မင်းထယ်နေလင်းက ရေမိုးချိုးအ၀တ်အစားလဲပြီးနောက် ခေါင်းဖြီးကာ ရေမွှေးဖျန်းလိုက်သည်။
မနက်ဖြန်ဆိုလျှင် သူအလုပ်စ၀င်ရတော့မည် ။
“ပါဝါဆဲဗင်း” ကုမ္ပဏီလိမိတက်ပိုင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆိုဒ်ထဲမှာ သူတနေကုန် နေရမှာ မို့ ဒီနေ့တော့ ကိုယ်ပိုင်အချိန်လေးကို လွတ်လပ်စွာ သုံးစွဲဦးမည် ။
ရန်ကုန်မြို့ရဲ့ ပလက်ဖောင်းတွေ ပေါ် လမ်းမလျှောက်တာလည်းကြာခဲ့ပြီ။ ပလာဇာတွေ ရှော့ပင်မောလ်တွေ လည်း တပတ်လောက်တော့ ပတ်ရဦးမည် ။ ပြီးလျှင် ဘိလိယက်၊ စနုကာ ခန်း ၀င်ချင်ဝင်… ၊ မ၀င်ချင်လည်း အင်တာနက်ကဖေးလေးတစ်ခုမှာ ဂျောက်ချမည် ။
ညစာကိုလည်း အပြင်မှာ ပဲ စားမည် ။
မင်းထယ်က မှန်ထဲကိုကြည့်ကာ တစ်ချက်ပြုံးသည်။အခုတော့ သူဟာ အလုပ်အကိုင် အတည်တကျနဲ့ ၀င်ငွေအတန်အသင့် ပိုင်ဆိုင်သူ တစ်ယောက် ဖြစ်ခဲ့ပြီလေ။
စက်ဝိုင်းက သူ့ကိုဆိုဒ်မန်နေဂျာ ခန့်သည်။
ပြီးတော့ တစ်လစာ ငွေကြိုထုတ်ပေးသည်။
နေစရာတိုက်ခန်းလည်း စီစဉ်ပေးသည်။
ဘာလိုသေးလဲ…..။
မန္တလေးက အခြေအနေထက်စာရင် ဟန်ကျပြီလို့ ဆိုနိုင်သည်။
ဖေကြီးကိုလည်း လစဉ်ငွေပို့ပေးနိုင်တော့မည် ။
မင်းထယ်စိတ်တွေ ပျော်ရွှင်ပေါ့ပါး တက်ကြွနေသည်မှာ အမှန်ပဲ ဖြစ်သည်။
စက်ဝိုင်း……..စက်ဝိုင်း…………။
အခုတော့ စက်ဝိုင်းဟာ သူငယ်ချင်းအဆင့်ထက် ပိုဆိုးသွားပြီ……..။
သူ့အလုပ်ရှင် ……တနည်းအားဖြင့် ကျေးဇူးရှင်ပေါ့…….။
ဒီဇိုင်းကလန်ပြီး လူကမာရေကျောရေနှင့် အပိုးမကျိုးပဲ စောင့်ကြွားကြွား ဂျွတ်ဆတ်ဆတ် ဆိုပေမဲ့ စိတ်ရင်းက ကောင်းသည်။လက်ဖွာသည်။ ရက်ရောသည်။ သူ့စိတ်ထဲ တွေ့ ပြီဆိုရင် အဲဒီ လူ အပေါ် အင်မတန်ကောင်းပါသည်။
မင်းထယ်သည် စက်ဝိုင်းအကြောင်း ခေါင်းထဲတွေးရင်းကပဲ အခန်းထဲကထွက်၊ တံခါးပိတ် ဖို့ သော့ ယူသည်။
ဝတ်ထားတာက မီးခိုးဖျော့ရောင် ရှပ်အင်္ကျီ လက်ရှည်နှင့် မီးခိုးရင့်ရောင် စတိုင်လ် ဘောင်းဘီအပွင့်မို့ ရူးဖိနပ်ပဲ စီးဖို့ ရည်ရွယ်လိုက်သည်။
ဖိနပ်ကို မစီးခင် ခြေအိတ်ကိုအရင်စွပ်သည်။
ပြီးလျှင် ဖိနပ်ကို ကြွေပြားခင်ပေါ်ချကာ မစီးသေးပဲ အခန်းမီးပိတ်ဖို့၊ မိန်းချဖို့ ဒီဖက်က အကွေ့လေးကို လျှောက်ခဲ့သည်။
မီးပိတ်၊မိန်းချပြီး လှည့်ထွက် ဖို့ပြင်ချိန်မှာ ပင်……။
“မောင်ရေ…….မောင်…..ဖုန်းမြည် နေပြီ မောင်ရဲ့ ……မောင် ဖုန်းကိုက်လိုက်ဦးလေ ….. မောင့်ဖုန်းမြည် နေပြီ ….မောင်ရဲ့ ”
ထွက်ပေါ်လာသော အသံကြောင့် သူမျက်ခုံးပင်လျှက် နှုတ်ခမ်းတွေ ပြုံးသွားရသည်။
ဖုန်းမြည် သံကလည်း ကြည့်ဦး…။
မောင်ရေ…….မောင်ရေနှင့် တမောင်တည်း မောင်နေတဲ့ မိန်းကလေး တစ်ယောက် ရဲ့ ချစ်စဖွယ်အသံ ဖြစ်နေသည်။
ဒါ သူ့ကို စက်ဝိုင်း တမင်နောက်ပြီး င်္ဒီအသံသွင်းပေးသွားတာပေါ့…….။
သူကလည်း ဒီမနက်မှ စတင်ကိုင်ခွင့်ရတဲ့ GSM ဖုန်းလေးကို ရင်း Ring မပြောင်းမိသေး ဘူးလေး။
ဖုန်းကအခုမှ စကိုင်တော့ နည်းနည်း တော့ ယောင်ချာချာ ဖြစ်နေသေးသည်။
ဒီဖုန်းကိုလည်း စက်ဝိုင်းပဲ ၀ယ်ပေးတာပါ….။
သူ့ဆီ ဖုန်းဆက်မယ့်သူဆိုတာလည်း စက်ဝိုင်း တစ်ယောက် ပဲ ရှိသေးတော့ မင်းထယ်က အေးအေးဆေးဆေး ဖုန်းဘက်ထရီသွင်းထားတဲ့ စားပွဲနား ဖြေးဖြေးပဲ လျှောက်လာသည်။
“မောင်ရေ…..၊ ဖုန်းကိုင်လိုက်ပါဦး၊ မောင်ကြားဘူးလားဟင်”
အသံချိုလေး က ထွက်ပေါ်နေဆဲ…..။
မင်းထယ်က ဖုန်းကိုဖွင့်နားထောင်လိုက်သည်။
“ဟဲ့ ….နေလင်း၊ ငါပါ။…….ငါ….ကောင်စုတ်….နင်အဘွားကို ဘာတွေ လာ ကျပ် သွား တာ လဲ…။ နင်ဟာလေ ကောင်းကိုမကောင်းဘူး….၊ အရင်အတိုင်းပဲ နင်သိချင်ရင် င့ါကို အရင် မေးမြန်းပါဦးလားဟဲ့……ငါကပဲ ရည်းစားခိုးထားနေသလိုလိုနဲ့ ၊ ဟွန်း….၊ နင်တွေ့ လိုက်တဲ့ လူက အဘွား ကိုယ်တိုင်သဘောတူတဲ့သူပဲ…၊ သူနဲ့ အပြင်ထွက်လည်ဖို့ အဘွားကိုယ် တိုင်ခွင့်ပြု တာဟဲ့…၊နား လည်ရဲ့ လား”
“တကထဲ သူက အဘွားကို သွားတိုင်ရတယ်လို့ ….၊ နင်လုပ်ပုံနဲ့ ငါတကယ် ဘဲထားရင်တော့ သေပြီပဲ…။”
မင်းထယ်သည် အင်မတန် စကားသွက်သော မိန်းကလေး တစ်ယောက် ရဲ့ ပွင့်ပွင့်လင်း လင်း ပြောမနာ ဆိုမနာ လေသံကြောင့် အံ့အားသင့်သွားမိသည်။
တစ်ဖက်က စကားတွေ အဆတ်မပြတ် နှင့် စက်သေနတ်ပစ်သလို ထွက်လာတော့ သူလည်း ဆွံ့အပြီး အလိုက်သင့် နားထောင်နေမိသည်။
“နေစမ်းပါဦး…..”
သူမက ဘယ်သူလဲ။
“ဟဲ့….နေလင်းတဲ့…”
သူ့နာမည် ကိုရော ဘယ်လိုသိတာလဲ..၊ မင်းထယ် နေလင်းကို မိန်းကလေး သူငယ်ချင်းတစ် ချို့က နေလင်းဟု အဖျားဆွတ်ခေါ်တတ်ကြသည်။ အမှန်မို့ မင်းထယ် ဇဝေဇ၀ါနှင့် ငြိမ်နေမိတော့...။
သို့ သော် ဒီအသံကိုတော့ သူမ ကြားဖူးတာ သေချာသည်။
ပြီးတော့ သူ့မှာ တရင်းတနှင်္ီး နင်င့ါနှင့်ပြောတဲ့ သူငယ်ချင်းမလေး တွေ ဆိုတာလည်း များများ စားစား မရှိလှပါ။
တစ်ခုခုတော့ လွဲမှားနေပြီ…….။
“ဟက်လို….ခဏလေး”
သူမရဲ့ စကားသံကိုဖြတ်ပြီး ကြားဖြတ်ဝင်လာတဲ့ အသံကြောင့် အမရာဝတ်မှု န် လျှာလေး တစ်လစ်ထုတ်လျှက် ပုခုံးလေးကျုံ့သွားသည်။
“ဘုရားရေ….ဒီအသံ သြသြတည်တည်ကြီးက ဘယ်သူလဲ……..။”
“အခု ဘယ်ကိုဆက်နေတာလဲ ခင်ဗျာ။။”
“ရှင်”
နောက်တစ်ခွန်းမှာ တော့ နေလင်းမဟုတ်ဘူးဆိုတာ အမရာ သေချာသွားသည်။
“ဘယ်သူနဲ့ ပြောချင်တာလဲ။”
“နေလင်းနဲ့ ပေါ့…..နေလင်းမရှိဘူးလား…..။”
“ရှိပါတယ်။”
“ဘယ်မှာ လဲ…..ခေါ်ပေးလေး…..၊ ရှင်ဘာလို့ ငြိမ်ပြီး နားထောင်နေရတာ လဲ။”
“အဲ….ဟို…ကျွန်တော် က နေလင်းပါ”
“ဘာ……ရှင်…..မနောက်နဲ့ နော်….၊ ရှင်က ဘယ်သူလဲ။ နေလင်းသူငယ်ချင်းလား၊ ကျွန်မ သူနဲ့ပဲ ပြောမယ် ဖုန်းအခုပေးလိုက်ပါ”
“ဟာ….ပြဿနာပဲ”
“ဘာက ပြဿနာလဲ……နေလင်းဖုန်း နေလင်းကိုပေးလိုက် ပေါ့…….ရှင် လူမှု ရေး နားမလည်ဘူးလား……”
“ဒီမှာ ….ခင်ဗျား စွပ်မပြောနေနဲ့လေ။ မှားတာက ခင်ဗျား”
“အောင်မာ…..သူကနေရင်းထိုင်ရင်း နေလင်းဝင်လုပ် နေပြီးတော့များ …… လာလာချည် သေး”
“နေလင်းဝင်လုပ်စရာမလိုဘူး………။နိုင်ငံသားကဒ်ပြားထဲမှာ လည်း ဒီနာမည် ပဲ……မင်း ထယ်နေလင်း…..မန္တလေးသား၊ ဒီနေ့မှ ဒီဖုန်းကိုစကိုင်တာ…ဒါကြောင့် ခင်ဗျားကို ရှင်းအောင်မေး နေတာ”
“ဟောတော့….”
“ဘာဟောတော့လဲဗျ….ခင်ဗျားအသံ ကျွန်တော် သိတာတော့ သေချာတယ်…..ခင်ဗျား ဘယ်သူလဲ။”
“ရှင်က ဘယ်သူ. ….မင်းထယ်နေလင်း…..ဟုတ်လား”
“ဟုတ်တယ်….မင်းထယ်နေလင်း”
“ဒါဆိုရင် ဆောရီး……နာမည် တူနေတာထင်တယ်…….ကျွန်မသူငယ်ချင်းက ရိုးရိုး နေလင်း ပဲ”
“ဒါဖြင့် ဖုန်းနံပါတ်ကရော….”
“ဖုန်းနံပါတ်က 514…….628”
“ကျွန်တော် က အိတ်တူး…….”
“ကျွန်မက တူးအိတ်ကို ခေါ်တာ….ဆောရီး”
အမရာဝတ်မှု န်က သူ့အမှား သူသိလျှင် အသံတိုးတိုးနှင့် ဆောရီး ရေရွတ်ကာ အသာလေး ဖုန်းချလိုက်ပါသည်။
ဒီဖက်မှာ မျက်မှော င်ကုတ်ကုတ်နှင့် ငြိမ်သက်သွားရသူဟာ မင်းထယ်ပဲ ဖြစ်သည်။
ဖုန်းမှားတာတဲ့လား။
တူးအိတ်ကို ခေါ်တာတဲ့…..တူးအိတ်မှာ ရော နေလင်းပဲတဲ့လား..။
အားပါး….နာမည် တွေ ကလည်း တိုက်တိုက်ဆိုင်ဆိုင် တွေ ။
နူးညံပေမဲ့ စွာ ကျဲကျဲ ဖြစ်နေတဲ့ အသံကလေးက ချစ်စရာကောင်းသည်။
မင်းထယ်က သူမဆီကကြားလိုက်ရသော စကားလုံးလေးတွေ ကို တစ်ခွန်းချင်း ပြန်စဉ်းစား ကြည့်မိသည်။
နင်တွေ့ လိုက်တဲ့ သူက အဘွားကိုယ်တိုင် သဘောတူတဲ့ သူပဲတဲ့။
ဒါဖြင့် သူမဟာ အိမ်ထောင်မပြုရသေးတဲ့ မိန်းမပျိုလေး တစ်ယောက် ပဲပေါ့…။
ပြီးတော့ သူမရဲ့ ဖုန်းနံပါတ်က မင်းထယ်ဖုန်းထဲ အလိုလိုဝင်သွားခဲ့ပြီ…၊
တမင် ဇာတ်လမ်းရှာပုံတော့ မရခဲ့ပါဘူး။
ဒါပေမဲ့ ရန်ကုန်က ကောင်မလေးတွေ လျှော့တွက်လို့မရဘူးတဲ့…။
ရေလှိုင်းရဲ့ စကားကိုလည်း မှတ်မထားလို့မ ဖြစ်။
ရေလှိုင်းက ပွဲစားဆိုတော့ သူ့ထက်အများ ကြီး ပိုပြီး လူရည်လည်သည်။ ပါးပါးနပ်နပ်ရှိသည် မဟုတ်လား။
နောက်တစ်ပတ်လောက်ဆို ရေလှိုင်းလည်း မန္တလေးက ထွက်လာမှာ ပဲလေ….။
ရေလှိုင်းရောက်ရင် သူလည်း အဖော်ရပြီ။
မင်းထယ်ဖက် ကတော့ ဒီကောင်မလေးဖုန်းကို ပြန်မခေါ်ရဲပါ…။
ရေလှိုင်းရောက်လာမှပဲ တိုင်ပင်ကြည့်သေးတာပေါ့။
ထပ်ပြီးတော့ အသံလေးကိုကြားချင်တာကို မင်းထယ်ဝန်ခံရပါသည်။
သူမရဲ့ အသံလေးက တရင်းတနှီး နဲ့  ဘယ်လိုလေးမှန်း မသိ ရင်ထဲတိုးဝှေ့ နေရဆဲ ဖြစ် သည်။
ပြီးတော့ သ့ရဲ့ ပထမဦးဆုံး ဖုန်းမြည် သံလေးကို ရင်ထဲမှာ မှတ်မှတ်ရရ ဖြစ်သွားသည်။
အမည် မသိ ကောင်မလေးရယ်…။
ဖုန်းမှားတာမဟုတ်ဘဲ မင်းဖက်က င့ါကို ဇာတ်လမ်းရှာတာဆိုရင် သိပ်ကောင်းမှာ ပဲ…။
အမရာဝတ်မှု န်က ဖုန်းချပုခုံးတွန့်ရင်း မျက်နှာလေးမှာ ရှက်နွေးနွေး ခံစားချက်နှင့် ပူထူသွားရသည်။
ကြည့်ပါဦး….စိတ်လောသွားပြီး ၀တ်မှု န်အကြောင်းတွေ လျှောက်ပြောလိုက်မိတယ်…။
သူ့ဖက်က အသံကိုတော့ အရင်နားမထောင်မိဘူး။
အို…….ရှက်စရာပဲ…..။
သူဘယ်လိုထင်သွားမှာ ပါလိမ့်…..။
မင်းထယ်နေလင်းတဲ့…။
အရေး ထဲ နေလင်းနဲ့လည်း နာမည် တူနေရသေးတယ်။
နာမည် ကိုက တူနေတာတော့ ဘယ်တတ်နိုင်ပါ့မလဲ။ပြီးတော့….ကြည့်ဦး…။
ဖုန်းနံပါတ်ချင်းကလည်း နောက်ဆုံးဂဏာန်းနှစ် လုံးက ဟိုဖက်ဒီဖက်လေးပဲ လွဲတာ။
အိတ်တူးနဲ့ တူးအိတ်….။
ဒါ…..မှားခေါ်မိတဲ့သူ အပြစ်လား။
မဟုတ်ပါဘူးနော်။ မတော် တဆ မှားနိုင်တာပဲလေ…။
သူက ဖုန်းမှားတာကို အလွယ်တကူ ယုံကြည်နိုင်ပါ့မလား….။
ဒီကောင်မလေး င့ါနာမည် ကိုသပြီး င့ါဖုန်းလည်း သိနေလို့ တမင်တကာ ပုံမှားရိုက် ဇာတ်လမ်းရှာတယ် ထင်ရင် ထင်မှာ …။
ထယ်မယ်ဆိုရင်လည်း သူ့ဖက်က ထင်လောက်စရာ ပဲလေ….။
လေသံကိုက…ကိုဘ၀င်မြင့်….ဟွန်း..။
သူ့ကိုယ်သူ မန္တလေးသားတဲ့…ကြေငြာ က အဆစ်ဝင်လိုက်သေးတယ်…..။
အသံနေ အသံထားမှာ ပြတ်သားကြည်လင်ပြီး ညို့ဓာတ်ကအပြည့်ရှိလှတာကိုတော့ ၀တ်မှု န် အသိအမှတ်ပြုရပါသည်။
နားထောင်ကောင်းသော အသံ သြဇာမျိုးပါဝင်သည်။
နေလင်းဖုန်းကို အလွတ်ရနေတာမို့ သူဖုန်းနံပါတ်ကိုလည်း အလိုလိုစိတ်ထဲမှတ်မိပြီးသား ဖြစ်သွားရပြီ။
ကိုရွှေမန္တလေးသားရဲ့ ဖုန်းထဲမှာ လည်း ဒီဖက်က နံပါတ်က ရှိသွားခဲ့ပြီပေါ့…။
ဝတ်မှု န်ရင်ထဲ တမျိုးလေး လူးလွန်ု့ရင်ခုန်ပိတ်ဆို့ရင်း သူ့ဖက်ကလည်း အပျော်သဘော ပြန်မဆက်သွယ်ဘူးလို့ မပြောနိုင်။
အဲလိုသာဆိုရင် ၀တ်မှု န်က ဘယ်လိုတုန့်ပြန်ရမလဲ။
အိုး….အဝေးကြီးတွေ ကြိုတင်စိတ်ကူးတွက်ချက် မနေတော့ပါဘူး…။
သူ့အကြောင်ရိုက်ပြန်ဆက်လည်း ဖုန်းမှားနေတယ် ခပ်တည်တည် ပြန်ပြောရုံပေါ့။
ကဲ….ထားလိုက်ပါတော့ ဒီအကြောင်းတွေ ကို ၀တ်မှု န် ဒီလောက်ထည့်တွေးနေဖို့ မလိုအပ်ပါဘူး။
ဝတ်မှု န်ဘာသာ ပြန်သတိပေးရင်း…အတွေးကို ဖြတ်တောက်ပစ်ရသည်။
ကဲ…နဂိုက ရည်ရွယ်ချက်….။
နေလင်းဆီ ဖုန်းဆက်ဖို့….ဆက်ဦးမှ….
