Cover

ဒေါက်တာစိုးထိုက်၏ မိတ်ဆက်အမှာ စာ

ကျွန်ုပ် ဒေါက်တာစိုးထိုက်သည် .... ဆရာဝန်တစ်ဦးပင် ဖြစ်လင့်ကစား အသက် ၄ဝ အရွယ်မှစ၍ ဆေးကုသခြင်းအလုပ်ကို စွန့်လွှတ်ကာ ကျွန်ုပ် ဝါသနာပြင်းပြသော လုပ်ငန်းတွင် သာ အာရုံနှစ် ၍ လုပ်ကိုင် ခဲ့လေသည်။

ကျွန်ုပ်သည် အသက် ၄ဝ အထိသာ အစိုးရဆေးရုံများ တွင် ဝန်ထမ်းဆရာဝန်အ ဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ် မှစ၍ ဝန်ထမ်းအ ဖြစ်မှ နှုတ်ထွက်ကာ ကျွန်ုပ်စိတ်ဝင်စားသော ဝိညာဉ်လောက၊ နာမ်လောက ဆိုင်ရာ လေ့လာမှု သုတေသနလုပ်ငန်းများ တွင် အာရုံနှစ် ၍ လှုပ်ရှားခဲ့လေသည်။

ကျွန်ုပ်သည် ဝန်ထမ်းဘဝတွင် အင်္ဂလန်နိုင်ငံသို့ ပညာတော် သင်ခရီးသွားရောက်ခဲ့ရသေးရာ အင်္ဂ လန်နိုင်ငံရှိ 'ဗြိတိသျှမနောသုတေသန' အသင်းကြီးသို့ ဝင်ထွက်သွားလာခဲ့ပြီး ထိုအသင်းကြီးတွင် တစ်ဦး တည်းသော မြန်မာနိုင်ငံသား အသင်းဝင်တစ်ဦးအ ဖြစ် အသင်းဝင်ရောက်ခဲ့လေသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ဝန်ထမ်းအ ဖြစ်မှ နှုတ်ထွက်ပြီးချိန်တွင် မြန်မာနိုင်ငံ အရပ်ရပ်ရှိ ကျွန်ုပ် လေ့လာတွေ့ ရှိသမျှသော ဝိညာဉ်၊ နာနာဘာဝ၊ စုန်း၊ တစ္ဆေ၊ ကဝေ၊ ဥစ္စာစောင့်၊ လူဝင်စား၊ မှော် ....အစရှိသည့် နာမ်လောကဆိုင်ရာကိစ္စရပ်များ ကိုလေ့လာသုတေသနပြုခဲ့ပေသည်။ ကျွန်ုပ် လေ့လာတွေ့ ရှိခဲ့သော အမှု တွဲ များ အနက် သက်သေသကက္ကာယခိုင်လုံသော ဖြစ်ရပ်များ ကို လန်ဒန်ရှိ မနော သုတေသနအသင်းကြီးသို့ အထောက် အထားအချက်အလက်များ နှင့် အတူ ရေး သားပေးပို့ခဲ့လေသည်။

ကျွန်ုပ် တွေ့ ရှိချက်များ အား အသင်းကြီးမှ အခါအားလျော်စွာ ထုတ်ဝေသော စာစောင်၊ စာအုပ် များ တွင် ဖော်ပြခဲ့ရာ ကမ္ဘာအရပ်ရပ်ရှိ ဝိညာဉ်သုတေသနပညာရှင်များ ကြားတွင် ကျွန်ုပ်အမည် မှာ အတန်အ သင့် ထင်ရှားလျက် ရှိပေပြီ။

၁၉၉၈ခုနှစ် တွင် ကျွန်ုပ်သည် အမှု တွဲ တစ်ခုအတွက် မန္တလေးမြို့သို့ သွားရောက်ခဲ့ရာ ကျွန်ုပ်၏ လုပ် ငန်းများ ကို စိတ်ပါဝင်စားစွာ ကူညီလုပ်ကိုင်ပေးခဲ့သည့် လူငယ်လေးတစ်ဦးနှင့် ရင်းနှီးသိကျွမ်းခဲ့ရလေသည်။ ထိုလူငယ်သည် စာပေရေး သားရန် ကြိုးစားလေ့လာနေသော စာပေဝါသနာရှင်တစ်ဦး ဖြစ်ရုံမက မနောသုတေ သနလုပ်ငန်းများ ကိုလည်း စိတ်ဝင်စားလှပေသည်။ လူငယ်က ကျွန်ုပ် အင်္ဂလိပ်ဘာသာဖြင့် ရေး သားသော ဆောင်းပါးအချို့ကို ဖတ်ရှုခဲ့ဖူးပြီး ဖြစ်သဖြင့် ကျွန်ုပ်မှာ အံ့သြရသေးသည်။

လူငယ်သည် ကျွန်ုပ် သွားရောက်လိုသည့်နေရာများ ကို သူ၏ မော်တော် ဆိုင်ကယ်လေးဖြင့် လိုက် လံပို့ဆောင်ပေးရုံမက၊ ကျွန်ုပ် တွေ့ ဆုံလိုသော လူများ ကို ဆက်သွယ်ပေးခြင်း၊ စုံစမ်းပေးခြင်းများ ပြုလုပ်ခဲ့ရာ ကျွန်ုပ်မှာ များ စွာ ကျေးဇူးတင်မိပေ၏ ။

