
(စကားဦး အမှာ စာ)
၁၉၉၁ ခုနှစ် ၊ ဇွန်လ (၂၆)မှ ၁၉၉၂ ခုနှစ် ၊ ဧပြီလ (၂၉)ရက်၊ နေ့လယ် (၁း၀၀)နာရီအထိ ကျွန်မသည် အင်းစိန်ဗဟိုအကျဉ်းထောင်ကြီးမှာ နေထိုင်ခဲ့ရပါသည်။ အမှု ပုဒ်မမှာ အများ ထင်သကဲ့ သို့ ၅(ည)မဟုတ်ပေ။ ၁၉၃ … ဟုဆိုသည်။ (မမှန်မကန်ကျမ်းကျိန်မှု ။) ရွေးကောက်ပွဲလုပ်စဉ်က တင်ပြ ခဲ့သော ငွေစာရင်းသည် မှန်ကန်ပါကြောင်း တရားသူကြီးထံ ကျမ်းကျိန်လက်မှတ် ရေး ထိုးခဲ့ပါလျက် ထိုစာရင်း၌ ချို့ယွင်းချက်များ ရှိနေသည်ဟုဆိုပြီး၊ မမှန်မကန်ကျမ်းကျိန်မှု ၊ (ပုဒ်မ ၁၉၃)ပြစ်ဒဏ် (၃) နှစ် ကျခံခဲ့ရခြင်းတည်း။
မည် သည့်ပုဒ်မနှင့် ပင် ဖြစ်စေ၊ ကျွန်မသည် ရန်ကုန်တိုင်း၊ တိုက်ကြီးအမတ်အ ဖြစ် အခြား ၅(ည) များ နှင့် အတူ နေခဲ့ရ၏ ။ ပြစ်ဒဏ်က (၃)နှစ် ဖြစ်သော်လည်း (၁၀)လနှင့် လွတ်လာခဲ့လေသည်။
ကျွန်မကား စာရေး ဆရာ ဖြစ်ပါသည်။ နိုင်ငံရေး ကို မနေသာ၍ ၀င်လုပ်ခဲ့ရခြင်း ဖြစ်ပြီး နိုင်ငံ ရေး သမားဘ၀နှင့် စာရေး ဆရာဘ၀ ကြိုက်ရာရွေးရန် ဖြစ်လာခဲ့သော် စာရေး ဆရာဘ၀ကိုသာ ရွေး မည့် သူ ဖြစ်၏ ။ ထို့ကြောင့် … ထောင်မှထွက်လာသော အခါ ထောင်အတွေ့ အကြုံများ ကို အားသွန် ပြီးရေး ခဲ့သည်။ ပထမဆုံးရေး သော စာမှာ အင်းစိန်မှတ်တမ်းဟု အမည် ပေးထားသော မှတ်တမ်းရှည် ကြီး ဖြစ်၏ ။ ဖူးစကတ် စာမျက်နှာ (၂၀၀)ရှိသည်။ ဘယ်ကာလ၌ ပုံနှိပ်ခံရမည် ကို မရေရာချေ။ သို့ သော် စာရေး ဆရာ၏ တာဝန်က ရေး ထားရန်ပင် ဖြစ်၏ ။
ဒုတိယရေး သော စာမှာ လူကုန်ကူးမှု ဖြင့် ပြစ်ဒဏ်ကျခံနေရသူ မိန်းကလေးတစ်ဦး၏ ရင်ဖွင့် ချက် ဖြစ်ပြီး ၎င်းအ ဖြစ်အပျက်ကို ၀တ္တုအသွင်ဖြင့် ရေး ဖွဲ့ခဲ့ပါသည်။ “ကန္တာရနှင်းဆီ”အမည် ပေးပါသည်။ ဖူးစကတ် (၂၀၀)ရှိသည်။
အထက်ပါဖိုင်တွဲ များ ကို မိမိအသက်ပမာ ထုပ်နှောင်သိမ်းဆည်းခဲ့သည်မှာ (၁၈)နှစ် ပင် ကြာခဲ့ ၏ ။ အင်းစိန်မှတ်တမ်းကို “နရသိန်”မဂ္ဂဇင်း (အကျဉ်းဦးစီးဌာန)မှာ ထည့်ခွင့်ရပေပြီ။ ၀ါရော်နေသော စာရွက်များ ကို ဖိုင်တွင်းမှထုတ်ယူကာ လူထုထံတင်ပြနိုင်ပါပြီ။ ဘယ်သူ့ကို ထိုင်ကန်တော့ရမလဲဟုပင် ကျွန်မက ရယ်စရာအ ဖြစ် ပြောမိပါသည်။
ကန္တရာနှင်းဆီကိုကား တင်ပြခွင့်မဆောင်ရွက်ရသေးပါ။
ဤအတောအတွင်း ထောင်ဝတ္တုတွေ ရေး စမ်းပါပြောလာသူများ အား “ကိုယ်က ထောင်ထဲမှာ မိန်းမ ၂၀၀ နဲ့ နေလာတာ။ ၀တ္တု ၂၀၀ ရှိတယ်”ဟု ရင်ကော့ပြီး ပြောမြဲ ဖြစ်၏ ။ နရသိန်ထုတ်မယ်ဆို ပြီး ကိုယ်လိုပင် ထောင်ထွက်အယ်ဒီတာက စာမူတောင်းသော အခါ မိန်းမတစ်ဦးစီ၏ ထောင်ကျရခြင်း အကြောင်းရင်းများ ကို ချရေး ခဲ့ပါသည်။ (၇)ပုဒ်ပြီးသော အခါမှ ရပ်လိုက်ပြီး အင်းစိန်မှတ်တမ်းကို ပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ယခု ထို(၇)ပုဒ်နှင့် နောက်ထပ် (၂)ပုဒ် ထပ်တိုးကာ စုစုပေါင်း (၉)ပုဒ်ကို စုစည်းပြီး ရွှေ…. စာပေထုတ်လုပ်ရေး မှ ထုတ်ဝေရန်စီစဉ်ပါသည်။ အ ဖြစ်အပျက်အမှန်များ ကို အခြေခံထားခြင်း ဖြစ် သော်လည်း ရသ၀တ္တုများ ဖြစ်အောင် ဖွဲ့ယှက်ရသဖြင့် အဖြည့်စာများ ပါပါသည်။ အပြစ်ကင်းလျက် ပြစ်မှု မြောက်သွားရသော မိန်းမများ လည်း ပါပါသည်။ ထိုအခါ စာဖတ်သူများ အနေဖြင့် အကျဉ်းသူ ဆိုတိုင်း ပြစ်မှု ကျူးလွန်သူများ ဟု ထင်မြင်ြ ကတော့မည် မဟုတ်ပေ။ ဤသို့ ဆိုပါလျှင် စာရေး ဆရာ စာရေး ရကျိုးနပ်ပြီဟု ၀မ်းသာပီတိ ဖြစ်ရပါတော့မည် ။
လောက၌ လောကပါလတရားများ ဖွံ့ဖြိုးပါစေသော်။
ရွှေကူမေနှင်း
၂၀၁၀ ပြည့်နှစ် ၊ သြဂုတ်လ (၁၅)ရက်။
အခန်း (၁)
“ဘာရာ”ဆိုသော ဝေါဟာရကို ရပ်ထဲရွာထဲက လူများ ကြားဖူးကြမည် မထင်ပါ။
အကျဉ်းထောင်ထဲမှာ တော့ “ဘာရာ”ဆိုလျှင် ရာထူးတစ်ခုမှန်း သိကြသည်။ အကျဉ်းထောင် သည် လူ့ရပ်လူ့ရွာမှ ကင်းဝေးသော သီးခြားကမ္ဘာတစ်ခု ဖြစ်သည်သာမက လူ့ရပ်လူ့ရွာမှာ မကြားဖူး သော ဝေါဟာရများ နေသားကျနေသော ကမ္ဘာတစ်ခုလည်း ဖြစ်သည်။
အကျဉ်းထောင်ဆိုသည့်အတိုင်း နေရာကျဉ်းသည်။ ထောင်ဆိုသည့်အတိုင်း ချုပ်နှောင်ထား သည်။ အပြင်နှင့် မဆက်ဆံရ။ အပြင်ကိုမထွက်ရ။ (၁၅)ရက်တစ်ခါမှာ (၁၅)မိနစ်ခန့် အိမ်မှ မိသားစု များ နှင့် သံဆန်ခါနှစ် ထပ်ကာလျက် ရေး တေးတေး မြင်ရရုံ၊ စကားဆိုခွင့်ရရုံမှတစ်ပါး မည် သည့် ပြင်ပလူများ နှင့် မျှ မမြင်ရ၊ မတွေ့ ရ။
သည်လို အပြင်နှင့် လုံးဝကန့်သတ်ထားသော အုတ်တံတိုင်းအထပ်ထပ်အတွင်းမှာ ဝေါဟာရ တွေ သီးသန့်ရှိနေခြင်းမှာ မဆန်းကြည်ပေ။ တစ်ရွာတစ်ပုဒ်ဆန်း ဆိုထားတာပဲ။
“ဘာရာ”ဆိုသော ရာထူးက ထောင်ဝန်ထမ်းမဟုတ်ချေ။ ထောင်ဝန်ထမ်းအကြပ်များ ကို “၀ါဒါ” ဟုခေါ်သည်။ ၀ါဒါကို ထောင်ထဲကအကျဉ်းသားများ က “ဆရာ”ဟု ခေါ်ရသည်။ မိန်းမ၀ါဒါ ဖြစ်လျှင် “ဆရာမ ”ဟု ခေါ်ရသည်။ ၀ါဒါများ သည် လစာရိက္ခာရ၏ ။ ယူနီဖောင်းရ၏ ။ လက်မောင်းမှာ အရစ်ရ၏ ။ သံပရာခွံ ဦးထုပ်လှလှလေးများ ကိုပင် လှလှပပဆောင်းကြရလေသည်။
