Cover

ဆင်ဝင်စား

အပိုင်း ( ၁ )

( ၁ )

လွမ်းစေတီရှိသည့်တောင်ကုန်းအထက်မှ မျှော်ကြည့်လိုက်လျှင်ရိုးမတောကြီးကိုအပေါ်မှစီးမိုးမြင်နေရပါသည်။ သစ်ပင်သစ်တောများ မှာ အရွက်ချင်းထပ်၊ အကိုင်းချင်းယှက်၍ မြေပြင်ကိုမမြင်ရနိုင်အောင် ပိန်းပိတ်နေပေသည်။ တစ်တောလုံးစိမ်းစိုနေပေရာ အစိမ်းရောင် ကမ္ဗလာကြီးဖြန့်ချထားသလို ကြည့်လေရာရာ စိမ်းညို့မှိုင်းမှုံနေပေ၏ ။

လုံမသည် ထိုရှုခင်းကိုပင် မငြီးငွေ့နိုင်၊ မရိုးနိုင်ပဲ လွမ်းစေတီတောင်ကုန်းပေါ်သို့ လာကြည့်နေမိရပြန်ပါပြီ။ လွမ်းစေတီရှိရာတောင်ကုန်းကား လုံမတို့ရွာမှ တစ်ခေါ်သာသာလောက်ဝေးသည့်အတွက် လူသူပြတ်လတ်သည့်နေရာတစ်ခု ဖြစ်ပေသည်။ လုံမလိုအပျိုရွယ်လေး တစ်ယောက် တည်း လာသင့်သော နေရာမဟုတ်ပါ။

လွမ်းစေတီတဝိုက်တွင် စေတီမှဆွဲလွဲသံများ ၊ ကျေးငှက်သာရကာတို့၏ အော်မြည် သံများ ဖြင့်သာ ညံညံစီလျှက်ရှိပေ၏ ။လုံမ၏ အကြည့်သည် ဟိုးဝေးဝေးဆီမှရိုးမတောင်တန်းကြီးဆီသို့ရောက်လျှက်ရှိသည်။ ရိုးမတောင်တန်းကြီးနှင့် လုံမရှိနေရာ လွမ်းစေတီတောင်ကုန်းကြားမှ အပြန့်အပြောကျယ်လှသော တောအုပ်ကြီးကို အပေါ်မှစီးမိုးကြည့်ကာ လုံမမျက်စိထဲဝယ် အ ဖြစ်အပျက်များ ကို မြင်ယောင်လျှက်ရှိပါ၏ ။

လုံမအနေဖြင့် သစ်တောအုပ်အောက်ခြေမှ မြေမျက်နှာပြင်အနေအထားများ ၊ အရာဝတ္ထုများ ကို သာမန်မျက်စိဖြင့်မမြင်နိုင်သော်လည်း လုံမ၏ စိတ်အာရုံတွင် မူ ထိုတောအုပ်ထဲမှ အ ဖြစ်အပျက်များ ကို မြင်ယောင်နေမိပါသည်။

စိမ်းညို့သော တောအုပ်ကြီးအောက်ခြေမှ စမ်းချောင်းများ ၊ လျှိုမြောင်များ ၊ ကမူများ ၊ လိုဏ်ခေါင်းများ ၊ ရေတံခွန်များ ၊ ချောက်ကမ္ဘားများ ၊သားရဲတိရစ္ဆာန်များ ကို လုံမအာရုံဝယ် ထင်ယောင်မြင်ယောင်လျှက်ရှိလေသည်။

လုံမ၏ စိတ်အာရုံ၌ ထင်ရှားစွာ မြင်နေရသော အရာမှာ ...ဆင်နှစ် ကောင် ဖြစ်ပေသည်။ တစ်ကောင်မှာ အထီး ဖြစ်၍ တစ်ကောင်မှာ အမ ဖြစ်သည်။ အရွယ်ရောက်ပြီး ဆင်အထီးနှင့်အမတို့သည် တောထဲတွင် ဘာသာဘာဝသွားလာလှုပ်ရှားကျက်စားလျှက်ရှိပေသည်။ဆင်အထီးမှာ စွယ်စုံဆင်ကြီး ဖြစ်ပြီး တောင့်တင်းသန်မာလှပေသည်။ ဆင်အမသည် ဆင်အထီးနောက်မှ တလှုပ်လှုပ်ဖြင့် လိုက်ပါလျှက်ရှိပေသည်။ ဆင်အထီးကြီးသည် ဆင်မကိုယုယဖေးမကာ ခေါ်သွားလျှက်ရှိပေသည်။

လုံမ၏ အာရုံထဲဝယ်...ရေတံခွန်ဘေးတွင် ဆင်ထီးကြီးကရေတံခွန် အောက်မှရေများ ကို နှာမောင်းဖြင့်စုပ်ယူပြီး ဆင်မကိုပက်ဖြန်းပေးနေပုံကို မြင်ယောင်နေပေသည်။

ထို့နောက်...ဆင်ထီးကြီးက ဆင်မအတွက် ကြံများ ချိုးယူလာကာ တယုတယကျွေးမွေးနေပုံကိုလည်း မြင်ယောင်မိပြန်သည်။ထို့နောက်တွင် ...ဆင်ထီးနှင့်ဆင်မ ရေတိမ်သော စမ်းချောင်းကလေးတလျှောက် လျှောက်သွားနေပုံများ ၊ တောထဲတွင် ဘာသာဘာဝဆော့ကစားမြူးတူးနေပုံများ ကို မြင်ယောင်လာပြန်သည်။တစ်ကြိမ်တွင် မူ လုံမသည် အသည်းထိတ်စရာမြင်ကွင်းတစ်ခုကိုမြင်ယောင်ရပြန်၏ ။

ကိုးတောင်ကျားကြီးတစ်ကောင်သည် ဆင်ထီးနှင့်ဆင်မကိုကြည့်၍ မာန်ဖီလျှက်ရှိလေသည်။ ဆင်ထီးကြီးက ဆင်မရှေ့တွင် ကွယ်၍ ရပ်လိုက်ကာ ဆင်မကို လုံခြုံသော နေရာတွင် ပုန်းအောင်းနေရန် တိရစ္ဆာန်တို့၏ ဘာသာစကားဖြင့် ပြောဆိုအမူအရာပြလိုက်လေသည်။ဆင်မသည် လျှိုကြီးတစ်ခုကြားတွင် ဝင်၍ ရပ်နေလိုက်သည်။ကိုးတောင်ကျားကြီးနှင့်စွယ်စုံဆင်ကြီးတို့၏ တိုက်ပွဲကားစတင်ပေပြီ။

ကိုးတောင်ကျားသည် ဆင်ကြီး၏ ဘေးပတ်ပတ်လည်ကိုလှည့်ပတ်ကာမာန်ဖီရင်း ချက်ကောင်းကိုချောင်းလျှက်ရှိ၏ ။ စွယ်စုံဆင်ကြီးကလည်း ကျားကြီးလှည့်ပတ်နေသည့်အတိုင်း သူ့ကိုယ်လုံးကြီးကိုပတ်ချာလည်ကာ ခုခံရန်အသင့်ပြင်ဆင်လျှက်ရှိ၏ ။ ဆင်ကြီးသည်သူ၏ အိမ်သူဆင်မကြီးရှိရာ လျှိုဖက်သို့ အလစ်မပေးပဲ ကာကွယ်ထားပေ၏ ။

ကျားသည် ဘယ်ဖက်သို့ပြေးရန်ဟန်ပြပြီးမှ ညာဖက်မှပတ်ဝင်ကာ တစ်ချက်ကျယ်လောင်စွာ ဟိန်းလိုက်ရင်း ဆင်ကြီးကိုခုန်အုပ်လိုက်လေသည်။ ဆင်ကြီးက လျှင်မြန်စွာ ဝပ်ချလိုက်ကာ ခုန်အုပ်လိုက်သော ကျားကို အစွယ်နှစ် ဖက်ဖြင့် ပင့်ကော်လိုက်လေသည်။

ကျားသည် စွယ်စုံဆင်ကြီး၏ အစွယ်ဖွေးဖွေးထက်၌ ယက်ကန်ယက်ကန်ဖြင့် သွေးသံရဲရဲ ဖြစ်လျှက်ရှိသည်။ ဆင်ကြီးက ဦးခေါင်းကိုဘယ်ညာရမ်းခါပစ်လိုက်သည့်အခါတွင် ကား ကျားသည်ဆင်စွယ်ထက်မှပြုတ်ကျကာ ရင်နှစ် ချမ်းကွဲလျှက် အသည်းအူများ မြေပြင်ထက်ပြန့်ကျဲသွားလေတော့သည်။

ကျားသည် တစ်ချက်နှစ် ချက်သာ ဆန့်ငင်ဆန့်ငင် ဖြစ်ပြီးအသက်ပျောက်သွားလေတော့သည်။စွယ်စုံဆင်ကြီးသည် ထိုအတိုင်းပင် အန္တရာယ်ရန်စွယ်အမျိုးမျိုးမှ ကာကွယ်ပေးခဲ့ပါသည်။

သည်အ ဖြစ်တွေ ကို လုံမအာရုံထဲဝယ် ထင်ရှားစွာ မြင်လျှက်ရှိသည်။

သည်လို...ဆင်မအပေါ်ကြင်နာယုယဖေးမမှုတွေ ရှိခဲ့သော စွယ်စုံဆင်ကြီးသည်...တစ်နေ့သော အခါတွင် ဆင်မကိုထားရစ်ခဲ့ကာစွန့်ခွာထွက်ပြေးသွားသည်မှာ မယုံနိုင်စရာပင် ဖြစ်ပေ၏ ။နောက်ဆုံးတစ်နေ့၌ ဆင်ကြီးသည် ဆင်မကိုထားရစ်ပြီး စွန့်ခွာသွားခဲ့ပါသည်။

ဆင်ကြီးစွန့်ခွာသွားသော အပိုင်းကိုမြင်ယောင်လာသော လုံမရင်၌ တစစ်စစ်နာကျင်လာလေသည်။ မျက်ရည်များ ဝဲလာလေသည်။

''သမီးရေ...လုံမ၊ အလို...ထင်တဲ့အတိုင်းပဲ ဒီကိုရောက်နေတာကိုး''

နောက်မှအသံကြားသော ကြောင့် လုံမက လှည့်ကြည့်လိုက်သည်။ လုံမမိခင်ဒေါ်လုံးကြည် ဖြစ်ပါသည်။

''လုံမရယ်...မပြောမဆိုနဲ့ ထွက်ထွက်သွားလိုက်တာ၊ အမေ့ဖြင့် စိတ်ပူရပါပေါ့၊ အို...သမီးမျက်လုံးမှာ လည်း မျက်ရည်တွေ ဝဲလို့ပါလား၊ ဘာ ဖြစ်လို့လဲသမီး''

''ဘာမှမ ဖြစ်ပါဘူးအမေရယ်၊ ကျွန်မမျက်လုံးထဲ ဖုံဝင်လို့ပါ''

ဒေါ်လုံးကြည်က သက်ပြင်းချလိုက်သည်။ ဒေါ်လုံးကြည်သိပါသည်။ လုံမသည် တောထဲကိုကြည့်ကာ တွေးမိတွေးရာတွေးရင်းလွမ်းမောနေခြင်း ဖြစ်သည်။ လုံမရဲ့ အကျင့်စရိုက်ကို ဒေါ်လုံးကြည်ကသိပြီး ဖြစ်ပါသည်။

သို့သော်...မိန်းမပျိုလေး တစ်ယောက် တည်း ရွာနဲ့ဝေးရာကိုထွက်,ထွက်သွားတာ ဒေါ်လုံးကြည်စိုးရိမ်လှသည်။ပြီးတော့...ဒေါ်လုံးကြည်မှာ အစွဲအလမ်းတစ်ခုရှိသည်။ သမီးလုံမ တောထဲကိုထွက်သွားမှာ စိုးရိမ်ခြင်း ဖြစ်သည်။ တောထဲကလာတဲ့သမီးတောထဲကိုသူ့သဘောနဲ့သူပြန်သွားမှာ ကို ဒေါ်လုံးကြည်အစဉ်စိုးရိမ်နေမိသည်။ ဒါကြောင့်လည်း...လုံမကို မျက်ခြည်မပြတ်ကြည့်နေရ၏ ။ ကြည့်နေတဲ့ကြားမှ လုံမ တစ်ချက်တစ်ချက် ပျောက်ပျောက်သွားတတ်သည်။ဒေါ်လုံးကြည်ကလည်း မီးသွေးဖိုမှာ အလုပ်များ သည်မို့ လုံမကို အမြဲသတိပြုမနေနိုင်တာလည်းပါသည်။

ဒေါ်လုံးကြည်စိုးရိမ်နေသော်လည်း လုံမက တောထဲထွက်သွားလောက်အောင်တော့ မမိုက်မဲပါ။ အလွန်ဆုံး ရွာမနီးမဝေးက လွမ်းစေတီရှိရာတောင်ပေါ်သို့သွားပြီး တောထဲကို ငေးစိုက်ကြည့်နေတတ်ရုံသာ ဖြစ်သည်။

