Cover

အမှာ စာ

“သံတော် ဆင့်ဆရာမ လာပြီ”

လှိုင်သာယာဟောပြောပွဲတစ်ခုမှာ ဖြစ်၏ ။

အခြေခံလူတန်းစားများ စုဝေးရာ၊ ဈေးတန်းကလေး၌ ကားရပ်ပြီး ဆင်းလျှောက်လျှင်ပင် ဈေးသည်အမျိုးသမီးများ ၀ိုင်းအုံဆီးကြိုရင်း ပြောခဲ့သော စကား ဖြစ်ပါသည်။

နှစ် ပေါင်းငါးဆယ်ကျော် စာမျိုးစုံရေး လာခဲ့သော ရွှေကူမေနှင်းကို သူတို့အသိအမှတ်ပြုပုံက “သံတော် ဆင့်ဆရာမ ဆိုပါ”။ ကျွန်မ ကျေနပ်ကြည်နူးပါသည်။

“ပိုက်ဆံမရယူဘူးဆရာမ ၊ ကျွန်တော် က သံတော် ဆင့်ပရိသတ်ပါ”

ပုဗ္ဗသီရိမြို့ရှိ ရှမ်းခေါက်ဆွဲဆိုင်မှာ စားခဲ့စဉ် ဆိုင်ရှင်၏ စေတနာ၏ ။ ကျွန်မ ကျေနပ်ကြည်နူး ပါသည်။

“ကျွန်တော် က ဒေါ်ဒေါ်မေရဲ့ အမာခံစာဖတ်ပရိသတ်နော်။ အခု ရွှေလီမှာ နေရပေမယ့် သံတော် ဆင့်မှာ ကိုယ့်အပေါ်ကို အမြဲစောင့်နေတာ” တရုတ်ပြည်ရှိ တူအရင်းခေါက်ခေါက် ဖုန်း ဆက်ခြင်း ဖြစ်၏ ။ ကျွန်မ ကျေနပ်ကြည်နူးပါသည်။

ရွှေလီ၊ ရွှေကူ၊ ရွှေတော၊ မြို့ကြီးများ သာမက သစ်ထူးလွင်ပရိသတ်ကပါ။ သံတော် ဆင့် ဆောင်းပါးများ ကို မျှဝေခံစားကြကြောင်း သိရ၏ ။ ကျွန်မ ကျေနပ်ကြည်နူးပါသည်။

ယခု….

သံတော် ဆင့်၏ ကိုယ်ပွား “ရွှေနီလာ” စာပေက အဆိုပါဆောင်းပါးများ ကို စုစည်းတင်ဆက် မည် ဖြစ်ရာ ကျွန်မ ကျေနပ်ကြည်နူးပါသည်။ မီဒီယာသမားဟူသည် ဘက်မလိုက်ရဟူသော စာနယ် ဇင်းကျင့်ဝတ်ကိုလေးစားလိုက်နာလျက် “ကြားနေသူအမြင်” ဖြင့် ရေး ရကျိုးနပ်ပါပြီ။

အားလုံးကို ကျေးဇူးတင်လျက်-

ရွှေကူမေနှင်း

♥ ♥ ♥


ဆရာမ ရွှေကူမေနှင်း၏ ဘ၀နှင့် စာပေမှတ်တမ်း

အမည် ရင်း- ဒေါ်စံမေ

၁၉၃၉။ သြဂုတ်လ ၁၅ ရက်တွင် ကချင်ပြည်နယ် ရွှေကူမြို့၌ အဖ သစ်တောအကောက်စာ ရေး ကြီး ဦးစိန်၊ အမိ ဒေါ်စောရင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းရှစ်ယောက် မြောက်အနက် ပဉ္စမ မြောက် ဖြစ်သည်။

၁၉၄၂။ ဒုတိယကမ္ဘာစစ်အတွင်း တောတောင်တွင်း၌ ပြေးပုန်းခဲ့ရသည်။

၁၉၄၆။ ရွှေကူမြို့ တောပုန်းရွာ မူလတန်းကျောင်း၌ စတင်ပညာသင်ကြားသည်။

၁၉၄၇။ ရွှေကူမြို့၊ S.P.P ကျောင်း၌ ဆက်လက်ပညာသင်သည်။

၁၉၅၀။ ရွှေကူမြို့ အစိုးရအထက်တန်းကျောင်း၌ ပညာသင်သည်။

၁၉၅၅။ မတ်လ (၁) ရက်နေ့ထုတ် တိုင်းရင်းမေဂျာနယ်တွင် “ချောကလက်” အမည် ရှိ ၀တ္ထု တို စတင်ပုံနှိပ်ခံရသည်။ (ရှစ်တန်းကျောင်သူဘ၀)

၁၉၅၆။ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ တစ်ပြည်လုံး ပထမဆင့်အုပ်စု၌ ပါဝင်ပြီး တက္ကသိုလ်စကောလာရှစ် ပညာသင်ဆုရသည်။

၁၉၅၇။ ရွှေကူမြို့၌ ဆရာအတတ်သင် သိပ္ပံတက်ရောက်သည်။

၁၉၅၉။ ရန်ကုန်တက္ကသိုလ်သို့ ကချင်ပြည်နယ် ပညာရေး ဌာန၏ ပညာတော် သင်အ ဖြစ် တက်ရောက်သည်။ (ရတနာဆောင်၊ သဟာယနှင့် စာဖတ်အသင်းအမှု ဆောင် ကချင်ပြည်နယ် ကျောင်းသားသမဂ္ဂအမှု ဆောင်)

၁၉၆၁။ ရွှေကူမြို့၌ အထက်တန်းပြ ဆရာမ အ ဖြစ် အမှု ထမ်းသည်။

၁၉၆၃။ ဗန်းမော်သို့ ပြောင်းရွှေ့အမှု ထမ်းသည်။

၁၉၆၇။ B.A (ပြင်ပ၀ိဇ္ဇာ) ဘွဲ့ရသည်။

၁၉၇၀။ အထက်တန်းကျော်ငးအုပ် တိုးမြှင့်ခံရသည်။ (လက်မခံ)

၁၉၇၁။ မြန်မာ့အသံသို့ ပြောင်းရွှေ့အမှု ထမ်းသည်။

၁၉၇၂။ ပထမဆုံးလုံးချင်းဝတ္ထု (ဘယ်မှာ မိုးခိုရမလဲကွယ်) ထုတ်ဝေသည်။

၁၉၈၃။ မြန်မာ့အသံမှ ဆေးလက်မှတ်ဖြင့် အငြိမ်းစားယူသည်။

၁၉၈၈။ ၈၈ အရေး တော် ပုံတွင် စာပေနှင့် အနုပညာရှင်များ အဖွဲ့၌ ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၈၉။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ခေါင်းဆောင်။ (ကလောင်အမည် ပိတ်ခံရသည်။

