Cover

အခန်း(၁)

ဆောင်းလုလင်

လနှစ် စင်းနှင့် နှင်းတစ်ပေါက်

ဤဝတ္ထုအား၁၉၆၅ မှ ၁၉၈၅ ထိကာလများ ကို အခြေခံ၍ ရေး ဖွဲ့ပါသည်။

ဆောင်းလုလင်

ပေါက်ကွဲမှု

ရင်ထဲက တုန်လှုပ်မှု များ က ရင်ကို ဖွင့်ပြီး ဖောက်ထွက်တော့မတတ် ပြင်းထန်လွန်းလှသည်။ အဆက်မပြတ် တုန်နေသော ရင်ခုန်သံများ ကြောင့် အသက်ကိုပင် မှန်မှန် မရှူမိတော့ပေ။ နားသယ်စပ်မှ စိမ့်ထွက်လာသော ချွေးစေးများ ကား ကြောက်ရွံ့တုန်လှုပ်မှု များ ကြောင့် ဖြစ်ပေါ်လာခြင်းပေလား။

ခြေတစ်လှမ်းအတွက် အတော် ကြီး အားယူစိုက်ထုတ်မှပင် ခြေဖဝါး သည် ကြမ်းပြင်မှ ကြွတက်၏ ။ လှေကားထစ် တစ်ဆင့် တစ်ဆင့်သို့ ခြေ တစ်လှမ်း တစ်လှမ်းချမိတိုင်း ရင်ထဲဆီမှ ပြင်းထန်စွာ လှုပ်ရှားနေမိသည်မှာ ဝိညာဉ်လွင့်ပါးလုနီးပါး။

အကာလ ညအခါသည် မိမိရင်ခုန်သံကို မိမိ ပြန်ကြားရလောက် အောင် တိတ်ဆိတ်လွန်းလှပေ၏ ။ လှမြတ်ဆွေသည် မှော င်မည်းတိတ်ဆိတ်သော အိမ်ကြီးထဲတွင် အေးစက်နေသော လှေကားကြမ်းပြင်များ ကို တစ်ထစ်ချင်း နင်းရင်း အိမ် အပေါ်ထပ်သို့ တက်လာခဲ့၏ ။

အသက်မရှူဝံ့စွာ ၊ စိုးရွံ့ထိတ်လန့်စွာ ဖြင့် -

ခိုးကြောင်ခိုးဝှက်ပုံသ္ဌဏာန်ဖြင့် လှုပ်ရှားနေရသည့် ကိုယ့်အ ဖြစ် ကိုယ် ပြန်တွေးမိတော့ နင့်ခနဲ ဝမ်းနည်းသွားမိသည်။

သြော့့် ကိုယ့်အိမ်ထဲကိုယ်နေရင်းက လိပ်ပြာမလုံစွာ ကြောက်ရွံ့ ထိတ်လန့်နေရတဲ့အ ဖြစ်ပါလား။ အမှန်က ဒီအိမ်ဟာ လှမြတ်ဆွေရဲ့ အိမ်လေ။ဒီအိမ်မှာ မွေးဖွားခဲ့ရုံမက ဒီအိမ်ပေါ်မှာ ပြေးလွှားဆော့ကစား ကြီးပြင်းခဲ့ရပြီး ယခုတိုင် မှီခိုနေထိုင်ရဆဲ ဖြစ်တဲ့ ကိုယ်ပိုင်အိမ်ကြီးလေ။

ကိုယ့်အိမ်ရဲ့ အပေါ်ထပ်ကိုတက်တဲ့ လှေကားကြီးပေါ်မှာ မနင်းဝံ့ နင်းဝံ့ခြေလှမ်းများ ဖြင့် လျှို့ဝှက်စွာ တက်လှမ်းနေမိရတဲ့အ ဖြစ်။

အပေါ်ထပ်သို့ရောက်လျှင် ဘယ်လိုမြင်ကွင်းမျိုးနဲ့ ကြုံရတော့မယ် ဆိုတာ သိထားတော့လည်း ရင်မှာ လှိုက်ပြီး ငိုချင်လာမိသည်။ သို့သော်လည်း ကြိုတင်ကြံရွယ်ထားသည့် အကြံအစည်တွေ အထမြောက်အောင်မြင်ဖို့ တာဝန်ကရှိသေးတော့ ငိုချင်စိတ်ကို သိမ်းဆည်းအားတင်းရသည်။

ခပ်ဖွဖွလေး ဖော့နင်းရင်းနှင့် ပင် လှေကားအပေါ်ဆုံးထပ်အထိ ရောက်ခဲ့ပါပြီ။

အိမ်အပေါ်ထပ် တစ်ခုလုံးကား တိတ်ဆိတ်မှော င်မည်းလျက်။

တစ်ခုသော အခန်းဆီမှသာ မီးရောင် လဲ့လဲ့လေး တိုးထွက်နေသည်။

အသက်ပြင်းပြင်းရှူသံနှင့် ခပ်ညှင်းညှင်းစကားပြောသံများ ကိုတော့ နားစိုက်ထောင်လျှင် ကြားရနိုင်သေး၏ ။လှမြတ်ဆွေ မိုက်ခနဲ ဖြစ်သွားသည်။ မနည်းအားပြန်တင်းရ၏ ။

ဒီအိမ်နှင့် ဝေးရာကို ရှောင်ခွာထွက်ပြေးသွားချင်စိတ်က ဖျတ်ခနဲ ပေါ်လာသည်။ မ ဖြစ်ဘူ့း့ မ ဖြစ်ဘူး။ ရှောင်ပြေးလို့ မ ဖြစ်သေးဘူး။ အခွင့်အရေး ရတုန်းမှာ ပြဿနာကို တစ်ခါတည်း ရှင်းမှ။

အားကိုတင်းရင်း အခန်းနှင့် နီးရာဆီသို့ တရွေ့ရွေ့ လျှောက်လှမ်း လာခဲ့သည်။

တခစ်ခစ် ရယ်မောလိုက်သော အသံက အခန်းထဲမှ လျှံထွက်လာ သည်။

ထိုအသံသည် လှမြတ်ဆွေ၏ မခံချင်စိတ်ကို တွန်းအားပေးလိုက် သည့်သဖွယ် ဖြစ်သွား၏ ။ မည် သည့်နေရာမှ ဝင်လာသည် မသိနိုင်သော အားအင်အပြည့်ဖြင့် အခန်းရှိရာသို့ လျင်မြန်စွာ ပြေးသွားလိုက်မိသည်။အခန်းနံရံဆီမှ မီးခလုတ်ကိုနှိပ်လိုက်သည့်အခါ မီးချောင်းများ ရုတ်တရက် ပွင့်လာပြီး အိမ်အပေါ်ထပ်တစ်ခုလုံး လင်းထိန်သွားလေသည်။

ဟ,နေသော တံခါးကို ဝုန်းခနဲ ဆွဲဖွင့်လိုက်သည့်အခါတွင် ကား -

သူမ၏ ခင်ပွန်း ဖြစ်သူနှင့် သူစိမ်းမိန်းကလေးတစ်ဦးတို့ အခန်းထဲတွင် ချစ်တင်းနှီးနှောနေသည့်မြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့ မြင်လိုက်ရလေ သတည်း။

•••

နောက်ကြောင်းပြန်

ဒေါ်အေမီမြိုင်သည် မှန်ပြောင်းကိုချိန်၍ တစ်ဘက်ခြံသို့ ကြည့်လိုက် သည်။ နေဝင်ရီတရောအချိန်မို့ သဲကွဲစွာ မမြင်ရပေ။

တစ်ဘက်ခြံ၏ အိမ်ရှေ့မြေကွက်လပ်တွင် ဧည့်ခံပွဲ စတင်နေပေပြီ။ အလှတပ်ဆင်သော ရောင် စုံမီးလုံးများ ကို ထွန်းညှိသွားပြီ။

ရောင် စုံမီလုံးများ ဆီမှ အလင်းရောင် က မှန်ပြောင်း၏ မှန်ဘီလူးတွင် ရောင် စဉ်များ ဖြာ၍ ထင်ဟပ်နေသော ကြောင့် မြင်ကွင်းကို ပီပီသသ မမြင်ရနိုင် တော့။

ဒေါ်အေမီမြိုင်သည် သူမ၏ ပေါင်ပေါ်မှကြောင်ဝါလေးကို အနီးရှိ ဆိုဖာပေါ်လှမ်းတင်လိုက်သည်။

နံရံတွင် ထောင်ထားသည့် ချိုင်းထောက်ကို ဆွဲယူကာ ဘီးတပ် ကုလားထိုင်ပေါ်မှ အားပြု၍ ထ၏ ။ ချိုင်းထောက်အကူဖြင့် ပြတင်းပေါက် ရှိရာသို့လာခဲ့သည်။

ဒေါ်အေမီမြိုင့်အနေဖြင့် တစ်ဘက်ခြံရှိ ဧည့်ခံပွဲမြင်ကွင်းကို သဲသဲ ကွဲကွဲ မမြင်ရနိုင်သေး၍ အားမရနိုင်သေး။ သူမက ပြတင်းပေါက်ပေါင်ကို အားပြုရပ်ရင်း မှန်ပြောင်းကို မျက်လုံးကပ်၍ ကြည့်ပြန်သည်။

မထူးခြားပါ။

မှော င်စပျိုးလာပြီ ဖြစ်၍ အမြင်အာရုံမကြည်လင်တော့။သူမသည် သက်ပြင်းချလိုက်၏ ။

တစ်ဖက်ခြံမှ လှမြတ်ဆွေ မင်္ဂလာဧည့်ခံပွဲမြင်ကွင်းကို စိတ်ကူးဖြင့် သာ မှန်းဆကြည့်ရပေတော့မည် ။

ဒေါ်အေမီမြိုင်သည် သူမ၏ ဘီးတပ်ကုလားထိုင်ရှိရာသို့ ချိုင်း ထောက်ဖြင့် ပြန်လာလိုက်သည်။ ကုလားထိုင်ပေါ်မှာ သေချာထိုင်ပြီးတော့မှ ဆိုဖာပေါ်တင်ထားခဲ့သည့် ကြောင်ဝါလေးကို ပြန်ယူလိုက်၏ ။

သူမသည် ကြောင်ဝါလေး၏ နုညက်သော အမွေးအမျှင်လေးများ ကို ပွတ်သပ်ဆော့ကစားရင်း လှမြတ်ဆွေအကြောင်းများ ကို တွေးနေမိသည်။

ဒီသူငယ်မ ဘာမပြော ညာမပြော ဗြုန်းစားကြီး အိမ်ထောင်ပြုလိုက် တာကို ဒေါ်အေမီမြိုင် အံ့သြလို့မဆုံး။ ဒေါ်အေမီမြိုင်အနေဖြင့် လှမြတ်ဆွေ တစ်ယောက် ဒီတစ်သက် အိမ်ထောင်ပြုတော့မှာ မဟုတ်ဟုပင် ထင်မှတ်ထား ခဲ့သည်။ အင်းလေ့  ဘယ်သူက တစ်သက်လုံး အိမ်ထောင်မပြုဘဲနေမည် ဟု အာမခံထားနိုင်မှာ လဲ။ဘာပဲ ဖြစ် ဖြစ် အိမ်ထောင်ပြုတော့မယ်ဆိုတဲ့အကြောင်းကို ဒေါ်အေမီ မြိုင့်ကို ဦးစွာ အသိပေး အကြောင်းကြားသည့်အတွက်တော့ ကျေနပ်မိပါသည်။ အသိပေးတယ်ဆိုပေမယ့် ကိုယ်တိုင် လာပြောခြင်းမျိုးတော့ မဟုတ်။ တယ်လီ ဖုန်းနှင့် အကြောင်းကြားခဲ့ခြင်းသာ ဖြစ်သည်။လှမြတ်ဆွေအနေနှင့် ဒီလိုအကြောင်းမျိုးကို ဒေါ်အေမီမြိုင်နှင့် မျက် နှာချင်းဆိုင် တွေ့ ဆုံပြောကြားဖို့ ဝန်လေးမယ်ဆိုတာ သဘာဝ ကျပါသည်။

ဒေါ်အေမီမြိုင်သည် နံရံတွင် ကပ်ထားသည့်ဓာတ်ပုံကြီးဆီသို့ မော် ကြည့်လိုက်သည်။

ဓာတ်ပုံထဲမှ မောင်လေးသန့်စင်မြိုင်က ပြုံး၍ ကြည့်နေသည်။

မောင်လေးရေ။ မင်းချစ်တဲ့ လှမြတ်ဆွေအိမ်ထောင်ပြုတော့မယ်တဲ့ ကွယ်။ ခွင့်လွှတ်လိုက်ပါ။ ခွင့်ပြုလိုက်ပါနော်။

•••

ဒေါ်အေမီမြိုင်က ရင်ခွင်ထဲမှ ကြောင်ဝါလေးကို ဇိမ်ပြေနပြေ ပွတ် သပ်ရင်း အတွေးနယ်ကျယ်နေမိသည်။

နံရံမှ တိုင်ကပ်နာရီကြီးက ဒင်ခနဲ မြည် လိုက်သည်။

ခြောက်နာရီခွဲပြီကော။

ဒီအချိန်သည် ဧည့်ခံပွဲတွင် လူအစည်ကားဆုံးအချိန် ဖြစ်လိမ့်မည် ။ တီးသံမှု တ်သံများ တချက်တချက် ပျံ့လွင့်လာသည်ကို ကြားရ၏ ။

''နီထွေးရေ''

ဒေါ်အေမီမြိုင်က လှမ်းခေါ်လိုက်သည်။

''ရှင့့် အန်တီ။ လာပါပြီ''

မိန်းကလေး တစ်ယောက် အခန်းထဲမှ ပြေးထွက်လာသည်။

''ညည်း အဆင်သင့် ဖြစ်ပလား''

''ဟုတ်ကဲ့  အန်တီ''

''ဒါဆို သွားတော့လေ။ âဣနြေ္ဒရရနေ။ ရှိုးတို့ရှန်းတန်း ဖြစ်မနေနဲ့''

''ဟုတ်ကဲ့''

မိန်းကလေးက စားပွဲပေါ်မှ လက်ဖွဲ့ရန် ပါဆယ်ထုတ်ကို ကောက်ယူ လိုက်၏ ။

''လှမြတ်ဆွေကိုပြော။ ငါခေါင်းကိုက်နေလို့ မလာတော့ဘူးလို့''

အမှန်က တစ်ဖက်သားမင်္ဂလာပွဲကို ချိုင်းထောက်ကြီးနှင့် ဝင်သွား ခြင်းအားဖြင့် ကျက်သရေမယုတ်စေလိုသော ကြောင့် ပါ။ အိမ်မှာ အဖော်ခေါ် ထားသည့် နီထွေး ဆိုသည့်ကောင်မလေးကိုပင် လွှတ်လိုက်ရတော့သည်။

•••

မင်္ဂလာဧည့်ခံပွဲပြုလုပ်ရာ အိမ်ရှေ့ မြေကွက်လပ်တွင် ဧည့်သည်များ ဖြင့် ပြည့်နေပေပြီ။

ဧည့်ခံတီးဝိုင်းမှ အဆိုတော် များ က တစ်ယောက် ပြီး တစ်ယောက် ဖျော်ဖြေနေကြသည်။

သတိုးသား သက်မှူးအောင် နှင့် သတိုးသမီး လှမြတ်ဆွေ တို့ က စားပွဲဝိုင်းတစ်ခုချင်း လှည့်လည်ကာ ဧည့်သည်များ ကို နှုတ်ဆက်ဧည့်ခံ လျက် ရှိသည်။

''လှမြတ်ဆွေကို အံ့သြတယ်ဗျာ။ ကျွန်တော့်သူငယ်ချင်း ဆရာဝန် တစ်ယောက် က သူ့ကို တော် တော် ကြိုက်တာ။ မရမကလည်း ချဉ်းကပ်ခဲ့တာဗျ။ လှမြတ်ဆွေက အပြတ်ငြင်းလွှတ်ခဲ့တာ။ ယူမယ့်ယူတော့ ကိုယ့်ထက် အများ ကြီးငယ်တဲ့ ကောင်လေးကို ကောက်ယူလိုက်တာ အံ့သြဖို့ ကာင်းတယ်ဗျာ''

ဧည့်ခံပွဲလာပရိသတ်အဖို့ သတိုးသားက သတိုးသမီးထက် ဆယ်နှစ် မျှ ပိုငယ်နေခြင်းက စိတ်ဝင်စားစရာ။ ဝေဖန်စရာ ဖြစ်နေရလေသည်။

စီးပွားရေး လုပ်ငန်းများ စွာ တည်ထောင်တားသော လှမြတ်ဆွေ။ ချမ်းသာကြွယ်ဝကာ အရွယ်ကလည်း ရှိသေး၍ ကြိုက်သူပေါလှသည်။ ချဉ်း ကပ်စေ့စပ်လာသူမှန်သမျှအား အလိမ္မာဖြင့် ငြင်းပစ်လေ့ရှိသည့် လှမြတ်ဆွေ။ ရုတ်တရက် ကောက်၍ မင်္ဂလာဆောင်လိုက်တော့ သူ့အမျိုးသားက ဘယ်လို လူလဲဆိုတာ လူစိတ်ဝင်စားဖို့ ဖြစ်လာသည်။

''ဆွေဆွေကကွယ်။ ဒီအရွယ်ထိနေလာပြီးမှ အိမ်ထောင်ပြုတော့ မယ်တောင် မထင်ဘူး။ ယူမယ့် ယူတော့ ကောင်လေးငယ်ငယ်လေးပါလား''

''စီးပွားရေး လုပ်နေတာပဲ ပျော်တယ်ဆိုတဲ့ မိန်းမလေ။ သူကိုယ်တိုင် က တစ်သက်လုံးအပျိုကြီးလုပ်မှာ လို့ ကြွေးကြော်ခဲ့တာပဲ''

''ခုတော့ အပျိုကြီး ဘယ်လိုဈာန်လျှော သွားပါလိမ့်''

အမျိုးသမီးများ ၏ ဝိုင်းမှ ပျံ့လွင့်လာသော စကားသံ အချို့။

တစ်နေရာတွင် မိန်းမလျာငါးယောက် အုပ်စုဖွဲ့ထိုင်နေကြသည်။ အားလုံး မိတ်ကပ်များ ပြောင်လက်အောင်လိမ်းထားပြီး ဆန်းပြားသော ဒီဇိုင်း နှင့် အဝတ်အစားများ ကို ဝတ်ဆင်ထားကြသည်။ လှမြတ်ဆွေပိုင် ဒေဝစ္ဆရာ အလှပြင်ဆိုင်မှ အလှဖန်တီးရှင်များ ဖြစ်ပါ၏ ။

''တို့မမတော့ တော် တော် ပျော်နေပုံပဲဟေ့''

''ဟုတ်ပါရဲ့ ။ အိုင်တော့ မမဆွေရဲ့ ဒီညအတွေ့ အကြုံကို တွေးပြီး ရင်ခုန်မိတယ်''

''ဟုတ်ပါရဲ့ ဟယ်။ အရပ်မြင့်မြင့်၊ ရုပ်ချောချော၊ ကိုယ်လုံးကိုယ်ထည် ကြီးကလည်း ယောက်ျားပီသလိုက်တာနော်။ တို့မမ ဘယ်လိုရှာတွေ့  သွားပါ လိမ့်။ တို့တောင် ဘာမှမရိပ်မိလိုက်ဘူး''

''သူများ လေ့  ကိုသက်မှူးအောင်ကို ကြည့်ပြီး များ စိတ်ကူးနဲ့များ သူ့အဝတ်အစားတွေ ကို ချွတ်ချကြည့်မိတယ်။ သိလား''

''အေးနော့့်  သူ့ရင်ပတ်မှာ အမွေးတွေ များ ရှိနေမလား မသိ။ ဟီ့  ဟိ''

လူ့သဘာဝ အတိုင်း အဆိုးမြင်ရော၊ အကောင်းမြင်ပါ ဝေဖန်ပြော ဆိုသည့်စကားသံများ က စားပွဲဝိုင်းတစ်ခုချင်းအလိုက် တီးတိုးပေါ်ထွက်နေကြ သည်။ မည် သို့ပင် ဝေဖန်စကားဆိုကြစေ။ သတိုးသားနှင့် သတိုးသမီး လာရောက် ဧည့်ဝတ်ပြုချိန်မှာ တော့ အလှဆုံးပြုံး၍ အချိုသာဆုံး ရယ်မော နှုတ်ဆက်ကြသည်မှာ လည်း ဒီလိုအသိုင်းအဝိုင်း၏ ယဉ်ကျေးမှု တစ်ရပ်ပင် ဖြစ်တော့၏ ။

အသက်အရွယ် ငယ်လွန်းသော ယောက်ျား တစ်ယောက် ကို ယူ လိုက်သည့်အတွက် အခြားသူများ က လှမြတ်ဆွေကို ကဲ့ရဲ့ ကောင်း ကဲ့ရဲ့ ကြလိမ့် မည် ။ လှမြတ်ဆွေရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းများ ကတော့ လှမြတ်ဆွေ ကို ချီးမွမ်းထောပနာပင် ပြုကြသေး၏ ။

သူတို့သည် သက်မှူးအောင်.ရုပ်ရည်ကို မြင်လိုက်ရသည်နှင့် ပင် လှမြတ်ဆွေ ဘာကြောင့် ရွေးချယ်ခဲ့ကြောင်း သဘောပေါက်သွားကြသည်။ လှမြတ်ဆွေ၏ ရွေးချယ်မှု အတွက် ကျေနပ်ကြည်နူးသွားကြသည်။

လှမြတ်ဆွေတို့စုံတွဲ သူတို့ဝိုင်းဆီ ရောက်လာသည်နှင့် ငယ်သူငယ် ချင်း တစ်ဦး ဖြစ်သူ မေသော င်းတင်က ထိုင်ရာမှထကာ လှမြတ်ဆွေကို တီးတိုးကပ်၍ ပြောလိုက်လေသည်။

''သူငယ်ချင်းရယ့့်  မင်းရဲ့ အချစ်ကြီးပုံ၊ အစွဲအလမ်းကြီးပုံ တွေ ကို ကိုယ်တို့အားလုံးက ဂါရဝပြုပါတယ်။ ချီးကျူးပါတယ်ကွယ်''

•••

နီထွေး ရောက်လာသည့်အချိန်တွင် စားပွဲအားလုံးလိုလို ဧည့်သည် များ ဖြင့် ပြည့်နေပေပြီ။

နီထွေးက လက်ဖွဲ့ထုတ်ကို လက်ဖွဲ့လက်ခံသည့်နေရာသို့ သွားပေး လိုက်သည်။ မိန်းကလေး တစ်ယောက် က နီထွေးကို နေရာချပေး၏ ။

တစ်ခါမှမမြင်ဖူးသော သူစိမ်းများ နှင့် တစ်ဝိုင်းထဲထိုင်နေရ၍ နီထွေး မနေတတ်မထိုင်တတ် ဖြစ်နေသည်။ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ ဒီလို ဧည့်ခံပွဲမျိုးကိုလည်း သူမ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးပါ။ သူမက ရေခဲမုန့် များ ကို ခေါင်းမဖော်တမ်း ငုံ့စားနေလိုက်သည်။

ခဏနေတော့ လှမြတ်ဆွေတို့စုံတွဲ ရောက်လာသည်။

နီထွေး မော့ကြည့်လိုက်သည်။

သတို့သား သက်မှူးအောင်ကို ယခင်က ကြိုတင်မမြင်ဖူးခဲ့ပါ။ ရုတ်တရက် သက်မှူးအောင်ကို မြင်လိုက်တော့ နီထွေး ကြက်သေသေသွား မိသည်။ မနည်းâဣနြေ္ဒဆည်ထားလိုက်ရသည်။

''ဟော့ နီထွေး။ မမကြီး မပါဘူးလား''

''အန်တီ နည်းနည်း နေမကောင်းလို့ မလာနိုင်တော့ဘူးလို့ မှာ လိုက် ပါတယ်''

''ဒါပေါ့ကွယ်။ မမကြီးကို ပြောလိုက်ပါ။ အေးအေးဆေးဆေးမှ မမဆွေတို့ လာလည်ဦးမယ်လို့''

''ဟုတ်ကဲ့  မမ''

လှမြတ်ဆွေတို့စုံတွဲ ထွက်သွားတော့ နီထွေးလိုက်ကြည့်နေမိသေး သည်။ သက်မှူးအောင်ကို မြင်ပြီး အတော် အံ့သြနေမိ၏ ။

သက်မှူးအောင်၏ ရုပ်ရည်ကို ရင်းရင်းနှီးနှီး မြင်ဖူးပါသည်။ အပြင် တွင် လူသားအ ဖြစ် မြင်ဖူးခြင်း မဟုတ်။ ဓာတ်ပုံကို မြင်ဖူးခြင်း ဖြစ်သည်။

သူမ အလုပ်လုပ်သည့် ဒေါ်အေမီမြိုင်တို့တိုက် အပေါ်ထပ်တွင် ချိတ်ဆွဲထားသည့် ဧရာမဓာတ်ပုံကြီးထဲ၌ မြင်ဖူးခြင်း ဖြစ်၏ ။ ဒေါ်အေမီမြိုင်၏ မောင် သန့်စင်မြိုင် ဟု သိရသည်။

သန့်စင်မြိုင်ကိုမူ မမြင်ဖူးခဲ့ပါ။ နီထွေး ဒီအိမ်မရောက်ခင် နှစ် အတန် ကြာကတည်းက သန့်စင်မြိုင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။။

အိမ်ပြန်ရောက်လျှင် ဒီအကြောင်းကို ဒေါ်အေမီမြိုင်အား ပြောပြရဦး မည် ။

•••

ဒေါ်အေမီမြိုင်ကို နီထွေးက ပွေ့ချီ၍ အောက်ထပ်သို့ချပေးသည်။ ဒေါ်အေမီမြိုင့်ခန္ဓာကိုယ်သည် အတန်ငယ်ဝဖိုင့်နေသော်လည်း ချီပွေ့နေကျမို့ နီထွေး ကောင်းကောင်းနိုင်နင်းပါ၏ ။

အောက်ထပ်ရောက်တော့ အောက်ထပ်က ဘီးတပ်ကုလားထိုင်ပေါ် တင်ပေးရသည်။ ဒေါ်အေမီမြိုင်အတွက် အဆင်ပြေစေရန် အပေါ်ထပ်မှာ ရော၊ အောက်ထပ်မှာ ပါ ဘီးတပ်ကုလားထိုင်တစ်လုံး စီထားပါသည်။

''ကဲ့  ညည်းလုပ်စရာရှိတာ လုပ်။ ငါ ခြံထဲ တစ်ပတ်လည် လိုက်ဦးမယ်''

ဝှီးချဲသုံးသည်မှာ ဆယ်နှစ် ကျော်လာပြီမို့ ဒေါ်အေမီမြိုင် ကျွမ်းကျင် နေပြီ။ လက်နှစ် ဖက်ဖြင့် ကုလားထိုင်ဘီးများ ကို လှည့်၍ လိုရာသွားနိုင်သည်။

ဒေါ်အေမီမြိုင်က လက်များ အားကိုးဖြင့် ဝှီးချဲကို တစ်ဘက်ခြံစည်း ရိုးထိ ရွေ့စေလိုက်သည်။ ဝှီးချဲကို ခြံစည်းရိုးနားထိ တိုးကပ်စေလိုက်ကာ တစ်ဘက်ခြံသို့ ဒေါ်အေမီမြိုင် ချောင်းကြည့်လိုက်သည်။

လှမြတ်ဆွေ၏ မင်္ဂလာဧည့်ခံပွဲပြီးသည်မှာ သုံးရက်ရှိပါပြီ။

လှမြတ်ဆွေတို့ဇနီးမောင်နှံက သူမထံ ရောက်မလာခဲ့ပါ။ ယခုထိ လာရောက်လည်ပတ်ခြင်း မရှိသေးပါ။ ဒေါ်အေမီမြိုင် ကတော့ ထုံးစံအတိုင်း မှန်ပြောင်းတစ်လက်ဖြင့် တစ်ဘက်ခြံကို မျှော်ကြည့်မြဲ။ သို့ရာတွင် သူ မြင်ချင် သော သက်မှူးအောင်ဆို သူကိုတော့ ယခုတိုင် မြင်ခွင့်မကြုံသေးချေ။

ဒေါ်အေမီမြိုင် သည်းမခံနိုင်တော့ပါ။

သက်မှူးအောင်ကို မြင်ချင်တွေ့ ချင်လှပါပြီ။

ဧည့်ခံပွဲကပြန်လာလာချင်း နီထွေး အံ့သြတကြီး ပြောပြခဲ့သည့် စကားများ ကြောင့် ဒေါ်အေမီမြိုင် သက်မှူးအောင်ကို စိတ်ဝင်စားခဲ့ရသည်။

သက်မှူးအောင့့်  မောင်လေးသန့်စင်မြိုင်နဲ့ ရုပ်ချင်း ချွတ်စွတ် တူသတဲ့လေ။

•••

တစ်ခြံနှင့် တစ်ခြံ စည်းတားထားသော ခြံစည်းရိုးမှာ သံစကာ ဖြစ်သည်။ သံစကာနှင့် ကပ်၍ ပ္ဏုဏရိပ်ပင်များ စိုက်ထားသည်။

ဒေါ်အေမီမြိုင်သည် ပုဏ္ဏရိပ်ပင်ကျဲသည့်နေရာမှ တစ်ဖက်ခြံထဲသို့ ချောင်းကြည့်လိုက်၏ ။

တိုက်ဆိုင်စွာ ပင် သက်မှူးအောင် ခြံထဲဆင်းလာသည်နှင့် ဆုံ၏ ။

သက်မှူးအောင်က ဒေါ်အေမီမြိုင် ချောင်းကြည့်နေသည်ကို မသိ ချေ။ ဒေါ်အေမီမြိုင်သည် သူ့ကို ဘေးတစောင်း အနေအထားနှင့် သာ ခပ်ဝေး ဝေးမှ မြင်ရသေးသည်။ ဤမျှနှင့် တောင် သူဟာ သန့်စင်မြိုင်နဲ့ တော် တော် တူတာ သိသာလှသည်။

သက်မှူးအောင်က ခါးကို ဟိုဖက်သည်ဖက် လှည့်ချိုး၍ အညောင်း ဆန့်လိုက်သည်။ သုံးလေးငါးခါ ခုန်ဆွ ခုန်ဆွ လုပ်နေသည်။

ပြီး လက်များ ကိုလွှဲယမ်းကာ ခြံထောင့်သို့လျှောက်လာသည်။သူ့ မျက်နှာကို ဒေါ်အေမီမြိုင် ထင်ထင်ရှားရှား တွေ့ လိုက်ရပါပြီ။

သူမ၏ ရင်မှာ တထိတ်ထိတ်ခုန်လာသည်။ လည်ချောင်းထဲမှာ တင်း ကျပ်သွားသည်။ မောင်လေ့း့  မောင်လေး သန့်စင်မြိုင်။ တစ်ထေရာတည်း ပဲ။ ချွတ်စွတ်ပဲ။

သက်မှူးအောင်က ခြံစည်းရိုးနား တစ်စစနီးလာသည်။

ဒေါ်အေမီမြိုင် မနေနိုင်တော့။

''ဟေ့  ဟေ့  သူငယ်''

သက်မှူးအောင်က ခေါ်သံကြောင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်သည်။ ဘာမှမတွေ့ ၍ အံ့သြနေ၏ ။

''ဟေ့သူငယ့့်  ဒီမှာ ပါကွယ့်။ ဒီကခေါ်တာ''

''သြော်''

သူက ဒေါ်အေမီမြိုင့်ကို မြင်သွားလေသည်။

သက်မှူးအောင် ခြံစည်းရိုးနား လျှောက်လာသည်။

ဘုရာ့း့  ဘုရား။ သန့်စင်မှသန့်စင်ပဲ။ လမ်းလျှောက်ပုံကအစ တူလှချေလား။ သန့်စင်မြိုင်အသက်ရှင်ပြီး ပြန်ရောက်လာသလားလို့ ထင်ရ သည်။

''မင့်း့  မင့်း့  သက်မှူးအောင်''

''ဟုတ်ကဲ့  ကျွန်တော် သက်မှူးအောင်ပါ မမကြီး''

သက်မှူးအောင်က ကိုယ်ကိုညွှတ်၍ တလေတစား ပြန်ပြောလိုက်ရာ ဒေါ်အေမီမြိုင် ကျေနပ်သွားရသည်။ သူမအကြောင်းကို လှမြတ်ဆွေက ပြော ပြထားပြီးပုံရသည်။

''မမဆွေ ပြောပြလို့ မမကြီးကို ကျွန်တော် သိပါတယ် ခင်ဗျာ''

ရင်တွေ တလှပ်လှပ် ခုန်လာရပြန်၏ ။ စိတ်လှုပ်ရှားလာပြန်ပြီ။

''အန်တီ့  အဲလေ့  မမကြီးလည်း မင်းကိုတွေ့ ချင်နေပါတယ်။ ဆွေနဲ့ လာလည်လေမလားလို့ မျှော်နေမိသေးတယ်''

အမှန်က သက်မှူးအောင်အရွယ်သည် ဒေါ်အေမီမြိုင်ကို အန်တီ ခေါ်သင့်သော အရွယ် ဖြစ်သည်။ သို့ရာတွင် လှမြတ်ဆွေက မမကြီးလို့ ခေါ်နေပြီး သူ့ယောက်ျားက အန်တီခေါ်ပါက လူရယ်စရာကြီး ဖြစ်တော့မည် ။ ဒေါ်အေမီမြိုင်လည်း သူ့ကိုယ်သူ မမကြီးလို့သာ သုံးနှုန်းလိုက်လေ၏ ။

''ကျွန်တော် တို့ လာလည်မလို့ပါခင်ဗျာ။ မမမှာ အလုပ် နည်းနည်း များ နေလို့ပါ။ ခွင့်လွှတ်ပါ''

''အို့  ရပါတယ့့်  ရပါတယ်ကွယ်။ ဒါဆို ကြုံတုန်း တစ်ခါ တည်း ဖိတ်လိုက်မယ်။ မမကြီး မင်းတို့လင်မယားကို ထမင်းဖိတ်ကျွေးပါရစေ ကွယ်။ ဘယ်နေ့ အားမလဲ''

''ကိစ္စမရှိပါဘူးခင်ဗျာ''

''ဖိတ်ပါရစေကွယ်။ မမကြီးက ဧည့်မျှော်နေရသူပါ''

သက်မှူးအောင်မျက်နှာတွင် ကရုဏာသက်သည့် အရိပ်အယောင် များ ထင်ဟပ်သွားသည်။

''မမကြီး ဆွေနဲ့ ဖုန်းဆက်ချိန်းလိုက်မယ်လေ။ အဓိက က ဆွေ အားလပ်ဖို့ပဲ မဟုတ်လား။ ဒီကလေးမက အလုပ်ခပ်များများ ရယ်''