ဘာပဲ ဖြစ် ဖြစ်...ဒေါ်လုံးကြည်ရဲ့ စိုးရိမ်စိတ်ကလျော့မသွား။တစ်နေ့မှာ တောစိတ်ပေါက်ပြီး တောထဲပြန်သွားမှာ ကို စိုးရိမ်နေမိတာအမှန်ပင်။တကယ်တော့...လုံမသည် တောထဲကလာသော တောပျော်တစ်ဦးပင်မဟုတ်ပါလား။

''လာနော်...သမီး၊ ပြန်ကြစို့၊ မှော င်လာရင်မကောင်းဘူးကွယ်၊နောင်လည်း မပြောမဆိုထွက်ထွက်မ သွားပါနဲ့သမီးရယ်၊ အမေစိတ်ပူလွန်းလို့ပါ''

''ကျွန်မ ဒီလွမ်းစေတီအထိပဲလာတာပါအမေရယ်၊ တောင်ခြေမှာ ရွာသူရွာသားတွေ လည်း သွားလာနေကြတာပဲ၊ ဘာစိတ်ပူစရာရှိသတုံး၊ကျွန်မအတွက်စိတ်မပူပါနဲ့အမေ''

''မိဘဆိုတော့ ပူပန်ရတာ ပဲအေ၊ နောက် ဒီကိုလာချင်ရင်အမေ့ပြော၊ အမေရင်လည်း လိုက်ပို့မယ်၊ အဖော်ရင်လည်း ထည့်ပေးမယ်၊နော်- သမီး''

''ဟုတ်ကဲ့ပါအမေ''

ဒေါ်လုံးကြည်က ချော့ချော့မော့မော့ပြောရင်း သမီးလေးကိုအိမ်ပြန် ခေါ်လာခဲ့လေသည်။

♥ ♥ ♥


( ၂ )

ညပိုင်းတွင် ဒေါ်လုံးကြည်က သူမ၏ စိုးရိမ်စိတ်များ ကို ခင်ပွန်း ဖြစ်သူ ဦးနက်ကျော်အား တိုးတိုးတိတ်တိတ် ပြောပြလိုက်သည်။

''သမီးကလေး ဆင်စိတ်ပေါက်ပြီး တောထဲပြန်သွားမှာ စိုးရိမ်မိသတော် ''''ကြံကြံဖန်ဖန်လုံးကြည်ရယ်...ဘဲ့နဲ့...ဆင်စိတ်ပေါက်ရမှာ တုံး၊တို့သမီးဟာ အလိမ္မာလေးဆိုတာ မင်းသိသားနဲ့ကွယ်၊ စိုးရိမ်ရန်ကော''

''တောစပ်သွားသွားနေတာ သွေးရိုးသားရိုးဟုတ်မလားတော် ၊ဆင်ဘဝကလာတဲ့သူဆိုတော့ ဆင်စိတ်ပေါက်မှာ စိုးရိမ်ရတာ ပေါ့၊ လုံမဟာဆင်မလေးတစ်ပိုင်းဆိုတာ တော် လည်းသိသားပဲ''

''ဒါတွေ က အရင်ဘဝကပါ လုံးကြည်ရယ်၊ အခု လူ ဖြစ်လို့ငါတို့သမီးလေးပဲ ဖြစ်နေပြီပဲ၊ ဆင်စိတ်ပြန်ဝင်မယ်ဆိုတာတော့ မ ဖြစ်နိုင်ပါဘူး၊ အေးလေ...မင်းက မအေဆိုတော့လည်း ကြံဖန်စိုးရိမ်တာ ငါအပြစ်မပြောပါဘူး''

လင်မယားနှစ် ယောက် သား သမီးအကြောင်းပြောဆိုရင်းအတိတ်အကြောင်းများ ဆီစိတ်ရောက်သွားကြသည်။လုံမဟာ တကယ်ပဲ ဆင်ဝင်စားသူလား။သမီးလေးလုံမနှင့် ဆင်ဆိုသော သတ္တဝါပတ်သက်မှုရှိနေတာတော့ အမှန်ပင်။

လုံမကိုမမွေးခင်က ကိုနက်ကျော်နှင့်မလုံးကြည်တို့လင်မယားမှာ အတော် ပင်ဆင်းရဲကြလေသည်။ ဆင်းရဲသမှ မုန်တောရွာတစ်ရွာလုံးတွင် အဆင်းရဲဆုံးလင်မယားပင် ဖြစ်သည်။

မုန်တောရွာခံ ဖြစ်သော်လည်း မိဘနှစ် ပါး ငယ်စဉ်ကတည်းကဆုံးပါးသွား၍ ဆွေမျိုးမတော် စပ်သည့်အိမ်တွင် အခိုင်းအစေတစ်ပိုင်းဖြင့်ကပ်ရပ်နေရသော မလုံးကြည်နှင့် အဝေးရပ်ရွာက မိဘမရှိလို့ ရွာဦးဘုန်းကြီးက ကျောင်းမှာ ခိုင်းဖို့ခေါ်လာသည့် ကိုနက်ကျော်တို့ ကြံကြံဖန်ဖန်ဖူးစာဆုံကာ ညားခဲ့ကြခြင်း ဖြစ်သည်။ဘုန်းကြီးနှင့်သူကြီးကိုပြောဆိုပြီး နှစ် ယောက် သားလင်မယားအ ဖြစ် ပေါင်းသင်းမိကြတော့ ရွာအစွန်မှာ တစ်ဖက်ရပ်တဲကလေးထိုးပြီးနေရသည်။ လုပ်စရာအလုပ်ကမရှိ။ တောထဲဝင်ကာ ထင်းခွေ၍ ရောင်းစားရပါသည်။

တောအရပ်ဆိုတော့ ထင်းခွေပြီး ရောင်းစရာနေရာက မရှိ။သူသူကိုယ်ကိုယ် ယာထဲကိုင်းထဲသွားရင်း လမ်းမှာ တွေ့ ရာ သစ်ကိုင်းသစ်ခက်သစ်ခြောက်များ ကိုကောက်ယူလာရုံနှင့် ကိုယ့်အိမ်အတွက်တော့ထင်းလုံလောက်နေသည်။ ကိုနက်ကျော်နှင့်မလုံးကြည်တို့ ခွေလို့ရသော ထင်းကို ရွာမှာ ရောင်းစားလို့မရပါ။

ထိုအခါ...ကိုနက်ကျော်သည် ငါးမိုင်ခန့်ဝေးသည့် စမ်းအိုင်ဆိုသည့်ရွာကြီးကို ထင်းတွေ သွားရောင်းရသည်။ စမ်းအိုင်မှာ ကမီးသွေးဖိုရှိသည့်အတွက် ထင်းရောင်းလို့ရပါသည်။ ဒါလည်း မီးသွေးလုပ်လို့ကောင်းသည့် ထင်းတုံးကြီးကြီးကိုမှဝယ်ခြင်း ဖြစ်သည်။ ထို့ကြောင့်ကိုနက်ကျော်တို့လင်မယားမှာ ထင်းတုံးကြီးကြီးရအောင် သစ်ပင်ကြီးကြီးတွေ ကိုခုတ်လှဲပြီးမှ ထင်းခွေရလေသည်။

တောထဲကနေ ရွာအထိ ထင်းတုံးကြီးတွေ ကို လင်မယားနှစ် ယောက် ထမ်းယူရွက်ယူလာရသည်။ ရွာရောက်တော့ မပြီးသေး။ ကိုနက်ကျော်က ထိုထင်းတုံးကြီးများ ကိုထမ်းကာ စမ်းအိုင်ရွာအရောက်သွားပို့ရသေးသည်။ သည်လို ပင်ပင်ပန်းပန်းလုပ်ပေမယ့် ဝမ်းဝရုံသာရှိပေသည်။

အိမ်ထောင်ကျပြီး လေးငါးနှစ် ကြာသည်အထိ ကလေးမရသေးတာပဲတော် သေးတယ်လို့ပြောရတော့မည် ။ ကလေးရှိလာပါက ကလေးပါးစပ်ပေါက်အတွက်ပါ ပူပန်ရဦးမည် ။

သို့သော်...ကိုနက်ကျော်ရော မလုံးကြည်ပါ ကလေးလိုချင်ခဲ့ကြပါသည်။ ဘယ်လောက်ဆင်းရဲဆင်းရဲ အိမ်ထောင်သည် ဖြစ်မှတော့သားသမီးရတနာကိုမျှော်လင့်မိသည်ပင်။

တစ်နေ့တော့...ထင်းရှားပါးသည့်အတွက် ကိုနက်ကျော်တို့လင်မယား တောအတော် နက်သည်အထိသွား၍ ထင်းခွေခဲ့ရသည်။ထိုနေ့က ရွာကိုပြန်ရောက်တော့ မိုးချုပ်နေပြီ။ စမ်းအိုင်ရွာအထိထင်းသွားမပို့နိုင်တော့။ ကိုနက်ကျော်တို့တောအတော် နက်နက်အထိဝင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုအခေါက်မှာ ပင် ဖြစ်သည်။ကိုနက်ကျော်က သစ်ပင်ကြီးတစ်ပင်ကို အရင်းမှခုတ်လှဲနေတုံးမလုံးကြည်က အလန့်တကြားဖြင့် သတိပေးလာသည်။

''ကိုနက်ကျော်၊ ကျုပ်တို့ပြန်ရမှာ နဲ့၊ အဲဒီ အပင်ကို ပြီးအောင်ခုတ်မနေနဲ့တော့တော် ၊ ပြန်ကြစို့''

''ဟ- ဘယ်လို ဖြစ်တာလဲ၊ ပြီးခါနီး မှ၊ နေပါဦးဟ''

''ပြန်ကြစို့ကိုနက်ကျော်၊ ကျုပ်စိတ်ထဲမှာ မသန့်ဘူး၊ ဒီနားမှာ ဆင်အုပ်တွေ သော င်းကျန်းတယ်လို့ ကျုပ်ကြားဖူးတယ်''

''နင်ကလည်းဟာ၊ ကြံကြံဖန်ဖန်တွေးကြောက်နေပြန်ပြီ''

''တွေးကြောက်တာမဟုတ်ဘူးတော့၊ ဒီနားမှာ ဆင်ရှိတယ်၊ကျုပ်တို့ ပြန်ကြစို့''

မလုံးကြည်က ပြန်ဖို့ချည်း တစာစာပြောနေသည့်အခါကိုနက်ကျော်လည်း ခုတ်လက်စသစ်ပင်ကို လက်စအတိုင်းထားပစ်ခဲ့ရသည်။

လမ်းမှာ ကိုနက်ကျော်က တဖျစ်ဖျစ်ပြောမဆုံးတော့။ သူ့သစ်ပင်ကြီးကို နှမျောနေသည်။ ဒီကြားထဲ မလုံးကြည် စိတ် ရောဂါ ကပိုဆိုးလာသည်။

''မြန်မြန်လျှောက်ပါတော့် ကိုနက်ကျော်၊ ကျုပ်တို့နောက် ဆင်လိုက်လာပြီထင်တယ်''

နောက်ကိုလှည့်ကြည့်လှည့်ကြည့်နှင့်ပြောသည်။

''လုံးကြည်ရယ်၊ နင်ဘယ်လို ဖြစ်နေတာလဲ၊ ဆင်ရှိရင် တောတိုးသံ ကြားရမှာ ပေါ့ဟ၊ နင်လုပ်တာနဲ့ ငါ့သစ်ပင်ကြီးနှမျောလိုက်တာဟယ်''

''နှမျောရင် တော့် ဟာတော် နောက်နေ့မှလာယူ၊ လျှောက်ပါတော့် ၊ မြန်မြန်၊ နောက်မှာ ဆင်ပါလာတယ်ထင်တယ်''

''ဒီမိန်းမ ဒီနေ့ဘာ ဖြစ်နေတယ်မသိဘူး၊ တော် တော် ရူး''

အိမ်ကိုချောချောမောမောပဲပြန်ရောက်သည်။

''ဘယ်မှာ လဲ နင့်ဆင်၊ တကတည်း ကြံဖန်ပြီးတွေးကြောက်နေတယ်''

''အိုတော် ...တော့် သစ်ပင်ကြီးပြီးအောင်ခုတ်နေလည်း တောထဲမှာ တွင် မိုးချုပ်သွားလိမ့်မယ်၊ ခုတောင်...စမ်းအိုင်ကို တော် မသွားနိုင်တော့ဘူးမဟုတ်လား၊ ကျုပ်တို့ရလာတဲ့ထင်းတွေ လည်း နည်းပါဘူးတော် ''

ထိုညက ကိုနက်ကျော်အိပ်မက်မက်သည်။အိပ်မက်က မလုံးကြည် ညနေကပြောထားတာတွေ ကိုစွဲလမ်းလို့လားမသိ။ ဆင်ကိုအိပ်မက်မက်ခြင်း ဖြစ်သည်။

