ဝန်ခံချက်
ဤစာအုပ်မှာ Complete Courses of Sele Instruction In Commercial Astrology
By
Tejbhan G.Butaney
B.A. (HONS) S.T.C.D
ဆိုတဲ့ စီးပွားရေး ဗေဒင်စာအုပ်ကို မြန်မာဘာသာသို့ ဖတ်လို့ ကောင်းအောင် ပြန်ဆိုထားတာ ဖြစ်ပါတယ် ။
ပြန်ဆိုသူ
(၁) ဇာတာ
ဇာတာဆိုတာကို တခြား ဝေးဝေးလံလံစဉ်းစားမနေပါနဲ့ ။ ခင်ဗျားတို့ ကျွန်တော် တို့ မွေးဖွားတဲ့ နေ့ရက် က ကောင်းကင်မှာ သူ့နေရာနဲ့ သူလည်ပတ်နေတဲ့ဂြိုဟ် တွေ ,နက္ခတ်တွေ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ မှတ်သားထားတဲ့ မှတ်စာကို ဇာတာလို့ခေါ်တာပါ။
(၂) ကမ္ဘာမြေကြီး
ခေါင်းမော့ပြီး ကြည့်မနေပါနဲ့ ။နည်းနည်း လေး ခေါင်းငုံကြည့်လိုက်ပါ ။ ခင်ဗျားတို့ ကျွန်တော် တို့ရဲ့ ခြေထောက်အောက်မှာ ရှိနေတဲ့ မြေကြီးဟာ ကမ္ဘာမြေကြီးပဲပေါ့ဗျာ။
(၃) ရာသီစက်
ကောင်းကင်ကြီးပေါ်မှာ ခင်ဗျားတို့ ကျွန်တော် တို့မမြင်ရဘဲ မှတ်သားထား တဲ့ စက်ဝန်းကြီးတစ်ခုရှိပါတယ်။အဲဒီ စက်ဝန်းကြီးဟာ ရာသီစက်ပါ ။အဲဒီ စက်ဝန်း တစ်ခုလုံးဟာ ၃၆၀- အံသာရှိပါတယ်။ ရာသီစက်ဝန်းတစ်ခုလုံးမှာ ၁၂- ရသာသီ ခွဲခြားထားလို့တစ်ရာသီမှာ ၃၀ -အံသာစီရှိပါတယ် ။အဲဒီ မမြင်ရတဲ့ ရာသီစက်ဝန်းကြီးကိုစက္ကူပေါ်မှာ ချပြီးရေး ရင် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မယ်။
(၄) ဘာဝစက်
လဂ်တည်ရာဌာန မှ ၃၆၀ - အံသာတိုင်အောင် စက်ဝန်းကို ၁၂ ပိုင်း ပိုင်းထားတဲ့ နေရာတွေ ကို ဘာဝတွေ လို့ ခေါ်ပါတယ်။ဘာဝ ၁၂ - ဘာဝရှိပါတယ်။ဘာဝနာမည် တွေ ကို အောက်ပါအတိုင်း မှတ်သားနိုင်ပါတယ်။
(၅) လဂ်
လဂ်ဆိုတာ မွေးတဲ့အချိန် နာရီအတိအကျမှာ အရှေ့မိုးကုပ် စက်ဝိုင်းကအစ မြင်ရတဲ့နေရာကို ခေါ်တာပါ။ မိုးကုပ်စက်ဝိုင်းရဲ့ အထက်နေရာ (၀ါ) အစနေရာ ဖြစ်လို့ လဂ်ကို အတက် ဌာနလို့လဲခေါ်ပါတယ် ။နေထွက်ရာမှ စတင်တဲ့ အတွက် လဂ်ဌာန ဟာအရှေ့ဟာ အရှေ့အရပ် ဖြစ်ပါတယ်။လဂ်ရဲ့ ၁၈၀ -အံသာအကွာအရပ် ကို အနောက်အရပ်လို့ခေါ်တယ်။
(၆) ဂြိုဟ်ပတ်လမ်းကြောင်း
ဂြိုဟ်တွေ က နေကို ဘဲဥပုံ လှည့်ပတ်နေတဲ့ လမ်းကြောင်းကို ဂြိုဟ်ပတ်လမ်းကြောင်းလို့ ခေါ်ပါတယ်။ အောက်ပါပုံကို မျက်စိ ရှင်းသွားအောင် နည်းနည်း ပါးပါး ကြည့်ထားပါ ။
(၇) နေသွားလမ်းကြောင်း
ကမ္ဘာက သူ့လမ်းကြောင်းနဲ့ လှည့်ပတ်နေတဲ့ အချိန်မှာ နေက ကောင်းကင်ပေါ်မှာ ရွေ့လျားနေတဲ့ စိတ်ကူးလမ်းကြောင်းကို နေသွားလမ်းကြောင်း လို့ခေါ်ပါတယ်။
(၈) ကြိန္တိလမ်းကြောင်း
ကောင်းကင်အီကွေအထက်နဲ့ အောက်ရှိ နေသွားလမ်းကြောင်းထက် အောက် အကွာအဝေးမျဉ်းကို ခေါ်တာ ဖြစ်ပါတယ်။ အီကွေတာရဲ့ အထက်မှာ နေတဲ့ဂြိုဟ်တွေ ကို တောင်အရပ်မှာ နေတဲ့ ဂြိုဟ်တွေ ကို မြောက်အရပ်မှာ နေတဲ့ဂြိုဟ်တွေ လို့ခေါ်ပါတယ်။
(၉) ၀ိကွေများ
ခပ်တိုတိုပြောရရင် ရာသီစက်ဝိုင်း လုံးခြမ်းတစ်လျှောက်တိုင်းတာထားတဲ့ ဂြိုဟ်တစ်လုံးရဲ့ အကွာအဝေးအမျဉ်တွေ ကို ခေါ်တာပါ ။လောင်ဂျီတွဒ်မျဉ်းများ ခေါ်တာပါ။
(၁၀) အက္ခမျဉ်းများ
လတ္တီတွဒ်မျဉ်းကို ခေါ်တာပါ ။နေသွားလမ်းဝေကြောင်းရဲ့ အထက် (သို့) အောက်မှာ ရှိတဲ့ မျဉ်းအကွာအဝေးတွေ ကို လတ္တီတွဒ်မျဉ်းတွေ လို့ ခေါ်တာပါ။
ကဲ..ရှင်းပြီနော် ၊ဂြိုဟ်တွေ ဆီအလည်သွားကြရအောင် -
ရာသီနဲ့ ဂြိုဟ်ရဲ့ နာမည် တွေ
တနင်္ဂနွေ, တနင်္လာ ,ရာဟု ,ကိတ်တို့ လေးလုံးဟာ တကယ်စင်စစ် ဂြိုဟ်တွေ မဟုတ်ပေမယ့် နက္ခတ်ဗေဒပညာရပ်မှာ ဂြိုဟ်တွေ အ ဖြစ် အသိအမှတ်ပြုထားပါတယ်။
ဂြိုဟ်အမည် သင်္ချာ
တနင်္ဂနွေဂြိုဟ် ၁
တနလာင်္ဂြိုဟ် ၂
အင်္ဂါဂြိုဟ် ၃
ဗုဒ္ဓဟူးဂြိုဟ် ၎
ဂြိုဟ်အမည် သင်္ချာ
ကြာသပတေးဂြိုဟ် ၅
သော ကြာဂြိုဟ် ၆
စနေဂြိုဟ် ဝ
ရာဟုဂြိုဟ် ၈
ကိတ်ဂြိုဟ် ၉
ယူရေး နပ်(စ်) U
နက်ပကျွန်းဂြိုဟ် N
ပလူတိုဂြိုဟ် P
မှတ်ချက်
၁- နွေမှ ကိတ်ဂြိုဟ် အထိ ဂြိုဟ်ကိုးလုံးကို အရှေ့တိုင်း ဗေဒင်ပညာမှာ အသုံးပြုကြပေမယ့် ယူရေး နပ် (စ်) ,နက်ပကျွန်း ပလူတိုဂြိုဟ်တွေ ကိုတော့ အနောက်တိုင်းဗေဒပညာမှာ အသုံးပြုပြီး အရှေ့တိုင်း ဗေဒပညာမှာ မသုံးကြပါ ။
