Cover

အခန်း (၁)

သိုက်နန်းသို့အဝင်

မိုးသားများ မှိုင်းညို့နေသည့် ယခုလိုရာသီမျိုးတွင် ကျွန်မသည်

' သိုက် သိုက်'ကို သတိရမိပေသည်။ တကယ်တမ်းကျတော့ ကျွန်မ၏ ရင်ထဲတွင် ကျွန်မ နေထိုင်ခဲ့ရာသိုက်သည် အမြဲထာဝရ ရှင်သန်နေမြဲသာ ဖြစ်လေသည်။

ကျွန်မတို့သိုက်သည် အလွန်ပင် ပျော်စရာကောင်းလှပေ၏ ။ သိုက်၏ အကြီးအကဲများ ဖြစ်ကြသော ကျွန်မ၏ ဖခင်နှင့် မိခင်၊ ပြီးတော့ ကျွန်မ၏ အစ်ကိုတော် တို့နှင့် အတူနေထိုင်ခဲ့ရသော ဘဝကိုလည်းကောင်း၊သိုက်ထဲသို့ နောက်ရောက်လာသော သိုက်အကြီးအကဲ ဇနီးမောင်နှံနှင့် သူတို့၏ သားတော် (သို့မဟုတ်) ကျွန်မ၏ ချစ်လှစွာ သော မောင်တော် တို့နှင့် နေခဲ့ရသည့်ဘဝကိုလည်းကောင်း၊သိုက်ထဲတွင် နေထိုင်ပျော်မွေ့ခဲ့ရသည့် အချိန်ကာလနှစ် ခုလုံးကိုကျွန်မ သတိရတမ်းမိပေသည်။

သိုက်ထဲမှ လှမ်းမျှော်၍ ကြည့်လျှင် ဧရာဝတီမြစ်ကြီးကို ပြန့်ပြူးသာယာစွာ မြင်တွေ့ ရမြဲ ဖြစ်လေ၏ ။

ကျွန်မတို့သိုက်သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဖူး တောင်ကုန်းပေါ်တွင် ရှိပေသည်။ သာမန်လူများ ၏ အမြင်ဖြင့် ကြည့်လျှင် တောင်ကုန်းထိပ်မှ စေတီလေးတစ်ဆူကိုသာ မြင်ရပေလိမ့်မည် ။

လူသာမန်တို့သည် စေတီအောက်တည့်တည့် တောင်ကုန်းထဲတွင် လိုဏ်ခေါင်း ဖြစ်ပေါ်နေသည်ကို လည်းကောင်း၊ ထိုလိုဏ်ခေါင်းထဲတွင် စိန်ရွှေရတနာမြောက်မြားစွာ ကို သိုဝှက်သိမ်းဆည်းထားသော ကျွန်မတို့သိုက် ရှိသည်ကိုလည်းကောင်း သိကြမည် မဟုတ်ပေ။

သိုက်၏ လိုဏ်ခေါင်းသည် ဧရာဝတီမြစ်ရှိရာဘက်သို့ တဖြည်းဖြည်းနိမ့်ဆင်းသွားရာ မြစ်ကြမ်းပြင်၏ အောက်ခြေအထိ ရောက်ရှိသွားလေ၏ ။

ဥမင်လိုဏ်ခေါင်းသည် မြစ်ကြမ်းပြင်၏ အောက်ခြေအတိုင်း ရှည်လျားစွာ ရှိနေကာ မြစ်၏ တစ်ဖက်ကမ်းတွင် လိုဏ်ခေါင်းအဝ အဆုံးသတ်လေသည်။

ထို့ကြောင့် ကျွန်မတို့သိုက်ထဲသို့ ဝင်လိုသည်ရှိသော် မြစ်၏ အနောက်ဘက်ကမ်း လိုဏ်ခေါင်းအပေါက်ဝမှ ဝင်ရမည် ဖြစ်ပေသည်။

စေတီသည် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၌ ရှိနေခြင်း၊ စေတီအောက်ခြေမှ သိုက်သို့ဝင်ပေါက်သည် မြစ်အနောက်ဘက်ကမ်း၌ ရှိနေခြင်းတို့ကြောင့် ကျွန်မတို့သိုက်ရှိသည်ကို မည် သူမျှမသိကြပါချေ။ စေတီအောက်မှာ သိုက်ရှိသည်ကို ရိပ်မိစေဦးတော့ သိုက်ထဲသို့ဝင်ရမည့် လမ်းစကို ရှာရန်မလွယ်ပါ။ စေတီလေးမှာ လည်း သာမန်ထုံးစေတီလေးသာ ဖြစ်ရုံမက၊ ဘွဲ့မည် မှည့်ခေါ်ထားခြင်းမရှိပါ၍ လူသိနည်းလှပေသည်။ အနီးပတ်ဝန်းကျင် ကျေးရွာလေးမှလူများ ကစေတီကို လွမ်းစေတီဟု ခေါ်ဝေါ်သမုတ်ကြပေသည်။

ကျွန်မတို့မိသားစုသည် လွမ်းစေတီ တောင်ကုန်းအောက်ခြေမှ သာသနာသိုက်ကို စောင့်ရှောက်ရသော ဥစ္စာစောင့်များ ဖြစ်ပါပေ၏ ။ တစ်နည်းအားဖြင့် သာသနာသိုက်ကိုစောင့်ရသူ အစောင့်အရှောက်များ ဖြစ်ပေသည်။မြပုဏ္ဏမီ မြပုဏ္ဏမီ ဆိုသည်ကား ကျွန်မ၏ အမည် ပင် ဖြစ်ပေတော့သည်။ကျွန်မသည် သိုက်နန်းရှင်တစ်ဦး ဖြစ်ကာ မိခင်၊ ဖခင်နှင့် အစ်ကိုတော် တို့ကား ကျွန်မအတွက်အဖော်ရရန် လိုက်ပါလာရသော ပါရမီဖြည့်ဖက်များ ဖြစ်လေသည်။

သိုက်အမည် ကို ဆိုင်ရာပိုင်ရာ သိုက်ချုပ်ဘိုးတော် ကြီးက 'နေလရတနာသိုက် ရတနာသိုက်'ဟု အမည် မှည့်ခေါ်ထားလေသည်။ကျွန်မသည် နေလရတနာသိုက်ထဲ၌ သိုက်နန်းရှင်မလေး မြပုဏ္ဏမီအ ဖြစ် နှစ် ပေါင်းတစ်ရာ့တစ်ဆယ်တိုင်တိုင် နေထိုင်ခဲ့ရပေသည်။

ယခုကဲ့သို့ လမင်းမေ လမင်းမေအမည် ဖြင့် လူ့ဘဝသို့ လူအ ဖြစ် ပြန်လည်မဝင်စားမီအချိန်ထိ ကျွန်မသည် သိုက်နန်းရှင်မြပုဏ္ဏမီအ ဖြစ် နေထိုင်ခဲ့လေသည်။

ကျွန်မလမင်းမေသည် အနောက်တောင်ဆီမှ တရိပ်ရိပ်တက်လာသော မိုးသားတိမ်လိမ်များ ကိုကြည့်ရင်း သိုက်ထဲတွင် နေခဲ့သော ဘဝကို ပြန်လည် သတိရတမ်းတမိပေ၏ ။

* * * * *


သိုက်နန်းရှင် မြပုဏ္ဏမီဘဝသို့မရောက်မီ ကျွန်မ၏ ယခင်ဘဝ ဖြစ်စဉ်ကိုမူ ကျွန်မ ကောင်းစွာ မမှတ်မိတော့ပါ။ မြပုဏ္ဏမီအ ဖြစ် ဘဝပြောင်းရွှေ့ရောက်ရှိလာရသည့်နေ့မှ အ ဖြစ်အပျက်များ ကိုမူ ကောင်းစွာ မှတ်မိသိရှိနေဆဲ ဖြစ်ပါ၏ ။

အချိန်ကာလကား မြန်မာသက္ကရာဇ် ၁၁၇၉ ခုနှစ် ဖြစ်ကာ အင်းဝဘုရင် ထီးနန်းစိုးစံနေသော ကာလ ဖြစ်ပေသည်။

ထိုနှစ် ၏ သီတင်းကျွတ်လပြည့်နေ့တွင် ကျွန်မတို့မိသားစုသည်လှေကလေးဖြင့် ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့ ကူးခဲ့ကြလေ၏ ။ ကျွန်မစိတ်ထင် တစ်ဖက်ကမ်းမှ ကျွန်မတို့အဘိုးအဘွားများ ကို သီတင်းကျွတ် လပြည့်နေ့တွင် သွားရောက်ကန်တော့ခြင်း ဖြစ်ဟန်တူပေသည်။ နှစ် ကာလများ ရာနှင့် ချီကာ ကြာညောင်းခဲ့ပြီ ဖြစ်၍ အလုံးစုံ မမှတ်မိတော့ပါ။

ကျွန်မတို့မိသားစုမှာ လေးယောက် ဖြစ်ပါသည်။ ထိုဘဝက မိဘများ ဖြစ်သော ဖခင်ကြီးဦးစံထို၊ မိခင်ကြီးဒေါ်သက်မှီနှင့် အစ်ကိုတော် ကိုသီဟတို့ ဖြစ်ကြပါသည်။ ကျွန်မ၏ ထိုဘဝကအမည် ကို မစန္ဒာ မစန္ဒာဟူ၍ ခေါ်ပါသည်။ကျွန်မတို့မိသားစုလေးယောက် သည် ဝတ်ကောင်းစားလှများ ကိုဝတ်ဆင်ကာ ပျော်ရွှင်စွာ ဖြင့် ခရီးထွက်ခွာခဲ့ကြခြင်း ဖြစ်လေသည်။

ကျွန်မတို့သည် မြစ်အနောက်ဘက်ကမ်းမှ ငှက်သမ္ဗန်လှေငယ်တစ်စီးကို ငှားရမ်းကာ အရှေ့ဘက်ကမ်းဆီသို့ ကူးခတ်ခဲ့ခြင်း ဖြစ်လေ၏ ။

သီတင်းကျွတ်လရာသီ ဖြစ်၍ ခြေခင်းလက်ခင်း သာယာပြီး မြစ်ရေပြင်သည် ငြိမ်သက်ကာ သင်ဖြူးတစ်ချပ် ဖြန့်ခင်းထားသကဲ့သို့ ပြန့်ပြူးနေပေ၏ ။ ဝင်လုဆဲနေလုံးကြီးက အနောက်ဘက်ကမ်းမှ စစ်ကိုင်းတောင်ရိုးတွင် မေးတင်နေရာမှ တရွေ့ရွေ့ဖြင့် တောင်တန်းများ နှင့် ကွယ်သွားကာ ဆည်းဆာကို အမှော င်ပျိုးစပြုလျက် ရှိပေသည်။

