
အခန်း(၁)
ကျွန်မသည် “ဟယ်ခနဲ၊ ဟာခနဲ” အံဩယူရလောက်အောင် ရုပ်ဆင်း အင်္ဂါ ချောမောသူ မဟုတ်ပါ။ ချောတယ်ဟု မှတ်ချက်ချ ခံရလောက်အောင် အပြစ်ကင်းစင်သူလည်းမဟုတ်ပါ။ လှတဲ့အထဲမှာ ပါတယ်ဟု ဆိုရလောက်အောင် အလှစာရင်းဝင်သူလည်း မဟုတ်ပါ။
သို့ ပါလျက် ကျွန်မကို ချစ်သော သူတေါ အများ ကြီးရှိခဲ့တာ ကတော့ အမှန်ပင် ဖြစ်ပါသည်။ ချစ်သည်ဆိုသော ကိစ္စ၌ လှ၍ ဟူသော အောကာင်းပြချက်သည် ကျွန်မနှင့် မပတ်သက်ခဲ့ဟုပင် ဆိုနိုင်သေးသည်။ မလှဘဲနဲ့ ဘာ့ကြောင့် များ ချစ်ကြပါလိမ့်ဟု စဉ်းစားလျှင်တော့ စဉ်းစားသော သူ၏ အမှားသာ ဖြစ်လိမ့်မည် ။ အကြောင်းမှာ အချစ်ဆိုသော ပန်းပွင့်သည် အလှဆိုသော ပန်းအိုး၌ သာ ပေါက်ရောက်သော အရာမဟုတ်၍ ဖြစ်သည်။
သို့ ဖြစ်လျှင် ဘာကြောင့် ချစ်ကြပါသလဲ။
ဒါက ဖြေစရာ မေးခွန်းမဟုတ်။
စစ်စစ် အချစ်ဆိုသည်မှာ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲနှင့် သူ့အလိုလို ပေါ်ထွန်းတတ်သော အရာတည်း၊ အကြောင်းပြချက်ရှိနေလျှင် အချစ်ဟု မခေါ်နိုင်ဟုပင် သတ်မှတ် ချင်သည်။ အကြောင်းပြချက် တစ်ခုခုကြောင့် ချစ်မိခြင်းဟု ဆိုလျှင် ထိုအကြောင်းပြချက် ပျက်ပြားသွားသော အချိန်တွင် အချစ်ဆိုသော အရာက အလိုလို ပျက်စီးသွားလိမ့်မည် ။ ဒါဆိုလျှင် အဲဒါ အချစ်ဟုတ်ပါတော့မလား။ အချစ်ဆိုတာက ဘာအကြောင်းကြောင့် မှ ပျက်စီးကျေပြုန်းတတ် သော အရာမှ မဟုတ်တာ။
အချစ်ဆိုသည်မှာ သီးသန့် အရာ တစ်ခု ဖြစ်သည်။
အချစ်ကို ခိုင်းစေ၍ မရသလို တွန်းပို့၍ လည်း မရ။ တာမရှည်ခြင်းများ သည် အချစ်မဟုတ်၍ သာ ဖြစ်ရမည် ။ အချစ်မှန်သူများ ကာ ကျိုးကျိုးကန်းကန်း သေတစ်ဖန် သက်တဆုံးချစ်သွားကြ သည်ပဲ မဟုတ်လား။ ကိုယ့်ဘက်က အချစ်မှန်ပါလျက် သူ့ဘက်က မတုံပြန်သဖြင့် မည် သည့် အချစ်မျှ အစားမထိုးဘဲ အရိုးထုတ်သွားသူများ ရှိသလို အချစ်မဟုတ်စေကာမူ “အကြိုက်” အ ဖြစ် လက်ခံကာ ယောနိသော မနသီကာရဖြင့် သေသည်အထိ ပေါင်းသွားကြသူများ လည်း အများ အပြားပါပဲ။
ကျွန်မကား အချစ်ကို မြတ်နိုးသူတည်း။
ကျွန်မကိုယ်၌ က မချစ်လျှင်ဘယ်လိုမှ ရေရှည်လက်ခံကာ ယောနိသော မနသီကာရ မလုပ် တတ်ချေ။ မချစ်ဘူးဟု သိသော နေ့သည် ထိုသူကို ခွဲခွာသော နေ့ပဲ ဖြစ်၏ ။ သို့ သော် ချစ်သလိုလိုပဲ ဟု မရေမရာ ဖြစ်ခဲ့သူ များ စွာ ကို ချစ်သည်ဟု မိမိဘာသာ အမှန်ပေးပြီးလက်ခံခဲ့ရသော အ ဖြစ်များ လည်း ရှိသည်။ ဒါပေမဲ့ မကြာပါ။ အချစ်ဟုတ်၊ မဟုတ် မကြာခင် မိမိဘာသာ သိလာတာပါပဲ။ သည်အခါဆိုရင်တော့ ကျွန်မသည် လိမ်ညာ၍ မနေတော့ပေ။ သူ့ကိုလည်း မညာပါ။ မိမိကိုယ် မိမိလည်း မညာပါ။ ပွင့်ပွင့်လင်းလင်း ကင်းပြတ်လိုက်၏ ။ ဤနည်းဖြင့် ချစ်သူတွေ များ ခဲ့ခြင်း အတွက် သက်ဆိုင်သူများ ကို တောင်းပန်ရပါမည် ။ ခွင့်မလွှတ်နိုင်သည့်တိုင် နားလည်ပေးလျှင် ကျေးဇူးတင်ရပါမည် ။ ဘာ့ကြောင့် ဆို ကျွန်မအား အလိမ်အညာတွေ နှင့် မသမာသူဟု အထင်မခံ နိုင်၍ ပါဘဲ။ ကျွန်မ သေလွန်ပြီးသော အခါ ကျွန်မအကြောင်းကိုသာ တခုတ်တရ ပြောရစ်ကြ စေချင်တာလည်း ပါပါသည် လူဆိုသည်မှာ သူ့ကိုယ်သူပင် နားမလည်တတ်သောေ၀၀ါးဝါး အလုပ်တွေ လုပ်တတ်ကြမြဲပဲဟု သဘောပေါက်စေချင်တာလည်း ပါပါသည်။
သည်မျှ “နိဒန်း” ချီပြီဆိုလျှင် ကျွန်မသည် နှလုံးသားမြို့တော် ကို ပြန်လည်တူးဖော်တော့ မည် ဟု (ကိုငြိမ်းကျော်လေဖြင့်) ပြေရပါမည် ။ အရွယ်လေး အတော် ရလာပြီး လောကကို အပေါ်စီး မှ ရှုမြင်ကြည့်သော အခါ ယခင်ကနှင့် မတူသော မြင်ကွင်းကို တွေ့ ရမြဲ ဖြစ်ပါသည်။
မိမိကို မိမိခွာပြီး ဇာတ်လမ်းခွေ တစ်ခွေ ကြည့်သကဲ့သို့ ပြန်လည် သုံးသပ်သော အခါ “ကျွန်မ” ဆိုသော ကလေးမသည် အတော် အချစ်ခံခဲ့ရသော မိန်းကလေး ဖြစ်နေတာ မြင်ရလေသည်။ သို့ သော် ဒါကလည်း ကျွန်မ အမြင်သာ ဖြစ်ချင် ဖြစ်နိုင်သေးသည်။ ကျွန်မကို ချစ်ခဲ့သည် ဆိုသော သူတွေ ကလည်း ကျွန်မကို တကယ် ချစ်တာ ဟုတ်ချင်မှ ဟုတ်မည် ။ သူတို့ကိုယ်တိုင်လည်း မရေမရာ ခံစားချက်ကို အချစ်ဟု ထင်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်တာပဲ မဟုတ်လား။
ဘာပဲ ဖြစ် ဖြစ် . . .
ကျွန်မကို ချစ်ခဲ့ကြသူများ အားလုံးသည် လူကောင်းသူကောင်းများ ဖြစ်ကြသည်ဆိုခြင်း ကတော့ အသေအချာပါ။ ကျွန်မနှင့် ဘ၀တစ်ကွေ့မှာ လက်ချင်းတွဲ ခွင့် ရရှိခဲ့ခြင်း၊ မရရှိခဲ့ခြင်း ဆိုတာက သတ်သတ်။ သဘောထား ရိုးသားခဲ့သည် ကတော့ အမှန်အကန် ဖြစ်သည်။ သူတို့အနက် အချို့လည်း ဤလောကမှ ထွက်ခွာသွားနှင့် ကြပြီ။ အချို့လည်း နေ၀င်စ ချိုးမရယ်ကူ ဟူသော တေးသွားကို သီဆိုရင် ဘ၀ကို ငိုက်မျဉ်းစွာ စားသုံးနေကြဆဲ ဖြစ်သည်။ ဒါတွေ ကို ပြန်ေ၇းရခြင်းမှာ လူငယ်လူရွယ်များ ဖတ်မိလျှင် . . . ဩော် အချစ်ဆိုတာ ဒီလိုပါလား၊ အကျအဆုံးတွေ ရှိတာ ငါ တစ်ယောက် တည်း မဟုတ်ပါလားဟု တွေးနိုင်ကြရန် ဖြစ်ပါသည်။
အတတ်နိုင်ဆုံးရိုးသားစွာ ဖွဲ့စည်းပါမည် ။
လိုခြင်း ပိုခြင်းများ အတွက် နားလည် ခွင့်လွှတ်ပေးကြမည် ဟုလည်း ယုံကြည်ပါသည်။
သူက ကျွန်မ ဘ၀မှာ အစောဆုံးတွေ့ ရသူပါ။
ငယ်ချစ်ဟု ပြော၍ မရသလို အချစ်ဦးလည်း မဟုတ်ပေ။
သူနှင့် ကျွန်မ “ချစ်သူ” ဘ၀မှ မရောက်ခဲ့ကြဘဲကိုး။
သူ့ကို ကျွန်မက “အမြင့်” ဟု ခေါ်သည်။ ဒါက ချွဲပြီးခေါ်တာ မဟုတ်ပါ။ သူ့နာမည် အပြည့် အစုံထဲမှာ “မြင့်” ပါသည့်အပြင် သူ့အိမ်သားများ က သူ့ကို အဖျားဆွတ်ပြီး “အမြင့်” ဟုခေါ်သဖြင့် ကျွန်မတို့က လိုက်ခေါ်ခြင်း ဖြစ်သည်။ ကျွန်မတို့ကား အိမ်နီးချင်းများ ဖြစ်ရုံမက ကစားဖော် ကစားဖက်များ လည်း ဖြစ်ပါသည်။ ရပ်ဆွေ ရပ်မျိုးဟု ပြောလျှင်လည်း ရပါသေးသည်။
ကျွန်မရင်ထဲ၌ သူ ယခုထိ ရှိနေသေးသည်လား။
သူ့ကို ကျွန်မ ချစ်မိခဲ့သလား။
မ ဖြစ်နိုင်ပါ။ ကျွန်မသည် အလွန်ပြတ်သားသော မိန်းမဟု မိမိဘာသာ ယူဆထားသူပဲ။ ကျွန်မသည် ဟန်မဆောင်တတ်သူ ဖြစ်၏ ။ အထူးသဖြင့် အချစ်နှင့် ပတ်သက်လျှင် ဟန်ဆောင်ရန် မလိုဟုလည်း အခိုင်အမာ ယူဆထားသူ ဖြစ်သည်။ သည်တော့ သူ့ကို ချစ်ခဲ့မိလျှင် ချစ်တယ်ဟု အဖြေပေးခဲ့မှာ သေချာလေသည်။ ယခုတော့ သူ့ကို ချစ်ကြောင်း မပြောခဲ့သည့်အပြင် သူ့ရှေ့မှာ ပင် သူ့ဦးလေးကို လက်ခံခဲ့သူတည်း။
နည်းနည်း လောကြီးသွားတာ ခွင့်လွှတ်ပါ။
သူ့အကြောင်း ပြောပါတော့မည် ။
သူသည် ထူးထူးခြားခြား ချောမောသူ ဖြစ်၏ ။ ယောက်ျား တစ်ယောက် ဖြစ်ပါလျက်၊ မိန်းကလေးများ ထက်ပင် နုလှ ချောမောလွန်းသည်။ ရုပ်ရှင် မင်းသား မြင့်အောင်နှင့် ချွတ်စွပ် တူသည်ဟုပင် ပြောနိုင်ပါသည်။ သူက အရပ်ကလေး နည်းနည်း ပုနေတာပဲ ကွာသည်။ အမြင့်ကို မကြိုက်ခြင်းတွင် သူ အရပ်နည်းနည်း မမြင့်တာလည်း ပါနိုင်ပါသည်။ ကျွန်မက ချစ်သူဆိုလျှင် မော့ကြည့်ချင်သည်။ ဒါက ဘယ်လို ရူးသွပ်ခြင်းလည်း မသိပါ။ ချစ်သူကို မော့ကြည့်ပြီး သူ စကားပြောတာကို နားထောင်ချင်သည်။ သူ့အပြုံးကို ခံယူချင်သည်။ သူငုံ့ကြည့်တတ်တာကို ရင်ဖိုခံစားချင်သည်။ သည်တော့ ကျွန်မချစ်သူသည် အရပ်ပုနေ၍ မ ဖြစ်။
အမြင့်နှင့် ကျွန်မက အရပ် အတူတူ၊ ပခုံးချင်းညီနေသည်။ ဒါ့အပြင် သူက ကျွန်မထက် အသက်ငယ်သေးသည်။ ၆ လ တိတိ။ အမှန်မှာ မြန်မာ့ရိုးရာ အိမ်ထောင်ရေး သီဝရီက ယောက်ျား ပဉ္စင်း၊ မိန်းမ ပုခက်တွင်းဟူ၍ ဖြစ်သည်။ ဒွေးချိုး၊ လေးတိုးဟုလည်း ပြောသေးသည်။ မိန်းကလေး သည် ယောက်ျားလေးအသက်ကို နှစ် ဖြင့် စားပြီး ၄ ထပ်ပေါင်းလျှင် ရှိလာမည် ဖြစ်သော အသက် ဖြစ်ရမည် တဲ့။ ယောက်ျားက ပဉ္စင်းဝတ်သော အရွယ် (အသက် ၂၀ ပြည့်မှ ပဉ္စင်း ၀တ်ခွင့်ရှိ၏ ) ဖြစ်လျှင် မိန်းကလေးက ပုခက်ထဲမှာ ရှိနေဆဲ အရွယ် ဖြစ်ရမည် တဲ့။ ဒါတွေ က မြန်မာ့ရိုးရာ အစဉ်အဆက်ပြောခဲ့ကြသော စကားများ ဖြစ်၏ ။ သည်စကားတွေ ကို လူကြီးများ မှ တဆင့် ကြားဖူးသော ကျွန်မက ကျွန်မထက်ငယ်သော အမြင့်ကို မကြိုက်တာ အသက်ကြောင့် ဖြစ်ချင် ဖြစ်မည် ။
