စေတနာကောင်းရှိသူ ဖြစ်လို့ အရာရာမှာ စိတ်အေးချမ်းသာမှု ရရှိန်ေမှာ ဖြစ်ပါတယ်။ အေးငြိမ်းချမ်းသာစွာ နေထိုင်ရတတ်တဲ့ ကံပါပါတယ်။

ဘုန်းတန်ခိုးကြီးမားသူလည်း ဖြစ်ပါတယ်။ အများ အပေါ်မှာ သြဇာလွှမ်းမိုးနိုင်ပြီး ခေါင်းဆောင် ကောင်း တစ်ယောက် ဖြစ်နေတတ်ပါတယ်။ အများ ရဲ့ လေးစားကြည်ညိုမှု ကိုခံယူရရှိနေတတ် သူလည်း ဖြစ်ပါတယ်။

ကောင်းမွန်မြင်မြတ်စွာ ကြံစည်တတ်သူ ဖြစ်ပါတယ်။ အောင်မြင်တိုးတက်လိုသော ဆန္ဒကြီးမား သူ ဖြစ်တဲ့အတွက်မို့ကြံသမျှပြီးမြောက်တတ်ပါတယ်။

၂၁ံ - ၂၂ံ အတွင်း ။ ။ ဒီလိုအံသာအတွင်းမှာ မွေးဖွားလာတဲ့သူတွေ ဟာ အတွေးအခေါ်မှာ အင်မတန်မှ နုံချာသူ ဖြစ်ပါတယ်။ ဗရမ်းပတာ နေထိုင်တတ်သူလည်း ဖြစ်ပါတယ်။ အတွေးအခေါ်နဲ့ အသိတားနုံချာမှု တွေ ကြောင့် ဘ၀မှာ အောင်မြင်သင့်သလောက်မအောင်မြင်ဘဲ လမ်းလွဲသို့ ရောက်သွားတတ်ပါတယ်။

အဲ့ဒီလို အခြေအနေတွေ ကြောင့် မိမိရဲ့ သြဇာတိက္ကမနဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်ဟာ ပျောက် ဆုံးနေရတတ်ပါတယ်။ မှန်မှန်ကန်ကန်မတွေးခေါ်တတ်သလိုမှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ နဲ့ မလုပ်သင့်တာတွေ ကို လုပ်မိလို့ ဘ၀တွင် ထင်ထားသလောက် အကျိုးခံစားမှိုမျိုးမရရှိတတ်ပါ။

စိတ်တွေ ဟာတည်ငြိမ်မှု မရှိတာကြောင့် ရည်ရွယ်ချက်၊ ဦးတည်ချက်မဲ့ကာ ပန်းတိုင်ပျောက်နေ တတ်သူပါ။

ကိုယ်တိုင်က ဘာလိုချင်မှန်းမသိ ဖြစ်နေတတ်လို့ ဘာလုပ်ရမှန်းလည်းမသိ ဖြစ်နေရပြီး ဘ၀မှာ မရေမရာ၊ မသေမချာနဲ့ ဘဲ အချိန်ကုန်သွားရတတ်တဲ့ ဇာတာရှင်တွေ ဖြစ်ပါတယ်။

၂၂ံ - ၂၃ံ အတွင်း ။ ။ အပေါင်းအသင်းကို ရွေးချယ်ပြီးမှ ပေါင်းသင့်ပါတယ်။ တွေ့ ကရာလူနဲ့ အပေါင်းအသင်းမလုပ်သင့်ပါ။ ဘ၀တွင် မိမိရဲ့ ကံကြမ္မာက အကျိုးပေးကောင်းနေ ပေမယ့် အပေါင်းအသင့်ကြောင့် ဒုက္ခအကြီးအကျယ်ရောက်ရတတ်ပါတယ်။ မကောင်းတဲ့အပေါင်း အသင်းတွေ ရဲ့ အကျင့်ဆိုးတွေ ကြောင့် ဘ၀မှာ ပျက်စီးရတတ်ပါတယ်။