ဒီတစ်ခါတော့ နှစ် ကိုအရင်နှိပ်မိဖို့ သတိထားမှ……..တူးအိတ်။
နောက်ဂဏာန်းနှစ် လုံးကို သူမဂရုတစိုက် မမှားအောင် ခေါ်ရသည်။
င့ါနှယ်…..။
နေလင်းဖုန်းခေါ်တိုင်း ခေါ်တိုင်း ဒင်းကိုအလိုလို သတိရမိတော့မှပဲ….။
အဲ….မဟုတ်သေးဘူး….ဘာလို့သတိရရမှာ လဲ။
မရပါဘူး….နေပစေ။
ဟက်လို….ဟက်လို။
တစ်ဖက်က နှစ် ခွန်းဆင့်ထူးသံကိုကြားမှ ၀တ်မှု န်မျက်မှော င်ကုတ်ကာ…..
နေလင်းလား….အခုပြောနေတာ နေလင်းမဟုတ်လား။
ဟ…င့ါအသံတောင် မေ့သွားပြီလား၊ ၀တ်မှု န်ရ……အခုပြောနေတာ နေလင်းတဲ့….ဟား… ဟား…. အထူးအဆန်းပါလား။
ထူးဆန်းမနေနဲ့ ……နင့်ဖုန်းကို အခုလေးတင် မှားခေါ်မိသေးတယ်ဟဲ့……သိရဲ့ လား….
အိပ်ချက်မူးတူးနဲ့ အခုမှ အိပ်ရာနိုးလာလို့လား…..မှားရအောင်ဟ။။။။
မဟုတ်ဘူး…ငါက အိတ်တူး ယောင်ပြီး နှိပ်မိတာ…
သြော်…..မှားဝင်သွားတာပေါ့။
အဲဒီ တစ်ယောက် လည်း နေလင်းပဲတဲ့…
ဟာ…..ဒါတော့ မ ဖြစ်နိုင်ဘူး…
နင့်ကို အကြောင်ရိုက်တာ နေမှာ ပေါ့….
အဲဒါတော့ မသိဘူးဟေ့……နင်တို့ ယောကျာ်းလေးတွေ ကို အကျင့်မှမကောင်းတာ။
ဟာ…..ဘလိုင်းကြီးပဲ…
ဒ်ီတော့မှ နေလင်း မလုံမလဲနှင့် တဟက်ဟက် ရယ်လိုက်ပါသည်။
ဖြေလေ…
အဖြေပေးရမှလား…..ဟဲ…..ဟဲ…
ကောင်စုတ်….အဘွားကို သွားချွန်တာပေါ့လေ….ဟွနုး….နင်သိမယ်……
နင်ကလည်း …င့ါမျက်စိရှေ့ စုံတွဲ လာခုတ်တာကိုး။
ပုံစံလေးက မိုးမမြင် လေမမြင် နဲ့ ….မျက်နှာချင်းဆိုင် တည့်တိုးတာတောင် နင်ကနှုတ်မှ မဆတ်ပဲ ၀တ်မှု န်ရာ…။
မျက်နှာချင်းဆိုင်တိုးတယ်….ဟုတ်လား…။
အေးလေ…
ဘယ်နားမှာ လဲ
သံဈေးနား ကားရပ်ပြီး နင်တို့နှစ် ယောက် ဟိုဖက်လမ်းကူးသွားတာ။
ဆောရီး…ငါတကယ် မတွေ့ လို့ပါ နေလင်းရယ်…
တွေ့ ရင် ခေါ်မှာ ပါဟဲ့.
ဘဲဘဲနဲ့ မိုလို့ မမြင်ယောင်ဆောင်တာ ငါပေါက်ပါတယ်…..ဒါကြောင့် အေးဆေးပဲ ကြည့်နေလိုက်တာ
နေလင်းမှာ ထိုမြင်ကွင်းကြောင့် ရင်ဘတ်ကြီးအောင့်လျှက် ကျောက်ရုပ်တရုပ်လို ငူငူငိုင်ငိုင် ဖြစ်သွားခဲ့ရတာ ကိုယ်တိုင်ပဲ သိပါသည်။
အမရာဝတ်မှု န်ကို ဆယ်တန်းလောက်ကတည်းက ခိုးဝှက်ပြီး တိတ်တိတ်လေးမြတ်နိုးလာ ရတဲ့သူပါ…။
သန္တာတို့ဆီကနေ ၀တ်မှု န်မှာ သဘောတူထားသူရှိကြောင်း သိရတဲ့အခါ သူ့မှာ ရှေ့လည်းမ တိုးရဲ….။
နောက်လည်း မဆုတ်နိုင်ပါ။
မဝေးရဲသလိုပင် နီးဖို့လည်း မကြိုးစားရဲ…။
နေလင်းတို့အိမ်က နေလင်းကို ဒီနှစ် ထဲမှာ ပဲ သဘောင်္တက်နိုင်ဖို့ စီစဉ်ပေးနေပြီ။
မကြာခင်သူက နိုင်ငံခြားသဘောင်္သားဘ၀ကို ရောက်မှာ လေ…။
နေလင်းက သက်ပြင်းတချနှင့် စကားမဆက်သလို ဒီဖက်က ၀တ်မှု န်မှာ လည်း ပြုံးစိစိလေး ဖြစ်သွားရသည်။
ဘာ….ဘဲဘဲလည်း….မဟုတ်ပဲနဲ့ …
ဝတ်မှု န်အနည်းငယ် ရှက်သွားမိရင်း…။
အဲဒါ င့ါအဘွားသဘောတူတဲ့သူလေ။
ဘာ……..အဲဒါ…….။
ဟုတ်ပါတယ်ဆို……ကိုစက်ဝိုင်းလေ….
ဟာ…ဟုတ်ရဲ့ လား….၀တ်မှု န်ရယ်…င့ါကိုမညာစမ်းပါနဲ့ ….ဆံပင်ဂုတ်ထောက်ဝဲ၀ဲနဲ့…….ပိန်ရှည်ရှည်နဲ့  ကိုရီးယားစတိုင်နဲ့လေ ဂျင်းဘောင်းဘီနဲ့ စပို့ရှပ်လက်ရှည်နဲ့ ဒီဇိုင်းက လန်ထွက်နေတဲ့ကောင်လေး လက်ထဲမှာ လည်း စီးကရက်နဲ့…..
သြော်….ဟုတ်ပါတယ်ဆိုမှ….
အဲဒီ ကောင်က ပါဝါဆဲဗင်း ပိုင်ရှင်ဟုတ်လား….
နေလင်းနော်…ဘာအဲဒီ ကောင်လဲ…..စကားကိုယဉ်ယဉ်ကျေးကျေး ပြောစမ်းပါ…
အဲ…..ဆောရီး….ငါက နင့်အဘွား မျက်စိကျတာဆိုတော့ အသက်ကြီးကြီး အဖိုးကြီး…ဘူဒါ ကြီး တစ်ယောက် ပဲ ဖြစ်လိမ့်မယ်လို့ တွက်ထားတာ….။ ဘိဇိနက်မင်း စတိုင်းလ် လို့ မှန်းထားလို့ပါဟာ…ဟား….ဟား…
ဘာရယ်တာလဲ……ကိုစက်ဝိုင်းကလဲ လူငယ်စတိုင်လ်ပဲနေတာ၊ အလုပ်ကြီးအကိုင်ကြီးနဲ့ ကုမ္ပဏီပိုင်ရှင်ဆိုပေမဲ့ အဲဒီ ပါဝါဆဲဗင်းက အစက သူ့အဖေနဲ့ အဘွားတည်ထောင်လာခဲ့တာကိုး၊သူ့ လက်ထပ်မှာ အဆင်သင့် ဆက်လုပ် ရုံပဲဥစ္စာ…၊ သူ့အဖေကလည်း စကာင်္ပူမှာ ၊ အဘွားကလည်း ဒီ မြေး တစ်ယောက် ထဲဆိုတော့လည်း အလိုလိုက်ထားတာလေ..
အေးပေါ့ဟာ…ဒါဆိုတော့လည်းသန္တာတို့ ပြောသလိုပဲ၊ နင်ကံကောင်းတာပေါ့…ကွန်ုကရက် ကျူလေးရှင်းပါဟာ….ငါက နင်တစ်ခြားကောင်လေး တစ်ယောက် တွဲ နေတယ်လို့ အဘွားဆီ နည်း နည်းပါးပါး အစ်ကြည့်တဲ့သဘောပါ။
အောင်မယ်…နင်ကပဲ အဘွားဆီက စကားနှိုက်ပြီး အစ်အောက်ကြည့်ရ ဦးမယ်… .လာ.. လာ…ချည်သေး။
သို့ သော် သူ့ရယ်သံက မချိမဆံ ဖြစ်နေတာ သူပဲသိပါသည်။
ဒီလိုမျိုး ရုပ်ချောချော စတိုင်လ်မိုက်မိုက်နဲ့ သားသားနားနား လူရွယ်လေးဟာ ၀တ်မှု န်အ ဘွား သဘောတူထားတဲ့ သူဆိုတာ သိရတဲ့အခါ သူပိုပြီး အားလျော့ ပက်လက်လန် သွားရသည်။
အစကတည်းကလည်း သိတော့သိပါသည်။သိလို့လည်း နောက်ဆုတ်လက်ပိုက်ရပ်နေခဲ့ တာ….။အခုတော့ နောက်ကောက်ကျခဲ့ပြီပေါ့။
“၀တ်မှု န်”
“ဟင်”
နေလင်းက အတည်ပေါက် လေသံနှင့် ခပ်တိုးတိုးခေါ်သည်။
“နင် ချစ်လား”
“ဘာရယ်”
သူ့မေးခွန်းကြောင့် ၀တ်မှု န်အငိုက်မိကာ ဘယ်လိုပြန်ဖြေရမလဲမသိအောင် ဖြစ်နေမိ၏ ။
“ကြည့်လေ….နေလင်း လင်းတ။”
ငါ …သူမေးစရာလားနော်
“ဟိတ်…ဘာလို့ တိတ်သွားတာလဲ…နင်အဲဒီ ဆာကယ်လ်ကြီးကို သဘောကျလားလို့။”
“ဘာလို့မေးတာလဲ။”
“သိချင်လို့ပေါ့ဟ…။”
“ဘာ ဆာကယ်လ်ကြီးလဲ သူများ ကို နာမည် မဖျက်နဲ့။”
“နင်ပဲ ကိုစက်ဝိုင်းဆို။”
“အေးလေ…ကိုစက်ဝိုင်းပဲ ခေါ်ပေါ့။”
“အတူတူပါပဲဟာ……လုပ်မနေပါနဲ့….”
“အဘွားနန်းက သူ့ကိုသိပ်သည်းတာဟဲ့…၊အူတုန်သည်းတုန်ချစ်တာ…၊ သူ့မြေး ဘာလုပ် လုပ် အပြစ်မြင်တာ မဟုတ်ဘူး။”
“သူက အိမ်မှာ ကလေးဆိုကြီးလို ဗိုလ်ကျနေတာ။ သူ့နာမည် ကိုလည်း အဘွားနန်းက ပဲပေးတာ နာမည် အပြည့်အစုံက မိုးကုပ်စက်ဝိုင်းတဲ့။”
“ဘာနာမည် ကြီးလဲဟာ….လူနာမည် နဲ့ကို မတူဘူး။”
“နေလင်းနော်…။”
“ဘာလဲ….ဟုတ်တာပြောတာပဲ…”
“မလိုတမာ မရှိပါဘူးဟာ….ဘာတတ်နိုင်မလဲ…..”
ပြောရင်းဆိုရင်း ဒီကောင် ဖောက်ချလာပြန်သည်။
ကျောင်းမှာ ကတည်းက လစ်ရင် ခိုးခိုးငေးတာ…၊ မထိတထိ နောက်တီးနောက်တောက်နှင့် စိတ်ဝင်စားပုံရှိခဲတာတွေ အမရာဝတ်မှု န် မသိချင်ယောင်နေခဲ့ရသည်။
သန္တာတို့ ကံကံတို့ကလည်း ၀တ်မှု န်မှာ သဘောတူ ထားတဲ့သူကို ကြိုတင်သတင်းပေးထား လို့သာ။
ဒါတောင် ရည်းစားစကားလိုလို ဘာလိုလို ရွှတ်နောက်နောက်နှင့် မကြခဏ စကားဦး သန်းနေကျ…။
ငါတို့နှစ် ယောက် ရှေ့သွားနောက်လိုက်ညီတယ်…တွေ့ လား။ ဗေဒင်ဆရာမ စနေသားနဲ့ ရမယ်လို့ ပြောတာလေ။ အဲဒါ ငါပေါ့….ဟောဒီကနေလင်းက ဒေါ်ဝတ်မှု န်ရဲ့ ဖူးစာရှင်ပဲ…မယုံရင် ကြည့်ထား။
အောင်မယ်…သူက ၀င်ပြီး အမှတ်ယူနေတယ်။ ဆရာမ က ကြာသပတေး ဒါမျမဟုတ် စနေ သားလို့ ဟောတာပါနော်…၀တ်မှု န်
အေးလေ ဒီအူကြောင့် ကျား မျက်နှာရူးကတစ်မျိုး။
ဝတ်မှု န် သူငယ်ချင်းတွေ က ၀ိုင်းနှိပ်ကွပ်လွန်းလို့သာ။
နေလင်းခေါင်းမထောင်နိုင်ခဲ့ တာ….။
အခြေအနေပေးရင် ချစ်ခွင့်ပန်ဖို့တာစူနေတယ်ဆိုတာ ၀တ်မှု န်လည်း ရိပ်မိပါရဲ့ ….
ခုထက်ထိလည်း တရင်းတနှီး ပြောမနာဆိုမနာ ယောက်ျားလေး သူငယ်ချင်းက သူ တစ်ယောက် တည်းရှိတာမို့ ၀တ်မှု န်ဘက်က သူ့အပေါ် ခင်မင်သံယောဇဉ်တော့ ရှိတာအမှန်….။
ဝတ်မှု န် အိမ်ထောင်ပြုတော့မယ်လို့ ကြေညာလိုက်တုန်းကဆိုရင် နေလင်း သိသိသာသာ မျက်နှာပျက်ငြိမ်သက်သွားခဲ့တာ အခုထိ မှတ်မိနေသည်။
“၀တ်မှု န် နင်ငါမေးတာ မဖြေသေးဘူးနော်။”
“ဘာကိုလဲ”
“ချစ်လားလို့”
“ဘာတွေ လာမေးနေတာလဲ”
“မဟုတ်ဘူးလေ….င့ါကို ချစ်လားလို့မေးတာ “
“မဟုတ်ဘူးလေ….င့ါကို ချစ်လားလို့ မေးတာ မဟုတ်ဘူး”
“အောင်မယ်……နာချင်လို့”
“အဲဒီ ဆာကယ်လ်ကို နင်မချစ်ပါဘူး ငါသိပါတယ်”
“ကဲ…ဒါဆိုလဲ …အပိုတွေ လျှောက်မမေးနဲ့ ”
“တော် ပြီ…”
ဝတ်မှု န်က ဖုန်းလေးကို ခလုတ်ဖိမလိုပြင်သည်။
“နေပါဦင်္း….၀တ်မှု န် ခဏလေး….”