ပို၍ ဆိုးသည်က သူသည် ဉာဏ်ရည် ညံ့ခြင်း ဖြစ်၏ ။ ဘယ်အတန်းမှာ ဘယ်လောက် ကျနေခဲ့လဲမသိ။ ကျွန်မှာ ကိုးတန်းနှစ် မှာ ၊ သူက ၆ တန်းပဲ ရှိသေးသည်။ လူ ကတော့ လူပျိုပေါက်။ ဆံပင်ကို ခေါင်းလိမ်းဆီတွေ လိမ်းတာ၊ တသသ လုပ်နေသည်။ အိမ်ချင်း မျက်နှာချင်းဆိုင် ဖြစ်ပြီး မိဘချင်း၊ အိမ်သားချင်း ၀င်ကြထွက်ကြဖို့ သူနှင့် ကျွန်မ ရင်းရင်းနှီးနှီး နေခဲ့ကြခြင်းသည် ကလေး ချစ်ပဲလားမသိ။
ကျွန်မတို့က ဧရာဝတီမြစ်ထဲမှာ ရေချိုးကြတာပါ။ ရေချိုးဆိပ်မှာ ကလေး လူကြီး တစ်စု တစ်ဝေး ချိုးကြရတာ ၊ ရွာစကေမို့ အမြင့်နှင့် ကျွန်မလည်း မကြာမကြာ ရေချိုးရင်း ဆုံသည်။ တခြား ကောင်လေး ကောင်မလေးများ နှင့် အတူ ရေချိုးရင်း ရေး ကူးပြိုင်တတ်ကြသည်။ ရင်ရှားထဘီကို တင်းတင်း ၀တ်ရင်း၊ မြစ်ကို ဆန်၍ ကူးရသော ကမန်မသည့် ရှေ့က ဘောင်းဘီတိုလေးနှင့် လွတ် လွတ် လပ်လပ်ကူးနေသော အမြင့်ကို အရှုံးမပေးနိုင်။ သူ့ပခုံးကိုလှမ်းဆွဲလိုက်၏ ။ သူ ရုတ်တရက် ရပ်သွားသည်။ ချက်ချင်း ပင် ကျွန်မလက်ကို ပုတ်ချပြီးရှေ့ဆက်ကူးသည်။ သူပုတ်လိုက်သည့် ဒဏ်ကြောင့် ကျွန်မ ရေထဲနှစ် သွား၏ ။ နောက်က မီလာသော တင်တင်က ကျွန်မကိုကျော်တက် သွားသည်။ မခံချင်စိတ်နှင့် ကျွန်မ ကြိုးစားကူး၏ ။ လက်တွေ က မသယ်နိုင်ြ ကတော့။ မျက်နှာကိုပင် ရေပေါ်မှာ ဖော်၍ မရ။ ကျွန်မ ရေမွန်းနေပြီ။ ရေနစ်တော့မည် ။ စိတ်ကိုလည်းလျှော့ချင်နေပြီ။
ရေအောက်ရောက်လုနီးပါးမှာ ကျွန်မ ခန္ဓာကိုယ်သည် ပေါ့ပါး၍ သွား၏ ။ လက်တစ်ဖက် သည် ကျွန်မကျောအောက်မှ သိုင်းယူကာ ရေပေါ်မှာ ပေါ်အောင်ဆွဲယူနေကြောင်း သိရ၏ ။ ရေစီးထဲမှ ခွဲထွက်ကာ ကမ်းခြေသို့ ရောက်လာသည်။ သဲပေါ်သို့ ကျောပြင်ကျသွားသော အခါ စိတ်ကို လုံးလုံးလျှော့လိုက်၏ ။ မျက်စိဖွင့်လိုက်သော အခါ ကျွန်မကို စီးမိုးကြည့်နေသော မျက်ဝန်း တစ်စုံကို မြင်ရလေသည်။ အမြင့်ပါ။
“ငါက နင့်ရဲ့ အသက်သခင်နော်၊ ငါမကယ်ရင် နင်သေပြီ”
ဟု သူက စကားစပ်မိတိုင်း ပြောလေ့ရှိသည်။ ကျွန်မက ဘယ်တော့မှ သူ့ကို ကျေးဇူးတင် ကြောင်း မပြော။ သူကသာ ကော့ဖြူးနေသော မျက်တောင်များ ကြားမှ ရီဝေကြေည့်ရင်း ကျွန်မကို ငေးတတ်သည်။ သည်ရီဝေေ၀အကြည့်ကို ကျွန်မကလည်း သိသည်။ ကျွန်မသည် အချစ်ကို ခပ်စောစော သိခဲ့သူဟုများ ဆိုရလေမလား။ သူ ကျွန်မကို ချစ်နေပြီဟု ကျွန်မ အစောကြီးကတည်း က သိနေခဲ့သည်။
လသာသော ညများ တွင် ကျွန်မတို့ ထုပ်ဆီးတိုးကြ၏ ။ ကောင်လေးတွေ က တစ်ဖက်၊ ကောင်မလေးတွေ က တစ်ဖက်၊ ကျွန်မကား စိတ်စောတတ်သူ။ စည်းကျော်ရန် စဉ်းစားတိုင်း လွှတ်မည် ဟု ထင်၏ ။ ကျွန်မကြောင့် “အောင်ထူ” ရတတ်သလို ကျွန်မကြောင့် ပင် “သေ” ရတတ်သည်။ အသေအကျေတိုးတတ်သော ကျွန်မသည် စည်းတားသူ အမြင့် လက်ဖြင့် ဆွဲဖမ်းသည်ကို ရှောင်ရင် မြေပေါ် ပစ်လဲဖူးသည်။ သူက ဆွဲဖမ်းရုံသမဟုတ်၊ လဲနေသော ကျွန်မကိုယ်လုံးပေါ်ဖိပြီး ဖက်ထားသည်။ ခဏတော့ ဘာ ဖြစ်သွားမှန်းမပြောတတ်။ နှစ် ယောက် လုံး ငြိမ်သွားသလား၊ ဒါမှ မဟုတ်ကျွန်မ မောနေတာလား၊ သတိရလာသော အခါမှာ တော့ သူက ဆောရီးဟု တိုးတိုးပြောသံ ကြားရသည်။ သူ့လေသံက ကျွန်မပါးကို ဖြတ်သန်းထိတွေ့ စဉ် ပူးနွေး သော အတွေ့ ကို သတိထားလိုက်မိ၏ ။ နောက် နင်နဲ့ငါ ထုပ်ဆီး မတိုးတော့ဘူးဟု ရန်ထောင် ဖြစ် သေးသည်။
သီတင်းကျွတ်ဆိုရင်တော့ ကျွန်မတို့ ရန်မ ဖြစ်ပါ။ သူ့ခြံရှေ့နှင့် ကိုယ့်ခြံရှေ့ရှိ မြက်တောများ ကို ရှင်းကြသည်။ သူအရင် ပြီးလျှင် ကျွန်မခြံရှေ့ကို ကူးလာသည်။ မြက်တွေ အတူရှင်းပြီး ဧရာဝတီမြစ်ကမ်းပါးမှ သဲတွေ ကို သွားကျုံုးကာ အိမ်ရှေ့မှာ ဖြန့်ခင်းကြသည်။ သဲဖြူဖြူ ပြန့်ပြန့် လေးတွေ မြင်ရတော့ ပျော်ကြသည်။ သူ့အဘွားက မီးကြာခွက် မီးပုံးချိုးတတ်၏ ။ ကျွန်မအမေက ရိုးရိုးမီးအိမ်ပဲ ချိုးတတ်သည်။ ကျွန်မအစ်ကို ကတော့ ၆ ထောင့်ကြယ်ပုံ ချိုးတတ်၏ ။ ပုံစံမျိုးစုံ မီးပုံးများ ရသော အခါ သူတို့ခြံနှင့် ကျွန်မတို့ခြံကို ကြိုးတန်းပြီး မီးပုံးတွေ ချိတ်ကြသည်။ ရောင် စုံ မီးပုံးလေးများ ယိမ်းကနေစဉ် အမေတို့က အိမ်စောင့်ကာ ကျွန်မတို့ကလေးများ က မီးထွန်းပွဲ လျှောက်ကြည့်ကြမြဲ။ အုပ်စုထဲမှာ ဘယ်သူပါပါ အမြင့်သည် ကျွန်မပါသော အုပ်စုထဲမှာ ရှိမြဲ။
ဆောင်းရက်များ ဆိုလျှင် ကျွန်မတို့မြို့လေးသည်။ နှင်းထုများ အောက်၌ တော် တော် နှင့် အိပ်ရာက မထတတ်ချေ။ နှင်းတွေ ဖြိုက်ဖြိုက် ကျနေလိုက်တာ တစ်အိမ်နှင့် တစ်အိမ် မမြင်ရ။ သူ့အိမ်ခေါင်မိုးမှာ လည်း နှင်း၊ ကိုယ့်အိမ်ခေါင်မိုးမှာ လည်းနှင်း၊ ကျွန်မ နာမည် ကလည်း နှင်း။
တစ်မက်နက် နှင်းမကွဲခင် ကျွန်မ ၀ရန်တာထွက်တော့ ၀ရန်တာထောင့်မှာ သူ ကုပ်ကုပ် ကလေး ရပ်နေသည်။
“ဟင် အမြင့်”
“ရှူး . . .”
သူက လက်ညှိုးလေးနှင့် ပါးစပ်ကို တားပြီး သူ့ဘလေဇာကုတ်အင်္ကျီကို ဟလိုက်သည်။ သူ့ရင်ညွှန့်နှင့် ကုတ်အင်္ကျီကို ဟလိုက်သည်။ သူ့ရင်ညွှန့်နှင့် ကုတ်အင်္ကျီကြားမှာ က ပန်းရောင် နှင်းဆီပွင့် လှလှကြီး၊ လှလည်း လှ၊ မွှေးလည်း မွှေး။
“ရော့ . . . ရော့ နှင်းအတွက်၊ အဘွားမနိုးခင် ခိုးလာတာ”
သူက ပြောပြောပေးပေး လုပ်သည်။ သူ့စကားသံက တုန်ခါနေသည်။ အေးလွန်း၍ လား၊ ကြောက်နေ၍ လား။
ကျွန်မက နှင်းဆီပွင့်ကို ၀မ်းပန်းတသာ လှမ်းယူလိုက်ပါသည်။ သူ့ရှေ့မှာ ပင် အားပါးတရ မွှေးလိုက်သည်။ သူက ပြုံးပြီး ရီဝေေ၀လုပ်သည်။ ဒါ အချစ်ကို ဖွင့်လှစ်ပြခြင်းပေါ့နော်။ ကျွန်မ သိပါသည်။
ဒါပေမင့် . . .
သူက “နှင်းကို ချစ်တယ်” ဟု မပြောပါ။
နှစ် ယောက် သား အအေး ဓာတ်ကြောင့် ကုပ်ကုပ် ကလေး ရပ်နေခဲ့ကြ၏ ။ ပြီးတော့ သူက ဘာမှ မပြောတော့ဘဲ ချာခနဲ လှည့်ပြေးသွားလေသည်။ ကျွန်မက သူ့နောက်ကျောကိုကြည့်ရင်း နှင်းတောထဲမှာ သူပျောက်သွားမှ သူပေးခဲ့သော နှင်းဆီပန်းကလေးကို မွှေးလိုက်သည်။ ဒါအချစ်လား။
သို့ သော် သူ့ကို ကျွန်မ မချစ်တာ သေချာပါသည်။
သူ့မျက်နှာလှလှလေးနှင့် မျက်တောင်ကော့ကော့ကြားမှ မျက်ဝန်းလှလှကြီးများ ကို သဘောကျသလို ဖြစ်မိသော်လည်း လူချင်းယှဉ်ပြီး မတ်တပ်ရပ်မိတိုင်း အရပ်ချင်းညီနေသည်ကို ကျွန်မ မနှစ်သက် ပေ။
“အချစ်ဆိုတာ အထင်ကြီးရာက ဖြစ်လာတာ”
ဟု အစ်ကို တစ်ယောက် က ပြောဖူးသည်။ ကျွန်မသည် အမြင့်ကို အထင်မကြီး၍ မချစ်ခဲ့တာများ လား။
နွေဦး ညတစ်ည . . .။
စာမေးပွဲကြီး နီးပြီ ဖြစ်သော ည။
ကျွန်မ စာကျက်စားပွဲမှာ စာကျက်နေစဉ် သူ တုန်တုန်ယင်ယင်နှင့် ရောက်လာသည်။ စားပွဲပေါ်သို့ စာအိတ်တစ်အိတ်ကို ပစ်တင်သည်။ ချက်ချင်း ပြန်ပြေးသွားသည်။ ဩော် . . . သူ ရည်းစားစာ လာပေးတာကိုးဟု ထင်လိုက်သည်။ သို့ သော် စာအိတ်ပေါ်က လက်ရေး က သူ့ လက်ရေး မဟုတ်ပါ။ ဘယ်လိုပါလိမ့်ဟု ဖွင့်ဖတ်သော အခါ သူ့ဦးလေး၏ စာ ဖြစ်နေသည်။ ရည်းစားစာတော့ ရည်းစားစာပါ။
“နင် ဘာလို့ ယူလာတာလဲ”
နောက်နေ့မှ သူ့ကို ဆူရ၏ ။
“မယူလို့ မရဘူး။ သူက ငါ့ဦးလေး မဟုတ်လား။ ငါ့ကို စက်ဘီးနဲ့ တင်လာပြီး ဒီစာ နင့်ကိုသွားပေး။ ငါ၊ ဒီက ရပ်စောင့်ကြည့်နေမယ်တဲ့၊ နင့်အိမ်ရှေ့ အုန်းပင်ရိပ်မှာ သူရှိတယ်လေ၊ မပေးရင် လက်သီးနဲ့ ထိုးမှာ တဲ့၊ သူက ဦးလေးလေ”
