Cover

နိဒါန်း

အင်းစိန်အကျဉ်းထောင်ကြီး၌ နေထိုင်ခဲ့ရသော ကာလအတွင်း အတွေ့ အကြုံများ ကို “အင်းစိန်မှတ်တမ်း” အ ဖြစ်ရေး ရာ၌ ကျွန်မတွင် အခက်အခဲများ စွာ တွေ့ ရ ပါသည်။

အထဲမှာ နေရစဉ် ကတော့ အပြင်ရောက်လျှင် ရေး ချလိုက်မည် ဟု ဟန်တပြင်ပြင်။ အံတခဲခဲ။ တကယ်တမ်း အပြင်ရောက်သော အခါ၌ မူ ရုတ်တရက်ချရေး ၍ မရပေ။ အကြီးမားဆုံး အခက်အခဲမှာ ဘယ်လိုတင်ပြနည်းဖြင့် ရေး ရမည် လဲဆိုသော အဆုံးအဖြတ် ဖြစ်၏ ။

အသင့်တော် ဆုံး ဥပမာပြရလျှင် အိမ်ရှင်မ တစ်ယောက် သည် ငွေကြေးအလျှံပယ်ကိုင်ပြီး ဈေးသွားသည်။ ဈေးမှာ တွေ့ သမျှ၊ ကောင်းပေ့ညွှန်ပေ့များ ကို ၀ယ်ခဲ့၏ ။ ကြက်သား၊ ၀က်သား၊ ဆိတ်သား၊ ငါးပုဇွန်စသော သားငါးများ ၊ ဟင်းသီးဟင်းရွက် အစုံအလင်။ ရာသီပေါ်သီးနှံများ စသဖြင့် စုံတကာစေ့အောင်ပါခဲ့၏ ။ အိမ်ရောက်သော အခါ ဈေးခြင်းကြီးကို ချလိုက်ပြီး ပါလာသည်များ ကို ကြည့်ကာ ဘာကိုစ၍ ကိုင်ရမှန်း မသိ ဖြစ်နေလေ၏ ။ ဘာနှင့်တွဲ ပြီး ချက်ရမည် မဲ။ အကောင်းတွေ ချည်း စုချက်၍ လည်းမ ဖြစ်။ နေ့ဖို့ညစာထား၍ ဘာကိုအရင်ကောင်းမလဲဟု စဉ်းစားနေ၏ ။ ဤအတိုင်း ကျွန်မ ဖြစ်နေလေသည်။

အ ဖြစ်အပျက်များ ကာရိုက်တာခေါ် လူ့စရိုက်များ ၊ ထူးထူးဆန်းဆန်း အကြောင်းအရာများ ၊ စိတ်ခံစားချက်များ ၊ ဇာတ်ကွက်ဇာတ်လမ်းများ အားလုံးရေး ချင်စရာချည်း ဖြစ် နေလေသည်။

နောက်တစ်ခု တင်ပြပုံ (Persentation) ဖြစ်၏ ။ ကျွန်မ တစ်သက်လုံးရေး လာခဲ့သော “ကျွန်မ” ရေး နည်း (First Person) ဖြင့် ရေး မလား။ သည်လိုရေး လျှင် ကိုယ်ကျွမ်းကျင်သော ကိစ္စမို့ လွယ်ကူမည် ဖြစ်သော်လည်း ဇာတ်ကောင်အားလုံး၏ အတွင်းစိတ်နှင့် စိတ်ခံစားချက်ကို ဖော်ထုတ် ရာ၌ ကား အားနည်းပေလိမ့်မည် ။ ထို့ကြောင့် ထို “ကျွန်မရေး နည်း” ကိုပယ်လိုက်၏ ။

အားလုံးနှံစပ်အောင် ရေး မည် ဆိုလျှင် Third Person ခေါ် သုံးဘက်မြင်ရေး နည်း (သို့မဟုတ်) အကုန်သိရေး နည်းဖြင့် ရေး ရမည် ။ ထိုနည်းကားခက်၏ ။ ဇာတ်ကောင်အားလုံးအ ကြောင်းရေး ရာ၌ တစ်ဦးချင်းအနားသို့ ချဉ်းကပ်ကာ လိပ်ပြားချင်းပူး၍ ခံစားပြီးမှရေး နိုင်မည် ဖြစ်၏ ။ ဤရေး နည်းကို ကျွန်မမကျွမ်းချေ။ သို့သော် ဤရေး နည်းကသာ မှတ်တမ်းကိုပီပြင်စွာ ဖော်ထုတ်နိုင် မည် ဟု ယုံကြည်သည်။ ထို့ကြောင့် ဤရေး နည်းကိုသုံးရန်ဆုံးဖြတ်ပါသည်။

ဆုံးဖြတ်ပြီးသော်လည်း ချက်ခြင်းချမရေး နိုင်သေး။ ဤရေး နည်းဖြင့် ရေး ထားသော စာအုပ် များ ကို ဖတ်ရှုရ၏ ။ အချိန်ယူလေ့လာရ၏ ။ ရေး ရ၏ ။ ပြန်ဖျက်ရ၏ ။ ငါးသိုင်းများ မှာ လည်း စိုးသည်။ အပေါ့ အငန် အစပ်မတည့်မှာ လည်း ပူသည်။ တစ်ခုတော့ သေချာ၏ ။ ၎င်းကား ရေး သမျှ အချက် အလက်များ သည် စိတ်ကူးယဉ်များ မဟုတ်။ အမှန်တရားပေတည်။ အမှန်တရားများ ကို တစ်စစီဆွဲ ထုတ်ရင်း ဤအမှန်တရားများ သည် ဘယ်သော အခါမှ ပြည်သူ့ရှေ့မှော က်ရောက်ပါ့မလဲဟုလည်း ပူပန်ရ၏ ။

ကိစ္စမရှိပါ။ ရေး ရန်မှာ ကိုယ့်တာဝန်ပေပဲ။ အကယ်၍ ကျွန်မလူ့လောက၌ မရှိတော့သော ကာလတစ်ခုရောက်မှ ဤအမှန်တရားများ ကို ပြည်သူ့သို့ ပြသခွင့်ရမည် ဆိုလျှင်လည်း ကျွန်မ ကျေနပါသည်။ ရေး ပြီးသမျှ မပျောက်မပျက်ရအောင် ကောင်းစွာ ဖိုင်တွဲ ရပါမည် ။ ပုံမနှိပ်ရသေးသမျှ လက်ရေး မူကျန်စေအံ့။

ရွှေကူမေနှင်း

၁၉၉၂ ခုနှစ် ဇွန်လ ၁၀ ရက်

•••


ကျေးဇူးတင်မှတ်တမ်း
>

မိတ်ဆွေများ အနေနှင့် ရှေ့တွင် ဖတ်ခဲ့ရသော (ဖတ်ကြမည် ဟု ထင်ပါသည်) နိဒါန်းကို ရေး ခဲ သည်မှာ နေ့စွဲပါအတိုင်းတွက်လျှင် ယနေ့ ၂၀၁၁ ခုတွင် ၁၉ နှစ် လုံးလုံး ကြာခဲ့လေပြီ။ စိတ်နှလုံး ဒုံးဒုံးချပြီး တကယ်ပင် မပျောက်မပျက်ရအောင် ကိုယ်နှင့် ထက်ကြပ်မကွာ ထိန်းသိမ်းခဲ့သဖြင့် လည်း အိမ်ပျက်ရာပျက်ဘ၀ကို ကြုံခဲ့ရသည့်တိုင် မပျောက်မပျက်ခဲ့ခြင်း ဖြစ်၍ မိမိကိုယ်မိမိပင်လျှင် ကျေးဇူး တင်ရမလို ဖြစ်ခဲ့ရ၏ ။

အမှန်ဆိုရလျှင် ဖြုတ်ခနဲ ဖြုတ်ခနဲ မိမိနံဘေးမှလူများ သေဆုံးခဲ့ကြတာ ကြုံရလွန်းသဖြင့် ဤမှတ်တမ်းကို ကျွန်မအသက်ရှင်စဉ် ပုံနှိပ်ကြမည် ဟု မထင်မှတ်ခဲ့ချေ။ ယခုတော့ ကျွန်မလည်း မသေသေး။ မှတ်တမ်းလည်း ပုံနှိပ်ခွင့်နှင့် ကြုံလေပြီ။ အတိုင်းမသိ ပီတိ ဖြစ်၏ ။

ဤစာအုပ် ဖြစ်မြောက်ရေး အတွက် ပထမကျေးဇူးတင်ရမည့်  လူများ မှာ လက်ရှိအကျဉ်းဦးစီး မှ အရာရှိများ ဖြစ်ကြောင်း မှတ်တမ်းတင်ရပါမည် ။ ၂၀၀၉ ခုနှစ် နှောင်းပိုင်းလောက်တွင် မိတ်ဆွေ ရင်းမောင်ညိုအေး (ပန်းတော) က အကျဉ်းဦးစီးမှ မဂ္ဂဇင်းထုတ်မည့် အကြောင်း၊ သူအယ်ဒီတာလုပ် မည့် အကြောင်း၊ ထောင်ကိုယ်တွေ့ များ ရေး စေချင်ကြောင်ပြောခဲ့၏ ။ ရေး ပြီပေါ့ .. ဟုရယ်ဟဟဖြင့် ပြန်ပြော ဖြစ်၏ ။ အကျဉ်းဦးစီးမှာ က ရည်ရွယ်ချက်ရှိသည်ဆိုပဲ။ သူတို့က ၂၀၀၆ ခုနှစ်မှစပြီး ထောင် တွင်း၌ ပြုပြင်ပြောင်းလဲေ၇းများ လုပ်ခဲ့ရာ ယခင်ကနှင့် မတူကြောင်း သက်သေပြရသည်။ ထို့ ကြောင့် အရင်ကအကြောင်းတွေ ဖော်ပြမည် ။ လူထုဦးလှ၊ ကျော်မြသန်းစသော ကွယ်လွန်သူများ စာတွေ ပါမည် ရေး သားရေး ဟု အားပေးခဲ့၏ ။ ဤအခါ သူတို့ဆီမှ တစ်ဆင့်ပဲဆိုပြီး ပထမ၀တ္ထုတို လေးများ ရေး ပေးသည်။ လူ ၂၀၀ နဲ့နေခဲ့တာ။ ၀တ္ထု ၂၀၀ရှိတယ်ဟု ပြောလိုက်သေးသည်။ ရေး သ မျှ အဆင်ပြေသည်။ ထိုအခါ အသစ်မရေး တော့ဘဲ “အင်းစိန်မှတ်တမ်း” (မူရင်းကို ဆက်လက်ထိန်း ချန်ထားချင်နေဆဲ..) မှတ်တမ်းကား. ဖတ်သူလည်းကြိုက်၊ တာဝန်ရှိသူများ ကလည်း ကြိုက် ဖြစ်ခဲ့၍ ထီးလိုမင်းလို ဖြစ်သွားခဲ့၏ ။ အထူးသဖြင့် “မိန်းမထောင်” အကြောင်း မြန်မာစာပေလောကတွင် ကိုယ်တိုင်ရေး အ ဖြစ် တစ်ခုမှမရှိသေး၍ လည်း ဖြစ်ပါလိမ့်မည် ။ ဦးဇင်းတစ်ပါးက မိန့်ခဲ့သေးသည်။ ဒီ စာရေး ဆရာမ ရေး ထားတာ သူကိုယ်တိုင် ထောင်ကျဖူးတာတွေ ကျနေတာပဲတဲ့။ သုမနကျောကို လျန်ပြနေတာကိုပင် ဗီဒီယိုခွေဟုထင်နေလေတော့ ထားလိုက်ကြပါစို့။

ညွှန်ချုပ်နှင့် တကွ နရသိန်မဂ္ဂဇင်းတာဝန်ခံများ ၊ အထူးသဖြင့် အယ်ဒီတာချုပ်ဆရာညိုလွမ်း အောင်၊ ဆရာမောင်ညိုအေးတို့ကို အထူအထူးကျေးဇူးတင်၍ မဆုံးနိုင်ပါ။ ထို့ပြင် ဌာနဆိုင်ရာများ ၏ မူနှင့် ထွက်ပြီး ကျွန်မစာများ ကို မဖြတ်မတောက် ပုံနှိပ်ခွင်ြ့ပုခဲ့သော ဆရာများ ကိုလည်း မမေ့ မလျော့ကျေးဇူးတင်ပါသည်။ အနည်းငယ် “ကြမ်း” သည်ဟု ဆရာများ ယူဆသဖြင့် ကျွန်မအား တောင်းပန်ပါကြောင်း ပြောကြားပြီး တချို့တချို့ကို ဖတ်ခဲ့ကြခြင်းအတွက်လည်း ပါနေတာတွေ အများ ကြီးပဲဟု ဖြေပါသည်။

နောက်တစ်ဖန် ကျွန်မ၏ စာဖတ်ပရိသတ်များ ကို ကျေးဇူးတင်ရပါဦးမည် ။ နရသိန်မဂ္ဂဇင်း ရောက်ရှိ၍ တွေ့ ရှိဖတ်မိသူအများ စု ဆက်ရေး ဖို့ နှုတ်ဖြင့် တိုက်တွန်းခဲ့ကြခြင်းကို ဆက်ရေး ရန် မလို၊ ဖိုင်အလိုက် ပေးလိုက်ပြီဟု ၀မ်းသာပီတိဖြင့် ပြောခဲ့ရသည်မဟုတ်ပါလား။ မဂ္ဂဇင်းထဲပါလာ ကာစပင် စာအုပ်အ ဖြစ် စတင်ခြေလှမ်းစွမ်းဆောင်နေသော The bookhouse စာအုပ်တိုက်မှ ကိုမိုး သန်းချစ်၏ စိတ်ပါဝင်စားစွာ ၊ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးခြင်းအတွက် ဖော်ပြခြင်းငှာ မစွမ်းသာသော ပမာဏဖြင့် ကျေးဇူးတင်ရပါကြောင်း မှတ်တမ်းရေး ထိုးအပ်ပါသည်။

ရွှေကူမေနှင်း

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်

•••


နံနက် ငါးနာရီ

“ဒေါင်ဒေါင်၊ ဒေါင်- ဒေါင်၊ ဒေါင်”

ကင်းတဲမှ သံချောင်းခေါက်သံ ငါးချက်။

လက်ကျင့်ရနေသည့် ဟန်မှန်းသိသာသည်။ ကျင့်သားရပြီးသော လက်သည် နရီကိုမှန် အောင်မှတ်နိုင်၏ ။ သံချောင်းက သံပြားဝိုင်းကို ခပ်ဆတ်ဆတ် ထိလိုက်ပုံ၊ တစ်ချက်နှင့် တစ်ချက် ကြား လေထဲ၌ ဟန်လွှဲချိန်တို့သည် ပိရိတိကျကာ သေသေသပ်သပ် ဖြစ်နေ၏ ။ ကင်းတဲ၌ တာဝန် ကျသူသည် လူသစ်မဟုတ်ချေ။ လပေါင်း၊ နှစ် ပေါင်းများ စွာ ဤနေရာ၊ ဤတာဝန်၌ ကျင်လည်နေခဲ့ သူ ဖြစ်ပေလိမ့်မည် ။

“တော် တီးတော် .. တီးတော် ”

သံချောင်းခေါက်သံ ငါးချက်၏ အသံရှိန်တုန်ခါမှု ဆုံးခါနီး သည်နှင့် တစ်ပြိုင်နက် ဗြူကယ်လ် ခေါ် စစ်ခရာသံကြီးက မပီမသနှင့် ပေါ်လာလေတော့သည်။

စစ်ခရာမှု တ်သူသည် အမှု န်မကျွမ်းကျင်၍ ပေလော။ စစ်ခရာကြီးကိုက လျှာခင်ပျက်နေ၍ ပေလော မပြောတတ်။ တော် တီးတော် မှု တ်သံသည် ချောချောမွေ့မွေ့မရှိချေ။ မည် သည့်တေး သွားဆိုသည်ကိုလည်း မပြောတတ်။ မည် သည့်သံစဉ်။ မည် သည့် သင်္ကေတဟူ၍ မသိတတ်။ ဤအသံကြီးကို အားလုံးက “တော် တီးတော် ” ဟုသာခေါ်ဝေါ်သမုတ်ခဲ့ကြလေသည်။

“တော် တီးတော် မှု တ်ပြီ ထကြဟေ့…”

တော် တီးတော် ကြီးက ကျယ်ဝန်းသော အုတ်တံတိုင်းကြီးအတွင်း အဆောင်အဆောင် အခန်းအခန်းမှ လူသူအားလုံးကို ထနိုင်ရန်လည်း များ စွာ သော ၀န်ထမ်းလုပ် သားများ နိုးထနိုင်ရန် အလို့ငှာ လည်းကောင်း၊ ဤတော် တီးတော် ကြီးက ဆောင်ရွက်ပါသည်။

“ထမယ်.. အားလုံးထကြမယ်”

(၃-၆)ကရာ၏ အော်သံ ဖြစ်၏ ။

ခင်မာသည် အိပ်ရာမှ လူးလဲထလိုက်သည်။ မထဘဲ ဇွတ်အိပ်နေပါက မကြာမီ ခြေသလုံး ကို ၀ါးခြမ်းပြားနှင့် လာထိုးခြင်း ခံရပေလိမ့်မည် ။ မခံနိုင်။ ခင်မာဟူသော မာကျောကျောအမည် ကို ခပ်လွယ်လွယ် ခပ်ပျော့ပျော့ဖြင့် ရခဲ့သူမှ မဟုတ်ဘဲ။ အမိရင်ခွင်၊ အဖမျက်စိ အောက်မှာ ကတည်း က ခေါင်းမာလွန်းသူဆိုပြီး အမေကိုယ်တိုင် မှည့်ခဲ့သည့်အမည် ပဲလေ။ ဘယ်ဘ၀ ရောက်ရောက် မာမာနေရမည် ပေါ့။

မျက်စိကို ဖွင့်မကြည့်ဘဲနှင့် ၀ဲဘက်မှ ခန်စန်းနွယ်၊ လူးလွန့်နေသည်ကိုလည်းကောင်း၊ ယာ ဘက်မှ ထွေးထွေးငုတ်တုတ်ထိုင်နေသည်ကိုလည်းကောင်း သိနေလေသည်။

မျက်စိမဖွင့်ဘဲစောင်ကို ခေါက်လိုက်သည်။ အခင်းစောင်ကိုတော့ ဆွဲသိမ်း၍ မ ဖြစ်သေး။ ခင်စောင်းက ခင်စန်းနွယ်နှင့် ဆက်လျက် ထပ်ခင်းထားသဖြင့် အိပ်နေဆဲလူကို အနှောက်အယှက် မပေးလိုသေး။ သူအိပ်၍ ရသမျှ အိပ်ပါစေ။

တစ်ဆောင်လုံး လှုပ်လှုပ်ရွရွနှင့် ထကြပြီ။ မျက်လုံးကို ဝေ့ကြည့်တော့ မျက်နှာကြက်ဖြူဖြူ ကို လင်းကျင်းစွာ မြင်ရ၏ ။ လေးကွက်ကျား မျက်နှာကြက် ဖြူဖြူထဲမှ မီးလုံးများ က လင်း၍ နေ သည်။ ဘေးနံရံလေးဖက်မှ ပြတင်းသံတိုင်များ ကို မကြည့်ဘဲ မျက်နှာကြက်ကိုချည်း ကြည့်နေရ မည် ဆိုလျှင် သင်္ဘောကြီးနှင့် တူလှပေသည်။ အညာဆန်သင်္ဘောကြီးပေါ့။ မီးတွေ ထိန် ထိန် လင်း လို့။ ခရီးသည်များ က ကြပ်ကြပ်တည်းတည်း အထုပ်အပိုးတွေ ကြားမှာ က ကိုယ့်အစုနှင့် ကိုယ်အိပ် လို့။ ဦးခန်းမှာ က ဘုရားစင်ရှိသည်။ ဇော်စိမ်းပန်းများ က လင်းလျက်။ အခြားနိုင်မှ လာသော နိုင်လွန် နှင်းဆီပွင့်များ က အစစ်နှင့် မခြား။ ဘုရားပန်းအိုးများ ကလည်း စိုပြည်လို့။ လက်မ (၃၀) ပတ်လည် ရွှေတိဂုံစေတီတော် ကြီးပုံ ကားချက်ကြီးကလည်း ကြည်နူးဖွယ်အတိ။ သံတိုင်တွေ ကို သာမကြည့်ဘဲနှင့် တကယ့်သင်္ဘောကြီးပေါ်က ဘုရားစင်အတိုင်းပါပဲ။

သို့သော် မာကည့်ပေမင့် မြင်နေရသည်။ သံတိုင်ပြတင်းပေါက်များ ၊ တံခါးရွက်မဲ့ ပြတင်းပေါ့ များ ကိုယ့်စိတ်ကိုယ်ညာ၍ မရပါ။ ထောင်ပါပဲလေ။ ဤနေရာသည် ထောင်၊ အင်းစိန်၊ ဗဟိုအကျဉ်း ထောင်ကြီး အဆောင်နံပါတ် (၈) အပေါ်ထပ် မိန်းမဆောင်.

