Cover

အမှာ စကား

ဒီစာအုပ်ကလေးကို ၁၉၈၆ခုနှစ် က ရခဲ့ပါတယ်။ ဆရာကြီး ဦးတင်အောင် (ရန်ကင်း) အိန္ဒိယ နိုင်ငံ ဘုရားဖူးသွားရင်းနဲ့ ၀ယ်လာတဲ့ နက္ခတ်ဗေဒင် ကျမ်းပေါင်းများ စွာ ထဲက တစ်အုပ် ဖြစ်ပါတယ်။ ပြန်ပေးမယ်ပြောပြီး ပြန်မပေး ဖြစ်ခဲ့တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ ခပ်တည်တည်နဲ့ အမေ့ခံပြီး အလစ်သုတ်ထားတဲ့ စာအုပ်ပါ။

အဲဒီ တုန်းက ကျွန်တော် နိုင်ငံခြားသွားဖို့ အခွင့်အလမ်း မပေါ်ခဲ့ပါဘူး။ ရတဲ့စာအုပ်ကို ရိုရိုသေသေ ကတိပျက်ကွက်စွာ နဲ့ ပြန်မပေးခဲ့တာပါ။ ကျွန်တော် က ဒီစာအုပ်ရဲ့ မူရင်းစာရေး ဆရာ ဒေါက်တာ ဘီဗွီ ရာမန်ကို အရမ်းလေးစားပြီး သူ့စာအုပ်တွေ ပေါ်မှာ ရူးသွပ်သူလည်း ဖြစ်ပါတယ်။

ဒီစာအုပ်ကို ကြိုက်တဲ့နေရာမှာ သာမာ ဂြိုဟ်ပူး ဂြိုဟ်ယှဉ် ရာသီအဟော၊ ဘာဝအဟော၊ ပုံသေနည်းတွေ မဟုတ်လို့ပါပဲ ဗေဒင်ကျမ်းတွေ ထဲက မျက်စိလည်စေတဲ့ အကြောင်းအရာတွေ ကျမ်းထဲမပါပဲ လောကကြီးအထဲမှာ မျက်မြင် ဖြစ်ပျက်နေတာတွေ ကို မေးလာတဲ့ မေးခွန်းများ ကို သိပ္ပံ နည်းကျကျ ဖြေပြထားတဲ့ စာအုပ် ဖြစ်လို့ပါပဲ။

ဆရာကြီးရဲ့ စာအုပ်တွေ ထဲက ကျွန်တော် အကြိုက်ဆုံး စာအုပ်တွေ ထဲမှာ အဲဒီ စာအုပ်လည်း ပါပါတယ်။ ဒီစာအုပ်ရဲ့ မူရင်းနာမည် က (A Catechism of Astrology) ဖြစ်ပါတယ်။ တိုက်ရိုက် ဘာသာပြန်ရမယ်ဆို စူးစမ်းလေ့လာဗေဒင်ပညာ လို့ ဘာသာပြန်ရမှာ ပါပဲ၊ နာမည် က ရိုးတဲ့အတွက် ဗေဒင်အမေး ဗေဒင်အတွေးလို့ ပေးခဲ့ပါတယ်။

စာအုပ်က သေးပေမယ့် ပညာက အရမ်းကြီးပါတယ်။ ဗေဒင်အမေး၊ သုံးရာလောက်ကို ရှင်းရှင်း လင်းလင်း လွယ်လွယ်ကူကူ ဖြေပြသွားတာကိုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီစာအုပ်ဟာ သာမန်ဗေဒင်ဝါသနာရှင်တွေ အတွက်တော့ သိပ်အသုံးမ၀င်ပါဘူး၊ ဗေဒင်ပညာကို စနစ်တကျ လေ့လာ နေတဲ့ သူတွေ အတွက် မရှိမ ဖြစ် လိုအပ်တဲ့ကျမ်းတစ်ကျမ်း ဖြစ်ပါတယ်။

ကျွန်တော် က အားရင် စာပဲရေး တတ်လို့ ဒီစာအုပ်ကို ၁၉၈၆ခုလောက်က ပြန်ဆိုပြီးခဲ့ပါတယ်၊ သိတဲ့အတိုင်းပါပဲ နက္ခတ်ဗေဒင်စာအုပ်ဆိုရင် သာမန်ပုဂ္ဂိုလ်တွေ က မ၀ယ်ကြဘူး။ ကျွန်တော် လည်း သူဌေးမဟုတ်တော့ ရေး ထားပြီး မထုတ်ရဲဘူး။ အခုအခွင့်အခါရောက်လာလို့ ထုတ်ရတာ ပါ။

ဖတ်သင့်တယ်လို့ ကျွန်တော် ယုံကြည်လို့ ဒီစာအုပ်ကို စီစဉ်ပေးရတာ ပါ။ သူဖြေတဲ့ အဖြေတွေ ကို ကျွန်တော် တို့အားလုံး ဖြေနိုင်မှာ မဟုတ်လို့ ဖြေနိုင်တဲ့ စာအုပ်ကို စီစဉ်ပေးရတာ ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဖတ်ရင်တော့ ဗေဒင် ဗဟုသုတ ကြွယ်ဝမှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာကြပါစေ။

ဆရာဒဂုန်



အမေး ။ ။ အရုဓအမျိုးမျိုးဟာ ဘာတွေ လဲ။

အဖြေ ။ ။ (ဂျေမီနီ)က အရုဓဇာတာ ၁၂မျိုးကို ဖော်ပြပါတယ်။ လဂ္ဂဏအရုဓ၊ ၀ိကမ္မအရုဓ၊ စသည်ဖြင့် ဘာဝတစ်ခုကို တစ်မျိုးစီ နာမည် မှည့်ခဲ့ပါတယ်။ အရုဓများ ကို အောက်ပါအတိုင်း ဆုံးဖြတ် ရပါမယ်။

လဂ်မှသခင်ရှိရာ ရာသီ သင်္ချာကို ရေတွက်ပါ။ အဲဒီ သင်္ချာရေအရ လင်္ဂသခင်မှ ပြန်ရေပါ။ ရောက်တဲ့ရာသီဟာ လင်္ဂရဲ့ အရုဓ ဖြစ်ပါတယ်။

အလားတူ ၂ တန့် ဘာဝမှ ၂ တန့် သခင်ရပ်တဲ့ ရာသီအထိ ရာသီသင်္ချာကို မှတ်သားရမယ်။ ၂ တန့် သခင်ရပ်တည်တဲ့ ရာသီမှ အဲဒီ သင်္ချာရေတွက်လို့ရတဲ့ ရာသီဟာ ၂ တန့်ရဲ့ အရုဓ ဖြစ်တယ်။

အခြားအိမ်များ အတွက်လည်း အလားတူနည်းအတိုင်း ပြုလုပ်လျှင် ၀ိကရမ္မအရုဓ (၃တန့်)၊ ဗန္ဓုဘာဝအရုဓ (၄တန့်)၊ သန္တနအရုဓ (၅တန့်)၊ ၀ါဓိအရုဓ (၆တန့်)၊ ဘာရိယ အရုဓ (၇တန့်)၊ နိရာယန အရုဓ (၈တန့်)၊ သုဘဘာဝအရုဓ (၉တန့်)၊ ကမ္မဘာဝအရုဓ (၁၀တန့်)၊ လာဘဘာဝအရုဓ (၁၁တန့်) နဲ့ ဥပပါဒ သို့ မဟုတ် ၀ါယအရုဓ (၁၂တန့်)ကို ကျွန်တော် တို့ ရပါတယ်။

အမေး ။ ။ ဂြိုဟ်တစ်လုံး ဥုစ်မူတာနဲ့ နိစ်မူတာကို ရာသီက ဆုံးဖြတ်ရသလား။ ဘာဝက ဆုံးဖြတ် ရသလား။

အဖြေ ။ ။ ဥုစ်နဲ့ နိစ်တို့ဟာ ရာသီက ဆုံးဖြတ်ရတာ ဖြစ်တယ်။ ဘာဝကို ကြည့်စရာ မလိုပါ။

အမေး ။ ။ (က) အိမ်ဆိုးမှာ ရပ်တည်တဲ့ ဂြိုဟ်ဆိုးများ နိစ်မူရင် ကောင်းတယ်။

(ခ) တြိကောဏ သို့မဟုတ် ကိန်းမှာ ရှိတဲ့ ဂြိုဟ်ဆိုးတွေ ဟာ သူတို့ရပ်တည်တဲ့ အိမ် တွေ ကို ဒုက္ခပေးတယ်။

(ဂ) ဂြိုဟ်ဆိုးတွေ ဟာ ၀ဂ္ဂသွားရင် မကောင်းဘူး။ ဒီစကားတွေ ကို ရှင်းပြပါဦး။

အဖြေ ။ ။ (က) ဘယ်အဆိုအမိန့်မှ အကြွင်းမဲ့ မှန်ကန်ခြင်း မရှိပါဘူး။ နိစ်ရတဲ့ ဂြိုဟ်ဆိုးများ ဟာ ဒုဋ္ဌာနအိမ်များ (ပါပပိုင်ရာသီများ )မှာ ရပ်တည်ရင် မကောင်းဘူး။ ဘာမှကောင်းတာ မလုပ်နိုင်ဘူး။ အကယ်၍ သူအားကောင်းရင် သူ့ဒသာတစ်လျှောက်မှာ ဇာတာရှင်ကို အကြွေးကြေသွားစေမယ်။ ရန်သူများ ကင်းကွာသွားစေမယ်။ ချမ်းသာလာစေလိမ့်မယ်။

ဟူးရားဗေဒင်ပညာမှာ တော့ အထက်ပါအဆိုဟာ အချို့တစ်ဝက်သာ မှန်ပါတယ်။ ၆တန့် သခင် (သူခိုး)ဟာ နိစ်ရပြီးနောက်၊ လဂ်သခင်က အားကောင်းလျှင် သူခိုးကို ဖမ်းမိမယ်။ ဆုံးရှုံးသွား သော ပစ္စည်းတွေ ပြန်ရမယ်။ ဇာတာထဲမှာ ၆တန့်သခင် ဖြစ်တဲ့ ဂြိုဟ်က နိစ်မူခဲ့ရင်၊ ဇာတာရှင်ဟာ နေထိုင်မကောင်း ဖြစ်လိမ့်မယ်။ ကဲ - ဘယ့်နှယ့်လုပ်မလဲ။

(ခ) ဂြိုဟ်ဆိုးတွေ တြိကောဏ သို့ မဟုတ် ကိန်းအိမ်မှာ ရပ်လျှင် သူတို့ ရပ်တည်တဲ့ အိမ်တွေ ကို ဖျက်ဆီးမယ်။ ဂြိုဟ်ဆိုးတွေ ဟာ ဘယ်မှာ ပဲ ရှိရှိ၊ သူတို့ ရပ်တည်တဲ့ အိမ်တွေ ကို ဖျက်ဆီးမှာ ပဲ။ အကယ်၍ သူတို့ဟာ ၆တန့်မှာ ရပ်တည်လျှင်၊ ရန်သူများ လာမယ်။ ၈တန့်မှာ ဆိုလျှင် အသက်အန္တရာယ် ရှိမယ်။ ၁၂တန့်မှာ ဆိုလျှင် အသုံးအဖြုန်းများ လာမယ်။ ဒါပေမယ့် သူတို့ ၅တန့် (တြိကောဏကိန်း သို့ မဟုတ် ဥပစ္စည်းအိမ်)မှာ ရှိရင် အားပိုကောင်းလာမယ်။ သူတို့ရဲ့ ဒသာကာလအသီးသီးမှာ သူတို့ ဘ၀အကျိုးအတွက် လုပ်ပေးနိုင်ပါလိမ့်မယ်။

(ဂ) ၀ကြသွားတဲ့ ဂြိုဟ်တွေ ဟာ ဂြိုဟ်ဆိုးတွေ ဖြစ်ခဲ့လျှင် အဆိုးကိုပဲ ပေးမယ်။ အဲဒီ ဂြိုဟ်က အားလည်းကောင်းမယ်။ ဘ၀ကောင်းတွေ ကိုလည်း ပိုင်လျှင် ကောင်းတဲ့ဋ္ဌာနေမှာ ရပ်လျှင်၊ အဲဒီ ဂြိုဟ် ဒသာကာလမှာ ကောင်းတာတွေ လုပ်ပေးလိမ့်မယ်။

အမေး ။ ။ အတိတ်ကံကို ဘယ်လိုဟောမလဲ။

အဖြေ ။ ။ အတိတ်ကံအစုစုရဲ့ အကျိုးသက်ရောက်မှု ဟာ ယခုမျက်မှော က် မွေးဖွားလာခြင်းပဲ ဖြစ်တယ်။ မူလဇာတာမှာ အတိတ်မှ အကုသိုလ်နဲ့ ကုသိုလ်ကောင်းမှု တို့ကို ဂြိုဟ်များ မှတစ်ဆင့် ညွှန်ပြ လျက်ရှိပါတယ်။ ဂြိုဟ်တွေ ဟာ အားပျော့ပြီး မကောင်းတဲ့ အနေအထားတွေ မှာ ရပ်တည်လျှင် ကုသိုလ် ကောင်းမှု ထက် အကုသိုလ်များ ကို ကျူးလွန်ခဲ့ကြောင်း မှတ်ချက်ချနိုင်ပါတယ်။ အကယ်၍ ဂြိုဟ်အချို့ ဟာ အားရှိနေလျှင်၊ ကုသိုလ်ကောင်းမှု ပိုပြီးပြုလုပ်ခဲ့ကြောင်း ပြောနိုင်ပါတယ်။ ဟူးရားဗေဒင်မှာ ၉တန့် အိမ်ကို သုံးသပ်ပြီး လဂ်အနေနဲ့ယူလိုက်ပါ။ အဲဒါက ၉-တန့်အိမ် ကမ္မသွာရုပ၊ ၁၀-ကမ္မဓါန၊ ၁၁-ကမ္မသဟာယ၊ ၁၂-ကမ္မအဓိကရန၊ ၁-ကမ္မဘူတဂသု၊ ၂-ကမ္မနသကရန၊ ၃-ကမ္မသဟဇေရီ၊ ၄-ကမ္မယုဂ်၊ ၅-ကမ္မဘူတဂသု၊ ၆-ကမ္မ၀ါပရ၊ ၇-ကမ္မလဘာဘာဝနှင့် ၈-ကမ္မ၀ါယတို့ ဖြစ်ပါတယ်။

အမေး ။ ။ ယူရေး နပ်(စ်)က လဂ်မှာ ရှိပြီး နက်ပကျွန်းက ၈တန့်အိမ်မှာ ရှိလျှင် ဘယ်လိုဟောရ မလဲ။

(ခ) သူတို့ဟာ သော မလား၊ ပါပလား။

(ဂ) သူတို့နဲ့ ပတ်သက်ပြီး ဘာသိစရာရှိသလဲ။

အဖြေ ။ ။ ယူရေး နပ်(စ်)က လဂ်မှာ ရှိလျှင် လွတ်လပ်မှု ကို အလွန်မြတ်နိုးမယ်။ ချုပ်ချယ်တာ ကို အလွန်မုန်းမယ်။ ဘာမဆို စိတ်ပါလက်ပါလုပ်မယ်။ တီထွင်ကြံဆမယ်။ လျှပ်စစ်နဲ့ပတ်သက်လို့ သော်လည်းကောင်း၊ ရေဒီယိုနဲ့ ပတ်သက်လို့သော်လည်းကောင်း ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်မယ်။ သူ့ရဲ့ ချွတ်ယွင်းချက် ကတော့ စိတ်မတည်ငြိမ်ဘူး။ အေးစက်စက်နိုင်မယ်။ ဘ၀င်မြင့်နေတတ်ပါတယ်။ ၈တန့်မှာ နက်ပကျွန်းရှိခဲ့လျှင် ငွေရေး ကြေးရေး နဲ့ ပတ်သက်လို့ မတည်ငြိမ်ဘူး။ ပစ္စည်းဥစ္စာရှိသူနဲ့ လက်ထပ်မယ်။ မမျှော်လင့်တဲ့နေရာမှ ငွေဝင်တတ်မယ်။ မမှန်မကန်လုပ်လို့ အလွယ်တကူလုပ်လို့ မေ့လျော့သွားလို့ ပစ္စည်းဆုံးရှုံးမယ်။

(ခ) နှစ် လုံးစလုံးဟာ ဂြိုဟ်ဆိုးတွေ ဖြစ်တယ်။

(ဂ) သူတို့ကို ဟိန္ဒူဗေဒင်ကျမ်းမှာ ထည့်သွင်းမထားဘူး၊ သူတို့ရဲ့ လွှမ်းမိုးမှု များ ဟာ လည်း အရေး ပါတဲ့ ဂြိုဟ်ကြီး ခုနစ်လုံးထဲမှာ ပါဝင်ပြီးသား ဖြစ်တယ်။

အမေး ။ ။ သော ကြာဂြိုဟ်ဟာ ဘယ်တော့ အတ္တမိသလဲ။ ဥပမာ အကယ်၍ သော ကြာဂြိုဟ် ဟာ ၃ရာသီ ၆အံသာနဲ့ တနင်္ဂနွေဂြိုဟ်က ၃ရာသီ ၁အံသာမှာ ဆိုရင် သော ကြာဂြိုဟ်ကို နေရောင် လွှမ်းမိုးသွားမလား။ သော ကြာဂြိုဟ်က လဂ်သခင် ဖြစ်လျှင် အတ္တမမိတော့ဘူးလား။

အဖြေ ။ ။ သော ကြာဂြိုဟ်ဟာ နေရဲ့ နံဘေးနှစ် ဘက်စလုံးမှ (၇)အံသာအတွင်းမှာ ရှိလျှင် အတ္တမိမယ်။ ဟုတ်တယ်-သော ကြာဂြိုဟ်ဟာ လဂ်သခင် ဖြစ်ပေမယ့် အတ္တမိတဲ့ အကျိုးသက်ရောက်မှု တွေ ဖြစ်စေပါလိမ့်မယ်။ အကယ်၍ မေထုန်လဂ် ဖြစ်ပြီး ဗုဒ္ဓဟူးဂြိုဟ် အတ္တမိမယ်ဆိုလျှင် ဇာတာရှင်ဟာ ဗေဒင်ဆရာအချို့အလိုအရ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အကျိုးသက်ရောက်မှု များ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ပညာတတ် ဖြစ်မယ်။

အမေး ။ ။ ဗေဒင်ဟောရာမှာ န၀င်ဇာတာမှ ပူးယှဉ်ခြင်း၊ မြင်ခြင်း၊ အနေအထားတို့ဟာ တကယ် ဖြစ်တဲ့ ရာသီစက်လိုပဲ ထည့်သွင်းစဉ်းစားတာ ဘာကြောင့် လဲ။

အဖြေ ။ ။ ဒါဟာ ဗေဒင်ပညာကို စတင်လေ့လာသူများ အတွက် အခက်အခဲကြီးလို ဖြစ်နေ တတ်ပါတယ်။ ဒါပေမယ့် ဆက်လေ့လာတဲ့အခါ အလွယ်တကူ ပြေလည် သွားပါလိမ့်မယ်။

အမေး ။ ။ လူ တစ်ယောက် နားပင်းတာ၊ ဆွံ့အတာကို ဘယ်လိုဟောမလဲ။

အဖြေ ။ ။ ၁၁တန့်အိမ်ဟာ ဘယ်ဘက်နားရွက်ကို စိုးမိုးတယ်။ ၃တန့်အိမ်က ညာဘက်နားကို စိုးမိုးတယ်။ အဲဒီ အိမ်တွေ ဟာ အားနည်းပြီး ဂြိုဟ်ဆိုးအမြင်ကြုံမယ်၊ ဂြိုဟ်ဆိုးတွေ ရပ်မယ်ဆိုလျှင် နားလေးမယ်။ အသံအတွက် ကာရကဟာ စနေဂြိုဟ် ဖြစ်တယ်။ ၂တန့်ဘ၀ဟာ ဂြိုဟ်ဆိုးအမြင်ကြုံရင် စကားပြောတဲ့ အင်္ဂါအစိတ်အပိုင်း ချို့ယွင်းတတ်တယ်။ စကားပြောခြင်းရဲ့ ကာရကဟာ သော ကြာ ဂြိုဟ်ပဲ။

အမေး ။ ။ မိတ်ဆွေတွေ ဆီက ငွေကြေးအကူအညီ ရလိမ့်မယ်ဆိုတာ ဘယ်လိုဟောနိုင်မလဲ။

အဖြေ ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယုဂ်အမျိုးမျိုး ကျမ်းထဲမှာ ပြဆိုထားတယ်။ ဒါပေမဲ့ ယေဘုယျ နည်းလမ်းကို မှတ်ထားဖို့လိုတယ်။ ၁၁တန့်ဘာဝဟာ မိတ်ဆွေများ နဲ့ ဆိုင်တယ်။ အကယ်လို့ လဂ်သခင် သို့ မဟုတ် ၂တန့် ဘာဝ ပူးယှဉ်လျှင်၊ မြင်လျှင်၊ ၁၁တန့် သခင်ကို မြင်လျှင် သို့ မဟုတ် အိမ်ရှင် ဂြိုဟ်နှစ် လုံးဟာ အပြန်အလှန်မြင်ကြလျှင် မိတ်ဆွေထံမှ ငွေကြေးအကူအညီ မျှော်လင့်နိုင်ပါ တယ်။

အမေး ။ ။ ဘယ်ဂြိုဟ်တွေ ဟာ စီးပွားရေး ဗေဒ၊ နိုင်ငံရေး သိပ္ပံ၊ ရုက္ခဗေဒ၊ သတ္တဗေဒနဲ့ စိတ္တ ဗေဒများ ရဲ့ ကာရကများ ဖြစ်သလဲ။

အဖြေ ။ ။ စီးပွားရေး ဗေဒ သော ကြာဂြိုဟ်နဲ့ အပိုင်ရာသီများ ။

နိုင်ငံရေး သိပ္ပံ ကြာသပတေးနဲ့ တနင်္ဂနွေဂြိုဟ်၊ ဓနုနဲ့သိဟ်ရာသီ။

ရုက္ခဗေဒ သော ကြာဂြိုဟ်နဲ့ ပြိဿရာသီ။

သတ္တဗေဒ တနင်္ဂနွေ၊ တနင်္လာနဲ့ အင်္ဂါဂြိုဟ်၊ ကရကဋ်၊ သိဟ်နဲ့ ဗြိစ္ဆာရာသီ။

စိတ္တဗေဒ တနင်္ဂနွေဂြိုဟ်နဲ့ သိဟ်ရာသီ။

အမေး ။ ။ ပညာရေး ဆိုင်ရာ အရည်အချင်းကို ဘယ်လို အဆုံးအဖြတ်ပေးမလဲ။

အဖြေ ။ ။ ၄တန့်ဘာဝဟာ ပညာရေး နဲ့ ပတ်သက်တယ်။ ၅တန့်ဘာဝက စိတ်အတွေးအခေါ် ခေတ်မှီခြင်းကို ဖော်ပြတယ်။ ၂တန့်ဟာ အသံသြဇာကို ပြဆိုတယ်။ ဒါကြောင့် အဲဒီ ၃အိမ်ကို အသေးစိတ် စစ်ဆေးရတယ်။ ဂြိုဟ်တွေ နဲ့ ပတ်သက်လို့ တနင်္ဂနွေဂြိုဟ်က သဘာဝသတ္တဗေဒ၊ တနင်္လာဂြိုဟ်က ဆေးပညာ၊ အင်္ဂါဂြိုဟ်က ခွဲစိပ်မှု ပညာနဲ့ စိုက်ပျိုးရေး ။ ဗုဒ္ဓဟူးဂြိုဟ်က သင်္ချာ၊ ကြာသပတေးဂြိုဟ်က စာပေနှင့် လေကြောင်းသိပ္ပံ၊ သော ကြာဂြိုဟ်က ဇီဝဗေဒပညာရပ်၊ စနေဂြိုဟ်က သမိုင်းနှင့် နိုင်ငံရေး သိပ္ပံ။ ဒါတွေ ကတစ်ဆင့် အခြားသိပ္ပံပညာရပ်တွေ ကိုလည်း ကျွန်တော် တို့ လေ့လာ နိုင်ပါတယ်။

