Cover

နိဒါန်း

ကြောက်စရာကောင်းသော လသာည။

အများ အားဖြင့် လမင်းသာသော ညများ ကို စိတ်ကြည်နူးဖွယ်၊လွမ်းမောဖွယ်၊ သာယာရှုမောဖွယ်အ ဖြစ် သတ်မှတ်ကြသော်လည်းဖုန်းဆိုးရွာနှင့်ပတ်ဝန်းကျင်ဒေသတစ်ခုလုံးအတွက်တော့ လသာညသည်ကြောက်စရာကောင်းသော ညပင် ဖြစ်ပါသည်။

ဖုန်းဆိုးရွာပတ်ဝန်းကျင်ကလည်း ကြောက်မက်ဖွယ်အသွင်အပြင်များ ဖြင့် တည်ရှိနေခဲ့ပါသည်။

ဖုန်းဆိုးရွာသည် တကယ်တော့ မြို့နှင့်အလှမ်းမဝေးလှပါ။မြို့ကြီးနှစ် မြို့ဆက်သွယ်သော အဝေးပြေးလမ်းမကြီးမှ ဖယ်ကျဉ်၍ လာခဲ့သည်ရှိသော်- ဖုန်းဆိုးရွာသို့ သုံးမိုင်မျှသာ ဝေးပါသည်။ အနီးဆုံးမြို့ ဖြစ်သော ''မြစမ်းမြိုင်မြို့''မှဆိုလျှင် လေးမိုင်ခရီးမျှသာရှိပါသည်။

မြစမ်းမြိုင်မှ အဝေးပြေးလမ်းအတိုင်း တစ်မိုင်အထိလာခဲ့ပြီးဖုန်းဆိုးရွာကိုရောက်ရန် ညာဖက်သို့ချိုးဝင်ရပါသည်။ ရွာသို့သွားရာလမ်းမမှာ လည်း မဆိုးလှချေ။ ကတ္တရာလမ်းမဟုတ်သော်လည်း ဖုန်ထူသော်လည်း သွားလာရသည်မှာ လမ်းပန်းသာပါသည်။ ထို့ကြောင့်- ရွာမှမြို့ကိုတက်၍ အလုပ်လုပ်သူအချို့သည် စက်ဘီးဖြင့်ပင် သွားကြလာကြပါသည်။

သို့သော်- ဖုန်းဆိုးရွာနားသို့ နီးလာလေ ကြောက်မက်ဖွယ်အသွင်အပြင်များ က ပိုမိုထင်ရှားလာလေ ဖြစ်လေတော့၏ ။

အဝေးပြေးလမ်းမှဖယ်ကျဉ်ခဲ့ပြီး ၂မိုင်ခရီးမျှရောက်သည်နှင့်အလွန်မြင့်မား၍ မတ်စောက်သော တောင်ထွတ်ကြီးတစ်ခုကို တွေ့ မြင်နိုင်လေသည်။ ရွာလမ်းမသည် ထိုတောင်ကြီးအား ကွေ့ပတ်ဖောက်လုပ်ထားပါ၏ ။ တောင်ကြီးက လမ်းမအထက်ကိုအုပ်မိုးလျှက်ရှိလေသည်။

ထိုတောင်ကြီးကိုအဝေးမှကြည့်လျှင်- လူ တစ်ယောက် ၏ ဦးခေါင်းနှင့် သဏ္ဍာန်တူညီစွာ တွေ့ မြင်နိုင်လေ၏ ။ လူ၏ ဦးခေါင်းနှင့်ပုံပန်းသဏ္ဍာန်တူညီသော်လည်း အချိုးအစားကျသော ဦးခေါင်းတစ်ခုအ ဖြစ်ကား မဟုတ်ပါချေ။ လွန်စာနဖူးမောက်သော လူ တစ်ယောက် ၏ ဦးခေါင်းနှင့် သဏ္ဍာန်တူညီနေခြင်းသာ ဖြစ်တော့သည်။

တောင်အမည် ကလည်း ကြောက်မက်ဖွယ်အသွင်ကို ဆောင်လျှက်ရှိလေ၏ ။

''စုန်းမဦးခေါင်းတောင်''-တဲ့။

လူ၏ ဦးခေါင်းနှင့်သဏ္ဍာန်တူသည်မှာ မှန်၏ ။ အဘယ်ကြောင့်စုန်းမဦးခေါင်း-ဟု စုန်းမအမည် ထည့်၍ မှည့်ခေါ်ထားရပါသနည်း။

ရှေးရိုးစဉ်လာ ပြောစကားများ အရ- ထိုတောင်ပေါ်တွင် လသာညများ ဆိုလျှင် စုန်းမများ တက်၍ မြူးတူးပျော်ပါးကြသည်။ စုန်းတောက်စားကြသည်ဟု အဆိုရှိပါသည်။

ရှေးအခါများ ကဆိုလျှင်- လသာညများ ၌ မိုးပေါ်မှတိမ်ညွန့်များ ကို ခူးစားနေသော စုန်းမများ ကိုပင် မြင်တွေ့ ရတတ်သည်ဟု ဆိုစကားရှိခဲ့သည်။ စုန်းမများ သည် သူတို့၏ လည်ပင်းများ ကို မိုးပေါ်မှတိမ်တိုက်များ ဆီရောက်သည်အထိ ရှည်လျားအောင်ဆန့်တန်းကာတိမ်ညွန့်များ ကို စားနေသည်ဟု ဆိုလေသည်။

မည် သို့ပင်ဆိုစေ- စုန်းမဦးခေါင်းတောင်သည်ကား ယခုထိတိုင် ကြောက်မက်ဖွယ်သွင်ပြင်ကို ဆောင်ဆဲပင်တည်း။

♥ ♥ ♥


အကြင်သူတစ်ဦးသည် ဖုန်းဆိုးရွာသို့လာခဲ့သည်ရှိသော်ဖုန်းဆိုးရွာသို့လာရာလမ်းသည် တစ်လမ်းတည်းသာ ရှိသည့်အတွက် စုန်းမဦးခေါင်းတောင်ကို မလွဲမသွေဖြတ်သန်းလာရမည် ဖြစ်သည်။

ဖုန်းဆိုးရွာသို့လာရာလမ်းတွင် စုန်းမဦးခေါင်းတောင်ကို ပိတ်ဆီးလျှက်တွေ့ မြင်ရမည် ဖြစ်သည်။

ဖုန်းဆိုးရွာသို့ရောက်ရန်အတွက် စုန်းမဦးခေါင်းတောင်ကို ပတ်၍ ဖောက်လုပ်ထားသော လမ်းအတိုင်း သွားရမည် ဖြစ်သည်။

စုန်းမဦးခေါင်းတောင်ဘေးတွင် နက်ရှိုင်းသော ချောက်ကမ္ဘားကြီးတစ်ခုရှိနေသည်။ ရွာသို့သွားသော လမ်းသည် ချောက်ကမ္ဘားနှင့်စုန်းမဦးခေါင်းတောင်တို့ကြားမှ ကျဉ်းမြောင်းစွာ ဖောက်လုပ်ထားလေ၏ ။

ကားတစ်စီးသွားသာရုံသာရှိ၍ မျက်နှာချင်းဆိုင် ကားနှစ် စီးဆုံမိပါကတစ်စီးက စောင့်ဆိုင်းရှောင်တိမ်းပေးရလေသည်။

ထိုကျဉ်းမြောင်းသော လမ်းကလေးအတိုင်းဖြတ်လာစဉ် အပေါ်သို့မော်ကြည့်လိုက်မည် ဆိုပါက အစွန်းထွက်နေသော တောင်ကမ်းပါးယံသည် လမ်းမပေါ်သို့အုပ်မိုးနေသည်ကို မြင်တွေ့ ရမည် ဖြစ်ပါသည်။

လမ်းပေါ်အထိအုပ်မိုးနေသော တောင်ကမ်းပါးယံအစွန်းသည် အောက်သို့ပြိုကျ ပြတ်ကျ ပြုတ်ကျတော့မည် လောဟု ထင်ရလောက်အောင်ညွှတ်ကိုင်းလျှက်ရှိလေသည်။ သို့သော်- နှစ် ပရိစ္ဆေဒ ဤမျှကြာမြင့်သည်အထိ တောင်ကမ်းပါးယံသည် ပြတ်ကျမလာခဲ့ပါ။

ထိုတောင်ကမ်းပါးယံတွင် ပေါက်နေသော သစ်ပင်မှ သစ်ရွက်များ သည် လမ်းမပေါ်သို့ ရာသီမရွေးကြွေကျလျှက်ရှိလေ၏ ။

ထိုသို့ လမ်းမပေါ်သို့ကိုင်းညွှတ်နေသော တောင်ကမ်းပါးယံမှာ အဝေးမှကြည့်သော်- ဦးခေါင်းနှင့်တူသော တောင်ကြီး၏ မောက်နေသော နဖူးနှင့်တူသော အစိတ်အပိုင်းပင် ဖြစ်ပေသည်။

မြို့နှစ် မြို့ကူးလူးသော လမ်းမပေါ်မှကြည့်လျှင် နဖူးမောက်မောက်နှင့်ဦးခေါင်းကြီးပုံသဏ္ဍာန်ရှိသော တောင်ကို မြင်တွေ့ ကြရမည် ။

တောင်ကမ်းပါးယံတွင် ပေါက်နေသော သစ်ပင်ကြီးကား အဝေးမှကြည့်သော် ဦးခေါင်းထိပ်ဖက် မျက်နှာအထက်ပိုင်းတွင် ပေါက်နေသော မျက်ခုံးမွေးနှင့် အလားသဏ္ဍာန်တူပေ၏ ။ ထို့ကြောင့်ပင်- စုန်းမဦးခေါင်းတောင်ကြီးသည် အဝေးမှကြည့်သည်နှင့်ပင် စိတ်ချောက်ချားဖွယ်ကောင်းလှပေတော့၏ ။

အမည် နာမအရရော၊ တည်ရှိပုံအရပါ ကြောက်မက်ဖွယ်ရာကောင်းသော တောင်ကြီးတစ်တောင် ဖြစ်ပေတော့သည်။

