မင်းအကြည့်တစ်ချက်နဲ့ ပြီးပြည့်စုံ
(၁)
‘သဇင် ကတော့ ဘာကန့်ကွက်စရာရှိမှာ လဲ မေမေရယ်၊ ဒါပေမဲ့ မေမေ့မြေးက သိတဲ့အ တိုင်းပဲ ငယ်ငယ်ကတည်းက အရာရာ သူ့စိတ်ကြိုက် ဖြစ်မှ ကျေနပ်တဲ့ကလေးမဟုတ်လား။ မေမေ စီမံတာကို သူလက်ခံပါစေပဲ ဆုတောင်းရတာ ”
“အိုကေ.. ဒါကတော့ အမေနဲ့အဘွားက သူနားဝင်အောင် ပြောရမှာ ပဲ၊ ရှေ့အပတ်ဆို ဝေေ၀နဲ့ သူ့သမီးလေးလည်း ဗန်ကောက်ကနေ ပြန်ရောက်လာတော့မှာ ။ အဲဒီ အစီအစဉ်ကို မ ဖြစ် ဖြစ်အောင် လုပ်ရမှာ ပဲ”
အဖွားဒေါ်နန်းမုံက အစောကြီးကတည်းကပင် သူ့မြေးဥက္ကာပျံကိုအိမ်ထောင်ချပေးချင်သူပါ။ သူမြေးချီရမည့်  မြစ်ကလေးကို မျှော်လင့်တောင့်တလှသည်။
မြေးအချောလေး အခန့်လေးမို့ မတော် တရော် မိန်းကလေးတွေ နှင့် တွေ့ သွားမှာ လည်း စိုးသည်။
ပြီးတော့ ဝေေ၀၊ ပန်းဝေေ၀
အခုတော့ ဒေါ်ပန်းဝေေ၀ပေါ့လေ။
ဝေေ၀ကလေကို ငယ်ကတည်းက သူ့အဖေ ဦးမင်းနောင်က မွေးစားဖို့ ဒီအိမ်ကိုေ ခ်ါလာခဲ့ တာ။
အဲဒီ တုန်းက ဒေါ်နန်းမုံဟာလည်း သမီး တစ်ယောက် ရဲ့ မိခင် ဖြစ်နေပါပြီ။
အပျိုလူပျိုဘ၀နှင့် သံယောဇဉ်ငြိတွယ်ဖူးသော ဦးမင်းနောင်ဟာ နိုင်ငံရပ်ခြား ထွက်ခွာသွာ ရာက ဇနီးနှင့် ကွဲကွာခဲ့ပြီး သမီးကလေးဝေေ၀ခေါ်ကာ ရန်ကုန်သို့ ပြန်ရောက်လာသည်။
စကားတတ်ခါစအရွယ် နှစ် နှစ် ကျော်သမီးကလေးကို ဒေါ်နန်းမုံထံ ယုံယုံကြည်ကြည် အပ်နှံ သည်။ နောက်အိမ်ထောင်ပြုသွားပြီ ဖြစ်သော ဇနီးလက်ထဲ ဒီကလေးကို မထားခဲ့နိုင်ပါဟုဆိုသည်။
ပြောရမည် ဆိုလျှင် ဒေါ်နန်းမုံခင်ပွန်း ဦးဖြိုးငွေနှင့် လည်း ဦးမင်းနောင်က ခင်မင်ပါသည်။
ဦးမင်းနောင်တို့ နိုင်ငံခြားထွက်သွားတော့ ဒီအိမ်ကြီးကို ဒေါ်နန်းမုံတို့နေဖို့ ဈေးသက်သက် သာသာကလေးနှင့် ငှားထားပေးခဲ့တာ ဖြစ်သည်။
ပြီးတော့ စီးပွားရေး လုပ်ငန်းတွေ ၊ ကုမ္ပဏီနှင့် ဆန်စက်၊ သစ်စက်တွေ ကိုပါ ခင်ပွန်း ဖြစ်သူ ဦးဖြိုငွေလက်ထဲ အပ်ခဲ့တဲ့ ယုံကြည်မှု ဟာနည်းနည်း နောနောမဟုတ်။
ဦးဖြိုငွေသည် ဦးမင်းနောင်၏ အကူအညီနှင့် သာ လုပ်ငန်းရှင်သူဌေးတစ်ဦး အမည် ခံရသော် လည်း တကယ်သူဌေးအစစ်မှာ ဦးမင်းနောင်သာ ဖြစ်ပါသည်။
သူငှားပေးထားတဲ့အိမ်မှာ သူ့စီးပွားတွေ ကို လုပ်ကိုင်ပေးရတဲ့ ဦးဖြိုးငွေမှာ လည်း ရိုးသားကြိုး စာပြီး စိတ်သဘောမနော အလွန်ကောင်းသူမို့ သူ့ကို ကျေးဇူးရှင်ဟု သတ်မှတ်ထားသည် ဖြစ်ရာ သူ့သမီးဝေေ၀လေးလည်း အိမ်ကိုရောက်လာရော ကိုယ့်သမီးခိုင်သဇင်နှင့် မခြား ချစ်ခင်စောင့် ရှောက်ခဲ့ပါသည်။
လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့နေရာမှာ လည်း သမီးလေးနှစ် ယောက် ရဲ့ မျက်နှာ တစ်ချက်ကလေးအပျက်မခံ။
ဒေါ်နန်းမုံသည်လည်းအပြင်ထွက်ရင် သမီးနှစ် ယောက် ဘယ်ညာလက်ဆွဲလျက် ထွက် တတ်သည်။
ကျောင်းကြီးကျောင်းသို့ ကိုယ်တိုင်တာဝန်ယူသည်။
ဝေေ၀သည် ဦးမင်းနောင်၏ သမိးကလေးနှင့် သူတို့အိမ်မှာ ရွှေမင်းသမီးပမာ ရွှေပေါ်မြတင် ထားခဲ့ပါသည်။
နောက်ပိုင်းမှာ ဦးမင်းနောင်က နိုင်ငံခြားတာများ သဖြင့် ဝေေ၀ကို တစ်နှစ် တစ်ခေါက် လောက်သာ လာကြည့်သည်။
အဲဒီ အခါမျိုးမှာ ဒေါ်နန်းမုံတို့အိမ်မှာ ပဲ တည်းခိုနေထိုင်သည်။ ထိုအခါမှာ သားအဖတွေ ချစ်ခင် စည်းလုံးစွာ ရှိတတ်ကြတာမို့ ဒေါ်နန်းမုံတို့ ဇနီးမောင်နှံမှာ ၀မ်းသာပီတိ ဖြစ်ရသည်။
သို့သော် ဦးမင်းနောင်သည် ကံမကောင်းရှာ။ တစ်သက်လုံး ယမကာကို စွဲစွဲမက်မက် အမြဲ တမ်းသောက်ခဲ့တာကြောင့် ပဲလား မဆိုနိုင်။ အသည်းခြောက်ပြီး ကင်ဆာ ရောဂါ ဖြစ်လာခဲ့သည်။ ဟိုမှာ သွားကုပြီး မရတဲ့အဆုံးမှာ မြန်မာပြည်သို့ ပြန်လာခဲ့သည်။
ထိုအချိန်မှာ ဝေေ၀လေးက ဆယ်တန်းသာရှိပါသေးသည်။
ဖခင်ကို စွန့်လွှတ်ဖို့ သူမမှာ ခံနိုင်ရည်မရှိ။ ဦးမင်းနောင်က သူ့အကြောင်းသူသိပေမယ့် သမီး ဖြစ်သူကို အခြေအနေမှန် ဖွင့်မပြော။
နောက်ဆုံးအချိန်မှ သိရသဖြင့် ဝေေ၀လေး အတော် စိတ်ထိခိုက်ကြေကွဲရှာသည်။
ထိုကြေကွဲမှု ဝေဒနာနှင့် ၀မ်းနည်းပက်လက် မျက်ရည်မဆည်နိုင် ခံစားရသဖြင့် ဝေေ၀သည် စာတော် သော်လည်း ထိုနှစ် မှာ အောင်ရုံလေးမျှသာ ဖြေဆိုနိုင်ခဲ့၏ ။
နဂိုက ရည်မှန်းသလို ဆရာဝန်မ ဖြစ်တော့သဖြင့် စိတ်ဓာတ်ကျသွားလေသည်။
ဒေါ်နန်းမုံက အားပေးသည်။ ဝေေ၀ပျော်ရွှင်အောင် ထာပေးသည်။ သမီးသဇင် ကတော့ တက္ကသိုလ်ကို ပျော်ပျော်ကြီးသာတက်လေသည်။
ဝေေ၀က ဤသို့မဟုတ် အားငယ်ခြင်းနှင့် ဆွေးရိပ်သန်နေသည်။
ထိုအချိန်မှာ ပင် အားငယ်ဝမ်းနည်းကာ ဘ၀ကြီးကို စိတ်တိုင်းမကျ နာကြည်းနေသော မိန်းမငယ်လေးအပါးသို့ လူရည်လည်သော အိမ်ထောင်ပျက်တစ်ခုလပ် တစ်မယားကွာ တစ်ယောက် က ပညာသားပါပါ ချဉ်းကပ်ခဲ့သည်။
ဒေါ်နန်းမုံတို့က မသိ။
ရိပ်မိသော သဇင်ကလည်း မိန်းကလေးချင်း စည်းလုံးကာ အိမ်ကို ဖွင့်မပြော။
ကိုနေလင်းသည် မိန်းမ တစ်ယောက် မတော် တဆ ရဖူးတာကလွဲရင် အခုလည်း နောက် ကြောင်းရှင်းရှင်းနှင့် လွတ်လပ်သော အင်ဂျင်နီယာလူချောလေး ဖြစ်သဖြင့် သဇင်ကလည်း မေမေ တို့ ဒီလောက်ခါးခါးသီးသီး တားမြစ်ပိတ်ပင်မည် ဟု မထင်ခဲ့။
အတိုချုပ်ပြောရလျှင် ကိုနေလင်းနှင့် ဝေေ၀တို့ တွဲ နေကြမှန်းသိလျှင် မေမေက ကျောင်းပင် ဆက်မတက်ခိုင်းဘဲ ဝေေ၀ကို တခြားသင့်တော် ရာလူတစ်ဦးနှင့် လက်ထပ်ပေးဖို့ ရည်ရွယ်သည်။
တကယ်တော့ ဒါဟာ သမိးလေးဝေေ၀ကို အပျိုလူပျိုချင်းပဲ ဆုံစည်းစေချင်တဲ့ ဒေါ်နန်းမုံရဲ့ စေတနာပါ။
ကိုယ်သမီးအရင်းလို ခံစားလို့လည်း ဒီလို စီစဉ်ဆောင်ရွက်တာပါ။
ဒါပေမဲ့ ဝေေ၀က မထင်မှတ်တာလုပ်သွားသည်။ နေလင်းနောက် ကောက်ကောက် ပါ အောင်လိုက်သွားခဲ့သည်။
ဒီတော့မှ ဒေါ်နန်းမုံမှာ ရင်ထုမနာ နှမြောကြေကွဲရ၏ ။
ကိုယ့်သမီး အပျိုစင်နုနုထွတ်ထွတ်လေးဟာ လူလည်လူရှုပ် တစ်ခုလတ်နောက်သို့ ပါသွားသည် မဟုတ်လား။
ဦးဖြိုငွေနှင့် တိုင်ပင်ကာ ပြန်ခွဲဖို့ ကြိုးစားသေးသည် မအောင်မြင်ချေ။
ဒေါ်နန်းမုံတို့ဟာ ဝေေ၀ပိုင်ဆိုင်မှု အမွေတွေ အမြောက်အမြားကို ထိန်းသိမ်းထားရသဖြင့် နေလင်း ဒီလို ဝေေ၀့ကို ခိုးပြေးတာဟာ အမွေတွေ အများ ကြီးပိုင်တဲ့ မိန်းကလေးမို့ အကြံအစည်နှင့် အပိုင်ကြံသွားတာဟု သဘောပေါက်လွဲခဲ့သည်။ အမှန်တကယ်၌ နေလင်းသည် ဝေေ၀့ကို မေတ္တာ စစ်နှင့် ချစ်တာ ဖြစ်သည်။
ဝတ်လုံတွေ ကတစ်ဆင့် အမွေဆက်ခံပိုင်ခွင့်ရဖို့ ကြိုးစားအားထုတ်မည် ဟု ထင်ကာ ကြို တင် ပြင်ဆင်ထားသော်လည်း နေလင်းက ထင်သလိုမဟုတ်ဘဲ။ သူ့ဇနီးကိုသာ နိုင်ငံရပ်ခြား သို့ အပြီးတိုင် ခေါ်ထုတ်သွားခဲ့သည်။
ထိုအခါ ကြီးစွာ စိတ်မကောင်း ဖြစ် ရင်နာထိခိုက်ရသူမှာ ဒေါ်နန်းမုံသာ ဖြစ်၏ ။
ကောင်းစေချင်လို့ လုပ်ခဲ့တာမှန်သမျှဟာ သူ့အတွက် နောင်တနှင့် မျက်ရည်ကျဖို့ သာ ဖြစ်ခဲ့ သည်။
သမီးဝေေ၀ဟာ သူတို့မိသားစုအပေါ် အထင်လွဲသွားခဲ့ပြီ။ တကယ်တမ်း ဒီပိုင်ဆိုင်မှု စည်းစိမ်တွေ အားလုံးဟာ ဝေေ၀နှင့် သာ အဓိကသက်ဆိုင်သည်။
သူ့အဖေ ဦးမင်းနောင်သာရှိလျှင် ဝေေ၀လေး အခုလို လက်မဲ့ဘ၀နှင့် အဝေးကို လွင့်ပြေး ရတာ သူ့ကိုကျေနပ်ပါ့မလားဟုတွေးကာ ဒေါ်နန်းမုံ တစ်ရက်မှ လိပ်ပြာမလုံခဲ့ပါ။
တကယ်တော့ ကိုယ့်သမီးလေး တစ်ယောက် လို စေတနာလွန်သွားခဲ့ရာက ဖြစ်လာတဲ့ လွဲချော်အမြင်စောင်းမှု တွေ ပါ။
ဝေေ၀လေးက ဒီဥစ္စာဓနတွေ ကို သိမ်းပိုက်ခြယ်လှယ်ချင်လို့ ဒီလိုလုပ်တာထင်ရင်တော့ ဒေါ် နန်းမုံ ရင်ကွဲပါပြီ။
ထို့ကြောင့် ဝေေ၀ ဘယ်ကိုထွက်သွားသလဲ ရအောင်စုံစမ်းသည်။ ဒီကိုလာဖို့ပြန်ခေါ်သည်။
ဝေေ၀သည် သူမခင်ပွန် ကိုနေလင်းက ဟိုမှာ ၀င်ငွေကောင်းပြီးနေစရာအိမ်၊ စီးစရာ ကား အကုန်ပြည့်စုံပြီ လွယ်ကူချောမွေ့သော ဘ၀ကို ရနေပြီမို့ ဒီကိုမပြန် ဖြစ်တော့ချေ။
တယ်တမ်း ချစ်မြတ်နိုးရသော ခင်ပွန်းအနားကလည်း ဘယ်မှမသွားချင်။
မေမေနန်းမုံ ခေါ်လွန်းလို့သာ သမီးလေးရှင်လွမ်းမယ်ကျောင်းပိတ်ရက်မှာ ရန်ကုန်သို့ တ ခဏသာ ပြန်ခဲ့သည်။
ကိုနေလင်းက အလုပ်မအားသဖြင့် ပါမလာ။
ဒီမှာ တစ်လလောက်နေပြီ ဟိုကိုပြန်မည် ။
အမေနန်းမုံ ဝေ့ကိုဖက်ပြီး ငိုတာသမီးလေးရှင်လွမ်းမယ်က တအံ့တသြ ငေးမောနေခဲ့တာ ပြန်ရောက်တော့ နောက်ကြောင်းရာဇ၀င်တွေ စိတ်ဝင်တစား မေးမဆုံး။
“အဘွားက မာမ့မီကို တော် တော် ချစ်တာပဲနော်။ သဘောလည်း အရမ်းကောင်းတာပဲ။ ရှင် လွမ်းပါးကိုလည်း ခဏခဏလာနမ်းတယ် သိလား
သမီးစကားကြောင့် ဝေေ၀က ပြုံးမိသည်။
“အန်တီသဇင်ကလည်း ရှင်လွမ်းကို နေရာအနှံ့ လိုက်ပို့ပေးတယ်၊ လက်ဆောင်တွေ ၀ယ်ပေးတာလည်း အများ ကြီးပဲ၊ သယ်တောင်မသယ်နိုင်ဘူး။ မာမီ့မှာ ဒီလောက်စိတ်ဝင်စားစရာ ကောင်းတဲ့ ဖယ်မလီတစ်ခု ရှိနေလိမ့်မယ်လို့ ရှင်လွမ်းမထင်ဘူး။ သူတို့နဲ့ တွေ့ ရတာ ပျော်လို့ မ၀ ဘူး။ နောင်နှစ် ဟောလီးဒေးရရင်လည်း သွားချင်သေးတယ် မာမီ”
သမီးက တစ်ဆက်ဆည်း ပူဆာထားပါသည်။
သားအမိနှစ် ယောက် သား အိမ်မှဆို မြန်မာကာပဲ ပြောသဖြင့် သမီးက မြန်မာစကား ကောင်း ကောင်းပြောနိုင်သည်။
ဒါပေမဲ့ အသံအနေအသံထားလေးက တစ်မျိုးလေး ဖြစ်ကာ ချစ်စရာကောင်းနေသည်။
ဒီသမီးလေး တစ်ယောက် ရှိတာမို့ ဝေေ၀ရော ကိုလင်းရော ဒီသမီးကို အသည်းစွဲ။
အလိုလိုက်အကြိုက်ဆောင်ကာ ဖူးဖူးမှု တ် ချစ်လို့မ၀။ နောက်ပိုင်း သမီးလေးအရွယ် ရောက်လာတဲ့အခါ မြန်မာပြည် မပြန် ဖြစ်တဲ့နှစ် တွေ များ လာသည်။
အမေနန်းမုံနှင့် မမသဇင်က ဝေေ၀့ကို အမြဲတမ်းပြန်ခေါ်နေတာ အစဉ်အမြဲ တံခါးဖွင့်ကြို ဆိုကြပေမယ့် ဝေေ၀ ဒီမှာ အဆင်တပြေ အသားကျနေပြီ ဖြစ်တာကြောင့် ပြန်ဖို့စိတ်သာကူး သော် လည်း လက်တွေ့ မှာ ကိုယ့်ဘ၀နှင့်ကိုယ်သာ ကိုယ့်ကိစ္စနှင့် ကိုယ်သာပြီးနေပါသည်။
ကိုလင်းမှာ က ရန်ကုန်မှာ မိသားစုထဲက အရင်းအချာမကျန်တော့တာသလောက်မို့ သူက အားလပ်ရက်ကလေးရရင် ဘိခ်ျတွေ ဘာတွေ သွားကာ အပန်းဖြေဖို့သာ ရည်ရွယ်တာမို့ သူတို့ သားအဖတွေ ဆန္ဒလိုက်လျောရင်း ဝေေ၀က မေမေတို့နှင့် ဖုန်သာ ပြော ဖြစ်တော့သည်။
လူက မရောက် ဖြစ်တာ နှစ် အတန်ကြာပြီ။
အဘွားဒေါ်နန်းမုံသည် ဝေေ၀့သမီး မြေးမကို အတော် လွမ်းတာမို့ မကြာမကြာ ဖုန်းဆက် တတ်သည်။ အပျိုဖျန်းအရွယ်ရောက်မှ လူချင်းထပ်မတွေ့ ရဘူးမဟုတ်လား။
ဖြစ်နိုင်လျှင် ဝေေ၀တို့မိသားစုလေးကို ဒီမှာ ပြန်အခြေချစေချင်သည်။ သူတို့ ရသင့်ရထိုက် တဲ့ ပိုင်ဆိုင်မှု တွေ လည်း လွှဲပေးချင်သည်။ တချို့တစ်ဝက်ကိုတော့ ရှင်လွှမ်းမယ်အမည် နှင့် ခွဲဝေ ပေးခဲ့ပေမယ့် လည်ပတ်အောင်မြင်နေတဲ့ ကုမ္ပဏီနှင့် စက်ရုံတွေ မပါ။
အခုနောက်ပိုင်း သဇင့်သား ဥက္ကာပျံကို အိမ်ကစီးပွားရေး တွေ ကူညီဦးဆောင်ဖို့ သဇင်ကိုယ် တိုင် သင်ကြားပြပေးနေသည်။