ဝင်လုဆဲ ဆည်းဆာနေခြည်၏ အောက်ဝယ် တိမ်တိုက်တိမ်လိပ်များ သည် ကြက်သွေးရောင် တစ်ကန့်၊ ပန်းနုရောင် တစ်ကန့်ဖြင့် စိတ်ညွှတ်နူးဖွယ်လှပနေပေ၏ ။ စင်ရော်ငှက်ငယ်များ က နိမ့်ချည်တစ်ခါ မြင့်ချည်တစ်လှည့်ဖြင့် ဝဲလှည့်ပျံသန်းရင်း ကျွန်မတို့လှေနောက်မှ လိုက်ပါလာလေသည်။

မြစ်တွင်း လေတသုန်သုန်ထဲဝယ် ကျွန်မ၏ ရှည်လျားစွာ သော ဆံမြိတ်များ က လွင့်မျောနေပေ၏ ။

မိခင်နှင့် ဖခင်က မြစ်ကမ်းတစ်ဖက်တစ်ချက်ဆီမှ မြင်နေရသော စေတီပုထိုးများ ကို လက်အုပ်ချီကန်တော့ရင်း နှုတ်မှ ဘုရားစာ တီးတိုးရွတ်ဆိုကာ လိုက်ပါလာလေသည်။

အနောက်ဘက်ကမ်း တောင်ရိုးတောင်စွယ်များ ဆီတွင် စေတီပုထိုးများ စွာ ကို ဖူးမြင်နေရကာ ဆွမ်းဦးပုညရှင်စေတီတော် ကြီးကို ထီးထီးမားမားထင်ထင်ရှားရှား ဖူးမြင်ရပေ၏ ။

လှေရှင်ယောက်ျားက သူ၏ ငှက်သမ္ဗန်ကို စည်းချက်မှန်စွာ တအိအိခတ်လျက်ရှိပေ၏ ။

ကျွန်မ၏ အစ်ကိုတော် ကိုသီဟသည် သူ၏ လက်တစ်ဖက်ကို မြစ်ထဲသို့ နှစ် ၍ မြစ်ရေများ ကို လက်ဖြင့် ဆော့ကစားကာ လိုက်ပါလာပေသည်။မြစ်လယ်တစ်နေရာအရောက်၌ အစ်ကိုသီဟက ကျွန်မအား မြစ်ရေများ ဖြင့် လှမ်းပက် ကျီစယ်လိုက်လေ၏ ။

အစ်ကိုတော် လက်ခုပ်ဖြင့် ခပ်ကာ လှမ်းပက်လိုက်သည့်ရေများ သည်ကျွန်မမျက်နှာအနှံ့သို့ စင်သွားကာ အင်္ကျီစ၏ လည်ပင်းတစ်ဝိုက်၌ လည်းရေများ စွတ်စိုသွားလေ၏ ။

''အို

...''

ကျွန်မက မျက်နှာကို လက်ဝါးနှင့် အုပ်လိုက်သည်။ လိမ်းခြယ်လာသော သနပ်ခါးများ ပျက်သွားမည် ကို စိုးရိမ်လိုက်မိ၏ ။

''ကြည့်စမ်း၊ မောင်ကြီးသိပ်ဆိုးတာပဲ။ နှမတစ်ကိုယ်လုံး စိုကုန်မှဖြင့်

...

''''မစိုပါဘူး နှမလေးရဲ့ ။ မောင်ကြီးက ရေနည်းနည်း လေးနဲ့ ပက်လိုက်တာပါ''

''ကြည့်ပါလား အဘနဲ့အစ်မ၊ မောင်ကြီးဟာ ကျွန်မကိုဆိုရင် သိပ်နိုင်တာပဲ''

ကျွန်မက ငြိမ်သက်စွာ လိုက်ပါလာသော ဖခင်နှင့် မိခင်ကို တိုင်တန်းလိုက်လေသည်။

''မောင်သီဟကလည်းကွယ်၊ အကျီစားသန်ရန်ကော။ မြစ်လယ်ကောင်မှာ မဆော့စမ်းပါနဲ့''

ဖခင်ကြီးက အစ်ကိုသီဟအား ဆူပြောလိုက်လေသည်။

''အလို

...ဘာသံလဲဟဲ့၊ နားထောင်စမ်း''

ဖခင်ကြီးက တစ်ဆက်တည်းပြောလိုက်ခြင်း ဖြစ်လေသည်။

ကျွန်မတို့အားလုံးသည်လည်း ထူးခြားသော အသံကြီးကို တစ်ပြိုင်နက် ကြားလိုက်ကြရလေ၏ ။

အသံမှာ လေမုန်တိုင်းကျမည် ကဲ့သို့ တဝေါဝေါအော်မြည် လာသော အသံ ဖြစ်ကာ အဆက်မပြတ် မြည် ဟိန်းနေလေသည်။

ကျွန်မတို့သည် မိုးကောင်းကင်သို့မော်၍ ဝဲယာအနှံ့သို့ ကြည့်မိကြလေသည်။ ကောင်းကင်တစ်ခိုကား ယခင်အတိုင်းပင် သာယာစွာ ရှိနေပေ၏ ။လေညင်းမှာ လည်း တသုန်သုန်တဖြူးဖြူး တိုက်ခတ်လျက် ရှိပေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး အပြောင်းအလဲမရှိဘဲ ယခင်အတိုင်း အေးချမ်းငြိမ်သက်စွာ ရှိနေပေ၏ ။ မြစ်ရေမှာ လည်း ပကတိငြိမ်သက်ကာ တငြိမ့်ငြိမ့်စီးဆင်းနေမြဲပင်။

ကြောက်မက်ဖွယ်အသံကြီးကား ထွက်ပေါ်နေဆဲ ဖြစ်ပေ၏ ။

''ဘာသံပါလိမ့်။ ဒါမျိုး မကြုံဖူးပါဘူး''

လှေရှင်ယောက်ျားကြီးက လှော်ခတ်နေရာမှ ရပ်နားကာ ဘေးဘီကိုကြည့်ရင်း အံ့သြစွာ ညည်းညူလိုက်လေသည်။

''အလို

အသံက ပိုကျယ်လာပါပကော။ တော် လည်းသံလိုမျိုးပ''

ဖခင်က နားမလည်နိုင်စွာ ဆိုလိုက်သည်။

ကျွန်မတို့သည် ပတ်ဝန်းကျင်သဘာဝ မပြောင်းလဲဘဲ ငလျင်လှုပ်သလို၊ တော် လည်းသလို၊ လေမုန်းတိုင်းကျသလို မြည် ဟည်းလာသော အသံကြီးကို နားထောင်ကာ ကြောက်ရွံ့လာမိကြလေ၏ ။

''ဟင်

...နားထောင်ကြစမ်း။ အသံက ရေအောက်ထဲက ထွက်လာတဲ့ အသံပဲ''

ဖခင်ကြီးက ပြောလိုက်သော ကြောင့် ကျွန်မတို့သည် တော် လည်းသံကို နားစိုက်ထောင်လိုက်ကြသည်။ မှန်ပေ၏ ။ အဆက်မပြတ် တဝေါဝေါမြည် သံနှင့် အတူ နောက်ဆက်တွဲ ပဲ့တင်သံများ က မြစ်ကြမ်းပြင် ရေထုအောက်ဆီမှ ထွက်ပေါ်လာခြင်းပင် ဖြစ်တော့သည်။

ရုတ်ခြည်းမှာ ပင် ကျွန်မတို့စီးနင်းလာသော လှေငယ်၏ ပတ်ဝန်ကျင်၌ လှိုင်းဂယက်များ ပြင်းထန်စွာ ထကြွသွားလေ၏ ။မြစ်ရေများ သည် ရေနွေးပွက်ပွက်ဆူသည့်သဖွယ် ရေပူဖောင်းများ ပလုံစီကာ ထကြွလာလေသည်။ ထိုသို့ ဖြစ်ပေါ်ခြင်းမှာ ကျွန်မတို့ လှေအနီးတစ်ဝိုက်၌ သာ ဖြစ်ပြီး ကောင်းကင်ယံနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကား သာယာကြည်လင်လျက်ပင် ရှိပေ၏ ။

လှေနောက်သို့ပျံသန်းလိုက်ပါလာသော စင်ရော်အုပ်သည် စူးစူးဝါးဝါးအော်ဟစ်ကာ နောက်ကြောင်းလှည့်၍ ပျံသန်းသွားကြလေတော့သည်။

ကျွန်မတို့လှေ၏ ပတ်ဝန်းကျင် ဝါးတစ်ရိုက်ခန့် ပတ်ပတ်လည်တွင် သာ ထိုသို့ အပြောင်းအလဲ ဖြစ်ပေါ်နေခြင်း ဖြစ်ပေ၏ ။ မြစ်ရေများ က လှေပတ်ဝန်းကျင်တွင် ပလုံစီထကာ အသံကြီးမှာ လည်း မြစ်ရေထုအောက်ဆီမှပိုမိုကျယ်လောင်စွာ အော်မြည် လာလေသည်။

ပလုံစီထနေသော ရေပွက်များ ကြားမှ အခိုးအငွေ့များ ထွက်လာကာကျွန်မတို့ ခန္ဓာကိုယ်များ ဆီသို့ အပူငွေ့များ ရိုက်ခတ်လာတော့၏ ။ကြည့်နေရင်းမှာ ပင် မြစ်ရေထဲမှ ဘွားခနဲပေါ်လာသော အကြေးခွံတလက်လက်နှင့် မြွေအမြီးကြီးကို တွေ့ လိုက်ရတော့သည်။

''အာ ...''

''အို ...''

''ဟင် ..''

မြွေကြီးကို တစ်ကောင်လုံးမမြင်ရသေး။ အမြီးပိုင်းကပင် ထန်းပင်လုံးပတ်ခန့်ရှိလေရာ မြွေတစ်ကောင်လုံးဆိုပါက ဆိုဖွယ်ရာမရှိတော့ပေ။

အစ်ကိုသီဟက ကြောက်လန့်နေသော ကျွန်မကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ ပွေ့ဖက်ထားလိုက်သည်။

ကျွန်မသည် ကြောက်လန့်လှသော်လည်း ထူးဆန်းလှသော မြင်ကွင်းကို မကြည့်ဘဲမနေနိုင်၍ အစ်ကို့ရင်ခွင်ထဲတွင် ပုန်းရင်း ကြည့်နေမိသည်မြွေအမြီးကြီးသည် လန်းလန်း လန်းလန်းဖြင့် မြစ်ရေပြင်အထက်သို့ အသည်းယားဖွယ်တက်လာကာ ကျွန်မတို့၏ လှေကလေးအား ရစ်ပတ်လိုက်လေသည်။

''အမလေး ...''