“ထမယ် ထမယ် အံမယ်လေး နင်တို့လင်နဲ့ဖက်အိပ်နေတယ်များ အောက်မေ့နေလား ဒါ ထောင်ဟဲ့ သတိလေးလည်း ရကြဦး ထောင်ထဲမှ လာဇိမ်ခံနေလိုက်ကြတာ”

(၃-၆) ဗရာ ခေါ်ထိုက်အသံကြီးက နံနက်စောစော အရုဏ်တက်ချိန်နှင့် မလိုက်ဖက်ချေ။ ဒေါ်ထိုက်က နံနက်သုံးနာရီမှ ခြောက်နာရီအထိ အစောင့်တာဝန်ယူရတာ ကို ဘုရင်ခံရာထူးကြီး ရထားသည်ဟုများ တာန်ဝန်မှူး ကြားလောက်အောင် မြှင့်အောင်နေလေသည်။

“ဟိုဘက်က ..နှာပိ၊ ထလေ ဟဲ့ ငါးနှစ် ၊ သူများ တွေ ဘုရားရှိခိုးဖို့ ထိုင်နေကြပြီ နင်က ပက်လက်ကြီး ဘာလဲနင့်ကို သရဏဂုံတင်ရမှာ လား”

ဒေါ်ထိုက်အသံသည် အုတ်နံရံများ ကိုပင် နိုးထစေလိမ့်မည် ဟု ခင်မာထင်၏ ။ အေးလေ ..ကလေးနားဆွဲကို နားရွက်ဖြတ်ပြီး လုပြေးလာခဲ့သူပေပဲ။ ထောင်ငါးနှစ်ကျသည်ကို “ငါ့ကို ဘာ မှတ်လဲ” ဟု လက်မထောင်ပြီး ဗိုလ်ကျနေသူဆိုတော့ ဆဲတာဆိုတာလောက်က အမြည်းလောက် ပဲရှိသည်။ ဗာရာခေါ်အစောင့်တာဝန်ကလည်း သိုလည်အာကြမ်းမှ တန်ကာကျ၏ ။ ကြည့်လေ သည်လောက်ပြောဆိုနေပါလျက် ဌေးဌေးသန်း မထသေး။ အဲ .. ဌေးဌေးသန်း ကျတော့လည်း ဒေါ်ထိုက်က မအော်ရဲ။ ဘယ်အော်ရဲပါ့မလဲ။ ဌေးဌေးသန်းက လင် တစ်ယောက် လုံးကို သတ်လာသူ။ ကြိးမိန့်မှ လွတ်ငြိမ်း၍ အနှစ် (၂၀) လျှော့ရက်ရထားသူ။ ထောင်ထဲမှာ အနှစ် (၂၀) သမားသည် ဗိုလ်..ဟုတ်လား။

ခင်စန်းနွယ်လူးလဲထလိုက်သည်။ သည်တော့မှ ခင်မာက အိပ်ရာခင်းစောင်ကို ဆွဲယူလိုက်၏ ။ အိပ်ရာခင်းကို အသာအယာခါပြီး ခေါက်သည်။ ခေါင်းအုံးအ ဖြစ် ပြုလုပ်ထားသော မျက်နှာသုတ်ပ၀ါကို လေးချိုးချိုးလိုက်သည်။ ဤတွင် ခင်မာ၏ အိပ်ရာသိမ်းကိစ္စပြီးမြောက်သွား လေပြီ။

ခြင်ထောင်လား…

ကြံကြံဖန်ဖန် ထောင်ထဲမှာ ဘယ်ကလာ ခြင်ထောင်ရှိမလဲ။ ယောင်ရမ်းပြီး ပါလာခဲ့လျှင်ပင် အ၀င်ဝရှာဖွေရေး မှာ အသိမ်းခံရသည်။ ခေါင်းအုံးလည်း သည်အတိုင်း။ အကျဉ်းသူ၊ အကျဉ်းသား ဟူသည် လူကောင်းသူကောင်းများ ကဲ့သို့ မွှေ့ရာနှင့် ခြင်ထောင်နှင့် ခေါင်းအုံးနှင့် မအိပ်ရ။

“ကဲ ..ဘုရားကန်တော့မယ်”

တန်းစီးအသံပေါ်လာ၏ ။

တန်းစီးမသိန်းထွေး။ သူကား မနည်ဆိုး မရှိချေ။ အမှု ပေါင်းများ စွာ နှင့် နှစ်ပေါင်းများ စွာ ကျနေသာ ၀ါရင့်ပုဂ္ဂိုလ် ဖြစ်သော်လည်း မောက်မာမှု မရှိ။ မသိန်းထွေးကား အရပ်အမောင်း ကောင်း ကောင်း ကိုယ်လုံးကိုယ်ဟန်ထည်ထည် မျက်လုံးမျက်ဖန် တင့်တယ်သည်။ အသားအရေ စိုပြည် သည်။ ဆံပင်လှိုင်းတွန့်လေးများ နှင့် သူ့နဖူးမှာ သနပ်ခါးစများ ကို မပြတ်မြင်နိုင်သည်။ ဆံပင်ကို တင်းတင်းထုံးထားသဖြင့် အမြဲသပ်ရပ်နေတတ်သည်။ မသိန်းထွေးသည် ဥပဓိရုပ်သန့်သလောက် စိတ်ဓာတ်လည်းလှသည်ဟုဆိုရမည် ။ အော်ကျယ်ဟစ်ကျယ်မဆဲတတ်။ ငေါက်ငေါက်ငန်းငန်းမ လုပ်တတ်။ စကားနည်းသည်။ ပြောပြီးဆိုလည်း ပြတ်သည်။ အထူးအရည်အချင်းကား လိမ္မာပါးနပ် ခြင်း၊ ၀န်ထမ်းဝါဒများ နှင့် အကျဉ်းသူများ ကြား၊ သင့်တင့်အောင် ဖန်တီးတတ်သဖြင့် ထီးလိုမင်းလို ဖြစ်ကာ တန်းစီးသက်တမ်းလည်း အရှည်ဆုံး ဖြစ်သည်။

“တန်းစီး”ဆိုသည်မှာ တစ်ဆောင်လုံးကို အုပ်ချုပ်ရသူ ဖြစ်၏ ။ ၀ါဒါပြီးလျှင် ပါဝါအရှိဆုံး။ အင်းစိန်ထောင်အမျိုးသမီးဆောင် (မိန်းမဆောင်ဟုသုံးနှုန်းကြသည်) အ ဖြစ်ထားသော အဆောက် အအုံများ မှာ အဆောင် (၇) နှင့် (၈) ဖြစ်သည်။ (၁) မှ (၅) အထိက ယောက်ျားဆောင် ဖြစ်ပြီး (၆) ကိုကား မိန်းမအချုပ်ဆောင်အ ဖြစ် ထားရှိသည်။ အရေး ကြီးပုဂ္ဂိုလ်များ ကို ထားသော သီးသန့် ဆောင်များ ရှိသည်။ တိုက်ခေါ် တိုက်တန်းလျားများ ရှိသည်။ အဆောက်အအုံများ တစ်ခုနှင့်တစ်ခု ကို အုတ်နံရံမြင့်မြင့်ကြီးများ နှင့် ကန့်၍ ထားသည်။ ထောင့်ချိုးများ ၊ အကန့်များ နှင့် တစ်နေရာနှင့်တစ်နေရာကူးသန်းခွင့် မရှိ။ မိန်းမဆောင် (၇) နှင့် (၈) ကိုလည်း အုတ်တံတိုင်းနှင့် ကာထားသည်။

ယခင် ကတော့ (၇) အထိပဲရှိခဲ့သည်ဆို၏ ။ (၈) မှာ သည်ဘက်ခေတ်ရောက်မှ ဆောက်ခဲ့ ခြင်း ဖြစ်သည်။ (၇) ကို အဝေးကပင်မြင်နိုင်၏ ။ နှစ် ထပ်ဆောင် ဖြစ်သော်လည်း အမြင့်ပေ (၁၅) ပေ ကျော်လိမ့်မည် ။ လှေကားနှစ် ဆစ်ချိုးဖြင့် တက်ရတာ သုံးထပ်နှင့် ညီသည်။ ရှေ့လှေကား နောက် လှေကားနှင့် ၀ရန်တာ (ဗာရာတန်း)သို့ သံကြောင်လိမ်လှေကားနှင့် တက်ရ သည်။ တောင်နှင့် မြောက် တန်းဆောက်ထားသဖြင့် အရှေ့ဘက်နေရောင် ရသည်။ ပြတင်းပေါက်များ က ကြမ်းပြင် အထိ အရှည်ဖွင့်ထားပြီး ရှေ့ပြတင်းတစ်ခု နောက်ပြတင်းတစ်ခုချင်း အတည့်တည့်ဖောက်ထားရာ လေ၀င်လေထွက်ကောင်းသည်။

ယခုခေတ်ဆောက်သော (၈) ဆောင်ကာ ထိုးသို့မဟုတ်။ သာမန် နှစ်ထပ်အိမ်ထက်ပင် နိမ့် သည်။ ပြီးတော့ လေးထောင့်စပ်စပ်။ လေ၀င်စရာပြတင်းများ က နည်းရသည့်အထဲ ရုံးခန်း ဘက် အပေါက်များ ကို သွပ်ပြားဖြင့် အသေပိတ်ထားခဲ့သဖြင့် လေ၀င်ပေါက်ပိတ်သွားသည်။ အဆောင်က နိမ့်ပြီး အပြင်အုတ်တံတိုင်းက ပိုမြင့်နေလေရကား ပြင်ပလေကို ရနိုင်သည့်အခွင့်အလမ်း ပို၍ နည်းသွားရသည်။ မျက်နှာကြက်ဖြူဖြူရှိသဖြင့် သန့်သလိုရှိပေမင့် အမိုးနိမ့်သွားသဖြင့် ပို၍ ပူအိုက် သည်။ လေ၀င်ပေါက်ကနည်း အမိုးကနိမ့်။ ပေတစ်ရာခန့် ပတ်လည်လေးထောင့်ခန်းကြီးထဲမှာ လူက (၂၀၀) နီးပါး။

မသိန်းထွေးသည် ဤအဆောင် (၈) ဆောင်အပေါ်ထပ်၊ လူ (၂၀၀) ခန့်ကို အုပ်ချုပ်ရသော “တန်းစီး”တည်း။

တန်းစီးအသံပေါ်လာပြီဆိုသော အခါ ဌေးဌေးသန်းလည်း အိပ်ရာမှထ၏ ။ ခင်စန်းနွယ်လည်း စောင်ခေါက်လေးပေါ်တွင် ထိုင်နေပြီ။ နောက်ဘက်မှ နှာပိတို့ လူစုလည်း အိပ်ချင်မူးတူးနှင့်မျက်စိ များ ပွတ်ကာ တန်းစီးရမည့် နေရာသို့ ဖင်ဒရွတ်တိုက်ပြီး ရွေ့လာကြသည်။

ဘုရားရှိခိုးပြီး တန်းစီးပုံစံထိုင်ရမည် ။ ထို့ကြောင့် အချို့က မိမိစီရမည့် နေရာသို့ အပြီးပြောင်း ပြီး ဘုရားရှိခိုးကြသည်။ ကိုယ့်အိပ်ရာပေါ်ကနေ ရှိခိုးခွင့်လည်းရှိသည်။ ခင်မာတို့ ကတော့ တတ်နိုင် သမျှ လူရှောင်ချင်သဖြင့် ကိုယ့်အိပ်ရာပေါ်မှာ ပဲ ထိုင်ရှိခိုးကြသည်။

သင်္ဘောကုန်းပတ်ကြီးနှင့် တူသော အဆောင်ကြီး၏ ခေါင်းရင်းဘက်တွင် ဘုရားစင်ထားရှိ ၏ ။ သစ်သားနှင့် ကျကျကနနရိုက်ထားခြင်း ဖြစ်သည်။ ပန်းအိုးနှစ် လုံးမှာ ဇော်စိမ်းများ ဖြင့် စိုပြည်နေ သည်။ ပလတ်စတစ်ဖြင့် လုပ်ထားသော နှင်းဆီပန်းများ ကိုလည်း ရော၍ ထိုးထားသည်။ အဆောင် ဘေး တောင်ယာမှာ စိုက်ထားသော လေးနာရီးပန်းခေါ် မြေဇူ (မဉ္ဇူ) ပန်းများ ကိုလည်း အပ်ချည်နှင့် သီပြီး အကုံးလိုက်တင်ထားကြသည်။ ပန်းအိုးများ ၏ နောက်ဘက်မှာ မြတ်စွာ ဘုရား ဒုက္ကရစရိယာ ကျင့်စဉ်ပုံနှင့် ပဉ္စသိင်္ခနတ်သား စောင်းတီးဖျော်ဖြေနေပုံကို ကားချပ်ရှိသည်။ အားလုံး၏ အနောက် နံရံပေါ်မှာ ကား ရွှေတိဂုံစေတီတော် ကြီး၏ ပုံတူ ပန်းချီကားကြီးကို ချိတ်ထားလေသည်။ ပလစ်စ တစ်ဖြင့် ဘောင်သွင်းထားသော ကားချပ်ဆိုပေသည့် အဝေးမှကြည့်လျှင် တကယ့် ရွှေတိဂုံစေတီ တော် ကြီးနှင့် တူလှသည်။ ဖူးမြင်ရတိုင်းပင် ရွှေတိဂုံကိုလွမ်းကြရ၏ ။ ဘုရားစင်ကိုအသာ အာရုံပြုပြီး ကြည့်လျက်နေမည် ဆိုလျှင်လည်း သင်္ဘောပေါ်မှာ ပဲဟု ခံစား၍ ရနိုင်ပါသည်။ သို့သော်…

“ဘုရား .. ကန်တော့ မယ်”

အချက်ပေးသံ ပေါ်လာလေသည်။ သည်အချက်ပေးသံက မိမိသည် အိမ်မှာ မဟုတ်။ သင်္ဘောပေါ်မှာ မဟုတ်။ ထောင်ကျနေသူပါတကား ဟုသတိပေးနေလေ၏ ။

ဤအချက်ပေးသံကို ရိုးရိုးအော်လိုက်သည်။ မဟုတ်ချေ။ သံစဉ်နှင့် ဖြစ်၏ ။ ဂီတသင်္ကေတ အားဖြင့် ရေး ပြရလျှင်..

ဒ.. ဒ…. ဒ.. ဖြစ်လေသည်။

မီ .. မီဒို.. မီ…ပေါ့။

ဤဂီတသံစဉ်နှင့် အချက်ပေးအော်ရသူကား တန်းစီးလည်းမဟုတ်။ ဗာရာလည်းမဟုတ်။။ စန္ဒာလင်း ဖြစ်သည်။ စန္ဒာလင်းကား အခြားဟုတ်ပါရိုးကား။ ဗီဒီယိုမင်းသမီး ဖြစ်ဖို့ လေ့ကျင့်နေသူ တည်း။ စန္ဒာလင်းက အဆိုဝါသနာပါသည်။ အဆိုတော် ၊ ဗီဒီယိုသရုပ်ဆောင် ဖြစ်ဖို့ကြိုးစားနေဆဲမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ယခုအင်းစိန်မှာ သုံးနှစ် တာ အနားယူခွင့်ရနေသူတည်း။

“ဘုရားကန်တော့မယ်” အချက်ပြ ဂီတသံစဉ်ပီအောင် အော်နိုင်သူ ရွေးသော အခါ စန္ဒာ လင်း အရွေးခံရလေသည်။ စန္ဒာလင်းကား ဂုဏ်ယူစွာ ဖြင့် မပျက်မကွက် နေ့စဉ်အော်နေ လေ၏ ။ စန္ဒာလင်း၏ “ဘုရား.. ကန်တော့ မယ်” ဆုံးလျှင် ဆုံးချင်း “အင်္ဂီရသဿ …” အစချီသော ဘုရား ပင်ကို စတင်၍ သံပြိုင်အော်ကြရလေသည်။

ခင်မာတို့တစ်သိုက် ကတော့ လိုက်မဆိုချေ…။

သူတို့ဘုရားရှိခိုးတာ ..မခိုးဘူးဟု အသံတိတ်ဆန္ဒပြသည့်သဘောနှင့် လိုက်မဆိုကြခြင်း တည်း။

ခင်မာဆိုသည်မှာ သာမန်ပုဒ်မနှင် သည်နေရာရောက်လာသူမဟုတ်ပေဘဲ။ ယုံကြည်ခြင်း အားလုံးကို ခိုင်ခိုင်မြဲမြဲကိုင်စွဲခဲ့သူ မဟုတ်ပါလား။ ပါတီတစ်ခု၏ ။ အဖွဲ့ဝင်။ သုံးနှစ် အနားယူခွင့်ရ ထားသူ ဒေါ်လွင်လွင်မြ၏ သဘောထားကလည်း ရှင်းသည်။

“ဒီဘုရားပင့်ကြီးကို ကိုယ် လိုက်မဆိုနိုင်ဘူး။ ပြီးတော့ ဓာရဏပရိတ်ကလည်း အသံထွက် တွေ မှားနေတယ်။ ငါးပါးသီလ ဆိုတော့လည်း ပုဒ်ဖြတ်တွေ မမှန်ဘူး။ အမှားတွေ လိုက်ဆိုတော့ အဓိပ္ပာယ်လွဲမယ်၊ အဓိပ္ပာယ်လွဲတော့ ဘယ်မှာ ကုသိုလ် ဖြစ်ပါ့မလဲ။ ဒါနဲ့.. ကိုက သူများ တွေ ဘုရာ ရှိခိုးရင် လိုက်မဆိုဘဲ တရားမှတ်တယ်။ ပုတီးစိပ်တယ် အဲဒါကို တင်တင်တို့ပေါ့ အနေချောင် အောင်ဆိုပြီးတော့ ထောင်မှူးနဲ့ပေါင်းတယ်။ သူတို့အုပ်စုက အပြိုင်အဆိုင် ဖားကြတာ။ တစ်ယောက် က ထရွိုင်ဇာ ဆယ်တာလေးပေးတယ်ဆို နောက်တစ်ရောက်က တစ်ထောင်တန် ဘူးပါတိတ်၊ ထောင်မှူးမကို လာဘ်ထိုးပြီး မျက်နှာရအောင်၊ ဒီမှာ အနေချောင်အောင် လုပ်ကြတာ။ ဒီတော့သူတို့က ရုံးခန်းမှာ ၀င်နိုင်ထွက်နိုင်တယ်လေ။ ဒါနဲ့ ..ဘုရားရှိခိုးတော့လည်း ပထမ ကိုယ်တို့ရောက်စက ကိုယ့်ထက် အရင်ရောက်နေတဲ့လူတွေ က အော်တာ လိုက်ဆိုကြတာပဲ။ နောက် တင်တင်တို့က နိုင်ငံရေး ဦးဆောင်မှု ယူရမယ်ဆိုပြီး သူတို့ထဲက ၅ ညထဲကပေါ့ တိုင်ပေး မယ် အားလုံးလိုက်ဆို.. ဒီလိုစီစဉ်တာကိုး။ အဲဒါ.. ကိုယ်က မလိုက်ဆိုနိုင်ဘူးဆိုပြီး ပုတီချည်း စိပ် နေတော့.. သူတို့က မကျေနပ်ကြဘူးလေ။ ဒါနဲ့ ကိုယ်က ပုတိးမစိပ်တော့ ဘဲ ငါ.. အသာငြိမ်ပြီး တရားမှတ်နေလိုက်တယ်။ အဲဒါကို အပြစ်လုပ်ပြီး သက်မွန်ကို သွားတိုင်ကြပါရော၊ သက်မွန်ဆိုတာ အရင်က အဆောင်တာဝန်ခံလေ။ အလွန်အာကြမ်း၊ အရိုက်ကြမ်းပေါ့။ အဲဒါ ဘာပြောကောင်းမလဲ တစ်ရက် အာလုံး ရက်က္ကန်းရက်နေတဲ့နေရာကို သက်မွန်ရောက်လာပြီး ထပ်ကနေအော်တယ်။”

“ဘယ်ကောင်မလဲ ခရစ်ယာန်ဘာသာပြောင်းလိုက်ပြီဆိုတာ”

“ကိုယ်လဲ ၀ုန်းဆို ထရပ်လိုက်တယ်။ ကောင်မ…ဆိုတော့ ကိုယ် ဒေါသ ဖြစ်တာပေါ့။ ဘာမျ မကြောက်တော့ဘူး။ ရင်ဆိုင်ပစ်လိုက်မယ်ဆိုပြီး ထလိုက်တာ။ အဲ ဘေဘီတို့၊ နှင်းနှင်းမွေးတို့ ဥမ္မာတို့၊ ကိုယ်နဲ့နီးစပ်တဲ့ကလေးမလေးတွေ ကလည်း အန်တီးကြီး တစ်ယောက် တည်း အားနည်း နေပြီဆိုပြီး ထ.. ထ.. ရပ်ကြတာနဲ့ လေး၊ ငါး ခြောက်ယောက် ဖြစ် သွားပါရော”

“အားလုံကို ရုံးခန်းခေါ်သွားတာပေါ့။ ထောင်မှူးမက ဒေါ်ဝင်းကြည်၊ သူကပြောတယ်။ အန်တီ ဒီမှာ ထောင်ဝင်တုန်းက မှတ်ပုံတင်တော့ ဗုဒ္ဓဘာသာလို့ ပြောထားတယ်လေ .. တဲ့။ ကိုယ်က ဒါကတော မြန်မာပြည်မှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားတဲ့ ဥပဒေရှိတာပဲလို့။ ဒါဖြင့် ပြန်ထွက်သွားရင်ကော တဲ့။ ပြန်ထွက်သွားရင်တော့ ဗုဒ္ဓဘာသာပဲ လို့ပြောလိုက်တယ်။ ဒါဖြင့် အခု ဘာလို့ ပြောင်းချင်တာလဲ တဲ။ ဘုရားမရှိခိုးချင်လို့ .. လို့. ဘာလို့ ဘုရာမရှိခိုးချင်တာလဲဆိုတော့.. အဓိပ္ပာယ်တွေ မှားတွေ ၊ ပုဒ်ဖြတ်အမှားတွေ ၊ ဒါ အကျိုးမရှိဘူး။.. လို့”

“ဒါနဲ့ ဒေါ်ဝင်းကြည်က ဒါဆိုလည်း အန်တီ မရှိခိုးနဲ့လေ။ အနှောင့်အယှက်မလုပ်နဲ့တဲ့။ မလုပ်ပါဘူး ငြိမ်ငြိမ်လေး တရားမှတ်၊ ပုတီစိပ်တာပဲလို့ ကောင်းပြီ လုပ်ပါတဲ့”

“နောက်..ကျန်တဲ့ကောင်မလေးတွေ ကို မေးတော့။ ကောင်မလေးတွေ ကလည်း အန်တီကြီး လိုပဲ တဲ့ ပြီးသွားရော..”