အမေး ။ ။ လူ တစ်ယောက် ဟာ နက္ခတ္တဗေဒ သိပ္ပံပညာရပ်မှာ အောင်မြင်မှု ရမရ ဘယ်လိုဟော မလဲ။

အဖြေ ။ ။ စနေဂြိုဟ်ဟာ ၄တန့် သို့ မဟုတ် ၅တန့်မှာ ရပ်တည်လျှင်၊ နက္ခတ္တဗေဒပညာမှာ အောင်မြင်မယ်။ သော ကြာဂြိုဟ်ဟာ ၁၀တန့် သို့ မဟုတ် ၂တန့်မှာ ရှိပြီး တနင်္လာဂြိုဟ်က မြင်ခဲ့လျှင် အောင်မြင်မှု ကို ရမယ်။ ကြာသပတေးဂြိုဟ်က ၉တန့်မှာ ရပ်တည်ပြီး၊ စနေဂြိုဟ်မြင်လျှင် ဂါထာ မန္တန် သင်ကြားတတ်မြောက်မယ်။ မေထုန်လဂ် ဖြစ်ပြီး ၁၁တန့်မှာ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ၁၂တန့်မှာ သော ကြာ ရပ်ခဲ့လျှင် သိပ္ပံပညာရပ်မှာ ကျွမ်းကျင်မယ်။

အမေး ။ ။ ကလေးဘယ်နှစ် ယောက် ရမယ်ဆိုတာ ဘယ်လိုဟောမလဲ။

အဖြေ ။ ။ ကလေးဘယ်နှစ် ယောက် ရမယ်ဆိုတာ ဟောဖို့ ခုခေတ်မှာ နည်းလမ်းတွေ အများ ကြီး ရှိပါတယ်။ ဗေဒင်ဆရာက ထိုးထွင်းဥာဏ်မသုံးပဲ၊ ဗေဒင်ပညာတစ်ခုတည်းကိုသာ အသုံးပြု လျှင်တော့ အကျိုးမရှိဘူး။

သာမန်ဗေဒင်ကျမ်းတိုင်းမှာ ကလေးဘယ်နှစ် ယောက် ရှိမယ်ဆိုတဲ့ နည်းလမ်းတွေ ပါပါတယ်။ ကလေးဘယ်နှစ် ယောက် ရှိမယ်ဆိုတာကို မဟောခင် ယောက်ျား ဖြစ်သူရဲ့ ဇာတာမှာ ကလေးရစေနိုင် တဲ့ ယောက်ျားပီသမှု ရှိမရှိ စစ်ဆေးရမယ်။ အကယ်၍ မိန်းမရဲ့ ဇာတာမှာ တနင်္လာဂြိုဟ်က ၃တန့်၊ ၆တန့်၊ ၁၁တန့် ဘာဝများ မှာ ရပ်တည်လျှင်၊ တခြားမကောင်းတဲ့ အချက်တွေ ပါနေသေးလျှင် ကလေး မရနိုင်ဘူး။ ယောက်ျားဟာ ကလေးမွေးစေနိုင်တဲ့ ယောက်ျားပီသမှု ကို တနင်္ဂနွေဂြိုဟ်မှ အဆုံးအဖြတ် ယူရပြီး မိန်းမရဲ့ သန္ဓေသားတည်နိုင်မှု ကိုတော့ အင်္ဂါနဲ့တနင်္ဂနွေ၊ သော ကြာနှင့် ကြာသပတေးတို့ရဲ့ အံသာနှင့် လိတ္တာများ ထည့်ပေါင်းပါ။ ရလာဒ်ဟာ ယောက်ျားရာသီ ဖြစ်နေလျှင် အဲဒီ ယောက်ျားဟာ မျိုးစေ့ထုတ်ပေးနိုင်တဲ့ ယောက်ျားပီသမှု ကို ဖော်ပြခြင်း ဖြစ်တယ်။

အမျိုးသမီးတွေ အတွက် ကတော့ တနင်္လာ၊ အင်္ဂါနှင့် ကြာသပတေးဂြိုဟ်တို့ရဲ့ ရာသီ၊ အံသာ၊ လိတ္တာအားလုံးကို ပေါင်းရပါမယ်။ တကယ်လို့ ရလာဒ်ဟာ မိန်းမရာသီ ဖြစ်ခဲ့လျှင် အဲဒီ ဇာတာရှင် မိန်းမမှာ မွေးဖွားနိုင်စွမ်းအားရှိကြောင်း ညွှန်ပြပါတယ်။

အောက်ပါနည်းလမ်းတွေ ကို အသုံးပြုပါ။

၅တန့်ဘာဝရဲ့ ရာသီကို ချန်လှပ်ပြီး အံသာများ ကို လိတ္တာပုံဖွဲ့ပါ။ ၅တန့်ဘာဝကို မြင်တဲ့ဂြိုဟ် တွေ ရဲ့ အမြင်အားကို တွက်ပါ။ လိတ္တာများ ကို ဂြိုဟ်မြင်အား စုစုပေါင်းနဲ့ မြှောက်ပါ။ အဲဒါရဲ့ အပုံ (၆၀)ပုံ တစ်ပုံကို ယူပြီး ၂၀၀နှင့် စားပါ။ ရလာဒ်ဟာ မွေးမယ့်ကလေး အရေအတွက်ကို ညွှန်ပြခြင်း ဖြစ်တယ်။ အလားတူနည်းအတိုင်း ၅တန့်ဘာဝမှာ ရပ်တဲ့၊ မြင်တဲ့ ပါပဂြိုဟ်များ ရဲ့ အမြင်အားနှင့် သေဆုံးမယ့် ကလေးအရေအတွက်ကို ရှာနိုင်ပါတယ်။ အကယ်၍ ၅တန့်အိမ်ရှင်ဟာ ၅တန့်ဘာဝနှင့် နီးကပ်စွာ ရပ်တည်လျှင် သို့ မဟုတ် လဂ်သခင်နှင့် နီးကပ်စွာ ရှိလျှင် ဇာတာရှင်ဟာ ငယ်ရွယ်နုပျိုစဉ် အခါမှာ မွေးဖွားလိမ့်မယ်။ သို့ မဟုတ်ပါက အသက်ကြီးမှ ကလေးရမှာ ဖြစ်တယ်။

အမေး ။ ။ မွေးစားတာကို ဘယ်လိုဟောမလဲ။

အဖြေ ။ ။ ၉တန့်ဘာဝဟာ ဒွေးဒဟရာသီ ဖြစ်ပြီး အားကောင်းတဲ့ ဂြိုဟ်ဟာ အံသာကောင်းထဲ မှာ ရပ်တည်ရပါမယ်။ ကာရကဂြိုဟ် ဖြစ်တဲ့ (တနင်္ဂနွေ)ကလည်း ဥုစ်အံသာထဲမှာ ရှိပေမယ့်၊ ရပ်တည်ပုံ က သိပ်မကောင်းပဲ သော မဂြိုဟ်တစ်လုံးမြင်လျှင် ဇာတာရှင်ဟာ မွေးစားသား ဖြစ်မယ်။

အမေး ။ ။ အကယ်၍ ၅တန့်အိမ်ရှင်ဂြိုဟ်ဟာ အားပျော့မယ်၊ ဒုဋ္ဌာနများ မှာ ရပ်တည်မယ်ဆို လျှင် ကလေးတွေ ဟာ အားနည်းပြီး မကျန်းမာပဲ ဖြစ်မယ်။ သို့ မဟုတ် သူတို့ဟာ အသုံးမကျပဲ မိဘများ ဆင်းရဲစေတတ်တယ်ဆိုတာ ဟုတ်ပါသလား။

အဖြေ ။ ။ မိဘတွေ အတွက် အသုံးမကျတဲ့ ကလေးတွေ ဆိုလျှင် ၅တန့်သခင်ဟာ အားမပျော့ ရဘူး။ အားကောင်းရမယ်။ ဒါပေမယ့် အားကောင်းတဲ့ ပါပဂြိုဟ်တစ်လုံးလုံးက မြင်ရမယ်။ ဒုဋ္ဌာနအိမ် များ မှာ ရပ်တည်ရမယ်။ သို့ မဟုတ် မကောင်းတဲ့ ဘာဝတွေ မှာ ရပ်ရပါမယ်။

အမေး ။ ။ ကလေးအသေမွေးမယ့်ယုဂ်ကို ဘယ်လိုဟောရမလဲ။

အဖြေ ။ ။ အောက်ပါယုဂ်တွေ ဟာ ကလေးအသေမွေးမယ့် ယုဂ်တွေ ပါ။

(က) အမျိုးသမီးဇာတာထဲမှာ ၉တန့်သခင်ဟာ အတော် အတန် အားကောင်းမယ်။ ၅တန့်သခင်ကို အင်္ဂါသို့မဟုတ် ကိတ်ဂြိုဟ်က မြင်အားကောင်းမယ်။

(ခ) ကြာသပတေးမှ ၅တန့်ရဲ့ အဋ္ဌ၀ဂ္ဂမှာ ၅တေးမှာ ဗိန္ဓုတွေ နည်းပြီး စနေနှင့် ၄ဟူး ဗိန္ဓုများ နေရမယ်။

(ဂ) ၅တန့်ဘာဝို ဓုမ သို့ ကိတ်တို့အမြင်ထားရမယ်။ ၅တန့် ဘာဝကို ၅တန့် သခင်က မြင်ပြီး မန္ဒိရပ်တည်လျှင် ကလေးအသေမွေးဖွားပါလိမ့်မယ်။

အမေး ။ ။ အမွှာမွေးမယ်၊ ယောက်ျားကလေး (သို့ မဟုတ်) မိန်းကလေးချည်းပဲ။ ယောက်ျား လေး တစ်ယောက် ၊ မိန်းကလေး တစ်ယောက် မွေးမယ်လို့ ဘယ်လိုဟောရမလဲ။

အဖြေ ။ ။ တနင်္လာနှင့် သော ကြာဂြိုဟ်တို့ဟာ သမရာသီများ မှာ ရပ်တည်ပြီး ကြာသပတေး၊ အင်္ဂါ၊ လဂ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့က သမရာသီများ မှာ ရပ်တည်လျှင် အမွှာမွေးလိမ့်မယ်။ သားတစ် ယောက် သမီး တစ်ယောက် ဖြစ်လိမ့်မယ်။ အားကောင်းတဲ့ ယောက်ျားဂြိုဟ်က သမရာသီမှာ လဂ် (သို့ မဟုတ်) တနင်္လာဂြိုဟ်ကိုမြင်လျှင် သား တစ်ယောက် ၊ သမီး တစ်ယောက် မွေးမယ်။ အကယ်၍ ဗုဒ္ဓဟူး၊ ကြာသပတေးတို့ဟာ သမရာသီမှာ ရပ်တည်ပြီး အားကောင်းကြလျှင် ယောက်ျားလေးချည်း အမွှာမွေး မယ်။ ဂြိုဟ်အားလုံး လဂ်တို့ စီးထားတဲ့ န၀င်းရာသီကို မေထုန်ရာသီ န၀င်းကိုစီးထားတဲ့ ဗုဒ္ဓဟူးဂြိုဟ်က မြင်လျှင် ၃မွှာပူးမွေးမယ်။ (ယောက်ျားနှစ် ယောက် နှင့် မိန်းကလေး တစ်ယောက် ဖြစ်မယ်။)

အထက်ဖေါ်ပြပါ ဂြိုဟ်များ နှင့် လဂ်တို့က မေထုန် (သို့ မဟုတ်) ဓနုရာသီမှာ န၀င်းစီးပြီး၊ မေထုန်ရာသီန၀င်းကို စီးနေတဲ့ ဗုဒ္ဓဟူးဂြိုဟ်က မြင်ခဲ့လျှင် ၃မွှာပူးမွေးမယ်။ (ယောက်ျားလေးချည်းပဲ)။ ဂြိုဟ်များ အားလုံးနှင့် လဂ်က ကန်ရာသီ (သို့ မဟုတ်) မိန်ရာသီ န၀င်းမှာ ရပ်တည်ပြီး၊ ကန်ရာသီ န၀င်းစီးတဲ့ ဗုဒ္ဓဟူးဂြိုဟ်က မြင်လျှင် ၃မွှာပူးမွေးမယ်။ (မိန်းကလေးချည်း ဖြစ်တယ်)။ ဒါဟာ (သာရာဝလီ)ကျမ်းရဲ့ အယူအဆများ ဖြစ်ပါတယ်။

အမေး ။ ။ လူ တစ်ယောက် ဟာ မိန်းမလျာ ဖြစ်ကြောင်း ဘယ်လိုလုပ်သိနိုင်မလဲ။

အဖြေ ။ ။ မိန်းမလျာအမျိုးမျိုးရှိပါတယ်။ (ကမ္မသန္တရ)ကျမ်းအရ အမျိုး (၂၀) ပြထားပါတယ်။ (၁)နိသကသန္နေ၊ (၂) ဗဒ၊ (၃) ပတ္တ၊ (၄) ကိလာက၊ (၅) သပဒိသန္ဒ၊ (၆) သတ္တဒါ၊ (၇) အာသက၊ (၈)သိဝိယက၊ (၉) အသိတဗိဇ (၁၀) မောဂဗိဇ (၁၁)သလိက၊ (၁၂) အနယပသိ၊ (၁၃) မုခဘောဂ၊ (၁၄) ၀သရိသ၊ (၁၅) ကွမ်ဘိက၊ (၁၆) ပန္ဒ (၁၇)နသက (၁၈) အသိဝယ (၁၉) သုသန္ဒိ (၂၀) သန္ဒ တို့ ဖြစ်တယ်။

ယောက်ျားလိင်မရှိတဲ့လူတွေ ဟာ (နိသကသန္ဒေ) ဖြစ်တယ်။ ဆီးကျိတ်မရှိတဲ့ သူများ ဟာ (ဗဒ) ဖြစ်တယ်။ ၂ပတ်မှ တစ်ကြိမ်လောက်သာ သံဝါသပြုနိုင်သူများ ကို (ပတ္တသန္ဒ)လို့ ခေါ်တယ်။ တခြားယောက်ျားတစ်ဦးနျင့် သွားလာပြီး မိန်းမကိုမှ သံဝါသပြုလိုသူများ ကို (ကိလာက)လို့ ခေါ်တယ်။ ဆရာသမားကို ပြစ်မှားမှု ကြောင့် သံဝါသမပြုနိုင်သူများ ကို (သပဒိသန္ဒေ)လို့ ခေါ်တယ်။ သုတ်သွေးမလွှတ်နိုင်သူများ ကို (သဗ္ဗဒ)လို့ ခေါ်တယ်။ တစ်ခြားစုံတွဲ သွားလာတာကို ကြည့်ပြီးမှ သံဝါသပြုတတ်သူကို (အာသက)လို့ ခေါ်တယ်။ ကိလေသာကိစ္စများ လွန်းလို့ သံဝါသမပြုနိုင်သူကို (သိဝိယက)လို့ ခေါ်တယ်။ သံဝါသမပြုနိုင်အောင် သုတ်လွှတ်မြန်ခြင်းကို (အသိသဗီဇ)လို့ ခေါ်တယ်။ အမျိုးသမီးများ က ဆန္ဒရှိလို့တောင်မှ သံဝါသမပြုနိုင်သူကို (မောဂဗိဇ)လို့ ခေါ်တယ်။ တစ်ခြားစုံတွဲ သွားလာတာကိုကြည့်ပြီးမှ ဆန္ဒပြည့်နိုင်သူကို (သလိန)လို့ ခေါ်တယ်။ တစ်ခြား မိန်းမတွေ ကိုပါ ခံစားနိုင်သူကို (အနိပသိ)လို့ခေါ်တယ်။ မျက်နှာဝိုင်းသူကို ခံစားတတ်သူကို (မုခသ)လို့ ခေါ်တယ်။ သံဝါသပြုနေတုန်း အီးပေါက်သူကို (၀သရိသု)လို့ ခေါ်တယ်။ အမျိုးသမီး လက်ပေါ်မှာ ခံစားတတ်သူ ကို (ကွမ်ဘိက)လို့ ခေါ်တယ်။ ယောက်ျားမပီသသူကို (ပန္ဒ)လို့ ခေါ်တယ်။ ကျန်းမာရေး ချို့တဲ့လို့ မခံစားနိုင်သူကို (နသက)လို့ ခေါ်တယ်။ သုတ်လွှတ်နိုင်ပေမယ့် စိတ်မထနိုင်သူကို (အသိဝယ)လို့ ခေါ်တယ်။ အမျိုးသမီးအနံ့ကို ရပြီးမှ ခံစားတတ်သူကို (သုသန္ဒိ)လို့ ခေါ်တယ်။ ပုံစံအမူအယာ မိန်းမဆန်ပြီး တန်ဆာဖြတ်တောက်ခံထားရသူကို (သန္ဒ)လို့ ခေါ်ပါတယ်။

အဲဒီ နည်းအားဖြင့် မိန်းမလျာ (၂)မျိုး (၂)စား ရှိကြောင်း တွေ့ ရပါတယ်။ အချို့ (ဗီဇ) မပါပဲ၊ အချို့ ကတော့ (ဗီဇဒေါသ) ပါရှိတယ်။ (ကလိဗ) ယုဂ်ကို စစ်ဆေးတဲ့အခါ သူတို့ရဲ့ (ဗီဇသယုသ)ကိုပါ စစ်ဆေးရပါမယ်။

အသေးစိတ်ကို (ပရာသနမာဃ)ကျမ်းမှာ ပါပါတယ်။

အမေး ။ ။ ကလေးများ တဲ့ လူ တစ်ယောက် ရဲ့ ဇာတာကိုကြည့်ပြီး သူ့ကလေးတွေ ရဲ့ ကံကြမ္မာ ကို ဘယ်လိုဟောရမလဲ။

အဖြေ ။ ။ ၅တန့် သခင်စီးတဲ့ န၀င်းလုံးရေဟာ ကလေးအရေအတွက် ဖြစ်ပါတယ်။ သော မန၀င်း တွေ က အသက်ရှင်ကျန်ရစ်မယ့် ကလေးများ ကို ညွန်ပြပြီး၊ ဂြိုဟ်ဆိုးအမြင်ကင်းတဲ့ သော မန၀င်းက ကျန်းမာသန်စွမ်းတဲ့ ကလေးများ ကို ညွှန်ပြလျက်ရှိပါတယ်။ ပါပဂြိုဟ်ဆိုး အမြင်ကြုံတဲ့ န၀င်းများ က အသက်တိုတဲ့ကလေးများ ကို ညွှန်ပြတယ်။ ဥုစ်ရတဲ့ န၀င်းများ က ကလေး(၃) ယောက် ၊ ကသစ် န၀င်း က (၂)ယောက် ကို ညွှန်ပြပါတယ်။

(၂) ကလေးအရေအတွက် အစဉ်အလိုက် ၅တန့်နှင့် ၅တန့်သခင်ရပ်တည်ရာ ဘာဝကြားမှာ ရှိနေတဲ့ဂြိုဟ်များ ကို စစ်ဆေးခြင်းဖြင့် သိနိုင်တယ်။

(၃) ၅တန့်ဟာ ပထမကလေး၊ ၄င်းမှရေတွက်လို့ရနိုင်တဲ့ ၃တန့်ဟာ ဒုတိယကလေး၊ ၃တန့် မှ ထပ်ရေတွက်လို့ရတဲ့ ၃တန့်ဟာ တတိယကလေးစသည်ဖြင့် တွက်ယူလို့ရပါတယ်။

အမေး ။ ။ ဇာတာကိုကြည့်ပြီး ဇာတာရှင်ဟာ ကလေးမွေးစားမယ်ဆိုတာ ကြိုတင်ဟောပြော နိုင်ပါသလား။

အဖြေ ။ ။ ကလေးအမျိုးအစား အများ ကြီးရှိတယ်။ (၁)သြရသ၊ (၂) ကေသရဇ၊ (၃) ဒတ္တ၊ (၄) ကိရိသ၊ (၅) ကရုသရိမ၊ (၆) အဇာမ၊ (၇) ဂုဒုမန္န၊ (၈) အပဗိဇ၊ (၉) ပေါ်နာဘာဝ၊ (၁၀) ကနိန နှင့် (၁၁) သဟိုဓ တို့ ဖြစ်ပါတယ်။

(၁) သြရိသ သားဟာ သူ့ဇနီးသည်မှ မွေးဖွားလာတဲ့ သား ဖြစ်တယ်။

(၂) လင်ယောက်ျားဟာ မိန်းမလျာ (သို့ မဟုတ်) ရောဂါ စွဲကပ်နေတဲ့အတွက် တခြား ယောက်ျားကြောင့် မွေးတဲ့ကလေးကို (ကေသရာဇ) လို့ ခေါ်ပါတယ်။

၅တန့် ဘာဝမှာ စနေရပ်ပြီး မကာရ (သို့ မဟုတ်) ကုမ်ရာသီ ဖြစ်ကာ ဗုဒ္ဓဟူးဂြိုဟ်ကမြင်ပြီး တနင်္ဂနွေ၊ ကြာသပတေးနှင့် အင်္ဂါတို့က မမြင်လျှင် (ကေသရာဇ) သားကို မွေးဖွားလိမ့်မယ်။

(၃) ဒတ္တဆိုတာ ကတော့ မွေးစားတဲ့နည်းအတိုင်း မွေးစားတဲ့ သားကို ခေါ်တယ်။

၅တန့် ဘာဝဟာ မကာရ (သို့ မဟုတ်) ကုမ်ရာသီ ဖြစ်ပြီး စနေဂြိုဟ်ကလည်း အလားတူ ရပ်တည်မယ်။ တချိန်တည်းမှာ တနင်္လာဂြိုဟ်ကလည်း မြင်မယ်ဆိုလျှင် ဇာတာရှင်ဟာ မွေးစားသား (သို့ မဟုတ်) ဒတ္တကို ရမယ်လို့ ပြောနိုင်တယ်။