မိခင်ကြီးက ကြောက်လန့်တကြား အော်ဟစ်လိုက်လေသည်။

''ဟိုမှာ

...ဟိုမှာ ''

လှေရှင်ယောက်ျားက လှေနှင့် မလှမ်းမကမ်းသို့ လက်ညှိုးထိုးပြလိုက်သည်။

ကျွန်မတို့လှေအား အမြီးဖြင့် ရစ်ပတ်ထားသော မြွေကြီး၏ ဦးခေါင်းပိုင်းသည် ရေထဲမှပေါ်လာကာ လှေပေါ်ရှိ ကျွန်မတို့အားလုံးကို စိုက်ကြည့်နေသည့် မြင်ကွင်းအား တွေ့ မြင်လိုက်ရလေတော့၏ ။

မြွေကြီးသည် အမြီးပိုင်းဖြင့် လှေကို သုံးလေးပတ်ရစ်ပတ်ထားကာကိုယ်တစ်ဝက်က ရေထဲတွင် နစ်နေပြီး ဦးခေါင်းပိုင်းကိုဖော်၍ ကြည့်နေခြင်း ဖြစ်လေသည်။

သေချာကြည့်လိုက်တော့ ထိုအကောင်ကြီးသည် မြွေကြီး မဟုတ်ပါပေ။ ဦးခေါင်းထက်၌ အမောက်ကြီးကားကားနှင့် နဂါးကြီးတစ်ကောင် ဖြစ်နေပေတော့၏ ။

နဂါးကြီးသည် ပြူးကျယ်ဝိုင်းစက်သော မျက်လုံးအစုံဖြင့် လှေပေါ်ပါသူများ ကို စိုက်ကြည့်နေရာ မျက်လုံးဆီမှ တံလျှပ်သဖွယ် အခိုးအငွေ့များ တငွေ့ငွေ့ထွက်ပေါ်နေပေသည်။

ချက်ချင်း မှာ ပင် နဂါးကြီး၏ ဦးခေါင်းသည် ရေထဲသို့ငုပ်လျှိုး ပျောက်ကွယ်သွားလေ၏ ။

ထို့နောက် ကျွန်မတို့လှေကလေးအား ရစ်ပတ်ထားသော အမြီးကြီးဖြင့် ရေအောက်သို့ဆွဲချလိုက်လေရာ လှေကလေးသည် လူးလှိမ့်ရင်း ရေအောက်သို့ နစ်မြုပ်သွားလေတော့၏ ။ကျွန်မတို့ လူသားငါးဦးသည်လည်း လှေနှင့် အတူ ရေအောက်သို့ပါသွားလေတော့သည်။

ရေများ မွန်းကျပ်ကာ အသက်ရှူမဝဘဲ မူးနောက်သွားသည်ကိုသာမှတ်မိတော့ပြီး ကျွန်မသည် သတိလစ်မေ့မြောသွားလေတော့သတည်း။

* * * * *


အခန်း (၂)

ကျွန်မ သတိရလာသည့်အချိန်တွင် ကျွန်မသည် မိခင်ကြီး၏ ရင်ခွင်ဝယ် မှီလျက်ရှိသည်ကို တွေ့ လိုက်ရလေသည်။

ကျွန်မသည် လန်းလန်းဆန်းဆန်းပင် နိုးထသတိရလာခြင်း ဖြစ်ရာမိခင်ရင်ခွင်ထက်မှနေ၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်လေ၏ ။ ကျွန်မ၏ ကိုယ်ပေါ်၌ ရေစက်များ ရှိမနေခြင်း၊ မိခင် ဖခင်နှင့် အစ်ကိုတို့၏ အဝတ်များ မှာ လည်း နဂိုဝတ်ဆင်ထားသည့် အဝတ်အစားများ အတိုင်း ဖြစ်ကာ ရေများ စိုရွှဲ၍ မနေသည်ကို တွေ့ ရလေသည်။

ထို့ကြောင့် ကျွန်မ သတိလစ်မေ့မြောသွားခြင်းမှာ အချိန်များ စွာ ကြာမြင့်သွား၍ ဖြစ်မည် ဟု တွေးတောမိလေသည်။

ကျွန်မက မိခင်ကြီး၏ ရင်ခွင်ထဲမှ လူးလဲထလိုက်ရင်း မေးလိုက်သည်။

''အစ်မ၊ ကျွန်မတို့ ဘယ်နေရာရောက်နေတာလဲဟင်။ တော် ပါသေးရဲ့ ၊ ကျွန်မတို့တစ်မိသားစုလုံး မသေကြဘူးနော် အစ်မ''

မိခင်ကြီးသည် ကျွန်မအား စိတ်လက်မချမ်းသာသည့် မျက်လုံးဖြင့် ကြည့်ရင်းမှ တစ်လုံးချင်း ပြောလိုက်လေသည်။

''မဟုတ်ဘူး လုံမလေး။ အစ်မတို့အားလုံး သေပြီးကြပြီကွယ့်''

''ရှင်

...အစ်မ''

ကျွန်မက လှေမမှော က်ခင်က အဝတ်အစားများ အတိုင်း မိသားစုစုံလင်စွာ တွေ့ မြင်နေရ၍ သေပြီးကြပြီဆိုသော မိခင်ကြီးပြောစကားကို အံ့သြမိလေသည်။

ထိုအခါမှ ကျွန်မသည် ပတ်ဝန်းကျင်ကိုနှံ့စပ်အောင် လှည့်၍ ကြည့်လိုက်ရာ ကျွန်မတို့မိသားစုနှင့် မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေသော အသက်အရွယ်ကြီးရင့်လှပြီ ဖြစ်သည့် အဘိုးအို တစ်ယောက် ကို မြင်တွေ့ လိုက်ရလေတော့၏ ။

အဘိုးအိုသည် သွေးမရှိသကဲ့သို့ ဆွတ်ဆွတ်ဖြူဖွေးသော အသားအရေရှိပြီး၊ ရင်ခေါင်းလောက်ထိ တွဲ ကျနေသော မုတ်ဆိတ်မွေးကြီးမှာ လည်းဆွတ်ဆွတ်ဖြူလျက် ရှိလေသည်။ အဘိုးအိုသည် ဆွတ်ဆွတ်ဖြူသော အင်္ကျီလက်ရှည်နှင့် အကွက်အစင်းမပါဘဲ ဆွတ်ဆွတ်ဖြူနေသော ပုဆိုးကို ဝတ်ဆင်ထားလေသည်။ ခေါင်းတွင် ပေါင်းထားသော ပဝါစမှာ လည်း ဆွတ်ဆွတ်ဖြူလျက်ပင် ရှိလေ၏ ။

ကျွန်မမှာ အသွင်အပြင်ထူးခြားလှသော အဘိုးအိုကိုကြည့်၍ အံ့သြနေဆဲတွင် အဘိုးအိုက စကားတစ်ခွန်းပြောလိုက်လေ၏ ။

''သိုက်နန်းရှင်သမီးတော် လေး သတိရလာပြီ။ သိုက်ထဲကိုသွားဖို့အချိန်တန်ပြီ။ သွားကြစို့ရဲ့ ''

ကျွန်မကို သိုက်နန်းရှင်သမီးတော် လေးဟု တင်စားပြောလိုက်သည်ကို လည်းကောင်း၊ သိုက်ထဲကိုသွားကြစို့ဟု ဖိတ်ခေါ်လိုက်သည်ကိုလည်းကောင်း နားမလည်နိုင်အောင် ဖြစ်မိလေ၏ ။

ကျွန်မက ကျွန်မတို့ရောက်နေသော နေရာကို သေချာစွာ စေ့ငုကြည့်လိုက်သည့်အခါတွင် ကား ကျွန်မတို့သည် လွတ်လပ်သော ပြင်ပကမ္ဘာတွင် ရှိနေခြင်းမဟုတ်။ လိုဏ်ဂူနှင့် အလားသ္ဌဏာန်တူသော မြေသားနံရံများ ဝန်းရံထားသည့် အတွင်းပိုင်းတစ်နေရာတွင် ရောက်နေသည်ကို တွေ့ မြင်ရလေသည်။ ကျွန်မတို့အထက်မှ ပိတ်ဆီးထားသော မြေသားထုသည် ကျွန်မတို့ဦးခေါင်းများ နှင့် လက်ခုပ်တစ်ဖောင်ခန့်သာ ကွာလေတော့သည်။

ကျွန်မက မျက်စိတစ်ဆုံးအထိ ကြည့်ရှုအကဲခတ်လိုက်ရာ ကျွန်မတို့ရှိနေသော နေရာသည် လိုဏ်ဂူဟုဆိုရမည် ထက် လိုဏ်ခေါင်းဟုခေါ်ဆိုမှသာပို၍ သင့်တော် ကြောင်းကို တွေ့ လိုက်ရလေ၏ ။ အဘယ်ကြောင့် ဆိုသော် ကျွန်မတို့ရှိနေသည့်နေရာ၏ တစ်ဖက်တစ်ချက်စီတွင် လိုဏ်ဂူသည် အဆုံးသတ်မသွားဘဲ ဟိုးဝေးဝေးထိ ရှည်လျားစွာ တည်ရှိခြင်းကြောင့် ဖြစ်သည်။

''ကျွန်မတို့ ဘယ်နေရာကို ရောက်နေကြတာလဲဟင်။ ကျွန်မတို့စီးလာတဲ့ငှက်လှေ မှော က်သွားတယ်လေ။ အခုရောက်နေတဲ့နေရာက ဘယ်နေရာလဲ အစ်မ''

ကျွန်မက နဂါးကြီးတစ်ကောင် အမြီးဖြင့် ရစ်ပတ်ကာ ကျွန်မတို့စီးလာသော လှေကို မှော က်ပစ်လိုက်သည့်မြင်ကွင်းကို ပြန်မြင်ယောင်ကာမေးလိုက်လေသည်။ ကျွန်မသည် နဂါးကြီးတစ်ကောင်ကို မျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ခြင်းမှာ ဟုတ်မှဟုတ်ပါလေစ၊ အိပ်မက်များ လေလားဟု ထင်ယောင်မှားမိပေသည်။

''အခု အစ်ကိုတို့ရောက်နေတဲ့နေရာက မြစ်ကြမ်းပြင်အောက်ကလိုဏ်ခေါင်းထဲမှာ တဲ့ နှမလေးရဲ့ ။ အစ်ကိုတို့လှေဟာ နဂါးမင်းက ဆွဲမှော က်ပစ်လိုက်လို့ အစ်ကိုတို့အားလုံး ရေနစ်သေဆုံးပြီးကြပြီ နှမလေး''အစ်ကိုသီဟက ဝင်၍ ရှင်းပြလိုက်လေသည်။

''ရှင်

...ကျွန်မတို့သေပြီ။ ဟုတ်လားအစ်ကို။ သေတယ်ဆိုရင်ဘာလို့ ခုလိုစကားပြောနေနိုင်တာလဲ''

''ဟောဟိုက သိုက်ချုပ်ဘိုးဘိုးကြီးက နဂါးကြီးကိုစေလွှတ်ပြီးလှေကိုမှော က်ခိုင်းလိုက်လို့ သေရတာ ပါ နှမလေးရယ်။ ဘိုးဘိုးကြီးက သိုက်စောင့်နေရာကို လူစားလဲဖို့အတွက် ဒီလိုလုပ်ရတာ တဲ့ နှမလေးရဲ့ ''