ဟု သူ ပြောရှာသည်။
သူ့မျက်လုံးထဲမှာ လည်း မျက်ရည်လို အငွေ့များ နှင့် ပါ။ နောက် ၄ နှစ် အကြာ သူ့ဦးလေးနှင့် ကျွန်မ လက်ထပ်သော အခါ သူက လူပျိုရံ လုပ်ရသည်။ သူက ကျွန်မကို “ဒေါ်လေး နှင်း” ဟု နောက်သလိုလိုနှင့် ခေါ်သေးသည်။ ကျွန်မ စိတ်ဆိုးပြသော အခါ ရီဝေေ၀ လုပ်သေးသည်။
နောက်ပိုင်းတွင် တော့ သူလည်း “မယ်ဘွဲ့” ရသူ အပျို ချောချော တစ်ယောက် နှင့် အိမ်ထောင်ကျခဲ့သည်။ သူတို့ အိမ်ထောင်ရေး အဆင်ပြေပုံရပါသည်။ ကျွန်မ ရန်ကုန်ပြောင်းခဲ့သဖြင့် သူ့ကို ပြန်မတွေ့ ရတော့။
စုစုပေါင်း ၂၇ နှစ် ကြာမှ ကျွန်မ ရွှေကူကို ခဏ ရောက်၏ ။
အမြင့်ကို မှတ်မှတ်သားသား သတင်းမေးခဲ့၏ ။
ဆုံးသွားတာ ကြာပြီ ဆိုပဲ။
ဪ . . . ကျွန်မကို မျက်တောင် ကော့ကော့ ကြားမှ ရီဝေေ၀ လုပ်တတ်သော အမြင့်ကို ကျွန်မ ပြန်မတွေ့ ရတော့ဘူး။ ငယ်ကအကြောင်းတွေ ပြန်ပြောင်းလွမ်းတ မပြောကြရတော့ဘူး။
နှင်းတွေ ဝေသော နံနက်မျိုး။
ပန်းရောင် နှင်းဆီပွင့်လှလှကြီးများ မြင်ရသော အခါမျိုး . . . အဲသလို ကြုံကြိုက်လျှင်တော့ အမြင့်ကို ကျွန်မ သတိရ တတ်ပါသည်။ တကယ်တော့ သူသည် ကျွန်မကို ချစ်တဲ့သူ အမှတ် (၁) ပေပဲ။
အခန်း(၂)
သူ့ကို ကျွန်မကကိုကြီးဟု ခေါ်ပါသည်။
ဒါက တမင်ချွဲနွဲ့ပြီး ခေါ်ခြင်းမဟုတ်ပါ။ သူ့ကိုယ်သူ ကိုကြီးဟု ပြောခဲ့၍ ဖြစ်ပါသည်။
ကျွန်မက ဆံရစ်ဆံတောက်ကို အုပ်လုံးသိမ်းပြီးခါစ။ ရန်ကုန် ဆရာအတတ်သင် တက်စဉ် က ဖြစ်၏ ။ သိပ္ပံအထူးပြု အလယ်တန်းဆရာ ဖြစ်သင်တန်းတွင် သင်တန်းသား ၁၀၀ ခန့် ရှိသည်။ ထိုသင်တန်းသားများ တွင် ကျွန်မသည် အသက်အငယ်ဆုံး၊ ဆံပင်တွေ က ဟိုကထွက်လာ သည်ကထွက်လာနှင့် အတောင်မစုံသေးသည့် ကြက်ဖတစ်ကောင်လို ထိုးထိုးထောင်ထောင်နှင့် ပေါ့။ မျက်နှာက ဖောင်းဖောင်း၊ ဆံပင်က အုပ်လုံးမ၀င့်တ၀င် ဆိုသော်လည်း ငယ်ငယ်ကတည်းက အားကစားနှင့် အလှလေ့ကျင့်ခန်း လုပ်လာသူမို့ ကိုယ်လုံးက ၃၈” ၊ ၂၂” ၊ ၃၆” ဆိုတော့ အတန်းထဲမှာ ကြည့်စရာ ဖြစ်ခဲ့ပုံရပါသည်။
သူက ကျောင်းဝင်နောက်ကျ၏ ။ အခန်းထဲ ခုံလွတ်မကျန်တော့။ ဤတွင် ရှေ့နားက အခန်း ထောင့်မှာ လက်တင်ကုလားထိုင်လေး ချပြီး သူ့ကို ထိုင်စရာပေးသည်။ ထိုအခါ ရှေ့ဆုံးတန်းမှာ ထိုင်သော စာကြိုးစားသည့် ကောင်မလေးနှင့် မျက်စောင်းထိုး ဖြစ်နေခဲ့သည်။ သူကား အတန်းထဲ ထိုင်ရင်း စင်မြင့်ပေါ်က ကျောက်သင်ပုန်းကြီးကို အာရုံစိုက်ရမည့်အစား ရှေ့ဆုံးတန်းက မျက်နှာ ဖောင်းဖောင်းနှင့် ကောင်မလေးကို ငေးနေခဲ့လေသည်။
ပထမတော့ ကျွန်မ ဘယ်သိပါ့မလဲ။
အောက်ဆီဂျင်ဓာတ်ထုတ်ဖော်ပုံ ကိရိယာတွေ ကို ခက်ခက်ခဲခဲကူးနေရာက အပြီးသတ်မှာ ပြတင်းပေါက်ဘက် လှည့်အကြည့်၊ ငေးလက်စ သူ့မျက်လုံးများ ကို ရင်ဆိုင်လိုက်ရသည်။ အကြည့် ချင်း ဆုံသည်နှင့် သူက ပြုံးပြတော့၏ ။ အတော် ရဲရင့်သော အပြုံး။
ကျွန်မ ရှက်သွားသည်။
လက်ထဲက ခဲတံ လွတ်ကျသွားသည်။
ဘာ ဖြစ်တာလဲ။ ဆရာမ လောင်းပဲ ဖြစ်နေပြီ။ ဒီလို မျက်လုံးမျိုးကို ကြောက်စရာလား။ စဉ်းစားကြည့်တော့ ကြောက်တာမဟုတ်။ ခက်တာက ရင်ညွန့်တစ်ဝိုက်မှာ လှုပ်နေသည်။ အဲဒါ ဘာ ခေါ်ပါလိမ့်။
နောက်နေ့ နောက်နေ့များ တွင် လည်း ပြတင်းဘက် လှည့်ကြည့်လျှင် သူ့မျက်လုံးကြီးများ ကို ရင်ဆိုင်ရမြဲ။ သူက ဖြူဖြူချောချောလည်း မဟုတ်။ ကျွန်မ ကြိုက်သော အဆိုတော် မျိုးလှိုင်လို ဆံပင်လှိုင်းတွန့်လေးများ နှင့်လည်း မဟုတ်။ အရပ်မြင့်မြင့်နှင့် သေသပ်လှပသူလည်း မဟုတ်။ သူကသာမန်ရုပ်ရည်၊ သာမန်အရပ်အမောင်း၊ သာမန်လူတစ်ဦးပါ။ သို့သော် နက်ရှိုင်းစူးရှသော မျက်လုံးကြီးများ ။ ထိုမျက်လုံးကြီးများ သည် ကျောင်းခန်းရှေ့ဘက်ထောင့်မှနေ၍ သည်ဘက်ခုံမှာ ရှက်ရှက်နှင့် ငြိမ်ငြိမ်လေးထိုင်နေသော ၁၆ နှစ် ကောင်မလေး၏ ရင်ကိုတုန်ခါစေနိုင်စွမ်း ရှိပါပေ သည်။
ချစ်ခြင်းဆိုတာ ရင်ခုန်တာလားကွယ်…။
နောက်တော့ ကိုယ်က ခေါင်းငုံ့ပြီး စာရေး နေစဉ် သူငါ့ကို ကြည့်နေလား မသိဟု သတိရ နေသည်။ ပြန်ကြည့်ချင်လာသည်။ မကြည့်မိအောင် ချုပ်တည်းထားသည်။ မအောင့်နိုင်၍ ကြည့်မိ သော အခါ ထင်သည့်အတိုင်းပင် သူကျွန်မကို လှမ်းကြည့်နေတာ မြင်ရ၏ ။ သည်အခါ ဖြိုးဖြိုး ရွှေရင်က တလှိုက်လှိုက်ခုန်လာပြန်ရော။
လူချင်းတိုက်ရိုက်တွေ့ ရတာ က လက်တွေ့ စမ်းသပ်ခန်းမှာ ပါ။
ကျွန်မကား ဆယ်တန်းမှာ သိပ္ပံယူခဲ့သူ မဟုတ်၍ ယခုသိပ္ပံ ဘာသာရပ်ကို စိမ်းနေသည်။ လက်တွေ့ ကိရိယာတွေ ကိုင်တွယ်တတ်ဖို့ ဝေးစွ၊အပြင်မှာ မြင်ဖူးခြင်းပင် မရှိခဲ့။ သူ ကတော့ ရန်ကုန်စံပြကျောင်း ထွက်မို့ သိပ္ပံကိရိယာများ နှင့် ကျွမ်းဝင်ပြီးသား။ ကျွန်မတို့ တောသူအုပ်စုကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ပြသည်။ ဆရာက ဟိုဘက်မှာ ရှင်းပြနေဆဲ သူက သည်ဘက်မှာ ဆရာ လုပ်သည်။ ယောင်နန တောသူ ကျွန်မတို့သည် မြို့ကြီးသား သူ့ကို ကျေးဇူးတင်ကြရ၏ ။ တစ်အုပ်စု လုံးကို ရှင်းပြခြင်း ဖြစ်သော်လည်း သူအထူးပြောပြခဲ့တာက ကျွန်မကိုဆိုတာ ကျွန်မ သိပါသည်။ တခြားသူတွေ မသိဘဲနေမည် ။ ကျွန်မကမူ သိ၏ ။ စူးစူးရဲရဲ သူ့မျက်လုံး ညိုညိုတို့က ကျွန်မ အသည်းနုနုကို ထိုးဖောက်နေပြီလေ။
အဓိက တွေ့ ကြတာက ကျောင်းကပွဲမှာ ပါ။
ကတဲ့ဆရာအတတ်သင်မှာ သော ကြာညတိုင်း ကျောင်းကပွဲ ရှိသည်။ ထိုစဉ်က ပညာ မင်းကြီးမှာ ဦးဘ ဖြစ်၏ ။ ဦးဘသည် အဆိုအက အနုပညာရပ်ကို အလွန်အားပေးပါသည်။ ဆရာ အတတ်သင်သို့ မကြာခဏ ကိုယ်တိုင်ရောက်လာပြီး အဆိုအကများ ကို ကြည့်လေ့ရှိသည်။ နိုင်ငံခြား ဧည့်သည်များ ကို ညစာစားပွဲဖြင့် ဧည့်ခံတိုင်း ပညာေ၇း မိသားစုဒ အဆိုအကများ ဖြင့် ဧည့်ခံဖျော်ဖြေစေပါသည်။ တက္ကသိုလ်များ မှ ကျောင်းသူ၊ ကျောင်းသားများ လည်း ပါသည်။ ဆရာ ဖြစ်သင်တန်းကျောင်းများ မှ သင်တန်းသားများ လည်း ပါပါသည်။ ဆရာကြီးက သူ့ကျောင်း သားများ ၏ အနုပညာတင်ဆက်မှု ကို အထူး ဂုဏ်ယူတတ်သည်။ သည်တော့ ကျောင်းများ ကလည်း အဆို အကများ ကို ဆန်းသစ်တီထွင် လေ့ကျင့်ကြရတော့၏ ။
သော ကြာညတိုင်း မိမိကျောင်းတွင်းကပွဲမှာ အဆောင်နေ အခန်းတစ်ခန်းလျှင် အစီအစဉ် တစ်ခု တင်ကြရမည် ဟုဆိုသည်။ ဤတွှင် အဆောင် (၃)၊ အခန်း (၇) မှာ နေသော ကျွန်မတို့ အခန်းဖော်များ ကလည်း တတ်သလောက်လာကြရ၏ ။ ထုံးစံအတိုင်း ယိမ်းပေါ့။ အထက်တန်း ကျောင်းမှာ ကလာသူ ကျွန်မလည်း ဤအခွင့်အရေး ကို လက်လွတ်မခံချေ။ ယိမ်းသမ (၈) ယောက် မှာ စိတ်ပါလက်ပါ အရှိဆုံးက လေသည်။ သည်လို အကကောင်းသဖြင့် ဆရာကြီး ဦးသက်ဝင်းက မျက်စိကျကာ ဆရာ့အစီအစဉ်ထဲမှာ ၀င်ပါဖို့ ခေါ်ခဲ့သည်။ ဤအ ဖြစ်က ကျွန်မနှင့် အစ်ကိုကြီးကို ရင်းနှီးစေခဲ့တာပါပဲ။
ကျွန်မက ဆရာဦးသက်ဝင်း၏ “သူယောင်မယ် ယိမ်း” မှာ ပါရ၏ ။ သူယောင်သီးလေးတွေ လိုဝတ်ပြီး သစ်ပင်မှာ တွဲ နေရာက ဇော်ဂျီ ဖြစ်သူက တောင်ဝှေးနှင့် ထိုးချတော့ ကြွေကျ၊ အသက်ဝင်၊ ဇော်ဂျီနဲ့တွဲ က၊ သည်လိုကိုး။ အစ်ကိုကြီး ကတော့ ရှမ်းလူမျိုးလိုဝတ်ပြီး ရှမ်းက ကရ သော ရှမ်းယိမ်း၊ ယိမ်းချင်းမတူသော်လည်း ဖျော်ဖြေရေး တွေ သွားရသော အခါ အတူသွား အတူ လာ အတူအလှ ပြင်ကြ၊ ဆိုကြ။ နောက်ကျပေါ့။ သည်စဉ်ကပင် တစ်ဦးနဲ့ တစ်ဦး အသက်မေး ဖြစ်ခဲ့သည်။ သူက တစ်နှစ် သာသာကြီးတော့ သူ့ကိုယ်သူ အစ်ကိုကြီးပေါ့တဲ့။ ကျွန်မကို ညီမလေးတဲ့။ အဲသည်ကာလမှာ ကိုမြကြီးနှင့် စိန်စိန် ဓာတ်ပြားသွင်းထားသော “အစ်ကိုကြီးရေ ညီမလေးရေ” သီချင်းက ခေတ်စားနေသည်။ အံကိုက်ပါပဲ။
ဖျော်ဖြေရေး ပွဲစဉ်တွေ ဆက်နေသည်။