သို့သော် ဥက္ကာပျံဟာ စီးပွားရေး ထက် အနုပညာဖက်မှာ ပိုအားသန်နေသည်။ အားလျှင် ပန်းချီဆွဲမည် ။ သီချင်းနားထောင်မည် ။ သီချင်းရေး စပ်မည် ၊ ဂစ်တာတီးမည် ။ ကွန်ပျူတာနှင့် မြူးဇစ် အသစ်တွေ ရှာဖွေနေမည် ။
ဒါတွေ ပဲ စိတ်ပါလက်ပါလုပ်ကာ စက်မှု ဇုန်တွေ ကိုတော့ အမေနှင့် အဘွားက ဘေးကနေ တတွတ်တွတ်နှင့် ဗျစ်တောက်ဗျစ်တောက်လုပ်မှ ထသွားတတ်တာ။
ပြီးလျှင် တာဝန်ခံတွေ မန်နေဂျာတွေ ကို တစ်ဆင့်လွှဲကာ သူက ကိစ္စမြန်မြန်ဖြတ်၍ လစ် ထွက် သွားတတ်သည်။
အဘွားဒေါ်နန်းမုံက ခင်ပွန်း ဖြစ်သူ ကွယ်လွန်သွားကတည်းက သူ့သမီးနှင့် သားမက် ဖြစ်သူ တို့ကို ညွှန်ကြားကွပ်ကဲကာ အိမ်က စီးပွားရေး လုပ်ငန်းအ၀၀ကို ကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်ခဲ့ တာ ဖြစ်သည်။
အဘွားကြီးပေမယ့် အထင်သေးလို့မရ။ သူ့မှာ ဦးဆောင်နိုင်တဲ့ အရည်အချင်း အပြည့်ရှိ သည်။ အဘွားသည် အသက်ကြီးလာသလို ဇွဲလည်း ပိုကြီးလာသည်မှာ မယုံနိုင်စရာ။
အခုဆိုရင် ဟိုအရင် ဦးမင်းနောင်ထားရစ်ခဲ့တဲ့ အခြေအနေနှင့် စာလျှင် အဆပေါင်းများ စွာ အောင်မြင်တိုးတက်နေခဲ့ပြီ။
ဒီတော့ အဘွားတွေးသည်မှာ နောင်တစ်ချိန် ဒီလုပ်ငန်း ဒီအမွေတွေ ခေါင်းကွဲဖရိုဖရဲ ဖြစ် မည့် အစား ကျန်ခဲ့မည့်  မြေးနှစ် ယောက် က ဆက်ပြီး စည်းစည်းလုံးလုံး ကြိုးစားထမ်းရွက်သွားစေ ချင်သည်။
မိဘဘိုးဘွားလက်ငုပ်လက်ရင်းတွေ သာ သူတို့တစ်သက်စားမကုန်နိုင်အောင် အဆင်သင့် ရှိပြီးသား။ ဆက်ပြီး ထိန်းသိမ်းကာကွယ်ဖို့နှင့် တိုးတက်အောင်လုပ်ဆောင်ဖို့ပဲရှိတာ။
သူတို့လေးတွေ ဟာ ခေတ်ပညာတတ် အမြင်ကျယ်ကျယ်တွေ မို့ သူတို့လက်ထဲရောက်တဲ့ အခါ ဆုတ်ယုတ်သွားဖို့ မရှိနိုင်လောက်ဘူးဟု ယုံကြည်သည်။
အရေး ကြီးတာက ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အားလုံးဖိတ်နိုင်ဖို့ပါ။
ဒီတော့ တစ်ခုတည်းသော ရည်ရွယ်ချက်နှင့် သူ့ဆန္ဒက မြေးဥက္ကာနှင့် ရှင်းလွှမ်းမယ်လေး ကို လက်ထပ်ထိမ်းမြားပေနိုင်ဖို့ပါပဲ။
ဒီစည်းစိမ်ဥစ္စာတွေ သူစိမ်းတွေ လက်လည်း မရောက်စေချင်။
သမီးဝေေ၀နှင့် ပတ်သက်တုန်းက မှားခဲ့တဲ့အမှားမျိုး ထပ်မမှားချင်တော့ပေ။
ရှင်လွမ်းလေး ဟိုမှာ အိမ်ထောင်ကျပြီး အခြေချ ဖြစ်သွားမှာ လည်း အဘွားလုပ် သူရင်ထဲ ပူပန်စိုးရိမ်သည်။
အခုလာမယ့် ဒီဇင်ဘာဆိုရင် ရှင်လွမ်းလေးလည်း အသက်နှစ် ဆယ်ပြည့်တော့မည် ဥက္ကာပျံ က နှစ် ဆယ်နှစ် ။
အရွယ်အားဖြင့် ငယ်ကြတယ်လို့ မဆိုနိုင်။
ဒီဖက်မှာ သမီးသဇင်နဲ့ တိုင်ပင်တဲ့အခါ သဇင်ကလည်း သဘောတူကျေနပ်သည်။
သူလည်းပဲ ရှင်လွမ်းလေးကို အတော် ချစ်တာမို့လား။
ဒါပေမဲ့ ဥက္ကာဖက်က ဘယ်လိုလာမည် မသိရသေး။ ဥက္ကာသည် ငယ်ကတည်းက ခေါင်း မာမာနှင့် တဇွတ်ထိုးလေးမဟုတ်လား။
သူမှန်တယ်ထင်ရင် ဘာမဆို မ ဖြစ် ဖြစ်အောင် လုပ်တတ်သလို သူလက်မခံချင်တဲ့အရာဆို ရင်လည်း တွင် တွင် ငြင်းထုတ်ဖို့ ၀န်မလေးလှတဲ့ ကောင်လေးပါ။
ကိုယ့်သားအကြောင်းကို ကိုယ်သိတော့ သဇင့်ခမျာ သက်ပြင်းသာ ကြိတ်ကြိတ်ရှိုက်ရ သည်။
ဥက္ကာက အဘွားပေးစားတဲ့ မိန်းမအလွယ်တကူ ယူနိုင်ပါ့မလား။
ခေတ်ရဲ့ သားပျိုဆိုတော့ လွတ်လပ်ပြီး ကိုယ့်သဘောနဲ့ ကို နေခွင့်ရတဲ့ လူပျိုလူလွတ်လေး ဆိုတော့ ဘွားအေရဲ့ အမြော်အမြင်ကြီးမားတဲ့အစီအမံကို လက်ခံပါ့မလားတွေးကာ သဇင့်မှာ ရင်မောရသည်။
ဘွားအေနှင့် သူ့မြေးအကြား ပဋိပက္ခလည်းမ ဖြစ်စေလိုပါ။
အထူးသဖြင့် မေမေက အသက်ကြီးပြီ။
ခြောက်ဆယ်ကျော်ပြီ ဖြစ်ခဲ့တဲ့အပြင် နှလုံးနှင် ဆီးချိုသွေးတိုးကလည်း အစပျိုးနေခဲ့ပြီ။
မေမေစိတ်မချမ်းမသာ ဖြစ်မှာ သဇင်က ပိုစိုးရိမ်သည်။ အခုတောင် မေမေ့ခမျာ ဆေးတွေ နေ့စဉ်သောက်နေရသည်မဟုတ်လား။
မေမေ စိတ်ဖိစီးမခံစေချင်တာက အဓိကပါပဲ။
ဥက္ကာကို ကြိုတင်ဖျောင်းဖျနားချထားဖို့ သဇင် စိတ်ကူးသည်။
စိတ်ရှုပ်ရှုပ်နှင့် လက်ဖက်သုပ်တွေ လည်း တစ်ဇွန်းပြီး တစ်ဇွန်း ခပ်စားနေမိသည်။
ညဦးပိုင်းမှာ ၀ရန်တာမီးတွေ အပြည့်ဖွင့်ကာ သားအမိနှစ် ယောက် သား အပြင်ထွက် တိုင် လက်ဖက်ရည်ဝိုင်းလေးဖွဲ့ စကားပြောနေတာ ဖြစ်သည်။
လက်ဖက်တစ်ပန်းကန်အပြည့်နှင့် ရေနွေးတစ်ကရားဖြည့်ထားသည်။
ရေနွေးကြမ်းဆိုပေမယ့် ကောက်ညှင်းလှော်ကလေး နှမ်းလှော်ကလေးပါ ခတ်ထားတော့ တဖူးဖူးမှု တ်သောက်ရတာ အနံ့အရသာနှင့် ပြည့်စုံလွန်းသည်။
ဒေါ်သဇင်က ရေနွေးနောက်တစ်ခွက် ငှဲ့လိုက်ပါသည်။ လျော့နေတဲ့ မေမေရဲ့ အကြမ်းပန်း ကန်လုံးထည် ထပ်ဖြည့်ပေးလိုက်သည်။
မေမေက လက်ဖက်သုပ်ကို သိပ်မစား၊ ရေနွေးပဲခပ်များများ သောက်သည်။
မေမေဒေါ်နန်းမုံဟာ ခပ်ပိန်ပိန်ပါးပါး၊ အရပ်မြင့်မြင့်နှင့် ခန့်ညားဆဲမို့ ခြောက်ဆယ်ကျော်လို့ တောင် မထင်ရပါ။
ဝတ်လိုက်ရင်လည်း အရောင် အသွေးကျတဲ့ ရင်စေ့လက်ရှည်အင်္ကျီလေးတွေ နှင့် လုံချည် အရောင် ခပ်မှိုင်းမှိုင်းလေးတွေ နှင့် မို့ ခုထက်ထိ အရွယ်တင်ကြည့်ကောင်းတုန်းပါ။
နဖူးအပြောင်သိမ်းထားတဲ့ ဆံပင်နှင့် နေက်တွဲ ဆံထုံးအမျိုးမျိုးနှင့် မေမေ့ကြည့်လိုက်ရင် ဘယ်အချိန်မဆို သပ်ရပ်စတိုင်လ်ကျပြီး နူးညံ့တဲ့အပြုံးရိပ်ရိပ်တစ်ခုကလည်း နှုတ်ခမ်းပေါ်မှာ အမြဲ ရှိသည်။
ခုထက်ထိ ကျော့ရှင်းစမတ် ဖြစ်နေတာလည်း မပြောနှင့် ဒေါ်နန်းမုံဟာ ဟိုတစ်ချိန်က မုဒုံ မယ်လေ၊ ညရဲ့ မီးရောင် မှာ မေမေ့ရဲ့ တစ်လုံးတည်းနားကပ် အပါးအ၀ိုင်းဟ]ာ အရည်ကောင်းလှ တာမို့ တဖိတ်ဖိတ်တောက်ပ အရောင် လက်နေသည်။
ရေနွေးပန်းကန်းလုံး ကိုင်ထားတဲ့ လက်က စိန်ခုံးကွင်းလက်စွပ်မှာ လည်း တဖျပ်ဖျပ်ခါနေ သည်။
မေမေက စိန်ထည်လက်ဝတ်ရတနာတို့နှင့် အင်မတန်လိုက်ပေါ်လွင်တဲ့သူ။ ဒေါ်သဇင် ကတော့ လက်ဝတ်ရတနာသိပ်မမက်။
သူသဘောကျတဲ့ ပုလဲဆွဲသီး၊ ပုလဲနားကပ်လွဲလျှင် ဘာမှ သိပ်မ၀တ်တတ်ပေ၊ အ၀တ် အ စား ၀တ်တာလည်း ရိုးရှင်းသည်။ အနေအထိုင် ရိုးရှင်းသည်။
ဝေေ၀ ကတော့ ဟိုမှာ နေခဲ့တာမို့ ခုထိ ခေတ်မီလှပနေဆဲ။ ရှင်လွမ်းလေးကလည်း အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်လေးနှင့် ကြည့်ကောင်းတာပါပဲ။
ဒါပေမဲ့ ကိုယ့်ရဲ့ သားတော် မောင်က အဝေးရောက်နေတဲ့ ညီမလေး တစ်ယောက် သဘော ကလွဲရင် ဘာမှခေါင်းထဲမရှိတာ ဒေါ်သဇင်သိသည်။
ဒီညတော့ ဥက္ကာပျံလာရင် ဒီအကြောင်း စကားစမှ ဖြစ်တော့မည် ရယ်လို့ ဒေါ်သဇင်က ကြိတ်တွေးထားပါသည်။
“မေမေ့ကို ဝေေ၀ကရော ဘာပြောလဲဟင်”
သဇင်က သိချင်တာကို မေးလိုက်ပါသည်။
“ဘာပြောရမလဲ ဝေေ၀က မေမေ့သဘောပဲပေါ့”
“သူ့သမီး ဟိုမှာ ကျောင်းပြီးအောင် တက်ခိုင်းဦးမှာ ဆို”
“အစ ကတော့ သူ့အစီအစဉ်ကတစ်မျိုးပေါ့၊ အခု မောင်နေလင်းလည်း မမျှော်လင့်ဘဲ ဆုံးသွားပြီးတဲ့နောက် သူလည်း ဟိုမှာ ဘယ်နေချင်တော့မလဲ။ ဝေေ၀လည်း အားတွေ ငယ်ပြီး စိတ်ဓာတ်ကျသွားရှာတယ်။ ဒါကြောင့် ရှင်လွမ်းခေါ်ပြီး ဒီမှာ ပြန်နေမယ်လို့ ဆုံးဖြတ်တာပေါ့”
မေမေစီစဉ်တဲ့ကိစ္စကို သူရောလက်ခံချင်ရဲ့ လား။ မေမေနော် ကြည့်လည်းလုပ်၊ ဝေေ၀က သူ့တုန်းကတောင် သူကြိုက်တာသူယူသွားခဲ့တာ။ စိတ်က ခပ်ပြတ်ပြတ်ရယ်။ သဇင်တို့ဖက် ဘယ်မှာ ပြန်လှည့်ကြည့်ခဲ့လို့လဲ“
“အဲဒါပေါ့အေ သူ့သမီးကျတော့ သူ့လိုမ ဖြစ်စေချင်ဘူးနေမှာ ပေါ့၊ ရှင် လွမ်းဟိုမှာ ရည်းစား ရသွားမလားပဲ သူတစ်ချိန်လုံးပူနေတာ”
“ရှင်လွမ်းလေးကရော ဟိုမှာ ချစ်သူတွေ ဘာတွေ မရှိဘူးလား။ သူတို့ဆီမှာ ဘွိုင်းဖရင့် (Boy Friednd) မရှိရင်ပဲ မျက်နှာ ငယ်ရမလိုမဟုတ်လား”
“ဟဲ့ သဇင် ညည်းဘာလို့ အပျက်ဖက်ကပဲ ပြောနေရတာ လဲ0
“အပျက်ပြောတာမဟုတ်ပါဘူး မေမေရဲ့ ။ လူငယ်တွေ ဆိုတော့ တော် ကြာ မေမေ့စကား နားမထောင်ရင် မေမေပဲ ဒေါသတွေ ဖြစ်၊ စိတ်တိုင်းမကျတွေ ဖြစ်ပြီး ဂေရာဂါတိုးမှာ စိုးလို့”
“ ရောဂါ တိုးလို့မက ဘာပဲ ဖြစ် ဖြစ် ငါ ကတော့ ဒီကိစ္စ ဖြစ်မြောက်အောင် ရအောင်လုပ်ဦးမှာ ”
အင်း.. ခက်တာပဲ။
မေမေ့အကျင့်က အဲဒါပဲ။
စိတ်ထက်ထက်နှင့် သူစီစဉ်ရင် ဖြစ်ကို ဖြစ်မှ ကြိုက်တာ။
ဟိုမြေးကလည်း ဒီအဖွားရဲ့ စိတ်ဓာတ် ပါလာတဲ့သူ။
နှစ်ယောက် စလုံးဟာ ဇွဲခတ်တတ်တဲ့နေရာမှာ ပြိုင်စံရှားတွေ လေ။
အခု မြေးနှင့် အဘွား ထိပ်တိုက်တွေ့ ဖို့က နီးစပ်နေပြီ။
ဒါတောင် ရှင်လွမ်းဖက် ဘာပြဿနာရှင်ဦးမလဲ မပြောတတ်သေး။
ဒေါ်သဇင် ကတော့ ဖူးစာဆိုတာ သူ့ဟာနှင့် သူပါပြီးသား တစ်စုံ တစ်ယောက် က အတင်း အကြပ် ဖန်တီးလုပ်ယူလို့ မရဘူးဟု ထင်တတ်သူ။
ဝေေ၀ ထပ်တစ်ကြိမ် အထင်လွဲမှာ လည်း စိုးပါသည်။
“မတော် တဆ မေမေ့မြေးမှာ ရည်းစားတွေ ဘာတွေ ရှိနေရင်ရော”
“လာပြန်ပြီလား သဇင် ညည်းက အရင်ဘာလို့ စကားကြောင်းနေရတာ လဲ”
“သဇင်က သဘောပြောတာပါ”
“မပြောနဲ့အေ ငါ့မြေး ငါရအောင်ပြောမယ်”
“အင်းလေ အဲဒါဆိုလည်း မေမေ့သဘောပဲ။ သဇင် ကတော့ အားလုံးစိတ်ချမ်းသာနေရင် ပြီးတာပဲ”
ဥက္ကာပျံသည် ငယ်ငယ်ကတည်းက ရုပ်ကလေး သန့်န်ပြန့် ချောမောလွန်းလို့ ကောင်မလေး အများ စု ၀ိုင်းစုံပြုံစိတ်ဝင်စားခံရသော ကောင်လေး တစ်ယောက် ပါ။
တက္ကသိုလ်တက်တော့လည်း အလွန်မျက်နှာပန်းပွင့် စန်းပွင့်တဲ့ကလေး။ တက္ကသိုလ်မှာ ကျော်ကြားတဲ့ကင်း တစ်ယောက် ။
သူကလည်း ကြည့်ဦးလေ။
အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ ကိုယ်ဟန်ကျစ်ကျစ်လေးကိုပင် အသေးပြားတွေ ၊ ၀ိတ်တွေ မ ပြီး ဘော်ဒီချပ်ရပ်လှပအောင် ကစားသေးသည်။
ပန်းချီဆွဲတော် လို့များ ကုပ်ကုပ်လေး အိမ်ထဲချောင်ကပ် နေမယ်မထင်နှင့် ။
ဆံပင်ကို ခေတ်မီမီ ကိုရီးယားမင်းသားလေးတွေ ထားတဲ့အတိုင်း မကြာမကြာ ပုံပြောင်း တတ်သလို အ၀တ်အစားဝတ်ရင် လည်း Brand မြင့်မြင့်ထဲကမှ စတိုင်လ်ကျ လိုက်ဖက်အောင် ရွေးချယ်ဝတ်စားဆင်ယင်တတ်တာ။
ဖိနပ်ဆိုလည်း အကောင်းစား ဝေါလ်ကင်းရှူးတွေ ချည်း။
ဦးထုပ်၊ ဂျာကင်၊ ခါးပတ်၊ ဖိနပ်၊ ပိုက်ဆံအိတ် အားလုံးကို ခေတ်နှင့် အညီ ဖက်ရှင်ပြောင်း ပြောင်းပြီး အမြဲသုံးတတ်တော့ ဥက္ကာပျံဟာ မင်းသားရှုံးအောင် ထာဝစဉ် ကျော့ဖတ်ရှင်းသန့်နေသူ လေးပါ။
သူ့အခန်းထဲက ထွက်လာပြီးဆိုရင် အဖေနှင့် အဘွားက အရင်ဆုံး အံ့သြငေးမောချီးမွမ်းရ တာချည်းပါပဲ။
ဒီဇိုင်းတွေ က ရိုးမသွားဘဲ အမြဲဆန်းသစ်တီထွင် နိုင်လွန်းလို့ပါ။
ဒီလိုယောက်ျားလေး တစ်ယောက် ဆီမှာ ကိုယ်ကမစရင်တောင် ကိုယ့်ကိုစပြီး အီဆီက လီလုပ် ဖုန်းဆက်တတ်တဲ့ မိန်းကလေးတွေ မှ အများ ကြီ။
ဒါကြောင့် ပဲ ဒေါ်သဇင်က ရင်းနှီးပတ်သက်ပြီးသား မိန်းကလေးများ ရှိနေပြီလား စိုးထင့်ရ တာ ဖြစ်သည်။