•••

စကားလက်ဆုံကျပြီး သက်မှူးအောင် အိမ်ထဲပြန်ဝင်သွားတဲ့အထိ ဒေါ်အေမီမြိုင် ငိုင်တွေ လျက် ကျန်ရစ်ခဲ့သည်။

မောင်လေးနဲ့တူတဲ့သူငယ်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရ၍ စိတ် တွေ အများ ကြီး လှုပ်ရှားသွားသည်။

သက်မှူးအောင်ကိုမြင်ရတော့ မောင်လေးသန့်စင်မြိုင်ကိုသာ မဟုတ်။ ဒက်ဒီဦးဘမြိုင်ကိုပါ သတိရမိသည်။ သန့်စင်မြိုင်က အဖေတူသား။ သက်မှူးအောင်သည် သန့်စင်မြိုင်နှင့် တူရုံသာမဟုတ်။ ဒက်ဒီဦးဘမြိုင်နှင့် လည်း တူနေသည်။

စိတ်လှုပ်ရှားရခြင်းကြောင့် ရင်တွေ တလှပ်လှပ် တုန်လာပြီ။ နှလုံး ရောဂါ က အစွမ်းပြပေပြီ။ ခေါင်းထဲမှာ တရိပ်ရိပ်နှင့် မူးလာ၏ ။ အမြင်အာရုံများ ဝေဝါးလာသည်။

နီထွေးအား အော်ခေါ်ဖို့ကြိုးစားကြည့်သော်လည်း အသံက ထွက် မလာ။

လက်လျှော့ကာ စိတ်ကိုတည်ငြိမ်အောင်သာ ကြိုးစားနေလိုက်ရတော့ သည်။ ကိုယ်ကိုဖြေလျော့၍ ကုလားထိုင်နောက်မီပေါ်မှာ ခေါင်းကိုမှေးတင် ထားလိုက်သည်။

သက်မှူးအောင်ဟာ သန့်စင်မြိုင်နဲ့ တူလှချည်လား။

ဘာကြောင့် ဒါလောက်တူနေရတာ လဲ။

•••

မြင်သူတိုင်းက တူလွန်းလှပါသည်ဟု အံ့သြစွာ ဝန်ခံရလောက်အောင် ပင် သက်မှူးအောင်သည် သန့်စင်မြိုင်နှင့် ရုပ်ချင်းတူလှ၏ ။

လှမြတ်ဆွေသည် မည် သည့်ယောက်ျားသားအတွက်မှ မိမိနှလုံးသား လှုပ်ရှားလာတော့မည် မဟုတ်ဟု ထင်ခဲ့သည်။ သူမ၏ နှလုံးသားသည် သန့် စင်မြိုင်နှင့် အတူ သေဆုံးခဲ့လေပြီ။ သူမ၏ အချစ်စိတ်များ သည်လည်း သန့်စင် မြိုင် နောက်သို့ လိုက်ပါပျောက်ဆုံးခဲ့လေပြီ။

အမှန်တကယ်လည်း ချစ်သူသန့်စင်မြိုင် ကွယ်လွန်ပြီး နှစ် ပေါင်းများ စွာ ကြာသည်ထိ အချစ်နှင့် ပတ်သက်ပြီး ရင်မလှုပ်ရှားခဲ့ရ၊ မခံစားခဲ့ရပေ။ သူမ၏ နှလုံးသားများ သည် မာကျောခိုင်ကျည်စွာ ဖြင့် ရပ်တည်နေခဲ့သည်။

သက်မှူးအောင်ကို တွေ့ လိုက်ရပါမှ -

''မောင့်ကျူရှင်မှာ အလုပ်ဝင်နေတဲ့ကောင်လေးက သန့်စင်မြိုင်နဲ့ တူလိုက်တာဟယ်။ ချွတ်စွတ်ကို တူတာ ဆွေ။ ဆွေ့ကို မြင်စေချင်တယ်''

သူငယ်ချင်း တင့်တင့် ပြောစဉ်က ဆွေ စိတ်မဝင်စားသေး။

တင့်တင့်က တွေ့ တိုင်းပြောလာသော အခါမှ အမှတ်ထားမိစပြုလာ သည်။ ဒါတောင် စိတ်ဝင်စားတာတော့ မဟုတ်သေး။ တင့်တင့်ပြောသလောက် တူ မတူကို ကြုံလျှင်ကြည့်လိုက်ချင်တဲ့ဆန္ဒမျိုးသာ ပေါ်ခဲ့ခြင်း ဖြစ်သည်။

•••

ရုတ်တရက် တွေ့ လိုက်ရတော့ နှုတ်ခမ်းအစုံ ဝိုင်းဟသွားသည်။ အသက်ရှူရန်ပင် သတိမရမိတော့ပေ။

မိမိနှလုံးသားကို ပိုင်စိုးလွှမ်းမိုးခဲ့သူအား သတိရသည်။

တူတယ်ဆိုတာကို တင့်တင့် ပြောလွန်းလို့ ကြိုသိပြီး ဖြစ်ပါရက် ဒါလောက်ဖြင့် တူလိမ့်မည် မမျှော်လင့်ခဲ့ပေ။

ဒီနေ့လည်း သူ့ကိုတွေ့ ရန် သက်သက်လာခဲ့ခြင်းတော့ မဟုတ်။။ သွားစရာတစ်ခုရှိ၍ တင့်တင့်နှင့် မြို့ထဲမှာ ဆုံကြဖို့ အချိန်းအချက် လုပ်ထား သည်။ ချိန်းတဲ့နေရာက တင့်တင့်အမျိုးသားရဲ့ ကျူရှင်ခန်းမမှာ ။

တင့်တင့်ခင်ပွန်းကိုထင်ကျော်က ဆိပ်ကမ်းသာလမ်းမှာ ကျူရှင် ဖွင့်ထားပါသည်။ ကျူရှင်တိုက်ခန်းရှေ့ရောက်တော့ တင့်တင့်ကအတွင်းမှ လက်ယပ် ခေါ်သည်။

''ဆွေရေ့  ခဏဝင်ဦးလေကွယ်''

ကျူရှင်ခန်းထဲဝင်လာချိန်ထိ သူ့ကို သတိမထားမိသေး။

''ကိုယ်ပြောပြောနေတာ သူလေ ဆွေရဲ့ ''

တင့်တင့်လက်ညှိုးညွှန်ပြ မိတ်ဆက်ပေးမှ လှည့်ကြည့်မိတော့ -

ရုတ်တရက် အသက်ရှူရပ်သွားရသည်။ နှုတ်ခမ်းအစုံ ဝိုင်းဟသွား သည်။ ရင်ခုန်သံ မြန်လာသည်။

မောင့့်  မောင်။ သန့်စင်မြိုင်ပါလား။

''ကဲ့  တို့ ပြောတာ ယုံပြီမဟုတ်လား''

''သူ့နာမည် က သက်မှူးအောင်တဲ့ ဆွေ။ မောင်သက်ရေ့  ဟောဒါက မမတင့်သူငယ်ချင်း ဒေါ်လှမြတ်ဆွေ''

''ဟုတ်ကဲ့ တွေ့ ရတာ ဝမ်းသာပါတယ်ခင်ဗျာ''

သက်မှူးအောင်ကပြုံးလျက် ဖော်ရွေစွာ အသိအမှတ်ပြုစကားဆို သည်ကို မတုန့်ပြန်မိ။ ကြည့်ပါဦး။ ပြောပုံဆိုပုံနဲ့ အသံကအစတူတာပါလား။

''ဒီလိုမောင်သက်ရဲ့ ။ မမတို့မှာ သူငယ်ချင်း တစ်ယောက် ရှိတယ်။ သန့်စင်မြိုင်တဲ့။ အဲဒီ သန့်စင်မြိုင်က မင်းနဲ့ ရုပ်ချင်း အတော် ဆင်တာကွယ့်။ ဘယ်လောက်ထိ တူတယ်ဆိုတာတော့ ကြုံမှ ဓာတ်ပုံပြရဦးမယ်။ ခုပဲ ကြည့် လေ။ မင်းကို မြင်တာနဲ့ ဆွေ အရမ်း အံ့သြနေပြီ''

•••

အဲဒီ ညက ညည့်နက်သည်ထိ လှမြတ်ဆွေ အိပ်မပျော်။ သက်မှူး အောင် မျက်နှာကိုသာ တရစ်ဝဲဝဲ မြင်နေမိသည်။

သက်မှူးအောင့့်  သက်မှူးအောင်။ မောင်နဲ့တူလွန်းလှပါလား။

''ညောင်လေးပင်ကတဲ့။ တော် တော် ဆင်းရဲတယ်လို့ ပြောတယ်။ ဆယ်တန်းအောင်ပြီးပြီ။ စာပေးစာယူ ဆက်တက်နေတာလေ။ ညောင်လေး ပင်က မောင့်မိတ်ဆွေက လာအပ်ထားလို့ ကျူရှင်စာရေး အနေနဲ့ ခန့်ထားပေး တာ။ နေတော့ ကျူရှင်ထပ်ခိုးမှာ ပဲ နေခွင့်ပေးထားတယ်။ ကောင်လေးက ရည်ရည်မွန်မွန်လေးပါ''

နှစ် အတန်ကြာ အိပ်ပျော်နေတဲ့နှလုံးသားသည် သက်မှူးအောင် ကြောင့် နိုးထခဲ့ရပြီ။ ဒါဟာ မောင်နဲ့တူတဲ့ အချက်တစ်ခုတည်းကြောင့် လား။

•••

ကားကို ကျူရှင်ရှိတဲ့လမ်းမထဲ ချိုးဝင်လိုက်သည်နှင့် ရင်က ခုန်လာ သည်။

တိုက်ခန်းရှေ့ရောက်လို့ ကားပေါ်ကဆင်းပြီး ကျူရှင်ခန်းထဲ ဝင်လာ ခဲ့ရာတွင် လိပ်ပြာက မလုံချင်။

''ဟော့  မမ''

ထိပ်အဝစားပွဲမှာ ထိုင်နေသော သက်မှူးအောင်က လှမြတ်ဆွေကလှမ်းနှုတ်ဆက်လိုက်သည်။

''တင့်တင့် လာသလားလို့ကွယ်''

''မမတင့် မလာဘူးခင်ဗျ။ မမတင့်နဲ့ ချိန်းထားလို့လားဟင်''

''ချိန်းမထားပါဘူးကွယ်။ ဒီမှာ များ ရှိမလားလို့ ဝင်လာကြည့်တာ''

''ထိုင်ဦးလေ မမ၊ ဆရာတော့ စာသင်နေတယ်။ ခေါ်ပေးရမလား''

လှမြတ်ဆွေက သူနှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

''နေပါစေ့  ကိုထင်ကျော် စာသင်ပါစေ''

''မမတင့်က တစ်ခါတလေမှ လာတာခင်ဗျ။ ကျူရှင်ကို လာခဲ တယ်''

''သြော့့်  ဟုတ်လား''

''အိမ်မှာ များ ရှိမလား မသိဘူး။ အိမ်ကို ဖုန်းဆက်ကြည့်ချင်ရင် ဖုန်း ရှိပါတယ်''

''နေပါစေတော့ကွယ်။ မမ အရေး မကြီးပါဘူး။ ဒီဘက် ရောက်ရင်းနဲ့ ကြုံလို့ ဝင်လာလိုက်တာ။ ပြန်ဦးမှ''

''ဆရာနဲ့ မတွေ့ တော့ဘူးလား မမ''

''မတွေ့ တော့ဘူးကွယ်။ သူ စာသင်ပျက်နေပါ့မယ်။ ညကျမှ မမ အိမ်ကနေ ဖုန်းဆက်လိုက်တော့မယ်။ သွားမယ်နော်''

''ဟုတ်ကဲ့ မမ''

သက်မှူးအောင်က အခန်းဝထိ လိုက်ပို့သည်။

•••

အမှန်တော့ တင့်တင့်နှင့် တွေ့ ချင်လျှင် အိမ်ကိုသွားရုံသာ ရှိသည်။ အိမ်ချင်းလည်း သိပ်မဝေးလှ။ သွားလည်း သွားနေကျ။

ဒီနေ့ ကျူရှင်ကို ဝင်သွားမိခြင်းမှာ တင့်တင့်နှင့် တွေ့ ချင်လို့ မဟုတ်။ သူ့ကို့  သက်မှူးအောင်ကို မြင်ချင်လွန်းလို့ အကြောင်းရှာသွားမိခြင်း ဖြစ်ပါသည်။

လှမြတ်ဆွေက သက်မှူးအောင်ကိုတွေ့ ပါမှ ဆယ်ကျော်သက်မလေး လို စိတ်လှုပ်ရှားနေမိတဲ့ ကိုယ့်ကိုကိုယ် အံ့သြမိသည်။

အို့  ဒါဟာ မောင်နဲ့ တူလို့ပဲ ဖြစ်မှာ ပါ။

သက်မှူးအောင်ဟာ သန့်စင်မြိုင်နဲ့တူလွန်းလို့ သူမစိတ်တွေ လှုပ်ရှား နေမိခြင်းပဲ ဖြစ်ပါလိမ့်မည် ။

•••

နောက်တစ်ပတ်ကျတော့ တင့်တင့်အိမ်မှာ သက်မှူးအောင်နှင့် ဆုံရသည်။ တင့်တင့်.သုံးဆယ့်နှစ် နှစ် မြောက်မွေးနေ့ပွဲမှာ ဖြစ်သည်။

မွေးနေ့ပွဲကို သက်မှူးအောင် လာလိမ့်မည် ဟု လှမြတ်ဆွေက မထင် ခဲ့။ ဖြစ်ချင်တော့ တစ်စားပွဲတည်းမှာ အတူထိုင်မိရက်သား ဖြစ်နေကြသည်။

''မမ တစ်ယောက် တည်းလား ခင်ဗျ''

သူက ဦးစွာ နှုတ်ဆက်ပါသည်။

''အေးကွယ်။ တစ်ယောက် တည်းပါပဲ''

''အမျိုးသားမပါဘူးပေါ့''

''အို''

''ဟာ့း့  ဟာ့း့  ဟား''

သက်မှူးအောင် မေးခွန်းအဆုံးမှာ တင့်တင့်က အားရပါးရ ရယ် လိုက်သည်။

''မောင်သက် ပြောရော့မယ်။ အပျိုကြီးကို အမျိုးသားပါသလားလို့ သွားမေးရသလားကွယ့်''

''ဟာ့  ဆောရီးဗျာ။ ကျွန်တော် မသိလို့ပါ။ တကယ် မသိ လို့ပါ။ ဆောရီး မမရာ'' ပျာပျာသလဲ တောင်းပန်ရှာသည်။

ကလေးသုံးယောက် အမေ တင့်တင့်နဲ့ တွဲ နြေ ကတော့လည်း တင့် တင့်လို အိမ်ထောင်ရှင်လို့ ထင်ပုံရသည်။ ရိုးရိုးသားသား မှားရှာတာမို့ လှ မြတ်ဆွေ စိတ်မဆိုးပါ။ ပြုံးရုံ ပြုံးနေလိုက်သည်။

သူနှင့် စကားလက်ဆုံကျမိမှ သူ့ဘဝတစ်စွန်းတစ်စကို သိလာရ သည်။ မိဘမဲ့လူငယ် တစ်ယောက် ၊ မိခင်ဖခင်ရင်းကို ခုထိ မသိခဲ့။ မွေးစား မိခင်ကြီး ကွယ်လွန်သွားတော့ ခိုကိုးရာမဲ့ ဖြစ်နေစဉ် မိတ်ဆွေ တစ်ယောက် အကူအညီဖြင့် ကိုထင်ကျော့်ကျူရှင်မှာ စာရေး အ ဖြစ် အလုပ်ရသည်။ နေတော့ ကျူရှင်အထပ်ခိုးမှာ ပဲနေ။ စားတော့ ကိုယ်တိုင်ချက်ပြုတ်စားပြီး ပညာရေး ကို စာပေးစာယူ သင်တန်းဖြင့် ဆက်၍ သင်ယူနေသည်တဲ့။

ယခုလို အချိန်ကြာမြင့်စွာ စကားလက်ဆုံပြောမိမှ သန့်စင်မြိုင်ကို ပို၍ သတိရစရာ ဖြစ်လာသည်။ စကားပြောကြည့်မှ ပြောပုံဆိုပုံ လေယူလေ သိမ်းလေသံကအစ သန့်စင်မြိုင်နှင့် တူနေတာကို တွေ့ ရသည်။

လှမြတ်ဆွေသည် သက်မှူးအောင်နှင့် စကားပြောရင်းမှ သက်မှူး အောင် ပြောသည့်စကားများ ကို ကြားမိသည်ကတစ်ပိုင်း။ သူ့ကို ကြည့်ရင်း သန့်စင်မြိုင်ကို သတိရမိသည်က တစ်ပိုင်းဖြင့် စိတ်တွေ ထွေနေသည်။

သူမသည် သက်မှူးအောင်နှင့် သန့်စင်မြိုင် တူသည့်အကြောင်းကို သက်သေပြချင်စိတ်တွေ တဖွားဖွားပေါ်လာ၏ ။

ကိုယ်နှင့် မကွာဆောင်ထားသော သန့်စင်မြိုင်၏ ဓာတ်ပုံက လှမြတ် ဆွေမှာ အသင့်ရှိနေသည်။

ပြလိုက်ရမလား။ သင့်ပါ့မလား စဉ်းစားရင်းမှ စိတ်ဆန္ဒကို တားမရ တော့ကာ ဓာတ်ပုံပြဖို့ ဆုံးဖြတ်လိုက်မိတော့သည်။

လှမြတ်ဆွေက ပိုက်ဆံအိတ်ကို ဖွင့်သည်။ အိတ်ထဲမှ သော့ တွဲ ကို နှိုက်ယူနေတော့ ရင်က တဖိုဖို။

''ငါ့မောင်ကို မမ ပြစရာ ရှိတယ်။ မမနဲ့ စတွေ့ တဲ့နေ့က မမတို့မှာ မင်းနဲ့တူတဲ့သူငယ်ချင်း ရှိတယ်လို့ ပြောခဲ့တာကို မှတ်မိတယ်နော်''

''မှတ်မိပါတယ် မမ''

လှမြတ်ဆွေက သော့ တွဲ နှင့် တွဲ ရက်ပါလာသည့် ဘူးပြားလေးကို လှန်၍ ဖွင့်လိုက်သည်။ ဘူးကလေး၏ အတွင်းဘက်နံရံတွင် ကပ်တားသည့် ဓာတ်ပုံအသေးလေးတစ်ပုံ။

ဓာတ်ပုံလေးကို မြင်သာအောင် သော့ တွဲ ကို သက်မှူးအောင် လက် ထဲထည့်လိုက်သည်။

သက်မှူးအောင်၏ ကိုယ်သည် ဆတ်ခနဲ တွန့်သွား၏ ။ အံ့သြစိတ်က သူ့မျက်ခုံးများ ကို ပင့်တက်စေပြီ။

သက်မှူးအောင် တုန်လှုပ်သွားပုံသည် လှမြတ်ဆွေအတွက် မဆန်း တော့။ သူမကိုယ်တိုင် သက်မှူးအောင်ကို မြင်စက တုန်လှုပ်ခဲ့ရပြီး မဟုတ်ပါ လား။

''ဟုတ်ပါရဲ့ မမရယ်။ ကျွန်တော် နဲ့ တူတယ်နော်''

ဓာတ်ပုံထဲမှ သန့်စင်မြိုင်က သက်မှူးအောင်ကို ပြုံး၍ ကြည့်နေသည်။ မှန်ချပ်ထဲမှာ မိမိကိုယ်မိမိ ပြန်ကြည့်ရသလိုပင် ခံစားလိုက်ရပါ၏ ။

''သူ ဒုဗိုလ်ဘဝမှာ ပဲ တိုက်ပွဲမှာ ကျသွားတယ်ကွယ်''

''အို''

''တိုင်းပြည်အတွက် အသက်စွန့်တာမို့ သေရကျိုးတော့ နပ်ပါတယ်။ နောက်ပြီး ရှေ့တန်းတစ်နေရာမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ကျဆုံးသွားတာမို့ သူရဘွဲ့ ရခဲ့တယ်လေ''

ပြန်ပြောပြနေသည့် လှမြတ်ဆွေမျက်ဝန်းမှာ မျက်ရည်များ ဝေ့နေ သည်။

ဓာတ်ပုံလေးကိုလည်း သွားလေရာပါအောင် ကိုယ်နှင့် မကွာဆောင် ထားသည်။ သူ့အကြောင်းပြန်ပြောတော့လည်း လွမ်းမျက်ရည် သီသီဝေ့လာ တယ်ဆိုတော့ သန့်စင်မြိုင်ဆိုသူဟာ အသက်ရှင်စဉ်က လှမြတ်ဆွေနဲ့ ဘယ်လို ပုံစံမျိုးပတ်သက်ခဲ့တယ်ဆိုတာ သက်မှူးအောင် သိနိုင်လောက်ပါသည်။

•••

အိမ်ပြန်ရောက်တဲ့အထိ လှမြတ်ဆွေ အတွေးအာရုံမှာ သက်မှူး အောင်နှင့် သန့်စင်မြိုင်အကြောင်းများ သာ တစ်လှည့်စီ ဝဲလှည့်ပေါ်လာနေ သည်။

လွန်ခဲ့သည့် ဆယ်နှစ် က သန့်စင်မြိုင် တိုက်ပွဲမှာ ကျသွားတော့ အသက် ၂၂ နှစ် ။ ယခု သက်မှူးအောင်.အရွယ်။

နှစ် ကာလအလျောက် သူမသာလျှင် အသက်ကြီးလာသည်။ သက် မှူးအောင်ကို ယခုမြင်တွေ့ ရတော့ သန့်စင်မြိုင်ကို လွန်ခဲ့တဲ့ဆယ်နှစ် က အတိုင်း တွေ့ ရသလို ခံစားရသည်။

သူမ၏ အတွေးဝင်္ဂဘာထဲဝယ် ငယ်စဉ်က သန့်စင်မြိုင်နှင့် စတင် ဆုံတွေ့ ခဲ့ပုံမှစ၍ ထာဝရကွဲကွာရချိန်အထိ ဖြစ်ရပ်များ က တစ်စချင်း တစ်ခု ချင်း ရုပ်လုံးပေါ် ထင်မြင်လာရလေသည်။

•••

ကျောင်းမှပြန်လာသော လှမြတ်ဆွေကလေးသည် တစ်ဘက်ခြံမှ ထူးခြားမှု များ ကြောင့် အိမ်ထဲကိုမဝင်မိသေး။ ခြံစည်းရိုးနားသွားကာ တစ် ဘက်ခြံကို မျှော်ကြည့်နေမိသည်။

တစ်ဘက်ခြံထဲတွင် လော်ရီကားကြီးတစ်စီး ရပ်ထား၏ ။ မြေပေါ်မှာ လည်း အိမ်ထောင်ပရိဘောဂပစ္စည်းတွေ ပြန့်ကျဲနေ၏ ။ လူအချို့က ပစ္စည်းများ ကို သယ်ပိုးပြီး အိမ်ထဲပို့နေကြသည်။

မြင်ကွင်းကိုကြည့်၍ တစ်ဘက်ခြံကို လူအသစ်တွေ ပြောင်းလာပြီ ဆိုတာကို လှမြတ်ဆွေလေး သိလိုက်သည်။

သိလိုတာ သိလိုက်ရ၍ လှမြတ်ဆွေကလေးက အိမ်ထဲဝင်ရန် ခြံ စည်းရိုးနားက ပြန်လှည့်ထွက်လိုက်၏ ။

သို့သော် တစ်ဘက်ခြံထဲသို့ နောက်ထပ်ဝင်လာသော ကားတစ်စီးကို ရိပ်ခနဲ မြင်လိုက်ရပြန်၍ ပြန်လှည့်ကြည့်မိပြန်၏ ။ ကားလေး ထိုးစိုက်လိုက် သည်နှင့် ကားပေါ်မှ ဖျတ်ခနဲ ခုန်ထွက်ကျဆင်းလာသည့်အရာလေးကို စိတ် ဝင်တစား ကြည့်နေမိပြန်သည်။

ကောင်လေး တစ်ယောက် ။

စပို့ရှပ်အင်္ကျီအဝါနှင့် ဘောင်းဘီအဝါကို ဆင်တူဝတ်ထားသည့် ကောင်လေးသည် လှမြတ်ဆွေနှင့် ရွယ်တူအသက် ၈ နှစ် လောက် ရှိမည် ထင်သည်။

သက်တူရွယ်တူ ကလေး တစ်ယောက် ကို တွေ့ လိုက်ရ၍ ဘာရယ် မဟုတ်။ လှမြတ်ဆွေလေး ဝမ်းသာသွားသည်။

ကောင်လေးက သူပြောင်းလာသော အိမ်သစ်ကြီးကို ကြည့်၍ ခုန် ပေါက်မြူးတူးနေသည်။ ပြီးတော့ အိမ်ကြီးထဲ လျင်မြန်ဖျတ်လတ်စွာ ပြေးဝင် သွားလေသည်။

ညကျတော့ မေမေက ပြောသည်။ ဟိုဘက်ခြံကို ဝန်ထောက်ကြီး တစ်ယောက် က ဝယ်လိုက်တာတဲ့။ ခုပြောင်းလာတာ ဝန်ထောက်ကြီး မိသားစု တဲ့။

•••

''ရှူ့း့  ရှူ့း့  ဟေ့''

ခေါ်သံကြား၍ လှမြတ်ဆွေ လှည့်ကြည့်လိုက်သည်။

ခေါ်သံက ခြံစည်းရိုးတစ်ဖက်မှပေါ်လာခြင်း ဖြစ်သည်။ လှည့်ကြည့် လိုက်တော့လည်း ဘာမှမမြင်။

''ရှူ့း့  ဟေ့ကောင်မလေး။ ဒီက ခေါ်နေတာဟ''

ဒီတော့မှ ပုဏ္ဏရိပ်ပင်များ ကိုဖြဲ၍ မျက်နှာလေးပေါ်အောင် ချောင်း ကြည့်နေသော ကောင်လေးကို တွေ့ ရတော့သည်။

လှမြတ်ဆွေ ခြံစည်းရိုးနား ပြေးလာခဲ့သည်။

ကောင်လေးက မနေ့က တွေ့ လိုက်ရတဲ့ ကောင်လေး။

''နင်က အဲဒီ ဘက်အိမ်မှာ နေတာလား''

''အေ့း့  ဟုတ်တယ်။ နင်တို့လည်း မနေ့ကမှ ပြောင်းလာ ကြတာ မဟုတ်လား။ ငါမြင်သားပဲ''

''ဟုတ်တယ်ဟ။ ငါ ပျင်းလိုက်တာဟာ။ ငါ့မှာ ဆော့ဖို့ အဖော်မရှိလို့။ နင် ငါ့နဲ့ လာကစားမလား''

''အမယ့့်  နင်တို့ ခြံထဲမှာ ဘာမှ ကစားလို့ကောင်းတာ မရှိ ဘူး။ နီလာတို့ နေသွားတုန်းက ငါရောက်ဖူးသားပဲ။ ငါတို့ ခြံနောက်ဖေးမှာ မှ တကယ်ကစားလို့ ကောင်းတာ။ ရေတွင်းပျက်ကြီး ရှိတယ်''

''တကယ်''

''တကယ်ပေါ့။ ရေတွင်းပျက်ကြီးမှ အနက်ကြီး။ ဘေးမှာ သဲတွေ လည်း ရှိတယ်။ ဘိုအိမ်ဆောက်တမ်းကစားရင် သိပ်ကောင်းတာ''

ကလေးချင်းမို့ ကြားကမိတ်ဆက်ပေးစရာမလို။ ဟန်ဆောင်ခြင်းတွေ ဘာတွေ မရှိ။ ပကတိဖြူစင်စွာ ။ ချက်ချင်း ခင်မင်ရင်းနှီးသွားကြသည်။

''ငါ လာခဲ့မယ်လေ''

''လာလေဟယ့့်  ငါ ပြမယ်။ နင် ခြံစည်းရိုးအတိုင်း နောက် ဖေးဘက်ကို လျှောက်ခဲ့။ နောက်နားမှာ တို့ဘက်ကိုလာလို့ ရတဲ့အပေါက် ရှိတယ်''

နှစ် ယောက် သား အိမ်နောက်ဘက်ကို ပြေးခဲ့ကြသည်။

အပေါက်ရှိတဲ့နေရာ ရောက်တော့ လှမြတ်ဆွေက ရပ်လိုက်၏ ။

ထိုနေရာတွင် ခြံစည်းရိုးအောက်ဘက်သည် မြေနှင့် အနည်းငယ် ကွာနေသည်။ ကလေး တစ်ယောက် ကြုံ့၍ ဝင်နိုင်သည့် အနေအထားရှိသည်။

''တွေ့ လာ့း့  အဲဒီ အပေါက်ကနေ ငုံ့ဝင်ခဲ့''

ကောင်လေးက မြေမှာ တွား၍ လှမြတ်ဆွေတို့ ခြံဘက်ကို ကူးလာ သည်။

''နင်နဲ့တွေ့ မှ ငါလည်း ခွေး ဖြစ်ပြီ''

''နင့်နာမည် ဘယ်သူလဲ''

''သန့်စင်မြိုင်''

''ငါက လှမြတ်ဆွေ''

''ငါ နှစ် တန်းရောက်ပြီ''

''ငါလည်း နှစ် တန်းပဲဟ။ လာ့  သွားကြအောင်။ ငါ နင့်ကို ရေတွင်းပျက်ကြီး ပြမယ်''

လှမြတ်ဆွေက သန့်စင်မြိုင်ကို ဦးဆောင်ခေါ်ခဲ့သည်။

လှမြတ်ဆွေတို့ ခြံသည် နောက်ဘက်သို့ အတော် ကျယ်၏ ။ ခြံ အနောက်ဘက်ခပ်ကျကျတွင် ရေတွင်းကြီးတစ်ခု တွေ့ ရသည်။ ရေတွင်းသည် ရေမရှိတော့။ မြူနီစပါယ်၏ ခေတ်မီ ရေသွယ်ရေပေးစနစ် မထွန်းကားမီက အသုံးပြုခဲ့သည့် ရေတွင်းကြီး။ နောက်ပိုင်းတွင် အဝီစိတွင်းတူးပြီး စက်နှင့် ရေစုပ်ယူနိုင်သည့်ခေတ်ရောက်တော့ ရေတွင်းကိုမသုံးတော့။ အသုံးမပြုတော့ သည့်အခါ ရေမှာ လည်း တဖြည်းဖြည်း ခမ်းလာသည်။ ယခုတော့ ရေတွင်း ပျက်ကြီးတစ်ခုအ ဖြစ်သာ ရှိပါတော့သည်။

''အဲဒီ မှာ တွေ့ လား။ ငုံ့ကြည့်လိုက်စမ့်း့  အနက်ကြီးပဲ''

လှမြတ်ဆွေ စကားပင်မဆုံးသေး။ သန့်စင်မြိုင်က ရေတွင်းနား ပြေးသွားပြီ။

သန့်စင်မြိုင်က ခြေဖျားလေးထောက်၍ ရေတွင်းထဲ ငုံ့ကြည့်၏ ။

''ဟယ့့်  အေးဟ့  အနက်ကြီး။ ဟင့့်  အထဲမှာ ကြွက် ကြီးတွေ နော်။ ဟာ့  အကြီးကြီးတွေ ပါလား''

ရေတွင်းအောက် ငုံ့ကြည့်ရင်း သန့်စင်မြိုင် တအံ့သြ ဖြစ်နေသည်။ အသုံးမပြုတော့သည့် ရေတွင်းပျက်ကြီးမို့ အမှိုက်သရိုက်များ စွန့်ပစ်လေ့ရှိ သည်။ ရေတွင်းပျက်ကြီးထဲတွင် မွေ့ယာအစုတ်ကြီးတစ်ခုလည်း ရှိသည်။ ပရိဘောဂအကျိုးအပျက်များ လည်း ရှိသည်။ မီးဖိုချောင်ထွက် နေ့စဉ်အမှိုက် သရိုက်များ ကိုလည်း ရေတွင်းပျက်ကြီးထဲသာ စွန့်ပစ်နေကျ။ ဒီတော့ ရေတွင်း အောက်ခြေသည် ညစ်ပတ်ချင်တိုင်း ညစ်ပတ်နေသည်။ မြေတွင်းပျော်ကြွက် များ ပျော်စံရာဘုံနန်းကြီးတစ်ခု ဖြစ်နေသည်။ ရေတွင်းထဲမှ ကြွက်များ အတွက် အစားအသောက်ကလည်း မရှား။ နေ့စဉ် အမှိုက်များ ၊ စားကြွင်းစားကျန်များ ကို သွန်ချပေးနေသည်။ ဒီအခါ ကြွက်များ လည်း အစာဝချင်တိုင်းဝ၊ ထွားချင် တိုင်းထွားကာ မျိုးပွားချင်တိုင်း ပွားနေကြလေသည်။

သန့်စင်မြိုင်က ရေတွင်းပျက်ထဲက ကြွက်ကြီးများ ကိုကြည့်ကာ အသည်းတယားနှင့် ပျော်နေသည်။

''ကြွက်ကြီးတွေ က အကြီးကြီးတွေ ပဲဟ။ ကြောင်လောက်ကြီးတွေ ရှိတယ်နော်''

•••

''သန့်စင်ရေ့  သာ့း့  သန့်စင့့်  ဘယ်ရောက်နေသလဲဟေ့''

ခဏနေတော့ တစ်ဘက်ခြံထဲက သန့်စင်မြိုင်ကို အော်ခေါ်သံ ပေါ် ထွက်လာသည်။

''ဟော့  ငါ့ကို ခေါ်နေပြီ။ ငါသွားတော့မယ်''

''နက်ဖြန် နင်လာကစားလှည့်ဦးနော်''

''အေးပေါ့ဟ။ ကဲ့  ငါသွားမယ်''

သန့်စင်မြိုင်က သူဝင်လာသည့် ခွေးတိုးပေါက်က ပြန်တိုးဝင်ကာ တစ်ဘက်ကို ကူးသွားသည်။

လှမြတ်ဆွေက ခြံစည်းရိုးနားသို့သွားကာ သန့်စင်မြိုင်တို့ခြံထဲ ချောင်းကြည့်လိုက်သည်။

''ဘယ်သွားနေတာလဲသား''

''ဟိုဘက်ခြံမှာ သွားဆော့တာ''

''ဟင့့်  ရဲလိုက်တာ သားရယ်။ ကိုယ်နဲ့လည်း မသိဘဲနဲ့''

''သိပါတယ် မာမီရဲ့ ။ ဟိုဘက်ခြံမှာ သားနဲ့ရွယ်တူ ကောင်မလေး တစ်ယောက် ရှိတယ်။ လှမြတ်ဆွေတဲ့။ သူခေါ်လို့ သား သွားတာ''

