
အက်ဆစ်ချို
(၁) အဖက်ဖက်မှ တိုက်တွန်း အားပေးခဲ့ကြသော သူငယ်ချင်းများ အာလည်းကောင်း၊
(၂) “အက်ဆစ်ချိုချို” ဟူသော ကဗျာခေါင်းစဉ်အား “အက်ဆစ်ချို” ဟု ပြောင်းလဲအသုံး ပြုခွင့်ပေးခဲ့သော ခေတ္တဂျပန်ရောက် သူငယ်ချင်း ကဗျာဆရာ ကိုချို (သန်းနိုင်) အားလည်းကောင်း၊
(၃) ၀တ္ထုအစမှအဆုံးတိုင် လွတ်လပ်စွာ ရင်ခုန်ခွင့်ပေးခဲ့သော ချိုအားလည်းကောင်း အမှတ်တရ ကျေးဇူးတင်ရှိပါသည်။
(နေနော်)
“နားလည်မှု လွဲမှားစွာ ကျောခိုင်းခွဲခွာသွားတဲ့ လူ တစ်ယောက် ကို လိုက်ညှိနှိုင်းဖို့ ကြိုးစား တတ်တဲ့ ခပ်ညံ့ညံ့မိန်းမတွေ ထဲမှာ ချိုမပါဘူး ရဲထွတ်ခေါင်၊ လူကာ ချစ်ပေမယ့် မူအရ မ ဖြစ်တော့ တဲ့အခါ ရင်နှစ် ခြမ်း ဗြန်းဗြန်းကွဲသွားစမ်းပါစေ၊ နောက်ဆုတ်ကြေကွဲကြရုံပေါ့၊ ဒါမဆန်းပါဘူး”
“မင်းက ကိုယ့်ကို သိပ်ပြီးလျှော့တွက်တာကိုး ချိုရဲ့ ၊ မှတ်ထား ချို၊ ယောက်ျား တစ်ယောက် မှာ မာနဆိုတာ ရှိတယ်။ ယောက်ျား တစ်ယောက် ရဲ့ မာနတရားကို ထိပါးဖို့ ဘယ်တော့မှ မကြိုးစား နဲ့”
“နည်းနည်း ရယ်စရာကောင်းတာတစ်ခုက တို့ရင်ထဲမှာ ပေါ်ပေါက်လာတဲ့ ဆန္ဒနှစ် ခုဟာ ဆန့်ကျင်ဘက်တွေ ဖြစ်နေတဲ့ကိစ္စ၊ တို့ဘ၀မှာ ဘယ်တုန်းကမှ မပေါ်ပေါက်ခဲ့ဖူးတဲ့ စူးစုးနစ်နစ် အချစ်မျိုးနဲ့ ယူ့ကို တို့ ချစ်ခဲ့မိတယ်၊ အဲဒီ အတွက် ယူ့ကို လက်ထပ်ချင်လာတယ်…..
“တစ်ချိန်တည်းမှာ ပဲ ဘယ်တုန်းကမှ မနာကျင်ခဲ့ဖူးတဲ့ နာကျင်မှု မျိုးကို တို့ခံစားခဲ့ရတယ်။ အဲဒီ အတွက် ယူ့ကို ပြန်ပြီး နာကျင်စေချင်ပြန်တယ်။ အံ့သြစရာ မကောင်းဘူးလား”
ရဲထွတ်ခေါင်…..
ငါ နိုင်ကြီးပါ။
စာရေ အင်မတန်ပျင်းတဲ့ ငါ့ဆီက စာရောက်လာတော့ မင်းအံ့သြသွားမှာ ပဲ။ “ဒီကောင် ဘာ ဖြစ်လို့ စာရေး ပါလိမ့်” လို့လဲ တွေးနေလိမ့်မယ်။ ငါ မင်းဆီကို တကူးတက စာလှမ်းရေး လိုက်ရ တဲ့အကြောင်း ကတော့ တခြားမဟုတ်ဘူး။ ရဲထွတ်၊ ကောင်မလေး တစ်ယောက် နဲ့ ပတ်သက်ပြီး ငါ ခံစားနေရတာ တွေ မင်းကို ပြောပြချင်လို့ဘဲ။
လွန်ခဲ့တဲ့ ခြောက်လတောက်က ငါ ကောင်မလေး တစ်ယောက် ကို တွေ့ တယ်။
သူ့နာမည် က “ချို”တဲ့
ဖက်စပ် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်တယ်။ နိုင်ငံခြားသားအရာရှိ တစ်ယောက် ရဲ့ အတွင်းရေး မှူးဆိုပါတော့။ မြန်မာစာနဲ့ ကျောင်းပြီးခဲ့တယ်။ ဒါပေမဲ့ ငါ သိသလောက် သူ့ရဲ့ အကျွမ်း ကျင်ဆုံးဘာသာရပ်က အင်္ဂလိပ်စာပဲ။ အဖေ မြန်မာ၊ အမေက ဂျူးကပြား၊ သူ့ရုပ်ရည်က သူ့အမေ ဘက် နွယ်တ။ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ ခြုံပြီးပြောရရင် ချောတယ်ဆိုပါတော့။
သူနဲ့ငါ ဧည့်ခံပွဲတစ်ခုမှာ စတွေ့ တာ၊ တွေ့ ပြီး နှစ် လလောက်ကြာတော့ ငါတို့နှစ် ယောက် ချစ် သူ ဖြစ်သွားကြတယ်၊ ရည်းစား ထည်လဲ ထားခဲ့တဲ့ ငါ့လို ရှုပ်ရှုပ်ကောင်က ကောင်မလေးတစ် ယောက် နဲ့ ချစ်သူ ဖြစ်သွားတာ ဘာဆန်းလို့လဲလို့ မင်းတွေးနေမှာ ပဲ။ မဆန်းပါဘူး ရဲထွတ်၊ ဒါပေမဲ့ သူ့ကို ငါတကယ်ချစ်မိသွားတာ ကတော့ သိပ်ဆန်းတယ်၊ ဘယ်လိုလဲ ရဲထွတ်၊ သိပ်အံ့သြသွားသ လား၊ ငါလဲ ငါ့ကိုယ်ငါ အရမ်းအံ့သြနေမိတယ်၊ သူနဲ့ကျမှ ငါဘာ ဖြစ်လို့ ဒီလောက် ပျော့ညံ့သွားသ လဲ စဉ်းစားလို့မရဘူး။
သေချာတာတစ်ခု ကတော့ ငါသူ့ကို ချစ်မိသွားတာဟာ သူ့အလှကြောင့် မဟုတ်ဘူး။ ရုပ်လှလို့ ချစ်ရမယ်ဆိုရင် ငါထားခဲ့တဲ့ ရည်းစားတိုင်းဟာ တစ်ယောက် တစ်မျိုးစီလှကြတာ မင်းအသိပဲ။ တချို့ဆို သူ့ထက်တောင် လှသေးတယ်၊ ဒါပေမဲ့ ဒီကောင်မလေးတွေ နဲ့တုန်းက ငါလုံး ၀ (True Love) မ ဖြစ်ခဲ့ဘူး။ သူနဲ့ ကျမှ တကယ်ချစ်မိသွားတာ။
ငါသူ့ကို ဘာကြောင့်ချစ်မိသွားသလဲဆိုတာကို အမျိုးမျိုးစဉ်းစားကြည့်တယ်၊ ရုပ်လှတာ ကြောင့် မဟုတ်သလို ဥစ္စာကြောင့် လဲ မဟုတ်ဘူး၊ သူတို့အဆင့်အတန်းက အစိုးရအိမ်ရာစခန်းက တိုက်ခန်းတစ်ခန်းမှာ နေတယ်၊ တယ်လီဖုန်း တစ်လုံးရှိတယ် ဆိုတာကလွဲရင် ဘာမှ မပြောပ လောက်ဘူး။
ငါထင်တာ ကတော့ ငါသူ့ကို ချစ်မိသွားတာဟာ သူ့ရဲ့ ပြောပုံဆိုပုံနဲ့ သူ့ရဲ့ ခပ်ဆန်းဆန်းစရိုက် ကြောင့် လို့ ထင်တာပဲ၊ သူ့ရဲ့ စရိုက်နဲ့ သူ့အတွေးအခေါ်တွေ ကတော့ တော် တော် ထူးဆန်းတယ်၊ တ ခြားမိန်းကလေးတွေ နဲ့ လုံးဝမတူဘူး။ ခုလို သူနဲ့ငါ ချစ်သူ ဖြစ်တာ (၄)လလောက်ရှိပြီ၊ ခုချိန်ထိ စရိုက်နဲ့ အတွေးအခေါ်တွေ ကို အံ့သြနေရတုန်းပဲ။ပြီးတော့ သူ့ကိုလဲ နားလည်ရခက်နေတုန်းပဲ။ ဘာပဲ ဖြစ် ဖြစ် သေချာတဲ့ကိစ္စတစ်ခု ကတော့ ငါသူ့ကို တကယ်ချစ်နေမိပြီ ဆိုတာပဲ။
ဘယ်လောက်ထိချစ်သလဲဆိုရင် သူနဲ့ အမြန်ဆုံးလက်ထပ်နိုင်ရေး အတွက် အစွမ်းကုန်ကြိုး စားနေရလောက်အောင်ချစ်တာ။ လက်ထပ်ပြီးရင်လဲ သဘောင်္ပြန်မတက်တော့ ရန်ကုန်မှာ ပဲ လုပ်ငန်းတစ်ခုခုနဲ့ အခြေချမယ်လို့ စိတ်ကူးထားတယ်။ ငါ့လို ပင်လယ်လေမရှုရင် နေမထိထိုင်မ သာ ဖြစ်နေတတ်တဲ့ကောင်က သဘောင်္ပြန်မတက်တော့ဘူးလို့ မထင်ဘူးလား။ ဒါပေမဲ့ ငါ ကတော့ အဲဒီ အတိုင်း တကယ့်ကိုဆုံးဖြတ်ထားတယ်။ ဘာ ဖြစ်လို့ အဲဒီ လို ဆုံးဖြတ်ရလဲဆိုရင် သူ့ကိုမခွဲနိုင် တာရယ်၊ သူ့ကို တစ်ယောက် တည်းထားခဲ့ရမှာ စိတ်မချနိုင်တာရယ်ကြောင့်ပဲ၊ ဒီလောက်ဆိုရင် ငါ သူ့ကို ဘယ်လောက်ထိ ချစ်နေပြီလဲဆိုတာ မင်းစဉ်းစားကြည့်ပေါ့။
ဒါပေမဲ့ လက်ထပ်ဖို့ကိစ္စ ကတော့ လောလောဆယ်မှာ တော့ သူ့ရဲ့ စဉ်းစားဆဲအဆင့်မှာ ပဲ ရှိနေပါသေးတယ်။ အဲဒီ အချက်ကရော အံ့သြစရာ ကောင်းမနေဘူးလား ရဲထွတ်။ တခြား မိန်းက လေးဆိုရင် သူတို့ကစပြီး ငါ့ကို လက်ထပ်ဖို့ ပြောတော့လဲ ‘စဉ်းစားမယ်လေ’ တဲ့။ ခပ်အေးအေးပဲ ပြန်ဖြေတယ်။ ဒါတောင် ချက်ချင်း ဖြေတာမဟုတ်ဘူး ရဲထွတ်။ အကြိမ်ပေါင်း မရေတွက်နိုင်အောင် တိုက်တိုက်တွန်းတွန်းပြောမှ အဲဒီ လို ပြန်ဖြေတာ။
ဘာပဲ ဖြစ် ဖြစ်လေ အနှေးနဲ့အမြန်တော့ လက်ထပ် ဖြစ်မှာ ပါ။ ငါတို့ မင်္ဂလာဆောင်မှာ လူပျို ရံ လုပ်ချင်တယ် ဆိုရင်တော့ ဒီတစ်ခေါက် မြန်မြန်ပြန်လာခဲ့ ရဲထွတ်။ ကားဖိုးတွေ ပဲ နင်းကန်စုနေလို့ ပွဲကြီးပွဲကောင်းလွတ်သွားဦးမယ်။
နိုင်ကြီး
(၁၅-၃-၉၁)
ရဲထွတ်ခေါင်…….
ငါ့ဆီ စာရောက်လာတော့ ငါနဲ့ချိုရဲ့ မင်္ဂလာဆောင်အကြောင်း မင်းအားကျလာအောင် လှမ်းကြွားပြန်ပြီလို့ မင်းမထင်ဘူးလား။
ရယ်စရာပဲ ရဲထွတ်၊ ချိုနဲ့ ငါခုထိလက်မထပ် ဖြစ်သေးဘူး။ လက်မထပ် ဖြစ် သေးတဲ့ အ ကြောင်းက တခြားလူတွေ လို မိဘတွေ သဘောမတူလို့၊ လက်ထပ်ပြီး နေစရာအိမ် မရှိသေးလို့ အဲဒါတွေ ကြောင့် မဟုတ်ဘူး။
ချိုကိုယ်တိုင်က စဉ်းစားဦးမယ်ဆိုတဲ့ စကားနဲ့ အချိန်ဆွဲထားလို့ပဲ။ သူ့ဘက် ကတော့ အချိန် ဆွဲကာ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမဲ့ ငါ ကတော့ အချိန်ဆွဲနေတယ်လို့ပဲ ထင်တယ်။ မင်း စဉ်း စားကြည်လေ့။ ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့ မြန်မြန်နီးချင်ကြတာချည်းပဲ။ သူနဲ့ငါနဲ့ အကြားမှာ လက်ထပ်ဖို့အတွက် အဆင်မပြေစရာ ဘာမှမရှိဘူး။ ငါ့အိမ်ကဆိုလဲ မင်းသိတဲ့အတိုင်းပဲ။ ငါ့လက် ငါ့ခြေ။ ငါလုပ်ချင်တာ လုပ်လို့ရတယ်။ သူ့အိမကလဲ ဒီလိုပဲ။ သူ့ကို လွတ်လပ်ခွင့် အပြည့်ပေးထား တာပဲ။ ဘာများ စဉ်းစားစရာ ရှိသလဲ။
ဒါပေမဲ့ သူ ကတော့ စဉ်းစားနေတုန်းပဲ။
ငါ ကတော့ သူ့ကို ကြာလေ နားလည်ရခက်လ ဖြစ်လာတယ်။ တကယ်ဆို ငါလဲ မိန်းက လေးပေါင်း များ စွာ နဲ့ တွဲခဲ့တဲ့ကောင်ပဲ။ မိန်းကလေးတွေ ရဲ့ သဘောကို အနည်းနဲ့အများ ကတော့ ခန့်မှန်းတတ်တယ်။ ဒါပေမဲ့ ချို ကတော့ ခြွင်းချက်ပဲ။ သူ့ရဲ့ အတွင်းသဘောကို ဘယ်လိုမှ ခန့်မှန်းလို့ မရဘူး။
တစ်ခါတစ်ခါ သူ့ပုံစံက သိပ်ချစ်စရာကောင်းနေတတ်သလို တစ်ခါတစ်ခါတော့လဲ ငါနဲ့ပက် သက်ပြီး ဘာခံစားချက်မှ မရှိသလို အေးစက်စက်နိုင်နေတတ်တယ်။ င့ါအတွက် စိတ်အနှောင့်အ ယှက် ဖြစ်စရာကောင်းတာတစ်ခုက သူ့ရဲ့ပွင့်လင်းမှု ပဲ။ ဆိုပါတော့…..သူနဲ့ငါ တွဲ ပြီး သွားနေတုန်း တခြားအသိယောက်ျားလေး တစ်ယောက် ကို တွေ့ ရင်…..လှမ်းပြီးနှုတ်ဆတ်တယ်။ ငါ့ကို ဘေးထား ပြီး ရယ်ရယ်မောမောနဲ့ စကားအကြာကြီး ရပ်ပြောချင် ပြောနေတတ်တယ်။
တကယ်ဆို ပြောစရာရှိတောင်မှ တခြားနေရာ၊ တခြားအချိန်မှာ ပြောဖို့မကောင်းဘူးလား။ ငါ ပါနေတာပဲ။ ဆင်ခြင်သင့်တာပေါ့။ ဒါပေမဲ့ သူ ကတော့ အဲလို မဟုတ်ဘူး။ ‘အရင်တုန်းကတည်း က ရင်းရင်းနှီးနှီးဆက်ဆံခဲ့တဲ့လူမျိုးဆိုရင် ဘယ်သူ့ရှေ့မှာ ပဲ ဖြစ် ဖြစ် သူ ကတော့ ရင်းရင်းနှီးနှီး ဆက်ဆံမှာ ပဲတဲ့။ဟိုလူရှေ့တစ်မျိုး၊ ဒီလူရှေ့တစ်မျိုး ဆက်ဆံတယ်ဆိုတာ မရိုးသားတဲ့ လူတွေ ရဲ့ အလုပ်’ တဲ့။ မခက်ဘူးလား ရဲထွတ်။ ငါ ဆက်ပြောရင် ငါ သ၀န်တိုတယ် ဖြစ်ဦးမယ်။ ဒါနဲ့ပဲ အသာ ကြည့်နေလိုက်ရတယ်။
တစ်ခါတစ်ခါတော့လဲ သူ့ကိုတင်မဟုတ်ဘဲ ငါ့ကိုယ်ငါ နားမလည်နိုင်အောင် ဖြစ်လာရတယ်။ငါ သူ့ကိုချစ်မိသွားတာဟာ သူ့ရဲ့ စရိုက်ကြောင့် လို့ အရင်တုန်းက ငါ ရေး ခဲ့ဖူးတယ်။ ခု ငါစိတ်ညစ်လာရတာ လဲ အဲဒီ သူ့ရဲ့ စရိုက်ကြောင့်ပဲ။ တစ်ခါ အဲဒီ လိုစိတ်ညစ်တဲ့ကြားက သူ့ကို လက်ထပ်ချင်နေတာ ပိုင်ဆိုင်ချင်နေတာဟာလဲ အဲဒီ စရိုက်ကြောင့် အံ့သြစရာ မကောင်းဘူးလား ရဲ ထွတ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှန် ကတော့ တကယ့်ကို အဲဒီ အတိုင်းပဲ။
လောလောဆယ်တော့ သူနဲ့ လက်ထပ်နိုင်ရေး အတွက် ငါ အစွမ်းကုန် ကြိုးစားနေဆဲပါပဲ။ အခြေအနေထူးလာရင် ငါ စာထပ်ရေး လိုက်မယ်။ မင်းလဲ ငါ့ဆီစာရေး ပါဦး။ ဇေယျ တစ်ယောက် တော့ ဂျပန်ကိုဝင်ဖို့ကြိုးစားနေတယ် ပြောတယ်။ ငဇော် ကတော့ ‘စလုံး’ မှာ အဆင်ပြေနေတယ်တဲ့။ ဟိုနေ့ကတောင် င့ါဆီ စာရောက်လာသေးတယ်။
နိုင်ကြီး
(၂၂-၄-၉၁)
အပိုင်း(၁)
ရန်ကုန်မြို့၏ မြင်ကွင်းက ကျွန်တော် ထွက်သွားစဉ်ကနှင့် ဘာမှမဆိုင်လောက်အောင် သိ သာစွာ ပြောင်းလဲ၍ နေသည်။ အိမ်တွေ ၊ ကားလမ်းတွေ ၊ ဈေးတွေ အကုန်လုံး အလျင်ကလို မဟုတ် တော့။
ဟိုတုန်းက (Over Pass) ဆို၍ ပန်းဆိုးတန်းထိပ်၌ တစ်ခုသာ ရှိသော်လည်း (Over Pass) တွေ အများ ကြီး ဖြစ်၍ နေသည်။ ကျွန်တော် သဘောင်္မတက်ခင်ကပင် ဈေးဝယ်သွားခဲ့သော သိမ် ကြီးဈေးဟောင်းကြီးမှာ လည်း ယခုမရှိတော့။ ထိုနေရာ၌ ဈေးရုံသစ်ကြီး တည်ဆောက်နေသည်။ အစစ အရာအရာက ကျွန်တော့်အတွက် အသစ်အဆန်းများ ဖြစ်နေတော့သည်။
စင်ကာပူ၌ ကမ်းကပ်စဉ် ထိုမြို့မှ သူငယ်ချင်း တစ်ယောက် ၏ ဆိုင်ကယ်ကိုယူ၍ အကြောက် အလန့်မရှိ တစ်မြို့လုံး လျှောက်ပတ်ခဲ့သော ကျွန်တော့်မှာ ရန်ကုန်ပြန်ရောက်စ တစ်ရက် နှစ် ရက် ယာဉ်ကျော အပြောင်းအလဲကြောင့် ကားမမောင်းရခဲ့။ ဟိုနားသည်နား သွားချင်တိုင်း ဖေဖေ့ဒရိုင် ဘာ ဦးလေးသိန်းကို အပူကပ်ရသည်။ သို့ သော် ဦးလေးသိန်းမောင်းတာ နှစ် ရက်လောက် ထိုင်စီးပြီးချိန်မှာ တော့ ယာဉ်ကျောတွေ ကို ကျွန်တော် အလွတ်ရသွားခဲ့သည်။
ထို့ကြောင့် နောက်တစ်နေ့မနက်မှစ၍ ဦးလေးသိန်းအား အဖော်ခေါ်ရန်မလိုတော့ဘဲ ကျွန် တော် တစ်ယောက် တည်းပင် ကားယူ၍ အိမ်မှ ထွက်တော့သည်။ ကျွန်တော် အိမ်မှထွက်ခြင်း၏ ရည်ရွယ်ချက်က ပြန်ရောက်စ သဘောင်္သားတို့၏ ထုံးစံအတိုင်း အဓိကတာဝန်နှစ် ခုကို ထမ်း ဆောင်ရန် ဖြစ်သည်။ ပထမတစ်ခုမှာ (S.E.C.D) သဘောင်္သားရုံးသို့ ပြန်ရောက်ကြောင်း သတင်းပို့ ရန် ဖြစ်ပြီး ဒုတိယတစ်ခု ကတော့ အချိန်နှင့် ငွေကို ဖြုန်းတီးရန် ဖြစ်သည်။
ပထမကိစ္စအတွက် အဖော်အပေါင်းမလိုသော်လည်း ဘယ်ကိစ္စ ဖြစ် ဖြစ် တစ်ယောက် တည်း လုပ်ရန် ပျင်းရိလေ့ရှိသော ကျွန်တော့်အကျင့်အတိုင်း စမ်းချောင်းမှ သူငယ်ချင်း အောင်ရဲကို ၀င် ခေါ်လိုက်သည်။
အောင်ရဲနှင့် ကျွန်တော် မှာ ပြန်ရောက်ပြီးကတည်းက တစ်ခါမှ မဆုံ ဖြစ်သေးသဖြင့် အိမ်မှာ ရှိမှရှိပါ့မလားဟု တွေးပူနေမိသေးသည်။ သို့ သော် အောင်ရဲအိမ်ရှေ့ကားထိုးအရပ်မှာ ပင် အိမ်ဝ၌ ခံ့ ခံ့ကြီးထိုင်နေသော အောင်ရဲကိုတွေ့ လိုက်ရသည်။ ကျွန်တော့်ကို မြင်သည်နှင့် အောင်ရဲက သူ့ထုံး စံအတိုင်း အားပါးတရပြုံးရင်း အော်ကြီးဟစ်ကျယ်နှင့် လှမ်းနှုတ်ဆက်သည်။
“ဟ….ကောင်ကြီး၊ ဘယ်တုန်းက ပြန်ရောက်လဲ”
“လေးရက်ရှိပြီ”
“ခု မင်း ငါ့အိမ်ပေါ်တက်မှာ လား၊ ငါ မင်းကားပေါ်တက်ရမှာ လား”
“ငါ့ကားပေါ်တက်”
“အိုကေ”
အိမ်နေရင်း အ၀တ်အစား ဖရိုဖရဲနှင့် ပင် အောင်ရဲ ကျွန်တော့်ကားပေါ် ရောက်လာ တော့ သည်။
“ဆိုစမ်းပါဦး………ခုတစ်ခေါက် ဘာ ဖြစ်လို့ ဒီလောက်ကြာနေရတာ လဲ”
ကားထွက်သည်နှင့် ထုံးစံအတိုင်း အောင်ရဲ စတင်စပ်စုလေသည်။ ကျွန်တော် ကားကက် ဆက်ခလုတ်ကို လှမ်းထိုးရင်း-
“စာမေးပွဲဖြေမလို့ (Sea Time) ပြည့်အောင် နေလိုက်တာ”
“ဘာစာမေးပွဲလဲ”
“သဒ်မိတ် (Third Mate)”
“ခုတစ်ခေါက် ဘာတွေ ပါလဲ”
“ပစ္စည်းသယ်တဲ့ခေတ်က ကုန်ခဲ့ပြီ ငတုံးရ”
“ဒါဖြင့် ဘာမှမပါဘူးပေါ့”
“မပါဘဲ နေပါ့မလား၊ ပိုက်ဆံပါလာတာပေါ့”
သည်တော့မှ အောင်ရဲ နှုတ်ဆိတ်သွားသည်။ သို့ သော် ချက်ချင်း ပင် စပ်စုပြန်သည်။
“ဘယ်နှစ် စီးစာပါသလဲ”
ကျွန်တော် စိတ်ပေါက်ပေါက်နှင့် ‘ခုနှစ် စီးစာ’ ဟုဖြေတော့ အောင်ရဲ တအံ့တသြနှင့် ‘အားပါး’ ဟု ရေရွတ်ရင်း မျက်လုံးပြူးသွားသည်။
‘ဆိုက်ကား ပြောတာ’
ကျွန်တော် ဆက်ပြောလိုက်တော့မှ နောက်မှန်းသိသဖြင့် အောင်ရဲ တဟားဟား ရယ်တော့သည်။
သဘောင်္သားရုံးရောက်တော့ နေရာလွတ်ရှာ၍ ကားရပ်ပြီး ပြန်ရောက်ကြောင်း သတင်းဝင် ပို့သည်။ ကိစ္စပြီး၍ ပြန်ထွက်လာချိန်၌ အောင်ရဲနှင့် ကျွန်တော် ဘယ်သွားလျှင်ကောင်းမလဲဟု တိုင် ပင်ရင်း စကားတပြောပြောနှင့် ကားဆီသို့ လျှောက်လာကြသည်။ ထိုအချိန်မှာ ပင် ခုံပုပုလေးများ နှင့် လက်ဖက်ရည်ဆိုင်မှ ကျွန်တော် နှင့် အောင်ရဲကိုလှမ်းခေါ်သော အသံကို ကြားလိုက်ရသည်။ ကျွန် တော် တို့ နှစ် ယောက် စလုံး ပြိုင်တူလိုလို လှမ်းကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင် စားပွဲတစ်လုံး၌ အကျအန ထိုင်နေသော ဇေယျ။
“ဟေ့ကောင် ဟိုမှာ ဇေယျ”
အောင်ရဲက ကျွန်တော် မမြင်ဘူး ထင်သဖြင့် ဇေယျရှိရာသို့ လက်ညိုးညွန်ရင်း လှမ်းပြော သည်။ သို့ သော် သူ့စကားမဆုံးခင်မှာ ပင် ကျွန်တော် က ဇေယျရှိရာသို့ ဦးတည်ပြီး ဖြစ်၍ နေသည်။ စားပွဲ၌ ၀င်မထိုင်ရသေးခင်မှာ ပင် ဇေယျက ၀မ်းသာအားရ လှမ်းမေးသည်။
“မင်း ဘယ်တုန်းက ပြန်ရောက်လဲ”
“လေးရက်လောက်ရှိနေပြီ၊ နေပါဦး……မင်း ဂျပန်ထွက်မလို့ ဆို”
“ကြိုးစားနေတုန်းပါပဲ……ဈေးက (၁၀ )ကျော်နေလို့ စဉ်းစားနေတာ”
“ကြည့်လုပ်ပေါ့ကွာ၊ တော် ကြာ…..ကျော်ဇောတို့လို လေဆိပ်မှာ တင် အိတ်ဆွဲပြီး ပြန်လာ နေရဦးမယ်၊ အ၀င် အရမ်းခက်နေတယ် ကြားတယ်”
“ခက်တာ ကတော့ ဘာခက်သခဲမမေးနဲ့ ……စပွန်ဆာ ကိုယ်တိုက် လာကြိုတာတောင် တုံးထု မပေးဘဲ တမင်ရစ်တာ၊ လောလောဆယ် သန်းနိုင်ဝင်သလို ‘စ’ လုံးကနေ တစ်ဆင့် ၀င်ဖို့တော့ ကြိုးစားထားတယ်၊ ဒီကနေ (E.P)လက်မှတ်နဲ့ ‘စ’ လုံးကိုထွက် အဲဒီ ကတစ်ဆင့် (Tour Visa)တိုးဗီဇာပြန်ဝယ်ပြီး ၀င်ရင်တော့ရတယ်၊ ဒါပေမဲ့ အကုန်အကျနဲ့ အခက်အခဲ ကတော့ ဒီကနေ ရိုက်ထွက်တာနဲ့ သိပ်မကွာပါဘူး”
ဇေယျက ဂျပန်အ၀င်ခတ်ပုံကို စိတ်ဓာတ်ကျစွာ ပြောပြသည်။ အစားအသောက် မက်သော အောင်ရဲ ကတော့ ကျွန်တော် တို့စကားကို စိတ်ဝင်စားစွာ လက်ဖက်ရည်နှင့် ပေါင်မုန့်ထောပတ် သုတ်ကို လှမ်းမှာ သည်။
“ဟေ့ကောင်……မှာ မနေနဲ့ သွားမယ်”
ကျွန်တော့်စကားကြောင့် အောင်ရဲ ကျွန်တော့်ကို လှည့်ကြည့်ရင်း-
“မှာ ပြီးနေပြီကွ…….အားနာစရာကြီး”
“မှာ ပြီးလဲ ပိုက်ဆံရှင်းပြီး ထားခဲ့”
“ဒီထက် ဈေးကြီးပြီး ဒီထက်အရသာရှိတဲ့ တစ်ဆိုင်ပေါ့”
“အတော် ပဲ၊ ငါလဲရေငတ်နေတာနဲ့ ဘီယာလေး စုတ်လိုက်ရရင် အိုကေပဲ” ဇေယျက တက်ကြွစွာ ၀င်ပြောသည်။
“ဘီယာတင် မဟုတ်ဘူး…..ဘီယာထက်ကောင်းတာတွေ ပါ ရမယ်၊ င့ါတာဝန်ထား”
ငွေရွှင်နေသော ပြန်ရောက်စ သဘောင်္သားတို့၏ ထုံးစံအတိုင်း ကျွန်တော် ရဲရဲကြီး ကတိ ပေးလိုက် သည်။ ထို့နောက် လက်ဖက်ရည်ဖိုးရှင်း၍ သုံးယောက် သား သုံးယောက် ပေါင်းလောင်း ကျော်ရန် အစီအစဉ်ကို စတင်တော့သည်။ ဇေယျက (ကန်သာယာ) ၌ ဘီယာသွားသောက်ရန် အဆိုပြုသဖြင့် ထိုကိစ္စကို အစီအစဉ်တစ်ခုအ ဖြစ် သတ်မှတ်ပြီး အကောင်အထည်ဖော်လိုက်ကြ သည်။ ဆိုင်ရောက်၍ ဘီယာတစ်ဘူးစီ ကုန်ချိန်မှာ တော့ အောင်ရဲက-
“နိုင်ကြီးကို သတိရလိုက်တာကွာ”
ဟုတမ်းတမ်းတတ ရေရွတ်သည်။
အောင်ရဲ၏ တမ်းတမှု ကြောင့် ကျွန်တော် ချက်ချင်း ပင် နိုင်ကြီးကို သတိရသွားသည်။ ကျွန် တော် ၊ နိုင်ကြီး၊ အောင်ရဲ၊ နှင့် ဇေယျာမှာ ကျောင်းကတည်းက အချစ်ဆုံးသူငယ်ချင်းများ ဖြစ်သလို၊ ဆိုးဖော်ဆိုးဖက်၊ ရှုပ်ဖော်ရှုပ်ဖက်များ လည်း ဖြစ်သည်။
နိုင်ကြီးမှာ ကျွန်တော် တို့အားလုံးထဲ၌ ရုပ်အချောဆုံး ဖြစ်ပြီး ရည်းစားအများ ဆုံးလည်း ဖြစ် သည်။ ကျောင်းတုန်းကတည်းက သုံးလကို ရည်းစား တစ်ယောက် နှုန်းလောက် ထားခဲ့သော နိုင်ကြီး ၏ ထူးဆန်းသည့် အကျင့်တစ်ခု ကတော့ ကောင်မလေးချောချောမြင်လျှင် ချက်ချင်း စိတ်ဝင်စား သွားတတ်ပြီး ချက်ချင်း ပင် စိတ်ကုန်ပြီး ငြီးငွေ့သွားတတ်ခြင်းပဲ ဖြစ်သည်။
ကောင်မလေး တစ်ယောက် ကို နှစ် လ၊ သုံးလလောက်တွဲ ပြီးသည်နှင့် ထိုကောင်မလေး၏ အမူအကျင့်တစ်ခုခု၊ ပြောဟန်ဆိုဟန် တစ်ခုခုကြောင့် ထိုကောင်မလေးအပေါ်မှာ နိုင်ကြီး စိတ်ကုန် သွားတတ်သည်။ သို့သော် နိုင်ကြီး၌ ကောင်းတာတစ်ခုတော့ ရှိသည်။ ယင်းမှာ သူ့ချစ်သူ ကောင်မ လေးတွေ အပေါ်၌ အလွန်စည်းစောင့်ခြင်းပဲ ဖြစ်သည်။
“နိုင်ကြီးဆိုတဲ့ကောင်ဟာ ကောင်မလေး တစ်ယောက် ကို လက်ကလေးကိုင်ရုံ၊ ပါးကလေး နမ်းရုံထက် ဘယ်တော့မှ စည်းမကျော်ခဲ့ဘူး ”
ထိုစကားမှာ နိုင်ကြီး မကြာခဏ ကြွေးကြော်တတ်လေ့ရှိသော စကား ဖြစ်သည်။ ထိုသို့ အလွန် စည်းစောင့်သော နိုင်ကြီးမှာ စိတ်ကုန်စရာရှိပြီဆိုလျှင်လည်း ဘာမဟုတ်သည့် ကိစ္စလေးကို အကြောင်းပြုလျက် စိတ်ကုန် ငြီးငွေ့လွယ်သူ ဖြစ်သည်။
ကောင်မလေး တစ်ယောက် ကို ရေမွှေးဆွတ်လွန်းခြင်းဟူသော အကြောင်းပြချက်ဖြင့် စိတ် ကုန်ခဲ့ပြီး အခြား ကောင်မလေး တစ်ယောက် ကိုတော့ စကားပြောလျှင် လက်သည်းကိုက်၍ ပြော တတ်သော အကျင့်ကြောင့် စိတ်ပျက်ပြီးငြီးငွေ့ခဲ့ဖူးသည်။
တချို့ကောင်မလေးများ ဆိုလျှင် ချစ်သူအ ဖြစ်ပင် မတွဲ လိုက်ရ၊ ချစ်သူ ဖြစ်ရန် ကြိုးစားဆဲ ကာလမှာ ပင် ထိုကောင်မလေး၏ အမူအကျင့်တစ်ခုခုကြောင့် နိုင်ကြီး စိတ်ပျက်ငြီးငွေ့စွာ နောက် ဆုတ်သွားတတ်သည်။
ထိုသို့ ဘာမဟုတ်သည့် ကိစ္စလေးကို အကြောင်းပြုလျက် လျင်မြန်စွာ စိတ်ပျက်ငြီးငွေ့တတ် သော နိုင်ကြီးမှာ ထိုသို့ ငြီးငွေ့ပြီးတိုင်းလည်း…..
“ကောင်မလေးတွေ က င့ါကို ကြာကြာမဆွဲဆောင်နိုင်ကြဘူးကွာ”
ဟူသော စကားဖြင့် စိတ်ပျက်တတ်ပါသေးသည်။
ကျွန်တော် တို့၏ နိုင်ကြီးမှာ ထိုသို့သော နိုင်ကြီး ဖြစ်လေသည်။ အကယ်၍ နိုင်ကြီးသာ ရန် ကုန်၌ ရှိမည် ဆိုပါက ခုလိုပွဲမျိုး၌ သူရှေ့ဆုံးက ပါလာမည် ဖြစ်သည်။ ပြီးတော့ ဆူညံဆူညံအသံဖြင့် စကားဝိုင်းကို သူပင် ဦးဆောင်နေပေလိမ့်မည် ။
“အေးကွာ၊ ဒီကောင်ကြီးကို သတိရလိုက်တာ၊ သူရှိနေရင် ကောင်းမှာ ပဲ”
ဒုတိယမြောက် ဘီယာဘူးကို ဆွဲဖွင့်ရင်း ကျွန်တော် သတိရစွာ ရေရွတ်လိုက်မိသည်။ ကျွန် တော့်စကားအဆုံး ဇေယျက ပါးစပ်ထဲထည့်အံ့ဆဲဆဲ ဒိန်ခဲတုံးကို ပြန်ချရင်း ကျွန်တော့်ကို တအံ့တ သြကြည့်လျက်…..
“မင်း နိုင်ကြီးသတင်း မကြားသေးဘူးလား”
“ဘာသတင်းလဲ”
“နိုင်ကြီးဆုံးသွားပြီလေ”
“ဘာ”
ကျွန်တော် အထိတ်တလန့်ရေရွတ်လိုက်မိသည်။ အောင်ရဲက ခေါင်းတစ်ချက် ညိတ်ရင်း….
“ဟုတ်တယ် ရဲထွတ်၊ ငါက မင်းသိပြီးသားအောက်မေ့လို့ မပြောတာ…… မင်း မပြန်လာခင် လေးတင် နိုင်ငံခြားမှာ ဆုံးသွားတာ”
“ဘယ်လို ဖြစ်တာလဲ”
“သဘောင်္ပေါ်က ကျတာလို့ပြောတာပဲ၊ မလေးရှားမှာ ဆိုလား မသိဘူး၊ ကမ်းကပ်လို့မရလို့ သဘောင်္ကို ရေလယ်မှာ ကျောက်ချထားပြီး ကမ်းကို ဘုတ်(Boat) နဲ့ ကူးရတယ်၊ အဲဒါကမ်းကအ ပြန် ဘုတ်ပေါ်ကနေ သဘောင်္ပေါ်ကို လှေကားနဲ့ အတက်မှာ လှေကားပေါ်က ပြုတ်ကျတာလို့ ပြောတယ်”
“ကမ်းကပ်မရဘူးဆိုတာ မ ဖြစ်နိုင်ဘူး ဇေယျ၊ တစ်ခုတော့ရှိတယ်၊ ကမ်းမှာ ကလီးယား (Clear) မ ဖြစ်သေးလို့ ပေးမ၀င်တာ ဆိုရင်တော့ မပြောတတ်ဘူး”
“ဒါဖြင့် အဲဒါမျိုးကြောင့် ဖြစ်မှာ ပေါ့”
ကျွန်တော့် စကားကို ဇေယျက ဇဝေဇ၀ါအဖြေပေးသည်။
အကယ်၍ ဆိပ်ကမ်းတစ်ခု၌ သဘောင်္အ၀င်အထွက်ရှုပ်ထွေးခြင်း၊ သဘောင်္ရှင်းလင်းမှု မရှိခြင်းတို့ ဖြစ်နေသော အချိန်မျိုး၌ နောက်ဝင်လာသော သဘောင်္ကို ဆိပ်ကမ်း ကဆိုက်ကပ်ခွင့်  (Berthing Order) ပေးလေ့မရှိ။ ထိုအခါမျိုး၌ နောက်ဝင်လာသော သဘောင်္သည် ရေလယ်မှာ (Anchorage) ကျောက်ချခြင်း ပြုလုပ်ထားသည်။
သဘောင်္သားများ ကမ်းပေါ်တက်ချင်လျှင် အကြိုအပို့ဘုတ်ဖြင့် အသွားအပြန်လုပ်ရပြီး သဘောင်္ပေါ်မှ ဘုတ်ပေါ်သို့ အဆင်းအတက်ကိုတော့ (Gangway Ladder) ခေါ် သဘောင်္ ကိုယ်ထည်နှင့် ယှဉ်လျက် စက်သီးကြိုးဖြင့်ချပေးသော လှေကားကို အသုံးပြုရသည်။ ထို လှေကား မှာ အနည်းငယ်အန္တရာယ်များ သည် မှန်သော်လည်း ဘယ်သဘောင်္သားမှ ထိုလှေကားပေါ်မှ ပြုတ် ကျလောက်အောင် နမော်နမဲ့မနိုင်ကြ။ တစ်ခုတော့ရှိသည်။ ထိုလှေကားမှ အတက်အဆင်းလုပ်သူ မှာ ခေါင်းမထောင်နိုင်လောက်အောင် မူးနေမည် ဆိုလျှင်တော့…….
“သူ မူးနေသလား ဇေယျ”
“အလွန်အကျွံကို မူးနေတယ်”
ဇေယျ ခေါင်းညိတ်အတွက် မချင့်မရဲ ဖြစ်ကာ အံတစ်ချက်ကြိတ်လိုက်မိသည်။
တကယ်တော့ နိုင်ကြီးသည် ဘယ်တုန်းကမှ အရက်သောက်ခဲ့သူမဟုတ်။ ကျွန်တော် တို့လို အချစ်ဆုံး သူငယ်ချင်းများ က တစ်ခါတစ်ရံဂျီကျပြီး တစ်ငုံလောက် စတိသဘောသောက်ရန်ပြော သည်ကိုပင် ခိုင်မာပြတ်သားစွာ ခေါင်းယမ်းငြင်းဆန်ခဲ့သူ ဖြစ်သည်။
သို့သော် ကျွန်တော့်ဆီရေး ခဲ့သည့် နိုင်ကြီး၏ နောက်ဆုံးစာအရဆိုလျှင်တော့ သူဟာ မိန်းမ တစ်ယောက် အတွက်နဲ့ အရက်ကို နေ့ရောညပါ သောက်နေခဲ့ရပါသတဲ့။ ယင်းသို့ ဆိုလျှင် နိုင်ကြီး၏ သေဆုံးခြင်း၏ သွယ်ဝိုက်သော အကြောင်းရင်းမှာ ထိုမိန်းမကြောင့် ပဲ ဖြစ်လေသည်။
“တောက်”
ကျွန်တော် တောက်တစ်ချက် ပြင်းပြင်းခေါက်ရင်း နိုင်ကြီးရေး ခဲ့သည့် နောက်ဆုံးစာထဲမှ စာ သားအချို့ကို ဖျက်ခနဲ သတိရလိုက်မိသည်။
……..မိန်းမ တစ်ယောက် အတွက် ဘ၀ပျက်ခဲ့တဲ့ ယောကျာ်းတွေ ကို ငါ သိပ်မုန်းတယ်လို့ မင်းကို တစ်ခါက ပြောခဲ့ဖူးတာ မှတ်မိရဲ့ လား ရဲထွတ်၊ အေး…..အဲဒီ စကားကို ခု ငါ ပြန်ရုပ်သိမ်း တယ်။
နောက်ဆုံးတော့ နိုင်ကြီးသည် မိန်းမ တစ်ယောက် အတွက် ဘ၀ပျက်ခဲ့ခြင်းပဲ ဖြစ်သည်။ ကျွန်တော် နိုင်ကြီးအတွက် စိတ်မကောင်း ဖြစ်စွာ သက်ပြင်းချရင်း အောင်ရဲနှင့် ဇေယျကို မေးလိုက် သည်။
“မင်းတို့ နိုင်ကြီး နောက်ဆုံးတွဲ ခဲ့တဲ့ ကောင်မလေးကို သိလား”
“လူချင်းတော့ မသိဘူး၊ ဒါပေမဲ့ ခပ်ဝေးဝေး ကတော့ နှစ် ခါ မြင်ဖူးတယ်”
“သူ့နာမည် ဘယ်သူ”
“ချို…….တဲ့”
“ချို”
ထိုအမည် ကို ထပ်ကာတလဲလဲ ကျွန်တော် ရေရွတ်လိုက်မိသည်။
“ဘာအတွက်လဲ ရဲထွတ်”
ကျွန်တော့် စကားအဆုံး ဇေယျက တအံ့တသြကြည့်ရင်း မေးသည်။ ကျွန်တော် ဇေယျ၏ အိပ်ရာပေါ်၌ လှဲနေရာမှ ထလိုက်သည်။
“ဘာအတွက်မှ မဟုတ်ဘူး၊ ငါ သူ့ကို မြင်ဖူးထားချင်လို့”
“မြင်ဖူးထားချင်တာ သက်သက်ဆိုရင်တော့ လွယ်ပါတယ်၊ ရုံးဆင်း၊ ရုံးတက် သူ့ရုံးက သွားစောင့်ရုံပေါ့၊ သူ့ကို ရုံးကကားနဲ့ အကြိုအပို့လုပ်ပေးတယ်၊ ရုံးဆင်းချိန် သူ့ရုံးကား နောက်က ကပ်လိုက်သွားရင် သူ့အိမ်ကိုပါ သိခွင့်ရဦးမယ်”
“ဒါဖြင့် သွားရအောင်”
“ဟ…. ချက်ချင်း ကြီးပါလား”
“ရုံးဆင်းတော့မယ်လေ”
နာရီကို ညွန်ပြရင်း ကျွန်တော် လောလိုက်သည်။
ဤနည်းဖြင့် ကျွန်တော် တို့နှစ် ယောက် ဇေယျအိမ်မှ မြို့လယ်ကောင်ရှိ ချိုတို့ကုမ္ပဏီရှေ့သို့ ရောက်ခဲ့ကြသည်။
မှန်တံခါးကျယ်ကြီးများ တပ်ဆင်ထားသော ကုမ္ပဏီ၏ တစ်ဆက်ခြမ်းမှာ ကားရပ်ရင်း ချို ထွက်လာမည့်  တံခါးပေါက်ရှိရာကို မျက်တောင်မခတ် ကျွန်တော် ငေးမော စောင့်ဆိုင်းနေမိသည်။
သူ့အား ကျွန်တော် တို့ ချောင်းမြောင်း အကဲခတ်ခြင်း၊ အကယ်၍ ချိုထွက်လာပါက ချိုအား နောက်ယောင်ခံလိုက်ရန် စီစဉ်ခြင်း စသည့် ကျွန်တော် တို့၏ အစီအစဉ်ကို အဆင်ပြေစေရန် အ ထောက်အကူပြုတာ တစ်ခု ကတော့ ကျွန်တော် ၏ ၈၂-ရှဲစောင်းမှာ မှန်အနက်များ ကပ်ထားခြင်းပဲ ဖြစ်သည်။ ထို့ကြောင့် အနက်ရောင် မှန်အားလုံးကို အလုံပိတ်လျက် လေအေးစက်ဖွင့်ပြီး ကုမ္ပဏီရှိရာသို့ ရဲရဲတင်းတင်းပင် ကြည့်ရှုနေမိသည်။
စင်ကာပူမှ ကျွန်တော် ၀ယ်လာသည့် ရက်(ပ်) (RAP) သီချင်းခွေတစ်ခြမ်းအကုန်မှာ တော့ ကျွန်တော် တို့ စောင့်ဆိုင်းနေသော ချိုထွက်လာသည်။ ဇေယျက ကျွန်တော့် လက်မောင်းကို လှမ်း ပုတ်ရင်း….