(၄) ကရိတက သားဆိုတာ ကတော့ ကလေးမိဘဆီက ၀ယ်ယူမွေးစားတာကို ခေါ်တယ်။

၅တန့်အိမ်ဟာ မေထုန် (သို့ မဟုတ်) သိဟ်ရာသီ ဖြစ်ပြီး ဗုဒ္ဓဟူးဂြိုဟ်က အဲဒီ မှာ ရပ်တည်နေ မယ်။ တနင်္လာဂြိုဟ်မြင်မယ်ဆိုလျှင် (ကရိကတ) သား ကိုရပါမယ်။

(၅) (ကရုတရိမ) သားဆိုတာက သနားလို့၊ ချစ်လို့၊ ခံစားမှု ရှိလို့ မွေးစားတဲ့သားကို ခေါ်ပါ တယ်။

၇တန့်အိမ်ဟာ ပြိဿ (သို့ မဟုတ်) ဗြိစ္ဆာရာသီ ဖြစ်မယ်။ ၅တန့်အိမ်မှာ တခြားဘယ်ဂြိုဟ်မှ မမြင်ဘဲ စနေဂြိုဟ်မြင်မယ်ဆိုလျှင် (ကရုတရိမ) သားကို ရမယ်။

(၆) (အဓာမ) သားဆိုတာ ကတော့ မိမိထက် နိမ့်ကျတဲ့ မိသားစုမှ မွေးဖွားလာတဲ့ သားကို ခေါ်ပါတယ်။ မယားငယ်မှ မွေးဖွားလျှင်လည်း (အဓာမ) သားပဲ။

၅တန့်အိမ်ဟာ သိဟ်ရာသီ ဖြစ်မယ်။ အဲဒီ မှာ တနင်္ဂနွေဂြိုဟ်က ရပ်တည်ပြီး အင်္ဂါဂြိုဟ် မြင်လျှင် (အဓာမ) သားကို ရပါတယ်။

(၇) (ဂုဒုမန္န) သားဆိုတာ ကတော့ မိမိဇနီးမှ မိမိအိမ်မှာ မွေးတဲ့ ကလေး ဖြစ်ပေမယ့် အဖေ ဘယ်သူ ဖြစ်မှန်း မသိသူကို ခေါ်ပါတယ်။

တနင်္လာဂြိုဟ်က ပြိဿ (သို့ မဟုတ်) ဗြိစ္ဆာရာသီမှာ ရပ်တည်မယ်။ ၅တန့်ကို တခြား ဘယ်ဂြိုဟ်မှ မမြင်ဘဲ စနေဂြိုဟ်မြင်မယ်ဆိုလျှင် (ဇာရဇ) သားကို ရပါတယ်။

(၈) (အပ၀ိဇ) သားဆိုတာ ကတော့ မိဘများ စွန့်ပစ်ထားခဲ့ထားတဲ့ သားကို ကောက်ယူ မွေးစားခြင်း ဖြစ်တယ်။

၅တန့်ဟာ မကာရ (သို့ မဟုတ်) ကုမ်ရာသီ ဖြစ်မယ်။ အဲဒီ မှာ အင်္ဂါဂြိုဟ်ရပ်တည်ပြီး တနင်္ဂနွေ ဂြိုဟ်မြင်လျှင် (အပ၀ိဇ) သားကို ရမယ်။

(၉) (ပေါ်နာဘာဝ) သားဆိုတာ ကတော့ မုဆိုးမ (သို့ မဟုတ်) လင်ကွာပြီးမိန်းမမှ မွေးတဲ့ သားကို ခေါ်ပါတယ်။

တနင်္လာဂြိုဟ်ဟာ မကာရ (သို့ မဟုတ်) ကုမ်ရာသီ (သို့ မဟုတ်) စနေဂြိုဟ်ရဲ့ ၀ဂ္ဂများ မှာ ရှိမယ်။ ၅တန့်ဘာဝမှာ စနေဂြိုဟ်ရပ်တည်မယ်။ သော ကြာနှင့် တနင်္ဂနွေဂြိုဟ်မြင်လျှင် (ပေါ်နာဘာဝ) သားကို ရပါမယ်။

(၁၀) (ကနီန) သားဆိုတာ ကတော့ လက်မထပ်ခင် မွေးတဲ့သားကို ခေါ်ပါတယ်။

တနင်္လာဂြိုဟ် နိစ်မူပြီး ၅တန့်မှာ ရပ်မယ်။ တနင်္ဂနွေဂြိုဟ်နှင့် ပူးယှဉ်မယ်ဆိုလျှင် (ကနီန) သားကို ရပါမယ်။

(၁၁) (သဟောဓ) သားဆိုတာက ကလေးရဲ့ မူလဘ၀ကို မသိရပဲ လိုအပ်တဲ့ လုပ်နည်းများ အရ ယူထားတဲ့ ဇနီးသည်မှ မွေးဖွားတဲ့ ကလေး ဖြစ်တယ်။

၅တန့်ဟာ ကရကဋ် (သို့ မဟုတ်) သိဟ်ရာသီ (သို့ မဟုတ်) တနင်္ဂနွေ တနင်္လာဂြိုဟ်များ ရဲ့ ၀ဂ္ဂများ မှာ ရှိမယ်။ အဲဒီ မှာ တနင်္ဂနွေ (သို့ မဟုတ်) တနင်္လာဂြိုဟ်တို့ ရပ်တည်ပြီး သော ကြာဂြိုဟ်ကို မြင်လျှင် (သဟောဓ) သားမျိုးကို ရပါတယ်။

ဒါတွေ ဟာ ကလေးအမျိုးအစား အချို့တို့ ဖြစ်ပါတယ်။ အသေးစိတ်ကို ပရာသနမာဃကျမ်း နှင့် သာရာဝလီကျမ်းတို့မှာ လေ့လာပါ။

အမေး ။ ။ ကြွေးရှိနေသူ တစ်ယောက် ဟာ ကြွေးမြီများ အားလုံး ဘယ်တော့ရှင်းမယ်ဆိုတာ ဘယ်လို ဟောနိုင်မလဲ။

အဖြေ ။ ။ (က) ၂တန့်သခင်နှင့် ၂တန့်မှာ ရပ်တည်တဲ့ ဂြိုဟ်တွေ ဟာ ၆တန့်၊ ၈တန့်၊ ၁၂တန့် တို့မှာ ရပ်တည်တဲ့ဂြိုဟ်များ ထက် အားကောင်းလျှင်

(ခ) အိမ်ဆိုးတွေ ကို အားကောင်းတဲ့ သော မဂြိုဟ်များ က ခိုင်ခိုင်မာမာမြင်လျှင် ဇာတာရှင် ဟာ ကြွေးမြီတွေ ကင်းရှင်းသွားလိမ့်မယ်။

အဲဒီ ဂြိုဟ်တွေ ရဲ့ ဒသာများ (သို့ မဟုတ်) ဘုတ္ထိများ ထဲမှာ ကြွေးကင်းသွားလိမ့်မယ်။

အမေး ။ ။ လူ တစ်ယောက် ဘာအလုပ်လုပ်ပြီး ကြီးပွားမယ်ဆိုတာ ဘယ်လိုဟောမလဲ၊ အတိတ်နှင့် အနာဂတ်ရဲ့ ဘ၀အခြေအနေတွေ ကို ဘယ်လိုပြောလို့ရမလဲ။

အဖြေ ။ ။ မေးခွန်းရဲ့ ပထမပိုင်းက လူ တစ်ယောက် ရဲ့ လုပ်ငန်းအပေါ်ယူဆထားတဲ့အချက်မှာ တည်ပါတယ်။ နိုင်ငံရေး ၊ လူမှု ရေး ၊ ယဉ်ကျေးမှု (သို့ မဟုတ်) တစ်ခုခု ဖြစ်ချင် ဖြစ်မယ်။ ယေဘုယျအားဖြင့် ဒီဘ၀မှာ လူ တစ်ယောက် ရဲ့ ကိုယ်စားပြုတဲ့ အလုပ်သဘာဝဟာ (၁၀)တန့်ဘာဝ ကို နက်နက်နဲနဲစဉ်းစားပြီးမှ ဆုံးဖြတ်ရပါမယ်။ အဲဒီ မှာ ဂြိုဟ်တွေ က အားကောင်းလို့ရှိရင် ဇာတာရှင်ဟာ မိမိသွားမယ့် လမ်းကြောင်းကို သိရှိပါလိမ့်မယ်။ ဂြိုဟ်ဆိုးအမြင်ကြုံလျှင်တော့ ငြိတွယ် နေတဲ့ အချက်အများ ရှိပါမယ်။

အတိတ်၊ အနာဂတ်ဘ၀နှင့် ပတ်သက်လို့ ကတော့ ဗြို့ဟဇ်ဇာတကကျမ်းမျိုးက စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်များ ကို ဖော်ပြထားပါတယ်။ သေဆုံးရတဲ့ အကြောင်းကိုလည်း ရှင်းလင်းဖော်ပြ ထားပါတယ်။ အကယ်၍ လူ တစ်ယောက် မွေးဖွားတဲ့ ၂တန့် (သို့ မဟုတ်) ၁၂တန့်သခင်ဟာ ဘာဝတစ်ခု မှာ ရှိမယ်။ သော မပိုင်တဲ့ န၀င်းမှာ ရှိမယ်။ သို့ မဟုတ် သော မဂြိုဟ်တစ်လုံးနဲ့ ပူးယှဉ်မယ်ဆိုလျှင် အနာ ရောဂါ မခံစားရပဲ ပျော်ရွှင်စွာ သေဆုံးရမယ်။

တနင်္ဂနွေနှင့် တနင်္လာဂြိုဟ်တို့ဟာ ၁၂တန့်ဘာဝသခင်များ ဖြစ်ခဲ့လျှင် သို့ မဟုတ် ၁၂တန့် ဘာဝမှာ ရပ်တည်လျှင်၊ သေတဲ့အခါ ကောင်းမွန်ရာဘုံကို ရောက်မယ်လို့ဆိုတယ်။ အဲဒီ ဂြိုဟ်ဟာ သော ကြာဂြိုဟ် ဖြစ်ခဲ့လျှင် ကောင်မွန်တဲ့ဘုံကို ရောက်မယ်လို့ ဆိုတယ်။ အဲဒီ ဂြိုဟ်ဟာ အင်္ဂါဂြိုဟ် ဖြစ်ခဲ့ လျှင် လူ့ဘ၀ပြန်ရမယ်လို့ ဆိုတယ်။ ဗုဒ္ဓဟူးဂြိုဟ် ဖြစ်ခဲ့လျှင်၊ စနေဂြိုဟ် ဖြစ်ခဲ့လျှင်၊ ကြာသပတေးဂြိုဟ် ဖြစ်ခဲ့လျှင် ကောင်းတဲ့ဘုံတွေ ရောက်မယ်။ ရာဟုနှင့် ကိတ် ဖြစ်လျှင် ငရဲဘုံကို ရောက်မယ်လို့ ပြောတယ်။ အကယ်၍ ၉တန့်သခင် (သို့ မဟုတ်) ၅တန့်အိမ်ဟာ ဥုစ်ရလျှင်၊ မိမိအိမ်မှာ ရပ်တည်လျှင် (သို့ မဟုတ်) လဂ်မှာ ရပ်တည်လျှင် ဇာတာရှင်ရဲ့ ပြီးခဲ့တဲ့ဘ၀နှင့် နောင်ဘ၀မှာ (၉တန့် သို့ မဟုတ် ၅တန့်အိမ်လို့ ယူဆထားတဲ့အတိုင်း) လူ ဖြစ်မယ်။ ၉တန့်နှင့် ၅တန့် သခင်များ ဖြစ်တဲ့ ဂြိုဟ်၂လုံးဟာ ပူးယှဉ်နေလို့ရှိလျှင်၊ ဇာတာရှင်ဟာ သူ့နေရာသူ့ဋ္ဌာနမှာ ပဲ မွေးဖွားလာလိမ့်မယ်။ သေတာ၊ အတိတ်ဘ၀၊ အနာဂတ်ဘ၀နှင့် ပတ်သက်တဲ့ အကြောင်းအချက် အများ အပြားရှိပါသေးတယ်။

(မှတ်ချက် ။ ။ သေခြင်းတရားနှင့် ပတ်သက်ပြီး လားရာဘ၀ကို ဘယ်သူမှ တင်ကြိုမပြော နိုင်ပါ။ မိမိဘက်မှ ထင်တဲ့အချက်များ ကို ပြောနေခြင်းသာ ဖြစ်ပါတယ်။ အယူသည်း၍ ပုံသေယုံကြည် နေစရာမလိုပါ။)

အမေး ။ ။ ကသစ်မှာ ရာဟုနှင့် ကိတ်ဟာ အိမ်ပိုင်မရှိကြဘူးလို့ တချို့ကဆိုပေမယ့် တချို့က ကန်ရာသီကို ရာဟုအား အိမ်အပိုင်အ ဖြစ် ပေးထားတယ်လို့ ဆိုပါတယ်။ အဲဒါ ဘယ်လိုယူဆရမလဲ။

အဖြေ ။ ။ (ပရာဿရ) က ကန်ရာသီကို ရာဟုရဲ့ ကသစ်အိမ်အ ဖြစ်ပေးထားတယ်။ ရှေးရှေး ကျမ်းကြီးများ ဖြစ်တဲ့ (သာရာဝလီ) (ဇာတကပါရိဇာတ) ဇောတိတတ္တ (ဘာဝကုသုဟလ)တို့က ကန်ရာသီကို ရာဟုသို့ ပေးတာ သဘောတူလက်ခံကြပါတယ်။ ဒါပေမယ့် ဥုစ်ရာသီများ နှင့် ပတ်သက်လို့ ကတော့ ကွဲပြားတဲ့အယူအဆတွေ ရှိပါတယ်။ ကိတ်ဟာ မိန်ရာသီရဲ့ သခင် ဖြစ်ပါတယ်။

အမေး ။ ။ အတိတ်နှင့် အနာဂတ်မွေးဖွားခြင်းနှင့် ပတ်သက်ပြီး ဘယ်ရာသီ၊ ဘယ်ဘာဝ၊ ဘယ်ဂြိုဟ်တွေ ကို ကြည့်ရမလဲ။

အဖြေ ။ ။ (မန္တရေသွရ)အယူအဆက ၉တန့်သခင်ရပ်တည်တဲ့ ရာသီဟာ အတိတ်ဘ၀၊ ၅တန့်သခင်ရပ်တည်တဲ့ ရာသီ ကတော့ အနာဂတ်ဘ၀လို့ ယူဆပါတယ်။

အချို့ ကတော့ ၁၂တန့်ကို အတိတ်ဘ၀မှ မွေးဖွားခြင်းအနေနှင့် ယူဆပြီး ၂တန့်အိမ်ကို အနာဂတ်မွေးဖွားခြင်းနှင့် ယူဆကြပါတယ်။ ဒီ၂မျိုးစလုံးကို စစ်ဆေးပြီး အတိတ်နှင့် အနာဂတ်ဘ၀ကို ဖတ်ကြားရပါမယ်။ (ပရာဿရ)က အတိတ်ဘ၀ကို ညွှန်ပြတဲ့ အနေနှင့် တနင်္လာစီးတဲ့ န၀င်းသခင်ဟာ အရေး ကြီးတယ်လို့ ပြောခဲ့ပါတယ်။

အမေး ။ ။ လူ တစ်ယောက် ဟာ ၃၂နှစ် ကျော်လျှင် သူ့အကောင်းမှု ၊ ဆိုးမှု ကို လဂ်အစား စန်းက ထောက်ပြီး ဟောရမယ်ဆိုတာ ဟုတ်ပါ့မလား။

အဖြေ ။ ။ ဒီအယူအဆဟာ (၀ါရဟမိဟိရ)ဆရာရဲ့ အယူအဆ ဖြစ်ပါတယ်။ အသက် (၃၂)နှစ် အထိ လဂ်ကို အသုံးပြုရမယ်။ သူ့ရဲ့ ခန္ဓာကြံ့ခိုင်မှု နှင့် ပိုပြီးတော့ သက်ဆိုင်တယ်။ (၃၂)နှစ် ထက် ကျော်သွားတဲ့အခါ သူ့စိတ်ဟာ အပြည့်အ၀ ရင့်ကျက်လာပြီ။ သူ့လှုပ်ရှားမှု အားလုံးကို သူ့စိတ်က ထိန်းချုပ်ပေးထားတယ်။ ဒါကြောင့် စန်းကို လဂ်လိုသဘောထားကြည့်ရမယ်။ (၆၄)နှစ် ကျော်တဲ့အခါ (အသိတရားတွင် ) ပိုမိုရင့်ကျက်မြင့်မားတဲ့ အသိများ ၀င်ပြီး သူလုပ်သမျှဟာလည်း အဲဒီ အသိက ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် အသက် (၆၄)နှစ် မှာ စပြီး တနင်္ဂနွေကို လဂ်အ ဖြစ် သတ်မှတ်ကြည့်ရ မယ်လို့ မိန့်ဆိုခဲ့တာပါ။

အမေး ။ ။ ရာဟုဟာ သူ့ရဲ့ မူလ တြိဂုင်္ဏးလို့ အချို့ယူဆတဲ့ ကုမ်ရာသီမှာ ရှိတာထက်၊ မကာရရာသီမှာ ရပ်တည်တာ ဘယ်လိုကွာခြားမလဲ။

အဖြေ ။ ။ ကုမ်ရာသီဟာ ရာဟုရဲ့ မူလတြိဂုဏ်းလို့ အများ က ယူဆပေမယ့် မဟုတ်ပါဘူး။ ဒီအရာများ ဟာ ဒသာရဲ့ အကျိုးသက်ရောက်မှု များ ကို ဖော်ပြရာမှာ ကုမ်ရာသီအတွက် ကောင်းတဲ့ အကျိုးသက်ရောက်မှု ကို ပေးလိုဟန်မတူဘူး။ ရာဟုဟာ မကာရရာသီမှာ ကောင်းတဲ့ရလာဒ်ကို ဖြစ်ပေါ်စေတယ်။ (ကီရာလာ)ပြည်နယ်မှာ မကာရရာဟုကို “ရာဟုရာဇာ”ရယ်လို့ ဂုဏ်ပြုကြတာ ရိုးရာ ပါပဲ။

အမေး ။ ။ အောက်ပါကိစ္စတွေ ကို ဘယ်လိုဖြေရှင်းရမလဲ။

မိတ်သစ်များ ရရှိခြင်း။

သူငယ်ချင်းများ နှင့် ဆွေမျိုးများ ထံမှ စာလာခြင်း။

သူငယ်ချင်းများ ဆွေမျိုးများ နှင့် တွေ့ ဆုံခြင်း။

မလိုအပ်တဲ့ အငြင်းပွားမှု များ ပြုလုပ်ရခြင်း။

ထမင်း (သို့ မဟုတ်) အိပ်ဖို့အိပ်ယာ မရနိုင်ခြင်း။

အဖြေ ။ ။ မိတ်သစ်များ လဂ်သခင်ရဲ့ မိတ်ဂြိုဟ်များ နှင့် ၄င်းတို့ရဲ့ ၁၁တန့်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့ ဆက်သွယ်မှု များ ဖြစ်တယ်။

သူငယ်ချင်းများ ထံမှ စာက ၂တန့်အိမ်နှင့် ၁၁တန့်အိမ် ဗုဒ္ဓဟူးဂြိုဟ်ရဲ့ ဆက်သွယ်မှု များ ။

သူငယ်ချင်းများ ဆွေမျိုးများ နှင့် တွေ့ ဆုံခြင်း ဗုဒ္ဓဟူးဂြိုဟ်လဂ်နှင့် န၀င်း။

မလိုလားအပ်တဲ့ အငြင်းပွားမှု ၂တန့်သခင်၊ ၂တန့်အိမ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့ ရန်အိမ်များ မှာ ရပ်တည်လျှင် (သို့ မဟုတ်) နိစ်အင်္ဂါဂြိုဟ်မှာ ရပ်တည်လျှင်

ထမင်း (သို့ မဟုတ်) အိပ်ယာမရနိုင်ခြင်း ၃တန့်အိမ်ဟာ အစားအစာကို စိုးမိုးတယ်။ အဲဒါကို ဂြိုဟ်ဆိုးအမြင်ကြုံလျှင် အစားအစာချို့တဲ့လိမ့်မယ်။ တနင်္လာဂြိုဟ်လည်း ထည့်သွင်းရမယ်။ ၁၂တန့်နှင့် သော ကြာဂြိုဟ်တို့က သက်တောင့်သက်သာ အိပ်စက်နိုင်မှု ကို ဆုံးဖြတ်တယ်။ ဒီရလာဒ်မှ ဂြိုဟ်ဆိုး အမြင်ကြုံလျှင် မသက်မသာ အိပ်စက်ရမယ် (သို့ မဟုတ်) အိပ်ယာမရနိုင်ပဲ ဖြစ်လိမ့်မယ်။

အမေး ။ ။ လက်ထပ်ရမယ့်ရက်ကို ဘယ်လိုဟောမလဲ။

အဖြေ ။ ။ ၇တန့်အိမ်နှင့် ၇တန့်သခင်အားကောင်းရမယ်။ အိမ်ကောင်းမှာ ရပ်တည်ရမယ်။ ဂြိုဟ်ဆိုးအမြင်ကြုံမှု ကင်းရမယ်။ သော ကြာဂြိုဟ်ဟာ ဇနီးနဲ့ကာရက ဖြစ်ပြီး စနေဂြိုဟ် ကတော့ အတိုင်း အတာအချို့အထိ လင်ယောက်ျားအတွက် ကာရက ဖြစ်ပါတယ်။ သူတို့လည်း နေရာကောင်းမှာ ရပ်တည်ရမယ်။ ၇တန့်ဘာဝရဲ့ သော ကြာအဋ္ဌာဝဂ္ဂမှာ ၄ဟူး၊ စနေအားမရှိစေရ၊ ၆ကြာဟာ ၅ဗိန္ဓုထက်ပိုပြီး ရှိလျှင်သိပ်ကောင်းတယ်။ သော ကြာဂြိုဟ်နှင့် တနင်္လာဂြိုဟ်မှ ၇တန့်အိမ်ကိုလည်း ဒီနည်းအတိုင်းမှတ်သားရမယ်။ အထက်ဖော်ပြပါရာသီများ မှာ ကောဇာသော ကြာဂြိုဟ်နှင့် လဂ်မှ ၇တန့်သခင်၊ တနင်္လာနှင့် သော ကြာတို့ရပ်တဲ့ ရာသီသခင်များ ၊ ကောဇာမှာ ဘယ်တော့ ၀င်ရောက်လာ မယ်ဆိုတာကို မှတ်သားရမယ်။ သူတို့ရဲ့ ဒသာနှင့် ဘုတ္တိများ ကိုလည်း မှတ်သားပြီး ဆုံးဖြတ်နိုင်ပါတယ်။

