Cover

တုံးလုံးပက်လက် အိပ်မောကျနေသော မိန်းမများ ။

အချို့ မှော က်လျက်။

အချို့ စောင်းလျက်။

အချို့ ကွေးလျက်။

အချို့ ခြေကားယား လက်ကားယား။

စစ်မြေပြင်၌ တိုက်ပွဲကျမြင်ကွင်းနှင့် အနီးစပ်ဆုံးတူလေသည်။

ဘယ်လို မိန်းမတွေ လဲ….

ဆံပင် ဖားဝေပြေကျနေကြ၏ ။

အရောင် အဆင်းကင်းမဲ့နေကြ၏ ။

ညစ်ပတ်ပေရေသော အ၀တ်များ ..

ခါးဝတ်အကျွတ်ကျွတ်…

ရင်စည်းမဲ့အသားဆိုင်များ …

ဘယ်လိုမိန်းမတွေ လဲ…

အကျဉ်းသူတွေ လေ။

ဘယ်နေရာမှာ လဲ။

ထောင်ထဲမှာ ။ အင်းစိန်ဗဟိုစံပြအကျဉ်းထောင်ကြီးမှာ ။

ပိုမိုပြည့်စုံအောင်ပြောရလျှင် အင်းစိန်ထောင်ကြီး၏ အဆောင်နံပါတ်(၈) အပေါ်ထပ်၊ မိန်းမဆောင်ပါပဲ။

သူဇာခင်(ခေါ်) မီးက မျက်လုံးများ ကို ဇွတ်မှိတ်၍ ထားသည်။ ဖွင့်ကြည့်လျှင် တိုက်ပွဲကျမြင် ကွင်းကိုမြင်တိုင်း၊ မိမိကိုယ်မိမိ ‘ငါ… ထောင်ထဲမှာ ပါလား’ဟု ခံစားရသည်။ မီးဘာမျှ မခံစားချင်တော့ ဘူး။

ဘေးနားက မအေးမက အိပ်မောကျနေလိုက်သည်မှာ ပါးစပ်အာပုပ်ရေတွေ စီးကျလို့။ သူက တောင်ယာ အလုပ်လုပ်ရသဖြင့် ကိုယ်လက်လှုပ်ရှားမှု ရပြီး ကျန်းမာတာထင်ရဲ့ .. ဟု မီးတွေးလိုက်သေး သည်။

မီးသည် မအိပ်ချင်သော မျက်လုံးများ ကို စိတ်ဆိုးချင်နေသည်။ အိပ်ပါလား မျက်လုံးတွေ ရယ်၊ အိပ်ကြစမ်းပါ။ မင်းတို့မအိပ်သမျှ ငါ မနားရလို့ပါ။ ကြည့်… စကီနာတို့၊ ပိန်ပိန်တို့များ တစ်နေ့လုံး ဆော့ ကြပြေးကြ လုပ်နေသူတွေ မို့ ထင်ပါရဲ့ ။ ခေါင်းချလိုက်သည်နှင့် တရှူးရှူး ဖြစ်သွားကြပြီ။ ညဥ့်ဦးက သား သမီးတွေ ကို လွမ်းလို့ဆိုပြီး ငိုခဲ့သော ခင်စန်းရီလည်း မှော က်ရက်ကြီး အိပ်ပျော်လို့။ မိလုံးတို့ လင်မယား(မိလုံးက မိန်းမ၊ သူနှင့် တွဲ သူ ငြိမ်းသာက ယောက်ျားအသွင်) ထို မိလုံးတို့လင်မယားလည်း စောင်တထည်တည်းခြုံပြီး တခစ်ခစ်ရယ်လိုက်ကြ၊ ၀ုန်းဒိုင်းထုရိုက်ကြနှင့် ခုတော့လည်း လောကကြီးမှ ခေတ္တရှောင်တိမ်းသွားကြပြီး အိပ်မက်ကမ္ဘာမှာ လွတ်လပ်စွာ ပျံသန်းနေကြရော့မည် ။ ၁၅ မိနစ်တစ်ခါ ထ အော်ရသော ညစောင့် ဗာရာ ဒေါ်ကြည်ပင် စိပ်ပုတီးကိုကိုင်လျက် သံတိုင်ကိုမှီရင်း အိပ်ပျော်ပေ ရော့မည် ။

မီးသည် ဘယ်ဘက်စောင်း၍ လှဲနေရာမှ ညာဘက်သို့ စောင်းလိုက်၏ ။ ညာဘက်မှာ အိပ်နေ သော မသန်းမြင့်ကိုထိမိသွားသည်။ မသန်းမြင့်တွန့်သွား၏ ။ မတတ်နိုင်။ ရှောင်ရက်နှင့် မလွတ်ခြင်း၊ ကန်တော့…ကန်တော့ဟု စိတ်ထဲမှ တောင်းပန်လိုက်ရ၏ ။ သည်နေရာမှာ အိပ်စရာနေရာအ ဖြစ် တစ် ထောင့်ထွာကိုသာရသည်။ သည်တော့ ပက်လက်အိပ်လျှင်အိပ်၊ မှော က်လျက် အိပ်လျှင်အိပ်၊ မဟုတ် ဘဲ ဟိုဘက်သည်ဘက် စောင်းချင်လျှင်တော့ တစ်ခါမဟုတ် တစ်ခါထိစမြဲ၊ ဒူးကွေးမည် များ မကြံလေ နှင့် ။ ဒူးခေါင်းကြီးက ဆိုပြီး ရန်ပွဲတစ်ခု ဖြစ်ပေါ်တတ်လေသည်။

ရေထသောက်ရကောင်းလား။

ရေသောက်လိုက်ပြန်လျှင်လည်း တော် ကြာ ဆီးသွားချင်လာဦးမည် ။ မိန်းမထောင်မှာ ညဘက် ဆီးသွားရသော ကိစ္စက စိတ်ပျက်စရာကောင်း၏ ။ အဆောင်ခြေရင်းတွင် ခါးလယ်ခန့်အမြင့် အုတ်နံရံ လေးကာထားသော နေရာ၌ ငါးဆယ်ဝင်စဥ့်အိုးကြီးနှစ် လုံး ချထားသည်။ ထိုစဥ့်အိုးကြီးထဲ မဖိတ်မစင် အောင်သွားရသည်။ ကြမ်းပြင်မှာ အပေါက်မရှိ၊ မြောင်းမရှိ၊ ထို့ကြောင့် ဖိတ်၍ မ ဖြစ်။ စဥ့်အိုးအမြင့်သို့ ခုံ ကလေးတန်းထားပေးသည်။ ထိုတန်းပေါ်မှာ ငုတ်တုတ်ထိုင်လျှင် မိမိကို တစ်ဆောင်လုံးကပင် လှမ်း မြင်နေရသည်။ ဒါကို ရှက်နေ၍ ဘာထူးမှာ တုန်း။ တချို့ ကတော့ ခပ်ပျော်ပျော်ပင် ‘စင်မြင့်ပေါ် တက်ဦး မယ်’ဟု ရယ်စရာပြောတတ်သေးသည်။ စင်မြင့်ပေါ်မတက်ရဲသူများ အဖို့ ဖြေရှင်းနည်းလည်း ထားရှိ၏ ။ ၎င်းမှာ ကြမ်းပြင်ပေါ်တွင် ပလပ်စတစ်ခွက်ထဲသွားပြီး ထိုခွက်စဥ့်အိုးထဲ သွန်သော နည်း ဖြစ်သည်။

မီးသည် စင်မြင့်ပေါ်တက်ရဲပါ၏ ။

ခက်သည်က ထိုစဥ့်အိုးများ ထားရာ ‘မိလ္လာချောင်’သို့ ရောက်အောင်လမ်းလျှောက်ရမည့်  အရေး ဖြစ်သည်။ ကြမ်းတပြေးထဲတွင် လူ 200 ကျော် ကြပ်ညှပ်အိပ်နေကြသည်။ ဤလူပင်လယ်ကြီးကို ဖြတ် ကျော်ရမည် ။ လူသွားလမ်းဟု သတ်မှတ်ထားသော်လည်း ထိုအလွတ်နေရာလေးများ မှာ ရေခွက်များ ၊ ညဘက်အသုံးအဆောင်လေးများ ၊ ရေပုလင်းလေးများ ချထားကြသဖြင့် လိမ်းပိတ်နေသည်။ ခြေချစရာ မရှိသော ကြမ်းပြင်ပေါ်တွင် အိပ်နေသူတွေ ကို မထိအောင်ရှောင်၍ နင်းရခြင်းလောက် ခက်ခဲသော အားကစားနည်းသည် ဤကမ္ဘာပေါ်တွင် ပေါ်ဦးမည် မဟုတ်ချေ။ ရှောင်ကာတိမ်းကာ သွားပါလျက်နှင့် တစ်ယောက် ယောက် ၏ ခြေဖျားကို တက်နင်းမိလျှင် မကြားဝံ့မနာသာ အဆဲခံရမည် ။ သည်တော့… အောင့်ထားလိုက်၊ အောင့်ထားလိုက် မီးမီးရေ ညည်းက ရန် ဖြစ်ရဲတဲ့မိန်းမ မဟုတ်ဘူး။ ညည်းဟာ ဆိုး သွမ်းမိုက်ကန်းပြီး ထောင်ကျလာတဲ့ လူမှမဟုတ်ဘဲ၊ မိန်းမရိုင်းတွေ နဲ့ မပြိုင်နဲပ။

သည်လို မိမိကိုယ်ကို မိမိ ဆုံးမထားရသည်။

ညဘက် ဆီးသွားရမှာ ကြောက်၍ လည်း ညနေကတည်းက ရေမသောက်ဘဲနေခဲ့ခြင်း ဖြစ်သည်။ ခုတော့… အာခေါင်တွေ ခြောက်နေသည်။ အိုက်စပ်ပူလောင်နေသည်။ လူငွေ့ဆိုတာ အလွန်လောင် မြိုက်သော အရာပဲ။ သည် အခန်းကျယ်ကြီးထဲမှာ မိန်းမ ၂၀၀ ကျော်၏ ကိုယ်တွင်းမှနည်းအမျိုးမျိုးဖြင့် ထွက်လာကြသော မကောင်းသည့်အငွေ့အသက်များ ….။ လည်ချောင်းတွေ ယားလာသည်။ နားထင် မှာ သွေးတိုးလာသည်။ ခြေသလုံးမှာ လည်း ရွစိရွစိနှင့် ကြမ်းပိုး ဖြစ်မည် ။ တစ်ခုခံသာသည်မှာ သည် အဆောင်တွင် ခြင်မကိုက်ခြင်း ဖြစ်၏ ။ အဆောင်က အပေါ်ထပ် ဖြစ်ပြီး ပြတင်းပေါက်များ က တံခါးရွက် မရှိ၊ သံတိုင်များ သာ ဖြစ်၍ လေတိုးသဖြင့် ခြင်မလာတာများ လား။ ဒါမှမဟုတ် ရှိရှိသမျှခြင်တွေ က အောက်ထပ်က ကလေးအမေဆောင်မှာ အစာဝနေကြ၍ လည်း ဖြစ်ချင် ဖြစ်နိုင်သည်။ အချုပ်ဆောင်မှာ တုန်းကလည်း ကိုက်လိုက်သည့်ခြင်တွေ ပျားတုပ်သလားထင်ရ၏ ။

‘ဟင်း’ကနဲ သက်ပြင်းကို မှု တ်ထုတ်လိုက်သည်။

ပြီးတော့မှ ကိုယ်မှု တ်လိုက်သည့်လေပူသည် ဘေးမှာ အိပ်ပျော်နေသော မသန်းမြင့်၏ နဖူးမှ ဆံပင်များ ကို ရွေ့လျားသွားစေတာမြင်လိုက်ရ၍ အားနာသွားပြန်သည်။ သို့ သော် ဘာတတ်နိုင်မည် နည်း။ သက်ပြင်းလေးတစ်ချက်ကိုတော့ သတိလက်လွတ်စွာ မှု တ်ထုတ်ခဲ့မိပြီ။ နောက်ထပ် မမှု တ်ထုတ် ဖြစ်အောင်တော့ သတိထားရပေလိမ့်မည် ။

သက်ပြင်းလေပူမထုတ်မိအောင် သတိထားနေရသော အချိန်အတွင်း အာခေါင်တွေ ခြောက်လာပြန်သည်။ ရေသောက်ချင်လိုက်တာ…။

သြော်.. အိမ်မှာ သာဆိုလျှင်..အစဉ် အေးမြနေသော သဲအိုးလေးထဲမှ ညဥ့်သိပ်ရေ အေးအေး လေးကို စတီးရေခွက်ကြီးနှင့် အပြည့်အ၀အားရပါးရ သောက်နေကျလေ။ အိမ်မှာ မဟုတ်ဘဲ တောထဲ တောင်ထဲမှာ ဆိုလျှင်ပင် ရေကြည်ရေအေးတစ်ပေါက်ကိုတော့ လွယ်လင့်တကူရှာဖွေနိုင်ကောင်းလေ ရဲ့ ။ ခုတော့ သည်အကျဉ်းထောင်သည် နာမည် နှင့် လိုက်ပါပေရဲ့ ။

မျက်လုံးများ ကို ဖွင့်လိုက်၏ ။

မရည်ရွယ်ဘဲ ငုတ်တုတ်ထထိုင်လိုက်သည်။

သြော်..ခေါင်းရင်းဘက်မှာ အန်တီစိမ်း တစ်ယောက် လည်း အိပ်မပျော်၍ ထင်သည်။ ခေါင်းရင်း နံရံကိုမှီရင်း မျက်စိပွင့်နေသည်။ သူ့မျက်စိများ ကိုပွင့်နေသည်ဟူ၍ သာ ပြော၍ ရ၏ ။ ကြည့်နေခြင်း မဟုတ်။ အန်တီစိမ်းဆိုသည်မှာ ဘီ၊ စီ၊ ပီ ကွန်မြူနစ်အ ဖြစ် ထောင်အကြိမ်ကြိမ်ကျခဲ့ဖူးပြီ။ ယခုလည်း ထောင်သက်ရှည်လှပြီမို့ ထောင်ထဲမှာ ဘာကိုများ ကြည့်စရာ ရှိပါဦးမည် လဲ။ ထို့ကြောင့် သူ့မျက်စိများ သည် အဓိပ္ပာယ်ကင်းမဲ့စွာ ပွင့်နေကြခြင်း ဖြစ်မည် ။

ဆေးလိပ်သောက်ရကောင်းမလား။

ဘယ်ဘ၀တုန်းကမှ ဆေးလိပ်မသောက်ခဲ့ဖူးသော မီးမီးသည် ထောင်သက် ၆လအတွင်း ဆေးလိပ်စွဲခဲ့ပြီ။ ဆေးလိပ်ကို ဖွာနေရလျှင် လက်ထဲမှာ ကိုင်နေရလျှင် စိတ်ပျံ့လွင့်တာ နည်းနည်း ငြိမ် သွားသလားလို့ပါ။ ဆေးလိပ်ထဲ၌ အာရုံရောက်သွားစဉ်ခဏသည် အခြားဘ၀များ ကို မတွေးမိအောင် ငြိမ်သက်စေသည့်အခါရှိသည်။ တစ်ခါတစ်ခါတော့လည်း ဆေးလိပ်သောက်ရင်း တစ်ခုခုကို စဉ်းစားရ တာ ပိုပြီးထိရောက်၍ အဓိပ္ပာယ်ရှိသလိုပဲ။

ပြီးတော့ ထောင်ထဲမှာ ဆေးလိပ်က လက်တကမ်းမှာ ရှိသည်။ လူတိုင်းမှာ ဆေးလိပ်ရှိ၏ ။ တချို့က ကိုယ်တိုင်သောက်ဖို့။ အများ အားဖြင့် ကား ငွေကြေးအ ဖြစ် ငွေစမကိုင်ရသော ထောင်ထဲတွင် ပစ္စည်းအရောင်းအ၀ယ်ကိစ္စအတွက် ဆေးလိပ်ကိုသုံးခဲ့ကြတာ မည် မျှကြာပြီမသိ၊ ဆေးလိပ်ရှိလျှင် ဘာ မဆိုရနိုင်သည်။ ငပိကြော်ဝယ်မလား၊ ဆယ်လိပ်ဖိုးဆို စားပါလေ့။ ချဉ်ပေါင်ကြော်လည်း ဆယ်လိပ်ဖိုး ဆို တစ်နပ်ကောင်းကောင်းစားလောက်၏ ။ ထမီအင်္ကျီလည်း ၀ယ်၍ ရသည်။ ပါတိတ်ခပ်လတ်လတ် တစ်ထည် ဆေးလိပ် ၃၀၀။ ဘရာစီယာ ၅၀၊ ကိုယ်က ရောင်းချင်လျှင်လည်း လက်ခံဝယ်ယူသူတွေ ရှိ သည်။ ၀ယ်ပြီး အိမ်ပြန်ပို့ဆိုလား။ အမည် … ပေါင်လို့တောင်ရသေး။ ကိုယ်မရှိတုန်းပေါင်၊ ဆေးလိပ်ရ တော့ ပြန်ရွေး။ အတိုးက အရပ်ထဲမှာ လိုပဲ။ ၁၀၀ ကို ၂၀ တိုးတဲ့။ အနှိပ်ခံချင်သေးလား ဆယ်လိပ်ဖိုး နှိပ်လျှင် အကြောစုံသည်။ အ၀တ်လျှော် ငှားမလား။ တစ်ခါချင်းလည်း ငှားနိုင်သည်။ လပေးနှင့် လည်း ငှား၍ ရသည်။ ပန်းကန်ဆေးလည်း သည်အတိုင်း၊ ထောင်ထဲမှာ လေဘာကြေးက အလွန်ပေါလေ သည်။

ဆေးလိပ်တံဆိပ်ကိုတော့ မျိုးစုံမရ။ ထောင်အ၀င်အ၀ဆိုင်မှာ ရောင်းသော နွားတံဆိပ်တစ်မျိုး ပဲရသည်။ သည်နွားတံဆိပ်က ‘ထောင်သားများ အတွက်သာ’သီးသန့်မှာ ထားခြင်း ဖြစ်၏ ။ အပြင်က ၀ယ်လာ၍ မရ။ အကြောင်းကား…. ဆေးလိပ်ထဲ ဘိန်းထည့်လာမှာ စိုး၍ ဟုဆိုသည်။

ဘယ်လိုပဲ ဖြစ် ဖြစ် ဆေးလိပ်သည် ထောင်၏ တန်ဆာ ဖြစ်၏ ။ မီးမီးသည် အလုပ်မရှိတိုင်း စိတ် ညစ်ညစ်နှင့် ဆေးလိပ်ဖွာခဲ့မိရာက ခုတော့ ဆွဲနေပြီ။ ခက်သည်က မီးခြစ်။ မီးခြစ်ရဖို့မလွယ်။ အိမ်က ဂတ်စ်မီးခြစ်လေ မှာ ထားနိုင်သော်လည်း ဂတ်စ်ကုန်၍ မဖြည့်ရန် ထောင်ဝန်ထမ်းများ မှ တစ်ဆင့်ပေးရ ခြင်းသည် ဂတ်စ်ဖိုးမက ကုန်တတ်၏ ။

ထို့ကြောင့် သူများ ဆေးလိပ်သောက်နေတာမြင်မှ ကမန်းကတန်းပြေးကာ မီးကူးကြရသည်။ ခု ညကြီးမင်းကြီး မည် သူမှ ဆေးလိပ်သောက်မနေ။ မီးကူးဖို့လမ်းမရှိ။ ဟော..ပြောရင်းဆိုရင်း .. အန်တီ စိမ်း မီးညှိနေပြီ။ မီးကူးမှပဲ။ သို့ သော်မလွယ်။ မီးမီးအိပ်ယာမှထ၍ အန်တီစိမ်းအိပ်ယာရှိသော အဆောင်ခေါင်းရင်းနားသို့ သွားရန်ကိစ္စမှာ မလွယ်ချေ။ တောင်အထပ်ထပ်ကျော်ရသည်ထက်ပင် ခက် လိမ့်မည် ။ တောင်တွေ ကမှ တောင်ကြီးဖ၀ါးအောက်ဟု ဆိုသည်။ လူတွေ က ဖ၀ါးအောက်မပြောနှင့် ခြေဖျားနှင့် ထိမိလျှင် ထားလိုက်ပေဦး။

ဆံပင်တွေ ကြားထဲ လက်ဆယ်ချောင်းလုံးထိုးထည့်ပြီး မွှေပစ်လိုက်သည်။ စေးကပ်ကပ် ခွဲပျစ် ပျစ်ချွေးများ ဆံပင်တွေ မှာ ကပ်နေထင်၏ ။ နမ်းကြည့်လျှင် နံနေမှာ သေချာသည်။ ခေါင်းမလျှော် ဖြစ် သည်မှာ ကြာမှပဲ။ အချို့ ချမ်းသာသော အကျဉ်းသူများ လို ရှန်ပူခေါင်းလျှော်ရည်ပုလင်းလဲ မတတ်နိုင်။ တရော်ကင်ပွန်းလည်းမရှိ။ ထောင်က တစ်ပတ်တစ်ခါပေးသော ရွှေဝါဆပ်ပြာလက်တစ်လုံးခန့်ရမှ ခေါင်းလျှော်ရသည်။ ရွှေဝါဆပ်ပြာသည် ဆံပင်မှချေးညှော်ကို ချွတ်နိုင်သလို ဆံပင်ကိုလည်း ကျွတ်စေ ၏ ။ မီးမီးဆံပင်တွေ လဲကြဲပါးနေပြီ။ အို… ပါးပါစေလေ၊ အားလုံးကျွတ်ကုန်လည်း အေးတာပဲ ဘာလုပ် မှာ လဲ။ ဘာအတွက်လဲ။ သည်ဆံပင်တွေ က ဘာအတွက်လဲ။ သည်ဆံပင်တွေ ကို ဆော့ကစားပြီး နမ်း မွှေးကြမည့်  ယောက်ျားတစ်ဦးတလေတောင်မှ မီးမီးနားမှာ မရြှိ ကတော့ပဲ။

ခေါင်းကို သွက်သွက်ခါ ပစ်လိုက်၏ ။

အိပ်ပျော်ရင် ဘယ်လောက်ကောင်းမလဲ။

ခန်းမကြီးထဲမှာ လူနှစ် ရာကျော်အိပ်မောကျနေကြသည်။ ဘ၀ထဲမှ လွတ်မြောက်နေကြသည်။ ဘာအကျဉ်းအကြပ်မှမရှိ။ မသိ။ ဒါဟာ ကောင်းသော ကိစ္စတစ်ရပ် ဖြစ်၏ ။

အိပ်ကြည့်ဦးမှပဲ။

သည်တစ်ခါ မှော က်ရက်လှဲချလိုက်သည်။ ခါးကြောတွေ စန့်ပြီး တင်းသွား၏ ။ အညောင်းပြေ သလို ဖြစ်သွားသား။ ဒါကြောင့် ပင်အကျဉ်းသူ တော် တော် များများ မှော က်လျက်အိပ်ကြတာ ဖြစ်မည် ။ အိမ်မှာ သာဆိုလျှင် အမေတို့က မိန်းကလေးတန်မဲ့ မှော က်ရက်ကြီးအိပ်ရလား။ ဒါဟာ မိန်းမပျက်တို့ရဲ့ အိပ်ခြင်းခေါ်သည်စသဖြင့် ပြူးပြူးပြာပြာ ဖြစ်လိုက်မည့် အမျိုး၊ သည်မှာ ကတော့ ရိုးနေပြီ။ ကာလဒေသ ပေါ့ အမေရယ်…။

သြော်.. အမေ…။

အမေ့ကို တွေးလိုက်တော့ ငိုချင်စိတ်ပေါ်လာသည်။

‘ငိုခြင်းသည် အရှုံးပေးခြင်း’ဟု ကျီပိုကြီးက ပြောဖူးသဖြင့် ဘာတွေ့ တွေ့  မငိုခဲ့သည်မှာ ကြာပါ ပြီ။ သြော်.. ကျီပိုကြီးကို သတိရလာပြန်ရောလား။

သတိမရချင်ပါ… ကျီပို။

ခုနေ ကျီပို သတိရလို့ကော ကျီပိုနဲ့တွေ့ နိုင်တာမှ မဟုတ်တာ။ တွေ့ နိုင်ဖို့ထား။ မီးထောင်ကျ နေတယ်ဆိုတဲ့ သတင်းစကားလေးတောင် ကျီပို့ဆီ ပါးနိုင်တာမှမဟုတ်တာ။ ကျီပိုတာ သည်သတင်း ကိုကြားလျှင် ဘယ်လိုနေရရှာမလဲ။ မီးမငိုနဲ့ဟု အားပေးပြီး သူ့ညာလက်ရုံးကြီးရဲ့ ကြွက်သားတွေ ကို ထုတ်ပြမှာ လေလား။ အားကိုးစမ်းပါ အချစ်ရယ်… လို့ အဓိပ္ပာယ်ရတဲ့ သူတို့ဘာသာစကားနဲ့ တိုးတိုး လေး ပြောမှာ လေလား။

ကျီပိုရယ်..။

ရှိပါစေတော့။

ကျီပိုကို ကျေးဇူးတင်ပါတယ်။ မီးသားလေးအတွက်.. သားအကြောင်း သတိရလာသော အခါ တိုင်းမှာ မူ အသက်ရှူရပ်ချင်သလို ဖြစ်ရသည်။ အခံရခက်လိုက်တာ။ မျက်နှာကို ခေါင်းအုံးသော အ၀တ်ထုပ်ထဲ နှစ် ထားလိုက်၏ ။ နှာခေါင်းကိုတော့ အသက်ရှူသာရုံ ဘေးဖယ်လိုက်သည်။ ပါး၊ မျက်လုံး၊ နဖူး၊ အားလုံးအ၀တ်ထုပ်ထဲမှာ ။ မျက်လုံးကြွက်သားများ ကို မျက်နှာအလေးချိန်နှင့် ဖိ၍ ထား လိုက်သည် မျက်တောင်ခတ်၍ မရတော့။

မျက်ရည်ကျ၍ မရတော့။ မျက်လုံးများ သည် မလှုပ်မယှက်ငြိမ်ကျသွားကြပြီ။ သို့ သော် ဦးနှောက်ကားမငြိမ်ချေ။

ဦးနှောက်သည် အဝေးသို့ ပြေးနေ၏ ။

ဦးနှောက်ရယ်မပြေးပါနဲ့။ မသွားနဲ့။ နားစမ်းပါ။ နားလိုက်စမ်းပါ။

မောလွန်းလို့ပါ။ ဦးနှောက်ကား နာခံဖို့ဝေးစွ။

ကြားပုံပင်မပေါ်ချေ။

အင်းစိန်ထောင် အဆောင်(၈)မှသည် ဥက္ကာလာပမြို့တော် ၏ ၁၉၇၀ ပြည့်လွန်နှစ် များ ဆီသို့ ပြန်ပြေးသွားကြလေသည်။

•••


အမေက မီးမီးကို အိမ်တိုင်မှာ လျှော်ကြိုးနှင့် တင်းနေအောင် ချည်ထားသည်။ လျှော်ကြိုးက အသစ်မဟုတ်သဖြင့် အနည်းငယ်အားစိုက်ပြီး ရုန်းလိုက်လျှင် ပြတ်ထွက်သွားလိမ့်မည် ဟု မီးမီးသိ၏ ။ သို့ သော် မီးမီးမရုန်းပေ။ ဘာလို့ ရုန်းရမှာ လဲ၊ ချည်ထားလိုက်စမ်းပါ။ အမေတောင် ရက်စက်နိုင်သေး တာပဲ။ ကြိုက်သလောက် ချည်ထားလိုက်ပါ။ အမေပေးတဲ့ ကိတ်မုန့်ကို ကြိုက်မှမကြိုက်တာ။ ကိုယ် မကြိုက်လို့ ကြိုက်တဲ့ရေခဲချောင်းနဲ့ လဲစားတယ်။ ဘာ ဖြစ်သေးလဲ။ မီးမီးလည်း ကိုယ့်ကိုယ်ကို ကျေနပ် စွာ ငြိမ်သက်နေလေ၏ ။

‘အတော် ခေါင်းမာတဲ့ ကလေးမ၊ အမေက မရှိမဲ့ရှိမဲ့နဲ့ အမွန်အမြတ် ကိတ်မုန့်လေးဝယ်ပေး တယ်။ ဒါကို သူများ ဆီကဆယ်ပြားတန်ရေခဲချောင်းနဲ့ လဲစားတယ်။ နောက်ကြပ်ကြပ် သတိထား။ တစ် နေကနု တိုင်မှာ ချည်ထားမယ်’

အမေက ဗျစ်တောက်ဗျစ်တောက်ပြောရင်း ထမင်းအိုးမွှေနေသည်။ မီးမီးက အမေပြောသော ‘ခေါင်းမာသည်’ဆိုသည့်စကားကို စဉ်းစားနေ၏ ။ ကိုယ်မကြိုက်တာကို ကိုယ်မစားတာ ကိုယ်ကြိုက်တာ ကိုယ်ယူတာ ဒါ ခေါင်းမာတာတဲ့လား။

အမေ့ကိုမကြည့်ဘဲ ခေါင်းမိုးကို မော့ကြည့်လိုက်၏ ။ ဓနိမိုးအရွက်များ ပေါက်ပြဲနေသည်။ ပိုးစား ထားသဖြင့် ပိုးဥလေးတွေ ခိုတွဲ နေကြ၏ ။ လေတစ်ချက်ဝှေ့လိုက်တိုင်း ပိုးဥမဲမဲလေးများ က အိမ်ထဲသို့ တစ်ပေါက်ပေါက်ကျနေကြလေသည်။ မိုးတွင်းတုန်းကဆိုလျှင် မိုးယို၍ မီးမီးတို့ အိပ်ယာရွှေ့ရွှေ့ပြီး အိပ်ခဲ့ရသည်။ စောင်တွေ စို၍ ငုတ်တုတ်ထိုင်ခဲ့ရသော ညများ လည်းရှိခဲ့ဖူးသေးသည်။ ထိုညမျိုးတွင် တော့ အမေသည် မီးမီးကို ရင်ခွင်ထဲထားပြီး တယုတယဖက်ထားတတ်၏ ။ ခုတော့လည်း အမေသည် ထမင်းအိုးကို ဆောင့်ကြီးအောင့်ကြီးမွှေရင်း ဒေါသတကြီး ဖြစ်နေသည်။

‘နင်ဟာ နင့်အဖေလိုပဲ၊ အတော် ခေါင်းမာတယ်။ ကိုဖိုးဘရေ ရှင့်သမီးကို ရှင်ပဲလာပြီး ဆုံးမ လှည့်ဦး…’

