Cover

ပထမပိုင်း

သဘာဝ လွန် ဖြစ်ရပ်ဆန်းများ နှင့် ပတ်သက်သည့် ကိစ္စရပ်များ အားအချို့လူများ သည် ကျွန်ုပ်ထံဆက်သွယ်၍ အကြောင်းကြား အကူအညီတောင်းခံတတ်ပေသည်။၎င်းတို့ ဖိတ်ကြားအကူအညီ တောင်းခံသည့်ကိစ္စသည် မနောဝိညာဉ်ဘာသာရပ်နှင့်အကြုံးမဝင်သည့်တိုင် ကျွန်ုပ်မှာ တတ်နိုင်သလောက်အကြံပေးခြင်း၊ အကူအညီပေးခြင်းများ ပြုခဲ့ရပေသည်။ယခု ကျွန်ုပ် တင်ပြမည့် အကြောင်းအရာသည်လည်း သိပံ္ပပညာရှင်ပရော်ဖက်ဆာ တစ်ဦး ဖြစ်သူ ဒေါက်တ်တာဦးဘဆက်ဆိုသူကို၎င်း ၏ တီထွင်အောင် မြင်မှု တစ်ခုကို ဖိတ်ကြားပြသရာမှ ကြုံဆုံခဲ့ရသော ဖြစ်ရပ်ဆန်းပင် ဖြစ်ပါသည်။

အချိန်မှာ ခရစ်နှစ် ၁၉၉၉ ခုနှစ် မှ ခရစ်နှစ် ၂ဝဝဝ ပြည့်နှစ် အကူး စပ်ကူး မတ်ကူးကာလ ဖြစ်ပါသည်။နှစ် သစ်သို့မကူးမီ တစ်ပတ်ခန့်ကပင် ၁၉၉၉ ခုနှစ် ၊ ဒီဇင်ဘာလ(၃၁) ရက်နေ့တွင် ၄င်း၏ နေအိမ်၌ ကျင်းပမည့်  အခမ်းအနားသို့ တက်ရောက်ရန် ဦးဘဆက်က ကျွန်ုပ်အား ဖိတ်ကြားခဲ့ပေသည်။ဖိတ်ကြားရာတွင် ဖိတ်စာဖြင့် ဖိတ်ကြားခြင်း မဟုတ်ဘဲ၊ အကျိုးအကြောင်း ဖော်ပြသော စာတစ်စောင်ကို ကွန်ပျူတာဖြင့် စာစီ ရိုက်နှိပ်ကာစာတိုက်မှပေးပို့လိုက်ခြင်း ဖြစ်သည်။

မိတ်ဆွေ ဒေါက်တာစိုးထိုက် .

လာမည့်  နှစ် သစ်ကူးချိန် ၁၉၉၉ ခုနှစ် ၊ ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ကျွန်ုပ် နေအိမ်၌ အခမ်းအနားတစ်ခု ကျင်းပပါမည် ။အခမ်းအနားသို့ ရင်းနှီးသူ အနည်းငယ်ကိုသာ ဖိတ်ကြားရန်စီစဉ်ထားရာ ထိုအထဲ၌ ဒေါက်တာစိုးထိုက် တစ်ဦး အပါအဝင် ဖြစ်ပါသည်။အခမ်းအနားကို ညနေ ၆ နာရီ တိတိအချိန်တွင် စတင်မည် ဖြစ်၍ ပြီးဆုံးချိန်ကိုမူ သတ်မှတ်မထားပါ။သို့ပါ၍ အဆိုပါ နေ့ရက်တွင် ကျွန်ုပ် နေအိမ်သို့ အခမ်းအနားချိန်မတိုင်မီ (မပျက်မကွက်) ဆက်ဆက်ကြွရောက် စေလိုပါသည်။အကယ်၍ မလာရောက်နိုင်ပါက ကြိုတင်အကြောင်းကြားစေလိုပါသည်။

ရင်းနှီးမှု ဖြင့်
ပရော်ဖ်ဖက်ဆ်ဆာ ဒေါက်တ်တာဘဆက်

စာကို အင်္ဂလိပ်ဘာသာဖြင့် စာစီထားခြင်း ဖြစ်သည်။ဖိတ်စာရိုက်နှိပ်မဝေငှဘဲ၊ တစ်ဦးချင်းထံ နာမည် နှင့်တကွ စာရေး သား ဖိတ်ကြားခြင်း ဖြစ်ရာ ဖိတ်ကြားခံရသူ မများ လှ၍ သာ ဖြစ်ပေမည် ။ဦးဘဆက်က ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျွန်ုပ်ထံ တယ်လီဖုန်းဆက်ကာ သူပေးပို့သည့် စာရ-မရ မေးမြန်းခဲ့သေးသည်။ ကျွန်ုပ်က လာရောက်မည် ဖြစ်ကြောင်း ပြောကြားလိုက်လေ၏ ။

ကျွန်ုပ်သည် ဦးဘဆက် အကြောင်းကို စဉ်းစားနေမိလေသည်။ဦးဘဆက်သည် ယခုအချိန်တွင် အသက် ရ၅ နှစ် အရွယ်ရှိနေသည့် အဘိုးအို တစ်ယောက် ဖြစ်ပါသည်။၎င်းသည် အသက် ၃၅ နှစ် အရွယ်မှစ၍ အမေရိကန်နိုင်ငံသို့ သွားရောက်နေထိုင်ခဲ့သူ ဖြစ်သည်။ဦးဘဆက်မှာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ်ကပင် သိပ္ပံဘက်တွင် ထူးချွန်ခဲ့သူတစ်ဦး ဖြစ်သည်။ သိပ္ပံပညာကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် လိုက်စားလိုသော ကြောင့် အမေရိကန်တွင် သိပ္ပံ ပညာရပ်များ ဆက်လက်သင်ယူရန်သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သိပ္ပံပညာနှင့် ပတ်သက်သည့် တီထွင်မှု ၊ အသစ်စမ်းသပ်ရှာဖွေမှု များ နှင့် ပတ်သက်၍ ကျယ်ပြန့်စွာ လေ့လာလိုက်စားနိုင်သည့် အမေရိကန်နိုင်ငံ၌ ပင် ဆက်လက်နေထိုင်ခဲ့လေသည်။ ၄င်း၏ ဇနီးနှင့် သားကိုလည်းအမေရိကန်နိုင်ငံသို့ ခေါ်ယူလိုက်လေ၏ ။

ကျွန်ုပ်နှင့် သိကျွမ်းတွေ့ ဆုံရသည်မှာ ၁၉၈၆ ခုနှစ် က အမေရိကန် သို့ ဘွဲ့လွန်သင်တန်းတစ်ခု တက်ရောက်ရန်သွားစဉ် တွေ့ ဆုံခဲ့ရခြင်း ဖြစ်သည်။ ဘာသာရပ်ချင်းပင် မတူသော်ငြား မြန်မာလူမျိုးအချင်းချင်း ဖြစ်၍ တစ် ယောက် မှ တစ်ယောက် နှီးနွှယ်ပြီး သိကျွမ်းခဲ့ရခြင်း ဖြစ်သည်။ ဦးဘဆက်မှာ သဘောကောင်းသူတစ်ဦး ဖြစ်၍ သူ့အိမ်သည် မြန်မာ နိုင်ငံမှ ရောက်လာသော ကျောင်းသားများ အတွက် စားအိမ်သောက်အိမ် ဖြစ်နေပေသည်။ အကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံမပြန်နိုင်သူများ ၊ ဟိုနိုင်ငံ တွင် သော င်တင်နေသူများ မှာ လည်း ဦးဘဆက်၏ ထောက်ပံ့မှု မကင်းဘဲ ရှိခဲ့ကြသည်။ အချို့ကျောင်းသားများ မှာ ငွေလိုလျှင်ပင် ဦးဘဆက်ထံ သွား ရောက်ချေးငှားကြလေ၏ ။ အချို့လူငယ်များ ကို သူကပင် အလုပ်အကိုင်များ ရှာဖွေပေးထားသေးသည်။ကျွန်ုပ် ရောက်ရှိစဉ်က ဦးဘဆက်သည် ကလေးကစားစရာ ထုတ် လုပ်သော ကုမ္ပဏီကြီးတစ်ခု၏ အချိန်ပိုင်း အကြံပေးအရာရှိ ဖြစ်ပြီး ကစား စရာ အသစ်အဆန်းများ ကို ¤င်းကိုယ်တိုင် တီထွင်ထုတ်လုပ်ပေးနေသူ ဖြစ် သည်။သို့သော် ထိုအလုပ်မှာ ဝင်ငွေရရန် အချိန်ပိုင်း ဆောင်ရွက်ခြင်းမျှ သာ ဖြစ်ပြီး ¤င်း၌ သိပ္ပံအဖွဲ့အစည်းကြီးတစ်ခုတွင် လျှို့ဝှက်ထမ်းဆောင်နေသော ရာထူး တစ်ခုရှိသေးကြောင်း သိရပေသည်။ သို့ရာတွင် ဦးဘဆက်သည် ထိုလုပ်ငန်းအကြောင်းကို မည် သူ့ကိုမှ ဖွင့်မပြောကြောင်းကိုလည်း တီးတိုး သတင်း သိခဲ့ရပေသည်။မည် သို့ဆိုစေ ဦးဘဆက်သည် မြန်မာလူမျိုးများ အပေါ် ခင်မင်ရင်း နှီးမှု ရှိပြီး ကြည့်ရှုစောင့်ရှောက်တတ်သော သဘောကောင်းသည့် နိုင်ငံခြား ရောက် မြန်မာကြီးတစ်ဦး ဖြစ်ပေသည်။လွန်ခဲ့သော သုံးနှစ် ခန့်က ဦးဘဆက် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်း သတင်းကြားလိုက်ရပေသည်။ ဟိုမှာ အဆင်ပြေအောင် မြင်နေပါလျက် မည် သည့်အတွက်ကြောင့် ပြန်လာသည်ကိုမူ မသိရချေ။ အသက်ကြီးရင့်လာသော မြန်မာအဘိုးကြီးများ ထုံးစံအတိုင်း ဇာတိကို လွမ်း ဆွတ်၍ အနားယူ ခေါင်းချရန် ပြန်လာခြင်းမျိုးလည်း ဖြစ်ပေလိမ့်မည် ။သူ မြန်မာပြည်ပြန်ရောက်မှ ကျွန်ုပ် နှင့် တွေ့ ဆုံခြင်း မရှိသေးချေ။