ဤအကြောင်းများ ကို ဒေါ်လွင်လွင်မြက ခင်မာတို့အုပ်စုရောက်စက ပြန်ပြောဖူးသည်။ ပြောသည့်အတိုင်းလည်း ပြတ်ပြတ်သားသားပင်လုပ်ပြသည် ယခုလည်းကြည့် ဒေါ်လွင်လွင်မြသည် တန်း၏ ထိပ်ဆုံးမှ တင်ပျဉ်ခွေ ထိုင်လျက် သူ့ကြေးပုတီးကြီးကို စူးစူးစိုက်စိုက် စိပ်နေလေပြီ။

ဘုရားရှိခိုးသံများ ကပား စီစီဝေေ၀ မရှိလှပေ။

အိပ်ချင်မူးတူး သံများ ရောနေသည်။

“ငါတော့ ဘုရားကိုအားနာလို့ မရှိခိုးဘူး”

ခင်မာ့နောက်က ခင်ထားရီက သူ့ဘေးက လူကိုပြောသံကြားရ၏ ။

“ဘာ.. အားနာတယ်”

“အေးလေ။ ဘုရားကို ကြွတော် မူပါလို့ ပင့်တာအရေး မကြီးဘူး တကယ်ကြွလာတယ်ဆို ပါတော့ ငါ့မှာ က အာပုပ်စော်တွေ နံလို့ ကဲ .. အားနာစရာကြီး မဟုတ်လား”

ခွိခွိနှင့် ရယ်ကြသည်။

မျက်နှာမသစ်ဘဲ စကားမပြောချင်ဘူးဆိုသော ဒေါ်တင့် တစ်ယောက် ကတော့ ဘုရာလည်း မရှိခိုး၊ စကားလည်းမပြော၊ မိုးလင်း၍ တန်းဖြုတ်ပြီး အောက်က ရေကန်မှာ မျက်နှာ သစ်ပြီးချိန် အထိ ၀၀ီပိတ်ကျင့်နေလေသည်။

မွှေးမွှေးနှင့် ဒေါ်စန်းရီတို့နှစ် ဦးကား ၀ီရိယကောင်းကြ၏ ။ သူတို့ကဘုရားလည်း ရှိခိုးချင်သည်။ ခံတွင် လည်း သန့်ရှင်းချင်သည်။ ထို့ကြောင့် သူတို့သည် ဗာရာ၊ တန်းစီးများ ၊ မနိုးခင်း နံနက် လေးနာရီလောက် ထကြသည်။ အပေါ့အပါးသွားသလိုလိုနှင့် ကျင်ငယ်လှောင်သော အိုးထဲ၊ မျက်နှာသစ် ရေလောင်းကြလေသည်။ အချို့ အလွန်အသန့်ကြိုက်သူများ ကတော့ ရေပုလင်းနှင့် ရေခွက်ကြီးကိုဆောင်ထားကာ ရေပုလင်းထဲက ရေနှင့် ရေခွက်ကြီးထဲ မျက်နှာသစ်ချသည်။ မှော က်လှင်ဖြင့် အောက်ထပ်နှင့် ပြဿနာ၊ အပေါ်ထပ်မှ ရေကျိုဆို.. အောက်ထပ် ကလေးအမေ ဆောင်က စွာ စွာ လောင်လောင် အော်တတ်ကြလေသည်။ မလွယ်။

ခင်မာတို့ ကတော့ ဘာမှပြဿနာမရှာ။

မျက်နှာမသစ်ရလည်း စိတ်မညစ်၊ အာပုပ်စော်နံလျှင် အင်္ကျီလက်မောင်းစနှင့် သုတ်ပစ်၊ ထားလိုက်စမ်းပါ အသေးအဖွဲတွေ ။

ဘုရားရှိခိုးကာ မဆုံးနိုင်သေး။

ဟေတုပစ္စယောကို မညီမညာဆိုနေကြ၏ ။ မညီရသည့်အကြောင်းက သည် (၂၄) ပစ္စည်း ကို ဆိုရသည်မှာ မကြာသေး၍ ဖြစ်သည်။ လွန်ခဲ့သည့်လ၊ မိုးနှောင်းကာလ ညတစ်ညမှာ တစ် ထောင်လုံး သရဲခြောက်ခံရသဖြင့် ဤ (၂၄) ပစ္စည်းကိုထပ်ဖြည့်ခဲ့ကြခြင်း ဖြစ်လေသည်

သည်အထဲမှာ စာအတတ်ဆုံးဟု အထင်ခံချင်၍ ပဲလား။ အသံကောင်းဆုံးဟု အထင်ခံချင် ၍ ပဲလား၊ သရဲအကြောင်းဆုံး ဖြစ်နေ၍ လား မသိ အမျိုးသမီး တစ်ယောက် အသံက ထူးခြားစါာ ကျယ်၍ နေသည်။ ကျယ်ပုံကျယ်နည်းကလည်း သူများ နည်းတူ မဟုတ်။ သူ့သံစဉ်က သူများ နှင့် မတူ။ ဂီတသဘောပြောရလျှင် ကီးကြောင်နေလေ။ သူ့ခမျာတော့ ဒါတွေ သိပုံမရ။ အသံကို မြှင့် ကာ မြှင့်ကာ ဆိုနေရှာ၏ ။ အသံအကျယ်ဆုံးလူကို အမြန်ဆုံးလွှတ်မည် ဟုများ ထင်နေရှာရော့ လား။

အမျှဝကြလေပြီ။

“အားလုံး ကြားကြားသမျှ အမျှ.. အမျှ.. အမျှ ယူတော် မူကြပါကုန်လော။. သာဓု သာဓု သာဓု”

သာဓုကိုတော့ ခင်မာလိုက်၍ ဆိုလိုက်သည်။

သာဓု၏ အဓိပ္ပာယ်မှာ ကောင်းပါလေရဲ့ ဟူ၍ မဟုတ်လား။ ဘုရားရှိခိုးသံများ ပြီးဆုံးသွား ခြင်းကား ကောင်းလှပေ၏ နားသက်သာသွားရလေပြီ။ အိပ်ချင်မူးတူး သံများ ၊ သံကြောင်သံသေး များ ၊ မဆိုချင်ဆိုချင်နှင့် ဆိုနေသံများ သည် ခင်မာကြားဖူးသော ၀တ်ရွတ်သံမျိုးမှ မဟုတ်ဘဲ။ ကြည်နူးဖွယ်မရှိ။ သာယာနာပျော်ဖွယ်မရှိ၊ ထောင်နံရံလေးဖက်အတွင်းမှပါတကား။ ဆိုသော အသိက အစဉ်ကပ်၍ နေသဖြင့် ဗာရာကိုကြောက်၍ ရှိခိုးအော်ဟစ်နေကြတာပဲဟု တွေးနေမိရကာ အဘယ်မှာ သာယာကြည်နူးစိတ် ပေါ်နိုင်ပါတော့မလဲ။

ဘုရားရှိခိုးခြင်းအမှု ပြီးသော အခါ တန်းစီးရာသို့ ထသွားကြသည်။ ဝေးဝေးလံလံမဟုတ်။ ဘုရားစင်ကို ဦးတိုက်လျက် နှစ် ယောက် တစ်တွဲ အတန်းရှည်ကြီးငါးတန်း။ ခင်မာတို့ (၅) ညမျာကာ ခေါင်းရင်းဘက် လေးပုံတစ်ပုံကို စီးယူထားသည်။ အုပ်စုတောင့်သဖြင့် အခြားပုဒ်မများ က ဖြုံကြ၏ ။ ထိပ်ဆုံးမှာ ဒေါ်လွင်လွင်မြ၊ သူက သမ္ဗုဒ္ဓေတစ်ထောင်မပြည့်သေး၍ ထင်၏ ။ ပုတီးစိပ်နေလေ သည်။

ဒေါ်လွင်လွင်မြနှင့် ဘေးချင်းကပ်၍ ထိုင်နေသူကား ရွှေကူမေနှင်း။ သူ ကတော့ ပုဆစ်ဒူးကို ကျကျနန တုပ်ထိုင်ကာ တရားမှတ်နေတာသလား။ အိပ်ငိုက်နေသလားမပြောတတ်။ ငြိမ်နေတတ် သည်။ မိတ္ထီလာချည်စောင်ကို တစ်ကိုယ်လုံး ရစ်ပတ်ထားရုံမ့ ခေါင်းမှာ လည်း သိုးမွှေးမာဖလာကို ပတ်ထားသည်။ ဆောင်းဦးပေါက် အအေးဒဏ်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြံ့ကြံ့ခံနေကြသော အန်တီများ သာတည်း။

သည်အန်တီများ ၏ တက်ကြွသော မျက်နှာအမူအရာများ ကြောင့် ခင်မာတို့ လူငယ်အုပ်စု မှာ ပိုပြီးအားရှိလာသည်။ လူကြီးတွေ တောင် ခံနိုင်သေးတာပဲ ဟု တင်းနိုင်သည်။

ခင်မာနှင့် တွဲ ၍ ထိုင်ရသူမှာ ခင်စန်းနွယ်၊ ခင်စန်းနွယ် ကတော့ ရသမျှ သက်သာသလို နေမည် ဟု ခံယူချက်ထားသူ ဖြစ်သည်။ နှစ် ယောက် တစ်တွဲ ထိုင်ရသော အတန်းထဲမှ ၀ါဒါမများ တစ်မိနစ်ပဲရရဆိုပြီ စောင်ခေါက်လေးပေါ်မှာ ခွေခေါက်လှဲအိပ်နေသည်။

ခင်စန်းနွယ် ခွေအိပ်နေရာ တင်းပါးဆုံပေါ်မှာ ကာ ထွေးထွေးခေါင်းအုံးနေ၏ ။ ထွေးထွေး ပေါင်ကိုတော့ လှလေးနွယ်က ခေါင်းအုံးသည်။ သူတို့ချင်း ပြေလည်ကြ။ ဘယ်သူ့ဘယ်သူမှ နာ သည်။ ညောင်းသည်ဟု မညည်းညူကြ။ သူတို့နှင့် ဘေးချင်းတိုက် နောက်ဘန်းမှာ ရင်ရင်တို့။ စုစု တို့ တစ်အုပ်စုကေတာ့ ခပ်ပြောင်ပြောင်ပင် စောင်ကိုတန်းနေအောင် ခြံကာ ကွေးနေလေသည်။

ကလေးမတွေ က ခွေနေကြသော်လည်း သက်ကြီးအန်တီများ ကား မခွေကြပေ။ မားမား မတ်မတ် ထိုင်နေကြ၏ ။ အန်တီများ မတ်မတ်ထိုင်နေကြသည်ကို မြင်ရတိုင်း ခင်မတို့ နှလုံးသား မှာ တစ်ခါတစ်လေ လာလည်တတ်သော အားငယ်စိတ်များ ကို ခပ်လွယ်လွယ်နှင့် ထုတ်နိုင်ခဲ့လေ သည်။

ဟော…

ဒေါ်ကြည်ဌေးအသံကြီးကို စတင်ကြားရပြီ။ သူက အများ တကာ ဘုရားရှိခိုး အမျှဝေပြီးမှ သီးခြားမေတ္တာပို့တိုးတိုးဆိုရင် တဖြည်းဖြည်းကျယ်လာခြင်း ဖြစ်သည်။ သူ့မေတ္တာပို့ကို ခင်မာတို့က ပင် အလွတ်ရနေကြလေပြီ။

ဤအကျဉ်းထောင်၌ ရှိကြသော လူအပေါင်းတို့.. အမြန်ဆုံးလွတ်ကြပါစေ အိမ်၌ ရှိသော …

ဤနေရာရောက်သည်နှင့် အသံတိုးသွားလေသည်။ ဧကန္တ. သူ့ယောက်ျားအတွက် ဆု တောင်းတာ ဖြစ်ရမည် ။ သူများ မကြားအောင် တိုးတိုးလေ ဆုတောင်းသည်ဆိုတော့ အင်း. ဘာဆုတွေ များ ပါလိမ့်..

“အိမ်၌ ရှိသော ကိုဖိုးမောင်လည်း ကျန်းမာပါစေ၊ ထောင်ဝင်စာ မှန်မှန်လာနိုင်ပါစေ။ နောက်မိန်းမ မယူပါစေနှင့် ဘုရား”

ဒေါ်ကြည်ဌေးနှင့် မလှမ်းမကမ်းမှ ဒိုင်ယာနာ၏ အသံ။

ဒိုင်ယာနာဆံပင်နှင့် ရှိုးကောင်ေးသာ ကလေးမသည် လူရွှင်တော် ဖြစ်၏ ။ ဒေါ်ကြည်ဌေး ဆုတောင်းဤနေရာရောက်၍ အသံတိုးသွားတိုင်း သူက ဤလို ၀င်၍ ဆုတောင်းပေးနေကျ။ ကျယ် ကျယ်ကြီးမို့ တစ်ဆောင်လုံးကြားပြီး တခွီခွီ ရယ်ကြသည်။ တရားမှတ်နေသူများ ပင် ပြုံးတုံးတုံး ဖြစ် ကြရစမြဲ။

ဤဆုတောင်း ပြီးသော အခါ..

“ဥုံ ဗုဒ္ဓစက္ခုံ တိုက်လုံးခြုံလုံစေသား လုံစေသား…

ဥုံ.. ဓမ္မစက္ခုံ တိုက်လုံးခြုံ လုံစေသား.. လုံစေသား

ဥုံ သံဃာစက္ခုံ တိုက်လုံးခြုံ လုံစေသား လုံစေသား”

အထက်ပါ အပိုဒ်များ ကို သက်စေ့ထင်ပါရဲ့ အသံကျယ်ကျယ်နှင့် ဖြစ်၏ ။ သည်တော့လည်း ဒိုင်ယာနာက စိတ်ပျက်သံကြီးနှင့် ..

“အော် အဒေါ်ရယ်.. ထောင်ထဲရောက်လို့ အလုံပိတ်ခံနေရအထဲ ဒီထက်ပဲ လုံချင်သေး သလား ..”

သည်ပြက်လုံးကိုတော့ မရယ်နိုင်ကြ။ ကိုယ့်ဘ၀ကိုတွေးပြီး ငြိမ်သွားကြသည်။

“မနောက်ပါနဲ့ ဒိုင်ယာနာရယ်”

အမေတင်က တားသည်။ သူများ ဘုရားရှိခိုးတုန်း နောက်ရင် ဘာ ဖြစ်တတ်တယ်၊ ညာ ဖြစ် တတ်တယ် နှင့် တရားချသည်။ သည်တော့မှ ဒိုင်ယာနာက စောင်ကို ခေါင်းမြီးခြုံပြီး ငြိမ်ကျသွား သည်။

“ဗိုက်နာလိုက်တာ”

ခင်စန်းနွယ် လူးလဲထသည်။

အစ်မ ကတော့လုပ်ပြီ“

ထွေးထွေးက သူ့ခေါင်းအုံးထားသော တင်ပါးဆုကြီး ပျောက်ဆုံးသွားသဖြင့် စိတ်ပျက်လက် ပျက်ဆိုလေသည်။

“ဒုက္ခပဲ ဗိုက်နာလိုက်တာ”

ခင်စန်းနွယ်က ဗိုက်ကိုနှိပ်ရင်း မျက်နှာရှုံ့နေသည်။ ခြေရင်းပိုင်းရှိ မိလ္လာချောင်ကိုလည်း လှမ်း၍ အကဲခပ်သည်။

“အိုးတွေ ပိတ်ပြီးရောပေါ့”

ထွေးထွေးက မှတ်ချက်ချရ၏ ။

“မအောင့်နိုင်တော့ဘူး”

ပြောပြောဆိုဆို ခင်စန်းနွယ်နေရာမှထ၏ ။ တွဲ လဲကျနေသော စောင်ကို ခြေဖြင့် ခတ်ပစ်ခဲ့ပြီး အတုံးအရုံး လဲနေသူများ ကြားမှ ဒယီဒယိုင်လျှောက်သွားသည်။

ခင်စန်းနွယ်ကား မိမိယုံကြည်ချက်အတွက် တောထဲအထိ စခန်းသွားခဲ့သူ ဖြစ်၏ ။ ရန်ကုန် ပြန်ပြီး အခြားသူတွေ ကို အခေါ်များ အဖမ်းခံရခြင်း ဖြစ်သည်။ စိတ်ဓာတ်ဖြင့် တောခိုခဲ့သူ ဖြစ်သော် လည်း သူ့ပင်ကိုက အစာလည်း အဆင်းရဲမခံနိုင်၊ ခံစားချက်ကိုလည်း သိုမထားတတ်။

“ဗိုက်နာလို့”

ခင်စန်းနွယ်က အိမ်သာစောင့်နှာပိကို မျက်နှာချိုသွေး၏

“အိုးပိတ်ပြီးပြီ”

နှာပိက ခပ်တင်းတင်း ဖြေလေသည်။

နှာပိဟူသည်ကာ နှယ်နှယ်ရရ မဟုတ်း။ (၈) ဆောင်အပေါ်ထပ်မှာ အိမ်သာအကြီးအကဲ။ ထောင်ဝေါဟာရနှင့် ပြောလျှင် မိလ္လာဘုတ်ကိုင်၊ သည်ရာထူးကို သာမန်လူ ရနိုင်သည်မဟုတ်။ မိလ္လာသိမ်းအလုပ်မှာ ပင်ပန်းသည်။

အခင်းကြီးအတွက်ကျတော့ သစ်သားစင်လေး ရိုက်ပေးထား၏ ။ ထိုစင်၏ အပေါက်တည့် တည့်မှာ စဥ့်အိုးကြီးကို ခံထားသည်။ စဥ့်အိုးကြီလွှတ်တောင်ဆိုတော့ စင်က သုံပေန့်မြင့်သည်။ ထိုအပေါ်တက်ပြီး ထိုင်ရသည်။ “စင်မြင့်ပေါ် တက်သည်” ဟုခေါ်ကြ၏ ။ ထိုအပေါ်မှာ ထိုင်ရန်ကား အဆင်ပြေပါ၏ .။ သို့သော်.. အုတ်အာအရံလေး၏ အပေါ်ဘက်ရောက်နေသဖြင့် မြင်ကွင်းကျယ် လေးဖက်မြင် ဖြစ်နေသည်။

ပထမရှက်၍ မတက်ရဲကြ။ အားလုးမြင်နိုင်သော စင်မြင့်လေးပေါ်မှာ ငုတ်တုတ်ထိုင်ရ မည့် ကိစ္စမှာ အတော် ပင် ခက်ခဲသော အရာကြီးမဟုတ်ပါလား။ မတက်ရဲ၍ အောင့်ထားသော ဆီးချုပ်၊ ၀မ်းချုပ် ရောဂါ ရသည်။ နောက်တော့မျက်နှာအုပ်ပြီး ထိုင်ရတော့သည်။ နောက်တော့ လည်း ရိုးသွားပြီ။ စင်မြင့်လေးပေါ်မှာ ခပ်တည်တည်ထိုင်ရင်း ဆေးလိပ်ခဲထားကြသည်။ အောက်က မိတ်ဆွေများံမှ လှမ်း၍ စကားပြောကြသည်။ စကားတပြောပြော ရယ်ရယ်မောမော ခပ်လှမ်းလှမ်းက လူကို နှုတ်ဆက်လိုလျှင် လက်ကလေးများ ပင် ပြလိုက်ကြသေး။ စင်က တစ်ခု တည်း။ လူက နှစ် ရာနီးပါး စင်အားတုန်း တက်ရတာ သည်လိုမှ သဘောမထားနိုင်ရင် ဘယ် ဖြစ်ပါ့ မလဲ။ ရောမ၊ မရောက်တော့ ရောမသားလို ကျင့်နိုင်ရမည် ပေါ့။