“ညာဘက်က တစ်ယောက် က ချိုပဲ”
ကျွန်တော် ၏ အေးစက်စူးရှသော အကြည့်တို့က အနက်ရောင် ကားမှန်ကို ဖြတ်သန်းလျက် ချိုဆီသို့ ရောက်ရှိသွားကြသည်။
ချိုသည် အသားဖြူဖြူ ဆံပင်ရှည်ရှည်နှင့် အရပ်အနည်းငယ်မြင့်သော အမျိုးသမီး ဖြစ်သည်။ ချိုမျက်နှာက သိပ်အချောကြီးမဟုတ်သည့်တိုင် အတော့် ကို ဆွဲဆောင်မှု ရှိသော မျက်နှာဟု အလွယ်တကူ ၀န်ခံရမည့်  မျက်နှာမျိုး ဖြစ်သည်။
မျက်ခုံးတန်းတို့က သေးသွယ်သော်လည်း နှာရောင် ၌ ထိစပ်လုနီးပါးမျှ နက်မှော င်သန်စွမ်း ကြပြီး မျက်လုံးတောက်တောက်တစ်စုံ ကတော့ ချိုမျက်နှာပေါ်ရှိ ဆွဲဆောင်မှု အရှိဆုးံ အရာ ဖြစ် လေသည်။ ထိုမျက်လုံးအစုံ၏ စူးရှသော အကြည့်တို့ကို ခံနိုင်ရန်အတွက် ဆိုလျှင်တော့ အကြည့်ခံ ရမည့် သူ၌ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိရန် အထူးလိုအပ်ပေလိမ့်မည် ။
ချိုဝတ်ထားသည်က အညိုရင့်ရောင် တီရှပ်ကလေး ဖြစ်ပြီး ညာဘက်ပခုံး၌ ဆလင်းဘက် တစ်လုံးကို လှပစွာ လွယ်ထားသည်။
ခြုံ၍ ဆိုရမည် ဆိုလျှင် ချိုဟုခေါ်သော ထိုအမျိုးသမီးသည် အတော့် ကို ဆွဲဆောင်မှု စူးရှသော အမျိုးသမီး တစ်ယောက် ဖြစ်သည်။ ထို့အတူ ကျွန်တော့် သူငယ်ချင်း နိုင်ကြီး၏ ဘ၀ကို ပျက်ယွင်းစေ ခဲ့သော အမျိုးသမီးလည်း ဖြစ်လေသည်။ ထိုအသိက ကျွန်တော့် ရင်အစုံကို အေးစက်သွားစေတော့ သည်။
“ကားပေါ်တက်တော့မယ် ရဲထွတ်”
ဇေယျ၏ စကားကြောင့် ချိုရှိရာသို့ ကျွန်တော် ဖျတ်ခနဲ လှမ်းကြည့်လိုက်တော့ …..ချိုနှင့် အဖော်အမျိုးသမီးတစ်ဦး ကုမ္ပဏီပိုင် (4 Whell Drive) ကားမြင့်ကြီးကြီးပေါ်သို့ တက်ရန် ပြင်နေ ကြသည်။
ကျွန်တော် ချိုတို့၏ ကုမ္ပဏီပိုင် ကားနောက်သို့ လိုက်ရန် အသင့်ပြင်လိုက်သည်။ ကျွန်တော့် ကားမှာ လေအေးစက်ဖွင့်ထားသဖြင့် နဂိုကတည်းက စက်သတ်ထားခဲ့ခြင်းမရှိ။ သို့ သော် ချိုနောက်သို့ လိုက်ရန် စိတ်စောမူဖြင့် ကျွန်တော် ကားသော့ ကို ယောင်ရမ်း၍ လှည့်ဆွဲ လိုက် မိသည်။ ရွှီးခနဲ မြည် လာသော မော်တာသံကြားမှ စက်နှိုးထားမှန်း သတိရပြီး သော့  တံကို လွှတ် လိုက်သည်။
“မလောနဲ့ ရဲထွတ်၊ သူတို့ ကားထွက်ပြီး တအောင့်လောက်ကြာမှ လိုက်၊ တော် ကြာ ရိပ်မိ သွားလိမ့်မယ်။”
ဇေယျက တွေးတွေးဆဆနှင့် သတိပေးသည်။
တအောင့်ကြာတော့ သူတို့ကားထွက်သည်။ ကျွန်တော် ချိုတို့နောက်သို့ ချက်ချင်း မလိုက် သေးဘဲ ဓာတ်တိုင်နှစ် တိုင်စာလောက် အကွာအဝေးရအောင် စောင့်ဆိုင်းပြီးမှ ကျွန်တော့် ကားကို ခပ်ဖြည်းဖြည်း မောင်းထွက်ခဲ့သည်။
ဤသို့ ဖြင့် နိုင်ကြီး၏ ဘ၀ကို ပျက်ယွင်းစေခဲ့သော ချိုနောက်သို့ ကျွန်တော် တို့နှစ် ယောက် နောက်ယောင်ခံလိုက်ခဲ့ကြသည်။ အစက ချိုနေသည်မှာ အစိုးရအိမ်ရာစခန်းတစ်ခုဟု ဆိုသဖြင့် မြို့ပြင်ဘက်၌ ဖြစ်မည် ဟု ကျွန်တော် ထင်ခဲ့သော်လည်း တကယ်တော့ မြို့ထဲ၌ သာ ဖြစ်သည်။
ပုံစံတူ တိုက်တန်းလျားများ ဖြင့် ရပ်ကွက်တစ်ခုသဆွယ် ဖြစ်နေသော အစိုးရအိမ်ရာစခန်း၏ အားကစားကွင်းအနီး တိုက်တစ်တိုက်ရှေ့၌ ချိုတို့ကား ရပ်သည်။ ကျွန်တော် ကားကို ခပ့်ဖြည်းဖြည်း ချင်းမောင်းထုတ်လျက် ချိုဝင်သွားရာ တိုက်နံပါတ်ကို မှတ်သားထားလို်က်သည်။
နောက်ယောက် ခံလိုက်ခြင်းကိစ္စ အဆုံးသတ်ချိန်မှာ တော့ ဇေယျက ကျွန်တော့် ဘက်သို့ လှည့်ပေးရင်း မေးသည်။
“ကဲ…..ခု ဘာဆက်လုပ် ကြမလဲ”
“ဘီယာဆိုင်တစ်ဆိုင်ဆိုင် သွားကြတာပေါ့”
ကျွန်တော် ခပ်အေးအေးပင် အဖြေပေးလိုက် သည်။
“ဒါပြောတာ မဟုတ်ဘူး၊ ချို့ကိစ္စကို ပြောတာ”
“ချို့ကိစ္စ…..ချို့ကိစ္စက ဘာဆက်လုပ် ရမှာ လဲ”
“မပြောတတ်ဘူးလေ၊ ဒါဖြင့် ရင် ဘာ ဖြစ်လို့ ချို့နောက်လိုက်ကြည့်သေးလဲ”
“ဘာ ဖြစ်လို့ လိုက်ကြည့်သလဲဆိုတော့ ချိုဟာ ဘယ်လို မိန်းမမျိုးလဲဆိုတာ သိချင်လို့ပေါ့၊ ပြီးတော့ သူ ဘယ်မှာ နေသလဲဆိုတာ သိထားချင်လို့ပေါ့”
“ဟုတ်ပြီလေ…..အဲဒါတွေ ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
ဇေယျ၏ အမေးကို ပခုံးတစ်ချက်တွန့်ရင်း ရိုးသားစွာ ပြန်လည်အဖြေပေးလိုက် သည်။
“ငါလဲ မပြောတတ်ဘူး ဇေယျ”
ထိုစဉ်က အမှန်တကယ်ပင် ချိုနောက်သို့ ဘာ ဖြစ်လို့ လိုက်ကြည့်မှန်း ကျွန်တော် မသိ။ ပြီးတော့ ထိုသို့ လိုက်ကြည့်မိခြင်း၏ ရည်ရွယ်ချက်သည် ဘာ ဖြစ်မည် ဟုလည်း ကျွန်တော် မခန့်မှန်း တတ်။
သို့ သော် နောက် ရက်နှစ် ဆယ်ကျော်အကြာ နိုင်ငံခြားကုန်သွယ်မှု ဘဏ်၌ ချိုနှင့် ကျွန်တော် ဆုံတွေ့ ကြစဉ်အခါမှာ တော့ ချိုနောက်သို့ လိုက်ကြည့်မိခြင်း၏ ရည်ရွယ်ချက်သည် ဘယ်လို ရည် ရွယ်ချက်မျိုး ဖြစ်သင့်ကြောင်း ကျွန်တော် သဘောပေါက်လာတော့သည်။
ထိုသို့ ချိုနှင့် ကျွန်တော် ဆုံတွေ့ ခြင်းကိစ္စအကြောင်းမစတင်မီ ဦးစွာ စတင်ရန်လိုသော ကိစ္စ တစ်ခု ကတော့ နိုင်ကြီး၏ ဈာပနပွဲအကြောင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ဆိုပါက သဘောင်္သား တစ်ယောက် ဂျူတီချိန်၌ သေဆုံးစေကာမူ သူကြီးခေါ် ကပ္ပတိန်နှင့် ချိဖ်မိတ်လို ရာထူးကြီးကြီး မဟုတ်ပါက ကုမ္ပဏီက အလောင်းကို မိခင်နိုင်ငံသို့ ပြန်ပို့ ပေးရိုးထုံးစံမရှိ။ နီးစပ်ရာ မြို့တစ်မြို့၌ ပင် အမိန့်ပြန်၍ သဂြိုင်္ဟ်လေ့ရှိသည်။
သို့ သော် ……နိုင်ကြီး၏ အလောင်းကိုတော့ ကျန်ရစ်သူ မိသားစုက ကုန်ကျစရိတ်အားလုံး ကို ကုန်ကျခံပါမည် ဟု အသနားခံမှု နှင့် မြန်မာလူမျိုး ဖြစ်သော သဘောင်္ကပ္ပတိန် ထောက်ခံမှု ကြောင့် ကုမ္ပဏီက ပြန်ပို့ပေးခဲ့သည်။
လေဆိပ်မှတစ်ဆင့် ရေဝေးသုသာန်သို့ နိုင်ကြီးအလောင်းမီးသဂြိုဟ်ရန် စီစဉ်ကြသည်။ နိုင်ကြီး၏ အလောင်းအား မီးသဂြိုဟ်သော နေ့သည် နိုင်ကြီးသေဆုံးသော ရက်မှ စတင်ရေတွက်ပါက (၁၃)ရက်တိတိ ကြာမြင့်သော နေ့ ဖြစ်သည်။ထိုမျှကြာမြင့်ပြီး ဖြစ်သည့်တိုင် အလောင်းအား ဆေးထိုး ထားခြင်း၊ လေအေးစက်တပ် အလူမီနီယံသေတ္တာဖြင့် တင်ပို့ပေးလိုက် ခြင်းတို့ကြောင့် ဆိုးဆိုးဝါးဝါး ပုပ်သိုးခြင်းမရှိ။
မီးသဂြိုဟ်မည့် နေ့က ထုံးစံအတိုင်း သရဏဂုံတင်ခြင်း၊ပရိတ်ရွတ်ခြင်းများ ပြုလုပ်ပြီး မီးမသဂြိုဟ်မီ နောက်ဆုံးအနေဖြင့် ခေါင်းကိုဖွင့်ကြည့်ကြသည်။ (၁၃) ရက်ကြာအောင်အသက် ကင်းမဲ့ခဲ့ပြီ ဖြစ်သည့်တိုင်အောင် ချောမောနေဆဲ ဖြစ်သော နိုင်ကြီး၏ မျက်နှာကိုမြင်ရချိန်၌ ကျန်ရစ် သူမိသားစုမှာ မည် သို့ ရှိမည် မသိသော်လည်း ကျွန်တော် ၊ အောင်ရဲနှင့် ဇေယျ ကတော့ ယောကျာ်း များ တန်မဲ့ မျက်ရည်ဝဲမတတ် ခံစားကြရသည်။
“လာကွာ ရဲထွတ်၊သွားရအောင်”
အောင်ရဲက နိုင်ကြီး၏ အလောင်းကို ကြာကြာမကြည့်ချင်ဟန်ဖြင့် ကျွန်တော့် ကို လက်တို့ သည်။ကျွန်တော် ကိုယ်တိုင်လည်း နိုင်ကြီး၏ အလောင်းကိုကြာကြာကြည့်ပါက ပိုမိုခံစားရမည် စိုး သဖြင့် အောင်ရဲခေါ်ရာသို့ အသာအယာပင် လိုက်လာခဲ့မိသည်။ အလောင်းပြင်ထားသော နေရာ နှင့် ခပ်လှမ်းလှမ်းအရောက် (S.E.C.D)မှ လူစုပြီးရောက်လာကြသော သဘောင်္သားအုပ်စုနှင့် အတူ ကိုတိုးကို တွေ့ ရသည်။
ကျွန်တော် ကိုတိုးကို လှမ်းခေါ်မည် အပြုမှာ ပင် ကိုတိုးက ကျွန်တော့် ကို မြင်သွားပြီး ကျွန် တော် ရှိရာသို့ လျှောက်လာသည်။
“ကိုတိုး၊ ဘယ်တုန်းက ရောက်လာတာလဲ”
“ခုပဲ၊ ရောက်တာ ဆိုစမ်းပါဦး၊ ဘယ်လို ဖြစ်တာလဲ”
ကျွန်တော့် နည်းတူ နိုင်ကြီးအပေါ် အလွန်ခင်သော ကိုတိုးက စိတ်မကောင်းသံဖြင့် မေး သည်။
“ဂဲင်းဝေး (Gangway)ပေါ်က ကျတာ”
“ဂဲင်းဝေးပေါ်က”
“ဟုတ်တယ် ကိုတိုး၊ ညဘက်ကြီး ရေကျချိန်မှာ ဖြစ်တာ၊ (၁၁)နာရီဘုတ်နဲ့ ကမ်းကအပြန် သဘောင်္ပေါ်တက်ရင်း ပြုတ်ကျတာ၊ အဲင်္ဒအချိန်က ဒီကောင် အရမ်းမူးနေတယ်”
“မူးနေတယ် ဟုတ်လား”
ကိုတိုး တအံ့တသြမေးသည်။ ကိုတိုး၊ ကျွန်တော် နှင့် နိုင်ကြီးမှာ သဘောင်္တစ်စင်းတည်း အတူတူလိုက်ခဲ့ကြသူများ ဖြစ်ကြသဖြင့် နိုင်ကြီးအကြောင်းကို ကျွန်တော့် နည်းတူ ကိုတိုးလည်း သိသည်။ အထူးသဖြင့် နိုင်ကြီးရည်းစားများ အကြောင်းနှင့် အရက်လုံးဝမသောက်တတ်ကြောင်း ကို ကိုတိုး အသိဆုံး ဖြစ်သည်။
“ဟုတ်တယ်…..ကိုတိုး၊ နိုင်ကြီး မူးနေတယ်၊ ဘာကြောင့် မူးရသလဲဆိုတာသိရင် ကိုတိုး ဒီထက်ပိုပြီး အံ့သြသွားဦးမယ်”
“ဘာကြောင့် လဲ ရဲထွတ်”
“မိန်းကလေး တစ်ယောက် ကြောင့် ”
ကျွန်တော့် စကားအဆုံး ကိုတိုး တအံတသြနှင့် နှုတ်ဆိတ်ငြိမ်သက်သွားတော့သည်။ အတန်ကြာမှ ကိုတိုး ကျွန်တော့်ကို မော့်ကြည့်ရင်း…
“ငါတို့ (Cargo Ship)လိုက်တုန်းက အကြောင်း မင်းမှတ်မိသေးလား ရဲထွတ်၊ ‘စ’လုံးမှာ ကုန်တင်တုန်းက သူတစ်ပတ်အတွငက်း ကောင်မလေး တစ်ယောက် နဲ့ရအောင် တွဲ ပြမယ်ဆိုတာ လေ”
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
ကိုတိုး ပြောသော အကြောင်းကို ကျွန်တော် ကောင်းကောင်းမှတ်မိပါသည်။ ကျွန်တော် တို့ သုံးယောက် အတူလိုက်ခဲ့ဖူးသော သဘောင်္ စင်ကာပူ၌ ကုန်တင်စဉ်အခါက ဖြစ်သည်။ ထိုစဉ်က ကုန်တင်ရမည့် ကာလမှာ တစ်ပတ်တိတိ ဖြစ်သည်။ ကမ်းစတင်ကပ်သည့်နေ့မှာ ပင် စင်ကာပူ ကောင်မလေး တစ်ယောက် ကို ရည်းစားထားမည် ဟု ကျွန်တော် တို့ကို ပြောခဲ့သည်။
ကျွန်တော် နှင့် ကိုတိုးက……
“ဘာလဲ……ငွေကုန်ကြေးကျများ မယ့် ရည်းစားမျိုးလား”
ဟု နောက်တော့ ထိုကိစ္စမျိုး၌ အလွန်ရှင်းလင်းသော နိုင်ကြီးက….
“အေး…..မယုံရင် စောင့်ကြည့်ပေါ့”
ဟု ကြိမ်းဝါးခဲ့သည်။ ကျွန်တော် တို့ ကတော့ မယုံမကြည်ကြ။ မလေး၊ စင်ကာပူဆိုတာမျိုးက ရွှေဟုခေါ်သော မြန်မာဆိုလျှင် လုံးဝအထင်မကြီး။ သူတို့ အထင်ကြီးသည်က မျက်နှာဖြူနှင့် ဂျပန် သာ ဖြစ်သည်။
ထိုသို့ သော မြို့များ ၌ တစ်ပတ်အတွင်း ရည်းစား တစ်ယောက် ရအောင် ထားပြမည် ဆိုသော နိုင်ကြီး၏ စကား ဘယ်လိုမှမ ဖြစ်နိုင်ပေ။ သို့ သော် ထိုသို့ မ ဖြစ်နိုင်ဟု ကျွန်တော် တို့ ခံယူထားသော ကိစ္စကို နိုင်ကြီးက ဖြစ်အောင်လုပ်ပြခဲ့သည်။
သုံးရက်မြောက်သော နေ့၌ သူ့ရည်းစားနှင့် ကျွန်တော် တို့ကို မိတ်ဆတ်ပေးခဲ့သည်။ နိုင်ကြီး၏ ရည်းစားက မီနီမားကတ်(Mini Market)တစ်ခုမှ စာရေး မလေး ဖြစ်သည်။
ကျွန်တော် တို့ မျှော်လင့်ခဲ့သည်နှင့် ဆန့်ကျင်စွာ ရိုးရိုးယဉ်ယဉ်လေး ဖြစ်သည့်အပြင် နိုင်ကြီး အပေါ်လည်း အလွန်ချစ်သူ ဖြစ်သည်။ ဘယ်လောက်အထိချစ်သလဲဆိုလျှင် နိုင်ကြီးနေရာမှာ သာ ကျွန်တော် ဆိုပါက သဘောင်္ပေါ်ပြန်မတက်တော့ဘဲ သူမကို လက်ထပ်၍ ထိုမြို့မှာ ပင် အခြေချမိပေလိမ့်မည် ။
သို့သော် နိုင်ကြီး ကတော့ သဘောင်္ထွက်သည့်အခါ သွား၍ ပင် နှုတ်မဆတ်ခဲ့။ ကျွန်တော် တို့က စိတ်မကောင်း ဖြစ်စွာ သွားနှုတ်ဆတ်လိုက်ပါဦးဟု ပြောတော့ နိုင်ကြီးက….
“ဘာလုပ်မှာ လဲ……သွားနှုတ်ဆတ်လဲ ခွါရမှာ ပဲ၊ သွားနှုတ်မဆတ်လဲ ခွါရမှာ ပဲ၊ ဒီတော့ အချိန်ကုန်ခံပြီး သွားမနေတော့ဘူး၊ တော် ကြာ ဘိုဆင်နဲ့ ဖဲရိုက်ဖို့ ချိန်းထားတယ်”
ဟု ခပ်ပေါ့ပေါ့ပင် ပြန်ပြောခဲ့သည်။
နိုင်ကြီးမှာ မိန်းမနှင့်ပတ်သက်လျှင် ထိုမျှအထိ ခံစားချက်ကင်းမဲ့သူ ဖြစ်သည်။ ကျွန်တော် နိုင်ကြီးကို သတိတရ ဖြစ်စွာ သက်ပြင်းချလိုက်မိသည်။
“ငါ စဉ်းစားနေတာ တစ်ခုရှိတယ် ရဲထွတ်”
“ဘာလဲ ကိုတိုး”
“နိုင်ကြီးလို ယောကျာ်း တစ်ယောက် ရဲ့ ဘ၀ကို မိန်းမ တစ်ယောက် က ဖျက်ဆီးပစ်နိုင်ပါ့မ လား ဆိုတာပဲ၊ တကယ်လို့ ဖျက်ဆီးနိုင်တယ်ဆိုရင်လဲ အဲဒီ မိန်းမဟာ ဘယ်လိုမိန်းမမျိုး ဖြစ်မလဲ”
“ကျွန်တော် လဲ အဲဒါကိုပဲ သိချင်နေတာ ကိုတိုး”
စကားအဆုံး မျက်လုံးတောက်တောက်တစ်စုံနှင့် ထိဆတ်လုနီးပါး မျက်ခုံးတန်းအစုံကို ပိုင် ဆိုင်သော ချို့မျက်နှာကို ကျွန်တော် မြင်ယောင်လိုက်မိသည်။ ပြီးတော့ ကိုတိုး ပြောသလိုပင် ချိုဟာ ဘယ်လိုမိန်းမမျိုးလဲဆိုတာကိုလည်း ပြင်းပြစွာ သိချင်လာတော့သည်။ သို့ သော် ထိုသိချင် သော စိတ်အား အကောင်အထည်ဖော်ရန်ကိစ္စကိုတော့ ထိုစဉ်က ကျွန်တော် မစဉ်းစားမိခဲ့။
တကယ်စဉ်းစားမိခဲ့သည်က နောက်ထပ် ရက်နှစ် ဆယ်အကြာ နိုင်ငံခြားကုန်သွယ်မှု ဘဏ်၌ ချိုနှင့် တွေ့ စဉ်အခါမှ ဖြစ်လေသည်။
ကျွန်တော် ရန်ကုန်ပြန်ရောက်ပြီး (၂၁)ရက် ပြည့်သော နေ့မှာ တော့ ကျွန်တော် ပါလာသော ဒေါ်လာ(၃၀၀၀)ကျော်ကို အပ်ရန် နိုင်ငံခြားကုန်သွယ်မှု ဘဏ်သို့ ကျွန်တော် သွားခဲ့သည်။
သဘောင်္သားတိုင်း ကိုယ်ပါလာသော ငွေ ဘဏ်မအပ်ဘဲ တစ်လတိတိ လက်ထဲမှာ ကိုင် ထားနိုင်ခွင့်ရှိသည်။ အကယ်၍ ထိုမျှကြာအောင် ကိုင်မထားချင်လျှင်လည်း စောစောစီးစီးအပ်ပေါ့။ သို့သော် သဘောင်္သားတိုင်းလိုလို ချက်ချင်း သွားမအပ်ဘဲ ကန့်သတ်ကာလကုန်လုနီးနီး လက်ထဲ ကိုင်မှာ ကိုင်ထားကြသည်ချည်းသာ ဖြစ်သည်။
ထိုသို့ ကိုယ့်ငွေကို ကိုယ့်လက်ထဲ၌ ကြာကြာထားချင်ကြသော အကျင့်မှာ ဘာအကျင့်ဟု ကျွန်တော် မသိသော်လည်း သေချာတာတစ်ခု ကတော့ ထိုအကျင့်သာ ကျွန်တော့် ၌ ရှိမနေခဲ့ဘဲ စောစီးစွာ ငွေအပ်ထားပြီး ဖြစ်နေခဲ့မည် ဆိုလျှင် မဟုတ်သလို ချို့ထံသို့ ချဉ်းကပ်ရန် လမ်းစ ကို လည်း ကျွန်တော် ရှာဖွေတွေ့ ရှိခဲ့မည် မဟုတ်ပါ။
သို့သော် အခြားသဘောင်္သားများ နညးတူ ကိုယ့်ငွေကို ကိုယ့်လက်ထဲမှာ ကြာကြာထားချင် သော အကျင့်ကို ကျွန်တော့် ထံ၌ စွဲကပ်၍ နေခဲ့သည်။
ထို့ကြောင့် ပင် နောင်အခါ ကံဆိုးသော တိုင်ဆိုင်မှု တို့ နာမ၀ိသေသ ပြုရမည် ။ ချိုနှင့် ကျွန်တော် ဆုံစည်းခြင်းဟူသော ဖြစ်ရပ်က အသေအချာကို ဖြစ်ပွားလာခဲ့ခြင်းပဲ ဖြစ်လေသည်။
ချို့ကို ကျွန်တော် စတင်သတိထားလိုက်မိသော အချိန်သည် ဘဏ်အတွင်းသို့ ချိုစတင်ဝင် ရောက်လာသော အချိန် ဖြစ်သလို ကျွန်တော် ၏ ငွေအပ်မှု ကိစ္စပြီးစီးလုလု အချိန်လည်း ဖြစ်သည်။ ငွေအပ်ကောင်တာရှေ့၌ ရပ်ရင်း ယိမ်းနွဲ့ညင်သာစွာ လျှောက်လှမ်းလာသော ချို့ကို ကျွန်တော် ငေးကြည့်နေမိသည်။ ချိုနှင့် အဖော်အမျိုးသမီး ကတော့ ကျွန်တော့်အကြည့်ကို သတိမပြုမိဘဲ ငွေကောင်တာဆီသို့ ဦးတည်လျှောက်လှမ်းသွားကြသည်။
ချို ငွေလာထုတ်ခြင်း ဖြစ်ပေလိမ့်မည် ။
သို့ သော် သူ့ကိုယ်ပိုင်ငွေတော့ ဟုတ်ပုံမရ။ ဖြစ်နိုင်တာ ကတော့ ကုမ္ပဏီ၏ ခိုင်းစေမှု အရ ကုမ္ပဏီပိုင်ငွေကို လာထုတ်ခြင်း ဖြစ်လိမ့်မည် ။
ကျွန်တော် ငွေအပ်ခြင်းကိစ္စ ပြီးဆုံးသွားသည့်တိုင်အောင် ချိုတို့ကို ရပ်ကြည့် ငေးမောနေမိ သည်။
မြန်မာအမျိုးသမီးဝန်ထမ်း တစ်ယောက် အနေနှင့် ကုမ္ပဏီပိုင်ငွေကို ထိုသို့ လာထုတ်ခွင့် ရှိ မရှိ ကျွန်တော် မသေချာသော်လည်း ငွေထုတ်ကောင်တာရှေ့၌ စာရွက်စာတမ်းများ ဖြင့် အလုပ် ရှုပ်နေကြသော ချိုနှင့် အဖော်အမျိုးသမီးမှာ အခက်အခဲတစ်စုံတစ်ရာနှင့် ရင်ဆိုင်နေရကြောင်းက တော့ အလွန်ကို သေချာလေသည်။
သူတို့အား အခက်အခဲ ဖြစ်စေသော အရာ ကတော့ တစ်ချောင်းတည်းသာ ပါလာဟန်တူ သော ပြင်သစ်လုပ် အနက်ရောင် (Reynolds) ဘောလ်ပင် ဖြစ်သည်။ ထိုဘောလ်ပင်ကို စာရွက် အကြမ်းပေါ်ခြစ်ကြည့်လိုက်၊ ငွေထုတ်ဖောင်ပေါ်ရေး ကြည့်လိုက်နှင့် ချိုအလုပ်ရှုပ်နေသည်။ ကျွန်တော့် အား ကျောခိုင်း အနေထားဖြင့် ရပ်လျက်၊ မင်မလိုက်သော ၊ သို့ မဟုတ်သော မင်ကုန်နေ ဟန်တူသော ဘောလ်ပင်ဖြင့် အခက်အခဲ ဖြစ်နေသည့်ချိုကို ငေးကြည့်နေရင်း ကိုတိုးနှင့် ကျွန်တော် သိချင်စိတ်ပြင်းပြဖူးသော ချိုဟာ ဘယ်လိုမိန်းမမျိုးလဲ ဟူသည့်မေးခွန်းက ကျွန်တော့်ရင်ထဲသို့ စူးရှ စွာ တိုးဝင် ရောက်ရှိလာတော့သည်။
(ချိုဟာ ဘယ်လိုမိန်းမမျိုးလဲ)
ထိုမေးခွန်း၏ အဖြေကို သိနိုင်ဖို့အတွက် အကောင်းဆုံး အဖြေရှာနည်းတစ်ခု ကတော့ ချို ထံသို့ ချဉ်းကပ်လိုက်ဖို့ပါပဲ။
ကျွန်တော့် ကိုယ် ကျွန်တော် တစ်စုံတစ်ရာ မတားဆီးနိုင်ခင်မှာ ပင် ကျွန်တော် ချိုတို့နားသို့ ရောက်ရှိသွားတော့သည်။
“တစ်ခုခု အခက်အခဲ ဖြစ်နေသလား”
ကျွန်တော့် အသံကြောင့် ချိုနှင့် အဖော်အမျိုးသမီး ကျွန်တော့် ကို လှည့်ကြည့်သည်။ အဖော်အမျိုးသမီး ကြည့်ရသည်မှာ ကျွန်တော့် မေးခွန်းကြောင့် ကြောင်အမ်းအမ်း ဖြစ်နေပုံရသော် လည်း ချို ကတော့ ခပ်တည်တည်ပင် ခေါင်းတစ်ချက်ညိတ်ပြရင်း….
“ဘောလ်ပင်က မက်မလိုက်ဘူး ဖြစ်နေလို့”
ကျွန်တော့် အိတ်ကတ်ထဲမှ ရွှေရောင် ခရော့စ် (Cross)ဘောလ်ပင်ကို ထုတ်ပေး လိုက်သည်။ကျွန်တော့် ဘောလ်ပင်မှာ ထောင်ကျော်တန် ဘောလ်ပင် ဖြစ်မှန်း ချိုမသိသည့်တိုင် အနည်းဆုံးတော့ ပျောက်သွားလျှင် အလွန်နှမြောစရာကောင်းမည့်  ဘောလ်ပင် ဖြစ်မှန်းကိုတော့ ချို သိပေလိမ့်မည် ။
“ဒီဘောလ်ပင် ယူထားလိုက်ပါ၊ နောက်မှပြန်လာယူမယ်”
“သင့်ခ်ယူ (Thank You)”
ဘောလ်ပင်ကို လှမ်းယူပြီး ချို ဖောင်ဆက်ဖြည့်သည်။
ကျွန်တော် ချို့အဖော်အမျိုးသမီးကို ပြုံးပြပြီး လှည့်ထွက်လာခဲ့သည်။
ချိုတို့နားမှ သာမဟုတ်။ နိုင်ငံခြားကုန်သွယ်မှု ဘဏ်မှပါ အပြီးထွက်လာခဲ့ခြင်း ဖြစ်သည်။
“အဲဒါ ဘာအဓိပ္ပာယ်လဲ ရဲထွတ်”
ကျွန်တော် ချိုအား ဘောလ်ပင် ပေးခဲ့ကြောင်း အောင်ရဲတို့ကို ပြောပြလိုက်သည်နှင့် အောင် ရဲနှင့် ဇေယျက ကျွန်တော့်အား ထုံးစံအတိုင်း ၀ိုင်းမေြး ကတော့သည်။ ကျွန်တော် ချက်ချင်း မဖြေသေးဘဲ လပ်ကီးစထရိုက်တစ်လိပ်ကို ဆွဲယူပြီး မီးညှိလိုက်သည်။ သုံလေးဖွာလောက် ဖွာရှိုက် ပြီးမှ…..
“ဘာအဓိပ္ပာယ်လဲဆိုတော့ ငါ ချို့ကို ချဉ်းကပ်တော့မယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့”
ကျွန်တော့် စကားအဆုံး အောင်ရဲနှင့် ဇေယျတို့၏ မျက်နှာက ကမ္ဘာပျက်တော့မည့် သတင်း ကို ကြားလိုက်ရသူများ ပမာ အလွန်တရာအံ့သြသော အမူအရာများ နှင့် ကြက်သေ သေသွားကြ တော့သည်။ ပြီးမှ အောင်ရဲက ကမန်းကတန်းလေသံနှင့် မေးသည်။
“မင်း စိတ်မှကောင်းသေးရဲ့ လား ရဲထွတ်”
“ဘာ ဖြစ်လို့လဲ”
“ချိုဟာ ဘယ်လိုမိန်းမမျိုးလဲ ဆိုတာ မင်းမသိဘူးလား”
“မသိဘူး အောင်ရဲ၊ မသိလို့လဲ ချို့ကို ချဉ်းကပ်ဖို့ ငါ ဆုံးဖြတ်တာပေါ့၊ ငါရဲ့ အဓိက ရည်ရွယ်ချက်တစ်ခု ကတော့ ချိုဟာ ဘယ်လိုမိန်းမမျိုးလဲဆိုတာ သိချင်လို့ပဲ”
ကျွန်တော် စကားအဆုံး ဇေယျက သူ့ထုံးစံအတိုင်း ခပ်အေးအေးလေသံနှင့် ခပ်ဖြည်းဖြည်း ၀င်ပြောသည်။
“အဲဒါကို သိချင်တာသက်သက်ဆိုရင်တော့ မင်းအပင်ပန်းခံမနေနဲ့တော့ ရဲထွတ်၊ ငါတို့ ပြောပြနိုင်တယ်၊ ချိုဟာ ဘယ်လိုမိန်းမမျိုးလဲဆိုတာတော့…..သိပ်ကိုကြောက်စရာကောင်းတဲ့ မိန်းမပဲ၊ ရည်းစားပေါင်းများ စွာ ထားခဲ့ပြီါ် အဲဒီ ရည်းစားတွေ ရဲ့ ဘ၀ကို တစ်စစီ ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ မိန်းမ၊ ပြီးတော့ မင်းလိုလူမျိုးနဲ့လဲ လက်ရည်ချင်း အရမ်းကွာတဲ့မိန်းမ၊ မင်းရဲ့ နောက်ထပ် ရည်ရွယ်ချက်တစ်ခုက နိုင်ကြီးအတွက် လက်စားချေဖို့ဆိုရင်လဲ အဲဒါကို မင်းမေ့လိုက် တော့ ရဲထွတ်၊ မင်း သူ့ကို ထိခိုက်နာကျင်အောင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
“ဟုတ်တယ် ရဲထွတ်၊ မင်း စိတ်ကူးမယဉ်နဲ့ ”
“ငါ့ဘ၀မှာ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး အောင်ရဲ”
“ဒါပေမဲ့ ချို့ကိုချဉ်းကပ်ဖို့ဆိုတာ ကတော့ သိပ်ကို စိတ်ကူးယဉ်ဆန်တဲ့ ကိစ္စပဲ ရဲထွတ်၊ ပြီးတော့ ဖြစ်လဲမ ဖြစ်နိုင်တဲ့ ကိစ္စ၊တကယ်လို့ ဖြစ်ခဲ့မယ်ဆိုရင်လဲ မင်းအတွက် သိပ်ပြီး အန္တရာယ် များ တဲ့ ကိစ္စ”
“အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် ဖြစ်နိုင်မ ဖြစ်နိုင်ကို ဘယ်တော့မှ မတွေးဘူး၊ ဖြစ်နိုင် မလား၊ ဖြစ်နိုင်ပါ့မလားလို့ တွေးတာဟာ ကိုယ်ယုံကြည်မှု ကို ကိုယ်ဘာသာ ဖျက်ဆီးတာပဲ၊ ငါက လုပ်နိုင် မလုပ်နိုင်ကိုပဲ တွေးတယ်၊ လုပ်နိုင်တယ်၊ ကိုယ်တိုင်လဲ လုပ်ချင်တယ်ဆိုရင် အဲဒီ ကိစ္စကို ငါ လုပ်ကိုင်တာပဲ”
ကျွန်တော့်စကားအဆုံး အောင်ရဲက သက်ပြင်းချပြီး ဇေယျ ကတော့ ခေါင်းခါလေသည်။
သူတို့၏ ပုံစံက ကျွန်တော့်ဆုံးဖြတ်ချက်ကို သဘောမတူဟန်။ ပြီးတော့ ထိုဆုံးဖြတ် ချက် အတွက် စိတ်မကောင်းဟန်အပြည့်။ ကျွန်တော် သူတို့ကိုကြည့်ပြီး ရယ်မောနေတော့သည်။ ဇေယျ က ကျွန်တော့် ကို မော့်ကြည့်ရင်း…..
“ဘာပဲ ဖြစ် ဖြစ် ချို့ကြောင့် နိုင်ကြီးဘ၀ပျက်ခဲ့ဖူးတယ် ဆိုတာကိုတော့ မင်း မမေ့နဲ့ ရဲထွတ်”
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
ထိုကိစ္စ ကျွန်တော် မမေ့ပါ။ မမေ့သဖြင့် လည်း ချို့ဘ၀ထဲသို့ ချဉ်းနင်းဝင်ရောက်ရန် ကျွန်တော် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့် ဆုံးဖြတ်ချက်သည် အောင်ရဲနှင့် ဇေယျတို့ထင်သ လို အလွန်တရာလည်း အန္တရာယ်များ သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့ သော် ဖြစ် ဖြစ် ထိုဆုံးဖြတ်ချက်ကိုတော့ အကောင်အထည်ဖော်လိမ့်မည် ။
ကဲ……
မင်း လွတ်အောင်ပြေးတော့ ချို။
ကျွန်တော် လက်ဖက်ရည်ဆိုင်မှ ထ၍ ဒုတိယအကြိမ်မြောက် သွားကြည့်သော အချိန်မှာ တော့ ချိုနှင့် သူ့ဒရိုင်ဘာသည် ကျွန်တော့်ကားနား၌ ရစ်သီရစ်သီလုပ်ရင်း ကားတံခါးကို ဆွဲဖွင့်ကြည့်လိုက်၊ ကားကိုတွန်းကြည့်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။
ထိုသို့ သော ကိစ္စများ အား ကျွန်တော် ကြိုတင်တွေးထားခဲ့ပြီး ဖြစ်သဖြင့် ကျွန်တော် ကားကို ဂီယာထိုးရုံသာမက ဟမ်းဘရိတ်ပါဆွဲထားခဲ့ပြီး ကားတံခါးအားလုံးကိုလည်း (lock) ချထားခဲ့သည်။ အကယ်၍ သူတို့ကားရှေ့၌ တမင် ပိတ်ရပ်ထားခဲ့သော ကျွန်တော့် ကားကို ကျွန်တော့်  ခွင့်ပြု ချက် မရဘဲ ဖယ်ရှားလျှင်တော့ ကားမှန်ကိုရိုက်ခွဲပြီး ဂီယာဖြုတ်၍ တွန်းရွှေ့ရမည် ဖြစ်သည်။
သို့ သော် ချိုနှင့် ချို့ဒရိုင်ဘာသည် သူတို့မသိသော တစ်စုံ တစ်ယောက် ၏ ကားကို ထိုမျှအထိ လုပ်ရဲလိမ့်မည် မဟုတ်ပါ။ ကျွန်တော် နာရီကိုကြည့်လိုက်တော့ ချိုနှင့် ချို့ဒရိုင်ဘာ ကျွန်တော့်ကား ကြောင့် ဒုက္ခရောက်ခဲ့ကြသည်မှာ (၁၀)မိန်စ်တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဒီလောက်တော့ စောင့်ရမှာ ပေါ့။
ကျွန်တော် တောင် နှစ် ရက်တိတိ ချို့ရုံးရှေ့မှာ ဒုက္ခခံပြီး စောင့်ခဲ့ရသေးတာပဲ။
စတုတ္တမြောက် လက်ကီးစထရိုက်တစ်လိပ်ကို မီးညှိပြီး မင်္ဂလာဈေးကို နောက်ထပ် နှစ် ပတ်လောက် ကျွန်တော် ပတ်နေလိုက်သည်။ ပြီးမှ ကားရပ်ထားခဲ့ရာနေရာသို့ ကျွန်တော် ပြန် လျှောက်လာခဲ့သည်။ ကားနားမရောက်ခင် ကျွန်တော် လှမ်းကြည့်လိုက်တော့ ကုမ္ပဏီပိုင် ဖိုးဝီး ဒရိုက် ကားမြင့်မြင့်ကြီး၏ နောက်ခန်း၌ အလိုမကျသော မျက်နှာနှင့် ချို ထိုင်နေပြီး ချို့ ဒရိုင်ဘာ ကတော့ ကျွန်တော့် ကားဘေး၌ စိတ်ပျက်လက်ပျက်ဟန်နှင့် ရပ်နေသည်။
အလွန်နေပူသော အချိန်၊ မင်္ဂလာဈေး ကားရပ်ကွင်းလိုနေရာမျိုး၌ တမင် ပိတ်ရပ်ထားသော တစ်စုံ တစ်ယောက် ၏ ကားကြောင့် မိနစ်နှစ် ဆယ်လောက် အကြောင်းမဲ့ ဒုက္ခခံရသော ကိစ္စမှာ စဉ်းစားကြည့်မယ်ဆိုလျှင် အလွန်ဒေါသ ဖြစ်ဖွယ်ကောင်းသော ကိစ္စပဲ ဖြစ်သည်။
တကယ်တော့ ချိုအား ဒေါသ ဖြစ်အောင် လုပ်နိုင်မည့်  ဤအခွင့်အရေး ကို ကျွန်တော် လွယ်လွယ်ကူကူ ရခဲ့ခြင်း မဟုတ်သလို ရလိမ့်မည် ဟု မျှော်လင့်ခဲ့သည်လည်း မဟုတ်ပါ။ ရုံးပြင်သို့ ခဏတဖြုတ်ထွက်လာသော ချို့အား ဘောလ်ပင်ပြန်တောင်းရင်း မိတ်ဆတ်မည် ဟူသော ရည်ရွယ် ချက်ဖြင့် ချို့ရုံးရှေ့မှာ ကားရပ်ရင်း မနေပကရော သည်နေ့ပါ ကျွန်တော် စောင့်နေခဲ့သည်။ သည်နေ့ နေ့လယ်ပိုင်း ချို ရုံးပြင်ထွက်လာသော်လည်း ကားလမ်းတစ်ဖက်ခြမ်းရှိ ကျွန်တော့် ကို မမြင်။ သူ့ ဒရိုင်ဘာနှင့် အတူ မင်္ဂလာဈေးသို့ ဈေးဝယ်ထွက်လာသည်။
ထိုအခါ ချို့ကားနောက်သို့ နောက်ယောင်ခံလိုက်လာခဲ့သော ကျွန်တော် သည် (ချို့ဒရိုင် ဘာ လက်ဖက်ရည်သောက်ချိန်နှင့် တိုက်ဆိုင်စွာ ) ချိုတို့ကားရှေ့၌ ပိတ်ရပ်ပြီး ချို့အား စိတ်ဓာတ် ရေး ရာအရ ထိုးနှက်နိုင်မည့်  အခွင့်အရေး တစ်ခုကို မမျှော်လင့်ဘဲ ရရှိသွားခဲ့သည်။
ထိုအခွင့်အရေး ကို ပိုပြီးအဆင်ပြေစေတာ တစ်ခု ကတော့ ချိုတို့ကားနောက်၌ အခြားရပ် ထားသော ကားများ ရှိနေခြင်းပဲ ဖြစ်သည်။ ထို့ကြောင့် နောက်ဆုတ်၍ မထွက်နိုင်သလို၊ကျွန်တော့် ကားကြောင့် ရှေ့တိုး၍ လည်း မထွက်နိုင်ဘဲ အလယ်၌ ပိတ်မိနေတော့သည်။
စီးကရက်ကို အရသာခံ၍ ဖွာရှိုက်ရင်း ကျွန်တော့် ကားနား ပြန်ရောက်လာချိန်၌ ချို့ကား ဒရိုင်ဘာက ကျွန်တော့် ကို အပြစ်တင်လိုဟန်ဖြင့် မကျေမနပ်ကြည့်သည်။
သို့ သော် ကျွန်တော် သူ့ကို လုံးဝမကြည့်။ခပ်တည်တည်နှင့် ကားတံခါးဖွင့်ပြီး ၀င်ထိုင် လိုက် သည်။ ကျွန်တော် ဘေးမှန်ချပြီးချိန်၌ ချို ကျွန်တော့်ကားနား ရောက်လာသည်။ ချို့မျက်နှာက အလွန်ပူသော နေနှင့် အလွန်စူးရှသော ဒေါသတို့ကြောင့် နှင်းဆီရောင် သန်း၍ နေ သည်။
“ဒီမှာ ”
ချို ကျွန်တော့် ကို ခပ်ဆတ်ဆတ် ခေါ်သည်။ ကျွန်တော် ဘီတူးမျက်မှန်အနက်ကို ချွတ်ပြီး ချို့ကို မော့်ကြည့်လိုက်သည်။
“သြော်”
ချို ကျွန်တော့် ကို မှတ်မိသွားပုံရသည်။ တင်းမာနေသော မျက်နှာမှာ လည်း အနည်းငယ် ပျော့ပျောင်း၍ လာသည်။
“အက်ဖ်အီးဘင့် (F.E.Bank)မှာ ဘောလ်ပင်ပေးတာ ယူမဟုတ်လား”
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
“ဒါ ယူ့ကားလား”
“မြင်တဲ့အတိုင်းပဲလေ”
ကားသော့ ကို မြှော က်ပြရင်း ကျွန်တော် ပြောလိုက်တော့ ချို မျက်မှော င်ကုတ်ရင်း…..
“ယူ့ကားကြောင့် တို့တွေ ဒုက္ခရောက်နေတာ”
“မိနစ်နှစ် ဆယ်လောက်ပါ”
ကျွန်တော့် စကားကြောင့် ချို ကျွန်တော့် ကို ဖျတ်ခနဲ ကြည့်သည်။ ပြီးမှ…...
“ဟိုနေ့က ဘောလ်ပင် ဘာလို့ပြန်မယူတာလဲ”
“ခု ပါမလာဘူး၊ ရုံးမှာ ကျန်ခဲ့တယ်”
“ဒါဖြင့် လဲ ခုလိုမျိုး နောက်တစ်ခါဆုံတော့ ပြန်ပေးပေါ့”
ကျွန်တော့် စကားကြောင့် ချို ပြုံးသည်။ ချို့ အပြုံးတွေ ဒီလောက်လှလိမ့်မည် ဟု ကျွန်တော် မထင်မိခဲ့။
“ခု တို့ရုံးပြန်မှာ ၊ တို့တွေ ကားနောက်ကလိုက်ပြီး လိုက်ယူလိုက်ပါလား”
“ ဖြစ်ပါတယ်”
“ဒါဖြင့် သွားရအောင်”
ချိုနှင့် ချို့ဒရိုင်ဘာ ကားပေါ် ပြန်တက်သွားကြသည်။ ကျွန်တော် ချိုတို့ကား ထွက်သာ အောင် ကျွန်တော့် ကားကို နောက်ဆုတ်ပေးလိုက် ပြီး ချိုတို့ကားထွက်ချိန်မှာ တော့ နောက် မှ လိုက် ခဲ့သည်။
သို့ သော် ချို့တို့ရုံးအောင် လိုက်ခြင်းမဟုတ်ဘဲ လမ်းတစ်ဝက်မျှသာလိုက်လာခဲ့ခြင်း ဖြစ် သည်။ ကျွန်တော့် ဘောလ်ပင်ကို ပြန်ယူရန် ကိစ္စနှင့်တော့ ကျွန်တော် ဒီလောက် လောရန် မလိုအပ် ပါ။ ကျွန်တော့် ၌ အချိန်နှင့် နည်းပျူဟာများ စွာ ကျန်နေပါသေးသည်။
သိမ်ဖြူမီးပွိုင့်အရောက် ကျွန်တော် အခြားတစ်ဖက် ချိုးကွေ့ပြီး အိမ်ြပန်လာခဲ့သည်။
မင်္ဂလာဈေး၌ ဆုံစည်းခြင်း ကိစ္စအပြီး ကျွန်တော် ၏ ဒုတိယမြောက်ခြေလှမ်း ကတော့ ချို့ရုံး သို့ ဖုန်းဆက်လိုက်ခြင်းပဲ ဖြစ်သည်။
ကျွန်တော် အတင်းအကျပ် စုံစမ်းခိုင်းမှု ကြောင့် မစုံစမ်းချင်၊ စုံစမ်းချင်နှင့်ပင် ချို့ဖုန်းနံပါတ် များ ရရှိအောင် ဇေယျက စုံစမ်းပေးခဲ့သည်။ ချို့ရုံးဖုန်း၊ အိမ်ဖုန်းအပြင် အပိုအနေနှင့် ချို့တိုက်ခန်း နံပါတ်ပါရှိအောင် ဇေယျ မည် သို့ ဆောင်ရွက်လာခဲ့သည် မသိသော်လည်း ဖြစ်နိုင်တာ တစ်ခု က တော့ ချို့ကုမ္ပဏီရှိ သူနှင့် သိသော လူ တစ်ယောက် ထံမှ စုံစန်းလာခဲ့ခြင်း ဖြစ်ပေလိမ့်မည် ။
ချို့နံပါတ်များ ရေး မှတ်ထားသော စာရွက်အပိုင်းလေး ကျွန်တော့် လက်ထဲသို့ ရောက်ရှိ လာ ခဲ့သော နေ့သည် မင်္ဂလာဈေး၌ ချိုနှင့် ကျွန်တော် ဆုံပြီး နောက်နှစ် ရက်လာက်အကြာမှ ဖြစ်သဖြင့် သိပ်နောက်ကျသည်ဟု မဆိုနိုင်ပါ။ ဖုန်းနံပါတ်များ ရပြီးသည်နှင့် ချိုတို့ကုမ္ပဏီနှင့် မလှမ်းမကမ်း်ရှိ အအေးဆိုင်မှ ကျွန်တော် ချိုထံသို့ ဖုန်းဆက်လိုက်သည်။
ပထမဆုံး ဖုန်းလာကိုင်သူမှာ ချို ဖြစ်နေလိမ့်မည် ဟူ၍ တော့ ကျွန်တော် မမျှော်လင့်ပါ။ ထင် သည့်အတိုင်းပင် ဖုန်းလာကိုင်သူမှာ အခြား တစ်ယောက် ဖြစ်နေသည်။
“ချို နဲ့ပြောချင်လို့ပါ”
ထိုလူက ခဏကိုင်ထားပါဟု ပြောပြီး ချို့ကို သွားခေါ်ပေးသည်။
“ဟုတ်ကဲ့ ချိုပါ”
“ကိုယ်ပါ၊ အက်ဖ်အီးဘင့်ခ်မှာ မင်းကို ဘောလ်ပင်ပေးခဲ့တဲ့ လူလေ”
“အိုကေ….မှတ်မိပြီ”
ချို့တုံ့ပြန်မှု က ဘယ်လောက်များ အားရစရာ မကောင်းလိုက်ပါသလဲ။ တကယ်ဆို သူ့နာ မည် နဲ့ သူ့ဖုန်းနံပါတ်ကို ကျွန်တော် သိနေခြင်းအတွက် ချိုဟာ ဒီထက်ပိုပြီး အံ့သြဖို့မသင့်ပေ ဘူး လား။ အနည်းဆုံး တို့ဖုန်းနံပါတ်ကို ဘယ်လိုသိသလဲဆိုတဲ့ မေးခွန်းမျိုး မမေးသင့်ပေဘူးလား၊ ခု တော့ ချို ကျွန်တော့် ကို တုံ့ပြန်လိုက်ပုံက အိုကေတဲ့။
ကျွန်တော် စိတ်ပျက်လက်ပျက်နှင့်ပင် စကာဆက်လိုက်မိသည်။
“ကိုယ့်ဘောလ်ပင်အတွက် မင်း စိတ်အနှောင့်အယှက် ဖြစ်နေသလား ချို”
“ဒီလောက်ကြီး မဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်ခုတော့ သိချင်တယ်”
ချို သိချင်တယ် ဟူသော စကားကြောင့် ကျွန်တော် အနည်းငယ် အားတက်သွားသည်။
“မေးလေ”
“ယူ အဲလိုပဲ လူတိုင်းကို ဘောလ်ပင်တွေ လိုက်ပေးတတ်သလား”
“သိပ်ချစ်စရာကောင်းပြီး ဘောလ်ပင် တစ်ချောင်းလဲ အမှန်တကယ် လိုအပ်နေတဲ့ မိန်းက လေးမျိုး ဆိုရင်ပေါ့”
“ပြီးတော့…….ခုလိုပဲ တော် တော် နဲ့ ပြန်မယူတက်ဘူးဆိုပါတော့”
“ဒါ ကတော့ အဲဒီ မိန်းကလေးရဲ့ ဆွဲဆောင်မှု ရှိမှု ၊ မရှိမှု နဲ့ ဆိုင်တယ်”
“ဆွဲဆောင်မှု မရှိရင် တော် တော် နဲ့ ပြန်မယူဘူးလား”
“ဆွဲဆောင်မှု ရှိမှသာ တော် တော် နဲ့ ပြန်မယူဘဲ ခုလို ကြန့်ကြာနေတတ်တာ”
ချို ဟက်ခနဲ တစ်ချက်ရယ်ရင်း…….