ဘာရာကား ၀န်ထမ်းမဟုတ်။ လစာမရ။ ယူနီဖောင်းမရ။ အရစ်မရ။ သို့သော် အာဏာရှိလေ သည်။
ဘာရာကို အကျဉ်းကျနေသူ အကျဉ်းသားများ ထဲမှ ရွေးချယ်ခန့်ထားခြင်း ဖြစ်၏ ။ ထောင်ကျခံ ရင်း တာဝန်တစ်ခုအပေးခံရသူ ဖြစ်၏ ။ ဘာရာကို သက်ဆိုင်ရာအဆောင်မှူး (ထောင်မှူး)က ရွေး သည်။ ဘာရာအမျိုးမျိုးရှိသည်။
ညဘက်အချိန်မှတ်၍ အဆောင်မှလူများ တစ်စုံတစ်ရာ ပြဿနာမရှိကြောင်း သတင်းပို့ရ သော “ညဘာရာ”ရှိသည်။ ရေချိုးချိန်မှာ စနစ်တကျနှင့် လောက်လောက်ငင ဖြစ်အောင်၊ ခိုက်ရန်မ ဖြစ်ပွား အောင် ကြီးကြပ်ရသော “ရေကန်ဘာရာ”ရှိသည်။
တာဝန်ကြီးသည်နှင့် အမျှ ထိုတာဝန်ကို ထမ်းဆောင်သူရရှိသော အကျိုးကား မက်မောဖွယ် ကောင်းသည်။ “ထိုတာဝန်ထမ်းသည့်အတွက် သီးသန့်လျှော့ရက်”ရခြင်းတည်။
အမေစိန်းကား (၉-၆) ဘာရာ ဖြစ်၏ ။
ည(၉)နာရီမှ မနက်(၆)နာရီအထိ တာဝန်ယူရသည်။
ည(၉)နာရီ သံချောင်းခေါက်သည်နှင့် အကျဉ်းသူအားလုံး ကြမ်းပြင်အိပ်ရာပေါ် လှဲအိပ်ရသည်။ ငုတ်တုတ်ထိုင်နေသူမရှိရ။ စကားပြောနေသူမရှိရ။ ဒါကို ဘာရာက စောင့်ကြည့်ရသည်။
စောင့်ကြည့်ရုံနှင့် မပြီးပေ။ နာရီကြည့်ပြီး (၁၅)မိနစ်တစ်ကြိမ် အော်ရ၏ ။
“(၈)ဆောင် အပေါ်ထပ် လူပေါင်း (၂၃၁)၊ အားလုံးကောင်းပါတယ်ရှင့်”
ထိုသို့ အော်ရခြင်းကို တိုးတိုးအော်၍ မရပါ။ တစ်ဘက်ရှိ အဆောင်တာဝန်ခံ(ရုံးခန်း)မှ တာဝန် မှူးကြားအောင် အော်ရသည်။ ခုဆို အမေစန်းအသံပင် ပြာလဲ့လဲ့၊ ကွဲအက်အက် ဖြစ်နေပြီ။ ထို(၁၅) မိနစ် တစ်ကြိမ်နှင့် တစ်ကြိမ်ကြားမှာ လည်း အိပ်ပျော်သွား၍ မ ဖြစ်။ သည်တော့ အမေစန်းသည် ပြတင်းပေါက်ရှည်ကြီး၏ သံတိုင်များ ကိုမှီရင်း ပုတီးစိပ်နေရ၏ ။ ကုသိုလ်ရတာ ပေါ့ဟု အမေစန်း သဘောထားသည်။ ထောင်ကျတာကိုပင် အကုသိုလ်ကြောင့် ၊ ၀ဋ်ကြွေးကြောင့်ဟု ခံယူသည်။ သည်တော့ ၀ဋ်ကြွေးကျေအောင်၊ အကုသိုလ်စင်အောင် ကုသိုလ်လုပ်ရမည် ဟု အမေစန်းယုံကြည်၏ ။
အမေစန်းနေရသော အဆောင်မှာ (၈)ဆောင် အပေါ်ထပ် ဖြစ်သည်။ အင်းစိန်ထောင်ကြီးထဲမှာ အဆောင် (၁)မှ (၅)အထိက အမျိုးသားဆောင်များ ဖြစ်ပြီး (၆)၊ (၇)၊ (၈) သုံးဆောင်မှာ အမျိုးသမီး အဆောင်များ ဖြစ်သည်။ ထိုသုံးဆောင်ထဲမှာ အဆောင်(၆)မှာ အမှု ရင်ဆိုင်ဆဲ အချုပ်သမားများ ကို ထားသဖြင့် “အချုပ်ဆောင်”ဟုခေါ်သည်။ (၇)၊ (၈)မှာ စီရင်ချက်ချမှတ်ပြီး ထောင်အပြစ်ဒဏ်ကျခံရ သူများ ကို ထားသဖြင့် “အကျဆောင်”ဟု ခေါ်သည်။
အချုပ်ဆောင်ဝင်းထဲမှာ ရော၊ အကျဆောင်ဝင်းထဲမှာ ပါ အရေး ကြီးပုဒ်မသမားများ ကို သီးသန့် ခွဲထားသော “တိုက်”ခေါ် တိုက်ပိတ်အခန်းငယ်များ ရှိသေးသည်။ တိုက်ထဲနေသူများ ကို အမြဲသံတံခါး ပိတ်ထားပြီး ရေချိုးချိန်၊ အညောင်းဆန့်လမ်းလျှောက်ချိန်အ ဖြစ် နာရီဝက်၊ တစ်နာရီ ဖွင့်ပေးသည်။ အမှု ကိုလိုက်၍ လုံးဝဖွင့်မပေးသော လူများ လည်းရှိသည်။ တိုက်နေသူများ ၏ အခန်းမှာ (၈)ပေ ပတ်လည် ခန့်ရှိမည် ။ အစားအသောက်စားခြင်း၊ အိပ်ခြင်းအပြင်၊ အညစ်အကြေးစွန့်ခြင်းကိုပါ အခန်းထဲ၌ ပြုလုပ် ရ၏ ။ အညစ်အကြေးစွန့်ရင် “အင်တုံ” (စဥ့်အင်တုံကြီး)များ ထားရှိသည်။ တစ်နေ့တစ်ကြိမ် မိလ္လာ သမား လာမှယူသွားမည် ။ မလာမချင်း မိမိအနံ့နှင့် မိမိ နေလေတော့။
အဆောင်နေသူများ ကား လွတ်လပ်ပါသည်။
အလျားပေ (၂၀၀)ခန့်၊ အနံပေ(၅၀)ခန့် ဟောခန်းကြီးနှင့် နှစ် ထပ်ဆောင်များ ဖြစ်ပြီး (၇)ထပ် ဆောင်အပေါ်ထပ်မှာ “ပန်းရန်အဖွဲ့”၊ အောက်ထပ်မှာ “ဇာထိုးအဖွဲ့”ဟု ခွဲထားသည်။ (၇)နှင့် တွဲ လျက် မှာ “တိုးချဲ့”ခေါ် မြေစိုက်အဖီကြီး ချထားတာရှိသေးသည်။ တိုးချဲ့ထဲမှာ က မှော င်ရိပ်ခိုပုဒ်မ(၃၀-ဃ) သမား အများ ဆုံးထားသည်။ သူတို့က တစ်လ၊ နှစ် လမှ (၆)လခန့်သာ ကြာတတ်သည်။ ကာလတို သမားများ မို့ ခပ်ပျော်ပျော် အချိန်ဖြုန်းလေ့ရှိကြ၏ ။ “၀င်လိုက်ထွက်လိုက်”လည်း လုပ်တတ်ကြသေး သည်။ သူတို့ဘ၀ကား ဘာကိုမျှအလေးမထား။ ဘ၀တူချင်း ပြောကြဆိုကြ၊ ရန် ဖြစ်ကြ၊ ဘာဆိုဘာမျှ ထိန်းကွပ်မှု မရှိ။ ဘာအပူအပင်မျှ မရှိ။
(၈)ဆောင်ကလည်း နှစ် ထပ် ဖြစ်သည်။
အောက်ထပ်မှာ ကလေးအမေများ ကိုထားသဖြင့် “ကလေးအမေဆောင်”ဟု လွယ်လွယ်ပင် ခေါ်ကြသည်။ (၈)ဆောင်အပေါ်ထပ်ကား အသန့်ဆုံးဟု ဆိုရတော့မည် ။ (၃၀-ဃ)မှော င်ရိပ်ခိုမှု လုံးဝမပါ။
ကလေးအမေတွေ လို သေးနံ့ချွေးနဲ့မရှိ။ အပေါ်ထပ်ကို ခြုံကြည့်လျှင်အညာဆန်သင်္ဘောကြီး၏ ကုန်းပတ်နှင့် တူပါသည်။ အကျဉ်းသူများ ကလည်း ပေရေစုတ်ပြတ်နေသူများ မဟုတ်ကြ။ တကယ့် ရပ်ဝေးခရီးသည်များ နှင့် တစ်ထပ်တည်းတူလှသည်။ ဘေးကြားအိပ်ခေါ် ပလတ်စတစ်အိတ်ကြီး များ ကို ခြေရင်းမှာ စီပြီးချထားကြ၏ ။ ခြေချင်းဆိုင် နှစ် တန်း ဖြစ်ပြီး အလယ်မှာ လူသွားလမ်းရှိသည်။ ခေါင်းရင်းမှာ ဘုရားစင်နှင့် ။ ဘုရားပန်းတွေ က ဝေလို့။
