Cover

အခန်း (၁)

စိန်လည်တုံရဲ့ ရှေ့ကို အရပ်နည်းနည်း လေး ပုချင်တဲ့ ပတ္တမြားက ကျော်တက်ရပ်တန့်လိုက်ပါသည်။ ဖက်ရှင်ရှိုးပွဲတစ်ခုကို သိပ်ကြီး တိုးတိုးဝှေ့ဝှေ့ မလုပ်ချင်တဲ့ ခရမ်းစွဲ ကတော့ သူတို့နှစ် ယောက် ရဲ့ နောက်နားလေမှာ ပဲ ခပ်အေးအေး ရပ်ကြည့်နေမိသည်။

လူအုပ်ထဲမှာ ရှေ့နောက်သွားနေတဲ့ ပတ္တမြားညိုက စိန်လည်တုံရဲ့ လက်ကို ဆွဲပြီးအလန့်တကြားလေး..

“ ဟဲ့….. တုံတုံ၊ ဟိုနောက်မှာ တွေ့ လား၊ ငွေဘော်ကြယ်တွေ နဲ့ အင်္ကျီအကျပ်နဲ့လေ”

“တွေ့ သားပဲ”

တုံတုံ အဖြေက မပွင့်တပွင့်…..

“ ဟွန်း … သူဝင်ပြိုင်မှန်း သိလာရင်တောင် မကြည့်ပါဘူး”

မြားက မျက်နှာလေး ရှုံ့မဲလျက် D.J တီးလုံးတွေ ကို လွှမ်းမိုးအောင် တုံ့တုံ့နားကပ်လျက် ခပ်ကျယ်ကျယ်နှင့် ကြားအောင် ပြောလိုက်သည်။

“ဟဲ့.. မြား.. ဘာလဲ၊ နင်ဘာတွေ ကပ်ပြောနေတာလဲ”

ခရမ်းစွဲက သိချင်သေး၏

“ဘာမှ မဟုတ်ဘူး စွဲရဲ့ ၊ သူက ငွေပိုးကို ခုမှမြင်ပြီး အလန့်တကြား လုပ်နေတာ”

“သြော်…..”

“နင်တို့နှစ် ယောက် က အစောကြီးကတည်းက သိပြီးသားပေါ့လေ၊ ငါ့ကိုတောင် မပြဘဲ မြုံထားကြတယ်”

ပတ္တမြားနှင့် ငွေပိုးလွှာ ကျောင်းတော် က ရန်စ၊ ကျောင်းတော် က ပြုင်ဘက်တွေ ပါ၊ အဝတ်အစား ဝတ်တာ၊ စာတော် တာ၊ လူချစ်လူခင်ပေါတာ၊ ကောင်လေးတွေ စိတ်ဝင်စားတာ ရှိတာ စသဖြင့် အစစအရာရာ ကြိတ်ပြီး ပြိုင်ခဲ့တဲ့ နှစ် ယောက် ပါ။

ဆယ်တန်းအောင်တော့ သူတို့သုံးယောက် နိုင်ငံခြားဘာသာသင်တက္ကသိုလ် YUFL တက်ြ ကတော့ ငွေပိုးက အဝေးသင်နှင့် ဘယ်လိုက မော်ဒယ်လောကထဲ ရောက်သွားသလဲမသိ။

ဟိုပွဲပါ ဒီပွဲပါနှင့် မထင်မှတ်ဘဲ တစ်စတစ်စ နာမည် ရ လူသိများ လာခဲ့ပြီ။

ဒါကို ပတ္တမြားက အတော် မနာလို ဖြစ်မိသည်။

ခုလည်းကြည့်လေ…

မော်ဒယ်လ်စင်မြင့် အနောက်နားမှာ ထွက်ဖို့ တန်းစီထားတဲ့ ငါးယေက်ထဲမှာ သူ ရှေ့ဆုံးက…

ဆံပင်လေးကို ဖန်စီ ဆံထုံးအဆန်းပြားလေး ထုံးထားတာကြောင့် လည်တိုင်တိုင်ကြော့ကြော့နှင့် ပခုံးမွတ်မွတ်လေးတွေ က ဖွေးဥနုမှု န် ပြေပြစ်ကျော့ရှင်းလှသည်။

သူအရင်က အသားအရေ ဒီလောက်မလှပါဘူး။

ဒစ္စကိုလိုက်ထ်တွေ ရဲ့ ပံ့ပိုးမှု နဲ့ မိတ်ကပ်တွေ ရဲ့ အစွမ်းကြောင့် ထင်ပါရဲ့ …..

“ ပွဲက မနေ့ကတည်းက စတာ၊ သူက ဇကာတင်ထဲပါလို့ ဒီနေ့ ပြန်ပြိုင်ရတာ ဖြစ်မယ်”

“ဟုတ်မှာ ပေါ့”

“လှတော့လှသားနော်”

“မလျပါဘူး”

ခရမ်းစွဲ မှတ်ချက်ကို မြားက ကန့်ကွက်သည်။ ငွေပိုးကို လှတယ်ပြောတာ မြား တကယ် နားကလောလွန်းလို့ပါ။

“ခါးနံပါတ် နှစ် ဆယ့်နှစ် ငွေးပိုးလွှာ ဖြစ်ပါတယ်”

မီးရောင် ပြာလင်းလင်းမှာ ဝံ့ဝံ့စားစား Cat Walk လျှောက်လာတဲ့ စတိုင်က အမိုက်စား၊ ခန္ဓာကိုယ်ကို ယိမ်းနွဲကာ လျှောက်လာရင် ရင်ဖိုစွဲမက်စေလောက်သည်။

ရှေ့နားရောက်တော့ နွဲ့နွဲ့လေး ခါးထောက်ရပ်ပြီး တစ်ချက်ပြုံးပြသည်။

အံမယ်…. အပြုံးက ညှို့ပြုံး …. သူရဲ့ ပါးချိုင့်ရှည်လေးကို အားလုံးမြင်သာအောင် ပြသွားတာ။

ကောင်ကလေးတွေ ငေးသွားသည်။

ဟေးခနဲလည်း ဟစ်ကြွေးကြ၏ ။

“ပိုးလေး…ပိုးလေး”

အားပေးသံ၊ လက်ခုပ်သံတွေ ဆူညံစွာ လွှမ်းမိုးသွား၏ ။ ပတ္တမြားညိုက နံဘေးက အောဟစ်အားပေးတဲ့ အရပ်ရှည်ရှည် လူကြီးကို လှည့်ပြီး မျက်စောင်းထိုးလိုက်သည်။

မြားကသာ မကျေနပ် မရှု့စိမ့်အောင် ဖြစ်နေတာ။ ငွေပိုးလွှာက အတော် ဆွဲဆောင်မှု ရှိသည်။ ဂါဝန်ကျပ်လေးက ရင်ညွန့်တစ်လျှောက်ကနေ ခါးအထိ ဘော်ကြယ်တွေ ကပ်ထားသော်လည်း အောက်ပိုင်း ပေါင်တံနားလောက်မှာ အလွှာပါးအစလေးပဲရှိတာ။

လျှောက်လာပုံကို ကြည့်ရတာ ပုရိသတို့ ရင်သပ်ရှုမော အသက်ရှူ မှားလောက်ပါရဲ့ ။

ဟော….

ကျောပေးပြီး ပြန်လျှောက်သွားပြန်တော့လည်း ဟာခနဲ ငေးရလောက်အောင် ကျောပြင်ဝင်းဝင်း လေး တစ်ခုလုံး အင်္ကျီစ လွှတ်ထားတဲ့ ပြောင်ကလေးအတိုင်း….

မိန်းကလေး အပျိုရွယ်ကလေး တစ်ယောက် ရဲ့ ကျောတစ်ပြင်လုံးကို မြင်သာအောင်ပြနိုင်တဲ့ ဖက်ရှင်ဒီဇိုင်းနာရဲ့ လက်ရာကလည်း အတော် ပြောင်မြောက်ပြီး ပညာသားပါသည် မဟုတ်လား။

မြားတောင် ပါးစပ်ပိတ်သွား အငိုက်မိကာ တစ်ချက်မျှ ငေးမိသွားမိသေးတာ ကြည့်……

ကောင်းကလေးပရိတ်သတ် ကတော့ ဆိုဖွယ်မရှိပါ။

“ပိုးလေး… ပိုးလေး”

နှင့် အုံးအုံးကြွပ်ကြွပ် ဆူညံ သွားပါသည်။

“တော် ပြီဟာ… ဗိုက်ဆာတယ်၊ တစ်ခုခု သွားစားရအောင်”

ပတ္တမြားက ဆက်လက် သည်းခံ မကြည့်နိုင်အောင် ဖြစ်သွားသည်။

ပြီးရင် မယ်မင်းကြီး မငွေပိုးလွှာက အုပ်စုလိုက်နောက် တစ်ခေါက် ပုံစံပေးဦးမှာ လေ…

ဒင်းမျက်နှာက … ဒင်းရဲ့ ညုတုတု အပြုံးပြုံးတွေ ကို နောက်တစ်ခေါက် မခံစားချင်တော့ပါ။ တစ်ခြားမော်ဒယ်လ်တွေ ကို ဆက်လက်ကြည့်ချင်သေးပေမယ့် ငွေပိုးကိုတော့ အသည်းယား အမြင်ကပ်လှပြီ။

ပတ္တမြားက ဦးဆောင်ပြီး လူအုပ်ကြားမှ စတင် တိုးထွက်လာ၏ ။ သူ့လက်ဆွဲရာ ပါလာရသူက စိန်လည်တုံ၊ တုံတုံရဲ့ နောက်ပါလာသူက သူကခရမ်းစွဲ။

မြားက သူ့ဆံပင်တိုတိုပေါ် ဆောင်းထားတဲ့ လျှာထိုးဦးထုပ်ကလေးကို ရွဲ့စောင်းမသွားအောင် လက်တစ်ဖက်က ကိုင်းထားသေး၏ ။

ဝတ်ထားတာက ကွာတားဂျင်ဘောင်းဘီလ်နှင့် ဂျာကင် အတိုပုံစံ ဂျင်းအင်္ကျီအနီရဲလေးပါ။ စီးထားတာက ဘွတ်ရှူး အဖြူလေး။

နောက်က တုံတုံ ကတော့ ဆံပင်ရှည်စင်းစင်းလေးကို ထိပ်ပေါ်မှာ အာလူးသီးလောက် ဆံထုံးလုံးလုံးလေး လုပ်ထားပြီး အဲဒီ ဆံထုံးလေးကို ကြိုးဖြူဖြူလေးနှင့် ရစ်ခွေထားသေး၏ ။ ပုံလေးက ဘာပုံလေးမှန်းမသိ။

ဒါပင်မယ့် သူတို့သုံးယောက် ထဲမှာ စိန်လည်တုံက အရပ်လေးမြင့်ပြီး ချောလည်းချော၊ သိမ်မွေ့လည်း သိမ်မွေ့တော့ ကြိုက်စရာရှိရင် တုံ့တုံ့ပဲ အရင်ဆုံး ကြိုကြတာလေ။

ဒူးဆစ်ဖုံးတဲ့ စကတ်ကော်ဖီရောင် လေးနဲ့ အပေါ်က ရင်ဖုံးဆန်ဆန် ချည်သားအင်္ကျီ ဆင်ဆွယ်ရောင် လေးနဲ့ တုံ့တုံ့ပုံစံဟာ ဘယ်လိုနေနေ စွဲမက်စရာလေး ဖြစ်နေတက်သည်။

ခရမ်းစွဲ ကတော့ တူးစတက်ဆံပင်ခွေကောက်ကောက်နှင့် ဘဲဥပုံမျက်နှာလုံးလုံးလေးနှင့် နှုတ်ခမ်းထူထူလေးကိုအမြဲတမ်းတင်းတင်း စေ့ထားတက်သဖြင့် ရုပ်တည်ကလေး ဖြစ်နေတက်သည်။