ချောက်ကမ္ဘားနှင့်တောင်အကြား လမ်းကြားလေးသည် အပေါ်မှ ကမ်းပါးယံကြီးအုပ်မိုးထားသည့်အတွက်ကြောင့် အမြဲမှော င်မိုက်နေတတ်ပေသည်။ မှော င်မိုက်သည့်အတွက်ကြောင့်တစ်ကြောင်း၊ အပေါ်မှကမ်းပါးယံကြီးသည် ပြိုကျတော့မလို အသည်းယားဖွယ်ရာ ရှိနေသည့်အတွက်ကြောင့်တစ်ကြောင်း- ထိုနေရာသို့ရောက်လေတိုင်း ဖြတ်သန်းသွားသူများ သည် အလျင်အမြန်ပင် ဖြတ်သန်းသွားတတ်ကြပေ၏ ။

♥ ♥ ♥


စုန်းမဦးခေါင်းတောင်မှလွန်မြောက်ပြီး နောက်ထပ်၂မိုင်ခန့်သွားခဲ့လျှင်တော့ ဖုန်းဆိုးရွာကို ရောက်ရှိနိုင်ပါသည်။

ဖုန်းဆိုးရွာကိုမရောက်မီ သချုင်္ီင်းတစ်ခုကို ဖြတ်သန်းရမည် ဖြစ်သည်။ သချုင်္ီင်းကား ဖုန်းဆိုးရွာမှကွယ်လွန်သူများ ကိုသဂြိုဟ်သော သချုင်္ီင်းပင် ဖြစ်ပါသည်။

ရွာသချုင်္ီင်း ဖြစ်သည့်အားလျှော်စွာ အင်္ဂတေဖြင့်ပြုလုပ်သော အုတ်ဂူများ ကိုတော့ အနည်းအကျဉ်းသာတွေ့ မြင်နိုင်ပြီး- အများ အားဖြင့် မြေပုံမို့မို့နှင့် သေသူအမည် ကိုဖော်ပြသော သစ်သားတိုင်ကလေးများ ကိုသာ တွေ့ ရမည် ဖြစ်ပါသည်။

သချုင်္ီင်းကား အကာအရံမရှိသည့်အတွက်ကြောင့် ဟာလာဟင်းလင်း ဖြစ်နေရပေသည်။ သချုင်္ီင်းသည်လည်း ဖုန်းဆိုးရွာမရောက်မီတွေ့ မြင်ရမည် ဖြစ်သော စိတ်နှလုံးတုန်လှုပ်ချောက်ချားဖွယ် ရှုခင်းတစ်ခုပင် ဖြစ်တော့သည်။

သင်္ချီုင်းကိုလွန်လျှင်ကား ရွာစည်းရိုးသို့ရောက်လုပေပြီ။သို့ရာတွင် သင်္ချီုင်းနှင့်ရွာစည်းရိုးကြားတွင် ခြံကျယ်ကြီးတစ်ခုရှိနေပါသေးသည်။ ခြံကျယ်ကျယ်ကြီးထဲတွင် ကား ယိုင်ရွဲ့နေသော တဲအိမ်လေးတစ်လုံးကို မြင်တွေ့ နိုင်ပါ၏ ။

အဆိုပါတဲအိမ်ကလေးကားစုန်းမကြီး ဒေါ်ဇံညွန့် နေထိုင်သော တဲအိမ်လေးပင် ဖြစ်ပါတော့သည်။

ဒေါ်ဇံညွန့်ဆိုသူ အရုပ်ဆိုး အကျည်းတန်လှသော အဘွားအိုကား စုန်းမဆိုသော စွတ်စွဲချက်ဖြင့် ရွာပြင်သို့နှင်ထုတ်ခံထားရသော မိန်းမကြီး တစ်ယောက် ဖြစ်ပါလေတော့သည်။

ထို့ကြောင့်- အကြင်သူတစ်ဦးသည် ဖုန်းဆိုးရွာသို့လာမည် ဆိုပါက- ''စုန်းမဦးခေါင်းတောင်'' ''သင်္ချီုင်းမြေ''နှင့် ''စုန်းမကြီးဒေါ်ဇံညွန့်နေထိုင်ရာခြံကျယ်ကြီး''တို့ကို ဖြတ်သန်းပြီးမှသာ ရောက်ရှိမည် ဖြစ်ပါ၏ ။

ဖုန်းဆိုးရွာကား စိတ်ချောက်ချားတုန်လှုပ်ဖွယ်၊ ကြောက်မက်ဖွယ်အရာများ ဝန်းရံနေသော အရပ်တစ်ခုပင် ဖြစ်ပေတော့သတည်း။

♥ ♥ ♥


လပြည့်ညတစ်ည။

သန်းခေါင်ယံအချိန်။

ဖုန်းဆိုးရွာကလေးသည် တိတ်ဆိတ်စွာ အိပ်မောကျလျှက်ရှိသည်။

ထိုစဉ်- ရွာအပြင်ဖက်ဆီမှ ရယ်မောလိုက်သော အသံနက်ကြီးက တစ်ရွာလုံးသို့လွှမ်းခြုံသွားလေသည်။

''ဟီ- ဟီ- ဟီ- ဟီ- ဟား- ဟား- ဟား- ဟား-ဝိုးဟိုးဟိုးဟိုး- - - ဟီဟီဟီ-''

အအိပ်ဆတ်သူများ လန့်နိုးကုန်ကြသည်။ခွေးများ က ရယ်မောသံကြီးထွက်လာရာ ရွာအပြင်ဖက်ဆီသို့ထိုးဟောင်လိုက်ကြသည်။ တခဏချင်းမှာ ပင်- ခွေးဟောင်သံ၊ ခွေးအူသံများ တစ်ရွာလုံးဆူညံသွားလေတော့သည်။

ထိုအ ဖြစ်မျိုးကား- ဖုန်းဆိုးရွာကလေးတွင် လပြည့်ညတိုင်းကြုံဆုံရသော အ ဖြစ်တစ်ခုပင် ဖြစ်တော့သည်။

တစ်ရွာလုံးက ထိုအသံသည် ဒေါ်ဇံညွန့်၏ ရယ်မောသံ ဖြစ်မှန်းသိကြလေသည်။

ညသန်းခေါင်အချိန်တွင် ဒေါ်ဇံညွန့် ဘာလုပ်နေသနည်း။သတ္တိကောင်းသူတချို့က စုန်းမဦးခေါင်းတောင်ဆီသို့ထွက်ကြည့်ကြသည့်အခါ တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းကိုမြင်တွေ့ ရလေတော့သည်။

စုန်းမဦးခေါင်းတောင်ပေါ်တွင် ယိမ်းနွဲ့လှုပ်ရှားနေသော အရိပ်မည်းကြီးတစ်ခု။ စုန်းမဦးခေါင်းတောင်၏ ထိပ်ဖျားက တောင်ကတုံး ဖြစ်ကာ သစ်ပင်မရှိပဲ ပြောင်တလင်းခါနေပါသည်။

ထိုတောင်ထိပ်ပေါ်၌ အရိပ်တစ်ခုသည် ကခုန်နေသည့်သဖွယ်ယိမ်းနွဲ့လှုပ်ရှားနေပေသည်။

''ဟီ- ဟီ- ဟီ- ဟီ- ဟား- ဟား- ဟား- ဟား-ဝိုးဟိုးဟိုးဟိုး- - - ဟီဟီဟီ-''

ရယ်သံကြီးက တစ်ဖန်ပေါ်ထွက်လာပြန်သည်။

''ဒေါ်ဇံညွန့်ကြီး၊ စုန်းမကြီးဒေါ်ဇံညွန့် စုန်းမဦးခေါင်းတောင်ပေါ်တက်ပြီး စုန်းတောက်စားနေပြီ''

''စုန်းတွေ မြူးနေကြပြီ၊ ကိုယ့်အိမ်ထဲကိုယ်ဝင်နေကြ''

သတ္တိကောင်း၍ ထွက်ကြည့်သည့်အိမ်သားများ ကို အိမ်ရှင်မများ က အတင်းအိမ်ထဲဆွဲခေါ်ကြသည်။

''မကြည့်ပါနဲ့၊ ရှင်တို့မကြောက်ကြဘူးလား၊ ဒေါ်ဇံညွန့်ကြီးကစုန်းမတောင်ပေါ်ကနေ ရှင်တို့ထွက်ကြည့်တာကို မြင်ရတယ်၊ နောက်တစ်နေ့ကျ သူ့ကို ဘယ်သူတွေ ကြည့်တယ်ဆိုတာ အတပ်ပြောနိုင်တာ၊ဒေါ်ဇံညွန့်ကြီးက သူမကြေနပ်ရင် ပြုစားလိမ့်မနော်၊ မကြည့်ကြပါနဲ့ရှင်''

ကြောက်တတ်သူအိမ်ရှင်မများ က တားမြစ်ကြခြင်း ဖြစ်သည်။တစ်ရွာလုံးက သိထားကြသော လသာညတိုင်း ပြုမူသည့်စုန်းမကြီးဒေါ်ဇံညွန့်၏ အပြုအမူပင် ဖြစ်ပါသည်။

ဖုန်းဆိုးရွာကလေးသည် လပြည့်ညရောက်တိုင်း စုန်းမကြီးဒေါ်ဇံညွန့်ရယ်သံကို ကြားရသည်။ ဒေါ်ဇံညွန့်ကြီး စုန်းမဦးခေါင်းတောင်ပေါ်တက်၍ စုန်းတောက်စားမြူးတူးနေတာကို မြင်ရသည်။

တချို့က ဒေါ်ဇံညွန့်ကြီးသည် ရွာသချုင်္ီင်းမှ လတ်လတ်ဆတ်ဆတ်သေသော အလောင်းများ မှ အသည်းအူများ ကိုထုတ်ယူကာ လပြည့်ညတွင် စုန်းမဦးခေါင်းတောင်ပေါ်တက်၍ ဆေးစီရင်သည်ဟု ဆိုကြ၏ ။

မည် သို့ပင်ဆိုစေ- ဖုန်းဆိုးရွာသူရွာသားများ သည် လပြည့်ညတိုင်း ဒေါ်ဇံညွန့်ကြီး၏ ကျယ်လောင်စွာ အော်ဟစ်ရယ်မောသံကြီးကိုကြားရမြဲ ဖြစ်လေ၏ ။