ယခု လူအနည်းငယ်သာ ဖိတ်ကြားသည်ဆိုသော အခမ်းအနားကို ကျွန်ုပ်အား ထည့်သွင်းဖိတ်ကြားထားသည့်အတွက် အံ့လည်းအံ့သြ၍ ဝမ်း မြောက်ဝမ်းသာလည်း ဖြစ်ရလေ၏ ။¤င်းက ဖုန်းဆက်၍ အတည်ပြု မေးမြန်းသော အခါ ဆက်ဆက်လာ ရောက်မည် ဖြစ်ကြောင်း ကတိပေးလိုက် လေသည်။သို့ဖြင့် ကျွန်ုပ်သည် ၁၉၉၉ ခုနှစ် ၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ကျင်းပသော အခမ်းအနားသို့ တက်ရောက်ခဲ့လေ၏ ။ယင်းသို့ တက်ရောက်ခဲ့ခြင်းကြောင့်ပင် အံ့သြစရာ၊ ထိတ်လန့်တုန် လှုပ်စရာကောင်းသော အ ဖြစ်ဆန်းများ နှင့် ကြုံဆုံခဲ့ရခြင်း ဖြစ်ပါတော့ သတည်း။ကျွန်ုပ်သည် ချိန်းဆိုထားသော နေ့ရက်တွင် အချိန်အတိအကျ ရောက်အောင် သွားခဲ့ပေသည်။ ဦးဘဆက်မှာ အမေရိကန်တွင် ကြာမြင့်စွာ နေထိုင်လာခဲ့ရုံမက သိပ္ပံပညာရှင် တစ်ယောက် လည်း ဖြစ်နေ၍ အချိန်တိကျမှု ကို ဦးစားပေးသူ ဖြစ်ပေမည် ။၎င်း၏ ခြံထဲသို့ ကျွန်ုပ် ရောက်ရှိသွားချိန်၌ ညနေ ၆ နာရီ ထိုးရန် ၅ မိနစ်အလို ဖြစ်ပေ၏ ။ခြံစောင့်က ခြံဝင်းတံခါး ဖွင့်ပေးလိုက် သည်နှင့် ကျွန်ုပ် ကားရပ်သည့် နေရာသို့ လူ တစ်ယောက် ရောက်ရှိလာကာ ကြိုဆိုလေ၏ ။

''လူကြီးမင်းက ဒေါက်တာစိုးထိုက်လား၊ ဒေါက်တာမင်းလွင်လား ခင်ဗျာ''

''ကျုပ် ဒေါက်တာစိုးထိုက်ပါ''

''ဟုတ်ကဲ့ ဆရာကြီး၊ ကျွန်တော် က ဆရာကြီးဦးဘဆက်ရဲ့ လက် ထောက်ပါ။ နာမည် က ဆလိုင်းမောင်ရှိန်လို့ ခေါ်ပါတယ်။ ဦးဘဆက်က ဆရာကြီးတို့ကို နေရာချထားပေးဖို့ မှာ ထားပါတယ်၊ ကြွပါခင်ဗျာ''ဆလိုင်းမောင်ရှိန်က ကျွန်ုပ်အား အိမ်အတွင်းဘက်သို့ ခေါ်သွား လေသည်။ ဧည့်ခန်းကို ကျော်လွန်၍ နောက်ဖေးဘက်အထိ ခေါ်သွားလေမှ အိမ်ကိုနောက်ဘက်သို့ ရှည်လျားစွာ ဆောက်လုပ်ထားကြောင်း သိရလေသည်။အိမ်နောက်ဖေးဘက် ရောက်မှပင် အိမ်နှင့် ခပ်လှမ်းလှမ်း၌ အဆောက်အဦတစ်ခု ရှိသေးသည်ကို တွေ့ ရလေ၏ ။ ထိုအဆောက်အဦမှာ ဂိုထောင်လို လေးထောင့်စပ်စပ် ဖြစ်ပြီး တစ်ထပ်တည်း ဖြစ်လေသည်။ထိုဂိုထောင်လို အဆောက်အဦနှင့် အိမ်မကြီးကို အမိုးမိုးထားသော စင်္ကြံ လမ်းကလေးတစ်ခုနှင့် ဆက်သွယ်ထားပေသည်။ ဆလိုင်းမောင်ရှိန်က ထိုစင်္ကြံလမ်းလေးအတိုင်း ရှေ့မှ လျှောက်သွားကာ ကျွန်ုပ်အား ခေါ်ဆောင် သွားလေသည်။အခမ်းအနား ကျင်းပမည့် နေရာကား ထိုအဆောက်အဦလေးထဲ တွင် ဖြစ်ကြောင်း သိလိုက်ရလေသည်။အဆောက်အဦဆီသို့ ရောက်သော အခါ ဆလိုင်းမောင်ရှိန်က ဝင် ပေါက် တံခါးမကြီးကို ဖွင့်လိုက်လေ၏ ။ အခန်းတွင်းသို့ဝင်နိုင်သော ဝင်ပေါက် မှာ လည်း ထိုတစ်ပေါက်တည်းသာ တွေ့ ရလေ၏ ။

''ဝင်ပါ ဆရာကြီး''

အခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် အအေးဓာတ်များ လွှတ်ထား သော ကြောင့် အတော် ပင် အေးစိမ့်သွားလေသည်။ ဒီဇင်ဘာ ဖြစ်၍ အပြင်၌ လည်း အေးနေပေရာ ဘာကြောင့် အအေးဓာတ်များ လွန်လွန်ကဲကဲ လွှတ် ထားရသည် မသိ။အခန်းထဲရောက်လျှင် ကျယ်ပြောသော ခန်းမကြီးကို တွေ့ လိုက်ရပြီး ခန်းမ အလယ်တည့်တည့်၌ စားပွဲကြီးတစ်လုံး ချထားသည်ကို တွေ့ ရလေ၏ ။စားပွဲ၏ တစ်ဖက်တွင် ယောက်ျားကြီးတစ်ဦးနှင့် မိန်းမကြီးတစ်ဦး ထိုင်နေသည်ကို တွေ့ ရ၏ ။ ရောက်နှင့် နေသော ဧည့်သည်များ ဖြစ်ပေမည် ။

''ဆရာကြီး နေရာက ဒီမှာ ပါ ခင်ဗျာ၊ စာရေး ထားပါတယ်''

ဆလိုင်းမောင်ရှိန်က အမျိုးသားကြီးနှင့် အမျိုးသမီးကြီး ထိုင်နေ သော မျက်နှာချင်းဆိုင်ဖက်ခြမ်းမှ ထိုင်ခုံတစ်လုံးကို ညွှန်ပြရင်း ပြောလေသည်။ကြည့်လိုက်ရာ စားပွဲပေါ်တွင် 'ဒေါက်တာစိုးထိုက်' ဟု ရေး ထား သော ကဒ်ပြားလေး ထောင်ထားသည်ကို တွေ့ ရပေ၏ ။ ဧည့်သည်များ ကို နာမည် နှင့် တကွ ကြိုတင်နေရာ သတ်မှတ်ပေးထားခြင်း ဖြစ်လေသည်။ကျွန်ုပ်၏ ထိုင်ခုံသည် အမျိုးသမီးကြီး ထိုင်နေသော ခုံနှင့် မျက်နှာ ချင်းဆိုင် ဖြစ်နေ၏ ။

ကျွန်ုပ်က ¤င်းတို့ရှေ့မှ နာမည် ကဒ် ပြားများ ကို ဖတ်ကြည့်လိုက်ရာ အမျိုးသားကြီးအမည် မှာ ဦးထွန်းခိုင် ဖြစ်ကြောင်း သိရလေ၏ ။ အမျိုးသမီးကြီး ရှေ့မှ ကဒ်ပြားတွင် 'မေဝင့်ဝါ' ဟု ရေး ထိုးထားပေ၏ ။ နာမည် ရှေ့တွင် 'ဒေါ်' တပ်မထားသည့်အတွက် အံ့သြမိသေးသည်။ ဆလိုင်းမောင်ရှိန်က ကျွန်ုပ်ကို နေရာချထားပေးပြီး အခန်းထဲမှ ပြန်ထွက်ခွာသွားလေသည်။