၁၉၉၀။ ရန်ကုန်တိုင်း၊ တိုက်ကြီး (၁) လွှတ်တော် ကိုယ်စားလှယ်။

၁၉၉၁။ အင်းစိန်အကျဉ်းထောင်သို့ နိုင်ငံရေး ပုဒ်မဖြင့် (၃) နှစ် အကျဉ်းကျသည်။

၁၉၉၂။ ထောင်မှလွတ်သည်။

၁၉၉၂။ အမေရိကန်သံရုံး၊ ဘာသာပြန်စာအုပ်ထုတ်ဝေရေး ဌာ၌ ဘာသာပြန်ဆရာ

(ကန်ထရိုက်စနစ်ဖြင့် စာအုပ်များ ပြန်ဆိုထုတ်ဝေခဲ့သည်။

(သော မတ်ဂျက်ဆာဆင် အတ္ထုပ္ပတ္တိ၊ အမေရိကန်အစိုးရ၊ အမေရိကရှိ ဒီမိုကရေစီ စာအုပ်များ ထင်ရှားသည်)

၁၉၉၆။ “ရွှေ” စာပေထုတ်လုပ်ရေး စတင်ထူထောင်သည်။ (ကလောင်အမည် ပြန်လည်သုံ စွဲနိုင်ခဲ့သည်။

၂၀၁၀။ ပြည်ပသင်တန်းများ ၊ ၀ပ်ရှော့များ ၊ ဆွေးနွေးပွဲများ ဖိတ်ကြားခြင်းခံရသော်လည်း Passprot မရခဲ့။

၂၀၁၀။ ရန်ကုန်တက္ကသိုလ်သမိုင်း တစ်စိတ်တစ်ဒေသအ ဖြစ် “ငါတို့ခေတ်က တက္ကသိုလ်” ကို ရေး သားထုတ်ဝေခဲ့သည်။

၂၀၁၂။ အင်းစိန်အကျဉ်ထောင်တွင်းမှ ဘ၀အထွေထွေကို ဖော်ပြသော “အင်းစိန်မှတ်တမ်း နှင့် အကျဉ်းစံမိန်းမများ ” ထုတ်ဝေသည်။

၂၀၁၂။ အထိ ၀တ္ထုတို ၁၀၀၀ ကျော်၊ ဆောင်းပါး ၂၀၀၀ ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် ၄၀။ ပင်ကိုယ်ရေး လုံးချင်းစာအုပ် ၁၅။ ဘာသာပြန်စာအုပ် ၃၀။ အတ္ထုပ္ပတ္တိနှင့် ဘာသာရပ်ဆိုင်ရာ ကျမ်း ၁၀။ ပင်ကိုယ်ရေး အက်ဆေး ၂၅၊ ရေး သားပြီ ဖြစ်သည်။

ရွှေစာပေဒါနအဖွဲ့ (စာကြည့်တိုက်များ သို့ စာအုပ်လှူခြင်း၊ ဟောပြောခြင်း)

မြန်မာ့အသံဝန်ထမ်းဟောင်းများ အသင်း (ပြန်ကြားရေး မှူး)

မြန်မာနိုင်ငံစာရေး ဆရာများ သမဂ္ဂ (နိုင်ငံတကာဆက်ဆံရေး ကော်မတီတာဝန်ခံ)

ဆရာမ ရွှေကူမေနှင်း၏ ထုတ်ဝေပြီးစာအုပ်များး

၁။ ဘယ်မှာ မိုးခိုရမလဲကွယ် (၁၉၇၁)

၂။ အချစ်အကြောင်းတော့ မဟုတ်ဘူးနော် (၁၉၈၅)

၃။ စိတ်ချလက်ချကြည်ဖြူချင် (၁၉၈၆)

၎။ မြေပေါ်တွင် သူပဲစွဲလို့သာခင် (၁၉၈၆)

၆။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲ (၁၉၉၃)

၇။ အမေရိကန်အစိုးရ (၁၉၉၅)

၈။ ရွှေကူက ပန်းခွာညို (၁၉၉၆)

၉။ အမေရိကရှိ ဒီမိုကရေစီ (၁၉၉၇)

၁၀။ အချစ်ဆေး (၁၉၉၇)

၁၁။ ပထမနိုင်ငံသစ် (၁၉၉၇)

၁၂။ မူးယစ်ဆေးဘေးကင်းစင်ရေး (၁၉၉၇)

၁၃။ ၀က်ရှော့မှတ်တမ်း (၁၉၉၈)

၁၄။ အလိုအလျောက်သွားနေမည့် စက် (၁၉၉၉)

၁၅။ စာရေး ချင်သူများ သို့ (၁၉၉၉)

၁၆။ အချစ်အကြောင်း ပြောကြမယ် (၂၀၀၂)

၁၇။ အချစ်ဦး (၂၀၀၂)

၁၈။ ဂျာနယ်လစ် ဖြစ်ချင်သူများ သို့ (၂၀၀၃)

၁၉။ စာပေလမ်း (၂၀၀၃)

၂၀။ ပိန်းရွက်ပေါ်မှ မိုးစက်များ (၂၀၀၅)

၂၁။ နိုင်ငံတကာဝတ္ထုတိုများ (၂၀၀၈)

၂၂။ အင်္ဂလိုဖတ်ရအောင် (၂၀၁၀)

၂၃။ အင်္ဂလိပ်လိုပြောရအောင် (၂၀၁၀)

၂၄။ ဒေါက်တာအောင်ထွန်းသက်နှင့် … (၂၀၁၀)

၂၅။ သုံးပွင့်ဆိုင်အချစ် (၂၀၁၁)

၂၆။ မြန်မာ့အသံကြယ်ပွင့်များ (၂၀၁၁)

၂၇။ မီဒီယာလောက (၂၀၀၉)

၂၈။ အမေရိကန်ဘန်းစကားများ (၂၀၁၀)

၂၉။ ထာဝရပုံရိပ်အမေ (၂၀၀၉)

၃၀။ သတင်းသမား (၂၀၁၀)

၃၁။ ငါတို့ခေတ်က တက္ကသိုလ် (၂၀၁၀)

၃၂။ အင်းစိန်မှတ်တမ်း (၂၀၁၂)

၃၃။ အကျည်းစံမိန်းမများ (၂၀၁၂)

၃၄။ ကန္တာရနှင်းဆီ (၂၀၁၂)

၃၅။ နိုင်ငံရေး အကျဉ်းသူများ (၂၀၁၂)

၃၆။ ၀ီလျံနှင့် ဟယ်ရီ (၂၀၁၂)

၃၇။ လာရီကင်း (၂၀၁၃)

၃၈။ ကိုယ်ကျန်းမာစိတ်ကျန်းမာ (၂၀၁၃)

၃၉။ မေနှင်းကို မေးပါ (၂၀၁၃)

၄၀။ ဆေးလောကသားများ နှင့် … (၂၀၁၃)

၄၁။ ပျောက်ဆုံးနေသာ ၃၃ (၂၀၁၃)

၄၂။ ဒီမိုကရေစီအမျိုးမျိုး (၂၀၁၃)