ဂီတအလုပ်လုပ်သူများ ကို စာသင်ခန်းပျက်ခွင့်ပြုသည်။ နာမည် ခေါ်သော အခါ -
“မြူးဇစ်”
ဟု တစ်ယောက် က ထူးပေးလျှင် ပြီး၏ ။
ကျွန်မတို့ကား ကရင်းခုန်ရင်းပျော်ခဲ့ကြလေသည်။ “ကမ္ဘောဇနန်းတော် ” (ယခု ပန်းချီ ပန်းပု ကျောင်းဝင်း) မှာ နိုင်ငံခြားသား ဧည့်ခံပွဲလုပ်သော ညကိုတော့ အထူးအမှတ်ရသေးသည်။ ၀င်းကြီးထဲက သစ်ပင်တွေ မှာ ရောင် စုံမီးပွင့်တွေ နှင့် ၊ ပန်းခြံထဲမှာ ရောင် စုံဒေလီယာ ပွင့်တွေ နှင့် ၊ ဆောင်းလေက လတ်ဆတ်စွာ ဝေ့၀ဲနေသည်။
ဧည့်ခံဖျော်ဖြေပွဲအပြီး လူစုကြစဉ် အစ်ကိုကြီး ပြေးလာသည်။ “ရော့ . . . ရော့ ညီမလေး၊ မစိန်ပွင့်တို့ လုလို့ ၀ှက် လာရတယ်” တဲ့။ သူ့ ရှမ်းတိုက်ပုံတွင်းမှာ ဒေလီယာအနီရဲရဲကြီးတစ်ပွင့်။
“ဟယ် . . . လှလိုက်တာ၊ ကိုကြီး ခိုးလာတာပေါ့”
ဟု ကလေးလိုပြောပြီး လှမ်းယူတော့ သူ့မျက်နှာ ၀င်းသွားသည်။ အနားက မဝေက မျက်စပစ်တာ ဘာအဓိပ္ပာယ်မှန်းမသိ။ ပန်းဆိုတာ အချစ်၏ သင်္ကေတဟု ရေရေလည်လည် နားမလည်သေး။ ၀မ်းသာတာပဲ ရှိသည်။
အဆောင်ပြန်ရောက်တော့ မဝေက သတင်းဖောက်သည်ချ၏ ။ သည်အခါ အစ်ကိုကြီးရေ ညီမလေးရေ သီချင်းသံ ညံသွားလေ၏ ။ ဒါ ဘာ ဖြစ်တာလဲ။ ဟင့်အင်း ရည်းစားစာ ပေးတာမှ မဟုတ်တာ။ ဘာပဲ ဖြစ် ဖြစ် သူနှင့် ကျွန်မ အစ်ကိုကြီးရေ ညီမလေးရေပဲလေ။
တပေါင်းပွဲ ရောက်လာသည်။
ရွှေတိဂုံ အနောက်မုခ် ပြပွဲဆိုတာ ကြီးကျယ်ခမ်းနားလှ၏ ။ ကျွန်မတို့ တစ်စုက ရွှေတိဂုံသွား ဖို့ ကြောက်နေသည်။ ၀ါဆိုဦးတုန်းက နှစ် ယောက် တည်းသွားတာ လူလိုက်ခံရလို့ပါ။ ခုတော့ ဘာမှ မပူရ။ ကိုကြီးက အားလုံးကို ဦးဆောင် ပို့သည်။ သူက ရန်ကုန်တစ်ဖက်ကမ်း ခနောင်တိုက ဆိုတော့ ရန်ကုန်သားပေါ့လေ။ မြို့သား လူရည်လည်တယ်ပေါ့။ ကမ္ဘာအေး ဘုရားလည်း ကိုကြီးပဲ လိုက်ပို့သည်။ မိုးကောင်းဘုရားပွဲလည်း ကိုကြီးလိုက်ပို့သည်။ ကျွန်မတို့ တောသူအုပ်စုသည် ဘုရားပွဲတကာကို ပို့ပေးသော ကိုကြီးကို ကျေးဇူးတင်ကြရ၏ ။ ပြီးတော့ မဝေတို့ တစ်စုက ကျွန်မကို ကျေးဇူးတင်သတဲ့။ ကျွန်မမျက်နှာနဲ့ ကိုကြီးက ပို့တာတဲ့လေ။ ကျွန်မ ရှက်လိုက်တာ။
ဒါပေမဲ့ ကျွန်မလက်ကောက်လေး ကျိုးတော့လည်း ပန်းထိမ်မှာ ပြန်ဆက်ဖို့ ကျွန်မ မသွားတတ်တော့ ကိုကြီးပဲ သွားပေးခဲ့တာပါ။
နွေဦးရောက်ပြီ။
ရွက်ဝါတွေ ကြွေပြီ။
အဆိုအကတွေ နားပြီ။
စာမေးပွဲ ဖြေကြရလေသည်။
ကျွန်မတို့ အသီးသီး အိမ်ပြန်ကြရတော့မည် လေ။
သရက်ဖူးလေးများ က အဆောင် (၃) ရှေ့ မြေပြင်မှာ ပြန့်ကျဲလို့။ ကိုကြီးက မတ်တတ် ရပ်လျက် ကျွန်မကို စောင့်နေသည်။ အဆောင်ပေါ်ကို လူကြုံနှင့် မှာ လိုက်သဖြင့် ၀ရန်တာက ကျွန်မ လှမ်းကြည့်တော့ သူမှန်းသိပြီးပြီ။ သူ့ကိုပေးဖို့ ပစ္စည်းလေးတွေ က ညကပင် စုထားပြီးသား ပါ။
မီးခြစ်ဘူး (နတ်သမီးတံဆိပ် ထင်းရှူးသားဘူး) လေးများ ကို ပိတ်စဖြင့် ပတ်ပြီး ဆိုဖာလေး ဖြစ်အောင် ချုပ်ထားတာ ရှိ၏ ။ အိမ်တွင်းမှု သိပ္ပံမှာ သင်ခဲ့ရတာ လေ။ အဲသည် မီးခြစ်ဘူး ဆိုဖာလေးရယ်။ ပြီးတော့ အင်းလျားကန်စပ် ဘဲအုပ်တွေ ကို နောက်ခံထားပြီး မြက်ခင်းပေါ် ခြေဆင်းထိုင်နေသည့် ကျွန်မရဲ့ တစ်ကိုယ်လုံးဓာတ်ပုံရယ်၊ ပြီးတော့ စာတိုလေး တစ်မျက်နှာ ရယ်ပါ။
“တွေ့ ဆုံကြုံကွဲ ဖြစ်မြဲ ဓမ္မတာဆိုတဲ့ စကားအတိုင်းပါပဲ ကိုကြီး၊ ညီမလေးက ပြည်နယ် စတိုင်ပင်နဲ့ လာတာမို့ ပြည်နယ်ကို ပြန်ရတော့မယ်။ အိမ်မှာ အမေရယ်၊ မမရယ်၊ မောင်လေးနဲ့ ညီမလေးရယ်ကို လုပ်ကျွေးရဦးမယ်။ ရန်ကုန်ဆိုတာ ညီမလေးဘ၀နဲ့ ဘာမှ မဆိုင်ပါဘူး။ တစ်နှစ် လုံး စောင့်ရှောက်ခဲ့တဲ့ ကိုကြီးကျေးဇူးကို မမေ့ပါဘူး။ တစ်သက်စာ နှုတ်ဆက်ခဲ့ပါတယ်၊ ညီမလေး နှင်း” တဲ့။
နွေလေရူးက တဟူးဟူး တိုက်နေသည်။
စာဖတ်နေသော ကိုကြီး မျက်လုံးတွေ က ရီဝေမှိုင်းပျလို့။
ညီမလေးကလည်း မျက်လွှာချရင်း မျက်တောင် တဖျပ်ဖျပ် ခတ်လို့။
××× နွေရာသီ ကျောင်းပိတ်ရက်မို့ မိဘရပ်ထံ မောင်ပြန်ရတော့မယ် ××× အချစ်ရယ် အသက်ရယ် ဆက်ဆက်လာမယ်ဆိုတဲ့ စကားရယ် ××× မေ့ပြီလားကွယ် ×××
ဟိုးဘက် ယောက်ျားလေးဆောင်မှ ရေချိုးခန်းမင်းသား တစ်ယောက် အော်ဆိုလိုက်သော သီချင်း။
ကိုကြီးနှင့် ညီမလေး အလွမ်းတွေ ထပ်ဆင့်ပေးနေကြသည်။
အဲဒါ နောက်ဆုံးနေ့ပါ။
အိပ်ရာလိပ်တွေ သေတ္တာတွေ သယ်နေကြပြီ။
အားလုံး အိမ်ပြန်ကြပြီလေ။
ဘယ်တော့ ပြန်တွေ့ ကြမှာ လဲဆိုသော မေးခွန်းကို ဘယ်သူမှ မမေးကြ။ အလယ်တန်း ဆရာ ဖြစ်ဆိုတာ တစ်နှစ် တည်းပဲ။ မွမ်းမံသင်တန်း ခေါ် ဖြစ်ပါမှ ပြန်ဆုံနိုင်မည် ။ ဘာမှ မသေချာ။ စာရေး နော်ဟုသာ နှုတ်ဆက်ရတော့သည်။
အိမ်အရောက်မှာ မမလေးက ပြုံးစစနှင့် လှမ်းပေးသည်။
စာအိတ်ကလေး တစ်အိတ်။
“လူတောင် ပြန်မရောက်သေးဘူး၊ စာက ရောက်နေပြီတဲ့”
အိတ်ပေါ်က ကိုကြီးလက်ရေး စောင်းစောင်းလေးတွေ ကို ကြည့်ပြီး စိတ်မကောင်း။ စာတော့ ပြန်ရေး ဖြစ်သေးသည်။ နောက်တော့လည်း မီးဝေးချိန်။ နှစ် တွေ ဆယ်စုနှစ် တောင် ကြာသွားခဲ့သည်။ အချိန်တွေ ပြောင်းသည်နှင့် အတူ စိတ်တွေ လည်းပြောင်း။ ဘ၀တွေ လည်း ပြောင်း။
ကျွန်မ ရန်ကုန်ပြောင်းလာခဲ့၏ ။
ရန်ကုန်ဟူသည် ကိုယ့်ဘ၀နှင့် ဘာမျှမဆိုင်ဟု ထင်နေသော်လည်း ခုတော့ ရန်ကုန်မှာ မှ လုပ်စရာတွေ ရှိသည်ဟု ယုံကြည်စွာ ။ တကယ်လည်း ရန်ကုန်မှာ ကျွန်မ အသားကျ နေခဲ့၏ ။ ရန်ကုန်မှာ လုပ်ရသော အသံလွှင့်ပညာသည် အနေဆင်းရဲရခြင်းကို တွန်းလှန်နိုင်သော ခွန်အား ပြည့်ဝ ပါပေသည်။ စောင်းကို လှလှပပ ပိုက်ပြီး ၀တ်ရုံတော် ဘွဲ့ကို တီးရသော အရသာကား အိမ်ခန်းကျဉ်းကျဉ်းလေးကို ဖြေသိမ့်ပေးခဲ့ပါလေသည်။
ခါနွေဦး ××× ဖူးစီညွှန့်လန်း ××× ဟု ညည်းစဉ် တစ်ခါက နွေဦးမှာ သရက်ဖူးလေးတွေ ကြား လွမ်းခဲ့ဖူးသော သူ့ကို သတိမရခဲ့တာ အမှန်ပါ။ လူသည် အမျိုးမျိုး အဖုံဖုံ ဖောက်ပြန်လူးလွှန့်တတ်သူပဲ။
မိုးသည်းသည်း ရွာသော နေ့တစ်နေ့။
မြန်မာပိုင်း အစီအစဉ် ဧည့်ခန်းထဲမှာ ။
ကိုကြီးက လူကြီးကြီး ဖြစ်သွားလိုက်တာ။
သူ ဘာစကားမျှ မဆို၊ ဆွဲလာသော အိတ်ကြီးထဲမှ ပစ္စည်းလေးတွေ ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်။ ဟင် မီးခြစ်ဘူး ဆိုဖာလေးပါလား။ အို . . . ဒါ . . . ဒါကို ကိုကြီး သိမ်းထားတယ်လား။
“နှင်းကို ကိုကြီး တစ်နေ့မှ မမေ့ဘူး။ အခု ဆရာမ ဒေါ်ခင်သန်းနွဲ့နဲ့ စကားစပ်မိတော့မှ နှင်း ဒီမှာ ရောက်နေတာ သိရတယ်။ နှင်းက နေနိုင်လိုက်တာ။ ကိုကြီးကို မဆက်သွယ်ဘူး။ အေးလေ ကိုကြီးလည်း မှားတယ်။ အိမ်က မိန်းမပေးစားမယ်ဆိုတော့ ကျွန်တော် ချစ်တဲ့မိန်းကလေး ကချင် ပြည်နယ်မှာ ရှိတယ်လို့ ငြင်းပါသေးတယ်။ နောက်တော့ အစ်ကိုတော် တစ်ယောက် က နားချ တယ်။ မှတ်မှတ်ရရ လသာတဲ့ ညတစ်ညပါ။ ရေဆင်းတံတားကို ခေါ်သွားတယ်။ လရောင် အောက်က ရေဆင်းတံတားပေါ်မှာ ထိုင်ရင်းပြောတယ်။ ဆယ်ကျော်သက်တုန်းက ချစ်ခဲ့တယ် ဆိုတာ စိတ်ကစားတာတဲ့။ အိမ်ထောင်ပြုပြီးရင် အချစ်ဦးဆိုတာ မေ့သွားတာပဲတဲ့။ အချိန်တန် တော့ လုပ်သင့်တာ လုပ်ရမှာ ပဲတဲ့။ ဆွေးမျိုးမကင်းထဲကနေပဲ ပေးစားတာပါ။ မင်္ဂလာဆောင်တဲ့ ညက ချောင်းနံဘေးသွားပြီး ကိုကြီး တအားငိုခဲ့ရတယ် နှင်းရယ်” တဲ့။
ကဲ - စိတ်ကောင်းနိုင်ပါဦးမလား။
ဒါပေမယ့် အဲသည်အချိန်မှာ သူက ကလေး ၅ ယောက် ရနေပါပြီ။ မွေးလှချေလားဟု ကျွန်မနောက်လိုက်သေးသည်။
ကျွန်မလား . . .
ကျွန်မက ဒဏ်ရာရ ကျားသစ်မပါ။
စိတ်ညစ်ညစ်နဲ့ အိမ်ထောင်ကျနေပြီ။
ကျွန်မသည် ကိုကြီးကို ရုံးဝအထိ လိုက်ပို့လိုက်၏ ။
နောက်တော့လည်း ထပ်ပြီး မတွေ့  ဖြစ်ကြ။
မုန်တိုင်းထန်သော ကာလများ . . .