''အင့်း့  ငါ့သားက ကစားဖော်တော့ ရှာတတ်တယ်ဟေ့။ ကဲ လာ့  သား။ မြို့ထဲသွားလည်မလို့။ အင်္ကျီလဲရအောင်''

ထိုစဉ် အိမ်ထဲမှ ဆယ်ကျော်သက်မိန်းကလေး တစ်ယောက် ထွက် လာသည်။ မိန်းကလေးသည် ခေတ်အစားဆုံး အဝတ်အစားများ ဝတ်ဆင် ထား၏ ။ လှပလွန်းသော ရုပ်ရည်နှင့် ကိုယ်နေဟန်ထားတို့ကြောင့် လှမြတ်ဆွေ ငေးကြည့်နေမိသည်။

''အဲဒီ မမက သန့်စင်မြိုင်ရဲ့ အစ်မ ထင်ပါရဲ့ ''

•••

နောက်တစ်နေ့တွင် ဆွေတို့အိမ်ဘက်ကို သန့်စင်မြိုင်တို့ မိသားစု ကူးလာသည်။ ဆွေ့မေမေနှင့် ဘွားဘွားတို့ဆီ လာရောက်မိတ်ဆက်ကြခြင်း ဖြစ်သည်။ သန့်စင်မြိုင်.အစ်မချောချောလေး မမအေမီမြိုင်ဆိုသူပါ ပါလာ၏ ။

''ကျွန်မတို့က ဟိုဘက်ခြံကိုဝယ်လိုက်တဲ့ မိသားစုပါရှင်။ အစ်မကြီး တို့ကို လာနှုတ်ဆက်တာပါ။ ကျွန်မနာမည် ပပမြိုင် ပါ''

ဆွေ့မေမေက ဝမ်းပန်းတသာ ကြိုဆိုခဲ့ပါသည်။

''ထိုင်ကြပါ့  ထိုင်ကြပါ။ မဖော့ရေ့  အအေးဖျော်ခဲ့ပါဟေ့။ ဧည့်သည်တွေ တိုက်ရအောင်''

''အို့  ဒုက္ခရှာလို့ရှင်''

''ဘယ်ဒုက္ခရမှာ လဲ မပပမြိုင်ရယ်။ ကိုယ့်အိမ်လာတဲ့ ဧည့်သည်ပဲ ဟာ။ ကျွန်မနာမည် က မခင်ဆွေပါ''

''သြော့့်  ဟုတ်ကဲ့''

ခဏနေတော့ ဘွားဘွားထွက်လာသည်။ ဘွားဘွားနှင့် ပါ မိတ်ဆက် ပေးလိုက် သည်။

ဆွေတို့အိမ်တွင် ဘွားဘွားရယ်၊ မေမေရယ်၊ ဆွေရယ်၊ ပြီးတော့ အိမ်ဖော်အဒေါ်ကြီး ဒေါ်ဖော့ရယ်၊ လေးယောက် ပဲ ရှိသည်။ ဆွေ့ဖေဖေက လွန်ခဲ့တဲ့သုံးနှစ် ၊ ဆွေ့အသက် ငါးနှစ် အရွယ်ကတည်းက ဆုံးပါးသွားခဲ့ပါပြီ။

သူ့အကြောင်း ကိုယ့်အကြောင်း ပြောကြရင်း မိသားစုနှစ် စု ခဏ ချင်းမှာ ရင်းနှီးသွားကြသည်။

''သန့်စင်မြိုင်တို့အဖေ ကတော့ တော် တော် နဲ့ ရန်ကုန် လိုက်လာနိုင် မှာ မဟုတ်သေးဘူး။ သူက သစ်တောဝန်ထောက်လေ။ နယ်မှာ တာဝန်ကျနေ တယ်''

ဒေါ်ပပမြိုင်က နယ်တစ်နယ်၏ အမည် ကို ပြောပြသည်။

''သြော့့်  ဟုတ်လား''

''သူပင်စင်ယူပြီးရင် ရန်ကုန်မှာ ပဲ အခြေချဖို့ စိတ်ကူးပြီးသားဆို တော့ ခုကတည်းကပဲ အိမ်တစ်ခါတည်း ဝယ်ထားလိုက်တော့တယ်။ အိမ်ဈေး မြေဈေးတွေ ကလည်း တရိပ်ရိပ်တက်နေတာ မဟုတ်လား''

''ဟုတ်တာပေါ့ မပပရယ်''

''သူတို့အဖေ ပင်စင်ယူပြီးမှ ရန်ကုန်ပြောင်းလာမယ်ဆို ကလေးတွေ ရန်ကုန်နဲ့ သိပ်စိမ်းနေမှာ စိုးလို့။ သူတို့ငယ်တုန်းမှာ ပဲ တစ်ခါတည်း အခြေချ ပစ်လိုက်တာ''

''ကောင်းပါတယ်။ ဒါနဲ့ကလေးတွေ ကို ဒီမှာ ကျောင်းအပ်ပြီးပလား''

''အကြီးမ အေမီမြိုင်က ဆယ်တန်းအောင်ပြီးပြီလေ။ တက္ကသိုလ် တွေ ဖွင့်ရင် တက္ကသိုလ်တက်ရုံပဲ။ အငယ်ကောင်အတွက်တော့ နယ်က ကျောင်း ထွက်လက်မှတ်ယူလာခဲ့တယ်။ ဘယ်ကျောင်းအပ်ရမယ်တော့ မသိသေးဘူး။ မိတ်ဆွေတွေ နဲ့ တိုင်ပင်ကြည့်ဦးမယ် စိတ်ကူးတာပဲ''

''အို့  ကျောင်းက ဖွင့်နေပြီ။ ကလေးကျောင်း နောက်ကျ သွားပါ့ မယ်။ မြန်မြန်သာ အပ်လိုက်ပါ။ ဒီလိုလုပ့့်  အိမ်က သမီး နေတဲ့ကျောင်းမှာ ပဲ အပ်လိုက်။ ကျောင်းကလည်း ကျောင်းကောင်း။ ကျောင်းအုပ်ကြီးနဲ့ ကျွန်မ ခင်ပါတယ်။ လွယ်လွယ်ကူကူဝင်လို့ရအောင် ကျွန်မ ပြောပေးပါ့မယ်''

''ကျေးဇူးပါပဲ ဒေါ်ခင်ဆွေရယ်''

•••

သို့ဖြင့် လှမြတ်ဆွေနှင့် သန့်စင်မြိုင် တစ်ကျောင်းတည်း အတူ တက် ဖြစ်ခဲ့ကြသည်။ အတန်းချင်းကလည်း အတူတူ။ နှစ် ယောက် စလုံး နှစ် တန်း အေခန်းမှာ တက်ရသည်။

မနက်တွင် လှမြတ်ဆွေတို့အိမ်မှကားနှင့် ကျောင်းလိုက်ပို့ပြီး ကျောင်း ဆင်းတော့ သန့်စင်မြိုင်တို့ကား လာကြိုသည်။

သူတို့နှစ် ယောက် ကို အခြားကျောင်းသားများ က မောင်နှမဟု ထင် ကြသည်။ သူတို့ကလည်း အလွယ်တကူပင် မောင်နှမ ဟုပြောထားလိုက်၏ ။

အတူတူဆော့ရင်း၊ အတူတူကျောင်းတက်ရင်း၊ အတူတူ စာကျက် ရင်းနှင့် ပင် နှစ် တန်းနှစ် တစ်နှစ် ကုန်လွန်သွားခဲ့၏ ။

ထိုနှစ် နွေရာသီမှာ မှ သန့်စင်မြိုင်အဖေ ဦးဘမြိုင်ကို မြင်ဖူးတော့ သည်။ ဦးဘမြိုင်သည် နယ်မှာ အလုပ်အလွန်များ သော ဝန်ထောက်ကြီးဟု သိရသည်။ ကိုယ့်မိသားစုနှင့် တွေ့ ဖို့ပင် တစ်နှစ် မှတစ်ခါ ခွင့်ယူလာနိုင်သည်။

ယခုတာဝန်ကျနေတဲ့မြို့က ဝေးလွန်းခေါင်လွန်းသည်မို့ နွေရာသီ ကျောင်းပိတ်ရက်မှာ ပင် မိသားစုအလည်လိုက် မသွားနိုင်ပေ။ နောက်နှစ် နှစ် လောက်နေရင် ပင်စင်ယူတော့မှာ မို့ ဦးဘမြိုင် တစ်ယောက် တည်း တပည့်တပန်း တွေ နှင့် နေနေရသည်ဟု အန်တီပပမြိုင်က ပြော၏ ။

သူ့အဖေ ရောက်လာတော့ သန့်စင်မြိုင် တော် တော် ပျော်နေသည်။ အဖေနားက မခွာဘဲ နွဲ့ဆိုးဆိုးနေ၏ ။ ဦးဘမြိုင်ကလည်း ခွဲနေရသည့် သား လေးကို အတူနေရတုန်း အလိုလိုက်ရှာသည်။

ဦးဘမြိုင်နှင့် သန့်စင်မြိုင်မှာ ရုပ်ရည်ချင်းလည်း အတော် တူကြပေ သည်။

သန့်စင်မြိုင်နှင့် အတူ လှမြတ်ဆွေကိုပါခေါ်ကာ ရန်ကုန်မြို့အနှံ့ လျှောက်လည်ကြသည်။

သဘောကောင်းလွန်းတဲ့ ဦးဘမြိုင်ကို လှမြတ်ဆွေ ချစ်သွားသည်။ ဖခင် မရှိသူမို့ ဖခင်ကိုယ်စား အစားထိုးခင်တွယ်ခဲ့မိ၏ ။

ထိုအချိန်မှာ အေမီမြိုင်က တက္ကသိုလ်ကျောင်းတက်နေခဲ့ပြီ။

တက္ကသိုလ်တွင် အေမီမြိုင်၏ အလှသတင်းက ကျော်ကြားလှသည် ဟု ဆိုသည်။ ကွင်းဆိုတဲ့အလှဘုရင်မဘွဲ့ပင် အပေးခံရသည်တဲ့။

အေမီမြိုင် ကျောင်းသွားဖို့ ထွက်လာလျှင် လှမြတ်ဆွေ အားကျစွာ ငေးကြည့်နေမိတတ်သည်။ တက္ကသိုလ်ကျောင်းသည် ဆွေတို့ အငယ်တန်းများ နှင့် မတူ။ ကျောင်းဝတ်စုံဝတ်စရာ မလို။ ကိုယ်ကြိုက်တဲ့ အဝတ်အစား ဝတ် လို့ရတယ်တဲ့။

တစ်နေ့တစ်မျိုး မရိုးရအောင် အလှအပတွေ ပြင်ဆင်ချယ်သထား သော အေမီမြိုင်ကို မိန်းကလေးပီပီ အားကျနှစ် လိုစွာ လှမြတ်ဆွေ ငေးမော ခဲ့ရသည်။ အဝတ်အစား ဘယ်လိုပြောင်းပြောင်း အေမီမြိုင့်ခေါင်းမှာ နှင်းဆီ တစ်ပွင့်ကိုတော့ ပန်ဆင်ထားမြဲ။

''ငါ မြန်မြန်ကြီးပြီး တက္ကသိုလ်ကျောင်းသူ ဖြစ်ချင်လှပြီ သန့်စင်ရာ။ မမကြီးကို သိပ်အားကျတာပဲ''

•••

သန့်စင်မြိုင်တို့မိသားစုထဲမှာ အသွက်လက်ဆုံးနှင့် အထင်ရှားဆုံးက အေမီမြိုင် ဖြစ်သည်။ အေမီမြိုင်သည် လူ့ဘဝရဲ့ အတက်ကြွဆုံး အရွယ်ကို ရောက်ရှိနေသလို လှလည်း အတော် လှသည်။။ တက္ကသိုလ်ကျောင်းသူလည်း ဖြစ်နေလိုက်သေးသည်။

အကောင်းမှန်သမျှ အေမီမြိုင့်မှာ စုနေချိန်ဟုဆိုလောက်၏ ။

သူကိုယ်တိုင်ကလည်း ထင်ပေါ်ကျော်ကြားလိုသည်။ အပေါင်း အသင်းများ သည်။ ယောက်ျားလေးမိတ်ဆွေ။ မိန်းကလေး သူငယ်ချင်းတွေ အိမ်မှာ တရုန်းရုန်း ဝင်ထွက်နေတတ်သည်။

နယ်မှာ တောက်လျှောက်နေလာသူ တစ်ယောက် ။ ရန်ကုန် ရောက် တော့ အလှပေါင်းစုံ၊ လူပေါင်းစုံ၊ ပညာပေါင်းစုံသော တက္ကသိုလ်ထဲ ရောက် သွားပြီး ပတ်ဝန်းကျင်သစ်တွင် အထူးအဆန်း ဖြစ်ကာ အပျော်ကြီး ပျော်နေ သည်။

''အေမီဟာ အပေါင်းအသင်းသိပ်များ တယ်။ ပပက နည်းနည်း တော့ ထိန်းပေးသင့်တယ်''

ဘွားဘွားက မှတ်ချက်ချသည်။

မေမေဒေါ်ခင်ဆွေ ကတော့ -

''ခေတ်မိန်းကလေး တက္ကသိုလ်ကျောင်းသူလည်း တက္ကသိုလ် ကျောင်းသူမို့ အပေါင်းအသင်းများ တာတော့ ထားပါတော့လေ။ ပါတီတွေ ဘာတွေ တက်တာတော့ မသင့်ဘူးပေါ့။ ခေတ်ဆန်တိုင်း ကောင်းတာ မဟုတ် ဘူး။ အဖ အုပ်ထိမ်းမှု ကလည်း ကင်းဝေးနေတော့ ဒီလိုမိန်းကလေးမျိုးကို ဂရုစိုက်သင့်တယ်''

ဆွေတို့မိသားစု အတွင်းမှာ ပဲ ဝေဖန်မိကြခြင်း ဖြစ်ပါသည်။ သူများ အိမ်တွင်းရေး မို့ ဝင်ရောက်ပြောဆိုခြင်းတော့ မပြုခဲ့ပါ။

•••

မှတ်မှတ်ရရ ဆွေ ငါးတန်းနှစ် မှာ မမအေမီမြိုင် အိမ်က အကြာကြီး ပျောက်သွားသည်။

''တက္ကသိုလ်ကျောင်းပိတ်ချိန်မို့ သူ့အဖေဆီ ပို့ထားတာ''

ဟု အန်တီပပမြိုင်က ပြောသည်။

သို့သော် တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်တော့လည်း မမအေမီမြိုင် ပြန်မလာခဲ့။

ဆွေသည် မကြာခင် ဦးဘမြိုင် ရန်ကုန်ရောက်လာသည့်အခါတွင် ထိုကိစ္စနှင့် ပတ်သက်၍ ဇဝေဇဝါ ဖြစ်သွားရသည်။

ဦးဘမြိုင်က သူ့သမီးကို မတွေ့ ၍ မေးခဲ့သည်။

''သူ့ သူငယ်ချင်းတွေ နဲ့ မန္တလေး သွားလည်ကြတယ် မောင်''

''ဘယ်က သူငယ်ချင်းတွေ လဲ''

''ဟို့  သူ့ကျောင်းက သူငယ်ချင်းတွေ ပါ။ သမီးနဲ့ သိပ်ခင်တာ''

''ပပကလည်းကွာ။ သမီးမိန်းကလေး တစ်ယောက် ကို ဒီလိုပဲ လွှတ် ထားရသလားကွ''

''အို့  မောင်ကလည်း သူနဲ့အတူသွားတာတွေ က မိကောင်း ဖခင်သားသမီးတွေ ပါ။ ဝန်ကြီးတို့၊ ဝန်ထောက်တို့သားသမီးတွေ ချည်းပဲ။ ဟို မှာ လည်း အိမ်အခံရှိတယ်ဆိုလို့ ထည့်လိုက်တာပါ မောင်ရဲ့ ။ စိတ်ချရပါတယ်။ မောင်ကလည်း''

''သွားတာ ဘယ်လောက်ကြာပြီလဲ''

''ဟို့  အဲ့  တစ်ပတ်။ တစ်ပတ်လောက်ပဲ ရှိဦးမယ်''

ထိုစကားများ ကို သန့်စင်မြိုင်ဆီသွားလည်ရင်း အမှတ်မထင်ကြား မိခဲ့ခြင်း ဖြစ်သည်။

အန်တီပပမြိုင်က မမအေမီမြိုင်ကို သူ့အဖေဆီ ပို့ထားတယ်ဟု ပြောခဲ့ဖူးသည်။ အခု ဦးဘမြိုင် ရောက်လာပြီးမေးတော့ မန္တလေးကို သွား တယ်တဲ့။ ပြီးတော့ မမအေမီမြိုင်သွားတာကြာပြီပဲ။ အန်ကယ့်ကို ပြောတော့ တစ်ပတ်ပဲ ရှိသေးတယ်တဲ့။

လှမြတ်ဆွေ ဘယ်လိုနားလည်ရမှန်း မသိတော့။

သို့သော် ကလေးပီပီ ဆော့လိုက်ကစားလိုက်နှင့် ပင် ထိုအကြောင်း ကို မေ့သွားသည်။ ဘယ်သူ့ကိုမှလည်း ပြန်မပြောမိတော့။ မေးလည်း မမေးမိ တော့။

ပြီးတော့ သိပ်မကြာခင်မှာ ပဲ မမအေမီမြိုင် အိမ်ကို ပြန်ရောက်လာ ခဲ့သည်။

•••

ရှစ်တန်းနှစ် ကို ရောက်ခဲ့ပြီ။ အသက်က ၁၃ နှစ် ။

သန့်စင်မြိုင်နှင့် လှမြတ်ဆွေတို့သည် ကျောင်းအတူသွားရင်း၊ အတူ တူ ဆော့ကစားကြရင်းနှင့် ကလေးစိတ်ဖြင့် မောင်နှမများ သဖွယ် အတူနေ လာကြရာမှ့ 

အသက် ၁၃ နှစ် ဆိုသည့် စိတ်လှုပ်ရှားစပြုသည့် အရွယ်မှာ တော့ ကိုယ်တိုင်က ဘယ်လိုမှစိတ်ထားမပြောင်းလဲပေမယ့် ပတ်ဝန်းကျင်က လှုံဆော် ဝေဖန်မှု များ ကြုံလာရလေပြီ။

''ဆွေ့  နင်နဲ့သန့်စင်မြိုင်နဲ့က တကယ့်မောင်နှမအရင်းလားဟေ''

ယခင်က ဒီလိုမေးခွန်းမျိုးအမေးခံရလျှင် ဟုတ်တာပေါ့ဟု လိပ်ပြာ လုံလုံ ဖြေနိုင်ခဲ့သော်လည်း ယခုတော့ မေးတဲ့သူကလည်း မျက်နှာထား မချိုမချဉ်။ အဓပ္ပာယ်တစ်မျိုးဆောင်ထားတဲ့ မျက်နှာပေးမို့ ဖြေရမှာ စိတ်မလုံ မလဲ ဖြစ်နေမိသည်။

''ငါတို့က မောင်နှမတွေ ပဲ။ ဘာ ဖြစ်လို့လဲ''

''ဟီ့  ဟိ''

''ဘာရယ်တာလဲဟ''

''မောင်နှမဆိုတော့ တစ်အိမ်တည်း အတူနေတာလားဟင်''

''ဟင့့်  မဟုတ်ဘူး။ အိမ်နီးချင်း''

''အိမ်နီးချင်းက ဘယ်လိုလုပ် မောင်နှမ ဖြစ်နေတာလဲ ဟဲ့''

''အေးလေ့  အိမ်ချင်းနီးတာနဲ့ မောင်နှမ ဖြစ်ရရင်တော့''

အားလုံးက တစ်ယောက် တစ်ပေါက်ဝိုင်းမေးရင်း လှမြတ်ဆွေကို အကျဉ်းအကျပ်ထဲ ကျစေသည်။

''ကဲ့  မောင်နှမဆိုရင် ဘယ်လိုမျိုးတော် တာလဲပြော။ မောင်နှမ အရင်းလား၊ တစ်ဝမ်းကွဲလား၊ နှစ် ဝမ်းကွဲလား''

''နင်တို့ကလည်းဟယ့့်  ဘာတွေ လျှောက်မေးနေမှန်း မသိဘူး။ တို့က ငယ်ငယ်ကတည်းက မောင်နှမအရင်းလို နေလာကြတာဟဲ့''

''သြော့့်  ဟုတ်လား''

အာမေဍိတ်သံဖြင့် လှောင်သည်။

''အင့်း့  ယုံပါတယ့့်  ယုံပါတယ်''

မှတ်ချက်ပြုသံဖြင့် သရော်သည်။

သူတို့မျက်နှာတွေ က စပ်ဖြီးဖြီး။

''သန့်စင်မြိုင်က ချစ်စရာလေးဟယ်။ သိပ်လှတာပဲ''

''အေးဟယ့့်  သူ ရယ်လိုက်ရင် သွားတက်ကလေးပေါ်သွားတာ အရမ်းကြည့်လို့ ကောင်းတာပဲ့  နော် ယောင်းမ''

''ဘာဟဲ့''

''ယောင်းမ လို့ခေါ်တာလေ။ သန့်စင်မြိုင်နဲ့ နင်နဲ့က မောင်နှမဆိုလို့ ငါက နင့်ကို ယောင်းမ တော် ချင်လို့ပါ မိဆွေရဲ့ ''

''သွားစမ်းပါဟာ။ နင်တို့တွေ က ဘာမှန်းလဲ မသိဘူး''

''ဟော့  ဟော့  မျက်နှာပျက်သွားပြီ။ တကယ်သာ မောင် နှမအရင်းဆိုရင် မောင်ကိုတောင်းတာ ဘာသဝန်တိုစရာ ရှိလို့လဲ။ နောဟယ်''

''အေးလေ့  ဧကန္တတော့  ဧကန္တ''

''သွားကြ့  ညည်းတို့သာ ဒီအရွယ်နဲ့ ဒါတွေ စိတ်ဝင်စားနေ။ ငါက တွေးတောင်မတွေးမိဘူး။ ငါ့တို့က မောင်နှမလိုနေတာဟေ့။ မောင်နှမ။ မောင်နှမ။ မောင်နှမ။ ကဲ''

စိတ်တိုတိုနဲ့ သူငယ်ချင်းတွေ ကို အော်ပစ်လိုက်သည်။

သူတို့အုပ်စုထဲကနေ ခွဲထွက်လာခဲ့သည်။

''မောင်နှမကနေ မောင့်နှမ ဖြစ် သွားပါဦးမယ်နော်''

''ဟာ့း့  ဟာ့း့  ဟား'

တော် တော် ဆိုးတဲ့ ဟာမတွေ ။

•••

လှမြတ်ဆွေကို မိန်းကလေးသူငယ်ချင်းတွေ က အကဲစမ်းသလို သန့်စင်မြိုင်ကိုလည်း သူ့သူငယ်ချင်းတွေ က စတာ နောက်တာ ခံရဟန်တူ သည်။

နှစ် ယောက် ဆုံမိစဉ်မှာ သူငယ်ချင်းတွေ ပြောခဲ့ကြတာ ပြန်သတိရမိ တော့ မျက်နှာမထားတတ်အောင် ဖြစ်ရသည်။ သို့သော် ကွယ်ရာမှာ အစ အနောက်ခံရသည့်အကြောင်းများ ကိုတော့ တစ်ယောက် နဲ့ တစ်ယောက် ပြန် မပြောမိကြ။

မည် သို့ဆိုစေ ယခင်က ပွင့်လင်းရင်းနှီးစွာ ဆက်ဆံခဲ့သော သူငယ် ချင်းနှစ် ယောက် ကြားမှာ တစ်စုံတစ်ခုသော မြူတိမ်ပါးတစ်ခုက ကန့်လန့်ခံခဲ့ပြီ။ အရင်လိုစကားတွေ အများ ကြီး မပြောမိတော့။ အတူဆော့တာကစားတာလည်း နည်းသွားပြီ။ တစ်ယောက် နဲ့ တစ်ယောက် မဆုံမိအောင် ရှောင်နေမိကြ၏ ။

တစ်နေ့ ကျောင်းအဆင်းမှာ အိမ်ကလာကြိုတဲ့ကားပေါ်ကိုအတက်-

''ဝမ့်း့  တူ့း့  သရီ့း့  ဘင်္ဂလား မောင်နှမ''

''ဝမ့်း့  တူ့း့  သရီ့း့  ဘင်္ဂလားမောင်နှမ''

တစ်ယောက် က တိုင်ပေးသည်။ သုံးယောက် က ဝိုင်းအော်သည်။ ကြည့်လိုက်တော့ သန့်စင်မြိုင်သူငယ်ချင်းယောက်ျားလေးတွေ ။ အတန်းထဲမှာ ဗရုတ်အကျဆုံးကောင်လေးတွေ ။

''အော်ကြဦးဟေ့''

''တစ့့်  နှစ့့်  သုံး''

''ဘင်္ဂလားမောင်နှမ''

စကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်နေ၍ လှမြတ်ဆွေ မျက်နှာက နီရဲနေသည်။

''အလကားကောင်တွေ့  မနက်ဖြန်ကျရင် ဒီကောင်တွေ ကို ဆွဲထိုးပစ်မယ်''

သန့်စင်မြိုင်က တောက်ခေါက်ကာ ကြိမ်းဝါးလိုက်သည်။

''နင့်သူငယ်ချင်းတွေ က သိပ်ဆိုးတာပဲ။ ဘာတွေ လျှောက်အော်မှန်း မသိဘူး''

''ဗရုတ်တွေ ပါဟာ''

ဗရုတ်အုပ်စုက ကားထွက်သွားတာတောင် ကြားအောင် လှမ်းအော် လိုက်ကြသေးသည်။

''ဟေ့  ဟေ့  ဘင်္ဂလားမောင်နှမ''

နှစ် ယောက် စလုံးမျက်နှာ သုန်မှု န်နေကြသည်။

ဒရိုင်ဘာဦးလေးကြီးမျက်နှာ ကတော့ ပြုံးစေ့စေ့။

•••

ဒီလိုနှင့် ပဲ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးကာ ဆယ်တန်းနှစ် ရောက် လာသည်။

ဆယ်တန်းစာမေးပွဲကို ကောင်းစွာ ဖြေဆိုနိုင်ခဲ့၏ ။

နှစ် ယောက် စလုံးက အောင်မယ်လို့ပင် ယုံကြည်သည်။

ဒီမှာ ''ဆယ်တန်းအောင်ရင် ဘာလုပ်မလဲ'' ဆိုတာ စဉ်းစားစရာ မေးခွန်းတစ်ခု ဖြစ်လာသည်။

ဆယ်တန်းသည် ဘဝ၏ သော့ ချက်၊ ခလုတ်။ ဆယ်တန်းအောင် လျှင် မိမိဝါသနာပါရာ (သို့မဟုတ်) မိမိနှင့် ထိုက်တန်ရာ ပညာရပ်ကို ဆက် လက်သင်ကြားရတော့မည် ။

''ငါတော့ ဒီအက်စ်အေတက်မယ်။ စစ်ထဲဝင်မယ်''

သန့်စင်မြိုင်က သူ့သဘောထားကို ပြတ်ပြတ်သားသား ကြေညာ သည်။

လှမြတ်ဆွေက သူ့ကိုစစ်တက္ကသိုလ် မတက်စေလို။ ရိုးရိုး တက္ကသိုလ် မှာ ပဲ ရရာ ဘာသာရပ်ကိုယူကာ နှစ် ယောက် အတူ ပျော်ပျော်ပါးပါး တက်စေ လိုသည်။

''စစ်တက္ကသိုလ် မတက်ပါနဲ့ဟယ်။ ဒါဆို နင်နဲ့ ငါနဲ့ ခွဲရမှာ ။ ပြီး တော့ နင်စစ်ဗိုလ်လုပ်မှာ ငါသဘောမကျဘူး''

''ဘာ ဖြစ်လို့လဲဟ''

''ကြောက်စရာကြီ့း့  စစ်တိုက်ရမှာ နင်မကြောက်ဖူးလား''

''ဟာ့း့  ဟာ့း့  ဟာ့း့  ဟာ့း့  ငါက စစ်တိုက်ချင်လို့ ကို စစ်ဗိုလ်လုပ်မှာ ဟ။ ငါဗိုလ်သိပ် ဖြစ်ချင်တာ နင်လည်းသိသားနဲ့။ စစ်တိုက် တိုင်း သေတာ မဟုတ်ပါဘူးဟာ။ ရဲသော်မသေ သေသော်ငရဲမလားတဲ့''

တားလို့မရခဲ့။

အောင်စာရင်းတွေ ထွက်လာတော့ အောင်သည်။

သတင်းစာထဲမှတစ်ဆင့် စစ်တက္ကသိုလ်ဗိုလ်လောင်းတွေ ခေါ်တော့ လျှောက်လွှာတင်လိုက်သည်။

လှမြတ်ဆွေကသာ တားလားဆီးလားလုပ်နေသော်လည်း သူ့အိမ် ကတော့ သန့်စင်မြိုင်ကို မတားမြစ်ခဲ့။ ဦးဘမြိုင်ကဆိုလျှင် ယောက်ျားလေး တစ်ယောက် အတွက် အဓိပ္ပာယ်အရှိဆုံး အလုပ်ဆိုကာ မြှောက်ပေးလိုက် သေး သည်။

•••

မည် သို့ပင်ဆိုစေ တက္ကသိုလ်တွေ ဖွင့်သည့်အချိန်မှာ တော့ သန့်စင် မြိုင်လည်း ဆွေနှင့် အတူ ရန်ကုန်တက္ကသိုလ် တက်ရသည်။

စစ်တက္ကသိုလ် ဖြေဆိုထားပြီး ဖြစ်ပေမယ့် အောင်စာရင်း မထွက် သေး။ အကယ်၍ တက်ခွင့်မရခဲ့လျှင် ပညာရေး မနစ်နာရန် တစ်ဖက်ကလည်း မိမိအမှတ်နှင့် လျော်ညီရာ တက္ကသိုလ်မှာ တက်နေရသည်။ တက္ကသိုလ် တက် ရင်းမှ ဒီအက်စ်အေဝင်ခွင့် ရမရကို စောင့်ရ၏ ။

တက္ကသိုလ်ရောက်တော့ ဆွေနှင့် သန့်စင်မြိုင် လိုင်းမတူတော့။ ဆွေက စီးပွားရေး တက္ကသိုလ် တက်ခွင့်ရသည်။ သန့်စင်မြိုင်က ဓာတုဗေဒ အဓိက ဘာသာဖြင့် တက်ခွင့်ရသည်။

တက္ကသိုလ်တစ်ခုထဲမှာ တက်ရပေမယ့် ငယ်စဉ်တုန်းကလိုတော့ ကျောင်းအတူ မသွာြး ကတော့။ အတန်းချိန်မတူတာလည်း ပါသည်။ ပတ်ဝန်း ကျင်က ဝေဖန်မှာ ကြောက်တာလည်း ပါသည်။

ကျောင်းမှာ အတွဲ နည်းသွားပေမယ့် ခင်မင်မှု ကတော့ ပျက်မသွား။ အရင်ကထက် ပိုလာသေးတယ်လို့တောင် ဆိုရမည် ။

•••

အခန်း(၂)

တစ်နေ့ 

အတန်းထဲမှာ စာသင်နေဆဲ အတန်းရှေ့မှာ လာရပ်သည့် သန့်စင်မြိုင် ကို မြင်လိုက်သည်။ သန့်စင်မြိုင် ဒီလိုတစ်ခါမှ လိုက်မလာဘူး။ တက္ကသိုလ် ရောက်မှ ကင်းကင်းရှင်းရှင်းနေခဲ့ကြသည်။ ပြောစရာရှိလျှင် အိမ်မှာ သာ ပြောဆိုမြဲ။

အတန်းအထိ လိုက်လာတော့ ထူးခြားလို့ပဲဟု သိလိုက်၏ ။

အတန်းတစ်ချိန် ပြောင်းသည်နှင့် လှမြတ်ဆွေ အခန်းထဲမှ ထွက်ခဲ့ သည်။

''ဘာ ဖြစ်လို့လဲ သန့်စင်''

''ငါပြောစရာရှိတယ်။ နင်အတန်းရှိသေးရင်လည်း ဖျက်လိုက်ဟာ။ ငါနဲ့ လိုက်ခဲ့''

''ဘာပြောမလို့လဲ။ ပြောလေ''

သန့်စင်မြိုင်က ရှေ့မှဦးဆောင်ခေါ်သွားနေသည်။ ဘာမှ မပြောသေး။ ဘွဲ့နှင်းသဘင်လွန်လာတော့ မနေနိုင်တော့။ မေးမိပြီ။

''လာပါ့  ငါ အေးအေးဆေးဆေး ပြောချင်လို့ပါ''

တက္ကသိုလ်ပရဝုဒ်မှ ထွက်ခဲ့သည်။

အင်းလျားကန်ဘက် ရောက်လာသည်။

''ဘူးသီးကြော် စားရင်းပြောကြမလား''

''ဟင့်အင့်း့  ဘာမှမစားချင်ဘူး။ ပြီးတော့ လူတွေ နဲ့ ဝေးတဲ့ နေရာကို သွားချင်တယ်။ လာဟာ့  ဟိုသစ်ပင်အောက်မှာ ထိုင်ပြောရ အောင်''

ကမ်းစပ်နှင့် မနီးမဝေး သစ်ပင်ရိပ်အောက် ရောက်လာခဲ့သည်။ ထူးခြားတယ်လို့တော့ စိတ်က ထင်မိသား။

''ငါ ဒီအက်စ်အေတက်ခွင့်ရပြီ''

သန့်စင်မြိုင်က ဗြုန်းခနဲ ပြောချလိုက်သည်။

လှမြတ်ဆွေ ဝမ်းနည်းသွားသည်။ တစ်မြေဆီခွဲနေရတော့မည် ဆို သည့်အသိကြောင့် ရင်မှာ လှိုက်ခနဲ ဖြစ်သွား၏ ။

''ငါပြောတာ ကြားရဲ့ လား မိဆွေ''

''ကြာ့း့  ကြားပါတယ်။ ငါစိတ်မကောင်းလို့''

သန့်စင်မြိုင် သက်ပြင်းချသည်။

''ဘယ်တတ်နိုင်မှာ လဲဟာ။ တစ်နေ့နေ့တော့ ဒီလိုပဲခွဲကြရမှာ ပဲ။ အခုလည်း ဘဝတက်လမ်းအတွက် သွားရမှာ ပါဟာ''

''အေးပေါ့လေ့  ဟုတ်ပါတယ်။ နင်ဘယ်တုန်းကသိတာလဲ''

''နေ့ခင်းက လာအကြောင်းကြားလို့ သိရတာ ။ ငါနောက်တစ်ပတ် တနင်္လာနေ့သတင်း ပို့ရမယ်''

