Cover

ဝိုင်နီမမ...(သို့မဟုတ်)

(၁)

ဝိုင်းသည် ရေသန့်စက်ထဲက ရေအေးအေးလေးကို တစ်ဖန်ခွက်လုံးကုန်အောင် မော့ သောက်ပြီးမှ အလူမီနီယံနှင့် ကန့်ထားတဲ့ အခန်းလေးဆီ တံခါးကို ဘေးသို့တွန်းကာ ၀င်လာခဲ့ သည်။

သွယ်က သူမကို အိမ်တံခါးဖွင့်ပေးပြီးတာနှင့် မီးဖိုခန်းက တည်ထားလက်စ ဟင်းအိုးဆီ ပြန်ပြေးသွားသည်မဟုတ်လား။

အေးအေးဆေးဆေး စကားပင် မပြောအားသေးပါ။

ဤတိုက်ခန်းကလေးထဲ၌ ၀ိုင်းစိန်မနှင့် နုနုသွယ်တို့ နှစ် ဦးတည်းသာ နေထိုင်တာ ဖြစ်သလို ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ကြသူချင်းလည်း ဖြစ်ကြပါသည်။

သွယ်လေးက ရုံးမှာ ရိုးရိုးစတက်ဖ် (Staff) လေးသာ ဖြစ်ပြီး ၀ိုင်းကန်တော့ ပိုင်ရှင်သူဌေးမရဲ့ အတွင်းရေး မှူး တစ်ယောက် ဖြစ်သည်။

အင်မတန်လှပကြော့ရှင်းသော ၊ အဆင့်မြင့်သော သူဌေးမလေးရဲ့ ကိုယ်ရေး အတွင်းရေး မှူး ဖြစ်သော ကြောင့် ၀ိုင်းစိန်မရဲ့ ပုံသဏ္ဌာန်ကလည်း မခေလှပါ။

ဝိုင်းသည် အရပ်ငါးပေလေးလက်မ မြင့်သူ ဖြစ်သလို ကိုယ်ခန္ဓာအချိုးအဆစ်ကလည်း ပြေပြ သွယ်လျသည်။

အသားအရေကလည်း ဖြူဝင်စိုးပြေသည်။ လမ်းလျှောက်ပုံကလေးကလည်း နွဲ့နွဲ့နှောင်းနှောင်း စတိုင်လ်ကျသည်။

ရန်ကုန်ရောက်ကာစတုန်း ကတော့ သူမ ဒီလောက်အထိ ၀တ်စားပြင်ဆင်တတ်တာ မဟုတ် ပါ။

အခုမှ မမ၀ိုင်နီနဲ့ အနီးကပ်နေရတော့မှ မမ၀ိုင်နီရဲ့ အတုကို ခိုးကာ မိမိကိုယ်မိမိ သပ်ရပ် ကြော့မော့အဆင့်မြင့်အောင် ပြင်ဆင်တတ်၊ နေထိုင်တတ်လာတာ။

မမ၀ိုင်နီရဲ့ အမေ ဒေါ်ခင်မမဆိုတာ ၀ိုင်းစိန်ရဲ့ အမေ ဒေါ်တင့်တင့်ရဲ့ နှစ် ၀မ်းကွဲအစ်မတော် စပ်သူပါ။

တကယ်တော့ ၀ိုင်းဟာ မမ၀ိုင်နီနဲ့ အမျိုးတော် လို့သာ ဒီလိုနေရာကောင်းကောင်းကို ပေးတာ ဟု သွယ်လေးကဆိုသည်။

ပဲခူးကနေ ရန်ကုန်ထွက်လြာ ကတော့ အတူတူ၊ ဘ၀အခြေအနေချင်းလည်း သိပ်မခြားနားကြပါ။

သွယ်လေး ကတော့ မောင်မနှမများ သည်။

သူမက တစ်ဦးတည်းသော သမီး၊

မေမေဆုံးပြီးတဲ့နောက် မေမေ့အစ်မအရင်း ကြီးကြီးတို့အိမ်မှာ ၀ိုင်းနေလိုက်သေးသည်။

နောက်တော့မှ ရန်ကုန်ကို အလုပ်ရှာဖို့ စွန့်စားပြီး ထွက်လာခဲ့တာ။ ဆွေမျိုးတွေ က အဆက် အသွယ် ပြတ်နေကြပြီဆိုပေမယ့် မမ၀ိုင်နီ တစ်ယောက် ကုမ္ပဏီထူထောင်ထားတာ သတင်းကြား ၍ သူမက အလုပ်သွားလျှောက်ခဲ့တာပါ။

မမ၀ိုင်နီက မျှော်လင့်ထားသလိုပင် သူမကို ကူညီပေးခဲ့သည်။

အင်း…. ကျေးဇူးတင်စရာ ကောင်းလေစွ။

ဝိုင်းက စိတ်ထဲက ကျေးဇူးတရားကို အောက်မေ့ရင်း မှန်ရှေ့သို့ လာရပ်မိသည်။

အပြင်က ပြန်လာတာနှင့် အမောပြေ ရေသောက်ပြီးတာနှင့် သူမက ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်နေကျ။

မနက်က ရုံးကို ထွက်သွားခဲ့တဲ့ ရုပ်နဲ့ အခုပြန်လာတဲ့ရုပ်ဟာ ဘာတွေ ကွာခြားသလဲ

မျက်နှာမှာ ပင်ပန်းနွမ်းလျှတဲ့ပုံလေးတော့ ရှိတာပေါ့လေ။ ထုံးထားတဲ့ ဖန်စီဆံထုံးက မပွသေးမယ့် နဖူးစပ်မှာ တော့ ချွေးစို့နေပြီ။

ဒါက အခုပဲ လေးလွှာပေါ် တက်ခဲ့ရတာ ကိုး…

နှုတ်ခမ်းပေါ်က ကော်ဖီရောင် နှုတ်ခမ်းဆိုးဆေးလေးကလည်း အရောင် ဖျော့ ပျက်ပြယ်စပြု နေပြီ။

ကားပေါ် တက်ကာနီး ပြန်တစ်ထပ်ဆိုးခဲ့ရမျာ မေ့သွားလို့။

မေ့သွားတာက အခုတစ်လော အလုပ်တွေ ရှုပ်နေသည်။

မမ၀ိုင်နီ စင်္ကာပူထွက်ရမှာ မို့ ပြင်ဆင်နေတာ။

ခါတိုင်းလည်း အနီးပတ်ဝန်းကျင် နိုင်ငံတွေ ကို အလည်အပတ်ထွက်၊ ဈေးဝယ်ထွက်နေကျဆို ပေမယ့် ဒီတစ်ခါတော့ မတူပါ။

ဒီစင်္ကာပူခရီးဟာ မမ၀ိုင်နီဘ၀ရဲ့ တစ်ဆင့်ချိုး ခရီးဟာဆိုရတော့မည် ။

ခင်ပွန်းလောင်း ဖြစ်သူ ဒေါက်တာ မင်းသီဟပါအတူတူ လိုက်ပါသွားမှာ မို့ မမ၀ိုင်နီကိုယ်တိုင် လည်း စိတ်လှုပ်ရှားနေခဲ့သည်။

သူမပင် ဘေးကနေ အတူရောပါ ရင်ခုန်သလို ဖြစ်နေရပါသည်။

ဝိုင်းက သူမရဲ့ ဆံပင်မှာ ထိုးစိုက်ထားတဲ့ ဆံညှပ်တွေ ၊ ကလစ်တွေ ကို ဆွဲဖြုတ်၍ ဆဲထုံး လေးကို အရင်ဖြေလိုက်သည်။

သရီးစတက် ဆံပင်အခွေလေးက ပြေကျလာရာ သူမက ခေါင်းကလေးတစ်ချက် ယိမ်း၍ ဆံပင်တွေ ကို ခါပစ်လိုက်သည်။

မှန်ထဲက မျက်နှာလေးမှာ စိုစိုပျော့ပျော့ ဆံပင်ခွေလေးတွေ ကပိုကရို ကျလာတော့ ပို နိုပျို သွားသလို ထင်ရသည်။

ပြီးလျှင် ၀ိုင်းက အင်္ကျီကြယ်သီးလေးတွေ ကို ပုလဲတစ်လုံးချင်း အသာအယာ ဖြုတ်၏ ။

ဒါ….မမ၀ုိင္နီ ခ်ဳပ္တဲ့ ဖက္ရွင္ဆုိင္မွာ အတူတူ လို္က္ခ်ဳပ္ထားတဲ့ အက်ႌ….။

ပိုးသားပျော့ပျော့ ကော်ဖီရောင် အဖျော့လေး…

အသားကလေးက နူးညံ့သလို အရောင် ကလေးကလည်း ဆွဲဆောင်မှု ရှိသည်။

ချုပ်လုပ်ထားတဲ့ ပုံစံက လက်စက ရင်ဖုံးကလေးပါ။ ခါးပေါ်တင်ရုံကလေး အရှည်ချုပ်ထား တာ။

ချုပ်ပုံက သေသပ်သလို ၀တ်ဆင်ထားတဲ့ သူကလည်း လှပကြော့ရှင်းတာမို့ အင်္ကျီရဲ့ ဆွဲဆောင်မှု က ပေါ်လွှင်ချင်တိုင်း ပေါ်လွင်နေသည်။

ခေတ်မီဆန်ပြားတဲ့ အ၀တ်အစားတွေ ကြားထဲ ဒီလို ပိုးထည်ရင်ဖုံးလေးတွေ ကို ပွဲထိုင်ရှိရှိ၊ မရှိရှိ အမြဲလို ၀တ်ဆင်တတ်တာလည်းမမ၀ိုင်နီရဲ့ ချစ်စရာစတိုင်လ်လေးပေါ့။

မမ၀ိုင်နီလိုမျိုး သိပ်ဝတ်ချင်တာပဲဟု သူမက ရိုးရိုးသားသား ခွင့်တောင်ခဲ့၊ ပူဆာခဲ့တာ။

သဘောကောင်းသော မမ၀ိုင်နီက သူမကိုချစ်စနိုး ပြုံးကြည့်ရင်းခွင့်ပြုခဲ့တာ ဖြစ်သည်။

တကယ်တော့ ကုမ္ပဏီပိုင်ရှင် သူဌေးမရဲ့ ဟန်ပန်ဒီဇိုင်းကို သူမ အတုခိုးသင့်ရဲ့ လား မသေ ချာ။

