
အပိုင်း ( ၁ )
စင်မြင့်တစ်ခုလုံးကို အမှော င်ချထားသည်။ တီးဝိုင်းမှတီးလုံး သံများ ကိုလည်း ရပ်ဆိုင်းထားသဖြင့်.. တစ်ခန်းလုံးတိတ်ဆိတ်နေ၏ ။
အခန်းမျက်နှာကျက်ဆီမှ ဆလိုက်မီးရောင် က စင်မြင့်ထက်ဆီသို့ ဖြာကျလာသည်။ စင်အောက်မှလူများ ၏ အာရုံက စင်မြင့်ဆီသို့ ရောက်သွားကြလေသည်။
ငြိမ့်ငြောင်းသော တီးလုံးသံပေါ်ထွက်လာသည်။
တီးလုံးသံ၏ သံစဉ်အလိုက်နှင့်အတူ စင်၏ ညာဖက်ဒေါင့်မှ အမျိုးသမီးတစ်ဦးက တစ်လှမ်းချင်းလျှောက်လှမ်းလာလေသည်။ သူမ အပြုံးက ဆလိုက်မီးရောင် အောက်ဝယ် လင်းလက်တောက်ပနေ၏ ။ ပြုံးထားသော ကြောင့် ဘယ်ဖက်ပါးမှပါးချိုင့်လေးက ထင်းထင်းရှင်းရှင်း ပေါ်လွင်နေသည်။
သူမကား... မြန်မာနိုင်ငံတွင် ကျော်ကြားထင်ရှားမှုအရှိဆုံး Presenter (ခေါ်) စီစဉ်တင်ဆက်သူ တစ်ယောက် ဖြစ်သည့်... ယဉ်မျိုးသွင်.. ဖြစ်ပါသည်။
ယဉ်မျိုးသွင်က စင်အလည်တည့်တည့်သို့ အရောက်တွင် ရပ် လိုက်သည်။ ပွဲကြည့်ပရိသတ်ကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
ထို့နောက်.. ယဉ်မျိုးသွင်က သူမ၏ သာယာချိုအေးသော အသံလေးဖြင့် ကြေငြာလိုက်လေသည်။
''ကြွရောက်လာကြတဲ့ဧည့်ပရိသတ်များ ရှင်... အခုအချိန်က စလို့ နိုင်ငံကျော် စတီရီယိုတေးသံရှင် မာလာမေဖော့ရဲ့ ဖျော်ဖြေမှု အစီအစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်.... မာလာမေဖော့ဟာဆိုရင်...''
ယဉ်မျိုးသွင်က စကားလုံးတချို့ကို ဆက်ပြောနေသည်။
စင်အောက်တွင် ထိုင်ကြည့်နေသော လူသုံးယောက် ထဲမှ... အသက်အကြီးဆုံး တစ်ယောက် က လက်ပြလိုက်သည်။
စင်ပေါ်မှယဉ်မျိုးသွင်က... သူမပြောနေသော စကားများ ကို ရောက်သည့်နေရာမှာ ပင်.. ရပ်နားလိုက်လေ၏ ။
အခန်းတစ်ခန်းလုံး မီးရောင် များ ထိန်လင်းသွားလေသည်။
စင်ပေါ်မှယဉ်မျိုးသွင်၏ တင်ဆက်မှုကို စင်အောက်မှ ထိုင် ကြည့်နေသည့်ပရိသတ်မှာ သုံးဦးတည်းသာရှိပါသည်။
ဒေါက်တာဖရက်ဒီခန့်၊ ဒေါက်တာမျိုးထိုက်နှင့် ဦးအောင်သွင် ဆိုသူတို့ပင် ဖြစ်သည်။
မကြာခင်ကထွက်ပေါ်ခဲ့သော တီးလုံးသံများ မှာ တီးဝိုင်းတစ်ခု မှတီးမှုတ်နေခြင်းမဟုတ်။ အသံသွင်းထားပြီးဓာတ်ပြားကိုဖွင့်ထားခြင်းသာ ဖြစ်ပါသည်။
ဤပွဲသည်.. နိုင်ငံကျော်တေးသံရှင်မာလာမေဖော့အမှန် တကယ်ဖျော်ဖြေနေသော ပွဲလည်းမဟုတ်ပါ။ စင်မြင့်နှင့်တကွ အားလုံး သော အပြင်အဆင်များ မှာ တကယ့်ပွဲနှင့်တူအောင် တုပပြင်ဆင်ထား ခြင်းသာ ဖြစ်ပါသည်။
မီးများ လင်းအလာတွင် ... ဒေါက်တာဖရက်ဒီခန့်က ဦးအောင် သွင်ဖက်သို့လှည့်၍ မေးလိုက်သည်။
''ဘယ့်နှယ်လဲ.. ဦးအောင်သွင်၊ ကြေနပ်ရဲ့ လား''
''ဟာ.. ကြေနပ်တာပေါ့ဆရာကြီးရယ်.. ကျွန်တော် တော့ ဒီလောက်အထိ တစ်ထပ်တည်းတူညီလိမ့်မယ်လို့ မထင်မိဘူးဗျာ၊ သိပ်ကိုအံ့သြမိပါတယ်၊ တကယ်ပါပဲဗျာ..''
သူတို့စကားပြောနေစဉ်.. စင်ပေါ်မှဆင်းလာသော ယဉ်မျိုး သွင်က သူတို့အနီးသို့ရောက်လာလေသည်။
''ယဉ်မျိုးသွင်... ထိုင်..''
ဒေါက်တာဖရက်ဒီခန့်က ထိုင်ခုံတစ်လုံးကိုညွှန်ပြရင်း ပြော လိုက်ရာ.. ယဉ်မျိုးသွင်က ဒေါက်တာညွှန်ပြသော ခုံတွင် ဝင်ထိုင်လိုက်သည်။
''ကဲ.. ဦးအောင်သွင်.. ကျွန်တော် တို့ ယဉ်မျိုးသွင်ရဲ့ တကယ်ပွဲနဲ့ အခုန မြင်ခဲ့ရတာ တွေ ဘယ်လောက်တူမတူ တိုက်ကြည့်ရအောင်''
ဒေါက်တာဖရက်ဒီခန့်က မေးဆတ်ပြလိုက်သည့်အခါ... ဒေါက်တာမျိုးထိုက်သည် အနီးတွင် ရှိသည့်ဗီဒီယိုပြစက်ထဲသို့ စီဒီ ဓာတ်ပြားတစ်ချပ်ကို ထည့်လိုက်လေသည်။
တီဗီမြင်ကွင်းပေါ်တွင် .. စတီရီယိုတေးသံရှင်မာလာမေဖော့ ၏ ဖျော်ဖြေမှုအစီအစဉ်ပေါ်ထွက်လာသည်။ တီဗီထဲမှပေါ်ထွက်လာ သော မြင်ကွင်းများ ကား.. မကြာခင်က သူတို့တွေ့ မြင်ခဲ့ရသော စင်မြင့် ပေါ်မှမြင်ကွင်းနှင့် တစ်ထပ်တည်းတူညီနေလေ၏ ။
ပြသနေသော စီဒီဓာတ်ပြားမှာ .. လွန်ခဲ့သော သုံးလက ပြုလုပ် ခဲ့သော အဆိုကျော်မာလာမေဖော့၏ စင်မြင့်ဖျော်ဖြေပွဲကို ရိုက်ကူး ထုတ်လုပ်ထားသော ဓာတ်ပြား ဖြစ်ပါသည်။
ထိုပွဲတွင် .. စီစဉ်တင်ဆက်သူအ ဖြစ် ယဉ်မျိုးသွင်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
''ကြွရောက်လာကြတဲ့ဧည့်ပရိသတ်များ ရှင်... အခုအချိန် ကစလို့ နိုင်ငံကျော် စတီရီယိုတေးသံရှင် မာလာမေဖော့ရဲ့ ဖျော်ဖြေမှု အစီအစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်.... မာလာမေဖော့ဟာ ဆိုရင်...''
တီဗီထဲမှယဉ်မျိုးသွင်ပြောနေသည့်စကားလုံးများ မှာ .. မကြာ မီက ယဉ်မျိုးသွင်စင်မြင့်ပေါ်တွင် ပြောသွားသည့် စကားလုံးများ ပင် ဖြစ်ပါသည်။
တီဗီထဲတွင် မြင်တွေ့ နေရသော စီစဉ်တင်ဆက်သူအမျိုးသမီး လေးမှာ ယဉ်မျိုးသွင်အစစ်...ပင် ဖြစ်လေသည်။
တီဗီထဲက ယဉ်မျိုးသွင်အစစ်နှင့် မိမိရှေ့တွင် ထိုင်နေသော ယဉ်မျိုးသွင်အတုတို့၏ .. ရုပ်ရည်၊ အမူအရာ၊ အသံ၊ လေယူလေသိမ်း၊ မျက်နှာပေး..စသည်တို့မှာ အားလုံးတူညီနေသည့်အတွက် ဦးအောင်သွင်ဆိုသူက တီဗီကိုတစ်လှည့်၊ ဘေးတွင် ထိုင်နေသော ယဉ်မျိုးသွင် ကိုတစ်လှည့်ကြည့်ရင်း အံ့သြနေလေသည်။
ယခုမြင်နေရသော ယဉ်မျိုးသွင်၏ မေးဖျားမှ မှဲ့နီနီကလေးမှာ ထင်းနေသည်။ ယဉ်မျိုးသွင်အစစ်တွင် လည်း မေးဖျား၌ မှဲ့နီနီကလေး တစ်လုံးရှိပါသည်။ ယဉ်မျိုးသွင်အတုတွင် ရှိသော နေရာအတိုင်း တသွေ မတိမ်းတူညီအောင်ရှိနေခြင်း ဖြစ်သည်။
''ဆရာကြီးရဲ့ ပညာကိုတော့ ကျွန်တော် မအံ့သြပဲမနေနိုင်တော့ဘူးဆရာကြီး၊ ကျွန်တော် အလုပ်သာအပ်ခဲ့ရတယ်၊ ဒါလောက်ထိ ထပ်တူထပ်မျှတူတဲ့ ယဉ်မျိုးသွင်အတု တစ်ယောက် ပေါ်လာလိမ့်မယ်လို့ မထင်မှတ်ခဲ့ဘူးဗျာ.. အခုတော့...''
ဦးအောင်သွင်၏ ချီးကျူးစကားကို ဒေါက်တာဖရက်ဒီခန့်က ပြုံးနေသည်။
''ကျုပ်.. သူ့ကို ယဉ်မျိုးသွင်အစစ်နီးပါး ဖြစ်အောင် လေ့ကျင့်ပေးထားပါတယ်''
ဒေါက်တာဖရက်ဒီခန့်၏ အသက်မှာ ခုနစ်ဆယ်နီးပါးရှိနေပြီ။ ပါးလှပ်လှပ်သာရှိသော ဆံပင်များ ဖြူနေကာ၊ ပါးရည်နားရည်များ လည်း တွဲ ကျနေပြီ၊ သို့သော်.. သူ့အပြုံးကတော့ နုပျိုလတ်ဆတ်နေသည်။ သူ၏ အောင်မြင်သော တီထွင်မှုအတွက် ဂုဏ်ယူဟန်အထင်းသားပေါ် နေသည်။
''ယဉ်မျိုးသွင်..''
ဒေါက်တာဖရက်ဒီခန့်က ယဉ်မျိုးသွင်အတုကို ခေါ်လိုက်သည်။
''ရှင်.. ဆရာကြီး''
''သူဘယ်သူလဲ.. သူ့ကိုမင်း သိသလား''
ဒေါက်တာဖရက်ဒီခန့်က ဦးအောင်သွင်ကိုလက်ညှိုးထိုးပြကာ မေးလိုက်ခြင်း ဖြစ်သည်။
''သိပါတယ်ဆရာကြီး.. ဒါ ယဥ့်ရဲ့ အန်ကယ် ဦးအောင်သွင် ပါရှင်.. ယဥ့်ဖေဖေ ဦးမင်းသွင်ရဲ့ ညီ.. ယဥ့်ရဲ့ ဦးလေး ဦးအောင်သွင်ပါ ဆရာကြီး''
''ဟင်.. သူက သိတယ်၊ သူက အဲဒီ လိုမျိုးသိနေတယ်၊ ဟုတ်လားဆရာကြီး''
ယဉ်မျိုးသွင်အတု၏ စကားဆုံးသည်နှင့် ဦးအောင်သွင်က တအံ့တသြမေးလိုက်လေသည်။
''ဟဲ.. ဟဲ.. ဟဲ.. ဟဲ..''
ဒေါက်တာဖရက်ဒီခန့်က ရယ်လိုက်လေသည်။
ပြီးနောက်.. အနီးမှ သူ၏ တပည့်ဒေါက်တာမျိုးထိုက်အား ပြောလိုက်သည်။
''မောင်မျိုးထိုက်.. ယဉ်မျိုးသွင်ကို သူ့နေရာသူ ပြန်ပို့ပေးလိုက်ပါကွယ်''
''ဟုတ်ကဲ့ဆရာကြီး''
ဒေါက်တာမျိုးထိုက်က ထိုင်ခုံမှထလိုက်သည်။ ယဉ်မျိုးသွင် ထိုင်နေသည့်နေရာသို့လျှောက်သွားကာ..
''လာ.. ယဉ်မျိုးသွင်.. ကိုယ်တို့ မင်းနေတဲ့အခန်းကို ပြန် ကြရအောင်''
ဒေါက်တာမျိုးထိုက်နှင့်ယဉ်မျိုးသွင်တို့ ထထွက်သွားကြသည်။
ကျန်ခဲ့သူနှစ် ယောက် က ယဉ်မျိုးသွင်တို့ကို မျက်စိတစ်ဆုံး ကြည့်ရင်းကျန်ခဲ့ကြ၏ ။
အခန်းဒေါင့်ချိုးတွင် ယဉ်မျိုးသွင်ဝင်ရောက်ပျောက်ကွယ်သွားမှပင်.. ဦးအောင်သွင်က ဒေါက်တာဖရက်ဒီခန့်ကိုလှည့်၍ ပြောလိုက်၏ ။
''တကယ်ပါပဲဗျာ.. တကယ်ပါပဲ.. သူဟာ တကယ့် ယဉ်မျိုးသွင်အစစ်ပါပဲဆရာကြီးရယ်''
ဦးအောင်သွင်ချီးကျူးမည် ဆိုလျှင်လည်း.. ချီးကျူးလောက်ပါပေသည်။ သူ့မျက်စိဖြင့်တပ်အပ်မြင်လိုက်ရသော မိန်းကလေးမှာ သူ့တူမ ယဉ်မျိုးသွင်အစစ်နှင့် အစစအရာရာမှာ ခွဲမရအောင် တူနေလေ၏ ။ မေးဖျားကမှဲ့နီနီလေးကအစ တူညီနေပါသည်။
ယဉ်မျိုးသွင်အစစ်နှင့်ချွတ်စွပ်တူသော မိန်းကလေးကို ဖန်တီးထားသူမှာ ဒေါက်တာဖရက်ဒီခန့်ပင် ဖြစ်ပါသည်။
တူလှပါသည်ဟု ဦးအောင်သွင်ချီးကျူးခြင်းခံရသည့်မိန်းကလေးမှာ တကယ်တော့ လူအစစ် တစ်ယောက် မဟုတ်ပါ။ ဒေါက်တာ ဖရက်ဒီခန့်တီထွင်ထားသော လူအတု တစ်ယောက် သာလျှင် ဖြစ်ပါ၏ ။
မှန်ပါသည်။ မနုဿဗေဒပညာရှင် ပရော်ဖက်ဆာဒေါက်တာ ဖရက်ဒီခန့်ကိုယ်တိုင် စမ်းသပ်ဖန်တီးထားသော လူအတု တစ်ယောက် ဖြစ်ပါ၏ ။
သူမသည် ယဉ်မျိုးသွင်အစစ်၏ ခန္ဓာကိုယ်မှ အပိုင်းအစတစ်ခု ကိုယူ၍ ပုံတူမျိုးပွားထားသော ယဉ်မျိုးသွင်ကိုယ်ပွား ဖြစ်ပါသည်။ ယဉ်မျိုးသွင်၏ 'ပုံတူကလုန်း' Clone တစ်ခုသာ ဖြစ်ပါလေသည်။
''သူက ကျွန်တော့် ကို သူ့ဦးလေး ဖြစ်မှန်း ဘယ်လိုသိနေတာ လဲဆရာကြီး၊ ကလုန်းတွေ ဟာ သူတို့တုပထားတဲ့လူအစစ်ရဲ့ အကြောင်းကို ဒီလိုပဲ အလိုလိုသိနေကြသလားဆရာကြီး''
''မဟုတ်ပါဘူး ဦးအောင်သွင်၊ သူဟာ ယဉ်မျိုးသွင်အစစ် ရဲ့ အသွေးအသားတစ်ခုကနေ ပုံတူမျိုးပွားထားတာမို့.. ပုံတူဆိုတဲ့အတိုင်း ပုံသဏ္ဍာန်ပဲ ခွဲမရအောင်တူပါတယ်၊ ယဉ်မျိုးသွင်အစစ် သိထားတတ်ထား နားလည်ထားတာတွေ ကိုတော့ သူဟာနားမလည် မတတ်ကျွမ်းနိုင်ပါဘူး''
''ဟင်.. ဒါဖြင့်''
''ဦးအောင်သွင်ကို သူ့ဦးလေးလို့ သိနေတာကတော့ ကျုပ် က ပြောပြထားလို့ပါ''
''သြော်..''