၄၃။ ကြက်တွန်သံအက်ဆေးများ (၂၀၁၃)

၄၄။ အိုင်းစတိုင်း (၂၀၁၃)

၄၅။ အိုဘယ့်ပုဂံ (၂၀၁၃)

၄၆။ ကျွန်မကို ချစ်တဲ့သူများ (၂၀၁၃)

၄၇။ အဖေနဲ့အမေ (၂၀၁၃)

၄၈။ မလေးရောက်တဲ့ကလေး တစ်ယောက် (၂၀၁၃)

၄၉။ နိုင်ငံတကာအမျိုးသမီးခေါင်းဆောင်များ (၂၀၁၄)

၅၀။ မကြောက်တမ်း မရွံ့တမ်း (၂၀၁၄)

၅၁။ ဖွံ့ဖြိုးရေး အတွက် A to Z (၂၀၁၄)

၅၂။ ရွှေမင်းသမီး (၂၀၁၄)

၅၃။ ရွှေကူမေနှင်း ၀တ္ထုတိုများ (၂၀၁၂)

၅၄။ နိုင်ငံရေး ထဲက ဘာကြောင့် ထွက် (၂၀၁၂)

၅၅။ စာရေး ဆရာ ဖြစ်ချင်ရင် (၂၀၁၄)

ယခု

၅၆။ မြန်မာသံတော် ဆင့်နှင့် ရွှေကူမေနှင်း (၂၀၁၅)

♥ ♥ ♥


ကျွန်မလည်း ၀င်ပြောပါရစေ

မြန်မာနိုင်ငံမှာ ပညာရေး သိပ်နိမ့်ကျနေပြီ။ မြန်မာနိုင်ငံရဲ့ ပညာရေး ကို အမြစ်ကအစ ပြောင်း ပစ်ရမယ်စသော အသံများ ကို ယခုနှစ် မှာ ပို၍ ကျယ်ကျယ်လောင်လောင်ကြားရသည်။ အများ အား ဖြင့် တော့ ပညာရှင်များ ၊ တက္ကသိုလ်အသီသီးမှာ အငြိမ်းစား ဆရာကြီးများ က ပြောကြရေး ကြတာ မြင်ရ၊ ကြားရပါ၏ ။

နံပါတ် (၁) ကျောင်းသားများ စာညံ့ရခြင်း၏ အခြေခံအကြောင်းမှာ စာသင်ခန်းတစ်ခန်းမှာ ကျောင်းသား ၇၀ ထားခြင်းကြောင့် ဖြစ်၏ ။ လူ ၇၀ ကို ဘယ်ဆရာမှ လူစေ့အောင် မကြပ်မတ်နိုင်ပါ။

-ဘယ်သူဖတ်နိုင်သလဲ ၊ မဖတ်နိုင်ဘူးလဲ။

- ဘယ်သူရေနိုင်သလဲ၊ မရေနိုင်ဘူးလဲ။

- ဘယ်သူတွက်နိုင်သလဲ၊ မတွက်နိုင်ဘူးလဲ။

အထက်ပါအချက် အရေး ၊ အဖတ်၊ အတွက်ကို ဆရာက နေ့စဉ် (အပတ်စဉ်) စစ်ဆေး နေရန်လိုသည်။ သို့မှသာပြုပြင်နိုင်မည် ။ သိနိုင်မည် ။ သင်နိုင်မည် ။ ကလေးဘက်က လည်း အားထုတ်လာမည် ။

ဆရာက ဘာမှ မစစ်နိုင်၊ ဖြေသမျှလေးနှင့် ပြီးသွားမည် ဆိုပါက ကလေးဘက်ကလည်း အလေး အနက်မထားတော့ပေ။ အချိန်တန် အတန်းတင်ပေးတာပဲဟု ပေါ့ဆသွာသည်။

ကျွန်မတို့ငယ်ငယ်က တစ်ခန်းမှာ လူ ၃၀ ပဲရှိ၏ ။ လူတိုင်း စာဖတ်ပြရ၏ ။ တွက်ခိုင်းလျှင် တွက်ရ၏ ။ ရေး ခိုင်းလျှင် ရေး ရ၏ ။ ဆရာ့ထံ တင်ရ၏ ။ ဆရာက မှန်၊ မမှန်စစ်ပြီး ပြန်ပေး၏ ။ ကိုယ့် အမှား အမှန်သိရ၏ ။ စာစီစာကုံးလိုမျိုးဆိုလျှင် ကောင်းသည့်စာစီစာကုံးများ ကို ဆရာက ချီးကျူးရာ ကြိုးစားချင်စိတ်၊ အားကျစိတ်ပေါ်ရသည်။ ဆရာတပည့် နီးကပ်သည်။

ယခု ကျွန်မ အိမ်မှ ၁၀ နှစ် သားကလေးကို ကိုယ်ပိုင်ကျောင်းမှာ (အစိုးရ သင်ရိုးအတိုင်း) ထားသည်။ တစ်ခန်း ၃၀ ပဲထားသည်။ ခိုကပ်၍ မရ။ ဆရာကလည်း မြင်သည်။ တစ်ယောက် ချင်း ဂရုစိုက်နိုင်သည်။ ၆ လအတွင်း အကြီးအကျယ်တိုးတက်လာပါသည်။

နံပါတ် (၂) တစ်ကျောင်းလုံး ၅၀ ကျောင်း၊ အထက်ကကဲ့သို့ တစ်တန်း ၃၀ ထားနိုင်ရန်၊ ကျောင်းတွေ ထပ်လိုသည်။ ဆရာတွေ ထပ်လိုသည်ဟု ဆင်ခြေပေလျှင် “ပိုနေတာတွဖျက်ပစ်” ဟု ပြန်ပြောရပါလိမ့်မည် ။

ကျွန်မ မျက်စိရှေ့တွင် ပင် သူငယ်တန်းမှ စတုတ္ထတန်းအထိ စုစုပေါင်းမှ ၅၀ ခန့်သာရှိသော ကျောင်းများ မြင်နေရ၏ ။ အသင်အပြ ညံ့လွန်း၍ လား၊ ရပ်ကွက် ကျောင်းမို့လား၊ ကျွန်မမသိပါ။ ဘယ်လို ချောက်ချီးချောက်ချက်ကျောင်းတွေ အများ ကြီးရှိနေတာက အမှန်။ နာမည် ကြီးကျောင်း များ ထဲသို့သာ တန်းခွဲ A မှ H-1 စသည်ဖြင့် သွားထားနေကြသည်။ မှားယွင်းမှု ရှိနေတာသေချာ သည်။

လူနည်းလျှင် ကျောင်းဖျက်ပစ်ပါလားဟု ကျွန်မအကြံပြုသော အခါ အစိုးရ၏ မူဝါဒမှာ တစ်ရပ်ကွက်လျှင် မူလတန်းတစ်ကျောင်းရှိကိုရှိရမည် ဟု ကြားသိရပါသည်။ ဒါပြန် စဉ်းစားဖို့ မကောင်းပါလား။