ဒါပေမယ့် နောက်ပိုင်းဆိုရင် မမ၀ိုင်နီက စင်္ကာပူမျာ အနေများ တော့မှာ ပဲလေ။

သူမကလည်း ကိုယ်အထင်ကြီးအားကျတဲ့ မိန်းမသား တစ်ယောက် ရဲ့ ပုံစံမျိုး သိပ် ဖြစ်ချင် သည်။

လက်ကိုင်အိတ်ကိုတောင် မမ၀ိုင်နီ ကိုင်သလိုမျိုး ဟန်ပါပါနှင့် ရွရွကလေး ကိုင်တတ်ဖို့ လေ့ကျင့်ရတာ ။

ဖိနပ်ဆိုလည်း ပင်န်ဆဲယ်ဟီးအမြင့်လေး။

လုံချည်ဆိုလည်း သိပ်အဖိုးမများ တဲ့ ချိတ်ဆင်းလေးတွေ ပေါ့။

အခုလည်း ၀ိုင်းရဲ့ ခါးသိမ်သိမ်လေးမှာ ကော်ဖီရောင် ပေါ် အဖြူချိတ်သေးသေးလေး တွေ ရစ်ခွေထားတဲ့ အဆင်ကို ၀တ်ဆင်ထားတာပဲလေ။

ကော်ဖီရောင် ဖိနပ်အမြင့်လေးကိုတော့ တံခါးဝက ဖိနပ်စင်ပေါ် ချွတ်တင်ခဲ့ပြီ။

ဝိုင်းသည် သူမကိုယ်သူမ ကျေနပ်စွာ ကြည့်ရင်းအိမ်နေရင်း တီရှပ်ဖြူနှင့် ရှံလုံချည်လေး လဲလှယ်ဝတ်ဆင်လိုက်သည်။

ခဏ နားမည် ။

“မနက်ပိုင်းက ရုံးမှာ စားရတာ လေ မမ၀ိုင်နီက ကိုယ်ကြိုက်တာမှာ စားခွင့် ပေးထားတာပဲ၊ ဘာလိုသေးလို့လဲ”

“အေးလေ.. အဲဒါကြောင့် တစ်မျိုးပြီးတစ်မျိုး လှည့်မှာ စား နေတာပဲ၊ ဒီနေ့ တုန်ယန်းဟင်း ချိုနဲ့ မလေးရှားခေါက်ဆွဲမှာ တာ၊ မသူဇာက ဘဲပေါင်းဟင်းချိုနဲ့ ယိုးဒယား သဘောင်္သီးထောင်းဆို တော့ ငါတို့ဝိုင်းမှာ အပီပဲ၊ ရှူးရှူးရှဲရှဲနဲ့”

“ဟုတ်ပါပြီ ဒါဖြင့် အခု ညစာကရော ဆင်းရဲသား တစ်ယောက် လို ဘာများ စီစဉ်တာလဲ”

“ဒီမှာ လေ.. လမ်းထိပ်ကနေ တို့ဟူးနည်းနည်း ၀ယ်လာပြီး တို့ဟူးကြော်ချက်ကလေး လုပ်တယ်၊ ပြီးတော့ ပဲပင်ပေါက်ဟင်းချို”

“သြော် ..တော် တော် ခဲခဲယဉ်းယဉ်းပဲ ဒါများ ငါ့ကို မြည်းခိုင်းရသေးလား”

“နင်က အပေါ့အငံ အချို အနေတော် မှကြိုက်တာကိုး..”

“ရတယ်.. ရတယ် ဆင်းရဲသားလေးလို စားမှာ ပဲ ဘာပဲ ဖြစ် ဖြစ် ရတယ်”

“ဒီလိုမှန်းသိ ကန်စွန်းရွက်ကြော်နဲ့ ငါးပိရည်တို့စရာပဲ လုပ်လိုက်ပါတယ်”

“လုပ် ..လုပ် အကြောင်းမဟုတ်ဘူး”

တကယ်တော့လည်း ရုံးမှာ စားရတဲ့နေ့လည်း စာကလွဲလျှင် ကျန်တာက ဖြစ်သလိုပါ။

သွယ်လေးက ကျစ်ကျစ်လစ်လစ်နှင့် ရတဲ့လစာ အကုန်စုတတ်တာမို့ လစာများ တဲ့ ၀ိုင်းကပဲ အိမ်ဈေးဖိုး တာဝန်ယူထားရတော့ သူက အားနာပြီး ချွေတာရေး လုပ်ပေးတတ်သည်။

ညစာကို လက်ဖက်သုပ်လေး၊ အကြော်လေးနှင့် ပဲ ပြီးလိုက်တာများ သည်။

ဝိုင်းကသာ စိတ်ကူးပေါက်ရင် ကိုယ်တိုင် ဈေးဝယ်ပြီး ရုံးပိတ်ရက်ဆို ကျကျနန ကိုယ်တိုင် ချက်ပြီးလက်စွမ်းပြတာ၊ ဒါမှ မဟုတ်လည်း အပြင်ထွက် စားသောက်သည်။

ရုံးဖွင့်ရက် ငါးရက်စလုံးမှာောတ့ သွယ်လေးရဲက ဆင်းရဲသား ဥပဓိနှင့် ပဲ နှစ် ပါးသွားရသည်။

“၀ိုင်း ..လာမြည်းပါဆို”

“တော် ပါပြီ ငါ တအောင့်နားပြီး ရေချိုးမှာ နင့် ဟင်းတွေ ကို မြည် ခိုင်းမနေနဲ့ ကောင်းကောင်း မကောင်းကောင်း အားပေးရမယ့်ကိစ္စပဲ ပြီးရင် ထမင်းသာ ခူးထားတော့”

“ရက်စ်”

သွယ်လေးက သူ့ဟာသူပဲ တစ်ဇွန်း ခပ်မြည်းကာ ဟော့ပလိတ် ခလုတ်ကို ပိတ်လိုက်တော့ သည်။

ဝိုင်းစိန်မက တိုက်ခန်းလေးရဲ့ ရှေ့ဘက် ဧည့်ခန်းဆီ ပြန်ထွက်လာသည်။ တော် ကြာဆို ညနေမျောင်ရီပျိုးတော့မည် ။

အခုပင် နေရာင် ပျောက်စပြုနေပြီ။

ဝိုင်းက ၀ရံတာမှာ ချထားတဲ့ ပလပ်စတစ်ထိုင်ခုံလေးမှာ ထိုင်လိုက်သည်။

ဟိုးအဝေးမှာ အိပ်တန်းပြန် ငှက်ကလေးတွေ အုပ်စုဖွဲ့ကာ ပျံသန်းသွားလာနေကြသည်။

ဝိုင်းက လည်ပင်းကလေးမော့ကာ ကောင်းကင်အမြင့်မှာ ပျံသန်းသွားကြတဲ့ ငှက်ကလေး တွေ ကို ငေးမောကြည့်နေမိသည်။

သူမငယ်ငယ်ကတည်းက ငှက်လေးတွေ တောင်ပံဖြန့်ပြီး ပျံသန်းတာကို သိပ်သဘောကျခဲ့ သည်။

ပဲခူးအိမ်မှာ လည်း ဒီလိုပဲ ၀ရံတာလေးကနေ မော့ကြည့်ခဲ့ဖူးသည်။

မေမေ့ကိုလည်း သတိရသည်။

အသက်ငါးဆယ်စွန်းစွန်းလေးမှာ ပဲ မေမေကွယ်လွန်သွားခဲ့တာ။

ဝိုင်းက ပင့်သက်ငွေ့ငွေ့လေး ရှိုက်မိ၏ ။

သွယ်လေးက လက်ကို လက်သုတ်ပါဝါနှင့် သုတ်ရင်း ၀ရံတာဆီ ထွက်လာသည်။ ၀ိုင်းနံနဘေးက ထိုင်ခုံမှာ သူလည်း ထိုင်လိုက်သည်။

“နင်ဘာတွေ စဉ်းစားနေတာလဲ ၀ိုင်း”

“မေမေ့အကြောင်းပါ”

“သြော်”

“မနက်ဖြန် ဆိုရင် မေမေ ဒီလောကကြီးက ထွက်သွားတာ ငါးနှစ် ပြည့်ပြီ”

“နင်မနက်ဖြန် ဘာလုပ်ချင်လို့လဲ”

“မနက်စောစော ဘုရားတက်မယ်လေ ပြီးရင် မိဘမဲ့ ဂေဟာသွားပြီးပိုက်ဆံ လှူမယ်”

“ငါလည်းလို်က်မယ်၊ မနက်ဖြန် စနေကျတာ အတော် ပဲ ပေါ့”

“ငါးကလေးတွေ လိပ်ကလေးတွေ အစာကျွေးမယ်၊ ခိုလေးတွေ လည်း အများ ကြီး လွှတ်မယ်”

ဝိုင်းက သူ့စိတ်ကူးလေးတွေ နှုတ်က ရေရွတ်နေမိသည်။ နုနုသွယ်က ခေါင်းတဆတ်ဆတ် ညိတ်။

“သွယ်လေး”

“ဟင်”

“နင်ရော ပဲခူး မပြန်ဘူးလား”

“ဒီတစ်ပတ်တော့ မပြန်သေးပါဘူးဟာ”

“ဘာပဲ ဖြစ် ဖြစ် နင့်မှာ က အမေရှိသေးတယ်နော် နင့် အမေကို ဒီခေါ်ထားချင် ခေါ်ထားပ လား။ အနီးကပ် လုပ်ကျွေးပြုစုရတာ ပေါ့ ငါဆိုရင် မေမေချက်တဲ့ စားကောင်းသောက်ဖွယ်တွေ ပဲ စားခဲ့ပေမယ့် မေမေ့ကို တစ်ပြန်တလဲ ဘာမှမကျွေးလိုက်ရဘူး။

ကျေးဇူး မဆပ်လို်က်ရဘူး။ ငါ အခုလို သိန်းချီပြီး ၀င်ငွေရှိလာတဲ့အချိန်မှာ မေမေကမရှိတော့ဘူး”

“အဲလိုတော့ စိတ်မကောင်း မ ဖြစ်ပါနဲ့ ၀ိုင်းရာ၊ နင့်အမေလည်း ဆင်းတောင့်ဆင်းရဲနေရ တာမှ မဟုတ်တာ။ သူ့ဟာနဲ့ သူပြည့်စုံခဲ့သားပဲ”

“ဒါပေမယ့် မတူဘူးလေ သမီး တစ်ယောက် အနေနဲ့ ငါမှ ကျေးဇူးဆပ်ခွင့် မရတာ ”

“အဲဒီ တုန်းက နင် ငယ်သေးတယ်လေ”

“အသက်နှစ် ဆယ်ထဲ ရောက်နေပြီဆိုတာ သိပ်မှ မငယ်ဘဲ ဒါပေမဲ့ မေမေ့ရင်ခွင်မှာ ခေါင်း တိုးဝှေ့ပြီး ချွဲလို့ ကောင်းတုန်း”

“နင်ရောပဲခူးပြန်မှာ လား ၀ိုင်း”

“ဟင့်အင်း..”