သည်လိုနှင့် ပြည့်လျှံလာသော အိုးများ ကို (အိုးအရေအတွက် ကန့်သတ်ထားသည်။ ကျင် ကြီးတစ်အိုး၊ ကျင်ငယ်သုံးအိုး၊ မိုးမလင်တလင်း၊ အဆောင်ဖွင့်ဖွင့်ချင်း မိလ္လာသိမ်းသူများ က အောက်သို့သယ်ချရသည်။ မိန်းကလေး နှစ် ယောက် ဖြင့် မပြီး သယ်ရသည်ဆိုတော့ မလွယ်ကူလှ။ အားလည်းကောင်းမှ မရွံလည်း မရွံတတ်မှ။ အဆောင်က အုတ်လှေကား ၁၅ ထစ်လောက်မြင့် သည်မို့ မလဲမပြိုအောင် ဂရုစိုက်ရသည်။ လဲကွဲလိုက်လို့ကဖြင့် လူကအရေး မဟုတ်။ အိုးထဲက ကိစ္စ များ ပြန့်ကျဲကုန်သဖြင့် အပေါ်ထပ် အောက်ထပ် သိမ်း၍ မဆုံးတော့။ ဝေးရာပြေးကြပေရော့။ အဆူ အဆဲခံပေရော…။

ဤရွံရှာဖွယ်အလုပ်ကို လုပ်ချင်သူမှာ ရှားသည်ဟု ထင်လျှင် မှားပါလိမ့်မည် ။ ထောင်မကြာ ခဏ ကျတတ်သော ပုဒ်မ ၃၀ ဃ ခေါ် မသင်္ကာမှု ကလေးမများ သည် ထောင်ရောက်၍ အလုပ်ချ လျှင် ကျွန်မ မိလ္လာလုပ်မယ် ဟု တောင်းတတ်ကြ၏ ။ ဘာကြောင့်နည်း။ အညစ်အကြေး ကိုင်ရ သည်ဆိုပြီး အာဏာပိုင်များ က အပတ်စဉ်ထောင်ဝင်စာလာတွေ့ သူများ ထံမှ ဆေးလိပ်ငါးလိပ်စီ ကောက်ပြီး သူတို့ကို ပေးသည်။ မိလ္လာကြေး. ဟုခေါ်ပါ၏ ။

အကျဉ်းသူအချင်းချင်းကလည်း ကိုယ့်အညစ်အကြေး သိမ်းပေးသူဆိုပြီး သူတို့ကို ငပိ ကြော်လေးအစ၊ ချဉ်ပေါင်ကြော်အစ၊ ပေးကမ်းတတ်ကြ၏ ။ ကလေးမများ က အခြေအနေမဲ့များ မို့ ထောင်ဝင်စာမရှိ။ လာတွေ့ မည့် သူ မရှိ၍ လည်း ပိုပြီး ပေးကမ်းချင်ကြ၏ ။ သည်တော့.. သူတို့မှာ ထောင်ဝင်စာမရှိသော်လည်း ဖောဖောသီသီ စားနိုင်ကြ၏ ။ ဆီးသီးထုပ်တစ်ထုပ်ကို ဆေးလိပ် ၁၀ လိပ် ဆိုလည်း ၀ယ်စားနိုင်ကြသည်။ ထို့ကြောင့် သည်အလုပ်ကို ပျော်ပျော်ပါးပါးပဲ လုပ်ကြလေ သည်။ သည်လူတွေ ထဲမှာ မှ ထောင်ခဏခဏ ကျလေ့ရှိသူ နှာပိလိုလူက အကြီးအကဲကြီးကြပ်သူ (ဘုတ်ကိုင်) ခန့်ခြင်းခံရလေသည်။ (နှာပိဆိုသည်မှာ လည်း နာမည် ရင်းမဟုတ် ရဲဘက်ပါသွားစဉ်က ကျောက်တုံးဖိမိ၍ နှာခေါင်းမှာ ဒဏ်ရာရပြီး နှာခေါင်းပြားသွားသဖြင့် နှာပိ အမည် ရနေသူ ဖြစ်ပါ သည်)

သည်တော နှာပိတို့က ပါဝါရှိသည်။

“ငါးနာရီထိုးပြီလေ အိုးပိတ်ချိန်ပဲ”

ခပ်တင်းတင်းဆိုသည်။

ခင်စန်းနွယ်က ဗိုက်ကိုနှိပ်ရင်း တောင်းပန်တိုးလျှိုရ၏

“နှာပိရယ် ခဏလေးပါဟယ်။ ငါ နေ့ခင်းကျ ငါးပိကြော် ပေပါ့မယ်။ ကျိက္ကဆံဘီစကစ်လည်း ရှိတယ်။ ဖွင့်ပါဟာ နော်..”

“အစ်မကို ပေးပါရင် တခြားလူတွေ လည်း ပါချင်မှာ ပေါ့”

နှာပိက ဈေးကိုင်နေလေသည်။

“အိုးမရှိဘူးလား..”

တတ်နိုင်သူများ က ကိုယ်ပိုင်ပလတ်စတစ်ဆီးအိုးများ (အဖုံးအပိတ်နှင့် ) ကို အိမ်ကမှာ ပြီး သုံးကြသည်။ ကိုယ့်အိုးနှင့် ကိုယ်ဆိုတော့ဘယ်သူမှ မပြောရတော့ပေ။ သိုပေသည့် သည်လို ကိုယ် ပိုင်အိုးထားလျှင် မိလ္လာသမားကို အခပိုပေးရသည်။ နို့မို သူတို့ က ကိုယ့်အိုးကို အနံ့မပျက်အောင် ဆေးမပေးဘဲ ပြညာပြတတ်သည်။

“ငါ့မှာ အိုးမရှိလို့ပေါ့ဟဲ ရှိရင် နင့်ပြောနေပါ့မလား”

ခင်စန်းနွယ်က ဒေါ်ပွလာလေပြီ

သည်လိုဆိုတော့လည်း (၅) ည အစ်မများ ကို နှာပိမဆန့်ကျင်ရဲ။

“ကဲပါ.. သူမျာအိုးထဲပါ။ စဥ့်အိုးတော့ ဖွင့်လို့မ ဖြစ်ဘူး”

ပြောပြီး နီးရာပလစ်စတစ်အိုးမျာကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်သည်။ ပြည့်နေကြတာ များ ၏ နည်းနည်း လျှော့နေသည့်အိုးတွေ့ မှ ခင်စန်းနွယ်ရှေ့သို့ ထိုးပေးသည်။ ခင်စန်းနွယ်လည်း ကြေး မထူနိုင်။ နှာပိထိုးပေးသော အိုးကို အမြန်ယူကာ ဒုက္ခကြီးကို ဖွင့်ချပစ်ရ၏ ။

“အင်း.. ဒါကြောင့် ဟိုအမတ်ကြီးပြောတာကို အီးအီးပါရတာ အရသာအရှိဆုံး လို့”

သို့သော် စိတ်မအေးရသေး.

သည်အိုးသေးသေးလေးနှင့်ဆိုတော့ ရေသုံး၍ မရ။ အိုးတွေ မှာ လျှံမှာ စိုး၍ ရေများများ သုံး ခွင့်မပြုပေ။ ရေအိမ်သုံးစက္ကူလုံး သွင်းခွင့်မရှိ။ မုန့်ထုပ်ကလေးများ မှ ပါလာတတ်သော တံဆိပ်စက္ကူ စများ ကို ပင် ရှာဖွေရေး အဆင့်ဆင့်မှ ဆုတ်ဖြဲပစ်ခဲ့ကြသည်မဟုတ်လား။ သည်တော့လည်း ကြို တင်ပြင်ဆင်မှု များ အထူးပြုလုပ်ထားကြရ၏ ။ လွတ်သွားသူများ ထံမှ အင်္ကျီစုတ်၊ လုံချည်စုတ်များ ကို တောင်းထားကြပြီး အစသေးသေးလေးများ ဖြတ်ကာ ဆောင်ထားကြ၏ ။ ယလို ရေမသုံးနိုင် သည့် အချိန်အခါမျိုး ကြုံသော ထိုအ၀တ်အစုတ်များ က တာဝန်ယူကြပေလိမ့်မည် တည်း။

ခင်စန်းနွယ်မှာ အ၀တ်စ ဆောင်မလာမိ။ ကုန်နေပြီ။ နှာပိကို အကူအညီတောင်းရပြန် သည်။နှာပိက မနီးမဝေးမှာ တွေ့ ရသော ဆေးထုပ်ကို စက္ကူစုပ်ကလေးများ ကောက်ပေးသည်။ ကျေးဇူးပါပဲ။

တန်းစီရာသို့ ပြန်ရောက်သော အခါ အားလုံးငုတ်တုတ်ထထိုင်နေကြလေပြီ။ ဟုတ်တာ ပေါ့ စောစောတုန်းက (၃-၆) ဗာရာ ဒေါ်ထိုက်အော်သံ ကြားလိုက်ရပါသည်။

“ဆရာမ တွေ လာပြီး အားလုံးထိုင်မယ် ငြိမ် မလှုပ်နဲ့..”

ဝါဒါမများ ၀င်လာကြလေပြီ..

ပုတီစိပ်သူများ ရပ်ထားကြ၏ ။ လက်လှုပ်တာ မကြိုက်ဟုဆိုသည်။ အမှန်က ပုံစံထိုင် ဆိုသည်မှာ တစ်ပုံစံတည်း ဖြစ်ရမည် ။ မိန်းမထိုင်ဟုခေါ်သော ဒူးတုပ်ထိုင်၊ ခြေထောက်တွေ ကို ဘယ်ဘက်ဆို ဘယ်ဘက်၊ ညာဘက်ဆို ညာဘက် တစ်ဖက်တည်း ညီညီညာညာ ထိုင်ကြရမည် ။ လက်ပိုက်၊ ခေါင်းငုံ့။ မလှုပ်ရ

ခင်မာတို့ကျကာမှ တင်ပျဉ်ခွေထိုင်တာကို မကန့်ကွက်တော့ခြင်း ဖြစ်သည်။ အချုပ်ဆောင် မှာ ဆိုလျှင် တင်ပျဉ်ခွေပင် ထိုင်ခွင့်မပြု။ လူချင်းမျက်နှာနာအောင် ပေါင်း၍ တစ်နည်း၊ ခပ်တင်းခင်း ဆန့်ကျင်၍ တစ်မျိုး တိုက်ခဲ့ကြသဖြင့် ပုံစံထိုင်ရာ၌ ချောင်ချောင်ချိ ချိ နေကြရလေသည်။

သော့ ဖွင့်သံ ကြားရပြီ။

မျောက်လက်ကြီး ဆွဲဖြုတ်သံ ပေါ်လာသည်။

ဒေါက် .. ဒေါက်.. ဒေါက်..

စစ်ဖိနစ်သံ

မော့မကြည့်ကြ။ မြန်မြန်ပြီးလျှင် ပြီးရော..။

စစ်ဖိနပ်သံရှင်သည် နှစ် ယောက် တစ်တွဲ ထိုင်နေကြသာ လူတန်းကြီးများ ထဲသို့တစ်တန်းဝင် တစ်တန်းထွက်ကာ လက်ညှိုးလေး တငေါက်ငေါက်နှင့် ရေတွက်နေသည်။

“တစ်ပြူး နှစ် ပြူး . သုံးပြုး..”

ဤ၀ါဒါများ သည် ယူနီဖောင်းကိုဝတ် ဖိနပ်ကကိုစီး၊ ခရာမှု တ်နေကြသော်လည်း လူရေတော့ တစ်ပြူး နှစ် ပြူးတဲ့ ရှေးဆန်သားဟု ခင်မာတွေးပြီး ပြုံးနေမိသေးသည်။

“ကိုးဆယ်ပြူး တစ်ယောက် ”

ဝါဒါက တန်းစီးကို လှမ်းပြောသည်။

“ဟုတယ်ဆရာမ ညက ကိုးဆယ်ပြူးနဲ့ တစ်ယောက် ပဲ”

သူ့တို့အချင်းချင်း ဆက်ပြောနေကြသည်။

ဘာအကြောင်းတွေ ပါလိမ့်မ်။

တစ်ခါတစ်ခါ တန်းစီးအတွက် ၀ါဒါက ကောက်ညှင်းပေါင်း ၀ယ်လာပေးတတ်သည်။ တန်းစီ က ညကျ လက်ဖက်ကျွေး၊ တန်းစီဆိုသည်မှာ ၀ါဒါနှင့် ပလဲနံ့ သင့်အောင် နေရသည့်အမျိုးပဲ။

“ဂျောင်း..”

ဟော သံတံခါးကြီး ပြန်ပိတ်လိုက်ပြီ။ ၀ါဒါ မပြန်ဆင်းသွားပြီ။

အကျဉ်းသူများ အောက်ဆင်းခွင့်မရသေး။ သည်အဆောင်၊ ဟိုအဆောင် အားလုံး လူဦးရေ ကို ဘူးဝရုံးခန်းသို့ ပို့ရဦးမည် ။ ပေါင်းကြရဦးမည် ။ လူပေါင်းကိုက်ပြီဆိုမှ တန်းဖြုတ်မည် ။ ထောင်ဖွင့် သံချောင်း ခေါက်မည် ။ သည်တော့မှ သံတံခါးသော့ ခတ်လောက်ကြီးကို တာဝန်ကျ ၀ါဒါလာဖွင့် ပေးမည် ။ အဲဒါ မလာမချင်း ထိုင်ကြပေဦးရော့။ လူပေါင်းမကိုက်လို့ ဆိုပြီး နောက်တစ်ခေါက် လူရေဦး ရေဦးမည် ။

“ကဲ.. သက်သာသလို နေကြ”

ဗာရာက သက်သာခွင်ပြုသဖြင့် တင်ပျဉ်ခွေများ ကို ဖြုတ်လိုက်ကြ၏ ။ ခြေဆင်းသူဆင်း၊ ပြန်ခွေသူ ခွေ။ ခင်မာက အရှေ့ဘက်သံတိုင် ပြတင်းကိုဖြတ်၍ ကျော်ကြည့်လိုက်သည်။

အပြင်ဘက်မှ အရုဏ်ဦး ရောင် နီတွေ ပြယ်စဲပြုပြီ။ အလင်းတန်းဖြူဖြူများ ကောင်းကင်မှာ ဖြာဆင်းနေကြလေပြီ။

•••


နံနက် ခြောက်နာရီ

အလင်းတန်းဖြူဖြူများ ကောင်းကင်မှ ဖြာဆင်းနေလေပြီ။

အရုဏ်ဦးလေအေးများ က ဆော့သရမ်းချင်သော ဓလေ့ရှိ သည့်အတိုင်း နှင်းငွေ့မပီတပီ ရေမှု န်လေးများ ကို လက်ဆောင်ကမ်းတော့ မလိုလိုနှင့် ဟိုဘက်သို့ သယ်ယူပြေးသွားပြန်လေ သည်။ မြောက်ပြန်လေ၏ မတည်ကြည်မှု ကို စာဆိုအမျာအပြားပင် မှတ်တမ်းတင်ခဲ့ကြပြီ။ မြောက် ပြန်လေကားမမှု ။

သံတိုင်းကြားမှ လှမ်းကြည့်လျှင် ဟိုမဝေးတေးမှာ အုန်းပင်ထိပ်ပိုင်များ ကိုမြင်နိုင်သည်။ အောက်ခြေကိုတော့ အုတ်တံတိုင်းကြီးက ကာထားသည်မို့ မမြင်ရချေ။ ဤ (၁၅) ပေခန့်မြင့်သော အုတ်တံတိုင်းကြီးအပြင်ဘက်မှာ အုန်းပင်အုပ်များ သရက်ပင်အိုများ ၊ ပိတောက်ပင်၊ စိန်ပင်ပင်များ အပြင် ပင်လယ်ကဗွီးပင်လား၊ ထင်ရှူးပင်လား မဝေခွဲတတ်သည့်အပင်များ ရှိလေသငည်။ သစ်ပင် အုပ်များ ၏ အကိုင်များ ပေါ်မှာ ကား ကျေးငှက်တို့ အသိုက်ဖွဲ့ကြ၏ ။ နှင်းငွေ့ထဲတါင် စာပေါင်းသိုက် များ တွဲ လဲကျနေပုံသည် လွမ်းစရာလော၊ သံဝေဂ ရစရာလော။

အုန်းလက်များ ပေါ်မျာလည်း နှင်းစက်များ ၊ နားခိုနေကြပေလိမ့်မည် ။ လေဝှေ့လိုက်တုငိး ဟို သည်ယိမ်းနွဲ့တတ်သော အုန်းလက်များ ကို ငယ်ငယ်က မြင်ဖူးခဲ့သော အဖေ့ခြံထဲမှ အုန်းလက်မျာ နှင့် ထူးမခြားပါပဲလား။

ဒေါ်မေနှင်းသည် အုန်းလက်များ ကို ငေးကြည့်ရင်း အဖေ့ခြံကြီးကို လွမ်းလျက်ရှိ၏ ။ အဖေ့ ခြံထဲမှာ ဆိုလျှင် ဤလိုအုန်းပင်မျိုးအပင်တစ်ရာကျော်ရှိလေသည်။ အဖေ့ အဖေသည် အမွေအ ဖြစ် အုန်းပင်များ ကိုထားရစ်ခဲ့လေသည်။

လူကြီးများ တစ်ယောက် ပြီး တစ်ယောက် ကွယ်လွန်သွားကြ သော အခါ အုန်းပင်များ ကို ပြုစုဖို့ အဖေနှင့် အတူ ခင်ပွန်းသည် “မောင်”သာ ကျန်ရစ်တော့၏ ။

ယခုအခါ အုန်းပင်အောက်၌ မောင်သည် အုန်းလက်ကြွေများ စကို ကောက်၍ စုနေပေလိမ့် မည် ။ အဖေသည် မောင်ပုံချထား ခဲ့သော အုန်းလက်များ ကို အုန်းတံမြက်စည်းလုပ်ရန် ဓားတစ် လက်နှင့် အရွက်ခြေနေပေလိမ့်မည် ။

အမေ ကတော့ သားအဖနှစ် ယောက် စားဖို့ ကောက်ညှင်းပေါင်းပူပူနှင့် အုးန်သီး၊ နှမ်းထောင်းတို့ကိုပြင်ဆင်နေပေလိမ့်မည် ။ မီးဖိုနားမှာ ရေနွေးကြမ်းပူပူနှင့် ၀ိုင်းဖွဲ့စား သောက်ကြ သော အခါ “မေနှင်းကို သတိရလိုက်တာဟယ်” ဆိုသော စကားကို အမေက ပြောလိမ့် မည် ။ ထိုအခါ မောင့်ရှေ့မှာ မပြောရန် အဖေက မျက်ရပ်ပြမျက်ခြည်ပြလိမ့်မည် ။ မောင် ကတော့ မကြားချင်ဟန်ပြုကာ မီးကျီးခဲများ ကို အဓိပ္ပာယ်မရှိ ထင်းစနဲ့ ထိုးဆွနေပေလိမ့်မည် ။

“ဟေ့. သူငယ်ချင်း လွမ်းနေသလား”

ဘေးတန်းမှာ ထိုင်ပြီး တရားမှတ်နေသည့် ဒေါ်စိမ်းပင်က တရားမှတ်ခြင်းအမှု ပြီးသွားသဖြင့် ထိုင်ရင်း မေနှင်းကို ပြောသည်။ သူ့မျက်ဝန်းတွေ မှာ လည် ရီဝေလို့

“အေးဟယ် နှင်းတွေ ဝေမှ ဖြင့်ကွယ် ပေါ့”

ဒေါ်မေနှင်းက အပြုံးတစ်ခုကို တမင်ပင် ဖန်ဆင်းလိုက်ရ၏ ။ အလွမ်းအဖော်လာစပ်ခြင်းကို ကြာကြာလပ်ခံ၍ မ ဖြစ်ချေ။ ထောင်ထဲမှာ အလွမ်းမီးလောင်ခံရလျှင် ကိုယ်ပင်ချည့်လိမ့်မည် ။ ထို့ ကြောင့် စိတ်ညစ်စရာကို ကြာကြာလက်မခံဖို့ ဆုံးဖြတ်ထားရသည်။ သီချင်းပင်လျှင် အလွမ်းသီ ချင်း မဆိုစတမ်း..။