အမေ့အသံက ပြောရင်းတုန်လာသည်။ ပြီးတော့ ထမီအောက်နားစနှင့် နှစ် ညှစ်သည်။ ထမင်းအိုးကို ယောက် မနှင့် ခေါက်သည်။ ထင်းစတွေ ကို မီးခဲခြွေသည် ယပ်တောင်ကိုယူ၍ မီးဖိုကို တဖျပ်ဖျပ်ယပ်ခတ်သည်။ မီးတွေ တောက်နေလည်း အမေက ယပ်ခတ်တုန်း။

မီးမီးသည် အမေပြောသော ‘ကိုဖိုးဘ’ကို စဉ်းစား၏ ။ ဘဘပေါ့။ ဘဘသည် မီးမီးကိုယ်ကို မြှော က်ချီကာ လေထဲမှာ ၀ဲနေအောင် လုပ်တတ်သည်။ မီးမီးကမငိုဘဲရယ်နေလျှင် အဘ သဘောကျ လေ့ရှိ၏ ။ တစ်ခါတစ်ခါ မူးမဲပြောင်နေသော အဘ၏ ကျောကုန်းပေါ်မှာ မီးမီးဂုံးစီးရ၏ ။ ဘဘသည် ကြမ်းပြင်ပေါ်မှာ လည်း ဆင်ကြီးလို တွားရင်း၊ ဆင်ကြီးလိုအော်သော အခါ မီးမီးက လက်ခုပ်လက်ဝါး များ ပင်တီးကာ ရယ်မောရလေသည်။

ယခု…. ဘဘကို မမြင်ရသည်မှာ ကြာပြီ။

ဘဘသည် မီးမီးအိပ်နေဆဲ အဝေးကြီးသို့ ထွက်သွားသည်ဟု အမေက ပြော၏ ။ ဘဘပြန်လာ တတ်သော ညချမ်းအချိန်များ တွင် မီးမီးသည်အိမ်ဝမှမျှော်ခဲ့သည်။ ထိုအခါမျိုးတွင် အမေသည် ပုလင်း ထဲ ထန်းလျက်ခဲလေးများ ကို ယူပေးတတ်၏ ။ မီးမီးထမင်းစားတော့လေ… ဟု ပျော့ပျော့ပြောင်းပြောင်း ပြောတတ်၏ ။ မီးမီးက အိမ်ထဲမ၀င်ဘဲ လမ်းမသို့ ဆက်မျှော်နေလျှင်တော့ အမေသည် အိမ်ထဲဝင်ကာ တရှုံ့ရှုံ့ငိုတတ်လေသည်။

လသာသော ညများ ဆိုလျှင်တော့ အမေသည် အိမ်ရှေ့က ကွပ်ပျစ်မှာ တန်းချောဖျာလေးခင်း ကာ မီးမီးကို ပုံပြောပြတ်သည်။ မီးမီးက ဖျာပေါ်မှာ သက်သက်သာသာလှဲရင်း အမေယပ်ခတ်ပေး သည်ကိုခံရင်း မိုးပေါ်က ငွေကြယ်လဲ့လဲ့လေးများ ကို ရေတွက်ရင်း အမေ့ပုံပြင်များ ကို နားထောင်ရ သည်။

‘ဟိုးဘက်က ကြယ်လေးတွေ တွေ့ လား၊ အဲဒါ မောင်ရင်ဆိုင်ထမ်းလို့ခေါ်တယ်။ ဒီဘက်က ဟာက လေးနဲ့မြှား’

ပုံပြောပြရင်း ကြယ်များ ကိုပြလျှင်လည်း မီးမီးကဘာမှန်းမသိဘဲ ခေါင်းညိတ်ပြမိ၏ ။ မီးမီးသိ သည်မှာ အမေ၏ ဂရုစိုက်မှု ဖြစ်သည်။ အမေဟာ ခုလိုအမြဲ ဂရုစိုက်နေရင် ဘယ်လောက်ကောင်းမလဲ ဟု.. မီးမီးတွေးမိသေးသည်။

‘အဲဒါနဲ့.. ရွှေယုန်နဲ့ ရွှေကျားသက်ကယ်ရိတ်သွားကြရောတဲ့’

သက်ကယ်ရိတ်ဆိုသော စကားကို မီးမီး ကောင်းကောင်းသိသည်။ အမေနှင့် အညာကိုလိုက် လည်စဉ်က အမေတို့ရွာကလူများ နှင့် သက်ကယ်ရိတ်ရာသို့ ပါခဲ့ဖူးသည်။ သက်ကယ်ပင်ဆိုသည်မှာ အရွက်ရှည်ကြီးများ ဖြစ်၏ ။ ရှတတ်သည်။ အမေတို့သည် ထိုရှတတ်သော အရွက်ရှည်ကြီးများ ကို လက် တဆုပ်မိအောင်ကိုင်ပြီး အရင်းမှနေ၍ တံဇင်ဖြင့် ဖြတ်ယူ၏ ။ မီးမီးကား တစ်ခါ ရှခံရသဖြင့် သက်ကယ် ပင်များ အနီးမကပ်တော့ချေ။ အင်ကြင်းပင်ရင်းမှာ ထိုင်ရင်းစောင့်နေခဲ့ရ၏ ။

‘သက်ကယ်ရိတ်တော့ ရွှေယုန်လေးကိုမရှဘူးလားဟင်’

မီးမီးမေးတော့ အမေရယ်သည်။ အရယ်အမော နည်းလှသဖြင့် အမေ့ရယ်သံက စီစီလွင်လွင် မရှိချေ။

‘ရွှေယုန်လေးမှာ က အမွေးတွေ ရှိတာကို ဘယ်ရှမလဲ မီးမီးရဲ့ ’

‘ကျားကြီးကိုရော ရှလား’

‘သူကကော အမွေးရှိလို့လား’

‘အေး ဟုတ်တယ်’

အမေက စကားနားပြီး ရေနွေးကြမ်းသောက်သည်။ ဇီးထန်းလျက်ခဲလေးများ ယူစားသည်။ မီးမီး ကိုလည်း ဇီးထန်းလျက်ခဲဖဲ့ပြီး ခွံ့ကျွေးသည်။ မီးမီးသည် ချိုချဉ်ချဉ်အရသာကို မြုံရင်း ရင်ထဲ၌ အေးမြနေတတ်လေသည်။

ကောင်းကင်မှ အမေပြောသော မောင်ရင်ဆိုင်းထမ်းတို့၊ လေးနှင့် မြှားတို့သည် တလက်လက် မြူးရင်း မီးမီးကိုငုံ့ကြည့်နေကြသည်ဟု မီးမီးထင်သည်။

‘မမြမေတို့ သားအမိနှစ် ယောက် ထဲထား’

လှည့်မကြည့်ဘဲ မီးမီးသိလိုက်သည်။ လမ်းထိပ်ရှိ ခြင်းယက်တောင်းယက်သော ဆိုင်မှ လူကြီး ဖြစ်သည်။ အရပ်ပုပု၊ ၀၀တုတ်တုတ်၊ အသားဖြူဖြူ မျက်လုံးများ က ပြူးကျယ်ကျယ်နှင့် အမေ့ဆီ မကြာ ခဏလာသည်။ လာတိုင်းစားစရာတစ်ခုခု ပါတတ်သည်။

‘ရော့ အညာက ဧည့်သည်တွေ ရောက်လို့ ပုန်းရည်ကြီး’

လက်ထဲက အထုပ်ကို ဖျာပေါ်မချဘဲ အမေ့လက်ထဲထည့်သည်။ သူ့အိမ်မှာ ဧည့်သည်က လည်း လာပဲလာနိုင်လွန်း၏ ။ အညာက လာရတာ နဲ့၊ မော်လမြိုင်က လာရတာ နဲ့ စားစရာတွေ က တစ်ခု ပြီးတစ်ခု မရိုးနိုင်။

အမေက နောက်ရွှေ့ထိုင်ပြီး လူကြီးကိုနေရာပေး၏ ။ လူကြီးက မီးမီးကိုလှည့်ကြည့်ရင်း ၀င်ထိုင် သည်။ ဘာကြောင့် မှန်းမသိ မီးမီး မျက်လုံးများ မှိတ်ထားလိုက်သည်။ လူကြီးကို စကားမပြောချင်။ သူ လာလျှင် အမေပုံဆက်ပြောတော့မည် မဟုတ်။

‘မမြမေ ဈေးရောင်းကောင်းရဲ့ လား’

‘ဒီလိုပါပဲ ဦးမိုးသီးရယ်’

‘အေးလေ ရာသီစာဆိုတော့လဲ ရာသီအလိုက်ပေါ့။ အိမ်မှာ တင်ဆိုင်လေးဖွင့်ဖို့ ကျုပ်ဆီက အရင်းအနှီးယူပါဆိုတော့လဲ ခင်ဗျားက ခေါင်းမာတာကိုး’

လာပြန်ပြီး ဒီခေါင်းမာတယ်ဆိုတဲ့စကား။

‘သြော်..လူဆိုတာ မျက်မွှေးတစ်ဆုံးပဲ ကြည့်လို့မ ဖြစ်ဘူးလေ’

အမေက ဒါပဲပြန်ပြေ၏ ။

ဦးမိုးသီးကြီးက စကားတွေ အများ ကြီးပြောသည်။ သူ့ဆိုင်ရောင်းကောင်းကြောင်းတွေ လည်း ပါသည်။ သူ့မိန်းမဆုံးပြီးကတည်းက သူ့အိမ်မှာ ဟင်းကောင်းကောင်းမစားရတာ လည်း ပါသည်။

‘ဒါနဲ့ မမြမေကော မမြမေယောက်ျားပြန်လာဦးမယ် ထင်နေလား’

အမေ သက်ပြင်းချသည်။ ချက်ချင်း စကားမပြန်။ လူကြီးကပြောသည်။ ‘ရွှေရှာထွက်တဲ့လူတွေ ပြန်လာကြတာ မိုးဦးကတည်းကပဲ။ သူလဲ ရွှေရှာလို့ရရင် ပြန်လာမှာ ပေါ့။ ခု တစ်မိုးလုံးပြန်မလာဘူးဆို တော့ ငှက်ပဲမိသလား ဟိုမှာ ပဲ အိုးသစ်အိမ်သစ်…’

‘အို ဒါတွေ ရှင့်အပူမဟုတ်ပါဘူး။ ဘာပဲ ဖြစ် ဖြစ် ကျုပ်လင်ဟာ ကျုပ်တို့ချမ်းသာဖို့သွားတာ။ သူ သေသေ မသေသေ စောင့်နေရမျာက ကျုပ်ဝတ္တရားပဲ။ သူပြန်လာမှာ ပါ။ သူပြန်လာတဲ့နေ့ဟာ ကျုပ်တို့ သားအမိ သူဌေး ဖြစ်တဲ့နေ့ပဲ’

ဦးမိုးသီးကြီး ပြန်သွားသည်။

အမေသည် မီးမီးကိုလာဖက်၏ ။

မီးမီးအိပချင်ယောင်ဆောင်နေလိုက်သည်။ မီးမီး မျက်ရည်ကျနေတာကို ဘာလို့ငိုတာလဲမေး ရင် မဖြေတတ်မှာ စိုးလို့လေ…။

‘ညီမလေး’

မမက နူးညံ့စွာ ချော့နေသည်။

မမအသံသည် အေးနွဲ့၍ နေ၏ ။

‘လိမ္မာမှပေါ့ ညီမလေးရယ်’

မီးမီး ခေါင်းခါလိုက်သည်။

အမေ့အိမ်မှာ မပျော်တာ မလိမ္မာတာတဲ့လား။

အမေ့အိမ်မှာ မပျော်ဘူး၊ မပျော်ဘူး ဟု အော်ချင်နေသည်။

ဒါကို မိုက်တယ်တဲ့လား။

မီးမီးသည် မမကိုမော့မကြည့်ဘဲ မမကိုယ်မှ ရှင်မတောင်သနပ်ခါးစစ်၏ လတ်ဆတ်သော ရနံ့ ကို အားရပါးရရှူနေလိုက်၏ ။ စိတ်ထဲမှာ အမောပြောသလို ဖြစ်လာသည်။ မမက မီးမီး၏ ဂုတ်ဝဲဆံပင် လေးကို ပလတ်စတစ်ဘီးငယ်ဖြင့် အလိုက်သင့်ဖြီးပေးရင်း မီးမီးကို တစ်လုံးချင်းစကားပြောနေသည်။

‘အမေက မီးမီးကိုချစ်ပါတယ်’

‘ဟင့်အင်း’

မီးမီးက ချက်ချင်း တုံ့ပြန်လိုက်သည်။

‘ဘဘကမှ မချစ်တာ’

‘ဘယ်ဟုတ်မလဲ ညီမလေးရယ်၊ ဘဘက အလိုလိုက်တာ၊ အမေက မီးမီးကို မလိုမလိုက်တာ မချစ်လို့မဟုတ်ဘူး။ မီးမီးလိမ္မာအောင်လို့၊ ပြီးတော့ မိဘစကားနားထောင်အောင်လို့’

မမက ထိပ်မှာ ဘီးကုပ်ကလေးကို ဖိစိုက်ပေးနေသည်။ ပြီးမှ…

‘မမကို ကြည့်ပါလား၊ အမေ့စကားနားထောင်ရတယ်၊ အမေက ပေးစားတဲ့ ယောက်ျားယူရ တယ်’

‘မီးမီးတော့ ဘယ်တော့မှ ယောက်ျားမယူဘူး’

ဆတ်ခနဲပြန်ပြောသော မီးမီးစကားကြောင့် မမက အားရပါးရ ရယ်သည်။ မီးမီးနဖူးကို ငုံ့နမ်း သည်။

‘အောင်မလေး..ဦးဖိုးဘကြီးရယ်’

လာပြန်ပြီ ဒီဦးဖိုးဘ၊ မမလည်းအတူတူပဲ၊ တစ်ခုခုပြောလျှင် မီးမီးကို ဘဘနဲ့တူတယ်ပဲ ပြော သည်။ မီးမီးကရင်ကော့လိုက်၏ ။

‘ဘဘနဲ့တူတယ် ဘာ ဖြစ်သေးလဲ’

‘ဘာမှမ ဖြစ်ပါဘူးတော် ၊ ကောင်းပါတယ် ကောင်းပါတယ်’

မမက ရယ်ရယ်မောမော ပြောလေသည်။

မမက မီးမီးကို ဘယ်တော့မှ အပြစ်မပြောချေ။ ဆူချင်လျှင် မဆူဘဲ ချော့တတ်သည်။ မမသည် ညိုညိုသွယ်သွယ် ရယ်ရယ်မောမောနေတတ်၍ အစ်ကိုကြီးကလည်း ချစ်တာ ဖြစ်ရမည် ။ အစ်ကိုကြီးက မီးမီးကိုလည်း ချစ်ပုံရသည်။ မီးမီးဘယ်လောက် စိတ်ကောက်ကောက် ရယ်နေတတ်၏ ။ အမေက တော့ သည်လိုမဟုတ်။ တဆိတ်ရှိလူကို တိုင်မှာ ကြိုးနှင့် တုတ်တော့သည်။ ဘဘအိမ်မှာ မရှိကတည်းက မီးမီးကြိုးတုတ်ခံရတာ ဘယ်နှခါလဲ မမှတ်မိတော့ပေ။

‘ဘဘက ပြန်မှမလာတော့ဘဲ ညီမလေးရယ်၊ တကယ်လို့သာ အမေတားတဲ့ကြားက ထွက် မသွားဘူးဆိုရင် ခုလို တို့တတွေ အဖေမဲ့တဲ့ဘ၀ရောက်မှာ မဟုတ်ဘူး။ အမေက အဲသလို ဇွတ်လုပ်တာ ကို မကြိုက်တာ’

‘ဘဘက ရွှေသွားရှာတာဆို’

‘အင်းပေါ့ ဒါပေမဲ့ ရွှေသွားရှာတဲ့လူတွေ ဘယ်နှယောက် များ ရွှေနဲ့ပြန်လာဖူးလဲ၊ ဟိုမှာ ငှက်ဖျား မိပြီးသေတာနဲ့ တချို့လဲ ဟိုမှာ တင်အိမ်ထောင်ကျ’

‘လာပြန်ပြီ အိမ်ထောင်ကျ’

‘အမေမှာ အဲဒီ သော ကတွေ ရှိတယ် လင်ကပြန်မလာ။ အရပ်က တစ်မျိုးထင်၊ စီးပွားက ရှာမရ၊ ဒီတော့ စိတ်တိုတာပေါ့ ညီမလေးရယ်’

မီးမီး မျက်ရည်သုတ်လိုက်၏ ။

‘မမမှာ လဲ ကလေးရတော့မယ်။ မီးမီးအဖော်ရအောင် မမနဲ့ အိမ်မှာ လိုက်နေပါလို့ အမေ့ကိုပြော နေတာကြာပြီ။ အမေက မီးမီးကိုမခွဲနိုင်ဘူးတဲ့’

‘ခဏခဏ ရိုက်ပြီးတော့’

‘ရိုက်တာက လိမ္မာစေချင်လို့ပါဆို’

‘ဟင့်အင်း’

‘ဟုတ်ပါတယ် အမေက ဘဘကို စိတ်မရှည်လို့ပါ။ မီးမီးကို ချစ်လို့ ဂါဝန်လှလှလေးတွေ ၀ယ်ပေးတာတွေ့ လား’

‘အမေက ဟိုလူကြီးနဲ့ယူမှာ ’

‘ဟိုက် ပေါက်ကရတွေ မပြောကောင်းဘူး’

‘အဲဒီ လူကြီးလာရင် မီးမီးမပျော်ဘူး’

‘ဒါဖြင့် မမအိမ်လိုက်နေမလား’

မီးမီး ငြိမ်သွားသည်။

‘မမ အမေ့ကိုပြောပေးမယ်နော်၊ အမေလဲပွဲဈေးတွေ လျှောက်ရောင်းရတော့မှာ ဆိုတော့ မီးမီးကို ထားခဲ့မှာ သေချာပါတယ်’

အမေသည် တကယ်ပင် မီးမီးကိုထားခဲ့၏ ။

မမအိမ်မှာ ပျော်သည် ဖြစ်စေ၊ မပျော်သည် ဖြစ်စေ မီးမီးနေခဲ့ရသည်။ ဆယ့်နှစ် ပွဲဟု အမေပြော သော ဘုရားပွဲများ သို့ အမေဈေးရောင်းသွားသော အခါ မီးမီးလိုက်၍ မရချေ။

‘သမီးကြီးရဲ့ တို့မြန်မာစကားပုံမှာ ညဥ့်ဈေးသည်အစ ဇာတ်သမားအလယ် မှာ အဆုံးတဲ့ ညဥ့် ဈေးရောင်းတဲ့လူတွေ ကို ဒီလို သတ်မှတ်ထားကြတာ။ ဒါကို လွန်တယ်မပြောဘူး။ ညဥ့်မှာ ဈေးရောင်း တဲ့ လူဆိုတော့ ညဥ့်ဘက်ဈေးဝယ်တဲ့ လူနဲ့ဆက်ဆံရတာ ပဲ။ အဲသလို ဆက်ဆံတဲ့နေရာမှာ ၀ယ်သူ ဘက်က တစ်ဘက်သက် အထင်သေးတာရှိတယ်။ ရောင်းသူက တင်းနိုင်မှ တန်ကာကျမယ်။ ဒီတော့ မိန်းကလေးငယ်ငယ်နဲ့မ ဖြစ်ဘူး။ အမေ ကတော့ အသက်ကြီးပါပြီ။ အမေ တစ်ယောက် တည်းပဲ ရုန်း တော့မယ်’

အမေက သည်လိုပြောပြီး အံကိုခဲထားသည်။

မမကို အမေ့ကို ဘာမျှပြန်မပြော။

အမေကြိုက်တတ်သော မြူရွက်သုပ်ကိုကြက်သွန်ဖြူကြော်များများ ၊ ဆီကျက်များများ ထည့်ပြီး အမေ့အတွက် ထမင်းပွဲပြင်သည်။ ရေနွေးကြမ်းခါးခါးကို ခရားထဲမှာ နှပ်သည်။ အမေက ရေနွေးကြမ်း ဆို ခါးမှ။ ပြီးတော့ ခရားထဲမှာ နှပ်သည်။ ပြီးတော့ ခရားထဲမှ ငှဲ့သောက်သည်။

မမသည် အမေ ပြန်လာသည့်အခိုက် အမေ့အကြိုက်တွေ လျှောက်လုပ်ပေး ၏ ။ မမကိုဒါတွေ ကြောင့် အမေကချစ်တာ ဖြစ်မည် ။

မီးမီးကား အမေ့ကို ရေနွေးကြမ်းအိုးယူပေးရကောင်းမှန်းလည်း မသိ။ ရေနွေးပန်းကန် ယူပေးရ ကောင်းမှန်းမသိ။ မီးမီးစိတ်ထဲမှာ တစ်ခုပဲရှိသည်။ ညဘက်လသာသည့်အခါ အိမ်ရှေ့ကွပ်ပျစ်မှာ လှဲပြီး ပုံပြင်နားထောင်ချင်သည်။ ကြယ်လေးတွေ ကို ရေတွက်ချင်နေသည်။ လသာသော ညများ ၌ အမေအိမ် မှာ မရှိသည့် အတွက် မီးမီးငိုချင်သည်။ ဒါပါပဲ။

သို့ သော် သည်အကြောင်းကို ဖွဲ့ကာနွဲ့ကာ မမလို ပျော့ပျော့ပျောင်းပျောင်း မပြောတတ်။

‘မီးမီး ကိတ်မုန့်နဲ့ရေခဲချောင်းလဲစားသေးလား’

အမေက မီးမီးကိုစနေသည်။

မီးမီးက အမေ့ကိုမော့မကြည့်။ ဂါဝန်အောက်နားစကို ဆွဲလိမ်နေလိုက်သည်။ အမေက မီးမီး ခြေဖျားလေးများ ကို အသာပွတ်ကြည့်ရင်း..

‘သမီးကြီးရေ.. ညည်းညီမက အရပ်ထွက်လာပြီ ထမီလေးဘာလေး ဆင်မှနဲ့တူတယ်’

‘ဟုတ်တယ် အမေ၊ သမီးအမေ့ကိုပြောဖို့မေ့နေတယ်။ မီးမီးအပျို ဖြစ်နေပြီ’

အိုး…ရှက်လိုက်တာ

မမ ဘာတွေ လျှောက်ပြောနေတာလဲ။

မီးမီး မျက်နှာဘယ်မှာ ထားရမှန်းမသိ။

ဒီအပျို ဖြစ်ပြီဆိုတဲ့စကား အပျို…အပျိုဆိုတဲ့စကား ဖြစ်ပြီ… ဆိုတဲ့စကား၊ ဒီစကားတွေ နားထဲမှာ မကြားရဲ။ မီးမီးအနေရအထိုင်ရခက်လှသည်။ သည်လို သည်လိုတွေ ဖြစ်လာတာကိုလဲ မီးမီးမကြိုက် စိတ်ပျက်စရာကောင်းလှချေရဲ့ ။ ထိုနေ့က ဘာ ဖြစ်မှန်းမီးမီးမသိ။ မမက မီးမီးဂါဝန်မှာ စွန်းပေနေတာ မြင်သွားပြီး မျက်စိမျက်နှာပျက်လို့လေ…။

‘ဟယ်…မီးမီး.. နင်… နင်… ဟိုဟာ ဖြစ်နေလား..’တဲ့။

ဘာ ဖြစ်တာလဲ၊ ဘာဟိုဟာလဲ..။

ကိုယ့်ဂါဝန်ကိုယ်လှည့်ပတ်ကြည့်ပြီး မြင်သွားတော့ ဘာတွေ မှန်းမသိ။ မမမျက်နှာပျက်နေတာ ကို ကြည့်ပြီးလန့်သွားသည်။ အပြစ်ကြီးတစ်ခု ပြုမိသည့်အလား ခံစားရသည်။ ပြီးတော့ မီးမီးရှက် သည်။ ငိုချင်သည်။

မမက ဘာမှထပ်မပြောတော့။ တော် သေးရဲ့ ။ အစ်ကိုကြီးက အလုပ်ကပြန်မလာသေးလို့၊ အစ်ကိုကြီးရှေ့မှာ ဆိုရင် ပိုပြီး ရှက်စရာကောင်းမှာ ။

ဒါတွေ ကို မီးမီးကျောင်းမှာ ပြော ဖြစ်၏ ။ သူငယ်ချင်းတွေ ဆိုတော့ ဘာမဆိုပြောရဲသည်။ တိုင်ပင် ရဲသည်။ အတန်းထဲမှာ အုန်းအုန်းက အကြီးဆုံး ဖြစ်သည်။

ဘာမဆို သူကိုတိုင်ပင်ရသည်။ မီးမီး သည်လို ဖြစ်ပြီဆိုတာ သူ့ကိုပြောပြရ၏ ။ အုန်းအုန်းကို သည်ကိစ္စပြောသော အခါကျ မရှက်ပါလားဟု ကိုယ့်ဘာသာ သတိထားလိုက်မိသေးသည်။

အုန်းအုန်းက သူ့လက်ကိုင်ပုဝါလေးကို စားပွဲပေါ်ခင်းပြီး အ၀တ်စခေါက်ပုံခေါက်နည်းကို လက်တွေ့ ပြသ၏ ။ ပြီးမှ ဘယ်ပုံဘယ်နည်းတပ်ဆင်ရမည် ဟု ပြောသည်။ အနားမှာ ရှိသော စံစံက နားမလည်ပါးမလည်နှင့် နားထောင်နေသည်။ သူကအပျိုမ ဖြစ်သေး။ သူက မီးမီးထက် ၆ လငယ်သည်။ အဲ.. မီးမီးထက် ၃ လငယ်သော ခင်စော ကတော့ မီးမီးထက်စောပြီး အပျို ဖြစ်သည်။ သူက အပျိုဂိုက် တောင် ဖမ်းနေပြီ။ ဘော်လီနှင့် ဘာနှင့် လေ။

ဘာပဲ ဖြစ် ဖြစ်…။

အခု အမေနှင့် မမတို့သည်အကြောင်းတွေ ပြောနေသည်ကိုမူ မီးမီးနားမထောင်ရဲပေ။ မီးမီးလို ချင်သည်မှာ ဒါမှမဟုတ်။ အမေဘယ်မှမသွားဘဲနေဖို့၊ ပြီးတော့ မီးမီးကို မဆူဖို့။

‘သမီးလေး’

အမေ့အသံက တစ်မျိုးတစ်ဖုံနူးညံ့၍ နေ၏ ။

မီးမီး ကတော့မကြည့်။

‘အမေ အကြာကြီးသွားနေလို့ အမေ့ကို စိတ်ကောက်နေတာလား။ ငွေရှာရတယ်သမီးရယ်။ လောကကြီးမှာ ငွေမရှိရင် သိပ်ပြီးမျက်နှာငယ်တာ၊ ပြီး.. မုဆိုးမ.. အဲ… အဲ..လင်မရှိတဲ့မိန်းမဆိုတာက လဲ ပတ်ဝန်းကျင်က အင်မတန်စော်ကားချင်တာ။ လူမခွ စကားခွတဲ့။ လူကို စော်ကားမရတောင် စကား နဲ့တော့ စော်ကားကြတယ်။ ဟော ပိုက်ဆံရှိရင်တော့ အဲသလို မစော်ကားပြန်ဘူး။ မိန်းမ တစ်ယောက် က လင်ရှိရင်ရှိ၊ မဟုတ်ရင် ငွေရှိမှ…’

အမေက မီးမီးကို လူကြီး တစ်ယောက် လို ဆွေးနွေးနေသည်။ မမက သက်ပြင်းရှုနေ၏ ။ ပြီးမှ…

‘သမီးတို့လဲ အခြေအနေကောင်းတော့မှာ ပါအမေ၊ သိပ်လဲ အားမငယ်ပါနဲ့။ ကိုဆွေကလည်း အခု သစ်ဆိုင်မှာ လုပ်ရင်း အလုပ်ရှင်က သဘောကျလို့ ဆိုင်ခွဲဖွင့်ပေးမယ်လို့ ပြောနေသတဲ့။ ကိုဆွေ မန်နေဂျာ ဖြစ်ရင် အမေ့ကိုသမီး ကောင်းကောင်းထောက်ခံနိုင်မှာ ပါ’

မမက ဖြည်းဖြည်းချင်းပြောနေသည်။

အမေက မမကို မျက်လုံးမှေးကြည့်ရင်း

‘သမီးကြီး အမေ့အတွက် မပူနဲ့၊ ညီမလေးကို တာဝန်ယူတာပဲ ၀မ်းသာလှပြီ ညီမလေးကိုသာ ဂရုစိုက်ပါ။ ဒီကလေးမ ခေါင်းမာချင်တာကို အလိုမလိုက်နဲပ။ မောင်ဆွေကိုလဲ လေးစားကြောက်ရွံ့ပါ စေ။ လူ ဆိုတာ အကြောက်အလန့်ရှိဦးမှ’

အမေက မီးမီးကိုခြောက်ဖို့ပဲ စဉ်းစားနေသည်ထင်ပါရဲ့ ။

ချော့ဖို့ကျတော့ ၀န်လေးလိုက်တာ။ မမက ထမင်းဝိုင်းကိုအကျအနပြင်နေသည်။ အမေ့ အကြိုက် မြူရွက်သုပ်။ ကင်ပွန်းရွက်ချဉ်ဟင်း၊ အညာငြုပ်သီးထောင်း၊ ပြီးတော့ အမဲနှပ်က ကိုဆွေ အတွက်တဲ့။ မီးမီးကြိုက်သော ငါးဖယ်ဆုပ်ဟင်းများ ချက်ခဲပါဘိခြင်း၊ မီးမီးကလည်း မပူဆာပါ။ ငါးဖယ် ဆုပ်ချဉ်ရေကို အုန်းအုန်းတို့ အိမ်က မကြာခဏ ချက်တတ်သည်။ အုန်းအုန်းက ကျောင်းသို့ ထမင်းဗူး ထည့်လာသော အခါ၊ မီးမီးကြိုက်တတ်လို့ဆိုပြီး ပိုထည့်လာတတ်၏ ။ မီးမီးက မမအမြဲလိုလို ကြော်လေ့ ရှိသည့် ဘဲဥမွှေကြော်ကို အုန်းအုန်းထမင်းဗူးထဲသို့ အကုန်သွန်ပစ်တတ်လေသည်။

‘ငါကြီးလာရင်လေ.. နေ့တိုင်း ငါးဖယ်ဆုပ်ဟင်း ချက်စားမယ်’

မီးမီးက တမ်းတမ်းတတပြောလေ့ရှိ၏ ။ ထိုအခါ စံစံက..

