
အခန်း(၁)
၁၉၇၀ နှောင်းပိုင်းတွင် ကျွန်မသည် ဆော်ဒီအာရေဗျနိုင်ငံသို့ တစ်ကိုယ်ရေအပျိုဘ၀ဖြင့် စွန့်စားခန်း ခရီးထွက်ခဲ့ပါသည်။ ၁၉၇၈ စက်တင်ဘာ ၇ ရက်တွင် ထိုနိုင်ငံသို့ ရောက်ရှိပြီး ၁၉၉၁ ခုနှစ် ၊ နွေဦးပေါက်အထိ နေထိုင်ခဲ့၏ ။ ၁၉၇၈ မှ ၁၉၈၂ အထိ ဘုရင့်အတူးဆေးရုံးနှင့် သုတေသန ဌာနတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အုပ်ချုပ်ရေး ဌာန၌ အလုပ်လုပ်ခဲ့သည်။ ထို ၄ နှစ် တာကာလအတွင်း ဆော်ဒီဘုရင် “ဖိုင်ဆယ်”၏ တော် ၀င်မိသားစု အများ အပြားကို တွေ့ ဆုံခဲ့ရ၏ ။ ဗြိတိသျှနိုင်ငံသား ပီတာဆက်ဆင်နှင့် ကျွန်မလက်ထပ်ပြီး ၊ ထိုတော် ၀င်ဆေးရုံမှ အလုပ်ထွက်ပြီး နောက်တွင် လည်း နောက်ထပ် ၉နှစ် လုံးလုံး ထိုနိုင်ငံ၌ ဆက်လက်နေထိုင်ခဲ့သည်။
အဆိုပါ (၁၂)နှစ် ကာလအတွင်း ကမ္ဘာ့သားအများ စုက အနည်းငယ်သာ နားလည်ခဲ့သော ထိုနိုင်ငံအကြောင်းကို ကျွန်မကမူ ထဲထဲဝင်ဝင် လေ့လာနားလည်နိုင်သော အနေအထားကို ရရှိခဲ့ ၏ ။ကျွန်မသည် ဆော်ဒီအာရေဗျနိုင်ငံသား လူလတ်တန်းစား အများ အပြားနှင့်လည်း မိတ်ဆွေ ဖြစ် ခဲ့ရ၏ ။ ထိုအချိန်အတွင်း အခြားအာရပ်နိုင်ငံများ သို့ လည်း လှည့်လည်ပြီး ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ( ဆော်ဒီအစိုးရက အစ္စရေး သို့ သွားခွင့်ပိတ်ထားသဖြင့် ၁၉၉၁ အထိ၊ အစ္စရေး သို့ မသွားခဲ့ရပါ)
၁၉၈၃ ခုနှစ် တွင် ၊ အလွန်ထူးခြားသော ဆော်ဒီအမျိုးသမီးတစ်ဦးနှင့် ဆုံခဲ့ရ၏ ။ သူ့အမည် က မင်းသမီး ဆူလတာနာအယ်လ်ဆတ် ဖြစ်၏ ။ ကျွန်မသည် ဤတော် ၀င်မင်းသမီးကို ချက်ချင်း ပင် သဘောကျခဲ့မိသည်။ သူသည် မိန်းမ တစ်ယောက် တွင် ရှိရမည့်  ကောင်းခြင်းအင်္ဂါအားလုံးနှင့်လည်း ပြည့်စုံသည်ဟု ကျွန်မယူဆပါသည်။ ဆူလတာနာသည် ငယ်ရွယ်နုနယ်ချောမောရုံမက ချစ်စရာ လည်းကောင်း၏ ။ ဥာဏ်လည်းရှိ၏ ။ အခြားဆော်ဒီမိန်းမများ တွင် တွေ့ ရလေ့မရှိသော လွတ်လပ် သည့် စိတ်ဓာတ်ကိုလည်း ပိုင်ဆိုင်လေ၏ ။
သူနှင့် ကျွန်မတို့ တဖြည်းဖြည်း ရင်းနှီးလာသော အခါ သူသည် ဖခင်၏ ။ မေတ္တာကိုမရခဲ့ သော ဒဏ်ရာနက်နက်ရှိုင်းရှိုင်းရှိနေသူ မိန်းမ တစ်ယောက် ဖြစ်ကြောင်း သိခဲ့ရ၏ ။ သူသည် အလွန့် အလွန်ချမ်းသာကြွယ်ဝသော မိသားစု၌ မွေးဖွားခဲ့ရသော်လည်း ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် နည်းပါးခဲ့ ၏ ။ သူ့တွင် တိုက်ကြီးသုံးတိုက်၌ အိမ်ကြီးသုံးလုံး၊ ကိုယ်ပိုင်ဂျက်လေယာဉ်များ ၊ သန်းချီတန်သော ရွှေငွေရတနာများ စွာ ရှိ၏ ။ သို့ သော် ကိုယ်ပိုင်လွတ်လပ်မှု ကား မရှိ။ ရွှေမင်းသမီးဆူလတာနာကား အပြင်ပန်း၌ ပျော်ရွှင်ဟန်ရှိသော်လည်း အတွင်း၌ မူ သူ့ဘ၀ကို သူမပိုင်ခြင်းအတွက် ကြေကွဲနေခဲ့ သူ ဖြစ်ကြောင်းသိခဲ့ရ၏ ။ သူ့မိသားစုရှိ ယောက်ျားဆွေမျိုးအားလုံးသည် သူနှင့် သူ့သမီးများ အပေါ် သေစေရှင်စေသော ပါဝါရှိနေလေသည်။
အချိန်ကြာမြင့်သော အခါ မင်းသမီးဆူလတာနာသည် ကျွန်မနှင့်ရင်းနှီးလာသည့်အလျောက် သူ့ဘ၀ဇာတ်ကြောင်းကို ဖွင့်ဟခဲ့၏ ။ နောင် နှစ် နှစ် ၊ သုံးနှစ် ကြာသော အခါ သူ့ဇာတ်လမ်းကိုရေး ရန် ကျွန်မအားပြောပြခဲ့သည်။ သူ့နိုင်ငံရှိ အမျိုးသမီးများ အပေါ် မတရားပြုကျင့်မှု များ ကို ကမ္ဘာကသိ အောင် လုပ်ချင်နေသည်။
ကျွန်မက စိတ်ဝင်စားမှု များ စွာ မရှိပါ။ အခြားကြောင့်မဟုတ်။ သူ့လုံခြုံမှု အတွက် စိုးရိမ်၍ ဖြစ်၏ ။ နိုင်ငံခြားသားများ အား သံသယများ ပြား၍ ပြည်ဝင်ခွင့်ပင် မပေးချင်သော သူတို့နိုင်ငံတွင် နေထိုင်သူ မင်းသမီး တစ်ယောက် ဘ၀ကို မည် သူမျှ စိတ်ဝင်စားမည် ဟုလည်း မထင်ခဲ့ပေ။
ပီတာနှင့် ကျွန်မတို့သည် ၈-နှစ် တာ ပေါင်းသင်းပြီးနောက် ကွာရှင်းခဲ့ကြသည်။ သို့ သော် ကျွန်မသည် ထိုနိုင်ငံသို့ ကံကောင်းစွာ သွားလာဝင်ထွက်ခွင့်ရခဲ့၏ ။ ၁၉၉၁ တွင် မှ အပြီးထွက်ခွာခဲ့ ခြင်း ဖြစ်သည်။ ဆူလတာနာက သူ့အတ္ထုပ္ပတ္တိကို ရေး ပေးရန် ဆန္ဒစောနေသော်လည်း ကျွန်မသည် ထိုနိုင်ငံ၌ ရင်းနှီးသူများ တစ်ယောက် မျှ မကျန်သည်အထိ စောင့်ပြီးမှ ဤစာအုပ်ကို ရေး ရပါသည်။
ပင်လယ်ကွေ့ စစ်ပွဲပြီးသော အခါနှင့် ကျွန်မ၏ ပထမဆုံးစာအုပ် “ကူဝိတ်ကို မုဒိန်းကျင့် ခြင်း” ထုတ်ဝေပြီးသော အခါတွင် ကမ္ဘာကြီးသည် လျှို့ဝှက်သော ဆော်ဒီအာရေဗျအကြောင်း သိ ချင်လာကြသည်။ “ရွှေမင်းသမီး” စာအုပ်ကို ထုတ်ဝေသော အခါ ကမ္ဘာကြီးသည် ဆူလတာနာ၏ ဖြစ်ရပ်မှန်ဝတ္ထုကို အထူးနှစ် ခြိုက်လာကြသည်။
ဆူလတာနာသည် နန်းတွင်းမှ ကိစ္စများ ၊ မျက်နှာဖုံး နောက်ကွယ်မှ ဖြစ်ရပ်များ ကို ဖွင့်ဟလာခဲ့ကြသည်။ စာဖတ်သူများ သည် ဆူလတာနာ၏ ဘ၀နာကျည်းမှု များ ကြားမှ ကြီးမားသော ပျော်ရွှင်မှု ကို တွေ့ ရှိခဲ့ကြသည်။ ဤစာအုပ်ပါ အကြောင်း အရာများ တွင် ရယ်ရွှင်ဖွယ်များ နှင့် သူ့မိခင်၊ သူ့အစ်မများ ၊ အစေခံမိန်းမများ အကြား ချစ်ခြင်းတရား များ ကို ဆင့်ကဲဆင့်ကဲ မြင်ရပါမည် ။သူ့အစ်ကို အလီ အား လက်စားချေသော အခန်းကို ဖတ်ရသော အခါ စာဖတ်သူများ သဘောကျခဲ့ကြသည်။
ဤစာအုပ်ကို အမျိုးသမီးအရွယ်မျိုးစုံက နှစ်သက် ကြသဖြင့် နိုင်ငံအများ အပြား၌ အရောင်း ရဆုံး ဖြစ်လာခဲ့၏ ။ ပညာသင်ကြားပေးသူ ဆရာအများ အပြားက ဤစာအုပ်ကို အနုစာပေအ ဖြစ် လေ့လာရန် ပြဠာန်းလာကြ၏ ။ သက္ကရာဇ် ၁၃၀၀ မှစပြီး အမျိုးသမီး စာရေး ဆရာရေး သော အကောင်းဆုံးစာအုပ် ၅၀၀ တွင် လည်း ဤစာအုပ်ပါဝင်လာကြောင်း ဂုဏ်ယူစွာ ပြောချင်ပါ၏ ။
ဤစာအုပ်၏ ကြီးမားသော အောင်မြင်မှု ကြောင့် ဒုတိယစာအုပ်ကို ရေး လိုစိတ်ပေါ်လာပါ သည်။ ဤစာအုပ်ကို ထုတ်ဝေပြီး တစ်နှစ် ကြာသော အခါ ဆူလတာနာက စတင်ဆက်သွယ်သဖြင့် ၀မ်းသာရ၏ ။ ယခင်က သူ၏ လုံခြုံရေး အတွက် အဆက်အသွယ်မလုပ်ရန် သဘောတူခဲ့ကြသည်။ ယခုမူ ဆူလတာနာက သူ၏ သမီးငယ်နှစ်ယောက် အကြောင်း ရေး ပေးရန် ဆန္ဒရှိလာပြန်သည်။
ထို့ကြောင့် အလုပ်များ ကိုရပ်ပြီး သူ့သမီးများ အကြောင်း ရေး ဖြစ်၏ ။”မင်းသမီးဆူလတာ နာ၏ သမီးများ ” စာအုပ်ကို အရင်ထုတ်ဝေသည်။ ဤတွင် ကမ္ဘာကြီးသည် ဆူလတာနာ၏ ချောမော သော သမီးများ ဖြစ်သည့် “မဟာ” နှင့် “အမာနီ” တို့ကို သိလာခဲ့ကြသည်။ နောက်ဆုံး သူ့ဘ၀လော လောဆယ် ကိစ္စများ အကြောင်း သိလိုသည်ဟု တောင်းဆိုကြသဖြင့် အခြားမိန်းများ အား ကူညီနေ ပုံကို တတိယစာအုပ်အ ဖြစ် မင်းသမီးဆူလတာနာ၏ စည်းဝိုင်း ကို ရေး သားထုတ်ဝေရပါသည်။