နံပါတ် (၃) ကိုယ့်မြို့နယ်နှင့် ကိုယ်။

♥ ♥ ♥


နောက်တစ်ချက် ကျောင်းတွေ လူများ နေရခြင်းမှာ လက်ခံချင်သလို လက်ခံနေခြင်း ကြောင့်ဟု မြင်ပါသည်။ ဥပမာ- ကမာရွတ်မြို့နယ်မှာ ရှိသော TTC ကျောင်းတွင် ရန်ကုန်တစ်မြို့ လုံးက ကျောင်းသားတွေ ရှိနေသည်။ TTC မှ TTC ဖြစ်နေသည်။ သည်လိုမြို့နယ်ပေါင်းစုံက လာသ ဖြင့် ကားကျပ်သော ဒုက္ခ ခံစားရသည်။ ကျောင်းဆင်းချိန်ဆို တက္ကစီများ ၊ ဘတ်စ်ကားများ ငိုချင်းချ ကြရမြဲတည်း။

ကိုယ့်မြို့နယ်နှင့် ကိုယ်တက်ခိုင်းလျှင်လည်း သူတို့လည်း ဝေးဝေးမလာရတော့ဘဲ။ ဘာမျှ မဆိုင်သော ကျောင်း၊ ကျောင်းသားမရှိသော ကျောင်းများ ကိုလည်း အဆိုပါ လူကြိုက်မျာသည့် ကျောင်းမှ “ကျောင်းခွဲများ ”အ ဖြစ် ဖန်တီးနိုင်သည်။ ဥပမာ- ကမာရွတ်ရဲစခန်းဘေးမှ အထက (၃) ကို TTC ကျောင်းခွဲအ ဖြစ် ဆရာတွေ ပါ ခွဲပေးလိုက်လျှင် TTC မှာ လည်း ချောင်သွားမည် ။ အထက (၃) မှာ လည်း စည်လာမည် ။ ထိုကျောင်းမှာ ဘောလုံးကွင်းရှိသည်။ ဘော်ဒါဆောင်ရှိသည်။ လွှတ် ထားရသည်မှာ နှမြောစရာကောင်းလှ၏ ။

မူလတန်း အထက်တန်းများ ကိစ္စပြီးလျှင် တက္ကသိုလ်ကိုစဉ်းစားမိပါသည်။ နံပါတ် (၁) ရန်ကုန်တက္ကသိုလ်ကို “လူစုခွဲ” သည့်အနေဖြင့် သရဲခြောက်လုနီးနီး ဥပေက္ခပြုခဲ့သည်။ မကောင်း တတ်၍ ပြန်ဖွင့်တော့ သုံးစားမရသော “ဒီပလိုမာ” တွေ လုပ်သည်။ တစ်ယောက် တည်း ငါးမျိုးတက် ၍ ပင်ရ၏ ။ ဘယ်လောက် ချောင်သလဲ စဉ်းစားနိုင်သည်။ မဟာဝိဇ္ဇာနှင့် ပါရဂူဘွဲ့ကို ဘယ်လိုပေး နေသဲ အတွင်းလူများ လွှတ်ပြီးစုံစမ်းနိုင်သည်။ အမှန်တွေ အကုန်ပေါ်မည် ။ ရလဒ်ကား ဘာဘွဲ့ တွေ ၊ ဘယ်လောက်များများ ထုတ်ထုတ် အသုံးမတည့်ခြင်းပါ။

သည်တော့ ဒါတွေ ရပ်တန်းကရပ်ပြီး တစ်ကပြန်စရန်လိုသည်။ ဆယ်တန်းရမှတ်မလို၊ တက္ကသိုလ် “၀င်ခွင့်” စာမေးပွဲစစ်ရပါမည် ။ အောင်လျှင် ဘယ်ဘာသာမဆို သူယူပါစေ။ သူမနိုင် လဆင် သူ့ဟာသူ လန့် သွားပါလိမ့်မည် ။ နှစ် ခါကျ၊ သုံးခါကျစနစ်အနစား ကျသင့်သည့်ဘာသာ ပြန် ဖြေစနစ် သုံးသင့်သည်။ (ကမ္ဘာမှာ သည်လိုပဲ သုံးသည်) ဤတွင် လူအလေအလွင့်မရှိတော့ချေ။ တက္ကသိုလ်ဝင်ခွင့်အောင်သူလည်း လူဖျင်း၊ လူညံ့မဟုတ်ချေ။

တက္ကသိုလ်တွေ ခွဲသည့် ကိစ္စကိုလည်း နယ်မြေအလိုက်ခွဲ၍ ရနိုင်ပါသည်။ လိုအပ်လျင် တိုချဲ့ ရပါမည် ။ တက္ကသိုလ်သင်ရိုးညွှန်းတမ်းကို အသေးစိတ်မပြောလိုပါ။ မြန်မာစာကလွဲလျှင် အားလုံး အင်္ဂလိပ်လိုသင်ပါ။ ဒါမှ နိုင်ငံတကာမှာ ၀င်ဆံ့မည် ။ ဒါကိုတော့ လုပ်ကိုလုပ်ရပါမည် ။ အပေါစားအခေါ်ခံနေရသော ဝေလေလေဘွဲ့တွေ နှင့် ကလေးမျာဘ၀ကိုမရိုက်ချိုးကြပါနှင့် တော့။

အတွဲ (၁)၊ အမှတ် (၃၇) မှ ကောက်နုတ်ဖော်ပြထားသည်။

♥ ♥ ♥


စပယ်တောင်……ဘယ်ရောက်သွားပြီလဲ

“ပုံတောင်သား”ခေါ် ကျွန်မတို့ စီးလာသော မီနီဘတ်စ်အဟောင်းအနွမ်းလေးသည် ပုလဲ- ဂန့်ဂေါလမ်း၌ အနောက်ဘက်သို့ တရိပ်ရိပ်ပြေးနေသည်။ ထိုနေ့ကား ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂ ရက် ဖြစ်၏ ။

ကျွန်မတို့သည် ဖိုးဝင်းတောင်ကို ကျော်ခဲ့ပြီ။ ယမားချောင်းကိုဖြတ်ခဲ့ပြီ။ ယင်းမာပင်ကို လွန်ခဲ့ပြီ။ ကားပေါ်မှ ငြိမ်ငြိမ်လေး ထိုင်နေရသော်လည်း စိတ်တွေ က လှုပ်ရှားပြေးလွှားနေကြ သည်။ ကျွန်မတို့ချည်းမဟုတ်။ စောစောလေးကပင် မြောက်ယမားချောင်းတံတားကို ဖြတ်ရန်၊ မျက်နှာချင်းဆိုင်မှ ကားတန်းအလာကို လမ်းပေးဖို့ စောင့်ရင်း ရှေ့ဆုံးက “မြအေးကားပဲ” ဟု ကျွန်မတို့ အဖွဲ့ထဲမှ ၈၈ ကျောင်းသားတစ်ဦးက ဆိုသည်။