လပြည့်ညများ ၌ - ဖုန်းဆိုးရွာကလေးသည် ရွာပြင်မှထွက်ပေါ်လာသော ကျယ်လောင်စူးရှသည့် ရယ်မောသံ၊ ခွေးများ ၏ အူသံဟောင်သံများ ဖြင့် ပွက်လောရိုက် ဆူညံနေတတ်ပေတော့သည်။

ထိုအ ဖြစ်များ ကား- စုန်းမကြီးဒေါ်ဇံညွန့် မသေဆုံးခင်အချိန်အထိ လပြည့်ညတိုင်းကြုံဆုံရသည့်အ ဖြစ်များ ပင် ဖြစ်ပေတော့သည်။

♥ ♥ ♥


အခန်း (၁)

လပြည့်ည ဖြစ်သည့်အတွက် လရောင် က ပြည့်ဝန်းစွာ သာလျှက်ရှိလေသည်။

သို့သော်- မိုးရွာသွန်းနေသော ကြောင့် တစ်ချက်တစ်ချက်တိမ်တိုက်များ က ဖုံးကွယ်သွားသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှော င်သွားတတ်လေသည်။

တစ်ချက်တစ်ချက်လက်လိုက်သော လျှပ်စီးရောင် ကြောင့် တောလမ်းခရီး၏ မြင်ကွင်းများ ကို ရိပ်ကနဲ ရိပ်ကနဲမြင်လိုက်ရလေသည်။

သစ်သားအိမ်ဖြင့် ဖွဲ့တည်ထားသော ဒေါ့ဂျစ်ကားအိုကြီး၏ မှိန်ဖျော့သော ရှေ့မီးရောင် များ မှာ ညအမှော င်နှင့် မိုးထဲလေထဲတွင် ရှင်းလင်းအောင် မထိုးဖောက်နိုင်ရှာပေ။

ကားအိုကြီးသည် မိုးသည်းသော ညအချိန်တွင် မြစမ်းမြိုင်မြို့ကလေးဆီသို့ တအိအိဖြင့်သွားလျှက်ရှိလေ၏ ။

ကားထဲမှာ ပါလာသော ခရီးသည်များ သည် ဘေးမှပက်သော မိုးရေစက်များ ကြောင့် ကားအတွင်းပိုင်းသို့တဖြည်းဖြည်းတိုးဝင်လာကြရာ ကားအတွင်းထဲ၌ လူများ ပြည့်သိပ်နေတော့သည်။ ဘေးနှစ် ဖက်မှချထားသော တာလပတ်စသည်လည်း လေတိုက်တိုင်း တဖြတ်ဖြတ်လွင့်နေကာ ဘက်ပေါင်းစုံမှတိုးဝင်လာသော မိုးရေစက်များ ကို မတားဆီးနိုင်ခဲ့ပေ။

သူကတော့ ကံကောင်းထောက်မစွာ ကားရှေ့ခန်းတွင် ဒရိုင်ဘာဘေးထိုင်ခုံမှာ နေရာရခဲ့၍ အခြားခရီးသည်များ လို ဒုက္ခမခံစားခဲ့ရပေ။ဒါတောင် တစ်ချက်တစ်ချက်ဝေ့တိုက်လိုက်သော လေနှင့်အတူ ဝဲပါလာသည့်မိုးရေစက်များ က သူ၏ ညာဖက်ပခုံးတစ်ခုလုံးကိုစိုရွှဲနေစေတော့၏ ။

စိုးနောင်က ရင်ဘတ်ထဲမှာ ပိုက်ထားသော စက္ကူ အိတ်လေးကို မိုးမစိုစေရန် ဘယ်ဖက်လက်ဖြင့်ပြောင်း၍ ပိုက်ထားလိုက်သည်။ အမေကြီးအတွက်ဝယ်လာသော အဝတ်အစားများ ဖြစ်ပါသည်။ သူ မန္တလေးမှာ တစ်နှစ် တာ အလုပ်လုပ်ပြီးရတဲ့ပိုက်ဆံထဲက အမေကြီးကိုကန်တော့ဖို့ဝယ်လာခဲ့ခြင်း ဖြစ်သည်။ အင်္ကျီတစ်ထည်၊ ထမီတစ်ထည်နှင့်အတူယောဂီတဘက်ကလေးတစ်ထည်လည်းပါလေသည်။

ပြီးတော့- မဟာမြတ်မုနိဘုရားကြီးက ဝယ်လာတဲ့စိတ်ပုတီးတစ်ကုံး။ စိတ်ပုတီးလေးကို စိုးနောင်က ဘုရားကြီးရင်ခွင်မှာ ရင်ငွေ့လှုံခဲ့လိုက်သေးသည်။

အမေကြီး- အမေကြီး- ဘယ်တုံးကမှ ဘုရားတရားအလုပ်မလုပ်ခဲ့တဲ့အမေကြီး။ အိမ်မှာ ဘုရားစင်တောင်မထားတဲ့အမေကြီး။သူ ရွာကိုပြန်ရောက်ရင်တော့ အမေကြီးကို ဗုဒ္ဓဘာသာပီပီဘုရားကျောင်းကန်သွားဖို့၊ ဘုရားရှိခိုးဖို့၊ ပုတီးစိတ်ဖို့ နားချရပါဦးမည် ။

စိုးနောင်သည် အမေကြီးအကြောင်းကိုတွေးမိရင်းမှ သက်ပြင်းချလိုက်မိလေ၏ ။

အမေကြီးဆိုသည်ကား စိုးနောင်၏ အဘွားပင် ဖြစ်ပါသည်။အညာဓလေ့အတိုင်း အဘွားကို အမေကြီး-ဟု ခေါ်နေခြင်း ဖြစ်ပါသည်။

သူမရှိတုန်းအချိန်မှာ အမေကြီး တစ်ယောက် တည်း ဘယ်လိုနေထိုင်စားသောက်နေပါလိမ့်ဟု စိုးနောင်တွေးမိပြန်သည်။

စိုးနောင်အဖို့ အိမ်မှခွာလာသည့်တစ်နှစ် လုံးလုံး အမေကြီးအတွက်စိုးရိမ်ပူပန်စွာ တွေးခဲ့ရသော အတွေး ဖြစ်ပါသည်။ အသက်ကြီးလှပြီ ဖြစ်သော အမေကြီးအတွက် သူပူပန်စိုးရိမ်မည် ဆိုလည်း စိုးရိမ်လောက်ပေသည်။

စိုးနောင်၏ အဘွား ဒေါ်ဇံညွန့်ကား တစ်ရွာလုံးက ''စုန်းမကြီး ''ဟုယိုးစွပ်ကာ ရွာပြင်သို့နှင်ထုတ်ခံထားရသူ ဖြစ်ပါသည်။ ဖုန်းဆိုးရွာ၏ ရွာစည်းရိုးအပြင်ဖက်တွင် တဲထိုးနေထိုင်ရသော အဘွားအိုတစ်ဦးပင် ဖြစ်ပါတော့သည်။

စိုးနောင်သည် အမေကြီးအတွက်ဝယ်လာသော အဝတ်အစားထုတ်ကလေးကိုပိုက်ကာ အမေကြီးအကြောင်းများ ကိုတွေးနေမိသည်။

စိုးနောင်မှာ မိဘများ မရှိတော့ပါ။ စိုးနောင်အမေက အမေကြီးဒေါ်ဇံညွန့်၏ သမီး ဖြစ်သည်။ မိဘများ မရှိတော့ကတည်းက အမေကြီးကပင် စိုးနောင်ကိုကျွေးမွေးလာခဲ့ခြင်း ဖြစ်ပါ၏ ။

လျှပ်စီးတစ်ချက်လက်လိုက်၍ ရှေ့မှမြင်ကွင်းများ ကို ထင်းကနဲမြင်လိုက်ရသည်။

စုန်းမတောင်ကြောဆိုသည့် သူတို့မြို့အဝင်နားက တောင်တန်းကြီးကို လျှပ်ရောင် ထဲမှာ ဖြတ်ကနဲမြင်လိုက်ရ၏ ။ စုန်းမတောင်ကြောကြီးကား ကားလမ်းဘေးမှမြင့်မောက်သွားကာ သူတို့ရွာအနီးတွင် အဆုံးသတ်သွားလေသည်။

သူတို့ရဲ့ ဖုန်းဆိုးရွာနားအရောက်တွင် တော့ တောင်တန်းကြီး၏ အဆုံးသတ်တောင်ကုန်းကြီးမှာ လူဦးခေါင်းသဏ္ဍာန် ဖြစ်ပေါ်နေ၍ ထိုတောင်ကြီးကို ''စုန်းမဦးခေါင်းတောင်''ဟုခေါ်ပါသည်။

စုန်းမတောင်တန်းကြီးကိုလွန်လျှင်တော့ မြစမ်းမြိုင်မြို့ကလေးကိုမြင်ရနိုင်ပါပြီ။

မြစမ်းမြိုင်မြို့ကလေးသည် စုန်းမတောင်ကြောကိုလွန်၍ နိမ့်ဆင်းသွားသော မြေပြန့်မှာ ရှိနေပါသည်။ စုန်းမတောင်ကြောအခြေဆီမှကြည့်လျှင် မြေနိမ့်ပိုင်းဆီမှ မြစမ်းမြိုင်မြို့ကလေးကို သာယာလှပစွာ မြင်ရနိုင်ပါသည်။

သို့သော် ...လှပသာယာသော မြစိမ်းမြိုင်မြို့ကလေးကိုရောက်ဖို့ စုန်းမတောင်ကျောကွေ့ကိုကျော်ရသော နေရာကတော့ အန္တရာယ်ကြီးမားလှပါသည်။

အဘယ်ကြောင့်ဆိုသော် ...မြို့ဖက်မှလာသော လမ်းနှင့် မြို့ကိုဝင်သော လမ်းသည် စုန်းမတောင်ခြေတွင် မြားဦးသဏ္ဍာန်ဆုံတွေ့ ကြသည်။ တောင်ကွယ်နေ၍ တစ်ဖက်မှလာနေသော ကားကို တစ်ဖက်က မမြင်ရပါ။ လမ်းအဆုံ၏ တစ်ဖက်တွင် လည်း မတ်စောက်ခြင်းမရှိသည့်တိုင် ဆင်ခြေလျှောသဏ္ဍာန် ဖြစ်နေသော ချောက်ကမ္ဘားကြီးရှိနေသည်။