ခေါင်းဆောင်းပါတဲ့ ဂျာကင်ပွပွပါးပါးကို တီရှပ်အနက် ရောင် ပေါ်က ထပ်စွပ်ထားပြီး ကြိုးစလေးတွေ အရှုံ့လေးတွေ ပါတဲ့ စတိုင်လ်ဘောင်းဘီ မိုးကာသားအကျပ်ကလေးနှင့် သူတို့နောက်က အမီပြေး လိုက်လာသည်။

ဘယ်လိုပဲပြောပြော မိန်းကလေးသုံးယောက် သားဟာ အရွယ်တူ အလှချင်း မတိမ်းမယိမ်း သွက်သွက် လက်လက် တက်တက်ကြွကြွနှင့် ချစ်စဖွယ် ဟန်ပန်လေးတွေ နှင့် ချည်း ဖြစ်ပါသည်။

သူတို့သုံးယောက် သားမှာ မူလတန်းကျောင်းသူ ဘသကတည်းက အတူဆော့ကစားရင်း အတူကျောင်းတက်ရင်း လည်ပင်းဖက် ကြီးလာကြသူများ ဖြစ်သည်။

သုံးယောက် စလုံးဟာ မွေးချင်းမောင်နှမ မရှိတဲ့ တစ်ဦးတည်းသော သမီးတွေ ချည်းပဲ ဖြစ်ရာ အင်မတန်အဖော်မင်ပြီး ထိုသုံးယောက် ကိုကြည့်လျှင် ညီမအရင်းအချာတွေ လား ထင်ရသည်။

သူတို့သုံးယောက် စလုံးက စိတ်တူကိုယ်တူ ဘယ်သွားသွား မခွဲမခွာ အတူစား အတူအိပ်သူတွေ လည်း ဖြစ်သည်။

အမှန်တော့ သိပ်ချစ် သိပ်ရင်းနှီးခင်မင်ပြီး အတွင်းသိ အစင်းသိ သူငယ်ချင်းတွေ သာ ဖြစ်ပါသည်။

သမီးသုံးယောက် ကသာ သူငယ်ချင်းတွေ ဖြစ်နေကြတာ မဟုတ်။ အမေသုံးယောက် ကလည်း ဟိုးတုန်းက တက္ကသိုလ် အတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ပါ။

ဒေါ်မြသီတာ၊ ဒေါ်သက်ထားညို၊ ဒေါ်မူမူပြုံးတို့ဟာ အိမ်ထောင်ကိုယ်စီကျပြီး တစ်နှစ် ထဲမှာ ပဲ သမီး တစ်ယောက် စီကို လကလေးတွေ သာခြားပြီး မွေးဖွားလာခဲ့ကြသည်။

မွေးတော့လည်း သုံးယောက် စလုံးက သမီးတွေ ချည်း။

ကလေး တစ်ယောက် မွေးပြီးတာနှင့် စီးပွားကျုံရှာဖို့ ရည်ရွယ်ချက်ကလည်း တူနေကြတာမို့ နောက်ထပ်ကလေးလည်း မယြူ ကတော့ပါ။

သူတို့သုံးယောက် ကြီးလာရင် ညီမအရင်းလို ချစ်ခင်ကြပစေဟု သဘောပိုက်ကာ ဘာမှလည်းမပူ။

ထိုအမေ သုံးယောက် တို့ဟာ မိန်းမသားပီပီ ကျောက်မျက်ရတနာတို့ကို သဘောကျနှစ် ခြိုက်သူများ ဖြစ်တာကြောင့် သမီးလေးတွေ ကို နာမည် ပေးဖို့ အချင်းချင်းတိုင်ပင်တဲ့အခါ ရတနာတွေ ထဲက တစ်ခုခုကို အမည် မည့် ခေါ်ကြဖို့ ဆုံးဖြတ်ချက် ချကြသည်။

အရင်းဦးဆုံးသက်ထားညိုက သူ့ရဲ့ ချစ်သမီး ရင်နှစ် သဲချာကို ပတ္တမြားညိုဟု သူနှစ်သက် ဆုံး ရတနာကို အမည် ကိုပေးဖို့ အတည်ပြုခဲ့သည်။

ဒေါ်မြသီတာက ကျောက်မျက်တွေ ထဲ စိန်ကို အမက်မော အနှစ်သက် ဆုံးမို့ သူ့သမီးနာမည် ကို စိန်လည်တုံဟု ရိုးရိုးကြီးပင် မှည့်ခေါ်ပြီး ဒေါ်မူမူပြုံး ကတော့ စွဲကို ခရမ်းစွဲဟု အမည် ပေးလိုက် သည်။

ဒီတော့ စိန်လည်တုံက တုံတုံ၊ ပတ္တမြားညိုက မြား(သူ့ကို ညိုဟုခေါ်လျှင် သူမကြိုက်)၊ ခရမ်းစွဲက စွဲဟု ဖြစ်လာခဲ့သည်။

တုံတုံ၊ မြားနှင့် စွဲတို့သည်မူကြိုကျောင်းတစ်ခုတည်းသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခဲ့ကြသည်။ သူတို့မှာ တခြားကလေးအဖော်ပင် မလိုဘဲ … သုံးယောက် ပေါင်းလောင်းကျော် ဖြစ်ခဲ့ကြသည်။ ဘယ်သူ့နဲ့ ဘာ ဖြစ် ဖြစ် သူတို့သုံးယောက် က အတူတူ တစ်ဖက်ရပ်တည်သည်။

အားကစားလုပ်ဖို့ ဆရာမ က အသင်းခွဲပေးလျှင် သူတို့သုံးယောက် ကို တစ်ဖွဲ့တည်း ထားပေးလို့မရ တစ်ယောက် စီ အုပ်စုခွဲပြီးထည့်ပေးရသည်။ အင်္ဂလိပ်စကားပြော အပြန်အလှန်လေ့ကျင့်ပြီဆိုလည်း တုံတုံ တို့ကို စားပွဲတစ်ဝိုင်းတည်း အတူပြောခွင့်ပေးလို့မရ။ တစ်နေရာဆီ ထားပေးရသည်။

အမှန်က သူတို့သုံးယောက် စည်းလုံးပြီး အချင်းချင်းယိုင်းပင်းကူညီလွန်းလို့ ဖြစ်သည်။ တစ်ယောက် ကို မတ်တပ်ထပြီးစာမေးလျှင် အောက်ကနှစ် ယောက် က အဖြေပြောပေးကြသည်။

ဟဲ့ … မပြောကြနဲ့ဆိုလျှင်လည်း မရ…

မသိမသာနှင့် အမူအယား ခိုးလုပ်ပြကြသည်။

သူတို့က တစ်ယောက် မျက်နှာကဲကိုလည်း တစ်ယောက် က အမှန်အတိုင်း အဖြေဖော်နိုင်ကြသည်။

အတန်းလေးက တဖြည်းဖြည်းရလာလေ သူတို့သုံးယောက် ရဲ့ သံယောဇဉ်က ပိုမိုခိုင်မာ နှောင်ဖွဲ့မိ ကြလေမို့ ခွဲလို့မရတော့ချေ။ သုံးယောက် သားဟာ နံနက်မိုးလင်းကနေ ညအထိ အတူတွေ့ ဆုံကြတာကို အားမရဘဲ သုံးယောက် အတူတူ တစ်ခန်းထဲမှာ အိပ်ချင်ကြတာမို့ မိဘတွေ အိမ်မှာ တစ်ပတ်ဆီ လှည့်နေရ သည်။ ဒီတစ်ပတ် တုံ့တုံ့အိမ်ဆို နောက်တစ်ပတ် မြားရဲကအိမ်၊ နောက်တစ်ပတ်ကျတော့ စွဲရဲ့အိမ်။

မိဘတွေ ကလည်း သူတို့ရဲ့ နှောင်ဖွဲ့ပတ်သက်မှု ကို လက်မြှော က်ရပါသည်။ လူတွေ ကလည်း သူတို့ သုံးယောက် ကို အတူတူတတွဲ တွဲ မြင်နေကြမို့ ညီအစ်မတွေ လို့ပဲ ထင်ကြသည်။ ညီအစ်မရင်းတွေ မဟုတ်ဘဲ အချစ်ဆုံးသူငယ်ချင်းတွေ ဆိုတာသိလျှင် လူတိုင်း အံ့သြချီးမွမ်းရသည်။

ဘယ်နေရာမှာ ပဲ တွေ့ လိုက်တွေ့ လိုက် သူမတို့က သုံးယောက် ပူးတွဲ ပဲကိုး။ ဘယ်တော့မှ လက်တွဲ မဖြုတ်ကြ။

သူတို့သုံးယောက် ထဲမှာ ပတ္တမြားညိုက စာအတော် ဆုံး ဖြစ်တာမို့ တုံတုံနှင့် စွဲမှာ သူ့ကိုအတော် အား ကိုးရပါသည်။

သင်္ချာနှင့် အင်္ဂလိပ်စာဆိုရင် သူ့ကိုတစ်ခေါက် ပြန်ရှင်းပြခိုင်းမှပဲ နားရှင်းပြီးသဘောပေါက် ရတဲ့အထိ ပါ။ ကျူရှင်မှာ ဆိုလည်း အရေး ကြီးရင်ကြီးသလို မြားစာအုပ်ထဲကပဲ အမြန်ကူးချရသည်။ စာနှင့် ပတ်သက် လျှင် မြားကလက်ရေး လက်သားလည်း လှပသေသပ်ပြီး သွက်သွက်လက်လက်နှင့် မှတ်ဥာဏ် ပိုကောင်း သည်။ သူက ဝီရိယလည်းပိုကောင်းသည်။ တုံတုံတို့အိပ်ရာမနိုးခင် သူ့အရင်စောစောထ၍ စာကျက်နေ တတ်သည်။

အထက်တန်းကျောင်းရောက်တော့ သူ့ရဲ့ စာပြိုင်ဖက်ဟာ ငွေပိုးလွှာ ဖြစ်လာခဲ့သည်။

အတန်းထဲမှာ ငွေပိုးလွှာက တော် တော် စတား ဖြစ်သည်။ ဆရာဝန်ကြီးရဲ့ သမီး၊ စာလည်းတော် ၊ လှလည်းလှတော့ အတော် သတင်းမွှေးတဲ့သူ ဖြစ်သည်။

စာမေးပွဲဖြေလိုက်လို့ ငွေပိုးက အမှတ်နည်းနည်း သာသွားလျှင် မြားကမခံချင်သလို ဘေးက တုံတုံနှင့် စွဲကလည်း ခပ်မြောက်မြောက် ဖြစ်နေတဲ့ ငွေပိုးကို အမြင်ကပ်ကြတာပင်။

ပတ္တမြားကို ဘယ်နေရာလေးမှ ဖြစ် ဖြစ် ငွေပိုးထက် အသာစီးရစေချင်စိတ်က နှစ် ယောက် လုံးမှာ ရှိ သည်။ သို့ သော် ကိုယ်တွေ က စာမတော် တော့ စာဖက်မှာ တော့ အနိုင်ပိုင်းလို့က မရ။ အတန်းထဲမှာ ငွေပိုးက ဝမ်းတူးဖိုက်အဆင့်ထဲမှာ အမြဲတမ်းရှိနေသည်။ မြားနှင့် ကတော့ မတိမ်းမယိမ်းပါ။