ဝိုင်းက ခေါင်းယမ်းလိုက်သည်။

မေမေဆုံးပြီးကတည်းက ပဲခူးမှာ သူမပျော်။ ပြီးတော့ ကြီးကြီးဆင်နှင့် လည်း သိပ်အစေး ကပ်လှဘူးလေ။

“ငါသွားရင် ကြီးဆင့်ကနင့်ကို မေးတယ်”

“ငါ လက်ဆောင်လေးဘာလေး ၀ယ်ပေးလိုက်ရမယ်။ နင့် အမေအတွက် အားဆေးရော မုန့်ရောပေါ့”

“ငါ့အမေအတွက် သိပ်မလိုပါဘူး ၀ိုင်းရာ အမေက ငါခေါ်လည်း ရန်ကုန်မှာ လိုက်နေမှာ မဟုတ်ဘူး။ ဟိုမှာ သူ့ဘာသာသူ သမီးနဲ့ မြေးတွေ နဲ့ပဲ လုံးထွေးပြီး ပျော်နေတာ”

သွယ်လေးက မောင်နှမ ကိုးယောက် ထဲမှာ နို့ညာသမီးသူ့အောက်မှာ ညီမလေးတစ် ယောက် ရှိသည်။

ကျန်တဲ့ အစ်ကို၊ အစ်မတွေ ထဲ အိမ်ထောင်ကျ၊ ကလေးရနေသူတွေ ရှိသလို၊ အပျိုကြီး လူပျို ကြီးလည်းကျန်သေးသည်။

သွယ်လေးအမေက အသက် ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ်နားပင် ရောက်နေပါပြီ။

ဒါကြောင့် လည်း ၀ိုင်းက တစ်ခါတစ်ခေါက် ပြန်ကြည့်ဖို့သတိပေးရတာ ။

“သူ့အရပ် သူ့နေရာမှာ သူပျော်မွေ့တာလည်းကောင်းပါတယ်။ ဒါပေမဲ့ နင့်ကိုလည်း သတိရ မှာ ပဲ သွယ်လေးရဲ့ ”

“အင်းပါ ငါလည်းပြန်ဦးမှာ ပါ။ သင်္ကြန်ပိတ်ရက်ရမှာ ကြာကြာနေမယ်လို့ တွေးထားတာ။ ရှေ့လိုဆိုပဲ ဧပရယ်ရောက်ပြီ”

‘နင်က အခါတွင်း ဟိုကိုပြန်မယ်ဆိုတော့ ငါက ဒီမှာ တစ်ယောက် ထဲ..”

“နင်လည်း ပြန်ပေါ့”

“မပြန်ချင်ပါဘူး”

“ဒါဆိုလည်းအဖော်ရှာလိုက်”

“မိသွယ်နော်”

“သြော် တကယ်ပြောတာ နင်လည်း အသက်အစိတ်ထဲ ရောက်နေပြီဥစ္စာ”

သူမရဲ့ ရောက်ဆဲ အသက်အရွယ်ကို သတိပေးလိုက်တဲ့သွယ်လေးကို ၀ိုင်က မျက်စောင်း ရွယ်မိသည်။

ရုံးအသိုင်းအ၀ိုင်းထဲ သူမကို မျက်စိကျ စိတ်ဝင်စားနေသူတွေ ရှိပေမယ့် ၀ိုင်း ကတော့ ဘယ်ယောက်ျားကိုမှ ရင်မခုန်မိသေးပါ။

သို့သော် သူမ အတွေးအာရုံထဲမှာ ဖျပ်ကနဲ သတိရလိုက်မိကာ..

“သွယ်လေး. နင့်ကို ပြောပြရဦးမယ်”

သွယ်လေးက စိတ်ဝင်တစား မေးဆတ်သည်။

“မနေ့က ငါလေ (Capital) ဟိုက်ပါမတ်ကို ရောက်သွားတယ် သိလား”

“အင်း..”

သွယ်လေးက အင်းဟု စကားထောက်ပေးသည်။ ၀ိုင်းမျက်နှာလေးမှာ ဘာရယ်မဟုတ် ပြုံးစိစိလေး ဖြစ်လာကာ..

“စက်လှေကားပေးမှာ ဟိုဒီငေးရင်း ဆင်းဖို့ မေ့နေတာ ငါ့ကို လူ တစ်ယောက် က ပခုံးကို လာဆုပ်ပြီး သတိပေးတယ်”

“ဘယ်လိုလူ တစ်ယောက် လဲ ချောလာ”

ဝိုင်းက တစ်ချက်စဉ်းစာကာ..

“မျက်နှာ ကတော့ ချောမချော သိပ်မသိရဘူး။ ဒါပေမယ့် သူ့ပုံစံက အရပ်မြင့်မြင့် ဘော်ဒီချပ်ချပ်နဲ့ မော်ဒယ်လ်ဘွိုင်းလို ခပ်မိုက်မိုက်ပဲ”

“ဟုတ်လား..”

“ဒါပေမယ့် ဦးထုပ်ကြီး ငိုက်စိုက်စောင်းပြီး ရေဘန်မျက်မှန်ကြီးနဲ့ဟာ ဘာမှန်းလည်း မသိဘူး”

ဝိုင်းက ဖျပ်ကနဲပဲ တွေ့ လိုက်ရပြီး သူ့မျက်နှာကို သေချာကြည့်ခွင့်မရလိုက်တာကို မကျေ မနပ် ဖြစ်နေမိသည်။

“သူ့မျက်နှာကို မမြင်စေချင်လို့ ဖြစ်မှာ ပေါ့”

“ဘာလို့ မမြင်စေချင်တာလဲ”

“အဆိုတော် တို့၊ မင်းသားတို့ ဖြစ်ချင် ဖြစ်နေမှာ ပေါ့”

ဝိုင်းက မျက်မှော င်လေး ကြုတ်သွားမိသည်။

ဟုတ်မလား.. သူဟာ လူသိတဲ့ အနုပညာရှင် တစ်ယောက် မို့လို့မျာ ကာကာကွယ်ကွယ် ပုန်းလျှိုးကွယ်လျှိုး သွားလာလှုပ်ရှားနေတာလား။

“ဟုတ်ပါ့မလားဟဲ့ ခုခေတ်မှာ မင်းသားတွေ လည်း လူတွေ ကြားထဲ ပေါ်တင်သွားနေကြ တာပဲ ဥစ္စာ”

“နင့်လူက ဘ၀င်ခပ်မြင့်မြင့် လူပဲ ဖြစ်မယ်”

“အံမယ် ဘာ ငါ့လူလဲ”

“ကဲ ပြောပါဥိး နောက်တော့ ဘာဆက် ဖြစ်လဲ”

“ဒီလောက်ပဲ ပြီးပြီလေ”

“၀ိုင်က ညံ့တယ်ဟာ ကျေးဇူးတင်စကားလေးဘာလေးပြောရင် သိသွားအောင် မိတ်မဆွဲ လိုက်ဘူးလား”

“မဖွဲ့ပါဘူး”

“နင်က အပျိုကြီးလုပ်သွားမယ်နေပါ့လေ ဒီလောက် အထာကိုင်နေတာ အခုကြည့် မမ၀ိုင်နီ တောင် စွံတော့မယ်”

“သူက ၀ိုင်နီမမလေဟာ ငါက ၀ိုင်းစိန်မ ဘယ်တူပါ့မလဲ”

“နင်က သူ့ထက်တောင် လှသေးတယ်”

“သူက ကုမ္ပဏီပိုင်ရှင်လေ”

“နင်လည်း မခေပါဘူး သူ့စက္ကထရီပဲဟာ”

“မမ၀ိုင်းရဲ့ စတိုင်လ်နဲ့ ပြောပုံဆိုပုံ နေထိုင်တတ်ပုံလေးတွေ ကို ငါကြို့်တယ် အထင် ကြီး တယ်”

“သိတယ် .. သိတယ် ဒါကြောင့် နင့်စတိုင်လ်လည်းမမ၀ိုင်နီနဲ့ တစ်ထပ်တည်းလို တူလာ နေပြီ။

“ငါ အခုဆို ပိုးရင်ဖုံလေးနဲ့ ချိတ်ဆင်လေးတွေ ၀တ်နေတာ လိုက်ရဲကလားဟင်၊ သူများ တွေ ကို လိုက်ကြည့်ရင်တော့ ပုံစံလေးတွေ က ရှုပ်ယှက်ခတ်ပြီး ဆန်းပြားနေတာပဲ မိန်းကလေးချင်း တော် ငေးရတယ်ဟ တကယ် အသက်ရှူမှားချင်စရာပဲ”

“မထင်နဲ့ အဆန်းအပြားတွေ ကြားထဲမှာ ရိုးရိုးလေးကမျ မျက်စိထဲ အေးပြီး ရင်ကို ထိတာ ဟ”

“သွယ်လေးရယ် နင်ပဲ အပြောကောင်း”

“တကယ်ပြောတာ ၀ိုင်းရဲ့ အခုဆိုရင် နင့်ပုံလေးက တအား အဆင့်မြင့်လို့ ငါတောင် ငေးနေရတာ ။ အရင်ကနဲ့ လုံးဝတခြားစီပဲ။ ”

“အေးပါ မြှောက်.. မြှောက်. ညဖက် အောက်ဆင်းရင် နင့်ကို ဒိန်ချဉ်တိုက်ပါ့မယ်၊ သိပ် မချီးမွမ်းနဲ့တော့”

“ဟင်း .. ဟင်း .. ဟင်း”

သွယ်လေးက သဘောတကျ ရယ်လိုက်သည်။

“မြှောက်တာမဟုတ်ဘူး သွယ်လေးစိတ်ထဲကအတိုင်း ပြောတာပါ”