တစ်ဖက်နှင့်တစ်ဖက် ကားနှစ် စီးလာသည်ကို မသိပါက ချောက်ထိပ်တွင် ထိပ်ဆိုင်တွေ့ ဆုံပြီး တိုက်မိနိုင်ပါသည်။ ထိုသို့ ကားတိုက်မှု ဖြစ်ခဲ့သော အကြိမ်ပေါင်းလည်း မနည်းပါချေ။

ထို့ကြောင့် ...စုန်းမတောင်ကြောအခြေလမ်းဆုံသို့ရောက်ခါနီး လေ ကားတိုင်းသည် တစ်ဖက်မှကြားသိစေရန် ဟွန်းကို သံရှည်ဆွဲ၍ တီးကာ အသိပေးရမြဲ ဖြစ်လေ၏ ။

လျှပ်ရောင် အောက်တွင် စုန်းမတောင်ကြောကို ဖြတ်ကနဲမြင်လိုက်ရ၍ စုန်းမတောင်နှင့်ပတ်သက်ပြီး စိုးနောင်က တွေးနေမိခြင်း ဖြစ်ပါသည်။

နောက်တစ်ချက်လျှပ်စီးလက်လိုက်ပြန်ရာ- ခပ်လှမ်းလှမ်းဆီမှ စုန်းမဦးခေါင်းတောင်ကြီးကို ရိပ်ကနဲမြင်လိုက်ရပြန်သည်။ အမေကြီးဒေါ်ဇံညွန့်ကိုလည်း သတိရလိုက်မိပြန်သည်။ စိုးနောင်အဘွားဒေါ်ဇံညွန့်ကို စုန်းမဟုစွတ်စွဲကြသော ရွာသားများ က ဒေါ်ဇံညွန့်သည် လသာညတိုင်း စုန်းမဦးခေါင်းတောင်ပေါ်တက်၍ စုန်းတောက်စားသည်။ ကောင်းကင်မှတိမ်ညွန့်များ ကိုစားသည်ဟုပြောကြပုံကို သတိရလိုက်သော ကြောင့် ဖြစ်ပါသည်။

ကားအိုကြီးကတော့ အမှော င်ထုထဲတွင် မှိန်ဖျော့သော ရှေ့မီးအလင်းရောင် ဖြင့် တရွေ့ရွေ့ သွားနေဆဲ ဖြစ်သည်။ မိုးကလည်း ...သည်းမြဲသည်းလျှက်ပင်ရှိလေသည်။

မြို့ကိုရောက်တော့မည် ဖြစ်၍ စိုးနောင်ရင်များ နွေးထွေးစွာ ခုန်လှုပ်လာလေသည်။

သူကတော့ မြစမ်းမြိုင်ရောက်သည်အထိ ကားစီးစရာမလိုပါ။စုန်းမဦးခေါင်းတောင်နှင့် တည့်တည့်နေရာတွင် ''ဖုန်းဆိုးရွာသို့''ဟုလမ်းညွန်ထားသော ဆိုင်းဘုတ်တစ်ခုရှိသည်။ ကားစောင့်သူများ နားခိုရန်တဲလေးတစ်လုံးလည်းရှိပါသည်။ ထိုနေရာတွင် သူဆင်းရမည် ဖြစ်သည်။

ရွာအထိရောက်အောင်တော့ လမ်းလျှောက်သွားရမည် ဖြစ်ပါ၏ ။

သူသည် အိမ်နှင့်တစ်ခါမျှ သည်လောက်ကြာကြာမခွဲဖူးပါ။မန္တလေးတွင် အလုပ်သွားလုပ်နေသော မြစမ်းမြိုင်မှသူငယ်ချင်းတစ်ဦးကခေါ်၍ မန္တလေးကိုအလုပ်သွားလုပ်ခြင်း ဖြစ်သည်။ သူသည် မန္တလေးမှာ ပန်းရံလုပ်သားအ ဖြစ် တစ်နှစ် ကြာ အလုပ်လုပ်ခဲ့ပါသည်။

တစ်နှစ် အလုပ်လုပ်ပြီး စုခဲ့သော ကြောင့် သူ့မှာ ငွေအတော် ကလေးစုဆောင်းမိခဲ့သည်။ သူ ရွာကိုပြန်လာသည်မှာ အမေကြီးဒေါ်ဇံညွန့်အတွက် ဖြစ်ပါသည်။ အမေကြီးကို သူစိတ်မချ။ စုန်းမဟုစွပ်စွဲခံကာ ရွာပြင်ထုတ်ခံထားရတဲ့ အမေကြီးကို သူသနားလှသည်။သူ့မှာ ပါလာတဲ့ငွေလေးနဲ့ အမေကြီးကိုကန်တော့မည် ။ ပြီးတော့- အမေကြီးကိုလူတွေ နှင့်သင့်မြတ်အောင်နေဖို့နားချမည် ။ ဘုရားအလုပ် တရားအလုပ်တွေ လုပ်ခိုင်းမည် ။ ရွာကလူတွေ အမေကြီးကို သာမန်လူ တစ်ယောက် အ ဖြစ် ပြန်လက်ခံလာအောင်လုပ်မည် ဆိုသည့်ရည်ရွယ်ချက်များ ဖြင့်စိုးနောင် ရွာသို့ပြန်လာခဲ့ခြင်း ဖြစ်ပါ၏ ။

တစ်နှစ် တာခွဲခွာခဲ့ရသော ဇာတိရွာကို နီးလာပြီဆိုတော့ ရင်ခုန်မြန်လာသည်။အမေကြီးကို တွေ့ ရတော့မည် ။

ပြီးတော့ ...''ပန်းရုံ'' နဲ့လည်း ပြန်ဆုံရတော့မည် ။

စိုးနောင်အတွေးထဲသို့ ချစ်သူပန်းရုံ တိုးဝင်လာပြန်လေသည်။

သူ မန္တလေးရောက်နေသည့် တစ်နှစ် အတွင်းမှာ တော့ ...ပန်းရုံနှင့်အဆက်အသွယ်မရှိခဲ့ပါ။ သူနှင့်ပန်းရုံတို့ချစ်နေကြတာကိုသိသော ပန်းရုံတို့မိဘများ က ပန်းရုံနှင့်သူ့ကို သဘောမတူကြပေ။ သူတို့အကြောင်းပြချက်က စိုးနောင်အဘွားသည် စုန်းမကြီး ဖြစ်နေလို့တဲ့။

ပန်းရုံတို့ဖက်က သဘောမတူ၍ သူတို့ချစ်သူနှစ် ယောက် သိုသိုသိပ်သိပ်ပင်နေခဲ့ကြပါသည်။ တစ်နှစ် အတွင်းမှာ ပန်းရုံနှင့် အဆက်အသွယ် မရှိခဲ့ပါ။ ပန်းရုံဆီကိုစာရေး ဖို့လည်း အခွင့်မကြုံခဲ့ရပါချေ။သူ့မှာ ပန်းရုံရဲ့ ဓာတ်ပုံလေးကိုကြည့်ရင်းဖြင့်သာ အလွမ်းဖြေခဲ့ရလေ၏ ။

စိုးနောင်က လွယ်ထားသော ဂျင်းအိတ်၏ ဘေးအိတ်ကပ်ထဲတွင် ထည့်ထားသော ပန်းရုံဓာတ်ပုံလေးကို သတိတရစမ်းကြည့်လိုက်သည်။

သူလွယ်ထားသော ခရီးဆောင်ဂျင်းအိတ်ထဲ၌ ပန်းရုံကိုပေးဖို့လက်ဆောင်လည်း ပါလာခဲ့ပါသည်။ အပြာရောင် ခေါင်းစည်းပဝါလေး ဖြစ်သည်။

သူပြန်လာမည် ကို ပန်းရုံ သိဦးမည် မဟုတ်။မနက်ကျမှ ပန်းရုံတို့အိမ်ရှေ့ကို မယောင်မလည်သွားရမည် ။သူ့ကိုမြင်ရင်တော့ ပန်းရုံကလည်း သူငယ်ချင်းအိမ်သွားလည်သလိုလိုရွာတောင်ပိုင်းက ဘကြီးအိမ်သွားမလိုလိုနှင့် အိမ်ကထွက်လာမည် ဖြစ်သည်။

သည်တော့မှ ...ပန်းရုံအတွက်ဝယ်လာသော ခေါင်းစည်းပဝါလေးကို ပေးရပါတော့မည် ။

ဒရိုင်ဘာက ကားဟွန်းကို သံရှည်ဆွဲ၍ တီးလိုက်လေသည်။

ကားဟွန်းသံကြောင့် စိုးနောင်အတွေးများ ပြတ်တောက်သွားလေသည်။

ကြည့်လိုက်တော့ ...စုန်းမတောင်ခြေအကွေ့နားရောက်ခါနီး နေပြီ။

တောင်ကွေ့နားနီးလာ၍ ကားဟွန်းကိုအဆက်မပြတ်တီးလိုက်ခြင်း ဖြစ်ပါသည်။

သို့သော် ...ကားအိုကြီး၏ ဟွန်းသံအက်ကွဲကွဲက မိုးသံလေသံများ ကို မထိုးဖောက်နိုင်ရှာပါ။

မိုးကလည်း သည်းနေဆဲ။ မိုးချိမ်းသံများ ကလည်း ဂျိုးဂျိမ့်ညံနေဆဲ။

ကားထဲတွင် ပါလာသော ခရီးသည်များ က အိပ်ငိုက်သူငိုက်နေကြပြီ။ ဘေးမှပက်သော မိုးကြောင့် ကားအတွင်းဖက်ထိစုပြုံတိုးဝှေ့နေကြရာ ကားအတွင်းပိုင်း၌ ကြပ်သိပ်လျှက်ရှိလေ၏ ။

ကားက စုန်းမတောင်ခြေလမ်းဆုံကိုရောက်လာပြီ။

ဒရိုင်ဘာက ကားကို လေးဆယ့်ငါးဒီဂရီအချိုး ဖြစ်နေသော လမ်းကွေ့ကို ဝိုက်ကွေ့လိုက်သည်။

''ဟင် ...''