“ဒါပေမဲ့ ခုတော့ လာယူတော့မယ် မဟုတ်လား”
“တစ်မိနစ်အတွင်း အရောက်လာခဲ့မယ်”
ကျွန်တော့်  အချိန်ကန့်သတ်မှု က သိပ်နည်းလွန်းတယ်လို့ ထင်စရာရှိသော်လည်း ချိုက တော့ ထုံးစံအတိုင်းပါပဲ။
“အိုကေ ဆီးယူ (OK.See You)”
တွေ့ ကြသေးတာပေါ့ဟု ရေရွတ်ပြီး ချို ဖုန်းချသွားသည်။ ကျွန်တော် တယ်လီဖုန်းခ ငါးကျပ် ထုတ်ပေးလိုက် ပြီး ခြေလှမ်း(၁၅)လှမ်းလောက်သာ ဝေးသော ချိုရုံးသို့ ခပ်သွက်သွက် လျှောက် လာခဲ့သည်။ ကျွန်တော် ရုံးဝသို့ ရောက်တော့ ကျွန်တော် အသုံးပြုလိုက်သည့် အချိန်က မိနစ်ဝက် လောက်သာ ရှိသည်။
ရုံးထဲဝင်ပြီး စုံစမ်းရေး ကောင်တာမှလူအား ချို့ကို ခေါ်မေးရန် ပြောရသည်။ ထိုလူသွားခေါ် မပေးခင်မှာ ပင် အတွင်းခန်းမှ မှန်တံခါးကျယ်ကြီး ဖွင့်ပြီး ချိုထွက်လာသည်။
“မြန်လှချည်လား”
ကျွန်တော့် နားသို့ လျှောက်ရင်း ချိုပြောသည်။
“ဘာကိစ္စပဲ ဖြစ် ဖြစ် ကိုယ်က ခပ်မြန်မြန်အကောင်အထည်ဖော်လေ့ရှိတယ်”
ကျွန်တော့် စကားအဆုံး ချို ပခုံးတွန့်သည်။ ထို့နောက် လက်ထဲ၌ ကိုင်လာသော ဘောလ် ပင်ကို ကျွန်တော့် ဆီသို့ ကမ်းပေးရင်း…..
“ဘင့်ခ်မှာ ဖောင်ဖြည့်တုန်းက မင် နည်းနည်း လျော့သွားတာကလွဲရင် ယူပေးခဲ့ တဲ့အတိုင်း ပါပဲ”
ကျွန်တော် ခေါင်းညိတ်ပြလိုက်ရင်း ဘောလ်ပင်ကို လှမ်းယူလိုက်သည်။
“ကဲ……ကိုယ်အလုပ်ပြန်ဝင်လိုက်ဦးမယ်၊ ယူ့ဘောလ်ပင်အတွက် ကျေးဇူးပါပဲ၊ ဂွတ်ဘိုင်”
ဒီတစ်ခါတော့ စောစောတုန်းကလို တွေ့ ကြသေးတာပေါ့ လို့ ချို နှုတ်မဆတ်။
ဂွတ်ဘိုင် တဲ့။
ချိုနှုတ်ဆတ်ပုံက ချိုနှင့် ကျွန်တော် ပြန်လည် ဆုံတွေ့ စရာ အကြောင်းတစ်စုံတစ်ရာမရှိ တော့သည့် ပုံမျိုး ဖြစ်သည်။ အကယ်၍ နောက်ထပ် ငါးနာရီကျော်အကြာ ချို့အိမ်သို့ ကျွန်တော် ရောက်ရှိလာမည် မှန်းသိပါက ချို ထိုသို့ နှုတ်ဆတ် လိမ့်မည် မဟုတ်။
“ချို ရှိပါသလား အန်တီ”
တံခါးလာဖွင့်ပေးသော ချို့အမေကို အယဉ်ကျေးဆုံး အမူအရာနှင့် ကျွန်တော် မေးလိုက် သည်။ ချိုနှင့် ရုပ်ချင်းအတော် ဆင်သော ချို့အမေက ကျွန်တော့် အား တရင်းတနှီး ပြုံးပြရင်း ….
“ဆွီတီလား ရှိတယ်၊ ရေချိုးနေလေရဲ့ ၊ လာ ၀င်ထိုင်ပါဦး”
ချို့အမေ၏ စကားကြောင့် ချို အိမ်အမည် မှာ ဆွီတီ(Sweety) ဖြစ်ကြောင်း ကျွန်တော် သဘောပေါက်လိုက်သည်။ ကျွန်တော် ၀င်သာအောင် ခပ်ကျယ်ကျယ် ဆွဲဖွင့်ပေးထားသည့် တံခါးပေါက်မှ ဧည့်ခန်းအတွင်းသို့ ၀င်ပြီး ဆက်တီတစ်လုံးမှာ ၀င်ထိုင်ရင်း ချိုတို့ အိမ်အပြင် အဆင်ကို ကျွန်တော် ဝေ့၀ဲ အကဲခတ်လိုက်သည်။
ရှေးဟောင်း ရေဒီယိုဂရမ်တစ်လုံး၊ မတ်တတ် (K-D-K)ပန်ကာနှင့် ခုံပုပုလေးပေါ်မှ အိုမင်း နေပြီ ဖြစ်သော အနက်ရောင် တယ်လီဖုန်းတစ်လုံး။ ပြီးတော့ အခန်းထောင့်မှ ဖုန်တက်နေသည့် ဂေါ့ဖ် (Golf) အိတ်နှင့် ကျွန်တော် ထိုင်နေသည့် ခပ်ဟောင်းဟောင်း ဆက်တီတစ်စုံ စသည့် ပရိဘောဂများ ၊ ချိုတို့သည် တစ်ချိန်တုန်းက ချမ်းသာခဲ့ဖူးသည့် အထည်ကြီးပျက်များ ဖြစ်ဟန်တူ လေသည်။ ချိုတို့အိမ် ဧည့်ခန်းအတွင်းမှာ မျက်မှော က်ခေတ်နှင့် လိုက်လျောညီထွေရှိတာဆို၍ နှစ် ခုရှိသည်။
ယင်းမှာ (၁၄) လက်မ ရုပ်မြင်သံကြားစက်နှင့် ကျွန်တော် ရှေ့စားပွဲပေါ်မှ ဒီလထုတ် တိုင်း မဂ္ဂဇင်းစာအုပ် ဖြစ်သည်။
“တစ်ခုခုသုံးဆောင်ပါလား သား ကော်ဖီသောက်မလား”
တံခါးပိတ်ပြီး ကျွန်တော် ရှိရာသို့ လျှောက်လာသော ချို့အမေက မေးသည်။
“နေပါစေ အန်တီ၊ မသောက်တော့ပါဘူး”
“ဒါဖြင့် ခဏထိုင်ဦးနော်၊ အန်တီ ဆွီတီကို သွားလောလိုက်ဦးမယ်၊သူက (Bathing) လုပ်ရင် သိပ်အချိန်ယူတာ”
ကျွန်တော့် ကိုထားခဲ့ပြီး ချို့အမေ အတွင်းခန်းသို့ ၀င်သွားသည်။ ကျွန်တော် လပ်ကီးစထ ရိုက်တစ်လိပ်ကို မီးညှိပြီး စားပွဲပေါ်မှ မဂ္ဂဇင်းစာအုပ်တို့ ဆွဲယူကာ ဟိုလှန် သည်လှန် လုပ်နေလိုက် သည်။
စီးကရက်တစ်လိပ် ကုန်ချိန်မှာ တော့ နေ့လယ်တုန်းက ကျွန်တော့် အား ဂွတ်ဘိုင်ဟု နှုတ် ဆက်ခဲ့သော ချို ထွက်လာသည်။
ကျွန်တော် ထိုင်နေရာမှ ရပ်၍ ချိုအား စိတ်ပါလက်ပါ ပြုံးပြလိုက်သည်။ ချို ခပ်ယဲ့ယဲ့ပြန်ပြုံး ရင်း ကျွန်တော့် ရှေ့မှ ဆက်တီမှာ ၀င်ထိုင်သည်။
“ဘယ်က လှည့်လာသလဲ”
ခပ်အေးအေးလေသံနှင့် ချို ကျွန်တော့် ကို နှုတ်ဆတ်သည်။
ချို နှုတ်ဆတ်လိုက်ပုံက ကျွန်တော့် ကိုတွေ့ လျှင် ချို အလွန်အမင်း အံ့သြသွားလိမ့်မည် ဟု မျှော်လင့်ထားခဲ့သော ကျွန်တော့် ကိုသာ ကြောင်အမ်းအမ်း ဖြစ်စွာ အံ့သြသွားစေခဲ့သည်။ သို့ သော် ကျွန်တော့် အံ့သြမှု ကို ချို မရိပ်မိခင်မှာ ပင် ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည်၍ ဣနြေ္ဒဆယ်လိုက် သည်။
ချိုတောင် ကျွန်တော့် ကို အိမ်လာလည်နေကျ လူ တစ်ယောက် ပမာ နှုတ်ဆက်နိုင် သေး တာပဲ၊ကျွန်တော် ကလည်း လာနေကျ လူ တစ်ယောက် လို ဟန်ဆောင်နိုင်ရမှာ ပေါ့။
“ဒီနား ခဏလာရင်း လမ်းကြုံတာနဲ့ လှည့်ဝင်လာတာ ချို”
ချို ပြုံးသည်။ ထို့နောက် ကျွန်တော့် ကို ကြည့်ရင်း…..
“တစ်ခုခု သောက်မလား”
“ကိုယ် အိမ်လာလည်ရတဲ့ အကြောင်းထဲမှာ အဲဒီ ကိစ္စက အဓိကပဲ”
“ဆိုပါဦး”
“တစ်ပတ်လောက်ကြာအောင် ဘောလ်ပင် ငှားထားတာတောင် နေ့လယ်တုန်းက ဘာမှတိုက်ဖော်မရလို့ ခု တိုက်ခိုင်းမလို့လာတာ”
“ ဖြစ်ပါတယ်၊ ကော်ဖီဖျော်လိုက်မယ်”
“ကိုယ် ကော်ဖီသောက်လေ့မရှိပါဘူး”
“ဆောရီးနော်၊ တို့တွေ အိမ်မှာ (Liquor)လစ်ကာတော့မရှိဘူး”
အရက်မရှိဘူး ဟူသော ချို့စကားကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။
“ဒီအချိန်က အရက်သောက်ဖို့အတွက် အရမ်းစောလွန်းပါသေးတယ်”
“ဒါဖြင့် ဘာသောက်မလဲ”
“လက်ဖက်ရည်”
ကျွန်တော့် စကားကြောင့် ချို ဟက်ခနဲ တစ်ချက်ရယ်ရင်း-
“ယူ ကံဆိုးတာပဲ၊ တို့အိမ်မှာ အချိုခြောက်လဲ ထားလေ့မရှိဘူး”
“ယူဆိုလိုတာက တို့ ယူ့ကို လက်ဖက်ရည်ဖိုး ပေးလိုက် ရမယ်….ဒီလိုလား”
ကျွန်တော် ခေါင်းယမ်းလိုက်သည်။
“ဟင့်အင်း……လက်ဖက်ရည်ဖိုးယူပြီး ကိုယ်နဲ့အတူတူ လိုက်ခဲ့ဖို့ပါ”
ကဲ……ကျွန်တော့် ဖိတ်ခေါ်မှု က ဘယ်လောက်များ ရဲတင်းလိုက်ပါသလဲ။
ဘယ်မိန်းကလေးမှ ကိုယ်နဲ့မသိသေးတဲ့ လူ တစ်ယောက် နဲ့အတူ လက်ဖက်ရည်ဆိုင်ကို လိုက်လာမှာ မဟုတ်သလို ချိုလည်း ကျွန်တော် နှင့် လိုက်လာရဲမည် မဟုတ်ပါ။ သို့သော် ထိုသို့ လိုက်မလာရဲသည့်တိုင် လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ရဲသူ တစ်ယောက် ဖြစ်ကြောင်း ချို သိ သွားပါလိမ့်မည် ။ ကျွန်တော် ၏ ရည်ရွယ်ချက်ကလည်း ထိုမျှလောက်ပဲ ဖြစ်သည်။
သို့ သော် အခြေအနေတွေ က ကျွန်တော် မျှော်လင့်ထားသလို မဟုတ်။ချို ထိုင်ရာမှ ထရပ်ပြီး ကျွန်တော့် ကို ပြောသည်။
“ဒါဖြင့် ခဏစောင့်လေ၊ တို့ အ၀တ်သွားလဲလိုက်မယ်”
နောက်ဆုံးတော့ အံ့အားသင့်မှု များ စွာ နှင့် ကျန်ရစ်ခဲ့သူက ကျွန်တော် သာ ဖြစ်နေတော့သည်။
“ဘယ်ဆိုင်မှာ သောက်မလဲ”
ကားပေါ်ရောက်တော့ ချို ကျွန်တော့် ကို မေးသည်။
“ ဖြစ်နိုင်မယ်ဆိုရင်တော့ ရှဲလ်မှာ သောက်ချင်တယ်”
“မန္တလေးမှာ ”
“အိုး…..”
ချို သဘောကျစွာ ရယ်သည်။ ပြီးမှ……
“မြို့ထဲမှာ သောက်ပါ။ နီးနီးနားနားပေါ့”
ဟုဆိုသည်။ ကျွန်တော် က အလွယ်တကူပင် ခေါင်းညိတ်ပြလိုက်ရင်း ယောမင်းကြီး လမ်းထဲရှိ ပုလဲသို့ သွားရန် စိတ်ကူးလိုက်သည်။
“တို့ တစ်ခုသိချင်တယ်”
ဆိုင်ထဲရောက်၍ စားသောက်စရာများ မှာ ကြားပြီးချိန်မှာ တော့ ချိုစကား စသည်။ ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့…..ချို ကျွန်တော့် ကို မေးသည်။
“ယူ ခုလို လုပ်နေတာတွေ ရဲ့ အဓိပ္ပာယ်က ဘာလဲ”
သေချာတယ်။ ဒါ ကတော့ ချို ကျွန်တော့် ကို တိုက်စစ်စတင်လိုက်တာပါပဲ။
ကျွန်တော် ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
“ဘာအဓိပ္ပာယ်လဲဆိုတော့ ကိုယ် ချို ဘ၀ထဲကို ၀င်ဖို့ ကြိုးစားနေပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့”
ကျွန်တော့် စကားအဆုံး ချို လှပစွာ ပခုံးတွန့်သည်။
“စိတ်ဝင်စားစရာတော့ ကောင်းသားပဲ”
“ကိုယ့်ကိုလား၊ ကိုယ့်ရဲ့ နည်းဗျူဟာတွေ ကိုလား”
“နှစ် ခုစလုံးပါပဲ”
“ဒါဆို ကိုယ်အပင်ပန်းခံခဲ့ရကျိုး နပ်တယ်ဆိုရမှာ ပေါ့”
“ ဖြစ်နိုင်ပါတယ်”
ချို့စကားကြောင့် ကျွန်တော် အနည်းငယ် အားတက်သွားသည်။ သို့ သော် ချို့ကို လျှော့တွက်လို့ မရ။ ချိုသည် နိုင်ကြီး၏ ဘ၀ကို တစ်စစီ ဖြစ်အောင် လုပ်ခဲ့ဖူးသူ မဟုတ်ပါကလား။
မှာ ထားသော စားစရာများ ရောက်လာပြီး စတင်စားသောက်ချိန်မှာ တော့ ကျွန်တော် ချို့ကို ပြောလိုက်သည်။
“မင်း ကိုယ့်ကို အမေးသင့်ဆုံး မေးခွန်းတစ်ခု ကျန်သေးတယ် ချို”
“ဘာမေးခွန်းလဲ”
“ကိုယ့်နာမည် ဘယ်သူလဲဆိုတဲ့ မေးခွန်းလေ”
“တို့ မမေးလဲ ယူတို့ကို ပြောပြမှာ ပဲ မဟုတ်လား”
“သိပ်သေချာတာပေါ့….တို့နာမည် ရဲထွတ်ခေါင်တဲ့။ အလုပ်အကိုင် ကတော့ သဘောင်္သား ၊ကျောင်းတုန်းက ရည်းစား တစ်ယောက် နှစ် ယောက် ထားခဲ့ဖူးပေမယ့် လောလောဆယ် ရည်းစား တစ်ယောက် မှမရှိသလို အိမ်ထောင်လဲ တစ်ခါမှမကျဖူးဘူး”
ကျွန်တော့် စကားအဆုံး ချို ဟက်ခနဲ ရယ်ရင်း…..
“ယူ ရည်းစားမရှိတဲ့ကိစ္စက တို့နဲ့ ဘယ်လိုပက်သက်လို့ ဒီလောက်တောင်အသေးစိတ် ရှင်းပြနေရတာ လဲ ရဲထွတ်ခေါင်”
“ဘာ ဖြစ်လို့လဲဆိုတော့ ကိုယ်ဟာ မကြာခင် ချို့ရည်းစား တစ်ယောက် ဖြစ်ကောင်း ဖြစ်လာ နိုင်လို့ပေါ့”
ကျွန်တော် တိုက်ကွက်တစ်ခုကို ရဲတင်းစွာ ပင် စွန့်စွန့်စားစား စတင်လိုက်မိသည်။ ကျွန်တော့် ရဲ့ ထိုးနှက်ချက်က ချို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ကို မည် သို့ ထိခိုက်နိုင်မည် မသိသော်လည်း ကျွန်တော် ကတော့ ထိုစကား ပြောအပြီး အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ ချို ဆိတ်သားမုန့်ကို တစ်ကိုက်ကိုက်ရင်း မျက်လုံးလှန်လျက် ကျွန်တော့် ကို ခပ်စူးစူးကြည့်သည်။ ပြီးမှ ကျွန်တော့် တိုက် စစ်ကို ချို တုံ့ပြန်သည်။
“ဘာ ဖြစ်လို့ ဒီလောက်တောင် သေချာနေရတာ လဲ ရဲထွတ်ခေါင်”
ကျွန်တော့် စကားက အလွန်ရဲတင်းရာကျသော စကားတစ်ခု ဖြစ်သလို၊ ချို့မာနကို အစွမ်း ကုန် ထိခိုက်လိုက်သော စကားလည်း ဖြစ်လေသည်။ ထိုစကားကို ချို တုံ့ပြန်လာပုံ ကတော့ ဟက်ဟက်ပက်ပက် ရယ်မောခြင်းပဲ ဖြစ်သည်။ ချို့အပြုအမူကြောင့် ကျွန်တော် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားမိသည်။ အတန်ကြာမှ ချို အရယ်ရပ်ရင်း……
“ယူမဆိုးပါဘူး”
“ဘာ ဖြစ်လို့လဲ”
ချို ချက်ချင်း မဖြေသေးဘဲ ကျွန်တော့် ကို ခပ်စူးစူးစိုက်ကြည့်သည်။ ပြီးမှ……
“တို့ ယူ့ကို စိတ်ဝင်စားနေပြီဆိုတာ ယူအကဲခတ်နိုင်လို့ပေါ့….”
ရိုးသားစွာ ၀န်ခံရမည် ဆိုလျှင်တော့ ချို့စကားကို ကျွန်တော် ဖျား သွားပါသည်။
ပုလဲ၌ ဆုံစည်းခဲ့သည့်နောက်ပိုင်း ကျွန်တော် အနည်းငယ်ဇဝေဇ၀ါ ဖြစ်လာရသော ကိစ္စတစ်ခု ကတော့ ချိုထံသို့ ဆက်လက်ချဉ်းကပ်မလား၊ သို့ မဟုတ် စောစီးစွာ နောက်ဆုတ်မလား ဆိုတာပဲ ဖြစ်သည်။ ထိုကိစ္စနှင့်ပက်သက်ပြီး အောင်ရဲနှင့် ဇေယျ၏ အကြံပေးမှု ကတော့ အမြန်ဆုံးနောက် ဆုတ်လိုက်ပါ ဟူ၍ ဖြစ်သည်။
“သူက မင်းထက် အမြဲတမ်း တစ်ကွက်စောနေတယ် ရဲထွတ်၊ မင်း ပိုက်ကွန်ထဲကို သူ ၀င်လာဖို့ထက် ဖြစ်နိုင်တာ ကတော့…..မင်းသာ သူ့ပိုက်ကွန်ထဲ ၀င်သွားလိမ့်မယ်၊ဒီတော့ စောစောစီးစီးနောက်ဆုတ်လိုက်တော့….ကိုယ် ရှုံးမယ်မှန်း သေချာနေတဲ့ပွဲကို အပင်ပန်းခံပြီး ဆက်မကစားတာဟာ အကောင်းဆုံးပဲ”
ဇေယျတို့၏ စကားက ကျွန်တော့် အတွက် စေတနာစကား ဖြစ်သလို ကျွန်တော် ၏ ယောကျာ်းမာနကို ရုန်းကြွစေခဲ့သော စကားမျိုးလည်း ဖြစ်သည်။ ပြီးတော့ ကျွန်တော် ချို့ထံသို့ ဆက်လက် ချဉ်းကပ် ဖြစ်ရန် သေချာသွားစေခဲ့သည့် စကားလည်း ဖြစ်သည်။
“အရှုံးအနိုင်ကို ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။အောင်ရဲနှင့် ဇေယျတို့က ကျွန်တော့် အား သဘောမတူဟန်နှင့် ခေါင်းတယမ်းယမ်းပြုရင်း…..”
“မင်းကို စိတ်ဝင်စားပါတယ်လို့ ၀န်ခံလိုက်တာလေးတစ်ခုကိုပဲ သာယာမနေနဲ့ ရဲထွတ်၊ အဲဒီ နောက်က ကပ်ပါလာမယ့် အန္တရာယ်တွေ ကိုလဲ ထည့်တွေးဦး”
“အတွေးဆိုတာ တွေ ဝေတဲ့သူတွေ ရဲ့ ခေါင်းထဲမှာ ပဲရှိတယ် အောင်ရဲ၊ ငါ ဘယ်တော့မှ မတွေးဘူး၊ ကိစ္စတစ်ခုကို တွေးနေတာထက် ပိုပြီးကောင်းတာ ကတော့ လက်တွေ့ ထပြီး အကောင် အထည်ဖော်တာပဲ”
စကားအဆုံး စားပွဲပေါ်မှ ကားသော့ ကိုယူပြီး ထိုင်ရာမှ ထလိုက်သည်။
“နေပါဦးဟ….လက်ဖက်ရည်တောင် မကုန်သေးဘူး”
အောင်ရဲက ကျွန်တော့် ကို ကမန်းကတန်း တားသည်။ ကျွန်တော် လက်ဖက်ရည်ဖိုးကို စားပွဲပေါ်ချပေးရင်း….
“မင်းတို့ နေခဲ့လေ၊ ငါတော် ကြာ ပြန်လာခဲ့မယ်”
“ဘယ်သွားမလို့လဲ”
“ချို့ဆီ”
ကျွန်တော့် စကားကြောင့် မကျေမနပ် ဖြစ်သွားကြသော အောင်ရဲနှင့်ဇေယျတို့ကို လက်ဖက်ရည်ဆိုင်ထဲမှာ ချန်ထားခဲ့ပြီး ကျွန်တော် ထွက်လာခဲ့သည်။
ပုလဲ၌ ကျွန်တော့်အား စိတ်ဝင်စားပါတယ်ဟူသော စကားကို ပေါ့ပါးလွယ်ကူစွာ ချို ၀န်ခံခဲ့ ပြီးနောက်ပိုင်း တစ်ပတ်တိတိ ကျွန်တော် ချို့ဆီသို့ မသွားဘဲ နေခဲ့သည်။ ထိုမျှ ကြာအောင် မသွား ဘဲ နေခဲ့ခြင်း ကတော့ ချို စိတ်ဝင်စားမှု ကို ပိုမိုသေချာစေရန် အချိန်ပေးလိုက် ခြင်းပဲ ဖြစ်သည်။
ကျွန်တော် ချိုတို့ရုံးနှင့် မလှမ်းမကမ်းရှိ အအေးဆိုင်ရှေ့၌ ကားရပ်ပြီး ထိုဆိုင်မှ ဖုန်းနှင့် ချို့ဆီ ဆက်လိုက်သည်။
ထုံးစံအတိုင်း ဖုန်းလာကိုင်သူအား ချို့ကို ခေါ်ခိုင်းရသည်။ တအောင့်ကြာတော့ ချို ဖုန်းလာကိုင်သည်။
“ဟုတ်ကဲ့ ချိုပါ”
“ကိုယ်ပါ၊ ချို၊ ရဲထွတ်ခေါင်ပါ”
“သြော်…..ပြောလေ”
“ချို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုပြောချင်လို့”
“ဘာလဲဟင်”
“ချို့ကို သိပ်တွေ့ ချင်နေတဲ့ လူ တစ်ယောက် ချို့ရုံးရှေ့မှာ ကားတစ်စီးနဲ့ ရပ်စောင့်နေလေရဲ့ ၊ အဲဒါ ထွက်တွေ့ လိုက်ပါလား”
ကျွန်တော့်စကားကို ချို့ သဘောပေါက်စွာ ရယ်ရင်း…..
“ထုံးစံအတိုင်း တို့က သူ့ကို လက်ဖက်ရည်တိုက်ရမယ်ဆိုပါတော့”
“ဟင့်အင်း…..ဒီတစ်ခါ သူက တိုက်ပါလိမ့်မယ်”
“အိုကေလေ…..အဲဒီ လူကို ပြောထားလိုက်၊ ငါးမိနစ်အတွင်း ချို ထွက်လာလိမ့်မယ်လို့”
ချို သဘောတူမှု မှာ ဘယ်လောက်များ လွယ်ကူမြန်ဆန်လိုက်ပါသလဲ။
ကျွန်တော် တယ်လီဖုန်းခ ရှင်းပေးပြီး ချို့ရုံးရှေ့မှာ သွားစောင့်နေလိုက်သည်။
ချို့စကားအတိုင်း ငါးမိနစ်တိတိကြာသော် အချိန်မှာ တော့ ချို ထွက်လာသည်။ ချို ၀တ်စား ဆင်ယင်မှု က ထုံးစံအတိုင်း သူဝတ်နေကျာပေါ့ပေါ့ပါးပါးအ၀တ်အစားမျိုး ဖြစ်သည့် ဘာစာတန်းမှ မပါသော ပြောင်တီရှပ်ကလေး ဖြစ်ပြီး လုံချည် ကတော့ ချို့လို ကိုယ်လုံးကိုယ်ပေါက်မျိုးရှိသူ အမျိုး သမီးများ ၀တ်ဆင်ပါက အလွန်ရင်ခုန်ဖွယ်ကောင်းသည့် ဘီဘဲလ်လုံချည် ဖြစ်သည်။
ချို၏ အပြင်အဆင်များ ၌ အနည်းငယ် စိတ်ဝင်စားစရာကောင်းတာနှစ် ခုက ဘယ်ဘက် ခြေကျဉ်းဝတ်၌ လက်ဂ်ချိမ်းဟု
“လေတာမဟုတ်ရင် ဘာလဲ”
“ရီလက်ဆေးရှင်း (Relaxation)ပေါ့၊ သဘောင်္ပေါ် တစ်ချိန်လုံး ချုပ်ထိန်းလာခဲ့တဲ့ စိတ်တွေ ကို လွှတ်ပေးတာ သဘောင်္ပေါ်မှာ က စာဖတ်တာရယ်၊ သီချင်း နားထောင်တာ ရယ်က လွဲရင် ဘာဖျော်ဖြေမှု (Entertainment)မှ မရှိဘူး။ တစ်ချိန်လုံး ပင်လယ်ကိုကြည့်ပြီး ပိုက်ဆံကို ကျစ်ကျစ်ပါအောင် စုလာခဲ့ရတာ ၊ ဒီတော့ စိတ်ဓာတ်တွေ အညောင်းမိလာတာပေါ့။ အဲဒီ အညောင်းမိတဲ့စိတ်ကို ကုန်းပေါ် ပြန်ရောက်တဲ့အခါ ရီလက်စ် (Relax) လုပ်ကြတာပါပဲ”
“အကြောင်းပြချက် ကတော့ မဆိုးပါဘူး”
“ဒီတစ်ခေါက်တော့ ဘ၀အတွက် အကျိုးရှိမယ့် အလုပ်နှစ် ခုလို့ ကိုယ်စဉ်းစားထားတယ်”
ကျွန်တော့်စကားကို ချို စိတ်ဝင်စားဟန်ဖြင့် ‘ဘာတွေ လဲ’ ဟု မေးလာသည်။
“တစ်ခလုက (Third Made) စာမေးပွဲဖြေဖို့”
“နောက်တစ်ခုကကော”
ချို့ မေးခွန်းကို ကျွန်တော် ပြုံးပြီး အဖြေပေးလိုက် သည်။
“ချို့ကို မြတ်မြတ်နိုးနိုး ချစ်ဖို့”
ချို သဘောကျစွာ ရယ်မောသည်။ ကျွန်တော် ချို ရယ်တာကို ငေးကြည့်ရင်း ချို့ ဆွဲဆောင် မှု နောက်ကို မျောပါနေမိသည်။
ထိုအချိန်မှာ ပင် ချို ကျွန်တော့် ကို မကြည့်ဘဲ ဖျတ်ခနဲ ပြောသည်။
“တို့ သဘောင်္သား တစ်ယောက် နဲ့ ရည်းစား ဖြစ်ခဲ့ဖူးတယ်”
ချို ပြောသော အကြောင်းအရာမှာ ကျွန်တော် သိပြီးသား အကြောင်းအရာတစ်ခု ဖြစ်သော် လည်း ချို ထိုမျှအထိ ပွင့်လင်းလိမ့်မည် ဟု ကျွန်တော် မထင်ခဲ့။ ဘာပဲ ဖြစ် ဖြစ် ချို၏ ပွင့်လင်းမှု က ချို နှင့် ပတ်သက်သော ကျွန်တော့်ခံစားမှု တို့ကို ရုန်းကြွလာစေခဲ့သည်။
“ခု……အဲဒီ သဘောင်္သား ဘယ်ရောက်သွားပြီလဲ”
“ဆုံးသွားပြီ”
ကျွန်တော် ချို့ကို အေးစက်စွာ ကြည့်လိုက်မိသည်။ ချိုက ကျွန်တော့် အကြည့်တို့ကို သတိ မမူမိဘဲ နက်စ်အောခွက်ကိုသာ တိတ်ဆိတ်စွာ မွှေ၍ နေသည်။
“အဲဒီ သဘောင်္သားနဲ့ ပက်သက်ပြီး ချို ဘာမှ မခံစားရဘူးလား”
ချို ကျွန်တော့်ကို ဖျတ်ခနဲ မော့ကြည့်သည်။
“တို့နဲ့ သိပ်မရင်းနှီသေးတဲ့ လူတွေ ကို တို့ရင်ထဲက အကြောင်း ပြောပြလေ့မရှိဘူး”
“တကယ်လို့….ကိုယ်တို့ချင်း သိပ်ရင်းနှီးသွားကြမယ်ဆိုရင်ကော”
“ကြည့်သေးတာပေါ့”
“အိုကေလေ……ဒါဖြင့် ချိုနဲ့ ကိုယ်နဲ့ သိပ်ရင်းနှီးသွားကြဖို့ ကိစ္စကို ကိုယ့်တာဝန်ထားလိုက်”
“ဘာ ဖြစ်လို့ ဒီလောက်တောင် တာဝန်ယူရဲရတာ လဲ ရဲထွတ်ခေါင်”
“ဘာ ဖြစ်လို့လဲဆိုတော့ သိပ်မကြာခင်း ချိုနဲ့ ကိုယ် သိပ်ရင်းနှီးသွားကြလိမ့်မယ်ဆိုတာ သိပ်ကိုသေချာနေလို့ပေါ့”
ကျွန်တော့်အပြောကြောင့် ချို ပြုံးသည်။
ထို့နောက် သိပ်အံ့သြဖို့ကောင်းသော စကားကို ချို ပြောပါသည်။
“အဲဒါတွေ ကြောင့် တို့ ယူ့ကို သိပ်စိတ်ဝင်စားနေမိတာ သိလား ” တဲ့။
ချို့စကားကြောင့် ထိုနေ့က ကျွန်တော် သိပ်ကို ရင်ခုန်သွားခဲ့ရပါသည်။
ချိုဟာ ဘယ်လိုမိန်းမမျိုးလဲ ဟူသော မေးခွန်း၏ အဖြေကို သိချင်စိတ်ဖြင့် ချို့ဘ၀ထဲသို့ ၀င်ရောက်နိုင်ရန် ကြိုးစားခဲ့သော ကျွန်တော် နှင့် ကျွန်တော့်အား သိပ်စိတ်ဝင်စားပါသည် ဟူသော ချိုတို့ တရားဝင်ချစ်သူများ အ ဖြစ် ပွင့်လင်းစွာ ရောက်ရှိသွားကြသော နေ့ ဖြစ်သည်။ကျွန်တော် သိပ် ရင်ခုန်ခဲ့ရသော နေ့အပြီး နောက်ထပ် တစ်ပတ်ကျော်ကျော်အကြာမှာ ဖြစ်သည်။
ထိုအတောအတွင်း ချို့ရုံးသို့ ကျွန်တော် သုံးခေါက်တိတိ လက်ဖက်ရည်သောက် သွားခေါ် ဖြစ်ခဲပြီး ချို့အိမ်ကိုတော့ တစ်ခေါက် အလည်သွား ဖြစ်ခဲ့သည်။
ထိုနေပက ထုံးစံအတိုင်း နေ့လယ် လက်ဖက်ရည်သောက်ခေါ်ရန် ကျွန်တော် ချို့ရုံးကိုသွား တော့ သူက အလုပ်သိပ်များ နေသဖြင့် လိုက်လို့ မရပါဟု ဆိုသည်။
“ခဏလေးတောင် လိုက်လို့မရဘူးလား ချိုရဲ့ ”
“ခဏလေးတောင် လိုက်လို့မရတာ ရဲထွတ်ခေါင်”
“ဒုက္ခပဲ”
ကျွန်တော် စိတ်ပျက်စွာ ညည်းတွားလိုက်တော့ ကျွန်တော့် ကို မော်ကြည့်ရင်း….
“ဘာ ဖြစ်လို့လဲ”
“ကိုယ် ဒီနေ့ ချိုနဲ့ သိပ်ကို စကားပြောချင်နေတာ၊ စကားမပြောရဘဲ ပြန်သွားရင် ကိုယ် သေသွားလိမ့်မယ်”
“အဲလောက်တောင်ပဲလား”
ချို အသံထွက်၍ ရယ်မောသည်။ ပြီးမှ……
“ဒါဖြင့် လဲ တို့အတွက်နဲ့ တော့ အသေမခံပါနဲ့ ရဲထွတ်ခေါင်၊ ညနေရုံးဆင်းချိန်လောက် တစ်ခေါက်လာခဲ့”
“ဘာအတွက်လဲ”
“တို့ကို အိမ်ပြန်ပို့ရင်း လမ်းမှာ စကားပြောဖို့”
“အိုကေ”
သည်လိုနှင့် ထိုနေ့က ပထမဦးဆုံး အကြိမ် ဖြစ် ချို့ကို ကျွန်တော် ရုံးကြိုခွင့်ရသွားခဲ့သည်။
ချို့ကို ရုံးကြိုပြီိး ကျွန်တော် ချို့အိမ်သို့ တိုက်ရိုက်မမောင်းသေးဘဲ အခြားတစ်ဖက်သို့ ဦးတည်လိုက်သည်။ ချို ကျွန်တော့် ကို အလန့်တကြား လှည့်ကြည့်ရင်း…..
“တို့ ယူ့ကို အိမ်ပြန်ပို့ရင်း လမ်းမှာ စကားပြောလို့ ပြောထားတယ်လေ”
“လမ်းမှာ ဆိုတာက ချို့ရုံးကနေ ချို့အိမ်ကို ပြန်မရောက်ခင် ဘယ်နေရာမဆို ဖြစ်နိုင်တာပဲ”
“ခု ယူက ဘယ်နေရာကို သတ်မှတ်ထားသလဲ”
“အင်းလျား”
“အိုး”
ချို စိတ်ပျက်လက်ပျက် ရေရွတ်ရင်း…..
“သိပ်ဝေးတယ် ရဲထွတ်ခေါင်”
“ဒါပေမဲ့ သိပ်ကိုကြည်နူးစရာကောင်းတယ် ချို ….ဟိုရောက်ရင် မင်းသဘောကျသွားလိမ့် မယ်”
“ ဖြစ်နိုင်ရင် …..အဲလောက်အဝေးကြီး မသွားချင်ဘူး ရဲထွတ်ခေါင်၊ တို့ ရုံးမှာ တစ်နေ့လုံး ပင်ပန်းလာလို့”
“မင်း ပင်ပန်းနေမှန်းသိလို့ ကိုယ် အင်းလျားသွားဖို့ ဆုံးဖြတ်တာပေါ့”
“ဘာဆိုင်လို့လဲ”
“ဟိုမှာ သိပ်လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေ ရှိတယ်”
“ပြီးတော့ သိပ်အားကျဖို့ကောင်းတဲ့ အတွဲ တွေ လဲ ရှိတယ် ဆိုပါတော့”
“ဒါပေါ့”
ကျွန်တော် ရယ်ရင်း ခေါင်းညိတ်ပြလိုက်သည်။
အင်းလျားရောက်တော့ ဘူးသီးကြော်ဆိုင်များ ရှိရာဘက်သို့ ကားမရပ်ဘဲ မြေတိုင်းရုံးဘက် မှာ ကားသွားရပ်သည်။ကားရပ်ပြီး မြေတိုင်းရုံးဘက် အစွန်ဆုံးထိုင်ခုံမှာ ကျွန်တော် တို့ ဆင်းထိုင်ကြ သည်။
အတန်ကြာသည်အထိ ချိုရော ကျွန်တော် ပါ စကားမပြော ဖြစ်ကြ။ ချိုက ကန်တစ်ဖက်ခြမ်း ရှိ စိမ်းညိုသော သစ်ပင်တန်းတွေ ကို ငေးကြည့်နေပြီး ကျွန်တော် ကတော့ ချို့ ဘေးတိုက်မျက်နှာကို ငေးကြည့်နေမိသည်။ အတော် ကြာမှ ကျွန်တော် ချို့ကို စကားစလိုက်သည်။
“ကိုယ် ချို့အကြောင်း ၀တ္ထုတိုရေး မယ်ဆိုရင် ချို ဘယ်လို သဘောရမလဲ”
ကျွန်တော် ကို ဖျက်ခနဲ လှည့်ကြည့်သည်။ပြီးမှ ဖြည်းဖြည်း အဖြေပေးသည်။
“သိပ်စိတ်ဝင်စားဖို့ ကောင်းမှာ ပေါ့”
“ဒါဖြင့် အဲဒီ ၀တ္ထုရေး ဖြစ်အောင် ချို ကိုယ့်ကို ကူညီမလား”
“တို့အကြောင်း ပြောပြရမှာ မျိုးဆိုရင်တော့ ဆောရီးပဲ”
“အဲဒါမျိုး မဟုတ်ပါဘူး”
“ဒါဖြင့် ဘာလဲ၊ အပန်းမကြီးတာမျိုး ဆိုရင်တော့ ကူညီမှာ ပေါ့”
ချို စိတ်ဝင်တစား မေးသည်။
“ချို ကူညီနိုင်မှာ ပါ၊ သိပ်ခက်ခက်ခဲခဲမဟုတ်ဘူး၊ ဇာတ်လမ်းထဲမှာ ဇာတ်လိုက် ကောင် လေးက ချို့လက်ကို နမ်းတဲ့ အခန်းပါတယ်၊ အဲဒီ အခန်းက ၀တ္ထုရဲ့ အရေး ကြီး ဆုံးအခန်းပဲ၊ ဒါပေမဲ့ ခက်နေတာတစ်ခုက ကိုယ်က ချို့လက်ကို တစ်ခါမှ မနမ်းခဲ့ဖူးတော့ အဲဒီ အ ခန်းကို ဘယ်လို ရေး ရမှန်း မသိဘူး ဖြစ်နေတယ်”
“အဲဒီ တော့”
“အဲဒီ တော့ ချို့လက်ကို တစ်စက္ကန့်လောက် နမ်းခွင့်ပေးပါလား”
“ဘုရားရေ၊ ဘယ်လို အကူအညီကြီးလဲ”
ချို တအံ့တသြရေရွတ်ရင်း ရယ်မောလေတော့သည်။
“ဘယ်လိုလဲချို၊ ကူညီမယ်မဟုတ်လား၊ တစ်စက္ကန့်လောက်ပါပဲ”
“တို့ လက်ကိုလား”
“ဒါပေါ့”
ပြောပြောဆိုဆို…..ခုံတန်းလျားပေါ် တင်ထားသော ချို့လက်ကို ကျွန်တော် ဆွဲထုတ်ယူ လိုက်သည်။ ချိုက ခေါင်းခါရင်း….
“ဟေ့ နမ်းခွင့် မပေးသေးဘူးလေ”
သို့ သော် ချို့တားဆီးမှု က မဆိုစလောက်လေး၊ နောက်ကျသွားခဲ့သည်။ ချို့စကားမဆုံးခင်မှာ ပင် ကျွန်တော် ချို့လက်ကို နမ်းရှိုက်ပြီး ဖြစ်နေတော့သည်။
“ရဲထွတ်ခေါင်”
“ဘာလဲ ချို”
“ကျေးဇူးပြုပြီး အဲဒီ ၀တ္ထုကို ဆက်မရေး ပါနဲ့တော့နော်”
“ဘာ ဖြစ်လို့လဲ”
“ကြောက်လို့”
ပခုံးတွန့်ရင်း ချို ပြောသည်။
သို့ သော် ချို တကယ်ကြောက်နေခြင်း မဟုတ်ကြောင်းကို တအောင့်အကြာမှာ ပဲ ကျွန်တော် သိခွင့်ရလိုက်ပါသည်။ အကြောင်း ကတော့ ချို့လက်ကို နောက်တစ်ကြိမ် ထပ်နမ်းသော အခါ ချိုက ‘ဟေ’ ဟုသာအော်ပြီး တစ်စုံတစ်ရာ ကန့်ကွက်ငြင်းဆန်ခြင်း မရှိသော ကြောင့် ဘဲ ဖြစ်သည်။
သာမန်အားဖြင့် ဆိုလျှင်တော့ ချိုနှင့် ကျွန်တော် ချစ်သူများ ဖြစ်ခဲ့ကြပုံမှာ လွယ်ကူမြန်ဆန် လွန်းသည်ဟု ယူဆရန် ရှိသော်လည်း ထည့်သွင်းစဉ်းစားစရာနှစ် ခုက ချိုသည် သာမန်မိန်းကလေး မဟုတ်ခြင်းနှင့် ကျွန်တော် ၏ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းများ ရဲတင်းခဲ့ခြင်းပဲ ဖြစ်သည်။
ကျွန်တော် သည် ချိုအား ဘယ်တုန်းကမှ လျှော့တွက်ခဲ့သူ မဟုတ်။
ထိုသို့ လျှော့မတွက်ရဲအောင်လည်း နိုင်ကြီး၏ ကိစ္စက သာဓကရှိနေခဲ့သည်။ထို့ကြောင့်ပင် ချိုနှင့် ကျွန်တော် ဆုံစည်းတိုင်း သတိကြီးစွာ ထားခဲ့မိသလို တိုက်စစ်များ အရလည်း အထက်စီး အနေအထားရရန် ကျွန်တော် အစဉ်ကြိုးစား ဖြစ်ခဲ့သည်။
တစ်နည်းအားဖြင့် ချိုနှင့် ကျွန်တော် ထိပ်တိုက်ဆုံတွေ့ ကြခြင်းသည် တစ်ယောက် ကိုတစ် ယောက် ရင်ခုန်ရန် မဟုတ်ဘဲ ချို့အား လှပစွာ ဆွဲဆောင်နိုင်ရန်သာ ဖြစ်လေသည်။ ထို့ကြောင့် ချို့ ထံသို့ ကျွန်တော် ချဉ်းကပ်ခဲ့မှု က ရဲတင်းစွာ အထက်စီး ဆန်နေခဲ့ခြင်းပဲ ဖြစ်သည်။
ဘာပဲ ဖြစ် ဖြစ် သေချာတာတစ်ခု ကတော့…..
မြေတိုင်းရုံးဘက်အခြမ်း အစွန်ဆုံး ထိုင်ခုံလေးပေါ်၌ ကျောက်စီလက်စွပ်လေးကွင်းတိတိ ၀တ်ဆင်ထားခဲ့သော ချို့လက်ကလေးကို ကျွန်တော် ဆွဲယူ နမ်းရှိုက် ဖြစ်ခဲ့သည့် ထိုနေ့သည် ချို နှင့် ကျွန်တော် ချစ်သူများ အ ဖြစ် စတင်ပြောင်းလဲခဲ့သော နေ့ ဖြစ်သလို….
ချိုနှင့် ကျွန်တော် ၏ တိုက်ပွဲ စတင်သော နေ့ရက် ဖြစ်လေသည်။
ထိုနေ့မှစ၍ အလွန်အရေး ကြီးသော စည်းကမ်းချက်များ အား ကျွန်တော့် ကိုယ် ကျွန်တော် တင်းကျပ်စွာ ပြဋ္ဌာန်းခဲ့သည်။
တစ်ခုမှာ ချို့ထံ၌ လွန်ကျူးစွာ ရင်မခုန်မိစေရန်နှင့် နောက်တစ်ခု ကတော့ ချို့အား စူးနစ်စွာ ချစ်မိမသွားစေရန်ပဲ ဖြစ်သည်။
ချိုနှင့် ကျွန်တော် ၏ အားစမ်းပွဲ၌ ကျွန်တော် သည် လွယ်လင့်တကူ ရှုံးနိမ့်မည့် သူ မ ဖြစ်ရ။ ထို့အတူ ဆိုးရွားစွာ ဒူးထောက် အညံ့ခံမည့် သူလည်း မ ဖြစ်ရ။ ကျွန်တော် သည် ချို့အား လှပစွာ အ နိုင်ယူမည့် သူသာ ဖြစ်ရပါမည် ။
ထိုအသိက ကျွန်တော့်  ဦးနှောက်အတွင်း ခိုင်မြဲစွာ ကပ်ငြိ၍ နေတော့သည်။
ကဲ….