''အို့  မဝေးတော့ပါလား''

''နင် ငါ့ကိုမေ့မသွားနဲ့နော်''

လှမြတ်ဆွေက သန့်စင်မြိုင်ကို အထူးအဆန်း သတ္တဝါသဖွယ် ကြည့်လိုက်သည်။

''နင်ပြောတဲ့စကားကလည်း ငါက နင့်ကို မေ့ သွားပါ့မလားဟဲ့။ နင်က ငါ့အခင်ဆုံးသူငယ်ချင်းဟာကို။ ဘယ်တော့မှ မမေ့ဘူး။ သေမှပဲ မေ့တော့မှာ ''

သန့်စင်မြိုင်က အဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။

''ငါဆိုလိုတာက ဒီလို မဟုတ်ဘူး မိဆွေ''

သူက ဆွေ့ကို စူးစူးစိုက်စိုက်ကြည့်ရင်း ပြောသည်။

''နင် ရည်းစားတွေ ဘာတွေ ထားဦးမှာ လားဟင်''

''အို''

သူ့စကားကြောင့် ဆွေ ရှက်သွားသည်။ မျက်လွှာချလိုက်မိ၏ ။

''ဟင့့်  လို့''

''သွာ့း့  နင်ဘာတွေ လာပြောနေတာလဲ''

''နင်ရည်းစားထားတော့မှာ လားလို့''

''ဟယ့့်  သန့်စင့့်  ကောင်စုတ်။ ငါရည်းစား မထားဘူးဟဲ့။ ဘယ်တော့မှမထားဘူး။ သိလား''

''ဝမ်းသာပါတယ် မိဆွေ။ ငါမသွားခင် နင့်ကိုတစ်ခုမှာ ခဲ့ချင်လို့ပါ''

''ပြောလေ''

''ငါလေ့  ငါလည်း တကယ်သွားရတော့မယ်ဆိုတော့ ရင်ထဲမှာ ဘယ်လိုကြီးမှန်း မသိဘူးဟာ။ ငါ ဟိုမှာ နေတတ်မှာ မဟုတ်ဘူး။ နင့်ကို သတိရနေမှာ ''

သန့်စင်မြိုင် စကားပြောရင်း လေသံက တုန်ယင်လှိုက်လှဲလာသည်။

''ပြီးတော့  ပြီးတော့ ငါ့သိပ်စိုးရိမ်မိတာ တစ်ခုရှိတယ်''

လှမြတ်ဆွေကို စူးစူးစိုက်စိုက် ကြည့်ရင်းပြောသည်။

ပိုနီးသွားရန် ရှေ့ကို တစ်လှမ်းတိုးလိုက်သည်။

''မိဆွေရယ်''

သူက မချင့်မရဲခေါ်ရင်း ဆွေ့လက်ကို လှမ်းဆုပ်ယူလိုက်တော့ ဆွေ လန့်သွားသည်။ ခေါင်းကိုအတင်းငုံ့ထားမိတော့၏ ။

''မိဆွေ့  ငါနင့်ကိုချစ်တယ်။ နင့်ကိုချစ်တယ်ဟာ''

'' - - - - - ''

''ငါ စိုးရိမ်တယ်ဆိုတာလေ။ နင် ရည်းစားထားသွားမှာ ကို စိုးရိမ်တာ သိလား။ နင် တခြား တစ်ယောက် ကို ချစ်သွားမှာ ကို စိုးရိမ်တာ။ နင် ငါ့ကို ချစ်လားဟင်။ ပြောစမ်းပါ။ နင်ငါ့ကိုချစ်လားလို့''

သန့်စင်မြိုင်က ဆွေ့မေးစေ့ကို ဆွဲကိုင်မော့ယူ၍ မေးသည်။

''ဟင့့်  မိဆွေ''

ဆွေက သန့်စင်လက်ကို ဖယ်လိုက်သည်။

သန့်စင်မြိုင်က ဆွေ့လက်ကို မလွတ်တမ်းကိုင်ထား၏ ။

''မိဆွေရယ့့်  ငါ နင့်ကို ငယ်ငယ်လေးကတည်းက သံယောဇဉ် တွယ်ခဲ့ရတာ ပါဟာ။ ခွဲရတော့မယ်ဆိုမှ နင့်ကိုသိပ်ချစ်နေပြီဆိုတာ ပိုပြီးထင်ရှားလာတော့တယ်။ ငါ နင့်ကို စွန့်လွှတ်ရမှာ သိပ်စိုးရိမ်တယ်။ ငါ မသွားခင် ငါ့ကို အဖြေပေးပါ မိဆွေရယ့့်  နော်''

''ဖယ်ဟာ့  ငါရှက်တယ်''

''ပြောလေဟာ။ ငါ့ကို ချစ်လားလို့''

''နင် စိတ်မဆင်းရဲစေရပါဘူး သန့်စင်''

''ဘယ်လို။ ပွင့်ပွင့်လင်းလင်းပြောဟာ''

''နင်စိုးရိမ်သလို ငါဘယ်သူ့ကိုမှ ရည်းစားထားမှာ မဟုတ်ဘူး။ အဲဒါတော့ နင်စိတ်ချ''

''ဟာ့  ဒါပေမဲ့ ငါ့ကိုချစ်လား မချစ်ဖူးလားဆိုတာတော့ ပြော ဦးလေ''

''နင်သိပ်ဆိုးတာပဲ။ ဒါလောက်ပြောရင် နားလည်တော့ပေါ့။ ငါ မပြောရဲဘူး။ ရှက်တယ်''

ရှက်ရှက်နဲ့ သူ့ရင်ခွင်ထဲခေါင်းတိုးဝင်ရင်း မျက်နှာကို ဖွက်ထားမိ တော့သည်။

''ဒါဆို ချစ်တယ်ပေါ့နော်''

•••

လက ရွှန်းရွှန်းမြမြ သာနေသည်။

လရောင် က သစ်ရွက်ကြို သစ်ရွက်ကြားမှ ပျောက်တိပျောက်ကြား ကျနေသည်။

လေပြည်တသုန်သုန်ကြောင့် သစ်ရွက်ခတ်သံ တရှဲရှဲက ဝန်းကျင် တစ်ခုလုံး ပြန့်နေ၏ ။

အချိန်က ညသန်းခေါင်။

သန်းခေါင်တိုင်ပြီ ဖြစ်သော်လည်း လပြည့်ညအလင်းကြောင့် ဝန်း ကျင်အနှံ့ကို ရှင်းရှင်းပြတ်ပြတ် မြင်နေရသေးသည်။

မနက်ဆိုလျှင် သန့်စင်မြိုင် ရန်ကုန်မှခွာရတော့မည် ။ မန္တလေးသို့ ရထားနှင့်သွား။ မန္တလေးကမှ ပြင်ဦးလွင် (ထိုစဉ်က (မေမြို့) စစ်တက္ကသိုလ်ကို ခရီးဆက်ရမည် ။

ချစ်လို့မှအစရှိသေး ခွဲရတော့မည် ။

ညပိုင်း ခြံထဲဆင်းခဲ့ပါဆိုထား၍ သန့်စင်မြိုင်က တစ်ဘက်ခြံမှ လက်နှိပ်ဓာတ်မီးဖွင့်ချည်ပိတ်ချည်လုပ်၍ အချက်အပြတွင် ဆွေ အိမ်ပေါ်မှ ခိုးဆင်းခဲ့၏ ။

နောက်ဖေး ရေတွင်းပျက်ကြီးဘေးမှာ သန့်စင်မြိုင်က အသင့်စောင့် နေသည်။ မှော င်ရိပ်အကွယ်ကနေ ဆီးကြိုလှမ်းဖက်လိုက်တော့ ခွဲရတော့မယ် ဆိုတဲ့အသိကြောင့် မရုန်းဖယ်မိတော့ပေ။

ရေတွင်းဘောင်ပေါ်မှာ ထိုင်ကြသည်။ ရေတွင်းဘောင်သည် အေး စက်နေ၏ ။ ရေတွင်းအောက်ခြေက ကြွက်တွေ လှုပ်ရှားပြေးလွှားသံ၊ အော်သံ။ ကိုက်ဖြတ်သံတွေ ကို တိတ်ဆိတ်သော ညမှာ အတိုင်းသားကြားနေရသည်။

''ငါ လွမ်းနေတော့မှာ ပဲ မိဆွေရယ်''

''နင်က ခွဲခွာပြီးသွားရမယ့်သူပါ သန့်စင်။ ဟိုကျ နင် ဝါသနာပါတဲ့ ပညာတွေ သင်ရမယ်။ အတွေ့ အကြုံသစ်တွေ နဲ့ အားလပ်ချိန်တောင် ရမှာ မဟုတ်ပါဘူး''

''အဲဒါနဲ့တော့ အလွမ်းပြေသွားမှာ မဟုတ်ပါဘူးဟာ။ အလုပ်များ ရင်လည်း များ တဲ့ကြားက လွမ်းမိမှာ ပဲ''

''ငါဆိုလိုတာက နင်ကမှ စိတ်ဖြေရာရသေးတယ်လို့ ပြောတာပါ။ ငါဆိုရင် နေနေကျနေရာမှာ ပဲ ကျန်ခဲ့မှာ ။ မြင်နေကျ နင့်ကို မမြင်ရတော့ဘူး။ ပိုပြီး သတိထားစရာ ဖြစ်တာပေါ့။ ဘယ်တော့မဆို ကျန်ရစ်တဲ့လူက ပိုလွမ်း ရစမြဲပါဟယ်''

''စာရေး မယ်နော်။ တစ်ပတ်တစ်ခါရေး မယ်။ နင်လည်း ရေး ''

''ငါ ဗုဒ္ဓဟူးနေ့တိုင်း နင့်ဆီကို စာရေး မယ်လေ။ ငါ့ မွေးနေ့''

''တို့အခေါ်အဝေါ်ပြောင်းကြစို့ဟာ''

''ဘာကိုလဲ''

''နင် ငါ့ကို မောင်လို့ခေါ်ပါလားဟင်''

''ဟာ့  ရှက်စရာကြီး''

''ခေါ်ပါ''

''ဟင့်အင့်း့  စာရေး တော့မှ အဲဒီ လိုထည့်ရေး လိုက်မယ်''

''ဘယ်လိုလဲ''

''ခုန နင်ပြောသလိုပေါ့''

''မောင်လို့ ပြောစမ်းပါ။ ခေါ်စမ်းပါ ဆွေရယ်။ မောင်လည်း ဆွေလို့ ခေါ်မယ်နော်''

ဆွေ ရယ်လိုက်မိသည်။ အခုမှ အခေါ်အဝေါ်ပြောင်းရမှာ ရှက်စရာ လို့ ထင်သည်။

သန့်စင်မြိုင်က ဆွေ့ကို မချင့်မရဲ လှမ်းဖက်လိုက်၏ ။

''ဆွေရယ်''

သူက ဆွေ့ပါးပြင်ပေါ်မှ ဆံနွယ်စများ ကို သပ်တင်လိုက်သည်။ ဆံနွယ်စများ ကို နားရွက်ကြားမှာ ညှပ်တင်လိုက်ပြီး ဆွေ့ ပါးပြင်ကို ဖွဖွလေး။

ဆွေသည် ခွဲရခါနီး မို့ အလိုလိုက်သည့်အနေဖြင့် ခဏငြိမ်နေလိုက် သေးသည်။

ပြီးမှ သူ့ရင်ခွင်ကြီးကို တွန်းဖယ်ရင်း -

''ပြန်ပါစို့ မောင်''

''ဟင့်အင့်း့  စကားတွေ တဝကြီး ပြောချင်သေးတယ်''

''မသင့်တော့ဘူး မောင်ရယ်။ ဒီလိုအချိန်မျိုးကြီးမှာ အကြာကြီး အတူမနေသင့်လို့ပါ။ ပြန်ကြစို့နော်''

သူက နောက်တစ်ခါ ပို၍ တိုးဖက်လိုက်ရင်း ဆွေ့ကိုနမ်းဖို့ ပြင်ပြန် သည်။

''တော် ပါတော့ သန့်စင်ရယ်။ ဒီထက်ကဲရင် တို့ရည်ရွယ်ချက်တွေ ပျက်ကုန်လိမ့်မယ်နော်''

ဆွေက သတိပေးလိုက် တော့မှ သန့်စင်မှာ အသိတရားတွေ ပြန်ဝင် လာသည်။

''ပြန်မယ်နော့့်  ထ''

''သစ္စာရှိပါနော် ဆွေ''

သူက ခွဲခါနီး မှာ ဆွေ့လက်များ ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ပြော လိုက်သည်။

''စိတ်ချပါ မောင်ရယ်''

•••

ရက်တွေ ပြောင်းခဲ့သည်။

လတွေ ကုန်လွန်ခဲ့ပြီ။

ရာသီတွေ အလီလီရွေ့ခဲ့၏ ။

နာရီ မိနစ် စက္ကန့်များ ကား မရေတွက်နိုင်အောင် ကုန်လွန်ခဲ့လေပြီ။

မပြောင်းလဲသော အရာကား ဆွေ့အချစ်သာ ဖြစ်လိမ့်မည် ။

ပျော်စရာစုံလင်သော မြကျွန်းညိုအလှတောမှာ ဆွေ တစ်ယောက် တည်း အဖော်မဲ့စွာ ကျန်ခဲ့ရသည်။ စိန်ပန်းကြွေသော လမ်းမှာ တစ်ကိုယ်တည် လျှောက်လှမ်းရတော့ အားငယ်မိသလိုလို။ ကံ့ကော်ရိပ်မှာ တစ်ယောက် တည်း ထိုင်ရတော့ အထီးကျန်ဆန်လွန်းနေပြန်သည်။

သစ်ပုပ်ပင်ထက်မှ ဥသြငှက်ကလေး မြည် သံကြားလျှင် စိတ်က စာသင်နေရင်းက မောင့်ဆီရောက်သည်။

သြော့့်  ချစ်လို့မှအစရှိသေး ခွဲရတဲ့ချစ်သူတွေ ရဲ့ အလွမ်းဟာ ဖြေသိမ့်လို့ မပြေငြိမ်းနိုင်ပါလားကွယ်။

•••

ရာသီရက်များ ကြွေလွင့်ကုန်လွန်ခြင်းနှင့် အတူ ဆွေလည်း ကံ့ကော် မြေမှ အပ်နှင်းသော ဘွဲ့တစ်ခုကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပါပြီ။

မရှေးမနှောင်းမှာ ပဲ သန့်စင်မြိုင်လည်း စစ်တက္ကသိုလ်မှ ဘွဲ့ရသည်။

သန့်စင်မြိုင်. စစ်တက္ကသိုလ် ကျောင်းဆင်းပွဲအတွက် နှစ် မိသားစု လုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။

ကျောင်းဆင်းပွဲသို့ လှမြတ်ဆွေကိုပါ လိုက်ခွင့်ပြုသည်။ သန့်စင်မြိုင် နှင့် လှမြတ်ဆွေအကြောင်းကို နှစ် အိမ်စလုံးက သိထားကြပါပြီ။ နှစ် ဖက်စလုံး ကလည်း သဘောတူကြသည်။

ဆွေ မေမြို့ကို လိုက်ရမည် ။

ဦးဘမြိုင်၊ ဒေါ်ပပမြိုင်၊ မမအေမီမြိုင်တို့နှင့် အတူ လိုက်ရမည် ။

မေမြို့သို့သွားရောက်ရန် ပြင်ဆင်ရသည်နှင့် ပင် မအားလပ်တော့။

လှမြတ်ဆွေ ပျော်နေသည်။ မောင့်မျက်နှာကို မြင်ရတော့မှာ မို့ ပျော်သည်။ ပြီးတော့ မောင် ကျောင်းဆင်းပြီးပြီဆိုတော့ ဆွေတို့ အတူနေဖို့ ရက်က နီးလာပြီ မဟုတ်လားလေ။

မနက်ဖြန်ဆိုလျှင် မေမြို့ကိုသွားရတော့မည် ။ မောင်နှင့် တွေ့ ရတော့ မည် ။

•••

''ကလင့့်  ကလင်''

တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။

''ဟယ်လို''

''သမီး ဆွေလား''

''ဟုတ်ကဲ့ အန်တီ''

တစ်ဖက်မှ ဒေါ်ပပမြိုင်အသံက လှုပ်ရှားတုန်ယင်နေသည်။

''သမီးဆွေ့  အခု ချက်ချင်း အိမ်ကိုလာခဲ့ပါကွယ်။ အန်တီနဲ့ ဆေးရုံကြီး လိုက်ခဲ့စမ်းပါ''

''ရှင်''

''အခုပဲ ဆေးရုံက ဖုန်းဆက်တယ်သမီး။ အေမီ ကားအက်ဆီးဒင့် ဖြစ်လို့''

''အို''

''အမြန်လာခဲ့ သမီး။ အိမ်မှာ ကိုဘမြိုင်လည်း မရှိဘူး။ အန်တီ စိတ်လှုပ်ရှားလွန်းလို့ ကားမောင်းနိုင်မှာ မဟုတ်ဘူး။ သမီးပဲ မောင်းပို့ရမှာ ။ အိမ်ကို အကျိုးအကြောင်းပြောပြီး အမြန်လာခဲ့နော်''

''ဟုတ့့်  ဟုတ်ကဲ့ပါ အန်တီ''

•••

ဆေးရုံကြီးရောက်တော့ အေမီမြိုင့်ကို သတိမေ့လျက်သား တွေ့ ရ သည်။ ပိုက်တန်းလန်းကြီးနှင့် သွေးသွင်းထားရသည်။ တစ်ကိုယ်လုံး ဖြူဖျော့ လျက်။

''မိန်းကလေးအတွက် မစိုးရိမ်ပါနဲ့။ အသက်အန္တရာယ် မရှိပါဘူး။ သူနဲ့အတူ ပါသွားတဲ့လူ ကတော့ ပွဲချင်းပြီးဆုံးရှာတယ်''

အင်းလျားလမ်းတွင် ဖြစ်ပွားခဲ့သော ကားမှော က်မှု သည် အတော် ပြင်းထန်ခဲ့သည်။ ကားက သံဝင်းထရံများ ကို တိုက်မိကျော်လွန်ကာ ကန်စပ်ထိ ထိုးကျလိမ့်ဆင်းသွားခဲ့သည်။

ကားမောင်းသူမှာ ကားထဲတွင် ပိတ်ညပ်လျက် မီးလောင်သေဆုံးခဲ့ လေသည်။

အေမီမြိုင်သည် ကံကောင်းထောက်မ,စွာ ကားတံခါးပွင့်၍ လမ်းခု လတ်မှာ လွင့်၍ ကျန်ခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ အခင်း ဖြစ်ပွားပြီး ၂ နာရီနီးပါး ကြာသည့်တိုင် အေမီမြိုင် သတိလစ်မေ့မျော နေဆဲ။

'' အဲဒါမှ ဒုက္ခပဲ။ မနက်ဖြန် မေမြို့ကိုသွားဖို့ကိစ္စ ဘယ်လို စီစဉ် ကြမလဲ''

တစ်ဘက်ကလည်း တစ်ဦးထဲသော သား၏ အောင်မြင်မှု အထိမ်း အမှတ်ပွဲမို့ အစီအစဉ်ကို မဖျက်လို။

တစ်ဘက်ကလည်း တစ်ဦးတည်းသော သမီး၏ သေရေး ရှင်ရေး ကိစ္စမွှို သမီးအပါးက မခွာချင်။

ဦးဘမြိုင်နှင့် ဒေါ်ပပမြိုင်တို့ အခက်ကြုံရလေပြီ။

''ကျောင်းဆင်းပွဲမှာ အဖေနဲ့အမေ ရောက်မလာဘူးဆိုရင် သန့်စင် စိတ်ကောင်းမှာ မဟုတ်ဘူး။ အန်ကယ်နဲ့အန်တီတို့ နဂို အစီအစဉ်အတိုင်း သွားလိုက်ပါ''

''ဟုတ်ပါတယ်။ ပပတို့ မေမြို့ကို သွားလိုက်ပါ။ ဒီမှာ ကျွန်မတို့ ရှိနေသားပဲ။ တခြားလူတွေ မှ မဟုတ်တာ။ သမီး ကတော့ မလိုက်သွားနဲ့တော့။ အေမီ့ကို ပြုစုဖို့နေခဲ့လိုက်နော်''

သို့ဖြင့် အားခဲထားသော အစီအစဉ်ကို ဖျက်လိုက်ရသည်။

ဆွေ ကတော့ အေမီမြိုင့်ကို ပြုစုရန်နေခဲ့ရ၏ ။

xxxxx

''အို့  မမကြောင့် ။ မမအတွက်နဲ့ ဆွေလေး မေမြို့ကို လိုက် မသွားရတော့ဘူးပေါ့''

အေမီမြိုင်က အားနည်းတိုးညှင်းသော လေသံဖြင့် ပြောသည်။ သူမသည် ယခုတိုင် အိပ်ရာပေါ်မှာ ပက်လက်လဲလျောင်းနေရဆဲ။ ဘေးမှ ပြုစုပေးနေသူ လှမြတ်ဆွေကို အားနာသော မျက်လုံးများ ဖြင့် ကြည့်နေရှာ သည်။

''ဒါတွေ ကိစ္စမရှိပါဘူး မမကြီးရယ်။ သန့်စင်နဲ့ နောက်တော့ တွေ့ ရမှာ ပဲ။ အန်တီနဲ့အန်ကယ်တောင် မသွားမ ဖြစ်လို့သွားတာ။ မမကြီးကို နောက်ဆံငင်နေမှာ ပဲ''

အေမီမြိုင် သက်ပြင်းချလိုက်သည်။ သူမကိုယ်သူမ အပြစ်မကင်းသူ ပမာ ခံစားရသည်။ သူမကြောင့် မိသားစုပျော်ရွှင်ကြည်နူးရမည့် အချိန်တွင် စိတ်မချမ်းမြေ့စရာများ ဖြစ်ပေါ်လာရသည်ဟု တွေးနေမိသည်။

သူမ၏ ဖြစ်ရပ်ကို ပြန်စဉ်းစားမိတော့ အေမီမြိုင့်မျက်နှာမှာ ခက်ထန် လာသည်။

''တောက်''

သူမက ခံပြင်းစွာ ပင် တက်ခေါက်လိုက်မိသည်။

''အို့  မမကြီး။ ဘာ ဖြစ်လို့လဲ''

ဆွေက ပြာပြာသလဲ မေးရှာသည်။

အေမီမြိုင် ခေါင်းခါပြလိုက်သည်။ သူမ၏ အတွေးအာရုံထဲဝယ် ရော် နီသွင် ၏ မျက်နှာကြီးက ထင်ဟပ်ပေါ်လွင်နေသည်။ ရော်နီ့  ရော်နီ။ ခု ချိန်ထိ ဒုက္ခပေးနေတုန်းပါလား။

''မမကြီ့း့  ဆွေ ဘာလုပ်ပေး၇ဦးမလဲဟင်''

''ရပါတယ် ညီမရယ်''

''ဘာစားချင်သလဲ။ စားချင်တာပြောနော်။ ဆွေခွံ့ကျွေးမယ်။ အပေါ့ အပါးသွားချင်လည်း ပြော။ မရှက်နဲ့။ အားမနာနဲ့။ နာစ့်လည်း ရှိပါတယ်''

''ဘာမှမလိုသေးပါဘူးကွယ်''

မတော် ရသေးတဲ့ ယောင်းမလေးရဲ့ အကြင်နာကို မြင်တွေ့ ရတော့ လှိုင်းထန်နေသည့်ရင်မှာ အေးငြိမ်းရသည်။

''မမကြီ့း့  မမကြီးနဲ့ ကားပေါ်မှာ အတူပါတဲ့သူက ဘယ်သူလဲ ဟင်။ ဆွေ သိတဲ့လူထဲကလား''

ဆွေ့အမေးကြောင့် အေမီမြိုင့်မျက်နှာတင်းမာသွား၏ ။

''ဆွေ သိမှာ မဟုတ်ပါဘူး။ သူက နိုင်ငံခြားသွားနေတာ ဆယ်နှစ် မ ကတော့ဘူး။ မြန်မာပြည် ပြန်ရောက်တာ မကြာသေးဘူးလေ။ သူ့နာမည် က ရော်နီသွင် တဲ့''

•••

အဓိပတိလမ်းအတိုင်း လျှောက်လာခဲ့ကြသည်။

တက္ကသိုလ်မြေကို ခွဲခွာခဲ့ရသည်မှာ တစ်နှစ် ပင်ရှိပြီ ဖြစ်သော်လည်း ကျောင်းထဲကို ပြန်ရောက်တော့ စိတ်က နုပျိုသွားရသည်ပင်။

ကျောင်းသူကျောင်းသားများ က သွက်လက်ချက်ချာစွာ လှုပ်ရှားနေ ကြသည်။ သူတို့လေးတွေ ကို ကြည့်၍ မဝေးလှသေးသော နှစ် အပိုင်းအခြား တုန်းက မိမိတို့တက္ကသိုလ်ကျောင်းသူ ဘဝကို သတိရမိသေးသည်။

''အင်းလျားဘက်သွားရအောင် မောင်ရယ်''

ဆွေက သန့်စင်ကို မော်ကြည့်ရင်း ပြောလိုက်သည်။

ပိုမိုအရပ်မြင့်ပြီး ထွားကြိုင်းလာတဲ့ သန့်စင်မြိုင်ကို အရင်ကထက် ပိုပြီး မော်ကြည့်နေရလေပြီ။

ကျောင်းသားလူငယ်များ က သန့်စင်မြိုင်ကို အကဲခတ်သလို ကြည့် သွားကြသည်။ သန့်စင်မြိုင်ရဲ့ ပုံစံက တက္ကသိုလ်မြေမှာ သီးသန့်ဆန်စွာ ထူးခြား နေသည်လေ။

အင်းလျားလမ်းကိုဖြတ်၍ အင်းလျားကန်ဖက် ကူးခဲ့ကြသည်။

ကန်ဘေး ဗူးသီးကြော်ဆိုင်မှာ ထိုင် ဖြစ်ကြသည်။

တာဝန်ကျရာ တပ်ရင်းသို့မဝင်မီ ခေတ္တခဏအ ဖြစ် သန့်စင်မြိုင် မိဘရပ်ထံ ပြန်လာရသည်။ စစ်တက္ကသိုလ်မှဆင်းပြီးစ အနာဂတ် မျှော်မှန်း ချက်များ ဖြင့် တက်ကြွနေသည့် လူငယ် တစ်ယောက် ဖြစ်သည့်တိုင် သူ့မှာ မပျော်နိုင်ပါ။ စိတ်ဆင်းရဲစရာ ဖြစ်ရပ်ဆိုးကြီးတစ်ခုက အိမ်မှာ စောင့်ကြိုနေ သည်။

ကားတိုက်မှု ဖြစ်ခဲ့သော အေမီမြိုင့်အတွက် ခန္ဓာကိုယ်အောက်ပိုင်း ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ချက်မရှိ ဟူသော အဖြေကို ဆရာဝန် ကြီးများ က ပေးခဲ့ပြီး ဖြစ်သည်။ အေမီမြိုင်သည် လမ်းမလျှောက်နိုင်သော ဒုက္ခိတအ ဖြစ် ရာသက်ပန် ရပ်တည်သွားရပေတော့မည် ။

တစ်ဦးတည်းသော အစ်မကြီး ရင်နင့်စရာအ ဖြစ်ဆိုးကြောင့် သန့်စင် မြိုင် မပျော်နိုင်ပါ။

ချစ်သူ စိတ်ဆင်းရဲနေတော့ ဆွေလည်း စိတ်မရွှင်လန်းနိုင်။ ချစ်သူ့ မိသားစုဆိုတာကလည်း ကိုယ့်မိသားစုပမာ ငယ်ကတည်းက နေလာကြသည် မို့ အမှန်တကယ်လည်း လှမြတ်ဆွေ သူတို့နှင့် ထပ်တူဝမ်းနည်းပါသည်။

''မမကြီးအတွက် မစိုးရိမ်ပါနဲ့ မောင်ရယ်။ ဆွေ ရှိပါတယ်။ ဆွေ ကိုယ့်အစ်မရင်း တစ်ယောက် လို ပြုစုပါ့မယ်''

''မမကြီးကို သနားလွန်းလို့ပါ ဆွေရယ်။ မမကြီးက သိပ်လှချင်တာ။ လှလည်း သိပ်လှတာ မဟုတ်လား။ ခုလို ဖြစ်သွားတော့ သူ ဘယ်လောက် ခံစားရမလဲ။ သူမာနကြီးတာကို ဆွေလည်း အသိ။ ဒုက္ခိတ ဘဝရောက်ပြီဆိုရင် သူ စိတ်ဆင်းရဲတာနဲ့ သက်ဆိုးရှည်ပါ့မလား''

''အို့  မပြောကောင်းတာ။ မမကြီး စိတ်ဓာတ်မကျအောင် တော့ ဆွေတို့က နှစ် သိမ့်ရမှာ ပေါ့။ ဆွေတို့လက်ထပ်ပြီးရင်လည်း မမကြီးကို ဆွေတို့နဲ့အတူ ခေါ်ထားရအောင်နော်။ မမကြီးက ဆွေ့ကို ညီမအရင်းလို ချစ်တာ''

''မမကြီးကို ပြုစုခဲ့တာတွေ အတွက်ရော၊ မမကြီးအပေါ်မှာ အစ်မ ရင်းလို သဘောထားတဲ့အတွက်ပါ ဆွေ့ကို ကျေးဇူးတင်ပါတယ် ဆွေရယ်''

•••

သန့်စင် တာဝန်ကျရာ တပ်ရင်းကို အလုပ်ဝင်ဖို့ ထွက်ခွာသွားပြန် တော့ တစ်ခါခွဲရပြန်သည်။

လှမြတ်ဆွေသည် ဟိုဘက်အိမ်ပြေးလိုက်၊ ဒီဘက်အိမ်လာလိုက်ဖြင့် မနားရ။ အေမီမြိုင့်ကို ပြုစုနေရသည်။ ပြုစုနေရသည်ဆိုခြင်းထက် အေမီမြိုင် စိတ်ဓာတ်မကျအောင် အားပေးနှစ် သိမ့်နေရခြင်းသာ ဖြစ်သည်။ အနီးကပ် ပြုစုဖို့က စပါယ်ရှယ်နာ့စ် တစ်ယောက် ငှားထားပြီး ဖြစ်သည်။

ထိုနှစ် ပိုင်းမှာ ပင် လှမြတ်ဆွေသည် လုပ်ငန်းတစ်ခု တည်ထောင် ဖြစ် ခဲ့၏ ။

ဘွဲ့ရပြီးပြီဆိုတော့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခု လုပ်ဖို့ပဲ ရှိတော့သည်။ ဘွဲ့ရအများ အပြား တိုးဝင်နေတဲ့ အစိုးရဝန်ထမ်းအလုပ်ကို လှမြတ်ဆွေ စိတ်မဝင်စား။

စိတ်တူသဘောတူသူငယ်ချင်း ဖြစ်တဲ့ တင့်တင့်နဲ့ အလုပ်စပ်တူလုပ်ဖို့ သဘောတူညီချက်ရခဲ့သည်။

တင့်တင့်တို့က ကုန်သည်မျိုးရိုးမို့ စီးပွားရေး အကွက် မြင်သည်။ ပွဲရုံထောင်ဖို့ အကြံပေးသည်။

သို့ဖြင့် အရင်းအနှီးကို နှစ် ယောက် ညီတူမျှတူထည့်ဝင်ကာ ညောင် ပင်လေးဈေးအနီး ကမ်းနားလမ်းတွင် တိုက်ခန်းတစ်ခန်းဝယ်၍ ပွဲရုံထောင် သည်။ မြန်မာနိုင်ငံအရပ်ရပ်မှ ထွက်ကုန်များ ကို ပွဲရုံတွင် တင်သည်။ လက်လီ လက်ကား ဖြန့်သည်။

အစပိုင်းတွင် အမျိုးသမီးများ ချည်း ဦးဆောင်လုပ်ကိုင်ရသည်မို့ လုပ်ငန်းက သိပ်အဆင်မပြေသေး။ လှမြတ်ဆွေနှင့် တင့်တင့်က စိတ်မပျက်။ မိန်းမသား ဖြစ်သော်လည်း သူတို့မှာ သတ္တိရှိသည်၊ ဇွဲရှိသည်၊ လုပ်ငန်းအပေါ် စိတ်ဝင်စားမှု ရှိသည်။

လေ့လာကြိုးစားရင်း အတွေ့ အကြုံများ ရလာသည်။ မိန်းကလေးပင် ဖြစ်သော်လည်း သူတို့ တည်ကြည်မှု ၊ ပြတ်သားမှု ၊ လာဘ်မြင်မှု များ ကြောင့် လုပ်ငန်းမှာ အများ နှင့် တန်းတူ ယှဉ်နိုင်လာသည်။

လှမြတ်ဆွေ စီးပွားရေး လုပ်ငန်းဖက်တွင် အောင်မြင်ခဲ့ပါသည်။

•••

''ကလင့့်  ကလင်''

ဖုန်းမြည် သံကြောင့် ဖတ်လက်စမဂ္ဂဇင်းကို စားပွဲပေါ်တင်လိုက်သည်။ ဖုန်းရှိရာထသွားပြီး ဖုန်းကိုကောက်ကိုင်ရန် လက်အလှမ်း -

''ခွမ်း''

အလှတင်ပန်းအိုးကို လက်နှင့် တိုက်မိပြီး ပန်းအိုးကျကွဲသွားသည်။ လှမြတ်ဆွေ ရင်ထဲ ထင့်ခနဲ ဖြစ်သွား၏ ။

ဖုန်းကိုကောက်ကိုင်ထူးလိုက်တော့ တစ်ဖက်မှအသံက အေမီမြိုင့် အသံ။

''ညီမဆွေ့  အိမ်ကိုလာခဲ့ပါဦးကွယ်။ အခု ချက်ချင်း လာခဲ့ပါ''

ဘာကြောင့် မှန်းမသိ။ စိတ်ထဲမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်သွား သည်။ မမအေမီ ကားတိုက်မှု ဖြစ်စဉ်က ဒေါ်ပပမြိုင် ဖုန်းဆက်ခေါ်တာကို သတိရလိုက်သေးသည်။

လှမြတ်ဆွေ စိတ်လေးလေးနှင့် ပင် ဟိုဘက်ခြံကို အပြေးလာခဲ့၏ ။ လမ်းမှာ ခလုတ်တိုက်မိလိုက်သေးသည်။ နိမိတ်မကောင်းပါလား။

•••

မိသားစုသုံးယောက် လုံး ဧည့်ခန်းထဲမှာ ရှိနေကြသည်။

လှမြတ်ဆွေ ဝင်သွားတော့ အားလုံးက မျက်လုံးအကြောင်သားနှင့် ကြည့်နေကြ၏ ။

ဒေါ်ပပမြိုင်က အရင်ဆုံးမျက်နှာလွှဲလိုက်သည်။

''သမီး''