ဝေပေတာပေါ့လေ။
အမေစန်းတို့၊ အမေတင်တို့၊ ပြီးတော့ သင်္ဃန်းကျွန်းက မယ်တော် ကြီးတို့၊ ပြီးတော့ အင်းစိန် က အန်တီမြင့်တို့ဆိုတာ ဘာသာရေး သမားတွေ ပဲ။ တစ်နေကုန် စိပ်ပုတီးကို မချကြချေ။ ညနေခင်းဆို (၈)ထပ်ဆောင်ရှေ့ မြက်ခင်းမှာ မြေဇူ(မဉ္ဇူ)ပန်းတွေ ရောင် စုံပွင့်ကြသည်။ အဖြူ၊ အနီ၊ ပန်းနု၊ အ၀ါ၊ ခရမ်း စုံလို့။
အဲသည်ပန်းတွေ ကို ခူးခွင့်ပေးထား၏ ။
သည်အခါ အန်တီမြင့်ခေါင်းဆောင်သော ၅-ည ကောင်မလေးတွေ က မဉ္ဇူပန်းတွေ ကို ခူးကြ သည်။ ကျွတ်ကျွတ်အိပ်ကြီးနှင့် တစ်လုံးအပြည့်ရလျှင် အပေါ်ထပ်တက်လာပြီး ပန်းသီကြ၏ ။ မဉ္ဇူပန်း သီရတာ က ပညာသားပါသည်။ နန်းကြိုးလေးနှင့် သီရတာ ပါ။ သည်အခါ ကိုယ့်စိတ်ကူးနှင့်ကိုယ် အပွင့်ဘယ်လောက်၊ အရောင် ဘယ်လိုဆိုပြီး သီကြရင်း အချိန်ကုန်သွားမှန်းမသိလိုက်။ ကုသိုလ် လည်းရ၊ အကျိုးလည်းများ ။ သူတို့လေးတွေ သည်အရွယ် မိဘရင်ခွင်မှာ ဆိုးကြနွဲ့ကြတုန်း။ ခုတော့ အန်တီမြင့်ကို ပုံပြီး နွဲ့နေကြလေသည်။
အမေစန်းကိုလည်း ညဘက်အိပ်ရေး ပျက်ရှာတယ်ဆိုပြီး၊ သူတို့ ထောင်ဝင်စာအထုပ်ထဲက မုန့်ပဲသရေစာလေးတွေ လှူကြရှာသည်။ အမေစခန်းက မျက်စိမှိတ်ပြီး ဆုတောင်းပေးသည်။
“ငါ့သမီးလေးတွေ ကျမ်းမာပါစေ၊ ချမ်းသာပါစေ အမြန်ဆုံး သည်ထောင်က လွတ်ကြပါစေ….” ဟု။
“ဟော … မတင် နေမကောင်းဘူးလား”
(၈)ဆောင် အပေါ်ထပ်သို့ အမေတင်တက်လာသဖြင့် အမေစခန်းက ဆီးမေးခြင်း ဖြစ်၏ ။ ကြမ်းပေါ်လှဲအိပ်နေသော အမေစန်းနား အမေတင်လာထိုင်သည်။ အမေတင်ကား အပေါ်ထပ်မှာ နေလေ့မရှိ။ ပန်းဆောင်ဘက်မှာ ၊ ဇာဆောင်ဘက်မှာ ၊ လက်သုပ်ရောင်းနေသူ ဖြစ်၏ ။ အပြင်မှာ ချဲရောင်းသူများ ကို ထမင်းရောင်းခဲ့သော အမေတင်သည် ထောင်ထဲမှာ လည်း အောင်မြင်သော အသုပ်သည် ဖြစ်နေလေသည်။
အမေတင်က သူ့ရင်ဘတ်လေးကို လက်ဖြင့် ဖိရင်း ရှုံ့မဲ့နေသည်။
“ဟုတ်တယ် …. ဒေါ်စန်းရေ၊ ဒီနေ့ ပိုပြီးရင်ကျပ်လာလို့”
“ဘမ်းပရုတ်ဆီ လူးမလား”
“ခဏခဏတောင်းရတာ အားနာလာပြီ”
“ရပါတယ်အေ၊ ဘ၀တူတွေ ပဲဟာ”
အမေစန်းက သူ့ခြေရင်းရှိ ပလတ်စတစ်အိတ်ကြီးကို ဇစ်ဖွင့်လိုက်သည်။ အထဲက ကော်ဘူး ကြီးကိုထုတ်လိုက်သည်။ ကော်ဘူးထဲမှာ ပရုတ်ဆီ၊ လျက်ဆား၊ ဦးစိုင်းလိမ်းဆေး၊ ၀မ်းနုတ်ဆေး၊ ၀မ်းပိတ်ဆေး၊ ပါရာစီတမော၊ နျူရိုဘီရမ် စုံနေအောင်ရှိသည်။
အမေစခန်းက ညဘာရာတာဝန်ကို ယူသဖြင့် နေ့ခင်းတစ်နေ့လုံး (၈)ဆောင်အပေါ်ထပ်မှာ လှဲအိပ်နေတတ်သည်။ ကြမ်းပြင်က ကျွန်းလျှာထိုးဆိုပေမဲ့ ကြမ်းပိုးပေါ၏ ။ သည်တော့လည်း ကြမ်းပိုး တွေ ထွက်လာအောင် ကြမ်းကြားထိုးနေရတော့ အပျင်းပြေလေသည်။ အမေစန်းမှာ ဘာတာဝန်မှ မရှိတော့။ မနက်ထမင်း၊ ညထမင်းကို တန်းစီဖို့အတွက် (၃၀-ဃ)ထဲက ကောင်မလေး တစ်ယောက် ကို ငှားထားသဖြင့် မပူရ။ ကောင်မလေးကို တစ်ပတ်မှာ ဆေးလိပ်(၁၀)လိပ်ပဲ အလုပ်သမားခအ ဖြစ် ပေးရတာ ပါ။
“သာဓုပါတော် …. သာဓုပါ”
အမေတင်က အမေစန်းလှမ်းပေးသော ပရုတ်ဆီဘူးကို လှမ်းယူရင်း သာဓုခေါ်၏ ။ ပရုတ်ဆီ ကို ရင်ဘတ်မှာ တစ်ပြင်လုံး အနှံ့လူးပြီးမှ ဘူးကိုပြန်ပေးကာ …
“ဒီတစ်ပတ် သမီးတွေ ပဲ လာသလား”
အလာပသလ္လာပအ ဖြစ် မေးရ၏ ။
အမေစခန်းက ယောင်ယောင်လေးမျှ ပြုံးသည်။
ဆောင်းတွေးလေတစ်ချက် ဝှေ့လာသဖြင့် နဖူးပေါ်မှ ပြန့်လွင့်နေသော ဆံပင်ဖြူဖြူများ ကို သပ်တင်နေ၏ ။ အမေစန်း ၀မ်းနည်းနေလားမသိ။ အမေတင်က မျက်နှာလွှဲလိုက်သည်။ အမေစန်း မျက်နှာညှိုးတာကို မမြင်ချင်။ ကိုယ်ချင်းစာသည်။
“ဟုတ်တယ်၊ သူတို့အဖေက နည်းနည်း နေမကောင်းသေးဘူးတဲ့”
ပြန်ဖြေသော အမေစန်းအသံက အားနွဲ့နေလေသည်။
အမေစန်းက သွေးဆေးလျက်ဆားပုလင်းဖွင့်ပြီး လျှာပေါ်တင်နေ၏ ။ အမေတင်က ကြမ်းပြင် ပေါ် ပလက်လက်လှန်ရင်း ရင်ကျပ်သက်သာလိုသက်သာငြား လေကိုပါးစပ်ဟ၍ ရှူနေသည်။
“အင်း … ရှင်က လင်ကိုသိပ်ချစ်တာပဲနော်”
အမေတင်က မျက်နှာကြက်ကိုကြည့်ရင်း မှတ်ချက်ချ၏ ။ မျက်နှာကြက်ကား ဖြူဖွေးနေ သည်။ သန့်ရှင်းနေသည်။ ဘုရားစင်ပေါ်က မြေဇူပန်းများ ရနံ့ကလည်း သင်းကြိုင်နေလေသည်။ အေးလေ ..ဘာ ဖြစ်သေးလဲ။ ကိုယ့်အိမ်ထက်တောင် ကောင်းသေးဟု အမေစန်းခဏခဏပြောတာကို သတိရ မိ၏ ။ အမေစန်းကား တရားနှင့် ဖြေတတ်သူပေပဲ။
“အေးပေါ့လေ”
အမေတင်က ဘာရယ်မဟုတ်သော လေသံဖြင့် ဖြေလိုက်၏ ။ ခုတလော ဘာတွေ့ တွေ့  အေးပေါ့လေဟု သဘောထားတတ်နေပြီပဲ။ အမေစန်းက သွေးဆေးလျက်ဆားပုလင်းထဲက ဆေးမှု န့် များ ကို အမေတင့်လက်ထဲ ထည့်ဖို့ပြင်၏ ။ အမေတင်က လက်ဖ၀ါးဖြန့် ခံလိုက်သည်။
အမေစန်းက တစ်ချက်ပြုံးပြီး ….