မမ၀ိုင် ကိုယ်တိုင်ကလည်း ၀ိုင်းစိန်မဟာ သ့ဆွေမျိုးမို့ပိုပြီး မျက်နှာသာ ပေး၊ မြေတောင် မြှောက်ပေးတာကိုး။ အတွင်းရေး မှူး တန်းခန့်ပြီး ပွဲတိုင်း ၀င်ဆန့်စေသည်။

ဒင်နာသွားလည်းခေါ်၊ ဖောရိန်နာနှင့် အလုပ်ကိစ္စဆွေးနွေးတဲ့ ဟိုတယ်ကိုလည်း လေဆိပ် သွားလည်း ခေါ်၊ ရှော့ပင်န်ထွက်လည်း ခေါ်ဆိုတော့ ဒီလေးငါးနှစ် မှာ ၀ိုင်းစိန်မဲ့ အရည်အသွေး၊ အတွေ့ အကြုံတွေ က တက်သထက် တက်လာပြီး မျက်စိပွင့်၊ နားပွင့်နှင့် သူဌေးမရဲ့ ဘော်ဒီဂတ် အ ဖြစ် ဂုဏ်ရှိန်ဝါတွေ က တစ်စတစ်စ မြင့်မားလာပြီး သွယ်လေးတို့နှင့် ဘာမှပင် မဆိုင်တော့ပါ။

ပြီးတော့ ၀ိုင်းက လစာငွေ ကောင်းတော့ ပိုပြီးလည်း သုံးစွဲနိုင်သည်။ အ၀တ်အစားကအစ ကောင်းတာညွှန့်တာတွေ ၀ယ်နိုင်တာပေါ့။

ပြီတော့ ၀ိုင်းဟာ ပဲခူးမှာ ရှိတဲ့ မိဘပိုင်အိမ်နှင့် ခြံကိုလည်း နှစ် ချုပ်နှင့် ငှားထားသေး သည်။

အဲဒီ က ၀င်ငွေကလည်း သူ့အတွက် မနည်းလှပါ။ ဒါကြောင့် နုနုသွယ်က ၀ိုင်းလို ငွေသိပ် မသုံးဘဲ ကြိတ်စုဆောင်းနေတာ ဖြစ်သည်။

ဝိုင်းကလည်း ကြည်ကြည်ဖြူဖြူ တိုက်တွန်းအားပေးသည်။

မျက်နှာလေး ချိုသလို၊ စိတ်ရင်လည်း ကောင်းတဲ့ သူငယ်ချင်းမို့ နုနုသွယ်က သာတယ်နာ တယ် မတွက်ဘဲ အိမ်မှု ကိစ္စတွေ ဒိုင်ခံသိမ်ကျုံးလုပ်ပေးသည်။

အိမ်သန့်ရှင်းရေး ၊ အ၀တ်လျှော်ဖွပ်၊ မီးပူတိုက်တာရော သွယ်လေးပဲ တာဝန်ယူသည်။ ၀ိုင်းရဲ့ အ၀တ်အစားတွေ ကို တစ်ပတ်တစ်ကျြိမ် လျှောက်ဖွပ်မိပူတိုက်ပေးရတာ မညည်းမညူ။

ပြီးခဲ့တဲ့ လ ကတော့ သက်သာအောင် အ၀တ်လျှော်စက် ၀ယ်ပေးခဲ့ပါသေးသည်။

သူတို့နေတဲ့ ဒီတိုက်ခန်း ကတော့ မမ၀ိုင်နိ ပိုင်ဆိုင်တဲ့ အခန်းပါ။ အတော် လေး ပြင်ဆင်ထား ပြီးသား။ အဲယာကွန်းပါ ပါသည်။

ထိုအဲကွန်းကို သူမတို့နှစ် ယောက် ညပိုင်းအိပ်ရာဝင်ချိန်မှသာ များ သေားအဖြင့် ဖွင့်ကြ သည်။ ဒါကလည်း မိးတာခ သိပ်မကုန်အောင် သွယ်လေးရဲ့ အစီစဉ်နဲ့ ချွေတာရေး စနစ်ပဲလေ။

“ကဲ ၀ိုင်းရေ မိုးချုပ်တော့မယ် ရေချိုးမှာ ဆို ”

“အေးပါ”

“သွားချိုးချည်တော့လေ”

ကုလားထိုင်လေးမှာ တစ်ကိုယ်လုံး မှီလျော့လျော့ ထိုင်နေတဲ့ ၀ိုင်းက သက်တောင့် သက်သာနှင့် မို့ တော် တော် နှင့် ပြန်မထချင်။

ခုတလေ အေးအေးဆေးဆေး စိတ်ကူးပင် မယဉ်နိုင်။

သူမနှင့် မတော် တဆ ဆုံခဲ့သော ဦးထုပ်ငိုက်စိုက်နှင့် လူဟာ ဘယ်လိုလူစားပါလိမ့်။

ရဲတင်း သွက်လက်တာ ကတော့ သေချာသည်။

သူမရဲ့ ပုခုံးကို ဖျပ်ကနဲ လာဆုပ်ကိုင်ပြီး ဟိတ်လို့ သတိပေးလိုက်တာကို ခုထက်ထိ မမေ့။

ဟွန်း.. ပိုင်စိုးပိုင်နင်းနဲ့…

ဝိုင်း နှုတ်ခမ်းလေးက စူထော်ထော်လေ။

“အံမယ်လေးဟယ် ရေချိုးခိုင်းတာကိုပဲ စူပုတ်နေရသေးတယ် ကဲ ကဲ နင့်သဘော ချိုးချင်တဲ့ အချိန်မှသာ ချိုးပတော့ မယ်မင်းကြီးမရေ”

သွယ်လေးအပြောကြောင့် ၀ိုင်နှုတ်ခမ်းလေးမှာ ရယ်ချင်ပြုံးတုံ့ ဖြစ်လာပြန်သည်။

ဘာမှမဟုတ်ပေမယ့်လည်း အကြိမ်ကြိမ် ပြန်တွေးလျက်ရင်ခုန်နေမိသည်။

ထိုလူစိမ်း ကတော့ သူ့ရဲ့ အမှတ်မထင် အပြုအမူလေးတစ်ခုကို မေ့နေလောက်ပြီပေါ့နော်

သူမဖက်ကသာ သတိတရ ပြန်တွေးမိတာ။

ထိုအကြောင်းအရာလေးကို လွယ်လွယ်မေ့မပစ်နိုင်ဘဲ မကြာခဏ ပြန်အမှတ်ရနေမိတာ ဘာအဓိပ္ပာယ်ပါလိမ့်ဟု ၀ိုင်းကိုယ်တိုင် နားမလည်နိုင်ပေ။

***

(၂)

မတ်လကုန်ပိုင်းရဲ့ နံနက်ခင်းလေးမှာ စောစီးစွာ အလင်းရောင် ပေါ်လာပါသည်။

ဝိုင်းစိန်မသည် ဒီမနက်မှာ တော့ စောစောပင် အိပ်ရာမှ နိုးလာခဲ့သည်။

လွန်ခဲ့တဲ့ ငါးနှစ် ဒီလိုအချိန် ကတော့ သူမရင်ထဲမှာ သော က ပူဆွေးမှု နှင့် လောင်မြိုက်နေခဲ့ ပါသည်။

အခုနေသာ မေမေရှိသေးရင် သိပ်ကောင်းမှာ ပဲဟု သူမ တမ်းတမိသည်။

မ ဖြစ်နိုင်မှန်းသိလည်း တမ်းတမိတဲ့ စိတ်ကူး ကတော့ ရှိသေးတာပဲ မေမေရယ်။

ဝိုင်းအာရုံမှာ မိခင် ဒေါ်တင့်တင့်က ပေါ်လာသည်။

အင်း.. ငါ မေမေ့အတွက် ဒါနပြုပေးမယ်။ ကောင်းမှု လေးတွေ ပြုပေးမယ်။ အခုအချိန်မှာ သူမတတ်နိုင်တာက ဒါပဲ ရှိတာပဲလေ။

ဝိုင်းသည် အိပ်ရာသိမ်း၍ အခန်းထဲမှ ထွက်လာ၏ ။

မျက်နှာသစ်ကာ ကော်ဖီသောက်ပြီးလျှင် သူမ ရေချိုးခန်းဝင်သည်။

လန်းဆန်းအေးမြသွားအောင် ခေါင်းလျှော်ရေချိုးပစ်လိုက်၏ ။

ပြီးလျှင် အ၀တ်အစားလဲကာ ဘုရားစင်ရှေထိုင်သည်။ နှုတ်ခမ်းလေး တလှုပ်လှုပ်ဖြင့် ဘုရား ရှိခိုးသည်။

သွယ်လေးလည်း နိုးနေပြီ။ ရွှေတိဂုံဘုရား တက်ကြဖို့ ပြင်ဆင်နေသည်။

သွယ်လေးက အောင်သပြေပန်းတွေ ရေစင်စင်ဆေးကာ အိတ်ထဲ ထည့်ဖို့ စီစဉ်သည်။

ဝိုင်း ကတော့ ဘုရားစောင်းတန်းရောက်မှပဲ စံပယ်ပန်းတွေ အများ ကြီးဝယ်ကာ ကပ်လှူပူ ဇော်ဖို့ တွေးထားသည်။

မေမေက စံပယ်ပန်းကြိုက်သည်။ သူမလည်း စံပယ်ပန်းကို အတော် ကြီး နှစ်သက် သည်။

ထို့ကြောင့် စံပယ်ပန်းလှူဖို့ ခုကတည်းက ကြိုတင်စဉ်းစားထားတာ ဖြစ်သည်။

တအောင့်မျှကြာလျှင် ၀ိုင်းသည် အင်္ကျီလက်ရှည်ဖြူလွလွလေးနှင့်ချိတ်အဆင် ယောဂီ ရောင် လုံချည်လေးကို ၀တ်ကာဆံထုံးလေး ပုံ့ပုံ့ထုံးပြီး သွားလေပြီ။

အိမ်တံခါးကို သော့ ခတ်၍ သွယ်လေးနှင့် အတူတူ အိမ်ပေါ်မှ ဆင်းလာသည်

တိုက်အောက်ခြေမှာ ရပ်ထားတဲ့ ၁-က နံပါတ် စူပါဆလွန်း အဖြူလေးကို ၀ိုင်းက တံခါး သော့ ဖွင့်လိုက်၏ ။