''တကယ်တော့ သူဟာ လူအတု တစ်ယောက် သာ ဖြစ်တယ်လေ၊ လူအစစ်လို တဖြည်းဖြည်းကြီးပြင်းပြီးမှ အရွယ်ရောက်လာတာ မဟုတ်ဘူး၊ သူ့ကိုစမ်းသပ်အောင်မြင်တာ သုံးလပဲရှိသေးတယ်၊ သူ လူ့လောကကိုရောက်လာတာ.. လူ ဖြစ်လာတာ သုံးလပဲရှိသေးတယ် ဆိုတဲ့သဘောပေါ့၊ သူ့အနေနဲ့ သာမန်ကလေး တစ်ယောက် လောက်တောင် ဟောဒီလောကကြီးထဲမှာ နေချိန်မရှိသေးပါဘူး၊ ကျုပ်က ဦးအောင်သွင် ပေးထားတဲ့ ယဉ်မျိုးသွင်ရဲ့ ဘိုင်အိုဂရပ်ဖီကိုဖတ်ပြီး သူ့ကိုပြောပြထားလို့ သိနေတာပါ''
''သြော်.. ဒီလိုကိုး..''
''ယဉ်မျိုးသွင်ပါတဲ့ ဗီဒီယိုခွေတွေ ပြတယ်၊ ခင်ဗျားလို အနီး စပ်ဆုံးဆွေမျိုးတွေ ရဲ့ ဓာတ်ပုံတွေ ကိုလည်း ပြတယ်၊ ပြီးတော့.. ဘယ်သူနဲ့ ဘယ်လိုတော် စပ်တယ်ဆိုတာတွေ မှတ်ခိုင်းတယ်၊ အဲဒါကြောင့်.. အခုနက ယဉ်မျိုးသွင်အနေနဲ့သဏ္ဍာန်လုပ်သရုပ်ဆောင်ပြတဲ့အပိုင်းမှာ ယဉ်မျိုးသွင်အစစ်လို့ထင်ရအောင် တူညီနေတာပေါ့ ဦးအောင်သွင်''
''ဒါဖြင့်.. ကျွန်တော် သူ့ကိုခေါ်သွားလို့ရပြီလား ဆရာကြီး''
''နိုး.. နိုး.. မရသေးပါဘူးဦးအောင်သွင်၊ လုံးဝမရသေးပါဘူး''
''ဗျာ.. ဘာ ဖြစ်လို့''
''သူဟာ လူပုံအလည်ထဲဝင်ပြီး ယဉ်မျိုးသွင်အစစ်အ ဖြစ် ဟန်ဆောင်လှုပ်ရှားဖို့ အပြည့်အဝမပြီးစီးသေးပါဘူးဦးအောင်သွင်၊ သူ့ကိုဆက်ပြီးလေ့ကျင့်ပေးဖို့လိုပါသေးတယ်၊ သူ့ကို ယဉ်မျိုးသွင်အစစ် နဲ့ခွဲမရအောင်တူနိုင်ဖို့အတွက် ယဉ်မျိုးသွင်အစစ်နဲ့ အတူတူထားပြီး လေ့ကျင့်ဖို့လိုပါတယ်''
''အတူတူထားရမယ်''
''ဟုတ်ပါတယ်ဦးအောင်သွင်၊ ဒါမှသာ ယဉ်မျိုးသွင်အစစ်ရဲ့ ဝိညာဉ်ဟာ သူ့ကိုကူးစက်ပြီး သူဟာ ယဉ်မျိုးသွင်အစစ်ဘဝကို တကယ်ရောက် သွားပါလိမ့်မယ်၊ ဒီတော့.. ဦးအောင်သွင်အနေနဲ့ ယဉ်မျိုးသွင်အစစ်ကို ကျုပ်ဆီခေါ်လာဖို့ လိုပါလိမ့်မယ်''
''ကျွန်တော့် တူမယဉ်မျိုးသွင်ကို ခေါ်လာရမယ်၊ ဟုတ်လား''
''ဟုတ်ပါတယ်၊ အကြာကြီးမဟုတ်ပါဘူး၊ ကလုန်းယဉ်မျိုးသွင် ကို ယဉ်မျိုးသွင်အစစ်နဲ့ အတူတူထားပြီး ယဉ်မျိုးသွင်အစစ်ရဲ့ ဓလေ့ စရိုက်နဲ့ သဘောသဘာဝ တွေ ကို မှတ်သားခိုင်းရပါမယ်၊ ဒါမှသာ..
''ဒါပေါ့ဗျာ.. ဒါပေါ့.. ဒါဖြင့်ရင် ကျွန်တော့် မှာ ကျွန်တော့်  တူမယဉ်မျိုးသွင်ကို ဒီကိုအရောက်ပါလာအောင် စီစဉ်ရမယ့်တာဝန် တစ်ခု ပိုသွားပြန်တာပေါ့ဆရာကြီး''
''မှန်ပါတယ်ဦးအောင်သွင်''
''ဟုတ်ကဲ့... ကျွန်တော့် တူမယဉ်မျိုးသွင်ကို ဟောဒီဓာတ်ခွဲခန်း ထဲအထိပါလာအောင် ကျွန်တော် ခေါ်လာပေးပါမယ်၊ သုံးနာရီလောက်ပဲနော် ဆရာကြီး''
''ဟုတ်ပါတယ်''
''ဒီတစ်ဆင့်ပြီးရင်တော့... ကျွန်တော့် ရည်မှန်းချက်တွေ အောင်မြင်ပြီပေါ့နော်.. ဆရာကြီး''
''မှန်ပါတယ်ဦးအောင်သွင်.. ကလုန်းကို ယဉ်မျိုးသွင်အစစ်နဲ့ တစ်နာရီလောက် အတူတူထားပြီး လေ့ကျင့်ပေးလိုက်တာနဲ့ ဦးအောင်သွင် ရဲ့ စီမံချက် အောင်မြင် သွားပါပြီဗျာ''
ဒေါက်တာဖရက်ဒီခန့်၏ စကားကြောင့် ဦးအောင်သွင်မျက်နှာ က ပြုံးနေလေသည်။
အပိုင်း ( ၂ )
အမျိုးသမီး တစ်ယောက် သည် ရုပ်ရည်လည်းချောမောလှပသည်။ ခင်မင်နှစ် လိုဖွယ်လည်း ကောင်းသည်။ သူမကို လူတကာက လည်း ချစ်ခင်ကြသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ထိုအမျိုးသမီးကို မသိသူမရှိ။
သို့သော်.. သူမသည် ရုပ်ရှင်မင်းသမီး တစ်ယောက် မဟုတ်ပါ။
ထိုအမျိုးသမီးကို စင်မြင့်ဖျော်ဖြေပွဲများ မှာ လည်း တွေ့ မြင် နိုင်သည်။ အထူးသဖြင့်.. ဂီတဖျော်ဖြေပွဲစင်မြင့်ပေါ်တွင် သူမကို ထင်ရှား စွာ တွေ့ မြင်ရနိုင်ပေသည်။ သူမသည် ပရိသတ်၏ အားပါးတရ လက်ခုပ်တီး သြဘာပေးခြင်းကိုလည်း ခံရသည်။
သို့သော်.. သူမသည် အဆိုတော် တစ်ယောက် မဟုတ်ပါ။
သူမကို နိုင်ငံတော် ပွဲလမ်းသဘင်များ ၊ ကုမ္ပဏီဖွင့်ပွဲ၊ ကုန်တိုက် ဖွင့်ပွဲ၊ ဆိုင်ဖွင့်ပွဲများ တွင် လည်း... အရေး ပါ အရာရောက်သည့်နေရာ၌ တွေ့ မြင်နိုင်လေသည်။
သူမကား... ယဉ်မျိုးသွင်..ပင် ဖြစ်လေသည်။
ယဉ်မျိုးသွင်...
ယဉ်မျိုးသွင်၏ ထင်ပေါ်ကျော်ကြားမှုကား ထူးခြားလှပေသည်။ ယဉ်မျိုးသွင်လိုအမျိုးသမီးမျိုး ယခင်က မြန်မာနိုင်ငံတွင် မရှိခဲ့ဖူးချေ။
ယဉ်မျိုးသွင်သည် လှပချောမောသည်။ သူမကိုလူတကာ သိသည်။ ထင်ပေါ်ကျော်ကြားသည်။ လူတိုင်းကချစ်ခင်သည်။ ပွဲလမ်း သဘင်တိုင်းလိုလိုတွင် ယဉ်မျိုးသွင်ပါဝင်သည်။ သို့သော်.. ယဉ်မျိုး သွင်သည် ရုပ်ရှင်မင်းသမီးတစ်ဦးလည်းမဟုတ်ပါ။ မော်ဒယ်တစ်ဦး လည်းမဟုတ်ပါ။ အဆိုကျော်တစ်ဦးလည်းမဟုတ်ပါ။
သူမသည်... ပွဲလမ်းသဘင်များ တွင် စီစဉ်တင်ဆက်သူ Presenter တစ်ယောက် သာ ဖြစ်ပါသည်။
ယဉ်မျိုးသွင်၏ လှပချောမောမှုကြောင့်.. သူမကို ရုပ်ရှင်ရိုက် ရန်စကားကမ်းလှမ်းမှုများ အများ အပြားရှိခဲ့သည်။ သို့သော်.. ယဉ်မျိုး သွင်က သရုပ်ဆောင်အလုပ်ကိုဝါသနာမပါ၍ ငြင်းဆန်ခဲ့သည်ချည်း ဖြစ်သည်။
ယဉ်မျိုးသွင်သည် အနုပညာပါသော စီမံခန့်ခွဲမှုကို ငယ်စဉ် ကတည်းကပင် ဝါသနာပါသည့်အတွက် ဤလုပ်ငန်းကို စမ်းသပ် လုပ်ကိုင်ရာမှ အောင်မြင်လာခြင်း ဖြစ်လေသည်။
ယခုဆိုလျှင်.. စင်မြင့်ဖျော်ဖြေပွဲများ ၌ သီဆိုဖျော်ဖြေသူအား ပရိဿတ်နှင့်မိတ်ဆက်ပေးသူမှာ ယဉ်မျိုးသွင်။ သရုပ်ပြပွဲများ ၌ စီစဉ် ဆောင်ရွက်ပေးသူမှာ ယဉ်မျိုးသွင်။ လုပ်ငန်းသစ်တစ်ခုတည်ထောင် ဖွင့်လှစ်ရာတွင် ဖွင့်ပွဲ၌ ထိုလုပ်ငန်း၏ ဆောင်ရွက်မှုများ ကို ရှင်းလင်း တင်ပြသူမှာ ယဉ်မျိုးသွင်။
ယဉ်မျိုးသွင်ကို မီဒီယာပေါ်၌ အမြဲတစေမြင်တွေ့ နေရတတ် ပါသည်။
အဆိုတော် တစ်ဦး၏ ဖျော်ဖြေမှုအစီအစဉ်ကိုမှတ်တမ်းတင် ထားသော ဗီစီဒီတစ်ချပ် ဖြစ်စေ.. အဆိုတော် အများ အပြားပါဝင်ဖျော် ဖြေသော အစီအစဉ်ကိုမှတ်တမ်းတင်ထားသည့် ဗီစီဒီတစ်ချပ်ကို ဖြစ်စေ..
ဖွင့်ကြည့်လိုက်ပါက စီစဉ်တင်ဆက်သူအ ဖြစ် ယဉ်မျိုးသွင်ကို တွေ့ မြင်နိုင် လေသည်။
ယုတ်စွအဆုံး.. မြန်မာနိုင်ငံအတွင်း ခရီးထွက်ခွာလျှင်ပင် သင်လိုက်ပါသည့်အဝေးပြေးကား၏ တီဗီမြင်ကွင်းပေါ်မှတစ်ဆင့်.. ''မင်္ဂလာပါရှင်...''ဟု ခရီးသည်များ အား နှုတ်ခွန်းဆက်သသံနှင့် အတူ.. ''လူကြီးမင်းတို့စီးနင်းလာတဲ့မော်တော် ယာဉ်ဟာ...''စသည် ဖြင့် ရှင်းလင်းတင်ပြသော စကားသံများ ကို ယဉ်မျိုးသွင်၏ ရုပ်သွင်ဖြင့် မြင်တွေ့ နိုင်ပါသေးသည်။
ထို့ကြောင့်.. ယဉ်မျိုးသွင်သည် ဖျော်ဖြေမှုမီဒီယာလမ်း ကြောင်းပေါ်ဝယ်.. မင်းသမီးတစ်ဦး၊ အဆိုကျော်တစ်ဦးမဟုတ်သည့် တိုင် သူမကို လူတကာက သိရှိနေကြခြင်း ဖြစ်လေသည်။
ထို့ကြောင့်လည်း.. ယဉ်မျိုးသွင်၏ ထင်ပေါ်ကျော်ကြားမှုက တစ်မျိုးထူးခြားသည်ဟုဆိုရခြင်း ဖြစ်ပါသည်။ ယဉ်မျိုးသွင်ထက်စော၍ Presenter လုပ်ဆောင်နေသူ မြန်မာနိုင်ငံတွင် ယခင်ကမရှိခဲ့ပါ။ ထိုလုပ်ငန်းတွင် ယဉ်မျိုးသွင်က အစောဆုံး ဖြစ်သည်။ ယခုအချိန် အထိလည်း ယဉ်မျိုးသွင်တစ်ဦးတည်းသာ ပြိုင်ဖက်မရှိ ထိုလုပ်ငန်း ကိုလုပ်ဆောင်နေသူ ဖြစ်ပါသည်။
ယဉ်မျိုးသွင်သည် ခရစ်ယာန်ဘာသာကိုးကွယ်သော မိသားစု မှပေါက်ဖွားလာသည့် မြန်မာအမျိုးသမီးလေးတစ်ဦး ဖြစ်သည်။ သူမ၏ အဘေး ဖြစ်သူမှာ .. နာမည် ထဲတွင် ''သွင်''ပါသော သူဌေးကြီး တစ်ဦး ဖြစ်သည်။ ယဉ်မျိုးသွင်တို့တစ်ဆွေလုံးတစ်မျိုးလုံးပင် ယဉ်မျိုး သွင်လက်ထက်တိုင်အောင် နာမည် ထဲတွင် ''သွင်''ပါအောင်... ထည့် ၍ မှည့်ခေါ်ကြလေ၏ ။
ယဉ်မျိုးသွင်၏ ဖခင်မှာ .. ဦးမင်းသွင် ဖြစ်သည်။ ဦးမင်းသွင် မှာ ထင်ရှားသော ဆောက်လုပ်ရေး ကန်ထရိုက်တာတစ်ဦး ဖြစ်ပါသည်။
ယဉ်မျိုးသွင်ငယ်စဉ်ကပင်.. သူမ၏ မိခင်မှာ ကွယ်လွန်ခဲ့ပြီး ဖခင်လက်ပေါ်တွင် ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ ဖခင်ကြီးဦးမင်းသွင် သည် နောက်အိမ်ထောင်မထူပဲ ယဉ်မျိုးသွင်ကို ပြုစုပျိုးထောင်ပေးခဲ့သည်။
ယဉ်မျိုးသွင်အတွက် ကံဆိုးသည်မှာ .. သူမဆယ်တန်းအောင် သည့်နှစ် မှာ ပင်.. ဖခင်ကြီးဦးမင်းသွင်ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ဦးမင်းသွင်မှာ နဂိုကပင် နှလုံး ရောဂါ ရှိ၍ ရောဂါ ဖောက်ကာ ရုတ်တရက် ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်။ သို့သော်.. ဦးမင်းသွင်၏ ဆွေမျိုးများ ကမူ.. တစ်စုံတစ်ခုသော ပယောဂကြောင့် ဦးမင်းသွင် စောစီးစွာ ကွယ်လွန်သွား ရခြင်း ဖြစ်သည်ဟု ယုံကြည်နေကြသည်။ ထိုပယောဂကိုဖန်တီးသူကို လည်း လူသတ်သမားအ ဖြစ် ယိုးစွပ်ခဲ့ကြပေသည်။
အမြော်အမြင်ရှိသော ဦးမင်းသွင်သည် ခရစ်ယာန်တစ်ဦး ဖြစ်သည့်အားလျော်စွာ .. သူမသေခင်ကပင် ယဉ်မျိုးသွင်အတွက် 'သေတမ်းစာ'ရေး သားထားခဲ့ပေသည်။ သေတမ်းစာအရ.. ယဉ်မျိုးသွင် ၏ အမွေကို အုပ်ထိန်းခွင့်ရသူမှာ ဦးမင်းသွင်၏ ညီ ဖြစ်သူ... ဦးအောင်သွင် ပင် ဖြစ်လေသည်။