ဧည့်သည်ချင်း မိတ်ဆက်မပေးခဲ့၍ ကျွန်ုပ်နှင့် ရောက်နှင့် နေသော နှစ် ယောက် လည်း ဘာစကားမှ မပြော ဖြစ်တော့ချေ။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း တိတ်ဆိတ်စွာ ထိုင်နေမိတော့၏ ။ကျွန်ုပ်က နေရာထိုင်ခင်း ပြင်ဆင်ထားပုံကို ကြည့်လိုက်ရာ ရုံးအဖွဲ့ အစည်းများ တွင် အစည်းအဝေး ပြုလုပ်သည့် ပုံစံမျိုးအတိုင်း ဂငယ်ပုံ ဝိုင်းဖွဲ့နေရာချထားသည်ကို တွေ့ ရလေ၏ ။စားပွဲ၏ မျက်နှာစာ သုံးဖက်တွင် ထိုင်ခုံနှစ် လုံးစီချထား၏ ။ ထိုင်ခုံများ မှာ လက်တန်းပါသော ထိုင်ခုံများ ဖြစ်ပေသည်။ ကျန်တစ်ဖက်တွင် မူ ထိုင်ခုံ တစ်လုံးထဲကို အလယ်တည့်တည့်၌ ချထားပေသည်။ အခမ်းအနား၌ လူ ၇ ဦးသာ ပါဝင်မည် ဖြစ်လေသည်။ကုလားထိုင်တစ်လုံးတည်း ချထားသည့် စားပွဲ၏ ထိပ်ဆုံးဖက်တွင် 'ပရော်ဖက်ဆာ ဒေါက်တာဘဆက်' အမည် ကဒ်ပြား ထောင်ထား၏ ။ အိမ်ရှင်ဦးဘဆက်က ထိပ်ဆုံးနေရာမှနေ၍ ဧည့်သည်များ အား ဧည့်ခံစကား ပြောမည့်  အစီအစဉ် ဖြစ်သည်။ဦးဘဆက် ထိုင်ခုံ၏ နောက်တည့်တည့်၌ လမ်းဘေးတွင် ဖုန်းဆက် သည့် တယ်လီဖုန်းရုံကဲ့သို့ လေးဖက်လေးတန် မှန်ကာထားသော ရုံကလေး တစ်ခုကို ထူးဆန်းစွာ တွေ့ ရလေသည်။ မှန်လုံရုံကလေးမှာ လူသုံးယောက် ချောင်ချောင်ချိချိ မတ်တပ်ရပ်လောက်သည်ထိ ကျယ်ဝန်းပေ၏ ။ ဧည့်သည်များ အတွက် နေရာထိုင်ခင်း ပြင်ဆင်ထားပုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ကျွန်ုပ်က လွတ်နေသော ထိုင်ခုံများ မှ နာမည် များ ကို လိုက်ဖတ် ကြည့်လိုက်သည်။ကျွန်ုပ်နှင့် ထောင့်ချိုးတွင် ထိုင်မည့် သူမှာ ဒေါက်တာ မင်းလွင် ဖြစ်သည်။ အမျိုးသားဆရာဝန် နှစ် ယောက် ကို ဖိတ်ကြားထားသဖြင့် ဆလိုင်း မောင်ရှိန်က ကျွန်ုပ်အား 'ဒေါက်တာစိုးထိုက်လား၊ ဒေါက်တာမင်းလွင်လား'ဟု မေးခဲ့သည်ကို သဘောပေါက်လိုက်လေ၏ ။ ကျွန်ုပ်အသိထဲတွင် ဒေါက်တာ မင်းလွင် နှစ် ယောက် ရှိပေရာ မည် သည့် ဒေါက်တာမင်းလွင် ဖြစ်မည် လဲတော့ မသိပေ။ ကျွန်ုပ်နှင့် မရင်းနှီးသော အခြား ဒေါက်တာမင်းလွင်လည်း ဖြစ်နိုင် လေသည်။ ဒေါက်တာမင်းလွင်နှင့် ကပ်လျက် ထိုင်ခုံမှ ထိုင်ခုံရှင်အမည် ကို 'ဒေါက်တာ မဘုတ်ဆုံ' ဟု ရေး ထားလေ၏ ။ ကျွန်ုပ်သည် ဘယ်လိုနာမည် ကြီးပါလိမ့်ဟု တွေးကာ အံ့သြနေမိ သည်။ ငယ်စဉ်က အပြောင်အပျက် ခေါ်သည့် နာမည် ကို ကြီးသည်အထိ မပြုမပြင်ဘဲ ထားပုံသည်လည်း ထူးဆန်းနေပေ၏ ။ကျွန်ုပ်နှင့် ယှဉ်လျက်ခုံတွင် ဆလိုင်းမောင်ရှိန်ဟု ကဒ်ပြားထောင် ထားပေသည်။ ဆလိုင်းမောင်ရှိန်မှာ မူ ဧည့်သည် မဟုတ်ပေ။ ဧည့်သည် ၅ ဦးကိုသာ ဖိတ်ကြားထားပြီး ဦးထွန်းခိုင်နှင့် မေဝင့်ဝါမှအပ ကျန် ၃ ဦးမှာ ဆရာဝန်များ ဖြစ်လေသည်။မှန်ရုံကလေး၏ အထက်တွင် လည်း ဝါယာကြိုးများ ရှုပ်ထွေးစွာ ဆက်သွယ်ထားသည်ကို တွေ့ ရပေသည်။ မှန်ရုံကလေးမှာ ဧည့်သည်များ ဘက်မှ ကောင်းစွာ မြင်နိုင်သည့် အနေအထားတွင် ရှိပြီး ဦးဘဆက်၏ ထိုင်ခုံနှင့် မူ နောက်ကျောခိုင်းလျက် ဖြစ်နေပေသည်။ နေရာထိုင်ခင်းကို ကြည့်ကာ ကျွန်ုပ် စပ်စုနေစဉ်တွင် အခန်းတံခါးမ ကြီး ပွင့်သွားလေ၏ ။ ဆလိုင်းမောင်ရှိန်က ဧည့်သည် တစ်ယောက် ကို လိုက် ပို့ခြင်း ဖြစ်သည်။ ကျွန်ုပ်က လှည့်ကြည့်လိုက်ရာ ဧည့်သည်သည် ကျွန်ုပ်သိသော ဒေါက်တာမင်းလွင် နှစ် ယောက် ထဲမှ တစ်ယောက် ဖြစ်နေသည်ကို တွေ့ ရလေ ၏ ။ဒေါက်တာမင်းလွင်ကလည်း ကျွန်ုပ်ကို မြင်သည်တွင် ဝမ်းသာအားရ နှုတ်ဆက်လိုက်လေသည်။

''ဟော ...ကိုစိုးထိုက် ခင်ဗျားကိုလည်း ဖိတ်ထားတာကိုး''

''ဟုတ်ကဲ့ ...ကျွန်တော် က ဒေါက်တာမင်းလွင်ဆိုတော့ ခင်ဗျား လား၊ အရှည်ကြီးမင်းလွင်လား၊ စဉ်းစားနေတာဗျ။ ခင်ဗျား ဖြစ်နေတာကိုး''

''အရှည်ကြီးမင်းလွင် ဆုံးသွားပြီလေဗျာ။ ကိုစိုးထိုက် မသိသေး ဘူးလား''

ဒေါက်တာမင်းလွင်က သူ့အတွက် သတ်မှတ်ထားသော ခုံတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။

''အလို ...ဟုတ်လား၊ ကျွန်တော် မသိလိုက်ဘူးဗျာ''

''ဂျပန်ကို အလုပ်သွားလုပ်တယ်၊ ဟိုမှာ ပဲ ဆုံးရှာတယ်''

''သြော် ...သြော် ...ဒါနဲ့ ကိုမင်းလွင်၊ ခင်ဗျား ဟိုဘက်ခုံက နာမည် ကို ဖတ်ကြည့်စမ်း။ ကျွန်တော် တော့ အသိထဲမှာ ဒီလို နာမည် မျိုး မကြားမိဖူးဗျ။ ကျွန်တော် တို့ထက် တော် တော် ငယ်ငယ်ထဲက ဖြစ်မလား မသိဘူး''

ဒေါက်တာမင်းလွင်က ဒေါက်တာ မဘုတ်ဆုံဆိုသည့် ကဒ်ပြားလေး ကို လှမ်းကြည့်လိုက်၏ ။

''ဟာ ...ကိုစိုးထိုက်ကလည်း နာမည် ကြီးလေဗျာ။ အခုနာမည် ကြီးနေတဲ့ စာရေး ဆရာမ ကြီးပေါ့။ သမိုင်းနောက်ခံ ဆောင်းပါးတွေ ရေး နေတာ လေ''

''ဟုတ်လား ...ကျုပ်ကည်း မသိပါဘူးဗျာ''

''အိမ်က သမီးတွေ သူ့စာအုပ်တွေ ဝယ်ဝယ်ဖတ်နေလို့ ကျွန်တော် လည်း သိနေတာ၊ တော် တော် အရေး အသား ကောင်းတယ်ဆိုပဲ''

''ဟင် ...သူဘယ်နှစ် က ကျောင်းပြီးတာလဲဗျ။ နာမည် ရင်းက ဘယ်သူလဲ၊ မဘုတ်ဆုံဆိုတာတော့ ကလောင်နာမည် ထင်ပါရဲ့ ''

''ကိုစိုးထိုက်ကလည်း လုပ်ရော့မယ်။ ဒေါက်တာ မဘုတ်ဆုံက ဆရာဝန် မဟုတ်ဘူးဗျ။ ဒေါက်တာပါတိုင်း ကိုယ့်လို ဆရာဝန် ထင်တော့ တာကိုး''

♥ ♥ ♥


''ဟုတ်ပါတယ်ရှင်၊ ဒေါက်တာ မဘုတ်ဆုံဆိုတာ ဆရာတို့လို ဆေး ကုတဲ့ ဆရာဝန် Medical Doctor မဟုတ်ပါဘူး၊ သမိုင်းပညာရှင်ပါ။ သမိုင်း ပညာရပ်နဲ့ Ph.D ဘွဲ့ရထားတဲ့ ဒေါက်တာပါရှင်''

မေဝင့်ဝါဆိုသည့် အမျိုးသမီးကြီးက ဝင်ပြောလိုက်ခြင်း ဖြစ်လေ၏ ။

''သြော် ...ဟုတ်ကဲ့ဗျာ၊ ကျွန်တော် လည်း တော် တော် ခေတ်နောက် ကျနေပါပြီ။ နာမည် ကြီးစာရေး ဆရာမ ဆိုတာတောင် မသိသေးဘူး''

''သူ့စာအုပ်တွေ ခုတလော တော် တော် နာမည် ကြီးတယ်ရှင့်။ လူ ကတော့ ကြီးလှပါပြီ။ ၆ဝ ကျော်ပြီလေ၊ ပင်စင်တောင် သွားနေပြီ။ ဟောဒီက ကျွန်မ အမျိုးသားနဲ့တော့ ငယ်သူငယ်ချင်းတွေ ပေါ့''

ဒေါ်မေဝင့်ဝါ ထပ်ပြောလိုက်သော စကားကြောင့် ကျွန်ုပ်မှာ ထပ် ဆင့်၍ အံ့အားသင့်ရပြန်သည်။ ဦးထွန်းခိုင်နှင့် မေဝင့်ဝါမှာ လင်မယားပါ တကား။

အသက်ချင်း ကတော့ အတော် ကွာလေသည်။ ဆယ်နှစ် မက ကွာ မည် ထင်ရ၏ ။ ဒေါ်မေဝင့်ဝါမှာ အတော် ပင်ပြင်ဆင်ချယ်သထားသည့်အတွက် ပိုမို၍ နုပျိုနေခြင်းလည်း ဖြစ်နိုင်သည်။ ငယ်စဉ်က အတော် ချောမောခဲ့မည့်  အမျိုးသမီးကြီး ဖြစ်သည်။

ကျွန်ုပ်နှင့် ဒေါက်တာမင်းလွင်တို့ စကားဝိုင်းထဲတွင် ဒေါ်မေဝင့်ဝါ ဝင်ပြောလိုက်သည့်အတွက် ဧည့်သည်အချင်းချင်း မိတ်ဆက်စရာမလိုဘဲ အလိုလို ရင်းနှီးသွားရလေသည်။ ယခုမှပင် တစ်ဦးနှင့်တစ်ဦး အသိအမှတ်ပြု ပြုံးရယ်ပြလိုက်ကြလေ၏ ။

ထိုစဉ် ဝင်ပေါက်တံခါး နောက်တစ် ကြိမ်ပွင့်သွားပြန်သည့်အတွက် အားလုံးက တံခါးပေါက်ဆီ လှည့်ကြည့်လိုက်ကြလေသည်။

ဦးစွာ ဝင်လာသူမှာ ဆလိုင်းမောင် ရှိန် ဖြစ်၏ ။ဆလိုင်းမောင်ရှိန်က တံခါးနှစ် ချပ်လုံးကို ဟ,ပေးလိုက် လေသည်။ ထိုသို့ နှစ် ချပ်စလုံးဟပေးမှလည်း ဝင်လာသူအတွက် အဆင်ပြေပေမည် ။