မင်းသမီး ဆူလတာနာအကြောင်း ရေး သားခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုမက ကြာခဲ့ပြီ။ စာအုပ်ကား ခေတ်မီနေဆဲ ဖြစ်၏ ။ အဘယ့်ကြောင့်နည်း။ ဆော်ဒီအာရေဗျသည် ကျွန်မရှိစဉ်ကနှင့် မခြားဘဲ ရှိနေသေး၍ ဖြစ်၏ ၊ သူတို့ တိုင်းပြည်တွင် အမျိုးသမီးများ ဘ၀ကို ပြောင်းလဲရန်လိုကြောင်း အများ ပြောဆိုနေကြသော်လည်း ၂၀၀၄- ခုနှစ် အထိ အမျိုးသမီးအနည်းစုကသာ သူတို့အား ချုပ် နှောင်ထားသည့် ကြိုးများ ကို ဖြိုဖျက်ရန် ကြိုးစားနေကြ၏ ။ သူတို့ရည်ရွယ်ချက် မအောင်မြင်ကြသေးချေ။
ဆော်ဒီအမျိုးသမီးအများ စုမှာ မျက်နှာဖုံးအုပ်ကြရဆဲ ဖြစ်၏ ။ ဆော်ဒီအမျိုး သမီးများ အား ကားမမောင်းရဟု ဥပဒေဖြင့် ချည်ထား၏ ။ ကောလိပ်မှ ဘွဲ့ရသူ ၅၈ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သော်လည်း အလုပ်လုပ်ခွင့် မရှိ။ မိသားစုမှ လွဲလျှင် သူစိမ်းယောက်ျားများ နှင့် ရောနှောခြင်းမရှိရ၍ ဖြစ်သည်။ ဆော်ဒီ အမျိုးသမီးများ အား မိမိလိုလားသော အိမ်ထောင်ပြုမှု ကို ငြင်းပယ်ခွင့်ပေးထားသော်လည်း ဆော်ဒီမိန်းမငယ်လေးများ သည် သူတို့ထက် ၂ဆ၊ ၃ဆ အသက် ကြီးသူများ နှင့် ပေးစားခြင်း အန္တရာယ်ကို ခံစားနေကြရဆဲတည်း။
ထိုကံဆိုးသော အမျိုးသမီးများ အတွက် လုပ်ဆောင်ရန် ကိစ္စများ စွာ ရှိနေသေးသည်။ ကျွန်မ တို့ကဲ့သို့ မိမိအတွေးများ ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရသူများ က ထိုတာဝန်ကို ရယူရန် ဖြစ်၏ ။
ဆော်ဒီမင်းသမီးအကြောင်း စာအုပ်သည် ကမ္ဘာပေါ်ရှိ ဘ၀ပေါင်းများ စွာ ကို ပြောင်းလဲပေးခဲ့ ၏ ။ ကမ္ဘာတစ်ဝန်းရှိ မိန်းမငယ်များ စွာ တို့သည် အသိတရားနှင့် ပြောင်းလဲမှု အတွက် အလုပ်လုပ်နေ ကြ၏ ။ အမျိုးသမီးများ နှင့် ပက်သက်သော ကိစ္စများ ကို လုပ်ဆောင်နိုင်ရန် ကောလိပ်မှ မေဂျာဘာ သာရပ်များ ပြောင်းလဲကြကြောင်းလည်း ကျောင်းသားများ က ကျွန်မထံ စာရေး ၍ ပြောကြပါသည်။ မိခင်များ ကလည်း သူတို့သားများ ကို နှမများ နှင့် မိန်းမများ အား တန်းတူဆက်ဆံကြဖို့ ဆုံးမကြ ကြောင်း ပြောကြသည်။
ကျွန်မတို့ အတူတကွ လုပ်ဆောင်ကြခြင်းဖြင့် ကမ္ဘာတစ်ဝန်းလုံး ကြီးမား သော ပြောင်းလဲမှု ဖြစ်လာရန် လုပ်နိုင်ကြပါမည် ။ စာဖတ်သူများ ကိုလည်း ကျွန်မနှင့် ဆူလတာနာတို့ နှင့်အတူ ပူးပေါင်းကာ အမျိုးသမီးတိုင်း ဂုဏ်သိက္ခာနှင့် နေနိုင်သော ဘ၀ကို ရရှိရန် ကြိုးစားဖို့ တိုက် တွန်းလိုက်ရပါသည်။
စာရေး သူတစ်ဦး၊ မိတ်ဆွေတစ်ဦးအနေဖြင့် မင်းသမီး ဆူလတာနာ၏ အကြောင်း ပြောခွင့်ရ ခြင်းအတွက် ဂုဏ်ယူပါကြောင်း။
ချစ်သော စာဖတ်သူများ ရှင့်
ယခုဒီစာကို ရေး နေတုန်း မိတ်ဆွေများ ဟာ ကျွန်မရဲ့ ငယ်ဘ၀နဲ့ အိမ်ထောင်ဦးဘ၀တို့ကို ဖတ်တော့မယ်ဆိုပြီး ကျေနပ်စွာ ပြုံးနေမိပါတယ်။ ကျွန်မ ငယ်ငယ်လေးကတည်းက ဖခင်ရဲ့ မချစ်မ ကြင် ဥပေက္ခာပြုမှု တွေ ကို ခံရတာ တွေ ၊ အစ်ကိုရဲ့ ရက်စက်စွာ နှိပ်စက်ခံရတာ တွေ ကို သိစေချင်ပါ တယ်။ ကျွန်မတို့လိုပဲ ဆောဒီမိန်းကလေးငယ် အများ အပြားဟာ ကြေကွဲမှု ၊ ဒေါသ ဖြစ်မှု တွေ ဖုံး လွှမ်းနေတဲ့အောက်မှာ နေခဲ့ရတာ တွေ ကို တစ်ကမ္ဘာလုံး သိစေချင်ပါတယ်။ သူတို့ရဲ့ အစ်ကိုတွေ က အချစ်ခံရပြီး သူတို့မိန်းကလေးတွေ ကတော့ နှိပ်စက်ခံခဲ့ရတယ်ဆိုတာ သိစေချင်တာပါပဲ။
ကျွန်မဟာ တော် ၀င်မင်းသမီးဘ၀နဲ့ နေထိုင်ခဲ့ရပေမယ့် ရွေးချယ်ခွင့်နည်းနည်း ပဲ ရခဲ့ပါတယ်။ ကျွန်မဖခင်ဟာ သူ့သားတွေ ကိုပဲ ချစ်ပါတယ်။ ကျွန်မက ဖခင်ရဲချစ်ခြင်းကို ခံယူချင်ခဲ့ တယ်။ ဒါပေမဲ့ ဘာမှမပြော၊ ဘာမှမလုပ်ခဲ့ပါဘူး။ သူ ကျွန်မအပေါ် ထူးခြားမှု နည်းနည်း လေး ဖြစ် လာအောင်ဆိုပြီး မပြောခဲ့။ မလုပ်ခဲ့ဘူး။
ကျွန်မမိဘများ ဟာ ပညာမတတ်ပေမယ့် တော် ၀င်မိသားစုများ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မဟာ ကောင်းပေ့ ညွှန့်ပေ့ ဆိုတဲ့ အရာများ ရရှိခဲ့ပါတယ်။ ပညာရေး အစားအစာကောင်း ကောင်း နဲ့ လှပတဲ့ အ၀တ်အထည် ရွှေငွေရတနာများ စသဖြင့် ရရှိခဲ့ပါတယ်။
ကျွန်မ ပတ်ဝန်းကျင်မှာ ကျွန်မကိုချစ်တဲ့ အစ်မတွေ လည်း ရှိခဲ့တယ်။ ပြီးတော့ ကျွန်မမိခင် ဟာ အကြင်နာတရားရှိပြီး မိသားစုထဲက ယောက်ျားတွေ ရဲ့ ဒဏ်က ကျွန်မကို ကာကွယ်ပေးခဲ့ပါ တယ်။ ဒါဟာ ကျွန်မ အများ ဆုံး ကံကောင်းတယ်လို့ ဆိုရမှာ ပါ။
တခြား ဆော်ဒီမိန်းကလေးငယ်လေးတွေ သူတို့ဘ၀ကို ဘယ်လို ကြံကြံခံကြောင်း မတွေးနိုင်ခဲ့ပါဘူး။ သူတို့တစ်တွေ လူအိုကြီးများ ရဲ့ တတိယမယား၊ စတုတ္တမယားအ ဖြစ် အဓမ္မပို့ ဆောင်ခံရတာ တွေ ကို သိပါတယ်။ ကုမရလောက် ရောဂါ ရလာရင် ချက်ချင်း ကွာရှင်းခံကြရတာ တွေ လည်းသိပါတယ်။ တချို့မိန်းမတွေ ဟာ ကလေးအမေ ဖြစ်ပြီး သူတို့ကလေးတွေ ကို သူတို့ရင်ခွင် တွင်းက အကြမ်းဖက်ဆွဲယူပြီး သူစိမ်းမိန်းမ တစ်ယောက် ကို ပြုစုမွေးမြူခိုင်းကြတယ်။ သူတို့မိသား စု ကိုယ်တိုင်က သတ်ပစ်လို့ သေကျေရတဲ့ မိန်းကလေးမျိုးကိုလည်း သိခဲ့ရပါတယ်။ ဘာမှမပြော ပလောက်တဲ့ အပြစ်ကလေးရှိတာနဲ့ သတ်ပစ်တာမျိုးပါ။
ကြေကွဲဖွယ်ဇာတ်လမ်းအများ ကြီး ကျွန်မသိပါတယ်။ အဲဒါတွေ ကို ကျွန်မရဲ့ စာအုပ် သုံး အုပ်ထဲမှာ ဖတ်နိုင်ကြပါတယ်။ ဒီလောက် ရေနံနဲကြွယ်ဝတဲ့နိုင်ငံမှာ ဒီလို ရက်စက်ကြမ်းကြုတ်မှု တွေ ရှိနေဆဲပဲလား။ နိုင်ငံသားတိုင်း ပညာသင်ပေးပြီး အလင်းရောင် ရအောင် လုပ်နိုင်ရက် နဲ့ ဒါမျိုးတွေ ရှိနေသေးလားလို့ မေးနိုင်ပါတယ်။ ကျွန်မတို့နိုင်ငံက ယောက်ျားအများ စုဟာ ပတ်ဝန်း ကျင်မှာ ရှိတဲ့လူတိုင်းကို စိုးမိုးအုပ်ချုပ်ချင်ကြတယ်လို့ ကျွန်မယုံတယ်။ အထူးသဖြင့် သူတို့ဘ၀မှာ မိန်းမတွေ ကို ချယ်လှယ်ချင်ကြတယ်။ သူတို့ဟာ ကျွန်မတို့ မိန်းမတွေ ကို အောက်တန်းမှာ ထားချင် လို့ပါဘဲ။
ကျွန်မတို့ ဆော်ဒီမိန်းမတွေ ဟာ မူလစည်းမျဉ်းတွေ ကို ပြောင်းဖို့ မလွယ်ကူနိုင်ဘူး။ ဒီတော့ မိတ်ဆွေများ ရဲ့ အကူအညီလိုပါတယ်။ နိုင်ငံအသီးသီးမှာ ရှိတဲ့ မိတ်ဆွေများ က ဆော်ဒီအာရေဗျရဲ့ စီးပွားရေး ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဖြစ်တဲ့ အစိုးရများ ကို တောင်းဆိုပေးကြစေချင်တယ်။
ဒါပေမဲ့ မိတ်ဆွေတို့ရဲ့ အကူအညီကိုလိုနေတာ ကျွန်မတို့ ဆော်ဒီအမျိုးသမီးတွေ ချည်း မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက အမျိုးသမီးတွေ ရဲ့ အဆင့်အတန်းကို ကျွန်မလေ့လာကြည့်တဲ့အခါ အမျိုးသမီးအားလုံးဟာ ယောက်ျားတွေ ရဲ့ အနိုင်ကျင့်မှု ကို ခံနေရကြောင်း တအံ့တသြတွေ့ ခဲ့ရပါ တယ်။ လာအို၊ ကမ္ဗောဒီးယားနဲ့ ထိုင်းက အမျိုးသမီးငယ်များ အား လိင်ကျွန်အ ဖြစ် ကုန်ကူးခံနေ ကြရတယ်။ တရုတ်ပြည်မှာ နို့စို့ကလေးအရွယ် မိန်းကလေးများ ဟာ တောင်ကြားထဲ အစာငတ်ပြီး သေဖို့ စွန့်ပစ်ခံနေကြရတယ်။ အိန္ဒိယက သားဖွားဆရာမ များ တွေ က ပိုက်ဆံယူပြီး မွေးစမိန်းက လေးတွေ ရဲ့ ကျောရိုးကို ချိုးပစ်နေကြတယ်။ သူတို့က ယောက်ျားလေးပဲ လိုချင်လို့ပါ။