‘ငါတော့ ကြီးလာရင်း နို့ဆီဗူးကို အပေါက်ကြီးကြီးဖောက်ပြီး အ၀သောက်ပစ်မယ်.. ‘ဟု ဆိုတတ်သည်။

‘သမီးငယ် ရေခဲချောင်းစားဦးမလား’

အမေက ပြုံးစစနှင့်ဆိုလာသည်။ မမက အမေ့ကို မော့ကြည့်၏ ။ အမေက မမကို မျက်ခုံးတစ် ဖက်မြှင့်ပြသည်။ ဒါလောက်တော့ မီးမီးနားလည်သည်။ အမေ မီးမီးကို အလိုလိုက်ပြီဆိုလျှင် အမေသည် အဝေးကြီးကို အကြာကြီး သွားပေဦးတော့မည် ။

မီးမီးက ခေါင်းရမ်းပြလိုက်၏ ။

‘ဒါဖြင့် ..ဘာလိုချင်လဲ’

မီးမီး ခေါင်းပဲခါပြသည်။ လသာတဲ့ညကျရင် ပုံပြောပြပါလို့ ပြောလို့ကော ထူးမတဲ့လား။

အို.. အမေ မသိဘူးနော်။

လသာတဲ့ညလေး…

အုန်းပင်ကြီးတွေ ရဲ့ အုန်းလက်တွေ က ယိမ်းထိုးလို့ ငှက်ပျောပင်တွေ ရဲ့ အရွက်တွေ ပေါ်မှာ လရောင် က ကခုန်နေတာ ဘယ်လိုကြည့်ကောင်းမှန်းမသိဘူး မောင်ရင်ဆိုင်းထမ်းတို့၊ ခုနစ်စင်ကြယ် တို့ ရှာရတာ လဲ ဘယ်လောက်ပျော်စရာကောင်းလဲ။

ခက်တာက မီးမီးနားမှာ ပုံပြောမည့် အမေမရှိ။

မမလား..။

အို မမက သည်လိုညမျိုးဆို သူ့ယောက်ျားနားက ခွာတာမှ မဟုတ်တာ။ သူ့ယောက်ျားက ပက် လက်ကုလားထိုင်ပေါ်ထိုင်လို့။ မမက အနားကကြမ်းပြင်ပေါ်မှာ ငုတ်တုပ်ကလေး။ သူ့လင်ကို မော့ကြည့် မော့ကြည့်နဲ့၊ ဘာများ ရယ်စရာရှိလဲ မသိဘူး၊ ရယ်လိုက် ပြောလိုက်၊ ဘာမှလဲမဟုတ်ဘူး။ မီးမီးဖြင့် အဲသည်အချိန်ဆို မမကို မချစ်ဘူး။ အစ်ကိုကြီး ကတော့ အေးပါတယ်။ မမကိုလဲ မဆူမပူဘူး။ မီးမီးကိုလည်း မအော်မငေါက်ဘူး။ ဒါပေမဲ့ ဘဘလို မီးမီးကိုပွေ့လိုက် ရမ်းလိုက် မလုပ်ဘူးလေ။ အေး လေ သူကပိန်တယ်။ မီးမီးကလဲ ၀လာပြီကို သူဘယ်နိုင်မလဲနော်။ မီးမီးမှာ တစ်ယောက် တည်းပျင်းလို့။ လမ်းထဲက မြချစ်တို့ ထုပ်ဆီးထိုးတဲ့ဆီ သွားပါမယ်ဆိုလည်း မပါရဘူးတဲ့။ မီးမီး ကလေးမဟုတ်တော့ ဘူးတဲ့။ ခက်လိုက်တာ…။

‘မီးမီး’

အမေက ခေါ်ပြန်သည်။

‘အမေ’

သည်တစ်ခါတော့ ပြန်ထူးလိုက်၏ ။

‘မီးမီး စာကြိုးစား၊ ပညာတတ်မှ ဆရာမ ကြီး ဖြစ်မျာ။ အမေလို ဈေးသည် မလုပ်ဘဲနေနိုင်မှာ ’

‘အမေကလဲ မီးမီးဈေးရောင်းတတ်သားပဲ’

‘ရောင်းတော့ ရောင်းတတ်တာပေါ့။ ဒါပေမဲ့ ပင်ပန်းတယ် မီးမီးရဲ့ ၊ အမေက မီးမီးကို မပင်ပန်း စေချင်လို့’

‘ပင်ပန်းလာရင် နားမှာ ပေါ့ အမေရဲ့ ’

‘ဒီကောင်မလေး ပြောရတယ်ခက်တာကိုး’

‘နေပေစေအမေ၊ ညီမလေးကို သမီးကြီးတာဝန်ထား စာမကြိုးစားဘူးနော် အရွယ်ရောက်လာ ရင်တော့ လုပ်ကျွေးမယ့်လူ ကြည့်ရှုပြီး ပေးစားလိုက်ရုံပေါ့’

‘မယူဘူး မယူဘူး’

မီးမီးအော်လိုက်သည်မှာ ဆူညံသွားတော့သည်။

အမေက တဟားဟားရယ်၏ ။ မမက ပြုံးနေလေသည်။ အမေက သူ့ဆံပင်ရှည်ကြီးကို ဘီးဖြင့် ပြန်လည်ပတ်လိုက်ရင်း..

‘ငါ့သမီး ကတော့ဟေ့… အာဂပဲ။ ကဲပါအေ ခုပေးစားမယ်ပြောတာလဲ မဟုတ်ဘူး။ စိတ်ချ မပေးစားဘူး၊ ငါ့သမီးလေးကိုလေ အမေက ဆရာမ ကြီး ဖြစ်စေချင်တာ၊ သမီးရဲ့ အဖေကလည်း ဆရာမ ပဲ လုပ်စေချင်တာ သိလား’

‘ဘဘကလည်းဟင်’

‘အေးပေါ့၊ သမီးဘဘက သမီးလေးကြီးလာရင်တဲ့ ကျောင်းဆရာမ ကြီး ဖြစ်ရမယ်တဲ့။ အဲတော့ မီးမီးစာကြိုးစားနော်။ မမပြောတဲ့ စကားနားထောင် အစ်ကိုကြီးဆုံးမတာကိုလည်း နားထောင်၊ သမီးမှာ ဘာပဲ ဖြစ် ဖြစ် မမကိုပြော ဟုတ်လား၊ အမေပြန်လာရင်လေ မီးမီးအတွက် လုံချည်လှလှလေးတွေ ၀ယ် လာမယ်၊ ပုလဲပုတီးလှလှလေးတွေ လဲ ၀ယ်လာမယ်။ ပြီးတော့ ဘီးကုပ်လှလှလေးတွေ .. ဖဲပြား လှလှ လေးတွေ ..’

အမေက စကားအရှည်ကြီးပြော၏ ။

မီးမီးက အမေ့ပေါင်ပေါ်မှာ ခေါင်းအုံးလိုက်သည်။ အမေ့သရက်ထည်ထဘီပေါ်ရှိ နှင်းဆီးပွင့် လေးများ ကို ငေးကြည့်နေမိသည်။ နှင်းဆီပွင့်လေးများ ကား မလတ်ဆတ်တော့ချေ။ အရောင် မှေးမှိန် ကာ ပွင့်လွှာတစ်ချို့က ကြွေလွင့်သွားကြပြီ။ မီးမီးမျက်လုံးများ ကို မှိတ်ထားလိုက်၏ ။ အမေပြောသော စကားများ ကို မျက်လုံးမှိတ်ပြီး နားထောင်ရသည်မှာ အရသာရှိလှသည်။ တဖြည်းဖြည်းနှင့် အမေ့စကား သံများ တိုးသွားသည်ဟု ထင်သည်။

‘အမေပြန်လာရင်လေ..’ဆိုသော အသံသည် အိပ်မက်ထဲမှာ လား။

ထိုညနေက မိုးအုံ့နေသည်။

တိမ်ညိုတို့သည့် အနောက်ဘက်ကောင်းကင်မှသည် အရှေ့ဘက်ဆီသို့ ရွေ့လျားနေကြ၏ ။ တစ်ချက်တစ်ချက် လေပြင်းဝှေ့လိုက်သော အခါ ဘယ်ဆီကမှန်းမသိသော သစ်ရွက်များ က လေထဲ တွင် ပါလာသည်။ လေသည် သစ်ရွက်နံ့ မွှေးနေလေသည်။

ငမိုးရိပ်ချောင်းထဲမှာ ရေများ ကား နောက်ကျိနေသည်။ ရွံ့နစ်ရောသော ကြောင့် ညိုပြာပြာမဲနေ လေ၏ ။ ချောင်းနံဘေးမြေလမ်းကလေးကလည်း မချောမွေ့။ မိုးရွာထားသဖြင့် ရေအိုင်များ က ဟိုတစ် ကွက်သည်တစ်ကွက်တင်နေသည်။ လမ်းလျှောက်ရင်း ချော်မလဲအောင် သတိထားနေရ၏ ။ သည် တုန်းမှာ ပင်…

‘မီး’

ဘယ်တုန်းကစောင့်နေမှန်းမသိသော ဖိုးကျော်၊ အိမ်လမ်းသို့ ချိုးကာနီး ဓာတ်တိုင်အောက်မှာ ရပ်နေ၏ ။ ဓာတ်တိုင်သာဆိုသော်လည်း မီးကမလင်း၊ မိုးညနေ မှော င်တရီမှာ ဖိုးကျော်သည် ဇွဲကောင်း ကောင်းနှင့် စောင့်နေဟန်တူသည်။ ပြာလဲ့လဲ့အရောင် သူပုဆိုးစသည့် လေထဲ၌ ဖျတ်ဖျတ်လွင့်နေ သည်။ လက်ထဲမှာ လက်နှိပ်ဓာတ်မီးကို ကိုင်ထား၏ ။

‘မီးနောက်ကျရင် မှော င်မှာ စိုးလို့ ကိုယ်လာစောင့်နေတာ’

ဖိုးကျော်က ခပ်တိုးတိုးပြောသည်။

ဘာကြောင့် မှန်းမသိ၊ သူ့အသံက တုန်နေသလိုပင်။

‘မလိုပါဘူး၊ မီး ပြန်နေကျပဲဟာ’

မီးက ခပ်ဆတ်ဆတ်ပြန်ပြောလိုက်၏ ။

ဖိုးကျော်က မီးမီးနှင့် ယှဉ်လျှောက်ရင်း…

‘ဒါပေမဲ့ မှော င်နေရင် မကောင်းဘူးပေါ့’

‘ဘာလို့ မကောင်းရမှာ လဲ ကိုယ့်အိမ်ကိုယ်ပြန်တာပဲဟာ’

‘မီးမသိပါဘူး။ မီးက ကလေးမဟုတ်တော့ဘူး’

‘ကလေးမဟုတ်လို့ မကြောက်တာပေါ့’

‘ပြောရခက်လိုက်တာ၊ မတော် လို့ပေါ့ မီးရဲ့ ။ မမကလည်း ကိုယ့်ကို ကြိုခိုင်းတာ’

မမက..ဆိုသော အခါ မီးမီးငြိမ်သွား၏ ။

မမသည် မီးမီးကိုချစ်သည်။ ဂရုစိုက်သည်။ ဒါကိုတော့ မီးမီးယုံ၏ ။ မမလုပ်ပေးသမျှသည် မီးမီး အတွက် အကောင်းများ သာ ဖြစ်ကြောင်း မီးမီးသိသည်။ ရှစ်တန်းကိုးတန်းဆိုသော အရွယ်တွင် မီးမီး သည် မမစေတနာကို နားလည်နေပြီ ဖြစ်၏ ။

‘မီးကျူရှင်မှာ စာလိုက်နိုင်တယ် ဟုတ်လား’

မီးမီးငြိမ်နေသဖြင့် ဖိုးကျော်က စကားစပြောသည်။

‘မလိုက်နိုင်စရာဘာရှိလဲ၊ ဆရာပြောတာနားထောင်ရုံပဲဟာ’

မီးမီးစကား လိုလိုချင်ချင်မဟုတ်သဖြင့် ဖိုးကျော်စိတ်ရှုပ်သွားပုံရသည်။ ခေါင်းကိုကုပ်နေ၏ ။

‘ကိုယ်က ပူလို့မေးတာပါဟာ’

‘ဖိုးကျော်က ဘာလို့ပူတာလဲ၊ မမ ပူတယ်ဆိုဟုတ်သေး’

ဖိုးကျော်ရယ်လေသည်။ မီးမီး ပခုံးကိုလှမ်းပုတ်သည်။ မီးမီးက ဖိုးကျော်လက်ကို ခါချလိုက်ပြီးမှ

‘ဟုတ်တယ်လေ၊ ဖိုးကျော်က မီးမီးအစ်ကိုလည်း မဟုတ်ဘဲနဲ့။ ဘာလို့ ပူရမှာ လဲ။ မမတို့ အစ်ကို ကြီးတို့ အမေတို့ပူရမှာ ပေါ့’

ဖိုးကျော်က ရယ်ရင်း..

‘အဲဒါပေါ့ မီးရာ.. ကိုယ်ဟာ မီးမီးကို မမတို့ချစ်သလို ချစ်နေလို့ပေါ့’

‘ဘာရယ်..’

‘မီးကို ကိုယ်ချစ်တယ်’

ဖိုးကျော်က မီးမီးပခုံးကို ဆွဲယူရပ်တန့်ပစ်လိုက်၏ ။ မီးမီးက ပခုံးပေါ်ကျလသော ဖိုးကျော်လက် ကို ခပ်ကြမ်းကြမ်း ဖယ်ရမ်းပစ်လိုက်ပြီး..

‘မီးကို မထိနဲ့ မကြိုက်ဘူး’

မီးမီးအသံကျယ်သွားသဖြင့် ဖိုးကျော် ပြောရခက်သွားသည်။

‘မအော်နဲ့လေ မီး’

မီးမီးက ငမိုးရိပ်ချောင်းကိုကြည့်လိုက်၏ ။

ချောင်းရေတို့သည် တဝေါဝေါစီးနေသည်။ ချောင်းနံဘေး၌ မိုးစွေငှက်တစ်ကောင် ၀ဲနေလေ၏ ။

‘မီးကို ကိုယ်က သိပ်ချစ်တာ၊ အလိုလိုက်ချင်တယ် မီးအတွက် ဘာမဆိုလုပ်ချင်တာ အကုန် ပေးချင်တယ်။ မီးကို ပျော်နေစေချင်တယ်’

နောက်ထပ် ဖိုးကျော် ဘာတွေ ဆက်ပြောနေမှန်းမသိ။ မီးမီးသည် ငမိုးရိပ်ချောင်းကိုသာ ကြည့်နေမိ၏ ။ ချောင်းရေကား ၀ဲ ကတော့လေးများ လှည့်ရင်း ဝေ့လည်ဝေ့လည်နှင့် စီးသွားသည်။ ချောင်းကမ်းစပ်ရှိ ခရာဆူးခြုံများ ကလည်း ရေစီးတိုက်သဖြင့် လှုပ်ရှားယိမ်းတို့နေကြသည်။ မိုးစွေငှက် ကား ၀ဲပျံဆဲ။

‘မီး ကိုယ့်ကို ပြန်ချစ်မလားဟင်’

‘မချစ်ဘူး’

ဖိုးကျော် ခေါင်းကုတ်၏ ။

‘ဘာလို့ ပြန်မချစ်တာလဲမီးရာ၊ ကိုယ့်မှာ ဘာမကျေနပ်စရာရှိလဲ’

မီးမီး ပြန်မပြောချေ။

ဖိုးကျော်မှာ ဘာမကျေနပ်စရာရှိလဲ။ ဖိုးကျော်သည် အစ်ကိုကြီးဘက်မှ နှစ် ၀မ်းကွဲလောက် တော် သော ညီ ဖြစ်၏ ။ မီးမီး တစ်ယောက် မမအိမ်မှာ လာနေကတည်းက ဖိုးကျော်ကို သိခဲ့ရသည်။ မြို့ထဲ ၂၉ လမ်းမှာ ပုံနှိပ်တိုက်ထောင်ထားသော ဖိုးကျော်မိဘများ သည် တစ်ဦးတည်းသား ဖိုးကျော် ကို ကျောင်းကောင်းကောင်းထား၏ ။ ဖိုးကျော်သည် ကျောင်းပိတ်ရက်များ တွင် အစ်ကိုကြီးအိမ်မှာ လာ နေရင်း စာအုပ်တွေ ဖတ်နေတတ်လေသည်။ မီးမီးသည် ဖိုးကျော်ယူလာသော စာအုပ်များ ကို ဖတ်ခွင့် ရခဲ့၏ ။ ဖိုးကျော်နှင့် အတူ ထမင်းစားခဲ့၏ ။ ဖိုးကျော်ကို မကျေနပ်စရာဟူ၍ ဘာမျှမတွေ့ ။

‘ဘာလို့ မချစ်တာလဲဟင်’

ဖိုးကျော်က အမောတကောထပ်မေးသည်။ မီးမီးက အေးဆေးစွာ ပြန်ဖြေလိုက်၏ ။

‘ဘယ်သိမလဲ’

‘ဟာ.. သိရမှာ ပေါ့’

‘မသိဘူး’

‘ခက်လိုက်တာ၊ အေးလေ ခုမချစ်လဲနေပါ။ နောက်တော့ ချစ်ချင် ချစ်လာမှာ ပေါ့။ ကိုယ်က တော့ မီးမီးကို အမြဲချစ်သွားမယ် သိလား’

ဖိုးကျော်က မီးမီးလက်တစ်ဖက်ကို ဆွဲညှစ်ပြီး မီးမီးမရုန်းမီမှာ ပင် လွှတ်ပေးလိုက် ၏ ။

မီးမီး ဘာမျှမပြောဘဲ ဆက်လျှောက်သည်။ ဖိုးကျော်လည်း ဘာမျှမပြော။ မီးမီးရှေ့သို့ လက်နှိပ် ဓာတ်မီးထိုးပြပေးရင်း လျှောက်နေသည်။

ငမိုးရိပ်ချောင်း၏ ရေစီးသံကားမြည် ဆဲ။

‘အုန်းအုန်း ရည်းစားထာတာပျော်လားဟင်’

မီးမီးစကားကြောင့် အုန်းအုန်းက ရုတ်တရက် လန့်ဖျတ်သွားသည်။

‘ဒီကောင်မလေး ဘာတွေ လာမေးနေတာလဲ’

‘သိချင်လို့ပါ’

‘အုန်းက ရည်းစားမထားပါဘူး မီးရယ်၊ အုန်းမိဘတွေ က စိုးရိမ်လို့ စေ့စပ်ထားတာပါ။ မောင်နှမ လိုပဲ နေပါတယ်’

မီးမီး မကျေနပ်ချေ။ အုန်းအုန်းက ကျောင်းထွက်သွားခဲ့ပြီ။ မကြာမီ စေ့စပ်ပွဲလုပ်သည်။ အုန်းအုန်းနှင့် စေ့စပ်သူသည် နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်မည့် သူဟု မီးမီးသိရ၏ ။ စေ့စပ်ပွဲ နေ့က အုန်းအုန်းသည် သူ့အမျိုးသားနှင့် ယှဉ်တွဲ ကာ ဧည့်ခံနေပုံမှာ လောကအလုံးကို အောင်နိုင်သူဟု ထင်ရ၏ ။ အုန်းအုန်း ပျော်မှာ ပါ။

‘တို့က မိန်းကလေးမဟုတ်လား မီးရဲ့ ၊ မတော် တာနဲ့ ဖြစ်ပျက်မှာ စိုးရတယ်တဲ့’

‘ဘယ်သူက ပြောတာလဲ’

‘အုန်း မိဘတွေ ကပေါ့’

‘မတော် တာ မ ဖြစ်အောင် နေလို့မရဘူးလား’

အုန်းအုန်းရယ်နေသည်။ မီးမီးက အုန်းအုန်းထိုးနေသော တစ်ချောင်းထိုးဇာကို လှမ်းကြည့်နေ လိုက်၏ ။ အုန်းအုန်းက သူ့အမျိုးသားနိုင်ငံခြားသွားလျှင် အမှတ်တရပေးလိုက် ဖို့ဆိုပြီး ခေါင်းအုံးဇာနား ထိုးနေခြင်း ဖြစ်သည်။ မီးမီး ကတော့ ရည်းစားရယ် ဘာရယ် ဖြစ်လာပြီဆိုသော အခါ သူ့အတွက် အပို အလုပ်တွေ ပါလာပဲဟု တွေး၏ ။ အုန်းအုန်းက မီးမီးရှေ့သို့ လက်ဖက်အစ်ကို တိုးပေးရင်း..

‘ကဲပါ လက်ဖက်စားဦး၊ မီးဘာ ဖြစ်နေလဲ အုန်းကိုပြောလေ’

‘ဟင့်အင်း’

မီးမီးငြင်းလိုက်သည်။ ဘာကြောင့် မှန်းမသိ။ ဖိုးကျော်ရည်းစားစကား ပြောထားသည့်အကြောင်း ကို ဘယ်သူမှမပြောပြချင်ပေ။ မမကိုလည်း မပြောချင်။ အုန်းအုန်းကိုသော်မှ မတိုင်ပင်ချင်။ မီးမီး သိချင်တာတစ်ခုပဲရှိသည်။ ရည်းစားထားရင် ပျော်စရာကောင်းသလား။ သည်အကြောင်းကို စံစံတို့ ခင်သော င်းတို့ကို မေး၍ တော့ ဘာမျှထူးမည် မဟုတ်။ အုန်းအုန်း ကတော့ အသက်လည်းပိုကြီးသည်။ စေ့စပ်၍ ပင်ပြီးနေပြီ။ ပြီးတော့ အုန်းအုန်းက စာဖတ်၏ ။ အုန်းအုန်းပြောပြသော အရာများ သည် စာထဲ မှာ ဖတ်ရတာ …ဟု မကြာမကြာ ညွှန်းတတ်သည်။ မီးမီးကမူ စာတွေ ဘာတွေ ဖတ်ရမှန်းလည်းမသိ။ အိမ်မှာ က ကျောင်းစာပဲဖတ်ခိုင်းသည်။ အစ်ကိုကြီး ဖတ်ခိုင်းသော မဂ္ဂဇင်းများ ကလည်း စီးပွားရေး တွေ ကြီးပွားရေး တွေ တွေ မို့ မီးမီးစိတ်မ၀င်စားချေ။

‘အုန်းအုန်းဖတ်တဲ့စာတွေ ထဲမှာ မိန်းကလေးတွေ အားလုံးဟာ တစ်နေ့ကျ ယောက်ျားယူရမှာ တဲ့လား’

အုန်းအုန်းသည် ထိုးလက်စဇာနားကို လွှတ်ချလိုက်၏ ။ မီးမီးကို စူးစူးရဲရဲ ကြည့်သည်။ အပြစ် ကင်းစွာ မော့ကြည့်နေသော မီးမီးကိုမြင်ပြန်တော့ အုန်းအုန်း သက်ပြင်းချသည်။

‘မီး .. ယောက်ျားတွေ ကို စိတ်ဝင်စားနေပြီလား’

‘မဟုတ်ဘူး မဟုတ်ဘူး၊ မကြိုက်ဘူး’

ခါးသီးစွာ ငြင်းပစ်သည်။ အုန်းအုန်းက စဉ်းစားရခက်သလို မျက်မှော င်ကုပ်၏ ။

‘အုန်း ကတော့ မကြိုက်ဘူးကြိုက်တယ် မဟုတ်ပါဘူး မီးရယ်။ ဒီယောက်ျားနဲ့ စိတ်ချတယ်၊ ယူရမယ်ဆို ဟုတ်ကဲ့လို့ ပြောလိုက်တာပါပဲ’

‘အဲဒီ တုန်းအစ်ကိုကြီးက အုန်းကို ချစ်တယ်လို့ပြောသလား’

‘ဟာ..မီးမီးမေးခွန်းက လန့်စရာကြီးပါလား၊ အင်း.. ဟုတ်တယ်.. သူက အုန်းကိုချစ်တယ်လို့ စပြီးမပြောပါဘူး။ ဒါပေမဲ့ ..အဲ.. အရှိပေါ့။ အုန်းနဲ့သူနဲ့.. နောင် လက်ထပ်ကြမှာ ဆိုတော့ ဘာတွေ လို သလဲပေါ့။ ဘာတွေ ပြင်ဆင်ထားကြမလဲပေါ့။ အဲဒါတွေ ဆွေးနွေးတယ်’

‘ပျင်းစရာကြီး’

အုန်းအုန်း ရယ်လေသည်။

‘မရယ်နဲ့လေ အုန်းအုန်းရဲ့ ၊ အုန်းအုန်းပြောတဲ့အတိုင်းဆို ပျင်းစရာကြီးပဲဟာ…၊ ဟိုလေ.. မီးမီး သိချင်တာက ရည်းစားထားတာ၊ လက်ထပ်တာ၊ ဆိုတာတွေ ဟာ ပျော်စရာကောင်းသလား၊ အဲသလို မဟုတ်ဘဲ ကိုယ့်ဟာကိုယ်နေရင်ကော မ ဖြစ်ဘူးလား၊ အဲဒါ သိချင်တာ။’

အုန်းအုန်းက မီးမီးကို နားလည်စွာ ကြည့်သည်။

‘ ဖြစ်တာပေါ့မီးရယ်၊ ဘယ်ယောက်ျားနဲ့မှ မပတ်သက်ဘဲ၊ ကိုယ့်ဘာသာ ရပ်တည်လို့လဲရတာ ပေါ့။ အပျိုကြီးတွေ ဟာ ဒီလိုပဲ ရပ်တည်ကြတာပဲ။ ဒါပေမဲ့ အုန်းထင်တယ်၊ အဲဒီ လို ရပ်တည်နိုင်ဖို့ဆိုရင် မိဘ ဖြစ် ဖြစ် မောင်နှမတွေ ဖြစ် ဖြစ်၊ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ ပြည့်စုံတဲ့ဘ၀တစ်ခုကို တည်ဆောက်ပြီးသား ဖြစ်ရမယ်လို့၊ ဒါမှသာ တခြားသူစိမ်းမပါဘဲ ကိုယ့်ဘာသာနေနိုင်မှာ ’

အုန်းအုန်းပြောပုံနှင့်ဆိုတော့ မီးမီးမှာ သိုင်းသိုင်းဝိုင်းဝိုင်း စုပေါင်းတညဆောက်ပြီးသား ဘ၀ မရှိ။ အမေက ဆယ့်နှစ်ပွဲလိုက်နေသည်။ မမက သူ့အိမ်ထောင်နှင့် သူ။ သည်တော့ကာ မီးမီးသည် အိမ် ထောင်ပြုဖို့ လိုအပ်သူ ဖြစ်သည်ပေါ့။ မီးမီး ခေါင်းခါလိုက်သည်။

လေထဲမှာ ပျံ့လွင့်လာသော ကျွဲကောပန်းပွင့်လေးများ ၏ ရနံ့ကို ရှူနေလိုက်သည်။ တပေါင်း လဆန်း၏ အမှတ်အသားအ ဖြစ်၊ ဥသြလေးတစ်ကောင် မြည် ကြွေးနေသံကို ခပ်ဝေးဝေးမှ ကြားရ သည်။ နွေလေသည် ဟိုမှသည်မှ တိုက်လာပြန်၏ ။ ကျွဲကောပင်သည် အသီးအလို့ငှာ ဖြစ်သည်။ သူ့အပွင့်လေးများ ရနံ့က မွှေးအီလို့။ သို့ သော် မွှေးအီသော သည်အပွင့်လေးတွေ ကို မည် သူမျှ ခူးပြီးမပန် ကြ၊ အသီးအ ဖြစ်မျာစိုးလို့လား၊ အပင်ဟူသည် အသီးအတွက် သပ်သပ်၊ အပွင့်အတွက် သပ်သပ်ဟု ခွဲခြားထားသလား။

မီးမီးသည် အုန်းအုန်းကို နှုတ်ဆက်ပြီးပြန်လာခဲ့၏ ။

အပြန်လမ်းမှ မျက်နှာချင်းဆိုင်မှ လျှောက်လာသော စုံတွဲ တစ်တွဲ ကို မြင်ရ၏ ။ မိန်းကလေးက မီးမီးထက်အတော် အသက်ကြီးပါလိမ့်မည် ။ သို့ သော် သူသည် ကနွဲ့ကလျလုပ်လွန်း၏ ။ လမ်းကို မတ် မတ်မလျှောက်။ သူ့ဘေးမှ သူ့အပေါ် ဆယ်ဒီဂရီခန့်ယိမ်းပြီး ရွေ့လျားနေသည်။ ထိုလူက သူ့ပခုံးကို သိုင်းဖက်ထားရာ၊ ခြေထောက်လေးချောင်းတို့သည် ဘယ်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပါတော့ မည် လဲ။

‘ငါ့နှယ်နော်၊ သူတို့အစား လမ်းလျှောက်ရခက်လိုက်တာ’

မီးမီးက တီးတိုးရေရွတ်ရင်း ရယ်ချင်နေသည်။

ကြည့်၊ ကိုယ့် တစ်ယောက် တည်းဆိုတော့ လမ်းလျှောက်ရတာ ဘယ်လောက်လွတ်လပ်လဲ၊ နှေးချင်သလား၊ မြန်ချင်သလား၊ ဘယ်သူ့မှ ညှာစရာမလို၊ ဟိုအတွဲ ကြည့်ရတာ ဖြင့် ကလေးတွေ ခြေ သုံးချောင်းထောက်ပြေးပွဲကျနေတာပဲ။

ဘတ်စ်ကားမှတ်တိုင်အနီးတွင် စုံတွဲ တစ်တွဲ နှင့် ဆုံပြန်သည်။

သူတို့က ကြည်နူးနေကြသူများ မဟုတ်။ ရန် ဖြစ်နေခြင်း ဖြစ်သည်။

ယောက်ျားလုပ်သူက အံကိုကြိတ်နေသည်။ မိန်းမက တစ်မျက်နှာလုံးနီရဲနေအောင် ငိုထား သည်။ ဆံပင်တွေ က ဖရိုဖရဲ။ နှစ် ယောက် စလုံး အ၀တ်အစားတွေ က ခပ်နွမ်းနွမ်း စီးထားသော ဖိနပ် တွေ က နောက်မြီးတိုတွေ ။ ယောက်ျားက လွတ်အိတ်တစ်လုံးကို လွယ်ထား၏ ။ မိန်းမလက်ထဲမှာ က ပလတ်စတစ်ဆွဲခြင်း။ မိန်းမမျက်လုံးများ က ခက်ထန်နေသည်။ မချင့်မရဲ။ သည်ပွဲမှာ သူရှုံးထားပုံရ၏ ။ သြော်.. လမ်းလယ်ခေါင်၌ အရှုံးပေါ်သော ရန်ပွဲကိုနွဲရတာ ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက် မလဲ။

မီးမီးက အသက်၀၀ရှူပြီး ဆက်လျှောက်ခဲ့သည်။ ကိုယ် တစ်ယောက် တည်းဆိုတော့ ရှုံးစရာ လည်းမရှိ။ မြတ်စရာလည်းမလို။ လမ်းလယ်မှာ ငိုရမည် ဆိုလျှင်တော့ သည်လမ်းကို မလျှောက်တာပဲ ကောင်းမည် ထင်သည်။