''ဟာ ...''

ဒရိုင်ဘာအပါအဝင် ကားပေါ်မှလူအားလုံး ထိတ်လန့်တကြားအော်ဟစ်လိုက်မိလေ၏ ။

ရှေ့လမ်းချိုးမှ မျက်နှာချင်းဆိုင်ကာ အရှိန်ဖြင့်မောင်းလာသော ကားတစ်စီး။ မျက်နှာချင်းဆိုင်ကားဆီမှမီးအလင်းတန်းက စူးရှစွာ တိုးဝင်လာသည်။ တစ်ဖက်မှကားသည်လည်း လမ်းရှင်းသည်ထင်ကာ အရှိန်ဖြင့်မောင်းလာခြင်း ဖြစ်ပုံရပါသည်။

ဒေါ့ဂျစ်ကားဒရိုင်ဘာသည် အလန့်တကြားဖြင့် ကားဘရိတ်ကိုနင်းလိုက်သည်။ အရှိန်ဖြင့်သွားနေရာမှ ရုတ်တရက်ဘရိတ်နင်းလိုက်သော ကြောင့် ကားသည် မိုးရေများ ဖြင့် ချောနေသော မြေလမ်းပေါ်တွင် လျှောကနဲရှပ်တိုက်ရွေ့သွားလေသည်။

ဒါ့အပြင် ...ဒရိုင်ဘာသည် မျက်နှာချင်းဆိုင်မှကားနှင့်မတိုက်မိစေရန် ကားကို ညာဖက်သို့ဆွဲချလိုက်မိလေ၏ ။ ဒေါ့ဂျစ်ကားအိုကြီးဦးတည်ရာ၏ ညာဖက်ခြမ်းကား ဆင်ခြေလျှောချောက်ကမ္တား ဖြစ်လေသည်။

သစ်သားအိမ်ဒေါ့ဂျစ်ကားကြီးသည် ဆင်ခြေလျှောအတိုင်းဘေးစောင်းတိုက်လိမ့်ဆင်းသွားလေ၏ ။

ကားထဲမှလူများ ၏ အလန့်တကြားအော်ဟစ်သံများ က ငရဲပွက်သလိုဆူညံသွားလေတော့သည်။

စိုးနောင်သည်လည်း ကားတံခါးပွင့်ကာ ရှေ့ခန်းမှလွင့်ထွက်ကျသွားပြီး ဆင်ခြေလျှောအတိုင်းလိမ့်ဆင်းသွားလေ၏ ။

ရွှံ့နွံများ ထူထပ်သော မြေပေါ်သို့ မျက်နှာအပ်ကာ ကျသွားသည်ကိုသာ သူနောက်ဆုံးသတိရမိလေတော့သည်။

ပြင်းထန်သော နာကြင်မှုများ နှင့်အတူ စိုးနောင်သည် ကမ္ဘာလောကကြီးနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့လေ၏ ။

♥ ♥ ♥


အခန်း (၂)

တစ်ကိုယ်လုံးနာကြင်ကိုက်ခဲမှုများ ဖြင့် သူသတိပြန်ရလာလေသည်။

သတိရလာချိန်တွင် သူသည် မြေပေါ်၌ မှော က်ရက်လဲနေလေ၏ ။

သူက အားကုန်စိုက်ကာ ရုန်းကန်ထလိုက်သည်။

ပတ်ဝန်းကျင်တွင် မိုးမှုန်များ က တဖွဲဖွဲကျဆင်းနေဆဲ ဖြစ်သည်။

သည်းသည်းမည်းမည်းကြီးတော့ ရွာမနေတော့ပါ။

စိုးနောင်သည် မြေကြီးပေါ်တွင် ယိုင်ထိုးကာ မတ်တပ်ရပ်လိုက်မိချိန်မှာ ပင် ကားမှော က်ခဲ့သည့်အ ဖြစ်ကို ပြန်သတိရလိုက်လေ၏ ။

ကား။ ငါစီးလာတဲ့ကား မှော က်သွားတာပါလား။ ချောက်ထဲကိုကျပြီးမှော က်သွားတယ်။ ပြီးတော့ ...ငါလည်း ကားပေါ်ကလွင့်စင်ကျသွားတယ်။

အားလုံးကိုပြန်သတိရလိုက်သော စိုးနောင်သည် ထိတ်ကနဲ ဖြစ်သွား၏ ။ ပြီးမှ သူမသေသေးဘူးဆိုတာကိုသိလိုက်ပြီး စိတ်သက်သာရာရသွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံးကား တိတ်ဆိတ်လျှက်ရှိလေ၏ ။

စိုးနောင်က ဘေးနားတွင် ကျနေသော ဂျင်းအိတ်အပြာလေးကိုကောက်ယူလိုက်သည်။

သူသည် အားယူလှမ်းကာ ကမ်းပါးအထက်ကိုတက်လာခဲ့သည်။သူ့ညာဖက်ခြေထောက်မှာ အတော် ပင်နာကြင်နေ၏ ။ လမ်းလျှောက်တာတောင် ညာခြေကိုညှာလျှောက်နေရ၍ ထော့နင်းထော့နင်း ဖြစ်နေလေသည်။

ကတ္တရာလမ်းမပေါ်သို့ရောက်သည့်အခါ- လပြည့်ညလရောင် အောက်တွင် မိုးရေဖြင့်စိုလက်နေသော လမ်းမကြီးကို မြင်လိုက်ရလေ၏ ။

လမ်းတလျှောက် သဘာဝ အလင်းရောင် ဖြစ်သော လရောင် သာလျှင်လင်းလျှက်ရှိလေသည်။ မိုးကမသည်းတော့သော်လည်း ခပ်ဖွဲဖွဲမျှ ကျဆင်းလျှက်ရှိသေးသည်။

ကမ်းပါးထိပ်ကိုရောက်မှ သတိရကာ အောက်ဖက်ကိုပြန်ငုံ့ကြည့်လိုက်သည်။

''အား...''

သူ့နှုတ်မှ အလန့်တကြားအော်ဟစ်လိုက်သံထွက်ပေါ်လာကာကြောက်လန့်စရာမြင်ကွင်းကြောင့် မျက်နှာကို လက်ဖြင့်အုပ်ထားလိုက်မိသည်။

ကမ်းပါးအောက်တွင် လူအချို့အတုံးအရုံးလဲသေလျှက်ရှိကြသည်။ တစ်ချို့က သွေးသံရဲရဲ၊ အဖြူရောင် ဟိုင်းလပ်ကားလေး အဖြူရောင် ဟိုင်းလပ်ကားလေးတစ်စီးက ဘီး၎ဘီးလုံး မိုးပေါ်ထောင်ကာ ပက်လက်လန်နေလေသည်။

ပတ်ဝန်းကျင်တွင် အခြားဘာလှုပ်ရှားမှုကိုမျှမတွေ့ ရ။ ကားပေါ်မှာ ပါလာတဲ့လူအားလုံး သေကုန်ကြပြီလားမသိပါ။

စိုးနောင်သည် ကြောက်လန့်တကြားဖြင့် ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။

တောင်ကုန်းအထက်မှကြည့်လျှင် မြစမ်းမြိုင်မြို့ကလေးကိုခပ်လှမ်းလှမ်းမှာ မြင်တွေ့ နေရပါသည်။ မြို့ထဲမှမီးရောင် လက်လက်များ ကိုလှမ်းမြင်နေရသည်။ ဤနေရာမှဆိုလျှင် မြို့ကို တစ်မိုင်လောက်သာကွာဝေးပါတော့သည်။

စိုးနောင်သည် ကားတိုက်မှု ဖြစ်စဉ်တွင် ပါဝင်သူများ အတွက်စာနာထောက်ထားမှုမရှိလို့ ...

ထိုနေရာက ကိုယ်လွတ်ရုန်းပြေးခဲ့ခြင်းမဟုတ်ပါ။ သူကိုယ်တိုင်လည်း ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ မတတ်သာပဲထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ပြီးတော့ ...

သူမြင်လိုက်သမျှတွင် သူ့လိုသတိရနေသူ တစ်ယောက် ကိုမျှမတွေ့ ရ။ အားလုံးသေကုန်ပြီထင်ကာ အလောင်းတွေ ထပ်နေသော ထိုနေရာမှာ ဆက်မနေရဲတော့၍ ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။

မိုးကတော့ သည်းသည်းမည်းမည်းကြီးမဟုတ်သော်လည်းဆက်ပြီးရွာနေဆဲ ဖြစ်သည်။ စိုးနောင်သည် ကတ္တရာလမ်းအတိုင်းရွာလမ်းဆုံဆီသို့လျှောက်လာခဲ့သည်။ လမ်းမပေါ်တွင် သူနှင့်မျက်နှာချင်းဆိုင်မှရော သူ့နောက်မှပါ မည် သည့်ကားတစ်စီးမျှ ဖြတ်မလာခဲ့ပါချေ။

တစ်လမ်းလုံးမှာ လပြည့်ညအလင်းရောင် အောက်၌ မိုးမှုန်မိုးဖွားများ ကြောင့် ဝေဝါးဝါးလင်းနေပါ၏ ။

သူက သတိရကာ ဘယ်အချိန်ရှိပြီလဲသိရစေရန် လက်ကနာရီကိုမြှော က်ကြည့်လိုက်သည်။ နာရီမှ မီးစုန်းဓာတ်ဝင်နေသော အမှတ်အသားလေးများ က ၉နာရီ၂ဝမိနစ်ကိုညွှန်ပြလျှက်ရှိ၏ ။

ဒါဆို ကားမှော က်ပြီး သူသတိလစ်သွားတာ တစ်နာရီလောက်ကြာသွားသည်ပဲ။ ကားသည် မြို့ကို ညရှစ်နာရီအချိန်တွင် ပုံမှန်ဝင်ရမည် ဖြစ်သည်။ လမ်းတွင် မိုးမှော င်ကျကာ မိုးသည်းသဖြင့် ရှစ်နာရီကျော်မှ စုန်းမတောင်ခြေကို ရောက်လာသည်။ စုန်းမတောင်ခြေအရောက်တွင် ကားမှော က်ခဲ့ခြင်း ဖြစ်ပါသည်။