ဆယ်တန်းမှာ တုံတုံတို့သုံးယောက် က ပိုစည်းလုံးချစ်ခင်လာခဲ့သည်။ ဘာကြောင့် လည်းဆိုရင် တုံ့တုံ့မေမေနှင့် ဖေဖေက ဂျပန်ထွက်သွားပြီး ပတ္တမြားရဲ့ မိဘတွေ ကလည်း အလုပ်သွားလုပ်ဖို့ စင်္ကာပူ ထွက်သည်။ ပြီးတော့ ခရမ်းစွဲအမေက သူ့အဖေရာထူးပြောင်းရွှေ့ရတဲ့ မန္တလေးကို လိုက်သွားတာမို့ သူတို့ သုံးယောက် ကို တိုက်ခန်းနှစ် လွှာနှင့် သီးသန့်နေစေသည်။ စာသင်ဖို့ အုပ်ထိန်းဖို့ ဂိုက်ဆရာမ တစ်ဦးကို ထား ပေးသည်။

ထိုအချိန်ကစလို့ သူတို့ဟာ လူကြီးဆန်ဆန် လူကြီးစိတ်မွေးကာ ဘဝကိုလက်တွဲ ရင်ဆိုင် ဖြတ်သန်း ခဲ့ရတာ ဖြစ်သည်။ အရင်ကထက် ပိုနီးကပ်နွေးထွေးမှု တွေ လည်း ရှိလာရ၏ ။

အိပ်အတူ၊ စားအတူ၊ သွားအတူ၊ စာကျက်အတူနှင့် သူတို့ကြားက နှောင်ဖွဲ့မှု တွေ က ပိုမို မြဲခြံ သိပ်သည်းလာခဲ့ရသည်။

မိဘတွေ ကလည်း သူတို့ရဲ့ ရပ်တည်မှု ကို စိတ်ချလက်ချလွှတ်ပေးထားလိုက်သည်။

သူတို့သည် ထိုသို့ လွတ်လွတ်လပ်လပ် ကိုယ့်စိတ်ကြိုက်နေရသော အခါ စာကို မကြိုးစားမဟုတ်၊ သေချာကြိုးစားပါသော်လည်း တစ်ဖက်ကလည်း ဝါသနာပါရာ အပျော်တမ်း Band အဖွဲ့လေးတစ်ဖွဲ့ကို သုံးယောက် အတူ ဖွဲ့ခဲ့ကြသည်။

တစ်ခြားအဖွဲ့လေးတွေ တေးဂီတလောကမှာ အောင်မြင်နေတာ တွေ့ ရတော့ သူတို့ရဲ့ အိမ်မက်ရွာ Dream Village တေးဂီတအဖွဲ့လေးကိုလည်း သူများ တွေ ကဲ့သို့ အောင်မြင်ချင်လာသည်။

စွဲက ဂစ်တာတီးခတ်ရာမှာ တော် သည်။ မြားကလည်း ငယ်ငယ်ကတည်းက စန္ဒယားသင်ယူပြီး၊ ယခုလည်း အော်ဂင်ကောင်းကောင်းတီးနိုင်သည်။ တုံတုံ တစ်ယောက် ကသာ အဆိုကိုပဲအားသန်တာ။

သို့ ပေမယ့် သုံးယောက် ထဲမှာ တုံ့တုံ့အသံက ချိုအေးမြပြီး ဆန်းသစ်တဲ့ ဆိုပေါက်တစ်မျိုးလေး ရှိသည်။ သီးခြားကွဲထွက်နေသည်။ ရုပ်ရည်အားဖြင့် လည်း တုံ့တုံ့က အနည်းငယ်မိန်းမဆန်ပြီး ကနွဲ့ကလျာ လေး ဖြစ်နေသည်။

စကားပြောလိုက်တဲ့ အသံကိုက တိုးတိုးအေးအေးလေးနှင့် ငြိမ်းချမ်းသည်။ အဲဒါအပြင် တစ်ဖက် သားကိုဆွဲဆောင်နိုင်တဲ့ ညို့ဓါတ်တစ်မျိုးရှိသည်။

သို့ သော် သူတို့သုံးယောက် က ဝါသနာတူတွေ မို့ သီချင်းဆိုဖို့ဆိုရင်တော့ လာခဲ့။

အရူးအမူးလေးတွေ … ညသန်းခေါင်ထိ သီချင်းထိုင်ရေး ကြသည်။

ရေး တဲ့အခါလည်း တိုင်တိုင်ပင်ပင် … ဆိုတဲ့အခါလည်း အဖွဲ့လိုက်ကလေး တက်တက်ကြွကြွ။

ဒါပေမယ့် ဆယ်တန်းမအောင်ခင်အထိတော့ သီချင်းကိစ္စကို သိပ်ဦးစားမပေးရဲပါ။

အောင်စာရင်းထွက်တော့ ပတ္တမြားညိုက တူးဒီပါခဲ့သည်။

နည်းပညာတက္ကသိုလ်တက်ဖို့ အမှတ်မီပေမယ့် တုံတုံနှင့် မခွဲချင်တာကြောင့် YUFL ပဲ တက်ခဲ့သည်။

တက္ကသိုလ်ရောက်တော့ သိပ်ကလေးမဆန်ချင်တော့တာမို့ မြား တစ်ယောက် ငွေပိုးကို မေ့မေ့ ပျောက်ပျောက် ထားလိုက်ပြီဟု သူတို့ထင်မိပေမယ့် ဒီကနေ့ငွေပိုးမော်ဒယ်လ်လျှောက်တော့ မြင်ရတော့ မြားမှာ ပူစပ်ပူလောင် မနာလို၊ အမြင်ကပ်၊ ကြည့်မရ ဖြစ်နေဆဲဆိုတာ နားလည်လိုက်သည်။

ပတ္တမြားဆန္ဒကြောင့် သူတို့လည်း ရှိုးပွဲကျင်းပနေရာ လူအုပ်ကြားမှာ တိုးထွက်လာပြီး အနီးအပါးက ကော်ဖီစနက်လေးမှာ ဝင်ထိုင်ခဲ့ကြသည်။

“မြားရယ် … နင်က အခုထိ မပြောင်းလဲသေးပါလား”

“ဟွန်း … ဒီမိန်းမ မော်ဒယ်လ်လျှောက်တာကိုများ ငါက သွားမော့နေရဦးမယ်… ဝေးသေး”

ပတ္တမြားက နှုတ်ခမ်းကိုမဲ့ရွဲ့လိုက်၏ ။ ကိုယ်က သီချင်းတွေ ဆိုနေပေမယ့် ခုထိ ခွေမထွက်နိုင်သေး ဘဲ ကြိုးစားအားခဲနေတုန်းမှာ သူကပရိသတ်ရှေ့ မော်မော်ကြွားကြွား ရောက်နေပြီဆိုတော့ တယ်မခံချင်လှ။

တစ်နေ့နေ့မှာ တော့ ငွေပိုးကိုသာကြောင်းပြချင်ပါသေးသည်။

“မကြည့်ချင်လို့ ထွက်လာပြီပဲ… ထားလိုက်ပါတော့”

“သူနဲ့ လာလာဆုံတာကိုပဲ မုန်းတာ”

“ငါတို့လည်း တစ်ချိန်ချိန်တော့ အောင်မြင်ဦးမှာ ပေါ့”

“တုံတုံ … နင့်မာမီဆီ ပိုက်ဆံလှမ်းတောင်းဟာ၊ အခွေထွက်လို့ရအောင်”

“အို … မာမီက ဒီလောက်အများ ကြီး ပို့မလားဟဲ့”

“အေးလေ … ဟုတ်သားပဲ”

“မေမေကလည်း ငါ့ကို ဒီအဆိုတော် အလုပ်ကြီးကို ရူးရူးသွပ်သွပ် လုပ်စေချင်တာ မဟုတ်ဘူး”

ခရမ်းစွဲကလည်း ခပ်ညည်းညည်းဆိုသည်။

“ကဲ … အဲဒါတွေ အသာထား၊ ဗိုက်ဆာပါတယ်ဆိုမှ ငါ မုန့်သွားယူမယ်၊ နင်တို့လည်း သစ်ကြားသီး ဒိုးနတ်ပဲမို့လား”

ပတ္တမြားက သွက်သွက်လက်လက် ထထွက် သွားပါသည်။ တအောင့်ကြာတော့ ချောကလက်မစ် ရှိတ်လ် သုံးခွက်နှင့် မုန့်ပန်းကန်တွေ ၊ ဗန်းတွေ ထည့်သယ်လာ၏ ။

သူမတို့ သုံးယောက် သား မုန့်တွေ ပါးဖောင်းအောင် စားနေဆဲမှာ ပဲ မော်ဒယ်လ်ပြိုင်ပွဲက ပထမပိုင်း ပြီးသွားသည်။

ဒုတိယပိုင်းကို တော် ကြာမှပြန်စမှာ …

လူတွေ လှုပ်လှုပ်ရွရွနှင့် ဆိုင်ထဲဝင်လာကြကာ သိပ်မကြာဘဲ ဆိုင်မှာ လူအပြည့်နီးပါး ဖြစ် သွားပါ သည်။

ထိုအချိန်မှာ ပဲ မျှော်လင့်မထားသော စုံတွဲ လေးတစ်တွဲ က သူတို့ရဲ့ မြင်ကွင်းထဲသို့ စတင်ဝင်ရောက် လာခဲ့ပါသည်။

“ဟင်”

တုံတုံက အရင်စ မြင်သည်။

အစိမ်းမှိုင်းရောင် စတိုင်လ်ဘောင်းဘီပွပွနှင့် အပေါ်က အသားရောင် ရှပ်အင်္ကျီကို လက်ရှည်ချကာ သားသားနားနားဝတ်ထားပြီး လူကလည်း ကြော့ကြော့မတ်မတ်စတိုင်လ်နှင့် ကိုယ်နေဟန်ထား ခပ်ဖြောင့်ဖြောင့်၊ အရပ်ကလည်း မြင့်၊ အသားကလည်း ဖြူဝင်းစိုပြေတော့ ဝင်လာတဲ့ တခြားသူတွေ နှင့် မတူဘဲ ထူးထူးခြားခြား အရောင် တစ်ခုလင်းဖြာသွားသလို ထင်မိသည်။

ဒီလူကြီး မိုက်လှချည်လားဟု အမှတ်တမဲ့ စိုက်ငေးသွားမိစဉ်မှာ ပဲ သူ့နံဘေးက မိန်းကလေးကို ပုဝါ ကလေးလွှမ်းခြုံပေးလိုက် တော့ ဗြုန်းခနဲမြင်ရသော အခါ တုံ့တုံ့မျက်နှာလေး ပူနွေးသွားရသည်။

သူ ပုဝါကို လွှမ်းပေးပုံကလေးက တယုတယ။ တုံ့တုံ့ရင်မှာ ဘယ်လိုကြီး ဖြစ်သွားမှန်းမသိ။ ပြော မပြတတ်ချေ။

“ဟယ်တော့ … နင့်အချစ်တော် … အံမယ် သူက”

ခရမ်းစွဲစကားက တစ်ပိုင်းတစ်စနှင့် ရပ်တန့် သွားပါသည်။

ငွေပိုးလွှာက ခုန Cat Walk လျှောက်တဲ့ ငွေရောင် ဝတ်စုံလေးနှင့် ပဲ ခပ်ကြော့ကြော့ လျှောက်လာပြီး သူ့နံဘေးက ကိုလူချောက သူမရဲ့ ပေါ်လွင်နေတဲ့ ပုခုံးလေးတွေ ကျောပြင်လွတ်လွတ်တွေ ကို တစ်ပါးသူ မမြင်စေချင်ဟန်ဖြင့် ပုဝါလှလှလေးတစ်ထည် ကမန်းကတန်း ခြုံလွှမ်းပေးလိုက် တဲ့ဟန်ဟာ ခရမ်းစွဲကို နှုတ် ဆွံ့အသွားစေပြီး၊ ပတ္တမြားကိုတော့ အတော် ကြီး မျက်စိစပါးမွှေး စူးသွားစေပါ၏ ။