‘၈-ဆောင်အပေါ်ထပ်၊ ဘာရာဒေါ်ကြည်၊ လူပေါင်း ၂၃၁ ယောက် ၊ အားလုံးကောင်းပါတယ်ရှင်’

ဒေါ်ကြည်၏ စူးရှရှအသံကြောင့် မီးမီးသတိပြန်ဝင်လာသည်။ မျက်လုံးကို ဖွင့်မကြည့်ဘဲ နှုတ်ခမ်းကို မဲ့လိုက်၏ ။

‘အားလုံးကောင်းပါတယ်ရှင်တဲ့၊ ဘာကောင်းတာလဲ ဟိုးထောင့်မှာ ဒေါ်နု တစ်ယောက် ငှက်ဖျား ထနေသည်။ အေးသီတာနှင့် တင်တင်မြက အနာတွေ ယင်းပြီး ပြည်တည်နေသည်။ အပျိုကြီး ဒေါ်သန်း နွဲ့က ခေါင်းကိုက်လို့ဆိုပြီး မီးမီးမှာ ပါရာတစ်လုံးတောင်းသဖြင့် ညဥ့်ဦးကပေးခဲ့ရသေးသည်။ ၀မ်းလျှော နေသူများ နာမည် ကိုမူ လိုက်မကောက်တတ်။ မြောင်းထဲက မစင်တွေ ကိုကြည့်လျှင်၊ မကျန်းမာသော လူ ဘယ်လောက်များ ကြောင်း မှန်းဆနိုင်သည်။ ဒါနဲ့များ အားလုံးကောင်းပါတယ်ရှင်တဲ့။

မီးမီးလှဲနေရာက ထလိုက်သည်။

ဘာရာဒေါ်ကြည် ပုတီးစိပ်နေသည်ကို မြင်ရ၏ ။

သြော် အမေကြည်၊ အမေကြည်…။ သူ့ခမျာ လျှော့ရက်များများ လိုချင်ရှာသဖြင့် ညစောင့် ဘာရာတာဝန်ကို အိပ်ပျက်ခံပြီး ယူနေရှာသည်။ သူအိမ်ပြန်ချင်လှပြီတဲ့။ ဈေးထဲမှာ ကုန်စုံရောင်းရင်း တရားမ၀င်ပစ္စည်းရောင်းမိသဖြင့် သုံးနှစ် ကျခဲ့သည်။ အခု လွတ်ခါနီး နေပြီ။ သို့ သော် အမေကြည်ကို မြင်သူတိုင်း စိတ်မကောင်း ဖြစ်ရ၏ ။ ဖွင့်လည်းမပြောရက်ကြ။ အမေကြည်သည် သီချင်းတအေးအေး နှင့် ပျော်နေသည်။ အိမ်ပြန်ရောက်လျှင် ကိုလှအောင်နှင့် တွေ့ ရတော့မည် ဟု ဆိုနေသည်။ ကိုလှ အောင်က မည် မျှအေးကြောင်း၊ လူချော လူလှ ဖြစ်ကြောင်းလည်း ဖွဲ့ကာနွဲ့ကာပြောတတ်သည်။ ကိုလှ အောင် ထောင်ဝင်စာလာမတွေ့ တာ ၃ လလောက်ရှိခဲ့ပြီ။ နေမကောင်း၍ ဟု သမီးများ က ညာထားကြ ၏ ။ အမှန်က အမေကြည်ယောက်ျားသည် အရိုးပြာမှု န့်ဘ၀မှာ ပင် မရှိတော့ပြီး။ ဖြစ်လက်စ တီဘီ ရောဂါ က အနိုင်ယူသွားခဲ့ပြီ။ အမေကြည်က အိမ်ပြန်ရောက်ရင်ဟု စိတ်ကူးယဉ်ဆဲ။

အမေကြည်ထောင်ဝင်စာ နေ့ရောက်တိုင်း တွေ့ လိုသူနေရာ၌ ဦးလှအောင်ဟုများ ပါလျှင် အမေ့ ကို မိတ်ကပ်ဗူးငှားကြနော်.. ဟု ရယ်စရာပြောရှာသည်။ အိမ်ပြန်ရောက်၍ ကိုလှအောင်ကို မတွေ့ လျှင် အမေကြည်ဘယ်လို ဖြစ်မလဲ။

‘ငယ်ချစ်တွေ ကိုးဟဲ့’

ဟု အမေကြည်က ပြောသေးသည်။

‘လင်မယားဆိုတာ သိပ်သံယောဇဉ်ကြီးတာ။ တစ်ယောက် မရှိရင် တစ်ယောက် မနေတတ်ဘူး’

သည်အခါ မီးမီးသည် ဖိုးကျော်ကို တွေးမိ၏ ။

မီးမီးသည် ဖိုးကျော်ကို လက်ထပ်ပြီး သား တစ်ယောက် ထွန်းကားခဲ့သည့်တိုင် အကြင်လင် မယားသံယောဇဉ်ကို ရေး ရေး မျှမတွေ့ ခဲ့ချေ။ ဖိုးကျော်ကို ဘာလို့ မချစ်ပါလိမ့်။ နောင်ချစ်လာမယ်ဆို တာ ဘယ်ဟုတ်လို့လဲ။ ငါးနှစ် ပေါင်းလာရက်နဲ့ သံယောဇဉ် ဘာကြောင့် ဖြစ်မလာတာလဲ။

မီးမီးအာရုံထဲတွင် ဖိုးကျော်မျက်နှာက ညှိုးနေလေ၏ ။

‘ကောင်းပြီလေ၊ နင့်ကိုယူမယ်၊ ဒါပေမဲ့ တစ်ခုတော့ ကတိပေး။ ငါ.. နင်နဲ့မပေါင်းချင်တော့ဘူး ဆိုတဲ့ အချိန်မှာ ဘယ်လိုအကြောင်းနဲ့မှ နင်မတားရဘူး။ ကွာပေးရမယ်။ အဲဒီ ကတိပေးရင် နင့်ကို ငါ ယူမယ်’

ဖိုးကျော် ရယ်နေသည်။

မီးမီးကို သိပ်ဆိုးတဲ့ကောင်မလေးဟု တိုးတိုးပြောကာ နဖူးကို လှမ်းထုသည်။

‘ပေးပါတယ်ဗျာ။ ပေးပါတယ်။ တော် ကြာကျမှ ကိုကိုကျော့်ကို မခွဲနိုင်တော့ဘူး ဖြစ်နေဦးမယ်’

ဖိုးကျော်ပျော်နေသည်။

မမက ပို၍ ပင်ပျော်နေပုံရ၏ ။

ဖိုးကျော်ကို လက်ထပ်ဖို့ ဆုံးဖြတ်ရခြင်းအကြောင်းရင်းများ ထဲတွင် မမစကားနားထောင်ရခြင်း က ထိပ်ဆုံးက ဖြစ်၏ ။

‘ညီမလေးရယ်၊ ဖိုးကျော်က လူတော် တစ်ယောက် ပါ။ အစ်ကိုကြီးနဲ့လဲ ဆွေရင်းမျိုးရင်းဆိုတော့ ဖိတ်ချင်းဖိတ်၊ ကိုယ့်အိတ်ထဲ ဖိတ်ဖို့ပါ။ တစ်ဦးတည်းသော သား၊ လုပ်ငန်းပိုင်ရှိတယ်။ ဘာမှ ပူစရာမလို ဘူး။ ညီမလေးရှေ့ရေး အတွက် မမတို့လဲ စိတ်အေးချင်တယ်။ အမေကလဲ သိတဲ့အတိုင်းပဲလေ။ ညီမလေးကို မစောင့်ရှောက်နိုင်တော့ဘူး။ ဒီတော့ မမ စကားနားထောင်ပါ ညီမလေးရယ်။

မီးမီးသည် အံကိုတစ်ချက်ကျိတ်ရင်း ခေါင်းညိတ်လိုက်လေသည်။

ခုတော့ ဖိုးကျော်ကို ယူခဲ့ရပြီ။

သြော် မိန်းမဟူ၍ ဖြစ်လာလျှင် သည်လိုပဲ ယောက်ျား တစ်ယောက် ရဲ့ ရင်ခွင်ထဲကို ၀င်ကြရတာ ပဲလား။ အမေသည် အဖေ့ရင်ခွင်ထဲဝင်ခဲ့သည်။ အဖေဆုံးသွားတော့ ဦးလေးကြီးရင်ခွင်ထဲ ၀င်ပြန် သည်။ မမသည်လည်း အစ်ကိုကြီး ရင်ခွင်ထဲဝင်ပြန်သည်။ အဖေဆုံးသွားတော့ ဦးလေးကြီးရင်ခွင်ထဲ ၀င်ပြန်သည်။ မမသည်လည်း အစ်ကိုကြီး ရင်ခွင်ထဲဝင်ပြန်သည်။ အစ်ကိုကြီးဆုံးလျှင်လည်း တခြား ယောက်ျား တစ်ယောက် ယောက် ရင်ခွင်ထဲဝင်ဦးမှာ ထင်ရဲ့ ။

မိန်းမတွေ ရဲ့ ဘ၀ဟာ ဒါပဲလား။

မိန်းမတွေ ရဲ့ အလှုပ်အရှားဟာ ဒါအဆုံးအစွန်ပဲတဲ့လား။

‘အုန်းအုန်းရော၊ အုန်းအုန်း ကတော့ ပျော်နေတယ်နော်။ မီးမီးဖြင့် လင်ယူရတာ ပျော်စရာလို့ကို မထင်ဘူး’

အုန်းအုန်းအိမ်သွားပြီး ရင်ဖွင့်သည်။ အုန်းအုန်းက အခြေကျနေ၏ ။ သူက မီးမီးထက်အတော် စောပြီး လက်ထပ်ခဲ့သည်။ ခု..သူ့မှာ သားလေးလား၊ သမီးလေးလား မသိရသေးသော လူသစ်တစ်ဦး အတွက် ခြေအိတ်ထိုးနေလေသည်။

‘မီးမီးကလဲကွာ၊ ကျော်ကျော်က မီးမီးကို သိပ်ချစ်ရှာတာပဲဟာ’

အုန်းအုန်းစကားကို မီးမီး ချက်ချင်း ပင် ချေပခဲ့သည်။

‘အဲဒါ သူ့ဆန္ဒလေ၊ သူ့အတ္တ။ သူက မီးကိုချစ်တယ်။ ရသွားတယ်။ ဒီတော့ သူ ပျော်တာပေါ့’

‘ခက်တာပဲ’

အုန်းက မီးမီးစားဖို့ လက်ဖက်သုပ်သည်။

အုန်းအလုပ်ရှုပ်နေဆဲ မီးမီးတွေးနေ၏ ။ ငါ.. အုန်းကို ပြောတာတွေ ဟာ ဘယ်လောက်မှန်သလဲ။ ငါက … ဘာလို့ အုန်းလိုအိမ်ထောင်ရေး မှာ အံဝင်ခွင်ကျ ဖြစ်မနေတာလဲ။ အဖြေကားမရှိ။

အုန်းက လက်ဖက်ပန်းကန်ကို မီးမီးရှေ့ချပေးရင်း..

‘ကဲ.. တစ်ခုမေးမယ်။ အဲလိုကျော်ကျော်က မီးကိုချစ်တော့ နည်းနည်း မှ မကျေနပ်ဘူးလား၊ အဲ..ဥပမာဆိုပါတော့ ကျော်ကျော်က အိပ်ရာထဲမာ မီးကိုနမ်းတယ်ဆိုပါစို့၊ အဲဒီ အခါ နည်းနည်း စိမ့် မသွားဘူးလား၊ ရင်ထဲနွေးမသွားဘူးလား။

‘ဟင့်အင်း၊ နှုတ်ခမ်းမွှေးစူးတယ်’

အုန်းအုန်းရယ်လိုက်သည်မှာ အတောမသတ်နိုင်ပေ။

ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်ရသည်။

မီးမီးက မရယ် ဖြစ်။

အုန်းအုန်း ချထားသော ထိုးလက်စ ခြေအိတ်ကလေးကို ကောက်ယူလိုက်၏ ။ လက်ထဲ မြှောက်ကြည့်၏ ။ ပြီးတော့ ဘာအဓိပ္ပာယ်ဟု ခြေအိတ်၏ ဘ၀ကို မေးနေမိလေသည်။

•••


‘မီးရေ … ကိုယ်ပြန်လာပြီ’

ဖိုးကျော် ပြန်လာတိုင်း ပြည့်လှိုင်းလှုပ်ရှားသော အသံကို ကြားရ၏ ။ အမောတကော အပြေး အလွှား ခြေလှမ်းတွေ ကိုမြင်ရ၏ ။ သည်လို သူ့ဘက်ကအလှုပ်အရှားများ နှင့် ထိုက်တန်အောင်၊ ကိုယ့် ဘက်ကလည်း ‘လေးနာရီ’သီချင်းထဲကလို ‘မောင်..မောသလားလို့… သူ့နားဆီ .. .တိုးတိုးလေးနဲ့ မေးမည် ’ဆိုပြီး ကြိုဆိုဖို့ စဉ်းစားဖူးသည်။ သည်လိုကြိုဆိုသင့်သလားဟု တွေးဖူးသည်။ သို့ သော် ဒုတိယဆုံးဖြတ်ချက်မကျသေး။ မောင်.. မောသလားဟု တိုးတိုးမေးရမည့် အရေး နှုတ်တွန့်နေဆဲ။

‘မီး တစ်နေ့လုံး တစ်ယောက် တည်းနေရတော့ ပျင်းနေမှာ ပေါ့’

ဖိုးကျော်က အလုပ်လွယ်အိတ်ကို သူ့ဘာသာတိုင်မှာ သွားချိတ်ရင်း မေးရှာ၏ ။ မီးမီး ပြန်မဖြေ မိ။ ဖိုးကျော်က ရွပ္အက်ႌကိုခၽြတ္ကာ အက်ႌခ်ိတ္မွာ ချိတ်၏ ။ ၀တ်လာသော ပုဆိုးကို အဟောင်းတစ် ထည်နှင့် လဲ၏ ။ စွပ်ကျယ်ကို ချွေးရွှဲမရွှဲ၊ လဲသင့်မလဲသင့် သူ့ဘာသာစမ်းကြည့်၏ ။ ပြီးမှ မလဲတော့ပါဘူး ဆိုပြီး မီးဖိုခန်းထဲဝင်သည်။ မီးမီးက မလွှဲသာသည့်ပုံမျိုးဖြင့် နောက်မှလိုက်သွားသည်။ ‘အမယ် ဟင်း တွေ တောင် နွေးပြီးနေပါရောလား။ ကိုယ့်မိန်းမက လိမ္မာလိုက်တာ’

‘မမအိမ်မှာ တုန်းက ဒီအချိန်နွှေးပေးနေကျပဲ’

ဖိုးကျော် ဘာမှ မပြောတော့။

ဇလုံတစ်ခုမှာ လက်ဆေးသည်။

ပန်းကန်ပြားတစ်ချပ်ယူသည်။

ပြီးမှ အပြင်ပြန်ထွက်ကာ အိတ်ထဲမှ ကျွတ်ကျွတ်အိတ် အိတ်နှစ် ထပ်ဖြင့် ထုတ်လာသော အထုပ်ကို ပန်းကန်ပြားထဲ ဖြန့်ချသည်။

‘ဟယ် ၀က်သားတုပ်ထိုးတွေ ’

မီးမီးအသံလွင့်၍ ထွက်လာသည်။

မီးမီး မျက်လုံးများ လက်လာသည်။

ဖိုးကျော်က မီးမီးကိုမကြည့်။ ၀က်သားတုပ်ထိုးကို တွေ့ ရတာ လင်ပြန်လာတာထက် ပျော်နေ သော မိန်းမကို သူဘာမျှ ပြောလိုဟန်မရှိ။ မီးမီးလည်း ဘာတတ်နိုင်မှာ လဲ။

ဝက်သားတုပ်ထိုးအတုံးတွေ ကို တုတ်ကလေးနှင့်ဆွနေသော မီးမီးက အတော် လေးကြာမှ..

‘အလုပ်ကော အဆင်ပြေရဲ့ လား’ဟု မေး ဖြစ်လေသည်။

သည်တော့မှ ဖိုးကျော် အသံထွက်လာသည်။

‘အား ဘာပြောကောင်းမလဲ၊ အလုပ်သစ်တွေ လာလိုက်ကြတာ။ ခု အဖေက စက်အသစ်တစ် လုံး ထပ်ဝယ်ဖို့တောင် စိတ်ကူးနေပြီ။ နောက်ဆို ကိုယ့်ကို အလုပ်ခွဲပေးမှာ တဲ့ဗျ။ ဒီတော့ ကိုယ်လဲ ကြိုးစားရတာ ပေါ့။ ခုလို ကိုယ့်မိန်းမကို တိုက်ခန်းလေးပဲ ငှားပေးထားရတာ အားမရပါဘူး။ ကိုယ်ပိုင် ၀င်းနဲ့ခြံနဲ့ လုံးချင်းတိုက်ကလေးနဲ့ ထားချင်တာဗျ။ မီးက တိုက်ကို တစ်ထပ်တိုက်ကြိုက်လား၊ နှစ် ထပ် တိုက်တို့ တစ်ထပ်ခွဲတို့ ကြိုက်လား။

မီးမီး ရေနွေးကြမ်းကို ဇိမ်ဆွဲပြီး ငှဲ့နေလိုက်၏ ။ သူပြောသည့် စက်အသစ်တို့ တိုက်အိမ်တို့ စိတ်ကူးထဲ အပင်ပန်းခံပြီး မထည့်ချင်။ ခုလဲ နေလို့ရသည်။ မီး ဘာမှ မမက်။ အမေတို့ မမတို့နှင့် ဝေးဝေးသို့ မသွားချင်။

‘မီး’

‘အင်း’

‘ဟိုလေ’

‘အင်း’

‘ဟို…အုန်းအုန်းက.. အဲဒါ.. ကလေးရှိနေပြီဆို’

‘အဲဒါ ဘာ ဖြစ်လဲ’

‘အဲတော့ ကိုယ်တို့လဲ’

‘လာမပြောနဲ့’

ဝက်သားတုပ်ထိုးပန်းကန်ကို တွန်းပစ်ပြီး အိမ်ရှေ့ထွက်လာခဲ့သည်။

•••


ခြင်ထောင်အမိုးကိုသာ စိုက်ကြည့်နေမိ၏ ။

တစ်ခါက ဖြူဖွေးခဲ့သော တက်ထရွန်ပိတ်သည် ယခုတော့လည်း ၀ါညစ်ညစ်။ တစ်ခါက မွှေးပျံ့ခဲ့သော ပိတ်အသစ်နံ့သည် ခုတော့ လူနံ့ နံနေပြီ။

လူနံ့

ဟုတ်တယ်။ လူနံ့ဟာ အတော် ရွံစရာကောင်းတာပဲ။

မီးမီးက ပက်လက်အနေအထားမှ ညာဘက်သို့ စောင်းအိပ်လိုက်၏ ။ လူနံ့သည် ပို၍ ပြင်းလာ သည်။ ချက်ချင်း ပင် ဘယ်ဘက်သို့ လူးလှိမ့်လိုက်ရသည်။ သူနှင့် အတော် ဝေးသွားအောင် ကုတင် အစွန်းသို့ ရွှေ့လိုက်၏ ။ နောက်တော့ ခေါင်းကိုခြင်ထောင်အပြင် ထုတ်ထားလိုက်သည်။

ခုမှပဲ အသက်ရှူရတာ လွတ်လပ်သွားသည်။

အသက်ကို ၀၀ရှူသွင်းနေလိုက်၏ ။

မှန်ရှပ်တာများ ဖွင့်ထားသဖြင့် အပြင်ဘက်မှ လေအေးများ က မျက်နှာဆီပြေးလာကြသည်။ ချွေးစေးများ ဖြင့် နစ်နေသော မျက်နှာက အေးခနဲ ဖြစ်၍ သွားသည်။ သို့ သော် လန်းဆန်း၍ ကား မလာကြ တော့။

ဘာထူးမှာ လဲကွယ်။

ကိုယ်ဟာ ညစ်ထေးခဲ့ပြီပဲ။

လူ တစ်ယောက် နဲ့အတူ တစ်ခြင်ထောင်ထဲမှာ အိပ်ခဲ့ရတာ ဘယ်လောက်ကြာပြီလဲ။ မပူမပင် နေရအောင်တဲ့။ လူများ မစော်ကားအောင်တဲ့။ နောင်ရေး စိတ်အေးရအောင်တဲ့။ ဒါတွေ ဒါတွေ အားလုံး အတွက် ညတိုင်း လူ တစ်ယောက် နဲ့အတူအိပ်ပေးနေရတာ တဲ့လား။ ကိုယ့်ရဲ့ နေရေး စားရေး အတွက် ဖန်တီးပေးနေတဲ့အတွက် သူ့ရဲ့ ညဥ့်လယ်ဆန္ဒတွေ ကို ဒီလိုပဲ မငြင်းဆန်ရဘူးတဲ့လား။

မောလိုက်တာ အမေရယ်။

အမေရော ဒီလိုပဲလားဟင်။

မမရော ဒီအတိုင်းပဲလား။

ဒါဟာ မိန်းမတွေ ရဲ့ တာဝန်လား။

ဒါဟာ မိန်းမတွေ ရဲ့ ဘ၀လား။

ရေသောက်ချင်စိတ်ပေါက်လာသည်။ အိပ်ရာမှ ထလိုက်ရမှာ ကိုလည်း လေးလံနေသည်။ သြော် ကိုယ့်အနေအထားကို မကျေနပ်လိုက်တာ။ အိပ်မောကျနေသူထံမှ အသက်ရှူသံပြင်းပြင်းက နားထဲဝင်လာပြန်သည်။ သူ ကတော့ ကျေနပ်နေသူကိုး။ သူ့ကို ကန်ကျောက်ပစ်ချင်သလို ဖြစ်လာပြန် သည်။ တွန်းချပစ်ချင်သလို ခံစားရသည်။ ဒါမှမဟုတ် ကိုယ်ပဲ ခုန်ချပြီးထွက်ပြေးလွတ်မြောက်ချင်သလို လို။

ခုနေ ထွက်ပြေးလို့ ရပါဦးမည် လား။

ခေါင်းထဲမှာ အသိတစ်ခုဝင်လာသည်။

ဒါနဲ့ ဒါနဲ့ ငါ့မှာ ..

ကိုယ့်ဘာသာတွက်နေလိုက်သည်။ သေတော့ မသေချာ။

တကယ်လို့များ သေချာသွားရင် ဘုရားရေ တကယ်လို့များ ငါ့မှာ ကလေးရှိလာပြီဆိုရင် သူငါ့ကို ကွာပေးပါမယ်ဆိုတဲ့ ကတိ တည်ပါဦးမလား။

‘မီး အိပ်မပျော်လို့လား’

ခြေရင်းမှ ခင်စန်းရီက ရေထသောက်ရင်း မီးမီးကို သတိပြုမိသွားပုံရသည်။

‘နေမကောင်းဘူးလား’

မျက်စိမှိတ်လျက်နှင့် ခေါင်းရမ်းပြလိုက်သည်။

ခေါင်းရမ်းလိုက်ခါမှ မျက်ရည်တစ်ပေါက်သည် ပါးပေါ်သို့ ဆင်းလာလေသည်။

ခင်စန်းရီ အနားလာထိုင်၏ ။

‘ကျွန်မ ဘာလုပ်ပေးရမလဲ’

သည်လိုဆိုတော့လဲ အားရှိသလို ဖြစ်လာသည်။

မျက်လုံးများ ကို အားယူပြီးဖွင့်လိုက်၏ ။ ခင်စန်းရီကို အားကိုးသလို ဖြစ်သွားသည်။

လောလောဆယ် ကိုယ့်ကို ဂရုစိုက်မည့် လူ တစ်ယောက် ရှိနေသေးသည်ဟူသော အသိသည် နှလုံးသွေးများ ကို ပူနွေးစေလေသည်။

ခင်စန်းရီကား ၇ နှစ် ဆက်ကျနေသူတည်း။ အပြင်က ယောက်ျားက နောက်မိန်းမယူသွားပြီ။ အဖက သမီးစိတ်ဖြင့် ဆုံးသည်။ လူမမယ်သားသမီးနှစ် ယောက် ကို အမေက လုပ်ကျွေးနေရ၏ ။ ခင်စန်း ရီကို ထောင်ဝင်စာဘယ်သူမှ လာမပို့နိုင်။ ထောင်ထဲမှာ လုပ်စားရ၏ ။ အ၀တ်အငှားလျှော်သည်။ ပန်းကန်ဆေး၊ ခွက်ဆေး၊ တောက်တိုမယ်ရများ အပြင် တံမြက်လှဲအလှည့်များ ကို အငှားလိုက်သည်။ ဟင်းသင့်ရုံစားရ၏ ။ ခင်စန်းရီကား ပျော်ပျော်နေတတ်၍ ထင်သည်။ ၀၀ဖြိုးဖြိုးရှိ၏ ။

‘မမီး ဘာ ဖြစ်လို့လဲ ပြောလေ’

‘သားလေးကို လွမ်းလို့’

မီးမီးက မယုတ်မလွန်သာဖြေလိုက်သည်။

‘ကျွန်မလဲ ကလေးတွေ အကြောင်း မတွေးရဲဘူး’

‘ခင်စန်းရီဘ၀က တော် ပါသေးတယ်လေ’

ဟုတ်သည်။

ခင်စန်းရီက ဆေးမှု ၊ သူနှင့် ဘ၀တူတွေ ပေါသည်။

လောကကြီးသည် မီးမီးအတွက် အမြဲတမ်းပင် မိုးခေါင်နေခဲ့၏ ။ ပတ်ကြားအက်များ ၊ ကျောက်စက်ခဲများ ၊ ပြီးတော့ လေပူလေပြင်း၊ သည်လိုကန္တာရမှာ မှ ကိုယ့်ဘ၀ ဖြစ်လာသည်မှာ ကံဆိုး လွန်းသည်ဟူပဲ ဆိုရမည် ။

ခင်စန်းရီက ဆေးလိပ်မီးညှိလိုက်၏ ။

‘အတော် ပဲ၊ ကိုယ်ဆေးလိပ်သောက်ချင်နေတာ’

ခြေရင်းမှာ ထားသော ကျွတ်ကျွတ်အိတ်ထဲမှာ နွားတစ်လိပ်ထုတ်လိုက်၏ ။ ထိပ်ဖူးကိုချေပြီး အစီခံကို ကြမ်းပေါ်မှာ နှစ် ချက်သုံးချက် ဆောင့်လိုက်၏ ။ အတွင်းက ဆေးများ အောက်သို့ ကျသွား သဖြင့် ဆေးလိပ်က တောင့်တောင့်လေး ဖြစ်လာသည်။ ထိပ်ဖူးထဲမှာ မူ ဆေးမရှိတော့။ သည်အခါ ထိပ်ဖူးကို ဆွဲဖြဲလိုက်၏ ။ ပြီးမှ ခင်စန်းရီဖွာနေသော ဆေးလိပ်ကိုလှမ်းယူကာ ကိုယ့်ဆေးလိပ်ထိပ်ဖူးနှင့် တေ့ပြီး ရှူရလေသည်။ မီးကူးပြီး စိတ်ချရပြီဆိုမှ ခင်စန်းရီဆေးလိပ်ကို ပြန်ပေးလိုက် ၏ ။

ခင်စန်းရီက သူ့ဆေးလိပ်ကို ရေငတ်သလို အငမ်းမရ လေးငါးချက်ဆက်ပြီး ဖွာနေသည်။ နှစ် ယောက် သား စကားမဆက်မိ။

‘၈ ဆောင်အပေါ်ထပ်၊ ဘာရာဒေါ်ကြည်၊ လူပေါင်း ၂၃၁ ယောက် ၊ အားလုံးကောင်းပါတယ် ရှင်…’

အမေကြည် တရေး နိုးပြီး ထအော်သည်။

ခင်စန်းရီက ခစ်ခနဲရယ်၏ ။

‘အားလုံးကောင်းပါတယ်၊ သိပ်ကောင်း၊ အားကြီးကောင်း’

‘ကိုယ်ကလွဲရင်ကောင်း’

မီးမီးက မပြုံးဘဲ ၀င်ပြောလိုက်၏ ။

‘ခင်စန်းရီက ပြုံးဖြီးဖြီးဖြင့် ပြောသည်။

ခင်စန်းရီသည် ပြုံးလည်းပြုံးနိုင်ပါပေ။

‘အဟုတ်ပြောတာ၊ ခုလို ညကြီးမှာ နိုးမနေချင်ဘူး။ စိတ်တွေ က ဟိုရောက်သည်ရောက်’

‘ဟုတ်တယ် မမီးရေ၊ ဘာမှလဲ ထူးမလာဘူး’

‘အေးလေ၊ ဒီအုတ်နံရံကြီးကိုဖောက်ပြီး ထွက်သွားနိုင်တာလဲ မဟုတ်ဘူး’

ကျီးကန်းတွေ လို ပျံသွားလို့လဲမရ၊ ဟိုထောင်ဝင်စာသွားဖို့ ထွက်ရတဲ့အပေါက်ကလေးကိုလဲ မကျေနပ်ပါဘူးဟာ။ ဘယ်သူမှ ထွက်မပြေးရဲပါဘူး။ ဒီအပေါက်ကလွတ်တော့ကော မိန်းပေါက်ကျ မိမှာ ပဲ’

‘မမီးက ထွက်ပြေးဖို့ ကြိုးစားဖူးလို့လား’

‘ဟာ စဉ်းစားတာပေါ့၊ ခဏ ခဏ စဉ်းစားတယ်’

‘နည်းလမ်းတွေ့ လား’

‘နည်းလမ်းတွေ ကတော့ တွေ့ တာပဲ။ အုတ်တံတိုင်း အောက်ခြေကို ဥမှင်တူးပြီး ထွက်ဖို့တို့ ဘာတို့ပေါ့။ ဒါပေမဲ့ စိတ်ကူးယဉ်ပါပဲဟယ်။ တစ်ထွာလောက်တူးမိရင်ကို မိမှာ ပါ။

ခင်စန်းရီ ရယ်သည်။

သူ့ရယ်သံက အနည်းငယ်ကျယ်သွားသဖြင့် ပါးစပ်ကို လက်ဝါးဖြင့် ပိတ်ပြီး မျက်လုံးပြူးပြသည်။

ပိုးလိုးပက်လက်အိပ်နေသူများ ကမူ ခင်စန်းရီရယ်သံကို မကြားကြချေ။

အမေကြည်ပင် သံတိုင်မှာ မှီပြီးပြန်အိပ်ပျော်သွားပုံရသည်။

‘သားလေးကို သတိရတာ အဆိုးဆုံးပဲ’

မီးမီးက ဆေးလိပ်ကို တစ်ချက်ရှိုက်ပြီး ပြောသည်။

‘ဒါနဲ့မမီးက သားမွေးပြီးပြီးချင်း ယောက်ျားနဲ့ကွဲတာဆို’

ခင်စန်းရီက အသံကိုနှိမ့်ပြီးမေးသည်။

မီးမီးက တစ်ချက်မဲ့လိုက်ပြီးမှ….