နာရီကိုမြင်မှပင် သူ့တွင် သူနှင့်အတူယူဆောင်လာသော အခြားပစ္စည်းများ ပါမလာတော့သည်ကို သတိရမိလေ၏ ။ ဂျင်းအိတ်အပြာလေးကိုသာ ဘေးမှတွေ့ ၍ ကမန်းကတန်းဆွဲယူလာခဲ့သည်။ ဂျင်းအိတ်ကလေးကို သူသည် စလွယ်သိုင်း၍ လွယ်ထားခဲ့ခြင်း ဖြစ်၏ ။ ကားပေါ်မှ လွင့်ကျစဉ် ဂျင်းအိတ်ကလေးလည်း သိုင်းကြိုးပြတ်ကာ သူ့ဘေးတွင် ကျနေခြင်း ဖြစ်ပါလိမ့်မည် ။ ဂျင်းအိတ်ကလေး၏ သိုင်းကြိုးက ပြတ်လျှက်ရှိလေသည်။

အမေကြီးအတွက်ဝယ်လာသော စက္ကူအိတ်ဖြင့်ထည့်ထားသည့်အဝတ်အစားအိတ်ကလေးပါမလာတော့ပါ။ သွေးရူးသွေးတန်းနှင့်ကားတိုက်သော နေရာမှထွက်လာခဲ့ရာ ကိုယ့်ပစ္စည်းတွေ ကိုပြန်ရှာဖို့ပင်သတိမရမိတော့ချေ။

စိုးနောင်က နောက်ကြောင်းကိုပြန်လှည့်ကြည့်လိုက်သည်။

ကားတိုက်သည့်နေရာနှင့်အတော် လေးလှမ်းလာခဲ့ပြီ။ အိတ်တွေ ကို ပြန်ရှာဖို့ ထိုနေရာကို သူပြန်မသွားရဲတော့ပါ။ သေနေသော အလောင်းများ ပုံရိပ်ကိုပြန်မြင်ယောင်ရင်း သူခြောက်ချားနေမိသည်။

သူက အင်္ကျီအိတ်ကပ်ထဲသို့လက်နှိုက်ကြည့်လိုက်သည်။ ခေါက်ချိုးပိုက်ဆံအိတ်ကလေးထွက်လာသည်။ ပိုက်ဆံအိတ်ထဲမှာ ငွေစက္ကူအတော် များများ နှင့် သူ့မှတ်ပုံတင်ကတ်ပြားထွက်လာသည်။ ကိစ္စမရှိ။ငွေနှင့်မှတ်ပုံတင်မပျောက်ရင် တော် ပြီ။ ကျန်ခဲ့တဲ့ပစ္စည်းတွေ ကိုတော့နောက်မှ သက်ဆိုင်ရာဆီက ပြန်တောင်းလို့ရရင် တောင်းတော့မည် ။

မရရင်လည်း မတတ်နိုင်တော့။

စိုးနောင်သည် စိတ်ကိုပိုင်းဖြတ်ကာ နောက်ကြောင်းပြန်မလှည့်တော့ပဲ ဖုန်းဆိုးရွာလမ်းဆုံဆီသို့ဦးတည်ကာ ဆက်လျှောက်လာခဲ့လေသည်။ သူ့ခြေထောက်ဆီမှနာကြင်နေကာ လမ်းလျှောက်တိုင်း ထော့နဲ့ထော့နဲ့ ဖြစ်နေလေ၏ ။

♥ ♥ ♥


လမ်းလျှောက်လိုက် နားလိုက်ဖြင့် လျှောက်လာခဲ့ရာ သိပ်မကြာလှသော အချိန်တွင် ဖုန်းဆိုးရွာလမ်းဆုံနားသို့ရောက်လာခဲ့လေသည်။

ထိုအချိန်အထိ မည် သည့်ယာဉ်တစ်စီးကိုမျှ လမ်းပေါ်တွင် မတွေ့ ရပါချေ။ ဒါလည်းသိပ်တော့မဆန်းပါ။ မြစမ်းမြိုင်မြို့ကလေးသည်ကားလမ်း၏ လမ်းဆုံးမြို့ကလေး ဖြစ်သည်။ သူစီးလာသော ကားမှာ မြို့ကိုနောက်ဆုံးဝင်သော ကား ဖြစ်သည်။ ညပိုင်းတွင် ကုန်တင်ကားတစ်ချို့သာ လမ်းပေါ်တွင် အသွားအလာရှိတော့၏ ။ ယနေ့ကတော့ မိုးသည်းနေသည်မို့ နောက်ကလိုက်လာသည့်ကုန်ကားလည်းမရှိ။ မြို့ကထွက်မည့် ကုန်ကားများ လည်း မထွက်တော့ပဲ နားနေကြခြင်း ဖြစ်ပေမည် ။

စိုးနောင်သည် ဖုန်းဆိုးရွာသို့ဝင်သော လမ်းဆုံအရောက်တွင် လရောင် အောက်၌ ခရီးသည်များ နားခိုသော အဆောက်အဦးကလေးကိုတွေ့ လိုက်ရ၏ ။ အဆောက်အဦးလေးကိုတွေ့ လိုက်တော့ စိုးနောင်အံ့သြသွားရလေသည်။

သူရွာမှထွက်ခွာလာစဉ်က သည်အဆောက်အဦးမှာ ဝါးကပ်မိုးထားသော တဲကလေးတစ်လုံးသာ ဖြစ်ပါသည်။ ခရီးသည်တွေ ထိုင်ရန်ဝါးလုံးများ ဖြင့် ခုံတန်းတစ်ခုရိုက်ပေးထားသည်။ လေးဖက်လေးတန်တွင် ဘာအကာအရံမှမရှိပါ။

ယခုတော့- နားခိုဆောင်လေးသည် အုတ်တိုက်အဆောက်အဦးလေး ဖြစ်နေပြီ။ နောက်ကျောဖက်ကို အုတ်နံရံဖြင့် အသေကာထားသည်။ ဘေးနှစ် ဖက်ကိုတော့ လူများ ထိုင်ရန် အုတ်ခုံပြုလုပ်ပေးထား၏ ။ သူထွက်လာသည့်တစ်နှစ် အတွင်းမှာ တိုးတက်လာခဲ့ခြင်း ဖြစ်ပါသည်။

စိုးနောင်က အဆောက်အဦးလေးထဲသို့ဝင်ခဲ့သည်။ အင်္ဂတေဖြင့် အသေပြုလုပ်ထားသော ခုံတန်းလေးတွင် ထိုင်လိုက်သည်။ သူ့ခြေထောက်က နာနေဆဲ ဖြစ်သည်။ အဆောက်အဦးလေးကတော့ လုံလုံခြုံခြုံပင် ဖြစ်ပါ၏ ။

စိုးနောင်က သည်အုတ်တိုက်လေးထဲမှာ ထိုင်ကာ ကားတစ်စီးစီးစောင့်နေလျှင် ကောင်းမည် လားဟု စဉ်းစားမိသေးသည်။ မြို့ဖက်မှကားတစ်စီးစီးလာလျှင် ကားမှော က်မှုကို သတင်းပေးနိုင်ရန် ဖြစ်ပါသည်။

သို့သော်- မိုးရွာသော ညတွင် မြို့ကလေးဆီက ကားတစ်စီးထွက်လာဖို့မသေချာပါ။

နောက်ဆုံးတော့ စိုးနောင်သည် အုတ်တိုက်လေးထဲမှထွက်ခဲ့ကာ ရွာဖက်ဆီသို့လျှောက်လာခဲ့လေသည်။ ကိုယ့်ရွာနားရောက်ခါနီး လေအမြန်ရောက်ချင်လေ ဖြစ်နေသည်။ ဇာတိရပ်ရွာနှင့် ကာလကြာ ခွဲခွာပြီးသွားခဲ့သူမှန်သမျှ ခံစားရသော စိတ်မျိုးပင် ဖြစ်ပါသည်။

ခြေထောက်နာနေသော်လည်း နားနေချင်စိတ်မရှိတော့ပါ။

နားနေလို့လည်း ဘာမျှထူးလာမည် မဟုတ်ပေ။ ကိုယ့်အိမ်ကိုယ် အမြန်ပြန်ရောက်တာက အကောင်းဆုံးမဟုတ်ပါလား။

စိုးနောင်သည် ဖုန်းဆိုးရွာဖက်သို့ ဦးတည်လျှောက်လာခဲ့လေ၏ ။

၃ မိုင်ခန့်လျှောက်ရပေလိမ့်မည် ။

ကိစ္စမရှိပါ။ လရောင် ကြောင့် လမ်းကိုမြင်နေရသည်။ မိုးကလည်း ခပ်ဖွဲဖွဲမျှသာ ကျတော့သည်။

အိမ်အမြန်ပြန်ရောက်ချင်စိတ်ကသာ ကြီးစိုးနေသည်။ အမေကြီးနဲ့အမြန်တွေ့ ချင်လှပါပြီ။ တစ်နှစ် တာခွဲခဲ့ရတဲ့အမေကြီး နေမှကောင်းရဲ့ လား။

ပြီးတော့- ပန်းရုံရှိနေတဲ့ သူ့ဇာတိ ဖုန်းဆိုးရွာ။

သည်ညမှာ ပန်းရုံနှင့်တွေ့ ဖို့မ ဖြစ်နိုင်သော်လည်း ရွာကိုပြန်ရောက်ချင်ပြီ။ မနက်မိုးလင်းတာနဲ့ ပန်းရုံတို့အိမ်ရှေ့သွားကာ လူရိပ်လူယောင်ပြရမည် မဟုတ်ပါလား။

စိတ်ဆောင်သဖြင့်သာ လျှောက်လာသော်လည်း သူ့ခြေထောက်က နာနေ၍ ခရီးမတွင် ပါ။

စိုးနောင်က အားတင်း၍ လျှောက်လာခဲ့ရာ စုန်းမဦးခေါင်းတောင်ကြီးနားသို့ရောက်လာလေသည်။

♥ ♥ ♥


စုန်းမဦးခေါင်းတောင်။

တောင်ထွတ်ကြီးက လရောက်အောက်တွင် မိုးသို့စွင့်ကာထင်းထင်းကြီးပေါ်လွင်လျှက်ရှိသည်။

အဝေးမှကြည့်လျှင် တောင်ထိပ် တောင်ကတုံးပေါ်တွင် ယိမ်းနွဲ့လှုပ်ရှားနေသော ပုံရိပ်ကိုမြင်ရသည်။ အမေကြီးများ လား။