ဒေါ်စိမ်းပင်ကား.. လူနှင့် မလိုက်အောင်လွမ်းတတ်သူတည်း။ သူ့ကိုကြည့်လိုက်လျှင် အသား ညိုစိမ့်စိမ့်။ ၀၀ဖြိုးဖြိုး၊ မျက်လုံးမျက်ဖန် စူး စူးရဲရဲ။ ဆံပင်ကို ကျစ်ဆံမြီးကျစ်ကာ တင်းနေ အောင် ထားတတ်သည်။ ရှပ်အင်္ကျီဖားဖားကြီးဝတ်လေ့ရှိသည်။ သူ့လက်ထဲမှာ နွားဆေးပေါ့လိပ်ကို မပြတ်တွေ့ နိုင်သည်။ တန်းစီးချိန်ဆိုလျှင် ငါးသေတ္တာခွံထဲ ဆေးလိပ်တစ်ဆုပ်လောက် ထည့်ပြီး အဆင်သင့် ထားတတ်သည်။ ဂက်စ်မီးခြစ်ကို ဂက်စမ်မပြတ်ရအောင် ဦးစားပေးအစီအစဉ်ဖြင့် ဆရာမ များ မှတစ်ဆင့် ဆောင်ရွက်တတ်လေသည်။

သည်ရှပ်အင်္ကျီနှင့် ဆေးပေါ့လိပ်နှင့် အသက်ငါးဆယ်နီးပါးအမျိုးသမီးသည် နှလုံးသားအရာ ၌ ကား နူးညံ့လှသည။် သူက ကဗျာဆရာမ ကိုး။ လှပနုနယ်သော စကားလုံးလေးများ နှင့် ကဗျာဖွဲ့ သိရင်း ခေတ်ခတစ်ခေတ်၏ ၀ါဒရေး ရာတိုက်ပွဲ၌ ရှေ့တန်းမှ ပါဝင်ခဲ့သူတည်း။

“ယူု့ကို ကွန်မြူနစ်လို့ လုံးဝမထင်မိခဲ့ဘူး။ ကဗျာဆရာမ မစိမ်းပင်ဆိုတာ ကွမ်မြူနစ်မှန်း သိခဲ့ရင် ခင်မင်ရဲမှာ မဟုတ်ဘူး။ကိုယ်က ကွန်မြူနစ်ဆို ငယ်ငယ်ကတည်းက အလိုလိုကြောက်တာ။ ဒီကွန်မြူနစ်ကြီးကျတော့လည်း ကြောက်စရာမကောင်းပါလား”

ဒေါ်မေနှင်းကြီးကား သူ့သူငယ်ချင်းကြီးကို ဖက်လှဲတကင်ပြုရင်း ရွယ်ရွှန်းဖတ်ရွှန်း ပြော တတ်သည်။ ထိုအခါမျိုး၌ ဒေါ်စိမ်းပင်က သူ့ခန္ဓာကိုယ်ကို ဘယ်ညာယိမ်း၍ အိပဲ့ပဲ့ ဖြစ်အောင် လှုပ်ရင်း ပြုံးနေတတ်သေးသည်။

“ကဗျာနဲ့ တိုက်နေတဲ့လူမှန်းတော့ သိပါတယ်။ မင်းတို့ကဗျာဆရာတွေ က သိပ်ညီတာပဲ နော်”

ကဗျာလောကအကြောင်း စလိုက်လျှင်တော့ ပြောမဆုံြး ကတော့ပေ။ သူရေး စပ်ထားသော ကဗျာရှည်ကြီးကို ဖွက်ထားရာမှ ထုတ်ပြပြီး နှုတ်မှ ရွတ်ပြတတ်သည်။ “ဤနေရာသည်.. ”အစချိသော သူ့ထောင်မှတ်တမ်းကဗျာရှည်ကား သမိုင်းမှတ်တမ်းတစ်ခု ဖြစ်လာပါလိမ့်မည် ။

ဒါ့အပြင် “လေထန်ကုန်း လက်ဖက်ရည်ဆိုင်က ထိုင်ခုံပုပုလေးများ ကို လွမ်းကြောင်း” ကဗျာကိုလည်း ရွတ်ပြတတ်၏ ။ ထောင်ထဲမှာ စာအကြောင်း၊ ကဗျာအကြောင်း ပြောစရာလူရှိနေ သဖြင့် ဒေါ်မေနှင်း ၀မ်းသာရသေးသည်။

“အထဲမှာ ကဗျာဆရာမ မစိမ်းပင်ရှိတယ် မောင်ရဲ့ ၊ သူနဲ့စာကြောင်း ပေအကြောင်းပြောရ တော့ စိတ်အဆာပြေတာပေါ့။ ပြီးတော့မှ သူ့မှာ ကဗျာစာအုပ်တို့၊ တစ်ခါတစ်ခါ မဂ္ဂဇင်းတို့ရှိတယ်။ အဲဒါလေးရရင် တိုးတိုးတိတ်တိတ် ကျိတ်ပြီး ပေးရှာတယ်။ စားစရာ ထူးထူးဆန်းဆန်းလေးရရင် လည်း ကိုယ့်ပဲပေရှာတယ်။ ထောင်ထဲဝင်ခါစက ဘယ်လိုနေ၊ ဘယ်လိုခံယူဆိုတာကအစ သင်ပေး သေးတယ်။ သူငယ်ချင်းတဲ မင်းဒီရောက်လာပြီ။ အမြတ်ထုတ်တဲ့။ ဒီမှာ ရှိတဲ့ လူ့စရိုက်တွေ ကို ဖမ်းတဲ့။ များများ မရှိပါဘူးကွာ၊ အလွှာငါးခု လောက်ပါပဲအဲ့ဒါတွေ ကို ရအောင်ဖမ်းသွား၊ အပြင်ပြန် ရောက်ရင် မူလထက် တော် လာမှာ သေချာတယ်တဲ့ သူပြောတာ ထောင်ကျရတာ ကိုပဲ ၀မ်းသာရ မလို ဖြစ်ရသေးတယ်။ သူက ထောင်ကျတာ လေးကြိမ်ရှိပြီလေ။ အခုလည်း ခုနစ်နှစ် ကျတာ။ စိတ်ဆင်းရဲပုံမပေါ်ဘူး မနေရပါဘူးကွာတဲ့ ကိုယ်ဖြင့် သူ့ကိုကြည့်ပြီး အားတွေ တက်တက်နေရ တယ်.. ”

ဟု ဒေါ်မေနှင်းက သူ့ခင်ပွန်း ထောင်ဝင်စာလာအတွေ့ မှာ အားရပါးရ ပြောပြခဲ့ဖူးလေ သည်။

သည်လိုလူများ ကို အားပေးတတ်သော ကဗျာဆရာမ ကြီးသည် တစ်ခါတစ်ခါ တော့ သူများ ထက် လွမ်းတတ်လေသည် ယခုလည်း နှင်းမှု န်ကို ဝေ့၀ဲနေသော ဆောင်းဦးနံနက်ကို အလွမ်းမပြည့်ဖြင့် ခံစားနေပုံရသည်။

“နှင်း.”

ကြေးပုတီးကြီးစိပ်ပြီးသွားသော ဒေါ်လွင်လွင်မြက ထောင့်ထဲမှာ ရှိသော သူ့နေရာလေးကို ပြန်သွားပြီး အထုပ်များ ပေါ် ကျောမှီပြီး လှဲနေရာက လှမ်းခေါ်လိုက်ခြင် ဖြစ်လေသည်။ မျက်မှန်ထဲ မှ မျက်လုံးများ က အစဉ်ပြုံးနေတတ်ကြ၏ ။

ဒေါ်မေနှင်းက ခြေဆင်းထိုင် ဖြေဖျားများ ကို လက်ဖြင့် ဆွဲထိသည့် အကြောလျှော့လေ့ ကျင့်ခန်း လုပ်ရင်းက ဒေါ်လွင်လွင်မြဘက်သို့လှည့်၍ ခေါင်းညိတ်ပြလိုက်သည်။

“ဒီနေ့ အင်္ဂါနေ့နော် သက်သက်လွတ် ကိုယ်နဲ့အတူ လာစားပါလား”

အင်္ဂါနေ့တိုင်း ဒေါ်မေနှင်းက သက်သက်လွတ်စားလေ့ရှိ၏ ။ ဒေါ်လွင်လွင်မြက သူ့တွင် ရှိ သော မြေပဲလှော်များ လက်ဖက်များ ဖြင့် ပါရမီဖြည့်တတ်သည်။

“ကိုယ့်မှာ လက်ဖက်သား ကုန်နေပြီ ဆီတို့ဟူလည်း မရှိတော့ဘူး”

“ကိုယ့်မှာ ရှိပါတယ် လာစားနော်”

“သိုင်းကျူး..”

ဒေါ်လွင်လွင်မြ ဆက်ပြီးမှိန်းနေသည်။

ဒေါ်မေနှင်းက ခြေသလုံးကြွက်သားများ ကို အသာအယာနှိပ်နယ်ရင်း ထောင့်ထဲရှိ ဒေါ်လွင် လွင်မြကို ငေးကြည့်နေမိသည်။ သူပထမဆုံး မြင်ဖူးခဲ့သော ဒေါ်လွင်လွင်မြရုပ်ကား ဤသို့ မဟုတ်ပါ ပါးပါးလျားလျား သွယ်သွယ်လျလျ အမူအရာ ဖျတ်ဖျတ်လတ်လတ်။

“၀ုန်း”

လူ တစ်ယောက် ထခုန်လိုက်သံ။

အားလုံးထိတ်တလန့် ဖြစ်သွားရသည်။

“ဒီလိုလူပါးဝလို့ ဘယ်ရမလဲ”

“ဘာလူပါးဝရမှာ လဲ ငါ့ပစ္စည်းငါထားတာ”

“နင့်ပစ္စည်းက ငါ့နေရာဘက် ရောက်နေတယ်လေ။ ဒါ ..ထောင်ဟဲ့ နင့်အိမ်လို နင်ထားချင် တိုင်း လျှောက်ထားလို့ မရဘူး”

“နင်က ထောင်ထဲလာပြီး နေရာမှတ်နေတယ်ပေါ့ အေး နေ နေ နေ တစ်သက်လုံးနေခဲ့”

“နင်နေပါလား”

မရှုရင်၏ ရန်ပွဲ ဖြစ်သည်။

မရှုရင်နှင့် မှန်းသိကြသော အခါ ပြုံးစိစိ ဖြစ်သွားကြလေသည်။ မရှုရင်ကား တစ်နေ့တစ်ခါ လောက်ရန်မ ဖြစ်ဘဲ မနေနိုင်သူတည်း။ တစ်ဖက်က လူသာလဲသွားမည် ။ မရှုရင်က ဒိုင်ခံ၊ ဖြစ်လိုက်လျှင်လည်း အော်ကျယ်ဟစ်ကျယ်။

ယခု မရှုရင်သည် အေးမာဆိုသော ကောင်မလေးနှင့် နေရာကိစ္စ ရန် ဖြစ်နေကြသည်။ မရှုရင်က ပြေကျသော ဆံပင်ကို ပြင်ထုံးရင်း အေးမာကို ခုန်အုပ်ဖို့ ကြိုးစားနေသည်။

“ဘယ်လို ဖြစ်ကြတာလဲ တန်းမဖြုတ်ရသေးဘူး မိုးမလင်းသေးဘူးရှင့် မရှုရင်.. ရှင်ကလည်း ”

တန်းစီးမသိန်းထွေးရောက်လာလေသည်။

မရှုရင်ကို စ၍ နှိမ်၏ ။ မရှုရင် ခံနိုင်ပါရိုးလား။]

“ကျွန်မ အပြစ်မဟုတ်ဘူး။ သူက သူ့ဘောင်းဘီကို ကျွန်မအထုပ်နား လာထားတာ”

“ဘာ ဖြစ်လဲ မိန်းမအချင်းချင်းပဲ သည်းခံမှပေါ့”

“မိန်းမအချင်းချင်းဆိုပေမယ့် သူ့ဘောင်းဘီက ယောက်ျားဘောင်းဘီကြီး”

ဝါးခနဲ ပွဲကြသွားလေသည်။

“ယောက်ျားဘောင်းဘီဆိုတော့ ရှင်ကြောက်တယ်ပေါ့”

မသိန်းထွေးက ရယ်ပြီးစနေသည်။

“မကြောက်ပါဘူး ဘာလို့်ကြောက်ရမှာ လဲ ဒါပေမဲ့ ကျွန်မက ကျွန်မအပေါ် သစ္စာရှိတယ်။ တခြားယောက်ျားဆိုရင် လူချင်းမပြောနဲ့ သက်မဲ့ပစ္စည်းနဲ့တောင် အထိမခံနိုင်ဘူး”

ကွေးအိပ်နေကြသော ရင်ရင်တို့။ စုစုတို့ ကောင်မလေးတွေ ခေါင်းထောင်ပြီး တခွိခွခိ ဖြစ်နေ ကြသည်။

“ကဲပါ ကြားက ကျွန်မပဲ ထောင်းပန်ပါတယ်”

မသိန်းထွေးက မရှုရင်ပခုံကို ပုတ်ပြီး ချော့လိုက်သည်။ မရှုရင် ကျေနပ်သွားသည်။ သူ့နေရာ သို့ ပြန်သွားလေသည်။

“ဤတွင် နံနက်ချိန်ခါ တေးသံသာများ ဖြင့် ဖျော်ဖြေလို့ပြီးပါပြီ”

အလယ်တန်းတွင် ဆန့်ဆန့်ကြီး အိပ်နေသော အ၀င်းလေးခေါ်ညိုပြာဝင်း၏ အသံကြောင့် ရယ်ကြပြန်သည်။

“အလိုတော် ထောင်ကျနေတယ်လို့မှ အောက်မေ့ကြရဲ့ လား၊ ပျော်ပွဲစား ထွက်လာတယ် များ ထင်နေ ကြလားမသိဘူး”]

(၃-၆) ဗာရာဒေါ်ထိုက်၏ ပွစိပွစိအသံပေါ်လာလေ၏ ။

“ဆူးလေ ဆူးလေ.. တစ်ယောက် တစ်ကျပ် ဟိုး ဆရာ၊ အစ်မ၀၀ကြီး လိုက်မယ်။ မောင်း ဆရာရေ ရှေ့မှတ်တိုင်ပါတယ်”

“ဟဲ့ ပေတလူ ဘာထပြန်လာလဲ”

“သြော်. ကြီးတော် ထိုက် လိုက်မလို့လား.. ရတယ်ရတယ်။ တောင်ဥက္ကလာတော့ မရောက် ဘူး။အဆောင် (၅) မှာ ချပေးမယ်”

ဒေါ်ထိုက်က ပေတလူးခေါ် မြမြဦးကို ခေါင်းခေါက်သည်။ မြမြဦးက လုံးကွင်းကို တိုတိုဝတ် လျက် ဒိုင်ယာနာ၏ ပေါင်ပေါ်ထိုင်ရင်း ဒိုင်ယာနာ၏ ဒူးခေါင်းနှစ် ခုကို ဖက်တွယ်ကာ စပယ်ယာ လုပ်နေ၏ ။

“ရုံးထုတ်တော့လေ သိပ်ရယ်ရတာ ပဲ။ မြအေးဝင်းနဲ့က ပထမ မသိဘူး။ ဒီလိုပဲ လျှောက် ကြည့်ရင်း တွဲ မိကြတာ။ ဒီရောက်တော့ ကျွန်တော် ကတော့ ခပ်ပျော်ပျော်ပဲ။ ရုံးက အမိန့်ချတော့ ငါးနှစ်လို့လည်း ပြောရော၊ မြအေးဝင်းရယ် မျက်နှာလေး ငယ်ငယ်နဲ့ လက်လေးငါးချောင်းထောင်ပြီး သမီးတို့ကို ချတာ ငါးလလား။ ငါးနှစ် လားတဲ့။ ရယ်လိုက်ရတာ မပြောပါနဲ့တော့ ငါးနှစ်လို့လည်း ပြန်ပြောလိုက်ရောမူးတယ် မူးတယ် ဆိုပြီးလဲကျသွားလိုက်တာ ဇာတ်လိုက်မင်းသမီးကျနေတာပဲ..”

ပေတလူက စပ်ဖြီးဖြီးဖြင့် ဇာတ်ကြောင်း၊ ပြန်တတ်သည်။ သူ့မိဘများ က နယ်မှာ ။ သူ့ကို ထောင်ဝင်စာလည်း မှန်မှန်လာမပို့။ သို့ပေမင့် သူက လူချစ်လူချင်များ သူ၊ သူ့ဝမ်းအတွက် မပူရ။

“တန်းလည်း ခုထိ မဖြုတ်သေးဘူ ကြာလိုက်တာ”

ခင်မာက ခပ်ကျယ်ကျယ် ညည်းလိုက်၏ ။

“ရဲဘက်များ ရှိလား မသိဘူး”

စုစုက ကွေးထားသော ခြေထောက်များ ကို ဆန့်ထုတ်၊ ခါးကိုလမ်၍ အညောင်းဆန့်ရင်း ပြော သည်။

ဒေါ်မေနှင်း နားထဲသို့ “ရဲဘက်” ဆိုသော အသံ ၀င်လာသော အခါ မာမာအေးကို သတိရလေ သည်။ မာမာအေးဆိုသော ကောင်မလေးသည် ဒေါ်မေနှင်းကို ဖမ်းစဉ်က အချုပ်ခန်း ထဲမှာ စ၍ တွေ့ ခဲ့သူ ဖြစ်၏ ။ သူက ဘိန်းဖြူရောင်းဝယ်မှု ၆ (က) (ခ) ဟုဆိုသည်။ ဒေါ်မေနှင်း ခမျာ စိပ်ပုတီးကြီးခေါင်းမှာ ပတ်ပြီး မျက်စိတ်မှိတ်နေတော့ မာမာအေးက ဖျောင်းဖျရှာ၏ ။

“အမေရဲ့ အားမငယ်ပါနဲ့ လွတ်မှာ ပါ။ ဘာမှမပူနဲ့။ အထဲကျရင် ထမင်းလည်း သမီးခံ ပေးမယ်။ အ၀တ်လည်း လျှော်ပေးမယ်။ အမေနဲ့ သမီးနဲ့က ထောင်ထဲမှာ တွေ့ ရတဲ့ မိတ်ဆွေဆို တော့ ဟိုလေ .ဘာတဲ့ ဂျေးဖရင်း.. ဖြစ်သွားပြီပေါ့”

ကောင်မလေးက ပေါ့ပေါ့ပါးပါးပြောပြပြီး ရယ်နေသည်။ မျက်နှာက မိတ်ကပ်နှင့် နှုတ်ခမ်းနီ နှင့် ၊ သြော်.. ကလေးပေကိုး.