ဦးအောင်သွင်က အစ်ကို ဖြစ်သူဦးမင်းသွင်သေဆုံးသွားချိန် တွင် .. တူမ ဖြစ်သူယဉ်မျိုးသွင်၏ အမွေထိန်း ဖြစ်လာသည့်အားလျော် စွာ .. ယဉ်မျိုးသွင်အား သူ့အိမ်တွင် ပြောင်းရွှေ့နေထိုင်ရန် အကြံပြုခဲ့သည်။ မိန်းကလေးအပျိုရွယ်တစ်ဦးတည်း ဖြစ်၍ သင့်လျော်အောင် စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။
သို့သော်.. ယဉ်မျိုးသွင်က ဖခင်ကြီးနှင့်အတူနေခဲ့သော အိမ် မှာ ပင် ဆက်လက်နေထိုင်ခဲ့လေ၏ ။ အင်းလျားလမ်းရှိ တစ်ထပ်တိုက် ကလေးတွင် မိခင်လက်ထက်ကတည်းကရှိခဲ့သော သစ္စာရှိအိမ်ဖော်မကြီး ဒေါ်နော်ခမ်းနှင့်အတူ နှစ် ယောက် တည်း နေထိုင်ခဲ့ခြင်း ဖြစ်သည်။
ယဉ်မျိုးသွင်ကား.. ငယ်ရွယ်စဉ်ကတည်းပင် သူမ မှန်ကန် သည်ထင်ရာကို ရဲဝံ့စွာ ဆုံးဖြတ်လုပ်ကိုင်တတ်သော အာဂမိန်းကလေး တစ်ယောက် ပင် ဖြစ်ပါ၏ ။ သတ္တိလည်းရှိသည်။
ယဉ်မျိုးသွင်သည် ဆယ်တန်းအောင်ပြီးနောက် နည်းပညာ တက္ကသိုလ်တွင် ဆက်လက်တက်ရောက်သင်ကြားခဲ့သည်။ ကိုယ်ပိုင် ကားကို ကိုယ်တိုင်မောင်းပြီး ကျောင်းတက်ခဲ့သူ ဖြစ်သည်။
ယဉ်မျိုးသွင်၏ နေထိုင်စားရိတ်နှင့် ကျောင်းစားရိတ်များ ကို အမွေထိန်းဦးအောင်သွင်က အရစ်ကျထုတ်ပေးထောက်ပံ့ခဲ့ရသည်။
ယဉ်မျိုးသွင်အရွယ်ရောက်လာလေ.. ဦးလေး ဖြစ်သူဦးအောင် သွင်နှင့် ပဋိပက္ခက ပိုမိုကြီးမားလာလေ ဖြစ်ခဲ့သည်။
ယဉ်မျိုးသွင်နှင့် ဦးအောင်သွင်မှာ လည်း.. မည် သည့်နေရာ မှာ မျှ စိတ်သဘောထားတူညီသည်ဟူ၍ မရှိခဲ့ကြပါပေ။
ဦးလေးနှင့်တူမ ဖြစ်သူတို့ ပဋိပက္ခ၊ အငြင်းအခုန်များ ကို အမြဲ တစေ ဝင်ရောက်ဖြေရှင်းပေးနေရသူမှာ .. ဦးအောင်သွင်၏ ဇနီး ဒေါ် မော်လီကောင်းမြတ်ပင် ဖြစ်လေသည်။
ဦးအောင်သွင်နှင့်မော်လီကောင်းမြတ်တို့မှာ သားသမီးမထွန်း ကားသဖြင့်.. ဒေါ်မော်လီက ယဉ်မျိုးသွင်ကိုချစ်ခင်သည်။ ယဉ်မျိုး သွင်နှင့်ဦးအောင်သွင် ပဋိပက္ခ ဖြစ်သည့်အခါတိုင်း.. ယဉ်မျိုးသွင်ဖက်က ရပ်တည်တတ်သည်။ ပြီးမှ.. ယဉ်မျိုးသွင်ကို အကျိုးသင့် အကြောင်းသင့် ဆုံးမပဲ့ပြင်တတ်လေ၏ ။
ဦးအောင်သွင်သည် ယဉ်မျိုးသွင်လုပ်နေသော လုပ်ငန်းကို လုပ်ခါစကတည်းကပင်.. မနှစ်သက် ခဲ့ချေ။
''တို့အမျိုးထဲမှာ ဖက်ခွက်စားမရှိဘူး ဆွိတီ.. ဒါမျိုးလုပ် မှာ ကို အန်ကယ်သဘောမကျဘူး''
''ယဉ်က ရုပ်ရှင်မင်းသမီးလုပ်မှာ လည်း မဟုတ်ဘူး၊ အဆို တော် လုပ်မှာ လည်း မဟုတ်ဘူး၊ ရုပ်ရှင်မင်းသမီး,အဆိုတော် ဆိုတာ ကိုလည်း ဖက်ခွက်စားလို့ မသုံးသင့်ပါဘူးအန်ကယ်''
''မင်းလုပ်မယ့်အလုပ်ကရော ဘာထူးသလဲဆွိတီ.. ရုပ်ပြ စားရမယ့်အလုပ်ပဲမဟုတ်လား၊ လူရှေ့သူရှေ့မှာ ရုပ်လုံးပြပြီးမှ ပိုက်ဆံ ရှာစားတာမျိုး တို့အမျိုးထဲမှာ မရှိဘူး၊ အန်ကယ်သဘောမတူနိုင်ဘူး''
''ခက်ပါလား အန်ကယ်ရယ်.. ယဉ် ထွင်ထားတဲ့ လမ်း ကြောင်းက တစ်မျိုးပါ၊ ယဉ်လုပ်မယ့်အလုပ်မျိုးကို ဒီနိုင်ငံမှာ ဘယ်သူ မျှမလုပ်ကြသေးဘူးအန်ကယ်၊ အဲဒါကြောင့်.. ယဉ်က လုပ်ကြည့်ချင်တာပါ''
''အန်ကယ်ကတော့ လုံးဝကို သဘောမတူဘူး၊ ဘယ်သူမျှ မလုပ်ဖူးသေးတဲ့လုပ်ငန်းအသစ်မို့ ပိုပြီးတော့တောင် သဘောမတူ သေးတယ်၊ မင်းလုပ်ငန်းက အောင်မြင်နိုင်ပါ့မလား၊ မင်းကို ဘယ်သူ က ငှားမှာ လဲ၊ မင်းလုပ်မယ့်အလုပ်ကို ဘယ်သူကနားလည်မှာ လဲ၊ လက်ခံမှာ လဲ ဆွိတီ''
ထုံးစံအတိုင်း.. ဒေါ်မော်လီက တူဝရီးကြားတွင် ဝင်၍ ဖြောင့်ဖျခဲ့ရသည်။ နှစ် သိမ့်ခဲ့ရပါသည်။
ယဉ်မျိုးသွင်၏ ပထမဆုံးပွဲမှာ .. မော်ဒယ်ရှိုးပွဲတစ်ပွဲ ဖြစ်ပါသည်။
မော်ဒယ်ရှိုးကို မော်ဒယ်ဘွိုင်း မော်ဒယ်ဂဲလ်များ ကိုယ်ဟန်ပြ လမ်းလျှောက်သည့် သမားရိုးကျပွဲမျိုးအ ဖြစ်မှ လမ်းလွှဲကာ.. ယဉ်မျိုး သွင်က သူမ၏ အစွမ်းအစကို ပြသခဲ့လေသည်။
ယဉ်မျိုးသွင်က စင်ပေါ်မှာ ရှိနေသည်။ ကိုယ်ဟန်ပြရန် တက် လာသော မော်ဒယ်များ ကို တစ်ဦးချင်း နာမည် နှင့်တကွ ပရိသတ်ကို မိတ်ဆက်ပေးသည်။ မော်ဒယ်များ ကလည်း သူတို့၏ နာမည် ၊ အသက် နှင့်တကွ.. ခန္ဓာကိုယ်အချိုးအစားကိုပါ မေးမြန်းမိတ်ဆက်ပေးသဖြင့် ကြေနပ်ကြသည်။
ယဉ်မျိုးသွင်က ဆက်လက်ပြီး ဝတ်ဆင်ထားသော အဝတ် အစားကို မည် သူချုပ်လုပ်သည်၊ မိတ်ကပ်ကို မည် သူလိမ်းပေးသည် တို့ကို မေးခွန်းများ မေး၍ ဖော်ထုတ်သွားလေသည်။ ထိုအခါ.. ဖက်ရှင် ဒီဇိုင်းပညာရှင်များ ၊ မိတ်ကပ်ပညာရှင်များ ကလည်း သူတို့ကိုကြော်ငြာ ပေးသလို ဖြစ်၍ ကြေနပ်ကြလေသည်။
ယဉ်မျိုးသွင်တီထွင်ဆန်းသစ်လိုက်သော မော်ဒယ်ပွဲကား.. မြန်မာနိုင်ငံတွင် ထူးခြားသော ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။
နောက်တစ်ပွဲက.. ဂီတဖျော်ဖြေပွဲ။ ဂီတဖျော်ဖြေပွဲကိုလည်း ယဉ်မျိုးသွင်က ကိုယ်တိုင်စင်ပေါ်တက်ရောက်ကာ အစွမ်းပြခဲ့လေသည်။
ယခင်က ဂီတဖျော်ဖြေပွဲများ တွင် .. ''အဆိုတော် ဘယ်သူ ဘယ်ဝါက ဘယ်သီချင်းကို သီဆိုဖျော်ဖြေပါတော့မယ်''ဆိုတာကို စင်အောက်မှ ရိုးရိုးတန်းတန်းကြေငြာကာ အဆိုတော် က တက်ဆိုခြင်း သာ ဖြစ်သည်။ အဆိုတော် ကလည်း နောက်ထပ်ဆက်ဆိုသည့်သီချင်း ကို ''ဘယ်သီချင်းဆက်ဆိုပါ့မယ်''လို့ ကိုယ့်ဘာသာကြေငြာကာ ဆက်ဆို သွားသည်ပင် ဖြစ်သည်။
ယဉ်မျိုးသွင်က သီဆိုမည့် အဆိုတော် မည် သူ ဖြစ်သည်ဆိုတာ ကို ပွဲကြည့်ပရိသတ်စိတ်ဝင်စားအောင် အဆိုတော် တက်မလာခင် ကတည်းက ကြိုတင်မိတ်ဆက်ပေးထားသည်။ အဆိုတော် ကိုလည်း သီဆိုမည့် သီချင်းနှင့်ပတ်သက်ပြီး မေးမြန်းသည်။ သီချင်းရေး သားသူ အမည် နှင့်တကွ သီချင်းအပေါ်ထားသည့်သဘောထားကိုပါမေးမြန်း မိတ်ဆက်ပေးသည်။
ယဉ်မျိုးသွင် Presenter အ ဖြစ်ဆောင်ရွက်လိုက်သော ထို ဂီတပွဲသည် ယခင်ပွဲများ ထက် တစ်မူထူးခြားကာ ပရိတ်သတ် စိတ်ဝင်စားခံခဲ့ရပါသည်။ ထိုဂီတပွဲကိုရိုက်ကူးထားသည့်ဗီစီဒီကိုဖြန့်ချီသည့်အခါ.. တစ်နိုင်ငံလုံး သော င်းသော င်းဖျဖျ ဝယ်ယူအားပေးကြည့်ရှု ကြသည်။
ပွဲတစ်ပွဲကို ပရိသတ်ပိုမိုစိတ်ဝင်စားအောင် ဖန်တီးပေးသည့် Presenter ခေါ် တင်ဆက်သူ၏ အခန်းကဏ္ဍ အရေး ပါအရာရောက်ပုံကိုလည်း ပွဲစီစဉ်သူများ နားလည်သဘောပေါက်သွားကြသည်။
ယဉ်မျိုးသွင်သည် ပွဲလမ်းသဘင်အမျိုးမျိုးအတွက် လက် မလည်အောင် ငှားရမ်းခံရတော့သည်။
နောက်ပိုင်းတွင် .. ယဉ်မျိုးသွင်ကဲ့သို့ Presenter လုပ်သူ များ ပေါ်ထွက်လာပါသေးသည်။ သို့သော်.. ယဉ်မျိုးသွင်ကို မမှီ။ ယဉ်မျိုးသွင်လောက် အလုပ်အပေါ်မှာ ဈာန်မဝင်ကြ။ တကယ်တော့ ထိုသူများ မှာ ယဉ်မျိုးသွင်၏ အောင်မြင်မှုကို အားကျကာ ခါတော် မီ ထလုပ်ကြခြင်းပင် ဖြစ်ပါသည်။ ယဉ်မျိုးသွင်လို ဝါသနာရင်းခံ၍ လေ့လာ မှုမရှိသော ကြောင့် မအောင်မြင်ကြခြင်းပင် ဖြစ်သည်။ မကြာခင်မှာ ပင် ထိုသူများ ကွယ်ပျောက်သွားကြသည်။
ယခုအခါ.. ယဉ်မျိုးသွင်သည် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော Presenter အ ဖြစ် ကျော်ကြားထင်ရှားကာ လူတကာသိသော အောင်မြင်သည့်အမျိုးသမီးတစ်ဦး ဖြစ်နေပါလေပြီ။
ယဉ်မျိုးသွင်အောင်မြင်လာသည့်အခါ.. ယဉ်မျိုးသွင်၏ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစားတို့ကြောင့် ရုပ်ရှင်ရိုက်ရန် စကားကမ်းလှမ်းမှုများ ရှိလာခဲ့သည်။
ယဉ်မျိုးသွင်က အားလုံးကို ငြင်းပယ်ခဲ့ပါသည်။ သူမသည် ကင်မရာရှေ့တွင် အမူအရာလုပ်သရုပ်ဆောင်တတ်သူမဟုတ်တာကို သူ့ကိုယ်သူသိသည်။
သူမသည် နာမည် ကျော်ကြားပြီးပြီဆိုလျှင်.. ဘာမဆိုလုပ်လို့ ရတယ်၊ ရုပ်ရှင်ရိုက်ရိုက်.. သီချင်းဆိုဆို.. ဝတ္ထုရေး ရေး .. လုပ်ချင် တာလုပ်လို့ရပြီဟုထင်နေသော အူကြောင်ကြောင်အတန်းအစားမျိုးထ က မဟုတ်ပါ။
သူမ ဘာလုပ်ချင်သည်၊ သူမ ဘာ ဖြစ်ချင်သည်၊ သူမ ကျွမ်းကျင်သော အရာက ဘာ ဖြစ်သည်ဆိုတာကို သိနားလည်သော လူ တစ်ယောက် ဖြစ်ပါသည်။
ယဉ်မျိုးသွင်သည် မိမိမှာ ရှိသည့်အရည်အချင်းကို အသုံးချ ကာ.. ကိုယ်ရောက်လိုသော ပန်းတိုင်ကို လမ်းကြောင်းတည့်တည့် လျှောက်လှမ်းတတ်သော ပညာတတ်မိန်းမတစ်ဦး ဖြစ်ပါ၏ ။
ယဉ်မျိုးသွင်၏ လမ်းကြောင်းရွေးချယ်မှု မှန်ကန်သည့် အတွက်လည်း ယခုအချိန်တွင် ယဉ်မျိုးသွင်သည် အောင်မြင်ထင်ရှား လူသိများ ကာ ပွဲများ အဆက်မပြတ်လက်ခံနေရသော Presenter တစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်တော့သည်။
''........................ပါတဲ့ရှင်''
ယဉ်မျိုးသွင်က နောက်ဆုံးသီဆိုမည့်  အဆိုတော် အမျိုးသမီးလေးကို ပရိသတ်နှင့်မိတ်ဆက်ပေးခဲ့ပြီး စင်ပေါ်မှဆင်းခဲ့သည်။
အဆင်းလှေကားအောက်ခြေတွင် .. ကိုဒီက အသင့်စောင့်ကြို နေ၏ ။ ကိုဒီကမ်းပေးသော လက်ကို အားပြုကာ အောက်ကိုဆင်းလိုက်သည်။
''ကိုယ့်ကား အင်ဂျင်ဖောက်လာလို့ ဝပ်ရှော့ပို့ခိုင်းလိုက်ရတယ် ယဉ်.. အပြန်ကျ ယဥ့်ကားနဲ့ပဲ ကိုဒီလိုက်ရတော့မယ်''
''ရပါတယ်ကိုဒီ.. ယဥ့်ကိုအရင်လိုက်ပို့၊ ပြီးတော့.. ကား ကို ကိုဒီယူသွားပေါ့''
'' ဖြစ်ပါ့မလားယဉ်.. မနက်ကျ ယဉ် အသုံးလိုရင် သုံးစရာ မရှိပဲနေမယ်''
''ကိုဒီ မနက်ပြန်လာပို့မှာ မဟုတ်လား''