သားက တစ်ခါတစ်ခါ ဖုန်းပြောရင်များ နာရီဝက်တစ်နာရီ ကြာတတ်သည်။
ပြီးတော့ တစ်ခါတစ်ရံ အပြင်ထွက်လည်ပတ်ရင်လည်း နည်းနည်း ညဥ့်နက်တတ်ပါသေး သည်။
သူ့ဖေ ကတော့ ယောက်ျားလေးပဲ ဒီလောက်တော့ရှိမှာ ပေါ့ဟုဆိုကာ ယောက်ျားချင်မို့ နားလည်ခွင့်လွှတ်တတ်ပေမယ့် မအေလုပ်တတ်တဲ့သူမှာ တစ်ခုခုလမ်းမှားရောက်မှာ ပူရပါသေး သည်။
မိသားစုထဲမှာ အဖေရော၊ အမေရော အဘွားရောဟာ သူ့ကို သည်းသည်းလှုပ် ၀ိုင်းချစ်တာ မဟုတ်လား။
အခု အိမ်ထောင်ရေး ကိစ္စမှာ အတင်းအကြပ် ဖိအားပေးလက်ခံပါ့မလား။
ဝေေ၀ဟာလည်း မေမေ့သမိး၊သဇင့်ညီမပဲ ဆိုနိုင်ပေပမယ့်အခုဟာက သူက သမီးရှင် ဖြစ် နေပြီ။
စကားမကျွံ စကားမမှားဖို့ ဒီဖက်မှာ တာဝန်ရှိတယ်ဟု သဇင်ထင်သည်။
ဥက္ကာပျံနှင့် ရှင်လွမ်းကို သဇင်လည်း သဘောကတူပါသည်။
ဒီကလေးနှစ် ယောက် သား အဆင်ပြေနီးစပ်သွားရင် အတိုင်းထက်အလွန် ကျေနပ်တာပေါ့
သို့သော် ဥက္ကာကို စကားစဖို့က ခုထိ ဒီကလေးပြန်မရောက်သေး။
အပေါင်းအသင်းကလည်း မက်ပါဘိ။
“သဇင် ဥက္ကာ ဒီညဘယ်အချိန်ပြန်မယ် ပြောသွားလဲ ညစာ အိမ်ပြန်စားမယ်တဲ့လား”
“မသိဘူး မေမေရယ်”
“ဟဲ့ ဒါဖြင့် ဒေါ်လုံးကိုမှာ သွားတတ်တယ် ဒေါ်လုံး ခေါ်မေးစမ်းပါဦး”
“အခုတော့ စောပါသေးတယ် မေမေရဲ့ ”
ဒေါ်သဇင် ပြောနေဆဲမှာ ပင် ခြံတံခါးရှေ့သို့ ကားတစ်စီး ခေါင်းတိုးလာသည်။
“တီ ..တီ”
ဟွန်းသံပေးလျှင် ခြံထဲက ဦးစံထူးက ပြေးထွက်လာက တံခါးသွားဖွင့်သည်။
နောက်ဖက်က ဆားဗင့်ကွာတာမှာ ဦးစံထူးရယ်၊ သူ့မိန်း ဒေါ်လုံးရယ် ကားမောင်းတဲ့ အီကြာ ကွေးရယ် တောက်တိုမယ်ရကောင်မလေး မိဝိုင်းရယ်နေကြသည်။
သူတို့အိမ်သားလေးယောက် မှာ အခြွေအရံက အမြဲတမ်းလေးငါးယောက် ရှိနေကျ ဖြစ်သည်။
“ပြန်လာပါပြီ မေမေ့မြေး”
ဥက္ကာပျံရဲ့ လီမိတက်အဖြူလေး ၀င်လတာ။ ကားတံခါးဖွင့်ပြီး ဆင်းလာတာကို သားအမိနှစ် ယောက် သားဝရန်တာကျယ်ကျယ်ပေါ်ကနေ လှမ်းကြည့်နေမိကြသည်။
ဥက္ကာက သူ့အာရုံနှင့် သူ ကားသော့ လေး လက်ထဲလှည့်ပတ်ဆော့ကစားလျက် အိမ်ထဲသို့ ပေါ့ပေါ့ပါးပါးလေးပဲ လှမ်းဝင်လာပါသည်။
ဒေါ်လုံးက ထမင်းစားတော့မလား မေးတာကို ခေါင်းယူမ်းပြခဲ့ပြီး လှေကားမှ အပေါ်ထပ် သို့ ထက်လာသည်။
သူ့အခန်းက အပေါ်ထပ်မှာ အကောင်းဆုံး၊ အကျယ်ဆုံး အလှပဆုံးအခန်းပါ။
“သဇင် အတော် ပဲ ဥက္ကာကို ခေါ်လိုက်စမ်း”
“မေမေကလည်း သူက အခုမှ ပြန်လာတာ နားချင်ဦးမှာ ပေါ့”
“ဒီအရွယ် ဘာနားရမှာ လဲ ခေါ်သာခေါ်လိုက်၊ နားချင်ရင် ငါတို့နားထိုင်ပြီး လက်ဖက်စားရင်း အနားယူပေါ့”
မေမေခေါ်ခိုင်းပေမယ့် သဇင်က မှတ်တံခါးလေး တွန်းဖွင့်ကာ အခန်းထဲဝင်ဟန်ပြင်သည့် သားတော် မောင်ကို။
“သားရေ ပြန်လာပြီလား”
“ဟုတ်ကဲ့ မေမေ”
“ထမင်းမစားသေးဘူးဆိုရင် ဒီကိုခဏထွက်လာဦးနော်၊ ဒီမှာ ဘွားဘွားက သားကို စကား ပြောမလို့တဲ့”
“လာမယ် မေမေ”
ဥက္ကာပျံက လက်ပြကာ သူ့အခန်းထဲ အရင်ဝင် သွားပါသည်။
အပေါ်ကလည်သာအပါး ဂျာကင်ကိုချွတ်၊ ခါးပတ်ကိုဖြုတ်၊ မျက်မှန်ကို သိမ်း၊ ပိုက်ဆံ အိတ်ကိုပစ်တင်နှင့် သူ့မှာ အလုပ်တွေ ရှုပ် သွားပါသေးသည်။
ပြီးလျှင် ဘယ်လော်ကအေးအေး ရေခဲရေပဲ သောက်တတ်သည်။
ပြီးလျှင် နှုတ်ခမ်းလေးချွန်ကာ သူ့အခန်းထဲက ပြန်ထွက်လာသည်။
အဘွားနှင့် မေမေ သူ့ကို ဘာခေါင်းစားဦးမှာ လဲ မသိ။
စက်မှု ဇုန်က ဆောက်လက်စစက်ရုံကို သွားကြည့်ရှုစောင့်ကြပ်ခိုင်းဦးမှာ လား
ဥက္ကာကလည်း အလုပ်ထဲဝင်ရမှာ ကိုပဲ ပျင်းသေးတာ။ ကျောင်းပြီးပြီဆိုပေမယ့် သူက နိုင်ငံခြားလေးဘာလေး ထွက်ချင်သေးတာ။
ဒါပေမဲ့ တကယ်တမ်း ဒီရန်ကုန်ကနေ ဘယ်မှမခွာနိုင်သေးပါဘူး။
ဥက္ကာသည် အဘွားနှင့် အမေတို့ ထိုင်နေသည့်အနား သွားကာအမေ့လိုပဲ မြက်ဖျာအခင်း ပေါ်ပဲ တင်ပျဉ်ခွေထိုင်ချလိုက်သည်။
အဘွားက အမှီပါသော ထိုင်ခုံပေါ်မှာ မို့ အဘွားဒူးကို ပိုက်ပြီး ဖိမခိုင်းရက်မှာ မဟုတ်လား။
ဒါကို ကောင်းကောင်းသိသော ဥက္ကာက အဘွားထံ လက်ပွန်းတတီး ခေါင်းဝှေ့တတ်သည်။
“ဘယ်က ပြန်လာတာလဲ မြေးလေးရဲ့ ”
“ဒိလိုပါပဲ သားဘော်ဒါတွေ နဲ့ ဘိလိယက်သွားကစားနေတာ”
ဒေါ်နန်းမုံသည် သူ့မြေးနှင့် တွေ့ တဲ့အခါ လေသံက ပြောင်းသွား ပါသည်။ အခုလို ဒေါင်းတင် မောင်းတင်လေသံမာမာနှင့် မဟုတ်တော့ပါ။
ဒီမြေးက သူ့ကို တစ်ချက်ချွဲပဲရှိတယ်ဆိုတာ ဒေါ်သဇင်က သဘောပေါက်ပြီး ပြုံးနေမိသည်။
“မြေးလေး မင်းလည်း မငယ်တော့ဘူးနော် အိမ်က အလုပ်ထဲ မ၀င်ချင်သေးရင် ၀င် အောင်လုပ်တဲ့နည်း အဘွားမှာ ရှိပြီသား”
“ဟာ အဘွားကလည်းဗျာ”
“ယောက်ျားလေးတွေ ဟာ အိမ်ထောင်ကျပြီးမှ ခြေငြိမ်တတ်တာ”
“ဟာ မေမေ ကြည့်ပြောပါသီး အဘွားတော့ သားကို စားနေပြီ”
“ဟဲ့ဘာစားတာလဲ ငါအကောင်းပြောတာနော် ဥက္ကာ”
ဒေါ်နန်းမုံသည် ဒီတစ်ခါတော့ သူ့မြေးကို လွယ်လွယ်အလျော့ပေးမည့် ပုံမရပါ။
“ဟုတ်တယ်သားရေ ဘွားဘွးက သားကို နေရာချထားပေးချင်ပြီ”
“ဟာ မေမေကလုပ်ပြန်ပြီ သားအခုလည်း နေရာကျပါတယ် ဟား ဟား”
“ဥက္ကာ ဒါရယ်စရာမဟုတ်ဘူး ဘွားတို့ အလေးအနက်ပြောနေတာ”
အဘွားမျက်နှာ အမေ့မျက်နှာကိုကြည့်ရတာ သိပ်မဟန်ပေ၊ ဘယ်ကဘယ်လို သူအိမ်ထောင် ရေး ကိစ္စကို အစဆွဲထုတ်လာသလဲမသိ။ သူ့မှာ အငြင်းစားကောင်းကောင်းက လည်း အဆင်သင့် မရှိတာမို့ ဥက္ကာနည်းနည်း တော့ အငိုကမိရယ်သံ ပျောက်သွားရသည်။
ဒါပေမဲ့ သူ့လေသံပျော့နှင့် ..
“အဘွားကလည်းဗျာ သားမိန်းမယူဖို့က စောပါသေးတယ်။ လူပျိုဘ၀နဲ့ လွတ်လွတ်လပ် လပ် နေပါရစေဦးဗျာနော်”
ဒေါ်နန်းမုံက သူ့မြေးကို စူးစူးစိုက်စိုက်သာ ကြည့်နေ၏ ။
မျက်နှာထားကလည်း ခပ်တည်တည်။
ဒီကိစ္စကို ခပ်တင်းတင်း မပြောလို့မရ။ ဒီလိုမှမဟုတ်ရင် ဥက္ကာက စကားရောဖောရောနှင့် အသာကလေး လျောချလှည့်ပတ်သွားလိမ့်မည် ။
ကိုယ့်မြေးအကြောင်း ကိုယ်သိတော့ ဒေါ်နန်းမုံက ဦးတည်ချက် အပျောက်မခံ။
“ဥက္ကာ မင်းကို အဘွား အစောကြီးကတည်းက ပြောပြထားတယ်နော်။ အဘွားတို့ဘ၀ ဒိလို ဟန်ပန်ကျကျ သူဌေးလိုနေနိုင်တာဟာ ဝေေ၀အဖေ ဦးမင်းနောင် ကျေးဇူးကြောင့်ပဲ သားပိုင်တဲ့ ဒီ စည်းစိမ်တွေ ကို ဝေေ၀့သမီး ရှင်လွမ်းလည်း တစ်ဝက်မက ပို်င်ဆိုင်တယ်”
“အဲဒါနဲ့ သားနဲ့ ဘာဆိုင်လို့လဲ”
“ဥက္ကာ သားအဘွားရဲ့ စကားကို ဆုံးအောင်နားထောင်ဦးလေ ဖြတ်မမေးနဲ့”
ဒေါ်သဇင်က တစ်ခွန်းဝင်ဟန့်၏ ။
ဥက္ကာပျံက အဘွားပေါ်မှီထားတဲ့ ကိုယ်ကိုမတ်ကာ မျက်မှော င်ကုပ်ထားသည်။
ဂျစ်ကန်ကန် ဒီအကြည့်ကြောင့် ဒေါ်သဇင်မှာ ဘေးကနေ စိတ်ကျဉ်းကြပ်နေမိပါသည်။
“အခု မောင်နေလင်း ဆုံးသွားတော့ ဝေေ၀လည်း အားကိုးရာမဲ့ သွားပြီမို့လား ရှင်လွမ်းလေး ခေါ်ပြီး ဒီမှာ ပြန်လာနေတော့မှာ ”
“အဲဒါဘာ ဖြစ်လဲ အဘွားအမွေခွဲပေးစရာရှိတာ ပေးလိုက်ပေါ့ သားက ဘာပြောနေလို့ လဲ”
“ဟဲ့ အမွေခွဲတယ်ဆိုတာသားပြောသလို မလွယ်ဘူးဥက္ကာ”
ဒေါ်သဇင်က ကူပြောပေးလိုက်သည်။
ဒီလိုအခြေကျပြီး လုပ်ငန်းတွေ ကို ကမောက်ကမ ဖြစ်အောင် ဘယ်လုပ်လို့ ဖြစ်မှာ လဲ ရှင်လွမ်းလေးကလည်း ငယ်သေးတယ် ဘယ်ဦးဆောင်တတ်ဦးမလဲ”
အဘွားစကားတွေ က ဘယ်ကိုရည်ရွယ်နေသလဲ ဥက္ကာပျံ နည်းနည်း တော့ သဘောပေါက် လာပြီ။
“သားအဘွားက ရှေ့ရေး ကို အင်မတန်ကြိုမြင်တတ်တယ်”
မေမေ့ကိုလည်း အဘွားက စည်းရုံထားပုံရ၏ ။
တိုင်ပင်ထားပြီးသားလို တလေသံတည်း ထွက်နေသည်။
ဥက္ကာပျံသည် အတော် ကြီး စိတ်ရှုပ်လာသည်။
အဲဒီ ငရူးမလေး ရှင်လွမ်းက ဒီလိုဘာကြောင့် ပြန်လာနေဦးမှာ လဲ။
ဟိုမှာ နေတာပဲကြာလှပြီ။ ဆက်ပြီးအဘွားကြီး ဖြစ်တဲ့အထိ နေလိုက်ရင်ပြီးရောပေါ့။
ငယ်ငယ်တုန်း ကတော့ တစ်နှစ် နှစ် ခြား တစ်ခါလောက် အလည်ကလေးပဲ ပြန်လာတတ်ပြီး အခုမှ ဒီပြန်အခြေချဦးမတဲ့လား။
ကျွတ်ဘာတွေ လဲကွာ။
‘ဟုတ်တယ် မြေးရဲ့ အဘွားက ဒီစည်းစိမ်တွေ အပြိုကွဲမခံနိုင်ဘူး။ နှစ် ပေါင်း ဒီလောက်ကြာ အောင် ကြံ့ကြံ့ခံရပ်တည်ကြိုးစားထူထောင်လာရတာ မလွယ်ဘူး ဥက္ကာရေ၊ ဒါတွေ မင်းတို့ တန်ဖိုး ထားတတ်ရမယ်။ စီးပွားရေး လည်း မပြိုကွဲအောင် တို့မိသားစုလေးလည်း မခွဲမခွာဆက်ပြီး နေကြ အောင် မြေးနဲ့ရှင်လွမ်းနဲ့ လက်ထပ်ပေးမယ်”
“ဟာ”
အဘွားရဲ့ ခပ်ရှင်းရှင်း တဲ့တိုးအပြောကြောင့် ဥက္ကာပျံ ရှုံ့မဲ့သွား၏ ။
ခေါင်းကိုယမ်းလိုက်ပြီးလျှင်
“မ ဖြစ်ဘူး အဘွား သားက သူ့ကို ညီမလေးလိုပဲ စိတ်သဘောထားတာ သားသူ့ကို ဘယ် လိုမှလည်း မနေဘူး ကြိုက်လည်းမကြိုက်ဘူး”
နောက်ဆုံးတစ်ခေါက် နယူးရီးယားတုန်းက သူမကိုမြင်လိုက်ရတဲ့ပုံစံကို ဥက္ကာမမေ့သေး။
ပိန်ပိန်ရှည်ရှည်နှင့် ပုံမလာတဲ့ကောင်မလေးပါ။ ဆံပင်အဖြောင့် ပခုံးသာသာလောက်ကို ရှေ့ဆံပင်တချို့တ၀က်လေး ကွက်ကာ ငွေရောင် ကို အဖြူလိုလို ဆိုးထားသေးသည်။
တရုတ်သိုင်းကားထဲက ဓားသိုင်းကျင့်နေတဲ့ မိန်းကလေးပုံစံမျိုး ဘောင်းဘီရှည်နှင့် တီရှပ် ရိုးရိုးနှင့် သွက်လက်ဖျတ်လတ်နေတာများ မျက်စိပင် နောက်ရော။
ဘယ်လိုပဲကြည့်ကြည့် မိန်းမဆန်ဆန် သိမ်သိမ်မွေ့မွေ့လည်းမရှိပါဘူး။
“ဥက္ကာ…အဘွားဆန္ဒကို ခေါင်းအေးအေးထားပြီး စဉ်းစားပေးလေ၊ ကမူးရှုးထိုး ဇွတ် မငြင်းနဲ့လေ သားရယ်”
ဒေါ်သူဇာက အခြေအတင် မတင်းခင် ချော့ချော့မော့မော့လေး ၀င်ဖျောင်းဖျသည်။
သို့သော် ဥက္ကာက နားဝင်ပုံမရ။
သူ့အဘွားနှင့် ပင် အကြည့်ချင်းအားပြိုင်နေသည်။
“ဝေေ၀့ဆီလည်း ငါဖုန်းဆက်ပြီးပြီ ဒီကိုရောက်တာနဲ့ ကလေးတွေ ကိစ္စ စီစဉ်မယ်လို့ ပြောားပြီးသား”
“ဟာဗျား အဘွားဘာသာ တစ်ဖက်သတ် ကတိတွေ စွပ်ပေးလို့ရမလားဗျ သားဖက်က လည်း စဉ်းစားပါဦး”
“ဟဲ့ ဘွားအေနဲ့ မိဘတွေ ကိုကိုယ်တိုင် ကောင်းတာစီစဉ်ပေးတဲ့ကိစ္စကိုနင် ဘာလျှာရှည် စရာလိုသလဲ”
“လိုတယ်ဗျာ သားမှ ရှင်လွမ်းကို မယူနိုင်တာ၊ ကဲဗျာ ရှင်းရှင်းပဲ ပြောလိက်တော့မယ် သားမှာ ချစ်ရမယ့်သူရှိတယ်”
“ဟင် ဘာ”
အဘွားသာမက ဒေါ်သဇင်ပါ လန့်ဖျန့်ရင်ဘတ်မိမိသည်။
ဒီလောက်မြန်မြန် ဘယ်တုန်းက ရည်းစားရနေတာလဲ။ ကိုယ်လည်း မသိရသေးပါလားဟု တွေးမိသည်။
“သဇင် နင့်သားပုံစံကိုကြည့်စမ်း ပမာမခန့်နဲ့”
“သားမှာ ချစ်သူရှိတယ်ပြောတာပဲ”
“တိတ်စမ်း”
“ဥက္ကာ အဘွားစိတ်ဆိုးအောင် မပြောနဲ့လေ”
“အဘွားက သားစိတ်ညစ်အောင် စရစ်တာပဲ မေမေရ”
“ဟဲ့ နင်ဟာလေ ဒီလောက်ပြောနေတဲ့ကြာက”
ဒေါ်သဇင်က သားလုပ်သူလက်မောင်းကို ဆွဲဖယ်ကာ ထွက်သွားစေဖို့ ရည်ရွယ်သည်။
သို့ပေမယ့် ဘွားအေကလည်းမလျှော့။ သူ့မြေးအင်္ကျီစကို ဆောင့်ဆွဲကာ…
“ဒီမှာ ဥက္ကာ နားထောင်စမ်း ဝေေ၀့ကို ငါကတိပေးလိုက်ပြီ ဒီကတိဖျက်ရင် နင်မလွယ်ဘူး မှတ်။ နင့်ကို အိမ်ပေါ်က နှင်ချမယ်။ သတင်းစာထဲ အမွေပြတ်စွန့်လွှတ်ပစ်မယ်”