ဒီကားလေးကို သူမသုံးဖို့ ပေးထားတာ သိပ်မကြာသေးပါ။

ပြောရမည် ဆိုလျှင် ဒါကလည်း မမ၀ိုင်နီရဲ့ စေတနာနှင့်ရက်ရောမှု တစ်ခုပါပဲ။

ကား မမောင်းတတ်တဲ့ ၀ိုင်းကို သိမ်ဖြူကွင်းမှာ ကားမောင်းသင်တန်း တက်စေခဲ့တာလည်း မမ၀ိုင်ရဲ့ အစီအစဉ်ပဲလေ။

ဉာဏ်ပြေးကာ ရဲတင်းသော ၀ိုင်းက ရက်သတ္တတစ်ပတ်နှင့် ပင် ကားကို ကျွမ်းကျွမ်း ကျင် ကျင် မောင်းတတ်သွားခဲ့သည်။

အခုတော့ သွားလေရာ ကိုယ့်ကားလေးနှင့် ကိုယ်မို့အဆင်ပြေလှ၏ ။

သို့သော် ကားပြင်ရတဲ့အခါတွေ မှာ တော့ စိတ်ညစ်ရတာ အမှန်။

ဝိုင်းစိန်မနှင့် နုနုသွယ်သည် စကားလေးတစ်ပြောပြောနှင့် ဦးဝိစာရလမ်းအတိုင်း ကားကို မောင်းခဲ့၏ ။ ဗဟန်းအားကစားကွင်းဖက်ကနေ ရွှေတိဂုံဘုရားဆီ ဦးတည်လာသည်။

ဘုရားသို့ရောက်လျှင် ဓာတ်လှေကးမှ မတက်ဘဲ ရိုးရိုးလှေကားကနေ တက်သည်။ စံပယ် ပန်းတွေ တစ်အုံကြီး ၀ယ်ယူလိုက်၏ ။

ပြီးလျှင် နှစ် ဦးသား ရင်ပြင်တော် ပေါ်သို့ ရောက်လာကြသည်။

အမေရဲ့ မွေးနေ့ထောင့်မှာ ဦးချရှိခိုးသည်။ ပန်း၊ ဆီမီး ရေချမ်းတို့ ကပ်လှူပူဇော် သည်။

နုနုသွယ်ကလည်း စနေသမီးမို့ ၀ိုင်နှင့် သွယ်လေး အတူတူ ရေသပ္ပာယ်ကြ၏ ။

ထို့နောက် ဗုဒ္ဓဟူးထောင့်မှာ ၀တ်ပြုသည်။ အတန်ကြာအောင် ဘုရားရှိခိုး၊ ပုတီးစိပ်ပြီးမှ သူမတို့ ပြန်ဆင်းခဲ့ကြ၏ ။

ကားရပ်ထားရာဆီသို့ ခြေဗလာနှင့် လျှောက်လာစဉ်မှာ သူမကျောပြင်ဆီ၌ တစ်ခုခု လာရောက်ကပ်ငြိသလို ခံစာချက်မျိုးနှင့် အမှတ်မထင် ဖျပ်ကနဲ လှည့်ကြည့်လိုက်မိသည်။

ဟင်…

ဝိုင်းရဲ့ မျက်လုံးကလေးမှာ အံ့အားတသင့် ၀ိုင်းကနဲ ဖြစ်သွားရ၏ ။

ရုတ်တရက် ရင်ထဲမှာ ဒုတ်ကနဲလည်း မြည် သွားသည်။

ဘုရားရေ.. ဟိုလူ..

ဆင်စွယ်ရောင် ဦးထုပ်ရဲ့ လျှာက သူ့မျက်နှာတစ်ဝက်ခန့်ကို ရှည်လျှားစွာ ကွယ်ပေးတားပေမယ့် ဒီစတိုင်လ်၊ ဒီပုံစံကို သူသူမကောင်းကောင်း မှတ်မိသည်။

ဘောင်ဘလေထီ အရောင်းကားနှင့် ကွယ်ကာ သူမထံ သေသေချာချာစိုက်ကြည့်နေရာ နေ သူမ ဖျပ်ခနဲ လှည့်ကြည့်တော့ သူ ကြည့်နေတာပဲ မဟုတ်သလိုလိုနှင့် တခြားတစ်ဖက်သို့ မျက်နှာလွှဲသွားသည်။

သူဟာ ဘယ်လိုလူပါလိမ့်။ ဘာသဘောပါလိမ့်။

အခုလို ဘာတွေ့ တာကရော တိုက်ဆိုင်မှု ပဲလား။

ဘာကြောင့်မှန်းမသိပေမယ့် ၀ိုင်းရဲ့ ရင်ထဲမှာ ထူးခြားသလို ခံစားရသည်။

မျက်မှန်အောင်က သူ့မျက်လုံးတွေ ဟာ ၀ိုင်းထံ တန်းတန်းမတ်မတ်ကြီး စိုက်ကြည့်နေတာ သူညာလို့ရမှာ လား။

သို့သော် သူက မသိယောင်ဆောင်၍ မျက်နှာလွှဲသွားခဲ့ပြီ။

ဝိုင်းရင်မှာ ခိုးလိုခုလိုနှင့် မကျေနပ်သလို ဖြစ်မိ၏ ။

“ဘာဆိုင်လို့လဲ ၀ိုင်း ထီးထိုးမလို့လား”

“ဟင့်အင်း မဟုတ်ပါဘူး”

သွယ်လေးကို ခေါင်းယမ်းပြရင်း ကားဆီ ရှေ့ဆက်လှမ်း၍ ကားတံခါးဖွင့် ၀င်ထိုင်လိုက် သည်။

စက်မနှိုးခင် သူ့ထံ တစ်ချက်ကြည့်တော့ ၀ိုင်းတို့ကားထဲကို ထွင်းဖောက်မတတ် သူ လိုက် ကြည့်နေပြန်တာ မြင်နေရသည်။

“သွယ်လေး”

“ဟင်”

“ထီကားနားက လူကိုကြည့်စမ်း”

“ဘာ ဖြစ်လို့လဲ ၀ိုင်း”

“ဦးထုပ်နဲ့လေ တွေ့ လား ငါ ပြောတာသူပဲ”

“ဘာရယ်”

“(Capital) ကပ်ပီတယ်လ်မှာ တွေ့ ဖူးတာလေ”

“သြော်”

“သူ ကြည့်နေတယ် မဟုတ်လား”

“အင်း ကြည့်နေသလိုပဲ မျက်မှန်းကြီးလည်း တပ်ထားတော့ ခန့်မှန်းရခက်တယ်ဟ”

သွယ်လေးစကားကလည်း မှန်ပါသည်။

“သူရော နင့်ကို မှတ်မိလား ၀ိုင်း”

“အို ငါ ဘယ်သိမလဲ”

ကားကို မောင်းထွက်လာစဉ် သူက ၀ိုင်းတို့ကားထွက်ရာလမ်းဖက် ကျောပေးထားလိုက် သည်။

အသိအမှတ်ပြုပြီး ကြည့်မနေပါဘူးဆိုတဲ့ ပုံစံလား။

ဝိုင်းသည် မျက်မှော င်လေးကြုတ်ကာ တွေးရင်းဘာကို မှန်းမသိ စိတ်ထဲ အလိုမကျ အနှောင့်အယှက် ဖြစ်မိသည်။

“အိုက်တင် ကတော့ ခပ်များများ ပဲဟဲ့”

“အေးလေ..”

နှုတ်က အလိုက်သင့် ထောက်ခံရင်း ၀ိုင်းက ကားလေးကို ညင်သာစွာ မောင်းထွက်လာခဲ့ သည်။

****

(၃)

ရုံးပြန်ဖွင့်သော ထိုတနင်္လာနေ့မှာ ၀ိုင်းက အိမ်ကနေ အချိန်စောပြီးထွက်ခဲ့သည်။

ရွှေတောင်ကြားက မမ၀ိုင်နီတို့အိမ်ကို အရင်ဝင်ရမှာ မို့ ဒီနေ့တော့ သေချာပင် အလှမပြင်ခဲ့ ရပါ။

မျက်နှာကို ခရင်မ်ပါးပါးလေး မြန်မြတ်ပွတ်လိမ်းပြီး အပေါ်ကနေ တူးဝေးကိတ်လေး တဖပ်ဖပ် ရိုက်၊ ပုလဲရောင် နှုတ်ခမ်းဆိုးလေး တင်ရုံတင်ကာ ဆံပင်ကို ကမန်းကတန်းပဲ ဖြစ်သလို ပင့်တင်ထုံးခဲ့ရသည်။

အင်္ကျီ ကတော့ ပုလဲရောင် ပိုးရင်ဖုံးလေးကိုပဲ ဖြစ်ပြီး လုံချည်ကလည်း ပိုးချည်းပုလဲရောင် အကွက်လေးကို ၀တ်ဆင်ထားသည်။

ရွှေတောင်ကြားရောက်တော့မှ မမ၀ိုင်နီနှင့် အတူ အမ်သရီးဖုစင်တာမှာ ဘရိတ်ဖတ်စ် သွား စားကြသည်။

ပြီးလျှင်.. မမ၀ိုင်သွားလိုရာတွင် ၀ိုင်းက ကားမောင်းပို့ပေးရသည်။

ရုံးရောက်တဲ့ ဆယ်နာရီမှာ ၀ိုင်းတို့နှစ် ယောက် တစ်မြို့လုံးနှံ့ခဲ့ပြီ။ မြို့ထဲ ပန်းဆိုးတန်းရော ဗဟန်း ရေတာ ရှည်လမ်းသစ်ရော ပုလဲကွန်ဒိုရော ဒဂုံစင်တာရော ဆယ်မိုင်ကုန်းရော စုံလို့ပင်။

မမ၀ိုင်က စင်ကာပူမထွက်ခင် အလုပ်ကိစ္စတွေ ၊ သွားစရာရှိတာတွေ ဖြတ်ပစ်နေသလို ၀ယ် ခြမ်းစရာတွေ လည်း မပြီးစီးနိုင်သယောင်ပင်။

တစ်နေ့တစ်နေ့ အလုပ်တွေ ရှုပ်နေ၍ ရုံးကိုပင် ၀င်သည်ဆိုရုံဝင်နိုင်သည်။ ရုံးရောက်ပြီး နာရီ ၀က်ခန့်အကြာမှာ ကိုမင်းသီဟက မမ၀ိုင်ကို လာခေါ်သွား၏ ။