“ချစ်ဆို …. ငယ်ပေါင်းတွေ ကိုး မတင်ရဲ့ ။ သူတစ်သက်လုံး ကျုပ်တို့ကို လုပ်ကျွေးလာခဲ့တာ။ နည်းတဲ့ကျေးဇူးမှတ်လို့။ ငွေရေး ကြေးရေး ဘာမှမပူရဘူး။ သားငယ်၊ မယားငယ်မယူဘူး။ မူးယစ် သောက်စား မရှိဘူး။ အဲ …. ဖဲဝါသနာလေးတစ်ခုပဲ”
အမေတင်ရယ်သည်။
“ဖဲဝါသနာပါတာလေး”….တဲ့။
အမေစန်းက သူ့လင်ကို ညှာညှာတာတာပြောနေတာပါ။ အဲသည် “၀ါသနာလေး”ကြောင့် အမေစန်းထောင်(၆)လကျနေတာကိုများ ခွင့်လွှတ်နေသေးသည်ဆိုပြီး အမေတင်ရယ်ချင်သည်။
အမေတင်က ရယ်ပေမဲ့ အမေစန်းက မရယ်ချေ။
ပြတင်းသံတိုင်များ ကြားမှ ခပ်ဝေးဝေး သစ်ပင်ဖျားများ ဆီ ငေးနေသည်။ သစ်ပင်တွေ က စိမ်းစိမ်းလန်းလန်းမရှိကြ။ မိုးတွင်းတုန်းကလို စိုလဲ့တောက်ပမနေကြ။ ဖုန်တွေ ပဲ ကပ်နေလားမသိ။ အရောင် တွေ မွဲခြောက်နေသလိုပဲ။
ဆောင်းနေရောင် ကလည်း ဆောင်းမဆန်ပေ။
ဝါဖန့်ဖန့်၊ တောက်တောက်ကြီး ဖြစ်နေသည်။ ရာသီဥတုများ ကလည်း ကိုယ်တွေ ငယ်ငယ်ကလို မဟုတ်ြ ကတော့။ ဖောက်ပြန်နေကြပြီ။ အေးလေ … အားလုံးဟာ သင်္ခါရတွေ ပဲ။ သင်္ခါရဆိုတာ ပြုပြင် စီရင်ခြင်းဟု ကိုယ့်ယောက်ျား (ဘုန်းကြီးကျောင်းထွက်)က ပြောနေကျပါ။ သည်တော့ အရာရာဟာ ဖောက်ပြန်မှာ ပဲ၊ ပြောင်းလဲမှာ ပဲ။
အမေစန်းက အုတ်တံတိုင်းထိပ်က ခိုလေးတွေ ကိုလည်း ကြည့်ပြီး တရားကျသည်။ (၈)ထပ် ဆောင်နားမှာ ခိုငှက်တွေ များ ပြားလှ၏ ။ ဘာကြောင့် များ သည်အကျဉ်းထောင်ထဲမှာ ဒီခိုတွေ ဘာစတည်းချကြပါလိမ့်။ သူတို့ကို ဘယ်သူကမှ ထောင်ထဲမသွင်းထားဘဲနဲ့။ ထောင်ထဲမှာ များ ဘာ ဖြစ်လို့ လာပြီးပျော်နေကြတာလဲ။
အဖြေ ကတော့ ထောင်ထဲမှာ အစာပေါလို့ပါပဲ။
ထောင်ထဲမှာ အစာပေါသည်ဆိုတော့ ယုံကြပါ့မလားမသိ။ စားကြွင်းစားကျန်ပေါတာကိုပြော တာပါ။ ဘယ့်နှယ် လူပေါင်း လေးငါးထောင် နေ့တိုင်း ထမင်း(၂)နပ်စားကြတာဆိုတော့ စားကြွင်း စားကျန်က ပေါပြီပေါ့။ ထောင်ထမင်းဆိုတာ ဘယ်လိုပင်ဆန်မကောင်းဘူးဆိုသော်လည်း သက်ဆိုင် ရာတို့သည် ထမင်းကို ဘယ်ရွေ့ဘယ်မျှဟု သတ်မှတ်မထားချေ။ ထမင်းဖို(ထမင်းတောင်း)လာတုန်း ကိုယ့်ခွက်နှင့် ခံထားလျှင် စား၍ မကုန်ချေ။ အများ အားဖြင့် ပိုကြသည်။ ဒီတော့ ခိုကလေးတွေ အတွက် အစာပေါနေသည်။
အမေစန်းက အပြင်ကိုငေးဆဲ အမေတင်အိပ်ပျော်သွားသည်။ အမေစန်းလည်း မျက်စိကို မှိတ်ပြီး အိမ်ကိုသွားလိုက်၏ ။
အခန်း (၂)
အမေစန်းတို့က ၀န်ထမ်းအိမ်ရာ ဖြစ်သည်။ အမေစန်းယောက်ျား ကိုလှသော င်းကား ရိုးသား သော ၀န်ထမ်းတစ်ဦး၊ သစ္စာရှိသော ၀န်ထမ်းတစ်ဦး၊ ၀ါရင့်သော ၀န်ထမ်းတစ်ဦး ဖြစ်၏ ။
အမေစန်းတို့အိမ်ခန်းမှာ တနင်္ဂနွေဆို လူစည်သည်။ ဦးလှသော င်းက သဘောကောင်းကောင်း၊ အမေစန်းက ဖော်ဖော်ရွေရွေ၊ သမီးတွေ က အေးအေးချမ်းချမ်းဆိုတော့ ဧည့်ပျော်သည်။ တနင်္ဂနွေ မနက်ကတည်းက တစ်ယောက် ပြီး တစ်ယောက် ၀င်လာကြ၏ ။ တချို့လည်း စားစရာ အကြော်လေး ဘာလေး ပါလာသည်။ ကိစ္စမရှိပါ။ အမေစန်းက ပဲခြမ်းကြော်သုပ်၊ လက်ဖက်သုပ်ကို အရသာ ထူးထူး ကဲကဲပေါ်အောင် သုပ်တတ်၏ ။ ရေနွေးကြမ်းကို မပြတ်စေရ။ လက်ဖက်ခြောက်ကို လှော်ပြီးခပ်တာမို့ မွှေးနေသည်။ အမေစန်းသည် “ကိုယ့်မျက်စိအောက်မှာ ပဲ”ဟု လင်ကိုဂရုတစိုက်ပြုစုရင်း လင့်ဧည့် သည်များ ကိုပါ ကြည်ဖြူခဲ့သည်။ ဖဲဝိုင်းက ညဥ့်နက်လျှင်ပင် စောင်လေးဘာလေး ထုတ်ပေးသေး သည်။ ငါ့လင် အိမ်မှာ ပျော်ရှာတယ်။ အငယ်အနှောင်းမရှာ … ဟု စိတ်ချမ်းသာသည်။
ရဲတွေ ၀ိုင်းသော နေ့ကိုမူ မမေ့နိုင်။
မိုးလေးဖွဲဖွဲ ရွာနေ၏ ။
စီမံချက်ဆိုလား …. ဗြုန်းဆို ၀င်လြာ ကတော့ … အမေစန်းယောက်ျား ရေအိမ်ခဏ၀င်နေဆဲ၊ အမေစန်းက ရေနွေးကြမ်း ထပ်ဖြည့်ပေးနေဆဲ။ တစ်ဝိုင်းလုံး ဖမ်းသည်။ အိမ်ရှင်ကိုပါ ဖမ်းသည်။
ဤတွင် အမေစန်း ရင်ကော့လိုက်၏ ။
ကျုပ်ကိုဖမ်း … ကျုပ်ယောက်ျားမပါဘူး”
ဒါက အမေစန်းအမြော်အမြင်ကြီးတာပါ။ စဉ်းစားကြည့်လျှင် ဒီအခန်းလေးက အမေစန်း ယောက်ျားအမည် နှင့် ရထားခြင်းပဲ။ ယောက်ျားကိုဖမ်းသွားလျှင် ပထမဆုံး ၀န်ထမ်းအလုပ်ပြုတ်မည် ။ တစ်ဆက်တည်း အိမ်မှ ဖယ်ပေးရတော့မည် ။
အခု အမေစန်းကိုဖမ်းတော့ မှီခိုသူမို့ မိသားစုကိုမထိခိုက်။ ဦးလှသော င်း အလုပ်မပြုတ်။ အိမ်ခန်း ဖယ်မပေးရ။
အမေစန်းက ကိုယ့်လုပ်ရပ်ကို ကိုယ်ဂုဏ်ယူသည်။ မှန်ကန်သည်ဟု ယူဆသည်။ ဘယ်တော့ မှ နောင်တရလိမ့်မည် မဟုတ်။ ကိုလှသော င်းကိုလည်း ဘယ်တော့မှ အပြစ်မြင်လိမ့်မည် မဟုတ်ချေ။ သူ့ခမျာ “ဒီဝါသနာလေး”ပဲ ရှိရှာတာ။
အမေစန်း အချုပ်ထဲရောက်တော့ ဦးလှသော င်းက မကြည့်ရက်၍ လူချင်းလဲမည် လုပ်သေး သည်။ ဦးလှသော င်းလက်ကိုလှမ်းကိုင်ရင်း အမေစန်းက တရားပြရ၏ ။
“တော် စဉ်းစားကြည့်၊ ကျုပ်က ဒါ … တော့် ကို ကျေးဇူးဆပ်တာ။ တော် အလုပ်ပြုတ်လို့ မ ဖြစ် ဘူးလေ။ သမီးတွေ မဟုတ်တာ ဖြစ်ကုန်မှာ ပေါ့”
သည်တော့လည်း အမေစန်းယောက်ျားက ယောက်ျားတန်မဲ့ မျက်ရည်တွေ ၀ဲလို့…။ မင်း သိပ်ကို အနစ်နာခံပါပေတယ်။ အမရာကိန္နရီ မဒ္ဒီသမ္ဘူလတို့လို တော် လေးဝနွယ် ၀င်ပါပေတယ်ဟု ဆိုရှာသည်။
ဒါနှင့် ပဲ အမေစန်းလည်း ထောင်ကျရတာ တန်သွားသည်။
အပြစ်ဒဏ်က (၆)လဆိုပေမယ့် လျှော့ရက်တွေ ရှိသတဲ့။ သာမန်လျှော့ရက်၊ ကောင်းမွန်စွာ နေ၍ လျှော့ရက်၊ အလုပ်လုပ်၍ လျှော့ရက် စသဖြင့် ထိုလျှော့ရက်တွေ အပြင် ဘာရာလို တာဝန်မျိုးက လျှော့ရက်ပိုပြီးများ သဖြင့် အမေစန်း “ညဘာရာ”တာဝန်ကို တောင်းယူခဲ့ခြင်းတည်း။
အိပ်ရေး တော့ပျက်တာပေါ့။
တစ်ညလုံး သံတိုင်မီပြီး (၁၅)မိနစ်တစ်ကြိမ် အော်နိုင်ဖို့ အိပ်မငိုက်အောင် ဂရုစိုက်ရသည်။ အသံကို ကြိုးစားအော်ရသည်။
“(၈)ဆောင် အပေါ်ထပ်၊ လူပေါင်း (၂၃၁)၊ အားလုံး ကောင်းပါတယ်ရှင့် …”
ပထမ(၃)လတုန်းက ထောင်ဝင်စာကို အမေစန်းယောက်ျားကိုယ်တိုင် (တစ်ခါတစ်ရံ သမီး တစ်ယောက် နှင့် )လာတွေ့ လေ့ရှိ၏ ။ မင်း ဘာစားချင်လဲ၊ မင်းကြိုက်တတ်တဲ့ ခရီးသီးနှပ်ပါတယ်နော်၊ အားဆေးရော ကျန်သေးလား၊ ကျန်းမာရေး ဂရုစိုက်၊ စိပ်ပုတီးစိပ် …. စသော စကားတွေ က ခွင့်ပြု ချိန် (၁၅)မိနစ်အတွင်း မရိုးနိုင်ခဲ့။
နောက်ပိုင်းတော့ သမီးတွေ ပဲ လာကြသည်။
အဖေ နေမကောင်းဘူးဟုပဲ ပြောကြသည်။
အမေစန်းယောက်ျား နှလုံးရပ်ပြီး ကွယ်လွန်သွားပြီဟု အမှန်အတိုင်းပြောလျှင် အမေစန်းလည်း နှလုံးရပ်သွားနိုင်သည်။ သမီးတွေ က ဟန်မပျက် ဖုံးထားခဲ့ကြ၏ ။
သို့သော် တစ်ယောက် စကား တစ်ယောက် နားနှင့် ဘေးလူတွေ ကတော့ သိနေကြပြီ။
အမေစန်းကား …
“(၈)ဆောင် အပေါ်ထပ်၊ လူပေါင်း (၂၃၁)၊ အားလုံး ကောင်းပါတယ်ရှင့်”
ဟု အော်နေရှာဆဲ ….။
“ဒီတစ်ခါ ထောင်ဝင်စာလာလို့ တွေ့ လိုသူနာမည် မှာ “ကိုလှသော င်း”ဆိုရင် အမေ့ကို မိတ်ကပ် ဘူး ငှားကြစမ်းပါ”
ဟု နောက်သလိုလို ပြောနေသေးသည်။
လွတ်ရက်ရောက်၍ အိမ်အပြန် သူ“ကိုလှသော င်း”ကို မတွေ့ ရလျှင် ….