မယုံနိုင်အောင် အငိုက်မိအံ့အားလည်း သင့်စေသည်။

သူ ဘယ်အချိန်က ရည်းစားရှိနေလိုက်တာလဲ။

ပြီးတော့ သူ့ရည်းစားက ဒီလိုခန့်ခန်းညားညား ယောကျာ်းပီသစတိုင်လ် ဖြောင့်လှတဲ့သူဆိုတော့ မြားရင်ထဲမှာ ဘာကြောင့် မှန်းမသိ။ ဗြောင်းဆန်အောင် လူးလွန့်လှုပ်ရှားသွားရပါသည်။

ပတ္တမြားညိုသည် သူမရဲ့ အငိုက်မိ ငေးမောသော မျက်ဝန်းတွေ ကို အမြန်ရုပ်သိမ်းအကြည့်လွှဲပါ သော်လည်း ငွေပိုးက တန်းတန်းမတ်မတ် မြင်တွေ့ သွားခဲ့သည်။

ထိုသော အခါ သူမဟန်ပန်က ပိုမိုဂုဏ်ယူဝံ့ကြွားစွာ မျက်နှာလည်း ပင့်ချီသွားသည်ဟု ထင်ရ၏ ။

တစ်တန်းတည်းသားချင်းတွေ မို့ ပြုံးပြမည် ဟု ထင်မိပေမယ့် ငွေပိုးလွှာက မသိချင်ယောင်ဆောင် ထားသည်။

သူ့လူကြီးက တိုက်တိုက်ဆိုင်ဆိုင် ပတ္တမြားတို့နှင့် မှန်ကလေးတစ်ချက်သာ အကာအရံရှိတဲ့ နှစ် ယောက် ထိုင် စားပွဲလေးမှာ နီးနီးကပ်ကပ် ရွေးချယ်ဝင်ထိုက်လိုက်သော အခါ သူတို့အုပ်စုလေးဟာ အလွန်အမင်းနီးကပ်သွားလေသည်။

တုံတုံသည် မှန်နှင့် နီးကပ်သော စားပွဲခြမ်းမှာ ထိုင်နေသူမို့ ငွေပိုးက သူမနှင့် ကပ်ရပ်လို ဖြစ်သွားကာ ဟိုလူကြီးကိုတော့ မျက်နှာချင်းဆိုင်။

သူ့အမူအယာဟာ ငွေပိုးရဲ့ ချစ်သူဟု ထင်စရာရှိသော်လည်း တုံတုံစိတ်ထဲမှာ အစ်ကိုကြီးတစ် ယောက် က ညီမငယ်ကိုလိုက်ပါစောင့်ရှောက်တာရော မ ဖြစ်နိုင်ဘူးလားဟု ကိုယ်လိုရာ တွေးတောမိသည်။ ဘာကြောင့် လည်းဆိုရင် သူ့ကိုမြင်ရတာ ရင်တလှပ်လှပ် ဖိုရလွန်းလို့ပါ။

ငွေပိုးရဲ့ ချစ်သူအနေနှင့် သူ့ကိုမမြင်ချင်။

သူ့မှာ ချစ်သူမရှိစေချင်၊ ပိုင်ဆိုင်ပတ်သက်သူ လုံးဝမရှိစေချင်။

သူ့ကိုမြင်ရုံနှင့် တုံတုံ့ရင်ထဲ ဖြစ်ပေါ်လာတဲ့ အတ္တပါပဲ။

ခန့်ညားမှော်ကလည်း တစ်ဖက်က စူးစူးလက်လက်မျက်နက်ဝန်လေးတစ်စုံကို ဖျပ်ခနဲကြည့်မိစဉ် ရုတ်တရက်အငိုက်မိကာ ငေးခနဲငြိမ်သက်သွားရပါသည်။

ငွေပိုး ဘာပြောလိုက်သလဲဆိုတာကိုတောင် သူ့နားထဲမသဲကွဲ။

ယာယီအားဖြင့် သူဟာ အနားမှာ ရှိနေတဲ့သူတွေ ကို မေ့လျော့သွားမိတာ ဆန်းသည်။ သူမရဲ့ အကြည့်ကလေးတစ်ချက်ဟာ ညှို့ချက်ပြင်းပြင်းနှင့် သူ့နှလုံးသားထဲ ထုတ်ချင်းခတ်ဖောက်ဝင်သွားသည်။

သူဟာ နိုင်ငံအတော် စုံအောင် ရောက်ဖူးတဲ့သူ တစ်ယောက် ။ သူ့ကို စိတ်လှုပ်ရှားအောင် လွှမ်းလွှမ်း မိုးမိုး၊ လှုပ်လှုပ်ခတ်ခတ် ဖြစ်အောင် ဆွဲဆောင်နိုင်သူလို့ သေချာမရှိခဲ့ဘူးတာ အမှန်။

အခု အခိုက်အတန့်လေးမှာ သူ အကြီးအကျယ်ပြောင်းလဲသော ခံစားချက်တစ်ခုကို ရသည်။

အဲဒါ ဘာလဲဆိုရင် ဒီနေရာမှာ ဒီအတိုင်းလေးပဲ ထိုကောင်မလေးကို အကြည့် မလွှဲစတမ်း စိုက်ကြည့်နေချင်တာပဲ။

အပေါ်အောက် မျက်တောင်ကော့ကော့နက်နက်လေးတွေ ဝန်းရံထားတဲ့ မျက်ဝန်းအနက်ဖျော့လေး ဟာ အတိုင်းအဆမဲ့သော အဓိပ္ပါယ်တွေ နှင့် သူ့ကိုရီဝေယစ်မူးစေသည်။

အသည်းထဲထိ နက်နက်ရှိုင်းရှိုင်း တိုးဝင်လာသည်။

ရင်ထဲမှာ တငြိမ့်ငြိမ့်ခုန်လာရတဲ့ နွေးထွေးမှု ပီတိကို ဘာနှင့် မှ နှိုင်းဆမရ။

“ကိုကို”

ကိုကို့မျက်လုံးတွေ က တစ်ဖက်ကို ရောက်သွားတာ ငွေပိုးအတော် အခံရခက်မိ၏ ။

နှုတ်က ခေါ်ရုံမက လက်ဖျံကိုပါ ခပ်ဆတ်ဆတ်ပုတ်ခေါ်ရတဲ့အထိ ကိုကို အငမ်းထူနေတာ ကြည့် ..

“ဟင် … သြော်”

ဒီဖက်ပြန်လှည့်တော့ အယောင်ယောင်အမှားမှားနှင့် ဟွန်း … အမြင်ကပ်ပါဘိ။

“ရေဆာလှပြီ ကိုကိုရဲ့ … အမြန်သွားဝယ်ပေးလေ”

“အိုကေ … ခဏလေး”

ခန့်ညားမှော်က လှစ်ခနဲထွက်သွားပြီး ကော်ဖီကောင်တာမှာ မှာ စရာရှိတာမှာ ရင်း ဒီဖက်သို့ မသိ မသာ ပြန်လှည့်ကြည့်သည်။

ခုနကမျက်နှာလေးပဲ ငေးမောအငိုက်မိရတဲ့ သူကလေးရဲ့ဟန်ပန်နှင့် ကိုယ်နေဟန်ထားကို အခုမှပဲ တွေ့ ရသည်။

ဆံပင်စင်းစင်းလေးတွေ ဖားလျားချထားတဲ့ ဘေးတိုက်မျက်နှာလေးက ပါးမို့မို့နှင့် ချစ်စဖွယ် …။ ပလက်တီနမ်နှင့် ရွှေရောစပ်ထားတဲ့ ဟဲန်းချိန်းပါးပါးလေးနှင့် သူမရဲ့ လက်ကောက်ဝတ်၊ တံတောင်ဆစ် ကလေးကိုကြည့်ရတာ ကအစ တခြားမိန်းကလေးတွေ နှင့် မတူဘဲ သူ့မျက်လုံးကို မလွှဲချင်အောင် ဖမ်းစားညှို့ ငင်နိုင်သည်။

သူဟာ ဣန္ဒြမရနိုင်အောင်ပဲ ထိုကောင်မလေးကို ဝေ့ဝေ့ကြည့်နေမိ၏ ။

“အစ်ကို … ရေသန့်တစ်ဗူး၊ အောရိန်းဂျုစ့် နှစ် ခွက်နော်”

“သြော် … ဟုတ်ပါတယ်”

ပိုက်ဆံရှင်းဖို့ သူ ခပ်ရှက်ရှက်နှင့် ပြန်လှည့်ရပြန်၏ ။

ငွေပိုးက သူ့ကို မသိမသာ မျက်စောင်းလှည့်ထိုးတာလည်း သူ သိသည်။

ဒါပေမယ့်မတတ်နိုင်။

ကိုယ့်စိတ်ထဲမှာ ကြည့်ချင်စိတ်ကို ကိုယ်မှမထိန်းချုပ်ချင်ဘဲ။ ကြည့်ချင်လို့ ကြည့်မိတယ်ကွာ … ဘာ ဖြစ်သေးလဲ။

သူသည် ဗန်းကိုသယ်ပြီးစားပွဲကို ပြန်လျှောက်လာသည်။

နံဘေးက ကပ်လျက်စားပွဲမှာ သူဝင်ထိုင်လိုက်တာနှင့် ပဲ တုံတုံရင်တွေ က အလိုလိုနေရင်းထိုင်ရင်း ဗြောင်းဆန်ခုန်လှုပ်ပူထူလာပါသည်။

“ကိုကိုကလည်းနော် … ဘယ်တွေ ငေးနေတာလဲ မသိပါဘူး”

“မငေးပါဘူး”

ကို့ကိုကို ဖမ်းစားလိုက်တာ ဘယ်သူလဲ ငွေပိုးသိသားပဲ။

တောနာမည် ကြီးလိုလိုနဲ့ ဟိုမိန်းမပေါ့။

စိန်လည်တုံ …

ကိုကို ခန့်ညားမှော်ဟာ မိန်းကလေး ချောချောလှလှတွေ့ မြင်ရင်း ယောကျာ်လေးပီပီသသ ငေးချင် ငေးတတ်တာ သိပေမယ့် ဒီအုပ်စုထဲက မိန်းမကိုတော့ သွားမငေးစေချင်ပါ။

ခန့်ညားမှော်က ရေဗူးထဲက ရေကိုရေခဲတွေ ဖြည့်ထားတဲ့ ဖန်ခွက်ထဲလောင်းထည့်ပြီး ငွေပိုးထံ ဂရု တစိုက်ကမ်းပေးလိုက် သည်။

ဒါကိုမြင်နေရတဲ့ တုံတုံ့စိတ်ထဲမှာ သူဟာ ကြင်နာအလိုလိုက်တတ်သော ၊ ဦးစားပေး ငဲ့ညှာတတ် သော ယောကျာ်း တစ်ယောက် ပဲဆိုတာ အလိုလို ယုံကြည်မိလျက် သူ့အယုအယကို ခံစားရတဲ့ မိန်းကလေး ကတော့ သိပ်ကံကောင်းမှာ ပဲဟု အားကျမိသည်။

အရင်က ငွေပိုးကို တစ်ချိန်ချိန် အားကျငေးမောမိရလိမ့်မည် ဟု သူမယောင်ယမ်းလို့ပင် မတွေးခဲ့မိ ဘူးချေ။

ပြီးတော့ သူတို့လေသံကိုနားထောင်ရတာ ငွေပိုးက သူ့အပေါ် ခပ်နိုင်နိုင်ဆိုတာ သိသာနေပါသည်။

ဖက်ရှင်ရှိုးပွဲလျှောက်တဲ့ ချစ်သူနောက်ကို တကောက်ကောက်နှင့် စိတ်ရှည်ရှည်လိုက်စောင့်ရှောက် တယ်ဆိုတာ သူ ဘယ်လောက်သဘောထားနူးညံ့ထားသလဲ။