“ကျွတ်….ဘာလဲဟာ”
“သူ ပရိုပို့စ်လုပ်တော့ နင်ဘယ်လိုပြောသလဲ…..လေးသိချင်တာ”
“သွားနေလင်းစုတ်…တော် တော် စပ်စုနေပါလား…ငါက နင့်ကို အဲဒါတွေ လျှောက်ပြောရမလား…”
“ပြောမပြဘူး….ဒါပဲ…တော် ပြီ…ဘိုင့်ဘိုင့်…”
ဒီတစ်ခါတော့ ၀တ်မှု န်က ခလုတ်ဖိကာ ဖုန်းအဆက်အသွယ်ဖြတ်ရင်း မျက်စောင်း တစ်ချက်ပါ ရွယ်လိုက်မိသည်။
ညချမ်းလေးက ငြိမ်သက်အေးချမ်းနေသလို တစ်အိမ်လုံးလည်း တိတ်ဆိတ်မှု လွမ်းမိုးစပြုလေသည်။
ဧည့်ခန်းမှာ တီဗွီကြည့်မည့် သူလည်း မရှိတော့ ဧည့်ခန်းမီးပင် ပိတ်ထားပြီ…။
အမရာဝတ်မှု န်က ပြတင်းမှတဆင့် ခြံဝင်းဆီ လှမ်းမျှော်ကြည့်လိုက်သည်။
ဝင်းတံခါးအုတ်တိုင်မီးနှင့် မြက်ခင်းစပ်က မီးတိုင်ပုံးလေး လေးခု ကတော့ လင်းလက်နေဆဲပါ။
အပြင်ထွက်ဆင်းလျှောက်လျှင် ကောင်းမလား…။
ဘောက်ထော်မှာ နေတုန်း ကတော့ အမရာဝတ်မှု န်တို့ ခြံဝင်းကအတော် အတန် ကျယ်ဝန်းတာမို့ ညဖက်ဆိုခြံထဲလမ်းလျှောက်နေကျ…။
အခုဒီကို ရောက်လာပြီးမှ သူမနည်းနည်း အနေကျုံသလိုတော့ ခံစားမိသည်။
ဘယ်သူ့ကြောင့် ရယ်မှတော့မဟုတ်။
ဘွားနန်းက စိတ်သဘော မနောအလွန်ကောင်းသူ ဖြစ်သလို သူမကိုလည်း အလိုလိုက် အကြိုက်ဆောင်တတ်သူပါ။
ကြီးမေကလည်း ၀တ်မှု န်အပေါ် လိုလားဖော်ရွေသည်။
ဒါဖြင့် ကိုစက်ဝိုင်းကရော…..။
ဝတ်မှု န်က နှုတ်ခမ်းကလေးကို အလိုမကျသလို စူထော်မိသည်။
ဒင်းက အေးစက်နေလိုက်တာ…။
မိန်းကလေးက သူ့အိမ်ကိုပဲရောက်နေပြီဆိုပြီး ဘ၀င်ကိုင်တာများ လား…။
ကိုစက်ဝိုင်းရဲ့ အတွင်းစိတ်သဘောကို ၀တ်မှု န် အကဲခတ်မရ…။
သေချာတာ ကတော့ ၀တ်မှု န်ကို စေ့စေ့ပင် မကြည့်ပဲ အေးတိအေးစက်ဆန်လှ၊ သူစိမ်းဆန် လှတာပင်…
သူ ၀တ်မှု န်အပေါ် လျော့တွက် အထင်သေးထားသလား။
မျက်မှော က် ကုပ်ကုပ်နှင့် တွေးတောရင်း အမရာဝတ်မှု န်က အိမ်ထဲက အလိုလိုထွက်လာမိကာ ခြံဝင်း မြက်ခင်းစပ်က ဒန်းကလေးမှာ သွားထိုင်မိသည်။
ခြေဖျားထောက် ပြီး ဒန်းကိုလွှဲလိုက်တယ်။ ငြိမ်ငြိမ်ထိုင်နေရင် ခြင်ကိုင်တော့မှာ …။
ခြံထဲမှာ ခြုံပုတ်တွေ ၊ မြက်ရိုင်းတွေ မရှိပေမဲ့လည်း သီးပင်၊ စားပင်၊ပန်းအလှပင် တွေ ရှိသည်။
အဲဒီ တော့…ခြင်လည်း ရှိတာပေါ့…။
ဝတ်မှု န်က သူမကိုယ်သူမ ခြင်ကိုက်ခံရအောင် ဂရုစိုက်ရင်း ပျံလွင့်လာသော ညမွှေးပန်းရနံ့ကို နှစ် ခြိုက်စွာ ရှုရှိုက်မိသည်။
ညမှာ ပွင့်တဲ့ ညမွှေးပန်းရဲ့ ရနံ့ချိုချိုလေးကို သူမ သဘောကျသည်။
တမျိုးလေး ကဗျာဆန်သလို ထင်မိသည်။
ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ တိမ်စိုင်တိမ်လိပ်တို့ တရွရွကလေး ရွေ့လျားနေတာကို မြင်ရသည်။
ဒီည စိတ်တွေ အလိုလို ရွှင်ပျမိသည်။
ခုတလော အိပ်ယာပေါ်လှဲလိုက်မိတာနှင့် ခေါင်းထဲမှာ တွေးစရာတွေ ၊ စဉ်းစားစရာတွေ ၊ စိတ်ကူးထားတာတွေ နှင့် လူက မွန်းကြပ်ပင်ပန်းသလို ဖြစ်နေခဲ့တာမဟုတ်လား…။
နေ့လည်တုန်း ကတော့ ဘွားမုံရဲ့ အစီအစဉ်နှင့် ၀တ်မှု န်ကို ကိုစက်ဝိုင်းက လာခေါ်သည်။
အသစ်ဖွင့်လှစ်လိုက်တဲ့ ဂျန်းရှင်းမော်တင်း ကို လိုက်ပို့ပေးတာပါ…။
လိုက်ပို့တယ်ဆိုပေမဲ့ ကိုစက်ဝိုင်းက ခပ်ခွာခွာလျှောက်သည်။
ဓာတ်လှေကားပေါ်တက်တော့လည်း သူမကို စောင့်မခေါ်….သူ့ဘာသာသူ ရှေ့ကနေ တက်သွားတာ..။
ဆိုင်ကလေး တွေ ၀င်ပြီး လှည့်ပတ်ကြည့်ရှု။
မျက်စိကျတဲ့ ပိုက်ဆံအိတ်ကလေး…တိုလီမိုလီလည်း ၀ယ်….ပြီးတော့ အပေါ်ထပ်မှာ ရေခဲမုန့်စား..။
ဒါပဲလေ စကားလည်း သိပ်မပြော ဖြစ်ကြပါဘူး။
အပေါ်ထပ်မှာ မီနီ ရုပ်ရှင်ရုံလေးတွေ့ တော့ သူမက ဟာသကားပဲဟု တခဏ စူးစမ်းကြည့်မိသေးသည်။
အချစ်လား….လာထားတဲ့…။
ခန့်စည်သူနှင့် အိန္ဒြာကျော်ဇင်လည်း ပါသည်။ မိုးအောင်ရင်တို့ ခိုင်သင်းကြည်တို့ မယ်လို ဒီတို့လည်း ပါဝင်သည်။ ကောင်းမယ့်ပုံ…ရယ်ရမဲ့ပုံပါပဲ…
ဝတ်မှု န်က ရုပ်ရှင်ကြိုက်သည်။
အထူးသဖြင့် ရယ်စရာဟာသ ဆန်ဆန်ဇာတ်ကားလေးများ ကို ပို၍ သဘောကျ နှစ် ခြိုက် သည်။
ဝတ်မှု န်က တခဏ ခြေလှမ်းတန့်သွားပေမဲ့ သူက ရုပ်ရှင်ကြည့်မလားဟု စကားမ ခေါ်…… …။
ယောက်ျားလေး ဖြစ်တဲ့ ဒင်းကတောင် မခေါ်သေးတာ ကိုယ်ကအနေသာချည်းပဲပေါ့…။
ဝတ်မှု န်ဖျတ်ခနဲ ကျောခိုင်းလိုက်သည်။စိတ်ကောက်ချင်ချင် ဖြစ်မိတဲ့ ကိုယ့်ကိုယ်ကိုလည်း မကျေနပ်ချင်…။
သူ့ကို လက်ခံမိတာ မှားပြီလား..။
ဒီအတွေးက တနေ့ကို ဆယ်ကြိမ်မက ခေါင်းထဲရောက်လာတတ်တဲ့ အတွေးပါ…။
ကဲ …မှားပါပြီဆိုပါစို့…။
အခု ဘာဆက်လုပ် မလဲ..။
အမရာဝတ်မှု န်သည် ပင့်သက်ကလေးသား ခိုးရှိုက်မိသည်။
ဘာမှပြင်ဆင်လို့မရတော့ဘူး ဆိုတာမဟုတ်။
ဒါပေမဲ့ အမရာဝတ်မှု န် ကိုယ်တိုင်က အဘွားရဲ့ စကားကို လိုလိုလားလားပဲ ခေါင်းညိတ် လက်ခံခဲ့တာပါ…။
မိဘတွေ မရှိတော့ပြီဆိုကတည်းက ဒီအဘွားရင်ခွင်မှာ ပဲ ခေါင်းတိုးဝှေ့ရင်း ကြီးပြင်းလာ ခဲ့တာမို့ အဘွားကို သူမသိပ်ချစ်သည်။
ဘာမဆို အဘွားစိတ်ချမ်းသာတာမှန်သမျှ လုပ်ပေးချင်သည်။
သူမ ဆယ်တန်းအောင်ကတည်းက အဘွားက သူ့သူငယ်ချင်း ဘွားနန်းမြနှင့် သဘောတူ တယ်ဆိုတာ ၀တ်မှု န်ထံက ကတိတောင်းထားခဲတာမို့ ဒီအကြောင်းအရာကို စဉ်းစားခဲ့တာလည်း ကြာခဲ့ပြီ…။
အခုဆို ဘွဲ့တောင်ရပြီးလို့ ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တာပင် နှစ် နှစ် ခန့် ရှိနေပြီ…။
ထိုအခါ အဘွားရဲ့ အစီအစဉ်တို့က စတင် အကောင်အထည်ဖော်ဖို့ တာစူလာပါသည်။
မြေးလေး…၀တ်မှု န်..
ရှင်…
အဘွားပြောစရာရှိတယ်…
သိပါတယ်…အလုပ်ထွက်ပြီး အိမ်ထောင်ပြုတော့လို့ ပြောမလို့ မဟုတ်လား..
အဘွားက သဘောတကျ ရယ်ပါသည်။
အေးလေကွယ်….အဲဒါပဲပေါ့…
ဝတ်မှု န်က အလုပ်မထွက်ချင်ပါဘူး…
ဒါဖြင့်လည်း မောင်ဝိုင်းတို့ ကွန်စထရပ်ရှင်မှာ ပဲ ၀င်လုပ်ပေါ့။
ဝတ်မှု န်က ခေါင်းယမ်းသည်။
ဟဲ့…ဘာခေါင်းခါတာလဲ…
ဒီမှာ က သူငယ်ချင်းတွေ နဲ့ နေသားကျပြီး ပျော်နေပြီ အဘွားရဲ့ ….
သြော် …ဒီကလေးမနှယ်…
ကဲပါ အဘွားရာ…အလုပ်ကိစ္စနောက်ထား ဒီမှာ သမီးအဘွားအတွက် ကျွဲကော်သီး ဖျော်ရည်လုပ်ထားတယ်… အရမ်းချိုတယ်….သောက်ကြည့် လုံးဝမခါးဘူး…..
သောက်ပါမယ်အေ..ထားလိုက်စမ်းပါ….
ညည်းစကား မလွဲစမ်းပါနဲ့
ဟီး….ဟီး…မလွှဲပါဘူး
ဒါဖြင့် သေချာနားထောင်…အဘွားတို့အခုနေတဲ့ ခြံကိုရောင်းလိုက်မယ်…
ဟင်…
သူမ နှမြေစိတ်နှင့် အံ့သြသွားရသည်။
ဘာလို့ ရောင်းရမှာ လဲ …အဘွားရဲ့ ။
မြေးလေး အိမ်ထောင်ကျရင် အဘွား တစ်ယောက် ထဲ ဒီအိမ်မှာ ဘယ်လိုနေမလဲ…
ဝတ်မှု န်လည်း နေမှာ ပေါ့…
မောင်ဝိုင်း အဘွားက မြေးကို ဟိုမှာ ပဲ နေစေချင်တာ
အမရာ နှုတ်ဆိတ်သွားသည်။
ရင်ထဲမှာ လည်း ဆွတ်ဆွတ်ကျင်ကျင်နှင့် အခုကတည်းက လွမ်းချင်ပါသည်။
ဘ၀ရဲ့ စီမံထားပုံဟာ အချိန်တန် အိမ်ထောင်ပြုပြီး ကိုယ့်ရဲက မူလအိမ်ဂေဟာ အရိပ်အမြုံ လေးဆီက စွန့်ခွါထွက်ခွာသွားဖို့လား……။
ဝတ်မှု န်အဘွားနှင့် မခွဲချင်ပါ..။
ခွဲပြီးလည်း မနေလို၊ မနေနိုင်ပါ…။
မရဘူး အဘွား၊ ၀တ်မှု န်အဘွားနဲ့ နေမယ်၊ အဘွားနဲ့ ခွဲရမယ်ဆိုရင် အဲဒီ မောင်ဝိုင်းကိုလည်း လုံးဝမယူဘူး..။
ဟဲ့…..ဒါဘယ်လိုစကားလဲ….၊လူကြီးဆန်ဆန်တွေးစမ်ပါ ၀တ်မှု န်ရယ်…။
ဒါ….လူကြီးအဆန်ဆုံးပဲ…
အေး….ငါသိတယ်..ညည်းလေး ဂဂျိင်္ဂဂျောင်ကျမယ်ဆိုတာ သိလို့ပဲ …ဒီခြံကို ရောင်းပြီး မောင်ဝိုင်းတို့ နားက ဘလူးဒိုင်းမွန်းကွန်ုဒိုမီနီကို ၀ယ်ဖို့ စီစဉ်ရတာ …၊ပိုတဲ့ ပိုက်ဆံ ဘဏ်ထဲထည့် တန်တာထည့်…. လှူတန်တာလှူ၊ မြေးလေးဖို့ လက်ဝတ်လက်စား လုပ်တန်တာလုပ် မကောင်းဘူးလား….။
တကယ်တော့ ၀တ်မှု န်အတွက် စိန်ရွှေရတနာတို့လည်း မလိုလှပါဘူး…။သို့ သော် ဘယ်လိုငြင်းဆန်ရမလဲမသိပဲ ၀တ်မှု န် နှုတ်ဆိတ်ငြိမ်ကျသွားရသည်။
ဒါတွေ ဟာ အဘွားရဲ့ အစီအမံနှင့် ပြင်းပြသော ဆန္ဒတွေ မို့ ၀တ်မှု န်မကန့်ကွက်ရဲပါ…
ခြံရောင်းရပြီဆိုတာနဲ့ ဟိုဖက်ကွန်ဒီုကို စရံချထားလိုက်မယ်…။ကွန်ဒိုမပြီးခင် တို့မြေးအဘွားနှစ် ယောက် အဘွားနန်းအိမ်ပဲ ခဏနေကြမယ်…ဒါတို့အဘွားအိုနှစ် ယောက် တိုင်ပင် ထားတဲ့ အကြံပဲ…မြေးနှစ် ယောက် လက်ထပ်ပွဲကို တို့တတွေ ပျော်ပျော်ကြီး ဆင်နွှဲရမယ်…ပြီးရင် မြစ်ချီမယ်…ဘယ့်နှယ်လဲ…အကြံပိုင်တယ်မဟုတ်လား…။
ဤသို့ ဤနှယ် ဘွားအေ ဖြစ်သူက စိတ်လှုပ်ရှား ပျော်ရွှင်တက်ကြွနေလေရာ ၀တ်မှု န်မှာ ဘာမှ ဆင်ခြင်တတ်ခွန်းမတုံ့ရဲတော့ပဲ ငြိမ်ငြိမ်တိတ်တိတ်လေးသာ ငိုင်တွေ သွားခဲ့ရပါသည်။
ဆက်ပြီးတော့လည်း အဘွားပဲစိတ်ပါလက်ပါ ၀မ်းပန်းတသာနှင့် ဦးဆောင်စီစဉ်လှုပ်ရှားခဲ့ရာ လေးလွှာကွန်ဒိုတစ်ခန်းလည်း ၀ယ် ဖြစ်သွားသည်။ ဘုရားဖူးခရီးထွက်ကာ အဘွားစိတ်ကြိုက် လည်း လှူဒါန်းသည်။
ဝတ်မှု န်တို့ မြေးအဘွားလည်း ကွန်ဒိုနားကပ်လျက်က လူကုံတန်တို့ ရပ်ကွက်ထဲ ခြံကျယ်၊၀န်းကျယ်၊ တိုက်အိမ်လှလှကြီးနဲ့ နေတဲ့ အဘွားနန်းတို့ အိမ်သို့ အောက်တိုမစ်တစ်ရောက် လာသည်။
နှစ် ဖက်အဘွားက ဒီလိုစီစဉ်ကြတာဟာ သူတို့ သားနဲ့ သမီး လက်ထပ်တုန်းက အကောင် အထည်မဖော် ဖြစ်တဲ့စိတ်ကူးကို မြေးနှစ် ယောက် အလှည့်မှာ အကြံဦးပြီး မြန်မြန် ဖြစ်မြောက်အောင် ဖြစ်စေချင်လို့ဆိုတာ ၀တ်မှု န်နားလည်ပါသည်။
လူငယ်နှစ် ယောက် အနေနီးစပ်ပြီး သံယောဇဉ်တွယ်သွားကြဖို့ ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါလိမ့်မည် ။
သို့ သော် မိုးကုပ်စက်ဝိုင်းဆိုတဲ့ လူရွယ်လေးဟာ ၀တ်မှု န်အကဲခတ်မိသလောက် အနေ တည်သည်။
ဘိယာကြိုက်တဲ့သူ။ စီးကရက်သောက်တတ်သူ ဆိုပေမဲ့ သူဟာ အိမ်မှာ အဘွားနန်းရဲ့ အချစ်တော် ကို သဲလှုပ် ဖြစ်တာမို့ ဘွားနန်းက အပြစ်မမြင်…။
ကိုစက်ဝိုင်းကိုယ်တိုင်လည်း ဘွားနန်းပိုင် လုပ်ငန်းတွေ မှာ ဦးစီပြီးစီမံခန့်ခွဲနေသူမို့ အလုပ် များ သူလည်း ဖြစ်တာကြောင့် တစ်နေ့တစ်နေ့ အိမ်မကပ်လှပါ…။
ရုံးပိတ်ရက်တောင် သူ့မှာ အချိန်မရ…မအားလပ်။
ဝတ်မှု န်ကို ဟိုဟိုဒီဒီ လိုက်ပို့ပေးဖို့တောင် ခဏတဖြုတ် အချိန်လုပ်ပြီး ပြန်လာရပုံပေါ်သည်။
ညနေတစ်ခေါက်အပြင်ထွက် သွားလိုက်ရသည်မှာ ညဥ့်နက်တဲ့အထိ ပေါ်မလာ။ အလုပ် များ တယ်ဆိုပေမဲ့ သူကိုယ်တိုင်က အိမ်မှာ ထက် အပြင်မှာ ပိုပျော်လို့ ဖြစ်နိုင်သည်။
အင်း….ဒါကြောင့်လည်း သူ့ကို အခြေတကျ တည်ငြိမ်လာအောင် အိမ်ထောင်ရေး အနှောင် အဖွဲ့ထဲ ရောက်သွားစေချင်မိကြတာ…။
ဝတ်မှု န်ကို တွယ်တာ နှောင်ဖွဲ့လာမိတဲ့အခါ သူပိုပြီး ခြေငြိမ်လာအောင်ပေါ့လေ…။နှစ် ဖက် ဘွားအေတို့ရဲ့ အမြော်အမြင်…။
တကယ်ရော သူဟာ ၀တ်မှု န်ကြောင့် ပြောင်းလဲလာမည့် သူ ဖြစ်နိုင်မလား….
သူ စကားပြောရင်း ၀တ်မှု န်မျက်လုံးထဲ တည့်တည့်ပင် သိပ်မကြည့်…။
တနေရာလွှဲပြီး ရိုးရိုးသားသား ပဲပြောတာ…။
တဖက်သား မိန်းကလေးအပေါ် အားနာတဲ့ အမူအရာ…။
ဒါမှမဟုတ် ၀တ်မှု န်ကို မနှစ်သက် လို့….ရင်မခုန်လို့လား…။
ဘယ်လိုပဲ ဖြစ် ဖြစ် သူလည်း အဘွားရဲ့ စကားကို ပယ်ရှားငြင်းဆိုလို့မှမရတာ …။
သူနှင့်ဝတ်မှု န်တို့ဟာ ဒီလမ်းကြောင်းပေါ်ကို စိတ်ပါပါ ဇွတ်မှိတ်လျှောက်ကြည့်ဖို့ ကြိုးစားနေသူချင် ကတော့ အတူတူ…။
ဒါကြောင့်မို့ သူ့ကိုလည်း တကယ်တမ်း အပြစ်မတင်ချင်။
တစ်ခါတစ်ရံတော့ မိန်းကလေးပီပီ အလိုမကျ စိတ်ဝင်ကာ စိတ်တိုင်းမကျ ဖြစ်မိတာအမှန်..။
ဝတ်မှု န်ဟာ ရုပ်သေးရုပ်နှင့် တူနေပြီလား ဝေခွဲမရ…။
အင်း…ဒီအခြေအနေကိုပဲ သူငယ်ချင်းတစ်ချို့က အထင်ကြီးအားကျသတဲ့…..။
ဝတ်မှု န်ရယ်…နင်က သူဌေးကတော် ဖြစ်တော့မှာ ဆိုတော့ ကံကောင်းတာပေါ့…။ပါဝါဆဲဗင်း ကွန်ထစရပ်ရှင်ဆိုတာ နံမည် ကြီး ဂရိတ်ပဲထဲကပဲနော်….နင့်အဘွားကိုက အရွေးတော် တာဟာ၊ ငါ တို့ကျမှတော့ ဒီလိုအဘွားမျိုး မရှိဘူး…..ဟွန်း….ဟွန်း..။
ဝတ်မှု န်အဘွားကို ခဏဌါးပြီး ….နင်တို့အတွက်ပါ ရှာခိုင်းပေါ့ဟာ။
ဟင်း….နေလင်းစုတ် ကြည့်စမ်း…ငါတို့ မိန်းကလေးချင်း ပြောတာကို နင်ခိုးနားထောင် နေတယ်ပေါ့လေ….သွား…သွား….
ယုသန္တာက ရှက်ရှက်နှင့် နေလင်းကိုပြေးထုလိုက်၏ ။
နေလင်းက ပတ်ပြေးရှောင်လိုက်သဖြင့် သူမတို့ရုံးရဲ့ ထမင်းစားခန်းလေးထဲ ရယ်မောသံတို့ ဆူညံသွားခဲ့သေးသည်။
ဝတ်မှု န်က သူများ တွေ သဘောတကျ အထင်တကြီးရှိတာကို ပြန်တွေးမိလျှင်တော့ အခုလို အဘွားစကားနားထောင်ပြီး လက်ခံခဲ့တာ မှန်ကန်သလိုလို အထင်ရောက်မိသည်။
စိတ်တွေ က အမြဲတမ်းပဲ နှစ် မျိုးနှစ် ခွ နှင့် မတင်မကျ အီလည်လည် တွေ ဝေေ၀ကြီး ဖြစ်မိစ မြဲပါ။
ဆုံးဖြတ်ပြီးပြီဆိုပေမဲ့ တည်တည်ငြိမ်ငြိမ်နှင့် သွေးအေးအနည်ထိုင်နေတာမျိုးမဟုတ်….