ကျွန်မဘ၀ရဲ့ လေးပုံ သုံးပုံမှာ မုန်တိုင်းတွေ ပဲ။
မြောက်သစ်ကိုင်းလွတ်၊ ငှက်တောင်ကျွတ်။
အနားမှာ အားကိုးရာ နတ္တိ။
သွားကြ . . .။ အားလုံး သွားကြစမ်း . . .။
ကျွန်မသည်
“ငါးမရရင် ရေချိုးပြန်မယ်” ဟူသော လူစားမျိုးမဟုတ်။
ရေချိုးရုံနဲ့ ဘာလုပ်မှာ လဲ။ ငါးမရ ရအောင် ဖမ်းတတ်သူပဲ။ ငါးအကြီးမရတောင်မှ သေးသေးတော့ ရအောင် ဖမ်းတတ်သူပဲ။ ဘယ်တော့မှ လက်မလျှော့။ သူငယ်ချင်း စာရေး ဆရာမ တစ်ဦးက မှတ်ချက်ချဖူးသည်။ ‘မင်းကို ဘယ်လို ရိုက်သတ်လို့မှ မသေဘူးနော်၊ ခေါင်းကို ရိုက်ရင် အမြီးက လှုပ်တယ်၊ အမြီးကို နင်းရင် ခေါင်းက လှုပ်တယ်။ ခေါင်းရော အမြီးရောကို နင်းထားရင်တောင် အလယ်ပိုင်းက ဆတ်ဆတ်တုန်တယ်’ တဲ့။
မှန်ပါသည်။ အသက်ရှူနေသေးလို့ ကတော့ ကျွန်မ အားမလျှော့တတ်ချေ။ မဟာဗန္ဓုလ လမ်းမကြီး၏ ပလက်ဖောင်းပေါ်မှာ ပေါ့။ ငါးရှာထွက်ရင်း ကျွန်မ အမြန်လျှောက်နေခဲ့၏ ။ ဟော . . . ဟိုးရှေ့မှာ ၊ အဝေးကောင်းသော ကျွန်မမျက်လုံးများ က ဘယ်တော့မှ မမှား။ အဲဒါ ကိုကြီးပဲ။ မျက်နှာချင်းဆိုင်က လာနေတာ။ မျက်နှာကို သူ မမြင်အောင် ဆောင်းလာသော မြက်ဦးထုပ်ကို ရှေ့ငိုက်အောင် နှိမ့်လိုက်သည်။ မရချေ။ သူ မြင်သွားခဲ့ပြီ။
နှင်း . . . နှင်း . . . နှင်းရေ . . . သူ လိုက်ခေါ်နေသည်။
အော်ရင်း နောက်က ပြေးလိုက်လာသည်။ ဘာထူးတော့မှာ လဲကွယ်။ ဖျတ်ခနဲ ရပ်လိုက်ပြီး သူ့ကို မျက်နှာချင်းဆိုင်လိုက်သည်။ သူက ၀မ်းသာ ၀မ်းနည်း ပြုံးပြဆဲ။
“ရှင် လူမှားနေပြီ၊ ကျွန်မနာမည် နှင်း မဟုတ်ဘူး”
ခပ်မာမာ ပြောပြီး လှည့်ထွက်ခဲ့၏ ။
နေရစ်တော့ ကိုကြီးရေ . . . ဘာလုပ်တော့မှာ လဲကွယ်၊ ဒီကနေ့ နှင်းဆိုတာ ဟိုးငယ်ငယ်က နုနုနယ်နယ် နှင်းလေး မဟုတ်တော့ဘူး။ အထုအတေခံထားရတဲ့ ငါးဖယ်ပါ။ မာတယ်၊ ဆတ်တယ်၊ ဘုဆန်တယ်၊ ပြီးတာ့ အတိတ်ကန့်လန့်ကာကို အပြီးချထားပြီးတဲ့ နှင်းပါ။
စိတ်တော့ ဘယ်ကောင်းနိုင်ပါ့မလဲ။ တကယ်တော့ “ကိုကြီး” ဆိုတာ ကျွန်မကို ချစ်တဲ့သူ အမှတ် (၂) ပေပဲ။
သူ့ကို ကျွန်မက “ကိုလေး” ဟု ခေါ်ပါသည်။ ဒါက သက်သက် ချွဲပြီးခေါ်ခြင်း မဟုတ်ပါ။ သူနှင့် ခင်မင်ြ ကတော့ သူ့ကိုယ်သူ “ကိုကြီးက” ဟု ပြောသော အခါ ကျွန်မက ပွင့်လင်းစွာ -
“ညီမလေးမှာ ကိုကြီးလို့ ခေါ်တဲ့လူ ရှိတယ်။ ဒီတော့ ဒါက ကိုလေးပေါ့”
ဟု ရယ်ကာ မောကာ ပြောခဲ့၏ ။ သူက ကျွန်မကို ကျေကျေနပ်နပ်ပြုံးကြည့်နေ့သည်။ စီးကရက်ကို မီးညှိသည်။ မီးခိုးတွေ မှု ထုတ်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။ သူ သည်လို လုပ်ပုံမျိုးသည် တစ်စုံ တစ်ရာကို ပီတိ ဖြစ်ပြီး ကြည်နူးနေခြင်းဟု ကျွန်မ သဘောပေါက်ပါသည်။ အသားလတ်လတ်၊ နဖူးကျယ်ကျယ်၊ နှာတဲ့ ဖြောင့်ဖြောင့်နှင့် ပိရိတိကျသော နှုတ်ခမ်းသားမှ အပြုံးများ ကို ကျွန်မ သဘောကျသည်။ သူ မီးခိုးမှု တ်ထုတ်နေစဉ် ကျွန်မက သူ့ကို ကလေးတစ် ယောက် ပီပီ ငေးကြည့်နေခဲ့၏ ။ သူ့ကို ငေးကြည့်နေမိခြင်းအတွက် ကျွန်မ မရှက်ပါ။ ဒါဟာ ရှက်စရာဟုလည်း မယူဆပါ။ ခင်မင်ဖွယ် လူသားတစ်ဦးကို နှစ်သက် နေမိခြင်းပေပဲ။
သူ ကျွန်မကို ချစ်နေခဲ့သည်ဟု ကျွန်မ လုံးဝ မသိခဲ့တာ အမှန်ပါ။
ဆူးလေ ဘုရားလမ်းမကြီး၏ အနောက်ဘက် ပလက်ဖောင်းမှနေ၍ အရှေ့ဘက် ပလက် ဖောင်းကလူကို (ယခင်က အလယ်တွင် သံတိုင်များ မရှိပါ) အော်ခေါ်ခဲ့သော ကျွန်မဆိုသည့် ရိုးသားပွင့်လင်းသော ကောင်မလေးကို သူ တိတ်တိတ်ကလေး ကြင်နာ တွယ်တာ နေခဲ့ကြောင်း နောင်မှ သိရတာ ပါ။
ထိုနေ့က ကျွန်မသည် ဆရာအတတ်သင်တက်ဖက် မမကြည်နှင့် ရုပ်ရှင်ကြည့်ခြင်း ဖြစ်သည်။ မမကြည်၏ ချစ်သူကို ကိုကိုလတ်ကာ ခေါ်ပြတာဟု သေသေချာချာ မှတ်မိ၏ ။ ပလေဒီယံရုံဟုလည်း တိတိကျကျ မှတ်မိ၏ ။ ဇာတ်ကား အမည် ကို မမှတ်မိ။ အင်္ဂလိပ်ကား တစ်ကားဟုသာ ရေး ရေး မှတ်မိသည်။
ထိုနေ့က မိုးအုံ့ နေသည်။
ဆူးလေ လမ်းမကြီးမှာ လေ အတော် တိုက်နေသည်။
ဘတ်စ်ကားများ က များများ စားစား မရှိ။ ကိုယ်ပိုင် ဆလွန်းကားလည်း တန်းစီမနေကြ။ ကားရှင်းရှင်း၊ လူကျဲကျဲ ကျွန်မတို့ ၃ ယောက် သား ကန်ဘဲ့သို့ ပြန်ရန် ဆင်တံဆပ် ကားကို ရပ်စောင့်နေကြ၏ ။ ဆူးလေလမ်းမကြီး၏ အနောက်ဘက်ကမ်း မှတ်တိုင်မှာ ဖြစ်ပါသည်။
လူရှင်းကားရှင်းသဖြင့် အရှေ့ဘက်ကမ်း ပလက်ဖောင်း မှတ်တိုင်မှ လူများ ကို သည်ဘက်ကမ်းမှ လှမ်းမြင်နိုင်ခြင်း ဖြစ်၏ ။ အထူးသဖြင့် ကျွန်မက အဝေးအမြင်ကောင်းသည်။ ယခုထိ ၃ မှတ်တိုင်လောက်ကို ထင်ထင်ရှားရှား မြင်နေဆဲ ဖြစ်၏ ။ ထိုနေ့က ထိုမှတ်တိုင်မှာ ကားစောင့်နေသူများ ကြားတွင် ကိုသိန်းကို လှမ်းမြင်ခြင်း ဖြစ်သည်။
မြင်လိုက်လျှင်ပင် -
“ကိုသိန်းရေ ကိုသိန်း”
ဟု ကျွန်မ လှမ်းအော်ခဲ့သည်။ လမ်းမကြီးသည်ဘက်မှ ဟိုဘက်သို့ လှမ်းမအော်ရ မကောင်းမှန်း ကျွန်မ နားမလည်ချေ။ ကိုသိန်းကို မြင်တော့ ကျွန်မ ပျော်သွားတာပါ။ ကိုသိန်း ဆိုတာ အခြားသူ မဟုတ်။ အစ်ကို့ သူငယ်ချင်း၊ ပြီးတော့ ကျွန်မသူငယ်ချင်း၏ အစ်ကို။ ရွှေကူမှာ တစ်ရပ်ကွက်တည်းသားများ ပေါ့။
ကျွန်မ ရန်ကုန်ရောက်တာ ၃ လရှိပြီ။ ကိုယ့်ရပ်ရွာက လူဆိုလို့ တစ်ဦး တစ်ယောက် မျှ မတွေ့ ရသေး။ အခု ကိုသိန်းကို မြင်တော့ ၀မ်းသာပြီးခေါ်လိုက်မိတာပါ။ မတော် ၍ သူကားပေါ် တက်သွားရင် လွဲသွားမည် မဟုတ်လား။ ကိုသိန်းက အင်းစိန် ဂျီတီအိုင်မှာ တက်နေကြောင်း ကျွန်မ သိထားသည်။ ကိုယ့်ရွာက လူမို့ အားကိုးအားထားမိတာလည်း ပါသည်။ ကျွန်မ ကံဘဲ့မှာ ဆရာအတတ်သင် တက်နေတာ ပြောချင်သည်။ သည်တော့ သူ့ကို မြင်တုန်း အော်ရတော့တာပါပဲ။ သည်တုန်းက ကျွန်မအသက် (၁၆) နှစ် ပြည့်ပြီးခါစပါ။ ဆယ်တန်းအောင်ခါစပေါ့။
ကျွန်မအော်သံကို သူ ချက်ချင်း မကြားချေ။ လေးငါးဆယ်ခွန်းထိ အော်သည်။ ခုန်ပေါက်ပြီး အော်နေတာကို ကျွန်မ သူငယ်ချင်းများ ကလည်း ခွင့်လွှတ်ကြပါသည်။ ကျွန်မ ဘယ်လောက် ပျော် သွားကြောင်း သူတို့ နားလည်ကြသည်။ နားမလည်သူက ကိုသိန်းကိုယ်တိုင်ပါ။ သူ ကျွန်မအသံကို ကြားသွားသည်။ သူ ကျွန်မအသံကို ကြားသွားသည်။ သူ့နာမည် ကို သည်လို အအော်ခံရတော့ ပထမ အံ့ဩမှာ ပါ။ နောက်အသံလာရာကို ကြည့်မည် ။ ခုန်ပေါက်မြူးထူးနေသော ကောင်မလေး တစ်ယောက် ကို မြင်မည် ။ ရွှေကူက သူငယ်ချင်း၏ နှမမှန်းသိသွားပုံရသည်။ သူ လမ်းလျှောက်လာ ၏ ။
သူ လမ်းသည်ဘက်ကို ကူးလာတာမြင်တော့ ကျွန်မဖြင့် ပျော်လိုက်တာ။ သူ့မျက်နှာကြီးက သုန်မှု န်နေ၏ ။ သူ စိတ်ဆိုးနေတာ ပါကလား။
“ဘာ ဖြစ်လို့ ဒါလောက် အော်ခေါ်နေရတာ လဲ”
ရောက်ရောက်ချင်း သူ ဟိန်းဟောက်လေသည်။
“တကယ်ဆို နင့်ဟာနင် လမ်းဟိုဘက် ကူးခဲ့ပါလား”
“ဒါ ရန်ကုန်၊ နင် မရှက်ဘူးလား”
စသဖြင့် ဗလုံးဗထွေးပြောပြီး ဆူပါသည်။
ကျွန်မခမျာတော့ မျက်လုံးကလယ်ကလယ် ဖြစ်ရပါတော့သည်။ စောစောက ကျွန်မရဲ့ အပျော်တွေ ဟာ မျက်ရည်အ ဖြစ် ကျဆင်းရတော့သည်။ ရှက်လို့ မျက်ရည်မကျအောင် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ပေမယ့် ငိုမဲ့မဲ့ မျက်နှာဟာ ဘယ်လိုမှ ပြုံးမလာတော့ပါ။ ဘေးနားမှာ ကိုယ့်ကို နားလည်တဲ့ သူငယ်ချင်းတွေ ရှိပေမယ့် ရင်ထဲမှာ အားငယ်သွားသည်။ အားငယ်တယ် ဆိုတာ တော် တော် ဖြေဆည်ဖို့ ခက်ပါသည်။ ဟန်ဆောင်ဖို့ခက်သည်။ မျက်နှာမှာ သွေးကြောတွေ ကျုံ့ဝင်သွားသလို အရေး ပြားရဲ့ အရောင် မှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့၏ ။ ပြောရရင် ငိုချင် သလိုလိုကြီး . . .။
သည်လို ဖြစ်နေစဉ်မှာ ပဲ . . .