၂၃ံ - ၂၄ံ အတွင်း ။ ။ အားကစားကိုယ်လက်လှုပ်ရှားမှု ပြုတာမျိုးကို အထူးခုံမင်တတ်သူပါ။ ကိုယ်လက်လှုပ်ရှားအားကစားအတွင် လိုက်စားပါက ဘ၀တွင် အကျိုး ဖြစ်ထွန်းပြီး အောင်မြင်မှု ရရှိ တတ်ပါတယ်။

တစ်ခုသတိထားရမှာ ကတော့ ဆန့်ကျင်ဘက်လိင်များ အပေါ်မှာ တကယ်စိတ်ဝင်စားတတ်ပြီး ဆန့်ကျင်ဘက်လိင်တွေ ရဲ့ အနှောင့်အယှက်ပေးမှု ကြောင့် ဒုကရောက်ရတဲ့ကံပါသူ ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ ရည်ရွယ်ချက်တွေ ပျောက်သွားရတတ်ပါတယ်။ အထူးသတိပြုပါလို့ ဆန္ဒပြုပါတယ်။

၂၄ံ - ၂၅ံ အတွင်း ။ ။ ကိုယ့်ဘ၀မှာ သိက္ခာမရှိတဲ့အလုပ်မျိုး၊ သိက္ခာမရှိတဲ့အပြောမျိုး တစ်သက်မလုပ်တတ်ပါ။ အဆင့်အတန်းမရှိ အောက်တန်းကျတဲ့စိတ်ဓာတ်မရှိပါ။ အောက်တန်းကျတဲ့ ပြုမူလုပ်ကိုင်မှု တွေ ဘယ်တော့မှ မလုပ်တတ်သူ ဖြစ်ပါတယ်။

ဂုဏ်သိက္ခာကို အသက်နဲ့ ထပ်တူတန်ဖိုးထားနိုင်တဲ့ ဇာတာရှင်မျိုး ဖြစ်ပါတယ်။

မဟုတ်တာမလုပ်တတ်သလို မဟုတ်တာကိုလုပ်လာရင်လည်း တော် လှန်တတ်သူ၊ မဟုတ်မခံ စိတ်ရှိသူ ဖြစ်ပါတယ်။ မတရားသော နည်းနဲ့ ဖိနှိပ်ချုပ်ချယ်မှု ကို မခံနိုင်တတ်ပါ။ လွတ်လပ်စွာ နေတတ်တဲ့ အကျင့်ရှိသူ ဖြစ်ပါတယ်။

၂၅ံ - ၂၆ံ အတွင်း ။ ။ ဒီလိုအံသာအတွင်းမှာ မွေးဖွားတဲ့လူတွေ ကတော့ မိမိဘုန်းကံကြောင့် မဟုတ်ဘဲ ကိုယ့်ထက်ရာထူးအာဏာဘုန်းတန်ခိုးမြင့်မားတဲ့ လူပုဂိုလ်တစ်ဦးရဲ့ ကူညီပံ့ ပိုးမစမှု ကြောင့် ဘ၀ အခြေအနေမြင့်မားတိုးတက်ရတဲ့ကံပါသူ ဖြစ်ပါတယ်။

မွေးရာပါကံ၊ အတိတ်ကပံ့ပိုးမှု ရရှိသော ကံမှာ အလွန်ကောင်းမွန်တတ်သူ ဖြစ်လို့ ဘယ်သူကမှ မကူညီတောင်မှ မိမိရဲ့ အတိတ်ကံကြောင့် ကိုယ့်ဘ၀မှာ တိုးတက်မြင့်မားကောင်းစားမှု ကို ခံယူရရှိနိုင်သူ ဖြစ်ပါတယ်။

၂၆ံ - ၂၇ံ အတွင်း ။ ။ ရသင့်ရထိုက်သလောက်ကောင်းကျိုးပြုမှု ကလေးကိုတောင် မရနိုင်တဲ့ကံ မျိုးပါ။ ဘာအလုပ်ကိုပဲလုပ်လုပ် ကိုယ်ကြိုးစားသလောက်မခံစားရတဲ့ အ ဖြစ်မျိုးနဲ့ ကြုံတွေ့ နေရတတ် ပါတယ်။

