Cover

ပထမပိုင်း

ယမုံနာ သီတာသော င်ခြေဦးမှာ လ xxx

ကြည်နူးဖွယ်တောင်ညိုညိုကxx စိုပြေသာယာစီးဖြာxx

လေချို လေပြေ လေညှင်း လာ လာ xx

ဘာ့ကြောင့်ခွဲလို့သဲထဲမှာ xx

လက်တန်းဖွဲ့လို့ရေး တဲ့စာxxတေးဖွဲ့မြမြကဗျာ xxx

*


ရွာဦးကျောင်းဘုန်းတော် ကြီးသည် ကျောင်းအပေါ်ထပ်မှနေ၍ လှေကားအတိုင်းနှေးကွေးလေးလံစွာ ဆင်းလာလျှက်ရှိလေသည်။ ဆရာတော် ဘုရားကြီးသည် သက်တော် ၆၅နှစ် ရှိပြီ ဖြစ်၍ အိုမင်းမစွမ်း ဖြစ်နေ ချေပြီ။

ဆရာတော် ဦးဉာဏသည် ဤရွာမှာ ပင်မွေး၍ ဤရွာမှာ ပင် ကြီးပြင်းကာ လူလားမြောက်သည့်အရွယ်မှ စ၍ သာသနာ့ဘောင်သို့ဝင်ခဲ့သူ ဖြစ်သည်။ ကျောင်းထိုင်ဘုန်းကြီးဘဝဖြင့် သက်တော် ၆၅၊ ဝါတော် ၄၅ပြည့် ပြီ ဖြစ်သည်။ ဆရာတော် ကြီးသည် မန္တလေးရွှေမြို့တော် ကြီးသို့စာဝါသင်ကြားရန်သွားရောက်စဉ်မှအပ ရွာမှ မခွာခဲ့ဖူးပါချေ။

ဆရာတော် ဦးဉာဏသည် ညာလက်မှာ စာရွက်တစ်ထပ်ကိုပိုက်ရင်း ကျောင်းအပေါ်ထပ်မှ ဆင်း လာလေသည်။

ဆရာတော် ကြီးက ကျောင်းဝင်းအစွန်ရှိခုံတန်းလေးတွင် ဝင်၍ ထိုင်လိုက်လေသည်။ ဘုန်းကြီးကျောင်း မှာ တောင်ကုန်းပေါ်တွင် ရှိသည်မို့ ညောင်ပင်ဆိပ်ရွာကလေးကို ဆီးမိုး၍ မြင်နေရပေသည်။

ဆရာတော် ကြီးက လက်ထဲတွင် ကိုင်လာသော လျှောက်လွှာ စာရွက်များ ဖြင့်ရေး ထားသည့်စာရွက်ထပ် ကို ခုံတန်းလျားလေးပေါ်သို့ချလိုက်လေသည်။ ဆရာတော် ဘုရားသည် ဝေသီမှုန်မှိုင်းသော မျက်လုံးများ ဖြင့် ရွာဖက်ဆီသို့မျှော်ကြည့်လိုက်သည်။

ညနေစောင်းအချိန် ဖြစ်သည်မို့ နေလုံးသည်တစတစနိမ့် ဆင်းဝင်ရောက်လျှက်ရှိပေသည်။ ဒုတ္ထဝတီ မြစ်၏ အနောက်ဖက်ကမ်းအလွန်သို့ တဖြည်းဖြည်းနိမ့်ဆင်းသွားသည့် နေလုံးကြီးကို တောင်ကုန်းလေးဆီမှ အတိုင်းသားမြင်နေရပေသည်။

ဤမြင်ကွင်းများ ကား ဆရာတော် ဘုရားကြီးအဖို့ နှစ်ပေါင်းများ စွာ မြင်ခဲ့ရသည့်မြင်ကွင်းများ ဖြစ်ပေ သည်။ မြင်နေကျ ဖြစ်သော်လည်း ရိုးမသွားသည့် သဘာဝ ရှုခင်းပင် ဖြစ်ပါ၏ ။

ဆည်းဆာချိန်တွင် ဒုတ္ထဝတီမြစ်ရေပြင်သည် ရွှေသားသင်ဖျူးတစ်ချပ်ဖြန့်ခင်းထားသည့်အလား ထင် ယောင်မှားရပေ၏ ။ ဝင်လုဆဲနေလုံးဆီမှရောင် ပြန်များ က ရွှေဝါရောင် သန်းကာ မြစ်ပြင်ထဲသို့ ထိုးဝင်ကျ ဆင်းနေပေသည်။ မြစ်ထဲ၌ သွားလာနေသော လှေ၊ သမ္ဗာန်များ ၊ သစ်ဖောင်များ ကား ရှုမျှော်ခင်းပန်းချီ ကားချပ်ထဲမှ အသက်ဝင်နေသော ပုံရိပ်များ ဖြစ်ပေတော့သည်။

ချည်ခင်စွပ်၊ သော င်တင်း၊ ဟင်္သာ၊ စက္ကဝါက်၊ စင်ရော်၊ ဗျိုင်း၊ ဒင်ကျီး.. စသည့် မြစ် နားချောင်းနားတွင် နေထိုင်ပျော်မြူးကြသည့်ငှက်များ သည်လည်း မြစ်ကမ်းတလျှောက် ဘာသာဘာဝသွားလာ လျှက်ရှိကြလေသည်။

ညနေခင်းအချိန်တွင် အိပ်တန်းသို့ပြန်လာကြသော ကျေးငှက် သာရကာလေးများ ၏ အသံက ရှုခင်းကို ပို၍ လွမ်းမောဖွယ်ကောင်း အောင်ဖန်တီးလျှက်ရှိပြန်၏ ။

'' ရွှေပြည်စိုး xx ရွှေပြည်စိုး ''

ရွှေပြည်စိုးငှက်ကလေးများ ၏ အော်မြည် သံသည် သစ်ပင်များ ထက်မှ သာယာစွာ ထွက်ပေါ်လျှက်ရှိပေ ၏ ။

ဘုန်းကြီးအိုကြီးက စေတီနှင့်ကျောင်းဆီသို့တက်လာရာ မြေလမ်းကွေ့ကွေ့လေးဆီသို့ မျှော်ကြည့် လိုက်ပြန်သည်။ ဘုန်းကြီးသည် လုလင်ငယ် တစ်ယောက် ကို စောင့်မျှော်နေခြင်း ဖြစ်ပါ၏ ။ နောက်တစ်နေ့တွင် ရွာမှထွက်ခွာကာ မြို့ကြီးပြကြီးတွင် ပညာသွားရောက်သင်ကြားမည့် လုလင်ငယ် တစ်ယောက် သည် ဘုန်းကြီး ထံသို့ လာရောက်ဖူးမျှော်ပေလိမ့်မည် ။

ဘုန်းကြီးက သူ့ထံလာရောက်ဖူးမျှော်ရင်း နှုတ်ဆက်မည့်  လုလင်ပျိုကိုစောင့်မျှော်နေရာမှ ဘေးတွင် ချထားသော လျှောက်လွှာစာရွက်များ ဖြင့်ရေး ထားသည့်စာရွက်ထပ်ကို ကြည့်လိုက်ပြန်သည်။ ဘုန်းကြီးသည် အဆိုပါစာရွက်များ အား လုလင်ပျိုသို့ အပြီးအပိုင် ပေးအပ်လိုက်ရန်စိတ်ပိုင်းဖြတ်ပြီး ဖြစ်ချေသည်။

စာရွက်များ ပေါ်တွင် ရေး သားထားသော အကြောင်းအရာ ဖြစ်ရပ်များ ကား ဘုန်းကြီးကိုယ်တိုင်ဖွဲ့နွဲ့သီကုံး ရေး သားထားသော စာများ ဖြစ်ပါ၏ ။

ဘုန်းကြီးသည် သူ၏ အတွေ့ အကြုံ၊ အတွေးအမြင်များ ကို စိတ်တိုင်းကျရေး သားချယ်မှုန်းထားပေ သည်။ မည် သူ့ကိုမှပြသရန်၊ ပေး၍ ဖတ်ရှုရန်ရည်ရွယ်ရင်းမရှိပဲ ရေး သားထားသော စာများ ဖြစ်ပါပေသည်။ သို့သော် စာပါအကြောင်းအရာများ သည် စိတ်ကူးယဉ်များ မဟုတ်၊ အမှန်တကယ် ဖြစ်ပျက်ခဲ့သော အ ဖြစ် အပျက်များ ကို မှတ်တမ်းတင်ချယ်မှုန်းထားခြင်းသာ ဖြစ်လေသည်။

စာပါအကြောင်းအရာများ သည် ခေတ်တစ်ခေတ်ကိုဖော်ညွှန်းထားသော ခေတ်ကြေးမုံပြင်ဟု ပြော၍ လဲရသည်။ ညောင်ပင်ဆိပ်ရွာကလေး၏ သမိုင်းတစ်စွန်းတစဟုပြော၍ လဲရသည်။ ထူးဆန်းအံ့သြဖွယ် ဂမ္ဘီရ ဖြစ်ရပ်ဆန်းတစ်ခု၏ မှတ်တမ်းဟုလဲ ပြော၍ ရပေသည်။

ဘုန်းတော် ကြီးသည် ဤမှတ်တမ်းကို သက်တော် ၅၅နှစ် အရွယ်ကရေး ဖွဲ့ခဲ့ခြင်း ဖြစ်လေသည်။

ဆရာတော် ဘုရားကြီး၏ သက်တော် ၅၅နှစ် အတွင်းကြုံဆုံခဲ့ရသည့် ဖြစ်ရပ်တစ်ခုကို ပြန်လည်ရေး သား ထားခြင်းပင် ဖြစ်ပါသည်။

ထို ဖြစ်ရပ်၌ ဆရာတော် ဘုရားကြီးကိုယ်တိုင် အဓိကဇာတ်ကောင်တစ်ကောင်အ ဖြစ် ပါဝင်လျှက်ရှိ လေသည်။

ဘုန်းကြီးက စာရွက်ထပ်၏ ပထမဆုံးစာမျက်နှာပေါ်မှစာသားများ ကို ပြန်ဖတ်ကြည့်လိုက်လေသည်။ စာလုံးများ ကိုဝေသီမှုန်မှိုင်းသော မျက်လုံးအစုံဖြင့် ပီသသဲကွဲစွာ မမြင်ရသော်လဲ ကိုယ်တိုင်ရေး ဖွဲ့ခဲ့သော စာများ ကိုအလွတ်ရကာ စိတ်ထဲ၌ မြင်ယောင်လာလေသည်။

'' ကျွန်ုပ်သည် ဤမှတ်တမ်းအား အမှန်တကယ် ဖြစ်ကြောင်း သစ္စာရေသောက်၍ ရေး သားစီရင် အပ်ပါသည်။ ကျွန်ုပ်သည် ရဟန်းတစ်ပါး ဖြစ်သည့်အားလျော်စွာ သမိုင်းဝင်ဟုဆိုအပ်သော ဤ မှတ်တမ်းအား အပိုဆာဒါးမထည့်၊ ဇာမချဲ့ပဲ အမှန်အတိုင်း ရေး သားမှတ်တမ်းတင်ပါအံ့၊ ဤ မှန်ကန်သော သစ္စာစကားကြောင့် ကျွန်ုပ်ရေး သားမည့်  ဖြစ်ရပ်တွင် ပါဝင်ခဲ့ပြီး ယခုအခါ ကွယ်လွန်ခဲ့ ပြီး ဖြစ်သည့် ပုဂ္ဂိုလ်များ သည် ကောင်းရာဘုံဘဝသို့ လားရပါစေသတည်း။ ကျွန်ုပ်၏ သစ္စာစကား မှန်ကန်ပါက ထိုသူတို့သည် နောင် ဖြစ်လေရာ ဘဝ..ဘဝ၌ ယခုဘဝကဲ့သို့ အ ဖြစ်ဆိုးမျိုးနှင့် ကြုံဆုံခြင်းကင်းပါစေသတည်း။ ''

ဘုန်းတော် ကြီးသည် ဤသို့ပင်နိဒါန်းချီကာ သူ၏ အတွေ့ အကြုံများ အား မချွင်းမချန် မှတ်တမ်းပြု ရေး သားထားခဲ့ပေသည်။

'' ကျွန်ုပ်သည် ဤမှတ်တမ်းအား ကျွန်ုပ်၏ သက်တော် ၅၅နှစ် အရွယ် ရဟန်းဝါ၃၅ဝါအရတွင် ရေး သားခဲ့ပေသည်၊ ခုနှစ် သက္ကရာဇ် အရ-၁၃ဝ၇ခုနှစ် ဖြစ်ပေ၏ ။

ဖြစ်ရပ်ဇာတ်လမ်းကို အစပြုတင်ပြရမည် ဆိုသော် ကျွန်ုပ်၏ အသက်၈နှစ် အရွယ်၊ မြန်မာသက္ကရာဇ် ၁၂၆ဝခုနှစ် မှ အစပြုရပေအံ့။ ကျွန်ုပ်၏ ငယ်မည် သည် မောင်ညို ဖြစ်ပြီး ကျွန်ုပ်သည် ညောင်ပင်ဆိပ်ရွာ၌ အဖလယ်သမားကြီးဦးသာမြစ်၊ အမိဒေါ်ဆယ်တို့မှမွေးဖွားခဲ့သည့်တစ်ဦးတည်းသော သား ဖြစ်ပေသည်။ ကျွန်ုပ် အား မြန်မာသက္ကရာဇ်၁၂၅၂ခုနှစ်၊ ခရစ်နှစ် ၁၈၉၁ခုနှစ် တွင် မွေးဖွားခဲ့ပေသည်။

အချိန်ကာလကား ကျွန်ုပ်တို့၏ ရှင်ဘုရင်ကို အင်္ဂလိပ်မိစ္ဆာများ က ၁၂၄၇တွင် တိုင်းတပါးသို့ဖမ်းဆီး ဆောင်ယူသွားသည့်အတွက်.. အင်္ဂလိပ်လက်အောက်ကျွန်သဘောက်ဘဝသို့ ရောက်ရှိနေသော အချိန် ဖြစ်ပေ သည်။ ''

*


မောင်ညိုသည် သူ့ကျွန်ဘဝရောက်မှ လူ ဖြစ်လာရသည့် ကလေးငယ်တစ်ဦး ဖြစ်သည့်အားလျော်စွာ .. မြန်မာဘုရင်ကိုယ်တော် တိုင်ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်ခဲ့သည့် လွတ်လပ်သော တိုင်းသူ ပြည်သားဘဝနှင့် သူတစ်ပါးလက်အောက်ခံသူ့ကျွန်ဘဝတို့ခြားနားပုံ ကို နားမလည်ခဲ့ချေ။

မိဘများ မှာ လဲ ပညာမဲ့သော လက်လုပ်လက်စားတောင်သူ လယ်သမားများ ဖြစ်လေရာ မောင်ညိုကို နိုင်ငံရေး အခြေအနေအကြောင်းရပ်များ ပြောမပြတတ်ခဲ့ချေ။ မိဘနှစ်ပါးသည် ပညာထက်မြက်၍ ခန္ဓာကိုယ် သေးကွေးပြီး အင်အားနည်းပါးရှာသည့် သားငယ်ကို သာသနာ့ဘောင်သို့ဝင်စေချင်ကြသည်။ သူတို့လို ပင်ပန်းဆင်းရဲသည့်အလုပ်မျိုးလုပ်ကိုင်မည် ကိုမလိုလားကြချေ။

မောင်ညိုသည် ထိုအချိန်က ရွာဦးကျောင်းတွင် ကျောင်းအိပ်ကျောင်းစားဖြင့် ဘုန်းကြီးကျောင်းသား အ ဖြစ် စာသင်ကြားနေချိန် ဖြစ်ပေသည်။

မိဘတို့မှာ လယ်ကူလီများ ဖြစ်ပြီး သူကြီး၏ လယ်များ ကို ထွန်ယက်လုပ်ကိုင်ပေးရသည့် ဆင်းရဲသား များ ဖြစ်ပေသည်။ မိဘနှစ်ပါးက သူကြီးအိမ်နောက်ဖေးတွင် တဲကလေးထိုး၍ နေထိုင်ခွင့်ရကာ လင်မယားနှစ် ယောက် သား လယ်ယာလုပ်ငန်းတွင် လဲကူရင်း၊ လက်တိုလက်တောင်းအလုပ်လေးများ လဲ လုပ်ပေးရင်းဖြင့် သူကြီးအိမ်တွင် မှီခို နေထိုင်ခွင့်ရကြပေသည်။

သူကြီးမင်းဦးစက်ရောင် ကား ဆွေစဉ်မျိုးဆက်သူကြီးအ ဖြစ် အုပ်ချုပ်လာသော မျိုးရိုး ဖြစ်ပေသည်။ အင်္ဂလိပ်လက်အောက်ရောက်ချိန်တွင် . . မျိုးချစ်စိတ်ရှိသော အချို့ရွာမှသူကြီးတို့သည် အင်္ဂလိပ်အလိုကျအုပ်ချုပ် ရခြင်းကိုမလိုလား၍ တကြောင်း၊ အင်္ဂလိပ်မင်းသစ္စာတော် ကိုမခံယူလို၍ တစ်ကြောင်း သူကြီးအ ဖြစ်မှနှုတ်ထွက် ကြသူများ ရှိပေ၏ ။

သူကြီးမင်းဦးစက်ရောင် မှာ မူ အလိုက်အလျားသင့်နေတတ်သူတစ်ဦး ဖြစ်သည့်အားလျော်စွာ မိမိ အာဏာကိုလည်းမစွန့်လွှတ်၊ အုပ်ချုပ်သူအင်္ဂလိပ်အစိုးရအလိုကျလည်း လိုက်နာကျင့်ကြံခဲ့ပေ၏ ။ ထို့ကြောင့် အင်္ဂလိပ်အစိုးရသည် ဦးစက်ရောင် အားနှစ် ချိုက် မျက်နှာသာပေးခဲ့လေသည်။ ဦးစက်ရောင် မှာ ရွှေစလွယ်ရ၊ နှစ် လုံးပြူးသေနတ်ကိုင်ခွင့်ရှိသော သူကြီး တစ်ယောက် ဖြစ်ချေသည်။ ဦးစက်ရောင် ဆိုလျှင် တစ်ရွာလုံး ဖိန့်ဖိန့် တုန်နေအောင်ကြောက်ရွံ့ရပေသည်။

ဦးစက်ရောင် သည်မည် သူ့ကိုမှထီမထင်၊ ရွာ၌ ဘုရင်တစ်ဆူပမာ အုပ်ချုပ်မင်းလုပ်ခဲ့ပေသည်။ ဦးစက် ရောင် အလေးထားရသူဟူ၍ တစ်ဦးထဲသာရှိပေသည်။ ထိုသူကား ရွာဦးဘုန်းတော် ကြီးပင် ဖြစ်ပေ၏ ။ ဗုဒ္ဓ ဘာသာဝင် ဖြစ်သည့်အားလျော်စွာ ဘုန်းကြီးကိုတော့ အလေးလဲထား၊ ကြောက်လဲကြောက်ရွံ့ရပေ၏ ၊

သူကြီးမင်းဦးစက်ရောင် နှင့် သူကြီးကတော် ကြီးဒေါ်ရွှေပုံတို့တွင် သမီးလေးတစ်ဦးထဲသာ ထွန်းကား လေသည်။ သမီး မမြစိမ်း သည် အသက်၁၈နှစ် အရွယ်ရှိပြီ ဖြစ်ပေ၏ ။

မမြစိမ်းသည် ချောမောလှပသူတစ်ဦး ဖြစ်ရုံမက သူကြီးသမီးလည်း ဖြစ်နေပြန်ရာ ရွာ၌ ကွမ်းတောင်ကိုင် တစ်ဦး ဖြစ်နေသည်မှာ မဆန်းပါချေ။ မမြစိမ်း၏ အလှအပကိုရွာမှကာလသားတိုင်း နှစ်သက် သဘောကျ၍ ပိုးပန်းလိုသော်လည်း ဖခင်သူကြီးမင်းကို ကြောက်ရွံ့၍ ကာလသားများ မှာ စေ့စေ့ပင်မကြည့်ရဲပေ၊

မမြစိမ်းကိုယ်တိုင်လည်း အိမ်ထဲကအိမ်ပြင်မထွက်ရပဲ ဗိုင်းကောင်းကျောက်ဖိနေထိုင်ရသော မိန်းမ ပျိုလေး ဖြစ်ပေသည်။ မမြစိမ်း၏ အလှကို ရွာ၌ ပွဲလမ်းသဘင်ရှိမှသာမြင်တွေ့ ခွင့်ရကြပေသည်။

သာမန်အချိန်များ ဝယ် မမြစိမ်းသည် အိမ်ထဲ၌ မိခင်နှင့်အတူ ဗိုင်းငင်ဝါဖတ်ရင်းဖြင့် သာအချိန်ကုန်လွန်ရပေ၏ ။ မိဘများ က မမြစိမ်းကို အိမ်ရှေ့ခန်းသို့ပင်ထွက်ခွင့်မပေးပဲ သေသေဝပ်ဝပ်၊ ပိပိပြားပြားထားခဲ့ကြပေသည်။ ခေတ်အခြေအနေအရလဲ မိန်းကလေးဆိုသည်မှာ မိဘမျက်စိအောက်တွင် ပင် လုံခြုံသိမ်မွေ့စွာ နေရမည် ဆိုသည့်အမြင်မျိုးရှိသည့်ခေတ် ဖြစ်ပေရာ ယခုလို နေထိုင်နိုင်သည်ကိုပင် ထူးခြား သော ပါရမီဟုဆိုကြပေသည်။

အဘယ်ကြောင့်ဆိုသော် မမြစိမ်းနှင့်ရွယ်တူ အခြားသော မိန်းကလေးများ မှာ ဝမ်းစာအလို့ငှာ လယ်ထဲ ကိုင်းထဲ၌ အလုပ်ထွက်၍ လုပ်ရရှာသည်။ ပင်ပန်းဆင်းရဲစွာ ရှာဖွေစားသောက်ရရှာပေသည်။ မမြစိမ်းအဖို့ သူကြီးသမီးအနေဖြင့် ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင်နေနိုင်ခြင်းမှာ ရှေးကုသိုလ်ကံကောင်း၍ မဟုတ် ပါလော။

မမြစိမ်းအတွက် တစ်ခုထဲသော စိတ်အပန်းပြေစရာကား ပတ္တလားတီးခတ်ခြင်းပင် ဖြစ်လေသည်။ ဝါး ပတ္တလားအိုကြီးမှာ သူကြီး၏ ယောက္ခမ ဖြစ်သူတီးခတ်ခဲ့သော ပတ္တလားကြီးပင် ဖြစ်လေ၏ ။ အဘိုး ဖြစ်သူ မသေမီက မမြစိမ်းကို ပတ္တလားတီးသင်ပေးခဲ့လေသည်။

သူကြီးသည် မိန်းကလေးတန်မဲ့ တူရိယာပစ္စည်းတီးခတ်ခြင်းကိုမနှစ်သက် သော်လည်း ယောက္ခမကြီး ကိုယ်တိုင်သင်ကြားပေးခဲ့၍ မပြောသာခဲ့ချေ။ မမြစိမ်းလေးသည်လည်း ဂီတအနုပညာကို လွယ်ကူစွာ ပင် တတ်မြောက်ခဲ့ကာ အားလပ်ချိန်များ ၌ ပတ္တလားလေးကိုတီးခတ်ရင်းအငြီးဖြေရှာလေ၏ ။

သို့ရာတွင် ဖခင်သူကြီးမင်းအလိုကျ အိမ်အပေါ်ထပ်တွင် သာ တီးခတ်ခွင့်ရှိပြီး၊ သီချင်းကိုလည်း တီးတိုးသာဆိုငြီးရရှာလေသည်။

သူကြီးမင်း၏ တစ်ဦးထဲသော သမီး ဖြစ်သူမမြစိမ်းအတွက် အရင်းနှီးဆုံးအဖော်မှာ မောင်ညိုလေးပင် ဖြစ်တော့သည်။ မောင်ညိုသည် မမြစိမ်းထက်၁ဝနှစ် တိတိငယ်ရွယ်ပေသည်။ အဖော်မဲ့သော မမြစိမ်းအတွက် မောင်ညိုသည် မောင်လေး တစ်ယောက် သဖွယ် ခင်တွယ်ရာ ဖြစ်ခဲ့လေသည်။

မောင်ညိုသည်လည်း မွေးကတည်းကအတူနေလာခဲ့သော မမမြကိုပင် အစ်မရင်း တစ်ယောက် ဟု ထင်မြင်ကာ ချစ်ခင်တွယ်တာခဲ့လေသည်။

ညနေခင်းများ တွင် မမြစိမ်း ပတ္တလားတီးခတ်သည့်အခါ.. မောင်ညိုက ဘေးမှထိုင်၍ စည်းဝါးလိုက် ပေးရလေ၏ ။

ဘုန်းကြီးကျောင်းသားအ ဖြစ် ကျောင်းအိပ်ကျောင်းစားမနေရခင်က.. ညနေခင်းဆိုလျှင် မမမြသည် အိမ်အပေါ်ထပ်ပြတင်းမှခေါင်း ပြူကာ အိမ်နောက်ဖေးတဲကလေးမှမောင်ညိုကို လှမ်း၍ ခေါ်တတ်ပေသည်။

' အညိုရေ.. ပတ္တလားတီးရအောင်၊ လာဟေ့ '

မောင်ညိုသည် မမမြ ပတ္တလားတီးသည့်အခါ စည်းဝါး ကောင်းကောင်းလိုက်တတ်နေပေပြီ။

မမမြသီဆိုသည့်သီချင်းများ သည်လည်း အေးအေးငြိမ့်ငြိမ့်ဖြင့်နားထောင်ကောင်းလှပေ၏ ။

ယမုံနာပတ်ပျိုးသီချင်းကိုသီဆိုလျှင် မောင်ညိုသည် ဘယ်ကိုမှန်းမသိလွမ်းစိတ်ပေါ်ကာ မမမြ၏ မျက်နှာကိုငေးမောကြည့်နေတတ်လေသည်။

' ယမုံနာxx သီတာသော င်ခြေဦးမှာ လxx '.. အစချီသည့်သီချင်းလေးတွင် မြစ်ကမ်းခြေ၏ ရှုခင်းအလှအပများ လဲပါသည်။ မြစ်ထဲတွင် သွားလာကျက်စားသည့် ဟင်္သာ၊ စက္ကဝါက်၊ သော င်တင်းငှက် ကလေးများ အကြောင်းလဲပါသည်။

မမြစိမ်းတို့အိမ်သည် မြစ်ကမ်းအနီး၌ ရှိသော နှစ် ထပ်အိမ် အမြင့်ကြီး ဖြစ်ရာ အိမ်ပေါ်ထပ်မှကြည့်လျှင် ဒုတ္ထဝတီမြစ်ရှုခင်းကို အဆီးအတားမရှိမြင်နေရပေသည်။

မြစ်ရှုမျှော်ခင်းနှင့် မမြစိမ်းသီဆိုသော ယမုံနာပတ်ပျိုးတို့မှာ လိုက်ဖက်ပနံစားကာ ကြားရသူအပေါင်း ကိုလွမ်းဆွေးစိတ် ဖြစ်ပေါ်စေတော့၏ ။

မောင်ညိုဘုန်းကြီးကျောင်းတွင် ကျောင်းသားအ ဖြစ်နှင့် သွား၍ နေထိုင်ရသည့်အခါတွင် လဲ ညနေတိုင်း အိမ်သို့ပြန်လာရလေသည်။

မမမြပတ္တလားတီး တေးချင်းဆိုသည့်အခါတိုင်း စည်းဝါးလိုက်ပေးရသူမှာ မောင်ညိုပင် ဖြစ်လေသည်။

ထိုသို့ သော အခြေအနေများ ဖြင့်နေထိုင်လာခဲ့ရာမှ..

*


ခရာသံစုံ ကျူးကျော်ညံဟုန်xxx တိုင်းဘုံ စက္ကဝါ လက်ျာ စကြ်ာxx
ပန်းညို ပန်းနီ ပန်းပြာ ပန်းဝါxx
အို.. .. ပေါတဲ့ နေရာ တောနဲ့ ဟေမဝါ
ရွှေပြည်စိုး .. ရွှေပြည်စိုး .. ရွှေပြည်စိုး xxx
လွမ်း ပို ဖွယ် ရာ xxx

*


ညောင်ပင်ဆိပ်ရွာကလေးသို့ တော် လှန်ရေး သမားလူငယ်ရန်မျိုးနိုင်ရောက်ရှိလာခဲ့ခြင်းကား မောင်ညို့ ဘဝ၊ မမြစိမ်းဘဝနှင့် ရွာကလေး၏ ကံကြမ္မာကို တစ်မျိုးတစ်ဖုံပြောင်းလဲစေခဲ့လေတော့သည်။

မောင်ညို့အား နိုင်ငံရေး နှင့်ပတ်သက်၍ မျိုးချစ်စိတ်၊တိုင်းချစ်ပြည်ချစ်စိတ်များ ထွန်းကားအောင် လုပ် ဆောင်ခဲ့သူမှာ လည်း ရန်မျိုး နိုင်ပင် ဖြစ်လေသည်။

ရန်မျိုးနိုင်ရောက်ရှိလာသည့်အချိန်ကား နွေရာသီ၏ ညနေခင်းတစ်ခုတွင် ဖြစ်ပေ၏ ။

မောင်ညိုသည် အလှည့်ကျသန့်ရှင်းရေး တာဝန်အရ ထိုနေ့ညနေက ကျောင်းပုရဝုဏ်တစ်ခုလုံးကို ထန်းလက်တံမျက်စည်းဖြင့် လှဲကျင်းနေချိန် ဖြစ်ပေသည်။

နေလုံးသည် အနောက်ဖက်ကမ်းစွယ်သို့ဝင်စပြုပေပြီ။

ထိုအချိန်တွင် ကျောင်းနှင့်စေတီရှိရာ ကုန်းမြင့်လေးဆီသို့ ပတ်၍ တက်လာသည့် လမ်းတလျှောက် ဖုန်လုံးကြီးများ ထကြွလာသည်ကိုတွေ့ လိုက်ရလေသည်။

မောင်ညိုသည် တံမျက်စည်းလှဲနေခြင်းကို ခေတ္တရပ်နားကာ.. တောင်ကမူစွန်းမှနေ၍ လမ်းတ လျှောက်မျှော်ကြည့်လိုက်လေ၏ ။

မြင်းစီးလုလင်တစ်ဦးကား အုန်းခွံရောင် မြင်းညိုကြီးကို ကဆုန်ဆိုင်းကာ တောင်ဆင်ခြေလျှောလမ်း အတိုင်း စီးနင်းလာလျှက် ရှိလေသည်။

လုလင်၏ ရောင် ထုံးထုံးထားသော ဆံပင်မှ ဖြာကျနေသော ဆံနွယ်စများ သည် လေထဲတွင် မြောက်၍ .. မြောက်၍ လွင့်ပျံနေလေသည်။

လုလင်ကြီးသည် အတန်ကြီးမားသော လွယ်အိတ်ကြီးကို စလွယ်သိုင်း၍ လွယ်ထားလေသည်။

မောင်ညိုသည် မြင်းညိုကြီးကိုစီးနင်းလာသည့်လူငယ်အား ကြည့်ကောင်းကောင်းဖြင့် ငေးကြည့်နေ မိလေသည်။

မြင်းစီးလုလင်သည် ကျောင်းပေါက်ဝရောက်သည်နှင့် မြင်းကိုတုံ့ကနဲရပ်လိုက်ကာ မြင်းပေါ်မှ လွှားကနဲခုန်ဆင်းလိုက်လေ၏ ။

လုလင်သည် ခေါင်းမှပုဝါကိုချွတ်လိုက်ကာ ပုဝါဖြင့် ချွေးများ ကိုသုတ်လိုက်၏ ။ သူ၏ တစ်ကိုယ်လုံး တွင် လည်းချွေးများ ရွှဲနင့်နေပေသည်။

မောင်ညိုသည် အနီးကပ်မြင်လိုက်ရသော မြင့်မားထွားကြိုင်းလှသည့်လုလင်ကြီးကို ခေါင်းမော်ကာ လုလင်ကြီး၏ ပါးရိုးတလျှောက်မှပါးမြိုင်းမွှေးများ ကို၎င်း၊ ဖုထစ်ရုန်းကြွနေသော လက်မောင်းကြွက်သားကြီး များ ကို၎င်း ငေးကြည့်နေမိလေသည်။

' ညီလေး၊ ဆရာတော် ဘုရားကြီးရှိရဲ့ လားကွ '

လုလင်ကြီးက မောင်ညိုကိုမေးလိုက်လေသည်။

' ဟုတ်-ဟုတ်၊ ရှိပါတယ်အစ်ကိုကြီး '

' ဆရာတော် ဘုရားကြီးကိုဖူးချင်လို့ပါကွယ်၊ အစ်ကိုကြီးက ခရီးဝေးကလာခဲ့တာကွဲ့ '

' ဟုတ်ကဲ့၊ ကျွန်တော် သွားလျှောက်လိုက်ပါမယ်၊ ထိုင်ခုံလေးမှာ ထိုင်စောင့်နေပါအစ်ကိုကြီး '

' အေး-အေး၊ သြော်.. နေဦးကွဲ့၊ ဆရာတော် ကြီးကို ဟောဒီစာလေးပြလိုက်ပါဦးကွယ် '

လုလင်ကြီးသည် လွယ်အိတ်ကြီးထဲမှစာတစ်စောင်ကိုထုတ်ယူကာ မောင်ညို့လက်ထဲသို့ထည့်လိုက် လေ၏ ။

မောင်ညိုကတံမျက်စည်းကိုသစ်ပင်တွင် ထောင်ခဲ့ပြီး ကျောင်း ပေါ်သို့ပြေးတက်သွားလေသည်။

ဘုန်းကြီးနှင့်တွေ့ သည့်အခါ စာကိုကမ်းပေးရင်းအကျိုးအကြောင်းကိုလျှောက်ထားလိုက်လေသည်။

ဘုန်းကြီးကစာကိုဖတ်ကြည့်ရင်း..