အဘယ်ကြောင့်ဆိုသော် နောက်ဆုံးမှ ရောက်လာသော ဧည့်သည် မိန်းမကြီးမှာ အလွန်တရာဝသော ကြောင့် ဖြစ်ပါ၏ ။ သူမ မည် မျှဝသနည်း ဆိုသော် တံခါးဝကို သူမဖြတ်သန်းလာချိန်တွင် ပြင်ပမှ အလင်းရောင် ကိုပင် မမြင်ရတော့ဘဲ တံခါးဝနှင့်အပြည့် သူမ၏ ကိုယ်လုံးကြီးက ပိတ်သွားသည် အထိပင်။

ထိုမိန်းမဝဝကြီးကား နောက်ဆုံးမှ ရောက်လာသည့် ဧည့်သည် ဖြစ် သူ ဒေါက်တာမဘုတ်ဆုံ ဖြစ်ရမည် မှာ ဧကန်ပင်တည်း။

ဒေါက်တာမဘုတ်ဆုံကား နာမည် နှင့် လိုက်ဖက်လှပေ၏ ။ ဗိုက်သား ကြီးက ရှေ့သို့ တစ်တောင်လောက် ထွက်နေကာ အောက်ဖက်သို့ ပြန်တွဲ ကျနေ သေးသည်။ လည်ပင်းအောက်တွင် ပူစီဖောင်းနှင့်တူလှသော အသားပိုကြီး တစ်ခု တွဲ လောင်းကျပြီး လည်ဂုတ်ကြီးမှာ တောင်ပို့ကြီးနှယ် မောက်နေ၏ ။ တစ်လှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း သူမ၏ တင်ပါးဆုံကြီးနှစ် လုံးမှာ ဓာတ် လိုက်ခံရသလို တဆတ်ဆတ် တုန်သွားပေ၏ ။

ဒေါက်တာမဘုတ်ဆုံသည် သူ့ကိုယ်သူ မနိုင်မနင်းထိန်းရင်း ဖြည်း လေးနှေးကွေးစွာ လျှောက်လှမ်းလာလေ၏ ။သူမအတွက် သတ်မှတ်ထားသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရာ ကုလားထိုင် လက်တန်းနှစ် ခုကြား၌ တင်ပါးဆုံကြီး တစ်နေ၍ ချက်ချင်း ထိုင်မရ၊ အတင်းဖိ ချလိုက်မှပင် ခုံပေါ်ထိုင်မိရက်သား ဖြစ်သွားလေသတည်း။ကျွန်ုပ်မှာ သူမကို ကြည့်ရင်းမောလွန်း၍ နေရာတကျ ထိုင် ဖြစ်သွား သည်ကို မြင်မှပင် သက်ပြင်းကို ချလိုက်မိလေသည်။

''ကဲ ...ဧည့်သည်အားလုံးလည်း စုံပါပြီ။ ညနေ ၆ နာရီအတိပါပဲ ခင်ဗျား။ ဆရာကြီးကို ကျွန်တော် အကြောင်းကြားလိုက်ပါတော့မယ်''

ဆလိုင်းမောင်ရှိန်က ပြောလိုက်လေသည်။

အခန်းထဲသို့ ပရော်ဖက်ဆာ ဒေါက်တာဘဆက် ဝင်လာသည်နှင့် ဧည့်သည်များ က ထိုင်ရာမှထရပ်၍ ဂါရဝပြုကြိုဆိုလိုက်လေသည်။

ဒေါက်တာမဘုတ်ဆုံ တစ်ယောက် သာလျှင် ထိုင်ရာမှ မထနိုင်၍ ''မင်္ဂလာပါ ဆရာကြီး''ဟု လှမ်း၍ နှုတ်ဆက်လိုက်လေသည်။

ဦးဘဆက်က အားလုံးကိုလက်ပြကာ -

''ထိုင်ကြပါ ...ထိုင်ကြပါ၊ ဖိတ်ကြားထားတဲ့သူတွေ အားလုံး စုံစုံ ညီညီ တက်ရောက်တာတွေ့ ရလို့ ဝမ်းသာပါတယ်''

ဦးဘဆက်ကိုယ်တိုင်လည်း သူ၏ ထိုင်ခုံတွင် ဝင်ထိုင်လိုက်လေ၏ ။

''ခုလို ဖိတ်ကြားရတာ တခြားကြောင့် မဟုတ်ပါဘူး။ ကျွန်တော် တီထွင်ထားတဲ့ သိပ္ပံစမ်းသပ်မှု တစ်ခုကို ဒီက လူကြီးမင်းတွေ ကို အသိပေးပြသ ချင်လို့ပါပဲ။ ကျွန်တော် ရွေးချယ်ဖိတ်ကြားထားသူများ ဟာလည်း ကျွန်တော် တစ်ဦးတည်းရဲ့ ဆန္ဒအရတော့ သင့်တင့်လျောက်ပတ်မှု ရှိတယ်လို့ ယူဆပြီး ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။

''ဧည့်သည် အချင်းချင်း ကတော့ တစ်ဦးနဲ့တစ်ဦး သိကျွမ်းပြီးသူ လည်း ပါမယ်၊ မသိကျွမ်းရသေးသူတွေ လည်း ပါပါလိမ့်မယ်။ ကဲ ...ဒီတော့ ဒီအခမ်းအနားမှာ အားလုံးရင်းရင်းနှီးနှီး ဖြစ်သွားအောင် တစ်ယောက် ချင်း ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးကြပါဦး''

ဦးဘဆက်က ဤဝိုင်းတွင် သူ အသက်အကြီးဆုံး ဖြစ်သော်လည်း အားလုံးကို လေးစားစွာ 'ကျွန်တော် 'ဟု သုံးနှုန်း ပြောဆိုခဲ့ပေသည်။

''ကဲ ...မောင်ရှိန်၊ မင်းကပဲ စပြီးမိတ်ဆက်ပေတော့''

ဦးဘဆက်က သူ၏ လက်ထောက် ဆလိုင်းမောင်ရှိန်အား တာဝန် ပေးလိုက် လေသည်။ဆလိုင်းမောင်ရှိန်က ထိုင်နေရာမှ ထရပ်ပြီး သူ့ကိုယ်သူ မိတ်ဆက် လေသည်။

''ကျွန်တော့် နာမည် ဆလိုင်းမောင် ရှိန်ပါခင်ဗျ၊ ချင်းလူမျိုးပါ၊ အသက် ၄၂ နှစ် ရှိပါပြီ၊ ‘ဒီပွဲမှာ ကျွန်တော် အသက်အငယ်ဆုံး ဖြစ်လိမ့်မယ် ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ ဆရာကြီးရဲ့ လက်ထောက်အ ဖြစ် ကူလုပ် လာတာ သုံးနှစ် ကျော်ပါပြီ။ ကျွန်တော် ဟာ ရန်ကုန်တက္ကသိုလ်က ရိုးရိုးသိပ္ပံ ဘွဲ့ရထားသူ တစ်ယောက် ပါပဲ။

'ဒါပေမဲ့ ကျွန်တော် ဟာ သိပ္ပံပညာကို စာအ ဖြစ်သင် ယူရုံထက် လက်တွေ့ လေ့လာလိုက်စားချင်သူ တစ်ယောက် ဖြစ်ပါတယ်။ ဆရာကြီးနဲ့ တွေ့ တဲ့အခါ ကျွန်တော့် ဝါသနာနဲ့ ဇွဲကြောင့် ဆရာကြီးက လက်ထောက်အ ဖြစ် တာဝန်ပေးခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒီကနေ့ပွဲမှာ ဧည့်သည်များ ကို ပြသ မယ့် တီထွင်မှု မှာ လည်း ဆရာကြီးကို ကူညီခွင့်ရခဲ့ပါတယ်။ ကျွန်တော့်  အကြောင်းက ဒါလောက်ပါပဲ ခင်ဗျ''

ဆလိုင်းမောင်ရှိန်က ပြန်ထိုင်လိုက်သည်။ဆလိုင်းမောင်ရှိန် ပြီးလျှင် ကျွန်ုပ် အလှည့်ရောက်ပြီမို့ ကျွန်ုပ်က ထရပ်လိုက်သည်။

''ထိုင်ပါ ဒေါက်တာစိုးထိုက်၊ ထိုင်ပြီး ပြောပါခင်ဗျား။ ဒါ အစည်း အဝေးပွဲမှ မဟုတ်ဘဲ၊ ထိုင်ပြီးတော့ပဲ သက်သက်သာသာ ပြောပါဗျာ''

ကျွန်ုပ်က ပြန်ထိုင်လိုက်ကာ မိတ်ဆက်စကား ပြောကြားလိုက်လေ သည်။

''ကျွန်တော့် နာမည် စိုးထိုက်ပါ၊ ဆရာဝန် တစ်ယောက် ပါ။ အသက် ၄၅ နှစ် ရှိပါပြီ။ ဆရာဝန်အနေနဲ့ MPH ဆိုတဲ့ ဘွဲ့တစ်ခု နိုင်ငံခြားတက္ကသိုလ်က ရဖူးပါတယ်။ ဆေးကုသတဲ့ အလုပ်ကိုတော့ မလုပ် ဖြစ်တာကြာပါပြီ။ အစိုးရ ဝန်ထမ်းအ ဖြစ်က နှုတ်ထွက်ပြီးကတည်းကပါ။ အဲ ...အခု ကျွန်တော် လုပ်နေတဲ့အလုပ် ကတော့ သုတေသနအလုပ်ပါ။ ဘာကို သုတေသနပြုသလဲ ဆိုတော့ ဝိညာဉ်၊ နာနာဘာဝနဲ့ တစ္ဆေသရဲတွေ ကို သုတေသနပြုတဲ့ အလုပ်ပါ''

''အို''

ဒေါ်မေဝင့်ဝါထံမှ အလန့်တကြား အာမေဋိတ်သံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဒေါက်တာမဘုတ်ဆုံသည်လည်း ငေးနေရာမှ ကျွန်ုပ်အား လှည့် ကြည့်လိုက်လေ၏ ။

''အင်္ဂလန်မှာ ဗြိတိသျှမနောသုတေသနအသင်းဆိုတဲ့ အသင်းကြီး ရှိပါတယ်။ အသင်းကြီးရဲ့ သက်တမ်းဟာ နှစ် ပေါင်း တစ်ရာကျော်ပါပြီ။ ကျွန် တော် အင်္ဂလန်ကို ပညာတော် သင်သွားစဉ်က အသင်းကြီးမှာ အသင်းဝင်တစ် ယောက် အ ဖြစ် ဝင်ရောက်ခဲ့ပါတယ်။ အသင်းကြီးရဲ့ လုပ်ငန်းတွေ က ကမ္ဘာအရပ် ရပ်က အဖြေရှာမရတဲ့ ထူးဆန်းအံ့သြဖွယ်ကိစ္စတွေ ကို သုတေသနပြုတာပါပဲ။ အများ အားဖြင့် ပရလောကနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ ပါ၊ သရဲတစ္ဆေချောက်လှန့် တာ၊ ပ္ဏုဏက တိုက်တာ စသဖြင့်ပေါ့''