ရာသီနာမည်
၁၂ -ရာသီရှိပါတယ် ။ ရာသီနာမည် တွေ နဲ့ ပုံဏ္ဍာန်တွေ ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ် ။
ရာသီသချာင်္ ရာသီအမည် ရာသီအရုပ်
ဝ မိဿ ဆိတ်ထီးပုံ
၁ ပြိဿ နွားထီပုံ
၂ မေထုန် ကျား-မပုံ
၃ ကရကဋ် ကဏန်းပုံ
၎ သိဟ် ခြင်္သေ့
ရာသီသချာင်္ ရာသီအမည် ရာသီအရုပ်
၅ ကန် အပျိုစင်ပုံ
၆ တူ ချိန်ခွင်ပုံ
၇ ဗြိစ္ဆာ ကင်းမြီးကောက်ပုံ
၈ ဓနု လေးသည်တော် ပုံ
၉ မကာရ မကန်းငါးပုံ
၁၀ ကုံ ရေသည်ယောကျာ်းပုံ
၁၁ မိန် ငါးနှစ် ကောင်ပုံ
သေသေချာချာ ကျက်မှတ်ထားပါ ။နောက်တစ်ဆင့် တက်ကြပါစို့။
(၁) ကသစ်ဂြိုဟ်
ကသစ်ဂြိုဟ်တစ်လုံးဟာ သူပိုင်တဲ့အိမ်မှာ ရင်ခွင့်ရထားရင် အဲဒီ ဂြိုဟ်ဟာ အထူးအားရှိပါတယ် -
ဥပမာ - မကာရ ရာသီမှာ စနေရပ်ရင် သူ့အိမ်မှာ သာ ရပ်တာ ဖြစ်လို့မကာရရာသီရဲ့ အကျိုးကို စနေဂြိုဟ်က ပြုလုပ်ပေးပါလိမ့်မယ် ။
(၂) ပြဂြိုဟ်
ကသစ်ဂြိုဟ်တစ်လုံးဟာ သူပိုင်အိမ်မှ ၁၈၀ံ အံသာကွာတဲ့ ရာသီမှာ သွားရပ်ခဲ့ရင် အဲဒီ ဂြိုဟ်အားနည်းသွားပြီး ဂြိုဟ်ရဲ့ စွမ်းအင်တွေ ပျက်ပြားသွားစေပါတယ်။ပြဂြိုဟ် ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
ဥပမာ - တူရာသီမှာ အင်္ဂါဂြိုဟ်ရပ် ရင် ပြအိမ်မှာ ရပ်တာ ဖြစ်ပါတယ် ။အင်္ဂါဂြိုဟ်ဟာ အားနည်း သွားပါလိမ့်မယ်။
(၃) ဥစ်ဂြိုဟ်
ဥစ်မူတဲ့ ဂြိုဟ်တွေ ဟာ အထူးအားရှိပြီး အဲဒီ ဂြိုဟ်တွေ ရဲ့ စွမ်းအင်ဟာ ထက်မြက်လှပါတယ် ။ ဥစ်ဂြိုဟ်တွေ က အောက်ပါ အတိုင်း ဖြစ်ပါတယ် -
ဥပမာ - မိဿရာသီမှာ တနင်္ဂနွေရပ်ခြင်းဟာ ၁- နွေ သစ်မူခြင်း ဖြစ်တယ် ။ ၁-နွေရဲ့ ဂြိုဟ်ပရိယာယ်အလျောက် ဇာတာရှင် ကောင်းကျိုးပြုမှာ ဖြစ်ပါတယ် ။
(၄) နိစ်ဂြိုဟ်
နိစ်မူတဲ့ဂြိုဟ် ဟာ အားနည်းပြီးဂြိုဟ်ရဲ့ စွမ်းအင်တွေ ပျက်ပြားသွားစေပါတယ်။နိစ်ဂြိုဟ်တွေ က အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဥပမာ - မိဿရာသီမှာ စနေဂြိုဟ်ရပ်ခြင်းဟာ စနေ နိစ်မူတာ ဖြစ်တယ်။စနေရဲ့ ဂြိုဟ်ပရိယာယ် အလျောက် ဇာတာရှင်ကို ဆိုးကျိုးပြု မှာ ဖြစ်ပါတယ် ။
နားလည်ရင် နောက်လှေကား တစ်ထစ် တက်ကြစို့ရယ်။
ခင်လွယ်လွယ်ပြောရရင် ဂြိုဟ်ဟာသွားတယ် - ရပ်တယ် ဆိုတာ နှစ် မျိုးပဲရှိတယ်။ အဲဒီ ထဲမှာ ဂြိုဟ်တစ်လုံးဟာ အသွားမြန်တယ် - အသွားနှေးတယ် လုံးဝမသွားဘဲရပ်နေတယ် -ပြန်နောက်ဆုတ်တယ် စသည်ဖြင့် ခွဲခြားစိတ်ဖြာ သိရမှာ ဖြစ်ပါတယ် ။
အဲဒါတွေ အားလုံးဟာ ဒိဋ္ဌပြက္ခဒိန်တွေ မှာ ပါပြီး ဖြစ်ပါတယ် ။
ဂြိုဟ်တစ်လုံးမှန်မှန်သွားနေတာကို သိင်္ဃသွားတယ်လို့ ဆိုပါတယ် ။ မှန်မှန်သွားနေရာမှ နှေးသွားရင် ,ရပ်သွားရင်နောက်ဆုတ်သွားရင် ၀ဂ္ဂသွားတယ်လို့ ခေါ်တယ် ။ဒီနှစ် ချက်ပဲခပ်ရှင်းရှင်းလေး မှတ်သားထားပါ ။(အကျယ်ရှင်းပြရရင် ဂြိုလ်သွား ပုံ ၈-မျိုးရှိပါတယ် ၊ စာမျက်စိလည်သွားမှာ မို့ တိုတိုရှင်းပြရတာ ပါ။)
(၁) တနင်္ဂနွေဂြိုဟ် နဲ့ တနလာင်္ဂြိုဟ်တို့ဟာ ဘယ်တော့မှ နှေးခြင်း, မြန်ခြင်း , ရှေ့ကျော်သွားခြင်း , နောက်ဆုတ်ခြင်းမရှိဘဲ မှန်မှန်ပဲသွားခြင်းရှိပါတယ် ။
(၂) ရာဟုဂြိုဟ်နဲ့ ကိတ်ဂြိုဟ်တို့ဟာ အမြဲတမ်း နောက်ပြန်ပဲသွားလေ့ရှိပါတယ် ။
(၃) ကျန်တဲ့ အင်္ဂါဂြိုဟ်မှ စနေဂြိုဟ် အထိ ဂြိုဟ် ၅ - လုံးဟာ ပုံမှန်လဲသွားတယ် ။ဖြည်းဖြည်းလဲသွားတယ် ၊ ရပ်လဲရပ်တယ်၊နောက်လဲဆုတ်တယ် ၊ရှေ့ကိုလဲ ခုန်ပြီးသွားတယ် ။
နေမှ ဂြိုဟ်တစ်လုံးစီရဲ့ အကွာအဝေးနဲ့ ရာသီစက်ကို တစ်ပတ်ပတ်မိဖို့ အချိန်ကာလ ကြာမူတွေ ဟာ အောက်ပါအတိုင်း ဖြစ်ပါတယ် -
ဂြိုဟ်နာမည် နေမှအကွာအဝေး တစ်ပါတ်လည်ချိန်
(သန်းပေါင်း) နှစ် ရက်
၎ ဟူး ၃၆ ၀ ၈၈
၆ ကြာ ၆၇၀ ၂၂၅
ကမ္ဘာ ၉၃ ၀ ၃၆၅ ၁/၂
၃ ဂါ ၁၄၁ ၁/၂ ၁ ၃၂၂
၅တေး ၄၈၃ ၁၁ ၃၁၅
စနေ ၈၈၆ ၂၉ ၁၆၉
ယူရေး နပ်စ် ၁၇၈၂ ၈၄ ၇
နက်ပကျွန်း ၂၇၉၁ ၁၆၄ ၂၈၆