''အဲဒါပြောတာပေါ့၊ ကိုယ်က အိပ်ရာထနောက်ကျမှာ ဆိုတော့ ယဥ့်အတွက် အခက်အခဲရှိနေမှာ စိုးလို့''
''ကိစ္စမရှိဘူးကိုဒီ၊ ယဉ်လည်း မနက်ဖန် အအားရတယ်၊ ဘာ အပွိုင့်မင့်မှမရှိဘူး၊ အိပ်ရေး ဝအောင်အိပ်ပစ်လိုက်ဦးမယ်''
''အိုကေ.. ဒါဆို ယဥ့်ကို အရင်လိုက်ပို့ပြီး ကားကို ကိုယ် ယူသွားလိုက်မယ်''
အိမ်အပြန်ကိစ္စကို ညှိနှိုင်းနေကြခြင်း ဖြစ်ပါသည်။
ကိုဒီဆိုသူမှာ နိုင်ငံကျော်အဆိုတော် တစ်ယောက် ဖြစ်သည်။ နာမည် ရင်းက ဒီလှိုင်းသစ်။ ထိုမျှလှသည့်နာမည် ရင်းရှိသော်လည်း အဆိုတော် လုပ်သည့်အခါတွင် တော့.. ဒီလုံးဆိုသည့်နာမည် ကို ယူထားလေသည်။ စာလုံးပေါင်းရာတွင် လည်း ယခုခေတ်စားနေသည့်အတိုင်း အင်္ဂလိပ်လိုတစ်ဝက် ဗမာလိုတစ်ဝက်ပေါင်းထားသေးသည်။
ီ လုံး ...တဲ့။
ဒီလှိုင်းသစ်ခေါ် ဒီလုံး နှင့် ယဉ်မျိုးသွင်တို့ တက္ကသိုလ်မှာ ကတည်းက သူငယ်ချင်းများ ဖြစ်ကြသည်။
ဒီလုံးက ကျောင်းမှာ ကတည်းက သီချင်းဆိုနေပြီ၊ အဆို တော် ဖြစ်နေပြီ။ နာမည် လည်းရနေပြီ။ ယဉ်မျိုးသွင် Presenter ဖြစ်လာမှ.. စင်မြင့်ဖျော်ဖြေပွဲများ မှာ ပြန်တွေ့ ကြခြင်း ဖြစ်သည်။
ယခုအခါတွင် ..ဒီလုံးနှင့်ယဉ်မျိုးသွင်မှာ ချစ်သူရည်းစားများ ဖြစ်နေကြပါပြီ။
ဦးလေး ဖြစ်သူဦးအောင်သွင် မကြည်ဖြူသည့်အချက်ထဲတွင် ဒီလုံးအား ချစ်သူအ ဖြစ်ရွေးချယ်လိုက်ခြင်းလည်း ပါဝင်လေ၏ ။
စတိတ်ရှိုးအပြီးတွင် .. ယဉ်မျိုးသွင်ကားကို ဒီလုံးက မောင်း ကာ အတူပြန်လာခဲ့ကြပါသည်။
စင်နောက်မှအထွက်တွင် .. အဆိုတော် များ ကိုမြင်ရရန် ရပ် စောင့်နေသော ပရိသတ်များ ကို စုစုရုံးရုံးကြီးတွေ့ ရသည်။ ကားဆီသို့ အသွားတွင် မနည်းပင်ရောက်အောင်သွားရ၏ ။ အဆိုတော် များ အနီး သို့ တိုးကပ်လာကာ နှုတ်ဆက်သူများ အော်တိုရေး ခိုင်းသူများ ဖြင့် ရှုပ်ရှက်ခပ်နေသည်။
ဒီလုံးနှင့်ယဉ်မျိုးသွင်တို့အနီးကိုလည်း ပရိသတ်များ တိုးဝှေ့ လာကြသည်။
ဒီလုံးက ယဉ်မျိုးသွင်လက်ကိုကိုင်ကာ လူအုပ်ကြားမှ တွန်း တိုက်ပြီးခေါ်လာခဲ့သည်။
ယဉ်မျိုးသွင်နှင့်ဒီလုံးတို့အချစ်ရေး ကိစ္စကို ပရိသတ်အားလုံး က သိပြီးကြပြီ။ ဂျာနယ်များ ကောင်းမှုဖြင့် ဒီလုံးနှင့်ယဉ်မျိုးသွင် ချစ်ကြိုက်နေကြသည့် သတင်းများ က ပလူပျံအောင်ပါပြီး ဖြစ်သည်။ ''ဘယ်တော့လက်ထပ်မှာ လဲ''ဆိုသည့်အမေးကို ပြန်ဖြေထားသည့် နှစ် ဦးစလုံး၏ အဖြေများ နှင့် နှစ် ယောက် တွဲ ဓာတ်ပုံများ က ဂျာနယ် အတော် များများ မှာ မကြာခဏပါဝင်ခဲ့ပြီး ဖြစ်၍ ပရိသတ်က သိထား ပြီး ဖြစ်ပါသည်။
သူတို့နှစ် ဦးကို လိုက်ဖက်ညီသော စုံတွဲ အ ဖြစ်.. ဂီတလောက ကရော.. ပရိသတ်များ ကပါ အသိအမှတ်ပြုထားကြလေသည်။
အတော် တွန်းတိုက်ထွက်မှပင်.. ယဉ်မျိုးသွင်၏ ကားဆီသို့ ရောက်သွားကြသည်။
ယဉ်မျိုးသွင်က ကားသော့ ကိုထုတ်ပေးလိုက်၏ ။
ဒီလုံးက ဒရိုင်ဘာခုံတွင် ဝင်ထိုင်ကာ.. ကားကိုမောင်းထွက်လာခဲ့လေသည်။
''ဒီလုံး.. ဒီလုံး..''
''ယဉ်မျိုးသွင်.. မမျိုး..''
ပရိသတ်တချို့ထံမှ အော်ဟစ်နှုတ်ဆက်သံများ က နောက်တွင် ကျန်ခဲ့လေသည်။
အင်းလျားလမ်းရှိ ယဉ်မျိုးသွင်ခြံရှေ့အရောက်တွင် .. ဒီလုံး က ကားဟွန်းကိုတီးလိုက်သည်။
အိမ်ထဲမှ အိမ်ဖော်မလေးထွေးခင် ချက်ချင်း ထွက်လာကာ ဝင်းတံခါးကို သော့ ဖွင့်ပေး၏ ။ ထွေးခင်နောက်မှ ဒေါ်နော်ခမ်းပါလာ သည်။ ဒေါ်နော်ခမ်းသည် ယဉ်မျိုးသွင်ပြန်အလာကို မအိပ်သေးပဲ အသင့်စောင့်ကြိုနေခြင်း ဖြစ်သည်။
ဒေါ်နော်ခမ်းက ယဉ်မျိုးသွင်မိဘများ ရှိစဉ်ကတည်းက နေခဲ့ သော ကရင်အမျိုးသမီးကြီး။ အိမ်ဖော်ဆိုသော်လည်း ယဉ်မျိုးသွင် အပေါ်တွင် ငယ်စဉ်ကတည်းက အတူနေခဲ့သော ကြောင့် သံယောဇဉ် ကြီးလှသည်။ ယဉ်မျိုးသွင်ကလည်း ဒေါ်နော်ခမ်းကို အမိုးလို့ခေါ်ကာ မိခင် တစ်ယောက် သဖွယ် အိမ်မှာ ထားခဲ့သည်။
ထွေးခင်ဆိုသည်က ဒေါ်နော်ခမ်းအသက်ကြီးလာ၍ ဒေါ်နော် ခမ်းကိုအကူအညီရအောင်.. လွန်ခဲ့သော တစ်နှစ် ခန့်ကမှခေါ်ထားသော အိမ်ဖော်မလေး ဖြစ်သည်။ အသက်၁၅နှစ် လောက်ပဲရှိပါသေးသည်။
''ခြံထဲအထိမပို့နဲ့တော့ကိုဒီ''
''ကိုယ် ကားဟွန်းတီးလိုက်တာ စောသွားတယ်ကွာ''
''ဟင်.. ဘာ ဖြစ်လို့လဲ''
''ဟွန်းသံကြားကြားချင်း ဒေါ်နော်ခမ်းကြီးတို့ ထွက်လာလို့ ပေါ့၊ ယဥ့်ကိုအနမ်းလက်ဆောင်မပေးရတော့ဘူး၊ ဒီလိုမှန်းသိ.. ယဥ့် ကိုအနမ်းလက်ဆောင်ပေးပြီးမှ ဟွန်းကိုတီးပါတယ်ကွာ''
''အို.. သွားစမ်းပါ''
ယဉ်မျိုးသွင်က ဒီလုံးပခုံးကိုလက်သီးနှင့်လှမ်းထိုးပြီး ကား တံခါးဖွင့်၍ ဆင်းလိုက်သည်။
ယဉ်မျိုးသွင်ခြံထဲရောက်ပြီး.. ခြံတံခါးပိတ်ပြီးမှ ဒီလုံးက ကားကိုမောင်းထွက်သွားလေ၏ ။
''ယဉ်ယဉ်.. သမီးလေး.. အောက်မှာ ဦးအောင်သွင်တို့ လင်မယားရောက်နေတယ်ကွဲ့''
ဒေါ်နော်ခမ်းက ယဉ်မျိုးသွင်ပခုံးကို ညင်သာစွာ လှုပ်ရမ်းရင်း အိပ်နေရာမှ နှိုးလိုက်သည်။
ယဉ်မျိုးသွင် အိပ်စုံမှုံမွှားဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ.. အိပ်ရာကနှိုးလိုက်ရ၍ အားနာနေသော ဒေါ်နော်ခမ်းမျက်နှာကို မြင်လိုက်ရသည်။
''သူတို့က အမိုးကို အတင်းနှိုးခိုင်းကြလို့ပါယဉ်ယဉ်''
ဒေါ်နော်ခမ်းက တောင်းပန်စကားပြောလိုက်သည်။
ယဉ်မျိုးသွင် စားပွဲပေါ်မှနာရီလေးကိုလှမ်းကြည့်လိုက်တော့ မနက်၈နာရီထိုးနေပါပြီ။
''ကိစ္စမရှိပါဘူးအမိုး၊ ရှစ်နာရီတောင် ထိုးနေပြီပဲ၊ ဒါပေမယ့် အန်ကယ်တို့လာတာ စောတယ်နော်''
''ယဉ်ယဥ့်ကို တစ်ခုခုပြောစရာရှိပုံရတယ်''
''ကောင်းပြီအမိုး၊ မျက်နှာသစ်ပြီး ယဉ်ဆင်းခဲ့မယ်လို့ သွား ပြောထားလိုက်ပါ''
''ကောင်းပါပြီကွယ်''
ယဉ်မျိုးသွင်အောက်ကိုဆင်းလာတော့.. ဦးအောင်သွင်နှင့် ဒေါ်မော်လီကောင်းမြတ်တို့က စောင့်ကြိုနေကြသည်။
ထွေးခင်က ကော်ဖီနှင့်မုန့်များ ချ၍ ဧည့်ခံထားနှင့်၏ ။
ယဉ်မျိုးသွင်နှင့်မျက်နှာချင်းဆိုင်မိသည်နှင့်.. ဦးအောင်သွင် က သူပြောလိုရာကိုပြောချလိုက်၏ ။
''ဘယ်လိုလဲဆွိတီ.. မင်းလုပ်ပုံတွေ ကောင်းသေးရဲ့ လား၊ တစ်ညမကူးသေးဘူး၊ မင်းတို့သတင်းတွေ က ပြန့်နေပြီ၊ ဒါ.. ဂျာနယ် တွေ ထဲမှာ ပါမလာဘူးလို့မပြောနိုင်ဘူး''
''ဘာ ဖြစ်လို့လဲအန်ကယ်.. ဘာကိုပြောတာလဲ''
ယဉ်မျိုးသွင်က တကယ်ပင်နားမလည်၍ ပြန်မေးလိုက်၏ ။
''ဘာရမလဲကွ.. မင်း မနေ့ကညက ဒီလုံးကားပေါ်မှာ ပါသွားတယ်လို့ သတင်းထွက်နေတဲ့ကိစ္စပေါ့''
''ရှင်.. တကယ်တော့.. ယဉ်က ကိုဒီ့ကားပေါ်ပါသွားတာ မဟုတ်ဘူးအန်ကယ်၊ ကိုဒီကသာ ယဥ့်ကားပေါ်ပါလာတာပါ၊ ကိုဒီ့ကို ယဥ့်ကား ပေးလိုက်တာပါ''
''အေး.. ဘယ်သူ့ကားပေါ် ဘယ်သူပါပါ.. အပြင်မှာ သတင်းတွေ က ထွက်နေပြီ၊ မင်းတို့နှစ် ယောက် ခိုးပြေးကြပြီတဲ့၊ မင်း က ဒီလုံးနဲ့အတူတူ ညလိုက်အိပ်တယ်တဲ့၊ ကောင်းသေးရဲ့ လားကွ ဆွီတီ၊ ကောင်းသေးရဲ့ လား''
''အို.. မောင်ကလည်း.. ဒီလိုကိစ္စမျိုးကို အေးအေးဆေး ဆေးပြောစမ်းပါ၊ ဆွီတီ့ကို မော်လီမေးပါရစေဦး''
ဒေါ်မော်လီကောင်းမြတ်က ကြားဝင်လိုက်သည်။
''ဒီလိုဆွီတီရေ့... မနေ့ကညက ဆွိတီတို့ စတိတ်ရှိုးပွဲ ရှိတယ်ဆို၊ ပွဲကအပြန်မှာ ဆွီတီနဲ့ဒီလုံး ကားတစ်စီးတည်းနဲ့အတူတူ ပြန်သွားကြတယ်တဲ့၊ အဲဒါကိုမြင်တဲ့လူက ဆွီတီ့အန်ကယ်ကို ဖုန်းဆက် ပြောတယ်လေ၊ အဲဒါကြောင့်.. ဆွီတီ့အန်ကယ်က စိတ်ဆိုးနေတာ''
''ဒီလိုပါအန်တီ.. ကိုဒီ့ကား ဝပ်ရှော့ပို့ထားရလို့ ကိုဒီက ယဥ့်ကို သူ့အိမ်လိုက်ပို့ပေးဖို့ပြောတာပါ၊ ယဉ်က ယဥ့်အိမ်ကိုအရင် ပြန်ပြီး နေခဲ့မယ်၊ ကားကို ကိုဒီယူသွားဆိုပြီး စီစဉ်လိုက်တာပါ အန်တီ''
''သြော်.. ဒီလိုလား''
''ယဉ်အိမ်မှာ ဆင်းနေခဲ့ပြီး ကိုဒီ ကားကိုယူသွားတာ၊ ကား ကိုခြံထဲအထိတောင် မောင်းမဝင်လိုက်ဘူး၊ မယုံရင် အမိုးကိုမေး ကြည့်လေ''
ယဉ်မျိုးသွင်က အနားမှာ ရပ်နေသော ဒေါ်နော်ခမ်းကို တိုင်တည်လိုက်သည်။
''ဟုတ်ပါတယ်ဦးအောင်သွင်၊ ညက ယဉ်ယဉ်ပြန်ရောက်တာ ည၁၂နာရီ၁၅မိနစ်ပါ၊ မောင်ဒီလုံးက အိမ်ရှေ့အထိလိုက်ပို့ပြီး ယဉ်ယဥ့်ကား ကို မောင်းယူသွားတာပါ၊ ဒေါ်နော်ခမ်းလည်း ယဉ်ယဥ့်ကို ထွက်ကြိုနေခဲ့ပါတယ်၊ ဒါ..အမှန်ပါပဲဦးအောင်သွင်''
ဦးအောင်သွင်ကတော့ ကြေနပ်ပုံမရသေး။
''ဘာပဲ ဖြစ် ဖြစ်လေ.. မင်းတို့နှစ် ယောက် အတူတူပြန်သွားတာကို မြင်လိုက်တဲ့လူကအများ ကြီး၊ အချိန်ကလည်း ညကြီးမင်းကြီး၊ ဒီတော့.. လူတွေ က ထင်ရာမြင်ရာပြောကြမှာ ပဲဆွီတီ၊ ဂျာနယ်တွေ ထဲမှာ ဒီအကြောင်းပါလာရင် သွားပြီ၊ ငါတို့မျက်နှာ ဓားနဲ့လှီးပစ် ဖို့ပဲ ရှိတော့တယ်''
''အန်ကယ်ရယ်.. တကယ်ဟုတ်မှမဟုတ်ပဲ၊ ဂျာနယ်ထဲ ပါစရာအကြောင်းမရှိပါဘူး၊ ပါခဲ့ရင်လည်း ယဉ်က ဂရုမစိုက်ပါဘူး၊ ကိုယ့်ဖက်က အမှားမှမရှိပဲ''
''ဂရုမစိုက်လို့ရမလား၊ ပတ်ဝန်းကျင်အထင်အမြင်ဆိုတာ ဂရုမစိုက်လို့မရဘူးဆွီတီ၊ မင်းရောက်နေတဲ့အသိုင်းအဝိုင်းကိုက မကောင်းတာ၊ လူရှုပ်လူပွေ လူရမ်းကားတွေ ၊ ပျက်ချော်ချော်လူတွေ ချည်းပဲ..''
''အန်ကယ်..''