ဒါမျိုးတွေ ကို အနစ်နာခံတတ်တဲ့ ယောကျာ်းမျိုးကသာ လုပ်နိုင်မှာ … သဘောထားမကြီး၊ သေးသိမ် တဲ့ယောကျာ်းမျိုးဆို လုပ်နိုင်ပါ့မလား။

သေချာတာ ကတော့ သူ့မှာ နားလည်ပေးမှု ရှိသည်။

ကိုယ့်အတ္တကို အထိုက်အလျောက်လျော့ချနိုင်သူ တစ်ယောက် လည်း ဖြစ်မယ်ဟု တုံတုံက ခန့်မှန်း သည်။ အရည်အချင်းနှင့် စိတ်ဓါတ်အကြောင်းက ထားပါဦးလေ။

အရေး ကြီးတာက သူ့ရုပ် … (အင်း … အဲဒီ ရုပ်ရည်ကြောင့် ဟုတ်ချင်မှ ဟုတ်မှာ ပါ)၊ သူ့ပုံစံကို တုံတုံ ရင်ထဲ တသိမ့်သိမ့်သဘောကျနှစ် ခြိုက်မိတာပါပဲ။

တကယ်တော့ သူက သူများ ရည်းစား …

ငွေပိုးလွှာရဲ့ လူကြီး …

ဒါဖြင့် ငါဟာ သူ့ကို တမြတ်တနိုးလေးတောင် ငေးမောကြည့်ခွင့်မရှိဘူးပေါ့။ ဒီမှာ ပဲတွေ့  … ဒီမှာ ပဲ လျစ်လျူရူမေ့ပစ်လိုက်ရမယ်ပေါ့။

စိန်လည်တုံရဲ့ နှလုံးသားမှ နှမြောဝမ်းနည်းခြင်းနှင့် လှိုက်နင့်လာသည်။

အို … တုံတုံ ကံခေလှပုံများ က ဖျပ်ခနဲ ရင်ခုန်ရသူ တစ်ယောက် ကို နံဘေးမှ ချစ်သူပါလျက်သား နှင့် စုံတွဲ တွေ့ စေဆိုတဲ့ ကံမျိုး…

တုံတုံသည် ပထမဆုံး သူမရဲ့ ကံအကျိုးပေးကို လန့်သွားမိသည်။

မျက်ဝန်းထောင့်ကနေ သူ့ကို ဖျတ်ခနဲ ဖျတ်ခနဲ ခိုးကြည့်မိတဲ့အကြည့်တွေ ကိုလည်း မရုပ်သိမ်းနိုင်။

မြားသည် ချောကလက်မစ်ရှိတ်ကို ပိုက်တံမှတဆင့်စုပ်ယူရင်း တုံတုံ့အကြည့်ခိုးလေးကို သတိပြု မိသည်။

ဘေးဘီကို ထည့်တွက်ဖို့မေ့လျော့နေတဲ့ တုံတုံ့အကြည့်ထဲမှာ ချိုမြိန်နှစ် လိုခြင်းတွေ နှင့် အရည်လဲ့ ရွှန်းတောက်နေပုံကို သူမ အံ့အားသင့်မိသည်။ စွဲထံ မသိမသာ မျက်စပစ်ပြမိသည်။

ခရမ်းစွဲက ခေါင်းညိတ်သည်။ သူလည်း ရိပ်မိတာပေါ့။ မြားတို့ သူငယ်ချင်းသုံးယောက် က အကြောင်းသိဆိုတော့ တုံတုံ့အမူအယာကို မြင်တာနှင့် အလိုလိုသိသည်။

နူးနူးညံ့ညံ့၊ လှုပ်လှုပ်ရှားရှားလေး …

ဟွန်း … ငွေပိုး လူကြီးကိုမှဟု မြားစိတ်ထဲက အတော် မခံမရပ် ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း တားမြစ်လိုက်ချင်စိတ်တောင် ပေါက်၏ ။

ဒါပေမယ့် တစ်ဖက်က စုံတွဲ နှင့် က သိပ်ကပ်နေသည်။

တီးတိုး ဖွဖွလေးပြောမှ ဖြစ်မှာ …

ဒါတောင် သူတို့နားစိုက်ထောင်နေရင် ကြားနိုင်သေးသည်။

စွဲနှင့် သာ မျက်လုံးချင်း အချက်ပြစကားပြောနေမိသိည်။

တုံတုံ ကတော့ အကြည့်ငေး … အတွေးငေးလေးနှင့် ငြိမ်သက်နေပါသည်။ မျက်နှာမှု န်တည်တည် လေးနှင့် တစ်ခုခုကိုလည်း တွေးတောနေပုံရသည်။

“ကိုကိုး”

“ဟင်”

ငွေပိုးရဲ့ ကိုကိုခေါ်သံက တစ်ခါတစ်ခါ “ကိုကိုး”တောင် ဖြစ်လိုက်သေး၏ ။ ချွဲပစ်ပစ်အသံကြီးက မုန်းစရာ။

“ညနေ ငါးနာရီလောက် လာပြန်ကြိုပေးနော်”

“အေးပါဟာ”

တုံတုံသည် သူ့အသံလေးကို တစ်ခွန်းကြားရ ကြားရ၊ နှစ် ခွန်းကြားရ ကြားရ ကြားမဝအောင် နှစ် နှစ် သက်သက်နားစွင့်ထားမိသည်။

သူ့စကားသံကလည်း တုံတုံ့နှလုံးသားကို လူးလူးလွန့်လွန့် အရည်ပျော်စေတဲ့ အသံမျိုးလို့ဆိုရင် ပိုရာသည်းရာများ ကျမလား…

ဒါပေမယ့် တစ်သက်မှာ တစ်ခါ တုံတုံ့နားထဲ စိမ့်ခနဲကြည်နူးလှိုက်ဖိုရစေတဲ့ အသံသြချိုချိုရယ်ပါ။ တစ်ခွန်းကြားရတိုင်း နှလုံးသားမှာ ထူးထူးခြားခြား နွေးကနဲ နွေးကနဲ ဖြစ်ရတာ ။

ဒါဟာ ဘာကြောင့် လည်း တုံတုံမစဉ်းစားတတ်။

“ကိုကို … ငွေ မေ့တော့မလို့၊ ကြည့်စမ်း၊ ကိုကို တစ်ခေါက်ပြန်လာရင် ဖိနပ်အပါးတစ်ရံ ထည့်ခဲ့ပေး နော်၊ ဒီဖိနပ်ကြီးကို အကြာကြီးမစီးနိုင်တော့ဘူး … သိလား”

“အေး … ထည့်ခဲ့မယ်”

“မလုံးကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်ခိုင်းထားပြီးသား၊ အနီရောင် ကွင်းထိုလေး … သိလား”

“အင်း … အင်း”

“မမေ့နဲ့ဦး”

“အေးပါကွာ … သိပါပြီ”

ခန့်ညားမှော်အသံက အနည်းငယ်တော့ စိတ်မရှည်သံပေါက်သွားသည်။

တုံတုံမှာ ကြားထဲက သူ့ကိုအားတွေ နာနေမိသည်။

ငွေပိုးလွှာ တစ်ယောက် ဟာ သူ့ကိုလက်တိုလက်တောင်း အိမ်ကဖိနပ်တောင် သယ်ခိုင်းနေပုံ ထောက်ရင် တော် တော် ရင်းနှီးပြီး တော် တော် နိုင်စားတာတော့ သေချာသည်။

သူတို့ဟာ အိမ်ဝင်ထွက်ခွင့်ရနေပြီ ဖြစ်တဲ့ စေ့စပ်ပြီးသား ချစ်သူတွေ လား။

ငွေပိုး ဘယ်အချိန်က စေ့စပ်ထားလိုက်တာလဲ။

မြားရော ဒါတွေ သိသလား။ သိပုံတော့ မရပါ။ တုံတုံတို့သုံးယောက် သားဟာ ငြိမ်သက်တိတ်ဆိတ် ပြီးကိုယ်စီအတွေးများ နှင့် ရှုပ်ယှက်ခတ်နေကြသည်။

ဟိုဖက်စားပွဲက နှစ် ယောက် ကတော့ မြန်မြန်အအေးသောက်ပြီးတာနှင့် ထထွက်သွားကြပါသည်။

ခန့်ညားမှော်က မတ်တပ်ရပ်ပြီးတဲ့အထိ စားပွဲနားကမခွဲချင်သေးဘဲ ဟိုကောင်မလေးကို အကြည့် နှင့် နှုတ်ဆက်နေမိသည်။

ကောင်မလေးကလည်း သူ့ကို မော့ကြည့်သည်။

သို့ သော် အနည်းငယ် ဣနြေ္ဒဆည် ဟန်ဆောင်လိုက်ပြီ ဖြစ်သော ငြိမ်သက်အေးစက်တဲ့ မျက်ဝန်းလေးတွေ ဖြစ်သွားပြီ။

“ကိုကို … မြန်မြန်လာလေ”

ငွေပိုး ကဖျက်ကပျက်မလေးကွာ။

စကားပြောခွင့်မသာပေမယ့် ခန့်ညားမှော်က နောက်ထပ်တစ်ချက် လှည့်ကြည့်ခဲ့ပါသည်။

သူတို့ စကားပြောခွင့်မသာပေမယ့် ခန့်ညားမှော်က နောက်ထပ်တစ်ချက် လှည့်ကြည်ခဲ့ပါသည်။

သူတို့ ကော်ဖီစနက် အပြင်ရောက်တာနှင့် မြားက မဲ့ရွဲ့ပြီး …

ငွေပိုးဘဲက ဘာလို ဖြစ်တာလဲ

“အေးလေ… ငမ်းကြောထူလိုက်တာ။ ဘေးမှာ ဒီလောက်အချောအလှလေးပါတာတောင် ထပ်ကြောင်ချင်သေးတယ်”

ခရမ်းစွဲကလည်း ထောပနာပြု၏ ။

တုံတုံက အသံတိုးလေးဖြင့် …

“ဒီလိုမပြောပါနဲ့ဟယ်… ဒီအတိုင်း ရိုးရိုးကြည့်တာပါ”

“နေစမ်းပါဦး နင်ကရော ဘာ ဖြစ်တာလဲ”

“ဟင် … ငါဘာ ဖြစ်လို့လဲ”

သူငယ်ချင်းနှစ် ယောက် ရဲ့ ငါသိပါတယ်ဆိုတဲ့ မျက်စောင်းတွေ ကြောင့် တုံတုံလန့်တော့လန့်သွား သည်။

“ငါတို့ မသိဘူးမှတ်နေလား”

“ဘာကိုလဲ”

“မိန်းမ နည်းနည်း ဣနြေ္ဒဆည်ဦး … ဟွန်း”

တုံတုံ မျက်နှာလေး နီရဲသွားသည်။

“ငါက ချောလို့ ကြည့်မိတာပါ”

ရှက်ကိုးရှက်ကန်း ဖြေရှင်းမိ၏ ။

“ဘာမှ မချောဘူး၊ လုပ်မနေနဲ့၊ ငွေပိုးလူကြီးဆိုတော့ မြင်မြင်ချင်းပဲ အမြင်ကပ်တယ်။ ပြီးတော့ ဒီလူကြီး အကျင့်မကောင်းတာ လက်တွေ့ ပဲ၊ ဘေးမှာ ရည်းစားပါရဲ့ သားနဲ့ နင့်ကို မျက်လုံးကျွတ်မတတ် ငမ်း နေတာ၊ ငါတောင် ဘာကြောင်တာလဲလို့ ပိတ်ပြောလိုက်ချင်တာ”

“မဟုတ်ပါဘူး”

“ဘာ မဟုတ်တာလဲ၊ ပေါ်တင်ကြီးကို…”