သူနဲ့မလုံးကြည် တောထဲကပြန်အလာ ဆင်တစ်ကောင်နောက်ကလိုက်လာတယ်လို့ အိပ်မက်မက်ခြင်း ဖြစ်သည်။ ဆင်က ဆင်မကြီး ဖြစ်သည်။ ဆင်မကြီးက ရှေ့ခြေတစ်ဖက် ထော့နဲ့ထော့နဲ့ဖြင့် သူတို့နောက်မှတကောက်ကောက်လိုက်လာသည်။ ဒုက္ခိတဆင်မကြီး ဖြစ်လေသည်။ ဆင်မကြီးက အိမ်အဝင်ဝတွင် ငေး၍ ကျန်ရစ်ခဲ့သည်တဲ့။ အိမ်ဝင်းထဲအထိတော့ ဝင်လိုက်မလာ။

သူတို့လင်မယားညအိပ်နေတော့မှ အိမ်ကလေးသိမ့်ကနဲ ဖြစ်သွားတော့ ကိုနက်ကျော်က လန့်နိုးသွားသည်။ ကြည့်လိုက်တော့...သူတို့လင်မယားခြေရင်းမှာ ညနေကပါလာသည့်ဆင်မကြီး ရပ်နေတာတွေ့ ရသည်။ ရှေ့ခြေတစ်ဖက်နာနေ၍ ဆင်မကြီးရပ်နေပုံက ခပ်စောင်းစောင်း ဖြစ်နေ၏ ။

''အဖေ...အဖေ...ကျွန်မ အဖေတို့နဲ့နေချင်လို့၊ နေမယ်နော်''

ဆင်မကြီးက လူအတိုင်းစကားပြောလေသည်။အိပ်မက်ထဲဆိုတော့ ဆင်က လူစကားပြောတာကို ကိုနက်ကျော်က အံ့သြမနေပါ။

''ဟဲ့- နင်နေလို့ဘယ် ဖြစ်မှာ လဲ၊ နင့်ကိုယ်လုံးကြီးနဲ့ ငါ့အိမ်ကျိုးကျမှာ ပေါ့''

''ဟင့်အင်း...ဟင့်အင်း...ကျွန်မအဖေတို့အမေတို့နဲ့နေချင်လို့တောထဲကနေ ဒီအထိလိုက်လာတာပါ၊ နေမှာ ပဲ...နေမှာ ပဲ''

ပြောပြောဆိုဆို ဆင်မကြီးက ကိုနက်ကျော်နှင့်မလုံးကြည်ကြားထဲဝင်လာကာ ဝပ်ချလိုက်သည်။

ကိုနက်ကျော်က ''တဟဲ့ဟဲ့''အော်ရင်းမှ လန့်နိုးသွားလေသည်။မလုံးကြည်ကတော့ အိပ်မက်ထဲကအတိုင်း တခေါခေါဟောက်၍ အိပ်နေသည်။

ကိုနက်ကျော်သည် သူ၏ ထူးဆန်းသော အိပ်မက်ကို မနက်ကျမှပင် မလုံးကြည်ကိုပြန်ပြောပြလိုက်၏ ။

''နင် ဆင်လိုက်လာတယ်ပြောတာကိုစိတ်စွဲသွားလို့လားမသိပါဘူးဟာ၊ ညက ငါအိပ်မက်မက်တယ်''

ကိုနက်ကျော်ပြောပြသည့်အိပ်မက်ကို မလုံးကြည်က ပါးစပ်အဟောင်းသားဖြင့် နားထောင်နေသည်။

''အိပ်မက်ထဲကဆင်မကြီးက ခြေထောက်တစ်ဖက် ထော့နဲ့ထော့နဲ့,နဲ့၊ သနားပါတယ်ဟာ''

ထိုစဉ်ကတော့...နှစ် ယောက် စလုံး အိပ်မက်ကအိပ်မက်ပဲဟုသဘောထားကာ အမှတ်မထင်ရှိခဲ့ကြသည်။ သမီးလေးလုံမကိုမွေးလာမှအိပ်မက်သည် သမီးလုံမ ဝင်စားချင်လို့မက်တဲ့အိပ်မက် ဖြစ်မှန်း သတိထားမိတော့၏ ။

ကိုနက်ကျော်အိပ်မက်မက်ပြီး မကြာမီ မလုံးကြည်မှာ ကိုယ်ဝန်ရှိလာခဲ့သည်။ လုံမကို မြန်မာသက္ကရာဇ် ၁၂၉ဝပြည့်နှစ် မှာ မွေးဖွားခဲ့ခြင်း ဖြစ်ပါသည်။

လုံမကိုမွေးလာတော့ ဆင်စရိုက် ဆင်အလေ့အထလေးတွေ တွေ့ လာရသည်တွင် ကိုနက်ကျော်အိပ်မက်မှာ မှန်ကန်ကြောင်း စဉ်းစားမိကြလေသည်။

ထူးခြားတာက အိပ်မက်ကို အမေကမမက်ပဲ အဖေ ဖြစ်သူကမက်ခဲ့ခြင်းပင် ဖြစ်ပါသည်။လုံမလေးသည် ငယ်စဉ်ကတည်းက သွားလာလှုပ်ရှားမှုနှေးနှေးကွေးကွေးနှင့်အေးအေးဆေးဆေးနေတတ်သည်။ အခါများ စွာ တွင် ...ကြမ်းပြင်ပေါ်၌ လေးဖက်ထောက်ကာ လက်နှစ် ဖက်နှင့်ဒူးကိုကွေး၍ ငြိမ်ငြိမ်လေး ဝပ်နေတတ်သည်။

''ကြည့်စမ်းပါဦးကိုနက်ကျော်၊ ကျုပ်တို့သမီးနေပုံထိုင်ပုံက ဆင်မလေးဝပ်နေတာနဲ့မတူဘူးလားတော် ''

လမ်းသွားတတ်ခါစ ဆော့ကစားတော့လည်း လေးဖက်ကုန်းသွားကာ ''ဝူး...ဝူး...''နှင့်ဆင်လိုအော်တတ်သည်။ကိုနက်ကျော်က ဘုန်းကြီးဆီခေါ်သွားကာ ကလေးကိုဇာတာဖွဲ့ပေးဖို့လျှောက်သည်။ ဗေဒင်တွက်ပေးဖို့လျှောက်သည်။

''ဆရာတော် ဘုရား...တပည့်တော် သမီးလေးက ထူးခြားပါတယ် ဘုရာ့၊ သူ့ကိုယ်ဝန်မရှိခင်က ဆင်မကြီးတစ်ကောင် တပည့်တော် တို့နဲ့ လာနေမယ်လို့ အိပ်မက်ပေးတယ်ဘုရာ့၊ လုံမဟာ ဆင်ဝင်စားလေးလား၊ ကြည့်ပေးပါဘုရာ့''

''ဟဲ့- နက်ကျော်၊ သတ္တဝါတိုင်းမှာ အရင်ဘဝဆိုတာရှိတာပဲ၊မမှတ်မိကြလို့သာဟဲ့၊ နင့်သမီးဆင်ဘဝကလာတော့ ဘာဆန်းသလဲ၊ ဒါတွေ အစွဲအလမ်းမထားစမ်းနဲ့''

ဘုန်းကြီးက ကလေး၏ ဇာတာကိုတွက်ချက်ပြီးချိန်တွင် တော့...အလေးအနက်မိန့်ကြားခဲ့ပေသည်။

''နက်ကျော်၊ ဒီကလေးက နင်တို့ကိုအကျိုးပေးမယ့်ကလေး၊သာမန်ကလေးမဟုတ်ဘူး၊ သူ့အသက်ဆယ်နှစ် မပြည့်ခင် ထူးခြားမှုပြလိမ့်မယ်''

ကိုနက်ကျော်တို့အဖို့တော့ သာမန်ကလေးမဟုတ်ဘူးလို့ ဟောလိုက်တာနဲ့ပင် ကြေနပ်နေရပါသည်။ သူတို့ဘဝကတော့ ဘာမှထူးခြားမလာခဲ့။ တောထဲသွား ထင်းခွေရတုန်းပင်။ တောထဲဝင်တာတောင်ကလေးကိုထိန်းမယ့်လူမရှိလို့ တောထဲထိခေါ်သွားရသည်။ ကိုနက်ကျော်တစ်လှည့်၊ မလုံးကြည်တစ်လှည့် ပုဆိုးပိုင်းလေးနှင့်သိုင်းကာ လုံမလေးကိုကျောမှာ ပိုး၍ ခေါ်သွားရပါသည်။

တောထဲရောက်တော့လည်း...တော် ရာသစ်ပင်ရိပ်ကောင်းကောင်းမှာ ကလေးကိုသိပ်ထားပြီး လင်မယားနှစ် ယောက် သစ်ခုတ်ရသည်။ ဆင်းရဲတွင်းက နက်နေဆဲပင်။

ဘုန်းကြီးဟောလိုက်သလို ဒီကလေးက ဘယ်အချိန်မှာ အကျိုးပေးလာမလဲလို့သာ စောင့်ကြည့်နေရသည်။လုံမလေး အသက်ခုနစ်နှစ် အရွယ်ရောက်မှပင် သူတို့အတွက်ကံကြမ္မာအပြောင်းအလဲ ဖြစ်လာခဲ့လေသည်။

♥ ♥ ♥


( ၂ )

သူတို့ဆီက ထင်းတွေ ဝယ်နေကျ စမ်းအိုင်ရွာမှ သူကြီးလုပ်သူကကိုနက်ကျော်ကိုခေါ်ပြောသည်။

''အင်္ဂလိပ်အရေး ပိုင်မင်းက ကျောက်သွေးလိုချင်တယ်လို့ပြောတယ် နက်ကျော်၊ မင်းတို့လင်မယားက တောထဲဝင်နေကျဆိုတော့ကျောက်သွေးရနိုင်မလား၊ ရှာစမ်း၊ ကျောက်သွေးအစစ်ရရင် ငွေနှစ် ဆယ်အစိတ် ပေးဝယ်မတဲ့ဟ''

ငွေနှစ် ဆယ်အစိတ်ဆိုသည့်မက်လုံးက ကိုနက်ကျော်ကိုတော် တော် ဖမ်းစားခဲ့ပေသည်။

''ကျောက်သွေးဆိုတော့ တောနက်ထဲက ရေတံခွန်နားများ ရနိုင်မလားမသိဘူး၊ တစ်ရက်တော့ စွန့်စွန့်စားစားသွားရှာကြစို့လုံးကြည်ရေ၊ ကျောက်သွေးရရင် ငါတို့ချမ်းသာပြီဟ၊ မချမ်းသာတောင်အိမ်ကောင်းကောင်းလေးတော့ဆောက်နိုင်မှာ ပဲ''

မလုံးကြည်ကလည်း စိတ်ဝင်စားပါသည်။

''ရှာတာပေါ့တော် ၊ ဒါနဲ့...ကျောက်သွေးဆိုတာ ဘယ်လိုမျိုးလဲ၊ရှင်သိလို့လား''

ကျောက်သွေး၊ ကျောက်သွေး၊ ပြောသံသာကြားဖူးသည်။တစ်ခါမျှလည်း မမြင်ဖူးပါ၊ မတွေ့ ဖူးပါ။

''ကျောက်ကြိုကျောက်ကြားကထွက်ကျနေတဲ့ သွေးလိုအရည်နီနီရဲရဲလို့ပြောတာပဲဟာ၊ စေးပျစ်ပျစ်နဲ့တဲ့၊ ချိုလည်း သိပ်ချိုတာတဲ့၊ကျောက်ကြားကထွက်ကျနေတဲ့ အနီရည်တွေ့ ရင် ကျောက်သွေးပဲပေါ့''

တစ်နေ့တော့...ကျောက်သွေးရှာရန်ဆိုသည့်ရည်ရွယ်ချက်ဖြင့် နက်စောစော ဝေလီဝေလင်းမှာ ပင် တောထဲသို့ ထွက်လာခဲ့ကြလေသည်။သားအမိ၊သားအဖသုံးယောက် စာ ထမင်းထုတ်ကို ပိုပိုမိုမိုထုတ်၍ ကျောက်သွေးရှိမည် ဟုမှန်းဆရသော ရေတံခွန်အထိ ထွက်ခဲ့ကြလေသည်။ရေတံခွန်က ရိုးမတောင်ခြေမှာ ရှိသည်။ သွားရသည့်လမ်းကမလွယ်ကူ။ ကြမ်းတမ်းသည်။ လမ်းလည်းမှားနိုင်သည်။ လမ်းမှာ တောကောင်အန္တရာယ်လည်း ကြုံတွေ့ နိုင်သည်။

မည် သို့ဆိုစေ...ငွေနှစ် ဆယ်အစိတ်ဆိုသည့် မက်လုံးကြောင့်ကျောက်သွေးကို မရအရရှာရန်ထွက်လာခဲ့လေပြီ။အမြဲတစေ အေးအေးဆေးဆေး သွားလာလှုပ်ရှားတတ်သော လုံမသည် ထူးခြားစွာ ပင် ထိုနေ့က တောထဲတွင် သွက်လက်စွာ သွားလာလှုပ်ရှားနေခဲ့ပေသည်။ ခုနစ်နှစ် အရွယ်ရှိပြီမို့ ချီပိုးထိန်းကျောင်းစရာမလိုတော့။ လုံမသည် တောထဲတွင် ရေတံခွန်ရောက်သည်ထိ ရှေ့မှဦးဆောင်သွားခဲ့သည်။