''အို.. မောင်ကလည်း တော် စမ်းပါ၊ ဒီလိုချည်း တစ်ဖက် သတ်ပြောလို့ ဘယ် ဖြစ်မှာ လဲ''
''မောင်ပြောတာ မမှန်လို့လားမော်လီရဲ့ ၊ ဒီမယ်.. ဆွီတီ၊ မင်းလုပ်ချင်တဲ့အလုပ်ကိုလုပ်ခဲ့တာ ခုလောက်ဆို ကြေနပ်လောက်ရော ပေါ့၊ တော် ပါတော့၊ တော် လိုက်ပါတော့၊ ဒီအလုပ်ကို ဆက်မလုပ်ပါနဲ့ တော့ ဆွီတီ၊ ဒီလုံးဆိုတဲ့ကောင်နဲ့လည်း အဆက်ဖြတ်လိုက်ပါ၊ တကယ်တော့... သူ့အဖေက မင်းအဖေကိုသတ်ခဲ့တယ်ဆိုတာလည်း မင်းမေ့ထားဖို့ မကောင်းဘူးဆွီတီ''
''အန်ကယ်.. ကိုဒီ့အဖေက ယဥ့်ဒက်ဒီကိုသတ်တယ်ဆိုတာ အန်ကယ့်စွတ်စွဲချက်ပါအန်ကယ်၊ အခြေအမြစ်မရှိပါဘူး၊ လူတစ် ယောက် နှလုံး ရောဂါ နဲ့သေတာကို သူ့စီးပွားပြိုင်ဖက်က စိတ်ဆင်းရဲ အောင်လုပ်လို့ သေရတာ ပါဆိုပြီး တစ်ဖက်ကိုလူသတ်သမားစွတ်စွဲ နေရင် မှားမှာ ပေါ့အန်ကယ်၊ ဒီစကားကိုကြားရင် တစ်ဖက်က ကိုယ့် ကိုပြန်ပြီး တရားစွဲလို့တောင်ရတယ်အန်ကယ်''
''တော် စမ်းဆွီတီ၊ ငါ့ကို မိကျောင်းမင်းရေကင်းပြမနေနဲ့၊ ငါက မင်းရဲ့ ဦးလေး၊ မင်းကိုအုပ်ထိန်းခွင့်ရထားတဲ့ မင်းရဲ့ အမွေထိန်း၊ ငါ့မှာ ဆိုဆုံးမပိုင်ခွင့်ရှိတယ်၊ ဒီတော့.. ဒီအချိန်ကစပြီး မင်းရဲ့ သိက္ခာ မရှိတဲ့အလုပ်ကြီးကို ရပ်တန်းကရပ်ပါ''
''သိက္ခာမရှိတဲ့အလုပ်''
''ဟုတ်တယ်ဆွီတီ.. မင်းအလုပ်ဟာ လူတကာကို ရှေ့က နေကြော်ငြာပေးနေရတဲ့အလုပ်၊ သိက္ခာမရှိတဲ့အလုပ်ကြီးပဲ၊ ဒါကို ရပ်တန်းက ရပ်ပါတော့၊ ဂုဏ်သရေရှိတဲ့လူ တစ်ယောက် နဲ့ လက်ထပ် ပြီး ငါ့ထိန်းသိမ်းထားရတဲ့အမွေတွေ ကို လွှဲယူပေတော့ဆွီတီ''
''ယဉ်လက်ထပ်ပြီးတဲ့အခါ ယဉ်ရပိုင်ခွင့်ရှိတဲ့အမွေတွေ ကို လွှဲယူမှာ ပါအန်ကယ်၊ ဂုဏ်သရေရှိတဲ့လူ တစ်ယောက် နဲ့လက်ထပ်ရမယ် ဆိုတာက ဘာကိုဆိုလိုတာလဲ၊ ယဥ့်ချစ်သူ.. ကိုဒီ.. ကိုဒီလှိုင်းသစ်ကလည်း လူကောင်း တစ်ယောက် ပါ၊ ပညာတတ် မျိုးရိုးကောင်း..''
''တော် - တော် စမ်းဆွီတီ၊ အဲဒီ မျိုးရိုးဆိုတာကိုပဲ ငါက မကြိုက်တာ၊ ဒီလုံးအဖေက မင်းအဖေကိုသတ်ခဲ့တာ မင်းမေ့ပစ် တော့မလို့လား၊ မင်းအဖေကို တမလွန်မှာ ရင်ကွဲအောင်ထပ်လုပ်ဦး မလို့လား၊ တော် ပြီ.. ဒီလုံးအကြောင်းဆက်မပြောနဲ့၊ အဲဒီ ကောင်နဲ့ လည်း သဘောမတူနိုင်ဘူး၊ မင်း.. မောင်ဇေယျာဦးနဲ့ပဲ လက်ထပ် ရမယ်၊ မင်းကို ဇေယျာဦးနဲ့ပဲ သဘောတူတယ်၊ ဒါပဲ..''
''ယဉ်မှ ဇေယျာဦးကိုမချစ်တာ''
ဒေါ်မော်လီ ကြားဝင်ရပြန်သည်။
''ဒီလိုပါဆွီတီ၊ ဆွီတီ့အန်ကယ်က ဆွီတီ့ကိုချစ်လို့ပြောနေ တာပါကွယ်၊ ဆွီတီ့အမွေတွေ ကိုထိန်းသိမ်းထားရတာ လည်း ကြာပြီဆိုတော့.. ဆွီတီ့ကိုလွှဲပေးချင်ပြီလေ၊ ဆွီတီ့ဒက်ဒီရဲ့ သေတမ်းစာအရ ဆိုရင်.. ဆွီတီအိမ်ထောင်ပြုမှ အမွေတွေ ကိုလွှဲပေးရမှာ မဟုတ်လား၊ ဒါကြောင့်.. ဆွီတီ့အန်ကယ်က ဆွီတီ့ကိုအမွေတွေ လွှဲပေးချင်လို့ ပြောနေတာပါကွယ်''
''ဟုတ်တယ်ဆွီတီ.. မင်းကို အိမ်ထောင်ရက်သားကျပြီး တည်တည်ငြိမ်ငြိမ် ငါမြင်ချင်ပြီ၊ ဒီလုံးဆိုတဲ့ကောင်နဲ့တော့ သဘောမတူနိုင်ဘူး၊ ဒီတော့.. အန်ကယ်ပြောတာတွေ ကို ဆွီတီ ခေါင်းအေးအေး နဲ့စဉ်းစားထားပါ၊ အန်ကယ်ကောင်းအောင်စီစဉ်တာတွေ ကို ဖျက်မယ်ဆိုရင်တော့.. နောက်မှ အန်ကယ့်ကို အပြစ်မဆိုနဲ့ဆွီတီ''
ထိုစဉ်.. ခြံရှေ့မှ ကားဟွန်းတီးသံကိုကြားလိုက်ရ၏ ။
ဟွန်းသံကြားရုံနှင့် သူမ၏ ကားမှန်း ယဉ်မျိုးသွင်က သိလိုက် သည်။ ကိုဒီ ကားကိုပြန်လာပို့ခြင်း ဖြစ်သည်။
ထွေးခင်က အိမ်ရှေ့သို့ပြေးထွက်သွားကာ ခြံတံခါးကို ဖွင့်ပေး နေ၏ ။
အန်ကယ်တို့ရှိချိန်မှာ ဒီလုံးရောက်လာသည့်အတွက် ယဉ်မျိုး သွင်က စိတ်ညစ်သွားလေသည်။
ဟွန်းသံကြောင့်.. ဦးအောင်သွင်က အိမ်ရှေ့ကိုလှမ်းကြည့် လိုက်ရာ.. ယဉ်မျိုးသွင်ကားကိုမောင်းဝင်လာသော ဒီလုံးကိုမြင်လိုက် လေ၏ ။
''ထွီ- ဒီကောင်နဲ့မျက်နှာချင်းဆိုင်ရရင် သူ့ကိုငါသတ်မိ လိမ့်မယ်၊ ပြန်ကြစို့ မော်လီ၊ ဆွီတီ.. အန်ကယ်ပြောတာတွေ ကို မင်း ကောင်းကောင်းစဉ်းစားထားပါ''
ဦးအောင်သွင်က ယဉ်မျိုးသွင်ကို အားရအောင်ဆူပြောပြီး အိမ်ထဲမှထွက်သွားလေတော့သည်။
ယဉ်မျိုးသွင်သက်ပြင်းချရင်း ကျန်ရစ်ခဲ့ရ၏ ။
''ဘာတွေ သက်ပြင်းချနေတာလဲ ယဉ်၊ ဧကန္တ ဘိုးတော် ကြီး က ယဥ့်ကိုဆူသွားပြန်ပြီထင်တယ်''
အိမ်ထဲဝင်လာလာချင်း မျက်နှာညှိုးနေသော ယဉ်မျိုးသွင်ကို ကြည့်ကာ ဒီလုံးက ပြောလိုက်လေသည်။
''ဟုတ်တယ်ကိုဒီ.. ညက ယဉ်နဲ့ကိုဒီ အတူတူပြန်လာကြ တာကို ကိုဒီနဲ့အတူတူ ယဉ် ညလိုက်အိပ်တယ်လို့ အပြင်မှာ နာမည် ကြီးနေတယ်တဲ့''
''ဟင်.. မ ဖြစ်နိုင်တာ ယဉ်ရယ်''
''ယဉ်တို့ကတော့ ကိုယ့်လိပ်ပြာကိုယ် လုံပြီးသားပဲလေ၊ ဘေးလူတွေ ပြောချင်လည်း ပြောမှာ ပေါ့''
''နေပါဦးယဉ်ရဲ့ .. မလိုတမာ သတင်းလွှင့်တယ်ပဲ ထားဦး တော့၊ သတင်းကပြန့်လွယ်လှချည်လား၊ ညကကိစ္စကို အခုမနက်ပဲ လူသိများ ကုန်ပြီဆိုတော့ ဖြစ်နိုင်ပါ့မလား ယဉ်''
''အန်ကယ့်ဆီကို သူ့မိတ်ဆွေ တစ်ယောက် က ဖုန်းလှမ်းဆက် ပြီးပြောတာတဲ့''
''အဲဒီ လို ဖြစ်ပါလိမ့်မယ်ယဉ်၊ သူပြောသလို သတင်းပြန့် တယ်ဆိုတာတော့ မ ဖြစ်နိုင်ပါဘူး''
''ဒီသတင်း.. ဂျာနယ်တွေ ထဲပါလာမှာ စိုးတယ်တဲ့ကိုဒီရယ်''
''မ ဖြစ်နိုင်တာကွာ''
''အန်ကယ်ကတော့.. ကိုဒီနဲ့ယဥ့်ကြားမှာ ဒီလိုပဲ ဝင်ရှုပ် နေတော့မှာ ပဲကိုဒီ၊ ကိုဒီ့ကို ယဉ်နဲ့သဘောမတူနိုင်ဘူးတဲ့၊ ယဥ့်ဒက်ဒီ သေရတာ ကိုဒီ့အဖေကြောင့်ဆိုတဲ့ သူပြနေကျ အကြောင်းပြချက်ကြီး နဲ့ သဘောမတူနိုင် ဖြစ်နေရတာ လေ''
''ခက်ပါလား.. ဒီအကြောင်းကို ကိုယ် ဖေဖေ့ကိုမေးကြည့် ပြီးပါပြီယဉ်၊ ဖေဖေနဲ့ယဥ့်အဖေဦးမင်းသွင်တို့ လုပ်ငန်းပြိုင်ဖက်တွေ ဖြစ်တာ မှန်ပေမယ့်.. ရန်သူတွေ မဟုတ်ကြပါဘူးတဲ့၊ အဲဒီ တုန်းက ကံထရိုက်ကို ယဥ့်ဖေဖေရမယ်လို့ နာမည် ထွက်နေတာလဲအမှန်ပဲတဲ့၊ တင်ဒါသွင်းတဲ့နေရာမှာ ဖေဖေက ပြိုင်ဖက်တွေ မမျှော်မှန်းတဲ့နှုန်းကို ပေးလိုက်လို့ ကံထရိုက်ကို ဖေဖေရသွားတာပါတဲ့၊ ကိုယ့်ကိုရှင်းပြ တယ်ယဉ်၊ ယဉ်လည်း သံသယရှင်းအောင် ယဥ့်ကို ဖေဖေနဲ့တွေ့  ပေးချင်တယ်''
''ယဉ် နဂိုကတည်းက သံသယရှင်းပြီးသားပါကိုဒီ၊ ဒက်ဒီ့ မှာ နှလုံး ရောဂါ ရှိတယ်၊ စိတ်ဆင်းရဲစရာတစ်ခုကြောင့် ရုတ်တရက် နှလုံး ရောဂါ ဖောက်ပြီး ဆုံးရတယ်၊ အဲဒါကို ပြိုင်ဖက်ကြောင့်ပါလို့ လက်ညှိုးထိုးပြီး ကိုဒီ့အဖေကို လူသတ်သမားလို့စွတ်စွဲနေတာကို စကတည်းက ယဉ် လက်မခံခဲ့ပါဘူး၊ သဘာဝ မကျဘူးဆိုတာလည်း ယဉ်သိပြီးသားပါ''
''အန်ကယ်ဦးအောင်သွင် လက်ခံအောင် ကိုယ် ဘယ်လို ကြိုးစားရမလဲယဉ်.. ဖေဖေ့ကို အန်ကယ်ဦးအောင်သွင်နဲ့သွားတွေ့  ပြီး ရှင်းခိုင်းပေးရမလား''
''အို.. ဒီလိုလုပ်ရင် ပိုရှုပ်ကုန်မှာ ပေါ့ကိုဒီ၊ အန်ကယ်က တစ်ယူသန် တစ်ဇွတ်ထိုးကြီး၊ သူ့အထင်အမြင်ကို ဘယ်လိုမှ ပြောင်း မှာ မဟုတ်ဘူး''
''ဒါဖြင့်.. ကိုယ်တို့ဘယ်လိုစီစဉ်ကြမလဲ''
''လောလောဆယ် ဒီတိုင်းနေရုံပါပဲကိုဒီ၊ အန်ကယ်ကတော့ ယဥ့်အမွေတွေ ကိုထိန်းထားရတာ ခေါင်းခဲလှပြီတဲ့၊ ယဥ့်ကိုအိမ်ထောင် ပြုပြီး အမွေတွေ ကိုလွှဲယူစေချင်ပြီတဲ့''
''ဒါဆိုလည်း ရှင်းသားပဲယဉ်ရယ်.. ကိုယ်တို့လက်ထပ် လိုက်ကြတာပေါ့''
ယဉ်မျိုးသွင်က သက်ပြင်းချလိုက်သည်။
''ယဉ် လက်မထပ်ချင်သေးလို့ ခက်နေတာပေါ့ကိုဒီ၊ ယဥ့် အောင်မြင်မှုက ခုမှအစရှိသေးတယ်၊ Presenter ဆိုတဲ့လမ်းကြောင်း တစ်ခု မြန်မာနိုင်ငံမှာ ပီပီပြင်ပြင် ဖြစ်သွားအောင် လမ်းစဖော်ပေးချင် သေးတယ်၊ ဒါ.. မြန်မာနိုင်ငံရဲ့ မီဒီယာလမ်းကြောင်းတစ်ခုလုံးအတွက် ယဉ်ပြောတာပါ၊ ယဉ်ကြီးကျယ်တာမဟုတ်ပါဘူး၊ ယဉ် အိမ်ထောင် မပြုချင်သေးဘူး ကိုဒီ၊ ဒါပေမယ့်.. စိတ်ချပါ၊ ယဉ် အိမ်ထောင်ပြုရင် ယဥ့်ရဲ့ အိမ်ဦးနတ်က ကိုဒီပဲ ဖြစ်ရမှာ ပါ''
''ကိုယ်ယုံပါတယ်ယဉ်''
''ဒါပေမယ့်.. ကိုဒီနဲ့လက်ထပ်မယ်ဆိုရင်လည်း အန်ကယ် က ပြဿနာရှာဦးမှာ လေ''
''ကိုယ်တော့ အန်ကယ်ဦးအောင်သွင်ကို အံ့သြတယ်၊ ယဥ့် အမွေတွေ ကို ထိန်းထားရလို့ သူ့မှာ ဘာများ အပန်းကြီးသွားလို့လဲ ယဉ်ရယ်.. ကိုယ်တော့ မစဉ်းစားတတ်အောင်ပဲ၊ ပခုံးပေါ်မှာ ထမ်း ထားရတာ မှမဟုတ်တာ''
''အဓိကကတော့.. ကိုဒီ့ဖေဖေနဲ့ပတ်သက်တာပါပဲကိုဒီ ရယ်၊ အန်ကယ်က သူ့အစ်ကိုသေရတာ ကိုဒီ့အဖေကြောင့်လို့ သူ့ စိတ်ထဲမှာ စွဲနေတယ်လေ''
''ဒါဖြင့်.. ယဉ်နဲ့လက်ထပ်မယ့်သူဟာ ကိုယ်မဟုတ်ပဲ တခြား တစ်ယောက် ဆိုရင် အန်ကယ်ဦးအောင်သွင် ခုလိုရစ်နေမှာ မဟုတ်ဘူး ပေါ့နော်၊ အဲဒီ လိုရော ဖြစ်နိုင်ပါ့မလား ယဉ်''
''ကိုဒီရယ်.. ယဉ်လည်း ဘာမှမပြောတတ်တော့ပါဘူး''
အန်ကယ်က အန်တီမော်လီ့တူ ဇေယျာဦးနဲ့သဘောတူနေ တယ်ဆိုတာကိုတော့.. ကိုဒီစိတ်ဆင်းရဲမှာ စိုး၍ ယဉ်မျိုးသွင်က ပြောပြ မနေတော့ပါ။
သည်နေ့တစ်နေ့လုံး.. ယဉ်မျိုးသွင်မှာ ပြင်ပကိစ္စများ သွား စရာမရှိပါ။