မှတ်ချက်
တနလာင်္ဂြိုဟ်ဟာ ကမ္ဘာနဲ့ ၂၄၀၀၀၀- မိုင်ဝေးပြီး ကမ္ဘာကို ၂၇ ၁/၄ ရက်မှာ တစ်ပတ်ပတ်လျက်ရှိပါတယ် ။
ရာဟုဟာ တစ်ရာသီမှာ တစ်နှစ် ခွဲ (၁၈) လနေပြီး ရာသီ စက်တစ်ခုလုံး ကို (၁၈) နှစ် တစ်ပတ်ပတ် လက်ရှိတယ်။
(က) ၂ - လာ , ၄ - ဟူး ,၆ - ကြာ ဂြိုဟ်တွေ ဟာ ဂြိုဟ်မြန်တွေ ဖြစ်ပါတယ် ။
(ခ) အဂ င်္ါဂြိုဟ်ဟာ ပုံမှန်ဂြိုဟ် ဖြစ်ပါတယ် ။နှေးလဲမနှေး၊ မြန်လဲ မမြန်တဲ့ဂြိုဟ် ဖြစ်ပါတယ်။
(ဂ) ၅ - တေး , စနေ ,ရာဟု , ယူရေး နပ်စ် ဂြိုဟ်တွေ ဟာ တစ်ရာသီမှာ အကြာကြီးနေပါတယ်။ ဂြိုဟ်နှေးတွေ ဖြစ်တယ်။
စီးပွားရေဗေဒင်ပညာ ကို လေ့လာမယ်ဆိုရင် ဒီအခန်းပါ အကြောင်းအရာ တွေ ဟာ အရေး ကြီးပါတယ် ။ဒါကြောင့် လေ့လာသူတွေ အနေနဲ့ ဂရုတစိုက်လေ့လာ သင့်ပါတယ် ။
(၁) ဓာတ်နဲ့ ရာသီ
(က) မိဿ ,သိဟ် ,ဓနု ရာသီတို့ဟာ မီးရာသီတွေ ဖြစ်ပါတယ် ။
(ခ) ပြိဿ , ကန် , မကာရ ရာသီတို့ ဟာ မြေရာသီတွေ ဖြစ်ပါတယ်။
(ဂ) မေထုန် ,ကုံ ရာသီတို့ဟာ လေရာသီတွေ ဖြစ်ပါတယ် ။
(ဃ) ကရကဋ် ,ဗြိစ္ဆာ ,မိန်ရာသီတို့ဟာ ရေရာသီတွေ ဖြစ်ပါတယ် ။
မီးရာသီမှာ ကုန်ပစ္စည်းဈေးနူန်းတွေ ဟာ အင်မတန်မှမြန်မြန် ဆန်ဆန်ပြောင်းလဲစေတတ်ပါတယ် ။ မြေရာသီမှာ ကုန်ပစ္စည်းဈေးနူန်းတွေ ဟာ ဖြည်းဖြည်းချင်းသာ အပြောင်းအလဲ ဖြစ်စေပါတယ် ။လေရာမှာ ကုန်ဈေးနူန်းတွေ ဟာ ရုတ်တရက်မထင်မှတ်ဘဲပြောင်းလဲမူတွေ ဖြစ်စေပါတယ် ။ ရေ ရာသီမှာ ကုန်ဈေးနူန်းတွေ ဟာ တက်လဲမတက်၊ကျလဲမကျ တန့်နေလေ့ရှိပါတယ်။
(၂) စရေ , ထိရ ,ဒွေး ဒဟနဲ့ ရာသီ
(က) မိဿ , ကရကဋ် ,တူ , မကာရ ရာသီတွေ ဟာ စရရာသီတွေ ဖြစ်တယ် ။အဲ့ဒီရာသီတွေ မှာ ကုန်ဈေးနူန်း တွေ ဟာ ခဏခဏအပြောင်းအလဲ ဖြစ်တက်ပါတယ်။
(ခ) ပြိဿ , သိဟ် , ဗြိစ္ဆာ ,ကုံ ရာသီ တွေ ဟာ ထိရရာသီ တွေ ဖြစ်ပါတယ် ။အဲ ဒီရာသီတွေ မှာ ကုန်ဈေးနူန်းတွေ ဟာ ဟန့်နေတတ်ပါတယ် ။ကျဆင်းခြင်း တက်သွားခြင်းမရှိတတ်ပါ ။
(ဂ) ထေုန် , ကန် ,ဓနု ,မိန်ရာသီတွေ ဟာ ဒွေး ဒဟ ရာသီတွေ ဖြစ်တယ် ။အဲဒီ ရာသီတွေ မှာ ကုန်ဈေးနူန်းဟာ အတက်အကျ အပြောင်းအလဲနှေးနေတယ်ပါတယ် ။
(၃) ရာသီအနေအထားများ
မိဿရာသီ ဟာ ကုန်ပစ္စည်းဈေးနူန်းတွေ ကျဆင်းစေတဲ့ ကမောက်ကမ ဖြစ်စေတဲ့ ရာသီ ဖြစ်ပါတယ် ။
ပြိဿရာသီ ဟာ ကုန်ပစ္စည်းဈေးနူန်းတွေ အတက်နှေးနေလိမ့်မယ်။ ဈေးကစားချင်ရင် ပြိဿရာသီကာလမှာ မကစားသင့်ပါ။
မေထုန်ရာသီ ဟာ ကုန်ပစ္စည်းဈေးနူန်းတွေ တရိပ်ရိပ်နဲ့ ကျဆင်းသွားပြီး အဲ့ဒီကျဈေးမှာ တန့်နေပါလိမ့်မယ် ။ဖြုန်းခနဲ့ ဈေးကျသွားပြီးသိပ်မကြာဘဲ ထပ်တလဲလဲ ကျနေတတ်ပါတယ်။
ကရကဋ်ရာသီ ဟာကုန်ဈေးနူန်းအတက်မြန်တဲ့ ရာသီ ဖြစ်ပါတယ် ။ကုန်လှောင်တာထက် ကုန်ရောင်းဖို့ကောင်းတဲ့ရာသီ ဖြစ်ပါတယ် ။
သိဟ်ရာသီ ဟာကုန်ဈေးနူန်းအတက်အကျ မမှန်ဘဲ ကျလွယ်တဲ့ ရာသီ ဖြစ်တယ်။လုံးဝကုန်မလှောင်သင့်ပါ။
ကန်ရာသ ဟာကုန်ဈေးနူန်းတက်ခြင်း , ကျခြင်းအပြောင်းအလဲ ကြီးကြီးကျယ်ကျယ်မရှိပါ ။အတက်နှေး အကျနှေးတက်တဲ့ ရာသီ ဖြစ်ပါတယ် ။
တူရာသီဟာ ကုန်ဈေးနူန်းတွေ ရုတ်တရက် ဖြုန်းခနဲ့ တက်သွားတတ်တဲ့ ရာသီ ဖြစ်ပါတယ် ။
ဗြိစ္ဆာရာသီ ဟာ ကုန်ဈေးနူန်း အတက်နှေးလိမ့်မယ်။ ဈေးတွေ တန့် နေပြီး ဈေးကစားလို့ သိပ်မကောင်းပါ။
ဓနုရာသီ ဟာ ကုန်ဈေးနူန်း အတက်အကျ မြန်ဆန်နေလိမ့်မယ် ။ဖြုန်းခနဲ့ တက်လာလိုက် ၊ဖြုန်းခနဲ့ ကျသွားလိုက်နဲ့ လိုက်လို့မမီဘဲ ဖြစ်နေမယ် ။ဒီကာလ သိပ်သတိထားပြီး လုပ်ရတယ်။ အတက်အကျ ချိန်ဆတတ်မှ အကျိုးရှိမယ် ။
မကာရရာသီ ဟာကုန်ဈေးနူန်းအတက်အကျတွေ မြန်ဆန်နေတတ်ပါတယ် ။ချိန်ဆရ ခက်တတ်မယ်။
ကုံရာသီ ဟာ ကုန်ဈေးနူန်းတွေ ဖြုန်းခနဲ့ ကျပြီး ဆက်တိုက်ပဲ ပြန်ပြီးဈေးတက်သွားတတ်လိမ့်မယ်။
မိန်ရာသီ ဟာ ကုန်ဈေးနူန်းတွေ ဟာ တည်ငြိမ်နေပြီးတက်စရာရှိရင်လဲ ဖြည်းဖြည်းတက်ပါလိမ့်မယ် ။
ဂြိုဟ်တွေ ဟာ ဘာတွေ လုပ်ပေးပါသလဲ