“အမွေဖြတ်ရင်လည်း ဖြစ်ဗျာ ကြိုက်သလိုသာလုပ်”
“ဥက္ကာ နင် နင်”
“မေမေ မေမေ စိတ်ထိန်းလေ၊ သူ့လက်ကို လွှတ်လိုက် ဒီလောက်ဒေါသမကြီးနဲ့ လေ မေမေ ရယ်”
ဒေါ်သဇင်က မြေးအဘွားနှစ် ယောက် အကြား ပျာပျာသလဲ ၀င်ထိန်းရ၏ ။
“ဥက္ကာ သားကလည်းသားပဲ ကိုယ့်အဘွားကျန်းမာရေး မကောင်းတာ သိရဲ့ နဲ့ သူစိတ်ဆိုး အောင်လုပ်ရသလားကွယ် ငါ့နှယ် စိတ်တွေ ညစ်လိုက်တာ ခက်လိုက်တာနော်”
ဒေါ်သဇင်က ညည်းညည်းညူညူဖြင့် မိခင်လုပ်သူကို တွဲ သည်။
နားထင်ကိုနှိပ်ကာ ရှုံ့မဲ့လိုက်ပုံကြောင့် ရင်ထဲမှာ လည်း စိုးရိမ်သွား၏ ။
စိတ်ကြီးသလောက် ဒေါသကြီးသလောက် ပြင်းထန်တဲ့စိတ်ခံစားမှု ကို သူ့ခန္ဓာကကိုယ်က မခံစားနိုင်တော့ဘူးလေ
ခေါင်းမူးတာ၊ အသက်ရှူကြပ်တာ၊ လောတာတွေ က နောက်ဆက်တွဲ ပါလာတော့ မည် ။
အဘွားက ချက်ချင်း လို ရောဂါ ဖောက်လာတော့ ဥက္ကာပျံလည်း မျက်နှာတွေ ပျက်ကာ အလို လိုနှုတ်ဆိတ်သွားရသည်။
မေမေကလ သူ့ကို ဗျစ်တောက် ဗျစ်တောက် ဆူပူကြိမ်းမောင်းရင်း အဘွားကို အိပ်ရာထဲ တွဲ ပို့စေ၏ ။
အဘွားကမလွယ်။
ဥက္ကာကို မနိုင်နိုင်အောင် သူ့ကျန်းမာရေ၊ သူအသက်ရှင်ရေး နှင့် ကိုင်ပေါက်အကြပ် ကိုင် လေပြီ။
****
(၂)
မာမီက သားရေသေတ္တာကို ခုတင်ပေါ်တင်ကာ ဖွင့်လိုက်ရင်း ည၀တ်အင်္ကျီဂါဝန်တစ်ထည် ကို ထုတ်ယူလိုက်သည်။
မနက်ဖြန် လေယာဉ်စီးရမှာ မို့ ဒီတစ်ညတော့ သားအမိနှစ် ယောက် သား ဟိုတယ်မှာ ပဲ နှစ် ယောက် ခန်းယူကာ အိပ်လိုက်ကြဖို့ ပြင်ဆင်နေကြခြင်းပါ။
အခန်းလေးက သန့်ရှင်းသပ်ရပ်ပြီး အတော် သက်သော င့်သက်သာရှိစေသည်။
ရှင်လွမ်း ကတော့ ည၀တ်ဘောင်းဘီရှည်ပွပွနှင့် အင်္ကျီလက်ရှည် ပန်းရောင် လေးကို ၀တ် ထားတာကြောင့် သူမပုံစံလေးက နူးညံ့လင်းဖြာပြီး ဆံနွယ်လေးတွေ ကပိုကရိုနှင့် ချစ်စရာကောင်း နေ၏ ။
မအိပ်ချင်သေးတာကြောင့် သူမက ဗူးရှည်မျောမျောလေးကိုဖွင့်ကာ အာလူးကြော်ကို တစ်ခုချင်း စိမ်ပြေနပြေ နှိုက်စားနေသည်။
မျက်စိ ကတော့ အခန်းထဲ တီဗီဆီ ကြည့်နေမိသည်။
အီတလီရုပ်ရှင်ကားတစ်ကား။ ပြစတုန်းက အက်ရှင်ဆန်ဆန် သည်းထိတ်ရင်ဖို စိတ်ဝင်စားစရာကောင်းပေမယ့် နောက်အခန်းတွေ ကျတော့ ဘာမှပိုထူးမလာ။ ဇာတ်ကောင်တွေ က စကားတွေ ချည်းတစ်ချိန်လုံး ပြောနေသည်။
သို့သော် အသံက တိုးလွန်းသည်မို့ ဘာမှအနှောင့်အယှက်မ ဖြစ်။
ရှင်လွမ်းသည် ပိုးသားဂါဝန်အပြာနုလေးဖြင့် လှပနိုပျိုနေသော မာမီ့ထံ အကြည့်ပြောင်းမိ သည်။
ရှင်လွမ်းက မာမီ့ကို အရမ်းချစ်သည်။
သူတို့ သားအမိဟာ အမြဲလည်း ချစ်ခင်စည်းလုံးပါသည်။
မာမီဟာ သူ ဖြစ်ချင်သော ဆန္ဒတွေ ကို ရှင်လွမ်းကို အေးအေးလေးနှင့် တစ်ခွန်းချင်း နားသွင်း နိုင်သူပါ။
မာမီက နိုက်ခရင်ပါးပါးလေး မျက်နှာပေါ်လိမ်းနေ၏ ။
မျက်နှာပေါ်မှာ အရေး အကြောင်းတို့ ထင်စပြုလာတာမှန်ပေမယ့် မာမီက တခြားသော အမေတွေ လို ဗိုက်ပူခါးတုတ်တာမျိုး မ ဖြစ်လေတော့ ရှိရင်းစွဲအသက်လေးဆယ်ထက် ပိုမိုနုပျိုနေ သည်။
ပြီးတော့ မာမီက စည်းကမ်းရှိသည်။ သွက်လက်ဖျတ်လတ်သည်။ တစ်နေရာသွားဖို့ အလှပြင်စရာရှိပြီဆို လိုတာတွေ ချက်ချင်း ဆွဲထုတ် တန်းစီထားတတ်ပြီး မင်းသမီး တစ်ယောက် လို ဖြိုးဖြိုးဖျတ်ဖျတ် တစ်ခုချင်းကောက်ပြင်လိုက်တာများ ဆယ့်ငါးမိနစ်တောင်မကြာ။
သမီး ဖြစ်တဲ့ ရှင်လွမ်းကသာ မာမီ့ပြီးစီးလို့ ထွက်ဖို့ပြင်နိုင်ပြီ ဖြစ်တဲ့အချိန်မှာ အ၀တ်အစား ရွေးတုန်း၊ မိတ်ကပ်မပြင်၊ ခေါင်းမဖြီးပေး၊ စီးဖို့ ဖိနပ်ရွေးပေးအားလုံး ၀ိုင်လုပ်ပေးမှသာ ပွဲလမ်း သွားဖို့ အချိုးကျတတ်တာမျိုးလေ။
“ကောင်မလေး မအိပ်သေးဘူးလား”
ရှင်လွမ်းက ခုတင်ပေါ်က ငေးကြည့်နေတာမြင်တော့ မာမီက ချစ်စနိုးမေးရင် ပါးလေးကို ဖွဖွလာဆွဲ၏ ။
“မာမီအိပ်တော့မှာ လား”
“အေးလေ”
ဒက်ဒီမရှိတဲ့နောက်ပိုင်း မာမီက တရားပိုထိုင်လာကာ သူ့စိတ်သူ ဖြေသည်။ တည်ငြိမ် အောင် ကြိုးစားနေထိုင်သည်။
“မာမီ”
“ဘာလဲ သမီး သမီးဘာတွေ စိတ်လှုပ်ရှားနေလဲ”
“စိတ်လှုပ်ရှားတာတွေ မဟုတ်ပါဘူး မာမီရယ်၊ ဒါပေမဲ့ ရှင်လွမ်းခေါင်းထဲမှာ တွေးစရာတွေ တော့ များ နေတာပေါ့”
“ဘာများ လဲ သမီး”
“ကိုဥက္ကာက ဘယ်လိုလူစားလဲမာမီ၊ ရှင်လွမ်းနောက်ဆုံးတစ်ခေါက် ပြန်တုန်းကဆို သူ့ကို အိမ်မှာ တောင် သိပ်မတွေ့ ရဘူးနော်။ ပြီးတော့ ရှင်လွမ်းကိုလည်း သေသေချာချာ ဟက်ဟက်ပက် ပက် စကားတောင်မပြောဘူး။ သူက သိပ်များ မာနကြီးမလားလို့”
“သမီးထင်လို့ပါကွယ် ဥက္ကာလေးက အေးပါတယ် အင်မတန် စကားနည်းတာလို့တောင် သဇင်က ပြောသေးတယ်”
“အံမယ် မဟုတ်ပါဘူး သူပြောချင်တဲ့ သူနဲ့ကျရင် တိုးတိုးတိုးတိုးနဲ့ နာရီဝက်လောက် ဖုန်းပြောနေတာတွေ့ သားပဲ”
ရှင်လွမ်းက မျက်နှာလေးရှုံ့မဲ့ကာ စောဒကာတက်မိ၏ ။ အဲဒီ တစ်ခေါက် သူ့ကိုတွေ့ တုန်းက ကိုယ့်ထက်အသက်နှစ် နှစ် လောက် ကြီးတာကိုများ သူ့ကိုယ်သူ ဆရာကြီးပုံဖမ်းနေလိုက်တာဟု ရှင် လွမ်း ကြိတ်ပြီး အမြင်ကပ်ခဲ့ရတာ ။
ရှင်လွမ်းကိုများ သူက ကြည့်စရာတစ်ခုလိုပင် သဘောမထား။ မျက်စိထဲမတွေ့ တဲ့ဥစ္စာ။
“သူ့မှာ ဘာဘာညာညာ ကောင်မလေးတွေ လည်း ရှိမှာ ပဲ မာမီ။ ဒီတစ်ခေါက် အဘွားဆီ သွားရမှာ မျက်နှာတွေ ပူလိုက်တာမာမီရာ အားလုံး ဘာကြောင့် ဒီစိတ်ကူးမျိုးအကြံရတာ လဲ မသိပါဘူး။
အားလုံး မျက်နှာတွေ ပူရအောင် သူ့ကို အစ်ကိုလိုတောင် သိပ်မရင်းနှီးတဲ့ဟာ သူလည်း ရှင်လွမ်းကို ကြိုက်မှာ မဟုတ်ဘူး ရှင်လွမ်းသိတယ်”
“အေးလေ ချက်ချင်း ကြီးတော့ ဘယ်ကြိုက်မလဲ ဒီလိုပဲ အဆင်ပြေရင်းနှီးအောင် ဖန်တီး ရမှာ ပေါ့။ မာမီတို့အားလုံး တစ်အိမ်တည်း တစ်စီးပွားတည်း ပျော်စရာကြီး ဖြစ်သွားမျာ မာမီမှားခဲ့ တာ တွေ လည်း သင်ပုန်းချေရင်းပေါ့။ အသက်ကြီးလာတော့လည်း ဒီလို မိသားစုများများ နဲ့ နွေးနွေး ထွေးထွေးနေချင်သားပဲ သမီးရေ၊ ငါ့သမီးလေးသာ လက်ခံလို့ရမယ်ဆိုရင်တော့ မာမီတိုက်တွန်း ပါ ရစေကွယ်၊ သမီးအဘွားလည်း သိပ်ပြီးဆန္ဒပြင်းပြနေတယ်။
သူ့ရင်ခွင်ထဲက မြေးနဲ့ ဒီအဝေးက သွေးမတော် တဲ့မြေးကို ဒီလိုလက်ထပ်ပေးမယ် စီစဉ်တာ မာမီလည်း အံ့သြမိတာအမှန်ပဲ”
“ကိုဥက္ကာမှာ ရည်းစားရှိနေရင်ရောမာမီ စကားတွေ ကျွံရင် နှုတ်ရခက်တယ်နော်”
“အံမယ်လေး သမီးရယ် သိနေလိုက်တာ၊ ဥက္ကာပျံလေးက လိမ္မာပါတယ်။ အဘွားနဲ့ မိဘတွေ ကို ကလန်ကဆန်လုပ်မယ့် ကောင်လေး မဟုတ်ပါဘူး”
ရှင်လွမ်းက နှုတ်ခမ်းလေး မသိမသာ စူထော်မိ၏ ။
အခုနေ ရှင်လွမ်းဖက်ကသာငြင်းရင် ရှင်လွမ်းက ကလန်ကဆန်လုပ်တဲ့သူ၊ လက်နဲ့ရေး တာကို ခြေနဲ့ဖျက်တယ် ဖြစ်တော့မှာ ။
ဟူး.. မလွယ်ပါလားနော်
မာမီ့ကိုလည်း စိတ်ချမ်းသာစေချင်ပါသည်။ အဘွားရဲ့ ဆန္ဒ၊ မာမီ့ရဲ့ မျှော်လင့်ချက်တို့ ကို လိုက်လျောချင်ပေမယ့်လည်း ဒါဟာ ရှင်လွမ်းရဲ့ ဘ၀တစ်ခုလုံးနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်မို့ လွယ်လွယ် ကူကူလည်း မဆုံးဖြတ်နို်င်။
“ဘာပဲ ဖြစ် ဖြစ် သမီးကို မာမီက ကျေးဇူးတင်ပါတယ်။ ဒီကလူနေမှု ပုံစံတွေ ကြားထဲမှာ သမီး ဟာ မိဘကိုလည်း ရိုသေရကောင်းမှန်းသိတယ်။ မိဘစကားကိုလည်း အလေးအနက်ထား နား ထောင်တယ်၊ ရည်းစားသနံကိစ္စလည်း ရှုပ်ရှုပ်ယှက်ယှက် မလုပ်ဘူး။ ဂုဏ်သိက္ခာအပြည့်နဲ့ ဗိုင်း ကောင်းကျောက်ဖိလေးပဲနေတယ်။ ထိန်းသိမ်းတတ်တယ်၊ မှန်တာပြောရရင် မာမီငယ်ငယ်က တောင် သမီးလောက် မလိမ္မာဘူး။ မေမေ့ကို အရွဲ့တိုက်ချင်တဲ့စိတ်ကရှိတယ်။
မာန်လေးတကြွကြွနဲ့ပေါ့။ အခုတော့ မေမေ့သမီးက မေမေမျှော်လင့်တာထက် ပိုတော် ပါတယ်ကွယ်”
“မေမေနော် ရှင်လွမ်း ရုန်းထွက်ရခက်အောင် အရမ်းပတမ်းတွေ ချီးမွမ်းမနေနဲ့ မေမေချည် တဲ့ ကြိုးတွေ က သံကြိုးထက် ခိုင်တယ်နော် ဟွန်း သိသားပဲ”
“ဒါဖြင့် သမီးက ဥက္ကာလေးကို လုံးဝမနှစ်သက် တာလား”
ရှင်လွမ်းရင်ထဲမှာ ဘာမှန်းပြောပြရခက်သော စိုးထင့်မှု တစ်ခုတော့ရှိနေသည်။
ထိုကိစ္စကို လွယ်လွယ်ကူကူ လက်မခံနိုင်သလို ခေါင်းခါငြင်းဆန်ဖို့ကလည်း ခက်သည်။
မာမီ့စေတနာ၊မာမီရည်ရွည်ချက်တွေ ကို ကိုယ်က နားလည်နေတယ်လေ။ ဒီအမေလေး တစ်ယောက် တည်း ရှင်လွမ်းဘက်မှာ အနီးကပ်ရှိတာ၊ သူ့ရည်မှန်းချက်တွေ ကမောက်ကမ ဖြစ် အောင်လည်း ရှင်လွမ်း မလုပ်ရက်ပါ။
မာမီ့ကို သနားသည်။ အဘွားထံမှာ ဒီတစ်ခါတော့ မျက်နှာကောင်းရစေချင်သည်။
သမီးကို ပုံသွင်းအုပ်ချုပ်တာ တော် လိုက်တာဟု အဘွား ရဲ့ ချီးမွမ်းသံကို မာမီကြားပါစေဟု စေတနာ ပေါက်မိသည်။
သို့သော် အဲဒီ အတွက် ရှင်လွမ်းက ဘ၀တစ်ခုလုံးစာကို ဥက္ကာပျံနှင့် အတူ နေရမှာ ။
အဆင်မပြေခဲ့သော်ဟု ခဏခဏတွေးနေမိ၏ ။
တစ်ခါတစ်လေလည်း ၀မ်းနည်းအားငယ်မိသလို ခံစားရသည်။
အချစ်မပါတဲ့ အိမ်ထောင်ရေး ကို ဘယ်လိုများ ရွေးချယ်ရပါ့မလဲ။
မာမီ့ဖေဖေ အဖိုးရှာဖွေထားရစ်ခဲ့တဲ့ စည်းစိမ်တွေ ကို မက်တယ်မဟုတ်ပေမယ့် မာမီ လည်း ရှင်လွမ်းကို ရစေချင်သည်။
သို့သော် ဒီတစ်ခုကြောင့်လည်း မဟုတ်ပါဘူး။
မာမီနဲ့ အဘွားက ဒီတစ်ခါတော့ တစ်သဘောတည်းဆန္ဒထပ်တူလို ဖြစ်နေကြတာ။
ဒိအချိန်လောက်ဆို ဟိုဘက်မှာ လည်း ကိုဥက္ကာပျံကို ဖျောင်းဖျနားချနေမှာ ပဲလား။
အဲဒီ အခါ သူဘာပြန်ပြေမှာ ပါလိမ့်။
သူလည်း ဒီစကားကြားကြားချင်းတော့ စိတ်ရှုပ်သွားမှာ ပဲထင်သည်။
ရှင်လွမ်းဆို ကြားကြားတုန်းက မယုံနိုင်အောင် တုန်လှုပ်ရှက်နွေးသွားခဲ့ရတာ ။
“မချည်ပါဘူးသမီးရယ်။ မာမီတုန်းက အတင်းအကြပ် ပရက်ရှာပေးဖူးလို့လဲ သမီးဆန္ဒ အတိုင်းပဲ သမီးသဘောတူမှပဲ စီစဉ်မှာ ပေါ့ကွယ်”
နေရင်ထိုင်ရင်း ယောက်ျား တစ်ယောက် ကို ကောက်ကာငင်ကာ လက်ထပိဖို့လည်း မတွေးရဲ တာအမှန်ပင်။
ရှင်လွမ်းသည် အလာလူးကြော်ဗူးကို ခုတင်ဘေးက စားပွဲပေါ်တင်ကာ မွေ့ယာထူကြီးပေါ် လှအိပ်ချလိုက်ပါသည်။
ပြီးလျှင် ပင့်သံတစ်ရှိုက်နှင့် ..
“ဘာပဲ ဖြစ် ဖြစ် မာမီရယ် အဘွားကို ဘာမှကတိမပေးနဲ့ဦးနော်၊ မင်္ဂလာပွဲကိစ္စကို တတ်နိုင် သမျှ နောက်ဆုတ်ပြီး အချိန်ကျယူမှ ဖြစ်မယ်သိလား”
ဒေါ်ပန်းဝေေ၀က ခေါင်းညိတ်သည်။
အင်း သမီးနဲ့ဘွားအေလုပ်သူ ကတော့ ဆန့်ကျင်ဖက်ပါပဲ။
အဘွားပြောတာက ဝေေ၀တို့ပြန်ရောက်ပြီး သိပ်မကြာခင် မင်္ဂလာပွဲကို ခမ်းခမ်းနား နား မြန်မြန်ဆန်ဆန် စီစဉ်တာတဲ့။
ဒေါ်ပန်းဝေေ၀က ဘာမှအခြေအတင်ပြောမနေတော့ အခန်းမီးကို ပိတ်ကာ ညအိပ် မီး ရောင် ပြာလဲ့လဲ့လေးသာ ပြောင်းဖွင့်လိုက်ပါသည်။
ဘာမှမတွေးတော့ပဲ စောစောအိပ်ရာဝင်တာ အကောင်းဆုံးမဟုတ်လား။
*****
(၃)
“ဥက္ကာ မင်းအဘွားကို စွပ်ပြုတ်ကလေးသွားပေးချည် သားကိုယ်တိုင်တိုက်ပေးနော်”
ဥက္ကာက မျက်နှာလေးရှုံကာ..