မဟုတ်နိုင်ပါ။ ထိုအရာသည် အမေကြီးမဟုတ်တာကို သူသိပြီး ဖြစ်သည်။

အမေကြီးမဟုတ်သလို အခြားမည် သူမျှလည်း မဟုတ်ပါ။

ထိုအကြောင်းကို သူသိပြီး ဖြစ်သည်။

သူငယ်စဉ်က အမေကြီးနှင့်အတူ အိပ်ခဲ့ရာ-လပြည့်ညတစ်ညတွင် အိပ်ရာမှသူလန့်အနိုး အမေကြီးကိုစမ်းကြည့်တော့ အိပ်ရာထဲမှာ အမေကြီးကို မတွေ့ ရချေ။

ထိုစဉ်- ပတ်ဝန်းကျင်တစ်ခုလုံးကြားရလောက်သည့် မသတီစရာရယ်မောသံကြီးကို စိုးနောင်ကြားလိုက်ရသည်။

''ဟီ- ဟီ- ဟီ- ဟီ- ဟား- ဟား- ဟား- ဟား-ဝိုးဟိုးဟိုးဟိုး- - - ဟီဟီဟီ-''

အမေကြီးအသံပါလား။

သူသည် အိပ်ရာပေါ်မှထထိုင်လိုက်သည်။

တဲအပြင်သို့ပြေးထွက်ခဲ့ကာ စုန်းမဦးခေါင်းတောင်ကြီးဆီသို့မျှော်ကြည့်လိုက်သည်။

တောင်ထိပ်ပေါ်တွင် ယိမ်းနွဲ့လှုပ်ရှားနေသော အရိပ်မည်းကြီးတစ်ခု။

''ဟီ- ဟီ- ဟီ- ဟီ- ဟား- ဟား- ဟား- ဟား-ဝိုးဟိုးဟိုးဟိုး- - - ဟီဟီဟီ-''

ရယ်မောသံကြီးက ထပ်မံထွက်ပေါ်လာပြန်သည်။ အမေကြီး၏ ရယ်သံမှ အမေကြီးအသံစစ်စစ်ပါပင်။

ဒါဆို- အမေကြီးးဟာ ရွာထဲကလူတွေ ပြောသလို လပြည့်ညမှာ တောင်ပေါ်တက်ပြီး စုန်းတောက်စားနေတာပေါ့။ အမေကြီးဟာတကယ်ပဲ စုန်းမကြီးပေါ့။

စိုးနောင်က ကြက်သီးမွေးညင်းထကာ ကြောက်လန့်စွာ ဖြင့်စုန်းမဦးခေါင်းတောင်ပေါ်သို့ လှမ်းကြည့်နေမိသည်။

''ဟီ- ဟီ- ဟီ- ဟီ- ဟား- ဟား- ဟား- ဟား-ဝိုးဟိုးဟိုးဟိုး- - - ဟီဟီဟီ-''

ရယ်သံက နောက်တစ်ကြိမ်ထွက်လာပြန်သည်။

စိုးနောင် တောင်ထိပ်ဆီသို့လှမ်းမျှော်ကြည့်နေစဉ်-သူ့နောက်ဖက်မှခြေသံကြားလိုက်ရပြီး-''ငါ့မြေး- စိုးနောင်၊ နင်ဘာလုပ်နေတာလဲ''

အသံကြောင့် သူထိတ်ကနဲလန့်သွားပြီး နောက်သို့လှည့်ကြည့်လိုက်ရာ ငါးတွဲ ကြီးကိုကိုင်ရင်း- တောင်ဝှေးကြီးကိုထောက်ကာ ရပ်နေသည့် အမေကြီးဒေါ်ဇံညွန့်ကိုတွေ့ လိုက်ရလေသည်။

''ဟင်- အမေကြီး''

စိုးနောင်က စုန်းမဦးခေါင်းတောင်ပေါ်သို့လှမ်းကြည့်လိုက်ပြန်သည်။ လေထဲတွင် ယိမ်းထိုးကာ စုန်းတောက်စားနေသော စုန်းမကြီးကိုမြင်နေရဆဲ။

''အမေကြီး၊ အမေကြီးဘယ်ကပြန်လာတာလဲဟင်''

''ဟောဒီမှာ လေ- ဟောဒီငါးတွေ သွားယူတာ၊ ဟီဟီဟီ''

အမေကြီးက နှီးကြိုးဖြင့်တွဲ ချည်ထားသော ငါးများ ကိုပြရင်းပြောသည်။ ငါးတွေ က မသေသေး။ ပါးဟက်ကိုဖြဲ၍ နှီးကြိုးဖြင့်ထိုးထားသော ကြောင့် တဖျတ်ဖျတ်လူးနေကြသည်။

''ခုန ရယ်လိုက်တာ အမေကြီးမဟုတ်ဘူးလား''

''ဟုတ်သားပဲ၊ ငါ့ရယ်သံပေါ့၊ ဟီ- ဟီ- ဟီ- ဟီ- ဟား-ဟား- ဟား- ဟား- ဝိုးဟိုးဟိုးဟိုး- - - ဟီဟီဟီ-''

အမေကြီးက ထိုရယ်သံမျိုးဖြင့် ထပ်ရယ်ကာ ပြောလိုက်လေ၏ ။

''အမေကြီး၊ ဟို- ဟို- ဟိုမှာ -''

စိုးနောင်က စုန်းမဦးခေါင်းတောင်ပေါ်ကိုလက်ညှိုးထိုးပြရင်းထစ်အနေသည်။

''ဘာတုံးငါ့မြေးရဲ့ ''

''တောင်ပေါ်မှာ - တောင်ပေါ်မှာ - အဲဒါ အမေကြီး မဟုတ်ဘူးလား''

''ဟီ- ဟီ- ဟီ- ဟီ- ဟား- ဟား- ဟား- ဟား-ဝိုးဟိုးဟိုးဟိုး- - - ဟီဟီဟီ-''အမေကြီးက ရယ်လိုက်ပြန်သည်။

''လာခဲ့ငါ့မြေး၊ ပြန်အိပ်တော့၊ ဟီဟီဟီ- အိပ်တော့နော်၊အမေကြီး ငါ့မြေးစားဖို့ ငါးတွေ ခုတ်ထားလိုက်ဦးမယ်၊ ဒီတစ်ခါ ရလာတဲ့ငါးတွေ က များ လည်းများ တယ်၊ ကြီးလည်းကြီးတယ်ဟဲ့- ဟီဟီဟီ''

''အမေကြီး- အဲဒီ ငါးတွေ ဘယ်ကရလာတာလဲဟင်''

''ငါ့ပညာနဲ့ ရလာတာပေါ့ဟဲ့၊ ကဲပါ ငါ့မြေးလေးရယ်၊ ပြန်အိပ်တော့နော်၊ သွား သွား- အိပ်ချေ''

အမေကြီးအလိုကျ အိပ်ရာထဲပြန်ဝင်ခဲ့သော်လည်း သူအိပ်မပျော်တော့ချေ။

စိုးနောင်က အိပ်ရာထဲမှနေ၍ အမေကြီးလုပ်ကိုင်နေပုံများ ကိုချောင်းကြည့်နေမိသည်။

အမေကြီးက တဲရှေ့တွင် မီးပုံတစ်ပုံဖိုလိုက်ကာ မီးပုံဘေးတွင် ငါးများ ကိုခုတ်ထစ်နေသည်။ မသေမရှင်ငါးများ က ဇလုံထဲတွင် တဖျတ်ဖျတ်လူးကာ ခုန်ပျံနေကြ၏ ။

အမေကြီးက ငါးများ ၏ ခေါင်းများ ကို ငရုတ်ကျဉ်ပွေ့ကြီးဖြင့်မညှာမတာထုကာ ရိုက်သတ်နေလေ၏ ။

''ငါ့ပညာနဲ့ရလာတဲ့ငါးတွေ ၊ တယ်ကောင်း၊ တယ်ကြီးသကိုး၊ဟီဟီဟီ- ချက်စားရင်လည်း ချိုလိုက်မယ့် ဖြစ်ခြင်း- ဟဲဟဲဟဲ''

အမေကြီးက ငါးများ ကိုကိုင်ရင်း နှုတ်ကတတွတ်တွတ်ပြောနေသည်။ တစ်ချက်တစ်ချက်လည်း သူမ၏ ကိုယ်ပိုင်ရယ်မောသံကြီးဖြင့်ပတ်ဝန်းကျင်တစ်ခုလုံး ဟိန်းထွက်သွားအောင် ရယ်မောလိုက်ပြန်သေးသည်။

''ဟီ- ဟီ- ဟီ- ဟီ- ဟား- ဟား- ဟား- ဟား-ဝိုးဟိုးဟိုးဟိုး- - - ဟီဟီဟီ-''

လပြည့်ညသန်းခေါင်ယံအချိန်ကား အမေကြီးဒေါ်ဇံညွန့်၏ ရယ်မောသံဖြင့်သာ ဖုံးလွှမ်းနေတော့သည်။ ရွာထဲမှခွေးများ က ရယ်သံထွက်လာတိုင်း ထိုးဟောင်လိုက်ကြသည်။ ဟောင်သံနောက်တွင် အူသံရှည်ကြီးဖြင့် ဆက်အူနေကြသေး၏ ။

သင်္ချီုင်းထဲမှ ခွေးအများ ကလည်း ရွာထဲကခွေးတွေ နှင့်အပြိုင်ဟောင်ကြ အူကြနှင့် ဖုန်းဆိုးရွာတဝိုက်မှာ ညသန်းခေါင်းအချိန်ကြီးတွင် စိတ်ချောက်ချားဖွယ်ကောင်းနေပေတော့သည်။