''ကြောက်စရာကြီးနော်''

ဒေါ်မေဝင့်ဝါက ပခုံးတွန့်ကာ ပြောလိုက်လေသည်။''ကျွန်တော် ကတော့ အလုပ်က အနားယူပြီးတဲ့နောက်ပိုင်း မြန်မာ နိုင်ငံက ပရလောကနဲ့ဆက်နွယ်တဲ့ ဖြစ်ရပ်တွေ ကို ကိုယ်တိုင်လေ့လာပြီး ဆောင်းပါးတွေ ရေး ပါတယ်။ စုန်း, တစ္ဆေ, ကဝေ, မှော်တွေ အကြောင်း၊ ဖုတ်ဝင်တဲ့အကြောင်း၊ ဥစ္စာစောင့်အကြောင်း၊ လူဝင်စားအကြောင်း စုံလို့ပါပဲ။ ကျွန်တော် ရေး တဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေ ကို အသင်းကြီးက ထုတ်ဝေတဲ့ စာစောင်တွေ ၊ စာအုပ်တွေ မှာ ဖော်ပြပေးပါတယ်''

''အဲဒီ လိုရေး တော့ အင်္ဂလိပ်လို ရေး တာပေါ့နော်''

''ဟုတ်ပါတယ် ဒေါ်မေဝင့်ဝါ''

''မြန်မာလိုရေး ပါလား ဒေါက်တာရယ် ...ကျွန်မက အင်္ဂလိပ်စာ ကောင်းကောင်း မဖတ်တတ်ဘူး။ ကျွန်မလိုပဲ မတတ်တဲ့လူက များ တယ်လေ။ မြန်မာလို ရေး ရင် ကျွန်မတို့လည်း ဖတ်ရတာ ပေါ့။ ဒေါက်တာ နာမည် ကြီးသွား မှာ ပဲ။ ခုခေတ်က ဂမ္ဘီရတွေ ခေတ်စားနေတာ မဟုတ်လား ဒေါက်တာ''

''ကျွန်တော့် ကို အထင်မကြီးပါနဲ့ ဒေါ်မေဝင့်ဝါ။ ကျွန်တော် က ဝတ္ထု ပုံစံမျိုး ရေး တာ မဟုတ်ပါဘူး။ အချက်အလက်ကို ဦးစားပေးပြီး ဆောင်းပါး လိုရေး တာပါ။ ပြီးတော့ ကျွန်တော် ရေး တဲ့ ဆောင်းပါးတွေ က မြန်မာလူမျိုးတွေ အတွက်တော့ ဘာမှ မဆန်းဘူးခင်ဗျ။ ကြားဖူးနားဝ ရှိနေတဲ့ ရိုးရာပုံပြင်မျိုး တွေ ပါ''

(ထိုစဉ်က ကျွန်ုပ်၏ အတွေ့ အကြုံများ ကို ရေး သားသော ဆောင်း လုလင်၏ စာအုပ်များ မထွက်ရှိသေးပါ။)

''ဘာပဲ ဖြစ် ဖြစ်ပေါ့ ဒေါက်တာရယ်၊ ဒီလိုအကြောင်းအရာမျိုးဆိုတာ ရိုးတယ်လို့ မရှိပါဘူး''

''ဝါ ...ဒေါက်တာ မိတ်ဆက်စကား ပြောတာ ပြောပါစေ။ ကြား ထဲက ဖြတ်မပြောပါနဲ့''

ဦးထွန်းခိုင်က သူ့ဇနီးကိုဝင်၍ ဟန့်တားလိုက်ခြင်း ဖြစ်၏ ။

''အို ...ဟုတ်ပါရဲ့ ...ဆောရီး ...ဆောရီး ...ကျွန်မ စိတ် ဝင်စားသွားလို့ပါ၊ ဆက်ပြောပါ ဒေါက်တာ''

''ပြီးပါပြီ ခင်ဗျာ။ ကျွန်တော် ပြောချင်တာကလည်း ဒါလောက်ပါပဲ။ ပြည့်စုံပါပြီ''

ကျွန်ုပ်မိတ်ဆက်ပြီးနောက် ဒေါက်တာ မင်းလွင်အလှည့် ဖြစ်လေ သည်။ဒေါက်တာမင်းလွင်က သူ့အမည် ၊ အသက်နှင့် မီးယပ်သားဖွား အထူးကု ဆရာဝန် တစ်ယောက် ဖြစ်ကြောင်း ရိုးရိုးနှင့် တိုတိုပင် မိတ်ဆက်သွား ပါသည်။

ထို့နောက် ဒေါက်တာမဘုတ်ဆုံ အလှည့် ဖြစ်ပေသည်။''ကျွန်မနာမည် ဒေါက်တာ မဘုတ်ဆုံပါ။ ဒါက ကလောင်နာမည် ပါရှင်။ စာရေး မယ်ဆိုတော့ ကလောင်နာမည် ရွေးရာမှာ လှလှပပနဲ့ ဆန်းပေ့ ညွန့်ပေ့ဆိုတဲ့ နာမည် မျိုးတွေ ကို အရင် စဉ်းစားမိပါတယ်။ ဒါပေမဲ့ လူတကာက အကောင်းဆုံး အဆန်းဆုံးဆိုတဲ့ နာမည် တွေ ချည်း ရွေးမှည့်နြေ ကတော့ ထပ်နေတယ်ရှင့်။ ဆန်းပေ့ကောင်းပေ့ ဆိုတာတွေ ကလည်း များ လွန်းတော့ ပြန်ရိုးသွားပြန်ရော။

'ဒ‘ါနဲ့ ကျွန်မလည်း ငယ်ငယ်က ကျွန်မကို အိမ်မှာ ချစ်စနိုးခေါ်တဲ့ နာမည် ကိုပဲ ကလောင်နာမည် လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ရိုးရာလည်း ဆန်သွားအောင်ပေါ့ရှင်၊ ရိုးရာဆန်တဲ့ နာမည် လေး ရှေ့မှာ ကျွန်မ ရထားတဲ့ ဏီ့ ဒေါက်တာ ဘွဲ့လေး တပ်လိုက်တော့၊ အဲဒါကမှ တကယ်ဆန်းတဲ့ နာမည် လို့ ဆိုရမယ် မဟုတ်လားရှင်''

ဒေါက်တာ မဘုတ်ဆုံက သူမ၏ ကလောင်နာမည် ကို အမွှန်းတင်၍ ပြောလိုက်မှပင် ကျွန်ုပ်လည်း ဟုတ်ပေသားပဲဟု တွေးမိလေသည်။

''ကျွန်မနာမည် ရင်းကလည်း ရိုးရိုးကြီးပါပဲ၊ မလှသိန်းတဲ့။ မိဘများ က အညာသူ အညာသား ရိုးရိုးကြီးတွေ ဆိုတော့ နာမည် ကိုလည်း ခေတ်ဆန် ဆန် လှလှပပ မမှည့်တတ်ရှာဘူးလေ။ ကျွန်မ စာစရေး ဖြစ်တာ ကတော့ အသက် ၅ဝ လောက်မှပါ။ ရာဇဝင်ထဲက ထင်ရှားတဲ့ မြန်မာအမျိုးသမီးတွေ နဲ့ ပတ်သက်ပြီး ကျွန်မ ခံစားရတဲ့ ခံစားချက်တွေ ရေး တာပါ။ သူတို့နေရာက ဝင်ခံစားပြီး ရေး ပါတယ်။ သူတို့အပေါ်မှာ ကျွန်မအနေနဲ့ အားမလို အားမရ ဖြစ်တဲ့အချက်တွေ ရှိရင်လည်း ကျွန်မသာ 'သူ' ဖြစ်ခဲ့ရင် ဘယ်လိုလုပ်လိုက် မယ်ဆိုတဲ့ အယူအဆတွေ ပါ ထည့်ရေး ပါတယ်။ ပထမဆုံး ရေး တဲ့ စာအုပ်က 'ကျွန်မသာ လှိုင်ထိပ်ခေါင်တင် ဖြစ်ခဲ့လျှင်' တဲ့''

ဒေါက်တာမဘုတ်ဆုံသည် အရေး အသားတော့ ဘယ်လောက် ကောင်းသည် မသိ။ စကားပြောကောင်းလှပေရာ ကျွန်ုပ်သည် သူမ ရေး သော စာအုပ်များ ကို ယခုပင် ဖတ်ချင်စိတ်ပေါက်လာရလေ၏ ။

'အဲဒီ စာအုပ်တစ်အုပ်တည်းနဲ့ ပေါက်သွားတာပါပဲရှင်။ နာမည် ကြီး သွားတာနဲ့ ကျွန်မလည်း တစ်အုပ်ပြီး တစ်အုပ် ရေး ခဲ့ပါတယ်။ 'ကျွန်မသာ မယ်သီတာ ဖြစ်ခဲ့လျှင်'

'ကျွန်မသာ ဓာတုကလျာ ဖြစ်ခဲ့လျှင်' 'ကျွန်မသာ စိဉ္ဇမာန ဖြစ်ခဲ့လျှင်' 'ကျွန်မသာ ရှင်ဘို့မယ် ဖြစ်ခဲ့လျှင်' ဆိုတဲ့ စာအုပ်တွေ ဟာ ကျွန်မရဲ့ ထင်ရှားတဲ့ စာအုပ်တွေ ပေါ့။ ကျွန်မ လက်ရှိရေး နေတဲ့ စာအုပ်က 'ကျွန်မသာ သီရိမာ ဖြစ်ခဲ့လျှင်'တဲ့''

အံ့မခန်းစရာပါတကား။ သီရိမာ ဆိုသည်မှာ ဘုရားရှင် လက်ထက် က ပြည့်တန်ဆာအမျိုးသမီး ဖြစ်ပေသည်။ ဒေါက်တာ မဘုတ်ဆုံသည် သီရိမာနေရာက မည် သို့များ ဝင်၍ ခံစားထားပါလိမ့်။ စာအုပ်ထွက်လျှင် အပြေးအလွှား ဝယ်၍ ဖတ်ရှုရန် ကျွန်ုပ်က ဆုံးဖြတ်လိုက်လေသည်။

''ကျွန်မအကြောင်း ကတော့ ဒါ လောက်ပါပဲရှင်၊ ကျေးဇူးတင် ပါတယ်''

ဒေါက်တာမဘုတ်ဆုံ၏ မိတ်ဆက် နိဒါန်းကား ပြီးဆုံးသွားပေပြီ။နောက်တစ်ခါ အလှည့်ကျသူက ဒေါ်မေဝင့်ဝါ ဖြစ်ပေသည်။

