
(အမှာ စာ)
(Vital Voices အဖွဲ့ကို စတင်တည်ထောင်သူ ဟီလာရီ ရုဒ်ဟမ်ကလင်တန်)
၁၉၉၅ တွင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံတို့သည် ဘီဂျင်း၌ ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂ၊ စတုတ္ထအကြိမ် အမျိုးသမီးရေး ရာ ညီလာခံသို့ တက်ရောက်ခဲ့ကြသည်။
ကျွန်မသည်ထိုသို့ ညီလာခံ၌ စကားပြောရာတွင် ကျွန်မတို့၏ တိတ်ဆိတ်ခြင်းကို ဖြိုခွဲဖို့ အချိန်ရောက်လာပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင်အမျိုးသမီးများ ၏ အခွင့်အရေး ကို လူသားတို့၏ အခွင့်အရေး နှင့် ခွဲခြားခြင်း လက်ခံ တော့မည် မဟုတ်ကြောင်း၊ အမျိုးသမီးရေး ရာများ ကို နောက်ကွယ်တွင် သာ လူမသိသူမသိ ဆွေး နွေးခြင်းပြုလုပ်တော့မည် မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပါသည်။
ခွန်အားရှိသော အသံများ (Vital voices) အဖွဲ့ကို ကလပ်တန်အစိုးရလက်ထက်တွင် စတင်ထူးထောင်ခဲ့၏ ထိုအချိန်တွင် နိုင်ငံအများ အပြားသည် ဖိနှိပ်မှု များ ၊ ပဋိပက္ခများ ကြားမှ၊ ရုန်း ထကာ၊ ဒီမိုကရေစီထံ ပြောင်းလဲဖို့ စတင်လာကြသည်။
အိမ်ဖြူတော် နှင့် နိုင်ငံခြားရေး ဌာနမှ လူများ နှင့် အတူ ကျွန်မမိတ်ဆွေ နိုင်ငံခြားရေး ၀န်ကြီး ဟောင်း မယ်ဒလင်းအောလ်ဘရိုက်နှင့် ကျွန်မတို့သည် အမျိုးသမီးများ အနေနှင့် ၄င်းတို့၏ အနာ ဂတ်ကို ပုံဖော်ရာ၌ ထူးခြားသော အခန်းကဏ္ဍရှိသည်ဟု ယုံကြည်ခဲ့ကြသည်။
အကယ်၍ အမျိုးသမီးများ က နိုင်ငံရေး ၊ လူမှု ရေး ၊ စီးပွားရေး တို့တွင် ပါဝင်ရန် ရဲရင့်မည် ၊ ခွန်အားရှိမည် ဆိုပါက ကျွန်မတို့ကူညီကြရမည် ဟု ယုံကြည်ခဲ့ကြသည်။
နိုင်ငံခြားရေး ၀န်ကြီး ဌာနရှိ အခန်းလေးထဲမှာ စတင်ခဲ့သော စိတ်ကူးသည် ခွန်အားရှိသော အသံများ ဒီမိုကရေစီစတင်ရေး အ ဖြစ်၊ ကြီးထွားလာကာ၊ ခွန်အားရှိသော အသံများ က ကမ္ဘာလုံး ဆိုင်ရာ ပူးပေါင်းမှု (Vital Vioces Giobal Partnership) အမည် ရှိ NGO အ ဖြစ် ပေါ်ပေါက်လာခဲ့၏ ၊ တစ်ကမ္ဘာလုံးတွင် အမှု ထန်းနှင့် ပူးတွဲ ပါဝင်သူ ၁၀၀၀ ကျော်ရှိပြီး နိုင်ငံပေါင်း ၁၄၄ နိုင်ငံတွင် အမျိုး ခေါင်းဆောင် ၂၀၀၀ ကျော်၏ အလုပ်ကို အထောက်အကူပြုလျက်ရှိလေပြီ။
ဤအဖွဲ့အစည်းနှင့် တာဝန်များ သည် ကျွန်မနှလုံးသား၌ စွဲကပ်လျက်ရှိပါသည်။ နေ့စဉ်ပင် ဤအဖွဲ့အစည်း၏ သင်ခန်းစာများ ကို သယ်ဆောင်နေခဲ့ပါသည်။ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ၊ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေး ၀ါဒတွင် အမျိုးသမီးများ ၏ အခွင့်အရေး နှင့် တိုးတက်မှု ကို ထောက် ပံ့ရေး သည် နိုင်ငံခြားရေး မှု ၀ါဒအုတ်မြစ်အ ဖြစ် ယူမှတ်ခဲ့သည်။
မယ်လ်နီဗာဗီးယား က ကမ္ဘာ့အမျိုးသမီးများ အရေး အတွက် အလွတ်သဘောသံတမန် အ ဖြစ် ဦးဆောင်နေသည်။ ကမ္ဘာအရပ်ရပ်သို့ ကျွန်မသွားရောက်တိုင်း ဤအဖွဲ့မှ တစ်ယောက် ယောက် သည် ကျွန်မအား လာရောက်တွေ့ ဆုံးမြဲ ဖြစ်၏ ၊ သူတို့က သင်တန်း ဖြစ်စေ၊ အလည် အပတ် ဖြစ်စေ၊ သူတို့အလုပ် ရှေ့အနာဂါတ်အတွက် တိုးတက်ရန် အခွင့်အလမ်းကို ပြောလေ့ရှိ သည်။
၁၉၉၅ မှစ၍ ၊ အမျိုးသမီးများ ဖိနှိပ်ခံရသော နေရာများ ၌ တိုးတက်မှု ရှိလာကြောင်း ထင်ရှား လာသည်။ သူတို့လုပ်ပိုင်ခွင့်ရှိသော နေရာများ ၌ လည်း တိုးတက်မှု ရှိလာသည်။
အမျိုးသမီးများ သည် စုပေါင်းပါဝင်လုပ်ဆောင်ရာ၌ ထူးခြားစွာ ပြုလုပ်နိုင်ကြောင်း၊ ခိုင်မာ ကြံ့ခိုင်ကြောင်း ကျွန်မနားလည်းထားပါသည်။ သူများ မမြင်ဘဲကျော်သွားသော ပြဿနာများ ကို သူတို့ကမြင်တတ်သည်။ သူများ အလေးမထားနိုင်သော ၊ စောင့်ရှောင့်မပေးနိုင်သော လူထုထံ သူတို့ ကအရောက်သွားနိုင်ကြသည်။ ထို့ပြင် အခွင့်အလမ်းမရှိတော့ဟု ထင်ရသော ကိစ္စများ မှာ ပင်၊ သူ တို့က လမ်းစကို ရှာဖွေတွေ့ ရှိနေဆဲလည်း ဖြစ်ပေသည်။
ကမ္ဘာ့အမျိုးများ ၏ အဆင့်အတန်းသည် စိတ်ဓာတ်မြင့်မြတ်မှု နှင့် တရာမျှတမှု ကိစ္စချည်း မဟုတ်ချေ ၄င်းတို့သည် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု ရေး ကိစ္စများ တွင် လည်း မပါမ ဖြစ် ပါဝင်ကြရသူ များ ဖြစ်ပေသည်။
အကယ်၍ ၂၁ ရာစုတွင် အမျိုးကြီးများ နှင့် မိန်းကလေးငယ်များ ၏ အခွင့်အရေး ကို ပိတ်ပင် ပြီး၊ အနောက်မှာ ချန်ထားခဲ့မည် ဆိုပါက ကမ္ဘာကြီးသည် တိုးတက်မှု ကို ဖော်ဆောင်ရန် မ ဖြစ်နိုင် ချေ။
ဤစာအုပ်တွင် ဖတ်ရှုရမည် ဖြစ်သော အမျိုးသမီးခေါင်းဆောင်များ သည် ယဉ်ကျေးမှု အမျိုး မျိုးကို ကမ္ဘာအရပ်ရပ်မှ ဖော်ပြကြပါလိမ့်မည် ။ သူတို့သည် မတူသော ယဉ်ကျေးမှု များ ကို ဖော် ဆောင်ရင်း အရေး ကြီးသော တန်ဖိုးများ ကို မျှဝေကြပါလိမ့်မည် ။ သွင်ပြင်လက္ခဏာများ ကို ပြောပြ ကြပါလိမ့်မည် ။ သူတို့တစ်ဦးချင်းသည် စနစ်ကျသော ပြောင်းလဲမှု ကို ပြုလုပ်ရန် နည်းလမ်းများ ရှာ ဖွေခဲ့ကြသည်။ လူထောင်ပေါင်း၊ သန်းပေါင်းများ စွာ ၏ ဘ၀ကို မြင့်တင်ရန် နည်းလမ်းများ ကို ရှာဖွေဲခဲ့ကြခြင်း ဖြစ်သည်။
ဤအမျိုးသမီးများ သည် ခေါင်းဆောင်မှု ၏ ထူးခြားချက်နှင့် ပြောင်းလဲတတ်မှု များ ဖြင့် ပြည့် စုံသူများ ဖြစ်၏ ။ ၁၅ နှစ် ကြာ အတွေ့ အကြုံများ မှ ဤကဲ့သို့ စံ များ ဖြစ် ပြည့်စုံခြင်းကို အမျိုးသမီးများ အတွင်း ရင်းနှီးမြှုပ်နှံခြင်းသည်၊ ကျွန်မတို့ ဆောင်ရွက်ချက်များ ကို တိုးပွားသက်ရောက်စေနိုင် ကြောင်းလည်း သိရှိခဲ့ရလေပြီ။ ၄င်းတို့၏ အပြုအမူသည် ၄င်းတို့ကို ကိုယ်ပိုင်အင်အား လိုအပ်ချက် အတွက် အပေါင်းလက္ခဏာ စတင်မှု ပင် ဖြစ်ပေသည်။
ကမ္ဘာပေါ်ရှိ သန်းပေါင်းများ စွာ သော အမျိုးသမီး၏ အခွင့်အရေး ကို ပိတ်ပင်ခံရဆဲအချိန် တွင် ၊ လူ့အဖွဲ့အစည်းရှိ ငြင်းခုံပွဲများ မှ အဖယ်ခံထားရဆဲ အချိန်တွင် ၊ မိသားစု အတွင်းအပြင်း၌ အကြမ်းဖက်ခံနေရဆဲ အချိန်တွင် ၊ ကျောင်းများ မှခွင့်မပြုခြင်း၊ တရားရုံးများ သို့ ၀င်ရောက်ခွင့် မရ ခြင်း၊ ဈေးများ လူထုအပန်းဖြေ ပန်းခြံများ သို့ ၀င်ရောက်ခွင့် မရခြင်းအချိန်တွင် ဤအမျိုးသမီးများ ဆက်လက်ကြိုးပမ်းနေရခြင်းကို ပို၍ အသိအမှတ်ပြုရပေမည် ။
သူတို့၏ သတ္တိက၊ အခြားသူများ ကိုလည်း စိတ်ပါဝင်စားစေခဲ့၏ ။ စွန့်စားမှု များ နောက်ဆက် တွဲ ဖြစ်ရပ်များ က သူတို့သတ္တိကို အခြားသူများ ကလည်း ထောက်ခံလာချင်အောင် ဖြစ်စေခဲ့၏ ။ ပိုမိုကောင်းမွန်သော အနာဂတ် ဖြစ်နိုင်ရေး အတွက် သူတို့ကိုယ်ပိုင်အရည်အချင်းဖြင့် တည်ဆောက် နိုင်ရန် အခြားသူများ ၏ ယုံကြည်မှု က ကူညီခဲ့သည်။ ကျွန်မတို့သည် ကမ္ဘာကြီးအား ဤအမျိုးသမီး များ သည် သူရဲကောင်းများ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ကြေညာကြရပါလိမ့်မည် ။
ဤကိစ္စသည် နိုင်ငံခြားရေး မှု ၀ါဒ၏ လတ်တလော စိန်ခေါ်မှု မျှသာ မဟုတ်ပေ။ လူမှု ရေး တရားမျှတမှု ရိုးရိုးမဟုတ်ပေ။ ကျွန်မအမြင်တွင် ၂၁ ရာစု၌ အရေး အကြီးဆုံး ဖြစ်သည်။ ဤကိစ္စ သည် ပုဂ္ဂိရေး တာဝန်၊ တစ်ဦးချင်းတာဝန်လည်း ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန် ရှေ့တန်းတွင် ကျွန်မတို့တစ်ဦးစီအား အနည်းငယ်ပို၍ ရဲရင့်လာအောင်၊ အနည်းငယ်ပို၍ စွန့်စားလာအောင်၊ အနည်းငယ်ပို၍ လုပ်ကိုင်လာအောင်၊ လုပ်ဆောင်ခဲ့သော ဤအမျိုးသမီးများ ကို ကျေးဇူးတင် ကြောင်း၊ အသိအမှတ်ပြုကြောင်း ပြောကြားခွင့်ရသည်ကို အလေးအနက် ဂုဏ်ယူပါသည်။
******************
မောင်းနှင်အား (သို့ မဟုတ်) တာဝန်သိစိတ်
(နိဒါန်း)
မိတ်ဆက်ပေးသူ….မီရှဲလ်ဘက်ခ်ျလက်
၂၀၀၈ ခုနှစ် ၊ ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ကြောင့် စာစောင်တိုင်း၏ မျက်နှာဖုံးတွင် ပါနေ သော ကာလမှာ ဇာတ်လမ်းတစ်ခုက ကျွန်မအာရုံကို ဖမ်းစားခဲ့သည်။ ထိုဇာတ်လမ်းမှာ ကျွန်မတွေ့  ဖူးသမျှ၌ အဖြေရှာခြင်း ရှေ့တန်းတင် ဦးစားပေးသော ပထမဆုံး ဇာတ်လမ်း ဖြစ်နိုင်ပေသည်။
အိုက်စလန်အစိုးရသည် ဒေ၀ါလီခံကြောင်းကြေညာအပြီး၊ အမျိုးသမီး ၂ ဦးအား စီးပွားရေး စနစ် ပြန်လည်ထူထောင်ရန် ငွေချေးပေးခဲ့၏ ။ အစိုးရအရာရှိတစ်ဦး၏ အဆိုအရ ဘဏ်များ အားလုံး ပြိုလဲသော အခါ အမျိုးသမီးများ က ရှင်းလင်းဖို့ တာဝန်ယူနေသည်ဟု သိရ၏ ။
အမျိုးသမီးများ ချည့် ကိုင်တွယ်သော အောဒါကက်ပီတယ် သည် ငွေကြေးစီးပွား ကျဆင်းမှု များ မပါဘဲ ကျန်ခဲ့သော တစ်ခုတည်းသော ပုဂ္ဂလိက ငွေကြေးဌာန ဖြစ်သည်။
ထိုသို့ စီးပွားရေး အကျပ်အတည်းကာလတွင် အိုက်စလန်နိုင်ငံသားများ သည် ဂျုံနာ စီဂါဒါ ဒေါ့တာ ဆိုသူ အမျိုးသမီးကို ၀န်ကြီးချုပ်အ ဖြစ် ရွေးကောက်ပွဲ တင်မြှော က်ခဲ့ကြလေသည်။