အမေး ။ ။ အိနြေ္ဒရတဲ့ မိန်းကလေး (သို့ မဟုတ်) ဆိုးတဲ့မိန်းကလေး ဘယ်မိန်းကလေးနှင့် အိမ်ထောင်ကျမယ်ဆိုတာ ဘယ်လိုဟောရမလဲ။

အဖြေ ။ ။ ယေဘုယျအားဖြင့် အောက်ပါယုဂ်တွေ ဟာ ကောင်းတယ်။

အကယ်၍ လဂ်မှ ၇တန့်ဘာဝဟာ အင်္ဂါပိုင်အိမ်မှာ ဖြစ်စေ၊ အင်္ဂါန၀င်းကို စီးထားသည် ဖြစ်စေ၊ ပြီးတော့ ၇တန့်ဘာဝသခင်ရဲ့ န၀င်းကိုစီးတဲ့ဂြိုဟ်ဟာ နိစ်မိလျှင် ဖြစ်စေ၊ အတ္တမိလျှင် ဖြစ်စေ၊ ဇနီး ဖြစ်သူဟာ ငယ်ရွယ်စဉ်မှာ ဆိုးသွမ်းပါလိမ့်မယ်။ ဒါပေမယ့် အလားတူ သော မဂြိုဟ်တစ်လုံးရဲ့ ရာသီ (သို့ မဟုတ်) န၀င်းမှာ ၇တန့်ဘာဝသခင်တွေ့ ရလျှင်တော့ ဇနီးသည်ဟာ သန့်ရှင်းမယ်။ အကယ်၍ သော မဂြိုဟ်များ မြင်ထားရင် သူ့အကျင့်သိက္ခာနှင့် ပတ်သက်လို့ ပိုကောင်းတယ်။

အမေး ။ ။ ဇာတာကိုကြည့်ပြီး လက်ထပ်မယ့် နှစ် နှင့် လကို ဘယ်လိုရှာရမလဲ။

အဖြေ ။ ။ လက်ထပ်ခြင်းရဲ့ အခွင့်အလမ်းများ နှင့် ပတ်သက်ပြီး ဇာတာတစ်ခုလုံးကို စစ်ဆေးရလိမ့်မယ်။ အိမ်ထောင်စောစောကျမလား၊ သာမန်လား၊ နောက်ကျမလား၊ ဒသာ၊ ဘုတ္တိများ ကို တွက်ချက်ရမယ်။ ကောဇာဂြိုဟ်တွေ ကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ဒီကိစ္စနှင့် ပတ်သက်လို့ အသုံးဝင်မယ့် နည်းအချို့ကို ဒီမှာ ဖော်ပြလိုက်ပါတယ်။

၇တန့်သခင်ရပ်တဲ့ ရာသီနဲ့ လဂ်သခင်ရပ်တဲ့ ရာသီသခင်များ ကို ပေါင်းပါ။ ရတဲ့ရာသီပေါ်မှာ ကောဇာ ၅တေးဂြိုဟ်ရောက်လျှင် လက်ထပ်ရလိမ့်မယ်လို့ ဟောနိုင်တယ်။ လက်ထပ်ရမယ့် အချိန်ကာလကိုလည်း ၇တန့်သခင်နှင့် တနင်္လာဂြိုဟ်တို့ရပ်တည်တဲ့ ရာသီသခင်များ ကို ပေါင်းရပါ မယ်။ ၇တန့်ဘာဝသခင် ရပ်တည်တဲ ရာသီသခင်နှင့် န၀င်းသခင်များ ဖြစ်တဲ့ ဂြိုဟ်နှစ် လုံးအနက်၊ ဘယ်ဂြိုဟ်က ပိုအားကောင်းတယ်ဆိုတာကို ရှာပါ။ အဲဒီ ဂြိုဟ်ရဲ့ ဒသာကာလမှာ ကောဇာ ကြာသပတေးဂြိုဟ်က ၇တန့်ဘာဝသခင်ရပ်တည်တဲ့ န၀င်းနှင့် ရာသီရဲ့ တြိကောဏအိမ်မှာ ရောက်လျှင် ဇာတာရှင် လက်ထပ်ရမယ့်အချိန်ပါပဲ။

တစ်ခါ သော ကြာနှင့် တနင်္လာဂြိုဟ် ၂လုံးအနက် ဘယ်ဂြိုဟ်က ပိုပြီးအားကောင်းသလဲ ရှာပါ။ အားကောင်းတဲ့ ဂြိုဟ်ရဲ့ ဒသာ ကာလများ ထဲမှာ အလားတူ လက်ထပ်ဖို့ကောင်းတဲ့ အချိန်ရှာနိုင် ပါတယ်။

“အကယ်၍ ၇တန့်သခင်ဟာ သော ကြာဂြိုဟ်နှင့် ပူးယှဉ်နေလျှင် ၄င်းရဲ့ ဒသာနှင့် ဘုတ္တိတို့က လက်ထပ် ဖြစ်ပါလိမ့်မယ်။ အဲဒါမ ဖြစ်လျှင် ၂တန့်ဘာဝပိုင်တဲ့ ဂြိုဟ်ရပ်တည်တဲ့ ရာသီသခင်ရဲ့ ဒသာနဲ့ ဘုတ္တိတို့ဟာ အိမ်ထောင်ပြုခြင်းကို ဖြစ်စေပါလိမ့်မယ်။ အဲဒီ နောက်တစ်ဆင့်က ၁၀တန့်နှင့် ၉တန့်ဘာဝ သခင်များ ရဲ့ ဒသာနှင့် ဘုတ္တိများ ဖြစ်တယ်။ နောက်ဆုံး ၇တန့်ဘာဝသခင် (သို့ မဟုတ်) အဲဒီ မှာ ရပ်တည်တဲ့ ဂြိုဟ်တို့ကို မှတ်သားရမယ်။ ဒီတစ်ခုခုရဲ့ ဒသာနှင့် ဘုတ္တိများ အတွင်းမှာ အိမ်ထောင်ပြုရ လိမ့်မယ်”

လက်ထပ်ခြင်းကို ဖြစ်စေတဲ့ဂြိုဟ်ဟာ သော မ ဖြစ်ပြီး သော မအိမ်မှာ ဖြစ်လျှင် ၄င်းဒသာရဲ့ အစမှာ အိမ်ထောင်ရဲ့ ပျော်ရွှင်မှု ကို ရမယ်။ အကယ်၍ ဂြိုဟ်ဟာ သော မ ဖြစ်ပြီး ပါပအိမ်မှာ ရပ်တည်လျှင် လပ်ထပ်ခြင်းဟာ ဒသာကာလအလယ်မှ ဖြစ်မယ်။ ၄င်းရပ်တည်တဲ့ အိမ်နှင့် ဂြိုဟ်တို့ဟာ ပါပဂြိုဟ်ချည်းသာ ဖြစ်လျှင် ဒသာကုန်ဆုံးတဲ့အခါမှာ အိမ်ထောင်ကျလိမ့်မယ်။ ဒါပေမယ့် အဲဒီ ဂြိုဟ်ဟာ ပါပအိမ်မှာ ရပ်တည်ပြီး တစ်ချိန်တည်းမှာ သော မဂြိုဟ်နှင့် ပူးယှဉ်နေလျှင် ဒသာကာလတစ်ခုလုံးမှာ အိမ်ထောင်ပြုဖို့ ကောင်းပါတယ်။

အိမ်ထောင်ပြုမယ့်အချိန်နဲ့ပတ်သက်လို့ တခြားနည်းလမ်းတွေ လည်း ရှိပါတယ်။

ပြိဿရာသီကစပြီး ၇တန့်ဘာဝကို ကိုယ်စားပြုတဲ့ ရာသီ အစဉ်အလိုက်ရှာပါ။ ပြီးတော့ (၈)နှင့် ပေါင်းပါ။ ရလဒ်ကို ၅နှင့် အကြိမ်ကြိမ်ပေါင်းခြင်းဖြင့် အိမ်ထောင်ပြုမယ့် အသက်ကို ရပါတယ်။

အမေး ။ ။ လင်ကွာ မယားကွာ ကိစ္စကို ဘယ်လိုဟောရမလဲ။

အဖြေ ။ ။ သစ္စာမရှိတဲ့ အကြောင်းကြောင်းပဲ ဖြစ်စေ၊ တစ်ခြားအကြောင်းတွေ ကြောင့် ဖြစ်စေ၊ လင်ယောက်ျားက မိန်းမကို ပစ်ပယ်တဲ့ (ဒါမှမဟုတ်) မယား ဖြစ်သူက လင်ယောက်ျားကို ပစ်ပယ်တဲ့ ပူးယှဉ်မှု တွေ ရှိပါတယ်။ ယောက်ျားကိစ္စမှာ လဂ်မှ ၇တန့်ဘာဝ၊ မိန်းမကိစ္စမှာ လဂ်ဘာဝဟာ အင်္ဂါဂြိုဟ်အိမ် (သို့ မဟုတ်) အင်္ဂါန၀င်းစီးထားလျှင် မိန်းမကို ယောက်ျား ဖြစ်သူက စွန့်ပစ်ကြောင်း စွန့်ပစ်ပါမယ်။ (သို့ မဟုတ်) ၇တန့်ဘာဝကိုပိုင်တဲ့ဂြိုဟ်ဟာ နိစ်မူလျှင် အတ္တမိလျှင် သက်ဆိုင်တဲ့ အမျိုးသမီးဟာ ငယ်ရွယ်စဉ်မှာ ဆိုးသွမ်းတဲ့အတွက် ယောက်ျား ဖြစ်သူက စွန့်ပစ်ခြင်း ဖြစ်လိမ့်မယ်။

အမေး ။ ။ ဇာတာတစ်စောင်ကိုကြည့်ပြီး ဇာတာရှင်ဟာ ဘယ်လိုအမျိုးသမီးကို လက်ထပ်ရ မယ်ဆိုတာ အပိုင်ဟောနိုင်ပါ့မလား။

အဖြေ ။ ။ ဟုတ်ကဲ့၊ ပြောနိုင်ပါတယ်။ ဒါကို ဆုံးဖြတ်တဲ့နည်းလမ်းတွေ အများ ကြီးရှိပါတယ်။ (ဇာတကဒေသမဂ္ဂ)ကျမ်းက အောက်ပါအတိုင်းဖော်ပြထားတယ်။

(က) လဂ်သခင်နှင့် သော ကြာဂြိုဟ်တို့ရဲ့ အံသာလိတ္တာများ ကို ပေါင်းပါ။ အဲဒီ ရတဲ့ အံသာကို ရာသီဖွဲ့ပြီး ရာသီပိုင် နက္ခတ်ကို ရှာပါ။ အဲဒါ မိန်းမ ဖြစ်သူရဲ့ နက္ခတ်ပါပဲ။ (သို့ မဟုတ်)

(ခ) လဂ်သခင်နှင့် ၇တန့်သခင်တို့ရဲ့ ရာသီအံသာလိတ္တာများ ကို ပေါင်းပြီးနက္ခတ်ကိုရှာပါ။ ဒါဟာ မိန်းမ ဖြစ်သူရဲ့ ကြယ်စုပဲ။

(ဂ) အောက်ပါအတိုင်း အကောင်းဆုံးတွက်ပါ။

(၁) ၇တန့်သခင် ရပ်တည်တဲ့ ရာသီ၊ (၂) ၄င်းနှင့် န၀င်းရာသီ၊ (၃) ၄င်း ဥုစ်ရတဲ့အိမ်၊ (၄) ၄င်း နိစ်ရတဲ့အိမ်၊ (၅) သော ကြာဂြိုဟ်ရပ်တည်တဲ့ ရာသီ၊ (၆) ၅တန့်မှ ၇တန့်ရာသီ၊ (၇) တနင်္လာဂြိုဟ် ရဲ့ ၁၂တန့်ရာသီ၊ (၈) တြိကောဏရာသီ၊ (၉) စန်းအဋ္ဌ၀ဂ္ဂမှာ (ဗိန္ဒု)များများ ရတဲ့ရာသီ။

ဒီဆယ်ချက်ရဲ့ သမုဒယအဋ္ဌ၀ဂ္ဂကိုရှာပါ။ အားအကောင်းဆုံးရာသီဟာ မယား ဖြစ်သူရဲ့ လင် ဖြစ်ပါတယ်။

(ဃ) ၇တန့်သခင်ရပ်တည်တဲ့ ရာသီ (သို့ မဟုတ်) ၇တန့်မှာ ရပ်တဲ့ ဂြိုဟ် (သို့ မဟုတ်) ၇တန့်ကို မြင်တဲ့ရာသီမှ မယား ဖြစ်သူရဲ့ ရာသီ “ဒီသ”ကို ဆုံးဖြတ်ရပါတယ်။

အမေး ။ ။ သူတို့နှင့် အိမ်ထောင်ကျမယ့် အချိန်ကို သိပါရစေ။

(က) အပျိုစင် မုဆိုးမများ ။

(ခ) သားသမီးရှိတဲ့ မုဆိုးများ ။

အဖြေ ။ ။ (က) အကယ်၍ ယောက်ျားဇာတာမှာ သော ကြာဂြိုဟ်မှ ၇တန့်အိမ်မှာ အားကောင်းတဲ့ အင်္ဂါဂြိုဟ်က မြင်လျှင်၊ အပျိုစင်မုဆိုးမနှင့် အိမ်ထောင်ကျမယ်လို့ ဟောနိုင်တယ်။ သူ့ ၇တန့်အိမ်ဟာ အားကောင်းမယ်။ ဂြိုဟ်ဆိုးအမြင်ကြုံခြင်းမှ ကင်းရမယ်။

(ခ) အကယ်၍ ယောက်ျားဇာတာထဲမှာ အင်္ဂါဂြိုဟ်မြင်တဲ့ သော ကြာဂြိုဟ်မှ ၅တန့်ဘာဝဟာ အားကောင်းမယ်။ ဂြိုဟ်ဆိုးအမြင်ကြုံခြင်းမှ ကင်းမယ်ဆိုလျှင် အဲဒီ မုဆိုးမမှာ ကလေးတွေ မွေးထားမယ်လို့ ပြောနိုင်တယ်။

အမေး ။ ။ သဘာဝမဟုတ်သော ကာမစပ်ယှက်နည်းကို လိုချင်ဆန္ဒရှိတဲ့ မိန်းမလျာ၊ ယောက်ျားလျာများ ဖြစ်ကြောင်း ဘယ်လို ဟောပြောနိုင်ပါသလဲ။

အဖြေ ။ ။ အကယ်၍ သော ကြာဂြိုဟ်ဟာ မရာသီ ဖြစ်ပြီး ဂုလိကဂြိုဟ်ရပ်တည်မယ်၊ ၁၀တန့် (သို့ မဟုတ်) ၄တန့်ဘာဝဟာ အားကောင်းတဲ့ အနေအထားရှိမယ်ဆိုလျှင် သူဟာ သဘာမဟုတ်တဲ့ ပျော်ရွှင်မှု ကို လိုလားလိမ့်မယ်။ စနေဂြိုဟ်နှင့် ဂုလိကဂြိုဟ်တို့ဟာ ၇တန့်အိမ်မှာ ရပ်တည်လျှင်လည်း အဲသလိုပဲ ဖြစ်မယ်။

အမေး ။ ။ ဘယ်ဘာဝ (သို့ မဟုတ်) ဘယ်ဂြိုဟ်က ဒုတိယအိမ်ထောင်ကို ပြုစေပါသလဲ။

အဖြေ ။ ။ သော ကြာဂြိုဟ်နျင့် ၇တန့်ဘာဝက ပထမအိမ်ထောင်ကို ညွှန်ပြပါတယ်။ အဲဒီ ပထမအိမ်ထောင် သေမယ် (သို့ မဟုတ်) လင်ယောက်ျားနှင့် ကွဲမယ်ဆိုတာ သင်သေချာလို့ရှိလျှင် ၇တန့်ဘာဝမှာ ရှိတဲ့ဂြိုဟ်များ (သို့ မဟုတ်) သော ကြာဂြိုဟ်နှင့် ပူးယှဉ်နေတဲ့ဂြိုဟ်များ ကို ယူပါ။ အားအကောင်းဆုံးဂြိုဟ်ဟာ ဒုတိယအိမ်ထောင်အတွက် အဆုံးအဖြတ်ပဲ။

အမျိုးသမီးဇာတာထဲမှာ သော ကြာဂြိုဟ်အစား စနေဂြိုဟ်ကိုယူပါ။ (ပြဿနာမာဃ)ကျမ်းက ၁၁တန့်ဘာဝကိုလည်း ကြည့်ဖို့ အကြံပေးထားတယ်။

အမေး ။ ။ ဘယ်ဘာဝများ ဘယ်ဂြိုဟ်များ က ဇနီး မိန်းမကို ညွှန်ပြပါသလဲ။

အဖြေ ။ ။ ၇တန့်ဘာဝနှင့် သော ကြာဂြိုဟ်က ဇနီးမိန်းမများ ကို ညွှန်ပြပါတယ်။ (ပြဿနာမာဃ)အလိုအရ တနင်္ဂနွေဂြိုဟ်လည်း အိမ်ထောင်ပြုခြင်းကို စိုးမိုးတယ်။ ဘယ်နှစ် ယောက် လည်းဆိုတဲ့ အရေအတွက်ကိုတော့ ဘာဝနှင့် ဂြိုဟ်များ ရဲ့ အားကိုကြည့်ပြီး ဆုံးဖြတ် ရပါတယ်။ ဇနီး မိန်းမများ ရဲ့ သဘာဝကို ၀ဂ္ဂများ မှ ဖတ်ကြားရတယ်။ အောက်ပါအချက်များ ကို (ပြဿနာမာဃ)ကျမ်းမှ ထုတ်နှုတ်ဖေါ်ပြလိုက်ပါတယ်။

အိမ်ထောင်ပြုမည့် အချက်များ က -

(က) ဂြိုဟ် ၂လုံးက ၁၁တန့်မှာ ရပ်တည်မယ်။ ဗုဒ္ဓဟူးနှင့် စနေဂြိုဟ်တို့က ၇တန့်မှာ ရပ်တည်မယ်ဆိုလျှင်

(ခ) လဂ်ဟာ ကုမ်ရာသီ ဖြစ်စေ၊ ၇တန့်သခင်နှင့် တနင်္လာဂြိုဟ်တို့ဟာ ကုမ်ရာသီမှာ ရပ်မယ် (သို့ မဟုတ်) ကုမ်န၀င်းစီးမယ်ဆိုလျှင်

(ဂ) တနင်္ဂနွေနှင့် အင်္ဂါဂြိုဟ်တို့ ၇တန့်မှာ ရပ်တည်လျှင် ဖြစ်စေ၊ သူတို့ရဲ့ ၇တန့်န၀င်းမှာ ရှိလျှင် ဖြစ်စေ၊ မိန်းမသေခြင်း၊ ကွဲကွာခြင်း ဖြစ်ပြီး ဒုတိယအိမ်ထောင် ထူထောင်မယ်။

(ဃ) လဂ် သို့ မဟုတ် တနင်္လာဂြိုဟ်မှ ၇တန့်သခင်နှင့် သော ကြာဂြိုဟ်တို့ဟာ သင့်လျော်ပြီး ခိုင်ခိုင်မာမာရပ်တည်လျှင်၊ အိမ်ထောင်ဆက် ၃ဆက်ရှိမယ်။

(င) အကယ်၍ ၇တန့်သခင် (သို့ မဟုတ်) သော ကြာဂြိုဟ်ဟာ ဥုစ်ရမယ်။ ဂြိုဟ်၂လုံး (သို့ မဟုတ်) များ ပြီး ၇တန့်မှာ ရပ်တည်မယ်ဆိုလျှင် အိမ်ထောင် ၃ဆက်ထက် ပိုရပါလိမ့်မယ်။

အမေး ။ ။ လဂ်နှင့် ၉တန့်စခသ်တို့ ပူးယှဉ်လျှင်ကောင်းမယ်။ အဲဒါထက် ၁၁တန့်သခင်က မြင်မယ်ဆိုလျှင် ပိုကောင်းတယ်လို့ဆိုတယ်။ ဒီအိမ်ရှင်တွေ ဟာ အံသာချင်းကပ်ရမှာ လား။ ၁၀တန့် သခင်ဟာ လဂ်သခင်နဲ့ ၉တန့်သခင်တို့မှ ၁၈၀အံသာမှာ ရှိလျှင်ကော ကောင်းသလား။

အဖြေ ။ ။ ဟိန္ဒူဗေဒကျမ်းအရ ရာသီတစ်ခုထဲမှာ ဂြိုဟ်၂လုံးရှိလျှင် ပူးယှဉ်ခြင်း ဖြစ်မယ်။ ဒီပူးယှဉ်မှု ဟာ လဂ်နှင့် ၉တန့်သခင်တို့ ပူးယှဉ်ရာမှ ရာဇယုဂ်တစ်ခု ဖြစ်ပေါ်လာမယ်။ မြင်ခဲ့လျှင် ဆိုလိုတာက ပူးယှဉ်တဲ့ ရာသီပေါ်မှာ မြင်မြင်ခြင်း ဖြစ်ပေါ်ပါတယ်။ ၇တန့်အမြင် ကတော့ အားကောင်း တဲ့ အမြင်တစ်ခုပါပဲ။ ပူးယှဉ်တဲ့ ဂြိုဟ်နှစ် လုံးဟာ အံသာသိပ်ကွာလျှင် အကျိုးပေးနည်းပါလိမ့်မယ်။ ဆိုကြပါစို့ ၂၅အံသာဆိုလျှင် ယုဂ်အကျိုးသက်ရောက်မှု ဟာ ပျော့ညံ့ပါလိမ့်မယ်။ သူတို့ဟာ နီးကပ်လေလေ ထူးခြားထင်ရှားတဲ့ အကျိုးရလေပါပဲ။ ယုဂ်များ ရဲ့ အရှိန်ကို အဆုံးအဖြတ်ပေးရာမှာ ကြာသပတေး၊ အင်္ဂါနှင့် စနေဂြိုဟ်တို့ရဲ့ ထူးခြားတဲ့အမြင်များ ကို ထည့်သွင်းစဉ်းစားရပါမယ်။

အမေး ။ ။ (က) လဂ်မှာ ၈တန့် (သို့ မဟုတ်) ၉တန့်သခင်များ နှင့် တနင်္လာဂြိုဟ်တို့ ရာသီတစ်ခုထဲမှာ ပူးယှဉ်လျှင်၊ ကောင်းတဲ့အကျိုး ခံစားရပါ့မလား။

(ခ) ဒုဋ္ဌာနေများ ရပ်တဲ့ ကိန်းသခင်နှင့် တြိကောဏသခင်တို့ရဲ့ အကျိုးသက်ရောက်မှု များ ဟာ ဘာတွေ လဲ။

အဖြေ ။ ။ (က) ၈တန့်သခင်ဟာ ဘယ်မှာ ပဲ ရပ်တည်ရပ်တည် (သို့ မဟုတ်) ဘယ်မှာ ပဲမြင်မြင် သူရပ်တည်တဲ့အိမ်၊ သူမြင်တဲ့ဂြိုဟ်တို့ရဲ့ အကျိုးသက်ရောက်မှု ကို ဖျက်စီးပစ်ပါတယ်။