သူတို့ရဲ့ စကားနာထိုးမှု တွေ ကြောင့် တုံတုံမျက်နှာလေး ပျက်သထက် ပျက်လာမိသည်။

ဟိုအစ်ကိုကြီးကို သူငယ်ချင်းတွေ အထင်မသေးစေချင်။ အပြစ်မမြင်စေချင်ပါ။

ကြည့်ရုံလေး ကြည့်မိတာဟာ ကြီးမားတဲ့အပြစ်တစ်ခုလို့လည်း မဆိုနိုင်ပါဘူး။

“မြား … နင့်ငွေပိုးတော့ တော် တော် လေး မခံချိမခံသာ ဖြစ်သွားမှာ ပဲ၊ သူ့လူမျက်လုံးတွေ ဘယ်ကို ရောက်နေလဲ သူလည်း ရိပ်မိမှာ ပေါ့”

ခရမ်းစွဲရဲ့ ထိုစကားဟာ ပတ္တမြားညိုရဲ့ မှု န်ကုပ်နေတဲ့မျက်နှာထားကို ရုတ်ချည်းပြောင်းလဲသွားစေ သည်။ မမှု န်မကုပ်တဲ့အပြင် ကျေနပ်သဘောကျတဲ့ အရိပ်အယောင်လေးပင် ထင်ဟပ်လာသည်။

“အေး … ဟုတ်တယ်၊ အခုလောက်ဆို သူ့လူကြီးကို တကျိတကျိနဲ့ ရန်လုပ်နေလာက်ပြီ… ဟိ ..ဟိ”

မြားဆီက ရယ်သံပင် တဟိဟိ ထွက်လာ၏ ။ ထိုအချိန်မှာ ပင် သူမခေါင်းထဲ အကြံအစည် စိတ်ကူးသစ်တွေ လည်း ပေါ်လာခဲ့သည်။

နိုင်ကွက်တစ်ကွက်တော့ တွေ့ ပြီ…

ကိုယ့်ရည်းစားနဲ့ပတ်သက်ရင် ဘယ်သူမဆို သည်းသည်းလှုပ်နိုင်တာပဲလေ။

ငွေပိုးဆိုတဲ့ မိန်းမ တစ်ခါလောက် ဖြစ် ဖြစ် အထိနာအောင် ကလိပေးရမည် ။

သူ့ရည်းစားကို မထိခလုတ် ထိခလုတ် ဇာတ်လမ်းသွားလုပ်ရင် သူ ခုန်စွခုန်စွ ပေါက်ကွဲလာမှာ သေချာသည်။

ငွေပိုးလွှာရဲ့ ပင့်ချီမော်ကြွားနေတဲ့ မျက်နှာထားကို မြားက နည်းနည်း ဖြစ် ဖြစ် ပညာပေးချင်နေတာ ကြာပြီ။

အခြေအနေက အခွင့်မသာသေးလို့ ဘာမှမလုပ် ဖြစ်သေးတာ။

အခုတော့ မထင်မှတ်ဘဲ အခြေအနေတစ်ခုက ပေးလာခဲ့ပြီ။

ငွေပိုးစိတ်တွေ စနိုးစနောင့်အနေမဖြောင့်အောင် သိပ်လုပ်ချင်သည်။

တုံတုံ … နင်သာ သူ့လူကြီးကိုအီလိုက်ရင် သူတော့ ပက်လက်လန် ရင်ကျိုးပြီပဲ”

မြားရဲ့ စကားကြောင့် တုံ့တုံ့နှလုံးသားက ဖျပ်ခနဲတုန်ခါသွားရသည်။

သူတို့ရဲ့ ရည်ရွယ်ချက်ကို တုံတုံ သိသွားပြီလေ။

“မဟုတ်တာဘဲ … ငါ အဲဒီ လို မလုပ်ချင်ပါဘူး”

အကြောက်အကန်လေး ငြင်းဆန်မိ၏ ။

သူ့အပေါ် ရုတ်တရက် ခံစားလိုက်မိတဲ့ အ ဖြစ်အပျက်ဟာ အရိုးသားဆုံး … အသန့်ရှင်းဆုံး ခံစားချက်ပါ။

သူတို့ ချစ်ခရီးကို အဟန့်အတား အနှောင့်အယှက်ပေးဖို့ အကြံအစည် တစ်စက်ကလေးမှ မပါ။

တုံတုံ့နှလု့းသားလေးက အမှတ်တမဲ့လှုပ်ရှားသွားရုံပါ။

တခြား ဘာသသော မှ မပါ။

သူများ ချစ်သူကို လုယူဇာတ်လမ်းရှာဖို့ ဒီလောက်ထိသေးသိမ်ဖို့ဆိုတာ မ ဖြစ်နိုင်။ မြားစကားကို ကြားရတာ ပင် မထိတ်သာ မလန့်သာကြီးပါ။

“ငါတို့ကလည်း နင့်ကို တကယ်အတည်ကြိုက်လို့ ပြောတာမဟုတ်ပါဘူး။ လိုအပ်ရင် နည်းနည်း ပါး ပါး ကလိလို့ရတာ ပေါ့၊ ငွေပိုး ဆတ်ဆတ်ခါသွားအောင်”

“ဟင့်အင်း… ငါမလုပ်ချင်ပါဘူး”

“နင် မလုပ်ချင်ပေမယ့် ငါလုပ်ချင်တယ်၊ ဒါ အခွင့်အရေး တစ်ခုပဲ”

“မကောင်းပါဘူး မြားရယ်”

“ဒီစိတ်ကူးကို ငါကစပြီးရတာ မဟုတ်ဘူးလေ၊ ဟိုလူကြီးကိုက ကျီးကန်းတောင်မှော က် အသည်း အသန် ဖြစ်သွားတာ၊ မတွေ့ ဘူးလား”

“အဲဒါဆို နင့်ဘာသာနင် ကြိုက်တာလုပ်ပေါ့ မြားရဲ့ ၊ ငါ့ကိုတော့ ဆွဲမထည့်နဲ့”

“ဟဲ့ … ဟိုက မျက်စိကျတာ နင့်ကိုမို့လို့ပေါ့ တုံတုံရဲ့ ”

တုံတုံက ခေါင်းယမ်းလိုက်လေသည်။

သူ တုံတုံ့ကို မျက်စိကျသွားတယ်ဆိုတဲ့ မြားအပြောလေး ကတော့ ကြည်နူးရင်ခုန်စရာ ကောင်းလှ သည်။ သို့ သော် နောက်ဆက်တွဲ ကိစ္စတွေ ဆက်စဉ်းစားလိုက်ပြန်တော့ ဖီလင်မလာ။

မျက်စိကျလည်းပဲ ရှင့်ဖက်မှာ လှုပ်မရ ရုန်းမရတဲ့အခြေအနေ၊ အနှောင်အဖွဲ့တွေ နဲ့ မဟုတ်လား ရှင်ရယ်။

ရှင့်ရဲ့ အကြည့်ငေးတွေ ကို တုံတုံ မေ့လိုက်ပါရစေတော့။

တကယ်တော့ အားလုံးက ကိုယ့်ဘဝနဲ့ကိုယ်ပါ။

ရှင့်ကို တစ်ယောက် တည်းသာ တွေ့ ခဲ့ရရင်တော့ တုံတုံလည်းစိတ်လှုပ်ရှားပြီး မျှော်လင့်မိဦးမှာ ပါ။

အခုတော့ မျှော်လင့်ချက်က မစခင်ပဲ ပြီးနှယ့်တယ်။

ထားပါတော့ … တုံတုံရဲ့ ကံပါ။

ခရီးသွားဟန်လွှဲ အမှတ်တမဲ့ ကြုံတုန်းကြိုက်တဲ့ အ ဖြစ်အပျက်ဆိုတာ တော် ကြာမေ့သွားမှာ ပဲ။ ဒါပေမယ့် ရှင်တစ်ခွန်းမှ ပြောမသွားတဲ့ စကားတစ်ခုကို တုံတုံ့နှလုံးသားနဲ့ ဆတ်ဆတ်ကြားခဲ့ရတယ် သိလား။ လှိုက်ခနဲ နေအောင် အမှတ်တမဲ့ ပျော်ခွင့်ရလိုက်တယ်။ ဒါပေမယ့် ဆက်မပျော်နိုင်ဘူး။ လျှပ်တပြက် အပျော်ကလေးတစ်ခုပါ။

ဆက်တွေးလိုက်ရင်တော့ ပျော်စရာ ကျေနပ်စရာ ဘာမှမရှိတဲ့အပြင် ဝမ်းနည်းနှမြောနာကျင်ခြင်းပဲ ရင်မှာ ကျန်ရစ်ခဲ့တယ်။

ပြီးတော့ ကျန်ရစ်ခဲ့တာ တစ်ခုက ရှင့်ရဲ့ အကြည့်လေးတစ်ချက်ပါ။

စွဲစွဲမြဲမြဲ နှလုံးသားထိ ဝင်ရောက်ခဲ့တယ်ဆိုတာ တိတ်တိတ်ကလေးပဲ ဝန်ခံပါရစေတော့။

* * * * *


အခန်း (၂)

စိန်လည်တုံက ဆိုဖာခုံပေါ် ခြေထောက်ကလေး နှစ် ဖက်စုပြီး တင်ထိုင်ရင်း လက်ထဲ ပန်းကန်ပြား ကိုင်ကာ ပန်းကန်ပြားထဲက ပေါင်မုန့်ကို အသာအယာကိုင်၍ ကိုက်ဝါးစားနေသည်။ ပေါင်မုန့်ချပ်ရဲ့ အလယ် မှာ တူနာငါးသေတ္တာနှင့် ချိစ်အပြားလေး ညှပ်ထားသဖြင့် အရသာက ကောင်းမွန်ပြီး မွှေးပျံ့နေသည်။

ခရမ်းစွဲနှင့် ပတ္တမြားက တီဗီကလာတဲ့ အမ်တီဗီအစီအစဉ်တစ်ခုကို ကြည့်ရှုရင်း ချဉ်စပ်လက်ဖက် သုပ်ကို တရှူးရှူးတရှဲရှဲနှင့် တစ်ဇွန်းပြီးတစ်ဇွန်း အားပါးတရခပ်စားနေကြသည်။

အချိန်က ညကိုးနာရီကျော်ပြီ ဖြစ်သည်။

အပြင်မှာ လရောင် လေးက မလင်းတလင်းဖြာနေ၏ ။

အိမ်မှာ တောက်တိုမယ်ရလုပ်ဖို့ခေါ်ထားတဲ့ ငြိမ်းငြိမ်း ကတော့ မီးဖိုခန်းရဲ့ အထပ်ခိုးပေါ်မှာ အိပ်ပျော် နေပြီ ဖြစ်သည်။

ဧည့်ခန်းမှာ တော် တော် နှင့် အိပ်ရာမဝင်ဘဲ စားလိုက်သောက်လိုက် တီဗီကြည့်လိုက်နှင့် ဆူညံစွာ စကားပြောနေကြတာ ကတော့ သူတို့သုံးယောက် ပါပဲ။

သူတို့သည် ကလေးလိုပင် စားမယ်၊ သောက်မယ်၊ အပြင်ထွက်လည်ပတ်မယ်၊ သီချင်းဆိုမယ်၊ ရှော့ပင်ထွက်မယ်၊ အမေ အဖေတွေ ဆီ ဖုန်းဆက်ပြီး မုန့်ဖိုးတောင်းမယ်။ စာအုပ်ဖတ်မယ်။ ဒီလောက်နှင့် သာ ပြီးနေပြီ၊ အခုထက်ထိ ရည်းစားမရှိသေးသော အပျိုစင်အဖြူထည်လေးတွေ သာ ဖြစ်ကြသည်။

အချင်းချင်းလည်း ရည်းစားမထားကြေးဟု ကတိပြုထားကြသည်။ တစ်ယောက် ယောက် ရည်းစား ရသွားမှာ ကိုလည်း ကျန်နှစ် ယောက် က အမြဲကြောက်သည်။