''အိမ်း

...သမီးတော် လေးက နားလည်ဦးမယ် မဟုတ်သေးဘူး။သမီးလေး သတိလစ်နေချိန်မှာ ဘိုးဘိုးရှင်းပြခဲ့ပြီးပါပြီ။ သမီးလေး သိရအောင်ပြောရသေးတာပ''

သိုက်ချုပ်ဘိုးဘိုးဆိုသော တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူဖွေးနေသည့်အဘိုးအိုက ဝင်ပြောလိုက်လေသည်။

''မြစ်ရဲ့ တစ်ဖက်ကမ်းက စေတီလေးရဲ့ အောက်မှာ သာသနာသိုက်တစ်ခုရှိတယ်ကွယ့်။ သိုက်ကို နေလရတနာသိုက်လို့ ခေါ်လေရဲ့ ။ သိုက်ကိုလက်ရှိစောင့်ရှောက်နေသူတွေ က မိသားစုလေးယောက် ပဲ။ သမီးတော် လေးတို့မိသားစုကဲ့သို့ ဖခင်၊ မိခင်နဲ့ မောင်နှမနှစ် ယောက် ပါဝင်တဲ့ မိသားစုပေါ့ကွယ်။

သိုက်ကိုစောင့်ရှောက်ရသူများ ဟာ အနှစ် တစ်ရာ စောင့်ရှောက်မှ တာဝန်ကျေတယ်ကွယ့်။ အနှစ် တစ်ရာပြည့်တိုင်းပြည့်တိုင်း သိုက်စောင့်မိသားစုကိုလဲလှယ်ပေးရတယ်။ လက်ရှိစောင့်ရှောက်နေတဲ့ သိုက်စောင့်မိသားစုဟာ အနှစ် တစ်ရာပြည့်ပြီမို့ ကျွတ်လွတ်ချိန်တန်ပေပြီ။ သူတို့အစား စောင့်ရှောက်မယ့်မိသားစုကိုရှာလိုက်တော့ ယနေ့ခရီးထွက်လာတဲ့ မိသားစုဟာလည်း ဖခင်၊မိခင်နဲ့ မောင်နှမနှစ် ဦးပါဝင်သော မိသားစုမို့ သိုက်စောင့်တာဝန်ပေးဖို့ ခေါ်ယူလိုက်ခြင်း ဖြစ်တယ်''

''အို

...''

''သမီးတော် လေး ကတော့ သိုက်နန်းရှင်မြပုဏ္ဏမီအနေနဲ့ အထူးတာဝန်ယူပြီး စောင့်ရှောက်ရပေမယ်။ ယခုအချိန်ကစလို့ သမီးတော် လေးဟာလူသားတစ်ဦး မဟုတ်တော့ဘူး။ သိုက်နန်းရှင်ဥစ္စာစောင့်တစ်ဦး ဖြစ်သွားပြီကွယ့်။ သမီးတော် ရဲ့ သိုက်နန်းရှင်အမည် နာမဟာ မြပုဏ္ဏမီဆိုတာကို မှတ်သားပေတော့''

သိုက်ချုပ်ဘိုးဘိုးကြီး ရှည်လျားစွာ ရှင်းပြနေသော အကြောင်းများ ကိုနားထောင်ကာ ကျွန်မသည် အံ့သြမှင်တက်မိနေတော့သည်။

''ဘိုးဘိုးကြီးကရော ဘာလဲ''

ကျွန်မ၏ နှုတ်မှ သိလိုစိတ်ကြီးစွာ ထွက်ပေါ်လာသော မေးခွန်းပင် ဖြစ်ပေတော့၏ ။

''ဘိုးဘိုး ကတော့ ဟောဒီနယ်မြေတစ်ခွင်မှာ ရှိတဲ့ သိုက်အပေါင်းကိုတာဝန်ယူအုပ်ချုပ်ရတဲ့ သိုက်ချုပ်ဘိုးဘိုးကြီး ဖြစ်ပေတယ် သမီးတော် ''

''အို ...''

''ကိုင်း ...

ကိုင်း...

ပြောနေကြာတယ်။ ပထမသိုက်စောင့်မိသားစုဟာ ကျွတ်ချိန်တန်ပြီမို့ သိုက်နန်းရှင်အသစ်ကို မျှော်နေကြရော့မယ်။ သိုက်ရှိရာကို သွားကြစို့ဗျာ။ ဘိုးဘိုးနောက်က လိုက်ခဲ့ပေတော့''

သိုက်ချုပ်ဘိုးဘိုးကြီးက ရှေ့မှဦးဆောင်ခေါ်ငင်သွားလေရာ ကျွန်မတို့မိသားစုသည်လည်း နောက်မှ တန်းစီလိုက်ပါခဲ့ရလေတော့၏ ၊ကျွန်မသည် ထက်အောက်ဝဲယာကို ပိတ်ဆီးနေသော လိုဏ်ခေါင်းတစ်လျှောက် လျှောက်လှမ်းလာရင်းမှ ဦးခေါင်းထက်မှ ရေး စီးသံများ ကိုကြားလိုက်ရသည့်အတွက် အံ့သြသွားမိလေသည်။

''ကျွန်မတို့အထက်က ရေစီးသံတွေ ကြားရပါလား။ ကျွန်မတို့ ဘယ်နေရာကို ရောက်နေတာလဲဟင်''

ကျွန်မက နားမလည်စွာ မေးလိုက်လေသည်။

ကျွန်မ၏ မေးခွန်းကိုကြားလိုက်ရသော သိုက်ချုပ်ဘိုးဘိုးကြီးကနောက်သို့ လှည့်ကြည့်ရင်းမှ ရပ်လိုက်လေ၏ ။

''သိုက်နန်းရှင်သမီးတော် လေး ကြားနေရတဲ့ ရေစီးသံတွေ ဟာ ဧရာဝတီမြစ်ကြီးရဲ့ ရေစီးသံတွေ ပဲကွယ့်။ ဘိုးဘိုးတို့ဟာ မြစ်ကြမ်းပြင်ရဲ့ အောက်ခြေက လိုဏ်ခေါင်းထဲကို ရောက်နေခြင်း ဖြစ်တယ်။ ကြည့်လေလော...''

သိုက်ချုပ်ဘိုးဘိုးကြီးက နှုတ်မှရှင်းပြရင်း သူ၏ လက်နှစ် ဖက်ကိုလိုဏ်ခေါင်းအထက်ဘက်ဆီသို့ မြှောက်ကာ ဝဲယာဝှေ့ယမ်းလိုက်လေသည်။

ထိုအခါ ကျွန်မတို့အထက်ဘက်ရှိ လိုဏ်ခေါင်းမျက်နှာပြင်သည် မှန်ကဲ့သို့ ကြည်လင်သွားလေ၏ ။ လိုဏ်ခေါင်းအမိုး မှန်သားကဲ့သို့ကြည်လင်သွားသည်နှင့် တစ်ပြိုင်နက် ကျွန်မသည် မြစ်တစ်စင်း၏ မြင်ကွင်းကို အောက်ခြေမှမြင်ရသော အမြင်ဖြင့် တွေ့ မြင်လိုက်ရလေတော့သည်။

ရေထဲတွင် ငါးများ ကူးခတ်နေပုံ၊ လှေသမ္ဗန်များ ရွေ့လျားသွားလာနေပုံကို အောက်မှ ပင့်၍ မြင်နေရပေသည်။ ကျွန်မတို့သည် မြစ်ကြီး၏ အောက်ဘက်၌ ရောက်ရှိနေကြခြင်းပါကလား။

ဘိုးဘိုးကြီးက လက်များ ကို တစ်ဖန် ဝှေ့ယမ်းလိုက်သည့်အခါလိုဏ်ခေါင်းအမိုးသည် မြေသားထုအ ဖြစ် ပြန်လည်ပြောင်းလဲသွားလေ၏ ။

ကျွန်မတို့သည် သိုက်ချုပ်ဘိုးဘိုးကြီးနောက်မှ လိုက်ပါလာခဲ့ရာတစ်နေရာအရောက်တွင် လိုဏ်ခေါင်း၏ ကျယ်ပြောသော နေရာ၌ ခွေအိပ်နေသော နဂါးကြီးတစ်ကောင်ကို တွေ့ မြင်လိုက်ရလေ၏ ။ နဂါးကြီးသည် ကြီးမားတုတ်ခိုင်လှသော ကိုယ်ထည်ကြီးကို အရစ်အရစ်ခွေဖွဲ့ထားလေရာ လိုဏ်ခေါင်း၏ အမိုးကို ထိလုနီးပါး ဖြစ်နေပေ၏ ။ ခွေဖွဲ့ထားသော ကိုယ်ထည်ပေါ်၌ ဦးခေါင်းကိုမှေးစက်ရင်း အိပ်နေလေရာ ကျွန်မတို့ ထိုအနားမှ ဖြတ်သန်းလာသည်ကို သိပုံမရဘဲ နှစ် ခြိုက်စွာ အိပ်မောကျနေပေ၏ ။ ထိုနဂါးကြီးကား ကျွန်မတို့ လှေကလေးကို အမြီးနှင့်ရစ်ပတ်ကာ ရေအောက်သို့ ဆွဲချမှော က်ပစ်ခဲ့သော နဂါးကြီးပင် ဖြစ်ပါလေ၏ ။

''ဒါနဲ့ သမ္ဗန်သမားကြီးရော ဘာ ဖြစ်သွားသလဲဟင်''

''သမ္ဗန်ခတ်သူလည်း သေဆုံး သွားပါပြီ။ သူ့ကိုတော့ သိုက်ကိုခေါ်ယူရန် မလိုအပ်လို့ အလောင်းအတိုင်း ထားရစ်ခဲ့ပါပြီ''

သိုက်ချုပ်ဘိုးဘိုးကြီးက ရှေ့မှလျှောက်သွားနေရင်းမှ ကျွန်မကိုရှင်းပြနေပေသည်။

ကျွန်မတို့သည် အတန်ကြာလျှောက်လာခဲ့ရာ လိုဏ်ခေါင်းသည်မြေအထက်သို့ တစ်စတစ်စ မြင့်တက်လာခဲ့လေ၏ ။ လိုဏ်ခေါင်းအဆုံးသို့ရောက်သည့်အခါ ကျယ်ပြောသော ခန်းမတစ်ဆောင်ကို တွေ့ မြင်လိုက်ရလေသည်။

ခန်းမဆောင်ကြီးသည် ကျယ်ပြောသည်နှင့် အမျှ ခန်းမဆောင်နှင့် အပြည့် ရွှေငွေ ကျောက်သံပတ္တမြားများ ပြည့်နှက်လျက် ရှိပေတော့သည်။

ကျောက်မျက်ရတနာတို့မှ ရောင် ပြန်ရိုက်ခတ်နေသော အရောင် အဝါများ ကြောင့် ခန်းမဆောင်ကြီးတစ်ခုလုံးမှာ လင်းထိန်နေပေတော့သည်။

ကျွန်မသည် ခန်းမဆောင်ထဲမှ အဖိုးထိုက်ရတနာများ ထက် ခန်းမဆောင်ထဲတွင် ကျွန်မတို့အရင် ရှိနေနှင့် သော မိသားစုကိုသာ ပို၍ စိတ်ဝင်စားမိလေသည်။

မိသားစုမှာ လေးဦး ဖြစ်လေသည်။

သိုက်ချုပ်ဘိုးဘိုးကြီး ပြောပြထားသည့်အတွက် ထိုမိသားစုမှာ သိုက်စောင့်ပုဂ္ဂိုလ်များ ဖြစ်ပြီး ကျွန်မတို့မိသားစုနှင့် နေရာချင်းလဲကြရမည့် သူများ ဖြစ်ကြောင်း သိလိုက်လေသည်။

သိုက်နန်းရှင်မလေးမှာ အလွန်ပင် လှပချောမောသူကလေး ဖြစ်လေရာ ကျွန်မသည် သူမကို ကြည့်လို့မဝသော ကြည့်ခြင်းဖြင့် ကြည့်နေမိလေ၏ ။

''ကိုင်း...