ဝိုင်းစိန်လည်း ဒီတော့မှ ခဏ အမောဖြေရသည်။

ဒီနေ့ ကားမောင်းရတာ များ ၍ လက်မောင်းတွေ ပင် ညောင်းညာသလို ဖြစ်နေပြီ။

သူမတို့က အပေါ်ထပ်ရုံးခန်းမှာ ဖြစ်ပြီး သွယ်တို့က အောက်ထပ်မှာ မို့ အလုပ်ချိန်မှာ တော့ စကားလည်း မပြော ဖြစ်။ တွေ့ လည်း မတွေ့  ဖြစ်ချေ။

ဝိုင်းက ကိုယ့်အခန်းက စားပွဲမှာ ဆုံလည်ခုံပေး ထိုင်ရင်း ကွန်ပျူတာကို ဖွင့်လိုက်သည်။

ထမင်းစားချိန်ရောက်ဖို့ နည်းနည်း ပိုပါသေးသည်။

ဒီအချိန်မှာ ကွန်ပျူတာထဲက စာရင်းတွေ နည်းနည်း စစ်လိုက်ဦးမည် ဟု စိတ်ကူးသည်။

ရုံးဝန်ထမ်းတွေ အတွက်တော့ ထမင်းစားချိန်ုဆိုလျှင် ဟိုးအပေါ် ခေါင်မိုးထပ်မှာ ထမင်း စားခန်း သီးသန့်ပေးထားတာမို့ အလှည့်ကျ သွားတက်စားရုံပင်။

ဝိုင်းအတွက် ကတော့ အခန်းထဲအရောက်ပို့ပေးတဲ့ အစီအစဉ်။ တစ်ခါတစ်လေတော့လည်း ၀ိုင်းက ခေါင်းမိုးထပ်မှာ သွယ်လေးတို့နှင့် အတူ စကားပြောရင်း ၀ိုင်းဖွဲ့စားချင်သား။

ဒီနေ့တော့ မသွားသေးပါဘူးလေ။

သူမ ပင့်သက်လေး ရှိုက်ရင်း တွေးလိုက်သည်။

နောက်ရက် အလုပ်တွေ အားပြီး မမ၀ိုင်းလည်း ထွက်သွားပြီဆိုမှ သွယ်လေးတို့နှင့် အတူစားတော့မည် ။

ဝိုင်းသည်ကွန်ပျူတာ စာရင်းတွေ ထဲ စိတ်ရောက်နေသဖြင့် ထမင်းချိန်လွတ်တာကိုပင် သတိမပြုမိပါ။

ရုံးက ကောင်လး တံခါးခေါက်မှ..

“မောင်ထက် . .၀င်းခဲ့လေ”

“မမ၀ိုင်း တစ်ယောက် တည်းလား”

“အေးလ ဘာ ဖြစ်လို့လဲ”

“ဘော့စ်ရော..”

“ထွက်သွားတာ ကြာပြီလေ မတွေ့ လိုက်ဘူးလား”

“ဟင့်အင်း ကျွန်တော် မသိလိုက်ဘူး။ အောက်မှာ အစ်ကိုကြီး တစ်ယောက် ဒေါ်ဝိုင် နီမမ ရှိလာမေးတာကို ရှိတယ်လို့ ဖြေခဲ့တာဗျ”

“ဘယ်သူလဲ မောင်ထက် ဘာကိစ္စလဲ”

“မသိဘူး မမ၀ိုင်း..”

“ဘာလို့ ရုံးခန်းကို မလွှတ်တာလဲ”

“သူက မေးရုံပဲ မေးပြီး ပြန်ထွက်သွားတယ်”

“ဟုတ်တယ်”

ဝိုင်းသည် ကွန်ပျူတာကို ခဏရပ်ထားပြီး မျက်ခုံးလေးရှုံ့လျက် ဒီဖက် လှည့်ကြည့် မိသည်။

“နောက်ထပ် ဘာပြောသေးလဲ”

“မပြောပါဘူး”

“သူ့ပုံစံကရော”

“ဗျာ”

“ဘယ်လိုပုံစံလဲ ဘာဝတ်ထားလဲ”

“ဂျင်းဘောင်းဘီနဲ့ တီးရှပ်နဲ့ဘဲ စတိုင်လ်က ခပ်မိုက်မိုက် ဒီဇိုင်းနဲ့ ဦးထုပ်ကို ရှေ့ချပြီး မျက်မှန်နဲ့ အသက် ကတော့ သိပ်ကြီးပုံ မရဘူး လူငယ်ပဲဗျ မမ၀ိုင်း သိလို့လား”

‘ဟင့်အင်း . မသိပါဘူး ဒီတိုင်းပဲ မေးကြည့်တာ”

ဝိုင်းသည် ရင်ထဲ ထိတ်ကနဲ ခုန်သွားရသော်လည်း မောင်ထက်ကိုတော့ ဟန်မပျက်ခပ်အေး အေး ညာလိုက်ရသည်။

ဘုရားရေ သူပဲလား။

သူက ဒီရုံးခန်းထိ ရောက်လာပြီလား။

ပြီးတော့ ဒေါ်ဝိုင်နီမမကို မေးသတဲ့လား။

ဝိုင်းစိတ်ထဲမှာ မေးခွန်းတွေ နှင့် မွန်းကျပ် ရှုပ်ထွေးသွားရလေသည်။

မောင်ထက် ပြောပုံအရဆိုလျှင် သူပဲဆိုတာ သေချာသည်။ သူဟာ မမ၀ိုင်ရဲ့ ပတ်သက်သူ တစ်ယောက် ပဲလား။

ရင်ထဲမှာ ခပ်ဆွေးဆွေးလေး ဖြစ်သွားမိသည်။

ဝိုင်နီမမဆိုတာ အီကိုကျောင်းတက်ကတည်းက အင်မတန် ကျော်ကြားခဲ့တဲ့ အလှဘုရင်မ တစ်ပါးတဲ့။

ချစ်သူတွေ ပတ်ချာလည်ဝိုင်းနေခဲ့တာမို့ ဘယ်သူ့ကို ရွေးရမှန်းပင် မသိခဲ့ဘူးဟု ဆိုသည်။

မမ၀ိုင်နီမှာ ချစ်သူခင်သူတွေ သိပ်များ ခဲ့တာမို့ ဦးထုပ် ငိုက်စိုက်လေးဟာလည်း ထိုကောင် လေးတွေ ထဲက တစ်ယောက် များ လား မဆိုနိုင်။

မောင်ထက်က ထမင်း ဟင်းတို့ သယ်ဆောင်လာသည့် ဗန်းကို စားပွဲပေါ် တင်လျက်၊ တံခါးစေ့ကာ ပြန်ထွက်သွားတဲ့အထိ ၀ိုင်းစိန်မက အတွေးမပြတ်သေးပေ။

ထမင်းစားရင်းကလည်း ထိုလူ့အကြောင်းကို ထပ်စဉ်းစားနေမိသည်။

ထမင်းစားပြီးတော့ အလုပ်စားပွဲသို့ ပြန်ရောက်သွားတာမို့ ထိုလူကို ခဏတော့ မေ့သွားရ သည်။

မမ၀ိုင်နီက ရုံကို ပြန်ဝင်မလာတော့ဘူးဟု ဖုန်းဆက်တာမို့ သူမဘာသာ သိမ်းစရာရှိတာ သိမ်းဆည်းပြီး အခန်းကို သော့ ခတ်ကာ ထွက်ခဲ့သည်။

ရုံးက ပြန်ချိန်ဟာ စောနေသေးတာမို့ ရွှေပုဇွန်ဝင်ပြီး အီကလဲယားမုန့် ၀ယ်ဖို့ ရည်ရွယ်လိုက် သည်။

ကားလေးကို ရွှေပုဇွန်ရှိရာဖက်သို့ ဦးတည်သည်။

ဝါးတန်းလမ်း မီးပွိုင့်မှာ နောက်ဘက် ပါလာတဲ့ လိုက်ထရပ်စ်တစ်စီးကိုသူမ သိပ်မသင်္ကာ။

ရုံးက ထွက်ကတညလးက ဒီကားက သူမနောက်မှာ ပါလာသလိုပဲဟု ထင်မိသည်။

တကယ်တော့ အဓိပ္ပာယ်လည်း မရှိလှ။

သူမနောက်သို့ ဘာကြောင့် နောက်ယောင်ခံလိုက်ရမှာ တဲ့လဲ။

ဒါက သူမ၏ အထင်ပဲ ဖြစ်လိမ့်မည် ။

ဝိုင်းစိန်မက သူ့စူပါဆလွန်းလေးကို စက်ရှိန်မြှင့်ပြီး မောင်းလာခဲ့၏ ။

ရွှေပုစွန်ရှေ့နားသို့ ခဏလေးနှင့် ရောက်လာသည်။

ကားကို ပါကင်ထိုးပြီးနောက် ၀ိုင်းက ကားပေါ်က ကြွကြွရွရွလေးပဲ ဆင်းလိုက်ပါသည်။

လေဒီရှူးပုလဲရောင် လေးနှင့် သူမရဲ့ ခြေလှမ်းလေးတွေ ကပင် ရင်ခုန်ချင်စရာ ကောင်းပါ လားဟု တွေးမိ၏ ။

အင်း.. ဒါကြောင်လည်း..