တနင်္ဂနွေ ။ ။ ပါဂြိုဟ် ဖြစ်တယ် ။ အသက် ဇီဝ ,ဗီဇ ဖြစ်ပေါ်ရာ ဂြိုဟ် ဖြစ်တယ် ။တစ်နေ့မှာ တစ်အံသာခန့် ရွေးလျားပြီး တစ်ရာသီမှာ တစ်လခန့်နေတယ် ။အစိုးရသိမ်းဆည်းထားတဲ့ပစ္စည်း၊အဖိုးတန် ကျောက်မျက် ရတနာတွေ ကို စိုးမိုးတယ် ။အနောက်တိုင်းနက္ခဗေဒပညာရှင်တွေ က ၁ -နွေ က ရွှေကို စိုးမိုးတယ်လို့ယူဆပါတယ် ။အရှေ့တိုင်းကပညာရှင်တွေ က အင်္ဂါက ရွှေကို စိုးမိုးတယ်လို့ ယူဆကြပါတယ် ။
တနလာၤ။ ။ စိတ်ကိုစိုးမိုးတယ် ။ဂြိုဟ်မြန် ဖြစ်တယ် ။တစ်အံသာကို နှစ် နာရီခန့်သွားတယ် ။ တစ်ရာသီမှာ နှစ် ရက်နဲ့ ခြောက်နာရီနေတယ် ။သော မဂြိုဟ် ဖြစ်တယ် ။ လပြည့်ကျော် (၅) ရက်မှ လဆန်း (၅) ရက်နေ့ အထိမှာ ၂ -လာဂြိုဟ်ဟာ အားနည်းပြီး လဆန်း (၅)ရက်မှ ပြည့်ကျော်(၅)ရက်အထိ ၂ -လာက အားရှိတယ်။အနောက်တိုင်းဗေဒင်ပညာရှင်တွေ က ငွေသတ္တုကို စိုးမိုးတယ်လို့ဆိုပါတယ် ။အရှေ့တိုင်းပညာရှင်တွေ က ငွေကို ၅ -တေးက စိုးမိုးတယ်လို့ ခံယူကြပါတယ်။
အင်္ဂါ ။ ။စစ် ,ခိုက်ရန်ဒေါသတို့ရဲ့ နတ်ဘုရား ဖြစ်တယ် ။ပါဂြိုဟ် ဖြစ်တယ်။
နေနဲ့ ၁၈ - အံသာအတွင်းရောက်ရင် နေရောင် လွှမ်းမိုးခံရပါတယ် ။ တစ်နေ့ကို ၄၀ -လိတ္တာခန့်ရွေ့လျားတက်ပါတယ် ။တစ်ရာသီမှာ တစ်လခွဲခန့် နေတယ်။ ရာသီစက်တစ်ခုလုံး မှာ ရက်ပေါင်း (၂၂၁) ရက်နေ့လေ့ရှိတယ် ဒန် ,ဒန်အိုး ,ဒန်ခွက် ,သံမဏိစက်ပစ္စည်းတွေ ကို စိုးမိုးတယ် ၊ရွှေကိုလဲစိုးမိုးတယ် ။
ဗုဒ္ဓဟူး။ ။ တနင်္ဂနွေနဲ့ အနီးဆုံးဂြိုဟ် ဖြစ်တယ် ။ ၁ - နွေထက် ၁၇ - အံသာကျော်ပြီး နေလေ့မရှိပါ ။သော မဂြိုဟ် ဖြစ်တယ်။ တခြားပါပဂြိုဟ် တစ်လုံးလုံးနဲ့ ပူးရင် သူလဲပဲပါပ ဂြိုဟ် ဖြစ်သွားတယ် ။တစ်နေ့ကို ၁ ၁/၄ အံသာသွားတယ် ။တစ်နှစ် ကိုသုံးကြိမ်ဝကြသွားတယ်။ဂြိုဟ်သွားနှေးတဲ့အချိန်တွေ မှာ ကုန်ဈေးနူန်းတွေ အကြီးအကျယ် ပြောင်းလဲလေ့ ရှိတယ် ။ ဂျုံ ,ကောက်ပဲသီးနှံ , စားနပ်ရိက္ခာနဲ့ စီးပွားရေး လုပ်ငန်းတွေ ကို စိုးမိုးထားပါတယ် ။
ကြာသပတေး ။ သော မဂြိုဟ် ဖြစ်တယ် ။ ပေါများ ခြင်း၊တိုးချဲခြင်း ၊ကံကောင်းခြင်းကို ပေးတဲ့ ဂြိုဟ် ဖြစ်တယ် ။ ၁ - နွေမှ ၁၁ - အံသာအတွင်းမှာ နေရင် နေရောင် လွှမ်းမိုးခံရတတ်ပါတယ်။တစ်ရာသီမှာ တစ်နှစ် နေပါတယ် ၊ တစ်ရက်မှာ ၁၀ - လိတ္တာခန့်တက်ပါတယ် ။ရော်ဘာနဲ့ ငွေသတ္တုကို စိုးမိုးပါတယ် ။
သော ကြာ ။ အချစ်နဲ့ အလှအပနတ်တစ်ပါး ဖြစ်တယ် ။သော မဂြိုဟ်တယ် ။ ၁-နွေ မှ ၄၀ - အံသာထက်ဝေးပြီးနေ့လေ့မရှိ ပါ။ တစ်နေ့မှာ ၁ - အံသာ ၅ -လိတ္တာခန့်တက်လေ့ရှိပါတယ်။ တစ်ရာသီမှာ တစ်လခန့် နေလေ့ရှိပါတယ် ။ ချည် ၊ဂုန်လျှော်တို့နဲ့ လုပ်တဲ့ ပစ္စည်းတွေ ကို စိုးမိုးပါတယ် ။အထည်အလိပ် ၊သကြားကို စိုးမိုးပါတယ်။
စနေ ။ ဆင်းရဲခြင်း ၊ကံဆိုးခြင်း ၊သေဆုံးခြင်းတို့ကို ပေးပါတယ် ။ပါပဂြိုဟ် ဖြစ်တယ် ။ တစ်နေ့ ၅ လိတ္တာနဲ့ ၆ -လိတ္တာခန့်ပါတယ် ။တစ်ရာသီမှာ လပေါင်း ၃၀-ခန့်နေလေရှိပါတယ် ။ငတ်မွတ်ခေါင်းပါးမူကို ဖန်တီးပေးပါတယ် ။ငတ်မွတ်ခေါင်းပါးမူကို ဖန်တီပေးပါတယ် ။ကျောက်မီးသွေး ၊ခဲ၊ကြေးနီစသည်တို့ကို စိုးမိုးပါတယ် ။
ယူရေး နပ်(စ်) ။ ကပြောင်းကပြန်ဇောက်ထိုး ဖြစ်လောက်တဲ့ အပြောင်းအလဲနဲ့ အတူ ခပ်ကြမ်းကြမ်း ဈေးအတက်အကျ ဖြစ်စေမူနဲ့ ဆက်နွယ်နေတဲ့ဂြိုဟါ ဖြစ်တယ် ။ပါပဂြိုဟ် ဖြစ်တယ်။တစ်ရာသီမှာ (၃) နှစ် နေပါတယ် ။လျှပ်စစ်ပစ္စည်းတွေ အားလုံးနဲ့ လေယာဉ်ပျံကို စိုးမိုးပါတယ် ။
နက်ပကျွန်း ။ ပါပဂြိုဟ် ဖြစ်ပြီး တစ်ရာသီမှာ (၁၄)နှစ် နေပါတယ်။လက်ဖက်ခြောက်၊၀ါ ၊ ကုန်ကြမ်းတွေ ကို စိုးမိုးပါတယ်။
ရာဟုနဲ့ ကိတ်။ ပါပဂြိုဟ်တွေ ဖြစ်တယ်။ဘယ်ကုန်ပစ္စည်းကိုမှ စိုးမိုးလေ့မရှိပါ ။ တစ်ရာသီမှာ (၁၈) လ နေလေ့ရှိပါတယ်။
ဂြိုဟ်စိုးမိုးမူတွေ ကို သိပြီးရင် ရာသီပရိယာယ်တွေ ဘက်လှည့်ကြစို့ ။
ရာသီတွေ က စိုးမိုးတဲ့ ကုန်ပစ္စည်းတွေ နဲ့ တိုင်းပြည်များ
မိဿ ။ သံ၊သံမဏိ စက်ပစ္စည်းတွေ ကို စိုးမိုးပါတယ်။အင်္ဂလန်နဲ့ ဂျာမနီနိုင်ငံတွေ ကို စိုးမိုးတယ်။