ထိုဇာတ်လမ်းကို စာစောင်မှာ ဖတ်ရခြင်း ဖြစ်၏ ။ ဖတ်ရင်းဖြင့် တွေးမိသည်မှာ အိုက်စလန်းမှ အခြေအနေသည် ပြီးပြည့်စုံသော အဓိပ္ပာယ်ဟု သိရခြင်းပင် ဖြစ်၏ ကျွန်မဆောင်ရွက်နေသော ဗိုလ်တယ်လ်ဗွိုက်စ် ခွန်အားကြီးသော အသံများ အဖွဲ့မှ တစ်ဆင့်၊ ကမ္ဘာတစ်ဝန်းလုံးတွင် ပြောင်းလဲ မှု ကို ဦးဆောင်နေသူများ ဖြစ်သော အမျိုးသမီးများ အကြောင်း ကိုယ်တိုင်သိရှိခဲ့ရသည်။
ရ၀မ်ဒါနှိင်ငံမှ အမျိုးသမီးများ ဆိုလျှင်၊ ပြာပုံထဲမှကုန်းထကာ သူတို့နိုင်ငံလို ပြန်လည်တည် ဆောက်ကြသူများ ဖြစ်၏ ။ ရ၀မ်ဒါသည် ကမ္ဘာပေါ်ရှိ ပါလီမန်လွှတ်တော် များ ၌ အမျိုးသမီးကိုယ်စား လှယ် အများ ဆုံးပါဝင်သော နိုင်ငံ ဖြစ်ပေသည်။ ထို့ပြင်အာဖရိက၌ ပြည်တွင်းအသားတင် ထွက်ကုန် GDP-အမြန်ဆုံး တိုးတက်လာသော နိုင်ငံလည်း ဖြစ်သည်။
ပီရူးမှ လွှတ်တော် ကိုယ်စားလှယ် လူငယ်အမျိုးသမီးတစ်ဦးကလည်း အသက် ၂၈ သာရှိပြီး ဆင်းရဲနွမ်းပါးမှု တိုးတက်လာရေး ကိစ္စကို ရှင်းရန် တောင်းဆိုခဲ့သည်။အကြမ်းဖက်ခံရမှု များ နှင့် လူ့အခွင့်အရေး ကို တင်ပြခဲ့သည်။ အလားတူကိစ္စများ နယ်ပယ်တိုင်း၌ ရှိနေသည်။ နိုင်ငံတိုင်း၌ ရှိနေသည်။ ကမ္ဘာ့လူ့အသိုင်းအ၀န်း၌ ရှိနေလေသည်။
ထိုနေရာများ မှ အမျိုးသမီးများ ၏ ဇာတ်လမ်းများ သည် စီးပွားရေး အရလည်းကောင်း၊ လူသားချင်း စာနာမှု အရလည်းကောင်း၊ အခြားကိစ္စများ အ ဖြစ်လည်းကောင်း၊ အရေး ပေါ်နေချိန် တွင် ၊ ခေါင်ဆောင်များ အ ဖြစ် ထွက်ပေါ်လာကြပေသည်။
ကမ္ဘာပေါ်ရှိ အမျိုးသမီးများ မျိုးဆက်အဆင့်ဆင့်တို့သည် တရားမျှတမှု အရ တန်းတူညီမျှ ရေး ကို တောင်းဆိုလာခဲ့ကြ၏ ။ နောက်ဆုံးပြောရလျှင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုး သမီးများ ဖြစ်နေခဲ့သည်။
ဤအတိုင်း ဖြစ်လျှင် တရားမျှတမှု ကျောရိုး ခိုင်ခန့်ရန် အမျိုးသမီးများ အပြည့်အ၀ ပါဝင်ရန် လိုအပ်ပေသည်။ အမျိုးသမီးများ အနေနှင့် အခွင့်အလမ်းများ ၊ လမ်းစများ ပို၍ အောင်မြင်လာသည် နှင့် အတူ သူတို့၏ စုပေါင်းပါဝင်မှု သည်လည်း လူမှု ရေး ပြောင်းလဲမှု တစ်မျိုးအ ဖြစ် ဖြစ်ပေါ်လာလိမ့် မည် ။ ထိုအပြောင်းအလဲမျိုးသည် ကမ္ဘာက တစ်ခါမျှ မမြင်ဖူးသေးသော ပြောင်းလဲမှု မျိုး ဖြစ်လိမ့် မည် ။ ကျပ်တည်းခက်ခဲသော ကာလများ ၊ အန္တရာယ်ထူပြောသော နေရာများ ပင် အမျိုးသမီးများ သည် ကမ္ဘာကြီး၏ အရေး အကြီးဆုံး ပြဿနာများ ကို ကိုင်တွယ်ဖြေရှင်းနေကြလေပြီး။
အိုက်စလန်မှ အခြေအနေသည် တစ်ခုတည်းမဟုတ်ချေ။ အမျိုးသမီးများ နှင့် စီးပွားရေး တိုးတက်မှု အကြား ဆက်သွယ်မှု ကို ပြုလုပ်နေသော အခြားနိုင်ငံများ လည်း ရှိသေးသည်။ လွန်ခဲ့ သော လအနည်းငယ်က ၂၀၀၈ မတ်လတွင် လွိုက်ဗလန်ပဖင်းမှ အုပ်ချုပ်ရေး အရာရှိလည်း ဖြစ်၊ ဥက္ကဋ္ဌလည်း ဖြစ်သူ ဂိုးလ်မင်းစက်ခ်ျ ကအမျိုးသမီး ၁၀၀၀၀ အတွက်အလုပ်နှင့် အုပ်ချုပ်မှု ပညာ သင်ကြားရန်၊ ၅ နှစ် ကြာ ရင်းနှီးမြှုပ်နှံ့ဖို့အတွက် ဒေါ်လာ သန်း ၁၀၀ ခွင့်ပြုကြောင်းသမိုင်းတွင် အောင် ကြေညာခဲ့၏ ။
ဤအချက်က အမျိုးသမီးများ သည် ကောင်းကင်တစ်ဝက်ကို ကိုင်ထားလိုက်ပြီ ဟုဆိုလို ခြင်း ဖြစ်ရာ၊ ကမ္ဘာကြီး တိုးတက်မှု အတွက် အမျိုးသမီးများ ထံတွင် ရင်နှီးမြှုပ်နှံခြင်းအတွက် အငြင်း ပွားစေခဲ့၏ ။ ဂိုးဟ်မင်းကမှု ဤကိစ္စကို မှန်ကန်သည်ဟု ယူဆရုံမက၊ သူတို့စီးပွားရေး လုပ်ငန်း ရေရှည်တိုးတက်ရန်အတွက် မှန်ကန်သပ်ရပ်သော ရင်းနှီးမှု ဟု ယုံကြည်ကြပေသည်။
ဤကိစ္စအတွက် နယူးရော့ရှိ ကိုလံဘီယာ တက္ကသိုလ်၌ စတင် ပြုလုပ်စဉ်၊ စိတ်ပါဝင်စား စွာ စုရုံးနေကြသော ပရိသတ်ကြီးကို မြင်ရ၏ ။ အမျိုးသမီးများ ဖြစ်သည်။ သို့သော် ၀တ်စုံအနက် များ ဖြင့် အမျိုးသားများ ကိုလည်းပင်လယ်ကြီးတမျှ မြင်ရလေသည်။ ရှင်း သွားပါပြီ။ နေ့သစ်တစ်ခု ရောက်လာလေပြီ။
******************
၁၉၉၅ တုန်းကဆိုလျှင်…
ကျွန်မသည် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ အရေး အတွက် ပထမဆုံး စတင်ပြုလုပ်ခဲ့ရာ နယ်ပယ် ဤမျှမကျယ်ပြန့်ခဲ့ချေ၊ နယူးရော့တိုင်းထဲတွင် နီးကိုးလပ်စ် ခရစ်စ်တော့ အကြောင်းလည်း မဖတ်ရသေး။ အမျိုးသမီးများ အကြောင်း ဆောင်းပါးတွေ လည်း မရေး ကြသေး။ စာအုပ်တွေ လည်း အနည်း အကျဉ်းသာရှိ၏ ။ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရေး အတွက် အမျိုးသမီးများ ၏ ထူးခြားသော အခန်းကဏ္ဍကို ရေး သားခြင်း၊ ပြောဆိုခြင်း မရှိခဲ့ချေ။
ဇာတ်လမ်းအများ စုသည် အမျိုးသမီးများ အနိုင်ကျင့်ခံရမှု များ ၊ သနားစရာနှင့် အကာအ ကွယ်လိုအပ်မှု များ သာ ဖြစ်သည်။ ဘီဂျင်း၌ ပြုလုပ်သော ကမ္ဘာ့ကုလသမဂ္ဂအမျိုးရေး ရာ စတုတ္ထ အကြိမ် ညီလာခံမတိုင်ခင်အထိ အမျိုးသမီးရေး ရာကိစ္စများ သည် အစိုးရများ ၏ ၊ နိုင်ငံခြားရေး မူဝါဒ တွင် တို့ကာထိကာ ပြောရုံသာရှိခဲ့လေသည်။ စတုတ္ထညီလာခံတွင် ဟီလာရီကလင်တန်က အမျိုး သမီးအခွင့်အရေး သည် လူ့အခွင့်အရေး ပင် ဖြစ်သည်ဟု ပြောကြားခဲ့၏ ။
ယခင်ကဆိုလျှင် ဖွံ့ဖြိုးမှု နှင့် ဒီမိုကရေစီရေး အတွက် အမျိုးသမီးများ ၏ တိုးတက်ရေး သည် လမ်းကြောင်းတစ်ခု ဖြစ်ကြောင်း ရဲရင့်သော အသံအနည်းငယ်ကသာ ပြောဆိုခဲ့ကြသေးသည်။
ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခနှင့် ကမ္ဘာ့ဘဏ်မှ စီးပွားရေး ပညာရှင် ဖြစ်သူ လာရီဆမ်းမား ၏ ၁၉၉၄- လေ့လာချက်အရ လူတိုင်း၌ ရင်းနှီးမြှုပ်နှံရေး ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ၌ အမျိုးသမီးများ အား ပညာသင်ကြားပေးရေး စာတမ်းတွင် မိန်းကလေးများ ၏ ပညာရေး တွင် ရင်းနှီးမြှုပ်နှံခြင်းမှ ပြန်ရ လာသော စီးပွားရေး များ အကြောင်း အထူးပြုတင်ပြထားသည်။
နီုဗလ်ဆုရှင် စီးပွားရေး ပညာရှင် အမာယာစင်း ကလည်း နိုင်ငံတိုးတက်ရေး ၌ အမျိုးသမီး များ ပါဝင်ခြင်းလောက် ဘယ်အရာမှ အရေး မကြီး ဟု ရေး သားခဲ့သည်။ ၁၉၉၅ မှာ ပင် အချက်အ လက်အနည်းအကျဉ်း လွှမ်းမိုးမှု အနည်းငယ်ဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးတွင် နိုင်ငံများ သည် လူ ၅၀%က မပါဝင်လျှင် စီးပွားရေး ၊ လူမှု ရေး တိုးတက်ရန် ခက်မည် ဟု ဆိုထားသည်။
စစ်နှင့် ဆမ်းမားတို့ကဲ့သို့ ပင် ဟီလာရီကလင်တန်ကလည်း ကမ္ဘာ့အမျိုးသမီးများ ၏ မသုံးရ သေးသော အင်အားများ ကို ရင်းနှီးမြှုပ်နှံခြင်းသည် ရေရှည်ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီနှင့် စီးပွားရေး တိုးတက်မှု အတွက် အမြန်ဆုံးလမ်း ဖြစ်သည်ဟု ရှုမြင်သည်။
၁၉၉၇ တွင် ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးခေါင်းဆောင် ၅၅၀၀၀ တို့သည် ဘီဂျင်းတွင် ကုလသမဂ္ဂအစည်းအဝေးကျင်းပခဲ့ကြပြန်သည်။ ထိုအကြိမ်တွင် အမေရိကန်သမ္မတကတော် ဟီလာရီကလင်တန်က အိမ်ပြန်သွားခဲ့သဖြင့် နိုင်ငံခြားရေး ၀န်ကြီး မယ်ဒလင်း အောလ်ဘရို်က်က နိုင်ငံခြားရေး ဌာနတွင် ခွန်အားရှိသော အသံများ အဖွဲ့ကို စတင်ဖွဲ့ပေးခဲ့သည်။
ထိုအဖွဲ့ကားရဲရင့်၏ ။ အမျိုးသမီးများ ခေါင်းဆောင်မှု ကို မြင့်တင်ရေး သည် အမေရိကန်နိုင်ငံ ခြားရေး ၀ါဒ၏ ပန်းတိုင် ဖြစ်သကဲ့သို့ အမျိုးသမီးအခွင့်အရေး များ မြင့်တင်ခြင်းသည်လည်း ဒီမို ကရက်တစ်နှင့် တိုးတက်မှု စံများ အတွက် မယိမ်းမယိုင်သော ခံယူချက်များ ဖြစ်သည်ဟု ဆိုသည်။ ၁၉၉၀…တွင် ကား ဤခံယူချက်သည် ထူးခြားလေးနက်သည့် သဘောထား ဖြစ်လာလေ၏ ။
ခွန်အားရှိသော အသံများ အဖွဲ့ကို ဖွဲ့ပြီး ဆယ်စုနှစ် တစ်ခု ကျော်သော အခါ နိုင်ငံခြားရေး ၀န် ကြီးဟီလာရီကလင်တန်သည် အမျိုးသမီးများ အခွင့်အရေး နှင့် အမေရိကန်နိုင်ငံခြားရေး ၀ါဒကို ဆက်နွယ်ပတ်သက်အောင် ပြောခဲ့၏ ။ ယခင်က ဘေးမှာ ရှိခဲ့သော အမျိုးသမီးရေး ရာများ သည် ယခု အခါ ပင်မရေစီး ဖြစ်လာခဲ့လေသည်။ အထူးသဖြင့် စီးပွားရေး ပြန်လည်နာလန်ထူရေး နှင့် ဖွံ့ဖြိုးရေး ကို အထူးပြုသော ကမ္ဘာ့အာရုံစူးစိုက်မှု ၌ ဖြစ်သည်။
ဤအချက်ကား အရေး ကြီး၏ ၊ ဤကိစ္စကို အမျိုးသမီးများ အား ပေးအပ်လိုက်သော အခါ ကမ္ဘာပေါ်တွင် အမျိုးသမီးများ သည် စီးပွားရေး အင်အား အမြန်ဆုံးတိုးတက်အောင် လုပ်နိုင်သူများ ဖြစ်ရာ၊ တစ်ကမ္ဘာလုံး၌ ထရီလီယံ ၂၀ ကျော်ကို ထိန်းချုပ်ထားသူများ ဖြစ်၏ ။ အာရှပစိဖိတ်ဒေသ တစ်ခုတည်း၌ ပင် အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ပို၍ ရရှိပါက နှစ် စဉ်ဒေါ်လာ ၄၂ ဘီ လီယံအထိ အမြတ်ပေါ်နိုင်ပေသည်။