တကယ်တမ်း ထောင်ကျတော့ ဒေါ်မေနှင်းက သုံးနှစ် ၊ မာမာအေးက (၁၃) နှစ် ။ အမေရဲ့ (၁၃) နှစ် ကြီးတောင်ဆိုပြီ ဒေါ်မေနှင်းကို ဖတ်၍ ငိုရှာသေးသည်။ ဘာကြာသေးလဲ။ ခုလို မနက်စော စော ဗြုန်းဆို အဆောင်တွင်းသို့ မသက်မွန်စာရင်းစာအုပ်ကြီးနှင့် ၀င်လာသည်။ မသက်မွန်လာ သည်ဆိုကတည်းက အားလုံးလန့်သွားကြ၏ ။ မလန့်ရှိပါ့မလား။

မသက်မွန်ဆိုသည်မှာ ထောင်မှူးရုံးခန်းက ၀ါဒါစာရေး ။ ခုလို စောစောသူလာပြီဆိုလျှင် တခြားဘာကိစ္စမှ မရှိ။ ရဲဘက်စာရင်း ခေါ်တာပဲ ဖြစ်သည်။

“အားလုံး ကိုယ့်နေရာကိုယ်နေ၊ နာမည် ပါတဲ့လူ ကိုယ့်အထုပ်ကိုဆွဲပြီး ဒီဘက်လာ ဒါပဲ”

“မခင်လှ (ဦးတင်)”

“မသိန်းသိန်း (ဦးစံသိန်း)”

“မခင်ဌေး (ဦးဘမောင်)”

“မစကီနာ (ဦးဘရာဆပ်)”

အမယ်လေး ကိုယ့်နာမည် မပါပါစေနှင့် စု ဆုတောင်းရင်း ပါများ ပါလေမလား ဟု နားစွင့်ရ သည်။ အဘနာမည် နှင့် တွဲ ခေါ်နေသည်မို့ လူ့မမှားနိုင်။ ဒေါ်မေနှင်းမှာ ကိုယ်က ပုဒ်မ ၅ (ည) မို့ ရဲ ဘက်မပို့မှန်း သိလျက်နှင့် ရင်တွေ တုန်လှချည်။ ဟယ် စကီနာပါသွားပြီ သိန်းသိန်းလေးပါ တယ်။ ကိုယ့်မျက်စိအောက်က ကလေးမလေးတွေ ပဲ မဟုတ်လား။

ကြည့်… နာမည် ပါသွားသူလေးတွေ မျက်စိပျက်မျက်နှာပျက်နှင့် ။ မဲ့တဲ့တဲ့ယဲ့တဲ့တဲ့ ။ ယိုင်နဲ့နဲ့ အထုပ်ပြင်နေကြရှာပြီ။

ဟော.. မာမာအေး (ဦးလှိုင်အေး) ဆိုပါလား။ ငါ့သမီးလေး ပါသွားရှာပြီ။ ခမျာ ငိုတော့မှာ ပဲ။ တစ်နေ့ကပဲ အမေရယ်ဟု ပြောခဲ့ရှာသေးသည်။ ရဲဘက်မပါအောင် လုပ်ချင်လိုက်တာ။ အိမ်က လည်းဝေး။ ဟိုး ရမည်းသင်းကဆိုတော့ ရုတ်တရက်မလာနိုင်။ သမီးဆေးစစ်တော့လည်း ဘာ ရောဂါ မှ မရှိဘူး။ လူငယ်လည်း လူငယ်ဆိုတော့ ပါမှာ ပါပဲ အမေရယ်.. ပြောခဲ့ရှာသေးသည်။

မာမာအေးကို လှမ်းကြည့်တော့ ပုံလဲနေ၏ ။ အနီးအနားက ၀ိုင်းဝန်းပြုစုနေကြသည်။ ဒေါ် မေနှင်းလည်း ကိုယ့်ရှိသည့် မုန့်ကြွပ်လေးနဲ့ ထဘီအဟောင်းတစ်ထည် သွားပေးရသည်။ မာမာ အေးက ငိုယိုထိုင် ကတော့သော အခါ ကိုယ့်မှာ လည်း မျက်ရည်မဆည်နိုင်။ တစ်ဆောင်လုံး ကြေကွဲ ကြရသော နေ့ပါပဲ။ ရဲဘက်ဆိုသော ဘီလူးကြီး အစားခံရပြီးဆိုပြေးမလွတ်။

မာမာအေး တွေးမိတိုင်း ဒေါ်မေနှင်း စိတ်မကောင်း၊ ဂျေးဖရင်းဟုပျော်ပျော်ရွှင်ရွှင် ကြိုဆိုခဲ့ ရာမှ နှုတ်ဆက်ပွဲကျတော့ ငို၍ ထွက်သွားရှာသူလေး။ ကျောက်ဆည်ဘက် ပါသွားသည်ဟု ကြားရ ပြီး။ နောက်ထပ် ဘာမှ မသိရ။ သူ့အိမ်ကရော သိမှသိပါ့မလား။ အမေ့ကို လုပ်ကျွေးနေတာပါ ဆိုသော သူ့အမေရာ သိရဲ့ လား။ ကိုယ်လည်း ဘာမှ မကူညီနိုင်။

ခုတလောတော့ မိန်းမဆောင်မှ ရဲဘက်မခေါ်တာ တစ်လကျော်ပြီ။ ယောက်ျားဆောင်ဘက် မှာ တော့ ခဏခဏခေါ်သည်ဆို၏ ။ သည်နေ့ တန်းမဖြုတ်သေးခြင်းသည် ယောက်ျားဆောင်မှာ ရဲဘက် ထုတ်နေတာ ဖြစ်နိုင်၏ ။ ရဲဘက်ထုတ်လျှင် လမ်းကြောင်း မရှင်းသဖြင့် ထောင်ဖွင့်သံ ချောင်း မခေါက်ရချေ။

“တလာစီမလို့များ လား”

ဒေါ်မေနှင်းက ပြတင်းမှ နှင်းငွေ့များ ကို ငေးကြည့်ရင်း တိုးတိုးဆိုသည်။ ဟိုတစ်ခါ တလာစီ ခဲ့ပုံကို သတိရနေ၏ ။ ခုလို နံနက်စောစောကြီးပါပဲ။ ထောင်ဖွင့် သံချောင်းမခေါက်သဖြင့် တန်းမ ဖြုတ်ဘဲနေကြရစဉ် ဗြုန်းဆို တစ်ဆောင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ကောင်မလးတွေ ပြေး ကြလွားကြ၊ ပစ္စည်းသိမ်းကြနှင့် သည်းတုန်းအူတူန်အ ဖြစ်။

“ယောက်ျားတွေ ၀င်လာပြီ”

မျက်လုံးပြူး မျက်ဆံပြူးနှင့် သတင်းဖြန့်ကြသည်။

အဟုတ်ပါပဲ။ ထောင်မှူးရုံးခန်းဘက်မှာ ယောက်ျားတွေ ပါလား။ မိန်းမဆောင်မှာ နေရာ တကာ မိန်းမတွေ ပဲ ပုံစံအမျိုးမျိုးန့ တွေ့ ရနေကျ။ ယောက်ျားတွေ ကိုယူနီဖောင်းဝတ်နှင့် ရော၊ အရပ် ၀တ်နှင့် ပါ လှမ်းမြင်ရလျှင် တစ်ခုခု ထူးခြားပြီ ဖြစ်ကြောင်း သိကြရ၏ ။ မီးပြင်မည့် သူများ ၊ ရေကန် ဖာမည့် သူများ ၊ အုတ်နံရံပြင်မည် သူများ ဖြစ်လျှင် ကိစ္စမရှိ။ ခုလို မနက်စောစော ထောင်မဖွင့်မီဆို လျှင် မြင်ယောင်နေသည်။ ယခုလို မနက်အစောကြီးမဟုတ်၊ ညဘက်ကြီးလည်း ဖြစ်သည်။ မနက် စောစော လာပုံ ကတော့ အကောင်းမ ဖြစ်တတ်။

တယ်ပါပဲ။

မသက်မွန်အပါအ၀င် အဆောင်တာဝန်ကျဝါဒါများ တက်လာကြပြီး အားလုံးတန်းစီဟု အော်တော့သည်။

“တလာစီမှာ ၊ တလာစီမှာ ”

တီးတိုးသံများ ညံသွား၏ ။

ပျာယာခတ်သွားကြသည်။ ကိုယ့်အထုပ်ကလေးများ ထဲမှ အပါမခံနိုင်တာလေးများ ကို ရှာ ဖွေထုတ်ယူကာ ကိုယ်မှာ ဖွက်ကြသည်။ ကိုယ်ကိုယ်ရှာ၍ တွေ့ လျှင်တော့ ခံပေရော့။

ဒေါ်မေနှင်းမှာ က ပစ္စည်းတွေ အများ ကြီးရှိသေည်။ အရေး အကြီးဆုံးက စာရွက်အတိုအစ များ ၊ မုန့်ထုပ်များ သွင်းစဉ် ရှာဖွေရေး က လွတ်လာခဲ့သော စာရွက်စ၊ တစ်လက်မ၊ နှစ် လက်မ အပိုင်းအစလေးများ ကို စုကာ မျက်ခုံးမွေးဆွခဲတံနှင့် ရေး ထားခဲ့သော စာတိုပေစမျာ၊ ကဗျားအပိုင်း၊ သီချင်းအတိုအထွာ၊ ပြီးတော့ အရေး ကြီးမှတ်တမ်းများ ၊ ဒါတွေ နှင့် ရေး ထားခဲ့သော စာတိုပေစများ ၊ ကဗျာအပိုင်း၊ သီချင်းအတိုအထွာ၊ ပြီးတော့ အရေး ကြီးမှတ်တမ်းများ ၊ ဒါတွေ အပါမခံနိုင်။ ပလစ်စ တစ်အိတ်နဲ့ သိမ်းထုပ်ထားပြီး သွားလေရာပါသော ကြွပ်ကြွပ်အိတ်ကြီးထဲ ထည့်ထား၏ ။ ဒါလေး တွေ ကို အမြန်ဆုံးယူကာ ဘရာစီယာရင်ပုံထဲ ဖွက်လိုက်သည်။ ပြီးတော့ နှစ် ချောင်းထိုးအပ်၊ ချွန် ထက်သော အရာ မကိုင်ရဟူသော ဥပဒေနှင့် ငြိနေသည်။ ထောင်ထဲမှာ ဘယ်သူစခဲ့မှန်းမသိ။ နှစ် ချောင်းထိုးအပ်တွေ ရှိနေသည်။ FRC တရုတ်မတွေ ရှိစဉ်က ထောင်မှူးက ထိုးခိုင်းတာဟု ကြားဖူး ၏ ။ တရုတ်မတွေ က နှစ် ချောင်းထိုး ကျွမ်းကျင်ကြသည်လေ။

ဒေါ်မေနှင်း ရောက်လာတော့ ဒေါ်လွင်လွင်မြ တစ်ယောက် နှစ် ချောင်းထိုးထိုးပြီး ချောင်ထဲ မှာ တစ်နေ့လုံး ထိုင်နေတာတွေ့ ရသည်။ အညောင်းမိလိမ့်မယ်ဟုပြောပြီး နောက်တော့ ဒေါ်မေ နှင်း ကိုယ်တိုင်လည်း နှစ် ချောင်းထိုးကို လက်ကိုင်ပြုရသည်။ စိတ်မလေ၊ အချိန်ကုန်မှန်းမသိ။ စိတ်ကို ငြိမ်စေသေနည်းကောင်းတစ်လက်ပေးကိုး။ သို့နှင့် အိမ်ကို နှစ် ချောင်းထိုးအပ်မှာ ရသည်။ အိမ်က လူက “ဆရာမ ” တစ်ဦးမှတစ်ဆင့် သွင်းပေးခဲ့သည်။ သွင်းပေးခဲ့သော အုပ်တွေ ထဲမှာ အင်္ဂလန်လုပ်အပ်တစ်စုံပါ၏ ။ ဒါလေးကို အသိမ်းမခံနိုင်။ ယခုခေတ်မှာ ပြန်ဝယ်၍ လည်း မရ။ ထို့ ကြောင့် သည်အုပ်တစ်စုံကိုတော့ အရအမိဖွက်ရမည် ။ ထိုးလက်စတန်းလန်း ဆွယ်တာကိုဖြုတ် ပစ်ကာ အပ်ကိုထဘီထဲဖွက်ပြီး တန်းစီရာ၌ ထိုင်ရ၏ ။

တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး လန့်နေကြသည်။ မသန်းသန်းက သူ့တစ် ချောင်းထိုးအပ်ကို ကြမ်းကြားထဲ ထိုးသိပ်နေ၏ ။ ဘုရားရှိခိုးစာအုပ်တွေ ကိုတော့ ဘုရားစင်ပေါ် ပြေး တင်နေကြသည်။ ဘုရားစာအုပ်ကို “နားလည်မှု ” ဖြင့် လွှတ်ပေးတတ်သည်။ သိမ်းချင်လည်း သိမ်း မည် ။ ကံပေါ့လေ။

“ရင်ဘတ်ကို ရှာမှာ ..”

အနားက ခင်စန်းနွယ်က ဒေါ်မေနှင်း ရင်ဘတ်ဖောင်းနေတာကို ကြည့်ရင်း မျက်လုံးပြူး ၍ ပြောသည်။

“ဒုက္ခပဲ.. ငါ့ကဗျာတွေ ..”

မစိမ်းပင်ကို လှမ်းကြည့်တော့ ကံအတိုင်းပဲ သူငယ်ချင်းဟု သူ့အထုပ်ကို မေးငေါ့သည်။

“ငါ .. ငါ့ အပ်တော့ အသိမ်းမခံနိုင်ဘူး”

ရင်ထဲမှာ ဆူဝေသွားသည်။ အထက်တန်းကျောင်းသူဘ၀ကတည်းက ရိုးတိုက်ကိုပင် မှာ ၍ ၀ယ်ခဲ့ရသော ဤအင်္ဂလန်လုပ် အဲရိုးအပ်ကလေးကို နှမြောသည်။

ဟော ..သူများ တွေ ထွက်ကုန်ကြပြီ။

အပေါက်ဝမှာ ၀ါဒါမနှစ် ယောက် စောင့်ပြီး ထွက်လာသူများ အားလုံးကို တစ်ယောက် ချင်း ရှာနေ၏ ။ ထဘီခါပြရသည်။ ရင်ဘတ်ထဲနှိုက်သည်။ လူတွေ ကုန်လျှင် ယောက်ျားတွေ တက်လာပြီ အခန်းကို ရှာမည် ။

“ထ ထတော့”

ခင်စန်းနွယ် ဆွဲထူသဖြင့် ဒေါ်မေနှင်း ထိုင်ရာက ကယောင်ကတမ်း ထရသည်။ ရင်ဘတ် ထဲက ကဗျာများ ကို ထုတ်ကာ .. နောက်ခါးကြားထဲ ထိုးလိုက်သည်။ ညအိပ်အင်္ကျီက စပို့ရှပ်လက် ရှည် ခါးရှည်မို့ လုံသလိုရှိ၏ ။ အပ် ..အပ်ကို ဘယ့်နှယ်လုပ်ရပါ့။ ရှေ့ဘက်ထဘီကြားထဲ အသာ ကန့်လန့်ထည့်ကြည့်၏ ။ အပ်က သိပ်မရှည်သဖြင့် လုံသလိုတော့ရှိ၏ ။ ထဘီဖြန့်ခါပြရလျှင်တော့ လွှတ်စရာအကြောင်းမရှိ။

အပေါက်ဝ ၀ါဒါကို လှမ်းကြည့်တော့ အရေး ထဲ သဘောကောင်းသူကို မတွေ့ ရ။ အလွန် အပေါက်ဆိုးသော ဒေါ်ခင်တင့် ဖြစ်နေသည်။ သွားပြီ။ ဘုရားမှတစ်ပါး အားထားစရာမရှိ။ တန်းစီ၍ လမ်းလျှောက်ရင်း ဂါထာတစ်ခုခုရွတ်ဖို့ စဉ်းစားသည်။ ဘာဂါထာမှ ခေါင်းထဲ ပေါ်မလာချေ။ နောက်ဆုံး ငယ်ငယ်က ရွတ်ခဲ့သော “ဘီလူးမစားနိုင်ဆိုသည့်” ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ ကိုပဲ ဖိ၍ ရွတ်ရတော့သည်။

အပေါက်ဝရောက်ခါနီး ခင်စန်းနွယ်က ဒေါ်မေနှင်း တင်ပါးကို ကုတ်၏ ။ “ကျော်တက်၊ ကျောက်တက်” ဟု တိုးတိုးဆိုသည်။ သူက ၀ါရင့်သူ၊ သမ္ဘာရင့်သူ၊ သူ့စကားက ဖြစ်နိုင်ချေရှိ၏ ဆို ပြီး တန်းစီးအရှာခံနေကြသူများ ကြားမှ ရှာပြီးသူများ ဘက် မသိမသာ ကျော်တက်လိုက်၏ ။

“ရွှေကူ ဘာလို့ ကျော်သွားတာလဲ”

ဒေါ်ခင်တင့် အသံကြီး ဟိန်းထွက်လာသည်။

ဒေါ်မေနှင်းဆိုတာ လူတောထဲ မြုပ်သွားနိုင်သူမှ မဟုတ်ဘဲ.. ဟု ကိုယ့်ဘာသာ သတိရ သည်။ ကဲ.. ဘာတတ်နိုင်သေးလဲ။ စပ်ဖြဲဖြဲလေး ပြုံးပြကာ မျက်နှာချိုသွေးလိုက်ရတော့သည်။

“သွား ဟိုမှာ အရှာခံ”

ရှေ့နားရှိ ဒေါ်မြ ခေါ် ကရင်မကြီးထံ ညွှန်သည်။ သည်ကရင်ဝါဒါမကြီးက ပိုပြီး စေ့စပ် သည်။ လွတ်တော့မည် လမ်းမမြင်။ ဒါပေမင့် ဘာများ တတ်နိုင်ဦးမည် လဲ။ ကရင်မကြီးရှေ့ ပြုံးပြီး ရပ်ရတော့သည်။

ကရင်မကြီးက ပြန်လည်ပြုံးပြကာ ဒေါ်မေနှင်း ရင်ဘတ်နှင့် ကျောကို တစ်ပြိုင်တည်း တစ် ချက်တည်း ပုတ်လိုက်သည်။ ကဲ သွားဟု ပြောသည်။ ရင်ထဲ နွေးသွား၏ ။ လွတ်ပြီ ကျွတ်ပြီလေ။ ရတနာသုံးပါး တန်ခိုးပေးပဲ။ သူများ တွေ လို ထဘီခါမပြရ၊ ရင်ဘတ်အနှိုက်မခံရ။ ခါးကြားထဲမှ ကဗျာများ နှင့် အင်္ဂလိပ်အဲရိုးအပ်တို့သည် ဘေးမသိရန်မခဘဲ လွတ်မြောက်ခဲ့ကြလေသည်။

တွေးမိလျှင်.. ခုပင် ရင်ဖိုရသေးသည်။

သည်ကတည်းက အင်္ဂလန်အပ်ကို ပြန်ပို့လိုက်ရသည်။ ကဗျာရေး မိလျှင် နှုတ်တက်ရွရွ ကျက်ရသည်။ ခုနေ တလာစီလို့ ကတော့ ထဘီခါပြရမလား။ အင်္ကျီလှန်ပြရမလား အေးအေးဆေး ဆေးပဲ။

“ညောင်းတယ် အပေါက်ဝမှာ သွားရပ်တော့မယ်”

ဒေါ်မေနှင်းက သူ့အထုပ်များ ကို ခေါင်းရင်းမှာ စီထားလိုက်ပြီ ဒေါ်လွင်လွင်မြကို လှမ်း ပြော၏ ။

“အေး. အေး. ထားခဲ့။ ကစ်စီရင် ကိုယ်ရွှေ့ထားလိုက်မယ်”

အိပ်ဆောင်သို့ တစ်ပတ်လျှင်တစ်ကြိမ် ထောင်ပိုင်စစ်ဆေးလေ့ရှိ၏ ။ “ထောင်ပိုင်တန်းစီး” ဟုခေါ်သည်။ အင်္ဂါနေ့ကို သတ်မှတ်ထားသည်။ ထိုအခါ ထောင်ပိုင်လာလျှင် သန့်နေစေရန် အိပ်ဆောင်၌ အထုပ်အပိုးများ ကို တစ်နေရာတည်း စုပုံပြီး ဖျာနှင့် ကာ ဖျာပေါ်မှာ အ၀တ်ဖြူ (ထောင်မှ ပေးသော စောင်) များ နှင့် အုပ်ထားကြရလေသည်။ ၎င်းအပုံကြီးကို “ကစ်” ဟုခေါ်သည်။ အပုံကြီးပုံသည်ကို “ကစ်စီသည်” ဟုခေါ်သည်။ ကစ်စီရန် တာဝန်ခံတစ်ဦးထားသည်။

အပေါက်ဝ၌ ကား လူတွေ ပြူတစ်ပြူတစ်လုပ်နေကြသည်။ ပေါက်ချင်လှပြီ။ ဗိုက်နာလှပြီ ဟု အော်နေသူတွေ က အော်နေပြီ။ စကားလက်ဆုံကျနေသူတွေ က ကျနေကြ၏ ။ တံခါးဖွင့်လျင် အမြန်ဆုံး ထွက်နိုင်အောင် စောင့်နေကြသူများ ဖြစ်သည်။

“အပေါ်ထပ် အောက်ထပ် တန်းဖြုတ်မယ်”

ဟော . မျှော်လင့်နေသော အသံပေါ်လာပြီ.။

ဝါဒါဒေါ်လှမြင့်အသံ ဖြစ်၏ ။ ရုံးခန်းဝမှ လှမ်းအော်ခြင်း ဖြစ်လေသည်။

•••


နံနက် ခုနှစ်နာရီ

“အပေါ်ထပ် အောက်ထပ် တန်းဖြုတ်မယ်”

ဆရာမ ဒေါ်လှမြင့်အသံ ဆုံးတောင်မဆုံးသေးဘူး ကျွန်မတို့ ပြေးထွက်ကြတာပေါ့။ မပြေးလို့ မရဘူးလေ။ ကင်းတဲရှေ့မှာ ရောက်နေတဲ့ ဆန်ပြုတ်အိုးကြီးနား၊ ကိုယ်အရင်ရောက်မှ ဆန်ပြုတ် က စိတ်ချရတာ ။ ဆန်ပြုတ်လာပို့သွားတာတောင် အတော် ကြာသွားပြီ။ တန်းမဖြုတ်လို့ တံခါး မဖွင့် တာနဲ့ တန်းမစီရတာ ။ ဒီတော့ တန်းဖြုတ်ဖြုတ်ချင်း ရှေ့ကစီနိုင်အောင် သံတံခါးဝမှာ ကုပ်ကပ်ပြီး ထိုင် စောင့်နေရတာ ပေါ့။ တံခါးလည်း ဖွင့်ရော နွားခြံထဲက နွားမတွေ ကမှ နှေးဦးမယ်။ ကျွန်မတို့ ကလေးအမေဆောင်က ကလေးအမေတွေ ကတော့ ကလေးတွေ ခါးထစ်ခွင်ချီရင်း ပြေးထွက်လာ ကြတာကလား။ ကျွန်မဆို နောက်က ခြေထောက်တစ်ဖက်ကို တက်နင်းမိခဲ့သေးတယ်။ “..မ”လို့ ကျိန်ဆဲသံကြားပေမယ့် မကြားချင်ယောင်ပြုခဲ့ရတယ်။ ဟုတ်တယ်လေ ပြန်ပြောနေလို့ ဘာအကျိုး ရှိမလဲ။ ဆန်ပြုတ်မရတာ ဘဲ အဖတ်တင်မယ်။ ပြီးတော့ ရန် ဖြစ်တယ်ဆို နှစ် ဖက်စလုံး အပြစ်ပေးခံရ မှာ ။ ကျွန်မတို့ (၈) ဆောင်အောက်ထပ် တန်းစီမလှမြင့်က အရိုက်မှာ တော့ ကြမ်းသလားမမေးနဲ့။