သိုက်စောင့်များ အ ဖြစ် လဲလှယ်မယ့်မိသားစုကို ရရှိလာပေပြီ။ သိုက်စောင့်တာဝန်ကို လဲလှယ်ရတော့မည် မို့ သိုက်နန်းရှင်အဟောင်းမြပုဏ္ဏမီ၊ သင်၏ လည်တွင် ဆွဲထားသည့် သိုက်ဘယက်အား သိုက်နန်းရှင်အသစ်ဆီသို့ ပေးအပ်ပေလော့''

လှပချောမောသော သိုက်နန်းရှင်မလေးက သူမလည်တွင် ဆွဲထားသော ဘယက်ကြီးအား ဖြုတ်ယူလိုက်လေသည်။

ထိုနောက် ကျွန်မရှိရာသို့လှမ်းလာကာ ဘယက်ကြီးအား ကျွန်မ၏ လည်တွင် ဆွဲပေးလိုက်လေ၏ ။

''ဒီဘယက်ဟာ ဤသိုက်ကိုစောင့်ရှောက်ရမယ့် သိုက်နန်းရှင်အတွက် ရည်စူးပြုလုပ်ထားတဲ့ ဘယက်ပဲ။ နေလ,ဘယက်လို့ ခေါ်တယ်။ဘယက်ကိုချွတ်၍ သေချာစွာ ကြည့်လော့''

ကျွန်မက လည်တိုင်မှဘယက်ကို ပြန်ချွတ်လိုက်သည်။ ဖခင်၊ မိခင်နှင့် အစ်ကိုတို့ပါ ဘယက်၏ ပုံသ္ဌဏာန်ကို ဝိုင်း၍ ကြည့်ရှုကြလေ၏ ။

ဘယက်ခွက်မှာ တစ်ခုတည်းမဟုတ်ဘဲ နှစ် ခု ဖြစ်နေပေ၏ ။ ဘယက်ခွက်နှစ် ခုကို အလယ်တွင် ဆက်၍ ထားပေသည်။ ဘယ်ဘက်ဘယက်ခွက်၌ ဥဒေါင်းပုံ ထွင်းထုထားသည်ကိုလည်းကောင်း၊ ညာဘက်ဘယက်ခွက်၌ ယုန်ရုပ် ထွင်းထုထားသည်ကိုလည်းကောင်း တွေ့ ရပေသည်။ ဥဒေါင်းနှင့် ယုန်သည်နေနှင့် လအ ဖြစ် သရုပ်ဖော်ထားသော စက်ဝိုင်းအလယ်၌ ရှိနေကြပေ၏ ။

ဥဒေါင်းရုပ်သည် နေ၏ အမှတ်အသား ဖြစ်သလို၊ ယုန်ရုပ်သည် လ၏ အမှတ်အသား မဟုတ်ပါလော။

ဘယက်ကြီးမှာ ရွှေသားအတိပြီးသော ဘယက်ကြီး ဖြစ်ကာ ရွှေသားမှာ ရွှန်းစိုဝင်းအိနေပေသည်။

''ဤဘယက်အား ယနေ့မှစ၍ ဆင်မြန်းထားလေလော့။ နောင်အနှစ် တစ်ရာပြည့်၍ သိုက်နန်းရှင်အသစ် လဲလှယ်သည့်အခါတွင် ယခုကဲ့သို့ပင်သိုက်နန်းရှင်အသစ်အား လွှဲအပ်ရမည် ။ သမီးတော် လေးသည် ယခုအချိန်မှစ၍ မြပုဏ္ဏမီအမည် ဖြင့် နေလရတနာသိုက်တွင် သိုက်နန်းရှင်ဥစ္စာစောင့်တစ်ဦး ဖြစ်သွားပေပြီ။ မြပုဏ္ဏမီနှင့် အတူ မိသားစုများ ကပါ မြပုဏ္ဏမီ၏ ပါရမီဖြည့်ဖက်များ အ ဖြစ် ဤသိုက်ကိုစောင့်ရှောက်ပေလော့''

ဘိုးဘိုးကြီးက သိုက်နှင့် ပတ်သက်သော အချက်အလက်များ ကိုကျွန်မတို့မိသားစုအားရှင်းပြကာ ကျွန်မအား သိုက်နန်းရှင်အ ဖြစ် အပ်နှင်းလိုက်လေတော့သည်။

သိုက်ချုပ်ဘိုးဘိုးကြီးသည် သိုက်နန်းစောင့် မိသားစုအဟောင်းဘက်သို့လှည့်ကာ ပြောလိုက်ပြန်၏ ။

''သင်တို့မိသားစုသည် နေလရတနာသိုက်၌ နှစ် ပေါင်းတစ်ရာတိတိစောင့်ရှောက်လာခဲ့ပြီးပြီမို့ တာဝန်ကျေပေပြီ။ သင်တို့နှင့် သင့်တော် ရာဘဝများ သို့ သွားရောက်ကြပေရော့။ သင်တို့ကို လွတ်လပ်ခွင့်ပေးလိုက် ပြီ။ လိုရာသွားနိုင်ပေပြီ''

သိုက်ချုပ်ဘိုးဘိုးကြီးက ခွင့်ပြုစကားပြောလိုက်သည်နှင့် တစ်ပြိုင်တည်းပင် သိုက်နန်းစောင့်မိသားစုလေးဦးစလုံး၏ ရုပ်သွင်များ မှာ ရုတ်တရက်မီးခိုးလုံးများ အသွင် ပြောင်းလဲသွားကြကာ လေထဲတွင် လွင့်ပါသွားသည့်သဖွယ် ကျွန်မတို့ရှေ့မှ ပျောက်ကွယ်သွားကြလေတော့၏ ။

''သူတို့မိသားစုဟာ ဟောဒီ နေလရတနာသိုက်နန်းကြီးကို နှစ် ပေါင်းတစ်ရာတိုင်တိုင် စောင့်ရှောက်ခဲ့တဲ့မိသားစုပဲ။ သူတို့ဟာ သက္ကရာဇ် ၁ဝ၈၆ခုနှစ် ခုနှစ် ကစလို့ ဒီသိုက်ကြီးကို စောင့်ရှောက်ခဲ့ရခြင်း ဖြစ်တယ်။ သူတို့မိသားစုရဲ့ အရင်မိသားစုတစ်စု ရှိခဲ့သေးတယ်။ မိသားတစ်စုဟာ နှစ် တစ်ရာစီ စောင့်ရှောက်ရမယ့် ဝတ္တရားရှိပေတယ်။ သိုက်နန်းကိုစောင့်ရှောက်ရမယ့် မိသားစုဟာ လေးယောက် ပြည့်ရမှာ မို့ သိုက်နန်းရှင်အ ဖြစ် သင့်တော် မယ့် မိန်းကလေးကို ရွေးချယ်ရာမှာ မိစုံဖစုံနှင့် အစ်ကို တစ်ယောက် ရှိတဲ့ မိန်းကလေးကိုရွေးချယ်ရခြင်း ဖြစ်တယ်။ သို့မှသာ သိုက်နန်းရဲ့ တာဝန်များ ကို တိကျစွာ လွှဲအပ်နိုင်မှာ ဖြစ်တယ်။ အသင်တို့မိသားစုဟာ နေလရတနာသိုက်အတွက်သင့်လျော်တဲ့မိသားစုမို့ အကျွန်ုပ်က ခေါ်ယူလိုက်ရခြင်း ဖြစ်ပေတယ်။မိန်းကလေးဟာ မြပုဏ္ဏမီဆိုတဲ့ သိုက်နန်းရှင်အမည် နဲ့ ဤသိုက်ထဲမှာ နှစ် ပေါင်းတစ်ရာတိုင်တိုင် စောင့်ရှောက်ရစ်ပေတော့''

သိုက်ချုပ်ဘိုးဘိုးကြီးက ကျွန်မတို့ကို ရှင်းပြခဲ့ပေသည်။

''အလို ...

ဘိုးဘိုးကြီး၊ ကျွန်ုပ်တို့၏ စိတ်ဆန္ဒမပါဘဲနှင့် ဘိုးဘိုးကြီးက ကျွန်ုပ်တို့ကို ခေါ်ယူခဲ့ခြင်း ဖြစ်ပေသည်။ ကျွန်ုပ်တို့တွင် ရွေးချယ်ရန်အခွင့်အလမ်းမရှိပြီလော''

ကျွန်မ၏ ဖခင်ကြီးက မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။

''သည်းခံလော့ အမောင်။ ကျွန်ုပ်အဖို့ ဤသို့သင့်လျော်သော မိသားစုကို ရအောင်ရှာဖွေရန်မှာ မလွယ်ကူလှပါ။ သင်တို့သည် ခရီးထွက်ခွာလာရာတွင် သိုက်အနီးသို့ရောက်ရှိလာခဲ့၍ ရွေးချယ်လိုက်ရခြင်း ဖြစ်ပေတယ်။

အမောင်ဖခင် သိုက်နန်းရှင်အ ဖြစ် တာဝန်ယူရသည့်အတွက် စိတ်နှလုံးပူပန်ညှိုးချုံးရန် အကြောင်းမရှိပါ။ သိုက်မှာ နောင်ပွင့်လတ္တံ့သော မြတ်စွာ ဘုရားသခင်၏ သာသနာတော် အတွက် ရည်ရွယ်စုဆောင်းထားသော သာသနာပိုင်ပစ္စည်းများ ဖြစ်ပေတယ်။ အရိမေတ္တေယျဘုရား ပွင့်တော် မူတဲ့အခါမှာ သာသနာစည်ပင်ရန်ထားရှိသော ပစ္စည်းဥစ္စာများ ကို စောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက် သင်တို့အတွက် ဂုဏ်ယူဖွယ်ရာသာရှိသည်၊ ကုသိုလ်ကောင်းမှု များ ရရှိမည့် အပြင် အရိမေတ္တေယျဘုရားသခင် ပွင့်တော် မူတဲ့အခါမှာ သင်တို့ဟာ ဦးစွာ ဖူးမြင်ခွင့်ရပြီး ကျွတ်တန်းဝင်ခွင့် ရကြပေလိမ့်မယ်။ သိုက်နန်းရှင်ဥစ္စာစောင့်အ ဖြစ် တာဝန်ပေးခံရခြင်းဟာ ကျေနပ်ဖွယ်ပါပဲ အမောင်''

သိုက်ချုပ်ဘိုးဘိုးကြီးက ရွှေငွေရတနာအတိပြီးသော ခန်းမဆောင်ကြီး၏ အထက်ဆီသို့ ကျွန်မတို့အား ခေါ်ဆောင်ခဲ့ပြန်သည်။

ကျွန်မတို့သည် သိုက်ချုပ်ဘိုးဘိုးကြီးနောက်မှ အထက်သို့ တက်သော လှေကားအတိုင်း တက်လာခဲ့ရာ လှေကား၏ အထက်ဆုံးအဆင့်အရောက်တွင် ဘိုးဘိုးကြီးက ကျွန်မကိုခေါ်ယူလိုက်သည်။ ကျွန်မတို့ရှေ့တွင် အုတ်သားနံရံသာရှိတော့ပြီး ဆက်သွားလို့မရတော့ပေ။ ထွက်စရာတံခါးပေါက်ကိုလည်း မမြင်ရပါပေ။

ဘိုးဘိုးကြီးက ရှေ့တည့်တည့်ရှိ အုတ်သားနံရံကိုညွှန်ပြကာ ...