အားလုံးက အမေစန်းအတွက် အသက်ရဲရဲ မရှူရဲကြ
(နရသိန် မဂ္ဂဇင်း၊ ၂၀၁၀ ပြည့်နှစ် ၊ ဇန်န၀ါရီလ)
အမေတင်ဆိုလျှင် (၈)ထပ် တစ်ဆောင်လုံးက သိကြသည်။ အသက် (၅၀)ဆိုသော်လည်း တောသူလယ်လုပ် ဓားမခုတ်မို့ နဖူးပြောင်ပြောင်၊ ဆံပင်တင်းတင်း၊ ရင်ဖုံးလက်ရှည်နှင့် မိန်းမကြီးကို “အမေ”ဟု ခေါ်ကြသည်။ အမေ့နာမည် က ဒေါ်တင်ဆိုတော့ “အမေတင်”ပေါ့။
အမေတင်ကို ထောင်မှူးကအစ၊ ထောင်ဘာရာအားလုံး၊ တန်းစီးအပြင်၊ အကျဉ်းသူ အားလုံး က ချစ်ခင်ကြ၏ ။ အမေတင် … အမေတင်ဟု နှုတ်ဖျားမှာ ကျွမ်းဝင်ကြ၏ ။ အထူးသဖြင့် အမေတင် ထမင်းသုပ်ကို စွဲလမ်းနှစ် ခြိုက်ကြလေသည်။
အမေတင်က “လျှော့ရက်”ရအောင် “ဘုတ်ကိုင်”ရာထူးကို ရယူခဲ့၏ ။ ထောင်ထဲမှာ တောင် ယာဘုတ်ကိုင်၊ ပန်းဘုတ်ကိုင်၊ ဇာဘုတ်ကိုင် စသဖြင့် အလုပ်ကြီးကြပ်သူ ရာထူးများ ရှိသည်။ ကျွမ်းကျင်သူ၊ အုပ်ချုပ်ကောင်းသူများ ကို ခန့်ထားမြဲ ဖြစ်သည်။ အမေတင်က ပန်းလုပ်ငန်းမှာ ကျွမ်း၏ ။ စက္ကူပန်း၊ အ၀တ်ပန်း စသဖြင့် ရွာမှာ တုန်းက အလှူတွေ မှာ လုပ်နေကျမို့ ဒါတွေ လုပ်တတ်နေသည်။ ယခု ထောင်ထဲမှာ တတ်သည့်ပညာမနေသာဆိုပြီး လုပ်ရသဖြင့် အမေတင်သည် “ဘုတ်ကိုင် အမေ တင်” ဖြစ်သွားခဲ့၏ ။
ပင်ပင်ပန်းပန်း ကြီးကြီးကျယ်ကျယ်ကား မဟုတ်ချေ။ လုပ်ငန်းပြရုံမျှသာ ဖြစ်ပြီး ထောင်ထဲမှာ အသက်သာဆုံးအလုပ်လည်းစြဖ်ကာ အကောင်းဆုံးအဆောင်ကိုလည်း ရထားသည်။ (၈)ဆောင် အပေါ်ထပ်က အိပ်ဆောင် ဖြစ်၏ ။ (၇)ဆောင်ကား အောက်ထပ်မှာ ဇာထိုးပန်းထိုးအဆောင် ဖြစ်ပြီး အပေါ်ထပ်မှာ က အမေတင်တို့ “ပန်းဆောင်”တည်း။
ပန်းဆောင်ပေါ်မှာ က ကျွန်းလျှာထိုးကို ပေါလစ်တိုက်ထားသော ကြမ်းပြင်၊ သံတိုင်များ စိုက်ထားသော ကြမ်းထိ ပြတင်းပေါက်ရှည်များ ကြောင့် လင်းကျင်းသာယာရှိလှ၏ ။ ပြောကြကြေး ဆိုလျှင် ကိုယ့်အိမ်ထက်တောင် ကောင်းသေးဟု အမေတင်ပြောလေ့ရှိသည်။ ဟုတ်သည်လေ။ အမေတင့်အိမ်က ၀ါးကြမ်းခင်း၊ ၀ါးကပ်မိုး၊ ၀ါးထရံကာဆိုတော့ ယိုင်နဲ့နဲ့ပေါ့။ အခု … ပန်းဆောင်ကြီး က မြင့်မြင့်စွင့်စွင့်နှင့် ။ လေကောင်းလေသန့်လည်းရသည်။ အဝေးမြင်ကွင်းလည်းရှိသည်။ ပတ်ပတ် လည်က အုတ်တံတိုင်းကြီးများ ထက် မြင့်သဖြင့် အပေါ်စီးက မြင်ရသည်။ ပန်းဆောင်ပေါ်မှကြည့်လျှင် အမျိုးသားဆောင်ဆေးရုံကို လှမ်းမြင်နိုင်သည်။ ခပ်ဝေးဝေးမှ အကျဉ်းဦးစီး ၀န်ထမ်းအိမ်ရာများ ၊ တောင်ယာစိုက်ခင်းများ ကိုလည်း မြင်ရသည်။ အင်းစိန်ဘူတာဘက်ဟု မှန်းဆရသော နေရာရှိ ကုက္ကိုပင်ကြီးများ ကိုပင် ခပ်ပျပျ မြင်နိုင်လေသည်။
“အမေတင် ထမင်းသုပ်မရသေးဘူးလား”
ဆေးမချို အဆောင်ပေါ်တက်လာပြီး မေးသည်။ အမေတင်က နေ့ခင်း ရေနွေးလာချိန်မှာ ထမင်းသုပ်ရောင်း၏ ။ ဒါက မခက်လှပါ။ မနက် ထမင်းပိုယူထားရုံပါပဲ။ အိမ်မှ ထောင်ဝင်စာထုပ်မှာ မြေပဲ၊ နှမ်း၊ ဆီချက်၊ ဟင်းခတ်မှု န့်၊ မန်ကျည်းသီး၊ ပဲမှု န့်၊ ငရုတ်သီးမှု န့်တွေ မှာ ထားသဖြင့် ထမင်းရ တော့ အစပ်တည့်အောင်သုပ်၍ ရသည်။
“အမေတင့်လက်ရာက သိပ်ကောင်းလို့ နေ့တိုင်းဝယ်စားရတာ ”
ဆေးမချိုက အမေတင့်အနီး ၀င်ထိုင်ရင်းပြော၏ ။
ထောင်ထဲမှာ “မချို”တွေ များ သဖြင့် ဆေးမှု နှင့် ကျသူကို “ဆေးမချို၊ ဂျင်မှု နှင့် ကျသူကို “ဂျင်မချို”၊ ချဲမှု နှင့် ကျသူကို “ချဲမချို”ဟု ခွဲခြားခေါ်ရ၏ ။ ယခု မချိုက ဆေးမချို။
“သြော် …. အမေတင်က ထမင်းသည်ကိုးကွဲ့”
အမေတင်က သူ့အိတ်ကြီးထဲမှာ အသုပ်ပစ္စည်းတွေ စီချရင်းဆိုသည်။
“အိမ်မှာ တုန်းကလည်း အမေတင်က ထမင်းဆိုင်ဖွင့်တာလား”
ဆေးမချိုက အမေတင့်ဘေးမှ ဂတ်စ်မီးခြစ်လေးကို လှမ်းယူပြီးမေးသည်။ လက်ထဲမှာ ပါလာ သော ဆေးလိပ်စည်းထဲမှ (၁၀)လိပ်ရေတွက်ပြီး “ရော့ … (၁၀)လိပ်ဖိုး”ဟု အမေတင့်ကိုပေးသည်။ အမေတင့်ထမင်းသုပ်က တစ်ပွဲ (၁၀)လိပ်လေ။
ကျန်ဆေးလိပ်များ ထဲက တစ်လိပ်ယူပြီး မီးညှိ၏ ။
အမေတင်က ဆေးမချိုပေးသော ဆေးလိပ်များ ကို စုထားပြီး ကြွပ်ကြွပ်အိတ်ကြီးထဲ ထည့် လိုက်သည်။ ထောင်ထဲမှာ တော့ ဆေးလိပ်သည်ပိုက်ဆံ။ ဆေးလိပ်ရှိလျှင် အရာရာကို ၀ယ်နိုင်သည်။
ငါးပိကြော်ထုတ်၊ သရက်သီးသနပ်ထုပ်၊ ချိုချဉ်၊ ဘီစကစ်၊ ပေါင်မုန့်အစ၊ ဘော်လီ၊ ထမီအထိ ၀ယ်၍ ရသည်။ ကိုယ်ရောင်းချင်လည်း ရသည်။ အပေါင်ခံသူလည်း ရှိသေးသည်။
“အမေတင်က ထောင်ကျတာတောင် စီးပွားရှာရသေးတယ်။ ၀ဋ်ကြွေးပေါ့ သမီးရယ်”
“အပျင်းပြေတာပေါ့ အမေတင်ရာ။ သိပ်မကြာခင် အမေတင် လွတ်တော့မှာ ဟုတ်လား”
“ခြောက်လ ကျန်သေးတယ်”
“ကျွန်မဆို (၅)နှစ် တောင် နေရဦးမှာ ”
“အေးလေ … ကံစီမံရာကို”
အမေတင်က ပလတ်စတစ်ဇလုံထဲ အဆာပလာများ ထည့်ပြီး နယ်သည်။ မချိုက ရေနွေးကြမ်း ခွက်ကိုကိုင်ရင်း အမေတင်အသုပ်နယ်နေသည်ကို ငေးနေသည်။ အမေတင့်လက်တွေ က ကျင့်သား ရထားသည့်အတိုင်း အသုပ်ကိုနယ်နေဆဲ….။ အမေတင့်စိတ်ကား ရွာသို့ ပြေးသွားနေလေသည်။
ဂျိုးဖြူဆိုတာ ရန်ကုန်တိုင်းထဲမှာ ပါပဲ။
တိုက်ကြီးမြို့နယ် ထဲမှာ ပါ။