ပွဲစပြီ ချို။
အပိုင်း(၂)
“ယူ စောင့်နေတာကြာပြီလား”
ထိုင်ခုံကို နောက်လှန်ရင်း “Love Songs Vol.2”အခွေကို နားထောင်နေရာမှ ချို့အသံ ကြောင့် ကျွန်တော် ခေါင်းထောင်ကြည့်လိုက်သည်။ ကားပြတင်းအပြင်ဘက်၌ ကိုယ်ကို ငုံ့ ကိုင်း လျက် ကျွန်တော့် ကိုကြည့်နေသော ချို့ကို တွေ့ ရသည်။
“တစ်ကမ္ဘာလောက်ရှိသွားပြီ”
ခုံကို အနေအထားပြင်ရင်း ကျွန်တော် ပြောလိုက်သည်။
“ဆို …..ဘာကိစ္စလဲ”
“ချို့ကို အိမ်ပြန်ပို့ပေးဖို့ပေါ့”
“အဲဒီ ကိစ္စကို တို့ကုမ္ပဏီက တာဝန်ယူထားသူးပဲ”
“ခေါက်ထားလိုက်စမ်းပါ၊ ကိုယ် ချို့ကို ညစာကျွေးချုင်တယ်”
“ဘာအတွက်လဲ”
“ကိုယ်တို့ နှစ် ယောက် ရဲ့ ချစ်သူသက်တမ်း တစ်ပတ်ပြည့် အထိမ်းအမှတ်အတွက်”
ကျွန်တော့် စကားကြောင့် ချို ဟက်ဟက်ပက်ပက် ရယ်မောသည်။
သို့သော် ကျွန်တော့် ကားပေါ်ကိုတော့ ချို ရောက်လာပါသည်။
ထုံးစံအတိုင်း ချို့ ရေမွှေးအဆိပ်နံ့တို့ကို ရှုရှိုက်ရင်း ကျွန်တော် ကားကိုမောင်းထွက်လိုက် သည်။ နံပါတ်နှစ် ဂီယာမှ နံပါတ်သုံးဂီယာသို့ ပြောင်းပြီးချိန်၌ ဆောင်းဘောက်စ်အတွင်းမှ “Laura Branigan” ၏ ‘The Power of Love’သီချင်းသံက ငြိမ့်ညောင်းစွာ ထွက်ပေါ်၍ လာသည်။ ချိုက ထိုသီချင်းကို နှစ်သက် ဟန်ဖြင့် မျက်လုံးအစုံကို မှေးစင်းလျက် ငြိမ်သက်စွာ နားထောင်သည်။ ချို ကြိုက်နှစ်သက် ပုံရသော ထိုသီချင်းမှာ ကျွန်တော် ကိုယ်တိုင်လည်း အလွန်ကြိုက်သော သီချင်းတစ် ပုဒ် ဖြစ်သည်။ ‘Laura’ သာမက ‘Jennifer Rush’ ရော အခြား ‘Air supply’ တစ်ယောက် ပါ သီဆိုခဲ့ ဖူးသည့် သီချင်း ဖြစ်ပြီး ကျွန်တော် ကိုယ်တိုင်လည်း ဂစ်တာတီးတိုင်း ‘မူရင်း’ G Key ဖြင့် လိုက်မအော်နိုင်သော ကြောင့် D Key သို့ ပြောင်း၍ မကြာခဏ သီဆို ဖြစ်ခဲ့သော သီချင်း ဖြစ်သည်။
သီချင်းဆုံးတော့ ချိုက မှေးစင်းထားသော မျက်လုံးအစုံကို ပြန်ဖွင့်ရင်း…..
“အဲဒီ သီချင်းကို တို့ သိပ်ကြိုက်တာပဲ”
“ကိုယ်နဲ့ အကြိုက်ချင်းတူတာပေါ့”
“ယူရော ကြိုက်နယ်လား”
ကျွန်တော် ခေါင်းညိတ်ပြလိုက်ရင်း ထိုသီချင်းကို ပြန်ရစ်လိုက်သည်။
“ဘာလုပ်မလို့လဲ”
ချို ကျွန်တော် ကို ကြည့်၍ မေးသည်။
“နောက်တစ်ခေါက် ပြန်ဖွင့်မလို့လေ”
“ဟင့်အင်း၊ မဖွင့်ပါနဲ့”
“ဘာ ဖြစ်လို့လဲ၊ ချို လဲကြိုက်တယ်ဆို”
“ကြိုက်တယ်၊ ဒါပေမဲ့ တို့က သူများ တွေ လို သီချင်းတစ်ပုဒ်ကို သိပ်ကြိုက်လို့ဆိုပြီး အခေါက်ခေါက်အခါခါ နားမထောင်တတ်ဘူး၊ သိပ် ကြိုက်ကြိုက် မကြိုက်ကြိုက် တစ်ခေါက်ပဲ”
“ကိုယ်သိသလောက်တော့ လူတိုင်းလိုလို ကိုယ်ကြိုက်တဲ့ သီချင်းတို့၊ ရုပ်ရှင်တို့၊ ၀တ္ထုဆို ရင် အကြိမ်ကြိမ် အခါခါ ခံစားကြတာချည်းပဲ”
“တို့ ကတော့ သိပ်ကြိုက်လာပြီဆိုရင် ချွေတာပြီး ခံစားတယ်။ ရသတစ်ခု၊ အာရုံတစ်ခုကို ကြိုက်လွန်းလို့ဆိုပြီး ဘုံးဘောလအော ခံစားလိုက်ရင် တစ်ခါတည်းနဲ့ ရိုးအီသွားမှာ ပေါ့….မဟုတ် ဘူးလား”
ချို့ထူးဆန်းသော အယူအဆကို ခေါင်းညိတ်ရမည် လား ခေါင်းခါရမည် လား ကျွန်တော် မသိ။ ကျွန်တော် ကိုယ်တိုင်တော့ ကိုယ်ကြိုက်သော အာရုံခံစားမှု မှန်သမျှကို အကြိမ်ကြိမ် အခါခါ ခံစားတတ်မြဲ ဖြစ်သည်။ ဥပမာ- မောင့်လပြည့်ဝန်းကို ကြိုက်စဉ်အခါက စီခြောက်ဆယ်တစ် ခွေလုံးကို ဆိုဒ်အေရော ဆိုဒ်ဘီပါ မောင့်လပြည့်ဝန်းချည်းသွင်းပြီး နားထောင်ခဲ့ဖူးသည်။
ထိုသို့ ဥပမာအ ဖြစ် ပြောလို့ရတာ နောက်တစ်ခု ကတော့ တီဗွီ၌ လာသော “Embassy” အဲမ်ဘက်စီ ကြော်ငြာမှ နောက်ခံသီချင်း ဖြစ်သည်။ ထိုသီချင်းသံစဉ်ကို ကြိုက်လွန်းသဖြင့် အဲမ်ဘက်စီ ကြော်ငြာလာစဉ် ဗွီဒီယိုခွေဖြင့် ကူးထားပြီး၊ ထိုမှတစ်ဆင့် အော်ဒီယိုကြိုးထုတ်ကာ ကက်ဆက်ခွေသို့ တကူးတက ပြန်ကူး၍ အကြိမ်ကြိမ်အခါခါ နားထောင်ခဲ့ဖူးသည်။
သို့ သော် ချို ကတော့ ကျွန်တော် နှင့် ဆန့်ကျင်စွာ သူကြိုက်သော် အရာမှန်သမျှကို ချွေတာခံ စားပါသတဲ့။
ချို့ရဲ့ ထူးထူးဆန်းဆန်း အယူအဆကို ကျွန်တော် စိတ်ဝင်စားသွားမိသော်လည်း တအံ့တသြမ ဖြစ်မိ။ ချိုသည် သာမန်မိန်းကလေး မဟုတ်ခြင်းကြောင့် ချို့၌ ထူးဆန်းသော အတွေးအခေါ် အယူအဆပေါင်းများ စွာ ပျော်ဝင်ကိန်းအောင်းနေနိုင်ကြောင်း စောစီးစွာ ကပင် ကျွန် တော် တင်ကြိုမျှော်လင့်ထားခဲပြီး ဖြစ်သည်။
ဆရာဝန်အသင်းတိုက်နောက်ဘက်ရှိ မန်းစားတော် ဆက်ရောက်တော့…ကျွန်တော် က သဘောင်္သားပီပီ “sea food” ပင်လယ်အစားအစာချည်း မှာ လိုက်သည်။ မှာ ပြီးမှ မိန်းက လေးအတော် များများ ပင်လယ်မျှော့မစားရဲတာ သတိရလိုက်မိသဖြင့် -
“ချို ပင်လယ်မျှော့ စားရဲလား”
“ယူကော”
“ကိုယ်က သင်္ဘောသားပဲ၊ ဘာ မစားရဲစရာရှိသလဲ”
“ဒါဖြင့် ယူတောင်စားရဲသေးတာ တို့က ဘာ ဖြစ်လို့ မစားရဲရမှာ လဲ”
ချို့အပြောကြောင့် ကျွန်တော် သဘောကျစွာ ရယ်မောလိုက်မိသည်။
အစားအသောက်များ ရောက်လာတော့ ချို ခပ်တည်တည်ပင် ကျွန်တော့် နည်းတူလိုက်လံ စာသောက်သည်။ စားသောက်နေရင်းမှ ချို ကျွန်တော့် ကို ပြောသည်။
“တို့မာမာက ယူ့အကြောင်းတွေ မေးတယ်”
ချို့စကားအရ ချို့အမေသည် ချိုနှင့် ကျွန်တော် ချစ်သူများ ဖြစ်နေကြကြောင်း သိရှိပြီး ဖြစ် နေပေလိမ့်မည် ။ ထိုသို့သိအောင် ပြန်လည်ပြောပြလိုက်သူ ကတော့ ချိုကိုယ်တိုင်ပဲ ဖြစ်ပေမည် ။
“အဲဒီ တော့ ချို ဘာတွေ ဖြေလိုက်သလဲ”
ကျွန်တော် စိတ်ဝင်တစား မေးလိုက်မိသည်။
“ယူဟာ လူပျို ဖြစ်တယ်ဆိုတဲ့အကြောင်းရယ်၊ ယူ့နာမည် ရယ်၊ ပြီးတော့ ယူ့ကားနံပါတ်ရယ် ပေါ့”
ချို့အပြောကြောင့် ကျွန်တော် ချို့ကို တအံ့တသြကြည့်ရင်း
“ဒါပဲလား”
“ဒါပဲပေါ့၊ ယူနဲ့ပတ်သက်ပြီး တို့သိတာမှန်သမျှကလဲ ဒါပဲလေ”
ချိုပြောတာအမှန်ပဲ ဖြစ်သည်။ ချိုသည် ကျွန်တော် နှင့် ပတ်သက်ပြီး ဘာမှမသိ။ ထို့အတူ ကျွန်တော် သည်လည်း ချိုနှင့် ပတ်သက်ပြီး ဘာဆိုဘာမှ မသိသေး။
ဆိုင်လုပ်သား လာချပေးသည့် မျက်လုံးတစ်ထောင်ဟု ခေါ်သော နာမည် ဆန်းဆန်းနှင့် ဟင်းပန်းကန်ကိုဆွဲယူလျက် ချို့ဘက်သို့ တွန့်ပို့ပေးလိုက်ရင်း ကျွန်တော် မှတ်ချက်ချလိုက်မိသည်။
“ချိုကိုယ့်အကြောင်း ဘာမှမသိဘဲနဲ့တောင် ကိုယ့်ကိုယ် ချစ်ရဲတယ်နော်”
ကျွန်တော် မှတ်ချက်ကြောင့် ချို ဟက်ဟက်ပက်ပက်ရယ်မောသည်။ ပြီးမှ ထုံးစံအတိုင်း ခပ်ဆန်းဆန်း စကားဖြင့် ကျွန်တော့်ကို တုံ့ပြန်သည်။
“ချစ်တယ်ဆိုတာ သင်္ချာပုစ္ဆာတွက်တာမှ မဟုတ်ဘဲ ရဲထွတ်ခေါင်ရဲ့ ၊ ဘာအချက်အလက် တွေ သိစရာလိုသလဲ၊ တစ်ယောက် ကို တစ်ယောက် ချစ်ဖို့အတွက် အဓိကလိုအပ်တာက ချစ်တဲ့ စိတ်ပဲ”
“ထားပါတော့… တကယ်လို့ ကိုယ့်မှာ အိမ်ထောင်တွေ ဘာတွေ ရှိနေမယ်ဆိုရင် ချို ဘယ် လိုလုပ်မလဲ”
ကျွန်တော့် မေးခွန်းက ကျွန်တော် ကိုယ်တိုင် အမှန်တကယ်သိချင်နေသော မေးခွန်းတစ်ခု ဖြစ်သလို ချို့အား ကျွန်တော် နှင့် ပတ်သက်ပြီး စိုးရိမ်စိတ်တစ်စုံတစ်ရာ ၀င်ရောက်လာစေရန် စိတ် ဓာတ်ရေး ရာအရ တိုက်စစ်ဆင်လိုက်သော မေးခွန်းလည်း ဖြစ်သည်။
သို့ သော် ချို ကတော့ ထိတ်လန့်မှု ကင်းမဲ့စွာ ကျွန်တော့်ကို မော့်ကြည့်ရင်း ခပ်အေးအေး အဖြေပေးသည်။
“လွယ်ပါတယ်၊ အဲတော့လဲ ၀မ်းနည်းစွာ နောက်ဆုတ်လိုက်တာပေါ့”
“တကယ့်တကယ်မှာ အဲဒီ လောက် လွယ်နိုင်ပါ့မလား ချို”
“အခြေအနေအရ လွယ်ဖို့လိုအပ်လာရင် လွယ်ရမှာ ပေါ့ ရဲထွတ်ခေါင်”
ကျွန်တော် ပခုံးတွန့်လိုက်မိသည်။ ပြီးမှ ချို့ကို ပြုံးပြလိုက်ရင်း….
“ကိုယ် အလကားနောက်တာပါ ချို”
“သိပါတယ်၊ တကယ် ဖြစ်နေရရင်လဲ သိပ်ပြဿနာမရှိပါဘူး”
ချို့အပြောနှင့် ချို့အမူအရာက အမှန်တကယ်ပင် ပေါ့ပါးပါးလေး ဖြစ်သည်။ ကျွန်တော် ချို့ ကို ငေးကြည့်နေမိသည်။ ကျွန်တော် သိချင်သော မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
“ချို့ရဲ့ အရင်ချစ်သူတွေ ကိုရော ခုလိုမျိုး နာမည် တစ်ခုက လွဲပြီး ဘာမှမသိဘဲ ချစ်တာပဲ လား ”
ချို ကျွန်တော့်ကို ဖျတ်ခနဲမော့ကြည့်သည်။ ပြီးမှ ခေါင်းတစ်ချက်ယမ်းရင်း…..
“ချိုဟာ ကိုယ်ပိုင်ပိုင်နိုင်နိုင် မသိတဲ့ ကိစ္စမှန်သှမျှကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး ရဲထွတ် ခေါင်၊ တို့ ထားခဲ့သမျှ ရည်းစားမှန်သမျှကို သူတို့ဟာဘယ်လို စီးကရက်အမျိုးအစားမျိုး သောက် လေ့ရှိသလဲဆိုတာအထိ သိပြီးမှ လက်ခံခဲ့တာချည်းပဲ”
“ဒါဖြင့် ဘာမှမသိသေးဘဲ ချစ်ခဲ့တာ ခုတစ်ခါ ပထမဦးဆုံးပဲဆိုပါတော့”
ကျွန်တော် အံ့သြရင်ခုန်စွာ မေးလိုက်မိသည်။
ချို ခေါင်းညိတ်ရင်း…
“ဟုတ်တယ်၊ အချက်အလက် အနည်းဆုံးနဲ့ တို့ဘ၀ထဲကို ၀င်ရောက်လာနိုင်တာ ယူတစ် ယောက် ပဲ ရှိသေးတယ်၊ အဲဒီ အတွက် ယူဂုဏ်ယူနိုင်တယ်”
သာမန်အားဖြင့် ဆိုလျှင်တော့ ချို့စကားဟာ ၀မ်းမြောက်ဖွယ်ရာ စကား ဖြစ်သော်လည်း ကျွန်တော် နှင့် ချို့အနေအထားက သာမန်အနေအထား မဟုတ်။ တစ်ယောက် နှင့် တစ်ယောက် အားစမ်းနေကြခြင်းသာ ဖြစ်သည်။
ချို့စကား၏ တိုက်စားမှု အောက်၌ မျောပါမသွားအောင် ကျွန်တော့်ကိုယ်ကျွန်တော် ထိန်း သိမ်းရင်း ကျွန်တော် ချို့ကို ကြည့်လိုက်သည်။ ချိုက ကျွန်တော့်ကို တည့်တည့်ပြန်စိုက် ကြည့်ရင်း ….
“ဘာ ဖြစ်လို့ ယူ့ကို အဲဒီ လောက် မြန်မြန်ဆန်ဆန် ချစ်မိသွားသလဲ သိလား”
ကျွန်တော် ခေါင်းယမ်းပြလိုက်သည်။
ချို ပြုံးရင်း အေးဆေးစွာ အဖြေပေးသည်။
“ယူ့ရဲ့ နည်းဗျူဟာတွေ ကြောင့် ပဲ …ယူဟာ တခြားယောက်ျားလေးတွေ လို နူးညံ့သိမ်မွေ့ တတ်ပုံမရဘူး။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ်များ သလို အတ္တလဲ သိပ်ကြီးပုံရတယ်။ အဲဒါတွေ ကြောင့် ယူဟာ ဘယ်လိုယောက်ျားမျိုးလဲဆိုတာ တို့သိချင်လာတယ်။ အဲဒီ သိချင်စိတ် က ယူ့ကို တို့မြန်မြန်ဆန်ဆန် ချစ်မိသွားအောင် တွန်းပို့ပေးလိုက်တာပဲ”
ချို ကျွန်တော့်ကို ချစ်ခဲ့တာဟာ ကျွန်တော် ဟာ ဘယ်လိုယောက်ျားမျိုးလဲဆိုတာကို သိချင် လို့ပါတဲ့။
ဤသို့ဆိုလျှင် ချိုနှင့် ကျွန်တော့်အား နီးစပ်သွားစေခဲ့သည့် အကြောင်းရင်းမှာ အံ့သြဖွယ်ရာ တူညီ၍ နေတော့သည်။
ကျွန်တော် ကိုယ်တိုင်လည် ချိုဟာ ဘယ်လိုမိန်းမမျိုးဆိုတာ သိချင်စိတ်ဖြင့် ချို့ထံသို့ ချဉ်း ကပ်ခဲ့မိခြင်းလည်း ဖြစ်သည်။
ဘာပဲ ဖြစ် ဖြစ် ချို့စကားကြောင့် ထိုနေ့က ကျွန်တော် အနည်းငယ် ရင်ဖိုသွားမိသည်။ သို့သော် ထိုရင်ဖိုမှု မှာ ချို့အား ကြောက်လန့်ခြင်းကြောင့် လား၊ ကျွန်တော့် ကိုယ် ကျွန်တော် ဂုဏ်ယူ ခြင်းကြောင့် လားဟူ၍ တော့ ကျွန်တော် အသေအချာ မသိ။
ချိုနှင့် ကျွန်တော် ချစ်သူများ ဖြစ်ခဲ့ကြခြင်း၊ သို့မဟုတ် အားစမ်းခဲ့ကြခြင်း၏ ပထမပိုင်း တစ် လလောက်တော့ တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် ဆွဲဆောင်နေကြခြင်းဖြင့် သာ အချိန် ကုန်နေခဲ့ကြသည်။
ကျွန်တော် ချို့ကို ဆွဲဆောင်ပုံ ကတော့ ခေါင်းထဲပေါ်လာရာ နည်းဗျူဟာများ စွာ ကို ဖော ဖောသီသီ အသုံးပြုခြင်းဖြင့် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ချို့အာ နေ့လယ်ဘက် လက်ဖက်ရည်သောက်သွားခေါ်ရင်း ခြောက်ထပ်ရုံးနား အရောက်တွင် ကားထိုးရပ်လိုက်ပြီး…
“ချို ခဏစောင့်နိုင်မလား၊ ကိုယ် သဒ်မိတ်စာမေးပွဲဖြေဖို့ကိစ္စအတွက် ရေကြောင်းဌာနကို ခဏလောက်တက်ချင်လို့”
“သိပ်ကြာမလား”
“နှစ် မိနစ် သုံးမိနစ်ပေါ့”
“သွားလေ”
ကျွန်တော် ချို့ကို ကားပေါ်မှာ ထားခဲ့ပြီး ရေကြောင်းဌာနကို တက်လာခဲ့သည်။ အပေါ် ရောက်တော့ စုံစမ်းစရာရှိသည်များ ကို စုံစမ်းပြီး အသိ တစ်ယောက် နှင့် ၁၅ မိနစ်လောက် စိတ်ပါ လက်ပါ ထိုင်စကားပြောနေလိုက်သည်။ နာရီဝက်နီးပါးကြာတော့မှ ကျွန်တော် ပြန်ဆင်းလာခဲ့သည်။
ထိုမျှကြာအောင် ကျွန်တော် အချိန်ဖြုန်းနေခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ဘာလဲဟု မေးပါက ကျွန်တော် တိတိကျကျ ဖြေနိုင်မည် မဟုတ်သော်လည်း သေချာတာတစ်ခု ကတော့ ကျွန်တော့ ကြောင့် သာမန်မဟုသည့် စိတ်ခံစားမှု တစ်စုံတစ်ရာကို ချို့အား ခံစားရစေချင်သည်။ ဥပမာ စိတ် ဆိုးတာမျိုး ၊ ဒေါသ ဖြစ်တာမျိုး၊ ပြီးတော့ “ဘယ်သူနဲ့တုန်းကမှ ငါ ခုလို အကြာကြီး ထိုင်မစောင့်ရ ဘူး။ သူနဲ့ကျမှ ထိုင်စောင့်ရတယ်” လို့ မချင့်မရဲ တွေးတာမျိုးပေါ့။
ထိုသို့ ဘယ်အမျိုးသားကမှ လုပ်မည် မဟုတ်သော ကိုယ့်ချစ်သူကို ကားပေါ်မှာ အကြာကြီး စောင့်ဆိုင်းခြင်းကိစ္စအား ကျွန်တော် တမင်လုပ်ပြီး ပြန်ဆင်းလာချိန်မှာ တော့ ချိုကလည်း ဘယ် ချစ်သူကောင်မလေးကမှ လုပ်မည် မဟုတ်သော အလုပ်တစ်ခုကို လုပ်ထားခဲ့ပါသည်။
ကားပေါ်၌ ချိုရှိမနေတော့ဘဲ သူ့ကိုယ်စား သူကိုင်လေ့ရှိသည့် “Note book” မှတ်စုစာအုပ် သေးသေးလေးထဲမှ စာရွက်တစ်ရွက်ကို ဖြဲ၍ ရေး ပြီး ထားခဲ့ခြင်ုး ဖြစ်သည်။
ယူ…တို့မစောင့်နိုင်တော့လို့ တက္ကစီငှားပြီး ပြန်သွားပြီ။
ချို….တဲ့။
သူ့လက်မှန်အောက်နား၌ သူပြန်သွားသည့်အချိန်ကိုပါ အတိအကျ ရေး သားလိုက်သေး သည်။ ထိုကိန်းကဏန်းများ အရ ချိုပြန်သွားသည်မှာ နှစ် မိနစ်၊ သုံးမိနစ်ပေါ့ ဟု ကျွန်တော် ပြောခဲ့ သည့်အတိုင်း ကျွန်တော် ထွက်သွားပြီး သုံးမိနစ်တိတိ ကြာသော အချိန်မှာ ဖြစ်သည်။
ကျွန်တော် တိုက်စစ်ဆင်မှု ကို ချိုသည် ထိုသို့ပင် လှပစွာ ခုခံကာကွယ်သွားခဲ့သည်။
သို့သော် ချို မခုခံနိုင်သည့် အခြားသော ကိစ္စများ လည်း ရှိပါသေးသည်။ ဥပမာအားဖြင့် ညတစ်နာရီလောက်ကြီး ချို့ဆီကို ဖုန်းဆက်လိုက်တာမျိုး ဖြစ်သည်။ သည်တုန်းက အိပ်ချင်မူးတူး အသံဖြင့် ဖုန်းလာကိုင်ခဲ့သည်။
“ဟုတ်ကဲ့ ပြောပါ”
“ချိုလား”
ကျွန်တော့်အသံကြားသည်နှင့် ချို စိတ်ပျက်လက်ပျက် ဖြစ်စွာ စုတ်တစ်ချက်သပ်သည်။
“ဘာ ဖြစ်သွားတာလဲ”
“ဘာ ဖြစ်ရမှာ လဲ စိတ်ညစ်သွားတာပေါ့၊ တို့က သန်းခေါင် ဖုန်းလာတော့ အမျိုးတစ် ယောက် ယောက် တစ်ခုခု ဖြစ်သလားဆိုပြီး စိတ်ပူသွားတာ”
“အဲဒါ ထက်ပိုပြီး စိတ်ပူရမယ့် ကိစ္စတစ်ခု ကိုယ်ပြောမလို့”
“ဘာလဲ”
“ခု ကိုယ်အရမ်းမူးတယ် သိလား”
အမှန်တော့ …ထိုအချိန်က မူးတတ်သော အရာဆိုလို့ ကျွန်တော် ကွမ်းပင်မစားထား။
“ခက်လိုက်တာ ရဲထွတ်ခေါင်ရယ်…. ယူ မူးနေတဲ့ကိစ္စတို့နဲ့ ဘာဆိုင်လို့လဲ”
“သိပ်ဆိုင်တာပေါ့ ချိုရဲ့ ၊ ကိုယ်မူးလာတော့ ချို့ကို အရမ်းသတိရလာတာပေါ့”
“အဲဒီ တော့ တို့က ဘာလုပ်ပေးရမှာ လဲ”
“ကိုယ်နဲ့ ငါးမိနစ်တိတိ စကားပြောပါ”
“အို….”
“ချို စိတ်ပျက်စွာ ရေရွတ်သည်။ ပြီးမှ ချော့ချော့မော့မော့ အသံဖြင့် ….
မရစ်နဲ့ ရဲထွတ်ခေါင်ရယ်၊ တို့ အရမ်းအိတ်ချင်နေပြီ”
“ဒါဖြင့် လဲ သုံးမိနစ်လောက်ပဲပြော၊ အဲဒီ လောက်မှ မပြောရင်တော့ ကိုယ်တစ်လုံး ချို့ ဖုန်း နံပါတ်ကို ထိုင်လှည့နေမှာ ပဲ”
ကျွန်တော့်စကားကြောင့် ချို သက်ပြင်းချသည်။]
တအောင့်ကြာမှ စိတ်လျှော့လိုက်ဟန်ဖြင့် “ကောင်းပြီလေ” ဟု သဘောတူသည်။ သည့် နောက်တော့ ညတစ်နာရီလောက်ကြီး ချိုနှင့် ကျွန်တော် သုံးမိနစ်တိတိ ဖုန်းပြော ဖြစ်ခဲ့ကြသည်။ ချိုက အိပ်ချင်မူးတူးလေသံဖြင့် ကျွန်တော် ပြောသမျှကို “အင်း” လိုက်သည်။
ဘာပဲ ဖြစ် ဖြစ် ထိုညက ကျွန်တော့်ကြောင့် ချို သုံးမိနစ်လောက် အိပ်ရေး ပျက်ခဲ့ရပြီး ထိုအိပ် ရေး ပျက်ရသော ကိစ္စကိုလည်း မကြာခဏပြန်တွေး၍ တနုံ့နုံ့နှင့် အမှတ်တရ ဖြစ်နေခဲ့မည် ဆိုလျှင် ထိုညက ကျွန်တော် တစ်နာရီအထိ မအိပ်ဘဲ အပင်ပန်းခံရကျိုးနပ်သည်ဟု ဆိုရမည် ဖြစ်သည်။
ထိုသို့ င် စိတ်ကူးပေါ်ရာ နည်းဗျူဟာများ စွာ ကို အသုံးပြုလျက် ကျွန်တော် ချို့အား ဆွဲ ဆောင်ခဲ့သလို ချိုကလည်း ကျွန်တော့်ကို ပြန်လည်ဆွဲဆောင်ခဲ့လေသည်။
သို့ သော် ကျွန်တော့်လိုတော့ နည်းဗျူဟာများ ကို အသုံးပြုခဲ့ခြင်း မရှိသလို၊ အင်အားတစ်စုံ တစ်ရာ စိုက်ထုတ်ခြင်း လည်း မရှိခဲ။ ထိုသို့ တကူးတက အပင်ပန်းခံစရာမလိုဘဲ ကျွန်တော့်ကို ဆွဲ ဆောင်နိုင်ခဲ့ခြင်း ကတော့ ချို၌ ရှိသည့် စူးရှသော အတွေးအခေါ်များ နှင့် အကျင့်စရိုက်များ ကြောင့် ပဲ ဖြစ်သည်။ ထိုအတွေးအခေါ်များ ၊ ထိုစရိုက်များ ကပင် ကျွန်တော့်ကို ဆွဲဆောင်နိုင်မည့်  အကောင်း ဆုံးလက်နက်များ ဖြစ်နေခဲ့သည်။
ချို၌ ရှိသည့် စိတ်ဝင်စားစရာကောင်းသော စရိုက်များ စွာ အနက်မှ အနည်းငယ်ထူးဆန်းပြီး အနည်းငယ်လည်း မိန်းမမဆန်သော စရိုက်တစ်ခု ကတော့ စိတ်ကူးတစ်ခုကို ချက်ချင်း ထ၍ အကောင်အထည် ဖော်တတ်ခြင်းပဲ ဖြစ်သည်။
ကျွန်တော် ကိုယ်တိုင်လည်း ထိုသို့ပင် ကိစ္စတစ်ခုကို စိတ်မြန်လက်မြန် အကောင်အထည် ဖော်လေ့ရှိသော်လည်း ချို့လို အမျိုးသမီး တစ်ယောက် ၌ ထိုစရိုက်မျိုး ပျော်ဝင်ကိန်းအောင်း နေ သည် ကတော့ အနည်းငယ် အံ့သြစရာကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။
တစ်ခါက ချို့ကို ရုံးကြိုရင်း အနော်ရထားလမ်းကို ကားနှင့် ဖြတ်မောင်းစဉ် ချို့ ထိုလမ်းကို ထိုသို့ လူစည်ကားသော ညနေဘက်မျိုး၌ တစ်ခါမျှ လမ်းမလျှောက်ခဲ့ဖူးသဖြင့် လျှောက်ချင်သည်။ ကားရပ်ပေးပါဟု ဆိုခဲ့ဖူးသည်။ ထိုနေ့က အောင်ရဲတို့နှင့် ဆုံရန် ချိန်းဆိုထားခဲ့ပြီး ဖြစ်နေသဖြင့် ….
“”နောက်နေ့မှ လျှောက်ကွာ.။ ဒီနေ့ ကိုယ်မအားလို့”
ကျွန်တော် ငြင်းလိုက်တော့ ချိုက ခပ်အေးအေးပင်…
“ဒါဖြင့် လဲ ယူပြန်နှင့်လေ တို့ကို အဲဒီ ရှေ့က တစ်နေရာရာမှာ ချပေးခဲ့”
“ချို တစ်ယောက် တည်း လျှောက်မလို့လား”
“ဒါပေါ့”
ကျွန်တော် စုတ်တစ်ချက်သတ်ရင်း ရွှေဘုံသာလမ်းထဲသို့ ချိုးကွေ့ကာ နေရာလွတ်ရှာ၍ ကားရပ်ပေးလိုက်သူည်။
“အိုကေ…ဆီးယူ”
ကျွန်တော့် နှုတ်ဆက်ပြီး ချို ကားပေါ်မှ ဆင်းသွားသည်။ ကျွန်တော် နောက်ကြည့်မှန်မှတစ် ဆင့် ချို့ကိုကြည့်နေလိုက်သည်။ သို့သော် ချို ကတော့ ကျွန်တော့်ဘက်သို့ တစ်ချက်မှ လှည့်မ ကြည့်ဘဲ ဆလင်းဘက်ကိုလွတ်၍ နွဲ့ယိမ်းညင်သာစွာ လျှောက်လှမ်းသွားသည်။ ကျွန်တော် က စက်နှိုးပြီး ကားမောင်းထွက်ရန် ပြင်လိုက်သော်လည်း ချက်ချင်း ပင် စိတ်ပြောင်းရင်း ကားတံခါးပိတ် ၍ ချို့နောက်သို့ လိုက်လာခဲ့သည်။
ရွှေဘုံသာလမ်း မီးပွိုင့်ကို ချိုးကွေ့ ပြီးချိန်မှာ တော့ ကျွန်တော် ချို့ကို မီလာသည်။
“ဟေ့…နေဦး”
ချို ကျွန်တော့်ကို လျည့်မကြည်။
ကျွန်တော် ချို့ဘေးသို့ ရောက်အောင် ခပ်သွက်သွက်လျှောက်လိုက်သည်။
“ကိုယ်ခေါ်နေတာ မကြားဘူးလား”
ချို့နားကပ်ရင်း ကျွန်တော် မေးလိုက်တော့ ချို ကျွန်တော့်ကို ငဲ့စောင်းကြည့်ပြီး…
“ကြားသားပဲ”
“ဒါဖြင့် ဘာ ဖြစ်လို့ လှည့်မကြည့်တာလဲ”
“တို့ လှည့်မကြည့်လဲ ယူလိုက်တာပဲ မဟုတ်လား”
“ဒါဖြင့် ကိုယ် ချို့နောက်ကို လိုက်လာမယ်ဆိုတာ ချိုအစောကြီးကတည်းက သိနေတာ ပေါ့ ဟုတ်လား”
“မသိပါဘူး..ယူ့အသံကြားမှ ယူလိုက်လာမှန်းသိတာ”
ကျွန်တော် သူ့အား တစ်ယောက် တည်းနေခဲ့ရန် ကားရပ်ပေးစဉ်အခါက တစ်စုံတစ်ရာ မကျေမနပ် ဖြစ်ခဲ့သလို ကျွန်တော် သူ့နောက်သို့ အပြေးလိုက်လာတော့လည်း ကြည်းနူးကြေနပ်ပုံမ ပြ။
ချို့ပုံစံက အေးအေးဆေးဆေးပင်။
ရှု့ပ်ထွေးကျပ်ညပ်နေသော လူများ ကို ရှောင်ရင်း ကျွန်တော် ချို့နောက်သို့ တကောက် ကောက်လိုက်ရသည်။ ရွှေဘုံသာလမ်း မီးပွိုင့်မှ မဟာဗန္ဓုလပန်းခြံလမ်းသို့တိုင်အောင် ချိုလျှောက် သည်။ ထို့နောက် ပြန်လှည့်ပြီး ဆူးလေဘုရားလမ်းသို့ လျှောက်ပြန်သည်။
“ချို မင်း မညောင်သေးဘူးလား”
ကျွန်တော် စိတ်ပျက်လက်ပျက် မေးတော့ ချို သဘောကျစွာ ရယ်ရင်း…
“လမ်းလျှောက်ပါတယ်ဆိုမှ နည်းနည်း တော့ ညောင်းမှာ ပေါ့ ယူရဲ့ ။ ဒါပေမဲ့ ညောင်းတာ အဓိကမဟုတ်ဘူး လမ်းလျှောက်ရတာ သာ အဓိက၊ ငါ လမ်းလျှောက်နေပါလားဆိုတဲ့ အသိကို စိတ်ထဲမှာ ထားလိုက်၊ အဲဒါဆို ညောင်းတာတွေ သူ့အလိုလို ပျောက်သွားလိမ့်မယ်”
သို့ သော် လမ်းလျှောက်နေရသည်ဟူသော အသိ၏ နောက်၌ ညောင်းတော့မည် ဟူသော အသိက အစဉ်လိုက်ပါနေတတ်ကြောင်း ချိုသတိထားမိပုံရ။ ကျွန်တော့်အတွက်တော့ ညောင်းတာ က ညောင်းတာပဲ ဖြစ်သည်။
ဆူးလေဘုရား ခိုစားကျွေးတဲ့နားရောက်တော့ ချိုပြန်လည့်သဖြင့် ကျွန်တော် စိတ်ချမ်း သာ သွားမိသည်။ အပြန်လမ်း၌ ထုံးစံအတိုင်း ချိုက ထူးထူးဆန်းဆန်း ကိစ္စတစ်ခုကို ဆောင်ရွက် ပြန်သည်။ ထိုကိစ္စ ကတော့ ကွမ်ယာစားခြင်းပဲ ဖြစ်သည်။
“ရဲထွတ်ခေါင်”
၃၂ လမ်းထိပ် ကွမ်းယာဆိုင်နားအရောက် ချို ကျွန်တော့်ကို ခေါ်၏ ။
“ဘာလဲ ချို”
“တို့ ကွမ်းယာစားချင်တယ်”
“ချို ကွမ်းစားတတ်လို့လား”
“တစ်ခါမှ မစားဖူးဘူး”
ကျွန်တော် ချို့ကို စိတ်ပျက်စွာ ကြည့်လိုက်မိသည်။
“တစ်ခါမှ မစားဖူးဘဲနဲ့ ဘာ ဖြစ်လို့ စားချင်တာလဲ”
“မပြောတတ်ဘူး၊ ဒီလိုပဲ စားချင်တာပေါ့၊ သွားဝယ်ပေးပါလားဟင်”
“မင်းလို မိန်းကလေး တစ်ယောက် နဲ့  ကွမ်ယာနဲ့ ဘာမှ မဆိုင်ဘူး ချို”
“မဆိုင်ပေမယ့် တို့တော့ သိပ်စားချင်တာပဲ”
“ဒီလောက်လူတွေ အများ ကြီးကြားထဲ မင်းက ကွမ်းယာတ၀ါးဝါးလုပ်နေရင် လူတွေ က မင်းကို ဘယ်လိုထင်ကြမလဲ”
“ဘယ်လိုထင်ကြမလဲဆိုတော့ ဒီလောက် လူအများ ကြီကြားထဲ ကွမ်းဝါးရဲတဲ့မိန်းမလို့ ထင် ကြမှာ ပေါ့ ယူရဲ့ ၊ လာပါ ကွမ်းသွားဝယ်စားရအောင်”
ထုံးစံအတိုင်းပါပဲ။
ကျွန်တော် ချို့နောက်ကို ပါသွားရန်ပြသည်။ ကွမ်းယာဆိုင်ရောက်တော့ ချို လက်နှစ် ချောင်းထောင်ပြရင်း ကွမ်းနှစ် ယာက ပေးပါဟုပြောတော့ ကွမ်းယာရောင်းသူက ချို့ကို တအံ့တ သြကြည့်ပြီး “ဘာနဲ့လဲ” ဟု မေးသည်။ ချိုမဖြေတတ်ဘဲ ကျွန်တော့်ကို လှမ်းကြည့်သဖြင့် ကျွန် တော် က “ရိုးရိုးပဲ ပေးပါ” ဟု ၀င်ပြောလိုက်ရသည်။ ဒါတောင် ရိုးရိုးဆိုတော့ အဆိမ့်လားဟု မေးနေ သဖြင့် ခေါင်းညိတ်ပြလိုက်ရသည်။
“ရော့…ယူတစ်ယာစား”
ကွမ်းယာဆိုင်မှ ထွက်လာတော့ ချို ကျွန်တော့်ကို တစ်ယာလှမ်းပေး၏ ။ ကျွန်တော် က ခေါင်းယမ်းရင်း…
“ပါးစပ်ညောင်းရမယ့် အစားအစာမျိုးဆိုရင် ပီကေတောင် မ၀ါးဘူး”
ကျွန်တော် ငြင်းလိုက်တော့ ချို သူ့ဘာသာပင် စားတော့သည်။
ကျွန်တော် မျှော်လင့်ထားသည့်အတိုင်းပင် ဖြတ်လျှောက်သွားကြသူမှန်သမျှက ကွမ်းတ၀ါး ၀ါးလုပ်နေသော ချို့ကို ပြုံးစေ့စေ့နှင့် ကြည့်သွားကြသည်။ သို့သော် ချို ကတော့ ခပ်တည်တည်ပါပဲ။
ကွမ်းအ၀ါးမပျက်ရုံမျှမက ၀ါရင့်ကွမ်းသမားများ လိုပင် ကွမ်းတံတွေးကို ပျစ်ခနဲ ထွေးလိုက် သေးသည်။ ထိုသို့ ကွမ်းဝါးခြင်း၊ ကွမ်းတံတွေးထွေးခြင်းတို့၏ နောက်ဆုံးရလဒ် ကတော့ ချို့ တီရှပ် အဖြူ၏ ညာဘက်လက်မောင်း၌ ကွမ်းတံတွေး စွန်းသွားခြင်းပဲ ဖြစ်သည်။
ဘာမှ အဖိုးမတန်သလို ဘာမှလည်း အရသာမရှိသော ကွမ်းတစ်ယာကြောင့် အလွန်လှပ သည့် ရာကျော်တန် တီရှပ်တစ်ထည်၌ ကွမ်းသွေး စွန်းသွားရခြင်း ကတော့ အတော့်ကို နှမြောဖို့ ကောင်းသော ကိစ္စ ဖြစ်သော်လည်း ချို ကတော့ အပြုံးမပျက်။
“ကွမ်းသွေးစွန်းသွားတာက အကြောင်မဟုတ်ပါဘူး၊ အိမ်ရောက်တဲ့အခါ အစွန်းချွတ်ဆေး နဲ့ လျှော်လိုက်ရင်ရတာ ပဲ။ အကြောင်းဟုတ်တာက ကိုယ် ကွမ်းစာချင်စိတ် ပေါ်လာတဲ့ အချိန်မှာ ကွမ်းစားလိုက်ရတယ်။ အဲဒါ အမြတ်ပဲ”
ချို့ ကွမ်းသွေးစွန်းခြင်း ကိစ္စကိုပင် အကောင်းဘက်လှည့်တွေးပြနေသေးသည်။ ကျွန်တော့် ချို့စကားကို ခေါင်းယမ်းရင်း…
“ဒါ ကတော့ ပြန်ချွတ်လို့ရတဲ့ အစွန်းအထင်းကိုး၊ တကယ်လို့ ပြန်ချွတ်လို့ မရတဲ့ အစွန်း အထင်းမျိုးဆိုရင် မင်းဘယ်လိုလုပ်မလဲ”
အဓိပ္ပာယ်များ စွာ ကျယ်ဝန်းသော ကျွန်တော့်  မေးခွန်းကြောင့် ချို ပြုံးသည်။ ထို့နောက် ကျွန်တော့်ကို တည့်တည့်စိုက်ကြည့်ရင်း..
“ပြန်ချွတ်လို့မရတဲ့ အစွန်းအထင်းမျိုးကိုလဲ ချိုဟာ ဘယ်တုန်းကမှ အစွန်းအထင်းမခံခဲ့ဘူး ရဲထွတ်ခေါင်၊ တကယ်လို့ အဲလို အခြေအနေမျိုးနဲ ကြုံရင်လဲ စွန်းသွားတဲ့အတွက် ခံစားရမယ့် ၀မ်း နည်းကြေကွဲမှု နဲ့ စွန်းထင်းသွားစေမယ့် ကိစ္စအတွက် စိတ်ကြည်နူးမှု အဲဒီ နှစ် ခုကို နှိုင်းယှဉ်ရဦးမှာ ပေါ့။ ဥပမာ.. ခု ကွမ်းစားတယ်၊ အဲဒီ အတွက် စိတ်ကျေနပ်မှု ရတယ်။ အင်္ကျီကွမ်းသွေးစွန်းတဲ့ အတွက်တော့ စိတ်မကောင်း ဖြစ်တယ်။ ဒါပေမဲ့ အဒီခံစားမှု နှစ် ခုမှာ ဘယ်ဟာက သာသလဲ၊ စိတ်ကျေနပ်မှု က သာရင် ကွမ်းသွေးစွန်းတဲ့ ကိစ္စကို ဥပေက္ခာ ပြုနိုင်ရမှာ ပေါ့။ မဟုတ်ဘူးလား”
ချို့ အတွေးအခေါ်များ အတွက် ကျွန်တော် ဖျားသွားမိသည်။ ချို ကတော့ ခပ်တည်တည်နှင့် ပင် စကားဆက်သည်။
“Action တစ်ခု၊ လုပ်ရပ်တစ်ခုလုပ်တိုင်း ရလဒ်နှစ် ခု ထွက်လာနိုင်တယ်။ တစ်ခုက အကောင်း၊ နောက်တစ်ခု ကတော့ အဆိုး၊ အဲဒီ မှာ တစ်ခုတည်းကိုပဲ ဘက်လိုက်ပြီး တွေးနေ လို့မရသလို၊ နှစ် ခုစလုံးကို ခွတွေ နေလို့လဲမ ရဘူး။ အ ဖြစ်သင့်ဆုံး၊ အမှန်ကန်ဆုံးဆိုတဲ့ တစ်ခု တည်းကိုပဲ ယူရမယ်”
“အကောင်းဘက်က များ မယ်ဆိုရင် အဲဒီ ကိစ္စကို လုပ်သင့်တယ်ပေါ့”
“ဒါပေါ့ ဒါပေမဲ့ ကောင်းတယ်၊ ဆိုးတယ်လို့ ဆုံးဖြတ်တဲ့နေရာမှာ ဆုံးဖြတ်တဲ့လူရဲ့ စိတ်နဲ လည်း ဆိုင်သေးတယ်။ ဆိုပါတော့ မနက်စောစော ထပြေးတာ ကောင်းတယ်၊ ဒါပေမဲ့ စောစော အိပ်ရာကထရာ ဆိုးတယ်၊ ယူဆို အဒိကိစ္စကို အကောင်းများ တယ်လို့ သတ်မှတ်မလား၊ အဆိုး များ တယ်လို့ သတ်မှတ်မလား”
“ကိုယ့်အတွက်ဆိုရင်တော့ အဆိုးပဲ၊ ကိုယ်က စောစောထရတာ မျိုးကို သိပ်မုန်းတာ”
“ဒါဆိုရင်တော့ မနက်စောစော ထပြေးဖို့ ကိစ္စမျိုး ဘယ်တော့မှ စိတ်မကူးနဲ့”
ကျွန်တော် ခေါင်းညိတ်ပြလိုက်ရင်း..