လူရွယ်သည် သူ့လိုက်ထရပ်စ်ကားဝင်ဖို့နေရာ ရှာရင်းကပဲ ထိုမိန်းကလေးကို ငေးကြည့် နေမိ သည်။

ဝိုင်က အအေးဆိုင်ဖက်သို့ မ၀င်ဘဲ ဟိုဖက်ကပ်လျက် က ကိတ်မုန့်အရောင်းဆိုင်ဖက်သို့ လျှောက်သည်။

လေးငါးဆယ်လှမ်း အရောက်မှာ ဟိုအရင်တစ်ကြိမ် ဘုရားပေးက အဆင်းမှာ တုန်းကလိုပဲ ကျောထဲက သိမ့်ကနဲ ဖြစ်သည်။ ခြေလှမ်းကို ရပ်၍ သူမ နောက်ဘက်သို့ ဖျပ်ကနဲ လှည့်ကြည့် လိုက်၏ ။

ဟင်…။

(Light Truck) လိုက်ထရပ်စ်နံဘေးမှာ အနက် နှစ် ရောင် စပ် တီရှပ်နဲ့ ဂျင်းဘောင်းဘီခဲ ရောင် ဦးထုပ်ကလည်း ခဲသားရောင် ။

ဝိုင်းစိန် ရုတ်တရက် ပြန်လှည့်ကြည့်လျှင် သူ့အမူအရာက တစ်မျိုးတော့ ဖြစ် သွားပါသည်။

သို့သော် ၀ိုင်းထံ တည့်တည့်မတ်မတ် စိုက်ကြည့်လျက်သားပင်။

သူ့သဏ္ဌာန်မှာ အဝေးကနေပင် ဆွဲဆောင်ညှို့ငင်နိုင်စွမ်းရှိလှ၏ ။

သွယ်လေး ခန့်မှန်းသလို မင်းသားပေါက်စလေးပဲလား။

အင်္ကျီလေးတွေ ကို နှစ် ရောင် သုံးရောင် စပ် ကွက်တိ ကွက်ကြား ၀တ်တတ်သလို ဘောင်းဘီ အပြဲ စတိုင်လ်နှင့် သူ့ရုပ်ဟာ ဂျင်ပစီတော့ နည်းနည်း ဆန်တာ အမှန်။

သူဘာကြောင့် ၀ိုင်းရဲ့ နောက်က နောက်ယောင်ခံလိုက်လာတာလဲ။

ဝိုင်းသည် သူ့ထံ ခပ်စူးစူးလေး စိုက်ကြည့်လိုက်ပြီးမှ ချာကနဲ ပြန်လှည့်ကာ ဆိုင်အတွင်း သို့ ၀င်လာသည်။

အီကလဲမုန့် ၀ယ်နေရင်းကပင် ၀ိုင်းရဲ့ စိတ်တွေ က လှုပ်ရှားရင်ခုန်နေရသည်။

သူဘယ်သူလဲ…?

ဘယ်ကလဲ….?

ဝိုင်းကို သူ ဘယ်တုန်းက စပြီး သိနှင့် ခဲ့တာလဲ…?

အပြင်သို့ ပြန်ထွက်လာလျှင် သူမရှိတော့ပါ။

ဝိုင်းဖက်က ရိပ်မိနေ၍ နောက်ကြောင်း ပြန်လှည့်သွားတာလား။

ကားရော၊ လူရော အရိပ်အယောင်ပင် မမြင်ရတော့ချေ။

ဝိုင်းသည် ပင့်သက်လေး ရှိုက်ရင်းကကိုယ့်ကားကို သော့ ဖွင့်ဝင်ထိုင်လိုက်သည်။

ကားထဲ ရောက်လျှင် ချက်ချင်း စက်မနှိုးသေးဘဲ အနီးအနားမှာ သူ ရှိနေဦးမလားဟု ရှာဖွေ မိသေးသည်။

သူက လျှင်မြန်စွာ ကိုယ်ရောင် ဖျောက်သွားပြန်ပြီ။

သွယ်လေးကို ဒီအကြောင်းတွေ ပြောချင်လှ၏ ။

ခက်တာက သွယ်လေးက ရုံးမှ သူစီးနေကျ ဖယ်ရီကားနှင့် ပြန်လာမှာ ။

ညကျမှပဲ အေးအေးဆေးဆေး ပြောပြရတော့မည် ။

*****

(၄)

သူမကို စတွေ့ တုန်း ကတော့ သူမ ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ရိုး အမှန်ပါ။

ဆံထုံးမြင့်မြင့်လေးနှင့် လည်ကုပ်သားလေးတွေ ရှင်းလင်းပေါ်လွင်ကာ ကြော့ကြော့မော့ မော့လေး လျှောက်သွားဟန်ကပင် လူအများ ကြားထဲ ငေးကြည့်ချင်စရာ ဖြစ်နေတာမို့ သူကြည့် နေခဲ့မိတာ။

ဝတ်ထားပုံကလေးကလည်း ယဉ်စစနှင့် ချစ်စရာ။သူမဟာ တက္ကသိုလ်က ဆရာမ လေးများ လားဟုပင် သူထင်မိသည်။

ဝိုင်အနီရောင် ပိုးအင်္ကျီ ရင်ဖုံးလေးနှင့် ချိတ်အနီလေးကို ဆင်တူ ၀တ်ထားပြီး လေဒီရှူးက လည်း အ၀တ်အစားနှင့် တစ်ရောင် တည်း။

တခြား မိန်းကလေးတွေ ဒီလောက် အလန်းတွေ ရှုပ်ယှက်ခတ်အောင် ၀တ်နေတဲ့အထဲမှာ သူမရဲ့ ပုံစံလေးက တစ်မျိုးတစ်ဘာသာ ကွဲထွက်ပြီး ရင်ကို အေးမြစေလှ၏ ။

သူမ ဟန်ပန်လေးကို ပြုံးပြုံးငေးငေးနှင့် သတိလက်လွတ်ပင် စိုက်ကြည့်နေခဲ့မိ၏ ။

တစ်ခြားမိန်းကလေးတွေ က ဘောင်းဘီအကျပ်အတည်းတွေ ၊ စကဒ်အတိုတွေ နှင့် ခါးပေါ်၊ ချက်ပေါ်၊ ကျောဟိုက်၊ ရင်ဟိုက်၊ ကျောပြတ်၊ ရင်ပြတ်တွေ နှင့် မကြည့်ရဲလောက်အောင် ခေတ်မီ ဆန်းပြားနေသော်လည်း သူ့ရဲ့ အကြည့်က ထူးထူးဆန်းဆန်းပင် ရင်ငြိမ်းပန်းကလေးဆီမှာ တွယ်ငြိ နေမိသည်။

ကိုယ့်အလုပ်ကိစ္စတွေ ၀ယ်စရာတွေ မေ့ထားပြီး သူမနောက်ကပင် လျှောက်လိုက်ချင်မိ သည်။

သူမက အင်မတန် ညှို့ငင်ဖြားယောင်းနိုင်သူလေး ဖြစ်သည်။

ကြည့်ရုံနှင့် ပင် အသက်ရှူမှားစေတာမို့ သူမနား ကပ်လျှောက်ကြည့်ချင်လာသည်။

ဟိုက်ပါမားကတ်ထဲမှာ လူတွေ အများ ကြီးဆိုတေ့ သူကပ်လျှောက်ကြည့်လည်း သတိ မထားမိနိုင်ပါဘူး။

ပြီးတော့ သူက ဦးထုပ်နှင် မျက်မှန်နှင့် ပဲ…

သူမ မျက်နှာလေးက နီးနိးကပ်ကပ် ကြည့်တော့ အကြည့်ခံပြီး ရိုးမသွားတာကို အံ့အားသင့် ရသည်။

နှာတံလုံးလုံးလေးနှင့် ကော့ပျံ မနည်းနက်သော မျက်တောင်စိပ်စိပ်ကလးတွေ က ဘေး တိုက်ကြည့်ရတာ သိပ်လှတာပါပဲ။

နှုတ်ခမ်း ထူထူဖောင်းဖောင်း အိအိကလေးလည်း တကယ်ပဲ အသက်ရှူ မှားချင်စရာ။

သူမ မျက်နှာပေါ်က အရာလေးတွေ ဟာ တစ်ခုချင်းလှပသလို ခြုံငုံကြည့်လိုက်တော့လည်း အလွန်ပင် ပြေပြစ်နေရာကျလှသည်။ အလိုအပိုမရှိ။ ကွက်တိ…

နတ်သမီးလေးလို ပြီးပြည့်စုံစေဟု တစ်စုံတစ်ရာက ဖန်ဆင်းပေးထားတဲ့ အတိုင်းပါပဲလား။

သူမရဲ့ အရပ်မြင့်မြင့်လေးက သူ့ရဲ့ ပုခုံးစွန်းကိုယ်ရောက်သည်။

သူမဆီကနေ သင်းပျံ့ပျံ ရေမွေးရနံ့လေးတစ်ခုကိုပင် သူ မက်မက်မောမော ရှူရှိုက်မိခံ စားမိသည်။

မွှေးလိုက်တာကွာ။

ရင်ထဲမှာ လည်း နွေးသွားတာပဲ။

နှစ်သက် မက်မောလှစွာ သူ ခိုးကြည့်နေမိ၏ ။

သူမ ကတော့ မိန်းကလေးပီပီ ပစ္စည်းတွေ ကိုပဲ လှည့်ပတ်ကြည့်ရှုနေပါသည်။

သူမ ရိပ်မိမှာ စိုး၍ သူကခပ်ခွာခွာ။

စက်လှေကားပေါ်တက်တော့ နီးနီးကပ်ကပ် အတူတက်ချင်၍ လှေကားရဲ့ ဘယ်ညာ တစ်ပြိုင်နက် သူမနှင့် အတူ လှမ်းတက်လိုက်မိသည်။

ဘေးချင်ယှဉ်ရပ်နေရတာ ပင် ရင်ခုန်ယစ်မူးဖွယ်ကောင်းလှပါလားကွ။

သူမက စိတ်အေးလက်အေးနှင့် အတော် အငေးသန်သူလေး ဖြစ်ရာ စက်လှေကား အဆင်း မှာ ပင်အငေးကောင်းနေ၏ ။

သူက စိတ်ပူပြီး ရုတ်တရက် သူပခုံးကို လှမ်းဆုပ်ကိုင်၍ သတိပေးလိုက်သည်။

“ဟိတ်”

သူ့အသံကြားလျှင် သူမက အလန့်တကြား သူ့ကို စတင်သတိပြုမိ သွားပါသည်။

သူက ဘာမှမ ဖြစ်သလို သာမန်အ ဖြစ်အပျက်တစ်ခုလို ဟန်ဆောင်ကောင်းလိုက်ပါသည်။

သူမကို ခေါင်းဆတ်ပြုံးပြပြီးနောက် လမ်းခွဲလိုက်သည်။ သူမနောက်ကလည်း ဆက် မလိုက်တော့။

ဣနြေ္ဒရရနှင့် ပင် တခြားတစ်ဖက်ကို အသာအယာလှည့်ထွက်ခဲ့ပါသည်။

သူမက ခြေစုံရပ်၍ သူ့ကို တအံ့တသြ ကြည့်နေခဲ့သည်။

သူမရဲ့ မျက်လုံးဝိုင်းဝိုင်းလေးကပင် အသည်းထဲနွေးစရာကောင်းလှတာမို့ သူက ပြုံး စိစိ နှင့် ..