''ကဲ ...မေဝင့်ဝါရဲ့ အလှည့်ပဲ''

ဒေါ်မေဝင့်ဝါက အတန်ကြာ စကားမပြောသေးဘဲ ငြိမ်နေသော ကြောင့် ဦးဘဆက်က သတိပေးလိုက်ခြင်း ဖြစ်သည်။

ဒေါ်မေဝင့်ဝါသည် မျက်လွှာချကာ ခေါင်းငုံ့ထားပေ၏ ။ ဦးဘဆက်က သတိပေးလိုက်သည့်တိုင် သူမထံမှ စကားတစ်လုံးမှ ထွက်မလာသေးချေ။ တစ်ဝိုင် လုံးကလည်း ဒေါ်မေဝင့်ဝါ၏ မိတ်ဆက်စကားကို မျှော်လင့်ကာ သူမအား ဝိုင်းကြည့်နေကြလေသည်။

''ဝါ ပြောလိုက်လေကွယ်''

ခင်ပွန်း ဖြစ်သူ ဦးထွန်းခိုင်ကပါ ထပ်၍ တောင်းဆိုလိုက်လေသည်။ဒေါ်မေဝင့်ဝါ ဦးခေါင်းသည် တဖြည်းဖြည်း မော့်လာလေ၏ ။ ထိုအခါ သူမမျက်ဝန်းမှာ မျက်ရည်စများ ဝေ့နေသည်ကို တွေ့ လိုက်ရလေတော့သည်။

အားလုံးမှာ ဒေါ်မေဝင့်ဝါ၏ အမူအရာကြောင့် အံ့အားသင့်ခြင်း နှင့် အတူ ပဟေဠိများ ဖြစ်သွားရလေသည်။ ဒေါ်မေဝင့်ဝါသည် ဘာ့ကြောင့်များ မိတ်ဆက်စကားပြောရန် တွန့်ဆုတ်နေပါလိမ့်။

ထိုစဉ် အခန်းထဲသို့ဝင်သော တစ်ခုတည်းသော တံခါးပေါက်သည် ရုတ်တရက် ပွင့်သွားလေသည်။အားလုံးကပင် တံခါးပေါက်ဆီ လှည့်ကြည့်လိုက်မိကြ၏ ။

ထိုအခါ အခန်းထဲသို့ဝင်လာသော ဆယ်ကျော်သက် လူငယ်လေး တစ်ဦးကို တွေ့ လိုက်ရလေသည်။ လူငယ်လေးမှာ အသားအရည် ဖြူဆွတ်နေ ပြီး အနောက်တိုင်းဆန်ဆန် ချောမောလှပသော လူငယ်လေးတစ်ဦး ဖြစ်ပေ သည်။

ဆယ်ကျော်သက်လူငယ်လေးက တံခါးဝတွင် ရပ်ရင်း အခန်းတွင်းမှ လူများ ကို ပြုံးလျက်ကြည့်နေပေသည်။ လူငယ်လေး၏ ရုပ်ရည်မှာ ဦးဘဆက် နှင့် အတော် ပင် ဆင်တူလှပေ၏ ။ မြန်မာလူမျိုး ဖြစ်သော ဦးဘဆက်နှင့် ရုပ်ချင်းဆင်သည့်တိုင် သူကား ဆံပင်ရွှေဝါရောင် ၊ မျက်လုံးအညိုရောင် နှင့်မို့ မြန်မာလူမျိုးစစ်စစ် မဟုတ်သည်ကိုကား သိသာလှပေသည်။

''အလို ...မြေးလေးရစ်ချပ်ပါလား၊ ဘာလာလုပ်တာတုန်းကွယ့်''

ဦးဘဆက်ထံမှ အင်္ဂလိပ်ဘာသာဖြင့် ထွက်ပေါ်လာသော စကားသံ ဖြစ်ပါသည်။

''ဘိုးဘိုးတို့ နယူးရီးယားပါတီ လုပ်နေတယ်ဆိုလို့ ကျွန်တော် လာကြည့်တာပါ ဘိုးဘိုး''

ရစ်ချပ်ဆိုသော လူငယ်လေးက အင်္ဂလိပ်လိုပင် ပြန်ပြောလိုက်လေ သည်။

''ဒါက လူကြီးသူကြီးတွေ ချည်း သီးသန့်ဖိတ်ထားတဲ့ပွဲကွယ့်။ မြေးတို့ လူငယ်တွေ မပါစေချင်ဘူး''

''အို ...ဘိုးဘိုးကလည်းဗျာ၊ ဒီလို ထူးခြားတဲ့ နှစ် သစ်ကူးပွဲမှာ ကျွန်တော် လည်း ဝင်နွှဲပါရစေ။ ကျွန်တော် က ဒီလိုနေ့မျိုးမှာ အိမ်ထဲမှာ ထိုင် နေရမှာ လား။ ကိုယ့်အဘိုး လုပ်တဲ့ပါတီပွဲပဲ၊ ကျွန်တော် တက်ခွင့်ရှိပါတယ်''

''ခက်ပါလား''

ခက်ပါလား ဆိုသည်ကို ဦးဘဆက်က မြန်မာလို ညည်းလိုက်ခြင်း ဖြစ်သည်။

''ဘာပြောလိုက်တာလဲ ဘိုးဘိုး''

(အင်္ဂလိပ်ဘာသာဖြင့် )

''မင်းကို အတော် ခက်တဲ့ သူငယ်ပဲလို့ ပြောလိုက်တာကွယ့်''

(အင်္ဂလိပ်ဘာသာဖြင့် )

''ကဲ ...ကဲ ...ဆလိုင်းမောင်ရှိန်၊ ဒီကလေးကို နောက်ဘက်မှာ ကုလားထိုင်တစ်လုံးနဲ့ ထိုင်ခိုင်းလိုက်ပါကွယ်''

(မြန်မာဘာသာဖြင့် )

''ရစ်ချပ် ...ငါ့မြေး တိတ်တိတ် ဆိတ်ဆိတ်ကြည့်နေရမယ်နော်။ စပ်စပ်စုစု ဝင်မလုပ်နဲ့။ ကဲ ...ကဲ ဆလိုင်းမောင်ရှိန် နေရာ ချပေးတဲ့နေရာမှ ဝင်ထိုင်ပေတော့''

(အင်္ဂလိပ်ဘာသာဖြင့် )

ထို့နောက် ဦးဘဆက်က ရစ်ချပ်နှင့် ပတ်သက်ပြီး ဧည့်သည်များ အား မြန်မာလို ရှင်းပြလိုက်လေသည်။

''ရစ်ချပ်ဟာ ကျွန်တော့် မြေးလေးပါ၊ တစ်ဦးတည်းသော မြေးလေးပါ၊ ကျွန်တော့် ရဲ့ တစ်ဦးတည်းသော သာ က မွေးတဲ့မြေးလေးပါ။ အမေရိကားမှာ ပဲ နေပါတယ်။ အသက် ၁၆ နှစ် ရှိပါပြီ၊ ကျောင်းပိတ်ချိန်မို့ မြန်မာပြည် လာ လည်နေတာပါ''

''သြော် ...သူက ကပြားလေးပေါ့နော်''

''ဟုတ်ကဲ့ ...ကျွန်တော့် သားက ဟိုမှာ အမေရိကန်နိုင်ငံသူနဲ့ အိမ်ထောင်ကျပါတယ်။ ရစ်ချပ်က ကျွန်တော့်ရဲ့ တစ်ဦးတည်းသော မြေးလေး ပါ''

ဦးဘဆက်က ရှင်းပြသည်။

''မျက်နှာက ဆရာကြီးနဲ့ တူပေမယ့် သူ့ဆံပင်တွေ မျက်လုံးတွေ အားလုံးက နီညိုရောင် တွေ ပဲ''

ဒေါက်တာ မဘုတ်ဆုံက သူ့ကိုယ်လုံးကြီးဖြင့် နောက်သို့ မသက် မသာ လှည့်ကြည့်ရင်းမှ ရစ်ချပ်ကို ဝေဖန်နေလေသည်။

''ကဲ ...ကဲ ...ကျုပ်မြေးလေး ဝင်နှောင့်တာနဲ့ မေ့ဝင့်ဝါ မိတ် ဆက်စကား ပြောဖို့တောင် မေ့နေပြီ။ ကဲ ...ပြောပေတော့ မေဝင့်ဝါရေ''

ထိုအခါမှ ဧည့်သည်များ အာရုံက ဒေါ်မေဝင့်ဝါဆီ ပြန်ရောက် သွားကြလေသည်။ ဒေါ်မေဝင့်ဝါက သက်ပြင်းကို ခပ်မျှင်းမျှင်း ချလိုက်ကာ မိတ်ဆက် စကားကို စတင်လေသည်။

''ကျွန်မအနေနဲ့ ပြောစရာ အထူးအထွေ မရှိပါဘူးရှင်။ ဒီပွဲကို တက်ရောက်လာတဲ့ လူကြီးလူကောင်း ပညာတတ်များ ကြားထဲမှာ ကျွန်မက သာမန် မိန်းမ တစ်ယောက် ပါပဲ။ ကျွန်မကို ဒီက လူကြီးမင်းတို့နဲ့ တစ်တန်း တည်းထားပြီး ဘာကြောင့် ဖိတ်ကြားရသလဲဆိုတာကိုတောင် တွေးမိပြီး ကျွန်မ အံ့သြနေရပါတယ်''

''မေဝင့်ဝါ ...မင်းမှားနေပြီကွယ့်။ မင်းဟာ သာမန်မိန်းမတစ် ယောက် မဟုတ်ပါဘူး။ မဟုတ်လို့လည်း ဆရာကြီးက မင်းကို ဒီပွဲမှာ ရွေး ပြီး ဖိတ်ကြားခဲ့တာကွယ့်''

ဒေါက်တာဦးဘဆက်က ဝင်ပြောလိုက်ခြင်းပင် ဖြစ်ပါသည်။

''စကားစပ်မိလို့ ကြားဖြတ်ပြီးတော့ ပြောလိုက်ပါဦးမယ်။ ကျုပ်က ကျုပ် တီထွင်ထားတဲ့ အောင်မြင်မှု ကို ပြသတဲ့ပွဲမှာ လူတန်းစား ပေါင်းစုံပါစေ ချင်ပါတယ်။ ဒါကြောင့်လည်း အခုရောက်ရှိနေတဲ့သူတွေ ကို ကျုပ်က ရွေး ချယ်ပြီး ဖိတ်ထားတာ ဖြစ်ပါတယ်။ မေဝင့်ဝါကိုလည်း ရုပ်ရှင်မင်းသမီးတစ် ယောက် အနေနဲ့ ကျုပ်က ဖိတ်ကြားလိုက်တာပါ''