နောက်ပိုင်းတွင် လည်း လူငယ်နှင့် ကျွန်ုပ်သည် အဆက်အသွယ် မပြတ်ခဲ့ပေ။ သူ ရန်ကုန်မြို့သို့ ရောက်လာသည့်အခါတိုင်းလည်း ကျွန်ုပ်ထံ ဝင်ရောက်လည်ပတ်လေ့ရှိ၏ ။ ကျွန်ုပ် သုတေသနပြုခဲ့သော အမှု တွဲ များ ကို လေ့လာဖတ်ရှု၏ ။ ဖြစ်ရပ်များ ကိုလည်း သေချာမေးမြန်း၍ မှတ်စုတွင် မှတ်သားထားပေ၏ ။

၂ဝဝ၃ ခုနှစ် ၏ မိုးရာသီနေ့တစ်နေ့တွင် ထိုသူငယ် ကျွန်ုပ်ထံသို့ရောက်လာပြန်ရာ ယခုတစ်ကြိမ် တွင် မူ ကျွန်ုပ်အတွက် အံ့သြစရာ၊ အားရစရာလုပ်ရပ်များ ကို ထိုသူငယ်က ယူဆောင်လာခဲ့ပေသည်။

''ကျွန်တော် စာရေး ဝါသနာပါတာကို ဆရာကြီးလည်း အသိပဲ။ အခု ကျွန်တော် ဝတ္ထုတချို့ ရေး ထားပါတယ် ဆရာကြီး။ ကျွန်တော် ရေး တဲ့ ဝတ္ထုတွေ ကတော့ တခြားမဟုတ်ပါဘူး။ ဆရာကြီးကိုယ်တိုင် လေ့လာသုတေသနပြုထားတဲ့ ဖြစ်ရပ်တွေ ကို ဝတ္ထုပုံစံနဲ့ ရသပါအောင် ပြန်ရေး ထားတာပါ။ ဆရာကြီး ဖတ်ကြည့်ပြီး ဝေဖန်ချက်ပေးပါဦး။ ဆရာကြီး ကျေနပ်တယ်ဆိုရင် လူအများ ဖတ်ရှုနိုင်အောင် စာအုပ်အ ဖြစ် ထုတ်ဝေ ချင်ပါတယ်။ စာအုပ်ထုတ်ဖို့လည်း ဆရာကြီးဆီက ခွင့်ပြုချက်ရလိုပါတယ်''

လူငယ်က သူ ရေး သားပြီးစီးထားသည့် စာမူများ ကို ကျွန်ုပ်အား ပေးအပ်ခဲ့ပေ၏ ။

ကျွန်ုပ်သည် ဝတ္ထုအ ဖြစ်ရေး သားထားသော ၄င်းစာမူများ အား ဖတ်ရှုကြည့်ရာ ဖြစ်ရပ်များ ကို ကိုယ် တိုင်သုတေသနပြုခဲ့သော ကျွန်ုပ်ကိုယ်တိုင်ပင်ဇာတ်ကြောင်းကိုသိပြီး ဖြစ်ပါလျက် ရင်ခုန်ထိတ်လန့်ခြင်း၊ အံ့သြ တုန်လှုပ်ခြင်းများ ကို ခံစားရပေ၏ ။ ယင်းသို့ခံစားရသည်မှာ အခြားကြောင့် မဟုတ်။ ၄င်း၏ ဇာတ်လမ်းဖွဲ့ စည်းပုံ၊ ရေး သားမှု ကျွမ်းကျင်ပုံများ ကြောင့် ပင် ဖြစ်ပေတော့သည်။

ဆောင်းလုလင်က အချို့ဝတ္ထုများ တွင် ကျွန်ုပ်အား ဇာတ်ကောင်အ ဖြစ် ထည့်သွင်းထားပြီး အချို့ ဝတ္ထုများ ၌ ကျွန်ုပ်ကိုယ်တိုင် လေ့လာသုတေသနပြုခဲ့သည့်အတိုင်း ရေး သားထားသည်။ အချို့ဝတ္ထုများ တွင် ကား ဖြစ်ရပ်ကို ဝတ္ထုသဖွယ် သရုပ်ဖော်ရေး သားထားပေ၏ ။ မည် သို့ဆိုစေ ကျွန်ုပ်၏ အတွေ့ အကြုံများ ကို ရသပါသော ဝတ္ထုသဖွယ် တန်ဆာဆင်ရေး သားထားသည့်အတွက် ကျွန်ုပ်မှာ ကျေနပ်ဝမ်းမြောက်မိပေ သည်။

ကျွန်ုပ်သည် မြန်မာစာဖတ်ပရိသတ်များ သိရှိရန်အလို့ငှာ ကျွန်ုပ်၏ လေ့လာတွေ့ ရှိချက်များ ကို စာပေဖြင့် ရေး သားတင်ပြရန် စိတ်ကူးမှာ မဆွကတည်းကပင် ရှိခဲ့လေ၏ ။ သို့ရာတွင် ....ကျွန်ုပ်မှာ မအား လပ်ခြင်း၊ မြန်မာစာရေး သားရာတွင် ကျွမ်းကျင်မှု မရှိခြင်း (ကြွားဝါခြင်းမဟုတ်၊ ကျွန်ုပ်သည် အင်္ဂလိပ်ဘာသာ ဖြင့် ရေး သားခြင်းကိုသာ ကျွမ်းကျင်ပါသည်) ....တို့ကြောင့် ကျွန်ုပ်၏ ဆန္ဒများ နှောင့်နှေးခဲ့ရပေ၏ ။ ယခု ကျွန်ုပ် ခင်မင်သော လူငယ်က 'ဆောင်းလုလင်'ဆိုသော ကလောင်အမည် ဖြင့် ကျွန်ုပ်၏ အတွေ့ အကြုံများ ကို ရသပါသော ဝတ္ထုသဖွယ် စီကုံးရေး သားပေးသည့်အခါ ကျွန်ုပ်၏ အာသာဆန္ဒကို ဖြည့်စွမ်းပေးရာရောက်သဖြင့် ကျွန်ုပ်မှာ များ စွာ ကျေးဇူးတင်ရပေ၏ ။

