
အခန်း(၁)
အင်းစိန်အကျဉ်းထောင်၌ ၁၉၉၁ ခုနှစ် ၊ ဇွန်လ (၂၆) ရက်မှ ၁၉၉၂ ဧပြီလ (၂၉) ရက်အထိ (၁၀) လတိုင်တိုင် အကျဉ်းကျခံခဲ့ရခြင်း၏ ရလဒ်အ ဖြစ် ကျွန်မသည် စာအုပ် (၃) အုပ် ရေး ထုတ် နိုင်ခဲ့ပါသည်။ (၁) အင်းစိန်မှတ်တမ်း၊ (၂) ကန္တာရနှင်းဆီ၊ (၃) အကျဉ်းစံ မိန်းမများ ဖြစ်၏ ။ ၁၉၉၄ တွင် အပြီးရေး သားခဲ့ပြီး ၂၀၁၂ တွင် မှ ဖော်ပြခံခဲ့ရသော `အကျဉ်းကျစာအုပ်များ ´ပင် ဖြစ်သည်။
ထိုစာအုပ်များ ကို ရေး စဉ်ကာလမှာ စာပေလွတ်လပ်ခွင့် လေသံမျှပင် မကြားရသော ကာလ ဖြစ်သဖြင့် အဖြစ်အပျက်များ ၊ စကားလုံးများ အမြောက်အမြားကို ချန်လှပ်ခဲ့ရ၏ ။ ထိုစာအုပ်များ ထုတ်ဝေပြီးသော အခါ မူလဖော်ပြခဲ့သော `နရသိန်´ မဂ္ဂဇင်းနှင့် လုံးချင်းအဖြစ် ထုတ်ဝေခဲ့သော စာပေတိုက်များ က ထောင်ဝတ္ထုများ ထပ်မံရေး သားရန် တိုက်တွန်းကြ၏ ။ ကျွန်မက ခေါင်းခါပါ သည်။ ဤမျှဆိုလျှင် ပြည့်စုံပါပြီ။ နောက်ထပ်ရေး လျှင် အဖြစ်အပျက်တွေ `ထပ်´ ကုန်မည် ။ လုပ်စားသည်ဟု အထင်ခံရမည် ။ ထို့ကြောင့် မရေး တော့ပါဟု ဖြေခဲ့၏ ။ စိတ်ထဲမှာ လည်း ဤအ တိုင်း ဆုံးဖြတ်ခဲ့၏ ။
သို့ သော်….
ဆိုခဲ့သည့်အတိုင်း ထိုစဉ်က နိုင်ငံရေး ကိစ္စများ ကို လက်ရှောင်ခဲ့ရသဖြင့် တကယ် သိသင့် သော အကြောင်းအရာများ ကျန်နေသည်။ စာပေလွတ်လပ်မှု အတော် အတန် ရလာသော ယခုအ ချိန်တွင် ရေး ၍ ဖြစ်နိုင်သော ၊ ရေး သင့်သော အကြောင်းအရာများ ကို ရေး ဖို့ တာဝန်ကျန်နေသည်ဟု ခံစားရပါသည်။ ထို့ကြောင့် နိုင်ငံရေး ပုဒ်မများ ချည်း စုစည်းလျက် ဤ `နိုင်ငံရေး အကျဉ်းသူများ ´ ကို ရေး ပါသည်။ ၈ လေးလုံး အရေး တော် ပုံ ငွေရတုပွဲအမီ ထွက်ရှိရန်လည်း ရည်သန်ရပါသည်။
ယခု စာအုပ်၌ ပါဝင်ရန် နိုင်ငံရေး အကျဉ်းသူ အားလုံးကိုကား ထည့်၍ မဖြစ်နိုင်ပါ။ တူရာ တူရာစု၍ အမျိုးစုံအောင် ရွေးချယ်ခဲ့ပါသည်။ တစ်ခုခက်ခဲပုံမှာ အချို့သူများ ကို ကာယကံရှင် ခွင့်ပြု ချက်ယူပြီး သဘောတူညီချက်အရ အမည် ရင်းများ သုံးစွဲနိုင်သော်လည်း လက်လှမ်းမမီတော့သော သူများ ၊ ရေး ဖွဲ့သင့်သော အကြောင်းအရာများ အတွက်ကား အမည် ၊ နေရပ်တို့ကို လွှဲပြောင်းရပါ၏ ။