''အဖေနဲ့အမေလမ်းမှားနေပြီ၊ ရေတံခွန်သွားတဲ့လမ်းက ဒီဖက်ကသွားရမှာ '' ''ဒီဖက်ကချိုးသွားမှ ရေတံခွန်နဲ့နီးတာ'' ''ရေတံခွန်နဲ့ဆန့်ကျင်ဖက်ကိုရောက်နေပြီ၊ ဟောဒီဖက်က လာပါ'' စသဖြင့် လမ်းညွှန်ခေါ်ဆောင်သွားခဲ့ရာ မွန်းမတည့်မီ ရေတံခွန်ကိုရောက်သွားခဲ့လေသည်။ကိုနက်ကျော်နှင့်မလုံးကြည်တို့က တစ်ခါမျှမရောက်ဖူးပဲ လမ်းသိနေသည့်သမီးလုံမကို အံ့သြနေကြရသည်။

ရေတံခွန်ရောက်တော့ ထမင်းစားချိန်တန်ပြီမို့ ပါလာသည့်ထမင်းထုတ်ကလေးများ ကိုဖွင့်ကာ ရေတံခွန်ဘေးတွင် ထမင်းစားကြသည်။ တစ်လမ်းလုံးရွှင်လန်းသွက်လက်လာသည့်လုံမသည် ရေတံခွန်အရောက်တွင် သွက်လက်ရွှင်ပျမှုမရှိတော့။ ပတ်ဝန်းကျင်ရှုခင်းကိုကြည့်ကာမှိုင်တွေ ငေးငိုင်နေသည်။ မျက်ရည်တွေ ဝဲနေသည်။

ကိုနက်ကျော်တို့ကတော့ ကျောက်သွေးရှာရန် အားခဲလာသည်မို့ထမင်းစားပြီးသည်နှင့် ရေတံခွန်အောက်တွင် ကျောက်သွေးရှာကြတော့သည်။ သမီးလေးကို ရေတံခွန်ဘေးက သစ်ပင်ကြီးအောက်တွင် ပုဆိုးပိုင်းကလေး ခင်းပေးခဲ့ပြီး ထိုင်စောင့်ဖို့၊ ဘယ်မှလျှောက်မသွားဖို့ မှာ ခဲ့ကြသည်။

♥ ♥ ♥


( ၃ )

လုံမသည် မိဘများ ထားခဲ့သည့်နေရာတွင် ထိုင်ကျန်ခဲ့ရင်းမှပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်လေသည်။အိမ်ကထွက်လာကတည်းက လုံမသည် ဤတောတောင်ရှုခင်းမြင်ကွင်းများ ကို မြင်ဖူးသိဖူးပြီးသားလို ဖြစ်နေသည်။ ဤတောတောင်ထဲတွင် သွားလာခဲ့ဖူးသယောင် ထင်နေမိသည်။

ထို့ကြောင့်လည်း လုံမက မိဘများ ကိုဦးဆောင်ကာ ရေတံခွန်ဆီအရောက် လမ်းပြခေါ်ဆောင်လာနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ သူ့အ ဖြစ်သူလည်း လုံမအံ့သြနေမိ၏ ။

ရေတံခွန်ဘေးတွင် ထိုင်ကျန်ခဲ့သော လုံမသည် ပတ်ဝန်းကျင်ရှုခင်းများ ကိုကြည့်ရင်းမှ အချို့ကိုမှတ်မိလာပြန်လေသည်။ သူမ၏ အမြင်အာရုံထဲဝယ် အိပ်မက်လိုလို စိတ်ကူးလိုလို တစ်သက်လုံး မြင်ယောင်လာခဲ့သော မြင်ကွင်းများ နှင့် ပတ်ဝန်းကျင်အနေအထားများ က ထပ်တူညီလျှက်ရှိသော ကြောင့် ဖြစ်ပါသည်။

လုံမက သူမရှေ့တွင် တဝေါဝေါစီးကျနေသော ရေတံခွန်ကြီးကိုကြည့်ကာ သူမမြင်ယောင်တတ်သော မြင်ကွင်းတစ်ခုကို သတိရလိုက်လေ၏ ။

ထိုမြင်ကွင်းထဲတွင် ...

လသာသော ညချမ်းတစ်ခုတွင် ဆင်အိုမကြီးသည် ခြေထောက် ထော့နဲ့ထော့နဲ့ဖြင့် ရေတံခွန်ရှိရာသို့ဦးတည်သွားနေသည်ကို လုံမ မြင်နေရသည်။လသာညတွင် ဆင်မကြီးတစ်ကိုယ်တည်းထွက်လာခြင်းမှာ သေဆုံးရန်အတွက် ဆင်သချုင်္ီုင်းသို့သွားရောက်နေခြင်းပင် ဖြစ်ပါသည်။ သူမတို့ဆင်များ သည်ကွယ်လွန်ခါနီး အချိန်တွင် ဆင်သချုင်္ီင်းသို့ အရောက်သွားရပါသည်။ ဆင်သချုင်္ီင်းတွင် သေဆုံးရပါသည်။တောထဲမှဆင်တိုင်း မိမိတို့အမျိုးအနွယ်များ ၏ ဆင်သချုင်္ီုင်းဘယ်နားတွင် ရှိသည်ကို သိကြပါသည်။

ဆင်မကြီးသည် ရေတံခွန်အောက်တွင် ရှိသော ဆင်သချုင်္ီင်းဆီသို့ ဦးတည်သွားရောက်နေခြင်း ဖြစ်ပါသည်။

ဆင်မကြီးသည် ခြေထော့နဲ့ထော့နဲ့ဖြင့် လာခဲ့ရာ...ရေများ အားကုန်စီးကျနေသော ရေတံခွန်အောက်ခြေသို့ရောက်လာပေပြီ။

သူမသည် နောက်ဆုံးအနေဖြင့် မျိုးတူအပေါင်းအဖော်ဆင်များ ကျန်ရစ်ခဲ့သည့် တောထဲသို့လှမ်းမျှော်ကြည့်လိုက်သည်။ နှာမောင်းကို မြှော က်ရင်း ကြေကြေကွဲကွဲအော်လိုက်လေသည်။ထို့နောက်...ဆင်မကြီးသည် သန်မြန်စွာ ထိုးကျနေသော ရေလုံးထုဘေးမှကွေ့ပတ်ကာ ရေတံခွန်အောက်ရှိ လျှိုထဲသို့ဝင်လာခဲ့လေသည်။ထိုနေရာကို စီးကျနေသော ရေထုကြီး ကွယ်နေ၍ လူနှင့်အခြားတိရစ္ဆာန်များ မသိရှိကြပါ။ဆင်မကြီးသည် လျှိုလမ်းကြားအတိုင်း ကွေ့ကာကောက်ကာ တိုးဝင်သွားသည့်အခါ နောက်ဆုံး၌ ကျယ်ပြောသော ခန်းမကြီးထဲသို့ ရောက်ရှိသွားလေသည်။

ခန်းမကြီးထဲတွင် တော့...ဆင်သတ္တဝါများ ၏ အရိုးများ ၊ ဆင်စွယ်များ ပြန့်ကျဲလျှက်ရှိပေသည်။ဆင်မကြီးသည် ဆင်သချုင်္ီုင်းခန်းမကြီးထဲတွင် စိတ်ကိုလျှော့ချကာ ကိုယ်ကိုလှဲချလိုက်လေတော့၏ ။ထိုမြင်ကွင်းကား လုံမအာရုံထဲတွင် မြင်လာနေကျမြင်ကွင်းများ ထဲက တစ်ခုပင် ဖြစ်ပါသည်။ သူမမြင်ယောင်လေ့ရှိသော ဆင်မကြီး၏ ဖြစ်ရပ်များ ထဲတွင် နောက်ဆုံး ဖြစ်ရပ်ပင် ဖြစ်ပါသည်။လုံမသည် ရေတံခွန်ကြီးကိုစိုက်ကြည့်ရင်း ဆင်မကြီးဝင်ရောက်သွားသည့်ရေတံခွန် ဖြစ်ကြောင်း ပို၍ သေချာလာလေသည်။ရေတံခွန်အောက်ခြေကိုသွားကြည့်ရန်ဆုံးဖြတ်လိုက်လေသည်။မိဘများ ကိုကြည့်လိုက်တော့ အဖေနှင့်အမေသည် တစ်ယောက် တစ်နေရာစီခွဲကာ ကျောက်သွေးရှာနေသည့်မြင်ကွင်းကိုတွေ့ နေရသည်။လုံမက ပုဆိုးပိုင်းလေးခင်းထားသည့်နေရာမှထခဲ့ကာ ရေတံခွန်ကြီးဆီသို့ လာခဲ့လေ၏ ။

ရေတံခွန်အောက်ခြေအရောက်သွားဖို့ဆိုသည်မှာ သာမန်လူအဖို့အတော် ပင်ခက်ခဲပါသည်။ ရေညှိများ ဖြင့် ချောကျိနေသော ကျောက်လုံးကျောက်တုံးများ ပေါ်မှဖြတ်သွားရမည် ။ ရေတံခွန်အခြေရှိ ရေကိုကျော်လွန်အောင်သွားရဦးမည် မို့ မလွယ်လှပါ။

လုံမကတော့ မြင်ကွင်းထဲတွင် ဆင်မကြီးသွားရာလမ်းကိုမြင်ထားသိထားသည်။

သူမသည်ကျောက်ဆောင်ကမူများ ကိုပတ်ကာ ရေတံခွန်ကြီး၏ နောက်ကျောဖက်ဆီလျှောက်လာခဲ့သည်။ ရေတံခွန်နောက်ကျောဆီမှကွေ့ဝင်လိုက်လျှင် ရေလုံးထုကြီးနှင့် နောက်ဖက်ကမ္ဘားယံကြားသို့ရောက်သွားလေသည်။

စီးကျနေသော ရေထုကြီးမှာ ကြီးမားရလေကား ရေလုံးထုနောက်ဖက်ကမ္ဘားယံ၌ လျှိုကြီးတစ်ခုရှိနေသည်ကို သာမန်မျက်စိဖြင့်မမြင်မတွေ့ နိုင်ပေ။

လုံမက ရေတံခွန်တောင်ကြောဘေးမှပတ်၍ ဝင်လိုက်သည့်အခါခန္ဓာကိုယ်ကိုပင် ရေမစိုပဲ ရေလုံးထုနောက်ဖက်သို့ရောက်သွားလေတော့သည်။

ကြည့်လိုက်တော့ သူမမြင်ကွင်းထဲကအတိုင်း လိုဏ်ခေါင်းကြီး ဖြစ်နေတာကိုတွေ့ ရလေသည်။ လိုဏ်ခေါင်းက အတွင်းဖက်သို့ မြေလမ်းလေးအ ဖြစ်တိုးဝင်သွားလေသည်။

လုံမက လိုဏ်ခေါင်းအောက်ခြေကိုငုံ့ကြည့်လိုက်သည့်အခါ မြေပေါ်တွင် အထပ်ထပ် ဖြစ်နေသော ဆင်ခြေရာများ ကိုတွေ့ လိုက်ရလေ၏ ။လုံမသည် မြေလမ်းလေးအတိုင်း အတွင်းသို့ဝင်လာခဲ့လေသည်။အတွင်းဖက်တွင် ကွေ့ကာဝိုက်ကာပတ်ကာဖြင့် ဝင်သွားရသော လမ်းမှာ

ဆင်တစ်ကောင်အတွက်ကျဉ်းကျပ်မည် ဖြစ်သော်လည်း လုံမလိုကလေး တစ်ယောက် အတွက် လွယ်လွယ်ကူကူချောင်ချောင်ချိချိပင် ဖြစ်နေပါသည်။လိုဏ်ခေါင်းအတွင်းလမ်းမမှာ လုံမမြင်ကွင်းထဲတွင် ဆင်မကြီးဝင်သွားသည့်အတိုင်း ဖြစ်နေတာကိုတွေ့ ရလေသည်။

လမ်းအဆုံးတွင် တော့ လုံမသည် ကျယ်ပြောမြင့်မားသော ခန်းမကျယ်ကြီးထဲသို့ခြေချလိုက်မိလေတော့သည်။ခန်းမကြီးထဲသို့ရောက်သည်ဆိုလျှင်ပင် ခန်းမနှင့်အပြည့် ပြန့်ကျဲနေသည့် ဆင်အရိုးများ ကို တောင်ပုံရာပုံတွေ့ လိုက်ရလေတော့သည်။ဆင်သချုင်္ီုင်းကြီးပါတကား။

အချို့ မကြာသေးမီကသေဆုံးထားသော ဆင်များ ကား ကိုယ်ထည်ပင်မပျက်သေးပဲ ဆွေးမြေ့ပုတ်ရိနေကြသည်။ဆင်ထီးကြီးများ ၏ ဆင်စွယ်များ ကလည်း အရိုးပုံများ ထဲတွင် ထိုးထိုးထောင်ထောင် ထိုးထွက်နေကြလေသည်။လုံမသည် ဆင်သချုင်္ီုင်းမြင်ကွင်းကိုကြည့်၍ မျက်ရည်များ စီးကျလာလေသည်။ ဝမ်းပန်းတနည်းရှိုက်ငိုနေမိသေးသည်။ထို့နောက်...မျက်ရည်များ သုတ်ကာ အနီးဆုံးအရိုးပုံထဲမှဆင်စွယ်ကြီးတစ်ချောင်းကို ကောက်ယူလိုက်လေသည်။

♥ ♥ ♥


( ၄ )

ကိုနက်ကျော်နှင့်မလုံးကြည်သည် ကျောက်သွေးကိုတွေ့ နိုးနိုး ဖြင့်လင်မယားနှစ် ယောက် ကျောက်ကြိုကျောက်ကြားမကျန် အနှံ့ရှာကြ သည်။လုံမကိုလည်း ရေတံခွန်စီးကျရာ စမ်းချောင်းနဘေးတွင် မြင်တွေ့ နေရသည်။

တော် တော် ကြာကြာရှာလို့ ကျောက်သွေးအစအနပင်မတွေ့ ကြတော့ လင်မယားနှစ် ယောက် လူခွဲ၍ ရှာကြပြန်သည်။ ရေတံခွန်စီးကျရာကျောက်လွှာကျောက်ချပ်များ ကြားတက်ကာ ရှာကြခြင်း ဖြစ်၏ ။ ကျောက်သွေးဆို၍ အနီရောင် အစက်အပြောက်ကလေးပင် မတွေ့ ကြပါ။နေကျသွားချိန်တွင် လင်မယားနှစ် ယောက် ပြန်ဆုံကာ စိတ်ပျက်လက်ပျက်ဖြင့် သမီးလေးကိုထားခဲ့သည့်နေရာသို့ပြန်လာကြလေသည်။ထိုအခါမှပင် နှစ် ယောက် သား မျက်လုံးမျက်ဆံပြူးကာ စိုးရိမ်ထိတ်လန့်သွားကြလေတော့၏ ။

သူတို့ထားခဲ့သည့်နေရာတွင် သမီးလေးလုံမမရှိတော့။ ပုဆိုးပိုင်းကလေးကိုသာ ခင်းရက်သားတွေ့ ရသည်။

''လုံမရေ...လုံမ...သမီးရေ...''