“ဟေ့လူ ခင်ဗျား တော် တော့လေ၊ ကလေး စိတ်မကောင်း ဖြစ်နေပြီ”
ကျိတ်ပြီးဆူလိုက်သော အသံ တစ်သံ။
သည်တော့မှ ဘေးက လူ တစ်ယောက် ပါလာသည်ကို မော့ကြည့်မိသည်။ အသား လတ်လတ်၊ အရပ်မြင့်မြင့်၊ လူပုံ ပါးပါးလျားလျား၊ ဆံပင်ဖြီးထားပုံက သေသေသပ်သပ်၊ အထူးသဖြင့် က စူးရှထက်မြက်၍ ကြင်နာရိပ်ရှိသော မျက်ဝန်းများ ။ အဲဒါက “ကိုလေး” ဖြစ်လာမယ့် လူလေ။
“အလကား၊ ၀မ်းမနည်းနဲ့ ညီမလေး၊ ဒီလူက လူပု စိတ်တို၊ လာ . . . လာ . . . ညီမလေး အဖော်တွေ ရော၊ တစ်ခုခု သွားသောက်ရအောင်”
ကိုလေးက ဘယ်လောက် ချစ်စရာ ကောင်းလဲနော်။
ငိုမဲ့မဲ့ ကောင်မလေးကို ပခုံးဖက်ပြီးခေါ်ခဲ့သည်။ ကျွန်မ အဖော်တွေ လည်း နားလည်စွာ လိုက်ခဲ့ကြသည်။ မှု န်တေတေ ဖြစ်နေသော ကိုသိန်းလည်း ပြုံးလာခဲ့သည်။
“အဲဒီ ကတည်းက ညီမလေးကို ချစ်ခဲ့မိတာ”
သည်စကားများ ကို ကိုလေးသည် အလွန်နောက်ကျစွာ ပြောခဲ့လေသည်။ ၁၆ နှစ် ရွယ် ကောင်မလေးကို နောက်ဆုံးနှစ် ကျောင်းသားကြီးကက မပြောရက်တာလည်း သဘာဝ ကျပါသည်။
ထိုနေ့က ကျွန်မတို့သည် “အိုရီယင့်” ဆိုသော ဟိုတယ်ပေါ်မှာ အအေးသောက်ခဲ့ကြ၏ ။ နှစ် ဖက်ပါလာသော သူငယ်ချင်းတွေ ကို မိတ်ဆက်ပေးကြ၏ ။ မမကြည်၏ ချစ်သူက အေးသည်။ စကားသိပ်မပြော။ ကိုသိန်းကလည်း စကားနည်းသူ။ ကျွန်မကား ဘယ်တုန်းက ရန်ကုန်ရောက်ခဲ့ ကြောင်း၊ ရွှေကူမှ အသိမရှိ၍ ပျင်းရကြောင်း၊ အိမ်က စာမလာကြောင်း၊ ပထမဆုံးရောက်လာသော စာမှာ ရေစိုနေ၍ ဖတ်မရကြောင်း အိမ်ကို လွမ်းကြောင်း၊ ကျောင်း ၁၀ ရက်ပိတ်လျှင်လည်း ပြန်ဖို့ အချိန်မလောက်သဖြင့် စိတ်ညစ်ကြောင်း၊ အဆောင်ဟင်း ကတော့ ကောင်းကြောင်း၊ အထူးသဖြင့် မုန်းလာဥချဉ်ရေနှင့် ငါးခူကြော်ဆိုလျှင် စား၍ မြိန်ကြောင်း၊ သိပ္ပံဘာသာ အထူးပြုယူရတာ ခက်ကြောင်း၊ ဂီတ သင်ခန်းစာနှင့် ကဗျာလွတ်အား သင်ရတာ ပျော်စရာကောင်းကြောင်း ပြော၍ မပြီးနိုင်ချေ။ အခုမှ စုပြီး ပြောရတာ မို့ သူတို့ကလည်း သည်းခံပြီး နားထောင်ကြဟန်တူပါ၏ ။ အတော် စကားပေါသော ကောင်မလေးဟု ကိုယ့်ဘာသာ နောက်မှ သတိရသည်။
ကျွန်မပြောသမျှကို စီးကရက်ခဲရင်း ပြုံးကြည့်နေသူမှာ နောင်အခါ ကျွန်မ၏ ကိုလေး ဖြစ်လာမည့်  ကိုအောင်ဟိန်းပါ။ ကိုလေးရော ကိုသိန်းပါ အင်းစိန်ဂျီတီအိုင်မှာ နောက်ဆုံးနှစ် ကျောင်းသားကြီးများ ဖြစ်၏ ။ ကိုလေးက ပြည် သရေခေတ္တရာကဟု ဆိုသည်။ အမေနှင့် သား နှစ် ဦးတည်း ရှိပြီး ညီအစ်ကို မောင်နှမ မရှိဟုလည်း သိရသည်။ ကျွန်မကား စကားပြောညင်သာပြီး အမူအရာ သိမ်မွေ့သည့် သည်လူကို ခုမှ တွေ့ ရသူဟု မမြင်နိုင်ဘဲ ရင်းနှီးအားထားလိုက်မိ၏ ။
အိုရီယင့်မှာ ဆင်းလာကြသော အခါ ကိုသိန်းနှင့် ကိုလေးက အင်းစိန်သို့ ကားတစ်မျိုးစီးပြီး ပြန်ကြသည်။ ကျွန်မတို့က ကံဘဲ့သို့ ဆင်တံဆိပ်ကားကို စီးရသည်။
“လာခဲ့မယ်”
ဟု တိုးတိုးကပ်ပြောလိုက်သော ကိုလေးအသံကို ကိုသိန်း ကြားဟန်မတူပါ။ ကိုသိန်း မကြားအောင် တမင် တိုးတိုး ကပ်ပြောလိုက်ခြင်းပဲလားမသိ။ အဆောင်ပြန်ရောက်သည့် အခါမှာ တော့ မမကြည်က အဲဒီ လူ အတော် ညက်ညောတယ်ဟု မှတ်ချက်ချပါသည်။ ညက်ညောတယ် ဆိုသော စကား၏ အဓိပ္ပာယ် အတိမ်အနက်ကို ကျွန်မမသိသော်လည်း လူကောင်းသူကောင်းဟု တော့ နားလည်ပါသည်။ ကျွန်မ အယူအဆ မမှားချေ။
စနေဆိုလျှင် ကျွန်မထံ ကိုလေး ရောက်လာမြဲ။
အင်းစိန်နှင့် ကံဘဲ့ဆိုတာ အဝေးကြီးဟု သူပြောသည်။ ဒါပေမဲ့ ညီမလေး အားငယ်နေမှာ စိုးလို့ဟု ဆိုသည်။ ပထမဆုံးအခေါက်မှာ ကိုသိန်းပါသော်လည်း နောက်မပါတော့ပေ။ ကိုသိန်း ကောဟု ကျွန်မမေးသည်။ ကိုလေးက မဖြေချင်သလိုလို ဘာလိုလို။ သူ ဒီလာတာ ကိုသိန်းမသိဘူး တဲ့။ အဲဒါ ဘာအဓိပ္ပာယ် ပါလိမ့်၊ ဘာ ဖြစ်လို့ပါလိမ့်ဟု ကျွန်မ မတွေးတတ်ခဲ့ပါ။
ကံဘဲ့ ဆရာအတတ်သင်ကောလိပ် အဆောင် (၃)၊ အခန် (၇) မှာ ကျွန်မ လိပ်စာ ဖြစ်၏ ။ အိုရီးယင့်မှာ တွေ့ စဉ်ကပင် သူတောင်း၍ ရွတ်ပြတော့ သုံးခွန်း သုံးခွန်ဟု သူရေရွတ်နေတာ ကျွန်မ သတိရ၏ ။ ‘ယခုတော့ အဆောင် (၃)၊ အခန်း (၇) ဧည့်သည်လာတယ်’ ဟု အောက်ထပ်က အော်ပြောလျှင် ကိုလေးမှန်း အခန်းဖော်တွေ ပင် သိနေကြပြီ။ ကိုလေးလာလျှင် လမ်းလျှောက် ရအောင် ဆိုပြီး ချိုးဖြူ ပိုက်လုံးကြီးပေါ်မှာ တောင်မှ မြောက်သို့ အဝေးကြီးလျှောက်ကြသည်။ ကိုလေးက စကားသိပ်မပြော။ စီးကရက်တွေ ပဲ တစ်လိပ်ပြီးတစ်လိပ် သောက်နေသည်။ ကျွန်မက သာ ပြောချင်တာတွေ စွတ်ပြောနေခဲ့၏ ။ ‘သင်တန်းပြီးရင် ဘယ်မြို့ကျမယ်ဆိုတာ မသိနိုင်ခဲ့ဘူး’ ဟုတော့ သူ သက်ပြင်းချပြီး ပြောသည်။ ကျွန်မကား ကိုယ့်မြို့မှာ ပဲ အလယ်တန်း ဆရာမ နေရာ ရှိသည်ဆိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်ခဲ့သည်။
လမ်းလျှောက်က ပြန်တော့ ကံဘဲ့နှင့် ရန်ကင်းလမ်းကြီးလမ်းဆုံက ကြံရည်ဆိုင်မှာ ကြံရည်သောက်ကြသည်။ ကြံရည်သောက်တိုင်း ကိုလေး ပိုက်ဆံထုတ်သော အခါ ကျွန်မက ညီမလေးမှာ ပိုက်ဆံနည်းနေလို့နော်လို့ ပြောတတ်၏ ။ သည်အခါ ကြင်နာစွာ ကျွန်မကိုငေးကြည့် တတ်သည်။ အကြာကြီးနေပြီးမှ ကျွန်မထိပ်ကို လှမ်းပုတ်ပြီး “ချာတိတ်ပဲ” ဟု သူ့ဘာသာ ရေရွတ်လေသည်။
သူတို့ ဂျီတီအိုင် နှစ် လည် ညစာစားပွဲနေ့။
ထိုညကို ကျွန်မ ကောင်းကောင်းမှတ်မိ၏ ။ မမှတ်မိစရာ ဘယ်ရှိပါ့မလဲ။ ထိုနေ့က ကိုသိန်း စိတ်ကောက်တာလေ။
“ညစာ စားပွဲ ရှိတယ်။ နင့်ကို လာခေါ်မယ်။ အငြိမ့်ကြည့် ရမယ်၊ ည အိပ်ရင်တော့ အင်းစိန်က ရွှေကူသူ ဒေါ်မမလေးအိမ်မှာ အိပ်ရမယ်”
စသည်ဖြင့် ကိုသိန်းက ပြောခဲ့သည်။
အငြိမ့်ကြည့်ရမယ်ဆိုတာ တစ်ခုတည်းနှင့် ကျွန်မ ပျော်နေပြီ။ လာခေါ်တော့ ကိုသိန်း မပါပါ။ ကိုလေးပဲ လာခေါ်သည်။ ဘာ ဖြစ်လဲ၊ အဆင်ပြေတဲ့လူ လာခေါ်တာပဲဟု ကျွန်မ မြူးထူးစွာ လိုက်သွားခဲ့၏ ။
သူတို့ ကျောင်းဧည့်ခန်းရောက်တော့ မျက်စိ မျက်နှာ ပျက်နေကြသည်။ ကိုသိန်းက ဧည့်ခန်းထဲ ၀င်မလာ။ ကိုလေးက နှစ် ခါ သုံးခါ ၀င်လိုက် ထွက်လိုက်နှင့် ။ သူတို့၏ ဂျီတီအိုင်ဆိုတာ ကြီးကလဲ အုတ်တိုက် အနီရောင် ကြီးပါ။ အခန်းခန်း အဆောင်ဆောင်တွေ နှင့် ။ ၀င်းထဲမှာ လည်း သစ်ပင်ကြီးတွေ က အုပ်ဆိုင်းနေသည်။ ဒီဇင်ဘာလ ကုန်ရက်မို့ အေးစိမ့်နေသည်။ ဧည့်ခန်းထဲမှာ ကျွန်မလို့ ဧည့်သည်လည်း များများ မရှိ။ ညကျမှ လာကြမှာ ထင်ရဲ့ ။ ကျွန်မက အဝေးကမို့ စောစောရောက်နေတာများ လား။ ကံဘဲ့သို့ ကိုလေးရောက်တော့ မနက်စာ ထမင်းစားပြီးခါစပဲ ရှိသေးသည်။
ကိုလေးသည် ကျွန်မကို အင်းစိန်သို့ တန်းတန်းမတ်မတ် ခေါ်ခဲ့တာမို့ အစောကြီးရောက်ခဲ့ သည်။ ကျောင်းထဲမှာ လှည့်ပတ်ပြမယ်ဆိုပြီး ခုတော့ ဧည့်ခန်းထဲမှာ ကျွန်မ ငုတ်တုတ်ကလေး။
နောက်ဆုံးမှ ကိုသိန်းဝင်လာသည်။ မျက်နှာက မှု န်တေတေ -
“နင့်ကို ငါကိုယ်တိုင် ကြိုမလို့၊ ဟိုလူ ငါ့ကိုမပြောဘဲထွက်သွားတယ်။ လူကြုံနဲ့ မှပစ်ခဲ့တာ။ ချာတိတ်ကို သူသွားကြိုပြီတဲ့။ ငါ အရမ်း စိတ်ဆိုးတယ်။ နင့်ကို အားနာလို့ အခု ထွက်လာတာ။ နှင်းနှင်း၊ နင် ဘာမှ မသိ နားမလည်ဘူး၊ နင် အရမ်း အ,တယ်”
ကိုသိန်းက ခပ်ကျိတ်ကျိတ် ပြောပါသည်။ ကျွန်မက ရေရေလည်လည် သဘော မပေါက်ပါ။ ကိုသိန်းကြိုတာနဲ့ ကိုလေး ကြိုတာ ဘာများ ကွာလို့လဲ၊ အင်းစိန်ရောက်ရင် ပြီးတာပဲ မဟုတ်လား။ ကိုသိန်းက အလကား ဒေါသကြီးနေတယ်။
ညစာ စားပွဲမှာ သူတို့နှစ် ယောက် ကြားမှာ ကျွန်မ ထိုင်သည်။ ဒံပေါက်ကို အခုမှ သေသေ ချာချာ စားဖူးသော တောသူ ကျွန်မမှာ ကြက်ရင်အုံကြီးကို ခက်ရင်းနှင့် မခွဲတတ်။ အားစိုက်ခွဲ တော့ ထမင်းလုံးတွေ က ဘေးကို ဖိတ်ကုန်ရော။ ကိုသိန်းစိတ်ဆိုးမလားဟု ကျွန်မ အလန့်တကြား ကြည့်သော အခါ စိတ်လိုလက်ရ ရယ်နေတာမြင်ရသည်။ သူ စိတ်ဆိုးပြေသွားပြီပဲ။
ကိုလေးလည်း ယခုမှ ရဲရဲ တင်းတင်း ဖြစ်လာသည်။ ကျွန်မ ပန်းကန်ကို သူ့ရှေ့ယူပြီး ကြက်သားတုံးကြီးကို အရိုးတခြား အသားတခြား ဖြစ်အောင် ခွာပေးသည်။ သူလုပ်တော့လည်း လွယ်သလိုလိုပင်။ ခက်ရင်းနှင့် ဇွန်းသည် သူ့လက်ထဲမှာ လှလှပပ ဟန်ချက်ညီစွာ ယိမ်းကနေသလိုပါပဲ။
ကလေး တစ်ယောက် ကို ခွံ့မကျွေးရုံတစ်မည် လုပ်ကိုင်ပေးနေသော သူ့ကို ကျွန်မက ဘာပဲ ဖြစ် ဖြစ် ကျေးဇူးတင်ရသည်။ နို့မဟုတ်ရင် ဒီည ဒံပေါက်စားလို့ ပြီးမှာ မဟုတ်။ ကိုသိန်းလည်း သူနှင့် မဆိုသ်သလို ချဉ်ပေါင်ဟင်းရည်ကို တွင် တွင် သောက်နေ၏ ။ ကိုလေးက ကျွန်မကို ထမင်းပန်းကန် ပြန်ပေးစဉ် ကိုလေးမျက်လုံးများ ကို ကျွန်မ ရင်ဆိုင်လိုက်သည်။ စိုလက်တောက်ပ ကာ အေးချမ်းလွန်းစွ။
အငြိမ့်က “ရွှေလိပ်ပြာ” ဖြစ်၏ ။
အငြိမ့်သီချင်းနှင့် အငြိမ့်အကကို ကျွန်မ မစွဲလမ်းပါ။ လူရွှင်တော် ပြက်လုံးများ ကို ခွက်ထိုးခွက်လန် ရယ်နေမိသည်။ ကိုသိန်းက နည်းနည်း တော့ မျက်စောင်းခွဲသေး၏ ။ ကိုလေး ကတော့ ကျွန်မနှင့် အဖော်ရအောင် လိုက်ရယ်ပေးပါသည်။ ရယ်တာတော့ ရယ်ရမှာ ပဲဟု ကျွန်မ ထင်သည်။ တချို့ပြက်လုံးတွေ က ညစ်ပတ်သည်ဟု ထင်ပေမင့် ကျွန်မက ရယ်သည်။ ဤအခါ ကိုလေးက လိုက်မရယ်ပေ။ သူလိုက် မရယ်တော့မှဘဲ ကျွန်မမှာ ဘရိတ်အုပ်ပြီး ငြိမ်နေရ၏ ။
ထိုညသည်စဉ် ဒီဇင်ဘာလ ၃၀ ရက်၊ အင်းစိန်ရှိ လေညင်းက နှင်းနှင့် အတူလာခဲ့၏ ။ ကျွန်မရင်ထဲမှာ အေးမြလှသည်။ မမေ့နိုင်သော ည။
နွေရက်တို့ ရောက်လာပြီ။
ကျောင်းဝင်းထဲမှာ ရွက်ဝါတွေ ကြွေပြီ၊ မြေပြင်မှာ လှိမ့်နေကြသည်။ လေရူးသည် တောင်မှ တိုက်လိုက်၊ မြောက်မှ တိုက်လိုက်နှင့် ၊ သရက်ပင် အုပ်စုပေါ်မှ ဥဩသည် အလွမ်းကို ဖော်နေသည်။ ဥဩတွန်သံသည် ကျောင်းပိတ်ရက် ခွဲခွာရခြင်းကို ပို၍ ပင် ဆွေးစေလေ၏ ။ ကိုလေးက ကျွန်မထဲ ၃ ရက်ခြားလောက် ရောက်ပါသည်။ ကျွန်မ၏ အပြာနုရောင် အော်တိုစာအုပ် လေးထဲတွင် ကိုလေး ရေး ခဲ့သည်။
“ညီမလေး ချာတိတ် . . .