ဆောင်းလုလင်က အချို့ ဖြစ်ရပ်များ ကို နေရာဒေသ၊ ကာယကံ ရှင်တို့၏ အမည် နာမများ ပြောင်းလဲ ရေး သားထားပေရာ ဤသည်မှာ လည်း ဖြစ်သင့်သော အချက်တစ်ရပ်ပင် ဖြစ်ပေ၏ ။ အချို့ဝတ္ထု၌ ကား ဖတ်ရှု ၍ ပိုအဆင်ပြေစေရန် စိတ်ကူးယဉ် ဇာတ်ကောင်များ ဖြည့်စွက်ထားသည်ကို တွေ့ ရပေသည်။ ဤသည်မှာ လည်း ရသဝတ္ထုအ ဖြစ် တင်ပြသည်မို့ ဖတ်ရှုသူများ အဖို့ အရသာ ပို၍ ပြည့်ဝစေမည် ဟု ယူဆပါသည်။

ကျွန်ုပ်ကိုယ်တိုင်သာ ဤ ဖြစ်ရပ်များ ကို စာဖြင့် ရေး သားတင်ပြရလျှင် အချက်အလက်များ ပါသော ဆောင်းပါးရှည်ကြီးသဖွယ်သာ ဖြစ်နေမည် ဖြစ်ပြီး၊ ငြီးငွေ့ဖွယ်ကောင်းမည် အမှန် ဖြစ်ကြောင်း ဝန်ခံရပေသည်။ ဆောင်းလုလင်က စာဖတ်ပရိသတ်များ ကို ကျွန်ုပ်တင်ပြလိုသော အကြောင်းအရာများ အား ကျွန်ုပ်ကိုယ်စား ရသဝတ္ထုအနေနှင့် တင်ပြပေးသည့်အတွက် ကျေးဇူးတင်ရပါသည်။

သို့ ပါ၍ ....ဆောင်းလုလင်ဆိုသော သူငယ် နောက်တစ်ခေါက် ရောက်လာပြီး ကျွန်ုပ်၏ သဘောထားကို မေးမြန်းသည့်အခါ ကျွန်ုပ်က ၄င်း၏ စာပေရေး သားခြင်း အတတ်ပညာကို ချီးကျူးကာ ဝတ္ထုများ အ ဖြစ် ပုံနှိပ် ထုတ်ဝေလိုပါက ထုတ်ဝေနိုင်ပါကြောင်း ကျေနပ်စွာ ဖြင့် ခွင့်ပြုချက်ပေးလိုက် ရပါသတည်း။

ဒေါက်တာစိုးထိုက်

မနောဝိညာဉ်သုတေသီ

M.B., B.S.

M. Med. Sc

M.P.H (London )

* * * * *


အခန်း (၁)

သီပေါမင်းလက်ထက်

ခရစ်နှစ် ၁၈၈၂ ခုနှစ်

နန်းတွင်းမှလူပျိုတော် တစ်ဦး ဖြစ်သူ မောင်သာညိုသည် ဗဟိုရ်စည်နာရီစင်ကြီး၏ အထက်ထပ် မှနေ၍ မြေပြင်သို့လိမ့်ကျကာ ကွယ်လွန်သွားခဲ့လေသည်။

မောင်သာညိုသည် နန်းတွင်းသမားတော် ကြီးဦးသံချိန်၏ သားတစ်ဦး ဖြစ်ကာ ...ဆေးပညာရပ် များ ကို ဖခင်ကြီးထံမှ သင်ယူလေ့လာနေသည့် လူငယ်တစ်ဦးလည်း ဖြစ်ပေသည်။ မောင်သာညိုသည် ဆေးပညာသာမက အမြင်ကျယ်သော လူငယ်တစ်ဦး ဖြစ်သည့်အားလျော်စွာ ထိုကာလက နန်းတွင်းတွင် ဝင်ထွက်ခစားနေသော အင်္ဂလိပ်အရာရှိများ ထံတွင် တပည့်ခံကာ အင်္ဂလိပ်ဘာသာစကားနှင့် ခေတ်မီသိပ္ပံ ပညာရပ်များ ကို လေ့လာဆည်းပူးခဲ့ပေသည်။

မောင်သာညိုသည် အရှင်နှစ် ပါး၏ ချစ်ခင်မှုကိုခံယူရကာ အရွယ်ရောက်စမှာ ပင် လူပျိုတော် အ ဖြစ် နန်းတွင်း၌ အခစားဝင်ခွင့် ရရှိခဲ့လေသည်။

စုဖုရားလတ်၏ မယ်တော် ဆင်ဖြူမရှင်မိဖုရားကြီးကလည်းမောင်သာညို၏ အကင်းပါးခြင်း၊ Óာဏ် ရည်ထက်မြက်ခြင်းများ အတွက် ချစ်ခင်နှစ်သက် တော် မူခဲ့လေသည်။

မောင်သာညိုသည် လူကြီးသူကြီးများ နှစ်သက် လောက်သည့် ရုပ်ရည်ရူပကာရှိကာ လူကြီးများ အပေါ်တွင် လည်း ရိုသေကိုင်းရှိုင်းခြင်းရှိပေ၏ ။ ထိုသို့ အရည်အချင်းပြည့်ဝသော လူငယ်လေးတစ်ဦးမို့ နန်း တွင်း၌ ဘုရင့်သားတော် များ နှင့်မခြား မျက်နှာပွင့်လန်းခဲ့ပေ၏ ။