ပြိဿ ။ ငွေကြေးကိစ္စအားလုံး ၊လောကီ စီးပွားချမ်းသာမူ အားလုံးကို စိုးမိုးတယ် ။ ၀ါ ၊ဂုန်လျှော် ၊အထည်အလိပ်အစုရှယ်ယာလုပ်ငန်းတွေ ကို စိုးမိုးတယ်။
ပါးရှား၊အာရှမိုင်းနား ၊အိုင်ယာလန် ၊ရုရှားနိုင်ငံတွေ ကို စိုးမိုးထားပါတယ် ။
မေထုန် ။ မီးရထားလမ်းတွေ ၊ထုတ်လုပ်မူတွေ ၊စက္ကူ လုပ်ငန်းတွေ ကို စိုးမိုးထားတယ် ။
အမေရိကန် ၊ကနေဒါ ၊ အီဂျစ်နိုင်ငံတွေ ကို စိုးမိုးထားပါတယ်
ကရကဋ် ။ ။ငွေ ၊လက်ဖက်ခြောက် ၊မြေပေါ် အခြေစိုက်ပစ္စည်းတွေ ကို စိုးမိုးထားပါတယ် ။
စကော့တလန်နိုင်ငံ ကို စိုးမိုးထားတယ် ။
သိဟ် ။ ရွှေ ၊အစိုးရသိုလှောင်ပစ္စည်း ၊ဈေး နဲ့ ဈေးအတက်အကျ ၊ရောင်းဝယ်ပစ္စည်းတွေ ကို စိုးမိုးတယ်။
ပြင်သစ် ၊ အီတလီနိုင်တွေ ကို စိုးမိုးထားတယ် ။
ကန် ။ လုပ်ငန်းအခြေအနေ အရပ်ရပ်တွေ နဲ့ ၀ါထုတ်လုပ်မူတွေ ကို စိုးမိုးထားတယ်။
တူရကီနဲ့ အနောက်အိန္ဒိယနိုင်ငံတွေ ကို စိုးမိုးထားတယ်။
တူ ။ ဂျုံ ၊ဆန် ၊ကောက်ပဲသီနှံနဲ့ စားနပ်ရိက္ခာအမျိုးမျိုးကို စိုးမိုးပါတယ်။
ဂျပန် ၊ မြန်မာ ၊ အင်ဒိုချိုင်းနားနိုင်ငံတွေ ကို စိုးမိုးပါတယ်။
ဗြိစ္ဆာ ။ ဓာတုပစ္စည်းတွေ ၊ ဆီထွက်သီးနှံတွေ ၊ အဆီအဆိမ့်တွေ ကို စိုးမိုးတယ်။
ဆွီဒင်နိုင်ငံနှင့် နော်ဝေးနိုင်ငံတွေ ကို စိုးမိုးပါတယ်။
ဓနု ။ ပင်လယ်ထွက်ပစ္စည်းတွေ ၊လေလံတင်ရောင် ချမူ နိုင်ငံခြားစာချုပ်စာတမ်းတွေ ၊အာမခံလုပ်ငန်းတွေ ကို စိုးမိုးတယ်။
သြစတြေလျ ၊ စပိန် ၊ အာရေဗီးယားနိုင်ငံတွေ ကို စိုးမိုးတယ်။
မကာရ ။ ကျောက်မီးသွေး ၊ကြေးနီတွေ ကို စိုးမိုးတယ်။
အိန္ဒိယ ၊ ပါကစ္စတန်နဲ့ အာဖဂန်စ္စန်တန်နိုင်ငံတွေ ကို စိုးမိုးထားပါတယ်။
ကုံ။ လျှပ်စစ်ပစ္စည်းတွေ ကို စိုးမိုးပါတယ် ။
ပါရှားနဲ့ အာရှမိုင်းနား ၊ ရုရှားနိုင်ငံတွေ ကို စိုးမိုးထားပါတယ်။
မိန် ။ ငါးနဲ့ ငါးထွက်တဲ့ကုန်ပစ္စည်းတွေ ကို စိုးမိုးထားပါတယ်။
သီရိလင်္ကာ ၊ပေါ်တူကီ ၊တောင်အာဖရိကနိုင်ငံတွေ ကို စိုးမိုးထားပါတယ်။
မှတ်ချက်
ရာသီတွေ က စိုးမိုးထားတဲ့ကုန်ပစ္စည်းတွေ က အပျံ့အနှံ့မဟုတ်သေးပေမယ့် အခြေခံတွေ မျှသာ ရှင်းပြနေတာ ဖြစ်ပါတယ် ။အဟောကိုဦးစားပြောပြချင်လို့ သဘောတရားတွေ ကို သဘောသိရုံလောက်ပဲပြောပြတာပါ ။
နက္ခများ လမ်းကြောင်းနဲ့ နေသွားလမ်းကြောင်းတို့ရွေ့လျားမူတွေ ဟာ တစ်ခုနဲ့ တစ်ခုမတူပါ ။ရာသီစက်မှာ ၇၂ - နှစ် မှာ တစ်အံသာနောက်ဆုတ်ရွေ့လျားလာတာတွေ့ ရပါတယ် ။အနောက်တိုင်း သားတွေ က နေသွားလမ်းကြောင်းတွေ ကို အဓိကထားကြပြီး အရှေ့တိုင်းသားတွေ က နက္ခသွားလမ်းကြောင်းကို အဓိကထားတာ တွေ့ ရပါတယ် ။
နေသွားလမ်းကြောင်းပေါ်ကနေ တွက်ချက်တဲ့နည်းစနစ်ကို သာယနစနစ်လို့ ခေါ်ပြီး နက္ခတ်များ လမ်းကြောင်းပေါ်ကနေတွက်ချက်တဲ့နည်းစနစ်ကို နိရာယနစနစ်လို့ ခေါ်ပါတယ်။
သာယနစနစ်က ဂြိုဟ်တွေ ကိုယ့်ဘာသာကိုယ် လည်တဲ့အတွက် ခါယမ်းတဲ့အရှိန်အားကို မတွက်တဲ့ စနစ် ဖြစ်ပါတယ် ။နိရာယနစနစ် ကတော့ တွက်ပါတယ် ။ဒါကြောင့် သာယနစနစ်နဲ့ နိရာယနစနစ်တို့နဲ့ တွက်ချက်တဲ့ဂြိုဟ်တွေ ဟာ တစ်လုံးနဲ့ တစ်လုံး ၂၃ -အံသာကျော်ကျော် ကွားခြားနေတာ တွေ့ ရပါမယ်။
ကုန်ဈေးနူန်းအတက်အကျ ၊စီးပွားရေး ၊ နိုင်ငံရေး ကိစ္စတွေ ကို ဟောပြောတဲ့အခါ နိရာယစနစ်နဲ့ ဟောတာထက် သာယနစနစ်နဲ့ ဟောပြောယူဆတာဟာ ပိုပြီးအမှန်များ တာ တွေ့ ရပါတယ် ။
ဒါကြောင့် စီးပွားရေး ဗေဒင်စာအုပ်မှာ နိရယနစနစ်ထက်သာယနစနစ် ကို ဦးစားပေးပြီး တင်ပြတာခွင့်လွှတ်ပါ ။
မှတ်ချက်
မြန်မာနိုင်ငံ ဗေဒင်ပညာရှင်တွေ က နိရာယနစနစ်ကို အခြေခံပြီး ဟောပြောလေရှိကြတဲ့အတွက် သာယနစနစ်အပေါ်လေ့လာမူ ၊အာထားမူ ၊ ယုံကြည်မူ ၊နည်းပါးကြတာ တွေ့ ရပါတယ် ။သံဟိတလို့ခေါ်တဲ့ရာသီဥတု ၊ ကုန်ဈေးနူန်း ၊ နိုင်ငံရေး တွေ ကို ဟောရင်အရှေ့တိုင်းက ပညာရှင်တွေ အားလုံးဟာ သာယနစနစ်နဲ့ ပဲ ဟောပြောလေ့ရှိပါတယ် ။