“ ဖြစ်ပါ့မလား မေမေ ဘွားက သားကို စိတ်ဆိုးနေတာလေဗျာ”
“သြော် သူစိတ်ဆိုးလည်း သားကပြန်ချော့ပေါ့။ ခြေဆုပ်လက်နယ်လေး ပြုစုပေး ရင် ကျေနပ် သွာမှာ ပါ”
“မဟုတ်ဘူး သူတောင်းတဲ့ကတိကို မပေးမချင်း ဘွားဘွားက ကျေနပ်မှာ မဟုတ်ဘူး”
“ဒါဖြင့် လည်း မင်းသိနေတာပဲ ကတိပေးလိုက်ပေါ့”
သူ့ကြောင့် ဒေါသ ဖြစ်ကာ အိပ်ရာထဲလဲသွားသော အဘွားကို ဥက္ကာသိပ်ပြီး ခပ်မာမာ မဆန့် ကျင်ရတော့ပါ။
အဘွားသာ တစ်ခုခုဆိုရင် တစ်သက်လုံး ဒီအပြစ်ကကျေတော့မှာ မဟုတ်တော့။
အခုတောင် မေမေကလည်း မျက်ရည်ကျ၊ ဖေဖေကလည်း ၀ုန်းဒိုင်းကြဲဆူပူအပြစ်တင်။
ဒီအိမ်မှာ သူ့ကြောင့် ပြဿနာတက်ရတာ ဟာ ဒါပထမဆုံး ဒါအကြီးကျယ်ဆုံး ဖြစ်သည်။
“ဥက္ကာ သားမကျွေးရင် အဘွားက ဘာမှစားမှာ မဟုတ်ဘူးနော် မင်းအဘွားကို မင်းသတ်မလို့ လားဟင်”
“ကျွတ် ပြဿနာပဲ မေမေရာ”
“နင်တို့မြေးအဘွားကြောင့် ငါလည်း စိတ်ညစ်တာပဲ ငါပါ တစ်နေရာထွက်သွားချင်လာပြီ ဥက္ကာရေ”
မေမေကလည်း သူ့ကို ခြိမ်းခြောက်နေသည်။
မိသားစုဝင်လေးဦးမှာ သူကတစ်ဖက်၊ ကျန်သုံးဦးကတစ်ဖက်ဆိုတော့ သိပ်မလွယ်ပေ။
ဥက္ကာပျံက သက်ပြင်းချသည်။
လက်ထပ်ဖို့ကိစ္စ သူခေါင်းမညိတ်နိုင်ပေမယ့် ပြတ်ပြတ်သားသား ကြီး ငြင်းပယ်ဖို့လည်း အခြေအနေကမပေး။
အခုအရေး ကြီးဆုံး ကတော့ အဘွားပြန်ပြီး ထူထူထောင်ထောင်နေကောင်းလာဖို့ပင်။
မိသားစုဆရာဝန်ကလည်း အဘွားကို ဂရုစိုက်ဖို့ ဥက္ကာကို သေချာမှာ သွားသည်။
ဥက္ကာသည် လူတကားမေးငေါ့ရတဲ့ လူမိုက်ဘ၀တော့ မရောက်ချင်တာအမှန်။
ဒီကိစ္စကို နောက်မှပဲ မီးစင်ကြည့်ကရတော့မည် ။
ခုလောလောဆယ်တော့ အဘွားစိတ်ချမ်းသာအောင်၊ နေကောင်းအောင်လိုအပ်တာပဲ ဦးစားပေးရမည် ။
ဥက္ကာပျံက မေမေ့လက်ထဲက စွပ်ပြုတ်ပန်းကန်တင်လာတဲ့ ဗန်းကို ဆွဲယူလိုက်ရင်း..
“သားကြိုပြောထားမယ်နော် အဘွား စိတ်ချမ်းသာအာင် ကတိတစ်ခု ပေးလိုက်ရရင် အဲဒီ ကတိက အတည်မဟုတ်ဘူးနော် ဒါပဲ”
ဟုဆိုရင်း ဘွားအေရှိရာအခန်းထဲ တန်းတန်းမတ်မတ် ၀င် သွားပါတော့သည်။
*****
(၄)
ဥက္ကာပျံသည် ညီညီနိုင်တို့တိုက်ခန်းရဲ့ အပေါ်ထပ်ဝရန်တာလေးမှာ ထွက်ထိုင်ရင်း ခပ်ဝေး ဝေးကို ငေးနေမိသည်။
ညကလေးက တိတ်ဆိတ်လှပသော်လည်း သူ့ရင်မှာ တော့ ဗလောင်ဆူရှုပ်ထွေးနေသည်။
မနက်ဖြန်ဆိုရင် အန်တီဝေတို့သားအမိ ရန်ကုန်ရောက်လာတော့မည် ။
သူဘယ်လိုရင်ဆိုင်ရမလဲ ဥက္ကာပျံ မစဉ်းစားချင်။
အဲဒီ ပိန်ပိန်ရှည်ရှည် ပဲလင်းမြွေလိုဟာကလေးကို သူက မချစ်မနှစ်သက် ဘဲ လက်ထပ်ယူပြီး တစ်သက်လုံးပေါင်းသွားရတော့မယ်ဆိုတာ။
ဟား မ ဖြစ်နိုင်ပါဘူး။
ပြီးတော့ သူ့မှာ နှလုံးသားတစ်ခုလုံး ကတုန်ကယင် ဖြစ်ပြီး အူလှိုက်သည်းလှိုက် ချစ်ရတဲ့ ချစ်သူရှိပြီးသား။
ရေမွှေး..ရေမွှေး..
မင်းကို မောင် ဘယ်လိုစွန့်လွှတ်နိုင့်ပါ့မလဲ။
ဥက္ကာပျံက သက်ပြင်းနက်နက်ရှိုက်လိုက်မိသည်။
“ဟေ့ကောင် ဘာတွေ ငေးနေတာလဲ”
ညီညီနိုင်က သူ့အိမ်မှာ ဘယ်သူမှမရှိတဲ့နေ့မို့ ရေခဲသေတ္ထာထဲ ဘီယာဗူးတွေ စိတ်ကြိုက် ၀ယ်ထည့် အအေးခံကာ အားရပါးရ သောက်ဖို့ ဆွဲလာခဲ့သည်။
‘ဒီလိုပါပဲကွာ ”
“ငေးမနေနဲ့ နည်းနည်း ချလိုက်၊ ခေါင်းရှင်းသွားလိမ့်မယ်”
အမြည်းစားဖို့က ငါးမုန့်ကြော်၊ အာလူးကြော်၊ သီဟိုဠ်ဆံကြော်တွေ ပါသည်။
ညီညီနိုင်က သူ့ကိုပြောရင်း ကုလားထိုင်ပေါ်ထိုင်လိုက်၏ ။
ဝရန်တာမှာ စားပွဲပုလေးနှင့် ကုလားထိုင်နှစ် လုံးနှင့် အတော် ပင်။
“မ ဖြစ်ဘူးထင်တယ်ကွ ငါ့ဖို့ ကော်ဖီတစ်ခွက်ပဲလုပ် ပေးကွာ”
“ဘာလို့လဲ မင်းကလည်း ငါကအဖော်ရပြီဆိုပြီး ၀မ်းတွေ သာနေတာ”
“မနက်ဖြန် ဟိုသားအမိလာရင် ငါ လေဆိပ်ကြိုပေးရဦးမှာ သောက်ထားရင် အနံ့ ထွက်နေ မှာ ကွ မကောင်းပါဘူး”
“မင်းကပြောတော့ ဂရုမစိုက်ဘူးဆို”
“လူကြီးတွေ နဲ့လေကွာ”
“အေးပါ ဒါဆိုလည်း ကော်ဖီပေါ့ ငါတော့ ဘက်ပဲ့ပါပြီ”
ညီညီက ရှုံ့ရှုံ့မဲ့ ညည်းညည်းညူညူဖြင့် ကော်ဖီဖျော်ဖို့ ထထွက်သွားပြန်သည်။
မိသားစုတွေ ခရီးသွားတုန်း သူငယ်ချင်းနဲ့ လွတ်လွတ်လပ်လပ် သောက်ဟယ်စားဟယ် သီချင်းဆိုဟယ်လုပ်ဖို့ စိတ်ကူးထားတဲ့ သူ့အစီအစဉ်တွေ ပျက်သွားသဖြင့် ညီညီ သိပ်မကြည်။
ပြန်ထွက်လာတော့မှ…
“သူတို့သားအမိက မင်းတို့အိမ်မှာ ပဲ နေမှာ လား”
“အေးပေါ့ ဒါပေမဲ့ ငါတို့အိမ်ဆိုပေမယ့် တကယ်တမ်းက အဲဒီ အိမ်ကို သူ့အဖိုး ပိုင်ခဲ့တာကွ သူ့အိမ်လို့လည်း ပြောလို့ ရတယ်”
“မင်းဒီလောက် စိတ်ဓာတ်ကျနေပုံထောက်ရင် မင်းညီမက တော် တော် ရုပ်ဆိုးလို့ပဲ ဖြစ်မယ်”
တကယ်တော့ သူမရုပ်ဆိုးတာ ရုပ်ချောတာထက် ကိုယ့်ရင်ထဲငြိတွယ်ပြီးသား ရည်းစားရှိ နေလို့ပါပဲ။
သူမကို ဘယ်ရှုထောင့်ကမှ အကောင်းမမြင်နိုင်။
“အစတုန်း ကတော့ ညီမကိုဆိုပြီး တစ်ခါမှတောင် မိတ်မဆက်ပေးတဲ့ကောင် ဒီလိုအစီအစဉ် ကို မင်းကြိုသိနေလို့မဟုတ်လား။ ဟား ဟား မှန်မှန်ပြောစမ်း”
“မသိပါဘူးကွာ ထင်ကိုမထင်တာ။ သူဒီအရွယ်ရောက်မှ ငါမြင်ကိုမမြင်ဘူးတာ။ မြင်ဖူးဖို့ လည်း စိတ်ထဲတောင်မရှိတဲ့ဥစ္စာကွာ။ အခုမှ နေရင်းထိုင်ရင်း အဘွားက ပြဿနာရှာတာ ဘယ်က နေစတဲ့ အိုင်ဒီယာမှန်းမသိဘူး။ တောက် အခုလည်း ဒီသရဲမလေးနေဖို့ ငါ့အခန်းကို လှယ်ပေး ရ တယ်ကွာ မင်းစဉ်းစားကြည့် ဒီဟာမလေးက ဘာလဲ။ အိမ်မှာ သူ့ကိုပဲ ဦးစားပေးရမှာ လား။ သူက ဘာမို့လို့လဲမေမေရာ အဘွားရော ပြာယာတွေ ခတ်နေတာပဲ။ အိမ်မှာ နေရင် ဒါတွေ မြင်နေကြားနေ ရပြီး နားညည်းရမှာ စိုးလို့ မင်းဆီထွက်လာတာ”
“ဒါဖြင့် မင်း ဒီမှာ အိပ်ပေါ့ အဲဒါကောင်းတယ်”
“မအိပ်ပါဘူး ဒီည မင်းဆီသာအိပ်ရင် ငါ့အမေ ဒီကိုလိုက်ချလာမှာ ဆယ်နာရီ ဆယ့်တစ် နာရီဂိတ်ပဲလို့ ပြောလာတာကွ”
“မင်းကိုကလည်း ကြောက်ချီးပန်းပါတယ်”
ညီညီက သူ့ကို ပျစ်ပျစ်နှစ် နှစ် ပဲ ဝေဖန်သည်။
သူတွေးနေလို့သာ ဒီအထိ အစီအစဉ်တွေ ဖြစ်လာတာဟု ဒီကောင်က မှတ်ချက်ချတာ။
ရေမွှေးကိုလည်း ဒီကောင်ပဲ အတို့အထောင်သွားလုပ်တာ။
အခု ရေမွှေးက သူ့ကိုအတွေ့ မခံ။ အထင်တွေ လွဲပြီး ရှုပ်ထွေးကုန်မှာ စိုးရိမ်သည်။
သူဘယ်နည်းနဲ့မှ ရေမွှေးနဲ့ အဝေးမခံနိုင်။ မခွဲခွာနိုင်။ ဖြစ်တဲ့နည်းနဲ့ ရေမွှေးကိုသာ အရယူဖို့ ဆုံးဖြတ်ထားသည်။
“ဒီအချိန်ကို ကျော်ဇောကြီးရှိရင်လည်း အကောင်းသားကွ။ မင်းကိုယတြာလေးဘာလေး လုပ်ပေးလို့ရတာ ပေါ့ ဟား ဟား”
သူတို့ဘော်ဒါအုပ်စုထဲက အသက်အကြီးဆုံးလူပျိုကြီး ကိုကျော်ဇောကို ညီညီက သတိရ လိုက်၏ ။
ကိုကျော်ဇော ကတော့ ဗေဒင်တွေ ၊ ယတြာတွေ တကယ်ယုံပြီး လေ့လာလိုက်စားနေတဲ့ သူပါ။ ဒါပေမဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ ကြားမှာ တော့ သူ့ခမျာ အလကားပေးတင်း ဟော ပေးရင်း အဟားခံရတဲ့အခါ ခံရသေးသည်။
သို့သော် ကိုကျော်ဇောကြီးက စိတ်မဆိုးတတ်။
အပေါင်းအသင်းတွေ ကို အင်မတန်ခင်သည်။
“အေးလေကွာ အရေး ထဲ တို့က ကျိုက်ထီးရိုးသွားနေကြတယ်”
“သူလာရင်တော့ မင်းညီမရှင်လွမ်း အမြန်ပြန်တဲ့နည်းလေးတောင်းကြည့်ပေါ့”
“တော် စမ်းပါကွာ မင်းက အရေး ထဲ နောက်နေတယ်”
တကယ်တော့ ညီညီ့စကားတွေ ကြောင့်ပဲ ရေမွှေးချိုနဲ့ တောင် ဆုံတွေ့ ခဲ့ရတဲ့နေ့ ကလေးကို သူ ဖျတ်ခနဲ ပြန်သတိရလွမ်းသွားမိသည်။
အဲဒီ နေ့ညနေက သူတို့သူငယ်ချင်းချင်းယောက် သား BLAZON က (J. Donut) ဆိုင်က လေးရဲ့ အပြင်ဖက်ကစားပွဲမှာ အေးအေးလူလူ ထိုင်စကားပြောကာ ရယ်ပွဲဖွဲ့နေကြတဲ့အချိန်မှာ ပေါ့။
ကိုကျော်ဇော အပါအ၀င် ဥက္ကာပျံ၊ ညီညီနိုင်၊ ရင်ထွေး၊ မိုးလွင်တို့ ငါးဦးသား စားပွဲ ၀ိုင်းတစ် ၀ိုင်းမှာ ဆူညံရှုပ်ထွေးစွာ စီးကရက်မီးခိုးတွေ လည်း တထောင်းထောင်းဖွာလျက်ရှိနေသည်။
“ဟေ့ကောင် မိုးလွင် ဒီကော်ဖီနဲ့တော့မရဘူး။ နေ့လယ် က ချက်စ်ထိုးတာ သုံးပွဲစလုံး ဒီကောင်ရှုံးတာ မင်းတို့မြင်တယ်နော် မနက်ဖြန်တော့ ဘီယာတိုက်ရမှာ ပဲ”
“အေးပါဗျာ ညနေဖက်ကြီး ဘာဗေဒင်ဟောရမှာ လဲ နေ၀င်ချိန်ဆိုတာ ကောင်းတာဟောလို့ မရဘူးကွ နားလည်လား”
“ကိုကျော်ကြီးဟောရင် ဘယ်တုန်းကရော ကောင်းတာပါဖူးလို့လဲ”
“အေးလေ ပေါက်ကရတွေ ချည်းပဲ ပြောတာ”
ရင်ထွေးကလည်း ၀င်မဲ့ပါသည်။
“မင်းတို့ကိုယ်က အညံ့တွေ ထဲရောက်နေတာ”
“ရန်ဂြိုဟ်တွေ ၊ ပါပဂြိုဟ်တွေ ထဲက မထွက်ဘူး”
“အေးကွာ အင်္ဂါဂြိုဟ်တို့၊ စနေဂြိုဟ်တို့ တစ်ခါမှ ပို့မပေးဘူး”
“ဥက္ကာကိုကျ ရည်းစားဦးနဲ့ လွဲမယ့်ကံတဲ့။ ငါ့ကိုကျ ဘယ်သွားသွား သတိနဲ့သွား အက်စီး ဒင့် ဖြစ်တတ်တယ်တဲ့။ သူပြောတာသာ င့ါအမေကြားရင် ရင်ဘတ်ဖိပြီး ကားမောင်းခွင့် လိုင်စင်ပါ ပိတ်မှာ ”
“သူ့စားများ ကွာ တလွဲဗေဒင်ပါ”
“ဟ မယုံရင် မင်းတို့ဘာလို့ မေးသေးလဲ”
“အပျော်လေ အပျော်မေးတာ”
“မဟောဘူးကွာ မင်းတို့ ဟောရတာ ငါသိက္ခာကျတယ်”
“အင်မတန် ၀ါသနာကြီးတဲ့ ကိုကျော်ဇောကြီးက အထာကိုင်နေတာ။”
“ဟေ့ကောင်တွေ မင်းတို့ အဲလိုမပြောနဲ့ သူ့ညာကို လေးစားရမယ်ကွ မဟုတ်ဘူးလား”
“ဟုတ်တာပေါ့ ဟုတ်တာပေါ့”
“တော် ပြီ လာမမေးကြနဲ့”
“လုပ်စမ်းပါ ကိုကျော်ကြီးကလဲ”
“ဘာနဲ့သွားတွက်ရမှာ လဲကွာ စာရွက်မပါ ဘောလ်ပင်မပါနဲ့”
မရဘူးကွ မဟာဘုတ်တိုင် ထူရမှာ ဇာတာစစ်ရမှာ “
“ဒါများ ဗျာ အောင်လံထူစစ်သူကြီးပွဲ မဟုတ်လား။ လက်ထောက်ပြီး ထူလိုက်ရင် ရပါတယ်”
“မင်းရရင် မင်းဘာသာ တွက်ပါလား။ ငါ ကတော့ မရဘူး”
“ကိုကျော်ကြီးကလည်း စိတ်ဆိုးပြန်ပြီ”
“ဟုတ်သားပဲ ခင်ဗျားကလည်း တွက်ဖို့စာရွက်မရှိရင် လည်း အင်္ဂါရုပ်ဖတ်တာတို့ လက္ခဏာ ကြည့်တာတို့ လုပ်ပေါ့”
အားလုံးထဲမှာ ရုပ်အချောဆုံး အသားနားဆုံး ဥက္ကာပျံက အကြံပေးလိုက်တာ ဖြစ်သည်။
ဥက္ကာစကားကိုတော့ ကိုကျော်ဇောက အတော် အတန် အလေးအနက်ထားသူ ဖြစ်ရာ ငြင်းသံထပ်ထွက်မလာ။
“ဘယ်လိုလဲ ဘယ်သူအရင်ကြည့်မှာ လဲ”
ဥက္ကာက ဆက်ဖွလိုက်ပါသည်။ ဒီတော့ ဟိုကောင်တွေ လည်း လှုပ်လှုပ်ရွရွ ဖြစ်လာသည်။
ဘာရယ်တော့မဟုတ်၊ တစ်ယောက် ကိုဟောရင် ကျန်တဲ့သူတွေ က ဟာသလုပ်ဝိုင်းရယ် ၀ိုင်စချင်တာ။
သူတို့နည်းနည်း ပျင်းတဲ့အခါ ဒီလိုပဲ ကိုကျော်ကြီးထံ ဗေဒင်တွက်ခိုင်းနေကျ။
ကိုကျော်ဇောကြီးကလည်း လည်သည်။
သူ့ကိုပညာစမ်းလို့မရ။ တစ်ခါနှစ် တစ်ခါ မထပ်အောင် ဟောပေးပြောပေးတတ် သည်။
ဒီတစ်ခါလည်း သူက..