ကိုနက်ကျော်နှင့်မလုံးကြည်တို့ သမီးကိုတကြော်ကြော်ဟစ်အော်ခေါ်ရင်း ရှာကြရပြန်သည်။တော် တော် နှင့်ရှာမတွေ့ ။

ရေတံခွန်ကြီးမှစီးကျနေသော ရေသံတဝေါဝေါကြားတွင် သူတို့အော်ခေါ်သံများ က တိုးဝင်ပျောက်ကွယ်သွားကြသည်။ နှစ် ယောက် သားချောင်းတလျှောက်လူခွဲပြီး လိုက်ရှာရပြန်သည်။ တစ်ယောက် ကိုတစ်ယောက် မမြင်ရလောက်အောင်လည်း လူချင်းမခွဲရဲ။ သူတို့ချင်းပါပြန်မတွေ့ ရမှာ စိုးရိမ်ရ၍ ဖြစ်သည်။

ဘယ်လိုရှာရှာ လုံမကို အစအနမျှပင်မတွေ့ ရပါ။ ပြန်ထူးသံလည်း မကြားရပါ။

မလုံးကြည်ကတော့ ငိုပင်ငိုနေလေပြီ။လုံမဘယ်အချိန်က ပျောက်သွားမှန်းလည်း သူတို့မသိ။ ယခုရှာနေကြတာပင် နာရီဝက်ကျော်နေပါပြီ။

ထိုစဉ်မှာ ပင်...လုံမသည် မည် သည့်နေရာမှထွက်လာမှန်းမသိ။လက်ထဲတွင် ကြီးမားရှည်လျားသော အရာကြီးတစ်ခုကိုကိုင်ကာ ပြန်ရောက်လာသည်။

''ကျွန်မပြန်လာပါပြီအဖေနဲ့အမေ''

လုံမပုံသဏ္ဍာန်က ပင်ပန်းနွမ်းနယ်ဟန်လည်းမရှိ။ အိမ်လည်ရာမှ ပြန်လာသလို အေးအေးဆေးဆေးပင်ရှိနေသည်။

''သမီး၊ အမလေး...လုံမလေးရယ်၊ အမေတို့ဖြင့် စိတ်ပူလိုက်ရတာ ၊ ဘယ်သွားနေတာလဲ''

''ကျွန်မ အမေတို့အတွက် ဟောဒီဥစ္စာကိုသွားယူတာပါ၊ ရော့-အဖေ''

လုံမက သူ့လက်ထဲမှ ရှည်လျား၍ အဖျားသွယ်သွားသော အဖြူရောင် အချောင်းကြီးကို ဖခင် ဖြစ်သူအား အပ်လိုက်သည်။

''ဟာ- ဆင်စွယ်ကြီးပါလား၊ ဆင်စွယ်၊ ဒီဆင်စွယ်ကို သမီးဘယ်ကတွေ့ ခဲ့တာလဲလုံမ''

''ကျွန်မတွေ့ လို့ယူလာခဲ့တာပါအဖေ''

''ဘယ်ကတွေ့ တာလဲ''

''အို...မသိဘူး၊ ကျွန်မမပြောတတ်ဘူး''

ကိုနက်ကျော်က ဆင်စွယ်ကြီးကိုပိုက်ရင်း ရင်တွေ တုန်နေသည်။ဆင်စွယ်က သုံးပေခန့်ရှည်လျားကာ ဖြူဖွေးပြီး ပြောင်လက်ချောမွေ့နေသည်။

''ဒီတောထဲမှာ အဖေတို့ရှာတဲ့ ကျောက်သွေးဆိုတာ မရှိဘူးအဖေ၊ ရှာမနေပါနဲ့တော့၊ ဒါကိုယူပြီး ကျွန်မတို့ပြန်ကြရအောင်''

''သမီးတွေ့ ခဲ့တဲ့နေရာမှာ နောက်ထပ်ဒါမျိုးတွေ ရှိသေးလား''

လုံမက ကိုနက်ကျော်ကိုစူးစူးရဲရဲကြည့်လိုက်သည်။

''ကျွန်မတို့ပြန်ကြရအောင်ပါအဖေ''

တောင်းပန်စကားကိုပဲပြောနေသည်။

''ဟုတ်ပါတယ်ကိုနက်ကျော်ရယ်၊ ကလေးက မပြောချင်တာတွေ မေးမနေပါနဲ့တော့''

လုံမက ဘာမျှမပြောတော့ပဲ ရှေ့ကထွက်သွားသည်။ မိခင်နှင့်ဖခင်မှာ လုံမနောက်ကလိုက်ခဲ့ရလေသည်။

''လုံမ...အဖေတို့လာတာ ဒီလမ်းမဟုတ်ဘူးလေ၊ လမ်းလွဲနေပြီ''

''ကျွန်မနောက်ကလိုက်ခဲ့ပါ၊ ရွာကိုမြန်မြန်ရောက်တဲ့လမ်းကိုကျွန်မသိတယ်''

ကိုနက်ကျော်နှင့်မလုံးကြည်သည် တစ်ယောက် နဲ့ တစ်ယောက် အဓိပ္ပါယ်ပါသော မျက်လုံးများ ဖြင့် မကြာခဏကြည့်ကာ လုံမနောက်မှတိတ်ဆိတ်စွာ ပဲလိုက်ပါလာခဲ့လေသည်။

လုံမစကားမှာ မှန်လှလေ၏ ။ အလာတုံးကအချိန်၏ ထက်ဝက်လောက်နှင့်ပင် ရွာအနီးကိုပြန်ရောက်လာသည်။ ဒီလမ်းဒီခရီးတွေ ကိုအသက်၇နှစ် အရွယ်လုံမသည် အကြိမ်ကြိမ်အခါခါသွားလာဖူးသည့်သဖွယ်ကျွမ်းကျင်နေပါကလား။

တောထဲမှမထွက်မီ တောစပ်အရောက်တွင် လုံမသည်အတန်ကြ ရပ်ရင်း တောထဲသို့စိုက်ကြည့်နေပေ၏ ။ သက်ပြင်းကိုလည်းလေးတွဲ့ စွာ ချသည်။ မျက်ရည်များ လည်းကျလာသည်။ ပြီးတော့မှ...ချာကနဲလှည့်ကာ ရွာဖက်ဆီသို့ခြေဦးတည်ခဲ့လေသည်။

ကိုနက်ကျော်တို့လင်မယားမှာ တွေ့ ကြုံရသမျှအတွက် အံ့သြမင်တက်ရင်း သမီးနောက်မှလိုက်ပါခဲ့ကြရလေ၏ ။

♥ ♥ ♥


(၅ )

ရွာပြန်ရောက်ရောက်ချင်း ကိုနက်ကျော်က ဆင်စွယ်ကြီးကိုပိုက်ကာ ရွာဦးကျောင်းဘုန်းကြီးဆီသွားပြသည်။ အ ဖြစ်အပျက်ကိုလည်းပြောပြလိုက်သည်။ တစ်ရွာလုံးကိုလည်း ကိုနက်ကျော်တို့လင်မယားဆင်စွယ်ရလာသည့် သတင်းပျံ့နှံ့သွားလေသည်။

''ဆင်စွယ်ဆိုတာ ကျောက်သွေးထက်အများ ကြီးတန်ဖိုးရှိတာပေါ့၊ နက်ကျော်တို့တော့ သူဋ္ဌေး ဖြစ်ပြီ'...ဟုပြောကြသည်။ဘုန်းကြီးကတော့...

''ဆင်စွယ်ကိုမြို့တက်ရောင်းမယ်၊ မန္တလေးထိတက်ရောင်းမယ်၊ငါကိုယ်တိုင်လိုက်ပို့ပေးမယ်၊ ဆင်စွယ်ရလာတဲ့သတင်းကို လူတကာသိအောင် လျှောက်ပြောမနေနဲ့တော့၊ မင်းတို့တဲအိမ်လေးထဲမှာ လည်းဒီဆင်စွယ်သိမ်းမထားနဲ့၊ သူခိုးသူဝှက်အန္တရာယ်ရှိတယ်၊ ငါ့ကျောင်းမှာ ထားခဲ့၊ တစ်ရက်နှစ် ရက်အတွင်း မြို့တက်ဖို့ပြင်ပေတော့''

...ဟုမိန့်ကြားလိုက်သည်။

ကိုနက်ကျော်တို့ဆင်စွယ်ရလာမှန်းသိ၍ လူများ က ဆင်စွယ်ဘယ်နားက ရလာသလဲလာမေးကြသည်။ ကိုနက်ကျော်နှင့်မလုံးကြည်ကရေတံခွန်အနီးမှ လုံမယူလာခဲ့ကြောင်း ရိုးရိုးသားသားပင်ပြောပြကြသည်။လုံမကိုလည်း ချော့မော့ကာ၊ မုန့်များ ကျွေးကာ၊ အဝတ်အစားများ ဝယ်ပေးကာ၊ ဆင်စွယ်ဘယ်နေရာကယူလာသလဲမေးကြသည်။ လုံမကတစ်ခွန်းတစ်ပါဒမျှပြန်မပြောခဲ့ချေ။

လောဘသားတို့သည် ရေတံခွန်နားမှာ ပင် ဆင်စွယ်များ ရှိနိုင်သည်ဟုယူဆကာ ရေတံခွန်ဆီသို့ အုပ်စုဖွဲ့သွားကြလေသည်။ ရွာနီးချုပ်စပ်မှ သတင်းကြားသူများ လည်း ရေတံခွန်ဆီ ဆင်စွယ်အရှာထွက်ကြလေ၏ ။ သူတို့အထင်က ထိုနေရာတွင် ဆင်သချုင်္ီင်းရှိမည် ဟု ယုံကြည်ယူဆကြခြင်းပင် ဖြစ်လေသည်။

သို့သော်...ဆင်စွယ်အရှာထွက်သူတိုင်း ရေတံခွန်ဆီမရောက်ကြ။ လမ်းမှာ ပင် မျက်စိလည်ပြီးပြန်လာကြသည်။ ရေတံခွန်ဆီရောက်သွားကြသူများ ကလည်း မြေလှန်ရှာသည့်တိုင် ဆင်စွယ်နှင့်တူတာဆိုလို့ မတွေ့ ကြ။ သတင်းကြားဖြင့် မြို့မှလာသော ဆင်သချုင်္ီင်းရှာသည့်အဖွဲ့ဆိုလျှင်လက်နက်ကိရိယာအစုံဖြင့် ရောက်လာကြသည်။ ထိုအဖွဲ့သည် ရေတံခွန်ဆီသို့ရောက်သွားသည်။ သို့သော်...ဆင်ရိုင်းအုပ်စုနှင့်တွေ့ ကာ ဆင်ရိုင်းများ လိုက်သော ကြောင့် သေပြေးရှင်ပြေး ပြန်ပြေးခဲ့ရသည်ဟုဆိုသည်။အဖွဲ့ထဲမှနှစ် ယောက် မှာ ဆင်နင်းခံရ၍ သေကျန်ခဲ့သည်။ တစ်ယောက် ကတော့ ဆင်ပြောင်ကြီး၏ အစွယ်ကြားတွင် ပါသွားခဲ့လေသည်။ထိုသတင်းများ ကို လုံမကြားတော့ ပြုံးနေလေသည်။