အမှန်မှာ အမျိုးသမီးများ တိုးတက်ခြင်းသည် ကမ္ဘာကြီး တိုးတက်ခြင်းပင် ဖြစ်၏ ၊ အမျိုးသမီး များ အနေဖြင့် ပညာရေး ၊ နိုင်ငံရေး အခွင့်အရေး များ ၊ တန်းတူညီမျှ ရရှိသော နေရာများ တွင် အစိုးရ များ သည် ပိုမိုပွင့်လင်းကာ ပို၍ လွတ်လပ်ကြလေသည်။ လူငယ်မျိုးဆက်များ သည် ပိုမိုကျန်းမာကြ ပြီး၊ ပညာရေး လည်း ပိုမိုရရှိကြသည်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ရှိသော အမျိုးသမီးများ သည် သူတို့၏ မိသားစုနှင့် လူ့အသိုင်းအ၀ိုင်း၌ မိမိတို့ဝင်ငွေ၏ ၉၀% ကို ပြန်လည် ရင်းနှီးမြှုပ်နှံကြကြောင်း တွေ့ ရှိခဲ့ရ၏ ။ အမျိုးသားများ ကား ၃၀% ၄၀%ကိုသာ ပြန်လည်ရင်းနှီး ကြသည်ကို တွေ့ ရသည်။
ဖွံ့ဖြိုးရေး ရပ်တည်ချက်ရှုထောင့်မှ ကြည့်လျှင် အမျိုးသမီးများ ကို ဖွံ့ဖြိုးရေး သိုလှောင်မှု ဟု ခေါ်ကြ၏ ။ အဓိပ္ပာယ်မှာ ထုတ်၍ မသုံးရသေးသော ဖွံ့ဖြိုးရန် အလားအလာများ ဟု ဆိုလိုသည်။ အီကောနောမစ် ဂျာနယ်၏ ခန့်မှန်းချက်မှာ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း အမျိုးသမီးများ သည် ကမ္ဘာ့အသားတင်ထုတ်လုပ်မှု ၌ ပို၍ ပါဝင်ခဲ့ကြောင်းနည်းပညာ အသစ်များ အရ လည်း ကောင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများ ၏ ၊ စီးပွားရေး အဓိကကိစ္စကြီးများ ၍ လည်းကောင်းတွေ့ ရ သည်ဟုဆိုသည်။
ကမ္ဘာ့ကုလသမဂ္ဂ အနေနှင့် လည်း ကမ္ဘာ့အလုပ်အားလုံး၏ ၆၆%ကို အမျိုးသမီးများ လုပ် ကိုင်နေကြောင်းတွေ့ ရ၏ ထို့ပြင်သမိုင်း၌ ပထမဆုံးအကြိမ်း တွေ့ ရှိမှု အ ဖြစ် ၂၀၁၀ တွင် အမေရိ ကန်ပြည်ထောင်စု၌ အလုပ်ဌာနအများ စုတွင် အမျိုးသမီးများ လုပ်ကိုင်နေကြောင်း တွေ့ ရှိခဲ့ရပေ သည်။
******************
အစိုးရများ နှင့် စီးပွားရေး လုပ်ငန်းများ သည် အားလုံးအတွက် အကျိုးရှိဖို့ အမျိုးသမိးများ ၏ ခွန်အားကို လည်ပတ်သုံးစွဲနိုင်ရေး လမ်းကြောင်းကို မဟာဗျူဟာများ ပုံစံတကျ ဖြစ်အောင် ဆောင် ရွတ်နေကြလေသည်။
အမျိုးသမီးများ သည် ဈေးကွက် ဖြစ်နေသည်ဟုလည်း ရိုးရိုးလေး ဖော်ပြတတ်ကြ၏ ။ ဤ ဖော်ပြချက်က စားပွဲဝိုင်းသို့ ကျွမ်းကျင်သူများ ကို ခေါ်ယူနေပေသည်။ ၂၀၀၅ ခုကပင် အမျိုးသမီး များ နှင့် မိန်းကလေးများ ကို တစ်ကမ္ဘာလုံးအတိုင်းအတာအရ အမြန်ဆုံးနှင့် အထိရောက်ဆုံး တိုးတက်အောင် ဘယ်နည်းလမ်းရှိပါသလဲဟု ကျွန်မအားမေးလျှင် အစိုးရများ က လုပ်ရမှာ ပါ ဖြေမိ ပါလိမ့်မည် ။ အစိုးရ၏ ဆောင်ရွက်ချက်က ယခုလည်း လိုအပ်နေဆဲ ဖြစ်တာ မှန်ပါသည်။ သို့ တိုင် အောင် ကျွန်မတို့သည် ပုဂ္ဂလိက အခန်းကဏ္ဍ၏ အင်အားကြီးမားမှု ကို နားလည်နေကြရ၏ ။
ကော်ပိုရေး ရှင်များ အနေနှင့် ကြိုးဝိုင်းထဲဝင်လာပြီး လုပ်ငန်းမဟာဗျူဟာများ နှင့် သဟဇာတ ဖြစ်အောင် ကစားမည် ဆိုပါက အမျိုးသမီးများ ၏ ကဏ္ဍပြောင်းလဲအောင် လုပ်ဆောင်နိုင်မည် ဖြစ်ပါ သည်။ ကုမ္ပဏီများ ကလည်း အမျိုးသမီးများ ၏ ဘ၀နှင့် သူတို့မိသားစု အသက်မွေးမှု ကို အပေါင်း လက္ခဏာအင်အားစုများ ဖြစ်အောင် ပြောင်းလဲပေးမည် ဆိုပါက အမျိုးသမီးများ ၏ တန်ဖိုးကို အစိုးရ များ နှင့် နိုင်ငံသားများ အား ခွန်အားပြည့်သော အသိများ ပေးနိုင်ပါလိမ့်မည် ။
နှစ် စဉ်နှစ် တိုင်းပင် အမျိုးသမီးများ ၏ ထုတ်မသုံးရသေးသော စီးပွားရေး အင်အား အလား အလာများ ကို အရင်အနှီးပြုကြရန် ကျယ်ကျယ်ပြန့်ပြန့်စတင်ပြုလုပ်ကြရန် ကြေညာသော ကော်ပို ရေး ရှင်များ ပို၍ များ ပြားလာသည်။ ၂၀၁၁ တွင် ကိုကာကိုလာ ကုမ္ပဏီ ဥက္ကဌနှင့် စီအီးအို ဖြစ်သော မူတာကင် က သူ၏ ကုမ္ပဏီမှ ၂၀၂၀ ခုနှစ် ကျလျှင် အမျိုးသမီး ၅သန်း အလုပ်အကိုင် အခွင့်အလမ်း ပေးရန် ပြောဆိုခဲ့သည်။
ထိုနှစ် မှာ ပင် ဝေါလ်မတ် ကလည်း တစ်ကမ္ဘာလုံးရှိ အမျိုးသမီးပိုင် စီးပွားရေး လုပ်ငန်းများ မှ ထုတ်ကုန်များ ကို ၀ယ်ယူရန် ဘီလီယံပေါင်းများ စွာ အနက် ၃၆၀ စတင်ထုတ်ပေးခဲ့လေသည်။ မီဒီယာ တိုက်တင်တီနာ ကလည်း နယူးစ်ဝိစ်နှင့် ဒေးလီဘိစ်ဂျာနယ်များ ၌ အမျိုးသမီးသတင်း အဖွဲ့ကို အာရုံစူးစိုက်မှု အသစ် လမ်းကြောင်းရှိကြောင်း ဆောင်းပါးနှင့် တင်ပြခဲ့၏ ။
အထက်ပါ အချက်အလက်များ သည် မပျက်မကြေနိုင်သော တိုးတက်မှု သင်္ကေတများ ဖြစ် သည်။ ကမ္ဘာပေါ်ရှိ အမျိုးသမီးရေး ရာနှင့် ပတ်သက်၍ အလုပ်လုပ်နေသူတို့မှာ ဝေါဟာရအသစ် တစ်ခု ရှိသည်။ ၄င်းမှာ တိုးတက်နေသော သုတေသန အစိုင်အခဲ ဖြစ်ပြီး ပိုမိုမြင့်မားသော နား လည်းမှု ဖြစ်၏ ။
ကျွန်မတို့တွင် ယခင်ကထက် လက်တွဲ လုပ်သူ ပိုများ လာပြီး၊ အကြံပြုသူလည်း ပိုရှိလာ သည်။ ၂၀၀၇ ခုတွင် ကမ္ဘာ့ဘဏ်ဥက္ကဌ ရောဘတ် ဇိုးလစ် က ကျားမ မခွဲခြားဘဲ ကောင်းမွန်းသပ် ရပ်သော စီးပွားရေး ဟု ကြေညာခဲ့၏ ။ အမျိုးသမီးများ အား စီးပွားရေး တွင် ကိုယ်တိုင်ပါဝင်ရေး လမ်း ဖွင့်ပေးကာ ချေးငွေများ ပိုချေးပေးရန် ၄- နှစ် စီမံကိန်းကို ဖွင့်လှစ်ခဲသည်။
၂နှစ် ကြာသော အခါ အမေရိကန်သမ္မတ အိုဘားမားက ခွန်အားရှိသော အသံများ အဖွဲ့ (Vit el Voices) ပူးတွဲ တည်ထောင်သူ မယ်လ်နီ ဗာဗီးယား အား ကမ္ဘာ့အမျိုးသမီးရေး ရာ အလွတ်သံ တမန်အ ဖြစ် ခန့်ထားခဲ့သည်။ နိုင်ငံခြားရေး ၀န်ကြီးနှင့် တိုက်ရိုက်အလုပ်လုပ်ရန် ဖြစ်၏ ။ ထို့နောက် နှစ် အနည်းငယ်ကြာသော အခါ သမ္မတက သမိုင်းတွင် သော အလုပ်တစ်ခုလုပ်သည်။
၎င်းမှာ အမေရိကန်အစိုးရနှင့် ငြိမ်းချမ်းရေး ၊ လုံခြုံရေး ပူးတွဲ လုပ်ကိုင်ရန် အမျိုးသမီး ဆိုင်ရာ နိုင်ငံတော် အရေး ယူဆောင်ရွက်ရေး စီမံကိန်းကို အလုပ်အမူဆောင်အဖွဲ့ဖွဲ့ခြင်း ဖြစ်၏ ။ ထိုစီမံကိန်း အရ အမျိုးသမီးများ သည် ကမ္ဘာ့တစ်ဝန်းလုံး၌ ပဋိပက္ခများ တားဆီးပြီး၊ ငြိမ်းချမ်းရေး တည်ဆောက် ရန် ထူးခြားသော အခန်းက ပါဝင်မည် ဖြစ်လေသည်။
၂၀၁၀ ခုနှစ် တွင် ကား ကမ္ဘာ့ကုလသမ္မဂ္ဂ အမျိုးသမီးများ အဖွဲ့ကို တည်ထောင်လိုက်၏ ။ ကျားမခွဲခြားမှု မရှိ၊ ကျားမတန်တူညီမျှခြင်းကို မြှင့်တင်ရန် ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများ အကြား ထင် သာမြင်သာ အစစ်ဆေးခံနိုင်ရေး လည်း ဖြစ်သည်။
၎င်းအမျိုးသမီးအဖွဲ့ကို ချီလီသမ္မတဟောင်း မီးရှဲလ် ဘက်ခ်ျလက် အားပထမခေါင်းဆောင် အ ဖြစ် ခန့်အပ်ခဲ့၏ ။ နောက်နှစ် တွင် ပြင်သစ်မှ ဘဏ္ဍာရေး ၀န်ကြီး ခရစ္စတင်း လာဂါဒီ ကနိုင်ငံတ ကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ခေါင်းဆောင်အ ဖြစ် ပုံအောပြီးရွေးချယ်ခဲ့ကြ၏ ။ ငွေကြေးဌာနပေါင်း စုံတွင် ပထမဆုံး အမျိုးသမီးထဲမှ ခေါင်းဆောင် ဖြစ်လာခြင်း ဖြစ်သည်။
ကမ္ဘာအရပ်ရပ်မှ ခေါင်းဆောင်များ ကလည်း အမျိုးသမီးများ အား အကြမ်းဖက်မှု ကို တား မြစ်လာကြသည်။ လူမှု ရေး လူ့အသိုင်းအ၀ိုင်း၊ လူ့အဖွဲ့အစည်းများ အပြင် စီးပွားရေး နယ်ပယ်မှာ ပါ အနိုင်အထက်ပြုမှု များ ကိုလည်း ဆန့်ကျင်လာခဲ့ကြသည်။ အခြားအဖွဲ့အစည်းပေါင်းစုံကလည်း ကောင်းမွန်သော အစိုးရ ဖြစ်ရေး နိုင်ငံရေး လမ်းစများ ကို အမျိုးသမီးများ ပါဝင်ဖို့ ချိတ်ဆက်ခဲ့ကြ၏ ။
ဤကဲ့သို့ တိုးတက်မှု အမျိုးမျိုးရှိသည့်တိုင် သွားရမည့် လမ်းကား အရှည်ကြီး ကျန်နေသေး သည်။ အမျိုးသမီးများ ၏ စီးပွားရေး အလားအလာကို အပြည့်အ၀နားလည်ရန် ဝေးသေးသည်။ ကမ္ဘာပေါ်ရှိ အမျိုးသမီးအများ စုသည် အမွေဆက်ခံမှု မရကြသေး။ ပစ္စည်းတရားဝင်ပိုင်ဆိုင်မှု ၊ ချုပ် ကိုင်မှု မရကြသေး။
မြေသို့ မဟုတ် စည်းစိမ်ချမ်းသာကိုလည်း တရားဝင်မပိုင်ကြသေးပေ။ အမျိုးသမီးများ သည် ဂုဏ်ပြုခံရခြင်းအခွင့်နည်းပါးသည်။ ပညာသင်ကြားရေး သင်တန်းတက်ရောက်ရေး အခွင့်နည်းပါး သည့်တရားဥပဒေအောက်၌ အကာအကွယ်ရရှိခြင်း ခံရမှု ၌ လည်း နည်းပါးနေသေးသည်။
ထို့ကြောင့် သူတို့သည် အသေးစားစီးပွားရေး လုပ်ငန်းများ ကိုပင် စတင်ရန်၊ ဖွံ့ဖြိုးရန်မလုပ် နိုင်ကြသေးပေ။ ၂၀၁၂ ခုနှစ် ၌ အမျိုးသမီးပိုင် စီးပွားရေး လုပ်ငန်းများ သည် ၁% သာရှိ၏ ။ နိုင်ငံ တကာရှိ ကော်ပိုရေး ရှင်ကြီးများ တွင် ၁% သာပိုင်ခြင်း ဖြစ်သည် ကမ္ဘာ့တက္ကသိုလ် ကျောင်းသား အများ စုကို ကိုယ်စားမပြုနိုင်သေးချေ။ အမျိုးသမီးများ ၏ လုပ်အားပါဝင်မှု သည် တစ်ကမ္ဘာလုံး၌ ၅၁% ရှိသည်။ ယောက်ျားများ က ၇၈% ပါဝင်သည်။ ထို့ကြောင့် လူမှု ရေး နိုင်ငံရေး လမ်းစများ ၌ အင်အားဖြည့်တင်းမှသာ အမျိုးသမီးအင်အား ရေရှည်ခံမည် ဖြစ်၏ ။