ဒါကြောင့် မူရင်းစာရေး သူရဲ့ အယူအဆတွေ မပျောက်ရေး အတွက် ဒီစာအုပ်မှာ ပါတဲ့ သာယနစနစ်ကို ရှင်းရှင်းလင်းလင်းနဲ့ သဘောပေါက်နားလည်အောင် တင်ပြ သွားပါမယ် ။တို့နဲ့ မနီးစပ်ဘူးဆိုပြီးလွှင့်မပစ်လိုက်ပါနဲ့ ။လိုက်စားရင် အမှန်တွေ အများ ကြီးတွေ့ လာပါလိမ့်မယ် ။
(မြန်မာပြန်ဆိုသူ)
ဂြိုဟ်တစ်လုံးနဲ့ တစ်လုံးကြားမှာ သင့်တော် တဲ့ အံသာအရဆက်သွယ်နေတာကို ဂြိုဟ်မြင်လို့ခေါ်ပါတယ် ။ဂြိုဟ်မြင်အယူအဆက နှစ် မျိုးရှိပါတယ် ။အနောက်တိုင်း ဗေဒရဲ့ ဂြိုဟ်မြင်အယူအဆ နဲ့ အရှေ့တိုင်းဗေဒပညာရဲ့ ဂြိုဟ်မြင်အယူအဆ ဖြစ်ပါတယ်။
(၁) ဂြိုဟ်ပူးမူ ။ ဂြိုဟ်တစ်လုံးနဲ့ တစ်လုံး တစ်ရာသီတည်းမှာ တစ်အံသာတည်းမှာ အတူတကွရပ်တာကို ဂြိုဟ်ပူးတယ်လို့ခေါ်တယ် ။
(၂) ဂြိုဟ်ပြိုင်မူ ။ ဂြိုဟ်တစ်လုံးနဲ့ တစ်လုံးဟာ ကြန္တိတစ်ခုတည်းမှာ ရပ်တည်တာကို ခေါ်တာပါ ။အင်မတန်ရှင်းရှင်းလင်းလင်း မြင်သာပါတယ် ။
(၃) ၃၀ -အံသာအကွာပူးမူ ။ ဂြိုဟ် တစ်လုံးနဲ့ တစ်လုံး ၃၀ -အံသာအကွာ နေမူကိုခေါ်တာပါ ။အဲဒါကို အင်္ဂလိပ်လို( ဆီမီးဆက်တဲလ်) လို့ခေါ်ပါတယ် ။
(၄) ၄၅--အံသာအကွာပူးမူ ။ ဂြိုဟ်တစ်လုံးနဲ့ တစ်လုံး ၄၅- အံသာအကွာမြင်နေမူကို ခေါ်ပါတယ် ။အဲဒါကို အင်္ဂလိပ်လို(ဆီမီးစကွဲယား)လို့ခေါ်ပါတယ်။
(၅) ၆၀ -အံသာအကွာပူးမူ ။ ဂြိုဟ်တစ်လုံးနဲကတစ်လုံး ၆၀ -အံသာအကွာ မြင်နေမူကို ခေါ်ပါတယ် ။အဲဒါကို အင်္ဂလိပ်လို (ဆက်တဲလ်) လို့ခေါ်ပါတယ် ။
(၆) ကိန်းအမြင် ။ ဂြိုဟ်တစ်လုံးနဲ့ တစ်လုံး ၉၀ - အံသာအကွာ မြင်နေမူကို ခေါ်ပါတယ် ။အဲဒါကို အင်္ဂလိပ်လို (စကွဲယား)လို့ခေါ်ပါတယ်။
(၇) တြိကောကာအမြင် ။ ဂြိုဟ်တစ်လုံးနဲ့ တစ်လုံး၁၂၀ အံသာအကွာ မြင်နေမူကိုခေါ်ပါတယ် ။အင်္ဂလိပ်လို(ထရွိုင်း)လို့ခေါ်ပါတယ် ။
(၈) ၁၃၅-အံသာမြင်မူ ။ ဂြိုဟ်တစ်လုံးနဲ့ တစ်လုံး၁၃၅--အံသာအကွာ မြင်နေတာ ဖြစ်ပါတယ် ။ အဲဒါကို အင်္ဂလိပ်လို (ဆက် စကွဲယားကွာဒရိတ်) လို့ခေါ်ပါတယ်။
(၉) ၁၅၀ အံသာမြင်မူ ။ ဂြိုဟ်တစ်လုံးနဲ့ တစ်လုံး ၁၅၀ -အံသာအကွာမြင်နေတာ ဖြစ်တယ် ။အဲဒါကို (လွိုင်ကွင်း) လို့ခေါ်ပါတယ်။
(၁၀) သမသတ်အမြင် ။ ဂြိုဟ်တစ်လုံးနဲ့ တစ်လုံး၁၈၀ - အံသာအကွာမြင်နေတာ ဖြစ်တယ် ။ အဲဒါကို အင်္ဂလိပ်လို (အပိုစေးရှင်း) လို့ခေါ်တယ်။
မှတ်ချက်
နောက်ပိုင်းအဟောတွေ မှာ ဖတ်လို့ရှင်းရအောင်ဂြိုဟ်တစ်လုံးနဲ့ တစ်လုံး ကွာဝေးတဲ့ အမြင်အံသာတွေ နဲ့ ရှင်းပြပါမယ်။သီခြားနာမည် တွေ နဲ့ ရှင်းပြနေရင် စာမျက်စိလည် သွားပါလိမ့်မယ်။အံသာအကွာအဝေးတွေ ကိုတော့ ခွဲပြီးမှတ်သားပါ။
ဂြိုဟ်မြင်ခြင်းနဲ့ အကျိုးပေးများ
(က) ဂြိုဟ်ချင်းပူးတဲ့ကာလ ၁၈၀ -အံသာအမြင်ကာလတွဟာ အစုရှယ်ယာများ ၊ကုန်ပစ္စည်းဈေးနူန်း အတက်အကျတွေ အများ ဆုံး ဖြစ်စေတဲ့ ကာလ ဖြစ်ပါတယ်။
(ခ) ဂြိုဟ်ပြိုင်ကာလ ၆၀ -အံသာအမြင် ၊ ၉၀-အံသာအမြင် ၊ ၁၂၀ -အံသာအမြင် ကာလတွေ ဟာလဲပဲ ကုန်ဈေးနူန်းအတက်အကျတွေ ကို ပြုစေတဲ့ဂြိုဟ်မြင်တွေ ဖြစ်ပါတယ် ။ဈေးနူန်းတွေ အပြောင်းအလဲ ဖြစ်စေပါတယ် ။
(ဂ) စနေ၊ ကြာသပတေး ၊ ယူရေး နပ်စ် ၊ နက်ပကျွန်းလိုဂြိုဟ်နှေးတွေ က ဂြိုဟ်ပြိုင်အမြင် ဖြစ်တဲ့အခါ အချိန်အရမ်းကြာပြီးလနဲ့ ချီပြီး ကြာတတ်ပါတယ် ။ဂြိုဟ်ပြိုင်အမြင်ဟာ ဒိဂ်မတူတာဘဲ ဖြစ်ပြီး ဂြိုဟ်ပူးရင် ဖြစ်စေ ၊ သမသတ် ဖြစ်ရင် ဖြစ်စေ ဂြိုဟ်ပြိုင်အမြင် ဖြစ်စေပါတယ် ။
(ဃ) ၄၅ -အံသာ ၊၁၃၅ -အံသာ ၊ ၁၅၀ အံသာ အမြင်တွေ ဟာ သာမန်အမြင်တွေ ဖြစ်လို့ ကုန်ဈေးနူန်းအတက်အကျကို ထူးထူးထွေထွေ ဖြစ်လေ့မရှိတတ်ပါ။
(င) တနင်္ဂနွေနဲ့ သော ကြာဂြိုဟ်တို့ဟာ တစ်လုံးနဲ့ တစ်လုံး ၄၈ -အံသာထက်ကွာပြီး နေလေ့မရှိလို့ ဒီဂြိုဟ်နှစ် လုံးရဲ့ အမြင်မှာ တော့ ဂြိုဟ်ပူးနဲ့ ၄၅ -အံသာအမြင်ပဲ ဖြစ်နိုင်ပါတယ်။
၄၅ - အံသာအမြင်ဟာ အကြာကြီး ဖြစ်လေ့ရှိတဲ့အတွက်ကောင်းတဲ့ ကုန်ဈေးအတတ်အကျ ဖြစ်စေပါတယ် ။အထူးသဖြင့် ရွှေတို့နှင့် ငွေတို့နဲ့ ပတ်သက်ပြီးဈေးနူန်း အတက်အကျ ဖြစ်စေပါတယ်။