''ဟောဒီနေရာဟာ သိုက်အပြင်ကိုထွက်တဲ့ တံခါးပေါက်ရှိတဲ့နေရာပဲ။ သည်အတိုင်းကြည့်ရင် အကြားအလပ်မရှိတဲ့ အုတ်တံတိုင်းတစ်ခုအသွင် မြင်ရပေလိမ့်မယ်။ ဖွင့်ပုံဖွင့်နည်းကို ဟောဒီမှာ ကြည့်''

ဘိုးဘိုးကြီးက သူ၏ လက်ဝါးနှစ် ဖက်ဖြင့် အုတ်နံရံကို ထောက်လိုက်ကာ တစ်ဖက်တစ်ချက်စီသို့ အုတ်နံရံကို တွန်းလိုက်လေသည်။ သို့ဖြင်အုတ်နံရံသည် အလယ်မှကွဲသွားကာ လူဝင်သာသော တံခါးပေါက် ဖြစ်ပေါ်လာလေ၏ ။

''အုတ်နံရံရဲ့ အလယ်တည့်တည့်ကို လက်ဝါးနှစ် ဖက်နဲ့ ထောက်ပြီးရွှေ့ရမှာ ဖြစ်တယ်။ ဒီလိုလုပ်လို့ တံခါးပွင့်သွားတဲ့အတွက် ဘယ်သူမဆို လုပ်လို့ရမယ်လို့ မထင်ကြလေနဲ့။ သိုက်နန်းရှင်ကိုယ်တိုင် ဖြစ်တဲ့ မြပုဏ္ဏမီ တစ်ယောက် သာ ဤသို့စွမ်းဆောင်လို့ရပေမယ်''

ဘိုးဘိုးကြီးက ပွင့်သွားသော အုတ်နံရံကို ပြန်၍ စေ့ပိတ်လိုက်ကာသူပြသသည့်ပုံစံအတိုင်း ကျွန်မအား နံရံကိုဖွင့်စေပါသည်။

ကျွန်မသည် ဘိုးဘိုးကြီးနည်းတူ နံရံအလယ်တည့်တည့်တွင် လက်ဖဝါးနှစ် ဖက်ထောက်ကာ နံရံကို တစ်ဖက်တစ်ချက်စီသို့ တွန်းပို့လိုက်သည်။

ထိုအခါ အကြားအလပ်မရှိ စေ့နေသော အုတ်နံရံကြီးသည် ကျွန်မ အထူးအားစိုက်စရာမလိုဘဲနှင့် ပွင့်သွားလေ၏ ။

နောင်အခါတွင် ကျွန်မ၏ ဖခင်၊ မိခင်နှင့် အစ်ကိုတော် တို့သည်ထိုနည်းတူ အုတ်နံရံအား ဖွင့်ကြည့်ခဲ့ကြသည်။

ကျွန်မမှအပ အခြားသူများ ဖွင့်၍ မရပါ။ သိုက်နန်းရှင် ကျွန်မတစ်ဦးတည်းသာလျှင် ဖွင့်လို့ရနိုင်သော သိုက်ဖွင့်နည်း ဖြစ်ကြောင်း မှတ်သားခဲ့ရပေ၏ ။

''လာကြ၊ လာကြလော့။ သိုက်နန်း၏ ပတ်ဝန်းကျင် မည် သို့ရှိသည်ကို သင်တို့အား ပြပေအံ့''

ဘိုးဘိုးကြီးက ကျွန်မတို့မိသားစုကို ဦးဆောင်ကာ သိုက်နန်းအပြင်ဘက်သို့ ထွက်လိုက်လေသည်။

* * * * *


အခန်း (၃)

သိုက်နန်းအပြင်ဘက်သို့ ထွက်လိုက်ပါမှပင် ကျွန်မတို့သိုက်နန်းသည် စေတီလေးတစ်ဆူ၏ အောက်ဘက်တည့်တည့် မြေအောက်လိုဏ်ဂူအတွင်း၌ ရှိနေသည်ကို သိလိုက်ရပေတော့၏ ။

ကျွန်မတို့သည် မြစ်ကြမ်းပြင်အောက် လိုဏ်ခေါင်းမှလိုက်ပါလာခြင်း ဖြစ်ရာ သိုက်နန်းရှိသည့်အရပ်ကို မခန့်မှန်းတတ်ခဲ့ပေ။ အပြင်ပသို့ ထွက်လိုက်ပါမှပင် သိုက်နန်းတည်ရာ စေတီလေးကား ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းစပ်၌ တည်ရှိနေသည်ကို တွေ့ မြင်ရပေတော့သည်။

စေတီလေးကား ကျွန်မတို့ ခရီးဦးတည်ထွက်ခွာလာသည့် ရွာကလေးနှင့် မလှမ်းမကမ်းတွင် တည်ရှိပေသည်။ ကျွန်မတို့သည် သီတင်းဝါလကျွတ်ချိန်တွင် အဘိုးအဘွားများ အား ကန်တော့ရန် လာရောက်ခဲ့ခြင်း ဖြစ်ပေ၏ ။ မမျှော်လင့်ဘဲ သိုက်နန်းသို့အခေါ်ခံရပြီး ဥစ္စာစောင့်များ ဘဝရောက်ခဲ့သည့်တိုင် ကျွန်မတို့ စောင့်ရှောက်ရမည့် သိုက်နန်းမှာ အဘိုးအဘွားများ နေထိုင်သည့် ရွာအနီး၌ ပင် ဖြစ်နေပေသည်။

ကျွန်မတို့သည် အဘိုးအဘွားများ ၏ ရွာအနီးမှ ထုံးစေတီလေးတစ်ဆူအောက်တွင် သာသနာသိုက်ကြီးတစ်ခု ရှိနေသည်ကို မသိခဲ့ကြချေ။

စေတီကလေးမှာ ရွှေသင်္ကန်းပင် ကပ်ထားခြင်းမရှိသော ထုံးဖွေးဖွေး စေတီလေးတစ်ဆူ ဖြစ်ပေ၏ ။ တောင်ကုန်းပေါ်တွင် တည်ထားပြီး အများ က လွမ်းစေတီဟု ခေါ်ဝေါ်သမုတ်ကြပေသည်။ စေတီလေး၏ ရှုမျှော်ခင်းမှာ မြစ်ကမ်းနံဘေး မေးတင်နေသော တောင်ကုန်းကလေးပေါ်၌ တည်ထားကာနောက်ခံတောတောင်ရှုခင်းများ ဖြင့် လွမ်းဆွတ်ဖွယ် ကောင်းလှပေသည်။

လွမ်းစေတီဟု ခေါ်ဝေါ်ကြသည်မှာ သင့်လျော်လှပေ၏ ။

စေတီလေးရှိရာ တောင်ကုန်းအထက်မှ မျှော်ကြည့်လိုက်လျှင် တစ်ဖက်ကမ်းရှိ စစ်ကိုင်းမင်းဝံတောင်တန်းများ ကို စိမ်းညို့မှော င်စွာ မြင်နေရပေ၏ ။

တောင်တန်းတောင်စွယ်များ ပေါ်မှ စေတီပုထိုးများ ကိုလည်း ကြည်ညိုဖွယ်မြင်တွေ့ ရပါသေးသည်။ ဆွမ်းဦးပုညရှင်စေတီကြီးကား ကြည်ညိုဖွယ်အဆင်းဖြင့် ထီးထီးမားမားကြီး တည်ရှိနေပေသည်။

သိုက်ချုပ်ဘိုးဘိုးကြီးက ကျွန်မတို့အား သိုက်နန်းနှင့် ပတ်သက်၍ သိသင့်သော အချက်အလက်များ ကို ပြောပြခဲ့ပေသည်။

''စေတီအောက်ကသိုက်ထဲကို သာမန်လူများ ဝင်လို့မရအောင်ပြုလုပ်ထားတယ်။ သိုက်စောင့်များ ကိုယ်တိုင်လည်း သိုက်နန်းရှင်မြပုဏ္ဏမီကိုယ်တိုင်ဖွင့်ပေးမှသာ အဝင်အထွက်ပြုနိုင်ကြမယ်။ စေတီနံရံကို ဘေးတစ်ဖက်တစ်ချက်ဆီသို့ တွန်းဖယ်ပြီးဖွင့်တဲ့နည်းကို မြပုဏ္ဏမီ တစ်ယောက် သာ စွမ်းဆောင်နိုင်ပေလိမ့်မယ်''

''အသင်တို့အနေနဲ့ အပြင်ပသို့ သွားလာနိုင်တဲ့နည်းလမ်းတစ်ခုရှိပေသေးတယ်။ အဲဒါ ကတော့ ယနေ့ခေါ်ဆောင်လာတဲ့ မြစ်ကြမ်းပြင်အောက်လိုဏ်ခေါင်းကြီးမှတစ်ဆင့် သွားနိုင်ခြင်းပဲ။ လိုဏ်ခေါင်းအတိုင်းသွားရင် မြစ်ရဲ့ အနောက်ဘက်ကမ်းမှာ လိုဏ်ခေါင်းအဆုံးအပေါက်ဝကို တွေ့ နိုင်လိမ့်မယ်။

လိုဏ်ခေါင်းပေါက်ဟာ ဆွမ်းဦးပုညရှင်စေတီကြီးရဲ့ တောင်ခြေရင်းမှာ အဆုံးသတ်သွားတယ်''

''သင်တို့အနေနဲ့ အပြင်ပသို့ထွက်လိုပါက လိုက်ခေါင်းလမ်းမှ တစ်ဆင့် တစ်ဖက်ကမ်း စစ်ကိုင်းတောင်တန်းများ သို့ သွားလာနိုင်ပေတယ်။

ဤနေရာ ဤပတ်ဝန်းကျင်မှ ကျော်လွန်၍ သင်တို့သွားခွင့်မရှိ။ သွားလာလို့လည်းမရပါ''

''ကျွန်ုပ်အနေဖြင့် သိုက်ကိုဝင်နိုင်တဲ့လမ်းစကို သိုက်နဲ့အလှမ်းဝေးတဲ့ မြစ်တစ်ဖက်ကမ်းမှာ ထားရခြင်းအကြောင်း ကတော့ သိုက်ကို မသမာသူသိုက်တူးသမားများ ခြေရာမခံနိုင်အောင်လို့ပဲ''

''ကဲ...