ဦးဘမြိုင်က ခက်ခဲပင်ပန်းစွာ ထွက်ပေါ်လာသည့်အသံမျိုးဖြင့် လှမြတ်ဆွေကို ခေါ်လိုက်သည်။

''ဘာ့  ဘာ ဖြစ်ကြလို့လဲဟင် အန်ကယ်လ်''

အေမီမြိုင်က ဘီးတပ်ကုလားထိုင်ကိုတွန်းရင်း လှမြတ်ဆွေအနီးသို့ ကပ်လာ၏ ။

''ညီမလေး ဆွေရယ်''

အေမီမြိုင်က ဆွေ့လက်မောင်းကိုမှီတွယ်ကာ ငိုချလိုက်သည်။

''ဟင့့်  ဘာ ဖြစ်တာလဲ။ ဘာ ဖြစ်လို့လဲ။ ဆွေ့ကို ပြောစမ်းပါ''

''စိတ်ခိုင်ခိုင်ထားပြီး နားထောင်ပေတော့ သမီး။ အခုပဲ အိမ်ကို လာအကြောင်းကြားသွားကြတယ်''

ဦးဘမြိုင်က ခံစားမှု ကင်းမဲ့သည့်အသံဖြင့် တစ်လုံးချင်း ပြောသည်။

''ဗိုလ်သန့်စင်မြိုင်ဟာ ရှေ့တန်းတစ်နေရာမှာ တိုက်ပွဲကျသွားပြီတဲ့''

''အမယ်လေး''

လှမြတ်ဆွေ စူးရှစွာ အော်ဟစ်လိုက်မိသည်။

ဒေါ်ပပမြိုင်နှင့် အေမီမြိုင်က ကျယ်လောင်စွာ ဖွင့်ငိုချလိုက်၏ ။

လှမြတ်ဆွေက ခေတ္တမျှ ကြောင်ငေး၍ ရပ်နေမိသည်။ ပြီးတော့ သူမကိုယ်သူမ ဘာလုပ်မိမှန်းမသိဘဲ အိမ်ထဲမှ ပြေးထွက်ခဲ့လေသည်။

ဆွေသည် အိမ်ထဲမှ မနားတမ်း ပြေးထွက်လာခဲ့သည်။ မိမိ အိမ် ရောက်သည်ထိ သုတ်ခြေတင်ပြေးခဲ့သည်။ ရင်ထဲမှာ ဗလောင်ဆူနေသည်။ တွေ ဝေနေသည်။ လှုပ်ရှားနေသည်။

ဒေါ်ခင်ဆွေသည် ကြောင်တောင်သော မျက်လုံးများ ဖြင့် ရည်ရွယ် ချက်မဲ့စွာ ပြေးဝင်လာသော သမီးကို အမြင်တွင် အံ့သြထိတ်လန့်သွားသည်။

''သမီ့း့  ဘာ ဖြစ်လာတာလဲ။ ဘာ ဖြစ်လို့လဲ''

''မေမေ''

ဆွေသည် မိခင်ရင်ခွင်ထဲတွင် အားကိုးမှီတွယ်ရင်း ခံစားသမျှ ဖွင့်ငိုချလိုက်သည်။

''မေမေရယ်''

ကြေကွဲစွာ ရှိုက်ငိုရင်း သတိလစ်မေ့မျော့သွားတော့၏ ။

•••

အလွမ်းကို အလုပ်ကြိုးစားရင်းဖြင့် ဖြေဖျောက်ခဲ့ရ၏ ။။

ပူဆွေးတမ်းတချိန်မရအောင် အလုပ်တွေ ဖိလုပ်ပစ်လိုက်သည်။

နောက်တစ်နှစ် အကြာတွင် ဆွေ အလှပြင်ခန်းမတစ်ခု ဖွင့်နိုင်ခဲ့ သည်။ မည် သူနှင့် မှ စပ်တူမဟုတ်သော ပတမဆုံးတစ်ဦးတည်း ပိုင်စီးပွားရေး လုပ်ငန်း။ မိတ်ကပ်နှင့် ဆံပင်အလှပြုပြင်ရေး လုပ်ငန်းပါ။ ဗိုလ်ချုပ်ဈေးအပေါ် ထပ်မှာ ဆိုင်ခန်းဝယ်၍ ဖွင့်သည်။

ဆိုင်နာမည် ကို ဒေဝစ္ဆရာ ဟု ပေးသည်။ ထုံးစံအတိုင်း မိတ်ကပ် ဆံပင်ပညာရပ်မှာ ထိပ်တန်းရောက်နေသည့် မိန်းမလျာအလှဖန်တီးရှင်များ ကို အားကိုးရသည်။ သူတို့ကို ခေါ်ယူခန့်ထားရသည်။ ဆွေက ဆိုင်မှာ တစ်နေကုန် မထိုင်နိုင်။ အချိန်ပိုင်းနှင့် ကြီးကြပ်ရုံကြီးကြပ်နိုင်သည်။ မာမီ သိန်းဆိုတဲ့ မိန်းမလျာကြီးကို မန်နေဂျာခန့်ကာ တာဝန်တွေ လွှဲပေးထားရ၏ ။

ဒေဝစ္ဆရာ ဗြူတီပါလာသည် အောင်မြင်ခဲ့ပါ၏ ။ လှမြတ်ဆွေကိုလည်း အောင်မြင်သော ပွဲရုံပိုင်ရှင်အ ဖြစ်နှင့် နာမည် ကျော်အလှပြင်ဆိုင်ပိုင်ရှင်အ ဖြစ် လူသိများ လာသည်။

ဒီနှစ် ထဲမှာ ပင် ဦးဘမြိုင် လူကြီး ရောဂါ ဖြင့် ကွယ်လွန်ခဲ့လေသည်။

•••

ဆယ်နှစ် ဆိုသော ကာလသည် စီးပွားရေး လုပ်ငန်းများ မှာ ဇောက်ချ နှစ် မြုပ်လုပ်ကိုင်ရင်းနှင့် ပင် ကုန်မှန်းမသိကုန်လွန်သွားခဲ့သည်။

အောင်မြင်သော စီးပွားရေး လုပ်ငန်းများ မှာ လှပသော လှမြတ်ဆွေ ၏ မေတ္တာကို ကမ်းလှမ်းသူများ က များ လှပါပေ၏ ။ ကိုယ်တိုင်ရော၊ မိဘမှ တစ်ဆင့်ရော ရင်းနှီးသူများ မှတစ်ဆင့်ပါ ကမ်းလှမ်းစေ့စပ်ခဲ့ကြသည်။ ဆွေ့ နှလုံးသားက မောင်နှင့် အတူ ပါသွားခဲ့ပြီ။ ကမ်းလှမ်းသမျှကို ဆွေ ငြင်းခဲ့သည်။

ဘွားဘွားကြီးဆုံးပြီးချိန်မှာ တော့ မေမေက ဆွေ့ကို အိမ်ထောင်ပြု စေချင်ပြီ။ သူတိမ်းပါးသွားလျှင် တစ်ယောက် တည်း ကျန်ခဲ့မည့်  ဆွေ့အတွက် တွေး၍ ပူပန်ရှာသည်။

''မေမေ့သမီးက ယောက်ျားအားကိုးရှိမှ ရပ်တည်နိုင်တဲ့ မိန်းမမျိုး မဟုတ်ပါဘူး မေမေရဲ့ ။ ယောက်ျားမရှိတာနဲ့လည်း မိန်းမ တစ်ယောက် ဘဝဟာ လုံခြုံမှု မဲ့မ သွားပါဘူး။ သမီးအတွက် စိတ်မပူပါနဲ့ မေမေ။ သမီး စီးပွားပဲ ရှာပါရစေ''

ခုတော့ ဆွေ့ကိုစိတ်မချသော မေမေလည်း မရှိတော့ပြီ။ မေမေနှင့် အန်တီဒေါ်ပပမြိုင်တို့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကြသည်။

ယခင်က မျှော်လင့်ချက်ကိုယ်စီဖြင့် မိသားစုသိုက်ဝန်းစွာ လှုပ်ရှား ရှင်သန်ခဲ့သော အိမ်ကြီးနှစ် အိမ်သည် အထီးကျန် မိန်းမသားနှစ် ယောက် ဖြင့် တိတ်ဆိတ်ချောက်ကပ်စွာ ကျန်ရစ်ခဲ့ပြီ။

ဆွေကမှ အပြင်ထွက်၍ စီးပွားရေး လုပ်ငန်းများ ဖြင့် မနေမနား လုံးပမ်းနေရ၍ အထီးကျန်မှု ကို သက်သာရာရစေနိုင်သေးသည်။ တကယ် ကို အထီးကျန်စွာ ဖြင့် အိမ်ကြီးတစ်လုံးမှာ အိမ်ဖော်မလေး တစ်ယောက် နှင့် ဒုက္ခိတဘဝကြီးဖြင့် ကျန်ရစ်ရသူ မမအေမီမြိုင်က ပို၍ ကံဆိုးရှာလေသည်။ ထို့ကြောင့် လည်း ဆွေက အေမီမြိုင့်ဆီ မကြာခဏ%သွားကာ ဖေးမကူညီရှာ ပါသည်။

ဘာလိုလိုနှင့် တင့်တင့်ပင် ကိုထင်ကျော်နှင့် အိမ်ထောင်ကျပြီး သား သမီးတွေ ထွန်းကားနေပြီ။ ဆွေသည် တင့်တင့်နှင့် ယှဉ်၍ ပတ်ဝန်းကျင်တွင် အပျိုကြီးရယ်လို့ အခေါ်ခံလာရသည်။

လွန်ခဲ့တဲ့သုံးနှစ် ကတော့ နိုင်ငံခြားသို့ အပြီးထွက်ခွာမည့်  မိတ်ဆွေ တစ်ယောက် က သူပိုင်တိုက်ခန်းရော ပုံနှိပ်စက်ကိုပါ ထုခွဲရောင်းချသွားလိုရာ ဆွေက ပစ္စည်းနှစ် ရပ်လုံးကို ဝယ်ယူထားလိုက်သည်။ ဒီလိုနှင့် ဆွေ့မှာ ပုံ နှိပ်စက်လုပ်ငန်း တစ်ခု တိုးလာရပြန်လေသည်။

ဆွေသည် ပွဲရုံလုပ်ငန်း၊ အလှပြင်ဆိုင်နှင့် ပုံနှိပ်စက်တို့ကို သက်ဆိုင် ရာတာဝန်ခံများ ခန့်ထားပြီး နိုင်နင်းစွာ အုပ်ချုပ်နိုင်ခဲ့သည်။

ကြီးကျယ်သော စီးပွားရေး လုပ်ငန်းကြီးများ ကို အုပ်ချုပ်နေရတော့ လည်း ဆွေ့နှလုံးသားတွေ က မာလာသည်။ လုပ်ငန်း ဆန်လာသည်။ လူက လည်း တည်ငြိမ်ရင့်ကျက်လာသည်။ ဒီလို အခြေအနေမျိုး၊ ဒီလို အသက် အရွယ်မျိုးမှာ ဆွေသည် အချစ်ဆိုသော နှလုံးသားခံစားချက်ကို မေ့လျော့၍ ပင် နေခဲ့ပါပြီ။

''ဒင့့်  ဒင်'

နာရီသံချောင်းခေါက်သံနှစ် ချက်က ဆွေ့အတွေးတွေ ကို လှုပ်နှိုးလိုက် သည်။ မောင်နဲ့တူတဲ့ ကောင်လေးအကြောင်းကို တွေးရတာ နဲ့ ဆွေ့မှာ အိပ် မပျော်တဲ့ ရက်တွေ ဆက်လာသည်။

သက်မှူးအောင်သည် ဆွေ၏ အိပ်ပျော်နေသော နှလုံးသားကို တစ် ဖန် ပြန်၍ နိုးထစေသူ။ ဆွေ၏ အိပ်စက်ခြင်းများ ကို လုယူနိုင်သူ။ ဆွေ့ကို စိုးမိုးနိုင်သူပါလား။ ဒါဟာ မောင်နဲ့တူတဲ့ အချက်တစ်ခုထဲကြောင့် လား။ ဆွေ မတွေးတတ်တော့။

လောလောဆယ်မှာ တော့ သူ့အကြောင်းတွေးရတာ နဲ့ အိပ်မပျော် တော့ပြီ။ အိပ်ပျော်ရင်လည်း အိပ်မက်ထဲအထိ အလည်လာဦးမယ် ထင်ပါရဲ့ ။

•••

ဆွေကပင် သက်မှူးအောင်နှင့် မဆုံ ဆုံအောင် ဖန်တီးခဲ့လေသည်။

မိတ်ဆုံထမင်းစားပွဲဟု အကြောင်းပြကာ တင့်တင့်တို့ လင်မယားကို ဖိတ်လိုက်သည်။ တစ်ပါတည်း သက်မှူးအောင်ကိုပါ ဖုန်းဆက်၍ ဖိတ်လိုက်၏ ။

ထမင်းစားပွဲနေ့တွင် ဆွေ အစွမ်းကုန် ပြင်ဆင်ချယ်သထားမိသည်။ ဒေဝစ္ဆရာမှ မာမီသိန်းကို တစ်နေကုန်အိမ်ခေါ်ထားပြီး အလှတွေ အမျိုးမျိုး ပြင်ခိုင်းနေမိသည်။

''တို့မမက ထူးတယ်ဟေ့။ သိပ်လှချင်နေတာ ဘာ ဖြစ်လို့လဲ။ ပြော ပြော။ သိန်းကိုတော့ ပြောရမှာ ပဲ့  အဟင့်'' ဟု မာမီသိန်းကပင် စကား အစ်ယူရတော့သည်။

ညစာစားပွဲတွင် ဆွေ သိပ်ပျော်နေသည်။ သွက်နေသည်။ ရွှင်နေ သည်။

သူမ မျှော်မှန်းခဲ့သလိုပင် ဒီပွဲကြောင့် သူမနှင့် သက်မှူးအောင်တို့ ပို၍ ရင်းနှီးခွင့်ရခဲ့လေ၏ ။

ဒါက တစ်ကြိမ်။

•••

'' - - - -အဲဒါ မင်း လာပြင်ပေးနိုင်မလားလို့ပါကွယ်''

''ရပါတယ် မမ။ ကျွန်တော် လာခဲ့ပါ့မယ်။ အခု ချက်ချင်း ထွက်လာခဲ့ပါပြီ မမ''

တကယ်တမ်းက မျက်နှာကျက်မီးလုံး မလင်းတာ ကြာပါပြီ။ ဒါကို အကြောင်းပြပြီး ခေါ်မိတော့ ကိုယ့်ဟာကိုယ် လိပ်ပြာမလုံ ဖြစ်ရင်းကနေ ဆွေက သက်မှူးအောင် လာလမ်းကို မျှော်နေမိပြန်၏ ။

''အားနာလိုက်တာကွယ်။ အိမ်မှာ ယောက်ျားသားကလည်း မရှိ။ အမြင့်ကြီးဆိုတော့ မမလည်း မတက်နိုင်ဘူးကွယ့်''

''ရပါတယ် မမ။ ကျွန်တော့် သာ ပြပါ။ ကျွန်တော် လုပ်နေကျပါ''

မျက်နှာကျက်မှာ ကပ်လျက်တပ်ဆင်ထားသည့် မီးအုပ်ဆောင်းကို ဆွေက လက်ညှိုးထိုးပြလိုက်သည်။

သက်မှူးအောင်က အပေါ်အကျကို ချွတ်ပစ်လိုက်ကာ စွပ်ကျယ် ဂျိုင်းပြတ်ကလေးဖြင့် လုပ်စရာရှိတာကို သွက်သွက်လက်လက် လုပ်သွားသည်။

ခြံထဲမှ ဒေါက်လှေကားကိုယူ၍ မီးလုံးအောက်မှာ ထောင်လိုက်ကာ ပုဆိုးကို ခါးတောင်းကျိုက်၍ ကျင်လည်စွာ တက်သွားသည်ကို ကြည့်ကောင်း ကောင်းနှင့် ငေးကြည့်နေမိသည်။

သူက မီးအုပ်ဆောင်းမှ ဝက်အူများ ကို ဖြုတ်။ မီးလုံးအသစ်လဲတပ် နှင့် မြန်ဆန်စွာ လုပ်ပေးသွားသည်။ ဒီမီးလုံးကျွမ်းနေတာ ကံကောင်းတာပဲဟုပင် တွေးမိ၏ ။ ဟိုးရှေးကတည်းက ကျွမ်းနေတဲ့ မီးသီးကိုအကြောင်းပြကာ သူနှင့် တွေ့ ဖို့ ဆွေဖန်တီးခဲ့မိ၏ ။။

ဒါကတစ်ကြိမ်။

•••

ကျူရှင်ခန်းထဲကို လှမြတ်ဆွေ ဝင်လာတော့ သက်မှူးအောင်က တအံ့တသြ မော့ကြည့်သည်။ ခြောက်နာရီကျော်၍ ကျူရှင်တန်းများ မရှိတော့။

''လာ့  မမ ထိုင်။ ဘယ်က လှည့်လာတာလဲ''

''ဒီကိုပဲ လာတာပါ''

ကိုထင်ကျော် အိမ်ပြန်သွားတဲ့အချိန်ကို တမင်ရွေးပြီးလာတာလို့တော့ ပြောလို့ မ ဖြစ်ပါ။

ဆွေသည် လက်ဆွဲအိပ်ထဲမှ ပစ္စည်းကို ဆွဲထုတ်ရင်း မလုံမလဲနှင့် ရှက်အမ်းအမ်းကြီး ဖြစ်နေသည်။

''အဟင်း''

ဆွေက မရေမရာနှင့် အရှက်ပြေရယ်သွမ်းသွေးလိုက်၏ ။

''ဟိုလေ့  ငါ့မောင်အတွက် ငါးပိကြော်လာပို့တာ''

"ဟာ့  ဒုက္ခရှာလို့ မမရယ်''

''အို့  ဘယ်ဒုက္ခရမှာ လဲ။ မင်း ကိုယ့်ဟာကိုယ် ထမင်းချက် စားနေရတာ မမ သိလို့လုပ်လာတာ။ အဆင်သင့်စားနိုင်တာပေါ့။ ယောက်ျား လေး တစ်ယောက် တည်း ဖွယ်ဖွယ်ရာရာ ဘယ်ချက်နေနိုင်မှာ လဲ။ ဟုတ်ဖူးလား။ ရော့  ဒါက ငါးပိကြော်ပုလင်း။ ဒါက ငါးခြောက်ကြော်ပုလင်း''

ဒါက တစ်ကြိမ်။

•••

အကြောင်းအမျိုးမျိုးပြ၍ သူနဲ့ဆုံအောင် ဖန်တီးခဲ့မိ၏ ။

ဒါတင်မကသေး။

ဆုံသည့်အခါတိုင်းလည်း စကားလက်ဆုံကျရင်း မိမိ ပြောလိုသည့် စကားများ ကို မရောက်ရောက်အောင် ဆွယ်၍ ပြောမိခဲ့သေးသည်။

''ဆွေမျိုးတွေ က တိုက်တွန်းကြပါတယ်။ မောင်တစ်ကျိတ် ရှိတဲ့မိန်းမ တောင် ယောက်ျားမရှိ မတင့်တယ်ဘူးပေါ့လေ။ မမက မောင်မပြောနဲ့ မွေးချင်း တောင်ရှိတာ မဟုတ်တော့ စိတ်မချကြဘူးပေါ့။ အိမ်ထောင်ပြုဖို့ တိုက်တွန်း ကြတာလေ။ ဘာလုပ်မလဲကွယ်။ ဒီအရွယ်ထိ တစ်ကိုယ်တော် နေလာပြီးမှ ဘာလို့ အားကိုးရှာရမှာ လဲ။

''အဲ့  တစ်ခုတော့ရှိတယ်။ ကိုယ် အမှန်တကယ်ချစ်တဲ့ လူ တွေ့ ရင်တော့ အိမ်ထောင်ပြုရင်ပြုမှာ ပေါ့။ ဒါ ကတော့အချစ်ကိုး။ အားကိုးရှာရုံ သက်သက်နဲ့တော့ ယောက်ျား တစ်ယောက် မယူချင်ဘူးကွယ်။

''အချစ်စစ် အချစ်မှန်ဆိုတာမျိုးကို တွေ့ လာခဲ့ရင်တော့ အိမ်ထောင် ပြုသင့်ပြုရမှာ ပေါ့လေ။ အဲဒီ သူဟာ မမက ချစ်တဲ့သူလည်း ဖြစ်၇မယ်။ သူ ကလည်း မမကို နှစ် နှစ် ကာကာ ချစ်မယ်ဆိုရင်ပေါ့''

လှမြတ်ဆွေသည် မိန်းမနောက်ပိုးကြီး ဖြစ်ခဲ့ပြီလား မသိပါ။

•••

တယ်လီဖုန်း မြည် သံက အဆက်မပြတ် ပေါ်ထွက်နေသည်။

ဖုန်းမြည် သံကြောင့် အိပ်ရာမှလန့်နိုးလာရ၏ ။ အိပ်ချင်စိတ်က မပျယ်သေး။ နှစ် နှစ် ခြိုက်ခြိုက် အိပ်ပျော်နေခြင်းကို နှောင့်ယှက်ခံလိုက်ရ၍ စိတ်တိုသွားသည်။

ခုတင်နှင့် လက်တစ်ကမ်းတွင် ရှိသော ခုံပုလေးပေါ်မှ တယ်လီဖုန်းကို အိပ်နေရင်းမှ လှမ်းယူလိုက်သည်။

''မမ''

ဖုန်းထဲကအသံကြောင့် လှမြတ်ဆွေ ဆတ်ခနဲတွန့်သွားသည်။

သက်မှူးအောင်အသံ။

''မမ့  အခုဖုန်းကိုင်တာ မမ မဟုတ်လားဟင်''

လှမြတ်ဆွေက ခုတင်ခေါင်းရင်းက မီးခလုတ်ကြိုးကို ဆောင့်ဆွဲလိုက် သည်။ တစ်ခန်းလုံး လင်းထိန်သွား၏ ။ မျက်လုံးများ ကျိန်းစပ်သွားရသည်။

''မမ့  ကျွန်တော် သက်မှူးအောင်ပါ။ ကြားတယ် မဟုတ် လားဟင်''

နာရီကို လှမ်းကြည့်လိုက်တော့ သုံးနာရီ။ ဘုရားရေ့  ဒီကောင် လေး ဘာစိတ်ကူးပေါက်လို့ ဒီအချိန်ကြီး ဖုန်းဆက်ပါလိမ့်။

''ကြားပါတယ် သက်မှူးအောင်။ မမဆွေ စကားပြောနေပါတယ်။ ဘာကိစ္စ''

''မမကို သတင်းတစ်ခုပို့စရာရှိလို့ပါ။ မမအိပ်ရေး ပျက်သွားပြီလား ဟင်''

''ရပါတယ်ကွယ်။ ပြောပါ''

''ကျွန်တော် အိပ်လို့ မပျော်ဘူးမမ။ မမ ပြောခဲ့ဖူးတဲ့စကား တစ်ခွန်း ကို တွေးနေမိလို့ပေါ့။ မမကိုလည်း ချစ်တဲ့သူ၊ မမကလည်း ချစ်တဲ့သူတွေ့ ရင် အိမ်ထောင်ပြုမယ်လို့ ပြောတာ မှတ်မိသေးလားးဟင်''

''အို''

''အဲဒီ နှစ် ချက်ထဲက တစ်ချက်နဲ့ညီတဲ့သူရှိလို့ မမကို အကြောင်းကြား တာပါမမ''

''ဟင်''

''ဟုတ်ပါတယ်မမ။ မမကသာ ပြန်ချစ်ဖို့လိုတာပါ မမ။ အဲဒါ တခြားသူ မဟုတ်ပါဘူး။ ကျွန်တော် ပါ မမ''

''အို''

ဆွေ လှဲနေရာမှ ဆတ်ခနဲ ထလိုက်မိသည်။

''မမကို ကျွန်တော် ချစ်တယ်''

ပြောပြီး သက်မှူးအောင်က ဖုန်းကိုချပစ်လိုက်သည်။

ဆွေကဖုန်းကိုကိုင်ရင်း ကတုန်ကယင်ကြီး ဖြစ်ကျန်ခဲ့သည်။ စိတ် တွေ သိပ်လှုပ်ရှားသွားရပြီ။

ဆွေသည် ထိုညက ပြန်၍ အိပ်မပျော်ပါလေတော့။

ခုတင်ပေါ်မှာ ဘယ်ညာလူးလွန့်ကာ အထီးကျန်အဖော်မဲ့ခြင်း၏ အခံရခက်ပုံကို ခါးသီးစွာ ခံစားလိုက်မိလေသည်။

•••

အဲဒီ လိုနဲ့ မောင့်အချစ်မောင့် အယုယတွေ ကို ဆွေ ရခဲ့သည်။

ပတ်ဝန်းကျင်ကိုလည်း ဆွေ မမြင်တော့။ ဘယ်သူ့ဝေဖန် သတိပေး စကားကိုမှလည်း နားမဝင်တော့။

ကိုယ့်ထက် ဆယ်နှစ် ငယ်တဲ့ကောင်လေးကို ဆွေသည် ယုံစားပုံအပ် ကာ လက်ထပ်ခဲ့ပါလေတော့၏ ။

တစ်လောကလုံးမှာ မိုးမမြင်လေမမြင် အပျော်ဆုံး လူ တစ်ယောက် ဟာ လှမြတ်ဆွေပဲ ဖြစ်မယ် ထင်ပါရဲ့ ၏ ။

•••

ဒေါ်အေမီမြိုင် စိတ်တွေ လှုပ်ရှားနေသည်။

ဒီနေ့ သက်မှူးအောင်နှင့် လှမြတ်ဆွေ ညစာလာစားကြမည် ။ ညစာ စားပွဲအတွက် အစားအသောက်များ ကို အလျှံပယ်ပြင်ဆင်ထားပြီးပြီ။

မီးဖိုချောင်ထဲအထိ ဝင်ပြီး နီထွေးကို ညွှန်ကြားပြောဆိုရုံနှင့် အား မရသေး။ ဒေါ်အေမီမြိုင်က ဝက်သားပေါင်းကို ကိုယ်တိုင်ပေါင်းလိုက်သေး သည်။ ဝက်သားပေါင်းသည် ဒေါ်အေမီမြိုင် အကောင်းဆုံး စီမံတတ်သော ဟင်းလျာ ဖြစ်သည်။

ငယ်ငယ်ကဆိုလျှင် နှစ် အိမ်စလုံးအတွက် ဝက်သားပေါင်းကို အေမီ မြိုင်က စီမံပေးနေကျ။ ဝက်သားပေါင်းကို မောင်လေး သန့်စင်မြိုင်က ကြိုက် သလို။ လှမြတ်ဆွေကလည်း ကြိုက်သည်။ သူမရဲ့ အကောင်းဆုံးလက်ရာကို သက်မှူးအောင် လျှာလည်သွားအောင် ကျွေးလိုက်ဦးမည် ။

အကျအနပြင်ဆင်ပြီးသည့်အခါ ပြတင်းပေါက်ဆီသွားရင်း တစ်ဖက် အိမ်မှ သက်မှူးအောင်တို့ ထွက်အလာကို မှန်ပြောင်းဖြင့် လှမ်းကြည့်ရင်း မျှော်နေမိပြန်တော့၏ ။။

•••

''ဟော့  သူတို့ ထွက်လာကြပြီ''

ဒေါ်အေမီမြိုင်က မှန်ပြောင်းကိုချရင်းပြောလိုက်၏ ။

''နီထွေ့  ခြံတံခါးကို အဆင်သင့်သွားဖွင့်ထားလိုက်''

လှမြတ်ဆွေတို့စုံတွဲ ဝင်လာချိန်တွင် ဘီးတပ်ကုလားထိုင်ကို တံခါးဝထိ လှိမ့်လာ၍ ကြို၏ ။

''ဂွတ်အီးဗနင်း ဆွေ''

ဒေါ်အေမီမြိုင်က ဘိုဆန်ဆန်နှုတ်ဆက်ရင်း လက်ကမ်းပေးလိုက် သည်။

''ကျေးဇူးတင်ပါတယ် မမကြီး''

ဆွေက တုန့်ပြန်လက်ဆွဲနှုတ်ဆက်သည်။

ပြီး သက်မှူးအောင်နှင့် နှုတ်ဆက်သည်။ သက်မှူးအောင်လက်က သူမလက်ကို ဆုပ်ကိုင်လိုက်သည့်အခါတွင် တော့ ဒေါ်အေမီမြိုင့်ရင်ထဲမှာ နွေး ခနဲ ဖြစ်သွားသည်။ ဒီလို နွေးထွေးလှိုက်လှဲသည့် ကြည်နူးမှု မျိုးကို တစ်ခါမှ မခံစားခဲ့ဖူး။

သက်မှူးအောင်ဟာ အနီးကပ်ကြည့်လေ သန့်စင်မြိုင်နဲ့ တူလေပါ လား။ ပြုံးပြနေသော သက်မှူးအောင်၏ သွားတက်လေးကို ကြည့်ရင်း ဒေါ်အေမီမြိုင်က တွေးမိသည်။

•••

နီထွေးသည် ထမင်းဝိုင်းဘေးမှလိုရာကို ဖြည့်ပေးရင်း သက်မှူး အောင်ကို ငေးကြည့်နေမိသည်။ အလွန်တစ်ရာချောမောသည့်လူ။ သူ့လောက် ချောတဲ့ယောက်ျားမျိုးကို နီထွေး တစ်သက်တာမှာ မတွေ့ ဖူးသေးချေ။ ချောမော ရုံမက တောင့်တင်းသန်မာသည့် ခန္ဓာကိုယ်။ သိမ်မွေ့နူးညံ့တဲ့ အမူအရာနဲ့ ယောက်ျားပီသလှသေးသည်။

နီထွေးသည် သက်မှူးအောင်နှင့် လှမြတ်ဆွေကို တစ်လှည့်စီ ယှဉ် ကြည့်နေမိ၏ ။ မမဆွေလည်း လှပါသည်။ သက်မှူးအောင်နှင့် ယှဉ်လိုက်တော့ အသက်ချင်းကွာတာ သိပ်သိသာနေသည်။ လိုက်ဖက်မညီဘူးလို့ နီထွေးက ထင်သည်။

နီထွေး ရင်မှာ လှမြတ်ဆွေကို မနာလိုစိတ် ဝင်လာမိရ၏ ။ သူက သိပ်ချမ်းသာတဲ့မိန်းမဆိုတော့ ကိုယ့်ထက်ငယ်တဲ့ လူချောလေးကို ခေါင်းခေါက် ယူနိုင်တာပေါ့လေ။

''နီထွေး''

ဘယ်လောက်ထိ အစဉ်းစားလွန်သွားသည်မသိ။ ဒေါ်အေမီမြိုင်က ခပ်ဆတ်ဆတ် ခေါ်လိုက်မှ တုန်သွားသည်။

''ဟင်းချိုထည့်ဦးလေ။ ဘယ်လို ဖြစ်နေလဲ။ ငေးတိ ငေးငိုင်နဲ့။ ဒီမိန်း ကလေး''

•••

ထမင်းစားပြီးတော့ ဧည့်ခန်းထဲကိုရွှေ$့ခဲ့ကြသည်။ အချိုတည်းရင်း စကားလက်ဆုံကျမိပြန်သည်။

''မောင်သက်မှူးအောင်က ဘယ်ဇာတိလဲကွယ့်''

''ကျွန်တော် ညောင်လေးပင်ကပါ''

''သြော့့်  ညောင်လေးပင်ကကိုး''

''ညောင်လေးပင်မြို့ပေါ် ကတော့ မဟုတ်ပါဘူး။ ညောင်လေးပင်နား က မဒေါက်ဆိုတဲ့ရွာကလေး''

''အို''

ဒေါ်အေမီမြိုင့်မျက်နှာမှာ အရိပ်တစ်ခု ဖြတ်ပြေးသွား၏ ။ သူမက မေးသင့်မမေးသင့် စဉ်းစားနေမိသည်။ သိချင်လွန်းသော မေးခွန်းကို မမေးဘဲ အောင့်အည်း မနေနိုင်ခဲ့ချေ။

''မောင်သက်မှူးအောင်ရဲ့ မိဘများ ကရော''

ထိုအမေးကြောင့် သက်မှူးအောင် မျက်နှာညှိုးသွား၏ ။ လှမြတ်ဆွေ ကို လှည့်ကြည့်လိုက်သည်။

''ကျွန်တော့်အကြောင်းကို မမတောင် သေချာမသိသေးဘူး ခင်ဗျ။ မမကလည်း မမေးတော့ ပြောမပြ ဖြစ်ခဲ့ဘူး''

''အို့  မမကြီး မေးတာလွန်သွားရင် ခွင့်လွှတ်ပါကွယ်။ မမ ကြီး သိပ်စပ်စုမိပြီ ထင်ပါရဲ့ ''

ဒေါ်အေမီမြိုင်က ပြာပြာသလဲ တောင်းပန်လိုက်သည်။

''မဟုတ်ပါဘူး မမကြီး။ ဆွေကိုယ်တိုင်က မောင့်အကြောင်းကို မမေးခဲ့တာပါ။ ဆွေ့သဘော ကတော့ ပြတ်တယ်လေ။ ဆွေချစ်တာ မောင့်ကိုပဲ။ မောင့်နောက်ကြောင်းရာဇဝင်ကို သိဖို့ မလိုပါဘူး။ ဒါပေမဲ့ မောင်ဟာ နောက် ပိုင်း ရှင်းခဲ့တယ်ဆိုတာ ဆွေ သိပါတယ်။ မောင့်မှာ မိဘနှစ် ပါးစလုံး မရှိတော့ ဘူးဆိုတာလည်း သိတယ်။ ဆွေတို့နှစ် ယောက် လုံးက ဘဝတူ။ လက်ထပ်မယ် ဆိုတော့ ခွင့်တောင်းစရာ မိဘရယ်လို့ မရြှိ ကတော့ နှစ် ယောက် သဘောတူ လက်ထပ်ခဲ့ကြတာပဲလေ။ အဲဒီ လို စိတ်ရှင်းခဲ့လို့ မောင့်အကြောင်းကို ဆွေ ကိုယ်တိုင် မမေးခဲ့တာပါ။ မမကြီးက ရင်းနှီးတဲ့သူ တစ်ယောက် အနေနဲ့ မေး တာဟာ စပ်စုရာ မကျပါဘူး မမကြီးရယ်''