‘ယောက်ျားနဲ့ကွဲတာ..၊ ကွဲတာလို့ပြောတာထက် ကွာခိုင်းတာလို့ပြောမှ မှန်မယ်’

ခင်စန်းရီက ခေါင်းညိတ်၏ ။

‘ကွာခိုင်းတာ လူကြီးတွေ ကလား’

‘ဘယ်က ဟုတ်ရမှာ လဲ၊ လူကြီးတွေ က သဘောတူပြီးပေးစားခဲ့တာ။ ကိုယ်က မပေါင်းချင်လို့ ကွာခိုင်းတာ..’

‘ဘာအပြစ်ရှိလို့လဲ’

မီးမီး ရေတစ်ခွက်ငှဲ့သောက်သည်။

ဘာအပြစ်ရှိလို့လဲတဲ့…။

ဟုတ်ပါရဲ့ ။ ဖိုးကျော်မှာ ဘာအပြစ်မှမရှိပါ။ ခက်တာက အပြစ်မရှိတာနဲ့ပဲ လူကိုပေါင်းနေရမှာ တဲ့ လား။

‘မချစ်တာ ခင်စန်းရီရဲ့ ၊ မချစ်တာ’

‘ယူပြီးပြီပဲ မမီးရာ’

‘ယူပြီးပေမယ့် မြင်ချင်တယ်လေ။ ယူတုန်းကတည်းက မလွှဲမရှောင်ချင်တဲ့အကြောင်းတွေ ကြောင့် ယူခဲ့တာကိုး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် သိနေတယ်။ မပျော်ရင် ဆက်မပေါင်းချင်ဘူး။ ဒါကြောင့် ကိုယ်က ကွာခိုင်းတဲ့အချိန်မှာ ကွာပေးရမယ်လို့ ကတိတောင်းခဲ့တာ’

‘မမီးဟာကလည်း နမိတ်မရှိလိုက်တာ’

‘အဲဒါ နမိတ်ပေါ့၊ ကိုယ်သိနေတယ်လေ’

‘နည်းနည်း ပါပါး သံယောဇဉ်ကော ရှိမလာဘူးလား’

မီးမီးက ခေါင်းရမ်းလိုက်သည်။

‘ကိုယ့်အမှားပါပဲ၊ လူ တစ်ယောက် ကို မချစ်ပေမယ့် လက်ထပ်လို့ရနိုင်တယ်လို့ ကိုယ်ပေါ့တွေးခဲ့ တယ်။ သူကလဲ လျှော့တွက်တယ်။ တဖြည်းဖြည်းနဲ့ ကိုယ်သူ့ကို ချစ်လာလိမ့်မယ်လို့ သူထင်တယ်။ အဲဒါ မှားတာပဲ။

‘ဘာ ဖြစ်လို့ မချစ်တာလဲ’

‘ဟာ ခင်စန်းရီရာ ချစ်တယ်ဆိုတာ ဘာ ဖြစ်လို့ ချစ်တယ်လို့ အဖြေမရှိဘူး။ အဲသလိုပဲ မချစ်တာ မှာ လဲ ဘာ ဖြစ်လို့ မချစ်တာလဲဆိုတဲ့ အဖြေမရှိဘူး’

ခင်စန်းရီ ခေါင်းကုတ်၏ ။

‘ဆက်စမ်းပါဦး မမီး၊ ကျွန်မဖြင့် တွေးလို့မရဘူး’

‘လူတိုင်း ဒီလို ဖြစ်ကြတယ်လို့တော့ ကိုယ်မထင်ပါဘူး။ သူ့ဟာနဲ့သူ အဆင်ပြေနေကြတာပဲ။ ပြေသွားတာပဲ။ ပန်းတွေ လိုပေါ့ကွာ.. မိုးကျရင် ပိတောက်ပန်းပွင့်တယ်။ ဆောင်းကျရင် သဇင်ပွင့်တယ်။ ဒါ… သူ့အလိုလိုပဲ။ ကိုယ်ကကျ ဘာလို့လဲ မသိဘူး။ သူများ နည်းတူ အံမ၀င်ဘူး။ ကိုယ့်အမှားပါ။

နှစ် ယောက် သား ငြိမ်သွားကြ၏ ။

ကိုယ့်အတွေးနှင့် ကိုယ်။

မီးမီးအာရုံမှာ ဖိုးကျော်၏ ကြေကွဲမျက်လုံးများ ကို မမေ့သေး။

‘မီးရယ်.. ကိုယ်မင်းကို မခွဲပါရစေနဲ့’

တောင်းပန်တိုးလျှိုးသံကိုလည်း မမေ့သေး

ခက်သည်က သားလေ။

သားလေးကို မီးမီးမွေးပြီးပြီဆိုသည်နှင့် အထိတ်တလန့် ဖြစ်ခဲ့၏ ။

သားရပြီ။

သားကို နို့ချိုတိုက်ရင်း မီးမီးတွေးသည်။ သည်သားသည် သူနှင့် ဖိုးကျော်ကို ချည်နှောင်တော့ မည် ။ ကြာလေကလေးများ လေ ဖြစ်လာမည် ။ မပျော်သော ဘ၀တွင် သေတပန်သက်တဆုံး နေရတော့ မှာ လား။

ကွာပေးပါ.. ဟု မပြောခင် အကြိမ်ကြိမ်ကြိုးစားခဲ့သေးသည်။ ပြီးတော့ ကွာပြီးလျှင် သည် ကလေးကို ကျွေးနိုင်ပါမည် လားဟုလည်း အမျိုးမျိုးစဉ်းစားခဲ့သည်။ ကျွေးနိုင်ရမှာ ပေါ့။ မုဆိုးမတွေ ဒီလိုပဲ ရုန်းနေကြတာပဲဟု အဖြေထုတ်သည်။

နောက်ဆုံးအနေနှင့် ဆုံးဖြတ်ချက်အတည် ဖြစ်သွားသည်က ဖိုးကျော်၏ အမှား။

‘ကဲ..ဒီလောက်တောင် ကွာချင်ရင် မင်းကွာ။ ကလေးကိုထားခဲ့’

‘မရဘူး၊ ကလေးကငယ်တယ်၊ မိခင်အုပ်ထိန်းခွင့်ရှိတယ်’

‘မင်းက အုပ်ထိန်းနိုင်လောက်တဲ့ အရည်အချင်းရှိလို့လား’

သွားပြီ။

ဖိုးကျော်၏ စကားပြင်မရတော့။

မီးမီးသည် အပြုံးမပျက် သားကိုပိုက်ပြီးဆင်းခဲ့၏ ။

‘အဲဒီ တုန်းက လွတ်လပ်သွားလိုက်တာများ လေ၊ သားလေးကို ချီပြီး လမ်းပေါ်မှာ လျှောက်လာ တော့ ငါဟာ…ဖန်တီးနိုင်တယ်၊ ငါဟာ လွတ်လပ်တယ်၊ ငါဟာ ဖြစ်ချင်တာ ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်တွေ လျှံနေတယ်၊ တအားပျော်ခဲ့တယ်’

‘မမီးဟာ အတင်းချည်းပဲနော်’

‘သြော်… မချစ်တဲ့လူနဲ့မနေရတော့ဘူးဆိုတဲ့ စိတ်ပေါ့၊ အင်း..တကယ်ချစ်တဲ့ လူတွေ့ ပြန်တော့ လဲ မယူနိုင်ပြန်ဘူးကွယ်’

မီးမီး အသံပျော့သွားသည်။

ခင်စန်းရီ အနားကပ်လာ၏ ။

‘ကျီပိုကြီးဆိုတာလား’

‘အင်း..ကျီပိုကိုကြွေတယ်ပဲဆိုပါတော့။ တစ်မျိုးပဲလေ။ သူ့ကျ အကုန်လုံးအလိုလိုက်ချင်နေ တယ်။ သဒ္ဓါနေတယ်။ ဒါဟာအချစ်လို့ပြောရမယ်ထင်တယ်။ အဲ… ဟုတ်ချင်မှလဲ ဟုတ်မှာ ပါလေ၊ အချစ်ဆိုတာ ပိုင်ဆိုင်ချင်တဲ့သဘောရှိတယ်။ မပိုင်ရရင် ပူလောင်တယ်။ သဒ္ဓါတာကျတော့ ကိုယ်က အစစ ဖြည့်ပေးချင်နေတာ သူ့ဆီကဘာမှ မလိုချင်ဘူး အဲသလို’

ခင်စန်းရီက ဆေးလိပ်အသစ်ညှိသည်။ နှစ် ယောက် သားမီးခိုးတွေ အပြိုင်ထုတ်လွှတ်နေကြ၏ ။

‘ရွှေဖူးစာမှင်ရည်ကြဲတယ်ဆိုတာ ဒါမျိုး ဖြစ်မှာ ပဲ။ အတိတ်ကံပေါ့လေ။ သူကလဲ ချစ်တယ်။ ကိုယ်ကလဲချစ်တယ်။ ဒါပေမဲ့ မှင်ရည်ကကြဲတော့ စာရေး လို့မထင်ဘူး။ ဖူးစာမပါဘူးလေ’

ကြေကွဲသော အသံက အက်နေ၏ ။

‘ပန်းခင်းကြီးပြင်ပြီး မျိုးစေ့ကြဲပေမယ့် ပေါက်ချင်မှပေါက်တာ၊ ပေါက်ပြန်တော့ ပွင့်ချင်မှပွင့်တာ၊ ဟော… ပတ်ကြားအက်ထဲကျတဲ့ မျိုးစေ့ကထပေါက်တော့၊ ဘယ်မလဲ မြေသြဇာ..’

‘မမီးက ကဗျာဆန်သားပဲ’

‘ဘ၀အတွေ့ အကြုံပြီးတော့ စာဖတ်တာပါ။ ကိုယ်က ကျောင်းစာကို ဆုံးအောင်မသင်ခဲ့ရပေ မယ့် ပုံနှိပ်တိုက်နဲ့ ပတ်သက်ခဲ့တာရယ်၊ ပြီးတော့ တစ်ယောက် တည်းနေရတဲ့ အချိန်များ တာရယ် ကြောင့် ၊ စာတော့ အတော် ဖတ် ဖြစ်ခဲ့တယ်။ ပြီးတော့ အစ်ကိုကြီးကလဲ ဖတ်ဖို့စာကို ရွေးပေးတတ် တယ်။

‘နေပါဦး၊ မမီးတို့ကွဲမယ်ဆိုတော့ မမနဲ့အစ်ကိုကြီးက ဇွတ်မတားဘူးလား’

‘သိပ်တားတာပေါ့၊ ဒါပေမဲ့ ကိုယ်ခေါင်းမာတာကို သိပြီးသားလေ၊ မယူခင်ကတည်းကလဲ ကွာချင်တဲ့ အချိန်ကွာ ပေးပါ့မယ်ဆိုတဲ့ ကတိရှိတာကိုး၊ တကယ်ဆို သူတို့က ယောက်ျားပဲကွာ၊ တို့တွေ မှာ သာ အပျိုရည်ပျက်ပြီး ကွဲရတာ ပါ။ နစ်နာပါတယ်။

‘ဒါထက် ကျီပိုကြီးကိုကျ ဘယ်လိုချစ်သွားတာလဲ’

‘အဲဒီ အကြောင်းပြောရင် မိုးလင်းသွားလိမ့်မယ်’

‘အလဲ့..သူ့အဆက်ကြီးကျ လျှိုထားပြန်ပြီ။ ရှင့်လူကြီးကို ခင်စန်းရီက မလုပါဘူးတော် ..’

‘၈ ဆောင်အပေါ်ထပ်၊ ဘာရာဒေါ်ကြည်၊ လူပေါင်း ၂၃၁ ယောက် အားလုံးပါတယ်ရှင့်’ အမေကြည့်အသံပေါ်လာပြန်ပြီ။

‘သိပ်ကောင်း အလွန်ကောင်း’

‘ခင်စန်းရီက လွဲရင်ကောင်း’

နှစ် ယောက် သားအိပ်ယာထဲ ပြန်ဝင်လိုက်ကြ၏ ။

မီးမီးသည် အနန္တငါးပါးကို အာရုံပြုလိုက်သည်။ သည်အခါ အမေ့မျက်နှာကို ညှိုးငယ်စွာ မြင်လာပြန်သည်။ မီးမီးသည် အမေ့ကို ဒုက္ခပေးနေရဆဲပါလား။

… ခရီးထွက်မှ ဖြစ်တော့မယ် အမေ’

‘ညည်းဟာ အတော် ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့မိန်းကလေးပဲ’

‘အမေရယ် မီးကိုဆူချင်ဆူပါ။ အမေ့မြေးလေးကိုတော့..’

‘အေး… ညည်းလုပ်လိုက်ရင် ဘယ်သူမှ အအားမနေရဘူး’

ထုံးစံအတိုင်း အမေဆူသည်။

မီးမီးအဖို့ အမေဆူတာ အရေး မကြီးတော့ပါ။

ခုချိန်မှာ အမေ့တစ်မျက်နှာပဲရှိတော့သည်။ မမက မီးကိုမခေါ်။ သူပေးစားထားသူကို ကွာရှင်းပြီ ဆိုကတည်းက မမ လက်မခံတော့။ သားသမီးမထွန်းကားသော မမတို့ အိမ်ထောင်မှာ တစ်ခုလတ်ကို မမ ဘယ်ခေါ်ရဲပါ့မလဲ။ မမ အလွန်မဟုတ်။

မီးမီးက ကိုယ့်မာနနှင့် ကိုယ်ပါ။

အိပ်ခန်းလေးတစ်ခန်းငှားမည် ။ ဈေးရောင်းမည် ။ ကလေး တစ်ယောက် ကို ဘယ်လို ဖြစ် ဖြစ် ကျွေးနိုင်မည် ။ စိတ်ကူးထဲမှာ တော့ အတော် အဆင်ပြေ၏ ။ သားဝက်သက်ပေါက်တာလည်းမပါ။ အိမ်ရှင်က နှင်တာလဲမပါ။ ယောက်ျားတကာက ချိတ်တိတ်တိတ်ပြောတာလည်းမပါ။

သားလေးရေ.. ဟုခေါ်ရတာ ကိုယ့်အသံကိုယ် ပြန်မေးရတာ ကိုပင် ကြည်နူး၏ ။ တခစ်ခစ်ရယ် ပြတတ်သော သားလေးကို မြင်နေရလျှင် မီးမီးဘာကိုမျှ မလိုချင်တော့ချေ။

မေမေဟု ခေါ်တတ်စပြုသော အချိန်မှာ မူ မီးမီး စဉ်းစားရပြီ။ သားကို နို့တိုက်ရုံနှင့် မပြီးတော့ ပေ။ သားက ဂျောက်ဂျက်လေးလဲလိုချင်သည်။ ဘောလုံးလေးလဲ လိုချင်သည်။ မြင်းရုပ်ကြီးလည်းလို ချင်သည်။ ပြီးတော့ ကိတ်မုန့်လည်းကြိုက်သည်။ ဝေဖာလည်းကြိုက်သည်။ ကြက်သားကြော်လည်း ကြိုက်သည်။

‘သူများ တွေ ကို စပေါ်နဲ့ထားတာ၊ ညည်းကိုတော့ သနားလို့ ၄-၅လ ကြွေးတင်နေတော့၊ သနား ပေမယ့် မထားနိုင်တော့ဘူး၊ ငါ့မလဲ ဒါနဲ့ စားနေရတာ ’

အိမ်ရှင်အဒေါ်ကြီး၏ စကားသည် နို့တိုက်နေသော မီးမီး၏ နို့တွေ စီးဆင်းမှု ကို ရပ်သွားစေ၏ ။ သားသည် နို့ကိုစုပ်၍ မရသဖြင့် ရုန်းကန်အော်ဟစ်လေသည်။

မီးမီးဘာလုပ်ရမလဲ။

စဉ်းစားချိန်ကား များများ မရှိ။

လူမောင်တို့လင်မယား။

ငယ်ပေါင်းတွေ ပဲလေ။

ခုတလော လူမောင် မိန်းမခင်ခင်ဝင်းက ရွှေလက်ကောက်တချွင်ချွင်နဲ့ လူမောင့်လည်ပင်းမှာ လည်း ယိုးဒယားဘတ်ကြိုးနဲ့။

‘မီးမီးရာ နင့်ကိုတော့ သနားလို့ပါ။ တို့က လူများများ လဲ တာဝန်မယူနိုင်ဘူးဟ၊ ဟိုမှာ က စားစရိတ်ကြီးတယ်။ အလုပ်မ ဖြစ်ခင် တို့ကကျွေးထားရမှာ ။ နင် တစ်ယောက် တဲတော် ပြီ’

ဒါက လူမောင့်စကား။

‘သူငယ်ချင်းရဲ့ ဟိုရောက်တော့ နင်ပျော်သွားမှာ ပါ။ ပိုက်ဆံက မလိုချင်ဘူးပြောလဲ မနေဘူး။ ဒီမှာ နေလို့တော့ ကျည်ပွေ့အတက်ပေါက်မှာ မဟုတ်ဘူးလေ။ တစ်ခေါက်လောက် လိုက်ပြီးရင် နင် သဘောပေါက် သွားပါလိမ့်မယ်’

လူမောင့် မိန်းမ ခင်ခင်ဝင်းစကား။

မီးမီး စဉ်းစားသည်။

သားလေးရဲ့ ရှေ့ရေး ပါပဲ။ တစ်လလောက် သားလေးကိုခွဲထားခဲ့ပြီး ငွေတွေ အများ ကြီး ရမယ် ဆိုတာ သေချာရင်…။

နောက်တစ်ခေါက်၊ နောက်တစ်ခေါက်၊ လွန်ရောကျွံရော၊ သုံးခေါက်ပေါ့။ လက်ထဲမှာ သော င်း ဂဏန်းလောက် စုမိပြီဆိုရင် မြောက်ဥက္ကလာဈေးထဲမှာ အထည်ဆိုင်သေးသေးလေး ဖြစ် ဖြစ်၊ အဟောင်း ဆိုင်လေးပဲ ဖြစ် ဖြစ် အခြေတည်နိုင်မည် ။ နေရိပ်လာမှာ ကို နေပူက စောင့်ရမည် ပေါ့။

‘အရင်းအနှီးလိုတယ်အမေ၊ အရင်းအနှီးရဖို့က စွန့်စားရမယ်’

‘ညည်းဟာကအေ၊ ကလေးဒုက္ခ ဖြစ်ဦးမယ်’

‘ဘယ့်နှယ်လုပ်မလဲအမေ၊ အခု ဈေးရောင်းနေတာက နေ့ဖို့ ညစာပဲရတယ်။ မငတ်ရုံပဲ။ သမီးက အမေ့မြေးလေးကို ပြည့်စုံအောင်ထားချင်တယ်။ ကျောင်းကောင်းကောင်းထားချင်တယ်။ ပညာတတ်ကြီး ဖြစ်စေချင်တယ်။ ဒါတွေ ပေးနိုင်ဖို့ သမီး တစ်ယောက် တည်းအားနဲ့ ရှာရမှာ ဆိုတော့ စွန့်ရ မှာ ပဲ’

‘ငါက ကလေးသနားလို့ပါ’

‘သမီး ၁၀ ရက်လောက်ပဲကြာမှာ ပါ အမေ။ ကလေးကိုခေါ်သွားရင် ဒုက္ခပေးသလို ဖြစ်မှာ မို့ အမေ ခဏကြည့်ပေးဖို့…’

‘အမေက ကြည့်ပေးနိုင်ပါတယ်။ ကလေးက အမေနဲ့မခွဲဖူးတော့ သနားလို့ပါ။ ပြီးတော့ ညည်းဟာ တာချီလိတ်ဆိုတော့ ဝေးလိုက်တာအေ.. ကိုယ်လဲ တစ်ခါမှ ရောက်ဖူးတာ မဟုတ်ဘူး’

‘ခင်ခင်ဝင်းတို့ လင်မယားနဲ့ပဲ အမေရာ..’

‘အေးပါ။ သူတို့အဆင်ပြေပုံရသား။ လင်မယားနှစ် ယောက် ဆိုတော့လဲ ဟန်ကျတာပေါ့’

မီးမီးက အမေ့စကားကျကို တွေးသည်။

လင်မယားနှစ် ယောက် ဆိုတော့လဲ ဟန်ကျတာပေါ့တဲ့။ တစ်ယောက် တည်းကျ ဟန်မကျဘူး လား။ မိန်းကလေး၊ ပြီးတော့ တစ်ခုလတ်၊ ဒါဟာ စီးပွားရှာဖို့ ဟန်မလှဘူးတဲ့လား။

‘သမီးက အရွယ်ရှိသေးတယ်လေ’

အမေက ပူစရာမဟုတ်ပူရန်ကော၊ မီးမီးဆိုတာ ဘယ် ယောက်ျားမှဂရုမစိုက်တဲ့လူ။ ယူပြီးသား လူကိုတောင် ခွာချပစ်ခဲ့တာ တွေ့ တယ်ဟုတ်လား။ ယောက်ျားတွေ ကိုများ အရေး အရာလုပ်လို့’

‘ကဲပါ အမေရယ်.. မီးမသွားရဘူးလား..ပြော’

သည်လို အကြပ်ကိုင်လို့ ကတော့ အမေ ဘယ်တားတော့မလဲ။

အမေ့ခမျာ ဟိုလူကြီးကိုယူပြီးကတည်းက သမီးတွေ ကို ပြန်ချော့နေရှာသည်။ သမီးတွေ မချစ် တော့မှာ ပူရှာသည်။ ဆယ့်နှစ် ပွဲမလိုက်ရဘဲ ဟိုလူကြီး၏ ဖျာ၊ အိုး၊ ဆိုင်မှာ အိနြေ္ဒမပျက်ထိုင်ရကတည်း က အမေ သဘောကောင်းနေသည်။ မီးမီးကလည်း မလွဲသာလွန်း၍ သာ သားလေးကို အမေ့လက်ထဲ အပ်ရမှာ ပါ။ သားလေးကို တစ်ရက်တောင်မခွဲရက်။ မီးမီးကို စိတ်နာပြီး နောက်ထပ်အိမ်ထောင်ပြုလိုက် သည့် သားအဖေကလည်း အဝေးမှပင် လာကြည့်သည်မဟုတ်။ သည်တော့ မီးမီးတို့သားအမိမှ အမေ့ တစ်မျက်နှာတည်းပါ။

‘အမေ ကြိုးစားမယ် သားလေးရယ်၊ ခဏလေးနော်။ ခဏလေး ဘွားဘွား ကြီးချိုချိုနဲ့ နေခဲ့ဦး နော်။ အမေပြန်လာတော့ ကိတ်မုန့်တွေ အများ ကြီးဝယ်လာမယ်။ ဘောင်းဘီလှလှလေးတွေ စက်ရုပ် ကားလေးတွေ ၊ ပြီးတော့ သားကြိုက်တဲ့ မော်တော် ဆိုင်ကယ် အရုပ်လေးတွေ ၊ သံပတ်နဲ့ပြေးတဲ့ဟာ လေ အဲဒါလဲ ၀ယ်လာမယ်။ အများ ကြီးကို ၀ယ်လာမှာ ဘွားဘွားကြီး ချိုချိုနဲ့ နေခဲ့ဦးနော်…’

•••


တာချီလိတ်

ကြားဖူးတာတော့ ကြာပြီ။ ကိုယ်တိုင်ရောက်ရလိမ့်မည် ဟု မတွေးမိခဲ့။

ခုတော့ ခင်ခင်ဝင်းတို့လင်မယားကျေးဇူးကြောင့် တာချီလိတ်ဆိုသော မြေပေါ်သို့ ခြေနင်းနိုင်ခဲ့ ပြီ။

‘ဒါ မြန်မာပြည်ပဲနော်’

လူရွယ်လူလတ်တွေ ကို ယောက်ျားမိန်းမ ခွဲမရ။ ဘောင်းဘီတွေ ၊ ဂျာကင်တွေ ၊ စပို့ရှပ်တွေ ၊ တီရှပ်တွေ ၊ ဆံပင်တိုတွေ နှင့် ။ ပြီးတော့ ဆိုင်းဘုတ်စာတမ်းများ ။

‘မော်တော် ဆိုင်ကယ်တွေ ကလည်း ပေါလိုက်တာ’

မီးမီးသည် ကိုယ့်ဆံပင်ကို လက်ဖြင့် စမ်းလိုက်၏ ။ ဒါကြောင့် ကိုးဟု ခင်ခင်ဝင်းက ကျေးဇူးတင် သွားသည်။

‘မမီး ဟိုကျ သိပ်ပြီးဂနိုင်ဆန်တယ် အ ဖြစ်ခံလို့မရဘူး၊ ကိုယ့်ကို မလည်မ၀ယ်လို့ထင်ရင် ဆက်ဆံရေး မှာ အထင်သေးနိုင်တယ်။ ဆံပင်တော့ဖြတ်လိုက်’ဆိုပြီး သွားခါနီး ဆံပင်ကောက်ဆိုင်မှာ ညှပ်ပေးသည်။ ၀တ်နေကျ ဘလောက်ခ်အင်္ကျီနေရာမှာ ဗိုက်ဖုံးအင်္ကျီလို ရှည်ရှည်ပွပွကြီးဝတ်ခိုင်း သည်။ အားလုံးကြားမှာ မီးမီးသည် တောကျီးကန်းတစ်ကောင်မဟုတ်တော့။

ထမီကိုတော့ ဘောင်းဘီနှင့် လဲမ၀တ်ရဲချေ။ ခင်ခင်ဝင်းတို့ လင်မယားနှစ် ယောက် လုံးက ရွှေညောင်ဘူတာက ဆင်းကတည်းက ဘောင်းဘီကိုယ်စီနှင့် ။ နေကာမျက်မှန်ကြီးတွေ တပ်လို့။

နေကာမျက်မှန်ချွတ်ထားသော အခါ မြင်ရသည့် ခင်ခင်ဝင်းမျက်လုံးတို့ကလည်း အရင်လို မဟုတ်။ ဟိုရွှေ့လိုက် သည်ရွှေ့လိုက် အမူအယာတွေ က အေးအေးဆေးဆေးမရှိ။ ဒီအလုပ်မှာ သူက ကျွမ်းနေဟန်တူသည်။ မျက်နှာရိပ်မျက်နှာကဲကိုက လျင်မြန်ဖြတ်လတ်နေလေသည်။

လူမောင် ကတော့ အထူးတည်ငြိမ်၏ ။။ သူ့ခါးပတ်ပိုက်ဆံအိတ်ကြီးထဲမှ စီးကရက်ကိုထုတ်ယူ ကာ တစ်လိပ်ပြီးတစ်လိပ် သောက်ရင်း စဉ်းစားနေတတ်သည်။ မီးမီးသည် မမြင်ဖူးမတွေ့ ဖူးတာတွေ သိချင်၍ မအောင့်နိုင်လွန်းသော အခါ။ ခင်ခင်ဝင်းကို လက်တို့မေးရ၏ ။

‘ဘယ်အထိ သွားရမှာ လဲဟင်’

‘ဟိုဘက်ပေါ့’

‘ဟိုဘက်’

‘ဟိုဘက်မှာ တို့မိတ်တွေ တွေ က ကုမ္ပဏီကြီးနှစ် ခုတောင်ရှီတာ။ ဒီလိုလူမျိုးနဲ့ဆက်မိဖို့ဆိုတာ ဘယ်လွယ်မလဲ။ ဟိုကျ ညည်းတွေ့ ပါလိမ့်မယ်။ ငွေတွေ ဆိုတာ ပီနံအိတ်တွေ နဲ့ ထည့်ထားရတာ ’

‘ဒီလောက်တောင်’

‘အေးပေါ့။ ဒီမှာ က အကြီးစားစီးပွားရေး သမားတွေ ချည်းပဲ။ တို့က လိုချင်တဲ့ပစ္စည်းဝယ်ပြီး လက်မှတ်ထိုးထားခဲ့ရုံပဲ။ ပြီးတော့ ဒီဘက်က သူတို့မှာ တဲ့ဟာ ပြန်သယ်ပေးရုံပေါ့လေ။ ကိုယ့်အတွက် မကျန်ဘူးဆို သော င်းဂဏန်းတော့ ကျန်တယ်’

ခင်ခင်ဝင်းစကားများ ကို နားထောင်ရင်း အားတက်လာရ၏ ။

တည်းခိုခန်းငယ်တစ်ခုမှာ တည်းကြသည်။ မခမ်းနားသော်လည်း သပ်သပ်ရပ်ရပ်ရှိ၏ ။ လူမောင်တို့လင်မယားက တစ်ခန်း၊ မီးမီးအတွက် တစ်ခန်း။

‘ဒီမှာ တို့တစ်ညနားမယ်။ မနက် စောစောထပြီး ဟိုဘက်ကူးမယ်’

လူမောင်က ဒါပဲပြောပြီး ဘီယာသွားသောက်သည်။

ခင်ခင်ဝင်းနှင့် မီးမီးက အခန်းထဲမှာ ပဲ ခေါက်ဆွဲပြုတ်မှာ သောက်ကြသည်။ ခရီးပန်းသဖြင့် များများ မစားနိုင်။ ခင်ခင်ဝင်းက အိပ်ချင်ပြီဆိုပြီး သူ့အခန်းသို့ ပြန်သည်။ မီးမီးလည်း အိပ်ယာပေါ်လှဲ လိုက်ရ၏ ။

တစ်ညလုံး အိပ်မပျော်။

အိမ်က ထွက်လာတာ သုံးရက်ရှိပြီ။ သားလေးနေမှ နေရဲ့ လားမသိ။ ခင်ခင်ဝင်းတို့နှင့် ကုန်ကူး သွားဖို့ဆိုပြီး အပြောကောင်းလွန်း၍ ဤငါးရာကို ချေးပေးခဲ့ခြင်း ဖြစ်သည်။ မုန့်လင်မယား အရင်း အတွက်ဆိုလျှင် နှစ် ရာသုံးရာထက် ဘယ်တော့မှ ပိုမရခဲ့။

ဈေးထဲမှာ အထည်ဆိုင်လေး ဖြစ် ဖြစ်၊ တိုလီမိုလီဆိုင်လေး ဖြစ် ဖြစ် ကုနြေ္ဒရရ ၀င်ငွေမှန်မှန်လေး ရလျှင် တော် ပါပြီ။

သားလေး နောင်ရေး အတွက်။

သည်ဘက်မှာ အလုပ်ကောင်းရင်တော့ ကောင်းသလို မိုးရွာတုန်း ရေခံရမှာ ပဲ။ အမေ့လက်ထဲ ငွေများများ ထည့်၊ သားလေးကို မူကြိုပို့။

ခင်ခင်ဝင်းတို့လင်မယားကို အားကျ၏ ။ သူတို့သည် တက်ညီ၏ ။ ကလေးမယူကြဘဲ ဒိုးတူ ဘောင်ဘက်လုပ်စားခဲ့ကြသည်။ ရန်ကုန်မှာ အလုပ်အကိုင်အဆင်မပြေလို့ဆိုပြီး ခရီးထွက်သွားကြ တာ လေးငါးခြောက်လပဲရှိဦးမည် ။ ပြန်လာတော့ ရွှေတွဲ လဲ၊ ငွေတွဲ လဲ၊ လူမောင်ကလည်း စီးကရက်ခဲ လို့၊ ခင်ခင်ဝင်းကလည်း ရုပ်တွေ ဘာတွေ ပြောင်းလို့။

အိပ်မပျော်ဘူးသာ ပြောရသည်။ အိပ်မက်တွေ မက်လိုက်တာစုံလို့။ အိပ်မက်ထဲမှာ သားလေး ပြေးလွှားနေတာလဲပါသည်။ အမေ ထမင်းချက်နေတာလဲပါသည်။ ပြီးတော့ ဘယ်ရောနေတာလဲ မသိ။ လူတွေ က ခုန်နေကြသည်။ မီးမီးလဲ ခင်ခင်ဝင်းနှင့် အတူ ၀င်လာနေသည်။ မီး ရောင် စုံနှင့် လူရောင် စုံ တွေ ကြားမှာ ရယ်သံတွေ က ညံနေ၏ ။ ပြီးတော့ အနံ့တစ်မျိုး။ စူးစူးရှရှ သည်အနံ့ကို ရှူရင်းမူးလာ သည်။ မျက်စိတွေ ဖွင့်မရ။

တံခါးခေါက်သံကြားရသည်။

‘မမီး မိုးလင်းတော့မယ် ထ..ထ’

ခင်ခင်ဝင်းလာခေါ်နေပြီ။ လူးလဲထရင်း အခန်းထဲက မျက်နှာသစ်ခွက်မှာ ကမန်းကတမ်း မျက်နှာသစ်ရ၏ ။ အ၀တ်လဲပြီး ထွက်လာသော အခါ သူတို့လင်မယားက အဆင်သင့် ဖြစ်နေလေပြီ။

‘အားနာလိုက်တာ’

‘ရတယ်၊ ကဲ ပစ္စည်းပါပြင်ပြီး တစ်ခါတည်းလိုက်ခဲ့ကြ၊ ကိုယ်လက်ဖက်ရည်စားပွဲက စောင့်မယ်၊ ကားခေါ်ထားမယ်’

လူမောင်က ပြောရင်း ခြေလှမ်း၏ ။

‘ဘယ်က ကားလဲ’

မီးမီးမေးလိုက်သည်။ လူမောင်က ထွက်သွားပြီ။ ခင်ခင်ဝင်းက မျက်လုံးမှေးစင်းပြပြီး..