အသင်တို့လည်း သိုက်နန်းမှာ ပျော်ပျော်ကြီးနေရစ်ပေတော့။ ကျွန်ုပ်ကတော့ အလျဉ်းသင့်သည့်အခါတိုင်း သင်တို့သိုက်ကို လာရောက်လှည့်ပါ့မယ်''

သိုက်ချုပ်ဘိုးဘိုးကြီးက ကျွန်မတို့အား မြပုဏ္ဏမီသိုက်နန်းနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များ ကိုရှင်းပြပြီးနောက် နှုတ်ဆက်ကာ ပျောက်ကွယ်သွားလေတော့သည်။

သိုက်ချုပ်ဘိုးဘိုးကြီး၏ တာဝန်ပေးချက်အရ ကျွန်မတို့သည်မြပုဏ္ဏမီအမည် ရှိ သိုက်နန်းကြီးအား အနှစ် တစ်ရာတိတိ စောင့်ရှောက်ရပေတော့မည် တကား။

* * * * *


အနှစ် တစ်ရာဆိုသည့်ကာလကား ကြာမြင့်လှပါဘိတောင်း။

လူ တစ်ယောက် ၏ သက်တမ်းသည်ပင် အနှစ် တစ်ရာမပြည့်ပေရာကျွန်မတို့ သိုက်စောင့်တာဝန်ယူရမည့် ကာလသည် ရှည်လျားလှပေ၏ ။

မည် သို့ပင်ဆိုစေ ကျွန်မသည် သိုက်နန်းထဲတွင် ပျော်ရွှင်စွာ နေထိုင်ခဲ့ပေသည်။ သိုက်ထဲသို့ မိသားစုအလိုက် ရောက်ရှိခဲ့ခြင်းကလည်း ကျွန်မတို့အဖို့ စိတ်ဖြေရာရစေပါသည်။ ဘဝပြောင်းလဲသွားသော်လည်း မိသားစုမကွဲမကွာရှိနေခြင်းကြောင့် စိတ်ကိုဖြေသိမ့်နိုင်ခဲ့ကြသည်။

အစ်ကိုတော် ကိုသီဟ တစ်ယောက် သာလျှင် သိုက်နန်းထဲသို့ ရောက်ခါစက စိတ်နှလုံးညှိုးနွမ်းခြင်း ဖြစ်ခဲ့ရှာလေသည်။ အကြောင်းကား ကိုသီဟတွင် လူ့ဘဝတုန်းက ချစ်သူရည်းစားသည်တစ်ဦး ရှိပြီး ဖြစ်လေရာ သူတို့သည်သီတင်းဝါလကျွတ်ပြီးနောက် မကြာမီတွင် လက်ထပ်ထိမ်းမြားရန် စီစဉ်ထားပြီး ဖြစ်ပေ၏ ။ မမျှော်လင့်ဘဲ ဝိညာဉ်အနှုတ်ခံရပြီး သိုက်နန်းထဲသို့ ရောက်ရှိလာသည်တွင် ချစ်သူနှင့် ကွေကွင်းရခြင်း စိတ်ဆင်းရဲမှု ကို ပြင်းထန်စွာ ခံစားခဲ့ရပေတော့သည်။ သို့ရာတွင် ကျွန်မတို့သိုက်နန်းတွင် နေခဲ့ရသည့် အချိန်ကာလက များ စွာ ကြာမြင့်ခဲ့ပေရာ အစ်ကိုသီဟ၏ ဝေဒနာသည်လည်း ကြာသော် ပျောက်လွင့်ခဲ့ရပေတော့၏ ။

ကျွန်မသည် ရောက်ရာဘဝအား ပြုပြင်၍ မရတော့သည့်အတူတူပျော်ရွှင်စွာ ပင် နေထိုင်ခဲ့ပါသည်ညနေခင်းအချိန်များ ၌ ကျွန်မသည် စေတီပေါ်သို့တက်ကာ ဧရာဝတီမြစ်အတွင်း၌ လှေသမ္ဗန်များ သွားလာနေသည်ကို ငေးမောနေတတ်သည်။

စစ်ကိုင်းတောင်ရိုးကိုနောက်ခံထားကာ တိမ်တိုက်များ လွင့်မျောနေသည့်ကောင်းကင်ကြီးအောက်တွင် အလျဉ်မပြတ်စီးဆင်းနေသော မြစ်ဧရာ၏ ရှုခင်းကား လွမ်းမောဖွယ်ကောင်းလှပါဘိ၏ ။ ဘယ်အခါမျှမရိုးနိုင်သော ရှုခင်းကွက်များ ပါတကား။

ရံဖန်ရံခါတွင် ကျွန်မနှင့် အစ်ကိုသီဟတို့ လိုက်တမ်းပြေးတမ်းကစားကြပါသည်။ တူတူပုန်းတမ်းလည်း ကစားကြပါသည်။ သိုက်ထဲသို့ရောက်ချိန်တွင် ကျွန်မ၏ အသက်သည် ၁၆ နှစ် ၊ ကိုသီဟအသက်မှာ ၁၈ နှစ် မျှသာရှိပါသေးသည်။ ကျွန်မတို့မောင်နှမသည် လူ့ဘဝကတည်းက ချစ်ချစ်ခင်ခင်ဆော့ကစားရင်း နေလာခဲ့ကြသူများ ဖြစ်ပါသည်။

ကျွန်မမှာ အစ်ကို ဖြစ်သူအား လူ့ဘဝကတည်းက နွဲ့ဆိုးဆိုးနေကြအတိုင်း ဆိုးနွဲ့လျက်ရှိလေသည်။ လိုက်တမ်းပြေးတမ်းကစားရာတွင် ကျွန်မကမလိုက်နိုင်သော်ငြား ကိုသီဟက ခပ်နှေးနှေးပြေးကာ အမိခံစမြဲ ဖြစ်ပေ၏ ။

တူတူပုန်းတမ်း ကစားရာတွင် လည်း ကျွန်မ ပုန်းနေသည်ကို မြင်သော်ငြားမမြင်ချင်ယောင် ဆောင်ပေးသည်။ သူပုန်းသည့် အလှည့်မှာ တော့ ကျွန်မရှာမတွေ့ မည် စိုး၍ မမြင်အောင် မပုန်းရှာပေ။

တကယ်တော့ ကျွန်မ၏ အစ်ကိုသည် ကျွန်မအား သနားကာအလိုလိုက်နေရှာခြင်းပင် ဖြစ်တော့သည်။

ကိုသီဟ မကြာမကြာပြောလေ့ရှိသော စကားတစ်ခွန်းရှိပေ၏ ။

''ညီမလေးဟာ လူ့ဘဝမှာ ပျော်ပျော်ကြီးနေရမယ့် အရွယ်ကောင်းလေးကွယ့်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သိုက်နန်းထဲအခေါ်ခံရပြီး ဥစ္စာစောင့် ဖြစ်ရတာ အစ်ကိုသနားလှတယ်ကွယ်။ လူ့ဘဝမှာ ဆို ငါ့ညီမလေးဟာ ရွာရဲ့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ဘဝနဲ့ ကာလသားတွေ ဝိုင်းဝိုင်းလည်နေမှာ ပဲ''

''သိုက်နန်းထဲရောက်ရတာ ညီမလေးဝမ်းမနည်းပါဘူး အစ်ကို။

အဖို့ဘာဂပါလာတော့လည်း သိုက်စောင့်ဘဝရောက်ရတာ ပေါ့ အစ်ကိုရယ်။

အစ်ကိုနဲ့အမိအဖများ ကိုသာ သနားမိပါတယ်။ ညီမလေးကို အကြောင်းပြုပြီးသိုက်ထဲကို လိုက်လာရတာ မဟုတ်လား။ အစ်ကို့ကို ချစ်သူနဲ့ကွဲခဲ့ရလို့ညီမလေးက သနားနေတာပါ''

''အစ်ကို့ချစ်သူလည်း ဒီအချိန်ဆို တခြားသူ တစ်ယောက် နဲ့ ချစ်ရည်မျှနေလောက်ပါပြီကွယ်။ အေးလေ၊ ဒါလည်း အပြစ်မဆိုသာပါဘူး။ သူ့ဘက်ကကြည့်ရင် အစ်ကိုဟာ သေသွားပြီမဟုတ်လား။ လင်နဲ့မယားတောင် တစ်ပင်လဲမူ တစ်ပင်ထူရသေးတာပဲ။ သူ့ကို အစ်ကို မေ့လိုက်ပါပြီကွယ်''

''အစ်ကိုရယ်၊ ညီမလေးတို့ ရောက်ရာဘဝမှာ ပဲ ပျော်ပျော်နေကြပါစို့နော်။ တကယ်တော့အစ်ကိုရယ် သာသနာသိုက်ကို စောင့်ရှောက်ခွင့်ရတယ်ဆိုတာလည်း နည်းတဲ့ကုသိုလ်မှမဟုတ်ဘဲ''

* * * * *


ကျွန်မတို့မိသားစုသည် သာသနာသိုက်ကို စောင့်ရှောက်ရင်း အေးချမ်းစွာ နေထိုင်ခဲ့ကြပေသည်။

သိုက်ထဲ၌ ရွှေငွေကျောက်သံပတ္တမြားများ တောင်ပုံရာပုံရှိနေပေသည်။ နောင်ဘုရားတစ်ဆူပွင့်သည့်အခါ သာသနာပြုရန်ထားရှိသော ပစ္စည်းများ ဖြစ်ပေတော့၏ ။ အထူးခြားဆုံးရတနာများ ကား သိုက်ဒင်္ဂါးများ ပင် ဖြစ်ပေတော့သည်။ သိုက်ဒင်္ဂါးများ ကို ရွှေသားစစ်စစ်ဖြင့် ပြုလုပ်ထားပြီး တစ်ဖက်၌ နေ၏ တံဆိပ် ဥဒေါင်းရုပ်ကိုလည်းကောင်း၊ တစ်ဖက်၌ လ၏ တံဆိပ် ယုန်ရုပ်ကိုလည်းကောင်း ပုံဖော်ထားလေသည်။ နေလရတနာသိုက်၏ အမှတ်အသားသိုက်ဒင်္ဂါးများ ပင် ဖြစ်လေသည်။ နေလတံဆိပ်ပါ သိုက်ဒင်္ဂါးများ သည်လည်းသိုက်ထဲ၌ တောင်ပုံရာပုံပြန့်ကျဲလျက် ရှိလေသည်။