တရေး နိုးပြန်စဉ်းစားမိလျှင် လူက ချောက်ချားသလိုလို၊ အိမ်ထောင်ပြုလိုက်ရမှာ ကို ၀န် လေး ထိတ်လန့်သလိုလို ဖြစ်နေမိသည်။
ရင်ထဲမှာ မရေရာခြင်းတွေ က ပြည့်နှက်နေဆဲပါ….။
လက်ထပ်ရမည့်သူဟာ သူမ ချစ်နေတဲ့ မဟုတ်တဲ့အပြင် တရင်းတနှီး လက်ပွန်းတတီး ရှိလှ တဲ့သူအဟုတ်…။
သို့ သော် ကိုစက်ဝိုင်းရဲ့ ဘ၀အကြောင်း နောက်ခံသမိုင်းတွေ ကို အဘွားဆီကနေ အမြဲ တစေ ကြားနေကျ..။
ဝတ်မှု န် ခပ်ငယ်ငယ်ကတည်းက ဘွားနန်းတို့အိမ်ကို လည်း ၀င်ထွက်လည်ပတ်သွားလာ ဖူးသည်။
ခပ်ငယ်ငယ်တုန်း ကတော့ စက်ဝိုင်းကို သူမဖူးစာရှင်အ ဖြစ် လျာထားခံရမည့် သူ ဟု ယောင် ၍ ပင် မစဉ်းစားမိဖူးပါ။
အင်းလေ….ဖူးစာရှင်ဆိုတာ ရှေးဘ၀ရေစက်ရှိတဲ့သူမှ ဆုံတာပါ..။
ဝတ်မှု န်ဖက်က ဘာမှမတွေးဘဲ မျက်စိစုံမှိတ်ဆုံးဖြတ်လိုက်လည်းပဲ မမှားတန်ပါဘူး..။
အဘွားစိတ်ချမ်းသာ ဖို့က နံပါတ်တစ်ပဲလေ..။
ဝတ်မှု န်က မျက်လွှာကလေးတစ်ချက် မှိတ်ကာပင့်သက်ရှိုက်ရင်း စိတ်ဒုံးဒုံး ချမိ၏ ။
ညမွှေးပန်း ရနံ့လေးတွေ က မွှေးမြသင်းပျံ့ ကြိုင်လှိုင်နေဆဲ…။
ထိုအချိန်မှာ ပင် ပရာဒိုကားတစ်စီးက ခြံတံခါးမှာ ခေါင်းထိုး၍ ရပ်လာသည်။
ကားမီးရောင် က ၀င်းခနဲ…
ဟော့တော့ ကိုစက်ဝိုင်းအောင် ပြန်လာပြီ…။
အခုမှ အိမ်ထဲလှည့်ဝင်ရမလား ၀တ်မှုန် စဉ်းစားသည်။အနောက်ဖက်က ဆားဗင့်ကွာတာ လေးကနေ ကိုဥသြက ပြေးထွက်လာပြီး စက်ဝိုင်းကို ခြံတံခါးဆီးကြို ဖွင့်ပေးသည်။
ဝတ်မှု န်က ဒန်းလေးပေါ်မှာ ပဲ ဆက်တိုက်နေလိုက်သည်။
စက်ဝိုင်းရဲ့ ကားက ဂိုဒေါင်ဖက်ထိ တောက်လျှောက်မောင်းဝင်သွားသည်။
စက်ဝိုင်းသည် လူငယ်ပီပီ ပေါ်တီကို အောက်ကားရပ်ပြီးမှ ကားဂိုဒေါင်ထဲတဆင့် မောင်းသွားခိုင်းတာမျိုး ဘယ်တော့မှမလုပ်…။
သူ့ဟာသူပဲ ကားသိမ်းပြီးမှ အိမ်ဖက်ပြန်လျှောက်လာသည်။
လက်ထဲက ရီမုတ်ပါတဲ့ ကားသော့ လေးကို ဝှေ့ယမ်းဆော့ကစားရင်း လျှောက်လာတဲ့ စက်ဝိုင်းက ၀တ်မှု န်ကို မြင်တော့ ခြေလှမ်းတုန့်သွားသည်။
သြော်……..၀တ်မှု န်…..
ပြန်လာပြီလား…….ကိုစက်ဝိုင်း။
စက်ဝိုင်းက ခေါင်းဆတ်ပြရင်း….
စက်ဝိုင်းပဲ ခေါ်ပါ…ရတယ်…
အို….ဘယ်ကောင်းပါ့မလဲ…
ဘာကိုလဲ…အသက်ပိုကြီးလို့လား….နင်က နှစ် ဆယ့်သုံး…ငါက နှစ် ဆယ့်လေးကျော် သိပ် မကွာပါဘူးဟာ…ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံစမ်းပါ…ငါက အိုကေပါတယ်….ပြဿနာမရှိပါဘူး…. နင် ငါ့ကို ဘာမှ ရှက်မနေနဲ့ ၊ လွတ်လွတ်လပ်လပ်ပဲနေ ကြားလား…
ဝတ်မှု န်က ခေါင်းညိတ်ရင်း စက်ဝိုင်းပုံစံကို အကဲခတ်နေစဉ်…။
ခြေလှမ်း ယိုင်လောက်အောင် မမူးပေမဲ့ နည်းနည်း ပါးပါးတော့ ထွေလာဟန်ရှိသည်။
သူအာသွက်နေသည်။
ဒါကြောင့်လည်း အဘွားတို့အိမ် ချိန်တန်လောက်မှ တမင်ပြန်လာဟန်တူသည်။
ပြီးတော့ ၀တ်မှု န်ကို ထူးထူးဆန်းဆန်း တရင်းတနှီး လေသံနှင့် စကားပြောသည်။
ဝတ်မှု န်….နင် ထမင်းစားပြီးပြီလား..
ဟုတ်ကဲ့..
ဝတ်မှု န်က ဒန်းပေါ်ကဆင်းလိုက်ရင်း….
ကိုစက်…စက်ဝိုင်းရော စားပြီးပြီလား….
ဝတ်မှု န် ထမင်းခူးပေးရမလား…
နေ…နေ….ရတယ်၊ မစားတော့ဘူး…၊ ငါအိပ်တော့မှာ ၊ အပြင်မှာ အေးတယ်ဟ၊ နင်လည်း အကြာကြီး ထိုင်မနေနဲ့ တော့……
ဟုတ်ကဲ့
သူက ရိုးသားသော ရင်းနှီးဟန်ဖြင့် နင်နဲ့ ငါနဲ့ ပြောသလား။
ဝတ်မှု န်ဟာ သူနဲ့ မကြာခင် စေ့စပ်တော့မယ့် မိန်းမငယ်လေး တစ်ဦးဆိုတာ ခေါင်းထဲမှာ ရှိပါလေစ။
စက်ဝိုင်းရှေ့ကနေ တိုက်ထဲဝင်သွားလျှင် ၀တ်မှု န်လည်း သူ့နောက်မှ လိုက်ဝင်လာခဲ့သည်။
ဧည့်ခန်းကိုဖြတ်၊ ထမင်းစားခန်းနား သူခဏရပ်ကာ စားပွဲပေါ်ကားသော့ ကိုတင်သည်။
ပြီးတော့ ရေခဲသေတ္တာဖွင့်ပြီး ကုတ်တဗူးဆွဲထုတ်လိုက်သည်။
ဝတ်မှု န်က မှော က်ထားတဲ့ ဖန်ခွက်ကလေးကို အသင့်ယူထည့်ပေးဖို့ ပြင်ပေမဲ့ သူက လက်ကာပြပြီး ဒီအတိုင်း မော့သောက်ချသည်။
ဂွတ်နိုက်…..၀တ်မှု န်…
ပြီးတော့ အအေးဗူးကိုင်ပြီး လှေကားပေါ် တက်ဖို့ ပြင်သည်။
ဟုတ်ကဲ့……..ဂွတ်နိုက်….
လှေကား နှစ် ထပ်လောက်တက်ပြီးမှ ၀တ်မှု န်ဖက်ပြန်လှည့်ကာ……
ငါ မနက်ဖန် မန္တလေးသွားမယ်…..ဘာမှာ ဦးမလဲ….
သူ ရုတ်တရက် မေးလျှင် ၀တ်မှု န် ဘာမှပြန်မဖြေမိ…
ထိုးမုန့် လမုန့်ကြိုက်လား………..မကြိုက်ရင်လည်း ဂျယ်လီပူတင်း ၀ယ်လာမယ်…
စက်ဝိုင်းသည် တစ်စုံ တစ်ယောက် က ဂျယ်လီပူတင်း ကြိုက်တာ ခေါင်းထဲမှတ်မိ နေတာမို့ ပါးစပ်က လွတ်ခနဲ မေးမိတဲ့ သဘောပင်…။
ရပါတယ်….ဘာပဲ ဖြစ် ဖြစ် ကြိုက်ပါတယ်…
အိုကေ…ဘာပဲ ဖြစ် ဖြစ် ရတယ်ဆိုတဲ့ နင့်စိတ်ဓာတ် ငါကြိုက်တယ် ၀တ်မှု န်၊ အဲဒါ သိပ်ကောင်း တယ်….နောက်တစ်ပတ်လောက်ဆို ငါပြန်လာမယ် ကြိုနှုတ်ဆတ်ထားတာ၊ ဟား…ဟား….
ရယ်ရယ်ပြောပြောနှင့် လှေကားပေါ် တက်ကာ သူ့အခန်းဖွင့်လျက် ၀င်ရောက်သွားသည်။
ဝတ်မှု န်က နှုတ်ဆိတ်လျှက် အသာမော့ကြည့်နေမိသည်။
အတော် ညဥ့်နက်တဲ့အထိ မင်းထယ်၊ အိပ်ယာမ၀င်သေးပဲ ၀ရံတာကလေး၌ ထွက်ထိုင်၍ တစ်ဦးတည်း အေးအေးလူလူ စီးကရက် ရှိုက်ဖွာသည်။
သူ့ခေါင်းထဲမှာ လည်း အတွေးတွေ က ဟိုဟိုဒီဒီ ပြိုလွင့်လျှက်ရှိသည်။
အထူးသဖြင့် မန္တလေးအိမ်မှာ ကျန်ခဲ့တဲ့ အမေ့ကို သတိရမိသည်။
ဖေကြီး တစ်ယောက် ထဲ ဒီအချိန်ဆို တိုက်ဂါးဘီယာလေး တစ်စိမ့်စိမ့်သောက်ပြီး ပက်လက်ကုလားထိုင်ပေါ် အညောင်းပြေအနားယူ နေလောက်ပြီ။
ဖေကြီးက ပန်းချီဆရာ၊ ပန်းချီဆရာ ဖြစ်တဲ့အတွက် စိတ်ဓာတ်ခံစားမှု ကလည်း နုညံ့ပြီး အနုပညာဆန်သည်။
သူ ကတော့ ဘာကြောင့်လဲမသိ ပန်းချီပညာကို ဖေကြီးသင်ပေးပေမယ့် ဖေကြီးလောက် လက်ရာမမြောက်။
အမှန်အတိုင်းပြောရလျှင် အရမ်းကြီး ၀ါသနာမပါလှ။
မင်းထယ်က အားကစားလိုက်စားရတာ ပိုသဘောကျသည်။ သူအားလပ်လျှင် သူငယ်ချင်း တွေ နဲ့ တင်းနစ်ရိုက်တာ ဂေါက်ဖ်ရိုက်တာတွေ ကိုမှ ပိုလုပ် ဖြစ်သေးသည်။
အဲ့ဒါမှမဟုတ်လျှင် ဘော်ဒါတအုပ်ကို သူ့အိမ်ခေါ်ကာ အမ်မှာ လွတ်လွတ်လပ်လပ် တစ်နေ ကုန် ဂစ်တာဝိုင်းဖွဲ့ကြမည် ။ ညဥ့်နက်လို့ ဘော်ဒါတွေ အိမ်မပြန်ပဲ သူ့အိမ်မှာ ပဲ အတူတူအိပ်ကြလျှင် သူပို၍ သဘောကျသည်။
မင်းထယ်က အပေါင်းအသင်းခုံမင်သူ ဖြစ်တာကြောင့် အခုလိုရန်ကုန်မှာ တစ်ယောက် ထဲ အခြေချနေထိုင်ရမည် ဆိုတော့ မင်းငေါင်ငေါင် ဖြစ်နေမလား သူအတော် စဉ်းစားသေးသည်။
ရေလှိုင်းက
“ဘာမှမပူနဲ့ ငါလည်းမင်းနဲ့အတူ လာနေမှာ ပဲဟာ၊ နောက်ပိုင်း ဆိုဒ်ထဲအလုပ်ဆင်းတော့ လည်း မင်းမှာ ဘော်ဒါတွေ ထပ်ရလာမှာ ပေါ့ကွာ၊ မင်း တစ်ယောက် ထဲ ငေါင်ရရင် အလွန်ဆုံးတစ် ပတ်ပေါ့ကွာ။ ဒါမှမဟုတ်လည်း ဒီလိုလုပ်”
သူရေလှိုင်းကို ကြည့်လျှင်ရေလှိုင်း မျက်နှာပြုံးဖြီးဖြီး ဖြစ်လာကာ
“အပျင်းပြေ ရည်းစားလေးဘာလေး ကောက်ထားကြည့်လိုက် စက်ဝိုင်းက မင်းကို ဟန်း ဖုန်းဝယ်ပေးမယ် ပြောထားတယ်လေ။ ဖုန်းရရင် မင်းကောင်မလေးတွေ ဖန်းပေါ့။ အီပေါ့ ဘာ ဖြစ် လဲ”
“သွားစမ်းပါကွာ မင်းတို့နှစ် ယောက် အကျင့်တွေ ငါ့ဆီကူးစက်အောင် လာမြှော က်ပေးမနေနဲ့”
“စက်ဝိုင်မှာ က အတည်တကျ ရှိနေပြီးလေကွာ။ ရူပါကျော်ကိုပါ သူယူမှာ ကျိန်းသေးတယ်”
“မင်းအပိုတွေ လျှောက်ပြောမနေနဲ့ ရေလှိုင်း စက်ဝိုင်းငါ့ကိုပြောပြီးသား၊ သူ့အိမ်းက ပေး စားတဲ့မိန်းမပဲယူရမှာ တဲ့။ ဒါကြောင့် လှုပျိုဘ၀ အစွမ်းကုန်လွတ်လွတ်လပ်လပ် ကဲနေတာပေါ့”
“အေးလေ၊ အဲလို အကဲကောင်းလို့ ရူပါနဲ့ ငြိတာပေါ့၊ အခုစက်ဝိုင်းလှုပ်မရ ရုန်းမရ ဖြစ်နေ ပြီ တစ်လထဲမှာ မန္တလေး သုံးခေါက်ရောက်လာတာပဲကြည့် ငါတော့မထင်ဘူး ဒီတော် ကို သူမ ကျော်နိုင်တော့ဘူးကွ”
“ဘာတောလဲ”
“မာယာတောလေကွာ”
“အဲလိုတော့ မပြောပါနဲ့ကွာ ရူပါက မိန်းမကောင်းလေးပါ မင်းကလဲ”
“အေးပါ မင်းကပိုသိမှာ ပါ”
“ငါပိုသိတယ်လို့ မဆိုလိုပါဘူး”
“စက်ဝိုင်းက အပျော်ကြံတာလို့ မင်းထင်နေလား”
“ဟ…..ဘာမေခွန်းကြီးလဲ ငါ့ကို သက်သက်ကွိုင်ရှာနေတဲ့ သဘော သူ့ကိစ္စ ငါနဲ့မှမဆိုင်တာ”
“အခုစက်ဝိုင်းက မင်းရဲ့ ဘောစ့်နော”
“ဘောစ့်ရဲ့ ကိုယ်ရေး ကိုယ်တာကို ဘယ်စွတ်ဖက် ဝေဖန်လို့ရမလဲကွ မင်းလည်းသွားဝေ ဖန်မနေနဲ့ဦး”
“စက်ဝိုင်းက ငါ့ကို အကုန်ရင်ဖွင့်တာကွ”
“အဲဒီ တော့ ဘာတဲ့လဲ…ရူပါကို လက်ထပ်ယူမယ်တဲ့လား”
“အဲဒီ သဘောပဲထင်တယ်”
“ဟုတ်ရဲ့ လားကွာ”
ရေလှိုင်းစကားကြောင့် မင်းထယ်နေမှာ မျက်မှော င် ကုပ်သွားရသည်။
“သူကဒီမန္တလေးမှာ ရေသန့်စက်တွေ ရေခဲစက်တွေ တည်ပြီး သူ့ဟာသူ စီးပွားခွဲထွက် ချင်တဲ့ ပုံစံပဲကွ ဟိုမှာ က သူ့အဘွားတို့ ကြီးမေတို့က ကွန်ထရိုးလုပ်တော့ သူ့စိတ်ကြိုက် မ ဖြစ်ဘူး ပေါ့ကွာ ဒါပေမယ့် အဲဒါတွေ က အကြောင်းပြချက်တွေ ပါ။ ငါ့စိတ်ထင် ပြောရရင်တော့ ဒါတွေ က ရူပါကျော် အကြံတွေ ချည်းပဲ ဖြစ်မယ်။ ဒီကောင်မလေးက ဂျလည်မကွ။ စက်ဝိုင်းကို သူပါးပါးနပ် နပ် ကြိုးကိုင်သွားလိမ့်မယ်။ ကြည့်နေ”
မင်းထယ်သည် ရေလှိုင်းပြောစကား တွေ ကို ထုံစံအတိုင်းပဲ လျော့တော့မတွက်ရဲ။
ပါးစပ်ကသာ မ ဖြစ်နိုင်ပါဘူး ဘာညာပြန်ကန့်ကွက်မိပေမယ့် ဒီကောင်ရေလှိုင်းရဲ့ စကား တွေ က မှန်းတတ်တာ များ သည်။
ကွက်ကျော်မြင်တတ် ကြိုတွက်တတ်တာတွေ အတွက် ဘော်ဒါတွေ ကြားထဲ ကြိတ်ပြီး ချီးမွမ်းရတာ မှလား။
“အဲ့ဒီတော့ မင်းအတွက် ဘာအကျိုးရှိနိုင်လို့လဲ”
“ဟ….စက်ဝိုင်း ဒီမှာ မြေကွက်ဝယ်ရင် ငါက အိုကေလေ ပွဲခရမယ်၊ ပြီးရင် စက်ရုံဆောက် မယ်၊ ဂိုဒေါင်ဆောက်မယ် အလုပ်သမားတွေ ၊ ၀န်းထမ်းတွေ ခန့်မယ်၊ ငါတို့နှစ် ယောက် ပါ အလုပ်တစ်ခန်းပေးမှာ ကွ အကျိုးရှိတာပေါ့။ ဘာပြောကောင်းမလဲ မင်းဆိုရင် ငါ့ထက်တောင် နေရာ ကောင်းရဦးမယ် အခုပဲဆိုဒ်မန်နေဂျာခန့်ပစ်လိုက်ပြီ”
မင်းထယ်မျက်ခုံးပင့်ပြမိလျှက်
“ဘာကြောင့် ”
“သူက မင်းအပေါ် ညီလေး တစ်ယောက် လို သဘောထားတာလေ ဘော်ဒါအဆင့်ထက် သာတယ်ကွ သူမင်းအပေါ် သံယောဇဉ်ကိုရှိတာ ဟိုတည်မှာ မတည်းပဲ မင်းအိမ်မှာ ဖြစ်သလိုလာ နေတာကိုပဲကြည့်”
ရေလှိုင်းပြောသလိုပင် စက်ဝိုင်းက သူ့အဖေညီရင်းတမျှခင်မင်းရင်းနှီးမှု ထားသည်။
ဖေကြီးကိုလည်း လေးစားရိုသေသည်။
သူလာလျှင် ဖေကြီးအကြိုက်လက်ဆောင်တွေ အမြဲပါသည်။
ဝီစကီ ပုလင်းပြားကအစ အိုဗာတင်း၊ ဘီစကစ်ပုံး၊ ကြက်ပေါင်းရည်၊ ချိစ်၊ မာဂျရင်း၊ သစ်သီး ဖျော်ရည်ဗူးများ ၊ ငါးသေတ္တာ၊ ကိုကာကိုလာ၊ သီဟိုဠ်ဆန်အဆုံး ထွေလီကာလီ စုံတကာစေ့အောင် ၀ယ်ချလားတတ်သည်။
စက်ဝိုင်းရောက်လာလျှင် မင်းထယ်တို့အိမ်ရဲ့ ကျွန်းစားပွဲရှည်ပေါ် စားသောက်စရာတို့ ပြည့်သွားတတ်သည်။
မင်းထယ်က ဖေကြီးနှင့် အိမ်မှာ ၀ိုင်းမဖွဲ့ပေမယ့် စက်ဝိုင်းနှစ် ကတော့ ဘီယာသောက်ဖော် သောက်ဖက်တွေ ပင် ဖြစ်လို့သွားချေသည်။
“ငါကွာ….အသက်ကြီးမှ ငါနဲ့ စိတ်တူကိုယ်တူသား တစ်ယောက် ထပ်ရသလိုပဲ…။ဘုရား ပေးတဲ့သားကြီးရော့ချကွာ။ ဒါတို့သားအဖ ပျော်ရွှင်တဲ့ အထိမ်းအမှတ်…ချီးယာစ်…”
ဖေကြီးသည် စက်ဝိုင်းရောက်လျှင်
အတော် ပင်ပျော်မြူး အူရွှင်နေတတ်ပြီး စက်ဝိုင်း ရန်ကုန်ပြန်သွားလျှင်လည်း တဖွဖွရေရွှတ် ပြီး လွမ်းနေတတ်သေးသည်။
သူ့ကိုစက်ဝိုင်း ရန်ကုန်လိုက်ဖို့ခေါ်တော့ ဖေကြီးကိုပါ အတူလာနေဖို့ ခေါ်ပါသည်။
ဖေကြီးက သူ့အရပ်ဒေသ၊ သူ့အိမ်းကိုပဲ သံယောဇဉ်ကြီးတတ်သူမို့ စက်ဝိုင်းကို အတန်တန် ငြင်းပယ်လိုက်တာ။
“ကြည့်သေးတာပေါ့ကွာ….မင်းထယ်ဟိုမှာ အခြေကျပြီးဆိုရင်တော့ အဖေလည်း သူ့ဆီ လိုက်ပို့နေရမှာ ပေါ့။ အခုချုက်ချင်းကြီးတော့ လိုက်မရသေးလို့ပါ သားကြီးရာ….နော်….အဖေမ လိုက်ချင်လို့မဟုတ်ပါဘူး။ အိမ်ကိုလည်းပစ်ထားခဲ့လို့ မရသေးဘူး။ ပန်းချီဆွဲစရာတွေ လည်း အ လုပ်လက်စတန်းလန်းတွေ နဲ့ မို့လို့ပါ။ နောက်ပိုင်းတော့ တမျိုးတဖုံကြည့်စီးစဉ်တာပေါ့”
စသဖြင့် ဖေကြီး အကျိုးအကြောင်းပြောမှ စက်ဝိုင်းကလက်လျှော့ပြီး သူ တစ်ယောက် ထဲ ခေါ်လာခဲ့တာ။ ရေလှိုင်း ကတော့ နောက်တစ်ပတ်မှ လိုက်ခဲ့ဖို့ အစီးအစဉ်ကျသည်။
မင်းထယ်သည် တရေး ရေး ပြန်တွေးရင်း အိမ်ကိုသတိရသည်။
ခပ်ဝေးဝေးမှ ဂစ်တာဝိုင်းတစ်ဝိုင်းရဲ့ သီးချင်းဆိုသံတို့ ပျံ့လွင့်လာသော အခါ ပို၍ ပင် လွမ်းဆွတ်ချင်မိသည်။
တေးသီးချင်း တပိုင်းအစကို ချာတိတ်တို့ ၀ိုင်းအော်နေကြသည်မှာ သံပြိုင်ညီညာ ကီးဝင်လှသည်။
ဒီရင်ခွင်မှာ နားပေါ့ငှက်တို့ရယ်…ခံစားတတ်တယ် နားကျည်းတတ်တယ်…ငါမမေ့တတ်လို့ သံသရာလည်…လှည့်ဖျားခြင်းပဲ ဒါကံတရားပေါ့ကွယ်…ငါနိုးထမှ နှလုံးသားတစ်ခုကို မင်းက င့ါကို စတေး…
မင်းထယ်သည် ထိုင်ခုံပေါ် ခြေထောက်ပါတင်ကာ မျက်စိမှိတ်နားထောင်နေလိုက်သည်။
မင်းထယ်နေလင်းသည် ဆံပင်ရေစိုတို့ကို သဘက်ဖြူဖြူနှင့် ပွတ်တိုက်ဆုတ်ခ်ရင်း မြည် လာ သော ဟန်းန်ဖုန်းသံကြောင့် ဒုတ်ကနဲ ရင်ခုန်သွားသည်။
အခုတော့ သူ့ဖုန်းကို ရင်းဂ်သံပြောင်းလိုက်ပြီမို့ မြူးဇစ်သံ ငြိမ့်ငြိမ့်လေး တစ်ခုပဲ ကြားရတာ ပါ။
ဒါပေမယ့် စိတ်ထဲမှာ မနေ့က ကောင်မလေးများ ဖုန်းမှားပြန်ပြီလားဟု ဖျပ်ခနဲ ထင်လိုက်မိတာ။
သူ့အထင် အမှန်နိုင်ဘူးဆိုတာလည်း သူ့ဘာသာသူ တွေးမိသား။
ပေါ်လာတဲ့ နံပါတ်ကို ကြည့်လိုက်တော့ မန္တလေးက ဖုန်း။
ဟက်လို…
မင်းထယ်……ငါပါ
ဟာ…..ရေလှိုင်း မင်းဆက်တာ အတော် ပဲကွာ။ စက်ဝိုင်း ဖုန်းကလုံးဝခေါ်မရဘူး။ ဧရိယာပြင်ပချည်း ဖြစ်နေတာ င့ါကို မနက်ဆယ်နာရီ လာခေါ်မယ် ပြောထားတော့ ငါဖြင့် မနက် ဆယ်နာရီလောက်ကတည်းက သူ့ကို တစောင့်စောင့်နဲ့ ကွာ။စက်ဝိုင်းက ပေါ်ကိုမလာဘူး။ အခု ညနေပဲ ရောက်ပြီ။ သူဘာ ဖြစ်နေလဲ မသိဘူးကွ။ ကုမ္ပဏီဖုန်းကို ဆက်ကြည့်တော့လည်း သူမလာ ဖူးတဲ့။ အိမ်ဖုန်းတော့ င့ါမှာ မရှိတာနဲ့ ….ရှာ..