သို့ရာတွင် လူတို့၌ အစစအရာရာပြည့်စုံခြင်းမရှိသည့် ထုံးစံဓလေ့ရှိသည့်အတိုင်း မောင်သာ ညိုသည်လည်း မိမိကိုယ်မိမိမူ ပြည့်စုံသည့်လူ တစ်ယောက် ဟု မထင်မိချေ။ အကြောင်းမှာ မောင်သာညို ချစ်ကြိုက်နေသော မိန်းမပျိုသည် မောင်သာညို၏ ချစ်ရေး ဆိုမှုကို မတုံ့ပြန်ရုံသာမက မောင်သာညိုအား အမျိုးမျိုး ကဲ့ရဲ့ ခြင်း၊ လှောင်ပြောင်ခြင်း၊ အရှက်ခွဲခြင်းများ ပြုလုပ်နေသော ကြောင့်ပင်။

မောင်သာညိုချစ်ခင်စုံမက်မိသော မိန်းမပျိုမှာ မိသဲရှင်ဆိုသော နန်းတွင်းအပျိုတော် တစ်ဦး ဖြစ် ပေ၏ ။ မိသဲရှင်သည် အောက်အရပ်မှ ရောက်ရှိလာသော အပျိုတော် တစ်ဦး ဖြစ်ပေသည်။ ၄င်း၏ ဦးရီး တော် သည် ဘုရင့်မြင်းတပ်၌ မြင်းမှုထမ်းအ ဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပြီး၊ မိဘများ ဆုံးပါး သွားသည့်အခါ ဦးရီး ဖြစ်သူထံ လာရောက်ခိုလှုံရင်း နေပြည်တော် သို့ ရောက်ရှိလာသည့်မိန်းမငယ်တစ်ဦး ဖြစ်ပေသည်။

မိသဲရှင်၏ လှပ်ချောမောခြင်း၊ ရည်မွန်သွက်လက်ခြင်းများ ကြောင့် နန်းတွင် အပျိုတော် တစ်ဦး အ ဖြစ် အခစားဝင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သေည်။

မောင်သာညိုသည် မိသဲရှင်ကိုချစ်ကြိုက်၍ မေတ္တာစကား ကမ်းလှမ်းရာ မိသဲရှင်ဖက်မှ မနှစ် သက်နိုင်၍ တုံ့ပြန်မှုမရရှိခဲ့ချေ။ မိသဲရှင်သည် မောင်သာညို့အချစ်ကို မတုံ့ပြန်ရုံသာမဟုတ်၊ ဗမာင်သာ ညိုအား ကဲ့ရဲ့ လှောင်ပြောင် စကားတင်းဆိုခြင်းများ ပြုလုပ်ခဲ့ပေသည်။

မောင်သာညိုအဖို့ အခြားသော အရည်အချင်းမှန်သမျှကို ဘုရင့်သားတော် များ နှင့်မခြား ယှဉ်ပြိုင် နိုင်ပါလျှက် အချစ်ရေး ကျကာမှ ကျေးတောမှရောက်လာသော အပျိုတော် လေးက လှောင်ပြောင်ခြင်းခံရ သည့်အခါ မခံမရပ်နိုင်အောင် ဖြစ်မိပေ၏ ။

တစ်ခုသော ဝါဆိုလပြည့်ပွဲတော် တွင် ဥယာဉ်အတွင်း၌ နန်းတွင်းသူ၊ နန်းတွင်းသားများ စုံညီစွာ ပွဲသဘင်ကျင်းပနေခိုက် မောင်သာညိုသည် နှင်းဆီပန်းတစ်ပွင့်ကို အပင်မှခူးကာ မိသဲရှင်အား လူသူ ရှေ့တွင် သွားရောက်ပို့ဆက်ခဲ့လေသည်။ မိသဲရှင်က နှင်းဆီပန်းကို လက်ခံရယူပြီးနောက် ချောင်တစ် နေရာတွင် ငိုက်မြည်းနေသော အသားမည်းမည်း၊ သွားခေါခေါနှင့် အထိန်းတော် ကြီးထံသွားရောက်ကာ ခေါင်း၌ ပန်ဆင်ပေးခဲ့လေသည်။ ထိုအ ဖြစ်ကိုမြင်ရသူအပေါင်းသည် အုံးအုံးကျွက်ကျွက် ရယ်ပွဲဖွဲ့ခဲ့ကြ လေ၏ ။

ဘုရားကိုးဆူပွဲတစ်ခု၌ လည်း မိသဲရှင်တို့အပျိုတော် တစ်စုသည် ဧည့်ခံကျွေးမွေးရေး တာဝန်ကို ယူ ခဲ့ကြရပေသည်။ မိသဲရှင်သည် လက်ဖက်အုပ်များ ကို ဧည့်သည်များ ရှေ့မှော က်သို့ချကာ ဧည့်ဝတ်ပြုလျှက် ရှိလေသည်။ ဘုရားကိုးဆူပွဲသို့ရောက်လာသော မောင်သာညိုသည် အမှတ်သည်းခြေမရှိသေးပဲ မိသဲရှင် အနီးသို့ ကပ်သွားကာ- -

''မောင်မောင့်အတွက်များ ရော လက်ဖက်ပွဲနှင့် ဧည့်မခံတော့ဘူးလား နှမငယ်''

- ဆိုကာ မေးမြန်းဝင်ရောလေသည်။ မိသဲရှင်သည် မောင်သာညိုအား ခပ်စောင်စောင် ပြန်ကြည့်ကာ

''အလို ...ဧည့်ခံရသာပ မောင်မောင်၊ ခေတ္တစောင့်ပါလင့်''

မိသဲရှင်သည် အတွင်းခန်းထဲသို့ ဝင်သွားလေသည်။

မကြာခင် အတွင်းခန်းထဲမှ မိသဲရှင်ပြန်ထွက်လာရာ ၄င်း၏ လက်ထဲ၌ လက်ဖက်အုပ်တစ်အုပ် ပါလာလေသည်။

မိသဲရှင်သည် လက်ဖက်အုပ်ကို မောင်သာညိုသို့ ကမ်းပေး ရင်းမှ ...