ဆွေက ပြေရာပြေကြောင်း ဝင်ပြောသည်။

သက်မှူးအောင်က သက်ပြင်းကိုချလိုက်၏ ။

''ကျွန်တော့်ဘဝက မကောင်းပါဘူးမမကြီးရယ်။ ကျွန်တော် က မိဘ မဲ့တစ်ကောင်ကြွက်ပါ။ ကျွန်တော် မရှက်တမ်း ဝန်ခံရရင် ကျွန်တော့်မိဘရင်း ဘယ်သူဆိုတာတောင် ကျွန်တော် မသိခဲ့ပါဘူး''

''ဘာ''

''ဟုတ်ပါတယ်။ တွေးကြည့်ရင်တော့ စိတ်နာစရာပဲ။ ကျွန်တော့် အမေဟာ မဒေါက်ဆိုတဲ့ မြို့ကလေးမှာ ကျွန်တော့် ကို တိတ်တိတ်ပုန်းလာပြီး မွေးခဲ့တာပါ။ ဒါကို သူများ တွေ ပြောပြလို့ ကျွန်တော် သိရတာ ''

''အို''

''ဘယ်လောက်ဆိုးသလဲဆို ကျွန်တော့်အမေဟာ ကျွန်တော့်ကို မွေးပြီး တောမှာ ဒီအတိုင်းပစ်ထားခဲ့တယ်''

''တော် ပါတော့ကွယ်''

''ကျွန်တော့်အကြောင်းကြားလိုက်လို့ မမကြီး စိတ်မကောင်း ဖြစ် သွားပြီလား။ ဆောရီးဗျာ''

ဒေါ်အေမီမြိုင်က ရင်ပတ်ကို လက်နှင့် ဖိလိုက်သည်။ ဆိုးလှချည် လား။ ဘယ်လိုအ ဖြစ်မျိုးများ လဲနော်။

ဒေါ်အေမီမြိုင် အတော် စိတ်ထိခိုက်သွားတယ်ဆိုတာ သိသာလှ သည်။ လှမြတ်ဆွေလည်း မျက်နှာမကောင်း။

''ဒီအကြောင်း တော် ကြပါစို့။ တခြားအကြောင်း ပြောင်းပြောကြပါစို့''

သို့သော် စကားဝိုင်းသည် တိတ်ဆိတ်သွားခဲ့ပြီ။ ဟိုတစ်ခွန်း ဒီတစ် ခွန်း ပြောနေကြသော်လည်း အသက်မပါတော့။ စိတ်ညစ်ညူးမှု က သုံးယောက် စလုံး ရင်ထဲမှာ နေရာယူခဲ့ပြီ။

ခဏကြာတော့ သက်မှူးအောင်နှင့် လှမြတ်ဆွေ နှုတ်ဆက်ပြန်သွား ကြ၏ ။

•••

ဧည့်သည်များ ပြန်သွာြး ကတော့ ဒေါ်အေမီမြိုင် အတွေးပေါင်းစုံနှင့် ကျန်ရစ်ခဲ့သည်။

ရင်တွေ တထိတ်ထိတ်ခုန်နေသည်။

မဒေါက်၊ ရွှေကျင်၊ ညောင်လေးပင်

သက်မှူးအောင် ပြောပြသွားသည့် နေရာဒေသအမည် များ က ဒေါ် အေမီမြိုင့်ကို ချောက်လှန့်လျက်ရှိသည်။

ပြီးတော့ မောင်သက်မှူး ပြောခဲ့သည့်အကြောင်းအရာများ ။

ကျွန်တော့်ဘဝက မကောင်းခဲ့ပါဘူး - - - ။

မိဘရင်း ဘယ်သူဆိုတာတောင် မသိဘူး - - - - ။

တိတ်တိတ်ပုန်းလာမွေးခဲ့တာ - - - - ။

ဒီအတိုင်း ပစ်ထားခဲ့တယ် - - - - ။

အို့  မဟုတ်ဘူ့း့  မဟုတ်ဘူး။ ဒီလိုမဟုတ်ဘူး။ ဒေါ်အေမီ မြိုင် အသံထွက်အော်မိမတတ် ဖြစ်သွားသည်။

ဒါတွေ ဟာ အိပ်မက်တွေ လား။ စိတ်ကူးယဉ်ထက်ဆန်းကျယ်တဲ့ တကယ့်အ ဖြစ်တွေ လား။

နှစ် ပေါင်းများ စွာ ဘဝသေခဲ့ရသော သူမရင်များ ပြန်လည်လှုပ်ရှား လာပြီ။

ထင်တဲ့အတိုင်း မဟုတ်ပါစေနဲ့လို့လည်း ငြင်းဆိုပစ်လိုက်ချင်သည်။ ထင်တဲ့အတိုင်း ဟုတ်နေပါစေလို့လည်း ဆုတောင်းမိသည်။

ဒွိဟစိတ်များ ဖြင့် သူမနှလုံးသားများ တဒိုင်းဒိုင်း ခုန်နေ၏ ။

''နီထွေးရေ''

အသံကုန်မြှင့်ခေါ်လိုက်သော်လည်း အသံက ချောက်ကပ်စွာ ထွက် ပေါ်လာသည်။

သို့သော် နီထွေး ကြားပါသည်။

''ရှင် အန်တီ''

''ဆေးယူခဲ့''

ဆေးသောက်လိုက်သော်လည်း ရင်ကငြိမ်မသွား။

အတွေးများ က ယောက် ယက်ခတ်နေသည်။

သား - သား - သားကလေး

သူဟာ ငါ့သားကလေးများ လား

ဒေါ်အေမီမြိုင်သည် ပြူးကြောင်သော မျက်ဝန်းများ ဖြင့် ရှေ့တည့် တည့်ကို စိုက်ကြည့်ရင်း လက်က ဘီးတပ်ကုလားထိုင်၏ လက်တန်းနှစ် ဖက်ကို တင်းတင်းကြီး ဆုပ်ကိုင်ထားမိသည်။

နီထွေးသည် ဒေါ်အေမီမြိုင်. ထူးခြားသော အမူအရာကို အကဲခတ် နေ၏ ။

•••

လက်ကို ဖမ်းအဆွဲခံလိုက်ရ၍ သက်မှူးအောင်နောက်ကို လှည့်ကြည့် လိုက်သည်။

''ဟင့့်  ပြုံးပြုံး''

''သြော့  မှတ်မိသေးတယ်နော်''

မိန်းကလေးက ခပ်စိမ်းစိမ်း ကြည့်၍ ပြောသည်။

''စကားနာတွေ ထိုးမနေပါနဲ့ပြုံးရာ။ ရန်ကုန်ကို ဘယ်တုန်းက ရောက်နေလဲဟင်''

''ပြုံး ရန်ကုန်ရောက်နေတာ လနဲ့ချီ ကြာနေပါပြီ ကိုသက်။ ကိုသက် ကို ဘယ်လိုဆက်သွယ်ရမှန်း မသိလို့။ ကိုသက် ကတော့ မေ့နေပြီပေါ့။ ရန်ကုန်မှာ သူဌေးကြီး ဖြစ်နေပြီကိုး''

''လာ့  ပြုံး။ တစ်နေရာရာသွားရအောင်။ လမ်းမကြီးမှာ ရပ် ပြီး စကားပြောရတာ မကောင်းပါဘူး''

မနီးမဝေးရှိ အအေးဆိုင်တစ်ခုမှာ ထိုင် ဖြစ်သည်။

''ကဲ့  ဆိုပါဦးပြုံး။ အခု ရန်ကုန်မှာ ဘာလာလုပ်နေတာလဲ''

ပြုံးပြုံးက မဲ့ပြုံးပြုံး လိုက်သည်။

''ကိုသက်နဲ့နီးအောင် ကိုသက် ရှိတဲ့ ရန်ကုန်ကို လိုက်လာတာလေ။ ဒါပေမဲ့ ဒီရောက်တော့ ကိုသက်ကဘဝသစ်မှာ ပျော်နေပြီပဲ။ ပြုံး ကိုသက် လိပ်စာစုံစမ်းပါသေးတယ်။ ဆရာဦးထင်ကျော် ကျူရှင်မှာ သွားမေးတော့ ဆရာက ပြုံးကို အဖက်မတန်သလို ဆက်ဆံတယ်။ ကိုသက်လိပ်စာကိုလည်း မပြောဘဲ ဝေ့လည်ချောင်ပတ် လုပ်နေတယ်လေ''

ဦးထင်ကျော်ကလည်း ညောင်လေးပင်သားမို့ သက်မှုးအောင်နှင့် ပြုံးပြုံးအကြောင်း ကောင်းကောင်းသိနေသည်။ သက်မှူးအောင် အိမ်ထောင် ကျနေပြီမို့ သူ့ရည်းစားဟောင်းပြုံးပြုံးကို လိပ်စာပြောမပြတာ သဘာဝ ကျပါ သည်။ ဆက်ပြီး ဇာတ်ရှုပ်နေမှာ စိုး၍ ရေငုံနှုတ်ပိတ်နေခဲ့ခြင်း ဖြစ်မည် ။ ဆရာ့ရဲ့ အမျှော်အမြင်ရှိတဲ့သဘောထားကို သက်မှူးအောင် သိထားပြီးပြီပဲ။

''အခု ပြုံး ဘယ်မှာ နေလဲ''

''ဦးလေးအိမ်မှာ ပေါ့။ ဦးလေးမိန်းမ အငြိုငြင်ခံပြီး ကပ်ရပ်နေနေရ တာလေ။ ပြုံး ကတော့ ကိုသက်နဲ့အတူ ရန်ကုန်မှာ ဘဝသစ်တစ်ခုစမယ်ဆိုပြီး မျှော်လင့်ချက်ကြီးနဲ့ လာခဲ့တာ။ ဒီရောက်တော့ ဟွန့်း့  မပြောလိုက်ချင်ပါ ဘူး။ ခု ပြုံး ဘာလုပ်နေရလဲ သိလား။ သိမ်ကြီးဈေးက အထည်ဆိုင်တစ်ဆိုင် မှာ လုပ်ခလေးတစ်ပဲခြောက်ပြားနဲ့ အကူလုပ်နေရတယ်''

ပြုံးပြုံးက တရစပ် ရန်တွေ့ နေသည်။

သက်မှူးအောင် ရင်မောရပြီ။

သူ ပြုံးပြုံးကို သံယောဇဉ်ရှိပါသည်။ ချစ်လည်းချစ်သည်။

သူ့အနွံအတာခံခဲ့တဲ့ ပြုံးပြုံး။ သူဘယ်လောက်ဆိုးဆိုး ခွင့်လွှတ်ခဲ့တဲ့ ပြုံးပြုံး။ သူ့ကို သိပ်ချစ်တဲ့ပြုံးပြုံးရယ်လေ။

''ကိုသက် အမှားပါလေ။ ကိုသက်ကို ခွင့်လွှတ်ပါ။ နားလည်ပါ ပြုံး။ နားလည်လိမ့်မယ်လို့လည်း ကိုယ်မျှော်လင့်တယ်။ ကိုယ် အိမ်ထောင်ပြု တာဟာ'' ကိုသက်က ဆက်ပြောရမည့် စကားအတွက် ပြုံးပြုံးကို အားနာပြီး နှုတ်ဆွံ့နေမိသည်။

''ကိုယ် အိမ်ထောင်ပြုတာ ဘဝတက်လမ်းအတွက်လို့ပဲ မှတ်လိုက်ပါ ပြုံး။ ကိုသက်တို့ ဘယ်လောက်ရုန်းကန်ခဲ့ရလဲ။ ဘယ်လောက် ဆင်းရဲပင်ပန်း ခဲ့လဲ။ အမေဆို ဆင်းရဲပင်ပန်းတဲ့ဒဏ်ကြောင့် သေခဲ့ရပြီ။ ဒါတွေ ပြုံး နား လည်မှာ ပါလေ။ ကိုသက် ဆက်ပြီး အဆင်းရဲမခံနိုင်တော့ဘူး ပြုံး''

''ဒါနဲ့ပဲ သူဌေးမကြီးကို လက်ထပ်လိုက်တယ် ဆိုပါတော့''

''ပြုံး နားမလည်သေးပါလား။ ဒါကိုယ် တစ်ယောက် တည်းအတွက် အတ္တဆန်ခဲ့တာ မဟုတ်ပါဘူး''

''ဟာ့  ဟ့  ရယ်ရတယ်။ မိန်းမရပြီးကတည်းက ဘာမှ အဆက်အသွယ်မလုပ်တဲ့သူကများ ''

''ဒါက အကြောင်းအမျိုးမျိုး ရှိသေးတယ် ပြုံး။ ကဲပါ့  ပြုံး ရယ့့်  ခု ကိုသက်နဲ့ တွေ့ ပြီပဲ။ ပျော်ပျော်နေပါတော့။ ပြုံး ဒုက္ခတွေ ကို ကိုသက် ဖြေရှင်းပေးပါ့မယ်။ ကိုသက် တာဝန်ယူပါ့မယ် ပြုံးရယ်''

''ဟုတ်တယ့့်  ကိုသက် တာဝန်ယူရမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ပြုံးရဲ့ ကျေးဇူးတွေ ကိုသက်အပေါ်မှာ အများ ကြီးရှိခဲ့လို့ပဲ။ ဟုတ်တယ် မဟုတ် လား။ ပြီးတော့ ကိုသက် စွန့်ခွာသွားလို့ ပြုံး အများ ကြီး ခံစားခဲ့ရပြီ။ အသည်းကွဲခဲ့ရပြီ။ ဒီအတွက် ကိုသက်မှာ လျော်ကြေးပေးဖို့ တာဝန်ရှိတယ် လေ''

ပြုံးပြုံးက ဒီလိုပဲ ပွင့်ပွင့်လင်းလင်း ပြောတတ်သည်။ အဲဒီ လို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဟန်လေးများ ကိုပင် ကိုသက် ချစ်ခဲ့ရ တာ မဟုတ်လား။

ခုလည်း ပြုံးပြုံး ပြောသမျှတွေ ဟာ အမှန်တွေ ချည်းမို့ ကိုသက် လက်ခံလိုက်ရ၏ ။

''ရော့  ပြုံး၊ လောလောဆယ် သုံးဖို့ယူသွား။ ကိုသက်မှာ ဒါပဲ ပါသေးတယ်။ ပြုံးဦးလေးအိမ်လိပ်စာ ပေးခဲ့၊ ကိုသက် လာခဲ့မယ်''

ပြုံးပြုံးက သက်မှူးအောင် ထုတ်ပေးသော ငွေစက္ကူများ ကို လျင် မြန် ဖျတ်လတ်စွာ ကောက်ယူကာ ပိုက်ဆံအိတ်ထဲ တည့်လိုက်သည်။ မူပင် မူမနေအားတော့ပေ။

•••

ပြုံးပြုံး

ငယ်ငယ်ကတည်းက မိမိအတွက်အနစ်နာခံခဲ့သည်။

မူလတန်းကတည်းက မုန့်ဖိုးယူမလာနိုင်တဲ့ ကိုသက်ကို ပြုံးပြုံးကပင် သူ့မုန့် ခွဲဝေကျွေးသည်။

ကိုသက် ပိုက်ဆံလိုသည်ဆိုလျှင် သူ့အိမ်ကပိုက်ဆံကို ခိုးပေးသည့် ပြုံးပြုံး။ သူ့စုဗူးကို ဖောက်ပေးသည့်ပြုံးပြုံး။

ဆယ်တန်းစာမေးပွဲဖြေခါနီး မှာ ကိုသက်ရဲ့ မွေးစားအမေ ဒေါ်ခင် သက် ပန်းနာထကာ အိပ်ရာထဲလဲသည်။ အကြော်ကြော် ရောင်းစားရသော အမေ့မှာ ဝင်ငွေမရှိတော့။ ဆေးကုဖို့ထားလို့ စားဖို့ပင် အနိုင်နိုင်။ စိတ်ညစ် လွန်းလို့ ကိုသက်က စာမေးပွဲပင်မဖြေတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။

ပြုံးပြုံးက သူ့ဆွဲကြိုးလေးကို ချွတ်ပေးရှာသည်။

''ရော့  ဒါယူလိုက်။ ရောင်းပစ်လိုက်။ ရတဲ့ငွေနဲ့ နင့်အမေကို ဆေးကု။ ငါအိမ်ကို ကျပျောက်သွားပြီလို့ ပြောလိုက်မယ်။ နင့်တာဝန်က စာကောင်းကောင်းကျက်ဖို့ပဲ။ ဆယ်တန်းအောင်ရင် ဒီဝဋ်ဒုက္ခတွေ က ကျွတ်ပါ ပြီ ကိုသက်ရယ်''

ပြန်တွေးကြည့်တော့ ပြုံးပြုံး ကျေးဇူးတွေ က သူ့အပေါ်မှာ အများ ကြီး။ သူ့ကို အနစ်နာခံပြီး ချစ်ခဲ့တဲ့ပြုံးပြုံး။ အမျိုးမျိုး ပံ့ပိုးခဲ့တဲ့ ပြုံးပြုံး။

ဟုတ်ပါတယ် ပြုံးရယ်။ ပြုံး ပြောတာ မှန်ပါတယ်။ ပြုံး ကျေးဇူးတွေ ကိုသက်အပေါ်မှာ အများ ကြီးပါ။

ကိုသက်ကျေးဇူးမမေ့ပါဘူးကွယ်။ ပြုံးကျေးဇူးတွေ ကို ပြန်ဆပ်ပါ့မယ်။

ကိုသက် တတ်နိုင်သမျှ ပြုံးကို ကြည့်ရှုစောင့်ရှောက်ပါ့မယ်။

နောက်ပြီး

ပြုံးနဲ့ ပြန်တွေ့ မှ ကိုသက် ပြုံးကို အချစ်မပျယ်သေးဘူးဆိုတာ သိလာရပြီ ပြုံးရေ့ 

•••

နောက်တစ်ပတ်အကြာမှ သက်မှူးအောင် လှမြတ်ဆွေကို ပြော သည်။

''မမ ပုံနှိပ်တိုက်က အလုပ်ထွက်သွားတဲ့ ကောင်လေးနေရာမှာ လူလိုတယ် မဟုတ်လားဟင်''

''စာရင်းဇယားကိုင်ဖို့ စာရေး သဘော ခန့်ထားတာပါ။ မရှိလည်း ကိစ္စမရှိပါဘူး။ ကိုယ်တိုင်ကြီးကြပ်နေတာပဲ''

''မဟုတ်ဖူးလေ။ သိပ်အရေး မကြီးဘူးဆိုပေမယ့် ရှိနေရင် ကောင်း တာပေါ့။ မောင်မောင်တို့ မြို့က ကောင်မလေး တစ်ယောက် ချို့ချို့တဲ့တဲ့ထဲက ပါပဲ။ ရန်ကုန်မှာ အလုပ်လာရှာတာ အလုပ်မရသေးလို့ ကူညီတဲ့အနေနဲ့ အဲဒီ နေရာမှာ ခဏသွင်းထားလိုက်ရရင် ကောင်းမလားလို့''

''မောင်မောင် မျက်နှာနာရတဲ့သူမို့လား''

''ခင်နေလို့ပါ။ ကျောင်းနေဖက်သူငယ်ချင်းတွေ ပဲ''

''ယုံကြည်ရမယ်။ ရိုးသားမယ်ဆိုရင်တော့ ခန့်လိုက်လေ။ သူ့လခ အတွက် မမတို့မှာ အပန်းကြီးတာမှ မဟုတ်တာ''

''သူက ဆယ်တန်းအောင်ပြီးသားပါ မမ။ အားကိုးရမှာ ပါ''

•••

အခန်း(၃)

အိပ်မက်လား။ တကယ်လား။

ရော်နီသွင် က သူမနောက်မှ ပြေးလိုက်လာသည်တဲ့။ သူမက ရော်နီသွင့်ကို မတွေ့ ချင်။

ထို့ကြောင့် သူမ ထွက်ပြေးသည်။

ရော်နီသွင်က နောက်မှလိုက်သည်။

''မီ့  မီ''

သူမအမည် ကို ရော်နီသွင်က အော်ခေါ်သည်။

''မလိုက်နဲ့။ ရှင့်ကိုမုန်းတယ်။ ရှင်မလိုက်နဲ့''

သူမက အသံကုန်ဟစ်အော်လိုက်သည်။

သို့သော် ခဏအကြာတွင် သူမသည် ရော်နီသွင့်ရင်ခွင်ထဲ ရောက်နေတော့၏ ။

''လွှတ့့်  လွှတ့့်  ကျွန်မကို လွှတ်''

ရော်နီသွင်က ဟားတိုက်ရယ်မောလိုက်သည်။

သူမရင်ထဲမှာ ခံပြင်းစိတ်များ ဖြစ်ပေါ်နေသည်။ ရော်နီသွင့်ကို မုန်းနေသည်။ ရော်နီသွင့်လက်ထဲမှ ရုန်းထွက်ချင်နေသည်။

သူမသည် တတ်နိုင်သမျှ ရုန်းထွက်ကြည့်၏ ။

ကြုံတွေ့ ရသော အ ဖြစ်အပျက်ကို အိပ်မက်သာ ဖြစ်လိုက်ချင်၏ ။

ဒါအိပ်မက်များ လားဟု တွေးမိသည်။

အိပ်မက်သာ ဖြစ်လိုက်ပါတော့။

စိတ်မောစွာ ရုန်းကန်နေဆဲ။ အိပ်ရာမှ လန့်နိုးသွားသည်။ ငါ အမှန်တကယ် အိပ်မက်မက်နေတာပဲ။

အ ဖြစ်ဆိုးဟာ တကယ်မဟုတ်မှန်း သိလိုက်ရ၍ စိတ်ထဲမှာ ပေါ့သွား သည်။

သို့သော် အိပ်မက်မက်စဉ်က တုန်လှုပ်ခဲ့သော ရင်ခုန်မှု များ က ပျောက်မသွား။ ရင်ထဲမှာ တုန်ယင်လှိုက်မော၍ ကျန်ခဲ့၏ ။

ဒေါ်အေမီမြိုင်သည် လက်ကိုထောက်၍ အိပ်ရာမှထလိုက်သည်။ ကိုယ်အထက်ပိုင်းက အိပ်ရာပေါ်မှ ကြွတက်လာသည်။

အာခေါင်များ ချောက်ကပ်နေသည်။ အမှော င်ထုထဲမှာ မွန်းကျပ်နေ မိ၏ ။

''နီထွေးရေ့  နီထွေး''

''---------''

''အေ့  နီထွေ့း့  ထစမ်း''

ဒေါ်အေမီမြိုင်၏ ခုတင်ဘေးကြမ်းပြင်တွင် ခြင်ထောင်တစ်လုံးနှင့် အိပ်မောကျနေသည့်နီထွေးကို အတော် နှိုးယူရသည်။

''ဟဲ့  နီထွေး''

''အင့့်  ရှင့့်  အန်တီ''

''ဆေးယူခဲ့စမ်း။ ရေပါ ခပ်ခဲ့''

နီထွေးက စိတ်မပါ့တပါထရင်း စားပွဲပေါ်မှာ အသင့်ရှိနေသည့် ဆေး ကို ယူသည်။ ရေခဲသေတ္တာထဲက ရေပုလင်းကိုသွားယူသည်။

ဒေါ်အေမီမြိုင်သည် ဆေးနှင့် အတူ ရေကိုတဝကြီး သောက်ပစ်လိုက် သည်။

''ငါအိပ်မက်ဆိုးတွေ မက်လို့။ လန့်လိုက်တာအေ။ ညည်း ပြန်မအိပ် နဲ့။ မီးဖွင့်ပြီး ငါ့နားမှာ ခဏထိုင်နေဦး''

•••

ဒီအိပ်မက်ဆိုးကို ဒေါ်အေမီမြိုင် ခဏခဏ မက်သည်။ အိပ်မက်ထဲ တွင် ရော်နီသွင်သည် ဒေါ်အေမီမြိုင့်ကို အစဉ်လာရောက်နှိပ်စက်တတ်၏ ။

အမှန်တော့ ဒီအိပ်မက်သည် တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်တစ်ခု ၏ ပုံရိပ်သာ ဖြစ်ပါ၏ ။ အိပ်မက်ထဲကအတိုင်း ဒေါ်အေမီမြိုင် ကြုံတွေ့ ခဲ့ရသည်။ ဒီအ ဖြစ်အပျက်ကို စက်ဆုပ်ရွံရှာလွန်းပေမယ့် မေ့ဖျောက်ပစ်ဖို့ရာတော့ မစွမ်း သာ။

အ ဖြစ်ဆိုးသည် အိပ်မက်ဆိုးအ ဖြစ် ရံဖန်ရံခါ လာရောက်နှောင့် ယှက်တတ်မြဲ ဖြစ်လေသည်။

ရော်နီသွင်။ ရော်နီသွင်။ နင်ခုထိ စိတ်ဒုက္ခပေးနေတုန်းပါလား။

ဒေါ်အေမီမြိုင်သည် သက်ပြင်းကို အခါခါချနေမိသည်။ ဒီလူ့ကို သတိမရချင်ပါ။ မုန်းသည်။

သို့သော် ဒီလူပေးခဲ့သည့် ဒဏ်ရာတွေ က ဒေါ်အေမီမြိုင့်ဘဝမှာ ဖျောက်ဖျက်မရအောင် စွဲထင်ခဲ့ပြီ။ မုန်းသော်လည်း မေ့မရတော့။

ယခုတစ်ခါ တရားဓမ္မဖြင့် တည်ငြိမ်စပြုနေသော ရင်မှာ လှိုင်း ဂယက်တစ်ခု ထရပြန်ပြီ။

သက်မှူးအောင်။

နှစ် ပေါင်းများ စွာ ကြိုးစားမေ့ပျောက်ထားသော ဖြစ်ရပ်များ က သက် မှူးအောင်ကြောင့် လွန့်လူးနိုးထ ဆန်းသစ်လာရပြန်ပြီ။

သက်မှူးအောင် ဘယ်သူလဲ။

သက်မှူးအောင်၏ ရုပ်ရည်၊ သက်မှူးအောင်. ဇာတိ၊ သက်မှူးအောင် နောက်ကြောင်း ဖြစ်ရပ်များ က ဒေါ်အေမီမြိုင့်ကို သံသယပွားစေပြီ။

သူ့  သူ့  ကလေးဟာ့  ငါ့ရဲ့  ငါ့ရဲ့  ရင်သွေး လေးလာ့း့  သားကလေးများ လာ့း့  ကွယ့့် 

တွေးရင့်း့  တွေးရင့်း့  ဒေါ်အေမီမြိုင် စိတ်လှုပ်ရှားလာရပြန်ပြီ။ နှလုံး ရောဂါ သည် တစ်ယောက် ရဲ့ အ ဖြစ်က မလွယ်လှချေလား။ နည်းနည်း လေး မှ အထိခိုက် အငြိစွန်းမခံချေ။

•••

၁၀

''မမ ခရီးထွက်ဖို့ ရှိတယ် မောင်မောင်''

''ဘယ်ကိုလဲ''

''ပြည်ကို။ သန်ဘက်ခါ သွား ဖြစ်မယ်။ ကိုယ့်ကားနဲ့ကိုယ်ပဲ သွားမယ် မောင်မောင်''

''မောင်မောင် လိုက်ခဲ့ရမှာ ပေါ့နော်''

''မောင်မောင် မလိုက်နဲ့လေ။ စာမေးပွဲနီးနေပြီ။ စာကျက်ပြီး နေခဲ့ပါ။ ဒီခရီးက မမ သွားနေကျ။ စိတ်မပူနဲ့။ အိမ်မှာ သာ စာကျက်နေခဲ့နော် မောင်မောင်''

သက်မှူးအောင်၏ တတိယနှစ် စာပေးစာယူသင်တန်း စာမေးပွဲက လပိုင်းသာ လိုတော့သည်။

''မမ ဘာကိစ္စနဲ့ သွားမှာ လဲဟင်''

''ပြည်က လုပ်ငန်းရှင်တွေ နဲ့ စာရင်းရှင်းဖို့ရယ်။ ပြည်က ပို့တဲ့ ကတွတ်ယိုတွေ လမ်းမှာ ကြာလို့ ပျက်စီးကုန်တဲ့အကြောင်း ဆွေးနွေးဖို့ရယ်ပါ။ ရောက်တဲ့ညနေပဲ ဒီကိစ္စက ပြတ်မှာ ပါ။ အခြေအနေပေးရင်တော့ မမ တောင် တွင်းကြီးထိ ဆက်သွား ဖြစ်လိမ့်မယ် မောင်မောင်''

''ပင်ပန်းလိုက်တာ မမရာ''

''တောင်တွင်းကြီးက ဆီးသီးပို့နေကျ ဆီးခြံရှင် တစ်ယောက် နဲ့ ညှိရဦး မယ်လေ။ လူချင်းဆုံပြီးပြောမှ ဖြစ်မှာ ဆိုတော့ လမ်းကြုံတုန်း တစ်ခါတည်း သွားတာ ကောင်းမလားလို့။ နောက်တစ်ခါသွားရရင် ထပ်ပြီး ပင်ပန်းဦးမှာ မို့ပါ မောင်မောင်ရယ်''

''မောင်မောင်တော့ တစ်ယောက် တည်း လွမ်းနေရတော့မှာ ပဲ မမ ရာ''

''ပိုပြီ မောင်မောင်ပို။ အိမ်မှာ ပဲ စာကျက်နေပါ မောင်မောင်ရယ်''

''မောင်မောင် ပျင်းတယ် မမရယ်။ မောင်မောင်လည်း အလုပ် လုပ်ချင်တယ်။ မောင်မောင့်ကို ပုံနှိပ်တိုက်မှာ ဖြစ် ဖြစ် တစ်ခုခုခိုင်းစမ်းပါမမရဲ့ ။ အလှပြင်ဆိုင်မှာ တော့ မိန်းမလျာတွေ နဲ့ အလုပ်မလုပ်ချင်ဘူး။ ပွဲရုံကလည်း ဆရာတို့ မမတင့်တို့နဲ့ စပ်တူဆိုတော့ မောင်မောင် မလုပ်ချင်ဘူး။ ပုံနှိပ်တိုက်မှာ မောင်မောင်ဝင်ပြီး ဦးစီးလိုက်မယ်လေနော်''

''မောင်မောင်လုပ်မယ်ဆိုရင် လုပ်စရာအလုပ်တွေ အများ ကြီး ရှိပါ တယ်။ လက်ရှိအလုပ်တွေ မကြိုက်ရင် လုပ်ငန်းအသစ်ထူထောင်လို့တောင် ရသေးတယ်။ ဒါပေမဲ့ မောင်မောင်ရယ့့်  မောင်မောင် ဘွဲ့ရအောင် ကြိုး စားလိုက်ပါဦး။ ဒီအသိုင်းအဝိုင်းမှာ မျက်နှာပန်းလှလှ ကျင်လည်ဖို့အတွက် ဘွဲ့တစ်ခု လိုသေးတယ် မောင်မောင်ရဲ့ ။ မမလေ့  မောင်မောင့်ကို ချစ် လွန်းလို့သာ၊ အရင်စိတ်မျိုးနဲ့သာဆိုရင် ဘွဲ့လေးတစ်ခုတောင် မပိုင်သေးတဲ့ ယောက်ျား တစ်ယောက် ကို လက်ထပ်ဖို့များ ဝေလာဝေးပဲ။ ခုတော့ အများ က မမကို လှောင်စရာ ဖြစ်နေပြီ။ လှမြတ်ဆွေကြီး ဈာန်လျှောမယ့်လျှောတော့ ဘွဲ့မရသေးတဲ့ ကိုယ့်ထက်ငယ်တာလေးကို ကောက်ယူတဲ့အထိပဲတဲ့။ သူတို့ စကားတွေ ဂရုထားလွန်းလှလို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မောင်မောင် ဘွဲ့ အမြန်ရအောင် ကြိုးစားလိုက်စမ်းပါဦးကွယ်''

''စာမေးပွဲက အောင်မှာ ပါ မမ''

''မတော် တဆ မကျရအောင် စာကိုပဲကျက်ပါဦး မောင်မောင်ရယ်။ ဘွဲ့ရပြီးရင် မောင်မောင် အလုပ်တွေ မညည်းတမ်း လုပ်ရမယ် သိလား။ သြော့့်  ဒါနဲ့ ပုံနှိပ်တိုက်မှာ မောင်မောင် အလုပ်သွင်းပေးထားတဲ့ကောင် မလေးကော အဆင်ပြေရဲ့ လား''

''အင့်း့  အဲ့  ဟိုတစ်နေ့က ဝင်ကြည့်တော့ အဆင်ပြေ တယ် ပြောတာပဲ။ ကိုအောင်မြင့်နဲ့ အပ်ထားတယ်လေ''

''မောင်အောင်မြင့်ပဲ အလုပ်တွေ ပြပေးပါလိမ့်မယ်။ မမတောင် ပုံနှိပ်တိုက်ဘက် မရောက် ဖြစ်တာနဲ့ ဒီကောင်မလေးကို မမြင်ဖူးသေးဘူး''

•••

၁၁

ကားကို လမ်းထိပ်မှာ ထားခဲ့ရသည်။

မထားခဲ့လို့လည်း မ ဖြစ်ပေ။ ပြုံးပြုံးဦးလေးအိမ်ရှိရာ ကျူးကျော် ရပ်ကွက်၏ လမ်းကျဉ်းများ က ကားမဝင်သာ။

သက်မှူးအောင် လမ်းကြားထဲ ခြေကျင်လျှောက်ဝင်ခဲ့၏ ။

မိုးရာသီမဟုတ်ဘဲ ရွှံ့ဗွက်များ ၊ ချိုင့်ခွက်များ ဖြင့် ပြည့်နေသော လမ်း ကို သုံးလေးချိုးချိုးပြီးမှ လိုရာ အိမ်ကိုရောက်သည်။

ပြုံးပြုံးတို့အိမ်ရှေ့မှာ အင်္ကျီကိုယ်ချွတ်နှင့် ကလေးသုံးယောက် ဂေါ်လီ ပစ်နေကြသည်။ ပြုံးပြုံးဦးလေး၏ သားသမီးများ ဖြစ်ပုံရသည်။

''ပြုံးပြုံး ဒီအိမ်မှာ နေတယ် မဟုတ်လား''

''ဟုတ်တယ် မမပြုံး။ ဟောဒီမှာ အစ်မဧည့်သည်''

အသံကြား၍ ပြုံးပြုံးပြေးထွက်လာသည်။

''ဟယ့့်  ကိုသက် ‘ဒီအထိလိုက်လာတယ်''

''ရောက်ဖူးအောင် လာလိုက်တာပါ''

''ကိုသက် အဘွားကြီးသိလို့ စိတ်ဆိုးနေပါဦးမယ်။ ဘာနဲ့ လာလဲ''

''အိမ်ကကားနဲ့ပဲ။ အဘွားကြီး မရှိဘူး။ ခရီးထွက်သွားတယ်''

''သြော်''