ဘုန်းကြီးအစီအစဉ်ဖြင့် နောက်တစ်ပတ်အကြာတွင် ဘုန်းကြီးကိုယ်တိုင်ဦးဆောင်ကာ ကိုနက်ကျော်ကိုခေါ်၍ ဆင်စွယ်ရောင်းရန် မန္တလေးအထိ တက်သွားကြလေသည်။ ဆင်စွယ်ကိုတော့ ဆင်စွယ်မှန်းမသိအောင်ထုတ်ပိုး သိမ်းဆည်းသွားကြလေ၏ ။

♥ ♥ ♥


( ၆ )

ကိုနက်ကျော် မန္တလေးတက်သွားသည့်ရက်များ တွင် မလုံးကြည် တစ်ယောက် ရင်တမမဖြင့်စောင့်မျှော်နေရလေသည်။ ဘုန်းကြီးပါသည်ဆိုသော်ငြား...လမ်းမှာ လူဆိုးဓားပြနှင့်တွေ့ မှာ ကို စိုးရိမ်ပူပန်မိသည်။ကိုနက်ကျော်တို့ခရီးထွက်သွားသည်မှာ အသွားအပြန် ရက်ပေါင်းနှစ် ဆယ်ကြာခဲ့လေသည်။ ရက်နှစ် ဆယ်ကြာပြီး ကိုနက်ကျော်ရွာပြန်ရောက်လာမှပင် မလုံးကြည်စိတ်အေးရတော့သည်။

ဆင်စွယ်ကြီးကို ငွေကျပ်တစ်ထောင်ဖြင့် ရောင်းလို့ရလာခဲ့ပါသည်။ လက်ထဲမှာ ငွေတစ်ကျပ်ပြည့်အောင်ပင်မကိုင်ခဲ့ဖူးသော ကိုနက်ကျော်တို့အဖို့ ငွေတစ်ထောင်မှာ များ လှလေသည်။ ပြီးတော့...မုန်တောရွာမှာ ငွေတစ်ထောင်ချမ်းသာသူမရှိပါ။ ကိုနက်ကျော်တို့လင်မယားသည်ဆင်စွယ်တန်ခိုးကြောင့် ရွာမှာ အချမ်းသာဆုံးလူများ ဖြစ်သွားကြလေတော့သည်။

ကိုနက်ကျော်ကလည်း မန္တလေးအထိ သူရောက်ပေါက်ခဲ့သော ခရီးစဉ်အကြောင်းကို ပြောလို့မဆုံးတော့ပေ။

''မန္တလေးဆိုတာ ဒီကနေ တော် တော် သွားရတာ ကိုးဟ၊ လမ်းမှာ တွင် လေးရက်ကြာသွားတယ်ဟေ့၊ တို့ရွာကနေ မြို့အထိသာ ခြေလျင်တစ်လှည့်၊ လှည်းကြမ်းတစ်လှည့်နဲ့သွားရတာ ဟေ့၊ မြို့ဟိုဖက်ရောက်တော့မော်တော် ကားနဲ့သွားရတာ ကလား၊ မော်တော် ကားများ ဖြင့် အံ့သြစရာကွယ်ရို့၊ ဘယ်တိရစ္ဆာန်မှဆွဲစရာမလိုပဲပြေးတာဟ၊ မြန်သလားမမေးနဲ့၊ တို့ရွာမှာ တော့...လူထဲမှာ ငါပထမဆုံးမော်တော် ကားစီးဖူးတာပဲပေါ့''

မှန်သည်။ မော်တော် ကားဆိုသည့်ယာဉ် ရှိနေပြီ ဖြစ်ကြောင်းကြားသိကြသော်လည်း မုန်တောလို ရိုးမတောင်ခြေကရွာငယ်လေးမှလူများ သည် မော်တော် ကားကို မြင်တောင်မမြင်ဖူးကြသေးပါ။ ဘယ်လိုပုံသဏ္ဍာန်ရှိမှန်းလည်း မသိ။ ကိုနက်ကျော်က သူ့အတွေ့ အကြုံတွေ ကိုပြန်ပြောတော့ ကိုနက်ကျော်ကို အထင်ကြီးကြသည်။

ကိုနက်ကျော်ပြောသည့်အတိုင်း ကိုနက်ကျော်သည် ရွာကလူတွေ ထဲမှာ ပထမဆုံး မော်တော် ကားစီးဖူးသူ ဖြစ်လေသည်။ ဘုန်းကြီးကတော့ တစ်နှစ် တစ်ခါလောက် မြို့အရပ်ကိုကြွနေကြမို့ မော်တော် ကားစီးဖူးတာကြာပါပြီ။ ဒါ့ကြောင့်...ကိုနက်ကျော်က သူ့ကိုယ်သူ ''လူထဲမှာ ပထမဆုံးမော်တော် ကားစီးဖူးသူ''အ ဖြစ် ကြွားဝါခြင်း ဖြစ်သည်။

''ပြောရဦးမယ်၊ အင်္ဂလိပ်တွေ တော် ချက်၊ လောကဓာတ်ပညာနဲ့ဆောက်ထားတဲ့တံတားကြီးများ ...ဧရာဝတီမြစ်ဆိုတာနည်းတဲ့မြစ်ကြီးမဟုတ်ဘူးနော်၊ အကျယ်ကြီးရယ်၊ အယ်...အဲဒါကို တံတားရအောင်ဆောက်သဗျ၊ တံတားပေါ်မှာ မော်တော် ကားလည်းမောင်းလို့ရတယ်၊မီးရထားလည်း သွားလို့ရတယ်၊ မီးရထားဆိုတာလည်း မြင်တော့မြင်ဖူးခဲ့ပါတယ်၊ အခွင့်မကြုံလို့ မစီးခဲ့ရဘူး၊ အရှည်ကြီးရယ်''

ကိုနက်ကျော်၏ အတွေ့ အကြုံများ က ရင်သတ်ရှုမောဖွယ်ပင်။စစ်ကိုင်းတံတားခေါ်အင်းဝတံတားကြီးကို ခရစ်၁၉၃၄ခုနှစ် တွင် ဆောက်လုပ်ပြီးစီးခဲ့ရာ ကိုနက်ကျော်သွားရောက်ချိန်တွင် တံတားဖွင့်လှစ်သည်မှာ တစ်နှစ် ခန့်မျှသာရှိသေး၏ ။

''အဲဒီ ဖက်မှာ ဘုရားတွေ စေတီတွေ ဆိုတာကလည်း ပေါသကိုးဗျ၊ ကျုပ်မှာ ကားပေါ်ကနေ ဘုရားတွေ့ တိုင်း ဦးချလို့မဆုံးဘူး၊ စစ်ကိုင်းမြို့ကို အရင်ဖြတ်ရတာ လေ၊ စစ်ကိုင်းကမှ အခုနကပြောတဲ့ အင်းဝတံတားဆိုတာကြီးပေါ်ကနေ မော်တော် ကားနဲ့တစ်ဖက်ကမ်းကူးရတာ ကော၊စစ်ကိုင်းမှာ ဘုရားတွေ ပေါပေမယ့် ဆရာတော် က မဖူးနဲ့ဦး၊ ပြန်မှဖူးတဲ့၊ဆင်စွယ်ရောင်းဖို့က အရေး ကြီးတာကိုး၊ ဆင်စွယ်လည်းရောင်းပြီးရော၊ဖူးလိုက်ရတဲ့ဘုရားတွေ ''

''မန္တလေးမှာ က တန်ခိုးကြီးဘုရားတွေ အများ ကြီးကိုး၊ ကွယ်...မင်းတို့ကို မဟာမြတ်မုနိဘုရားကြီး ဖူးဘူးစေချင်တယ်၊ တယ်ကြည်ညိုစရာကောင်းသကိုး၊ အပြန်ကျ စစ်ကိုင်းဖက်ဝင် စစ်ကိုင်းတောင်ပေါ်ကဘုရားတွေ ဖူး၊ သြော်...စစ်ကိုင်းတောင်ဆိုတာ သူတော် ကောင်းတွေ နေတဲ့နေရာပေကိုး၊ ဘုရားတွေ ဖူးရတိုင်း ဒါ...ငါ့သမီးလေးလုံမကျေးဇူးဆိုပြီးအောက်မေ့မိတယ်၊ လုံမရော...လုံးကြည်ရော...မဟာမြတ်မုနိဘုရားကြီးဖူးရအောင် မန္တလေးတစ်ခေါက်တော့ လိုက်ပို့ဦးမဟေ့၊ ခုဆို...ငါတို့မှာ ငွေကြေးပူစရာမှ မလိုတော့တာ''

ကိုနက်ကျော်က အားရပါးရပြောပြနေသည်။မှန်ပါသည်။ ကိုနက်ကျော်တို့မှာ မပူမပင်သုံးလောက်စရာငွေကြေးအပြည့်အစုံရှိခဲ့ပြီ။ ဒါပေမယ့်...ပိုက်ဆံရှိနေပြီဆိုပြီးအလုပ်မလုပ်ပဲနေလို့တော့ မ ဖြစ်။ အလုပ်လုပ်မှ ဖြစ်မည် ။ အရင်လိုတော့တောထဲသွားထင်းခွေစရာမလိုတော့ပါ။

သည်လိုဆိုလျှင် ဘာလုပ်မည် နည်း။ ထင်းခွေစရာမလိုပေမယ့်ထင်းခွေစဉ်ကဆက်စပ်နေသည့်လုပ်ငန်း ဖြစ်သော မီးသွေးလုပ်ငန်းရှိသည်။မီးသွေးလုပ်ငန်းကို ကိုနက်ကျော်နားလည်ပြီး ဖြစ်သည်။ အရင်းအနှီးရှိပြီဆိုတော့ မီးသွေးဖိုလုပ်ငန်းကိုလုပ်ဖို့ဆုံးဖြတ်လိုက်တော့၏ ။သည်လိုနှင့်...တစ်ချိန်က မုန်တောရွာမှာ အဆင်းရဲဆုံး ဖြစ်ခဲ့သော ကိုနက်ကျော်နှင့်မလုံးကြည်လင်မယားသည် မီးသွေးဖိုပိုင်ရှင်သူဋ္ဌေးများ ဖြစ်လာခဲ့လေတော့သည်။အားလုံးက ဆင်စွယ်ကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲ များ ဖြစ်သည်။ဆင်စွယ်ကို ဘယ်ကနေ ဘယ်လိုယူလာမှန်းမသိ။ယူလာသူက လုံမ။

သည်တွင် ...လုံမမမွေးခင်ကြုံခဲ့ရသည့် တောထဲကဆင်လိုက်လာတယ်လို့ထင်ခဲ့တဲ့ မလုံးကြည်၏ အထင်အမြင်၊ ထိုညတွင် ကိုနက်ကျော်မက်ခဲ့သည့် အိပ်မက်များ က ပြန်ပြောစရာအ ဖြစ်များ ဖြစ်လာရလေသည်။လုံမကို ဆင်စွယ်ဘယ်လိုရလာသလဲ၊ ဘယ်နေရာတွေ့ လာသလဲဆိုတာတော့ ဘယ်အခါမှမေးလို့မရတော့ပါ။ မေးကြည့်လိုက်တိုင်းမျက်စောင်းကြီးထိုးပြီးကြည့်နေသည်။ နှုတ်ခမ်းစူစိတ်ကောက်ကာအိမ်ထဲဝင်သွားတတ်သည်။

''မမေးပါနဲ့ကိုနက်ကျော်၊ မမေးပါနဲ့တော့ရှင်၊ လုံမဟာ ဆင်ဘဝကလာတယ်ဆိုတာ ကျုပ်တို့သိပြီးသားပဲဟာ၊ ကျုပ်တို့အတွက် ရသင့်တာ ဒါလောက်ပဲ ဖြစ်မှာ ပါ၊ ခုလည်း ကျုပ်တို့ချမ်းသာနေပြီပဲ၊ သမီးလေးစိတ်ဆင်းရဲအောင် မမေးပါနဲ့တော့ကိုနက်ကျော်ရယ်''

''အေးပါဟာ၊ ငါကလည်း နောက်ထပ်လိုချင်လို့မေးတာမဟုတ်ပါဘူး၊ အဖေဆိုတော့ ပြောမလားလို့ပါဟာ၊ ငါ့သမီးမကြိုက်ရင် ငါမမေးတော့ပါဘူး''

သည်လိုနှင့်...လုံမကလေးကို ဆင်ဘဝမှလာသူ၊ ဆင်ဝင်စားအ ဖြစ် တစ်ရွာလုံးကယုံကြည်လိုက်ကြလေတော့သည်။

♥ ♥ ♥


( ၇ )

ယခုဆိုလျှင် လုံမအသက်ပင် ၁၆နှစ် ပြည့်ခဲ့ပေပြီ။ကိုနက်ကျော်နှင့်မလုံးကြည်မှာ လည်း...မီးသွေးဖိုပိုင်ရှင်ကြေးရေတတ်များ ဖြစ်နေပြီ။ အလုပ်သမားဆယ်ယောက် ခန့်ထားပြီးတာဝန်ယူထားနိုင်သည်။