ဟေ့ကောင် မင်းသူ့အိမ်ဖုန်းတွေ ဘာတွေ သွားမဆက်နဲ့ ။
ဘာလို့လဲ
နောက်မှ ငါပြောပြမယ် ။အခု စက်ဝိုင်းက ဒီမှာ ရောက်နေပြီကွ။
ဘာ မန္တလေးမှာ
ဒီမနက် အစောကြီး ထွက်လာတာလေ အခု ရူပါကျော် ဆီလစ်ပြီ။
မင်းထယ်အံ့အားသင့် မျက်မှော င်ကုတ်မိသည်။
သူနှင့်အတူ မန္တလေးက ပြန်ရောက်တာ ဘာကြာသေးလို့လဲ။
အခု ဘာမပြောညာမပြောနဲ့ ဟိုကို လှစ်ခနဲ ပြန်ရောက်သွားပြန်ပြီ။
င့ါကိုလည်း မပြောဘူးကွာ။ အဲ့ဒီ စက်ဝိုင်း ဘာလုပ်တာလဲ။
မင်းထယ် စိတ်ပျက်လက်ပျက်နှင့် ညည်းညူမိသည်။
သူ့ဟာသူ ပျာနေပြီလေ။ မင်းကို ခေါင်းထဲ ဘယ်ထည့်နိုင်တော့မလဲ။
ဘာ ဖြစ်လို့လဲကွ။
ရေလှိုင်းက ဘာမှပြန်မဖြေဘဲ တခဏ ငြိမ်နေ၏ ။
ရေလှို်င်း
ဟေ…
ကြားရဲ့ လား
ကြားပါတယ် ငါဘယ်လိုပြောရမလဲလို့ စဉ်းစားနေတာ
ဘာကိုလဲ
မင်းထယ်……လောလောဆယ် မင်းအဲ့ဒီ တိုက်ခန်းမှာ ပဲ ခဏနေဦး ..ဆိုဒ်ထဲလည်း မသွားနဲ့ ဦး
ဘာလဲကွာ…ငါက အလုပ်မရှိဘာမရှိ ဒီအတိုင်း ထိုင်နေရမှလား
မင်းဘာမှ အားနာမနေနဲ့ ….နောက်မှ စက်ဝိုင်းကြည့်စီစဉ်ပေးမှာ ပေါ့ကွာ
ဟာကွာ…ငါက သူ့ဆီက လခပိုက်ဆံလည်း ကြိုယူထားသေးတာ။
ဘာမှ မ ဖြစ်ဘူး အဲ့ဒါ စက်ဝိုင်းအတွက် အသေးအဖွဲပါ။
တို့ကလည်း ဘော်ဒါချင်းပဲ
ဒါပေမယ့် ဘယ်ကောင်းမလဲကွာ
မင်း သိပ်အားအားယားယား မနေတတ်ဘူးဆိုလည်း ပန်းချီဆွဲနေပေါ့ကွာ ဘာ ဖြစ်သေးလဲ
နေစမ်းပါဦး စက်ဝိုင်းက ဘယ်တော့ ပြန်လာမှာ လဲ
အဲ့ဒါတော့ ငါလည်းမသိဘူး
မင်းကို ဘာမှ မပြောဘူးလား
မပြောဘူး
သူက တစ်လ ကိုးသီတင်း ကြာနေမှာ မို့လိုလား
မပြောတတ်ပါဘူး ဆိုနေမှကွာ…သူ တစ်ယောက် ထဲ ပျာယိပျာယာတော့ ဖြစ်တာပဲ…။ ဒီမှာ လည်း ရူပါကျော်က သူ့ကို လက်ထပ်ခိုင်းနေပြီ။ အဲ့ဒီမှလည်း သူ့အဘွားက ကောင်မလေး တစ်ယောက် နဲ့ စေ့စပ်ပေးတော့မှာ တဲ့။
ဟုတ်လား စက်ဝိုင်းတော့ ၀ိုင်းကြီးပတ်လည်နေတာပေါ့။
အေးကွာ…သူကျ နှစ် ယောက် တောင် အားကျလိုက်တာကွာ….နော်။
အရေး ထဲ အားကျနေသေးတယ်။ ပိုနေရင်လည်း မင်းဆီ တစ်ယောက် လောက်မျှခိုင်းလိုက်ပါလား။
မင်းထယ် ရွှဲ့ပြောလိုက်၏ ။
ဟာ …ဒီကောင် ပေါက်ကရ
တကယ်ပြောတာ မင်းထယ်ရ မင်းနဲ့ စက်ဝိုင်းက ရုပ်ချင်းလည်း ဒီလောက်တူနေတာ သူ့နေရာမင်းအသာလေး နေလိုရတယ်…..ဟဲ….ဟဲ။
ဟေ့ကောင် ရေလှို်င်း။ ဘာတွေ လျှောက်ပြောနေတာလဲ။ စကားနောက်တရားပါ။ မင်းကွာ။
ဒါ လုပ်ကြံ ပြောနေတာလို့ မင်းထင်လားး။ ဒါ စက်ဝိုင်းရဲ့ စိတ်ကူးပဲ။ အဟဲ ….ငါအကြံပေးတာလဲ ပါတာပေါ့။
မင်းထယ်သည် မယုံနိုင်အောင် အံ့သြသွားမိသည်။
စက်ဝိုင်းရဲ့  စိတ်ကူး။
မကြံကောင်း မစည်ရာ။
သူလက်ခံလိုက်တော့ ငါတောင်အံ့သြသွားတယ်။
ဒါပေမယ့် စဉ်းစားကြည့်လိုက်တော့ ဖြစ်နိုင်တယ်ကွ။ ဟား….ဟား…
“တော် …….တော် …အဓိပ္ပာယ်မရှိတာတွေ ရေရွတ်မနေနဲ့ လိုရင်းကိုပြော”
“လိုရင်း ကတော့ မင်းအဲ့ဒီတိုက်ခန်းမှာ ဘဲ ဇိမ်နဲ့ နှပ်နေလိုက်ဦး ဒီလ အလုပ်ဝင်စရာမလို တော့ဘူး။ သြော်….မင်း ဆံပင်တွေ ဘာတွေ တော့ သွားမညှပ်ပစ်နဲ့ဦး……ကြားလား”
“မင်းနဲ့ ဆံပင်အတိုနဲ့ မလိုက်ဘူးကွ”
“ဒါ ကတော့ လူတစ်ကိုယ် အကြိုက်တစ်မျိုးပဲလေ”
“ပြောမရလည်း နေကွာ မင်းဆီစက်ဝိုင်းဖုန်းဆက်ဦးမှာ ပါ။ အဲ့ဒီကျရင်သာ မင်းသေချာ ပြန် ဆွေးနွေး စက်ဝိုင်းကို ခင်တယ်ဆိုပေမယ့် မင်းနဲ့ ငါနဲ့က ငယ်ပေါင်းလေကွာ ဘာပဲ ဖြစ် ဖြစ် မင်းကောင်းစားမယ်ဆိုရင် ၀မ်းသာ ကျေနပ်ပါတယ်ကွာ”
ဒီနေ့ ရေလှိုင်း ပြောစကားတွေ က တောင်ရောက် မြောက်ရောက် နှင့် အဓိပ္ပာယ် ကောက်ရ ခက်လှသည်။
“ကဲ …..အပိုတွေ သိပ်မပြောနဲ့ ….မင်း ဘယ်နေ့ ထွက်လာမှာ လဲ ရေလှိုင်း”
“အခြေအနေအရပဲ”
ဒါက ရေလှိုင်း လက်သုံးစကားပင်။
သူသည် ရေလှိုင်းရဲ့ မတင်မကျ မရေရာစကားတို့ကြောင့် အနည်းငယ်တော့ စိတ်ရှုပ်သွားရ သည်မှာ အမှန်။
ရေလှိုင်းဖက်က ဖုန်းချသွားသော အခါ သူအ၀တ်အစားလဲရင်း ခေါင်းထဲ အတွေးမျိုးစုံ တွေးနေမိ၏ ။
စက်ဝိုင်းက ဘာသဘောပါလိမ့်။
ပြောတုန်းက သူ့ကို အလုပ်တန်းခန့််လိုက်ပြီ ဆိုပြီး အခုတော့ ဒီမှာ ပဲ ကျောက်ချနေဦး ဆိုပါလား။
ဒီကောင်ကိုက ဇယားများ တဲ့ကောင်ပဲလေ။
မင်းထယ်နေလင်းက သက်ပြင်းတချနှင့် အခန်းတွင်း ထွက်လာသည်။
ဒီနေ့ အပြင်မှာ ရာသီဥတုက ခပ်အေးအေးနှင့်မို့ သူလည်း မှိုတက်ဂျင်းဘောင်းဘီခဲရောင် နှင့် အပေါ်က စပို့ရှပ်လက်ရှည် အဲဒီ အင်္ကျီကမှ လယ်ယာ အနက်ဝေ့စကုပ်ကို ထပ်ဝတ်ထားလိုက် တာ ဖြစ်သည်။
ဧည့်ခန်းမှာ ချိတ်ထားတဲ့မှန်ထဲ သူ့မျက်နှာကို လှမ်းကြည့်မိတဲ့အခါ စက်ဝိုင်းနှင့် အတော် ကြီး တူနေသည်ဟု ခံစားမိသည်။
ဘာကြောင့် ဒီလောက်တူရတာ လဲ။
ထိုအဖြေကို သူရော စက်ဝိုင်းရော အတော် ကြီးသိချင်ခဲ့သည်။ အတော် ကြီး ခေါင်းစားခဲ့ သည်။
သို့ သော တကယ်တမ်း ဘာမှမထူးခြား။
မင်းထယ်က ခေါင်းတစ်ချက် မသိမသာ ယမ်းမိရင်း အိမ်တံခါးပိတ် မိန်းချဖို့ ရည်ရွယ်သည်။
ဒီညနေတော့ တစ်ယောက် ထဲ လျှောက်မသွားချင်တော့ပါ။
သူအနည်းငယ် ပျင်းရိနေပြီ။
လူဆိုသည်မှာ အမှန်တကယ် အဖော်လိုအပ်ပါလား။
ဘယ်သူ့ဆီသွားရင် ကောင်းမလဲ။
ဟာ…..ဟုတ်ပြီ။ သန့်စင်….။
သန့်စင်ဦး
ထိုသူငယ်ချင်းမှာ စမ်းချောင်းဖက်တွင် နေသည်။မင်းထယ်နေလင်းသည် စိတ်ကူးကို ချက်ချင်း အကောင်အထည်ဖော်လိုက်၏ ။
ပေးထားသော ဖုန်းနံပါတ်ကို ခေါ်ကြည့်လိုက်၏ ။
ကံကောင်း ထောက်မစွာ သန့်စင်နှင့် တိုက်ရိုက်တိုးသည်။
အကျိုးအကြောင်း ပြောကာသန့်စင်နှင့် ချိန်းလိုက်ပြီးလျှင် နောက်နာရီဝက်ခန့် အကြာမှာ တော့ မင်းထယ်နှင့်သန့်စင်တို့ မြေနီကုန်းမီးပွိုင့် ရွှေမန်းရုပ်ရှင်ရုံနံဘေးက Come On မိုဘိုင်းဖုန်းဆိုင်းလေးမှာ ဆုံမိကြသည်။
သန့်စင်က ဟန်းန်ဆက်တွေ ကြည့်ရှုလေ့လာပြီနောက် အပြင်သို့ ပြန်ထွက်လာခဲ့ကြသည်။
“ငါကွာ….အရမ်းပျင်းနေတာ..”
“မင်းနဲ့ ငါနဲ့ နေ့တိုင်း ဆုံမယ်လေ ငါလည်း သင်တန်းချိန်ကလွဲရင် အားနေတာပဲ”
သန့်စင်ကလည်း မင်းထယ်နှင့် တွေ့ ရတာ ကို ၀မ်းသာအားရပျော်ရွှင်နေပါသည်။
“ရေလှိုင်းလည်း ရန်ကုန်လာမယ်ကွ”
“ဟုတ်လား…. ငါတို့ မတွေ့ တာကြာပြီ ဒီကောင်ကြီးရော ဘာတွေ လုပ်နေလဲ”
“ကားပွဲစားလေ….ဟား……..ဟား”
“နဂိုကတည်းက ဒီကောင်က လူလည်ပဲဟာ”
“အေးလေ ဆရာကြီး သူ့ပဲ ငါတို့ ဆရာတင်ရတာ ”
သန့်စင်နှင့် အားပါးတရ စကားတွေ ပြောရင်း လမ်းကို ဖြတ်ကူးလိုက်ကြသည်။
သန့်စင်ဦးက သဘောင်္သား လုပ်ဖို့ သင်တန်းတက်နေတာ ဖြစ်သည်။
မင်းထယ် ကတော့ ရန်ကုန်ကို အလုပ်ကိစ္စတစ်ခုနှင့် လာကြောင်းသာ သန့်စင်ကို ပြောရသည်။
သူ့စကားမှားလို့ မ ဖြစ်သေး။
အခြေအနေက ဘာမှန်းမသိ။
မယုတ်မလွန် ဆုတ်သာတက်သာ အသိပေးထားတာ အကောင်းဆုံး။
စက်ဝိုင်းဖက်က အလုပ်ခန့်ပေးဖို့ မ ဖြစ်နိုင်ဘူးဆိုရင်လည်း သူမန္တလေး ပြန်သင့်ပြန်ရဦး မှာ လေ။
“မင်းရော သင်တန်းလေးဘာလေး မတက်ဘူးလား”
“မတက်သေးပါဘူးကွာ”
“အန်ကယ်လ်ဦးဇော်ရော နေကောင်းရဲ့ လား”
“ကောင်းတယ်။ ဖေကြီး ကတော့ မော့မြဲမော့လျှက်ပေါ့ကွာ ထုံးစံအတိုင်း”
“ငါလည်း မန္တလေးမရောက်တာ အတော် ကြာပြီ”
သန့်စင်က သူ့လည်ပင်းကိုဖက်ကာ လမ်းကိုပြေးကူးလိုက်ပြီးနောက်။
“မင်းဘာစားမလဲ နေလင်း”
“မဆာပါဘူးကွာ….နောက်မှပဲ ဆိုင်တစ်ခုခုဝင်တာပေါ့ကွာ။ ငါကွာ ရန်ကုန်ထွက်လာတာ ဂစ်တာယူလာဖို့တောင် သတိမရဘူး။ ဂစ်တာတစ်လုံးလောက် ၀ယ်ရမယ်”
“ဒါဆိုအတော် ပဲ ဟေ့ကောင် ဒီမြေနီလမ်းကလေးထဲမှာ ဂစ်တာဆိုင်တစ်ခုရှိတယ်ကွ ကြုံနေတာပဲ ၀င်ကြည့်မလား။ ငါလည်း ငါ့အမေ မျက်မှန်ပါဝါတိုးဖို့ အဲ့ဒီနားက Ever Vision မျက်မှန်ဆိုင်မှာ အပ်ထားတာ သွားရွေးပေးရဦးမယ်ကွ”
“ဒါဖြင့် ကြည့်လေ ကောင်းသားပဲ”
သူတို့နှစ် ယောက် သည် ရွှေမန်းရုပ်ရှင်ရုံရှေ့ဖက်က မြင်နေရတဲ့ မြေနီလမ်း ကလေးတစ်လျှောက် ဖွင့်ထားတဲ့ ဆိုင်တန်းများ ရှေ့ကနေ အေးအေးဆေးဆေး လျှောက်လာခဲ့ကြသည်။
စားသောက်ဆိုင်၊ ဓါတ်ပုံဆိုင်၊ စာအုပ်ဆိုင်၊ အလူမီနီယံဆိုင် စသည်ဖြင့် အတော် ကလေး ဖြတ်လာပြီးနောက် မိုးဟိန်းတူရိယာဆိုင်သို့ ရောက်လာသည်။
“ဟော်လိုဂစ်တာ ကြည့်ချင်လို့”
“ရပါတယ်ရှင် ၀င်လေ့လာပါ”
ဂစ်တာဆိုင်က အစ်မက ဖော်ဖော်ရွေရွေ ပင် ဂစ်တာမျိုးစုံပြပေးသည်။
မင်းထယ်နေလင်းက နှစ် သော င်းနှင့် ဂစ်တာတစ်လက် စိတ်ကြိုက်ရွေးဝယ်လိုက်သည်။
“ဒီလောက်ဆို ငါအပျင်းပြေ ခေါက်လို့ရပြီကွ”
မင်းထယ် ကျေနပ်သွားသည်။
အဲ့ဒီနောက် Ever Vision မျက်မှန်ဆိုင်သို့ ရောက်လာသည်။
“ဒီဆိုင်လေးက မသိသူကျော်သွား သိသူ ဖော်စားပဲ ဟေ့ကောင်”
“မျက်မှန်က စားလို့ရလို့လား……ဟား…..ဟား….”