တကယ်တမ်းဆိုတောလည်း “ဆန်ပြုတ်ဆိုတာ အင်းစိန်ထောင်မှာ ကျွန်မတို့ တစ်ဆောင် တည်း (ကလေးအမေများ သာ) အထူးအခွင့်အရေး အနေနဲ့ရတာ ပါ။ အားလုံးအတွက် ဘယ်အကျိုး ရှိနိုင်မှာ လဲနော်။ လူတွေ က တစ်သော င်းလောက် ရှိတယ်တောင် ကြားတယ်။ တစ်နေ့ တစ်နေ့ ဆန်အိတ်တစ်ရာ ချက်ရတယ်ဆိုပဲ။ ဒီတော့ ဒီဆန်ပြုတ်ကို ဘယ်ကျိုပေးနိုင်ပါ့မလဲ။ ကျွန်မတို့ ကလေးအမေများ ကိုတော့ သက်ဆိုင်ရာ လူကြီးမင်းများ က ကရုဏာရှိလွန်းလို့ ခမျာမျာ အာဟာရ ပြည့်ကြပါစေဆိုပြီး အထူးအစီအစဉ်အနေနဲ့ ပို့ပေးခဲ့ကြတာပါ။

အဲ့. နို့ပေတဲ့ ဒီဆန်ပြုတ်တွေ က ကလေးအမေတွေ ချည်းဆီ ရောက်တာမဟုတ်ဘူးပေါ့ရှင်။ ဒီလိုပေါ့.. အဆင့်ဆင့်ဖြတ်သန်းပြီးမှ ကျွန်မတို့ဆီ ရောက်ရတာ ပေါ့။ ဟော..ကျွန်မတို့ (၈) ဆောင်ထဲ မ၀င်ခင်။ ထောင်မှူးရုံးခန်းဝမှာ ဆိုရင် အငွေ့တစ်ထောင်းထောင်းနဲ့ ဆန်ပြုတ်စည်ပိုင်း ကြီးလည်း ရောက်ရော (ရောက်ရောဆိုတာ မီးဖိုကြီးကနေ မိန်းမဆောင်အ၀အထိ ယောက်ျားများ က ထမ်းလာပြီး အ၀ကျတော့ မိန်းမအကျဉ်းသူ ထမင်းပုံထမ်းတာဝန်ခံ..ထမင်းဖိုလို့ခေါ်တဲ့ အဲဒီ တာဝန်ကျသူ ကောင်မလေးတွေ က သွားထမ်းရပါတယ်)

အဲသလို မိန်းအဆောင်မှူးရုံးခန်းဝ အငွေ့တထောင်းထောင်းန့လည်း ရောက်ရော ခွက်ကြီး တွေ နဲ့ ရေဆွဲပုံကြီးတွေ နဲ့ ပထမဆုံး ခပ်ယြူ ကတော့တာပါပဲ။ ထောင်မှူးမအတွက်၊ ဆရာမ ဘယ်သူ အတွက်၊ ဘယ်ဝါအတွက်တဲ့။ တိုက်အတွက်တဲ့။ တိုက်ပိတ်ထားတဲ့ လူတွေ ကို အလောက်အင ပေးချင်တဲ့စေတနာပေါ့နော်။ ပြီးတော့ကျရုံးခန်းတာဝန်ကျ ကောင်မလေးတွေ ။ သူတို့ကြိက်သုလိ ခြယ်လှယ်ယူငင်ဖွက်ကြတာ။ ဒီဘက်က မမြင်ဘူးတော့ မထင်လိုက်ပါနဲ့။ ခင်ကြိုင်တို့က ဈေး သည်လုပ်လာတာ ဝေလီဝေလင်း ဈေးကြိုလာတာ။ ဘူးရွက်လား ဖရုံရွက်လား ခွဲတတ်ပါတယ်။

ဒါပေမဲ့ ကိုယ့်ရွာမှာ ကြက်ဖ၊ သူများ ရွာမှာ ကြက်မတဲ့ ဆိုသမှု တ်လား။ ဒါကြောင့် တစ်ခါ တစ်ခါ ရေငုံနေလိုက်တာပါ။ ကိုယ့်အတွက်ရရင် ပြီးတာပါပဲ။ မဟုတ်ဘူးလား။ ကိုယ့်အတွက်ဆို ပေမင့် ဒီဘက်မှာ လည်း အကြံအဖန်တွေ က ရှိသေးတာပဲ။ ဆန်ပြုတ်က ကလေးအမေနဲ့ ကလေး တွေ ပဲ ရမယ်ဆိုတော့ တခြားအသက်ကြီးတဲ့လူတွေ ၊ မုန့်စားစရာမရှိတဲ့လူတွေ ။ မိုးလင်းလင်းချင်း ဘာမှမစားရသေးတဲ့လူတွေ က ဆန်ပြုတ်သောက်ချင်တာပေါ့။ ဒီအခါ အဲလိုလူမျိုးတွေ ကို ကလေး အများ က ကိုယ်တန်းစီလို့ရထားတဲ့ဆန်ပြုတ်ကို ပြန်ေ၇ာင်းစားလို့ရတယ်လေ။ ကိုယ့်ခွဲတမ်းကို ရောင်းတာပဲ ပြည်သူ့ဆိုင်လိုပေါ့။

ကျွန်မမှာ တော့ ကိုယ့်ခွဲတမ်းကိုယ် မရောင်း ဖြစ်ပါဘူး။ အန်တီမေနှင်းကို ပေးချင်လို့ပါ။ အန်တီကို ကျွန်မဆန်ပြုတ်ပေးရမယ်။ ကျွန်မမသောက်ရချင်နေပါစေ။ ကျွန်မသမီးလေးနဲ့ အန်တီနဲ့ တစ်ဝက်စီမျှပြီး ဖြစ် ဖြစ် သောက်ကြပါစေ။ အန်တီ့ကိုကျွန်မသနားတယ်။ ချစ်လည်း ချစ်တယ်။ ပြီးတော့ အားကိုးတယ်။

အန်တီကို့ ကျွန်မ က ထောင်ထဲကျမှ တွေ့ ဖူးတာမှ မဟုတ်ဘဲ။ ၁၉၉၀ ပြည့်နှစ် က ကျွန်မတို့ အုတ်ကံ ပနီပင်ရွာမှာ ဟောပြောပွဲလုပ်မယ်ဆိုတော့ ဟောပြောမယ့်သူက ရွှေကူမေနှင်း။ ကျွန်မတို့ကလည်း အလိုလို မေတ္တာရှိနေတောတာ။

အဲ..

တစ်ရက်.. ဆောင်းတွင်းကြီးပါပဲ။ အန်တီရွာလာမယ်ဆိုတော့ ရွာထိပ်မှာ ကနားဖျင်းကြီး ထိုးကြတာတကယ့်ဘုံကထိန်တုန်းလိုပဲ ကောက်ရိုးတွေ ခင်းလို့၊ လော်စပီကာတွေ လည်း ဖွင့်လို့။ ကလေးလူကြီးပျော်လို့ လာတော့မယ် လာတော့မယ်ဆိုပြီး မျှော်ကြပေါ့လေ။ မှတ်မိသေးတယ် အဲဒီ နေ့က ဘူးသီးနဲ့ ချောင်းထဲက ငါးတွေ ကို ချက်တာ။ အရေး ထဲ အန်တီပုံကိုကြည့်ပြီး အသက် ဘယ်လောက်လဲလို့ အလောင်းအစားလုပ်ကြသေးတယ် ရွာကလူတွေ လေ။ ခက်ပုံက အန်တီရဲ့ အတ္ထုပ္ပတ္တိမှာ မွေးသက္ကရာဇ်မပါဘူး။ ဓာတ်ပုံကိုကြည့်ရတာ အသက် ၃၀ လွန်ရော ကျွံရောပဲ။ ဒါပေ မဲ့ ကိုချစ်ထွန်းကြီးက တွက်ပြတာ ဟ.. ၁၉၅၆ ခုမှာ တက္ကသိုလ်ဝင်တန်းအောင်တယ်ဆိုတော့ အနည်းဆုံး ၁၆ နှစ် ရှိရမယ်ကွာ။ အခု ၁၉၉၀ ဆိုတော့ ဘယ်လိုပဲ တွက်တွက် ၅၀ ရှိနေပြီတဲ့။

အဲဒါ မ ဖြစ်နိုင်ဘူး။ ဖြစ်နိုင်တယ် ငြင်းကြတာတော် ညညအဲဒါ အလုပ်တစ်လုပ်ပဲ။ ဓာတ်ပုံက ငယ်ငယ်က ရိုက်တာလားလို့ ကြည့်ကြသေးတယ်။ အဆင်းစားရ ခက်ကုန်ရော၊ လာရင်ရော နီး စပ်ရာ မေးကြည့်ကြမယ်ဆိုပြီး စောင့်ကြည့်ကြတာပေါ့။

ဟော.. လာမယ့်လာတော့လည်း စက်ဘီးစီးလို့ ရှင်ရေ။ ဘယ့်နှယ် သူများ တွေ ဆိုရင် ၀ီလီဂ ဂျစ်တို့၊ ဟိုင်းလပ်တို့ စီးတာပါ။ ကျွန်မတို့က ပါးစပ်ဟောင်းလောင်း တအံ့တသြ။

အန်တီ ကတော့ မောတဲပုံလည်းရမဘူး။ ပြုံးပြုံး ပြုံးပြုံးနဲ့။ ရောက်တယ်လို့ လျှောက်နှုတ် ဆက်တာ။ ဟောပြောရှင်းလင်း ရယ်စရာတွေ လည်း ပြောသေး။

အန်တီ့ကိုချစ်ကြတာ အဲဒါပဲ။

အန်တီကတဲ့ သူများ တွေ လို ဘယ်သူမှ မပုတ်ခတ်ဘူးတဲ့။ တိုတိုရှင်းရှင်းနဲ့ ရင်းရင်းနှီးနှီး ပြောတာတဲ့။ တစ်ရွာလုံး သဘောကျတာပေါ့။ ကျွန်မတို့ ကတော့ ထမင်းပွဲပြင်ရင်း နားထောင်ရတာ ဆိုတော့ အကုန်မကြားရဘူး။ ကဲ.. ပြောလည်းပြီးရော ထမင်းကျွေးတော့ ခု ချက်ချင်း ပြန်ဆင်းရ မှာ တဲ့လေ။ ခုညရထားနဲ့ ရှမ်းပြည်နယ်သွားရမှာ တဲ့။ ထမင်းကို ဇွန်းလေးနဲ့ နှစ် ဇွန်းလား သုံးဇွန်း လား အပြေးအလွှားစားသွားတယ်။

စိတ်မကောင်းလိုက်တာ။ အဲလိုမှန်းသိရင် စကားသိပ်မပြောပါနဲ့ အချိန်ချန်ပြီး စားပါလို့ ပြောပါရဲ့ ။ ကိုချစ်ထွန်း ကတော့ “အဲဒါပေါ့ စားချိန်သောက်ချိန်တောင် မထားတဲ့ အလုပ်လုပ်တာ” တဲ့။ ပြန်သွားတော့လေ..ကဲ အသက် အကြောင်းတောင် မမေးလိုက်ရပါလားဆိုပြီး မောမောပန်း ပန်းနဲ့ ရယ်ကြရသေးတယ်။

အဲဒီ တစ်ခါပါပဲ။ ရွာကိုလာတာ။

နောက်တော့ ကျွန်မလည်း ပြဿနာပေါ်တော့တာ။ ကျွန်မပြဿနာကိုတော့ ပြောလည်း မပြောချင်ပါဘူး။ ဒေါသ ဖြစ်လွန်းလို့၊ တင်မြင့်လေ တင်မြင့်၊ အိမ်ကလူရဲ့ အပေါင်းအသင်း ရင်းနဲ့ အိမ်မှာ ၀င်ထွက်စားသောက်ရာက သူ့ပါလာတဲ့ ဆေးခြောက်ထုပ်ကို ကျွန်မတို့ခြေရင်း ငှက်ပျောပင် ကြားမှာ ၀ှက်ခဲ့တာ။ ကျွန်မတို့က ဘယ်သိနိုင်ပါ့မလဲ။ ယစ်မျိုးတွေ လာရှာတော့ အိမ်မှာ ကျွန်မ တစ်ယောက် တည်း။ ဘယ်လိုမှ ငြင်းလို့မရ။ ရှင်းလို့မရ။ ခုကလေးမ ကိုယ်ဝန်န့ တစ်လနဲ့ အချုပ်ထဲ ရှစ်လကျော်နေခဲ့ရပါရောလေ။

သမီးလေးကို ထောင်ထဲမှာ ပဲ မွေးခဲ့ရတာ ပေါ့။

ခက်ခက်ခဲခဲ အခြေအနေမှာ လူ ဖြစ်ရရှာလို့ “ခက်ခက်” လို့ သူ့အဖေက မှည့်ပေးတယ်။ အခုဆို သမီးလေးခက်ခက်ခြောက်လကျော်ခဲ့ပြီ။ ထောင်ဒဏ်က ၁၂ နှစ် နဲ့ ဒဏ်ငွေတစ်သော င်းတဲ့။ ဒဏ်ငွေမတတ်နိုင်ရင် နောက်တစ်နှစ် တဲ့။ ၁၃ နှစ် ပေါ့ သမီးအပျို ဖြစ်မှ ရွာပြန်ရမယ့် ဘ၀ကြီးပါ လား။

သြော် ကိုယ့်လိုလူတွေ အများ ကြီးဆိုပြီးဖြေရမယ့် တစ်ရက်မှ စိတ်မချမ်းသာဘူး။ ကိုယ် လုပ်လို့က ခံရဲပါတယ်။ အခုတော့ တင်မြင့် ၀န်မခံလို့။ သူတော့လွတ်တယ်။ကျွန်မတို့ အိမ်မှာ တွေ့  လို့ဆိုပြီး ချလိုက်တာ။ ရှင်.. ပိုက်ဆံလား သူ့အဖေရှာပါသေးတယ်။ အိမ်ကော၊ လယ်ကော အားလုံးေ ရာင်းတောင် ငါးထောင်လောက်ပဲ ရမှာ ။ အိမ်မှာ သားသမီးငါးယောက် ရှိသေးတယ်။ နို့ညှာက သုံးနှစ် သား။

ငိုရလွန်းလို့ မျက်ရည်လည်းခန်းပါပြီ။

အဲ.. ထောင်မကျခင် အချုပ်မှာ နေတုန်းကပေါ့ ကိုယ်ဝန်နဲ့မို့ အလုပ်တော့ ပင်ပင်ပန်းပန်း မလုပ်ရပါဘူး။ အန်တီ့အကြောင်းပြောမလို့။ တစ်ညနေ မိုးတွေ ရွာလို့..။ လမ်းကြောင်းကားတွေ ၀င် လာတဲ့အခါ အချုပ်အသစ် (အချုပ်ကျ လူသစ်ပေါ့) ၀င်လာကြစမြဲ။ အဲဒါ.. အဲဒီ ညနေမှတော့ အချိ တ်လုံချည်အစိမ်း၊ အိရှန်အင်္ကျီအစိမ်းလက်ရှည်နဲ့ မျက်နှာက ခပ်ပြုံးပြုံး ဒီအမျိုးသမီးကို မြင်ဖူးပါ တယ်လို့ ချက်ချင်း ပဲ သတိရလိုက်တယ်။

“ဟင် အန်တီ.. အန်တီနှင်းမဟုတ်လား”

သူက ပြုံးလို့. “အန်တီ့ကိုသိတယ်လား”တဲ့

“သိတာပေါ့ သမီးက ပနီပင်ကပါ”ဆိုတော့လေ..

“ဟန်ကျလိုက်တာ ဆွေမျိုးတွေ့ ပြီ”တဲ့။

အဲဒါပါပဲ။ အန်တီ့ကိုသနားတာ။ အန်တီ့ကိုပြန်တွေ့ တော့ ဘာမှမဆိုင်တဲ့ အဲဒီ အချုပ်ဆောင် သမံတလင်းပေါ်မှာ လေ..

ကျွန်မက အရင်ရောက်နှင်တဲ့လူဆိုတော့ အားပေးရတာ ပေါ့။

“အန်တီ ဘာမှမပူနဲ့ ထမင်းလည်း သမီးခံပေးမယ်။ အ၀တ်လည်း သမီးလျှော်ပေးမယ်။ အန်တီတို့ (၅-ည) တွေ အလုပ်တော့ မလုပ်ရပါဘူး။ ရုံးချိန်ထွက်တဲ့အခါ အန်တီ လွတ်ချင်လွတ်မှာ ပါ…”

အဲဒီ တုန်းကတည်းက ကျွန်မ အန်တီသမီး ဖြစ်ခဲ့တာပါ။ သူများ တွေ နဲ့ဆိုရင် အန်တီက ကျွန်မပခုံးကို ဖက်ပြီး.

“ဒါ..ကိုယ့်သမီးလေး”လို့ပြောလေ့ရှိပါတယ်။

အန်တီ့ကို အာလုံးကအံ့သြတြယ်။ ဘာလို့လဲဆိုတော့ ထောင်ထဲဝင်လာတဲ့နေ့က မျက်နှာ က ပြုံးနေလို့တဲ့။ ဟုတ်တယ်။ အချုပ်အသစ်တွေ ၀င်လာပြီဆို မူးမေ့လဲတ့လူနဲ့။ မျက်နှာပျားတုတ် သထားသလိုပဲ နီရဲအောင် ငိုတဲလူနဲ့။ မငိုတောင် မျက်တောင်လေး ပေကလပ်ပေကလပ်တော့ လုပ်ကြတာ။ ဘယ့်နှယ်.. ထောင်ဆိုတာ တစ်ခါမျ မရောက်ဖူးတဲ့ နေရာ၊ တကယ်ကြောက်စရာ ကြီး။ အဲဒါ.. အန်တီ တစ်ယောက် ပဲ ပြုံးပြုံးရွှင်ရွှင်နဲ့ ရောက်ရောက်ချင်း ကျွန်မကျွေးတဲ့ ထမင်းဟင်း ကို “အမယ် ငါ့အိမ်ထက်တောင် အမယ်စုံသေးပါလား” လို့ ရယ်မောပြောနေလေရဲ့ ။

အခု အကျဆောင်မှာ အန်တီနဲ့ ပြန်ဆုံရပြီ။ အန်တီ့အတွက် ဆန်ပြုတ်ကို ကျွန်မတာဝန် ယူတာပေါ့။ အန်တီက ဆန်ပြုတ်သိပ်ကြိုက်တယ်။ အချုပ်မှာ တုန်းက ပထမ၊ မသောက်တတ်ဘူး တဲ့။ နံကလည်း နံတာကိုး။ နောက်ဘက်က အမျိုးသမီးတွေ က အန်တီ့ကို ဒီလိုလေး လို့ပြောပြီး ဆန်ပြုတ်ထဲ နို့မှု န်နဲ့ သကြား ထည့်ခေါက်ပေးလိုက်တော့ အန်တီသဘောကျပြီး “ဟုတ်လိုက်လေ ဟယ်၊ အနံ့လည်း မနံတော့ဘူး တကယ့် နို့ထမင်းကျနေတာပဲ အန်တီကြိုက်တယ် မခင်ကြိုင် ..အန်တီ့ကို နေ့တိုင်းဆန်ပြုတ်ယူပေးနော်”တဲ့။

ဒါကြောင့် အန်တီအတွက် ဆန်ပြုတ်မရလို့ မ ဖြစ်ဘူး။ အန်တီက ထမင်းကျတော့ သိပ်စား တာမှ မဟုတ်တာ။ ပနီပင်မှာ တုန်းက သုံးလေးဇွန်းစားသွာသလိုပဲ အချုပ်မှာ တုန်းကလည်းတစ်နေ့ လေးဇွန်းပဲ စားတယ်။ ညစာကျမှ ပေါင်မုန့်နဲ့ ငါးပိကြော် စားတယ်။ အန်တီ့အိမ်က ပို့နိုင်လို့ပေါ။ ကျွန်မတို့လိုဆို ဘယ်ခံနိုင်ပါ့မလဲ။

ဟော..ပြောရင်းဆိုရင်း အန်တီတို့ အပေါ်ထပ်က ဆင်းလာကြပြီ။ အားလုံးထဲမှာ အရပ် အရှည်တဲ့ အန်တီ့ကို ထင်ထင်ရှားရှား မြင်ရတယ်။ ပြီးတော့ အန်တီက ဦးထုပ်ဆောင်းလေ့ရှိတယ်။ ဆောင်းဝင်ခါစကတည်းက နှင်းကျလို့ဆိုပြီး မာဖာဦးထုပ်လေးဆောင်းတတ်တယ်။ ဦးထုပ် ခရမ်း ရောင် နဲ့ အန်တီ့ကို လှေကားက ခပ်သွက်သွက် ဆင်းလာတာမြင်ရတယ်။ လက်ထဲမှာ ကြွပ်ကြွပ် အိတ်အထုပ်ကို ဆွဲလို့။ ပလစ်စတစ် လက်ဆွဲချိုင့်လေးနှစ်လုံးကိုင်လို့။ အ၀ါရောင် ချိုင်က ဆန်ပြုတ် ထည့်ဖို့။ အစိမ်းရောင် ချိုင်က ရေနွေးခံဖို့။ ယောင်လို့များ တစ်ခါမှ အစိမ်းနဲ့ အ၀ါ မှားမထည့်ခိုင်းဘူး။ အန်တီက အရမ်းစနစ်ကြီးတာ။ ပြီးတော့ အ၀တ်အားတို့ ဘာတို့ ညဘက်သုံးဖို့ ထည့်သွားတဲ့ ကြွပ် ကြွပ်အိတ်ကြီးကိုလည်း ကိုယ်တိုင်သယ်လာတယ်။ သူများ တွေ အထူးသဖြင့် အန်တီ့အရွယ် လူကြီး တွေ က မသယ်ကြပါဘူး။ ဒီဘက်အိပ်ဆောင်နဲ့ နေခင်းနေတဲ့ဆောင် အသယ်အပို့ကို ငှားထားကြ တာပဲ၊ ထောင်ထဲမှာ အလုပ်သမားခက ဘာပေးရတာ မှတ်လို့။ တစ်ပတ်ကို ဆေးလိပ် (၁၀) လိပ် ပေးရင် လုပ်ချင်တဲ့လူတွေ တစ်ပုံကြီး။ အန်တီက ကပ်စေးနှဲတာ မဟုတ်ဘူး။ ပေးစရာရှိပေးတတ် သားပဲ။ ဧကန္တ သူ့ အထုပ်ကြီးကို မယုံလို့နဲ့ တူတယ်။ ကိုယ်တိုင် သယ်သွားသယ်လာပဲ။

“သမီးလေး စောစောစီးစီး သနပ်ခါးတွေ နဲ့ ပါလားဟေ့”

အန်တီက ကျွန်မသမီးလေး ခက်ခက်ကို လှမ်းပြောရင်း လက်ထဲက ချိုင့်အ၀ါကို ကမ်းပေး တယ်။ သမီးလေးက ခက်ခက်က ခိုးခိုးခစ်ခစ်ရယ်ပြတယ်။ သမီးဟာ ခြောက်လသာဆိုတယ် သူ့ အန်တီကြီးကို မှတ်မိနေပြီ။ အေးလေ ဒါပဲရှိတာကိုး..