ထိုကဲ့သို့- လပြည့်ညတိုင်းကြုံဆုံရသည်ကို စိုးနောင်သတိထားမိလာသည်။

စိုးနောင်က တစ်ခါတော့ အမေကြီးကိုမေးကြည့်လိုက်သည်။

''အမေကြီး၊ လသာတဲ့ညတွေ မှာ တောင်ပေါ်မှာ လှုပ်ရှားနေတဲ့လူရိပ်က ဘယ်သူလဲဟင်၊ ရွာထဲက လူတွေ က အဲဒါ အမေကြီးရယ်တဲ့၊ပြောကြတယ်၊ အမေကြီးက ကျွန်တော် နဲ့အတူတူ တဲထဲမှာ ရှိနေတာပဲ၊အဲဒါအမေကြီးမဟုတ်ပါဘူးနော်''

''မဟုတ်ပါဘူးငါ့မြေးရယ်''

''ရွာထဲကလူတွေ က အမေကြီးကို စုန်းမကြီးတဲ့၊ ညဆိုရင်စုန်းတောက်စားတယ်တဲ့၊ စုန်းတောက်စားတယ်ဆိုတာ ဘာလဲဟင်၊အမေကြီးက စုန်းမဆိုတာရော- ဟုတ်လားဟင်''

''ဟီဟီဟီ- ဟာဟာဟာ-''

ဒေါ်ဇံညွန့်က တစ်ချက်ရယ်သွမ်းသွေးလိုက်သေးသည်။

ရယ်လိုက်သည့်အခါ အမေကြီးပါးစပ်ထဲမှ ကျိုးတိုးကျဲတဲသာရှိသော သွားများ က ပေါ်သွားလေသည်။ ရှိသမျှသွားကလေးများ မှာ လည်းသွားတိုက်လေ့တိုက်ထမရှိသဖြင့် ဝါသည့်သွားက ဝါ၊ မည်းသည့်သွားက မည်းနေပါသည်။ ကြောင်တောင်ကွယ်နေသော မျက်လုံးတစ်ဖက်ကရှေ့ကိုအဆမတန်ပြူးထွက်နေသည်။ မှုန်ဝါးဝါးမြင်ရသော မျက်လုံးတစ်ဖက်ကို အားပြုရသဖြင့် မျက်မှော င်က အမြဲတွန့်နေသည်။

အသက်ကြီးရင့်လှပြီ ဖြစ်၍ အမေကြီး၏ ပါးရည်များ က တွန့်လိပ်ကာ တွဲ ကျနေပေသည်။ ခေါင်း၌ ရှိသော ဆံပင်များ က ကျိုးတိုးကျဲတဲမှာ ရှိသမျှအားလုံးက ဖြူဆွတ်နေပါသည်။ နှစ် ရှည်လများ ဆီမလိမ်း ခေါင်းမဖီးသော ကြောင့် ဆံပင်များ က ဖွာလံကျဲနေသည်။ လေထဲတွင် လွင့်နေသည်။

အမေကြီး၏ မျက်နှာကား ကြောက်စရာ။

''ငါ့ကို စုန်းမကြီးလို့ပြောကြတယ်၊ ဟုတ်လား၊ ကောင်းတယ်ဟေ့၊ ကောင်းတယ်၊ ပြောကြပစေ၊ နင့်ကိုမေးရင်လည်း အမေကြီးဟာစုန်းမကြီးလို့ပဲ ပြော၊ ကြားလား-''

''ဘာ ဖြစ်လို့လဲအမေကြီး၊ အမေကြီးက တကယ့်စုန်းမကြီးမို့လို့လား''

''ဟီဟီဟီ- ဟာဟာဟာ- အေးဟဲ့၊ ငါဟာ စုန်းမကြီးဟဲ့၊ဖုန်းဆိုးရွာတစ်ရွာလုံးကို မီးလောင်တိုက်သွင်းမယ့် စုန်းမကြီးဟဲ့၊ ဟားဟား ဟား-''

''အမေကြီးရယ်- ကျွန်တော့် သူငယ်ချင်းတွေ က မင်းအမေကြီးက လပြည့်ညဆို စုန်းမတောင်ပေါ်တက်ပြီး စုန်းတောက်စားတယ်တဲ့၊အဲဒါဟုတ်လားဟင်၊ ကျွန်တော် တော့မယုံပါဘူး၊ တောင်ပေါ်ကစုန်းမကြီးက အမေကြီးမှမဟုတ်ပဲ၊ အမေကြီးကို ကျွန်တော် ညတိုင်းတွေ့ နေရတယ်လေ၊ အမေကြီးနဲ့ကျွန်တော် နဲ့ အတူတူအိပ်တာပဲဟာကို''

စိုးနောင်က အလေးအနက်ထား မေးလိုက်သည့်အခါ- ဒေါ်ဇံညွန့်က စိုးနောင်မျက်နှာကို တွေ ဝေစွာ စိုက်ကြည့်လိုက်လေသည်။ပြီးမှ- တစ်လုံးချင်း လေးတွဲ့ စွာ ပြောလေ၏ ။

''ငါ့မြေးရယ်- ဦးနှောက်မရှိတဲ့ ဖုန်းဆိုးရွာသားတွေ ကထင်ရာမြင်ရာ လျှောက်ပြောနေကြတာပါကွဲ့၊ ရွာနဲ့စုန်းမဦးခေါင်းတောင်ဟာ နှစ် မိုင်ဝေးတယ်၊ နှစ် မိုင်အဝေးကကြည့်ရင် တောင်ထိပ်ဖျားမှာ လူရှိနေဦးတော့ အဲဒီ လူကို ဘယ်လိုလုပ်မြင်ရနိုင်မှာ တုန်း၊ တောင်ထိပ်မှာ မြင်နေရတဲ့အရိပ်ဟာ တကယ်တော့ သစ်ပင်တစ်ပင်ပါကွဲ့၊ တောင်ထိပ်မှာ ဆိုတော့ လေတိုးလွန်းလို့ အရွက်တွေ ဟာ ကြွေကျကုန်တယ်လေ၊လေတိုက်လို့ သစ်ပင်ကယိမ်းနွဲ့တော့ လူ တစ်ယောက် ယိမ်းထိုးကခုန်နေသလို ဖြစ်နေတာပေါ့၊ ဒါကိုပဲ လူတွေ က အမေကြီး တောင်ပေါ်တက်ပြီးစုန်းတောက်စားနေတယ်လို့ ပြောနေကြတာကွဲ့၊ ဟီဟီဟီ- ဘယ်လောက်ရယ်စရာကောင်းသလဲ ငါ့မြေးရယ်၊ ဟား ဟား ဟား''

အမေကြီးဒေါ်ဇံညွန့် ပြန်ပြောခဲ့သော စကားများ ဖြစ်ပါသည်။

စိုးနောင်ကိုယ်တိုင်ပင် တစ်ခါက တောင်ပေါ်တက်ကြည့်ခဲ့ဖူးပါသည်။ အမေကြီးပြောသလိုပင်။ ထိုအရာသည် အရွက်များ ကြွေကျနေသော သစ်ပင်ရှည်တစ်ပင်သာ ဖြစ်ပါ၏ ။ ပေတစ်ရာကျော်မြင့်သော သစ်ပင်တစ်ပင် ဖြစ်သည်။

တောင်ထိပ်မှာ ပေါက်နေသော တစ်ပင်တည်းသော သစ်ပင်သည်အောက်ဖက်မှ မျှော်ကြည့်သည့်အခါ လရောင် ကြောင့် ကောင်းကင်နောက်ခံဖြင့် လေထဲတွင် ယိမ်းနွဲ့လှုပ်ရှားနေဟန်ကို ထင်ရှားစွာ မြင်နေရခြင်းသာ ဖြစ်ပါသည်။

စိုးနောင်သည် အကြောင်းစုံကိုသိပြီး ဖြစ်သော်လည်း အ,ကာလညအခါတွင် - တောလမ်းခရီး၌ တစ်ယောက် တည်းလျှောက်လာစဉ်စုန်းမဦးခေါင်းတောင်ပေါ်မှ ယိမ်းထိုးလှုပ်ရှားနေသော မြင်ကွင်းကို မြင်ရသည့်အခါ ကြောက်လန့်မိသေးသည်ပင်။

သူက တောင်ပေါ်မှမြင်ကွင်းကို မကြည့်မိအောင် မျက်နှာလွှဲလိုက်သည်။

စုန်းမဦးခေါင်းတောင်ခြေမှ မြန်မြန်လွတ်အောင် ခပ်သွက်သွက်လျှောက်လာခဲ့၏ ။

တောင်ကမ်းယံစွန်းထွက်နေသည့်နေရာနှင့် ချောက်ကမ်းပါးကြား လမ်းကျဉ်းလေးကိုအရောက်တွင် တောင်ပေါ်မှရယ်သံလိုလို ကြားလိုက်ရလေသည်။

''ဟီ ဟီ ဟီ- ဟင်း ဟင်း ဟင်း-''

ရယ်သံလိုလို ညည်းသံလိုလိုအသံကြီး ဖြစ်သည်။

စိုးနောင်ကြက်သီးမွေးညင်းထသွားရ၏ ။

တောင်ပေါ်မှာ ဘယ်နာနာဘာဝမှမရှိပါ။ စုန်းမတွေ လည်းမရှိပါ။ ဒါကိုသူသိပြီး ဖြစ်သည်။ သိသော်လည်း ကြားလိုက်ရသလိုရှိသော အသံကြောင့် ထိတ်လန့်ချောက်ချားစိတ်ကတော့ ဝင်လာမိသည်ပင်။

လေတိုးသည်တွင် - သစ်ပင်၊ သစ်ကိုင်း၊ သစ်ရွက်အချင်းချင်းငြိပြီး ထွက်လာသည့်အသံလည်း ဖြစ်နိုင်ပါသည်။

စိုးနောင်သည် မပြေးရုံတမယ်ခြေလှမ်းများ ဖြင့် လမ်းကျဉ်းကလေးမှလွတ်အောင် အမြန်လျှောက်လာခဲ့လေတော့သည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ တမလွန်ကပျံလာတဲ့လိပ်ပြာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဒေါက်တာစိုးထိုက်နှင့်ရေနန်းသူဇာ

ဒေါက်တာစိုးထိုက်နှင့် ကဝေ့ကြေးမုံ

တစ္ဆေကပွဲ