' နေပြည်တော် ကဧည့်သည်ပဲ၊ သွားခေါ်လှဲ့မောင်ညို '

မောင်ညိုက အောက်သို့အပြေးပြန်ဆင်းသွားရင်း လုလင်ကြီးကို ဘုန်းကြီးရှေ့မှော က်သို့ခေါ်ဆောင်ခဲ့ လေ၏ ။

ဧည့်သည်သည် ဘုန်းကြီးအား ဦးသုံးကြိမ်ချ၍ ဝတ်ဖြည့်လိုက်လေသည်။

' ငါ့ရဲ့ မိတ်ဆွေဘုန်းကြီးက စာထဲမှာ အကျိုးအကြောင်း အပြည့်အစုံရေး လိုက်ပါတယ်၊ နာမည် က ရန်မျိုးနိုင်၊ ဟုတ်လား '

' တင်ပါ့ဘုရား '

' နာမည် ရင်းပဲလားကွဲ့ '

' နာမည် ရင်းရှိပါတယ်ဘုရာ့၊ ကုလားဖြူမိစ္ဆာတွေ ရဲ့ ရန်အမျိုးမျိုးကို အောင်နိုင်ရမယ်ဆိုတဲ့ အတိတ် နိမိတ်နဲ့ ရန်မျိုးနိုင်လို့ မှဲ့ခေါ်ထားခြင်းပါ၊ အားလုံးကပဲ ရန်မျိုးနိုင်လို့ခေါ်နေကြပြီမို့ နာမည် ရင်းက ပျောက် လုလုပါဘုရား '

ဧည့်သည်လူငယ်သည် ဆရာတော် ကြီးမေးသမျှကိုလက်အုပ်ချီခေါင်းငုံ့ရင်း လေးလေးစားစားပြန်လည် ဖြေကြားလျှက်ရှိပေ၏ ။

' ကောင်းပါလေ့ကွယ်၊ ငါတို့မလဲ လူကိစ္စဟာ သင်္ကန်းဝတ်နဲ့ မဆိုင်သော်ငြား တိုင်းရေး ပြည်ရေး ဖြစ်လာတော့ကာ ပါဝင်ပတ်သက်ရပေတယ် '

' တင်ပါ့ဘုရား '

' မောင်ရန်မျိုးနိုင်လုပ်စရာရှိတဲ့ ကိစ္စတွေ ကို လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ သာ ကြည့်လုပ်ပေတော့၊ နေရေး ထိုင်ရေး စားသောက်ရေး အတွက်တော့ ဘုန်းကြီးတာဝန်ထား '

' တင်ပါ့ '

' ဟဲ့-ငညို '

' ဖျာ့ '

' ဧည့်သည်ကိုအောက်ထပ်ကဒေါင့်ဆုံးအခန်းမှာ နေထိုင်ဖို့ ရှင်းလင်းသုတ်သင်ပေးလိုက်၊ တခြား ကျောင်းသားတွေ ပါခေါ်ပြီး ရှင်းပေးလိုက်ကြ '

' တင်ပါ့ဖျာ့ '

' ကပ္ပိယကြီးကိုငါ့ဆီလွှတ်လိုက်ဦး၊ ကဲ-ကဲ-မောင်ရင်၊ ငညိုနဲ့ လိုက်သွားပေတော့ကွဲ့ '

*


' လာ-အစ်ကိုကြီး၊ ဟောဒီအခန်းပဲ '

မောင်ညိုက ဘုန်းကြီးမိန့်လိုက်သော အခန်းကို ရန်မျိုးနိုင်အားပြသလိုက်လေသည်။

အခန်းတခါးကိုဖွင့်လိုက်သည့်အခါ ပြတင်းပေါက်များ ပိတ်ထားသည့်အတွက် တစ်ခန်းလုံး မှော င်မဲနေပေ၏ ။ မောင်ညိုက ပြတင်းပေါက်များ ကိုလိုက်၍ ဖွင့်လိုက်လေသည်။ အခန်းမှာ လူမနေတာ ကြာပြီ ဖြစ်၍ ဖုန်အလိမ်းလိမ်းတက်နေကာ ပင့်ကူမျှင်များ လည်း နံရံ၌ ယှက်သန်းနေပေသည်။

' အခန်းသန့်ရှင်းရေး လုပ်ဖို့ ကျွန်တော် တခြားကျောင်းသားတွေ သွားခေါ်လိုက်ဦးမယ်အစ်ကိုကြီး '

' ကိစ္စမရှိပါဘူးကွဲ့၊ အစ်ကိုကြီးကိုယ်တိုင်လုပ်ပါ့မယ်၊ မင်းနာမည် မောင်ညို၊ ဟုတ်လား '

' ဟုတ်ကဲ့အစ်ကိုကြီး '

' မောင်ညို့ကို ကပ္ပိယကြီးလွှတ်ပေးဖို့ ဘုန်းကြီးကမှာ လိုက်တယ်မဟုတ်လား၊ အဲဒါ အရင်သွား ပြောလိုက်ချေဦးလေ '

' အဲ-ဟုတ်သားပဲ '

မောင်ညိုကပြေးထွက်သွားကာ ကပ္ပိယကြီးဦးသံခဲကိုသွားပြောလိုက်သည်။ တစ်ဆက်ထဲ ဂုံးညှင်းထိုး နေကြသည့်ကျောင်းသားများ ကိုပါ သန့်ရှင်းရေး လုပ်ရန်ခေါ်လာလိုက်၏ ။

' ဟေ့ကောင်တွေ ၊ ကျောင်းမှာ အာဂန္တုဧည့်သည်ရောက်နေတယ်ကွ၊ သစ်ပင်အောက်မှာ ချည်ထား တဲ့မြင်းကြီးကိုမြင်လား၊ အဲဒါဧည့်သည်အစ်ကိုကြီးစီးလာတာပေါ့၊ ဘဘုန်းက ဧည့်သည်နေဖို့ အောက်ထပ် အခန်းကိုဝိုင်းရှင်းပေးဖို့မှာ လိုက်တယ်၊ လာကြဦး '

ကျောင်းသားလေးများ သည် ဧည့်သည်ကိုစိတ်ဝင်စားသွားကာ မောင်ညို့နောက်မှလိုက်လာကြလေ သည်။

မောင်ညိုတို့ရောက်သွားချိန်တွင် ရန်မျိုးနိုင်က အင်္ကျီံကိုယ်ချွတ်နှင့် ပင့်ကူမျှင်များ ကို တုတ်တစ် ချောင်းဖြင့်ကိုယ်တိုင်ရှင်းလင်း နေသည်ကိုတွေ့ လိုက်ရသည်။

မောင်ညိုနှင့်ကျောင်းသားငယ်များ က ရန်မျိုးနိုင်၏ ဖုထစ်ကြွရွသော လက်မောင်းကြွက်သားကြီးများ နှင့် ရင်အုပ်ကားကားကြီးကို အားကျစွာ ငေးမောကြည့်မိကြသည်။

' အစ်ကိုကြီး၊ ကျွန်တော် တို့လုပ်မှာ ပေါ့၊ ဖယ်ပါ၊ အစ်ကိုကြီးအနားယူပါ '

' ရပါတယ်မောင်ညိုရယ်၊ အစ်ကိုကြီးနေမယ့်အခန်းကို အစ်ကိုကြီးလဲ ကူရှင်းမှာ ပေါ့၊ အမယ်-မောင်ညို့သူငယ်ချင်းတွေ က အများ ကြီးပါလားဟေ့ '

' ဒီကျောင်းမှာ ကျောင်းသားခြောက်ယောက် ရှိပါတယ် အစ်ကိုကြီး၊ ဒါနဲ့ အစ်ကိုကြီးက ဒီမှာ အကြာကြီးနေမှာ လားဟင်'

' အေး- ကြာမယ်ဆိုပါတော့ကွယ်၊ တော် လှန်ရေး အတွက် ရဲဘော်တွေ ကိုစုစည်းရဦးမှာ ကိုး၊ လက်နက် စုဆောင်းဖို့နဲ့ ရဲဘော်တွေ ကိုလေ့ကျင့်ပေးဖို့နဲ့ ဆိုတော့ ကြာဦးမှာ ပေါ့ '

မောင်ညိုတို့ကျောင်းသားလေးများ သည် ရန်မျိုးနိုင်စကားများ ကိုနားမလည်ကြချေ။

ထိုစဉ် ကပ္ပိယကြီးကျောင်းပေါ်မှဆင်းလာကာ သူတို့အနီး သို့ရောက်လာလေသည်။

' အဆင်ပြေပါရဲ့ လားကိုယ်တော် လေး၊ လိုအပ်တာမှန်သမျှ ကျွန်တော် မျိုးကြီးကို ပြောပါခင်ဗျာ၊ ကျွန်တော် မျိုးက ဒီကျောင်းက ကပ္ပိယကြီးသံခဲပါ '

ကပ္ပိယကြီးက ရန်မျိုးနိုင်အား လေးစားရိုကျိုးစွာ ပြောလိုက် လေသည်။

' ဒီအချိန်မှာ ကိုယ်တော် လေးတွေ ဘာတွေ လုပ်မနေပါနဲ့ ၊ ကျုပ်လဲ သာမန်အရပ်သား တစ်ယောက် ဖြစ် နေပါပြီ၊ အများ ခေါ်သလို ရန်မျိုးနိုင်လို့ပဲခေါ်ပါကပ္ပိယကြီး '

' ဟုတ်ကဲ့ခင်ဗျာ '

' ဒီရွာမှာ လူငယ်ကာလသားတော် တော် များများ ရှိကြသလား၊ တိုင်းရေး ပြည်ရေး ကိုရော စိတ်ဝင်စားကြ ရဲ့ လားကပ္ပိယကြီး '

' အသက်၁၆နှစ် က၂ဝအရွယ်လောက်ထိ ကာလသား အယောက် သုံးလေးဆယ်ထက်မနည်းရှိပါတယ် ကိုယ်တော် လေး၊ အဲလေ.. ကိုရန်မျိုးနိုင်၊ တိုင်းရေး ပြည်ရေး ကိုတော့ တချို့လဲ စိတ်ဝင်စားပါတယ်၊ တချို့လဲ ဘာသိဘာသာပဲနေကြပါတယ်၊ သို့သော် စိတ်ဝင်စားသူများ အဖို့လဲ မြှော က်စားမယ့်သူမရှိလို့ ကိုယ်ရည်ကိုယ် သွေးထက်မြက်မှုမရှိလှပါဘူး၊ လေ့ကျင့်သင်ကြားပေးမယ်ဆိုရင်တော့ လူငယ်မှန်သမျှ စိတ်ဝင်တစားရှိလိမ့် မယ်လို့မျှော်လင့်ရပါတယ်ခင်ဗျာ '

' အင်း.. သည်တော့ကာ လူငယ်ကာလသားများ ကို ကျွန်တော် တွေ့ ချင်တယ်ဗျာ၊ သူတို့နဲ့ စကားပြောချင်တယ်၊ အဲဒါကို ကပ္ပိယကြီးစီစဉ်ပေးဖို့ပါပဲ '

' စိတ်ချပါခင်ဗျာ '

ရန်မျိုးနိုင်နှင့်ကပ္ပိယကြီးတို့ပြောဆိုနေကြသည်ကို မောင်ညိုနှင့်ကျောင်းသားလေးများ ငေးမောနား ထောင်နေကြလေ၏ ။

ကပ္ပိယကြီးက ကျောင်းသားများ ဖက်သို့လှည့်ကာ..

' ဟဲ့-ကျောင်းသားတွေ လုပ်စရာရှိတာ လုပ်ကြလေ၊ မောင်ညိုကကော၊ ကျောင်းဝိုင်းသန့်ရှင်းရေး ပြီးစီးလို့လား၊ သွား သွား-ကိုယ်လုပ်စရာရှိတာလုပ်ချေကြ '

*


မောင်ညိုသည် ကျောင်းဝိုင်းသန့်ရှင်းရေး အပြီးတွင် နေအိမ်သို့ခေတ္တပြန်လာခဲ့လေ၏ ။ နေအိမ်ဆို သည်မှာ မိဘများ မှီခိုနေထိုင်သည့် သူကြီးမင်း၏ အိမ်နောက်ဖေးမှတဲကလေး ဖြစ်ပါသည်။

မောင်ညိုသည် ညနေတိုင်း အိမ်သို့ခေတ္တပြန်နေကျ ဖြစ်ပေသည်။ ဘုန်းကြီးကလည်း ခွင့်ပြုထား၏ ။ ယနေ့တော့ အလှဲ့ကျ သန့်ရှင်းရေး တာဝန်ကျသဖြင့် နောက်ကျနေခြင်း ဖြစ်လေသည်။

သန့်ရှင်းရေး လုပ်နေရ၍ လည်း ရန်မျိုးနိုင်ရောက်လာသည်ကို ဆိုက်ဆိုက်မြိုက်မြိုက်ဆုံဆည်းရခြင်း ဖြစ်ပေသည်။

မောင်ညိုသည်အိမ်သို့လမ်းလျှောက်ပြန်လာရင်း ရန်မျိုးနိုင်အကြောင်းများ ကို စဉ်းစားလာလေသည်။ မောင်ညိုသည် ရန်မျိုးနိုင်ကို စိတ်ဝင်စားနေလေ၏ ။ ဘုန်းကြီးကိုယ်တိုင်နှင့်ကပ္ပိယကြီးတို့ အလေးယူ ဆက်ဆံနေသည့်ရန်မျိုးနိုင်သည် ဘယ်လိုလူစားများ ပေနည်း။

မောင်ညိုကတော့ ရန်မျိုးနိုင်ကိုစိတ်ဝင်စားခြင်းမှာ သူ၏ ယောက်ျားပီသခန့်ညားသော ရုပ်ရည်နှင့် ဗလ ကြီးများ ကိုအားကျစွာ စိတ်ဝင်စားခြင်း ဖြစ်လေသည်။

မောင်ညိုအိမ်ဝင်းထဲဝင်လာသည့်အခါ မမြစိမ်းက အိမ်မကြီးထဲမှနေ၍ ဆီးကြိုခေါ်ငင်လိုက်လေသည်။

' ဟေး-အညို၊ ဒီနေ့နောက်ကျလှချည်လား '

' ဧည့်သည်ရောက်နေလို့၊ အဲ-ကျောင်းဝိုင်းထဲမှာ တံမျက်စည်းလဲလှည်းနေရလို့မမမြရ '

မောင်ညိုက မမြစိမ်းရှိရာအိမ်ထဲသို့ဝင်သွားရင်းပြောလိုက် သည်။

' အမယ်-ဧည့်သည်ရောက်လို့လေး၊ဘာလေးနဲ့ လူကြီးကျနေတာပဲ၊ ဘုန်းကြီးကျောင်းကို ဘယ်က ဧည့်သည်လာတာလဲ အညိုရဲ့ '

' ဘဘုန်းကတော့ နေပြည်တော် ကလာတာလို့ပြောသံကြားလိုက်တယ် '

' နေပြည်တော် '

' ဟုတ်တယ်၊ အဲဒီ အစ်ကိုကြီးက သိပ်ဗလကောင်းတာပဲ မမမြရဲ့ ၊ သူလာတော့ မြင်းကြီးကို စီးလာတာသိပ်ကြည့်လို့ကောင်းတာပဲ၊ သိလားမမမြ '

မောင်ညိုပြောစကားများ ကို အိမ်ရှေ့ခန်းတွင် ထိုင်ရင်း ရေနွေးကြမ်းသောက်နေသည့်သူကြီးမင်း ဦးစက် ရောင် ကြားနေရပေသည်။ မောင်ညိုနောက်ဆုံးပြောလိုက်သော စကားကြောင့် ဦးစက်ရောင် မျက်မှော င်ကုပ် သွားလေသည်။

' ဟဲ့-ငညို၊ ဧည့်သည်က ခဏတဖြုတ် ဝင်တည်းတာလား၊ ကြာကြာနေမယ့်သဘောလား၊ ငါ့ပြောစမ်း '

' ကြာမှာ တဲ့ ဘဘ၊ နေပြည်တော် က ဘဘုန်းရဲ့ မိတ်ဆွေ ဘုန်းကြီးတစ်ပါးက စာရေး ပေးလိုက်တာ၊ အဲဒီ စာကို ကျွန်တော် ယူပြီး ဘဘုန်းဆီဝင်လျှောက်ရတာ ဗျ '

ရွှေစလွယ်ရသူကြီးမင်းဦးစက်ရောင် သည် မျက်မှော င်ကုပ်သထက်ကုပ်သွားလေ၏ ။

' ခက်တာပဲကရို့၊ ခေတ်ကာလကမကောင်းရတဲ့အထဲ ဘဘုန်းတို့ကလဲ လူတကာကိုလက်ခံသကိုး၊ လူဆိုးမှန်းမသိ၊ လူကောင်းမှန်းမသိ '

ဦးစက်ရောင် သည် တစ်ကိုယ်ထဲငြီးငြူသလိုဆက်ပြောနေလေ၏ ။

မမြစိမ်းက မောင်ညို၏ ပခုံးကိုအသာဖက်ကာ အိမ်ပေါ်ထပ်သို့ခေါ်သွားလေသည်။

' လာ-အညို၊ မမမြသီချင်းတစ်ပုဒ်စပ်ထားတာ အညို့ကို ဆိုပြမလို့၊ စောင့်လိုက်ရတာ ကြာလှ မင့်ကော '

' မမမြက သီချင်းစပ်တယ်၊ နားထောင်ရသေးတာပ '

' အောင်မယ်၊ လှောင်သလိုမပြောပါနဲ့ နော်၊ နားထောင်ပြီးမှ ကိုယ့်အစ်မကိုယ် ထိုင်ကန်တော့ချင် စိတ်ပေါက် သွားပါဦးမယ် '

' ကောင်းရင်ဖြင့် ကန်တော့ဖို့ဝန်မလေးပါဘူးဗျာ '

နှစ် ယောက် သား အိမ်ပေါ်ထပ်အရောက်တွင် အိမ်ဦးခန်းမှ ပတ္တလားကြီးရှေ့၌ ထိုင်မိကြလေ၏ ။

မမြစိမ်းက ပတ္တလားရှေ့တွင် ကြုံ့ကြုံ့လေးထိုင်ရင်းလက်သံ စမ်းလိုက်သည်။ မောင်ညိုလည်း အနီးမှ စည်းနှင့်ဝါးကို ကောက်ကိုင်လိုက်လေ၏ ။

မမြစိမ်းက ပတ္တလားဘေးမှကျောက်သင်ပုန်းလေးကိုယူကာ ကွေးထားသော ဒူးပေါ်သို့ တင်လိုက်လေ သည်။ ကျောက်သင်ပုန်းပေါ်၌ ကား မမြစိမ်း၏ လက်ရေး သေးသေးလေးများ ကို တွေ့ ရလေ၏ ။

' မမမြက သီချင်းကိုကျောက်သင်ပုန်းပေါ်မှာ ရေး ထားတာလား '

' အေး '

' စက္ကူပေါ်မှာ မရေး ဘူးလား '

' စက္ကူ၊ စက္ကူကိုဘယ်မှာ ရှာမလဲအညိုရဲ့ ၊ ရှားကရှားသနဲ့ ၊ စက္ကူဆိုတာ ပေါ်တာဖြင့်မကြာသေးဘူး၊ ဈေးကလဲကြီးပါသနဲ့ ၊ ရေး နေကျကျောက်သင်ပုန်းပေါ်ရေး လဲ ဖြစ်တာပဲဟာ၊ ကဲပါ- မမမြက ရှေ့ကဆိုပြမယ်၊ အညိုက စည်းဝါးကို အလိုက်သင့်လိုက်ပေတော့ '

' သီချင်းနာမည် က ဘာတဲ့ တုန်းမမမြရဲ့ ၊ ပြောပါဦး '

' သြော်-သီချင်းနာမည် က ရွှေပြည်စိုးတဲ့ ဟ၊ ရွှေပြည်စိုး ငှက်ကလေးအကြောင်းစပ်ထားတာပဲ '

' ဟင်- ငှက်အကြောင်းကိုသီချင်းစပ်တယ် '

' ဒါဘာဆန်းသတုံးအညို၊ မမမြဆိုနေကျယမုံနာပတ်ပျိုးထဲမှာ လဲ ငှက်တွေ အကြောင်းပါတယ် မှုတ်လား၊ ကဲပါကွယ်၊ နားထောင်ကြည့်စမ်းပါ '

မမြစိမ်းက အတောပိုဒ်လေးကိုလက်သံစမ်း၍ တီးလိုက်ကာ သူမစပ်ဆိုထားသည့်သီချင်းကို ကျောက် သင်ပုန်းပေါ်မှ ကြည့်၍ ဆိုလေသည်။

'' မြိုင်ယံတောလုံးဖြင့် ပင်မြင့်ပင်ဆင့် အလွန်တင့်လှသရှင် xxx
ဖော်မစုံ မယ့်တစ်ကိုယ်တည်း စိမ့်ကြီးမြိုင်ကြီးရိပ်ကြီးအောက်တွင် xxx
သခင် .. .. .. သခင် .. .. .. သခင် .. .. ..
လှမ်းလာတော် မူပါလှည့် ချစ်သော မယ့်သခင် xxx
ရှင်.. ရှင်.. ရှင်..
ခေါ်လေသလား တစ်ပါးမယ့်သခင် xxx
အုံ့ဆိုင်း.. ညိုမှိုင်း.. မြူလှိုင်းကြားက အသံရှင်xxx
ရွှေပြည်စိုးxx ရွှေပြည်စိုး xx ရွှေပြည်စိုးတဲ့
ငှက်ကလေးအသံပေး ဆိုတေးသီသံစဉ် xx
ဟင်.. မောင်မဟုတ်ပါလားxx
ရွှေပြည်စိုးxx ရွှေပြည်စိုး xx ရွှေပြည်စိုးတဲ့
ငှက်ကလေးအသံပေး ဆိုတေးသီသံစဉ် xx
မယ့်ကိုလှောင်သလားxxxပျို့ကိုလှောင်သလားxx ငှက်ဆိုးလေးလို့ ဆိုများ ဆိုချင်xx
ရွှေပြည်စိုးxx ရွှေပြည်စိုး xxx ရွှေပြည်စိုးတဲ့ လွမ်း.. ပို.. အောင်.. ပင်.. xx ''

' ဟာ-ကောင်းလိုက်တာဗျာ၊ သိပ်နားထောင်လို့ကောင်းတာပဲ '

မောင်ညိုက တကယ်ပင် လှိုက်လှိုက်လှဲလှဲပြောလိုက်လေ၏ ။

' တကယ်လားအညို၊ အဟုတ်နားထောင်လို့ကောင်းတာလား၊ တမင်တကာရွဲ့ပြောတာလားကွဲ့ '

' ဘယ်ကလာ ရွဲ့ပြောရမှာ တုန်းမမမြရဲ့ ၊ ကောင်းလို့ ကောင်းတယ်ပြောတာမင့်ဟာ၊ မမမြသီချင်းက ရှုခင်းလှလှလေးတွေ လဲပါတယ်၊ ပန်းကလေးတွေ ပွင့်နေတဲ့ အကြောင်းလဲပါတယ်၊ ရွှေပြည်စိုး ငှက်ကလေး အော်သံလဲပါတယ်၊ လွမ်းဖို့သိပ်ကောင်းတာပဲနော် '

မမြစိမ်းက မခို့တရို့လေးပြုံးနေပေသည်။

' သီချင်းထဲကကောင်မလေးဟာ မမမြလားဟင် '

' ဘာလို့တုန်းကွဲ့ '

' သီချင်းထဲကကောင်မလေးက ရွှေပြည်စိုးငှက်ကလေးအော်သံကို သူ့ချစ်သူခေါ်သံလို့ ဘာလို့ထင်ရ တာတုန်း၊ သူ့ချစ်သူနာမည် က ကိုရွှေပြည်စိုးမို့လို့လား '

မောင်ညို၏ ကလေးအတွေးဖြင့်မေးလိုက်သည့်အမေးကို မမြစိမ်းက ဟက်ဟက်ပက်ပက်ရယ်မော လိုက်လေသည်။

' ဒါ တင်စားတာပေါ့အညိုရဲ့ ၊ ချစ်သူကိုလွမ်းနေမျှော်နေတဲ့အချိန်မှာ ရွှေပြည်စိုးငှက်ကလေးက ရွှေပြည်စိုး-ရွှေပြည်စိုးလို့ မြည် လိုက်တော့ ချစ်သူ့ခေါ်သံလို့ယောင်ရမ်းပြီးထင်လိုက်မိတာလေ၊ အပြင်မှာ တော့ ငှက်အော်သံနဲ့ လူခေါ်သံဘယ်တူမလဲကွယ် '

' မမမြက သီချင်းထဲမှာ ချစ်သူအကြောင်းထည့်စပ်ထားတော့ အပြင်မှာ လဲ မမမြမှာ ချစ်သူရှိနေလို့ လားဟင် '

' ဟယ်-အညို၊ ကောင်လေး၊ နင်ဘာတွေ လျှောက်ပြောနေ တာလဲ '

မမြစိမ်းသည် ရှက်သွားကာ မျက်နှာပင်နီမြန်းသွားလေ၏ ။ ချစ်သူရည်းစားဆိုတာ မရှိဖူးသေးသည်မို့ ကြားရတာ ပင် ရှက်လှပါသည်လေ။

' မမမြက ရည်းစားမရှိပဲနဲ့ ဘာလို့ဒီလိုသီချင်းမျိုးစပ်တတ်တာလဲဟင် '

' အညိုရယ်၊ စပ်စုလှချည်လား၊ ဒါသက်သက်စိတ်ကူးယဉ်ကြည့်တာပေါ့ကွဲ့၊ တခြားတေးချင်း တွေ ကိုကြည့်ပြီး သူတို့လိုစပ်ဆိုကြည့်တာပေါ့ '

' နောက်တစ်ခေါက်ဆိုပြပါဦးမမမြ '

မောင်ညိုက သူပါအလွတ်ရအောင် အကြိမ်ကြိမ်ဆိုခိုင်းနေ၍ မမြစိမ်းက သုံးလေးခေါက်ဆိုပြ နေရလေသည်။

'' မယ့်ကိုလှောင်သလားxx ပျို့ကိုလှောင်သလားxx ငှက်ဆိုးလေးလို့ ဆိုများ ဆိုချင်xx

ရွှေပြည်စိုးxx ရွှေပြည်စိုး xxx ရွှေပြည်စိုးတဲ့ လွမ်း.. ပို.. အောင်.. ပင်.. xx ''

' ဟင်-ကျွန်တော် တော့နောက်ကျနေပြီမမမြ၊ ဘုရားဝတ်တက်ချိန်နီးပြီ၊ ဘဘုန်းဆူတော့မှာ ပဲ '

မိုးချုပ်မှပင် မောင်ညိုသည် ကျောင်းကိုပြန်ရန်သတိရ တော့၏ ။

' ဟုတ်ပါရဲ့ ဟယ်၊ မမမြလဲပြန်လွှတ်ဖို့မေ့နေလိုက်တာ၊ ကဲ-ကဲ-ပြန်၊ မြန်မြန်သာပြေးပေရော့ အညိုရေ '

မောင်ညိုကျောင်းပြန်ရောက်တော့ ဘုရားဝတ်တက်နေကြလေပြီ။

သို့သော် ကျောင်းထိုင်ဆရာတော် ကြီးမှာ ဧည့်သည်ကိုရန်မျိုးနိုင်နှင့်စကားပြောနေ၍ မောင်ညိုမရှိ သည်ကို သတိထားမိဟန်မတူပေ။

မောင်ညိုလဲ ဘုရားဝတ်တက်နေသူများ နောက်မှအသာဝင်ထိုင်လိုက်လေသည်။

*


စိန်ခြယ်ညီးxx လင်းရောင် ဖြာသော ချိန်ခါxx
လမင်းစန္ဒာxx ရွှေနန်းတော် ဦး ကြည်နူးစရာxxx
ဝင်းထိန်ဝါxx ငြိမ်ငြိမ်သက်သက်ရှိလေခြင်းxx
ဘုရင်မင်းတရားကို စဉ်းစားမိသော အခါxxx
ကွာဝေးပေါ့ မြန်မာရှေး ဟိုတုန်းခါxxx
ရာဇဝင်အစောင်စောင်.. တန်ခိုးပြောင်ပါရက်ကယ်နဲ့ xx
ဗမာ့ရင်သွေး တွေးတိုင်းဆတ်ဆတ်ခါxxxx

*


နောက်တစ်နေ့ညနေတွင် မောင်ညိုအိမ်သို့မပြန် ဖြစ်တော့ပေ။ မောင်ညိုအိမ်ပြန်ရန်ပြင်နေဆဲမှာ ပင် ရွာရှိကာလသားလူကုန်နီးပါး ဘုန်းကြီးကျောင်းသို့ရောက်လာကြလေ၏ ။

မောင်ညိုက အကျိုးအကြောင်းမေးမြန်းကြည့်သည့်အခါ ကပ္ပိယကြီးဦးသံခဲဖိတ်ကြားထား၍ ဖြစ် ကြောင်း ပြောကြလေ၏ ။ ကပ္ပိယကြီးက နေပြည်တော် မှဧည့်သည်ရန်မျိုးနိုင်နှင့် ရွာရှိလူငယ်များ ဆုံဆည်းရန် နေ့လည်ခင်းကတည်းက လိုက်၍ ဖိတ်ကြားထားခြင်း ဖြစ်လေသည်။

မောင်ညိုတို့ကျောင်းသားတစ်သိုက်မှာ ဘုန်းကြီးကျောင်းသို့ ညနေခင်းအချိန် လူတွေ သည်လောက် များများ လာလေ့လာထမရှိပါ၍ အံသြနေကြပေ၏ ။

မောင်ညိုက ကပ္ပိယကြီးနှင့်ကိုရန်မျိုးနိုင်တို့စကားပြောနေရာသို့သွား၍ မေးမြန်းလိုက်လေ၏ ။

' ကပ္ပိယကြီး၊ ရွာထဲကကာလသားတွေ ကို ကပ္ပိယကြီး ခေါ်ထားတာဆို၊ ဘာလုပ်ဖို့လဲ၊ ဘဘုန်း ကခေါ်ခိုင်းလို့လား '

ကပ္ပိယကြီးက ရန်မျိုးနိုင်နှင့်စကားပြောနေရာမှ အလိုမကျသလိုလှည့်ကြည့်လိုက်ရင်း..

' အလို၊ တယ်လဲစပ်စုပါလားကွဲ့၊ ကလေးက ကလေးလို နေစမ်း၊ လူကြီးတွေ အလုပ်လုပ်နေတာ မင်းမေးစရာလား '

ရန်မျိုးနိုင်သည် မောင်ညို့ကိုငုံ့ကြည့်လိုက်ကာ.. ကပ္ပိယကြီးကိုလှည့်ပြောလိုက်သည်။

' ဒီလိုလဲဘယ်ဟုတ်မလဲကပ္ပိယကြီးရယ်၊ ကျွန်တော် တို့ လုပ်ငန်းဆောင်တာတွေ ကို မောင်ညိုတို့လို အသက်အရွယ်လူကလေးတွေ လဲ စိတ်ဝင်စားဖို့လိုတယ်၊ သူတို့ဟာ နောင်တစ်ချိန်မှာ ကြီးပြင်းလာကြမှာ မဟုတ်လား၊ ခုကာလမှာ လူတိုင်းလူတိုင်း တိုင်းရေး ပြည်ရာကို စိတ်ဝင်စားထားပါမှ တော် ကာကျမယ် ကပ္ပိယကြီး '

ရန်မျိုးနိုင်သည် မောင်ညို့ကိုလူကြီး တစ်ယောက် သဖွယ် အရာသွင်း၍ ပြောပြရှာပေ၏ ။

' ဒီလိုကွဲ့မောင်ညိုရဲ့ ၊ ရွာကကာလသားတွေ ကို စကားပြောစရာရှိလို့ အစ်ကိုကြီးက လူစုခိုင်း ထားတာပါ၊ အစ်ကိုကြီးက သူတို့ကို တို့တိုင်းပြည်ရဲ့လက်ရှိအခြေအနေကိုပြောပြပြီး အင်္ဂလိပ်လက်အောက်က လွတ်မြောက်အောင်လုပ်ဖို့တိုက်တွန်းမလို့ကွဲ့ '

' ဟင်- အင်္ဂလိပ်လက်အောက်ကလွတ်အောင်လုပ်မယ်'

' ဟုတ်တယ်၊ တို့တိုင်းပြည်ဟာ ရှင်ဘုရင်မရှိတော့ပဲ အင်္ဂလိပ်မျက်နှာဖြူတွေ အုပ်ချုပ်တာခံနေရတာ ကို မောင်ညိုသိတယ် မဟုတ်လား '

' သိပါတယ်အစ်ကိုကြီး '

' အစ်ကိုကြီးဟာ မျက်နှာဖြူတွေ ကိုတိုက်ထုတ်ဖို့ကြိုးစားနေတဲ့ တော် လှန်ရေး သမား တစ်ယောက် ပဲ၊ မောင်ညိုတို့ရွာက လူငယ်တွေ ကိုမျိုးချစ်စိတ်ဓာတ်ထက်သန်အောင် စည်းရုံးသိမ်းသွင်းပြီး တော် လှန်ရေး မှာ ပါ ဝင်ဖို့ အစ်ကိုကြီးကနားချမယ်ကွဲ့၊ သူတို့ကို ကိုယ်ခံပညာနဲ့ စစ်ရေး စစ်ရာတွေ ပါ သင်ပေးမှာ ဖြစ်တယ် '

' ဒါဆိုကောင်းတာပေါ့အစ်ကိုကြီး '

' မောင်ညိုစိတ်ဝင်စားရဲ့ လားကွဲ့ '

' စိတ်ဝင်စားတယ်အစ်ကိုကြီး၊ အင်္ဂလိပ်ကုလားဖြူတွေ ကို မြန်မာ့မြေပေါ်က တိုက်ထုတ်ပစ်ဖို့လို တယ်လို့ ဘဘုန်းကလဲ ပြောဖူးပါတယ်၊ ကြာရင် သာသနာပါညှိုးသွားလိမ့်မယ်တဲ့ '

ရန်မျိုးနိုင်က မြေပေါ်တွင် ဒူးထောက်ထိုင်ချလိုက်ကာ မောင်ညို၏ ပခုံးနှစ် ဖက်ကို အားရပါးရ ဖြစ်ညှစ် လိုက်လေသည်။

' မောင်ညိုလေးကမခေပါလားကွဲ့၊ မင်း ဒါတွေ တောင် နားလည်ပြီးသားကိုး၊ တွေ့ တယ်မဟုတ်လား ကပ္ပိယကြီး၊ ကလေးဆိုပြီးအထင်သေးလို့မရဘူးဗျ၊ ကျွန်တော် တို့ဟာ သူတို့ကို ဒီအရွယ်ကတည်းက မျိုးချစ် စိတ်ထက်သန်အောင်မွေးမြူထားရမယ်၊ ကဲ- မောင်ညို၊ မင်းစိတ်ဝင်စားရင်ဖြင့် ညပိုင်းအစည်းအဝေးမှာ အစ်ကိုကြီးပြောမယ့်စကားတွေ ကို ကာလသားတွေ နဲ့ အတူ နားထောင်ပေတော့၊ တခြားကျောင်းသားတွေ ကိုလဲ စိတ်ဝင်စားရင် နားထောင် နိုင်တယ်လို့ပြောလိုက်၊ ကြားလား '

' ဟုတ်ကဲ့ပါအစ်ကိုကြီး '

သို့ဖြင့် မောင်ညိုသည် ထိုနေ့ညနေက အိမ်သို့မပြန် ဖြစ်တော့ပေ။

*


မောင်ညိုနှင့်ကျောင်းသားလေးများ သည် ရွာထဲမှလူငယ်များ ကိုဆီးကြိုဧည့်ခံကာ ကျောင်းအောက်ထပ် မှ တရားဟောခန်းမကြီးတွင် နေရာချပေးကြလေသည်။

ဖျာများ ခင်းပေးသူကပေး၊ ရေနွေးကြိုသူကကြိုနှင့်တတပ်တအားလုပ်လိုက်ကြရာ အစည်းအဝေးပွဲသည် စည်စည်ကားကား ဖြစ်သွားလေ၏ ။

ရွာရှိလူငယ်တို့မှာ သူတို့ကို မည် သည့်အတွက်ကြောင့်ခေါ်သည်ကိုမသိကြသေး။ လူစိမ်း ဖြစ်သော ရန်မျိုးနိုင်ကိုကြည့်ကာ တီးတိုးတီးတိုးလုပ်နေကြလေသည်။ လူငယ်သုံးဆယ်ကျော်ခန့် ရောက်ရှိနေကြပေ သည်။

ရွာဦးကျောင်းဘုန်းတော် ကြီးသည် မျိုးချစ်စိတ်ဓာတ်ရှိသူ ဖြစ်ကာ သူ့ကျွန်ဘဝရောက်နေရခြင်းအတွက် အောက်ကျနောက်ကျ ဖြစ်ရပုံများ ကို အခွင့်သင့်တိုင်း ဟောပြောလေ့ရှိသူ ဖြစ်သည်။ ကိုယ့်တိုင်းပြည်ကို ကိုယ့် ဘုရင်ကိုယ့်သခင်နှင့်အုပ်ချုပ်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း ခံယူချက်ရှိသူလဲ ဖြစ်၏ ။

ထို့ကြောင့်ပင် တော် လှန်ရေး သမားလူငယ်ရန်မျိုးနိုင်လာရောက်တည်းခိုခြင်းကို လက်ခံခဲ့ခြင်းပင် ဖြစ် မည် ဟု မောင်ညိုကတွေးမိလေသည်။

သို့သော် ယခုအစည်းအဝေးပွဲ၌ မူ ဆရာတော် ကြီးသည် အောက်ထပ်သို့ဆင်းမလာပဲ အပေါ်ထပ်ဘုရား ဆောင်တွင် သာ တရားရှုမှတ်နေပေ၏ ။ တော် လှန်ရေး ကိုအားပေးသော်လဲ လူ့အရေး ကိစ္စများ ထဲ၌ ဝင်ပါလို ဟန်မတူပေ။

အနည်းငယ်မှော င်ရီပျိုးလာသည့်အခါ ကပ္ပိယကြီးက အောက်လင်းမီးအိမ်ကြီးများ ကို ထွန်းညှိလိုက် လေ၏ ။ မီးအိမ်ကြီးလေးလုံးကို ခန်းမ၏ ထောင့်လေးထောင့်တွင် ထွန်းညှိလိုက်ရာ တစ်ခန်းလုံးလင်းထိန်သွား လေသည်။

ရွာမှလူငယ်တို့သည် လက်ဖက်ရည်ကြမ်းသောက်ရင်း ရန်မျိုးနိုင်ဝင်အလာကို စောင့်ဆိုင်းနေကြ လေ၏ ။

ခဏကြာလျှင် ရန်မျိုးနိုင်သည် ခန်းမထဲသို့ ဝင့်ကြွားသော ခြေလှမ်းများ ဖြင့် ခန့်ညားစွာ ဝင်ရောက်လာ ခဲ့လေသည်။ သူသည် ပင်နီတိုက်ပုံအင်္ကျီံကိုဝတ်ဆင်ထားသော်လည်း အင်္ကျီံမှာ လက်တို ဖြစ်၍ လက်မောင်း ကြွက်သားကြီးများ က အင်္ကျီံအနားသားအောက်မှ ရုန်းကြွထွက်ပေါ်နေလေသည်။ သူသည် ရှမ်းဘောင်းဘီ ပွပွကိုဝတ်ဆင်ထားရာ ရှပ်ဟိုက်သော ဝမ်းဗိုက်သားပြင်သည် ပေါ်လွင်နေကာ ရင်အုပ်မို့မို့ကြီးများ ကို ထင်ရှား အောင်ပြသထားသကဲ့သို့ရှိချေ၏ ။

ဆံပင်ကိုရောင် ထုံးထုံးထားပြီး အုန်းဆီသုတ်လိမ်းထားသည့်အတွက် သပ်ရပ်ပြောင်ချောလျှက်ရှိပေ သည်။ ခေါင်းတွင် ပန်းရောင် ပိုးပုဝါကိုစည်းနှောင်ထားလေ၏ ။

ခန်းမတွင်းရှိလူများ သည် ရန်မျိုးနိုင်၏ ကြက်သရေရှိခန့်ညားပြီး ယောကျာ်းပီသလှသော အသွင် အပြင်ကြောင့် အသံများ ရုတ်တရက်တိတ်ဆိတ်သွားကာ ငေးမောကြည့်ရှုနေကြလေ၏ ။

ရန်မျိုးနိုင်က စုရုံးထိုင်နေသော လူပရိသတ်နှင့် မျက်နှာချင်းဆိုင်ကာ ခန်းမထိပ်တွင် နေရာယူ၍ ထိုင် လိုက်လေသည်။

' ရဲဘော်တို့ .. '

ရန်မျိုးနိုင်သည် ထိုင်လိုက်ပြီးသည်နှင့် အာလုပ်သံကြီးဖြင့် အားလုံးကိုနှုတ်ခွန်းဆက်သလိုက်ပေ သည်။

ရွာသားလူငယ်တို့သည် မိမိတို့အား ခန့်ညားထယ်ဝါသော အသံဖြင့် ''ရဲဘော်တို့''-ဟုဝိဂြိုဟ်ပြု ကာ ခေါ်ဝေါ်နှုတ်ဆက်ခံလိုက်ရ၍ ကြက်သီးများ ထကာ အံ့သြမင်သက်သွားကြလေ၏ ၊

' ရဲဘော်တို့၊ ရဲဘော်တို့ကို ကျုပ်က တိုင်းပြည်ရန်စွယ် ကိုနှိမ်နင်းမယ့် သေဖော်သေဖက်များ သဖွယ် သဘောထားတဲ့ အတွက် ရဲဘော်တို့လို့ နှုတ်ခွန်းဆက်သလိုက်ခြင်း ဖြစ်ပါတယ်၊ ကျုပ် ပြောမယ့်စကားများ ကို သေချာဃဏနားစိုက်ထောင်ပါလို့တိုက်တွန်းလိုပါတယ် မြန်မာလူငယ်ရဲဘော်အပေါင်းတို့ '

ရန်မျိုးနိုင်၏ လေသံသည် အသံသြဇာနှင့်လည်းပြည့်ဝလှလေရာ နားထောင်သူတစ်ဖက်သား၏ စိတ် နှလုံးအားသိမ်းကြုံးယူနိုင်စွမ်း ရှိလှပေ၏ ။

' ကျုပ်နာမည် ကတော့ ရန်မျိုးနိုင်ပဲ၊ ကျုပ်ဟာ မြန်မာမင်းနေပြည်တော် လို့ခေါ်အပ်တဲ့ ရတနာပုံ နေပြည်တော် ကြီးဆီက လာခဲ့ခြင်း ဖြစ်တယ်၊ ရဲဘော်အပေါင်းတို့၊ ကျုပ်အနေနဲ့ ရတနာပုံမင်းနေ ပြည်တော် လို့ သုံးနှုန်းလိုက်ရသော်လဲ ကျုပ်တို့ရဲ့ မင်းနေပြည်တော် ကြီးဟာ အုပ်ချုပ်သူဘုရင်မရှိပဲ နန်းတော် အခွံကြီး သက် သက်သာ ကျန်ရစ်တော့တာကို ရဲဘော်အားလုံးသိရှိပြီး ဖြစ်တယ်.. ..