ယခင်ကတဲကလေးနေရာတွင် လည်း နှစ် ထပ်ပျဉ်ထောင်အိမ်ကြီးနှင့် ထည်ထည်ဝါဝါနေနိုင်ပါပြီ။သို့သော်...ဒေါ်လုံးကြည်မှာ သမီးလေးလုံမအတွက် ရတက်မအေးနိုင် ဖြစ်နေရပေသည်။

လုံမသည် ရွာထဲမှရွယ်တူမိန်းမငယ်များ နှင့်လည်း မပေါင်း။စကားလည်း ဟဟမပြော။ ဘယ်သူနဲ့မှအရောမဝင်။ မိဘများ နဲ့ပင်ရောရောဝင်ဝင်စကားမပြောပဲ တစ်ကိုယ်တည်း ဘာသိဘာသာနေတတ်ပေသည်။ အစဉ်သဖြင့် မှိုင်တွေ နေတတ်သည်။လွမ်းစေတီဆီသွားကာ တောနက်ထဲကို မျှော်ငေးနေတတ်သည်။ဒေါ်လုံးကြည်စိုးရိမ်လာသည်။

''ကိုနက်ကျော်ရယ်...သမီးက နေ့ရှိသရွေ့တောထဲမျှော်ကြည့်ပြီး၊ ဘယ်သူနဲ့မှလည်း အပေါင်းအသင်းမလုပ်တော့ သူ့ချည်းသီးခြား ဖြစ်နေတာကို ကျုပ်စိတ်ထဲမှာ တစ်မျိုးပဲ၊ သမီးလေးစိတ် ပြောင်းသွား အောင်တော် ကျုပ်တို့သားအမိကို မန္တလေးဘုရားဖူးလိုက်ပို့ပါလားတော် ''

''ဟေ-''

''ဆင်စွယ်ရောင်းပြီးကတည်းက မဟာမြတ်မုနိဘုရာကြီးဖူးဖို့လိုက်ပို့မယ်လို့ တော် ကတိပေးထားတာလေ၊ ခုဆို လုံမအသက်တောင်၁၆နှစ် ရှိနေပြီတော့၊ တော့် ကတိတော် မေ့ပြီလား''

''မမေ့ပါဘူးလုံးကြည်ရယ်၊ အလုပ်ထဲစိတ်ရောက်ပြီး စိတ်မအားလူမအား ဖြစ်နေလို့ပါ၊ တို့မိသားတစ်စုလုံး တစ်နေရာရာသွားရင် တို့လုပ်ငန်းကြီးကို ဘယ်လိုထားခဲ့ရပါ့မလဲတွေးပြီး စိတ်မချ ဖြစ် ဖြစ်နေလို့ပါ၊အလုပ်သမားတွေ ကလည်းရှိသေးတယ်မဟုတ်လား၊ အေးဟာ...ဟုတ်ပါရဲ့ ၊ နင်တို့ကို ဘုရားဖူးပို့ဦးမှပါ၊ အလုပ်က ဘယ်အချိန်လုပ်လုပ် ဖြစ်တယ်၊အလုပ်လောဘတက်မနေတော့ပါဘူး''

''အလုပ်ကိုပိတ်ခဲ့၊ အလုပ်သမားတွေ ကိုတော့ အဲဒီ ရက်တွေ အတွက် လုပ်ခရှင်းပေးလိုက်ပေါ့တော် ၊ ဘုရားဖူးသွားပြီး ကုသိုလ်ယူမယ့်ဟာ၊ ကိုယ့်အလုပ်သမားတွေ လည်း အလုပ်နားရင်း လုပ်ခလေးရပါစေ၊ဒါလည်းကုသိုလ်ပေါ့''

''ဟုတ်ပါတယ်၊ ဒါဖြင့် နွေပေါက်တာနဲ့ ငါတို့ ဘုရားဖူးထွက်နိုင်အောင် ခုကတည်းက ပြင်ဆင်ပေတော့လုံးကြည်''

♥ ♥ ♥


( ၈ )

အဖေနှင့်အမေက သူမ၏ နောင်ရေး အတွက် ပြောဆိုဆွေးနွေးနေစဉ်တွင် လုံမသည် သူမ၏ အခန်းလေးထဲဝင်ကာ တစ်ကိုယ်တည်းတွေးမိတွေးရာတွေးနေလေသည်။

ညအမှော င်ရောက်ပြီမို့ လရောင် က ပြတင်းပေါက်မှထိုးကာလုံမအခန်းထဲသို့ကျလျှက်ရှိသည်။

လုံမအတွေးများ က ထုံးစံအတိုင်းတောနက်ကြီးထဲသို့ ရောက်ရှိသွားပြန်လေသည်။

ပကတိလရောင် နှင့် လုံမအတွေးများ ရောယှက်ကာ တစ်ချိန်ကလသာညချမ်းတွင် ဆင်နှစ် ကောင်ပျော်မြူးနေပုံများ မျက်စိထဲမြင်ယောင်လာပြန်လေသည်။

စွယ်စုံဆင်ထီးကြီးက စမ်းချောင်းထဲမှရေများ ကို နှာမောင်းဖြင့်စုပ်ယူကာ ဆင်မကြီးကိုပက်ဖျန်းပေးလျှက်ရှိသည်။ ဆင်မကြီးက ကိုယ်ကိုဘယ်ညာယိမ်းနွဲ့ကာ ရေပန်းရေမွှားများ မထိအောင်ရှောင်ရှားနေ၏ ။လသာသော ညချမ်းအခါတွင် သဲသော င်ပြင်ဖွေးဖွေးပေါ်သို့လရောင် ဖျန်းကျနေရာ သဲပွင့်များ က လရောင် အောက်တွင် ပျိုးပျိုးပြက်ပြက် လက်နေသည်။ စမ်းချောင်းရေကြည်ကြည်ထဲတွင် လည်း လရိပ်ကထိုးကျနေ၏ ။

ဆင်မကြီးက ကမ်းပါးသဲသော င်ပေါ်သို့တက်ပြေးသည့်အခါတွင် ဆင်ထီးကြီးက နောက်မှပြေးလိုက်သွား၏ ။ဆင်မောင်နှံနှစ် ဖော် လသာညတွင် ချစ်ကြည်စယ်နေကြသည့်မြင်ကွင်းပင် ဖြစ်ပါသည်။သည်လိုမြင်ကွင်းမျိုးကို မြင်ယောင်လာရတိုင်း လုံမရင်မှာ ကြည်နူးရပါသည်။

သို့သော်...တစ်ချိန်တွင် ဆင်ထီးကြီးက ဆင်မကြီးကိုစွန့်ခွာထွက်ပြေးသွားသည်ကို သတိရလိုက်သည့်အခါတွင် တော့ ကြည်နူးနေသော စိတ်များ ပျောက်ကွယ်သွားရပြန်လေသည်။ မှန်ပါသည်။ ထိုကဲ့သို့မောင်နှံတွဲ ၍ ကြည်နူးနေကြသည့်ကြားမှ ဆင်ထီးကြီးသည် တစ်နေ့သော အခါတွင် ပြန်မလာပဲ ပျောက်သွားခဲ့လေသည်။ ထိုအ ဖြစ်ကိုသိနေသော လုံမစိတ်တွင် ဆင်ထီးကြီးကိုစိတ်နာနေမိလေ၏ ။

တစ်ခုသော မနက်ခင်းတွင် ...ဆင်ထီးကြီးက အစာရှာသွားဦးမည် ၊ စောင့်နေပါဟုပြောကာ အစာရေစာပေါများ သော နေရာသို့ ထွက်ခွာသွားခဲ့လေသည်။ ဆင်မကြီးသည် ထားခဲ့သော နေရာမှ တစ်ဖဝါးမခွာပဲဆင်ထီးကြီးပြန်အလာကို စောင့်မျှော်နေခဲ့ပါသည်။

ဆင်ထီးကြီးသွားရာနောက်သို့ ဆင်မကြီးလိုက်မသွားသည်မှာ အကြောင်းရှိပါသည်။ ဆင်မကြီးတွင် ကိုယ်ဝန်ရှိနေသော ကြောင့် ဖြစ်သည်။ကိုယ်ဝန်အရင့်အမာနှင့်မို့ ပင်ပန်းမှာ စိုးပြီး ဆင်ထီးကြီးကလည်းမလိုက်စေလို။ ဆင်မကြီးကိုယ်ဝန်ဆောင်ကတည်းက ဆင်ထီးကြီးကပင်အစာရေစာများ ရှာဖွေကျွေးမွေးနေခြင်း ဖြစ်ပါသည်။

ဆင်မကြီးသည် ယခင်နေ့များ ကလိုပင် ချစ်လင်စွယ်စုံဆင်ကြီးပြန်အလာကို ထားရာနေရာမှ တစ်ဖဝါးမခွာပဲ စောင့်မျှော်နေခဲ့သည်။သို့သော်...ဆင်ကြီးပြန်မလာပါ။

ဆင်မကြီးသည် ဆာလောင်မွတ်သိပ်သည်ကိုသည်းခံကာဆင်ကြီးပြန်အလာလမ်းကို မျှော်ငေးနေခဲ့သည်။ညမိုးချုပ်ထိတိုင် ဆင်ကြီးပြန်မလာခဲ့။

နောက်တစ်နေ့တွင် လည်း ပြန်ရောက်မလာခဲ့။နောက်နေ့ နောက်နေ့များ တွင် လည်း...ဆင်ကြီးကား ပြန်ပေါ်မလာတော့ပါ။

ဆင်မကြီးသည် ဆင်ကြီး သူမကိုစွန့်ခွာသွားလေပြီဟု မှတ်ယူလိုက်လေသည်။ အခြားသော ဆင်ပျိုမတစ်ကောင်နှင့်ပေါင်းသင်းနေပြီဟုယုံမှတ်လိုက်လေသည်။ ကိုယ်ဝန်ဆောင်ထားရချိန်ကျမှ စွန့်ခွာသွားရက်သော ဆင်ကြီးကိုလည်း စိတ်နာမိလေ၏ ။

ထိုအချိန်မှစ၍ ...ဆင်မကြီးသည် ကိုယ်ဝန်ဆောင်ကြီးဖြင့်ကိုယ့်ဝမ်းစာကိုယ် ရှာဖွေစားသောက်ခဲ့ရလေသည်။ ဆင်ကြီးကား မျှော်သော်လည်း ပေါ်မလာတော့။ ဆင်မကြီး၏ နာကျည်းစိတ်မှာ လည်းပိုပိုတိုးလာရလေသည်။

ကိုယ်ဝန်ဆောင်ဆင်မကြီးကို အခြားသော ဆင်အုပ်တစ်ခုကတွေ့ သွားကာ သူတို့နှင့်အတူနေစေပြီး စောင့်ရှောက်ထားခဲ့ပေသည်။တောရိုင်းသတ္တဝါပင် ဖြစ်သော်ငြား မျိုးတူချင်းရိုင်းပင်းကူညီသည့်မေတ္တာစိတ်များ ပင် ဖြစ်သည်။

ဆင်မကြီးသည် ကိုယ်ဝန်ဆောင်လစေ့သော အခါ ဆင်ကလေးတစ်ကောင်ကိုမွေးဖွားခဲ့လေသည်။ ဆင်ကလေးက အထီးလေး ဖြစ်သည်။ဆင်ကလေးမှာ အလွန်ပင်လှပလေသည်။ ဦးကင်းထိပ်တွင် လက်တစ်ဝါးစာခန့်ကွက်၍ အမွေးဖြူဖြူများ ပေါက်နေသည်။

ဆင်မကြီးသည် ဆင်ရိုင်းအုပ်နှင့်အတူနေရင်း သားကလေးကိုစောင့်ရှောက်လာခဲ့လေသည်။ မျိုးတူဆင်များ ၏ ကူညီပံ့ပိုးမှုကြောင့်သာဆင်မကြီးသည် သားကလေးကို ဆင်ထီးကြီးတစ်ကောင် ဖြစ်သည်ထိမွေးမြူစောင့်ရှောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ချစ်လင်ဆင်ထီးကြီးကား သားငယ်ဆင်ကလေးအရွယ်ရောက်သည်အထိ ပေါ်မလာတော့ပါ။ တောထဲတွင် လည်း မည် သည့်နေရာတွင် မှမတွေ့ ရတော့ပါ။

ဆင်မကြီးသည် သားငယ်ဆင်ကလေးကို ထိန်းကျောင်းပဲ့ပြင်ရင်း ဆင်တို့တပ်အပ်သော ပညာများ ကိုသင်ကြားပြသရင်းဖြင့်ဆင်အိုမကြီးတစ်ကောင်ဘဝသို့ရောက်ရှိလာခဲ့လေသည်။

♥ ♥ ♥


( ၉ )

ထိုမြင်ကွင်းများ ကား လုံမမြင်ယောင်နေကျမြင်ကွင်းများ ထဲတွင် ပထမပိုင်းမြင်ကွင်းများ သာ ဖြစ်ပါသည်။နောက်ထပ်မြင်ယောင်လာသော မြင်ကွင်းထဲတွင် မူ ဆင်မကြီးသည် အိုမင်းနေပေပြီ။ ဆင်မကြီး၏ သားကလေးမှာ စွယ်စုံဆင်ပျိုထီးတစ်ကောင်အ ဖြစ် အရွယ်ရောက်ခဲ့လေပြီ။