အမေရိကန်မိန်းမများ ဟာလည်း သူတို့ယောက်ျားတွေ ၊ ရည်းစားတွေ ရဲ့ မနာလိုမှု ကြောင့် အသတ်ခံနေကြရတယ်။ ဒီလိုကိစ္စမျိုးသိလာရတာ စိတ်မကောင်းလွန်းလို့ လဲကျတဲ့အထိ ခံစား ရပါတယ်။
ဒီကမ္ဘာမြေပေါ်မှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ ကျွန်မတို့ အတူတကွ အလုပ်လုပ်ကြရပါ မယ်။ ယောက်ျားလေးတွေ ကို ကြိုဆိုတဲ့နည်းအတိုင်း မိန်းကလေးတွေ ကို ကြိုဆိုတဲ့အချိန် မရောက် မချင်း ကျွန်မတို့ တောင့်ခံပြီး ကြိုးစားကြရပါဦးမယ်။
ဒီဆုတောင်းပြည့်ဖို့လည်း ဆုတောင်းပါတယ်။
မင်းသမီး ဆူလတာနာ၏ ဇာတ်လမ်းမှာ ဖြစ်ရပ်မှန် ဖြစ်ပါသည်။
စကားလုံးများ က စာရေး ဆရာ၏ စကားလုံးများ ဖြစ်သော်လည်း ဇာတ်လမ်းမှာ မင်းသမီး၏ ဇာတ်လမ်း ဖြစ်၏ ။ ကြောက်မက်ဖွယ်လူသားများ ၏ ကြေကွဲမှု များ သည် အမှန်တကယ် ဖြစ်ရပ်များ ပင် ဖြစ်ပါသည်။
အမည် များ ကို ပြောင်းလဲထားရ၏ ။ လူပုဂ္ဂိုလ်များ ၏ ဂုဏ်သရေထိခိုက်မည် စိုး၍ အ ဖြစ်အ ပျက်များ ကို အနည်းငယ်စီ ပြောင်းလဲထားပါသည်။
ယနေ့ထက်တိုင် ဘုရင်အုပ်ချုပ်လျက်ရှိသော မြေပေါ်တွင် ကျွန်မသည် မင်းသမီးတစ် ယောက် ဖြစ်ပါ၏ ။ မိတ်ဆွေစာဖတ်သူသည် ကျွန်မအား ဆူလတာနာ အ ဖြစ်သာ သိရှိစေပါသည်။ ကျွန်မအမည် မှန်ကို မဖော်ထုတ်ရဲပါ။ ကျွန်မနှင့် ကျွန်မမိသားစုအပေါ် အန္တရာယ် ကျရောက်မည် ကို စိုးရိမ်၍ ဖြစ်ပါ၏ ။
ကျွန်မကား ဆော်ဒီ တော် ၀င်မင်းသမီးတစ်ဦး ဖြစ်ပါသည်။
အယ်လ်ဆတ် အိမ်တော် ၏ ။ တော် ၀င်မိသားစုဝင်တစ်ဦး ဖြစ်ပါ၏ ။ အယ်လ်ဆတ် မျိုးနွယ် ကား ယခုလောလောဆယ်မှ ဆော်ဒီအာရေဗျကို အုပ်ချုပ်နေသော မင်းပင် ဖြစ်သည်။ အမျိုးသား ယောက်ျားများ အုပ်စိုးနေသော နေရာတွင် ကျွန်မအနေနှင့် တိုက်ရှိုက်တည့်တည့် မပြောနိုင်ပါ။ ကျွန်မသည် အမေရိကန်မိတ်ဆွေ စာရေး ဆရာမ တစ်ဦး ဖြစ်သော ဂျင်းဆက်ဆင်ကို တောင်းပန်ပြီး ကျွန်မဇာတ်လမ်းကို နားထောင်ကာပြန်ရေး ပေးဖို့ ပြောခဲ့ရပါသည်။
ကျွန်မသည် လွတ်လပ်စွာ မွေးဖွားခဲ့သူ ဖြစ်သော်လည်း ယခုအခါ နှောင်ကြိုးများ ဖြင့် ချည် နှောင်ထားခံထားရ၏ ။ ထိုနှောင်ကြိုးများ ကို မျက်စိဖြင့် မမြင်ရပါ။ သို့ သော် နားလည်သော အရွယ်မတိုင်ခင် အထိကား ကြောက်ရမှန်း မသိခဲ့ပေ။ ကျွန်မ ၄ နှစ် အရွယ်အထိ အ ဖြစ်အပျက် များ ကို မမှတ်မိပါ။ ကလေးအားလုံးလိုလိုပင် ရယ်လိုက်၊ ကစားလိုက်နှင့် နေခဲ့မည် ဟုထင်သည်။ ကျွန်မမွေးသော မြေတွင် ကျွန်မသည် ယောက်ျားအင်္ဂါ မပါသဖြင့် ဘာမျှမထူးခြားခဲ့၊ ဘာမျှတန်ဖိုး မသိခဲ့ခြေ။
ကျွန်မဘ၀ကို နားလည်ရန်အတွက် စာဖတ်သူများ သည် ကျွန်မမတိုင်မီက လူများ ကို သိဖို့ လိုပါလိမ့်မည် ။ ယနေ့ ကျွန်မတို့ အယ်လ်ဆတ် မှ နောက်သို့ မျိုးဆက် (၆)ဆက်ခန့် ပြန်သွင်းလိုက် လျှင် သဲကန္တရအတွင်း အနိုင်ကျင့်စိုးမိုးခြင်း၊ အနီးအနားမျိုးနွယ်စုများ အား ညဥ့်အခါတွင် ၀င်ရောက် စီးနင်းခြင်းများ ထက် ပို၍ စိတ်မကူးခဲ့ကြခြေ။
၁၈၉၁ ခုနှစ် တွင် အယ်လ်ဆတ်များ စစ်ရှုံပြီး နာ့ခ်ျဒေသမှ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်က အပ္ဗဒူ အာဇစ် သည် ကလေးမျှသာ ဖြစ်၏ ။ နောင် ကျွန်မအဘိုး ဖြစ်လာမည့်သူပင်တည်း။
အဘိုးသည် သဲကန္တရစစ်ပွဲတွင် အခက်အခဲများ ကြား၌ အသက်ရှင်ကျန်ရစ်ခဲ့၏ ။ သူ၏ ဖခင် က သူ့အား အိတ်ကြီးတစ်ခုအတွင်းထည့်လျက် ကုလားအုပ်၏ ကျောကုန်းတစ်ဖက်တွင် ချိတ်ဆွဲပြီး သယ်ယူခဲ့ကြောင်း နောင်အခါပြန်ပြောင်းပြောပြဖူးလေသည်။ သူ့အစ်မ နူရာ ကအခြားလေးတစ် ဖက်၌ အိတ်တစ်အိတ်ဖြင့် ပါလာခဲ့၏ ။
အဘိုးသည် ငယ်ရွယ်သေးသဖြင့် သူ့အိမ်ကို မကယ်နိုင်ခဲ့၍ ဒေါသ ဖြစ်ရင်း၊ အိမ်တွင်းမှ ချောင်းကြည့်နေခဲ့သည် ဆို၏ ။ ကုလားအုပ်က ခြေလှမ်းတိုင်း သူ့အိတ်မှာ ယိမ်းယိုင်ခဲ့ရ၏ ။ သူသည် စစ်ရှုံးမိသားစုအ ဖြစ် ထွက်ပြေးရသည်ကို အားငယ်မိရင်း သူ့ဇာတိမြေ၏ ။ အလှအပများ ကို မျက်စိတစ်ဆုံး ငေးကြည့်ခဲ့လေသည်။
နှစ် နှစ် တာမျှ သဲကန္တရခရီးကြမ်းကို ကျော်ဖြတ်ပြီးသော အခါ အယ်လ်ဆတ်မိသားစုသည် ကူဝိတ်၌ ခိုလှုံခဲ့၏ ။ ဒုက္ခသည်ဘ၀ကား ခါးသီးလှသဖြင့် အဘိုးအပ္ဗဒူအာဇစ်သည် သူ့ဇာတိမြေသို့ ပြန်လာခဲ့၏ ။ သူနှင့် သူ့လူများ သည် ရန်သူများ ကို တိုက်ခိုက်ရာ ၁၉၀၂ ခုနှစ် ၊ ဇန်န၀ါရီ ၁၆ ရက်တွင် နယ်မြေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် အဘိုးအပ္ဗဒူအာဇစ်သည် သဲကန္တရအတွင်းရှိ မျိုးနွယ်စုများ သူ့အပေါ် သစ္စာရှိ လာရန်၊ မိန်းမ ၃၀၀ ယူသည်။ ထိုမိန်းမများ က သားငါးဆယ်နှင့် သမီးရှစ်ဆယ် မွေးခဲ့သည်။ သူ့ အချစ်ဆုံး မိန်းမများ ၏ သားများ က ရာထူးရာခံကြရ၏ ။ ထိုသားများ ကြီးလာသော အခါ ဤနယ်မြေ တွင် တန်ခိုးထွားလာကြလေသည်။
အဘိုးအာဇစ်သည် မိန်းမများ အနက် ဟာဆာ ဆုဒါရီ ကို အချစ်ဆုံး ဖြစ်၏ ။ ထိုမိန်းမများ ၏ သားသည် အယ်လ်ဆတ်များ ကို စုစည်းဦးဆောင်ကာ သူ့ဖခင်၏ နယ်မြေကိုအုပ်စိုးလေ၏ ။ ထိုသူ ၏ သားများ အနက် ဖါ့ဒ် မှာ ယခု ဆော်ဒီဘုရင်တည်း။
ကျွန်မတို့ အယ်လ်ဆတ်မိသားစုအတွင်း ၀မ်းကွဲမောင်နှမအများ အပြားသည် အချင်းချင်း အိမ်ထောင်ပြုခဲ့ကြရာ အယ်လ် တားကစ်စ်၊ အယ်လ်ကာဘားစ် စသဖြင့် ကျယ်ပြန့်လာသည်။ ယနေ့ ထိုမိသားစုဝင် မင်းသားများ သည် အယ်လ်ဆတ်အနွယ် တန်ခိုးများ သူများ ဖြစ်လာလေ သည်။ ၁၉၉၁ ….အထိဆိုလျှင် တိုးပွားလာသော မိသားစုဦးရေမှာ နှစ် သော င်း တစ်ထောင် ဖြစ်၏ ။ ဤအရေအတွက်ထဲတွင် တစ်ထောင်သော မင်းသားမင်းသမီးတို့သည် ခေါင်းဆောင်ကြီုးဘုရင် အပ္ဗဒူအာဇစ်၏ တိုက်ရိုက်ဆင်းသက်သော မျိုးနွယ်များ ဖြစ်သည်။
ကျွန်မ ဆူလာတာနာသည် ထိုတိုက်ရိုက်ဆင်းသက်သူများ အနက် တစ်ဦးတည်း။
ကျွန်မ အထင်ရှားဆုံး မှတ်မိသော ပထမအ ဖြစ်အပျက်မှာ အကြမ်းဖက်မှု တစ်ရပ် ဖြစ်၏ ။ ထို နေ့က အမြဲတမ်းနူးညံ့သိမ်မွေ့ခဲ့သော မိခင်သည် ကျွန်မမျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။ အကြောင်းမှာ အဖေ၀တ်ပြုခြင်းကို အတုခိုးခဲ့မှု ဖြစ်၏ ။ အဖေက မက္ကာဟ် ကိုရှိခိုး၏ ။ ကျွန်မသည် အဖေ့ကို အတုယူပြီး ရှိခိုးသည်။ မက္ကာဟ် သို့ မဟုတ် ၆-နှစ် သား ကျွန်မအစ်ကို အလီကို ရှိခိုးခြင်း ဖြစ်၏ ။ ကျွန်မစိတ်ထဲတွင် သူ့ကို နတ်ဘုရား ဟု ထင်နေသည်။ သူသည် နတ်ဘုရားမဟုတ်လျှင် အဘယ့်ကြောင့် ကျွန်မအား အနိုင်ကျင့်သနည်း။