' ရဲဘော်တို့.. ကျုပ်တို့ရဲ့ ဘုရင်မင်းမြတ်ကို မျက်နှာဖြူမိစ္ဆာတွေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ၁၂၄၇ ခုနှစ် က ဖြစ်တဲ့ အတွက် အခုဆို ကျုပ်တို့ဟာ မင်းမဲ့၊ အုပ်ချုပ်သူမဲ့ဘဝနဲ့ နေလာခဲ့ရတာ နှစ် ပေါင်း၁၄-နှစ် ရှိပြီ ဖြစ်တယ်၊ ရဲဘော်တို့.. အင်္ဂလိပ် မျက်နှာဖြူများ ဟာ ကျုပ်တို့မြန်မာ့မြေပေါ်မှာ ကျူးကျော်နေထိုင်ခဲ့ရုံမက.. အကြောင်းအမျိုးမျိုးပြပြီး စော်ကားမော်ကားပြုခဲ့တာတွေ ကို ရဲဘော်တို့သိအောင် ကျုပ်ကပြောပြပါရစေ၊ ဒီအကြောင်းအရာတွေ ဟာ အများ သိပြီး ဖြစ်လို့ ရဲဘော်တို့လည်းသိပြီး ဖြစ်ပေလိမ့်မယ်၊ သို့သော် မျက်နှာဖြူ မိစ္ဆာများ ရဲ့ ယုတ်မာပက်စက်မှုကိုပေါ်လွင်စေချင်လို့ ကျုပ်က ထပ်လောင်းပြောပြရဦးမယ်'

ရန်မျိုးနိုင်က ဘုံဘေဘားမားသစ်ကုပ္မဏီကိစ္စကို အကြောင်းပြု၍ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားပုံ၊ မြန်မာ့နန်းတွင်း အင်္ဂလိပ်လူမျိုးများ ဝင်ရောက်ကာခြေရှုပ်ကြပုံ၊ မင်းညီမင်းသားများ အချင်းချင်း သွေးကွဲအောင် သပ်လျှိုကြပုံ၊ နောက်ဆုံး.. မင်းနှစ် ပါးကိုကြက်ငှက်ကလေးသဖွယ်ဖမ်းဆီး၍ ရတနာဂီရိသို့ ဆောင်ကျဉ်း သွားပုံများ ကို.. မျက်စိထဲ၌ ကွက်ကွက်ကွင်းကွင်းမြင်လာအောင် ဟောပြောလိုက်လေ၏ ။

နားထောင်ရသူလူငယ်အပေါင်းသည် ရန်မျိုးနိုင်၏ ဒေါနှင့်မောနှင့် ဟန်ပါပါတက်ကြွစွာ ဟောပြော နိုင်မှုကြောင့် မခံချင်စိတ်များ အုံကြွကာ.. ဖင်တကြွကြွပင် ဖြစ်လာကြလေ၏ ။

' ရဲဘော်တို့.. ကျုပ်တို့မြန်မာလူမျိုးတွေ ဟာ သာကီဝင်မင်းမျိုးတွေ ဖြစ်တယ်၊ ရှေးအတီတေကတည်းက ကိုယ့်မင်း ကိုယ့်ချင်း၊ ကိုယ့်ရှင်ဘုရင် ကိုယ့်ထီးနန်းနဲ့ အုပ်ချုပ်လာကြတဲ့ ရာဇဝင်မှာ ထင်ရှားတဲ့ တိုင်းပြည် ကြီးတစ်ပြည် ဖြစ်တာကို ရဲဘော်တို့သိကြပြီး ဖြစ်တယ်..

' ရဲဘော်တို့... ကျုပ်ပြောတဲ့ စကားများ ကိုထောက်ခံပါသလား '

' ထောက်ခံတယ် '

' ထောက်ခံပါတယ် '

လူငယ်အားလုံးက ဝိုင်း၍ အော်ဟစ်လိုက်ကြလေသည်။

' ကောင်းပြီ၊ ရဲဘော်တို့.. ဒီလိုဆိုရင်ဖြင့် ကျုပ်တို့ရဲ့ ဘိုးဘေးဘီဘင်လက်ထက် ကမ္ဘာဦးအစ ကတည်းက ကိုယ့်ထီးကိုယ့်နန်းနဲ့နေလာတဲ့ ကျုပ်တို့တိုင်းပြည်ကို ကုလားဖြူမိစ္ဆာများ ကျူးကျော်စော်ကားတာ ကို ဒီအတိုင်းလက်ပိုက်ကြည့်နြေ ကတော့မှာ လား '

' ကြည့်မနေနိုင်ပါဘူး '

' ပြန်ချမယ်၊ တိုက်မယ် '

' သခင်မျိုး၊ သာကီဝင်မင်းမျိုးရယ်လို့ နှစ် ပေါင်းရှည်ကြာနေလာခဲ့ပြီးမှ ကျုပ်တို့လက်ထက်ရောက်မှ သူ့ကျွန်အ ဖြစ်ခံကြတော့မှာ လား '

' မခံဘူးဗျို့၊ မခံဘူး '

' ဘိုးဘွားများ ထူထောင်ခဲ့တဲ့ နိုင်ငံတော် ကြီးကို ကုလားဖြူလက် ဝကွက်အပ်ပြီး ကျုပ်တို့ခေတ်ရောက် မှ ညံ့ကြတော့မှာ လား '

' အညံ့မခံဘူး၊ ပြန်ချမယ်၊ တိုက်မယ် '

လူငယ်တိုင်းသည် လက်သီးလက်မောင်းတန်းကာ ကြွေးကြော်အော်ဟစ်လိုက်ကြလေ၏ ။

' ရဲဘော်တို့.. ရဲဘော်တို့ရဲ့ စိတ်ဓာတ်တက်ကြွမှုအတွက် အားရကျေနပ်ရှိလှပေတယ်၊ သို့သော် အင်္ဂလိပ်မိစ္ဆာဒိဌိများ ဟာ လက်နက်အင်အားတောင့်တင်းလှပေတယ်၊ ကျုပ်တို့မှာ နယ်ချဲ့ကို တွန်းလှန်ဖို့ စိတ် အားထက်သန်မှုတစ်ခုထဲရှိနေလို့မ ဖြစ်သေးဘူး၊ ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ့်ကြံ ခါးက မသန်- ဆိုတာလို ဖြစ်မှာ စိုးရတယ်၊ ဒီတော့ကာ ကျုပ်တို့ဟာ လူသူအင်အားသာမက လက်နက်အင်အားကိုပါ အင်္ဂလိပ်ကိုအံတုနိုင်အောင် စုဆောင်းထားဖို့လိုတယ်၊ ခေတ်မီလက်နက်များ အတွက် ကျုပ်နဲ့ ကျုပ်ရဲ့ အပေါင်း အသင်းရဲဘော်ရဲဖက်များ က လျှို့ဝှက်စွာ ဆောင်ရွက်နေပြီ ဖြစ်တယ်၊ သည်တော့ကာ ကျုပ်တို့မှာ တော် လှန်ရေး မှာ ပါဝင်မယ့်သူ တစ်ဦးချင်းရဲ့အရည်အသွေးကိုပြည့်ဝအောင် လုပ်ဆောင်ထားဖို့က အခြေခံကျတဲ့အချက် တစ်ရပ် ဖြစ်ပေတယ် ..

' ရဲဘော်တို့.. တော် လှန်ရေး မှာ ပါဝင်မယ့်မျိုးချစ်ရဲဘော်တို့ကို ကိုယ်ခံပညာများ ၊ ယောကျာ်းကောင်း စစ်သားကောင်းတို့ တပ်အပ်သော ပညာများ ပို့ချပေးဖို့အတွက် ကျုပ်ရောက်ရှိလာရခြင်း ဖြစ်တယ်၊ ယခုတက် ရောက်လာသည့်ရဲဘော်များ ၊ သင်တို့ထဲမှာ ကိုယ်ခံပညာ၊သိုင်းပညာများ ကို ကျုပ်ထံမှာ သင်ယူလိုသူ ရှိပါသလား '

' သင်မယ် ' ' ကျုပ်သင်မယ် '

' ကျွန်တော် လဲသင်မယ် ' ' သင်မယ်ဗျို့ '

အားလုံးသော လူငယ်တို့၏ တစ်ယောက် တစ်ပေါက်အော်ဟစ်သံများ မှာ ဆူညံသွားကြပြန်လေသည်။

' ကောင်းပြီ၊ ကျုပ်သင်ကြားပေးမယ့်ကိုယ်ခံပညာရပ်များ ကို လက်ခံသင်ယူမယ့်သူဟာ မတ်တပ်ထ ရပ်ပြစမ်းပါ '

ရန်မျိုးနိုင်က စကားဆုံးသည်နှင့် သူကိုယ်တိုင် ကြမ်းပြင်ပေါ်တွင် ထိုင်နေရာမှထကာ မတ်တပ်ရပ် လိုက်လေ၏ ။

စိတ်ဓာတ်တက်ကြွနေသော လူငယ်တို့သည်လည်း ရန်မျိုးနိုင်ထံတပည့်ခံလိုကြောင်းပြသလိုသည်နှင့် ရုတ်ချည်းထရပ်ကြလေရာ လူအားလုံးတို့သည် တပြိုင်ထဲမတ်တပ်ရပ်ပြီးသား ဖြစ်သွားကြလေ၏ ။ ကြမ်းပြင် ပေါ်၌ ထိုင်နေသူ တစ်ယောက် မှ မကျန်ရစ်တော့ပေ။

' အားရဖွယ်ကောင်းလိုက်ပါဘိ၊ ကောင်းပြီရဲဘော်တို့၊ မနက်ဖန်ညနေကစပြီး ညနေခင်းတိုင်းမှာ ဟောဒီဘုန်းကြီးကျောင်းဝင်းထဲမှာ ပဲ ကျုပ်သင်ပေးမယ်၊ လက်ဝှေ့ရေး များ နဲ့ တုတ်သိုင်း၊ ဓားသိုင်း၊ဗန်တို၊ ဗန်ရှည်ပညာရပ်များ ကို ကျုပ်ကသင်ပေးသွားမယ်၊ ညနေခင်းဆိုရင်တော့ ရဲဘော်တို့လဲလုပ်ငန်းဆောင်တာများ ပြီးစီးလို့ အားလပ်ကြပြီမဟုတ်လား '

' ဟုတ်ပါတယ်၊ အားပါတယ် '

' ကိုင်း-ဒါဖြင့် ကျုပ်တို့ဟာ တော် လှန်ရေး ကိုအတူဆင်နွှဲမယ့် သေတူရှင်ဖက်ရဲဘော်များ ဖြစ်သွား ကြပြီ၊ သည်တော့ လက်မောင်းသွေးဖောက်ပြီး သစ္စာရေသောက်ကြစို့ '

ကပ္ပိယကြီးဦးသံခဲက ငွေဖလားတစ်လုံးကိုယူလာကာ ခန်းမထိပ်ရှိဘုရားစင်ပေါ်သို့ တင်လိုက်လေ သည်။

ရန်မျိုးနိုင်က ဖလားကိုယူကာ လက်ဖြင့်မြှော က်၍ ဖလားကိုနဖူးတွင် ကပ်ကာ ဘုရားရှေ့၌ ဦးတင်လိုက် လေသည်။

ထို့နောက် ငွေဖလားကို ကပ္ပိယကြီးအားကိုင်ထားစေကာ သူ၏ အင်္ကျီံလက်မောင်းကို ပင့်တင်ပြီး ဘယ်လက်မောင်းကိုကွေးလိုက်လေသည်။ ထိုအခါ ဖုထစ်နေသာလက်မောင်းကြွက်သားများ က အကြောပြိုင်း ပြိုင်းထသည်ထိ ကြွတက်လာလေ၏ ။

ရန်မျိုးနိုင်သည် ခါးကြားတွင် ထိုးထားသော ဓားမြှော င်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ကြွက်သား အမြှော င်းလိုက်ဖြင့် တင်းမာနေသော သူ၏ ဘယ်ဖက်လက်မောင်းကို ဓားမြှော င်ဖြင့်ဆွိ-ကနဲနေအောင်ထိုး စိုက်ချလိုက်လေသည်။

လက်မောင်းမှစီးကျလာသော သွေးများ က ငွေဖလားထဲသို့ တစက်ချင်း၊တစ်ပေါက်ချင်း ကျရောက် သွားလေ၏ ။

လက်မောင်းသွေးကို ဣနြေ္ဒမပျက်ဖောက်ထုတ်လိုက်သည့် ရန်မျိုးနိုင်ကိုကြည့်ကာ.. လူငယ်တို့သည် လက်မောင်းသွေးဖောက်ရန် သူ့ထက်ငါဦးရှေ့သို့တိုးလာကြလေ၏ ။

ရန်မျိုးနိုင်က လူငယ်ကာလသားများ အား တစ်ယောက် ပြီး တစ်ယောက် လက်မောင်းသွေးများ ဖောက် ထုတ်ပေးလိုက် လေ၏ ။ ဇာတိမာန်ထက်သန်သော လူငယ်တို့၏ လက်မောင်းသွေးများ သည် ငွေဖလားထဲသို့ တစ်စက်ချင်းကျရောက်သွားလေရာ အားလုံးကို သွေးဖောက်အပြီး၌ ငွေဖလားတဝက်ရှိအောင် လက် မောင်းသွေးများ ပြည့်သွားလေတော့သတည်း။

ရန်မျိုးနိုင်က ဘုရားရှေ့တွင် သစ္စာဆိုကာ ငွေဖလားအတွင်းမှ သွေးအနည်းငယ်ကို ဦးစွာ မော့သောက် လိုက်လေသည်။

ထို့နောက် လူငယ်ကာလသားများ အား တစ်ယောက် ပြီး တစ်ယောက် လက်မောင်းသွေးများ အားသောက် စေလေ၏ ။

မောင်ညိုသည် လူငယ်ထုကြားထဲသို့ပြေးဝင်လာကာ..

' အစ်ကိုကြီး၊ အစ်ကိုကြီးရန်မျိုးနိုင်၊ ကျွန်တော် လဲသစ္စာရေ သောက်ပါရစေ၊ ကျွန်တော့်  လက်မောင်းသွေးကိုလဲဖောက်ပါ၊ ကိုယ်ခံပညာတွေ လဲ ကျွန်တော့် ကိုသင်ပေးပါ '

မောင်ညို၏ အပြုအမူကို အချို့အံ့သြစွာ ငေးစိုက်ကြည့်နေသော်လည်း၊ အချို့လူငယ်တို့ကမူ ရယ်စရာ သဖွယ်ပြက်ရယ်ပြုကြလေ၏ ။

' ဟေ့ကောင်ငညို၊ မင်းက လက်တောက်လောက်ကလေး ရှိသေးတယ်၊ ကြီးကျယ်လှချေလားကွ '

' မင်းတကယ် လက်မောင်းသွေးအဖောက်ခံရဲလို့လား မောင်ညို '

ရန်မျိုးနိုင်သည် သွေးများ ကုန်သွားသော ငွေဖလားကို ဘုရားစင်ပေါ်တင်ထားလိုက်လေ၏ ။

မောင်ညိုရှိရာသို့လျှောက်လာကာ ပခုံးကိုယုယညင်သာစွာ ပုတ်လိုက်လေသည်။

' မောင်ညိုလေးရဲ့ စိတ်ဓာတ်ကိုလေးစားရမယ်ရဲဘော်တို့၊ ဒါဟာရယ်ပွဲဖွဲ့စရာမဟုတ်ပါဘူး၊ ဒီအရွယ် လေးနဲ့ မျိုးချစ်စိတ်ရှိတာ၊ နိုင်ငံတော် အတွက်တိုက်ပွဲဝင်ချင်တာဟာ ချီးကျူးရမယ်မဟုတ်လား '

ရန်မျိုးနိုင်က မောင်ညို့ကိုငုံ့ကြည့်ရင်းဆက်ပြောလေ၏ ။

' မောင်ညို၊ ညီလေး၊ ညီလေးဟာကိုယ်ခံပညာသင်ဖို့ သိပ်ငယ်သေးတယ်ကွဲ့၊ ညီလေးရဲ့ စိတ်ဓာတ်ကိုခေတ္တခဏချုပ်တီးထား လိုက်ပေဦး၊ သို့သော် အစ်ကိုကြီးတို့လုပ်ငန်းမှာ ဘေးကနေပါဝင် ကူညီ တာဟာလဲ တော် လှန်ရေး အတွက် တစ်တပ်တစ်အားကူညီရာ ရောက်ပါတယ်၊ ဒီတော့ အစ်ကိုကြီးတို့အလုပ်ကို မောင်ညိုလေးက တတ်နိုင်သ၍ ကူညီပေးပေတော့၊ မောင်ညို ကြီးလာတဲ့တစ်နေ့ကျရင် စစ်သားကောင်းကြီး တစ်ယောက် ဖြစ်အောင် အစ်ကိုကြီးကပံ့ပိုးကူညီပါ့မယ်ကွယ် '

ရန်မျိုးနိုင်က မောင်ညိုအားချော့မော့နှစ် သိမ့်လိုက်လေသည်။

*


မြနဲ့ မောင်နဲ့ ခုမှတွေ့ တာ xxxx
လူပါးမဝခင်တုန်းကxxx ပြောကြတော့ရယ်စရာပါxx
ထမီလေးတိုတိုဝတ်ကာxxx မြငယ်စဉ်မှာ xxx
လူထဲမဝင်ခင်သေးမို့ အလှပြင်ဆင်ရှာ xxxx
မယ်ရင်ကုန်ကုန်ပြောမယ်xxxx
တောတစ်သက်မို့ ဘယက်ဒွါဒရာxxxx
ရွှံ့တွေ ကပ်စိ ကပ်စိ ပုတီးလုပ်ကာသုံးတတ်ပါတယ်xxx

နောက်တစ်နေ့ညနေမှစကာ ရန်မျိုးနိုင်သည် ရွာရှိကာလသားများ အား ကိုယ်ခံပညာများ ကို အစုသုံးစု ခွဲ၍ သင်ကြားပေးလေသည်။

အလုံးအရပ်တူသူများ ကို အုပ်စုသုံးစုခွဲကာ တစ်စုကို လက်ဝှေ့ရေး ၊ တစ်စုကို ဓားသိုင်း၊ ဗနာက်တစ်စု ကို ဗန်တိုပညာများ သင်ကြားပေးလေသည်။ လူငယ်အားလုံး၃၅-ယောက် ရှိလေရာ နှစ် စုတွင် ၁၂ယောက် စီပါ၍ နောက်ဆုံးအစု၌ ၁၁-ယောက် ပါဝင်လေသည်။

ပထမအစုကို လက်ဝှေ့ရေး သင်ပေးနေချိန်တွင် ကျန်နှစ်စုမှ လူငယ်များ က ဘေးမှကြည့်၍ မှတ်သားရ လေသည်။

ရန်မျိုးနိုင်သည် အုပ်စုသုံးစုကိုတစ်နာရီစီခွဲကာ မတူညီသော ကိုယ်ခံပညာများ ကို သူကဒိုင်ခံ၍ တစ်ဦးထဲ သင်ပြလေ၏ ။ ရန်မျိုးနိုင်၏ တစ်ကိုယ်လုံးမှာ ချွေးများ ရွှဲနင့်နေကာ ခန္ဓာကိုယ်အထက်ပိုင်းကို ဗလာ ကျင်းထားသည့်အတွက် ရင်အုပ်ကားကားကြီးပေါ်မှချွေးများ မှာ ဆီလိမ်းထားသလို ပြောင်လက်နေပေတော့ ၏ ။

' ရဲဘော်တို့၊ မိမိတို့အလှည့်ကျတဲ့ ပညာရပ်ကိုသာ တတ်မြောက်အောင် စွဲစွဲနစ်နစ်သင်ယူကြပါ၊ ကျုပ် က ပညာရပ်တစ်ခုတတ်မြောက်တာနဲ့ နောက်ထပ်ကိုယ်ခံပညာရပ်များ ကို အလှည့်ကျ သင်ပေးသွားမှာ ဖြစ် တယ်၊ မတတ်မြောက်မှာ မပူကြပါနဲ့ ၊ သူများ သင်ယူနေစဉ်မှာ လည်း ကြည့်ပြီးမှတ်သားပါ၊ ပညာတစ်ရပ်ကို တစ်လကြာစီသင်ပေးသွားမယ်လို့ ကျုပ်ကကြံရွယ်ထားတယ်၊ ကြိုးစားပမ်းစားနဲ့ စိတ်ပါလက်ပါသင်ယူကြ ပေတော့ '

ရန်မျိုးနိုင်က သူ၏ အစီအစဉ်ကိုပြောပြပြီး သြဝါဒပေးလေသည်။

မောင်ညိုသည် ဘုန်းကြီးကျောင်းထဲ၌ ညနေတိုင်း ကာလသားများ စုံညီစည်ကားစွာ ရောက်လာကြပြီး ကိုယ်ခံပညာများ သင်ယူနေသည်ကိုကြည့်ကာပျော်နေလေသည်။ ရန်မျိုးနိုင်၏ စုံလင်လှသော ပညာရပ်များ ကိုကြည့်ကာ အားကျနေမိလေသည်။

သုံးလေးရက်ကြာသည်ထိပင် ကြည့်မဝနိုင်သေးသော မောင်ညိုသည် အိမ်သို့ပင်မပြန် ဖြစ်တော့ပေ။ ကိုယ်ခံပညာသင်ရန် သတ်မှတ်ထားသော စေတီဘေးမှကွင်းကလေးကို အခြားကျောင်းသားများ နှင့်အတူ တံပျက်စည်းလှဲ၍ ဖုံများ သိပ်ရန်ရေလောင်းပေးထားခြင်း၊ သင်တန်းသားများ သောက်ရန်ချပေးထားသည့်ရေအိုး များ ထဲ၌ ရေများ ဖြည့်ထည့်ပေးခြင်း..စသည်ဖြင့် ကူညီလုပ်ပေးရင်း မအားလပ်နိုင်အောင် ဖြစ်နေပေ၏ ။

မောင်ညိုအိမ်မပြန်တာ လေးရက်ခန့်ရှိသွားသည့်အခါ မမြစိမ်းက မေးလေသည်။

မောင်ညိုတို့ကျောင်းသားများ သည် မနက်အာရုဏ်တက် တုံးမောင်းခေါက်သည်နှင့် အိပ်ရာမှထကာ အာရုဏ်ဆွမ်းခံထွက်ရပါသည်။

ရောင် နီမပျို့မီ ကျောင်းမှထွက်၍ ရှေ့မှဦးဇင်းသုံးပါး၊ ကိုရင်နှစ် ပါးရှေ့ဆောင်ကာ မောင်ညိုတို့ ကျောင်းသားလေးများ က ဆွမ်းထည့်သော ယွန်းဒေါင်းလန်းကြီးကို ဆိုင်းတန်းတွင် ကြိုးဖြင့်လျှို၍ နောက်မှ လိုက်ရလေသည်။ ရွာအားလကျာ်ရစ်ပတ်၍ ကမ်းနားတလျှောက်မှအိမ်များ အရင်ဆွမ်းခံရသည်။ ရွာတောင် ပိုင်းအစွန်အရောက်တွင် ရွာထဲသို့လှည့်ဝင်ကာ ကျောင်းသို့ပြန်ရသည်။ ရောင် နီလာချိန်မှ ဘုန်းကြီးကျောင်းသို့ ပြန်ရောက်လေ၏ ။

တစ်ရွာလုံးလိုလို အာရုဏ်ဆွမ်းထွက်၍ လောင်းကြပေသည်။

သူကြီးအိမ်မှဆွမ်းထွက်လောင်းနေကျသူမှာ သူကြီးသမီး မမြစိမ်း ဖြစ်လေသည်။

ယနေ့မနက်တွင် အာရုဏ်ဆွမ်းခံထွက်ခဲ့ရာ သူကြီးအိမ်ရှေ့အရောက်တွင် မမြစိမ်းက ဆွမ်းများ လောင်းလှူရင်း မောင်ညို့ကို မေးလိုက်လေသည်။

' အညို၊ ညနေ ညနေ ဘာလို့အိမ်ပြန်မလာတာလဲ၊ လေးရက်တောင်ရှိပြီ '

' ကျွန်တော် မအားလို့ပါမမမြ '

' အလို၊ ဘာတွေ များ လုပ်နေရလို့တုန်းဟဲ့ '

' တော် လှန်ရေး သမားတွေ ကိုကူနေရတာ '

' ဘာ '

' ဒီညနေလာခဲ့မယ်ဗျာ၊ အဲဒီ ကျမှပြောပြတော့မယ် '

စကားကြာကြာပြောချိန်မရ၍ မမြစိမ်းကိုညနေလာမည် ဟု ကတိပေးခဲ့ရလေသည်။

ထို့ကြောင့်မောင်ညိုသည် ယနေ့ညနေပိုင်းတွင် ကစားကွင်းကို တံပျက်လှဲ၊ရေလောင်းပြင်ဆင်ပေးပြီး သည်နှင့် အိမ်သို့ ထွက်လာခဲ့လေ၏ ။

*


' ဆိုပါဦးကိုယ်တော် လေး၊ ဘာတွေ များ အလုပ်များ နေလို့ အိမ်ကိုတောင်မပြန်နိုင်ရတာ တုံး '

မောင်ညိုအိမ်ဝရောက်သည်နှင့် မမြစိမ်းကဆီးကြိုကာ ရန်တွေ့ မေး မေးလိုက်လေသည်။

သူကြီးဦးစက်ရောင် အိမ်ရှေ့ခန်း၌ ထိုင်၍ ရေနွေးကြမ်းသောက်နေသည်ကိုမြင်သော ကြောင့် မောင်ညို က ..

' လာလေမမမြ၊ ဟိုနေ့ကသီချင်းလေးဆိုပြပါဦး၊ ကျွန်တော့်ဟာကျွန်တော် ဆိုကြည့်တော့ ဒုတိယပိုဒ် ကိုမေ့နေလို့ဗျ '

မောင်ညိုက ဦးစက်ရောင် ကြားအောင် သီချင်းအကြောင်း တမင်ပြောလိုက်ခြင်း ဖြစ်သည်။

မမြစိမ်းက မောင်ညို့ပခုံးကိုဖက်ကာ အိမ်ပေါ်ခေါ်သွားလေသည်။

' မမမြလဲ စည်းဝါးလိုက်ပေးမယ့်လူမရှိလို့ သီချင်းတောင်မတီး ဖြစ်ဖူးကွဲ့ '

မောင်ညိုသည် ရန်မျိုးနိုင်အကြောင်း၊ ကျောင်းထဲမှာ ကာလသားများ ကို ကိုယ်ခံပညာသင်ပေးနေ သည့်အကြောင်းများ ကို မမြစိမ်းအား ပြောပြချင်နေပေသည်။

အိမ်ရှေ့ခန်းမှာ သူကြီးမင်းဦးစက်ရောင် ထိုင်နေ၍ စကားလွှဲပြောလိုက်ခြင်း ဖြစ်၏ ။ ဦးစက်ရောင် သည် အင်္ဂလိပ်ခေတ်သူကြီး ဖြစ်ရာ အင်္ဂလိပ်အလိုကျ အုပ်ချုပ်နေရသူ ဖြစ်သည်။ အင်္ဂလိပ်လူဟု ဆိုနိုင်ပေသည်။ ဘုန်းကြီးကျောင်းထဲမှာ တော် လှန်ရေး အတွက် ပြင်ဆင်နေကြတာကိုသိလျှင် ဦးစက်ရောင် ကြိုက်မည် မဟုတ် ပေ။ မောင်ညိုက သည်မျှတော့နားလည်ပါသည်။

ထို့ကြောင့် ထုံးစံအတိုင်းပတ္တလားတီးသီချင်းဆိုမယောင်နှင့် အိမ်ပေါ်တက်လာလိုက်သည်။

မမြစိမ်းသည် ပတ္တလားရှေ့တွင် ထိုင်လိုက်ပြီး တုတ်တံလေးဖြင့် ပတ္တလားကိုအသံစမ်းလိုက်လေသည်။

' သီချင်းဆိုတာလဲ ဆိုကြတာပေါ့မမမြရဲ့ ၊ ကျွန်တော် ပြောပြတာလဲနားထောင်ပါဦး '

' ဘာတုန်း '

မမြစိမ်းက ပတ္တလားအတီးကိုရပ်ကာ မောင်ညို့ဖက်လှဲ့၍ မေးလိုက်သည်။

' ကျောင်းမှာ လေ တော် လှန်ရေး သမားကြီး တစ်ယောက် ရောက်နေတယ်ဗျ၊ အဲဒီ အစ်ကိုကြီးက သိပ် တော် တာပဲ၊ သိလား၊ သိုင်းတွေ လက်ဝှေ့တွေ လဲတတ်တယ်၊ ရွာကအစ်ကိုကြီးတွေ ကို သူက ကိုယ်ခံပညာတွေ သင်ပေးနေတာ '

' ဟင်-သူကဘာ ဖြစ်လို့သင်ပေးရတာ လဲ '

' တော် လှန်ရေး လုပ်ဖို့တဲ့ ၊ အင်္ဂလိပ်ကိုတော် လှန်ဖို့လေ့ကျင့်နေတာတဲ့ ဗျ '

' ဟယ်-ဒါဆို အဲဒီ လူကသူပုန်ပေါ့ '

' ဘာလို့သူပုန်ရမှာ လဲဗျ၊ အစ်ကိုကြီးရန်မျိုးနိုင်ကချောမှချော၊ ဗလလဲသိပ်ကောင်းတာ '

' နင်ပြောသလိုဆို စိတ်ကြမ်းလူကြမ်းကြီးထင်ပါရဲ့ ဟယ်၊ နင်အဲ့လိုလူမျိုးတွေ နဲ့ မပေါင်းသင့်ဘူး အညို၊ အဲဒါဟာသူပုန်ဟဲ့၊ လူဆိုးဟဲ့ '

' သူပုန်ဟုတ်ပါဘူးဆိုဗျာ၊ သူပုန်ဆို ဘဘုန်းက ဘယ်လက်ခံမလဲ '

' နင်ပြောတော့ အင်္ဂလိပ်အစိုးရကိုပုန်ကန်ဖို့လုပ်နေတာဆို၊ အစိုးရကိုပုန်ကန်ခြားနားတဲ့ သူဟာ သူပုန် သူကန်ပေါ့ဟဲ့၊ လူဆိုးပေါ့ဟဲ့ '

' အင်္ဂလိပ်က ကောင်းမှမကောင်းတာမမမြရဲ့ '

' ကြည့်စမ်း၊ ကြည့်စမ်း၊ ပြောရဲလိုက်တာ၊ ဒါတွေ နင့်ကို အဲဒီ လူကသင်ပေးလိုက်တာပေါ့လေ၊ အညို နင်ကြပ်ကြပ် သတိထားနော်၊ နင်တော့လူဆိုးနဲ့ ပေါင်းပြီးပျက်စီးတော့မှာ ပဲ၊ နင့်အဖေ အမေကိုပြောထားဦးမှ '

' မပြောပါနဲ့ မမမြရယ်၊ အမေတို့လဲမပြောနဲ့ ၊ ဘဘကိုလဲ ပြန်ပြောမပြနဲ့ တော့နော်၊ ကျွန်တော် ဒီလူနဲ့ ကင်းကင်းနေဆို နေပါ့မယ် '

မောင်ညိုက မမြစိမ်းစိတ်ဝင်စားမည် အထင်နှင့် ရန်မျိုးနိုင်အကြောင်းများ ကိုပြောပြလိုက်မိရာ မမြစိမ်း မကြိုက်မှန်းသိ၍ စကားကိုလျှောချလိုက်ရ၏ ။

' အဲ့လိုမှပေါ့၊ အသေဝနာစ ဗာလာနံ-တဲ့ ၊ လူမိုက်ကို ဝေးဝေးကရှောင်ရတယ်ကွဲ့ '

' ဟုတ်ကဲ့၊ မမမြ ကျွန်တော် တို့သီချင်းဆိုရအောင်လေ၊ ဟိုတစ်နေ့က ရွှေပြည်စိုးသီချင်းလေး ဆိုပြ ပါဦး '