“ဟ….နေလင်းရ မျက်မှန်ကောင်းကောင်းလေးကို ဈေးသက်သက်သာသာနဲ့ ရဖို့ကလည်း အရေး ကြီးတာပဲ။ ငါ့အဖေ အမေရော အဘွားရော ဒီဆိုင်လက်စွဲပဲကွ”
“ဟုတ်လား”
မျက်မှန် အမြဲတမ်း တပ်ထားရတဲ့ သန့်စင်ဦးက ဆိုင်ကို ညွှန်ပြပါသည်။
“အဘ ကျွန်တော့်မျက်မှန်ရပြီလား”
အသက်ရှစ်ဆယ် အရွယ်ခန့် အဘ တစ်ယောက် ကို သန့်စင်က တရင်းတနှီးပဲ မေးလိုက်ပါသည်။
ထိုအဘက ကွမ်းယာဝါးရင်း ခေါင်းညိတ်ပြသည်။
ကောင်မလေး တစ်ယောက် က သန့်စင်အပ်ထားတဲ့ မျက်မှန်ဗူးကို ထုတ်ပေး၏ ။
သန့်စင်သည် သူ့ကိုပင်
“မင်းလည်း ကွန်ပျူတာ အမြဲကြည့်တာမှတ်လား မျက်စိကာဗာရအောင် မျက်မှန်တစ်လက်လောက် ဆောင်ထားပါလားကွ။ ဒီမှာ ကွန်ပျူတာနဲ့ စမ်းကြည့်ပါလား ” ဟု တိုက်တွန်းသဖြင့် သူပင် မျက်မှန် စမ်းသပ်ကြည့် ဖြစ်သွားလေသည်။
ဆိုင်က အဘဦးတင်ဝင်းက စိတ်ရှည်သလို သဘောလည်း အလွန်ကောင်းမွန်ရာ မင်းထယ် ပင် မရည်ရွယ်ပဲ ရေဘင်ကိုင်း အပြာလေးကိုရွေးပြီး Multi Coating ပါသော ရောင် ခြည်ကာ ကွယ် ပေးသည့်မှန်နှင့် တပ်ဆင်ကာ သူ့အတွက် သင့်တော် သော မျက်မှန်တစ်လက်ကို ရွေးချယ် အပ်နှံ ဖြစ်လေသည်။
အဲ့ဒီဆိုင်က ပြန်အထွက်မှာ တော့ မင်းထယ်နေလင်းနှင့် သန့်စင်ဦးတို့သည် ခပ်နီးန်ီးက City Mart ဆီသို့ စကားတပြောပြောနှင့် ဆက်လျှောက်လာခဲ့ကြသည်။
စီးတီးမက်ရောက်တော့ အပေါ်မတက်သေးဘဲ သန့်စင်က သူ့တူလေးအတွက် ပန်းချီပုံဆွဲ စာအုပ် ၀င်ရှာသည်။
မင်းထယ်သည် ဂစ်တာအိတ်ကြီး လွယ်လျှက်သား သူ့ပုံစံကြောင့် အနည်းငယ် ကသိကအောက် လိုလို ဖြစ်နေသည်။
သူလည်း ဟိုကြည့် ဒီကြည့်နှင့် ဂျပန်စတိုင်လ် စားသောက်ဆိုင်လေးထဲ မှန်ချပ်ထဲမှ တစ်ဆင့်ဖျပ်ခနဲ လှမ်းကြည့်လိုက်မိ၏ ။
မျက်လုံးက အလိုလို အကြည့်ရောက်သွားတာပါ။
ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက် ကြောင့် သူ့အကြည့်မှာ ချက်ချင်း လွှဲဖယ်မရပဲ တခဏငေးမော ငြိမ်သက်ရပ်တန့်သွားရသည်။
မျက်နှာလေးက ဘဲဥဆန်ဆန် လုံးလုံးလေး။
မျက်ခုံးအစုံက ပုံပန်းကျနစွာ ထူမှော င်မှော င်လေး ထင်းခနဲ ဖြစ်နေသည်။
အသားအရေမှာ သိပ်အဖြူကြီး မဟုတ်ပေမယ့် အင်မတန် ကျက်သရေရှိပြီး ဆွဲဆောင်နိုင် သော မျက်နှာလေးမို့ တခဏ အငိုက်မိနစ်မျောသွားရတာ ။
အင်္ကျီဖြူလွှလွှပုံဆန်းဆန်းလေးနှင့် လည်ပင်းတ၀ိုက် ခရစ်စတယ်လ်လေးတွေ ၀ိုက်ပြီး ကပ်ထားဟန်ကလည်း မျက်နှာလေးရဲ့ အလှကို ပိုမိုဖူးကြွ ၀င်းပနေစေသည်။
နားကွင်းဝိုင်းဝိုင်းလေးတွေ ပန်ထားပြီး ဆံနွယ်ညိုညိုလေးတွေ ကို တစ်ဝက်ထုံးတစ်ဝက် ချထားပုံစံလေး စတိုင်လ်ဆင်ယင်ထားတာကြောင့်များ ဒီလိုကပိုကရိုလေးနဲ့ အကြည့်လွှဲမရ ဖြစ်စေ တာလား။
ဘာကြောင့် မှန်းတော့ သေချာပြောမရ။
ကြည့်ကောင်းတာတော့ သေချာသည်။
နတ်သမီးလေးတစ်ပါး ကြော့ကြော့မော့မော့ကလေး ထိုင်းနေသလား ထင်ရ၏ ။
မင်းထယ်နေလင်း ငေးနေမိဆဲမှာ သူမမျက်နှာလေးက မော့လာကာ ရှေ့မျက်နှာချင်းဆိုင် က အတူပါလာပုံရသော အဖော်ကောင်မလေးနှင့် ပြုံးရယ်ကာ စကားဆိုလိုက်တာတွေ့ ရသည်။
ပြုံးလိုက်သော မျက်နှာကလေးဟာ ပိုတင့်တယ်သွားလေသည်။
တစိမ့်စိမ့် ကြည့်နေချင်စရာလေးကွာ။
မင်းထယ်ရင်မှာ နှစ် လိုခြင်းများ ပြင်းပြစွာ ပေါက်ဖွားလာရသည်။
စကားပြောရင်းပင် သူမက ပန်းကန်ထဲက ရေညှိလိပ်လေးတစ်ခုကို တူနှစ် ချောင်းနှင့် ရွရွ လေးညှပ် မကိုင်ကာ နှုတ်ခမ်းလေးဟ၍ ၀ါးလိုက်ဟန်ကပင် ကကြိုးကကွက်ကလေး လှုပ်ရှားလိုက် သလို သူ့ရင်ကို နွေးစေသလို သူ့နှုတ်ခမ်းတွေ ကို အလိုလို ပြုံးလွန့်လွန့် ဖြစ်စေသည်။
မင်းက အမူအယာလေးလည်း သိပ်ချစ်ဖို့ကောင်းတာပဲ။စားသောက်နေတဲ့ ဟန်ပန်လေး သည်ပင် အလွန်ချစ်ဖို့ ကောင်းတာပဲ။ စားသောက်နေတဲ့ ဟန်ပန်လေးသည်ပင် အလွန်စတိုင်လ် ကျပါသည်။ စကားလည်း တတွတ်တွတ်ပြော နှုတ်ခမ်းလေးလှုပ်ပြီး ၀ါးလည်း ၀ါး။
မင်းထယ်သည် ထိုနေရာလေးမှာ ပဲ ဆက်ပြီး မတ်တပ်ရပ်နေချင်သည်။ သူကလေးကို အခုလိုပဲ မျက်တောင်မခတ် စူးငေးစွာ ကြည်နေ့စေချင်သည် ရင်ထဲမှာ ချိုမြိန်လွန်းလို့ပါ။သို့ သော် အခြေအနေ ကမပေး။
သန့်စင်က အလိုက်မသိလှစွာ သူ့ပခုံးလာဖက်၍ ခေါ်ဆောင်သ ည်။
“အပေါ်တက်ရအောင် နေလင်း”
မင်းထယ်က မခွဲချင်စွာ သူမထံ တစ်ချက်မသိမသာ ထပ်ကြည့်သည်။
သန့်စင်မြင်သွားမှာ လည်း မလိုလားဘူးလေ။
အသာခိုးကြည့်ရတာ ။
အဲ့ဒီရှေ့နားလေးက ထွက်ခွာလာရတာ ပင် သူ့ရင်ထဲ ဟာတာတာကြီး ဖြစ်သွားရသည်။
“ဟယ်…..သန္တာရေ”
“ဘာလဲ”
“ဟို တစ်ယောက် …….ဟို တစ်ယောက် ……”
ဝတ်မှုံက မှန်ချပ်လေးရဲ့ အပြင်တစ်နေရာ စင်္ကြလေးကို လက်ညိုးညွှန်ကာ
“စက်ဝိုင်းနဲ့တူလိုက်တာ ကိုယ်လုံးကိုယ်ထည်ရော လမ်းလျှောက်ပုံရော တူတယ်ဟဲ့ မျက်နှာကို မတွေ့ လိုက်ရလို့သာ”
“ သြော်……နင့်မလဲ ဒီ ရောဂါ က မသေးပါလား ၀တ်မှုံရဲ့ ”
“ဟွန်း….ဘာ ရောဂါ လဲ င့ါမှာ ဘာ ရောဂါ မှ မရှိဘူး လုပ်မနေနဲ့”
“ပြောတော့ အဲ့ဒီစက်ဝိုင်းကို မကြိုက်ဘူးလေ တွေ ဝေသလေးနဲ့ အခုမန္တလေး ခဏသွားတာလေး မျက်စိထဲမှာ တွေ့ တဲ့သူတွေ စက်ဝိုင်းနဲ့ချည်း တူနေကြတယ်”
“ဟဲ့…..တကယ်တူတာ နောက်ကနေကြည့်ရင် စက်ဝိုင်းပဲ”
“ဟိုးက ဂစ်တာလွယ်ထားတဲ့ သူ ကို ပြောတာလား”
“အေးလေ”
ဖြစ်နိုင်ရင် သူ့မျက်နှာကိုတောင် ပြေးကြည့်လိုက်ချင်မိသေးရဲ့
တအောင့်လေးမှာ ပင် ထိုလူက ၀တ်မှုံတို့ မြင်ကွင်းထဲက ပျောက် သွားပါတော့သည်။
“နင်တော် တော် သတိရနေပြီပေါ့နော်”
“အို…သတိရတယ်တော့လည်း မဟုတ်ပါဘူး”
“ကိုယ့်ခင်ပွန်းလောင်းလေးပဲဟာ ဖုန်းဆက်ကြည့်ပါလား”
“ဟင့် ဟင်း မဆတ်ချင်ပါူဘူးဟာ….သူတောင် တစ်ခါမှ ဖုန်းမဆက်တဲ့ဥစ္စာ”
“ဘွားနန်းရဲ့ ရော”
“ဘွားနန်းကိုတော့ မနက်စောစော လှမ်းဆက်ပါတယ်”
“နင်နဲု့ရော စကားမပြောဘူးလား”
“ဟင့်အင်း…..”
“ဘယ်လိုကြီးလဲ”
“ငါလည်းမသိဘူး”
“နင့်ကို သွားတုန်းကရော ဘာပြောလဲ ဘယ်နှစ် ရက်ကြာမယ် ဘာညာ”
“တစ်ပတ်လောက်ကြာမယ်တဲ့ ဘာမုန့်ဝယ်လာရမလဲတဲ့”
“ဟိ…….ဟိ………မိုက်တယ်……နင်က မုန့်ကြိုက်တာနဲ့ တော့ အတော် ပဲပေါ့”
“ဘာမိုက်တာလဲ……သူပြောဆို ဆက်ဆံပုံက င့ါကို ကလေးမှတ်နေသလိုပဲ။ ဇနီးလောင်းလျာလို့ ခေါင်းထဲ ထည့်ထားပုံတောင်မရဘူး”
“ဘာပဲ ဖြစ် ဖြစ် နင်တို့နှစ်ယောက် ကို အင်ဂေ့ခ်ျ လုပ်ပေးတော့မှာ ဆို…”
“အဲ့ဒါ …..စိတ်ညစ်တာပေါ့…”
“စိတ်ညစ်နေတဲ့ မျက်နှာကြီးက ဟား….ဟား….”
ဝတ်မှုံက နှာခေါင်းလေး ရှုံပြမိသည်။
စေ့စပ်ကြရတော့မယ်ဆိုတာ သိပေမယ့် ၀တ်မှုံရင်ထဲ ရှုပ်ထွေးနေရတုန်းပဲ။
သန္တာနှင့် ရှော့ပင်န်ထွက်လာရပေမယ့် ခါတိုင်းလို စိတ်လက်ပေါ့ပါးမနေပဲ လေးလံလွန်း ကြပ်ခြင်း တစ်မျိုးက ၀တ်မှုံနှလုံးသားကို ဖိစီးထားသည်။
ရှေ့ရေး ရှေ့ရာကို စိတ်မ၀င်စားသလို ဖြစ်နေမိတယ်ထင်သော်လည်း စက်ဝိုင်းနှင့် ခပ်ဆင် ဆင်တူသော လူ တစ်ယောက် ကို လှစ်ခနဲ လှမ်းမြင်ရုံနှင့် ရင်ထဲမှာ ဖျပ်ခနဲ လှမ်းမြင်ရုံနှင့် ရင်ထဲမှာ ဖျပ်ခနဲ တုန်လှုပ်သွားရပြန်တော့သည်။ ကိုယ့်ဘာသာပင် ပြုံးချင်မိသည်။
သန္တာတို့ ထင်ထားကြသလို နောင်ဆိုလျှင် ၀တ်မှုံက မိုးကုပ်စက်ဝိုင်း ကို အားကိုးတွယ်တာ မြတ်နိုးသွား နိုင်မလားကွယ်။
အမရာဝတ်မှုံသည် မီးရောင် ပြာလဲ့လဲ့ လင်းဖြာနေသော သူမရဲ့ အိပ်ခန်းလေးထဲ မွေ့ယာပေါ်ထိုင်ကာ ညဦးပိုင်းကမှ ဆိုးဆေးတင်ထားသော သူမရဲ့ လက်ချောင်းကလေးများ ကို တောင် ကော့ကြည့်လိုက်သည်။
ပန်းနုရောင် ပေါ် အနက်ရောင် စပေါ့တ်လေးတွေ ချယ်ထားတဲ့ ဒီဇိုင်းမို့ သူမနှစ်သက် သဘောကျမဆုံး။
လက်ကလေးကို မကြာခဏထောင်တော့ ကြည့်နေမိတာပဲကြည့်။ ဒီည မျက်နှာပေါ် နိုက်ခရင်မ်လိမ်းဖို့တော့ ပျင်းနေမိသည်။
မလိမ်းတော့ဘူးကွာ။ နေပစေ။
ဝတ်မှုံက အိပ်ယာပေါ်လှဲချပစ်လိုက်သည်။ ထိုအချိန်မှာ မထင်မှတ်သော ဖုန်းမြည် သံလေးက ထွက်ပေါ်လာတော့သည်။
ရုတ်တရက်မှာ စက်ဝိုင်းပဲဟုထင်မိ၏ ။
ငေါက်ခနဲ ထပြီး ဖုန်းကို လှမ်းဆွဲမိတဲ့အချိန်မှာ တော့ စက်ဝိုင်းမ ဖြစ်နိုင်ဘူးဟုလည် ဇဝေဇ၀ါ တွေးမိသည်။
သို့ သော် ပေါ်လာသော နံပါတ်ကို ကြည့်လိုက်မိလျှင် ၀တ်မှုံ ရင်ဘတ်ကလေးပင် ဖိမိ၏ ။
ဘုရားရေ….သူပဲ။
သူပြန်ခေါ်မလား ထင်မိတာ မှန်သွားပြီ။
ဝတ်မှုံ ရင်ခုန်သွားရကာ ရုတ်ခြည်းဖုန်းကို ပြန်မထူးပဲ ငြိမ်နေမိသည်။
ဖုန်းက နောက်တစ်ကြိမ်ပြန်မြည် လာပြန်သည်။
“ဟက်လို”
ဒီတော့မှပဲ ဖုန်းကို ဖွင့်၍ ခပ်တိုးတိုးထူးမိသည်။
“သြော်…ဘယ်သူလဲ မသိဘူးခင်ဗျာ”
ပြန်မေးလိုက်သံကြောင့် ၀တ်မှုံက မျက်မှော င်လေးကုပ်လိုက်မိသည်။
“ရှင်….အခု ဘယ်ကိုဆက်နေတာလဲ”
“ဗျာ….”