ဆင်မကြီး၏ ကြေကွဲစရာနောက်ဆုံးမြင်ကွင်းကိုလည်း ယခုလိုလသာသော ညနောက်ခံထားလျှက် မြင်တွေ့ နေရပါသည်။လသာသော ညချမ်းတစ်ခုတွင် ဆင်အိုမကြီးသည် ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် ရေတံခွန်ရှိရာသို့ဦးတည်သွားနေသည်ကို လုံမ မြင်ယောင်မိပေသည်။

တကယ်တော့ လူသားများ အန္တရာယ်မှရှောင်တိမ်းရင်း သူတို့ဆင်အုပ် ထွက်ပြေးရာတွင် ဆင်မကြီးသည် ကျောက်လွှာနှစ် ချပ်ကြား၌ ရှေ့ညာဖက်ခြေထောက်တစ်ဖက်ညပ်သွားခဲ့လေသည်။ ကျောက်တုံးညပ်သော ဒဏ်ကြောင့် ဆင်မကြီး၏ ခြေတစ်ဖက် မသန်မစွမ်း ဖြစ်သွားရခြင်း ဖြစ်ပါသည်။ ဆင်မကြီးသည် မကွယ်လွန်မီဆယ်နှစ် ခန့် ဒုက္ခိတဘဝဖြင့်နေထိုင်ခဲ့ရရှာသည်။

အရွယ်ရောက်ပြီ ဖြစ်သော သားဆင်ပျိုကလေးက မိခင်ဆင်အိုမကြီးကို အစာရှာကျွေးခဲ့ပေသည်။တစ်နေ့သော အခါတွင် ဆင်အိုမကြီးသည် မိမိကွယ်လွန်သေဆုံးတော့မည် ကိုသိလိုက်သည်။ သူမသည် ဆင်အနေဖြင့် သက်တမ်းကုန်လုနေပြီမဟုတ်ပါလား။ဆင်မကြီးက သားငယ်ဆင်ပျိုလေးအား မှာ ကြားစရာများ ကိုမှာ ကြားခဲ့ပေသည်။

''အမေတော့ သေရတော့မယ်သား၊ အမေမရှိတဲ့နောက်မှာ လိမ်လိမ်မာမာနေရစ်ပါ၊ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက်ပါ၊သတိကိုမပြတ်ထားပြီး အန္တရာယ်နဲ့ကင်းအောင်နေပါငါ့သား''

''ဟင့်အင်း...ဟင့်အင်း...အမေမေသေရဘူး၊ အမေမရှိရင်သား ဘယ်သူနဲ့နေရမှာ လဲအမေရယ်၊ အမေမသေပါနဲ့နော်''

''သြော်...သားလေးရယ်၊ သတ္တဝါဆိုတာ သေမျိုးတွေ ကွဲ့၊သက်တမ်းကုန်ရင်သေရတယ်၊ သက်တမ်းမကုန်ရင်လည် နာဖျားလို့သေရတယ်၊ ဘယ်သတ္တဝါမှမလွှဲရှောင်နိုင်ပါဘူးငါ့သားရယ်''

ဆင်မကြီးက သားငယ်ဆင်လေး၏ ဦးကင်းထိပ်မှအဖြူကွက်လေးကို သူမ၏ နှာမောင်းဖြင့် သပ်ရင်းသပ်ရင်း ချော့မော့ပြောဆိုလိုက်လေသည်။

ယခု လသာညတွင် ဆင်မကြီးတစ်ကိုယ်တည်းထွက်လာခြင်းမှာ သေဆုံးရန်အတွက် ဆင်သချုင်္ီုင်းသို့သွားရောက်နေခြင်းပင် ဖြစ်ပါသည်။သူမတို့ဆင်များ သည် ကွယ်လွန်ခါနီး အချိန်တွင် ဆင်သချုင်္ီင်းသို့အရောက်သွားရပါသည်။ ဆင်သချုင်္ီင်းတွင် သေဆုံးရပါသည်။ တောထဲမှဆင်တိုင်းမိမိတို့အမျိုးအနွယ်များ ၏ ဆင်သချုင်္ီုင်းဘယ်နားတွင် ရှိသည်ကို သိကြပါသည်။

ဆင်မကြီးသည် ရေတံခွန်အောက်တွင် ရှိသော ဆင်သချုင်္ီင်းဆီသို့ဦးတည်သွားရောက်နေခြင်း ဖြစ်ပါသည်။သားကလေးသိလျှင် စိတ်မကောင်း ဖြစ်နေမည် စိုး၍ ညအချိန်တွင် အသိမပေးပဲ တစ်ကောင်တည်းထွက်လာခဲ့ခြင်းပင် ဖြစ်ပါသည်။ဆင်မကြီးသည် ခြေထော့နဲ့ထော့နဲ့ဖြင့်လာခဲ့ရာ...ရေများ အားကုန်စီးကျနေသော ရေတံခွန်အောက်ခြေသို့ရောက်လာပေပြီ။သူမသည် နောက်ဆုံးအနေဖြင့် သူမ၏ သားကလေးနှင့်အပေါင်းအဖော်ဆင်များ ကျန်ရစ်ခဲ့သည့် တောထဲသို့လှမ်းမျှော်ကြည့်လိုက်သည်။ နှာမောင်းကိုမြှော က်ရင်း ကြေကြေကွဲကွဲအော်လိုက်လေသည်။ထို့နောက်...ဆင်မကြီးသည် သန်မြန်စွာ ထိုးကျနေသော ရေလုံးထုဘေးမှကွေ့ပတ်ကာ ရေတံခွန်အောက်ရှိ လျှိုထဲသို့ ဝင်လာခဲ့လေသည်။ထိုနေရာကို စီးကျနေသော ရေထုကြီးကွယ်နေ၍ လူနှင့်အခြားတိရစ္ဆာန်များ မသိရှိကြပါ။

ဆင်မကြီးသည် လျှိုလမ်းကြားအတိုင်း ကွေ့ကာကောက်ကာတိုးဝင်သွားသည့်အခါ နောက်ဆုံး၌ ကျယ်ပြောသော ခန်းမကြီးထဲသို့ရောက်ရှိသွားလေသည်။ခန်းမကြီးထဲတွင် တော့ ဆင်သတ္တဝါများ ၏ အရိုးများ ၊ ဆင်စွယ်များ ပြန့်ကျဲလျှက်ရှိပေသည်။ဆင်မကြီးသည် ဆင်သချုင်္ီုင်းခန်းမကြီးထဲတွင် စိတ်ကိုလျှော့ချကာ ကိုယ်ကိုလှဲချလိုက်လေတော့သည်။ထိုမြင်ကွင်းကား လုံမမြင်နေကျ ဆင်များ ၏ လှုပ်ရှားမှုမြင်ကွင်းများ ထဲမှ နောက်ဆုံးမြင်ကွင်း ဖြစ်လေသည်။

လုံမသည် သူမမြင်ယောင်လာသော ဆင်တို့၏ လှုပ်ရှားမှုများ ကိုဆက်စပ်ကာ ဇာတ်လမ်းတစ်ပုဒ်အနေဖြင့် သိမှတ်လာရလေသည်။ လုံမလူမှန်းသိတတ်စကတည်းက ထိုမြင်ကွင်းများ ကို မကြာခဏမြင်ယောင်ခဲ့ပါသည်။ ဘာကြောင့်မြင်ယောင်ရတယ်ဆိုတာကိုတော့ လုံမ မသိ၊နားမလည်။

တောထဲတွင် သူမမြင်ယောင်သော ဆင်များ ရှိသည်ကိုသိကာတောထဲကိုလှမ်းလှမ်းကြည့်ပြီး လွမ်းနေတတ်ပါသည်။သူမ၏ မြင်ကွင်းများ ကို ဆက်စပ်ကြည့်လိုက်လျှင် ဆင်သတ္တဝါများ ပါဝင်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာသည်။ သူမ၏ မြင်ကွင်းများ အရ ထိုဇာတ်လမ်း၏ အဓိကသရုပ်ဆောင်မှာ ဆင်မကြီး ဖြစ်နေလေသည်။ ဆင်မကြီး၏ လှုပ်ရှားမှုများ ကို ဆင်မကြီးသေဆုံးချိန်အထိမြင်ယောင်ခဲ့ရပေသည်။

ဒါတွေ ကိုဘာကြောင့်မြင်ယောင်ရတယ်ဆိုတာလုံမနားမလည်ခဲ့။လုံမအသက်ခုနစ်နှစ် အရွယ်ရှိချိန်တွင် မိဘနှစ် ပါးက ကျောက်သွေးရှာရန်တောထဲအသွားမှာ လုံမကိုခေါ်သွားမှပင် သဘောပေါက်နားလည်လာရခြင်း ဖြစ်ပါသည်။

မိဘများ ကျောက်သွေးရှာသည်ကိုစောင့်နေရင်း ရေတံခွန်ကြီးကိုကြည့်ကာ သူမမြင်ယောင်နေကျဆင်ဇာတ်လမ်းထဲမှ ရေတံခွန်ကြီး ဖြစ်ကြောင်းသိလာရသည်။ မှန်-မမှန်သိရစေရန်အတွက် လုံမသည်ရေတံခွန်ကြီးအောက်သို့သွားခဲ့လေသည်။ သူမ၏ မြင်ကွင်းထဲကလို ရေတံခွန်အောက်ခြေတွင် ကျဉ်းမြောင်းကွေ့ကောက်သော လမ်းကြောင်းလေးရှိနေတာတွေ့ ရသည်။ ဆင်မကြီးဝင်သွားသည့်လမ်းကြောင်းပင် ဖြစ်ပါသည်။လုံမသည် ဆင်မကြီးဝင်သွားသည့်နည်းအတိုင်း ကျဆင်းနေသော ရေထုကြီးဘေးမှ ကွေ့ဝိုက်ကာ လျှိုထဲသို့တိုးဝင်လိုက်သည်။ လမ်းကြောင်းလေးအတိုင်း လျှောက်ဝင်လာခဲ့ရာ မြင်ကွင်းထဲတွင် မြင်နေကျခန်းမကြီးထဲသို့ရောက်သွားလေသည်။ ခန်းမထဲမှာ တော့ ဆင်အရိုးများ တောင်ပုံရာပုံ၊ ဆင်စွယ်များ လည်း ကြမ်းပြင်မှာ ပြန့်ကျဲနေသည်။လုံမသည် ထိုအထဲမှ ဆင်စွယ်တစ်ချောင်းကို ကောက်ယူလာခဲ့ခြင်း ဖြစ်ပါသည်။

မိဘများ ကိုတော့ ဒီအကြောင်းတွေ ပြန်မပြောခဲ့ပါ။ ချော့မော့မေးမြန်းသူတွေ ကိုလည်း ပြန်မပြောခဲ့။ ရေငုံနှုတ်ပိတ်နေခဲ့သည်။ထိုအချိန်မှစ၍ လုံမသည် ဆင်များ ၏ မြင်ကွင်းကို ဘာကြောင့်မြင်ယောင်နေရတယ်ဆိုတာကို သိလိုက်ရလေသည်။ သူမမြင်ခဲ့ရသော မြင်ကွင်းများ ကား သူမ၏ ယခင်ဘဝဟောင်းမြင်ကွင်းများ ပင် ဖြစ်လေတော့သည်။

သူမသည် ယခင်ဘဝက ဆင်မကြီးပင် ဖြစ်ပါသည်။လုံမသည် အကြောင်းစုံကို ခြုံငုံသိလိုက်ရသော်လည်း ဘယ်သူ့ကိုမှပြန်မပြောခဲ့ပါ။ ကိုယ် တစ်ယောက် တည်း ကြိတ်ခံစားခဲ့သည်။ဆင်တို့ကိုမြင်နေရသော မြင်ကွင်းကား ပျောက်မသွားခဲ့။အလျဉ်းသင့်တိုင်း မြင်နေရမြဲ ဖြစ်သည်။

ထို့ကြောင့်...လုံမသည် တောနက်ထဲကိုမြင်သာသည့်နေရာသို့သွားရောက်ကာ လွမ်းနေတတ်ခြင်း ဖြစ်သည်။လုံမလွမ်းနေသော အရာကား အခြားမဟုတ်။ ယခင်ဘဝကတောထဲတွင် ကျန်နေရစ်သော ဆင်သားကလေးကိုပင် ဖြစ်ပါသည်။သူမ၏ ဆင်ဘဝသည် မည် သည့်ကာလက ဖြစ်ပျက်ခဲ့သည်လဲ။မသိနိုင်ပါ။

သူမ၏ သား ဆင်ကလေးသည် တောထဲ၌ ယခုအချိန်ထိရှိနေသေးသလား။ မသိနိုင်ပါ။မည် သို့ဆိုစေ...လုံမကတော့ ယခင်ဘဝကကျက်စားခဲ့ရာတောထဲသို့မျှော်ကြည့်နေရသည်ကိုပင် ကြေနပ်နေမိပါတော့သည်



ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ ဆင်ဝင်စား ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သေမင်း၏လက်ဗွေရာ

ပွင့်တူရွက်တူ

ဒေါက်တာစိုးထိုက်နှင့် ထူးဆန်းသောဟင်းတစ်ခွက်