မောင်ညိုက စည်းနှင့်ဝါးကိုကောက်ကိုင်ကာ သီချင်းဖက်အာရုံပြောင်းပစ်လိုက်လေတော့သည်။

မမြစိမ်းက သူမကိုယ်တိုင်ရေး စပ်ထားသော သီချင်းလေးကို ဝါးပတ္တလားလေးတီးကာ အားရပါးရသီဆို လိုက်လေ၏ ။

'' မြိုင်ယံတောလုံးဖြင့် ပင်မြင့်ပင်ဆင့် အလွန်တင့်လှ သရှင် xxx
ဖော်မစုံ မယ့်တစ်ကိုယ်တည်း စိမ့်ကြီးမြိုင်ကြီးရိပ်ကြီး အောက်တွင် xxx
သခင် .. .. .. သခင် .. .. .. သခင် .. .. ..
လှမ်းလာတော် မူပါလှည့် ချစ်သော မယ့်သခင် xxx
ရှင်.. ရှင်.. ရှင်..
ခေါ်လေသလား တစ်ပါးမယ့်သခင် xxx
အုံ့ဆိုင်း.. ညိုမှိုင်း.. မြူလှိုင်းကြားက အသံရှင်xxx
ရွှေပြည်စိုးxx ရွှေပြည်စိုး xx ရွှေပြည်စိုးတဲ့ ငှက်ကလေးအသံပေး ဆိုတေးသီသံစဉ် xx
ဟင်.. မောင်မဟုတ်ပါလားxx
ရွှေပြည်စိုးxx ရွှေပြည်စိုး xx ရွှေပြည်စိုးတဲ့ ငှက်ကလေးအသံပေး ဆိုတေးသီသံစဉ် xx
မယ့်ကိုလှောင်သလားxxx ပျို့ကိုလှောင်သလားxx ငှက်ဆိုးလေးလို့ ဆိုများ ဆိုချင်xx
ရွှေပြည်စိုးxx ရွှေပြည်စိုး xxx ရွှေပြည်စိုးတဲ့ လွမ်း.. ပို.. အောင်.. ပင်.. xx ''

မမြစိမ်းက သုံးလေးခေါက်ကျော့၍ ဆိုလိုက်ရာ သည်တစ်ခါတော့ မောင်ညိုသည် သီချင်းကိုအလွတ်ရ သွားလေတော့၏ ။

အိမ်မှအပြန်လမ်းတွင် ရွှေပြည်စိုးသီချင်းလေးကိုငြီးကာ ပြန်လာခဲ့လေသည်။

*


'' ရွှေပြည်စိုးxx ရွှေပြည်စိုး xxx ရွှေပြည်စိုးတဲ့ လွမ်း.. ပို.. အောင်.. ပင်.. xx ''

' အမယ်၊ မောင်ညိုက သီချင်းတွေ ဘာတွေ ငြီးလို့ပါလားဟေ့ '

ရွှေပြည်စိုးသီချင်းလေးကို ငြီးဆိုနေသော မောင်ညိုသည် နောက်မှထွက်ပေါ်လာသော အသံကြောင့် လန့်သွားလေ၏ ။

လှည့်ကြည့်လိုက်တော့ လက်ကိုပိုက်ကာ မိန့်မိန့်ကြီးရပ်နေသော ကိုရန်မျိုးနိုင်ကို တွေ့ လိုက်ရလေ သည်။

မောင်ညိုသည် အိပ်မပျော်သေးသည်နှင့်စေတီလေးဘေးမှခုံတန်းတွင် ထိုင်ရင်း.. ညနေခင်းကသီဆိုခဲ့ သော သီချင်းကို ပါးစပ်ထဲစွဲနေသည်နှင့် အသံထွက်ဆိုနေမိခြင်း ဖြစ်သည်။ ကိုယ် တစ်ယောက် ထဲအထင်နှင့် ဆိုနေမိရာ ရန်မျိုးနိုင်ကြားသွားသည့်အတွက် ရှက်သွားရလေသည်။

' ဆိုပါကွဲ့၊ ဆက်ဆိုပါဦး၊ နားထောင်လို့ကောင်းသားပဲ '

ရန်မျိုးနိုင်က ခုံတန်းလေးတွင် ဝင်ထိုင်ရင်းပြောလိုက်သည်

' အစ်ကိုကြီး မအိပ်သေးဘူးလား '

' အိပ်မပျော်သေးပါဘူးကွယ်၊ လသာသာနဲ့ ကြည်နူးစရာကောင်းလို့စေတီနားကိုထွက်လာခဲ့တာ '

' ဟုတ်ကဲ့၊ မနက်ဖန်လပြည့်နေ့ဆိုတော့ လကအရမ်းသာနေတာပဲနော် '

လရောင် သည် စေတီနှင့်ကျောင်းရှိရာ ကုန်းကမူတစ်ခုလုံးကိုသာမက မြင်ရနိုင်သည့်ပတ်ဝန်းကျင် အားလုံးထိ ဖျန်းကျနေပေသည်။ တောင်ကုန်းပေါ်မှကြည့်လျှင် လရောင် ဟပ်နေသော ဒုတ္ထဝတီမြစ်ကို ငွေပြား လေးတစ်ချပ်ချထားသည့်သဖွယ် လက်လက်ထင်းထင်းမြင်နေရပေ၏ ။

' မောင်ညိုတို့ရွာလေးက သိပ်သာယာတာပဲ၊ အစ်ကိုကြီးလဲ ဒီလိုညမျိုးမှာ အိပ်ရမှာ နှမျောတာနဲ့ ထွက်လာခဲ့တာ '

အိပ်ရမှာ နှမျောတယ်တဲ့ ၊ အသုံးအနှုန်းကကဗျာဆန်လှချည်လား။ ဒီလူဟာ မမမြထင်သလို လူကြမ်း စိတ်ကြမ်းကြီးမဟုတ်ပါ။

' ဒီနားမှာ သီချင်းဆိုသံကြားလို့လျှောက်လာကြည့်တော့ မောင်ညို ဖြစ်နေတာကိုးကွဲ့၊ မောင်ညိုဆိုတဲ့ သီချင်းလေးက ကောင်း သားပဲ၊ ဆက်ဆိုပါဦးကွယ် '

' ဟာဗျာ၊ မကောင်းပါဘူး၊ ကျွန်တော့် ဟာကျွန်တော် လျှောက်ဆိုနေတာပါအစ်ကိုကြီးရ '

မောင်ညိုက သီချင်းဆိုတာလူမိသွား၍ ရှက်ရှက်နှင့်ပြော လိုက်သည်။

' ဘယ်ဟုတ်မလဲကွဲ့၊ ဂီတအနုပညာဆိုတာ လူ့စိတ်ကို နူးညံ့သိမ်မွေ့စေတာကလား၊ စိတ်နှလုံး ကောင်းရှိသူတွေ သာ ဂီတကိုမြတ်နိုးတတ်တယ်မောင်ညိုရဲ့ ၊ အစ်ကိုကြီးဟာ တကယ်တော့ ဂီတသမား တစ်ယောက် ပဲ၊ စောင်းကိုမက်မက်မောမောတီးခတ်ခဲ့တဲ့ သူ တစ်ယောက် ပေါ့ကွယ်၊ အင်း.. ခုတော့လဲ ဒီလက် တွေ ဟာ စောင်းကောက်ကိုမကိုင်ရတာ တောင်ကြာပေါ့မောင်ညိုရယ် '

မောင်ညိုသည် ရန်မျိုးနိုင်ဆွေးဆွေးမြေ့မြေ့ပြောပုံကို ငေးကြည့်နေမိလေသည်။

' ကဲကွယ်၊ မောင်ညို့ရဲ့ သီချင်းလေးကို အစ်ကိုကြီးကို ဆိုပြပါဦး '

' အစ်ကိုကြီးမလှောင်နဲ့ နော် '

' ဘာကြောင့်လှောင်ရမှာ လဲကွယ်၊ အစ်ကိုကြီးနားထောင်ချင်လို့ပဲ ပွဲတောင်းနေပြီဟာကို '

မောင်ညိုကချောင်းဟန့်၍ အာရှင်းကာ ရွှေပြည်စိုးသီချင်းလေး ကို မရဲတရဲဖြင့်စဆိုလိုက်၏ ။

'' မြိုင်ယံတောလုံးဖြင့် ပင်မြင့်ပင်ဆင့် အလွန်တင့်လှ သရှင် xxx

ဖော်မစုံ မယ့်တစ်ကိုယ်တည်း စိမ့်ကြီးမြိုင်ကြီးရိပ်ကြီး အောက်တွင် xxx

သခင် .. .. .. သခင် .. .. .. သခင် .. .. ..

လှမ်းလာတော် မူပါလှည့် ချစ်သော မယ့်သခင် xxx

ရှင်.. ရှင်.. ရှင်..

ခေါ်လေသလား တစ်ပါးမယ့်သခင် xxx''

မောင်ညိုသည် ဆိုရင်းဆိုရင်းဈာန်ဝင်လာကာ မရဲတရဲ ဆိုနေရာမှ အသံကိုဖွင့်၍ ဆိုလိုက်လေသည်။

အုံ့ဆိုင်း.. ညိုမှိုင်း.. မြူလှိုင်းကြားက အသံရှင်xxx

ရွှေပြည်စိုးxx ရွှေပြည်စိုး xx ရွှေပြည်စိုးတဲ့ ငှက်ကလေးအသံပေး ဆိုတေးသီသံစဉ် xx

ဟင်.. မောင်မဟုတ်ပါလားxx

ရွှေပြည်စိုးxx ရွှေပြည်စိုး xx ရွှေပြည်စိုးတဲ့ ငှက်ကလေးအသံပေး ဆိုတေးသီသံစဉ် xx

မယ့်ကိုလှောင်သလားxxx ပျို့ကိုလှောင်သလားxx ငှက်ဆိုးလေးလို့ ဆိုများ ဆိုချင်xx

ရွှေပြည်စိုးxx ရွှေပြည်စိုး xxx ရွှေပြည်စိုးတဲ့ လွမ်း.. ပို.. အောင်.. ပင်.. xx ''

' ကောင်းလိုက်တာကွယ်၊ ဆိုင်းသံမပါတာတောင် နားထောင်လို့ကောင်းတယ်ဟေ့၊ ဒါပေမယ့် မောင်ညို့သီချင်းက မိန်းကလေးဆိုတဲ့သီချင်း ဖြစ်နေပါလားကွဲ့ '

' ဟုတ်ကဲ့အစ်ကိုကြီး၊ ဒီဟာ ကျွန်တော့်အစ်မစပ်တဲ့ သီချင်းပါ '

' အလို၊ မောင်ညို့အစ်မက သီချင်းစပ်တတ်တယ်၊ တယ်ဟုတ်ပါလားကွဲ့၊ ဒါ့ကြောင့် ဒီသီချင်းကို တခြားနေရာတွေ မှာ မကြားဖူးပါဘူးလို့ထင်မိတာကိုး '

' မမမြက ပတ္တလားကောင်းကောင်းတီးတတ်တယ်အစ်ကိုကြီး၊ သီချင်းတော့ ဒီတစ်ပုဒ်ပဲစပ်ဖူးသေး တယ် '

' မောင်ညို့အစ်မနာမည် က မမမြတဲ့ လား '

' မမမြနာမည် က မမြစိမ်းပါ '

' တန်တော့၊ မောင်ညို့အစ်မမမြစိမ်းက သူ့ချစ်သူကို တမ်းတပြီးရေး တဲ့ အမျှော်စိုက်သီချင်းထင်ပါ ရဲ့ ကွယ် '

' မဟုတ်ပါဘူးအစ်ကိုကြီး၊ မမမြမှာ ချစ်သူရည်းစားမရှိပါဘူး၊ ကျွန်တော် ကတောင် ရည်းစားရှိလို့ ဒီသီချင်းရေး တာလားလို့မေးတော့ မမမြကစိတ်ဆိုးသေးတယ် '

ရန်မျိုးနိုင်က ရယ်မောလိုက်သည်။

' မမမြကစိတ်ကူးယဉ်ပြီးရေး တာတဲ့ ၊ တခြားသီချင်းတွေ ကိုကြည့်ပြီး သူတို့လိုစပ်ကြည့်တာလို့ ပြောတယ်အစ်ကိုကြီး '

မောင်ညိုက အလိုအလျောက် မမြစိမ်းအကြောင်းများ ကို ဖောက်သည်ချမိရက်သား ဖြစ်နေလေသည်။

' မောင်ညိုတို့က မောင်နှမနှစ် ယောက် ထဲရှိတာလားကွဲ့၊ တခြားညီအစ်ကိုမောင်နှမတွေ ရှိသေးလား '

' မဟုတ်ဖူးအစ်ကိုကြီး၊ ကျွန်တော် က မမမြကိုအစ်မရင်း တစ်ယောက် လိုချစ်လို့ ကျွန်တော့် အစ်မလို့ ပြောမိတာပါ၊ တကယ်တော့ မမမြနဲ့ ကျွန်တော် နဲ့ က မောင်နှမအရင်းမဟုတ်ပါဘူး၊ ဘာမှလဲမတော် ပါဘူး အစ်ကိုကြီးရယ် '

' ဟင် '

' မမမြက ဒီရွာကသူကြီးမင်းဦးစက်ရောင် ရဲ့ တစ်ဦးထဲသော သမီးပါအစ်ကိုကြီး၊ ကျွန်တော် တို့မိသားစု က သူကြီးအိမ်နောက်ဖေးမှာ တဲကလေးထိုးပြီးနေရတဲ့လယ်သူရင်းငှားတွေ ပါ၊ အဖေနဲ့ အမေက မမမြတို့ မိသားစုရဲ့ အခိုင်းအစေတွေ ပါ၊ ကျွန်တော့်ကို လယ်သမား ကိုင်းသမား ဖြစ်မှာ စိုးလို့ စာတတ်အောင်ဆိုပြီး မိဘတွေ က ဘဘုန်းဆီမှာ လာအပ်ထားတာပါ၊ ကျွန်တော် တို့က ဆင်းရဲသားတွေ ပါ အစ်ကိုကြီးရယ် '

မောင်ညိုသည် သူ့ဘဝကိုပြောပြရင်း ဝမ်းနည်းလာကာ အသံများ ပင်တုန်ခိုက်လာလေ၏ ။

ရန်မျိုးနိုင်က မောင်ညို့ကိုမျက်နှာချင်းဆိုင်လိုက်ပြီး ပခုံးကိုပုတ်ကာပြောလိုက်သည်။

' ဟေ့-မောင်ညို၊ ဆင်းရဲတယ်ချမ်းသာတယ်ဆိုတာဘာလဲကွဲ့၊ ဆင်းရဲသူကော ချမ်းသာသူကောဟာ လူတွေ ပါပဲ၊ လူမှန်ရင် ဆင်းရဲတာ၊ချမ်းသာတာဟာအဓိကမဟုတ်ပါဘူးကွဲ့၊ လူဆိုတာ ကိုယ့်တိုင်းပြည် ကိုယ့် လူမျိုးကိုချစ်ရမယ်၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကိုတန်ဖိုးထားတတ်ရမယ်၊ အထူးသဖြင့် ယောကျာ်း လေးတို့မှာ ယောက်ျားတို့တပ်အပ်တဲ့ အဌာရသနဲ့ ပြည့်စုံရင် လူပီသပြီပဲ၊ ဥစ္စာဓနဟာယောကျာ်းကောင်းတို့ နောက်ကို သူ့အလိုလို လိုက်လာပါလိမ့်မယ်၊ ဒီတော့ ဆင်းရဲလို့စိတ်ဓာတ်မညှိုးငယ်ပါနဲ့ ငါ့ညီ၊ ယောက်ျား ကောင်းပီသဖို့သာအဓိကဆိုတာ မြဲမြဲမှတ်ထားကွဲ့၊ ကြားလား '

' ဟုတ်ကဲ့အစ်ကိုကြီး၊ ကျွန်တော် ယောက်ျားကောင်းပီသအောင်ကြိုးစားပါ့မယ် '

' ဒါမှပေါ့မောင်ညိုရယ် '

တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် ထိုညချမ်းအချိန်သည် မောင်ညို့အတွက် မှန်ကန်သော အသိ စိတ်ဓာတ်များ ကိုရလိုက်သော ညတစ်ညပင် ဖြစ်ပေတော့၏ ။

*


နောက်တစ်နေ့မှာ .. တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်ပေသည်။

လပြည့်၊လကွယ်ဥပုသ်နေ့ဆိုလျှင် ဘုန်းကြီးကျောင်း၌ အခြားသော ဥပုသ်နေ့များ ထက် ပို၌ လူစည်ကား တတ်ပေသည်။ ဘုန်းကြီးကျောင်းအောက်ထပ်တစ်ခုလုံးရော၊ ဘုရားစောင်းတန်းထဲတွင် ပါ ဥပုသ်သည်များ ပြည့်ကျပ်နေပေ၏ ။ သစ်ပင်ရိပ်ကောင်းကောင်းများ တွင် လည်း ကိုယ့်အစုနှင့်ကိုယ်ဝိုင်းဖွဲ့နားနေရင်း ဥပုသ် သီလဆောက်တည်ကြသည်။ ဥပုသ်သည်အားလုံး ညနေစောင်းမှပင် အိမ်ပြန်ကြသည်မှာ ထုံးစံ ဖြစ်လေ၏ ။

မမြစိမ်းတို့သားအမိမှာ လည်း လပြည့်လကွယ်တိုင်း ဘုန်းကြီးကျောင်းထိလာရောက် ဥပုသ်ယူလေ့ ရှိပေသည်။ မမြစိမ်းနှင့် မိခင်ဒေါ်ရွှေပုံတို့နှင့်အတူ မောင်ညို့အမေဒေါ်ဆယ်သည်လဲ ဆွမ်းအုပ်ကိုရွက်ကာ နောက်မှလိုက်ပါလာရလေသည်။

မောင်ညိုသည် မမြစိမ်းတို့ကျောင်းဝင်းထဲဝင်လာသည်ကိုတွေ့ သည်နှင့် ပြေး၍ ဆီးကြိုလိုက်လေသည်။

' အစ်မ၊ ဆွမ်းအုပ်ကျုပ်ပေး '

မောင်ညိုက မိခင်ခေါင်းပေါ်မှဆွမ်းအုပ်ကိုတောင်းယူ၍ ပခုံးပေါ်ထမ်းလိုက်သည်။ မောင်ညိုသည် အညာဓလေ့အတိုင်း မိခင်ကို အစ်မ၊ ဇခင်ကို အဘဟု ခေါ်လေသည်။

ကျောင်းပေါ်ရောက်တော့ ရောက်နှင့်နေသူများ က ဒေါ်ရွှေပုံကို ကျောင်းထိုင်ဆရာတော် ကြီးနှင့် အနီး ဆုံး ရှေ့နားသို့သွားနိုင်အောင် ကိုယ်ကိုယို့၍ ဖယ်ပေးကြလေ၏ ။ ဒေါ်ရွှေပုံသည် ဤရွာ၏ သူကြီးကတော် မဟုတ်ပါလော။

မောင်ညိုသည် မမြစိမ်းယူလာခဲ့သော ကောဇောလိပ်ကလေးကို ဆွဲယူကာအောက်ထပ်သို့ဆင်းခဲ့ လေသည်။

ကောဇောလေးကို စေတီဘေးမှညောင်ပင်ကြီးအောက်ရှိ သစ်သားကွပ်ပြစ်ကလေးပေါ်ဖြန့်ခင်းလိုက် ၏ ။ ဤသည်မှာ မမြစိမ်းနှင့်ဒေါ်ရွှေပုံ ဥပုသ်စောင့်လာသည့်နေ့တိုင်း မောင်ညိုလုပ်ပေးနေကျ တာဝန် ဖြစ် သည်။ ဥပုသ်သည်တို့သည် ဥပုသ်ယူပြီး နံနက်စာစားသောက်ပြီးသည့်အခါ ကိုယ်ဦးထားသည့် နေရာ လေးများ တွင် ကိုယ့်အစုနှင့်ကိုယ် စကားပြောသူပြော၊ ပုတီးစိတ်သူစိတ်၊ အိပ်သူအိပ်နှင့်နေကြလေသည်။

ကျောင်းဝင်းအတွင်းရှိနေရာများ ကို ရောက်နှင့်သူကဦး၍ သင့်တော် သလိုနေကြသော်လဲ.. ညောင်ပင် အောက်မှ ကွပ်ပျစ်ကလေးကိုမူ မည် သူမှနေရာမဦးရဲကြချေ။ ထိုနေရာကို သူကြီးကတော် ကြီး ဒေါ်ရွှေပုံအတွက် နေရာဟု သတ်မှတ်ထားသကဲ့သို့ ဖြစ်ကာ မည် သူကမှမနေပဲ ရှောင်ထားကြလေ၏ ။

ညောင်ပင်ကြီးအောက်မှာ အရိပ်လဲရကာ အေးမြ၍ လေကောင်းလေသန့်ရသော နေရာကောင်းလေး ဖြစ်ပေသည်။

မောင်ညိုက ရန်မျိုးနိုင်ကိုရှာကြည့်လိုက်သေးသည်။

ဥပုသ်သည်များ သည် ကျောင်းအောက်ထပ်၌ လဲအပြည့်ရှိနေရာ.. ရန်မျိုးနိုင်က သူ၏ အိပ်ရာလိပ် ကလေးကိုလိပ်၍ ဘေး၌ ပုံ ထားသည်ကိုတွေ့ ရလေ၏ ။ လူကိုတော့မတွေ့ ရပေ။

ခဏကြာတော့ ကျောင်းအပေါ်ထပ်မှ သီလယူသံများ ကြားရလေ၏ ။ သီလယူပြီးလျှင် မမြစိမ်းတို့ အောက်ဆင်းလာကြလိမ့်မည် ။ ကွပ်ပြစ်ကလေးပေါ်၌ ပင်ဝိုင်းဖွဲ့၍ ထမင်းစားကြလိမ့်မည် ။ မောင်ညိုက ထမင်း စားဖို့အဆင်သင့် ဖြစ်ရန် ပြင်ဆင်ထားလိုက်လေ၏ ။

*


' အညိုရေ၊ မမမြတို့ ပန်းခူးထွက်ကြရအောင်ဟေ့ '

မမြစိမ်းက ခပ်တိုးတိုးပြောလိုက်သည်။

သူကြီးကတော် ကြီးဒေါ်ရွှေပုံသည် ပုတီးစိတ်ရင်းကွပ်ပျစ်ပေါ်လဲလျောင်းနေရာ တခေါခေါနှင့်အိပ်ပျော် သွားပေပြီ။ ပုတီးပင် တစ်ပတ်ပြည့်ဟန်မတူပေ။

မမြစိမ်းက မိခင်မနိုးစေရန်တိုးတိုးပြောလိုက်ခြင်း ဖြစ်၏ ။

စေတီကုန်းတော် မှဆင်း၍ သွားလျှင် စမ်းချောင်းလေးတစ်ခုသို့ရောက်နိုင်၏ ။ ထိုစမ်းချောင်းလေးမှာ ဒုတ္ထဝတီမြစ်ထဲသို့ စီးဝင်သော စမ်းချောင်းလေး ဖြစ်ပါသည်။ စမ်းချောင်းဘေး၌ အလေ့ကျပေါက်နေသော တောပန်းကလေးများ ရှိကာ အရောင် စုံလင်လှပေ၏ ။

မောင်ညိုနှင့်မမြစိမ်းသည် ဥပုသ်နေ့ရောက်တိုင်းစမ်း ချောင်းကလေးဘေးသို့သွားကာ ပန်းများ ခူးလေ့ ရှိလေသည်။

' သွားကြစို့လေမမမြ '

နှစ် ယောက် သားစမ်းချောင်းလေးရှိရာသို့ ထွက်ခဲ့ကြလေ၏ ။

တောပန်းကလေးများ သည် အဖြူအနီအဝါအပြာ အရောင် စုံလင်စွာ ဖြင့် ကမ်းစပ်၌ ပေါက်ရောက် လျှက်ရှိလေသည်။

မမြစိမ်းက တောပန်းကလေးများ ထက် ကမ်းစပ်ကျောက်တုံးဘေးတွင် ကပ်၍ ပေါက်တတ်သည့် ကျောက်ပန်းကလေးများ ကို ပို၍ နှစ်သက် လေသည်။

မောင်ညိုက တောပန်းကလေးများ ကိုခူး၍ နွယ်ကြိုးဖြင့်သီနေစဉ်တွင် မမြစိမ်းသည် ကျောက်တုံးများ ကြားမှကျောက်ပန်းလေးများ ကို ရှာဖွေခွာယူနေလေ၏ ။

' ဟေ့-အညိုလာဦး '

မမြစိမ်း၏ ခေါ်သံကြောင့် မောင်ညိုကမမြစိမ်းရှိရာသို့လာခဲ့လေသည်။

မမြစိမ်းက စမ်းချောင်းတစ်နေရာသို့လက်ညှိုးထိုးပြရင်း..

' ဟိုမှာ လူ တစ်ယောက် ပါလား၊ ဒီလူကိုရွာမှာ တစ်ခါမှမမြင်ဖူးပါဘူး '

မောင်ညိုကလှမ်းကြည့်လိုက်ရာ ကမ်းစပ်တစ်နေရာတွင် ထိုင်ရင်း ငါးမျှားနေသည့်ရန်မျိုးနိုင်ကို တွေ့  လိုက်ရလေ၏ ။ ရန်မျိုးနိုင်သည် ငါးမျှားကြိုးမှဖော့တုံးလေးကိုစိုက်ကြည့်ကာ ငြိမ်သက်နေပေသည်။ မောင်ညို နှင့်မမြစိမ်းအနီးရောက်နေသည်ကိုသိဟန်မတူပေ။

' အဲဒါ ကျွန်တော် ပြောတဲ့ တော် လှန်ရေး သမားကြီးကို ရန်မျိုးနိုင်ဆိုတာပေါ့မမမြရဲ့ '

' အို-သူလား '

မမြစိမ်းက အတန်ကြာစိုက်ကြည့်နေသေးသည်။

ကိုရန်မျိုးနိုင်ကတော့ ယခုထိ သတိထားမိဟန်မတူသေးပေ။

' သွားကြပါစို့အညို၊ လူတစိမ်းယောကျာ်းလေးရှိတဲ့ နေရာမှာ နေဖို့မသင့်တော် ဘူး၊ ပြန်ကြစို့ '

' နေပါဦးမမမြ၊ ကိုရန်မျိုးနိုင်နဲ့ မမမြနဲ့ မိတ်ဆက်ပေးမယ်၊ အစ်ကိုကြီးက မမမြစပ်တဲ့ သီချင်းကို ကြိုက်တယ်လို့ ညကပြောတယ်ဗျ၊ ဗျို့-အစ်ကိုကြီး၊ အစ်ကိုကြီးရန်မျိုးနိုင် '

' အို-ဟဲ့၊ ဘာလို့ခေါ်ရတာ လဲ၊ မခေါ်ပါနဲ့ ၊ မမမြ သူနဲ့ မသိချင်ပါဘူး '

မမြစိမ်း၏ ဟန့်တားမှုကနောက်ကျသွားပေပြီ။ ရန်မျိုးနိုင်သည် မောင်ညို၏ ခေါ်သံကြောင့်လှည့်ကြည့် လိုက်၏ ။ သူသည် ချက်ချင်း ပင်ထိုင်ရာမှထလာလေသည်။

' အညိုကလဲကွယ်၊ ဘာလို့ခေါ်လိုက်ရတာ လဲ '

မမြစိမ်းသည် သူစိမ်းယောကျာ်းသားများ နှင့်မဆက်ဆံဖူးပေရာ.. ရိုးသားလှသော တောရွာသူလေး ဖြစ် သည့်အတိုင်း ရန်မျိုးနိုင်နှင့် မျက်နှာချင်းဆိုင်ရမည် ကို ရှက်ကိုးရှက်ကန်း ဖြစ်နေလေ၏ ။

ရန်မျိုးနိုင်ကအနားသို့ရောက်လာလေပြီ။

' မောင်ညို၊ ဧည့်သည်လဲပါတာပဲ၊ တန်တော့ ဒါ မောင်ညို့အစ်မမမြစိမ်းဆိုတာထင်ပါရဲ့ '

ရန်မျိုးနိုင်ကား နေပြည်တော် မှလာသော မြို့ကြီးသားပီသစွာ ရဲတင်းစွာ ပင်နှုတ်ဆက်လိုက်လေ၏ ။

မမြစိမ်းသည် ရှက်စိတ်ဖြင့် ခေါင်းကိုသာငုံ့ထားမိလေသည်။ သူမအမည် ကို သိနေသည့်အတွက်လဲ အံ့သြနေမိလေ၏ ။

' ဟုတ်တယ်အစ်ကိုကြီး၊ ဒါကျွန်တော့် မမမြပေါ့ '

' မမြစိမ်းရေး တဲ့ သီချင်းလေးကို မောင်ညိုဆိုပြလို့နားထောင်ရပါတယ်ဗျာ၊ တကယ့်ပညာရှင်တစ် ယောက် ရေး သလို နားထောင်ကောင်းလှပါတယ် '

' အို.. '

မမြစိမ်းသည် ရှက်ပြီးရင်းရှက်နေလေသည်။

' အညိုကလဲလေ၊ ဘာလို့လူတကာလျှောက်ဆိုပြရသလဲ'

ရှက်ရှက်နှင့်မောင်ညို့ကိုသာ ဖိ၍ အပြစ်ပြောလိုက်လေ၏ ။

' မောင်ညို့ကိုဆိုပြဖို့ မောင်ကြီးကပွဲတောင်းတာပါနှမရယ်၊ သူသီချင်းငြီးနေသံကြားလို့ မောင်ကြီးက အပြည့်အစုံဆိုပြခိုင်းတာပါ'

' အို-သီချင်းကမကောင်းပါဘူး၊ ကျွန်မပျင်းပျင်းရှိလို့ လျှောက်စပ်ထားတာပါ၊ အလကားပါ '

မမြစိမ်းသည် ပထမဆုံးအနေဖြင့် ရန်မျိုးနိုင်ကိုမရဲတရဲ မော်ကြည့်ကာပြောလိုက်လေသည်။

' အလို၊ အပျင်းပြေစပ်တဲ့သီချင်းကလဲ ကောင်းလှချည်လားဗျာတို့၊ စိတ်ပါလက်ပါသာစပ်ဆိုရင်ဖြင့် လှိုင်ထိပ်ခေါင်တင်ထက်တောင် ကျော်ကြားမယ်ထင်ပါရဲ့ '

' အို- မလှောင်ပါနဲ့ '

' လှောင်တာမဟုတ်ပါဘူးနှမရယ်၊ နှမစပ်တဲ့ ရွှေပြည်စိုးသီချင်းလေးကောင်းကြောင်းချီးမွန်းမိတာပါ '

' တော် ပါတော့ရှင်၊ ကျွန်မသီလယူထားပါတယ်၊ ဥပုသ်ကြီးနဲ့ သီချင်းအကြောင်းမပြောပါရစေနဲ့ ၊ ပြန် ကြစို့အညို '

' သီချင်းဆိုတာမှမဟုတ်ပဲ၊ သီချင်းအကြောင်းပြောရုံနဲ့ တော့ဥပုသ်မကျိုးပါဘူးဗျာ '

' ဘာပဲ ဖြစ် ဖြစ် မပြောတာကောင်းပါတယ်၊ ဒါနဲ့ မောင်ကြီးကကော ဥပုသ်နေ့မှာ ဥပုသ်မစောင့် ဘူးလား၊ ရှင့်ကိုကြည့်ရတာ ငါးမျှားနေတာထင်တယ် '

' ဟုတ်ပါတယ်၊ မောင်ကြီးငါးမျှားနေတာပါ '

' ဥပုသ်နေ့မှာ များ ငါးမျှားရတယ်လို့ရှင်၊ အများ တကာ သီလမြဲနေတဲ့ အချိန်မှာ ရှင်က သူတစ်ပါး အသက်ကိုသတ်နေတာပဲ '

' ဗျာ '

ရန်မျိုးနိုင်သည် မမြစိမ်း၏ စွပ်စွဲစကားကြောင့် တဒင်္ဂမျှ ကြောင်အသွားလေ၏ ။

' မောင်ကြီးငါးမျှားတာက စိတ်တည်ငြိမ်မှုရအောင် သမာဓိ ဆောက်တည်နေတာပါနှမ '

' ဘာရှင့် '

' ဒီလိုပါ၊ ငါးမျှားတံမှာ ငါးမိ-မမိစောင့်ကြည့်နေချိန်မှာ စိတ်ကတည်ငြိမ်နေပါတယ်၊ ငါးမျှား တံဆီမှာ ပဲစိတ်ကရှိနေပါတယ်၊ တခြားနေရာကို စိတ်မပျံ့လွင့်တော့ပါဘူး၊ အဲဒီ နည်းနဲ့ စိတ်တည်ငြိမ်မှု ရအောင်လေ့ကျင့်နေတာပါ '

' သမာဓိရအောင်ဆောက်တည်တာကလဲ သူတစ်ပါးအသက်ကိုသတ်ပြီးမှဆောက်တည်ရသလားရှင့် '

' အဲဒီ လိုထင်ရင် မှားမှာ ပေါ့နှမရယ်၊ မောင်ကြီးက ငါးကလေးတွေ ငါးမျှားချိတ်မှာ မိလာရင် ချိတ်ကဖြုတ်ပြီးပြန်လွှတ်ပေးပါတယ် '

' ဟင် ! အို-ဘာပဲ ဖြစ် ဖြစ် ငါးလေးတွေ ကိုအနာတရတော့ ဖြစ်စေတာပဲ၊ ရှင်စိတ်တည်ငြိမ်မှုရချင်ရင် တရားထိုင်ဖို့ကောင်းတယ်ရှင့်၊ ခုလိုအခါကြီးရက်ကြီးမှာ ဥပုသ်စောင့်သင့်တာပေါ့ '

' မောင်ကြီးက ညနေတိုင်ရင် ကာလသားလေးတွေ ကို ကိုယ်ခံပညာသင်တန်းပေးရသေးတာမို့ ဥပုသ်စောင့်လို့တော့မ ဖြစ်ဖူး နှမရေ၊ ညစာမစားပဲနေလို့မ ဖြစ်လို့ကွဲ့ '

မမြစိမ်းက နှုတ်ခမ်းကိုမဲ့လိုက်လေသည်။

' ရှင်ဟာလူတစ်မျိုးပဲ၊ ရှင့်လိုလူမျိုး ကျွန်မတော့မတွေ့ ဘူးပေါင်၊ အညိုရေ၊ ပြန်ကြစို့ဟေ့၊ နင်မလိုက်လဲ မမမြကတော့ ပြန်နှင့်ပြီဟေ့ '

မမြစိမ်းကပြောပြောဆိုဆိုပင် မောင်ညို့ကိုမစောင့်တော့ပဲ သူတို့ရှေ့ကထွက်လာခဲ့လေ၏ ။

မောင်ညိုက မမမြစကားများ ကြောင့် ရန်မျိုးနိုင်ကိုအားနာနေမိအော်ပြလိုက်လေ၏ ။

' မောင်ညိုကသိပ်တော် တာပဲဟေ့၊ တကယ့်ရွှေပြည်စိုးငှက်ကလေးအော်တဲ့ အတိုင်းပဲ '

*


လေချိုသွေးကာxxx အပျော့ဆွဲဆွဲတယ် xxx
အားနာတတ်ရင် xx အားပါလိမ့်မယ် xxx
ကြောင်ကိုဝမ်းနှုတ်ဆေး ကျွေးမိသလို ကျွေးမိသလို xxx
ပျော့ပျော့လေးနဲ့ နံမယ့်ပုံပေါ်တယ် xxxx
အစကရိုးရိုးxx နောက်တော့တစ်မျိုးတိုးလို့ xx
ချစ်ပြန်ဆိုပဲ xxxအပိုချွဲ

*


အုန်းမောင်းခေါက်သံကြောင့် မောင်ညို လန့်နိုးလာချိန်တွင် လသာမှန်အိမ်အလင်းရောင် အောက်၌ အိပ်ရာမှနိုးနှင့်နေသော ရန်မျိုးနိုင်ကိုတွေ့ လိုက်ရလေသည်။