မိသားစုတွင် မိန်းကလေးသမီးချည်း ၁၀ယောက် ရှိကား၊ သားယောက်ျားဆို၍ အလီတစ် ယောက် သာ ရှိ၏ ။ ဤအခါ အိမ်တွင် အကြောက်တရားလွှမ်းမိုးလာသည်။ အကယ်၍ ထိုတစ်ဦး တည်းသော သားကိုသေမင်းခေါ်လျှင်..။ ဟု စိုးရိမ်ခြင်း ဖြစ်၏ ။ နောက်ထပ်သားမရလျှင် ဟုလည်း စိုးရိမ်လေသည်။ နတ်ဘုရားက ကျွန်မတို့ မိသားစုအား မိန်းကလေးတွေ ချည်းရအောင် ကျိန်စာပြု ခဲ့လေသလားဟု လည်း စိုးရိမ်လာလေသည်။ ကျွန်မ၏ မိခင်သည် ကိုယ်ဝန်ရတိုင်း စိုးရိမ်ခဲ့ရ၏ ။ သားလေးမွေးပါစေဟု ဆုတောင်း၏ ။ မိန်းကလေးမွေးလာမှာ ကို ကြောက်၏ ။ သို့ သော် မိခင်ခမျာ မှာ သမီး တစ်ယောက် ပြီး တစ်ယောက် မွေးခဲ့ရာ စုစုပေါင်း ဆယ်ယောက် ပင် ရှိခဲ့လေသည်။
မိခင်၏ စိုးရိမ်မှု သည် ဖခင်က မိန်းမနောက် တစ်ယောက် ယူသော အခါ မှန်နေလေသည်။ အဖေနောက်ထပ်မိန်းမငယ်ငယ် တစ်ယောက် ထပ်ယူ၍ ရခြင်းအကြောင်းမှာ အဖိုးတန်သားများ ထပ်လိုချင်၍ ဖြစ်သည်။ ထိုမိန်းမအသစ်က သား၃ယောက် လက်ဆောင်ပေးပါသည်။ အားလုံး လျှောမွေး (အသေမွေး) တွေ ချည်း ဖြစ်၏ ။ ထိုမိန်းမကို အဖေက ကွာရှင်းလိုက်လေသည်။ နောက် ဆုံး စတုတ္တမိန်းမယူသော အခါမှာ မူ အဖေသည် သားအများ ကြီးရခဲ့၏ ။ သားတွေ များ ပင်များ သော် လည်း ပထမဆုံးသော သားအလီက သားကြီး ဖြစ်၍ သူပင် မင်းမူလေသည်။ ကျွန်မအစ်မများ နည်း တူ သူ့အား လေးစားဟန်ဆောင်ရ၏ ။ အမှန်က သူ့ကို ကျွန်မ အလွန်မုန်တ်ီးစက်ဆုတ်ပါသည်။
ကျွန်မ မိခင်သည် အသက်၁၂ နှစ် မှာ ပင် အဖေနှင့် အိမ်ထောင်ကျခဲ့ရ၏ ။ သည်တုန်းက အဖေသည် အသက်၂၀ ဖြစ်သည်။ ၁၉၄၆ ခုနှစ် ဖြစ်ပြီး ကမ္ဘာစစ် ဖြစ်သဖြင့် ရေနံထုတ်လုပ်မှု ရပ်ခဲ့ ရသည်။ ယနေ့ ဆော်ဒီအာရေဗျ၏ အကြီးမားဆုံးခွန်အား ဖြစ်သော ၊ ရေနံသည် ထိုစဉ်က ကျွန်မ ဖခင်မိသားစုအတွက် အကြီးအကျယ်ချမ်းသာမှု မပေးခဲ့သေးပေ။ သို့ သော်ထိုအရှိန်ကြောင့် နိုင်ငံကြီးများ ၏ ခေါင်းဆောင်များ သည် နည်းအမျိုးမျိုးဖြင့် ဆော်ဒီဘုရင်အား လက်ဆောင်ပဏ္ဍာ များ ပေးခဲ့ကြ၏ ။ ဗြိတိသျှဝန်ကြီးချုပ် (နန်းရင်းဝန်) ၀င်စတန်ချာချီသည် ဘုရင်အပ္ဗဒူ အာဇစ်အား ရို့စ် ရွိုက်စ် ကားကြီး ပေးခဲ့၏ ။ တောက်ပသော အစိမ်းရောင် နှင့် ဆူးနှင့် တူသော နောက်ပိုင်းထိုင် ခုံနှင့် ကားကြီးသည် နေရောင် ထဲတွင် ကျောက်စိမ်းသဖွယ် တောက်ပလှသည်။ သို့ သော် ထိုကား ကို စစ်ဆေးပြီး မကြိုက်သဖြင့် ဘုရင်သည် ထိုကားကို သူ့ညီ ဖြစ်သူ အပ္ဗဒူဘာအား ပေးပစ်ခဲ့သည်။
အပ္ဗဒူလာသည် ဖခင်၏ ဦးလေးလည်း ဖြစ်၊ ရင်းနှီးသူလည်း ဖြစ်သဖြင့် ဖခင်၏ မင်္ဂလာဦး ပျားရည်ဆမ်းခရီးအတွက် သူ့ကားကို ဂျီဒါ ခရီးအတွက် ဖခင်က လက်ခံသည်။ မိခင်ကား ကားတစ် ခါမှ မစီးဖူးသဖြင့် သဘောအကျကြီး ကျနေခဲ့လေ၏ ။ ၁၉၄၆ အချိန်တွင် အရှေ့အလယ်ပိုင်း၌ ကုလားအုပ်ကိုသာ ခရီးသွားယာဉ်အ ဖြစ် သုံးခဲ့ကြလေ၏ ။ ဆယ်စုနှစ် သုံးခုကျော်လွန်သော အခါ ဆော်ဒီလူမျိုးအများ စုသည် ကုလားအုပ်မစီးဘဲ ကားစီးနေကြလေပြီ။
သူတို့၏ ပျားရည်ဆမ်းခရီးတွင် ၇ရက် ၇ညလုံးလုံး ဂျီဒါသို့ ပျော်ပျော်ပါးပါး သွားခဲ့ကြသည်။ သို့ သော် ခရီးထွက်ချင်ဇောဖြင့် ဖခင်သည် မိုးကာတဲယူရန် မေ့သွားခဲ့၏ ။ ထို့ကြောင့် အစေခံများ အ လယ်တွင် မို့ သူတို့လက်ထပ်ခဲ့သော်လည်း ဂျီဒါမရောက်မချင်း လူပျို၊ အပျိုဘ၀နှင့် အပျိုရည်မပျက် ခဲ့ဟု ဆိုလေသည်။
ထိုခရီးသည် ကျွန်မမိခင်၏ အပျော်ရွှင်ဆုံး အမှတ်တရ ဖြစ်၏ ။ မိခင်သည် အတိတ်အ ကြောင်း ပြန်ပြောတိုင်း ခရီးမထွက်ခင်က ခရီးထွက်ပြီးတဲ့အခါ ဟု ခွဲခြားပြောတတ်သည်။ ထိုခရီး သည် မိခင်၏ ငယ်ဘ၀အဆုံး ဖြစ်၏ ။ ဤခရီးဆုံးလျှင် ဘာ ဖြစ်မည် ဟု ငယ်သေး၍ မတွေးတတ်ခဲ့ ပေ။ မိခင်၏ မိဘများ က ကပ် ရောဂါ ဖြင့် ဆုံးပါးခဲ့ကြပြီ။ မိခင်သည် မိဘမဲ့အ ဖြစ် ၈-နှစ် အရွယ်မှာ ကျန်ရစ်ခဲ့ခြင်း ဖြစ်၏ ။ အသက် ၁၂ နှစ် မှာ ရက်စက်ကြမ်းကြုတ်သော လူနှင့် လက်ထပ်ခဲ့ရ၏ ။ ဖခင် ပြုသမျှ နုခဲ့ရ၏ ။
ဂျီဒါတွင် ခေတ္တနေပြီး နေရင်းဇာတိ ရီယာ သို့ ပြန်ခဲ့သည်။ ဖခင်ကား ကြင်နာမဲ့သူ ဖြစ်ပြီး မိခင်မှာ နူးညံ့သူ ဖြစ်သည်။ ဖခင်နှင့် မိခင်တို့နှစ် ဦးမှာ သားသမီး ၁၆ ယောက် ထွန်းကားခဲ့၏ ။ ၎င်းအ နက် ၁၁-ဦး အဖတ်တင်လေသည်။ ယခုဆိုလျှင် သမီး ၁၀- ယောက် လုံးသည် သူတို့လက်ထပ် သော ယောက်ျားများ ၏ ထိန်းချုပ်မှု အောက်၌ နေကြလေ၏ ။ ဖခင်မိခင်တို့၏ တစ်ဦးတည်းသော သားက ထင်ရှားသော ဆော်ဒီမင်းသားတစ်ပါးအ ဖြစ် လုပ်ငန်းရှင်ကြီး ဖြစ်ကာ မိန်းမ ၄-ယောက် ၊ မောင်းမများ စွာ ဖြင့် စည်းစိမ်ရှင်ကြီး ဖြစ်နေပေသည်။
ကမ္ဘာကြီးတွင် ယဉ်ကျေးမှု တိုးတက်လာသော အခါ အသိဥာဏ်ပွင့်လင်းလာကြသဖြင့် လူတစ်ဦးချင်းအတွက် ထိတ်လန့်ကြောက်ရွံ့မှု များ ကို ကျော်လွှားနိုင်ခဲ့ကြသည်။ လူ့အဖွဲ့အစည်း သည် အသိဥာဏ်ဗဟုသုတနှင့် ပြောင်းလဲမှု များ ကို စိတ်ဝင်စားစွာ ဖက်တွယ်ခဲ့ကြ၏ ။ အံ့သြဖွယ် ကောင်းသည်မှာ ကျွန်မ၏ ဇာတိမြေမှာ အနည်းငယ်သာပြောင်းလဲခဲ့ခြင်း ဖြစ်၏ ။ လွန်ခဲ့သည့် နှစ် ပေါင်းတစ်ထောင်ကနှင့်စာလျှင် အနည်းငယ်သာ ပြောင်းလဲသေးသည်။ မှန်ပါသည်။ ခေတ်သစ် အဆောက်အအုံးများ ပေါ်လာကြ၏ ။ နောက်ဆုံးပေါ် ကျန်းမာရေး စောင့်ရှောက်မှု များ ကို အားလုံး အတွက် ရရှိအောင် လုပ်နိုင်ကြ၏ ။ သို့ သော် မိန်းမများ အပေါ်ထားရှိသည့် သဘောထား များ နှင့် မိန်းမများ ၏ ဘ၀အရည်အသွေးအပေါ်ထားရှိသော သဘောထားမှာ ကား ထူးခြားခြင်း မရှိသေး ခြေ။
ဤနိုင်ငံတွင် ယောက်ျားတို့သည် ယောက်ျားလေးမွေးဖွားလာရန်သာ ပြုလုပ်ကြလေသည်။ ဆော်ဒီအာရေဗျဘုရင်နိုင်ငံတွင် ကလေး တစ်ယောက် မွေးဖွားခြင်း တန်ဖိုးကို ယောက်ျားအင်္ဂါပါခြင်း၊ မပါခြင်းဖြင့်သာ တိုင်းတာကြ၏ ။ ကျွန်မ၏ နိုင်ငံတွင် ယောက်ျားများ သည် သူတို့ ဖြစ်ချင်သည့်အ တိုင်း ဖြစ်ရမည် ဟုသာ ခံစားကြသည်။ ဆော်ဒီအာရေဗျတွင် ပရိသတ်ထဲတွင် ရှက်ဖွယ်ကောင်း သည်ဟု မှတ်ယူကြ၏ ။ ယောက်ျားများ ၏ ကာမဆန္ဒကို မိန်းမများ က ချုပ်ကိုင်ခြင်းမပြုရဟူ၍ သဘောပေါက်လက်ခံထားပြီး မိန်းမတို့၏ ကာမဂုဏ်ကိစ္စကို လွှမ်းမိုးသူ ယောက်ျားများ က ဂရု တစိုက် ကာကွယ်ကြသည်။ ထိုသို့ မိန်းမများ အပေါ် လုံးလုံးလျားလျား ချုပ်ကိုင်ခြင်းသည် မေတ္တာ တရား၊ချစ်ခြင်းတရားနှင့် မပတ်သက်ခြေ။ ယောက်ျားတို့၏ ဂုဏ်အတွက်သာ ဖြစ်၏ ။