‘ကုမ္ပဏီက ကားပေါ့။ ညက ဖုန်းဆက်ပေးတာ’

‘တယ်ဟုတ်ပါလား’

လက်ဖက်ရည်စားပွဲသို့ မီးမီးတို့ရောက်သော အခါ လူမောင်သည် မုန့်နှင့် လက်ဖက်ရည်ကို အားရပါးရ သောက်နေလေပြီ။ စားပွဲပေါ်မှာ မီးမီးတို့အတွက် လက်ဖက်ရည်နှစ် ခွက် အငွေ့တထောင်း ထောင်းနှင့် ။

‘မိန်းမ..ဒီဘက်လာ’

လူမောင်က သူ့မိန်းမကို သူ့အနားက ကုလားထိုင်မှာ ထိုင်ဖို့ ခေါ်၏ ။ ပြီးတော့ မီးမီးသောက်ဖို့ လက်ဖက်ရည်ပန်းကန်ကို မီးမီးရှေ့သို့ တိုးပေးလေသည်။

‘မြန်မြန်သောက် မမီး၊ ကားရောက်နေပြီ’။

လူမောင့်စကားကြောင့် ခင်ခင်ဝင်းရော မီးမီးပါ လက်ဖက်ရည်ပူပူကို ခပ်မြန်မြန်သောက်ကြ ရ၏ ။ ဒီက အစားအစာတွေ ကလဲ ထူးခြားတာပဲဟု မီးမီးတွေးလိုက်သေးသည်။

စားသောက်ပြီး လက်ဆွဲအိတ်ကို ကိုင်လိုက်သော အချိန်တွင် ခင်ခင်ဝင်းက မီးမီးလက်ကိုဆွဲ၏ ။

‘လာ သူငယ်ချင်း ကားလှလှကြီးစီးရမယ်’

မှော င်နေဆဲမို့ လူမောင်တံခါးဖွင့်ပေးသော ကားသည် ဘယ်လောက်လှမှန်း မီးမီးမမြင်ရချေ။ ထူးခြားသည်မှာ ကားကအရှည်ကြီး ဖြစ်၏ ။ မှန်လုံ ဖြစ်၏ ။ အထဲမှာ အိပ်၍ ရနိုင်လောက်အောင် ကျယ် သည်။ ဆိုဖာကြီးက အိနေသည်။ ပြီးတော့ မွှေးအီနေသော အနံ့။ ဘာနံ့မှန်းမသိ။ ရှူ၍ ကောင်းသည်။ မီးမီးက ရှူကောင်းကောင်းနှင့် အားရပါးရ ရှူလိုက်သည်။

‘မင်းက လွတ်လွတ်လပ်လပ် နောက်ခန်းထိုင်၊ တို့က ကုမ္ပဏီကလူနဲ့ စကားပြောရင်း လိုက်ခဲ့ မယ်’

ခင်ခင်ဝင်းက မီးမီးနားကပ်ပြီး စကားတိုးတိုးပြောသည်။

ကားမောင်းမည့် လူကို ကြည့်လိုက်၏ ။ ကားမီးရောင် ထဲဝယ် ဖြူစပ်စပ်အသားနှင့် လူကို မြင်ရ သည်။ သူက စကားတစ်ခွန်းမျှမပြော။

နောက်ဆုံး ဆိုဖာပေါ်ထိုင်ချလိုက်သော အခါ ကိုယ်တစ်ပိုင်းသည် ဆိုဖာထဲ နစ်ဝင်သွား၏ ။ ကားစထွက်၍ ခပ်ပြင်းပြင်းကွေ့လိုက်သော အခါ ကိုယ်သည် ယိုင်သွားလေသည်။

ကားမှန်ထဲမှအပြင်သို့ လှမ်းကြည့်လိုက်၏ ။ အဆောက်အအုံမြင့်မြင့်ကြီးများ ကို ရိပ်ခနဲ ရိပ်ခနဲ မြင်ရသည်။ ကားက အရှိန်ပြင်း၍ လားမသိ။ အပြင်ဘက် လှမ်းကြည့်ရသည်မှာ မူးချင်သလို ဖြစ်လာ သည်။

မွှေးအီအီအနံ့ကလည်း မျက်လုံးမှိတ်ပြီး ယစ်မူးချင်စရာကောင်း၏ ။ မရောက်ဖူးသော အရပ်မို့ ရှုခင်းတွေ ကြည့်ဦးမည် ဟု စိတ်ကူးသေးသည်။ သို့ သော် မျက်ခွံတွေ လေးလံလာသည်။ ညက အိပ်ရေး ပျက်ထားလို့ထင်ပါရဲ့ ။ ခေါင်းကို နောက်မှီထားလိုက်သော အခါ မျက်လုံးတွေ က ဖွင့်မရတော့။ ဘာမှ မသိတော့။ ဘာဆိုဘာမျှပင် မသိတော့။

•••


‘အဲဒီ တုန်းက အိပ်ဆေးခတ်ထားမှန်းမသိဘူးလား’

ခင်စန်းရီသည် တောင်ယာထဲက ရေမြောင်းဘေးမှာ အေးအေးဆေးဆေး ထိုင်နေသော မီးမီဆီ လာထိုင်ကာ မနေ့ညက ဇာတ်လမ်းကို ဆက်ခိုင်းနေလေသည်။ မီးမီးက တောင်ယာရေလောင်း တာဝန်ကျ၏ ။ ညက အိပ်ပျက်ပြီး ခေါင်းမူးနေသဖြင့် ဘုတ်ကိုင် ဒေါ်ကျီးကန်းထံခွင့်တောင်းထားရ သည်။ ခင်စန်းရီက တံမြက်လှဲတာဝန်ပြီးခဲ့ပြီ။ မီးမီးဘေးထိုင်ကာ ဆေးလိပ်သောက်နေသည်။ မီးမီးက ညှို့မှိုင်းတတ်သော မိုးတိမ်များ ကို ငေးကြည့်နေလေသည်။

‘ချစ်ဦးရေ.. သော ကဟူသမျှ တူတကွ.. မျှခံစားဝေ’

မြက်ပင်များ ကို ဆွဲနုတ်နေသော အကျဉ်းသူတစ်ဦး၏ တေးသံ ဖြစ်၏ ။ သူက..’ထောင်ဆိုတာ နေတတ်ရင်အဆောင်ပဲ’ဟူသော စကားဆိုကို လိုက်နာဟန်တူသည်။ တကယ်တော့ ငိုနေလည်း သည် အချိန်က ကုန်သွားသည်မဟုတ်။ သည်တော့ သီချင်းဆိုပြီး အချိန်ကုန်စေခြင်းသည် သက်သာစေမည် ပေါ့။

သို့ သော် မီးမီးကား တစ်ခါမျှ သီချင်းဆိုဖို့မကြိုးစားပေ။ စဉ်းစားသည်။ ဘ၀၏ အကွေ့ အကောက်၊ အဖုအချိုင့်များ ကို ရေတွက်သည်။ ဖြောင့်ဖြူးသော လမ်း ဘယ်မှာ လဲ။

‘ကျီပိုကြီးရေ..သော ကဟူသမျှ တူတကွ.. မျှခံစားပေ’

ခင်စန်းရီ နောက်နေပေမယ့် မီးမီး လိုက်မရယ်ချေ။

‘ကျီပိုကို သော ကတွေ မျှဝေမပေးချင်ပါဘူး။ သူက သူတော် ကောင်းကြီးပဲ။ သူ အေးချမ်းပါစေ၊ ကိုယ်ဒီမှာ ဒုက္ခ ဖြစ်နေတယ်ဆိုတဲ့ သတင်းတောင်သူ့ကို မသိစေချင်ဘူး။ ကိုယ့်ဘ၀နဲ့ကိုယ် ရှိပါစေ တော့။

တောင်ယာတောကို ဖြတ်လာသော လေက ခ၀ဲပန်းနံ့လေးများ ကို ယူလာသည်။ တောင်ယာထဲ တွင် စပါးလင်ခင်းသည် ယိမ်းက၍ နေ၏ ။ ကသစ်ပင်က အရွက်တွေ တုံးနေသည်။ တို့စရာ ခူးကြလွန်း သဖြင့် ကသစ်ပင်သည် အရွက်မနုနိုင်ရှာ။ အုတ်တံတိုင်းဘက်ကပ်လျက်မှာ တော့ မဉ္ဇုပန်းများ ခူးကာ ပန်းခိုင်လုပ်ပြီး ဘုရားကပ်လေ့ရှိ၏ ။ မနက် ၅ နာရီနှင့် ည ၇ နာရီစုပေါင်း ဘုရားရှိခိုးသော အခါ အဆောင်ဘုရားစင်မှာ မဉ္ဇူပန်းများ ဝေနေသည်ကို မြင်ရမည် ။

‘ဒါနဲ့..မမီးရောက်သွားတဲ့မြို့.. ဘာမြို့’

‘ဘန်ကောက်နဲ့နီးတယ်။ မြို့က ခပ်ငယ်ငယ်ပါ။ ကိုယ်လည်း တစ်မြို့လုံး လျှောက်သွားဖူးတာ မှ မဟုတ်တာ။ တစ်လတစ်ခါ ဈေးဝယ်ထွက်ရလို့ ဈေးပဲသိတယ်’

‘ကိုယ်ပိုင်ဂေဟာပေါ့နော်’

‘ကိုယ်သိသလောက်တော့ ဘာအနှောင့်အယှက်မှ မရှိဘူး။ ဧည့်သည်တွေ ကသိပ်များ တာ၊ ခြံထဲမှာ ဆိုင်ကယ်အပြည့်ပဲ၊ ဆိုင်ကယ်နဲ့ လာကြတာ’

ခင်စန်းရီတစ်ချက်ရယ်သည်။

‘ဘာရယ်တာလဲ’

‘ဆိုင်ကယ်နဲ့ လာကြတယ်ဆိုလို့’

‘နင်က .. ဘာနဲ့လာတယ်ထင်လို့လဲ’

‘သိဘူးလေ’

‘သေချာတာ ကတော့ ငွေဖြုန်းနိုင်တဲ့လူတွေ ပဲ’

‘ထိုင်းတွေ ပေါ့’

‘လူမျိုးစုံပါပဲ’

‘မမီးကို သနားလိုက်တာ’

ခင်စန်းရီက မီးမီးကို လှမ်းဖက်ရင်း ပြောသည်။ မီးမီးကိုယ်လုံးသည် သုံး၊ လေးလအတွင်း အနေအစား ဆင်းရဲ သွားပါလျက်၊ တင်းတင်းရင်းရင်း ရှိနေသေးသည်။

မီးမီး ကတော့ ကိုယ့်ကိုယ်ကို ရွံ၏ ။

ဘာနှင့်ဆေး၍ စင်ကြယ်ပါတော့မည် လဲ။

ဆေးကြော၍ ရနိုင်ကောင်းသည်မဟုတ်သဖြင့် မီးမီးကာကွယ်ခဲ့၏ ။ လွယ်လွယ်နှင့် သည်ဘ၀ အရောက်ခံခဲ့သူမဟုတ်။ မီးမီးဆိုတာ လုပ်ချင်တာကို ဖြစ်အောင်လုပ်တတ်ပြီး မလုပ်ချင်တာကို မလုပ် ဘဲ နေခဲ့သူပဲ။

‘အဲဒီ တုန်းက အိပ်ယာကနိုးမှ သိတာပေါ့နော်။ လမ်းမှာ တစ်ခါမှ မနိုးဘူးလား’

ခင်စန်းရီက သောက်လက်စဆေးလိပ်ကို မီးမီးလတ်ထဲထည့်ရင်းမေးသည်။ မီးမီးက ဆေးလိပ် ကို အေးအေးဆေးဆေးဖွာနေလိုက်၏ ။ ရေမြောင်းထဲသို့ ခိုကလေးတစ်ကောင် ရေလာသောက်သည် ကို ငေးကြည့်နေသည်။ ခိုကလေးသည် ခြေထောက်ပန်းရောင် လေးနှင့် ကိုယ်က မီးခိုးရောင် ။ ခြေ ထောက်ပန်းရောင် လေးကို ရေထဲချပြီး နှုတ်သီးနှင့် ရေသောက်လိုက်၊ ခေါင်းခါလိုက်လုပ်နေသည်။ ခဏ ကြာတော့မှ ခိုကလေးသည် တောင်ပံများ ကို ဖြန့်ကားပြီး သူ့အိမ် ဖြစ်သော ၇ ဆောင်ခေါင်မိုးဆီ ပျံသွား လေသည်။

‘အင်း.. လမ်းမှာ နိုးချင်လဲနိုးမှာ ပေါ့။ အိပ်ပျော်သွားတာက အဲဒီ မနက်ကနေ တစ်နေ့လုံး၊ ပြီးတော့ တစ်ညလုံး ပြီးနောက် တစ်နေ့လုံး၊ နောက်နေ့ ညနေ ၆ နာရီမှ ကောင်းကောင်းနိုးတာ။ ဒီတော့ ဒါလောက်တောက်လျှောက် အိပ်ပျော်တာလား။ ကြားထဲမှာ ဆေးတွေ ဘာတွေ ထပ်တိုးတာ ဖြစ်ချင်လဲ ဖြစ်မှာ ပေါ့။ ဘာမှမသိတာတော့အမှန်ပဲ။ ကောင်းကောင်းနိုးတဲ့အချိန်မှာ အခန်းတစ်ခုထဲမှာ အိပ်ယာပေါ်ရောက်နေပြီ။ ကားထဲမှာ မဟုတ်တော့ဘူး။ အခန်းထဲမှာ လဲ ဘယ်သူမှမရှိဘူး’

‘မမီး ကြောက်သွားမှာ ပေါ့’

‘ကြောက်တာ မဟုတ်ဘူး။ ကြောင်နေတာ’

‘အင်း… ဟုတ်မှာ ပေါ့’

‘ငါ.. ဘယ်ရောက်နေပါလိမ့်…လို့ ကြောင်နေတယ်။ အခန်းကို ကြည့်တော့လဲ နားမလည် ဘူး။ အခန်းထဲကနေ အပြင်ကိုမမြင်ရဘူး။ အခန်းကျဉ်းပေမယ့် အကောင်းစားပစ္စည်းတွေ ချည်းပဲ။ မွေ့ယာ ကောင်းကောင်း၊ ခေါင်းအုံးလှလှ၊ အိပ်ယာခင်းလှလှ၊ မှန်တင်ခုံနဲ့ အ၀တ်ထည့်တဲ့ဘီရိုနဲ့။ အပေါ့အပါး သွားတဲ့ အိုးတောင်ရှိတယ်။ အနံ့တစ်မျိုးကလည်း မွှေးလို့။ တယ် ဇိမ်ကျပါလားလို့တောင် တွေးမိသေး တယ်။ လူမောင်တို့ အလုပ်လုပ်တဲ့ကုမ္ပဏီက ဧည့်သည်ကို အကောင်းစားဧည့်ခံတာကိုးလို့လဲ အတွေး ပေါက်ခဲ့သေးတယ်။ တကယ်ကို တာချီလိတ်ဟိုဘက်ကမ်းက မြို့လို့ အောက်မေ့နေတာ..’

မီးမီးက ပါးစပ်ကိုမဲ့ပြီး ရယ်လိုက်သည်။

‘ဘာတွေ ဆီမန်းမန်းနေတာလဲ’

ထောင်ယာ၊ ဘုတ်ကိုင် ဒေါ်ကျီးကန်းရောက်လာသည်။

ခင်စန်းရီက အလိုက်သိစွာ ဆေးလိပ်တစ်လိပ်ပေးလိုက် ၏ ။ ဆေးလိပ်သည် ထောင်ထဲမှာ တန်ဖိုးအရှိဆုံးပစ္စည်း။

ဒေါ်ကျီးကန်းက ဆေးလိပ်ယူပြီး ထွက်သွားသည်။

‘မီးမီး နေမကောင်းလို့တဲ့၊ ကြည့်လိုက်ပါဦး’ဟု ခင်စန်းရီကို လှမ်းပြောသွားသေးသည်။

‘ဒေါ်ကျီးကန်းလို့ သူ့ကို နာမည် ပေးတဲ့လူကို ချီးကျူးပါတယ်။ တကယ့်ကို ဘယ်မှာ အစာရမလဲ ဆိုတဲ့ ကျီးကန်းမျက်လုံးကြီးနဲ့…။

ခင်စန်းရီက ပွစိပွစိ ပြောနေ၏ ။

မီးမီးကမူ အုတ်တံတိုင်း ဟိုဘက်မှာ လှမ်းမြင်နေရသော ထောင်ဆေးရုံကြီး၏ ခေါင်မိုးပေါ်မှာ ခို ကလေးများ ကိုငေးနေသည်။

‘နောက် ဘယ်လိုလုပ်သိလာလဲ’

‘အဲ.. ဘယ်လိုလုပ် သိလာလဲဆိုတော့။ ရုတ်တရက်ဆိုတော့ မသိသေးဘူး။ ဧည့်ခံနေတာလို့ပဲ မှတ်နေသေးတယ်။ တစ်ခုထူးခြားတာက လူမောင်နဲ့ ခင်ခင်ဝင်းကို မတွေ့ ရတာ ပဲ’

‘အေးလေ.. အတူလာကြတာပဲဟာ’

‘အခန်းထဲကို မိန်းမ တစ်ယောက် ပဲလာတယ်။ သူက ထိုင်းလိုလို၊ တရုတ်လိုလို မြန်မာစကား နည်းနည်း ပြောတတ်တယ်။ သူက ကိုယ့်ကို လာကြည့်ပြီး ခေါက်ဆွဲပြုတ်တစ်ပန်းကန်တိုက်တယ်။ ကိုယ်လဲဆာဆာနဲ့ စားပစ်တာပေါ့။ နောက် အိပ်ချင်လာတာနဲ့ အိပ်လိုက်တယ်။

‘အဲဒီ ခေါင်းဆွဲပြုတ်ထဲကော အိပ်ဆေးပါသေးလား’

‘မပြောတတ်ဘူးလေ။ အိပ်လို့ကောင်းနေတာတော့ အမှန်ပဲ။

နောက်နှစ် ရက်လောက်ကျမှ ရေတွေ ဘာတွေ ချိုးဖို့ အဲဒီ မိန်းမလာခေါ်တယ်။ သူက အနားက မခွာဘူး။ အဲသလို ရေချိုးခန်းသွားဖို့ အပြင်ကိုထွက်တော့မှ ကိုယ့်လိုအခန်းတွေ အများ ကြီးတန်းစီ နေတာတွေ့ ရတယ်။ ခန်းဆီးလှလှကြီးတွေ နဲ့ပေါ့။ စိတ်ထဲမှာ ကုမ္ပဏီက တည်းခိုခန်းတွေ အများ ကြီး လုပ်ထားပေးတာကိုးလို့ ထင်နေတယ်’

‘မမီးက အတော် ရိုးတာကိုး’

‘ဘယ်လိုလုပ် ဒီလိုကြီး တွေးမိပါ့မလဲ’

‘ကဲ ဆက်ပါဦး၊ ဘယ်တော့မှ ဟိုကိစ္စလုပ်ခိုင်းတာလဲ’

မီးမီးက သက်ပြင်းမှု တ်ထုတ်လိုက်ပြီးမှ…

‘အဲဒီ တုန်းက ကိုယ်တအား ငြင်းဆန်ခဲ့တာပေါ့..’

•••


‘ငါ့ကို.. ဒါလုပ်ဖို့ ခေါ်လာတာ’

သည်အသိကို ရလိုက်သည့်ခဏတွင်း မီးမီးသည် ဒေါသဖြင့် တက်မတက်ပင် ဖြစ်သွားရ၏ ။

‘ငါ့ကို …. ဒီအလုပ် လုပ်ခိုင်းမလို့.. ဟုတ်လား’

ကိုယ့်ဘာသာပြန်မေးမိ၏ ။

‘ငါ… နားကြားလွဲတာထင်တယ်၊ မ ဖြစ်နိုင်ဘူး’

ဦးနှောက်သည် အကြော်ကအကန်ငြင်းဆန်လေသည်။

ကိုယ့်နားကို ကိုယ်မယုံ။ ကိုယ့်အ ဖြစ်ကို ကိုယ်မယုံ၊ မ ဖြစ်နိုင်ဘူး။ ဒါဟာ လုံးဝမဟုတ်နိုင်ဘူး။

လူသည် မျက်ကလူးဆန်ပြာ။

နုတ်က မဟုတ်ဘူး။ မဟုတ်ဘူးဟု အော်သည်။

မြန်မာလို အနည်းငယ်တတ်သော အမျိုးသမီးက ညှာတာမှု ပါသော မျက်လုံးများ ဖြင့် ကြည့်၏ ။

‘နင်သဘောတူလို့ လိုက်လာတာ မဟုတ်ဘူးလား’

မပီသပေမယ့် သူ့စကားကို နားလည်၏ ။ မီးမီးက ခါးခါးသီးသီးပင် ပြောပစ်လိုက်သည်။

‘ဒီမျက်နှာကိုကြည့်၊ ငါ့ကို ဘာမှတ်လဲ၊ ငါဘာလို့ အလုပ်ကိုသဘောတူပြီး လိုက်လာရမှာ လဲ။ နေပါဦး ခင်ခင်ဝင်း ဘယ်မလဲ၊ လူမောင်ကော’

မီးမီး အော်ဟစ်သံကြောင့် မျက်နှာကျက်မှ မီးအိမ်လေးပင် တုန်ခါသွားပုံရ၏ ။ ၀တ်ဆင်ထား သော အင်္ကျီလက်တို၊ လက်မောင်းအထိ ခေါက်တင်လိုက်သည်။ ပြန့်ကျဲဝဲကျနေသော ဆံယဉ်တချို့ကို လက်နှစ် ဖက်ဖြင့် သပ်တင်လိုက်သည်။ ထမီဘကိုအတိုဆုံး ဖြစ်အောင် ပြင်ဝတ်လိုက်၏ ။ နှုတ်ခမ်းကို စေ့ကာ၊ အံကိုတင်းတင်းကြိတ်ပြီး ထိုမိန်းမမျက်လုံးများ ကို စေ့စေ့ကြည့်လိုက်သည်။ ထိုမိန်းမကား အလွန်အမင်း အံ့သြပုံမရချေ။ သူ့အနေနှင့် အတွေ့ အကြုံများ ခဲ့ပြီး ဖြစ်ပေလိမ့်မည် ။

‘နင် မကျေနပ်ရင် အိမ်ရှင်ကိုပြောပြလိုက်မယ်’

သူက စဉ်းစားပြီးမှပြောသည်။

‘မကျေနပ်ဘူး။ နည်းနည်း မှ မကျေနပ်ဘူး။ ခေါ်ခဲ့ နင့်အိမ်ရှင်ကို’

ထိုမိန်းမ ထွက်သွားသည်။

တံခါးကို အပြင်က သော့ ခတ်ထားသည်။

မီးမီးသည် အင်္ကျီကို ဆွဲချွတ်ပစ်လိုက်၏ ။ လက်ပြတ်အင်္ကျီတစ်ထည် လဲလိုက်သည်။ အခန်းကို လှည့်ပတ်စစ်ဆေးသည်။ အုတ်နံရံများ ပိတ်ကာထား၏ ။ အပြင်သို့ ထွက်သော တံခါးပေါက်တစ်ခုပဲ ရှိ သည်။ မျက်နှာကျက်မှာ ဖြူဖွေးနေ၏ ။ မျက်နှာကျက်နှင့် အုတ်နံရံအစပ်မှာ သေတ္တာပုံသဏ္ဌာန်ပြတင်း ပေါက်တစ်ခုရှိသည်။ လေအေးစက် ဖြစ်ပေလိမ့်မည် ။ ဖွင့်၍ ရသော ပြတင်းပေါက်တစ်ခုမှမရှိ။ အမိုးကို ဖွင့်ထွက်လျှင်တော့ ရနိုင်ကောင်းသည်။

မျက်နှာကျက်သည် သုံးထပ်သား ဖြစ်လျှင်ပေါ့။

နံရံမှာ နံရံကပ်အ၀တ်ဘီရိုရှိ၏ ။ မီးမီးအ၀တ်အစားများ သည် ဘီရိုထဲမှာ စီကာစဉ်ကာ ရှိနေပြီ ဖြစ်၏ ။ ဟိုမိန်းမ ထည့်ထားပေးတာ ဖြစ်မည် ။ ကုတင်က မကျဉ်းမကျယ်။ နှစ် ယောက် အိပ်ဟုလည်း မပြောသာ။ တစ်ယောက် အိပ်ထက်လည်း ကျယ်သည်။

‘တောက်’

မီးမီးက ခပ်ပြင်းပြင်းတောက်တစ်ချက် ခေါက်လိုက်၏ ။ ပြီး မှန်တင်ခုံဘက် လှည့်ကြည့်လိုက် သည်။

ဇာဖြူပါးပါးအုပ်ထားသော မှန်သားမှာ မြတ်နိုးဖွယ် ဖြစ်၏ ။ မှန်တင်ခုံ ဘေးနံရံမှာ နိုင်လွန်ခန်းဆီး အတွန့်အတွန့်နှင့် ရှိသည်။

တစ်ဘက်နံရံမှာ မိန်းမနှင့် ယောက်ျား ဖက်တွယ်နမ်းရှိုက်နေပုံ ဓာတ်ပုံကားချပ်ကို မြင်ရသည်။ ရောက်စကတည်းက သည်ပုံကိုမြင်သား၊ ရိုးရိုးပဲထင်ခဲ့၏ ။ ယခုမှ သဘောပေါက်လာသည်။ တဆတ် ဆတ်တုန်လာအောင် ဒေါသ ဖြစ်၏ ။

အိမ်ရှင် ရောက်လာလျှင် ဘာပြောမလဲ။

ပယ်ပယ်နယ်နယ်ပြောပစ်ရမည် ။ မီးမီးဆိုသည်မှာ သည်အလုပ်မျိုးလုပ်ဖို့ မပြောနဲ့။ အပြောခံရ ရုံနှင့် ပါးရိုက်ပစ်ချင်သည်။ ငါ့မှာ မျိုးရိုးလဲမရှိဘူး။ ငါဟာ မိကောင်းဖခင် သားသမီး၊ တစ်ပြားမှ မရချင် နေ၊ လျှာမှာ မြက်ပေါက်လိုက်ဦး ဘယ်တော့မှ ဒီယုတ်ညံ့တဲ့အလုပ်နဲ့ အသက်မမွေးဘူး မှတ်ထား..’