အရှေ့တိုင်း ဗေဒစည်းကမ်းအရ ဂြိုဟ်အမြင်အယူအဆများ
(က) ဂြိုဟ်နှစ် လုံးတစ်ရာသီမှာ နေရင် ဂြိုဟ်ပူးတယ်လို့ခေါ်ပါတယ် (အံသာအခြေခံပါ) ။အံသာကို ဂြိုဟ်ပူးတဲ့အခါ အစုရှယ်တွေ ၊ကုန်ဈေးနူန်းတွေ အပြောင်းအလဲ ဖြစ်စေပါတယ် ။
(ခ) ဂြိုဟ်တွေ အားလုံးဟာ တစ်လုံးနဲ့ တစ်လုံး ၇-တန့်အမြင်နဲ့ မြင်ကြပါတယ် ။အဲဒီ အချိန်မှာ ကုန်ဈေးနူန်းပြောင်းလဲမူတွေ ဖြစ်လာတဲ့အခါ
ကြီးကျယ်စေတတ်ပါတယ် ။
(ဂ) ကြာသပတေးဟာ ရ-တန့် အမြင်အပြင် ၅-တန့်နဲ့ ၉-တန့်အမြင်ကာလတွေ မှာ ကုန်ဈေးနူန်းတွေ ဟာ အမျိုးမျိုး ဖြစ်ဖေပါမယ် ။ အထူးသဖြင့် ရွှေနဲ့ ငွေရဲ့ ဈေးနူန်းဟာ ကြီးကြီးမားမားအပြောင်းအလဲ ဖြစ်စေပါလိမ့်မယ်။
(ဃ) စနေဟာ ၉ -တန့်အမြင်အပြင် ၃ -တန့်နဲ့ ၁၀-တန့်အမြင်ကို ပါ ၀ိသေသအမြင်နဲ့ မြင်ထားပါသေးတယ်။အဲဒီ အမြင်ကာလတွေ မှာ အစုရှယ်ယာနဲ့ ကုန်ပစ္စည်းတွေ ရဲ့ ဈေးနူန်းတွေ ခန့်မှန်ရခက်မယ်။ ပစ္စည်းတွေ ဟာ အကြီးအကျယ် ဈေးနူန်းပြောင်းလဲစေတတ်ပါတယ်။
(ဂ) ကြာသပတေးဟာ ၇တန့်အမြင်အပြင် ၅ တန့်နဲ့ ၉-တန့်အမြင်ကို ပါ ၀ိသေသမြင်ပါသေးတယ် ။၅-တန့် ၊၇တန့်နဲ့ ၉တန့် အမြင်ကာလတွေ မှာ ကုန်ဈေးနူန်းတွေ ဟာ အမျိုးမျိုး ဖြစ်စေပါမယ်။ အထူးသဖြင့် ရွှေနဲ့ ငွေရဲ့ ဈေးနူန်းဟာ ကြီးကြီးမားမားအပြောင်းအလဲ ဖြစ်စေပါလိမ့်မယ် ။
(ဃ) စနေဟာ ၉ -တန်ကအမြင်အပြင် ၃-တန့်နဲ့ ၁၀-တန့်အမြင်ကိုပါ ၀ိသေသအမြင်နဲ့ မြင်ထားပါသေးတယ် ။အဲဒီ အမြင်ကာလတွေ မှာ အစုရှယ်ယာနဲ့ ကုန်ပစ္စည်းတွေ ဟာ အကြီးအကျယ် ဈေးနူန်ပြောင်းလဲစေတတ်ပါတယ်။
(င) အင်္ဂါဟာ ၇ တန့်အမြင်အပြင် ၄-တန့်နဲ့ ၈ -တန့် အမြင်ကို ပါ ၀ိသေသနအမြင်နဲ့ မြင်ထားပါသေးတယ် ။အဲဒီ အမြင် ကာလ တွေ မှာ ကုန်ဈေးနူန်းတွေ ဟာ ခန့်မှန်းရခက်စေလောက်အောင် အပြောင်းအလဲ ဖြစ်စေပါတယ် ။အင်္ဂါရဲ့ ၄-တန့်အမြင်ကာလ ကုန်ဈေးနူန်းတွေ ၊ကုန်ပစ္စည်းတွေ ၊အစုရှယ်ယာ ဈေးနူန်းတွေ ပြီးတော့ ခန့်မှန်းရခက်တဲ့ ဈေးအတက်အကျရှိလွယ်တဲ့ကုန်ဈေးနူန်းတွေ ဟာ ဈေးနူန်းအကြီးအကျယ် အပြောင်းအလဲ ဖြစ်စေပါတယ်။
(စ) ကျန်တဲ့ဂြိုဟ်တွေ ဖြစ်တဲ့ တနလာင်္ ၊ဗုဒ္ဓဟူး၊သော ကြာ ဂြိုဟ်တွေ ဟာ ၇ -တန့်အမြင်တစ်ခုတည်း မြင်ကြတာမို့အ ဖြစ် အပျက်တွေ ဟာ တခြားဂြိုဟ်တွေ နဲ့ ဆက်စပ်ကာမှ အပြောင်းအလဲ သစ်တွေ ဖြစ်စေကာ သူ့ဘာသာသူနေရင် ဘာသိဘာသာ နေလေ့ရှိပါတယ်။
အရှေ့တိုင်း ဂြိုဟ်မြင်ခြင်းနဲ့ အကျိုးပေးများ
(က) ဂြိုဟ်ပူးနဲ့ သမသတ်အမြင်တွေ ကတော့အရှေ့တိုင်းရော အနောက်တိုင်းပါး ဒီအတိုင်းပဲ ဖြစ်တယ် ။သိပ်မကွာပါဘူး။အနောက်တိုင်းက အံသာအတိအကျပေါ် အခြေခံပြီး အရှေ့တိုင်း ကတော့ ပူရင်း သမသတ်ရှိရင်ကို လုံလောက်နေပြီ ဖြစ် ဖြစ်ပါတယ်ပါတယ်။
(ခ) စနေ ၃-တန့် အမြင်ဟာ အရေး ပါပါတယ်။ စနေရဲ့ ၃-တန့် အမြင်ဟာ အနောက်တိုင်တိုင်းရဲ့ ၆၀ -အံသာအမြင်နဲ့ အတူတူပါပဲ ။၃ -တန့်အမြင်ကာလမှာ ကုန်ဈေးနူန်းတွေ ၊အကြီးအကျယ်ပြောင်းလဲစေပါတယ်။ဒါကြောင့် ၃ -တန့်အမြင်ကို အထူးဂရုစိုက်လေ့လာသင့်ပါတယ်။
စနေဂြိုဟ်တစ်ခုတည်းနော် ။ကျန်ဂြိုဟ်တွေ မှာ ၃ -တန့်အမြင်မရှိပါ ။
(ဂ) အင်္ဂါရဲ့ ၄-တန့်အမြင်နဲ့ စနေရဲ့ ၁၀ -တန့် အမြင်ချင်း နေရာမသာပေမယ့် ကိန်းအမြင်ပဲ ဖြစ်ပါတယ် ။ဒါကြောင့် အနောက်တိုင်းက ကိန်းအမြင်နဲ့သဘာဝချင်းတူပါတယ်။ ဒီကာလတွေ မှာ ကုန်းဈေးနူန်း အတက်အကျ အပြောင်းအလဲအများ ဆုံး ဖြစ်နိုင်ချေရှိပါတယ်။ဒီ ၄-တန့်အမြင်နဲ့၁၀ တန့်အမြင်တွေ ဟာအနောက်တိုင်းက ၉၀ -အံသာအမြင်အတိုင်းပါပဲ ။အရေး ကြီးပါတယ်။တခြားဂြိုဟ် တွေ အတွက် ၄တန့် ၊ ၁၀ တန့် အမြင်တွေ ဟာ အရေး မပါပေမယ့် အင်္ဂါနဲ့ စနေအတွက် ကတော့ အရေး ကြီးပါတယ် ။
(ဃ) အင်္ဂါကို စနေက ၁၀ -တန့်အမြင်နဲ့ မြင်ခြင်းဟာ စနေကို လဲ အင်္ဂါက ၄-တန့် အမြင်နဲ့ အပြန်အလှန်မြင်ထားတာမို့ အဲဒီ အမြင်ဟာ အရေး ကြီးပါတယ် ။စနေနဲ့ အင်္ဂါဟာ အပြန်အလှန်ကိန်းအမြင်နဲ့ မြင်တာ ဖြစ်ပါတယ် ။