ဆော်ဒီယောက်ျား တစ်ယောက် ၏ လုပ်ပိုင်ခွင့်သည် အကန့်အသတ်မရှိချေ။ သူ့မယားနှင့် သားသမီးများ သည် သူ့ဆန္ဒရှိမှသာ ရှင်သန်ခွင့်ရကြသည်။ ကျွန်မတို့အိမ်တွင် ယောက်ျား(ဖခင်) သည် အာဏာရှင်ဘုရင်ပင် ဖြစ်၏ ။ ဤအယူအဆသည် ကလေးများ ဘ၀တွင် စတင်သည်။ ယော က်ျားလေးများ သည် ငယ်စဉ်အခါမှာ ပင် မိန်းမများ ကား တန်ဖိုးနည်းသူများ ဖြစ်သည်ဟု သင်ကြားခံ ရကြသည်။ ယောက်ျားလေးများ ထင်သလို ပြုကျင့်နိုင်သည်။ ကလေးများ သည် ဖခင်က မိခင်နှင့် အစ်မများ အား ဆက်ဆံပုံကို နမူနာယူကြ၏ ။ ဤသို့ ဖြင့် မိန်းမများ ကို အကောင်းမမြင်ဘဲ ခင်မင် ဖွယ်အကြောင်းလည်း မရှိတော့ပေ။ ယောက်ျားလေးများ သည် ငယ်စဉ်က ဤကဲ့သို့ သင်ကြားခြင်း ခံခဲ့ရသဖြင့် ကျွန်နှင့်သခင်ကဲ့သို့ စိတ်ရှိပြီး နောင်ကြီးပြင်းလာ၍ ကြင်ဖော်ရှာသော အခါ မိန်းမကို ဘ၀ခရီးဖော်အ ဖြစ် သဘောမထားဘဲ ကျေးကျွန်အ ဖြစ်သာ သဘောထားလေတော့၏ ။
ဤသို့ ဖြင့် ကျွန်မတို့နိုင်ငံတွင် မိန်းမများ သည် ဖခင်၏ ဥပေက္ခာပြုခံရပြီး အစ်ကိုများ ၏ ညုဉ်း ပန်းခံရ၏ ။ အိမ်ထောင်ကျသော အခါ လင်ယောက်ျားများ ၏ မတရားအနိုင်ကျင့်ခြင်း ခံရလေသည်။ ဤအစဉ်အလာကို ချေဖျက်ရန်မှာ မလွယ်ကူပါ။ ဤသို့ ပြုကျင့်ခြင်းဖြင့် ယောက်ျားတို့သည်လည်း ပျော်ရွှင်သော အိမ်ထောင်ရေး ကို မရနိုင်ကြပေ။ ဤကဲ့သို့ ကြေကွဲမှု များ အလယ်တွင် မည် သူသည် ပျော်ရွှင်နိုင်ပါမည် နည်း။
ထို့ကြောင့်ပင် ကျွန်မတို့နိုင်ငံမှ ယောက်ျားများ သည် သာယာမှု အတွက် မိန်းမတစ် ယောက် ပြီး တစ်ယောက် ၊ ပြုစုမည့်သူ တစ်ယောက် ပြီး တစ်ယောက် ယူနေခြဲ့ ကတော့ သည်။ မိမိအိမ်အတွင်း၌ မိန်းမ တစ်ယောက် တည်းဖြင့် တန်းတူညီမျှနေထိုင်ခြင်းဖြင့် ပျော်ရွှင် မှု များ ရနိုင် ကြောင်း သိရှိသူနည်းလှ၏ ။ မိန်းမများ ကို ကျေးကျွန်သဖွယ် ဆက်ဆံခြင်းဖြင့် ယောက်ျား များ သည် သူတို့အုပ်စိုးသော မိန်းမများ ကဲ့သို့ ပင် မပျော်ကြရပေ။ နှစ် ဉ်ီးလုံးသည် ချစ်ခြင်း မေတ္တာ နှင့် ရဲဘော် ရဲဘက် ဘ၀အဖော်အ ဖြစ်မျိုးကို မရရြှိ ကတော့ခြေ။
ကျွန်မတို့ မိန်းမများ ၏ သမိုင်းသည် လျှို့ဝှက်သော မျက်နှာဖုံးနောက်ကွယ်တွင် မြုပ်နှံခံခဲ့ကြ ရသည်။ ပြည်သူ့မှတ်တမ်းများ တွင် မိန်းကလေးများ ၏ မွေးစာရင်း၊ သေစာရင်းများ မရှိခြေ။ ယော က်ျားလေးများ ၏ မွေးစာရင်းများ သာ ဖြစ်ခဲ့၏ ။ အစိုးရနှင့် ဆေးရုံများ ၌ မွေးဖွားခြင်း၊ စာရင်းမှတ် တမ်းများ တိုးပွားလာသော်လည်း ကျေးလက်များ ၌ မူ အိမ်မှာ သာ မွေးဖွားလေ့ရှိကြသည်။ ဆော်ဒီ အာရေဗျ၌ နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းမရှိခြေ။
ကျွန်မကိုယ်ကျွန်မ မကြာခဏမေးမိပါသည်။ ဤသို့ ပြုလုပ်ခြင်းသည် ဤသဲကန္တရ၌ မိန်းမ များ မရှိကြောင်း ပြောလိုသည့် အဓိပ္ပာယ်လော။ ကျွန်မတို့ မွေးခြင်း၊ သေခြင်းကို မှတ်တမ်းမရေး ခြင်းကား ကျွန်မတို့ကို မရှိ ဟု သဘောထားခြင်းလော။
ကျွန်မရှိနေခြင်းကို မည် သူမျှမသိလျှင် ကျွန်မမရှိဟူသော အဓိပ္ပာယ်မ ဖြစ်ပါလော။
ဤအချက်ကြောင့်ပင် ကျွန်မဘ၀ကိုပြောပြရန် စွန့်စားရခြင်း ဖြစ်ပါသည်။ ကျွန်မတို့နိုင်ငံ တွင် မိန်းမများ သည် မျက်နှာဖုံးနောက်ကွယ်၌ ဖုံးထားခြင်းခံရပြီး လူအဖွဲ့အစည်း၏ တင်းကျပ်စွာ ချုပ်ကိုင်မှု ကို ခံနေရသော်လည်း အပြောင်းအလဲသည် ဖြစ်လာရမည် ဖြစ်၏ ။ ကျွန်မတို့သည် ပုဂ္ဂလိ က လွတ်လပ်ခွင့်အတွက် ရုန်းကန်ကြရလိမ့်မည် ။
ကျွန်မ၏ ငယ်စဉ်ဘ၀ မှတ်မိသမျှများ ကို အသက် ၁၁ နှစ် အရွယ်တွင် စတင်၍ လျှို့ဝှက်ဒိုင် ယာရီ ရေး ခဲ့ခြင်းများ က ကူညီမှတ်မိစေခဲ့၏ ။ ထိုမှတ်မိသမျှ အချက်များ ဖြင့် အယ်လ်ဆတ် အိမ်တော် မှ မင်းသမီးတစ်ဦး၏ ဘ၀ပုံရိပ်များ ကို ကြိုးစား၍ ပြောပြပါမည် ။ အခြားဆော်ဒီမိန်းမများ ၏ မြုပ်နှံထားသော ဘ၀များ ကိုလည်း ကြိုးစား၍ ဖွင့်လှစ်ပါမည် ။ တော် ၀င်မိသားစုမှ မွေးဖွားသော သူများ မဟုတ်သည့် မိန်းမသန်းပေါင်းများ စွာ တို့၏ ဘ၀များ အကြောင်း ဖြစ်ပါသည်။
ကျွန်မ၏ အမှတ်တရားနှစ်သက် ခြင်းက ရိုးရိုးလေး ဖြစ်၏ ။ ကျွန်မသည် ထိုမိန်းမများ ထဲက တစ်ယောက် ဖြစ်နေ၍ ဖြစ်သည်။ ဖခင်များ ၏ ဥပေက္ခာပြုခံရခြင်း၊ အစ်ကိုများ ၏ ညှဉ်းပန်းခံရခြင်း၊ လင်ယောက်ျားများ ၏ မတရားနှိပ်စက်ခံရခြင်းများ ၌ ကျွန်မ တစ်ယောက် တည်း မဟုတ်ပါ။ ကျွန်မ ကဲ့သို့ ခံရသူ အများ အပြားရှိပါသည်။ သူတို့ကမူ သူတို့ဇာတ်လမ်းများ ကို ပြောပြနိုင်သည့် အခွင့် အလမ်းမရှိကြပါ။ ဆော်ဒီနန်းတော် မှ အမှန်တရားများ ထွက်ရှိခြင်းနည်းပါသည်။ သို့ သော် ယခု ဤနေရာ၌ ကျွန်မပြောခဲ့သမျှနှင့် စာရေး ဆရာရေး သမျှသည် အမှန်များ ဖြစ်ပါသည်။
အလီက ကျွန်မအား မြေကြီးပေါ်သို့ ရိုက်ချပစ်လိုက်သည်။
သို့ သော် ကျွန်မက လက်ထဲရှိ ပန်းသီးနီနီကို သူ့အား ပေးဖို့ငြင်းဆန်နေ၏ ။ ဤပန်းသီးကို ကျွန်မအား ပါကစ္စတန်ထမင်းချက်ကြီးက ခုနကပင် ပေးခဲ့ခြင်း ဖြစ်သည်။ ကျွန်မသည် ပန်းသီးကို တင်းတင်းဆုပ်ပြီး ခပ်မြန်မြန်ကိုက်စားလိုက်၏ ။ အလီ၏ မျက်နှာက ဒေါသဖြင့် နီရဲလာသည်။ ပန်းသီးတစ်လုံးလုံးကုန်အောင် အမြန်ဆုံးကိုက်စားသော အခါ သူ့အာဏာကို ဆန့်ကျင်သူအ ဖြစ် အလီသည် ကျွန်မအပေါ် ပြစ်ဒဏ်ခတ်တော့မည် မှာ သေချာလေသည်။ ဖြစ်လာသမျှကို ကျွန်မခံရ တော့မည် ။
အလီက ကျွန်မကို နှစ် ချက်ကန်၏ ။ ထို့နောက် ဖခင်၏ ဒရိုင်ဘာ ဖြစ်သူ အိုမာထံပြေးသွား သည်။ အိုမာကား အီဂျစ်လူမျိုး ဖြစ်၏ ။ ကျွန်မ၏ အစ်မများ သည် အဖေနှင့်အလီကို ကြောက်ရသည့် နည်းတူ အိုမာကိုလည်း ကြောက်ကြရ၏ ။ ထို့ကြောင့် အနီးအနားရှိအစ်မများ သည် အိမ်ထဲပြေးဝင် ကြသည်။ အပြင်မှာ ကျွန်မ တစ်ယောက် တည်း ပြုသမျှနုရန် ကျန်ခဲ့တော့၏ ။
ခဏမျှကြာသော အခါ အိုမာနှင့် အလီရောက်သည်။ အိုမာက အရှေ့ကဦးဆောင်ပြီး အလီ က နောက်မှလိုက်လာခြင်း ဖြစ်၏ ။ သူတို့ ကျွန်မကို အနိုင်အထက်ပြု ကတော့မည် ဆိုခြင်းကို အတွေ့ အကြုံအရ ကျွန်မသိနေသည်။ ကျွန်မလူမှန်းသိစကပင် အလီ၏ အလိုဆန္ဒမှန်သမျှ ပြည့်ဝ စေရမည် ဟု နားလည်ခဲ့ရပြီးပါပြီ။ မည် သို့ ပင် ဖြစ်စေ၊ ကျွန်မသည် နောက်ဆုံးလက်ကျန် ပန်းသီး တစ်ကိုက်စာကို မျိုချလိုက်ပြီး အောင်မြင်သူ၏ အကြည့်ဖြင့် အလီအားရင်ဆိုင်လိုက်သည်။
အိုမာ၏ ကြီးမားတုတ်နိုင်သော လက်များ ထဲတွင် ကျွန်မသည် လေထဲမြှော က်ပါသွား၏ ။ ထို့ နောက် ဖခင်၏ စာကြည့်ခန်းအတွင်းသို့ ပို့ဆောင်ခြင်းခံရသည်။ အဖေသည် လယ်ဂျာစာအုပ် အနက်ကြီးကို ကြည့်နေရာမှ သူမလိုလားသော သမီး ဖြစ်သူကို တစ်ချက်လှမ်းကြည့်ပြီး နောက်မှ ၀င်လာသော သူ့သားချစ်ကြီးကို လက်နှစ် ဖက်ဖြင့် ကမ်းလင့်ကြိုဆိုလေသည်။
သူ့ သားရတနာကြီးအလီက စကားပြောခွင့်ရှိ၏ ။။ ကျွန်မကိုမူ တုံ့ပြန်ချေပခွင့် မပေးခြေ။ ဤတွင် ကျွန်မ၏ သတ္တိများ ချက်ချင်း မွေးဖွားလာသည်။ကျွန်မက အ ဖြစ်အပျက်ကို အော်ဟစ်၍ ပြောဆို၏ ။ ကျွန်မပေါက်ကွဲအော်ဟစ်နေသည်ကို အဖေရော အလီပါ ကြောင်၍ ကြည့်နေကြ၏ ။ ကျွန်မတို့မိန်းမကမ္ဘာတွင် အသံထွက်ခြင်းကို မျက်မှော င်ကုတ်စရာ ဖြစ်နေသည်။ မိန်းမဟူသည် ထိပ်တိုက်ရင်ဆိုက်မှု မပြုရဟု ငယ်စဉ်ကတည်းက သင်ယူခဲ့ရ၍ ဖြစ်၏ ။