မိန်းမကြီး တစ်ယောက် က ခန်းဆီးကိုလှပ်၍ သက်မှူးအောင်ကို ခေါင်းပြူကြည့်သည်။ သက်မှူးအောင် ပြန်ကြည့်လိုက်တော့ ခန်းဆီးချပြီး အခန်းထဲဝင်သွားသည်။

''အဒေါ်လေ''

ပြုံးပြုံးက တိုးတိုးပြောသည်။

''လမ်းထိပ်က လက်ဖက်ရည်ဆိုင် သွားရအောင်။ အိမ်မှာ စိတ်ညစ် စရာကြီး''

''သွားမယ်လေ''

''ခဏနေဦး။ ပြုံး အဝတ်လဲလိုက်ဦးမယ်''

ပြုံးပြုံး အခန်းထဲဝင်သွားတုန်းမှာ ကလေး တစ်ယောက် က သက်မှူး အောင် နားကပ်လာသည်။

''ဦးက ဘယ်သူလဲ''

''မင်း အစ်မသူငယ်ချင်းပေါ့ကွ''

''ကျွန်တော့်ကို မုန့်ဖိုးပေး''

ကလေး၏ ရဲတင်းမှု အတွက် ကိုသက် အံ့သြသွားရသည်။

အိပ်ကပ်ထဲကငွေစက္ကူတစ်ရွက်ကို ထုတ်ပေးနေဆဲ ပြုံးပြုံး ပြန်ထွက် လာသည်။။

''ဟယ့့်  မောင်မျိုး၊ နင် ဧည့်သည်ဆီက ပိုက်ဆံတောင်းနေ ပြန်ပြီ။ ဒီကလေးဟာလေ''

ကလေးက ရယ်ကျဲကျဲနှင့် ထွက်ပြေးသွားတော့သည်။

•••

''ကိုသက် စိတ်ညစ်သွားပြီ မဟုတ်လား''

လက်ဖက်ရည်ဆိုင် ရောက်ရောက်ချင်း ပြုံးပြုံး မေးသည်။

''အဲဒါကြောင့် ကိုသက်ကို အိမ်မခေါ်တာ။ ရှက်လို့။ ပြုံး အိပ်တော့ ဘုရားစင်ရှေ့မှာ ခြင်ထောင် ထောင်အိပ်ရတာ သိလား။ သူများ အိမ်နေတော့ သူများ အရိပ်အကဲ ကြည့်နေရတာ ပေါ့လေ''

သက်မှူးအောင်က လက်ဖက်ရည်ကို စိတ်မပါစွာ တစ်ငုံသောက် လိုက်သည်။

''ကိုသက်''

''ဟင်''

''ပြုံးကို အိမ်ခန်းတစ်ခန်းလောက် ငှားပေးပါလားဟင်''

''ငှားပေးချင်ပါတယ်။ စပေါ်က များ တယ် ပြုံးရဲ့ ။ ဘော်ဒါဆောင် ပြောင်းနေပါလားဟင်''

''ဘော်ဒါဆောင် မနေချင်ပါဘူး။ တစိမ်းတွေ နဲ့အတူနေပြီး ကျဉ်း ကျပ်တာချင်း အတူတူ။ ဒီအိမ်မှာ က ထမင်းချက်ရသက်သာသေးတယ်။ အဆောင်နေရင် ကိုယ့်ဟာကိုယ် ချက်စားနေရမှာ ပေါ့''

''အိမ်ခန်းငှားနေတော့လည်း ချက်ရမှာ ပဲ မဟုတ်လား''

''မတူဘူးလေ။ ကိုယ့်အိမ်ခန်းနဲ့ကိုယ်ဆိုတော့ ပင်ပန်းတာချင်း မတူဘူးလေ။ ပုံနှိပ်တိုက်က လစာနဲ့ ပြုံး လောက်အောင် စားနိုင်ပါတယ်။ မြို့ထဲနဲ့ ဝေးရင်ဝေးပါစေ။ သီးသီးသန့်သန့် နေနိုင်တဲ့အခန်းတစ်ခန်းလောက် ငှားပေးစမ်းပါ ကိုသက်ရယ်''

''ကိုသက် ငှားပေးချင်ပါတယ်။ ဒါမှ ကိုယ်လည်း ပြုံးဆီ လွတ်လွတ် လပ်လပ်လာနိုင်မှာ မဟုတ်လား''

''ဒါဆို ဘာစဉ်းစားနေစရာလိုလဲ။ ဒါလောက်ချမ်းသာတဲ့ သူဌေးမ ကြီး ရထားတာများ ။ အိမ်စပေါ်လေးလောက်တော့ ကိုသက် လှည့်လို့ရပါ တယ်''

''ကိုယ် ကြိုးစားပါ့မယ်''

''ပုံနှိပ်တိုက်မှာ အမြဲတမ်းလုပ်ဖို့ ပြုံး မရည်ရွယ်ပါဘူး။ ကိုသက်မိန်းမကြီးက ပြုံးတို့အကြောင်း တစ်နေ့နေ့ သိမသွားဘူးလို့ မပြောနိုင်ဘူး။ ပြုံး အစိုးရအလုပ်တစ်ခုခု ရဖို့ကြိုးစားနေတယ်။ အောက်တန်းစာရေး ပဲ ရရ။ နေစရာ အခန်းလေးတစ်ခုရှိရင် ကျေနပ်ပါပြီ။ ကိုသက်လည်း လာချင် သလိုလာ နေချင်သလိုနေလို့ ရတာ ပေါ့။ ပြုံး ရန်ကုန်လာခဲ့တာလည်း ကိုသက် နဲ့ အတူနေဖို့လေ။ နော့့်  ကိုသက့့်  နော့့်  ငှားပေးနော်''

•••

၁၂

''ဟော့  နီထွေး''

အိမ်ရှေ့ကို ထွက်အလာ နီထွေးကို တွေ့ လိုက်ရ၍ သက်မှူးအောင် အံ့အားသင့်သွားသည်။

''အန်တီက ထမင်းစားဖိတ်ခိုင်းလိုက်လို့ပါ''

နီထွေးက ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် ပြောသည်။ သက်မှူးအောင် ရှေ့မှာ နီထွေး မျက်နှာမထားတတ် ဖြစ်နေ၏ ။

''မမကြီးကလား''

''ဟုတ်ကဲ့  ဟို့  မမဆွေ မရှိဘူး။ စားရေး သောက်ရေး ခက်မှာ စိုးလို့တဲ့။ အဲဒါ မမဆွေ ပြန်မရောက်မချင်း အိမ်မှာ ပဲ လာစားပါတဲ့။ ပြောခိုင်းလိုက်လို့''

''အားနာစရာကြီး''

နီထွေး ခေါင်းငုံ့နေသည်။

''အေးလေ့  ဖိတ်တော့လည်း လာစားရတာ ပေါ့။ အခု ညနေ စာ ဟုတ်လား''

''ဟုတ်ကဲ့''

''မမကြီးကို ပြောလိုက်။ ဒီညနေတော့ လာစားမယ်လို့။ နောက်နေ့ တွေ တော့ မကျွေးပါနဲ့လို့။ အိမ်မှာ လည်း ဒေါ်ပု ရှိနေတာပဲ။ ကိစ္စ မရှိဘူး လို့ ပြောလိုက်နော်''

နီထွေးက သူ့လက်မသူ ပါးစပ်နှင့် ကိုက်နေရာမှ ခေါင်းညိတ်ပြသည်။

''ဒါဆို ကျွန်မ သွားမယ်''

''ကောင်းပြီ''

နီထွေး လှည့်ထွက်သွားသည်။

ဒီကောင်မလေး ဘာလို့ မနေတတ် မထိုင်တတ် ဖြစ်နေတာလဲ။ ငါ့ရှေ့မှာ ရှက်ကိုးရှက်ကန်းနဲ့။ စိတ်လှုပ်ရှားနေတဲ့ နီထွေးကို သူအကဲခတ်မိ၏ ။ရယ်လည်း ရယ်ချင်နေမိသည်။

နီထွေးက အပေါက်ဝရောက်မှ နောက်ကို လှည့်ကြည့်လိုက်၏ ။

သက်မှူးအောင် ကြည့်နေသည်နှင့် အကြည့်ချင်းဆုံသည်။ သူမ မျက်နှာမှာ ရှက်သွေးဖျန်းသွား၏ ။ အတော် ရှက်သွားတဲ့ပုံပင်။

ချာခနဲ လှည့်ထွက်ပြေးသွားတော့သည်။

သက်မှူးအောင်က သဘောကျစွာ ရယ်လိုက်မိ၏ ။ တကယ့် အူရိုင်း လေးပါပဲ။။

•••

၁၃

မမကြီးက လိုလေသေးမရှိ ပြုစုနေသည်။

အနားမှာ ထိုင်ပြီး စကားတွေ တတွတ်တွတ် ပြောနေသည်။

သက်မှူးအောင်၏ မျက်နှာကို တစိမ့်စိမ့် ကြည့်၍ ကြည်နူးနေသည်။

ဒါတွေ ကို သက်မှူးအောင် အကဲခတ်မိ၏ ။

ဒီအဘွားကြီးဟာ သူ့မောင်နဲ့ ရုပ်ချင်းဆင်တာလေးနဲ့ ငါ့ကို ဂရုစိုက် လှချည်လား။

သက်မှူးအောင် ဒေါ်အေမီမြိုင့်ကို သနားမိပါသည်။ ကရုဏာ သက်မိသည်။ တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုသလို ဒီအဘွားကြီးကို သံယောဇဉ် လည်း ဖြစ်မိသည်။

''ဆွေ ပြန်ရောက်တဲ့အထိ ဒီအိမ်မှာ ပဲ ထမင်းစား''

''မလုပ်ပါနဲ့ မမကြီးရယ်''

''အားနာစရာလူတွေ မဟုတ်ဘူး မောင်သက်ရဲ့ ''

''သိပါတယ် မမကြီး။ မမကြီး ပင်ပန်းမှာ စိုးလို့ပါ။ အိမ်မှာ လည်း ဒေါ်ပု ရှိနေတာပဲ။ အစားအသောက်အတွက် မပူရပါဘူး''

''ဒါဆို မမကြီးဆီတော့ မကြာမကြာ လာလည်ပါနော် မောင်သက်''

''စိတ်ချ မမကြီး။ ကျွန်တော် ဒီဘက်ခြံကို ကူးခဲ့ပါ့မယ်။ မမကြီး အတွက် ဧည့်သည်မျှော်စရာအခွင့်အရေး တစ်ခုပဲရှိတာ ကျွန်တော် ကိုယ်ချင်း စာပါတယ်။ ကျွန်တော် မကြာခဏ လာလည်ပါ့မယ် မမကြီး''

ဒေါ်အေမီမြိုင် မျက်ရည်လည်သွားသည်။ သိတတ်လှချည်လား။ လိမ္မာရေး ခြား ရှိလှချည်လား။

သက်မှူးအောင် ပြန်သွားတော့ အိမ်အပေါ်ထပ်ကနေ မျက်စိတဆုံး လိုက်ကြည့်နေသေးသည်။ တစ်ဘက်ခြံက သူ့အိမ်ထဲ ကိုသက်မှူးအောင် ဝင်ရောက်ပျောက်ကွယ်သွားမှပင် ပင့်သက်ချမိ၏ ။ ဒီတော့မှပဲ ရင်ထဲမှာ တလှပ်လှပ်နှင့် မောလာတာကို သတိထားမိသည်။

''နီထွေး''

''ရှင်''

''ဆေးယူခဲ့''

ဆေးသောက်အပြီးမှာ နီထွေးကို မေးသည်။

''သူ ဘယ်ဟင်းကို အများ ဆုံးစားသွားသလဲ''

''ဝက်သားပေါင်းပါ အန်တီ''

''အေ့း့  ဟုတ်တယ်။ ဟိုတစ်ခါကလည်း ဝက်သားပေါင်း ကောင်းတယ်လို့ ပြောခဲ့တယ်။ နောက်ဆို သူ့ကို ထမင်းဖိတ်ကျွေးရင် ဝက်သား ပေါင်းပါအောင် ဂရုစိုက် ကြားလား''

''ဟုတ်ကဲ့''

''မနက်ဖြန်လည်း ဝက်သားပေါင်းချက်။ ပြီးရင် သူ့အိမ်ကို တစ်ခွက် သွားပို့ပေးလိုက် ကြားလား''

နီထွေး သက်ပြင်းချလိုက်သည်။

ဒေါ်အေမီမြိုင်သည် ပေါင်ပေါ်တွင် သူ့အချစ်တော် ကြောင်ဝါလေးကို တင်၍ ပွတ်သပ်ရင်း အတွေးရေယာဉ်ကြောဝယ် မြောသွားပြန်၏ ။ သက်မှူးအောင်၊ လိမ္မာလိုက်တဲ့ကလေးလေး၊ သူမ ပြောသမျှကို ခေါင်းညိတ်သည်။ သူမကို ခင်မင်နှစ် လိုဟန်ပြသည်။ အိမ်ကို ခဏခဏ လာလည်မယ်တဲ့။

ငါ့ရဲ့ သံယောဇဉ်ကို တုန့်ပြန်တာပဲ။

ဒါဘာကြောင့် လဲ။

သွေး

သွေးက စကားပြောလို့ပေါ့။

ဟုတ်ပါတယ်။ သွေးကပြောလို့ ဖြစ်မှာ ပါ။

သူဟာ ငါ့ရဲ့ သွေ့း့  ငါ့ရဲ့ သာ့း့ 

ဟုတ်တယ်။ ဟုတ်တယ်။ ငါ့ရဲ့ သားမို့လို့ မောင်လေးနဲ့ ရုပ်ချင်းတူ တာပေါ့။ ‘ဒက်ဒီနဲ့လည်း တူတာပေါ့။

သူ့အတွေးနဲ့သူ ဒေါ်အေမီမြိုင့်နှလုံးသားများ ကြည်လင်လန်းဆန်း လာသည်။ စိတ်လက်ပေါ့ပါး ရွှင်လန်းလာသည်။

သူမ၏ မျက်နှာက အားရပါးရ ပြုံးရွှင်နေပေသည်။

သို့သော် -

တစ်စုံတစ်ခုကို သတိရလိုက်မိသည်တွင် သူမ၏ မျက်နှာပေါ်မှ အပြုံး သည် လွင့်စင်ပျောက်ကွယ်သွာလေ၏ ။

ရော်နီသွင်

သူမ ဘဝတစ်ခုလုံးကို အမှော င်ထုထဲကျအောင် အကြိမ်ကြိမ်နှိပ်စက်ခဲ့တဲ့ ရော်နီသွင်။ လူရှုပ် လူပွေ လူယုတ်မာ။

ဒေါ်အေမီမြိုင်၏ စိတ်အာရုံဝယ် လွန်ခဲ့သော နှစ် ပေါင်း နှစ် ဆယ် ကျော်က ဖြစ်ရပ်များ က မျက်ဝါးထင်ထင် ထင်ဟပ်လာပြန်သည်။

•••

''ပဂ္ဂီ့  ကိုယ်ပြန်ချင်ပြီကွာ''

အေမီမြိုင်က မွေးနေ့ရှင်ပဂ္ဂီကို ပြောလိုက်သည်။

အချိန်က ညဥ့် ၁၂ နာရီကျော်နေပြီ။ ပဂ္ဂီ၏ မွေးနေ့ပါတီက ကျင်းပ လို့ ကောင်းတုန်း။ တီးဝိုင်းကလည်း ငြိမ့်ငြောင်းသာယာသော တီးလုံးများ ကို တီးပေးနေသည်။ ယောက်ျားမိန်းမစုံတွဲ များ က ရင်ချင်းအပ်၍ တီလုံးနှင့် အညီ တွဲ ကနေသည်။

မွေးနေ့အစပိုင်းမှာ တော့ အေမီမြိုင် ပျော်ခဲ့ပါသေးသည်။ ယောက်ျား လေးတွေ အတွက်လည်း အရက်ကောင်တာမှာ ကြိုက်တဲ့အရက်အမျိုးအစားကို ကြိုက်သလောက် သောက်ခွင့်ရသည်။ ဘယ်သူမဆို ကိုယ်ကျွမ်းကျင်သည့် တေးသီချင်းကို တီးဝိုင်းနှင့် တွဲ ဖက်သီဆိုနိုင်သေးသည်။

အစပိုင်းမှာ စားကြ၊ သောက်ကြ၊ ဆိုကြ၊ ကကြနှင့် ပျော်စရာကြီး ပင်။ ပဂ္ဂီတို့ခြံထဲမှာ လူငယ်များ ချည်း လွတ်လပ်စွာ ရှိနေကြသည်။

ပဂ္ဂီက အရက်ပျော့ပျော့တစ်ခွက်ယူလာ၍ အေမီ့ကို သောက်စေ သည်။ အေမီ မသောက်ချင်။ တစ်ခါမှလည်း မသောက်ဖူးလို့ ငြင်းသည်။

''ပဂ္ဂီ့ကိုချစ်ရင် သောက်ပါကွယ်။ ဒါ မိန်းကလေးတွေ သောက် တဲ့ အရက်အပျော့စားပါကွယ့်။ ဖော်သလေဒီအုန်းလီး''

တခြားမိန်းကလေးတွေ လည်း ကိုယ့်ရှေ့မှာ သောက်နေတာ မြင်၍ သောက်လိုက်ရသည်။

''ဟေး''

အားလုံးက လက်ခုပ်ဝိုင်းတီးကြ၏ ။

အေမီ့ရင်ထဲကို အရက်က ပူရှိန်းစူးရှစွာ ဝင်သွားသည်။

''သိုင်းကယူး အေမီ''

ပဂ္ဂီက အေမီ့ကို ဖက်နမ်းလိုက်၏ ။

သည့်နောက်ပိုင်းမှာ အမူးရှိန်က တရိပ်ရိပ် တက်လာသည်။ အေမီ မပျော်တော့။

သည်ကြားထဲ ရော်နီသွင်က အနားကို အတင်းလာကပ်နေတော့ အေမီ စိတ်ညစ်ရသည်။

''မီ ကိုယ်တို့ က,ကြရအောင်ကွာ''

အစပိုင်းမှာ အေမီမြိုင်နှင့် တွဲ ကချင်သည့် ယောက်ျားလေးတွေ ဝိုင်းဝိုင်းလည်နေသည်။ အေမီက မကတတ်လို့ပါလို့ ယဉ်ယဉ်ကျေးကျေး ငြင်းပစ်လိုက်တော့မှ ခွာသွားကြသည်။ တကယ်လည်း အေမီ မကတတ်ချေ။ အကလည်း မသင်ရသေးပါ။

နယ်မှာ နေစဉ်တုန်း ကတော့ ဒီလိုပါတီပွဲမျိုး ကြားဖူးရုံသာရှိသည်။ ရန်ကုန်ရောက်လာမှ မျက်နှာကြီးအသိုင်းအဝိုင်းထဲ ဝင်ဆန့်ရတော့ အေမီ့ အတွက် အထာမကျနိုင်သေး။ သူများ တွေ ကတာကြည့်ပြီး အားကျသည်။ ကိုယ်မတတ်သေး၍ အားငယ်သည်။ အက အမြန်သင်မည် ဟု ဆုံးဖြတ်မိ၏ ။

အခုလို ဟိုလူနဲ့ တွဲ လိုက် ဒီလူနဲ့ တွဲ လိုက် တစ်ယောက် ပြီးတော့ နောက် တစ်ယောက် နဲ့ တွဲ ကလိုက် အရက်တွေ မူးကြ၊ သောက်ကြ၊ ဆိုကြ၊ အော်ကြ၊ ဟစ်ကြနဲ့ စည်းလွတ်ဝါးလွတ်တွေ မြင်လာရတော့ ပါတီပွဲကို အေမီ စက်ဆုတ်လာသည်။

အေမီသည် အရာရှိကြီးသမီး။ မျက်နှာကြီးအသိုင်းအဝိုင်းထဲက ဖြစ်သော်လည်း နယ်မှာ အနေများ ခဲ့သည့်အတွက် ယခုလိုပါတီပွဲမျိုးကို မကြုံ ဖူး။ ကိုယ့်အတွက် အသစ်အဆန်း ဖြစ်နေ၍ ပတမပိုင်းမှာ ပျော်ရွှင်အားကျမိ သည်။ အချိန်ကြာလာတော့ စိတ်ပျက်စရာ အ ဖြစ်များ ကို မြင်လာရသည်။ မီးကုန်ယမ်းကုန်သောက် ကြသည်။ အော်ဟစ်ကခုန်ကြသည်။ အဆင်ပြေသူ ချင်း မီးရောင် နှင့် ဝေးရာ ဆိတ်ကွယ်ရာများ သို့ ဝင်ရောက်ပျောက်ကွယ်သွားကြ သည်။ ခဏကြာတော့ âဣန္ဒြမပျက် ပြန်ရောက်လာပြီး အများ နှင့် ရောနှောနေ ပြန်သည်။

ဒါတွေ ကို အေမီအကဲခတ်ကြည့်ရှုရင်းက မြင်တွေ့ လာရသည်။

လန့်လာသည်။ စက်ဆုတ်လာသည်။

မွေးနေ့ပါတီကို လာမိတာ မှားပြီလား။

အိမ်ကိုတော့ အသေအချာ ပြောထားပြီး ဖြစ်၍ စိတ်ပူမည် မဟုတ်ပါ။ မာမီတို့ကလည်း ပဂ္ဂီ၏ မိဘတွေ နှင့် ရင်းနှီးနေ၍ စိတ်ချလက်ချ လွှတ်လိုက် ခြင်း ဖြစ်သည်။

အေမီ အိမ်ပြန်ချင်ပြီ။

သို့သော် ဘယ်သူကမှ အိမ်ပြန်ဖို့ စိတ်မကူးကြသေး။ ပျော်ကြ ပါးကြဆဲ။

အေမီ ကတော့ မသောက်စဖူးသောက်လိုက်မိသည့် အရက်နည်း နည်းလေးနှင့် ပင် မူးနေပြီ။ စားပွဲတစ်လုံးမှာ တစ်ယောက် တည်း ငြိမ်ငြိမ်လေး ထိုင်နေမိ၏ ။

အရေး ထဲ ရော်နီသွင်က သူနှင့် တွဲ ကဖို့ တဂျီဂျီ လာပြီး နားပူနေ၍ စိတ်ညစ်ရသေးသည်။

''မီ ကိုယ်နဲ့တွဲ ကရအောင်လေ''

''အေမီမှ မကတတ်တာ''

''မယုံပါဘူး''

'' သွားပါ ရော်နီရယ်။ ကိုယ်ခေါင်းမူးနေလို့ပါ။ ကိုယ် တစ်ယောက် တည်း နေပါရစေ''

''ယူနီဗာစီတီရဲ့ ကွင်း တစ်ယောက် က မကတတ်ဖူးဆိုတာ ယုံရ မှာ လား ဟင်''

''ဘာဆိုင်လို့လဲ''

''မကရင်လည်း အနားမှာ ထိုင်ပြီး စကားလေးတော့ ပြောခွင့်ပေးပါ နှင်းဆီမေရယ်နော်''

ရော်နီသွင်က ရီဝေစွာ ကြည့်ရင်းပြောသည်။ အေမီမြိုင်နှင့် မျက်နှာ ချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

''သိပ်လှတယ် မီ။ မင်းသိပ်လှတယ် နှင်းဆီမေရယ်။ ချစ်တယ်။ သိပ်ချစ်တာပဲ''

ရော်နီသွင်က အမူးရှိန်နှင့် တတွတ်တွတ် စကားများ နေသည်။ အေမီမြိုင့်ကို တပ်မက်စွာ ကြည့်ရင်း အေမီ့လက်များ ကို ဆတ်ခနဲ ဆုပ်ကိုင် လိုက်၏ ။

အေမီ ဖျတ်ခနဲ ပြန်ရုန်းထွက်လိုက်သည်။

''ကိုယ် မကြိုက်ဖူးနော်''

''မာနကြီးလှချည်လားရို့စ်''

''နှင်းဆီဆိုတာ ဆူးနဲ့လေ ရော်နီရဲ့ ။ မေ့နေပြီလား''

သူစကားအပေါ် ပြန်နင်းပြီးချေပလိုက်သည်။

နှင်းဆီမေ တဲ့။ ရို့စ် တဲ့။

ကျောင်းမှာ အေမီမြိုင့်ကို တင်စားခေါ်ဝေါ်ကြတဲ့ နာမည် တွေ လေ။ အမြဲတမ်းနှင်းဆီတစ်ပွင့်ကို ပန်ဆင်နေကျ အေမီ့ကို ဒီလိုပဲ တင်စားကြသည်။ နှင်းဆီပန်းသည် အေမီမြိုင်၏ နိမိတ်ပုံတစ်ခု ဖြစ်ခဲ့သည်။။

အလှအပနှင့် ထင်ပေါ်ကျော်ကြားသော တက္ကသိုလ်ရဲ့ အလှဘုရင်မ ဘွဲ့ရ အေမီ့ကို ချစ်ရေး ဆိုသူတွေ က ပေါလှသည်။။ အဲသည်ထဲမှာ ရော်နီသွင်က အကဲဆုံး။

အေမီ့ဆီ အမြဲလာသည်။ အခွင့်သင့်တိုင်း ချစ်ရေး ဆိုသည်။ သူ ရှုပ်တာ ပွေတာ။ လက်ရှိလည်း ရည်းစားတွေ ထည်လဲ ထားပြီး တွဲ နေတာတွေ မျက်စိနဲ့ တပ်အပ်မြင်နေရတော့ အေမီ ဘယ်လိုချစ်လို့ရမှာ လဲ။

''မီ ကိုယ့်ကို ပြန်ချစ်ရင် အခုတွဲ နေတဲ့ ကောင်မတွေ အားလုံးနဲ့ အဆက်ဖြတ်လိုက်ပါ့မယ်။ ချစ်မလားဟင်''

ဒီလိုလူစားမျိုးကို အေမီဘယ်လို ယုံရမှာ လဲ။

ယုံလည်းမယုံ။ ချစ်လည်းမချစ်။ ထည့်ပြီးတော့တောင် မစဉ်းစားခဲ့ပါ။

သူ့ကို ရှောင်နေသည်။

ပဂ္ဂီလွင့်မွေးနေ့ပါတီမှာ တော့ မရှောင်သာပဲ တွေ့ ပြီ။

တွေ့ သည်နှင့် ထုံးစံအတိုင်း အဆက်မပြတ် ချစ်ရေး ဆိုနေတော့ သည်။

ရော်နီသွင့်ကိုစိတ်ပျက်နေဆဲ မွေးနေ့ရှင်ပဂ္ဂီ ရောက်လာ၍ စိတ်သက် သာသွားသည်။

''ဟေ့း့  ပဂ္ဂီ ကိုယ်ပြန်ချင်ပြီ။ အေမီ့ကို ပြန်ပို့ပေးပါဦး သူ ငယ်ချင်းရာ''

''အို့  အစောကြီး ရှိသေးတာ။ အေမီကလည်း''

''ကိုယ်မူးတယ်''

''မီ ပြန်ချင်ရင် ကိုယ်လိုက်ပို့ပေးမယ်လေ''

ရော်နီသွင်က ဝင်ပြောသည်။

ပဂ္ဂီက ပခုံးသားများ ကို လှုပ်ခါရင်း ရယ်မောလိုက်သည်။

''ယူ့  လိုက်ပို့မယ် ဟုတ်လား။ ယူ့ကို မယုံပေါင်။ ယူ ဘာ အကြံနဲ့ လိုက်ပို့ချင်တာလဲ။ ပဂ္ဂီ သိပါတယ်နော် ခိ့  ခိ''

ပဂ္ဂီက လှောင်ပြောင်နေသည်။

ထိုစဉ် နီလာနှင့် ကြည်ပြာတို့ညီအစ်မ ရောက်လာသည်။

''ပဂ္ဂီရေ့  အိုင်တို့ ပြန်တော့မယ်''

''ယူတို့မှာ ကားပါလား''

''ကားပြန်လွှတ်လိုက်ပြီလေ။ ယူစီစဉ်ပေးပေါ့''

''ဒါဆိုရင် ရော်နီရေ။ လိုက်ပို့လိုက်ပေတော့။ ကြည်ပြာတို့နှစ် ယောက် နဲ့ အတူတူ အေမီ့ကိုပါ ပို့ပးလိုက်''

''ကိုယ့်အိမ်ကို အရင်ပို့မှ ဖြစ်မယ်နော်''

အေမီမြိုင်က ဝင်ပြောလိုက်သည်။

''ပို့ရမှာ ပေါ့။ အေမီ့အိမ်က ပိုနီးတာပဲ။ အေမီ့ကို ပို့ပြီးမှ နီလာတို့ကို ပို့ပေးမယ်''

ကြည်ပြာတို့ ညီအစ်မအဖော်ပါနေ၍ ရော်နီ လိုက်ပို့ခြင်းကို အေမီ လက်ခံလိုက်ခြင်း ဖြစ်ပါသည်။

အန္တရာယ်ချောက်ကမ်းပါးထဲ ခုန်ဆင်းမိရက်သား ဖြစ်သွားတာကို ထိုစဉ် ကတော့ မသိသေး။

•••

''ဟင့့်  ရော်နီ။ ဘယ်ကိုမောင်းနေတာလဲ။ အေမီ့အိမ်ကို ကျော်လာပါရော'' အေမီက အလန့်တကြား အော်လိုက်သည်။

''နီလာတို့ကို အရင်ပို့ပေးမလို့ပါ''

''အို့  မရဘူး။ တို့ကို အရင်ပို့ပေး။ ကားကို ပြန်လှည့်ပါ ရော်နီ''

''ဟယ့့်  အေမီကလည်းကွာ။ အိမ်ကိုကျော်လာပြီပဲ။ မထူး တော့ပါဘူး''

''အေးလေ့  ပြန်လှည့်မနေပါနဲ့တော့။ အိုင်တို့ကိုပဲ အရင်ပို့။ အပြန်မှ အေမီ့ဝင်ပို့လည်း ရတာ ပဲ''

ညီအစ်မနှစ် ယောက် ကပါ ဝင်ထောင်ပြန်သည်။

အေမီ စိတ်ညစ်သွား၏ ။ ရော်နီနှင့် နှစ် ယောက် တည်း မပြန်ချင်ပါဘူး ဆိုမှ။ ရော်နီကလည်း ကားကို ပြန်မလှည့်ချေ။

ကားကလေးက အရှိန်မြန်စွာ ဖြင့် တရိပ်ရိပ် ပြေးနေသည်။

ကြည်ပြာတို့ အိမ် ရောက်သွားသည်။ ညီအစ်မနှစ် ယောက် ကား ပေါ်မှ ဆင်းကြသည်။

''ဟေ့း့  ရော်နီ။ ယူ အေမီ့ကို အိမ်ထိပို့ပေးနော်''

''စိတ်ချ့  စိတ်ချ''

''ဟေ့း့  ခဏနေရင် နှစ် ယောက် စလုံး အိမ်ကိုဖုန်းဆက် ကြည့်မှာ နော်။ မရောက်သေးဘူးဆိုရင်တော့ ယူတို့နှစ် ယောက် ဟီ့ ဟိ''

''ဂွတ်ဘိုင် တာ့တာ''

''ဂွတ်နိုက်''

ညီအစ်မနှစ် ယောက် က အပျော်ရှိန် မကုန်ကြသေး။ စကြ နောက်ကြ ရယ်မောကြရင်းနှင့် အိမ်ထဲဝင်သွားသည်။

ရော်နီက ကားကိုလာလမ်းသို့ ပြန်လှည့်လိုက်သည်။

•••

ရော်နီသည် ကားကိုသွားရမည့် လမ်းမှ တစ်ဖက်သို့ ချိုးကွေ့လိုက်၏ ။

''ဟင့့်  ဘယ်ကိုလဲ ရော်နီ''

''ကိုယ်တို့နှစ် ယောက် တစ်နေရာရာမှာ အေးအေးဆေးဆေး စကား ပြောကြရအောင်''

''ဟင့်အင့်း့  ဟင့်အင့်း့  ဒါအေးအေးဆေးဆေး စကား ပြောရမယ့်အချိန် မဟုတ်ဘူး။ ကားကို ပြန်လှည့်ပါရော်နီ''

ရော်နီက အဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။ သူ လုပ်ချင်ရာကိုဇွတ်လုပ်တော့မည့် ပုံပင်။ သူက ကားကိုပို၍ ပင် အရှိန်မြှင့်လိုက်သေး၏ ။

''ရော်နီ ဘယ်သွားမလို့လဲ။ ဒီလိုလုပ်တာ အေမီ မကြိုက်ဖူးနော်။ ခု ချက်ချင်း အိမ်ပြန်ပို့ပေးပါ''

''ခုအချိန်ဆို အင်းလျားမှာ သိပ်စကားပြောလို့ကောင်းတယ် မီ''

''အို''

ခဏချင်းမှာ ပင် ကားလေးက အင်းလျားကန်ဘေး ရောက်လာ သည်။ ရော်နီက ကန်စပ်ထိ ကားကိုကွေ့ဝင်လိုက်၏ ။

အင်းလျားကန်မှ လေတဖြူးဖြူးကြောင့် စိတ်မှာ လန်းဆန်းသွားရ၏ ။ သို့သော် ဒီလိုနေရာမျိုးမှာ ရော်နီသွင်နှင့် အတူ ရှိမနေချင်ပါ။ အချိန်ကလည်း သန်းကောင်ယံ အ-ကာလ ညအခါကြီး။။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

သက်ရှိလူသားဆို၍ အေမီတို့နှစ် ယောက် တည်းပဲ ရှိ၏ ။

''မီ အောက်ဆင်းပါဦးကွယ်''

ရော်နီက အေမီ ထိုင်နေသည့်ဘက်မှ ကားတံခါးကို ဖွင့်ပေးရင်း ပြောသည်။

''ဟင့်အင့်း့  ဟင့်အင့်း့  အေမီ မဆင်းချင်ဘူး။ အေမီ ကြောက်တယ် ရော်နီရယ်။ ပြန်ကြပါစို့''

''ဟာ့း့  ဟာ့း့  ဟာ့း့  ဘာကြောက်စရာရှိလဲ မီရဲ့ ။ ကြည့်စမ်း။ ဘယ်လောက် ကြည်နူးဖို့ကောင်းထားလိုက်သလဲ။ သာယာလိုက် တဲ့ ပတ်ဝန်းကျင်။ ကောင်းကင်ပေါ်မှာ လမင်းကြီးက သာလို့။ ကြယ်ကလေး တွေ ကလည်း ဘေးမှာ ခြံရံလို့။ မီ မပျော်ဘူးလားဟင်။ လာပါ မီရဲ့ ။ ဒီလို သာယာလှပတဲ့ ညချမ်းမှာ မီ့ကို ကိုယ် ဘယ်လောက်ချစ်တယ်ဆိုတာတွေ ဖွင့်ဟ စီကုံးပြပါရစေကွယ်''