မြအေး ကားနောက်မှာ က စူပါကပ်စတန်တစ်စီး၊ နောက်ခန်းမှာ မိန်းကလေးများ ၊ ကျွန်မက ကားထဲမှာ ဦးခေါင်းထုပ်ပြီး ဟေး… မီးမီးတို့ ဟု ပ၀ါဝှေ့၍ အော်သည်။ ကလေးမလေးများ ကလည်း သူတို့၏ “အန်တီမေနှင်း”ကို မှတ်မိကြသည်။ လက်ပြန်ပြကြသည်။ စင်စစ်မှာ ဤနေရာသို့ သူတို့ သွားနေကြောင်း ကျွန်မတို့လည်း သွားနေကြောင်း မိုးဘိုင်းဖုန်းများ က တာဝန်ကျေစွာ သတင်းဖ လှယ်ခဲ့ပြီးပြီ။ သူတို့အဖွဲ့က လူများ နှင့် ကျွန်မတို့က ယမားချောင်းထိပ်မှာ အသွားအပြန်ဆုံကြခြင်း။

ကိုယ့်တိုင်းပြည်အတွက် ဘာလုပ်ရမလဲ။

ဘာလုပ်နိုင်သလဲ။

ဒါက တိုင်းပြည်ချစ်သူတိုင်းမှာ ရှိသည့်စိတ်ပဲ။

ဘာလုပ်ရမလဲဆိုတာ သိဖို့ ပထမဆုံး အခြေအနေမှန်ကို မျက်မြင်ကိုယ်တိုင် သွားကြည့်ရ မည် ။ ဤစိတ်နှင့် ကျွန်မတို့ ဤနေရာသို့ ရောက်ခဲ့ကြခြင်း ဖြစ်သည်။ ကျွန်မတို့ အိပ်ပျက်ခံ၊ အညောင်းခံ၍ သွားခဲ့သော ခရီးသည် မိမိအကျိုးအတွက်မဟုတ်။ ပြောခွင့်ရှိသူက ပြောမည် ။ ရေခွင်းရှိသူက ရေး မည် ။ နောက်မကျသေး။

“အဲဒါ စွန့်ပစ်မြေတွေ ”

“ကျွန်မတို့အဖွဲ့မှ ကဗျာဆရာ လှဝင်းအောင်က နယ်ခံ ဖြစ်၍ ပတ်ဝန်းကျင်ကို ရှင်းပြနေ၏ ”

“လက်ပံတောင်းတောင် စွန့်ပစ်တာလား”

“မဟုတ်ဘူး။ ဒိလမ်းရဲ့ မြောက်ဘက် ကြေးစင်တောင်နဲ့ စပယ်တောင်ဆိုတာ ရှိသေးတယ် အခု မရှိတော့ဘူး”

“ဟင့် အဲဒါတွေ ထုတ်ပြီးပြီပေါ့”

“1984 ကတည်းက စနေတာ”

ဘုရား .. ဘုရား ကျွန်မတို့

မသိခဲ့ပါလား။

၁၉၈၄ ဆိုတော့ ၈၈ အုံကြွမှု ပင်

မ ဖြစ်သေး။

♥ ♥ ♥


မဆလပါတီကြီး ဘုန်းမီးနေလ

တောက်ပချိန်။

“ကြေးနီးတူးဖော်ရေး စီမံကိန်းဆိုတာ ရှိပါတယ်။ ဒါက တိုင်းပြည်ရဲ့ သယံဇာတပဲ။ ဒါပေမဲ့ ထုတ်ယူပုံစနစ်ကျရမယ်”

အဖွဲ့သားတစ်ဦးက ပြောနေဆဲ။ ကျွန်မက ကျွန်မ ဘာသာပြန်ခဲ့ရသော “ချီလီ ကြေးနီ သတ္တုတွင်းပြိုကျမှု ” စာအုပ်ကို သတိရ၏ ။ ချီလီမိုင်းကား ချီလီနိုင်ငံ၏ ကြွယ်ဝမှု ကို ပေးနေခဲ့ သည်။ အစိုးရနှင့် ပုဂ္ဂလိကတို့တူးဖော်ကြသည်။ သို့သော် သူတို့က လူနေအရပ်မဟုတ်။ လူနေရပ်ရွာနှင့် မိုင်းပေါင်းများ စွာ ဝေးသည်။ မိုင်းနားမှာ လည်း လူနေခွင့်မရှိ။ အလုပ်ဆင်းလျှင် ကားနှင့် အဝေးပြေး လမ်းမှ သွားကြခြင်း ဖြစ်သည်။ သူတို့ဆီမှာ အများ ဆုံးပြဿနာက မိုင်းပြိုခြင်း၊ မိုင်းလုပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ လုပ်ခတိုးခြင်းတို့ပဲရှိသည်။ ရွာတွေ ဖယ်ခိုင်းတာ၊ လမ်းတွေ သိမ်းတာ၊ ရေတွေ ညစ်ညမ်းတာ မြစ်တွေ ပျက်သွားတာမျိုးမရှိ။

သည်နိုင်ငံမှာ တော့ ကြေးစင်တောင် (နာမည် က ကြေးစင်) စပယ်တောင်တို့ကို ဖြိုခဲ့ပြီးပြီ။ ကိုယ့်ကိစ္စမဟုတ်ဟု ခံစားခဲ့ကြသလား။

ကောက်သင်းကောက်ရသဖြင့် ကျေနပ်ခဲ့ကြသလား။

ရွာမဖယ်ရ၊ လမ်းမဖယ်ရသဖြင့် လား။

အသံကျယ်ကျယ် မကြားခဲ့ရ။

မြို့မြောက်ဘက်တောင်ကုန်းတွင် လုပ်ကိုင်သူများ ၏ တိုက်အိမ်လှလှလေးတွေ ရှိနေသေး သည်။ မြန်မာများ အတွက်က သစ်သားအိမ်လေးတွေ ပါ ဆိုင်းဘုတ် ရှိနေသေးသည်။

“မြန်မာ- ယန်စီ ကြေးနီကုမ္ပဏီ” တဲ့။ (၀မ်ပေါင်မဟုတ်သေး) “အခု … မြောက်က အပုံစားပြီးသွာလို့ လမ်းတောင်ဘက်အပုံကို ပြောင်းတာ။ စပယ်က တောင်တစ်လုံးသပ်သပ်၊ လက်ပံတောင်းတောင်ဆိုတာက အတွဲ လိုက်ကြီး”

လှဝင်းအောင်က ပြောရင်းရှင်းရင်း။

ကျွန်မက လက်ပံတောင်းကို အဝေးမှ ဓာတ်ပုံရိုက်ရာတွင် တောင်ခြေရှိ ခေါင်မိုးနီနီနှင့် လှလှပိုက်ကလေးတွေ ကို အရရိုက်ခဲ့ရ၏ ။ သူတို့က တိုက်လှလှလေးတွေ ဆောက်လို့။ ကိုယ့် ရွာ သားတွေ ကျ အိမ်ဖျက်ယာဖျက် ကျောင်းဖျက် ခံရလို့။ မရက်စက်လွန်းဘူးလား။