ဦးဘဆက် ပြောသော စကားကြောင့် ကျွန်ုပ်မှာ လွန်စွာ အံ့အားသင့် သွားရလေသည်။ မေဝင့်ဝါသည် ရုပ်ရှင်မင်းသမီး တစ်ယောက် ဆိုပါကလား။ ရုပ်ရှင်မင်းသမီးဆိုသော်လည်း ကျွန်ုပ် သူမကို မသိပါပေ။ ဘယ်တုန်း ဘယ် အချိန်က ရုပ်ရှင်ရိုက်ခဲ့ပြီး ဘယ်အတိုင်းအတာအထိ အောင်မြင်ခဲ့ပါသလဲ။ နာမည် ကျော် ရုပ်ရှင်မင်းသမီး တစ်ယောက် ဖြစ်ခဲ့လျှင် ကျွန်ုပ်သည် သူမ၏ ဇာတ်ကားများ ကို မကြည့်ဖူးသည့်တိုင် ကြားဖူးသိဖူးရမည် မဟုတ်ပါလော။ စာရေး ဆရာမ ဒေါက်တာ မဘုတ်ဆုံကို မသိသည်မှာ မဆန်း။ ရုပ်ပြစားသော မင်းသမီးကိုမူ လူတိုင်း သိနေရပေမည် ။

ကျွန်ုပ်သည် ဒေါ်မေဝင့်ဝါကို စေ့စေ့စပ်စပ် ပြန်လည်၍ ကြည့်ရှုမိပြန် ၏ ။ အတော် ပင်လှပသော အမျိုးသမီးကြီး ဖြစ်ပါ၏ ။ သို့ရာတွင် သူမကို မင်းသမီး တစ်ယောက် အနေဖြင့် ကျွန်ုပ် သိမနေပါပေ။

ကျွန်ုပ်နှယ်ပင်၊ ဒေါက်တာမင်းလွင်သည်လည်း အံ့သြနေပုံရပေ သည်။ အံ့သြဟန်မပြသူမှာ ဒေါက်တာမဘုတ်ဆုံ တစ်ယောက် သာ ရှိလေ၏ ။

''အို ...ဆရာကြီးရယ် ပြောပြန်ပြီ။ ဝါဟာ ရုပ်ရှင်မင်းသမီး မ ဖြစ်ခဲ့ပါဘူးရှင်။ ဝါ ရိုက်ခဲ့တဲ့ ရုပ်ရှင်ကားဟာလည်း အဆုံးမသတ်လို့ ရုံ မတင် ဖြစ်ခဲ့တာကို ဆရာကြီးလည်း အသိသားနဲ့။ ဆရာကြီးက ဝါ့ကို မင်းသမီး တစ်ယောက် လို သဘောထားပြီး ဖိတ်ထားတာဆိုတော့ ဝါ့မှာ ပိုပြီး စိတ်မလုံ စရာတောင် ဖြစ်ရပြီ''

''ဒီလိုဆိုရင်ဖြင့် ဆရာကြီး စိတ်မကောင်းပါဘူးကွယ်။ ဒါပေမဲ့ မင်းဟာ ရုပ်ရှင်လောကမှာ ကျင်လည်ခဲ့တဲ့ မိန်းကလေး တစ်ယောက် တော့ ဖြစ်နေတယ် မဟုတ်လားကွယ့်။ ဆရာကြီးကလည်း ဒီနိုင်ငံမှာ နေခဲ့သူ မဟုတ် ဘူး။ ပြန်ရောက်တာလည်း မကြာသေးတော့၊ ရုပ်ရှင်လောကက တခြားသူ တွေ နဲ့ လည်း မသိကျွမ်းဘူးလေ၊ မင်းတို့ လင်မယားသာ အသိအကျွမ်းရှိတော့ ဖိတ်လိုက်ရတာ ပဲ။ ပြီးတော့ မင်းဟာ ဆရာကြီးနဲ့ တစ်မြို့ထဲသားတွေ ၊ မင်းမိဘတွေ နဲ့ ဆရာကြီးနဲ့ကလည်း ခင်မင်တဲ့မိတ်ဆွေတွေ ဆိုတော့ ရုပ်ရှင်မင်း သမီး တစ်ယောက် ကို ဖိတ်ကြားချင်လို့ စဉ်းစားလိုက်တဲ့အခါ မင်းနာမည် ပေါ်လာတာပါပဲ မေဝင့်ဝါ။ ဘာပဲ ဖြစ် ဖြစ် ဆရာကြီးက မေဝင့်ဝါကို ရုပ်ရှင် မင်းသမီး တစ်ယောက် လို့ပဲ သဘောထားပါတယ်ကွယ်။ အဲဒါကို မင်း ဂုဏ်ယူ ပါ''

''ကျေးဇူးတင်ပါတယ် ဆရာကြီး၊ ဝါ့ကိုယ်ဝါ၊ အဲ ...ကျွန်မကိုယ် ကျွန်မ မိတ်ဆက်ရရင်တော့''

မေဝင့်ဝါက ဦးဘဆက်နှင့် စကားဖြတ်ကာ မိတ်ဆက်စကားကို ပြန်လည် စတင်လိုက်သည်။

''ကျွန်မနာမည် ရင်းက ဝါဝါခိုင်ပါ။ မေဝင့်ဝါဆိုတာ တစ်ချိန်တုန်းက ကျွန်မ ရုပ်ရှင်ရိုက်ဖို့ စီစဉ်ခဲ့တုန်းက မင်းသမီး နာမည် အ ဖြစ် ရွေးထားခဲ့တဲ့ နာမည် ပါ။ ဒါပေမဲ့ ကျွန်မဟာ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ပဲ ပါဝင်သရုပ် ဆောင်ခဲ့ဖူးပြီး အဲဒီ ဇာတ်ကားကိုလည်း ပြီးဆုံးသည်အထိ ရိုက်ခွင့်မကြုံခဲ့ရ ပါဘူးရှင်၊ ဘာ ဖြစ်လို့လဲဆိုတော့''

ဒေါ်မေဝင့်ဝါသည် စကားကို မဆက်နိုင်သေးဘဲ သက်ပြင်းကို ရှိုက်လိုက်လေသည်။

''ဘာ ဖြစ်လို့လဲဆိုတော့ လူကြီးမင်းများ မြင်တဲ့အတိုင်းပါပဲ။ ကျွန်မ ဟာ ကံအကြောင်းမလှ ဖြစ်ပြီး မတော် တဆ ထိခိုက်မှု တစ်ခုကြောင့် ခြေတစ် ဘက် ဖြတ်ပစ်ခဲ့ရလို့ပါပဲ''

''အို''

''ဟင်''

ကျွန်ုပ်နှင့် ဒေါက်တာမင်းလွင်သည် ဟန်မဆောင်နိုင်စွာ ပင် အသံ ထွက် ရေရွတ်လိုက်မိလေ၏ ။ကျွန်ုပ်တို့သည် ဒေါ်မေဝင့်ဝါအား ထိုင်ခုံတွင် ထိုင်ရက်အနေအထား ဖြင့်သာ မြင်တွေ့ နေခဲ့ရာ သူမ ခြေတစ်ဘက် ဖြတ်ထားရသည့်အ ဖြစ်ကို မသိခဲ့ပေ။ ကျွန်ုပ်သည် ဒေါ်မေဝင့်ဝါအား လွန်စွာ ပင် ကရုဏာသက်မိပေ တော့၏ ။

ထိုအကြောင်းများ ကို ကျွန်ုပ်နှင့် ဒေါက်တာမင်းလွင်မှအပ ကျန် သူများ ကတော့ သိရှိပြီး ဖြစ်ပုံရပေသည်။ မေဝင့်ဝါကိုယ်တိုင်က သူမခင်ပွန်း ဦးထွန်းခိုင်နှင့် ဒေါက်တာမဘုတ်ဆုံတို့မှာ တစ်မြို့တည်းသား ငယ်သူငယ်ချင်း များ ဟု ပြောကြားခဲ့ရာ ဒေါက်တာမဘုတ်ဆုံသည်လည်း သိပြီး ဖြစ်ပေလိမ့် မည် ။

''ကျွန်မအသက်က အခု ၄၅ နှစ် ရှိပါပြီရှင်။ အက်ဆီးဒင့် ဖြစ်ခဲ့တာ အသက် ၂ဝ မှာ ဆိုတော့၊ ကျွန်မ ဒုက္ခိတ ဘဝရောက်ခဲ့တာ ၂၅ နှစ် ရှိပါပြီ။ ခြေတစ်ဘက်ဖြတ်ပစ်ရပြီးနောက်ပိုင်း ကျွန်မရဲ့ ရည်ရွယ်ချက်တွေ လည်း ပျက် သွားရပါတယ်။ သိပ် ဖြစ်ချင်တဲ့ ရုပ်ရှင်မင်းသမီးဘဝကိုလည်း စွန့်လွှတ်လိုက် ရပါတယ်ရှင်။ ခုတော့ ကျွန်မဘဝဟာ သာမန်မိန်းမ တစ်ယောက် ပါပဲ။ မေဝင့်ဝါ ဆိုတဲ့နာမည် ကို မေ့လျော့လို့တောင်နေပါပြီ။ ဆရာကြီးက ကျွန်မကို ရုပ်ရှင် မင်းသမီး တစ်ယောက် အ ဖြစ်နဲ့ မေဝင့်ဝါဆိုတဲ့ နာမည် အသုံးပြုပြီး ဖိတ်ကြား တာကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ကျွန်မ ပြောလိုတာ ဒါလောက်ပါပဲရှင်'

ဒေါ်မေဝင့်ဝါ၏ စကားအဆုံးတွင် ဝိုင်းမှာ တစ်ခဏမျှ တိတ်ဆိတ် ငြိမ်သက်သွားလေ၏ ။ အားလုံးရင်၌ ဒေါ်မေဝင့်ဝါအပေါ် ကရုဏာစိတ်များ ဖြစ်ထွန်းနေမည် ဟု ထင်မိပေသည်။

ဦးထွန်းခိုင်က စားပွဲပေါ်တင်ထားသော ဒေါ်မေဝင့်ဝါ၏ လက်တစ် ဘက်ကို ဆုပ်ကိုင်းရင်း နှစ် သိမ့်လိုက်လေသည်။