ရော်နီသွင်က အေမီမြိုင့်ကို လက်ဆွဲခေါ်သည်။

အေမီက သူ့လက်ကို ပုတ်ထုတ်လိုက်ရင်း -

''ယူ့ကိုယ်ယူ ပြဇာတ်မင်းသားများ အောက်မေ့နေသလား။ ပြန်ကြရ အောင်ပါ ရော်နီရယ်နော်''

ရော်နီက ဘာမပြော ညာမပြောနှင့် ကားပေါ်မှအေမီ့ ကိုယ်လုံးလေး ကို ပွေ့ယူလိုက်သည်။

''အို''

အေမီသည် ရော်နီ၏ သန်မာသော လက်နှစ် ဖက် ကြားဝယ်ထိုင် လျက်ကလေး ပါသွား၏ ။ ရော်နီ့နှုတ်မှ အရက်နံ့ စိမ်းရွှေရွှေက ပျံ့လွင့်လာ သည်။''လွှတ့့်  ရော်နီ လွှတ့့်  လွှတ်''

ရော်နီက ပွေ့ချီလျက်သားနှင့် ပင် အေမီ့ကို ကမ်းစပ်နားထိ ခေါ်သွား လိုက်၏ ။

ကမ်းစပ်ဘေး မြက်ခင်းပြင်ရောက်မှ အေမီ့ကို ချပေးလိုက် ၏ ။ အေမီ အလျင်အမြန် ထရပ်လိုက်သည်။

''ရော်နီက လိမ္မာပါတယ်ကွယ်။ ရော်နီ ပြောချင်တာတွေ နောက်မှ ပြော။ အေမီ အေးအေးဆေးဆေး နားထောင်မယ်။ ခုတော့ မိုးသိပ်ချုပ်နေပြီ။ ပြန်ကြပါစို့ကွယ်နော်''

ရော်နီ တစ်စထက်တစ်စ ကဲလာတော့မည် ဆိုတာ အေမီ သိသည်။ မိန်းမ မာယာနဲ့ ချော့မော့ဖျောင့်ဖျကြည့်သည်။

မရတော့ပါ။

သောက်ထားခဲ့သော အရက်ရှိန်ကြောင့် ရော်နီသွင် အလွန်တစ်ရာ ရဲတင်း နေခဲ့ပြီ။

''မီ ကိုယ့်ကို ချစ်သလား ပြောစမ်းပါ''

''လွှတ်မှ ပြောမယ်''

ရော်နီက ဆက်မမေးတော့။ အေမီ့ကို ပိုမိုတင်းကျပ်အောင် ဖက် လိုက်သည်။ အေမီ့မျက်နှာကို ဆွဲမော့လိုက်သည်။ သူ့နှုတ်ခမ်းကို အေမီ့နှုတ်ခမ်း ဆီ ဖိကပ်နိုင်အောင် ကြိုးစားနေ၏ ။

အေမီ ရုန်းသည်။

သူ့ကျောကို ထုသည်။ လက်သည်းရှည်နှင့် ကုတ်ဖဲ့သည်။

စိတ်ရိုင်းဝင်နေသော ရော်နီ၏ အင်အားကို မဖယ်နိုင်ပါ။

''မီ သိပ်ချစ်လို့ပါ မီရယ်။ ကိုယ့်အချစ်ကို ယုံပါ''

''ရော်နီ့  ဖယ်။ ချစ်ရင် ဒီလိုမလုပ်နဲ့။ အို့  ရော်နီ။ အေမီ့ ကို သနားပါဦး။ တောင်းပန်ပါတယ် ရော်နီ။ ရော်နီ့  အို''

အေမီမြိုင့်ခန္ဓာကိုယ်တစ်ခုလုံး မြက်ခင်းပေါ်လဲ ကျသွားခဲ့လေပြီ။

အေမီမြိုင်က ရော်နီသွင့်မျက်နှာကို လက်သည်းနှင့် လှမ်းကုတ်လိုက် သည်။ ရော်နီ့မျက်နှာမှာ သွေးစို့သွား၏ ။

''အေမီ''

ရော်နီက ဝမ်းခေါင်းသံကြီးနှင့် အော်လိုက်သည်။

''ကိုယ် မင်းကို သိပ်ချစ်လို့။ သိပ်ချစ်လို့ဆိုတာ ယုံစမ်းပါ မီရယ်။ ကိုယ် မင်းအချစ်ကို မရရတဲ့နည်းနဲ့ ယူမယ်။ ကိုယ် မင်းကို မစွန့်လွှတ်နိုင်ဘူး။ မီ ကိုယ့်ကို ပြန်ချစ်ရမယ်။ ပြန်ချစ်ရမယ်''

အေမီမြိုင် ရှိုက်ကြီးတငင် ငိုချလိုက်သည်။

ပတ်ဝန်းကျင်ကား ဆိတ်ငြိမ်လျက်။

လမင်းက ဝင်းဝင်းပပသာနေသည်။

လမင်း၏ လင်းလက်သော အရောင် က အင်းလျားရေပြင်မှာ ထင် ဟပ်နေသည်။

ကြယ်ကလေးတစ်လုံး ဖျတ်ခနဲ ကြွေကျသွားသည်။

အေမီမြိုင့်ခေါင်းမှ နှင်းဆီနီကလေးက မြက်ခင်းပေါ် ကြွေကျကာ ပွင့်ဖတ်များ က တစစ်စီ ကျဲပြန့်လွင့်စင်နေပေပြီ။

တိမ်တစ်အုပ်က လဝန်းကို ဖုံးအုပ်လိုက်သည့်အခါ ဝန်းကျင်တစ်ခု လုံး အမှော င်ထု ဖုံးသွားလေတော့သည်။

•••

ဒေါ်အေမီမြိုင် မျက်ရည်များ ကျလာသည်။

ဒီအကြောင်းကို ပြန်တွေးမိတိုင်း ယခုလက်ငင်း ကြုံတွေ့ နေရသလို မျိုး ခံစားရသည်။ ခံပြင်းခြင်း၊ ဝမ်းနည်းခြင်း၊ ယူကြုံးမရ ဖြစ်ခြင်း၊ ဒေါသ ထွက်ခြင်းများ က ရင်နှင့် အပြည့် ဖြစ်ပေါ်လာတတ်၏ ။

အမှတ်မထင် စွန့်လွှတ်ခဲ့ရသော အပျိုစင်ဘကို နှမျောတသမိသည်။ မြန်မာမိန်းကလေး ပီသစွာ အမြတ်တနိုး တန်ဖိုးထားခဲ့ရသည့် ပန်းမြတ်မွန်ကို အဆင့်အတန်းနိမ့်စွာ နိုင့်ထက် စီးနင်း ခူးခြွေ။ ချေနင်းခံရသည့်အ ဖြစ်ဆိုးကို သတိရမိတိုင်း မျက်ရည်ကျရသည်။

''အန်တီ့  အန်တီ။ ဘာ ဖြစ်လို့လဲဟင်''

မျက်ရည်များ ကျဆင်းကာ တုန်ယင်မောဟိုက်နေသည့် ဒေါ်အေမီ မြိုင်ကို ကြည့်ရင်း နီထွေးက အလန့်တကြား မေးလိုက်သည်။

ဒေါ်အေမီမြိုင့်ရင်ခွင်ထဲမှ ကြောင်ဝါလေးက သခင်မကို မော်ကြည့် ပြီး အောက်သို့ ခုန်ဆင်းလိုက်သည်။

အတိတ်တစ္ဆေ ချောက်လှန့်ခြင်းခံလိုက်ရသော ဒေါ်အေမီမြိုင်ကား မောဟိုက်နုံးချိ၍ ကျန်ခဲ့လေသည်။

''ငါ့ကို အိပ်ရာပေါ် ပို့ပေးစမ်း''

•••

၁၄

''ကလင့့်  ကလင်''

အိပ်ပျော်နေတုန်းမြည် လာသော ဖုန်းသံကြောင့် သက်မှူးအောင် လန့်နိုးသွားသည်။ နာရီကို ကြည့်လိုက်တော့ ၁ဝ နာရီ။။

''ဟယ်လို''

ခုတင်ပေါ်မှပဲ တယ်လီဖုန်းကိုလှမ်းယူကာ စိတ်မပါစွာ ထူးလိုက် သည်။

''မောင်မောင့့်  မမပါ''

''ဟာ့  မမ။ မောင်မောင်လည်း မမကိုသတိရနေတာ။ အိပ် လို့တောင် မပျော်ဘူး''

စီစဉ်မထားဘဲ နှုတ်မှ အလိုအလျောက် ထွက်သွားသော စကားများ ဖြစ်သည်။

တစ်ဖက်မှ လှမြတ်ဆွေ၏ ကျေနပ်ကြည်နူးစွာ ရယ်မောသံကို ကြားလိုက်ရသည်။

''၇ နာရီလောက်က ဆက်သေးတယ်။ ဘယ်သွားနေလဲ''

ယနေ့ ပြုံးပြုံးကို ညစာလိုက်ကျွေးသည်။ ကိုးနာရီထိုးမှ အိမ် ပြန်ရောက်သည်။

သို့သော် သက်မှူးအောင်မှာ ပေးစရာဆင်ခြေ အသင့်ရှိပြီး ဖြစ် သည်။

''ဟိုဘက်အိမ်ကို မမကြီးဆီ သွားလည်နေတာ''

''အို့  ဟုတ်လား။ ကောင်းပါတယ် မောင်မောင်။ မမက မောင်မောင် မကြိုက်မှာ စိုးလို့ သွားလည်ဖို့ မတိုက်တွန်းမိတာ။ တကယ်တော့ မမကြီးက မောင်မောင့်ကိုသိပ်ခင်တာ။ အခုလို သွားလည်တော့ သူ ဝမ်းသာ မှာ ပေါ့လေ''

''ထမင်းတွေ ဘာတွေ ဖိတ်ကျွေးလို့မမရဲ့ ''

''ကောင်းပါတယ်။ ဒါနဲ့မောင်မောင်ရေ။ မမ မနက်ဖြန် ပြန်မလာ နိုင်သေးဘူး''

''ဟာ''

''တစ်ခါတည်း တောင်တွင်းကြီးကို ဆက်လိုက်ဦးမယ်''

''လွမ်းလှပြီ မမရာ''

''တောင်တွင်းကြီးက ဆီးခြံပိုင်ရှင်နဲ့ ညှိစရာကိစ္စတွေ တစ်ခါတည်း သွားလိုက်တော့မယ် မောင်မောင်။ လမ်းကြုံနေတယ်လေ''

''ဘယ်လောက်ကြာဦးမှာ လဲ မမရာ''

''တစ်ညအိပ်တည်းပါ။ စိတ်ချ့  နက်ဖြန် တစ်ညအိပ်ပြီး နောက်တစ်နေ့ ပြန်လာမှာ ။ အဲ့  ရန်ကုန်ကို သန်ဘက်ခါည ရောက်မှာ ပေါ့''

''မောင်မောင် ကတော့ လွမ်းလှပြီ။ တစ်ယောက် တည်း အိပ်ရတာ အားငယ်တယ် မမရယ်''

''ပိုပြီ့  မောင်မောင်ပို။ ဟွန်း''

''ပြန်လာရင်တော့ အတိုးချပြီ့း့  ''

''တော် ပြီကွယ်။ သူများ အိမ်က ပြောရတာ အားနာဖို့ ကောင်းတယ်။ ဂွတ်နိုက်မောင်မောင်''

''ဂွတ်နိုက် မမ''

တယ်လီဖုန်းကိုချပြီး သက်ပြင်းပါချလိုက်သည်။

မမ သန်ဘက်ခါမှ ပြန်ရောက်တော့မှာ မို့ စိတ်မှာ ပေါ့ပါးသွားရသည်။ မနက်ဖြန်မှာ ပြုံးပြုံးအတွက် အိမ်ငှားဖို့ အိမ်ခန်း လိုက်ကြည့်ရန်အတွက် ပြုံးပြုံးနှင့် ချိန်းထားသည် မဟုတ်ပါလား။

•••

၁၅

ဒေါ်မြသီတာက အထုတ်အပိုးများ ဆွဲလျက် အိမ်ထဲဝင်လာသော လှမြတ်ဆွေကို မြင်လိုက်ရ၍ အံ့အားသင့်သွားသည်။

''ဟယ့့်  အပျိုကြီး။ အကြောင်းမကြား ဘာမကြားနဲ့ ကြည့်စမ်း''

ဒေါ်မြသီတာက အထုတ်အပိုးတချို့ကို လှမ်းယူကြိုဆိုရင်း နှုတ်ဆက် လိုက်သည်။

''ဘယ်လိုလဲ အပျိုကြီ့း့  အဲလေ့  အခု အပျိုကြီးမှ မဟုတ်တော့ပဲနဲ့''

သူ့စကားသူ သဘောကျစွာ နှင့် ဒေါ်မြသီတာက ရယ်မောလိုက် သည်။

''ဟုတ်တယ် မမသီ။ ဆွေ ခုအပျိုကြီး မဟုတ်တော့ဘူး။ ဆွေ့ကို အပျိုကြီးလို့ မခေါ်နဲ့တော့။ ဆွေ လက်ထပ်တဲ့သတင်းကို သတင်းစာထဲမှာ တွေ့ လိုက်ရောပေါ့''

''တွေ့ ပါ့တော် ။ ဖိတ်စာလေးတောင် ပို့ဖော်မရလို့ စိတ်ဆိုးနေတာ သိလား''

''သြော့့်  မမသီရယ်။ မမသီ မလာနိုင်ဘူးဆိုတာ သိလို့ မပို့ တာပါ။ တော် ကြာ လက်ဖွဲ့ပို့ ဘာညာနဲ့ မမသီ ဒုက္ခရောက်နေမှာ စိုးလို့ပါ။ အဝေးက မိတ်ဆွေတွေ ကို ဖိတ်စာမပို့တော့ပဲ သတင်းစာထဲမှာ တွေ့ ရင် သိမှာ ပဲဆိုပြီး ထားလိုက်တာ''

လှမြတ်ဆွေ လက်ထပ်လိုက်သည့်သတင်းကို ဒေါ်မြသီတာ သတင်း စာထဲမှာ တွေ့ ခဲ့သည်။ ထိုကြော်ငြာက ဒေါ်မြသီတာ၏ ရင်ကို လှုပ်ရှားစေခဲ့တာ ဒေါ်မြသီတာ မမေ့သေး။

သတင်းစာထဲက မင်္ဂလာကြော်ငြာက ခပ်တိုတိုပင်။

ကျွန်တော် သက်မှူးအောင် NBN၀၀၇၂၈၉

နှင့်

ကျွန်မ လှမြတ်ဆွေတို့သည်B/RGN၀၁၇၇၁၀

ဇူလိုင်လ ၁၇ ရက်နေ့တွင်

နှစ် ဦးသဘောတူလက်ထပ်ပြီးစီးပါကြောင်း

သက်မှူးအောင်

လှမြတ်ဆွေ

ကြော်ငြာက ထိုမျှသာ။

ကြော်ငြာထဲမှ သတို့သားနာမည် က ဒေါ်မြသီတာကို ပဟေဠိ ဖြစ်စေ သည်။ မိဘအမည် နှင့် နေရပ်လိပ်စာများ ထည့်ရေး မထားသည့်အတွက် ပို၍ စဉ်းစားစရာ ဖြစ်ရလေပြီ။

ဒေါ်မြသီတာသည် ထိုကိစ္စအတွက် လှမြတ်ဆွေကို စာရေး မေးမြန်း ဖို့ပင် ကြံစည်ခဲ့သည်။ မသင့်တော် ၍ ချုပ်တီးထားခဲ့ရ၏ ။

သက်မှူးအောင်ဆိုတာ သူ သိကျွမ်းသည့် သက်မှူးအောင် ဖြစ်နေ မည် လား။ တိုက်တိုက်ဆိုင်ဆိုင် နာမည် တူနေခြင်းလား။ သိချင်လှသည်။

လှမြတ်ဆွေတို့ မင်္ဂလာဆောင်ကြော်ငြာကို ဖတ်ပြီးကတည်းက ဒေါ်မြသီတာ တအုံနွေးနွေး ခံစားနေရခြင်း ဖြစ်သည်။

ယခု လှမြတ်ဆွေ ရောက်လာပါပြီ။

သူသိချင်တာတွေ မေးခွင့်ရတော့မည် ။

ဒေါ်မြသီတာ ဝမ်းသာမိ၏ ။

ခရီးရောက်မဆိုက်မို့ မေးလို့မကောင်းသေး။

လှမြတ်ဆွေကို နေရာချထားပေးလိုက် သည်။

ညကျမှ အေးအေးဆေးဆေး သိချင်တာတွေ မေးရမည် ။

ဘုရားသိကြားမ,လို့။ သက်မှူးအောင်ဆိုတာ သူမ မျှော်လင့်ထင်မှတ် ထားသူ ဖြစ်ပါစေလို့ ဆုတောင်းမိသည်။

•••

ညစာစားအပြီးတွင် ဒေါ်မြသီတာနှင့် လှမြတ်ဆွေတို့ လုပ်ငန်းကိစ္စ များ ဆွေးနွေးကြသည်။

ဒေါ်မြသီတာကား တောင်တွင်းကြီးမြို့တွင် ဆီးခြံအတော် များများ ပိုင်ဆိုင်သော ဂုဏ်သရေရှိ အမျိုးသမီးကြီးတစ်ဦး ဖြစ်၏ ။ ခင်ပွန်းသည်ဖက်မှ ကျန်ရစ်သော အမွေအနှစ် များ ဖြစ်သည်။ မုဆိုးမဘဝဖြင့် ဆီးခြံများ မှ ဝင်ငွေ ဖြင့် တင့်တင့်တယ်တယ် နေနိုင်သူ ဖြစ်သည်။ သားသမီးမရှိ။

ဒေါ်မြသီတာက ခြံထွက်ဆီးသီးများ ကို ရန်ကုန်သို့တင်ပို့သည်။လှ မြတ်ဆွေတို့ ပွဲရုံသို့ တင်ပို့ခြင်း ဖြစ်သည်။

နှစ် ရှည်လများ ဆက်သွယ်လုပ်ကိုင်ခဲ့သည်မို့ ဒေါ်မြသီတာနှင့် လှ မြတ်ဆွေတို့ ရင်းနှီးမှု က ခိုင်မြဲနေခဲ့ပြီ။

အလုပ်ကိစ္စပြောဆိုအပြီးမှာ ဒေါ်မြသီတာက စကားစလိုက်သည်။

''ကဲ့  အပျိုကြီး။ အဲလေ့  မမသီကလည်း ဒီအခေါ်အဝေါ်ပဲ စွဲနေတော့တာပဲ့  ဆွေရေ။ ဆွေ့အမျိုးသားအကြောင်းလေး ဘာလေးလည်း ပြောပါဦးလားကွယ်''

''သူ့နာမည် က သက်မှူးအောင်တဲ့''

''ဒါတော့ သတင်းစာထဲမှာ တွေ့ လို့ မမသီသိပြီးပြီ''

''အဲ့  သူက့  သူက ဆွေ့ထက် အသက်ငယ်တယ် မမ သီရဲ့ ''

''ဟင်''

သူကြားချင်တဲ့ အချက်တစ်ခုကို ကြားလိုက်ရသည့်အတွက် ဒေါ်မြ သီတာ ရင်တစ်ချက် လှုပ်သွားသည်။

''ဘယ်လောက်ကွာတာလဲဟင်။ ဆွေ့ထက် ဘယ်လောက်ငယ် သလဲ''

လှမြတ်ဆွေ ရှက်သွေးဖြန်းသွားသည်။ ခဏတုံ့ဆိုင်းနေပြီးမှ သူမက ဖြေ၏ ။

''ဆယ်နှစ့့်  ဆယ်နှစ် ကွာတယ် မမသီ''

''သြော်''

လှမြတ်ဆွေ၏ အဖြေစကားက ဒေါ်မြသီတာ၏ ထင်မြင်ချက်ကို ဖြစ်နိုင်ချေရှိကြောင်း ထောက်ခံလိုက်သလို ဖြစ်သွားသည်။

''သူ့ဓာတ်ပုံပါတယ် မမသီ''

''ပြပါဦးကွယ်။ ပြပါဦး''

ဒေါ်မြသီတာက ဣနြေ္ဒမဆည်မိအောင်ပင် တောင်းဆိုလိုက်မိသည်။

လှမြတ်ဆွေက လက်ဆွဲအိတ်ထဲမှ ဓာတ်ပုံများ ကို ဆွဲထုတ်ယူလိုက် သည်။ မင်္ဂလာဧည့်ခံပွဲတွင် ရိုက်ထားသည့်ပုံများ ။

ဒေါ်မြသီတာ ဓာတ်ပုံများ ကို ယူကြည့်လိုက်၏ ။

သူမ၏ လက်များ ကိုမတုန်လှုပ်အောင် မနည်းထိန်းထားရ၏ ။စိတ် များ ကတော့ လှုပ်ရှားလာလေပြီ။

ဓာတ်ပုံထဲမှ သက်မှူးအောင်၏ ရုပ်ရည်က သူမကို ညှို့ယူဖမ်းစား လိုက်လေပြီ။

သက်မှူးအောင်၏ ရုပ်ရည်ကို မြင်လိုက်ရသည်နှင့် ပင် သူမ သိချင် နေသော အဖြေများ ကို ရလိုက်သလို ပြီးပြည့်စုံသွားလေ၏ ။

သက်မှူးအောင်ဆိုသည်မှာ ဒေါ်မြသီတာ မျှော်လင့်ထားသည့် ပုဂ္ဂိုလ် အမှန်ပင် ဖြစ်ပေလိမ့်မည် ။ ဓာတ်ပုံထဲမှ သက်မှူးအောင်၏ ရုပ်လက္ခဏာ က ထိုအချက်ကို ညွှန်ပြနေသည်။ သက်မှူးအောင်၏ ရုပ်ရည်သည် တစ်စုံတစ် ယောက် နှင့် ခွဲမရအောင် တူညီနေသည် မဟုတ်ပါလား။

''သူ သက်မှူးအောင်ဟာ ဘယ်ဇာတိလဲ။ ဘယ်သူ့သားလဲ ဆွေ''

''မမသီရယ့့်  မောင်မောင့်ရဲ့ နောက်ကြောင်းရာဇဝင်ဟာ ဆိုးလှပါတယ်။ မမသီကိုတော့ ညီအစ်မလိုခင်မင်လို့ ပြောရဦးမယ်။ သူဟာ မိဘမဲ့ပါ။ ငယ်ငယ်ကတည်းက စွန့်ပစ်ခံထားရတဲ့သူပါ။ မွေးစားတဲ့သူတစ် ယောက် ပြီး တစ်ယောက် ပြောင်းခဲ့ရတယ်တဲ့။ ဆွေနဲ့တွေ့ တော့ သူ့ဘဝလေး အနည်ထိုင်စ ရှိပါသေးတယ် မမသီရေ။ အချစ်စိတ်ဟာ သိပ်တန်ခိုးကြီးတယ် ဆိုတာ ဆွေ သိလိုက်ရပါပြီ။ ဆွေတစ်သက်လုံး ထိန်းသိမ်းထားခဲ့တဲ့ မာနတွေ ဟာ သူနဲ့ကျမှ ဈာန်လျှောရတော့တယ်လေ''

''သူဟာ ဆွေ ဈာန်လျှောလောက်အောင် ယောက်ျား ပီသပြီး ချောမောပါပေတယ် ဆွေရယ်။ ဆွေ ကံကောင်းပါတယ်။ ဒါထက် မောင်သက် မှူးအောင်ရဲ့ ဇာတိက ဘယ်ကလဲ ဆွေ''

''ညောင်လေးပင်။ အဲ့  ရွှေကျင် မဒေါက်ကလို့ ပြောပါတယ် မမသီ''

ဒေါ်မြသီတာသည် ဣနြေ္ဒမပျက်ယွင်းအောင် သတိထားထိန်းသိမ်း နေရ၏ ။

လှမြတ်ဆွေ ကတော့ သူမနှင့် သက်မှူးအောင်အကြောင်းတွေ ကို တတွတ်တွတ် ဆက်ပြောနေသည်။ ဒေါ်မြသီတာ မကြားတော့ပါ။နှစ် ရှည်လများ ထိန်ဝှက်သိုသိပ်ထားခဲ့ရတဲ့ ပဟေဠိတစ်ပုဒ်ရဲ့ အဖြေ ကို သိလိုက်ရပြီမို့ ရင်ထဲမှာ လှုပ်ရှားလှိုက်ခုန်နေတော့သည်။

သန်းကောင်ကျော်။

ညတစ်နာရီအချိန်။

ဒေါ်မြသီတာ အိပ်မပျော်သေး။ အိပ်လို့လည်း ရနိုင်မည် မဟုတ်ပေ။ ယနေ့ည လှမြတ်ဆွေထံမှ သိလိုက်ရသော အကြောင်းများ က သူမကို အိပ် မပျော်စေအောင် ဆွဲဆောင်ထားလေပြီ။

ဒေါ်မြသီတာသည် အိပ်မပျော်ဘဲ အိပ်ရာပေါ်လဲလျောင်းနေရာမှ ထလိုက်ကာ မီးခလုတ်ကို ဖွင့်လိုက်သည်။ တစ်ခန်းလုံး လင်းသွားသော အလင်းရောင် ထဲတွင် ညဦးက ကြည့်ခဲ့သော ဓာတ်ပုံများ ကို စားပွဲပေါ်တွင် တွေ့ ရသည်။

သူမက ဓာတ်ပုံများ ကို နောက်တစ်ဖန် ပြန်ကြည့်လိုက်၏ ။

သက်မှူးအောင်၏ ပုံများ ကိုသာ ဂရုစိုက်ကြည့်မိခြင်း ဖြစ်သည်။

သက်မှူးအောင်၏ ရုပ်ရည်က တစ်စုံ တစ်ယောက် ကို သတိရစေ သည်။

လွန်ခဲ့သော နှစ် ၂ဝ ကျော်မှ ဖြစ်ရပ်များ က ယခုပင် ဖြစ်ပျက်ခဲ့သလို အာရုံထဲမှာ ထင်ရှားစွာ ပေါ်လာသည်။

သူမသည် ကလေးငယ်ကိုသက်မှူးအောင် ဟု အမည် ပေးခဲ့သည်။

သက်မှူးအောင်

သူမ အကြိုက်ဆုံး ဖြစ်သည့် အလှဆုံးဟု ထင်မြင်သည့် အမည် ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ သားကလေးကလည်း သော ကြာသားလေး ဖြစ်နေသည်။။

Þသူ့နာမည် ကို သက်မှူးအောင်လို့ပဲ ခေါ်ကြပါ။ သူဟာ သက်မှူး အောင် ဆိုတဲ့နာမည် နဲ့ပဲ ဘဝတစ်လျှောက်လုံး ရှိနေပါစေရှင်''

သူမက အလေးအနက်မှာ ကြားခဲ့သည်။

ထို့နောက် မွေးကင်းစကလေးလေးနှင့် သူမ ခွဲခဲ့ရသည်။

နောက်တစ်ကြိမ် ပြန်မဆုံ ဖြစ်အောင်ပင် ကွဲကွာသွားခဲ့၏ ။

သူမဘဝသည်လည်း အမျိုးမျိုးပြောင်းလဲခဲ့သည်။

လွန်ခဲ့သော ၇ နှစ် ကတော့ သူမသည် ကလေးကိုပြန်လည်၍ စုံစမ်းခဲ့၏ ။ သို့သော် ကလေး၏ သတင်းအစအနသော်မှ မရခဲ့ပါတော့။ ကလေး ကို ပြန်မတွေ့ ရတော့ပေ။

ယခုတော့ 

သက်မှူးအောင်ဆိုသည့် လူသား တစ်ယောက် ကို သူမ တွေ့ နေရပြီ။ သက်မှူးအောင်၏ ရုပ်လက္ခဏာကိုလည်း ဓာတ်ပုံမှတစ်ဆင့် မြင်ခွင့်ရပြီ။

နာမည် တူမရှာ့း့  လူတူမရှား တဲ့။

နာမည် တူသူရှိနိုင်သည်။ လူတူရှိနိုင်သည်။

နာမည် ရော၊ လူရော တိုက်တိုက်ဆိုင်ဆိုင် တူညီနေခြင်းကား မ ဖြစ် နိုင်။

သူ့  သက်မှူးအောင်။

လက်ရှိ လှမြတ်ဆွေ၏ လင်ယောက်ျား ဖြစ်နေသူ။

သက်မှူးအောင်သည် သူမ၏ သက်မှူးအောင်သာလျှင် မုချမသွေ ဖြစ်ရပေမည် ။

သူမက ထိုအတိုင်းပဲ တစ်ထစ်ချ ယုံကြည်လိုက်သည်။

သက်မှူးအောင်သည် တစ်ချိန်က သူမ စွန့်ပစ်ထားခဲ့သော သူမ၏ သားကလေးသာ ဖြစ်ရပေမည် ။

ဒေါ်မြသီတာက သည်လိုပဲ တစ်ထစ်ချယုံကြည်လိုက်၏ ၏

•••

နောက်တစ်နေ့မနက်တွင် လှမြတ်ဆွေ တောင်တွင်းကြီးမှ ပြန်သည်။

''အမျိုးသားကို ခေါ်ပြီး လာလည်ပါဦး ဆွေ။ ရွှေစက်တော် ဘုရား ပွဲချိန်ကျ လာခဲ့ပါလားဟင်''

ဒေါ်မြသီတာက အလေးအနက် ထား၍ မှာ ကြားနေသည်။

''ဘယ့်နှယ့်လဲ ဆွေ။ ရွှေစက်တော် ပွဲကို လာခဲ့မှာ မဟုတ်လား''

''ဆွေ ကြိုးစားပါ့မယ်''

''အမျိုးသားကိုပါ ခေါ်ခဲ့ရမှာ နော်''

''ဆွေလာမှတော့ သူပါမှာ ပေါ့ မမသီရယ်''

''ဆက်ဆက်လာ ဖြစ်အောင် လာခဲ့နော်။ အဲ့  ဆွေတို့ မလာရင် တော့ မမသီကိုယ်တိုင် ရန်ကုန်လိုက်လာရလိမ့်မယ်''

ဒေါ်မြသီတာက သက်မှူးအောင်ကို မြင်ချင်တွေ့ ချင်လှပေပြီ။

•••

၁၆

တင့်တင့်အမူအရာက တစ်ခုခုကို မြိုသိပ်ထားရဟန်မျိုး ပေါ်နေ သည်။

အိမ်ကိုမလာခင်ကတည်းက ''သူငယ်ချင့်း့  ကိုယ် မင်းကို တစ်ခုပြောစရာရှိလို့'' ဆိုကာ ကြိုတင်ဖုန်းဆက်ထားခဲ့၏ ။

အိမ်ရောက်တော့လည်း လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ချတော့မည့် နှယ် မရိုးမရွ ဖြစ်နေပေသည်။

''ဘာများ ထူးခြားလို့လဲ တင့်ရဲ့ ။ ပြောပါဦး''

ထိုစဉ် သက်မှူးအောင် အိမ်ပေါ်မှ ဆင်းလာသည့်အတွက် တင့်တင့် နှုတ်တွန့်သွားသည်။ သက်မှူးအောင် ရှေ့မှာ မပြောလိုကြောင်း အမူအရာ ပြသည်။

သက်မှူးအောင်က နှစ် ယောက် စလုံးကို နှုတ်ဆက်ပြီး ကားယူကာ အပြင်ထွက်သွားမှ တင့်တင့် စကားစသည်။

''သူများ လင်မယားကြား ဝင်နှောင့်တယ်လို့တော့ မထင်စေချင်ဘူး သူငယ်ချင်း''

''ဟယ့့်  တင့်။ မင်းနဲ့ကိုယ်နဲ့က ဒီလိုစကားခံရမဲ့လူတွေ လား တင့်ရယ်။ ပြောစမ်းပါကွယ်။ ရင်ထိတ်လှပြီ''

''ပုံနှိပ်တိုက်မှာ မင်း ခန့်ထားတဲ့ကောင်မလေးက ဘယ်သူလဲ''

''ပြုံးပြုံးတဲ့။ မောင်မောင့်သူငယ်ချင်းပါ''

''မင်း ဒီကောင်မလေးကို တွေ့ ဖူးတယ်နော်''

''ပုံနှိပ်တိုက်ရောက်တုန်းက သုံးလေးခါတော့ မြင်ဖူးတယ်။ဘာ ဖြစ်လို့ လဲ တင့်''

''ဆွေ့  ဆွေ့  တော် တော် ရိုးတဲ့ ကိုယ့်သူငယ်ချင်းပါလား။ဒီကောင်မလေးကို မင်း လွယ်လွယ်ပဲ အလုပ်ခန့် ပေးလိုက် တယ်နော်။ ကိုယ်တို့ဆီမှာ စုံစမ်းပါဦးတော့လားကွယ်''

''သူက မောင်မောင့်သူငယ်ချင်း၊ ညောင်လေးပင်ကတဲ့။ ကိုထင် ကျော့်တပည့်ဆို''

''ဒါတွေ မှန်ပါတယ်။ သူငယ်ချင်းဆိုတာတော့ မဟုတ်ဘူး။ သူတို့ မှာ သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေး ရှိတယ်''

''ဘာ''

''ကိုယ့်ယောက်ျားရဲ့ ရည်းစားဟောင်း တစ်ယောက် ကို ကိုယ့်အလုပ် ထဲ တည့်ထားတဲ့အ ဖြစ် ကတော့ ဆိုးပါတယ် ဆွေရယ်''

''အမယ်လေး''

''မင်း မသိခဲ့ဘူး မဟုတ်လား။ မင်းသံသယလေးတောင် မဝင်ခဲ့ဘူး မဟုတ်လား ဟင်''

''အခုကော့  အခုကော သူတို့အခြေအနေ ဘယ်လိုလဲ ဟင်''

''ဒါတော့ မသိသေးဘူး။ တစ်နေ့ကမှ ကိုထင်ကျော်နဲ့ ပြုံးပြုံး လမ်းမှာ ဆုံလို့ ပုံနှိပ်တိုက်မှာ အလုပ်လုပ်နေတာ သိရတာ ။ ကောင်မလေး ရန်ကုန်ရောက်ခါစက ကိုထင်ကျော့်ဆီ မောင်သက်လိပ်စာ လာတောင်းတယ် တဲ့။ ကိုထင်ကျော်က သူတို့အကြောင်းသိနေလို့ လိပ်စာ မပေးလိုက် ဘူး။ ခု ဘယ်လိုဆက်မိကြတယ် မသိဘူး။ မ ဖြစ်သင့်တာတွေ မ ဖြစ်ရအောင် ကြိုပြီး သတိပေးတာ ဆွေ''

•••


ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ လနှစ်စင်းနှင့် နှင်းတစ်ပေါက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဆင်ရတနာသိုက်

ရိုင်းတဲ့ တစ္ဆေ

အရိုးတွန်တဲ့ည