ခု…ငါပြန်မယ်’

ခေါင်းထဲမှာ စကားလုံးတွေ ကို စီထားသည်။

ဘီရိုထဲက ကိုယ့်အ၀တ်အစားတွေ ကိုလည်း အဆင်သင့်ပြင်ထားမှပဲ။

ပြောပြီးတာနဲ့ ချက်ချင်း ပြန်ရမည် ။

ခင်ခင်ဝင်းတို့နှင့် မတွေ့ လည်း ကူလီထမ်းပြီး ဖြစ် ဖြစ်၊ စားစရိတ်ရှာပြီး ပြန်မည် ။

မှန်တင်ခုံပေါ်မှာ ရေပုလင်းရှိ၏ ။ ရေတ၀သောက်လိုက်မည် စိတ်ကူးပြီးမှ ပြန်ချထားလိုက် သည်။

သည်အခန်းထဲကရေကို မသတီချေ။

လှဲအိပ်နေရကောင်းမလား။

ဘယ် ဖြစ်ပါ့မလဲ။ ဒီအိပ်ယာကြီးပေါ်မှာ ။ အိပ်ယာကိုကြည့်ပြီး ရွံလာသည်။ အိပ်ယာခင်းက ဖြူဖွေးသန့်ပြန့်သော်လည်း သည်အိပ်ယာသည် ဘုံအိပ်ယာကြီးပဲ။ ရွံတယ်။ မီးမီးရွံလိုက်တာ။

ကိုယ့်ယောက်ျားကိုတောင် မသာယာနိုင်ခဲ့တဲ့လူလေ။ လူစိမ်းတရံစာများ နှင့် သည်အိပ်ယာမှာ အတူနေဖို့ဆိုတာ.. အသက်သာ အသေခံလိုက်မယ်။

အသက်ကို ပြင်းပြင်းရှူလိုက်၏ ။

ရင်ထဲက တင်းကြပ်မှု က လျော့မသွား။ တစ်ကိုယ်လုံး ပူလာသည်။ ကြာလျှင် မီးဟုန်းဟုန်းများ ထတောက်မလား။ အခန်းထဲက ပစ္စည်းတွေ တစ်ခုပြီးတစ်ခု ပေါက်ခွဲပစ်ချင်နေသည်။

ဒါနဲ့ ခင်ခင်ဝင်းတို့ ဘယ်ရောက်နေလဲ။ သူတို့က ဘာလို့လာမခေါ်ကြတာလဲ။ လမ်းမှာ ပြန်ပေး ဆွဲခံခဲ့ရတာ လား။ သူတို့ကော အန္တရာယ်ကင်းရဲ့ လား…။

လောလောဆယ်တော့ ကိုယ်လွတ်ရုန်းရမည် ။ မိမိကိုယ်မိမိ ကယ်တင်ရမည် ။

အားလုံးကို ရင်ဆိုင်ရန် အသင့်ပြင်ထားလိုက်၏ ။

•••


ဘာ ဖြစ်တာလဲ။

ကိုယ့်နားကို ကိုယ်မယုံချေ။

ဘာသာပြန်ပေးသော မိန်းမက မတုန်မလှုပ်။ မီးမီးကား တစ်ကိုယ်လုံး နတ်ကျသလို တုန်လာ သည်။

အိမ်ရှင်ဆိုသူ အမျိုးသမီးကလည်း ထူးခြားသော ကိစ္စမဟုတ်သည့်အတိုင်း၊ သူ့အနေနှင့် တော့ ငါးဖားဝယ်သလို၊ အင်္ကျီတစ်ထည် ထမီတစ်ထည် ၀ယ်သလိုလောက်ပဲ သဘောထားလေသလား မသိ။ စီးကရက်ကို ဟန်မပျက်ဖွာရင်း မထူးဆန်းသော သတ္တ၀ါတစ်ကကောင်လို ကြည့်နေသည်။ အသားအရေဖြူဖွေးပြီး မျက်ခုံးထူထူ နှုတ်ခမ်းထူထူနှင့် သူ့ပုံပန်းသည် သည်အလုပ်ကို ဦးစီးလုပ်ကိုင် နေသူဟု ထင်နိုင်စရာမရှိ။ ပကတိ အေးဆေးတည်ငြိမ်သော သူ့ဟန်ပန်သည် ရုပ်ရှင်ထဲတွင် မြင်ဖူး သော မင်းကတော် ၊ စိုးကတော် ကြီးများ ၏ ပုံမျိုး။ ရက်စက်ခြင်း၊ မာကျောခြင်း၊ ခက်ထန်ခြင်း၊ အမူအရာ များ ကိုသည်မိန်းမမှာ အလျင်းရှာဖွေ၍ မရချေ။

‘ပြန်ပြောစမ်းပါ ပြန်ပြောစမ်းပါ’

မီးမီးက အသံကိုမြင့်၍ အော်သည်။

ဘာသာပြန်ပေးသည့်မိန်းမက စိတ်ပျက်စွာ ခေါင်းကုတ်လိုက်၏ ။

အိမ်ရှင်မိန်းမကို လှည့်ကြည့်လိုက်၏ ။ အိမ်ရှင်မိန်းမက မီးမီးနားမလည်သော စကားများ ဖြင့် ပြန် ပြောသည်။ သူ့စကားများ အဓိပ္ပာယ်ကို နားမလည်သော်လည်း သူ့စကားများ တွင် ဒေါသမပါတာတော့ သေချာသည်။

ကိုယ့်ဘက်က သည်မျှပြင်းထန်ပေါက်ကွဲနေပါလျက် ဘာ့ကြောင့် များ သူတို့က အေးစက်စက် တုံ့ပြန်ကြပါလိမ့်။

ခဏကြာမှ ဘာသာပြန်မိန်းမက ခပ်ပြတ်ပြတ်ပြောသည်။

‘နင် ဘယ်လိုမှ ငြင်းလို့မရတော့ဘူး။ နင့်လူတွေ က နင့်ကို ရောင်းထားခဲ့တာ။ နင်အိမ်ပြန်ဖို့ အတွက် ဒီမှာ အလုပ်လုပ်ရမယ်။ သူတို့က ဘတ်တစ်သော င်းနဲ့ရောင်းခဲ့တာဆိုတော့ နင်က ဘတ် နှစ် သော င်းဖိုး အလုပ်လုပ်ပေးရမယ်။ အဲဒါကြေရင် ပြန်လွှတ်ပေးမယ် ဒါပဲ’

နှေးနှေးမှန်မှန်ကြားနေရေသော စကားများ က မီးမီးတစ်ကိုယ်လုံးကို လောင်မီးကျစေသည်။ တစ်ကိုယ်လုံး အရည်ပျော်တော့မည် ထင်ရ၏ ။ လူသည် ခြေထောက်ပေါ်မှာ ရပ်၍ မရတော့။ ဒူးဆစ်များ ပြုတ်ကျကုန်ပြီထင်သည်။ အေးချမ်းစွာ လှည့်ထွက်သွားကြသော မိန်းမနှစ် ယောက် ကိုကြည့်ရင်း ကြမ်းပေါ်ခွေကျသွားလေသည်။ မျက်လုံးထဲမှာ ဘာမျှမမြင်ရတော့။ ခေါင်းထဲမှာ လည်း ဘာမျှ စဉ်းစား ၍ မရတော့။ နီနီပြာပြာ၊ ၀ါဝါ၊ ခရမ်းအရောင် တွေ ရှုတ်ရှက်ခတ်နေတာကိုပဲ မြင်နေသည်။ နားထဲမှာ ၀ီခနဲ အသံတစ်ခု ကြားလိုက်ရပြီး နောက် ဘာမှမသိတော့။

•••


မောလိုက်တာ။

သတိရလာတော့ မောနေသည်။

ခရီးမည် မျှ နှင်ခဲ့ရသည်မသိ။

ခုတော့ မောနေတာပဲသိသည်။ အာခေါင်တွေ ခြောက်နေသည်။

ရေသောက်ချင်လိုက်တာ။

ရေသောက်ချင်တယ်။ မှန်တင်ခုံပေါ်မှာ ရေပုလင်းရှိတာကို သတိရ၏ ။ ထယူဖို့ ၀န်လေး နေသည်။ ရင်ထဲမှာ ပူလာ၏ ။ လူက ထ၍ မရ။ ကြမ်းပေါ်မှာ လူးလှိမ့်ပြီး မှန်တင်ခုံဘက်ရွှေ့ရသည်။ လက်နှစ် ဖက်စလုံးဖြင့် မှန်တင်ခုံအစွန်းကို အားယူပြီးမှ ရေပုလင်းကိုဆွဲယူလိုက်နိုင်သည်။ ပုလင်းအဖုံး ကို တော် တော် နှင့် ဖွင့်၍ မရ။ ရမည့် ရတော့ ကြမ်းပေါ်ဖိတ်ကျလာသည်။ ရေများ ကို အငမ်းမရမော့ချ၏ ။ တစ်ပုလင်းလုံးကုန်မှ အသက်ရှူ ဖြစ်လေသည်။

သည်တော့မှ ပုလင်းကို ကြမ်းပေါ်လွှင့်ပစ်ရင်း သတိတစ်ခု ၀င်လာသည်။

ငါ.. ကြမ်းပေါ်မှာ လဲနေတာပဲ။

ငါ…လဲကျသွားခဲ့ပြီ။ ငါ… ကျ ဆုံးသွားပြီလား။ ငါ.. ရှုံးသွားပြီလား။ ဒါဟာ ငါ့ရဲ့ အရှုံးနိဂုံးလား။ မ ဖြစ်နိုင်။ သတိဝင်နေသေးသမျှ အရှုံးပေး၍ မ ဖြစ်။ အသက်ရှူနေသေးသမျှ အရှုံးမပေးနိုင်။ သည်တော့ ဘာလုပ်ရမည် လဲ။

ရုန်းထွက်ရမည် ။ အသက်နှင့် ရင်းပြီး ရုန်းထွက်ရမည် ။ တွေ့ သမျှ အတားအဆီး၊ အကာအရံဆိုသည်မှာ လူတွေ လုပ်ထားတာပဲ။ တစ်နည်းမရ တစ်နည်းဖြင့် လွတ်မြောက်နိုင်ရမည် ။ မျှော်လင့်ချက်ဆိုသည်မှာ ဆုံးပြီမရှိ။ အသက်ရှင်နေပါလျက် အရှုံးပေးလိုက် လျှင် သည်ဘ၀မှာ နစ်မွန်း တော့မည် ။ နစ်မွန်းခံ၍ ဘယ်နည်းနဲ့မှမ ဖြစ်။ ခွန်အားရှိသမျှ ရုန်းရမည် ။

ခွန်အား.. ဟု သတိရမှ အားရှိအောင် အစာစားဖို့ သတိရလာသည်။ လူးလဲထပြီး မှန်တင်ခုံ ပေါ်ကြည့်လိုက်၏ ။ ကြက်ဥပြုတ်များ ဘီစကွတ်မုန့်ထုပ်၊ ပြီးတော့ အချိုရည်ဗူးများ ။

အားလုံးကို တစ်ထိုင်တည်းစားပစ်လိုက်သည်။

×××

‘အေး.. အဲသလို လိမ္မာမှပေါ့’

စား၍ ပြီးခါနီး မှာ ပင် ဟိုမိန်းမ၀င်လာသည်။

‘နင် အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား’

သူက လိုရင်းကပဲ မေးနေသည်။

မီးမီးက ပြုံးပြလိုက်၏ ။ သူက ပြန်မပြုံးချေ။ မီးမီးကို ယုံကြည်မရ။ မီးမီးက သူ့လက်ကို ဆွဲလိုက် သည်။

‘ဒီမှာ …အစ်မ’

‘ပြောစရာရှိ ပြော’

‘သိချင်သေးတယ်’

‘ဘာကိုလဲ’

‘ဒီမှာ လူဘယ်နှစ် ယောက် ရှိလဲ’

‘မိန်းမတွေ လား’

‘ဟုတ်ကဲ့ ကျွန်မလိုမျိုးပေါ့’

‘အများ ကြီး’

‘ဟင် အများ ကြီးဟုတ်လား’

‘နင် အလုပ်လုပ်ရင် တွေ့ မှာ ပေါ့’

‘နေပါဦး အလုပ်က ဘယ်တော့စမှာ လဲ’

‘နင် လက်ခံပြီဆိုရင် ပထမ နင့်ကို ဆေးခန်းပြမယ်။ လိုအပ်တဲ့ အ၀တ်အစား၊ အလှပြင် ပစ္စည်း တွေ ၀ယ်ရမယ်။ အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် စနိုင်ပြီ’

‘ဈေးဝယ်ရမယ်ဟုတ်လား၊ ကျွန်မ လိုက်ရမှာ ပေါ့’

‘ဘယ်လိုက်ခွင့်ပြုမလဲ၊ အဲ ဒါပေမယ့် နောက်တစ်လလောက်ဆိုရင်တော့ ဈေးဝယ်လိုက်နိုင် တယ်။ လောလောဆယ်တော့ ဒီခြံထဲက ဘယ်မှသွားခွင့်မရှိဘူး။’

မီးမီး ခဏနားပြီး အသက်ရှူသည်။

ထိုမိန်းမက ဘာမှမပြောတော့ဘဲ အခန်းရှင်းပေးနေသည်။

သူဟိုဘက်လှည့်နေဆဲ တံခါးပေါက်က လှစ်ခနဲပြေးရန် ကြံလိုက်သေးသည်။

သို့ သော် မီးမီးနောက်ကျနေသည်။ မိန်းမက တံခါးသော့ ကို ခါးမှာ ချိတ်ထား၏ ။ လုယူရ ကောင်း မလား၊ သူ့ကိုယ်လုံးနှင့် ကိုယ့်အားမတိမ်းမယိမ်းမို့ အနိုင်ရကောင်း ရနိုင်သည်။ သို့ သော် မသေချာ။

ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သော် ယခုထပ် ကြပ်တည်းသွားနိုင်သည်။ လောလောဆယ် သူ့ကို အသာတကြည်ပေါင်းပြီး သူနှင့် တစ်ပါတည်း ထွက်ခြင်းက ပို၍ အခွင့်သာနိုင်သည်။

‘ဒီမှာ အစ်မ’

‘ပြော’

‘အစ်မ အခန်းပြင်ထွက်ရင် ကျွန်မ လိုက်လို့ရမလား’

သူက မျက်လုံးမွှေးသေးသေးလေးကို မြှင့်လိုက်ပြီး

‘နင် အလုပ်လက်မခံသေးရင် လုံးဝထွက်ခွင့်မရှိဘူး’

ဒါပဲ ပြောပြီး အပြင်ထွက်ရန်ပြန်သည်။

‘နေပါဦး’

သူ့လက်ကို ဆွဲရပြန်သည်။ သူက သိပ်စိတ်ရှည်ဟန်မတူ။ မီးမီးကို ခပ်တင်းတင်း စောင်းကြည့် သည်။

‘ကျွန်မ ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ’

‘သုံးညနဲ့ လေးရက်’

‘ဒီလောက်တောင်’

‘နင့်ကို သဘောပေါက်အောင်ပြောပြီးပြီ၊ မြန်မြန် အိမ်ပြန်ချင်ရင် မြန်မြန်အလုပ်လက်ခံ၊ ငြွေေ ကတော့ ပြန်နိုင်တယ်’

သူက အပြင်ထွက်ဖို့ ခြေလှမ်းပြင်သည်။

‘နေဦးလေ အစ်မကလဲ’

‘ကျွန်မမှာ အလုပ်ရှိသေးတယ်’

‘ဟိုဒင်းပါ ငွေကြေဖို့ဆိုတာ ဘယ်လောက်ကြာမလဲ’

သူက မျက်ခုံးမွှေးသေးသေးလေးကို မြှင့်လိုက်ပြန်သည်။

‘ရှင်းရှင်းလေးပဲ နင် ဧည့်သည်များများ ရရင် မြန်မြန်ကြေမှာ ပေါ့’

ဧည့်သည်…

မီးမီးက ပါးစပ်မှ ရေရွတ်ရင်း ရွံရှာသွားသည်။

ဧည့်သည်တဲ့လား။ အဲဒါတွေ ကို ဧည့်သည်လို့ ခေါ်သလား။

‘ဧည့်သည်များများ ရဖို့က ဧည့်သည်ကြိုက်အောင် လုပ်ရမှာ ပေါ့။ ဒါတွေ နင်လုပ်ရင်းတတ်သွား မှာ ပါ’

‘လုပ်ရင်း တတ်သွားမှာ ’

မီးမီးက သံယောင်လိုက်ဆိုသည်။

သူက တစ်ချက်ပြုံးရင်း..

‘နင် ကံကောင်းပါတယ်။ နင့်ကိုတွေ့ ချင်လို့ စောင့်နေတဲ့သူတွေ အများ ကြီး’

‘ရှင် ကျွန်မကို တွေ့ ချင်လို့’

သူ အသံထွက်ရွတ်လိုက်၏ ။

‘မင်း ဒီမှာ ရောက်နေပြီဆိုတာ အိမ်ရှင် ကြေညာထားပြီ’

‘ဘယ်လို’

‘မင်း သဘောမပေါက်ဘူးထင်တယ်။ မင်းဒီမှာ ရှိတယ်ဆိုတာ ကြော်ငြာထားတယ်။ မင်းက မြန်မာမဟုတ်လား။ မြန်မာစစ်စစ်ရနိုင်တယ်လို့ ကြော်ငြာထားတာပေါ့။ ဒီမှာ မြန်မာရှားတယ်။ အဲဒါ မင်းကံကောင်းတာပေါ့’

မီးမီး တစ်လုံးမှ ပြန်မပြောနိုင်ခင် သူထွက်သွားသည်။

ကလင် ဟု မြည် သွားသော တံခါးသော့ ကျသံသည် မီးမီး နှလုံးသားကို ထုနှက်သွားလေသည်။

အမယ်လေး.. မြန်မာစစ်စစ်တဲ့လား…။

•••


မြန်မာစစ်စစ်တဲ့။

နင်..ကံကောင်းတယ်တဲ့။

နားထဲမှာ ပဲ့တင်ထပ်နေကြသည်။ လောလောဆယ် ဘာမျှစဉ်းစား၍ မရ။ သည်လိုနှင့် နောက် ထပ်တစ်ရက်ကူးသွားသည်။ စဉ်းစား၍ မရတိုင်း။ လွတ်လမ်းကိုရှာ၏ ။ အခန်းက ထွက်ပေါက်မရှိ။ သော့  အမြဲခတ်သည်။ ပရိယာယ်သုံးပြီး အပြင်ထွက်ခွင့်ရအောင် လုပ်ခြင်းနည်းလမ်းတစ်ခုကိုသာ တွေးမိ၏ ။ အလုပ်လက်ခံပါမည် ဟု ပြောပြီး အပြင်ထွက်ရတော့မှ နောက်ထပ်တစ်နည်းရှာနိုင်မည် ထင်သည်။

သည်မှာ ကြာနေခြင်းသည် သားလေးနှင့် ပြန်တွေ့ မည့် ရက်များ ကို ဖြုန်းတီးရာကျနေမည် ။ ကိုယ့်အသက် အသေခံသွားပြီးမှ သားလေးကို အမိမဲ့သားအ ဖြစ်ထားခဲ့၍ တရားမည် လား။ အပြင် ထွက်ခွင့်၊ မြို့ထဲသွားလာခွင့်တွေ ရလာဦးမည် ။ သည်တော့ ထိုအခွင့်အလမ်းများ အတွက် ယာယီအား ဖြင့် ‘အလုပ်လုပ်ပါမည် ’ဟုပြောရန် တစ်လမ်းပဲရှိသည်။

‘နေပါဦး၊ အလုပ်လုပ်မယ်ဆိုရင် အလုပ်ကရတဲ့ငွေကို ဘယ်သူသိမ်းမှာ လဲ’

ထိုမိန်းမကိုပင် မေးရ၏ ။

‘ငွေက နင်တို့လက်ထဲမထည့်ဘူး။ ပိုင်ရှင်မှာ တိုကင်ဝယ်ရတယ်’

‘တိုကင်’

‘အခန်းထဲ ၀င်ဖို့လက်မှတ်ပေါ့’

‘အင်း.. ပြောပြစမ်းပါဦး’

‘ပထမတော့ မှန်ခန်းကြီးထဲမှာ တန်းစီပြရတယ်။ လှေခါးထစ်တွေ နဲ့ ရှိုးပြတဲ့ စင်မြင့်ဆိုပါတော့။ အပြင်ကနေ ဧည့်သည်တွေ က ကြည့်ပြီးရွေးတယ်’

‘အင်း…နားလည်ပြီ’

‘ရွေးပြီးတော့ ကြိုက်တဲ့လူကို တိုကင်ဝယ်တာပေါ့’

‘မကြိုက်တဲ့လူကော ရှိလို့လား’

‘တစ်ညလုံး ဈေးဦးမပေါက်တဲ့လူလဲ ရှိတာပဲ’

ကြံကြံဖန်ဖန် ဒါကိုများ ‘ဈေးဦး’တဲ့။

‘နို့.. ကြိုက်တဲ့လူများ နေရင်ကော’

‘ရတယ်လေ။ တိုကင်ဆယ်ခု၊ ဆယ့်နှစ်ခုထိ ရောင်းနိုင်တယ်။ အလှည့်ကျဝင်ပေါ့။ တိုကင် တစ်ခုဝယ်ရင် ၁၅ မိနစ် အချိန်ပေးတယ်’

‘၁၅ မိနစ်’

‘ဟုတ်တယ် အဲဒီ ၁၅ မိနစ်ထက် ထပ်နေချင်သေးတယ်ဆိုရင် နောက်ထပ် တိုကင်တစ်ခု ထပ်ဝယ်လို့လဲရတယ်။ နှစ် ချိန်ထက်ဝယ်ထားလို့လဲရတယ်။ များများ ရတော့ စာရင်းမှာ ငွေများများ ၀င် တာပေါ့’

‘၁၅ မိနစ်ပြည့်တာကို ဘယ်လိုလုပ်သိမလဲ’

‘ဘဲလ်မြည် တယ်လေ။ အဲဒါ ဧည့်သည်က သိပါတယ်။ ချက်ချင်း လည်း နှင်မပစ်နဲ့ပေါ့။ နောက် မလာချင်အောင်မလုပ်နဲ့။ လာချင်အောင် လုပ်၊ ဒါမှ ကြွေးမြန်မြန်ကြေမှာ ’

ကြွေး…။ ကြွေးဆပ်ရတော့မည် ။ မြန်မြန်ကြေမှ သားဆီ မြန်မြန်ပြန်ရမည် ။

သို့ သော် မီးမီး အားလုံးလျှော့လိုက်ခြင်းကားမဟုတ်။ ရှေ့တစ်လှမ်းတိုးရန် နောက်တစ်လှမ်း ဆုတ်ရခြင်းသာ။ အပြင်ဘက်ရောက်မှ လွတ်လမ်းကိုရှာနိုင်မှာ မို့ ပြုံးချင်ဟန်ဆောင်ပြီး ပြောလိုက် သည်။

‘ကျွန်မ အလုပ်လုပ်မယ်’

မိန်းမက ခေါင်းညိတ်ပြီး ထွက်သွား၏ ။ လိုအပ်တာတွေ သူစီစဉ်တော့မည် ။

မီးမီးကား အပြင်ရောက်သည်နှင့် ထွက်ပြေးရန် အခွင့်အလမ်းရှာဖို့ ဆုံးဖြတ်ထားပြီးပြီ။

သြော်… သည်လိုအခွင့်အလမ်းရှာလို့ပေါ့။

ကျီပိုကြီးနဲ့ တွေ့ ခဲ့ရတာ လေ။

•••


ရာသီဥတုက မှု န်မှိုင်းနေ၏ ။

ဆီးနှင်းလား၊ မြူမှု န်လားခွဲခြားရန်ခက်သော ရေစက်ရေငွေ့တို့သည် တစ်ခြံလုံးကို လွှမ်းခြုံထား သည်။ ပင်စည်တုတ်ခိုင်သလောက် အခက်အလက်ဝေေ၀ဆာဆာ သစ်ရိပ်များ ကလည်း ခြံကြီးကို အကာအကွယ်ပြုပေးထားသည်။ ခြံစည်းရိုးများ မှာ တော့ ထီးရိုးဝါးများ ကို စိပ်စိပ်စိုက်ထားသဖြင့် ၀ါးရုံ တောကလေး ဖြစ်နေလေသည်။

ကွန်ကရစ်ခင်းထားသော ကွင်းပြင်သည် ညနေကျလျှင်တော့ ဆိုင်ကယ်တွေ နှင့် ပြည့်နေမည် ဖြစ်၏ ။ ယခု နေ့ခင်းမှာ တော့ ပကတိ လူသူကင်းရှင်းနေသည်။ ညဥ့်လူများ ဖြစ်၍ နေ့ခင်းသည် အိပ်ချိန် တည်း။

မီးမီးသည် ရေချိုးခန်းထဲမှနေပြီး ခြံကြီးကို အကဲခတ်နေ၏ ။

ခြံဝင်းအုတ်တံတိုင်းကား လူတစ်ရပ်မက မြင့်သည်။ ထိပ်ပိုင်းတွင် သံချွန်များ စိုက်ထားသည်။ အုတ်နံရံကို ခိုတက်ရန်မှာ မ ဖြစ်နိုင်ချေ။ ထွက်ပေါက်အနေနှင့် ကားဝင်ပေါက်ကြီးရှိသည်။ ထူထဲသော သံကိုယ်ထည်တံခါးကြီးက အမြဲလို ပိတ်ထားသည်။

တံခါးပေါက်ကြီးဘေးမှာ တော့ လူတစ်ကိုယ်ဝင်နိုင်သော လူဝင်ပေါက်ရှိ၏ ။ ထိုလူဝင်ပေါက်ကို လည်း သော့ ခတ်ထားပုံရ၏ ။ မနီးမဝေးတွင် မီးခိုးရောင် ၀တ်စုံနှင့် လူ တစ်ယောက် သည် လူဝင်ပေါက်ကို အဖွင့်အပိတ် လုပ်ပေးနေသည်။

မီးမီးက လူဝင်ပေါက်ကို ကြည့်ရင်းစဉ်းစား၏ ။ မီးခိုးရောင် ၀တ်စုံနှင့် လူကိုလည်း လေ့လာ၏ ။ သည်လူကို စည်းရုံး၍ ရနိုင်မည် လား။

သူ့မျက်နှာကား ကျောက်ရုပ်ကဲ့သို့ ရှိသည်။ ပြူးကျယ်သော မျက်လုံးများ ၊ ခိုင်ခန့်သော မေးရိုး များ ၊ ထူထဲသော မျက်ခုံးများ ၊ ပြီးတော့ သန်မာသော လက်မောင်းများ ။

နောက်တစ်ရက် ကုန်သွားသည်။

မီးမီးသည် ရေချိုးခန်းမှနေ၍ ထွက်ပေါက်ကို လေ့လာရဆဲ ဖြစ်၏ ။ လူအ၀င်အထွက်ကား နည်းပါးလွန်းလှ၏ ။ ဂေဟာက ညလုပ်ငန်းနဲ့ နေ့ခင်းသည် အလုပ်ပိတ်ချိန် ဖြစ်နေသည်။ တစ်ခါတခါမှ ကားအ၀င်အထွက်ရှိသည်။ ကားအ၀င်အထွက်တွင် ဂိတ်တံခါးကြီးကို ဖွင့်လိုက်သော အခါ ပြင်ပ၌ လွတ်လပ်ရှင်းလင်းသော လမ်းမကြီးကို မြင်ရ၏ ။ ယာဉ်အသွားအလာကား မတွေ့ ရ။ ဤနေရာသည် မြို့စွန်နယ်ဖျား ဖြစ်ပေလိမ့်မည် ။

ဟော… လူဝင်ပေါက်ဘေးအုတ်နံရံတွင် အပေါက်ကြီးတစ်ခုပါလား။ သစ်ပင်လေးတစ်ပင် ကပ် ပေါက်နေသည်ကို တူးပစ်ရင်း တစ်ပေခန့်ပေါက်သွားခြင်း ဖြစ်မည် ။ အပေါက်သည် လမ်းမကြီးဘက် မဟုတ်ဘဲ ဘေးတိုက် ဖြစ်သဖြင့် ဘေးချင်းကပ်ရပ်မှ ခြံဝင်းကို တစ်ချို့တစ်ဝက် မြင်ရ၏ ။ အိမ်ရှင်သည် သည်အပေါက်ကို ဘာကြောင့် များ ချက်ချင်း ပြန်မလာသလဲ။ မီးမီးသည် ရသမျှ အခွင့်အရေး ဖြင့် ဘေးခြံ၏ လှုပ်ရှားမှု ကို စောင့်ကြည့်သည်။

လူသူလှုပ်ရှားတာကို မမြင်ရချေ။ သစ်သားချောင်းများ သယ်ယူပြောင်းရွှေ့နေတာမြင်ရ၏ ။ တစ်ချက်တစ်ချက်တွင် လက်တစ်စုံ၊ ခြေသလုံးတစ်စုံကို မြင်ရသည်။ ထိုခြေသလုံးပိုင်ရှင်သည် တစ်ခါ တစ်ရံ၌ လွှတစ်စင်းကို ကိုင်တတ်ပြီး တစ်ခါတစ်ရံ၌ မူ ရွေဘော်ရှည်ကြီးကို ကိုင်တတ်၏ ။ အိမ်သုံး ပစ္စည်းများ ပြုလုပ်သော လက်သမားကြီး ဖြစ်နိုင်လေသည်။

မီးခိုးရောင် ၀တ်စုံနှင့် လူသည် ယနေ့အိမ်ငိုက်နေပုံရ၏ ။ အ၀င်အထွက်တံခါးသို့ လမ်းလျှောက်ပုံ မှာ သွက်လက်ခြင်းမရှိ။ ပြီးတော့ သူသည် သစ်ပင်ခြေရင်းမှာ သွားမှီနေသည်။ မျက်လုံးများ ကိုမှိတ် ထားသည်။

မီးမီးဆုံးဖြတ်လိုက်ပြီ။

စွန့်စားရမယ်။

ရေချိုးခန်းတံခါးမှ နောက်ဖက်အ၀တ်လှန်းသော ကွက်လပ်သို့ ထွက်၍ ရသည်။ သည်ကွက် လပ်နှင့် ခြံဝင်းကြီးကို သစ်သားနံရံနှင့် ကာ၍ ထားလေ၏ ။ သည်နံရံလောက်တော့ မီးမီးမမှု ချေ။ ငယ် ငယ်က သစ်ပင်တက်လမ်းကစားလာခဲ့သော ကျေးဇူးဖြင့် လွယ်လွယ်နှင့် ပင် သစ်သားနံရံကို ကျော် လိုက်နိုင်သည်။

ဟင်

ဟိုဘက်ခြံကလူ

ရွေဘော်ကိုကိုင်ထားသော လူ။

သူသည် မျက်လုံးနှစ် လုံးကို အုတ်နံရံအပေါက်မှာ ကပ်ပြီး စိုက်ကြည့်နေလေသည်။ စူးရှသော မျက်လုံးကြီးများ က မီးမီးကို အလွတ်မပေးဘဲ စောင့်ကြည့်နေကြ၏ ။

သူ မြင်သွားပြီ။

သူကဘာလဲ၊ အိမ်ရှင်ကို ပြန်တိုင်မှာ လား။

ကြာကြာစဉ်းစားချိန်မရ။ သစ်ပင်အောက်က မီးခိုးရောင် ၀တ်စုံနှင့် လူ မျက်လုံးဖွင့်မလာမီ မီးမီး လူဝင်ပေါက်ကို ဖွင့်နိုင်ရမည် ။

လှစ်ခနဲပြေးနိုင်ခဲ့ေ၏ ။

လူဝင်ပေါက်သို့ ရောက်၏ ။

သို့ သော် သော့ ခလောက်ကြီးက ဆိး၍ လှောင်နေလေသည်။

သော့ .. သော့  ဘယ်မှာ လဲ။

မီးခိုးရောင် ၀တ်စုံနှင့် လူမှာ ပဲရှိမည် ။ သူ့အိပ်ကပ်ထဲ ဖြစ် ဖြစ် ထည့်ထားနိုင်သည်။