ဂျိုးဖြူရေလှောင်ကန်ကြီးမှ ရေပိုက်ကြီးများ ဖြင့် ရန်ကုန်တစ်မြို့လုံးကို ရေပေးဝေခဲ့တာ ခုဆို နှစ် (၁၀၀)ကျော်ခဲ့ပြီပဲ ဗြိတိသျှအစိုးရက မြန်မာတစ်နိုင်ငံလုံးကို အပိုင်သိမ်းပြီး (၁၀)နှစ် အကြာ ၁၈၉၅ ခုနှစ် မှာ ဒီစီမံကိန်းကို လုပ်တာတဲ့။
မောင်မင်းကြီးသားများ အမြော်အမြင်ကြီးပါပေရဲ့ … ဟု အမေတင့်ဘကြီးက ပြောခဲ့ဖူးသည်။ ကြည့်ပါလော့။ အမေတင့်မိဘများ ၊ ဘကြီးများ သည် ဟိုအဝေးပျပျမှာ မြင်ရသော တောင်ညိုတော တုန်းမှာ ၀ါးတွေ ခုတ်ပြီး ဂျိုးဖြူကန်အထိ ရေရိုးတစ်လျှောက် ဖောင်ဖွဲ့လှော်ခတ်ခဲ့ကြ၏ ။ ဂျိုးဖြူ ကန်ထပ်ရောက်မှ ကမ်းပေါ်တင်ကာ ပခုံးထမ်း၍ ရွာအရောက်သယ်ကြ၏ ။ ကြိုးဖြူကန်သည် သောက်ရေ၊ သုံးရေပေးရုံသာမဟုတ်။ အမေတင်တို့ မိဘဘိုးဘွားများ အတွက် ၀ါးခုတ်ဝါးသယ်၊ ၀ါးရောင် ဖို့ ကြားခံအ ဖြစ် ကူညီသူ ဖြစ်နေလေသည်။
အမေတင်တို့ရွာအမည် က “ဘန့်ဘွေးကွင်း”ပါ။ ကွင်းဆိုသော်လည်း အမှန်က တောင်ခြေ ရွာကလေး ဖြစ်၏ ။ သစ်ဝါးအလုပ်၊ တောကောင်ပစ်ခြင်းအလုပ်ဖြင့် သမားရိုးကျ၊ ရိုးသားစွာ နေထိုင်ခဲ့ ကြသည်။ ရွာထိပ်မှာ အစိမ်းရင့်ရောင် ၌ အဖြူဖြင့် ရေး ထားသော ရွာမှတ်တမ်းဆိုင်းဘုတ်ကို မြင်နိုင် ပါသည်။
တိုက်ကြီးမြို့နယ်၊ ချင်းကုန်းအုပ်စု
ဘန့်ဘွေးကွင်းရွာ၊
အိမ်ခြေ ..... ၁၇၆
အိမ်ထောင်စု ..... ၁၈၀
လူဦးရေ ..... ၈၂၀
ဤလူဦးရေ (၈၂၀)ထဲမှာ အမေတင်တို့ မိသားစုဦးရေ (၃)ယောက် ပါသည်။ အမေတင်နှင့် သမီးမိပုရယ်၊ သူ့သားလေး၊ ငွေးရယ်။ မိပုက ယောက်ျားတောတက်ရင်း ငှက်ဖျားမိခဲ့၍ သေလွန်ရှာ သဖြင့် မုဆိုးမ ငယ်ငယ်လေး။ ငခွေးက အခုမှ ရွာကျောင်းမှာ သူငယ်တန်း။ သို့ သော် အမေတင်က ကျန်းမာသည်။ ရောင်းနိုင်ဝယ်နိုင်သည်။ မုဆိုးမ သမီးနှင့် မြေးကို ထမင်းဆိုင်ဖွင့်၍ ကျွေးခဲ့သည်။
“ထမင်းဆိုင်ဖွင့်တော့ ထမင်းမငတ်ဘူးပေါ့အေ”
အမေတင်က လောကဓံကို သည်လိုဖြေတတ်သူ။
အမေတင့်ထမင်းဆိုင်လေးက အိမ်နှင့် တွဲ လျက်။ အိမ်ရှေ့မှာ ၀ါးယင်းမိုး၊ တာလပတ်ကာပြီး ခုံနိမ့်လေးတွေ နှင့် ပါ။ တောတက်၍ ပြန်လာသူတိုင်း အမေတင့်ထမင်းဆိုင်မှာ ၀င်နားကြသည်။ ထမင်း မစားလည်း ရေနွေးကြမ်းကျကျ ပူပူကို အားမနာတမ်း သောက်နိုင်လို့ပါပဲ။
အဲသည်ကာလတစ်ခုမှာ တော့ အမေတင့်ထမင်းဆိုင်မှာ ပို၍ လူစည်နေခဲ့၏ ။ ထိုးသားများ ၊ ဒိုင်များ ၊ လက်ခွဲဒိုင်များ ၊ အလျော်အစားများ …. နေ့စဉ် လူစည်ကားလို့နေသည်။ ပေါက်တဲ့လူက ဟင်း ကောင်းကောင်းအပြင် ငါးခြောက်ငါးခြမ်း ၀ယ်သည်။ မပေါက်တဲ့လူက အကြွေးပေါ့။
ထိုနေ့ကိုတော့ အမေတင် စိတ်နာသည်။
သက်ဆိုင်ရာကလူများ ရုတ်တရက်ရောက်လာပြီးဖမ်းတာ။ ရောင်းသူ မအေးသန်းလင်မယား၊ လက်ခွဲဒိုင်လုပ်သူ ကိုပွတို့ကို လက်ထဲမှာ စာရွက်တွေ နှင့် အတူ မိသည်။ သည့်အပြင် အမေတင်က အိမ်ရှင်တဲ့။
အတိုဆုံးပြောရလျှင် ချဲမှု က ကြမ်းခင်းဈေး (၃)နှစ် ။ မရောက်ဖူးသော အရပ်သို့ အမေတင် ရောက်ရတော့၏ ။
“ကဲ … အသုပ်က နယ်လို့ပြီးဦးမှာ လား”
ဆေးမချိုပြောမှ အမေတင် လက်ကမ်းရင်း …
“ရွာကို သတိရလို့ပါအေ။ ခုနေ အမေတင့်မြေးလေး ဆာများ နေမလားလို့။ သူ့အမေက ဆိုင် တစ်ဖက်နဲ့ …”
“မတွေးနဲ့ အမေတင်ရေ။ မချိုဆို အဖေအိုကြီးကို ရောဂါ နဲ့ ထားခဲ့ရတာ ။ လောဘတွေ ပေါ့လေ။ မချိုက ပိုက်ဆံများများ တရားမ၀င် လိုချင်ခဲ့တာကိုး။ ခုတော့ … နောက် (၅)နှစ် နေရဦးမယ်။ တတ်နိုင်ဘူး။ ကဲ … အချဉ်ရည်ထည့်ပါဦး”
ဆေးမချိုက ခပ်ပျော်ပျော်ပဲ။
အမေတင်က မန်ကျည်းရည် ဖြည့်ပေးရင်း …
လက်မောင်းတစ်ဖက်ဖြင့် ချွေးသုတ်ရ၏ ။
ချွေးနှင့် အတူ မျက်ရည်စများ လည်း ပါသွားကြတာကို မသိချင်ဟန်ဘဲ နေလိုက်တော့သည်။
(နရသိန် မဂ္ဂဇင်း၊ ၂၀၁၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ)
အခန်း (၃)
“ဒေါ်ဘု”ဆိုလျှင် အကျဆောင်တစ်ဝင်းလုံးက သိကြသည်။ “အကျဆောင်”ဆိုသည်မှာ အဆောင် (၇)(၈)နှင့် တိုးချဲ့ဆောင်တို့ ဖြစ်၏ ။ အင်းစိန်စံပြ ဗဟိုအကျဉ်းထောင်မှာ (၇)နှင့် (၈) ထပ်သည် အမျိုးသမီး အကျဉ်းသူများ အဆောင်တည်း။ (၈)ထပ်အပေါ်ထပ်၊ အောက်ထပ်မှာ လူ(၃၀၀)ခန့်နှင့် တိုးချဲ့ဆောင်မှာ (၅)ခန့် ရှိတတ်ပြီး (၇)ဆောင်ကား အိပ်ဆောင်မဟုတ်။ အလုပ်လုပ် သော အဆောင် ဖြစ်သည်။ (၇)ဆောင်ကား အောက်ထပ်မှာ ဇာထိုးသော အလုပ်လုပ်သဖြင့် “ဇာ ဆောင်”ဟုခေါ်သည်။ ဗြိတိသျှအစိုးရလက်ထက်က ဆောက်လုပ်ခဲ့သော အုတ်တိုက်ကြီး ဖြစ်သည်။ ထုထည်ကြီးမားပြီး အရပ်အမိုးမြင့်သည်။ အပေါ်ထပ်ကား ကျွန်းလျှာထိုး၊ စက်ပေါလစ်နှင့် ဖိတ်ဖိတ် လက်နေလေသည်။
ဘာမှု နှင့် ပဲ ကျလာသည် ဖြစ်စေ၊ ပန်းဆောင်ပေါ်မှာ နေလိုကြ၏ ။ ပန်းဆောင်မှာ နေ့လယ် နေ့ခင်း ကျောခင်း၍ ရသည်။ ပန်းလုပ်ရတာ က စတိသဘောမျှသာပါ။ မိမိတို့အုပ်စုလိုက် စားစရာ အထုပ်တွေ ထားပြီး မနက်စာ၊ နေ့လယ်စာ၊ ညစာကို စားကြသည်။ လူရွေးပြီး နေရာချပေးသဖြင့် လူနည်းသည်။ ပြောရလျှင် နရသိန်၏ အထက်တန်းလွှာရပ်ကွက်ဆိုကြပါစို့။