“အရင် ကတော့ မပြောရဲဘူးဟုတ်လား။ ပြီးတော့ ဒီလောက်ကြီးဆိုးဝါးလားမယ်လည်း မမြင်ဘူး။ ယာတွေ ပျက်သွားတာ ပြီးတော့ ချင်းတွင်းမြစ်ကြီး သော င် ဖြစ်သွားတာ။ အဲဒါတွေ ကို ပြောပိုင်ခွင့်မရှိဘူးလို့ ထင်ခဲ့ကြတာထင်ပါရဲ့ ။ အခု လွတ်လပ်ပွင့်လင်းတဲ့အချိန်ရောက်တာနဲ့ နောက်စီမံကိန်းက အဖယ်ခိုင်းတာတွေ ကို စတင်ကန့်ကွက်နိုင်ခဲ့တာ။ ဟိုဘက်နိုင်ငံသားတွေ က သယံဇာတကိုလည်း အောက်ကြေးနဲ့ယူတယ်။ ရွာသားတွေ ကိုလည်း လှောင်ပြောင်စော်ကား တယ်”

ကျွန်မက လမ်းယာဘက်ရှိ “ယမကာဆိုင်ကြီး” ကို သတိပြုလိုက်မိသေးသည်။ သူတို့ ကား စည်းစိမ်ကြီးပေစွ။

♥ ♥ ♥


အခုတားလို့မရရင် စပယ်တောင်တစ်ခုလုံး ပျောက်သွားသလို လက်ပံတောင်းတောင်လည်း ပျောက်မှာ ပဲ။

အနားပတ်ဝန်းကျင်ရွာတွေ ဖယ်ခိုင်းတယ်။ သီးနှံလျော်ကြေးဆိုပြီးမြေသိမ်းတယ်။ သူတို့ရ မယ့် အကျိုးအမြတ်ရဲ့ အပုံတစ်ထောင်ပုံရင် တစ်ပုံတောင်မပေးဘူး။ ဒီတောင်ရဲ့ သုံးပုံ။ တစ်ပုံက ကြေးပဲ”

“လယ်ယာတွေ ပျက်တော့ ဘာလုပ်စားရမလဲ”

“ချင်းတွင်းမြစ်ကြီးက အချောင်းခံရတာ ။ ကြည့်ကြပါဦး။ ချင်းတွင်းမြစ်ကြီးဆိုတာ အရင်က မန္တလေးကနေ မင်းကင်းအထိ သဘောင်္သွားခဲ့တဲ့မြစ်ပါ။ အခုတော့ သင်္ဘောနေနေသာသာ ငါးတောင် မရှိတော့ဘူး။ ဓာတုဆေးဝါးတွေ ပါတဲ့ မြေစာနဲ့ ရေတွေ မြစ်ထဲစီးလာတော့ မြစ်ကပျက်စီး သွားပြီ။ ဘာနဲ့ အစားလျော်ကြေးပေးမှာ လဲ”

အသံတွေ က ဆူညံနေသည်။

ရွာက လူတွေ ဒုက္ခ ဖြစ်တော့၊ ရွာက ဆွမ်းကို မှီဝဲကြသော ရဟန်းတော် များ က မနေသာကြ ချ။ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ လက်နက်သုံး၍ ဖြိုခွင်းခံခဲ့ရသည်။ ကျွန်မတို့ရောက်သွားတော့ ရက်တွင် ဒဏ်ရာပြင်းထန်သည့် ရဟန်းများ ကို မန္တလေးသို့ ပို့နေပြီဟု ကြားရသည်။

အခြေအနေက ရေဆူအမှတ်ရောက်နေပြီ။

ဥပဒေနားလည်သူများ က ထောက်ပြနေသည်။

အိုင်တီခေတ်မှာ ဘာတစ်ခုမှ ဖုံးဖိ၍ မရ။

၂၀၁၂ သည် ၁၉၈၄ မဟုတ်။

ကျွန်မတို့သည် စာရေး ဆရာများ သာ ဖြစ်၏ ။ နှလုံးသားနှင့် ခံစားကာ ဦးနှောက်ဖြင့် စဉ်းစား သူများ ဖြစ်၏ ။ ဥပဒေအရ ဘယ်လိုဆုံးဖြတ်ကြမလဲ မပြောကြပါ။ တစ်စစီပြန့်ကျဲနေသော စပယ် တောင်မြေစာ ကြေမွသလို ခံစားနေရ၏ ။ကြည့်ကြပါဦး။ တောင်တစ်တောင်လုံးကို ဖြိုချ။ လိုချင် သမျှ သတ္တုကို စစ်ယူ၊ ကြေးနီဆိုတာ လက်နက်လုပ်ဖို့ အမာဆုံးသတ္တု၊ ဟိုတုန်းကလည်း ဒီဘရစ် တိုပေါ်တူဂီတို့သည် လက်နက်လုပ်ဖို့ဆိုပြီး ဘုရားရင်ပြင်ပေါ်က ကြေးခေါင်းလောင်းတွေ ကို ဖြုတ် ယူ၊ သယ်ဆောင်ခဲ့ကြဖူးသည်။ ကံကောင်း၍ ရေထဲပြုတ်ကျသဖြင့် သူတို့လက်ထဲ ပါမသွားခဲ့။ အခုထိ ပင်လယ်ဝမှာ ။

အခုတော့ တောင်ထဲက ကြေးနီကိုစနစ်တကျ တရားဝင် အကျိုးတူယူလိုက်ကြတာ ပြီးကို မပြီးနိုင်သေး။

“ကြေးပြားတွေ ကားနဲ့သယ်တာ ရွှေပြားတွေ ပါပါသတဲ့”

ကားထဲမှ ခရီးသည်တစ်ဦး၏ ကား။

သြော်.. ဤမြေ သည်ကာ

တစ်ခါက တိုင်းချစ်ပုဂ္ဂိုလ်ကြီး. “ယောမင်းကြီး ဦးဘိုးလှိုင်” ပြီးတော့ မင်းတိုင်ပင်ရွာဇာတိ “ကင်းဝန်မင်းကြီးဦးကောင်း” စသဖြင့် ပညာရှင်တွေ မွေးဖွားခဲ့ရာမြေတည်း။

အနောက်ဘက်တောင်ထဲမှာ က လွတ်လပ်ရေး ခေတ်ဦး အကွဲအပြဲတွင် တောထဲရောက် သွားသော “အလံနီသခင်စိုး” အခြေစိုက်ရာ ပုံတောင်ပုံညာတောင်တန်းပါ။