ယဉ်မျိုးသွင်သည် နံနက်ဆယ်နာရီတွင် သူမ၏ အေဂျင်စီ ရုံးခန်းဖွင့်လှစ်ထားရာသို့လာခဲ့သည်။
ယဉ်မျိုးသွင်၏ ရုံးခန်းမှာ ဟိုတယ်ကြီးတစ်ခု၏ တတိယထပ် တွင် ရှိသည်။
ယဉ်မျိုးသွင်၌ ဝန်ထမ်းများများ စားစားမရှိပါ။ ထားရန်လည်း မလိုအပ်ပါ။ ထက်ထက်ခိုင်ဆိုသူအမျိုးသမီးလေးကို ရုံးခန်းတာဝန်ခံ အ ဖြစ်ခန့်ထားသည်။ ထက်ထက်ခိုင်သည် ယဉ်မျိုးသွင်၏ သူငယ်ချင်း ဖြစ်သူ သက်သက်ခိုင်၏ ညီမ ဖြစ်သည်။ စီးပွားရေး ဘွဲ့ရထားသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ ယဉ်မျိုးသွင်အတွက် အလုပ်နှင့် ဆိုင်သော အချိန်းအချက်များ ကို ထက်ထက်ခိုင်က တာဝန်ယူလုပ်ပေး ရသည်။ ယဉ်မျိုးသွင်ကို တင်ပြရသည်။
ပြင်ပတွင် ချိန်းဆိုထားသော အလုပ်ကိစ္စများ မရှိပါက.. နံနက် ဆယ်နာရီဆိုလျှင် ယဉ်မျိုးသွင် အလုပ်ခန်းသို့ရောက်လာမြဲ ဖြစ်သည်။ ကိုးနာရီထိုးတွင် ရုံးလာဖွင့်သည့် ထက်ထက်ခိုင်ကလည်း ထိုအချိန် တွင် ရောက်နေပြီး ဖြစ်ပါသည်။
''ဘာထူးသေးလဲထက်ထက်''
ရုံးခန်းထဲသို့ဝင်ဝင်ချင်း ယဉ်မျိုးသွင်က ထက်ထက်ခိုင်ကို မေးလိုက်သည်။
''မန္တလေးက မုန့်တိုက်တစ်ခုဖွင့်ပွဲအတွက် မမကို လာငှား ပါတယ်၊ မမနဲ့ညှိုနှိုင်းဖို့ နေ့လည်တစ်နာရီကို ပြန်ချိန်းလိုက်ပါတယ်၊ လုပ်ငန်းရှင်နဲ့သက်ဆိုင်တဲ့အချက်အလက်တွေ ကို မမစားပွဲပေါ်မှာ တင်ထားပြီးပါပြီ''
''ကောင်းပြီထက်ထက်၊ ကျေးဇူးပဲ''
ယဉ်မျိုးသွင်က သူမအခန်းထဲဝင်သွားပြီး မန္တလေးမှ မုန့်တိုက် အသစ်နှင့်ပတ်သက်သော အချက်အလက်များ ကို ဖတ်နေလိုက်သည်။ မုန့်တိုက်ဖွင့်ပွဲကို ရှေ့အပတ်လောက်မှာ လုပ်ဖို့ လျာထားထားသည်။ ဖွင့်ပွဲတွင် ယဉ်မျိုးသွင်က Presenter အ ဖြစ်ဆောင်ရွက်ပေးဖို့ လာ ငှားခြင်း ဖြစ်ပါသည်။
ယဉ်မျိုးသွင်က ယခုလအတွက်စီစဉ်ထားသော ဏူညေညနမ ကို ပြန်ကြည့်လိုက်သည်။ ရှေ့အပတ်တွင် ... ဗုဒ္ဓဟူးတစ်ရက်သာ မော်ဒယ် ရှိုးတစ်ခုအတွက် ချိန်းထားတာရှိသည်။ မုန့်တိုက်ဖွင့်ပွဲကို လက်ခံနိုင် ပါသည်။ လုပ်ငန်းရှင်ရောက်လာလျှင်.. ရက်ချိန်းအတိအကျနှင့် ဆောင်ရွက်ခတို့ သဘောတူသတ်မှတ်နိုင်ပါက အလုပ်ကို လက်ခံနိုင်ပါ လိမ့်မည် ။
ယဉ်မျိုးသွင်စာဖတ်နေစဉ်.. ထက်ထက်ခိုင် အခန်းထဲသို့ ဝင်လာ၏ ။
''ဧည့်သည် တစ်ယောက် ရောက်လာပါတယ်မမယဉ်၊ ဝင်ခွင့် ပေးရမလား''
''ဘယ်သူလဲထက်ထက်''
''ကိုဇေယျာဦးပါတဲ့၊ မမယဉ်ရဲ့ ဆွေမျိုးထဲကလို့ ပြောပါတယ်''
ယဉ်မျိုးသွင်မျက်ခုံးပင့်သွားလေသည်။
ဇေယျာဦး။ အန်ကယ်ဦးအောင်သွင်က သူမနှင့်သဘောတူ ပါတယ်ဆိုတဲ့ ဇေယျာဦး။ ဒေါ်မော်လီကောင်းမြတ်၏ တူ။ သူ ဘာ လာလုပ်ပါလိမ့်။
ယဉ်မျိုးသွင်က သက်ပြင်းချရင်း ထက်ထက်ခိုင်ကိုပြန်ပြော လိုက်သည်။
''လွှတ်လိုက်ပါထက်ထက်''
ထက်ထက်ခိုင်က အခန်းထဲမှလှည့်ထွက်မည် အပြု...
''ခဏထက်ထက်.. သူ့ကိုတစ်ခါတည်းကြိုပြောလိုက်ပါ၊ မမမှာ အပွိုင့်မင့်တစ်ခုရှိလို့ ဆယ့်ငါးမိနစ်ပဲစကားပြောလို့ရမယ်လို့''
''ဟုတ်ကဲ့မမ''
ကိုဇေယျာဦးအခန်းထဲသို့ဝင်လာသည်။
''မင်္ဂလာပါယဉ်''
ဇေယျာဦးက ယဉ်မျိုးသွင်ကိုနှုတ်ဆက်လိုက်သည်။
''ကိုဇေယျာဦးပါလား၊ ဘာကိစ္စများ ရှိလို့ပါလိမ့်၊ ယဉ့်ဆီ ကိုမလာစဖူး''
''အန်ကယ်ကလွှတ်လို့.. အဲလေ.. ကျွန်တော် လည်း ယဥ့် ကိုတွေ့ ချင်တာနဲ့ ဝင်လာလိုက်တာပါ''
ယဉ်မျိုးသွင်က ပြုံးချင်စိတ်ကိုထိန်းထားလိုက်ရသည်။
''ယဥ့်ကိုတွေ့ ချင်တယ်.. ဟုတ်လား၊ ဘာကိစ္စများ ပါလိမ့် ရှင်''
''ဟို.. ဒီလိုပါ၊ ယဉ်သွားစရာလာစရာရှိရင် ကျွန်တော့် ကို လှမ်းခေါ်လိုက်ပါ၊ ကျွန်တော် လိုက်ပို့ပေးပါ့မယ်''
ဇေယျာဦးစကားပြောပုံက ဦးအောင်သွင်နှင့်ဒေါ်မော်လီ သင်ပေးလိုက်တဲ့အတိုင်း ပြောနေမှန်း သိသာလှပါသည်။
''ယဉ်သွားစရာရှိရင်လိုက်ပို့မယ်.. ဟုတ်လား၊ ဒါနဲ့.. ကို ဇေယျာဦးက ကုမ္ပဏီထောင်ထားတာဆို''
''ဟုတ်ပါတယ်၊ ထုတ်ကုန်သွင်းကုန်ကုမ္ပဏီထောင်ထားပါ တယ်၊ ကျွန်တော် က မန်နေဂျင်းဒါရိုက်တာပါ''
ဇေယျာဦးက ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။
''ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျင်းဒါရိုက်တာ တစ်ယောက် က ယဥ့်ကို သွားစရာရှိတိုင်းလိုက်ပို့နေမယ်ဆိုရင် ကိုဇေယျာဦးအလုပ်တွေ လစ်ဟင်း ကုန်မှာ ပေါ့ရှင်၊ ပြီးတော့.. ယဥ့်အလုပ်က မန်နေဂျင်းဒါရိုက်တာ အလုပ် ထက်တောင် များ သေးတယ်၊ အချိန်အကန့်အသတ်ဆိုတာလည်း မရှိဘူး၊ ရှင် ဘယ်လိုလိုက်ပို့လို့ ဖြစ်မလဲ''
''ရပါတယ်ယဉ်.. ယဉ်အတွက်ဆိုရင် ကိုယ့်မှာ အချိန်ရှိ ရမှာ ပေါ့၊ အချိန်ပေးနိုင်ရမှာ ပေါ့၊ အလုပ်က တခြားလူနဲ့လွှဲထားလို့လည်း ရပါတယ်''
''ယဉ်သွားစရာရှိတိုင်း ကိုဇေယျာဦးကို လှမ်းခေါ်ရမှာ အားနာ ပါတယ်လေ၊ မလိုအပ်ပါဘူးကိုဇေယျာဦး''
''ဒီလို ဘယ်ဟုတ်မလဲ ယဉ်၊ ကိုယ် အခုလာတာ ယဥ့်ဆီကို အလည်သက်သက်မဟုတ်ပါဘူး၊ ကိုယ့်မှာ ယဥ့်ကိုပြောစရာစကားတွေ အများ ကြီးရှိပါတယ် ယဉ်''
''ဆောရီး ကိုဇေယျာဦး၊ ယဥ့်မှာ အပွိုင့်မင့်တွေ ရှိနေပါတယ်၊ ကိုဇေယျာဦးအချိန်ပေးနိုင်ပေမယ့် ယဉ် အချိန်မပေးနိုင်ပါဘူး''
''အခု အချိန်မပေးနိုင်လည်း.. ဒီနေ့ည ဒင်နာကိုတော့ ကိုယ်ကျွေးပါရစေယဉ်၊ ကိုယ့်မှာ ယဥ့်ကိုပြောစရာတွေ ရှိလို့ပါ''
''ညပိုင်း ယဉ်မအားပါဘူး၊ ပွဲတစ်ပွဲရှိနေပါတယ်၊ ခဏ နေ ရင်.. မန္တလေးကဧည့်သည်တွေ လာတော့မယ် ကိုဇေယျာဦး၊ ဧည့်သည် တွေ မလာခင် ငါးမိနစ်လောက် အချိန်ရတဲ့အတွင်းမှာ ... ကိုဇေယျာဦး ပြောစရာရှိတာလေးတွေ ပြောလိုက်ပါလား''
ဇေယျာဦးက သက်ပြင်းချလိုက်သည်။
''ကိုယ်ပြောမယ့်စကားက ရုံးခန်းထဲမှာ တက်သုတ်ရိုက် ပြောရမယ့်စကားမျိုး မဟုတ်ပါဘူး ယဉ်၊ အဲ.. ဒါပေမယ့်.. ကိုယ် ဘာပြောမယ်ဆိုတာ ယဉ်သိချင်ရင်တော့.. ပဏာမအနေနဲ့ ကိုယ် ပြောခဲ့ပါ့မယ်၊ ကိုယ် ယဥ့်ကို စိတ်ဝင်စားနေတယ် ယဉ်၊ ယဥ့်ကို လက်ထပ်ခွင့်တောင်းဖို့အထိ ကိုယ်စဉ်းစားထားတယ်''
ယဉ်မျိုးသွင်က ပြုံးလိုက်သည်။
''ဒီစကားတွေ ပြောချင်လို့ ယဥ့်ကို ဒင်နာဖိတ်ရတာ ပါယဉ်၊ ကိုယ့်ကို နားလည်ပေးပါ''
ယဉ်မျိုးသွင်က အပြုံးတစ်ဝက်ဖြင့်.. ဇေယျာဦးကိုပြန်ပြော လိုက်လေသည်။
''ကိုဇေယျာဦးပြောမယ်ဆိုတဲ့စကားတွေ က အန်ကယ်ဦး အောင်သွင် နှုတ်တိုက်သင်ပေးထားတဲ့စကားတွေ များ ဖြစ်နေမလား ရှင်.. ဟင်း.. ဟင်း...''
''ဟာ.. ယဉ်ရယ်...''
ဇေယျာဦးက ကုလားထိုင်နောက်မှီကို အားလျော့စွာ မှီချ လိုက်သည်။
ယဉ်မျိုးသွင်၏ စကားက သူ့အတွက် အရှိုက်ကိုထိသွားသလို ဖြစ်နေသော ကြောင့်ပင်။
ထိုစဉ်... ထက်ထက်ခိုင်က အခန်းထဲသို့ နောက်တစ်ခေါက် ပြန်ဝင်လာကာ ပြောလိုက်သည်။
''မန္တလေးကဧည့်သည်တွေ ရောက်လာပါပြီမမယဉ်''
''သီးသန့်ဧည့်ခန်းထဲမှာ စောင့်ခိုင်းထားလိုက်ပါထက်ထက်''
''ဟုတ်ကဲ့၊ စောင့်ခိုင်းထားပြီးပါပြီမမ''
''ကဲ.. ကိုဇေယျာဦး၊ ကြားတဲ့အတိုင်းပဲ၊ ယဉ် ချိန်းထား တဲ့ ကပ်စတန်မာတွေ ရောက်လာလို့ ယဥ့်ကိုခွင့်ပြုပါဦး''
ယဉ်မျိုးသွင်က ထိုင်ရာမှ ထရင်း ပြောလိုက်သည်။
ဇေယျာဦးကလည်း ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်။
ထက်ထက်ခိုင်ထွက်အသွားတွင် ဇေယျာဦးက ကိုယ်ကိုကိုင်း ကာ.. ယဉ်မျိုးသွင် တစ်ယောက် တည်းကြားသာရုံ ပြောလိုက်လေ၏ ။
''ကိုယ် ပဏာမပြောခဲ့တဲ့စကားကို စဉ်းစားပေးပါဦး ယဉ်၊ ကိုယ့်ရင်ထဲကစကားတွေ ကိုလည်း အသေးစိတ်ပြောချင်ပါသေးတယ်၊ ယဉ်အားမယ့်နေ့မှာ ထပ်ချိန်းပါဦးမယ်၊ ကိုယ့်ကိုခွင့်ပြုပါဦး''
ဇေယျာဦးက ယဉ်မျိုးသွင်ထံမှ တုံ့ပြန်စကားကိုမစောင့်တော့ ပဲ.. အခန်းထဲမှထွက်သွားလေ၏ ။
ယဉ်မျိုးသွင်သည် ဇေယျာဦး၏ နောက်ကျောကိုကြည့်ရင်း.. နှုတ်မှ တီးတိုးရေရွတ်လိုက်မိသည်။
''တော် တော် ကြောင်တဲ့ လူပဲ''
''မင်းကွာ..... ခေတ်လူငယ် တစ်ယောက် လုပ်နေပြီး မိန်းကလေး တစ်ယောက် နားဝင်အောင် မပြောတတ်ဘူးလားဇေယျာ၊ ညံ့ပါ့ကွာ''
ဦးအောင်သွင်က ဇေယျာဦးကို အထင်အမြင်သေးစွာ ကြည့် ရင်း.. ပြောလိုက်သည်။
''အန်ကယ့်တူမ ယဉ်မျိုးသွင်က သာမန်မိန်းကလေးတစ် ယောက် မဟုတ်ပါဘူး အန်ကယ်''
ဇေယျာဦးက ခေါင်းငုံ့ထားရင်းမှ မဝံ့မရဲ ပြန်ပြောလိုက် လေသည်။
''အေး.. သာမန်မိန်းကလေးမဟုတ်လို့ပဲ မင်းနဲ့လက်တွဲ စေ ချင်တာပေါ့ ဇေယျာ၊ အန်ကယ်က ဆွီတီ့ကို သူလုပ်နေတဲ့အလုပ်မျိုး လုပ်နေတာမကြိုက်ဘူး၊ စီးပွားရေး လုပ်ငန်းကိုပဲ တွင် တွင် ကျယ်ကျယ် လုပ်စေချင်တယ်၊ မင်းတို့နှစ် ယောက် ပူးပေါင်းပြီး မင်းရဲ့ ကုမ္ပဏီကို မကည လိုက်မယ်ဆိုရင်.. အများ ကြီးထောင်တက်သွားနိုင်တယ်၊ ဒါကြောင့်... မင်းကို ဆွိတီကြည်ဖြူလာအောင် ကြိုးစားပါလို့ အန်ကယ်က တိုက်တွန်း နေရတာ ဇေယျာ''
ဇေယျာဦးက သက်ပြင်းလေးလေးတွဲ့ တွဲ့ ချလိုက်သည်။
''ဟုတ်ကဲ့.. အန်ကယ်၊ ကျွန်တော် ကြိုးစားပါဦးမယ်''
''မင်း.. စိတ်ရောပါရဲ့ လား ဇေယျာ''
''ဗျာ...''