“အေးလေ မင်းတို့ ဒီလောက်တောင်းဆိုနေတော့လည်း တတ်သည့်ပညာ မနေသာဆိုတဲ့ သဘောပေါ့ကွာ တစ်ယောက် တစ်မျိုးစီပဲ ဟောမယ် ဟုတ်ပြီလား”
“တစ်ခုတည်းလား နည်းတာပေါ့”
“ခင်ဗျားအရင်က ပြောပြီးသားတွေ ထပ်မပြောနဲ့နော်”
“ဟုတ်တယ် အသစ်ပဲ ခံစားချင်တယ် နယူးလေး”
သူ့ကို တစ်ယောက် တစ်ပေါက် ၀ိုင်းဦးနှောက်စားကြ၏ ။
“အဟမ်း..အဟမ်း..”
ကိုကျော်ကြီးက လည်ချောင်းရှင်းလိုက်၏ ။
“ဒီနေ့ပြောမှာ က အသစ်ပါကွ နာမည် နဲ့ ဓာတ်သဘောလေးတွေ ပေါ့ ပညတ်သွားရာ ဓာတ်သက်ပါ လို့ဆိုတယ် မဟုတ်လား”
ပညာရှိလေသံနှင့် ဤသို့စတင်လိုက်ပါသည်။
“အက္ခရာတွေ အားလုံး သူ့သဘောနဲ့သူဆောင်တယ်ကွ သူ့မှာ ဂဏန်းလေးတွေ လည်း ရှိပြီး သား”
“ဘာဂဏန်းလဲဗျ”
“ဂဏန်းပဲလား ပုဇွန်တွေ ဘာတွေ ရော”
“အေး မင်းတို့ အဲဒီ လိုနောက်တီးနောက်တောက်နဲ့ဆို ငါမဟောဘူး တော် ပြီ”
“ဟေ့ကောင်တွေ တိတ်ကြ မနောက်နဲ့”
ဥက္ကာပျံက စားပွဲပေါ် လက်ဝါးနဲ့ တစ်ချက်ပုတ်၍ ၀ိုင်းကို ထိန်းလိုက်သည်။
“ကဲ ကဲ ဟောတော့ရပြီ”
“ဘယ်သူ့ကို အရင်ရမှာ လဲ”
“ဥက္ကာပျံကနေပဲစပေါ့ ဒီကောင်က အခုကိုပဲ မိန်းမလိုချင်နေပြီ။ ဒီနှစ် ထဲမှာ မိန်းမ ကျိန်း သေပေါက်ရမလား။ ရရင်ရော ဘယ်လိုပုံစံလဲ။ ဘာနေ့သမီးလဲ လုံးဝအတိအကျနော် ကိုကျော်ကြီး မှားရင်တော့ ခင်ဗျားဗေဒင်ကို တစ်သက်လုံးမယုံတော့ဘူး ဒါပဲ”
ညီညီနိုင်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“စောင့်ကြည့်ပေါ့ကွာ မင်းက တနင်္ဂနွေသွားမို့လား ဟေ့ေ၈ာင် မွေးနေ့နဲ့ မွေးလပြော”
“လွတ်လပ်ရေး နေ့”
“တစ်လပိုင်း လေးရက်နေ့ဆိုတော့ ပေါင်းခြင်းငါး”
“အဲဒီ တော့ဘာ ဖြစ်လဲ”
“ရောက်ဆဲသက္ကရာဇ်ကို ပေါင်းတော့ နှစ် ထောင့်ရှစ်ဆိုတော့ တစ်လုံးတည်း ဖြစ် အာင် ပေါင်းရင် တစ်၊ တစ်နဲ့ငါးပေါင်းတော့ ခြောက်”
“ဥက္ကာ မင်းကို အခြောက်တဲ့ ဟီး ဟီး ဟုတ်လားဟင် အစ်ကို”
ဥက္ကာက ရင်ထွေးကို ဇက်ပိုးတစ်ချက် လှမ်းအုပ်ပစ်လိုက်၏ ။ ကျန်တဲ့ကောင်တွေ က တ၀ါးဝါး တဟား ဟား သဘောကျသွား သူတို့ဝို်င်းမှာ အဆူညံဆုံး ဖြစ်နေပါသည်။
ကိုကျော်ကြီးက သူတို့ရယ်သံနည်းနည်း တိတ်တာနှင့် ….
“ပေါင်းခြင်းခြောက် ရတယ်ဆိုတော့ မင်းဒီနှစ် ထဲမျာ စွံကိုစွံတော့မှာ တစ်၊သုံး၊ ခြောက် ရှစ်ထဲက တစ်လုံးကျရင် မေတ္တာရေး ကံကောင်းတယ်ကွ မင်းရမယ့်မိန်းကလေးက အင်း”
ကိုကျော်ကြီးက စိတ်တွက်တွက်နေပြန်ပါသည်။
“ဗုဒ္ဓဟူးပဲကွ”
“ခင်ဗျား ကတော့ လုပ်ချလိုက်ပြီ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးက ဖြစ်နိုင်မလားဗျ။ အင်းဝ ကြီး ဖြစ်နေ ပြီလေ”
ညီညီနိုင်က အတွန့်တက်ပေမယ့် ကိုကျော်ကြီးက ဇွတ်ပဲ အတည်ပြုပါသည်။
“ဗုဒ္ဓဟူးက ကျိန်းသေတယ်”
“ရုပ်ကရော”
“ရုပ်ကရော”
“ရုပ်ကလေး ကတော့”
ထိုစဉ်မှာ ပင် ဂျေဒိုးနတ်ဆိုင်လေးရဲ့ တံခါးကို တွန်းဖွင့်ထွက်လာသူ မိန်းကလေးတစ် ယောက် ကြောင့် အားလုံးရဲ့ အကြည့်တွေ က သူမဆီ စုံပြုံကျရောက်သွားရသည်။
နံ့သာရောင် အထက်အောက်ဝတ်စုံလေးနှင့် ဆံနွယ်တွေ တစ်ကိုယ်လုံး အိအိတုန်တုန် ဖုံးလွှမ်းထားတဲ့ သူမရဲ့ သိမ်မွေ့အေးချမ်းတဲ့ ကဗျာဆန်ဆန်ဟန်ပန်လေးဟာ အားလုံးဝိုင်းငေးကြ တာလည်း အပြစ်ပြောမရ။
ကိုကျော်ဇောက ပြောလက်စစကားတန်းလန်းနှင့် ရပ်သွးသလို နားထောင်နေတဲ့ ကောင် တွေ ရဲ့ အာရုံတွေ ဟာလည်း သူ့ဆီမှာ တစ်ယောက် မှ မရှိတော့ဘူးလေ။
မျက်လုံးငါးစုံရဲ့ အာရုံတွေ ဟာ ဆံပင်ရှည်မလေးဆီမှာ ။
ပင်န်ဆယ်လ်ဟီး အနက်ရောင် ပြောင်ပြောင်လေးနှင့် တစ်လှမ်းချင်း နွဲနှောင်းစွာ လျှောက် လာသော ယဉ်တစ်ကိုယ်မယ်လေးကြောင့် အားလုံး အသက်ရှူမှားကုန်ရ၏ ။
သူတို့တစ်ဝိုင်းလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။
သူမရဲ့ ဝေ့ခနဲ တစ်ချက်အကြည့်မှာ ဥက္ကာပျံနှင့် တန်းတန်းမတ်မတ် မျက်လုံးချင်းဆုံမိ သည်။
ရင်သပ်ရှုပ်မော ဖြစ်ရအောင် ကျက်သရေရှိပြီး ဆွဲဆောင်ညှို့ယူနိုင်တဲ့သူမရဲ့ အလှအပမှာ ဥက္ကာမြင်မြင်ချင်း တွယ်ငြိသွားမိတာ ၀န်ခံပါသည်။
သူမက ဥက္ကာစိတ်တွေ ကို ဖျားယောင်းသိမ်းပိုက်လိုက်နိုင်သည်။
သူတို့စားပွဲနားက ဖြတ်အလျှောက်မှာ သူမက လှစ်ခနဲ အပြုံးတစ်ပွင့်ခြွေသည်။
ဒါပေမဲ့ သူမရဲ့ အကြည့်က ကိုကျော်ကြီးဆီမှာ ..
“ဟာ ရေမွှေးရှော့ပင်လား”
“ဟုတ်ကဲ့အစ်ကို”
ကိုကျော်ကြီးနှင့် သိနေတာကို ဥက္ကာပျံ ထခုန်မတတ် ၀မ်းသာသွားရပါသည်။
သူမရဲ့ အမည် က ရေမွှေးဆိုပါလား။
ရွစိရွစိ ဥက္ကာပုံစံကြောင့် ကိုကျော်ကြီးကလည်း သူသိသလောက်ပြောပြသည်။
“ရေမွှေးချိုက ဖက်ရှင်ဒီဇိုင်နာလေ၊ ငါ့ညီမက သူ့ဆီအမြဲတမ်းအင်္ကျီချုပ်နေကျ၊ ညီမလေး ကို လိုက်ပို့ရင်းက ရေမွှေးနဲ့ပါ ခင်နေတာကွ မင်းသိချင်ရင် မိတ်ဆက်ပေးမယ်လေ”
“ကောင်းတယ်ဗျာ ခင်ဗျားက အဲဒါတွေ အားကိုးရတာ လုပ်စမ်းပါဦး”
ဒီလိုနှင့် ကိုကျော်ဇောကတစ်ဆင့် သူမနှင့် သိကျွမ်းရင်း နှီးခွင့်ရ သွားပါသည်။
ထိုနေ့မှအစပြုကာ သူယောင်မယ်လေး ရေမွေးချိုက သူ့နှလုံးသားထဲ စတင်ခိုဝင် လာခဲ့တာ ဖြစ်သည်။
*****
(၅)
သူ့အခန်းသူနေ၊ ကိုယ့်အခန်းကိုယ်နေ ဆိုပေမယ့်လည်း အန်တီဝေတို့သားအမိ ရောက်လာ တာဟာ ခဏတဖြုတ် ဧည့်သည်လာတာမျိုးမဟုတ်သဖြင့် ဥက္ကာပျံမှာ အလကားနေရင်း စိတ်ကျဉ်း ကြပ်နေရပါသည်။
အထူးသဖြင့် ရှင်လွမ်းမယ်နှင့် ပို၍ မျက်နှာချင်းမဆိုင်ချင်။
သူမ ကတော့ ဒီအိမ်ကိုရောက်လာတဲ့နေ့ကတည်းက သူ့အိမ်သူ့ယာရောက်လာသလို ပိုင်နိုင် သေချာမှု အပြည့်နှင့် အိမ်ကြီးရှင်စတိုင်လ် ဖမ်းနေတယ်ဟု သူထင်သည်။
ရုပ်လေးကဖြင့် မလောက်လေးမလောက်စား။
မျက်နှာနုနုလေးဖြင့် ဆံပင်တိုကပ်ကပ် ခပ်ဖောင်းဖောင်းလေးကို ဆေးနှစ် ရောင် ခြယ်ထားပုံ က အစ ကလေးဆန်လွန်းသည်။
မျက်ဝန်းလေးတွေ ကတော့ ကြည်လင်နက်ရွှန်းတောက်ပသည်။
ဝတ်လိုက်လျှင် ကိုယ်ကျပ်တီရှပ်ကလေးတွေ ၊ သရီးကွာတား ဘောင်းဘီလေးတွေ နှင့် မို့ အသက်နှစ် ဆယ်ပြည့်ကာနီးဟုပင် မထင်ရ။
သူမ၀တ်တဲ့ ဂါဝန်လေးတွေ ဆိုရင်လည်း အတွန့်အဖတ်လေးတွေ ၊ စနိုပီရုပ်ကလေးတွေ နှင့် ဆယ်လေးငါးနှစ် သမီးပဲထင်ရတာ ။
တစ်ခါတစ်ရံ ဆံပင်လေးပင့်တင်၍ သူ့ကို စူးစမ်းဟန်နှင့် ကြည့်တတ်သေးသည်။
ထိုအခါမျိုးမှာ ဥက္ကာပျံက မသိယောင်ဆောင်ကာ ခပ်တည်တည်အကြည့်လွှဲနေလိုက်၏ ။
ဒါကလေးကို လက်ထပ်ယူရမယ်ဆိုတာ ဘယ်လိုမှ ခေါင်းထဲထည့်လို့မရ။ သူ့စိတ်ထဲက ရင်း လည်းမရင်းနှီး။
ဒီကောင်မလေး စိတ်ညစ်ပြီး နောက်ဆုတ်ပြန်သွားရင် ကောင်းမယ်ဟုသာ ဥက္ကာပျံက တွေးသည်။
သူ့ဟာနှင့် သူ အဘွားအမိန့်ကို မလွန်ဆန်နိုင်တိုင်း ရှင်လွမ်းကိုပဲ မဲမိသည်။ ကြည့်ရင်း ကြည့်ရင်း အမြင်ကပ်မိသည်။
သူကသာ အမြင်ကပ်ပြီး စိတ်တွေ အိုက်နေသော်လည်း လူကြီးတွေ ကတော့ သူတို့နှစ် ယောက် ဘယ်တော့အဆင်ပြပေါ့မလဲပဲ စောင့်ကြည့်ရင်ခုန်နေကြပုံပေါ်သည်။
“သားရေ ရှင်လွှမ်းလေးကို ရှော့ပင်လိုက်ပို့လိုက်ပေးပါဦး”
“သားရေ သမ္မတကကားလေးကောင်းတယ်၊ သိပ်ရယ်ရတယ်ပြောတာပဲ ရှင်လွမ်းလေး လည်း အိမ်မှ တစ်ယောက် တည်း ပျင်းနေတာ၊ ဒီညနေ ရုပ်ရှင်သွားကြည့်ကြပေါ့။ မေမေကိုယ်တိုင် လက်မှတ်ဘွတ်ကင်လုပ်ထားပေးမယ်လေ နော်”
“သားရေ ဒီညအပြင်ထွက်မသွားနဲ့ဦး ရွှိုရယ်ဂါးဒင်းသွားကြမယ်ဟေ့ သိလား”
“ဟဲ့သား သီတင်းကျွတ်လပြည့် ကရ၀ိတ်မှာ ရှိုးပွဲသွားကြမယ်ဟေ့ သိလား”
“ဟဲ့သား သီတင်းကျွတ်လပြည့် ကရ၀ိတ်မှာ ရှိုးပွဲရှိတယ်ဆို၊ ရှင်လွမ်းလည်း မြန်မာပြည်က အဆိုတော် တွေ အားမပေးရတာ ကြာပြီ ခေါ်သွားလိုက်ပါဦး”
ရှိုးပွဲဆို ဟိုတယ်ရော မျှော်စင်ကျွန်းရော လက်လွှတ်မခံတတ်တဲ့ သူ့အကြောင်းကိုသိတာမို့ မေမေက ရှင်လွမ်းကိုထည့်လွှတ်ဖို့ အကြံရ၏ ။
သူက အိမ်မှာ ကြာကြာစကားမပြော ဖြစ်အောင် ရှောင်ပေမဲ့အကွာ။ မေမေနှင့် အန်တီဝေတို့ က သူတို့နှစ်ယောက် အဆင်ပြေရင်းနှီးအောင် နည်းမျိုးစုံနှင့် ကြံဆောင်နေကြသည်။
ဥက္ကာပျံသည် မေမေ့ကို ဆင်ခြေပေးအကြောင်းမျိုးစုံပြကာ တတ်နိုင်သမျှ တွင် တွင် ငြင်းပေ မယ့် တစ်ခါတစ်ရံ ဘယ်လိုမှ မလွှဲသာမရှောင်သာ သူမနှင့် အတူ သွားရတဲ့အခါတွေ လည်း ရှိပါ သည်။
ထိုအခါမျိုးမှာ ကားကို ခပ်ကြမ်းကြမ်းမောင်းရင်း သူက နှုတ်ပိတ်နေလိုက်သည်။
ရှင်လွမ်းက သူ့အမူအရာ မလိုလားတာရိပ်မိပြီး စကား စစ သိပ်မပြောရဲရှာ။
ဒါကိုပဲ ဥက္ကာက သဘောကျနေသည်။
“ဖြေးဖြေးမောင်းပါလား”
သူမက တစ်ခွန်းမရဲတရဲပြောလျှင်..
“ငါ ဒီလိုပဲ မောင်းတတ်တယ် မင်းမစီးရဲရင် တက္ကစီငှားသွားလိုက်၊ ဒါပဲရှိတယ်” ဟု သူက ဂျစ်ကန်ကန်တုံ့ပြန်လိုက်တာ ပဲလေ။
အသွင်မတူဘူး။ သူတို့ကိစ္စမ ဖြစ်နိုင်ဘူးဆိုတာ ရှင်လွမ်းကို သူသဘောပေါက်စေချင်တာ အမှန်။
အဘွားက တကယ်လား၊ ဟန်ဆောင်တာလားမသိပေမယ့် သွေးတိုးတယ်ဆိုပြီး အိပ်ရာ ထဲ လဲသွားလို့သာ သူက နားညီးသက်သာအောင် ရှင်လွမ်းကို လက်ထပ်ပါ့မယ် ကတိပေးလိုက် ရပေမယ့် သူ့အနေနှင့် က ဒါဟာတဒင်္ဂအလွယ်ဖြေရှင်းထားတာပါ။
တကယ်တမ်း ရေမွှေးကလွဲရင် သူဘယ်မိန်းကလေးမှ ချစ်လည်းမချစ်နိုင်။ ယူလည်း မယူ နိုင်။
ကားပေါ်က ဆင်းလျှင် သူ့မျက်နှာစူပုတ်ပုတ် ရှူတင်းတင်းကြီးနှင့်သာ ခြေလှမ်းကျဲနှင့် ရှေ့ လျှောက်၏ ။
လာလေဟုပင် တစ်ခွန်းမခေါ်။
ရှင်လွမ်းမှာ အပြေးတစ်ပိုင်း သူ့ခြေလှမ်းမှီအောင် မနည်းလိုက်ရသည်။
ဥက္ကာပျံ။
သင်းဟာ အတော် ဆိုးတဲ့လူ။ ဂျစ်ကန်ကန်၊ အပေါက်ဆိုးဆိုးကြီး ချောမောခန့်ညားလို့များ တစ်စက်မှ အထင်ကြီးစရာမရှိပါလားနော်။
ရှင်လွမ်းက ရင်ထဲမှာ မကျေနပ်တိုင်း သူ့ကျောပြင်ကြီးကို အခါအခါ မျက်စောင်းရွယ်သည်။
နားလည်မှု မရှိတဲ့သူ၊ ယဉ်ကျေးမှု နည်းတဲ့သူ၊ တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ အတ္တကြီးတဲ့ သူ၊ တစ်ဖက်သတ်ဆန်တဲ့သူ၊ဘ၀င်မြင့်တဲ့သူ။
ရှင်လွမ်းရင်ထဲက မှတ်ချက်တွေ ထဲ တစ်ချက်ကလေးပင် အကောင်းမပါ။
ရှင်လွမ်းကို မိန်းကလေးရယ်လို့ ဖေးမငဲ့ညှာစိတ်လေးတောင် မ၀င်တဲ့ သင်းကို အမုန်းကြီး မုန်းပစ်လိုက်ချင်သည်။
သူ့နောက်က အပြေးတစ်ပိုင်း လိုက်မိတဲ့ ကိုယ့်ကိုယ်ကိုလည်း ရှင်လွမ်း နားမလည်တော့ ပါဘူး။
သြစတေးလျတုန်းက ဒီကရောက်နေတဲ့ ဆရာဝန်ပေါက်စလေး တစ်ယောက် ကိုယ့်ကို အသည်းအသန် အရေး ပေးတုန်းကဖြင့် မတုန်မလှုပ်နေနိုင်လွန်းတဲ့ ဒီနှလုံးသားဟာ သူ့ကို လေ ဆိပ်မှာ စတင်တွေ့ လိုက်ရကတည်းက ခုန်ပေါက်ထူပူဗရမ်းဗတာတွေ ဖြစ်ခဲ့ရတယ်ဆိုတာ ကိုယ့် အကြောင်း ကိုယ်အသိဆုံးပဲလေ။
သူ့ကို အရင်တွေ့ ဖူးတာ သူဆယ့်လေးနှစ် သားအရွယ်လောက်တုန်းကဆိုတော့ ဒီလောက် ချောမောရင်ခုန်စရာကောင်းမယ်၊ ဆွဲဆောင်မှု ရှိမယ်ဟု မထင်ခဲ့။
လေဆိပ်အဆောက်အအုံထဲ ရပ်နေတဲ့ သူ့ပုံစံဟာ စတိုင်လ်ဘောင်းဘီဖြူဆွတ်ဆွတ်၊ မိုးပြာ ရောင် ရှပ်လက်ရှည်နှင့် ထင်းခနဲ နေကာ မျက်မှန်ပြာဖျော့ဖျော့ကို နဖူးပေါ်ပင့်တင်ထားပြီး သူမထံ မျက်ခုံးရှုံ့ လှမ်းကြည့်လိုက်တဲ့ စူးခနဲအကြည့်တစ်ချက်ကို ရှင်လွမ်းခုထိမမေ့သေး။
ပြီးတော့ သူပဲမကြည့်နေသလို ချာခနဲလှည့်ပစ်ကာ ကမ်းထရီးဘွတ်နှင့် လျှောက်သွား ဟန်က မာနတံခွန်သားဆိုတဲ့ပုံစံ။
မြင်မြင်ချင်းမှာ လည်း ဘာကြောင့် မှန်းမသိ။ အားငယ်ခဲ့ရပါသည်။
အိမ်ရောက်ပြီးတဲ့အခါလည်း သူ့ရဲ့ အေးစက်တင်းမာတဲ့ ဆက်ဆံရေး ပုံစံကြောင့် ရင်နင့် အောင် အံ့သြခံစားရပါသည်။
ရှင်လွမ်းကို သူမနှစ်သက် ဘူးထင်ပါရဲ့ ။
ဒါဖြင့် ရှင်လွမ်းကရော..