“ဟိုဘက်က ဘာဟင်းချက်လဲကွယ်”
“ဟီးဟီး … ငါးပိရည်ဖျော်တယ်။ ချဉ်ပေါင်ဟင်းချက်တယ်”
အရယ်အမောလေး ရှေ့ကခံပြီးဖြေသူကား ဒေါ်ဘု ဖြစ်၏ ။
လေးငါးယောက် တစ်စု၊ စိတ်တူရာစုပြီး စားကြသည်ကို “ဟိုဘက်အိမ်”ဟု တမင် စိတ်ပြေလက်ပျောက် ပြောကြခြင်းပါ။ ပန်းဆောင်ပေါ်မှာ သည်လို အစုအဖွဲ့လေးတွေ ခြောက် အိမ်လောက်ပဲရှိသည်။ ကျယ်ကျယ်ပြန့်ပြန့်၊ သန့်သန့်ရှင်းရှင်း။ အိမ်က မိသားစုကို မလွမ်းတတ်ဘူး ဆိုလျှင် မနေချင်စရာဘာမျှမရှိ။ ကိုယ့်အိမ်ထက်တောင် ကောင်းသေး။
သူတို့က ကြေးရတတ်များ ဖြစ်လေ့ရှိ၏ ။ သည်တော့ (၁၅)ရက်တစ်ကြိမ် ထောင်ဝင်စာပို့ထား သော အစားအသောက်တွေ က အလျှံပယ်ပေါ့။ ဒါ့အပြင် ဒီစနေ သူ့အိမ်ကလာလျှင်၊ နောက်စနေ ကိုယ့်အိမ်က လာဖို့ အပတ်ခွဲထားလိုက်တော့ နှစ် ပတ်တစ်ကြိမ် မဟုတ်တော့ဘဲ အပတ်တိုင်း ဖြစ်နေ သည်။ စနေနေ့တိုင်း စားစရာတွေ လာသည်။ အစိုအခြောက်၊ တိုလီမိုလီ။ သည်စားစရာတွေ ကို ကိုယ့်ဟာကိုယ် ပြန်စီစဉ်ဖို့၊ စားပြီး ပလတ်စတစ်ပန်းကန်တွေ ဆေးကြောဖို့ “အိမ်ဖော်”လည်း ငှားထား နိုင်ကြပါသည်။ ထောင်ဝင်စာ မလာနိုင်သော ဆင်းရဲသူတို့က ဤကြေးရတတ်များ ထံ အိမ်ဖော်လုပ် ကြသည်။ စားစရာပြင်ဆင်၊ ဆေးကြော၊ အ၀တ်လျှော်၊ အ၀တ်လှန်း၊ အိပ်ရာပြင်၊ အိပ်ရာသိမ်း … အစစ ခိုင်းနိုင်သည်။ အိမ်ဖော်အတွက် အဘိုးအခကား တစ်လလုံးမှ ဆေးလိပ် (၂၀၀)၊ (၃၀၀) အများ ဆုံးပေါ့။ အဲ … ထမင်းတော့ ကျွေးရသည်။ ထမင်းလာလျှင် သွားတန်းစီရမည် ။ နေ့ခင်း ရေနွေးလာ လျှင် သွားတန်းစီ။ နေ့လယ် Tea Time ပေါ့လေ။
သည်လိုအလုပ်လုပ်ဖို့ အိမ်ဖော်တွေ ပေါလှပါသည်။ အိမ်က ထောင်ဝင်စာ မပို့နိုင်သူတွေ က ဒုနဲ့ဒေးကိုး။ ဒေါ်ဘုကား ဤလိုအိမ်ဖော်တစ်ဦး ဖြစ်လေသည်။
ဒေါ်ဘုကို တစ်ဝင်းလုံးက သိ၏ ။ တစ်ဝင်းလုံးက ချစ်၏ ။ ဒေါ်ဘုအမည် ရင်းကို ဘယ်သူမျှ မခေါ်။ ခါးမှာ ဘုလုံးကြီးနှင့် ၊ ကျောရိုးကုန်းပြီး ပုပုလေး ဖြစ်နေသဖြင့် ဒေါ်ဘုဟု ဘယ်သူက စခေါ်ခဲ့ မှန်းမသိ။ ဒေါ်ဘုကတည်း သူ့ကို ဒေါ်ဘုဟု ခေါ်ခြင်းကို နှစ်သက် စွာ ခံယူသည်။ တကယ်တော့ ဒေါ်ဘု သဘောကောင်းလွန်း၍ ထောင်ကျရသူတည်း။ အပြင်မှာ တုန်းကလည်း ဒေါ်ဘုသည် အိမ်ဖော် ဖြစ် သည်။ တစ်အိမ်လုံး၏ သြဇာကို ပြုံးပြုံးလေးခံယူလုပ်ကိုင်ပေးနေကျမို့ ထောင်ထဲရောက်တော့လည်း အားလုံးကို ဒေါ်ဘု အောက်ကျခံသည်။ ကိုယ့်အလုပ်ရှင်မဟုတ်သော သူများ ၏ အ၀တ်တွေ ခြောက် တာတွေ့ လျှင် ရုပ်ပြီး ယူလာပေးတတ်သည်။ ကြုံလျှင်ကြုံသလို ပန်းကန်တွေ ကူဆေးတတ်သည်။ ယုတ်စွအဆုံး အိမ်သာထိုင်ဖို့ ရေခပ်ပြီး လာပို့စမ်းပါဆိုလည်း … ဟီးဟီး … ဟုတ်ကဲ့ဟု လိုလိုလား လား ပို့တတ်သူတည်း။
“ငါးပိရည်ဖျော်တယ်”ဟု သူပြောရင်း သူက ငါးပိတွေ ကို ဇွန်းနှင့် ခေါက်နေသည်။ ငါးပိရည် (အရည်)တော့ ထောင်ဝင်စာက ဘယ်လက်ခံပါ့မလဲ။ အလုပ်ကသင် ဆိုသလို လူတွေ က တတ်လာ ကြခြင်းသာ ဖြစ်၏ ။ အိမ်ကလူတွေ က ရေကျိုငါးပိကို တောက်တောက်စင်းပြီး ခြောက်နေအောင် လှော် ပေးရသည်။ ကြော်တာမဟုတ်။ ငါးပိရည်နံ့မပျောက်ဖို့ဆိုတာ လှော်မှ ဖြစ်တာ။ ရေခြောက်အောင် လှော်လိုက်တော့ မသိုးတော့ပေ။ နှစ် ပတ်တော့ ကောင်းကောင်းခံပါသည်။ သည်လို ငါးပိလှော်ကို စားခါနီး ကျမှ ရေနွေးနှင့် ကော်ဖီဖျော်သလို ဖျော်ရ၏ ။ အရိုးလေးတွေ စစ်ချ။ ငရုတ်သီးမှု န့်နှင့် ရသာ ချိုမှု န့်ထည့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနှင့် ဖျော်ချင်သပဆိုလည်း ကြွပ်ကြွပ်အိတ်ကလေးထဲထည့် ပြီး အပြင်က အုတ်ခဲနှင့် ထုရိုက်နိုင်သည်။ ငရုတ်သီးထောင်းတယ်ပေါ့။
ဒေါ်ဘုက ဒါတွေ ကျွမ်းကျင်သည်။
သူထောင်ထဲနေလာတာကိုက (၃-၄)နှစ် ရှိပြီပဲ။ ဒေါ်ဘုကို လိုချင်သူများ ၏ ။ ဆေးလိပ်ပိုပေး ချင်ကြ၏ ။ သို့သော် ဒေါ်ဘုက သစ္စာရှိသည်။ သူအလုပ်လုပ်သော အဖွဲ့(အိမ်)မှာ တာဝန်ကျေအောင် လုပ်သည်။ အချိန်ပိုလျှင် အခြားသူများ ကို ကူညီသည်။ ဒါ့အတွက် အခကြေးငွေမယူ။ အ၀တ်အစား လေးဘာလေးပေးလျှင်တော့ ယူသည်။ သည်တော့ ဒေါ်ဘုက ပုပုကိုင်းကိုင်းဆိုပေမယ့် အ၀တ်အစား မနွမ်းချေ။ သန့်လည်းသန့်၏ ။ ကြည့်လိုက်တိုင်း ပြုံးရွှင်ဖျတ်လတ်သူ။ သူ့ကိုယ်သူ ထောင်ကျနေသည် ဟု ထင်ရဲ့ လားမသိ။
“ချဉ်ပေါင်ဟင်း နည်းနည်း ပေးပါလား”
ဒေါ်ဘုကို တမင်နောက်ပြီး တောင်းကြတာပါ။
ဒေါ်ဘုက သဘောကောင်းသော်လည်း ပိုင်ရှင်မသိဘဲ ဘယ်တော့မှမပေးချေ။ သူ့အဖွဲ့ခေါင်း ဆောင် “မမိုး”က ဒေါ်ဘု ပေးလိုက် ပါ ဆိုမှသာ ချဉ်ပေါင်ဟင်းပူပူကို ရေနွေးကြမ်းသောက်သော ကော်ခွက်လေးနှင့် ထည့်ပေးတတ်သည်။ အိမ်ရှင့်ပစ္စည်းကို သူ့ပစ္စည်းလိုပဲ နှမြောတတ်သူ ဖြစ်သည်။