ယနေ့ မြန်မာပြည်သူလူထု ရရှိနေသော ဒီမိုကရေစီ အသီးအပွင့် (အနည်းငယ်မျှပင် ဖြစ်ပါ စေ) တို့သည် ဤလူ ဤပုဂ္ဂိုလ်များ စွန့်စား စွန့်လွှတ် စတေးခံခဲ့ကြသဖြင့် ရရှိခြင်းဖြစ်ကြောင်း အ သိအမှတ်ပြုစေချင်သော ဆန္ဒနှင့် ရေး ဖွဲ့ခြင်းလည်း ဖြစ်ပါသည်။ အကြောင်းကြောင်းကြောင့် မ ပြည့်စုံမှု ၊ ချို့ယွင်းမှု များ ရှိနေသည်မှာ သေချာပါသည်။ ထို မပြည့်စုံမှု များ အတွက်လည်း ဉာဏ်စွမ်းရှိ သမျှထုတ်ပြီး အရိုးသားဆုံး အားထုတ်ခဲ့သော စာရေး သူအား စာနာညှာတာစိတ်ဖြင့် ခွင့်လွှတ်ကြပါ ရန် အနူးအညွတ် ပန်ကြားအပ်ပါသည်။
မျက်နှာဖုံးတွင် နောက်ခံပြုထားသော ပုံမှာ ၈-၈-၈၈ နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကျောင်း သူတစ်ဦး ဟောပြောနေပုံ ဖြစ်ပါသည်။
အတွင်းပုံများ တွင် အထောက်တော် ၀င်းမေနှင့် စာရေး သူ၏ ပုံများ မှာ ယနေ့ခေတ် ၂၀၁၃ တွင် ရိုက်ယူခဲ့သော မျက်မှော က်ကာလ ဓာတ်ပုံများ ဖြစ်ပါသည်။ (အသက်မသေ ကျန်ရစ်လျက်၊ လန်းဆန်းနေဆဲ အဓိပ္ပာယ် ဖြစ်ပါ၏ )
အကြောင်းအမျိုးမျိုးကြောင့် ကျန်အကျဉ်းသူများ ၏ ဓာတ်ပုံများ ကို မဖော်ပြနိုင်ခဲ့ပါ။ ကျန်အ တွင်းပုံများ တွင် စာရေး သူနှင့် ပတ်သက်သော ပုံများ မှာ ၁၉၉၀ ရွေးကောက်ပွဲ ကာလကရိုက်ယူခဲ့ သော မှတ်တမ်းဓာတ်ပုံများ ဖြစ်၏ ။
အခြားပုံများ နှင့် မျက်နှာဖုံးဓာတ်ပုံတို့ကို NLD ရုံးခန်း တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၄၄ မှ ရွှေဂုံတိုင်သို့ပြောင်းစဉ် ကဒ်ပြားဌာနအခန်း၌ မေ့လျော့ချန်ရစ်ခဲ့သည်များ ကို မိမိက သွားရောက် ရှင်းလင်းရင်း တွေ့ ရှိ၍ ယူဆောင်သိမ်းဆည်းခဲ့ခြင်း ဖြစ်၏ ။ မိမိအား အရေး ယူသော အခါ နေအိမ် ကို ရှာဖွေခြင်းမပြုကြသဖြင့် ဘေးကင်းစွာ ကျန်ရစ်သော ဓာတ်ပုံများ ဖြစ်ပါသည်။
![]() ငါတို့ခေတ်က တက္ကသိုလ် | ![]() စာပေလမ်း | ![]() လူမူ၊စီးပွား၊နိုင်ငံရေးနှင့် စာပေရေးရာ အတွေးအမြင်ဆောင်းပါးများစုစည်းမှု |