ထိုပထမအကြိမ်တုန်းက မသိကျွမ်းလိုက်တာဘဲ ကံ ကောင်းသည်ဆိုရပါမည် ။

တကယ်တော့ သူမက နှယ်နှယ်ရရ မိန်းကလေး တစ်ယောက် မှ မဟုတ်တာ။ နာမည် ကြီး အိမ်ယာဝင်းတစ်ခုမှာ အထပ်မြင့်တိုက်အတွဲ ကြီး တစ်ခုလုံးကို ကုမ္ပဏီရုံးဖွင့်လှစ်ထားတဲ့ သူလေး တဲ့။

သူနှင့် ယှဉ်တော့ အတော် ကွာခြားနေသည်။

သူသည် ဘာဆက်လုပ် ရမှ်း မသိသော်လည်း သူမကို မကြည့်ဘဲလည်း မနေနိုင်ခဲ့။

ဒီလိုပဲ ပုန်းလျှိုကွယ်လျှိုလေးနှင့် ခိုးကြောင်ခိုးဝှက်လိုက်ကြည့်နေမိသည်။

သူ့ရည်ရွယ်ချက်က ဘာလဲ…?

သူ့နှလုံးသားထဲက ဆာလောင်မှု က ဘာလဲ…?

ရေရေရာရာ သူမ မရှင်းပြနိုင်။

သို့သော် သူမကို ခပ်ဝေးဝေးကပဲ ဖြစ် ဖြစ်၊ သူ စောင့်ကြည့်ချင်နေမိသည်။

သူမဟန်ပန်လေးတွေ ၊ သူမရဲ့ လှုပ်ရှားမှု လေးတွေ ကိုကြည့်နေရရင်ပဲ သူ အတော် ကျေနပ် မိပါသည်။သူမဖက် ကတော့ ဘယ်လို တွေးထင်နေမလဲ မသိပါဘူးကွာ။

သက်ပြင်းတစ်ချနှင့် အကွယ်ကလေး တစ်နေရာမှာ သူရပ်နေတုန်း သူမရဲ့ ကားလေးက ဆာကူရာတာဝါရှေ့သို့ ရောက်လာပါသည်။

ဝိုင်းစိန်မသည် မမ၀ိုင်ရဲ့ ဧည့်သည် တစ်ယောက် လို ဒီတာဝါရဲ့ အထပ်နှစ် ဆယ်က ကော်ဖီ ဆိုင်မှာ စောင့်နေရမှာ ဖြစ်သည်။

မမ၀ိုင်ကလည်း သူမကိုစိတ်ချလက်ချပင် မျက်နှာလွှဲထားသည်။

ဝိုင်းစိန်မက အချိန်တိကျရမှာ မို့ ကြိုတင်ရောက်နှင့် ဖို့ ကြိုးစားခဲ့ရသည်။ လက်က ရွှေရောင် နာရီ ဒိုင်ခွက်အ၀ိုင်းကလေးဆီ တစ်ချက် စူးစိုက်ကြည့်မိ၏ ။

သူမကို တစ်စုံ တစ်ယောက် က ကြိုတင် စောင့်ကြည့်နှင့် လိမ့်မည် ဟု တော့ သူမ မမျှော် လင်မိပါ။

စကားဝါရောင် ဖျော့ဖျော့ ၀တ်စုံလေးဖြင့် သူမပုံစံလေး ကတော့ ခါတိုင်းလိုပဲ ကြော့ရှင်း နူးညံ့ ၀င်းဝါနေပါသည်။

သူမက စကားဝါရောင် သွေးနှင့် အတော် လိုက်ဖက်သူ ဖြစ်တာမို့ အလင်းရောင် လေးတစ်မျိုး ပင် ဖြာလင်းနေသလိုထင်ရ၏ ။

ဝိုင်းသည် တည်ငြိမ်စွာ ပင် ဓာတ်လှေကားရှိရာ လျှောက်လာပြီး ခလုတ်နှိပ်လိုက်၏ ။

တံခါးပွင့်သွားလျှင် သူမ တစ်ဦးတည်း လှမ်းဝင်လိုက်သည်။ သို့ သော် တံခါးက ပိတ် မလို ဖြစ်ပြီးမှ ပြန်ပွင့်သွားပြီး တစ်စုံ တစ်ယောက် က ရုတ်တရက် ၀င်လာခဲ့သည်။

ဟင်…

သူ့ကို ဗြုန်းကနဲ ရင်ဆိုင်ရလျှင် ၀ိုင်းရင်ထဲ ဒိတ်ကခနဲ စောင့်ခုန်သွားရပြီး အံ့အားတသင့် မျက်လုံးကလေး ၀ိုင်းစက်မင်သက်သွားရ၏

သူ့မျက်နှာကို သေချာမသဲကွဲ..

သို့သော် မထိတထိလေး ပြုံးနေတတ်သော နှုတ်ခမ်းရဲရဲလေးက ၀ိုင်းကို အသက်ရှူမှား အောင် ဖမ်းစားနိုင်လှသည်။

ဆွဲဆောင်မှု ရှိသော မျက်နှာချောချောကို သူဘာကြောင့် ဖုံးကွယ်ထားရသလဲ။

စိတ်ထဲ အသည်းတယားနှင့် သူ့ဦးထုပ်ကို ဆွဲချွတ်ပစ်ချင်မိ၏ ။

ရှင်ဘယ်သူလဲ…?

ရှင် မမ၀ိုင်ကို သိသလားဟု မေးချ ပစ်ချင်မိသည်။

သို့သော် သူက ရှုတည်တည်ဖြင့်သာ ကြည့်ရုံကြည့်နေတာမို့ ၀ိုင်းက စတင်၍ စကား မချင် ပေ။

ပြီးတော့ ၀ိုင်းရပ်တွေ လည်း တုန်နေသည်။

သူ ဒိလိုကြီး အနီးကပ် စိုက်ကြည့်နေတာကို မနေတတ်ပေ။ ၀ိုင်းက မျက်နှာလေးကို တစ် ဖက်သို့ မသိမသာ လွှဲသည်။

ဓာတ်လှေကားထဲမှာ လည်း သူနှင့် ၀ိုင်း နှစ် ယောက် ထဲ သာ။

အထပ်နှစ် ဆယ်ထိမို့ အချိန်က တအောင့်တော့ ကြာသည်။

အဲဒီ အချိန် တခဏမှာ နှလုံးသားတွေ က ခုန်ပေါက်လှုပ်ရှားဆူညံပြီး ဗရမ်းဗတာ တုန်ယင် နေသည်မှာ ၀ိုင်းကိုယ် ၀ိုင်းပင် အံ့သြမိသည်။

မရဲတရဲနှင့် သူ့ရင်ဘတ်အင်္ကျီနေရာကိုပဲ ကြည့်နေမိပြီး သူ့ကိုတော့ ရင်ဆိုင်ဝံ့။

ဒီတစ်ခါတော့ သူက အော်တာရှပ်နှစ် ရောင် စပ်နှင် ကာကီရောင် ဘောင်းဘီပွပွကို ၀တ်ဆင်ထားသည်။

အော်တာရှပ်အပြာဖျော့ဖျော့ရဲ့ အိတ်နှစ် ဖက်က ကာကီရောင် အမွှေးဖွားဖွားလေးတွေ နှင့် ချုပ်လုပ်ထားတာ။

ကျစ်လစ်ပြီး ဆွဲဆောင်မှု ရှိသော သူ့ရင်အုံကားကားက ၀ိုင်းမျက်လုံးတွေ ကို ပြန်ခွာမရ အောင် ဖမ်းစားသည်။

စွဲမက်စရာ ဒီရင်ခွင်ထဲကို မမ၀ိုင်းများ အလည်ရောက်ဖူးခဲ့တာလား။

ချက်ချင်း ပဲ မလိုတမာ ၀မ်းပန်းတနည်း တွေးမိ၏ ။

သူ့ဖက်က ဘာမှ မပြော၍ ၀ိုင်းကစပြီး ဘာမှမမေးချင်၍ သာ နှုတ်ဆိတ်နေရသည်။

စိတ်ထဲမှာ တော့ သိပ်ပြင်းပြနေမိတာက အမှန်..

ဓာတ်လှေကားရဲ့ တံခါးပွင့်သွားလျှင် သူက ၀ိုင်းကို အရင်ထွက်ဖို့ ဦးစားပေးပါသည်။ ပြီးမှ သူ နောက်ကထွက်သည်။

ဝိုင်းရင်ထဲမှာ ရင်ခုန်ရပ်ဝန်းလေးတစ်ခုထဲက ထွက်ခွာလိုက်ရသလို လစ်ဟာဟာကြီး ခံစား မိသည်။

သူကရော..ကော်ဖီဆိုင်လာတာပဲလား..?

ဒါကလည်း တိုက်ဆိုင်မှု ပေါ့။

ဟင့်အင်း မ ဖြစ်နိုင်။ ၀ိုင်းလက်မခံနိုင်။

ဆိုင်ထဲဝင်လာပြီးနောက် ၀ိုင်းနေရာယူလိုက်တဲ့ စားပွဲနှင့် ကပ်လျက်က တခြားစားပွဲမှာ မျက်နှာချင်ဆိုင်ကျအောင် ၀င်ထိုင်လိုက်ပါသည်။

ထိုင်ကြည့်နေချင်တယ်ဆိုတဲ့ ပုံစံတစ်ခုကြောင့် ၀ိုင်းရင်မှာ နွေးကနဲ ဖိုရ၏ ။

ကော်ဖီမှာ သောက်ရင်း ရောက်လာမည့်  ဖော်ရိန်နာဧည့်သည်ကို ဣနြေ္ဒရရလေး စောင့်နေရ သော်လည်း ၀ိုင်းအာရုံထဲ ဇွတ်ဝင်လာသူ ကတော့ သူပါပဲ။

ပဟေဠိဆန်သော သူ့ရဲ့ တိတ်ဆိတ်မှု ဟာ ဘယ်လောက်ထိ တာရှည်ခံမလဲ ၀ိုင်း စောင့်ကြည့်လိုက်ပါဦးမည် ။

*****



ဝန်ဇင်းချစ်သူများ ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်) ၏ “ ၀ိုင်နီမမ.... သို့ မဟုတ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အချစ်ရွာရဲ့တစ်နေရာ

ချစ်ခြင်းဖြင့်တိမ်များဆီ

အချစ်ရဲ့အာနိသင်ကြောင့်