''အန်ကယ်တိုက်တွန်းလို့သာ ဆွီတီ့ကို ချဉ်းကပ်နေတာလား၊ မင်းကိုယ်တိုင်ရော ဆွီတီ့ကို စိတ်ဝင်စားမှုရှိရဲ့ လားလို့ မေးတာပါ''
''ကျွန်တော် .. ကျွန်တော် ... ယဥ့်ကို ချစ်ပါတယ်အန်ကယ်''
ဦးအောင်သွင်က ပြုံးလိုက်သည်။
''အေးလေ.. ဒါ လိုရင်း ပဲ၊ ယောကျာ်းဆိုတာ ကိုယ်လိုချင် တာကို ရအောင် ကြိုးစားနိုင်ရတယ်ကွ''
ဦးအောင်သွင်အနေဖြင့်... ဇေယျာဦးကို မြှော က်ပင့်ပေး လိုက်ရသော်လည်း... သိပ်တော့ စိတ်မချလှချေ။ ဇေယျာဦးက လူအေး၊ လူပျော့ ဖြစ်သည်။ မိန်းကလေး ဖြစ်သော ယဉ်မျိုးသွင်က ဆန့်ကျင်ဖက်၊ သိပ်ပြီးထက်မြက်နေသည်။
ဦးအောင်သွင်အဖို့... ယဉ်မျိုးသွင်ကို အဆိုတော် ဒီလုံးနှင့် လုံးဝသဘောမတူနိုင်ပါ။ ဒီလုံးဖခင်နှင့် သူ့အစ်ကိုတို့ စီးပွားပြိုင်ဖက် ဖြစ်ခဲ့စဉ်က.. ဒီလုံးဖခင်ပညာပြလိုက်၍ အစ်ကိုကြီးဦးမင်းသွင် ရောဂါ တွေ တိုးကာ သေတဲ့အထိ ဖြစ်ခဲ့ရတာ ကို ဦးအောင်သွင် မမေ့ နိုင်သေး။
ဦးအောင်သွင်မှာ .. ယဉ်မျိုးသွင်ကို ဒီလုံးနှင့်သာ မဟုတ်။ ဘယ်ယောကျာ်းနဲ့ပဲ ဖြစ် ဖြစ် သဘောမတူနိုင်ပေ။
ဦးအောင်သွင်သည် အစ်ကို ဖြစ်သူဦးမင်းသွင်၏ သေတမ်းစာ အရ.. တူမယဉ်မျိုးသွင်၏ တရားဝင်အမွေထိန်း ဖြစ်နေသည်။ သေတမ်းစာပါ မှာ ကြားချက်အရ.. ယဉ်မျိုးသွင် မင်္ဂလာဆောင်ပြီး လျှင် သူမ ရသင့်သည့်အမွေအားလုံးကို လွှဲပြောင်းပေးရမည် ဖြစ်သည်။
ဦးအောင်သွင်၏ စီးပွားရေး လုပ်ငန်းများ မှာ လည်း.. အလွန် ပင် အောင်မြင်ခဲ့ပါသည်။ ဦးအောင်သွင်သည် ရေထွက်ပစ္စည်းများ နိုင်ငံခြားသို့တင်ပို့သော လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ ဦး အောင်သွင်ပိုင် ငါးဖမ်းစက်လှေများ များ စွာ ရှိသည်။ စီးပွားလည်း ဖြစ်ခဲ့သည်။
သို့သော်... ကမ္ဘာ့စီးပွားပျက်ကပ်နှင့် ကြုံရသော အချိန်တွင် အခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ နည်းတူ.. ဦးအောင်သွင် လည်း ခံခဲ့ရပါသည်။ အရှုံးနှင့်ရင်ဆိုင်ရသည်။ ငွေသားများ လုပ်ငန်း ထဲတွင် မြုပ်နေသည်။ အချို့အရင်းအနှီးများ ကို ပြန်ဖော်ထုတ်လို့မရ တော့။ စွန့်လွှတ်လိုက်ရသည်။
ယခင်က.. တူမလေး၏ အမွေပစ္စည်းများ ကို မျက်စောင်းပင် ထိုးမကြည့်ခဲ့သော ဦးအောင်သွင်သည်... စီးပွားပျက်တဲ့အချိန်မှာ တော့... အရင်းအနှီးပြန်လည်မတည်ဖို့ စဉ်းစားလာရပြီ။ ယဉ်မျိုး သွင်၏ အမွေအနှစ် များ ကို သုံးစွဲရင်းနှီးဖို့ လိုအပ်လာခဲ့သည်။
ယဉ်မျိုးသွင်ကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောကာ.. အရင်းအနှီး စိုက်ထုတ်ပေးဖို့ ဆွေးနွေးမည် ဆိုလျှင်လည်း ရပါသည်။
ယဉ်မျိုးသွင်တစ်ဦးတည်းဆိုလျှင် ကိစ္စမရှိသေး။ ယဉ်မျိုး သွင်က ချစ်သူရည်းစားရှိနေပြီ။ အချိန်မရွေး လက်ထပ်သွားနိုင်သည်။ ယဉ်မျိုးသွင်လက်ထပ်ပါက ဥပဒေအရ အမွေအနှစ် များ ကို ယဉ်မျိုး သွင်အား လွှဲပေးရပေတော့မည် ။
ပြီးတော့.. ယဉ်မျိုးသွင်ရဲ့ ချစ်သူမှာ အစ်ကိုကြီးဦးမင်းသွင် ကိုသတ်ခဲ့တဲ့လူသတ်သမားလို့ ယိုးစွပ်ထားသူ၏ သား ဖြစ်နေသည်။ ယဉ်မျိုးသွင်ကို ဒီလုံး(ခေါ်)ဒီလှိုင်းသစ်နှင့် လုံးဝသဘောမတူနိုင်ပါ။
ယဉ်မျိုးသွင်အမွေများ ကို အရင်းအနှီးလုပ်ဖို့ စဉ်းစားချင့်ချိန် နေရတဲ့အထဲ.. ယဉ်မျိုးသွင်က ရန်သူ၏ သားကို ချစ်သူတော် စပ် လိုက်သည့်အခါ.. ဦးအောင်သွင် တစ်ယောက် ''ပြာ''သွားရလေ၏ ။
ယဉ်မျိုးသွင်ကို ဘယ်ယောကျာ်းနဲ့မှ လက်ထပ်ခွင့်မပေးနိုင် သေးပါ။ အထူးသဖြင့်.. ဒီလုံးနှင့်လက်ထပ်မှာ ကို လုံးဝသဘော မတူနိုင်။
ဦးအောင်သွင်အဖို့ ယဉ်မျိုးသွင်အမွေများ ကို လက်မလွှတ် ရအောင် လမ်းစရှာကြံရတော့သည်။
ဇေယျာဦးသည် ဦးအောင်သွင်၏ ဇနီး ဖြစ်သူ ဒေါ်မော်လီ ကောင်းမြတ်၏ တူ ဖြစ်သည်။ ပညာတတ်သည်၊ ရည်မွန်သည်။ စီးပွား ရေး လုပ်ငန်းရှိသည်။ ဇေယျာဦးကို ယဉ်မျိုးသွင်နှင့်လက်ထပ် ပေးလိုက် ပါက... ''ဖိတ်ချင်းဖိတ်.. ကိုယ့်အိတ်ထဲဖိတ်''ဆိုသလို ဖြစ်လာနိုင်ပေ ၏ ။ ဇေယျာဦးမှာ လူကြီးမိဘစကားကို နာခံတတ်သော လူလိမ္မာလေး တစ်ယောက် ဖြစ်ပါ၏ ။
ဇေယျာဦးသာ ယဉ်မျိုးသွင်ခင်ပွန်း ဖြစ်ခဲ့လျှင်... ယဉ်မျိုးသွင် ၏ အမွေအနှစ် များ ကို ဦးအောင်သွင် ထင်သလိုချယ်လှယ်နိုင်မည် ဖြစ် သည်။
ဒါ့ကြောင့်လည်း.. ဦးအောင်သွင်က ဇေယျာဦးကို ယဉ်မျိုးသွင် ဆီသို့ မကြာခဏစေလွှတ်ကာ လူပျိုလှည့်ခိုင်းနေခြင်းပင် ဖြစ်ပါသည်။
သို့ရာတွင် .. ဇေယျာဦးက အ ဖြစ်မရှိလှ။ ဇေယျာဦးအ ဖြစ် မရှိသလို.. ယဉ်မျိုးသွင်ကလည်း ဇေယျာဦးကို အထင်ကြီးဟန် မတူပေ။
ဇေယျာဦးနဲ့ယဉ်မျိုးသွင်အဆင်ပြေဖို့ကို မိမိကိုယ်တိုင် ဝါယမ စိုက်ထုတ်မှပင် ဖြစ်တော့မည် ကို ဦးအောင်သွင် သဘောပေါက်လိုက် လေသည်။
အပိုင်း ( ၃ )
ဦးအောင်သွင်သည် ယဉ်မျိုးသွင်ကို စိတ်တိုင်းကျကိုင်တွယ်နိုင်မည့် နည်းလမ်းကို တော် တော် နှင့် ရှာမတွေ့ ခဲ့ပေ။
ဦးအောင်သွင်ကိုယ်တိုင် ယဉ်မျိုးသွင်ကို... ဒီလုံးနှင့်အဆက် ဖြတ်ဖို့၊ ဇေယျာဦးကိုအိမ်ထောင်ဖက်ရွေးဖို့.. တည့်တည့်တစ်မျိုး၊ သွယ်ဝိုက်၍ တစ်မျိုး.. စည်းရုံးတိုက်တွန်းခဲ့သော်လည်း အချည်းအနှီးသာ။ ယဉ်မျိုးသွင်သည် တစ်ဖက်သားကြိုးကိုင်ချယ်လှယ်သမျှကို ခေါင်းညိတ်နာခံမည့် မိန်းကလေးမျိုး မဟုတ်ပေ။
ဦးအောင်သွင်ခေါင်းခဲခဲ့ရ၏ ။
ထိုသို့.. ယဉ်မျိုးသွင်ကို ကိုင်တွယ်ထိန်းချုပ်ဖို့ အခက်အခဲ တွေ့ နေဆဲအချိန်...
လွန်ခဲ့သော ခြောက်လက...
ဦးအောင်သွင်သည်... ဒေါက်တာဖရက်ဒီခန့်ဆိုသူနှင့် အမှတ်မထင် ရင်းနှီးသိကျွမ်းခဲ့ရခြင်း ဖြစ်ပါ၏ ။
ဒေါက်တာဖရက်ဒီခန့်မှာ ယခုအခါ အသက်၇ဝအရွယ်ရှိပြီး အသက်သုံးဆယ်အရွယ်ကတည်းက မြန်မာနိုင်ငံမှထွက်ခွာကာ.. ဥရောပ နိုင်ငံတက္ကသိုလ်များ တွင် ဆေးပညာရပ်များ ကို လှည့်လည် ဆည်းပူးခဲ့ သော လူပျိုကြီးဆရာဝန် တစ်ယောက် ဖြစ်ပါ၏ ။
ယခုအချိန်တွင် .. ဒေါက်တာဖရက်ဒီခန့်သည် မျိုးရိုးဗီဇဆိုင်ရာ မနုဿဗေဒပညာရပ်တွင် တစ်ဖက်ကမ်းခတ်ပါရဂူတစ်ဦး ဖြစ်နေခဲ့ပြီ။ ပရော်ဖက်ဆာဒေါက်တာဖရက်ဒီခန့်သည် မြန်မာနိုင်ငံတွင် အခြေချနေ ထိုင်ရန် ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါ၏ ။
ဒေါက်တာဖရက်ဒီခန့် မြန်မာနိုင်ငံပြန်ရောက်လာသည်မှာ တစ်နှစ် ခန့်ရှိပါပြီ။ ပရော်ဖက်ဆာအနေဖြင့်.. သုတေသနလုပ်ငန်း များ ကို မစတင်နိုင်သေးပါ။ လောလောဆယ်တွင် ... မိမိဆည်းပူး လေ့လာခဲ့သည့် ပညာရပ်များ ကို ဟောပြောပွဲများ ကျင်းပကာ ဟောပြောပို့ချခြင်းဖြင့်သာ အချိန်ကုန်လွန်နေပေ၏ ။
ဦးအောင်သွင်နှင့်ပရော်ဖက်ဆာတို့ ဆုံဆည်းခဲ့ခြင်းမှာ လည်း ပရော်ဖက်ဆာဖရက်ဒီခန့်၏ ဟောပြောပွဲတစ်ခုကို တက်ရောက်နား ထောင်ရာမှ သိကျွမ်းရင်းနှီးလာရခြင်း ဖြစ်ပါသည်။
ဦးအောင်သွင်တက်ရောက်နားထောင်ခဲ့သည့်ပွဲတွင် .. ဒေါက် တာဖရက်ဒီခန့် ဟောပြောပို့ချခဲ့သော ဘာသာရပ်၏ ခေါင်းစဉ်မှာ ... ''ပုံတူမျိုးပွားခြင်း''..ဟူ၍ ဖြစ်ပါသည်။
ဒေါက်တာဖရက်ဒီခန့်သည် ပုံတူမျိုးပွားပညာရပ်ကို ကမ္ဘာ ပေါ်တွင် စတင်စမ်းသပ်သည့်အချိန်မှစ၍ ပါဝင်ဆောင်ရွက်ခဲ့သော ပညာရှင်တစ်ဦး ဖြစ်သည်။
ဦးအောင်သွင်သည် ပရော်ဖက်ဆာဟောပြောခဲ့သော ပုံတူ မျိုးပွားပညာရပ်ကို ပညာရပ်တစ်ခုအနေဖြင့် စိတ်ဝင်စားခဲ့ရုံမက... မိမိကြုံတွေ့ နေရသော ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်နိုင်ကြောင်းကိုပါ စဉ်းစားမိလေသည်။
သို့ဖြင့်.. ပရော်ဖက်ဆာဒေါက်တာဖရက်ဒီခန့်ကို ဆက်သွယ် ကာ သူ၏ အကြံအစည်ကို တင်ပြအကူအညီတောင်းခဲ့ခြင်း ဖြစ်ပါ၏ ။
ဒေါက်တာဖရက်ဒီခန့်သည်... ရန်ကုန်မြို့အပြင်ဖက်တွင် ကျယ်ဝန်းသော ခြံတစ်ခုဝယ်ယူကာ.. သုတေသနလုပ်ငန်းများ လုပ်ကိုင်ရန် ပြင်ဆင်လျှက်ရှိသည်။
အသက်သုံးဆယ်အရွယ်ခန့်ကတည်းက မြန်မာနိုင်ငံမှထွက်ခွာသွားသော ဖရက်ဒီခန့်အဖို့ မြန်မာနိုင်ငံတွင် ဆွေမျိုးအနည်းငယ် သာ ရှိပါတော့သည်။ ညီမ ဖြစ်သူမှမွေးဖွားသော တူမတစ်ဦးတည်းသာရှိပြီး ညီမမှာ လည်း ဆုံးပါး သွားပါပြီ။ တူမမှမွေးဖွားသော သား တစ်ယောက် က ဆရာဝန် ဖြစ်နေသည်။ ဒေါက်တာမျိုးထိုက် ဖြစ်ပါ၏ ။
ဖရက်ဒီခန့် မြန်မာနိုင်ငံပြန်အရောက်တွင် တူမမှမွေးသော မြေး ဖြစ်သူ မောင်မျိုးထိုက်ကိုသာ အဖော်ပြုရပါတော့၏ ။ မောင်မျိုးထိုက် မှာ လည်း ဆရာဝန်တစ်ဦး ဖြစ်နေ၍ ဒေါက်တာဖရက်ဒီခန့်၏ လုပ်ငန်းများ အတွက် အကူအညီရခဲ့ပါသည်။
ဦးအောင်သွင်က ဒေါက်တာမျိုးထိုက်ကို ဦးစွာ မိတ်ဖွဲ့ကာ ဒေါက်တာဖရက်ဒီခန့်ကို ချဉ်းကပ်ခဲ့သည်။
ဒေါက်တာဖရက်ဒီခန့်အား သူ၏ အကြံအစည်ကို တင်ပြခဲ့သည်။
ကြားခါစက.. ဒေါက်တာဖရက်ဒီခန့်သည် ဦးအောင်သွင်၏ တင်ပြချက်ကို ခါးခါးသီးသီးငြင်းဆန်ခဲ့လေသည်။
''မ ဖြစ်ဘူးဦးအောင်သွင်... မ ဖြစ်ဘူး၊ ကျုပ်တတ်ကျွမ်းထားတဲ့ ပုံတူမျိုးပွားပညာဟာ လူအတုတစ်ခုဖန်ဆင်းပြီး အစားထိုးလိမ်ညာ ဖို့မဟုတ်ဘူး၊ ဦးအောင်သွင်ရဲ့ အကြံအစည်က သိပ်ပြီးအောက်တန်းကျလွန်းပါတယ်၊ ဒီပညာကိုအသုံးချပြီး ကျုပ်မကူညီနိုင်ဘူးဗျာ''