အကယ်၍ ၈တန့်သခင်ဟာ အလွန်အားကောင်းနေလျှင် ဂြိုဟ်တစ်လုံးချင်းရဲ့ ကောင်းတဲ့ အကျိုးသက်ရောက်မှု များ ဟာ သူ့ဒသာ (သို့ မဟုတ်) ဘုတ္တိကာလများ မှာ ခံစားရပါလိမ့်မယ်။ အကယ်၍ ၈တန့်သခင်ဟာ အားကောင်းပြီး ဒုဋ္ဌာနတစ်ခုမှာ ရပ်တည်မယ်ဆိုလျှင် ဆိုးတဲ့အကျိုး သက်ရောက်မှု ဟာ ပိုပြီး ကြီးမားလိမ့်မယ်။ ဒီနည်းနှင့် ၃တန့်၊ ၆တန့်၊ ၈တန့်နှင့် ၁၂တန့်သခင်တို့ရဲ့ အကျိုးသက်ရောက်မှု များ ကို မှတ်ထားပါ။

(ခ) ဂြိုဟ်များ ရဲ့ သဘာဝဟာ ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊ ဒုဋ္ဌာနများ မှာ ရှိတဲ့ ၅တန့်နှင့် ၉တန့်သခင်တို့ဟာ မကောင်းဘူး။ ကိန်းသခင်တို့ဟာလည်း အထက်ပါအတိုင်းပဲ ပေးလိမ့် မယ်။ ဒီမှာ ဒုဋ္ဌာနဆိုတာက ၆တန့်၊ ၈တန့်နှင့် ၁၂တန့်တို့ ဖြစ်တယ်။ ဒုဋ္ဌာာနရှိ လဂ်သခင်ဟာ အဆိုးများ ကိုသာ ဖြစ်ပေါ်စေတယ်။

အမေး ။ ။ ဂြိုဟ်တစ်လုံးဟာ ပါပဂြိုဟ်တွေ ညှပ်ထားလျှင် အားပျော့သွားမလား။

အဖြေ ။ ။ ဂြိုဟ်ဟာ အားလျော့မ သွားပါဘူး။ ဒါပေမယ့် အဆိုးအား (ပါပဗလ)အတွက်တော့ အစွမ်းပိုထက်လာတယ်။

အဲသလို ကိစ္စအားလုံးမှာ ပိုင်ဆိုင်ခြင်း (ကသစ်)နှင့် ရပ်တည်ခြင်းကို ခွဲခြားသဘောပေါက်ရ မယ်။ သဘာဝပါပနှင့် ပိုင်ဆိုင်တဲ့ပါပရယ်လို့ ၂မျိုး၂စားရှိတယ်။ ၃တန့်နှင့် ၁၁တန့်သခင်များ ဟာ ဒုဋ္ဌာနသခင်ခေါင်းစဉ်အောက်မှာ မပါပါဘူး။



အမေး ။ ။ ပညာရေး နှင့် ပတ်သက်လို့ ဘယ်ဘာဝက စိုးမိုးသလဲ။ ၄တန့်လား။ ၅တန့်လား။

အဖြေ ။ ။ (ပြဿနာမာဃ)ကျမ်းနှင့် (ပရသရဟောရာသျှတ္တရာ)ကျမ်းများ အရ ၄တန့်ဘာဝ ဟာ ပညာရေး ကို စိုးမိုးတယ်။ ၅တ့်ဘာဝက ဥာဏ်ကောင်းခြင်းကို ညွှန်ပြတယ်။ အကယ်၍ ဒီအချက်ကိုလည်း ပညာရေး ထဲမှာ ထည့်သွင်းလို့ရှိလျှင် ၅တန့်ဘာဝလည်း ပညာရေး ကို ညွှန်ပြ တာပေါ့။

အမေး ။ ။ အံသာအမြင့်ဆုံးဂြိုဟ်ဟာ (အတ္တမကာရက)လို့ မူရင်းဂါထာက ရှင်းပြထားပါတယ်။ ဝေဖန်သူက ဒီဂါထာကို ရှင်းပြရာမှာ (၀ရီဒ)နှင့် (ပရာဿရ)အပေါ် မှီခိုထားပေမယ့် မူလဂါထာ ရှင်းနေပြီ ဖြစ်တဲ့အတွက် မမှီခိုသင့်ဘူးလို့ ကျွန်တော် ထင်တယ်။ ဂါထာရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။ ကာရက ဆုံးဖြတ်ရာမှာ အံသာ မိနစ်နှင့် စက္ကန့်ကိုသာ ကျွန်တော် တို့ ယူရမှာ လား။

အဖြေ ။ ။ ပါမောက္ခ (ဘီ - သူရိယနာရာယန်းရာအို)က ဂါထာကို ရှင်းပြရာမှာ “ပုံစံအတိုဆုံး ဖြစ်ပေမယ့် အဓိပ္ပါယ်အကျယ်ဝန်းဆုံး”ကို ခေါ်တယ်။ ဂါထာရဲ့ အတိုကောက်ဟာ သူရဲ့ ထင်ရှားတဲ့ သဏ္ဍန် ဖြစ်တဲ့အတွက် ထင်ရှားတဲ့ ဝေဖန်သူများ ရဲ့ အကူအညီ မုချလိုအပ်ပါတယ်။ အထက်ဂါထာအဓိပ္ပါယ်က ဂြိုဟ်၇လုံး (သို့ မဟုတ်) ရာဟုအပါအ၀င် ၈လုံးကို ဆိုလိုပြီး (ရာသီတစ်ခု ထဲမှာ ) အံသာအကြီးဆုံးဖြတ်တဲ့ ဂြိုဟ်ဟာ (အတ္တမကာရက) ဖြစ်လာပါတယ်။ စာရေး သူ ကတော့ အံသာလို့ အဓိပ္ပါယ်ပေါ်လွင်လျက်ရှိတဲ့ (ကာလ)ဆိုတဲံစကားလုံးကို သုံးပါတယ်။ ဂြိုဟ်တွေ ဟာ အံသာတစ်ခုတည်းမှာ ဆိုလျှင် လိတ္တာကိုယူပါ။ လိတ္တာတွေ ကလည်း တူနေလျှင် ၀ိလိတ္တာကို ယူပါ။ ဂြိုဟ် ၂လုံး (သို့ မဟုတ်) ၂လုံးထက်ပိုတဲ့ ဂြိုဟ်တွေ က တူညီတဲ့အံသာ၊ လိတ္တာ၊ ၀ိလိတ္တာတို့မှာ ရပ်တည်တဲ့ အကျိုးကြောင့် (ကာရကဋ်)ကို ရပ်တယ်။ အဲဒီ နည်း ဖြစ်ပေါ်လာတဲ့အတွက် ကွက်လပ်တွေ ကို ဗြောင်းပြန်အစဉ်အတိုင်း ရာဟုက ဖြည့်ဆည်းမှာ ဖြစ်တယ်။ သို့ မဟုတ် (ပရဿရ)ရေး တဲ့ သဘာဝ ကာရကဋ်များ က ဖြည့်ဆည်းမှာ ဖြစ်တယ်။ ဇာတာတစ်စောင်တည်းမှာ ဂြိုဟ်၂လုံးတို့ဟာ တူညီတဲ့ (အမြင့်ဆုံး) အံသာ၊ လိတ္တာ၊ ၀ိလိတ္တာကို ရတယ်ဆိုကြပါစို့။ သူတို့ ၂လုံးစလုံး တစ်လုံးတည်းအ ဖြစ်သို့ ပူးပေါင်းသွားလိမ့်မယ်။ အဲဒါ (အတ္တမာကာရက)ပဲ။ အဲဒီ အခါ ကွက်လပ် ဖြစ်ပေါ်လာမယ်။ ရာဟုက ဖြည့်ဆည်းလိမ့်မယ်။ ကွက်လပ်က ထပ်ရှိသေးတယ်ဆိုလျှင် (နာသံဂိတ) သို့ မဟုတ် (သဘာဝကရ ကဋ်)နှင့် ဖြည့်ဆည်းလိုက်ပါတယ်။ အသေးစိတ်ကို (ဒေါက်တာ ဘီ-ဗွီ-ရာမန်)ရေး တဲ့ ဂျေမီနီဗေဒင် ပညာ လေ့လာခြင်း ကျမ်းကိုကြည့်ပါ။

အမေး ။ ။ ကြာသပတေးဂြိုဟ်ဟာ သေစေတဲ့ ဂြိုဟ် ဖြစ်ပြီး ကိန်းသခင်လဲ ဖြစ်မယ်၊ ဒါပေမယ့် သူက တြိကောဏ (သို့ မဟုတ်) ကိန်းမှာ ရပ်တည်လျှင် အဆိုးတွေ ပျောက်မသွားဘူးလား။

အဖြေ ။ ။ ကြာသပတေးဂြိုဟ်ကို မာရကလို့ မယူဆသင့်ဘူး။ ဘာကြောင့် လဲဆိုတော့ သူကကိန်းကို ပိုင်လို့ ဖြစ်တယ်။ အဲသလို ကိန်းပိုင်ဆိုင်မှု ကြောင့် သူဟာ ဆိုးလာပါတယ်။ ဒါပေမယ့် စန်းရပ်တည်တဲ့ ရာသီသခင်မဟုတ်လျှင်တော့ ဇာတာရှင်ကို မသတ်နိုင်ပါ။ သဘာဝသော မအနေနှင့် သူဟာ ကောင်းတာကို ဖြစ်စေမယ်။ အထူးသဖြင့် ၄တန့်ရဲ့ ၇တန့်အိမ်များ က ပေးတဲ့ ပရိယာယ်တွေ ဖြစ်ပါတယ်။

အမေး ။ ။ နောက်ဆုံးန၀င်းမှာ ရပ်တဲ့ဂြိုဟ်တွေ ဟာ အားပျော့လာတယ်လို့ ဆိုပါတယ်။ တကယ်လို့ သော ကြာဂြိုဟ်က မိန်ရာသီရဲ့ နောက်ဆုံးန၀င်းမှာ ရပ်တည်လျှင် ဥုစ် ဖြစ်တဲ့သူဟာ အားပျော့သွားမှာ လား။

အဖြေ ။ ။ ရာသီရဲ့ နောက်ဆုံးန၀င်းမှာ ရပ်တည်တဲ့အတွက် (၀ိဒယ)ဆိုတဲ့ အမည် တွင် တာ မဆန်းပါဘူး။ အဲဒါဟာ ကောင်းတဲ့ ရလာဒ်မဟုတ်ပါ။ ဒါပေမယ့် နည်းဥပဒေအတိုင်း ချွင်းချက်တွေ ရှိပါတယ်။ ထုတ်နှုတ်ဖော်ပြထားတဲ့ ဥပမာတောင် သော ကြာဂြိုဟ်ဟာ ရာသီရဲ့ နောက်ဆုံးန၀င်းမှာ ဖြစ်ပါတယ်။ (၀ိဒယအ၀တ္တ)ကို ဆန့်ကျင်ပြုလုပ်တဲ့ ကောင်းတဲ့ အခြေအနေနှစ် ရပ်ရှိတယ်။ (၁)သော ကြာဂြိုဟ်ဟာ န၀င်းမှာ ဥုစ်ရတယ်။ (၂)အနေအထားဟာ (၀ါဥတ္တမ)လို့ခေါ်တဲ့ အတန်းပညာ အမည် နှင့် အလွန်သံသယ ဖြစ်ဖွယ်ရာ အစီအစဉ် ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ (၀ိဒယ) အခြေအနေ အတွက် ရိုးရိုးအဓိပ္ပါယ်ကို ဒီကိစ္စမှာ အသုံးမပြုပါဘူး။

အမေး ။ ။ (က) ရာမန်ရေး တဲ့ စာအုပ်တွေ ထဲမှာ ကိန်းထက်တြိကောဏဟာ ပိုကြီးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စာအုပ်ထဲမှာ ဇာတာများ ကို လက်တွေ့ ဟောပြောတဲ့အခါ ကိန်းများ ကို အထူး အသုံးပြုတာ တွေ့ ရတယ်။ ဘာကြောင့် လဲ -

(ခ) မိုးကုတ်စက်ဝိုင်းထက် နိမ့်ကျတဲ့ ဂြိုဟ်များ ဆိုတာက ဘာကို ဆိုလိုတာလဲ။

(ဂ) ဂုလိကရဲ့ အကျိုးသက်ရောက်မှု များ ဟာ ဘာတွေ လဲ။

အဖြေ ။ ။ ကိန်းရောတြိကောဏဟာ အရေး ကြီးပါတယ်။ အကယ်၍ ကိန်းတွေ အားလုံးမှာ ဂြိုဟ်တွေ ရပ်တည်လျှင် ဇာတာဟာ အားအတော် အတန်ရှိတယ်။ ကိန်းအိမ်တွေ မှာ ဂြိုဟ်တွေ ရပ်တည် လျှင် စတုသာဂရယုဂ်ရပါတယ်။

ကိန်းဟာ အရေး ကြီးပါတယ်။ ကေမဓူမ ယုဂ်လို ဆိုးတဲ့ယုဂ်တွေ ဟာ ကိန်းအိမ်မှာ ဂြိုဟ်ရပ်ရုံ နဲ့ ဒီယုဂ်ကပျက်စေပါတယ်။ ကိန်းအိမ်မှာ ရပ်တဲ့ သော မဂြိုဟ်တွေ ဟာ ဗာလအရိဌအတွက် ယုဂ်ကို ပျက်စေပါတယ်။ ဒီအချက်ကြောင့် ကိန်းတွေ ကို အရေး ကြီးတဲ့ နေရာပေးခြင်း ဖြစ်တယ်။

အဲဒါထက် ကိန်းကြောင့် ယုဂ်တွေ အများ ကြီး ရစေပါတယ်။ အချို့ဗေဒင်ဆရာများ က တြိကောဏကိန်းသခင်တို့ ပူးလျှင် ထူးကဲတဲ့ ရာဇယုဂ်ကို ဖြစ်စေတယ်လို့ ပြောပါတယ်။

တြိကောဏအိမ်မှာ ရှိတဲ့ ဂြိုဟ်တစ်လုံးဟာ ကောင်းတယ်ဆိုတာ သံသယ ဖြစ်စရာမလိုပါ။ ဒါပေမယ့် ကိန်းသခင်နှင့် ပူးယှဉ်လျှု တြိကောဏဟာ အထူးသိက္ခာကိုရတယ်။ တကယ့်လက်တွေ့ မှာ တြိကောဏဟာ ကိန်းလိုပဲ အရေး ပါပါတယ်။ ဘာကြောင့် လဲဆိုတော့ ကိန်းအချို့ ဖြစ်ပေါ်စေရာမှာ ဂြိုဟ်တစ်လုံးဟောကိန်း (သို့ မဟုတ်) တြိကောဏမှာ ရပ်တည်ရမှာ ဖြစ်လို့ပါပဲ။ ဥပမာ - လဂ်သခင်၊ တနင်္ဂနွေနဲ့ တနင်္လာဂြိုဟ်တို့ဟာ ကိန်း (သို့ မဟုတ်) တြိကောဏထဲမှာ ရှိပြီး ဥုစ် (သို့ ) ကသစ် (သို့ ) မိတ် ဖြစ်လျှင် ရလာတဲ့ ယုဂ်ဟာ သိရိကန္တာယုဂ် ဖြစ်တယ်။ တြိကောဏဟာလည်း သူ့နေရာနှင့် သူ အရေး ပါတာပါပဲ။

(ခ) နာရီလက်တံ ပြောင်းပြန်အတိုင်းရေတွက်လျှင် လဂ်နှင့် ၇တန့်ဘာဝအကြား ရပ်တည်တဲ့ ဂြိုဟ်များ ဟာ မိုးကုတ်စက်ဝိုင်းအောက် ရောက်တယ်လို့ ယူဆတယ်။ လူတိုင်းကြားသိကြတဲ့အတိုင်း လဂ်ပြီးနောက် ၂တန့်ဘာဝဟာ မြင့်တက်နေတယ်။ တစ်နည်းပြောရလျှင် လဂ်ကမြင့်တက်နေပြီး ၇တန့်ဘာဝက ၀င်ရောက်သွားလျက်ရှိတဲ့အခါ ဒုတိယနှင့် အစဉ်အတိုင်း ဘာဝတွေ ဟာ မိုးကုတ် စက်ဝိုင်းအောက် ရောက်နေပါတယ်။ ဒါကြောင့် လဂ်နှင့် ၇တန့်ဘာဝအကြား ရာသီအားလုံးဟာ (နာရီလက်တံ ပြောင်းပြန်သွားလမ်းအတိုင်း) ၁၂ ရာသီ၊ ၁၁ ရာသီ၊ ၁၀ ရာသီ၊ ၉ ရာသီ၊ ၈ ရာသီ၊ ၇ ရာသီတို့ဟာ မိုးကုတ်စက်ဝန်းရဲ့ အထက်ရောက်နေကြပြီး ကျန်တဲ့ရာသီတွေ က မိုးကုတ်စက်ဝိုင်း အောက် ရောက်နေပါတယ်။

(ဂ) ရှေးဆရာများ က ဂုလိကနှင့် ထင်ထင်ရှားရှား နီးနီးကပ်ကပ်မတွေ့ ရဘူး။ ဂုလိကနှင့် ပတ်သက်လျှင် အများ အားဖြင့် တမီလ်ဗေဒင်စာအုပ်ထဲမှာ တွေ့ ရပါတယ်။ မန္ဒီ (သို့ မဟုတ်) ဂုလိကဟာ (သံသယရှိတဲ့ ကိစ္စများ မှာ ) လဂ်ကို ဆုံးဖြတ်ရာမှာ မာရကဂြိုဟ်များ နှင့် သေမယ့်ကာလကို ရှာဖွေရာမှာ အရေး ပါတဲ့ အခန်းက ပါဝင်ပါတယ်။ ဘာဝအသီးသီးရှိတဲ့ ဂုလိကဟာ အောက်ပါရလဒ်များ ကိုပေးပါတယ်။

လဂ်ဘာဝ - ရက်စက်မယ်၊ ခိုးမယ်၊ ကာယအိနြေ္ဒကင်းမဲ့မယ်။ ငမ်းငမ်းတက်စားသောက် တတ်မယ်။ မျက်လုံးချို့ယွင်းမယ်။ ဒေါသကြီးတဲ့ သဘာဝရှိမယ်။

၂တန့်ဘာဝ - ရန်လိုမယ်။ ဆင်းရဲမယ်။ စကားမမှန်ဘူး။ စည်းစိမ်ဥစ္စာ ကင်းမဲ့မယ်။

၃တန့်ဘာဝ - ဒေါသ ဖြစ်လွယ်မယ်။ ပေါင်းသင်းဆက်ဆံရေး ညံ့မယ်။ ဟိတ်ဟန်ထုတ်တတ် တယ်။ အစ်ကိုအစ်မများ ရဲ့ ပစ်ပယ်ခြင်းခံရမယ်။

၎တန့်ဘာဝ - ကံမကောင်းသူ ဖြစ်မယ်။ ဆင်းရဲမယ်။

၅တန့်ဘာဝ - စိတ်လွယ်မယ်။ စိတ်ထားညံ့မယ်။

၆တန့်ဘာဝ - ရဲစွမ်းသတ္တိရှိမယ်။ ဂါထာမန္တာန်တွေ မှာ ကျွမ်းကျင်သူ ဖြစ်မယ်။ ရန်သူတွေ အပေးကြောက်စရာကောင်းသူ ဖြစ်မယ်။

၇တန့်ဘာဝ - ရန်လိုမယ်။ ကိုယ်ကျင့်သိက္ခာ ယိုယွင်းမယ်။ သစ္စာမဲ့မယ်။

၈တန့်ဘာဝ - မျက်လုံးအားနည်းမယ်။ ပျက်မယ်။

၉တန့်ဘာဝ - ကလေးများ ကြောင့် စိတ်ဆင်းရဲရမယ်။ ကလေးများ က စွန့်ခွာသွားကြမယ်။

၁၀တန့်ဘာဝ - ဖောက်ပြန်တဲ့ အယူအဆရှိမယ်။ ဘာသာတရားပေါ် ယုံကြည်မှု ကင်းမယ်။ ကပ်စေးနည်းမယ်။

၁၁တန့်ဘာဝ - ပျော်ရွှင်မှု ရမယ်။ သားသမီးနှင့် ပြည့်စုံမယ်။ သြဇာအာဏာရှိမယ်။ ငွေကြေး ချမ်းသာမယ်။

၁၂တန့်ဘာဝ - ဆင်းရဲမယ်။ အသုံးအဖြုန်းများ မယ်။ ကာမချမ်းသာမှု ကိုမလိုလားဘူး။

အထက်ပါတို့ဟာ ရှေးဗေဒင်ကျမ်းမှ ထုတ်နှုတ်ထားခြင်း ဖြစ်ပါတယ်။

အမေး ။ ။ အကယ်၍ ဂြိုဟ်တစ်လုံးဟာ ရာသီစက်မှာ ကိန်းအိမ်မှာ ရှိပြီး ဘာဝစက်မှာ တြိကောဏအိမ်မှာ ရှိလျှင် ဘယ်ဟာကို ဦးစားပေးယူမလဲ။

အဖြေ ။ ။ ရာသီစက်ဟာ မူလကို ဟောရပြီး ဘာဝစက်က ဘာဝနှင့် ပတ်သက်လို့ ဟောရပါ တယ်။ အဲဒီ ၂မျိုးကို မရောနှောစေရဘူး။ ရာသီသက်ရောက်မှု ကြည့်ရမှာ ဖြစ်တယ်။ ဘာဝအနေ အထားကြောင့် ဖြစ်ပေါ်တဲ့ ယုဂ်များ ဟာ ရာသီအနေအထားကြောင့် ဖြစ်ပေါ်တဲ့ ယုဂ်များ နှင့် အလွန် ကွာခြားပါတယ်။ ယုဂ်များ နှင့် ပတ်သက်လို့ ရေး သားရာမှာ ရှေးဆရာများ က ရှင်းလင်းစွာ ထောက်ပြခဲ့ ပြီး ဖြစ်ပါတယ်။ ဘာဝနှင့် ပတ်သက်လို့သာ များများ ပြောထားခြင်း မရှိတာပါ။

အမေး ။ ။ ဘာဝသခင်ဟာ သူပိုင်အိမ်ကနေ ကိန်း (သို့ မဟုတ်) တြိကောဏ (သို့ မဟုတ်) ဥပစ္စည်းအိမ်မှာ ရှိလျှင် အားရျိပါသလား။