အန်တီက ချိုင့်စိမ်းလေးကိုတော့ မခင်အေးကို ပေးလိုက်တယ်။ မခင်အေးက ထမင်းဖို အနေနဲ့ ဆေးလိပ်အပေးအယူလုပ်ထားတယ်။ ဒါမှ ရေနွေးကို သူများ ထက် အရင်ရမှာ လေ။ အနော အတွက် တစ်ပတ် (၁၀) လိပ်။ မခင်အေးအတွက် (၁၀) လိပ်။ အန်တီမှာ ရေနွေးရဖို့အတွက် တစ် ပတ်ဆေးလိပ် (၂၀-၂၅ )အကုန်ခံကြရတယ်။ မခံလို့ မ ဖြစ်ဘူးလေ။ ရေနွေးပုံး သယ်လာပေးတဲ့ ဟိုယောက်ျားတွေ ကိုလည်း ဒီကောက်ထားတဲ့ အထဲက ဆေးလိပ်ပေးရသေးတာကိုး။ ထောင်ထဲမှာ တော့ ဆေးလိပ်ကပဲ အစစအရာရာ ဆောင်ရွက်သွားတာပါ။ ဆေးလိပ်နဲ့ စားလို့ရတယ်။ ဆေးလိပ် ကို ခိုင်းလို့ရတယ်။ ဆေးလိပ်ဟာ ပိုက်ဆံ။ အန်တီ့အိမ်က လည်း ရောက်ခါစက တစ်ပတ်ကို ဆေးလိပ်တစ်ရာတစ်ရာ ၀ယ်ထည့်ပေးလေ့ရှိတယ်။ ကြာတော့ ဘယ်ခံနိုင်မလဲ။ ဒါနဲ့.. ကျွန်မကပဲ အကြံအဖန် လုပ်ပေးရတယ်။

“အန်တီ ဆေးလိပ်မမှာ နဲ့တော့ ဟိုသင်း အန်တီတို့ (၅-ည) တွေ က ဟင်းသီးဟင်းရွက်သွင်း ခွင့် လက်မှတ်ရတာ ပဲ၊ ဂေါ်ဖီထုတ်ပိုမှာ အန်တီရာ။ပြီးတော့ ကွမ်းရွက်ရယ် ပြီးကျတော့ဆီးထုပ် အဲဒါတွေ မှာ ကျွန်မ ရောင်းပေးမယ်”

တကယ်ပါပဲ၊ ဂေါ်ဖီဆိုရင် လက်တစ်လုံးလောက် စိပ်ပေးလိုက်၊ (၁၀) လိပ်ပဲ။ကွမ်းယာက ငါးလိပ်၊ ကွမ်းသီးစိတ်က ပါလေရုံ။ ဆီးထုပ်က ပိုကိုက်တယ်။ တစ်ကျပ်တန်ကို (၁၀) လိပ်၊ ဟို ကောင်မတွေ က တယ်ပြီး ဆီးထုပ်စားကြတာကိုး။ ဒါနဲ့.. အန်တီ့အတွက် တစ်ပတ်စာထောင်ဝင်စာ လာပြီဆို ကျွန်မက အဲလိုဖလှယ်ပေးရတယ်။ ဆေးလိပ်နှစ် ရာလောက်ရရင်သမီး တစ်ရာယူတဲ့။ မယူရက်ပါဘူး။ သမိးသုံးရရုံဆိုပြီး (၄၀) ပဲ ယူလိုက်တယ်။ အမှန်က အလကားတောင်လုပ်ပေးမှာ မဟုတ်လား။ အိမ်ကလူ ဒီလ လာမှ ပြောပြဦးမယ်။ ရှင့်မယား ကတော့ အပြင်မှာ နေလည်း ဟင်း ရွက်သည်လုပ်တာပဲ အထဲမှာ လည်း ဟင်းရွက်သည်ပဲလို့။

ဘာပဲပြောပြော ဒိလိုလုပ်လို့ ရလို့သာ ကိုယ့်မလည်း ငပိလေးအစ၊ တို့စရာလေးအစသမီး အတွက် ကျိုက္ကဆံဘီစကွတ်လေးအစ ၀ယ်နိုင်တာပေါ့။ ပစ္စည်းပါလာတဲ့ လူတွေ ကလည်း ကိုယ့် မှာ ပိုတာ ပြန်ရောင်း၊ လိုတာပြန်ဝယ်ကြရတာ မို့ ဘယ်သူမှ ၀ယ်ရောင်းနဲ့ မလွတ်ပါဘူ။ အပေါ်ထပ် က ဖဲမှု သူဌေးမကြီးတွေ အုပ်စုတောင် ဆီးထုပ်၊ သကြားလုံးရောင်းတာပဲ။

ဆန်ပြုတ်ရပြီ။

သမီးလေးအတွက် တစ်ဝက်၊ အန်တီကြီးအတွက် တစ်ဝက်စီခွဲပြီး ထည့်လိုက်တယ်။ ကျွန်မအတွက်လား ကျွန်မက ထမင်းကြမ်းစားရမှာ ပေါ့။ ညက ကျန်တဲ့ထမင်းရှိတယ်လေ။ ငါးပိနဲ့ ရေနွေးကြမ်းနဲ့ မျှောရမှာ ပေါ့။

အန်တီ ဆန်ပြုတ်ချိုင်လေးကိုင်ပြီး အန်တီတို့နေ့ခင်းနေတဲ့ အဆောင်ဘက် ကူးသွားရ တယ်။ အန်တီတို့ (၈) ဆောင်မှာ အိပ်ရုံပဲ။ နေတော့ (၇) ဆောင်မှာ နေကြတာလေ။ ဇာထိုးတဲ့အ အဖွဲ့က အောက်ထပ်မှာ ။ ပန်းလုပ်တဲ့အဖွဲ့က အပေါ်ထပ်မှာ အန်တီ ကတော့ သံမံတလင်းနဲ့ မ တည့်လို့ဆိုပြီးပျဉ်ခင်းထားတဲ့အပေါ်ထပ်မှာ နေတယ်။ တစ်ထပ်လုံးမှ လူ (၃၀) ပဲ လက်ခံတာ။ တော် ရုံလူ နေရတာ မှတ်လို့။ တက်တောင် တက်ခွင့်မရှိဘူး။ ကျွန်မတို့လို အဆက်အစပ်ရှိတဲ့၊ အလုပ်လုပ်ကိုင်ပေးတဲ့ လူမျိုးမှ တက်လို့ရတာ ။ အဲဒီ အပေါ်ထပ်မှာ ဆို အန်တီတို့က (၁၀) ယောက် လောက်နဲ့ ကျန်တဲ့ (၂၀) ကတော့ ဘော်ဇာ တွေ ပေါ့။ လူအကန့်အသတ်နဲ့ လက်ခံတာကိုး။ အန်တီ့ ကိုတောင် ကျွန်မ မရဲတရဲမေးကြည့်သေးတယ်။ ပန်းဆောင်မှာ နေရဖို့ အန်တီရော ပေးရသေးလား လို့။

“ဘာလို့ ပေးရမှာ တုန် မခင်ကြိုင်ရဲ့ အန်တီက ၀ါသနာမပါဘူး။ ဒါပေမဲ့ နည်းနည်း တော့ ပြောရတာ ပေါ့ကွယ်။ ကိုယ့်ကျန်းမာရေး အကြောင့် လို့ ပြောရတာ ပေါ့”တဲ့။

ဟုတ်တယ်။ (၅-ည) ဆို အလိုလိုလန့်ကြတယ်။ အချင်းချင်းလည်း ရှိန်တယ်။ ဆရာမ တွေ ကလည်း (၅-ည) ဆို သိပ်မပြောရဲကြဘူး။

အန်တီတို့ (၇) ဆောင်ဝင်းက အကျယ်ကြီး။ ရေကန်ကလည်း သန့်တယ်။ ကြည့်လေ. ခုထိ ရေကန်မှာ အေးအေဆေးဆေး မျက်နှာသစ်တဲ့လူသစ်၊ သွားတိုက်တဲ့လူတိုက်၊ တစ်ယောက် နဲ့ တစ်ယောက် စကြနောက်ကြ၊ ဆော့နေကြတာပဲ။ စိတ်ညစ်နေကြပုံလည်း မရဘူး။ ဟော ရေနဲ့ ပက်နေကြပြန်ပြီ။ အဲဒါ သက်သက်ဖန်တာ ဖန်တာ။ မနက်အိပ်ရာထ ရေချိုးချင်တယ်။ ရေချိုး ထုတ် ချိန်မဟုတ်တော့ မချိုးရ။ အဲဒါကို ရေပက်လို့ စိုသွာရပါတယ်ုဆိုပြီး ဆင်ခြေပြတာပေါ့။ တစ်ကိုယ် လုံး စိုလို့။ ရယ်ကြမောကြ။

အဲဒီ ရေကန်က သုံးသမျှ ရေတွေ ကို အုတ်ရေမြောင်းနဲ့ သွယ်ဖောက်ပြီး အရှေ့ဘက် အုတ်တံတိုင်းကြီးဘက်ကနေ အပြင်ကို ထုတ်လိုက်တယ်။ ရေမြောင်းကြီးတစ်လျှောက် ဘေး တစ်ဖက်တစ်ချက်မှာ တော့ ကန်စွန်းပင်တွေ ၊ ချဉ်ပေါင်ပင်တွေ ၊ ကင်ပွန်းချဉ်၊ ဘူးပင်၊ ငရုတ်၊ မုန် ညှင်၊ မုန်လာ စုံနေအောင် စိုက်ထားတယ်။ တောင်ယာလို့ခေါ်တာပေါ့။ အမယ်.. စားပင် တွေ ဆိုပြီး ယောင်လို့များ သွားမလူးလေနဲ့ တောင်ယာစောင့်တွေ က အပြည့်ဆရာရေ။ အခင်းတစ်ခင်းမှာ တစ် ယောက် စောင့်တာ။ ရေမြောင်းက ရေတွေ ခပ်လောင်းရတဲ့ လူတွေ ကိုတော့ နည်းနည်း ပါးပါး ဝေ ပေးတတ်ပါရဲ့ ။

ဒီရေမြောင်းဘေးမှာ တစ်တောင်လောက်ကျယ်တဲ့ လူသွားလမ်းလေးရှိတယ်။ အဲဒီ မှာ လမ်းလျှောက်လို့ ရတယ်။ ကျွန်မ လှမ်းကြည့်တော့ ထင်တဲ့အတိုင်းပါပဲ။ အန်တီ ပြေးတုန်းလေ။ အန်တီက တောင်ယာရေမြောင်းဘေးမှာ လမ်းလျှောက်ရုံမကဘူး ပြောတ။ ရောက်စက ဘောင်း ဘီရှည်နဲ့ ပြေးတာတဲ့။ ခု ချက်ချင်း ထဘီပြန်ဝတ်ဆိုပြီး ကရင်ဆရာမ ကြီးလာပြောတာနဲ့ နောက် တော့ ထဘီနဲ့ပဲ ပြေးရတာ တော့တာတဲ့ ဘောင်းဘီဝတ်ခွင့်မှ မရှိဘဲကိုး။

“ပြေးတာက တစ်ကိုယ်လုံးအကြောပြေတယ်”လို့ ပြောတာပဲ။ နှင်းငွေ့တွေ ကြားမှာ အန်တီ နား ကျွန်မရောက်သွားတော့ အန်တီ့မျက်နှာမှာ ချွေးတွေ နဲ့။

“အေး အေးထားခဲ့ သမီးရေ ”လို့လှမ်းပြောတာနဲ့ ထားနေကျ အောက်ထပ် ၀ရန်တာ သစ်သားတန်းလေးပေါ်မှာ ချိုင့်အ၀ါကို တင်ထားပေးလိုက်ရတယ်။ အန်တီ ကတော့ ကုန်းလိုက် ကွလိုက်နဲ့ လေ့ကျင့်ခန်းဆက်လုပ် နေတယ်။ အန်တီလို့ပဲ လုပ်နေကြတဲ့သူ သုံးလေးဦး ရှိတယ်။ ပြေးတာ ကတော့ အန်တီ တစ်ယောက် တည်းရယ်ပဲ။

အန်တီ့အရွယ် အန်တီ့သူငယ်ချင်းလို့လည်းပြောတဲ့ ဒေါ်စိမ်းပင်ကြီး ကတော့ ရေမြောင်း ဘေးမှာ ဆောင့်ကြောင့် ထိုင်၊ ရေပုံးရယ်၊ ရေခွက်ရယ်နဲ့ အေးအေးဆေးဆေး သွားတိုက်နေတုန်း ပဲ။

“အန်တီစိမ်းရော မပြေးဘူးလား”

ကျောင်းသူ တစ်ယောက် က လှမ်းပြောတယ်။

“မပြေးနိုင်ပါဘူးကွယ် လမ်းတောင်မနည်းလျှောက်ရတာ ”

“အန်တီနှင်းက နေ့တိုင်းပြေးတယ်နော်”

“အေးကွဲက မင်းတို့ ဦးကမှာ ထားလို့”

“ပြေုးဖို့မှာ တာလား”

“ပြေးဖို့တော့ မဟုတ်ပါဘူး။ ဟို အင်း မောင့်ကိုချစ်ရင် ကျန်းမာအောင်နေတဲ့”

ဝါးခနဲ ရယ်လိုက်ကြတယ်။ ပျော်ပျော်ပါးပါးပဲ။

“အေးကွဲ့ တို့ ဒီလိုမနေရင် ကျန်းမာရေး ထိခိုက်ပြီး တစ်ခုခု ဖြစ်သွားနိုင်တာပေါ့။ အရေး ကြီး တာက ထောင်က ခြောက်ထောက်နဲ့ ထွက်နိုင်ပါပဲ။ ကျောနဲ့ မထွက်ရဖို့ပဲ”

ဟုတ်ပါရဲ့ ကျောန့ ထွက်သွားကြတဲ့ လူတွေ မနည်းဘူး။ အားပြတ်ပြီး သေတာ။ အာဟာရချို့တဲ့ပြီး သေတာ။ ရောဂါ နဲ့သေတာ။ စုံလို့ အန်တီက ဒါကို အမြဲပြောလေ့ရှိတယ်။

“တို့များ ထောင်ကျခံနေတာက အဓိပ္ပာယ်အများ ကြီးရှိတယ်။ တန်ဖိုးအများ ကြီးပေးရတယ် ဒီတော့ ထောင်ကျရကျိုးနပ်အောင် နေရမယ်။ အရေး အကြီးဆုံးက ကျန်းမာနေဖို့ပဲ။ ဒါ.. တို့ လုပ်ရမယ့် တာဝန်ပဲ။ ဒါမှ တို့ ကျန်းကျန်းမာမာနဲ့ ပြန်ထွက်နိုင်မှာ ပေါ့”

တစ်ခါတစ်လေတော့လည်း အန်တီက ရယ်စရာပြောတတ်သေးတယ်။

“လေ့ကျင့်ခန်းလုပ်တာ တောင်ယာနား သွားလုပ်ရသလားလို့ မေးစရာရှိတယ်။ တောင်ယာ က ကျယ်ပြန့်တယ်၊ လေကောင်းလေသန့် ရတာ လည်း မှန်တယ်။ နောက်တစ်ခု အရေး ကြီးတာက သူခိုးလုပ်ဖို့တဲ့။ ကိုယ်က ကုန်းကွလုပ်နေကျမို့လား၊ ခိုးချင်တဲ့ နေ့ကျ ခရမ်းပင်တွေ နားမှာ ကုန်း လိုက်၊ ဟော ပြန်အထမှာ ပါလာပြန်ရော။ ဘရာစီယာထဲ အသာထည့်၊ ဘက်ညီအောင်လည်း ထည့်ရသေးတာပေါ့။ တောင်ယောစောင့်တွေ က အန်တီတို့ဆိုတော့လည်း ခိုးမယ်မထင်ရှာဘူး လေ။ ဘယ်ရမလဲ ခိုးတာပေါ့။ အဲလို ခိုးဖို့ကိုလည်း မိစမ်းပင်က ပညာပေးတာ။ တစ်မနက် သူ ရေမြောင်းဘေးမှာ လာပြီး လမ်းလျှောက်တော့ အမယ် လမ်းတွေ ဘာတွေ လျှောက်လို့ ကိုယ်လုံး လှလာပါဦးမယ်ဆိုတော့ ပြုံးနေတယ်။ ဒီဘက်ပြန်ရောက်လာတော့မှသူ့ရှပ်အင်္ကျီအိပ်ထောင်ကို အသာလေး ပုတ်ပြတယ်။ ပင်စိမ်းရွက်သွားခိုးတာတဲ့။ ညတိုင်း တရာထိုင်နေပြီးဟယ်ဆိုတော့ မရဘူး သူငယ်ချင်း ဒါတော့ ခိုးရမှာ ပဲ။ ခိုးလည်း ခိုးသင့်တယ်။ ဘာလို့လဲဆိုတော့ ဒါတွေ ဟာ တို့ရ ရမယ့် အခွင့်အရေး တွေ ပဲ။ ကိုယ်က (၆၂) နှစ် ကတည်းက ထောင်ကျဖူးတာ…တဲ့”

အင်း အန်တီတို့သာ ခိုးလို့မိလည်း ဘာမှမ ဖြစ်တာပါ။ ကျွန်မတို့ သွားလုပ်ကြည့်ပါလား။ ပုံစံ ပြည့် (၃၅) ချက်တော် ရေ့။ တောင်ယာစောင့်တွေ ကလည်း ကျွန်မတို့ဆို မရှိခိုးနိုး ဆိုသလိုပဲ မယုံ သင်္ကာနဲ့ လိုက်ကြည့်တာ။ အနားတောင် အကပ်မခံဘူး။ ဒီတော လည်သလို ကြည့်နေရတော့တာ ပဲ။ သြော်.. သမီလေးအပျို ဖြစ်တဲ့အထိ ဒီလိုပဲ နေသွားရမှာ တဲ့လားဟင်..

•••




ဝန်ဇင်းချစ်သူများ ရွှေကူမေနှင်း ၏ “ အင်းစိန်မှတ်တမ်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကန္တာရ နှင်းဆီ

အဖေနဲ့ အမေ

ကြက်တွန်သံ ရသစာတမ်းများ