ကျွန်မသည် အော်ဟစ်လိုက်သော ကိုယ့်အသံကို ကြားလိုက်ရသော အခါ ခန္ဓာကိုယ် အတွင်း၌ ကြောက်စိတ်တွေ တစ်လိပ်လိပ်တက်လာပါ၏ ။ အဖေက ထိုင်နေရာ ကုလားထိုင်မှ ၀ုန်း ကနဲထလိုက်သော အခါ ကျွန်မခြေထောက်များ တဆတ်ဆတ်တုန်သွားသည်။ အဖေ့လက်များ မြောက်တက်သွားသည်ကို မြင်လိုက်ရသည်။ ကျွန်မမျက်နှာအပေါ် ရိုက်လိုက်ခြင်းကိုကား မခံစား လိုက်ရခြေ။
ပြစ်ဒဏ်အနေနှင့် ကျွန်မကစားစရာများ အားလုံးကို အလီအားပေးလိုက်ရသည်။ ယောက်ျား များ သည် မိန်းမများ ၏ အရှင်သခင်များ ဖြစ်ကြောင်း ကျွန်မအား သင်ခန်းစာပေးခြင်းတည်း။ ထိုသို့ ကစားစရာအရုပ်များ ပေးရသည့်အပြင် ကျွန်မ ထမင်းစားသော အခါ ပန်းကန်ထဲသို့ အလီကိုယ် တိုင် သတ်မှတ်ထည့်ပေးရမည် ဟု အမိန့်ချသည်။ အလီသည် အောင်မြင်သူအ ဖြစ် ကျွန်မပန်းကန် ထဲသို့ မကောင်းဆုံးအသားတုံး၊ အသေးဆုံးအတုံးကို ထည့်ပေးလေသည်။ ညဥ့်အခါ ကျွန်မအစာမ ၀၍ ဆာလောင်စွာ အိပ်ရာဝင်ခဲ့သည်။ အမေနှင့်အစ်မများ က ကျွန်မအား အစာမပေးနိုင်အောင် အလီက အစောင့်ချထားသဖြင့် မည် သူမျှ မကူညီနိုင်ကြပါ။ ထို့ပြင် အလီသည် ညဥ့်သန်းခေါင်တွင် ကျွန်မအခန်းထဲဝင်ပြီး ထမင်းပူပူနှင့် ကြက်သားကြော်မွှေးမွှေးထည့်ထားသော ပန်းကန်ကို ယူလာ ပြသေးသည်။
နောက်ပိုင်းတွင် အလီသည် ကျွန်မအား ညှဉ်းပန်းရသည်ကို ငြီးငွေ့သွားပုံရပါ၏ ။ သို့ သော် ထိုအချိန်မှစ၍ သူ့အသက် ၉နှစ် ၊ ကျွန်မအသက် ၇နှစ် တွင် သူသည် ကျွန်မ၏ အခဲမကြေသော ရန်သူ ဖြစ်သွားခဲ့သည်။ အမေနှင့်အမများ က စိတ်ဓာတ်ကျဆင်း ကြေကွဲကြ၏ ။ ကျွန်မကား အခဲမကြေပါ။ နောင်တစ်ချိန် ကျွန်မအား သူ နာကျင်အောင်လုပ်ခဲ့သည်များ ကို လျော်ကြေးပြန်ရဖို့ လက်တုံ့ပြန်ရမည် ဟု တေးမှတ်ထားခဲ့သည်။ ကျွန်မ လုပ်နိုင်ရမည် ဟုလည်း မိမိကိုယ်မိမိ ယုံကြည် ခဲ့သည်။ ဤဆုံးဖြတ်ချက်ဖြင့်ပင် ငယ်စဉ်ကစပြီး ကျွန်မသည် မိသားစုအတွင်း ဒုက္ခပေးသူတစ် ယောက် ဖြစ်လာခဲ့သည်။
ကျွန်မဘ၀၏ အစောပိုင်းကာလတွင် ပျော်ရွှင်ရသော အချိန်များ လည်း ရှိပါသည်။ အမေဘက်မှ တောင်စပ်သော အဒေါ့်အိမ်တွင် နေရသော အချိန်များ သည် အပျော်ဆုံးအချိန်များ ဖြစ်၏ ။ အဒေါ်က မုဆိုးမ ဖြစ်သည်။ အသက်အရွယ်ကြီးပြီ ဖြစ်၍ ယောက်ျားများ က စိတ်မ၀င်စား တော့သော အချိန် ဖြစ်ရာ အဒေါ်က ပျော်ပျော်နေသည်။ အဒေါ်ငယ်စဉ်က လူမျိုးစစ်ပွဲများ ကို ကြုံတွေ့ ခဲ့ရသဖြင့် အံ့သြဖွယ်ဇာတ်လမ်းများ ရှိသည်။ ကျွန်မတို့နိုင်ငံပေါ်ပေါက်လာပုံကို သူမျက်မြင် တွေ့ ခဲ့ရသည်။ ဘုရင်ကြီး အပ္ဗဒူအာဇစလိနှင့် နောက်လိုက်များ အကြောင်း ပုံပြင်များ ကို ပြောပြ တတ်သည်။ အရှေ့တိုင်း ဖြစ် အဖိုးတန်ကော်ဇောများ ပေါ် တင်ပျဉ်ခွေထိုင်ရင်း ကျွန်မတို့ညီအစ်မ များ က နားထောင်လေ့ရှိသည်။ အဒေါ်ပြောပြသော် သူရဲကောင်းစစ်ပွဲများ အကြောင်း ကြားရသော အခါ ကျွန်မတွင် ဂုဏ်ယူဖွယ်အသစ်များ ပေါ်လာရ၏ ။
၁၈၉၁ ခုနှစ် တွင် ကျွန်မမိခင်၏ မိသားစုသည် စစ်ရှုံသော မိသားစုနှင့် အတူ ‘ရီယာ’ မှ ထွက် ပြေးလာသော `အယ်လ်ဆတ်` မျိုးနွယ်စုနှင့် ပူးပေါင်းခဲ့၏ ။ ဆယ်နှစ် ကြာသော အခါ အမေ့ မိသားစုမှ ယောက်ျားများ သည် အပ္ဗဒူအာဇစ်နှင့် အတူ ဇာတိမြေသို့ ပြန်ကာ တိုက်ခိုက် သိမ်းယူ ခဲ့ကြ၏ ။ အဒေါ့်အကိုသည် အပ္ဗဒူအာဇစ်နှင့် တောက်လျှောက်အတူတွဲ ၍ တိုက်ပွဲဝင်ခဲ့သူတည်း။ ဤကဲ့သို့ သစ္စာရှိခြင်းကြောင့် တော် ၀င်မင်းသမီးများ နှင့် လက်ထပ်ခွင့်ရပြီး တော် ၀င်မိသားစုအ တွင်း ၀င်ခွင့်ရခဲ့ပေသည်။ ဤသို့ဖြင့် ကျွန်မသည်လည်း တော် ၀င်မင်းသမီး ဖြစ်ခဲ့ရတော့၏ ။
ကျွန်မငယ်စဉ်က ကျွန်မတို့မိသားစုသည် များ စွာ ကြွယ်ဝခြင်း မရှိစေကာမူ အခွင့်ထူးခံရ၏ ။ ရေနံမှ ရသော ငွေက စားစရာအလျှံပယ်ရပြီး ကျန်းမာရေး အတွက် စောင့်ရှောက်ခွင့်အလုံအ လောက်ရှိ၏ ။ ဤမျှပင်လျှင် ထိုကာလ၌ ကျွန်မတို့ နိုင်ငံသမိုင်း၌ စည်းစိမ်ရှိလာပြီ ဖြစ်သည်။
ကျွန်မတို့သည် ကြီးမားသော အိမ်ကြီးတစ်အိမ်၌ နေရ၏ ။ အုတ်တိုက်ကြီး ဖြစ်ပြီး နှင်းဖြူ ရောင် ဆေးသုတ်သော အိမ်ဖြူကြီး ဖြစ်သည်။ နှစ် စဉ် သဲမုန်တိုင်းကျလေ့ရှိသဖြင့် ငွေရောင် တိုက် အိမ်ကြီးသည် ၀ါကျင်ကျင် ဖြစ်သွားသည်။
ထိုအခါ အဖေ၏ အစေခံများ က သဲဝါရောင် အုတ်များ ကို အဖြူရောင် ပြန်သုတ်မြဲ ဖြစ်သည်။ ကျွန်မတို့ အိမ်ခြံမြေကို အမြင့်ပေ ၃၀ ရှိသော နံရံများ ဖြင့် ကာရံ ထားသည်။ ထိုစဉ်က ကျွန်မအမြင်တွင် အိမ်တော် သည် အနောက်နိုင်ငံအဆင့်ရှိသည်ဟု ထင်ခဲ့ သော်လည်း ယနေ့ ဆော်ဒီအာရေဗျ၏ အမြင်တွင် မူ သာမန်နေအိမ်မျှသာ ဖြစ်၏ ။
ကလေး တစ်ယောက် အနေုဖြင့် ကျွန်မတို့ မိသားစုနေအိမ်သည် ကြီးလွန်းနေခဲ့၏ ။ ခန်းမ တစ်လျှောက် ဖြတ်သန်းရာ နေရာကမှော င်သည်။ အခန်းတွေ က အမျိုးမျိုးဖြာထွက်နေသည်။ ကျွန်မတို့ဘ၀ကို လျှို့ဝှက်ထားသည်နှင့် တူနေသည်။ အဖေနှင့် အလီတို့က ဒုတိယထပ်ရှိ ယောက်ျားဆောင်တွင် နေကြသည်။ ကျွန်မက သိချင်စိတ်ဖြင့် သူတို့ယောက်ျားဆောင်ကို ချောင်း ကြည့်ဖူး၏ ။ နံရံများ ကို နီညိုရောင် ကတ္တီပါခန်းဆီးများ ကာထား၍ နေရောင် ကို မမြင်ရ။ အခန်းထဲ တွင် တူရကီမှလာသော ဆေးပြင်းလိပ်နံနှင့် ၀ီစကီနံ့တို့က တစ်ခန်းလုံးလှိုင်နေလေ၏ ။ ကျွန်မ သည် ခဏမျှသာ ချောင်းကြည့်ပြီး မြေည်ီထပ်ရှိ မိန်းမဆောင်သို့ ပြေးဆင်းရတတ်၏ ။
မြေညီထပ်တွင် အစ်မဆာရာနှင့် ကျွန်မနေရသော အခန်းမှာ အမျိုးသမီးသီးသန့်ပန်းခြံကို မျက်နှာပြု၍ ထား၏ ။ အမေက အ၀ါရောင် တောက်တောက် ဆေးသုတ်ထားသော အခန်းမှာ နေသည်။
ပန်းခြံအနောက်ဘက်တွင် သီးသန့်အခန်းသေးသေး လေမရသော အခန်းများ ၌ အစေခံ များ နေကြရ၏ ။ ကျွန်မတို့ အခန်းများ တွင် လေအေးစက်တပ်ထားသော်လည်း အစေခံများ ၏ သဲကန္တာရရာသီဥတု အပူအတွက် ဒဏ်ခံအောင် ပြုပြင်ထားမှု မရှိပေ။ သူတို့အဖို့ လျှပ်စစ်ပန်ကာ အသေးစားလေးများ သာ ရှိ၏ ။
သူတို့အား လေအေးစက်တပ်ပေးလျှင် တစ်နေ့လုံး အိပ်နေကြလိမ့်မည် ဟု အဖေကပြောပါ သည်။
အိုမာ တစ်ယောက် သာ အိမ်မကြီးထဲရှိ အခန်းငယ်တစ်ခုတွင် အိပ်ရ၏ ။ ကျွန်မတို့ အိမ်မကြီး အ၀င်ဝတွင် ရွှေရောင် ကြိုးရှည်ကြီးတစ်ခုရှိပြီး အိုမာ၏ အခန်းနှင့် ဆက်ထားသည်။ အိုမာကို အလို ရှိလျှင် ထိုကြိုးကိုဆွဲလိုက်ပါက အိုမာအခန်း၌ ခေါင်းလောင်းမြည် ပေလိမ့်မည် ။ နေ့ည မည် သည့်အ ချိန် ဖြစ်စေ၊ ခေါင်းလောင်းမြည် လျှင် အိုမာသည် အဖေ့ခန်းသို့ အရောက်လာရန်ု ဖြစ်၏ ။