အဖြေ ။ ။ (ဇာတကဒေသမဂ္ဂကျမ်း)ထဲမှာ ဖော်ပြထားတာက သက်ဆိုင်ရာဘာဝများ မှ ဘာဝ သခင်များ က ကိန်း (သို့ မဟုတ်) တြိကောဏ (သို့ မဟုတ်) ဥပစ္စည်းအိမ်မှာ ရပ်တည်မှသာ ဘာဝ အကျိုးသက်ရောက်မှု များ ရှိပါလိမ့်မယ်။ သူတို့ဟာ လဂ်မှကိန်း တြိကောဏ (သို့ မဟုတ်) ဥပစ္စည်းအိမ် မှာ ရပ်တည်ခဲ့လျှင် ဇာတာရှင်ဟာ ဘာဝယရိယာယ်အလျှောက် အကျိုးခံစားရမှာ ဖြစ်တယ်။ အကယ်၍ ဘာဝသခင်ဟာ သက်ဆိုင်ရာဘာဝမှ ၁၂တန့်၊ ၂တန့် (သို့ မဟုတ်) ၈တန့်မှာ ရပ်တည်လျှင် အကျိုး သက်ရောက်မှု များ အကောင်အထည်ပေါ်လာမှာ မဟုတ်ပါ။ သူတို့ဟာ လဂ်မှ ကိန်း၊ တြိကောဏ (သို့ မဟုတ်) ဥပစ္စည်းအိမ်မှာ ရပ်တည်ပေမယ့် အကောင်းကို နည်းနည်း လေးပဲ ခံစားရမယ်။

ဆိုကြပါစို့ လူ တစ်ယောက် ဟာ မေထုန်လဂ် ဆိုကြပါစို့။ သော ကြာနှင့် ဗုဒ္ဓဟူးဂြိုဟ်က လဂ်နှင့် ၄တန့်သခင် ဖြစ်တယ်။ အင်္ဂါဂြိုဟ်က ၆တန့်နှင့် ၁၁တန့်သခင်က ဖြစ်တယ်။ ၄တန့်သခင်ဟာ ဘာဝမှ ၈တန့်လဂ်မှာ ၁၁တန့်မှာ ရှိတယ်။ ၁၁တန့်သခင်ဟာ မိမိပိုင်ဘာဝမှ ၁၀တန့်နှင့် လဂ်မှ ၈တန့်မှာ ရှိတယ်။ ၄တန့်သခင်ဟာ မိမ်ဘာဝမှာ ၈တန့်ရှိတဲ့အတွက် ၄တန့်ရဲ့ ဘာဝအကျိုးသက်ရောက်မှု မ ဖြစ်ပေါ်ဘူး။ ၄င်းဟာ အမည် ခံမျှသာ ရပ်တည်ခြင်း ဖြစ်တယ်။ လဂ်မှ ၁၁တန့်မှာ ရှိတဲ့အတွက် ဇာတာရှင်ဟာ အနည်းငယ်သာ တွေ့ ကြုံခံစားရမယ်။

ဒုတိယကိစ္စမှာ ၁၁တန့်သခင်ဟာ မိမိဘာဝမှာ ၈တန့်အိမ်မှာ ရပ်တည်တယ်။ အဲဒါကြောင့် ဇာတာထဲမှာ ၁၁တန့်ရဲ့ အကျိုးသက်ရောက်မှု တွေ ဖြစ်ပေါ်နေမယ်။ ၀င်ငွေကောင်းမယ်။ အစ်ကိုတွေ အများ ကြီးရှိမယ်။ ဒါပေမယ့် ၁၁တန့်ဟာ လဂ်မှာ ၈တန့်မှာ ရှိတဲ့အတွက် ဇာတာရှင်ဟာ အဲဒါတွေ ကို လက်တွေ့ ခံစားရမှာ မဟုတ်ဘူး။

ဥပမာတစ်ခု ထပ်ပြီးထုတ်ကြဦးစို့။

ကြာသပတေးဂြိုဟ်က ကုမ်ရာသီမှာ ရှိပြီး လဂ်က ကရကဋ်ရာသီမှာ ရှိတယ်ဆိုပါတော့။ ၉တန့်သခင်ဟာ မိမိဘာဝမှ ၁၂တန့်၊ လဂ်မှ ၈တန့်မှာ ရှိပါမယ်။ ဒီတော့ ၉တန့်ရဲ့ အကျိုးသက်ရောက်မှု ဟာ ဇာတာရှင်တွေ အတွက် ရှိမှာ မဟုတ်ပါ။ ဇာတာရှင်ဟာ ၉တန့်ရဲ့ အကျိုးသက်ရောက်မှု တွေ ကို တွေ့ ကြုံခံစားရမှာ မဟုတ်ပါဘူး။

အမေး ။ ။ စနေဂြိုဟ်ဟာ ၁၁တန့်အိမ်မှာ ရှိလျှင် ဥစ္စာပစ္စည်းကြွယ်ဝမယ်။ အသက်ရှည်မယ်လို့ ဆိုတယ်။ ကျန်းမာရေး အတွက်ရော ကောင်းနိုင်ပါ့မလား။

အဖြေ ။ ။ စနေဂြိုဟ်ဟာ ၁၁တန့်မှာ ရှိကာ ပစ္စည်းဥစ္စာကြွယ်ဝတာနှင့် အသက်ရှည်တာ မှန်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အတွက် မကောင်းဘူးလို့ (ပရာဿရဟောရာ)ကျမ်းက ဆိုထားပါ တယ်။

အမေး ။ ။ (ဘာဝတ္တစန္ဒြိက)ကျမ်းထဲမှာ ဆိုထားတာက စနေဂြိုဟ် ၂တန့်မှာ ရှိလျှင် အရူး ဖြစ် မယ်။ အလွန်ဆိုးသွမ်းသူ ဖြစ်မယ်။ (ဘာဝတ္တစန္ဒြိက)ကျမ်းအရတော့ စနေဂြိုဟ် ၂တန့်မှာ ရှိလျှင် ပညာရှိ ဖြစ်မယ်လို့ ဆိုတယ်။ ဒီအဆို ၂ရပ်က ဘယ်အဆိုကို လက်ခံရမလဲ။

အဖြေ ။ ။ ရှေးဆရာများ က သူတို့နည်းအရ အမြင်အသီးသီးကို ဖော်ပြခဲ့ကြပါတယ်။ (သ၀တ္တစန္ဒြိက)အရ စနေဂြိုဟ်ဟာ နိစ်မူပြီး ဂြိုဟ်ဆိုး အမြင်ကြုံလျှင် ဇာတာရှင်ဟာ ရူးမယ်။ အလွန် ဆိုးသွမ်းမယ်လို့ ဆိုပါတယ်။ အကယ်၍ အားကောင်းမယ်။ ကောင်းစွာ မြင်ခဲ့မယ်ဆိုလျှင် ပညာရှိ ဖြစ် မယ်။ သဘာဝအားဖြင့် ပါပ ဖြစ်တဲ့ စနေဂြိုဟ်ဟာ အနေအထားနှင့် အားပေါ်တည်ပြီး သော မ ဖြစ်လာ နိုင်တယ်။ အဲသလို ဆန့်ကျင်ဘက်အဆိုအမိန့်လို့ ထင်မြင်ရတာ တွေ ကို တွေ့ လျှင် အခြားဆရာတို့ ရှင်းလင်းချက်များ လို့ ကျွ်န်ုပ်တို့ ယူရပါမယ်။ ဥပမာ (သကဒ္ဓာဟောရာ)ကျမ်းထဲမှာ ခိုင်ခိုင်မာမာဆိုထား တာက အားကောင်းတဲ့ စနေဂြိုဟ်ဟာ အဆိုးမဟုတ်ဘူး။ ကောင်းတာကို ပြုလုပ်နိုင်တယ် စနေဂြိုဟ်က အချို့အနေအထားမှာ ကောင်းတဲ့ရာဇယုဂ်များ ကို ဖြစ်စေတယ်။

အမေး ။ ။ ဇာတာတစ်စောင်မှာ ၂တန့်ရဲ့ ၇တန့်အိမ်များ ဟာ မာရကအိမ်မှား ဖြစ်တယ်။ တစ်ချိန် တည်းမှာ ပဲ စည်းစိမ်ဥစ္စာနှင့် ပျော်ရွှင်မှု ကို ကိုယ်စားပြုတယ်။ ဒီနှစ် ခုဟာ ဆန့်ကျင်မနေဘူးလား။ ၂တန့် ၇တန့်ဒသာမှာ ဘယ်လိုအကျိုးကို ပေးမှာ လဲ။

အဖြေ ။ ။ မာရကအိမ်များ ဟာ အမြဲတမ်းသေစေနိုင်တာ မဟုတ်ဘူး။ လဂ်နှင့် စန်းမှ ၈တန့်သခင် တို့သာ သေခြင်းအစစ်ကို ပေးနိုင်ပါတယ်။ ကျွန်တော် တို့ မာရကအိမ်များ ကို ကြည့်ရပါမယ်။ တခါတရံ ၁၂တန့်မှာ ရှိတဲ့ ဂြိုဟ်များ ကြောင့် သေခြင်းကို ဖြစ်စေပါတယ်။ အဲဒီ ဒသာတွေ မှာ မသဘေူးဆိုလျှင် မာရကအိမ်မှာ ရပ်တဲ့ဂြိုဟ်တွေ ရဲ့ ဒသာမှာ ဇာတာရှင်ကို သတ်ရပါလိမ့်မယ်။

မာရက က သက်သက်၊ ကောင်းစားတာက သက်သက် နားလည်ထားပါ။

သော ကြာဂြိုဟ်ဟာ အိမ်ထောင်ရေး သုခအတွက် မာရက ဖြစ်ပြီး ကြာသပတေးဂြိုဟ် ကတော့ စီးပွားဥစ္စာရဲ့ မာရက ဖြစ်ကြောင်း မှတ်ထားပါ။ ဒါတွေ ကိုလည်း အသေအချာစစ်ဆေးရမယ်။

တချို့ဆရာများ ရဲ့ အယူအဆက မာရကဒသာအချိန်မှာ သေခြင်းရော စီးပွားချမ်းသာပါ ပြော ဟောနိုင်တယ်လို့ဆိုတယ်။ ဥပမာ - လူ တစ်ယောက် ဟာ ၀င်ငွေတွေ အများ ကြီးရမယ်။ ထီပေါက်မယ်။ (သို့ မဟုတ်) ရှင်ဘုရင်တောင် ဖြစ်လာမယ်။ ပြီးတော့ ရုတ်တရက်သေသွားမယ်။ အဲသလိုကိစ္စမျိုးဟာ ရှားပါးပေမယ့် ဖြစ်တတ်ပါတယ်။ အဲသလိုကိစ္စမျိုးတွေ မှာ မာရကတွေ ဟာ (သေခြင်းကိုပေးတဲ့ မာရက အစစ်တွေ ဖြစ်လာပါလိမ့်မယ်။)

အမေး ။ ။ ၁၁တန့်သခင်ဟာ ပျော်ရွှင်မှု ကင်းစေသတဲ့။ ၁၁တန့်ဘာဝဟာ ကောင်းတဲ့ဘာဝ ဖြစ်တဲ့အတွက် ၁၁တန့်သခင်ဟာလည်း ကောင်းတဲ့အကျိုးကို မ ဖြစ်စေနိုင်ဘူးလား။

အဖြေ ။ ။ ၁၁တန့်သခင်ဟာ သော မ ဖြစ်စေ၊ ပါပ ဖြစ်စေ မကောင်းတဲ့ရလာဒ်ကိုသာ ဖြစ်ပေါ် စေမယ်။ (ပါရဿရ)က အဲသလိုဆိုပါတယ်။ “သူဟာ ၆တန့်။ ၈တန့်နှင့် ၃တန့်သခင်လောက် မဆိုးဘူး။ ၄တန့်နှင့် ၇တန့်သခင်များ လောက်လည်း မဆိုးဘူး” ဒီပဋိပက္ခရဲ့ တစ်ခုတည်းသော ရှင်းလင်းချက် ကတော့ အကယ်၍ ၁၁တန့်သခင်ဟာ သော မ ဖြစ်ပြီး အိမ်ကောင်းနှင့် သင့်လျော်တဲ့ အိမ်များ မှာ ရပ်တည်လျှင် အကျိုးအမြတ်ကို ရပါလိမ့်မယ်။ အဆိုးမရှိပဲနှင့် အမျိုးအမြတ်မရပါဘူး။ အကျိုးအမြတ်ကို ရယူခြင်းသည် အဆိုးပဲ။

အမေး ။ ။ အိမ်ဆိုးများ ကို ပိုင်တဲ့သော မဂြိုဟ်တစ်လုံးဟာ သော မပိုင်အိမ်တစ်လုံးမှာ ဥုစ်ရလျှင် (သို့ မဟုတ်) ကောင်းတဲ့အိမ်များ ကို ပိုင်တဲ့ သော မဂြိုဟ်တစ်လုံးဟာ ဆိုးတဲ့အိမ်မှာ ဥုစ်ရခဲ့လျှင် (သို့ မဟုတ်) ကောင်းတဲ့အိမ်များ ကို ပိုင်တဲ့ ပါပါဂြိုဟ်က မကောင်းတဲ့အိမ်မှာ ဥုစ်ရခဲ့လျှင်၊ သူပိုင်တဲ့အိမ် သူရပ်တည်တဲ့အိမ်၊ မြင်တဲ့အိမ်အရ အဲဒီ ဂြိုဟ်ရဲ့ အကျိုးသက်ရောက်မှု ဟာ ဘာတွေ ဖြစ်မလဲ။ ဆိုခဲ့တဲ့ အိမ်များ အရ ကောင်းတဲ့ဂြိုဟ် မကောင်းတဲ့အိမ်ကို ပိုင်ဆိုင်လျှင် အားနည်းသွားမှာ လား။

အဖြေ ။ ။ (ပြဿနာမာဃ)က ဒီမေးခွန်းကိုမေးပြီး အခန်း (၁၄)မှာ ဖြေပေးခဲ့ပါတယ်။ သူ့ဆန္ဒအရ အောက်ပါအထွေထွေ ဥပဒေများ ကို အသေအချာ မှတ်သားရပါမယ်။ သူ့ဆန္ဒအရ အောက်ပါ အထွေထွေ ဥပဒေများ ကို အသေအချာမှတ်သားရပါမယ်။

သော မဂြိုဟ်တစ်လုံး (သဘာဝသော မ)ဟာ ဘယ်မှာ ပဲရှိရှိ၊ ၄င်းရပ်တည်တဲ့အိမ်ကို တိုးတက် ကောင်းမွန်စေပါတယ်။ ဒါပေမယ့် သူ့အရည်အချင်းများ ကို ထိုသို့ ပြုလုပ်ရာမှာ မကောင်းတဲ့အိမ်များ (၃-၆-၈-၁၂)နှင့် ဆက်စပ်မှု ရှိတဲ့အတွက် ကာရက သဘာဝအားပျော့ သွားပါတယ်။ အဲဒါကြောင့် ဒီအိမ်များ မှာ အဆိုးများ ကို ပေးထားတာ ဖြစ်တယ်။

ပါပဂြိုဟ်တစ်လုံး (သဘာဝပါပ) ဟာ ဘယ်မှာ ပဲရှိရှိ သူရပ်တည်တဲ့အိမ်ကို ဖျက်ဆီးလိမ့်မယ်။ ဒါပေမယ့် အဲသလိုလုပ်တဲ့အခါ ကောင်းတဲ့အိမ်များ နဲ့ ဆက်စပ်ရတဲ့အတွက် သူ့အရည်အချင်းတွေ ကောင်းလာလိမ့်မယ်။ (ပါပဂြိုဟ်အတွက်) ကောင်းတဲ့အိမ်များ ဆိုတာက (၃-၆-၁၁)တို့ ဖြစ်တယ်။ ရောဂါ များ နှင့် ပတ်သက်လို့ရှိလျှင် ၆တန့်ဟာ မသင့်လျော်ဘူး။ အဲဒါကြောင့် ဒီအိမ်များ မှာ ရပ်တည်တဲ့ ဂြိုဟ်ဆိုးများ ဟာ သူတို့ရဲ့ ဒသာများ မှာ အကောင်းများ ကို ပေးတာ ဖြစ်တယ်။

အိမ်ရှင်နှင့် ပတ်သက်လို့ ၆တန့်၊ ၈တန့်၊ ၁၂တန့် တို့သာဆိုးတယ်။ သူတို့ရဲ့ သခင်များ ဟာ ဘယ်မှာ ပဲရှိရှိ သူတို့ရပ်တည်တဲ့ (သို့ မဟုတ်) မြင်တဲ့ဘာဝများ ကို ဖျက်ဆီးလိမ့်မယ်။ ဒီနေရာမှာ “သခင်များ ”လို့ ဆိုခြင်းဟာ သော မရော ပါပပါ ဖြစ်ပါတယ်။

(ပရာဿရ)နှင့် သူ့နောက်လိုက်များ က သော မဂြိုဟ်ကိန်းကိုပိုင်လျှင် ဆိုးမယ်၊ ပါပဂြိုဟ်ကိန်း ကို ပိုင်လျှင် ကောင်းမယ်လို့ ပြခဲ့ကြတယ်။ တြိကောဏများ ဟာ ၂မျိုးစလုံးအတွက် ကောင်းတယ်။ ၃-၆-၈တန့်တို့ ကတော့ အားလုံးအတွက် မကောင်းဘူး။ ၁၂တန့်သခင် ကတော့ ကြားနေတယ်။ အထက်ဖော်ပြပါသခင်များ မှ ဖြစ်ပေါ်လာတဲ့ အကောင်းအဆိုးတွေ ဟာ ထာဝရမဟုတ်ပါဘူး။ ယာယီမျှသာ ဖြစ်တယ်။ သခင်အသီးသီးရဲ့ ဒသာကာလများ ထဲမှာ သူ့သဘာဝအလျှောက် အလုပ်လုပ် လိမ့်မယ်။

အားနှင့် ပတ်သက်လို့တော့ ဂြိုဟ် (အကောင်းရောအဆိုးပါ)ဟာ အားကောင်းလေလေ၊ ကောင်းတာကို ပို ဖြစ်စေလိမ့်မယ်။ ဇာတာရှင်ဟာ ဒီအကျိုးသက်ရောက်မှု များ ကို လက်တွေ့ ခံစားရမရ ဆိုတာကိုတော့ လဂ် (သို့ မဟုတ်) စန်းနှစ် ခုအနက် ပိုအားကောင်းတဲ့ဟာ မှ ဂြိုဟ်များ ရဲ့ အနေအထား မှ ဆုံးဖြတ်ရပါတယ်။

ဒါကို နောက်ခံထားလျှင် မေးခွန်းများ ကို အလွယ်တကူဖြေဆိုနိုင်ပါတယ်။ တူလဂ်၊ ကြာသပတေးဂြိုဟ်က ကရကဋ်ရာသီမှာ ရပ်တဲ့ဇာတာတစ်စောင်ကို လေ့လာကြည့်တယ်။

(၁) ကြာသပတေးဂြိုဟ်ကရပ်တဲ့ ၁၀တန့်ဘာဝနှင့် သူမြင်တဲ့ဘာဝများ အားလုံးကို အား ကောင်းစေပါတယ်။

(၂) ၄င်းပိုင်တဲ့အိမ်များ ၃တန့်၊ ၆တန့်တို့လည်း အားကောင်းစေတယ်။

(၃) ဂြိုဟ်ရဲ့ ကောင်းတဲ့အရည်အချင်းအားလုံး ဇာတာရှင်က တွေ့ ကြုံခံစားရမယ်။

ကြာသပတေးဂြိုဟ် ဒသာမှာ ၃တန့်နှင့် ၆တန့်ပိုင်ဆိုင်မှု ရတဲ့ ဆိုးကျိုးများ ကို ထိုပုဂ္ဂိုဟ်ဟာ ခံစားရမယ်။ ဒါဟာ ယာယီမျှသာခံစားရပြီး ဘ၀တစ်သက်လုံးအတွက် မဟုတ်ပါဘူး။ အလားတူပဲ ဓနုလဂ်အတွက် မိန်ရာသီရှိ သော ကြာဂြိုဟ်နှင့် မိန်လဂ်တို့အတွက် ဖြစ်တယ်။

ဓနုလဂ် ကြာသပတေးဂြိုဟ်က ကရကဋ်မှာ ရှိတဲ့ လူ တစ်ယောက် ကိုကြည့်လျှင် ကြာသပတေးဂြိုဟ်က ၈တန့်အိမ်ကို ပိုကောင်းစေလိမ့်မယ်။ အဲဒါကြောင့် အသက်ပိုရှည်မယ်။ သော မ ဖြစ်တဲ့အတွက် သူမြင်တဲ့အိမ်တွေ လည်း တိုးတက်ကောင်းမွန်လိမ့်မယ်။ မကောင်းတဲ့အိမ်မှာ သူရပ်တည်တဲ့အတွက် သူ့ရဲ့ ကာရကအရည်အချင်းများ ဟာ ဇာတာရှင်ရဲ့ ဘ၀မှာ မြင်တွေ့ ရမှာ မဟုတ် ဘူး။ သူ့ဒသာကာလများ ဟာ ဆိုးတယ်။

ဘာကြောင့် လဲဆိုတော့လဂ်ရဲ့ ၄တန့်ကို သူပိုင်ပြီး ၈တန့်မှာ ရပ်တည်လို့ ဖြစ်တယ်။ ကြာသပတေးဂြိုဟ်ဟာ သူစိုးမိုးတဲ့ မြင်တဲ့အိမ်တွေ ကို စွမ်းအားရှိသမျှ အားလုံးကိုပေးပါတယ်။ ဒါပေမယ့် ဒီပေးတဲ့ကောင်းကျိုးတွေ ကို ဇာတာရှင်ဟာ ခံစားရမှာ မဟုတ်ဘူး။ (ဒီမှာ မှတ်ထားရမှာ က အိမ်ရှင်ဟာ အားကောင်းပြီး ဥုစ်ရတဲ့အတွက် ဆိုးကျိုးတွေ လျော့နည်းသွားမယ်။)

စနေဂြိုဟ် တူရာသီမှာ ရှိပြီး လဂ် ဖြစ်လျှင် စနေဟာ ၆တန့်အိမ်မှာ ရှိလို့ ပျက်စီးသွားတယ်။ ( ရောဂါ တွေ ၊ ရန်သူတွေ ၊ ကြွေးမြီတွေ တိုးလာတယ်) ဒါပေမယ့်ဂြိုဟ်ဟာ အားကောင်းတဲ့အတွက် ၆တန့်ရဲ့ ဆိုးကျိုးတွေ အတော် အတန်လျော့နည်းသွားမယ်။ ဂြိုဟ်ဟာ ၆တန့်မှာ ရှိတဲ့အတွက် စနေဂြိုဟ်မှာ ရှိတဲ့ အရည်အချင်းတွေ အားလုံးမြင်တွေ့ ရမယ်။ ဘာကြောင့် လဲဆိုတော့ သူ့အတွက် သင့်လျော်တဲ့အိမ် ဖြစ်ပြီး၊ ဇာတာရှင်ဟာ စနေဂြိုဟ်ရဲ့ အကျိုးသက်ရောက်မှု များ ကို သူ့ဘ၀မှာ တွေ့ ကြုံ ခံစားရမယ်။ (စနေဂြိုဟ်က သံ၊ ကုန်ပစ္စည်းနှင့် ကျေးကျွန်အစရှိသည်များ ကို စိုးမိုးတယ်။) သူမြင်တဲ့ အိမ်ကို နည်းနည်း တော့ ဒုက္ခပေးမယ်။ ဒါပေမယ့် သူဟာ ဥုစ်မူရတဲ့အတွက် ဆိုးကျိုးဟာ အနည်းဆုံးပဲ ဖြစ်မယ်။ ဒသာကာလာများ ဟာလည်း အလွန်ကောင်းတယ်။