ထိုမေးခွန်းကို ကိုယ့်ဘာသာပြန်မမေးရဲ။
မုန်းသင့်တာပါ။
လူကြီးတွေ စီစဉ်တဲ့ကိစ္စလည်း ငြင်းသင့်သည်ဟုထင်မိသည်။
သူက ရှင်လွမ်းကို အပြင်သာခေါ်လာရသော်လည်း အများ အပြင်မှာ စုံတွဲ အထင်ခံချင်ပုံမရ။
လူတွေ ထူလေ ခပ်ခွာခွာ လျှောက်လေပါ။
လူတွေ ကြားထဲ မျက်စိလည်ပြီး ကျန်ခဲ့ရင် သူပိုကြိုက်မည့်သဘောမို့ ရှင်လွမ်းမှာ သူ့ကို ကလေးလိုပဲ အပျောက်မခံရဲ။
အိမ်ကိုလည်း တကွဲတပြားစီ ပြန်မသွားရဲပါဘူး။
အမြင်ကပ်ကပ်နှင့် သူ့လက်မောင်းကို အတင်းဆွဲဖက်ထားမိတော့မည် ။
သူကများ ကောက်ညှင်းကမစေးဘဲ ဆန်းကြမ်းကစေးရတယ်လို့။
ရှင်လွမ်းရင်ထဲ မခံချင်စိတ်ကလည်း ရုန်းကြွလာပါသေးသည်။
ဒီမှာ လည်း ကိုယ့်မာနနဲ့ ကိုယ်ပဲ။
သူ့ကို ဘယ်သူက ကြိုက်လှပါပြီပြောလို့လဲ။
အလကား ဘ၀င်မြင်နေတဲ့လူကြီး။
ဟွန်း….မုန်းဖို့ကောင်းလိုက်တာ။ မုန်းလွန်းလို့ ငါတော့ သေမှာ ပဲ။ ကျွတ်။
ရုပ်ရှင်ကြည့်ကြတဲ့ နေ့တုန်းကလည်း တစ်ဖက်က အမျိုးသားရှိတဲ့ဖက်မှာ ရှင်လွမ်းကို ထိုင်စေပြီး သူ ကတော့ ဟိုဖက်က ကောင်မလေးချောချောနား ထိုင်သည်။
ကြည့်ပါဦး ဘယ်သူက အဲလိုလုပ်မှာ လဲ။
ရှင်လွမ်း ဒေါသတွေ ဖြစ်လိုက်ရတာ ။
ဘေးက အမျိုးသားက ကပ်ထိုင်ချင်အောင်လည်း မသားနားတော့ အရွဲ့တိုက်လို့ကလည်း မ ဖြစ်။
သူ ကတော့ ရှင်လွမ်းနှင့် အသားချင်းလုံးဝမထိအောင် သတိဆွဲပြီး ယိုင်စရာရှိတောင် ဟိုဖက်က မိန်းကလေးဖက်ပဲ ပိုယိုင်ပြတာ။
နေပေါ့၊ ဘာ ဖြစ်သေးလဲ
ရှင်လွမ်းကရော သူ့ကိုလွမ်းမှာ တဲ့လား။
ရုပ်ရှင်ထဲက ရယ်စရာထက် ကိုယ်က ပိုအော်ရယ်ပေးလိုက်သည်။
“ဟား….ဟား…..ဟား….”
သူက အားပါးတရ အကျယ်ကြီးအော်ရယ်တဲ့ ရှင်လွမ်းကို ဒီလောက်ရယ်ရကောင်းလားဟု မျက်ခုံးရှုံရှုံနှင့် လှည့်ကြည့်သေးသည်။
မိန်းကလေး ဖြစ်ပြီး ခွက်ထိုးခွက်လန် အရယ်သန်လှချည်လားလို့ ကဲ့ရဲ့ ရှုံချတဲ့ အကြည့်ဟာ အမှော င်ထဲမှာ အထင်းသားပဲ။
အဲလိုသူကြည့်တော့ ရှင်လွမ်းက အရွဲ့တိုက်ပြီး တစ်ကိုယ်လုံးလှုပ်ပြီးတော့တောင် ပိုရယ်ပစ်လိုက်သေးသည်။
အခုလည်း သူ့ကို အင်္ကျီနောက်က ပြေးဆွဲချင်တာ အသည်းတွေ ယားလို့။
“ဟဲ့…ဥက္ကာ ၊ ယူ မိန်းကလေး တစ်ယောက် ကို နည်းနည်း ပါးပါး အတူစောင့်ခေါ်ရမယ်ဆို တာတောင် နားမလည်ဘူးလားဟင်၊ ယူ ရိုင်းလှချည်လား” ဟု ပြောပစ်ချင်လှသည်။
သူနှစ် နှစ် ပိုကြီးမှန်းသိသည်။ ရိုရိုသေသေကို ဥက္ကာဟု ခေါ်ချင်စိတ်ပင်မရှိတော့တာ။
လူစည်ကားလှတဲ့ ကရ၀ိတ်ညချမ်းလှလှလေးမှာ ရှင်လွမ်းရင်ထဲမှာ တော့ အလိုမကျ ဒေါသစိတ်တွေ ဖိစီးလောင်ကျွမ်းနေရသည်။
သူ ကတော့ နောက်မှာ ရှင်လွမ်း တစ်ယောက် အလျှင်အမှီလိုက်သုတ်ခြေတင်ကာ ပါလာမည် ဟု စိတ်ချလက်ချ ယုံထားပုံဖြင့် ပြန်တောင်လှည့်ကြည့်မနေ။
သို့သော် နေရာက ကတ္တရာလမ်းအတိုင်း မျှော်စင်ကျွန်းဘက်သို့ လျှောက်နေသည် ဖြစ်ရာ သူမလမ်းကိုသိနေသည်။ပြန်လှည့်ပြီး ကာဆီးသွားတတ်တာပဲ။
သူ့နောက်လိုက်မယ့်အစား ကားနားသွားရပ်နေလိုက်ရင် ရှင်လွမ်း ပျောက်ပြီဆိုပြီး သူရှာမလား။
လူကြားထဲ မျက်စိလည်လမ်းမှားသွားပြီဟု သူထင်မှာ ပဲမို့ သူ့ကို နည်းနည်း ကလိချင်သော ရှင်လွမ်းက ဆက်မလိုက်ဘဲ ခြေလှမ်းတုံ့ ဘေးကပ်နေလိုက်သည်။
သူက ခြေလှမ်းကျဲကျဲ ကော့ကော့ကျော့ကျော့ဖြင့် ရှေ့ဆက်လျှောက်သွား၏ ။
ဘောင်းဘီနောက်မှာ တွယ်ချိတ်ထားတဲ့ စတီးကြိုးတွေ လှုပ်တုပ်လှုပ်တုပ်နှင့် ခဏလေးပဲ ရှင်လွမ်းမြင်ကွင်းထဲမှာ သူ ကွယ် သွားပါသည်။
ဒီတာလမ်းပေါ် လူတွေ အများ ကြီး လျှောက်နေကြတာမို့ မျက်စိအဆုံးထိ မမြင်ရဘဲ တခြားလူတွေ နှင့် ကွယ်သွားတော့တာ။
စတိတ်ရှိုးပြုလုပ်ရာဘက်နားနီးမှ လက်မှတ်ဝယ်ဖို့ ပိုက်ဆံကြိုထုတ်ရင်း ဥက္ကာပျံက နောက်ဖက် မသိမသာပြန်ရှာသည်။
ဟ…ပါမလာပါလား။
သူ မျက်မှော င်ကုပ်၍ သေချာရှာဖွေကြည့်သည်။ လုံးဝ အရိပ်အယောင်မမြင်။
ဆံပင်ကို ကော်ဖီရောင် တစ်ဝက်နှင့် ငွေရောင် ကွက်ကြားလေး ဆိုးထားသဖြင့် သူမဆံပင်က မြင်သာတာမို့ လူကြားထဲ သိပ်ပြီးပျောက်နေစရာမရှိဘူးလား။ ၀တ်ထားတာ ကတော့ အသားကပ်ဘောင်းဘီရှည်လေးပေါ်က စကတ်အတိုမီးခိုးနှင့် အဖြူကွက်။ အပေါ်က စပို့ရှပ်လက်ရှည်အနက်။
ဖြူဝင်းသော အသားအရေမှာ အနက်ရောင် နှင့် ပနံရပြီး အများ ကြားထဲ ထင်းနေတတ်တာမို့ ပြန်လှည့်ကြည့်လို့မတွေ့ တော့ ဥက္ကာပျံ စိတ်တိုသွားမိ၏ ။
“တောက်”
သူ့ကိုလည်း လိုက်ပို့ရသေး ပဲများ ပြီး ဘယ်နားကျန်ရစ်မှန်းမသိ။
လူကလည်း ရန်ကုန်ရောက်ကာစ မအူမလည်လေး။ဥက္ကာ တစ်ချက်တော့ စိတ်ပူသွားမိ၏ ။ င့ါအပြစ်မဟုတ်ပါဘူး။လမ်းလျှောက်ရင်လည်း အိုက်တင်နဲ့ ဖြေးဖြေးလေး ကနွဲ့ကလျလှမ်းနေ တော့ သူ့ကို ဘယ်သူက စိတ်ရှည်မှာ လဲ။
ဥက္ကာပျံက ဘာဆက်လုပ် ရင်ကောင်းမလဲ ခဏရပ်ပြီး စဉ်းစားသည်။
ဘယ်နားထိ နောက်ကပါလာပြီး ဘယ်နားတုန်းက ကျန်ခဲ့သလဲ သူလည်း မသိဘူးလေ။
သူ ကတော့ ကားထဲက ဆင်းလျှောက်လာကတည်းက လုံးဝကို ပြန်လှည့်မကြည့်မိတာပဲ။
သွားလာနေကြတဲ့ လူရေစီးတန်းတစ်လျှောက် သူ ခဏငေးနေမိသည်။
ရှာတော့ရော လူတွေ ဒီလောက်များ နေတာ ဘယ်နားသွားရှာရမှာ လဲ
နေပစေ င့ါဟာငါ ပြန်သွားလိုက်မယ်။
သူမလည်း နိုင်ငံရပ်ခြားမှာ တောင် နေထိုင်သွားလာဖူးတဲ့ သူပဲ။
ဥက္ကာကိုမတွေ့ လျှင် သူ့ဟာသူ တက္ကစီငှားစီးမှာ ပေါ့။မဟုတ်ဘူးလား။ ပတ်ရှာနေမယ်တော့ မထင်။ ဥက္ကာပျံက ခပ်ပေါ့ပေါ့သာ တွေးလိုက်၏ ။
ဟာ…နေဦး ဘယ်ဟုတ်မလဲ။
င့ါကိုရှာလို့မတွေ့ ရင်တောင် ရပ်ထားခဲ့တဲ့ ကားဆီတော့ သူပြန်ရှာသွားရပ်စောင့်မှာ ပေါ့။
ထူပူပြီး မစဉ်းစားမိတာကွာ ကြည့်ဦး။
တစ်ယောက် တည်း အိမ်ကိုပြန်ချသွားရင်ရောဆိုပြီး ဥက္ကာအရင်ဆုံးစိတ်ပူလိုက်မိတာ။
စတိတ်ရှိုးမကြည့်ဘဲ ရှင်လွမ်း တစ်ယောက် တည်းသာ အိမ်ပြန်သွားခဲ့လို့ ကတော့ သူသေပြီပဲ။ အဘွားနှင့်မေမေ သူ့ကို ရစရာရှိအောင် ဆူပူကြိမ်းမောင်းကြမှာ ။
ကျွတ်..။
ဥက္ကာပျံ တစ်ယောက် တည်း ရှုံမဲ့စိတ်တိုနေမိ၏ ။
စတိတ်ရှိုးပွဲနားနီးမှ ဒီဖက်ကို နောက်ကြောင်းပြန်လှည့်လျှောက်တဲ့ သူ့ပုံစံက မှု န်ကုပ်ကုပ် ခပ်တင်းတင်းရုပ်နှင့်။
ရှင်လွမ်းသည် များ ပြားလှသော ရောင် စုံလူတွေ ကို မတ်တပ်ရပ် လက်ပိုက်ရင်း ငေးမော ကြည့်နေမိသည်။
ရန်ကုန်မှာ လည်း လူငယ်တစ်ချို့ရဲ့ ၀တ်စားဆင်ယင်မှု စတိုင်လ်တွေ ဟာ နောက်ကျမကျန် ရစ်ပါဘူး။
ခေတ်မီသော ပုံစံသားသားနားနားလေးတွေ ဟာ ကိုရီးယားမလေးလား။ ထိုင်းမလေးလား ထင်ချင်စရာ။
ကောင်ကလေးတွေ လည်း အလားတူ။
ဥက္ကာရဲ့ ကားကို လှမ်းမြင်ရလိုက်သော နေရာမှာ ခပ်ကွယ်ကွယ်ရပ်လျက် ဥက္ကာ ဒီဖက်ပြန်လျှောက်လာတာကို ရှင်လွမ်းစောင့်ကြည့်နေတာ။
သူ ရှင်လွမ်းကို ရှာတာလား သိချင်တာလည်းပါသည်။
စတိတ်ရှိုးကြည့်ဖို့ထက် သူ ရှင်လွမ်းကို ဟိုဒီရှာဖွေရင်း စိတ်ရှုပ်ဒေါကန်နေတဲ့ ရုပ်ကြီးကို ပို၍ ကြည့်မိတာအမှန်။
ဒါပေမဲ့ လိုက်ရှာရင်တောင် စိတ်ပူလို့မဟုတ်ဘဲ အိမ်ကလူကြီးတွေ ဆူမှာ စိုးလို့ပဲ ဖြစ်မှာ ။
အင်း….အားမရှိလိုက်တာ။
ရှင်လွမ်း သူ့ကို ဥပေက္ခာပြုလိုက်တာပဲ ပိုကောင်းမှာ ပါ။
မချစ်ဘဲ လက်ထပ်ကြရင် စိတ်ဆင်းရဲရုံရှိမှာ ပေါ့။
မာ့မီကို အစီအစဉ်တွေ ရပ်တန်းကရပ်ဖို့ ဘယ်လိုစပြောရမလဲ။
သူမရဲ့ စိတ်တွေ ဟာ ဇဝေဇ၀ါနှင့် မပြတ်သေး။။
အမျိုးမျိုး လှည့်ပတ်စဉ်းစားနေမိသည်။
လူတွေ ဟာ ဘာမှဆုံးဖြတ်မရဘဲ လမ်းပျောက်နေရင် နှလုံးသားရဲ့ ဆန္ဒအတိုင်းသာ လုပ်ပေရော့တဲ့။
သူမရဲ့ နှလုံးသားထဲက တောင်းတဲ့ဆန္ဒ။
ဟော သူဒီဖက်လာနေပြီ။
လှမ်းမြင်လိုက်တာနှင့် ရင်ထဲ ဒုတ်ခနဲမြည် သွားရ၏ ။
လည်ပင်းကိုလိမ်ကာ လှည့်ကာ တစ်လမ်းလုံး ဟိုဒီရှာဖွေကြည့်ရှုနေတဲ့ သူ့ပုံစံဟာ မယုံနိုင်စရာ။
ရှင်လွမ်း နှုတ်ခမ်းလေးမှာ အလိုလိုပြုံးလာရသည်။
ယူက ဂရုမစိုက်တာလည်း မဟုတ်ဘဲနဲ့ ။
ယူ သိပ်ဟန်ဆောင်ချင်ပါလား။
ရှင်လွမ်းကလည်း ယူတက်ဆင်ထားတဲ့ ဟန်ဆောင်မျက်နှာဖုံးတစ်ခုကို ရအောင်ခွာကြည့်ချင်သေးတာ။
သူ့မျက်နှာ၊သူ့မျက်လုံးတွေ မှာ ရှင်လွမ်းကို တွေ့ ချင်ဇောတွေ နှင့် ထက်သန်မျှော်လင့်နေတာ ကြည့်လိုကောင်းလိုက်ပါဘိ။
သူမမြင်အောင် ကွယ်ရာက ချောင်းကြည့်နေရတာ အရသာရှိပါဘိလားနော်။
သူ့ကို ဒီလို ခပ်များများ ပညာပေးမှ။
ဟွန်း….မောအောင်ရှာပစေ။
သို့ သော် သူက မောအောင်ရှာမည့်လူစားတော့ မဟုတ်တန်ရာ။
ရှာမတွေ့ လျှင် ကားဆီလျှောက်သွားပြီး ကားဘောနက်မှီလျက် စီးကရက်တစ်လိပ် ထုတ် ယူရှိုက်ဖွာနေလိုက်သည်။
ဒီကိုလာမှာ ပဲ ဒီကနေစောင့်နေလိုက်ရင် မလွတ်ပါဘူးဆိုတဲ့ အေးအေးလူလူစိတ်ချလက်ချ ပုံစံ။
ဒါပေမဲ့ လမ်းတစ်လျှောက် သူတွေ့ နိုးနဲ့ ပျာယာခတ်အောင် ကျီးကန်းတောင် မှော က်ကြည့် လာတော့ ရှင်လွမ်းက တွေ့ ပြီး သွားပြီလေ။
သူ့ရဲ့ စိတ်ကို အနည်းအကျဉ်းတော့ မြင်လိုက်ရသလိုပါပဲ။
သူဟာ ရှင်လွမ်း ထင်သလောက်တော့ စိတ်မပုပ်သဘောမဆိုးလောက်ပါဘူး။
ဘ၀င်မြင့်ကြီးကျယ်နေပေမဲ့ အတွင်းစိတ်ရင်းအခံလေးမှာ တော့ ကောင်းကွက်လေး တွေ ရှိချင်ရှိနေမှာ ။
စီးကရက်ငွေ့ကို အားပါးတရ ရှိုက်သွင်းနေတာများ ရောဂါ ရမယ်ဆိုတာ မတွေးမိတဲ့အတိုင်း ဘဲ။
ဘယ်အရွယ်ကတည်းက စီးကရက်စွဲနေတာလဲ။
ဘီယာတွေ အရက်တွေ ရော ကင်းရဲ့ လား။
ဒါပေမဲ့ သူ့မျက်နှာလေးဟာ စိုစိုပြေပြေ သန့်ရှင်းကြည်လင်နေတော့ စီးကရက်တို့ ဘီယာတို့ ကလွဲရင် ကျန်တာကင်းလောက်ပါရဲ့ ဟု ရှင်လွမ်းက တွေးသည်။
သူက မိဘချမ်းသာပြီး အလိုလိုက်ခံထားရတဲ့ တစ်ဦးတည်းသော သားဆိုတော့ လမ်းမှားမရောက်အောင် နေနိုင်ရင်ပဲ တော် လှပြီလို့ မာမီကဆိုသည်မဟုတ်လား။
သူ့ကြည့်ရတာ လမ်းမှားပေါ်ကလူတော့ မဟုတ်နိုင်။
ဒါပေမဲ့ လမ်းမှန်ပေါ်မှာ အရည်အချင်းအပြည့်နဲ့ လျှောက်လှမ်းနေသူတော့လည်း မဟုတ်သေး။