“စိတ်ချ ..ကိုယ် အဲဒီ လို ခပ်ကြောင်ကြောင် ကိစ္စမျိုး ၀ါသနာမပါဘူး။ လောလောဆယ် ကိုယ်စိတ်ကူးနေတာက ချို့ကို ချက်ချင်း အိမ်ပြန်မပို့သေးဘဲ အင်းလျားဘက်မှာ လေညင်းသွားခံဖို့ ပဲ ဆိုစမ်းပါဦး အဲဒီ ကိစ္စမှာ အဆိုးမျာမလား၊ အကောင်းများ မလား”
ကျွန်တော့် စကားကြောင့် ချို ဟက်ခနဲတစ်ချက်ရယ်သည်။
“သေချာတယ် အဲဒီ ကိစ္စမျိုး ကတော့ အဆိုးမျာမယ့်ကိစ္စမျိုးပဲ”
“ဒါဖြင့် ဘယ်လို အဆိုးမျိုးလဲ သိရအောင် သွားကြည့်ကြတာပေါ့”
ကားနားသို့ ပြန်ရောက်ချိန်၌ ကျွန်တော် ကားတံခါးကို ဖွင့်ရင်းပြောလိုက် သည်။
ချိုနှင့် ကျွန်တော် ချစ်သူများ ဖြစ်ခဲ့ကြချိန်မှ စတင်၍ ကျွန်တော့်အတွက် လွန်ကျူးစွာ စိုးရိမ် ခဲ့သူများ ကတော့ အောင်ရဲနှင့် ဇေယျပင် ဖြစ်သည်။ ကျွန်တော် နှင့် တွေ့ တိုင်း ချိုနှင့် ကျွန်တော် ၏ နောက်ဆုံးအခြေအနေကို စိတ်ဝင်တစာ ၀ိုင်းဝန်းမေးမြန်းတတ်ကြပြီး ထိုသို့ မေးမြန်းပြီးတိုင်းလည်း စုတ်တသပ်သပ် သို့မဟုတ် ခေါင်းတယမ်းယမ်းနှင့် မင်းသတိထား ရဲထွတ်ဟု စိုးရိမ်စွာ သတိပေး တတ်ကြသည်။
တစ်ရက်၊ သူတို့နှင့် ဆုံတော့ ထုံးစံအတိုင်း ချိုနှင့် ကျွန်တော့် အခြေအနေကို ၀ိုင်းမေးကြ သည်။ သူတို့ မေးသမျှကို စိတ်ရှည်လက်ရှည် အဖြေပေးရင်း ချို့အတွေးအခေါ်များ နှင့် ချို့စရိုက် များ အကြောင်း ကျွန်တော် ပြောပြ ဖြစ်ခဲ့သည်။
“သူ့ ကာရိုက်တာ (Character) က စိတ်ဝင်စားစရာ ကောင်းတာတော့ အမှန်ပဲ”
ကျွန်တော့် အဆုံးသတ်မှတ်ချက်စကားအဆုံး အောင်ရဲက “နိုင်ကြီးတုန်းကလည်း အဲဒီ လိုမျိုး ပြောခဲ့တယ် ရဲထွတ်၊ ပြောလဲပြီးရော သိပ်မကြဘူး ခံလိုက်ရတာ ပဲ။ မင်းလဲ နိုင်ကြီးလို ဖြစ်နေဦးမယ်”
အောင်ရဲ၏ စကားကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။
“စိတ်ချ..အောင်ရဲ၊ ရဲထွတ်ခေါင်ဟာ နိုင်ကြီလို ဘယ်တော့မှ မ ဖြစ်စေရဘူး။ ဖြစ်လဲ မ ဖြစ် နိုင်ဘူး။ ဘာ ဖြစ်လို့ ဒီလောက်တောင် သေချာရသလဲဆိုတော့ ချို့ပေါ်မှာ ထားတဲ့ နိုင်ကြီးရဲ့ သဘောထားနဲ့ ငါ့သဘောထား မတူလို့ပဲ။ နိုင်ကြီးက ပွဲစတည်းက ချို့ကို ချစ်သူ တစ်ယောက် လို သဘောထားခဲ့တာ။ ဒီတော့ ချို့ဆွဲဆောင်မှု တွေ နဲ့ တွေ့ တဲ့အခါ ကြံ့ကြံ့မခံနိုင်ဘဲ အရည်ပျော် ကျသွားခဲ့ရတာ ပဲ။ ငါ ကတော့ ချို့ကို ဘယ်တုန်းကမှ ချစ်သူ တစ်ယောက် လို သဘောမထားခဲ့ဘူး။ အရှုံးအနိုင်ကစားပွဲတစ်ခုက ပြိုင်ဘက် တစ်ယောက် လိုပဲ သဘောထားတယ်။ ဒီတော့ နိုင်ကြီးလို ချိုဆွဲဆောင်မှု တွေ ရဲ့ နောက်မှာ မျောပါမသွားနိုင်ဘူး စိတ်ချ”
“အဲလို သဘောထားနိုင်တာ အကောင်းဆုံးပဲ ရဲထွတ်၊ မင်းအတွက်လဲ အန္တရာယ်အကင်း ဆုံးပဲ”
ထိုနေ့က အောင်ရဲတို့အား ပြောခဲ့သလိုပင် ကျွန်တော် သည် ချို့အား အမှန်တကယ်ပင် ပြိုင် ဘက် တစ်ယောက် ပမာ သဘောထားခဲ့ပြီး ချိုဆွဲဆောင်မှု များ ၌ နစ်ဝင်သွားစေခရန်နှင့် ဂရုတစိုက် ရှောင်ရှားရန် အစဉ်သတိရှိနေခဲ့သည်။
သို့သော် တစ်ခါတစ်ရံတော့လည်း သတိကင်းလွတ်စွာ ပင် ချို၏ ဆွဲဆောင်မှု များ နောက်သို့ မျောပါသွားခဲ့သည်မျာ ရှိခဲ့သည်။
တစ်ခါက ချိုသည် ကျွန်တော့်အာ အကြောင်းတစ်စုံတစ်ရာ မပြဘဲ သူ့ရုံးကွင်းသို့ ခေါ်၍ သူ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ နှင့် မိတ်ဆက်ပေးခဲ့ဖူးသည်။ ထိုသို့ မိတ်ဆက်ပေစဉ် ကျွန်တော့်  အတွက် ရည်ညွှန်းသုံးခဲ့သည့် နာမ်းစား ကတော့ “ကိုယ့်အမျိုးသား” ဟူ၍ ဖြစ်သည်။
ထိုမျှလောက်ဆိုပါက သိပ်ပြဿနာ မရှိသော်လည်း သူ့မိဘနှင့် မိတ်ဆက်ပေးလာသော အခါမှာ တော့ ကျွန်တော့်အတွက် ပြဿနာရှိလာတော့သည်။
ရုံးပိတ်ရက်တစ်ရက် ကျွန်တော် ချို့အိမ်သို့ရောက်စဉ် သူ့မိဘများ နှင့် ကျွန်တော့် အား မိတ် ဆက်ပေးခဲ့သည်။ ထိုသို့ မိတ်ဆက်ပေးရာ၌ ရုံးမှာ တုန်းကလို အမျိုးသားဟူသော အသုံးအနှုန်းကို မသုံးနှုန်းခဲ့သည့် (Boy Friend) ဘွိုင်းဖရင့်ဟူသော အခေါ်အဝေါ်ကိုတော့ မကြာခဏ ခေါ်ဝေ သုံးစွဲခဲ့သည်။
ထိုကိစ္စများ မှာ ကျွန်တော့်အတွက် အနည်းငယ်ထူးဆန်းပြီး အနည်းငယ် ရင်ဖိုစရာကောင်း သော ကိစ္စများ ဖြစ်သလို ရိုးသားစွာ ၀န်ခံရမည် ဆိုပါက ကျွန်တော် သာယာသွားမိသော ကိစ္စ များ လည်း ဖြစ်သည်။
“ဆိုစမ်းပါဦး… ဘာ ဖြစ်လို့ ကိုယ့်ကို မင်းအသိုက်အ၀န်းတွေ နဲ့ အင်ထရိုဒပ်ရှင်း လုပ်ပေးရ တာလဲ”
ချို့အပြုအမူများ အား နားမလည်နိုင်စွာ ကျွန်တော် မေးမြန်းတော့ ချို ပေါ့ပေါ့ပါးပါးပင် ပြန် လည်အဖြေပေးသည်။
“ယူဟာ တို့အမျိုးသားမှန်း သိထားကြအောင်ပေါ့”
ချို့အဖြေက အလွန်ရိုးသားသလို အလွန်လည်း ရိုးစင်းလေသည်။
သို့သော် ကျွန်တော့်အတွက်တော့ ရှုပ်ထွေးစွာ ဆန်းပြား၍ နေတော့သည်။
“ချို ခုလိုပဲ ချို့ရည်းစားတိုင်းကို ချို့မိဘတွေ နဲ့ မိတ်ဆက်ပေးနေကျလား”
ကျွန်တော့်မေးခွန်းကို ချို ခပ်သွက်သွက် ခေါင်းညိတ်လာလိမ့်မည် ဟု ကျွန်တော် ထင်ထားခဲ့ သော်လည်း ကျွန်တော့် အထင်နှင့် ဆန့်ကျင်စွာ ချို ခေါင်းယမ်းသည်။
“တစ်ခါမှ မိတ်မဆက်ပေးခဲ့ဖူးဘူး”
“ဒါဖြင့် …”
“ယူ့ကျမှ ဘာ ဖြစ်လို့ မိတ်ဆက်ပေးရသလဲလို့ ယူမေးမလို့ မဟုတ်လား အဲဒီ မေးခွန်းတို့ ဖြေမယ် ဒါပေမဲ့အခုတော့ မဟုတ်ဘူး”
“ဘယ်တော့လဲ”
“တစ်နေ့နေ့ပေါ့”
ကဲ…
ချိုကျွန်တော့်ကို တုပ်နှောင်လိုက်ပုံက ဘယ်လောက်များ သပ်ရပ်လိုက်ပါသလဲ။
ချို့ရဲ့ နှောင်ကြိုးတွေ အောက်မှ ကျွန်တော် မသိမသာ အကျဉ်းကျသွားခဲ့သည်။
သို့သော် လုံးလုံးလျားလျားမဟုတ်သေးသဖြင့် ဆိုးဆိုးရွားရွားမ ဖြစ်နိုင်ဟူ၍ တော့ ကျွန်တော့် ကို ကျွန်တော် ယုံကြည်ထားဆဲပင် ဖြစ်သည်။ ထိုယုံကြည်မှု ကြောင့် ပင် ကျွန်တော် ချို့ထံ၌ ဆက် လက်တွယ်ငြိနေဆဲမိခြင်းလည်း ဖြစ်သည်။
ချိုနှင့် ကျွန်တော် ချစ်သူ ဖြစ်ခဲ့ပြီး နှစ် လကျော်ကြသည်အထိ ချို့အကြောင်းများ ကို ကျွန်တော် မေးမြန်းခြင်းမရှိခဲသလို ချိုကလည်း တစ်စုံတစ်ရာ ပြောပြခြင်းမရှိခဲ့။ သို့သော် ပြည်သူ့ ဥယျာဉ်သို့ သွားစဉ် တစ်ရက်မှာ တော့ မရည်ရွယ်ဘဲနှင့် ချို၏ နောက်ခံသမိုင်းများ ကို ကျွန်တော် မေးမြန်း ဖြစ်ခဲ့သည်။ ကျွန်တော် စတင်မေးမြန်းလိုက်မိသော မေးခွန်း ကတော့ “ချို ရည်းစား ဘယ်နှယောက် ထားခဲ့ဖူးသလဲ” ဟူသည့် မေးခွန်း ဖြစ်သည်။
ကျွန်တော့မေးခွန်းကို ချို မဆိုင်းမတွပင် ချက်ချင်း အဖြေပေသည်။
“လေးယောက် ”
ချို့အဖြေကြောင့် ကျွန်တော် တအံ့တသြ ဖြစ်သွားရသည်။
“ကိုယ်က ချို့ကို ဒီထက်မက ရည်းစားများ ခဲ့လိမ့်မယ်လို့ ထင်ထားတာ”
ကျွန်တော့်စကားကြောင့် ချို မဲ့ပြုံးပြုံးရင်း…
“မဆန်းပါဘူး။ လူတိုင်းဟာ အဲလို ထင်ကြတာပဲ”
“ဆိုစမ်းပါဦး အဲဒီ ရည်စားတွေ ကို ချိုဘာ ဖြစ်လို့ ဖြတ်ခဲ့တာလဲ”
ကျွန်တော့်မေးခွန်းအဆုံး ချို ဟက်ဟက်ပက်ပက်ရယ်မောသည်။
“ဘာ ဖြစ်လို့ ရယ်တာလဲ”
“ရယ်ချင်လို့ပါ၊ လူတိုင်းကလဲ ခု ယူမေးသလိုမျိုး တို့ကို မေးခဲ့ကြဖူးတယ်၊ အားလုံးရဲ့ အမြင်မှာ တို့က ရည်းစား တစ်ယောက် ထားလိုက်၊ အဲဒီ ရည်းစားကို ဖြတ်ပြီး နောက် တစ်ယောက် ပြောင်းထားလိုက်… အဲလို ထင်ကြတာကိုး။ တကယ်တော့ ဘယ်မိန်းကလေးမှ အကြောင်းမဲ့ ရည်း စားမများ ချင်ကြဘူး။ ဖြစ်နိုင်ရင် တစ်ယောက် တည်းပဲ ထားပြီး အဲဒီ တစ်ယောက် တည်းကိုပဲ လက် ထပ်ချင်တယ်… ဒါဟာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပဲ။ အဲဒီ အချက်ကိုယူနားလည်ထားဖို့ လိုသလို လက်ခံထားဖို့လဲ လိုတယ်။ နို့မိုရင်တော့ တို့ ဆက်ရှင်းပြနေလဲ အလကားပဲ”
“ထားပါတော့ ကိုယ်လက်ခံလိုက်ပြီလို့”
“ဒါဖြင့် တို့ ရည်စားများ ခဲ့ရတဲ့အကြောင်းကို ဆက်ရှင်းပြရမယ်ဆိုပါတော့”
ချို ကျွန်တော့်ကို ပြုံးလျက် စိုက်ကြည့်ရင်း မေးသည်။
ကျွန်တော် ခပ်သုတ်သုတ်ပင် ခေါင်းညိတ်ပြလိုက်သည်။
တကယ်တော့ ချို ဘာ ဖြစ်လို့ ရည်းစားများ ခဲ့သလဲ၊ ဘာ ဖြစ်လို့ အဲဒီ ရည်းစားတွေ ကို ဖြတ်ခဲ့ သလဲဆိုသော ကိစ္စမှာ ကျွန်တော် အလွန်သိချင်နေခဲ့သော ကိစ္စပင် ဖြစ်သည်။ အကြောင်း ကတော့ ချိုးထားသည့် တစ်ယောက် သော ရည်းစားမှာ ကျွန်တော့်သူငယ်ချင်း ဖြစ်နေခြင်းကြောင့် ပါပဲ။
ကျွန်တော် လပ်ကီးစထရိုက်တစ်လိပ်ကို မီးညှိရင်း ချို့စကားကို စောင့်ဆိုင်းနေလိုက်သည်။ ချို ကျွန်တော့်ကိုမကြည့်ဘဲ ဖြည်းညှင်းစွာ စကားစသည်။
“ယူ (ရာဘင်ဒြာနတ်တဂိုး) ရဲ့ ကဗျာတစ်ပုဒ် ဖတ်ဖူးတယ်မဟုတ်လား။ အကောင်းဆုံးကို ကိုယ်က ရွေးချယ်ခွင့်မရှိဘူး။ အကောင်းဆုံးကသာ ကိုယ့်ကို ရွေးချယ်လိမ့်မယ် ဆိုတာလေ”
ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့ ချို စကားဆက်သည်။
“မိန်းကလေး တစ်ယောက် ဖြစ်ရခြင်းရဲ့ အဓိကဆုံးရှုံးမှု ကတော့ အကောင်းဆုံးကို ကိုယ်က ရှာဖွေရွေးချယ်ပိုင်ခွင့်မရှိတာပဲ။ မိန်းကလေးမှန်ရင် အချစ်ကို စတင်ရှာဖွေခွင့်မရှိဘူး။ ကိုယ့်ဆီ ရောက်လာမယ့် အချစ်ကို စောင့်ဆိုင်း ရင်ခုန်ခွင့်ပဲ ရှိတယ်။ ရောက်လာတဲ့အချစ်တွေ ထဲက ကိုယ် ရင် အခုန်းဆုံးလို့ ယူဆရတဲ့ အချစ်တစ်ခုကို Choice လုပ်ပိုင်ခွင့်ရှိတယ်။ ကိုယ်က စပြီး Search လုပ်ခွင့်မရဘူး။ ဒါဟာ မိန်းကလေး ဖြစ်ရခြင်းရဲ့ အားနည်းချက်ပဲ။ မိန်းကလေး တစ်ယောက် ဟာ ကိုယ့်ဆီရောက်လာတဲ့ အချစ်တွေ ထဲက တစ်ခုကို ရွေးချယ်လိုက်ပြီဆိုပါတော့ အဲလိုရွေးချယ်ပြီးမှ ဒါဟာ မှားယွင်းတဲ့ ရွေးချယ်မှု ဖြစ်နေမယ်ဆိုရင် အဲဒီ မိန်းကလေး ဘာလုပ်မလဲ၊ အဲဒီ ချွတ်ချော်လွဲ မှားမှု error အဲရာကို ဘယ်လိုပြင်ဆင်မလဲ”
ချို့အမေးကို ကျွန်တော် နှုတ်ဆိတ်နေလိုက်သည်။ ချိုကျွ်တော့် ကို ငေးကြည့်နေရင်းမှ သူ့ သာသာပင် စကားဆက်သည်။
“အဲလို အခြေအနေမျိုးနဲ့ ကြုံကြိုက်လာပြီဆိုရင် မိန်းကလေး တစ်ယောက် အတွက် လုပ်စ ရာနှစ် ခုပဲ ရှိတယ်။ တစ်ခု ကတော့ အဲဒီ အမှားကို အမှားမှန်းသိလျက်နဲ့ တစ်သက်လုံး အောင့် အည်းသည်းခံဖို့နဲ့၊ နောက်တစ်ခု ကတော့ ခေါင်းယမ်းငြင်းဆန်လိုက်ဖို့ပဲ။ ပထမနည်းလမ်းအတိုင်း လုပ်ရင်း တစ်သက်လုံး မှားယွင်းမှု ကို ပွေ့ဖက်ပြီး စိတ်သော ကရောက်ရမယ။ ဒါပေမဲ့ အပြော လွယ်မယ်၊ ဒုတိယနည်းလမ်းကို ကျင့်သုံးမယ်ဆိုရင်တော့ စိတ်ဒုက္ခကင်းဝေးပမယ့် ပတ်ဝန်းကျင် ရဲ့ ရိုက်ခတ်မှု ကို ခံရမယ်။ ဒါပါပဲ”
“ဒါဖြင့် ချိုက အမှားများ စွာ နဲ့ တွေ့ ခဲ့ပြီး အဲဒီ အမှားတွေ ကို ခေါင်းယမ်းငြင်းဆန်ခဲ့တယ် ဆိုပါတော့”
“အဲဒီ သဘောပါပဲ၊ တိုပ ပထမဆုံးထားခဲ့တဲ့ ရည်းစားက ရုပ်ချောတယ်။ ပိုက်ဆံချမ်းသာ တယ်။ ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့တယ်၊ အဲဒီ အချက်အလက်တွေ နဲ့ တို့ သူ့ကို ရွေးချယ်ခဲ့ တယ်။ ကျောင်းပြီးရင် လက်ထပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒုတိယနှစ် စာမေးပွဲဖြေအပြီးမှာ စေ့ စပ်ခဲ့ကြတယ်။ အမှန်တော့ တို့ သူ့ကို လက်ထပ်ဖို့ စဉ်းစားပြီးချစ်ခဲ့တာ။ လက်ထပ်သင့်တယ်ဆိုတဲ့ အသိကြောင့် ချစ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့တာ။ တစ်နည်းအားဖြင့် အချစ်ကို ဦးနှောက်နဲ့ ဖန်တီး ယူခဲ့တာ ဆိုပါတော့။ အဲဒါဟာ တို့ရဲ့ အမှားပဲ။ အချစ်ဆိုတာမျိုးက တမင်ဖန်တီးယူလို့ရတဲ့ အရာမျိုး မှ မဟုတ်တာ။ ဒီတော့ဘာ ဖြစ်သလဲဆိုတော့ တို့ သူ့ကို တကယ်ချစ်ခဲ့တာ မဟုတ်ဘူးဆိုတာကို ကိုယ့်ဘာသာကို သိလာတော့တာပဲ။ ဒါပေမဲ့ ခက်နေတာကတစ်ခုက သူနဲ့စေ့စပ်ထားပြီး ဖြစ်နေ တယ်။ အဲဒီ တော့ စောစောက ပြောသလိုပဲ တို့စဉ်းစားရတော့တယ်။ အမှားအတိုင်းဆက်သွားမ လား၊ အဲဒီ အမှားကို ငြင်းဆန်မလားဆိုတာပဲ၊ တို့က မျိုသိပ်စွာ ကြေကွဲရတာ မျိုးထက် ပွင့်လင်းစွာ ပေါက်ကွဲရတာ မျိုးကို ပိုပြီး သဘောကျတတ်တဲ့ မိန်းမဆိုတော့ ဒုတိယနည်းလမ်းကို ရွေးချယ်ခဲ့ တယ်။ အဲဒါရဲ့ ရလဒ် ကတော့ တို့ဟာ ယောက်ျား တစ်ယောက် ကို စေ့စပ်တဲ့အထိ လက်ခံခဲ့ပြီးမှ ခေါင်းခါငြင်းဆန်ရဲတဲ့ မိန်းမဆိုပြီး အတင်းပြောခံခဲ့ရတာ ပဲ။ ဒါပေမဲ့ ဒါက အကြောင်းမဟုတ်ပါဘူး။ ကိုယ့်လုပ်ရပ်မှန်တယ်လို့ ယူဆနိုင်ရင် အဲဒိလုပ်ရပ်ကြောင့် ရိုက်ခတ်လာမှု ကို ခံနိုင်ရည်ရှိရမှာ ပေါ့ ဟုတ်လား”
ချို့ရဲ့ ပြတ်သားမှု အား ကျွန်တော် သဘောကျသွားမိသော်လည်း ခေါင်းညိတ်ထောက်ခံခြင်း တော့ မပြုခဲ့။ ချို့ရဲ့ နောက်ထပ်ရည်းစားများ အကြောင်း ကျွန်တော် ဆက်မမေးတော့ ချိုက သူ ဖြတ်သန်းခဲ့မှု အား တဖြည်းဖြည်းပင် ပြောပြသည်။
ချို ဒုတိယမြောက် အချစ်ကို ထပ်မံရွေးချယ်ခဲ့သော အချိန်သည် သူ နောက်ဆုံးနှစ် တက် နေသော အချိန်မှာ ဖြစ်သည်။ “လက်ထပ်ဖို့ စဉ်းစားပြီး ချစ်ခဲ့ခြင်း” ကြောင့် အမှားတစ်ခုနှင့် ရင်ဆိုင် တိုးခဲ့ရသော ချိုမှာ “ချစ်ပြီးမှ လက်ထပ်ဖို့ စဉ်းစားမည် ” ဟူသော အယူအဆကို ပြောင်းလဲရပ်တည် ခဲ့သည်ဟု ဆိုသည်။ သူ၏ ဒုတိယမြောက်ချစ်သူအား လက်ထပ်သင့်၊ မသင့်ဟူသော စံနှုန်းထက် သူကိုယ်တိုင် တကယ်ချစ်၊ မချစ်ဟူသော စံနှုန်းဖြင့် သာ ပိုင်းဖြတ်လက်ခံခဲ့သည်။ ထိုချစ်သူအား သူစူးနစ်စွာ ချစ်မိပြီး ထိုချစ်သူကိုပင် လက်ထပ်မည် ဟု ပြတ်သားစွာ ဆုံးဖြတ်ပြီးချိန်မှာ “ချို့အပြော အရ ” အနည်းငယ် ရှက်စရာကောင်းပြီး အနည်းငယ်လည်း ထူးဆန်းသော အ ဖြစ်အပျက်နှစ် ခု ဖြစ် ပွားခဲ့သည်ဟု ဆိုသည်။
ရှက်စရာကောင်းသည်ဟု ချိုသတ်မှတ်ခဲ့သော ဖြစ်ရပ်မှာ တို့ချစ်သူသည် ချို့အား လက်မ ထပ်ဘဲ အခြားကောင်မလေး တစ်ယောက် လက်ထပ်သွားခဲ့ခြင်း ဖြစ်ပြီး ထူးဆန်းသော အ ဖြစ် အပျက် ကတော့ ထိုကိစ္စကြောင့် ချိုအပြင်းအထန်ခံစားရလိမ့်မည် ဟု ကိုယ့်ကိုယ်ထင်ခဲ့သော်လည်း သိပ်မခံစားခဲ့ရခြင်းပဲ ဖြစ်သည်။
“အဲဒီ နောက်တော့ ချစ်တိုင်လဲ ရင်မခုန်သလို ရင်ခုန်တိုင်းလဲ အချစ်မဟုတ်ဘူးဆိုတာကို တို့ နည်းနည်း သဘောပေါက်လာခဲ့တယ်။ တို့ကျောင်းပြီးတော့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်တယ်။ အဲဒီ မှာ တတိယချစ်သူနဲ့ တွေ့ တယ်။ သူ့ကို တို့ချစ်သလို သူကလဲ တို့ကိုချစ်တယ်။ ဒါပေမဲ့ သူ့ကို သူငယ်ချင်းဆိုတဲ့ စည်းထက် အကျော်မခံခဲ့ဘူး သူတို့ကို ချစ်ရေး ဆိုပေမယ့် တို့ ပြတ်ပြတ်သား သား ငြင်းလိုက်တာပဲ”
“ဘာ ဖြစ်လို့လဲ”
ကျွန်တော် နားမလည်စွာ မေးတော ချိုဟက်ခနဲ တစ်ချက်ရယ်ရင်း “သူ့မှာ အိမ်ထောင်ရှိလို့” ဟု အဖြေပေးသည်။
“တို့ သူ့ကို ငြင်းခဲ့ရတဲ့ အကြောင်းရင်းတစ်ခုလဲ ရှိသေးတယ် အဲဒါ ကတော့ သူကတို့ကို ရင်ခုန်မှု နောက်ကို ခပ်လွယ်လွယ်လိုက်မယ့် မိန်းမလို့ ထင်ထားလို့ပဲ၊ သူ့ကိုချစ်ပေမယ့် အဲလို လျှော့တွက်တာမျိုးကိုတော့ သိပ်မုန်းတယ်… ဒါကြောင့် ခပ်ပြတ်ပြတ် ငြင်းခဲ့တယ်”
“အဲဒါနဲ့ပဲ စတုတ္ထရည်းစားနဲ့ ထပ်တွေ့ တယ်ဆိုပါတော့”
ကျွန်တော် မေးခွန်းအဆုံး ချိုဟက်ဟက်ပက်ပက်ရယ်မောရင်း…
“တို့ ယူ့ကို အဲဒီ လောက် စပ်စုတတ်လိမ့်မယ်လို့ မထင်ခဲ့ဘူး သိလား”
ချို့အပြောကြောင့် ကျွန်တော် အောင့်သက်သက် ခံစားလိုက်ရသေးသည်။
“ဒါ စပ်စုတာ မဟုတ်ပါဘူး”
“ဒါဖြင့် ဘာလဲ”
“ချို့အတိတ်ကို လေ့လာနေတာ”
“ဘာလဲ ပြီးရင် ၀တ္ထုထဲ ထည့်ရေး ဖို့လား”
“ဆိုပါတော့”
ချို ခေါင်းကို နောက်လှန်၍ သဘောကျစွာ ရယ်မောသည်။ အတန်ကြာမှ အရယ်ရပ်ရင်း… စလင်းဘက်ထဲမှ စားလက်စ ချော့ကလက်တောင့်ကို ထုတ်၍ တစ်ကိုက် ကိုက်သည်။ သူ အလွန် ကြိုက်သော အာရုံခံစားမှု တစ်ခု၊ သို့မဟုတ် ရသာတစ်ခုလို ခံစားတိုင်း ဖြည်းညင်းစွာ အရသာခံ၍ ခံစားတတ်သည်ဆိုသော ချို့စကားအတိုင်း သူကြိုက်သော ချော့ကလက်ကို စားနေသည့် နေရာ၌ လည်း အလွန်အချိန်ယူ၍ စားတတ်သည်။
ချော့ကလက်တစ်ကိုက်နှင့် တစ်ကိုက်ကို အနည်းဆုံ ၁၅ မိနစ်လောက်ကြာအောင် ကွာ ခြားတတ်ပြီး တစ်ကိုက် ကိုက်ပြီးတိုင်းလည်း ထိုချော့ကလက်ကို ချက်ချင်း ၀ါးမစားဘဲ တမြုံမြုံနှင့် အကြာကြီး အရသာခံနေတတ်သည်။
ကျွန်တော် ချို ချော့ကလက်စားနေပုံကို စိတ်မရှည်စွာ ငေးကြည်နေမိသော်လည်း ချို့အား ကျွန်တော် စိတ်မရှည်မှု ကို ဂရုပြုမိပုံမရ။ ချော့ကလက်ကိုသာ အရသာခံ၍ စိတ်အေးလက်အေး မြုံနေသည်။ အတော် ကြီးကြာ ကျွန်တော့်ဘက်သို့ လှည့်၍ မေးခွန်းထုတ်သည်။
“တို့ စတုတ္ထရည်းစားအကြောင်း ယူသိချင်လို့လား”
“သူ့အကြောင်းထက် သူန့ ချိုနဲ့ ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ပိုပြီး သိချင်တာ”
“ရိုးရိုးလေးပါ။ သူနဲ့တို့နဲ့ ချစ်ခဲ့ကြတယ်။ ပြီးတော့ ပြတ်ခဲ့တယ်။ ဒါပါပဲ တို့က သူ့ကို စပြီး ဖြတ်ခဲ့တာမဟုတ်ဘူး။ သူ့ဘာသာသူ နောက်ဆုတ်သွားတာ”
ချို့အဖြေကို ကျွန်တော် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်၍ နေသည်။
ကျွန်တော် ထင်ထားခဲ့သည်က နိုင်ကြီးကို ချိုက စတင်၍ ဖြတ်ခဲ့လိမ့်မည် ။ ထို့ကြောင့် နိုင်ကြီးလေလွင့်ရင်း ဘ၀ပျက်ခဲ့ခြင်း ဖြစ်မည် ဟု ထင်မြင်ယုံကြည်ထားခဲသည်။ သို့ သော် ချို့အဖြေ က သူ့ဘာသာသူ နောက်ဆုတ်သွားတာပါတဲ့။
“ဘာ ဖြစ်လို့ နောက်ဆုတ်သွားတာလဲ”
စိတ်အားထက်သန်စွာ မေးမိလိုက်သဖြင့် ကျွန်တော့် လေသံက မရည်ရွယ်ဘဲနှင့် အနည်း ငယ်မာဆတ်ဆတ်နိုင်သွားခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာ ပင် ကျွန်တော့် လေသံနှင့် ကျွန်တော့်မျက်နှာတင်းမာနေမှု ကို ချို မရိပ်မိခဲ့။
ချော့ကလက်မြုံရင်း ချိုအဖြေပေးသည်။
“သူနဲ့ တို့ ချစ်သူ ဖြစ်ခဲ့ပြီး နှစ် လေလောက်ကြာတော့ သူ တို့ကို ပြောတယ်။ လက်ထပ်ကြရ အောင်တဲ့ တို့အထင်တော့ နှစ် လဆိုတဲ့ အချိန်ဟာ ဘယ်တုန်းကမှ မသိခဲ့ဖူးတဲ့ လူနှစ် ယောက် တစ်ယောက် ကို တစ်ယောက် နားလည်နိုင်ဖို့အတွက် သိပ်နည်းလွန်းတယ်၊ ပြီးတော့ တို့က လက် ထပ်ဖို့ စဉ်းစားပြီးချစ်တဲ့အယူအဆကို လွှင့်ပစ်တဲ့မိန်းမ။ တကယ့်ကို စူးစူးနစ်နစ်ချစ်ပြီးမှသာ လက် ထပ်ချင်တဲ့ မိန်းမ၊ ဒီတော့ သူ့ကို ချစ်တယ်ဆိုတဲ့ ကိစ္စမှာ တို့ဘာသာတို့ သေချာချင်တယ်၊ ဒါကြောင့် စဉ်းစားဦးမယ်လို့ အဖြေပေးလိုက်တယ်၊ ဒီလို ပြောတာ တို့သူ့ကို လုံးဝမချစ်ခဲ့လို့ မဟုတ် ဘူး။ ချစ်တယ်၊ ဒါပေမဲ့ အဲဒီ အချစ်ဟာ ဘယ်လိုအချစ်မျိုးလဲ၊ ဘယ်လောက်အတိုင်းအတာရှိတဲ့ အချစ်မျိုးလဲ ကိုယ့်ဘာသာကို ဆန်စစ်ချင်လို့ အချိန်ယူလိုက်တာ
“အဲဒီ လို အချိန်ယူ စဉ်းစားနေဆဲ ကာလမှာ ပဲ သူနဲ့ တို့ နားလည်မှု ချင်း လွဲနေတာတွေ တွေ့ ရတယ်ဆိုပါတော့။ တို့က ကျောင်းတုန်းကတည်း.. အပေါင်းအသင်းများ တယ်၊ ယောက်ျား လေးရော၊ မိန်းကလေးရောပေါ့။ တကယ်လို့ ငါးနှစ် လောက်ကွဲကွာနေတဲ့ သူငယ်ချင်း တစ်ယောက် ကို သူနဲ့တွဲ သွားနေတုန်း လမ်းမှာ တွေ့ တဲ့အခါ ငါးမိနစ်လောက် ရပ်စကားပြောမိကောင်း ပြောမိ တယ်။ ဒါကို သူက မကြိုက်ဘူး။ သ၀န်တိုတယ်၊ တိုကလဲ သ၀န်တိုတတ်တဲ့ ခပ်ညံ့ညံ့ ယောက်ျား မျိုးဆို သိပ်မုန်းတယ်။ သူ ကတော့ သ၀န်တိုတာဟာ ချစ်တဲ့အကြောင်းပြတယ်။ တို့အမြင်မှာ တော့ ချစ်တာရယ်၊ သ၀န်တိုတာရယ်၊ နားလည်မှု မရှိတာရယ်ဟာ သပ်သပ်စီပဲ၊ ဘာမှမဆိုင်ဘူး။ သွေး သားမတော် စပ်တဲ့ လူနှစ် ယောက် ရဲ့ ဘ၀က တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားစေဖို့ သိပ်ချစ်တဲ့ အချစ်ချည်းရှိနေလို့ မ ဖြစ်သလို နားလည်မှု ချည်း ရှိနေလို့လဲ မ ဖြစ်ဘူး။ အချစ်ရော နားလည်မှု ပါ ရှိုဖို့လိုတယ်…”
သူတို့ကို သိပ်ချစ်တယ်၊ ဒါပေမဲ့ နားမည် ဘူး။ အဲဒီ တော့ သူ နားလည်မှု ရှိလာအောင် တို့ အချိန်ထပ်ယူလိုက်တယ်၊ စဉ်းစားဦးမယ်ဆိုပြီး အချိန်ထပ်ဆွဲလိုက်တယ်၊ အဲဒီ အခါမှာ တော့ သူ့ ဘာသူ စိတ်မရှည်တော့ဘဲ ကျောခိုင်းသွားတယ် အဲဒါပဲ”
ချိုစကားအဆုံး ကျွန်တော် ချို့ကို ငေးကြည့်နေမိသည်။ ကျွန်တော့် အကြည့်တို့ ဘယ် လောက်ကြာသွားသည် ကျွန်တော် မသိ။ ချို ကျွန်တော့်ကို တုံ့ပြန်စိုက်ကြည့်လာမှသာ ကျွတော့် ကိုယ် ကျွန်တော် အသိဝင်လျက် ချို့ထံမှ အကြည့်ကိုလွဲရင်း မေးခွန်းတစ်ခု မေးလိုက်မိသည်။
“ချို ဘာ ဖြစ်လို့ သူ့ကို အဲဒီ အကြောင်းတွေ ရှင်းမပြတာလဲ။ ဘာ ဖြစ်လို့ လိုက်ညှိနှိုင်ဖို့ မကြိုးစားတာလဲ”
ကျွန်တော့် မေးခွန်းအဆုံး ချို ခပ်ယဲ့ယဲ့ပြုံရင်း တစ်လုံးချင်း အဖြေပေးသည်။
“ဘာ ဖြစ်လို့လဲဆိုတော့ နားလည်မှု လွဲမှားစွာ ကျောခိုင်းခွဲခွာသွားတဲ့ လူ တစ်ယောက် ကို လိုက်ညှိနှိုင်းဖို့ ကြိုးစားတတ်တဲ့ ခပ်ညံ့ညံ့ မိန်းမတွေ ထဲမှာ ချို မပါလို့ပေါ့ ရဲထွတ်ခေါင်၊ သူ တို့ကို ကျောခိုင်းသွားတဲ့အတွက် သူ ခံစားရသလို တို့လဲ ခံစားရတာ ပဲ။ ဒါပေမဲ့ ခံစားရတာ က ခံစားရတာ ပဲ။ လူက ချစ်ပေမယ့် မူအရ မ ဖြစ်တော့တဲ့အခါကျရင် ရင်နှစ် ခြမ်း ဗြန်းဗြန်းကွဲ သွားပါစေ၊ နောက် ဆုတ်ကြေကွဲကြရုံပေါ့ ရဲထွတ်ခေါင်ရဲ့ ။ ဒါ မဆန်းပါဘူး”
“ချို့အယူအဆတွေ က ဘယ်လောက်များ ပြတ်သားလိုက်ပါသလဲ”
ကျွန်တော် ချို့ကို တအံ့တသြ ငေးကြည့်နေမိတော့သည်။
ချို့အကြောင်းများ ၊ အထူးသဖြင့် ချိုနှင့် နိုင်ကြီး၏ အကြောင်းများ ကို သိလာခဲ့ပြီးနောက်ပိုင်း ကျွန်တော့် အတွက် တွေးစရာတစ်ခုက ချိုသည် ကျွန်တော် တို့ မူလက ထင်ခဲ့သလို နိုင်ကြီး၏ ဘ၀ ကို တမင်ဖျက်ဆီးခဲ့ခြင်း ဟုတ်၊ မဟုတ်ဆိုတာပဲ ဖြစ်သည်။ ချိုပြောခဲ့သည့်စကားများ အရဆိုပါက နိုင်ငံကြီးသည် ချို၏ အချိန်ဆွဲမှု ကို သည်းမခံနိုင်တော့စွာ ပြီးတော့ နားလည်မှု လွဲမှားစွာ ကျောခိုင်း ခွဲခွာသွားခဲ့ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် နိုင်ကြီး၏ ဘ၀ကို တမင်ဖျက်ဆီးခဲ့ခြင်းမဟုတ်ဟု ယူဆရန်ရှိသော်လည်း ဘယ်တုန်းကမှ အရက်မသောက်ခဲ့သော နိုင်ကြီး ချို့အတွက် အရက်အလွန်အကျွံသောက်မှု ကြောင့် သေဆုံးခဲ့ရခြင်းကိုတော့ ဥပေက္ခာပြု၍ မရ။ နိုင်ကြီးသေဆုံးခဲ့ရမှု က ချိုနှင့် သွယ်ဝိုက်စွာ ပတ်သက်နေခဲ့၏ ။
နောက်ဆုံးတော့ နိုင်ကြီးဘ၀ကို ချိုဖျက်ဆီးခဲ့ခြင်းမဟုတ်သော်လည်း နိုင်ကြီးဘ၀ ပျက်ခဲ့ ရခြင်း ကတော့ ချို့ကြောင့် ပင် ဖြစ်သည်ဟု ကျွန်တော် ကောက်ချက်ချ ဖြစ်ခဲ့သည်။ သို့သော် ချိုက တော့ နိုင်ကြီး ဘ၀ပျက်ခဲ့ခြင်းအကြောင်း အသေးစိတ်သိပုံမရသလို သူ့အတွက် နိုင်ကြီး အရက် သောက် ဖြစ်ခဲ့ကြောင်းကိုလည်း သိပုံမရပါ။
သတင်းစာထဲမှ နိုင်ကြီး၏ နာရေး ကြော်ငြာကို တွေ့ မှသာ နိုင်ကြီးသေဆုံးကြောင်းနှင့် မသေဆုံးမီ သင်္ဘောပြန်တက်သွားခဲ့ကြောင်းကိုလည်း သိရသည်ဟု ဆိုသည်။
“အဲဒီ တုန်းက ချို ဘယ်လိုမှ မခံစားရဘူးလား”
ဟု ကျွန်တော် သိချင်စိတ်ပြင်းပြစွာ မေးတော့ ချို ကျွန်တော့်ကိုကြည့်ရင်း…
“ကိုယ်နဲ့ ပတ်သက်ခဲ့ဖူးတဲ့ လူ တစ်ယောက် ဆုံးသွားတာကို ဘယ်လိုမှ မခံစားရအောင် ချို့ ဘာမို့လို့လဲ ရဲထွတ်ခေါင်ရဲ့ ခံစားရတာ ပေါ့”
ဟု ရိုးသားစွာ သို့မဟုတ် ရိုးသားဟန်ဆောင်ကာ အဖြေပေးခဲ့သည်။
ချို့အဖြေ အမှန်တကယ် ရိုးသားမှု ရှိ၊ မရှိကို သိနိုင်ရန်အတွက် နိုင်ကြီးသေဆုံးခဲ့ပုံ အသေး စိတ်အား ပြောပြလိုက်ခြင်းဖြင့် စမ်းသပ်နိုင်သော်လည်း ကျွန်တော် ထိုမျှအထိ မစွန့်စား ဖြစ်ခဲ့။ နိုင်ကြီးနှင့် ဘယ်လိုမှ မပတ်သက်ခဲ့သူ တစ်ယောက် ပမာ ချိုပြောသမျှကိုသာ ငြိမ်သက်စွာ နားထောင် ဖြစ်ခဲ့သ်။
ထိုအတောအတွင်း ချိုနှင့် ကျွန်တော် ၏ ဆက်ဆံရေး အခြေအနေက ထူးခြားစွာ တိုးတက် ပြောင်းလဲမှု မရှိခဲ့။ တချို့သော နေ့လယ်ဘက်များ ၌ ချို့အား လက်ဖက်ရည်သောက်သွားခေါ်၍ တချိုသော ညနေခင်းတွေ မှာ တော့ ရုံးကြို ဖြစ်ခဲ့သည်။
အမှန်တော့ ချို့ရုံးအကြိုအပို့တာဝန်မှာ ကုမ္ပဏီ၏ တာဝန်သာ ဖြစ်သော်လည်း ကျွန်တော် ကတော့ မကြခဏဆိုသလို ချို့အား ရုံးကြို ဖြစ်ခဲသည်။ ချို့ ရုံးရှေ့၌ အနက်ရောင် မှန်အလုံပိတ် ထားသော ကျွန်တော့်ကားရောက်ရှိနေတတသည့် ရုံးဆင်းချိန်များ ၌ ချို့ကုမ္ပဏီပိုင်ကားဆီသို့ မသွားတော့ဘဲ ကျွန်တော့်ကားဆီသို့သာ လျှောက်လှမ်းလာပြီ ကားထဲသို့ ၀င်ထိုင်တတ်သည်။ ထို့နောက် ချိုနှင့် ကျွန်တော် တစ်ဆိုင်ဆိုင်မှာ တစ်ခုခုစားပြီး ချို့ကို အိမ်ပြန်ပို့ရသည်။
ထိုသို့ ရံဖန်ရံခါ ရုံးလာကြိုတတ်ခြင်းနှင့် ပတ်သက်၍ ကျွန်တော့်အား တစ်စုံတစ်ရာ ကန့် ကွက်ခြင်း မရှိသလို၊ နောက်နေ့တွေ လာကြိုရန်လည် တောင်းဆိုတတ်ခြင်းမရှိ။ ကျွန်တော် လာကြို ချိန်၌ ကျွန်တော် နှင့် ပြန်ပြီး ကျွန်တော် မကြိုလျှင် ကုမ္ပဏီကားနှင့်ပင် ပြန်တတ်သည်။ ဘာပဲ ဖြစ် ဖြစ် ရံဖန်ရံခါ ထိုရုံးသို့ သွားကြို ဖြစ်ခဲ့ခြင်း၏ ရလဒ် ကတော့ ချိုနှင့် ကျွန်တော် အကြောင်းအား တစ်ရုံး လုံးက ရိပ်မိကုန်ခြင်းပဲ ဖြစ်သည်။
ထိုအကြောင်း ချို ကျွန်တော့် အား ပြန်ပြောပြတော့ ကျွန်တော် ရယ်မောရင်း…..
“အဲလို တစ်ရုံးလုံးက သိကုန်တာ မကောင်းဘူးလား”
“ကောင်းသလား”
“သိပ်ကောင်းတာပေါ့”
ကျွန်တော် ခပ်သွက်သွက်အဖြေပေးလိုက် တော့ ချိုဘာမှ ပြန်မပြောတော့ဘဲ နှုတ်ဆိတ် ငြိမ်သက်သွားတော့သည်။
ထိုသို့ သိပ်ကောင်းတာပေါ့ဟု ကျွန်တော် အဖြေပေး ဖြစ်ခဲ့သည့်တိုင် ဘာကောင်းမှန်း ကျွန် တော် မသိ။
သို့ သော် အောင်ရဲနှင့် ဇေယျတို့က ထိုကိစ္စမှာ ချို့အား စိတ်ဓာတ်ရေး ရာ နာကျင်အောင် လုပ်ဖို့အတွက် ဆိုပါက အလွန် ကောင်းသည်ဟု ဆိုကြသည်။
ကျွန်တော် နားမလည်စွာ ‘ဘာကောင်းတာလဲ’ ဟု မေးတော့….
“မှတ်ထား ရဲထွတ်၊ မိန်းကလေး တစ်ယောက် မှာ ရည်းစားရှိကြောင်း လူများများ သိလေ….အဲဒီ ရည်းစားကို ခွာဖို့ အဲဒီ မိန်းကလေးပိုခက်လာလေပဲ”
“အဲဒီ တော့ ဘာ ဖြစ်သလဲ”
“ဘာ ဖြစ်ရမှာ လဲ၊ မင်းကို ခွာဖို့ခက်လာပြီ်ဆိုရင် သူ မင်းနားကို ပိုတိုးလာတော့မှာ ပေါ့၊ အဲဒီ လို ပစ်မှတ်က ကိုယ့်အနား တိုးလာပြီဆိုရင် အဲဒီ ပစ်မှတ်ကို မှန်အောင်ပစ်ဖို့ ကိစ္စက ပိုလွယ်လာပြီပဲ၊ နောက်ဆုံး သေချာပေါက် အကွာဝေးရောက်လာတဲ့အခါ မောင်းဖြုတ်ချလိုက်ရုံပဲ”
သာမန်စကားဖြင့်ဆိုလျှင် ဇေယျ၏ စကားက ကျောစိမ့်စရာ ကောင်းသော စကား ဖြစ်သော် လည်း ကျွန်တော် ကတော့ ကျောမစိမ့်။ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။ ပြီးမှ ဇေယျကို ကြည့်ရင်း…..
“မင်းစကားက သာမန်မိန်းကလေးတွေ အတွက် ဆိုရင်တော့ ဟုတ်ကောင်းမယ် ဇေယျ၊ ဒါပေမဲ့……ချိုက သာမန်မိန်းကလေး မဟုတ်ဘူး”
“ဘယ်လိုမိန်းကလေးပဲ ဖြစ် ဖြစ် ….မိန်းကလေးဟာ မိန်းကလေးပါပဲ ရဲထွတ်၊ အတွေးအခေါ် တွေ ထက်မြက်ရုံ၊ အယူအဆတွေ စူးရှရုံနဲ့ မိန်းမ တစ်ယောက် ဟာ ယောက်ျား ဖြစ်မလာနိုင်ပါဘူး၊ မိန်းမဟာ မိန်းမပါပဲ ”
အခြေအနေတွေ က ရယ်စရာတော့ကောင်းသည်။
ကျွန်တော် ချို့အား ချဉ်းကပ်မည် ဆိုလျှင် အောင်ရဲနှင့် ဇေယျမှာ ကျွန်တော့်အတွက် စိုးရွံ့စွာ ၀ိုင်းဝန်းတားဆီးခဲ့ကြသလို’မင်းနဲ့ လက်ရည်ချင်း သိပ်ကွာတယ် ရဲထွတ်’ ဟုလည်း သတိပေး ကန့်ကွက်ခဲ့ကြသည်။ ကျွန်တော် နှင့် ချို ချစ်သူ ဖြစ်ခဲ့ချိန်အထိပင် စိုးရိမ်စွာ သတိပေးကြဆဲပင်။
ခုကျတော့လည်း ကျွန်တော် ချို့ကို စိတ်ဓာတ်ရေး ရာ အသာစီးရယူရန် ဟုဆိုကာ အားပေးလာကြပြန်သည်။ ကျွန်တော် သူတို့အား နားမလည်နိုင်အောင် ဖြစ်နေတော့သည်။
ထိုအချိန်မှာ ပင် အောင်ရဲက ကျွန်တော့် နားမလည်မှု ကို ဖြေရှင်းလာခဲ့သည်။
“ငါတို့ မင်းကို တားခဲ့တုန်းက မင်းအတွက် တကယ်ကို စိုးရိမ်လို့ တားခဲ့ရတာ ရဲထွတ်၊ ဒါပေမဲ့ ငါတို့တားနေတဲ့ကြားက မင်း ချို့နားကိုရောက်အောင် ကပ်သွားခဲ့တယ်၊ ခု ချိုနားကို ရောက်ပြီ၊ မင်း ဘာလုပ်မလဲ….ချို့ကို လေ့လာမှာ လား၊ ဒါမှမဟုတ် နိုင်ကြီးခံစားရသလို ချို ပြန်ပြီး ခံစားရအောင် လုပ်မှာ လား၊ မင်း ရည်ရွယ်ချက်ကို မြန်မြန်အကောင်အထည်ဖော်၊ ပြီးရင် မြန်မြန် နောက်ဆုတ်၊အဲဒါ မင်းအတွက် အန္တရာယ်အကင်းဆုံးပဲ၊ ဒါကြောင့် မင်းကို ၀ိုင်းတိုက်တွန်းနေကြတာ”
“ဟုတ်တယ် ရဲထွတ်…….ချို့နားမှာ ကြာကြာနေတာဟာ မင်းအတွက် အန္တရာယ်များ တယ်၊ ခုဆို ချိုဟာ ဘယ်လိုမိန်းမမျိုးလဲဆိုတာ မင်းလဲ အတော် အသင့် လေ့လာပြီးလောက်ရောပေါ့။ဒီတော့ ဒုတိယရည်ရွယ်ချက်ကို မြန်မြန် အကောင်အထည်ဖော်၊ တကယ်လို့ အကောင်အထည်ဖော်ဖို့ အခွင့်အရေး မရနိုင်ဘူးဆိုရင်လဲ မြန်မြန်နောက်ဆုတ်”
နောက်ဆုံးတော့…အောင်ရဲနှင့် ဇေယျ၏ အဓိကဦးတည်ချက်က ဒါပဲ ဖြစ်သည်။ ကျွန်တော် ချို့ထံ၌ ကြာရှည်တွယ်ငြိမနေရန် ဖိအားပေးလာကြခြင်းပဲ ဖြစ်သည်။ ကျွန်တော် သူတို့ကို ခေါင်းညိတ်ပြလိုက်ရင်း….