မှတ်ချက် ။ ။ ရောဂါ များ နှင့် ပတ်သက်လို့ စဉ်းစားရာမှာ ၆တန့်ဟာ ပါပဂြိုဟ်အတွင်း သင့်လျော်တဲ့အိမ် မဟုတ်ဘူး။ ဒါကြောင့် ၆တန့်က ညွှန်ပြတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းရှိ ရောဂါ များ ကို လည်း ထည့်သွင်းရလိမ့်မယ်။

ကြာသပတေးဂြိုဟ်ဟာ ကရကဋ်ရာသီမှာ ရှိပြီး ပြိဿလဂ် ဖြစ်ခဲ့လျှင် ကြာသပတေးဂြိုဟ်ဟာ ၃တန့်အိမ်ကို ကောင်းလည်းကောင်းစေမယ်။ ဖျက်လည်း ဖျက်စီးမယ်။ သော မအနေနှင့် ကောင်းစေမှာ ဖြစ်ပြီး ၈တန့်သခင်အနေနှင့် သူရပ်တည်တဲ့အိမ်၊ မြင်တဲ့အိမ်တွေ ကို ဖျက်စီးမယ်။ သူဟာ လင်္ဂမှ မကောင်းတဲ့အိမ်မှာ ရပ်တဲ့အတွက် ထင်ရှားတဲ့ ကရကဋ်တွေ ကို ခံစားရမှာ မဟုတ်ဘူး။ သူဟာ ဥုစ်ရတဲ့ အတွက် သူစိုးမိုးသမှု ဖြစ်သော (၁) ၁၁တန့်နှင့် ၈တန့်သခင်အနေနှင့် (၂) ၃တန့်မှာ ရပ်တည် ပြီး ၉တန့်၊ ၇တန့်၊ ၁၁တန့်ကို မြင်ရတဲ့အတွ့် ဇာတာထဲမှာ အားအပြည့် ရပ်တည်လိမ့်မယ်။ သူဟာ အားပျော့လို့ရှိလျှင် အထက်ဖော်ပြပါအချက်တွေ လျော့နည်းသွားလိမ့်မယ်။ ဒသာကာလများ ထဲမှာ သူဟာ ဆိုးတဲ့အထိ ဖြစ်မယ်။ အကယ်၍ အားပျော့လျှင် သူဆိုးတဲ့သဘာဝဟာ ဒသာကာလအတွင်း ၂ဆ ဖြစ်လိမ့်မယ်။

အမေး ။ ။ ယေဘုယျအားဖြင့် ၁၂တန့်မှာ ရှိတဲ့ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အကျိုးပေးက ဘယ်လိုလဲ။ (နရာယန်းဘဏ္ဍ) ပြုစုတဲ့ (စမတ်ကစိန္တာမဏိ)ကျမ်းမှာ ဖော်ပြထားတဲ့ အဟောတွေ ကို လက်ခံပါ သလား။

အဖြေ ။ ။ (နာရာယန်းဘဏ္ဍ) အယူအဆများ ကို (၀ါရဟမိဟိရ)ဆရာက လုံးဝသဘော မတူသော်လည်း မဆန့်ကျင်ခဲ့ပါဘူး။ ၀ါရဟမိဟိရဆရာရဲ့ (ဘ၀မချ)ကျမ်းထဲမှာ ဆိုထားတာက၊ ဗုဒ္ဓဟူးဂြိုဟ်ဟာ ၁၂တန့်မှာ ရပ်တည်ပြီး တနင်္ဂနွေဂြိုဟ်က ၁၂တန့်မှာ ရှိနေလျှင် သူဟာ တနင်္ဂနွေဂြိုဟ် ရဲ့ အကျိုးတွေ ကို ပေးလိမ့်မယ်။ (နာရာယန်းဘဏ္ဍ)အဆိုက မိမိရန်သူများ ကို အောင်နိုင်လိမ့်မယ်။ စီးပွားချမ်းသာကို နည်းအမျိုးမျိုးနှင့် တိုးတက်ကောင်းမွန်လာစေမယ့်အပြင် ပညာတတ်များ ၊ သူတော် ကောင်းများ နှင့် အပေါင်းအသင်း ဖြစ်လိမ့်မယ်။ (အပယ်ခံ တစ်ယောက် )ဟာ ဒါတွေ အားလုံး ပြည့်စုံနိုင် တယ်။ တောင်ပိုင်းအိန္ဒိယ ဗေဒင်ဆရာများ အဆိုက ဗုဒ္ဓဟူးဂြိုဟ်ဟာ ၁၂တန့်မှာ ရှိလျှင် ပညာတတ် ဖြစ်လိမ့်မယ်။ ဒါကို (ပရာဿရ)ကလည်း ဘာမှဆန့်ကျင်မပြောဘူး။ (စမတ်က စိန္တာမဏိ)ကျမ်းထဲမှာ သူတို့ရဲ့ အနေအထားထက် ဂြိုဟ်များ ရဲ့ မြင်ခြင်းကို ပိုပြီးတော့ အလေးထားဖွင့်ဆိုတယ်။

အမေး ။ ။ ဟိန္ဒူဗေဒင်ဟောကျမ်းမှာ အဋ္ဌာဝဂ္ဂအတွက် ဂြိုဟ်၇လုံးကိုသာ ထည့်သွင်းစဉ်းစား ကြတယ်။ “အဋ္ဌ”ဆိုတာက (၈) ဖြစ်တယ်။ (၇)မဟုတ်ပါဘူး။ ဗိန္တုပေါင်း ၃၃၇၊ ဂြိုဟ် ၇လုံးနှင့် အဆက် အစပ်ရှိတာတွေ ကို ယူပါတယ်။ ဂြိုဟ်၈လုံး ဖြစ်စေတဲ့အခြားတစ်လုံးဟာ ဘာလဲ။ လဂ်လား၊ ရာဟုလား။

အဖြေ ။ ။ အဋ္ဌ၀ဂ္ဂဂြိုဟ် ၇လုံးနှင့် ပဲ ပတ်သက်ပါတယ်။ ဂြိုဟ် ၇လုံးဟာ အသီးသီးစီရဲ့ သင့်လျော်တဲ့ နေရာများ နှင့် လဂ်စုပေါင်းလိုက်လျှင် ၃၃၇ ရပါတယ်။ ‘အဋ္ဌက’နေရာများ ကို ဆိုလိုတာပါ။ “ဂြိုဟ်များ ”ကို ဆိုလိုခြင်းမဟုတ်။ (ဇာတက၊ သယမမံဂဟ)ကျမ်းအရ၊ ရာဟုမှာ ဗိန္တု ၄၃ (သို့ မဟုတ်) သင့်လျော်တဲ့အနေအထားရှိတယ်။ (ဗြိုဟဇ်ဇာတက)မှာ ရော (ပရာဿရဟောရ)မှာ ပါ ရာဟုကို ဖော်ပြခြင်းမရှိပါ။ ရာဟုအဋ္ဌ၀ဂ္ဂအတွက် ၄၃နှင့် တွက်ချက်ရာမှာ ရာဟုမှ သင့်လျော်တဲ့နေရာ များ ထည့်သွင်းစဉ်းစားခြင်း မပြုပါဘူး။ ရာဟု အဋ္ဌ၀ဂ္ဂများ ဟာ အောက်ပါအတိုင်း ဖြစ်တယ်။

တနင်္ဂနွေ -၁-၂-၃-၅-၇-၈-၁၀ (၇)

တနင်္လာ -၁-၃-၅-၇-၈-၉-၁၀ (၇)

အင်္ဂါ -၁-၃-၅-၁၂ (၄)

ဗုဒ္ဓဟူး ၂-၄-၇-၈-၁၂ (၅)

ကြာသပတေး -၁-၃-၄-၆-၈ (၅)

သော ကြာ -၆-၇-၁၁-၁၂ (၄)

စနေ -၃-၅-၇-၁၀-၁၁-၁၂ (၆)

လဂ် -၃-၄-၅-၉-၁၂ (၅)

အမေး ။ ။ ကိုယ်နေထိုင်တဲ့အိမ်ဟာ မသန့်ဘူးဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ။

အဖြေ ။ ။ အိမ်ကိုပေးထားတဲ့ နာမည် က နေအိမ်ရဲက ရာသီခွင်မှ နက္ခတ်စီးအက္ခရာတွေ ကို ရှာပါ။ အကယ်၍ ဒီရာသီဟာ စရရာသီဆိုလျှင် ကြာသပတေးက ၉တန့်အိမ်မှာ ရှိမယ်။ အကယ်၍ ထိရ ရာသီ ကြာသပတေးဂြိုဟ်ဟာ ရာသီထဲမှာ ကိုရှိမယ်။ အကယ်၍ ဒွေးဒဟရာသီ ဖြစ်နေလျှင် ကြာသပတေးဂြိုဟ်ဟာ ၅တန့်အိမ်မှာ ရှိမယ်။ ဒီအမှတ်များ ကို အိမ် (သို့ မဟုတ်) ခြံဝင်းထဲမှာ သပ်သပ် ရပ်ရပ် သန့်သန့်ရှင်းရှင်းထားပါ။ အထက်ဖေါ်ပြပါအမှတ်များ မှာ ဂြဟဒေ၀တာ ရှိနေမယ်လို့ မှတ်ယူပါ။ ဒီအမှတ်များ ကို သိလျက်နှင့် မသန့်မရှင်းထားလျှင် အိမ်မှာ နေတဲ့ လူများ အတွက် မကောင်းတာတွေ ဖြစ်မှာ ပဲ။

ကိုယ်နေထိုင်တဲ့ အိမ်ရဲ့ နက္ခတ် သို့ မဟုတ် ကြယ်စုကို၊ ကိုယ်ပေးထားတဲ့ အိမ်နာမည် မှ ရှာနိုင်ပါတယ်။ အဲဒီ ကြယ်စုမှ တနင်္လာဂြိုဟ်ရဲ့ အနေအထားကို ကျွန်ုပ်တို့ သတ်မှတ်နိုင်မယ်။ ကောဇာနေဂြိုဟ်က အနိဋ္ဌာရာသီကို ဖြတ်တဲ့အချိန်၊ အဆိုး ဖြစ်တဲ့သေခြင်း၊ သို့ မဟုတ် ယာဉ်များ တိရစ္ဆာန်များ ကို ရောင်းချခြင်းတို့ ဖြစ်တတ်ပါတယ်။ ကောဇာကြာသပတေးဂြိုဟ်က အနိဋ္ဌရာသီကို ဖြတ်သွားလျှင် ကလေးများ အပေါ်ဆိုးကျိုး (သို့ မဟုတ်) အိမ်နေထိုင်သူများ ရဲ့ ငွေရေး ကြေးရေး ထိခိုက် မယ်လို့ ဟောနိုင်တယ်။ ကောဇာရာဟုက မကောင်းတဲ့အိမ်များ ကို ဖြတ်လျှင် တွားသွားသတ္တ၀ါတို့ရဲ့ အန္တရာယ်ရှိနိုင်တယ်။ အလားတူ ကောဇာအင်္ဂါဂြိုဟ် ဖြတ်သွားလျှင်တော့ မီးအန္တရာယ်ကို ပြဆိုနေပါတယ်။

ဂြိုဟ်ဆိုး ၃လုံးနှင့် ၃လုံးထက်များ ပြီး (အနိဋ္ဌ) ရာသီကို ဖြတ်သွားလျှင်တော့ အိမ်မှာ နေထိုင်သူများ ရူးသွပ်ခြင်း ဖြစ်လိမ့်မယ်။ (အနိဋ္ဌ)ရာသီကို ဂုလိကဖြတ်သွားလျှင်တော့ မကောင်းဆိုး ရွားက ဒုက္ခပေးလိမ့်မယ်။

အမေး ။ ။ လူသားအပြင် တခြားသတ္တ၀ါတွေ ကို ဇာတာဖွဲ့ပြီး ဟောပြောနိုင်ပါ့မလား။

အဖြေ ။ ။ အကယ်၍ အောက်ပါယုဂ်များ ကို တွေ့ ရလျှင် ၀ိယောနိ (အင်္ဂါဓာတ်မပါ) မွေးဖွား ခြင်းလို့ ကျွန်တော် တို့ ခိုင်ခိုင်မာမာ ဆိုနိုင်တယ်။

(၁) သဘာဝပါပများ အားလုံး အားကောင်းပြီး သဘာဝသော မအားလုံး အားပျော့ရမယ်။

(၂) တနင်္လာဂြိုဟ် အားပျော့ရမယ်။

(၃) ဗုဒ္ဓဟူးနဲ့ စနေဂြိုဟ်တို့ဟာ ကိန်းများ မှာ ရပ်တည်နေရမယ်။ (သို့ မဟုတ်) လဂ်ကို မြင်ရမယ်။

(၄) လဂ် (သို့ မဟုတ်) ဇနမရာသီဟာ ၀ိယောနိရာသီ ဖြစ်ရမယ်။

အဲဒါဆို ဒီဇာတာရှင်ဟာ လူသားမှ မွေးဖွားခြင်းမဟုတ်ဘူးဆိုတာ မှတ်ထားပါ။ တနင်္လာဂြိုဟ် ရဲ့ ၁၂တန့်ဘာဝကို စစ်ဆေးပါ။ ပြီးတော့ ၁၂တန့်ဘာဝရဲ့ ရာသီသဘာဝအရ မွေးဖွားခြင်း ဖြစ်မယ်။

အကယ်၍ မိဿရာသီဆိုလျှင် သိုး၊ ပြိဿရာသီဆိုလျှင် နွား၊ အကယ်၍ မိန်ရာသီဆိုလျှင် ငါး စသည်ဖြင့် ပေါ့။

ငှက်များ နဲ့ ပတ်သက်ပြီး အကယ်၍ လဂ်ရာသီဟာ ပက္ဈီတြင်းမှာ ဆိုလျှင် ငှက်မှာ မွေးဖွား တယ်လို့ ပြောနိုင်တယ်။ အလားတူပဲ သစ်ပင်များ ရဲ့ သဘာဝနှင့် ကြီးထွားခြင်းကို သင်နားလည်ရမယ်။ အကယ်၍ လဂ်၊ တနင်္ဂနွေ၊ တနင်္လာနှင့် ကြာသပတေးဂြိုဟ်တို့ အားပျော့ပြီး ကျန်ဂြိုဟ်တွေ အားကောင်းလျှင် သစ်ပင်မှ မွေးဖွားတယ်လို့ ပြောနိုင်တယ်။ သစ်ပင်များ ရဲ့ သဘာဝ ကတော့ သူတို့ရပ် တည်တဲ့ ဂြိုဟ်တွေ နှင့် ရာသီများ အပေါ်တည်ပါတယ်။

အချို့ဆရာများ က မွေးဖွားခြင်းရဲ့ သဘာဝကို ဆုံးဖြတ်ဖို့ တနင်္လာ (သို့ မဟုတ်) လဂ်ရဲ့ န၀င်း ကို ယူပါတယ်။ (မွေးဖွားခြင်း ၄မျိုးရှိတယ်ဆိုတာကို မှတ်သားပါ။)

(၁) သစ်ပင်နှင့် ဂြိုဟ်များ

(၂) လူနှင့် တိရစ္ဆာန်

(၃) ပိုးမွှားတိရစ္ဆာန်ငယ်နှင့်

(၄) ငှက်များ ဖြစ်တယ်။

ဒါတွေ ကို ၁၂တန့်မှသော်လည်းကောင်း၊ တနင်္လာဂြိုဟ်နှင့် လဂ်နှင့် န၀င်းမှာ သော် လည်းကောင်း သိနိုင်တယ်။ အသေးစိတ်ကိုတော့ (သာရာဝလီ)ကျမ်းမှာ ဖတ်ပါ။

အမေး ။ ။ လက်ဖ၀ါးပေါ်ရှိ မျဉ်းကြောင်းများ မှ မွေးဖွားတဲ့လဂ်ကို ဘယ်လိုရှာရမလဲ။ လက်ဖ၀ါးကို ကြည့်ပြီး ဂြိုဟ်တွေ ရဲ့ အနေအထားကို ဘယ်လိုရအောင် လုပ်မလဲ။

အဖြေ ။ ။ လက်ဖ၀ါးမှ လဂ်ကိုရှာဖို့ဟာ လက်ချောင်းများ ပေါ်မှ လမ်းကြောင်းများ ကို ရေတွက် ပါ။ ပြီးတော့ ၁၂နှင့် စားပါ။ ရလဒ်ဟာ မွေးဖွားစဉ် မြင့်တက်လျက်ရှိသော ရာသီကိုရပါတယ်။ လက်ဖ၀ါးမှ ဂြိုဟ်တွေ ရဲ့ အနေအထားကို ရှာတဲ့အခါမှာ လည်း အဲသလို တွက်ချက်မှု အများ အပြား လုပ်ရပါတယ်။ ပြည့်ပြည့်စုံစုံ တိုတိုနှင့် ဖြေလို့မရဘူး။ ဒီအချက်တွေ နှင့် ပတ်သက်လို့ အပြည့်အစုံ ရှင်းပြထားတဲ့ (ခိဟိရဆရာ) ရဲ့ (ဗေဒင်လက္ခဏာ)ကျမ်းကို လေ့လာပါ။

အမေး ။ ။ အမျိုးသမီးတွေ မှာ ဘယ်ဘက်လက်ကို စစ်ဆေးရမလဲ။ လက်ျာလား၊ လက်ဝဲလား။

အဖြေ ။ ။ ယောက်ျား ဖြစ်စေ၊ မိန်းမ ဖြစ်စေ၊ အဖြေမှန်ကိုရအောင် လက်နှစ် ဖက်စလုံးကို စစ်ဆေးရပါမယ်။

အမေး ။ ။ လက်ဖ၀ါးပေါ်ရှိမျဉ်းကြောင်းများ မှ အစ်ကိုများ ၊ အစ်မများ ၊ အဖေ၊ အမေတို့အတွက် အမှတ်အသားကို ဘယ်လိုရှာမလဲ။ သူတို့အသက်ရှင်လျက်ရှိသေးသလား။ သေဆုံးကုန်ပြီလားဆိုတာ ဘယ်လိုရှာမလဲ။

အဖြေ ။ ။ ဟိန္ဒူလက္ခဏာကျမ်းမှာ အခုခေတ် အသက်လမ်းကြောင်းဟာ ဖခင်ကို ညွှန်ပြပြီး၊ ဦးခေါင်းလမ်းကြောင်းဟာ မိခင်ကို ညွှန်ပြပါတယ်။ ဒီလမ်းကြောင်းများ ကောင်းမကောင်းအရ၊ အမိနှင့် အဖကံကြမ္မာကို ပြဆိုပါတယ်။ လက်ရဲ့ ဘေးဘက်က အင်္ဂါဂြိုဟ်ခုံပေါ်က လမ်းကြောင်းအတိုများ ဟာ မျဉ်းဖြောင့်လေးတွေ က ညီအစ်ကိုများ အတွက်၊ မျဉ်းစောင်းလေးတွေ က နှမအစ်မများ အတွက် အသီးသီး ညွှန်ပြပါတယ်။ ဒီလမ်းကြောင်းတွေ ပြတ်နေလျှင် (သို့ မဟုတ်) ဖြတ်သွားလျှင်၊ သူတို့ သေဆုံးပြီလားဆိုတာ ရှာလို့ရမယ်။ ဒါပေမယ့် သူတို့အသက်ရှင်လျက်ရှိမယ်၊ သေဆုံးတယ်ဆိုတာ အဲဒီ အချိန်ပိုင်း လက်ဖ၀ါးပေါ်မှာ လမ်းကြောင်းများ နှင့် ဇာတာကို တွက်ချက်ခြင်းတို့က အထောက် အကူ အများ ကြီး ပြုပါလိမ့်မယ်။

အမေး ။ ။ အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်လို ယူဆဟောပြောရမလဲ။ (ဒီအချက်နှင့် ပတ်သက်လို့ အယူအဆ အမျိုးမျိုး ကွဲပြားမှု တွေ ရှိတယ်)

အဖြေ ။ ။ အချို့က လဂ် (သို့ မဟုတ်) စန်းမှ ၁၀တန့်ကို ကြည့်ပြီး အဟောထုတ်ကြပါတယ်။ အချို့က ၁၀တန့်သခင်စီးတဲ့ န၀င်းသခင်ကိုယူပြီးဟောပေးကြပါတယ်။ “ပရာဿနာ”ကျမ်းထဲ မှာ လည်း လဂ်ဟာ အလုပ်အကိုင်ကို ညွှန်ပြသတဲ့။ အဲဒီ အချက်တွေ အားလုံးကို သုံးသပ်ပြီးမှ အင်အား အကောင်းဆုံးဂြိုဟ်အရ အလုပ်အကိုင် ဆုံးဖြတ်ပေးပါ။

အမေး ။ ။ လူ တစ်ယောက် ရဲ့ ဘ၀အဆင့်အတန်းတွေ ကို ဘယ်ဘာဝ၊ ဒါမှမဟုတ် ဘယ်ဂြိုဟ် တွေ က အဆုံးအဖြတ်ပေးပါသလဲ။

အဖြေ ။ ။ သာမန်အားဖြင့် ဆိုလျှင် ၁၀တန့်ဘာဝဟာ လူ တစ်ယောက် ရဲ့ အနေအထား အားလုံးကို ဖော်ပြနေပါတယ်။ ၁၀တန့်ဘာဝနေဂြိုဟ်၊ ၁၀တန့်သခင်ဂြိုဟ်၊ ၁၀တန့်ကာရကပြုတဲ့ဂြိုဟ် တွေ နှင့် လူ့အဆင့်အတန်း အနိမ့်အမြင့်ကို ဟောပြောရပါတယ်။ ဂြိုဟ်များ လေ၊ စဉ်းစားရခက်ခဲလေ ပါပဲ။

၁၀တန့်ဘာဝသခင်စီးတဲ့ န၀င်းသခင်ကလည်း လူ့အခြေအနေကို ဖော်ပြနိုင်ပါတယ်။ န၀င်း သခင်ဂြိုဟ်ရပ်တဲ့ဘာဝ၊ ၁၀တန့်သခင် ရပ်တဲ့ဘာဝ၊ တနင်္ဂနွေဂြိုဟ်ရပ်တဲ့ဘာဝ၊ လဂ်သခင်ရပ်တဲ့ဘာဝ သဘောတရားကိုလည်း ကြည့်ရပါမယ်။ အဲဒါတွေ အားလုံးကြည့်ပြီးမှ ဇာတာတစ်စောင်အတွက် အဆုံး အဖြတ်ပေးရမယ်။