ကုလသမဂ္ဂ၏ ခန့်မှန်းချေအရ အမျိုးသမီး ၆၀၃-သန်းတို့သည် အိမ်တွင်း၌ အနိုင်ကျင့်မှု ကို ရာဇ၀တ်မှု အ ဖြစ်မသတ်မှတ်သော နိုင်ငံများ ၌ နေထိုင်နေကြသည်။ အမျိုးသမီး ၃ယောက် တွင် ၁ ယောက် သည် သူ့ဘ၀၌ အကြမ်းဖက်ခံရသူများ ဖြစ်၏ ။ ကမ္ဘာပေါ်ရှိနိုင်ငံ ၃ ပုံ ၂ ပုံသည် အမျိုးသမီး များ အကြမ်းဖက်ခံရမှု ကို ဆန့်ကျင်သော ဥပဒေရှိသော်လည်း ထိုဥပဒေများ ကို အားဖြည့်ခြင်း၊ အကြောင်းအရင်းရှာခြင်း၊ အရေး တယူပြုမှု ခြင်း အလွန်နည်းပေသည်။
အမျိုးသမီးများ နှင့် မိန်းကလေးငယ်များ အား လူကုန်ကူးခြင်း၊ အန္တရာယ်ရှိသော ယဉ်ကျေး မှု ဆိုင်ရာ ကိစ္စများ ပြုလုပ်ခြင်း၊ စစ်၏ ပရိယာယ်အ ဖြစ်မုဒိမ်းကျင့်ခြင်း၊ အိမ်တွင်း၌ အနိုင်ကျင့်ခြင်း တို့ကား အမျိုးသမီးများ အား နောက်ပြန်ဆွဲစေသော အကြီးဆုံးအချက်ပင်တည်း။
အကယ်၍ ကျွန်မတို့အနေနှင့် တန်းတူညီမျှ မရှိမှု များ ၊ လမ်းပိတ်ဆို့မှု များ ၊ ကျားမခွဲ၍ အနိုင် ကျင့်မှု များ ကို မပြောဘဲနေပါက အမျိုးသမီးများ ၏ အလားအလာမှာ ဥပေက္ခာပြုခံရပြီး လူ့အသိုင်း အ၀ိုင်းတစ်ခုလုံး ဆုံးရှုံးကြရပေလိမ့်မည် ။ အမှန်မှာ အမျိုးသမီးများ တန်းတူညီမျှခွင့် ရခဲ့ပါလျှင် ထို ပတ်ဝန်းကျင်၌ အမျိုးသမီးများ အခွင့်အလမ်းသာပြီး အားလုံးအတွက် အကျိုးရှိမည် ဖြစ်ပါသည်။
ခွန်အားရှိသော အသံများ အဖွဲ့ကို ထိုအခြေခံစိတ်များ ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်၏ ။ အဖွဲ့ တစ်ဖွဲ့၏ အခွင့်အလမ်းသို့ သွားရာလမ်းသည် အခြားအဖွဲ့တစ်ဖွဲ့အား မဆန့်ကျင်ရန် ဖြစ်သည်။ ၂၁ ရာစုသစ်၏ အရုဏ်ဦးတွင် ခွန်အားရှိသော အဖွဲ့သည် နိုင်ငံခြားရေး ဌာနကို စွန့်ခွာခဲ့၏ ။ ထို့နောက် မည် သည့်ပါတီနှင့် မျှ မပတ်သက်သော မည် သည့် အကျိုးအမြတ်မှ မယူသော အစိုးရနှင့် မသက် ဆိုင်သော သီးခြားအန်ဂျီအို ဖြစ်လာကာ Vital Voices Global Partner ship ဟုတံဆိပ် တပ်ခဲ့ သည်။
ထို့နောက်အထက်လွှတ်တော် အမတ် ဖြစ်သူ ဟီလာရီကလင်တန်က နိုင်ငံရေး လမ်း ကြောင်းအရ ရီဘတ်ဘလစ်ကင် အထက်လွှတ်တော် အမတ် ကေးဘေလီ ဟတ်ချီဆင် နှင့် ရီပတ် ဘလစ်ကင် အထက်လွှတ်တော် အမတ်ဟောင်း နန်းစီကက်စီဘန်း ဘာကာ တို့ကိုပါ ဤအဖွဲ့သို့ တာဝန်ပေးခဲ့သည်။
ဤသို့ ဖြင့် ၄င်းတို့နှစ် ဦးသည် ကျွန်မတို့အဖွဲ့တွင် ဂုဏ်ထူးဆောင် တွဲ ဖက်ဥက္ကဋ္ဌများ ဖြစ်လာ ခဲ့၏ ။ ဤအဖွဲ့သည်လွှမ်းမိုး၍ သြဇာရှိသော အဖွဲ့ ဖြစ်လာစေကာမူ ကျွန်မမှာ ဤအဖွဲ့၏ ပထမဦး ဆုံး အလုပ်သမား ဖြစ်ခဲ့သည်။ ၂၀၀၀ မှ ၂၀၁၂ ကြားတွင် ၀န်ထမ်း ၅၀ ကျော်ရှိလာသည်။
ပထမ ၁၅ နှစ် အတွင်း နိုင်ငံပေါင်း ၁၄၄ နိုင်ငံမှ အမျိုးသမီးခေါင်းဆောင် ၁၂၀၀၀ ဖြင့် အလုပ်လုပ်ခဲ့သည်။ ကျွန်မတို့က အမျိုးသမီးများ ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် မျှော်လင့်ခဲ့ သော်လည်း တကယ်မှာ သူတို့က ကျွန်မတို့ကို ပိုမိုကောင်းမွန်အောင် လုပ်ပေးခဲ့ကြပါသည်။
ပထမတွင် ကျွန်မတို့၏ ပန်းတိုင်မှာ ဆုံးဖြတ်ချက်ချသော စားပွဲသို့ အမျိုးသမီးများ ပိုမို ရောက်ရှိရေး ဖြစ်၏ ။ ကျွန်မတို့သည် စီးပွားရေး အခွင့်အလမ်း၌ ခေါင်းဆောင် ဖြစ်နေသော အမျိုး သမီးများ ကို စစ်ဆေးသက်မှတ်ခဲ့ကြသည်။
ထို့အတူ နိုင်ငံရေး ၌ ပါဝင်သူများ ၊ လူ့အခွင့်အရေး ၌ ပါဝင်သူများ ကိုလည်း ရှာဖွေသက်မှတ် ခဲ့ကြသည်။ ထို့နောက်မှ ၄င်းတို့၏ ကြိုးပမ်းမှု များ ကို ပြောင်းလဲနိုင်ရန် တိုးမြင့်ပေးခဲ့ကြသည်။ ကျွန်မတို့က သင်တန်းများ ပေးသည်။ ကွန်ရက်များ ဖွဲ့သည်။ သူတို့အတွက် အရည်အသွေးအသစ် များ ရလာအောင် တပ်ဆင်ပေးနိုင်ရန် ကြီးကြပ်ပေးသည်။
ထို့ပြင်စိန်ခေါ်မှု များ ကိုကို ဖြေရှင်းပေးရန် တစ်လက်စတည်း သင်ကြားပေးနိုင်မည့်  ဆရာ များ နှင့် အတူ ကျွမ်းကျင်သူများ ကိုပါ ခေါ်ယူပေးသည် ကျွန်မတို့၏ အစီအစဉ်များ သည် ဒေသတိုင်း ရှိ အရဲရင့်ဆုံးနှင့် အကောင်းဆုံးနိုင်ငံတကာ ဖြစ်စဉ်များ နှင့် ပတ်သက်ပါသည်။
အမျိုးသမီးများ က လက်တွေ့ စံပြအ ဖြစ် တစ်နယ်၌ တာဝန်ယူကာ၊ နောက်တစ်နယ်သို့ ပျံ့နှံ့သော အခါမျိုးဆိုလျှင် ကျွန်မတို့အထူးဂုဏ်ယူပါသည်။ သို့ သော်ကျွန်မတို့အလုပ်၏ အကြီးမား ဆုံးအင်အားမှာ ကျွန်မတို့မြင်မထားခဲ့သော အရာ ဖြစ်၏ ။ ၄င်းမှာ ကျွန်မတို့၏ အစီအစဉ်များ ကို တက်ရောက်ပြီး အိမ်ပြန်သွားခဲ့ကြသော အမျိုးသမီးများ သည် သူ့အမျိုးသမီးခေါင်းဆောင်များ ကား ဆင့်ပွားတတ်သူများ ဟု ကျွန်မတို့ သဘောပေါက်ခဲ့ကြရသည်။ သူတို့မှတစ်ဆင့် ကျွန်မတို့၏ ခွန် အားများ သည် ပိုမိုကြီးမားလာကြလေသည်။ သူတို့၏ ကြိုးပမ်းမှု များ သည် Vital Voices ၏ အောင် မြင်မှု မှာ အလယ်ဗဟိုအချက်အချာ ဖြစ်လာတော့သည်။
ဤအချက်များ ကို ရှေ့သို့ တိုးပေးခြင်း၊ မိမိခွန်အားကို အခြားသူများ အား ဖြည့်ဆည်းပေး ခြင်းတို့သည် အမျိုးသမီးခေါင်းဆောင်များ တွင် တွေ့ မြင်ရသော ပုံရိပ်များ ထဲမှ တစ်ခု ဖြစ်၏ ။ ခေါင်း ဆောင်မှု ကို ကျွန်မတို့မြင်ရပုံအား ချဲ့ထွင်ခြင်း ဖြစ်၏ ဤအရည်အချင်းများ သည် အာရုံကို ရရှိစေပြီး အမြင်ကို ခိုင်မာစေသည်။ ကမ္ဘာအနှံ့၌ အမျိုးသမီးများ သြဇာညောင်းသည့် နေရာများ ရရှိစေသည်။ ဤပုံရိပ်များ သည် လူသားအချင်းချင်း အပြန်အလှန် ပြုမှု ကြသော ပြောင်းလဲမှု ပင်လယ်ကြီးတွင် အလားအလာအ ဖြစ် ကိုယ်စားပြုနေကြပေသည်။ အမျိုးသမီးများ ၏ စီးပွားရေး အလားအလာကား အလွန်ထူးခြား၏ ။ သို့ သော် ထိုစီးပွားရေး အလားအလာထက် လူ့အဖွဲ့အစည်း၌ ပါဝင်လုပ်ကိုင်မှု ၊ ခေါင်းဆောင်အ ဖြစ် လုပ်ဆောင်မှု တို့က ကျော်တက်သွားနိုင်လေသည်။
ဤစာအုပ်သည် စာဖတ်သူများ အား ၁၇ နှစ် လုံးလုံး လည်နေခဲ့သော ခရီးကို ခေါ်ဆောင် သွားပါလိမ့်မည် ။ ၁၉၉၅ ဘီဂျင်း ကုလသမဂ္ဂညီလာခံမှ စတင်ကာ ၂၀၁၂ အထိ ထိုင်းနိုင်ငံများ ၊ တိုက်ကြီးများ ၊ ဝေးလံသီခေါင်ကျေးရွာများ စည်ကားသော မြို့ကြီးများ အထိ ပါဝင်သည်။
ခွန်အားရှိသော အသံများ ကို စတင်သူများ ကိုလည်း ကိုယ်တိုင်ကိုယ်ကျတွေ့ မြင်ရပါလိမ့် မည် ။ သူတို့က ကျွန်မတို့အား ပုံဖော်ပေးခဲ့ခြင်းကို မြင်ရပါမည် ။ ဤအဖွဲ့သည် ပထမတွင် မည် ကဲ့ သို့ ထူထောင်ခဲ့ကြောင်း၊ အစိုးရ၏ ချည်နှောင်ခြင်းမပါဘဲ လုံးဝအကျိုးအမြတ်မယူသော အဖွဲ့ အစည်း ဖြစ်အောင် မည် သို့ ကြိုးပမ်းခဲ့ရပုံများ ကိုလည်း မြင်ရပါမည် ။ ယနေ့ရှေ့ဆောင်နေကြသော အမျိုးသမီးများ ၏ ဇာတ်လမ်းများ မှတစ်ဆင့် ကျွန်မတို့ဤအဖွဲ့၌ သင်ယူခဲ့ရသည်များ ကို စာဖတ်သူ များ လည်း သင်ယူနိုင်ကြပါလိမ့်မည် ။ ကမ္ဘာအရပ်ရပ်၌ အခြားသော ခေတ်ပြိုင်အမျိုးသမီးများ လည်း မတူသော စံနှုန်းများ ဖြင့် ခေါင်းဆောင်နေကြသည်ကို မြင်ရပါမည် ။ လူသားတို့၏ အများ ဆုံးဖီနှိပ်ခံ ရမှု များ ကို ထိရောက်စွာ တစ်ပေါင်းတစ်စည်းတည်း ပြုလုပ်နိုင်ကြမည် ဟုလည်း ယုံကြည်ပါ သည်။
ကျွန်မတို့နှင့် အတူ လုပ်နေသော အမျိုးသမီးများ မှာ မတူညီကြချေ။ နောက်ခံနှင့် အတွေ့  အကြုံကို လိုက်ပြီးကွာခြားကြပါသည်။ သို့စေကာမူ ထိုသို့ မတူညီသည့်ကြားကပင် သူတို့၏ ခေါင်း ဆောင်မှု ဖျင်စသည်၊ တူညီသော ချည်ကြိုးများ ဖြင့် ရက်လုပ်ထားကြောင်း သိခဲ့ရ၏ ။
၎င်းကြိုးများ မှာ -
တာဝန်သိစိတ်နှင့် မောင်းနှင်ခြင်း
လူထုကြား၌ အမြစ်ခိုင်ခြင်း
စည်းခြားထားသည်ကို ဆက်နိုင်သော အရည်အချင်းရှိခြင်း
ရဲရင့်သော စိတ်ကူးနှင့် ရဲရင့်သော လှုပ်ရှားမှု
ရှေ့သို့ တွန်းပို့ရန် ဖြေရှင်းဆုံးဖြတ်မှု ….တို့ ဖြစ်၏ ။
ဤစာအုပ်၏ အခန်းတိုင်းတွင် အထက်ပါ ခေါင်းဆောင်မှု ပုံရိပ်များ တစ်ခုခုကို မီးမောင်းထိုး ပြထားသည်။ ပုံရိပ်များ ကို ထင်ရှားအောင် ပြောင်လက်၍ ဆက်မိအောင် မကြည့်ရှုပါ။ ရင့်ကျက်စွာ ဖြင့် သာ အားဖြည့်ထားချင်း ဖြစ်၏ ။
ထို့ပြင်အင်အားရှိသော အဖွဲ့အနေနှင့် ဤအမျိုးသမီးများ ၏ ခေါင်းဆောင်မှု ပုံရိပ်မှ သင်ယူ နေဆဲမှာ ပင် ဤကိစ္စသည် အမျိုးသမီးများ အတွက်သာ စံပြမဟုတ်ပါ။ ယနေ့ကမ္ဘာကြီးရှိ လူတိုင်း အတွက် အင်အားအလားအလာဟု ယုံကြည်ပါသည်။ ကမ္ဘာကြီးက အလုံးစုံသိလာသော အခါ နည်း ပညာများ ပျံ့ပွှားလာသည်။ လူ့အသိုင်းအ၀ိုင်းက ကြီးမားလာသည်။
ထိုအခါခေါင်းဆောင်မှု အပါအ၀င် ပူးပေါင်းမှု များ က ပို၍ ထင်ရှားလာသည်။ ကမ္ဘာ့နိုင်ငံမျာ က စီးပွားရေး ကျဆင်းမှု ကို ကုစားဖို့ ရုန်းကန်နေသည်နှင့် အတူ အမျိုးသမီးများ ၏ အားကို အပြည့် အ၀ ထုတ်သုံးရမည် ဟု ပြန်လည်တွေးတောသင့်ပေသည်။ စီးပွားရေး တိုးတက်ဖို့ မောင်းနှင်သူများ အ ဖြစ်သာမက ခေါင်းဆောင်မှု ပုံသဏ္ဍာန်အသစ်ကို ယူလာရန်လည်း ဖြစ်သည်။