''ဟော့သဟာ ...မောင်မောင့်ဖို့ လက်ဖက်အုပ်ပါပဲကွယ်ရို့၊ အလှူ့ရှင်လက်ဖက်နှင့် မျက်နှာ လုပ်ရသာပ''

''စေတနာသာ ပဓာနပါ နှမရယ်''

မောင်သာညိုသည် အများ ရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ ဖြင့် လက်ဖက်အုပ်ကို ဖွင့်လိုက်လေ သည်။ ထိုအခါ ...လက်ဖက်အုပ်အတွင်းမှ ပိုးဟပ်တစ်ကောင်သည် ကြောက်လန့်တကြား ထွက်ပြေးလာ ကာ မောင်သာညို့လက်ပေါ်သို့ တက်လေသည်။

''အလို ...အလို ...ဟဲ့ ...ဟဲ့ ...ဘယ့်နှာတုံး''

မောင်သာညိုသည် မျှော်လင့်မထားပဲ ပိုးဟပ်ကိုရုတ်တရက် မြင်လိုက်ရ၍ အံ့အားသင့်သွားစဉ် ပိုးဟပ်က အင်္ကျီလက်ကြားမှတစ်ဆင့် လက်မောင်းထဲအထိ ဝင်ရောက်သွားလေရာ ဣနြေ္ဒပျက်ယွင်းကာ ခုန်ဆွ ခုန်ဆွ ဖြစ်သွားလေသည်။ လက်ဖက်အုပ်မှာ လည်း လက်အတွင်းမှလွတ်ကျ သွားလေ၏ ။

မောင်သာညို့အ ဖြစ်ကိုကြည့်၍ နန်းတွင်းသူပျိုဖြူများ က ရယ်ပွဲ ဖွဲ့ခဲ့ကြလေသည်။ လူကြီး များ ကမူ ...''မိန်းကလေးနှယ် ...အကျီ စားသန်ပါဘိတော့'' ...ဆိုကာ မိသဲရှင်တို့တတွေ ကို ပြစ်တင်စကား ဆိုကြလေ၏ ။

မောင်သာညိုသည် မိသဲရှင်၏ လှောင်ပြောင်အရှက်ခွဲခြင်းကို နှစ် ကြိမ်တိုင်တိုင်ခံရပြီးနောက် ပိုင်း၌ ၄င်း၏ အချစ်စိတ်များ သည် မိသဲရှင်အပေါ် နားကြည်းစိတ်၊ ခံပြင်းစိတ်အ ဖြစ် ပြောင်းလဲသွားပေ တော့သည်။ သို့ရာတွင် ...''ပညာရှိအမျက် အပြင်မထွက်'' ...ဆိုသည့်အတိုင်း ဣနြေ္ဒမပျက် နေခဲ့လေ သည်။

မောင်သာညိုနှင့်ပတ်သက်၍ ထိုအကြောင်းမျှလောက်သာ သိထားသော နန်းတွင်းသူ၊ နန်းတွင်း သားတို့အဖို့ မောင်သာညို နာရီစင်ပေါ်မှကျ၍ သေဆုံးသွားကြောင်း ကြားသိရသည့်အခါ အံ့သြကြရလေ သည်။ Óာဏ်ရည်ထက်မြက်သော လူငယ်တစ်ဦးမို့လည်း နှမျောယူကြုံးမရ ဖြစ်ကြရလေ၏ ။

မောင်သာညို၏ အ ဖြစ်ကို စစ်ဆေးကြည့်ရာ ...ဗဟိုရ်စည်နာရီ စင်ပေါ်မှ မတော် တဆလိမ့် ကျခြင်းမဟုတ်ပဲ၊ တမင်သက်သက်ပင် ခုန်ချသေကြောင်းကြံခဲ့သည်ဟု ယူဆစရာအချက်များ ကို တွေ့ ခဲ့ရ ပေသည်။

မောင်သာညိုမကွယ်လွန်မီကပင် မိသဲရှင်သည် ဇာတိရပ်ရွာသို့ ခေတ္တခဏ အလည်အပတ်ပြန် သွားခဲ့လေသည်။ ဇာတိအရပ်မှ ညောင်ရေသွန်းပွဲတော် သည် အလွန်စည်ကားကာ ပျော်စရာကောင်းသော ကြောင့်လည်းကောင်း၊ ဆွေမျိုးသားချင်း သူငယ်ချင်းများ ကို သတိရသော ကြောင့်လည်းကောင်း၊ ခေတ္တ ပြန်ပါရစေဟု ဦးရီးတော် ထံခွင့်တောင်းကာ ကဆုန်လပြည့်နေ့အမီ မီးသင်္ဘောဖြင့် ပြန်သွားခဲ့ခြင်း ဖြစ်လေ သည်။

မောင်သာညိုကွယ်လွန်ချိန်၌ မိသဲရှင် မရှိချေ။

သို့ရာတွင် နောက်တစ်လခန့်ကြာသည်အထိ မိသဲရှင်ပြန်ရောက်မလာ၍ စုံစမ်းခဲ့ရာ မိသဲရှင် သည် ဇာတိအရပ်သို့ ပြန်ရောက်မလာကြောင်း သိရလေသည်။ မိသဲရှင်မှာ ထိုအချိန်မှစ၍ ပျောက်ဆုံးသွား ကာ မည် သည့် သတင်းမှ မရတော့ပါချေ။