ချမ်းသာမှု ၊ ကြီးပွားမှု ၊ တိုးတက်မှု မျိုးအတွက်ဘယ်လိုပင် ကြိုးစားလုပ်ကိုင်စေကာမူ မချမ်းသာ၊ မတိုးတတ်ဘဲ ဖြစ် ဖြစ်နေရတဲ့ကံပါပါတယ်။ ချမ်းသာကြီးပွားလာရင်လည်း ခဏပဲ။ နောက်ပြန်ပြီးဆင်းရဲ မွဲတေသွားရတတ်ပါတယ်။ ချမ်းသာကြီးပွားခြင်းကို ရေရှည်ထိန်းမထားနိုင်တဲ့သူပါ။

မိသားစုနဲလည်းအမြဲတမ်းအတူနေရတဲ့ ကံမပါပါ။ အမြဲတစေခွဲနေရတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဇွဲလုံ့လ ၀ီရိယ အားနည်းသူ ဖြစ်ပါတယ်။ ဘယ်အရာ၊ ဘယ်အလုပ်ကိုမှ ပြတ်ပြတ်သားသားကြိုးစားလုပ်ကိုင်ချင်တဲ့စိတ်မရှိတတ်ပါ။

၂၇ံ - ၂၈ံ အတွင်း ။ ။ စိတ်ကောင်း၊ စေတနာကောင်းရှိသူ ဖြစ်ပါတယ်။ စိတ်သဘော ထား လည်းအင်မတန်ဖြူစင်သန့်ရှင်းပါတယ်။ အပေါင်းအသင်းမိတ်ဆွေသင်္ဂဟတွေ အပေါ်မှာ လည်း အနစ်န နာခံပြီးလိုက်လျောဆက်ဆံတတ်ပါတယ်။

သူတစ်ပါးအခက်အခဲဒုက္ခဟူသမျှကိုလည်းအားတက်သရော ကူညီဆောင်ရွက်ပေးတတ်တဲ့ စိတ်သဘောထားကောင်းမွန်သူ ဖြစ်ပါတယ်။ အဲဒီ လိုဆောင်ရွက်ကူညီပေးတတ်လို့ အများ ကြီး ရိုသေလေးစားမှု ကိုခံရတဲ့သူပါ။

ဘ၀မှာ ဆန့်ကျင်ဘက်လိင်တွေ ရဲ့ ကူညီမစမှု ကြောင့် ချမ်းသာကြွယ်ဝစွာ နေရတတ်ပါတယ်။ ကာမစည်းစိမ်ကိုလည်း အပြည့်အ၀ကျေကျေနပ်နပ်ခံစားရတတ်တဲ့ကံပါသူ ဖြစ်ပါတယ်။ ကာမဆန္ဒကို ဝဝလင်လင်ခံစားရသူ ဖြစ်ပါတယ်။ စန်းပွင့်တဲ့ကံအကျိုးပေးအလွန်ကောင်းမွန်သူ ဖြစ်ပါတယ်။

၂၈ံ - ၂၉ံ အတွင်း ။ ။ ဒီလိုအံသာအတွင်းမှာ မွေးဖွားလာတဲ့ ဇာတာရှင်တွေ ဟာ ဘယ်အလုပ်ကိုပဲလုပ်လုပ်ရိုးရိုးသားသား၊ ကြိုးကြိုးစားစား လုပ်ကိုင်တတ်သူ ဖြစ်လို့ ကြီးပွားချမ်း သာသူများ ဖြစ်ပါ တယ်။

ဘဝစိတ်ကူးယဉ်ဆန်တဲ့ ကိစ္စ၊ အတွေးအခေါ်တွေ ကို လက်မခံတတ်ပါ။ လက်တွေ့ ကျကျစဉ်း စားချင့်ချိန်တွေးတောတတ်သူ ဖြစ်ပါတယ်။

ရိုးရိုးသားသားနဲ့ ကြိုးစားတတ်သူ ဖြစ်လို့ဘယ်လိုပဲ အနှောင့်အယှက်အခက်အခဲမျိုးတွေ နဲ့ ကြုံတွေ့ နေရစေကာမူ နောက်ဆုံးတော့ အောင်မြင်ကြီးပွားချမ်းသာမှု ကို ရရှိခံစားတတ်ပါတယ်။