ကျွန်မတို့၏ အမြင်တွင် နောက်ဆုံးအခန်း၌ ရှာဖွေတင်ပြထားသည့်အတိုင်း ခေါင်းဆောင် မှု သည် ခရီးတစ်ခု ဖြစ်၏ ။ ပန်းတိုင်မဟုတ်ပေ။ မည် သည့်ရာထူး၊ ခေါင်းစဉ်၊ အဆင့်ထက်ပင် ဖြစ်စေ ခေါင်းဆောင်မှု က နေ့စဉ် အခြေခံပို၍ ကျပါသည်။
ကျွန်မတို့ရွေးချယ်ထားသော ဘ၀တွင် နေနိုင်ရေး အတွက် ကမ္ဘာကြီး၌ ကောင်းစွာ နေနိုင် ရေး အတွက် တာဝန်ယူမှု အတွက်လည်း အခြေခံကျပါသည်။ အခြားသူများ ၏ ဘ၀ကိုလည်း အ ပေါင်းလက္ခဏာအင်အားဖြင့် မည် သူမဆို ခေါင်းဆောင်မှု ကို ရွေးချယ်နိုင်သည်ဟု ယုံကြည်ပါ သည်။
ခွန်အားရှိသော အသံများ အဖွဲ့မှနေ၍ ကျွန်မတို့သည် အများ အပြား သင်ယူခဲ့ရပါပြီ။ ထူးခြားခေါင်းဆောင်များ နှင့် အတူ လုပ်ကိုင်ရင်း၊ ကြည့်ရှုရင်း သိရှိခဲ့ရပါပြီ။ သူတို့သည် တိုးတက်ဖို့ အတွက် မည် သို့ အတွေ့ အကြုံများ ကို အသုံးပြုကြောင်းလည်း မြင်ခဲ့ရပါပြီ။ ဤကဲ့သို့ သင်ယူခဲ့ရသ မျှက ကျွန်မတို့အဖွဲ့ကို ပိုမိုကောင်းမွန်စေခဲ့လေပြီ။ ကမ္ဘာအရပ်ရပ်ရှိ အခြားအမျိုးသမီးများ နောက် မှရပ်တည်ပြီး ထောက်ပံ့နိုင်ရန် သိရှိလာခဲ့ရပါပြီ။ ကျွန်မတို့၏ ပန်းတိုင်ကား ဤစာအုပ်ဖြင့် အထက်ပါ သင်ယူသိရှိခဲ့ရသော သင်ခန်းစာများ ကို မျှဝေရန်တည်း။
ကျယ်ပြန့်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် အခြားအမျိုးသမီးများ လူသားတစ်ဦးစီတို့သည် လည်း ထူးခြားမှု ပြုလုပ်ရန် စိတ်ပါဝင်စားနိုင်ကြပါစေ။ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ကြပါစေ။ လွမ်းညွန်နိုင်ကြပါစေ။ ဤစာအုပ်ပါ အသံများ ၊ ဇာတ်လမ်းများ ၊ အောင်မြင်မှု များ မှ မျှော်လင့်ချက် ထားနိုင်ကြပါစေ…ဟု ဆန္ဒပြုအပ်ပါသည်။
******************
အခန်း-၁
မောင်းနှင်အား (သို့ မဟုတ်) တာဝန်သိစိတ်
(ဂုဏ်ထူးဆောင် မီရှဲလ်ဘက်ခ်ျလက်၏ မိတ်ဆက်)
လက်ထောက် အထွေထွေအတွင်းရေး မှူးနှင့် အမှု ဆောင် ဒါရိုက်တာ
ကုလသမဂ္ဂ အမျိုးသမီးများ
အတွေ့ အကြုံများ က ကျွန်မအား သင်ပေးခဲ့သည်မှာ အမျိုးသမီးများ စွမ်းဆောင်မှု အတွက် အကန့်အသတ်မရှိဟူ၍ ဖြစ်သည်။ တာဝန်သိစိတ်က ကျွန်မအား ဖြစ်နိုင်ချေရှိကြောင်း အားပေးနေ၏ ။ ငြိမ်းချမ်းရေး ၊ လူ့အခွင့်အရေး ၊ ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှု တွေ က ကုလသမဂ္ဂနှင့် ကုလအမျိုးသမီးများ အလုပ်ကို လမ်းညွန်နေ ကြသည်။ ထိုလမ်းညွန်မှု က ကမ္ဘာအရပ်ရပ်ရှိ သန်းပေါင်းများ စွာ သော အမျိုးသမီး များ အား တာဝန်ယူစိတ်ကို ပေးခဲ့သည်။
ခေါင်းဆောင်တို့မည် သည် အနာဂတ်ကိုကြည့်လေ့ရှိ၏ ။ အနာဂတ်ကို ကြည့် ခြင်းသည် အတိတ်ကိုမေ့ပစ်ရမည် ဟု မဆိုလိုချေ။ ပိုမိုကောင်းမွန်သော လူ့အဖွဲ့ အစည်းအတွက် လိုအပ်ချက်ကို သင်ယူရသော သင်ခန်းစာများ မှ ရရှိသည်။ ဒီမိုက ရေစီနိုင်ငံထူထောင်ရာတွင် အတိတ်ကို အခြေခံကာ၊ အနာဂတ်အတွက် တာဝန်သိ စိတ်ဖြင့် သွားရပေသည်။ အနာဂတ်သည် လူတိုင်းအတွက် ဖြစ်၏ ။ အားလုံးအတွက် အခွင့်အလမ်းနှင့် ရပိုင်ခွင့်များ ကို အာမခံသော အနာဂတ် ဖြစ်သည်။ ထိုသို့ သော အနာဂတ်ဆီသို့ တာဝန်သိစိတ်ဖြင့် သွားရပေမည် ။
ချီလီနိုင်ငံ၌ ကျွန်မကာကွယ်ရေး ၀န်ကြီးအ ဖြစ် တာဝန်ယူစဉ်က ကျွန်မ၏ တာဝန်မှာ ကာ ကွယ်ရေး ကဏ္ဍကို ပြန်လည်ပြုပြင်ရန်နှင့် ဥပဒေစိုးမိုးရေး ကို အာမခံရန် ဖြစ်၏ ။ စစ်အစိုးရလက် ထက်တွင် စစ်တပ်ဆိုသည်မှာ လူထုအတွက် ကြောက်မက်ဖွယ် သင်္ကေတ ဖြစ်သည်။
လူ့အခွင့်အရေး များ ဖိနှိပ်ခံရသည်။ ကျွန်မသည် ဤတာဝန်ကို ဒေါသဖြင့် မဟုတ်ဘဲ မျှော် လင့်ချက်ဖြင့် ချဉ်းကပ်ခဲ့ပါသည်။ လူထူနှင့် စစ်တပ်ကို ရှေ့သို့ တွန်းပို့ရေး အတွက် အမျိုးသားရေး လက္ခဏာနှင့် ဆုံးဖြတ်ချက်စိတ်က အကူအညီ ဖြစ်နိုင်ဖွယ်ရှိ၏ ။ ကျွန်မတို့သည် တာဝန်သိစိတ်ကို အပြန်အလှန်ထားခဲ့ကြ၏ ။ ထိုစိတ်၏ တွန်းပို့မှု ဖြင့် အာဏာရှင်စနစ်ကို အနိုင်ရခဲ့၏ ။ ဒီမိုကရေစီ တန် ဖိုးများ ကို မြှင့်တင်ရန် ဖန်တီးခြင်းဖြင့် အာဏာရှင်စနစ်ကို တွန်းလှန်နိုင်ခဲ့၏ ။
ဒီမိုကရေစီကား ငြိမ်းချမ်းရေး နှင့် တရားမျှတရေး တွင် အဓိကအခြေခံသည်။ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး များ အတွက် ခိုင်မာကြံ့ခိုင်သော ယုံကြည်မှု ရှိသည့် ခေါင်းဆောင်မှု လိုအပ်သည်။ ဤစာအုပ်ထဲမှ ယခုဖက်ရှုရမည့်  အခန်းတွင် ထိုသို့ ယုံကြည်ချက်ခိုင်မာသော အမျိုးသမီးခေါင်း ဆောင်များ ကို တွေ့ ရှိရပါလိမ့်မည် ။ သူတို့သည်ထူးခြားပြောင်မြောက်သော လုပ်ဆောင်ချက်များ ကို နားလည်ကြသည်။ လုပ်လည်းလုပ်နိုင်ကြသည်။ ကျွန်မအမြဲပြောခဲ့သကဲ့သို့ အရေး ကြီး ဆုံး အချက်မှာ ဘယ်တော့မှ လက်မလျှော့ရန် ဖြစ်၏ ။ ဒီမိုကရေစီရေး ၊ တရားမျှတရေး နှင့် ငြိမ်းချမ်းရေး တို့သည် အမျိုးသမီးများ အပြည့်အ၀ ပါဝင်ရေး ကို တောင်းဆိုသည်။ တရားမျှတရေး သည် ကြာရှည်စွာ တာဝန်ယူရမှု ဖြစ်၏ ။
ကျွန်မ၏ တစ်သက်တာတွင် ပထမ ကျွန်မ၏ ချီလီနိုင်ငံအတွက် ထို့နောက် ကမ္ဘာ့အမျိုး သမီးများ အတွက် ဒီမိုကရေစီး၊ တန်းတူညီမျှရေး နှင့် တရားမျှတရေး တို့ ရရှိရန် လုပ်ဆောင်ခွင့်ကို ရရှိခဲ့ပါသည်။ ကလအမျိုးသမီးများ အေဂျင်စီကား အမျိုးသမီးများ အလုပ်အကိုင် တိုးမြင့်ရေး နှင့် ကျားမတန်းတူညီမျှရေး အတွက် ပထမဆုံး ဖွဲ့စည်းခဲ့သော အေဂျင်စီပင်တည်း။
ကျွန်မသည် ကျွန်မ၏ ခရီးကို မျှော်လင့်ချက်ဖြင့် သွားနေပါသည်။ ဆက်လက်၍ သွားရပါဦး မည် ။ ၁၉၉၅ ခုနှစ် ၊ သြဂုတ်လတွင် တရုတ်ပြည်၊ ဘီဂျင်း၌ ကုလသမဂ္ဂ အမျိုးသမီးရေး ရာ စတုတ္ထ အကြိမ်ညီလာခံကို ကျင်းပခဲ့သည်။ အမျိုးသမီးခေါင်းဆောင် အများ ဆုံးစုဝေးခြင်းဟု ဆိုနိုင်သည်။ သမိုင်း၌ တက်ကြွစွာ လှုပ်ရှားသူများ လည်း ဖြစ်၏ ။
ထိုညီလာခံကို ကမ္ဘာအရပ်ရပ်မှ အသက်အရွယ်အမျိုးမျိုး၊ ဘာသာရေး ယုံကြည်မှု အမျိုးမျိုး၊ ယဉ်ကျေးမှု အမျိုးမျိုး လူမှု စီပွားရေး နောက်ခံအမျိုးမျိုး၊ အလုပ်အကိုင်အမျိုးမျိုးရှိသော အမျိုးသမီး များ တက်ရောက်ခဲ့ကြသည်။ အားလုံးသည် အမျိုးသမီးများ ဘ၀မြင့်တင်ရေး တည်းဟူသော ပန်း တိုင်တစ်ခုတည်းထားခဲ့ ထားခဲ့ကြခြင်း ဖြစ်၏ ။
ထိုအချိန်က ကျွန်မသည် အသက်၂၁-နှစ် သာ ရှိသေးသည်။ ကမ္ဘာတစ်ဝန်းလုံး အချင်းချင်း ဆက်သွယ်မှု တိုးတက်လာသော ကာလ၌ အမေရိကန်အမျိုးသမီး တစ်ယောက် နေနှင့် ကျွန်မနေ ထိုင်ရသော နေရာကို နားလည်ရန် စိတ်ပျက်နေစဉ် ဖြစ်ပါသည်။ ဘီဂျင်းညီလာခံသွားရန်အတွက် ပိုက်ဆံစုရ၏ ။ ဘီဂျင်းမရာက်ခင် ၄- နေရာရပ်နားသော ဈေးအပေါဆုံး လေယာဉ်လက်မှတ်ကို ၀ယ်ရ၏ ။ လက်မှတ်ဝယ်ရခြင်းသည်၊ ထိုခရီစဉ်၌ အလွယ်ဆုံးကဏ္ဍ ဖြစ်သည်။
ဓာတ်ပုံနှင့် တကွ လျှောက်လွှာခ ဒေါ်လာ ၅၀ အကုန်ခံပြီး မှတ်ပုံတင်ပုံစံကို စာတိုက်မှ ပေးပို့ခဲ့ပြီးသော အခါ တရုတ်အဖွဲ့အစည်းကော်မတီက ကျွန်မအား ဗီဇာပေးရန် ငြင်းဆိုလေသည်။ ကျွန်မသည် လော့စ်အင်ဂျလိစ်ရှိ တရုတ်နိုင်ငံ ကောင်စစ်ထန်ထံ မနက်တိုင်း ၂ ပတ်တိတိ သွားခဲ့ ၏ ။ အဘယ့်ကြောင့် ကျွန်မအားဗီဇာငြင်းပယ်ကြောင်း ရှင်းပြရန်တောင်းဆိုခဲ့၏ ။ နောက်ပိုင်းတွင် သိရသည်မှာ ထိုညီလာခံအတွက် လျှောက်သော မှတ်ပုံတင်သူ ၃-ပုံ-၁-ပုံကို ဗီဇာမပေးကြောင်း ဟူ၍ ဖြစ်သည်။
တရုတ်နိုင်ငံ၏ ကောင်စစ်ဝန်အရာရှိ လူရွယ်လေးသည် ကျွန်မအား သနားလာတာ ဖြစ်နိုင် ၏ ။ သို့ မဟုတ် ခဏခဏ လာလွန်းသဖြင့် ငြီးငွေ့စိတ်ပျက်သွားတာလည်း ဖြစ်နိုင်၏ ။ ကျွန်မအား ခရီးသွားကျောင်းသူတစ်ဦးအသွင်ဖြင့် ခရီးသည်ဗီဇာ (အလည်အပတ်ဗီဇာ)လျှောက်ထားရန်အကြံ ပေးလေသည်။ တရုတ်နိုင်ငံရောက်သွားပြီဆိုလျှင်တော့ ညီလာခံတက်ဖို့ အဆင်ပြေသွားနိုင်သည် ဟုသူတွေးပုံရ၏ ။ လက်ထဲမှာ ခရီးသည် အလည်အပတ်ဗီဇာရပြီးသော အခါ ဘီဂျင်းရောက်လျှင် ဟိုတယ်၌ ၂ ညတည်းရန် ကျွန်မတတ်နိုင်မည် မဟုတ်သဖြင့် ရောက်မှပဲ တစ်ခုခု လုပ်ရတော့မည် ဟုကိုယ့်ဘာသာ ပြောလိုက်ရသည်။ ထိုခရီးကား စွန့်စားခန်းတစ်ခု ဖြစ်နိုင်သည်။ ယခုအချိန်၌ ဘာမှန်းမသိသေးစေကာမူ ဘ၀ကို ပြောင်းလဲစေသော အတွေ့ အကြုံမှာ တော့ သေချာသည်။
ဘီဂျင်းသွားလေယာဉ်ကား အမျိုးသမီးများ ပြည့်နေ၏ ဘီဂျင်းညီလာခံသွားမည့်  အမျိုးသ မီးများ ဖြစ်သည်။ ကျွန်မနှင့် ထိုင်ခုံချင်းကပ်လျက်ထိုင်နေသူ အမျိုးသမီးမှာ နွေးထွေးပြီး လူ့အခွင့် အရေး လှုပ်ရှားသူ ဖြစ်၏ ။ တောင်အာဖရိကမှ ဖြစ်ပြီး၊ ဂျာထရူးဒီ ဖီစတာ ဟု အမည် ရကြောင်း သိရ သည်။ သူ့ကြိုးပမ်မှု များ ကြောင့် အဖမ်းခံရပြီး ၃- နှစ် နီးပါးထောင်ကျခံခဲ့ရကြောင်းလည်း နောက် အခါသိခဲ့ရ၏ ။