ဘာကြောင့် လဲဆိုရင် ရည်းစားရှိတဲ့ မိန်းကလေးနှင့် ရည်းစားမရှိသေးတဲ့ မိန်းကလေးက ဘယ်လိုမှ မတူနိုင်ပါ။ ရည်းစားရပြီဆိုတာနှင့် သူငယ်ချင်းဆိုတာက အလိုလိုဒုတိယနေရာ ရောက်သွားလိမ့်မည် ။

ကိုယ်က သူ့ကိုပထမနေရာမှာ ထားပြီး အလေးအနက် ခင်မင်ရင်းနှီးမှု ထားတဲ့အချိန်မှာ သူက ကိုယ့်ကို ဒုတိယနေရာပို့ပြီး သာမန်လောက်သဘောထားလိုက်မှာ ကို မလိုလားပါ။

ကောင်လေး တစ်ယောက် ကို ချစ်မိပြီဆိုတာနှင့် နောက်ဆက်တွဲ ကိစ္စတွေ က အများ ကြီးရှိလာမှာ လေး။

“တုံတုံ … နင်ဘာတွေ စဉ်းစားနေတာလဲ”

“ဟင့်အင်း … မစဉ်းစားပါဘူး”

တုံတုံက ပေါင်မုန့်စားလိုက်၊ စားပွဲပေါ်က နက်စ်ကော်ဖီမတ်ခွက်ကို ကောက်ကိုင်မော့သောက်လိုက် နှင့် အေးအေးဆေးဆေးပဲ ပြန်ဖြေသည်။

“ငါတို့ပြောတာ ဘယ်လိုသဘောရလဲ”

“ဘယ်လိုမှ သဘောမရဘူး၊ နင်တို့ပဲ အစကပြောတော့ ဘယ်သူမှ ရည်းစား စမထားကြေးဆို၊ အခွေကိစ္စလုပ်ပြီးမှ၊ တစ်ခွေလောက်ပေါက်ပြီးမှ အဲဒီ ကိစ္စတွေ စဉ်းစားမှဆို၊ နင်တို့ပဲ အမြဲတမ်း ထပ်တလဲလဲ ပြောနေပြီး”

“အေးလေ … အခုလည်း နင့်ကို ရည်းစားထားပါတော့လို့ ပြောနေတာမှ မဟုတ်တာ၊ နည်းနည်း ပါးပါး အီဆီကလီလေး လုပ်ပြီး ဟိုမိန်းမကို ကလိကလိ ဖြစ်အောင် လုပ်ချင်တာ သက်သက်ပါနော်”

“ဟုတ်ပါ့ … သူက အတည်ပေါက်နဲ့”

ငါက ချစ်မိရင် တကယ်အရမ်းချစ်သွားမှာ

တုံတုံက မျက်စိလေးမှိတ်ပြီး ပုခုံးကိုကျုံ့ကာ သူတို့အမြင်ကပ်အသည်းယားအောင် အမူအယာပါ လုပ်ပြလိုက်သည်။

“အံမယ် … လာသေးတယ်၊ ရုပ်ကိုက…”

“တကယ် ချစ်စရာတော့ မလိုပါဘူး၊ ဟန်ဆောင်ပန်ဆောင်လေး ပဲများ ရုံပဲလုပ်”

“မလုပ်တတ်ပါဘူး”

“ဒါလား မလုပ်တတ်တာ၊ ဟိုနေ့က ကော်ဖီစနက်မှာ သူပဲ ပြန်ရှိုးနေပြီး”

“ရှိုးတာ မဟုတ်ပါဘူး၊ သူ့ပုံစံလေးက ခင်စရာလေးမို့လို့ မျက်လုံးတွေ ကလည်း တည်တည်ငြိမ်ငြိမ် နဲ့ နွေးထွေးနေလို့”

“တော် ပါပြီ … စာမဖွဲ့နဲ့တော့၊ နားညည်းတယ်”

“မဖွဲ့ပါဘူး၊ ငါက မေ့တောင် မေ့နေပြီ၊ နင်တို့က ခဏခဏ ပြန်အစဖော်နေတာ”

“ငွေပိုးကို ပညာပေးချင်လို့ပါ”

“သူက ပညာပေးဖို့မှ မလိုတာ”

“သူ့လူကြီးနာမည် ငါသိလာပြီ၊ မနေ့က သန္တာနဲ့ဖုန်းပြော ဖြစ်လို့ မေးလိုက်တာ”

ခရမ်းစွဲစကားကြောင့် တုံတုံက ဆိုဖာပေါ်မှီထားရာကနေ ခေါင်းထောင်လာသည်။

သူ့နာမည် သာမက သူ့အကြောင်းတွေ အကုန်လုံး ဖြစ်နိုင်သလောက် သိချင်မိသည်။ ဘယ်အခြေ အနေမှာ ပဲ ဖြစ် ဖြစ် ရင်ထဲက စိတ်ဝင်တစားသိလိုမှု ကိုတော့ မထိန်းချုပ်နိုင်ပါ။ သူနှင့် ပတ်သက်သမျှ ဘာသတင်းအစအနလေးပဲ ဖြစ် ဖြစ် တုံတုံ နားထောင်ချင်သည်။ အရမ်းသိချင်သည်။

“သူ့နာမည် က ခန့်ညားမှော်တဲ့”

“ခန့်ညားမှော်”

တုံတုံက ခပ်ဖွဖွ ရေရွတ်ကြည့်သည်။

“ဟုတ်တယ် … သူများ တွေ က မှော်လို့ခေါ်တယ်တဲ့၊ သူ စင်္ကာပူက ပြန်ရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်လို့ ပြောတယ်။ အဲဒါကြောင့် ငွေပိုးနားမှာ အရင်က မမြင်ဘူးတာပေါ့”

“သူ့ကို ဆွဲဆောင်ဖို့ သိပ်မခက်ပါဘူး၊ သူက အစကတည်းက ဟိုကြည့်ဒီကြည့် ဟိုရောက်ဒီရောက်ပဲ ဖြစ်ပုံရတယ်”

တုံတုံက မသိမသာ မျက်မှော င်ကုပ်မိသည်။

မြားရဲ့ စကားကို သိပ်လက်မခံချင် …

ဟိုရောက် ဒီရောက်ကိစ္စကို တုံတုံမသိပေမယ့် ဟိုကြည့်ဒီကြည့်ဆိုတဲ့စကား ကတော့ လုံးဝမမှန်။

အဲဒီ နေ့က သူဟာ တုံတုံ တစ်ယောက် တည်းကိုပဲ သတိလက်လွတ်စိုက်ကြည့်မိသွားတဲ့ ဖြစ်ရပ်ကလေးကို သူတို့လည်းအမြင်ပါ။ သုံးယောက် ကို တစ်လှည့်စီ သူကြည့်ခဲ့တာ မဟုတ်။ အကဲခတ်တာ လည်းမဟုတ်။ တကယ်ကို အမှတ်တမဲ့ဆန်တဲ့ သူ့အပြုအမူ၊ သူ့မျက်ဝန်းတွေ ကို နှလုံးသားကသက်သေ ထားခဲ့တာပဲ။

သူငယ်ချင်းတွေ ရဲ့ အထင်သေးစကားဟာ တစ်ခွန်းကြားရတိုင်း တစ်ခွန်းလာထိသည်။

သူဟာ မြားတို့ထင်နေသလို လူစား တစ်ယောက် တော့ မဟုတ်တန်ပါဘူး။

“ဘာပဲ ဖြစ် ဖြစ် သူ့ဆီ ဖုန်းဆက်ကြည့်ပါလား တုံတုံ”

မြားရဲ့ စကားကြောင့် တုံတုံ့ရင်ထဲ ဒုတ်ခနဲမြည် အောင် လန့်ဖျပ်တုန်ယင်သွားသည်။

“သူ အခုတလောကိုင်ထားတဲ့ ဟန်းဖုန်းနံပါတ်လည်း ရလာတယ်”

ပတ္တမြားသည် အစီအစဉ်နှင့် အကြံအစည်နှင့် ဖြစ်ပုံရသည်။

သူတို့သည် တုံတုံ့ကို ဘာမှအသိမပေးဘဲ ခန့်ညားမှော်အကြောင်းကို ကြိတ်စုံစမ်းကာ ဖုန်းနံပါတ် ရအောင် ကြိုးပမ်းအားထုတ်လာတယ်ဆိုတာ နည်းနည်း နောနော ရည်ရွယ်ချက်ကြီးမဟုတ်ပါ။

“နင်လည်း သူ့ဆီဆက်ကြည့်ချင်တယ် မဟုတ်လား တုံတုံ”

“မဆက်ချင်ပါဘူး … မိန်းကလေး ဖြစ်ပြီး ငါက ဘာလို့ လျှောက်ဆက်ရမှာ လဲ”

ရင်ထဲက ဆန္ဒနှင့် ဆန့်ကျင်စွာ ခပ်မြန်မြန် ငြင်းကွယ်မိသည်။ တကယ်တော့ တုံတုံ့စိတ်ထဲ သူနှင့် တစ်ခေါက်လောက် ဖြစ် ဖြစ် စကားပြောကြည့်ခွင့်ရချင်တာအမှန်ပါ။

ဒါပေမယ့် မသင့်တော် ဘူးဆိုတဲ့ အသိနဲ့ ထိုကိစ္စကို ဘယ်လိုမှအကောင်အထည်ဖော် ဖြစ်မှာ မဟုတ်ပါ။ ကိုယ် အကောင်အထည်ဖော် ဖြစ်မှာ မဟုတ်တဲ့ကိစ္စကိုမှ သူတို့က အတင်းဆွဲထုတ်လာကြသည်။

“ဒါပေမယ့် နင် ငါတို့ရှေ့မှာ ပဲ ပြောနော်၊ တစ်ယောက် တည်းကြိတ်တော့ မလုပ်နဲ့၊ ပြီးတော့ နင့်ရင်ထဲ နင့်ခေါင်းထဲမှာ သူ့ကိုထည့်ဖို့လည်း မစဉ်းစားနဲ့၊ ဒါကို ဂိမ်းတစ်ခုလို့ပဲ သဘောထား၊ ဂိမ်းမှာ နိုင်ရင် ပျော်တယ်၊ ဒီလောက်ပဲ”

“ငါ ဖုန်းဆက်ရုံလေးနဲ့ ငွေပိုးကဘာ ဖြစ်မှာ လို့လဲ၊ သူမပြောရင် သိမှာ တောင်မဟုတ်ဘူး”

“အဲဒါ နင် မစဉ်းစားပါနဲ့ဦး တုံတုံရာ၊ နောက်ပိုင်း ဘာဆက်ဆင်းမလဲဆိုတာ စောင့်ကြည့်လိုက်”

“သြော် … ငါက နင်တို့လက်ထဲ ပုံအပ်ရမယ်ပေါ့၊ နင်တို့နှစ် ယောက် က ဒါရိုက်တာပေါ့”

“ဒီလောက်ထိ လေးလေးနက်နက်ကြီး မတွေးနဲ့လေ၊ နင်က မင်းသမီးမဟုတ်သလို၊ သူကလည်း နင့်ရဲ့ မင်းသားမ ဖြစ်နိုင်ပါဘူးဟာ”

“ဘာမှ မဟုတ်ပဲနဲ့တော့ ဘာမှသွားမစတာ ပိုကောင်းပါတယ်မြားရယ်၊ စိတ်လျော့လိုက်ပါ”

“ဟင့်အင်း … ငွေပိုးကိုတစ်ခါလောက် ဆတ်ဆတ်ခါတာမြင်ဖူးချင်တယ်၊ သူ့ရည်းစားကြီးနဲ့ ပတ်သက်ရင် သူ ဖျပ်ဖျပ်လူးမှာ ပဲ၊ ရည်းစားများ လုသွားမလား ဘယ်သူမဆို ကြောက်တာပဲလေ”