ပုံတောင်ပုံညာ ပြီးတော့ “ဘန့်ဂျီ”တောင်။

ဘန့်ဂျီတောင်မှ အရှေ့ဘက် ပုလဲအထိကို “ဘန့်ဂျီလွင်ပြင်”တြ့။

လွင်ပြင်ကြီးသည် ကျယ်ပြန့်ကာ ပြန့်ပြူးသာယာလှ၏ ။ မြစ်မရှိဘဲနှင့် မြေအောက် ရေနီး သဖြင့် ပဲ၊ ပြောင်း နှမ်း၊ ၀ါ၊ ဂျုံ၊ စိုက်ချင်တာစိုက် စိမ်းစိုဝေဆာသည်ချည်း။ ထန်းတောတွေ က တစ် မျှော်တစ်ခေါ်။ ထန်းလျက်ထွက်ကုန်ကလည်း စားမကုန်၊ ဟိုးနားမဝေးတဝေးမှာ မှ တောင်ကုန်း တောင်ပူစားများ ၊ သည်တောင်ကုန်းတွေ က ကံဆိုးစွာ “ကြေးနီး” ကို ထွေးပိုက်ခဲ့သဖြင့် ခုတော့ အင်အားသုံး ဖြိုချခံနေရသည်။ ပဲခင်းနှင့် ဂျုံးခင်းတွေ ပါ မြေစာနှင့် ဖိသတ်ခံနေရပြီ။

ကြေးစင်တောင်တဲ့။

စယ်တောင်တဲ့။

လှလိုက်တဲ့နာမည် လေးတွေ …

သူတို့ကား မြေပေါ်မှာ မရြှိ ကတော့ပြီ။

ဘယ်သူပြန်လျော်မှာ လဲ ??????

အတွဲ (၁)၊ အမှတ် (၄၀) မှ ကောက်နုတ်ဖော်ပြထားသည်။

♥ ♥ ♥


ပင်လယ်ရွာမှ ရတနာများ

ပင်လယ်က တစ်မျှော်တစ်ခေါ်ရှု၍ မဆုံးနိုင်ချေ။ ပြန့်ပြူးလှပသော ရေပြင်…။ နူးညံ့ အိစို သော သဲပြင်၊ လှိုင်းအိများ ထက်မှာ တော့ မရေမတွက်နိုင်သော လှေငယ်များ ၊ ငါးဖမ်းလှေ… သို့မဟုတ် တံငါလှေများ ပေါ့။

ဤလှေငယ်များ သည် ကမ်းခြေမှအဝေး မိုးကုပ်စက်ဝိုင်းသို့ နှစ် မိုင်ခန့်သွားကြသည့်တဲ့။ ထိုရေပြင်မှာ ပိုက်ချသော အခါ “ကင်းပုစွန်”ခေါ် ပင်လယ်ပုစွန်ကြီးတွေ ကို မလွဲမသွေရရှိကြသည် တဲ့။ လှေတွေ က ရာနှင့် ချီိနေသည်။ ကမ်းခြေမှာ အ၀ယ်ဒိုင်က သိုလှောင်ခန်းဖွင့်ပြီးဝယ်သည်။

“ယနေ့.. ခင်းဈေး ၃၀၀၀ိ/”

ဒိုင်အ၀င်ဝရှိ ဘောဖြူပေါ်တွင် အထက်ပါစာတန်းကိုမြင်ရ၏ ။ ယနေ့ဈေးဆိုတော့ မနေ့က ဈေးမဟုတ်ဘူးပေါ့။ ဈေးတွေ က တစ်နေ့နှင့် တစ်နေ့ မတူဘူးဟု အဓိပ္ပာယ်ရလေသည်။

“အဲဒါ ဈေးကျသွာတာ။ အမှန်က ပုံမှန်ဆိုရင် ကင်းပုစွန်တစ်ကောင်ကို ၅၀၀၀ိ/- နဲ့ ကောက်တာပါ”

ကျွန်မတို့ စာရေး ဆရာအဖွဲ့ကို လိုက်ပို့သော ကျန်းမာရေး မှူးက ရှင်းပြခြင်း ဖြစ်၏ ။ ကျွန်မတို့သည် ဖျာပုံမြို့နယ်ရှိ အမာမြို့နယ်ခွဲ “ဒေါ်ညိမ်းရွာ” ဆိုသော ပင်လယ်ရွာလေးမှာ စာပေ ဟောပြောရင်းပယ်လယ်ကမ်းခြေသို့ ရောက်နေကြခင်း ဖြစ်၏ ။

“ဒီကိစ္စက ချမ်းသာတယ်။ ရေလုပ်ငန်းလည်းရှိတယ်။ စပါးခင်းလည်း ကျယ်တယ်။ ကုန်တွေ ၀ယ်ပြီး ဖျာပုံကိုပို့တဲ့ လက်ကားကုန်သည်တွေ များ တယ်”

ကျေးရွာပရဟိတအဖွဲ့ “မေတ္တာရိပ်” လူငယ်များ ၏ အဖွဲ့ဝင်တစ်ဦးက ရှင်းပြခဲ့ခြင်း ဖြစ် သည်။ ပင်လယ်နှင့် မြေနုကျွန်းကြောင့် ဤဝေးလံသီခေါင်သော ကျေးရွာလေတွင် Surf ကားများ ၊ Super Custom ကားများ ၊ အဆင့်မြင့်တည်းခိုခန်းများ ရှိနေသည်မှာ သဘာဝကျပေသည်။ ဖျားပုံမှ ၂၇ မိုင်ကွာသော ဤပင်လယ်ရွာသည် “ရတနာ သဘာဝဓာတ်ငွေ့စက်ရုံ” နှင့် ကပ်လျက်ရှိ၏ ။

“သမီးတို့မြေအောက်က သဘာဝဓာတ်ငွေ့တွေ ကို ထိုင်းက ယူသွားတာ သမီးတို့ရွာကို တော့ လျှပ်စစ်ပေးသင့်တာပေါ့။ ဒါပေမဲ့ မရပါဘူး။ ကိုယ့်ဟာကိုယ် မီးစက်နဲ့ လင်းကြရတာ ပါ”

ကျေးရွာအထက်တန်းကျေင်းမှ အထက်တန်းပြဆရာမ လေးကလည်း ရင်ဖွင့်သည်။ ပုစွန် အကောင်းစားတွေ ထွက်သည်။ စပါးအကောင်းစားတွေ ထွက်သည်။ သဘာဝဓာတ်ငွေ့ထွက် သည်။ ဤရွာကား ရတနာမြေတည်း။

အိမ်ခြေ ၃၀၀ ဆိုတော့ ရွာကြီးပါပဲ။ အထက်တန်းကျောင်းရှိသည်။ ၉ တန်းနှင့် ၁၀ တန်း ပေါင်း ကျောင်းသား ၃၀၀၊ နည်းတဲ့အားမှ မဟုတ်ဘဲ။ လူငယ်ပရဟိတအဖွဲ့မှာ အင်အား ၁၀၀ ကျော်ရှိသည်။ မရှိသေးတာက စာကြည့်တိုက်ပဲ။ ကျွန်မတို့သည် စာကြည့်တိုက်သုံးချင်အောင် ဟောခဲ့ကြ၏ ။