မောင်သာညိုသာ အသက်ရှင်ရက်ရှိသေးပါက မိသဲရှင်ပျောက်ဆုံးမှုအတွက် မောင်သာညို့အ ပေါ် သံသယဝင်ကောင်း ဝင်မည် ဖြစ်ပေသည်။ မောင်သာညိုကိုယ်တိုင်လည်း မည် သည့်အကြောင်း ကြောင့်မသိ။ နာရီစင်ပေါ်မှလိမ့်ကျကွယ်လွန်သွားခဲ့ရာ မောင်သာညိုသေဆုံးမှုနှင့် မိသဲရှင်ပျောက်ဆုံးမှုမှာ သီးခြား ဖြစ်ရပ်အ ဖြစ်သာ အားလုံးက မှတ်ယူကြပေ၏ ။

ကာလကြာမြင့်သော် မောင်သာညိုကိုလည်းကောင်း၊ မိသဲရှင်ကိုလည်းကောင်း လူတို့ မေ့လျော့ သွားကြလေသည်။

* * * * *


အခန်း (၂)

ကိုလိုနီခေတ်

ခရစ်နှစ် ၁၈၉၂ ခုနှစ်

မေဂျာဂျော့ခ်ျကွန်းဝေးသည် သေနတ်ပစ်ကွင်း၏ ထိပ်အလည်တည့်တည့်၌ ခပ်မတ်မတ်ရပ် လျှက်ရှိသည်။ သူ၏ ဟန်ပန်မှာ အပြစ်ဒဏ်ကြောင့် သေနတ်ဖြင့်ပစ်သတ်ခံရတော့မည့်  ရာဇဝတ်သားတစ် ယောက် ဟုပင် ထင်စရာမရှိပေ။

မေဂျာဂျော့ခ်ျကွန်းဝေးသည် ခြေနှစ် ဖက်ကိုခွဲ၍ လက်ပိုက်ကာ တည်တည်ငြိမ်ငြိမ်ပင် ရပ်နေခဲ့ လေသည်။ စစ်သား တစ်ယောက် က အဖြူရောင် ပဝါတစ်ခုကိုယူလာကာ မေဂျာ၏ မျက်လုံးများ ကို စည်း ထားပေးရန် ခွင့်တောင်းလေသည်။ မေဂျာဂျော့ခ်ျကွန်းဝေးက ခါးခါးသီးသီးပင်ငြင်းဆန်လိုက်လေ၏ ။ သူသည် မျက်လုံးကို ပဝါမစည်းပဲ သေနတ်ဖြင့်ပစ်သတ်ခံမည် ဖြစ်သည်။

မေဂျာဂျော့ခ်ျကွန်းဝေးသည် လုံးဝမျက်နှာမပျက်ပေ။ ပြုံး၍ ပင် နေပေသေး၏ ။ သူ၏ အမူအရာမှာ ယောက်ျားပီပီ လုပ်ရဲရင်ခံရဲတယ်ဆိုသည့်အမူအရာလော အသတ်ခံရခါနီး ၍ ရူးသွပ်သွားခြင်းလောဆိုသည် ကိုမူ အကဲခတ်ရန် ခဲယဉ်းလှပေသည်။

သူသည် အင်္ဂလိပ်စစ်တပ်၏ လျှို့ဝှက်ချက်များ ကို မြန်မာစစ်ဘက်ဆိုင်ရာများ အားလျှို့ဝှက်သတင်း ပေးပို့ခဲ့ကြောင်းထင်ရှား၍ သေနတ်ဖြင့် မသေမချင်းပစ်သတ်ရန် အပြစ်ပေးခံရခြင်း ဖြစ်ပေသည်။ မြန်မာ စစ်တပ်အား မိမိတပ်၏ လျှို့ဝှက်ကိစ္စများ ကို အသိပေးခဲ့ကြောင်းကိုလည်း ၄င်းကိုယ်တိုင် ဝန်ခံခဲ့ပေသည်။

အချိန်စေ့သော အခါ ...အရာရှိက ပစ်မိန့်ပေးလိုက်လေသည်။

မေဂျာဂျော့ကွန်းဝေးကိုချိန်ထားသော စစ်သားငါးဦး၏ သေနတ်ငါးလက်ထံမှ ကျည်ဆံများ သည် တစ်ပြိုင်တည်းထွက်ပေါ်လာသော ကြောင့် အသံငါးသံအ ဖြစ် မကြားရချေ။ အသံတစ်သံတည်းအ ဖြစ်သာ ဟိန်းထွက် လာလေသည်။

သေနတ်သံစဲသည်နှင့် မေဂျာ၏ ခန္ဓာကိုယ်သည် မြေပေါ်သို့ လဲကျသွားလေသည်။

မေဂျာဂျော့ကွန်းဝေးကား မိမိတိုင်းပြည်နှင့်လူမျိုးအပေါ်တွင် လည်းကောင်း၊ မိမိသစ္စာခံတာဝန် ထမ်းဆောင်သည့် အမိနိုင်ငံတော် ၏ တပ်မတော် အပေါ်တွင် လည်းကောင်း သစ္စာဖောက်ခဲ့သူတစ်ဦး ဖြစ်ပေ သည်။