ဘ၀သံသရာ သီချင်းကို အမှတ်ရရင်
ညီမလေး ကိုလေးကို လွမ်းမှာ ပါ၊
ကိုလေးလည်း ညီမလေးကို တွေးနေမှာ ”
ကိုလေး . . .
စာဖတ်ပြီး ကျွန်မ လွမ်းသွားသည်။ ခုကတည်းက လွမ်းနှင့် ပြီ။ ကိုလေးနှင့် ကျွန်မက ပွင့်ပွင့် လင်းလင်း ချစ်သူတွေ လည်း မဟုတ်။ ဘာလို့ လွမ်းရမှာ လဲဟု မတွေးနိုင်ပါ။ စာမေးပွဲပြီးလျှင် ဧပြီလ ဆန်းဆန်းချင်း ကျောင်းကြီးပိတ်မည် ။ အမေက ရန်ကုန်ကို ဘုရားဖူးလာရင်း လာကြိုမည် တဲ့။ ကျွန်မမှာ အမေနှုင့်အတူ ရွာပြန်ရတော့မည် ။ ကိုလေးကလည်း သူ့အမေရှိရာ ခေတ္တရာကို ပြန်ရမှာ လေ။ တစ်ပြည် တစ်ရွာ ဝေးပြီ။ ဘယ်တော့ပြန်တွေ့ ကြမယ်ဟု ဘယ်သူမှ မပြောနိုင်။ သည်တော့ လွမ်းစရာပဲဟုတ်လား။
“ညီမလေး စာထည့်နော်”
ဘယ်နှခါ ထပ်ပြောမှန်း မသိ။
“ကိုလေးက လျှပ်စစ်အင်ဂျင်နီယာဆိုတော့ ညီမလေးတို့ မြို့ မီးလင်းရင် မြို့နယ်မှူးအ ဖြစ် လာလုပ်ပါလား”
ကလေးအတွေးနှင့် ပြော ဖြစ်သေးသည်။ ကိုလေးက ခေါင်းညိတ်ပြီး ပြုံးပြသည်။
“ချာတိတ်ရယ် မင်း အရမ်းငယ်သေးတယ်”
သူ ခပ်ညည်းညည်းနှင့် တိုးတိုးဆိုနေသည်။ ဆရာမ ဖြစ်တော့မယ် မငယ်ပါဘူးဟု ပြောမည် ကြံပြီး ဘာကြောင့် မှန်းမသိ။ မပြော ဖြစ်တော့။
သရက်ပင်ကြီးပေါ်မှ သရက်ဖူးလေးများ ကြွေကျလာကြ၏ ။ ကျွန်မတို့ ခြေရင်းမှာ တဖြည်းဖြည်းနှင့် သရက်ဖူးလေးတွေ များ လာပြီ။
“ကိုလေး ပြန်တော့မယ်”
“ဟုတ်ကဲ့ . . . ကိုလေး”
“ကိုလေ . . . ခေတ္တရာကနေ စာထည့်မယ်”
“ဟုတ်ကဲ့ . . . ကိုလေး”
“ညီမလေး . . . စာပြန်ရေး နော်”
“ဟုတ်ကဲ့ . . . ကိုလေး”
ကျွန်မမှာ “ဟုတ်ကဲ့ . . . ကိုလေး” အပြင် တခြားဘာမှ ပြောမထွက်ခဲ့။ သရက်ပင်ကြီး ပေါ်က ဥဩကလည်း ဥဩအပြင် ဘာမှ မတွန်နိုင်ခဲ့။ အေးလေ အလွမ်းဆိုတာ ဖွင့်ပြောစရာမှ မလိုဘဲ။ အသီးသီးရင်ထဲမှာ လှိုက်မောနေခြင်းကို နှုတ်က မပြောပြဘဲ အချင်းချင်း သိနေပြီပဲ။
ထိုညနေက ကိုလေးနှင့် တွေ့ ခြင်းကို နောက်ဆုံးတွေ့ ခြင်းဟု ကျွန်မ နားမလည်နိုင်တာဟာ အတွေ့ အကြုံကြောင့် ဟု ပြောမလား။ မြန်မာနိုင်ငံဆိုတာ လျှပ်စစ်ရုံးတွေ အနှံရှိတာမို့ ကိုလေး သည် ကျွန်မရှိသော မြို့သို့ တစ်နည်းနည်း နှင့် ရောက်လာမှာ ပါဟု မျက်စိမှိတ် ယုံခဲ့လို့ပဲလား။
တဖြည်းဖြည်း ဝေးသွားသော ကိုလေးနောက်ကို ကျွန်မ သည်အတိုင်း ခြေစုံရပ်ရင် ငေးကြည့်နေခဲ့သည်။ ကျောင်းဝင်းအ၀င်ပေါက်မှာ ကွေ့ချိုးပျောက်ကွယ်သွားတော့မှ ကျွန်မ လှုပ်ရှားနိုင်သည်။
ဪ . . . နေတောင်ဝင်သွားပြီ။
ဧည့်သည်တွေ လည်း တစ်ယောက် မှ မရြှိ ကတော့။ ကျွန်မ အနားသို့ ကပ်လာသူကိုကြည့် တော့ မကြည်ကြည်ရယ်ပါ။ ‘ချာတိတ်ကလေး၊ ပ၀ါပါး ကြက်သားမထုပ်နဲ့’ ဟု ကျီစယ်သည်။ ကျွန်မ ပြုံးမပြတော့ ပခုံးကို ဖက်ပြီး တွဲ ခေါ်သည်။ ကျွန်မ ရင်ထဲမှ နှလုံးသားနုနုကို မမကြည် မြင်သွားသည် ထင်ပါ၏ ။
. . .
နှစ် တွေ ကြာခဲ့သည်။
ကိုလေးသည် ကျွန်မထံ ရောက်မလာခဲ့ပါ။
ကိုလေးကိုယ်စား ခရော့စ်လီ စာရွက်ပြာပြာနှင့် စာအိတ်ပြာပြာ လေးများ သာ ရောက်လာခဲ့ ကြသည်။ ကိုလေး သူ့မြို့မှာ အလုပ်မရဘူးတဲ့။ ဧရာဝတီတိုင်းက မြို့တစ်မြို့သို့ သွားရမည် ဟု စာထဲမှာ ရေး ထားသည်။ ညီမလေးကို သတိရကြောင်း၊ ညီမလေး ဓာတ်ပုံကို အမေ့အားပြကြောင်း၊ အမေက ပြုံးနေကြောင်း စသဖြင့် ကိုလေးစာတွေ က ကိုလေးလိုပင် ဘာကိုမျှ ပွင့်ပွင့်လင်းလင်း ရေး မထားပေ။
ကျွန်မက ပထမ ကိုလေးစာများ အတွက် စာပြန်ရေး သေးသည်။ ကျွန်မစာထဲမှာ တော့ ကိုလေးကို လွမ်းကြောင်းမပါပါ။ ကျောင်းမှာ စာသင်ရတာ ပျော်ကြောင်းတွေ ၊ ပြီးတော့ သင်္ကြန်ကျ လျှင် အဖွဲ့လိုက် ပြဇာတ် က, ကြမည် ဆိုသော အကြောင်းတွေ ၊ နောက်ပိုင်း ၀တ္တုစာအုပ်များ အကြောင်း ဒါတွေ ပဲ ဖြစ်သည်။ သူ့ကို လွမ်းကြောင်း မရေး ဖြစ်သော်လည်း လွမ်းတော့ လွမ်းသားပါပဲ။ အထူးသဖြင့် ဆောင်းနှောင်းနွေကူး လေရူးဆော်တော့ လက်ပံပွင့်တွေ ကြွေပုံကို ကြည့်ပြီး၊ ထို့ပြင် နွေတမန်ဥဩလေး၊ အဖော်မဲ့ တစ်ကိုယ်တည်း အော်မြည် နေချိန်၊ ပြီးတော့ ဧရာဝတီမြစ်ကြီးထဲမှာ သော င်ထွန်းပြီး ဟင်္သာမောင်နှံ တောင်ပံဝဲရင်း ချစ်ကြင်ကြတာ မြင်ရချိန် စသဖြင့် တွေ မှာ ကိုလေးကိုတွေ့ ချင်စိတ်တွေ ပေါ်ဖူးပါသည်။
နှစ် တွေ ညောင်းသွားပြီ။
ကိုလေးထံမှ စာလည်း ရောက်မလာခဲ့။
မေ့မေ့ပျောက်ပျောက်မဟုတ်ပေမယ့် လွမ်းချိန်တော့ နည်းသွားသည်။ နွေလေရူးမှာ ရွက်ဝါတွေ ဝေ့၀ဲကြသလို ခဏပန်းဝေ့၀ဲခြင်းပဲ ဆိုပါစို့။ သို့ သော် ခဏပန်းသည် ထာဝရ အလွမ်း ဖြစ်စေခဲ့သည်။
ကိုသိန်းနှင့် ဆုံသည်။ ကိုသိန်းက ကျွန်မကို မျက်နှာပျက်ပျက်နှင့် ကြည့်ပြီး -
“ကိုအောင်ဟိန်းက နင့်ကို သိပ်စွဲလမ်းတာ။ ငါက မ ဖြစ်နိုင်မှန်းသိလို့ တားတာ။ နင် သိပ်ငယ်သေးတယ်ဆိုပြီး သူဖွင့်မပြောရှာဘူး။ သူအလုပ်လုပ်ရင်း အိမ်ထောင်ကျတယ်။ ကျပုံကလည်း သူချစ်လို့မဟုတ်ဘူး”
ကျွန်မက ငြိမ်ငြိမ်လေး နားထောင်ရ၏ ။
“ရုပ်ရှင်ထဲကနဲ့ တူနေတယ်။ သူ့ နှမ၀မ်းကွဲက တခြားလူနဲ့ ကိုယ်ဝန်ရှိပြီး မယူ ဖြစ်တာကို သူက ၀င်ပြီးနာမည် ခံရတာ တဲ့။ ငါနဲ့ ရန်ကုန်မှာ အစည်းအဝေးတက်ရင်း ဆုံတာ၊ နင်လည်း အိမ်ထောင်ကျပြီး တစ်နှစ် နဲ့ ကွဲသွားပြီလို့ ပြောတော့ သူဘာပြောတယ်မှတ်လဲ၊ သူ့အိမ်ထောင်ကို ကွာမယ်တဲ့။ ညီမလေး ချာတိတ်ကို သွားလက်ထပ်မယ်တဲ့၊ သူ စီးကရက်တွေ သောက်ပြီး ငိုသေး တယ်။ အတော် စွဲလမ်းတဲ့လူပဲ”
ကိုသိန်းက စကားကို ခဏနားသည်။
“ဒါပေမဲ့ ကံကြမ္မာက ဆိုးလိုက်တာ သူ ‘ရေကြည်’ ဆိုတဲ့ မြို့လေးနားမှာ လျှပ်စစ်မီးပေးဖို့ ဓာတ်တိုင်တွေ စိုက်တာ့ သူက ဂျစ်ကား ကိုယ်တိုင်မောင်းပြီး လိုက်ကြည့်ရတာ ၊ အဲဒီ မှာ ဓာတ်တိုင်နဲ့ကား တိုက်မိပြီး ဆုံးရှာပါရော” တဲ့။
ဖြစ်မှ ဖြစ်ရလေ ကိုလေးရယ်။
ကိုလေး ကျွန်မထံ ရောက်မလာနိုင်တော့သော်လည်း ကျွန်မသည် မမေ့နိုင်ပါ။ အထူးသဖြင့် ဥဩတွန်ကျူးသော နွေးဦးရက်များ ရောက်လျှင် ပို၍ လွမ်းပါသည်။ တကယ်တော့လည်း ကိုလေး ဆိုသည်မှာ ကျွန်မကို ချစ်တဲ့သူ နံပါတ် (၃) ပဲလေ။
သူ့ကို ကျွန်မက "မောင်" ဟု ခေါ်ပါသည်။
ဒါက သူ ခေါ်ခိုင်း၍ ခေါ်ရခြင်းပါ။
ကျွန်မတို့ ရပ်ရွာတွင် သမီးရည်းစား၊ လင်မယားများ သည် နာမည် တပ်၍ သာ ခေါ်လေ့ ရှိကြပါသည်။ ကိုကိုတွေ ၊ မောင်မောင်တွေ ဘယ်သူမှ မခေါ်ပါ။ ရည်းစားစာထဲတွင် တော့ ရေး ပြီး ခေါ်ကြသည်။ တချို့များ နာမည် ပင် မခေါ်ရဲကြသဖြင့် စကားပြောလျှင် မျက်နှာချင်းဆိုင်ဆုံ မှ အမည် မတပ်ဘဲ စကားပြောတတ်သည် မျက်နှာချင်း မဆုံလျှင် ဆုံအောင် အသံတစ်ခုခု ပြုရ သည်။ ရယ်စရာ ပြောလေ့ရှိသော ပုံပြင်တစ်ခု၌ မိန်းကလေးက သူ့ယောက်ျားကို ထမင်းစားဖို့ ခေါ်ချင်သည်။ ယောက်ျားက လှမ်းမကြည့်တော့ အသံပေးမှဆိုပြီး အနီးမှာ ရှိသည့် ခွေးကို "ဟဲ့ ခွေး" ဟု အသံပြုလိုက်ရ၏ ။ အသံကြား၍ ယောက်ျားက လှမ်းကြည့်တော့မှ "ထမင်းစားမယ်" ဟု ခေါ်ရသည် ဆို၏ ။ သည်တော့ "ဟဲ့ခွေး . . . ထမင်းစားမယ်" ဖြစ်သွားရော။
ခုလည်း ကျွမ်သည် သူ့ကို နာမည် ပဲခေါ်နေသည်။ သူက မောင်ဟု ခေါ်ပါဟု ပြောသည်။ စာထဲမှာ တော့ မောင်ရေ သက်ရေနှင့် တော် တော် ကျေညက်နေခဲ့ပြီ။ နှုတ်က ထုတ်ပြီး ခေါ်ဖို့တော့ မရဲပေ။
"မောင်လို့ ခေါ်တော့လေ"
"ဟင့်အင်း . . . ခေါ်လို့မရဘူး"
"ဒါဖြင့် ဒီလိုလုပ်၊ ဟောဒီအရွက်ပေါ်မှာ ရေး . . ."