ပြီးတော့ အလုပ်အကိုင်နှင့် ပတ်သက်ပြီး မဆုံးဖြတ်ခင် ပေါ်လွင်ထင်ရှားတဲ့ အမှတ်အသား တွေ ကို မှတ်သားထားရမယ်။ တနင်္လာဂြိုဟ်ဟာ အားကောင်းလျှင်၊ တနင်္လာဂြိုဟ်ကနေလည်း အဲသလို ထည့်သွင်းစဉ်းစားတွက်ချက်ရပါမယ်။

အမေး ။ ။ ဘယ်အချက်တွေ က ရုပ်ရှင်သရုပ်ဆောင် (သို့ မဟုတ်) အဆိုတော် ဖြစ်စေတာလဲ။

အဖြေ ။ ။ ယေဘုယျအားဖြင့် သရုပ်ဆောင်ကောင်း (သို့ မဟုတ်) အဆိုတော် ကောင်း တစ်ယောက် ဖြစ်ဖို့ သော ကြာဂြိုဟ်ဟာ အားကောင်းရပါမယ်။

တကယ်လို့ အသက်မွေးဝမ်းကျောင်း အလုပ်အ ဖြစ် မှတ်ယူရမယ်ဆိုလျှင် သော ကြာဂြိုဟ် ဟာ ၁၀တန့်ဘာဝနှင့် တစ်နည်းမဟုတ် တစ်နည်း နီးနီးကပ်ကပ် ဆက်သွယ်မှု ရှိနေရမယ်။

ဥပမာ သော ကြာဂြိုဟ်ဟာ ၄တန့်ဘာဝ၊ သို့ မဟုတ် ၁၀တန့်ဘာဝမှာ ရပ်တည်လျှင် သို့ မဟုတ် သော ကြာဂြိုဟ်ဟာ ၁၀တန့်ဘာဝကို မြင်လျှင် သို့ မဟုတ် သော ကြာဂြိုဟ်ဟာ ၁၀တန့်ဘာဝ နှင့် ပူးယှဉ်နေလျှင် သူ့အသက်မွေးဝမ်းကျောင်းမှု ဟာ သီချင်းဆိုခြင်း သို့ မဟုတ် သရုပ်ဆောင်ခြင်း ဖြစ်ဖို့ အခွင့်အရေး များ ပါတယ်။

အမေး ။ ။ ဘယ်အချက်တွေ က သားရေကုန်သည်နှင့် သံကုန်သည် ဖြစ်စေတာလဲ။

အဖြေ ။ ။ ၁၀တန့်ဟာ ဇီဝရာသီ ဖြစ်လျှင်တော့ သားရေကုန်သည် ဖြစ်မယ်။ ၁၀တန့်ကို ကြာသပတေးဂြိုဟ်ကပိုင်လျှင် သားရေကုန်သည်။

ဓာတုရာသီလည်း ဖြစ်မယ်၊ တနင်္ဂနွေ၊ စနေတို့နှင့် လည်း ဆက်သွယ်နေလျှင် သံကုန်သည် ဖြစ်မယ်။ အင်္ဂါဂြိုဟ်လည်း အလားတူပဲ။

ဇီဝရာသီတွေ ကတော့ မေထုန်၊ ကုမ်၊ ဓနု၊ မိန်ရာသီတို့ ဖြစ်တယ်။

ဓာတုရာသီတွေ က မိဿ၊ ကရကဋ်၊ တူ၊ မကာရရာသီတွေ ဖြစ်တယ်။

ပထမအုပ်စုရာသီတွေ က ၁၀တန့် ဖြစ်ခဲ့သော် သားရေကိုရမယ်။ ဒုတိယအုပ်စု ဖြစ်ခဲ့လျှင် သံကိုရတယ်။ (ကလိုသျှနီယာ) နှင့် (ပရာဿနမာဃ) ကျမ်းတို့က အသေးစိတ်ကို ရှင်းလင်းဖော်ပြ ထားပါတယ်။

ဂြိုဟ်များ နှင့် ပတ်သက်လို့ ကတော့ ကွဲပြားတဲ့အယူအဆတွေ ရှိတယ်။

ရာဟုကို (ဓာတု)ဂြိုဟ်ထဲမှာ ထည့်သွင်းနိုင်တယ်။ ဗုဒ္ဓဟူးနှင့် ကြာသပတေးတို့ဟာ (ဇီဝ)ဂြိုဟ်များ ဖြစ်တယ်။

ဇီဝရာသီတွေ ဗုဒ္ဓဟူးဂြိုဟ်၊ ကြာသပတေးဂြိုဟ်တို့နှင့် ဆက်သွယ်မှု ရှိလျှင် သားရေကုန်သည် ဖြစ်နိုင်တယ်။

ဓာတုရာသီတွေ က တနင်္လာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ စနေဂြိုဟ်၊ ရာဟုဂြိုဟ်တို့နှင့် ဆက်သွယ်မှု ရှိ လျှင် သံထည်ပစ္စည်းများ ရမယ်။

အမေး ။ ။ ဇာတာတစ်ခုကိုကြည့်ပြီး လူ တစ်ယောက် ကို သတ္တုတူးဖော်ရေး လုပ်ငန်းနှင့် ကြီးပွား ချမ်းသာမယ်လို့ ဘာကြောင့် ဟောပြောနိုင်တာလဲ။

အဖြေ ။ ။ စရရာသီတွေ အားလုံးဟာ ဓာတုရာသီများ ဖြစ်တယ်။ တနင်္လာ၊ အင်္ဂါ၊ စနေ၊ ရာဟု တို့ဟာ (ဓာတု)ဂြိုဟ်များ ဖြစ်တယ်။

အဿဝဏီနက္ခတ်၊ ရောဟဏီနက္ခတ်၊ ပဏ္ဏဖုသျှူနက္ခတ်၊ မာဃနက္ခတ်၊ အဿတနက္ခတ်၊ ၀ိသာခါနက္ခတ်၊ မူလနက္ခတ်၊ သရ၀ဏ်နက္ခတ်၊ ပြုဗ္ဗဘဒြပိုဒ်နက္ခတ်တို့ဟာ (ဓာတု)နက္ခတ်များ ဖြစ်တယ်။

စည်းစိမ်ဥစ္စာ - အိမ်နှင့် ပစ္စည်းဥစ္စာတို့ကို ပေးတဲ့ ဘာဝတွေ ဟာ စရရာသီတွေ ဆိုလျှင်၊ ပြီးတော့ - (ဓာတု)ဂြိုဟ်များ ကလည်း အလားတူရပ်တည်လျှင်၊ ပြီးတော့ -၂တန့်၊ သို့ မဟုတ် ၄တန့်မှာ (ဓာတု)ဂြိုဟ်တွေ ရခဲ့လျှင် ဇာတာရှင်ဟာ သတ္တုမိုင်း ပိုင်ဆိုင်သူလို့ ပြောနိုင်တယ်။

အထက်ပါနည်းအတိုင်း ၁၀တန့်ဟာ (ဓာတု)ဂြိုဟ်နှင့် ဆက်စပ်မှု ရှိလျှင် ဇာတာရှင်ဟာ သတ္တုတွင်းလုပ်ငန်းလုပ်ကိုင်မယ်လို့ ပြောနိုင်တယ်။ ၂တန့်၊ ၄တန့်နဲ့ ၁၀တန့်ဘာဝတို့ကို စစ်ဆေးကြည့် ရပါမယ်။

(ပရာဿနမာဃ)

အမေး ။ ။ လူ တစ်ယောက် ဟာ (က)မျက်လှည့်ပြခြင်း၊ (ခ)တည်းခိုခန်းဖွင့်ခြင်း၊ (ဂ) သေရည် အရက်ရောင်းခြင်းစတဲ့ အလုပ်တွေ နှင့် ချမ်းသာမယ်လို့ ဇာတာကြည့်ပြီး ပြောနိုင်ပါသလား။

အဖြေ ။ ။ ရာဟုဂြိုဟ်က မျက်လှည့်၊ စိတ်ညှို့ခြင်းတို့ကို စိုးမိုးတယ်။ ရာဟုက ၁၀တန့်မှာ ရပ်တည်လျှင်၊ ဒါမှမဟုတ် မြင်လျှင်၊ ဇာတာရှင်ဟာ မျက်လှည့်၊ စိတ်ညှို့ခြင်းတို့နဲ့ စီးပွားရှာမယ်လို့ ပြောနိုင်တယ်။

(ခ) အင်္ဂါဂြိုဟ်က တည်းခိုခန်းကို စိုးမိုးတယ်။ ၁၀တန့်ဟာ အင်္ဂါဂြိုဟ်ပိုင် အိမ် ဖြစ်တယ်။ အင်္ဂါရပ်မယ်ဆိုလျှင်၊ ဇာတာရှင်ဟာ တည်းခိုခန်းလုပ်ငန်းရှင်လို့ အနီးစပ်ဆုံးဟောနိုင်တယ်။ မိဿရာသီကလည်း အလားတူစိုးမိုးတယ်။

(ဂ) ကုမ်ရာသီက သေရည်အရက်ကို စိုးမိုးတယ်။ ဗြိစ္ဆာရာသီကလည်း အလားတူပဲ။ ဂြိုဟ်များ ထဲမှာ စနေနှင့် ရာဟုတို့က အရက်သေစာနှင့် သက်ဆိုင်ကြတယ်။

အမေး ။ ။ ဇာတာကိုကြည့်ပြီး (က) ထီပေါက်မပေါက် (ခ)စဉ်းစားတွက်ချက်မှု မှန်မမှန် (ဂ) အလောင်းအစား နိုင်မနိုင် (ဃ) မြေယာအဆောင်အဦးများ ဈေးဆစ်လို့ ရမရ (င) အာမခံထားလို့ အကျိုး ရှိမရှိ (စ) အမွေရမရ စသည်တို့ကို ဘယ်လိုဟောရမလဲ။

အဖြေ ။ ။ ထီ။ ၄တန့်၊ ၉တန့်တို့ဟာ ထီနှင့် ဆိုင်တယ်။ တူရာသီလည်း အလားတူပါပဲ။ ဂြိုဟ်များ ထဲမှာ တော့ သော ကြာဂြိုဟ်၊ ကြာသပတေးဂြိုဟ်တို့ဟာ ထီနှင့် ပတ်သက်ကြတယ်။ ၄တန့်သခင်နှင့် ၉တန့်သခင်တို့ကိုလည်းကောင်း၊ ၄တန့်၊ ၉တန့်မှာ ရပ်တည်တဲ့ ဂြိုဟ်များ ကို လည်းကောင်း စစ်ဆေးရမယ်။

ဒီအချက်တွေ အားကောင်းရမယ်လို့ စိတ်ထဲမှာ သဘောပေါက်ထားရမယ်။ သင့်လျော်တဲ့ အိမ်မှာ လည်း ရပ်တည်ရမယ်။ အထူးသဖြင့် (၁၁)တန့်မှာ ဖြစ်တယ်။ အကယ်၍ ဒီဂြိုဟ်တွေ ပရိဝတ္တန ဖြစ်လျှင် ထီပေါက်မယ်။ ငွေစုပုံစုလိုက်များ ရနိုင်ပါတယ်။

(ခ) စဉ်းစားတွက်ချက်မှု ။ ။ (၅)တန့်ဟာ စဉ်းစားတွေးခေါ်မှု နှင့် ဆိုင်တယ်။ ၇တန့်လည်း အလားတူထည့်သွင်းနိုင်တယ်။ သော ကြာဂြိုဟ်လည်း ဒီနေရာမှာ အရေး ပါတယ်။

(ဂ) လောင်းကစားခြင်း ။ ။ မေထုန်၊ တူ၊ ကုမ်ရာသီတွေ ဟာ လောင်းကစားခြင်းနဲ့ သက်ဆိုင်တယ်။ ဗုဒ္ဓဟူးဂြိုဟ်၊ သော ကြာနှင့် စနေဂြိုဟ်တို့ဟာ လောင်းကစားအမျိုးမျိုးနှင့် ဆိုင်ကြ တယ်။ (၈)တန့်နှင့် (၁၂)တန့်လည်း အလားတူသက်ဆိုင်ကြတယ်။

(ဃ) မြေယာအဆောက်အဦးဈေးဆစ်ခြင်း ။ ။ (၄)တန့်က စိုးမိုးတယ်။ အင်္ဂါဂြိုဟ်က မြေယာကိုလည်းကောင်း၊ သော ကြာဂြိုဟ်က အဆောင်အဦးကိုလည်းကောင်း စိုးမိုးထားပါတယ်။

(င) အာမခံ ။ ။ စနေဂြိုဟ်နှင့် ၈တန့်တို့ဟာ အာမခံနှင့် ပတ်သက်ကြတယ်။

(စ) အမွေ ။ ။ သော ကြာဂြိုဟ်နှင့် (၂)တန့်၊ (၈)တန့်တို့ဟာ အမွေအနှစ် နျင့် သက်ဆိုင်ပါတယ်။

ဆိုခဲ့တဲ့ရာသီ၊ ဘာဝသခင်နှင့် ဂြိုဟ်တို့ဟာ အားကောင်းရမယ်။ ပြောထားတဲ့ ဘာဝနှင့် လဂ် တို့ဟာ အားရှိရမယ်။ ပိုပြီးစိတ်ချရတာ က သူတို့ဟာ (၁၁)တန့်နှင့် တစ်နည်းတစ်ဖုံ ဆက်သွယ်မှု ရှိနေခြင်းပါပဲ။

အမေး ။ ။ လူ တစ်ယောက် ဟာ ပန်းတိမ် သို့ မဟုတ် လက်သမားအလုပ်နှင့် အသက်မွေး ၀မ်းကျောင်းပြုမယ်လို့ ဘယ်လိုဆုံးဖြတ်မလဲ။

အဖြေ ။ ။ သံကို စနေဂြိုဟ်က စိုးမိုးတယ်။ သစ်သားကို တနင်္ဂနွေဂြိုဟ်က စိုးမိုးပြီး အနုပညာ အလုပ်ကို ဗုဒ္ဓဟူးဂြိုဟ်က စိုးမိုးတယ်။

ပန်းထိမ်နဲ့ပတ်သက်လို့ (၁၀)တန့်ဟာ စနေဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်တို့နှင့် ဆက်သွယ်နေရမယ်။ လက်သမားလုပ်ငန်းနှင့် ပတ်သက်လို့ တနင်္ဂနွေဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့ ဆက်သွယ်နေရမယ်။

အမေး ။ ။ ဇာတာကြည့်ပြီး အပြောင်းအရွှေ့ကို ဘယ်လိုအဟောထုတ်မလဲ။

အဖြေ ။ ။ အပြောင်းအရွှေ့နှင့် ပတ်သက်လို့ ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့ ခြင်း၊ မြင့်ရာသို့ လည်းကောင်း၊ နိမ့်ရာသို့ လည်းကောင်း၊ ပြောင်းရွှေ့ခြင်း၊ နေအိမ်တစ်ခုမှ အခြားတစ်ခု သို့ ပြောင်းရွှေ့ခြင်း စသည်တို့ပါဝင်တယ်။

ဒီအချက်တွေ အားလုံးနှင့် ပတ်သက်လို့ လဂ်ကိုစစ်ဆေးကြည့်ရမယ်။ စရရာသီလား၊ ထိရ ရာသီလားဆိုတာ ကြည့်ရမယ်။ ဥပဇောဒယရာသီ၊ သိသော ဒယရာသီ၊ ပိသော ဒယရာသီ ဘယ်ရာသီ မှာ လဂ်ရှိသလဲ ကြည့်ရမယ်။ အဲဒီ အချိန်မှာ ကောဇာပြောင်းရွှေ့စေတဲ့ ဂြိုဟ်တစ်လုံးလုံး ရောက်နေ သလား။ ရောက်လာတဲ့ ဂြိုဟ် အားရှိမရှိ ကြည့်ရမယ်။ လဂ်သခင်ကိုလည်း လေ့လာရမယ်။

အလုပ်အကိုင်နှင့် ပတ်သက်လို့ ပြောင်းရွှေ့ရမယ်ဆိုလျှင် ၁၀တန့် သခင်၊ ၁၀တန့် ဂြိုဟ်၊ လဂ်၊ စန်းတို့ကို ကြည့်ရမယ်။

နေအိမ်တစ်ခုမှ အခြားတစ်ခုသို့ အပြောင်းအရွှေ့ဆိုလျှင် ၄တန့်သခင်ကို စစ်ဆေးရမယ်။

ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့ရမှာ ဆိုလျှင် ၃တန့်၊ ၉တန့်နှင့် အဲဒီ အိမ်ရှင် ဂြိုဟ်တွေ ကို လေ့လာရမယ်။

နိုင်ငံရပ်ခြားသို့ ဆန္ဒအရသွားပြီး ပြန်လာရမယ်ဆိုလျှင် ၇တန့်၊ ၈တန့်၊ ၉တန့်တို့နှင့် အိမ်ရှင် ဂြိုဟ်တွေ ကို လေ့လာပါ။

အကယ်၍ နိုင်ငံမှ အတင်းအကြပ်နှင်ထုတ်ခြင်းခံရမယ်ဆိုလျှင် ၁၂တန့်နှင့် ၁၂တန့်သခင်ကို လေ့လာပါ။

ဒီအချက်တွေ အားလုံးထဲမှာ လဂ်ကအရေး အကြီးဆုံးပါပဲ။

အဲဒါတွေ ကို လေ့လာတဲ့အခါ ဇာတာရဲ့ ကောဇာတည်နေမှု ၊ ထိုကာလမှ ဒသာနဲ့ ဒသာသခင် တွေ ရဲ့ လွှမ်းမိုးမှု ကို ကြည့်ပါ။ ပရာကရာအဋ္ဌ၀ဂ္ဂကိုလည်း ရှေ့မှာ ချပြီး အချိန်ကို သတ်မှတ်ပါ။

အမေး ။ ။ လှေသင်္ဘောတွေ နဲ့ သင်္ဘောတည်ဆောက်မှု ကို ဘယ်ဂြိုဟ်များ နဲ့ ရာသီက အုပ်ချုပ်သလဲ။ လှေသင်္ဘောများ ပိုင်ရှင် ဖြစ်ကြောင်း ဘယ်လိုအဟောထုတ်ရမလဲ။

အဖြေ ။ ။ ကရကဋ်ရာသီနှင့် မိန်ရာသီတို့ဟာ ရေနှင့် ပတ်သက်တဲ့ရာသီတွေ ဖြစ်တယ်။ ပြီးတော့ ရေတြင်းတွေ ကလည်း သင်္ဘော၊ သင်္ဘောတည်ဆောက်မှု ကို ညွှန်ပြလျက်ရှိတယ်။

ဂြိုဟ်တွေ ထဲမှာ တော့ သော ကြာဂြိုဟ်၊ တနင်္လာဂြိုဟ်တို့က ဒါတွေ ကို အုပ်ချုပ်ထားတယ်။

ပရဿနမာဃ ကျမ်းထဲမှာ တြင်းကိုပိုပြီး ထင်ထင်ရှားရှား ပြထားတယ်။

အမေး ။ ။ ထီပေါက်မပေါက် ဘယ်လိုဆုံးဖြတ်မလဲ။

အဖြေ ။ ။ ၄တန့်သခင်ဟာ ၁၀တန့်သခင်နှင့် ဆက်သွယ်နေရမယ်။ အားကောင်းရမယ်။ ၁၁တန့် သို့ မဟုတ် ၅တန့်မှာ ရပ်တည်နေရမယ်။

အမေး ။ ။ အင်ဂျင်နီယာ၊ စိုက်ပျိုးရေး နည်းပြနှင့် ကျောင်းဆရာတို့ကို ဘာတွေ က ဖြစ်စေ တာလဲ။

အဖြေ ။ ။ ဇာတာထဲမှာ ၁၀တန့်မှာ အားကောင်းစွာ သော ကြာရပ်ရမယ်။ လဂ်နှင့် စန်းဟာ အားရှိရမယ်။ ဗုဒ္ဓဟူးဂြိုဟ်နှင့် ဆက်သွယ်နေမယ်ဆိုလျှင် အဲဒီ လူဟာ အင်ဂျင်နီယာ ဖြစ်လာလိမ့်မယ်။

အကယ်၍ ၁၀တန့်သခင်ဟာ တနင်္လာန၀င်းကို ၀င်စီးထားပြီး စနေဂြိုဟ်က မြင်လျှင်သော် လည်းကောင်း၊ ပူးယှဉ်နေလျှင်သော်လည်းကောင်း၊ ဇာတာရှင်ဟာ စိုက်ပျိုးရေး နည်းပြ ဖြစ်လိမ့်မယ်။

အကယ်၍ ၁၀တန့်ဘာဝကို ဗုဒ္ဓဟူးဂြိုဟ်က မြင်ခဲ့လျှင် ဒါမှမဟုတ် ရပ်နေလျှင်၊ ၁၀တန့်သခင် ကို ဗုဒ္ဓဟူးဂြိုဟ်က မြင်ခဲ့လျှင် သို့ မဟုတ် ပူးယှဉ်လာခဲ့လျှင် ဇာတာရှင်ဟာ ကျောင်းဆရာ ဖြစ်မယ်။

အမေး ။ ။ ၁၀တန့်သခင်နှင့် ၃တန့်သခင်တို့ အချင်းချင်းပူးယှဉ်နေလျှင် သို့ မဟုတ် မြင်ကြ လျှင်၊ ဇာတာရှင်ဟာ ၁၀တန့်သခင်ရဲ့ ဒသာထဲမှာ ဘာမှအကျိုးမပေးပဲ၊ ၃တန့်သခင်ရဲ့ ဒသာထဲမှာ အကျိုးပေးလိမ့်မယ်ဆိုတာာ ဟုတ်ပါသလား။

အဖြေ ။ ။ ၁၀တန့်သခင်ကို ၃တန့်သခင်က မြင်တဲ့အတွက် ပျက်စီး သွားပါတယ်။ ၃တန့်သခင် ကတော့ ၁၀တန့်သခင်ရဲ့ အမြင်ကြောင့် အားပိုကောင်းလာပါတယ်။ ဒါကြောင့် ပြောတာပါ။

ဒါပေမယ့် ဥပမာ ကုမ်လဂ်မှာ အင်္ဂါဂြိုဟ်ဟာ ၃တန့်နှင့် ၁၀တန့်သခင် ဖြစ်တဲ့အတွက် အခြား ဂြိုဟ်မြင်မှု ပူးယှဉ်မှု မရှိလျှင် အင်္ဂါဂြိုဟ်ဒသာဟာ အကောင်းနှင့် အဆိုးဟာ ပရိယာယ်အလျောက်တော့ ကြုံရလိမ့်မယ်။





ဝန်ဇင်းချစ်သူများ ဆရာဒဂုန် ၏ “ ဗေဒင်အမေး ဗေဒင်အတွေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စီးပွားရေးဗေဒင်

ပရာသန်တန္တရ

ဗေဒင်ဆရာရဲ့လွယ်အိတ် အမှတ်(၁၀)