မောင်ညိုသည် အိပ်ရာထဲမှလူးလဲထလိုက်လေ၏ ။ ကပ္ပိယကြီးသည် အုန်းမောင်းခေါက်ပြီးသည်ထိ အိပ်ရာမှမနိုးသေးသည့် ကျောင်းသားများ ကို ခြေဖြင့်ကန်၍ လိုက်နှိုးတတ်လေသည်၊ ကပ္ပိယကြီးမရောက်ခင် မောင်ညိုအိပ်ရာမှထကာ ရေအိုးစင်သို့ပြေး၍ မျက်နှာသစ်လိုက်လေသည်။

ရောင် နီပျို့ခါစ သည်အချိန်မျိုးသည် အာရုဏ်ဆွမ်းခံထွက်ရသည့်အချိန် ဖြစ်ပေသည်။

မောင်ညိုသည် သပိတ်တစ်လုံးကိုပိုက်၍ ကျောင်းအပြင်ပတွင် တန်းစီနေနှင့်သော ကိုရင်နှင့်ကျောင်း သားများ ရှိရာသို့ ထွက်ခဲ့လေ၏ ။

ယွန်းဗျတ်ကြီးနှစ် ခုကိုဆိုင်းထားသည့် ဆိုင်းထမ်းကြီးကိုထမ်း၍ တန်းစီနေသည့် ရန်မျိုးနိုင်ကိုတွေ့  လိုက်ရသည့်အခါ မောင်ညို အံ့သြသွားလေ၏ ။

' ဟင်-အစ်ကိုကြီး၊ အစ်ကိုကြီးက အာရုံဆွမ်းခံလိုက်မလို့လား '

' အေးကွ '

ယခင်နေ့များ ကဆိုလျှင် အာရုံဆွမ်းခံထွက်ချိန်၌ ရန်မျိုးနိုင် အိပ်ရာမှမနိုးသေးချေ။ ယနေ့တော့ စောစောစီးစီးရေမိုးချိုးပြီးပင် ဖြစ်နေကာ အာရုံဆွမ်းခံလိုက်ဦးမည် တဲ့ ။

' ဒီနေ့ကစပြီး နေ့တိုင်း အာရုံဆွမ်းခံလိုက်တော့မယ် မောင်ညို '

' ဘာ ဖြစ်လို့လဲအစ်ကိုကြီး '

' အကြောင်းရှိလို့ပေါ့ကွယ်၊ ဟဲ.. ဟဲ .. '

ရန်မျိုးနိုင်က ပြောရင်းမှရယ်သွမ်းသွေးလိုက်လေ၏ ။

ရန်မျိုးနိုင်ဘာအကြောင်းရှိတယ်ဆိုတာကို သူကြီးအိမ်ရှေ့ ရောက်မှပင် မောင်ညိုသိလိုက်ရလေ၏ ။

ရန်မျိုးနိုင်သည် ဆွမ်းဆိုင်းထမ်းထမ်းရသူတို့ထုံးစံအတိုင်း နောက်ဆုံးမှလိုက်ပါရလေ၏ ။

သူကြီးအိမ်ရှေ့အရောက်တွင် သူကြီးသမီးမမြစိမ်းက ဆွမ်းထွက်လောင်းလေသည်။ နောက်ဆုံးမှလိုက် လာသော ကိုရန်မျိုးနိုင်သည် အတော် ကြာသည်ထိ ဆွမ်းခံအုပ်စုနောက်မှပါမလာခဲ့ချေ။

မောင်ညိုကနောက်သို့ပြန်၍ လှည့်ကြည့်လိုက်ရာ.. ရန်မျိုးနိုင်နှင့်မမြစိမ်းတို့စကားပြောနေသည်ကိုတွေ့  လိုက်ရလေ၏ ။

ရန်မျိုးနိုင်အကြောင်းရှိလို့ဆိုတာ ဒါပါလား။

သူတို့အချင်းချင်းဘာတွေ ပြောနေကြသည်ကိုတော့ မောင်ညို မသိနိုင်ပါပေ။

ထူးခြားသည်မှာ မမမြသည် ဥပုသ်နေ့တုန်းကလိုမျိုး မျက်နှာသုန်သုန်မှုန်မှုန်မဟုတ်ပဲ ရွှင်ရွှင်ပျပျ ရှိနေခြင်းပင်။ မောင်ညို လှည့်ကြည့်လိုက်ချိန်၌ ကိုရန်မျိုးနိုင်စကားကိုသဘောကျသည့်သဖွယ် ရယ်မောနေ သည်ကိုပင် တွေ့ လိုက်ရလေ၏ ။

ညနေပိုင်း မောင်ညိုအိမ်ပြန်တော့ မမြစိမ်းကပြောသည်။

' အညို့လူကအလာကြီးပဲဟေ့၊ စကားပြောရာမှာ လဲ တကယ်ကောင်းတဲ့ လူပဲ '

' အစ်ကိုကြီးရန်မျိုးနိုင်က မမမြကိုဘာတွေ ပြောသွားလို့လဲ '

မမြစိမ်းမျက်နှာကပြုံးနေလေသည်။

' ဟင်-မမမြ၊ အစ်ကိုကြီးက ဘာပြောလို့လဲ '

' အို-တချို့စကားတွေ ဟာ ကလေးသူငယ်တွေ သိဖို့ မသင့်ပါဘူးကွယ်၊ ထားလိုက်ပါတော့ '

*


အတိတ်အကြောင်းများ ကို ပြန်လည်တွေးတောနေသော ဆရာတော် ကြီးဦးဉာဏ၏ စိတ်အစဉ်သည် အတိတ်သို့အလျဉ်မပြတ်စီးဆင်းသွားရုံမက.. မျက်စိထဲ၌ လည်း အတိတ် ဖြစ်ရပ်များ ထင်ထင်ရှားရှားမြင်လာ ရလေ၏ ။

ဘုန်းတော် ကြီး၏ အကြည့်များ သည် ကျောင်းဝင်းတစ်ခွင်လုံးဆီသို့ ဖြန့်ကျက်ရောက်ရှိသွားပြန်၏ ။ မြင်မြင်သမျှအရာများ ဆီတွင် တော် လှန်ရေး ရဲဘော်ရန်မျိုးနိုင်နှင့် မမြစိမ်းတို့၏ အရိပ်အငွေ့များ က ထင်ဟပ်နေ ဆဲပါတည်း။

ကျောင်းအိုကြီးသည်လည်း မျိုးချစ်လူငယ်များ ကိုကိုယ်ခံပညာသင်တန်းပေးစဉ်က ကျောင်းအဆောက် အဦးကြီးပင် ဖြစ်ပေ၏ ။ နှစ် ရှည်ခံသစ်ပင်ကြီးများ ကား ရန်မျိုးနိုင်ဆိုသော မျိုးချစ်တော် လှန်ရေး သမားကြီးကို မှတ်မိကောင်းမှတ်မိပေဦးမည် ။

ညောင်ညိုပင်ကြီးအောက်မှ သစ်သားကွပ်ပျစ်ကလေးကလဲ ဟိုစဉ်ကအတိုင်းရှိနေဆဲ၊ ဥပုသ်နေ့တိုင်း မမြစိမ်းတို့သားအမိ အနားယူခိုနားသည့် ကွပ်ပျစ်ကလေးပင် ဖြစ်လေသည်။

အရာရာသည် နဂိုအတိုင်းရှိနေသေးသည်ဆိုသော်လဲ အိုမင်းခြင်းနှင့်ဟောင်းနွမ်းခြင်းတို့က နေရာယူ ခဲ့လေပြီ။ ထိုစဉ်က အသက်၈နှစ် အရွယ် ဘုန်းကြီးကျောင်းသားလေးမောင်ညိုသည်ပင် ယခုအခါ ကျောင်းထိုင် ဘုန်းတော် ကြီးဦးဉာဏအ ဖြစ် သက်တော် ၆၅နှစ် ရှိနေပြီမဟုတ်လော။ ထိုကာလက ဤဘုန်းကြီးကျောင်းကြီး ထဲတွင် သက်ရှင်လှုပ်ရှားခဲ့သူများ ထဲ၌ မိမိတစ်ဦးထဲသာကျန်ရှိပါတော့သည်။

အ ဖြစ်အပျက်တို့ ဖြစ်ပျက်ခဲ့သည့်အချိန်များ ကိုလဲ လက်ရှိကာလမှပြန်လည်ရေတွက်သော် နှစ် ပေါင်း၅ဝ နီးပါးရှိချေပြီ။

ဘုန်းတော် ကြီး၏ မျက်လုံးအိမ်အတွင်း၌ ရန်မျိုးနိုင်နှင့်မမြစိမ်းတို့၏ သွင်ပြင်များ ကိုမြင်ယောင်နေဆဲ၊ ဘုန်းတော် ကြီး၏ နှလုံးအိမ်အတွင်း၌ ချစ်သူနှစ် ဦး၏ ကြေကွဲဖွယ်အ ဖြစ်သနစ်များ က ရိုက်ခတ်လှုပ်ရှားဆဲပါ တည်း။

ဆရာတော် ကြီးဦးဉာဏသည် ခုံတန်းလေးပေါ်တွင် ချထားသော မှတ်တမ်းကြီးကို ငုံ့ကြည့်လိုက်လေ သည်။ ဆရာတော် ကြီး ပြန်လည်တွေးတောနေသော အ ဖြစ်သနစ်များ သည် ဤမှတ်တမ်းကြီးအတွင်း၌ စာသား များ အ ဖြစ် မှတ်တမ်းတင်လျှက်ရှိနေပါသည်။

ရန်မျိုးနိုင်နှင့်မမြစိမ်းတို့ ချစ်သူများ ဘဝသို့ရောက်ရှိသွားသည့်အပိုင်းသည် မှတ်တမ်း၏ သုံးပုံတစ်ပုံ သာရှိပါသေးသည်။

မောင်ညိုတစ် ဖြစ်လဲ ဆရာတော် ဦးဉာဏသည် ရန်မျိုးနိုင်နှင့်မမြစိမ်းတို့အ ဖြစ်သနစ်ကို အောက်ပါအ တိုင်း ဆက်လက်မှတ်တမ်းတင်ထားလေသည်။

*


ကိုရန်မျိုးနိုင်သည် ကျွန်ုပ်တို့နှင့်အတူ နေ့စဉ်အာရုဏ်ဆွမ်းခံလိုက်ခဲ့ရာ သူ၏ အကြံအစည်ကို ကျွန်ုပ် သည်ငယ်ရွယ်သူ ဖြစ်သည့်အားလျော်စွာ သဘောမပေါက်ခဲ့ချေ။

နောက်တစ်ကြိမ် လကွယ်ဥပုသ်နေ့ကျရောက်ချိန်၌ မမမြ ဥပုသ်စောင့်ရန် ကျောင်းသို့ရောက်လာမှ သူတို့အခြေအနေမှန်ကို ကျွန်ုပ်သိရပေတော့သည်။

မမမြနှင့် ကိုရန်မျိုးနိုင်တို့သည်ကား ဆယ်ရက်မျှကာလအတွင်း သမီးရည်းစားများ ဖြစ်ခဲ့ကြပြီတည်း။ ထိုအခါမှပင် ကိုရန်မျိုးနိုင်သည် ကျွန်ုပ်တို့နှင့်အတူဆွမ်းခံလိုက်ရင်းမှ မမမြအား ရည်းစားစာပေးခဲ့သည်ကို သိရပေတော့သည်။

ကျွန်ုပ်ညနေတိုင်အိမ်ပြန်ချိန်၌ မမမြအမူအရာများ တစ်မျိုး ထူးခြားနေသည်ကို ထိုအခါမှကျွန်ုပ်လည်း သဘောပေါက်ပေတော့ သည်။

မမမြသည် သူမနှင့်ကိုရန်မျိုးနိုင်တို့၏ အ ဖြစ်မှန်ကိုကျွန်ုပ်အားပြောပြမထားခဲ့ပေ။ တန်ဆောင်မုန်းလ ကွယ်ဥပုသ်နေ့ကျခါမှပင် သိရခြင်း ဖြစ်တော့၏ ။

နေ့လည်ခင်းတွင် မမမြနှင့်ကျွန်ုပ်သည် စမ်းချောင်းလေး ဆီသို့ပန်းခူးရန်ထွက်ခဲ့လေ၏ ။

ထိုအခါ စမ်းချောင်းဘေး၌ ရပ်စောင့်နေသော ကိုရန်မျိုးနိုင်ကိုတွေ့ လိုက်ရလေသည်။ ကိုရန်မျိုးနိုင် သည် ငါးမျှားနေခြင်းမဟုတ်တော့ပဲ စမ်းချောင်းဘေး၌ ရပ်နေခြင်း ဖြစ်လေ၏ ။

အခြေအနေကိုမသိသော ကျွန်ုပ်က ယခင်အပတ်ကလိုပင် မမမြနှင့်ကိုရန်မျိုးနိုင်တို့အငြင်းပွားကြမည် ကို စိုးရိမ်သွားလေ၏ ။

' အစ်ကိုကြီးက ငါးမမျှားတော့ဘူးကိုး၊ လာ-မမမြ၊ ကျွန်တော် တို့ ဟိုအောက်ဖက်မှာ ကျောက်ပန်း လေးတွေ သွားရှာရအောင် '

အမှန်မှာ ကျွန်ုပ်သည် မမမြနှင့်ကိုရန်မျိုးနိုင်စကားပြော ငြင်းခုန်ရန် ဖြစ်ကြမည် ကိုစိုးရိမ်ကာ.. ခွဲထုတ် လိုက်ခြင်း ဖြစ်လေသည်။

' မင်းဟာမင်း တစ်ယောက် ထဲသာ ပန်းသွားခူးနေပါတော့မောင်ညို၊ အစ်ကိုကြီးနဲ့ မမြစိမ်းနဲ့ ဒီနေရာ မှာ စကားပြော ကျန်ခဲ့မယ်ကွဲ့ '

ကိုရန်မျိုးနိုင်ပြောစကားကြောင့် ကျွန်ုပ်အံ့သြသွားလေသည်။ မမမြကိုလှည့်ကြည့်လိုက်ရာ ခေါင်းငုံ့ ရင်း ရှက်စနိုးပြုံးနေသည်ကို တွေ့ လိုက်ရလေ၏ ။

' ဟုတ်လားမမမြ၊ မမမြနဲ့ အစ်ကိုကြီးနဲ့ နှစ် ယောက် ထဲ နေခဲ့မလို့လား '

' အိုကွယ်၊ အညိုကလဲ '

မမမြက ဘာမှယတိပြတ်ပြန်မပြောပဲ ရှက်နေရှာလေ၏ ။

' ပြောလိုက်ပါမြရယ်၊ မြနဲ့ မောင်မောင် နှစ် ယောက် ထဲတွေ့ ရမယ့်အခွင့်အရေး က ဒီလိုဥပုသ်နေ့မျိုးပဲ ရှိတာမို့ လွတ်လွတ်လပ်လပ်တွေ့ ပါရစေလို့၊ ဟေ့-မောင်ညို၊ မင်းသဘောမပေါက်သေးဘူးလားကွဲ့၊ မင့်မမမြ က အစ်ကိုကြီးနဲ့စကားတွေ အများ ကြီးပြောချင်နေရှာတယ် '

' အို- သွားပါ၊ စကားပြောချင်တွေ့ ချင်လွန်းလို့ ပူဆာနေတာကဘယ်သူလဲ၊ မောင်မောင်ဟာ တတ်ပဲ တတ်နိုင်တယ်၊ ဒီကဖြင့် သူ့အလိုလိုက်ပြီးအရဲစွန့်လာရတာ ကို '

မမမြနှင့်ကိုရန်မျိုးနိုင်တို့၏ ပြောင်းလဲနေသော စကားအသုံးအနှုန်းများ ကြောင့် ကျွန်ုပ်မှာ အံ့သြပြီးရင်း အံ့သြရင်း ဖြစ်နေရတော့သည်။

' ဒါပဲ၊ အညိုလူကြီးတွေ ကိုပြန်မတိုင်အောင် ကိုယ့်ဟာကိုယ် လာဘ်ထိုးထား '

' မောင်ညိုလေးက ပြန်မတိုင်ပါဘူး၊ ဟုတ်တယ်မဟုတ်လားကွဲ့မောင်ညို၊ မင်းက အစ်ကိုကြီးကို အစ်ကိုရင်း တစ်ယောက် လိုချစ်တာမဟုတ်လားကွဲ့ '

' ကြည့်ပါလား၊ စကားက တတ်လိုက်တာ၊ မြို့ကြီးသားရယ်လို့မပြောရဘူး '

ကျွန်ုပ်ကိုတိုင်တည်၍ ပြောနေကြခြင်း ဖြစ်သော်လဲ ၄င်းတို့အချင်းချင်း ချစ်ကြည်စယ်သည့်စကားများ ပါတကား။ ထိုအခါမှပင် ကျွန်ုပ်လည်းသဘောပေါက်မိပေတော့၏ ။

' ဟုတ်ကဲ့၊ ကျွန်တော် လူကြီးတွေ ကိုလဲပြန်မတိုင်ပါဘူး၊ ခုလဲ အဝေးကိုမ သွားပါဘူး၊ ဟောဟိုနားက တောစပ်မှာ ထိုင် စောင့်နေပါ့မယ်၊ ဒါမှ ဒီဖက်ကိုလူလာရင် အချက်ပေးလို့ရမှာ လေ၊ အစ်ကိုကြီးနဲ့ မမမြ စကားအေးအေးဆေးဆေးပြောကြပါ '

' ကြည့်စမ်း၊ သိပ်တော် တဲ့ ယောက် ဖလေးပဲ '

' အို-တော် စမ်းပါ၊ ကလေးရှေ့မှာ '

ကျွန်ုပ်သည် ချစ်သူနှစ်ဦးချစ်ကြည်စယ်နေသည့်နေရာမှ အလိုက်တသိရှောင်ထွက်ခဲ့လေတော့သည်။

*


ကျွန်ုပ်သည် ရဟန်းတစ်ပါး ဖြစ်သည့်အားလျော်စွာ ပုထုဇဉ်လူသားတို့၏ ချစ်သူရည်းစားဘဝ အကြောင်းကို အသေးစိတ် မှတ်တမ်းမတင်လိုတော့ပါပေ။

ကိုရန်မျိုးနိုင်နှင့်မမမမြစိမ်းတို့အချစ်ကား အချစ်ရာဇဝင်တွင် ကဗ္ဗည်းတင်ထားသော ကိန္နရီကိန္နရာ အချစ်ထက်မလျော့နည်းဟူ၍ သာ အတိုချုပ်၍ ဆိုချင်ပါတော့သည်။

ကျွန်ုပ်သည်ကား သူတို့ချစ်သူနှစ် ဦး၏ အောင်သွယ်တော် လည်း ဖြစ်ခဲ့သည်။ ဖူးစားရေး နတ်လည်း ဖြစ် ခဲ့သည်။ မြှားနတ်မောင်လည်း ဖြစ်ခဲ့လေသည်။

ချစ်သူနှစ် ဦးတို့၏ တွေ့ ဆုံခွင့်ကား တစ်ပတ်ခြားမှတစ်ခါ ကျရောက်သော .. လပြည့်လကွယ်ဥပုသ်နေ့ သာ ဖြစ်လေ၏ ။ ထိုအခါ အာရုဏ်ဆွမ်းခံထွက်ရင်း နံနက်တိုင်း တစ်ယောက် မျက်နှာ တစ်ယောက် ခေတ္တ ဆုံဆည်းမြင်တွေ့ ရင်းဖြင့်သာ ကြေနပ်နှစ် သိမ့်ရလေသည်။

အာရုဏ်တက်အချိန်တွင် စကားဝအောင်ပြောဆိုခွင့်မရပေရာ တစ်ယောက် နှင့် တစ်ယောက် စာအစောင် စောင်အပြန်အလှန်ပါးရာ၌ လည်း ကျွန်ုပ်ပင်အကျိုးဆောင်ပေးခဲ့ရလေ၏ ။

ယင်းသို့ဖြင့် ကိုရန်မျိုးနိုင်ကျွန်ုပ်တို့ရွာသို့ရောက်လာခဲ့သည်မှာ ခြောက်လကြာမြင့်ချိန်သို့ရောက်လာခဲ့ လေ၏ ။

ကိုရန်မျိုးနိုင်သည် လူငယ်များ အားကိုယ်ခံပညာသင်တန်းများ ကို နေ့စဉ်မပျက်သင်ကြားပေးလျှက် ရှိရာ.. ရွာခံလူငယ်တို့သည်လည်း ပညာအတန်ပင်ပြည့်စုံလျှက်ရှိပေပြီ။

ကိုရန်မျိုးနိုင်မျှော်မှန်းထားသော တော် လှန်ရေး ကာလသည်လည်း တစတစနီးကပ်လာခဲ့လေပြီ။

ရံဖန်ရံခါတွင် ညကြီးသန်းကောင်၌ လူတစ်ဦးစ၊နှစ် ဦးစသည် ကိုရန်မျိုးနိုင်ထံသို့ လျှို့ဝှက်စွာ ရောက်လာတတ်လေသည်။ ထိုအခါများ ၌ ကိုရန်မျိုးနိုင်နှင့်လူစိမ်းဧည့်သည်တို့သည် စေတီပရဝုဏ်အတွင်း၌ တီးတိုးတိုင်ပင်ကြသည်ကိုတွေ့ ရလေ၏ ။ လျှို့ဝှက်စွာ ရောက်လာသူများ ကား မည် သည့်အခါမှ ညအိပ် တည်းခိုခြင်းမရှိပေ။ ကိုရန်မျိုးနိုင်နှင့်တိုင်ပင်ဆွေးနွေးပြီးသည်နှင့် လျှို့ဝှက်တိတ်ဆိတ်စွာ ပြန်လည်ထွက်ခွာ သွားတတ်လေ၏ ။ သူတို့ဆွေးနွေးတိုင်ပင်နေစဉ်၌ ကပ္ပိယကြီးဦးသံခဲကပတ်ဝန်းကျင်ကို စောင့်ကြပ်ပေးလေ သည်။

ထိုအ ဖြစ်များ ကို အခြားသော ကျောင်းသားများ နှင့်ကိုရင်ငယ်များ မသိရှိကြချေ။ ကျွန်ုပ်သာ ကျောင်း အောက်ထပ်၌ ကိုရန်မျိုးနိုင်နှင့်အတူနေသူ ဖြစ်၍ သိရခြင်း ဖြစ်ပေသည်။

' အင်္ဂလိပ်မိစ္ဆာတွေ ကိုတော် လှန်ဖို့အချိန်ဟာ သိပ်နီးကပ်လာပြီကွဲ့၊ သို့သော် အစ်ကိုကြီးတို့ အကြံ အစည်ကိုဘယ်သူမှသိလို့မ ဖြစ်ဖူး၊ သည်တော့ မောင်ညိုကလဲ အစ်ကိုကြီးနဲ့ သူလျှိုတွေ တွေ့ ဆုံတဲ့အကြောင်း ကို ဘယ်သူမှမသိအောင်နှုတ်လုံဖို့လိုတယ် '

' စိတ်ချပါအစ်ကိုကြီး၊ ကျွန်တော် နားလည်ပါတယ် '

' မင့်မမမြကိုတောင်မသိစေနဲ့ ကွဲ့၊ စစ်ရေး စစ်ရာဆိုတာ သိပ်ပရိယာယ်ကြွယ်တယ်၊ သတင်းပေါက် ကြားလို့မ ဖြစ်ဖူး၊ လျှို့ဝှက်နိုင်မှတော် ကာကျတယ် '

' ဟုတ်ကဲ့ပါအစ်ကိုကြီး '

*


နတ်စည်ငယ်လေxxx ပုဇွန့်လက်မရိုးအာလမ္ဗရာ
ကျော်ဝှန်းသံဝါxx ဆော်ယွမ်းညံစာစာ xxx
တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံရှာxxx
အုံ့မှိုင်းညိုပြာxx မိုးထက်ဝဠာကိုးချက်နယ်မှာ
တိမ်ခိုးယှက် မိုးသက်ကလေးတွေ လာ xxx
ဝေဆာ သခွတ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ xxx
အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်ကိုတက်လို့xxစစ်ဖက်တဲ့အခါxxx
အုံ့ကာလေတဖွဲဖွဲxxx ရွာလေတသဲသဲ xxx

တော် လှန်ရေး ဆိုသည်မှာ မည် သို့ ပင်လျှို့ဝှက်ဆောင်ရွက်ရသည်ဆိုသော်လည်း တော် လှန်ရေး တွင် ပါဝင်ဆင်နွှဲမည့်  စစ်သားလောင်းများ အား စစ်သင်တန်းပေးရသည့်ကိစ္စမှာ မူ ဖုံးဖိလုပ်ဆောင်၍ ရအပ်သော အရာမဟုတ်ပေ။

ကိုရန်မျိုးနိုင်သည် ရွာရှိလူငယ်ကာလသားများ အား ကိုယ်ခံပညာများ သင်ပေးနေသည့်သတင်းသည် မြို့အထိပျံ့နှံ့ခဲ့လေသည်။

ဗြတိသျှအစိုးရသည် ညောင်ပင်ဆိပ်ရွာ၏ သတင်းကို စုံစမ်းထောက်လှမ်းခြင်းပြုခဲ့လေသည်။ ညောင် ပင်ဆိပ်ရွာ၏ သူကြီးမင်း ဦးစက်ရောင် ကိုလည်း ထိုကိစ္စနှင့်ပတ်သက်၍ ဖိအားပေးခဲ့လေသည်။

ကျွန်ုပ်သည် သူကြီးမင်းအိမ်သို့နေ့စဉ်ဝင်ထွက်နေသူ ဖြစ်ပေရာ.. သူကြီးမင်းသည် ကိုရန်မျိုးနိုင် ရောက်လာကတည်းကပင် ထိုကိစ္စနှင့်ပတ်သက်၍ ကြည်ဖြူမှုမရှိကြောင်း သိခဲ့ရပြီး ဖြစ်ပေသည်။ တစ်ရွာလုံး အလေးထားကြောက်ရွံ့ရသော ဆရာတော် ဘုရားကြီးအရိပ်အောက်တွင် ဖြစ်နေ၍ မပြောသာပဲလက်ပိုက်ကြည့် နေရခြင်း ဖြစ်လေသည်။

အစိုးရက စုံစမ်းတင်ပြရန် ဖိအားပေးလာချိန်နှင့်တပြိုင်ထဲ၊ လူသတင်းလူချင်းဆောင်ဆိုသကဲ့သို့ ကိုရန်မျိုးနိုင်နှင့်မမြစိမ်းတို့၏ သတင်းသည်လည်း သူကြီးမင်းနားသို့ပေါက်ကြားခဲ့ပြီး ဖြစ်လေ၏ ။ ဦးစက်ရောင် သည် မျိုးရိုးဇာတိမသိသော သူပုန်သူကန် တစ်ယောက် ကို မေတ္တာမျှရပါမည် လောဟု သမီး ဖြစ်သူအပေါ် ယမ်းပုံမီးကျ ဒေါသထွက်လျှက်ရှိလေ၏ ။

တစ်နေ့သ၌ သူကြီးမင်းဦးစက်ရောင် သည် ရွာဦးဘုန်းကြီးကျောင်းသို့ ရောက်ရှိလာလေသည်။

ဦးစက်ရောင် ရောက်ရှိလာချိန်သည် ညနေခင်းအချိန် ဖြစ်ရာ ကိုယ်ခံပညာသင်ရန် တဖွဲဖွဲရောက်လာကြ သော ကာလသားများ နှင့် ကျောင်းတွင် ဆုံမိကြလေ၏ ။

နှစ် လုံးပြူးသေနတ်ကြီးကိုလွယ်ထားသော ဦးစက်ရောင် က ကာလသားများ ကို မျက်စောင်းကြီးခဲ၍ ကြည့်ရင်း ကျောင်းလှေကားပေါ်သို့တက်သွားလေသည်။

' ဟဲ့- ငညို၊ လာစမ်း '

ဦးစက်ရောင် က ကျွန်ုပ်ကိုမြင်သွားကာ လှေကားရင်းမှ ရပ်၍ ခေါ်လိုက်လေ၏ ။ ကျွန်ုပ်လည်း ဦး စက်ရောင် ရှိရာသို့ပြေးသွားလိုက်လေသည်။

' ရန်မျိုးနိုင်ဆိုတာဘယ်ကောင်လဲကွဲ့၊ ငါ့ပြစမ်း '

ကျွန်ုပ်သည်ရင်ထိတ်သွားကာ ကိုရန်မျိုးနိုင်ရှိနေကျနေရာသို့ လှမ်းကြည့်လိုက်လေ၏ ။ ကိုရန်မျိုးနိုင် ကိုမသိပါဟုပြောလျှင်လည်း သဘာဝ မကျချေ၊ သူကြီးမင်းကိုလည်း ဒါရန်မျိုးနိုင်ပါဟု ကျွန်ုပ်က မပြချင်ပေ။

ကံကောင်းထောက်မစွာ ပင် ကိုရန်မျိုးနိုင်သည် ကိုယ်ခံပညာလေ့ကျင့်သည့်ကွင်းပြင်ထဲ၌ ရှိမနေပါချေ၊ နောက်မှသိရသည်မှာ သူကြီးမင်းလာသည်ကိုသိ၍ စမ်းချောင်းလေးရှိရာ လျှိုထဲသို့ရှောင်ထွက်သွားခြင်း ဖြစ် လေသည်။

' ခုနကမြင်မိပါတယ်၊ အခုမတွေ့ တော့ဘူးဘဘ '

' ဒီအကောင် ဒီမှာ ဘာလာလုပ်သလဲ '

' သိုင်းသင်ပေးတယ်ဆိုလားဘာလား၊ အလကားပါဘဘရယ်၊ သူများ သာသင်ပေးနေတာ၊ သူကိုယ် တိုင်တောင် ဟုတ်ဟုတ်ငြားငြားမတတ်ပါဘူး '

ကျွန်ုပ်က သူကြီးမင်းသဘောကျစေရန် မုသားသုံး၍ ပြောလိုက်လေ၏ ။

' ဒီအကောင်နဲ့ မင်းနဲ့ မရင်းနှီးဘူးလားကွဲ့ '

' ဟင့်အင်းဘဘ၊ ကျွန်တော် တော့ ဒီလူကြီးကိုကြည့်မရလို့ ခပ်ကင်းကင်းနေတာပဲ၊ သူတို့လုပ် တဲ့ ကြမ်းကြမ်းတမ်းတမ်းအလုပ်တွေ လဲ မကြိုက်ပါဘူး၊ ကိုယ့်စာကိုယ်ပဲကျက်နေတာပါဘဘ '

' အေး-အေး-လိမ်လိမ်မာမာနေ၊ ဒီအကောင့်အကြောင်းတွေ မင်းကိုစုံစမ်းခိုင်းရဦးမယ်၊ ငါ ဆရာ တော် ကြီးနဲ့သွားတွေ့ ဦးမဟေ့ '

ဦးစက်ရောင် က သေနတ်ကြီးကိုလွယ်ကာ ကျောင်းအပေါ် ထပ်သို့တက်သွားလေသည်။ ကျွန်ုပ်လည်း ဦးစက်ရောင် နောက်မှ ခပ်ရို့ရို့ဖြင့်တက်လိုက်ခဲ့လေ၏ ။

အပေါ်ထပ် အဝင်တခါးဝသို့ရောက်သည်နှင့်-

' ငစက်ရောင် '

ဆရာတော် ဘုရားကြီး၏ ငေါက်ဆတ်ဆတ်ဖြင့်အော်သံကြီးသည် ဟိန်းထွက်လာလေ၏ ။

' ဘုရာ့ '

ဦးစက်ရောင် က လက်အုပ်ချီကာထူးလိုက်လေသည်။

' တယ်၊ ငါ့ကျောင်းပေါ်ကို လူသတ်လက်နက်ကြီးလွယ်ပြီး တက်လာရသလားဟဲ့ ငစက်ရောင် ရဲ့ ၊ မင်းသေနတ်ကြီး တခါးအပြင်မှာ ချထားခဲ့စမ်း '

' တင်ပါ့ဘုရာ့ '

ဦးစက်ရောင် က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် သေနတ်ကို တခါးဘေး၌ ချထားလိုက်လေသည်။ တစ်ရွာ လုံးကိုအုပ်ချုပ်နေသော သူကြီး ဖြစ်သော်ငြား ငယ်ဆရာ ဖြစ်သော ဘုန်းတော် ကြီးကို တုန်နေအောင်ကြောက်ရွံ့ ရလေသည်။

ဦးစက်ရောင် ကလက်အုပ်ချီခေါင်းငုံ့ရင်း ဆရာတော် ကြီး အနီးသို့ချဉ်းကပ်သွားလေ၏ ။

ကျွန်ုပ်လည်း အခြေအနေကိုသိရရန် လှေကားထိပ်မှပင် ဆရာတော် ကြီးအားလက်အုပ်ချီရင်း ထိုင် ကြည့်နေလိုက်လေ၏ ။

' ဘာလာလုပ်သတုံးစက်ရောင် '

' တင်ပါ့ဘုရား၊ ဘဘုန်းရဲ့ ကျောင်းမှာ ရွာကကာလသားတွေ စစ်သင်တန်းတက်နေကြသလိုလို သတင်းကြားလို့ပါဘုရား '

' အဲဒါဘာ ဖြစ်သတုံး '

' တပည့်တော် ကို အစိုးရကတာဝန်ပေးလို့ပါဘုရား၊ အစိုးရကို ပုန်ကန်ခြားနားတာမျိုး ဖြစ်မှာ စိုးလို့ စနည်းနာတာပါဘုရာ့ '

' ဟဲ့-စက်ရောင် ၊ စစ်သင်တန်းပေးတယ်လို့ နင့်ဘယ်သူပြောတုန်း '

' ဒီလိုပဲ၊ ကြားတာပဲဘုရား '

' ကလေးတွေ သိုင်းပညာ၊လက်ဝှေ့ပညာများ လေ့ကျင့်နေကြတာပါကွယ်၊ မင်းအစိုးရကလဲ ကြောက် တတ်လှချည်လားဟဲ့၊ မင်းတို့မှာ သေနတ်လက်နက်တွေ ရှိတယ်မဟုတ်လား၊ မင်းကိုတောင် တစ်လက်ပေး ထားသေးတာပဲ၊ ဒီကလေးတွေ မှာ ဘာလက်နက်မှ မရှိဘူး၊ ဘာလို့ဒါလောက်ကြောက်နေရသလဲ '

' တစ်မြို့တစ်ရွာကလာတဲ့ ရန်မျိုးနိုင်ဆိုတဲ့ အကောင်ဟာ ဒလျှိုဒလံ ဖြစ်နိုင်ပါတယ်ဘုရာ့ '

' ဒလျှို ဖြစ်တော့ဘာ ဖြစ်သတုံး၊ မတရားအုပ်ချုပ်နေတဲ့ ဗြိတိသျှအစိုးရကိုတော် လှန်ဖို့ ဒလျှို ဖြစ် ရတာ ပဲ၊ ကောင်းတောင်ကောင်းသေးတယ်၊ မင်းမြန်မာလူမျိုးမဟုတ်ဖူးလား၊ မြန်မာလူငယ်တွေ သူ့ကျွန်ဘဝ ကလွတ်အောင်ကြံဆောင်တာကို ဝမ်းတောင်သာရဦးမယ်၊ မြန်မာ ဖြစ်ရက်နဲ့ မြန်မာလူမျိုးဖက်ကဂုဏ်မယူ တတ်တော့ဘူးလားဟဲ့ငစက်ရောင် '

' ဒါတော့ဒါပေါ့ဘုရာ့၊ ဒါပေတဲ့ အုပ်ချုပ်သူအစိုးရကို ဂလန်ဂဆန်လုပ်ရင်တော့ မင်းပြစ်မင်းဒဏ် သင့်ရပါလိမ့်မယ် '

' တိတ်စမ်း၊ အမျိုးဖျက်ကောင်၊ မင်းက ရွှေစလွယ်လေးတစ်ခုရတာ နဲ့ သခင်အားရကျွန်ပါးဝ လုပ်ချင်တယ်ပေါ့လေ၊ မင့်သခင်တွေ ကိုပြောလိုက်စမ်း၊ သတ္တိရှိရင် ငါ့ကျောင်းထဲကိုလာဖမ်းလှည့်လို့ '

ဦးစက်ရောင် မှာ ဘုန်းကြီးကိုကြောက်ကြောက်နှင့်ဘာမှ ထပ်မလျှောက်ဝံ့အောင် ဖြစ်နေလေ၏ ။

' မင်းလဲသတိထား၊ တခြားနေရာမှာ သာ မင်းသူကြီးအာဏာကိုပြချင်ပြ၊ ငါ့ကျောင်းထဲမှာ လာမလုပ်နဲ့ ၊ သွား- မင်းလဲပြန်တော့ '