ဂျာထရူးဒီသည် ၁၉၇၅ -ကပင် မက္ကစီကိုတွင် ကျင်းပသော ကုလသမဂ္ဂ အမျိုးသမီးရေး ရာ ညီလာခံသို့ တက်ရောက်ခဲ့သူ ဖြစ်သည်။ ထိုအချိန်က အိမ်တွင်း အကြမ်းဖက်ခံရမှု ကို လူထုအရေး ကိစ္စအ ဖြစ် သတ်မှတ်ခြင်းမခံခဲ့ရသေးကြောင်းသူက ပြောပြသည်။ ထိုကိစ္စသည် အိမ်တွင်းရေး ပုဂ္ဂလိက ကိစ္စသာ ဖြစ်ပြီး အိမ်ပြင်ပ၌ ဆွေးနွေးရန်မဟုတ်ဟု ယူဆခဲ့ကြကြောင်း၊ သို့ သော် ကမ္ဘာ တစ်ဝန်းမှ အမျိုးသမီးများ က ထိုအရေး ကိစ္စကို ပြောဆိုနေခဲ့ကြကြောင်း။ ၁၉၈၅ ခုနှစ် ။ ကင်နယာ နိုင်ငံ၌ ကျင်းပသော တတိယအကြိမ် ကုလသမဂ္ဂ ညီလာခံတွင် ဤကိစ္စကို တရားဝင်ဆွေးနွေးကာ ညီလာခံမှ အဖြေရအောင် တွန်းပို့ခဲ့ကြကြောင်း ပြောပြ၏ ။
ကျွန်မတို့အားလုံး ကိုယ့်နိုင်ငံအသီးသီး ပြန်ရောက်တဲ့အခါ ဒီကိစ္စကို ပြဿနာတစ်ရပ် အ ဖြစ် အသိအမှတ်ပြုဖို့အစိုးရကို ထောက်ပြခဲ့ကြတယ်။ အဲ့ဒီ့အာဏာပိုင်နေရာကနေ အိမ်တွင်း အကြမ်းဖက်မှု ကို ဥပဒေငြိစွန်းကြောင်း ဥပဒေပြုဖို့ ကျွန်မတို့ စတင်တွန်းပို့ခဲ့ကြတာပါ-ဟုဂျာထရူး ဒီက ရှင်းပြခဲ့၏ ။
ယခုကျင်းပမည့်  ဘီဂျင်းညီလာခံတွင် လည်း ဤအရေး ကိစ္စကို ဆွေးနွေးလိမ့်မည် ။ လေ့လာ ရေး အဖွဲ့ဝင်များ သည် အရေး ယူရန်နေရာတစ်ခု အ ဖြစ် လက်မှတ်ရေး ထိုးရာ၌ ပါဝင်ရန်စီစဉ်ထား ကြသည်ဟု သူ့ထံမှ သိရသည်။ အမျိုးသမီးများ ၏ ဘ၀ကိုမြှင့်တင်ရန်အတွက် ထူးခြားသော နယ် မြေ ၁၂- ခုရှိကြောင်း၊ ကျန်းမာရေး မှအစ စီးပွားရေး အဆင့်အတန်းနှင့် နိုင်ငံရေး ၌ ပါဝင်ဆောင်ရွက် ခွင့်ရရေး တို့ ဖြစ်သည်။ ဤအတောအတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းခေါင်းဆောင်များ ၊ ရှေ့ နေရှေ့ရပ်များ ၊ လှုပ်ရှားသူများ စုစုပေါင်း ၄ သော င်းတို့သည် ဟွိုင်းရိုး ၌ ဆွေးနွေးကြမည် ဖြစ် ကြောင်းသိရသည်။
ထိုညီလာခံအကြောင်း သိရလေလေ ထိုတွေ့ ဆုံပွဲမှာ သမိုင်းတွင် မည့်  ပွဲ ဖြစ်မည် ဟု သ ဘောပေါက်လေလေ ဖြစ်ရ၏ ။ သို့ သော်ယခုအထိ ကျွန်မ၏ ပါဝင်နိုင်ခွင့်ကား ခွင့်ပြုချက်မရသေးချေ ကျွန်မသည် ဂျင်ထရူးဒီအား ကျွန်မ၏ ဗီဇာအခက်အခဲ ဒုက္ခများ ကို ရင်ဖွင့်လိုက်၏ ။
ကျွန်မအပယ်ခံရဖွယ်ရှိ၍ စိုးရိမ်နေရခြင်းကိုလည်း ပြောလိုက်၏ ။ သူကယုံကြည်စိတ်ချစွာ ထိုင်ခုံနောက်ကျောကို မှီချလိုက်ရင်း ရပါတယ်၊ ကျွန်မတို့ အဆင်ပြေအောင် လုပ်နိုင်ပါတယ်.ဟုဆို သည်။
ကျွန်မတို့လေယာဉ်ပေါ်မှ ဆင်းပြီး အထုပ်အပိုးများ ကို ယူပြီးသည့်အခါ ဆွေးနွေးပွဲ အမှတ် တံဆိပ်ဆိုင်းဘုတ်များ ကိုင်ထားသော ကျောင်းသားများ က ကျွန်မတို့အား ဟွိုင်းရိုးသွားရန် ဘတ်စ် ကားများ ဆီသို့ ခေါ်ဆောင်ကြသည်။ ဂျာထရူးဒီနှင့် ကျွန်မလည်း ကားပေါ်တက်ရန်ကြိုးစားကြ၏ သို့ သော်ကားတံခါးရှိ စစ်ဆေးရေး အမျိုးသမီးငယ်က သူ့အထက်အရာရှိကို ကျွန်မအားလွှဲပေးသည် အထက်အရာရှိက ကျွန်မသည် ကားပေါ်တက်ကြသော အုပ်စုနှင့် လိုက်ပါရန် မ ဖြစ်နိုင်ကြောင်း၊ အကြောင်းမှာ ကျွန်မ၏ ဗီဇာက ညီလာခံတက်ရန်လာသော ကိစ္စမဟုတ်၍ ဖြစ်ကြောင်း ရှင်းပြ၏ ။
ဂျာထရူးဒီကား ညီအစ်မ စိတ်အခိုင်အမာရှိသူတည်း။ ထိုကဲ့သို့ ကျွန်မကားပေါ်တက်ခွင့် မရသော အခါ သူလည်းကားပေါ်မှ ပြန်ဆင်းသည်။ ဘာမှမပူနဲ့၊ အတူတူဖြေရှင်းကြတာပေါ့ဟူသော အဓိပ္ပာယ်နှင့် ဖြစ်၏ ။ ကျွန်မတို့နှစ် ယောက် သည် ဘီးဂျင်းရှိ ဟိုတယ်တစ်ခုသို့ တက္ကစီနှင့် သွားပြီး ညအိပ်ကြသည်။ နောက်ခြေလှမ်းအတွက် အကြံထုတ်ကြသည်။ နောက်နေ့တွင် လေဆိပ်သို့ သွား ကာ ကားတန်းထဲဝင်ဖို့ ကြိုးစားကြပြန်သည်။
ဤအကြိမ်တွင် ကား ဂျာထရူးဒီက ကျွန်မကို သူ့အ၀တ်သေတ္တာနှင့် အတူ ဆွဲခေါ်သွားခဲ့၏ ။ လမ်းမကြီးအတိုင်း မိုင်ဝက်လောက်လျှောက်၏ ။ ထိုအခါမှလေဆိပ်အ၀ရှိ ဘတ်စ်ကားများ ရပ်ရာ နေရာမှ အရာရှိများ က ကျွန်မတို့ကို မမြင်နိုင်တော့ချေ။ ဤတွင် ညီလာခံရှိရာသို့ ဦးတည်လာသော ဘက်စ်ကားကို မြင်မြင်ချင်း ဂျာထရူးဒီက လမ်းလယ်ကောင်သို့ ခုန်ထွက်ကာ ကားကို ပိတ်မိ အောင်ရပ်ရင်း….
ကားရပ်ပါ။ ကျွန်မတို့အားလုံး ညီအစ်မတွေ ပဲ ဟု အော်လေသည်။ ဘတ်စ်ကားလည်း ရုတ် တရက် ရပ်လိုက်ရ၏ တံခါးများ ပွင့်လာ၏ ။ ကျွန်မတို့တက်ကြ၏ ။ ကားထဲက ရုရှားကိုယ်စားလှယ် များ က အံ့အားသင့်ပြီး ကြည့်ကြ၏ ။ ဂျာထရူးဒီက ကားထဲမှ လူတစ်ဦးစီအား အများ ကြီးကျေးဇူး တင်ပါတယ် ဟုနှုတ်ဆက်ရင်း နောက်ဘက်ရှိ ခုံနေရာအလွတ်များ ဆီ ရှေ့ဆောင်သွားသည်။ ကျွန် မလည်း ဂျာထရူးဒီထံမှ ကိစ္စရပ်များ ကို မည် သို့ ပြီးဆုံးအောင်လုပ်ရမည် ဆိုခြင်းကို သင်ယူခဲ့ရ ပေသည်။
တရုတ်အစိုးရသည် ကုလအမျိုးသမီးရေး ရာအကြောင်း အန်ဂျီအို ညီလာခံတက်သူများ ကို ဘီဂျင်းမြို့တော် အတွင်း၌ မတည်းခိုစေဘဲ ဆင်ခြေဖုံး၌ နေရာပေးရန် ဆုံးဖြတ်ခဲ့၏ ။ အကြောင်းမှာ အရပ်ရပ်မှလာသော သူများ သည်တက်ကြွသူများ ၊ ထူးခြားသူများ ဖြစ်မည် ဟု ယူဆပြီ၊ ထိုသူများ ကို မြို့တော် မှ နိုင်ငံသားများ မမြင်စေချင်၍ ဖြစ်သည်။
နောက်ပိုင်းတွင် ကျွန်မသိခဲ့ရသည်မှာ ၊ ထိုညီလာခံရက်များ တစ်လျှောက် ဘီဂျင်းမြို့တော် ရှိ တက္ကစီမောင်းသမားများ သည် ပိတ်စအဖြူများ ကို ဆောင်းထားရသည်ဟူ၍ ဖြစ်၏ ။ ရည်ရွယ် ချက်မှာ ညီလာခံတက်မည့်  လူများ သည် လမ်းမကြီးတစ်လျှောက် အ၀တ်အစားမ၀တ်ဘဲ လမ်း လျှောက်လာတာမျိုးတွေ့ နိုင်၍ ဟု ဆိုသည်။
ညီလာခံကျင်းပရာ ဟွိုင်ရိုး သို့ တစ်နာရီခန့် သွားရ၏ ။ ဒေသတွင်းမှ လယ်သမားများ ၊ မိသားစုများ သည် လမ်းဘေးတွင် တန်းစီပြီး ဧည့်သည်များ ကို ကြည့်ရှုခဲ့ကြသည်။ နောက်ဆုံးတွင် စစ်တန်းလျားနှင့် တူသော အမြန်ဆောက်ခဲ့သည့် အဆောက်အအုံးများ ကို မြင်ရ၏ ။ ကျွန်မတို့ဘတ် စ်ကားသည် မှတ်ပုံတင်ရာ ဌာနသို့ မောင်းဝင်သွားသည်။ ကျွန်မသည် မှတ်ပုံတင်ရန် တန်းစီရင်း ရင်တွေ ခုန်နေခဲ့၏ ။
အသက်မျှ မရှုနိုင်ဘဲ မှတ်ပုံတင်စာရင်းမှတ်သူ အမျိုးသမီးငယ်အား ကျွန်မနာမည် ကို ပြော ရ၏ ။ သူကကျွန်မ၏ နိုင်ငံကူးလက်မှတ်ကို စစ်ဆေးသည်။ ဝေခွဲမရ ဖြစ်သွားပုံဖြင့် အခြားလုပ်ဖော် ကိုင်ဖက်များ ကို ခေါ်ပြီး အကူအညီတောင်းသည်။ အတော် လေးကြမှ ပြန်လာကာ…ရှင်က ဘီဂျင်း ကိုသွားပြီး မှတ်ပုံတင်ဖို့ လိုတယ်ဟု ဆိုလေသည်။ အဲ့ဒီကို ကျွန်မရောက်ခဲ့ပြီးပါပြီ။
(လော့စ်အင်ဂျလိစ်မှ ကျွန်မ၏ အကြံပေးသူငယ်ချင်းက ပြောခဲ့၏ ။ တရုတ်နိုင်ငံရှိ အာဏာ ပိုင်တို့သည် မိန်းကလေးငယ်များ လမ်းထဲ၌ ယောင်ချာချာ ဖြစ်နေခြင်းကို ၁၀- ရက်ထက် ပိုထား မည် မဟုတ်။ ထို့ကြောင့် အခြေအနေပါ ဆိုးလာမည် ကို ရှောင်ရှားရန် မိမိသွားချင်သည့် နေရာသို့ ခွင့်ပြုနိုင်ဖွယ် ရှိသည်ဟု ပြောခဲ့သည်။)
ကျွန်မလည်း စွပ်၍ ပြောလိုက်၏ ။
သူတို့ကပြောတယ်၊ ဒီမှာ ပဲ မှတ်ပုံတင်ရမယ်တဲ့၊ ဒီမှာ မှတ်ပုံတင် ရင်ထိုးတံဆိပ် ထုတ်ပေး လိမ့်မယ်တဲ့ မီနစ်အနည်းငယ် ကြာသော အခါ မိန်းကလေးပြန်လာသည်။
သူ့လက်ထဲမှာ ကျွန်မအတွက် ရင်ထိုးတံဆိပ်ကတ်ပြား ပါလာသည်။ စာတိုက်မှပို့လိုက် သော မှတ်ပုံတင်ပုံစံနှင့် အတူ ပိုခဲ့သည့် ကျွန်မဓာတ်ပုံနှင့် အပြည့်အစုံ ဖြစ်၏ ။ ကျွန်မလည်းဂျာထရူး ဒီနှင့် ပြန်ပေါင်းမိသွားပြီး။ သူကလည်း တံဆိပ်အတွက် စိတ်လှုပ်ရှားနေသည်။ သူက ကျွန်မအား…
သိပ်လှတယ်ဟေ့…လှလိုက်တာ…ဟုဆိုသည်။
သူ့မိတ်ဆွေ တစ်ယောက် က တည်းခိုဆောင်များ ကို ကြည့်ထားပြီး တစ်နေရာတွင် နေရန် ဆုံးဖြတ်ပြီး ဖြစ်၏ ။ ဂျာထရူးဒီက သူ့လက်မှ အဆောင်ပုံစံကို ယူပြီး ကျွန်မလက်ထဲ ထည့်ရင်း ကဲ.. အခု…မင်းအတွက် အိပ်စရာတစ်နေရာရပြီဟု ဆိုသည်။
တရုတ်နိုင်ငံစည်းရုံးရေး ကော်မတီသည် အမျိုးသမီးဧည့်သည်များ အား ဒေသအလိုက် ခွဲ ခြားနေရာချဖို့ ဆုံးဖြတ်ခဲ့၏ ၊ ဥပမာ…အရှေ့ဥရောပ နိုင်ငံများ အချင်းချင်း၊ လက်တင်အမေရိက အချင်းချင်း၊ အရှေ့အလယ်ပိုင်းအတွက် သီးသန့်အဆောင်…စသည်ဖြင့် တည်း။ ကျွန်မလည်း သူများ ဆီကရခဲ့သော စာရွက်များ ဖြင့် အခန်းတစ်ခန်းရပါ၏ ။ အခန်းက သေးသေးလေး ဖြစ်ပြီး အာဖ ရိကန် အမျိုးသမီးနှစ် ဦးနှင့် အတူနေရပါသည်။
၎င်းတို့နှစ် ဦးအနက် တစ်ဦးမှာ အာရီထရီးယားမှ ဖြစ်ပြီး ကျန်တစ်ဦးက အီသီယိုးပီးယားမှ ဖြစ်ကြောင်းသိရ၏ ။ ၄င်းတို့နိုင်ငံ နှစ် နိုင်ငံကား ဆယ်စုနှစ် များ စွာ စစ် ဖြစ်နေခဲ့ကြသော နိုင်ငံများ ဖြစ်သည်။ သူတို့၏ မတူသော နောက်ခံ၊ မတူသော အမြင်များ ကြာမှာ ပင် သူတို့သည် တူသော အချက်များ ကို ချက်ချင်း ရှာဖွေခဲ့ကြသည်။