“စိတ်ချ…ငါ အမြန်ဆုံး အကောင်အထည်ဖော်မှာ ပါ”
ကျွန်တော် တလေးတနက်ပင် ကတိပေးလိုက် မိသည်။
ထိုသို့ ကတိပေး ဖြစ်ခဲ့သသည်တိုင် ဇေယျတို့ ပြောသလို နိုင်ကြီးအတွက် ရည်ရွယ်၍ ချိုအား စိတ်ဓာတ်ရေး ရာ နာကျင်မှု တစ်စုံတစ်ရာ ဖြစ်စေရန် မည် သို့ အကောင်အထည်ဖော်ရမည် ဟူသည်ကိုတော့ ကျွန်တော် စဉ်းစား၍ မရ။
သို့ သော် ထိုတုံ့ပြန်မှု စတင်ရန်အတွက် ချို ကျွန်တော့်နားသို့ ပိုမိုတိုးကပ်လာစေရန် (ချို့ အယူအဆများ အရ ဆိုပါက) ချို ကျွန်တော့် အား လက်ထပ်ချင်လောက်အောင် စူးစူးနစ်နစ် ချစ်လာစေရန် လိုအပ်ကြောင်း ကျွန်တောတွေးတောမိခဲ့သည်။
ထို့ကြောင့် ထိုကိစ္စများ မှာ ကျွန်တော် ပထမဦးစွာ ဆောင်ရွက်ရန် လိုအပ်သော ကိစ္စများ ဖြစ်လာတော့သည်။
“ဘယ်သွားမလို့လဲ”
တစ်လမ်းလုံး နှုတ်ဆိတ် ငြိမ်သက်စွာ လိုက်ပါလာခဲ့ပြီး ရွှေတောင်ကြားထဲ ချိုးကွေ့ဝင်တော့မှပင် ချို ကျွန်တော့် ကို လှည့်မေးသည်။ ကျွန်တော် ချို့ကို ဘာမှ အဖြေပြန်မပေး ဘဲ ကားကိုသာ ခပ်မြန်မြန် မောင်းလာခဲ့သည်။
လမ်းကွေ့တစ်ခုရောက်တော့ ကားကို အရှိန်လျှော့၍ လမ်းဘေးကို ထိုးရပ်ရင်း ချို့ကို ကျွန် တော် ပြောလိုက်သည်။
“ချို ဟိုအိမ်ကို ကြည့်စမ်း”
ကျွန်တော် ညွှန်ပြလိုက်သည့် အိမ်က ငါးတန်းကလေး တစ်ယောက် ပင် ခြံဝင်းအနေအထားနှင့် အိမ်အခြေအနေကို ကြည့်ပြီး အလွန်ကြီးကျယ်ခမ်းနားသည့် အိမ်အခြေအ နေ သိသာလွယ်သော အိမ်မျိုး ဖြစ်သည်။ ချိုက ကျွန်တော် ညွှန်ပြရာကိုကြည့်ပြီး ဘာအဓိပ္ပာယ်လဲ ဟူသော သဘောဖြင့် ကျွန်တော့် ကို မေးဆတ်လျက် မေးသည်။
“အဲဒါ ကိုယ့်အိမ်ပဲ”
ကျွန်တော့် စကားအဆုံး ချို ခေါင်းညိတ်ရင်း အသိအမှတ်ပြုဟန်ဖြင့် ‘သြော်’ ဟု ရေရွတ် သည်။
“ချို ဘယ်လိုသဘောရသလဲ”
“ဘာကိုလဲ”
“ကိုယ့်အိမ်ကိုလေ”
ချို ပခုံးတွန့်ပြရင်း…..
“ဘယ်လို သဘောရရမှာ လဲ…..အိမ်ဟာ အိမ်ပဲပေါ့ ရဲထွတ်ခေါင်ရဲ့ ”
သိန်း ရာပေါင်းများ စွာ အကုန်အကျခံထားသော အိမ်တစ်အိမ်အပေါ် ချို မှတ်ချက်ချလိုက်ပုံ က အိမ်ဟာ အိမ်ပဲပေါ့တဲ့။
ထိုအိမ်အတွင်းမှ ကျွန်တော့်မိဘများ သာ ကြားပါက ချို့ကို ၀ိုင်းရိုက်ချင်ကြပေလိမ့်မည် ။ ကျွန်တော် ဟက်ခနဲရယ်ရင်း….
“ထားပါတော့….တကယ်လို့ အဲဒီ အိမ်ဟာ ချိုနဲ့ ကိုယ် လက်ထပ်ပြီး နေဖို့အတွက်ဆိုရင် ကော….”
ထိုသို့ သော မေးခွန်းမျိုးဆိုလျှင်တော့ ချို မှတ်ချက် တစ်စုံတစ်ရာ ပြောင်းလဲလာနိုင်စရာအ ကြောင်းရှိပါသည်။ ကျွန်တော် ချို့အဖြေကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလိုက်သည်။
သို့ သော် ကျွန်တော့် စိတ်အားထက်သန်မှု ကို ချို တုံ့ပြန်လာပုံ ကတော့ နှာခေါင်းရှုံ့ရင်း ….
“သိပ်ကျယ်လွန်းနေမှာ ပေါ့”
ဟု အဖြေပေးခြင်းမျှသာ ဖြစ်သည်။
ကျွန်တော် စိတ်ညစ်ညူးစွာ ခေါင်းတစ်ချက် ယမ်းရင်း ကားစက်ကို ပြန်နှိုးလိုက်သည်။
“ပြန်မှာ လား”
“ဟင့်အင်း….အိမ်ထဲဝင်မလို့”
“ဘာအတွက်လဲ”
ချို အထိတ်တလန့် မေးသည်။ ကျွန်တော် ပြုံးရင်း….
“ကိုယ့်မိဘတွေ နဲ့ ချို့ကို မိတ်ဆတ်ပေးမလို့”
ကျွန်တော့် စကားကြောင့် ချို ကျွန်တော့် ကို စိုက်ကြည့်သည်။
“အဲဒါ ဘာအဓိပ္ပာယ်လဲ ရဲထွတ်ခေါင်”
“ဘာအဓိပ္ပာယ်လဲဆိုတော့ ချို့ကို ကိုယ့်မိဘတွေ နဲ့ သိသွားစေချင်တဲ့ အဓိပ္ပာယ်ပေါ့”
ချို ပခုံးတွန့်သည်…ကျွန်တော် ကားကို ခြံဝဆီသို့ မောင်းသွားရင်း ဟွန်းအရှည်ကြီး တီး လိုက်သည်။
“သူတို့က တို့ကို မေးခွန်းတွေ မေးဦးမှာ လား”
“အသေအချာကို မေးလိမ့်မယ်”
“ဘယ်လို မေးခွန်းမျိုးတွေ လဲ”
“ဥပမာ ချို ဘယ်ဘာသာကို ကိုးကွယ်သလဲ ဆိုတာမျိုးပေါ့”
“ဒါဖြင့် …တို့က အာရ်စီ (R.C) လို့ ဖြေလိုက်ရမှာ လား”
“ကြိုက်သလိုဖြေ၊ ဒါပေမဲ့ ဘယ်လိုပဲဖြေဖြေ ချိုနဲ့ ကိုယ်နဲ့ ချစ်သူ ဖြစ်နေကြတယ်ဆိုတဲ့ အချက်ကိုတော့ ပါအောင်ထည့်ဖြေ”
ကျွန်တော့် စကားကြောင့် ကိုယ်လေးကို တသိမ့်သိမ့် လှုပ်ယမ်းလျက် သဘောကျစွာ ရယ်ရင်း…..
“ဘာဆိုင်လို့လဲ ရဲထွတ်ခေါင်ရဲ့ ”
ဟု ချို မေးသည်။
ချို့အမေးကို ကျွန်တော် ဘာမှအဖြေပြန်မပေးဘဲ နေလိုက်သည်။ ထိုသို့ အဖြေမပေးဘဲ နေလိုက်ခြင်းဖြင့် ချိုသည် သူ့မေးခွန်း၏ အဖြေအား သူ့ဘာသာသူ စဉ်းစားတွေးတောနေရလိမ့်မည် ဖြစ်ပြီး ထိုသို့ တွေးလာနေရခြင်းကပင် ကျွန်တော့် နည်းဗျူဟာအောက်သို့ ချို ကျရောက်သွားခြင်းပဲ ဖြစ်သည်။
အိမ်ထဲသို့ ရောက်တော့ ကျွန်တော် ကြိုတင်အကြောင်းကြားထားမှု ကြောင့် အခက်အခဲတစ် စုံတစ်ရာမရှိ။ ကျွန်တော့် အဖေနှင့် အမေက ချို့အား ဖော်ဖော်ရွေရွေပင် ဆက်ဆံကြသည်။တကယ် တော့ ကျွန်တော် နှင့် ပတ်သက်သူ မည် သူမဆိုအား ကျွန်တော့်မိဘက ထိုသို့ ဆက်ဆံမြဲ ဖြစ်သော် လည်း ချို ကတော့ သူ့ကျမှ ထူးခြားစွာ ဆက်ဆံသည်ဟု ယူဆကောင်း ယူဆပေလိမ့်မည် ။ အကယ် ၍ ထိုသို့ ယူဆမည် ဆိုလျှင်တော့ ချို၏ နောက်ထပ်စိတ်ဓာတ်ပိုင်းဆိုင်ရာ ရှုံးနိမ့်ခြင်းတစ်မျိုးပင် ဖြစ်သည်။
ကျွန်တော့် မိဘများ နှင့် ၁၅ မိနစ်လောက် စကားစမြည် ပြောပြီးနောက် ချိုနှင့် ကျွန်တော် ပြန်လာခဲ့ကြသည်။
“ဘယ်လို သဘောရသလဲ”
လမ်းပေါ်ရောက်တော့ ကျွန်တော် ချို့ဘက် လှည့်ကြည့်ရင်း မေးလိုက်သည်။
“မဆိုပါဘူး၊ နည်းနည်း ချိုလွန်းနေတာတစ်ခုကလွဲရင် သောက်လို့ကောင်းသားပဲ”
“ဘာကို ပြောတာလဲ”
“ယူ့အိမ်က ကော်ဖီကိုလေ”
သေတော့မှာ ပဲ။
ကျွန်တော် စိတ်ပျက်သဘောကျစွာ ရယ်မောလိုက်တော့သည်။ ကျွန်တော့် ရယ်မောမှု ကြောင့် ချို ကျွန်တော့် ကို လှည့်ကြည့်သည်။
“ကိုယ်မေးတာက ကိုယ့်မိဘတွေ ကို ဘယ်လိုသဘောရလဲလို့ မေးတာ”
“ သြော်”
သည်တော့မှ ချို သဘောပေါက်စွာ ခေါင်းညိတ်ရင်း..
“ဖော်ရွေကြသားပဲ” ဟု မှတ်ချက်ချသည်။
“နောက်ဆို သည့်ထက်တောင် ဖော်ရွေကြဦးမယ်”
“နောက်ဆို….”
“ဒါပေါ့၊ ချို့နဲ့ ကိုယ်နဲ့ လက်ထပ်ပြီးတဲ့အခါ ပြောတာ”
ကျွန်တော့်စကားအဆုံး ချို့နှုတ်ခမ်းတွန့်ကွေးအပြုံးတစ်ခုကို ပြုံးရင်း…
“ဒါ… ယူတို့ကို လက်ထပ်ခွင့်တောင်းနေတာပေါ့ ဟုတ်လာ”
ချို့မေးခွန်းက ဘယ်လောက်များ ရေလာမြောင်းပေးဆန်လိုက်ပါသလဲ။
ထိုသို့သော မေးခွန်းမျိုးအတွက် ကျွန်တော် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
ကျွန်တော် တမင် အသံထွက်ရယ်လိုက်လျက် ခေါင်းယမ်းပြလိုက်ရင်း…
“မိန်းကလေး တစ်ယောက် ကို လက်ထပ်ခွင့် တောင်းတတ်တဲ့ ခပ်ကြောင်ကြောင် ယောက်ျားတွေ ထဲမှာ ရဲထွတ်ခေါင် မပါဘူး ချိုရဲ့ ။ ကိုယ်က ချို့ကို လက်ထပ်ခွင့်ပေးနေတာ၊ ချို ကိုယ့်ကို လက်ထပ်ချင်ရင် လက်ထပ်နိုင်တယ်လို့ ပြောတာ”
တော် ရုံတန်ရုံ မိန်းကလေး တစ်ယောက် ဆိုလျှင်တော့ ကျွန်တော့စကားအတွက် အလွန် အမင်းဒေါသထွက်သွားနိုင်စရာ ရှိသော်လည်း ချို ကတော့ ခပ်အေးအေးပင်၊ ကျွန်တော့်ကို ပြုံးကြည့်ရင်း အေးဆေးစွာ တုံ့ပြန်သည်။
“ဟုတ်လား ဒါဖြင့် အဲဒီ အခွင့်အရေး ကြီးကို တို့က လက်လွတ်ခံလို့ ဘယ် ဖြစ်ပါ့မလဲ ”တဲ့။
ချိုတုံ့ပြန်လိုက်ပုံက ဘယ်လောက်များ အရည်ပျော်ချင်စရာကောင်းလိုက်ပါသဲ။
ချို့စကားကြောင့် ကျွန်တော် အနည်းငယ် ရင်ဖိုသွားမိသော်လည်း ထိုစကားနောက်သို့ ယုံ ကြည်စွာ လိုက်ပါသွားရလောက်အောင်တော့ ကျွန်တော် မညံ့။ အကယ်၍ ကျွန်တော် က “ဒါဖြင့် ချို ကိုယ့်ကို လက်ထပ်မယ်ပေါ့ ဟုတ်လား” ဟု ၀မ်းသာအားရ အမူအရာမျိုးဖြင့် မေးမြန်းလိုက်မိပါက ဒီပွဲ၌ ကျွန်တော် စောစီးစွာ ရှုံးနိမ့်သွားနိုင်ပါသည်။
ချို့စကားအတွက် အနည်းငယ် မခိုးမခန့်နိုင်သည်ဟု ထင်စရာကောင်းမည့်  အပြုံးတစ်ခုမှ အပ ကျွန်တော် ဘာမှ မတုံ့ပြန်ဘဲ နှုတ်ဆိတ်နေလိုက်သည်။
ကျွန်တော့်အား စူးနစ်စွာ ချစ်လာစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ချိုအား ဆွဲဆောင်ရ သော ကိစ္စမှာ ဖြစ်နိုင်ချေဖြင့် တွက်ပါက အလွန်အားနည်းသည့် ကိစ္စတစ်ခု ဖြစ်နိုင်သော်လည်း အလုပ်တစ်ခုကို လုပ်လျှင် ကိုယ့်ယုံကြည်မှု ကို ထိပါးစေမည့်  အတွေးမှန်သမျှကို တွေးလေ့မရှိသော ကျွန်တော် သည် ထိုကိစ္စကို ဥပေက္ခာပြုလျက် ချိုအာ ဆွဲဆောင်ခြင်းကိစ္စတစ်ခုတည်းကိုသာ အာရုံ စူးစိုက်ကာ အကောင်အထည်ဖော်မိခဲ့သည်။
ထိုသို့ ဒွိဟ ဖြစ်စေမည့်  အတွေးမျိုးကို မတွေးဘဲ ချိုအား ဆွဲဆောင်ခြင်း၌ သာ အာရုံစူးစိုက် ထားခဲ့သော်လည်း တစ်ခါတစ်ရံတော့ ဇဝေဇ၀ါ ဖြစ်စွာ အခက်အခဲ တွေ့ လာရသည်များ ရှိခဲ့သည်။ ထိုသို့ ကျွန်တော့်အား အခက်အခဲ တွေ့ စေသည် ကတော့ ချို၏ စရိုက်များ ပဲ ဖြစ်သည်။
ကျွန်တော့မိဘနှင့် ချိုအား မိတ်ဆက်ပေးစဉ်နေ့က ကျွန်တော့်အား လက်ထပ်ရန် အခွင့် ရေး ကို လက်လွတ်ခံလို့ ဘယ် ဖြစ်ပါ့မလဲဟု ရင်ဖိုဖွယ်ကောင်းအောင် ချိုပြောခဲ့သော်လည်း နောက် နေ့တွေ မှာ တော့ ထိုကိစ္စနှင့် ပတ်သက်၍ ချိုစကားမစတော့။
ထိုအခါ အခြေအနေအရ ကျွန်တော် ကပင် ထိုကိစ္စကို ပြန်လည်စတင်ရန် လိုအပ်တော့ သည်။ တကယ်တော့ ကျွန်တော် ကိုယ်တိုင်ကလည်း ချို ကျွန်တော့်အား လက်ထပ်ချင်စိတ် ရှိ၊ မရှိ ဟူသော ကိစ္စ၌ အလွန်သေချာချင်ပါသည်။
သို့သော် တစ်ခုစဉ်းစားစရာရှိသည်က “လက်လွတ်ခံလို့ ဘယ် ဖြစ်ပါ့မလဲ” ဟု ချိုပြောခဲ့ သော စကားမှာ အလေးအနက်စကား ဖြစ်ပါက ထိုစကားနှင့် ပတ်သက်ပြီး ကျွန်တော် ပြန်လည် စတင်လိုက်ခြင်းအတွက် ပြဿနာမရှိသော်လည်း အကယ်၍ ချို့စကားမှာ ပေါ့ပါးစွာ နောက်ရွှတ် ပြောလိုက်သည့် စကား ဖြစ်မည် ဆိုလျှင်တော့ ကျွန်တော် ပြန်လည်စတင်မှု မှာ ကျွန်တော် ၏ အရှုံး ပင် ဖြစ်ပေလိမ့်မည် ။
ထိုသို့ ဇဝေဇ၀ါ ဖြစ်ခဲ့ရမှု များ ကြောင့် ထိုအကြောင်းအရာဆီသို့ ကျွန်တော် ပြန်လည်ဦး တည်ချင်သည့်တိုင် ဦးမတည် ဖြစ်ခဲ့တဲ့ ချို့နည်းတူ မေ့လျော့ထားလိုက်ရတော့သည်။
ချို့ အေးစက်မှု များ ကြောင့် ထိုကဲ့သို့ ဇဝေဇ၀ါ ဖြစ်ခဲ့ရသည်များ ရှိခဲ့သလို စိတ်အနှောင့် အယှက် ဖြစ်စရာ အခြေအနေမျိုးနှင့် လည်း ကြုံတွေ့ ခဲ့ရဖူး၏ ။ တစ်ခါက ချိုနှင့် ကျွန်တော် ပန်းဆိုး တန်းမှ သုံးရောင် ခြယ်မှာ လက်ဖက်ရည်သွားသောက်ကြသည်။ ဆိုင်ထဲရောက်၍ လက်ဖက်ရည် နှင့် နန်းကြီးသုပ်မှာ ပြီးချိန်မှာ တော့ ချို ထိုင်ရာထရပ်ရင်း…
“ရဲထွတ်ခေါင်၊ ခဏလေးနော်၊ တို့အသိတွေ့ လို့”
ပြောပြောဆိုဆိုနှင့် ချို ကျွန်တော့်ကို ထားခဲ့ပြီး အခြားဝိုင်းတစ်ဝိုင်းဆီသို့ ထွက်သွားတော သည်။ ချိုဦးတည်လျှောက်လှမ်းသွားသည့်ဝိုင်းက ယောက်ျားလေး သုံးယောက် ထိုင်နေသော ၀ိုင်း ဖြစ်သည်။
ကျွန်တော့်အား ခဏနော် ဟူသော စကားဖြင့် တစ်ယောက် တည်း ထားခဲ့ခြင်းနှင့် ယောက်ျားလေး သုံးယောက် ရှိရာဝိုင်းသို့ ကူး ပြောင်းသွား ခြင်းတို့ကြောင့် ကျွန်တော် စိတ်အနှောင့် အယှက် ဖြစ်စွာ ဒေါသထွက်သွားမိသည်။
ထိုဒေါသ ဖြစ်သွားမှု နှင့် အတူ နိုင်ကြီးကိုလည်း ကျွန်တော် သတိရလိုက်မိသည်။ ကျွန်တော် ပင် ချို့အပြုအမူမျိုးအတွက် ထိုသို့ စိတ်အနှောင့်အယှက် ဖြစ်ရလျှင် ထိုအပြုအမူမျိုးနှင့် မကြာခဏ ကြုံတွေ့ ရခဲ့ရသော နိုင်ကြီး၏ စိတ်အနှောင့်အယှက် ဖြစ်ရမှု သည် ကျွန်တော့် ထက် အဆပေါင်းများ စွာ ပိုပေးလိမ့်မည် ။
ချို့ အပြုအမူအတွက် Counter Attack လုပ်ရန် ကျွန်တော် ချက်ချင်း ပင် ဆုံးဖြတ်လိုက် သည်။ ကျွန်တော့်ဆုံးဖြတ်မှု က ချို့အား ထားခဲ့ပြီး ကျွန်တော် တစ်ယောက် တည်း ထပြန်သွားရန် ဖြစ်သည်။
ထိုဆုံးဖြတ်ချက်နှင့်အတူ စားပွဲပေါ်မှ ကားသော့ ကို ကောက်ယူပြီးမှ ကျွန်တော် တစ်ခု စဉ်း စားလိုက်မိသည်။ ကျွန်တော် စဉ်းစားမိသည်က ကျွန်တော့်လုပ်ရပ်၌ သ၀န်တိုမှု အမျိုးအစားထဲ၌ ပါ ၀င်သွားနိုင်သည်ဆိုတာပဲ ဖြစ်သည်။ နောက်ပြီး သ၀န်တိုတာမျိုးကို ချိုကလည်း သဘောမကျဟု ကျွန်တော့်အား ပြောပြခဲ့ဖူးသည်ည။
ထို့ကြောင့် တန်ပြန်ထိုးစစ်အား အခြာတးစ်ခုကို ပြောင်းလဲလိုက်ရသည်။ ကျွန်တော် ပြောင်းလဲလိုက်သည့်တုံ့ပြန်မှု ကတော့ မှာ ကြားထားမှု ကြောင့်လာချပေးသော လက်ဖက်ရည်နှင့် နန်းကြီးသုပ်များ ထဲမှ ချို့အတွက် လက်ဖက်ရည်တစ်ခွက်နှင့် နန်းကြီးသုပ်တစ်ပွဲကို ချိုထိုင်နေရာ သို့ ပို့ခိုင်းလိုက်ခြင်းပင် ဖြစ်သည်။
ထိုတုံ့ပြန်မှု က ချို့အား အနည်းနှင့် အများ တော့ စိတ်အနှောင့်အယှက် ဖြစ်စေပါလိမ့်မည် ။ အကယ်၍ ထိုတုံ့ပြန်မှု အတွက် ချိုမည် သို့ မျှမခံစားရဘူးဆိုလျှင်တောင် ဒုတိယတုံ့ပြန်မှု ကတော့ ချို့အား တစ်စုံတစ်ရာ ခံစားရစေမှာ အမှန်ပဲ ဖြစ်သည်။ ထိုဒုတိယတုံ့ပြန်မှု သည် ကျွန်တော် မျှော် လင့်မထားသည့် တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်သည်။
“ဟဲ့….ရဲထွတ်ခေါင်”
ကျွန်တော့်အမည် ခေါ်သံကြောင့် ကျွန်တော် မော့ကြည့်လိုက်တော့ ကျွန်တော့်သူငယ်ချင်း သဘောင်္သား တစ်ယောက် ၏ အမျိုးသမီး ဖြစ်နေသည်။ သူ့နောက်မှာ တော့ သူ့အဖော် ဖြစ်ပုံရသော အခြားအမျိုးသမီ တစ်ယောက် ၊ ကြည့်ရသည်မှာ ကျွန်တော့်ကို တွေ့ သော ကြောင့် ဆိုင်ထဲသို့ ၀င် လာခြင်းတော့ ဟုတ်ပုံမရ။ သူတို့ဘာသာ လက်ဖက်ရည်လာသောက်ခြင်းသာ ဖြစ်ပေလိမ်မည် ။ ဘာပဲ ဖြစ် ဖြစ် ထိုအခွင့်အရေး ကို ကျွန်တော် လက်လွတ်မခံ။
“အတော် ပဲ ..လက်ဖက်ရည် သောက်ကြဦး” ဟူသော စကားဖြင့် ကျွန်တော့် ဝိုင်းမှာ ၀င်ထိုင ရန် ဖိတ်ခေါ်လိုက်ပြီး ချိုထိုင်နေရာဝိုင်းလိုပင် စိုစိုပြည်ပြည် စကားဝိုင်းတစ်ခုကို ဖန်တီးယူလိုက် သည်။ ယခင်ကလည်း တရင်းတစ်နှီဆက်ဆံလာခဲ့သော ထိုအမျိုးသမီးနှင့် ကျွန်တော့်မှာ ရယ်ကာ မောကာ စကားဝိုင်းတစ်ဝိုင်း ဖြစ်အောင် ဖန်တီးသည့်ကိစ္စ၌ ဘာမှ အခက်အခဲမရှိ။
ချို ကျွန်တော် တို့ကို လှည့်ကြည့် အကဲခတ်သော်လညး ကျွန်တော် ကတော့ ချို့အား ဂရုမပြုမိဟန်အပြည့်နှင့် ထိုအမျိုးသမီးနှစ် ယောက် အား စိတ်ပါလက်ပါ စကားပြောနေလိုက်သည်။ ၁၀ မိနစ်လောက်ကြာတော့ ချို ကျွန်တော် တို့ ၀ိုင်းသို့ ပြန်လာရောက်လာသည်။
“ပြန်ကြရအောင် ရဲထွတ်ခေါင်”
ကျွန်တော့်ဘေးမှ ခုံမှာ ၀င်ထိုင်ရင်း ချိုပြောသည်။
ချို့လေသံက အေးစက်ပေါ့ပါးလှသလို ချို့အမူအရာကလည်း “သူ့ထက်မသော တောင် သူ့ လောက်နီးနီး ခေတ်မီလှပသော ” အမျိုးသမီးနှစ် ယောက် နှင့် ကျွန်တော် ရယ်ကာမောကာ ထိုင် စကားပြောနေခြင်း ကိစ္စအပေါ် တစ်စုံတစ်ရာ ခံစားမှု မရှိပုံ ဖြစ်သည်။ ကျွန်တော် ချို့ကိုလှည့်ကြည့် ရင်း…
“ခဏလေး ချို… ကိုယ့်အသိတွေ့ နေလို့”
“ကဲ… ဒါဆိုရင်တော့ ချို တစ်ခုခုခံစားရမှာ ပေါ့”
ကျွန်တော့်စကားအဆုံး ချိုထိုင်ရာမှ ထရပ်ရင်း…
“ဒါဖြင့် လဲ ယူနေခဲ့လေ၊ တို့ ရုံးပြန်ဝင်ရဦးမှာ တို့ဘာသာတို့ပဲ ပြန်နှင့် လိုက်မယ်”
“အိုကေ”
ကျွန်တော် ချို့ကို မော့မကြည့်ဘဲ ပြောလိုက်သည်။
ထိုကိစ္စအပြီးမှတော့ ကျွန်တော် ချို့ရုံးသို့ သုံးလေးရက်မျှ ကြာအောင် မသွားဘဲ နေလိုက် သည်။ ငါးရက်မြောက် ညနေခင်းကျမှ ချို့အားရုံးကြိုရန် ကျွန်တော် ရောက်သွားခဲ့သည်။
ထုံးစံအတိုင်း ကျွန်တော့်ကားကို တွေ့ သည်နှင့် ကုမ္ပဏီပိုင်ကားဆီသို့ မသွားတော့ဘဲ ကျွန်တော့် ကားဆီသို့သာ ချိုလျှောက်လာနေသည်။ ကားနားရောက်တော့ …ယခင်ကလို “ရောက် နေတာကြာပြီးလား” ဟုမေးမြန်းခြင်းမရှိသလို “ဟယ်လို” ဟု နှုတ်ဆက်ခြင်းလည်း မရှိ။ ခပ်တည် တည်ပင် ကားထဲသို့ ၀င်ထိုင်လိုက်သည်။ ကျွန်တော် ကားမောင်းထွက်ရင်း ချို့ကို အကဲခတ် လိုက်တော့ ချို့မျက်နှာက အလိုမကျဟန်အပြည့်၊ ကားဂီယာသုံးခါလောက်ပြောင်းပြီးမှ ကျွန်တော် ချို့ကို စကားစလိုက်သည်။
“ဟိုနေ့က ကိစ္စအတွက် ဆောရီးကွာ မတွေ့ တာကြာတဲ့ သူငယ်ချင်းတွေ ဆိုတော့ ချက် ချင်းထပြန်ရင် မကောင်းတာနဲ့”
ကျွန်တော် ထိုသို့ တောင်းပန်လိုက်မိခြင်း၌ အကြောင်းနှစ် ခုရှိပါသည်။ ပထမအကြောင်းက ချို့မျက်နှာမှာ ကျွန်တော့်အပေါ် အလိုမကျဟန်နှင့် အနည်းငယ်တင်းမာနေခြင်းကြောင့် ဖြစ်ပြီး၊ ဒုတိ ယအကြောင်း ကတော့ ထိုနေ့က ချိုရှုံးသွားပြီး ကျွန်တော် သာ အနိုင်ရခဲ့ကြောင်း ချိုပြန်လည် အမှတ်ရစေရန် ဖြစ်၏ ။
“ဘယ်ကိစ္စကို ပြောတာလဲ”
ချိုနားမလည်သလိုနှင့် လှည့်မေးသည်။ ချို့အမေးကြောင့် ကျွန်တော် ဇဝေဇ၀ါ ဖြစ်စွာ ချို့ကို ကြည့်ရင်း…
“သုံးရောင် ခြယ်မှာ လက်ဖက်ရည်သောက်တဲ့နေ့က ချို့ကို ရုံးပြန်လိုက်မပို့ ဖြစ်တဲ့ကိစ္စကို ပြောတာ”
သည်တော့မှ ချိုသတိရဟန်နှင့် သြော်ဟု ရေရွတ်ရင်း …
“အဲဒီ ကိစ္စက ဘာ ဖြစ်လို့လဲ”
“ဘာမှ မ ဖြစ်ပါဘူး။ …အဲဒီ နေ့က ချိုများ စိတ်ဆိုးသွားသလားလို့”
“မဆိုးပါဘူး တို့ဖြင့် သတိတောင် မရတော့ဘူး”
ချိုခေါင်းယမ်းပြရင်း ပြောသည်။ သို့သော် ချို့အပြောကို ကျွန်တော် မယုံကြည်စွာ ပြုံးရင်း…
“မဆိုးရင် ဘာ ဖြစ်လို့ မျက်နှာက တင်းနေရတာ လဲ”
သည်တော့မှ ချို ခြောက်ကပ်စွာ ဟက်ခနဲ တစ်ချက်ရယ်ရင်း အဖြေပေးသည်။
“တင်းမှာ ပေါ့ တို့အရာရှိနဲ စကားများ တာကိုး” တဲ့။
နောက်ဆုံးတော့ သုံးရောင် ခြယ်နေ့တုန်းက နိုင်လာခဲသမျှ အစိုးရိမ်လွန်စွာ ချို့အား မဆီ မဆိုင် သွားတောင်းပန်လိုက်မိတာ တစ်ခုတည်းနှင့် ကျွန်တော် ပြန်လည် ရှုံးနိမ့်သွားသည်။
ကျွန်တော့်ရှုံးနိမ့်မှု ကို ပိုမိုသိသာစေတာတစ်ခုက ချိုလိုနောက်ဆက်တွဲ မှတ်ချက် ဖြစ်သည်။
“ယူက ဗဲရီးချိုင်းဒစ်ပဲ”
ကလေးဆန်တယ်ဟူသော ချို့မှတ်ချက်ကြောင့် ကျွန်တော် အောင့်သက်သက် ဖြစ်ကာ “ဘာ ဖြစ်လို့လဲ” ဟု ခပ်ဆတ်ဆတ်ပြန်မေးလိုက်သည်။
“ဘာ ဖြစ်ရမှာ လဲ တို့ကို စိတ်ဆိုးအောင်လုပ်ချင်တော့လဲ ယူပဲ၊ တို့ကို စိတ်ဆိုးမှာ စိုးရိမ် တော့လဲ ယူပဲ။ အဲဒါကလေးဆန်တာပေါ့။ မဟုတ်ဘူးလား”
ချို့စကားက သုံးရောင် ခြယ်၌ လက်ဖက်ရည်သောက်စဉ် နေ့တုန်းက သူ့အား ကျွန်တော် တမင်စိတ်ဆိုးအောင် လုပ်မှန်း သူသိပါတယ်ဟု အဓိပ္ပာယ်ရသော စကား ဖြစ်သလို ကလေးဆန် တယ်ဟူသော မှတ်ချက်ထက် ပိုမိုအောင့်သက်သက် ဖြစ်စေခဲ့သော စကားလည်း ဖြစ်သည်။
ကျွန်တော် ချို့အား ဘာမှပြန်မပြောနိုင်ဘဲ နှုတ်ဆိတ်နေလိုက်ရသည်။
အင်းလျားကန်ပေါင်သို့ ရောက်စဉ်မှာ တော့ ကျွန်တော့် ကားပေါ်သို့ တက်ခါစနှင့် မတူတော့ ဘဲ ချိုသိသာစွာ ပြောင်းလဲ၍ နေသည်။ ကားပေါ်စတက်တုန်းက ချို့မျက်နှာက တင်းမာနေခဲ့သော် လည်း ကန်ပေါင်ပေါ်၌ ကျွန်တော် နှင့် လမ်းတွဲ လျှောက်ချိန်မှာ တော့ ချို ပျော်မြူးနေခဲ့သည်။ ရေစပ် ရှိ ခုံတန်းလျားလေး၌ ထိုင်တော့လည်း….
“တို့ကို ခဲလုံးလေးတွေ ကောက်ပေးစမ်းပါ”
ဟု ဆိုကာ ကျွန်တော့်အား ခဲကောက်ခိုင်းခဲ့ပီး ထိုခဲလုံးလေးများ ဖြင့် ကလေး တစ်ယောက် ပမာ ရေထဲသို့ ပစ်ခတ်ဆော့ကစားနေခဲ့သည်။ ကျွန်တော် ချို့အပြောင်းအလဲကို ငေးကြည့်နေရင်း မှ…
“ချိုလဲ ဘာထူးလို့လဲ ဗဲရီးချိုင်းလ်ဒစ်ပဲ”
ချို့စကားဖြင့် ပင် ချို့အား ကျွန်တော် ပြန်လည် လက်စားချေလိုက်၏ ။ ချို ကျွန်တော့်ကို ပြုံး ကြည့်ရင်းမေးသည်။
“ဘာ ဖြစ်လို့လဲ”
“ကိုယ့်ကားပေါ် စရောက်တုန်းက အရာရှိနဲ့စကားများ ခဲ့လို့ ဆိုပြီး မျက်နှာက စူပုတ်နေခဲ့ တယ် မဟုတ်လား။ ခုကျတော့လဲ အဒီတုန်းကနဲ့ ဘာမှမဆိုင်တော့ဘူး။ ပျော်နေလိုက်တာ တကယ့်ကလေးပဲအတိုင်းပဲ”
“ဒါ ကတော့ အဲဒီ အချိန်တုန်းက တို့က စိတ်ဆိုးနေခဲ့တာကိုး”
“ခုကျတော့ကော”
“ခုတော့ ပျော်တယ်”
“အဲဒါ ပြောတာပေါ့၊ စိတ်ဆိုးစရာရှိရင် ဟန်မဆောင်နိုင်လောက်အောင် စိတ်ဆိုးစရာရှိရင် ဟန်မဆောင်နိုင်လောက်အောင် စိတ်ဆိုး၊ ပျော်စရာရှိတော့လဲ ဟန်မဆောင်နိုင်လေက်အောင် ပျော်တယ်ဆိုတော့ ကလေးဆန်တာပေါ့”
ကျွန်တော့်စကားအဆုံး ချို ကျွန်တော့်ကိုစိုက်ကြည့်သည်။ ချို့အကြည့်က ကိုယ်ထက် ငယ်ရွယ်သည့် ကလေးငယ် တစ်ယောက် ကိုကြည့်သော အကြည့်မျိုး ဖြစ်သည်။
“ဒါ ချိုင်းလ်ဒစ် ဖြစ်တာ မဟုတ်ဘူး ယူရဲ့ ၊ ဟယူးမင်းနတီ Humanity ဖြစ်တာ၊ လူပီသတာ၊ လူဆိုတာမျိုးက ပျော်စရာရှိရင် ပျော်ရမယ်၊ ၀မ်းနည်းစရာရှိရင် ၀မ်းနည်းရမယ်၊ ဒါမှ လူသားဆန် တယ်လို့ ခေါ်တယ်”
“ကိုယ်သိသလောက်တော့ ပျော်စရာနဲ့တွေ့ တိုင်းလဲ သိပ်မပျော်သင့်သလို၊ ၀မ်းနည်းစရာ ကြုံတိုင်းလဲ သိပ်ဝမ်းမနည်းသင့်ဘူး။ စိတ်ဆိုတာမျိုးက လွှတ်ပေးရင် လွင့်တတ်တယ်။ အသေး အဖွဲလေးကစပြီး ကိုယ့်စိတ်ကို ကိုယ့်ဘာသာကို ထိန်းချုပ်သင့်တယ်”
“ဒါ Buddhism side က ပြောနေတာလား”
“မဟုတ်ဘူး Psychological သက်သက်ပါ”
ဗုဒ္ဓအယူဝါဒများ အရ ပြောရလောက်အောင် ကျွန်တော့်ကိုယ် ကျွန်တော် မရင့်ကျသေးဟု ယူဆသဖြင့် စိတ်ပညာပိုင်းအရ ဆွေးနွေးရန် ကျွန်တော် ဦးတည်လိုက်သည်။ ချိုက သူ့စလင်းဘတ် ထဲမှ ချော့ကလက်တောင့်ကို ထုတ်ရင်း ပြောသည်
“တို့အယူအဆ ကတော့ စိတ်ကို သိပ်မထိန်းချုပ်သင့်ဘူးလို့ ထင်တာပဲ။ စိတ်ကို ထိန်းချုပ် တာဟာ စိတ်ဓာတ်ကြံ့ခိုင်သူတွေ အတွက် ပြဿနာမရှိပေမယ့် စိတ်ဓာတ်နုနယ်သူတွေ အတွက် တော့ သိပ်အန္တရာယ်များ တယ်။ နောက်ပြီး လောကကြီးမှာ လူတိုင်းလိုလိုဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကြံ့ခိုင်တဲ့လူ၊ ကိုယ့်စိတ်ဓာတ်ကြံ့ခိုင်မှု အတိုင်းအတာကို ကိုယ့်ဘာသာ ကိုယ်သိတဲ့ လူက နည်းနည်း လေးရယ်၊ ဒီတော့ ကိုယ့်စိတ်ဓာတ်ရေး ရာကြံ့ခိုင်မှု Limit လီမစ်တ် ဘယ်လောက် ရှိမှန်း မသိဘဲ ကိုယ့်စိတ်ကိုကိုယ် အတင်းမထိန်းချုပ်သင့်ဘူး။ တချို့က ၀မ်းနည်းစရာတစ်ခုခု ကြုံ ရင် ၀မ်းမနည်းဘူး။ ဘာလို့ ၀မ်းနည်းရမှာ လဲလို့ ကိုယ်စိတ်ကို ကိုတင်းတယ်။ ၀မ်းသာစရာနဲ့ကြုံလဲ ဒီလိုပဲ။ အဲဒီ လို စိတ်ကို တင်းလာခဲ့တာ၊ ထိန်းချုပ်လာခဲ့တာမှာ ခံစားမှု အသေးအမွှားလေးတွေ နဲ့ ကြုံတုန်းက ပြဿနာမရှိပမယ့် တကယ့်ခံစားမှု ကြီးကြီမားမားနဲ့လဲ ကြုံရော တောင့်မခံနိုင်တော့ ဘဲ ၀ုန်းခနဲ ပြိုလဲတော့တာပဲ။ အဲဒါက ပိုဆိုးတယ်”
“ တောက်လျှောက် ထိန်းချုပ်လာလို့ အင်အားကြီးမားလာတဲ့စိတ်ရယ်၊ အဲဒီ စိတ်ကို ဆန့် ကျင်မယ့် အင်အားကြီးမားတဲ့ ခံစားမှု ရယ် ထိပ်တိုက်တွေ့ ကြတဲ့အခါ တင်းထားတဲ့ စိတ်က မနိုင် လို့ ရှုံးရတာ ဟာ ပိုပြီအထိနာတယ်။ ယူစဉ်းစားကြည့်၊ မျက်နှာချင်းဆိုင်မောင်းလာတဲ့ ကားနှစ် စီး တိုက်တာနဲ့ ရှေ့က မောင်းနေတဲ့ကားကို နောက်က ကားကလိုက်တိုက်တာနဲ့ ဘယ်ဟာက ဆုံးရှုံး မှု ပိုများ မလဲ။ အဲဒီ သဘောမျိုးပဲ။ စိတ်ကို တင်းထားလျက်နဲ့ ရှုံးရတာ ဟာ ခေါင်းချင်းဆိုင်တိုက်တာ နဲ့ တူတယ်၊ စိတ်ကိုလျှော့ထားလျက်နဲ့ လွှတ်ပေးလျက်နဲ့ ရှုံးရတာ ကတော့ နောက်က တိုက်သလို ပဲ ဆုံးရှုံးရတာ ချင်းတူရင်တောင် ဆုံးရှုံးမှု တန်ဖိုးချင်း ကွာတယ်။”
စကားကို ခေတ္တရပ်ရင်း ချို ချော့ကလက်ကို တစ်ကိုက်ကိုက်သည်။ ပြီးမှ…
“စိတ်ကို လိုအပ်တာထက် ပိုပြီး တင်းလွန်းရင် ရင်ထဲမှာ Tension တွေ များ လာမယ်။ Inner Conflict ရင်တွင်း ပဋိပက္ခတွေ ဖြစ်လာမယ်”
“ချိုပြောသလို စိတ်ကို လွှတ်ပေးရင်ကော”
ကျွန်တော် ချို့စကာကို ဖြတ်မေးလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ်ရော ပတ်ဝန်ကျင်ကိုပါ အန္တရာယ်မ ဖြစ်နိုင်တဲ့ အတိုင်းအတာအထိ တော့ လွှတ်ပေးသင့်တယ်၊ အဲလို လွှတ်ပေးရင် လေ့ကျင့်ပြီးသား ဖြစ်လာမယ်”
“ဘယ်လို လေ့ကျင့်ပြီးသားလဲ”
“ကြီးကြီးမားမား ကြုံတွေ့ လာမယ့် စိတ်ခံစားမှု တွေ အတွက် လေ့ကျင့်ပြီးသား ဖြစ်သွား တာပေါ့။ ဆိုတော့ပါတော့… ၀မ်နည်းစရာတစ်ခုနဲ့ ကြုံရင် ၀မ်းမနည်းဘူးလို့ စိတ်ကို မတင်းနဲ့ အပီ အပြင် ၀မ်းနည်းပစ်လိုက်၊ အဲဒီ လို ၀မ်းနည်းစရာတွေ ကို ၀မ်နည်းပါများ လာတဲ့အခါ ၀မ်းနည်းတဲ့ ကိစ္စတွေ မှာ ကိုယ့်စိတ်ဟာ အလေ့အကျင့် ဖြစ်လာမယ်၊ ကြာတော့ သိပ်ဝမ်းနည်းစရာကိစ္စမျိုးမှာ တောင် သိပ်ဝမ်းမနည်းတော့ဘူး ဖြစ်လာမယ်”
ချို့အပြောကြောင့် စိတ်ဆိုတာ လွှတ်မပေးသင့်ဘူးဟု ခံယူထားခဲ့သော ကျွန်တော် ပင် ဇဝေ ဇ၀ါ ဖြစ်သွားရသည်။ ချို ကျွန်တော့်ကို မေးဆတ်ပြရင်း…
“ဘယ်နှယ့်လဲ တိုပြောတာ ရီဆင်နေဘယ် ဖြစ်ရဲ့ လား”
ကျွန်တော် ပခုံးတွန့်ရင်း “တစ်မျိုးကြီးပဲ” ဟု ဆိုတော့ ချိုဟက်ခနဲ တစ်ချက်ရယ်သည်။ ကျွန်တော့်လက်ထဲမှ တစ်ဝက်သာသာကျန်နေသေးသော စီးကရက်ကို လွှင့်ပစ်လိုက်ရင်း ချို့ဘက် လှည့်လိုက်သည်။
“ကိုယ် တစ်ခုမေးချငတယ်”
ချို့ မေးလေဟူသော သဘောဖြင့် ခေါင်းညိတ်ပြသည်။
“ချိုပြောသလိုဆိုရင် စိတ်ခံစားမှု တိုင်း စိတ်ဆန္ဒတိုင်းကို လွှတ်ပေးသင့်တယ်ပေါ့”
“ပတ်ဝန်းကျင်နဲ့ ကိုယ့်ကို မထိခိုက်ဘူးဆိုရင်ပေါ့”
“ဒါဆို ဒီခုံမှာ စထိုင်ကတည်းက ကိုယ့်ရင်ထဲမှာ ပြင်းပြင်းပြပြ ဖြစ်လာတဲ့ ဆန္ဒတစ်ခု ရှိ တယ်။ လွှတ်ပေးလိုက်ရမလား”
“ပတ်ဝန်းကျင်ကို ထိခိုက်မှာ လား”
ကျွန်တော် ခေါင်းယမ်းပြလိုက်သည်။
“ယူ့ကိုရော”
“ဒါဖြင့် လွှတ်ပေးလိုက်ပေါ့”
ချို့ခွင့်ပြုချက်ကြောင့် ကျွန်တော် မချိုမချဉ်ပြုံးလိုက်မိသည်။ ထို့နောက် ချို့ကို နမ်းရန် ကျွန်တော့်ကိုယ်ကို ငုံ့ကိုင်းလိုက်သည်။
“ဟေ့… အဲဒါ တို့ကို ထိခိုက်လာနိုင်တယ်လေ”
ချိုကမန်းကတန်း တားဆီးလိုက်သည့်တိုင် ချို့တားဆီးမှု က အနည်းငယ် နောက်ကျသွားခဲ့ သည်။
ချို့ကျွန်တော့်နားသို့ ပိုမိုတိုးကပ်လာစေရန်ဟူသော ရယ်ရွယ်ချက်ဖြင့် ချို့အား ဆွဲဆောင် နေဆဲ ထိုကာလမှာ ပင် ကျွန်တော် သတိထားမိတာတစ်ခုက ချိုနှင့် ကျွန်တော် ၏ အနေအထားမှာ ယခင်ကထက်ပိုမိုနီးကပ်လာခြင်းပင် ဖြစ်သည်။
ခါတိုင်း တစ်ပတ်လျှင် သုံးလေးရက်လောက်သာ ကျွန်တော် တို့ချင်းတွေ့  ဖြစ်ခဲ့ကြသော် လည်း နောက်ပိုင်းမှာ တော့ နေ့တိုင်းလောက်နီးနီး တွေ့  ဖြစ်လာကြသည်။ ချို ရုံးပိတ်ရက်များ ဖြစ် သည့် စနေ၊ တနင်္ဂနွေလိုနေ့များ မှာ ပင် ကျွန်တော် တို့ချင်း အဆက်အသွယ် မပြတ်။ ချိုက စနေနေ့ များ စွာ ကို ဗိုလ်ချုပ်ဈေးသို့ သွားခြင်းဖြင့် ကုန်ဆုံးစေတတ်ပြီး ကျွန်တော် ကတော့ ချိုနှင့် အတူ အဖော်လိုက်ပေးခြင်းဖြင့် အချိန်ဖြုန်းတတ်သည်။
ထိုသို့ ချိုနှင့် အတူ အဖော်လိုက်ပေးခြင်းဖြင့် ချို ခပ်ဆန်းဆန်းစရိုက်မျာကို ကျွန်တော် ထိ တွေ့ ခွင့်ရလာခဲ့သည်။ ဥပမာ ဗိုလ်ချုပ်ဈေးသို့ ရောက်တိုင်း ချိုအသုပ်စားလေ့ရှိသော်လည်း ဆိုင် တစ်ဆိုင်တည်းကိုတော့ ဘယ်တော့မှ စွဲစွဲမြဲမြဲစားလေ့မရှိ။ ဒီတစ်ပတ် ဈေးအရှေ့ဘက်ခြမ်းရှိ ပစ် ကပ်ကားနှင့် ရောင်းသော အသုပ်ဆိုင်စားလျှင် နောက်တစ်ပတ် ဈေးအနောက်ဘက်ခြမ်း စား သောက်ရုံထဲမှ အသုပ်ဆိုင်၌ စားတတ်သည်။ ထိုစရိုက်ကြောင့် ချိုသည် ကိစ္စတစ်ခုကို စွဲမြဲစွာ ပုံမှန် လုပ်လေ့မရှိဟု ယူဆရန်ရီသော်လည်း ဈေးသို့ရောက်တိုင်း ပေါင်ချိန်သော ကိစ္စကိုတော့ ချို ဘယ်တော့မှ အပျက်အကွက်မခံခဲ့။
ဈေးထဲရောက်၍ နေရာလွတ်တစ်နေရာရှာပြီး ကားရပ်ပြီးသည်နှင့် ချို ဦးစွာ ပြောလေ့ရှိ သော စကားမှာ
“ပေါင်သွားချိန်ရအောင်”
ဟူ၍ ဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်တော် က….