ဘုန်းကြီးကနှင်လွှတ်လိုက်ရာ ဦးစက်ရောင် သည်စောဒကမတက်ဝံ့တော့ပဲ ဘုန်းကြီးကိုဦးချပြီး လှည့်ထွက်ခဲ့ရလေ၏ ။

*


ဦးစက်ရောင် သည် ရွာဦးဘုန်းတော် ကြီး၏ သြဇာကိုမလွန်ဆန်နိုင်၍ ခေါင်းငုံ့ပြန်လာရသော်ငြား.. သူတာဝန်ရှိသည့်အလုပ်ကိုတော့ မပျက်မကွက်လုပ်ဆောင်ခဲ့သည်ပင်။

အထက်အရာရှိများ ထံ ရန်မျိုးနိုင်၏ သတင်းကိုပေးပို့ခဲ့သည်။

မိမိ၏ ကိုယ်ရေး ကိုယ်တာအနေဖြင့်လည်း ရန်မျိုးနိုင်နှင့် မေတ္တာမျှနေသည့် သမီး ဖြစ်သူကို အိမ်မှ မထွက်ရအောင်ချုပ်ချယ်ထားလိုက်လေသည်။ မမြစိမ်းသည် ဥပုသ်နေ့တွင် ဘုန်းကြီးကျောင်းသို့ သွားခွင့်မရ တော့ပေ။ ဒါတွင် မက မနက်စောစော အာရုဏ်ဆွမ်းကိုပင် ကိုယ်တိုင်ကိုယ်ကျထွက်လောင်းခွင့် မရှိပါ လေတော့။

အာရုဏ်ဆွမ်းခံထွက်သည့်အဖွဲ့နှင့်အတူ ရန်မျိုးနိုင်ပါလာတတ်ကြောင်းကိုပင် သူကြီးဦးစက်ရောင် က သတင်းရပြီးလေပြီ။

ကိုရန်မျိုးနိုင်နှင့်မမမြတို့သည် မျက်နှာချင်းဆိုင်တွေ့ ခွင့် ဆုံးရှုံးသွားရလေပြီတည်း။

လူချင်းကတော့ ကျွန်ုပ်မှတစ်ဆင့်စာရေး သားဆက်သွယ်ခွင့် ရှိနေ၍ အဆက်အသွယ်မပြတ်ပေ။

ကျွန်ုပ်သည် မမြစိမ်းတို့အိမ်သို့ အသွားအလာမပျက် ဆက်၍ သွားနေနိုင်ပေသည်။

ကျွန်ုပ်သည်ရန်မျိုးနိုင်နှင့်ကျွန်ုပ်ကင်းရှင်းကြောင်းကို ဥပါယ်တမျဉ်ဖြင့် သူကြီးမင်းယုံကြည်ရန်လည်း ကြံဆောင်ရလေသည်။ သူကြီးမင်းအား သတင်းမှားများ ပေး၍ ကိုရန်မျိုးနိုင်အား အထင်အမြင်သေးရန် လုပ် ဆောင်ခဲ့ခြင်းပင်။

တစ်နေ့သ၌ ကျွန်ုပ်သည် ညနေခင်းအချိန်တွင် မမြစိမ်းတို့အိမ်သို့လာခဲ့ရာ ဝါးပတ္တလားလေးပေါ်တွင် ခေါင်းအပ်၍ ငိုရှိုက်နေရှာသော မမမြကိုတွေ့ လိုက်ရလေ၏ ။

' ဟင်-မမမြ၊ ဘာ ဖြစ်လို့လဲဟင် '

မမမြက မျက်ရည်များ ကြားမှခေါင်းမော်ကြည့်လိုက်ကာ-

' ကိုယ်ကျိုးတွေ တော့နည်းကုန်ပါပြီအညိုရယ် '

' ဘာ ဖြစ်တာလဲ၊ ကျွန်တော့် ကိုပြောပါဦး '

' မမမြကို အိမ်ကယောကျာ်းပေးစားတော့မယ်ကွဲ့ '

' ဟင်-ဘယ်သူနဲ့ လဲ '

' ကိုဘလှအုန်းနဲ့ တဲ့ '

' ကိုဘလှအုန်း '

နာမည် ကိုကြားသည်နှင့် ကျွန်ုပ်မျက်စိထဲတွင် ကျောက်ပေါက်မာဗလဗျစ်နှင့် အဆီပြန်နေသော မျက်နှာ ကြီးတစ်ခုကို မြင်ယောင်လာလေသည်။

ဘလှအုန်းဆိုသူမှာ စပါးပွဲစား ဖြစ်၍ သူ၏ ကိုယ်ပိုင်မော်တော် လေးနှင့် ရွာကိုမကြာခဏရောက်လာ တတ်သူ ဖြစ်သည်။ ရွာကိုလာတိုင်း သူကြီးအိမ်မှာ ပင်စတည်းချလေ့ရှိသည်။ သူငွေကြိုပေးထားသော စပါး များ ကိုလည်း သူကြီး၏ စပါးကျီထဲ၌ ခေတ္တလှောင်ထားကာ စက်လှေကြီးဖြင့်စုပေါင်းသယ်ယူလေ့ရှိပေ၏ ။

ဘလှအုန်းသည် အင်္ဂလိပ်စာလည်းကောင်းကောင်းတတ်သူ ဖြစ်သည်။ အင်္ဂလိပ်များ ထံချဉ်းကပ်ကာ အင်္ဂလိပ်စစ်တပ်အတွက် ဆန်များ ပေးသွင်းနေသူလည်း ဖြစ်လေ၏ ။ အင်္ဂလိပ်အရာရှိများ ၏ မျက်နှာသာပေး ခြင်းခံရသူ ဖြစ်လေသည်။ အတော် ပင်လူရည်လည်သော မြို့ကြီးသား တစ်ယောက် ဖြစ်ပါသည်။

' ဟင်-အဲဒီ လူကြီးနဲ့ မမမြကိုပေးစားမလို့ '

' ဟုတ်တယ်၊ မမမြကိုကယ်ပါဦးကွယ်၊ မောင်မောင့်ကို သိပ်တွေ့ ချင်တာပဲ '

' အစ်ကိုကြီးကိုကျွန်တော် ပြောပြလိုက်ပါမယ်၊ မမမြ အစ်ကိုကြီးနောက်ကို တစ်ခါထဲလိုက် သွားပါ လားဟင် '

မမမြသည် မျက်ရည်များ ကြားမှတွေ ဝေသွားလေ၏ ။

' သူ့မှာ တော် လှန်ရေး အတွက် တာဝန်တွေ ကလဲရှိသေးတယ်ကွဲ့၊ မမမြအတွက်နဲ့ သူ့ရည်ရွယ်ချက်ကို မပျက်စေချင်ပါဘူးကွယ်၊ အေးလေ.. မ ဖြစ်သာတော့လဲ လိုက်သင့်လိုက်ရတော့မှာ ပေါ့၊ ကိုဘလှအုန်း ကိုတော့ မမမြဘယ်နည်းနဲ့ မှမယူနိုင်ဘူး '

' ကျွန်တော် အခုပဲ အစ်ကိုကြီးကိုသွားပြောလိုက်တော့မယ်မမမြ '

*


ညပိုင်းတွင် ကျွန်ုပ်က မမမြအားကိုဘလှအုန်းနှင့်ပေးစားရန်စီစဉ်နေသည့်အကြောင်းကို ကိုရန်မျိုးနိုင် အားတီးတိုးပြောပြလိုက်လေ၏ ။

' အလို၊ မြကလေးတော့ တော် တော် စိတ်ဆင်းရဲနေမယ် ထင်ပါ့၊ တို့နှစ် ယောက် မတွေ့ ရတာ လဲကြာပြီ၊ ဘဲ့နဲ့ လုပ်ရပါ့ '

' မမမြကိုခိုးပြေးပါလားအစ်ကိုကြီး '

ကိုရန်မျိုးနိုင်၏ မျက်နှာသည် အတွေးဖြင့်တည်သွားလေ ၏ ။

' မြကလေးနဲ့ တော့ အလွဲမခံနိုင်တာဧကန်ပဲကွယ်၊ အစ်ကိုကြီးမှာ တော် လှန်ရေး အတွက်တာဝန်တွေ က ရှိသေးတော့ခက်တာပဲ၊ ဘာပဲ ဖြစ် ဖြစ် မြကလေးနဲ့ တွေ့ ပြီးတိုင်ပင်မှ ဖြစ်တော့မယ်၊ မောင်ညို မြကလေးက သူ့အိမ်မှာ ဘယ်နေရာမှာ အိပ်သလဲကွဲ့ '

' အစ်ကိုကြီးဘာလုပ်မလို့လဲ '

' တွေ့ ချင်လို့ပေါ့ကွယ်၊ တို့နှစ် ယောက် မတွေ့ ရတာ ကြာပြီလေ၊ သူ့ကိုအပြင်ထွက်ခွင့်မပေးတော့ သူ ရှိရာစွန့်စားသွားရတော့မှာ ပေါ့ကွဲ့ '

' မမမြက အိမ်ပေါ်ထပ်မှာ နေတာအစ်ကိုကြီးရဲ့ ၊ ဘဘနဲ့ ကြီးကြီးက အောက်ထပ်မှာ အိပ်ကြတာ၊ အိမ် ပေါ်ထိအောင် အစ်ကိုကြီးဘယ်လိုတက်မလဲ '

ရန်မျိုးနိုင်က ကျွန်ုပ်၏ စကားကိုပြုံးလိုက်လေ၏ ။

' လူကြီးတွေ နဲ့ တခြားစီနေတယ်ဆိုတော့ ပိုပြီးတောင် လွယ်တာပေါ့ကွဲ့၊ အစ်ကိုကြီးကြည့်စီစဉ်ပါဦး မယ်ကွယ်၊ ငါ့ညီကသာ မြကလေးကို ဟိုလူနဲ့ ကိစ္စအချိန်ဆွဲထားဖို့ပြောပေးပါ '

' အဲဒါတော့စိတ်ချအစ်ကိုကြီး၊ မမမြက ဘလှအုန်းဆိုတဲ့ လူကြီးကို တစ်စက်မှကြည့်ရတာ မဟုတ်ဖူး၊ ကျွန်တော့် ကိုတောင် ပြောလိုက်သေးတယ်၊ ဘလှအုန်းနဲ့ အတင်းပေးစားရင် ကိုယ့်ကိုကိုယ် သတ်သေပစ်လိုက် မှာ တဲ့ '

' သြော်.. မြကလေးရယ် '

*


ကိုရန်မျိုးနိုင်သည် ထိုညက ညတွင်းချင်းပင် မမြစိမ်းတို့အိမ်အနီးသို့သွားကာ စနည်းနာခဲ့သည်ကို ကျွန်ုပ်မသိခဲ့ချေ၊ ရန်မျိုးနိုင်က ညသန်းကောင်အချိန်တွင် သူကြီးအိမ်အနီးသို့ သွားကာ အိမ်ပတ်ပတ်လည်ရှိ အနေအထားများ ကို သွားရောက်မှတ်သား ကြည့်ရှုခဲ့လေ၏ ။

နောက်တစ်နေ့နေ့လည်၌ မမြစိမ်းနှင့်တွေ့ ဆုံရန် ကျွန်ုပ်နှင့်ပြောဆိုတိုင်ပင်သည့်အခါမှပင် ကျွန်ုပ်သိရ လေတော့သည်။

' ညက မြကလေးတို့အိမ်အနေအထားကို အစ်ကိုကြီး သွားကြည့်ပြီးပြီမောင်ညိုရဲ့ '

' ဟင်-အစ်ကိုကြီး ဘယ်အချိန်သွားလိုက်တာလဲ '

' ညသန်းကောင်ပေါ့ကွယ်၊ မြကလေးတို့အိမ်က တစ်အိမ်ထဲခြံကျယ်ကြီးထဲမှာ ရှိတာဆိုတော့ ဝင်ရ တာ လွယ်ပါလိမ့်မယ် '

' ဘယ်လိုဝင်မလဲအစ်ကိုကြီးရဲ့ ၊ မမမြက အခုဆို အပေါ်ကနေ အောက်ကိုဆင်းရတာ မဟုတ်ဖူး၊ ပြီးတော့ ဘဘမှာ သေနတ်ရှိတယ်နော် '

' အစ်ကိုကြီးယောကျာ်းပါကွယ်၊ အစ်ကိုကြီးအစီအစဉ်မှာ မောင်ညိုကသာကူညီပေးပါ၊ ဖြစ်မြောက်ရ မှာ ပေါ့ '

' ဘယ်လိုကူညီရမှာ လဲအစ်ကိုကြီး '

' ခြံထဲမှာ မကျီးပင်ကြီးတစ်ပင်အစ်ကိုကြီးတွေ့ ခဲ့တယ် ကွဲ့၊ အိမ်ရဲ့ နောက်ဖက်မှာ လေ '

' ဟုတ်တယ်လေ၊ မကျီးပင်ကြီးရှိတယ် '

' မကျီးပင်ကြီးရဲ့ အကိုင်းဟာ အိမ်ပေါ်ထပ်ကပြတင်းပေါက်တစ်ပေါက်နားကို ကိုင်းကျနေတာတွေ့ ခဲ့ တယ်၊ အိမ်ပေါ်ထပ်မှာ မြကလေး တစ်ယောက် ထဲနေတာ သေချာရဲ့ မဟုတ်လား'

' သေချာပါတယ်အစ်ကိုကြီး၊ နောက်ပြီး ကိုင်းကျနေတဲ့ သစ်ပင်ကိုင်းနားကပြတင်းပေါက်ဟာ မမမြ နေတဲ့ အခန်းပြတင်းပေါက်အစ်ကိုကြီးရဲ့ '

' အခန့်သင့်လိုက်လေကွယ်၊ သစ်ကိုင်းကနေအတွင်းကို ဝင်ရုံပဲ '

' ဟင်- ခြံဝင်းထဲရောက်အောင် အစ်ကိုကြီးဘယ်လိုသွားမှာ လဲ '

' ယောကျာ်းပါဆိုမှကွယ်၊ မောင်ညိုကသာကူညီပေး '

' ဒါဆိုပြောပါတော့၊ ကျွန်တော် ဘာလုပ်ပေးရမလဲ '

' ဒီကနေ့ညနေ မမြစိမ်းတို့အိမ်ကိုသွားရင် မင်း,ကျောင်း ကိုပြန်မလာနဲ့ ကွယ် '

' ဟင် '

' မမြစိမ်းတို့အိမ်ကနေ ပြန်ချင်ယောင်ဆောင်ပြီး မမြစိမ်း အခန်းထဲမှာ မင်းပုန်းနေလိုက် '

' ပြန်ချင်ယောင်ဆောင်တာကလွယ်ပါတယ်၊ နောက်ဖေးက အစ်မတို့အိမ်သွားသလိုလိုနဲ့ လူကြီးတွေ မျက်စိလှည့်ပြီးနေလိုက်ရင် ကျွန်တော် ပြန်မပြန် သူတို့မသိနိုင်တော့ပါဘူး၊ ဒါပေမယ့် အစ်ကိုကြီး၊ ညပိုင်း ဘုရားဝတ်တက်တော့ ကျွန်တော် ကျောင်းမှာ မရှိတာ ဘဘုန်းနဲ့ ကပ္ပိယကြီးကသိသွားမှာ ပေါ့ '

' ဒါအစ်ကိုကြီးတာဝန်ထားပါ၊ မင်းကိုကိစ္စတစ်ခုနဲ့ တစ်နေရာလွှတ်လိုက်တယ်လို့ ကပ္ပိယကြီးကိုကြို ပြောထားပေးမယ်၊ အစ်ကိုကြီးခိုင်းတာဆိုရင် ကပ္ပိယကြီးက မောင်ညို့ကိုမဆူပါဘူး '

' ကျွန်တော် က မမမြအခန်းထဲမှာ ပုန်းနေပြီး ဘာလုပ်ရမှာ လဲအစ်ကိုကြီး '

' အစ်ကိုကြီးလာလို့ရတဲ့ အချိန်ကျရင် အချက်ပြပေါ့ကွဲ့၊ မြကလေးကိုလဲ အစ်ကိုကြီးလာ မယ့်အကြောင်းကြိုပြောထား '

ကျွန်ုပ်မှာ ကိုရန်မျိုးနိုင်၏ အစီအစဉ်ကြောင့် ရင်များ ပင် လှိုက်ဖိုလာလေ၏ ။

' အစ်ကိုကြီးလာလို့ရမယ့်အချိန်ဆိုရင် ညသန်းကောင် လူခြေတိတ်ချိန်ထိစောင့်ရမှာ ပေါ့၊ အစ်ကိုကြီး က မကျီးပင်ပေါ်ကနေခုန်ကူးလာမှာ လား၊ ဖြစ်ပါ့မလားအစ်ကိုကြီး '

' ဘာလို့မ ဖြစ်ရမှာ လဲကွယ်၊ ဒါအသေးအဖွဲပါ '

' ကျွန်တော် ကအစ်ကိုကြီးကို ဘယ်လိုအချက်ပြရမှာ လဲ'

' အစ်ကိုကြီးအိမ်နောက်ဖေးခြံစပ်ကို ရောက်နေနှင့်မယ်၊ မောင်ညိုအသံပြုလိုက်တာနဲ့ ခြံစည်းရိုးကို ကျော်ဝင်ခဲ့မယ်၊ ဘယ်လိုအချက်ပြရမလဲဆိုတော့ .. '

ကိုရန်မျိုးနိုင်က ခေတ္တစဉ်းစားနေလေသည်။

' ရွှေပြည်စိုးငှက်ကလေးအော်သလိုအော်လိုက်ပေါ့ကွဲ့၊ မြကလေးရဲ့ သီချင်းထဲကအတိုင်းလေ၊ ရွှေပြည် စိုးငှက်အော်သံမျိုး အော်တတ်တယ်မဟုတ်လား '

' ရွှေပြည်စိုး.. ရွှေပြည်စိုး.. ရွှေပြည်စိုး.. '

ကျွန်ုပ်ကလက်တွေ့ အော်ပြလိုက်လေ၏ ။

' မောင်ညိုကသိပ်တော် တာပဲဟေ့၊ တကယ့်ရွှေပြည်စိုးငှက်ကလေးအော်တဲ့ အတိုင်းပဲ '

*


အချစ်ကိုယုံစားခုန်ကြဖွယ်xx မြင်းမိုရ်ရွှေတောင်လုံးxxတုံးလောက်ထင်တယ်xx မိုးစွန်ထက်ဖျားသိကြားထံxxကြယ်ပျံကိုလိုသေး မောင်ယူပေးမယ်xxချစ်တာသူကပဓာနပဲတဲ့ ရာသက်တိုင်ရွယ် မခွာရက်နိုင် တယ်xx အိုဘယ့် မမုန်းနိုင် မမုန်းနိုင်xxxကပ်လုံးဆုံးတိုင်တိုင်xx အုံးလှိုင်ကြောသဉ္ဇာလယ်xxအချစ်ပင်လယ်ကြောအတူxx နှစ် သွယ်မျောမူ xxဆယ်သော သူမုန်းလိမ့်မယ်xxxx

ညနေပိုင်း၌ မမမြတို့အိမ်သို့ကျွန်ုပ်သွားရောက်ရာ အိမ်အောက်ထပ်တွင် သူကြီးနှင့်ထိုင်စကားပြောနေ သော ဘလှအုန်းကိုတွေ့ လိုက်ရလေ၏ ။

ဘလှအုန်းသည် မြန်မာလူငယ်များ ထားလေ့ရှိသော ဆံပင်ရှည်ရောင် ထုံးနှင့်မဟုတ်ချေ။ အင်္ဂလိပ်လူမျိုး များ ကိုအားကျကာ ဘိုကေတိုတိုညှပ်ထားလေသည်။ ဆံပင်ကိုလဲ အုန်းဆီမဟုတ်သော အင်္ဂလိပ်ခေါင်းလိမ်းဆီ များ လိမ်းထားရာ ပြောင်ချောနေလေ၏ ။ အင်္ဂလိပ်ခေါင်းလိမ်းဆီအနံ့စူးစူးကြီးကို အဝေးကပင်ရနေလေ၏ ။

သူသည် အင်္ဂလိပ်လူမျိုးကို တော် တော် အထင်ကြီးပုံရသည်။ ပုဆိုးဝတ်ထားသော်လည်း ပုဆိုးပေါ်တွင် အင်္ဂလိပ်များ ကဲ့သို့ ခါးပတ်ကြီးပတ်ထားလေ၏ ။ ခြေ၌ လဲခြေညှပ်ဖိနပ်မစီးပဲ ကျွန်ုပ်တို့ အရပ်သားများ က ''ဘိုးဖိနပ်''-ဟုခေါ်သော ဘွတ်ဖိနပ်ကိုစီးထားလေသည်။ ခါး၌ လဲသေနတ်တစ်လက်ကိုလူမြင်အောင် ချိတ် ထားလေ၏ ။ သူကား အင်္ဂလိပ်စစ်တပ်ကိုရိက္ခာပေးသွင်းနေသူ တစ်ယောက် မို့ သေနတ်ကိုင်ဆောင်ခွင့်ရရှိနေ ခြင်း ဖြစ်လေသည်။

ကျွန်ုပ်အိမ်ထဲဝင်သွားချိန်တွင် ဘလှအုန်းသည် ကုလားထိုင်တွင် ခြေချိတ်ထိုင်ကာ စီးကရက်ဟုခေါ် သော ဘိုများ သောက်သည့်ဆေးလိပ်ဖြူဖြူသေးသေးလေးကိုခဲလျှက်ရှိလေ၏ ။ သူကြီးနှင့်စကားလက်ဆုံကျနေ ခြင်း ဖြစ်လေသည်။

ကျွန်ုပ်သည် အိမ်ပေါ်သို့တန်းတက်မသွားသေးပဲ သူတို့နှင့်မလှမ်းမကမ်းတွင် ယောင်လည်လည်နှင့် ရပ်နေလိုက်လေ၏ ။ သူတို့အမြင်တွင် ကျွန်ုပ်မှာ ကလေး တစ်ယောက် မို့ ပြောလက်စစကားကို အမျှင်မပြတ် ဆက်၍ ပြောနေလေသည်။

ကျွန်ုပ်နားထောင်ကြည့်သည့်အခါ မမြစိမ်းနှင့်ဘလှအုန်းတို့၏ မင်္ဂလာကိစ္စကို တိုင်ပင်နေခြင်း ဖြစ် ကြောင်း သိလိုက်ရလေသည်။

' စပါးပေါ်ချိန်ကျရင်တော့ မင်္ဂလာဆောင်လိုက်ချင်ပါပြီ သူကြီး၊ ကျွန်တော် နဲ့ မမြစိမ်းမင်္ဂလာဆောင် ကို ဒီနယ်တရိုးမှာ သူများ နဲ့ မတူအောင် ခြိမ့်ခြိမ့်သဲသဲကြီးလုပ်မယ်ဗျို့၊ ဆင်းရဲသား၊ လယ်ကူလီ၊တံငါသည် မကျန်ဖိတ်ပြီး ထမင်းရေချောင်းစီး ကျွေးပစ်လိုက်မယ် သူကြီးရေ '

ဘလှအုန်းစကားကြောင့် သူကြီးမျက်နာမှာ ပြုံးဖြီးဖြီးကြီး ဖြစ်နေလေသည်။

ကျွန်ုပ်ကား ဘလှအုန်းကိုမုန်းတီးစွာ ကြည့်လိုက်မိလေသည်။ ခေတ်ဆန်အောင်ဝတ်စားထားသော် လည်း သူ၏ မည်းနက်ပြောင်ချောသော အသားအရည်နှင့် အဝတ်အစားများ ကား မလိုက်ဖက်ပါပေ။ မျက်နှာ ကြီးကလဲ ကျောက်ပေါက်မာထူလဗျစ်နှင့် အဆီတဝင်းဝင်းတောက်နေရာ ကျွန်ုပ်၏ အစ်ကိုကြီးရန်မျိုးနိုင် ၏ ယောကျာ်းပီသခန့်ချောပုံနှင့်ကား တစ်ခြားစီပင် ဖြစ်လေတော့၏ ။

' ကျုပ်သမီးလေး မောင်နဲ့ စုံဖက်ရမှာ ဖြင့် အခန့်သင့်လိုက်လေကွယ်၊ သမီးတစ်ကောင်နွားတစ်ထောင် ဆိုသလို ကျုပ်မှာ ဒီသမီး တစ်ယောက် အတွက်ပူပန်နေရတာ ကလား၊ ကြားထဲ သူပုန်သူကန်လိုလိုကောင်နဲ့ ဘာလိုလိုရှိလို့စိုးရိမ်လိုက်ရသေးတာကလား၊ ခုတော့ သူ့အတွက်စိတ်အေးရပါပြီလေ '

' ရန်မျိုးနိုင်ဆိုတဲ့ ကောင်လား၊ ကြည့်ရတာ မိုက်ကန်းကန်းဘဝင်မြင့်မြင့်ကောင်မျိုးထင်ပါရဲ့ ၊ မြို့မှာ နေဖူးတာနဲ့ တောက ကာလသားတွေ ကြားထဲလာပြီး ဟန်လုပ်နေထင်ပါရဲ့ သူကြီးရယ် '

' သူက ရွာကကလေးတွေ ကို ကိုယ်ခံပညာတွေ သင်ပေးဆိုပဲ၊ ကျုပ်လဲဘုန်းကြီးရှိနေတာနဲ့ မပြော သာလို့ကြည့်နေရတယ် '

' ဒါများ ဘာခက်လို့လဲသူကြီးရယ်၊ အင်္ဂလိပ်တပ်ကို အကြောင်းကြားလိုက်ပေါ့၊ တပ်က လာဖမ်း ပါလိမ့်မယ် '

' အင်္ဂလိပ်အစိုးရကစနည်းနာခိုင်းလို့ ကျုပ်စုံစမ်းပြီးပါပြီ၊ မောင်ပြောသလို ဟန်သာများ နေတာ၊ အ ဖြစ်ရှိတာမဟုတ်လို့ ကျုပ် လဲအေးအေးကြည့်နေလိုက်တာပါ '

'အစိုးရကိုတော့ ဒီကောင့်သတင်းပေးမှ ဖြစ်မယ်သူကြီးရဲ့ '

' ပေးမှာ ပါ၊ ဒီလကုန် ကျုပ် မြို့ရုံးတက်တဲ့ အခါ အစီရင်ခံပါ့မယ် '

' ကျွန်တော် နဲ့ မမြစိမ်းကိစ္စကိုများ နှောက်ယှက်နေဦးမလား မသိဘူး၊ ရှုပ်ပါတယ်လေ၊ တပ်ကဗိုလ်မှူး ကို ပြောပြီး ဒီကောင့်ကို ဖမ်းချုပ်ထားတာအေးပါတယ် '

' ဒါဆိုလဲလုပ်လေကွယ်၊ မောင်ကအင်္ဂလိပ်ဗိုလ်တွေ နဲ့ ပုလဲနံပသင့်တဲ့သူဆိုတော့ ပြောလိုက်ရုံနဲ့ ဖြစ် ပါတယ် '

ကျွန်ုပ်သည် ကိုရန်မျိုးနိုင်ကိုဖမ်းချုပ်မည် ဆို၍ စိုးရိမ်ပူပန်သွားလေသည်။ ထိုသတင်းကို ချက်ချင်း ပင် ပြေးပြောလိုက်ချင်၏ ။

ကိုရန်မျိုးနိုင်မမမြကိုတိတ်တဆိတ်လာတွေ့ မည် မှာ ယခုညပင် ဖြစ်လေသည်။ မမမြကိုတပါထဲခိုးသွား ဖို့ တိုက်တွန်းဖို့လိုက တိုက်တွန်းရပေတော့မည် ။

ကျွန်ုပ်သည် မယောင်မလည်နှင့် အပေါ်ထပ်သို့တက်ခဲ့လေတော့၏ ။

အပေါ်ထပ်တွင် မမမြအား ပြတင်းပေါက်ဘေး၌ ထိုင်၍ ငေးနေသည်ကိုတွေ့ ရလေသည်။ ကျွန်ုပ်အနား သို့ရောက်လာသည်ကိုပင် မမမြကမမြင်ပေ။ မမမြသည် မြစ်ထဲမှရှုခင်းများ ကို ပြတင်းပေါက် ဘေးထိုင်ရင်း ငေးကြည့်နေဟန်ရှိပေသည်။ သို့သော် မမမြ၏ မြင်ကွင်းတွင် မြစ်ရှုခင်းသည်ပေါ်ထင်နေမည် မဟုတ်သည်ကို ကျွန်ုပ်သိနေပေ၏ ။ မမမြသည် စိတ်ပျက်အားငယ်စွာ ငေးမိငေးရာ ငေးမောနေခြင်းသာ ဖြစ်တော့၏ ။

' မမမြ '

ကျွန်ုပ်အသံပြုလိုက်မှပင် မမမြကဆတ်ကနဲလှည့်ကြည့် လိုက်လေ၏ ။

' အညို၊ လန့်သွားတာပဲကွယ် '

' မမမြဘာတွေ တွေးနေတာလဲဟင် '

' ဒီလိုပဲပေါ့ကွယ် '

' ကျွန်တော် သိပါတယ်၊ ဘလှအုန်းကြီးရောက်နေလို့မမမြ စိတ်ညစ်နေတာမဟုတ်လား '

' ပြောစရာလိုသေးသလားအညိုရယ်၊ မမမြဒီလူကြီးကို သိပ်ရွံတာပဲကွယ် '

' အင်းလေ၊ ရုပ်ကြီးကရွံစရာကြီးပဲ၊ ခုလဲ မမမြနဲ့ လက်ထပ်မယ့်အကြောင်းတွေ ဘဘနဲ့ ပြောနေကြ တယ် '

' ဘာ- အညိုကြားခဲ့တယ် ပေါ့ '

' ကျွန်တော် က တမင်နားထောင်နေတာ၊ ကျွန်တော် အောက်ထပ်မှာ ရောက်နေတာကြာလှပြီ '

' ဒီမျက်နှာရူးကြီးနဲ့ တော့ ခက်ပါတယ်ကွယ်၊ မောင်မောင်နဲ့ လဲမတွေ့ ရဘူး၊ ဘဲနဲ့ ကြံရပါ့မလဲ အညိုရယ် '

ကျွန်ုပ်က မမမြအနီးသိုကပ်ထိုင်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

' ဘာမှစိတ်မပူနဲ့ မမမြ၊ ညကျရင် မမမြဆီကို အစ်ကိုကြီး လာလိမ့်မယ် '

' ဘာ '

ကျွန်ုပ်က ကျွန်ုပ်နှင့်ကိုရန်မျိုးနိုင်တို့စီစဉ်ထားသော အစီအစဉ်ကိုပြောပြလိုက်သည်။

' ဖြစ်ပါ့မလားကွယ်၊ မမမြကြောက်တယ်၊ အဘများ သိ သွားရင်သတ်မှာ ကွဲ့ '

' ဘဘသတ်မှာ ကြောက်ရင် အစ်ကိုကြီးနောက်ကိုတစ်ခါထဲလိုက်သွားပေါ့ဗျ '

' အို '

ကျွန်ုပ်မှာ စီစဉ်ထားသော အစီအစဉ်အတွက် စိတ်ပူပန်ခြင်း မ ဖြစ်မိပဲ စိတ်လက်ပေါ့ပါးနေပေသည်။ အစ်ကိုကြီးရန်မျိုးနိုင် ၏ အစွမ်းအစကိုယုံကြည်သည့်အတွက်လည်း ဖြစ်လေသည်။

' လာပါမမမြ၊ စိတ်ညစ်မနေပါနဲ့ ၊ ပတ္တလားလေးတီးလိုက်ပါဦး၊ မမမြဣနြေ္ဒမပျက်နေမှ ဘဘ တို့ကသံသယမဝင်မှာ ပေါ့၊ ကျွန်တော့် ကိုတောင် အစ်ကိုကြီးကိုအထင်မကြီးဘူးလို့ပြောထားလို့ ဘဘကယုံနေ တာ '

' ဆိုရတီးရမှာ တောင်စိတ်မပါတော့ပါဘူးအညိုရယ် '

' လာပါမမမြရယ်၊ ဣနြေ္ဒမပျက်တီးလိုက်စမ်းပါ၊ ရွှေပြည်စိုးသီချင်းလေးကိုတီးပါလား၊ ကျွန်တော် ကဆိုမယ်လေ '

မမမြက စိတ်မပါ့တပါထလာကာ ပတ္တလားကိုလက်သံ စမ်းလိုက်သည်။

ရွှေပြည်စိုးသီချင်းလေး၏ အတောပိုဒ်လေးကိုတီး၍ စတင်လိုက်သည်နှင့် ကျွန်ုပ်ကသီချင်းကို စိတ်ပါ စွာ သီဆိုလိုက်လေသည်။

' ရွှေပြည်စိုးxx ရွှေပြည်စိုး xxx ရွှေပြည်စိုးတဲ့ လွမ်း.. ပို.. အောင်.. ပင်.. xx ''

*


ကျွန်ုပ်သည် ထိုတစ်ညနေလုံး အပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြင့် ယောက် ယက်ခတ်အောင်နေ ပြလိုက်သည်။ အိမ်နောက်ဖက်မှ မိခင်ဖခင်များ နေသော တဲကလေးဆီသွားလိုက်၊ အိမ်မကြီးဆီပြန်လာလိုက်၊ အပေါ်ထပ်တက်လိုက်ဖြင့် လူကြီးများ မျက်စိရှုပ်အောင်နေပြလိုက်လေသည်။

ထိုသို့နေပြခြင်းအားဖြင့် သူတို့မျက်စိရှေ့မှကျွန်ုပ်ပျောက်သွားသည့်အခါ ကျောင်းသို့ပြန်သွားပြီဟု ထင်ကြပေလိမ့်မည် ။

ကျောင်းသို့ပြန် ဖြစ်တော့မည် မဟုတ်၍ အမေချက်ထားသည့် ထမင်းဟင်းကိုပင် ငပိရည်လေးကြိုက်လို့ ဟု အကြောင်းပြကာ အိမ်မှာ စားလိုက်ရလေ၏ ။

ကျွန်ုပ်သည်မှော င်ရီပျိုးသည်နှင့် မမမြအခန်းထဲသို့ဝင်ပုန်းနေလိုက်တော့သည်။

*


လူကြီးများ အိပ် လူခြေတိတ်ချိန်ကိုစောင့်ရသည်မှာ ပင်ပန်းလှပါဘိ၊ အသက်ကြီးရင့်သူများ သည် တော် တော် နှင့်မအိပ်နိုင်ကြ ပါတကား။

သူကြီးနှင့်သူကြီးကတော် ကြီးသည် ရေနွေးချမ်းတစ်အိုးပြီးတစ်အိုးသောက်ရင်း စကားတွေ ပြောနေကြ သေးသည်။ အတော် ကြီး ညဉ့်နက်တော့ လင်မယားနှစ် ယောက် စလုံးဘုရားရှိခိုးကြသည်မှာ တစ်အိမ်လုံး ဆူညံသွားလေ၏ ။ ပြီးတော့ ပါးစပ်မှအသံထွက်ရွတ်ကာ ပုတီးစိတ်နေကြပြန်လေသည်။

ကျွန်ုပ်မှာ အသက်ပြင်းပြင်းပင်မရှုဝံ့ပဲ မမမြအခန်းထဲအောင်းနေရသည်မှာ ခြင်များ ကလည်းကိုက်သေး သည်မို့ စိတ်မရှည်ချင်တော့ပေ။ အပြင်ထွက်ချင်စိတ်ကိုမနည်းမြိုသိပ်ထားရလေ၏ ။

မြစ်ဆိပ်နှင့်နီးသော နေရာမို့ ဟထားသော ပြတင်းပေါက်မှ လေများ တဟူးဟူးဝင်နေရာ အအိုက်သက် သာနေလို့ တော် ပေသေးသည်။ အခန်းထဲမှာ နှစ် ယောက် ထဲရှိပါရက် တစ်ယောက် နှင့် တစ်ယောက် စကား မပြောပဲမြိုသိပ်ထားရသည်မှာ လဲ ဒုက္ခတစ်မျိုးပင်။

သည်လိုနှင့်.. ကမ္ဘာချဉ်းအောင်ကြာသည်ဟုထင်မှတ်ရသည်ထိစောင့်ဆိုင်းခဲ့ရာ ညသန်းကောင်ကျော် လို့ သန်းကောင်ကြက်တွန်မှပင် အောက်ထပ်မှလူကြီးများ အိပ်ပျော်သွားပြီး တခေါခေါဟောက်သံကို ကြားရ လေတော့သည်။