အဲဒီ ကာလမှာ ခန့်မှန်းရခက်တဲ့ ကုန်ပစ္စည်းတွေ နဲ့ ကုန်ဈေးနူန်းတွေ အပြောင်းအလဲ ဖြစ်စေတတ်ပါတယ် ။ဈေးနူန်းတွေ ပြောင်းလဲမူကို သိသိသာသာ ဖြစ်စေပါလိမ့်မယ် ။
(င) အင်္ဂါရဲ့ ၈ -တန့် အမြင် ကတော့ ကုန်ဈေးနူန်းတွေ ၊ရှယ်ယာတွေ ၊ကုန်ပစ္စည်းတွေ ခန့်မှန့်ရခက်တဲ့ ကုန်ပစ္စည်းရဲ့ ဈေးနူန်းတွေ ထူးထူးခြားခြား ပြောင်းလဲစေပါလိမ့်မယ် ။
(စ) ကြာသပတေးရဲ့ ၅-တန့် နဲ့ ၉ -တန့်အမြင်ဟာလဲပဲ ကုန်ဈေးနူန်းသစ်တွေ ပြောင်းလဲ ဖြစ်ပေါ်စေတတ်ပါတယ် ။တခြားဂြိုဟ်တွေ ရဲ့ ၅ -တန့်နဲ့ ၉ -တန့်အမြင်ဟာလဲပဲကုန်ဈေးနူန်းသစ်တွေ ပြောင်းလဲ ဖြစ်ပေါ်စေတတ်ပါတယ် ။တခြားဂြိုဟ်တွေ ရဲ့ ၅ -တန့်နဲ့ ၉ -တန် ရဲ့ အမြင် ကတော့ သိပ်မထူးခြားတတ်ပါ ။
အရှေ့တိုင်းနဲ့ အနောက်တိုင်း ဂြိုဟ်မြင် အနှစ် ချုပ်
အောက်ပါဂြိုဟ်မြင်တွေ ဟာ ကုန်ဈေးနူန်းအတက်အကျ ဖြစ်စေပါတယ် -
(က) ဂြိုဟ်တစ်လုံးနဲ့ တစ်လုံး ပူးတဲ့အချိန်၊
(ခ) ဂြိုဟ်တစ်လုံးနဲ့ တစ်လုံး သမသတ်မြင်ကြတဲ့မြင်တဲ့အချိန် ၊
(ဂ) တနင်္ဂလာနဲ့ သော ကြာတို့တစ်လုံးတစ်လုံး ၄၅ -အံသာ အကွာအမြင်နဲ့ မြင်တဲ့အချိန်၊
(ဃ) စနေက ၃ -တန့်မြင်တဲ့အချိန် ၊
(င) အင်္ဂါက ၄-တန့်အမြင် ၊စနေက ၁၀ -တန့်အမြင်နဲ့ မြင့်တဲ့အချိန်၊
(စ) အင်္ဂါက ၈-တန့်အမြင်တဲ့အချိန်၊
(ဆ) ကြာသပတေးက ၅ -တန့် ၈-တန့် အမြင်နဲ့ မြင်တဲ့အချိန်တွေ ကို ဂရိုစိုက်ပါ ။ကုန်ဈေးနူန်းအပြောင်းအလဲတွေ ဖြစ်ပါလိမ့်မယ် ။
ဘယ်ပြက္ခဒိန်ကို သုံးရမလဲ
ကမ္ဘာပေါ်မှာ သံဒိဋ္ဌပြက္ခဒိန်တွေ အများ ကြီးရှိပါတယ်။သင့်တော် တဲ့ သံဒိဋ္ဌကို ကြိုက်ရင် ၊ ကျေနပ်ရင် သုံးနိုင်ပါတယ် ။ ပြီးတော့ သိပ်ခက်တဲ့ အလုပ်တွေ မဟုတ်ပါဘူး ။ဂြိုဟ်တစ်လုံးရဲ့ ရာသီ အံသာလိတ္တာကနေ နောက်ဂြိုဟ်တစ်လုံးရဲ့ ရာသီ အံသာလိတ္တာကို နုတ်ကြည့်လိုက်ပါ။သတ်မှတ်ထားတဲ့အံသာ ၊လိတ္တာ ဖြစ်ရင် အဲဒီ သတ်မှတ်ထားတဲ့ ဂြိုဟ်မြင် ဖြစ်စေတာဘဲပေါ့ ။အဲသလို ဂြိုဟ်တစ်လုံးကို တည်ပြီး ကျန်ဂြိုဟ်တစ်လုံးနဲ့ မနုတ်ချင်ဘူးဆိုရင် ဂြိုဟ်မြင်တွက်ပြီးသားပါတဲ့ သံဒိဋ္ဌပြက္ခဒိန်တွေ ကို သုံးရပါမယ်။
လောလောဆယ် ကမ္ဘာပြက္ခဒိန်နဲ့ လက်လှမ်းမီသလောက်ပြောရမယ်ဆိုရင် -
(က) ရာဖေးလ်သံဒိဋ္ဌပြက္ခဒိန် (သာယန စနစ်)
(ခ) လဟီးရီး ပြက္ခဒိန် (နိရာယန စနစ်)
နှစ် မျိုး ကတော့ မြန်မာပြည်မှာ မိတ္တူကူပြီးသုံးနေကြပါတယ် ။အဲဒီ ပြက္ခဒိန်တွေ မှာ တွက်ချက်ပြီး ဂြိုဟ်မြင်တွေ ပါပါတယ် ။ကြည့်လိုက်ပြီးတော့ ဟောရုံပါ ။(မြန်မာပြည်မှာ သုံးနေကြတဲ့ ကေပီပြက္ခဒိန် ကတော့ အသင့်အတွက်ပြီး ဂြိုဟ်မြင်တွေ မပါပါ။)
ပြက္ခဒိန်အကြာင်းပြောနေရရင် စာအုပ်တစ်အုပ်စာလောက် ဖြစ်သွားမယ်။ ဒီစာအုပ်ဖတ်တဲ့ ပုဂ္ဂိုလ်တိုင်းဟာ နက္ခတ်ဗေဒင်အခြေခံမရှိဘဲ ဖတ်လို့မရပါ ။လူပြိန်းဆိုရင် နောက်ဆက်တွဲ မြန်မာ့ရိုးရာ ကုန်ဈေးနူန်းအမြတ်အစွန်းတွက်နည်းကိုပဲ ဖတ်ရပါတယ်။နက္ခတ်ဗေဒင်ကို နည်းနည်း ပါးပါး သဘောပေါက်မှ ဒီအုပ်ကို ဖတ်ပြီး သဘောပေါက်မှာ ဖြစ်ပါတယ် ။
သံဒိဋ္ဌပြက္ခဒိန် အနေနဲ့ တော့ ကျွန်တော် ရာဖေးလ်ပြက္ခဒိန်ကို သုံးပါလို့ အကြံပေးချင်ပါတယ် ။သာယနစနစ်လဲ ဖြစ်တယ်။ဂြိုဟ်မြင်တွက်ချက်ပြီးသားလဲ ပါပါတယ်။
နိရာယနစနစ် ဖြစ်တဲ့ လဟီးရီပြက္ခဒိန်ကို အသုံးပြုမယ်ဆိုရင်ဂြိုဟ်စဉ်တွေ မှာ အယာနပေါင်းရပါမယ်။ ဒါမှ သာယန ဂြိုဟ်စဉ်ရပါမယ်။ဒါကြောင့် သာယနဂြိုဟ်မြင်နဲ့ ကုန်ဈေးနူန်း အတက်အကျကို ဟောရင်ပိုပြီးမှန်ကန်တာကို တွေ့ ရတာ ကို တွေ့ ရတာ မို့တခြားပြက္ခဒိန်ကိုသုံးပါ ။လွယ်ပါတယ် ။သာယနဂြိုဟ်စဉ်တွေ ရော ဂြိုဟ်မြင်တွေ ပါ တစ်ခါတည်း ရပါမယ် ။
မှတ်ချက်
မြန်မာပြက္ခဒိန်ကို သုံးရင်တော့ အယာနပေါင်းပြီး သုံးရပါမယ် ။ဂြိုဟ်မြင်ကို ကိုယ့်ဘာသာကိုယ် တွက်ချက်ရပါမယ် ။
![]() ပရာသန်တန္တရ | ![]() ကောင်းကင်ပေါ်ကဂြိုဟ် လူသားတွေကိုဘာတွေလုပ်ပေးသလဲ (ဒုတိယတွဲ) | ![]() နဒီဗေဒင်ကျမ်း |