“ကိုယ်ခေါ်တဲ့ ဖုန်းနံပါတ်ကို ကိုယ်မသိဘူးလား”
“သိ….သိပါတယ်”
တစ်ဖက်က ခပ်မာမာစကားသံကြောင့် စွန့်စားဖုန်းခေါ်လိုက်ရတဲ့ မင်းထယ်မှာ နည်းနည်း တော့ လန့်သွားရပါသည်။
တစ်ယောက် ထဲ အရမ်းပျင်းနေ ငေါင်နေလို့သာ သူမနှင့် စကားပြောကြည့်ရမလား တွေးမိတာပါ။
“ဒါဖြင့် ဖုန်းမှားနေတာပေါ့”
“မမှားပါဘူး”
“ဘယ်လို”
“အခုပြောနေတာ နေလင်းပါ။ အိတ်ဘူးလေ မှတ်မိလား။ တူးအိတ်က နေလင်းတော့ မဟုတ်ဘူး။”
“ရှုပ်နေတာပဲ”
“ခင်ဗျား မှတ်မိသွားပြီပေါ့”
“နေစမ်းပါဦး ရှင်က ကျွန်မဖုန်းကို ဘာကိစ္စနဲ့ ဆက်ရတာ လဲ”
“ရှင်းရှင်းလေးပါဗျာ ခင်ဗျားနဲ့ စကားလေးဘာလေး ပြောချင်လို့ပါ။ အနှောင့်အယှက် ဖြစ်သွားလာတော့ မသိဘူး။ခင်ဗျား ဘာလုပ်နေလဲ ဖုန်းပြောဖို့ အချိန်ရရဲ့ လား”
သူက ယဉ်ယဉ်ကျေးကျေး နှင့် ခွင့်တောင်းသော အခါ ၀တ်မှုံ ဘယ်လို ပြောရမည် ပင် မသိအောင် ဖြစ်သွားရသည်။
“ဘာသဘောမှ မဟုတ်ပါဘူးဗျာ။ တမျိုးမထင်ပါနဲ့ မိတ် ဖြစ် ဆွေ ဖြစ် ခင်မင်ချင်လို့ပါ။ ကျွန်တော် က အခု ဒီရောက်ကာစဆိုတော့ မိတ်ဆွေ အပေါင်းအသင်းလည်း သိပ်မရှိဘူးဗျ။ အိမ်မှာ တစ်ယောက် ထဲ ပျင်းနေတာနဲ့ ခင်ဗျားဆီ ဖုန်းခေါ်ကြည့်လိုက်တာပါ။ အဆင်မပြေဘူးဆိုရင် နောက်မှ ပြန်ဆက်ပါ့မယ်။ အားမနာပါနဲ့။”
“အားမနာပါဘူး၊ ဒါပေမယ့် ရှင့်ကို ခင်လို့ စကားလက်ခံပြောလို့ ဖြစ်ပါ့မလား စဉ်းစားနေတာ”
“ဗျာ…..ဘာကြောင့်လဲ”
“ရှင့်မိသားစု ရှင့်အမျိုးသမီးတွေ ဘာတွေ က ကျွန်မကို တမျိုးတမည် ထင်မှာ ပေါ့ ရှင့်ဖက်က အပျင်ပြေစကားပြောရအောင်ဆိုပေမယ့် ကျွန်မဖက်က သိက္ခာထိခိုက်မလား တွက်ရသေးတယ်”
“အဲဒါတော့ စိတ်ချပါ။ ကျွန်တော် လူပျိုပါဗျာ မညာပါဘူး”
သူက အတည်ပေါက် သေချာပြန်ရှင်းပြသဖြင့် ၀တ်မှုံက နှုတ်ခမ်းလေး ကိုက်ကာ ရယ်ချင်မိသွားသည်။
လူပျိုပါတဲ့…..။ပြောပုံက။
သူပြောတိုင်း ယုံရမှာ ကျနေတာပဲ။
“မယုံရင်လည်း စုံစမ်းကြည့်လို့ရပါတယ်။ အဲ့….ဒီ ရန်ကုန်မှာ တော့ ရမှာ မဟုတ်ဘူး။ မန္တလေးကို လှမ်းစုံစမ်းရင် တော့ရမယ်။ ကျွန်တော် နဲ့ ကျွန်တော့်အဖေနဲ့ အိမ်မှာ နှစ် ယောက် တည်းနေတာ။ ကျွန်တော့် အဖေက ပန်းချီဆရာဦးဇော်မင်းထိုက်ပါ။ မန္တလေးမှာ တော့ လူသိများ ပါတယ်။ ကျွန်တော် ကတော့ သာမန်ပါပဲ”
“ကျွန်မ အကြောင်းကိုရော ရှင်သိသလား”
“ဟိုတစ်နေ့က ခင်ဗျားပြောတာလေးတွေ တော့ မှတ်မိပါတယ်ဗျာ။ ဘာတဲ့……ဟဲ့ …..နေလင်း…..ကောင်စုတ်ရဲ့ နင် င့ါအဘွားကို ဘာတွေ သွားကျပ်တာလဲ…နင်တွေ့ လိုက်တဲ့ သူက င့ါအဘွားသဘောတူတဲ့ သူဟဲ့…..သိရဲ့ လား ဟွန်း….”
သူက မိန်းကလေး လေသံမျိုးပုံဖမ်းကာ ဟွန်းဟု အသံပြုကာ ပြန်ပြောလိုက်သဖြင့် ၀တ်မှုံက ရှက်ရယ်လေး အလိုလို ရယ်မိတော့သည်။
“ရှင်ကလည်း သိပ်နောက်ပါလား”
“ခင်ဗျား ပြောတဲ့ အတိုင်းပဲလေ”
သူ့စကားကြောင့် တဖက်က ကောင်မလေးရယ်မောလိုက်တာကြောင့် မင်းထယ် ကျေနပ်ကာ အားတွေ လည်း တက်သွားရပါသည်။
“အင်းလေ…..အဲ့ဒီတော့ ရှင်ကျွန်မအကြောင်း နည်းနည်း ပါးပါးတော့ သိသွားတာပေါ့လေ”
“ခင်ဗျားက အဘွားနဲ့ နေတာလား။ အမေဘက်က အဘွားလား ၊ အဖေဘက်က အဘွားလား ”
“အမေဘက်က”
“သြော်……မိဘ မောင်နှမ တွေ ကရော”
“ဟင့်အင်း…..မရှိဘူး…..ကျွန်မအတွက် အဖော်က အဘွား တစ်ယောက် ထဲပဲ”
“စိတ်မကောင်းပါဘူးဗျာ”
ထိုမိန်းကလေးနှင့် သူဟာ အထီးကျန်တာချင်းတော့ တူနေပုံရပါသည်။
ဝတ်မှုံသည် သူတို့ ဘာကြောင့်မှန်းမသိ တရင်းတနှီးပင်။
ဒါပေမယ့် အခုတော့ ဘ၀အဖော်ကို အဘွားက ရွေးပေးလိုက် ပြီလေ။ မကြာခင် စေ့စပ်ပွဲ လုပ် ဖြစ်လိမ့်မယ်ထင်တယ်။
“ခင်တာ နောက်ကျတယ်ဗျာ…….နော်…………..”
“အို……ရှင်ကလည်း”
“ဒါပေမယ့် ခင်လို့ရသေးတယ် မဟုတ်လား ဖုန်းလေး တစ်ခါတစ်ရံ ပြောတာနဲ့ တော့ ခင်ဗျားလူက သ၀န်မတိုလောက်ပါဘူး…..နော်”
“သူကလား……အဟင်း……..သ၀န်တိုဖို့ နေနေသာသာ ကျွန်မကို အာရုံထဲတောင် သိပ်ထည့်ပုံမရပါဘူး”
ဝတ်မှုံသည် စိတ်ထဲက မကျေနပ်စိတ်ဖြင့် ထိုစကားကို လွှတ်ခနဲ ပြောမိပြီးမှာ မှားပြီဟု ထင်မိသည်။
သူက သူစိမ်းယောက်ျား တစ်ယောက် လေ။
တော် ကြာ ၀တ်မှုံအပေါ် အထင်သေးသွားမှဖြင့်
“ဟိုလေ….ကျွန်မပြောတာက သူက အရမ်းအလုပ်များ ပြီး အချိန်မရတဲ့သူလေ ကျွန်မကို သိပ်ပြီး အချိန်မပေးနိုင်တဲ့သဘောပါ”
“ဟုတ်ကဲ့ နားလည်ပါတယ်….ခင်ဗျားတို့ စေ့စပ်ကြောင်းလမ်းပြီးသွားပြီဆိုရင်လည်း ကျွန်တော် နဲ့ ဆက်ပြီး စကားပြောခွင့် တော့ပေးဗျာ”
သူကလည်း တမျိုးပါလားနော်။
စေ့စပ်ထားသူရှိလည်း ဂရုမစိုက်ပါဘူးဆိုတဲ့ သဘောများ လား။
ဝတ်မှုံက မျက်ခုံးလေး စုံပင့်မိ၏ ။
ရုံးမှာ နေလင်းတို့ နောက်ပြောင်ကြသလို ဖြစ်နေပြီထင်သည်။
“ဟဲ့ နင်သွားကြွိုင်းနေတဲ့ ကောင်မလေးက နံပါတ်ကြီးနော်။ညနေဆိုသူ့ဘဲက လာကြိုတာ သတိလည်းထားဦး”
“ရည်းစားရှိတာလေးများ ဟာ ဘာ ဖြစ်လဲ ယောက်ျားရှိတာမှ မဟုတ်တာ”
“နင် ကတော့လေ ယောက်ျားရှိရင်လည်း ကလေးမှမရှိတာ ရပါတယ်လို့ ပြောဦးမှာ ပဲ၊ ကလေးရှိရင်လည်း ကလေးက တစ်ယောက် ထဲပဲဟာ နှစ်ယောက် သုံးယောက် မှ မဟုတ်တာလို့ ပြောဦးမှာ ကလေးသုံးယောက် ရှိရင်လည်း ဆယ်ယောက် ရှိတာမှ မဟုတ်တာလို့ မရရအောင် ဖြေသိမ့်မယ့်ကောင် သိလား”
“ဟာ ဟာ ဟား….”
ဝတ်မှုံသည် ထိုစကားသံ ရယ်သံတို့ကို ပြန်ကြားယောင် မိကာ ပြုံးတုံ့တုံ့ပင် ဖြစ်သွားရပါသည်။
“ရိုးရိုးသားသား သဘောပါ။ ခင်ဗျား တမျိုးတော့ မတွေးလိုက်ပါနဲ့”
“အောင်မယ် တွေးစရာလား”
“အားပါး စွာ လိုက်တာဗျာ”
“ခပ်စွာ စွာ ပဲ ကြောက်ရင် မခင်းနဲ့ပေါ့”
“မရဘူး ခင်မိသွားပြီ”
“ကိုနေလင်း”
“ဗျာ”
“တစ်ခုမေးမယ်”
“မေးဗျာ”
“ရှင့်ဆီကို ဖုန်းဝင်သွားသာ ကျွန်မဖုန်း တကယ်မှားတာပါ။ ရှင်အဲ့ဒါကို များ တစ်မျိုးထင်ပြီး ကျွန်မကို လျော့တွက်နေသလား”
“မဟုတ်ရပါဘူးဗျာ”
“တကယ်နော်”
ခင်ဗျား အသံလေး ကတော့ တကယ်လန်းတယ်ဗျာ
“အသံ ကတော့ မသိဘူး။ ရုပ် ကတော့ ဆိုးတယ်ရှင့်”
“မထင်ဘူး ခင်ဗျားက မိန်းမချောလေး ဖြစ်မှာ ပါ။ ဟဲ ကျွန်တော် က စီးတီးမတ်မှာ တွေ့  လိုက်တဲ့ ကောင်မလေး တစ်ယောက် ဗျာ၊ မျက်နှာလေးက တအားကို ကျက်သရေရှိပြီး ဆွဲဆောင်မှု ရှိတယ်ဗျာ သိလား”
“သြော်… ရှင်က အပျင်းပြေအောင် ကောင်မလေးတွေ လိုက်ကြည့်နေတာပေါ့လေ”
“တမင်တကာ လိုက်ကြည့်တာ မဟုတ်ပါဘူး ကြုံလို့ပါ”
“ကြုံလို့ ငမ်းလိုက်တာလား ဟင်း ..ဟင်း”
“အင်္ကျီအဖြူလေးနဲ့ ချစ်စရာလေးဗျာ။ မျက်စိထဲကကို မထွက်ဘူး။ ခင်ဗျားကိုလည်း ကျွန်တော့် စိတ်ထဲမှာ အဲဒီ ကောင်မလေးနဲ့ တူတယ်လို့ပဲ မြင်ယောင်ကြည့်လိုက်မယ်လေ ဘယ်လိုပဲ”
သူက အပြင်မှာ တွေ့ ရအောင်ဟု မတောင်းဆိုတာကိုပင် သူမက အမှတ်ပေးလိုက်မိပါသည်။
သူ့စကားသံနားထောင်ရင်း သူဟာ စိတ်သဘောမနော ကောင်းမည့် သူဟု ၀တ်မှုံရဲ့ စိတ်မှာ အလိုလိုထင်မိလေသည်။
ထို့ကြောင့် လည်း သူ့ကို တရင်းတစ်နှီးနှင့် အလိုလို ပြောရဲဆိုရဲ ဖြစ်မိသည်။
သူနှင့် ၀တ်မှုံဟာ တစ်စုံတစ်ရာ စေ့ဆော်မှု ကြောင့်လား မပြောတတ်ပါ။
ဖုန်းထဲမှာ စကားဆိုရတာ ဓာတ်ကျလေသည်။
ဤကဲ့သို့ ဓာတ်ကျုခြင်းမှာ လည်း ထူးခြားနေပါသည်။
“အဲဒီ ကောင်မလေးက စကားလည်း များ မယ့်ပုံပဲ။ အစားလည်း ပုပ်မယ့်ပုံပဲဗျာ သိလား”
မင်းထယ်ရင်ထဲမှာ ချစ်စနိုးနှင့် ပြုံးစစဆိုမိ၏ ။
“ကျွန်တော် ကြည့်နေတဲ့အချိန်မှာ ပါလာတဲ့ သူ့သူငယ်ချင်းနဲ့ စကားတွေ လည်း ပြော တယ်။ ပြီးတော့ အစားကိုလည်း ပလုပ်ပလောင်းနဲ့ ပါးလေး ဖောင်းအောင်းစားနေတာဗျသိလား”
“အို.. ရှင်တော် တော် ဆိုးပါလား မိန်းကလေး တစ်ယောက် လွတ်လွတ်လပ်လပ် မုန့်စားနေ တာကို သွားခိုးကြည့်ရသလား”
“သူက သိပ်ချစ်စရာကောင်းလို့ အမှတ်တမဲ့ကြည့်မိတာပါဗျာ။ မရိုးတဲ့ သဘောမပါပါဘူး”
“ဟွန်း…ယုံစရာပဲ”
ဝတ်မှုံက နှုတ်ခမ်းလေး တစ်ချက်မဲ့ရင်း သူအဲလို့ အပြင်မှာ မိန်းကလေးတွေ ကို လျှောက် ငမ်းနေတာလားဟု မလိုတမာ တွေးမိသည်။
ပြီးလျှင် တဆက်တည်း အဲဒီ မိန်းကလေးက သိပ်များ လှပ ဆွဲဆောင်မှု ရှိသလားဟု မနာလို ဖြစ်မိသည်။
နေစမ်းပါဦး တစ်နေ့က သူမလည်းစီးတီးမတ် ရောက်ခဲ့သေးတာပဲ။
သန္တာနဲ့လည်း စကားတွေ ပြောနေမိသေးတာပဲ၊ ပြီးတော့ အဲဒီ နေ့က ၀တ်မှုံဝတ်ထားတဲ့ အင်္ကျီကလည်း ခရစ္စတယ် ကျောက်လေးတွေ ရင်ညွှန့်နားမှာ ကပ်ထားတဲ့ အင်္ကျီအဖြူပဲဟာ။
တစ်စုံ တစ်ယောက် စေ့စေ့ကြည့်နေတယ်လို့ ထင်မိလို့ ဖျပ်ခနဲ ရှာဖွေလိုက်တဲ့အခါ ဂစ်တာ ကြီးလွယ်ထားတဲ့လူရွယ် တစ်ယောက် ကိုပဲ နောက်ဖက်ကနေ လှမ်းမြင်ခဲ့ရတာ ။
အမရာဝတ်မှုံက မရေမရာနှင့် မျက်မှော င်လေးကုတ်လာမိပါသည်။
“ကိုနေလင်း”
“ဗျာ”
“ရှင် ဘယ်အချိန်လောက်က စိးတီးမတ်ရောက်လာတာပဲ”
“အတိအကျတော့ မသိဘူးဗျ ညနေစောင်းပဲ”
ဟင်း.. ၀တ်မှုံတို့လည်း ညနေစောင်းပဲ အဲဒီ ဆိုင်မှာ ထိုင်ခဲ့မိတာ။ သူမစိတ်အာရုံထဲ တစ်စုံ တရာကို သံသယ ဖြစ်လာမိ၏ ။
“သူ့ကို ..ဘယ်ဆိုင်မှာ တွေ့ တာလဲ”
“အဲ့… အဲဒါလည်း မသေချာဘူးဗျာ၊ ဆိုင်လှလှ လေးပဲ။ ဂျပန်စတိုင်လား၊ ကိုရီးယားစတိုင်လား မှန်ချပ်လေးနားမှာ သူထိုင်နေတာ”
ဝတ်မှုံသည် တအံ့တသြနှုတ်ခမ်းလေးပင် ပွင့်ဟသွားမိ၏ ။
ဘုရားရေ သူဝတ်မှုံကို တွေ့ ခဲ့တာလား။
ရင်ထဲ တဆတ်ဆတ် ခုန်လှုပ်မိသည်။
ဒီအတိုင်းဆိုရင်တော့ ဖြစ်နိုင်ဖို့ များ ပါသည်။
“အဲဒီ ကောင်မလေးက အင်္ကျီဖြူလေးနဲ့ ဟုတ်လား”
ဝတ်မှုံက တစ်ခွန်းထပ်မေးမိသည်။
“ဟုတ်ပါ့ဗျာ၊ နားကွင်းအ၀ိုင်းကြီးနဲ့ ဆံပင်လေးတောင် ထပ်နားမှာ ထုံးထားသေတယ်။ ဘာလဲ အဲဒါ ခင်ဗျားပဲ ဖြစ်နေပြီထင်တယ်။ ဟုတ်လား ဟား ဟား ”
“ရှင်.. ကျွန်မကို နဂိုကတည်းက သိနေတာလား”
“ဗျာ ..မသိပါဘူး.. ကျွန်တော် က တမင်နောက်မိတာပါ။ တကယ်ပဲ ခင်ဗျားနဲ့ တူနေလို့လား ဟုတ်လား”
ဒီတစ်ခါ အံ့အားသင့်ရသူက မင်းထယ်နေလင်းပါ။
သူ့ရင်တွေ တလှပ်လှပ်နှင့် အခုန်မြန်လာရ၏
“ခင်ဗျား အမှန်အတိုင်းဖြေ၊ အင်္ကျီအဖြူလေးနဲ့ က ခင်ဗျားပဲပေါ့။ ခင်ဗျား နောက်နေတာ လား ဟား .. ထူးဆန်းလိုက်တာဗျာ၊ နတ်ဒေ၀ါတွေ ဖန်ဆင်းပေးတာလား။ တစ်ခုခုတော့ တစ်ခုခုပဲ။ ဒီလောက်တိုက်ဆိုင်နေတာ။ ဟုတ်မှဟုတ်ရဲ့ လားဗျာ”
မင်းထယ်မယုံနိုင်သလိုပင် ခံစားမိသည်။
မြားနတ်မောင်က သူ့ကို ကျီစယ်တဲ့သဘောများ လား။
သူမက မကြာမီစေ့စပ်တော့မည့်  မိန်းကလေးတဲ့။
ဝတ်မှုံလည်း ရင်ထဲ ကတုန်ကရင်နှင့် တစ်မျိုးကြီး ဖြစ်သွားမိသည်။ သူပြောသလို တကယ်ပဲ တိုက်ဆိုင်မှု အစစ်လား။
“ရှင် ညာနေတာလားဟင်… ကိုနေလင်း”
“ဟာဗျား ခင်ဗျားဘာလို့ မယုံတာလဲ၊ ကျွန်တော် က ဘာကြောင့် ညာရမှာ လဲဗျာ ကျွန်တော့်စကားထဲမှာ အလိမ်အညာအနောက်အပြောင် တစ်ခွန်းမှ မပါဘူး”
မင်းထယ် အနည်းငယ် စိတ်တိုချင်မိသည်။
သူ့လေသံက တစ်ကယ်အမှန်ကို ဖွင့်ဟနေတဲ့ပုံပါ။