မိခင်နှင့် ဖခင်တို့မှာ လူကြီးအရွယ်များ မို့ တရားဓမ္မများ ရွတ်ဖတ်သရဇ္ဈာယ်ရင်း အချိန်ကုန်လွန်ခဲ့လေသည်။ ကျွန်မတို့မောင်နှမ ကတော့လူငယ်လူရွယ်များ မို့ ဆော့ကစားရင်း လည်ပတ်ရင်းဖြင့် အချိန်များ ကို ဖြုန်းခဲ့ကြလေ၏ ။

ကျွန်မတို့မောင်နှမသည် အနီးအပါးရှိရွာများ သို့ သွားရောက်ကာရွယ်တူလူငယ်လူရွယ်များ ကို တစေ့တစောင်း အကဲခတ်ကြလေ၏ ။ ကျွန်မတို့နှင့် ရွယ်တူလူငယ်များ မှာ လူပျိုအပျိုဖော်များ ဖြစ်ကြရာ တစ်ဦးနှင့် တစ်ဦးစောင်းချိတ်ခြင်း၊ မထိတထိစနောက်ခြင်း၊ ချစ်စကားကြိုက်စကား ပြောဆိုခြင်း၊ ချစ်သူတို့ဘာဝ ချိန်းဆိုတွေ့ ဆုံခြင်း ပြုကြသည်ကို တွေ့ ရပေသည်။

ကျွန်မတို့သည် လူ့ရပ်လူ့ရွာသို့သွားရောက်ရာ၌ ကျွန်မတို့ကသာလူအများ ကိုမြင်တွေ့ နေရပြီး လူများ က ကျွန်မတို့ကို မမြင်တွေ့ နိုင်ပါပေ။

ကျွန်မတို့မောင်နှမသည် သက်တူရွယ်တူများ ၏ ဓလေ့သဘာဝ အပြုအမူများ ကိုကြည့်ကာ အားကျနှစ် လိုခြင်း ဖြစ်ကြရလေ၏ ။ ကျွန်မတို့သိုက်နန်းရှင်များ အဖို့မူကား လူသာမန်တို့ကဲ့သို့ အပျော်အပါးများ ကို ခံစားရနိုင်ခြင်း မရှိပေ။

ကျွန်မတို့သည် လူ့ရပ်လူ့ရွာ လူတို့နေထိုင်ရာနေရာများ သို့ သွားရောက်ရာ၌ သိုက်နှင့် မလှမ်းလှသော ကျေးရွာကလေးများ သို့သာ သွားရောက်ခွင့်ရခြင်း ဖြစ်ပါသည်။ သိုက်ချုပ်ဘိုးဘိုးကြီး ခွင့်ပြုထားသော နေရာများ ကိုသာ သွားခွင့်ရပေ၏ ။

သိုက်ချုပ်ဘိုးဘိုးကြီးသည် ကျွန်မတို့သိုက်နန်းသို့ မကြာခဏရောက်ရှိလာတတ်ပေ၏ ။ လိုအပ်သည်များ ကို စီစဉ်ညွှန်ကြားပေးတတ်သည်။ သိုက်ချုပ်ဘိုးဘိုးကြီးသည် ဤနေရာဒေသတစ်ဝိုက်ရှိ သိုက်အများ အပြားကို အုပ်ချုပ်ရသော သိုက်နန်းများ ၏ အကြီးအကဲပုဂ္ဂိုလ်ကြီး ဖြစ်ပါပေ၏ ။

ကျွန်မတို့သည် သိုက်ချုပ်ဘိုးဘိုးကြီး၏ ခွင့်ပြုချက်အရ သိုက်နန်းရှိရာ မြစ်အရှေ့ဘက်ကမ်းရှိ ရွာကလေးများ သို့ သွားလာခွင့်ရပေ၏ ။ ထို့ပြင်မြစ်အောက်လိုဏ်ခေါင်းကြီးမှတစ်ဆင့် မြစ်အရှေ့ဘက်ကမ်းရှိ စစ်ကိုင်းတောင်တန်းများ ပေါ်သို့ သွားလာခွင့်ကိုလည်း ပေးထားပေသည်။

ဥမင်လိုဏ်ခေါင်း၏ တစ်ဖက်ထွက်ပေါက်သည် ဆွမ်းဦးပုညရှင်တောင်ခြေရင်း၏ ချုံနွယ်ပိတ်ပေါင်းများ ကြား၌ ရှိပေသည်။ ကျွန်မတို့သိုက်ရှိရာ စေတီလေးမှာ မြစ်၏ အောက်ဘက်ကျသော တောင်ကုန်းလေးပေါ်၌ ရှိသည့်အတွက် ပုညရှင်စေတီကြီးနှင့် ဓားလွယ်ခုတ် တည်ရှိနေပါသည်။

ထို့ကြောင့် မြေအောက်ဥမင်လိုဏ်ခေါင်းကြီးမှာ လည်း ရှည်လျားစွာ တည်ရှိနေလေ၏ ။

ကျွန်မသည် မိဘများ နှင့်အတူ နံနက်ဝေလီဝေလင်းအချိန်တိုင်းမြစ်ကြမ်းပြင်အောက် လိုဏ်ခေါင်းကြီးမှတစ်ဆင့် တစ်ဖက်ကမ်းရှိ ဆွမ်းဦးပုညရှင်စေတီတော် ကြီးဆီသို့ သွားရောက်ကြလေသည်။

ဆွမ်းဦးပုညရှင်စေတီကြီးတွင် ဆွမ်း၊ ပန်း၊ ရေချမ်းများ သွားရောက်ကပ်လှူခြင်းပင် ဖြစ်ပါသည်။ ကျွန်မတို့သည် ဆွမ်းဦးပုညရှင်စေတီကြီးသို့ ဆွမ်းကပ်လှူခြင်းအမှု ကို နေ့စဉ်ပြုခဲ့ကြပေသည်။

ဆွမ်းဦးပုညရှင်စေတီဟု ဘွဲ့မည် တွင် နေခြင်းမှာ လူသာမန်များ သည်မည် မျှစောစွာ ထ၍ ဆွမ်းဆက်ကပ်သော်လည်း ဘယ်သော အခါမှ အဦးဆုံးဆွမ်း မ ဖြစ်ကြချေ။ မိမိတို့ထက် ဦးစွာ ကပ်လှူထားသော ဆွမ်းများ ကို အမြဲတွေ့ နေရသည့်အတွက် ဆွမ်းဦးပုညရှင်ဟု ဘွဲ့မည် တွင် နေခြင်းပင် ဖြစ်ပါသည်။

ကျွန်မတို့သည် လူ့ဘဝကတည်းကပင် ပုညရှင်စေတီကြီးတွင် ဆွမ်းကို လူသာမန်များ ဦးအောင်ဆက်ကပ်ခွင့်မရကြောင်း မှတ်သားခဲ့ရပြီး ဖြစ်သည်။

သိုက်နန်းရှင်ဘဝတွင် အရုဏ်ဦးအချိန်များ ၌ ပုညရှင်စေတီကြီးသို့နေ့စဉ်သွားရောက်တော့မှပင် လူပုဂ္ဂိုလ်များ ထက် ဦးအောင်ရောက်လာကာဆွမ်းကပ်လှူကြသည့် နတ်သိကြားများ ကိုတွေ့ မြင်ရလေတော့၏ သိကြားမင်းနှင့် တကွ နတ်ဒေဝါများ ကောင်းကင်မှကြွလာကာ ပုညရှင်စေတီကြီးတွင် အရုဏ်ဦးအချိန် ဆွမ်းကပ်လှူသည့်မြင်ကွင်းမှာ ကြည်ညိုဖွယ်၊ စိတ်နှလုံးညွတ်နူးဖွယ် ကောင်းလှပါပေ၏ ။

ကျွန်မတို့မောင်နှမသည် မိဘများ နှင့် အတူ အရုဏ်ဦးဆွမ်းကပ်ချိန်၌ သာမဟုတ်။ ကျွန်မတို့မောင်နှမနှစ် ယောက် တည်း ညနေခင်း အချိန်များ ၌ စစ်ကိုင်းတောင်တန်းများ ဆီ သွားရောက်လည်ပတ်ကာ ဆော့ကစားခဲ့ကြပါသေးသည်။

မြစ်အောက်လိုဏ်ခေါင်းကြီးမှတစ်ဆင့် တစ်ဖက်ကမ်းစစ်ကိုင်းတောင်တန်းများ သို့ သွားသည့်အခါတိုင်း လိုဏ်ခေါင်းအလယ်တွင် အိပ်စက်စောင့်ဆိုင်းနေသော နဂါးကြီးကိုတွေ့ ရလေ၏ ။ နဂါးကြီးသည် အမြဲတစေအိပ်စက်နေတတ်ကာ ကျွန်မတို့ သူ့အနားမှ ဖြတ်လျှောက်သွားသည့်အခါမှပင် နိုးထလာပြီး စူးရှဝိုင်းစက်သော မျက်လုံးအစုံဖြင့် ကြည့်တတ်လေသည်။

ထို့နောက် သူသည် ပြန်လည်အိပ်စက်ကာ အိပ်မောကျသွားမြဲ ဖြစ်လေ၏ ။

နဂါးကြီးက သိုက်နန်းကြီးစတင်တည်စကပင် အစောင့်တာဝန်ကိုယူခဲ့ရသော ကာလနဂါးကြီး ဖြစ်ပေ၏ ။ ကာလနဂါးကြီးသည် ကျွန်မတို့မိသားစုသိုက်ထဲသို့ရောက်ရှိရန်အတွက် ကျွန်မတို့စီးလာသော လှေကလေးကို မှော က်ပစ်ပြီး ကျွန်မတို့ဝိညာဉ်များ ကို နှုတ်ယူပြီးသည့်နောက် မည် သည့်တာဝန်မှမရှိတော့ပေ။ နောင်အနှစ် တစ်ရာပြည့်၍ သိုက်စောင့်မိသားစုအသစ် လဲလှယ်မှသာ သူ့တွင် တာဝန်ရှိလာပေလိမ့်ဦးမည် ။

ယခုတော့မူ ကာလနဂါးကြီးသည် အမြဲတစေအိပ်စက်ရင်းဖြင့် သာအချိန်ကုန်လွန်နေပေတော့၏

* * * * *




ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ နေလရတနာသိုက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဒေါက်တာစိုးထိုက်နှင့် ကဝေ့ကြေးမုံ

ဒေါက်တာစိုးထိုက်နှင့်ရေနန်းသူဇာ

လိပ်ပြာဧည့်သည်(ထူးခြားဆန်းကြယ်သရဲတစ္ဆေဇာတ်လမ်း)