♥ ♥ ♥


မော်တော် ဆိုင်ကယ် တဖုနန်းဖုန်းနှင် လူငယ်ကျားမ မရွေးသွားလာ လှုပ်ရှားနေကြသည်ကို မြင်ရတော့ ခေတ်မီကျေးရွာအ ဖြစ် စိတ်ချမ်းသာရ၏ ။ ပင်လယ်နှင့် လယ်ကွင်းသည် ရွာကို ခ်ျးသာ အောင် အလုပ်အကျွေးပြုနေသည်။ သဘာဝ ဓာတ်ငွေ့အကျိုးကိုကား တိုက်ရိုက်မခံစားရသဖြင့် သူတို့အားငယ်ရှာကြသည်။

“ကင်းပုစွန်က ဘယ်ကိုပို့တာလဲ”

“ရန်ကုန်ကပါပဲ”

“ဒီမှာ သိုလှောင်ကန်ထားရတာ က ဒီပုစွန်တွေ က ပင်လယ်ရေထဲမှာ မှ အသက်ရှင်နိုင်တာ မို့ပါ။ ရိုးရိုးရေမှာ ဆိုရင် သေတယ်။ ဒီတော့ ရန်ကုန်မပို့ခင် ဒီကန်ထဲမှာ ရေငန်နဲ့ ထားရတယ်”

“ရန်ကုန်ကလူတွေ စားတာလား”

ကျွန်မ နားမလည်စွာ စပ်စု ဖြစ်၏ ။ ကျွန်မတို့ လှည်းတန်းဈေးမှာ က ဒီပုစွန်မျိုး မြင်မှ မမြင်ဘူး ပဲကိုး။ ကျွန်မတို့ အကောင်းဆုံးဆိုပြီး ဈေးကြီးပေးဝယ်နိုင်တာက “ဆတ်ထုပ်” ဆိုတဲ့ သုံးလက်မခန့် အကောင်လေးတွေ ပါ။ ပုဇွန်ထုပ်ကြီးတွေ လည်း မရှိ( ပုစွန်ခေါင်းတွေ တော့ရှိသည်) အခုလို ကင်းပုစွန်ဆိုတာတော့ အခုမှပဲ မြင်ရဖူးတာပါ။

“ရန်ကုန်ကနေ တရုတ်ကိုပို့တာပါ။ အရှင်ရလေလေ တန်ဖိုးကြီးလေလေပါပဲ”

‘အခု ဈေးကျတယ်ဆိုတာ ဘာလို့လဲ”

“အ၀ယ်သိပ်မလိုက်လို့ပေါ့”

ဤအခါ ကျွန်မအာရုံထဲတွင် မူဆယ်လမ်းပေါ်မှ ဖရဲသီးကားတန်းကြီးကို မြင်မိသည်။

“အဲဒီ ပန်းသီးဖာတွေ နဲ့ ထည့်ယူလာတာက တရုတ်ဖရဲပေါ့။ သူတို့ ယူလာတဲ့မျိုး။ ဒီမှာ မြေငှားပြီးစိုက်တာ၊ အလုံးလည်းကြီးတယ်။ တရုတ်က ပန်းသီးကို ဂျပ်ဖာနဲ့ထည့်လာပြီး ပြန်တော့ ဖရဲသီးကို ဂျပ်ဖာနဲ့ ပြန်ထည့်သယ်တာ။ တရုတ်ဖရဲပေါ့လေ။ မြန်မာတောင်သူတွေ ကိုယ့်ဟာကိုယ် စိုက်တဲ့ ဖရဲကျတော့ သူတို့သိပ်မကြိုက်ဘူး။ ဂျပ်ဖာနဲ့တောင် မထည့်ဘူးလေ။ ဒီအတိုင်းအလုံး လိုက်တင်တာ။ အဲဒါ အားလုံးအရှုံးချည်းပဲ။ တရုတ်ဖရဲမှ ဈေးကောင်းရတာ ၊ ဗမာဖရဲမ၀ယ်တော့ ဈေးတအားလျော့ပြီး ရောင်းကြရတယ်။ ငွေပေါ်အရင်းရှုံးပေါ့”

မူဆယ်ရှိ နယ်စပ်ကုန်သွယ်ရေး ၊ လုပ်ငန်းရှင်တစ်ဦး ဖြစ်သော ဦးဝင်အောင်ခန့်က ရှင်းပြခဲ့ဖူး သည်။ နယ်စပ်ကုန်သွယ်ရေး ကား ကိုယ့်ဘက်က အသားစီးရလေ့မရှိတာကြာပြီတဲ့။ အခု ဖရဲသီး တွေ ရှုံးနေပြီ။

ထို့ပြင်….

မူဆယ်မှ မန္တလေးဆင်းသော ၂၂ ဘီးကားကြီးတွေ ကိုကြည့်တော့ သူတို့အခေါ် “ခါလီ” တွေ များ နေ၏ ။ အပြန်ကုန် (သွင်းကုန်) ပါမလာပေ။

အခုလည်း ဖျာပုံပင်လယ်ရွာမှ ကင်းပုစွန်တွေ ၅၀၀၀ိ/… မှ ၃၀၀၀/…အထိ ဈေးကျနေလေ သည်။ အ၀ယ်မလိုက်၍ ဖြစ်ကြောင်း မသေချာသော်လည်း ဈေးကျနေတာက အမှန်ပင်။ ရွာက စီးပွားရေး ရေရှည်ဘယ်လို ဖြစ်မည် လဲ။ ကျွန်မ စိုးရိမ်သည်။

ပင်လယ်ရွာကမ်းခြေရှိ သိုလှောင်ကန်များ တွင် ကူးခတ်နေကြဆဲ ကင်းပုစွန်လေးများ ၏ ကံကြမ္မာကိုလည်း မည် သူမျှ ကြိုတင်မှန်းဆခြင်း မပြုနိုင်ကြ။ ထို့ထက် ပင်လယ်ပြင် နှစ် မိုင် အဝေးမှာ သေဘေးကို မငဲ့နိုင်ဘဲ ပိုက်ချနေကြသော ငါးဖမ်းလှေများ လုပ်သားများ ၏ ကံကြမ္မာကို ဆိုလျှင် ပို၍ ပင် မမှန်းဆနိုင်ကြချေ။

ရွာနားရှိ… ရတနာသဘာဝဓာတ်ငွေ့စက်ရုံကြီးကား .. ညဥ့်အချိန်တွင် မီးထိန်ထိန်လင်း ၍ နေလေသည်။

အတွဲ (၁)၊ အမှတ် (၄၄) မှ ကောက်နုတ်ဖော်ပြထားသည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ရွှေကူမေနှင်း ၏ “ လူမူ၊စီးပွား၊နိုင်ငံရေးနှင့် စာပေရေးရာ အတွေးအမြင်ဆောင်းပါးများစုစည်းမှု ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နိုင်ငံရေးအကျဉ်းသူများ

ကျွန်မကို ချစ်တဲ့သူများ

အဖေနဲ့ အမေ