“မေ့သွားမှာ စိုးလို့” ဟု ချိုအကြောင်းပြတတ်သည်။
ချိုပေါင်ချိန်တိုင်း ကျွန်တော် ပါလိုက်ချိန်လေ့ရှိသော်လည်း ထိုပေါင်ချိန်စက်မှထုတ်ပေးသော ကတ်ပြားများ ကိုတော့ ကျွန်တော် ဘယ်တော့မှ အိတ်ထဲထည့်ခြင်းမရှိ။ ခဏတစ်ဖြုတ်ဖတ်ကြည့် ပြီးသည်နှင့် လွှတ်ပစ်လိုက်သည်ချည်း ဖြစ်သည်။
သို့သော် ချို ကတော့ ထိုကတ်ပြားများ ကို ဂရုတစ်စိုက်သိမ်းဆည်းထားတတ်သလို သူ့၌ ထိုကတ်ပြားများ စွာ စုမိဆောင်းမိ ရှိနေကြောင်လည်း ကျွန်တော့် အား ပြောပြတတ်သည်။
“အဲဒီ ကတ်ပြားတွေ အများ ကြီးစုမိတော့ ချို ဘာလုပ်မလဲ”
ကျွန်တော် နားမလည်နိုင်စွာ မေးတော့…
“ပျင်းတဲ့အခါ ဖြစ် ဖြစ်၊ ဒါမှမဟုတ် တို့ ဗိုလ်ချုပ်ဈေးကို ဘယ်နှခေါက်ရောက်ပြီးပြီလဲလို့ သိချင်တဲ့အခါမျိုးမှာ ဖြစ် ဖြစ် ထုတ်ရေကြည့်လို့ရတာ ပေါ့”
ချို့စကားကြောင့် ကျွန်တော် ပင် နောက်နောင် ဗိုလ်ချုပ်ဈေးလာတိုင်း ထိုကတ်ပြားများ ကို စုဆောင်ရမလို ဖြစ်နေတော့သည်။
ထိုသို့ ဗိုလ်ချုပ်ဈေးရောက်တိုင်း ပေါင်ချိန်လေ့ရှိသော ချိုသည် ပစ္စည်းတစ်စုံတစ်ရာကို တော့ ဗိုလ်ချုပ်ဈေးရောက်တိုင်း ၀ယ်ယူလေ့မရှိ။ သို့သော် လုံးဝမ၀ယ်ဘဲ လျှောက်ကြည့်ရန် သက် သက်သွားသည်လည်း မဟုတ်။ သူဝယ်ချင်လျှင် ပိုက်ဆံမပါသည့်တိုင် ဖြစ်အောင်ဝယ်တတ်ပြီး မ၀ယ်ချင်လျှင်တော့ ပိုက်ဆံအထပ်လိုက်ပါသည့်တိုင် ၀ယ်လေ့မရှိ။ ထိုစရိုက်မှာ ကျွန်တော် ကိုယ် တိုင် ကိုယ်တွေ့ ကြုံခဲ့ရဖူးသည့် ချို၏ ခပ်ဆန်းဆန်းစရိုက်မျိုးပင် ဖြစ်သည်။
တစ်ခါက ရွှေဆိုင်တစ်ဆိုင်ရှေ့မှ အဖြတ် ထိုဆိုင်၏ ရှိုးကေ့်စ်ထဲမှ နီလာလက်စွပ်တစ်ကွင်း ကို ချိုစိတ်ဝင်းစားသွားပြီး ၀င်ကြည့်သည်။ ထို့နောက် ထိုလက်စွပ်ကို ၀ယ်ချင်သည်ဟု ဆိုလာ တော့သည်။ သို့သော် ထိုလက်စွပ်ကို ၀ယ်နိုင်လောက်သည့်ပိုက်ဆံ အတိုင်းအတာမှာ ချို့ဆလင်း ဘက်ထဲ၌ မပါသလို ကျွန်တော့် ဒါန်းဂျန့် သားရေအိတ်ထဲ၌ လည်း မပါ။
“နောက်နေ့မှ ၀ယ်ပေါ့ ချိုရာ”
ကျွန်တော် ဖျောင်းဖျောင်းဖျဖျပြောသော်လည်း ချိုက ခေါင်းယမ်းရင်း..
“နောက်နေ့ မရှိတော့ရင် ဘယ်လိုလုပ်မလဲ..”
ဟု ပူပန်စွာ ဆိုသည်။
“လွယ်ပါတယ်၊ အော်ဒါပေးလိုက်ပေါ့”
“အော်ဒါ လုပ်ပေးတာကို တို့က ကြိုက်ဦးမှကိုး ယူရဲ့ ”
“ဘာမကြိုက်စရာ ရှိလဲ၊ ခုလက်စွပ်နဲ့တူအောင် လုပ်ခိုင်းမှာ ပေါ့”
“တူအောင် လုပ်ခိုင်းရုံတင်မဟုတ်ဘူး ခုလက်စွပ်ကိုပဲ အဲဒီ အချိန်မှာ ပြန်ထုတ်ပေးဦး ခုချိန် မှာ ကြိုက်သလောက် အဲဒီ အချိန်မှာ မကြိုက်တော့ရင် ဘယ့်နှယ်လုပ်မလဲ”
ချိုကတ်သီးကတ်သတ်စကားကြောင့် ကျွန်တော် စိတ်ညစ်သွားရတော့သည်။
“ကဲ… ဒါဖြင့် လဲ ချို ဒီမှာ ခဏစောင့်၊ ကို သူငယ်ချင်း တစ်ယောက် ဆီမှာ ပိုက်ဆံ သွားချေး လိုက်မယ်”
ချို ခေါင်းယမ်းသည်။
“နေပါစေ၊ ယူ့ကို ၀ယ်ခိုင်းတာမှ မဟုတ်ဘဲ။ တို့ဘာသာ ၀ယ်မယ်”
“ဒါပေမဲ့ ခု ချို့မှာ ပိုက်ဆံမှ မရှိဘဲ”
“ရှိအောင် လုပ်မှာ ပေါ့ ယူရဲ့ ”
ချို့ပိုက်ဆံရှိအောင် လုပ်နည်း ကတော့ သူ့လက်စွပ်တစ်ကွင်းကို အခြားရွှေဆိုင်တစ်ဆိုင်မှာ သွားရောင်းပစ်လိုက်ခြင်းပဲ ဖြစ်သည်။ ချို့အတွက်တော့ လက်စွပ်တစ်ကွင်းရောင်းပြီး လက်စွပ် တစ်ကွင်းပြန်ဝယ်ခြင်းသာ ဖြစ်သော်လည်း ငေကြေးကိန်းဂဏန်းများ အရ ဆိုလျှင်တော့ ထိုလက် စွပ်နှစ် ကွင်းစာအလျော့တွက်၊ လက်ခများ ကို ချိုနစ်နာသွားခဲ့သည်။ ထိုအကြောင်း ချို့ကိုပြောပြ တော့ ချိုက ရယ်မောရင်း…
“ပစ္စည်းတစ်ခုကို လိုချင်တဲ့အချိန်မှာ ရလိုက်တာဟာ အဒီအလျော့တွက်၊ လက်ခတွေ ထက် ပိုပြီး တန်ဖိုးရှိပါတယ်။”
ဟု ဆိုသည်။ လက်စွပ်ဝယ်ပြီး အသုပ်သွားစာြး ကတော့ ချို့ကို ကျွန်တော် ပြောသည်။
“ဈေးထဲမှာ တို့အသိရွှေဆိုင်တစ်ဆိုင်ရှိတယ်။ သူတို့က တို့ရွှေဝယ်ရင် သူတို့ဆိုင်မှာ ပဲ လာဝယ်စေချင်တာ ဒါပေမဲ့ တို့ ကတော့ တစ်ခါမှ မ၀ယ် ဖြစ်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ တို့က ရွှေ ၀ယ်တာမှ မဟုတ်ဘဲ စိတ်ကျေနပ်မှု ကို ၀ယ်တာ”
ချို့စကားက ရှုပ်ရှုပ်ထွေးထွေးနိုင်သော်လည်း ချို ဆိုလိုသည့်အဓိပ္ပာယ်ကိုတော့ ကျွန်တော် သဘောပေါက်လိုက်သည်။ သူပြောချင်သည်က ရွှေဆိုင်တိုင်းမှ ပစ္စည်းတိုင်းမှာ ရွှေဖြင့် လုပ်ထား တာချည်း ဖြစ်သော်လညး သူ သဘောကျသည့် (သူ့အား စိတ်ကျေနပ်မှု ဖြစ်စေသည့်) ပစ္စည်းရှိ ရာ၌ သာ ၀ယ်မည် ဟူသော အဓိပ္ပာယ် ဖြစ်သည်။
ချို့ရဲ အတွေးဆန်းဆန်း၊ စရိုက်ဆန်းဆန်း မှန်သမျှက ကျွန်တော့် အတွက် အံ့သြ စရာ ကောင်းနေတတ်သလို စိတ်ဝင်စားစရာလည်းကောင်းနေတတ်သည်။
ချိုနှင့် ကျွန်တော် ပိုမိုနီးကပ်မှု ရှိလာခဲ့ခြင်းဖြင့် စိတ်ဝင်စားဖွယ်ရာ ချို့စရိုက်များ စွာ နှင့် ကျွန်တော် ရင်းနှီးကျွမ်းဝင် ဖြစ်လာခဲ့ရသလို တချို့သော ကိစ္စများ ၌ ချိုနှင့် ကျွန်တော် ၀ါသနာချင်း၊ အကြိုက်ချင်း ထပ်တူကျနေတတ်ကြောင်းကိုလည်း သိခွင့်ရလာခဲ့သည်။
ဥပမာ… ချိုရော၊ ကျွန်တော် ပါ အင်္ဂလိပ်သီချင်းများ ကို တစွဲတလမ်း နားထောင်လေ့ရှိပြီး ပြင်ပအဆိုကျော်များ ထဲ၌ ကျွန်တော် မကြိုက်ဆုံးမှာ မိုက်ကယ်ဂျက်ဆင်နှင့် မက်ဒေါနား ဖြစ်၍ ချိုက လည်း ထိုနှစ် ယောက် ကို မကြိုက်ဟု ဆိုသည်။
“မိုက်ကယ်ဂျက်ဆင်ဆို တို့ သိပ်မုန်းတာပဲ။ ဘယ်လိုမှ သည်းခံနားထောင်လို့ မရဘူး။ သူ့သီချင်းတွေ ကို ကလေးကြိုက်တွေ လို့ပဲ ထင်တယ်”
ချို ကြိုက်သည်က ခပ်အေးအေး သီချင်းများ ဖြစ်ပြီး သူအကြိုက်ဆုံး အဆိုတော် ကတော့ ခရစ်စတယ်ဂေးလ်ဟု ဆိုသည။ ခရစ်စတယ်ဂေးလ်၏ အသံမှာ မာမာအေး၏ အသံနှင့် ခပ်ဆင် ဆင်တူသည်ဟုလည်း ထူးထူးဆန်းဆန်း ပြောတတ်သည်။
ဝတ္ထုဖတ်ရာ၌ ချိုနှင့် ကျွန်တော် တူညီကြတာက ဘာသာပြန်ဝတ္ထုတွေ ကို ဦးစားပေးဖတ် ခြင်းနှင့် ဇာတ်လမ်းအသားပေးဝတ္ထုထက် စရိုက်ဖွဲ့ဝတ္ထုတွေ ကို ကြိုက်နှစ်သက် ကြခြင်း ဖြစ်သည်။ ချိုက…
“၀တ္ထုကောင်းတစ်ပုဒ်ဆိုတာ ၀တ္ထုဖတ်နေတဲ့အချိန်မှာ ရုပ်ရှင်ကြနေရသလို ခံစားနေရမယ့် ၀တ္ထုမျိုး၊ ၀တ္ထုထဲက ဇာတ်ကောင်တွေ အားလုံး အသက်ဝင်လှုပ်ရှားနေကြတဲ့ ၀တ္ထုမျိုး”
ဟု ဆိုသည်။ ချို့အဆိုအမိန့်များ ကြောင့် စာရေး ဆရာမ ဖြစ်တ ဖြစ် ကျွန်တော် ဖြံသွားခဲ့ရ သည်။
ထိုသို့ ၀ါသနာ အကြိုက်ချင်း နီးစပ်သော ချိုနှင့် ကျွန်တော် ၏ ထူးဆန်းစွာ တိုက်တိုက်ဆိုင် ဆိုင် တူညီမှု တစ်ခု ကတော့ (သိမ်ချမ်းလွန်းသည့် နေ့တွေ မှအပ) ညအိပ်ရာဝင်ခါနီး တိုင်း ရေချိုး တတ်ခြင်းနှင့် ရေမချိုးရလျှင် ဘယ်လိုမှ အိပ်မပျော်ကြခြင်းပဲ ဖြစ်သည်။
“မင်းနဲ့ ကိုယ် ဒီလောက်အကြိုက်ချင်းတူနေရင်တော့ တစ်အိမ်တည်းအတူနေကြတဲ့အခါ ပြဿနာ တက်မှာ ပဲ”
“ဘာ ဖြစ်လို့လဲ”
“စာအုပ်တစ်အုပ်တည်းကို လုဖတ်ကြတာမျိုး၊ ညဘက်ရေချိုးခန်း လုဝင်ကြတာတွေ ဖြစ်လာမှာ ပေါ့”
“လွယ်ပါတယ်။ ဒါဖြင့် လဲ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တစ်အိမ်တည်း အတူမနေကြရုံပေါ့”
“အဲလိုတော့ ဘယ် ဖြစ်မလဲ ချိုရဲ့ ”
“ဘာ ဖြစ်လို့လဲ”
“လက်ထပ်ပြီးလို့ လင်ရယ်၊ မယားရယ် ဖြစ်လာတဲ့အခါ တစ်အိမ်တည်း အတူတူနေကြ တယ်ဆိုတာ ထုံးစံပဲ။ အဲဒီ ထုံးစံကို ကိုယ်တို့ကျမှ ပယ်ဖျက်ပစ်လို့ ဘယ် ဖြစ်ပါ့မလဲ”
ကျွန်တော့် စကားအဆုံး ပြုံးစေ့စေ့ မျက်နှာပေးဖြင့် ချို ကျွန်တော့်ကို စိုက်ကြည့်နေရင်းမှ ဟက်ဟက်ပက်ပက် ရယ်မောလေတော့သည်။
“နေစမ်းပါဦး ယူနဲ့ တို့နဲ့ ပြောနေကြတဲ့ အကြောင်းအရာတွေ ထဲကို လက်ထပ်တဲ့ကိစ္စ က ဘယ်ကဘယ်လို ရောက်လာရတာ လဲ။ ယူကို လက်ထပ်မယ်ဆိုတဲ့ စကားမျိုးမျာ တို့ ပြောမိလို့ လား”
ချို့စကားနဲ့ ချို့အမူအရာက ဘယ်လောက်များ ပေါ့ပေါ့ပါးပါးနိုင်လိုက်ပါသလဲ။
ကျွန်တော် ချို ပေါ့ရွှတ်ရွှတ်ဟန်ပန်ကို ငေးကြည့်နေမိရင်း လေးလေးပင်ပင် ခံစားမှု တစ်ချို့ က ကျွန်တော့်ရင်ထဲသို့ ထူးဆန်းစွာ တိုးဝှေ့ဝင်ရောက်လာတော့သည်။
သေတော့မှာ ပဲ။ ဘာ ဖြစ်လို့များ ကျွန်တော် အဲသည်လို ခံစားလိုက်ရတာ လဲ
တကယ်ဆို ခုလို ခံစားမှု မျိုးဟာ ကိုယ်သိပ်ချစ်တဲ့ အမျိုးသမီး တစ်ယောက် နှင့် ကျမှ ပေါ် ပေါက်လာသင့်တာမျိုးပဲ။
ကျွန်တော့်ကိုယ်ကျွန်တော် မကျေမနပ် ဖြစ်စွာ တွေးရင်း ရင်ထဲမှ ခံစားမှု ကို အမြန်မောင်း ထုတ်ပစ်လိုက်သည်။ ဘာပဲ ဖြစ် ဖြစ် ထိုနေ့က ထူးဆန်းစွာ ခံစားလိုက်ရသည့် ထိုခံစားမှု ကြောင့် ချို့ ထံ စူးနစ်စွာ ပျော်ဝင်နေပြီလားဟု ကိုယ့်ကိုယ် သံသယ ဖြစ်လာရသလို ချိုနှင့် ကျွန်တော် ပိုမို နီးစပ် လာမှု အတွက်လည်း ဇဝေဇ၀ါ ဖြစ်လာရသည်။
ကျွန်တော် တို့နှစ် ယောက် ၏ ယခင်အခြေအနေကထက် ပိုမိုနီးကပ်လာမှု ၌ ချိုက ကျွန်တော့် ဆီသို့ တိုးကပ်လာသည်လား ဒါမှမဟုတ် ကျွန်တော် က ချို့ဆီသို့ တိုးကပ်သွားမိသည်လား။
ထိုမေးခွန်းများ က ကျွန်တော့်ရင်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သလို ထိုမေးခွန်း၏ အဖြေကိုလည်း သိချင်စိတ် ပြင်းပြလာတော့သည်။
ချိုတို့အိမ်သို့ မမျှော်လင့်ဘဲ ရောက်ရှိသွားခဲ့သည်။ တနင်္ဂနွေနေ့ တစ်ရက်မှာ တော့ ကျွန်တော် သိချင်နေသည့် မေးခွန်း၏ အဖြေကို ရှာဖွေတွေ့ ရှိခဲ့သလို ကျွန်တော် တို့ နှစ် ယောက် အနက် ပိုမိုနီးကပ်မှု ကို ဖြစ်စေခဲ့သည်မှာ မည် သူ ဖြစ်ကြောင်းကိုလည်း ကျွန်တော် ရိပ်မိလာခဲ့ သည်။
ထိုနေ့က မြို့ထဲသို့ သွားရင်း လမ်းကြုံသည်နှင့် ချို့အိမ်မှာ ရှိ၊ မရှိ မေသေချာဘဲ ကျွန်တော် ချိုတို့အိမ်ကို ၀င် ဖြစ်ခဲ့သည်။ ခါတိုင်း တနင်္ဂနွေနေ့များ ၌ ချို ဘုရားကျောင်းသွားလေ့ ရှိ သော်လည်း ထိုနေ့ ကတော့ အိမ်မှာ ပင် ရှိနေခဲ့သည်။ ချို ကျွန်တော့်ကို တွေ့ တော…
“ကြည့်စမ်း ..ခုပဲ ယူ့ကို တို့ သတိရနေတာ”
ဟု တအံ့တသြ ရေရွတ်လိုက်သည်။
“သိတယ်လေ၊ အဲဒါကြောင့် ကိုယ်ရောက်လာရတာ ပေါ့”
ကျွန်တော် ခပ်တည်တည်ပြောရင်း အိမ်ထဲသို့ ၀င်လိုက်သည်။
“ချို အဘိုးကြီး၊ အဘွားကြီးတွေ ရော”
“ဘုရားကျောင်းသွားကြတယ်”
“ဒီအချိန်အထိပြန်မလာ သေးဘူးလား”
“ညနေအထိ ပြန်လာဦးမှာ မဟုတ်ဘူး။ အမျိုးတွေ အိမ်မှာ လျှောက်လည်နေဦမှာ ”
ကျွန်တော် ဆတ်တီမှာ ၀င်ထိုင်ရင်း…
“ဒါဖြင့် ကိုယ်ကံကောင်းတာပေါ့”
“ဘာကံကောင်းတာလဲ”
“အဲဒါကို သိချင်ရင် ဒီနားမှာ လာထိုင်ပါလား၊ ကိုယ်ပြောပြမယ်”
ကျွန်တော့်ဘေးမှခုံကို လက်ညိုးညွှန်ရင်း ပြောတော့ ချိုပြုံးစေ့စေ့ဖြင့် ခေါင်းယမ်းရင်း…
“ဟေ့အေး.. နေပါစေ တို့သဘော ပေါက်ပြီ”
“ဘာကို သဘောပေါက်တာလဲ ချိုရဲ့ ”
“ဘာမှ မလဲဘူး။ ယူ ကော်ဖီသောက်မလား”
“ပူပူနွေးနွေးနဲ့ ခပ်မြန်မြန် ရနိုင်မယ်ဆိုရင်ပေါ့”
“ ဖြစ်ပါတယ်၊ တို့သွားဖျော်လိုက်မယ် ခဏစောင့်”
ချို ကျွန်တော့် ကို ထားခဲ့ပြီး ထွက်ခွာသွားသည်။ ဖတ်လက်စ ဖြစ်ဟန်တူသော အင်္ဂလိပ် ၀တ္ထုစာအုပ်ကို ကျွန်တော် ဆွဲယူလိုက်သည်။ ရီဘက်ကာ၊ ဂျမေကာအင်း၊ မေရီအန်းစသည့် နာ မည် ကြီး ၀တ္ထုများ ရေး ခဲ့သော (Daphne Dumaurier) ၏ ငှက်များ နှင့် အခြားသော ၀တ္ထုများ (The Birds and other Stories) စာအုပ် ဖြစ်သည်။ ချိုဖတ်နေသည့် ၀တ္ထုက (Kiss me Again Stra nger) နောက်တစ်ကြိမ်လောက် နမ်းပါ ကိုလူစိမ်းတဲ့။
ထိုဝတ္ထု ပထမပိုင်းကို ကျွန်တော် ကြိုးစားပမ်းစားနှင့် ဖတ်ကြည့်ရင် ပြင်ဆင်လိုက်စဉ်မှာ ပင် မီးဖိုထဲမှ ချိုအော်သံ ခပ်အုပ်အုပ်ကို ကျွန်တော် ကြားလိုက်ရသည်။ လက်ထဲမှ စာအုပ်ကို ပစ်ချရင်း ကျွန်တော် မီးဖိုထဲသို့ အပြေးအလွှားရောက်သွားသည်။
ခလုပ်ပိတ်လိုက်သဖြင့် လိမ္မော်ရောင် ကွိုင်များ မှိန်ဖျော့ဖျော့စပြုနေသည့် လျှပ်စစ်မီးဖို တစ်လုံး၊ တည်ကာစ ရေနွေးအိုးတစ်အိုးနှင့် ချို့ကို တွေ့ လိုက်ရသည်။
“ချို ဘာ ဖြစ်လို့လဲ”
ချို့ ကျွန်တော့် ကို ထိတ်လန့်တကြား မျက်နှာနှင့် လှည့်ကြည့်ရင်…
“ဓာတ်လိုက်လို့”
ဟု အဖြေပေးသည်။ ကျွန်တော် ရေနွေးအိုးကိုကြည့်လိုက်တော့လည်း လက်ကိုင်နေရာ၌ ပလတ်စလစ်ဖုံးအုပ်ထားသဖြင့် ဓာတ်မလိုက်နိုင်သည့် တရုတ်ပြည် ဖြစ် ရေနွေးအိုး ဖြစ်သည်။ သို့ သော် လက်ကိုင်မဟုတ်သော နေရာမှ ကိုင်လျှင်တော့ မပြောတတ်။
“လန့်သွားတာပဲ”
ချို တိုးတိုးပြောရင်း ရေနွေးအိုးကိုတော့ ပလိတ်ပေါ်သို့ ပြန်တင်၍ ခလုပ်ဖွင့်သည်။ မှန်ဖျော့ နေရာမှ တဖြည်းဖြည်း လိမ္မော်ရောင် ပြန်ရဲလာသည့် တန်တစ်ကွိုင်များ ငေးကြည့်ရင်း ကျွန်တော် ချို့နားကပ်သွားမိသည်။
“ချို”
ကျွန်တော့်ခေါ်သံကြောင့် ချို ကျွန်တော့်ကို လှည့်ကြည့်သည်။ ချို့မျက်လုံးတောက်တောက် အစုံကိုကြည့်ရင်း ကျွန်တော် ချို့ကို မေးလိုက်သည်။
“ချို့ ဖတ်လက်စ ၀တ္ထုနာမည် က ဘာလဲ”
ကျွန်တော် မေးခွန်းကို ချိုစဉ်းစားဟန်ဖြင့် အဖြေပေးသည်။
“Kiss me Again Stranger”
ကျွန်တော် ချို့ကို နမ်းလိုက်ပါသည်။
ချို ခေတ္တမျှ အငိုက်မိစွာ ငေးကြောင် မှင်တက်သွားသော်လည်း ချက်ချင်း ပင် ကျွန်တော့်ရင် ဘတ်ကို တွန်းရင်း…
“စိတ်ကို ထိန်းမှ ပေါ့ ရဲထွတ်ခေါင်ရဲ”
ဟု ကလေး တစ်ယောက် ကို ဆုံးမသော လူကြီး တစ်ယောက် ၏ လေသံမျိုးဖြင့် ပြောလေ သည်။ ကျွန်တော် ချို့ကို စိုက်ကြည့်ရင်…
“ချိုပြောတော့ စိတ်ဆိုတာ ထိန်းချုပ်လွန်းရင် မကောင်းဘူးဆို”
“ သိပ်ထိန်းချုပ်လွန်းရင် မကောင်းသလို သိပ်လွှတ်ပေးရင်လဲ မကောင်းဘူး။ ကဲ.. ပလိစ် ကွာ၊ တို့ ကော်ဖီဖျော်ဦးမယ်”
ကျွန်တော် ချို့ကို မလွှတ်ပေးဘဲ ပို၍ သာ တင်းကြပ်စွာ ပွေ့ဖက်လိုက်မိသည်။ သို့ သော် ထိုအချိန်မှာ ပင် ချို့ကို လွှတ်ပေးလိုက်ရန် ကိစ္စတစ်ခုက ပေါ်ပေါက်လာခဲ့သည်။
“ဘယ်သူလဲ မသိဘူး”
ချို ရေရွှတ်ရင်း အိမ်ခန်းရှေ့ဆီသို့ ထွက်ရန်ပြင်သည်။ ကျွန်တော် ပါ ချိုနှင့် အတူ ဧည့်ခန်း ဆီသို့ လိုက်ပါလာခဲ့သည်။ အခန်းတံခါးကို ဖွင့်ပေးလိုက်တော့ အခန်းပြင်၌ ရပ်နေသူက မြန်မာ လူမျိုးမဟုတ်။ ပေါ့ပေါ့ပါးပါး ၀တ်စုံကို သပ်ရပ်စွာ ၀တ်ဆင်ထားသည့် နိုင်ငံခြားသား တစ်ယောက် ဖြစ်နေလေသည်။ လူမျိုးခြား တစ်ယောက် ကို တွေ့ လိုက်ရသဖြင့် ကျွန်တော် အံ့သြသွားသလို ချို လည်း အနည်းငယ် အံ့သြသွားပုရသည်။
ပြီးမှ လှိုက်လှိုက်လှဲလှဲ အပြုံးတစ်ခုကို ကမန်းကတန်းပြုံးရင်း…
“Hello Good After Noon Sir, How are you?”
ဟု ခပ်သွက်သွက်နှုတ်ဆက်လိုက်သည်။ ချိုနှုတ်ဆက်မှု ကြောင့် နိုင်ငံခြားသားမှာ ချို့ကုမ္ပဏီမှ အရာရှိ ဖြစ်လိမ့်မည် ဟု ကျွန်တော် ခန့်မှန်းလိုက်မိသည်။
ဆက်တီ၌ ထိုင်ကြချိန်၌ ကျွန်တော် ထင်သလိုပင် ချိုက
“ဒါတို့ ရုံးက အရာရှိလေ”
ဟု ပြောရင်း ကျွန်တော် နှင့် မိတ်ဆက်ပေးသဖြင့် ဂလက်တူမိယူ (Glad to Meet you) တွေ လုပ်လိုက်ရသေးသည်။
ချိုက ကျွန်တော့်အား …
“ယူခဏလောက် ဧည့်ခံထားပါ”
ဟုပြောရင်း ထိုင်ရာမှထသည်။ ထို့နောက် သူ့အရာရှိဘက်သို့ လှည့်၍ ..
“How Do You Like Your Coffee Sir? Weak or Strong”
ဟုမေးပြီး ကော်ဖီဖျော်ရန် ထွက်သွားခဲ့သည်။
(မိတ်ဆက်ပေးစဉ်က သူ့အမည် ကို ချိုပြောပြသော်လည်း ရှည်လျားလွန်းသဖြင့် အကုန် မမှတ်မိ။ မစ္စတာစမစ်ဟုသာ မှတ်မိလိုက်သည်)။ ထို မစ္စတာစမစ်နှင့်အတူ ကျွန်တော် ခပ်ကြောင် ကြောင် ကျန်ရစ်ခဲ့ရသည်။ ချိုဧည့်ခံထားလိုက်ပါဟု ပြောသော်လညး ဘယ်လို ဧည့်ခံရန်မှန်း မသိ သဖြင့် ခပ်တည်တည်နှင့် ပင် သည်တိုင်း ထိုင်နေလိုက်သည်။
တအောင့်ြ ကတော့ ကော်ဖီခွက်များ နှင့် အတူ ချိုပြန်ရောက်လာသည်။ ထို့နောက် ကော်ဖီ သောက်ရင်း ချိုနှင့် မစ္စတာစမစ် စကားပြောသည်။ ထိုစကားပြောမှု များ ထဲ၌ ကျွန်တော် စိတ် အနှောင့်အယှက် ဖြစ်ရတာ တစ်ခု ကတော့ မစ္စတာမစ်က ချို့အား ဆွီတီဟု ခေါ်ခြင်း ဖြစ်သည်။ ချို့ အမည် မှာ ဆွီတီ ဖြစ်မှန်း ကျွန်တော် ကြိုတင်သိထားခဲ့သည့်တိုင် ထိုသို့ တရင်းတနှီး ခေါ်ဝေါ်ခြင်းမျိုး ကိုတော့ ကျွန်တော် သဘောမကျ။
ကျွန်တော် သဘောမကျဆုံ ကတော့ မစ္စတာ စမစ်ရောက်ရှိလာရခြင်း၏ အကြောင်းရင်း ဖြစ် ၏ ။ သူရောက်လာရခြင်းက လေဆိပ်၌ ဧည့်သည်ကြိုစရာရှိသဖြင့် ချို့အား လာခေါ်ခြင်းဟု ဆို သည်။ တနင်္ဂနွေနေ့လို အလုပ်ပိတ်ရက်မျိုး၌ လာခေါ်ခြင်းမှာ သိပ်တော့ အဓိပ္ပာယ်မရှိ။ နောက်ပြီး သွားကြိုမည့် ဧည့်သည်မှာ ချိုစကားပြန်လုပ်ပေးရန် မလိုသော မြန်မာလူမျိုးမဟုတ် သူတို့ လူမျိုးပင် ဖြစ်သည်။ သို့ သော် ချို ကတော့ ဧည့်သည်ကြိုလျှင် (အကောက်ခွန်၊ လူဝင်မှု ကြီးကြပ်ရေး တိုနှင့် စကားပြောရန်) မြန်မာ တစ်ယောက် ခေါ်သွားတတ်တာ ထုံးစံပဲ ဟု ဆိုသည်။
“ချို မလိုက်နိုင်ဘူးလို့ ငြင်းလိုက်ပါလား”
“ဘယ် ဖြစ်မလဲ ရဲထွတ်ခေါင်ရဲ့ ”
“ဘာလို့မ ဖြစ်ရမှာ လဲ၊ တကယ်လို့ သူ ချို့ကို မတွေ့ ရင် သူ့ဘာသာသူ သွားရမှာ ပဲ မဟုတ် လား”
“ဒါတော့ ဒါပေါ့၊ ဒါပေမဲ့ ခု တို့ကို တွေ့ သွားပြီလေ၊ မလိုက်လို့ ကောင်းမလား”
စကားအဆုံး လေဆိပ်သို့ လိုက်သွားရန် ချို အ၀တ်အစားဝင်လဲသည်။ ထို့နောက် ကျွန်တော် တို့ သုံးယောက် ချို့အိမ်မှ ထွက်လာခဲ့ကြသည်။တိုက်အောက်ရောက်တော့…..
“ကဲ ယူပြန်တော့ ရဲထွတ်ခေါင်၊ မနက်မှတွေ့ ကြတာပေါ့”
ဟု ချိုနှုတ်ဆတ်ရင်း မစ္စတာစမစ်၏ ဟွန်ဒိုင်းကားဆီသို့ လျှောက်သွားသည်။ ကျွန်တော် ခေါင်းညိတ်ရင်း ကျွန်တော့် ကားဆီသို့ လာခဲ့သည်။
ကားပေါ်သို့ ရောက်တော့ စက်နှိုးပြီး မောင်းထွက်ခဲ့ရသော်လည်း ကျွန်တော် အိမ်မပြန်။တစ် နေရာအရောက် ပြန်ကွေ့ပြီး ချိုတို့ မရိပ်မိလောက်သော အကွာအဝေးမှ ကျွန်တော် ချိုတို့ နောက် သို့ နောက်ယောင်ခံလိုက်လာခဲ့သည်။
လေဆိပ်သို့ သွားတာ ဟုတ်နိုင်ပါ့မလား ဟု ကျွန်တော် တစ်လမ်းလုံးတွေးလာခဲ့သော်လည်း ထိုနေ့က အမှန်တကယ်ပင် ချိုတို့ လေဆိပ်သို့ သွားကာ နိုင်ငံခြားသား ဧည့်သည်နှစ် ယောက် ကို ကြိုခဲ့သည်။
ချိုတို့နောက်သို့ နောက်ယောင်ခံလိုက်ခြင်းကိစ္စ ပြီးဆုံး၍ အိမ်ပြန်လာချိန်မှာ တော့…..ကျွန် တော် ချိုတို့ နောက်သို့ ဘာကြောင့် လိုက်ကြည့်မိသလဲ ဟု ကိုယ့်ကိုကိုယ် မေးမြန်းလိုက်မိသည်။ ထိုသို့ မေးမြန်းလိုက်မိသည်နှင့် ကျွန်တော် တစ်ချိန်လုံး ဇဝေဇ၀ါ ဖြစ်လာခဲ့ရသော ကိစ္စတစ်ခု၏ အ ဖြေကို ကျွန်တော် ရှာဖွေတွေ့ ရှိလိုက်တော့သည်။ ထိုအဖြေ ကတော့ ချိုနှင့် ကျွန်တော် ၏ နီးကပ်လာမှု မှာ ချိုက ကျွန်တော့် ဆီသို့ တိုးကပ်လာခဲ့ခြင်းထက် ကျွန်တော် ကသာ ချို့ဆီသို့ ပိုမိုတိုး ကပ်ခဲ့မိခြင်းကြောင့် ဖြစ်ကြောင်း အထိတ်တလန့် သတိပြုမိလာခြင်းပဲ ဖြစ်သည်။
နောက်ဆုံးတော့ ချိုနှင့်ကျွန်တော် ၏ အားစမ်းပွဲ အမောဖောက်စွာ လက်ရည်ကျလာရသူမှာ ကျွန်တော် ဖြစ်ပြီး စူးနစ်စွာ ချစ်လာမိသူမှာ လည်း ကျွန်တော် ပင် ဖြစ်နေတော့သည်။
ထိုအသိက ကျွန်တော့် တစ်ကိုယ်လုံးကို အေးစက်သွားစေခဲ့သလို ကျွန်တော့်ရင်အစုံကို လည်း တုန်လှုပ်သွားစေခဲ့ပါသည်။
ကျွန်တော် ချို့ကို စူးနစ်စွာ ချစ်နေမိကြောင်း ကိုယ့်ကိုယ်ကို သေချာလာသော အချိန်မှာ တော့ ကျွန်တော် ဘာဆက်လုပ် သင့်သလဲဟု စဉ်းစားရန် လိုအပ်လာသလို တစ်စုံ တစ်ယောက် နှင့် လည်း တိုင်ပင်ရန် လိုအပ်လာတော့သည်။ သို့ သော် ထိုတစ်စုံ တစ်ယောက် မှာ အောင်ရဲနှင့်ဇေယျ တော့မ ဖြစ်သင့်။ သူတို့အား တိုင်ပင်မိပါက ကျွန်တော့် ရှုံးနိမ့်မှု ကို ကျွန်တော် ၀န်ခံခြင်းပင် ဖြစ်ပေ လိမ့်မည် ။
နောက်ဆုံတော့ ကျွန်တော့် တိုင်ပင်ဖော်အ ဖြစ် ကိုတိုးကို ကျွန်တော် ရွေးချယ်လိုက်သည်။ ထို့ကြောင့် ကိုတိုးနေထိုင်ရာ ယောမင်းကြီးလမ်းသို့ ကျွန်တော် သွားရှာတော့သည်။ ကျွန်တော် ကို တိုးအိမ်သို့ ရောက်ရှိသွားသော အချိန်သည် တိုက်ဆိုင်စွာ ပင် ကိုတိုး အိမ်မကပ်သည့် ညနေပိုင်း နေညိုချိန် ဖြစ်နေခဲ့သည်။ ကိုတိုး၏ အမျိုးသမီးက ကျောက်တိုင်မှာ သွားရှာကြည့်ပါဟု ဆိုသဖြင့် ကျွန်တော် ကျောက်တိုင်သို့ လိုက်ရသည်။
ကျောက်တိုင်ဆိုသည်က ကျောက်တိုင်ကားမှတ်တိုင်ရှိ ဘုံဆိုင်ကို အတိုကောက်ခေါ်ဝေါ် ခြင်း ဖြစ်သည်။ ဆိုင်အတွင်း မြောက်မြားလှစွာ သော လူအုပ်အတွင်း၌ ကိုတိုးကို ခက်ခက်ခဲခဲ ရှာရ သည်။ ၀ါးထရံနားပိုင်း တစ်ဝိုက်မှာ တော့ တရုတ်စွပ်ကျယ်အစိမ်းနှင့် အိမ်အပြန် ပါဆယ်ဆွဲရန် ရည် ရွယ်ချက်ဖြင့် အရက်တွေ အပြည့်အသိပ် ၀ယ်ထည့်ထားသည့် (စပရိုက်)ဘူးကြီးနှင့် ထုံးစံအတိုင်း တစ်ဝိုင်းလုံးကို တွေ့ ရသည်။ ကျွန်တော် ကိုတိုးဆီသို့ ၀မ်းသာအားရ သွားလိုက်သည်။
ကျွန်တော့် ကို မြင်တော့……ကိုတိုး တအံတသြ ပြုံးပြနှုတ်ဆတ်ရင်း-
“ရဲထွတ် အရက်လာသောက်တာလား”
“မဟုတ်ဘူး၊ ကိုတိုးကို တိုက်ချင်လို့”
ကျွန်တော့် စကားကြောင့် ကိုတိုး ရီဝေစွာ ရယ်လာရင်း-
“ဒါဖြင့် ပိုက်ဆံနှစ် ဆယ့်ခြောက်ကျပ်ထုတ်၊ ဟောဒီပုလင်းယူပြီး ဟိုက စဥ့်အိုးနဲ့ ပုဂ္ဂိုလ်ဆီမှာ သွားဝယ်”
ကျွန်တော် ခေါင်းယမ်းလျက်၊ ကိုတိုးနားမှာ ၀င်ထိုင်လိုက်သည်။
“ဒီဆိုင်မှာ မဟုတ်ဘူး ကိုတိုးရဲ့ ၊ တခြားတစ်ဆိုင်ဆိုင်မှာ တိုက်ချင်တာ”
“ရဲထွတ် မင်းမြင်တဲ့အတိုင်းပဲ၊ ငါ့ဘော်ဒါတွေ အများ ကြီး”
ကိုတိုး၏ စကားက သူမလိုက်နိုင်ဟု ငြင်းဆန်ခြင်းမဟုတ်သလို သူလိုက်မည် ဟု ဆိုလိုခြင်းလည်းမဟုတ်။ သူ့ကို တိုက်လျှင် သူ့ဘော်ဒါတွေ ကိုပါ တိုက်ရမည် ဟု သတိပေးခြင်း ဖြစ် သည်။ အရက်ကို အလွန်ချစ်သလို အရက်ဆိုင်မှ သောက်ဖော်သောက်ဖက်များ ကိုလည်း အလွန် ချစ်တတ်ခြင်းမှာ ကိုတိုး၏ ထုံးစံပဲ ဖြစ်သည်။
သူ၏ သောက်ဖော်သောက်ဖက်များ မှာ သူတို့ သဘောင်္သားမှ တန်းစီတိုးရောင်း၊ ဆိုက်ကား နင်းသူ၊ ရေခဲရောင်းသူအထိ အစားစား ဖြစ်သည်။
သို့ သော် ကိုတိုး ကတော့ မည် သည့် အဆင့်အတန်းမျိုး၌ ရှိသူ ဖြစ်ပစေ၊ သူနှင့်ခွက်လှည့် သောက်ပြီးပါက ထိုလူကို အလွန်ချစ်ခင်သွားတတ်သည်။ ယခုလည်း သူ့ကိုခေါ်လျှင် သူ့ဘော်ဒါတွေ ကိုပါ ခေါ်ရန် တောင်းဆိုလာတော့သည်။
“ကျွန်တော် ကိုတိုးကို တိုင်ပင်စရာရှိလို့ ကိုတိုး”
“အရေး ကြီးသလား”
ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့ ကိုတိုး စဉ်းစားဟန်ပြုသည်။
ပြီးမှ ခေါင်းညိတ်ရင်း…..
“ဒါဖြင့် လိုက်ခဲ့မယ်လေ၊ ဒါပေမဲ့ ဒီဘူးကြီးတော့”ထားခဲ့မှ ဖြစ်မယ်၊ သူတို့မှာ ဆက်သောက် စရာ ပိုက်ဆံမရှိကြဘူး”
ကိုတိုး ထားခဲ့မည် ဆိုသော ဘူးကြီးက သူအိမ်အပြန် ယူသွားရန် သူ့ပိုက်ဆံနှင့် သူ့ဘာသာသူ ၀ယ်ထားသည့် အရက်သုံးပုလင်းဝင် (စပရိုက်) ဘူးကြီး ဖြစ်သည်။
“ ဖြစ်ပါတယ်၊ အဲဒီ ဘူးတင်မဟုတ်ဘူး အမြည်းဖိုးပါ ထားခဲ့”
ကျွန်တော် ကိုတိုးကို ကိုးဆယ်တန်တစ်ရွက် ထုတ်ပေးလိုက် သည်။ ကိုတိုး၏ ဘော်ဒါများ က ကျွန်တော့် ကို ကြည့်ရင်း
“ခုလို ခေါ်ပုံခေါ်နည်းနဲ့ဆိုရင် ကိုတိုးကို နေ့တိုင်းလာခေါ်စမ်းပါဗျာ” ဟုဆိုကြသည်။
ကျွန်တော့် ကားပေါ်ရောက်တော့ ကိုတိုးက….
“ရဲထွတ်၊ ဆိုင်ကြီးမသွားနဲ့၊ အဖြူရမယ့်ဆိုင်ပဲသွား”
ဒါကလည်း ကိုတိုး၏ ထုံးစံအတိုင်းပင် ဖြစ်သည်။ သဘောင်္လိုက်သော အချိန်၌ သောက်ဖူး အောင်ဟုဆိုကာ အရက်မျိုးစုံသောက်လေ့ ရှိသော်လည်း ရန်ကုန် ပြန်ရောက်လျှင်တော့ ဘီအီးမှ လွဲ၍ ဘာမှသောက်လေ့မရှိ။ တချို့ကိုတိုးအကြောင်းသေသေချာချာမသိသော ပြန်ရောက်စ သဘောင်္သား မိတ်ဆွေများ က ကိုတိုးကို အဖိုးတန် နိုင်ငံခြားအရက်များ လက်ဆောင်လာပေးလေ့ရှိ သည်။ ထိုအခါ ထိုလက်ဆောင် အရက်ပုလင်းကို ရောင်းပြီး ဘီအီးတွေ ဂါလန်နှင့်ချီ၍ ကိုတိုး ၀ယ်တတ်သည်။ လက်ဆောင်ပေးသူ မိတ်ဆွေနှင့်တွေ့ ပါက…..
“ခင်ဗျားအရက်နဲ့ ကျွန်တော် တစ်လလောက် မူးလိုက်ရတယ်”
ဟုလည်း ပြောတတ်သေးသည်။ သို့ သော် အဓိပ္ပာယ်ကို နားမလည်သော မိတ်ဆွေ ကတော့ အရက်တစ်ပုလင်းနှင့် တစ်လတောင် မူးရသလားဟု တအံ့တသြ ဖြစ်ရသည်။
ကျွန်တော် ကုက္ကိုင်းမှ ’ပြည့်ဝ’စားသောက်ဆိုင်သို့ သွားမည် ဟု စိတ်ကူးဆုံးဖြတ်လိုက်ပြီး…
“ပြည့်ဝသွားမယ် ကိုတိုး”
“အဲဒီ မှာ ဘီအီး ရလို့လား”
“မရဘူး၊ ဂျပန်ကြီးဆိုင်မှာ ၀င်ဝယ်လိုက်မယ်”
သည်လိုနှင့် ကိုတိုးနှင့်ကျွန်တော် ဘီအီးဒီစီတစ်လုံးဝယ်၍ ပြည့်ဝသို့ ရောက်ခဲ့ကြသည်။ ၀က်သားလုံးကြော်၊ဆေးဘဲဥ၊ ကော်ပြန့်ကြော်များ မှာ ပြီးချိန်၌ ကိုတိုးက မေးဆတ်၍ ….
“ကဲ….ဆို ရဲထွတ်”
ကျွန်တော် လပ်ကီးစထရိုက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်ရင်း…..
“ကျွန်တော် ကောင်မလေး တစ်ယောက် ကို ချစ်နေမိပြီ ကိုတိုး၊ အဲဒါဘာလုပ်ရမလဲ”
“လိုက်ပေါ့”
“လိုက်စရာမလိုဘူး၊ ကိုတိုး၊ သူနဲ့ ကျွန်တော် သမီးရည်စား ဖြစ်နေကြပြီးသား”
ကျွန်တော့် စကားအဆုံး မျက်လုံးအစုံကို မှေးစင်းရင်း ကိုတိုး ကျွန်တော့် ကို ကြည့်သည်။ ထို့နောက် မှာ ထားသော အမြည်းများ ရောက်မလာသေးသဖြင့် ဆလပ်ပွဲမှ ခရမ်းချဉ်သီး တစ်ဖက်နှင့် အရက်တစ်ငုံကို မြည်းရင်း….
“သူကရော မင်းကို ချစ်သလား”
“အဲဒါ မသေချာသေးဘူး ကိုတိုး”
“မသေချာဘူးဆိုတော့ မင်း သူ့ကို မယုံကြည်ဘူးပေါ့”
ကိုတိုး၏ မေးခွန်းကို ကျွန်တော် မဖြေတတ်။ကိုတိုးက ကျွန်တော့် စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကို ဆွဲယူရင်း-
“မသေချာမှု ဆိုတာ ယုံကြည်မှု နဲ့ဆိုင်တယ် ရဲထွတ်၊ တစ်စုံတစ်ရာကို ယုံကြည်ရင် အဲဒီ တစ်စုံတစ်ရာကို ယုံကြည်ရင် အဲဒီ တစ်စုံတစ်ရာက သေချာတာပဲ”
ထုံးစံအတိုင်း ဒဿနဆန်ဆန် စကားလုံးများ ဖြင့် ကိုတိုး ကျွန်တော့်ကို ရှင်းပြသည်။ သို့ သော် ကိုတိုးရှင်းပြလေလေ ကျွန်တော့် အတွက် ပိုရှုပ်လေ ဖြစ်နေတော့သည်။ ကိုတိုးက စီးကရက်ကို မီးညှိဖွာရှိုက်ပြီးမှ…….
“မင်းလိုလူ တစ်ယောက် က ကမ္ဘာကြီးလုံးနေတာ သေချာရဲ့ လားလို့ မေးရင် မင်း ဘယ်လို ဖြေမလဲ၊ သေချာတယ်လို့ဖြေမှာ ပေါ့၊ အဲဒါကမ္ဘာကြီး လုံးနေတယ်ဆိုတာကို မင်း ယုံကြည်ထားလို့ပဲ၊ ခု…..မင်းကောင်မလေး မင်းကို ချစ်မချစ် မင်းမသေချာဘူး၊အဲဒါဟာ မင်းကောင်မလေး မင်းအပေါ် မှာ တကယ်ချစ်တယ်လို့ မင်း မယုံကြည်ထားလို့ပေါ့၊ မင်းယုံကြည်လိုက်ရင် ကောင်မလေး မင်းအပေါ် တကယ်ချစ်တယ်ဆိုတာ အလိုလို သေချာလာလိမ့်မယ်”
“ကျွန်တော် ယုံကြည်သင့်သလား ကိုတိုး”
“သိပ် ယုံသင့်တာပေါ့၊ လောကကြီးမှာ တစ်စုံတစ်ရာကို ကြည့်ရတာ လောက် စိတ်ချမ်းသာစရာ ကောင်းတာမရှိဘူး၊ ဒီတော့ ယုံလိုက်၊ ရဲထွတ်၊ ရဲရဲသာ ယုံလိုက်၊ ယုံတဲ့အတွက် မမှားဘူး၊တကယ်လို့ မှားသွားရင်လည်း မမှားနိုင်ဘူးလို့ ယုံကြည်ထားတဲ့အတွက် မှားကိုမမှားဘူး”
“ရှုပ်သွားပြီ ကိုတိုး”
ကိုတိုးရယ်သည်။ ထို့နောက် အရက်ကို တစ်ကျိုက်မော့ရင်းရောက်ရှိလာသော အမြည်းပန်း ကန်များ ထဲမှ ၀က်သားလုံးကြော်တစ်ဖက်ကို ၀ါးသည်။
“လောကကြီးမှာ မယုံသကာင်္ ဖြစ်ရတာ သံသယ၀င်ရတာ ဟာ စိတ်ပင်ပန်းတယ် ရဲထွတ်၊ ဥပမာ ငါ့ယောက္ခမကြီးဆိုပါတော့၊ သူဆို ဘယ်သူ့ကိုမှမယုံဘူး၊သူ့သမီးကိုလဲ မယုံဘူး၊င့ါကိုလဲ မယုံဘူး၊သူ့တူသားတွေ ကိုလည်းမယုံဘူး၊ တစ်ယောက် ယောက် က စားစရာတစ်ခုခု လာပို့ရင် အဲဒီ စားစရာထဲမှာ ဆေးခတ်ထားမလားလို့ သံသယ၀င်တယ်၊ သူ့တူ တစ်ယောက် အိမ်ရောက်လာရင် တစ်ခုခုယူသွားမလားလို့ သံသယ၀င်တယ်၊ အသိ တစ်ယောက် ယောက် ကို ပိုက်ဆံချေးလိုက်ရရင် လဲ အဲဒီ ပိုက်ဆံပြန်ရပါ့မလား၊ ဆုံးများ သွားမလား၊လို့ ပိုက်ဆံပြန်မရမချင်း သံသယ၀င်တယ်၊ ဒီတော့ သူဟာ အဲဒီ သံသယတွေ နဲ့ စိတ်ချမ်းသာရတယ်ကို မရှိဘူး၊ နေ့တိုင်း စိတ်ဆင်းရဲရတယ်၊ ငါ့အယူအဆ ကတော့ ယုံစေချင်တယ်၊ အားလုံးကို ယုံလိုက်၊ ဒါဆို စိတ်ချမ်းသာမယ်”
“ယုံပြီးမှ မှားသွားရင် ဘယ်လိုလုပ်မလဲ ကိုတိုး၊ ဆိုပါတော့ ကျွန်တော် သူ့ကိုယုံပြီး စူးစူး နစ်နစ် ချစ်လိုက်မယ်၊ အဲလို ချစ်ပြီးမှ သူ ကျွန်တော့်ကို တကယ်ချစ်တာမဟုတ်ဘဲ လှည့်စားတယ် ဆိုရင်…..”