သူတို့၏ ကလေးများ သူတို့၏ မိသားစုများ ၊ သူတို့၏ အလုပ်အကိုင်တို့က တူနေသည်၊ သူတို့ နှစ် ဦးကို အတူတကွကြည့်ရသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်၏ ။ ညစာစားပြီးသည်နှင့် အမျိုးသမီး ရာ ပေါင်းများ စွာ တို့သည် ဘတ်စ်စကားများ ဖြင့် ဘီဂျင်းသို့ သွားရောက်ကြ၏ ။ ဘီဂျင်းတွင် အခမ်းအ နားဖွင့်လှစ်မည် ဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှ စကားပြောသူများ ၊ သရုပ်ပြသူများ ပြသကြမည် ဖြစ် သည်။ အာဖရိကသူများ က ကိုယ်တိုင်ပန်းထိုးထားသော ရောင် စုံအ၀တ်အထည်များ ကို ၀တ်ဆင် ကြ၏ ။ အချို့က ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ချိုးငှက်ပုံနှင့် ကမ္ဘာ့အမျိုးသမီးသင်္ကေတများ ကို ပုံဖော် ထားကြ၏ ။
ကျွန်မစီးနင်းရသော ဘတ်စ်ကားက တက်ကြွသူအမျိုးသမီးများ ဖြင့် ပြည့်နေသော ဘတ်စ် စကားများ အနက် တစ်စီး ဖြစ်၏ ။ ချက်ချင်း ဆိုသလိုပင် ကျွန်မသိမ်ငယ် သွားရ၏ ။ ဤအမျိုးသမီး များ ကား ဤဘီဂျင်းသို့ လာကြခြင်းသည် ကမ္ဘာပေါ်ရှိ သူတို့၏ နေရာကို နားလည်ရန်လာကြခြင်း မဟုတ်၊ ထိုနေရာကို ရရှိအောင် တိုက်ဖို့လာကြခြင်း ဖြစ်သည်။
******************
နောက်နေ့နံနက်တွင် နံနက်စာစားရင်း အာဖရိကမှ အမျိုးသမီးများ သည် ဆူဆူညံညံ စကားပြောနေကြ၏ ယနေ့ဖွင့်ပွဲ အဓိကမိန့်ခွင်းကို အောင်ဆန်စုကြည်က ပြောမည် ဖြစ်သည်။ သူက လူအသိများ ဆုံး နိုင်ငံရေး အကျဉ်းသား ဖြစ်၏ ။ နယ်လ်ဆင်မင်ဒဲလား ပြီးကတည်းက သူ့ကို အသိဆုံး ဖြစ်လာခဲ့ခြင်း ဖြစ်၏ ။ သူသည် ၆ နှစ် မျှ နေအိမ်အကျယ်ချုပ်ခံရပြီး မကြာမီလေးကမှ စစ် အာဏာရှင်တို့က လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ အချုပ်မခံရတော့သော်လည်း စွန့်စားမှု မပါဘဲ မြန်မာ ပြည်မှ ထွက်လာ၍ မရချေ။ ထို့ကြောင့် ဗီဒီယိုဖြင့် မိန့်ခွန်းရိုက်ကူးပြီး ဘီဂျင်းသို့ ခိုးသွင်းခဲ့ရလေ သည်။
စု၏ ဖခင်က ဗိုလ်ချုပ်အောင်ဆန်း ဖြစ်၏ ။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ် ရေး တိုက်ပွဲ၏ သူရဲကောင်းတစ်ဦး ဖြစ်၏ ။ ၁၉၄၇ တွင် စုက အသက် ၂ နှစ် သာ ရှိစဉ် သူ့ဖခင်သည် နိုင်ငံရေး ပြိုင်ဘက်များ ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။
စုသည် ဆယ်ကျော်သက်အရွယ်မှာ အိန္ဒိယသို့ မိသားစုနှင့် အတူ ပြောင်းရွှေ့ခဲ့ရ၏ ။ အိန္ဒိယ တွင် သူ့မိခင်က မြန်မာနိုင်ငံ သံအမတ်အ ဖြစ် အမှု ထမ်းရ၍ ဖြစ်သည်။ နောက်ပိုင်းတွင် အောက်စ် ဖို့ဒ်၌ ပညာသင်ရင်း ဗြိတိသျှပညာရှင်ဒေါက်တာမိုက်ကယ်လ် အဲရစ်စ်နှင့် တွေ့ ပြီး လက်ထပ်ခဲ့ သည်။ သားနှစ် ဦးမွေးဖွားခဲ့သည်။ သူတို့သည် အားလပ်ရက်များ မှအပ မြန်မာပြည်သို့ ပြန်လေ့မရှိ ချေ။။ သို့သော် သူကသူ့နိုင်ငံမှလူများ ကို မမေ့နိုင်ခဲ့ဘဲ တစ်နေ့နေ့ သူ့ကို နိုင်ငံက လိုအပ်ခဲ့လျှင် ပြန် မည် ဟု ခင်ပွန်းအား မကြားခဏပြောခဲ့၏ ။ ထိုနေ့ကား ၁၉၈၈ တွင် ရောက်ရှိခဲ့၏ ။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေး အုံကြွလာသော အခါ စုသည်နေမကောင်း ဖြစ်နေသူ မိ ခင်ကြီးအားပြုစုနေခိုက်နှင့် ကြုံခဲ့၏ ။ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ် နေ၀င်းသည် ၂၆ နှစ် အာဏာရခဲ့ရာမှဆင်းပေးခဲ့ရ၏ ။ ဒီမိုကရေစီရေး ဆန္ဒပြပွဲများ အစုလိုက်အပြုံ လိုက် လုပ်ကြသည်ကို စစ်တပ်မှ ကြမ်းတမ်းစွာ ဖိနှိပ်ခဲ့၏ ။ မြန်မာလူမျိုး ၄၀၀၀ နီးပါး သေဆုံးခဲ့ကြ ရသည်။ ရန်ကုန်ရှိရွှေတိဂုံဘုရားအနီးတွင် လူတစ်သန်းခန့်ကို အောင်ဆန်းစုကြည်က စင်မြင့်မှနေ ၍ ဒီမိုကရေစီအစိုးရသစ် ဖော်ဆောင်ရေး ကို လှုံ့ဆော်ခဲ့သည်။ ဖခင် ဖြစ်သူ၏ သမီးအ ဖြစ် တစ်နိုင် ငံလုံး၏ အာရုံစိုက်မှု ကို ရရှိခဲ့လေသည်။
သို့ သော် နောက်လတွင် စစ်အစိုးရအသစ်တစ်ရပ်က အာဏာသိမ်းခဲ့သည်။ စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပမ်းမှု ကို တုံ့ပြန်သည့်အနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League tor Democracy..NLD) ကိုဖွဲ့စည်းရာအောင်ဆန်းစုကြည်က အထွေထွေအတွင်းရေး မှူး ဖြစ်လာသည်။ သူ့ဖခင်ကဲ့သို့ ပင် သူက မြန်မာလူထုအတွက် ဒုတိယလွတ်လပ်ရေး ရအောင် ကူညီချင်သည်။ ယခု ရင်ဆိုင်ရမည့်  လွတ်လပ်ရေး ကား စစ်အုပ်ချုပ်ရေး မှ ဖြစ်၏ ။ သို့ သော်သူက လွတ်လပ်ရေး ကို တိုက် ရာတွင် အကြမ်းဖက်သော နည်းဖြင့် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
၁၉၈၉ တွင် အောင်ဆန်းစုကြည်သည် စစ်တပ်ဥပဒေအောက်၌ တရားစစ်ဆေးမှု မရှိဘဲ ထိန်းသိမ်းခံခဲ့ရ၏ ။ ထိုကဲ့သို့ ထိန်းသိမ်းခံရဆဲမှာ ပငါ သူက သူ့လူထုနှင့် အဆက်အသွယ်လုပ် ခဲ့သည်။ မြန်မာလုထူကား ဒီမိုကရေစီက ပိုဆာလောင်နေကြပြီး တရားမျှတသော လူ့အဖွဲ့အစည်း ကိုလိုလားနေကြလေသည်။ စစ်အစိုးရက ၁၉၉၀ တွင် ရွေးကောက်ပွဲ ကျင်းပပေးခဲ့၏ ။ NLD က အမျိုးသားလွှတ်တော် တွင် နေရာ ၈၁ ရာနှုန်းရယူနိုင်ခဲ့၏ ။ သို့ သော် စစ်အစိုးရသည်ရွှေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။ အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံမှထွက်သွားမည် ဆိုလျှင် လွှတ်ပေးမည် ဟု ကမ်းလှမ်းသည်။ သူကလက်မခံခဲ့ပေ။ ဤသို့ ငြင်းဆိုခြင်းအတွက် သူ့သားများ နှင့် ခင်ပွန်းကို တွေ့ ရတော့မည် မဟုတ်ဟု သိပါလျက်နှင့် လက်မခံခဲ့ခြင်း ဖြစ်သည်။
အောင်ဆန်းစုကြည်အပေါ် ပြုလုပ်မှု ကို နိုင်ငံတကာက ကန့်ကွက်ခဲ့ကြသည်။ ၁၉၉၀ တွင် သူသည် ရာဖတိုအမှတ်တရဆုနှင့် အတွေးအခေါ် လွတ်လပ်မှု အတွက် ဆာခရော့ဗ် ဆုတို့ကို ရရှိ သည်။ ၁၉၉၁ တွင် ရွှေးကောက်ပွဲအတွက် နိုဗယ်လ်ဆိုကို ၈ ယောက် မြောက် အမျိုးသမီးအ ဖြစ် ရရှိခဲ့ပေးသည်။ နိုဗယ်လ်ဆု ကော်မတီဥက္ကဋ္ဌက ကြေညာရာတွင် အောင်ဆန်းစုကြည်သည် ကျွန်ုပ် တို့၏ အကောင်းဆုံးအရာတစ်ခုကို ယူဆောင်ပေးခဲ့၏ ။ ကျွန်ုပ်တို့၏ အနာဂတ်ယုံကြည်မှု ကို ထိန်းသိမ်းရန်အတွက် သူ့ကဲ့သို့ လူမျိုး လိုအပ်သည်ဟု ခံစားသည်။ ထိုသို့ ခံစားခြင်းဖြင့် သူ့အား အမှတ်အသားအ ဖြစ် ဤပါဝါကို ပေးခြင်း ဖြစ်သည်။ သူ့အား မတရားပြုမှု မှန်သမျှကို အကြမ်းဖက် ခြင်းဟု ယူဆခြင်းကြောင့် ဖြစ်သည်။ သူ့အား အကြမ်းဖက်ခြင်းကို ကျွန်ုပ်တို့ နှလုံးသား၌ စွဲထင်နေခဲ့ပြီ ဖြစ်သည်။
******************
ဘီဂျင်း၌ ကြည်ရသော ဗီဒီယိုမှာ မှု န်ဝါးပြီး အသံများ ကလည်း မကြည်လင် ဖြစ်စေကာမူ စုပြောလိုသော သတင်းစကား အနှစ် သာရကား ရှင်းပါသည်။ သူက သည်းခံစိတ်နှင့် ပါဝင်မှု အ ကြောင်းပြောသွားသည်။ ဤတန်ဖိုးများ ကို အမျိုးသမီးများ က ကမ္ဘာသို့ မည် သို့ယူဆောင်ခဲ့ကြောင်း ပြောသည်။ နှစ် ဦးနှစ် ဖက် တွေ့ ဆုံပြောဆိုခြင်းဖြင့် ပဋိပက္ခများ ကို လျှော့ချနိုင်ရန် အမျိုးသမိးများ စွမ်းဆောင်နိုင်ကြောင်း ပြောသည်။ အကြမ်းနည်းသုံးခြင်းထက် တွေ့ ဆုံဆွေးနွေးရေး ကသာ ပဋိ ပက္ခကို ငြိမ်စေနိုင်ကြောင်းပြောသည်။ ထို့ပြင် ဒီမိုကရေစီရေး အတွက် ဆက်လက်ထိန်းသိမ်းခံနေရ သော သူများ ကိုလည်း လွှတ်ပေးရန် ပြောဆိုခဲ့သည်။
မိန်းမငယ်တစ်ဦးအနေဖြင့် ကျွန်မသည် သူ၏ ငြိမ်သက်သော ခွန်အားကြောင့် အားတက် လာခဲ့၏ ။ သူသည်မြန်မာပြည်၏ အနာဂတ်ကို အာရုံထားသည်။ သူ့ရည်ရွယ်ချက်ကို မည် သည့်အ ရာကမှ မှေးမှိန်အောင် ပြုနိုင်မည် မဟုတ်ဟု ထင်ရသည်။ သူက ရှင်းရှင်းနှင့် အာရုံစိုက်ပြီး အခြား သူများ ကိုလည်း မျှော်လင့်ချက်မလျှော့ဖို့ အာရုံစိုက် စိတ်ဝင်စားစေပါသည်။
ဤအကြိမ်သည် ကျွန်မအဖို့အာဏာထက် စိတ်ခွန်အားအပေါ် အခြေခံသော ခေါင်းဆောင် မှု ကို ပထမဆုံးမြင်ရခြင်း ဖြစ်ပါသည်။ အောင်ဆန်းစုကြည်ကား သူ့နိုင်ငံ၏ ရွေးချယ်ခံရသော ခေါင်း ဆောင် ဖြစ်၏ ။ သို့ ပါလျက် နေအိမ်တွင် ၅ နှစ် ထိန်းသိမ်းခံခဲ့ရသည်။ သူ့ကိုချုပ်နှောင်ထားခဲ့သော် လည်း သူသည်စစ်အစိုးရထက် တန်ခိုးကြီးသူ ဖြစ်၏ ။ အဘယ့်ကြောင့် ဆိုသော် စစ်အစိုးရမှာ မရှိ သော အရာကို ရထား၍ ဖြစ်သည်။ ထိုအရာကား လူထု၏ နှလုံးသားနှင့် စိတ်ပေတည်း။
ဒေါ်စုကဲ့သို့ နိုဗယ်ဆုရှင်တစ်ဦး ဖြစ်သော ဘုန်းတော် ကြီး ဒက်စ်မင်တူးတူး က ပြောခဲ့၏ ။ လူတွေ က ဥာဏ်တုံးကြတာမဟုတ်ဘူး။ သူတို့ခေါင်းဆောင်အစစ်ဟာ ဘယ်သူလဲဆိုတာ သူတို့ သိတယ်။ ခင်ဗျားတို့ သူတို့ကို ထောင်ချနိုင်တယ်၊ တာမြစ်နိုင်တယ်၊ တိုင်းပြည်က နှစ် ထုတ်နိုင် တယ်၊ ဒါပေမဲ့ လူတွေ က သူတို့ဟာ ခေါင်းဆောင်တွေ ဆိုတာ အမြဲတမ်းသိကြတယ်။