သို့သော် သူ၏ မိမိအပြစ်ကိုဝန်ခံကာ မတုန်မလှုပ် ရဲဝံ့စွာ ပြစ်ဒဏ်ခံယူသွားသည့်အ ဖြစ်ကိုမူ သူ၏ စစ်တပ်မှအရာရှိများ နှင့် စစ်သားများ ကိုယ်တိုင် မလေးစားပဲ မနေနိုင်ခဲ့ချေ။

* * * * *


ပါလီမန်ဒီမိုကရေစီခေတ်

ခရစ်နှစ် ၁၉၅၂ ခုနှစ်

အစိုးရအဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးတင်မောင်ညွန့်သည် လုပ်ငန်းလိုင်စင်များ ထုတ်ပေးရာတွင် စီစစ် မှုမရှိပဲ အလွဲသုံးစားလုပ်ဆောင်ခဲ့ကြောင်း ထင်ရှား၍ ရာထူးမှချထားခံရလေသည်။ ဦးတင်မောင်ညွန့်၏ ဆုံးဖြတ်ချက်မှားယွင်းမှု၊ ဘက်လိုက်ဆောင်ရွက်မှုများ ကြောင့် တိုင်းပြည်တွင် ငွေယိုပေါက်များ စွာ ဖြစ်ပေါ် ခဲ့ကြောင်း စီစစ်တွေ့ ရှိရလေသည်။

အမှုကိုစစ်ဆေးရာတွင် ဦးတင်မောင်ညွန့်အား ရာထူးမှချကာ နေအိမ်၌ အကျယ်ချုပ်ဖြင့် နေထိုင်စေခဲ့သည်။

ဦးတင်မောင်ညွန့်သည် ထိုကာလအတွင်း ဇာတိမြို့ ဖြစ်သော မန္တလေးသို့ ခေတ္တသွားရောက် ခွင့်ပြုရန် အထက်သို့ အသနားခံစာ တင်သွင်းခဲ့လေသည်။ ဦးတင်မောင်ညွန့်အား လူမှုရေး အရ စာနာ ထောက်ထားသော အားဖြင့် အသနားခံစာကို အထက်မှခွင့်ပြုခဲ့ပြီး လုံခြုံရေး အစီအစဉ်ဖြင့် မန္တလေးသို့ ခေတ္တသွားရောက်ခွင့်ပြုခဲ့လေသည်။

ဦးတင်မောင်ညွန့်သည် မန္တလေးသို့ရောက်သော အခါ ငယ်စဉ်က ပညာသင်ကြားခဲ့သော ဘုန်း တော် ကြီးကျောင်းသို့ သွားရောက် လည်ပတ်လေသည်။

ဘုန်းကြီးကျောင်းမှပြန်ထွက်လာသည်နှင့် ဦးတင်မောင်ညွန့်က မိမိအားအဘယ်ကြောင့် အစောင့် အရှောက်များ ဖြင့် ချုပ်နှောင်ထားကြောင်းကို ပြောဆိုမေးမြန်းလေသည်။

တပည့်တပန်းများ က ဆရာ၏ မှားယွင်းသော လုပ်ရပ်များ ကြောင့် အကျယ်ချုပ်ဖြင့်ချုပ်နှောင်ခံနေရ သည်ကို မမှတ်မိပါသလောဟု တအံ့တသြမေးမြန်းရာ ဦးတင်မောင်ညွန့်က မိမိသည် ခရီးတစ်ခုကို ထွက်ခွာသွားခြင်း ဖြစ်ကြောင်း၊ ယခုမှ ထိုခရီးစဉ်မှပြန်ရောက်လာကြောင်း၊ သို့ရာတွင် မိမိသည် မည် သည့် နေရာဒေသသို့ ရောက်ရှိခဲ့သည်ကို မမှတ်မိကြောင်း ပြောဆိုလေသည်။

ထို့ပြင် မိမိမှားယွင်းဆုံးဖြတ်ခဲ့သည်ဆိုသော ကိစ္စရပ်ကို သူကပင် ပြန်လည်မေးမြန်းစုံစမ်းနေပေ သေး၏ ။

ဦးတင်မောင်ညွန့်အား စိတ်ဆင်းရဲမှုဒဏ်ကြောင့် ရူးသွပ်သွားပြီဟုယူဆကာ စိတ် ရောဂါ ဆရာဝန် များ နှင့် ကုသခဲ့လေသည်။

ဦးတင်မောင်ညွန့်သည် လွန်ခဲ့သော သုံးနှစ် က မိမိသည် ကိုယ်တိုင်မသွားရောက်ရပဲ နေရာတစ် ခုခုသို့ အလိုလိုရောက်ရှိနေသည်ကို သတိရကြောင်း၊ ထိုနေရာ၌ သုံးနှစ် တိတိနေထိုင်ခဲ့ကြောင်း၊ ယခု မိမိ ပြန်ရောက်လာသည့်အခါတွင် မိမိအား မတရားသဖြင့် စွပ်စွဲကာ ချုပ်နှောင်ထားသည်ကို ခံရကြောင်း ...အခိုင်အမာပြောဆိုလေသည်။

ဦးတင်မောင်ညွန့်က ဆက်လက်ရှင်းပြရာတွင် မိမိနေရာသို့ အခြားလူ တစ်ယောက် က ရယူကာ မိမိဟန်ဆောင်၍ အစိုးရနှင့်ပြည်သူ လူထုကို လှည့်ဖျားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ထုချေခဲ့လေသည်။