ထို့နောက် ဦးထွန်းခိုင်က သူ၏ မိတ်ဆက်စကားကို စလေ၏ ။

''ကျွန်တော့် နာမည် ထွန်းခိုင်ပါ၊ မန္တလေး သား တစ်ယောက် ပါ၊ အသက် ၆ဝ ရှိပါပြီ၊ အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့ပါတယ်။ အနုပညာထဲမှာ ရုပ်ရှင်ကို အရူးသွပ်ဆုံးပေါ့ခင်ဗျာ။ ဒါနဲ့ပဲ ရန်ကုန်ဆင်းခဲ့ပြီး ရုပ်ရှင်လောကထဲ ဝင်ခဲ့တာပါ။ ကျွန်တော် ဟာ ရုပ်ရှင်မှာ သရုပ်ဆောင် ဖြစ်ချင် သူတော့ မဟုတ်ပါဘူး။ ဒါရိုက်တာ ဖြစ်ချင်တာပါ။

''အိမ်က ပံ့ပိုးပေးနိုင်လို့ ရုပ်ရှင်နယ်မှာ ကိုယ့်ထမင်း ကိုယ်စားပြီး ၁၅ နှစ် လောက် အခြေခံကစပြီး ပညာသင်ခဲ့ပါတယ်။ ကျွန်တော် ဖြစ်ချင်တဲ့ ရုပ်ရှင်ဒါရိုက်တာဘဝကိုလည်း ရခဲ့ပါတယ်။ ကျွန်တော့် ရဲ့ ဒါရိုက်တာ နာမည် က ကိုကိုခိုင် ပါ''

ထိုအခါမှပင် ဦးထွန်းခိုင်သည် ရုပ်ရှင်ဇာတ်ကားများ စွာ ရိုက်ခဲ့ဖူး သော ဒါရိုက်တာ ကိုကိုခိုင် ဖြစ်ကြောင်း သိလိုက်ရလေ၏ ။ ရုပ်ရှင်ဒါရိုက်တာ ကိုကိုခိုင်ကိုတော့ ကျွန်ုပ် သိဖူးကြားဖူးရုံမက သူ ရိုက်ကူးသော ဇာတ်ကား အနည်းငယ်ကိုလည်း ကြည့်ရှုဖူးပါသည်။ သူသည် အကယ်ဒမီဆုကိုပင် ရ ခဲ့ဖူးသော ဒါရိုက်တာ တစ်ယောက် ဖြစ်ပါ၏ ။

''ရုပ်ရှင်ဇာတ်ကား ၂၆ ကား ကျွန်တော် ရိုက်ခဲ့ပါတယ်။ ပထမဆုံး ရိုက်တဲ့ကားက ကျွန်တော့်ဇနီး ဟောဒီက မေဝင့်ဝါ ပါဝင်တဲ့ 'ကမ္ဘာခြားသော ချစ်သူများ ' ဆိုတဲ့ ဇာတ်ကားပါ။ ဒါပေမဲ့ အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ဇာတ်ကား ရိုက်ကူးနေစဉ်မှာ မေဝင့်ဝါ ကားအက်ဆီးဒင့် ဖြစ်ပြီး ခြေတစ်ဘက် ဖြတ်ပစ်လိုက်ရလို့ ဇာတ်ကားကို အဆုံးမသတ်နိုင်ခဲ့ပါဘူး''

ဦးထွန်းခိုင်သည် ပြောရင်း အသံတိမ်ဝင်သွားလေ၏ ။ ဒေါ်မေဝင့်ဝါ ထံမှ ရှိုက်သံတစ်ချက် ထွက်ပေါ်လာလေသည်။

''ကျွန်တော် ဟာ နောက်ထပ်ဇာတ်ကားပေါင်း များ စွာ ရိုက်ခဲ့သော် လည်း 'ကမ္ဘာခြားသော ချစ်သူများ ' ဆိုတဲ့ ဇာတ်ကားကိုတော့ ဆက်မရိုက် ဖြစ်တော့ပါဘူး။ တချို့က မင်းသမီးပြောင်းပြီး အသစ်ပြန်ရိုက်ဖို့ အကြံပေး ကြပေမယ့် ဒီဇာတ်ကားအကြောင်း တွေးလိုက်တိုင်း စိတ်မကောင်း ဖြစ်ရ လွန်းလို့ ယခုအချိန်ထိ ဆက်မရိုက် ဖြစ်တော့တာပါ။ ဒီဇာတ်လမ်းကို ဘယ်သူ့ ကိုမှလည်း ပေးမရိုက်ခဲ့ပါဘူး။ ဝါ့အတွက် စိတ်မကောင်း ဖြစ်ရလွန်းလို့ပါ။ အခုတော့ ကျွန်တော် လည်း ရုပ်ရှင်ရိုက်ခြင်းကနေ အနားယူလိုက်ပါပြီ။ အသက်လည်း ကြီးလာပြီ။ နောက်ပေါ်လာတဲ့ လူငယ်ဒါရိုက်တာလေးတွေ ရဲ့ တင်ပြပုံတွေ က ပိုဆန်းသစ်လာတော့ ကျွန်တော် တို့ လူကြီးဒါရိုက်တာတွေ က ရှေးရိုးဆန် သွားပါပြီ။ စိတ်ကျေနပ်မှု ကိုလည်း အတိုင်းအတာတစ်ခုထိ ရသွားလို့ အနားယူလိုက်တာပါ။ ကျွန်တော့်  အကြောင်း ကတော့ ဒါလောက်ပါပဲ ခင်ဗျာ''

ဦးဘဆက်က သူ့အလှည့်ရောက်ပြီ ဖြစ်၍ စကားပြောရန် လည် ချောင်း ရှင်းလိုက်လေသည်။

''ကျွန်တော် ဖိတ်ကြားတဲ့ပွဲကို ခုလို တက်ရောက်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဖိတ်ကြားရတဲ့အကြောင်းရင်း ကတော့ ကျွန် တော် တီထွင်ဖန်တီးထားတဲ့ သိပ္ပံပစ္စည်းတစ်ခုကို ပြသချင်လို့ပါပဲ။ ဒီနှစ် သစ် ကူးက ထူးခြားတဲ့ နှစ် သစ်ကူးပွဲ ဖြစ်နေလို့ ဒီလိုနေ့မျိုးကို တမင်ရွေးပြီး ဖိတ်ကြားလိုက်ရတာ ပါ။ အခုဆို ကျွန်တော် တို့ ကမ္ဘာကြီးဟာ ၂ဝ ရာစုကနေ ၂၁ ရာစုကို ပြောင်းတော့မယ် မဟုတ်လား။ မကြာခင် နာရီပိုင်းအတွင်း မှာ ပဲ ထောင်စုနှစ် တစ်ခုကို ကူးတော့မယ်။ ကျွန်တော့် ရဲ့ တီထွင်အောင်မြင်မှု ကို လည်း နှစ် သစ်ကူးပွဲမှာ အမှတ်တရ ဖြစ်စေချင်လို့ပါ။

''ကျွန်တော် ဟာ ဒီပစ္စည်းကို တီထွင်ကြံဆခဲ့တာ နှစ် ပေါင်း ၃ဝ နီးပါးကြာခဲ့ပါတယ်။ အမေရိကန်နိုင်ငံကို ရောက်ရှိစ အချိန်ကတည်းက ဆိုပါတော့။ စတင်ကြံဆစဉ် ကတော့ အမေရိကန်က သိပ္ပံပညာရှင်နှစ် ဦးလည်း ပါဝင်ပါတယ်။ ခုတော့ သူတို့လည်း ကွယ်လွန်သွားခဲ့ပါပြီ။ ကျွန်တော် မြန်မာ နိုင်ငံကို ပြန်လာခဲ့တာဟာ အလုပ်က အနားယူပြီး မြန်မာပြည်မှာ ပဲ ခေါင်း ချဖို့ပါ။ သေတဲ့အထိ ကိုယ်နိုင်ငံမှာ ပဲနေဖို့ ဆုံးဖြတ်ချက်ချပြီးပါပြီ။ လုပ်ငန်းတွေ အားလုံးကိုလည်း ခေါင်းထဲက ထုတ်ပစ်လိုက်ပြီးပါပြီ။ အေးအေးဆေးဆေး တရားအားထုတ်ပြီးနေဖို့ပါပဲ။

''တရားအားထုတ်နေစဉ်မှာ ပဲ အမေရိကားမှာ နှစ် ပေါင်း ၃ဝ တိတိ ကြံဆခဲ့စဉ်က မအောင်မြင်ခဲ့တဲ့ တီထွင်မှု အတွက် လိုအပ်နေတဲ့ လမ်းစတစ်ခု ကို တွေ့ သွားခဲ့ပါတယ်။ အံ့သြစရာပါပဲ၊ ကျွန်တော် တွေ့ ရှိခဲ့တဲ့ သိပ္ပံဆိုင်ရာ တီထွင်မှု အတွက် သော့ ချက်ဟာ ကျွန်တော် တို့ ဗုဒ္ဓဘုရား ဟောကြားခဲ့တဲ့ တရားတော် ထဲက တွေ့ ခဲ့တာပါ''

ဦးဘဆက်က သူ၏ တီထွင်စမ်းသပ်မှု အကြောင်းကို ရှည်လျားစွာ ရှင်းပြနေရာ တစ်စထက်တစ်စ စိတ်ဝင်စားစရာ ကောင်းလာလေသည်။ သိပ္ပံဆိုင်ရာ တီထွင်စမ်းသပ်မှု တစ်ခုအတွက် သော့ ချက်ကို ဗုဒ္ဓဘာသာ တရား တော် ထဲမှ တွေ့ ရှိသည်ဆိုသည့် အချက်မှာ အံ့သြစရာကောင်းသလို ဂုဏ်ယူ ဖွယ်လည်း ကောင်းလှပေသည်။

''ဗုဒ္ဓရဲ့ တရားတော် တွေ ဟာ တကယ့် အဆီအနှစ် တွေ ဖြစ်သလို၊ လူတွေ ရှိနေသမျှ မှန်ကန်နေမယ့် အမှန်တရားတွေ လည်း ဖြစ်ပါတယ်။ ဘယ်တော့မှ တိမ်ကောသွားမှာ မဟုတ်တဲ့၊ ရိုးသွားမှာ မဟုတ်တဲ့ ခေတ်မီသော အတွေးအခေါ်များ လည်း ဖြစ်ပါတယ်။

''ကဲပါလေ ...ဒါတွေ ကို နိဒါန်းချီနေတာထက် ကျွန်တော် တီထွင် ဖန်တီးထားတဲ့ ပစ္စည်းဟာ ဘာဆိုတာကိုပဲ တည့်တည့် ပြောလိုက်ပါတော့ မယ်''

ဦးဘဆက်က ကိုယ်ကို အနည်းငယ် ကိုင်းကာ နောက်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ ဒေါက်တာစိုးထိုက် နှင့် နောက်ကြောင်းပြန်ခရီး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အပင်း

ရိုင်းတဲ့ တစ္ဆေ

တမလွန်ကပျံလာတဲ့လိပ်ပြာ