ကျွန်မတို့သည် ဂျပ်ဆင်ဟောက်ခေါ် ၀ိဇ္ဇာခန်းမဘေး လှေကားထစ်များ မှာ ထိုင်နေကြခြင်း ဖြစ်သည်။ ကျွန်မတို့အနားမှာ ပန်းချုံတွေ ရှိသည်။ ပန်းချုံတွေ နားမှာ တဇောင်လက်ပပ်အနွယ် အရွက်စိမ်းစိမ်း ဖားဖားကြီးတွေ ရှိသည်။ အရွက်ကြီးတွေ ရှည်ရှည်မျောမျော၊ ချောချောကြီးတွေ ဖြစ်၏ ။ သူက ဖောင်တိန်လို အသွားရှိသော သစ်သားစလေး တစ်ခုရှာပြီး သစ်ရွက်ပေါ်မှာ ရေး ဖို့ ပြောသည်။ ကျွန်မက ရယ်မောလိုက်ပြီး သစ်ရွက်ပေါ်မျာ သစ်သားစ အချွန်လေးနှင့် စရေး သည်။
"မောင် . . ."
"ဟုတ်ပြီ၊ ကိုင်း . . . အဲဒါ အသံထွက်ပြီးဖတ်"
"မောင် . . . "
"ဟုတ်ပြီ၊ အခု အဲဒီ အသံအတိုင်း ဒီမျက်နှာကို ကြည့်ပြီးခေါ်"
"ဟာ . . . ခေါ်လို့ မရဘူး"
"ဒါဖြင့် အဲဒီ သစ်ရွက်ပေါ်က စာကို ပြန်ဖတ်"
"မောင် . . . တဲ့"
"တဲ့ . . . မပါဘူး၊ ပြန်ဖတ်"
"အင်း . . . မောင်"
"ကဲ ဒီဘက်လှည့်ပြီး အသံထွက်လိုက်"
"မရပါဘူးဆို"
"ရအောင်ခေါ်လေ၊ ခေါ်ကြည့် . . . မောင်လို့"
"မောင် . . ."
"ဗျာ . . . ဟုတ်ပြီ၊ နောက်တစ်ခါ ခေါ်ပါဦး"
"မောင်"
"ဗျာ . . . ဟုတ်ပြီ၊ နောက်တစ်ခါ ခေါ်ပါဦး"
"မောင်"
"အိုကေ . . . မောင်နဲ့ မေပေါ့"
အဲသည်တုန်းက တကယ်ပဲ ပျော်ခဲ့ဟန်တူပါသည်။ နှစ် ယောက် သား ကွာစိလျော်လေးတွေ အခွံခွာပြီး တစ်ယောက် တစ်လှည့် ခွံ့ကျွေးခဲ့ကြသေးသည်။ အတော် ချစ်ကြသည့် စုံတွဲ ဟု အများ က အသိအမှတ်ပြုခံခဲ့ကြရလေသည် ဆိုပါစို့။
အမှန်က ကျွန်မ အလိမ်ခံရခြင်းပါ။
စာဘက်မှာ ဉာဏ်ကောင်းသော ကျွန်မသည် အချစ်နှင့် ပတ်သက်လျှင် အလွန်အ, သော မိန်းကလေး ပါတကားဟု နောင်မှ သိရ၏ ။ သူ လိမ်ညာသမျှ ကျွန်မ ကတော့ ဘာကြောင့် များ ယုံခဲ့မိ သည်မသိ။
ကျွန်မကိုယ် ကျွန်မ လိမ်ခဲ့သေးသည်လေ။
သူ့ကို ကျွန်မ ချစ်သည်ဟု ထင်ခဲ့သည်။
တကယ်တမ်းချစ်လျှင် တစ်နှစ် တည်းနှင့် ဘယ်ကွဲပါ့မလဲ။ ညံ့လိုက်တဲ့ ကျွန်မ။ သူ့ဘ၀က တကယ် ပြည့်စုံလှပါသည်။
နယ်ပိုင်ဝန်ထောက်သား ဆိုတာ မြို့ပေါ်မှာ အထက်တန်းလွှာပဲ။ သူက မျက်နှာလည်းချိုသည်။ သူဒေါသ ဖြစ်နေသည့်ပုံ တစ်ခုမျှ မမြင်ဖူးပေ။ သေက ကင်းဝေးသော ၊ လူချစ်လူခင်ပေါသော ၊ မိဘက ပုံ၍ အလိုလိုက်ထားသော ဤကျောင်းသားသည် ကျောင်းမှာ ဘောလုံးအသင်းခေါင်းဆောင်၊ ကြက်တောင် ချန်ပီယံ၊ စာကြည့်တိုက်တာဝန်ခံဆိုတော့ လူတော် စာရင်းဝင်ပေါ့။ သူချစ်သည့်ကောင်မလေးက ကျောင်းအုပ်ဆရာမ ကြီး၏ သမီး၊ အင်္ဂလိပ်ကပြားမ လေး ဂျိုးစဖင်းပါ။ ဂျိုးဟု ချစ်စနိုးခေါ်ကြသည်။ ဘေဘီဟုလည်း ခေါ်ကြသည်။ ဘေဘီက သူ့ကို ဆရာဝန် ဖြစ်စေချင်တာတဲ့။ သူက ဆရာဝန်လုပ်မှာ တဲ့။
သို့ သော် ဂျိုးကို သူတို့ခရစ်တော် က အစောကြီးခေါ်သွားခဲ့သည်။ ပစ်ရက်စရာမရှိသော အပျိုမလေးမို့ တစ်မြို့လုံး ၀မ်းနည်းကြသည်။ တစ်ကျောင်းလုံးကြေကွဲကြသည်။ သူဆိုလျှင် ပြောစရာ ရှိပါဦးမလား။ သူက ငိုလည်းမငိုတဲ့၊ ဂျိုး ရုပ်ကလာပ်ကို အနီးကပ်ကြည့်သည်တဲ့။ လက်ကလေးတွေ ကို ကိုင်ကြည့်သည်တဲ့။ ဂျိုး ကို မြေမြှုပ်တော့ မြေစာခဲလေးတွေ ပစ်ချခဲ့ သေးသည်တဲ့။ ပြီတော့ သူ အိမ်မပြန်တော့ပေ။ ဂျိုး မြေပုံနားမှာ ပဲ တစ်နေ့လုံး တစ်ညလုံး ပစ်လှဲ နေခဲ့သည်တဲ့။ သူ့အိပ်မက်တွေ ၊ သူ့မျှော်လင့်ချက်တွေ ဂျိုးနှင့် အတူ မြေကြီးထဲရောက်သွားခဲ့ပြီ ထင်ပါရဲ့ ။
ကျောင်းမတက်ဘဲ ပေတေနေခဲ့သော သူ့ကို တစ်နှစ် တစ်တန်းမှန်မှန် တက်သော ကျွန်မက မီလာခဲ့သည်။ ထိုနှစ် က ကျောင်းကပွဲမှာ သူကို ပျော်စေချင်သော အတန်းပိုင်ဆရာမ က ပြဇာတ်ထဲမှာ သူ့ကို ပြဇာတ်မင်းသား လုပ်စေခဲ့၏ ။ အတန်းထဲမှ အပျိုမ ချောချောတွေ ရှိပါလျက်နှင့် ရစ်ညးစားစိန်ပေါက်မျာ စိုး၍ ဆိုပြီး ဆရာမ က ကျွန်မကို မင်းသမီးအ ဖြစ် ရွေးခဲ့သည်။ နှင်းနှင်းက ကလေးစိတ်ပဲ ရှိသေးလို့တဲ့။ သူ့မင်းသားက မင်းသမီးကို နွေကျောင်းပိတ်ရက်မှာ တက်ယ် ရည်းစားစာ သွားပေးတော့ ဆရာမ ပင် မသိခဲ့ရ။ ကျွန်မက သူ့ကို မယုံချေ။ ရည်းစားစာ ပေးတာကို အခွံနွှာစားတာမှတ်လားဟု ရန်ထောင်ခဲ့သေးသည်။ သူက ဇွဲသမား။ ပြီးတော့ ဇွတ်သမား။
ညတိုင်း အိမ်ရှေ့က ခံတန်းလျားမှာ "လိုက်ခဲ့တော့ မြနန္ဒာ" ကို မယ်ဒလင်တီးပြီး ဆိုလာသည်။ အိပ်ရာထဲမျာ အိပ်မပျော်သေးဘဲ ရှိနေသော ကျွန်မသည် သူ့မယ်ဒလင်သံကို နားစွင့်နေခဲ့မိ၏ ။
"ခေါ်သံမှာ စိုးတထိတ်ထိတ် သိမ့်သိမ့်ငယ် ရင်ဝယ်တုန်လာ"
ဆိုသော အပိုဒ်တွင် သူ့အသံ နစ်ဝင်သွားတော့ ဂရုဏာစိတ်တွေ ယိုဖိတ်ခဲ့မိ၏ ။
တစ်ည
သူ အိမ်ပေါ်တက်လာသည်။
လူကြီးတွေ ၀တ်တက်ပွဲ သွားကြတုန်းက ဖြစ်၏ ။ တံခါးဝမှာ ကျွန်မ ရပ်နေဆဲ သူ ကျွန်မကို အတင်းသိမ်း ဖက်သည်။ မျက်နှာ အနှံ နမ်းတော့သည်။ သူ့ဆီက ဘာနံ့တွေ မှန်း မသိ။ အရက်ပဲ ဖြစ်နိုင်သည်။ ကျွန်မ ရှက်ပြီး ငြိမ်နေခဲ့၏ ။ သည်လိုနှင့် ကျွန်မသည် သူ့ရည်းစား ဖြစ်သွားခဲ့လေသည်။
"မိန်းမ ရမှ အရက်ပြတ်မှာ "
သည်စကားသည် သူ့ကို ယူဖို့ အဓိက ဖြစ်သွားသည်။
သူ့အိမ်ကလည်း မိန်းမရပြီးမှ စီးပွားရေး လုပ်ငန်း လွဲပေးမယ်ဟု ဆိုသည်။ ကျောင်း ဆရာမ လေး လုပ်ရသော ကျွန်မကို သူပမိဘများ က သူနဲ့ စိတ်ချကြပုံရသည်။ ကျွန်မကို ရလျှင် သူတို့ရဲ့ သားဘ၀ ငြိမ်သွားမည် ထင်သည်။ ကျွန်မ တက္ကသိုလ် တက်နေစဉ် ရန်ကုန် လိုက်လာပြီး ဂျပ်ဆင်ဘေးနားမှာ ထိုင်ကြစဉ်ကပင် ကျွန်မသည် သူ့ကို ယုံကြည်နေခဲ့၏ ။ ကျွန်မ အစ်မများ ကမူ သဘောမကျချေ။ "နွားမုန်း ခြံထုတ်" တာဟု ဆိုသည်။ အမေက ဘာမှ မပြော။ အစ်ကိုက ကွယ်ရာမှာ မျက်ရည်ကျသတဲ့။
သည်ကို မိသားစု မျက်ရည်ကြောင့် ဖြစ်လိမ့်မည် ။
သူ့ကို လက်ထပ်ပြီးကတည်းက ကျွန်မ မျက်ရည်ကျရပြီ။ လက်ထပ်သည့် ညမှာ ပင် အရက် ဆိုင်မှ တွဲ ပို့ရသည် ဆိုတာပဲကြည့်တော့။ သူ ကျွန်မထက် အရက်ကို ချစ်မှန်း ကျွန်မ တဖြည်းဖြည်း သိလာသည်။ သို့ သော် ရင်မှ ရောက်လာသော ရင်သွေးကြောင့် သူ့ကို ပစ်၍ မ ဖြစ်တော့။ မိန်းမကို မညှာပေမယ့် သားလေးရလာလျှင်တော့ သူ လိမ္မာလာမှာ ပါ ဟူသော မျှော်လင့်ချက်များ နှင့် ။
သို့ သော် ကိုယ်ဝန် (၇) လမှာ သူ အိမ်က ထွက်သွားခဲ့သည်။ ကျောက်စိမ်းတွင်း သွားမည် တဲ့။ သားလေးကို မွေးတော့ အနားမှာ သူ မရှိပါ။ လူပြောသူပြောကြားပြီး သူ ပြန်လာသည်။
သားလေးကို သူချီသော အခါ ကျွန်မမှာ ယုံကြည်မှု တွေ ဖွံ့ဖြိုးလာသည်။ သို့ သော် သားလေး တစ်လ၊ နီတာရဲလေးကိုချီရင်း ဆောင်တွင်း မီးဖိုနံဘေး ဂုံနီအိတ်အခင်းပေါ် ချထား လိုက်တာ မြင်ရသော ခဏ၊ သူ့အပေါ် ထားခဲ့သော ယုံကြည်မှု တွေ ပျောက်သွားသည်။ အရက်နံ့ ထောင်းထောင်း ထနေသော သူ့ကို ညချင်းပင် နှင်ချလိုက်၏ ။ သူ့အ၀တ်တွေ ကို ၀ရန်တာမှ ပစ်ချ လိုက်၏ ။ သူက ကျွန်မ ခဏ စိတ်ကောက်တာဟု ထင်သည်။ ကျွန်မ သူ့ကို တစ်ဘ၀စာ ပြတ်သွားမှန်း သူ မသိ။
ကလေး လာလာလုသဖြင့် ရဲတိုင်ရ။ နောက်ဆုံး တရားရုံးမှာ ကွာရှင်းလိုမှု ဖြင့် လျှောက်ထားရသည်။ သားမယားကို နှိပ်စက်ကြောင်း သက်သေပြရန် လူလိုသော အခါ သက်သေ တစ်ဦးအ ဖြစ် လိုက်ပါဆောင်ရွက်ပေးသူကား ပြဇာတ်ဒါရိုက်တာ ဆရာမ ပါ။ ငါ စတဲ့ဇာတ်၊ ငါပဲ ဆုံးပေးရတာ ပေါ့ဟု စိတ်မကောင်းစွာ ပြောသေးသည်။
အလုပ်ထွက်ပြီး ရန်ကုန်ပြောင်းတော့မည် အပြု သူ ဆုံးကြောင်း ကြားရ၏ ။ ဆေးရုံပေါ်မှာ ပူတယ် ပူတယ် ဆိုပြီး ငုတ်တုတ်ထိုင်နေစဉ် သူ့အဖေက လိမ္မော်သီး ခွံ့ကျွေးဆဲ ထိုင်ရက်ပင် အသက်ဆုံးသွားသည်တဲ့။ အရက်ကို မသေမချင်း သောက်သွားသူပေါ့။ ကျွန်မက သားလေးကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင် မွေးမြူရဦးမည် ။ သူနှင့် ဆို သားလေး မျက်နှာငယ်မှာ အသေ အချာပဲ။
ဘာပဲ ဖြစ် ဖြစ် သူသည် ကျွန်မကို ချစ်တဲ့သူ နံပါတ် (၄)။ သူ့ကို မလွမ်းပေမယ့် သူ့သီချင်းကို လွမ်းသလားမသိ။ အခု ကျွန်မ၏ ကလောင်ခွဲမှာ "မြနန္ဒာ" ပါ။
![]() အကျဉ်းစံ မိန်းမများ | ![]() ရွှေမင်းသမီး | ![]() နိုင်ငံတကာ အမျိုးသမီးခေါင်းဆောင်များ |