မှန်ပါသည်။ မြန်မာလူထုက တကယ်ပင် သိကြပါသည်။ ဒေါ်စုသည် ဆယ်စုနှစ် ၂ ခုခန့် ကြာမြင့်ခဲ့သော လူထု၏ မျော်လင့်ချက်ကို စတင်လှုပ်ရှားခဲ့သူ ဖြစ်သည်။
ကျွန်မသည် ဒေါ်စု၏ စကားများ ကြောင့် ကျေနပ်ခဲ့ရသကဲ့သို့ ကျွန်မအနီးရှိ အမျိုးသမီးများ ၏ တုံ့ပြန်မှု များ ကိုလည်း အမှန်တကယ် သဘောပေါက်ခဲ့ရ၏ ။ သူတို့အားလုံးတွင် မယိမ်းမယိုင် သော ရည်မှန်းချက်ရှိကြ၏ ။ မမျှတမှု များ ကို ဆန့်ကျင်သော ခွန်အားကိုပေးသည့် အာရုံစူးစိုက်မှု နှင့် ဆုံးဖြတ်ချက်ရှိကြ၏ ။ ဤအရည်အသွေးက ယဉ်ကျေးမှု ကိုလည်း ပြောင်းပစ်နိုင်သည်။ အမျိုးသမီး များ ၏ ခေါင်းဆောင်မှု အခြေခံကို ပုံဖော်ပေးနိုင်သည်ဟုလည်း ကျွန်မမြင်ပါသည်။ မကြာမီမှာ ပင် ကျွန်မနိုင်ငံ၌ ဤစံပြအ ဖြစ်မျိုးကို နမူနာတစ်ခုအ ဖြစ် မြင်ရနိုင်ဖွယ် ရှိပါသည်။
ညီလာခံနောက်ဆုံးနေ့တွင် ကျွန်မသည် အရုဏ်အတက်မီကပင် အိပ်ရာမှထခဲ့၏ ။ ယနေ့ အမေရိကန်ပြည်ထောင်စုမှ သမ္မတကတော် ဟီလာရီကလင်တန် မိန့်ခွင့်ပြောလိမ့်မည် ။ ထိုမိန့်ခွင်း ပြောမည့်  ခန်းမသို့ အမျိုးသမီးထောင်ချီပြီး သွားကြမည် ။ ကျွန်မ သူတို့နှစ် အတူ လိုက်ပါ၏ ။ အမေရိ ကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီတွင် ယခုကဲ့သို့ သမ္မတကတော် က ဘီဂျင်းအမျိုးသမီးညီလာခံ၌ ပါဝင်ဆင်နွှဲမည့် ကိစ္စကို မကျေနပ်ကြပေ။ ညီလာခံမတိုင်မီ လများ စွာ ပင် အမေရိကန်အစိုးရ အရာရှိ များ သည် ဤကိစ္စအတွက် အငြင်းအခုန်း ဖြစ်ခဲ့ကြ၏ ။ တရုတ်နိုင်ငံလိုနေရာ၌ လူ့အခွင့်အရေး အ ကြောင်း သွားပြောခြင်းသည် သမ္မတကတော် အနေနှင့် သင့်တော် ပါ့မလား။
တရုတ်နိုင်ငံသည် လူ့အခွင့်အရေး မှတ်တမ်း၌ အားနည်းလှသည်။ အမျိုးသမီးများ ၊ မိန်းက လေးငယ်များ အပေါ် ပြုမူခြင်းအပါအ၀င် လူ့အခွင့်အရေး မပေးသော နိုင်ငံ ဖြစ်နေသည်။ ဥပမာ.. ကလေးမွေးဖွားမှု ကိစ္စတွင် မိသားစုတစ်စု၌ ကလေးတစ်ဦးသာယူရမည် ဟူသော မူဝါဒကြောင့် မမွေးမီ စစ်ဆေး၍ မိန်းကလေး ဖြစ်နေပါက ကိုယ်ဝန်ကို ဖျက်ချနေကြသည်။ တရုတ်ပြည်၏ လူဦး ရေတွင် မိန်းကလးဦးရေ သန်း ၁၀၀ တို့ပျောက်ပျက်နေခဲ့သည်။
ညီလာခံသို့ တက်ရောက်မည့်  အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်အဖွဲ့ကို မစ္စက်က လင်တန်က ဥက္ကဌ အ ဖြစ် ဆောင်ရွက်မည် ဟု အမည် စာရင်း ကြေညာလိုက်သော အခါ ၁၉၉၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲတွင် ဤကိစ္စသည်ပြောစရာ ဖြစ်သွားခဲ့၏ ။ အထူးသဖြင့် ရီပတ်ဘ လစ်ကင် အထက်လွှတ်တော် အမတ် ဘော့ပ် ဒိုးလ် ကဤသို့ သွားရောက် ပါဝင်ခြင်းသည် အသုံး ၀င်ရန်လမ်းမမြင်ဟု ဝေဖန်သည်။
ထိုအချိန်တွင် တရုတ်နိုင်ငံသည် အမေရိကန် လူ့အခွင့်အရေး လူပ်ရှားသူ ဟယ်ရီဝူး ကို နိုင်ငံရေး အကျဉ်းသားအ ဖြစ် ဖမ်းဆီးထားသည်။ ဤတွင် သမ္မတကလင်တန်၏ အရာရှိများ ပင် သမ္မတကတော် သွား၍ ဖြစ်ပါ့မလားဟု သဘောမတူနိုင်အောင် ဖြစ်ခဲ့ကြ၏ ။ သွား ဖြစ်အောင် သွား သင့်သည်ဟု ယူဆသော သူ့မှာ တစ်ယောက် တည်းရှိ၏ ။ ထုသူကား ဟီလာရီ ကိုယ်တိုင်တည်း။
နောင်အခါ ထိုကိစ္စနှင့် ပတ်သက်ပြီး ဟီလာရီကိုယ်တိုင် ရေး သားသော မှတ်တမ်းစာစု တွင် ကျွန်မသည် သူတို့ပြောခြင်းကို ကရုဏာသက်ပြီး ကိုယ်ချင်းစာသည်။ သို့ သော် မကျေနပ်နိုင်ပါ။ အမျိုးသမီးများ ကိစ္စကို စွန့်လွှတ်စွန့်စားရမည် ပင် ဖြစ်သည် ဟု ရေး ခဲ့သည်။
နောက်ဆုံးတွင် ကား ဟရီဝူးကို အကျဉ်ထောင်မှ လွှတ်ပေးလိုက်၏ အိမ်ဖြူတော် ကလည်း သမ္မတကတော် ၏ ခရီးကို အတည်ပြုလိုက်ရလေသည်။ သမ္မတကတော် အနေနှင့် ကား ဘီဂျင်း သွားရောက်ရေး ကို မတားသင့်ဟု ရှင်းရှင်းပြော၏ ။ ကမ္ဘာပေါ်တွင် မည် သည့်နေရာ၌ ဖြစ်စေ၊ အမျိုး သမီးများ အခွန့်အရေး နှင့် ပတ်သက်၍ အမှန်အတိုင်းပြောခြင်းကို တားဆီးခြင်းမပြုသင့်ဟု ယူဆ ပေသည်။
ကျွန်မသည် မှော င်ထဲ၌ မတ်တပ်ရပ်နေခဲ့၏ ။ မနက်စောစောမို့ အလင်းရောင် ပင် မလာ သေး၍ မှော င်နေသည်။ ဟီလာရီကို မျှော်နေသော အမျိုးသမီးထုက တန်းစီနေကြသည်။ တန်းစီ သူများ သည်ထက်များ လာ၏ ။ ခန်းမက လူသုံးလေးရာမျှသာ ဆန့်၏ ။ ကျွန်မက အရှေ့ဆုံးနှင့် နီး သော နေရာတွင် ရပ်နေ၏ ။ အခန်းထဲဝင်နိုင်မည် ဟု ကိုယ့်ဘာသာသေချာ နေခဲ့သည်။ သို့ သော် အချိန်ရောက်သော အခါ အမေရိကန် ကိုယ်စာလှယ်အဖွဲ့၊ မီဒီယာအဖွဲ့ဝင်များ နှင့် တရုတ် အစိုးရ အရာရှိများ ကိုသာ မြင်ရ၏ ။ လူအနည်းငယ်မျှသာ ၀င်ရပြီး၊ အခန်းတွင်း၌ ထိုင်ခုံပြည့်သွားပြီဟု ကော်မတီက ကြေညာလေသည်။
ညီလာခံလာ အမျိုးသမီးအများ စုမှာ မစ္စက်ကလင်တန်ကို စင်ပေါ်မှာ မမြင်ခဲ့ကြရချေ။ ကျွန် မအပါအ၀င် ကံကောင်သူတစ်စုသာ ခန်းမကြီးဘေး အခန်းတစ်ခုတွင် အသံလိုင်းဖွင့်ထားသဖြင့် မစ္စက်ကလင်တန်စကားကို တိုက်ရိုက်ကြားခွင့်ရခဲ့ကြသည်။ သို့သော် သတင်းခေတ်ကြီး မရောက်မီ ကာလ ဖြစ်ပါလျက်နှင့် မစ္စက်ကလင်တန်၏ မိန့်ခွန်းကားတောမီးပမာ ပျံ့နှံ့သွားခဲ့ပေသည်။ ဘီဂျင်း မိန့်ခွင်းသည် ခွန်အားပြည့်ပြီး ဦးတည်ချက်ခိုင်မာလှ၏ ။ မြင့်မြတ်မှု နှင့် အတူနေရာတိုင်း၌ အမျိုး သမီးများ အပြည့်အ၀ ပါဝင်ဆောင်ရွက်ရေး လမ်းကြောင်းကို ခင်းသွားခဲ့ပေသည်။
အမျိုးသမီးများ သည် အတူတကွ ပူးပေါင်းပြီး အချင်းချင်း စိတ်ကူးဖလှယ်နိုင်သော နည်း လမ်းများ ကိုလည်း မစ္စက်ကလင်တန်က ပြောခဲ့၏ ။ အစိုးရလုပ်ငန်းများ မှာ ရော၊ ပုဂ္ဂလိကလုပ်ငန်း များ ၌ ပါ အမျိုးသမီးများ ၏ ဆောင်ရွက်ချက်များ အား အရေး စိုက် မခံရပုံများ ကိုလည်း ပြောသည်။ ထို့နောက်သူက အောက်ပါအတိုင်းကြေညာလေသည်။ အမျိုးသမီးများ ရဲ့ အခွင့်အရေး ကို လူ့အခွင့် အရေး နဲ့ ခွဲခြားပြီး ဆွေးနွေးခြင်းအား လက်ခံတော့မည် မဟုတ် ဟူ၍ တည်း။
တရုတ်ပြည် အမေရိကန်ပြည်ထောက်စုနှင့် တစ်ကမ္ဘာလုံးကပင် အံ့အားသင့်သွားကြရ လေပြီ။ အမျိုးသမီးများ အား လူသားအ ဖြစ် ထိုက်တန်သူ၊ တန်းတူညီမျှသူဟု အသိအမှတ်ပြုခြင်း မှာ ထူးခြားသော အမှတ်အသား ဖြစ်သွားသည်။ ဤကိစ္စကို ဆုံးဖြတ်ကြရဦးမည် ။ ကန့်ကွက် ကောင်း ကန့်ကွက်ရဦးမည် ဟု ယူဆနေချိန်တွင် မစ္စက်ကလင်တန်၏ ကြေညာချက်မှာ စူးရှကျယ် လောင်လွန်းနေသည်။ ညီလာခံတက်ကြသော အမျိုးသမီးများ အားလုံးကိုလည်း ဤကြေညာချက် ကဖမ်းစားနိုင်ခဲ့၏ ။ အမျိုးသမီးတို့သည် စိတ်ချယုံကြည်မှု ရရှိရေး အတွက် တောင်းပန်နေရန်မလို။ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အတွက်လည်း တောင်းခံနေရန်မလို။ အခွင့်အရေး တန်းတူရရှိရေး အတွက်လည်း တောင်းပန်ရန်မလိုချေ။ အမျိုးသားများ သည် လူသားများ ဖြင့် သည့်အလျှောက် ဤ အခြေခံ အခွင့်အရေး များ ကို ရရှိပြီး ဖြစ်သည်။ အစိုးရများ အနေနှင့် အမျိုးသမီးများ ရင်ဆိုင်နေရ သော စိန်ခေါ်မှု များ ကို အပိုအခွင့်အရေး များ ဟု ခွဲခြားသတ်မှတ်ပါက နှိမ်ချချိုးနှိမ်ခြင်းသာ ဖြစ်သည်။
မစ္စက်ကလင်တန်၏ စကားများ သည် အခန်းတွင်းရှိ ပရိသတ်အားလုံးကြာ၌ ဆင့်ကဲ့ဆင့် ကဲ အော်ဟစ်သံများ ဖြစ်သွားတော့၏ ။ အမျိုးသမီးများ စွာ တို့သည် မိမိတို့နိုင်ငံသို့ အသီးသီးပြန် သွားကြသော အခါ အမျိုးသမီးများ ၏ အခွင့်အရေး သည် လူ့အခွင့်အရေး ပင် ဖြစ်သည် ဟူသော စကားရပ်ကို စွဲကိုင်သွားကြကြောင်း ပြောပြကြသည်။ ဤစကားလုံးများ ၏ နောက်တွင် ခွန်အား များ တိုးပွားခဲ့ကြရပေသည်။
တရုတ်နိုင်ငံ၏ အမြင်တွင် မူ သမ္မတကတော် ၏ စကားသည် လူ့အခွင့်အရေး များ အလွဲသုံး ခံနေရသော အိမ်ရှင်နိုင်ငံအား ဂရုပြုစေ၏ ။ အမေရိကန်ပြည်ထောင်စု၌ လည်း သမ္မတ ကတော် သည် သူ၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး နိုင်ငံခြားရေး ၀ါဒကို ဖော်ဆောင်ခဲ့သည်ဟု ဝေဖန်ခံရ လေသည်။
သို့ သော်ဘီဂျင်းသို့ ခရီးနှင်ခဲ့ကြသော ကျွန်မတို့အဖို့ကား သမ္မတကတော် သည် တောက်ပ သော အချက်ပြမီးတိုင်ပင်တည်း။ မစ္စက်ကလင်တန်သည် အမျိုးသမီးများ ရင်ဆိုင်နေရသော အခက်အခဲများ ကို ခွဲခြားပြသလိုက်ခြင်းပင် ဖြစ်၏ ။ ကမ္ဘာက ဂရုစိုက်မှု ပြုလာရန် တောင်းဆိုလိုက် ခြင်းလည်း ဖြစ်သည်။
ထိုအချိန်၌ သူသည် တရားဝင်ခန်ထားခြင်း ခံရသော အရာရှိမဟုတ်စေကာမူ၊ ကမ္ဘာက ကြားနိုင်သော နေရာကို သူ နားလည်ခဲ့၏ ။ ဥပေက္ခာပြု၍ မ ဖြစ်နိုင်သော အနေအထားကိုလည်း သူနားလည်သည်။ သူ့အသံ၏ သြဇာကို သူသိသည်။ ထိုအသံကို အခြားငြိမ်သက်နေသော အသံ ရှင်များ အတွက် ပြောကြားရန် အသုံပြုလိုက်ခြင်းပင် ဖြစ်လေသည်။
******************
![]() နိုင်ငံရေးအကျဉ်းသူများ | ![]() ရွှေမင်းသမီး | ![]() မကြောက်တမ်း မရွံ့တမ်း |