သို့ရာတွင် ဦးတင်မောင်ညွန့်သည် သူရောက်ရှိခဲ့သည့်နေရာဒေသမှာ မည် သည့်နေရာ၊ မည် သည့်အရပ်ဆိုသည်ကို တိကျစွာ မပြောနိုင်ချေ။ ဦးတင်မောင်ညွန့်က ဇနီး ဖြစ်သူအား သူမရှိသည့် အခိုက်တွင် ဖောက်ပြန်ခဲ့ကြောင်း စွပ်စွဲခဲ့လေသည်။ သူ့နေရာတွင် ဟန်ဆောင်နေထိုင်သူသည် သူ၏ ရာထူးကိုသာမက သူ့ဇနီးကိုပါ လိမ်ညာပေါင်းသင်းသွားခြင်း ဖြစ်ကြောင်း တိုင်ကြားလေသည်။

ဦးတင်မောင်ညွန့်ဇနီး ဖြစ်သူ၏ အစစ်ခံချက်၌ မိမိ၏ ခင်ပွန်းသည် လွန်ခဲ့သော သုံးနှစ် မှစ၍ အမူ အရာပြောင်းလဲခဲ့သည်မှာ မှန်ကန်ကြောင်း၊ နှစ် ပေါင်းများ စွာ ပေါင်းသင်းလာသည့် ဇနီး တစ်ယောက် အ ဖြစ် ရိပ်မိခဲ့ကြောင်း၊ သို့သော် သူပြောသလို အခြား တစ်ယောက် က သူ့နေရာ အစားထိုးဟန်ဆောင်နေသည် ဆိုသည်မှာ မူ မ ဖြစ်နိုင်ကြောင်း၊ ဦးတင်မောင်ညွန့်၏ ခန္ဓာကိုယ်မှ ထူးခြားသော အမှတ်အသားများ ၊ မှဲ့များ မှစ၍ ယခင်အတိုင်းရှိနေသည့်အတွက် အခြား တစ်ယောက် ဆိုသည်မှာ ယုံတမ်းစကားသာ ဖြစ်ကြောင်း ပြောကြားလေသည်။ သုံးနှစ် တာကာလအတွင်း၌ ဦးတင်မောင်ညွန့်၏ အပြောအဆိုအမူအကျင့်များ တစ်မျိုးထူးခြားခဲ့ကြောင်းကိုမူ ဝန်ခံလေသည်။

ဦးတင်မောင်ညွန့်၏ အ ဖြစ်မှာ မယုံနိုင်စရာကောင်းအောင်ပင် ထူးဆန်းလှလေ၏ ။

သို့ရာတွင် ...အ ဖြစ်အပျက်များ မှာ သူ တစ်ယောက် တည်း၏ အပြောသာ ဖြစ်ပြီး သက်သေမရှိချေ။ ဦးတင်မောင်ညွန့်သည် အစိုးရအဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ၄င်း၏ သတင်းများ ၊ ခရီးစဉ်များ အား လုံး နေ့စဉ်ထုတ်သတင်းစာများ ၌ ပါခဲ့လေသည်။ သုံးနှစ် တာကာလအတွင်းတွင် ဦးတင်မောင်ညွန့်သည် လူထုရှေ့မှပျောက်ကွယ်သွားခြင်း မရှိချေ။

ဘုန်းကြီးကျောင်းမှပြန်ထွက်လာသည့်အချိန်မှစ၍ သူသည် ခရီးတစ်ခုမှ ယခုမှပြန်ရောက်လာ ကြောင်း ပြောပြခြင်းမှာ လည်း မခိုင်လုံချေ။ ဦးတင်မောင်ညွန့်သည် တာဝန်ထမ်းဆောင်နေသည့်ကာလ တစ်လျှောက်လုံး အများ ပြည်သူရှေ့၌ တစ်ရံမလပ်ရှိနေခဲ့ပေသည်။

ဦးတင်မောင်ညွန့်အား သူ၏ လွဲမှားသော လုပ်ရပ်များ အတွက် ပြစ်ဒဏ်ကိုရှောင်လွဲလို၍ ရူးချင် ယောင်ဆောင်နေသည်ဟု သတင်းစာများ က စွပ်စွဲရေး သားခဲ့လေသည်။

ဦးတင်မောင်ညွန့်ကမူ မိမိသည် သုံးနှစ် လုံးလုံး အခြားနေရာတစ်ခုသို့ရောက်နေကြောင်း၊ျွိမိ နေရာတွင် ဝင်ရောက်၍ ဆုံးဖြတ်လုပ်ကိုင်သွားသည့်လူမှာ သူမဟုတ်ပဲ သူ့အယောင်ဆောင်ထားသည့် အခြားလူ တစ်ယောက် သာ ဖြစ်ကြောင်း ခိုင်မာစွာ ပြောကြားလျှက်ပင်ရှိလေသည်။

ထိုသို့ ဦးတင်မောင်ညွန့်၏ အမှုအား လိပ်ခဲတည်းလည်းဖြင့် စစ်ဆေးဆဲကာလမှာ ပင်

ဦးတင်မောင်ညွန့် တစ်ယောက် ရောဂါ ဖိစီးနှိပ်စက်မှုဒဏ်ဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ရလေ သည်။

ဦးတင်မောင်ညွန့်ပြောခဲ့သော ဖြစ်ရပ်များ ကို အမှန်တကယ်လော၊ ရူးသွပ်၍ ပြောခဲ့ခြင်းလောဆို သည်ကိုမူ ယနေ့ထက်တိုင် မည် သူမျှ သိခွင့်မရတော့ပေ။

* * * * *




ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ ဒေါက်တာစိုးထိုက်နှင့် ကဝေ့ကြေးမုံ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မြနဲ့မောင်နဲ့ ခုမှ တွေ့တာ

သရဲခြောက်တမ်း ကစားသူများ

ဒေါက်တာစိုးထိုက် နှင့် နောက်ကြောင်းပြန်ခရီး