မိဘလက်ငုတ်လက်ရင်း စီးပွားရေး တွေ အရံသင့်အဆင်သင့်ရှိတာကိုတောင် သေချာဝင် မလုပ်ရသေးဘူးဟု သိထားရသည်။
သူဟာ ဟိုလိုလို ဒီလိုလိုနှင့် ကျောင်းပြီးကတည်းက ယောင်ခြောက်ဆယ်လုပ်နေတုန်းဟု ပြောချင်ပြောလို့ရသည်။ ဒါပေမယ့်လည်း ဒီလိုအမှန်ပြောရင် ခံချင်မယ့်ရုပ်လည်းမဟုတ်ပါဘူး။
ရှင်လွမ်း ကတော့ လူဆိုတာ အလုပ်လုပ်နေတာကိုပဲ သဘောကျသည်။ သူ့လို ယောင်ေ တာကို မကြိုက်။
ရှင်လွမ်းသည် အိမ်ထောင်ပြုညပီးရင် အိမ်ရှင်မသက်သက်ကလေးနှင့် ပြီးမသွားချင်။ တစ် နေ ရာရာမှာ ၀င်ဆန့်တဲ့ သင့်တော် ရာလိုက်ဖက်ရာ အလုပ်အကိုင်ရာထူးတစ်ခုနှင့် နေသွားချင် သည်။
ရှင်လွမ်းစိတ်က ပြတ်သည်။ အချိန်လည်း မဖြုန်းချင်။
ဒါကြောင့် သူ့ကိုလည်း မြန်မြန်အကဲခတ်၊ သင့်တော် ရင်လည်းခေါင်းညိတ်၊ မသင့်တော် ဘူး ထင်ရင်လည်း ပြတ်ပြတ်သားသား ငြင်းချင်သည်။
အင်မတန်တိကျပြတ်သားသော ရှင်လွမ်းစိတ်တွေ ဟာ ဒီတစ်ချိန်မှာ မထင်မှတ်ရထားရ လောက်အောင် တွေ ဝေနှောင့်နှေး လေးကန်နေတာ အံ့သြစရာ။
ရှင်လွမ်းက သူ့ထံ ဖြေးဖြေးမှန်မှန်လေး လျှောက်သွားသည်။
သူက ရှင်လွမ်းကိုမြင်လျှင် စောင့်ဆိုင်းနေသာ အမူအရာကိုမြင်လိုက်သည်။
“မင်ဘယ်ပျောက်သွားတာလဲ”
“မသိဘူး ။ယူက ခြေလှမ်းအရမ်းမြန်တော့ ယူအရင်ရှေ့ကပျောက်သွားတာ”
သူ ခပ်ဆတ်ဆတ်မေးလျှင် ရှင်လွမ်းကလည်း ဘုကျကျလေးသာ ဖြေလိုက်
“အဲဒါနဲ့ပဲ ဒီဖက်ပြတ်လှည့်လာရလား။ ရောက်ခါနီး မှကွာကျွတ်”
“ယူကမှ စောင့်မခေါ်ဘဲ”
“စောင့်ပြီးလက်တွဲ ခေါ်ရအောင် မင်းက ကလေးလား”
“ယူ့ကိုလည်း လက်တွဲ ခေါ်ရမယ်လို့ မပြောပါဘူး”
သူကခပ်ထေ့ထေ့လေး ပြုံးကြည့်၏ ။
ထိုအကြည့် ထိုအပြုံးကပင် ရှင်လွှမ်းကို အသက်ရှူမှားစေအောင်ညှို့ငင်ဖမ်းစားနိုင်သည်။
ထိန်းနေတဲ့ကြားက နှလုံးသားက ရုတ်တရက် လွင့်မျောပါချင်တာ။
အို ဒီလိုဆိုရင်တော့ ငါရှုံးပြီ။
ငါဘာကြောင့် သူ့မျက်နှာဆီကနေ အကြည့်မလွဲချင်တာလဲ။ ငါဘာကြောင့် သူပစ်ပစ်ခါခါ ပြောတာကိုပဲ နားထောင်ကောင်းနေမိတာလဲ။
ငါဘာကြောင့် သူ့ရဲ့ မထိတထိပြုံးတတ်တဲ့ ပုံစံလေးကို စွဲမက်သဘောကျမိတာလဲ။
ပြီးတော့ ငါဘာကြောင့် သူ့အနားရပ်မိရင် ရင်တုန်ရတာ လဲ။ ဘာကြောင့် ခြေလှမ်းမရွေ့ ချင်ရတာ လဲ။ ဘာကြောင့် ရှက်ကိုးရှက်ကန်း ကတုန်ကယင်ကြီးနဲ့ ကြာကြာမျက်လုံးမဆုံရဲတာလဲ။
သူဂရုမစိုက် မထီမဲ့မြင်ဆန်တာကို ဘာကြောင့် စိုးရိမ်တာလဲ။ ဘာအတွက် ၀မ်းနည်းအား ငယ်ငိုချင်မိတာလဲ။
သူနဲ့ပတ်သက်ရင် ရှင်လွမ်း ဖြေလို့မရတဲ့မေးခွန်းတွေ အများ ကြီးပေါ်လာတတ်သည်။
ဒါပေမဲ့ ဘာပဲ ဖြစ် ဖြစ် ဒါတွေ ကို ရှင်လွမ်း ကြိတ်မှိတ်မျိုသိပ်ရမှာ ပဲ။ သူမရိပ်စားမိအောင် လည်း ဖုံးကွယ်ဟန်ဆောင်ရမှာ ပဲ။
ရင်ထဲမှာ ရှုံးရင်တော် ပြီ။ အပြင်မှာ တော့ ထပ်မရှုံးစေနဲ့ရှင်လွမ်း။ နင်ဆင်ခြင်ပါ။ နင်ထိန်း သိမ်းပါ။
ဒါမှမဟုတ်ရင် သူသိပ်ရောင့်တက်သွားလိမ့်မယ်။ ဘ၀င်မြင့် အထာကိုင်သွားလိမ့်မယ်။
သူ့ကို ပုံမှန်ပဲဆက်ဆံပါ။
သူဟာ ဘာမှမဟုတ်ဘူး။ သာမန်အရေး မပါတဲ့ လူ တစ်ယောက် ပဲ။
ဘာမှလည်း မလက်စရာမရှိဘူး
အခုထက်ထိ အလုပ်အကိုင် မယ်မယ်ရရ မလုပ်ဘဲ မိဘနဲ့ အဘွားကိုယ်တိုင် ကြိုးစား ပမ်းစား ရှာဖွေထားတဲ့ ပိုက်ဆံတွေ ကို အလကားထိုင်ဖြုန်းနေတဲ့သူ။
စကားအပြောအဆို ရင့်သီးအပေါက်ဆိုးပြီး မိန်းကလေး တစ်ယောက် အပေါ် ဦးစားပေးငဲ့ ညှာရမှန်းလည်း နားမလည်မသိတတ်တဲ့သူ။
သူ့ကိုများ ဘာ ဖြစ်လို့ ရှင်လွမ်းက အောက်ကျို့ပြီး နှစ်သက် စွဲလမ်းရမှာ လဲ။ ဒီလူတစ် ယောက် က ရှင်လွမ်းအတွက် ဘာကြောင့် အရေး တကြီးနဲ့ အရေး ပါအရာရောက်တဲ့လူ ဖြစ်ခွင့်ရှင့် ရမှာ လဲ။
နေပစေ။
သူ့ပုံစံနဲ့ပဲ သူ့ကိုတုံ့ပြန်ရမှာ ။
မခံချိမခံသာ ဖိဖိနှိပ်နှိပ် တွေ ပေးမိ၏ ။
အခုလည်းကြည့်လေ ရှင်လွမ်းကို သူမထိတရိပြုံးကြည့်နေပုံက အထက်စီးဆန်ဆန်။
“စတိတ်ရှိုးတောင်ဝနေပြီ မင်းဘာလုပ်မှာ လဲ ကြည့်မှာ လား ပြန်မှာ လား ငါတော့ လမ်း လျှောက်ရတာ ခြေထောက်တွေ တောင်ညောင်းနေပြီ”
“ယူ့ကို ဘယ်သူက ညောင်းအောင်ရှာခိုင်းလို့လဲ တို့ဘာသာ ကားနားပြန်စောင့်မှာ ပေါ့”
“ဟ မင်းကို ဘယ်သူက အလုပ်ရှုပ်ခံပြီးရှာမှာ လဲ ဒီကိုပြန်လျှောက်ရတာ ညောင်းနေတာ ကို ပြောတာကွ”
ဒီတစ်ခါတော့ ရှင်လွမ်းက နှုတ်ခမ်းလေး မဲ့ရုံပြုံးမိသည်။
လည်ပင်းကို ဘယ်ညာမနာတမ်း လိမ်ကာ ကျီးကန်းတောင်မှော က် ရှာဖွေနေတာ ရှင်လွမ်း မြင်မထားရင် ခက်ရချည်ရဲ့ နော်။
“ညောင်းလည်း ယူ့အပြစ်နဲ့ယူပဲ”
“ငါ့ကို ယူ ယူနဲ့ ပြောရအောင် မင်းသူငယ်ချင်းမဟုတ်ဘူးကွ”
“တို့ ဒီလိုပဲ ပြောတတ်တယ်”
“အဲဒါတွေ ညစ်တာပေါ့ ယူ ယူနဲ့ ယူခိုင်းနေတာပြဿနာပဲ”
သူက မကြားတကြား ရေရွတ်၏ ။
“ယူဘာစကားပြောတာလဲ”
“မင်းကြားတဲ့အတိုင်းပဲ”
“ယူ့ကို ဘယ်သူကမှ မယူခိုင်းဘူး”
“ဘာကိုပြောတာလဲ”
သူက မသိချင်ယောင်ဆောင်ကာ ပြုံးစိစိ ခပ်နောက်နောက်ပြန်မေးသည်။
ရှင်လွမ်း မျက်စောင်းကြီးခဲမိကာ။
“တော် ပြီ ဘာမှကို မပြောချင်တော့ဘူး”
“ဒါဆို ပြန်မှာ လား”
“မသိဘူး”
“ဟ ဘာလဲ”
သူမရဲ့ စကားသံလေးက ဘယ်လိုမှန်းမသိ။ အမြင်ကြည်ကြည်နဲ့ဆိုရင်တော့ အဲဒီ အသံ လေးက တော် တော် ကြီး ချစ်ဖို့ကောင်းရင် ကောင်းမှာ ပေါ့လေ။
ဒါပေမဲ့ ဥက္ကာပျံက အမြင်မကြည်တော့ အာရုံလည်း မရှင်းဘူးပေါ့။
ရှင်းရှင်းပြော ..စတိတ်ရှိုးမကြည့်ဘဲ အိမ်တန်းပြန်မှာ လား၊ ဘယ်ကိုပို့ပေးရမလဲ။ ချက်ချင်း ပြန်ပို့ရင်တော့ မေမေအော်မှာ ပဲ ငါ့ကို ပွမ်လို့ ပြီးမှာ မဟုတ်ဘူး။ ကျွတ် မင်းရောက်လာတာ ငါ့ အတွက်တော့ ကွိုင်ပွဲ ရှင်လွမ်းရာ နေစမ်းပါဦး မင်းမှာ ရည်းစားလေးဘာလေး မရှိဘူးလား”
သူက ခပ်စိုက်စိုက်လေးကြည့်ရင်း ဒီလိုမေးတော့ ရှင်လွမ်းနှလုံးသားတွေ လူးလူးလွန့်လွန့် မငြိမ်မသက် လှုပ်ရှားသွားရ၏ ။
သူ့စကားကို စိတ်ဆိုးဖို့တောင်မေ့ပြီး အဲဒီ ခပ်စိုက်စိုက်ရွှန်းတောက်တောက်အကြည့်မှာ အားလုံးဖရိုဖရဲ အကာအကွယ်မဲ့ ဟန်ချက်ပျက်ကုန်တာပဲ။
မီးရောင် မှာ သူ့မျက်နှာကို ခပ်မော့မော့ကြည့်ရတာ ညှို့ဆေးမိသူလိုပဲ အရာရာသတိလက် လွတ် ငေးစိုက်နေမိတာ။ စိုလက်တောက်ပနေတဲ့ သူ့အကြည့်ကနေ လွမ်းမျက်လုံးတွေ ကို ချက် ချင်းပြန်ခွာမရ။
ကိုယ့ိစိတ်ကိုယ် သတိထားဆုံးမထိးကွပ်နေရင်းက အငိုက်မိပြီး အသည်းထဲ တလှပ်လှပ်နှင့် နွေးခနဲ့ဖိုရတာ ဘယ်လိုကြောင့်ပါလိမ့်ကွယ်။
လက်မထပ်ပါရစေနဲ့လို့ ဘယ်လို ခွန်အားမျိုးနဲ့ ငြင်းဆန်ရပါ့မလဲ။
သူ ဒီလိုတစ်ချက်ကြည့်လိုက်ရင် တင်းမာဖို့ ကြိုတင်ပြင်ဆင်ထားသမျှက ကြက်ပျောက် ငှက်ပျောက် ဘယ်ဆီလွင့်စင်သွား မှန် မသိတော့ပါဘူး။
သူဟာ တကယ်ပဲ ရှင်လွမ်းနဲ့ ဖူးစာဆုံမယ့် ရှင်လွမ်း ခင်ပွန်းလောင်း တစ်ယောက် ပဲ လား။
ဒီအတိုင်း ဟုတ်နေရင်ရော။
ဆက်မတွေးရဲအောင် ရင်တွေ ဗရမ်းဗတာခုန်ပေါက်လာရ၏ ။
“ဘာကြည့်နေတာလဲ ငါမေးတာဖြေဦးလေ”
သူထပ်မေးမှ ဖျတ်ခနဲ သတိဝင် အကြည့်လွှဲမိ၏ ။
“စတိတ်ရှိုးလား မကြည့်တော့ပါဘူး။
“’ဒါဆို”
“ကားထဲမှာ ပဲ ခဏထိုင်မယ်”
“ရော မင်းသဘောပဲ”
သူက ကားသော့ ပေးမလို့လုပ်ပြီးမှ ကိုယ်တိုင် သော့ တွဲ က ရီမုတ်နှင့် တွီခနဲဖွင့်ပေးလိုက် သည်။
သူက မထိုင်သေးဘဲ လက်ထဲကစီးကရက်ကုန်အောင် ရှိုက်ဖွာပစ်လိုက်ပါသေးသည်။
ပြီးလျှင် သူ့ဖက်တံခါးဖွင့်ပြီး ကူရှင်မှာ ငြိမ့်ခနဲ ၀င်ထိုင်တာနှင့် ရှင်လွမ်းရင်မှာ သိမ့်ခနဲ တစ် ချက်ခုန်သွားရသည်။
“ဥက္ကာ.. ယူနဲ့တို့ နည်းနည်း ဆွေးနွေးထားရင် မကောင်းဘူးလား”
“ဘာများ ဆွေးနွေးစရာရှိလို့လဲ”
“လူကြီးတွေ စီစဉ်ထားတဲ့ကိစ္စပေါ့”
“သြော်ဒါလား”
သူက တစ်ချက် ရယ်သွမ်းသွေးလိုက်၏ ။
အဲဒီ ရယ်သံကိုပဲ အမြင်ကပ်တာပေါ့။
မထိတရိ ရိတိတိကြီးနှင့် ။
“အဲဒီ ကိစ္စကို မင်းဖက်က ဘယ်လိုသဘောထားလို့လဲ”
သူပြောပုံက သူ ကတော့ စိတ်မ၀င်စားပါဘူးဆိုတဲ့ပုံစံ။
ဒီလို အေးတိအေးစက်ကို မာမီတို့အဘွားတို့က ရှင်လွမ်းလက်ထဲ ဘာကြောင့် ထည့်ပေး ချင်တာလဲ။
“ယူ့ဖက်က ငြင်းဖို့စိတ်ကူးထားတာလား”
“မင်းကရော လက်ခံဖို့စိတ်ကူးထားလို့လား”
“ယူ့စကားက ကြောလှချည်းလား”
“ငါမေးတာ ဘာများ မှားလို့လဲ”
သူပြောပုံ ပမာမခန့်ကို ရှင်လွမ်း ခံပြင်းမိကာ အသက်ရှူလေးပင် မြန်လာရသည်။
ရှင်လွမ်းကပဲ သူ့ကို လက်ခံဖို့ ကြိုတင်စိတ်ကူးယဉ်ထားတဲ့အတိုင်းပင်။ အတော် စကား ပြော ရက်စက်တဲ့သူ။
ရှင်လွမ်းက မိန်းကလေးပါ။ သူစကားပြောတာ ထိန်းထိန်းသိမ်းသိမ်း ပြောသင့်သည်။ သူမ ကို ထိခိုက်နစ်နာစေအောင်တော့ တန်ဖိုးမထားသလို မလုပ်သင့်ဘူးပေါ့။
“ယူ့ကို သိပ်လက်ထပ်ချင်နေတယ်လို့များ ထင်လား”
“ဟ မင်းသား ငြင်းမယ်စိတ်ကူးရင် အိမ်ကိုဘယ်ရောက်နေပါ့မလဲ”
သူမ မျက်နှာတစ်ပြင်လုံး ဖျန်းခနဲ ပူနွေးသွားရ၏ ။
“ဟင် ယူ”
ရှက်ဒေါသနှင့် သူ့အင်္ကျီပခုံးကို ဆောင့်ဆွဲပစ်လိုက်မိ၏ ။
“ယူ ယူစော်ကားလှချည်လား”
“ငါပြောတာ ရှင်းရှင်းလေးပါ မင်းစိတ်ဆိုးစရာဘာအကြောင်းရှိလဲ။ ငါ့အင်္ကျီကို ဘာလို့ ဆွဲတာလဲ လွှတ်စမ်းပါကွ”
သူက ဆုပ်ထားတဲ့ ရှင်လွှမ်းလက်ကိုဖြေဖို့ အရင်ပြန်ဆုပ်ကိုင်လိုက်သည်။
ရှင်လွမ်းရင်ထဲ သူ့လက်နှင့် ထိတွေ့ ခံရတာ ဓာတ်လိုက်သလို တုန်ယင်သွားသည်။ မျက်ရည်တွေ လည်း ရုတ်ချည်းရစ်ဝိုင်းလာသည်။
“ယူ အရမ်းရိုင်းတာပဲ ယူ့ကို သိပ်မုန်းတယ် ဥက္ကာ”
“မုန်းရင် ကြိုက်သလောက် မုန်း၊ ကိစ္စမရှိဘူး။ ဟား ဟား ငါက မင်းငါ့ကို ချစ်သွားမှာ ပဲ ကြောက်တာ။ မုန်းတာက ပြဿာနာမရှိဘူးလေကွာ မဟုတ်ဘူးလား”
သူက ကျီစယ်သလို ပြောကာ ငိုချတော့မလို ရှင်လွမ်းမျက်နှာလေးကို ရယ်ဟဟမြူးတူးတူး ကြည့်နေလေသည်။
အလွယ်တကူ မျက်ရည်ရစ်ဝိုင်းသော ရှင်လွှမ်းရဲ့ မထင်မှတ်ဘဲ ကလေးဆန်မှု လေးကို ဥက္ကာပျံ အံ့သြမိတာလည်း အမှန်ပါပဲ။
*****
![]() မိုးသည်းညကာရန် | ![]() ဖန်ဆင်းတဲ့ဖူးစာ | ![]() ကြည်နူးစေသူ |