ဦးအောင်သွင်က အားမလျှော့ပဲ ဒေါက်တာဖရက်ဒီခန့်ထံ အကြိမ်ကြိမ်အခါခါသွားရောက်ကာ... အရေး ဆိုခဲ့ပေသည်။
ဦးအောင်သွင်တင်ပြသည့်အထဲတွင် .. တူမ ဖြစ်သူယဉ်မျိုးသွင်မှာ ဖခင် ဖြစ်သူကို သေကြောင်းကြံခဲ့သူ၏ သားနှင့် ချစ်ကြိုက်နေသည့် အတွက် ဦးလေး တစ်ယောက် အနေဖြင့် စိတ်ဆင်းရဲနေရကြောင်း၊ ဒီလုံး ကလည်း ယဉ်မျိုးသွင်ကို တကယ်ချစ်ကြိုက်ခြင်းမဟုတ်ပဲ.. ယဉ်မျိုးသွင် အမွေအနှစ် များ ကို မျှော်ကိုးပြီး ချစ်ကြိုက်ဟန် ဆောင်နေခြင်း ဖြစ်ကြောင်း၊ ယဉ်မျိုးသွင်ကို အမှန်အတိုင်းပြောပြ နားချသော်လည်း ယဉ်မျိုးသွင်မှာ နားမလည်နိုင်ပဲ ခေါင်းမာနေကြောင်း၊ ယဉ်မျိုးသွင် နေရာတွင် ယဉ်မျိုးသွင်ပုံတူကို အစားထိုးရခြင်းမှာ လည်း.. မိမိသဘောတူသူနှင့်ပေးစားပြီး အမွေလွှဲပေးလို၍ ဖြစ်ကြောင်း၊ မိမိဆန္ဒအတိုင်း အမွေခွဲဝေပြီးပါက ယဉ်မျိုးသွင်ကို နဂိုနေရာတွင် ပြန်ထားမည် ဖြစ်ကြောင်း... နားဝင်အောင်အကြိမ်ကြိမ် ပြောကြားခဲ့လေသည်။
ဦးအောင်သွင် သုံးလတိတိ မနားမနေသွားရောက်တွေ့ ဆုံပြီး ဒေါက်တာဖရက်ဒီခန့်သနားအောင် အကြိမ်ကြိမ်တောင်းပန်ပြောဆိုပြီးသည့်အခါ... ဒေါက်တာဖရက်ဒီခန့်က အကူအညီပေးရန် သဘောတူလိုက်လေ၏ ။
ဒေါက်တာဖရက်ဒီခန့်က ဦးအောင်သွင်ထံမှ ကတိတစ်ခုကိုတော့ တောင်းခံခဲ့လေ၏ ။
''အမွေကိစ္စအားလုံးနဲ့ ယဉ်မျိုးသွင်ရဲ့ မင်္ဂလာကိစ္စအားလုံး ပြီးစီးရင်တော့.. ယဉ်မျိုးသွင်ကို နဂိုနေရာမှာ ပြန်ပြီးထားပေးဖို့ ကတိ ပေးပါဦးအောင်သွင်''
''ဟုတ်ကဲ့ဆရာကြီး ကတိပေးပါတယ်''
''ကျုပ်ကူညီလိုက်တဲ့ကိစ္စကြောင့် မိန်းကလေးမှာ နစ်နာသွားတာမျိုး မ ဖြစ်စေချင်ဘူး၊ အခုလိုကူညီရတာ က ဦးအောင်သွင်ရဲ့ ဦးလေး တစ်ယောက် အနေနဲ့ခံစားချက်ကို လေးစားလို့ပါဦးအောင်သွင်''
''စိတ်ချပါဆရာကြီး၊ တူမလေးရဲ့ မင်္ဂလာကိစ္စကို ကျွန်တော် စိတ်တိုင်းကျ စီမံခန့်ခွဲပြီးတာနဲ့ တူမလေးကို အားလုံးရှင်းပြပြီး သူ့ရဲ့ နဂိုနေရာမှာ ပြန်ထားပေးပါ့မယ်ခင်ဗျာ၊ ပုံတူပွားထားတဲ့ ကလုန်းကိုလည်း ဆရာကြီးဆီကို ပြန်အပ်ပါ့မယ်''
ဦးအောင်သွင်နှင့်ဒေါက်တာဖရက်ဒီခန့်တို့ သဘောတူညီမှု ရသွားကြလေသည်။
''ကောင်းပြီ၊ လူ တစ်ယောက် ကို ပုံတူမျိုးပွားဖို့အတွက် အဲဒီ လူရဲ့ အသွေးအသားတစ်ခုခုကို ရဖို့လိုတယ် ဦးအောင်သွင်''
''ဆရာကြီးရှင်းပြလို့ နားလည်ထားပြီးပါပြီခင်ဗျာ၊ ကျွန်တော် ဘယ်လိုဆောင်ရွက်ပေးရပါမလဲ ဆရာကြီး''
''ယဉ်မျိုးသွင်ရဲ့ ခန္ဓာကိုယ်က အပိုင်းအစတစ်ခု ဖြစ်စေ၊ အသွေး အသား ဖြစ်စေ.. ရမှသာ ယဉ်မျိုးသွင်ရဲ့ ပုံတူကလုန်းကို အကောင်အထည်ဖော်နိုင်မယ်လေ''
''ဟုတ်ကဲ့''
''သည်တော့ကာ.. ပထမအဆင့်အနေနဲ့ ယဉ်မျိုးသွင်ရဲ့ ခန္ဓာ ကိုယ်က သွေးသားတစ်မျိုးမျိုးကို ကျုပ်ကိုအပ်ဖို့လိုပါတယ် ဦးအောင်သွင်''
ဒေါက်တာဖရက်ဒီခန့်က ယဉ်မျိုးသွင်၏ ပုံတူကလုန်းကို အကောင်အထည်ဖော်ပေးဖို့ သဘောတူလိုက်ပြန်တော့လည်း ဦးအောင်သွင်အဖို့.. ယဉ်မျိုးသွင်ဆီက အသွေးအသားအပိုင်းအစတစ်ခုခုကို ယူဆောင်ပေးဖို့ တာဝန်ရှိလာပြန်သည်။
တွေးကြည့်လျှင်.. အလွယ်လေးဟု ထင်စရာရှိသော်လည်း ခန္ဓာကိုယ်နှင့်ဆက်စပ်နေသည့် အသွေးအသားအပိုင်းအစတစ်ခုခုကို ရအောင်ယူဖို့ဆိုသည်မှာ မလွယ်ကူပါချေ။
ဦးအောင်သွင်သည် ဤကိစ္စကို မိမိ တစ်ယောက် တည်း ကြိတ်၍ ကြံစည်နေခြင်း ဖြစ်သည်။ ဇနီး ဖြစ်သူဒေါ်မော်လီကောင်းမြတ် ကို အသိပေးမထားပါ။ ဇေယျာဦးကိုလည်း အသိမပေးပါ။ ယဉ်မျိုး သွင်လူတူကလုံး အကောင်အထည်ပေါ်လာသည့်အခါ.. မည် သူ့ကိုမျှ အသိမပေးပဲ.. ကလုန်းကို ယဉ်မျိုးသွင်ဟန်ဆောင်ခိုင်းပြီး မိမိလိုသလို ဇာတ်ကွက်ဆင်ဖန်တီးသွားမည် ဖြစ်သည်။
ထို့ကြောင့်... ယဉ်မျိုးသွင်ထံမှ အသွေးအသားအပိုင်းအစ တစ်ခုခုကိုရအောင်ယူရမည့် ကိစ္စတွင် ဦးအောင်သွင် တစ်ယောက် တည်း ခေါင်းစားရလေတော့သည်။
ယဉ်မျိုးသွင်နှင့် အနီးကပ်နေထိုင်သူနှစ် ယောက် ထဲက.. ဒေါ်နော်ခမ်းကတော့ ဦးအောင်သွင်အတွက် အကူအညီရမည် မဟုတ်ပေ။ ဒေါ်နော်ခမ်းက ယဉ်မျိုးသွင်လူ။ ယဉ်မျိုးသွင်နှင့် ငယ်စဉ်ကတည်းက နေလာတဲ့ သစ္စာရှိကျွန်ယုံကြီး။ ဒေါ်နော်ခမ်းဆီက အကူအညီမရ နိုင်သည့်အပြင်.. သည်ကိစ္စကို ဒေါ်နော်ခမ်းရိပ်မိလို့မ ဖြစ်ပါ။
ဦးအောင်သွင်သည် ယဉ်မျိုးသွင်မရှိသည့် အချိန်တွင် ယဉ်မျိုးသွင်အိမ်ကိုသွားလည်ကာ.. အိမ်ဖော်မလေးထွေးခင်ကို စည်းရုံးခဲ့သည်။
''ထွေးခင်.. နင့်ကိုငါ မုန့်ဖိုးပေးမယ်၊ နင့်မမယဉ်ဆီက သူ့ခန္ဓာကိုယ်နဲ့ကပ်ရက် ပစ္စည်းတစ်ခုခုကို အရယူပေးစမ်း''
''ရှင်...''
''ဒီကိစ္စ ဘယ်သူမှသိလို့မ ဖြစ်ဘူးနော်၊ နှုတ်လုံပေစေ၊ ဒေါ်နော်ခမ်းလည်း မသိစေနဲ့၊ နင့်မမယဉ်ဆီက ခြေသည်းလက်သည်း လှီးပြီးသား ဖြစ် ဖြစ်၊ ဖြတ်ထားတဲ့ဆံပင် ဖြစ် ဖြစ်.. ငါ့ကို ရအောင် ယူပေးစမ်း''
ထွေးခင်က ဦးအောင်သွင်ခိုင်းသလို ကြိုးစားခဲ့သော်လည်း တကယ်တန်းကျ အဆင်မပြေပါ။
''မမယဉ်က ခုတလော ခြေသည်းလက်သည်းအိမ်မှာ ညှပ်တာမတွေ့ ဘူး ဦးလေး၊ ဆိုင်သွားပြီး ပြင်တာ၊ ဆံပင်လည်း မတွေ့  ဘူး''
''ခက်ပါလား''
ယဉ်မျိုးသွင်ဆီက ခန္ဓာကိုယ်ဆက်စပ်ပစ္စည်းတစ်ခုခုမရ သည့်အတွက်.. ကလုံးကိစ္စကို ချက်ချင်း အကောင်အထည်မဖော်နိုင် ပဲရှိနေခဲ့သည်။
တစ်နေ့တွင် .. ထွေးခင်က ဦးအောင်သွင်၏ လက်ကိုင်ဖုန်း ကို လှမ်းဆက်ပြောသည်။
''ဦးလေး.. ညက မမယဉ် သွားသိပ်ကိုက်လို့ ဆေးခန်းသွားပြရတယ်၊ အံဆုံးကို နှုတ်လိုက်ရတယ်၊ နှုတ်ပစ်လိုက်တဲ့သွားကို ဘယ်သူ မှမသိအောင် ကျွန်မယူထားတယ်၊ ဦးလေး ယူခိုင်းတဲ့ ခြေသည်း လက်သည်းတို့ ဆံပင်တို့တော့ မရဘူး၊ အဲဒီ သွားဆိုရင်ကော ဖြစ်မလား''
''သိပ် ဖြစ်တာပေါ့ ထွေးခင်၊ နင် ဘယ်ကနေ ဆက်နေတာလဲ''
''ဈေးလာရင်း ဈေးထိပ်ကဆက်တာပါဦးလေး''
''သွားက နင့်လက်ထဲမှာ လား''
''ဟုတ်တယ်၊ ညကတည်းက မမယဉ်အိပ်တုံး ကျွန်မယူထားတာ''
''ငါ အိမ်ကိုလာခဲ့မယ်၊ သူ့သွားကို ဘယ်သူမှမမြင်အောင် ငါ့လက်ထဲထည့်ပေး''
ယင်းသို့ဖြင့်.. ယဉ်မျိုးသွင်ပုံတူကလုန်းလုပ်ရန်အတွက် ယဉ် မျိုးသွင်၏ အံသွားကို ဒေါက်တာဖရက်ဒီခန့်အား အပ်နိုင်ခဲ့သည်။
ဒေါက်တာဖရက်ဒီခန့်သည် ယဉ်မျိုးသွင်၏ အံသွားကိုအသုံးပြု၍ ယဉ်မျိုးသွင်လူတူ တစ်ယောက် ပွားခဲ့ရာ သုံးလကြာမြင့်ခဲ့ပေ၏ ။
ယဉ်မျိုးသွင်လူတူကို ပုံတူမျိုးပွားနေသည့်ကာလအတွင်း...
ဦးအောင်သွင်သည် ရန်ကုန်မြို့အပြင်ဖက်ရှိ... ဒေါက်တာ ဖရက်ဒီခန့်၏ ဓာတ်ခွဲခန်းသို့ နေ့စဉ်သွားရောက်ခဲ့ပေသည်။ ဦးအောင်သွင် အနေဖြင့်... ဒေါက်တာဖရက်ဒီခန့်၏ ပညာကို ယုံကြည်သော်လည်း.. လူ တစ်ယောက် ၏ သွားကလေးတစ်ချောင်းမှ ထိုသူနှင့်ချွတ်စွပ်တူသော လူ တစ်ယောက် ကို တွေ့ မြင်ရမည် ဆိုသော အခါ မယုံမရဲ ဖြစ်မိလေသည်။ စိတ်ဝင်စားခြင်းနှင့်အတူ စိုးရွံ့ထိတ်လန့်ခြင်းလည်း ဖြစ်မိပေသည်။
သို့သော်... ဦးအောင်သွင်သည် ဒေါက်တာဖရက်ဒီခန့် ယဉ်မျိုးသွင်၏ ပုံတူကို မျိုးပွားနေပုံအား လက်တွေ့ ကြည့်ရှုခွင့်မရခဲ့ပါ။ ဒေါက်တာ ဖရက်ဒီခန့်က ဓာတ်ခွဲခန်းအတွင်းသို့ ဝင်ခွင့်မပြုခဲ့။ သာမန်လူတို့ ကြည့်ရှုရန် မသင့်လျော်သော ကိစ္စ ဖြစ်၍ ဒေါက်တာဖရက်ဒီခန့်က ကြည့်ခွင့်မပြု ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာဖရက်ဒီခန့်သည် မြေး ဖြစ်သူ ဒေါက်တာမျိုးထိုက် ၏ အကူအညီကိုယူကာ.. နေ့မအား ညမနား ပုံတူမျိုးပွားခြင်းကို လုပ်ဆောင်ခဲ့ပေ၏ ။
''စိတ်ချပါအန်ကယ်.. ယဉ်မျိုးသွင်ကလုံးဟာ တစတစ ရုပ်လုံးပေါ်လာပါပြီ၊ မကြာခင် ပြီးပြည်စုံတဲ့အထိ အောင်မြင်တော့မှာ ပါ၊ ကလုံးကိုမြင်ရတဲ့အခါ တကယ့်ယဉ်မျိုးသွင်နဲ့ မခြားအောင် အန်ကယ် တွေ့ ပါလိမ့်မယ်၊ မကြာတော့ပါဘူး''
ဒေါက်တာမျိုးထိုက်က ဦးအောင်သွင်ကို နှစ် သိမ့်ခဲ့ပေသည်။
ယင်းသို့ဖြင့်... ယဉ်မျိုးသွင်၏ အံသွားကိုအသုံးပြုကာ ပုံတူ မျိုးပွားပညာဖြင့် ပြုလုပ်ထားသော ယဉ်မျိုးသွင်အတုကို မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရပါပြီ။
ယဉ်မျိုးသွင်အတုသည် ယဉ်မျိုးသွင်အစစ်နှင့်မခြားအောင် ဦးအောင်သွင်ရှေ့တွင် သရုပ်ဆောင်ပြခဲ့သည်။ ကလုန်းယဉ်မျိုးသွင်၏ သရုပ်ဆောင်ပီပြင်မှုကို ဦးအောင်သွင်သာမက.. ကလုန်းကိုဖန်တီးထုတ်လုပ်လိုက်သည့် ဒေါက်တာဖရက်ဒီခန့်နှင့်ဒေါက်တာမျိုးထိုက်တို့ကိုယ်တိုင်ပင် အံ့အားသင့်မိလေသည်။
ယခုတော့... ကလုန်းကို ယဉ်မျိုးသွင်အစစ်နှင့် လူစားထိုး လဲလှယ်နိုင်သည့်အဆင့်အထိ အဆင်သင့် ဖြစ်နေပါပြီ။
ယဉ်မျိုးသွင်အစစ်ကို ဒေါက်တာဖရက်ဒီခန့်၏ ဓာတ်ခွဲခန်းသို့ ရောက်အောင်ခေါ်လာဖို့ပဲ လိုတော့သည်။
![]() သေမင်း၏လက်ဗွေရာ | ![]() ရိုင်းတဲ့ တစ္ဆေ | ![]() တစ္ဆေအော်သံ |