ကျွန်မသည် ညဥ့်လယ် အိုမာအိပ်နေသည့်အချိန်တွင် အကြိမ်ပေါင်းများ စွာ ကြိုးကိုဆွဲခဲ့ ကြောင်း ၀န်ခံရပါမည် ။ ထိုသို့ ကြိုးဆွဲပြီးတိုင်း ရင်တုန်ပန်းတုန်ဖြင့် ကျွန်မအခန်း အိပ်ရာပေါ်ပြေး ကာ ငြိမ်ငြိမ်လေးလဲလျောင်းရ၏ ။ အပြစ်မဲ့သည့် ကလေး တစ်ယောက် အိပ်မောကျနေသကဲ့သို့ ဖြစ်လေသည်။
တစ်ညမှာ မူ ထိုသို့ လုပ်ပြီး အိပ်ရာသို့ အပြေးမှာ အမေ( ကျွန်မ၏ မိခင်)က ကျွန်မကိုတွေ့  သွားသည်။ သူ့အထွေးဆုံးသမီးလေး၏ မဟုတ်တရုတ်အလုပ်ကို အမေက မနှစ် မြို့စွာ ဖြင့် ကျွန်မ နားရွက်ကို ဆွဲလိမ်သည်။ ထို့ပြင် အဖေ့ကို တိုင်ပြောမည် ဟု ခြိမ်းခြောက်သည်။ သို့ သော် အမေ ဘယ်တော့မှ မတိုင်။
ကျွန်မ၏ အဘိုးလက်ထက်မှစပြီး ဆူဒန်လူမျိုး ကျွန်မိသားစုတစ်ခုကို ပိုင်ခဲ့သည်။ ထိုကျွန် မိသားစုအပြင် နှစ် စဉ် တိုး၍ တိုး၍ လာခဲ့သည်။ အကြောင်းမှာ နှစ် တိုင်းအဖေက မက္ကာဟ် သို့ ဘုရားဖူးသွားရင်း အပြန်မှာ ကျွန်အသစ်တွေ ၀ယ်လာခဲ့၍ ဖြစ်သည်။ ဆူဒန်နှင့် နိုက်ဂျီးရီးယားမှ ဘုရားဖူးများ သည် ၎င်းတို့ဇာတိမြေသို့ အပြန်စရိတ်မရှိသဖြင့် ဆော်ဒီသူဌေးများ ထံ ၎င်းတို့သားသ မီးများ ကို ရောင်းကြ၏ ။ အဖေက ကျွန်များ ၀ယ်ယူသည်ဆိုသော်လည်း အမေရိကန်တို့ လုပ်သကဲ့ သို့ ကျေးကျွန်စနစ်သဘောမထားဘဲ မိမိ၏ မိသားစုနှင့်ထပ်တူ ကျွေးမွေးပြုစု၏ ။ အိမ်အလုပ်များ တွင် မိသားစုနှင့်အတူ ၀ိုင်းလုပ်ဝိုင်းစား ဖြစ်၏ ။ ကျွန်ကလေးများ သည် ကျွန်မတို့နှင့် ကစားဖော်က စားဖက်များ ဖြစ်၏ ။ သူတို့ကို မတူမတန်သဘောမထားကြ။ ၁၉၆၂ ခုနှစ် တွင် ဆော်ဒီအစိုးရက ကျွန်များ ကို လွတ်လပ်ခွင့်ပေး၏ ။ ဤအခါ ကျွန်မတို့အိမ်မှ ဆူဒန်ကျွန်များ က ငိုကြသည်။ ကျွန်မ၏ ဖခင်အား သူတို့ကို မလွှတ်ပစ်ဘဲ အိမ်မှာ ခေါ်ထားပေးပါရန် တောင်းပန်ကြလေသည်။ ယနေ့ထိ သူတို့အားလုံး အဖေ့အိမ်မှာ ပင် နေထိုင်ကြပါသည်။
ကျွန်မ၏ ဖခင်ကား သူချစ်သော အပ္ပဒူအာဇစ် ကို အမြဲတမ်းအောက်မေ့ သတိရနေ တတ် ၏ ။ ဘုရင်ကို သူကိုယ်တိုင် တွေ့ ဖူးမြင်ဖူးသကဲ့သို့ နေ့စဉ်ပြောပြတတ်၏ ။ ဘုရင်ကြီးကား ၁၉၅၃ ခုနှစ် တွင် ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ ဘုရင်ကွယ်လွန်ချိန်မှာ ကျွန်မကို မမွေးမီ ၃ နှစ် က ဖြစ်၏ ။
ထိုကျွန်မတို့၏ ပထမဘုရင်ကြီး ကွယ်လွန်သော အခါ ကျွန်မတို့၏ နိုင်ငံလေးသည် အန္တ ရာယ်ကြားသို့ ကျရောက်လေသည်။ အကြောင်းမှာ ဘုရင်ကြီးကို ဆက်ခံသော သား ဖြစ်သူ ဆတ် သည် ခေါင်းဆောင်မှု စွမ်းရည် မရှိခြင်းကြောင်း ဖြစ်၏ ။ သူသည် နိုင်ငံ၏ ရေနံမှရရှိသော ကြွယ်ဝမှု များ ကို နန်းတော် များ ဆောက်ခြင်း၊ ကားများ ၀ယ်စီးခြင်း၊ ဇနီးမယားများ အတွက် ၀ယ်ပေးခြင်းများ ပေါ်တွင် အလွန်အကျူးသုံးဖြုန်းခဲ့သည်။ နောက်ဆုံးတွင် ကျွန်မတို့၏ နိုင်ငံတော် သစ်မှာ နိုင်ငံရေး ၊ စီးပွားရေး ကျဆင်းခြင်းသို့ ဦးတည်လာခဲ့တော့သည်။
၁၉၆၃ တွင် ဖြစ်ပေါ်သော ကိစ္စတစ်ခုကို ကျွန်မ ပြန်လည်သတိရမိပါသည်။ ထိုနေ့တွင် ကျွန်မတို့အိမ်၌ အုပ်ချုပ်ရေး အာဏာပိုင်သော မိသားစုမှ လူကြီးယောက်ျားများ စုဝေးခဲ့ကြသည်။ ထိုအချိန်မှာ ကျွန်မသည် အသက်၇နှစ် အရွယ် ဖြစ်ပြီး အလွန်စပ်စုသော ကလေးမလေးလည်း ဖြစ် ၏ ။ ထိုနေ့က ကျွန်မတို့အိမ်၏ ဒရိုင်ဘာ ဖြစ်သူ အိုမာသည် ကျွန်မတို့ရှိနေသော ပန်းခြံတွင်းသို့ ရေး ကြီးသုတ်ပျာပြေးလာရင်း မိန်းမအားလုံး အိမ်အပေါ်ထပ်သို့ တက်နေကြရန် ပြောလေသည်။ ကျွန်မတို့အား လက်ဝှေ့ပြုရင်း မကောင်းဆိုးဝါးရန်မှ ထွက်ပြေးရမည့်အလား အိမ်အပေါ်ထပ် အခန်းငယ်လေးတစ်ခုအတွင်းသို့ တွန်းပို့ခဲ့သည်။
ကျွန်မ၏ အစ်မ ဖြစ်သူ ဆာရာက လသာဆောင် အနီးတွင် ပုန်းပြီး လူကြီးတွေ လုပ်ပုံကိုင် ပုံကို လေ့လာချင်သဖြင့် ခွင့်ပြုပါရန် မိခင်ထံတောင်းပန် သည်။ အိမ်ထောင်စုအတွင်း ယောက်ျားကြီးများ မှာ ဦးလေးများ ၊ အစ်ကိုဝမ်းကွဲများ ဖြစ်ပြီး သူတို့ အရေး တကြီးစုဝေးလျှင် မိန်းမများ ပါဝင်ခွင့်မရှိခြေ။ ကျွန်မတို့ ပျိုဖော်ဝင်ပြီး မျက်နှာကို ပုဝါအုပ်ရချိန် မှစပြီး မိမိဖခင်၊ အစ်ကိုရင်းတို့ကလွဲပြီး မည် သည့်လူစိမ်းယောက်ျားကိုမျှ၊ အမြင်မခံရခြေ။
ကျွန်မတို့ မိန်းမများ ၏ ဘ၀မှာ အလွန်ငြီးငွေ့ဖွယ် ဖြစ်ရ၏ ။ မိခင် ဖြစ်သူကပင် ကျွန်မတို့အား သနားရလေသည်။ ထိုနေ့ကား မိခင်သည် ကျွန်မတို့နှင့်အတူ လသာဆောင်အကွယ်မှ ချောင်း ကြည့်ရာ၌ ပါဝင်ခဲ့သည်။ အောက်ထပ်ရှိ ဧည့်သည်ခန်းမအကျယ်ကြီးထဲတွင် မူ ယောက်ျားကြီးများ စုဝေးတိုင်ပင်နေကြ၏ ။
ကျွန်မက အငယ်ဆုံးသမီး ဖြစ်ရာ၊ မိခင်၏ ပေါင်ပေါ်မှ ထိုင်ခွင့်ရသည်။ မိခင် က သတိထားရန် ကြိုတင်ပြင်ဆင်သည့်အနေနှင့် သူ့လက်ချောင်းလေးများ ကို ကျွန်မတင်ပါးပေါ်၌ ဖွဖွလေးတင်ထားသည်။ တစ်စုံတစ်ရာ ဖြစ်လျှင် သတိပေးရန် ဖြစ်၏ ။ ယခုကဲ့သို့ ကျွန်မတို့ချောင်း ကြည့်နေမှန်း ဖခင်သိသွားခဲ့ပါက အကြီးအကျယ် ဒေါပွမှာ သေချာလေသည်။
ကျွန်မတို့သည် အောက်ထပ်ရှိ အစ်ကိုဝမ်းကွဲများ ၊ ဦးလေးများ ကို မလွတ်တမ်းကြည့်နေ ခဲ့ကြ၏ ။ သူတို့အားလုံးမှာ ၀တ်ရုံရှည်ကြီးများ ၀တ်လျက် ဣနြေ္ဓ တစ်ခွဲသားဖြင့် အရေး ကြီးပုံပေါ်နေ သည်။ သူတို့အထဲတွင် အိမ်ရှေ့မင်းသား ဖိုင်ဆယ်ကို ကျွန်မတို့ အာရုံရောက်သွား၏ ။ ကျွန်မ၏ ကလေးမျက်လုံးလေးဖြင့်ပင် သူ၏ မျက်နှာငယ်နေပုံ၊ ၀မ်းနည်းနေပုံကို သိသာစွာ ဖြင့်မြင်ရ၏ ။ စိတ် လေးနေဟန်လည်း ပေါ်လွင်၏ ။ ၁၉၆၃ ခုကာလတွင် ဘုရင် ဆတ် က တိုင်းရေး ပြည်ရေး ၌ ကောင်းစွာ မထမ်းဆောင်သဖြင့် အိမ်ရှေ့မင်းသား ဖိုင်ဆယ်က စီမံနေကြောင်း နိုင်ငံသားအားလုံး ပင် အသိ ဖြစ်၏ ။ ဘုရင်ဆတ်၏ အုပ်စိုးမှု မှာ ပြယုဂ်မျှသာရှိတော့သည်။ မိသားစု၏ ညီညွတ်မှု ကို ကာကွယ်ရမည် ။ ဤသို့ ပြုနေခြင်းသည် တိုင်းပြည်အတွက်လည်း မတရားသကဲ့သို့ အိမ်ရှေ့မင်း သားအတွက်လည်း မတရားသဖြင့် သည်အတိုင်းဆိုလျှင် ကျဆုံးတော့မည် ဟု တီးတိုးပြောနေ ကြပြီ။
မင်းသားဖိုင်ဆယ်က အုပ်စုအတွင်းမှ အနည်းငယ်ခွာပြီး ရပ်နေသည်။ သူ၏ ပင်ကိုငြိမ် သက်သော အသံကို မြှင့်၍ စကားပြောသည်။ မိသားစုနှင့် တိုင်းပြည်အတွက် အလွန်အရေး ကြီး သော ကိစ္စများ နှင့်ပက်သက်ပြီး သူ့ကို စကားပြောခွင့်ပြုရန်ပြောသည်။ ရခဲလှသော နန်းပလ္လင်ကို ဆုံးရှုံးခံရမှာ သူစိုးရိမ်ကြောင်းပြောသည်။ ပြည်သူလူထုသည် တော် ၀င်မိသားစုအပေါ် စိတ်ပျက်နေ ပြီ ဖြစ်ပြီး ဆတ်နှင့် ဆွေတော် မျိုးတော် အားလုံးကို နှင်ထုတ်၍ ခေါင်းဆောင်အသစ်ရှာနေပြီ ဖြစ် ကြောင်း ပြောသည်။