ကျွန်ုပ်သည် ပုန်းနေရာမှထွက်လာကာ ပြတင်းပေါက်မှ ခေါင်းပြူကြည့်လိုက်၏ ။ ဒုတ္ထဝတီမြစ်ရေ ပြင်ကိုတလက်လက် မြင်တွေ့ နေရသော်လည်း အိမ်နောက်ဖက်မြင်ကွင်းကား မှော င်မဲ၍ နေလေသည်။

သို့သော် အမှော င်ထုထဲကလူကမူ မီးအိမ်ထွန်းထားသော မမမြ၏ အခန်းကိုမြင်ရပုံရသည်။ ခြံစည်း ရိုးအပြင်ဖက်မှ ဆေးလိပ်ဖွာပြလိုက်၍ မီးရောင် လက်သွားပုံ၊ ဆေးလိပ်မီးပွားများ ကျသွားပုံကိုမြင်လိုက်ရလေ သည်။ ထိုအချက်ပြပုံကား ကိုရန်မျိုးနိုင်ပင် ဖြစ်ပေတော့၏ ။

ကျွန်ုပ်ကလည်း မဆိုင်းမတွပင် ရွှေပြည်စိုးငှက်တွန်သံဖြင့် အော်လိုက်လေသည်။

' ရွှေပြည်စိုး .. ရွှေပြည်စိုး .. '

ကျွန်ုပ်နှင့်မမမြသည် ပြတင်းဝမှမျှော်ကြည့်နေကြလေ၏ ၊

ကိုရန်မျိုးနိုင် မည် သည့်နေရာမှပေါ်လာမည် ကိုစောင့်ကြည့် နေကြခြင်း ဖြစ်၏ ။

မကြာပါ၊ မကျီးပင်၏ မြင့်မားသော ကိုင်းပေါ်တွင် ပေါ့ပါးစွာ ကူး၍ လာသော အရိပ်မည်းမည်းတစ်ခုကို တွေ့ လိုက်ရလေ၏ ။

ကြို၍ သာသိမထားပါက နာနာဘာဝတစ္ဆေသရဲတကောင်ဟုထင်ရလောက်ပါသည်။ အရိပ်မည်းကြီး သည် မကျီးပင်၏ ကိုင်းဖျားကိုခို၍ လွှဲလိုက်ကာ ပြတင်းပေါက်တည့်တည့်သို့ အရှိန်ဖြင့်ခုန်ဝင်လိုက်လေ၏ ။ ကျွန်ုပ်နှင့်မမမြက အလျင်အမြန်ဖယ်ပေးလိုက်ရာ ကိုရန်မျိုးနိုင်သည် အခန်းတွင်းကြမ်းပြင်ပေါ်သို့ ပေါ့ပါးစွာ ကျရောက်သွားလေသတည်း။

ကိုရန်မျိုးနိုင်သည် ခါးတောင်းကိုမြှော င်အောင်ကျိုက်ထားကာ အင်္ကျီံကိုယ်ချွတ်နှင့် ဖြစ်လေသည်။ ဖုထစ်နေသော ဗလကြီးနှင့် ကြွက်သားအမြှော င်းကြီးများ က မီးရောင် အောက်တွင် ထင်းနေလေ၏ ။

' မောင်မောင် '

မမမြက ကြမ်းပြင်ပေါ်မှကိုရန်မျိုးနိုင်ကိုထူပေးရင်း တီးတိုး နှုတ်ဆက်လိုက်သည်။

' မြကလေး '

ချစ်သူနှစ် ယောက် အလွမ်းသယ်နိုင်ရန်အတွက် ကျွန်ုပ် အလိုက်သိဖို့လိုပေသည်။

' ကျွန်တော် အခန်းအပြင်ကလူရိပ်လူခြေကြည့်ပြီး စောင့်နေမယ်နော် '

ကျွန်ုပ်သည် မမြစိမ်း၏ အခန်းအပြင်ဖက်သို့ ထွက်ခဲ့လေတော့သည်။

ပတ္တလားဘေးတွင် လဲလျောင်းရင်းအနားယူလိုက်ရာ တစ်ညနေလုံးစိတ်မောလူမော ဖြစ်နေသော ကျွန်ုပ် သည် အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားလေတော့သတည်း။

*


' မောင်ညို- ထ-ထ '

ကိုရန်မျိုးနိုင်က လှုပ်နှိုးလိုက်မှပင် ကျွန်ုပ်လန့်နိုးလာတော့၏ ။

' ဟင်-ဘယ်အချိန်ရှိပြီလဲ '

' ရောင် နီပျို့တော့မယ်၊ ပြန်ကြစို့မောင်ညို '

ထိုအခါမှပင် ကျွန်ုပ်တို့ပြန်ရမည့် ခရီးစဉ်ကို ကျွန်ုပ်စိုးရိမ်မိပေတော့သည်။ အောက်ထပ်သို့ဆင်း၍ တခါးဖွင့်ထွက်ရန်မ ဖြစ်နိုင်ပါ။ ကိုရန်မျိုးနိုင်က မကျီးပင်ကိုင်းမှတစ်ဆင့်ပြန်နိုင်သော်လဲ ကျွန်ုပ် ပြန်ရန် အတွက်မူခက်ချေပြီ။

' ထလေကွဲ့မောင်ညို '

' ကျွန်တော် အောက်ဆင်းရင် လူကြီးတွေ နိုးသွားလိမ့်မယ် '

' အောက်ဆင်းစရာမလိုပါဘူးကွဲ့၊ အစ်ကိုကြီးမင်းကို ခေါ်သွားမှာ ပေါ့ '

' ဟင်- ဘယ်လို '

' စကားမများ နဲ့တော့ကွယ်၊ အစ်ကိုကြီးကျောပေါ်တက်ပြီး အစ်ကိုကြီးလည်ပင်းကိုသိုင်းဖက်ထား၊ အစ်ကိုကြီး မင်းကို ကုန်းပိုး ပြီးခေါ်သွားမယ် '

ကျွန်ုပ်လည်း သူပြောသည့်အတိုင်း သူ၏ နောက်ကျောဖက်မှတွယ်တက်လိုက်လေသည်။

' မြဲမြဲဖက်ထားကွဲ့နော် '

' မောင်မောင် သတိထားပါ၊ အညိုအောက်ကိုငုံ့မကြည့်နဲ့ နော်၊ မြဲမြဲကိုင်ထားဦး '

မမမြက နှစ် ယောက် စလုံးကိုစိုးရိမ်စွာ သတိပေးနေလေ၏ ၊

ကိုရန်မျိုးနိုင်သည် ပြတင်းပေါက်ဘောင်ပေါ်တွင် တက်ရပ်လိုက်ကာ အားယူ၍ မကျီးကိုင်းဆီသို့ လွှဲခုန် ကူးလိုက်လေသည်။

မမမြက မကြည့်ပါနှင့်ဟုမှာ ထားသော်လဲ ကျွန်ုပ်သည် ကိုရန်မျိုးနိုင်ကျောပေါ်ရောက်သွားသည်နှင့် ယုံကြည်စိတ်ဖြင့် အကြောက်ပြေသွားကာ မျက်စိကိုမှိတ်မထားတော့ချေ။

မကျီးကိုင်းဆီသို့လွှဲခုန်အကူး လေထဲတွင် အသည်းအေးကနဲခံစားလိုက်ရလေသည်။ ကိုရန်မျိုးနိုင် သည် မကျီးကိုင်းအစွန်းကိုဖမ်းဆုပ်လိုက်မိကာ သစ်ကိုင်းသည် အိကနဲနိမ့်ကျသွားလေ၏ ။

မကျီးတစ်ညိုလူတစ်ခိုဆိုသည့်ဆိုရိုးစကားအတိုင်း မကျီးပင်ကိုင်းမှာ မကြီးလှသော်လည်း ကျိုးမသွား ခဲ့ချေ။

ကိုရန်မျိုးနိုင်သည် ကျောပေါ်၌ လူ တစ်ယောက် ပါသည်လို့မှအမှတ်ထားရဲ့ လားမသိ။ ပေါ့ပါးလျင်မြန် စွာ ပင် တစ်ကိုင်းမှတစ်ကိုင်းခုန်ကူးသွားလေသည်။

မကြာမီ ကျွန်ုပ်တို့သည် မြေပြင်ပေါ်သို့ရောက်ရှိသွားလေ၏ ။

မြေပြင်ပေါ်ရောက်သည်နှင့်မပြီးသေး၊ ကျွန်ုပ်တို့သည် သူကြီးအိမ်ဝင်းထဲ၌ ပင်ရှိသေးသည် မဟုတ်ပါ လော။

ကိုရန်မျိုးနိုင်က ကျွန်ုပ်အား သူ့ကျောပေါ်မှမဆင်းစေတော့ပဲ.. ခြံစည်းရိုးကိုခုန်၍ ကူးလိုက်လေသည်။

ကျွန်ုပ်သည် ကြောင်တစ်ကောင်၏ ကိုယ်ပေါ် ခွစီးလိုက်ရသည့်နှယ် လေထဲ၌ ပျံဝဲသွားကာ ခြံစည်းရိုး တစ်ဖက်မြေပြင်ပေါ်သို့ ညင်သာစွာ ကျရောက်သွားလေသတည်း။

ကျွန်ုပ်သည် ကိုရန်မျိုးနိုင်ကိုယုံကြည်မှုကြောင့် မကြောက်ရွံ့မိပါသော်လည်း အန္တရာယ်ကင်းရာ နယ်မြေသို့ လုံးလုံးရောက်ပါမှပင် သက်ပြင်းကိုချနိုင်လေတော့သည်။

ကျွန်ုပ်သည် မြေပြင်ပေါ်သို့ခြေပစ်လက်ပစ်ထိုင်ချလိုက်လေတော့၏ ။

ကိုရန်မျိုးနိုင်က ပုဆိုးခါးတောင်းကျိုက်ကိုဖြေချလိုက်၏ ။ ခြုံပုတ်တစ်ခုထဲတွင် ဝှက်ထားခဲ့သော အင်္ကျီံ ကို ယူဝတ်လေသည်။

ကျွန်ုပ်သည် ကိုရန်မျိုးနိုင်လှုပ်ရှားသမျှကိုမျက်တောင်မခတ် လိုက်ကြည့်နေမိလေ၏ ။

ကျွန်ုပ်၏ ရင်တွင်း၌ ကား ကိုရန်မျိုးနိုင်ကိုအထင်ကြီးလေးစားသော စိတ်များ သည် ယခင်ကထက် ဆ ထက်တံပိုးတိုး၍ နေလေတော့သည်။ ဤသူကား ကျွန်ုပ်၏ သူရဲကောင်း၊ ကျွန်ုပ်အတွက် စံပြပုဂ္ဂိုလ် တစ်ယောက် ပင် ဖြစ်ပေတော့သတည်း။

*


အာလိန်ငါးဆင့် နဂါးနှင့်ဂဠုန်အရံ xxxကုမ္ဘာန်ယက္ခ စတုမဟာရာဇာxx
မခံနိုင်ငြားမှသိကြားထွက်တဲ့ အခါxx
တွက်ရေး သိန်းခြောက်သော င်း ရှစ်ထောင့်ယူဇနာ xxx
ဝရဇိန်လွှတ်ကာ မြင်းမိုရ်ကိုပင် သူခွင်းချင်
ထွင်းလို့ဖောက်နိုင်တာ xxx
နတ်မြင်းတစ်ထောင်ကတဲ့ ရထားဝေဇယန္တာ xxx
ရန်ဘန်မာန်တင်းနာဂ ဆင်တော် သုမိတ္တာ xxx
ရဲတံခွန်လွှား ၃၃ပါးသိကြားငယ်ပါ xxxနေလနတ်သား လေးပါးစစ်အင်္ဂါxx
ပင်လုံးကျွတ် သခွတ်ပွင့်ချိန်မှာ xx

*


ကျွန်ုပ်သည်နောက်တစ်နေ့မနက်၌ သူကြီးနှင့်ဘလှအုန်းတို့တိုင်ပင်နေကြသည့်စကားများ ကို ကိုရန် မျိုးနိုင်အားပြန်ပြောပြလိုက်လေသည်။

' သူတို့က အစ်ကိုကြီးကို ဖမ်းချုပ်ကြမယ်လို့ပြောတယ်၊ အင်္ဂလိပ်စစ်တပ်ကိုခေါ်လာပြီး အစ်ကိုကြီး ကိုဝိုင်းဖမ်းမယ်တဲ့ '

ရန်မျိုးနိုင်က လှောင်ပြုံးပြုံးလိုက်လေ၏ ။

' စမ်းကြည့်ကြသေးတာပေါ့ကွယ် '

' ပြီးတော့ ဘလှအုန်းကြီးက မမမြနဲ့ အကြီးအကျယ် မင်္ဂလာဆောင်မှာ တဲ့ ၊ ပြောနေသေးတယ် အစ်ကိုကြီး '

' ကိုယ်က သူတို့ထက်လက်ဦးမှုရအောင်ယူရမှာ ပေါ့မောင်ညိုရယ် '

' လက်ဦးမှုရအောင်ယူမယ်ဆိုတာ ဘယ်လိုမျိုးလဲအစ်ကိုကြီး '

' မြကလေးကို ခိုးပြေးရမှာ ပေါ့ကွဲ့ '

' ဟာ-ကောင်းတယ်အစ်ကိုကြီး၊ အဲဒါမှ ဘလှအုန်းကြီး ကျန်ရစ် ဖြစ်ကျန်ခဲ့မှာ ၊ အားရလိုက်တာ အစ်ကိုကြီးရယ် '

' အင်း-တိုင်းရေး ပြည်ရေး ထက် အခြေအနေအရ ကိုယ်ရေး ကိုယ်တာကိုဦးစားပေးရတော့မှာ ပေါ့ကွယ်၊ အစ်ကိုကြီးက တော် လှန်ရေး မအောင်မြင်မချင်း အိမ်ထောင်မပြုသေးဘူးလို့စိတ်ကူးထားတာကွဲ့၊ အိမ်ထောင် သံယောဇဉ်နဲ့ နိုင်ငံရေး ကိုစိတ်ရှိတိုင်းမလုပ်နိုင်မှာ စိုးလို့ပဲ၊ အေးလေ.. ဖြစ်လာတော့လဲ ဘာတတ်နိုင်တော့ မှာ လဲကွယ် '

' မမမြကရော၊ အစ်ကိုကြီးနောက်ကိုလိုက်မယ်လို့ပြောသလားဟင် '

' လိုက်မယ်တဲ့ ၊ အစ်ကိုကြီးကလဲ မြကလေးကိုဘလှအုန်းဆိုတဲ့ လူလက်ထဲ အပါမခံနိုင်ဘူးကွယ်၊ လူကောင်းသူကောင်းဆိုရင်ဖြင့် အစ်ကိုကြီးရင်အကွဲခံပြီးစွန့်လွှတ်ရပါသေးရဲ့ ၊ ဘလှအုန်းအကြောင်းကို အစ် ကိုကြီးစုံစမ်းပြီးပြီ၊ စပါးပွဲစားလုပ်ပြီး ရွာတကာလှည့် ငွေနဲ့ ဖျားယောင်းပြီး မိန်းကလေးတွေ ကို ဖျက်ဆီးနေတဲ့ လူ တစ်ယောက် ကွဲ့၊ ပြီးတော့ သူဟာ အင်္ဂလိပ်အလိုတော် ရိ တစ်ယောက် ပဲ '

' အလိုတော် ရိဆိုတာဘာလဲအစ်ကိုကြီး '

' ကိုယ်ယုံကြည်အားထားတဲ့ သူရဲ့ အကျိုးစီးပွားကို လိုလားတဲ့ သူပေါ့ကွယ်၊ ဘလှအုန်းက အင်္ဂလိပ်ကို သိပ်အထင်ကြီးပြီး ကိုးကွယ်နေတဲ့ သူ တစ်ယောက် ပဲကွဲ့၊ အင်္ဂလိပ်ရဲ့ သစ္စာတော် ခံ တစ်ယောက် ပေါ့ '

' ဟုတ်တယ်အစ်ကိုကြီး၊ အဲဒါကြောင့်သူ့မှာ အင်္ဂလိပ်တွေ ပေးထားတဲ့ သေနတ်ရှိနေတာပေါ့နော် '

' သူက အစိုးရကိုဆန့်ကျင်တဲ့သူတွေ ရဲ့ သတင်းကိုလဲ မျက်နှာလိုအားရလုပ်ပြီး ဗြိတိသျှအစိုးရကိုပို့ပေး တယ်လေ '

' အမေကျော်ဒွေးဒေါ်လွမ်းတယ်ဆိုတာ ဘလှအုန်းလိုလူမျိုးလားအစ်ကိုကြီး '

' သိပ်ဟုတ်တာပေါ့ကွယ်၊ အင်္ဂလိပ်စကားလေးလဲနည်းနည်း ပါးပါးတတ်တော့ လူတွင် ကျယ်လုပ် နေနိုင်တာပေါ့၊ ဗြိတိသျှတပ်ကိုရိက္ခာထောက်ခွင့်ကလဲ ရနေတယ်လေ၊ ဒါ့ကြောင့် ဒီလိုလူမျိုးနောက်ကို မြကလေးကိုအပါမခံနိုင်ဘူးကွဲ့၊ မြကလေးကို အစ်ကိုကြီးနောက်အပါခေါ်ရတော့မှာ ပဲ၊ မြကလေးကလဲ လိုက် မယ်တဲ့ '

' မမမြကိုဘယ်လိုခိုးမလဲ၊ အိမ်ကထွက်ဖို့ကတော့ မလွယ်ဘူးနော်အစ်ကိုကြီး '

' အားလုံးကို မြကလေးနဲ့ ညကတိုင်ပင်ခဲ့ပြီးပါပြီကွယ်၊ သူကြီးဦးစက်ရောင် က အင်္ဂလိပ်လဆန်း၃ရက် နေ့တိုင်း မြို့ပေါ်တက်ပြီး ဗြိတိသျှအစိုးရကို ရပ်ရေး ရွာရေး တွေ အစီရင်ခံရတယ်ဆိုမဟုတ်လား '

' ဟုတ်တယ်အစ်ကိုကြီး၊ ဒီလကုန်အစည်းအဝေးပွဲမှာ အစ်ကိုကြီးအကြောင်းကို တင်ပြမယ်လို့ ပြောနေတယ် '

' အေး- မြို့ကိုအစည်းအဝေးပွဲသွားရင် သူကြီးဟာအမြဲ ၂ညအိပ်နေရတယ်တဲ့ကွ၊ ဥူက အစ်ကိုကြီး အကြောင်း အင်္ဂလိပ်အရာရှိတွေ ကိုတင်ပြနေချိန်မှာ အစ်ကိုကြီးက မြကလေးကို ရအောင် ခိုးရုံပေါ့ကွ '

' ဘယ်လိုခိုးမှာ လဲအစ်ကိုကြီး၊ ကျွန်တော် ကူဖို့လိုသေးလား '

' လိုတာပေါ့မောင်ညိုရယ်၊ သူကြီးအိမ်မှာ မရှိရင် မြကလေးဟာ သူ့အဖေရှိသလောက်အချုပ်ချယ်မခံ ရဘူး၊ လွတ်လပ်တယ်၊ သူကြီးကတော် ကြီးဒေါ်ရွှေပုံက ဘိုဆန်ချင်လို့ အခုဆို ညတိုင်းညတိုင်း ကော်ဖီတစ် ခွက် သောက်သောက်ပြီးမှအိပ်တယ်တဲ့ ကွ၊ ကော်ဖီကို မြကလေးကဖျော်ပေးရတယ်၊ သူကြီးမရှိတဲ့ ညမှာ ကော်ဖီဖျော်ပေးရင်း ကော်ဖီထဲမှာ အိပ်ဆေးထည့်ခတ်ထားမယ်လေ၊ ဒါဆို သူ့အမေအိပ်ပျော်နေချိန် မြကလေး အိမ်ထဲက ထွက်လာလို့ရတာ ပေါ့ '

' ပိုင်လိုက်တာအစ်ကိုကြီးရာ '

' အဲဒီ တော့ မောင်ညိုက ဒီညနေမြကလေးဆီသွားရင် အစ်ကိုကြီးပေးလိုက်မယ့်အိပ်ဆေးမှုန့်ထုတ်ကို ယူသွားပြီး မြကလေးကိုပေးထားနှင့် '

' ဟုတ်ကဲ့အစ်ကိုကြီး '

' ဒါတွေ ကို ဘယ်သူမှသိလို့မ ဖြစ်ဖူး၊ မောင်ညိုနှုတ်လုံဖို့တော့လိုတယ်ကွဲ့ '

' စိတ်ချပါအစ်ကိုကြီး၊ ကျွန်တော် ဘယ်သူ့မှမပြောပါဘူး'

' လကုန်ဖို့က တစ်ပတ်လောက်လိုသေးတယ်ကွဲ့၊ ဒီရက်ထဲမှာ မပေါက်ကြားအောင်နေဖို့ အရေး ကြီး တယ် '

ယင်းသို့ဖြင့် ကျွန်ုပ်သည် ကိုရန်မျိုးနိုင်ပေးလိုက် သော အိပ်ဆေးမှုန့်ထုတ်ကိုယူကာ ထိုညနေတွင် မမမြ ကို ပေးထားလိုက်လေ၏ ။

ကျွန်ုပ်ကား အစ်ကိုကြီးနှင့်မမမြတို့နီးစပ်ပေါင်းဖက်ရတော့မည့် အရေး ကိုတွေးကာ ပီတိ ဖြစ်နေလေ၏ ။ သူတို့ကိစ္စတွင် အကျိုးဆောင်ပေးရသည့်အတွက်လည်း ဂုဏ်ယူမိလေသည်၊

ကိုရန်မျိုးနိုင်စီစဉ်ထားသည့် အစီအစဉ်သည် ချောမောစွာ အထမြောက်လိမ့်မည် ဟုပင် ကျွန်ုပ်က ယုံကြည်ထားခဲ့လေ၏ ။

*


သို့ရာတွင် မျှော်လင့်မထားသော အနှောက်အယှက်များ သည် မထင်မှတ်သော နေရာမှဝင်ရောက်လာ လေ၏ ။ ဖြစ်ချင်တိုင်းမ ဖြစ်ရသော လောကသဘာဝ ကို ထိုအ ဖြစ်အပျက်ကြောင့် ကျွန်ုပ် သံဝေဂရမိပေတော့ သည်။

ကိုရန်မျိုးနိုင်သည် အင်္ဂလိပ်လကုန်ပြီးလျှင် မမြစိမ်းကို ခိုးယူရန်စီစဉ်ထားပြီး ဖြစ်လေ၏ ။

သို့သော် လမကုန်မီသုံးရက်အလို၌ ရန်မျိုးနိုင်အားဖမ်းဆီးရန်ဆိုကာ အင်္ဂလိပ်စစ်သားငါးဦး ရွာသို့ ရောက်ရှိလာလေသည်။ ဘလှအုန်း၏ စနက်ပင်တည်း။

ဘလှအုန်းအကြံအစည် ဖြစ်မှန်းသိသာလှသည်ကား ဖမ်းဆီးရန်ရောက်လာသော စစ်သားများ နှင့်အတူ ဘလှအုန်းကိုယ်တိုင်လိုက်ပါလာခြင်းပင် ဖြစ်လေသည်။

ဘလှအုန်းက အင်္ဂလိပ်စစ်သားများ ကို လမ်းပြ၍ ခေါ်ဆောင်လာခြင်း ဖြစ်လေတော့၏ ။ စစ်သားများ မှာ အင်္ဂလိပ်တပ်မှ စစ်သားများ ဖြစ်သော်လည်း အင်္ဂလိပ်လူမျိုးများ မဟုတ်ပေ၊ အိန္ဒိယနိုင်ငံမှ လိုက်ပါလာသော ဂေါ်ရခါးလူမျိုးကြေးစားစစ်သားများ ဖြစ်လေသည်။

ထိုအချိန်သည် ညနေခင်းအချိန် ဖြစ်ရာ ကိုရန်မျိုးနိုင်က လူငယ်များ အား ကိုယ်ခံပညာများ သင်ကြား ပေးနေချိန် ဖြစ်ပေသည်။

ကျွန်ုပ်သည်လည်း ကာလသားများ သိုင်းလေ့ကျင့်နေသည်ကိုကြည့်ရင်း ဘုန်းကြီးကျောင်းဝင်းထဲ၌ ပင် ရှိနေလေသည်။

လူအားလုံးသည် ကိုယ်အလုပ်ထဲကိုယ်အာရုံရောက်နေ၍ အင်္ဂလိပ်တပ်မှစစ်သားများ ရောက်လာသည် ကို သတိမထားမိကြချေ။

ဂေါ်ရခါးစစ်သားငါးဦးသည် မြင်းငါးကောင်ကိုမော်တော် ပေါ်တွင် တင်ဆောင်ကာ ဒုတ္ထဝတီမြစ်ကို တစ်ဖက်ကမ်းမှဖြတ်ကူး လာကြခြင်း ဖြစ်၏ ။

မြင်းငါးကောင်နှင့်အတူ ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားသော အင်္ဂလိပ်တပ်မှစစ်သားများ ကို မမြင်ဖူးသည့်ရွာသားများ သည် ဆိပ်ကမ်းတွင် ဝိုင်းအုံကြည့်ရှုနေကြလေ၏ ။

မြင်းငါးကောင်နှင့်စစ်သားများ ကမ်းပေါ်အရောက်ဝယ် ဘလှအုန်းက မြင်းတစ်ကောင်ကိုတက်စီး လိုက်ကာ စစ်သား၅ဦးကို တစ်ကောင်စီးစေ၍ ဘုန်းကြီးကျောင်းဆီသို့ရှေ့ရှုထွက်ခဲ့ကြလေသည်။

ရိုးအနုံချာသော ရွာသူရွာသားများ သည် မြင်းများ နှင့်ရောက်လာသော စစ်သားများ အား အထူးအဆန်း သဖွယ် ဝိုင်းအုံကြည်ရှုကြရင်းမှ.. စစ်သားများ နောက်တွင် တသီတတန်းကြီး လိုက်ပါလာကြလေ၏ ။

ထိုအချိန်တွင် ဘုန်းကြီးကျောင်းဝင်းထဲ၌ ရှိနေသော ကျွန်ုပ်တို့အားလုံးမှာ ထိုအ ဖြစ်အပျက်များ ကို မသိ ရှိကြသေးချေ။

မြင်းငါးကောင်နှင့်လူခြောက်ယောက် ဘုန်းကြီးကျောင်းကုန်းပေါ်သို့တက်လာကြသည်ကို ကပ္ပိယကြီး က ဦးစွာ လှမ်းမြင်လိုက်လေသည်။

ကပ္ပိယကြီးသည် အားလုံးကြားသာအောင်အော်ဟစ်၍ သတိပေးလိုက်လေသည်။ လူအားလုံးသည် သွေးပူလေ့ကျင့်ခန်းများ လုပ်နေရာမှ ရပ်နားလိုက်ကြကာ တောင်ခြေမှတက်ရောက်လာသော လူအုပ်ကြီးကို ကြည့်လိုက်ကြလေ၏ ။

ကပ္ပိယကြီးက ကျောင်းပေါ်သို့လျင်မြန်စွာ ပြေးသွားကာ ကျောင်းထိုင်ဘုန်းကြီးအားလျှောက်ထားလိုက် လေသည်။

ဘုန်းတော် ကြီးသည် အောက်သို့ကြွလာကာ ဘုန်းကြီးကျောင်းအဝင်ဝတွင် ရပ်နေတော် မူလေ၏ ။

ဘလှအုန်းခေါင်းဆောင်လာသော စစ်သားများ နှင့်မြင်းငါးကောင်တို့သည် ဘုန်းကြီးကျောင်းရှေ့သို့ ရောက်ရှိလာလေပြီ။

ကျောင်းအဝတွင် ဘုန်းကြီးကိုယ်တိုင်ပိတ်ရပ်နေသည့်အတွက် မြင်းများ ကိုရပ်လိုက်ကြလေ၏ ။

ရှေ့ဆုံးမြင်းပေါ်မှဘလှအုန်းသည် မြင်းပေါ်မှမဆင်းပဲ ဘုန်း ကြီးကိုလှမ်း၍ ပြောလိုက်လေသည်။

' ဘဘုန်း၊ ဒီကျောင်းမှာ သူပုန် တစ်ယောက် ခိုအောင်းနေတယ်ကြားလို့ တပည့်တော် တို့လာဖမ်းတာပါ၊ သူပုန်ရန်မျိုးနိုင်ဆိုတဲ့ကောင်ကိုထုတ်ပေးပါ '

' ဟဲ့၊ မင်းကဘယ်သူတုန်း၊ ငါ့ကျောင်းမှာ သူပုန်မရှိဘူးဟဲ့၊ သူပုန်ကိုငါလက်မခံဘူး၊ မင်း ပြောတဲ့ ရန်မျိုးနိုင်ဆိုသူဟာ သူပုန်မဟုတ်၊ မျိုးချစ်လူငယ် တစ်ယောက် သာ ဖြစ်တယ် '

' မျိုးချစ်သော ဘာသော နားမလည်ဘူး၊ ဘုန်းကြီးက ကာကွယ်ပေးမနေပါနဲ့ ၊ ဒီကောင်ဟာ အစိုးရ ကိုပုန်ကန်ဖို့ကြိုးစားနေတဲ့ သူပဲ၊ ကျုပ်တို့သတင်းအတိအကျရပြီးပြီ၊ ဘုန်းကြီးထုတ်မပေးရင် ကျုပ်တို့ ကိုယ်တိုင်ဝင်ဖမ်းရပါလိမ့်မယ် '

' သယ်-မိုက်ရိုင်းလှချည်လားဟဲ့၊ မင်းမြန်မာလူမျိုးမဟုတ်တော့သလား၊ ဒါဟာသာသနာ့မြေ ဖြစ် တယ်၊ ငါ့ကျောင်းဝင်းထဲ ငါ့ကိုဖြတ်သန်းပြီးဝင်ဝံ့ဝင်စမ်းဟဲ့ '

ဘုန်းကြီးအိုကြီးက ရဲဝံ့စွာ ရင်ကော့၍ ပြောလိုက်လေသည်

ထိုအချိန်တွင် ရန်မျိုးနိုင်သည် တည်ငြိမ်ဣနြေ္ဒရစွာ ဖြင့် ကျောင်းအဝသို့လျှောက်လှမ်းလာလေ၏ ။

ရန်မျိုးနိုင်ကိုမြင်လိုက်ရသည့်အခါ လူအားလုံးတိတ်ဆိတ်သွားကာ ငြိမ်လျှက်ကြည့်နေကြလေ၏ ။

' ဘဘုန်း၊ တပည့်တော် ကိစ္စကို တပည့်တော် ရှင်းပါ့မယ် ဘုရာ့၊ အေးအေးဆေးဆေးနေတော် မူပါ '

ရန်မျိုးနိုင်က ဘုန်းကြီးကိုလက်အုပ်ချီကာလျှောက်ထားလိုက်လေသည်။

ထို့နောက် ဘလှအုန်းဖက်သို့လှည့်ကြည့်ကာ..

' ဆိုပါဦး၊ ဒီက နောင်ကြီးက ဘယ်လိုတာဝန်များ ရှိလို့ ကျွန်တော့် ကိုဖမ်းဆီးဖို့လာရပါသလဲ '

' ဟေ့- ဗြိတိသျှစစ်တပ်က မင်းကိုဖမ်းခိုင်းလိုက်တာ ကွ၊ ငါ့ကိုတာဝန်ပေးလိုက် လို့ ငါလာဖမ်းတာ '

ရန်မျိုးနိုင်က တည်ငြိမ်ဣနြေ္ဒရသလောက် ဘလှအုန်းက ရှူးရှူးရှားရှား ဖြစ်နေလေသည်။

' အလို၊ ဗြိတိသျှစစ်တပ်က ခင်ဗျားကိုဘာမို့လို့ တာဝန်ပေးရပါလိမ့်၊ တန်တော့- ခင်ဗျားကိုယ်တိုင် သတင်းပေး ကုန်းချောလို့ထင်ပါရဲ့ '

ရန်မျိုးနိုင်၏ စကားသည် ဘလှအုန်းအရှိုက်ကိုထိသွားလေသည်။ ဘလှအုန်းက တောက်ခေါက်လိုက် ကာ..