တစ်ခါတစ်ခါမှာ တော့ အဖျက်စိတ်၊ ပျက်စီးချင်တဲ့စိတ်၊ မကောင်းတဲ့စိတ်ရိုင်းတွေ ဝင်လာတတ် ပါတယ်။

သစ္စာတရားကိုလက်ကိုင်ထားပြီး အရာရာကို ဆင်ခြင်တတ်သူ ဖြစ်လို့ ဘ၀မှာ အေးချမ်း သာယာစွာ နေထိုင်ရတတ်သူ ဖြစ်ပါတယ်။

၂၉ံ - ၃၀ံ အတွင်း ။ ။ ဒီလိုအံသာအတွင်းမွေးဖွားလာတဲ့ ဇာတာရှင်တွေ ဟာ ဘယ်သူ ဘာပြောပြော ငါတကောကောတတ်တဲ့ညာဉ်ရှိသူ ဖြစ်ပါတယ်။ တတ်နိုင်လို့ဘယ်လောက် အကောင်း ပြောပြော ကိုယ့်ကို အကောင်းပြောတယ်လို့မထင်တတ်ကြပါဘူး။ ကိုယ်လုပ်တာမှ ကောင်းတယ်၊ မှန် တယ် ထင်နေတတ်ကြပါတယ်။

အဲဒီ လိုလုပ်ရပ်တွေ ကြောင့် မို့ အပေါင်းအသင်းဆွေမျိုးသားချင်းတွေ က ကိုယ်နဲ့အပေါင်း အသင်းအဆက်ဆံ မပြုလုပ်ြ ကတော့တာခံရတတ်ပါတယ်။ ကိုယ် ကတော့ခပ်တည်တည်ပါပဲ။ မဖြုံ ပါဘူး။ အမြဲတမ်းလွတ်လွတ်လပ်လပ်နေပြီး ကိုယ်တင်ရာကိုယ်စိုင်းနေတတ်တဲ့ဝါသနာပါသူ ဖြစ်ပါတယ်။

ဘဝမှာ အောင်မြင်ကြီးပွားမှု အတွက်၊ တိုးတက်ထွန်းကားဖို့အတွက် ဘယ်သူ့ဆီကမှ အကူအညီမရရှိဘဲ ကိုယ့်ဖာသာကိုယ်တစ်ဦးတည်း ကြိုးစားလှုပ်ရှားရတတ်ပါတယ်။

ဘဝမှာ မိန်းမကြောင့် အလုပ်အကိုင်၊ အကြံအစည်အကြီးအကျယ်ပျက်စီးဆုံးရှုံးတာ ခံရတတ် ပါတယ်။ မိန်းမကိစ္စအပျော်အပါးမက်မောခြင်းကြောင့် မိမိ၏ ဂုဏ်သိက္ခာ၊ အလုပ်အကိုင်၊ စီးပွားရေး ၊ ကြီးပွားရေး မှစ ပျက်စီးယိုယွင်း၍ အခြေပျက်တတ်တဲ့ကံပါသူ ဖြစ်ပါတယ်။

နောက်ဆုံးတွင် ဘဝတစ်လျှောက်လုံး မိမိတစ်ဦးတည်း အဖော်အပေါင်းမရှိ၊ ဆွေမျိုးမိတ် သင်္ဂဟမရှိဘဲ အထီးကျန်စွာ ၊ ခြောက်သွေ့စွာ ပျော်ရွှင်မှု ကင်းမဲ့တဲ့ဘဝနဲ့ နေသွားရတတ်ပါတယ်။

* * * * *




ဝန်ဇင်းချစ်သူများ ဆရာဒဂုန် ၏ “ နဒီဗေဒင်ကျမ်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ခုနစ်စဉ်ကြယ် ကြွေဗေဒင်

အသက်မွေးဝမ်းကျောင်းမှုဗေဒင်ပညာ

စီးပွားရေးဗေဒင်