“မင်း ယုံကြည်နေသရွေ့ တကယ်မချစ်ဘူး ဆိုတဲ့ ကိစ္စဟာ ဖြစ်မလာနိုင်ဘူး ရဲထွတ်၊ ငါ ဥပမာ တစ်ခုပြောမယ်၊ လူ တစ်ယောက် မင်းဆီက ပစ္စည်းတစ်ခု ငှားတယ်ဆိုပါတော့၊ ခုမင်းအိတ်ထဲက မျက်မှန်ကို ငှားတယ်၊ နောက်နေ့ သူရောင်းစားလိုက်တယ်၊ ဒါပေမဲ့ မင်းနဲ့တွေ့ တဲ့အခါ ရောင်းလိုက်ပြီလို့ မပြောဘူး၊ အထားမှားလို့ ပျောက်နေတယ်၊ရှာမတွေ့ သေးဘူး လို့ပြောမယ်။ ဒါကို မင်းက မ ဖြစ်နိုင်ဘူးလို့တွေးပြီး သံသယ၀င်မယ်ဆိုရင် သူ မင်းကို လိမ်သွားပြီလို့ မင်း စဉ်းစားမိပြီးစိတ်ဆင်းရဲရမယ်။သူပြောတာကို ယုံလိုက်ရင် တကယ်ပျောက်နေလို့ပဲလို့ စိတ်ဖြေလို့၇မယ်၊ နောက်ဆုံး လုံးဝရှာမတွေ့ တော့ဘူးဗျာလို့ မင်းကိုပြောလာရင်တောင် တကယ်ပျောက်သွားလို့ပဲလို့ တွေးပြီး မင်းသူ့ကို ခွင့်လွှတ်ရမယ်၊ သူ မင်းကို လိမ်သွားပေမယ့် လိမ်တယ်ဆိုတဲ့ သံသယမျိုး မင်း မ၀င်ခဲ့တဲ့အတွက် သူုနဲ့မင်းအကြားမှာ လိမ်တယ်ဆိုတာမရှိဘူး၊ ဒီလိုပဲ မင်းကောင်မလေး မင်းအပေါ် တကယ်ချစ်တယ်လို့ မင်း ယုံနေသရွေ့ သူ မင်းအပေါ်မှာ တကယ်မချစ်ဘူးဆိုတာ ဖြစ်မလာနိုင်ဘူး၊ ရှင်းရဲကလား ရဲထွတ်”
ကျွန်တော် ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလိုက်မိသည်။ ကိုတိုးက စကားပြောတာရပ်ဆိုင်းပြီးသည်နျင့် အသောက်ဘက်သို့ လှည့်တော့သည် ။ ကျွန်တော် ဆေးဘဲဥတစ်ဖက်ကို ၀ါးရင်း
“ဒါဖြင့် ကျွန်တော် သူ့ကို စူးစူးနစ်နစ်နဲ့ ချစ်သင့်တယ်ပေါ့”
ကိုတိုး ခေါင်းညိတ်သည်။
“ချစ်တဲ့အချိန်မှာ ချစ်တဲ့စိတ်ကလွဲပြီး ဘာမှမတွေးနဲ့ ရဲထွတ်၊ စူးစူးနစ်နစ်နဲ့ သူ့အပေါ်မှာ တကယ်ချစ်နေတယ်လို့ ယုံကြည်၊ အဲဒါဆို အိုကေပဲ”
“ကျေးဇူးပါပဲ ကိုတိုး၊ ကျွန်တော် နောက်ဆုံးအနေနဲ့ မေးစရာတစ်ခုပဲ ကျန်တော့တယ်။”
ကိုတိုး အရက်ထပ်ငှဲ့ပေးရင်း…ကျွန်တော့် မေးခွန်းကို စောင့်ဆိုင်းသည်။
ကျွန်တော် ချက်ချင်း မမေးသေးဘဲ စီးကရက်ကို သုံးလေးဖွာ ရှိုက်လိုက်သည်။ပြီးမှ ……
“တကယ်လို့ ကျွန်တော် ချစ်နေတဲ့ ကောင်မလေးဟာ နိုင်ကြီးကို ဘ၀ပျက်စေခဲ့တဲ့ ကောင်မလေးဆိုရင်…ကိုတိုး ကျွန်တော့် ကို ဘာပြောမလဲ”
ကျွန်တော့် စကားကြောင့် ကိုတိုး၏ တုထိပ်ဖျားမှ ၀က်သားလုံးကြော် ပန်းကန်ထဲသို့ ပြန်ပြုတ်ကျသွားသည်။ လက်ထဲမှ တူကိုချရင်း ကိုတိုး ကျွန်တော့် ကို တအံ့တသြလှည့်ကြည့်သည်။ လောကကြီး၌ ယုံကြည်ရတာ စိတ်ချမ်းသာတယ်ဟု ပြောခဲ့သော ကိုတိုး၏ မျက်နှာ၌ မယုံကြည်နိုင် ဟန်အပြည့်။
အတော် ကြီးကြာမှ ခေါင်းယမ်းလျက် သက်ပြင်းတစ်ချက်ကို ချသည်။
“မင်းက ဘာပြောစေချင်လို့လဲ ရဲထွတ်”
ကိုတိုး၏ လေသံက စောစောကလို တက်တက်ကြွကြွနှင့် တိုက်တွန်းသည့် လေသံမျိုး မဟုတ်တော့။
“ဘာပဲ ဖြစ် ဖြစ်ပေါ့ ကိုတိုး”
ကိုတိုး သူ့အရက်ခွက်ကို အကြာကြီး စိုက်ကြည့်သည်။ပြီးမှ……
“ဒါဖြင့် ငါ တစ်ခွန်းတည်း ပြောမယ် ရဲထွတ်”
“ပြောပါ ကိုတိုး”
“စောစောက ပြောခဲ့တာတွေ အားလုံးကို ငါပြန်ရုတ်သိမ်းတယ်”
ကျွန်တော် ရုတ်ခြည်း ပြောင်းလဲသွားသော ကိုတိုးကို ဖျတ်ခနဲ ကြည့်လိုက်သည်။
“ကျွန်တော် နောက်ဆုတ်သင့်တယ်ဆိုတဲ့ အဓိပ္ပာယ်လား ကိုတိုး”
“မဟုတ်ပါဘူး၊ ငါ နောက်ဆုတ်တာပါ၊ ဖြစ်နိုင်ရင် ခုကိစ္စနဲ့ ငါ ဝေးဝေးနေချင်တယ် ရဲထွတ်”
စကားအဆုံး ကိုတိုး အရက်ခွက်ကို အပြတ်ရှင်းလိုက်သည်။
ကိုတိုးနှင့် တွေ့ ဆုံခဲ့ခြင်းဖြင့် ကျွန်တော် သိလာရတာ တစ်ခု ကတော့ ချိုနှင့်ါ ကျွန်တော် ၏ ကိစ္စ၌ ကျွန်တော့် အား ရှေ့ဆက်တိုးရန် မည် သူမျှအကြံပေးလိမ့်မည် မဟုတ် ဆိုတာပဲ ဖြစ်သည်။ ထို့ ကြောင့် တစ်စုံ တစ်ယောက် ၏ တိုက်တွန်းမှု ကြောင့် မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်၏ ဆုံးဖြတ်ချက်ဖြင့် ရှေ့ဆက်တိုးမလား ။ သို့ မဟုတ် စောစီးစွာ နောက်ဆုတ်မလားဆိုသည်ကို ကျွန်တော် အပြင်းအ ထန် စဉ်းစားလာရတော့သည်။
ထိုအတောအတွင်း ချိုနှင့် ကျွန်တော် ၏ အနေအထားမှာ လည်း ပိုမိုနီးကပ်လာဆဲပင် ဖြစ်သည်။ နေ့တိုင်းလိုလို တွေ့  ဖြစ်ကြရုံမျှမက ညတိုင်းလိုလိုပင် ဖုန်းပြော ဖြစ်လာကြသည်။ ထိုသို့ ညနေတိုင်း တွေ့ ဆုံရင်း ဖုန်းပြောရင်းနှင့် ပင် ချို့ကို ကျွန်တော် ချစ် နေမိခြင်းမှာ လည်း ပိုသေချာလာတော့သည်။ ထိုသေချာမှု ကြောင့် နောက်ဆုတ်ရန်ဟူသော စိတ်ကူးကို ကျွန်တော် ရဲတင်းစွာ ပယ်ဖျက်ရင်း သည်အခြေအနေအတိုင်း ဆက်နေရန် သို့ မဟုတ် ရှေ့ပိုတိုးရန်ကိုသာ ကျွန်တော် စဉ်းစားလာခဲ့သည်။
ကျွန်တော် ၏ ရှေ့ပိုတိုးရန်ဟူသော အစီအစဉ် ကတော့ ချိုအား လက်ထပ်ရန်ပင် ဖြစ်သည်။ သို့ သော် လက်ထပ်ဖို့ကိစ္စကိုတော့ ကျွန်တော် ချိုအား စကားမစ ဖြစ်ခဲ့။ အကြောင်း ကတော့ နိုင်ကြီးလို အချိန်တိုတိုလေးနှင့် လက်ထပ်ရန် ပြောလာသည့် ဟု ချို ယူဆသွားမှာ စိုး၍ ပဲ ဖြစ်သည်။ သို့ သော် ကျွန်တော် ချိုအား…….
“လက်ထပ်ရအောင်”
ဟု ပြောရန် လိုအပ်သော အခြေအနေက မလွဲမသွေ ရောက်ရှိလာခဲ့သည်။ ထိုအခြေအနေကို ရောက်ရှိစေခဲ့သူက ချို့အရာရှိ မစ္စတာစမစ် ဖြစ်သည်။
ထုံးစံအတိုင်း ကျွန်တော့် ကားကို မြင်သည်နှင့် ချို ကျွန်တော့် ကားဆီသို့ ရောက်လာသော်လည်း ခါတိုင်းလို ထိုင်ရမည့် ဘက်ခြမ်းသို့မသွားဘဲ ကျွန်တော် ထိုင်နေရာမှ ယာဉ်မောင်းသူဘက်ခြမ်းသို့ လျှောက်လာသည်။
“ယူ ပြန်နှင့်တော ရဲထွတ်ခေါင်၊ တို့ အလုပ်နည်းနည်း ရှိသေးလို့ ကြာဦးမယ်”
ကားပြတင်းပေါက်ကို လက်ထောက်ရင်း ချို ပြောသည်။
“ကိုယ်စောင့်နိုင်ပါတယ်”
“ယူစောင့်နိုင်ပေမယ့် တို့ လိုက်နိုင်မှာ မဟုတ်ဘူး”
“ဘာ ဖြစ်လို့လဲ”
“အိုဗာတိုင်း ခိုင်းတာမို့လို့ အလုပ်ပြီးရင် မစ္စတာစမစ်က တို့တွေ ကို ညစာလိုက်ကျွေးမလို့တဲ့၊ ပြီးရင် သူ အိမ်ပြန်ပို့ပေးလိမ့်မယ်”
ချို့စကားကြောင့် ကျွန်တော် စိတ်ညစ်သွားရသည်။
“ကိုယ်က ဒီညနေ ရုပ်ရှင်ကြည့်မလား လို့”
“နောက်နေ့မှ ကြည့်ပေါ့ ရဲထွတ်ခေါင်ရယ်၊ အချိန်တွေ အများ ကြီး ရှိသေးတာပဲ”
“ကောင်းပြီလေ၊ ဒါဖြင့်လဲ ကိုယ်ပြန်မယ်”
“အိုကေ၊ ညကျမှ ဖုန်းထဲမှာ တွေ့ ကြမယ်”
ချို ကျွန်တော့် ကို နှုတ်ဆတ်ရင်း လှည့်ထွက်သွားသည်။
ထိုသို့ အချိန်ပို အလုပ်ဆင်းပေးရခြင်းကို အကြောင်းပြုလျက် တစ်ခါတစ်လေဆိုလျှင် အကြောင်းမဟုတ်သော်လည်း မကြာခဏ ဖြစ်လာသော အခါမှာ တော့ ကျွန်တော် ဇဝေဇ၀ါ ဖြစ်လာရ တော့သည်။
ကျွန်တော့် အား ပို၍ ဇဝေဇ၀ါ ဖြစ်စေသော ကိစ္စတစ်ခုက တစ်ပတ်ကို တစ်ခါလောက် ချို့အား မစ္စတာစမစ်က ဒင်နာကျွေးခြင်းပဲ ဖြစ်သည်။ ထိုကိစ္စကို ကျွန်တော် မေးမြန်းချင်သော်လည်း သ၀န်တိုသည်ဟု ချို ယူဆသွားမည် စိုးသော ကြောင့် ကျွန်တော် မမေး ဖြစ်ခဲ့။
သို့သော် (ချိုနှင့် ကျွန်တော် ကြိုတင်ချိန်းဆိုပြင်ဆင်ထားခဲ့ကြပြီး ဖြစ်သည့်) စင်တင်ဂီတပွဲ သွားကြည့်ကြမည့်  တစ်ညနေ၌ ဒင်နာကျွေးရန် အကြောင်းပြချက်ဖြင့် ချို့တို့ တိုက်ရှေ့သို့ ရောက်လာသော မစ္စတာစမစ်၏ ငွေရောက် ဟွန်ဒိုင်းကားကြီးကြောင့် ကျွန်တော် တို့၏ စင်တင်ဂီတ ပွဲသွားကြည့်ရန် အစီအစဉ် ပျက်စီးသွားသော အခါမှာ တော့ ကျွန်တော့်  မျိုသိပ်မှု မှန်သမျှ ပေါက်ကွဲသွားရတော့သည်။
နောက်တစ်နေ့မနက်၌ ထိုကိစ္စအား မကျေနပ်မှု များ စွာ ဖြင့် ကျွန်တော် ချိုရုံးသို့ ရောက်ရှိသွားခဲ့သည်။
“ဘယ်သွားမလို့လဲ ရဲထွတ်ခေါင်”
“တစ်နေရာရာပေါ့”
“တို့ အလုပ်ပြုတ်သွားမှာ ယူ မစိုးရိမ်ဘူးလားဟင်၊ ခုလိုမျိုး အပြင်ခဏခဏ ထွက်နေရင် မစ္စတာ စမစ်က ကြည်မှာ မဟုတ်ဘူး”
“ဘယ်ကြည်ပါ့မလဲ၊ သူက မင်းကို သူ့အနားမှာ ပဲ ရှိနေစေချင်တာကိုး”
ကျွန်တော် အရွဲ့တိုက်၍ ပြောလိုက်သည်။ ချိုက ကျွန်တော့်အရွဲ့တိုက်စကားကို ရယ်မောရင်း…..
“ယူ အဲဒါတွေ သိလျက်နဲ့ ဘာ ဖြစ်လို့ တို့ကို ရုံးဖွင့်စအချိန်ကြီး လာခေါ်ရတာ လဲ”
“အဲဒါတွေ သိနေလို့ပေါ့”
ကျွန်တော့် စကားကို ချို နားမလည်ဟန်ဖြင့် ကြည့်သည်။ ကျွန်တော် ချို့ကို ဘာမှထပ်မပြောတော့ဘဲ လူရှင်းရာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ခေါ်သွားသည်။ဆိုင်ထဲရောက်မှ….
“ချိုနှင့် မစ္စတာ စမစ်က ဘယ်လိုလဲ ချို”
ကျွန်တော့်မေးခွန်းအဆုံး ချို ကျွန်တော့် ကို ဖျတ်ခနဲ ကြည့်ရင်း…
“ဘာ ဖြစ်လို့ မေးရတာ လဲ ရဲထွတ်ခေါင်”
“ကိုယ်သိသလောက် ချိုနဲ့ သူနဲ့ အရင်တုန်းက မတည့်ခဲ့ဘူး၊ ခုကျတော့လဲ ချို့ကို ဒင်နာကျွေးလိုက်ရတာ ခဏခဏပါပဲ၊ အဲဒါ ဘာသဘောလဲ”
နက်စ်အောခွက်ကိုမွှေရင်း ချို မချို မချဉ်ပြုံးသည်။ ပြီးမှ ကျွန်တော့် ကို လှမ်းကြည့်ရင်း ခပ်အေးအေး အဖြေပေးသည်။
“အဲဒါ သူ့ဘက်က မရိုးသားဘူးဆိုတဲ့ သဘောပေါ့”
“သူ မရိုးသားဘူးဆိုတာတော့ ချို သိတယ်ပေါ့”
“သိတာပေါ့ ယူရဲ့ …..ကိုယ်နဲ့ ပက်သက်ပြီး ယောကျာ်း တစ်ယောက် ရဲ့ ရင်ထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို သိတာဟာ မိန်းကလေးတိုင်းရဲ့ မွေးရာပါ အတတ်ပညာပဲ”
“ဒါဖြင့် အခု ကိုယ်ရင့်ထဲမှာ ဘာတွေ ဖြစ်နေသလဲ ချို သိလား”
ကျွန်တော့်မေးခွန်းနှင့် ကျွန်တော့် မာဆတ်ဆတ်လေသံကြောင့် ချို သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်လာသည်။
ပြီးမှ မျက်လုံးတောက်တောက်အစုံနှင့် ကျွန်တော့် ကို စိုက်ကြည့်လျက်….
“သိတာပေါ့၊ ယူ့ရင်ထဲမှာ သိပ်ကြောက်ဖို့ကောင်းတဲ့ (Jelousy)မနာလိုမှု တွေ ဖြစ်နေတယ်၊ ကဲ တို့ပြောတာမှန်သလား”
“သိပ်ကိုမှန်ပါတယ်၊ ဆိုစမ်းပါဦး သူ့ဘက်က မရိုးသားမှန်းသိလျက်နဲ့ သူကျွေးသမျှ ဒင်နာတွေ ကို ချို ဘာ ဖြစ်လို့ လိုက်စားရတာ လဲ”
ချို ခေါင်းယမ်းသည်။
“သူ ကျွေးတိုင်းသာ တို့လိုက်စားရရင် အိမ်မှာ တို့အတွက် ညနေစာထည့်ချက်ဖို့မလိုတာ ကြာပြီ ရဲထွတ်ခေါင်၊ ဘယ်လိုမှ ငြင်းလို့မကောင်းတဲ့ တစ်ခါတစ်လေမှသာ တို့ လိုက်စားတာ”
“တစ်ပတ်ကို တစ်ခါလောက် ဆိုပါတော့”
ကျွန်တော် ၏ ငေါ့တော့တော့အပြောကြောင့် ချို ကျွန်တော့် မျက်နှာကို စူးစမ်းဟန်ဖြင့် သေသေချာချာကြည့်ရင်း….
“နေပါဦး….ယူ..ဘာ ဖြစ်လို့ ဒီလောက်တောင် ဂျဲလက် ဖြစ်နေရတာ လဲဟင်”
“ချို သိချင်သလား”
ချို ခေါင်းညိတ်သည်။ ကျွန်တော် ချို့မျက်လုံးတွေ ကို တည့်တည့်စိုက်ကြည့်ရင်း တစ်လုံးချင်း ပြောလိုက်သည်။
“ကိုယ် ချို့ကို သိပ်ချစ်နေမိလို့ပေါ့ ချို၊ ရင်ထဲ အသည်းထဲက ကိုလှိုက်လှိုက်လှဲလှဲ ချစ်နေမိတာ”
အ ဖြစ်မှန်အတိုင်း ရိုးသားစွာ ပင် ကျွန်တော် ချို့အား ၀န်ခံလိုက်ခြင်းပင် ဖြစ်သည်။
ကျွန်တော့်  ၀န်ခံမှု အတွက် ချို တုံ့ပြန်လာပုံ ကတော့ အနောက်တိုင်းဆန်စွာ ….
“ကျေးဇူးတင်ပါတယ်” ဟူ၍ ဖြစ်ပါသည်။
ဘာပဲ ဖြစ် ဖြစ် ထိုကိစ္စမှာ ထိုမျှလောက်နှင့်ပင် ထိုနေ့က ပြီးဆုံးသွားခဲ့သည်။
သို့ သော် မပြီးဆုံးသည်ပ မစ္စတာစမစ်၏ ဒင်နာဖိတ်ကျွေးမှု များ ၊အချိန်ပို အလုပ်ဆင်းခိုင်းမှု များ ၊ တချို့သော ရုံးပိတ်ရက်များ ၌ လေဆိပ်ဆင်းရန် အိမ်တိုင်ယာရောက် လာခေါ်မှု များ ဖြစ်သည်။ ထိုကိစ္စများ က ကျွန်တော့် အတွက် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်း သလို ချို့အတွက် စိတ်ပူပန်ဖွယ်လည်းကောင်းလေသည်။ သို့ သော် ချို ကတော့ ခပ်ဟဟရယ်မော ရင်း-
“ချို ကလေးမဟုတ်ပါဘူး ရဲထွတ်ခေါင်ရယ်၊ တို့ကိုယ်တို့ ထိန်းသိမ်းနိုင်ပါတယ်”
ဟုဆိုသည်။ ဘာပဲ ဖြစ် ဖြစ် ကျွန်တော် ကတော့ စိတ်အနှောင့်အယှက် ဖြစ်စွာ စိတ်ပူမိမြဲ ဖြစ်သည်။ ကျွန်တော် ထိုသို့ စိတ်ပူသည့်တိုင် ချို ကတော့ ငြင်းမကောင်းသည့် တစ်ခါတစ်လေများ ၌ မစ္စတာစမစ်၏ ဒင်နာကို လိုက်စားတတ်မြဲ ဖြစ်သည်။
သို့ သော် ထိုတစ်ခါတစ်လများ မှာ တစ်ပတ်ကို တစ်ခါလောက် ဖြစ်နေတတ်ခြင်း ကတော့ ကျွန်တော့် အတွက် စိတ်ပျက်ဒေါသ ဖြစ်ဖွယ် ကောင်းလှသလို၊ကျွန်တော့်  သည်းခံနိုင်မှု အတိုင်းအတာကိုလည်း တစ်စထက်တစ်စ ပြိုအက်လာစေခဲ့သည်။
ကျွန်တော် လွန်ကျူးစွာ ပေါက်ကွဲရသော နေ့ ကတော့ မစ္စတာစမစ်၏ အိမ်၌ ပါတီပွဲကျင်းပသည့် တစ်ခုသော စနေနေ့မှာ ဖြစ်သည်။ ထိုနေ့ည၌ မစ္စတာစမစ်၏ အိမ်၌ ပါတီပွဲလုပ်မည့်  အကြောင်းနှင့် သူ့ကိုလည်း ဖိတ်ထားကြောင်း ထိုနေ့မတိုင်ခင် သုံးရက်လောက်အလိုကပင် ချို ကျွန်တော့် ကို ပြောပြခဲ့သည်။
ချို ထိုသို့ ပြောလာသည်နှင့် ကျွန်တော် ၏ တုံပြန်မှု ကတော့ ထိုပါတီပွဲသို့ မတက်ရန် တားမြစ်ခြင်းပဲ ဖြစ်သည်။
“မတက်လို့ မကောင်းဘူး ယူရဲ့ ၊ တို့ ကုမ္ပဏီက တခြားလူတွေ လဲ တက်ကြမှာ တော် ကြာ ကိုယ့်ကျမှ မတက်ရင် ပြောစရာ ဖြစ်နေမယ်”
သို့သော် ကျွန်တော် အတင်းအကျပ် တားမြစ်သည့်အခါ မှာ တော့ ချို ကျွန်တော့်ကို တစ်ချက်ကြည့်ရင်း….
“ကောင်းပြီလေ၊ ဒါဖြင့် လဲ မသွားဘဲ နေတာပေါ့”
ဟု ကတိပေးသည်။
ချို့ကတိကြောင့် ကျွန်တော် ကျေနပ်သွားရသော်လည်း ကျွန်တော့် စိတ်မကျေနပ်မှု က စနေနေ့ည(၈)နာရီလောက်အထိသာ ခံခဲ့သည်။ အကြောင်း ကတော့ ထိုအချိန်လောက် ကျွန်တော် ချို့အိမ်သို့ ဖုန်းဆက်လိုက်သော အခါ၌ မစ္စတာစမစ်က ကားလွှတ်၍ ခေါ်ခိုင်းလိုက်သော ကြောင့် ချို လိုက်သွားရကြောင်း ချို့အမေက ကျွန်တော့် အား ပြန်အဖြေပေးခဲ့ခြင်းကြောင့် ပဲ ဖြစ်သည်။
ပါတီပွဲသို့ မသွားဟု ချို ကျွန်တော့်အား ကတိပေးပြီး ဖြစ်ပါလျက် မစ္စတာစမစ်က ကားဖြင့် အခေါ်လွှတ်လိုက်ခြင်းဟူသော အကြောင်းပြချက်တစ်ခုတည်းနှင့် ချိုသည် သူ့ကတိအား သူ့ဘာသာသူ ပြန်လည်ချိုးဖောက်လိုက်သော ကိစ္စသည် ကျွန်တော့် အတွက် နာကျင်ဒေါသ ဖြစ်ဖွယ် ကိစ္စတစ်ခု ဖြစ်သလို ချိုနှင့်ပက်သက်ပြီး ပထမဦးဆုံးအကြိမ်အ ဖြစ် ပြင်းထန်စွာ ထိခိုက်ခံစားရသော ကိစ္စတစ်ခုလည်း ဖြစ်သည်။
ထိုသို့ ချစ်မိခြင်းကြောင့် ပင် ချို့အတွက် ယခုလို ထိခိုက်ခံစားရခြင်းလည်း ဖြစ်သည်။
ထို့ပြင် ချို့အား စူးနစ်ယုံကြည်စွာ ချစ်မိခဲ့ခြင်းမှာ မှားယွင်းမှု တစ်ခုများ လားဟု ဇဝေဇ၀ါ ဖြစ်ကာ သံသယ်ဝင်လာရသော ကိစ္စတစ်ခုလည်း ဖြစ်သည်။
တကယ်တော့ ကျွန်တော် ချို့ထံသို့ ချဉ်းကပ်ခဲ့ခြင်းမှာ အခွင့်ကြုံပါက စိတ်ဓာတ်ရေး ရာ နာကျင်မှု တစ်ခုခုကို ချို ခံစားရစေရန် ရည်ရွယ်ချဉ်းကပ်ခဲ့ခြင်း ဖြစ်သလို ချို့အား ချစ်မိမသွားစေရန် သတိကြီးစွာ ထား၍ ချဉ်းကပ်ခဲ့ခြင်းလည်း ဖြစ်သည်။
သို့ သော် ချဉ်းကပ် နီးစပ်ခဲ့ပြီး နောက်ပိုင်းမှာ တော့ သတိကြီးစွာ ထားခဲ့မှု များ မှိနဖျော့သွားခဲ့ရသလို ချို့ကို လည်း စူးနစ်စွာ ချစ်မိသွားခဲ့သည်။
ဘာမဟုတ်သည့် အချိန်အတိုင်းအတာလေးတစ်ခုအတွင်း၌ ပင် ကျွန်တော် ချို့အား ထိုမျှအထိ ချစ်ခဲ့မိပြီး ချို့အတွက်လည်း ထိုမျှအထိ ခံစားခဲ့ရသည်ဟု ဆိုလျှင် နောက်နောင် ကျွန်တော် ၏ အခြေအနေသည် နိုင်ကြီးကဲ့သို့ ဖြစ်မသွားနိုင်ပါဟု မည် သူမျှ အာမခံနိုင်မည် မဟုတ်။
ထိုအတွေးဖြင့် ကျွန်တော့် အနာဂတ်အတွက် စိုးရိမ်သွားမိသလို ချို့ထံမှ စောစီးစွာ နောက်ဆုတ်စွန့်ခွာလျှင် ကောင်းမလားဟုလည်း ကျွန်တော် စဉ်းစားလိုက်မိသည်။
သို့သော် ထိုစဉ်းစားမှု အတိုင်း ချက်ချင်း အကောင်အထည်ဖော်ရန်အတွက် ကျွန်တော် မပြတ်သားခဲ့။ ထိုသို့ မပြတ်သားခဲ့ခြင်းမှာ ကျွန်တော့် မှာ နောက်ဆုံးကျန်ရှိနေသည့် ပါးလျားလျော့ရဲ လှသော မျှော်လင့်ချက်လေးကြောင့် ဖြစ်သည်။
နောက်တစ်နေ့ မနက်မှာ တော့ မှိန်ဖျော့အားနည်းလွန်သော မျှော်လင့်ချက်တစ်ခုနှစ် အတူ ကျွန်တော် ချို့ဆီသို့ ရောက်ရှိသွားခဲ့သည်။ စောစောစီးစီး ကျွန်တော် ရောက်ရှိလာခြင်းကြောင့် ချိုအံ့ အားသင့်သွားပုံရသော်လည်း သူ့ထုံးစံအတိုင်း တစ်စုံတစ်ရာမေးမြန်းခြင်းမရှိဘဲ တံခါးဖွင့်ပေးသည်။ ကျွန်တော် အိမ်ထဲရောက်တော့….
“ညက ယူ ဖုန်းဆက်သေးတယ် မဟုတ်လား”
ဟု ချိုမေးသည်။ မနေ့က ချိုအိမ်ရောက်၊ မရောက် သိချင်သဖြင့် ည ဆယ်နာရီခွဲလောက် ကျွန်တော် ချို့ဆီ ဖုန်းဆက်ခဲ့သည်။ အိပ်ချင်မူးတူးအသံဖြင့် ချို ဖုန်းလာကိုင်သော အခါမှာ တော့ ကျွန်တော် တစ်စုံတစ်ရာ မပြောဘဲ ဖုန်းပြန်ချပစ်သည်။
ကျွန်တော် ချို့မေးခွန်းကို ခေါင်းညိတ်ပြလိုက်တော့…
“ဘာ ဖြစ်လို့ စကားမပြောဘဲ ဖုန်းပြန်ချသွားတာလဲ”
“မပြောချင်လို့”
ချိုခပ်ယဲ့ယဲ့ ပြုံးသည်။
“ဘာလဲ စိတ်ဆိုးနေလို့လား”
ကျွန်တော် ဘာမှ အဖြေမပေး ဖြစ်၊ ချို ကျွန်တော့်ရှေ့ခုံမှာ ၀င်ထိုင်းရင်း…
“ခု ရန်တွေ့ ဖို့ လာတာလား”
“မဟုတ်ပါဘူ။ ရန်တွေ့ တယ်ဆိုတာ ကလေးတွေ အလုပ်ပါ။ ကိုယ်က လူကြီးဆန်ဆန် ဆွေးနွေးဖို့လာတာ။ ဖြစ်နိုင်ရင် အ၀တ်အစားလဲပြီး ကိုယ်နဲ့ ခဏလိုက်ခဲ့စမ်းပါ”
“တို့ ဘုရားကျောင်း သွားရဦးမယ်”
“ကံကောင်းရင် အချိန်မီ ပြန်ရောက်မှာ ပါ”
“ကံဆိုးရင်တော့ မရောက်နိုင်ဘူး ဆိုပါတော့”
“အဲဒါက ချို့အပေါ်မှာ မူတည်ပါတယ်”
ချို ပခုံးတွန့်ရင်းထိုင်ရာမှ ထရပ်လိုက်သည်။ ထို့နောက် ခဏစောင့်ဟု ပြောရင်း အ၀တ် အစားလဲရန် အိမ်တွင်းသို့ ၀င်သွားခဲ့သည်။
ချိုတို့အိမ်သို့ ကျွန်တော် လာတိုင်း သတိထားမိသည်။ ချိုတို့အိမ်၏ အနောက်တိုင်းဆန်စွာ (ပရိုက်ဗေစီ) ရှိမှု တစ်ခုက ဧည့်သည်လျှင် ထိုဧည့်သည်နှင့် မသက်ဆိုင်သူများ က အိမ်တွင်းသို့ ၀င် ၍ ရှောင်ပေးတတ်ကြခြင်း ဖြစ်သည်။
ချို ၀င်သွားပြီး ခဏအကြာ၌ ချို့အမေ ထွက်လာ၍ ကျွန်တော့် ကို နှုတ်ဆက်သည်။ ထို့ နောက် ချက်ချင်း ဆိုသလိုပင် အိမ်တွင်းသို့ ပြန်ဝင်သွားသည်။ ကျွန်တော် စားပွဲပေါ်မှ အင်္ဂလိပ် သတင်းစာတစ်စောင် ဆွဲယူဖတ်ရှုရင်း ချို့ကို စောင့်ဆိုင်းနေလိုက်သည်။
တအောင့်ကြာတော့ အဆိပ်ဟု အမည် ရသော ရေမွှေးနံ သင်းပျံ့စွာ ဖြင့် ချို ပြန်ထွက် လာသည်။
“သွားကြရအောင်”
ကျွန်တော် ကားသော့ ကောက်ယူပြီး ထိုင်ရာမှ ထလိုကသည်။
ကားပေါ်ရောက်တော့…
“ဘယ်သွားမှာ လဲ ” ဟု ချိုက မေးသည်။
ကျွန်တော် ခပ်လွယ်လွယ်ပင်…
“တစ်နေရာရာပေါ့”
ဟု အဖြေပေးလိုက်ရင်း ကားကို မောင်းထွက်ခဲ့သည်။ တအောင့်ကြာတော့ ထိုတစ်နေရာ ရာအ ဖြစ် လှုရှင်းပြီး ကားပေါ်၌ ပင် ထိုင်စကားပြောနိုင်မည့်  မြေပဒေသာကျွန်းကို ကျွန်တော် ရွေး ချယ်လိုက်သည်။
“ချို”
မြေပဒေသာကျွန်းသို့ရောက်၍ ကားရပ်ပြီးချိန်၌ ကျွန်တော့် ချို့ကို စကားစလိုက်သည်။ ချို ခေါင်းငဲ့ရင်းပြောလေဟူသော သဘောဖြင့် မေးဆတ်သည်။
“မင်းအပေါ် မရိုးသားတဲ့လူ တစ်ယောက် မင်းအားနာရမယ့် အထက်အရာရှိ တစ်ယောက် ဖြစ်နေတာ မင်းအတွက် အန္တရာယ်မများ လွန်းဘူးလား ချို”
ကျွန်တော့်မေးခွန်းအား ချို ချက်ချင်း အဖြေပြန်မပေးဘဲ ကားပြတင်းအပြင်ဘက်ရှိ ရှုခင်းများ ကို ငေးကြည့်နေသေးသည်။ အတန်ကြာမှာ ကျွန်တော့်ဘက်သို့ လှည့်ရင်း…
“ ခုအချိန်အထိတော့ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်ရတာ တစ်ခုကလွဲရင် တို့အတွက် အန္တရာယ်မရှိသေးပါဘူး”
“ ဒါပေမဲ့ နောက်တစ်ချိန်ချိန်မှာ တော့ အန္တရာယ်ရှိလာနိုင်တယ် မဟုတ်လား”
“ရှိလာရင်လဲ အဒီအန္တရာယ်ကို တို့ကာကွယ်မှာ ပါ”
“ဒါပေမဲ့ ကာကွယ်နိုင်မယ်၊ မကာကွယ်နိုင်ဘူးဆိုတာက သေမှ မသေချာဘဲချို၊ အလို မသေချာဘဲနဲ့ ဒီအလုပ်ကို ဆက်လုပ် နေတာဟာ သိပ်စွန့်စားလွန်းရာ ရောက်မနေဘူးလား”
ကျွန်တော့်စကားကြောင့် ချို ကျွန်တော့်ကို ဖျတ်ခနဲ ကြ့ည့်သည်။
စွန့်စားရာရောက်ပေမယ့်လဲ ဒီအလုပ်ကို စွန့်လွှတ်လို့က ဖြစ်မှ မ ဖြစ်နိုင်ဘဲ ရဲထွတ်ခေါင်ရဲ့ ။ တို့ရဲ့ စားဝတ်နေရေက ရှိသေးတယ်လေ
ကျွန်တော် ပြုံးမိသည်။ ထို့နောက် ချို့ကိုစိုက်ကြည့်ရင်း
“စားဝတ်နေရေး အတွက်နဲ့တော့ ခုလို ရင်တထိတ်ထိတ် ဖြစ်နေရမယ့်အလုပ်မျိုးကို ဆက် လုပ်နေစရာမလိုပါဘူး ချိုရဲ့ ။ ခုထက်ပိုပြီး ပျော်စရာကောင်းမယ့် တခြား ဖြေရှင်းနည်းတွေ ရှိပါ တယ်။”
“ဘယ်လို ဖြေရှင်းနည်းလဲ ရဲထွတ်ခေါင်”
“ဥပမာ ကိုယ်တို့ လက်ထပ်လိုက်တာ မျိုးပေါ့”
ကျွန်တော့်စကားကြောင့် ချို ကျွန်တော့ကို စိုက်ကြည့်သည်။ ထို့နောက် ဟက်ခနဲ တစ်ချက် ရရယ်ရင်း…
“ဒါ ယူ တို့ကို လက်ထပ်ခွင့်တောင်းတာပေါ့ ဟုတ်လား”
“မဟုတ်ပါဘူး၊ ကိုယ့်ကို လက်ထပ်ဖို့ ပြောနေတာပါ”
ကျွန်တော် ချို့မျက်လုံးတွေ ကို တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်သည်။ ကျွန်တော့် စကားကြောင့် ချို တစ်ချက်တွေ ဝေသွားသည်။ ပြီးမှ ခေါင်းကိုနောက်လှန်လျက် ရယ်မောသည်။
ချိုရယ်မောပုံက ရယ်စရာတစ်ခုခုနှင့် ကြုံတွေ့ လိုက်ရသည့်အတွက် လှိုက်လှိုက်လှဲလှဲ ရယ်မောနေပုံမျိုး မဟုတ်။ ဟန်လုပ်၍ ရယ်နေခြင်းသာ ဖြစ်သည်။ ချို၏ တုံ့ပြန်ပုံကြောင့် ကျွန်တော် အနည်းငယ် စိတ်တိုစွာ ခံပြင်းသွားမိသည်။
“ဘယ်လိုလဲ ချို”
ကျွန်တော့်မေးခွန်းကြောင့် ချို အရယ်ရပ်ရင်း ကျွန်တော့်ကို ကြည့်သည်။
“ဘာကို မေးတာလဲ ရဲထွတ်ခေါင်”
“ကိုယ့်ကို လက်ထပ်ဖို့ကိစ္စပေါ့”
ကျွန်တော် ခပ်ဆတ်ဆတ်ပြောလိုက်တော့ ချို ကျွန်တော့်ကို ကြည့်ရင်း ခပ်အေးအေးလေ သံဖြင့် အဖြေပေးသည်။
“ကောင်းပြီလေ၊ တို့ စဉ်းစားမယ်”
ချို့အဖြေကြောင့် ကျွန်တော့်ရင်ထဲမှာ ဆတ်ခနဲ ခံစားလိုက်ရသည်။
စဉ်းစားမယ်တဲ့
ဘယ်လောက်များ အားရစရာမကောင်းလိုက်သလဲ။ ချို့ကို လက်ထပ်ဖို့ ဆိုတဲ့ ကျွန်တော့် ရဲ့ မှိန်ဖျော့ အားနည်းလှတဲ့ မျှော်လင့်ချက်ကို ဘယ်လောက်များ ယိုင်နဲ့စေလိုက်ပါသလဲ။ ပြီးတော့ နိုင်ကြီးကို အချိန်ဆွဲလှည့်စားခဲ့ပုံနဲ့ ဘယ်လောက်များ တူညီလိုက်ပါသလဲ။
ချို့အဖြေအတွက် ကျွန်တော် စိတ်တိုတောင်းစွာ ကြေကွဲသွားမိသည်။ ချို့ကို စိုက်ကြည့် ရင်း ကျွန်တော် မေးလိုက်သည်။
“ဘယ်လောက် ကြာမလဲ”
ချို ပခုံးတွန့်သည်။
သဘော ကတော့ အချိန်ကန့်သတ်မှု တစ်စုံတစ်ရာ မပေးနိုင်ပါဟူသည့် အဓိပ္ပာယ် ဖြစ်သည်။ ထို့အပြင် နိုင်ကြီးတုန်းကလိုပင် ကျွန်တော့်အား အချိန်ဆွဲ လှည့်စားလိုက်သည့် အဓိပ္ပာယ်လည်း ဖြစ်သည်။
ဒါပါပဲ။ ဒါဟာ ယောက်ျားတွေ အပေါ်မှာ ထပ်တလဲလဲ အသုံးပြုခဲ့တဲ့ ချို့ရဲ့ ရိုးစင်းလွန်းလှတဲ့ လှည့်စားနည်းတစ်ခုပါပဲ။
ချို့ရဲ အေးစက်မှု ၊ ချို့ရဲ့ လှည့်စားမှု များ အတွက် ကျွန်တော် ခံပြင်းနာကျည်းသွားရသလို နိုင်ကြီးလို အခြေအနေမျိုးနှင့် ရင်ဆိုင်တွေ့ ကြုံနေရတာ ပါလားဟူသော အသိဖြင့် လည်း ထိတ်လန့် ကြေကွဲလာရသည်။ ကျွန်တော် နာကျင် ခြောက်ကပ်စွာ ရယ်မောရင်း ချို့ကို ပြောလိုက်သည်။
“ဘယ်လောက်ကြာမယ်မှန်း မသိတဲ့ မင်းရဲ့ စဉ်းစားမှု ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်း နေလိမ့်မယ်လို့ ချိုထင်သလား”
“ယူတို့ကို တကယ်ချစ်ရင်တော့ စောင့်ရမှာ ပေါ့”
“ချစ်တာနဲ့ လှည့်စားခံတဟာ သတ်သတ်စီပဲ ချိုရဲ့ ”
ကျွန်တော့်စကားကြောင့် ချို မျက်နှာပျက်စွာ တွေ ဝေသွားသည်။
အတန်ကြာမှာ …
“တို့ ယူ့ကို လှည့်စားနေတာလို့ ဘာ ဖြစ်လို့ ထင်ရတာ လဲ”
“ဘာ ဖြစ်လို့လဲ ဆိုတော့် ချိုကိုယ့်ကို လှည့်စားနေမှန်း အသေအချာ သိနေလို့ပေါ။ ယောက်ျား တစ်ယောက် ကို တကယ်ချစ်မှ လက်ထပ်ချင်တဲ့ မိန်းမ တစ်ယောက် ဟာ အဲဒီ ယောက်ျား ကို လက်ထပ်တော့မယ်ဆိုတဲ့အခါ တကယ်ချစ်၊ မချစ် သေချာချင်ရတာ ကို ကိုယ် နားလည်ပါ တယ်။ ဒါပေမဲ့ အဲဒီ လိုသေချာအောင် အချိန်ယူတဲ့အတိုင်းအတာ အကန့်အသတ်မရှိ ကြန့်ကြာနေ မယ်ဆိုရင်တော့ ကိုယ်နားလည်နိုင်မှာ မဟုတ်သလို သည်းခံနိုင်မှာ လဲ မဟုတ်တော့ဘူး။ အချိန် ဆွဲတာ၊ လှည့်စားတာ ဖြစ်သွားပြီ။ အဲဒီ လို လှည့်စားတာမျိုးကို ကိုယ်ခံမှာ မဟုတ်ဘူး”
“အဲဒီ တော့…”
“ကိုယ် ၀မ်းနည်းစွာ ကျောခိုင်းရလိမ့်မယ် ချို၊ မင်းဘ၀ထဲက ကိုယ်ရုန်းထွက်ရလိမ့်မယ်။ ပြီးတော့… ကိုယ့်ဘ၀ထဲကလဲ မင်းကို အပြီးအပိုင် ထုတ်ပစ်ရလိမ့်မယ်”
ကျွန်တော့်စကားအဆုံး ချို ကျွန်တော့်ကိုကြည့်ရင်း… မေးသည်။
“အဲဒီ ကိစ္စဟာ ခုပြောသလောက် လွယ်ကူနိုင်ပါ့မလား ရဲထွတ်ခေါင်”
ကျွန်တော် ချို့ကို ကျောခိုင်းဖို့ကိစ္စဟာ လွယ်ကူနိုင်ပါ့မလားတဲ့
ချို့စကားက ကျွန်တော့မာနကို ဘယ်လောက်များ ထိပါးလိုက်ပါသလဲ
ကျွန်တော် မခံချင်စိတ်ပြင်းပြစွာ ချို့ကို စိုက်ကြည့်လိုက်မိသည်။
“မင်းက ကိုယ့်ကို ထပ်ပြီး လျှော့တွက်တာကိုး ချိုရဲ့ ၊ မှတ်ထားချို၊ ယောက်ျား တစ်ယောက် မှာ မာနဆိုတာ ရှိတယ်။ ယောက်ျး တစ်ယောက် ရဲ့ မာနကို ထိပါးဖို့ ဘယ်တော့မှ မကြိုးစားနဲ့၊ ကိုယ် မင်းကို ရင်နင့်အောင်ချစ်ပေမယ့် ပြတ်သားစရာရှိရင် ရင်ကွဲအောင် ပြတ်သားရဲတယ်။ ကိုယ် အဲလို ပြတ်သားရဲ့ တဲ့ နောက်ထပ် အကြောင်းတစ်ခုကလဲရှိတယ်။ ဘာလဲဆိုတော့ မင်း အရင်ရည်းစား နိုင်ကြီးဟာ ကိုယ့်သူငယ်ချင်း ဖြစ်နေတဲ့ ကိစ္စပဲ”
ကျွန်တော့်စကားအဆုံး ချို့မျက်နှာက ဖြတ်အရိုက်ခံလိုက်ရသူ တစ်ယောက် ပမာ အံ့သြ နာကျင်သွားဟန်အပြည့်။ ၀ိုင်းစက်သွားကြသော မျက်လုံးတောက်တောက်တစ်စုံနှင့် ချို ကျွန်တော့် အား အံ့အားတသင့် စိုက်ကြည့်သည်။
“နိုင်ကြီးက ယူ့သူငယ်ချင်းလား”
“အစစ်ပေါ့… ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်း၊ အဲဒီ သူငယ်ချင်းဟာ မင်းရဲ့ လှည့်စားမှု တွေ အတွက် ဘ၀ပျက်ခဲ့ရတယ်။ ဘယ်တုန်းကမှ မသောက်ခဲ့တဲ့ အရက်ကို နေ့မူးညမူး သောက်ခဲ့ တယ်။ အဲလို အရက်သောက်မှု ကြောင့် လဲ သင်္ဘောပေါ်က ကျပြီး အသက်ဆုံးခဲ့ရတာ ”
“အဲဒါတွေ တို့မသိဘူး”
“မင်းမသိပေမယ့် ကိုယ်သိနေတယ် ချို”
ချို အတန်ကြာ နှုတ်ဆိတ်ငြိမ်သက်သွားသည်။
နောက်မှ ကျွန်တော့်ကို မော့ကြည့်ရင်း တစ်လုံးချင်းမေးသည်။
“ဒါဖြင့် အက်ဖ်အီးဘင့်မှာ ယူ တို့ကို ဘောလ်ပင်ပေးခဲ့တာ အဲဒါတွေ ကြောင့် ပေါ”
“အမှန်ပါပဲ။ အရာအားလုံးရဲ့ အကြောင်းရင်းဟာ အဲဒီ ကိစ္စကြောင့် ပါပဲ။”
စကားအဆုံး ကျွန်တော် ကားစက်နှိုးရင်း ချို့ဘက်သို့ ပြတ်သားစွာ လှည့် ပြောလိုက် သည်။
“ကဲ …ပွဲပြီးသွားပြီချို၊ ကိုယ်မင်းကို အိမ်ပြန်ပို့ပေးမယ် ဟုတ်ပလား”
ချို တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိ။
![]() အချစ်ရောင်ရင့်ရင့် | ![]() အလင်းဖျော့ကောင်းကင် (ပထမပိုင်း) | ![]() သင်နှင့်တကွ အပေါင်းအပါများ သိသာရန် |