ဒါဖြင့် သူက ဂစ်တာလွယ်ထားတဲ့ လုလင်လေးပဲပေါ့။
ပြိးတော့ သူက ထူးခြားစွာ ပင် စက်ဝိုင်းနှင့် လမ်းလျှောက်ပုံချင်း တူညီသည်။
ထိုအချက်ကိုတော့ ၀တ်မှုံက ပြောမပြ ၀န်မခံ ဖြစ်ပါသည်။
ကျွန်မနဲ့ စေ့စပ်တော့မယ် စက်ဝိုင်းနဲ့ တူလို့ရှင့်ကို သတိထားမိလိုက်တယ်လို့ ဘယ်လို ပြောလို့ ရပါ့မလဲနော်။
“ဟက်လို.ခင်ဗျား ဘာလို့ တိတ်သွားတာလဲ”
“စဉ်းစားနေတာ”
“ဘာကိုလဲ ဖြစ်နိုင်မ ဖြစ်နိုင်ကိုလားကျွန်တော် လိမ်ညာပြော၊ မပြောကိုလား”
“သိတော့ပါဘူး”
“ဘာပဲ ဖြစ် ဖြစ် ကျွန်တော် တို့နှစ် ယောက် မိတ်ဆွေတွေ ဖြစ်သွားပြီနော်၊ ဟုတ်တယ်မှလား”
“အင်း”
“ဒါဆိုရင် ခင်ဗျားနံမည် လေးတော့ ပြောလေဗှာ လူကိုသိပြီး နံမည် မသိဘူး ဖြစ်နေလိမ့် မယ်”
“အဲဒါက အရေး မကြီးပါဘူး ဒီတိုင်းလဲ ခင်လို့ရတာ ပဲဟာ မဟုတ်လား။ ဥပမာ ရှင်က ခင်တယ်ဆိုတော့ ခင်ခင်လို့ မှတ်ထားလိုက်ပေါ့”
ဝတ်မှုံက သူ့ကို စချင်စိတ်နှင့် ဆိုမိ၏ ။
“အဲဒါဆိုရင် တခြား တစ်ယောက် ခင်ဗျားကို ချစ်တယ်ဆိုရင်ရော အချစ်လေးလို့ ခေါ်ခွင့်ပြု မှာ လား”
‘ဟင်.. ကြည့်စမ်း ရှင်နော်”
“အဟဲ့ အလာကားစတာပါဗျာ။ ကျွန်တော့် ဘာသာ အခေါ်အဝေါ်တစ်ခုခု သတ်မှတ်ရ မယ်ဆိုရင်တော့ ခင်ဗျားကို “ဖြူဖြူလေး” လိုပဲ ခေါ်မယ်။ ခင်ဗျားပုံစံလေးက တခြားကောင်မလေးတွေ နဲ့ မတူပဲ ဖြူစင်သဘောကောင်းတဲ့ ပုံလေး မျက်နှာမှာ ပေါ်လွင်နေတယ်ဗျ. သိလား”
သူရဲ့ ချီးမွန်းစကားကြောင့် ၀တ်မှုံရင်မှာ ကျေနပ်ပီတိတစ်မျိုးခံစားရသည်။
စက်ဝိုင်းပင် သူမကို ဒီလို မှတ်ချက်တစ်ခု မပေးစဖူး။
“ရှင့်ဘာသာ ကြိုက်သလို ခေါ် ကဲ ဖုန်းပြောနေကြတာ ဘယ်လောက်တောင်ကြာသွားပြီလဲ”
“နာရီဝက်ကျော်ပြီဗျ”
“ဘီလ်ကိုလည်းတွက်ဦး”
“ဟာဗျာ ဖြူတော် တော် ဆိုးတယ်၊ ကျွန်တော် နဲ့ ခင်ဗျားနဲ့ နာရီဝက်ကျော်ကျော် စကားပြော ဖြစ်သွားတယ်ဆိုတာ ကျွန်တော့်အတွက်က မမေ့နိုင်စရာ မဟာအခွင့်အရေး သိပ်ရင်ခုန်စရာ ကောင်းတဲ့ ပျော်ရွှင်မှု ၊ ကျွန်တော် ရဲ့ ရာနှုန်းပြည့် ကျေနပ်ဝမ်းမြောက်မှု ။ ဘာနဲ့မှ လဲမရတဲ့အရာ။ ဒါကြောင့် ဘာနဲ့မှ မတိုင်းတာပါနဲ့ျော။ ဖုန်းဘီလ်ဆိုတဲ့ အရာနဲ့ တန်ရာတန်ကြေး ဖြတ်မပေးကြေး ဗျာ၊ ကျွန်တော် အဲဒီ စကားအတွက် သိပ်ခံစားရတယ်”
“အမလေးနော်၊ ဖြစ်နေလိုက်တာ ဖုန်းဘက်ထရီကုန်မှာ နားအေးမယ့်လူ။ တကထဲ ကဲပါ ရှင်သူဌေးမှန်း မသိလို့ ပြောမိတာပါ။ တောင်းပန်ပါတယ်ရှင် ရပြီလား”
“အဟက်..အဟက်… ဟက်”
သူမရဲ့ ခနိုးခနဲ့ စကားသံလေးကြောင့် မင်ထယ်ကြည်နူးစွာ တဟက်ဟက်ရယ်မိသည်။
ကျွန်တော် နဲ့ ခင်ဗျားကြားမှာ ရင်းနှီးမှု တွေ နားလည်မှု တွေ ရှိလာပြီနော် ဖြူ။
“ဘာရယ်တာလဲ”
“ပျော်လို့ပါ ဖြူရယ်”
ဝတ်မှုံက မျက်စောင်းလေးတစ်ချက် ခဲမိသည်။
သူ့ရဲ့ “ဖြူ ”ဆိုတဲ့ အခေါ်အဝေါ်က နားထဲမှာ ဆန်းဆစ်နေသလိုလို
“ဒါဆို ဂွတ်နိုက်နော် ကိုနေလင်း”
“ဂွတ်နိုက်ပါဖြူ၊ ကျွန်တော် မနက်ဖန်လည်း ဒီအချိန်ပဲ ဖုန်းခေါ်မယ်နော်”
“ဟင် ပြောစရာရှိသေးလို့လား”
“ရှိတာပေါ့ဗျာ”
“တစ်ထောင့်တစ်ည ပုံပြင်တွေ လား”
“ပုံပြင်တော့ မဟုတ်ဘူး ဖြူနားထောင်မယ်ဆိုရင် ကျွန်တော် သီိချင်းဆိုပြမယ်”
“ရှင်က အဆိုတော် လား”
“၀ါသနာရှင်လေးပါ ကြိုးစားနေဆဲပေါ့”
သူခပ်နောက်နောက် ဖြေလျှင်
“ဟွန်း”
ဖြူရဲ့ သံရှည် ရေရွတ်သံနွဲ့နွဲ့လေးဟာ မင်ထယ်နှလုံးသားထဲအထိ စီးဝင်ဖြာနွေးသွားစေသည်။
မင်းတယ်နေလင်းသည် ညက တီဗီကြည့်ရင်း ဧည့်ခန်းက လယ်သာဆက်တီရှည်ပေါ်မှာ ဖြစ်သလိုပင် အိပ်ပျော်သွားခဲ့ပြီး မနက်ရောင် နီလင်းစမှပင် လူးလွန့်ကာ နိုးလာခဲ့သည်။
ငှက်ကလေးတွေ ပင် တကျိကျိအော်မြည် နေကြပြီ။
သူ့မျက်စိတွေ က ကျိန်းစပ်နေတုန်း။
မင်ထယ်လည်း ဆက်တီပေါ်မှ ထကာ အိပ်ခန်းထဲပြောင်းအိပ်ဖို့ တွေးလိုက်သည်။
သို့သော် ရေသောက်ချင်သေးတာမို့ ရေသန့်စက်ထဲက ရေအေးအေးတစ်ဖန်ခွက်ကို အရင် ထည့်သောက်လိုက်သည်။
အဲဒီ လို ရေသောက်ပြီး ခုတင်ပေါ်ကို သူပြန်ပြီး ဒိုင်ဗင်ပစ်ဝင်ဆဲမှာ ။
“တီး…တောင်”
တံခါးဘဲလ်မြည် သံကို စူးဝါးစွာ ကြားလိုက်ရ၏ ၊
ဟောဗျာ မနက်မိုးမလင်းခင် ဘယ်သူများ အခန်းမှားပြီး လူခေါ်ဘဲလ်ကိုလာနှိပ်ရပါလိမ့်။
“ကျွတ်”
သူမကြာခဏဆိုသလို ဆက်အိပ်နေသေးသည်။
“ဒေါက် ဒေါက် ဒေါက်”
မရပါ တံခါး ခေါက်သံပါ ပါလာပြီ။
ဆက်ပြီး အိပ်နေလို့ မရတော့တာမို့ မင်းထယ်က ကျွန်းတံခါးရှိရာသို့ အိပ်ချင်းမူးတူး နှင့် လျှောက်လာသည်။
“ဘယ်သူလဲကွာ အနှောင့်အယှက်ပဲ”
နှုတ်ကလည်း ဗလုံးဗထွေးနှင့် ရေရွတ်မိသေး၏
တံခါးလက်ကိုင်ကို လှည့်ဖွင့်ပြီ။
တံခါးရွက်ကို ဖွင့်ဟလိုက်ချိန်မှာ တော့။
“ဟား.. စက်ဝိုင်း၊ ရေလှိုင်း.. မင်းတို့ ဗြုန်းစားကြီးဖုန်းမဆက် ဘာမဆက်နဲ့ သြော် ရူပါကျော်လည်း ပါတယ်”
မင်းထယ်မှာ ခရီးဆောင် သေတ္တာတွေ ချကာ ရောက်လာသူတွေ ကို ကြည့်ရင်း တအံ့တသြ ဖြစ်သွားရပါသည်။
စက်ဝိုင်းက ဘယ့်နှယ့်ကြောင့် ရူပါကျော်ကိုပါ လက်ဆွဲခေါ်လာရပါလိမ့်။
“ဖုန်းဆက်ရင် ပေရှည်မှာ စိုးလို့ဟေ့ ပြောစရာတွေ က အများ ကြီး မောတယ်ကွာ၊ ခရီးလည်း ပန်းလာတယ်၊ မင်းထယ် အိတ်တွေ ၀ိုင်းသယ်ပေးဦးကွ”
ရေလှိုင်းက သူ့အိတ်လည်းသယ် စက်ဝိုင်းတို့ သမီးရည်းစားနှင့် ယောက် ရဲ့ ခရီးဆောင် သေတ္တာလည်းသယ်ကာ မနိုင်မနင်းနှင့် မင်းထယ်ဝါ ၀ိုင်းကူဖို့ခေါ်သည်။
စက်ဝိုင်းက သူ့အိမ်သူမပြန်ဘဲ ဒီလို ခဏ၀င်လာတာရူပါကျော်ကြောင့်လား။
ရူပါကျော်က ဒီတိုက်ခန်းမှာ တည်းမှာ လား။
တည်းဖို့ဆိုတာလည်း မ ဖြစ်နိုင်ပါဘူးကွာ။
ဒီမှာ မင်းတယ်နဲ့ ရေလှိုင်း ယောက်ျားသားနှစ် ယောက် ပဲ နေထိုင်ကြမယ်ဆိုတာလည်း စက်ဝိုင်းသိနေတာပဲ။
မင်ထယ် ဇဝေဇ၀ါတွေးနေမိဆဲမှာ ။
“နေလင်း”
“ဟေ”
“ဟိုနှစ် ယောက် တော့ ယူလိုက်ကြပြီ”
“ ဘာ”
“စက်ဝိုင်းနဲ့ ရူပါကျော် ဒီမှာ ခဏနေကြမယ်”
“ဟာ ဟေ့ကောင် တကယ်လားကွ”
“အိပ်ချင်မူးတူးလုပ်မနေနဲ့ ဒီအိပ်ခန်း အကြီးကို သူတို့ အတွက်ပြင်ပေး လိုက် ငါနဲ့မင်းနဲ့ ဟိုဖက် အနောက်ခန်းမှာ နေမယ်”
ရေလှိုင်းက ခရီးဆောင်သေတ္တာတွေ ကုတင်အောက်ထိုးထည့်ရင်း နှုတ်က တစ်ဆက် တည်း အစီအစဉ်ကိုပါ ပြော၏ ။
ဒိတော့မှ မင်းထယ် မျက်လုံးတွေ ပြူးကျယ်သွားရပါသည်။
“စက်ဝိုင်းတို့ ကတော့ လုပ်ချလိုက်ပြီ ဗြုန်းစား ဒိုင်းစားနဲ့ မိန်းမကောက်ယူလိုက်ပြီ ဟုတ် လား”
“ရှူး…တိုးတိုး .. မင်း သွားဝေဖန်နေလည်း အပိုပဲ ငါတို့ကြည့်ကျက် နေရုံပဲရှိတယ်ကွ၊ အခု အိမ်မှာ စားစရာ ဘာရှိလဲ မရှိရင်လည်း နန်းကြီးသုတ်လေ ဘာလေး ငါဆင်းဝယ် လိုက်မယ် မင်းက ကော်ဖီဖျော်ထားနှင့် ”
“အေး အေး”
ရေလှိုင်းက အစီအမံတော့ တော် ရှာပါသည်။
သူတစ်ခဏ ဆင်းသွားပြီးလျှင် နန်းကြီးသုပ်တို့ ပလာတာတို့ ပဲအီကြာတို့ ၀ယ်လာသည်။
မင်းထယ်ကလည်း ဓာတ်ဗူးထဲ ကော်ဖီဖျော်ထည့်ကာ ပန်းကန်လုံးလေးစုံနှင့် စာပွဲပေးခင်း ကျင်းအသင့်ပြင်သည်။
ရေလှိုင်းကလည်း စားသောက်ဖွယ်ရာတွေ ကို ပန်းကန်ထဲ သပ်သပ်ယပ်ယပ် ထည့်ပြီး ပြင်ဆင်ပေးသည်။
ထို့နောက်မှတော့ သူတို့တိုက်ခန်း တိတ်တိတ်ဆိတ်ဆိတ် လေး လျှင်မြန်စွာ စိုပြေသက်ဝင် လှုပ်ရှားသွားလေသည်။
“စက်ဝိုင်း ရူပါ လာကြလေကွာ”
နံနက်ခင်းစာကို လေးယောက် အတူတူ စားကြသည်။
ရူပါက ခေါင်းလေးငုံ့လျက် သားတိတ်တိတ်ဆိတ်ဆိတ် စားနေရသည်။
မင်းထယ်က စက်ဝိုင်းကို မျက်လုံးပင့်ပြရင်း။
“မင်းတို့ဟာက ငါတောင် မျက်စိလည်သွားတယ် ဘယ်လို ဖြစ်တာလဲကွ”
“နောက်မှ အေးအေးဆေးဆေး ရှင်းပြမယ်။ နေလင်းရာ အားလုံးက အခြေအနေ ဖြစ်လာတာ ချည်းပဲ”
“အေးပါ အေးပါ မင်းဇာတ်သိမ်း ကနိုင်ရင်ပြီးတာပါပဲ”]
မင်းထယ်က စိတ်ပျက်လက်ပျက်ညည်းညူ လိုက်သည်။
သူမျှော်လင့်ထားတာတွေ နှင့် ဖြစ်လာတာတွေ က တခြားစီပါလား။
စက်ဝိုင်းက ရူပါကျော်ကို ခိုးလာပြီဆိုတာ သိလျှင် စက်ဝိုင်းမိသားစု တွေ မျက်ကလဲ ဆန်ပြာ ဖြစ်ကုန်ကြမှာ ။
စက်ဝိုင်းကိုတောင် အိမ်ကနှင်ချမလား။ မပြောတတ်။
ဒိလိုသူကိုယ်တိုင် ရှုပ်ထွေးခက်ခဲနေတဲ ပြဿနာတက်နေချိန်မျိုးမျာ သူ့ဆီက အကူအညီ ရနိုင့်ဖို့ဆိုတာ ကိုယ့်ကိုယ် မန်နေဂျာခန့် အလုပ်ပေးဖို့ဆိုတာ ဖြစ်နိုင်ပါမလား။
တစ်ခေါက်ပြန်ရုံပဲ ရှိတော့မှာ ပေါ့။
မင်းထယ်က သက်ပြင်းတစ်ချက် ခိုးရှိုက်းလိုက်မိသည်။
မလွယ်ရေး ချမလွယ်ပေါ့။
နေ့ခင်းကျရင် သူ့အ၀တ်အစားတွေ သူပြန်သိမ်းထားဖို့ မင်းထယ် စိတ်ကူးသည်။ ဒီမှာ ဆက်နေရင်း အားနာစရာ။
ကိုယ့်ဟာကိုပဲ အလိုက်သိ မန္တလေးပြန်ရမှာ ပေါ့လေ။ ရေလှိုင်း ကတော့ ဘာစီစဉ်ဦးမလဲ မသိဘ။
အင်း ဖြူရေ။
သံယောဇဉ် ဖြစ်ပြီးကာမှ ခွဲခွါရဦးမယ်။
ဖြူု့ကိုတော့ နှုတ်ဆက်စကားဆိုရဦးမှာ ပါ။
ရင်ထဲ ဆွေးသလိုလို ကြီးပင် ခံစားရတာ နန်းကြီးသုပ်ပင် မြိုမကျချင်ပေ။
သူ့မျက်နှာမှိုင်းညိုသွားတာကို သတိပြုမိတဲ့ ရေလှိုင်းက
“နေလင်း.. မင်းဘာမှ ရှည်ရှည် ဝေးဝေး တွေ တွေးမနေနဲ့ ငါ ခု လောလောဆယ် အိပ်ရေး ၀အောင် အိပ်ပစ်လိုက်ဦးမယ်။ အိပ်ယာက နိုးမှ ဆွေးနွေးစရာရှိတာ ဆွေးနွေးကြမယ်”
“အေး.. အဲဒါ အကောင်းဆုံးပဲ”
စက်ဝိုင်းကလည်း ထောက်ခံသည်။
“ရူပါ နင်လည်း လွတ်လွတ်လပ်လပ်နေ။ ဟိုဘက်ရှေ့အခန်းက နင်တို့ အခန်း ဖြစ်သွားပြီ။ ငါနဲ့ နေလင်းက နောက်ခန်းရွေ့မယ်”
“အဲဒါတွေ အရေး မကြီးပါဘူးကွာ ဖြစ်သလိုနေလို့ရပါတယ်”
“အေးပေါ့ မင်းက မိန်းမရပြီဆိုတော့ ပျော်နေတဲ့ ကောင်ကိုး မိုးမမြင်လေမမြင်နဲ့ပေါ့”
ရေလှိုင်းနဲ့ တရင်းတနှီး အပြောကို စက်ဝိုင်းက ကျေနပ်စွာ ပြုံးသွားပြီး ရူပါကျော် ကတော့ ရှက်စနိုးနှင့် ခေါင်းလေးငုံ့ သွားပါသည်။
ညားကာစ လင်မယားနှစ် ယောက် ကို သူနှင့်ရေလှိုင်းက အလိုက်သိသိရှောင်ပေးရဦးမှာ မို့ စားစရာရှိတာ မြန်မြန်စားပြီး စားပွဲက အလျင်စလိုပဲ ထထွက်ခဲ့ကြပါသည်။
ပြီးလျှင် ဘာမှ စကားမဆိုတော့ဘဲ နှစ်ဦးသား ၀ရံတာထွက်၍ စီးကရက်သောက်ကြသည်။
အပြင်ဖက်မှာ တော့ မနက်ခင်းလေးက လှပကြည်လင်သန့်စင်နေပါသည်။
လေနုအေးလေးပင် တိုးဝှေ့တိုက်ခတ်နေ၏ ။
ထွက်ပြူကာစ နေမင်းကြီးကလည်း အားသစ်မာန်သစ်တွေ နှင့် ။
လမ်းပေါ်မှာ လူတစ်ချို့လည်း ဥဒဟိုးသွားလာစပြုလာပါပြီ။
ရေလှိုင်းက စီးကရက် တစ်ဝက်မကျိုးမီမှာ ပင် စီးကရက်ကို ပြာခွက်ထဲငြှိမ်းသတ်၍
“အိပ်ချင်ပြီကွာ. ၀ါ ” ဟု သန်းဝေလျက် အိမ်ထဲ လှည့်ဝင်သွားလေသည်။
တိတ်ဆိတ်နေသော ၀ရံတာလေး၌ မင်းထယ်နေလင်း တစ်ယောက် သာ ကျန်ရစ်သည်။
သူ့အတွေးက မန္တလေးက အိမ်ကလေးဆီသို့ ရောက်သွား၏
တကယ်တော့ စက်ဝိုင်းနှင့် ရူပါကျော်တို့ အခုလို ဖူးစာဆုံသွားတာက သူနှင့် စက်ဝိုင်း ရုပ်ချင်းလွယ်လွယ်ခွဲမရလောက်အောင် တူနေတာကနေ စခဲ့တာ ဖြစ်လေသည်။
![]() မျှော်လင့်ခြင်းနှလုံးသားရဲ့ခြေရာ | ![]() ၀တ္ထုတိုများ စုစည်းမှု | ![]() မီးနဲ့မောင် |