သော့ ကို သူမနိုးအောင် ယူ၍ လွတ်ပါ့မလား။

မီးမီး ချွေးစေးများ ပြန်လာ၏ ။

ကြောက်ရင်လွဲ၊ ရဲရင် မင်း ဖြစ်။

ခြံကြီးကို တစ်ချက်ဝေ့ကြည့်လိုက်၏ ။ လူသူအရိပ်အယောင်မမြင်ရ။ မတတ်နိုင်။ မီးခိုးရောင် ၀တ်စုံနှင့် လူကိုပဲ လုရတော့မည် ။ ပထမတော့ အသာအယာသော့ ကို နှိုက်မည် ။ နိုးသွားတော့လည်း အကြမ်းပေါ့။

မီးခိုးရောင် ၀တ်စုံနှင့် လူသည် အိပ်မက်နေသလားမသိ။ မီးမီးက သူ့အင်္ကျီအိတ်ကပ်ထဲမှ သော့  ကို နှိုက်နေစဉ်၊ အင်း.. အဲနှင့် ညည်းနေ၏ ။ မီးမီးက သော့ ကိုအရအမိ ယူလိုက်နိုင်လေသည်။

သို့ သော် မီးမီး ကံဆိုးသည်။ ခပ်လှမ်းလှမ်းမှ တဲကလေးထဲတွင် မီးခိုးရောင် ၀တ်စုံ တစ်ယောက် သည် ရှိနေသေးသည်။ ထိုလူက အသံမပေးဘဲ ပြေးလာကာ မီးမီးကို ရိုက်ချလိုက်၏ ။ မီးမီးသည် သစ်ပင်ခြေရင်းတွင် ပုံလျက်လဲသွားလေသည်။

နောက်နှစ်ချက်ဆင့်ပြီး မေးရိုးများ ကို လက်သီးနှင့် ထိုးလိုက်သော အခါ မီးမီးသည် လက်ထဲမှ သော့ ကို သတိကြီးစွာ ဆုပ်ကိုင်ထားရင်း အရာအားလုံးကို မေ့သွားလေသည်။

အာရုံထဲတွင် မြောက်ဥက္ကလာမှ သားလေးထံ ရောက်နေသည်။

သားက အမေတွေ့ ရသဖြင့် မြူးထူးနေသည်။ မီးမီးက သားကိုဖက်ထား၏ ။

သားရယ်.. မေမေ့သားရယ်..။

သတိလည်လာသော အခါ မီးမီးဖက်ထားသော အရာမှာ အစောင့်မိန်းမ၏ ခြေသလုံး ဖြစ်နေ လေသည်။ ခြေသလုံးမှန်းသိလျှင် သိခြင်း စောင့်တွန်းပစ်လိုက်သည်။

ထိုမိန်းမက ဘာမှပြန်မလုပ်ချေ။

အသာအယာ တံခါးပေါက်မှ ထွက်သွားသည်။ ကလစ်ဟု မြည် သွားသော သော့ ကျသံက မီးမီး ကို လှောင်ပြောင်သွားလေ၏ ။

အခန်းထဲပြန်ရောက်နေမှန်းသိရသော အခါ အင်အားတွေ ပြိုဆင်းသွားသည်။

အခန်းထဲ၌ မီးအဖြူရောင် ထွန်းထားသဖြင့် ညမမှော င်သေးမှန်း သိရသည်။ ညအလုပ်ချိန် ရောက်လျှင် မီးရောင် သည် အဖြူမဟုတ်၊ ပြာလဲ့နေသော ၊ ၀ါလဲ့နေသော ၊ တစ်ခါတရံ၌ မူ ခရမ်းနုနု။

မီးမီးသည် လဲနေရာမှ ထမည် ပြု၏ ။

မရချေ။ ဒူးဆစ်တွေ ခဲနေသည်။ ဘယ်ဘက်ပါးက ယောင်ရမ်းနေသည်။

ပါးစပ်ကိုဟကြည့်တော့ တင်းပြီးနာနေသည်။

တံခါးဖွင့်သံနှင့်အတူ အစောင့်မိန်းမပြန်ဝင်လာ၏ ။ သူနှင့် ကပ်လျက် အိမ်ရှင်အမျိုးသမီး ပါလာ သည်။ အိမ်ရှင်က စကားရှည်ရှည်ပြောနေ၏ ။ ဒေါသသံကားမဟုတ်။ သူသည် အလုပ်တွင်းပြဿနာကို ကြုံဖူးနေကျ ဖြစ်မည် ။ အစောင့်မိန်းမက မြန်မာလိုပြန်ပြောကြ၏ ။

‘နင်ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် နင်လုပ်ခဲ့ ပြီးတဲ့ရက်တွေ အတွက် လုပ်ခတွေ အားလုံးကို စာရင်းကဖျက်လိုက်ပြီ။ အလုပ်ပြန်စမှ စာရင်းပြန်ဝင်မယ်။ နောက်တစ်ခါ ထွက်ပြေးရင်လဲ ရပြီးတဲ့ လုပ်ခတွေ ကို အကုန်ဖျက်ရလိမ့်မယ်။ ဒီတော့ ငွေမြန်မြန်ကြေချင်ရင် အလုပ်ကောင်းကောင်း လုပ်ပါ’

ဒါပဲပြောပြီး ပြန်ထွက်သွားကြသည်။

မီးမီးသည် အားကုန်ပြီး ကျန်ရစ်၏ ။

စာရင်းပယ်ဖျက်ခံရသော ငွေများ အတွက် မီးမီး မနှမြောချေ။

ငုံ့ခံရတာ နှင့် စာသော် စွန့်စား၍ ဆုံးရှုံးခြင်းကို ကျေနပ်သည်။ သည်နည်းဖြင့် မအောင်မြင်လျှင် နောက်တစ်နည်းရှာကြံရဦးမည် ဟု ခံယူ၏ ။ လောလောဆယ်မူ ကိုယ်တွေ မလှုပ်နိုင်။ ဒဏ်ရာကြောင့် သုံးရက်တိတိ နားရလေသည်။

ဆရာဝန်လိုလို၊ နားကြပ်ကိုင် အမျိုးသမီး တစ်ယောက် က နေ့စဉ်ဆေးလာထည့်ပေးသည်။ ဆေးထိုးရသည်။ မီးမီး အသာတကြည်ပင် ဆေးကုခံခဲ့၏ ။ ဆရာဝန်က မြန်မာစကားမတတ်သဖြင့် ဘာမျှမေး၍ မရ။ ကိစ္စမရှိချေ။

•••


အလုပ်ပြန်လက်ခံသော ည။

ပထမဆုံးဝင်လာသော ဧည့်သည်ကို မီးမီးက တာဝန်အရ ပြုံးရွှင်စွာ ကြိုသည်။ နို့နှင့် ကြက်ဥ မကျက်တကျက်ခေါက်ပြီး တိုက်သည်။

တစ်လုံးစနှစ်လုံးစ သင်ထားသော သူတို့ဘာသာစကားဖြင့် လောကွတ်ပျူငှာစွာ ပြောရသည်။ ပြီးတော့ သူ့ရှပ်အင်္ကျီကြယ်သီးများ ကို ဖြုတ်ပေးနေသည်။ ကြယ်သီးများ ဖြုတ်၍ မပြီးခင်မှာ ပင် သူသည် သူ့လက်ကြမ်းကြီးများ ဖြင့် မီးမီးလက်နှစ် ဖက်ကို ဖမ်းကိုင်လိုက်၏ ။ ပြီးတော့ သူငြိမ်နေသည်။

မီးမီးက သူ့ကိုမော့ကြည့်လိုက်၏ ။

သူ့မျက်လုံးထဲတွင် အခြားယောက်ျားများ မှာ တွေ့ ရသည့် ရမက်ကို မမြင်ရချေ။ အညိုရောင် မျက်လုံးများ သည် မှိုင်းမှု န်၍ နေသည်။ သည်မှိုင်းရိပ်များ က ကြင်နာမှု ကို ပြောပြကြလေသည်။

မီးမီးက သူ့မျက်လုံးများ ကို ကြာကြာမကြည့်အားပေ။

အလုပ်တာဝန်သည် အလုပ်တာဝန်သာ ဖြစ်၏ ။

၁၅ မိနစ်အတွင်း ပြုဖွယ်ကိစ္စအ၀၀ပြီးဖို့လိုသည်။ ဧည့်သည်မငြိုငြင်ဖို့ အရေး ကြီးသည်။ တခြား ဘာကိုမျှ မတွေးအားချေ။

သူက သက်ပြင်းချသည်။ ပြီးတော့ မီးမီးနဖူးကို အသာမွှေးလေသည်။ ပြီးမှ မီးမီးကို သူဖက် ထားသည်။ ပူနွေးသော သူ့ရင်ခွင်မှာ တဒိတ်ဒိတ်ခုန်နေ၏ ။ သန်မာသော သူ့လက်မောင်းများ မှာ မီးမီး ကျောကိုရစ်ပတ်ကာ သူ့မေးစေ့ကို မီးမီးခေါင်းပေါ်မှာ တင်ထားသည်။ တဖြည်းဖြည်းတင်းကြပ်လာ သော သူ့အပွေ့အဖက်ကြားတွင် မီးမီးသည် ရုန်းရခက်နေ၏ ။ သူ့ထံမှ သက်ပြင်းချသံပေါ်လာသော အခါ အလိုက်တသိပင် အိပ်ယာပေါ် လှဲချလိုက်ရ၏ ။

သို့ သော်..

သူခေါင်းရမ်းသည်။ မီးမီးကို ပြန်ထူသည်။ အိပ်ယာပေါ်မှာ ထိုင်စေသည်။ သူတစ်ခုခုပြောရန် ပြင်သည်။ သို့ သော် မပြောတော့။ အင်္ကျီအိတ်မှ ဘောပင်ကို ဖြုတ်လိုက်ပြီး စာရွက်ရှာသည်။ အခန်းထဲ မှာ က ဘာစာရွက်မှမရှိ။ ဤတွင် သူဝတ်လာသော ရှပ်အင်္ကျီကိုချွတ်လိုက်၏ ။ ပြီးမှ ရှပ်အင်္ကျီနောက် ကျောတွင် ဘောလ်ပင်နှင့် ရေး ခြစ်လေသည်။

မီးမီးက နားမလည်စွာ သူ့ကိုထိုင်ကြည့်နေရ၏ ။ သူရေး ခြစ်နေသော အရာများ မှာ စာလုံးများ မဟုတ်ချေ။ အနည်းငယ်ပုံပေါ်လာသော အခါ ခြံဝင်းတစ်ခုဟု နားလည်ရ၏ ။ ဟုတ်သည်။ ကားဝင် ပေါက်ကြီးမြင်ရသည်။ လူဝင်ပေါက်ကို မြင်ရသည်။ ဟိုဘက်မှာ ခြံဝင်းတစ်ခု။

မီးမီးခေါင်းညိတ်ပြလိုက်၏ ။ နားလည်ပြီ။

မီးမီးထွက်ပြေးဖို့ ကြိုးစားစဉ် တစ်ဘက်ခြံမှ စောင့်ကြည့်နေခဲ့သော မျက်လုံးကြီးများ ၏ ပိုင်ရှင် ပေပဲ။

သူက ခြေဟန်လက်ဟန်နှင့် ပြောနေသည်။ ကြိုးစားပြီး နားလည်အောင်လုပ်ရ၏ ။ သူ့အလုပ် မှာ လက်သမားဆိုပဲ။ မီးမီး ထွက်ပြေးဖို့ကြိုးစားတာကို သူမြင်သည်။ အရိုက်ခံရတာ ကိုမြင်သည်။ သူ လွန်စွာ စိတ်မကောင်း ဖြစ်သည်တဲ့။

သည့်ထက် အဓိပ္ပာယ်ဖော်တတ်မည် ဆိုလျှင်တော့..

‘မိန်းကလေးရယ်၊ မင်းဟာ ဒီအလုပ်လုပ်ဖို့လာတာ မဟုတ်ဘူးဆိုတာ ကိုယ်နားလည်တယ်။ တစ်စုံတစ်ရာသော အကြောင်းကြောင့် မင်းအတင်းအကြပ် အခိုင်းခံရတယ်လို့ ကိုယ်သဘောပေါက် တယ်။ မင်းဟာ သတ္တိကောင်းတယ်။ ယောက်ျား တစ်ယောက် ကိုအံတုပြီး တိုက်ခိုက်ရဲတယ်။ မင်းရဲ့ အကျဉ်းအကြပ်ကို မင်းတော် လှန်ရဲတယ်။ အင်အားချင်းမမျှလို့ မင်းလဲကျခဲ့ရပေမယ့် မင်း တော် ရုံနဲ့ လက်မလျှော့ဘူးဆိုတာ ကိုယ်သိနေတယ်။ မင်းကိုလေးစားတယ်။ ပြီးတော့ ကြင်နာတယ်။ မင်းကို ကူညီချင်စမ်းပါရဲ့ မိန်းကလေးရယ်’ စသဖြင့် စကားလုံးတွေ ကို ရနိုင်မည် ထင်သည်။

မီးမီးသည် သူ့ကိုမည် သို့ ပြန်ပြောရမှန်းမသိချေ။ သူနဲ့ဘာသာသာစကားတူသည့်တိုင်အောင် သူ့နားလည်မှု ကို တုံ့ပြန်သော စကားများ မီးမီး ပြောတတ်မည် မဟုတ်။

လူသူမနီးသည့် တောကြီးမျက်မည်းတွင်း ထူးဆန်းသော သတ္တ၀ါတစ်ဦးကို တွေ့ လိုက်ရသလို သူ့ကိုမျက်တောင်မခတ် ကြည့်နေမိ၏ ။ နီညိုသော မျက်နှာ၊ မူလက ဖြူနိုင်သော အသားအရည်မှာ နေလောင်ထားပုံရ၏ ။ နီညိုပြီးကြမ်းတမ်းနေသည်။ ကျယ်ပြန့်သော နဖူးပေါ်မှာ မဖြီးမသင် ဆီမလူး သော ဆံပင်များ က ခပ်ရိုင်းရိုင်းဝဲကျနေကြသည်။

အနည်းငယ်အထက်သို့ ထောင်တက်သွားသော မျက်လုံးမွှေးများ က ထူထဲနေပြီး သူ့ဆံပင် အရောင် လိုပင် နီကျံကျံ ဖြစ်သည်။ မျက်လုံးများ က ညိုမောင်းနေကြ၏ ။ သည်ညိုမောင်းသော မျက်လုံး များ က အထူးခြားဆုံး ဖြစ်သည်။

ရမက်ကင်းသော ကြင်နာမှု အရိပ်များ ကို အနီးကပ်မြင်နေရသည်။ လက်မောင်းကြွက်သားများ က ဖုထစ်နေပြီး လက်ဝါးကြီးများ က ကြမ်းရှ၏ ။ ရင်ပတ်မှ နီကျံကျံအမွှေးရှည်ကြီးများ သည် ဟိုဘက် သည်ဘက်မှ အလယ်ဗဟိုသို့ ယိုင်လာကြကာ အလယ်တွင် စုပေါင်းပြီး တောက်လျှောက်အောက်ဖက် သို့ စုန်ဆင်းသွားကြသည်။ သူ့ရင်ပတ်မွှေးနှင့် ကိုယ့်ပါး ထိမိတိုင်း သွေးထဲတွင် စီးဆင်းမှု တစ်ခုကို သတိထားမိ၏ ။

ဘဲလ်မြည် သံကြားရပြီ။

မီးမီးက သူ့ရင်ပတ်မှ ခွာလိုက်၏ ။

သူ့ကိုမော့ကြည့်လိုက်သော အခါ မျက်လုံးညိုကြီးများ က ၀မ်းနည်းကြောင်းပြောပြကြလေသည်။

သူသည် မီးမီးကို တင်းတင်းဖက်ထားရာက အသာအယာခွာသည်။

နောက်တစ်ခါ လာပါဦးမည် ဟု အဓိပ္ပာယ်ပေါက်အောင် လက်ဟန်ပြသည်။ ထွက်တော့မည် အပြု မီးမီးနဖူးကို ခပ်ကြာကြာနမ်းလေသည်။ ကျေးဇူးတင်ကြောင်း ပြလိုက်ပြီးမှ မီးမီးသည် တစ်စုံ တစ်ခုကို သတိရလာ၏ ။ ခြေရင်းနံရံမှ စက္ကူဗူးထဲတွင် အထပ်လိုက်ရှိနေသော ပစ္စည်းတစ်ခုကို ယူကာ ပလတ်စတစ်များ ကိုခွာပြီး သူ့ထက်ထဲသို့ ထည့်လိုက်သည်။ ဘာသာစကားချင်းသာ တူကြမည် ဆိုလျှင်

‘အစ်ကိုရယ် ဒါလေးကို အခန်းဝက ပုံးထဲ ထည့်ထားခဲ့ပါ။ ဒီအိတ်စွပ်တွေ စေ့မစေ့ အခန်းစောင့် က ရေတွက်တယ်လေ။ ၀ယ်လာတဲ့လူနဲ့ ဒီသားရေအိတ်စွပ် စွန့်ထားတဲ့ပုံးထဲမှာ တွေ့ ရတဲ့အရေ အတွက်နဲ့ ကိုက်ရတယ်။ ၀င်လာတဲ့လူတိုင်းဟာ သူသုံးခဲ့တဲ့ ဒီအိတ်စွပ်ကို အခန်းဝက ပုံးကလေးထဲမှာ စွန့်ထားခဲ့ရတယ်။ အစ်ကိုလဲ အသုံးမပြုပေမယ့် ဒါလေးကို ထည့်ခဲ့မှ ကျွန်မ အပြစ်လွတ်မှာ မို့ပါ။ ကျေးဇူးတင်ပါတယ်နော်’

ဟု စီကာပတ်ကုံး ရှင်းပြနိုင်ပါလိမ့်မည် ။

ခုတော့ မီးမီးက သူ့ကို အရိုအသေပြုသော လက်ဟန်ဖြင့် သာ နှုတ်ဆက်လိုက်ရတော့ သူနား လည်ပါသည်။

အိတ်ကလေးကို ခေတ္တမျှစိုက်ကြည့်ကာ မီးမီးကို တစ်ချက်သာ လှည့်ကြည့်ပြီး ထွက်သွား သည်။ နောက် ဧည့်သည်အတွက် ပြင်ဆင်ချိန်ပေးရဦးမည် ဆိုသည်ကို သူ သတိရှိပုံရပါသည်။

သြော်.. ရုတ်တရက်တွေ့ လိုက်ရတဲ့ ကြယ်ပွင့်လိုပဲ၊ လင်းကနဲ လက်ပြီး ကောင်းကင်အမှော င် ထဲပြေးထွက် ကွယ်ပျောက်သွားတော့တယ်။

အဲဒါဟာ.. ကျီပိုကို စတွေ့ ခဲ့ရတဲ့ညပေါ့။

•••


ပြာလဲ့လဲ့မီးရောင် အောက်တွင် မီးမီးမျက်နှာဝင်းလက်နေပြီ။ မီးမီးက မှန်ထဲမှာ မြင်ရသော မျက်နှာကို စက်ဆုပ်စွာ ကြည့်လိုက်၏ ။ မိတ်ကပ်က အတန်ငယ်ထူနေသည်။ မထူ၍ လည်းမ ဖြစ်။ ဧည့်သည် တစ်ယောက် လက်ခံပြီးသည်နှင့် ခြယ်ထားသမျှ ပြယ်ကုန်၍ မ ဖြစ်သေး။ ဧည့်သည် နောက် တစ်ယောက် ၀င်မလာခင် ထပ်လိမ်းရခြယ်ရတာ မျိုးလည်း မလုပ်ချင်။ တတ်နိုင်သမျှ နားချင်သည်လေ။

နှုတ်ခမ်းနီကိုလည်း ရဲရဲဆိုးထားရ၏ ။ အဆီပါသော ခရင်ကို အပေါ်ကထပ်ထပ်ပြီးလူးရသည်။ နှုတ်ခမ်းထူထူ။ အရောင် တောက်တောက်၊ အဆီလက်လက်တို့သည် ရမက်ကြွယ်ပြီးသားလူများ ကို အမြန်ဆုံးခရီးဆုံးအောင် ကူညီသည်ဆို၏ ။ မီးမီး ကတော့ မှန်ထဲမှာ မြင်ရသော နှုတ်ခမ်းသားထူထူရဲရဲ များ ကို အရုပ်ဆိုးစွာ မဲ့ပစ်လိုက်လေသည်။

မျက်နှာအမွမ်းအမံထက်ပိုပြီး ဂရုစိုက်ရသည်က ခန္ဓာကိုယ်သန့်ရှင်းရေး ဖြစ်၏ ။ မွှေးပျံ့အေးမြ သော မွှေးအေးပ၀ါလေးများ ဖြင့် တစ်ကိုယ်လုံးကို ရေပတ်တိုက်သလို တိုက်ရသည်။ နေရာအနှံ့ မွှေးနေပြီဆိုတော့မှ ရေမွှေးအီအီကိုဖျန်းရ၏ ။ ဆံဖျားမှ ခြေဖျားအထိ မွှေးအီမူးမေ့နေစေရမည် ။ သည်လို ခန္ဓာကိုယ်သန့်ရှင်းရေး ပြီးသော အခါ အ၀တ်အစားအတွက်ကား ခေါင်းရှုတ်ခံစရာမလိုချေ။

ငါးကိုက်အရှည်ရှိသော ရောင် စုံရေခဲစောင်၊ နိုင်လွန်သား ပ၀ါရှည်များ ကို အိမ်ရှင်က ထုတ်ပေး ထားသည်။ ကြိုက်ရာကိုယူပြီး ကိုယ်ပေါ်မှာ ပတ်ထားရုံ ဖြစ်၏ ။ အတွင်းခံဆို၍ ဘာဆိုဘာမှ ၀တ်ရန် မလိုချေ။ သည်လောက်ကောင်းသော စိတ်ကူးကို ဘယ်ကရထားကြလေသလဲမသိ။

မှန်ကို ဇာဖြူဖြင့် ဆွဲဖုံးလိုက်ပြီးမှ မတ်တပ်ရပ်လျက် မှန်ထဲကြည့်မိသည်။

ဝါးတားတားမြင်ရသော ပုံကို ကိုယ့်ဘာသာပင် မမှတ်မိတော့။ မှန်မှ မျက်နှာလွှဲပြီး နံရံကို ကြည့် လိုက်သော အခါ ပြက္ခဒိန်မှာ မှတ်ထားသော ရက်စွဲများ ကို မြင်ရသည်။ ရက်စွဲတစ်ကွက်ကို ကြက်ခြေ ခတ်၍ မြင်ရတိုင်း နှလုံးသားသည် အော်ဟစ်ငိုကြွေးတတ်လေသည်။ တစ်ရက်ကုန်ဖို့အရေး ကျော်ဖြတ်ရတာ တောင်စဉ်တောင်တန်းတို့သည် ကြမ်းတမ်းခက်ထရော်စွတကား။

မှန်တင်ခုံစားပွဲပေါ်ကို ကြည့်လိုက်သော အခါ ကြက်ဥများ က တဟားဟားရယ်ကာ လှောင် ပြောင်နေကြလေသည်။ ရေပုလင်းကို တစ်ဝက်ကုန်အောင် မော့ချလိုက်၏ ။

ခြေရင်းဘက်နံရံအမြင့်တွင် ရေတံခါန်ရေပန်းများ ရှုခင်းဖြင့် ပုံဖော်ထားသော နာရီက စက္ကန့်တံ သည် မရပ်မနား ပြေးလွှားနေသည်။ နာရီလက်တံများ ကို လက်ဖြင့် ဖိထားလိုက်ချင်၏ ။ နာရီကလည်း ကိုယ့်ကို မညှာတာကြဘူးနော်။

ဘာမျှ မကြာလိုက်ခင်မှာ ပင် ဘဲလ်တီးသံကြားရ၏ ။

ကျောင်းတက်ခေါင်းလောင်းသံနှင့် မတူချေ။ ငရဲပြည်သို့ အခေါက်ခေါက်သွားမည့်  မီးရထားဥသြ သံကြီးပေါ့။ သည် ဥသြသံကြီးမှဝေးရာကို ထွက်နိုင်ဖို့ နည်းလမ်းတွေ ရှာရဦးမည် ။ လောလောဆယ်မှာ တော့ မိမိကို မိမိ သတိအနေအထားမှာ ပြင်ဆင်လိုက်ရ၏ ။

သော့ ဖွင့်သံနှင့် အတူ တံခါးပွင့်သွားပြီ။ ခန္ဓာကိုယ်တစ်ခုသည် အခန်းထဲသို့ ကသော ကမျှော ၀င်လာလေသည်။ ယိုင်ထိုးလာသော ထိုခန္ဓာအတ္တဘောကြီးနှင့်အတူ ခပ်ပြင်းပြင်းအရက်နံ့လည်း ပါလာသည်။ သည်အရက်နံ့ကြီးထဲတွင် အသက်ရှူရဦးတော့မည် ။

နှာခေါင်းရှုံ့ချင်စိတ်ကို မျိုသိပ်ရဦးမည် ။ မပြုံးချင်ပါပဲနှင့် သူ့ကို ဆီးကြိုလိုက်ရ၏ ။

‘ရှင့်ကို ကြိုဆိုပါတယ်’

အခန်းစောင့်မိန်းမက လိုအပ်သော စကားမျာကို သင်ထား၏ ။

သူတို့ဘာသာစကား၊ သူတို့ဓလေ့ဖြင့် နွေးထွေးစွာ ကြိုဆိုရမည် ဟု အမိန့်ထုတ်ထားသည်။

ဧည့်သည်ကို မငြိုငြင်စေရ၊ မနှစ်သက် တာမရှိစေရ။ အလိုမကျမှု မ ဖြစ်စေရ။

ရိုသေလှပစွာ ဆီးကြိုခြင်းကို မီးမီးတတ်မြောက်ခဲ့ပြီးပြီ။

ထိုပုဂ္ဂိုလ်က ဘာမှပြန်မပြောပေ။ မီးမီးကို ရီဝေသော မျက်လုံးများ ဖြင့် ကြည့်နေသည်။ တစ်ကိုယ်လုံးကို စုန်ဆန် စစ်ဆေးနေလေသည်။

ငြိမ်နေသော သူ့ကို မီးမီးကပင်ဆွဲယူပြီး အိပ်ယာပေါ်တွင် ထိုင်စေရ၏ ။ မျက်နှာကို တစ်ချက် နမ်းပြီး မှန်တင်ခုံစားပွဲပေါ်မှာ အသင့်ပြင်ထားသည့် ကြက်ဥမကျက်တကျက်ကို ဖောက်တိုက်သည်။ ပြီးတော့ သူ့ရှပ်အင်္ကျီကြယ်သီးများ ကို ဖြုတ်ပေးသည်။ အပေါ်ပိုင်းဗလာ ဖြစ်သွားသော ထိုခန္ဓာကိုယ် ကြီးတွင် အမွှေးများ ထူထပ်စွာ ပေါက်နေသည်။ ကြမ်းတမ်းသော အမွှေးများ ကိုကြည့်ပြီး မီးမီး ကြက်သီးထသွားသည်။

သူက မီးမီးကို စူးစူးရဲရဲကြည့်ပြီး လက်ညှိုးတစ်ချောင်းထောင်ကာ ‘ငါ နံပါတ်တစ်နော်’ ဟု သူတို့ဘာသာစကားဖြင့် ပြောသည်။

‘ဟုတ်ပါတယ် ရှင်နံပါတ်တစ်ပါ။ ရှင်ကံကောင်းပါတယ်’

မီးမီးက စိတ်ပေါက်ပေါက်နှင့် ကိုယ့်ဘာသာစကားဖြင့် ရေရွတ်လိုက်သည်။ သူက ဘယ်လို နားလည်သွားသလဲမသိ။ တဟားဟားရယ်ပြီး မီးမီးကို ချီမြှောက်ကာ အိပ်ယာပေါ်ပစ်တင်လိုက်သည်။ စပရင်မွေ့ယာထဲသို့ မီးမီး ကိုယ်တစ်ဝက်နစ်ဝင်သွားလေ၏ ။

‘နံပါတ်တစ်၊ နံပါတ်တစ်’

သူက တတွတ်တွတ်ရွတ်ရင်း သူ့လက်မောင်းကြီးက မီးမီးတစ်ကိုယ်လုံးပေါ်တွင် ရွေ့လျားနေ သည်။ ကြမ်းတမ်းသော အမွှေးများ က မီးမီးအရေပြားများ ကို ပွန်းပဲ့မတတ်ကျီစယ်ကြ၏ ။ စူးရှသော အရက်နံ့သည် ရမက်ဇောဖြင့် ထထားသော သူ့ပါးစပ်ထဲမှ တဟောင်ဟောင်ထွက်နေသည်။

သူ အသက်ရှူထုတ်လိုက်သော လေထဲမှာ လည်း အရက်နံ့သည် ပူလောင်စွာ ပါလာသည်။ သူ့ မျက်လုံးများ ကို မီးမီးမကြည့်တော့။ ကြည့်မိလျှင် သားကောင်ကိုဖမ်းမိသော ကျားတစ်ကောင်၏ မျက်လုံးများ လို နီရဲပူလောင်နေမှာ သေချာသည်။

မီးမီးသည် အသက်မဲ့ခန္ဓာတစ်ခုပမာ လျှော့ထားလိုက်၏ ။ အသိကို အဝေးကြီးကို ပို့လိုက် သည်။ ရုပ်နှင့် စိတ်ကို ခွဲလိုက်သည်။ ရုပ်သည် မိမိနှင့် မဆိုင်။ လုံးဝဥပေက္ခာ။

သို့ တိုင်အောင် ကြမ်းရှသော အမွှေးများ ဒဏ်က သတိပေးနေသည်။ ပါးလွှာသော အ၀တ်စကြီး များ ဖြင့် ပတ်ထားသော မီးမီးကိုယ်ပေါ်မှာ သူ့အမွှေးများ သည် ပျော်ရွှင်စွာ ခုန်ပေါက်နေကြလေသည်။

မကြာခင်မှာ ပင် အ၀တ်စကြီးတစ်ခုလုံး ကုတင်အောက်သို့ လျောကျသွားသည်။ ငရဲပြည်သွား သော ရထားသည် မီးခိုးငွေ့တထောင်းထောင်း၊ စက်သံတရွှဲရွှဲဖြင့် လျင်မြန်စွာ ခုတ်မောင်းနေလေ သည်။ မီးရထားခရီးသည်ကား မျက်စိမှိတ်ပြီး အသက်အောင့်ထားရလေ၏ ။

•••




ဝန်ဇင်းချစ်သူများ ရွှေကူမေနှင်း ၏ “ ကန္တာရ နှင်းဆီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နိုင်ငံတကာ အမျိုးသမီးခေါင်းဆောင်များ

စာပေလမ်း

အင်းစိန်မှတ်တမ်း