' မင်းဟာ အစိုးရကိုပုန်ကန်ဖို့လူသူစုဆောင်းနေတာ ငါသိတယ်၊ ရွာသားတွေ ကိုစစ်သင်တန်းပေးနေ တာလဲ အားလုံးအမြင်ပဲ၊ ဒီတော့ အေးအေးဆေးဆေးအဖမ်းခံပါ၊ ငါတို့နဲ့ လိုက်ခဲ့ပေတော့ '

' ဟား- ဟား- ဟား- ဟား- '

ရန်မျိုးနိုင်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်လေသည်။

' ကျုပ်ဟာမြန်မာလူမျိုး တစ်ယောက် ဗျ၊ အလွယ်တကူ အညံ့ခံလိမ့်မယ်လို့ထင်သလား '

' အဖမ်းခံရတော့မှာ မို့ ကြောက်ပြီး သွေးရူးသွေးတန်း ဖြစ်နေသလားရန်မျိုးနိုင် '

' ကျုပ်ကြောက်တတ်လား မကြောက်တတ်လား၊ စမ်းကြသေးတာပေါ့၊ သို့သော် ဒီနေရာဟာ ဘုန်းကြီးကျောင်းဝင်း သာသနာ့နယ်မြေ ဖြစ်နေတယ်၊ ဘဘုန်းကလဲမေတ္တာရပ်ခံထားတယ်၊ သွေးထွက်သံယို ကိစ္စတွေ ကျောင်းဝင်းထဲမှာ မ ဖြစ်ချင်ဘူး၊ ဒီတော့ မင်းတို့သတ္တိရှိရင် ကျုပ်နောက်ကိုလိုက်ခဲ့ပါ၊ ကျုပ်မှာ ဘာလက်နက်မှမရှိ ဘူး၊ ဒါပေမယ့် ကျုပ် ခင်ဗျားတို့ အားလုံးကိုယှဉ်ရဲတယ် '

ရန်မျိုးနိုင်သည် စကားဆုံးသည်နှင့် သစ်ပင်တွင် ချည်ထားသော ၄င်း၏ မြင်းညိုကြီးကိုကြိုးဖြည်ကာ မြင်းပေါ်သို့လွှားကနဲ ခုန် တက်လိုက်လေသည်။

ထို့နောက် ဘုန်းကြီးကျောင်းဝင်းအပြင်သို့ထွက်ကာ ဘလှအုန်းနှင့်စစ်သားများ အားပြောလိုက်လေ သည်။

' ကျီးပါးစပ်ကွေ့ကကျုပ်စောင့်နေမယ်၊ ကျုပ်ကိုဖမ်းနိုင်ရင်လိုက်ဖမ်းပေတော့ '

စကားဆုံးသည်နှင့် မြင်းကြီးကိုကဆုန်ဆိုင်း၍ စီးချသွားလေသည်။

မြင်းပြေးရာလမ်းတလျှောက်၌ ဖုန်များ တထောင်းထ၍ သွားလေသည်။

' ဒီကောင်ပြေးပြီ၊ ဒီကောင့်နောက်ကိုကျုပ် တစ်ယောက် ထဲလိုက်ဖမ်းမယ်၊ ဒီကောင့်အလောင်းကို သူ့မြင်းပေါ်မှာ တင်ပြီး ဆွဲပြန်လာခဲ့မယ်၊ တွေ့ ကြသေးတာပေါ့ရန်မျိုးနိုင်ရယ် '

ဘလှအုန်းက ဂေါ်ရခါးစစ်သားများ ဖက်သို့လှည့်၍ အင်္ဂလိပ်စကားတစ်ချို့တစ်ဝက်ညှပ်ကာ ပြော လိုက်လေသည်။

ထို့နောက် သေနတ်ကိုမြှော က်၍ တစ်ချက်ဖောက်လိုက်ကာ ဟန်ရေး ပြရင်း ရန်မျိုးနိုင်နောက်သို့ မြင်း ကို ဒုန်းဆိုင်းကာလိုက်သွားလေတော့သည်။

ကျန်ရစ်ခဲ့သူများ သည် တစ်ယောက် တစ်ပေါက်ပြောရင်း ထင်မြင်ချက်အမျိုးမျိုးပေးကြလေ၏ ။

' ငါတို့ဆရာမှာ လက်နက်မပါဘူး၊ ဟိုကောင်က သေနတ်ပါနေတယ်၊ ဆရာ့ထက်တပန်းသာနေတယ် '

' ဟုတ်တယ်၊ ဆရာ့အတွက်စိုးရိမ်စရာပဲ '

' ဒါပေမယ့်တို့ဆရာဟာ တိုက်ရေး ခိုက်ရေး မှာ ပရိယာယ်ရှိတဲ့ လူ တစ်ယောက် ပဲ၊ သိပ်တော့စိုးရိမ် စရာမရှိပါဘူး '

' ဘာပဲ ဖြစ် ဖြစ် အခြေအနေဘယ်လိုလဲသိရအောင် ကျီးပါးစပ်ကွေ့နားကနေသွားစောင့်ကြည့်ကြစို့ '

' အေး-ဟုတ်တယ် '

ကာလသားတစ်သိုက်သည် ရန်မျိုးနိုင်နှင့်ဘလှအုန်းထွက်သွားသည့်ကျီးပါးစပ်ကွေ့ဆီသို့ ပြေးလိုက် သွားကြလေသည်။

စစ်သားများ နောက်မှလိုက်ပါလာသော ရွာသူရွာသားများ သည်လည်း စိတ်ပါဝင်စားစွာ ပင် အခြေအနေ ကိုသိရရန်လိုက်သွားကြလေ၏ ။

ကျန်ရစ်ခဲ့သော ဂေါ်ရခါးစစ်သားငါးဦးသည်လဲ မြင်း၎ကောင်ကိုစီးနင်းကာ လူထုနှင့်အတူလိုက်ပါ လာလေသည်။ သူတို့သည် လက်နက်မပါသော ရန်မျိုးနိုင်ကို ဘလှအုန်းက အလွယ်တကူ အနိုင်ရလိမ့်မည် ဟုမျှော်လင့်ကာ အေးအေးဆေးဆေးပင်ရှိနေကြလေသည်။

ကျွန်ုပ်ကား ကိုရန်မျိုးနိုင်၏ အစွမ်းအစကိုသိထားပြီးသူမို့ သည်ပွဲ၌ အစ်ကိုကြီးအောင်ပွဲခံလိမ့်မည် ဟု ရဲရဲယုံကြည်မိလေသည်။ ကျွန်ုပ်သည်လည်း လူအများ နှင့်ရောကာ ကျီးပါးစပ်ကွေ့ဆီသို့ လိုက်ပါခဲ့လေတော့ သတည်း။

*


ဤနေရာ၌ ဒုတ္ထဝတီမြစ်၏ အထက်ဖက်မှ ကျီးပါးစပ်ကွေ့အကြောင်းကို ဖော်ပြဖို့လိုလေသည်။

ဥပုသ်နေ့တိုင်း ကျွန်ုပ်နှင့်မမမြပန်းခူးထွက်သည့်ချောင်းကလေးမှာ စေတီတောင်ကုန်းအောက်ခြေ၌ ရှိကြောင်းဖော်ပြခဲ့ပြီးပေပြီ။ ထိုချောင်းကလေးသည် ဒုတ္ထဝတီမြစ်ထဲသို့ဦးတည်စီးဆင်းသွားခြင်း ဖြစ်ပါ၏ ။ ချောင်းကလေးသည် မြစ်နှင့်ဝေးသည့်နေရာတွင် ခပ်တိမ်တိမ်နှင့် ပြေပြေလျောလျောရှိသော်လဲ မြစ်နားသို့ နီးလာလေ နက်ရှိုင်းကာ ရေစီးနှုန်းမြန်လာလေ ဖြစ်လေသည်

ရွာ၏ တောင်ဖက်တွင် ချောင်းကလေးက ဒုတ္ထဝတီမြစ်ထဲသို့စီးဝင်လေ၏ ။ ချောင်းကလေးစီးဆင်းရာ ဘေး၌ တောင်ကုန်းမြင့်ကြီးတစ်ခုရှိကာ ကျီးကန်းတစ်ကောင်ပါးစပ်ဟနေသည့်သဏ္ဍာန်နှင့်တူသော ကြောင့် ကျီးပါးစပ်တောင်ဟုခေါ်လေသည်။ ထိုနေရာကိုလည်း ကျီးပါးစပ်ကွေ့ဟုခေါ်လေ၏ ။

ကျီးပါးစပ်ကွေ့ဟုခေါ်ရခြင်းမှာ ထိုနေရာ၌ ကျီးပါးစပ်တောင်သည် မြစ်ထဲသို့ထိုးထွက်နေပြီး အထက် မှရေစီးများ တန့်သွားကာ တောင်ကိုကွေ့၍ စီးဆင်းရသော ကြောင့် ဖြစ်လေသည်။

ထိုနေရာတွင် ကျီးပါးစပ်တောင်ကြီးခံနေသော ကြောင့် ကွေ့၍ စီးဆင်းလာသော ရေများ နှင့် ချောင်းက လေးထဲမှအရှိန်အဟုန်ပြင်းစွာ စီးဝင်လာသော ရေတို့ ဆုံစည်းမိကြလေသည်။

အရှိန်များ သော ရေအဟုန်နှစ် ခုတို့ ဆန့်ကျင်ဖက်အရပ်ဆီမှ စီးဝင်ဆုံဆည်းမိသော ကြောင့် ထိုနေရာ တွင် ဝဲကတော့ကြီးတစ်ခု အမြဲ ဖြစ်နေလေ၏ ။ ကျီးပါးစပ်ဝဲဟုဆိုလျှင် လှေသမ္ဗာန်များ အလွန် ကြောက်ရွံ့ ကြပြီး ရှောင်ကွင်း၍ သွားကြလေသည်။ ကျီးပါးစပ်ဝဲအနီးသို့မတော် တဆရောက်သွားသော လှေသမ္ဗာန်များ မှာ ဝဲ၏ စုပ်ယူမှုကိုခံရပြီး ရေအောက်ရောက်သည်ထိ ဒုတ်ဒုတ်ထိနစ်မြုပ်သွားလေ့ရှိပေသည်။

ထို့ကြောင့် ရေယာဉ်များ ကလဲ ကျီးပါးစပ်ဝဲကိုရှောင်ကွင်းလေ့ရှိသလို ရွာသူရွာသားများ ကလည်း ထိုနေရာ၌ ရေချိုးခြင်း၊ ရေကူးခြင်းမပြုကြပါပေ။

ကိုရန်မျိုးနိုင်ကား အင်္ဂလိပ်တပ်မှဂေါ်ရခါးစစ်သားများ နှင့် ဘလှအုန်းတို့ကိုစိမ်ခေါ်ကာ ကျီးပါးစပ်ကွေ့ ရှိရာသို့ ထွက်ခွာသွားပေပြီ။

မြင်းကိုဒုန်းဆိုင်းရင်း ချောင်းထဲမှဖြတ်ကူးသွားသော ကိုရန်မျိုးနိုင်သည် ချောင်းတစ်ဖက်ကမ်းတွင် ပျောက်ကွယ်သွားလေ၏ ။

ရန်မျိုးနိုင်၏ နောက်မလှမ်းမကမ်းမှလိုက်ပါသွားသော ဘလှအုန်းသည်လည်း ကျွန်ုပ်တို့မြင်ကွင်းမှ ပျောက်ကွယ်သွားပေပြီ၊

ဂေါ်ရခါးစစ်သားများ သည်လည်း ချောင်းအတွင်းမှ ဖြတ်ကျော်ကာ ကျီးပါးစပ်ကွေ့သို့သွားလျှက် ရှိလေသည်။ စစ်သားများ ကား မြင်းကိုဒုန်းမဆိုင်းပဲ ခပ်အေးအေးပင်စီးနင်းလိုက်ပါသွားကြလေ၏ ။

ကျီးပါးစပ်ကွေ့ဆီသို့ ဒုန်းဆိုင်းသွားသော မြင်းနှစ်ကောင် ကြောင့်ပေါ်ထွက်လာသော ဖုန်လုံးကြီးများ သည် ကောင်းကင်သို့ ဝေ့တက်လာသည်ကိုမြင်နေရပေ၏ ။

ခြေလျှင်လိုက်လာကြသော ရွာသားများ သည် ချောင်းကိုကျော်ဖြတ်၍ မလိုက်တော့ပဲ ချောင်းနှင့်မြစ် ဆုံရာ ကျီးပါးစပ်ဝဲထိပ်သို့သွားကြလေသည်။ ကျီးပါးစပ်ဝဲရှိရာဆိပ်ကမ်းမှလှမ်းကြည့်လျှင် ချောင်းတဖက် မှကျီးပါးစပ်ကွေ့ကို လှမ်းမြင်ရနိုင်သော ကြောင့် ဖြစ်ပေသည်။

ကျွန်ုပ်သည် လူအုပ်ထဲမှခွဲထွက်ကာ သူကြီးအိမ်ရှိရာသို့ ပြေးလာခဲ့လေ၏ ။ သူကြီးအိမ်မှာ ကျီးပါးစပ် ကွေ့ဖက်သို့သွားရာ လမ်းအနီး၌ ပင်ရှိပေသည်။

ကျွန်ုပ်အိမ်ထဲသို့အဝင်တွင် သေနတ်ကြီးကိုထမ်း၍ ခပ်သုတ်သုတ်ထွက်လာသော သူကြီးဦးစက်ရောင် ကို တွေ့ လိုက်ရလေသည်။ သူကြီးကိုသတင်းလာပေးသူက ကျွန်ုပ်ထက်ဦးအောင်ရောက်နေပြီး သတင်းပေး လိုက်ခြင်း ဖြစ်လေသည်။

သူကြီးနှင့်သတင်းလာပေးသော လူကြီးတို့သည် ကျီးပါးစပ်ဝဲထိပ်ဆီသို့ ဦးတည်ထွက်ခွာသွားကြလေ သည်။

ကျွန်ုပ်သည် အကျိုးအကြောင်းကို မမမြအားပြောပြရန်လာခဲ့ခြင်း ဖြစ်လေသည်။

သူကြီးအိမ်မှာ မရှိတော့၍ ကျွန်ုပ်က လွတ်လပ်စွာ ပင် အိမ်ပေါ်သို့တက်သွားကာ မမမြနှင့်တွေ့ ဆုံ လိုက်လေသည်။

ကျွန်ုပ်သည် မမမြကိုအကြောင်းစုံပြောပြလိုက်လေ၏ ။

မမမြက ရင်ပတ်ကလေးကိုဖိကာ..

' ဒုက္ခပါပဲအညိုရယ်၊ ကိုယ်ကျိုးတွေ တော့နည်းကုန်တော့မှာ ပဲ၊ ဘလှအုန်းမှာ ကသေနတ်နဲ့ ၊ ပြီးတော့ စစ်သားတွေ လဲပါသေးတယ်ဆိုတော့.. မောင်မောင်၊ မောင်မောင့်အတွက်စိုးရိမ်လိုက်တာကွယ် '

' စိတ်မပူပါနဲ့ မမမြရဲ့ ၊ အစ်ကိုကြီးက လူစွမ်းကောင်းပါ သူတို့လောက်ကို ကောင်းကောင်းနိုင်မှာ ပါဗျ '

ကျွန်ုပ်က စိတ်ချယုံကြည်စွာ ပြောလိုက်လေသည်။

' စိတ်မပူပဲနေနိုင်ပါ့မလားကွဲ့၊ ဘာပဲ ဖြစ် ဖြစ် စိုးရိမ်ရတာ ပဲ၊ မမမြလိုက်သွားမယ်ကွယ် '

' မမမြလိုက်ကြည့်မလို့လား၊ ရွာသားတွေ ရော ကာလသားတွေ ရော ကျီးပါးစပ်ဝဲဆိပ်ကမ်းကနေ ကြည့်မလို့လိုက်သွားကြပြီ၊ ဒါပေမယ့် ဘဘလဲ အခုပဲအိမ်ကထွက်သွားတာ ကျွန်တော် မြင်ခဲ့တယ် ၊ မမမြ လိုက်လို့ ဖြစ်ပါ့မလား '

' ဘာပဲ ဖြစ် ဖြစ်၊ ဒါသေရေး ရှင်ရေး ပဲ၊ နောက်မှရောက်ရားပဲကွယ်၊ မမမြတော့ မောင်မောင့် အတွက်စိုးရိမ်တယ်၊ လိုက်သွားမှာ ပဲ '

' ဒါဆိုလဲသွားကြရအောင်လေမမမြ '

မိန်းမသားတို့ကား အချစ်အတွက်သတ္တိရှိကြပေသည်။ အိမ်ပေါ်မှအိမ်အောက်မဆင်းရန် ကန့်သတ်ခံ ထားရသည့်ကြားမှပင် ချစ်သူအတွက်စိုးရိမ်ပူပန်စိတ်များ ဝင်ကာ ဘယ်ကသတ္တိများ မမမြဆီ ရောက်လာသည် မသိ။ ရှန်တဘက်ကလေးကို ခေါင်းပေါ်တင်ကာ မမမြကလှေကားမှအရင်ဆင်းနှင့်လေသည်။

အိမ်အောက်ထပ်အရောက် သူကြီးကတော် ကြီးဒေါ်ရွှေပုံက လှမ်းအော်၍ မေးလိုက်လေ၏ ။

' ဟဲ့၊ လုံမ၊ ဒါကဘယ်တုန်း '

' ဒီနားတင်ပါအစ်မ '

' အို၊ ဟဲ့၊ နင့်အဘမရှိတုန်းနင်ဘယ်ထွက်မလို့လဲ '

မမမြကဘာမှပြန်မပြောတော့။ ကျွန်ုပ်နှင့်အတူအိမ်ဝင်းထဲမှ ခပ်သုတ်သုတ်ထွက်ခဲ့ကြလေသည်။

သူကြီးကတော် ကြီးမှာ ကိုရန်မျိုးနိုင်သတင်းကိုသိထားပြီး ဖြစ်ရာ.. ကျွန်ုပ်တို့ဘယ်သွားမည် ကို ရိပ်မိ ပေ၏ ။ သူကိုယ်တိုင်ပင် ကျွန်ုပ်တို့နောက်မှ အပြေးအလွှားလိုက်ပါလာလေတော့သည်။

*


ကျီးပါးစပ်ဝဲထိပ်သို့အရောက်တွင် လူအုပ်ကြီးသည် ချောင်းတစ်ဖက်ကမ်းရှိ ကျီးပါးစပ်ကွေ့ဆီသို့ လှမ်းမျှော်ကြည့်နေသည်ကိုမြင်လိုက်ရလေ၏ ။

လူအုပ်ထဲတွင် ရွာသူရွာသားများ ၊ ကာလသားများ နှင့်အတူ သူကြီးမင်းကိုပါ မြင်လိုက်ရလေ၏ ။ အားလုံးသော လူများ မှာ တစ်ဖက်ကမ်းမှအခြေအနေကိုလှမ်းမျှော်ကြည့်နေကြပေသည်။

ကျွန်ုပ်က ကာလသားတစ်ဦးနားသို့ချဉ်းကပ်ကာ မေးကြည့်လိုက်လေသည်။

' ဘယ်လိုလဲဗျ၊ မြင်ရလား၊ အခြေအနေဘယ်လိုရှိလဲ '

' ဆရာရန်မျိုးနိုင်နဲ့ ဘလှအုန်းဆိုတဲ့ လူ ရင်ဆိုင်မိကြပြီ၊ ဆရာက ဘလှအုန်းကို မြစ်ကမ်းပါးဖက် မျှားခေါ်သွားတာတွေ့ လိုက်ရတယ်၊ တောင်ကုန်းလေးကွယ်နေလို့မမြင်ရတော့ဘူး '

ကျွန်ုပ်မှာ မြင်ကွင်းကိုမြင်မနေရ၍ မချင့်မရဲ ဖြစ်မိပေတော့သည်။ လိုက်ကြည့်ကြသော လူပရိသတ်များ မှာ လည်း အခြေအနေကို မသိရ၍ မှန်းဆ၍ သာ ထင်ရာမြင်ရာပြောနေကြပေ၏ ။

' တောင်ကုန်းဟိုဖက်ကဖုန်လုံးတွေ ထလာတာ ရန်မျိုးနိုင် နဲ့ စပါးပွဲစားနပမ်းလုံးနေကြလို့ထင်တယ်ဗျို့'

မှန်ပေသည်။ မြစ်ကမ်းဖက်ဆီမှ သဲများ ဖုန်များ ထောင်း ထောင်းထ၍ လေထဲတွင် လွင့်နေပေ၏ ။

ထိုစဉ် နောက်မှလိုက်သွားသော စစ်သားငါးယောက် တို့ တစ်ဖက်ကမ်းသို့ရောက်လာကြသည်ကို မြင် လိုက်ရလေ၏ ။ စစ်သားများ သည်ကား ရန်မျိုးနိုင်နှင့်ဘလှအုန်းတို့မြင်ကွင်းကို ကမ်းတစ်ဖက်ထဲ ဖြစ်၍ မြင်နေရပေမည် ။

' ဒိုင်း '

သေနတ်သံတစ်ချက်ထွက်ပေါ်လာလေသည်။

' အို-ဒုက္ခပါပဲ '

မမြစိမ်းကလွှတ်ကနဲယောင်အော်လိုက်၏ ။

ကျွန်ုပ်လည်းစိုးရိမ်သွားမိလေသည်။ သေနတ်သည်ဘလှအုန်းဆီမှာ ပင်ရှိသည်မဟုတ်ပါလား။

မမြစိမ်း၏ အသံကြောင့် သူကြီးကလှည့်ကြည့်လိုက်ရာ မမြစိမ်းကိုမြင်သွားလေ၏ ။ လူကြားထဲမှာ မို့ ဘာမှမပြောပဲ အံကိုကြိတ်ပြလိုက်လေ၏ ။ နောက်မှလိုက်လာသော သူကြီးကတော် ကြီးသည်လည်း ကျွန်ုပ်တို့ အနီးသို့ရောက်လာလေသည်။

သေနတ်သံတချက်ထွက်ပေါ်အလာတွင် စစ်သားငါးယောက် တို့က တောင်ကုန်းအကွယ်ဆီသို့ပြေးသွား သည်ကို မြင်လိုက်ရလေသည်။

တောင်ကုန်းကွယ်နေသော ကြောင့် တစ်ဖက်တွင် မည် သို့ ဖြစ်ပျက်နေသည်ကို ကျွန်ုပ်တို့နေရာမှ မမြင် တွေ့ နိုင်ပေ။

' ဒိုင်း '

နောက်ထပ် သေနတ်သံတစ်ချက်ထွက်ပေါ်လာပြန်လေသည်။

လူအားလုံးတို့မှာ ကိုရန်မျိုးနိုင်အတွက်စိုးရိမ်သွားကြလေ၏ ။ အားလုံးထဲတွင် သေနတ်မပါသူမှာ ကိုရန်မျိုးနိုင် တစ်ယောက် ထဲ မဟုတ်လော။

' ဟာ- ဟိုမှာ - ဟိုမှာ - '

ကာလသား တစ်ယောက် သည် စူးစူးဝါးဝါးအော်လိုက်ကာ မြစ်ထဲသို့လက်ညှိုးထိုးပြလိုက်လေ၏ ။ လူအားလုံးတို့အကြည့်သည် မြစ်ထဲသို့ရောက်သွားကြလေ၏ ။

' ဟင် '

' အို '

' ဟာ '

မြစ်ထဲ၌ ကား..

အထက်ဖက်မှသစ်တုံးတစ်တုံးသည် ကျီးပါးစပ်ကွေ့ကို လွန်ကာထွက်ပေါ်လာလေ၏ ။ သစ်တုံး ပေါ်၌ ကား လူ တစ်ယောက် ၏ အလောင်းသည် မှော က်ရက်အနေအထားဖြင့်ကားရားခွရက်ကြီးပါလာလေ သည်။

အလောင်းကား... ကိုရန်မျိုးနိုင် ဖြစ်နေပါလေသတည်း။

မှော က်ရက်အနေအထား ဖြစ်နေ၍ မျက်နှာကိုမမြင်ရသော်လဲ အဝတ်အစားများ မှာ ကိုရန်မျိုးနိုင်၏ အဝတ်အစားများ ဖြစ်သည်။

' အမလေး- မောင်မောင်ရယ် '

မမြစိမ်းက ဟစ်၍ ငိုလိုက်လေသည်။

' မောင်မောင်၊ မောင်မောင်အ ဖြစ်ဆိုးလှချည်လားကွဲ့ '

' အစ်ကိုကြီး၊ အစ်ကိုကြီး '

ကိုရန်မျိုးနိုင်ကား အသက်ကင်းမဲ့နေပြီ ဖြစ်ရာ ကျွန်ုပ်တို့၏ အသံကိုကြားနိုင်တော့မည် မဟုတ်ပေ။

' ဆရာ၊ ဆရာရယ် '

ကမ်းစပ်ပေါ်၌ ကိုရန်မျိုးနိုင်အတွက်မချိတင်ကဲအသံများ ဖုံးလွှမ်းသွားလေတော့သည်။

အလောင်းကိုတင်လွှတ်လိုက်သော သစ်တုံးသည် ကျီးပါးစပ်ဝဲ၏ အဝ၌ ဝဲကတော့အတိုင်း ဝဲလှည့်၍ နေသေးသည်။

ကျွန်ုပ်တို့က သစ်တုံးရောအလောင်းပါ ဝဲထဲသို့မြုပ်သွားတော့မည် ဟုထင်ထားစဉ်တွင် .. ဒုတ္ထဝတီမြစ် ထဲတွင် ဖြတ်သွားသော စက်လှေတစ်စင်းကြောင့်လှိုင်းများ ထကြွလာလေ၏ ။ ထိုလှိုင်းလုံးများ ကရိုက်ပုတ်လိုက် သော ကြောင့် သစ်တုံးသည် ဝဲကတော့အဝမှ လွတ်မြောက်သွားလေသည်။

သစ်တုံးသည် ဝဲမှလွတ်ထွက်သွားပြီး ရေစီးအတိုင်းရွာဖက်ဆီသို့မျောသွားလေတော့သည်။

' ဆရာ့အလောင်းကိုလိုက်ဆယ်ကြစို့ '

ကာလသားများ က မြစ်အောက်ဖက်ဆီသို့ အလောင်းကို ဆယ်ရန်ပြေးလိုက်သွားကြလေသည်။

ထိုအချိန်၌ မမြစိမ်းသည် မည် သူမျှမျှော်လင့်မထားသော အပြုအမူကို ရုတ်တရက်ပြုလိုက်လေ၏ ။

' မောင်မောင်ရေ၊ မောင်မောင်မရှိရင် မြကလေးလဲမနေတော့ဘူး၊ မောင်မောင့်နောက်ကိုလိုက်ခဲ့တော့ မယ်ကွဲ့ '

မမြစိမ်းသည် မြစ်ကမ်းပါးဆီသို့ပြေးသွားကာ မြစ်ထဲသို့ ခုန်ချလိုက်လေတော့သတည်း။

' အလို '

' ဟင် '

' သမီး၊ သမီး '

' လုံမလေး '

' မမမြရေ၊ မမမြ '

ဟစ်အော်တားမြစ်သံများ က အရာမရောက်တော့ပါပေ။

မမြစိမ်းသည် ကျီးပါးစပ်ဝဲထဲသို့တည့်တည့်ကျရောက်သွားကာ ဝဲကတော့အတွင်းလှည့်လည်နေသည် ကို ခဏတဖြုတ် မြင်လိုက်ရသေးသည်။

ဝဲသည် ဝက်အူရစ်သဖွယ် တစ်ရစ်ပြီးတစ်ရစ်ဆွဲယူရင်း မမြစိမ်း၏ တစ်ကိုယ်လုံးကို ရေအောက်သို့ ဆွဲခေါ် သွားပါလေတော့သတည်း။

' အမလေးသမီးရဲ့ ၊ မိုက်လှချည်လားကွဲ့ '

သူကြီးကတော် ကြီးက အော်ဟစ်ငိုယိုလိုက်လေသည်။

ထိုစဉ် ချောင်းတစ်ဖက်ကမ်းမှ သေနတ်သံများ ထွက်ပေါ် လာပြန်လေသည်။

ကိုရန်မျိုးနိုင်ကျဆုံးသွားပြီ ဖြစ်ရာ သေနတ်သံများ က အဘယ်ကြောင့် ဆက်၍ ထွက်ပေါ်လာရပါ သနည်း။

' လုပ်ကြပါဦး၊ ကယ်ကြပါဦး၊ ကျုပ်သမီးလေးကိုကယ်ကြပါဦး '

သူကြီးမင်းသည်သွေးရူးသွေးတန်းဖြင့် ပတ်ဝန်းကျင်ကိုလှည့်၍ အကူအညီတောင်းလိုက်သည်။

မမြစိမ်းကိုသနား၍ ကယ်တင်ချင်ပါသော်လည်း မည် သူကမှ မလှုပ်ကြချေ။ တစ်ရွာလုံးက ကျီးပါးစပ် ဝဲအကြောင်းသိထားပြီး ဖြစ်ရာ ကျီးပါးစပ်ဝဲထဲစုန်းစုန်းမြုပ်ကျရောက်သွားပြီးမှ မည် သည့်နည်းနှင့်မျှ ဆယ်ယူ လို့မရနိုင်တော့ကြောင်းကို သိပြီး ဖြစ်သော ကြောင့်ပင်။

' အောင်မယ်လေး၊ ကျုပ်သမီးလေးအ ဖြစ်ဆိုးလှချည်လား၊ ဒါဟိုကောင့်ကြောင့်၊ ရန်မျိုးနိုင်ဆိုတဲ့ သူပုန်ကောင်ကြောင့်၊ တောက်- ဒီကောင့်ကိုငါကိုယ်တိုင်မသတ်လိုက်ရတာ နာတယ်ကွာ '

သူကြီးက သမီးအတွက်ဝမ်းနည်းကြေကွဲစွာ ၊ ရန်မျိုးနိုင်ကိုနာကြည်းစွာ ဖြင့် မြည် တမ်းရေရွတ်နေလေ သည်။

ထိုစဉ် မြင်းခွာသံများ ကြားလိုက်ရသည့်အတွက် လူအားလုံးက နောက်သို့လှည့်ကြည့်လိုက်ကြလေ၏ ။

' ဟင် '

' ဟာ '

' ရန်မျိုးနိုင် '

' အစ်ကိုကြီး '

မြင်းညိုကြီးကိုစီးနင်းရင်း လူအုပ်ရှိရာသို့ရောက်လာသူမှာ ရန်မျိုးနိုင်ပင် ဖြစ်ပါသတည်း။

' အစ်ကိုကြီး၊ အစ်ကိုကြီးမသေဘူးနော် '

' မသေပါဘူးကွဲ့၊ အစ်ကိုကြီးမသေတဲ့ အပြင် သူတို့ အားလုံးကို အစ်ကိုကြီးသတ်ပစ်ခဲ့ပြီ '

ထိုစဉ် သစ်တုံးပေါ်ပါသွားသော အလောင်းကိုဆယ်ယူရန် လိုက်ပါသွားသည့်ကာလသားများ လဲ ပြန် လည် ရောက်ရှိလာကြလေ၏ ။

' ဟာ-ဆရာ၊ သစ်တုံးပေါ်မှာ ပါသွားတဲ့ အလောင်းကို ကျွန်တော် တို့က ဆရာမှတ်လို့ စိတ်မကောင်း ဖြစ်နေကြတာဆရာရဲ့ ၊ လိုက်သွားကြည့်မှ ဘလှအုန်းအလောင်း ဖြစ်နေတာတွေ့ ရတယ် '

' ဟင်-အစ်ကိုကြီး၊ ဘယ်လို ဖြစ်တာလဲ၊ ပြောပါဦးအစ်ကိုကြီး '

' အစ်ကိုကြီးက ဘလှအုန်းလက်ထဲကသေနတ်ကိုလုယူလိုက်နိုင်တယ်လေ၊ သူ့သေနတ်နဲ့ ပဲ သူ့ကို ပစ်သတ်လိုက်တယ်၊ စစ်သားတွေ ကိုမျက်စိလှည့်ချင်လို့ ဘလှအုန်းအလောင်းမှာ အစ်ကိုကြီး အဝတ်တွေ လဲဝတ်ပေးလိုက် တာပဲ '

ထိုအခါမှ ရန်မျိုးနိုင်ဝတ်ထားသော အဝတ်အစားများ မှာ ဘလှအုန်းအဝတ်များ ဖြစ်နေသည်ကို သတိပြု မိကြပေ၏ ။ သူ့လက်ထဲ၌ လည်း ဘလှအုန်၏ သေနတ်ရောက်ရှိနေပေသည်။

' စစ်သားတွေ ရောက်လာတော့ သူတို့အားလုံးကို အစ်ကိုကြီးကပဲ သေနတ်နဲ့ ပစ်သတ်လိုက်နိုင်ပါ တယ်၊ မြန်မာ့သွေးနီတယ်ဆိုတာ တိုင်းခြားသားတွေ ကောင်းကောင်းသိသွားပြီပေါ့ကွာ၊ ဟား.. ဟား.. '

' ဖြစ်ရလေအစ်ကိုကြီးရယ်၊ အားလုံးမှားကုန်ပါပြီ၊ မမမြရယ်... မမမြရယ်လေ.. .. '

' မြကလေး၊ မြကလေးဘာ ဖြစ်လို့လဲမောင်ညို '

' မမမြဒီနေရာအထိလိုက်လာတယ်၊ သစ်တုံးပေါ်ကအလောင်းကို အစ်ကိုကြီးထင်ပြီး.. မမမြရယ်- ရေထဲခုန်ချသွား တယ်အစ်ကိုကြီးရဲ့ '

' ဘာ ! '

အလောင်းဆယ်ရန်လိုက်သွားကြသော ကာလသားများ မှာ လဲ ထိုအခါမှပင် မမြစိမ်းရေထဲခုန်ချကြောင်း ကိုသိကြလေသည်။

' မောင်ညို၊ အဟုတ်လားကွယ် '

' ဟုတ်ပါတယ်အစ်ကိုကြီးရဲ့ ၊ အစ်ကိုကြီးမရှိရင် သူလဲ မနေတော့ဘူးဆိုပြီး မြစ်ထဲခုန်ချလိုက်တာ၊ မမမြ ဝဲထဲမှာ နစ်သွား ပြီဗျ- အီး ဟီးဟီး.. .. '

ကျွန်ုပ်က ပြောရင်းဝမ်းနည်းလာကာ အော်ငိုချလိုက်လေသည်။

ကိုရန်မျိုးနိုင်သည် မြင်းပေါ်မှလွှားကနဲခုန်ဆင်းကာ မြစ်ကမ်းပါးထိပ်သို့ပြေးသွားလေသည်။

ကမ်းပါးထိပ်မှမြစ်ထဲသို့ငုံ့ကြည့်လိုက်လေ၏ ။

' မြကလေး၊ မြကလေး '

' မမမြဝဲထဲနစ် သွားပါပြီအစ်ကိုကြီးရယ်၊ မရှိတော့ပါဘူး '

ရန်မျိုးနိုင်သည် မြေပေါ်သို့ဒူးထောက်ထိုင်ချလိုက်ကာ မြစ်ကမ်းပါးကိုလက်ထောက်ရင်း ရေထဲသို့ ငုံ့ကြည့်နေလေသည်၊

' ဖြစ်မှ ဖြစ်ရလေမြကလေးရယ် '

ထိုအခိုက် သူကြီးမင်းဦးစက်ရောင် သည် သူ့လက်ထဲမှ နှစ် လုံးပြူးသေနတ်ကြီးကိုမ,ကာ မောင်းတင် လိုက်လေ၏ ။

' ငါ့သမီးကိုဒုက္ခရောက်အောင်လုပ်တဲ့ အကောင်၊ သေပေတော့ကွာ '

' ဒိုင်း '

ကျယ်လောင်သော ပေါက်ကွဲသံကြီးပေါ်ထွက်လာကာ ကိုရန်မျိုးနိုင်သည် တစ်ပတ်လည်ရင်း မြစ်ထဲသို့ ဝဲကျသွားလေ၏ ။

သို့သော် သတိကောင်းလှသော ရန်မျိုးနိုင်သည် ကမ်းစပ်မှ ထိုးထွက်နေသော ကျောက်တုံးတစ်တုံး ၏ အစွန်းကို လက်နှင့်လှမ်း၍ ဆွဲလိုက်နိုင်လေသည်။

ရန်မျိုးနိုင်သည် ကျောမှသွေးများ တပေါက်ပေါက်စီးကျနေသည့်ကြားမှ ကျောက်တုံးအစွန်းကိုကိုင် ထားလေ၏ ။

သူကြီးပစ်လိုက်သော ကျည်ဆံသည် ကျောကိုဖောက်ဝင်သွားခြင်း ဖြစ်ပေ၏ ။ အလစ်အငိုက်တွင် အပစ် ခံလိုက်ရခြင်း ဖြစ်ရုံမက အနီးကပ်ပစ်ခတ်လိုက်ခြင်း ဖြစ်ရာ ချက်ကောင်းကိုထိသွားပေသည်။

' အစ်ကိုကြီး၊ အစ်ကိုကြီး '

' ဆရာ၊ ဆရာ '

ကာလသားများ သည် ရန်မျိုးနိုင်အားဆွဲယူရန် ပြေးသွားဖို့ ပြင်ကြလေ၏ ။

' ဟေ့ကောင်တွေ ၊ တစ်ယောက် မှအနားမကပ်ကြနဲ့ ၊ အားလုံးကိုပစ်သတ်လိုက်မယ် '

သူကြီးကအသံနက်ကြီးဖြင့်အော်လိုက်ရာ ရန်မျိုးနိုင်အနီးသို့ သွားမည့် သူများ တုံ့သွားရလေ၏ ။

ရန်မျိုးနိုင်သည် ကျောက်တုံးကိုအမိအရဆွဲကိုင်ထားရင်း အံကိုကြိတ်ထားရာ မေးကြောကြီးများ ထောင် လာလေသည်။

' မလာကြပါနဲ့ ၊ ကယ်ဖို့မကြိုးစားပါနဲ့ တော့ရဲဘော်တို့'

ရန်မျိုးနိုင်ကိုင်ထားသော ကျောက်တုံးသည်လဲ တဖြည်းဖြည်း လှုပ်ယမ်းလာလေသည်။ လူ၏ အလေး ဒဏ်ကြောင့် မကြာမီမြေမှ ကျွတ်ထွက်ပေတော့မည် ။

ကျောက်တုံးကိုတွဲ လောင်းခိုထားသော ရန်မျိုးနိုင်၏ ကျောဆီမှသွေးများ သည် ဒုတ္ထဝတီမြစ်ထဲသို့ တပေါက်ပေါက်စီးကျနေလေ၏ ။

ရန်မျိုးနိုင်က နောက်ဆုံးအနေဖြင့် အံကိုတင်းတင်းကြိတ်လိုက်ကာ..

' မောင်ညို၊ ညီလေး၊ အစ်ကိုကြီးသွားတော့မယ်ကွဲ့ '

' ရဲဘော်တို့၊ လွတ်လပ်ရေး ရသည်ထိ အနိုင်တိုက်ယူကြပေတော့ '

စကားဆုံးသည်နှင့် ကျောက်တုံးသည်မြေမှကျွတ်ထွက်သွားကာ ရန်မျိုးနိုင်သည် မြစ်ထဲသို့ပြုတ်ကျ သွားလေသည်။

ကျီးပါးစပ်ဝဲထဲသို့တည့်မတ်စွာ ကျရောက်သွားကာ ဝဲကတော့အတွင်းခေတ္တမျှဝဲလည်ရင်း တစတစဖြင့် မြစ်ကြမ်းပြင်အောက်ခြေတိုင် နစ်မြုပ်သွားလေတော့သတည်း။

' အစ်ကိုကြီးရေ၊ အစ်ကိုကြီးရဲ့ '

' ဆရာ၊ ဆရာ '

ကျွန်ုပ်နှင့် မျိုးချစ်လူငယ်ကာလသားများ ၏ တမ်းတအော်ဟစ်သံများ က ဒုတ္ထဝတီမြစ်ရိုးတလျှောက်ဆီ သို့ ပဲ့တင်ထပ်ကာ ရိုက်ခတ်သွားလေတော့သည်။



ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ မြနဲ့မောင်နဲ့ ခုမှ တွေ့တာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လနှစ်စင်းနှင့် နှင်းတစ်ပေါက်

ဒေါက်တာစိုးထိုက်နှင့် နဂါးသိုက်ရှာပုံတော်

လိပ်ပြာဧည့်သည်(ထူးခြားဆန်းကြယ်သရဲတစ္ဆေဇာတ်လမ်း)