ချဉ်ပေါင်ဟင်းချက်ပုံက အပြင်မှာ လို မီးဖိုပေါ်ဆီသတ်ပြီး မွှေရတာ တော့ မဟုတ်ပါ။ အိမ်တိုင်း အိမ်တိုင်းကလည်း ချဉ်ပေါင်ကို အရည်သောက်ချက်ပြီး ထည့်ပေးနိုင်တာမဟုတ်။ လွယ်လည်းလွယ်၊ ကြာကြာလည်းခံအောင် “ချဉ်ပေါင်ကြော်”ပဲ ထည့်ပေးကြတာပါ။ သူ့အိမ် ကိုယ့်အိမ် ကွဲပြားသဖြင့် ချဉ်ပေါင်ကြော် ကြော်ပုံကြော်နည်းမတူကြချေ။ တချို့က ပုစွန်ခြောက်နှင့် ကြော်သည်။ တချို့က ငါးပိကဲသည်။ အရသာတွေ တစ်မျိုးစီ။ ဒါတွေ ကို စားရလွန်းတော့ ပါးစပ်က လက်မခံချင်ြ ကတော့ ချေ။ အိမ်မှာ တုန်းကလို ဟင်းရည်ပူပူလေးမှု တ်ပြီး သောက်ချင်ကြ၏ ။ ဤတွင် ဒေါ်ဘုက နေ့ခင်းရေနွေးလာ တာ စောင့်ယူပြီး ချဉ်ပေါင်ကြော်ကို ရေနွေးနှင့် ပြန်ဖျော်လေသည်။ ဆားလေး၊ ရသာချိုမှု န့်လေး ထည့်သည်။ အဆင်သင့်ပါက တောင်ယာထဲမှ ပင်စိမ်းပင် အညွှန့်လေးတွေ ပင် ခိုးချိုးခဲ့ပြီး ဟင်းရည် ထဲ ခပ်လိုက်သော အခါ မွေးပျံ့သော ချဉ်ပေါင်ဟင်းချိုက အကျဉ်းထောင်ထဲမှာ ဟု မခံစားရတော့ချေ။
“ဒေါ်ဘုက ဟင်းချက်သိပ်ကောင်းတာပဲ”
အဖွဲ့ခေါင်းဆောင် မမိုးက အမြဲချီးကျူးတတ်၏ ။ သူ့ကိုချီးကျူးတိုင်း မျက်လွှာလေးချကာ ပြုံးနေ တတ်သည်။ ပြီးတော့ “ကန်တော် လေးမှာ လည်း ချက်ရတယ်လေ”ဟု ပြန်ဖြေ၏ ။ “ကန်တော် လေး” ဆိုတာ သူအပြင်မှာ တုန်းက နေခဲ့သော အိမ်ပါ။ ကန်တော် လေးက လမ်း(၉၀)ဆိုလား၊ (၈၉)လမ်း ဆိုလား။ အဲသည်မှာ ဒေါ်ဘု အိမ်ဖော်လုပ်ခဲ့တာတဲ့။
သူ့အိမ်ရှင်က ဒေါ်ဘု အဖမ်းခံရပြီးကတည်းက ရုံးကိုလည်း လိုက်မလာ။ ထောင်ဝင်စာ ပို့ဖို့ ဆိုတာကလည်း အဝေးကြီး အမှု ထင်ရှားသဖြင့် ဒေါ်ဘု ထောင်ကျသည် (၅)နှစ် ။
“ပြန်လွတ်ရင် ကန်တော် လေးပဲ ပြန်မှာ လား”
မမိုးက ခဏခဏ မေးဖူး၏ ။
ဒေါ်ဘု မဖြေပေ။
မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နှင့် ငြိမ်သွားလေ့ရှိ၏ ။
“ကလေးလေးကို လွမ်းတယ်”
ကလေးဆိုတာ အိမ်ရှင့်ကလေးကို ပြောမှန်း မမိုးသိသည်။ သူက “ကလေး”ဆိုပေမင့် ကလေး က ငယ်ငယ်လေးမဟုတ်။
“ခုဆို ကလေးက ကောလိပ်တက်ပြီထင်တယ်”
“ဒေါ်ဘု ထောင်ကျတော့ ကလေးက ဘယ်နှတန်းတုံး”
“အင်း .. ရှစ်တန်း ၊ အဲ .. ကိုးတန်း”
“ဒေါ်ဘုက ကလေးကိုလွမ်းနေ၊ ကလေးကဖြင့် တစ်ခါမှ မလာဘူး”
မမိုးက ဒေါသကလေးဖြင့် ဆိုသည်။
ဒေါ်ဘုက ရီဝေေ၀ငေးရင်း …
“သူက ကလေးလေးပဲ။ ကျွန်မသူ့ကို လသားလေးကတည်းက ပုခက်လွှဲလာရတာ ။ ကလေးက လိမ္မာပါတယ်”
“လိမ္မာလို့ပေါ့၊ ဆေးခြောက်ရှူတာ”
“ဒါ ကတော့ မမိုးရယ် ..”
“သူ့မိဘတွေ မသိဘူးလား”
“ကျွန်မက မတိုင်တာ။ ကလေးက မတိုင်နဲ့ဆိုလို့”
“ဒီလိုပဲ နေ့တိုင်းဝယ်ပေးရတာ လား”
“အင်း… ဟုတ်တယ်။ ကလေးက မုန့်ဖိုးအများ ကြီး ရတယ်။ ကျွန်မက ကလေးကျောင်းကို နေ့လယ် ကျောင်းဆင်းချိန်အမီ ထမင်းချိုင့်ပို့ရတာ ။ တစ်ရက်မှာ သူက ကျောင်းရှေ့ကွမ်းယာဆိုင်မှာ ပုန်းနေတယ်။ ကျွန်မကိုမြင်တော့ လက်ယပ်ခေါ်ပြီး ဆိုင်ရှင်ကိုတီးတိုးပြောတယ်။ နောက်ဆို ဒီအဒေါ် ကြီး လာယူလိမ့်မယ်တဲ့”
“ဒေါ်ဘုက ဘာမှန်းမသိဘူးလား”
“ပထမတော့ မသိဘူး။ ထမင်းပို့ရင် ကွမ်းယာဆိုင်ရှေ့က ဖြတ်သွားရတာ လေ။ ဆိုင်ရှင်က လှမ်းခေါ်ပြီး စက္ကူထုပ်လေးပေးတယ်။ ကျွန်မလည်း ထမင်းချိုင့် အပေါ်ဆင့်မှာ ပေါင်းထည့်ပြီး ကလေး ကို ပေးလိုက်တာပါပဲ”
“ပိုက်ဆံချေတော့ကော”
“ကလေးက မုန့်ဝယ်ရင်း ချေတာထင်ပါရဲ့ ”
“ဘယ်လောက်ကြာလဲ”
“တစ်နှစ် လောက်ကြာမယ်ထင်တယ်။ ကလေးလည်း ဘာမှမပြောရဘူးဆိုလို့ မိဘတွေ ကို ကျွန်မမပြောဘူး”
“ဖမ်းတော့ကော ကလေးလက်ထဲမှာ မမိဘူးလား”
“မပေးရသေးဘူးလေ။ ကျွန်မလက်ထဲ အထုပ်ကိုင်ထားတုန်း ရဲတွေ က ကျွန်မကို လာချုပ်ပြီး ဖမ်းတာ။ ကလေးထမင်းချိုင့်ပါပြောလည်းမရဘူး။ ထမင်းချိုင့်ပါသိမ်းပြီး ရဲစခန်းကို ခေါ်သွားတာ။ ကလေးနဲ့တောင် မတွေ့ ခဲ့ရပါဘူး မမိုးရယ်”
သည်လိုပြောစဉ် ဒေါ်ဘု မျက်ရည်သုတ်သည်။
မမိုးက ဒေါ်ဘုကို ထုချက်ရိုက်ချင်သော်လည်း မထုရက်ပေ။
“ပြန်မသွားနဲ့။ အဲဒီ ကန်တော် လေးကို မပြန်နဲ့။ လွတ်ရင် မမိုးနဲ့ပဲလိုက်နေ။ မမိုးက အရင်လွတ် မှာ နော်။ ဒေါ်ဘုလွတ်မယ့်ရက် မမိုးကိုယ်တိုင်လာကြိုမယ်။ မမိုးမှာ လည်း သမီးလေး တစ်ယောက် ရှိပါတယ်။ သမီး ကတော့ ကြီးပြီ။ မမိုး ဂျင်မှု နဲ့ထောင်ကျတော့ သမီးက တက္ကသိုလ်ကျောင်းသူပေါ့။ မမိုးယောက်ျားက သင်္ဘောသား။ အိမ်မှာ ဘယ်သူမှမရှိဘူး။ ဒေါ်ဘုလာနေ။ ခုလိုပဲ ချဉ်ပေါင်ဟင်း ချက်ပေး။ ဟုတ်ဘူးလား”
မမိုးက ပျော်ပျော်နေတတ်သူမို့ သူစကားပြောပြီးလျှင် တဟားဟားရယ်တတ်သည်။ ဒေါ်ဘု က လိုက်ရယ်တော့ရယ်သည်။ မမိုးလို မပွင့်လင်း။
သူ့“ကလေး”ဆီပဲ စိတ်ရောက်နေပုံရ၏ ။
ပန်းဆောင်လှေကားထိပ်မှာ ခိုနှစ် ကောင် လာနားသည်။ မမိုးက ထမင်းလုံးပက်ကွေးရင်း …
“မြန်မြန်လွတ်ပါစေလို့ ဆုတောင်းပေးနော်”ဟု ဆိုသည်။
ဒေါ်ဘုက ခေါင်းညိတ်ရင်း ချဉ်ပေါင်ဟင်းကို မွှေးနေ၏ ။
တပေါင်းလေထဲတွင် ခပ်ဝေးဝေးမှ မလေးရှားပိတောက်နံ့များ ဝေ့လာသည်။ ဒေါ်ဘုကား ချဉ်ပေါင်ဟင်းကို မွှေဆဲ ….။
(နရသိန် မဂ္ဂဇင်း၊ ၂၀၁၀ ပြည့်နှစ် ၊ မတ်လ)
![]() မကြောက်တမ်း မရွံ့တမ်း | ![]() အိုဘယ့်...ပုဂံ | ![]() အင်းစိန်မှတ်တမ်း |