“ဟင့်အင်း … ငါ ငွေပိုးဆီက မလုဘူး”

“အေးလေ … တကယ် ကတော့ မလုဘူးပေါ့”

“ငါ့ကြောင့် သူတို့ကြားမှာ ပြဿနာလည်း မ ဖြစ်စေချင်ဘူး”

“ဒါတော့ မရဘူး၊ ငါက အဲဒါကိုပဲ ဖြစ်စေချင်တာ”

မြားက ဇွတ်တရွတ်ပင် ထပ်ပြောသည်။

“နင်က ဒီလောက်ကလေးတောင် ငါ့ကို မကူညီချင်ဘူးလား၊ တစ်သက်မှာ တစ်ကြိမ်လောက်တော့ ငွေပိုးကို ငါနိုင်ချင်သေးတယ်ဟဲ့”

“ပြောမရဘူး တုံတုံရေ၊ အဲဒီ မြားက ရောဂါ တော် တော် ရင်နေ့တာ”

“အလကား … သူများ ပျက်စီးရာပျက်စီးကြောင်း လျှောက်ပို့နေတာ”

တုံတုံက မြားကို မျက်စောင်းရွယ်သည်။

မနေ့က တစ်ချိန်လုံးဒီကိစ္စပဲ တကျီကျီတိုက်တွန်းနေတာ။ အဲဒီ မြားက ခရမ်းစွဲကိုလည်း သူ့ဖက် မပါပါအောင် သိမ်းသွင်းနားချထားသည်။

တုံတုံက ခုကိစ္စမှာ နှစ် မဲတစ်မဲဖြင့် အလိုလိုရှုံးနေရသည်။ နဂိုကလည်း ဟိုလူကြီးနှင့် ပတ်သက်ရင် စိတ်တွေ က ခပ်ယိုင်ယိုင်ရယ် …

ကြာကြာ တင်းခံ ငြင်းပယ်နိုင်မလားဆိုတာ တုံတုံကိုယ့်ဘာသာ မသေချာလှ။ စိတ်တွေ က ဇဝေဇဝါ နှင့် တွေ တွေ ဝေဝေတော့ ဖြစ်လာသည်။

ဒီလိုနှင့် ငြင်းကြ ခုန်ကြ၊ ဆွေးနွေးတိုင်ပင်ကြနှင့် ညဆယ်နာရီခန့်မှာ တော့ ဖုန်းခေါ်ကြည့်ကြဖို့ ဆုံးဖြတ်သည်။

“စပီတာ ဖွင့်ထားမယ်”

“မဖွင့်ပါနဲ့၊ သူ့ဖက်မှာ ပဲ့တင်သံကြီးလိုက်နေရင် သူရိပ်မိသွားလိမ့်မယ်”

“ရိပ်မိတာ ဘာ ဖြစ်လဲ”

“ တစ်ယောက် ယောက် နောက်နေတာလို့ သူထင်သွားမှာ ပေါ့၊ ငါ့ဘာသာ အေးအေးဆေးဆေးပဲ ပြောပါရစေ”

“နင်က ငါတို့ကို အမှန်အတိုင်း ပြန်ပြောမှာ လား၊ မရဘူး၊ ဒီဖတ်စ်တိုင်းမ်မှာ တော့ စပီကာဖွင့်မှာ ပဲ”

တုံတုံလည်း မျက်ခုံးလေးရှုံ့ကာ ဟိုလျှောက်ဒီလျှောက်နှင့် ရင်တွေ တဖျပ်ဖျပ်ခုန်လာကာ လက်ဖျား ခြေဖျားတွေ ပါ အလိုလိုအေးစက်စေးထန်းလာသည်။

တစ်စုံ တစ်ယောက် နှင့် စကားပြောဖို့ သူမဘာကြောင့် ဒီလောက်ထိ ကြောက်စိတ်ဝင်နေရတာ လဲ။

သူ့အသံကို ကြားရတော့မှာ ပဲဆိုတဲ့အတွေးနှင့် ရင်ထဲ ဗရမ်းဗတာ တုန်ခါနေပြီ။

ခန့်ညားမှော်က အိပ်ရာပေါ်မှာ လှဲလျက် ဒူးချိတ်ထားပြီး ဖွင့်ထားတဲ့ စီဒီတေးသွားလေးအတိုင်း စည်းချက်လိုက်နေသည်။

အပေါ်ပိုင်းမှာ စွပ်ကျယ်ဂျိုင်းပြတ်အနက်နှင့် အောက်ပိုင်းမှာ က ဂျင်းဘောင်းဘီ …

ထိုအခိုက်မှာ ကုတင်နံဘေးကစားပွဲပေါ်ရှိတဲ့ သူ့ရဲ့ GSM ဖုန်းလေး ထမြည် လာသည်။ မြည် လာတာ က ရယ်သံလေးတစ်ခု။

ကလေးလေး တစ်ယောက် ရဲ့ ခိုးခိုးခစ်ခစ် ရယ်သံလေးကို ချစ်လို့ ဖုန်းအလာမ်းလုပ်ထားတာ။

ခန့်ညားမှော်က ….

“ဟာ …”

ဟု ဘာရယ်မဟုတ် ရေရွတ်ရင်း လှဲနေရာက မထဘဲ ဟိုဖက်သို့ လှိမ့်ကာ ဖုန်းကိုဆွဲယူကြည့်လိုက် တော့သည်။

ခလုတ်ကလေးကိုနှိပ်ပြီး နားမထောင်ခင် ပေါ်နေသော နံပါတ်ကိုကြည့်တော့ သူ မရင်းနှီးသော နံပါတ်တစ်ခု ဖြစ်သည်။

“ဟက်လို”

ဘာပဲ ဖြစ် ဖြစ် နားမှကပ်ပြီး ထူးလိုက်ပါသည်။

တုံတုံသည် စိတ်မရှည်သော ဟက်လိုသံကြောင့် အနည်းငယ်လန့်သွားရသည်။ ဒါဟာ သူ့အသံပဲ လား … ဟုတ်မှာ ပါ။

“ကိုမှော် …. ကိုမှော်လား…”

“ဗျာ”

တိုးတိတ်သော မိန်းကလေးတစ်ဦးရဲ့ အသံကြောင့် သူအာရုံထဲမှာ တစ်စုံတစ်ရာရဲ့ စေ့ဆော်မှု ဖြင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။

မှော် ဖျတ်ခနဲ ငုတ်တုတ်ထထိုင်လိုက်၏ ။

“ဟုတ်ပါတယ် … အခုပြောနေတာ ဘယ်သူလဲ မသိဘူး”

“သြော် … ရှင်ပဲ ဖုန်းဆက်ပြီးတော့”

“ဗျာ …. ကျွန်တော် မဆက်ပါဘူး”

တုံတုံက သူ့ကိုအကြောင်ရိုက်ဖို့ စဉ်းစားလိုက်သည်။

“ဒီမှာ ရှင့်ဖုန်းနံပါတ်တွေ့ တာပဲ”

“မဟုတ်ဘူး၊ ကျွန်တော် မခေါ်ပါဘူး၊ ခင်ဗျားမှားနေပြီထင်တယ်”

“ဘာမှ မှားစရာမရှိဘူး၊ ရှင်ခေါ်လို့ ကျွန်မက ပြန်ခေါ်လိုက်တာ”

ခန့်ညားမှော်က မျက်မှော င်ကုတ်မိ၏ ။

အခုနက အိပ်ရာပေါ်လှဲမချခင် သူငယ်ချင်းတွေ တစ်ယောက် ပြီး တစ်ယောက် ဆီ သူ ဖုန်းခေါ်ခဲ့တာ တော့ ရှိပါသည်။

ပြန်ရောက်တာ မကြာသေးတော့ အခုမှသူငယ်ချင်းတွေ ဆီ ပြန်ဆက်သွယ်စကားပြောနေတာ။

နေစမ်းပါဦး … ငါများ အဲဒီ လိုခေါ်ရင်း နံပါတ်တစ်ခုများ မှားနှိပ်မိလို့လား။

မှော် နည်းနည်း တော့ ဇဝေဇဝါ ဖြစ်သွားသည်။

ကောင်မလေးရဲ့ အသံက ချိုရှရှနှင့် ချစ်စရာလေး …

ဟာ … မှားခေါ်မိတယ်ပဲ ထား၊ သူက ခန့်ညားမှော်နာမည် ကိုတော့ ဘယ်လိုသိမှာ လဲ။

အခုန ကိုမှော်လို့ခေါ်လိုက်တာ သူ ကြားသည်။

ကောင်မလေး တစ်ယောက် ယောက် သူ့ကိုဖုန်းနှင့် အီတာလား။

“ခင်ဗျားက အခုဘယ်ဖုန်းနံပါတ်ကို ဆက်တာလဲ”

ကိုမှော့်ဆီကို …

“အေးလေ … အဲဒါ ဖုန်းနံပါတ် ဘယ်လောက်လဲ၊ နာမည် တူတာလား၊ ရန်ကုန်မှာ မှော်တွေ ဘယ်နှစ် ယောက် များ ရှိနေပြီလဲဗျာ”

“ရှင့်ဖုန်းပါပဲ … မညာပါနဲ့”

“ပြောပါဦး … နံပါတ် ဘယ်လောက်လဲဆိုတာ”

“(၀၉ ………………) လေ”

“ ဟာ … အဲဒါ ကျွန်တော့် ဖုန်းပဲ၊ ကျွန်တော့် ဖုန်းနဲ့ ခင်ဗျားကိုဘယ်သူနောက်ပြီလဲ”

အခုနက ဒီမှာ အေးကျော်ပဲ ရှိသည်။ အေးကျော်ကလည်း သူဖုန်းယူပြီး မကလိတတ်ပါဘူး။

ခေါ်ထားတဲ့ ဖုန်းတွေ ထဲ သူပြန်ရှာကြည့်ရဦးမည် ။

“ဆောရီးဗျာ … ကျွန်တော် ကတော့ မခေါ်ပါဘူး။ ကျွန်တော့် နာမည် သုံးပြီး တစ်ယောက် ယောက် ခေါ်ထားရင်တော့ စိတ်မရှိပါနဲ့၊ တောင်းပန်ပါတယ်”

“ရပါတယ် … ဒါဆိုလည်း ပြီးတာပဲ”

“ဟုတ်ကဲ့”

တုံတုံက ဖုန်းခလုတ်ကို ပြန်ပိတ်ပြီး ရယ်ချင်နေတဲ့မျက်နှာလေးနှင့် သူ့သူငယ်ချင်းနှစ် ယောက် ဖက် လှည့်ကြည့်ပါသည်။

သူတို့မျက်နှာတွေ ကလည်း ပြုံးစိစိ ဖြစ်နေသည်။

သူ့အသံကို ကြားရတာ တုံတုံရင်တွေ တုန်ခါလှိုင်းထနေရဆဲပါ။ ဘာရယ်မဟုတ် အကြောင်ရိုက် ပြော ဖြစ်တာလေးတွေ ကို ပြန်ပြောပြီး သုံးယောက် သား သဘောတကျနှင့် တဟိဟိ ရယ်နေမိကြသည်။

ထိုညက တော် တော် နှင့် အိပ်ရာမဝင် ဖြစ်ဘဲ သုံးယောက် သားတသော သော နှင့် ဆူညံရှုပ်ယှက်ခတ် နေမိကြ၏ ။

* * * * *




ဝန်ဇင်းချစ်သူများ ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်) ၏ “ ညင်သာစွာမိုးတိမ်တိုက်ဆီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မင်းအကြည့်တစ်ချက်နဲ့  ပြီးပြည့်စုံ

သတို့သားနေရာ

လှပသော မနက်ဖြန်တစ်ခု