မင်းသားဖိုင်ဆယ်က ဆက်လတ်၍ သူ့ညီအငယ်များ အနေနှင့် အနည်းအကျဉ်းသာ အလုပ် လုပ်ချင်စိတ်ရှိပြီး ရရှိသော ထောက်ပံ့ငွေလေးများ ဖြင့် တင်းတိမ်နေကြခြင်းအတွက် သူ ရင်လေး ၀မ်းနည်းရကြောင်း ပြောလေသည်။ သူ့ညီများ ၊ ဆွေမျိုးများ ပြန်ပြောမည့် စကားကို နားထောင်ရန် သူ အကြာကြီးစောင့်နေရ၏ ။
မည် သူမျှ ထွက်၍ စကားမပြောသဖြင့် သူက ဆက်၍ ပြောသည်။ အကယ်၍ သူသာ နိုင်ငံ၏ ရေနံကြွယ်ဝမှု ၀င်ငွေများ ကို ကိုင်တွယ်စီမံခွင့်ရမည် ဆိုပါက မင်းသားများ အား ထောက်ပံ့ငွေ ဖြတ် တောက်ပြီး ဂုဏ်ရှိသည့်အလုပ်မျိုးကို ရှာဖွေရမည် ဟုဆိုသည်။
သူ့ညီ မိုဟာမက်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိုင်ချလိုက်ရာ ဖိုင်ဆယ်က ခေါင်း ညိတ်၏ ။
ကျွန်မက လသာဆောင်မှနေ၍ ညီအစ်ကိုငယ်အများ စုတို့ စိတ်လှုပ်ရှားနေပုံကိုမြင်ရသည်။ အများ ဆုံး ထောက်ပံ့ငွေသည်ပင် တစ်သော င်းထက်မပိုသော်လည်း အယ်လ်ဆတ်မျိုးနွယ်များ သည် တိုး၍ တိုး၍ ချမ်းသာလာကြပြီ။ ဆော်ဒီအာရေဗျကား ကြီးမားသော နိုင်ငံကြီး ဖြစ်၏ ။ အများ စု ပိုင်ဆိုင်မှု များ ဖြစ်နေသည်။ ထို့ပြင် အဆောက်အအုံများ ကန်ထရိုက်စာချုပ်လျှင်လည်း ကျွန်မတို့ အကျိုးမပါလျှင် လက်မှတ်ထိုးမပေးပေ။
ယခု တတိယ အကြီးအစ်ကို မိုဟာမက် ထ၍ ပြောသည်။ ယခုအခါ ဘုရင်ဆတ်သည် ၁၉၅၈ ကရခဲ့သော အာဏာကို ပြန်လည်တောင်းဆိုနေပြီ ဖြစ်ကြောင်း၊ ဤကိစ္စကို သူရလိမ့်မည် ဖြစ် ကြောင်းလည်း ပြော၏ ။ ဤစကားမှာ မင်းသားဖိုင်ဆယ်နှင့် ဆန့်ကျင်ဘက်တည်း။ ဤအချိန်သည် အယ်လ်ဆတ်မိသားစုတွင် အန္တရာယ်အကြီးဆုံးကာလ ဖြစ်သွားပြီ။ ယခင်က ညီညွတ်ခဲ့သူများ အ ဖြစ် ပြသနိုင်ခဲ့သမျှ ယခု သဘောထားကွဲလေပြီ။
ဘုရင်သည် ဖိုင်ဆယ်ကိုကျော်ပြီး မိုဟာမက်အား နန်းပေးခဲ့ကြောင်း၊ အကြောင်းမှာ မိုဟာ မက်က ဒေါသကြီးသဖြင့် ရန် ဖြစ်လျှင် လူတွေ သေမှာ စိုး၍ ဖြစ်ကြောင်း ဖခင်က ပြန်ပြောပြဖူးပါ သည်။ ထိုနေ့က အစည်အဝေးတွင် မင်းသားမိုဟာမက်က မိမိတို့၏ ဘုရင်စနစ်ကိုယ်တိုင် အန္တရာယ်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘုရင်ကို ဖယ်ရှားပြီး မင်းသားဖိုင်ဆယ်ကို နန်းတင်လျှင် ဖြစ်နိုင်ကြောင်းလည်း ဆက်၍ ပြောသည်။ မင်းသားဖိုင်ဆယ်က တအံ့တသြ ဖြစ်သွား ပြီးနောက် စကားပြောသည်။
သူစကားပြောပုံမှာ ငိုရှိုက်နေသည်ဟု ထင်ရ၏ ။ သူ့အနေနှင့် သူ့အစ် ကို၏ အုပ်ချုပ်မှု ကို မဆန့်ကျင်ပါဟု ဖခင်အားကတိပြုခဲ့ရကြောင်း၊ ထိုကတိကို သေသည်အထိ လိုက်နာသွား မည် ဖြစ်ကြောင်း ပြောသည်။ ဘုရင်ဆတ်က တိုင်းပြည်ကို ဒေ၀ါလီခံလိုက် သည့် အတိုင်း သူ့ကတိ ကို မဖျက်နိုင်ကြောင်း၊ အကယ်၍ ဤသို့ ဖောက်ဖျက်ကြောင်း သိသွားလျှင်လည်း သူ့အနေနှင့် ထွက်ခွာသွားမည် ဖြစ်ကြောင်းလည်း ပြောဆိုသည်။
ဤတွင် မင်းသားဖိုင်ဆယ်၏ ညီငယ် ဖြစ်သော မင်းသားမိုဟာမက်အနေနှင့် ဘုရင် ဖြစ်ထိုက် ကြောင်း မိသားစုလေးခုက သဘောတူလိုက်ကြရာ အသံတွေ ဆူညံသွားတော့၏ ။ အားလုံးက ကော်ဖီခွက်များ ကိုင်သောက်ရင်း သူတို့ဖခင်၏ မှာ စကား ဖြစ်သော အပ္ဗဒူအာဇစ်၏ သားများ အနေ နှင့် တညီတညွတ်တည်း တော် လှန်ကြရမည် ဆိုသည်ကို သစ္စာရှိရန်ပြောနေကြရာ မင်းသားမိုဟာ မက်က အားလုံးကို စောင့်ကြည့်နေ၏ ။ ထို့နောက် အားလုံးငြိမ်သက်စွာ အစည်းအဝေး ရုပ်သိမ်းပြီး ထွက်ခွာသွားကြလေသည်။
ထိုနေ့က အစည်းအဝေးသည် ဘုရင်ဆတ်အတွက် နောက်ဆုံး ဖြစ်ဖို့ အစ ဖြစ်ကြောင်း ကျွန်မ အနည်းအကျဉ်းမျှသာ ရိပ်မိခဲ့ပါသည်။ နောင်သမိုင်းကို လှန်ကြည့်သော အခါ အပ္ဗဒူအာဇစ် ၏ သားများ သည် သူတို့ပိုင်မြေမှ ဖယ်ရှားပေးရန် ဖိအားပေးခံခဲ့ကြရ၏ ။ နောက်ဆုံးတွင် ကျွန်မ၏ ဦးလေးဆတ်သည် အလွန်စိတ်ပျက်သွားကာ မင်းသားဖိုင်ဆယ်အား ခြိမ်းခြောက်စာပေးသည်။ ကျွန်မတို့ ဓလေ့ထုံးစံတွင် ညီအစ်ကိုများ သည် တစ်ယောက် ကို တစ်ယောက် မဆန့်ကျင်ရပါ။
ဤကဲ့သို့ မိသားစုအတွင်းရော၊ နိုင်ငံအတွင်း၌ ပါ အရေး အခင်းများ ဖြစ်ပွားခဲ့ရာမှ ဦးလေး ဆတ်၏ တော် လှန်မှု ကို မင်းသားဖိုင်ဆယ်က နူးညံ့စွာ ချဉ်းကပ်ခဲ့သည်။ သူက ဘေးဖယ်နေပြီး ညီ အစ်ကိုများ နှင့် ဘာသာရေး ခေါင်းဆောင်များ က ဆုံးဖြတ်ပေးရန် ဖြစ်သည်။ ဤနည်းဖြင့် ဆူပူမှု ကို လျော့နည်းစေခဲ့၏ ။
နောက် ၂ ရက်ကြာသော အခါ ဦးလေးဆတ်၏ ဇနီးတစ်ဦးသည် ကျွန်မတို့အိမ်သို့ အပြေး အလွှားရောက်လာခဲ့သည်။ ထိုအန်တီကို ကျွန်မတို့မိသားစုက အချစ်ဆုံး ဖြစ်၏ ။ အန်တီသည် ဦး လေးဆတ် ပစ်ခွာသွားသော နန်းတော် မှ ပြေးခဲ့ခြင်း ဖြစ်သည်။ အန်တီသည် ဆောက်တည်ရာမရ ဖြစ်ကာ သူ့ခင်ပွန်းဒုက္ခ ဖြစ်နေရခြင်းအတွက် မင်းသားဖိုင်ဆယ်ကို အပြစ်တင်လျက်ရှိ၏ ။ ယနေ့မ နက်ကပင် ဘာသာရေး ကောင်စီမှ လူကြီးများ ရောက်လာကာ ဘုရင်ဆတ်ကို ရာထူးမှဖယ်ရှား ကြောင်း ငိုယို၍ ပြောပြသည်။
ကျွန်မတို့ မိသားစု၏ သဘာဝမှာ စကားကို နူးနူးညံ့ညံ့ပြောဆိုတတ်ပြီး တွေ့ သမျှလူများ နှင့် လိုက်လျောညီထွေ ပြောရသည်။ ပြဿနာကို လျှို့ဝှက်စွာ ဖြေရှင်းရသည်။ ယခု အန်တီသည် သူ့ဆံပင်များ ကို ဆွဲခွာပြီး လည်ပင်းရှိ အဖိုးတန်ပုလဲသွယ်ကိုလည်း ဆွဲဖြုတ်ပစ်နေသည်။ အရေး တစ်စုံတစ်ရာကြီးနေပြီဟု ကျွန်မသိလိုက်ရ၏ ။ နောက်တော့ ကျွန်မအမေက သူ့ကိုနှစ် သိမ့်ပြီး အခန်းထဲခေါ်သွားကာ လက်ဖက်ရည်တိုက်သည်။ သူတို့တီးတိုးပြောနေပုံကို ကျွန်မ၏ အစ်မများ က တံခါးအကွယ်မှာ ပုန်း၍ နားထောင်ကြ၏ ။ ကျွန်မက အန်တီဖြုတ်ချခဲ့သော ဆံပင်အထွေးကြီးကို ကန်ထုတ်ပစ်ပြီး ပုလဲလုံးကလေးများ ကို လျှောက်ကောက်ရ၏ ။ လက်တစ်ဆုပ်စာရပြီးသော အခါ ခွက်အလွတ်တစ်ခု၌ ထည့်ပြီး ခန်းမသွားစင်္ကြန်ဘေးတွင် လုံခြုံစွာ ၀ှက်ထားလိုက်သည်။
မိခင်က ငိုနေသော အန်တီကို မာစီဒီးကားအနက်ကြီးထဲသို့ လိုက်ပို့သည်။ ကားနက်ကြီး ရွေ့လျားမောင်းနှင်သွားသည်ကို ကျွန်မတို့ကလေးများ က ငေးကြည့်ခဲ့ကြပါသည်။ ထိုအန်တီကို ယနေ့ထိ မတွေ့ ရတော့ပါ။ အန်တီသည် ဦးလေးဆတ်အား ပြည်နှင်ဒဏ်ပေးသော အခါ လိုက်ပါသွား၍ ဖြစ်၏ ။ အမေကမူ ဦးလေးဆတ်နှင့် ပတ်သက်၍ မခံစားကြဖို့ သင်ပေးသည်။ အန် တ်ီသည် ဦးလေးကိုချစ်၍ ထိုစကားပြောခဲ့ခြင်းသာ ဖြစ်ပြီး အမှန်မှာ ဦးလေးဆတ်သည် အုပ်ချုပ်မှု ကောင်းသူမဟုတ်ဟု ဆိုသည်။ ဦးလေးဖိုင်ဆယ်သည် နိုင်ငံအား တည်ငြိမ်ဖွံ့ဖြိုးအောင် ပြုလိမ့် မည် ဟုလည်း ဆိုသည်။ အမေသည် အနောက်နိုင်ငံအဆင့်အတန်းအရ ပညာမတတ်သူ ဖြစ်စေ ကာမူ အမြော်အမြင်ရှိသူတည်း။
![]() အင်းစိန်မှတ်တမ်း | ![]() နိုင်ငံတကာ အမျိုးသမီးခေါင်းဆောင်များ | ![]() လူမူ၊စီးပွား၊နိုင်ငံရေးနှင့် စာပေရေးရာ အတွေးအမြင်ဆောင်းပါးများစုစည်းမှု |